Typed by - polay111 rhythm thanthannaing Proof - rhythm PDF - wannar

1

မြသန်းတင့်

လေရူးသုန်သုန်

ဒုတိယတွဲ

2


ထုတ်ဝေသူ မောင်ညွန့်လှိုင် (၀၁၆၄၁) စာချစ်သူ စာစဉ် အမှတ် ၄၀၊ ဆရာမှတ်ကြီးလမ်း ရန်ကုန်။

ပုံနှိပ်သူ ဒေါ်တင်တင်ဌေး (၀၅၂၄၀) သင်းလဲ့ဝင်း ပုံနှိပ်တိုက် ၁၊ ဗိုလ်ရာညွန့်လမ်း ဒဂုံ မြို့နယ်၊ ရန်ကုန်။

မျက်နှာဖုံးရိုက် ဒေါ်ရွှေ (၀၂၀၇၉) သုခပုံနှိပ်တိုက် ၁၂၈၊ ၄၆ လမ်း၊ ရန်ကုန်။

မျက်နှာဖုံး ပန်းချီ တင်မောင်မြင့်

ပုံနှိပ်ခြင်း အုပ်ရေ ၅၀၀ ဒုတိယ အကြိမ်၊ ၁၉၉၉၊ နိုဝင်ဘာ

3

ပထမ အကြိမ်၊ ၁၉၇၈၊ ဉာဏ်လင်း စာအုပ်တိုက်

တန်ဖိုး ၅၀၀၀ ကျပ်

ဘဝတက္ကသိုလ် စာပေ

4

အပိုင်း လေး

5

၃၁



၁၈၆၆ ခု ချမ်းအေးသည့် ဇန်နဝါရီလ တစ်ညနေ၌ စကားလက်သည် စားပွဲတွင် ထိုင်ကာ ဒေါ်လေးပစ်တီထံ

စာတစ်စောင် ရေးနေသည်။ မီလာနီနှင့် အက်ရှလေတို့ အတ္တလန်တာသို့ ပြန်မလာနိုင်သေးကြောင်းကို ဆယ်ကြိမ်မြောက် အသေးစိတ်

ရှင်းလင်းထား၏။

ရေးမည့်

ရေးရသော်လည်း

စကားလက်

စိတ်မရှည်။

ဒေါ်လေးပစ်တီသည်

ပထမ

တစ်ကြောင်းလောက်ကိုသာ ဖတ်မည်။ ထိုနောက် ‘ဒေါ်လေး တစ်ယောက်တည်း နေရတာ ကြောက်တယ်’ ဟု တညည်းညည်း တညူညူဖြင့် စာ ထပ်ရေးဦးမည်။ ဤသည်ကို စကားလက်သိပြီးသား ဖြစ်သည်။

လက်များက အေးစက်နေသည်။ စကားလက်က လက်နှစ်ဖက်ကို မွေ့ရာဟောင်းကြီးထဲသို့ ခြေထောက်ကို ထိုးထည့်၏။

လွှာဖိနပ် အောက်ခံ ခုံက မရှိတော့။ ကော်ဇောစုတ်များကို ကိုက်၍ ထပ်ချုပ်ထားသည်။ စီး၍ ဖြစ်သည့်တိုင် ခြေထောက်ကို နွေးအောင် မတတ်နိုင်။ ယနေ့ နံနက်တွင် ဝီလီသည် မြင်းခွာသံ ရိုက်ရန် ဂျုန်းဘာရိုသို့ ထွက်သွားသည်။ မြင်းကို သံခွာရိုက်၍ လူ့ခြေထောက်က ခွေး ခြေထောက်လို ဟာလာဟင်းလင်းနေသည့် ကပြောင်းကပြန် အဖြစ်ကို စကားလက် စိတ်နာနာဖြင့် တွေးမိ၏။

စကားလက်က

ငှက်တောင်တပ်

ကလောင်တံကို

ကောက်ကိုင်သည်။

သို့ရာတွင်

နောက်ဖေးခန်းဘက်ဆီမှ

ဝီလီ၏ ခြေသံကို ကြားလိုက်သဖြင့် ပြန်ချ၏။ အခန်းအပြင်ဘက်မှ ဝီလီ၏ သစ်သားခြေထောက်တစ်ဖက်၏ အသံသည် တဒေါက်ဒေါက်မြည်နေသည်။

ခြေသံသည်

ဆက်လျှောက်လာသံမကြားရသဖြင့်

ရပ်သွား၏။

စကားလက်က

ဝင်လာမည်လောဟု လှမ်းခေါ်သည်။

စကားလက်စောင့်သည်။

ဝီလီဝင်လာသည်။

သို့ရာတွင်

သူ့နားရွက်များသည်

အအေးဒဏ်ကြောင့် နီရဲနေကြ၏။ သူ့ဆံပင် နီကျင်ကျင်များသည် ဖွာကျနေကြသည်။ ခပ်ပြုံးပြုံးဖြင့် စကားလက်ကို ငုံ့ကြည့်နေသည်။

‘စကားလက်မှာ ငွေ ဘယ်လောက် ရှိသလဲ’



‘ဘာလဲ၊ စကားလက်က ချမ်းသာတဲ့မုဆိုးမဆိုရင် လက်ထပ်ယူမလို့လား’



စကားလက်က စိတ်တိုတိုဖြင့် မေးလိုက်၏။



‘မဟုတ်ပါဘူး၊ သိချင်လို့ပါ’



စကားလက်က သူ့ကို စိုက်ကြည့်နေသည်။ ဝီလီကို ကြည့်ရသည်က အလေးအနက် ရှိပုံမရ။ သို့ရာတွင် ဝီလီသည်

မည်သည့်အခါမှ အလေးအနက်ဖြစ်ဟန် မရှိ။ သို့တိုင်အောင် ဤစကားကို ဝီလီ မေးလာခြင်းမှာ အကြောင်းတစ်ခုခုရှိရမည်ကို တွက်လိုက်၏။

‘စကားလက်မှာ ဆယ်ဒေါ်လာ ရွှေဒင်္ဂါး နှစ်ပြားပဲ ရှိတော့တယ်၊ ယန်ကီဆီက ရလာတဲ့အထဲက နောက်ဆုံးလက်ကျန်ပဲ’



‘အင်း၊ ဒီလောက်နှင့်တော့ မလောက်သေးဘူး’

6



‘ဘာ အတွက် မလောက်တာလဲ’



‘အခွန်တော်တွေ ပေးဖို့’ ဝီလီက မီးလင်းဖိုဘေးသို့ တဒေါက်ဒေါက် လျှောက်သွားပြီး လက်များကို မီးကင်နေသည်။



‘အခွန်တော်တွေ ဟုတ်လား’ စကားလက်က ဆိုသည်။ ‘ဘုရားရေ၊ အခွန်တော်တွေ စကားလက်တို့ ပေးပြီးပြီ

မဟုတ်လား’

‘ပေးပြီးပါပြီ၊ ဒါပေမယ့် ကျန်သေးတယ် တဲ့၊ ဂျုန်းဘာရိုက ကြားခဲ့တယ်’



‘ဝီလီ ပြောတာတွေ စကားလက် တစ်လုံးမှ နားမလည်ဘူး၊ ဘာကို ပြောတာလဲ၊ ရှင်းရှင်းပြောစမ်းပါ’



‘စကားလက် ပေးထားတဲ့ အခွန်တော်က မပြည့်ဘူးတဲ့၊ ဒီထက် ကျတယ်တဲ့၊ သူတို့တွက်ထားတဲ့ အခွန်တော်က

တော်တော်များတယ်၊ ဒီနယ်တစ်ဝိုက်မှာတော့ မြိုင်သာယာက အများဆုံးပဲ’

‘စကားလက်တို့ ပေးပြီးပြီပဲ၊ ဘာ ပေးစရာ လိုသေးလို့လဲ’



‘စကားလက်က ဂျုန်းဘာရိုကို ခဏ ခဏမှ မရောက်ဘဲကိုး၊ အင်းလေ မရောက်တာပဲ ကောင်းပါတယ်၊ ခုတလောတော့

ဂျုန်းဘာရိုကို

မိန်းကလေးတွေ

သွားဖို့မကောင်းပါဘူး၊

တစ်မြို့လုံး

တောကြောင်တွေ၊

ကော်ဇောအိတ်သမားတွေ၊

ပြည်ထောင်စု ဘက်သားတွေချည်းပဲ၊ ဟိုရောက်ရင် စကားလက် ရူးတောင် ရူးချင်ဦးမယ်၊ စင်္ကြံတွေပေါ်မှာ ဆိုရင်လည်း ကပ္ပလီတွေချည်းပဲ၊ လူကို လူလိုတောင် ထင်ပုံမရဘူး၊ လူဖြူတွေကို ပခုံးချင်း ဝင်တိုက်ပြီး လျှောက်နေကြတာ၊ သူတို့ကို မနည်း ကြည့်ရှောင်နေရတယ်၊ ပြီးတော့’

‘ဒါနှင့် စကားလက်တို့ အခွန်ပေးရမယ်ဆိုတာနှင့် ဘာဆိုင်လို့လဲ’



‘ပြောမယ်လေ၊ ပြည်ထောင်စုအစိုးရက မြိုင်သာယာကို အခွန်ထပ်ကောက်ချင်တယ်၊ အခွန်က မနည်းဘူး၊ ဝါဂွမ်းထုပ်

တစ်ထောင်လောက် ထွက်တဲ့ ဝါခင်းတွေကို ကောက်သလောက်ရှိမယ်၊ ဒီသတင်းကြားတော့ ကိုယ်လည်း အရက်ဆိုင်တို့ ဈေးတို့ သွားပြီး စနည်းနာကြည့်တယ်၊ မြိုင်သာယာကို လူတစ်ယောက်က ဝယ်ချင်တယ်တဲ့၊ နောက်ထပ် အခွန်မဆောင်နိုင်လို့ အစိုးရက လေလံပစ်ရင် ဈေးပေါပေါနှင့် ဆွဲမလို့တဲ့၊ သူတို့တောင်းတဲ့ အခွန်တော်တွေက နည်းတာမှမဟုတ်ဘဲ၊ ဘယ်ပေးနိုင်မလဲ၊ ဝယ်ချင်တဲ့လူဆိုတာ ဘယ်သူမှန်းတော့ မသိခဲ့ရသေးဘူး၊ ဒါပေမယ့် ကက်သလင်းနှင့် နေသွားတဲ့ ဟိုယန်ကီကောင်၊ စကြောက် ဟီလ်တန်တော့ သိမယ်ထင်တာပဲ၊ ကိုယ် သူ့ကို သွားမေးတော့ သဘောကျပြီး ရယ်နေတယ်’

ဝီလီက

ထိုင်ခုံပေါ်တွင်

ဝင်ထိုင်သည်။

ငုံးတိတိဖြစ်နေသည့်

ဒူး

တစ်ဖက်ကို

ပွတ်နေ၏။

ခြေပြတ်ငုံးတိက

ရာသီဥတုအေးလျှင် ကိုက်တတ် ခဲတတ်သည်။ သစ်သားခြေထောက်ကလည်း သူနှင့် မကိုက်။ တပ်လျှင် နာသည်။ စကားလက် သူ့ကို အလန့်တကြား ကြည့်နေသည်။ မြိုင်သာယာ ယာတော သူများလက်ပါတော့မည့် ကိစ္စဖြစ်သည့်တိုင် ဝီလီ့ အမူအရာက ဘာမျှ ထူးခြားဟန် မရှိ။ သက်ဆိုင်ရာ လေလံရုံးက လေလံတင်တော့မည်ဆိုပါတကား။ သို့ဆိုလျှင် သူတို့ ဘယ်သွား နေရမည်နည်း။ မြိုင်သာယာသည် တခြားသူလက်ထဲ ရောက်ရတော့မည်။ မဖြစ်နိုင်။ စကားလက် မတွေးရက်။ မတွေးရဲ။

စကားလက်သည် မြိုင်သာယာတွင် ဝါထွက်ကောင်းအောင် ဖိဖိစီးစီး လုပ်နေသည်။ ပြင်ပ ကမ္ဘာလောကကြီး မည်သို့

7

ဖြစ်နေသည်ကို သတိထားချိန် မရ။ ဂျုန်းဘာရိုနှင့် ဖာယက်တီးဖီးလ်တွင် ကိစ္စဝိစ္စရှိလျှင် အက်ရှလေနှင့် ဝီလီတို့ ရှိသည်။ သူတို့ကို လွှတ်သည်။ သူကမူ မြိုင်သာယာမှ မခွာ။ ပြည်တွင်းစစ်ကြီး မဖြစ်ခင်က ဖေဖေ ပြောလေ့ရှိသည့် စစ်ကိစ္စ၊ တိုင်းရေး ပြည်ရေးကိစ္စများကို စကားလက် စိတ်မဝင်စားခဲ့။ ထို့အတူ ယခုလည်း ထမင်းဝိုင်းတွင် အက်ရှလေနှင့် ဝီလီတို့ ပြည်ထောင်စု အစိုးရ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအကြောင်းပြောလျှင် စကားလက် စိတ်မဝင်စား။

စကယ်လာဝပ် ခေါ်သည့် တောကြောင်များ အကြောင်းကို စကားလက် ကြားဖူးသည်။ ယန်ကီတို့ ပြည်တွင်းစစ် အနိုင်ရပြီး

တောင်ပိုင်းတွင် ပြည်ထောင်စုအစိုးရဖွဲ့သည့်အခါ၌ ပြည်ထောင်စုအစိုးရနှင့် ပေါင်းကာ မတရား စီးပွားရေး ရှာနေကြသည့် တောင်ပိုင်းသားများကို ခေါ်ခြင်းဖြစ်သည်။ ကားပက်ဗက်ဂါးဟု ခေါ်သော ကော်ဇောအိတ် သမားများ၊ လွယ်အိတ်သမားများ အကြောင်းကိုလည်း သူ ကြားဖူးသည်။ ပြည်တွင်းစစ် ပြီးသည့်အခါတွင် ရှိစုမဲ့စုကလေးကို ကော်ဇောစဖြင့် ချုပ်သည့် လွယ်အိတ်ကလေး တစ်လုံးထဲထည့်ကာ စီးပွားရှာလာကြသူများဖြစ်သည်။ လွတ်လပ်သော ကပ္ပလီများ အစည်းအရုံးသို့ ကိစ္စတစ်ခုဖြင့် သွားစဉ် စိတ်မချမ်းသာစရာများကိုလည်း စကားလက် တွေ့ဖူးပြီ။ ကျွန်အဖြစ်မှ လွတ်လပ်သွားကြသည့် ကပ္ပလီများသည် စော်ကား ရိုင်းပျသည်ဟု စကားလက်ထင်သည်။ ရိုင်းပျသည့် ကပ္ပလီဆို၍ သူ့တစ်သက်တွင် တစ်ယောက်မျှ မမြင်ဖူးခဲ့။ ထို့ကြောင့် စကားလက် မယုံနိုင်အောင် ဖြစ်နေသည်။

သို့ရာတွင် ဝီလီနှင့် အက်ရှလေတို့က သူ့ကို ဖွင့်မပြောသည့် အရာတွေ တစ်ပုံကြီး ရှိသေးသည်။ ပြည်တွင်းစစ်၏ ဒုက္ခ

သုက္ခများ ပြီးသည့် နောက်တွင် ပြန်လည်ထူထောင်ရေး ကာလ၏ ဒုက္ခ သုက္ခတွေပေါ်လာသည်။ ဝီလီနှင့် အက်ရှလေတို့က အခြေအနေများကို စကားလက် မသိအောင် ဖုံးဖိထားရန် တိုင်ပင်ထားကြသည်။ သူတို့ ပြောသမျှကိုလည်း စကားလက်က နားမဝင်။ တစ်ဖက်က နားထောင်ပြီး တစ်ဖက်က ထွက်သွားသည်။

တောင်ပိုင်း ပြည်နယ်များကို စစ်ရှုံးပြည်နယ်များအဖြစ် ဆက်ဆံကြောင်း၊ ယန်ကီတို့သည် တောင်ပိုင်း ပြည်နယ်များကို

ဖိနှိပ်ကြောင်း၊ လက်စားချေရေး ပေါ်လစီကို ကျင့်သုံးကြကြောင်း အက်ရှလေက စကားလက်ကို ပြောပြသည်။ သို့ရာတွင် စကားလက်အဖို့ သူ့စကားများသည် ဘာမျှ မထူးခြား။ နိုင်ငံရေးဆိုသည်မှာ ယောက်ျားတို့၏ အလုပ်ဖြစ်သည်။ ပြည်ထောင်စု အစိုးရသည်

တောင်ပိုင်းပြည်နယ်များအား

ကြီးပွားတိုးတက်ခွင့်မပေးဘဲ

နှိမ်ထားကြောင်းဖြင့်

ဝီလီက

ပြောသည်။

ယောက်ျားများသည် မဆီမဆိုင်တွေ တွေး၍ စိတ်ပူတတ်ကြသည်ဟုပင် စကားလက် တွေးမိသေးသည်။ သူ့အနေဖြင့် ပြောရလျှင် ယန်ကီတို့သည် သူ့ကို ယခုထိ လက်ဖျားနှင့်မျှ မတို့ဖူးသေး။ သူ့အဖို့ အရေးကြီးဆုံးမှာ အလုပ် လုပ်ဖို့၊ ယန်ကီအစိုးရ၏ အကြောင်းကို စိတ်ရှုပ်ခံ၍ တွေးမနေဖို့သာ ဖြစ်သည်။ ပြည်တွင်းစစ်ကြီး ပြီးသွားပြီ မဟုတ်လော။

ခေတ်ကြီး ပြောင်းနေပြီ။ ယခင်က လုပ်နည်းလုပ်ဟန်များဖြင့် လုပ်၍ မရတော့။ ရိုးရိုးကုပ်ကုပ် အလုပ်လုပ်ရုံမျှဖြင့်

မကြီးပွားနိုင်တော့။ ဤအချက်ကို စကားလက် သဘောမပေါက်။ ယခုဆိုလျှင် ဂျော်ဂျီယာပြည်နယ်တွင် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ထားသည်။ ပြည်နယ်တစ်ခုလုံးတွင် ယန်ကီစစ်သားတွေ အနှံ့အပြား တပ်စွဲထားသည်။ လွတ်လပ်သော ကပ္ပလီများ အစည်းအရုံးက နေရာတကာ ခြယ်လှယ်နေသည်။ သူတို့အကျိုးနှင့် အညီ စည်းကမ်းဥပဒေတွေ လုပ်နေသည်။

ကပ္ပလီ

ကျွန်ဟောင်းများကို

စီမံခန့်ခွဲရန်

အတွက်

ထိုအစည်းအရုံးကို

ပြည်ထောင်စုအစိုးရက

ဖွဲ့ပေးခဲ့ခြင်း

ဖြစ်သည်။ ထိုအစည်းအရုံး၏ ဆော်ဩမှုကြောင့် ထောင်ပေါင်းများစွာသော ကပ္ပလီများသည် ယာတောများ ခြံများမှ ထွက်ခွာကာ မြို့ကြီးများစွာသို့ ရောက်လာခဲ့ကြ၏။ အစည်းအရုံးက အလုပ်ရှာပေးသည်။ အလုပ် ရှာမရခင် ကျွေးမွေးသည်။

8

ကျွန်ပိုင်ရှင်ဆန့်ကျင်ရေး အယူအဆများ သွတ်သွင်းပေးသည်။ ဖေဖေ၏ စာရင်းဒိုင်ဟောင်း ဂျိုနာသည် ထိုပြည်နယ်က လွတ်လပ်သော ကပ္ပလီများ အစည်းအရုံး ဥက္ကဋ္ဌဖြစ်သည်။  ဒုတိယ ဥက္ကဋ္ဌမှာ ကက်သလင်း၏ ယောက်ျား ဟီလ်တန် ဖြစ်သည်။ သူတို့ တောင်ပိုင်းသားများနှင့် ဒီမိုကရက် ပါတီဝင်များသည် ကပ္ပလီငွေဝယ်ကျွန်စနစ်ကို ပြန်အသက်သွင်းရန် ချက်ကောင်းကို စောင့်နေကြကြောင်း၊ ဤအဖျက်သမားတို့၏ အန္တရာယ်မှ ကင်းလွတ်ရန်အတွက် ကပ္ပလီများကို အစည်းအရုံးနှင့် ရီပါဘလီကန် ပါတီက ကာကွယ်ပေးမည်ဖြစ်ကြောင်းဖြင့် သူတို့နှစ်ဦးက တွင်တွင် ဝါဒဖြန့်နေကြသည်။

ထိုမျှမက ကပ္ပလီများသည် လူဖြူများနှင့် အတန်းအစား တစ်ခုတည်းဖြစ်ကြောင်း၊ မကြာမီတွင် လူဖြူ လူမည်း

လက်ထပ်ခွင့်

ပေးမည်ဖြစ်ကြောင်း၊

ကျွန်ပိုင်ရှင်များ၏

မြေများကို

ဝေပေးမည်ဖြစ်ကြောင်း၊

ကပ္ပလီတစ်ယောက်လျှင်

မြေဧက လေးဆယ်နှင့် လားတစ်ကောင်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြသည်။ ကပ္ပလီများအား လူမည်းများက မည်သို့ နှိပ်စက်ကြောင်းကို ကျွန်ပိုင်ရှင်နှင့် ကပ္ပလီကျွန်တို့ ဆက်ဆံရေးကောင်းသည့် နယ်များတွင် ဝါဒဖြန့်ကြသည်။ သို့ဖြင့် လူဖြူများနှင့် ကပ္ပလီများကြားတွင် မုန်းတီးမှုတို့ များလာသည်။

ထိုအစည်းအရုံးကို ယန်ကီစစ်တပ်က ထောက်ခံသည်။ စစ်တပ်က သူတို့ သိမ်းထားသည့် နယ်မြေများတွင် အမိန့်တွေ

တစ်မျိုးပြီး တစ်မျိုးထုတ်နေသည်။ အမိန့်တွေကလည်း တစ်ခုနှင့်တစ်ခု ရှေ့နောက် မညီ။ ရှေ့က အမိန့်နှင့် နောက်က အမိန့် ဆန့်ကျင်နေကြသည်။ လူတစ်ယောက်ကို ဖမ်းချင်လျှင်လည်း အလွယ်ကလေး။ အစည်းအရုံးခေါင်းဆောင်များက အမြင်ကတ်လျှင် ဆွဲဖမ်းသည်။ ကျောင်းများ၊ ကျန်းမာရေးကိစ္စများမှ အစ၊ မည်သည့် အင်္ကျီမျိုးကို ဝတ်ရမည်၊ မည်သည့် ကြယ်သီးမျိုးကို တပ်ရမည်ဆိုသည့်ကိစ္စ အလယ်၊ ကုန် အရောင်းအဝယ် လုပ်ငန်းအထိ ကိစ္စအဝဝနှင့်ပတ်သက်၍ စစ်တပ်က အမိန့်တွေ တစ်ခုပြီးတစ်ခု ထုတ်နေသည်။ စကားလက်၏ ရောင်းရေး ဝယ်တာလုပ်ငန်း၊ စကားလက် ရောင်းသည့် ကုန်ပစ္စည်းဈေးနှုန်းကို ဟီလ်တန်တို့က ဝင်ရောက်စွက်ဖက်ခွင့် ရှိသည်။ သတ်မှတ်ခွင့် ရှိနေသည်။

ကံကောင်းထောက်မ၍လော မပြောတတ်။ စကားလက်အဖို့မူ သူတို့နှစ်ယောက်နှင့် မဆက်ဆံရ။ ရောင်းရေးဝယ်တာ

လုပ်ငန်းအဝဝကို ဝီလီက ဒိုင်ခံလုပ်ပေးသည်။ သူက ယာတော ကိစ္စလောက်ကို စီမံရသည်။ ဝီလီက အခက်အခဲအမျိုးမျိုးကို စိတ်ရှည်ရှည်ဖြင့် ဖြေရှင်းသည်။ စကားလက် စိတ်ညစ်မည်စိုးသဖြင့် ဝီလီသည် လိုအပ်လျှင် ရီပါဘလီကန်များနှင့်လည်း တည့်အောင် ပေါင်းတတ်သည်။ ကော်ဇောအိတ်သမားများနှင့်လည်း ရေလိုက်ငါးလိုက် နေတတ်သည်။ ယခု အခွန်ကိစ္စကမူ သူ တစ်ယောက်တည်း ရှင်း၍ ရမည့်ကိစ္စမဟုတ်။ အပိုခွန်နှင့် မြိုင်သာယာကို လေလံတင်ခံရမည့် ကိစ္စကမူ စကားလက် သိမှ ဖြစ်မည်။ သူ့ကို ပြောမှဖြစ်မည်။

စကားလက် သူ့ကို ဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေ၏။



‘အလကား ယန်ကီကောင်တွေ၊ စကားလက်တို့ကိုလည်း အနိုင်ကျင့်တယ်၊ သူတောင်းစားဖြစ်အောင်လည်း လုပ်တယ်’



ပြည်တွင်းစစ် ပြီးပြီ။ ပြည်တွင်း ငြိမ်းချမ်းရေး ကြေညာပြီးပြီ။ သို့ရာတွင် ယန်ကီတို့က သူ့ကို ဆက်၍ လုယူခွင့်

ရှိနေသေးသည်။ ငတ်အောင်လုပ်ခွင့် ရှိနေသေးသည်။ အိမ်မှ ဆွဲထုတ်ခွင့် ရှိနေကြသေးသည်။ နွေဦးပေါက်လျှင် အစစ အရာရာ ချောမော ပြေပြစ်လိမ့်မည်ဟု သူ ထင်ခဲ့မိသည်မှာ မှားလေစွ မိုက်လေစွဟု စကားလက် ထင်မိသည်။ ယာတောအလုပ်ဖြင့် ပင်ပန်းရသည့်အထဲတွင် ဝီလီယူလာသည့် သတင်းကို ကြားရသည့်အခါ၌ စကားလက် စိတ်မရှည်နိုင်။

9



‘ပြည်တွင်းစစ်ပြီးလို့ ကိစ္စအေးပြီ ထင်နေတာ၊ ဒုက္ခကလည်း ကုန်ပဲ မကုန်နိုင်တော့ဘူးလား’



‘ဘယ်ကုန်ဦးမလဲ’ ဝီလီက မေးရိုးကြီးကြီး ခပ်ကြမ်းကြမ်းမျက်နှာကို မော့၍ စကားလက်ကို တည်ငြိမ်စွာကြည့်သည်။

‘ဒုက္ခက အခုမှ အစပဲ ရှိသေးတယ်’

‘အပိုခွန် ဘယ်လောက် ဆောင်ရမှာတဲ့လဲ’



‘ဒေါ်လာ သုံးထောင်’



စကားလက် ကြက်သေ သေနေသည်။ ဒေါ်လာသုံးထောင်။ ဒေါ်လာသုံးထောင်ဆိုသည်မှာ ယခုအချိန်တွင် ဒေါ်လာ

သန်းသုံးရာလောက် ထင်မိသည်။

‘ဘာ ဘာဖြစ်လို့’ စကားလက် စကားထစ်နေသည်။ ‘ဘာဖြစ်လို့ ဒီလောက်တောင် ဆောင်ရမှာတဲ့လဲ၊ ငွေ သုံးထောင်

ရှာရဦးမှာပေါ့’

‘ဟုတ်တယ်၊ သက်တန့်ရောင်နှင့် လကို တက်ယူရတာကမှ လွယ်ဦးမယ်’



‘မြိုင်သာယာကိုတော့ အရောင်းမခံနိုင်ဘူး ဝီလီ၊ ဘယ်နည်းနှင့်မှ အရောင်း မခံနိုင်ဘူး’



ဝီလီ၏ ပြာလဲ့လဲ့ မျက်လုံးများက နာကြည်းသည့် အသွင် မုန်းတီးသည့်အသွင် ပေါ်နေ၏။



‘မြိုင်သာယာကို ရောင်းရုံတင်မကဘူး၊ ဒီသောက်ကောင်တွေ (ခွင့်လွှတ်ပါ၊ စကားလက်) ကြီးစိုးနေသမျှ သူတို့ထင်ရာ

လုပ်နိုင်တယ်၊ တိုင်းပြည်ကြီး ပျက်နေပြီ၊ ကော်ဇောအိတ် သမားတွေ တောကြောင်တွေ ထင်ရာစိုင်းနေကြတာပဲ၊ ကိုယ်တို့ ဒီမိုကရက် ပါတီဝင်တွေသာ ဘာမှလုပ်ခွင့်မရှိတာ၊ သူတို့ကျတော့ ထင်ရာလုပ်နေကျတာပဲ၊ အခွန်တော်ကြွေး ကျန်ရင် ကိုယ်တို့ မဲမပေးနိုင်ဘူး၊ စကားလက်ရဲ့ ဖေဖေတို့လို၊ တာလက်တန်တို့လို၊ ဖွန်တိန်တို့လို လူတွေပေါ့၊ ပြည်တွင်းစစ်မှာ ပြည်နယ်ဘက်က ဝင်တိုက်ခဲ့ဖူးရင် ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးကြီးအဆင့် အထက်က လူတွေ မဲမပေးနိုင်ဘူး၊ ဒီပြည်နယ်ဆိုရင် ဒိပြင်ပြည်နယ်တွေထက် ဗိုလ်မှူးကြီးတွေ ပိုများတယ်၊ ပြည်နယ်အစိုးရအောက်မှာ အမှုထမ်းဖူးရင်လည်း မဲပေးခွင့် မရဘူး၊ ယန်ကီစစ်တပ် လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာချက်အရဆိုရင် ပြည်တွင်းစစ် မတိုင်မီ ပြည်နယ်အစိုးရအောက်မှာ အမှုထမ်းခဲ့သူတိုင်း မဲပေးခွင့် မရတော့ဘူး၊ ပြည်တွင်းစစ် မဖြစ်ခင်တုန်းက လူချမ်းသာတွေ၊ လူကုံထံတွေ၊ ကြေးရတတ်တွေ အားလုံး ဆိုပါတော့။

‘ကိုယ့်အဖို့တော့ သူတို့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို သစ္စာခံရင် မဲပေးခွင့်ရပါတယ်၊ ကိုယ်က ပြည်တွင်းစစ်

မဖြစ်ခင်တုန်းက ဘာမှရှိတဲ့ကောင်မှ မဟုတ်ဘဲ၊ ဗိုလ်မှူးကြီးလည်း မဟုတ်ဘူး၊ ဘာကောင်မှလည်း မဟုတ်ဘူး၊ ဒါပေမယ့် ကိုယ် သူတို့ လွတ်ငြိမ်းချမ်းသာခွင့်ကို သစ္စာမခံချင်ဘူး၊ နောင်မှာ ယန်ကီတွေရဲ့ လုပ်ဆောင်ချက်တွေ မှန်လာရင်တော့ သူတို့သစ္စာကို ခံကောင်း ခံမယ်ပေါ့လေ၊ ဒါပေမယ့် ခုတော့ သစ္စာခံ မလုပ်နိုင်သေးဘူး၊ ကိုယ်ဟာ ပြည်ထောင်စုထဲမှာ ပြန်ပြီး နေကောင်းနေမယ်၊ ဒါပေမယ့် ပြည်ထောင်စုရဲ့ အစိတ်အပိုင်းထဲမှာတော့ အုတ်တစ်ချပ် သဲတစ်ပွင့် မဖြစ်နိုင်တော့ဘူး၊ တစ်သက်လုံး မဲမပေးရရင်လည်း နေပါစေ၊ ကိုယ် သူတို့ သစ္စာကို မခံနိုင်ဘူး၊ ဒါပေမယ့် ဟီလ်တန်တို့လို ကြမ်းပိုးတေလေတွေ၊ ဂျိုနာတို့လို လူဆိုး လူရမ်းတွေ၊ စလက်တာရီတို့လို လူဖြူဆင်းရဲသားတွေ၊ မက္ကင်တော့တို့လို ဘာမဟုတ်တဲ့ ကောင်တွေကတော့

10

မဲပေးခွင့်တွေ၊ အရွေးခံပိုင်ခွင့်တွေ ရနေကြမှာပဲ၊ ခုလည်း နေရာတကာမှာ သူတို့တစ်တွေ ကြီးစိုးနေကြပြီ မဟုတ်လား၊ သူတို့လို လူတွေက စကားလက်တို့အပေါ်မှာ အခွန်အကောက်တွေ မတရား စည်းကြပ်ချင်လည်း စည်းကြပ်မှာပဲ၊ ကပ္ပလီ တစ်ယောက်က လူဖြူတစ်ယောက်ကို သတ်ရင်လည်း အရေးယူချင်မှ ယူမှာပဲ’

ဝီလီက

ခဏရပ်သည်။

မေတ္တာသုခ

တောအနီးက

လူဖြူမိန်းမတစ်ယောက်၏

အကြောင်းကို

တွေးမိသဖြင့်

စိတ်မကောင်းဖြစ်သွားသည်။

‘ကပ္ပလီတွေက ကိုယ်တို့ အပေါ်မှာ ဗိုလ်ကျကြတော့မယ်၊ သူတို့ကို လွတ်လပ်သော ကပ္ပလီ အစည်းအရုံးနှင့်

စစ်သားတွေက သေနတ်နှင့် ထောက်ခံ အားပေးကြတော့မယ်၊ ကိုယ်တို့တစ်တွေ မဲလည်းပေးနိုင်မှာမဟုတ်ဘူး၊ သူတို့ ခြယ်လှယ်သမျှ ခံနေကြရမှာပဲ’

‘ဘာ မဲပေးဖို့ ဟုတ်လား’ စကားလက်က အော်သည်။ ‘မဲ ပေးရတော့ကော ဘာလုပ်ရမှာလဲ၊ ဒါတွေ အသာထားစမ်းပါ

ဝီလီရယ်၊ စကားလက်တို့က အခွန်တော်ကိစ္စကို ပြောနေတာပါ၊ ဒီမှာ ဝီလီ မြိုင်သာယာဟာ ဘယ်လောက်တန်ဖိုးရှိတဲ့ ယာတောလဲဆိုတာ လူတိုင်းသိတယ်၊ လေလံတင်တဲ့ ဘဝတော့ အရောက်မခံနိုင်ဘူး၊ မြေပေါင်ပြီး အခွန်တော်ဆပ်လို့ရရင် စကားလက် ဒီမြေကို ပေါင်မယ်’

‘ဒီမှာ စကားလက်၊ စကားလက်က ခပ်ထုံထုံ ခပ်ထိုင်းထိုင်းထဲက မဟုတ်ဘူး၊ ဒါပေမယ့် တစ်ခါတလေကျတော့

ပါးမလိုလိုနှင့်

တော်တော်ထူတယ်၊

ဒီမြေကို

ဘယ်သူက

အပေါင်ခံမှာလဲ၊

မြိုင်သာယာကို

အပိုင်စီးချင်တဲ့

ကော်ဇောအိတ်သမားတွေလောက်ကပဲ အပေါင်ခံမှာပေါ့၊ ခုခေတ်မှာ ကော်ဇောအိတ်သမားတွေကလွဲရင် လူတိုင်း မြေပိုင်နေပြီ၊ လူတိုင်းဟာ မြေရဲ့သားသမီး ဖြစ်နေပြီ၊ မြေကို ဘယ်သူကမှ အပေါင်ခံမှာမဟုတ်ဘူး’

‘စကားလက်မှာ ယန်ကီစစ်သားဆီက ရတဲ့ စိန် နားဆွဲ တစ်ရန်တော့ ရှိသေးတယ်၊ ဒီ စိန်နားဆွဲကို ရောင်းရင်ကော’



‘ခက်လိုက်ပါဘိ စကားလက်ရယ်၊ ဒီနား တစ်ဝိုက်မှာ စိန်နားဆွဲကို ဘယ်သူက ဝယ်ပန်မှာတဲ့လဲ၊ လူတွေမှာ

ထမင်းတောင် ကောင်းကောင်းမစားနိုင်တဲ့ ဘဝ၊ ဒီ အလှအပတွေကို စိတ်ကူးတောင် မထည့်နိုင်ဘူး၊ ဆယ်ဒေါ်လာတန် ဒင်္ဂါးပြားရှိတဲ့ လူဟာ အချမ်းသာဆုံးပဲ’

နှစ်ယောက်သား

တိတ်ဆိတ်သွားကြ၏။

စကားလက်က

သူ့ခေါင်းကို

ကျောက်တံတိုင်းကြီးဖြင့်

ပြေးဆောင့်လိုက်ချင်သည်။ မနှစ်ကဆိုလျှင် ပြေးဆောင့်စရာ ကျောက်တုံး ခြံစည်းရိုးတွေ ရှိသည်။ ယခု မရှိတော့။

‘ကဲ ဘယ်လို လုပ်ကြမလဲ’



‘စကားလက် မသိဘူး’ စကားလက်က ခပ်လေးလေး ဖြေသည်။ သူ့စိတ်ထဲတွင် ဂရုမစိုက်ချင်သလိုလို ဖြစ်လာသည်။

ဤပြဿနာသည် ကျောက်တံတိုင်းများစွာအနက် တစ်ခုဖြစ်၏။ ခွန်အားတွေ ကုန်ခန်းသွားသည့်နှယ် ပျော့ခွေကျသွားသည်။ အဘယ့်ကြောင့် ဤမျှ အပင်ပန်းခံလုပ်နေရဦးမည်နည်း။ ရုန်းကန်နေရဦးမည်နည်း။ တိုက်ခိုက်နေရဦးမည်နည်း။ တိုက်ပွဲတစ်ပွဲ ပြီးတိုင်း ဆုံးရှုံးမှုက သူ့ကို ရပ်စောင့်ပြီး သူ့ကို လှောင်ပြောနေသည် မဟုတ်လော။

11



‘စကားလက် မသိဘူး’ သူက ပြော၏။ ‘ဒါပေမယ့် ဒါတွေကို ဖေဖေ့ကိုတော့ အသိမပေးပါနှင့်၊ သိပ် စိတ်ထိခိုက်နေပါ့မယ်’



‘မပြောပါဘူး’



‘ဒိပြင်ကော ဘယ်သူ့ကို ပြောသေးသလဲ’



‘ဟင့်အင်း၊ စကားလက်တစ်ယောက်ကိုပဲ ပြောသေးတာပဲ’



ဟုတ်သည်။ လူတွေက မကောင်းသတင်းဆိုလျှင် သူ့ကိုသာ ပြောကြသည်။ ဤသတင်းများကြောင့် သူ မောလှပြီ။



‘အက်ရှလေကော ဘယ်မလဲ၊ သူ့ဆီက အကြံဉာဏ်လေး ဘာလေး တောင်းရင် မကောင်းဘူးလား’



ဝီလီက အကြည့်ချိုချိုဖြင့် သူ့ကို ကြည့်သည်။ အက်ရှလေ အိမ်သို့ ပြန်လာသည့်နေ့က ကြည့်သည့် အကြည့်မျိုး။

သူတို့ အကြောင်းကို သူသိသည်ဆိုသည့် အကြည့်မျိုး။

‘သစ်သီး ခြံထဲမှာ ထင်းခွဲနေတယ်၊ ကိုယ် မြင်းသွားချည်တုန်းက ပုဆိန်သံ ကြားခဲ့တယ်၊ ဒါပေမယ့် သူလည်း

ဘာတတ်နိုင်မှာလဲ၊ သူ့မှာ ပိုက်ဆံတစ်ပြားမှ မရှိတာ’

‘သူနှင့် တိုင်ပင်ကြည့်ရင်ကော ဘယ့်နှယ်နေမလဲ ဟင်၊ တိုင်ပင်လို့ ကောင်းပါ့မလား’



စကားလက် ခြေထောက်တွင် ပတ်ထားသည့် မွေ့ရာစုတ်ကို ကန်ထုတ်၍ ထလိုက်၏။ ဝီလီက ဘာမျှ မပြော။

သူ့လက်များကို ပွတ်၍ မီးကင်နေသည်။

‘ရှောစောင်လေး ဘာလေး ခြုံသွားလေ၊ အပြင်မှာ သိပ်အေးတယ်’



သို့ရာတွင် စကားလက် ဘာမျှ မခြုံ။ ရှောစောင်ကို အပေါ်ထပ်သို့ တက်ယူမနေနိုင်။ အက်ရှလေကို မြန်မြန်

တွေ့ချင်သည်။ သူ့ဒုက္ခတွေကို ရင်ဖွင့်ချင်သည်။

အက်ရှလေကို တစ်ယောက်ချင်းတွေ့ရလျှင် သူ့လောက် ကံကောင်းသူ လောကတွင် ရှိမည်မထင်။ အက်ရှလေ

ပြန်လာပြီးကတည်းက နှစ်ယောက်ချင်း တစ်ခါမျှ စကားမပြောရသေး။ သူ့ဘေးတွင် အမြဲတမ်း လူရှုပ်နေသည်။ မီလာနီက သူ့နောက်က အမြဲကပ်နေသည်။ သူ့ယောက်ျားပျောက်သွားမည်ကို စိုးသည့်နှယ် အင်္ကျီလက်ကို ဆွဲလိုက်လာတတ်သည်။ မီလာနီ၏ မဏ္ဍပ်တိုင် တက်ပြသည့် အမူအရာကြောင့် စကားလက် ရင်ထဲတွင် ကာလအတန်ကြာမျှ ပျောက်ကွယ်နေခဲ့သည့် မနာလိုဝန်တိုစိတ်၊ မခံချင်စိတ်တို့သည် ခေါင်းပြူပေါ်လာကြ၏။ ယခုမူ အက်ရှလေကို နှစ်ယောက်ချင်းတွေ့ဆုံ စကားပြောရန် သူ ပိုင်းဖြတ်ပြီးပြီ။ ဤတစ်ကြိမ်တွင်မူ နှစ်ယောက်ချင်း စကားမပြောနိုင်အောင် နှောင့်ယှက်ဟန့်တားမည့်သူ တစ်ဦးမျှ မရှိ။

သစ်သီးခြံထဲရှိ ရိုးတံ ကျဲကျဲသစ်ပင်များအောက်မှ လျှောက်လာခဲ့သည်။ ပေါင်းပင်များတွင် နှင်းတွေ ရွှဲနေသဖြင့်

သူ့ခြေထောက် နှစ်ဖက်စလုံး စိုနေသည်။ အက်ရှလေက ကိုင်းတောထဲမှ ဆွဲလာသည့် သစ်လုံးများကို ခွဲနေသည်။ သူ့ပုဆိန်သံကို ကြားနေရ၏။ ယန်ကီတို့က သူတို့ ခြံစည်းရိုးများကို လက်ဆော့၍ မီးရှို့သွားကြခြင်းဖြစ်သော်လည်း ထိုခြံစည်းရိုးများကို ပြန်ကာရသည့်အလုပ်က မလွယ်။ ပင်ပန်းသည်။ အချိန် ကြာသည်။ အရာကိစ္စတိုင်းသည် ပင်ပန်းရှည်ကြာရန်ကောဟု

12

စကားလက်တွေး၍ စိတ်ပင်ပန်းခြင်းဖြစ်ရ၏။ ဤ ရှည်ကြာ ပင်ပန်းသည့် အလုပ်မျိုးကို ငြီးငွေ့လှပြီ။ စိတ်ပျက်လှပြီ။ ထိုအရာများ အားလုံးကို စိတ်ကုန်လှပြီ။ အက်ရှလေသည် မီလာနီ၏ ယောက်ျားမဟုတ်ဘဲ သူ့ယောက်ျားဖြစ်ခဲ့၍ သူနှင့်အတူသာ ဤဘဝ ခရီးကို လျှောက်ရလျှင် မည်မျှ ပျော်စရာကောင်းမည်နည်း။ သူ့ပခုံးပေါ်တွင် ခေါင်းမှီ၍ အမော ဖြေရလျှင် မည်မျှ အမော ပြေမည်နည်း။ မျက်ရည်လည်ရွှဲဖြင့် သူ့ဝန်ထုပ် ဝန်ပိုးမှန်သမျှကို သူ့ပခုံးပေါ်သို့ ပြောင်းပေးလိုက်ရလျှင် မည်မျှ အပန်းပြေမည်နည်း။

စကားလက်က သလဲချုံ တစ်ချုံကို တွေ့လိုက်သည်။ အရွက်မဲ့သော သလဲကိုင်းများက အေးစိမ့်သည့် လေထဲတွင်

လှုပ်ယမ်းလျက်ရှိကြ၏။ အက်ရှလေသည် ပုဆိန်ကို မြေကြီးတွင် ထောင်၍ ရပ်ရင်း နဖူးကို လက်ခုံဖြင့် သုတ်နေ၏။ ဝတ်ထားသည့် ဘောင်းဘီက စစ်ဘောင်းဘီ အဟောင်း။ အက်ႌက ေဖေဖ့ ရွပ္အက်ႌ။ ပွဲနေ ပွဲထိုင် သွားမှဝတ်သည့် ရင်တွန့်နှင့် ရှပ်အင်္ကျီ။ အက်ရှလေ ဝတ်ထားသည့်အခါ၌ တိုနေသည်။ ကုတ်အင်္ကျီကို သစ်ကိုင်းတစ်ကိုင်းတွင် ချိတ်ထားသည်။ အလုပ်လုပ်ရသဖြင့် အိုက်လာဟန် တူသည်။ စကားလက် ရောက်သွားသည့်အခါ၌ ပုဆိန်ကို မြေကြီးထောက်၍ ရပ်နေဆဲ။

အဝတ်အစား

အစုတ်စုတ်

အပြတ်ပြတ်နှင့် လက်က

ပုဆိန်ကို

ကိုင်ထားသည့် အက်ရှလေကို

မြင်သည်၌

စကားလက်သည် ကံကြမ္မာကို ကျိန်ဆဲမိ၏။ အစုတ်စုတ် အပြတ်ပြတ်ကို ဝတ်ကာ အလုပ်ကြမ်း လုပ်နေသည့် အက်ရှလေကို သူ မကြည့်ရက်။ သန့်သန့်ရှင်းရှင်း ကြော့ကြော့လွင်လွင် နေတတ်သည့် အက်ရှလေကို ဤပုံပန်းဖြင့် သူ မကြည့်ရက်။ သူ့လက်များသည် အလုပ်ကြမ်းလုပ်ရန်မဟုတ်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ပိုးဖဲမှအပ အခြား ဘာကိုမျှ တင်ဖူးသူ မဟုတ်။ အိမ်ကြီးအိမ်ကောင်းပေါ်တွင်

နေနိုင်အောင်၊

လူကုံထံများနှင့်

ဆွေးနွေးစကားပြောနိုင်အောင်၊

စန္ဒရားတီးနိုင်အောင်၊

အဓိပ္ပာယ်မရှိသော်လည်း လှပသည့် စာတွေ ကဗျာတွေ ရေးနိုင်အောင် အက်ရှလေကို ဖန်ဆင်းမည်ဟု ဘုရားသခင်က ရည်ရွယ်တော်မူရင်း ရှိခဲ့သည်။ သို့ရာတွင် ယခု ဘုရားသခင်ကော ဘာများ တတ်နိုင်သေးသနည်း။

ဝိတ်ကလေးကို ဂုန်နီအိတ်စုတ် ချုပ်၍ ဝတ်ပေးသည်ကို စကားလက် မြင်ရက်သေးသည်။ မိန်းကလေးများအိမ်တွင်

ဆိုးသည့် အကွက်တုံး ဖျင်ကြမ်းကြီးတွေ ညစ်ညစ်ပတ်ပတ် ဝတ်သည်ကို မြင်လျှင် စကားလက် မြင်ရက်သေးသည်။ သို့ရာတွင် အက်ရှလေအား ဤသို့ မြင်ရသည်ကိုမူ စကားလက် မမြင်ရက်။ အက်ရှလေက ဤအရာများနှင့် လားလားမျှ မအပ်စပ်။ သူ ချစ်ရ၊ မြတ်နိုးရသော အက်ရှလေ ထင်းခွဲနေသည်ကို ကြည့်၍ စကားလက် ရင်နာရသည်။ သူ ကိုယ်တိုင် ဝင်၍ပင် ထင်းခွဲပေးလိုက်ချင်သည်။

‘သမ္မတ လင်ကွန်းလည်း ဟိုတုန်းက ဒီလိုပဲ ထင်းခွဲရတာပဲတဲ့’ အက်ရှလေက စကားလက်ကို လှမ်းပြောသည်။

‘အစ်ကိုကော လင်ကွန်းလို မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ’

စကားလက်က

မျက်မှောင်ကုတ်လိုက်၏။

အက်ရှလေသည်

အခက်အခဲ

တွေ့လာလျှင်

ဤသို့

ပေါ့အောင်

လုပ်ပစ်တတ်သည်။ သူ့အဖို့မူ ဤအရာများသည် ပေါ့ပေါ့တန်တန် ပြဿနာ မဟုတ်။ တကယ့် ပြဿနာကြီးတွေ ဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ အက်ရှလေက ဤသို့ ပေါ့ပေါ့တန်တန် ပြောသဖြင့် စကားလက် စိတ်ဆိုးရသည်။

စကားလက်က

အခွန်တော်ပေးရမည့်ကိစ္စကို

ခပ်တိုတိုပြောပြ၏။

ထုတ်ပြောလိုက်ရသဖြင့်

ရင်ထဲတွင်

ပေါ့သွားသလိုလိုတော့ ရှိသည်။ အက်ရှလေသည် သူ့ကို တစ်နည်းနည်း အကူအညီပေးနိုင်လိမ့်မည် ထင်သည်။ အက်ရှလေက

13

ဘာမျှ မပြော။ စကားလက် ခိုက်ခိုက်တုန်နေသည်ကို မြင်ရသည့်အခါ၌ သစ်ပင်တွင် ချိတ်ထားသည့် ကုတ်အင်္ကျီကို ဖြုတ်၍ စကားလက် ပခုံးကို ခြုံပေးသည်။

‘အခွန်ဆောင်ဖို့ ပိုက်ဆံ ရှာလို့ရမယ့် နေရာများ မရှိဘူးလား’



‘အင်း၊ ဘယ်က ရှာမလဲ’



‘အဲဒါကို စကားလက် အစ်ကို့ကို မေးနေတာပေါ့’



စကားလက်

စိတ်တိုသွားသည်။

သူ့ကိုမြင်လိုက်ရသဖြင့်

စောစောက

အသက်ရှူချောင်ခဲ့သမျှတွေ

အကုန်ပျောက်သွားသည်။ သူ မကူညီလျှင် ရှိစေ၊ အနည်းဆုံး နှစ်သိမ့်စကားလောက်ကိုမူ ပြောဖို့ကောင်းသည်။ အနည်းဆုံး ‘ဟုတ်တယ်နော်၊ စိတ်မကောင်းစရာ’ ဆိုသည့် စကားမျိုးလောက်ကိုမူ ပြောဖို့ကောင်းသည်။

အက်ရှလေက ပြုံး၏။



‘အစ်ကို စစ်ထဲက ပြန်လာပြီးကတည်းက တွေ့သမျှ လူတွေအားလုံး ဖွတ်ကျားချည်းပဲ၊ တကယ်ချမ်းသာတဲ့ လူဆိုလို့

ရက် ဘတ်တလာတစ်ယောက်ပဲ ချမ်းသာတယ်လို့ ကြားဖူးသေးတယ်’

ယခင် အပတ်က ဒေါ်လေး ပစ်တီထံမှ မီလာနီထံသို့ စာတစ်စောင် ရောက်လာသည်။ စာတွင် ရက် ဘတ်တလာ

တစ်ယောက်

အတ္တလန်တာသို့

ပြည်ထောင်စုအစိုးရ

ငွေစက္ကူ

ပြန်ရောက်နေကြောင်း၊ စိမ်းစိမ်းတွေကို

မြင်းနှစ်ကောင်တပ်

အိတ်အပြည့်

ထည့်နိုင်ကြောင်း၊

ရထားကြီးဖြင့်

သားနားနေကြောင်း၊

သို့သော်လည်း

ဤငွေစက္ကူများကို

ရိုးရိုးသားသားဖြင့် ရခြင်းဖြစ်ဟန်မတူကြောင်း စသဖြင့် ပါ၏။ ရက် ဘတ်တလာသည် ပြည်နယ်အစိုးရ၏ ဘဏ္ဍာများကို မတရားနည်းဖြင့် ရယူထားသည်ဟု အတ္တလန်တာ တစ်မြို့လုံး ကဲ့သို့ပင် ဒေါ်လေးပစ်တီ နားလည်ထားသည်။

‘သူ့အကြောင်း စကားထဲ ထည့်မပြောစမ်းပါနှင့် အစ်ကိုရယ်’ စကားလက်က ခပ်ပြတ်ပြတ် ပြော၏။ ‘ဒီလို လူလိမ်

လူညာဆီမှာ ရှိလို့ အလကားပေါ့၊ စကားလက်တို့တော့ ဘယ်လိုအခြေအနေများ ရောက်မလဲ မသိဘူး’

အက်ရှလေက

ပုဆိန်ကို

ချကာ

ငေးကြည့်နေ၏။

သူ့မျက်လုံးများသည်

စကားလက်

မလိုက်နိုင်သော

တစ်ရပ်တစ်ကျေးဆီသို့ မျှော်ငေးနေသည် ထင်ရသည်။

‘အစ်ကို

စဉ်းစားမိတယ်’

အက်ရှလေက

ပြောသည်။

‘မြိုင်သာယာက

အစ်ကိုတို့

တစ်တွေတင်

မကဘူး၊

တောင်ပိုင်းပြည်နယ်သားတွေအားလုံး ဘယ်အခြေအနေ ရောက်မလဲလို့ အစ်ကို မပြောနိုင်အောင် ဖြစ်နေတယ်’

‘တခြားလူတွေက ဘာဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ကိယု က့် စိ က္စ အရေးကြီးပါတယ်’ဟု စကားလက် ပြောချလုကိ ခ်ျင်သည်။

သို့ရာတွင် နှုတ်မှ မထွက်။ ယခင်ကထက် ပို၍ ရင်မောနေသည်။ အက်ရှလေထံမှလည်း ဘာအကူအညီမျှ မရ။

‘အေးလေ၊ အဆုံးမှာတော့ ခေတ်ကြီး တစ်ခေတ်ပြိုလဲ ပျက်စီးတဲ့အခါ ဖြစ်တတ် ပျက်တတ်ကြတဲ့ ဓမ္မတာ အတိုင်း ခုလည်း

ဒီလိုပဲ ဖြစ်ကြရမှာပါပဲ၊ ခေတ်ကြီး တစ်ခေတ်ပျက်ရင် သတ္တိရှိတဲ့လူ၊ ကြံရည်ဖန်ရည် ရှိတဲ့လူတွေ ရှေ့တန်းရောက်လာကြပြီး

14

သတ္တိမရှိတဲ့၊ ကြံရည်ဖန်ရည် မရှိတဲ့ လူတွေဟာ လွင့်စဉ်သွားကြရတယ်၊ အနည်းဆုံး သံဝဋ္ဋကပ်ကြီး တစ်ကပ် ဆိုက်တာကို မြင်ရတာ ပျော်စရာ မကောင်းပေမယ့် စိတ်ဝင်စားစရာတော့ ကောင်းတာပေါ့’

‘ဘာ ကပ်ကြီးတစ်ကပ်’



‘ဘုရားသခင်တွေရဲ့နေဝင်ချိန် ဆိုပါတော့၊ ခက်တာက အစ်ကိုတို့ တောင်ပိုင်းသားတွေဟာ ကိုယ့်ကိုယ်ကိုယ်

ဘုရားသခင်တွေလို့ ထင်နေကြတယ်’

‘အစ်ကိုရယ်၊

ဒီစကားတွေ

စကားလက်ကို

မပြောပါနှင့်၊

လွင့်စဉ်သွားရမယ့်သူတွေဟာ

စကားလက်တို့

ကိုယ်တိုင်ဖြစ်နေချိန်မှာ ဒီ စကားမျိုးကြားရတာ စကားလက် ရင်တုန်လွန်းလို့ပါ’

စကားလက် ရင်ထဲမှ ပင်ပန်းနွမ်းနယ်မှုသည် သူ့ထံသို့ ကူးစက်သွားသည် ထင်ရ၏။ အက်ရှလေသည် အဝေးသို့

ငေး၍ တွေးနေရာက စကားလက်၏ လက်များကို တယုတယ ကိုင်သည်။ လက်ဖဝါးကို လှန်ပြီး အသားမာတက်နေသည့် လက်ဖဝါးကို ကြည့်နေ၏။

‘အစ်ကို မြင်ဖူးသမျှ လက်တွေထဲမှာ ဒီလက်တွေဟာ အလှဆုံးပဲ’ အက်ရှလေက လက်ဝါးတစ်ဖက်စီကို အသာနမ်းသည်။

‘ဟုတ်တယ်၊ စကားလက်ရဲ့လက်တွေဟာ လှတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စကားလက်ရဲ့လက်တွေက ခွန်အားရှိလို့ပဲ၊ အသားမာတစ်ခုတိုင်းဟာ ရွှေတံဆိပ်တစ်ခုပဲ၊ စကားလက်ရဲ့လက်ဖဝါးပေါ်က သွေးခြည်ဥ တစ်ဥတိုင်းဟာ ကိုယ်ကျိုးစွန့်မှုနှင့် ရဲရင့်မှုအတွက် ရတဲ့ဆုလာဘ်တွေပဲ၊ ဒီလက်တွေဟာ မင်းဖေဖေ၊ မင်းညီမတွေ၊ ကလေးတွေ၊ ကပ္ပလီတွေနှင့် အစ်ကိုတို့ အားလုံးအတွက် လုပ်ရကိုင်ရလို့ မာကျောကြမ်းတမ်း လာခဲ့ကြရတယ်၊ စကားလက်ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အစ်ကိုသိပါတယ်၊ အင်း ငါ့ရှေ့မှာတော့ စိတ်ကူးယဉ်တဲ့ အရူးတစ်ယောက် ရောက်နေပြီလို့ တွေးနေတယ် မဟုတ်လား၊ အသက်ရှင်နေတဲ့ လူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ သေသွားတဲ့ ဘုရားသခင်တွေကို တမ်းတနေတဲ့ အရူးတစ်ယောက် ရောက်နေပြီလို့ တွေးနေတယ်မဟုတ်လား၊ မဟုတ်ဘူးလား’

စကားလက်က ခေါင်းညိတ်ပြ၏။ သူ့လက်နှစ်ဖက်ကို လွှတ်ချလိုက်မည်စိုးသဖြင့် ဘာမျှ မပြောရဲ။ လက်နှစ်ဖက်ကို

တစ်သက်လုံး ဤသို့ ဆုပ်ကိုင်ထားစေချင်သည်။ သို့ရာတွင် အက်ရှလေက လက်နှစ်ဖက်ကို လွှတ်လိုက်၏။

‘ခု စကားလက် အစ်ကို့ဆီက အကူအညီများ ရမလားလို့ မျှော်လင့်တကြီးနှင့် ရောက်လာတယ်၊ ဒါပေမယ့် အစ်ကိုက

ဘာမှ အကူအညီ မပေးနိုင်ဘူး’

အက်ရှလေက ပုဆိန်နှင့် သစ်တုံးများကို စိတ်နာနာဖြင့် ငေးကြည့်နေသည်။



‘ခု ကိုယ့်မှာ အိမ်မရှိတော့ဘူး၊ ပိုက်ဆံလည်း တစ်ပြားမှ မရှိတော့ဘူး၊ ဒီလောကကြီးမှာ အစ်ကိုဟာ ဘာမှ သုံးစား

မရတော့ဘူး၊ ဒီလောကကြီးနှင့် အံမဝင်တော့ဘူး၊ ပျက်သွားပြီ၊ အစ်ကို စကားလက်ကို ဘာမှ မကူညီနိုင်ဘူး စကားလက်၊ အစ်ကို ကိုယ်တိုင် လယ်သမားတစ်ယောက် ဖြစ်အောင် မတတ်တတတ်နှင့် ကြိုးစားရုံပဲ ရှိတော့တယ်၊ မြိုင်သာယာကို စကားလက်တို့နှင့် မကင်းမကွာ ရှိနေအောင် လုပ်ပေးဖို့ အစ်ကိုလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ ကိုယ့်အခြေအနေက စကားလက်ကို မှီခို ကပ်ရပ် စားနေရတဲ့ အခြေအနေ၊ ဟုတ်တယ်၊ စကားလက်တို့ ပေးစာကမ်းစာကို စားနေရတဲ့ အခြေအနေ၊

15

ဒီအခြေအနေကို ကိုယ် ပျော်တယ်လို့များ စကားလက် ထင်နေသလား၊ စကားလက်ဟာ ကိုယ်တို့အပေါ်မှာ ကောင်းခဲ့ပါတယ်၊ စကားလက်ရဲ့ ကျေးဇူးဟာလည်း အင်မတန်ကြီးပါတယ်၊ ဒီကျေးဇူးတွေကို အစ်ကို ဘယ်တော့မှ ပြန်ဆပ်လို့ကုန်တော့မှာမဟုတ်တော့ပါဘူး၊ စကားလက်ရဲ့ ကျေးဇူးကို နေ့တိုင်း အစ်ကို သတိရတယ်၊ အစ်ကိုတို့ ရှေ့ရေးကို အစ်ကို နေ့တိုင်း တွေးတယ်၊ အစ်ကိုဟာ တကယ့် အမှန်ဘဝထဲမှာ မနေခဲ့ဘဲ စိတ်ကူးယဉ်ခဲ့တယ်၊ ဒီတော့ ခု လက်ရှိ အခြေအနေသစ်တွေကို ရင်မဆိုင်ရဲအောင် ဖြစ်နေတယ်၊ ရင်ဆိုင်ဖို့ ခက်နေတယ်၊ အစ်ကိုပြောတာ သဘောပေါက်ရဲ့လား မသိဘူး’

စကားလက်က ခေါင်းညိတ်ပြ၏။ စင်စစ် အက်ရှလေ၏ စကားများကို စကားလက် ကောင်းကောင်းနားမလည်။

သို့ရာတွင်

သူ့စကားများကို

နားစွင့်ထောင်နေမိသည်။

အသက်ကိုပင်

ကောင်းကောင်းမရှူနိုင်။

သူ့အတွေးများကို

စကားလက်က ထုတ်ဖော်ပြောသည်မှာ ဤ အကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ စကားလက်သည် အထူးအဆန်းတစ်ခုကို တွေ့ရသည့်နှယ် စိတ်လှုပ်ရှားနေသည်။

‘အရှိကို အရှိအတိုင်း မကြည့်ချင်တာ မကြည့်ရဲတာဟာ ကျိန်စာသင့်တာနှင့် အတူတူပဲ စကားလက်၊ ပြည်တွင်းစစ်

မဖြစ်ခင်တုန်းက ဘဝဟာ အစ်ကို့အဖို့ အစစ်အမှန်ပဲလို့ မထင်ခဲ့ဘူး၊ ကန့်လန်ကာပေါ်က အရိပ်ပြပွဲလို့ပဲ ထင်ခဲ့တယ်၊ အရိပ်ပြပွဲလို ဖြစ်နေတာကိုလည်း သဘောကျတယ်၊ အစ်ကိုက ပီပီသသ ထင်ထင်ရှားရှား မြင်ရတာတွေကို သိပ်သဘော မကျဘူး၊ နှင်းမြူ ဆိုင်းသလို ရေးရေးမှုန်မှုန် ဝိုးတိုးဝါးတား မြင်ရတာမျိုးကို သဘောကျခဲ့တယ်’

အက်ရှလေ စကားကို ဖြတ်၍ ခပ်ယဲ့ယဲ့ပြုံးသည်။ လေအေးကြောင့် အနည်းငယ် တုန်နေသည်။



‘တစ်နည်းပြောရရင်တော့ အစ်ကိုဟာ သတ္တိကြောင်တဲ့ လူပေါ့လေ’



အက်ရှလေ ပြောသည့် အရိပ်ပြပွဲနှင့် မှုန်မှုန်ဝါးဝါးမြင်ရသည့် အရာဆိုသည့် စကားများသည် စကားလက်အဖို့

ဘာမျှ အဓိပ္ပာယ် မရှိ။ နောက်ဆုံး စကားများကိုမူ သူ နားလည်သည်။ သို့ရာတွင် အက်ရှလေ၏ စကားကို သူ လက်မခံ။ အက်ရှလေသည် သူရဲဘောကြောင်သူမဟုတ်။ သူ၏ ကျစ်လျစ်မြင့်သွယ်သည့် ခန္ဓာကိုယ်ပေါ်က အမူအရာတိုင်း၌ ရဲရင့်၍ သတ္တိကောင်းသည့် ဘိုးဘေးများ၏ အမွေသည် အထင်းသားပေါ်နေသည်။ သူ့ စစ်မှုထမ်းသက် ဆောင်ရွက်ချက်များကို စကားလက် အလွတ်ရသည်။

‘အစ်ကိုဟာ သတ္တိမကြောင်ပါဘူးကွယ်၊ သတ္တိကြောင်တဲ့ လူတစ်ယောက်ဆိုရင် ဂက်တီစဘတ်တိုက်ပွဲမှာ ဘာဖြစ်လို့

အမြောက်ပေါ် တက်ထိုင်ပြီး ရှေ့ဆုံးက တက်မလဲ၊ ဗိုလ်ချုပ် ကိုယ်တိုင်က မီလာနီဆီ စာရေးပြီး ဘာဖြစ်လို့ ချီးကျူးနေမလဲ၊ ပြီးတော့’

‘ဒါက သတ္တိ မဟုတ်ဘူး စကားလက်’ အက်ရှလေက အားယူ၍ ပြော၏။ ‘စစ်တိုက်ရတာဟာ အရက် သောက်ရတာနှင့်

အတူတူပဲ၊

အရက်ဟာ

သောက်တဲ့လူတိုင်းကို

မူးစေသလို

စစ်တိုက်ရရင်

သူရဲကောင်းဖြစ်ဖြစ်

လူကြောက်ဖြစ်ဖြစ်

သတ္တိကောင်းလာတာပဲ၊ ဝမ်းတွင်းရူးကို စစ်တိုက်ခိုင်းရင်တောင် စစ်မြေပြင်ရောက်ရင် သတ္တိကောင်းလာမှာပဲ၊ သတ္တိမကောင်းရင် သေသွားမှာပေါ့၊

မကောင်းဘဲ

ဘယ်နေရဲပါ့မလဲ၊

အစ်ကိုပြောတဲ့

သတ္တိကြောင်တယ်ဆိုတာက

တခြား

အဓိပ္ပာယ်ပါ၊

အစ်ကိုပြောတဲ့ သတ္တိကြောင်နည်းမျိုးက ဒိထက် ဆိုးတယ်၊ အမြောက်သံကြားလို့ ထွက်ပြေးတဲ့ သတ္တိကြောင်ပုံမျိုးကမှ အစ်ကို့ သတ္တိကြောင်တာမျိုးနှင့်စာရင် တော်ဦးမယ်’

16



အက်ရှလေက တစ်လုံးချင်း ခက်ခက်ခဲခဲ ပြောနေသည်။ ဤသို့ ထုတ်ပြောရသည့်အတွက်လည်း နာကျင်နေဟန်

ရှိသည်။ အက်ရှလေသည် သူ့ကိုယ်မှ ခွာကာ အပြင်လူတစ်ယောက် အနေဖြင့် ပြောနေပုံရသည်။ အကယ်၍သာ ဤစကားမျိုးကို တခြားသူတစ်ယောက်က ပြောသည်ဆိုလျှင် စကားလက် နည်းနည်းမျှ လက်ခံမည်မဟုတ်။ တမင်ဟန်လုပ်၍ နှိမ့်ချ ဟန်ဆောင်နေသည်ဟု အထင်သေးမိလိမ့်မည်။ ချီးမြှောက်ခံလို၍ တမင် စကားခေါ်နေသည်ဟု ထင်မိလိမ့်မည်။ သို့ရာတွင် အက်ရှလေကမူ ရင်ထဲအသည်းထဲမှ ပြောသည်ဟု စကားလက် ယူဆသည်။ အက်ရှလေ၏ မျက်လုံးတွင် စကားလက် မမြင်စေလိုသည့် အကြည့်မျိုးကို တွေ့ရ၏။ ကြောက်ရွံ့သည့် အကြည့်၊ တောင်းပန် တိုးလျှိုးသည့် အကြည့်မျိုးမဟုတ်။ အားတင်းထားရသည့် အကြည့်မျိုးဖြစ်သည်။ ဆောင်းလေ တသုန်သုန် တိုက်နေသဖြင့် စိုရွှဲနေသည့် စကားလက်၏ ခြေထောက်များသည် အေးစက်နေကြ၏။ စကားလက် ခိုက်ခိုက်တုန်စ ပြုလာသည်။ သို့ရာတွင် ဆောင်းလေကြောင့် ခိုက်ခိုက်တုန်သည်ထက် အက်ရှလေ၏ စကားများကို ကြောက်၍ ခိုက်ခိုက်တုန်သည်က ပိုသည်။

‘ဒါဖြင့် အစ်ကို ဘာကို ကြောက်နေတာလဲ’



‘အမည်တပ် ပြောလို့မရတဲ့ အရာတွေကို ကြောက်နေတာ၊ အစ်ကို ကြောက်တာတွေကို ထုတ်ပြောရရင် ရယ်စရာတောင်

ကောင်းမယ်ထင်တယ်၊ အထူးသဖြင့်တော့ အစ်ကို့ဘဝကို ကြောက်တယ်၊ အစ်ကို့ စိတ်ကူးထဲက ဘဝနှင့် မတူဘဲ မထင်တာတွေ ဖြစ်လာတဲ့ဘဝကို အစ်ကို ကြောက်တယ်၊ ဘဝရဲ့ ကြမ်းတမ်းတဲ့ အစစ်အမှန်တွေကို ရင်ဆိုင်ရမှာ ကြောက်နေတယ်၊ ခုလို ရွှံ့ထဲ ဗွက်ထဲမှာ ထင်းခွဲနေရလို့ ဘဝကို ကြောက်တာလည်း မဟုတ်ဘူး၊ ခု အစ်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ ဘဝကို အစ်ကို ကြောက်တာပါ၊ အစ်ကိုချစ်တဲ့ အစ်ကို ပျော်တဲ့ ဘဝဟောင်းရဲ့ အလှအပတွေ ဆုံးရှုံးသွားရတာကို အစ်ကို နှမြောတယ်၊ ဒီမှာ စကားလက်၊ ပြည်တွင်းစစ် မဖြစ်ခင်တုန်းက အစ်ကို့ဘဝဟာ သာယာတယ်၊ လှတယ်၊ ပျော်စရာကောင်းတယ်၊ အစစ အရာရာ ပြည့်စုံတယ်၊ ခေါမခေတ် အနုပညာလက်ရာတစ်ခုလို အစ်ကို့ဘဝဟာ အချိုးအဆစ် ကျတယ်၊ မပြေပြစ်တဲ့ အရာဆိုလို့ တစ်ခုမှ မရှိဘူး၊ လူတိုင်းအတွက်တော့ မဟုတ်ဘူးပေါ့လေ၊ အနည်းဆုံး အစ်ကို့အတွက်တော့ ပြေပြစ်နေတယ်၊ ဝက်သစ်ချမြိုင်မှာ နေရတဲ့ အစ်ကို့ဘဝဟာ လှနေတယ်၊ အဲဒီက ဘဝဟာ အစ်ကို ပိုင်တဲ့ဘဝပဲ၊ အစ်ကိုဟာ အဲဒီ ဘဝရဲ့ အစိတ်အပိုင်းပဲ၊ ခုတော့ အဲဒီ ဘဝဟာ မရှိတော့ဘူး၊ သွားပြီ၊ ခု ဘဝသစ်မှာ အစ်ကို နေရာ ပျောက်နေတယ်၊ ဒါကြောင့် အစ်ကို ကြောက်တယ်၊ ခုတော့ အစ်ကို သိပြီလေ၊ အရင်တုန်းက အစ်ကို တွေ့ခဲ့ မြင်ခဲ့တာတွေဟာ လက်စသတ်တော့ အရိပ်ပြပွဲပါလားဆိုတာ အစ်ကို သိပြီ၊ အဲဒီတုန်းက အစ်ကိုဟာ အရိပ်မဆန်တဲ့ အရာတွေကို ရှောင်ခဲ့တယ်၊ လက်တွေ့ကျတဲ့ လူတွေ လက်တွေ့ကျတဲ့ အခြေအနေတွေနှင့်

ဝေးဝေး

နေခဲ့တယ်၊

အစ်ကို့ရဲ့အရိပ်လို

စိတ်ကူးယဉ်ဘဝထဲကို

ကျူးကျော်ဝင်ရောက်လာတဲ့

လက်တွေ့ကျတဲ့အရာတွေကို မုန်းခဲ့တယ်၊ စကားလက်ကိုလည်း အစ်ကို ရှောင်ခဲ့တယ်၊ စကားလက်က လက်တွေ့ကျတယ်၊ လှုပ်ရှား တက်ကြွတယ်၊ အစ်ကိုဟာ အရိပ်တွေ အိပ်မက်တွေကိုသာ အဟုတ်ထင်ခဲ့တဲ့ လူကြောက်၊ သတ္တိကြောင်တဲ့လူ’

‘ဒါပေမယ့်၊ ဒါပေမယ့် မီလာနီကတော့’



‘ဟုတတ် ယ်၊ မီလာနီကလည်း အစ်ကအ့ို ဖို့ အသိမ်မွေဆ့ုံး အိပမ် က်တစ်ခပဲု၊ အစ်ကို့ စိတက်ူးယဉ်အပိ မ် က်ရဲ့ အစိတအ် ပုငိး

တစ်ခုပဲ၊ တကယ်လို့သာ ပြည်တွင်းစစ်ကြီး မဖြစ်ခဲ့ရင် အစ်ကိုဟာ ဝက်သစ်ချမြိုင်မှာပဲ ပျော်ပျော်ရွှင်ရွှင်နှင့် အသက်ထက်ဆုံး နေသွားမှာပဲ၊ ဘဝထဲမှာ ပါဝင်လှုပ်ရှားခြင်း မပြုဘဲ ပွဲကြည့်ပရိသတ် တစ်ယောက်အနေနှင့် ဘဝကို အေးအေးဆေးဆေး ထိုင်ကြည့်နေမှာပဲ၊ ဒါပေမယ့် ပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါကျတော့ တကယ့် ဘဝဟာ အစ်ကိုထင်သလို မဟုတ်တော့ဘူး၊

17

ရင်ညွန့်ကို လှံနှင့်စိုက်လိုက်သလို ဘဝရဲ့အဖြစ်အပျက်တွေဟာ အစ်ကို့အသည်းမှာ စူးဝင်သွားတယ်၊ အစ်ကိုတို့ ပထမဆုံး တိုက်ပွဲ(အဲဒီတိုက်ပွဲက နွားပြေးရွာ တိုက်ပွဲ) မှာ အစ်ကို့ သူငယ်ချင်းတွေ အမြောက်ဆန်ထိပြီး အစိတ်စိတ်အပိုင်းပိုင်း လွင့်စဉ် သွားကြတာကို အစ်ကို မြင်လိုက်ရတယ်၊ ကျည်ဆန် မှန်လို့ အော်ဟစ်နေတဲ့ မြင်းတွေကို မြင်ခဲ့ရတယ်၊ အစ်ကို့လက်ချက်ကြောင့် လူတွေ လဲကျသွားပြီး သွေးသံရဲရဲ ဖြစ်နေတာကို အစ်ကို မြင်ခဲ့ရတယ်၊ ဒါတွေကို မြင်ပြီး ထိတ်လန့်တကြားဖြစ်ရတယ်၊ ဒါပေမယ့် ဒါတွေဟာ စစ်ရဲ့အဆိုးဆုံး အရာတွေ မဟုတ်သေးဘူး စကားလက်၊ စစ်ရဲ့အဆိုးတကာ့ အဆိုးဆုံး အရာကတော့ အစ်ကိုနှင့် အတူနေခဲ့ရတဲ့ လူတွေပဲ။

‘အစ်ကိုဟာ တစ်သက်လုံး လူတွေနှင့် ခပ်ဝေးဝေး ခပ်ကင်းကင်း နေခဲ့တယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုတောင်

ရွေးပေါင်းပြီး နည်းနည်းလေးပဲ ထားတယ်။

‘ဒါပေမယ့် ပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါကျတော့ အစ်ကိုဟာ အစ်ကို့လို စိတ်ကူးယဉ်တဲ့ လူတွေကိုသာ

ရွေးပေါင်းပြီး စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဖန်ဆင်းထားတာပါလားဆိုတာ သဘောပေါက်လာတယ်၊ လူတွေရဲ့အကြောင်းကို ပိုပြီး နားလည်လာတယ်၊ ဒါပေမယ့် နားလည်ရုံပဲ ရှိသေးတယ်၊ အစ်ကို လူတွေနှင့် အတူ မနေတတ်သေးဘူး၊ နောင်လည်း ဘယ်တော့မှ နေတတ်တော့မယ် မထင်တော့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို့ သားမယားကို အစ်ကို ရှာဖွေကျွေးရတော့မယ်၊ ဒီလို ရှာဖွေ ကျွေးဖို့အတွက် ကိုယ်နှင့် လုံးလုံး အသွင်မတူတဲ့လူတွေရှိရာ ကမ္ဘာကြီးထဲမှာ စမ်းတဝါးဝါးနှင့် လျှောက်ရတော့မယ်၊ စကားလက်ကတော့ ဘဝကို ရဲရဲရင်ဆိုင်ပြီး ကိုယ့် စိတ်တိုင်းကျ ပုံသွင်းယူတယ်၊ ဒါပေမယ့် အစ်ကို့မှာ ဒီလို သတ္တိမရှိဘူး၊ အစ်ကိုဟာ ကမ္ဘာကြီးမှာ နေရာပျောက်နေပြီ၊ ဒါကြောင့်မို့ အစ်ကိုဟာ သတ္တိကြောင်တဲ့လူလို့ ပြောတာ’

အက်ရှလေက ခပ်တိုးတိုးဖြင့် ပြောနေ၏။ သူ့အသံက ကွဲအက် ဆွေးမြည့်နေသံပါသည်။ သူ့တွေးပုံကို စကားလက်

နားမလည်နိုင်။ စကားလက်သည် သူ့စကားတစ်လုံး နှစ်လုံးကို လိုက်ဆုပ်ကာ နားလည်အောင် ကြိုးစားကြည့်သည်။ သို့ရာတွင် သူ့စကားလုံးများက တောငှက်ရိုင်းလို ဖမ်း၍ မရ။ သူ့လက်မှ ထွက်ပြေးကြသည်။ တစ်စုံတစ်ရာသည် သူ့ကို နှင်တံဖြင့် မောင်းနှင်နေသလို စကားလက် ခံစားရသည်။ နာနာရိုက်နှက် မောင်းနှင်သလို ခံစားရသည်။ သို့ရာတွင် ထိုအရာသည် မည်သည့် အရာဖြစ်ကြောင်းကို စကားလက် နားမလည်။

‘အစ်ကိုရဲ့ အရိပ်ပြပွဲဟာ ဘယ်အချိန်မှာ ပြီးဆုံးသွားတယ်ဆိုတာကိုတောင် အစ်ကို မသိလိုက်ဘူး စကားလက်၊

နွားပြေးရွာ တိုက်ပွဲမှာ အစ်ကို့လက်ချက်ကြောင့် လူတစ်ယောက် လဲကျသေဆုံးသွားတုန်းကပဲလား၊ ဘယ်တုန်းကလဲ ဆိုတာ အစ်ကို မသိဘူး၊ ဒါပေမယ့် အစ်ကို့ရဲ့အရိပ်ပြပွဲဟာ ပြီးသွားပြီ၊ အစ်ကိုဟာ ဘေးထိုင်ကြည့်နေတဲ့ ပွဲကြည့်ပရိသတ် တစ်ယောက် မဟုတ်တော့ဘူးဆိုတာကိုတော့ သိလိုက်တယ်၊ ကန့်လန့်ကာ ရှေ့မှာ ဟန်ပြပြီး အဓိပ္ပာယ်မရှိတဲ့ အမူအရာတွေကို လုပ်ပြနေတဲ့ ဇာတ်ဆောင်တစ်ယောက် ငေါင်စင်းစင်းကြီး ကျန်ရစ်ခဲ့သလို အစ်ကို့ဘဝဟာ အထီးကျန် ဖြစ်ကျန်ရစ်ခဲ့တယ်၊ အစ်ကို့ရဲ့ကိုယ်ပိုင် ကမ္ဘာလေးဟာ မရှိတော့ဘူး၊ ပျောက်သွားတယ်၊ အစ်ကို့အတွေးနှင့် လုံးဝမတူတဲ့ တခြားလူတွေ အတွေးတွေက အစ်ကို့ကို လွှမ်းမိုးသွားကြတယ်၊ သူတို့ ပြုမူဆောင်ရွက်ပုံတွေက အစ်ကို့ကို လာပြီး အရောင်ရိုက်ခတ်ကြတယ်၊ ညစ်ပတ်နေတဲ့ ခြေထောက်တွေနှင့် အစ်ကို့ ကမ္ဘာလေးကို နင်းခြေဖျက်ဆီးပစ်လိုက်ကြတယ်၊ သူတို့ နင်းခြေ ဖျက်ဆီးသွားလို့ အခြေအနေ သိပ်ဆိုးလာတဲ့အခါကျတော့ အစ်ကို့မှာ ခိုလှုံရာ နားနေရာ ရှာလို့ မတွေ့တော့ဘူး၊ အကျဉ်းထောင်ထဲတုန်းကဆိုရင် အစ်ကို မကြာ မကြာ တွေးမိတယ်၊ ပြည်တွင်းစစ်ပြီးရင် အစ်ကိုဟာ အစ်ကို့ အိပ်မက်ဟောင်းတွေဆီ ပြန်သွားနိုင်လိမ့်မယ်လို့

18

ထင်ခဲ့တယ်၊ အစ်ကို့ ဘဝဟောင်းလေးထဲမှာ ပြန်ရောက်ပြီး အရိပ်ပြပွဲကို ပြန်ကြည့်ရတော့မှာပဲလို့ ထင်ခဲ့တယ်၊ ဒါပေမယ့် စကားလက်ရေ အစ်ကိုဟာ အတိတ်ကို ပြန်မရောက်တော့ဘူး၊ ပြန်သွားလို့ မရတော့ဘူး၊ အခု အစ်ကိုတို့ ရင်ဆိုင်နေရတဲ့ ဘဝဟာ တကယ်ကျတော့ ပြည်တွင်းစစ် တိုက်ရတာထက်လည်း ဆိုးတယ်၊ အကျဉ်းထောင်ထဲ နေရတာထက်လည်း ဆိုးတယ်၊ အစ်ကို့ အဖို့တော့ သေတာထက်တောင် ဆိုးတယ်လို့ ထင်တယ်၊ အဲဒါ အစ်ကိုကြောက်ခဲ့လို့ သတ္တိကြောင်ခဲ့လို့ အစ်ကို ခံရတဲ့ ပြစ်ဒဏ်ပဲ’

‘ဒါပေမယ့် အစ်ကိုရယ်’ စကားလက် စိတ်ရှုပ်ခြင်း ညွန်ဗွက်ကြီးထဲတွင် နစ်နေသည်။ ‘အစ်ကိုက ဒီလောက်ကြောက်နေရင်

စကားလက်တို့ တစ်တွေ အားလုံး ငတ်ကုန်ကြတော့မှာပေါ့၊ ဘာဖြစ်လို့ အားလျှော့ရမှာလဲ၊ ဘာပဲဖြစ်ဖြစ် စကားလက်တို့ တစ်တွေ ဒီအခက်အခဲတွေကို ဖြတ်ကျော်မယ်၊ ဖြတ်ကျော်နိုင်မယ်လို့လည်း စကားလက် ယုံတယ်’

အက်ရှလေက

စကားလက်ကို

ကြည့်သည်။

သူ့မျက်လုံးများက

ကြီးမား

ပြူးကျယ်၍

မှန်သားလို

ပြာလဲ့ကြည်လင်နေသည်။ စကားလက်ကို အထင်ကြီးသည့် အကြည့်ပေါ်နေသည်။ သို့ရာတွင် သူတို့နှစ်ယောက်သည် ရုတ်တရက် ဝေးသွားသည်ဟု ထင်မှတ်ရပြန်သည်။ အက်ရှလေသည် ငတ်မည့် အရေးကို စဉ်းစားပုံမရဟု စကားလက်ထင်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် နားမလည်သည့် ဘာသာစကားဖြင့် ပြောနေကြသူ နှစ်ဦးနှင့်တူသည်။ သို့ရာတွင် စကားလက် သူ့ကို ချစ်သည်။ သူနှင့် စိတ်သဘောထားချင်း တူနေရာမှ သဘော ကွဲသွားကြလျှင် နွေးထွေးသည့် နေမင်းကြီး စုန်းစုန်း မြုပ်ဝင်သွားကာ သူ တစ်ယောက်တည်း နှင်းတွေထဲတွင် ကျန်နေရစ်ခဲ့သည့်နှယ် ခံစားရသည်။ စကားလက် သူ့ပခုံးကို လှမ်းဖက်ကာ သူ့ ရင်ခွင်ထဲတွင် ပြေးဝင်ပစ်လိုက်ချင်သည်။ မိမိသည် သူ့စိတ်ကူးအိပ်မက်ထဲက အရိပ် မဟုတ်။ သွေးနှင့် သားနှင့် ကိုယ်ဖြစ်ကြောင်း ပြလိုက်ချင်သည်။ သူနှင့် တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ တစ်ကိုယ်တည်းဖြစ်ရန် စကားလက် တောင့်တခဲ့သည်မှာ ကြာပြီ။ သူ ဥရောပက ပြန်လာပြီး မြိုင်သာယာလှေကား အတက်တွင် သူ့အပြုံးကို မြင်လိုက်ရကတည်းက စကားလက် မျှော်လင့်ခဲ့ရသည်။ ယခု ထိုမျှော်လင့်ချက် ပြည့်လျှင် မည်မျှ ပျော်စရာ ကောင်းမည်နည်း။

‘ငတ်တယ်ဆိုတာ ပျော်စရာမဟုတ်ဘူး’ အက်ရှလေက ပြောသည်။ ‘ငတ်ခဲ့ဖူးတော့ အစ်ကို ကောင်းကောင်း သိတယ်၊

ဒါပေမယ့် ငတ်တာကို အစ်ကို မကြောက်ဘူး၊ အစ်ကို ကြောက်တာက အစ်ကိုတို့ ခေတ်ဟောင်း ကမ္ဘာဟောင်းက ငြိမ်သက်တဲ့ အလှအပတွေ မရှိတော့တဲ့ လက်ရှိ ဘဝကြီးကို ကြောက်တာ’

မီလာနီဆိုလျှင်

နှစ်ယောက်သည်

အက်ရှလေ

ဤသို့

ပြောသည့်

အဓိပ္ပာယ်မရှိသော

စကားတွေကို စကားများကို

ကောင်းကောင်းနားလည်လိမ့်မည်။ ပြောတတ်ကြသည်

မဟုတ်လော။

သူတို့လင်မယား ကဗျာအကြောင်း၊

စာအုပ်များအကြောင်း၊ အိပ်မက်နှင့် လရောင် အကြောင်း၊ ငွေကြယ် မှုန်မှုန်တို့အကြောင်းများကို ပြောတတ်ကြသည် မဟုတ်လော။ အက်ရှလေသည် သူ ကြောက်သည့်အရာများကို မကြောက်။ ဟာ နေသည့် ဝမ်းဗိုက်မှ တကြုတ်ကြုတ် မြည်သံကို မကြောက်။ ဆောင်းလေ အေးစိမ့်စိမ့်ကြီး တိုက်သည်ကို မကြောက်။ မြိုင်သာယာမှ နှင်ထုတ်ခံရမည်ကို မကြောက်။ စကားလက် တစ်ခါမျှ မကြံဖူးသည့် အကြောက်မျိုး၊ စကားလက် မစဉ်းစားတတ်သည့် အကြောက်မျိုးကို ကြောက်နေသည်။ စကားလက်အဖို့မူ ဤကမ္ဘာပျက်ကြီးထဲတွင် ငတ်မွတ်ခြင်း၊ အအေးဒဏ် ခံရခြင်း၊ နေစရာ ရိပ်မြုံကလေး တစ်ခု ဆုံးရှုံးခြင်းထက် ကြောက်စရာကောင်းသည့် အရာဟူ၍ ဘာမျှမရှိဟု ထင်မိသည်။

အက်ရှလေ စကားကို ဂရုတစိုက် နားထောင်သည်ဆိုလျှင် အဖြေကို သိနိုင်လိမ့်မည်။ နားလည်နိုင်လိမ့်မည်။

19



‘ဟင်း’



စကားလက်က စိတ်ပျက်လက်ပျက် သက်ပြင်းချ၏။ သူ့ သက်ပြင်းချသံက လက်ဆောင်ထုပ်ကို ဖွင့်လိုက်သည့်အခါ၌

ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရသည့် ကလေးငယ်၏ စိတ်ပျက်သံမျိုး။ အက်ရှလေက စကားလက်ကို တောင်းပန်သည့် အပြုံးဖြင့် ကြည့်နေသည်။

‘စိတ်မကောင်းစရာတွေ ပြောမိတဲ့အတွက် အစ်ကို့ကို ခွင့်လွှတ်ပါ၊ စကားလက် နားလည်အောင် အစ်ကို မပြောတတ်ဘူး၊

စကားလက်ကလည်း ကြောက်တယ်ဆိုတာကို နားမလည်ဘူး၊ စကားလက်က သတ္တိရှိတယ်၊ လက်တွေ့ကျတယ်၊ စိတ်ကူး မယဉ်ဘူး၊ စကားလက်ရဲ့ စိတ်ဓာတ်မျိုး အရည်အချင်းမျိုး အစ်ကို သိပ်ရှိချင်တယ်၊ စကားလက်က အစ်ကို့လို မဟုတ်ဘူး၊ အရှိကို အရှိအတိုင်း ရင်ဆိုင်ရဲတယ်၊ အခက်အခဲကို ကျော်ဖြတ်ရဲတယ်၊ အစ်ကို့လို ထွက်ပြေးချင်တဲ့ စိတ်မျိုးမရှိဘူး၊ စကားလက်က ဘဝက ထွက်မပြေးဘူး’

‘ထွက်မပြေးဘူး’



သူ ပြောသည့်စကားများထဲတွင် ဤ စကားလုံး တစ်လုံးကိုသာ နားလည်သည့်နှယ် စကားလက်က လိုက်၍ ရွတ်သည်။

အက်ရှလေသည် သူ့လိုပင် ဘဝတိုက်ပွဲကို ငြီးငွေ့ စိတ်ပျက်နေပြီ။ ထွက်ပြေးချင်နေပြီ။ စကားလက် အသက်ရှူသံ မြန်လာ၏။

‘အစ်ကို’ စကားလက်က အော်သည်။ ‘ဒါတော့ အစ်ကို မှားပြီထင်တယ်၊ စကားလက်လည်း ထွက်ပြေးချင်နေပြီ၊

စကားလက် စိတ်ပျက်လှပြီ၊ ငြီးငွေ့လှပြီ’

အက်ရှလေက တအံ့တဩဖြင့် မျက်ခုံးကို ပင့်၍ကြည့်သည်။ စကားလက်က သူ့ လက်မောင်းကို ဖျတ်ခနဲ

လှမ်းဆွဲလိုက်၏။

‘ဒီမှာ အစ်ကို’ စကားလက်က ခပ်မြန်မြန် ပြောသည်။ စကားလုံးများသည် သူ့ပါးစပ်မှ အစီအရီ ထွက်လာကြ၏။

‘စကားလက် ငြီးငွေ့လှပြီ၊ စိတ်ပျက်လှပြီ၊ ဒါတွေကို နောက်ထပ် မတွေးချင် ရင်မဆိုင်ချင်တော့ဘူး၊ စကားလက် စားဖို့သောက်ဖို့ ရုန်းကန်ခဲ့ရလှပြီ၊

ငွေရဖို့

ရုန်းကန်ခဲ့ရလှပြီ၊

ပေါင်းသင်ခဲ့ရပြီ၊

ပေါက်တူးပေါက်ခဲ့ရပြီ၊

ဝါဆွတ်ခဲ့ရပြီ၊

တစ်ခါတလေမှာ

ကိုယ်တိုင်တောင် ထွန်ခဲ့ ယက်ခဲ့ရပြီ၊ ဟုတ်တယ် အစ်ကို၊ တောင်ပိုင်းဟာ မရှိတော့ဘူး၊ ခေတ်ကုန်သွားပြီ၊ ယန်ကီတွေ ကပ္ပလီတွေ ကော်ဇောအိတ်သမားတွေ ခေတ်ရောက်နေပြီ၊ စကားလက်တို့မှာ အနာဂတ် မရှိတော့ဘူး၊ ဒီတော့ စကားလက်နှင့် အစ်ကို ထွက်ပြေးကြမယ်လေ၊ ဟင် ဘယ့်နှယ်လဲ’

အက်ရှလေက သူ့ကို စိုက်ကြည့်နေ၏။ ရှက်သွေးဖြာနေသည့် စကားလက် မျက်နှာကို အကဲခတ်နိုင်ရန် ငုံ့ကြည့်သည်။



‘ဟုတ်တယ်၊ စကားလက်တို့ ထွက်ပြေးကြမယ်၊ သူတို့အားလုံးကို ထားပစ်ခဲ့မယ်၊ တစ်အိမ်လုံးအတွက် အလုပ်လုပ်ရတာ

စကားလက် ပင်ပန်းလှပြီ၊ စကားလက်တို့ မရှိပေမယ့် သူတို့ကို စောင့်ရှောက်မယ့် လူတော့ ပေါ်လာမှာပါ၊ ကိုယ့်ကိုယ်ကိုယ် မကြည့်နိုင်တဲ့ လူတွေအတွက် ကြည့်ရှုစောင့်ရှောက်မယ့်လူဟာ ပေါ်လာစမြဲပါ၊ အို အစ်ကိုရယ်၊ စကားလက်နှင့် အစ်ကို ထွက်ပြေးမယ်၊ ဟိုမှာ စစ်တပ်ဖွဲ့နေတယ်၊ အစ်ကိုလည်း အလုပ်ရမယ်၊ သိပ်ပျော်စရာ ကောင်းမှာပဲနော်၊ စကားလက်လည်း အစ်ကို့အတွက် အလုပ်လုပ်မယ်၊ အစ်ကို့အတွက်ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ စကားလက် လုပ်ပါ့မယ်၊ အစ်ကို မီလာနီကို

20

ချစ်လည်း မချစ်ဘူး မဟုတ်လား၊ ပြီးတော့’

အက်ရှလေက ဝင်ပြောမည် ပြုသည်။ သူ့မျက်နှာက ထိတ်လန့်ဟန် ပေါ်နေသည်။ သို့ရာတွင် စကားလက်က

ကရားရေသွန် ပြောနေသဖြင့် ပြောခွင့်မရ။

‘သူ့ထက် စကားလက်ကို ပိုချစ်တယ်လို့ အစ်ကို တစ်ခါက ပြောခဲ့ဖူးတယ်လေ၊ မှတ်မိတယ် မဟုတ်လား၊ အဲဒီနေ့ကို

အစ်ကို မှတ်မိပါတယ်၊ အစ်ကို့ရဲ့အချစ်ဟာ မပြောင်းလဲဘူးဆိုတာ စကားလက် သိပါတယ်၊ စကားလက် ပြောရဲပါတယ်၊ သူဟာ အိပ်မက်တစ်ခုပဲလို့ အစ်ကို ခုတင် ပြောခဲ့သေးတယ်မဟုတ်လား၊ အစ်ကိုရယ် ထွက်ပြေး ကြရအောင်ပါနော်၊ အစ်ကို့ကို စကားလက် ပျော်အောင် ထားနိုင်ပါတယ်၊ တကယ်ကတော့ မီလာနီဟာ အစ်ကို့ကို ပျော်အောင် မထားနိုင်ပါဘူး၊ နောက်ထပ် ကလေးတောင် မွေးပေးနိုင်တော့မှာ မဟုတ်တော့ဘူး၊ ဒေါက်တာ ဖွန်တိန်က ပြောပြီးပြီ၊ စကားလက်လေ ကလေးတွေ မွေးပြီး’

အက်ရှလေက စကားလက်၏ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ တင်းကျပ်လွန်းသဖြင့် စကားလက်

နာသွားသည်။ စကားလက် စကားပြတ်သွားသည်။ အသက်ပင် မရှူနိုင်။

‘ဝက်သစ်ချမြိုင်တုန်းက အဲဒီနေ့ကို အစ်ကိုတို့ မေ့ပစ်ရလိမ့်မယ်’



‘စကားလက်က မေ့နိုင်မယ်လို့ အစ်ကို ထင်သလား၊ အစ်ကိုကတော့ မေ့ပြီလား၊ စကားလက်ကို မချစ်တော့ဘူးလို့

အစ်ကို မလိမ်မညာဘဲ ပြောနိုင်ပါ့မလား’

အက်ရှလေက သက်ပြင်းတစ်ချက်ရှိုက်၍ ခပ်မြန်မြန် ပြောသည်။



‘ဟင့်အင်း၊ အစ်ကို စကားလက်ကို မချစ်ဘူး’



‘ဒါ အစ်ကို ညာပြောတာပဲ’



‘ဟုတ်တယ်၊ ညာတယ်ပဲ ထားပါတော့’ သူ့အသံက တိမ်ဝင်သွားသည်။ ‘ဒီအကြောင်းကို အစ်ကိုတို့ မပြောသင့်ဘူး’



‘ဒါဖြင့် အစ်ကိုက’



‘အစ်ကိုဟာ မီလာနီနှင့် ကလေးလေးကို မချစ်ဘူး ထားဦး၊ အစ်ကို သူတို့ကို ထားပစ်ခဲ့ရမှာလား၊ မီလာနီရဲ့ အသည်းကို

ခွဲပစ်ခဲ့ရမှာလား၊ သူတို့နှစ်ယောက်ကို သူတစ်ပါး ပေးစာကမ်းစာ စားရမယ့်ဘဝမှာ ထားပစ်ခဲ့ရမှာလား၊ စကားလက် ရူးနေသလား ဟင်၊ မင်းမှာ ဒီလောက်မှ သစ္စာမရှိတော့ဘူးလား၊ မင်း ဖေဖေနှင့် ညီမတွေကိုကော ထည့် မစဉ်းစားတော့ဘူးလား ဟင်၊ မီလာနီနှင့် သားလေးကို စောင့်ရှောက်ဖို့ အစ်ကို့မှာ ဝတ္တရားရှိသလို မင်းမှာလည်း သူတို့ကို စောင့်ရှောက်ဖို့ ဝတ္တရားရှိတယ်၊ ပင်ပန်းသည့်တိုင်အောင် သူတို့တာဝန်ကို ယူရမယ်’

‘စကားလက် သူတို့ကို ထားပစ်ခဲ့နိုင်တယ်၊ သူတို့ကို စကားလက် ငြီးငွေ့တယ်၊ စိတ်ပျက်တယ်’



အက်ရှလေ၏ ကိုယ်က စကားလက် ဘက်သို့ ယိုင်လာ၏။ စကားလက် စိတ်တွင် သူ့ကို ပွေ့လိုက်တော့မည်လောဟု

ထင်လိုက်သည်။

21



သို့ရာတွင် အက်ရှလေက ပွေ့ဖက်ခြင်း မပြု။ သူ့လက်မောင်းကို ပွတ်သပ်ကာ ကလေးတစ်ယောက်ကို ချော့သလို

ချော့နေသည်။

‘စကားလက် ပင်ပန်းလှပြီဆိုတာ အစ်ကို သိပါတယ်ကွယ်၊ ပင်ပန်းလို့ ဒီ စကားမျိုးတွေ ပြောတာပေါ့၊ လူ သုံးယောက်

တာဝန်ကြီးကို ထမ်းထားရတာ မဟုတ်လား၊ ဒါပေမယ့် အစ်ကို ကူပါ့မယ်၊ အစ်ကိုလည်း အမြဲ ဒီလိုပဲ နေမှာ မဟုတ်ပါဘူး’

‘စကားလက်ကို ကူညီဖို့ တစ်နည်းပဲ ရှိတယ်’ စကားလက်က ခပ်စူစူ ပြောသည်။ ‘စကားလက်ကို တစ်နေရာရာ

ခေါ်သွားပြီး ဘဝကို အသစ် ပြန်စ၊ ဒီတစ်နည်းပဲ ရှိတယ်၊ ဒါမှ စိတ်ချမ်းသာမှာပဲ၊ ဒီမှာ ဘာမှ နေစရာ အကြောင်း မရှိတော့ဘူး’

‘ဟုတ်တယ်၊ ဘာ အကြောင်းမှတော့ မရှိဘူး၊ သိက္ခာ ထိန်းစရာအကြောင်း တစ်ခုပဲ ရှိတယ်’



စကားလက်က သူ့ကို နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်သည်။ သူ့မျက်တောင်များက ဂျုံနှံမှည့် မှည့်ကာ

ရွှေရောင်လို

ဝါလဲ့နေသည်။

အမျိုးဂုဏ်သိက္ခာကို သူ့မျက်လုံးများနှင့်

ခေါင်းက

မာနကြီးဟန်ဖြင့်

ထိန်းထားသည့်နှယ် ဆုံမိကြ၏။

စကားလက်

တောင့်တင်း

မော့နေသည်။

သေးသွယ်ကျစ်လျစ်သည့်

ဖြောင့်မတ်နေသည်။

မျက်လုံးများက

စကားလက်၏

ကြည်ကြည်လင်လင်

သူ့ခန္ဓာကိုယ်က မျက်လုံးများသည်

ထင်ထင်ရှားရှား။

အက်ရှလေ၏

မျက်လုံးများက မိုးရိပ်အောက်မှ ကန်များလို ရေးရေးရိပ်ရိပ်။ မှုန်မှုန် မှိုင်းမှိုင်း။

ဤမျက်လုံးများထဲတွင် သူ့စိတ်ကူး အိပ်မက်ရိုင်းတို့ ပြိုလဲသွားကြပြီ။ ဆန္ဒ ပြင်းပြင်းတို့ ပျက်စီးသွားကြပြီ။



စကားလက် ရင်နာသည်။ ရင်မောသည်။ မျက်နှာကို လက်ဝါးဖြင့် အုပ်၍ ရှိုက်ကြီးတငင် ငိုသည်။ စကားလက်

ငိုသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့။ စကားလက်လို စိတ်ဓာတ် ခိုင်မာသူမျိုးတွင် မျက်ရည်ရှိသည်ဟု သူမထင်ခဲ့။ ဤသို့ သူ ထင်ခဲ့သူက မျက်ရည်လည်ရွဲ ဖြစ်နေသည့်အခါတွင် အက်ရှလေ စိတ်မကောင်း။ သနားလည်း သနားသည်။ စကားလက်ထံသို့ ခပ်သုတ်သုတ် လျှောက်လာကာ စကားလက်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်း၏။ စကားလက်၏ ဆံပင်နက်နက်ခေါင်းကို ရင်ခွင်အပ်ကာ ခပ်တိုးတိုး ရွတ်နေသည်။

‘မငိုပါနှင့် အချစ်ရယ်၊ အချစ်က သတ္တိကောင်းပါတယ်’



သူ့ အထိအတွေ့ကြောင့် စကားလက် ပြောင်းလဲသွားပုံကို အက်ရှလေ ခံစားလိုက်ရသည်။ သူ ပွေ့ထားသည့်

စကားလက်၏ ကိုယ်ခန္ဓာသွယ်သွယ် ကြော့ကြော့ထဲတွင် ပြင်းပြမှုနှင့် ပျော့ပျောင်းမှုကို ထိတွေ့ခံစားရသည်။ သူ့ကို မော့ကြည့်နေသည့် မျက်လုံးစိမ်းစိမ်းများထဲတွင် နူးညံ့သည့် အရောင်တစ်မျိုး လက်နေသည်။ သူ့စိတ်၌ ဆောင်းရာသီဟု မထင်။ နွေဦးသို့ ပြန်ရောက်သွားသည်ဟု ထင်လိုက်သည်။ သစ်ရွက်တို့ ပွတ်ထိသံ၊ စမ်းရေ သွင်သွင် စီးသံတို့ ဝေစည်သည့် နွေဦး။ မေ့လုမေ့ခင် မွှေးပျံ့ပျံ့ နွေဦး။ ချမ်းချမ်းသာသာ ဇိမ်နှင့် နေခဲ့ရသည့် နွေဦး။ သူ့ ကိုယ်ခန္ဓာထဲတွင် ပျိုရွယ်နုနယ်သည့် ဆန္ဒတို့ဖြင့်

နွေးနေသည့်

နွေဦး။

နာကြည်း

စိတ်ပျက်ဖွယ်

ကောင်းသည့်

ကာလများသည်

မှိန်ပျောက်သွားကြ၏။

သူ့မျက်နှာဆီသို့ မော့လာသည့် နှုတ်ခမ်းများက နီရဲတုန်ယင် နေကြသည်။ အက်ရှလေက သူ့ကို နမ်းလိုက်၏။

စကားလက် နားထဲတွင် ထူးဆန်းသည့် အသံတွေကို ကြားနေရသည်။ အသံများက ပင်လယ်ကမ်းစပ်ရေလှိုင်း

ပြန်အကျတွင် လွင့်ပါသွားကြသော ခရုခွံလေးများ၊ ကျောက်စရစ်ခဲလေးများ ပွတ်တိုက်သွားသံနှင့် တူသည်။ ထိုအသံများကြားမှ

22

တဒိတ်ဒိတ် ခုန်နေသည့် သူ့နှလုံးခုန်သံကို ကြားရသည်။ စကားလက်၏ ခန္ဓာကိုယ်သည် သူ့ကိုယ်တွင်းသို့ တိုးဝင်လာကာ သူ့ကိုယ်တွင်းတွင် အရည်ပျော်ကျသွားသည်ဟု ထင်ရသည်။ အချိန်မရှိသော အချိန်တစ်ခုတွင်း၌ သူတို့နှစ်ဦးသည် ရောထွေး ပူးကပ်၍ ရပ်နေကြသည်။ နမ်း၍ မဝသည့်နှယ် သူ့နှုတ်ခမ်းများက စကားလက်နှုတ်ခမ်းများကို မွတ်သိပ်စွာ နမ်းနေကြသည်။

သူ့ကို

လွှတ်လိုက်သည့်အခါတွင်

စကားလက်သည်

တစ်ယောက်တည်း

မရပ်နိုင်သည့်နှယ်

ခြံစည်းရိုးကို

လှမ်းကိုင်ထားလိုက်ရ၏။ ချစ်ခြင်း၊ အောင်မြင်ခြင်းတို့ဖြင့် တောက်ပနေသော မျက်လုံးများကို ပင့်၍ ကြည့်သည်။

‘အစ်ကို စကားလက်ကို ချစ်တယ် နော်၊ ချစ်တယ် မဟုတ်လား၊ ပြောလေ အစ်ကို၊ ပြောပါ’



အက်ရှလေက သူ့ပခုံးကို ကိုင်ထားသည်။ သူ့လက်များက တုန်နေသည်။ ဤသို့တုန်နေသည်ကို စကားလက်

သဘောကျသည်။ စကားလက် သူ့ကို မှီလိုက်၏။ သို့ရာတွင် အက်ရှလေက တွန်းထားပြီး သူ့ကို အလန့်တကြား ကြည့်နေသည်။ ပဋိပက္ခ ဖြစ်ခြင်း၊ စိတ်ပျက်ခြင်း၊ အရိပ်အယောင်သည် သူ့မျက်လုံးများထဲတွင် ပေါ်နေကြ၏။

‘တော်ပြီ စကားလက်၊ လွန်ကုန်လိမ့်မယ်၊ တော်တော့’



စကားလက် ဝင်းလက်စွာ ပြုံးလိုက်၏။ အချိန်၊ နေရာကိုလည်း သတိမရ။ ဘာကိုမျှ သတိမရ။ သူ့စိတ်ထဲတွင်

ခပ်စောစောက အက်ရှလေ၏ အနမ်းကိုသာ သတိရနေ၏။

အက်ရှလေက စကားလက် ပခုံးကို ခပ်ပြင်းပြင်း ကိုင်လှုပ်လိုက်သည်။ သူ ကိုင်လှုပ်သဖြင့် စကားလက်၏

ဆံပင်နက်နက်များသည် ပခုံးပေါ်သို့ ဖွာကျနေကြ၏။ အက်ရှလေသည် ရူးသွပ်သွားသူပမာ စကားလက် တစ်ကိုယ်လုံးကို ဒေါသတကြီးဖြင့် ကိုင်လှုပ်နေသည်။

‘တော်ပြီ စကားလက်၊ အစ်ကိုတို့ ရပ်တန်းက ရပ်ကြရင် ကောင်းမယ်၊ ရပ်တန်းက ရပ်ကြစို့’



နောက်တစ်ကြိမ် လှုပ်လိုက်လျှင် စကားလက်၏ လည်ပင်းသည် ကျိုးကျသွားတော့မည် ထင်ရ၏။ ဆံပင်တွေ

မျက်နှာပေါ် အုပ်နေသဖြင့် ဘာကိုမျှ မမြင်ရ။ သူ့အပြုအမူကြောင့် ဘာကိုမျှ မစဉ်းစားနိုင်။ စကားလက်က ရုန်းထွက်ကာ သူ့ကို စိန်းစိန်းကြည့်သည်။ သူ့နဖူးတွင် ချွေးပြန်နေသည်။ သူ့လက်များက နာကျင်သည့် ဝေဒနာတစ်ရပ်ကို ခံစားရသည့်နှယ် တုန်နေကြသည်။ အက်ရှလေကလည်း သူ့ကို ကြည့်သည်။ ပြာလဲ့လဲ့ မျက်လုံးများက စူးရှရှ။

‘အစ်ကို မှားတယ်၊ စကားလက်ရဲ့ အပြစ်မဟုတ်ဘူး၊ အစ်ကို့အပြစ်၊ မီလာနီနှင့် ကလေးကို ခေါ်ပြီး အစ်ကို

သွားမှဖြစ်မယ်၊ နို့မို့ရင် လွန်ကုန်ကြလိမ့်မယ်’

‘ဟင့်အင်း၊ မသွားရဘူး မသွားရဘူး’



စကားလက် အလန့်တကြား အော်သည်။



‘သွားမှဖြစ်မယ်၊ ကိုယ် ဒီမှာ ဘယ့်နှယ်လုပ် မျက်နှာပြရဲတော့မလဲ၊ နောက်တစ်ကြိမ် ထပ်ဖြစ်မှဖြင့်’



‘ဟင့်အင်း၊ အစ်ကို မသွားရဘူး၊ ဘာဖြစ်လို့သွားရမှာလဲ၊ အစ်ကိုပဲ စကားလက်ကို ချစ်တယ် ဆို၊ ချစ်တယ် ဆို’

23



‘စကားလက် ဒီစကားကို ပြောစေချင်သလား၊ ကောင်းပြီ အစ်ကို ပြောမယ်၊ အစ်ကို စကားလက်ကို ချစ်တယ်’



အက်ရှလေက ရုတ်တရက် ခပ်ကြမ်းကြမ်း ရှေ့သို့ တိုးလိုက်သဖြင့် စကားလက် လန့်သွားကာ နောက်သို့

ဆုတ်လိုက်သည်။

‘ဟုတ်တယ်၊ အစ်ကို စကားလက်ကို ချစ်တယ်၊ စကားလက် သတ္တိကောင်းတာ စကားလက် ခေါင်းမာတာကို အစ်ကို

ချစ်တယ်၊ စကားလက် ဇွတ်တရွတ် လုပ်တတ်တာ ရက်စက်တတ်တာကို ချစ်တယ်၊ ဘယ်လောက်ထိ ချစ်တယ်ထင်သလဲ သိရဲ့လား၊ ကိုယ်နှင့် ကိုယ့်သားမယားကို နားခိုခွင့်ပေးခဲ့တဲ့ ဒီအိမ်ကြီးရဲ့ မျက်နှာကိုတောင် မထောက်နိုင်သည်အထိ ချစ်ခဲ့တယ်၊ လူတစ်ယောက်အဖို့ အကောင်းဆုံး အတော်ဆုံး မယားတစ်ယောက်ကို မေ့ပြီး မင်းကို ဟောဒီ ညွန်ဗွက်ထဲမှာ နှစ်တော့မယ့် အထိ’

စကားလက်က ခပ်ရှင်းရှင်း စဉ်းစားသည်။ သူ့နှလုံးတွင် ရေခဲတုံး တစ်ခု လာတင်သလို အေးစက်သွား၏။



‘ဒီလောက်တောင် ဖြစ်ရက်သားနှင့် ထွက်မပြေးဘူးဆိုရင် အစ်ကို စကားလက်ကို မချစ်လို့ပေါ့’



‘စကားလက်၊ အစ်ကို့ကို မင်း နားမလည်ဘူး၊ အစ်ကိုလည်း နားလည်အောင် မပြောတတ်ဘူး’



နှစ်ယောက်သား တိတ်ဆိတ်သွားကာ စိုက်ကြည့်နေမိကြသည်။ စကားလက် ခိုက်ခိုက်တုန်စ ပြုလာ၏။ ဆောင်းရာသီ

ဖြစ်ကြောင်း၊ ယာခင်းများ လွင်တီးခေါင်ဖြစ်ကာ ရိုးပြတ်ငုတ်များဖြင့် ကြမ်းထော်နေကြောင်း၊ သူ ချမ်းနေကြောင်း စသည်တို့ကို ယခုမှ သတိပြုမိလာသည်။ အက်ရှလေ၏ မျက်နှာသည်လည်း ဆောင်းရာသီ ရှုခင်းလို အေးစက်ကာ နောင်တရခြင်း၊ စိတ်ပျက်ခြင်း စသည်တို့ဖြင့် ကြမ်းထော်နေသည်ကို သတိရသည်။

ဤအနားမှ ထွက်ကာ အိမ်ပေါ်သို့ ပြန်တက်ဖို့ ကောင်းပြီ။ သို့ရာတွင် မလှုပ်ရှားနိုင်။ ပင်ပန်းနေပြီ၊ စကားတစ်ခွန်း

ပြောရသည်ကပင်လျှင် ပင်ပန်းလှပြီ။

‘ဒါဖြင့် စကားလက်အဖို့ ဘာမှ မကျန်တော့ဘူးပေါ့၊ ဟုတ်တယ်၊ စကားလက်မှာ ဘာမှ မရှိတော့ဘူး၊ ချစ်စရာလည်း

မကျန်တော့ဘူး၊ ရုန်းကန်ဖို့လည်း မလိုတော့ဘူး၊ အစ်ကို့ကိုလည်း လက်လွှတ်ရပြီ၊ မြိုင်သာယာကိုလည်း လက်လွှတ်ရပြီ’

အက်ရှလေသည် သူ့ကို အတန်ကြာ စိုက်ကြည့်နေ၏။ ကုန်းကာ မြေကြီးထဲမှ ရွှံ့စေးရဲရဲတစ်ခဲကို ကော်ယူလိုက်သည်။



‘စကားလက်အဖို့

ကျန်ပါသေးတယ်’

သူ့မျက်နှာပေါ်တွင်

ပြုံးယောင်သမ်းစ

ပြုလာသည်။

သူ့ကိုယ်သူ

လှောင်သည့်အပြုံး။ စကားလက်ကိုလည်း လှောင်သည့်အပြုံး။ ‘စကားလက် မသိပေမယ့် အစ်ကို့ထက် ပိုပြီး ချစ်ရတဲ့ မြေကြီး ရှိပါသေးတယ်၊ စကားလက်ဟာ မြိုင်သာယာကို ပိုင်ရတုန်း ရှိသေးတာပဲ’

အက်ရှလေက စကားလက်၏ လက်ကိုဆွဲ၍ စိုစွတ်စွတ် ရွှံ့စေးခဲကို လက်ထဲသို့ ထည့်သည်။ လက်ချောင်းများကို အုပ်၍

ဆုပ်ပေးလိုက်၏။ သူ့လက်များထဲတွင် ပြင်းပြထက်သန်သည့်သဘောကို မတွေ့ရတော့။ စကားလက် လက်များကလည်း ထို့အတူ။ စကားလက်က မြေဆီရဲရဲကို အတန်ကြာ စိုက်ကြည့်နေ၏။ သူ့အဖို့ ဘာမျှ အဓိပ္ပာယ်မရှိ။ စကားလက် အက်ရှလေကို ကြည့်သည်။ အက်ရှလေ၏ ရိုးသားဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်းကို ခပ်ရေးရေး သဘောပေါက်လာသည်။ အက်ရှလေ၏

24

စိတ်ဓာတ်ကို သူ့လက်များဖြင့် ချိုးဖျက်ခြင်း မပြုနိုင်။ မည်သူ့လက်ကမျှလည်း ချိုးဖျက်နိုင်မည် မဟုတ်။

စကားလက်ကို သေမတတ် ချစ်သည်ထား၊ မီလာနီကို မည်သည့်အခါမျှ စွန့်ပစ်ခဲ့မည် မဟုတ်။ စကားလက်နှင့်အတူ

မည်သည့်အခါမျှ နေမည်မဟုတ်။ စကားလက်နှင့် ရင်းရင်းနှီးနှီး မဖြစ်ရန် သူ့ကိုယ်သူ ထိန်းလိမ့်မည်။ စကားလက်သည် သူ၏ ကိုယ်ကျင့်တရား သံချပ်အင်္ကျီကို မည်သည့်အခါမျှ ဖောက်နိုင်မည်မထင်။ ဖော်ရွေမှု၊ သစ္စာ၊ ဂုဏ်သိက္ခာ စသည့် စကားလုံးများသည် စကားလက်အဖို့ အရေးမကြီးသည့်တိုင် သူ့အဖို့ အရေးကြီးနေသည်။

လက်ထဲက ရွှံ့စေးခဲက အေးစက်နေ၏။ ရွှံ့စေးခဲကို စကားလက် ကြည့်သည်။



‘ဟင်း၊ ခုထိတော့ စကားလက်မှာ ဒီမြေကြီး ရှိသေးတာပေါ့လေ’



ပထမသော် သူ့စကားများက ဘာမျှ အဓိပ္ပာယ်မထင်။ ရွှံ့စေးခဲက မြေနီ ရွှံ့စေးခဲမျှသာ ဖြစ်သည်။ သို့ရာတွင်

မြိုင်သာယာ ပတ်လည်က ပင်လယ်ကြီးတမျှ အပြောကျယ်သော မြေနီရဲရဲတို့ကို စကားလက် ရုတ်တရက် မြင်ယောင်လာသည်။ ဤမြေဆီ ရဲရဲသည် မည်မျှ အဖိုးတန်လိုက်ပါသနည်း။ ဤမြေဆီ ရဲရဲကို လက်မလွှတ်ရန် သူ မည်မျှ ရုန်းကန်ကြိုးစား ခဲ့ရပါသနည်း။ ထိုမြေဆီ ရဲရဲကို ပိုင်လိုသေးသည်ဆိုလျှင် မည်မျှ ခက်ခက်ခဲခဲ ရုန်းကန်ရဦးမည်နည်း။

အက်ရှလေကို စကားလက် နောက်တစ်ခါ ကြည့်သည်။ ပူနွေးသည့် ခံစားချက်တို့သည် မည်သည့်နေရာသို့

ပျောက်ကွယ်သွားကုန်ကြပြီ မသိ။ စကားလက် စဉ်းစားနိုင်သေးသည့်တိုင် သူ့တွင် ခံစားချက် မရှိတော့။ အက်ရှလေနှင့် ပတ်သက်၍

လည်းကောင်း၊

မြိုင်သာယာနှင့်

ပတ်သက်၍လည်းကောင်း

ခံစားချက်

မရှိတော့။

ခံစားချက်ဟူသမျှ

ခန်းခြောက်သွားခဲ့ကြပြီ။

‘အစ်ကို ထွက်သွားဖို့ မလိုပါဘူး အစ်ကို’ စကားလက်က ပီပီသသ ပြောလိုက်သည်။ ‘အစ်ကိုတို့ မငတ်စေရပါဘူး၊ ဒီ

အမှားမျိုး နောက်တစ်ခါ မဖြစ်အောင် စကားလက် ထိန်းပါ့မယ်၊ ဘယ်တော့မှ မဖြစ်စေရပါဘူး’

စကားလက်က ချာခနဲ လှည့်သည်။ ရိုးပြတ်ငုတ်တို့ဖြင့် ကြမ်းထော်နေသည့် ယာတောကို ဖြတ်၍ အိမ်ဘက်သို့

ပြန်လာ၏။ လမ်းလျှောက်ရင်း ပခုံးပေါ် ဝဲကျနေသည့် ဆံပင်များကို နောက်တွင် စုထုံးသည်။ အက်ရှလေက သူ့ကို နောက်မှ လှမ်းကြည့်နေသည်။ စကားလက်၏ ဖြောင့်မတ်သည့် ပခုံးသေးသေးကို မြင်ရသည်။ ဤရုပ်သွင်ကို အက်ရှလေ မမေ့။ သူ့ရုပ်သွင်သည် သူ ပြောသည့် စကားများထက် သူ့အသည်းတွင် စွဲနေသည်။

25

၃၂



အိမ်ရှေ့ ဆင်ဝင် လှေကားရင်းသို့ ရောက်သည် အထိ မြေနီ ရွှံ့စေးခဲကို ကိုင်ဆုပ်ထားဆဲ။ နောက်ဖေးဘက်မှ မဝင်ချင်။

ကြီးဒေါ်က မျက်စိရှင်သည်။ သူ မူပျက်လာသည်ကို သတိထားမိမည်။ စကားလက် ကြီးဒေါ်ကို မတွေ့ချင်။ မည်သူ့ကိုမျှလည်း မတွေ့ချင်။ တစ်ယောက်ယောက်နှင့် တွေ့၍ စကားပြောမိလျှင် သူ တင်းခံနိုင်မည် မဟုတ်။ သူ့တွင် ရှက်စိတ်လည်း မရှိ။ စိတ်ပျက်ခြင်းလည်း မဖြစ်။ နာကြည်းစိတ်လည်း မပေါ်။ ဒူးတွေ ပျော့ညွှတ် ခွေကျကာ ရင်ထဲတွင် ဟာလာ ဟင်းလင်း ဖြစ်နေသည်။ လက်ထဲက မြေစေးခဲကို တအား ဖျစ်ညှစ် လိုက်မိသဖြင့် မြေစေးက လက်သီးဆုပ်ထဲမှ လျှောထွက်လာ၏။ ‘ငါ့မှာ ဒီ မြေကြီး ရှိသေးတယ်၊ ဟုတ်တယ်၊ မြေကြီး ရှိသေးတယ်’ ဟု ကြက်တူရွေး ရွတ်သည့်နှယ် ရွတ်လာသည်။

သူ့တွင် ဘာမျှ မရှိ။ ခပ်စောစောကမူ ဤမြေကြီးကို လက်ကိုင်ပဝါစုတ် တစ်ထည်ကို လွှင့်ပစ်သည့်နှယ် လွှင့်ပစ်ချင်စိတ်

ပေါ်ခဲ့သည်။ စင်စစ် ဤမြေကြီး နီနီမှ အပ သူ့တွင် ဘာမျှ မရှိ။ ယခုမူ ဤ မြေနီနီသည် သူ့ အတွက် အဖိုးတန် ရတနာ တစ်ပါး ဖြစ်သည်။ ဤမြေနီနီကို စွန့်ပစ်ရန် မည်သို့များ စိတ်ကူး ပေါက်လာသနည်းဟု သူ့ကိုယ်သူ ပြန်မေးသည်။ အက်ရှလေကသာ သဘောတူလျှင် မိသားစုကိုရော မိတ်ဆွေ အပေါင်းအသင်းများကိုပါ ပြန်စောင်းမျှ ကြည့်ဖော် မရဘဲ အက်ရှလေနှင့် ထွက်ပြေး မိလိမ့်မည်။ သို့တိုင်အောင် ဤမြေနီနီ ဤတောလျှိုမြောင် ဤထင်းရှူးရိပ် ဝေဝေတို့ကို သူ မစွန့်ရက်။ အက်ရှလေနှင့်သာ ထွက်ပြေး ဖြစ်ခဲ့လျှင် သေသည် အထိ ဤမြေကြီးကို လွမ်းနေလိမ့်မည်။ မြိုင်သာယာကို အမြစ်မှ လှန်နုတ် ပစ်ခဲ့ရာ သူ့ အသည်းမြေမဟီတွင် ကွက်လပ်ကြီး ဖြစ်နေတော့မည်။ ထိုကွက်လပ်ကို အက်ရှလေသော်မှ ဖြည့်ဖို့ မလွယ်။ အက်ရှလေသည် မည်မျှ အမြော် အမြင်ကြီးလေသနည်း။ သူ့သဘောကို မည်မျှ နားလည်လေ သနည်း။ မြေနီခဲကလေးကို သူ့လက်ထဲ ကောက်ထည့် လိုက်ရုံဖြင့် သူ့ကို သတိတရား ရအောင် လုပ်ခဲ့သည်။

ခန်းမဆောင်ထဲသို့ ရောက်၍ သံတံခါးမကြီးကို ပြန်ပိတ်မည်ပြုစဉ် မြင်းခွာသံများ ကြားရ၏။ ဝင်းဝ အဝင် လမ်းသို့

လှမ်းကြည့်သည်။ ဤအချိန်တွင် မည်သည့် ဧည့်သည်နှင့်မျှ မတွေ့ချင်။ ခေါင်းကိုက်သည်ဟု အကြောင်း ပြကာ အပေါ်ထပ်သို့ တက်တော့မည်။

သို့ရာတွင် ရထား တဖြည်းဖြည်း နီးလာသည့် အခါ စကားလက် အပေါ်ထပ်သို့ မတက်ဖြစ်တော့။ အံ့အား သင့်နေသည်။

ရထား အသစ် စက်စက်။ ပြောင်လက်နေသည်။ ဇက်ကြိုးများကလည်း ပြောင်နေသည်။ ကကြိုး တန်ဆာတို့မှ ကြေးဝါများက ဝင်းလျက်။ သူစိမ်း ဧည့်သည်များ ဖြစ်ရမည်။ သူ့ အသိထဲတွင် ဤသို့ ရထားသစ်ကြီး စီးနိုင်အောင် ပိုက်ဆံရှိသူ တစ်ဦးမျှ မရှိ။

စကားလက်က တံခါးဝမှ ရပ်၍ ကြည့်နေသည်။ လေအေး တိုက်သဖြင့် သူ့ ဝတ်စုံသည် လွင့်နေ၏။ ခြေထောက်က

အေးစက်နေသည်။ ရထားက အိမ်ရှေ့တွင် ရပ်၏။ ဆင်းလာသူက ဂျိုနာ။ သူတို့ အိမ်တွင် စာရင်းဒိုင် လုပ်ခဲ့ပြီး အထုတ် ခံခဲ့ရသည့် ဂျိုနာ။ ဤမျှ ခမ်းနားသော ရထားကြီးကို စီးကာ အကောင်းစား ဝတ်ရုံ အင်္ကျီရှည်ကြီးကို ဝတ်လာသည့် ဂျိုနာကို မြင်လိုက်ရသည့် အခါ၌ စကားလက် အံ့အား သင့်နေသည်။ သူ့ မျက်လုံးများကိုပင် သူ မယုံနိုင်။ လွတ်လပ်သည့် ကပ္ပလီ အစည်းအရုံးတွင် ဥက္ကဋ္ဌ ဖြစ်ကတည်းက ဂျိုနာ တစ်ယောက် ကြီးပွားနေသည်ဟု ဝီလီက ပြောဖူးသည်။ ဂျိုနာသည် ကပ္ပလီများကို တစ်ဖက်၊ အစိုးရကို လှည့်၍ လိမ်ကာ ချမ်းသာနေကြောင်း၊ ပုဂ္ဂလိကပိုင်များကို ထိန်းကာ အစိုးရကိုမူ ပြည်နယ်

26

အစိုးရ၏ ဝါများ ဖြစ်သည်ဟု လိမ်ပြောကြောင်း ဝီလီက ပြောဖူးသည်။ ဤလို ခေတ်ကျပ်ကြီးတွင် ဤမျှ ကြီးပွားနေခြင်းမှ မည်သည့်နည်းနှင့်မျှ ရိုးရိုးသားသား မဖြစ်နိုင်။

ယခု ဂျိုနာ ရောက်လာပြီ။ ခမ်းနားလှသည့် ရထားပေါ်မှ ဆင်းလာကာ အမျိုးသမီး တစ်ယောက်ကို တွဲလာသည်။

အမျိုးသမီး ဝတ်ထားသည်က ပုံပန်း မကျ။ သူ့ တစ်သက်တွင် ဤတစ်ကြိမ်သာ ဝတ်ဖူးပုံ ရသည်။ ဝတ်စုံ အရောင်က တောက်လွန်းသဖြင့် မကြည့်ရဲစရာ။ သို့တိုင်အောင် စကားလက်သည် သူ့ ဝတ်စုံကို ကြည့်၍ အားကျသည်။ ပုံကျပုံန ချုပ်ထားသည့် နောက်ဆုံးပေါ် အဝတ်အဆင်ကို မမြင်ရသည်မှာ ကြာလှပြီ။ ယခုနှစ်တွင် တင်ပါး အောက်ခံ ခွေများက ယခင်ကဲ့သို့ ကျယ်ကျယ်ကြီးတွေ မဟုတ်တော့။ ကျဉ်းသွားသည်။ အနက်ရောင် ကတ္တီပါစက လှသည်။ ဦးထုပ်ကလည်း ပုံဆန်းပါ တကား။ ယခင်တုန်းက ဆောင်းကြသည့် ဦးထုပ်ချွန်းမျိုး မဟုတ်တော့။ အနီရောင် ကတ္တီပါကို ခပ်ပြားပြား ချုပ်ထားကာ ခေါင်းပေါ်တွင် သံပုရာခွံလို တင်ထားသည်။ ဦးထုပ်ချွန်းများလို ဖဲကြိုးကို မေးအောက်တွင် မချည်။ ခေါင်းနောက် ဆံပင်အောက်တွင် သွားချည်ထား၏။

အမျိုးသမီးက ရထားပေါ်မှ ဆင်းလာကာ အိမ်ဘက်သို့ လှမ်းကြည့်၏။ မျက်နှာက ယုန်မျက်နှာလို ခပ်ချွန်းချွန်း။

ပေါင်ဒါတွေ ပိန်းနေအောင် ရိုက်ထားသည်။ ဤမျက်နှာကို စကားလက် မြင်ဖူးသည် ထင်သည်။

‘ဟင်၊ စလက်တာရီရဲ့ သမီး အင်မီပါလား’



စကားလက်က အံအား သင့်လွန်းသဖြင့် လွှတ်ခနဲ အော်မိသည်။



‘ဟုတ်တယ်လေ ကိုယ်ပါ’ 



အင်မီက မျက်နှာချိုသွေး၍ ပြုံးပြကာ ခေါင်းကို ခါလိုက်ရင်း လှေကားထစ်ပေါ်သို့ တက်လာ၏။



ဟုတ်သည်။ အင်မီ။ အင်မီ စလက်တာရီ။ လျှာနှစ်ခွနှင့် မြွေဟောက်မ။ အဖေ မပေါ်ဘဲ ကလေး မွေးခဲ့သဖြင့် မေမေက

သူ့ ကလေးကို နှစ်ခြင်း မင်္ဂလာ သွန်းပေးခဲ့သည်။ သူ့ဆီက အူရောင်ငန်းဖျား ရောဂါ ကူးသဖြင့် မေမေ သေခဲ့ရသည်။ အဝတ်အစား ကိုယ်နှင့် လိုက်ဖက်ခြင်း ရှိ မရှိမျှ မစဉ်းစားဘဲ အဝတ်အစား တောက်တောက် ပပတွေကို ဝတ်လာသည့် အောက်တန်းစား လူဖြူမက ရာရာစစ မြိုင်သာယာ လှေကားထစ်တွေကို ပိုင်စိုးပိုင်နင်း တက်လာပြီ။ စကားလက် မေမေ့ကို အမှတ်ရလာ၏။ ရင်ထဲတွင် ကွက်လပ် ဖြစ်နေရာမှ ခံစားချက်တွေ ပြည့်လာသည်။ လူ သတ်ချင်စိတ် ပေါက်လာသည်။ ငှက်ဖျား တက်သည့်နှယ် တစ်ကိုယ်လုံး တုန်လာသည်။

‘ဟေ့ကောင်မ၊ သွား၊ အိမ်ရိပ်ကို မနင်းနှင့်။ သွား ခုထွက်သွား’



စကားလက် အော်ပစ်လိုက်၏။ အင်မီက ပါးစပ် အဟောင်းသား ဖြစ်နေသည်။ မျက်မှောင်ကြီး ကုတ်လာသည့် ဂျိုနာကို

လှမ်းကြည့်သည်။ ဂျိုနာက ဒေါသ ထွက်နေသည့်တိုင် ဣနြေ္ဒဆောင်ထား၏။

‘ငါ့ မိန်းမကို ဒါမျိုး မပြောပါနှင့်’



‘ဘာ၊ ရှင့် မိန်းမ’ စကားလက်က တမင် လုပ်၍ ရယ်၏။ ‘တော်တော် ကောင်းစားနေကြပုံ ရတယ် ဟုတ်လား၊ မေမေ့ကို

27

သတ်တဲ့ဟာတွေ၊ ခုတော့ ရှင်တို့ အားတိုင်း မွေးတဲ့ ကလေးတွေကို ဘယ်သူက လာပြီး နှစ်ခြင်း မင်္ဂလာ လုပ်ပေးသလဲ’

အင်မီက တစ်ချက် အော်ကာ လှေကားမှ ပြန်ဆင်းသည်။ သို့ရာတွင် ဂျိုနာက လှမ်းဆွဲ ထားလိုက်၏။



‘တို့က မိတ်ဟောင်း ဆွေဟောင်း ဆိုပြီး အလည် လာတာ၊ အလုပ်အကိုင် ကိစ္စလေးလည်း’



‘ဘာ မိတ်ဟောင်း ဆွေဟောင်းလည်း’ စကားလက်၏ အသံက ကျာပွတ် ရိုက်သံလို ပြင်းထန်သည်။ ‘ဘယ်တုန်းကများ

ရှင်တို့လို ဟာမျိုးနှင့် မိတ်ဆွေ ဖြစ်ဖူးလို့လဲ၊ ရှင့် မိန်းမ အမျိုးတွေကို ကျွေးမွေး ထားခဲ့ရတာ သိလား၊ ကျေးဇူးတင်တဲ့ အနေနှင့် မေမေ့ကို ပြန်သတ်တယ်၊ ရှင့်ကိုတောင် အင်မီ ကိစ္စကြောင့် ဖေဖေက အလုပ် ထုတ်ပစ်ခဲ့တာ ရှင် သိတယ်၊ ဘာ မိတ်ဟောင်း ဆွေဟောင်းလဲ၊ နားမလည်ဘူး၊ ခု ထွက်သွားပါ၊ မသွားရင် ဝီလီနှင့် အက်ရှလေကို ခေါ်ပြီး ဆွဲထုတ် ပစ်ရလိမ့်မယ်’

အင်မီက သူ့ ယောက်ျား လက်ထဲမှ ရုန်းထွက်ပြီး ရထားဆီသို့ ပြေးသည်။ ဖိနပ်က အကောင်းစား သားရေ ဖိနပ်။

ဦးချွန်နီနီ။ ပန်းပွားကြိုး နီနီဖြင့်။

ဂျိုနာ ဒေါပွလာပြီ။ ဝါထိန်နေသည့် သူ့ မျက်နှာသည် စိတ်ဆိုးနေသည့် ကြက်ဆင် အမောက်လို ရဲတက် လာ၏။



‘ဟင်း၊ ခုထက်ထိ ဘဝင်မြင့်ကြတုန်း ရှိသေးတယ်၊ နင်တို့ အကြောင်းကို ငါ အကုန် သိတယ်၊ သိရဲ့လား၊ နင်တို့မှာ

ဖိနပ်တောင် ကောင်းကောင်း စီးစရာ မရှိတော့ဘူး၊ နင့် အဖေကလည်း ရူးနေပြီ၊ ဆန် မရှိ အစားကြီးတွေ’

‘ရှင် ထွက်သွားပါ’



‘အေး၊ နင်တို့ ဒီစကားမျိုး နောင် ပြောနိုင်တော့မှာ မဟုတ်ဘူး၊ ပြောထားကြ၊ အားရအောင် ပြောထားကြ၊ နင်တို့မှာ

ကုန်းကောက်စရာတောင် မရှိတော့ဘူး၊ ငါ သိတယ်၊ မြေခွန်တောင် မဆောင်နိုင်တော့ဘူး၊ ခု ငါလာတာ အလကား လာတာ မဟုတ်ဘူး၊ သူများမြေ ဝယ်ရမယ့် အတူတူ နင်တို့မြေ ဝယ်ရအောင် လာတာ၊ ရချင်းရရင် ကိုယ့် အထဲက ရပါစေ ဆိုတဲ့ စေတနာနှင့် လာတာ၊ ဒါတောင် ငါက ဒီလောက် ဝယ်ချင်တာ မဟုတ်ဘူး၊ အင်မီက နေချင်လွန်းလှချည့်လို့ ပူဆာလို့ လာတာ၊ ခုတော့ ရှင်းတာပေါ့၊ နင်တို့ကို တစ်ပြားမှ ပေးလိမ့်မယ် မထင်နှင့်၊ ရွှံ့ဗွက်ထဲက ထလာပြီး ဘဝင်မြင့်တဲ့ အိုင်းရစ်မျိုးတွေ၊ ဒီမြေကို နင်တို့ လေလံပစ် ခံရရင် ဘယ်သူ ဆွဲမလဲ ဆိုတာ စောင့်ကြည့်ပေါ့၊ ဒီမှာ ဟောဒီ မြိုင်သာယာကို ငါ ဝယ်ပြမယ် သိရဲ့လား၊ ပရိဘောဂတွေရော ဘာတွေရော အကုန် ဝယ်ပြီး တက်နေ ပြလိုက်ဦးမယ် သိရဲ့လား’

မြိုင်သာယာကို လိုချင်သူက အခြားသူ မဟုတ်၊ ဂျိုနာ။ ဂျိုနာနှင့် အင်မီ။ တစ်ခါက သူတို့ အောက်ကျ နောက်ကျ

နေခဲ့ရသည့်

ဤအိမ်ကြီးတွင်

အခန့်သား


လိုက်ဦးမည်

ဟူသော

အထာကြီးဖြင့်

လာကြခြင်း

ဖြစ်၏။

သူ့

သွေးကြောများထဲတွင် အမုန်းတွေ မြည်ဟည်း ဆူညံလာသည်ဟု မှတ်ထင်ရသည်။ ယန်ကီ စစ်သား၏ မုတ်ဆိတ်မွေး ထူထူ မျက်နှာကြီးကို သေနတ်ဖြင့် ချိန်ပစ်ခဲ့သည့် နေ့ကလည်း ထိုသို့ ဖြစ်ခဲ့ဖူးသည်။ ယခု သူ့ လက်ထဲတွင် သေနတ်သာ ရှိလျှင် မုချ ပစ်မိလိမ့်မည်။

‘ဒီမှာ ရှင်တို့ အဝယ် မခံဘူး သိလား၊ ဒီ အိမ်ကို အုတ်တစ်ချပ်ချင်း ခွာပြီး မီးရှို့ပစ်မယ်၊ အဲဒီတော့မှ ဝယ် သိလား၊

ဒီအတိုင်းတော့ ရလိမ့်မယ် မထင်နှင့်၊ သွား ခုထွက်သွား’

28



ဂျိုနာက သူ့ကို ပြူးကြည့်နေသည်။ စကားပြောမည် ပြုပြီးမှ ရထားဆီသို့ လျှောက်သွား၏။ ငြူစူနေသည့် သူ့

မိန်းမဘေးတွင် ထိုင်ပြီး မြင်းဇက်ကို ဆွဲလိုက်၏။ သူတို့ ထွက်သွားမှ စကားလက် တံတွေး ထွေးချင်လာသည်။ စကားလက် တံတွေး ထွေးလိုက်၏။ ကလေး ဆန်သည့် အပြုအမူဟု သိသော်လည်း တံတွေး ထွေးလိုက်ရသဖြင့် ပေါ့သွားသည်။ သူတို့ ရှေ့တွင် တံတွေး ထွေးပြလိုက်ချင်သည်။

လာကြစမ်းပေ့စေ။ ကပ္ပလီတွေကို အဟုတ် ထင်နေသူတွေ လာပြီး သူ့ ပစ္စည်းတွေကို လေလံ တင်လျှင်

သိစေမည်ဟု စိတ်ထဲက ကြိမ်းသည်။ ဤသတ္တဝါသည် စင်စစ် မြိုင်သာယာကို တန်ရာတန်ဖိုး ပေး၍ ဝယ်ရန် လာခြင်း မဟုတ်။ အကြောင်းပြချက် ရှာကာ သူတို့ကို လာကြွားခြင်း ဖြစ်သည်။ သူတို့လို တေလေ ကြမ်းပိုးတွေ၊ အလေဏတောတွေက မြိုင်သာယာကို နေမည် ဆိုပါတကား။ ရာရာ စစ။

စကားလက် တစ်စုံတစ်ခုကို သွား တွေးမိကာ အထိတ်တလန့် ဖြစ်သွား၏။ သူတို့တစ်တွေ ဤအိမ်ကြီးသို့

လာနေကြတော့မည်။ အကယ်၍သာ မြိုင်သာယာကို လေလံ ဆွဲ၍ ဝယ်လိုက်လျှင် စင်စစ် သူလည်း ဘာမျှ မတတ်နိုင်။ မှန်ကြီးတွေ၊ စားပွဲတွေ၊ ထိုင်ဖုံတွေ၊ ခုတင်တွေ၊ မေမေ၏ တောက်ပနေသည့် မဟော်ဂနီ စားပွဲနှင့် တောနှင်းဆီသား ပရိဘောဂတွေကို သူတို့ ပိုင်ကြတော့မည်။ ယန်ကီ စစ်သားတွေ သောင်းကျန်း သွားကြသဖြင့် ထစ်ရာ ခြစ်ရာတွေ ထင်နေသည့်တိုင် စကားလက် မစွန့်ရက်။ ဘိုးဘေး လက်ထက် ကတည်းက သုံးလာခဲ့သည့် ငွေထည် ပစ္စည်းတွေကိုလည်း သူတို့ ကိုင်သည်ကို မမြင်နိုင်။ မြိုင်သာယာကို မီးရှို့ပစ်ချင် ပစ်ပေစေတော့။ သူတို့ လက်ထဲ ရောက်သည်ကိုမူ မကြည့်နိုင်။ မေမေ လျှောက်သည့် ကြမ်းပေါ်တွင် အင်မီတို့လို မိန်းမစားတွေ အလျှောက် မခံနိုင်။

စကားလက် တံခါးကို ပိတ်ကာ မှီ၍ ရပ်သည်။ အထိတ်တလန့် ဖြစ်နေသည်။ ဗိုလ်ချုပ် ရှားမင်း၏ ယန်ကီ စစ်တပ်များ

ဤအိမ်ကြီးကို သိမ်းထားသည်ထက် ပို၍ လန့်နေသည်။ ထိုနေ့က မြိုင်သာယာကို သူတို့ မီးရှို့မည်လောဟု တွေး၍ စိုးရိမ်ခဲ့ရသည်။ ထို့ထက် ဘာမျှ စိုးရိမ်စရာ မရှိ။ သို့ရာတွင် ယခု အကြောက်ကမူ ထိုစဉ်က အကြောက်ထက် ကြီးသည်။ အောက်တန်းစား ပေါက်လွှတ်ပဲစားတွေ ဤအိမ်ကြီးတွင် တက်နေကြတော့မည်။ မာနကြီးသည့် အိုဟာရာမျိုး မိသားစုကို မည်သို့ မည်ပုံ နှင်ချ လိုက်သည် စသည်တို့ကို သူတို့ ပေါက်လွှတ်ပဲစား မိတ်ဆွေတွေကို ကြွားကြတော့မည်။ ကပ္ပလီတွေကို ခေါ်၍ပင် ထမင်း ဖိတ်ကျွေးလား ဘာလား လုပ်ကြဦးမည်။ ဂျိုနာသည် ကပ္ပလီများနှင့် တန်းတူကြောင်း၊ အတူ ထမင်း စားကြောင်း၊ သူတို့ အိမ်သို့ အလည်အပတ် သွားကြောင်း၊ သူတို့နှင့် အတူ ရထားဖြင့် လေညင်းခံ ထွက်ကြောင်း၊ ဖက်လှဲတကင်း နေကြောင်း၊ ဤသို့ဖြင့် သူ့ကိုယ်သူ ကပ္ပလီတို့ကို တန်းတူ သဘောထားကြောင်း ဟန်ရေး ပြနေသည်ဟု ဝီလီက ပြောဖူးသည်။

ယခု ဂျိုနာက သူတို့ မြိုင်သာယာကို ဝယ်မည်ဟု စော်စော်ကားကား ပြောပြီ။ ဤသည်ကို တွေး၍ စကားလက်

ရင်တဒိတ်ဒိတ် ခုန်လာသည်။ အသက်ပင် ကောင်းကောင်း မရှူနိုင်။ စကားလက် သူ့ ပြဿနာကို ရှင်းရန် စဉ်းစားသည်။ သို့ရာတွင် စဉ်းစား၍ မရ။ စဉ်းစားတိုင်း ဒေါသစိတ်နှင့် ကြောက်စိတ်တွေ ပေါ်လာ၏။ ဖြေရှင်းသည့် နည်းတစ်နည်းတော့ ရှိရမည်။ ပိုက်ဆံ ချေး၍ ရနိုင်မည့်သူ တစ်ဦးမူ ရှိရမည်။ ပိုက်ဆံ ဆိုသည်မှာ ခန်းခြောက် ပျောက်ပျက်သွားသည့် အရာမျိုး မဟုတ်။ တစ်ယောက်ယောက်ထံတွင်မူ ရှိရမည်။ ဤတွင် အက်ရှလေ ရယ်ရွှန်း ဖတ်ရွှန်း ပြောခဲ့သည့် စကား တစ်ခွန်းကို သတိရသည်။

‘ပိုက်ဆံ ရှိတဲ့ လူဆိုလို့ ရက် ဘတ်တလာ ဆိုတဲ့ လူတစ်ယောက်ပဲ ရှိတယ်’

29



ရက် ဘတ်တလာ။ ဧည့်ခန်းဆောင်ထဲသို့ ခပ်သုတ်သုတ် ဝင်လာကာ တံခါးကို နောက်ပြန် ပိတ်လိုက်သည်။

ခန်းဆီးများကို ဆွဲချထားသဖြင့် အခန်းက ခပ်မှောင်မှောင်။ ဆောင်းဆည်းဆာက ခပ်မှုန်မှုန်။ ဤနေရာတွင် သူ့ကို မည်သူမျှ လာရှာမည် မဟုတ်။ တစ်ယောက်တည်း အေးအေးဆေးဆေး စဉ်းစားချင်သည်။ ရက် ဘတ်တလာဆီက ချေးမည် ဆိုသည့် အတွေးသည် ရိုးရိုး လွယ်လွယ်ကလေး။ ဤမျှ လွယ်ကူ ရှင်းလင်းသည့် အတွေးကို စောစောက ဘာကြောင့်များ မတွေး မိခဲ့သနည်း။

‘ဟုတ်တယ်၊ ရက် ဘတ်တလာဆီက ချေးမယ်၊ ငါ့ စိန်နားဆွဲကို ရောင်းပစ်မယ်၊ ဒါမှ မဟုတ်ရင်လည်း စိန်နားဆွဲကို

သူ့ဆီမှာ အပေါင်ထားမယ်’

စကားလက် စိတ်သက်သာရာ ရသွားသည်။ ရင်ထဲတွင် ပေါ့ပါး သွားသဖြင့် အားကုန် သွားသည့်နှယ် ထင်ရ၏။

မြေခွန်တော်တွေကို အကျေ ပေးမည်။ ဂျိုနာ့ မျက်နှာကို ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်ပစ်လိုက်မည်။ သို့ရာတွင် ပျော်စရာကို တွေး၍မျှ မပြီးခင် အတွေး တစ်ခု ပေါ်လာပြန်သည်။

‘ဒါပေမယ့် မြေခွန်တော်က တစ်နှစ်တည်း ပေးရုံနှင့် ကိစ္စ ပြီးမှာ မဟုတ်ဘူး၊ နှစ်တိုင်း ပေးနေရမှာ၊ ဒီ တစ်ကြိမ်

အကျေ ပေးပြီးရင် နောက်တစ်ခါ အခွန်တော်တော်တွေ ထပ် တိုးလာဦးမှာ၊ ဒီလိုနှင့် ငါ့ကို ဒီမြေပေါ်က ထွက်မပြေး ပြေးအောင် လုပ်ကြမှာ၊ ဝါ ပိုထွက်ရင် အခွန်လည်း ပိုကောက်မှာပဲ၊ ဒါမှ မဟုတ်ရင်လည်း ဝါတွေကို သိမ်းချင် သိမ်းပစ်ကြမှာ၊ ပြည်နယ် အစိုးရရဲ့ ဝါတွေ ဆိုပြီး သိမ်းချင် သိမ်းမှာ၊ ယန်ကီတွေနှင့် ပေါင်းတဲ့ လူတွေဟာ ငါ့ကို အကြောင်း တစ်မျိုး မဟုတ် တစ်မျိုး ပြီပြီး ရန်ရှာနေကြမှာပဲ၊ ငါ အသက် ရှင်နေသမျှ ငါ့ ပစ္စည်းတွေကို သိမ်းမလားနှင့် တထိတ်ထိတ် ဖြစ်နေရမှာ၊ တစ်သက်လုံး အထိတ်ထိတ် အလန့်လန့်နှင့် နေရပြီး အခွန်တော်ပေးဖို့ ပိုက်ဆံ ရှာနေရမှာ၊ ဒီလိုနှင့် တကုတ်ကုတ် လုပ်ရင်း သေသွားရတော့မှာပဲ၊ ဝါတွေ ဘယ်လောက် ထွက်အောင် လုပ်လုပ် ငါ ခံစားရမှာ မဟုတ်ဘူး၊ သူတို့ပဲ သိမ်းကြမှာပဲ၊ ခု ရက် ဘတ်တလာ ဆီက ငွေ သုံးထောင် ချေးလို့ ရပါပြီတဲ့၊ ဒါက ယာယီ ထွက်ပေါက်ပဲ၊ ငါက ဒီအကျပ်အတည်းကြီးထဲက တစ်သက်လုံး ထွက်ချင်တာ၊ မနက်ဖြန်မှာ ဘာဖြစ်မလဲ ဆိုတာ တထိတ်ထိတ်နှင့် အိပ်ရာ ဝင်ရတဲ့ ဘဝမျိုးက တစ်သက်လုံး လွတ်ချင်တာ၊ နောင်လ နောင်နှစ်မှာ ဘာဖြစ်မယ် ဆိုတာကို မသိဘဲ တထိတ်ထိတ်နှင့် နေရတဲ့ ဘဝက လွတ်ချင်တာ’

စကားလက်၏ စိတ်သည် နာရီ ချိန်သီးလို အလုပ် လုပ်လျက် ရှိ၏။ နောက်ဆုံးတွင် အကြံ တစ်ခု ရသည်။ မျက်နှာ

ညိုညို၊ သွားတွေ အဖွေးသား ဝင်းလက်လျက်၊ လှောင်ပြောင်သည့် မျက်လုံးများနှင့် သူ့ကို ကြည့်နေတတ်သော ရက် ဘတ်တလာကို မြင်ယောင် လာသည်။ အတ္တလန်တာကို ယန်ကီတွေ ဝိုင်းထားစဉ်က အိုက်စပ်စပ် ညကို အမှတ်ရ၏။ ဒေါ်လေး ပစ်တီ၏ အိမ်ဆင်ဝင်အောက် နွေည အမှောင်ထဲတွင် ထိုင်၍ ပူနွေးသည့် လက်ကို သူ့လက်မောင်းပေါ်တွင် တင်ထားရင်း ‘ဘယ်မိန်းမကိုမှ မင်းလောက် သဘော မကျခဲ့ဖူးဘူး၊ မင်းကို စောင့်သလောက် ဘယ်မိန်းမကိုမှ မစောင့်ခဲ့ဖူးဘူး’ ဆိုသည့် အသံကို ကြားနေသည်။

‘ဟုတ်တယ်၊ ငါ သူ့ကို လက်ထပ်မယ်’ စကားလက်က တည်ငြိမ်စွာ စဉ်းစားသည်။ ‘နောင်မှာ ငွေရေး ကြေးရေးနှင့်

ပတ်သက်လို့ ဘာမှ ပူစရာ မလိုတော့ဘူး’

မည်မျှ ဟန်ကျ လိုက်ပါသနည်း။ နိဗ္ဗာန်ဘုံမှာ ထက်ပင် ပျော်စရာ ကောင်းဦးမည်။ နောင်တွင် ငွေရေး ကြေးရေး

30

အတွက် ဘာမျှ မပူရတော့။ မြိုင်သာယာ အတွက် စိတ်ချရပြီ။ သူ့ မိသားစုတွေ ဝဝလင်လင် စားရတော့မည်။ နွေးနွေးထွေးထွေး ဝတ်ရတော့မည်။ ကျောက်တံတိုင်းတွေကို ခေါင်းနှင့် ဝင်တိုက်စရာ မလိုတော့။

စကားလက် သူ့ကိုယ်သူ အသက် ကြီးသွားပြီဟု ခံစားရသည်။ တစ်ညနေခင်း ကြုံတွေ့ရသည့် အဖြစ်အပျက်များသည်

သူ့ခံစားချက်များ အားလုံးကို ခြောက်ခန်း သွားစေသည်။ အခွန်တော် ကိစ္စကို ကြားရသည့် အတွက် အထိတ်တလန့် ဖြစ်ရခြင်း၊ အက်ရှလေနှင့် စကား ပြောရခြင်း၊ ဂျိုနာတို့ကို ဒေါသ ထွက်ရခြင်း စသည့် ခံစားချက်များကို တစ်ခုပြီး တစ်ခု ဆက်တိုက် တွေ့လိုက်ရသည်။ ယခု သူ့ ရင်ထဲတွင် မည်သည့် ခံစားချက်မျှ မရှိတော့။ သူ့ ရင်ထဲက ခံစားနိုင်စွမ်းအားသည် မကုန်ခမ်းသေးလျှင် ယခု သူ့ စိတ်ထဲတွင် ပေါ်နေသည့် အကြံအစည်ကို တစ်စုံတစ်ခုက ကန့်ကွက်မည်မှာ သေချာသည်။ ရက် ဘတ်တလာလောက် သူ မုန်းသည့် လူဟူ၍ ကမ္ဘာတွင် တစ်ယောက်မျှ ရှိမည် မထင်။ သို့ရာတွင် ယခုမူ ဤအမုန်းကို သူ မခံစားရတော့။ အေးအေးဆေးဆေး စဉ်းစားပြီးပြီ။ သူ့ အတွေးများက လက်တွေ့ကျသည်။

‘တို့ကို တောထဲက လမ်းပေါ်မှာ ပစ်ထားခဲ့တုန်းက ငါ သူ့ကို ပက်ပက်စက်စက် ပြောခဲ့ဖူးတယ်၊ ဒါပေမယ့် ဒါတွေကို

မေ့ပျောက်သွားအောင် ငါ လုပ်နိုင်ပါတယ်’

သူ့ အလှဖြင့် ဖမ်းစားနိုင်စွမ်းကို စိတ်ချလျက် စကားလက် တွေးသည်။



‘ရှင်းရှင်း ပြောရရင်တော့ ငါ သူ့ကို မြှူရမှာပဲ၊ သူ့ကို ချစ်ဟန် ဆောင်ပြရမယ်၊ အဲဒီ ညက ကြောက်ကြောက်နှင့်

ပြောမိပြောရာတွေ ပြောလိုက်တဲ့ ပုံမျိုး လုပ်ရမယ်၊ ယောက်ျား ဆိုတာ ဘဝင်မြင့်တဲ့ သတ္တဝါမျိုး၊ သူတို့ကို မြှောက်ပင့် ပြောရင် သူတို့ကိုယ် သူတို့ အဟုတ်ကြီး ထင်လို့၊ ငါတို့ အခက်အခဲကိုတော့ သူ အသိ ခံလို့ မဖြစ်ဘူး၊ သူ့ဆီက ပိုက်ဆံ မရမချင်း ဒါကိုတော့ သိလို့ မဖြစ်ဘူး၊ ငါတို့က သိပ် ဆင်းရဲလို့ လူကို မချစ်ဘဲ ပိုက်ဆံမက်လို့ ယူတယ်လို့ သူ့ဘာသာ သူ သံသယ ဖြစ်ချင် ဖြစ်ပေ့စေ၊ တို့ အခြေအနေမှန်ကိုတော့ အသိခံလို့ မဖြစ်ဘူး၊ တကယ်တော့ သူလည်း တို့ အခြေအနေကို အကုန် သိတာမှ မဟုတ်ဘဲ၊ ငါ့ကို ယူပြီးရင်တော့ ငါ ပိုင်ပြီ၊ ငါ့ကို မကူညီဘဲ နေလို့ မရတော့ဘူး၊ ကိုယ့် မိန်းမရဲ့ ဆွေမျိုးတွေ ငတ်နေတာ ဘယ့်နှယ်လုပ် ကြည့်နေလို့ ရမလဲ’

သြော် သူ့မယား ဖြစ်ရတော့မည်။ မစ္စက် ရက် ဘတ်တလာ ဖြစ်ရတော့မည်။ အေးဆေး တည်ငြိမ်သည့် အတွေး

အောက်တွင် မြှုပ်နေသည့် ရက် ဘတ်တလာကို မုန်းတီးစိတ်က ခေါင်းပြူလာသည်။ သို့ရာတွင် မကြာ။ ချက်ချင်း ပျောက်သွားသည်။ ချားလ်နှင့် စိတ်ပျက်စရာ မင်္ဂလာဦး ခရီး ထွက်ခဲ့ရပုံ၊ ချားလ် အိုးတိုးအမ်းတမ်း ဖြစ်နေပုံ၊ လက် မရဲ တရဲဖြင့် လာထိပုံ စသည်တို့ကို မြင်ယောင်လာသည်။ ဝိတ်ကလေးကိုလည်း မျက်စိထဲတွင် မြင်လာသည်။

‘အို ဒါတွေကို ခု မစဉ်းစားသေးဘူး၊ လက်ထပ်ပြီးမှ စဉ်းစားတော့မယ်’



ကောင်းပြီ။ လက်ထပ် ပြီးပြီ ဆိုပါစို့။ သူ့ ခေါင်းထဲတွင် ရက် ဘတ်တလာ၏ စကား တစ်ခွန်းသည် ပဲ့တင် ထပ်လာသည်။

တစ်ကိုယ်လုံး စိမ့်သွား၏။ ဒေါ်လေး ပစ်တီ၏ အိမ် ဆင်ဝင် အောက်က ထိုနွေ တစ်ညကို သူ အမှတ် ရလာသည်။ သူ့ကို လူပျိုစကား လာပြောနေသည်လောဟု ရက် ဘတ်တလာအား မေးပုံ၊ ရက် ဘတ်တလာက မုန်းစရာ ရယ်ပြီး ‘ကျုပ်က မိန်းမ တစ်ယောက်ကို လက်ထပ် ယူတဲ့ လူစားမျိုး မဟုတ်ဘူး’ ဟု ပြောပုံကို အမှတ် ရလာပြန်သည်။

31



ရက်

ဘတ်တလာသည်

ယခုတိုင်

ထိုလူစားမျိုး

ဖြစ်နေသေးသလော။

သူက

မာယာ

ပရိယာယ်တွေဖြင့်

ဖြားယောင်းသည့်တိုင် လက်မထပ်နိုင်ဟု ငြင်းလျှင် မည်သို့ လုပ်မည်နည်း။ သူ့ကို မေ့ပြီး တခြား မိန်းမတွေနောက် လိုက်နေလျှင်ကော။

‘ဘယ်မိန်းမကိုမှ မင်းလောက် သဘော မကျခဲ့သေးဘူး’



စကားလက်က လက်သီးကို ခပ်တင်းတင်း ဆုပ်သည်။ လက်သည်းများသည် လက်ဖဝါးထဲသို့ စူးဝင် သွားကြ၏။



‘အို၊ ငါ့ကို မေ့တော့ ဘာဖြစ်သလဲ၊ မမေ့အောင် ပြန်လုပ်ယူမှာပေါ့၊ ငါ့ကို သဘော ကျလာအောင် ပြန်လုပ်ယူမှာပေါ့’



သူ့ကို လက်မထပ်သည့်တိုင် သူ့ကို သဘောကျ နေသေးသည် ဆိုလျှင် ပိုက်ဆံ ရနိုင်သည့် နည်းလမ်းတွေ

ရှိသေးသည်။ အပျော် မယား အဖြစ် နေမည်လောဟု သူ့ကို တစ်ခါက ပြောခဲ့ဖူးသည် မဟုတ်လော။

ဧည့်ခန်းဆောင် မှောင်ရီရီတွင် စကားလက်သည် သူ့ ဝိညာဉ်ကို ချည်နှောင်ထားသည့် နှောင်ကြိုး သုံးကြိုးနှင့်

အဆုံးအဖြတ် တိုက်ပွဲကို တိုက်ရသည်။ မေမေ၏ အဆုံးအမ၊ ဘာသာတရား၏ အဆုံးအမနှင့် အက်ရှလေကို ချစ်ရသော အချစ် နှောင်ကြိုးတို့ ဖြစ်သည်။ သူ့ ဆုံးဖြတ်ချက်သည် မေမေ့ အမြင်နှင့် ကြည့်လျှင် လားလားမျှ မသင့်။ ယောက်ျား မိန်းမ ပေါင်းဖော်ခြင်းသည် ဒုစရိုက် ဖြစ်ကြောင်းကို စကားလက် သိသည်။ သူ ပြုမည့် အပြုအမူသည် ပြည့်တန်ဆာ အကျင့် ဖြစ်သည်ကို စကားလက် သိသည်။

သို့ရာတွင် ထို အရာများ အားလုံးသည် ခံစားခြင်း ကင်းမဲ့သည့် အဆင်ခြင် ဉာဏ်တရား အောက်တွင် လည်းကောင်း၊

စိတ်ပျက် အားငယ်ခြင်း အောက်တွင် လည်းကောင်း ပျောက်ကွယ်ကြပြီ။ သူ့တွင် ထောက်ထားစရာ မေမေလည်း မရှိတော့။ ဘာသာ တရား မှန်သမျှသည် ဖိုမ ပေါင်းဖော်ခြင်းကို အပါယ် ကျမည့် အလုပ်ဟု သွန်သင် သင်ကြားခဲ့၏။ သို့ရာတွင် မြိုင်သာယာကို ထိန်းသိမ်းရေးနှင့် သူ့ မိသားစုကို မငတ်အောင် လုပ်ရေးသည် အပါယ် ငရဲသို့ ကျသည့် အလုပ်လော။ ဘာသာတရားက ဤသို့ ယူဆလျှင်လည်း ယူဆပါစေတော့။ သူ မတတ်နိုင်။ သူကမူ ထိုအချက်ကို စဉ်းစားမည် မဟုတ်။ အနည်းဆုံး ယခု လောလောဆယ်တွင် စဉ်းစားမည် မဟုတ်။ အက်ရှလေကကော မည်သို့ ယူဆမည်နည်း။ အက်ရှလေသည် သူ့ကို ချစ်သည်။ ဤသည်ကို သူ၏ ပူနွေးသော နှုတ်ခမ်းများက သက်သေ ပြခဲ့ပြီးပြီ။ သို့ရာတွင် အက်ရှလေသည် သူ့ကို မည်သည့် အခါမျှ ယူလိမ့်မည် မဟုတ်။ အက်ရှလေနှင့် ထွက်ပြေးခြင်းကို ဒုစရိုက်ဟု မထင်ခဲ့သော်လည်း ရက် ဘတ်တလာနှင့်မူ ...။

ဆောင်းညနေ၏ အုံ့မှိုင်းမှိုင်း ဆည်းဆာတွင် စကားလက် ခရီးဆုံးသို့ ရောက်ပြီ။ ထိုခရီးက ရှည်ပါ ဘိခြင်း။

အတ္တလန်တာ ကျသည့် ညကတည်းက ထို ခရီးကြီးကို သွားခဲ့ရသည်မှာ ယခုမှ အဆုံးတိုင်တော့သည်။ ထိုခရီးစဉ်ကို စခဲ့စဉ်က စကားလက်သည် နွဲ့ဆိုး ဆိုးသူ၊ တစ်ကိုယ်ကောင်း ဆန်သူ အရိုင်းသက်သက် ကလေးမလေး။ ခံစားချက်ဖြင့် စိတ်ဆူလွယ်သူ၊ ခွန်အား သတ္တိ အပြည့် ရှိသူ၊ ဘဝ အခက်အခဲများကို မဖြေရှင်းနိုင်ဘဲ အလွယ်တကူ စိတ်ရှုပ်တတ်သူ၊ ယခု ခရီးဆုံးသို့ ရောက်သည့် အခါတွင်မူ စကားလက်တွင် ထိုစရိုက်များ မရှိတော့။ ငတ်ပြတ်ခြင်းနှင့် ပင်ပန်းစွာ လုပ်ရခြင်း၊ စိုးရိမ် ကြောက်လန့်ရခြင်းနှင့် အားစိုက်ရခြင်း၊ စစ်၏ ကြောက်မက်ဖွယ်ရာများနှင့် ပြန်လည် တည်ဆောက်ရေး၏ ကြောက်မက်ဖွယ် ကောင်းခြင်း စသည်တို့ကြောင့် နွေးထွေးခြင်း၊ ခွန်အား ပြည့်ခြင်း၊ နူးညံ့ခြင်းတို့ ပျောက်ကွယ် သွားကြပြီ။ သူ့ ဘဝ အမြုတေ

32

ပတ်လည်၌ မာကျောသော ဥခွံသည် တစ်ထပ်ပြီး တစ်ထပ် ဖုံးလာခဲ့ပြီ။ ထိုအခွံသည် မာကျောလာခဲ့ပြီ။

သို့ရာတွင် ဆုံးဖြတ်ချက် မချမီ အထိ မျှော်လင့်ချက် နှစ်ခုဖြင့် အသက် ရှင်ခဲ့သည်။ ပြည်တွင်းစစ် ပြီးလျှင် သူ့ဘဝသည်

ပုံမှန် ပြန်ဖြစ် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ အက်ရှလေ ပြန်လာလျှင် သူ့ ဘဝသည် အဓိပ္ပာယ် ရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ ယခု ထိုမျှော်လင့်ချက် နှစ်ခုစလုံး ပြိုလဲသွားကြပြီ။ သူ့ အိမ်ရှေ့ ဆင်ဝင်သို့ ပိုင်စိုးပိုင်နင်း တက်လာသည့် ဂျိုနာကို မြင်လိုက်သည့် နောက်၌ သူနှင့် တောင်ပိုင်း ပြည်နယ်သား အဖို့ ပြည်တွင်းစစ်သည် မည်သည့် အခါမျှ အဆုံးသတ်မည် မဟုတ်ဟု သဘောပေါက်ခဲ့ပြီ။ အပြင်းထန်ဆုံး တိုက်ပွဲ၊ အရက်စက်ဆုံး ကလဲ့စား ချေမှုသည် ယခုမှ အစပြုသည်ဟု သဘောပေါက်လာခဲ့သည်။ အက်ရှလေသည်လည်း အကျဉ်းထောင် အုတ်တံတိုင်းကြီးများထက် ခိုင်ခံ့သည့် ကတိ သစ္စာ စကားများ၏ အနှောင်အဖွဲ့ထဲတွင် တစ်သက်လုံး မိနေပြီ။

ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း မရ။ အက်ရှလေကိုလည်း မရ။ တစ်နေ့တည်းတွင် ထိုအရာ နှစ်ခုကို စကားလက်

သိရသည်။

ဥခွံမှ

နောက်ဆုံး

အက်ကြောင်းသည်

အရေဖုံးကာ

ပိတ်သွားလေပြီ။

ဥခွံ၏

နောက်ဆုံး

အလွှာသည်

မာကျောသွားခဲ့ပြီ။ အဆိုးဆုံးကို တွေ့ခဲ့ရသည့် မိန်းမ တစ်ယောက်သည် နောင်တွင် ကြောက်စရာ ဘာမျှ ရှိတော့မည် မဟုတ်။ ထို့ကြောင့် မိန်းမ ပီသရန် ကြောက်စရာ တစ်ခုကို မွေးထားရမည်ဟု မေမေကြီး ဖွန်တိန်က ပြောခဲ့ဖူး၏။ ယခုမူ စကားလက် မေမေကြီး ဖွန်တိန်၏ အဆုံးအမနှင့် လုံးဝ ခြားနားသွားပြီ။ အဆိုးဆုံးကို ရင်ဆိုင်ခဲ့ပြီးပြီ။ ကြောက်စရာ ဟူ၍ မရှိတော့။ ဘဝကိုလည်း မကြောက်။ အမေကိုလည်း မကြောက်။ အချစ် လက်လွှတ် ဆုံးရှုံးရသည်ကိုလည်း မကြောက်။ အများက မေးငေါ့ ကြမည်ကိုလည်း မကြောက်။ ငတ်ပြတ်ခြင်းနှင့် ငတ်ပြတ်သည့် အကြောင်းကို မက်သည့် ခြောက်အိပ်မက်မှ အပ အခြား ဘာကိုမျှ မကြောက်တော့။

ယခု ထို အနှောင်အဖွဲ့များမှ လွတ်ကင်းသဖြင့် ရင်ထဲတွင် ပေါ့သွားသည်။ လွတ်လပ် ချောင်ချိသွားသည်။ သူ့ကို

ချည်နှောင်ခဲ့သည့်

အနှောင်အဖွဲ့များကို

ဖြတ်တောက်လိုက်ပြီ။

အသည်း

မာလာခဲ့ပြီ။

မကြောက်မရွံ့

ရဲရဲတင်းတင်း

ဆုံးဖြတ်နိုင်ခဲ့သဖြင့် စကားလက် ဝမ်းသာသည်။ သူ့တွင် ဘာမျှ ဆုံးရှုံးစရာ မရှိတော့။ သူ့ စိတ်ထဲတွင် ပြတ်ပြီ။

သူ့ကို လက်ထပ် ယူအောင် ရက် ဘတ်တလာကို မြှူဖို့သာ ကျန်တော့သည်။ ရက် ဘတ်တလာကို မြှူနိုင်လျှင်

အစစ အရာရာ ပြည့်စုံပြီ။ လက်ထပ်အောင် မြှူ၍ မရလျှင် ရသည့် နည်းဖြင့် မြှူရလိမ့်မည်။ အပျော်မယား ဆိုသည်မှာ မည်သို့ နေမည်နည်းဟု စကားလက် တွေးကြည့်သည်။ ရက် ဘတ်တလာသည် ဘဲလ် ဝက်တလင်း ဆိုသည့် မိန်းမကို အပျော်ထားသည့် နည်းတူ မိမိကိုလည်း အတ္တလန်တာတွင် ထားမည်လော။ အတ္တလန်တာတွင် ထားသည် ဆိုလျှင်မူ ရက် ဘတ်တလာသည် သူ့ကို အပြည့်အစုံ ထောက်ပံ့ရလိမ့်မည်။ မြိုင်သာယာတွင် သူ မရှိသည့် အတွက် နစ်နာရသည့် အတိုင်းအတာကို လိုက်၍ ပေးရလိမ့်မည်။ ယောက်ျားများ၏ အတွင်းရေးကို စကားလက် ကောင်းကောင်း နားမလည်။ ကလေး ရမည်ကိုမူ စကားလက် စိုးရိမ်သည်။

‘ဟင့်အင်း ခု မစဉ်းစားသေးဘူး၊ နောက်ကျမှ စဉ်းစားမယ်’



စကားလက်သည် သူ့ ဆုံးဖြတ်ချက် ပျက်မည် စိုးသဖြင့် ကလေး ရမည့် ကိစ္စကို ဆက်၍ မတွေးတော့ဘဲ စိတ်ထဲမှ

ဖျောက်ပစ်လိုက်၏။ အတ္တလန်တာသို့ သွား၍ ပိုက်ဆံ ချေးမည် ဖြစ်ကြောင်း၊ လိုအပ်လျှင် မြိုင်သာယာကို အပေါင်ထားမည်

33

ဖြစ်ကြောင်း ညကျလျှင် အိမ်သားများကို ပြောပြမည်။ သူတို့ကို ဤမျှလောက်သာ ပြောထားဦးမည်။

သူ့ လုပ်ငန်း စရတော့မည်ဟု တွေးမိသည်နှင့် စကားလက်၏ ခေါင်းသည် မော့လာကာ ခါးမတ်လာ၏။ ပြဿနာက

သေးသေး မဟုတ်။ ယခင်က ရက် ဘတ်တလာက လိုက်သူ၊ သူက ပြေးသူ။ ရက် ဘတ်တလာက အောက်ကျို့သူ၊ သူက မာနတံခွန် ထူသူ။ ယခု သူက သူတောင်းစား။ သူတောင်းစား ဆိုသည်မှာ အရိုး များသော ချေးခါးသော ရွေးမနေနိုင်။

‘ဒါပေမယ့် သူတောင်းစား တစ်ယောက်လို အောက်ကျို့ပြီးတော့ မသွားနိုင်ဘူး၊ ဘုရင်မလို သွားမယ်၊ သူ ဘာသိတာ

မှတ်လို့’ ဟု စကားလက် တွေး၏။

ကိုယ်လုံးပေါ် မှန်ကြီး ရှေ့သို့ လျှောက်လာကာ သူ့ရုပ်ကို သူ ပြန်ကြည့်သည်။ ခေါင်းက မော့ထား၏။ တစ်နှစ် အတွင်း

ဤတစ်ကြိမ်သာ မှန်ကြည့်ဖူးသည့်နှယ် သေသေချာချာ ကြည့်သည်။ စင်စစ် နံနက် အိပ်ရာ ထတိုင်း မျက်နှာ သန့်ရှင်းခြင်း ရှိမရှိ၊ ဆံပင် ဖရိုဖရဲ ဖြစ်ခြင်း ရှိမရှိ ကြည့်မြဲ။ သို့ရာတွင် ကိစ္စဝိစ္စတွေကြောင့် သေသေချာချာ မကြည့်မိ။ ယခုမူ ရွေရည်သုတ် ပေါင်ထဲက မှန်တွင်းမှ သူ့ ရုပ်သွင်သည် သူစိမ်းပြင်ပြင် ဟန်ပေါက်နေ၏။ ပါးရိုး ကျကျနှင့် မိန်းမသည် သူမှ ဟုတ်ပါ၏လော။ စကားလက် အိုဟာရာ ဆိုသည့် မိန်းကလေးက လှလှချောချော။ မျက်နှာက မာနကြီးသည့် မျက်နှာ။ ပြီတီတီ မျက်နှာ။ ယခု မှန်ထဲက မျက်နှာက လှလည်း မလှ။ ချောလည်း မချော။ စွဲမက်စရာ ဆို၍ ဘာမျှ မရှိ။ ဖြူရော် သုန်မှုန်နေသည်။ ခပ်စွေစွေ မျက်လုံး စိမ်းစိမ်းပေါ်က မျက်ခုံး နက်နက်များက ဖြူရော်ရော် အသားပေါ်တွင် လန့်ပျံတော့မည့် ငှက်တောင်များ ပမာ ထင်းထင်းကြီး ပေါ်နေကြ၏။ သူ့ မျက်နှာသည် ပင်ပန်း နွမ်းနယ်ကာ ထိတ်လန့်သည့်ဟန် ပေါ်နေသည်။

‘ဒီရုပ်နှင့်တော့ သူ့ကို မြှူလို့ ရမှာ မဟုတ်တော့ဘူး၊ ပိန်လိုက်တာကလည်း အရိုးချည်းပဲ’ ဟု စကားလက် တွေး၍

စိတ်ပျက်နေသည်။

ပါးကို ပွတသ် ည်။ ငေါငေါကြီး ထွက်နေသည့် ညှပ်ရိုးများကို အလန့်တကြား စမ်းကြည့်မိသည်။ ရင်အမျုံားကလည်း မီလာနီ့

ရင်အုံလို ခပ်သေးသေး။ ကြီးသည်ဟု ထင်ရအောင် အခုအခံတွေ ထည့်ရဦးမည်။ ဤအခုအခံတွေ ဝတ်သည့် မိန်းကလေးမျိုး ဆိုလျှင် ယခင်က စကားလက် အလွန် အထင်သေးသည်။ ယခု သူကိုယ်တိုင် လုပ်ရတော့မည်။ ထိုမှ အဝတ်အစားသို့ စိတ်ရောက် သွားသည်။ သူ့ အဝတ်အစားကို သူ ငုံ့ကြည့်၏။ ဖာထေးသည့် ဖာစကြီးများကို မြင်ရသည်။ ရက် ဘတ်တလာက အဝတ်အစား ကောင်းကောင်း ဝတ်သည့် မိန်းမမျိုး၊ ခေတ်ဆန်ဆန် ဝတ်သည့် မိန်းမမျိုးကို သဘောကျတတ်သည်။ နိဗ္ဗာန် ဈေးတုန်းက ဝတ်သည့် ဝတ်စုံ စိမ်းစိမ်းကလေးကို စကားလက် အမှတ်ရသည်။ ငှက်တောင်စိမ်းတပ် ဦးထုပ်စိမ်းနှင့် အတူ ရက် ဘတ်တလာက လက်ဆောင် ပေးခြင်း ဖြစ်၏။ စကားလက်သည် အင်မီ ဝတ်လာသည့် အင်္ကျီ နီနီ၊ ဖိနပ် နီနီကို မြင်ယောင်ကာ မနာလို ဖြစ်နေသည်။ အဝတ်အစားက တောက်ပလွန်းသည့်တိုင် အသစ်တွေ။ နောက်ဆုံးပေါ် ပုံဆန်းတွေ။ လူ မြင်လျှင် ဂရုတစိုက် ကြည့်ရမည့် အဝတ်အစားမျိုးတွေ။ စကားလက် ဤသို့ အကြည့်ခံချင်သည်။ အထူးသဖြင့် ရက် ဘတ်တာ ကြည့်သည်ကို ခံချင်သည်။ ဤအဝတ်အစား ကပျစ်ကညစ်ဖြင့် မြင်ရလျှင် ရက် ဘတ်တလာသည် မြိုင်သာယာ၏ အခြေအနေကို အကဲခတ်မိမည် မုချ။ သူ အသိခံ၍ မဖြစ်။

လည်ပင်းက ငေါင်းစင်းစင်း၊ မျက်လုံးက ကြောင်ငတ် မျက်လုံး၊ အဝတ်အစားက စုတ်ပြတ်ပြတ်။ ဤပုံစံဖြင့်

အတ္တလန်တာသို့ သွားကာ ရက် ဘတ်တလာကို မြှူ၍ မဖြစ်။ အလှဆုံး၊ အကြော့ဆုံး ဝတ်ကာ အလှကြီး လှနေချိန်ကပင် ရက်

34

ဘတ်တလာကို လူပျို စကား ပြောအောင် မလုပ်နိုင်ခဲ့လျှင် ဤ ပုံစံဖြင့်မူ ဝေလာ ဝေး။ ဒေါ်လေး ပစ်တီ ပြောသည့် အတိုင်းသာ မှန်လျှင် ရက် ဘတ်တလာသည် အတ္တလန်တာတွင် အချမ်းသာဆုံး။ ကောင်းသည် မကောင်းသည် အပထား အချောဆုံး အလှဆုံး မိန်းမကို ရွေးပြီးလောက်ပြီ။ သို့ရာတွင် သူ့၌ အခြား မိန်းမချော မိန်းမလှများတွင် မရှိသည့် အရည်အချင်း တစ်ခု ရှိသည်။ လုပ်ရဲ ကိုင်ရဲခြင်း ဖြစ်သည်။ အဝတ်အစား ကောင်းကောင်းကို ဝတ်လိုက်ရလျှင် ဟန်ကျနိုင်သည်။

မြိုင်သာယာတွင် အဝတ်အစား ကောင်းကောင်း တစ်စုံမျှ မရှိ။ နှစ်ခါ ပြောင်းပြန် လှန်၍ အကြိမ်ကြိမ် အဖန်ဖန်

ဖာထားခြင်း မပြုသည့် အဝတ်အစား ဆို၍ တစ်စုံမျှ မရှိ။

‘အင်းလေ ဘယ်တတ်နိုင်မလဲ’



ကြမ်းပြင်ကို အဓိပ္ပာယ် မရှိ ငုံ့ကြည့်၏။ မေမေ၏ ရေညှိစိမ်း ကတ္တီပါ ကော်ဇောကြီးက စုတ်ပြတ်ကာ အမွေးတွေ

ထွက်နေပြီ။ စစ်သားတွေ အိပ်ခဲ့ကြသဖြင့် စွန်းထင်း ပေရေနေပြီ။ ကော်ဇောစုတ်ကြီးကို မြင်သည်တွင် စကားလက် ပို၍ စိတ်ဓာတ် ကျသွား၏။ မြိုင်သာယာသည်လည်း သူ့လို စုတ်ပြတ်နေပြီ ဖြစ်ကြောင်း သက်သေပြ နေသည်။ မှောင်နေသည့် အခန်းထဲတွင် စိတ်ညစ်နေသည်။ ပြတင်းပေါက်ဆီသို့ သွားကာ ခန်းဆီးကြိုးကို ဆွဲ၏။ တရုတ်ကတ်များကို ဖွင့်သည်။ ဟေမန် ဆည်းဆာ၏ နောက်ဆုံး နေခြည်ကြွင်းများ ဖြာကျလာသည်။ ကတ္တီပါ ခန်းဆီးများကို ဖယ်ကာ ပြတင်းမှ ရပ်၍ လွင်တီးခေါင် စားကျက်နှင့် မိသားစု သုသာန် ရှိရာ တောင်တမာပင် အုပ်ကို လှမ်းကြည့်၏။

ရေညှိစိမ်း ကတ္တီပါ ခန်းဆီးစက သူ့ပါးကို လာထိနေသည်။ ကြောင်တစ်ကောင်လို ခန်းဆီးကို သူ့ပါးဖြင့် ပွတ်နေသည်။

ခန်းဆီးစများကို ရုတ်တရက် ကြည့်သည်။

ခဏ ကြာလျှင် ကျောက်ဖြူသား ခင်းသည့် စားပွဲကြီးကို ဆွဲလာသည်။ စားပွဲ အောက်တွင် တပ်ထားသည့် ဘီးများက

သံချေး တက်သဖြင့် တကျွီကျွီ မြည်နေကြ၏။ စားပွဲကို တွန်း၍ ပြတင်းဝတွင် ကပ်သည်။ စားပွဲပေါ်သို့ တက်ကာ ခန်းဆီး စွပ်ထားသည့် တုတ်တန်းကြီးကို ဖြုတ်သည်။ ကောင်းကောင်း မမီ။ ခုန်၍ လှမ်းဆွဲလိုက်သည့် အခါတွင် ပြုတ်ကျလာကာ ဝါးလုံးတန်းရော၊ ခန်းဆီးစရော ကြမ်းပြင်ပေါ်သို့ လုံးထွေး ကျသွား၏။

တံခါး ပွင့်လာကာ ကြီးဒေါ်၏ မျက်နှာ ပြားပြား မည်းမည်းကြီး မျက်လှည့် ပြလိုက်သလို ပေါ်လာသည်။ သူ့ မျက်နှာက

စူးစမ်းသည့်ဟန်၊ မသင်္ကာသည့်ဟန်။ စားပွဲပေါ်တွင် မတ်တပ် ရပ်နေသည့် စကားလက်ကို ကြည့်နေသည်။ စကားလက် မျက်နှာက အောင်မြင်သည့်ပုံ၊ ကျေနပ်သည့် ပုံကို ပြနေသဖြင့် ပို၍ မသင်္ကာ ဖြစ်လာသည်။

‘မမရဲ့ ခန်းဆီးစတွေကို ဘာဖြစ်လို့ ဖြုတ်တာလဲ၊ ဘာလုပ်မလို့လဲ’



‘ဘာလုပ်မလို့ ထင်သလဲ’



စကားလက်က

ဖော့၍

ကြမ်းပြင်ပေါ်သို့

ခုန်ဆင်းပြီး

ဖုန်တထောင်းထောင်း

ဖြစ်နေသည့်

ခန်းဆီးစကြီးကို

ကောက်သိမ်းနေ၏။

‘ပြတင်းပေါက်မှာ တပ်ထားမှပေါ့’

35



ကြီးဒေါ်၏ တိုက်စစ် လာပြီ။ ‘မမရဲ့ ခန်းဆီးစကြီးကို ဖြုတ်ပစ်လို့ ဘယ်ဖြစ်မလဲ၊ ကြည့်စမ်းပါဦး၊ ကြမ်းပေါ်မှာ

ဖုတ်တွေနှင့် ပေကုန်ပြီ၊ မမက သူ့ ခန်းဆီးစတွေကို သိပ်သဘောကျတာ’

စကားလက်က မျက်လုံး စိန်းစိန်းများဖြင့် ကြီးဒေါ်ကို ကြည့်၏။ မျက်လုံးက ပြောင်ချော်ချော်။ သူ ငယ်ငယ် အပျိုတုန်းက

ကြီးဒေါ်ကို စသည့် မျက်လုံးမျိုး။ ကြီးဒေါ်က သက်ပြင်းချသည်။

‘အောက်ထပ် မြေတိုက်ထဲမှာ စကားလက် အင်္ကျီ ပုံစံ စာအုပ် ရှိတယ်၊ ကြီးဒေါ် သွားယူ ပေးစမ်းပါ’ စကားလက်က

တွန်းပို့သည်။ ‘ဝတ်စုံသစ် တစ်စုံ ချုပ်မလို့’

ပေါင်နှစ်ရာ ရှိသည့် သူ့ ခန္ဓာကိုယ် ဖိုင့်ဖိုင့်ကြီး ကိုမျှ အားမနာ။ နေရာတကာ ခိုင်းသည့် အတွက် ကြီးဒေါ် စိတ်ဆိုးသည်။

ယခု အောက် မြေတိုက်ခန်းထဲ အဆင်း ခိုင်းနေပြန်ပြီ။ ကြီးဒေါ် သံသယ ပိုကြီးလာသည်။ ခန်းဆီးကို သူ့ လက်ထဲမှ ဖျတ်ခနဲ လုယူကာ ရင်တွင် အမြတ်တနိုး ကပ်ပြီး ဝှက်ထား၏။

‘အို ဘယ်ဖြစ်မလဲ၊ မမ ကြိုက်တဲ့ ခန်းဆီးစကို ဝတ်စုံ ချုပ်မလို့တဲ့၊ မလုပ်ပါနှင့်တော်၊ ကျုပ် အသက်ရှင်နေတုန်းတော့

မလုပ်ပါနှင့်၊ လုပ်ချင်ရင်လည်း ကျုပ်သေမှ လုပ်ကြပါ’

စကားလက်က မျက်နှာကြီး စူနေသည်။ ထိုနောက် တဖြည်းဖြည်း ပြုံးလာသည်။ ခါတိုင်း ဆိုလျှင် ကြီးဒေါ်ကို

အလျှော့ပေး စမြဲ။ သို့ရာတွင် ဤတစ်ချီတွင်မူ အလျှော့ မပေးနိုင်။

‘ဒီလောက်လည်း ဖြစ်မနေစမ်းပါနှင့် ကြီးဒေါ်ရယ်၊ စကားလက် အတ္တလန်တာကို သွားပြီး ပိုက်ဆံလေး ဘာလေး

ချေးရမယ်၊ အဝတ်အစား ဝတ်စရာ မရှိဘူး၊ ချုပ်မလို့’

‘အမယ်လေး၊ အဝတ်သစ် အစားသစ် မလိုပါဘူး၊ ဒီခေတ်ကြီးမှာ ဘယ်သူမှလည်း ဝတ်ကောင်း စားလှတွေ

မဝတ်နိုင်ပါဘူး၊ အဟောင်းတွေ အစုတ်တွေ ဝတ်နေကြရတာပါ၊ မမ သမီး ဆိုရင် ဘယ်လို အဝတ် အစားပဲ ဝတ်သွားသွား အထင် မသေးပါဘူး’

စကားလက် မျက်နှာ ပြန်စူသွားသည်။ စကားလက်သည် သူ့ အမေလို မဟုတ်။ အဖေနှင့် တူသည်ဟု ကြီးဒေါ်

တွေးနေ၏။

‘ဒီမှာ ကြီးဒေါ်၊ ဖန်နီ တစ်ယောက် လာမယ့် စနေနေ့မှာ လက်ထပ်တော့မယ်၊ ဒေါ်လေး ပစ်တီဆီက စာလာတာ

ကြီးဒေါ်လည်း သိသားပဲ၊ စကားလက် သွားမှ ကောင်းမှာပေါ့၊ မင်္ဂလာဆောင် သွားရင် ဒီအဝတ်အစားနှင့် သွားလို့ ဘယ်ဖြစ်မလဲ’

‘ခု မလေး ဝတ်နေတဲ့ အဝတ်အစားက သတို့သမီး အဝတ်အစား ထက်တောင် ကောင်းလိမ့်ဦးမယ်’



‘ဒါပေမယ့် ဝတ်စုံ တစ်စုံတော့ ချုပ်ရမယ် ကြီးဒေါ်၊ စကားလက်တို့မှာ ပိုက်ဆံ သိပ်လိုနေတယ်၊ ကြီးဒေါ် ဘာမှ မသိဘူး၊

မြေခွန်တော်လည်း ပေး’

‘မြေခွန်တော် ကိစ္စတွေကို ကြီးဒေါ် သိပါတယ်၊ ဒါပေမယ့်’

36



‘ကြီးဒေါ် သိလို့လား’



‘သိတာပေါ့၊ ဘုရားက နား ပေးထားတာပဲ၊ မကြားဘဲ ရှိပါ့မလား၊ ဝီလီ ပြောတာ ကြားသားပဲ’



ကြီးဒေါ်သည် သူနှင့် ဝီလီတို့ ပြောနေသမျှကို အကုန် ကြားသည်လော။ ကြီးဒေါ်သည် ကိုယ်ခန္ဓာ ကြီးသလောက်

ပေါ့ပါးသည်။ သူ တိတ်တိတ် နားထောင်ချင်သည် ဆိုလျှင် ခြေသံ မကြားအောင် လာပြီး တိတ်တိတ် နားထောင်နိုင်သည်။

‘ဒါဖြင့် ကြီးဒေါ် အကုန်လုံး ကြားတာပေါ့၊ ဂျိုနာနှင့် အင်မီတို့ ပြောတာတွေကော’



‘ကြားတာပေါ့’



‘ဒီလိုဆို ကြီးဒေါ် အကုန် ကြားပြီးပြီပဲ၊ အခွန်တော် ပေးဖို့ ပိုက်ဆံ ချေးရမယ်၊ အတ္တလန်တာကို သွားရမယ်၊

ဒီအဝတ်အစားကြီးနှင့် ဖြစ်မတဲ့လား’ စကားလက်က လက်ဝါးကို လက်သီးဖြင့် ထု၍ ပြောသည်။ ‘ကြီးဒေါ်ပဲ စဉ်းစား ကြည့်ပါဦး၊ စကားလက်တို့ အိမ်ကို လေလံပစ်ရင် စကားလက်တို့ ဘယ်သွား နေရမှာလဲ၊ လမ်းမပေါ်မှာ နေရမှာလား၊ အင်မီတို့က အိမ်ကို ပြောင်းလာတော့မယ်၊ မေမေ အိပ်တဲ့ အိပ်ရာပေါ် တက်လာတော့မယ်၊ ဒါကိုတော့ ကြီးဒေါ် မစဉ်းစားဘူး၊ မေမေ့ ခန်းဆီးကို စကားလက် ဝတ်စုံ ချုပ်ဝတ်တာကိုတော့ ရေးကြီးခွင်ကျယ် လုပ်နေတယ်’

ကြီးဒေါ်က တလှုပ်လှုပ် ဖြစ်နေသည့် ဆင်ကြီး တစ်ကောင်လို ခြေထောက်ကို ရွှေ့၍ ရပ်လိုက်၏။ တဖြည်းဖြည်းနှင့်

စကားလက် သဘောကို လိုက်ရတော့မည်။

‘ဒီကောင်မတွေ ဒီအိမ်ပေါ် တက်လာတာကိုလည်း မကြိုက်ဘူး၊ ကျုပ်တို့လည်း လမ်းမပေါ် ဆင်းမနေနိုင်ဘူး’

ကြီးဒေါ်က စကားလက်ကို သင်္ကာ မကင်းသည့် အကြည့်ဖြင့် ကြည့်သည်။ ‘နေစမ်းပါဦး၊ ဝတ်ကောင်း စားလှနှင့် သွားပြီး ပိုက်ဆံ ချေးရအောင် ပိုက်ဆံ ချေးမယ့်သူက ဘယ်လိုလူမို့တဲ့လဲ’

‘ဒါက ကြီးဒေါ် အလုပ် မဟုတ်ပါဘူး၊ စကားလက် အလုပ်ပါ’ စကားလက် စိတ်တို သွားသည်။ ‘ဒီ ခန်းဆီး စကားလက်ကို

ပေးပါ၊ ပြီးတော့ ဝတ်စုံ ချုပ်ရင် စကားလက်ကို ကူချုပ်ပေးပါ၊ ဒါပဲ’

‘ကောင်းပါပြီတဲ့ တော်၊ ကောင်းပါပြီတဲ့’ ကြီးဒေါ်က လေသံ ပြောင်းသွားကာ ချက်ချင်း လိုက်လျောသဖြင့်

စကားလက်ပင် သင်္ကာ မကင်း ဖြစ်သွားသည်။ ‘ကူချုပ်ပေးပါမယ်တဲ့၊ ခန်းဆီး ဖဲစက ပိုရင်တော့ ကျုပ်တို့လည်း ခါးပြတ် အင်္ကျီ တစ်ထည်လောက်တော့ ချုပ်ရဦးမယ်’

ကြီးဒေါ်က

ခန်းဆီးကို

စကားလက်သို့

ပြန်ပေး၏။

သူ့

မျက်နှာပေါ်တွင်

ကောက်ကျစ်သည့်

အပြုံးတစ်ခု

ယှက်သန်းနေသည်။

‘မလေး မီလာနီကော အတ္တလန်တာကို အတူ လိုက်မှာလား’



‘ဟင့်အင်း မလိုက်ပါဘူး၊ စကားလက် တစ်ယောက်တည်းပါ’



စကားလက်က စကား ခေါ်နေသည်ကို ရိပ်မိသဖြင့် ခပ်ပြတ်ပြတ် ပြော၏။

37



‘ဒီလိုဆို ကြီးဒေါ် လိုက်ရမယ်၊ တစ်ယောက်တည်းတော့ မဖြစ်ဘူး’



စကားလက် အတ္တလန်တာသို့ ရောက်လျှင် ရက် ဘတ်တလာနှင့် တွေ့ရမည်။ ဤ ကပ္ပလီမ ဝဝကြီး နောက်က

တကောက်ကောက် ပါနေလျှင် ဟန်မကျ။ စကားလက်က ပြုံးကာ ကြီးဒေါ်၏ ပခုံးသို့ လက်တင် လိုက်သည်။

‘ကြီးဒေါ်ရယ်၊ စကားလက်ကို စိတ်မချလို့ ကြီးဒေါ် လိုက်လာတာကတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် ဒီမှာ ကြီးဒေါ် မရှိရင်

ဘယ့်နှယ် လုပ်မလဲ၊ မြိုင်သာယာကို ကြီးဒေါ်ပဲ ဦးစီးနေတာ အသိသားနှင့်’

‘အမယ်၊ ခုမှ ချော့ပြီးတော့ ထားမပစ်ခဲ့နှင့်၊ မလေးက ကျုပ် လက်ပေါ် ကြီးလာရတာ၊ ဒါပဲ အတ္တလန်တာ သွားရင်တော့

ကြီးဒေါ် လိုက်ရမှ ဖြစ်မယ်၊ မမ ရှိလို့ ဒီလို တစ်ယောက်တည်း သွားမယ်လို့ ပြောရင် ရင်ကျိုးမယ်’

‘အို၊ ဟိုမှာ ဒေါ်လေး ပစ်တီလည်း ရှိသားပဲ၊ ဘာ စိုးရိမ်စရာ ရှိလို့လဲ’



‘ဒေါ်လေး ပစ်တီကို စကားထဲ ထည့်ပြော မနေပါနှင့်၊ သူ့ကိုယ်သူ နေရာတကာ နှံ့စပ်လှပြီ အောက်မေ့နေတာ၊

တကယ်က ဘာမှ သိတာ မဟုတ်ဘူး’

ကြီးဒေါ်က ဤတွင် နောက်ထပ် ဆွေးနွေးစရာ မရှိတော့ ဟူသော အောင်မြင်သည့် မျက်နှာထားဖြင့် တစ်ဖက်သို့

လှည့်ကာ ခန်းမဆောင်ဘက်သို့ ထွက်သွားသည်။ ပရဇ္ဇီကို လှမ်းပြောနေသည့် အသံသည် တစ်အိမ်လုံးတွင် ဟိန်းသွားသည်။

‘ပရဇ္ဇီရေ၊ မြေတိုက်ထဲမှာ မလေးရဲ့ အပ်ချုပ်သေတ္တာနှင့် အင်္ကျီပုံစံ စာအုပ်တွေ ရှိတယ်ဟေ့၊ အိမ်ပေါ်ကို ယူခဲ့စမ်း၊

ကတ်ကြေးလည်း သွေးစမ်း၊ မြန်မြန်လည်း လုပ်နော်’

‘ငါတော့ ဒုက္ခပဲ၊ ငါ့ နောက်မှာ အမဲလိုက် ခွေးကို ခေါ်လာတာကမှ ကောင်းဦးမယ်’ ဟု စကားလက် စိတ်ပျက် လက်ပျက်

တွေးနေသည်။

ညစာ

စားပြီှးလျှင်

ပန်းကန်

ခွက်ယောက်များကို

သိမ်းသည်။

ထို့နောက်

စကားလက်နှင့်

ကြီးဒေါ်သည်

ထမင်းစားပွဲကြီးပေါ်တွင် ဝတ်စုံ ပုံစံများကို ဖြန့်ကြည့်နေကြ၏။ ဆွီလင်နှင့် ကာရင်းက ခန်းဆီး အနားမှ ဖဲသားများကို ညှပ်နေကြသည်။ မီလာနီက ဝက်မှင်ဘီး တစ်ချောင်းဖြင့် ကတ္တီပါစမှ ဖုန်များကို တိုက်နေသည်။ ဖေဖေ၊ ဝီလီနှင့် အက်ရှလေတို့က အခန်းထဲတွင် ထိုင်၍ အလုပ် ရှုပ်နေကြသည့် မိန်းမ တစ်သိုက်ကို ဆေးလိပ်ဖွာရင်း ကြည့်နေကြသည်။ စကားလက်၏ ပျော်ရွှင်မှုသည် သူတို့ကိုပါ ကူးစက် နေသကဲ့သို့ ထင်ရ၏။ စကားလက်၏ မျက်နှာသည် ပန်းနုသွေး ကြွလျက် ရှိ၏။ မျက်လုံး စိမ်းစိမ်းများက တောက်ပ နေကြသည်။ စကား ပြောသည်ရော ရယ်သည်ရောဖြင့် စကားလက်ကို ကြည့်ရသည်မှာ ပျာယာခတ်နေသည်။ စကားလက် အဘယ်ကြောင့် ဤမျှ ပျာယာခတ်နေသည်ကို မည်သူမျှ နားမလည်ကြ။ စကားလက် ဤသို့ ရယ်မောခြင်း မပြုသည်မှာ ကြာပြီ။ ဖေဖေကမူ ပို၍ ပျော်သည်။ ခန်းဆီးစကြီးကို ဖြန့်၍ အခန်းထဲတွင် လှုပ်ရှားနေသည့် စကားလက်ကို ကြည့်နေသည့် ဖေဖေ့ မျက်လုံးများသည် ခါတိုင်းကဲ့သို့ ကြောင်ငေးငေး မဟုတ်တော့။ သူ့ အနားသို့ ရောက်လာလျှင် ဖေဖေက သဘောကျသဖြင့် စကားလက် ကျောကို လှမ်းပုတ်တတ်သည်။ ကျန် မိန်းကလေး များလည်း ကပွဲတက်ရန် ပြင်နေသည့်နှယ် ပျာယာခတ် နေကြ၏။ အဝတ်ကို ဆုတ်သူဆုတ်။ ကတ်ကြေးဖြင့် ကိုက်သူကိုက်။ အားလုံး အလုပ် များနေကြသည်။

38



စကားလက် အတ္တလန်တာသို့ သွား၍ ပိုက်ဆံ ချေးမည်။ မြိုင်သာယာကို အပေါင် ထားခဲ့မည်။ သို့ရာတွင် မည်သည့်

အပေါင်မျိုးနည်း။ စကားလက်ကမူ နောင်နှစ် ဝါဆွတ်ချိန် ရောက်လျှင် ပြန်ရွေးနိုင်မည်၊ လက်ကျန်လည်း ရှိဦးမည်ဟု တွက်ပြသည်။ ထို့ကြောင့် မည်သူကမျှ အကျယ် အကျယ် မေးခွန်း မထုတ်ကြ။ မည်သူ့ထံက ချေးမည်နည်းဟု မေးသည့် အခါတွင်မူ ‘ကြုံရာလူပေါ့’ ဟု စကားလက်က ပြောသည်။ အားလုံး သဘောကျ၍ ခွက်ထိုးခွက်လှန် ရယ်ကြသည်။ စကားလက်၏ မိတ်ဆွေက သန်းကြွယ် သူဌေးဟု စကြသည်။

‘ဧကန္တ ရက် ဘတ်တလာဆီက ဖြစ်မှာပဲ’ မီလာနီက နောက်သည်။ စကားလက် ရက် ဘတ်တလာကို မည်မျှ မုန်းကြောင်း

အားလုံး သိကြသဖြင့် ရှာရှာဖွေဖွေ နောက်တတ်ရန်ကောဟု ဆိုကာ သဘောကျ၍ ရယ်ကြပြန်သည်။ စကားလက်က ရက် ဘတ်တလာကို ‘ရက် ဘတ်တလာ ဆိုတဲ့ လူယုတ်မာ’ ဟု မကြာခဏ ပြောတတ်သဖြင့် သူတို့ စိတ်ထဲတွင် ရက် ဘတ်တလာ ထံမှ ချေးမည် မဟုတ်ဟု ထင်ကြသည်။

သို့ရာတွင် စကားလက်က မရယ်။ ကြီးဒေါ်က စကားလက်ကို အရိပ် ပြသည့် အနေဖြင့် လှမ်းကြည့်လိုက်သည်ကို

အက်ရှလေ မြင်လိုက်သည်။ ထို့ကြောင့် ရယ်နေရာမှ ရုတ်တရက် ရပ်လိုက်၏။

ဆွီလင်က တပျော်တပါး လုပ်နေကြသည့် အိမ်သားများကို မြင်သဖြင့် စေတနာ ပေါက်လာကာ သူ့ အိုင်းရစ်

ဇာနားကို ထုတ်ပေးသည်။ ဇာနားက စုတ်နေပြီ။ သို့ရာတွင် လှသည်။ ကာရင်းက သူ့ ဖိနပ်ကို စီးသွားရန် ပြောသည်။ သူ့ ဖိနပ်က မြိုင်သာယာတွင် အကောင်းဆုံး မဟုတ်လော။ မီလာနီက စုတ်ပြတ်နေသည့် သူ့ ဦးထုပ်နားကို ပိုးချုပ်ရန် ကတ္တီပါစ အပြတ်ကလေးများကို တောင်းနေ၏။ အိမ်က ကြက်ဖကြီး တောဝင်လျှင်ဝင်၊ မဝင်လျှင် ဦးထုပ်စိုက်ရန် နုတ်သဖြင့် သူ့အမြီး စိမ်းစိမ်းတွေ ကုန်တော့မည်ဟု ဆိုသဖြင့် ပွဲကျသွားကြပြန်သည်။

စကားလက်က အပ်သီနေကြသည့် လက်ချောင်းများကို ကြည့်ရင်း ရယ်သံများကို နားထောင်ရင်း သူတို့ တစ်သိုက်ကို

အထင်သေးဟန် ကြည့်နေသည်။

‘အင်း၊ သူတို့ကတော့ ဘာမှ မသိကြဘူး၊ ငါရော သူတို့ရော တောင်ပိုင်းသားတွေရဲ့ ကံကြမ္မာရော ဘာဖြစ်မယ်

ဆိုတာ နားမလည်ကြဘူး၊ သူတို့ ဘဝကလေးကို သူတို့ လုံခြုံလှပြီ အောက်မေ့ နေကြတယ်၊ အိုဟာရာမျိုး၊ ဝီလ်ကီမျိုး၊ ဟယ်မီတန်မျိုးတွေဟာ

မတိမ်ကော

နိုင်ဘူးလို့

ထင်နေကြတယ်၊

သူတို့

မပြောနှင့်

ကပ္ပလီတွေတောင်

ဒီအတိုင်း

ထင်နေကြတယ်၊ ဘာမှ စဉ်းစားဉာဏ် မရှိကြဘူး၊ နောင်လည်း သူတို့ ဘာမှ သိကြမှာ မဟုတ်ဘူး၊ အရင်တုန်းကလို တွေးပြီး အရင်တုန်းကလိုပဲ နေကြမှာပဲ၊ သူတို့မှာ ဘာမှ မပြောင်းလဲဘူး၊ မီလာနီဟာ အစုတ်အပြတ်လည်း ဝတ်ခဲ့ရပြီ၊ ငတ်လည်း ငတ်ခဲ့ဖူးပြီ၊ လူ တစ်ယောက်ကို သတ်တုန်းက ငါ့ကိုလည်း ကူညီခဲ့ဖူးပြီ၊ ဒါတောင်မှ သူ့မှာ ဘာမှ ပြောင်းလဲခြင်း မရှိဘူး၊ ခုထက်ထိ ရှက်တတ်တုန်း၊ အမျိုးကောင်းသမီး ပီသချင်တုန်း၊ အက်ရှလေကကော၊ သူလည်း စစ်ကို မြင်ခဲ့ဖူးပြီ၊ သေခြင်းတရားကို မြင်ခဲ့ဖူးပြီ၊ ဒဏ်ရာ အနာတရ ဖြစ်ခဲ့ဖူးပြီ၊ ထောင်ထဲလည်း နေခဲ့ဖူးပြီ၊ အိမ်ပြန်လာတော့ အိမ်တောင် ရှာလို့ မတွေ့တော့တဲ့ ဘဝကို ရောက်ခဲ့ပြီ၊ ဒါပေမယ့် သူလည်း မပြောင်းလဲဘူး၊ ဝက်သစ်ချမြိုင်မှာ နေတုန်းကလို လူကြီး လူကောင်း ဆန်တုန်းပဲ၊ ဝီလီကတော့ သူတို့နှင့် မတူဘူး၊ တကယ့် အခြေအနေမှန်ကို နားလည်တယ်၊ ဝီလီမှာ နောက်ထပ် ဘာမှ ဆုံးရှုံးစရာ မရှိတော့ဘူး၊ ဆွီလင်နှင့် ကာရင်းကတော့ ခုဖြစ်နေတာတွေဟာ ခဏတစ်ဖြုတ် အဆင်မသင့်လို့ ဖြစ်နေတာတွေလို့ ထင်ကြပုံ ရရဲ့၊ ပြောင်းလဲနေတဲ့ အခြေအနေနှင့် အညီ မပြောင်းလဲကြဘူး၊ ခဏ ကြာရင် ဒါတွေဟာ ပြီးသွားမှာပဲလို့ သူတို့ ထင်နေကြတယ်၊

39

ဘုရားသခင်က သူတို့ကို တန်ခိုး ပြာဋိဟာပြပြီး ကယ်တင်မယ်လို့ ထင်နေကြတယ်၊ ဒါပေမယ့် ဘုရားသခင်ကကော ဘာများ တတ်နိုင်မှာတဲ့လဲ၊ ဒီမှာ တန်ခိုးပြာဋိဟာ ပြနိုင်သူ ဆိုလို့ ရက် ဘတ်တလာ တစ်ယောက်ပဲ ရှိတယ်၊ ဟုတ်တယ်၊ သူတို့ဟာ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး၊ ပြောင်းလည်း မပြောင်းလဲနိုင်ဘူး၊ ပြောင်းလဲတဲ့ လူ ဆိုလို့ ငါ တစ်ယောက်ပဲ ရှိတယ်’

ကြီးဒေါ်က ယောက်ျားများကို ထမင်းစားခန်း အပြင်သို့ ထွက်ရန် ပြောပြီး တံခါး ပိတ်လိုက်၏။ စကားလက်

ဝတ်စုံကို စမ်းဝတ် ကြည့်ရန် ဖြစ်သည်။ ပေါ့က ဖေဖေ့ကို အပေါ်ထပ် အိပ်ခန်းသို့ တွဲပို့ပေးသည်။ အိမ်ရှေ့ မီးအိမ်မှ အရောင်တွင် အက်ရှလေနှင့် ဝီလီ နှစ်ယောက်သာ ကျန်ရစ်ခဲ့ကြသည်။ နှစ်ယောက်စလုံး တိတ်ဆိတ်နေကြ၏။ ဝီလီသည် စားမြုံ့ပြန်တတ်သည့် သတ္တဝါ တစ်ကောင်လို ဆေးရွက်ကြီးကို ငြိမ်သက်စွာ ဝါးနေသည်။ သို့ရာတွင် သူ့မျက်နှာချိုချိုက ငြိမ်သက်ခြင်း မရှိ။

‘သူ အတ္တလန်တာ သွားတာ ကျွန်တော်တော့ သဘော မကျဘူး၊ နည်းနည်းလေးမှ မသွားစေချင်ဘူး’



ဝီလီက ခပ်ဖြည်းဖြည်း ပြောသည်။



အက်ရှလေက ဝီလီကို ဆတ်ခနဲ ကြည့်ပြီးနောက် အဝေးသို့ ကြည့်နေသည်။ ဘာမျှ မပြော။ ဝီလီသည် သူ့လိုပင်

စကားလက် အတ္တလန်တာ သွားသည့် ကိစ္စကို သံသယ ဖြစ်နေသလော။ သို့ရာတွင် မဖြစ်နိုင်။ ညနေက သစ်သီး ခြံထဲတွင် ပြောခဲ့သည့် စကားများကို ဝီလီ သိပုံ မရ။ စကားလက် တစ်ယောက် မည်မျှ စိုးရိမ် ပူပန်နေသည်ကို သူ မသိနိုင်။ ရက် ဘတ်တလာ၏ အမည်ကို ထုတ်ပြောစဉ် ကြီးဒေါ် မျက်ရိပ် ပြလိုက်သည်ကို ဝီလီ မမြင်လိုက်။ ထိုမျှမက ရက် ဘတ်တလာ ပိုက်ဆံ မည်မျှ ချမ်းသာကြောင်း၊ နာမည်ပျက် မည်မျှ ရှိကြောင်းကိုလည်း ဝီလီ သိဟန် မတူ။ ဤအခြေအနေ အားလုံးကို ဝီလီ သိသည်ဟု အက်ရှလေ မထင်မိ။ သို့ရာတွင် ဝီလီနှင့် ကြီးဒေါ်သည် အချို့ ကိစ္စများကို မပြောဘဲနှင့် သိနေတတ်ကြသည်။ မဖြစ်ခင်က ကြိုသိ နေတတ်ကြသည်။ စကားလက် အတ္တလန်တာသို့ သွားသည့် အတွက် အက်ရှလေ ရင်ထဲတွင် ထင့်နေသည်။ သို့ရာတွင် အကြောင်းရှာ မရ။ မသွားအောင် စကားလက်ကိုလည်း တားနိုင်စွမ်း မရှိ။ ထိုနေ့ ညနေပိုင်း၌ စကားလက်သည် သူနှင့် မျက်လုံးချင်း တစ်ခါမျှ မဆိုင်တော့။ သူ မြူးနေပုံကို ကြည့်၍ အက်ရှလေ စိုးရိမ်နေသည်။ သူ့ သံသယကို သူ ထုတ်၍ပင် မပြောရဲ။ သူ ပြောသည့် အတိုင်း ငွေကိစ္စ သက်သက်ဖြင့် သွားသည်လော ဟူ၍လည်း မေးခွင့် မရှိ။ မေးလျှင် စကားလက်ကို စော်ကားရာ ရောက်မည်။

အက်ရှလေ လက်သီး နှစ်ဖက်ကို ဆုပ်မိသည်။ စကားလက် ကိစ္စကို သူ ဘာမျှ ဝင်ရောက် စွက်ဖက်ခွင့် မရှိ။

စကားလက်နှင့် ပတ်သက်သည့် ကိစ္စ အဝဝတွင် သူ ပါဝင်ခွင့်ကို ယနေ့ ညနေကတွင်ပင် စွန့်လွှတ်လိုက်ပြီ။ စကားလက်ကို သူ မကူညီနိုင်။ မည်သူကမျှလည်း မကူညီနိုင်။ သို့ရာတွင် ကြီးဒေါ် မျက်နှာကို ကြည့်လိုက်၍ တင်းမာသော မျက်နှာထားဖြင့် ကတ္တီပါစများကို ကိုက်နေသည်ကို မြင်သည့် အခါ၌ အက်ရှလေ အားရှိသွားသည်။ စကားလက် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ကြီးဒေါ်ကမူ နေမည် မဟုတ်။ စောင့်ရှောက် သွားလိမ့်မည်။

‘အင်း၊ ငါ့ကြောင့် ဒီလို ဖြစ်ရတာ၊ ငါ့ကြောင့်’



အက်ရှလေ စိတ်ပျက် လက်ပျက်ဖြင့် တွေးနေသည်။

40



ညနေ သစ်သီးခြံမှ အထွက်တွင် ရင်ကို ကော့၍ လျှောက်သွားသော စကားလက်၏ သဏ္ဌာန်ကို အက်ရှလေ

မြင်ယောင်နေသည်။ သူ့ ခေါင်းက မော့ထားသည်။ အက်ရှလေ စကားလက်ကို သနားသည်။ မြတ်နိုးသည်။ စကားလက်၏ အဘိဓာန်တွင် အများ အတွက် သတ္တိ ကောင်းကောင်းဖြင့် ကိုယ်ကျိုး စွန့်ခြင်း ဟူသည့် ဝေါဟာရ မရှိ။ အများ အတွက် သတ္တိ ကောင်းကောင်းဖြင့် အနစ်နာ ခံသည်ဟု သူ့ကို သွားချီးမွမ်းလျှင် စကားလက်သည် မျက်လုံး အကြောင်သားဖြင့် ငေးကြည့်လိမ့်မည်။ သတ္တိ ကောင်းသည်ဟု အက်ရှလေ ထင်သော အရာများကို စကားလက်ကို သွားပြောလျှင် နားလည်မည် မဟုတ်။ စကားလက်သည် ဘဝကို ဒေါင်လိုက် ကျကျ၊ ပြားလိုက် ကျကျ ရဲရဲ ရင်ဆိုင်သည်။ တွေ့သမျှ အခက်အခဲကို စိတ် ခိုင်ခိုင်ဖြင့် ရင်ဆိုင်တွေ့သည်။ အရှုံး မပေးဘဲ ပိုင်းဖြတ်မှု ရှိရှိဖြင့် ရုန်းကန်သည်။ အရှုံးကို မြင်သည့်တိုင် အလျှော့ မပေးဘဲ ဇွဲဖြင့် ကြိုးစားသည်။

သို့ရာတွင် လွန်ခဲ့သည့် လေးနှစ်လုံးလုံး အရှုံးကို လက်မခံခဲ့သူများကို မြင်ခဲ့ဖူးပြီ မဟုတ်လော။ အရှုံးကို ဇွတ်ဝင်တိုးကာ

အသေ ခံသွားသည့် လူများကို မြင်ခဲ့ဖူးပြီ မဟုတ်လော။ သို့ရာတွင် အရှုံးသည် အရှုံးမျှသာ မဟုတ်လော။

မှောင်ရီရီ အခန်းထဲတွင် ဝီလီကို ကြည့်ရင်း အက်ရှလေ တွေးနေမိသည်။ စကားလက်၏ သတ္တိ အချို့ကို သူ

မမြင်ခဲ့ဖူးသေး။ အမေ၏ ခန်းဆီးစကို ဝတ်စုံ ချုပ်ကာ ကြက်ခြံက ကြက်ဖကြီး၏ ကြက်တောင်ကို ဦးထိပ်တွင် စိုက်၍ ကမ္ဘာကြီးကို အောင်နိုင်ရန် ထွက်သွားသည့် စကားလက်၏ သတ္တိမျိုးကို သူ တစ်ခါမျှ မမြင်ဖူးသေး။

41

၃၃



နောက်တစ်နေ့ ညနေတွင် စကားလက်နှင့် ကြီးဒေါ်တို့ အတ္တလန်တာသို့ ရောက်ကြသည်။ သူတို့နှစ်ယောက် ရထားပေါ်မှ

ဆင်းချိန်တွင် လေအေးက တစိမ့်စိမ့် တိုက်နေသည်။ ကောင်းကင်တွင် သင်ပုန်းကျောက်ရောင် တိမ်တိုက်တို့ ဖုံးထား၏။ မြို့ကို မီးလောင်ပြီးကတည်းက ဘူတာရုံကို ပြန်မဆောက်ရသေး။ ပြာပုံတွေ၊ ရွှံ့ဗွက်တွေ ကြားထဲမှ ဖြတ်လျှောက်လာခဲ့ကြသည်။ အကျင့်ပါနေသည့် စကားလက်၏ မျက်လုံးများသည် ဦးလေးပီတာနှင့် ဒေါ်လေးပစ်တီ၏ ရထားကိုလိုက်ရှာနေသည်။ ပြည်တွင်းစစ်ကာလ တစ်လျှောက်လုံး မြိုင်သာယာမှ အတ္တလန်တာသို့ လာတိုင်း ကြိုနေကျမဟုတ်လော။ ခဏကြာမှ သတိမေ့သွားသည့် သူ့အဖြစ်ကို သူ စကားလက် တွေးမိကာ နှာခေါင်းရှုံ့၏။ ဘူတာရုံတွင် ဦးလေးပီတာကို တွေ့မည်မဟုတ်။ သူ လာမည်ဟု ဒေါ်လေးပစ်တီကို ကြို၍ အကြောင်းကြားထားခြင်း မရှိ။ ဦးလေးပီတာ၏ အချစ်တော် မြင်းမကြီး သေသွားကြောင်း ဒေါ်လေးပစ်တီက ဝမ်းပန်းတနည်း ရေးလိုက်သည့်စာကိုလည်း စကားလက် ပြန်အမှတ်ရသည်။

စကားလက်က ဘူတာရုံတစ်ဝိုက်က လှည်းဘီးရာနက်နက်တွေ ရှုပ်ပွေနေသည့် ကွက်လပ်ကို လှမ်းကြည့်သည်။

အသိ မိတ်ဆွေ တစ်ယောက်ယောက်၏ ရထား တစ်စီးတလေကို တွေ့ရလို တွေ့ရငြား ဆိုသည့်အနေဖြင့် ကြည့်ခြင်းဖြစ်သည်။ အသိ မိတ်ဆွေ ရထားတွေ့လျှင် ရထားကြုံ စီးရမည်။ သို့ရာတွင် စကားလက် သိသူဟူ၍ တစ်ယောက်မျှ မရှိ။ ဒေါ်လေးပစ်တီ ရေးသည့်အတိုင်း မှန်လျှင် သူ့မိတ်ဆွေဟောင်းများထဲတွင် ရထားစီးနိုင်သူ တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ ခေတ်က ခေတ်ကျပ်ကြီး။ တိရစ္ဆာန် ကျွေးဖို့ မပြောနှင့်။ အိမ်တွင် လူပိုပင် ကျွေးမထားနိုင်။ ကျွေးစရာ မရှိ။ စားစရာလည်း မရှိ။ ဒေါ်လေး ပစ်တီ၏ မိတ်ဆွေများသည် သူ့လိုပင် ခြေကျင် လျှောက်နေကြရသည်။

ကုန်တွဲများ အနီးတွင် လှမ်းအချို့ ပစ္စည်းတင်နေကြသည်။ ရုပ် ခပ်ကြမ်းကြမ်း လူစိမ်းများသည် ရွှံ့စက်တွေ

ပေကျံနေသည့်

ဘာဂီများကို

မောင်းသွားကြ၏။

ရထားဆို၍

နှစ်စီးသာ

တွေ့ရသည်။

ရထားတစ်စီးက

အလုံပိတ်

ရထားလုံးတစ်စီး ဖြစ်သည်။ အခြားတစ်စီးက အမိုးဖွင့်ရထား တစ်စီးဖြစ်၍ ဝတ်ကောင်းစားလှဖြင့် အမျိုးသမီး တစ်ယောက်နှင့် ယန်ကီတစ်ယောက် တွဲ၍ စီးသွားကြသည်။ ယန်ကီ စစ်ဝတ်စုံကို မြင်လိုက်သဖြင့် စကားလက် သက်ပြင်းချမိသည်။ အတ္တလန်တာတွင် ယန်ကီ စစ်တပ်များ တပ်စွဲထားသဖြင့် တစ်မြို့လုံးတွင် ယန်ကီစစ်သားများ တင်းကျမ်းပြည့်နေကြောင်း ဒေါ်လေးပစ်တီ၏ စာထဲတွင် ပါပြီးဖြစ်သည့်တိုင် ယန်ကီ စစ်ဝတ်စုံကို မြင်လိုက်ရသည့် အခါတွင်မူ စကားလက် လန့်သွားသည်။ ပြည်တွင်းစစ် ပြီးပြီဟု ထင်စရာ မရှိ။ ဤစစ်ဗိုလ်သည် သူ့ကို လိုက်ခြင်း၊ လုခြင်း၊ စော်ကားခြင်း မပြုဟု ထင်စရာ မရှိ။

ဘူတာရုံ တစ်ဝိုက်တွင် အသွားအလာ ခပ်ကျဲကျဲ။ မုဆိုးမ အသစ်ကျပ်ချွတ်ကလေး အဖြစ် အတ္တလန်တာသို့

ပထမဆုံး ရောက်လာသည့် ၁၈၆၂ ခုနှစ်ကို သွား၍ သတိရသည်။ ထိုစဉ်က ဘူတာရုံတစ်ဝိုက်တွင် လှည်းတွေ၊ ရထားတွေ၊ လူနာတွင်လှည်းတွေ ပြည့်ကျပ်လျက်။ ရထားသမားများ၏ ဆဲဆိုသံ၊ ငေါက်ငမ်းသံ၊ မိတ်ဆွေများ၏ အပြန်အလှန် နှုတ်ဆက်သံတို့ ဆူညံလျက်။ ပေါ့ပေါ့တန်တန် နေခဲ့ကြရသည့် ပြည်တွင်းစစ်ကာလကို အမှတ်ရကာ စကားလက် သက်ပြင်းချသည်။ ဒေါ်လေး ပစ်တီ၏ အိမ်အထိ ခြေကျင် လျှောက်ရမည်ကို တွေးရင်း နောက်တစ်ကြိမ် သက်ပြင်း ချမိပြန်သည်။ သို့ရာတွင် မက်မုံပင် လမ်းမကြီးပေါ်သို့ ရောက်လျှင်မူ သူ့ကို ရထားကြုံတင်ခေါ်မည့် အသိမိတ်ဆွေ တစ်ဦးဦး တွေ့တန်ကောင်းသည်ဟု စကားလက်

42

မျှော်လင့်သည်။

စကားလက် ရပ်ကြည့်နေစဉ် လူလတ်ပိုင်း အရွယ် ကပ္ပလီတစ်ယောက်မောင်းသည့် ရထားလုံး တစ်စီး သူတို့ဘက်ဆီသို့

ရောက်လာသည်။ ရထားအမိုးပေါ်မှ ငုံ့၍ကြည့်ကာ ‘ရထား ယူမလား မလေး၊ သွားချင်တဲ့နေရာ အရောက် ပို့ပေးမယ်၊ နှစ်ကျပ်တည်းပါ’ ဟု လှမ်းမေး၏။

ကြီးဒေါ်က မျက်စောင်းကြီး တစ်ချက် ထိုးသည်။



‘အငှား ရထား စီးတဲ့ဟာမျိုး မဟုတ်ဘူး’



ကြီးဒေါ်က ကျေးလက်တွင် မွေး၍ ကျေးလက်တွင် ကြီးလာသည့် ကပ္ပလီဖြစ်၏။ သို့ရာတွင် အငှားရထားကို

မိန်းမကောင်းတို့ စီးလေ့မရှိ။ အထူးသဖြင့် အလုံ ပိတ်ထားသည့် ရထားလုံးမျိုးကို မိသားစုထဲက ယောက်ျားတစ်ဦးဦးမပါဘဲ စီးလေ့မရှိကြ။ ဤမျှလောက်ကိုမူ ကြီးဒေါ်သိသည်။ ကပ္ပလီ အိမ်ဖော်အမျိုးသမီးတစ်ဦး ပါသည့်တိုင် ဤရထားမျိုးကို မစီးသင့်။ ရှေးအစဉ်အလာနှင့် မကိုက်ဟု ကြီးဒေါ် ယူဆသည်။ ကြီးဒေါ်က ရထားလုံးကို ငေးကြည့်နေသည့် စကားလက်ကို တစ်ချက် လှမ်းကြည့်၏။

‘လာလေ မလေး၊ ဘာငေးနေတာလဲ၊ ရထားက အငှား ရထား၊ ရထားသမားကလည်း ကျွန်ကပ္ပလီ မဟုတ်ဘူး၊

ကောင်းပါ့ ကောင်းပါ့’

‘ကပ္ပလီကျွန်ပါပဲ၊ ကျုပ်က မစ္စတဲလ်ဘော့ အိမ်ကပါ၊ ဒီရထားကလည်း သူ့ရထား၊ ဘေးပေါက်ကလေး ရအောင်

ဝင်ဆွဲတာ’

ကပ္ပလီက စိတ်ဆိုးဆိုးဖြင့် ပြော၏။



‘ဘယ်က မစ္စတဲလ်ဘော့လဲ’



‘မီလီဂီဗီးလ်က မစ္စ ဆူဇာန တဲလ်ဘော့၊ ခုမှ အတ္တလန်တာကို ပြောင်းလာတာ’



‘မလေး သိလားဟင်’



‘ဟင့်အင်း၊ မီလီဂီဗီးလ်မှာ စကားလက် အသိ သိပ်မရှိဘူး’



‘လာ ဒါဖြင့် ခြေကျင်သွားစို့၊ ရထား မယူဘူးဟေ့’



ကြီးဒေါ်က ကော်ဇောအိတ်ကို ကောက်ဆွဲသည်။ စကားလက်၏ ကတ္တီပါ ဝတ်စုံသစ်၊ ဦးထုပ်နှင့် ညဝတ်အင်္ကျီ

ထည့်ထား၏။ သူ့ အဝတ်အစားကလေးတွေ ထည့်ထားသည့် အပြာ အဖြူပြောက် ပဝါကြီးဖြင့် ထုပ်ထားသည့် အထုပ်ကိုလည်း ချိုင်းကြားတွင် ညှပ်လိုက်သည်။ ဗွက်ထနေသည့် ပြာပုံ ကြားထဲက ဖြတ်၍ စကားလက်ကို ခေါ်လာခဲ့၏။ စကားလက်က ရထားစီးချင်သော်လည်း ကြီးဒေါ်ကို ဘာမျှ မပြောတော့။ ယခုအချိန်တွင် ကြီးဒေါ်နှင့် အငြင်းအခုံ မဖြစ်ချင်။ မနေ့ညနေက ကတ္တီပါ ခန်းဆီးကို သူ ဖြုတ်ယူနေစဉ် တွေ့သွားပြီးသည့်နောက်မှ စ၍ ကြီးဒေါ်၏ မျက်လုံးများသည် မသင်္ကာသည့်

43

အကြည့်ဖြင့် စကားလက်ကို စောင့်ကြည့်နေကြသည်။ ကြီးဒေါ်၏ အုပ်ထိန်းမှုအောက်မှ လစ်ထွက်ဖို့ မလွယ်။ ဘာမဟုတ်သည့် ကိစ္စကလေးနှင့် ပတ်သက်၍ ကြီးဒေါ်နှင့် အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်ချင်။

နှစ်ယောက်သား လမ်းကျဉ်းကျဉ်းကလေးအတိုင်း မက်မုံပင် လမ်းမဆီသို့ လျှောက်လာခဲ့ကြ၏။ အပျက်အစီးပုံကြီး

ဖြစ်နေသည့် အတ္တလန်တာကို ကြည့်၍ စကားလက် စိတ်မကောင်း။ ရက် ဘတ်တလာနှင့် ဦးလေးဟင်နရီတို့ နေခဲ့ဖူးသည့် အတ္တလန်တာ ဟိုတယ်နေရာကို ဖြတ်ခဲ့ကြသည်။ အဆောက်အဦးကြီး မရှိတော့။ မီးကျွမ်းနေသည့် နံရံများသာ ကျန်တော့သည်။ ယခင်က စစ်ရိက္ခာများ ထားသည့် မိုင်တစ်စိတ်ခန့် ရှည်သော ဂိုဒေါင် တန်းလျားများကိုလည်း ပြန်မဆောက်ရသေး။ အုတ်ခုံကြီးတွေသာ ကျန်သည်။ လမ်းဘေးတွင် ဂိုဒေါင်မရှိ။ ရထား စက်ခေါင်းရုံတို့ မရှိသည့်အတွက် ရထားလမ်းသည် ဟာလာဟင်းလင်းကြီး ဖြစ်နေ၏။ အပျက်အစီးပုံများ ကြားတွင် တစ်ပိုင်းတစ်စ ကျန်နေသည့် သူပိုင် ကုန်လှောင်ရုံကိုလည်း စကားလက် မြင်လိုက်ရသည်။ ချားလ်လက်ထက်က ကျန်ခဲ့သည့် ကုန်လှောင်ရုံ။ ဤကုန်လှောင်ရုံအတွက် မြေခွန်များကို ဦးလေးဟင်နရီက စိုက်ပေးထားခဲ့သည်။ ဦးလေးဟင်နရီ ကြွေးကိုလည်း ပြန်ဆပ်ရဦးမည်။ ဤကိစ္စကိုလည်း ခေါင်းထဲတွင် ထည့်ထားရပြန်သည်။

မက်မုံပင် လမ်းမပေါ်သို့ ချိုးကွေ့လိုက်ကြသည်။ ငါးမြှောင့်ဆိုင် လမ်းဘက်သို့ လှမ်းအကြည့်လိုက်တွင် စကားလက်

အလန့်တကြား အော်လိုက်မိသည်။ အတ္တလန်တာ တစ်မြို့လုံး ပြာပုံဖြစ်နေပြီဟု ဖရင့်ထံမှ ကြားခဲ့ဖူးသည့်တိုင် ဤမျှလောက် ပျက်စီးလိမ့်မည်ဟု စကားလက် မထင်ခဲ့။ ကျန်သရွေ့ အဆောက်အဦးများကမူ ကျန်ကြဦးမည်ဟု ထင်ခဲ့သည်။ သို့ရာတွင် သူ မြင်ရသည့် မက်မုံပင် လမ်းကမူ လုံးဝ မှတ်မိနိုင်စရာ မရှိတော့။ ပြည်တွင်းစစ် ကာလတုန်းက ဤလမ်းမ တစ်လျှောက်တွင် အကြိမ်ပေါင်း မရေတွက်နိုင်အောင် ခေါက်တုံ့ ခေါက်ပြန် ရထားဖြင့် ဖြတ်ခဲ့ဖူးသည်။ မြို့ကို ဝိုင်းထားစဉ်က ခြေလှမ်းစိပ်စိပ်များဖြင့် ဤလမ်းအတိုင်း ထွက်ပြေးခဲ့ရဖူးသည်။ ပြည်နယ်တပ်များ ဆုတ်စဉ်က ဤလမ်းမကြီးကို ဒရောသောပါး ပြေးရင်း လွှားရင်း သူ မြင်ခဲ့ဖူးသည်။ ထိုလမ်းမကြီးသည် ယခု လုံးဝ အသွင်ပြောင်းနေပြီ။ စကားလက် ငိုချင်လာသည်။

ယန်ကီ ဗိုလ်ချုပ် ရှားမင်းက မီးရှို့ထွက်သွားပြီးနောက် တစ်နှစ်အတွင်း အဆောက်အဦးသစ်တွေ ပြန်ပေါ်လာခဲ့သည့်တိုင်

ငါးမြှောင့်ဆိုင်

လမ်းတစ်ဝိုက်တွင်

ကွက်လပ်ကြီး

ကျနေသေးသည်။

မီးကျွမ်းနေသည့်

အုတ်ခဲအကျိုးအပဲ့များ၊

မီးလောင်ထားသည့် ပေါင်းတောများ၊ ခြံစည်းရိုးများ၊ သစ်သားများဖြင့် ပြည့်နေ၏။ စကားလက် မှတ်မိသည့် အဆောက်အဦး အချို့ကျန်သေးသော်လည်း အမိုး မရှိကြတော့။ နံရံဟာလာဟင်းလင်းတွင် နေရောင်က ဖြာကျနေသည်။ မှန်မရှိတော့သည့် ပြတင်းပေါက်ကြီးတွေက ပါးစပ်ကြီးကို ဖြဲဟထားသည့်နှယ်။ မီးခိုးခေါင်းတိုင်ကြီးတွေက ထိုးထိုးထောင်ထောင်။ မီးမလောင်ဘဲ ကျန်နေခဲ့သည်။ အချို့ကို ပြင်ပြီးသား တွေ့ရ၏။ အုတ်ခဲအသစ်များ၏ နီနီရဲရဲအရောင်သည် နံရံဟောင်းများကြားတွင် စူးစူးရဲရဲ တောက်နေ၏။ စတိုးဆိုင်ရှေ့ မျက်နှာစာများ၊ ပြတင်းတံခါးများတွင် သူ သိသည် ဆိုင်အမည်များကိုလည်း တွေ့ရသည်။ သို့ရာတွင် အများအားဖြင့် သူ မသိသည့် သူစိမ်းနာမည်များ ဖြစ်ကြသည်။ အထူးသဖြင့် ဆရာဝန်ဆိုင်းဘုတ်များ၊ ရှေ့နေဆိုင်းဘုတ်များ၊ ဝါပွဲစား၊ ဝါကုန်သည်တို့၏ ဆိုင်းဘုတ်များ ဖြစ်သည်။ တစ်ခါကမူ အတ္တလန်တာတွင် စကားလက် မသိသူဟူ၍ မရှိသလောက် ရှားသည်။ ယခု သူစိမ်းနာမည်တွေ၊ သူစိမ်းမျက်နှာတွေချည်း။ စကားလက် စိတ်ဓာတ်ကျလာသည်။ သို့ရာတွင် အဆောက်အဦးသစ်တွေကို မားမားမတ်မတ် တွေ့ရသဖြင့် စကားလက် အားတက်လာပြန်သည်။

အဆောက်အဦးသစ်တွေက

မနည်း။

အများအားဖြင့်

သုံးထပ်တိုက်တွေ

ဖြစ်ကြသည်။

နေရာတကာတွင်

44

အဆောက်အဦးတွေ ပြန်ဆောက်နေကြသည်။ တူထုသံ၊ လွှတိုက်သံတွေကို ကြားရသည်။ ငြမ်းစင်များကို မြင်ရသည်။ အလုပ်သမားများက အုတ်ခဲတွေကို သယ်ကာ လှေကားဖြင့် ငြမ်းစင်များပေါ်သို့ တက်နေကြသည်။ လမ်းမကြီးတစ်လျှောက်ကို မျှော်ကြည့်ရင်း သူ့မျက်လုံးတွင် မျက်ရည်တွေ ဝဲလာသည်။

‘ဪ

အတ္တလန်တာရယ်၊

အရှုံးပေးအောင်တော့

မင်းကို

သူတို့မတတ်နိုင်ပါဘူး၊

မီးရှို့ခဲ့ကြပြီ၊ မင်းကို

မင်းကို

ပြာပုံဖြစ်အောင်

အရှုံးပေးအောင်

လုပ်ခဲ့ကြပြီ၊

မလုပ်နိုင်ပါဘူး၊

မကြာခင်

ဒါပေမယ့်

မင်းကို

အရင်တုန်းကလို

ပြန်စည်ကားပြီး အရင်တုန်းကလို လူနေ အိမ်ခြေတွေ ပြည့်လာမှာပါ’

စင်္ကြံတွင် စကားလက်က ရှေ့မှသွား၍ ကြီးဒေါ်က နောက်မှ ကွတကွတဖြင့် လိုက်လာသည်။ စင်္ကြံလမ်းသည်

ယခင်ကကဲ့သို့ပင် လူတွေ ပြည့်ကျပ်နေသည်။ ဖျတ်လတ် ရှင်သန်နေသည့် မြို့ကြီးတွင် ခါတိုင်းကဲ့သို့ သွားကြ လာကြ ရောင်းကြ ဝယ်ကြဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ သူ ပထမဆုံး ရောက်စဉ်ကကဲ့သို့ပင် ပျော်စရာကောင်းနေသည်။ ယခင်တုန်းကကဲ့သို့ပင် လှည်းတွေ၊ ရထားတွေ၊ ရွှံ့ဗွက်တွေထဲတွင် တစွက်စွက် မောင်းနေကြသည်။ ပြည်နယ်စစ်တပ် လူနာတင်လှည်းများ မရှိတော့ခြင်း၊ စတိုးဆိုင်များ ရှေ့က ချည်တိုင်များတွင် မြင်းများ၊ လားများ လံမထားတော့ခြင်း စသည်တို့သာ ခြားနားသည်။ စင်္ကြံလမ်းပေါ်တွင် လူတွေ ဥဒဟို သွားလာနေကြသော်လည်း အားလုံး မျက်နှာစိမ်းတွေ။ ဆိုင်းဘုတ်က နာမည်တွေက နာမည်သစ်ဖြစ်နေသလို လူတွေကလည်း မျက်နှာအသစ်တွေ။ ရုပ်ခပ်ကြမ်းကြမ်း ယောက်ျားတွေ။ တောက်တောက်ပပ ဝတ်ထားသည့် မိန်းမတွေ။ လမ်းတစ်လျှောက်တွင် ကပ္ပလီတွေ သွားလာလျက်။ တချို့က နံရံကိုမှီ၍ ရပ်လျက်။ တချို့က လမ်းထောင့်တွင် ထိုင်ကာ လမ်းပေါ်မှ ယာဉ် ရထားများကို ငေးကြည့်လျက်။ ဆပ်ကပ်ပွဲတစ်ခုကို ကြည့်နေကြသည့်နှယ်။

‘ဟင်း၊ တစ်မြို့လုံးလည်း ဘေးမဲ့ ကပ္ပလီတွေချည်းပဲ’ ကြီးဒေါ်က နှာခေါင်းရှုံ့သည်။ ‘ကိုယ်ပိုင်ရထားဆိုလို့ တစ်စီးမှ

မတွေ့သေးဘူး၊ ရုပ်တွေကိုက ဆောင့်ကြွားကြွားနှင့်’

ဟုတ်သည်။ သူတို့ဟန်တွေက ဆောင့်ကြွားကြွား။ စကားလက်ကို ပမာမထားသည့် ဟန်ဖြင့် ကြည့်ကြသည်။

သို့ရာတွင် ဝတ်စုံပြာ ဝတ်ထားသည့် ယန်ကီစစ်သားတွေကို မြင်လိုက်ရသဖြင့် ကပ္ပလီတွေအကြောင်း ပျောက်သွားသည်။ တစ်မြို့လုံး ယန်ကီစစ်သားတွေချည်း။ တချို့က မြင်းစီးလျက်။ တချို့က ခြေကျင်။ တချို့က စစ်ရထားများဖြင့်။ တချို့က လမ်းလျှောက်နေကြသည်။ အရက်ဆိုင်များထဲမှ ယိုင်ထိုး၍ ထွက်လာကြသည်။

စကားလက် လက်သီးဆုပ်သည်။ ဤစစ်သားများကို သူ မမြင်ချင်။



‘မြန်မြန်လာစမ်းပါ ကြီးဒေါ်ကလည်း၊ စကားလက် ဒီကောင်တွေကို မကြည့်ချင်ဘူး’



စကားလက်က သမင်လည်ပြန် လှည့်၍ ပြောသည်။



‘ကြီးဒေါ်လည်း

ဒီဘေးမဲ့

ကပ္ပလီတွေကို

ကန်ပစ်ချင်တယ်’

ကြီးဒေါ်က

အော်ကျယ်ဟစ်ကျယ်ပြောကာ

ကော်ဇောအိတ်ကြီးကို ယမ်းလိုက်သဖြင့် သူ့ရှေ့က ကပ္ပလီတစ်ယောက် မနည်း ရှောင်လိုက်ရသည်။ ‘ဒီမြို့ကို ကြီးဒေါ် မကြိုက်ပေါင်၊ ယန်ကီတွေ ဘေးမဲ့ ကပ္ပလီတွေ ဒီလောက် သွားနေတာ ဘယ်နေလို့ကောင်းတော့မလဲ’

45



‘မြို့လယ်ကောင်မို့လို့ပါ၊ ငါးမြှောင့်ဆိုင် လွန်ရင် ဒီလောက် မရှုပ်တော့ပါဘူး’



ဒီကက်တောလမ်းကို

ခင်းထားသည့်

ချော်ကျိကျိ

ကျောက်တုံးတွေကို

ဖြတ်ကာ

မက်မုံပင်လမ်းအတိုင်း

ဆက်လျှောက်လာခဲ့ကြ၏။ တဖြည်းဖြည်း လူပါးလာပြီ။ ဝယ်စလေ သုဓမ္မာ ဇရပ်ရှေ့သို့ ရောက်လာခဲ့ကြသည်။ ၁၈၆၄ ခု မီလာနီ သားလေးကို မျက်နှာမြင်မည်ပြု၍ ဒေါက်တာမိကို သွားခေါ်စဉ် ဤသုဓမ္မာဇရပ်ရှေ့တွင် နားခဲ့ရသည်ကို အမှတ်ရသည်။ စကားလက် ထိုနေရာလေးကို ကြည့်၍ စိတ်မသက်မသာဖြင့် ရယ်သည်။ ကြီးဒေါ်က သင်္ကာမကင်းသည့် မျက်လုံးဖြင့် ကြည့်၍ မေးသည်။ စကားလက်၏ အဖြေကို ကျေနပ်ပုံမရ။ ထိုနေ့က အကြောက်ကြောက် အလန့်လန့် ဖြစ်ခဲ့ရသည်ကို စကားလက် ပြန် အမှတ်ရ၏။ ယန်ကီတို့ကိုလည်း တစ်ဖက်က ကြောက်ရ၊ မီလာနီအတွက်လည်း စိုးရိမ်ရဖြင့် ထိုနေ့က စိတ်မောလိုက်ရသည့်ဖြစ်ခြင်း။ ကြောက်လိုက်သည့်ဖြစ်ခြင်း။ ဆူဆူညံညံ အသံကို ကြားရသည့် ကလေးငယ် တစ်ယောက်လို ကြောက်ခဲ့သည်။ ယန်ကီစစ်သားလောက်၊ မီးလောင်မည်လောက်၊ စစ်ရှုံးမည်လောက်ကို အကြောက်ကြီး ကြောက်၍ အဆိုးဆုံးဟု ထင်ခဲ့သည့် သူသည် စင်စစ် မည်မျှ ကလေးဆန်သနည်း။ မေမေ ကွယ်လွန်ခြင်း၊ ဖေဖေ ယောင်ချာချာဖြစ်ခြင်း၊ ငတ်ပြတ်ခြင်း၊ အအေးဒဏ် ခံရခြင်း၊ ခါးကျိုးမတတ် ပင်ပင်ပန်းပန်း လုပ်ရခြင်း၊ အမြဲတမ်း တထိတ်ထိတ် နေရခြင်း စသည်တို့နှင့် စာလျှင် ထိုအရာများ အားလုံးသည် အသေးအဖွဲ ကလေးများသာ မဟုတ်လော။ ကျူးကျော်နေသည့် စစ်တပ်ကြီး တစ်တပ်ကို ရင်ဆိုင်ရခြင်းထက် မြိုင်သာယာတွင် ယခု ကျရောက်နေသည့် အန္တရာယ်ကို ရင်ဆိုင်ရခြင်းက ပို၍ ခက်ခဲကြောင်းကို စကားလက် သိပြီ။ တော်ပြီ။ လောကတွင် ဆင်းရဲခြင်းမှအပ အခြား ဘာကိုမျှ မကြောက်တော့ပြီ။

မက်မုံပင် လမ်းဆီမှ အလုံပိတ် ရထားလုံး တစ်စီးမောင်းလာ၏။ စကားလက်က အသိ မိတ်ဆွေ၏ ရထားများလောဟု

လှမ်းကြည့်သည်။ ဒေါ်လေးပစ်တီ၏ အိမ်က အနည်းငယ် လှမ်းသေးသည်။ ရထားနှင့် ရင်ဆိုင်အရောက်တွင် စကားလက်နှင့် ကြီးဒေါ်က ကြိုတင်ပြုံးထားသည့် အပြုံးဖြင့် ရထားကို လှမ်းကြည့်သည်။ ပြတင်းမှ အမျိုးသမီးတစ်ယောက်၏ မျက်နှာ ပြူထွက်လာ၏။ ဆံပင်နီနီ။ ခေါင်းတွင် အကောင်းစား သားမွေးဦးထုပ် ဆောင်းလျက်။ မျက်လုံးချင်း အဆုံလိုက်တွင် စကားလက် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ဘဲလ် ဝက်တလင်း။ ပြည့်တန်ဆာမ ဘဲလ် ဝက်တလင်း။ ဘဲလ် ဝက်တလင်းက နှာခေါင်းကို  ရှုံ့ကာ အတွင်းသို့ ပြန်ဝင်သွားသည်။ အတ္တလန်တာတွင် သူ သိသည့် လူဟောင်းထဲက ပထမဆုံး တွေ့ရသူက ဘဲလ် ဝက်တလင်း။ ဆန်းပါဘိ။

‘သူက ဘယ်သူလဲ မလေး’ ကြီးဒေါ်က မသင်္ကာဟန်ဖြင့် မေး၏။ ‘သိရက်သားနှင့်တောင် နှုတ်မဆက်ဘူး၊ ဒီဆံပင်မျိုးနှင့်

မိန်းမလည်း ကြီးဒေါ်ဖြင့် ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်၊ ဆိုးထားတာ ထင်တယ်’

‘ဟုတ်မှာပေါ့’



စကားလက် ခပ်သွက်သွက် လျှောက်သည်။



‘ဆံပင်ဆေးဆိုးတဲ့ မိန်းမ၊ မကောင်းတဲ့ မိန်းမ’ စကားလက်က စိတ်မရှည်ဟန်ဖြင့် ပြောသည်။ ‘စကားလက်နှင့်

မသိပါဘူး၊ သိပ် အမေးအမြန်း ထူတာပဲ’

‘ဟော့တော့၊ မကောင်းတဲ့ မိန်းမတဲ့’

46



ကြီးဒေါ်က ပါးစပ်အဟောင်းသားဖြင့် ရထားကို လှမ်းကြည့်နေသည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က စကားလက်တို့

မေမေနှင့် အတူ ဆဗားနားမှ ထွက်လာကတည်းက ကြေးစားမိန်းမပျက်ဆို၍ တစ်ယောက်မျှ ကြီးဒေါ် မမြင်ဖူးတော့။ သေသေချာချာ မကြည့်လိုက်ရလေခြင်းဟု တွေးနေသည်။

‘ဝတ်စား ထားလိုက်တာကလည်း ပျံလို့ လန်လို့ပါလား၊ ရထားကြီးကလည်း ကောင်းလိုက်တာ၊ ရထားသမားနှင့်

ဘာနှင့် အကျပဲ’ ကြီးဒေါ်က တတွတ်တွတ် ပြောနေသည်။ ‘အင်း မိန်းမပျက်တွေက ကြီးပွားပြီး လူကောင်းသူကောင်းတွေက ငတ်ပြတ် ခြေကျင် လျှောက်နေရသကိုး၊ ခေတ်ကြီးတော့ ပျက်ပါပြီတော်၊ ဘုရားကလည်း ဘယ်လိုဟာတွေကိုများ မနေသလဲ မသိဘူး’

‘စကားလက်တို့ကို ဘုရား မမတာ ကြာပါပြီ’ စကားလက်က စိတ်ခပ်ချဉ်ချဉ်ဖြင့် ပြော၏။ ‘မပြောကောင်းဘူးလေး

ဘာလေးနှင့် စကားလက်ကို လာ တားမနေနှင့်’

စကားလက်သည် ဘဲလ် ဝက်တလင်းလို မိန်းမမျိုးထက် သာချင်သည်။ မိန်းမကောင်း ဖြစ်ချင်သည်။ သို့ရာတွင်

သူ မတတ်နိုင်တော့။ သူ့ အစီအစဉ် ချောမောလျှင် သူလည်း ဘဲလ် ဝက်တလင်းနှင့် ဘာထူးတော့မည်နည်း။ ဘဲလ် ဝက်တလင်းသည် ရက် ဘတ်တလာ အထောက်အပံ့ကို ရသည်။ ယခု သူလည်း ရက် ဘတ်တလာ၏ အထောက်အပံ့ကို ယူတော့မည် မဟုတ်လော။ သူ့ ဆုံးဖြတ်ချက်ကို စကားလက် နောင်တ မရသည့်တိုင် စိတ်မသက်မသာ ဖြစ်မိသည်။ ‘အို၊ ရှုပ်ပါတယ် ဒါတွေကို ခု မစဉ်းစားသေးဘူး’ ဟု တွေးကာ ခပ်သွက်သွက် လျှောက်သည်။

ဒေါက်တာမိ၏

အိမ်နေရာဟောင်းသို့

ရောက်ကြသည်။

ဘာမျှ

မရှိတော့။

အုတ်လှေကားထစ်ကလေးနှင့်

အိမ်ဝင်လမ်းသာ ကျန်တော့သည်။ ဝှိုက်တင်းတို့ အိမ်နေရာကမူ ဤမျှပင် မကျန်။ ဟာလင် ဟင်းလင်း။ အောက်ခံ သမံတလင်းနှင့် မီးခိုးခေါင်းတိုင်များပင် မကျန်တော့။ ဖြိုဖျက်၍ သယ်သွားကြဟန်ဖြင့် လှည်းဘီးရာတွေ ထင်ကျန်ရစ်ခဲ့သည်။ အယ်လဆင်းတို့ တိုက်ကမူ အမိုးသစ် မိုးထား၏။ အပေါ်ထပ်ကိုလည်း ပြင်ထားသည်။ ဆွန်နယ်တို့ အိမ်က သက်ငယ်မိုးပြီး တောသစ်များ ကာထားသည့်တိုင် နေ၍တော့ ဖြစ်ပုံရသည်။ သို့ရာတွင် လူသူတစ်ယောက်မျှ မမြင်ရ။ နှစ်အိမ်စလုံးရှိ ပြတင်းပေါက်တွင် လည်းကောင်း၊ ဆင်ဝင်တွင် လည်းကောင်း လူသူအရိပ်အယောင် မတွေ့။ စကားလက် ဝမ်းသာသည်။ ဤအချိန်တွင် မည်သူနှင့်မျှ စကားမပြောချင်။

ဒေါ်လေး ပစ်တီ၏ အိမ်မှ သင်ပုန်းကျောက် အမိုးသစ်ကို မြင်ရသည်။ နံရံများက အုတ်နီနီ။ စကားလက် ရင်ခုန်စ ပြုလာ၏။

ပြင်မရအောင် ပျက်စီးမသွားသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရသည်။ အိမ်ရှေ့ကွက်လပ်တွင် ဦးလေးပီတာကို လှမ်းမြင်လိုက်ရ၏။ လက်မောင်းတွင် ဈေးခြင်းတောင်း တစ်လုံးကို ချိတ်ထားသည်။ ခြေကျင် လျှောက်လာနေသည့် စကားလက်နှင့် ကြီးဒေါ်ကို မြင်ရသည့်အခါတွင် သူ့မျက်နှာသည် ပြုံးလာသည်။

ကပ္ပလီကြီး မသေသေးပဲကိုး၊ တွေ့ရသည်က ဝမ်းသာစရာ။



‘ဦးလေးပီတာ သွားသွား၊ ဒေါ်လေးရဲ့ ရှူဆေးပုလင်းကို ပြေးယူထား၊ စကားလက်ရယ်လေ၊ စကားလက်ရယ်ပါ’



စကားလက်က လှမ်းအော်သည်။

47



ထိုနေ့ညတွင် ထုံးစံအတိုင်း ဒေါ်လေးပစ်တီ၏ ထမင်းဝိုင်း၌ စားတော်ပဲခြောက်ကြော်နှင့် နို့ဂျုံစေ့ပြုတ်ကို စားရ၏။

သူ ပိုက်ဆံ ရှိလာလျှင် ဤနှစ်မျိုးကို သူ့ထမင်းစားပွဲတွင် ဘယ်တော့မှ မတင်တော့ဟုပင် စကားလက် ပိုင်းဖြတ်မိသည်။ ပိုက်ဆံကိုမူ မရ ရအောင် ရှာရမည်။ မည်သည့်နည်းနှင့် ရရ ကိစ္စမရှိ။ တန်ဖိုး မည်မျှ ပေးရပေးရ။ မြိုင်သာယာအတွက် အခွန်တော်ပေးပြီး လက်ထဲတွင် ဖောဖောသီသီ သုံးနိုင်အောင် ချန်ရမည်။ လူသတ်လျှင် သတ်ရစေတော့။ တစ်နေ့နေ့တွင်မူ ပိုက်ဆံကို တနည်းနည်းဖြင့် မရအရ ရှာရမည်။

ထမင်းစားခန်းတွင် မီးရောင်က ဝါကျင့်ကျင့်။ ခပ်မှိန်မှိန်။ စကားလက်က ဒေါ်လေးပစ်တီ၏ ငွေရေးကြေးရေး

အခြေအနေကို မေးသည်။ ချားလ်၏ ဆွေမျိုးများထံမှ ငွေချေး၍များ ရမည်လောဟု စိတ်ကူးရ၍ မေးခြင်းဖြစ်၏။ စကားလက် မေးပုံက ဗြောင်ကျသည်။ သို့ရာတွင် ဒေါ်လေးပစ်တီက စကားပြော ဖက်လိုနေသဖြင့် သူ့ ဒဲ့ဒိုး မေးခွန်းကို သတိ မထားမိ။ ဒေါ်လေး ပစ်တီက မျက်ရည်စမ်းစမ်းဖြင့် သူ့ ဒုက္ခများကို ပြောပြ၏။ ယာတောများ၊ မြို့က အဆောက်အဦးများလည်း မရှိတော့။ ပိုက်ဆံလည်း မရှိတော့။ မည်သို့မည်ပုံ ဖြစ်ကုန်မှန်း မသိ။ ဦးလေး ဟင်နရီ အပြောအရ ဆိုလျှင် ဒေဝါလီ မခံရရုံ တစ်မည်မျှသာ ကျန်တော့သည်ဟု ဆိုသည်။ ဒေါ်လေးပစ်တီ၏ အိမ်မြေခွန်များ အတွက်ပင်လျှင် အခွန်တော် မဆောင်ရသေး။ ယခု သူနေသည့် အိမ်ကြီးသာ ကျန်တော့သည်ဟု ဆိုသည်။ သို့ရာတွင် ဤအိမ်မဟုတ်။ မီလာနီနှင့် စကားလက်တို့ အတူပိုင်ကြသည့် အိမ်ဟု ပြောပြသည်။ ဤအိမ်ခွန်ကိုမူ ဦးလေး ဟင်နရီက ပေးပြီး သူ့ကိုလည်း လစဉ် ငွေမဖြစ်စလောက်ကလေး ထောက်ပံ့ထားသည်ဟု ဆိုသည်။ သူ့ထံမှ ပိုက်ဆံ လက်ဖြန့်ခံရသည်မှာ အောက်ကျနောက်ကျ နိုင်သော်လည်း မတတ်နိုင်။ သူ ပေးသမျှလေးကို ယူနေရသည်ဟု ဒေါ်လေး ပစ်တီက ပြောပြသည်။

‘သူ့ အပြောကတော့ သူ့မှာလည်း ကျပ်တယ်တဲ့၊ မနည်း ချွေတာ နေရတယ်တဲ့၊ အခွန်တော်တွေ ကလည်းများတော့

ဝင်ငွေ ထွက်ငွေ မျှအောင် ကြည့်သုံးနေရသတဲ့၊ ဒေါ်လေးကတော့ ဒေါ်လေးကို မပေးချင်လို့ သက်သက်မယ့် ညာပြောနေတယ်လို့ ထင်တာပဲ’

ဦးလေး ဟင်နရီ ညာပြောခြင်း မဟုတ်ကြောင်း စကားလက်သိသည်။ ချားလ်၏ ပစ္စည်းများနှင့် ပတ်သက်၍

ဦးလေးဟင်နရီ ရေးသည့် စာများထဲတွင် ဤအကြောင်း အကုန်ပါပြီးသား ဖြစ်သည်။ ရှေ့နေအိုကြီး ဦးလေး ဟင်နရီသည် ဤအိမ်ကြီးနှင့် မြို့လယ်က ကုန်လှောင်ရုံ တစ်လုံးကိုမပြုတ်အောင် မနည်း ကြံဖန် လုပ်ထားရခြင်း ဖြစ်သည်။ စကားလက်နှင့် ဝိတ်ကလေးတို့ အတွက် တတ်နိုင်သမျှ ကြံဖန် လုပ်ပေးရခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူ့အိတ်ထဲက စိုက်၍ပင် အခွန်တော် ဆောင်လိုက်ရသေးသည်။

‘ဟုတ်ပါတယ်၊ ဦးလေး ဟင်နရီမှာလည်း ရှိပုံမရပါဘူး၊ ဦးလေး ဟင်နရီနှင့် ဒေါ်လေး ပစ်တီဆီကတော့ မျှော်လင့်စရာ

မရှိတော့ဘူး၊ ရက် ဘတ်တလာ တစ်ယောက်ပဲ ကျန်တော့တယ်၊ မတတ်နိုင်ဘူးလေ၊ ပိုက်ဆံရအောင်တော့ လုပ်ရမှာပဲ၊ ဒါပေမယ့် ဒီကိစ္စတွေကို ခု မစဉ်းစားချင်သေးဘူး၊ ရက် ဘတ်တလာ အကြောင်းကိုတော့ ဒေါ်လေးပစ်တီဆီ မသိမသာ တီးခေါက်ကြည့်ဦးမှ၊ အခန့်သင့်ရင် မနက်ဖြန် အိမ်လာဖို့ အဖိတ်ခိုင်းရမယ်’

စကားလက်က ပြုံးကာ ဒေါ်လေး ပစ်တီ၏ ဝဝကစ်ကစ် လက်ကလေးကို ဆွဲယူညှစ်လိုက်သည်။



‘ကဲပါ ဒေါ်လေးရယ်၊ စိတ်ညစ်စရာ ငွေရေးကြေးရေးတွေကို ပြောမနေပါနှင့်တော့၊ ဒိပြင် စိတ်ချမ်းသာစရာတွေ

48

ပြောကြရအောင်ပါ၊

စကားလက်တို့

အသိမိတ်ဆွေတွေ

အကြောင်းတွေ

ပြောပြပါဦး၊

မစ္စက်မယ်ရီဝယ်သာတို့ကော၊

မေဘယ်တို့ကော၊ ဒေါက်တာမိနှင့် ဒေါ်ဒေါ်မိတို့ကော’

စကားလမ်းကြောင်း ပြောင်းသွားသဖြင့် ဒေါ်လေး ပစ်တ၏ီ မျက်နှာသည် ဝင်းထိနလ်ာ၏။ သူ၏ ကလေးမျက်နှာလေးသည်

မျက်ရည်တွေဖြင့် မဲ့နေရာမှ အမဲ့ရပ်သွား၏။ ဒေါ်လေး ပစ်တီက အိမ်နီးချင်းများအကြောင်း၊ မည်သည့်အလုပ် လုပ်ကြောင်း၊ မည်သို့ စားသောက်ကြောင်း၊ မည်သို့ဝတ်စားကြောင်းကို အသေးစိတ် ပြောပြနေသည်။ ရီနီပိကာဒ် စစ်မြေပြင်မှ ပြန်မလာခင် မစ္စက်မယ်ရီဝယ်သာတို့ သားအမိ ဆင်းရဲကြကြောင်း၊ ကိတ်မုန့်ဖုတ်ကာ သွားရောင်းရကြောင်း၊ အနည်းငယ် ပိုက်ဆံ စုမိလျှင် မြို့လယ်တွင် မုန့်ဖို တစ်ဖိုတည်မည်ဟု မစ္စက် မယ်ရီဝယ်သာက ပြောကြောင်း၊ ဤသို့ မုန့်ဖုတ်ရောင်းသည်ကို သူ ဘာမျှ မပြောလိုကြောင်း၊ သို့ရာတွင်…

သူ့သဘောအရဆိုလျှင် ယန်ကီတွေနှင့် အရောင်းအဝယ်လုပ်သည်ထက် အငတ်ခံ သေမည်ဖြစ်ကြောင်း၊ လမ်းတွင်

ယန်ကီစစ်သားတွေ့လျှင် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ကြောင်း၊ ယန်ကီစစ်သားများနှင့် စင်္ကြံ တစ်ဖက်တည်းတွင် မျက်နှာချင်းဆိုင်နေမိလျှင် တခြားတစ်ဖက်သို့ ကူးလျှောက်ကြောင်း၊ တစ်ခါတစ်ရံတွင် လမ်းဖြတ်ကူးသဖြင့် ဖိနပ် ရွှံ့တွေထဲ မြုပ်နေတတ်ကြောင်း၊ သို့တိုင်အောင် ယန်ကီများကို ရှောင်ဖြစ်အောင် ရှောင်ကြောင်းဖြင့် ပြောပြသည်။ စကားလက်က ဒေါ်လေး ပစ်တီ စကားများကို နားထောင်သည်။ သူ့အဖို့ ပြည်နယ်အား သစ္စာရှိကြောင်းကိုပြရာ၌ ရွှံ့ဗွက်ထဲ ဆင်းလျှောက်ရခြင်းသည် ဧရာမ စွန့်လွှတ်မှုကြီးဖြစ်နေသည်။

ဒေါက်တာမိနှင့် ဒေါ်ဒေါ်မိတို့ အိမ်မှာ ယန်ကီတို့ မြို့ကို မီးရှို့သည့် အခါတွင် မီးထဲသို့ ပါသွားကြောင်း၊ သူတို့တွင် အိမ်

ပြန်ဆောက်ရန် ပိုက်ဆံလည်း မရှိ ဆောက်ချင်စိတ်လည်း ရှိပုံ မရတော့ကြောင်း၊ သူတို့ သားနှစ်ယောက်ဖြစ်သည့် ဖိလစ်နှင့် ဒါလ်စီတို့လည်း တိုက်ပွဲတွင် ကျသွားကြကြောင်း၊ ဒေါ်ဒေါ်မိကမူ အိမ်ပြန် မဆောက်ချင်တော့၊ သားသမီးနှင့် မြေးငယ်မရှိသည့် အိမ်ဟူသည် ဘာမျှ အဓိပ္ပာယ်မရှိဟု ပြောကြောင်း၊ ဝှိုက်တင်းတို့ လင်မယားလည်း သူတို့နှင့် အတူနေကြောင်း၊ သူ့အိမ်ကို ယန်ကီ စစ်အရာရှိ တစ်ဦးအား ငှားဖြစ်လျှင် မစ္စက် ဆွန်နယ်လည်း ပြောင်းနေမည်ဖြစ်ကြောင်း စသည်တို့ကို ပြောပြ၏။

‘ဒီအိမ်လေးထဲမှာ ဘယ်လိုများ လုပ်နေကြမှာတဲ့လဲ ဒေါ်လေးရဲ့’ စကားလက်က မေးသည်။ ‘မစ္စက် အယ်လဆင်းရော၊

ဖန်နီရော၊ သူ့ယောက်ျားရော’

‘မစ္စက် အယ်လဆင်းနှင့် ဖန်နီက ဧည့်ခန်းမှာ အိပ်တယ်၊ ဟူးခ်ျက မြေတိုက်ထဲမှာ အိပ်တယ်’ ဒေါ်လေးပစ်တီက

မိတ်ဆွေတွေအားလုံး၏ အိမ် အနေအထားများကို သိသူ ပီပီ အသေးစိတ် ပြောပြ၏။ ‘ဒေါ်လေးဖြင့် သူတို့အစား စိတ်ပျက်လွန်းလို့အေ၊ မစ္စက် အယ်လဆင်းကတော့ စရိတ်ပေးပြီး လာနေတဲ့ ဧည့်သည်တဲ့အေ၊ တကယ်ကိုအေး အိမ်ခန်း ငှားစားတာပါ၊ အိမ်ခန်းငှားစားရင် ငှားစားတယ် ရှင်းရှင်းပြောပေါ့’

‘စကားလက်တောင် အားကျလာပြီ’ စကားလက်က ပြောသည်။ ‘စကားလက်တို့မှာတော့ ဘော်ဒါတွေချည်း များနေလို့

ခက်တယ်၊ ခုလို စရိတ်ပေးတဲ့ ဧည့်သည်တွေလာရင် စကားလက်တို့ ဒီလောက်ဆင်းရဲမှာမဟုတ်ဘူး’

‘ဟဲ့ ဘယ်လိုပြောလိုက်တာလဲ ဟင်၊ ဧည့်သည်စောင်သည်လာရင် ဒီလိုပဲ ပြုစုရမှာပေါ့၊ ဘယ့်နှယ် ပိုက်ဆံ

ယူရမှာလဲ၊ ညည်း အမေများ ကြားရင် သင်္ချိုင်းထဲကတောင် ထလာလိမ့်ဦးမယ်၊ မစ္စက် အယ်လဆင်းတို့ကတော့ ဒီလိုလုပ်မှ

49

ဖြစ်မှာပေါ့၊ သူတို့ အခြေအနေက ကောင်းမှ မကောင်းတာ၊ ခုပဲကြည့်လေ၊ မစ္စက် အယ်လဆင်းက စက်ချုပ်ရတယ်၊ ဖန်နီက ကြွေပန်းကန်လေးတွေ ဘာလေးတွေ ဆေးရေးရတယ်၊ ဟူးခ်ျက ထင်းရောင်းရတယ်၊ ဒါလေးနှင့် စားနေကြရတာ မဟုတ်လား၊ ဟူးခ်ျခမျာ သနားပါတယ်ကွယ်၊ ထင်းရောင်းနေရရှာတယ်၊ မှန်းတုန်းကတော့ ရှေ့နေလိုက်မလို့ မှန်းတာပဲ၊ ဒေါ်လေးဖြင့် သူငယ်ကလေးတွေ ကြည့်ပြီး နည်းနည်းမှ စိတ်မကောင်းဘူး’

စကားလက် မျက်စိထဲတွင် မြိုင်သာယာက ဝါခင်းကြီးကို မြင်လာသည်။ ထို ဝါခင်းထဲတွင် တစ်နေကုန် တစ်နေခန်း သူ

အလုပ် လုပ်ခဲ့ရသည်။ ခါးတွေ တောင့်အောင် အလုပ် လုပ်ရသည်။ လက်တွင်လည်း အပေါက်အပြဲတွေ ဖြစ်ကာ အသားမာတွေ ထနေသည်။ ဟူးခ်ျကို ဘာသနားစရာ ရှိသနည်း။ ဒေါ်လေး ပစ်တီသည် လောကအကြောင်း၊ ဘဝ အကြောင်း ဘာမျှကို မသိပါတကား။ သူ့ ပတ်ပတ်လည် အပျက်အစီးပုံကြီးတွေ ကြားတွင် အေးချမ်းလှပါတကား။

‘ထင်း မရောင်းချင်ရင် ရှေ့နေလိုက်ပေါ့ ဒေါ်လေးရဲ့၊ အတ္တလန်တာမှာ ရှေ့နေလိုက်လို့ မရတော့ဘူးလား’



‘လိုက်ချင်ရင်တော့ အပုံပါတော်၊ လိုက်ရပါတယ်၊ ခုခေတ်မှာ လူတိုင်း အမှု ဖြစ်နေကြတာချည်းပဲ၊ ငါက သူ့တရားစွဲ

သူက ငါ့တရားစွဲနှင့် ရှုပ်ပွေနေတာပဲ၊ မီးလောင်ပြီး ခြံစည်းရိုးတို့ ဘာတို့လည်း မရှိတော့ ကိုယ့်မြေ သူ့မြေလည်း ခွဲမရတော့ဘူး၊ ဒါပေမယ့် ရှေ့နေလိုက်တော့ကော ဘယ်မှာ ပိုက်ဆံရမလဲ၊ ရှေ့နေခ ပေးရအောင် ဘယ်သူ့မှာမှ ပိုက်ဆံ မရှိတာ၊ ဒီတော့ ဟူးခ်ျလည်း ထင်းရောင်း နေရတာပေါ့၊ ဪ မေ့နေတယ်၊ ညည်းဆီကို ဒေါ်လေး စာရေးပြီးပြီလား မသိဘူး၊ ဖန်နီလည်း မနက်ဖြန်မှာ လက်ထပ်တော့မယ်၊ ညည်း ရောက်နေတယ်ဆိုရင် သူတို့ကလည်း လာစေချင်မှာပဲ၊ ညည်းမှာ ဝတ်စုံ အပိုလေး ဘာလေး ပါသေးရဲ့လား၊ ခု ဝတ်စုံကလည်း သိပ်တော့ မဆိုးပါဘူး၊ ဒါပေမယ့် နည်းနည်း ဟောင်းနေတယ်၊ ဘာ ဝတ်စုံသစ်တစ်ခု အပိုပါတယ် ဟုတ်လား၊ အတော်ပဲဟေ့၊ ပြည်တွင်းစစ် ပြီးတဲ့နောက် ဒီမြို့မှာ ပထမဆုံး မင်္ဂလာပွဲပဲ၊ အရက်ချိုနှင့် ကိတ်နှင့် ဧည့်ခံမှာတဲ့၊ ညမှာလည်း ကပွဲရှိသတဲ့၊ ဘယ်က ပိုက်ဆံ ရသလဲတော့ မသိဘူး’

‘ဖန်နီက ဘယ်သူနှင့် လက်ထပ်မှာတဲ့လဲ၊ ဒါးလတ် ကျပြီးရင်း ဖန်နီတော့’



‘ဒီလိုတော့ မပြောပါနှင့်ကွယ်၊ ချားလ်ကို ညည်းလွမ်းသလို သူ့ခမျာလည်း ဒါးလတ်ကို လွမ်းမှာပေါ့၊ နေပါဦး၊ သူနှင့်

လက်ထပ်မယ့် သူငယ်ရဲ့နာမည်က ဘယ်သူပါလိမ့်၊ ခုတလော နာမည်တွေကို ကောင်းကောင်း မမှတ်မိချင်ဘူး၊ တွမ် ဆိုလား ဘယ်သူဆိုလား၊ သူ့အမေကိုတော့ သိပါတယ်၊ အမျိုးသမီး အသင်းတိုက်က ဟောပြောပွဲတောင် အတူ သွားဖူးသေးတယ်၊ တွမ်လင်ဆန် ဆိုလား ဘာဆိုလားပဲ၊ ထားပါတော့လေ၊ မျိုးကောင်း ဆွေကောင်းထဲကပါပဲ၊ ဒါပေမယ့် ဖန်နီက ဘာများ သဘောကျလို့ ယူသလဲ မသိဘူး’

‘သူက အရက်သောက်လို့လား ဒါမှမဟုတ်’



‘ဟင့်အင်း၊ မသောက်တတ်ပါဘူး၊ သူငယ်လေး အကျင့်စာရိတ္တကတော့ ဘာမှ ပြောစရာ မရှိပါဘူး၊ ဒါပေမယ့်

ပြည်တွင်းစစ်တုန်းက အမြောက်ဆန် ထိလို့ ဒူးဖြတ်ပစ်ရတယ်၊ ကြည့်ရတာ မကောင်းဘူးပေါ့အေ၊ လမ်းလျှောက်တော့ ပိုဆိုးတာပေါ့၊ ဘာကြောင့်များ ယူသလဲ မသိဘူး’

‘မိန်းကလေးဆိုတော့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ပေါ့ ဒေါ်လေးရယ်’

50



‘အမယ်လေး၊ မိန်းကလေးတိုင်း သီးရ ပွင့်ရမှာလားအေ့၊ ဒီလိုဆို ငါ ဘယ်နှယ့်လုပ်မလဲ’



‘အို ဒေါ်လေးကတော့ ခြွင်းချက်ပေါ့၊ ဒေါ်လေး ငယ်ငယ်က ဘယ်လောက် စန်းပွင့်သလဲ၊ ခုထိ ဘယ်လောက် မျက်နှာ

ပွင့်သလဲ ဆိုတာကတော့ လူတိုင်း အသိပဲဟာ၊ ဘာလဲ ဒေါ်လေးက ဒေါ်လေးကို ကြည့်ကြည့်နေတဲ့ ဟို ပင်စင်စား တရားသူကြီး အဘိုးကြီးကို’

‘ဟဲ့ ကောင်မလေး၊ တိတ်စမ်း’ ဒေါ်လေး ပစ်တီက သဘောကျ၍ တခစ်ခစ် ရယ်လိုက်သည်။ သူ့ကို အပျိုကြီး

ပြောသဖြင့် စိတ်ဆိုးနေရာမှ စိတ်ဆိုးပြေသွားပုံရ၏။ ‘တကယ်က ဖန်နီက ဒီထက် မျက်နှာပွင့်တယ်မဟုတ်လား၊ ဒီထက် သာတာရဖို့ ကောင်းတာပေါ့၊ သူလည်း အဲဒီ သူငယ်ကို တကယ်ချစ်မယ် မထင်ပါဘူး၊ ဒါးလတ်ကိုပဲ လွမ်းနေမှာပါ၊ ဒါပေမယ့် သူက ညည်းလို မဟုတ်ဘူး၊ သစ္စာ မစောင့်ဘူး၊ ညည်းသာ ချားလ်အပေါ်မှာ သစ္စာမစောင့်ဘဲ နောက် အိမ်ထောင်ပြုချင်ရင် တစ်ပုံကြီးပေါ့၊ တချို့ကတော့ ညည်းဟာ မလွမ်းတတ်ဘူးတဲ့၊ ပျံတန်တန်တဲ့၊ ဒေါ်လေးနှင့် မီလာနီကတော့ မထင်ပေါင်၊ ညည်း အကြောင်း ကောင်းကောင်းသိတော့ ချားလ်ကို ဘယ်လောက်လွမ်းတယ်ဆိုတာ သိတာပေါ့’

စကားလက် သူ့ကို အဟုတ်ထင်နေသည့် ဒေါ်လေး ပစ်တီကို ကျွမ်းကျွမ်းကျင်ကျင် လမ်းလွှဲသည်။ အခြား

မိတ်ဆွေတွေအကြောင်းကို လျှောက်မေးသည်။ သို့ရာတွင် ရက် ဘတ်တလာ အကြောင်းကို သိချင်လှပြီ။ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို ရက် ဘတ်တလာ အကြောင်းကို ဗြုန်းစားကြီး ကောက်မေး၍ မဖြစ်သေး။ သို့မေးလျှင် သူ မေ့မေ့လျော့လျော့ ဖြစ်နေသည့် ကိစ္စများကို ပြန်အစ ဖော်ပေးသည့်နှယ် ဖြစ်လိမ့်မည်။

ဒေါ်လေး ပစ်တီက ကရားရေလွှတ် တတွတ်တွတ် ပြောနေသည်။ နားထောင်မည့်သူ ရှိသည့် ကလေးတစ်ယောက်လို

နှုတ်သွက်နေ၏။ ရီပါဘလီကန်များ အရမ်းလျှောက်လုပ်သဖြင့် အတ္တလန်တာ အခြေအနေမှာ ကပြောင်းကပြန် ဖြစ်နေကြောင်း၊ ကပ္ပလီများ ခေါင်းထဲသို့ မဟုတ်သည့် အယူအဆတွေကို သွင်းနေသဖြင့် အခြေအနေတွေ ပိုဆိုးလာမည် ဖြစ်ကြောင်းဖြင့် ပြောပြသည်။

‘ကြည့်ကြစမ်းပါဦးကွယ်၊ ကပ္ပလီတွေကို မဲပေးခွင့်ပေးမလို့တဲ့၊ ကြားဖူးရဲ့လား၊ ရီပါဘလီကန် ဆိုတာ တို့အိမ်က ဦးလေး

ပီတာ လောက်တောင် အဆင့်အတန်း ရှိတာမဟုတ်ဘူး၊ ဦးလေးပီတာတောင် မဲပေးပိုင်ခွင့်နှင့် ပတ်သက်လို့ တစ်လုံးမှ မပြောရင် ဒင်းတို့က ဘာသိလို့ မဲပေးပိုင်ခွင့်ကို ပြောနေရမှာလဲ၊ မဲပေးခွင့်ရမယ်လည်းဆိုရော တချို့ကပ္ပလီများ ကမ်းတက်လာကြတာပဲ၊ နေ့ခင်းကြောင်တောင်မှာတောင် အမျိုးသမီးတွေကို လမ်းပေါ်မှာ ပခုံးစောင်း တိုက်သွားကြတာ၊ တချို့ဆိုရင် ရွှံ့ထဲတောင် လဲကျကြတယ်၊ မခံချင်လို့ လူကြီးလူကောင်းတစ်ယောက် အနေနှင့် သွားပြီး မပြောလေနှင့်၊ ပြောတဲ့လူ ဆွဲဖမ်းတာပဲ၊ ဒါထက် ဗိုလ်ကြီး ဘတ်တလာ ထောင်ထဲရောက်နေတယ်ဆိုတာ ညည်းကို မပြောရသေးဘူး ထင်တယ်’

‘ရက် ဘတ်တလာလား’



သတင်းကမူ မကောင်း။ သို့ရာတွင် သူက မမေးရဘဲ ရက် ဘတ်တလာ အကြောင်းကို ဒေါ်လေးပစ်တီက

အလိုအလျောက် ပြောလာသဖြင့် ကျေးဇူးတင်ရသည်။

‘အစစ်ပေါ့’ ဒေါ်လေးပစ်တီက စိတ်ထက်သန်နေသည်။ သူ့ပါးတွင် ပန်းနုရောင် လွှမ်းနေ၏။ ကိုယ်ကို မတ်လိုက်သည်။

51

‘ကပ္ပလီ တစ်ယောက်ကို သတ်မှုနှင့် ထောင်ထဲ ရောက်နေပါရောလား အေ့၊ ကြိုးကျမှာပါပဲ၊ အင်း ဗိုလ်ကြီး ဘတ်တလာ တစ်ယောက်တော့ ကြိုးစင်တက်ရတော့မယ်’

စကားလက်

အဆုတ်ထဲက

လေတွေ

အကုန်လုံးထွက်သွားသည်ဟု

ထင်ရ၏။

သတင်းဦး

သတင်းထူးကို

ပြောရသည့်အတွက် ကျေနပ်နေသည့် ဒေါ်လေး ပစ်တီကို စကားလက် စိုက်ကြည့်နေသည်။

‘ခုထိတော့ သက်သေ ခိုင်ခိုင်လုံလုံ မရှိသေးဘူး၊ မျက်နှာဖြူမ တစ်ယောက်ကို စော်ကားတာနှင့် အဲဒီ ကပ္ပလီကို

တစ်ယောက်ယောက်က သတ်သွားတာတဲ့၊ သူတို့ဘက် ပါတဲ့ ကပ္ပလီတွေ ခုတလော အသက်ခံခံနေရလို့ ယန်ကီတွေ ဒေါပွနေကြတယ်။ ခုကိစ္စမှာလည်း ဗိုလ်ကြီး ဘတ်တလာ သတ်တာလို့တော့ အထောက်အထား ရှာမတွေ့သေးဘူး၊ ဒါပေမယ့် နမူနာအဖြစ် ပြင်းပြင်းထန်ထန် အရေးယူပြလိမ့်မယ်လို့ ဒေါက်တာမိက ပြောနေတယ်၊ ရက် ဘတ်တလာလို လူမျိုးတစ်ယောက်ကို ကြိုးပေးတယ်ဆိုရင်တော့ ယန်ကီတွေ လုပ်သမျှထဲမှာ ဒီအလုပ် တစ်ခုပဲ ချီးကျူးစရာ ကောင်းသေးတယ်တဲ့၊ ဒေါက်တာမိက ပြောတယ်၊

လွန်ခဲ့တဲ့

တစ်ပတ်လောက်ကပဲ

ရက်

ဘတ်တလာ

အိမ်လာသွားတယ်၊

ငုံးလေး

တစ်ကောင်တောင်

လက်ဆောင်ပေးသွားသေးတယ်၊ ညည်းကိုလည်း မေးသွားတယ်၊ မြို့ကို ယန်ကီတပ်တွေ ဝိုင်းတုန်းက သူ လုပ်ခဲ့တဲ့အတွက် ညည်း စိတ်နာနေမလား မသိဘူးတဲ့၊ သူ့ကို ခွင့်လွှတ်တော့မှာ မဟုတ်ဘူးတဲ့၊ ပြောသွားသေးတယ်’

‘ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမှာတဲ့လဲ’



‘ဒါတော့ မပြောနိုင်ဘူးပေါ့၊ ကြိုးပေးတဲ့အထိ နေရမှာပေါ့၊ သူ သတ်တယ်ဆိုတာ သက်သေအထောက်အထား ရှာလို့

ရမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ခက်တာက ယန်ကီတွေက တကယ် အပြစ် ရှိမရှိ သိပ်စဉ်းစားမှာ မဟုတ်ဘူး၊ စိတ်မထင်ရင် ကြိုးပေးချင် ကြိုးပေးပစ်မှာ၊ သိပ် စိတ်ဆိုးနေတယ်’ ဒေါ်လေးပစ်တီက လျှို့ဝှက်သည့်ဟန်ဖြင့် အသံကို နှိမ့်လိုက်သည်။ ‘ကေသုံးလုံး လျှို့ဝှက်ဂိုဏ်းဆိုတာ ပေါ်နေတယ်၊ ညည်းတို့ နယ်တွေမှာကော ကေသုံးလုံး ဂိုဏ်းတွေ မရှိဘူးလား၊ ရှိမှာပါအေ၊ အက်ရှလေက ညည်းတို့ ကြောက်မှာစိုးလို့ မပြောဘဲ ထားတာ ဖြစ်မှာပါ၊ ကေသုံးလုံး ဂိုဏ်းတွေက လျှို့ဝှက်ဂိုဏ်းတဲ့၊ တစ်ယောက်ကို တစ်ယောက် မပြောရဘူးတဲ့၊ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူအောင် ဝတ်ပြီး ညကျမှ မြင်းတွေနှင့်ပေါ်လာပြီး ကော်ဇောအိတ်သမားတွေ၊ ပြည်ထောင်စုဘက်ပါတဲ့ ကပ္ပလီတွေဆီ လာသတဲ့၊ ပြည်ထောင်စုဘက် ပါတဲ့ ကပ္ပလီတွေဆီ လာသတဲ့၊ တချို့ကျတော့လည်း မသတ်ဘဲနှင့် အတ္တလန်တာမှာ မနေဖို့ သတိပေးရုံ ပေးသတဲ့၊ သတိပေးလို့ မရရင် ကျာပွတ်နှင့် ရိုက်ပြီး တချို့ကိုတော့ သတ်ပစ်သတဲ့၊ အလောင်းနားမှာ ကေသုံးလုံး တံဆိပ်တွေ ချပစ်ခဲ့သတဲ့၊ ဒါကြောင့် ယန်ကီတွေ သိပ်စိတ်ဆိုးပြီး တစ်ယောက်ယောက်ကို စံပြအဖြစ် ကြိုးပေးချင်ပုံရတယ်၊ ဒါပေမယ့် ဟူးခ်ျက ပြောတော့ ယန်ကီတွေက ရက် ဘတ်တလာကို ကြိုးပေးမယ် မထင်ပါဘူးတဲ့၊ ပြည်နယ်အစိုးရရဲ့ ပိုက်ဆံတွေ ဘယ်မှာ ထားသလဲဆိုတာ သူ သိတယ်လို့ ထင်နေတယ်တဲ့၊ သူ့ကို ပေါ်အောင် စစ်လိမ့်မယ်ထင်တယ်တဲ့’

‘ပိုက်ဆံတွေ ဟုတ်လား’



‘ညည်း မသိဘူးလား၊ ဒေါ်လေး စာထဲမှာ ပါသားပဲ၊ ငါ့ တူမကလည်း မြိုင်သာယာမှာချည်းပဲ အိမ်တွင်းပုန်း

လုပ်နေတာကိုး၊ အတ္တလန်တာကို ရက် ဘတ်တလာ ပြန်ရောက်လာတော့ တစ်မြို့လုံး ဥက္ကောဋေယျ ဖြစ်သွားတာပဲ၊ မြင်းဖြူကတဲ့ ရထားကြီး စီးလို့၊ သူ့အိတ်ထဲမှာလည်း ပိုက်ဆံတွေက အပြည့်၊ ဒီတုန်းက တို့ မြို့သူမြို့သားတွေမှာဖြင့်

52

နောက်ထမင်း တစ်နပ်စားဖို့တောင် ခပ်ခက်ခက်ရယ်၊ တစ်မြို့လုံး ဒေါပွလို့ပေါ့၊ ဘယ့်နှယ်အေ ငိုစား ရယ်စား အမြတ်ကြီးစား လုပ်၊ သွေးစုပ်နေပြီး ပြည်နယ်ကို ရစရာမရှိအောင် ပြောတဲ့လူကျတော့ ရွှေတွေ ငွေတွေ ပိုက်ဆံတွေအပြည့်၊ တို့မှာတော့ မွဲလို့၊ ဒီပိုက်ဆံတွေ ဘယ်က ရသလဲဆိုတာ သိချင်ကြတာပေါ့၊ ဒါပေမယ့် ဘယ်သူကမှာလည်း မမေးရဲဘူး၊ ဒေါ်လေးတစ်ယောက်ပဲ မေးရဲတယ်၊ ဒေါ်လေးက မေးတော့ သူက ရယ်ပြီး ရိုးရိုးသားသား ရတဲ့ ငွေမဟုတ်ဘူးလို့ပဲ မှတ်ထားလိုက်ပါ ဒေါ်လေးရာတဲ့၊ ဒီသူငယ် ဘယ်တုန်းက စကားကောင်း ပြောဖူးလို့လဲ၊ ညည်းလည်း အသိသားပဲ’

‘မှောင်ခိုကုန်တွေ ကူးတုန်းက ရတာ ဖြစ်မှာပေါ့ ဒေါ်လေးရဲ့’



‘ဟုတ်သလောက်တော့ ဟုတ်မှာပေါ့အေ၊ ဒါပေမယ့် ဒါက မဖြစ်လောက်ပါဘူး၊ လူတွေကတော့ ပြောတာပဲ၊

တစ်နေရာရာမှာ ဝှက်ထားတဲ့ ပြည်နယ်အစိုးရရဲ့ ပိုက်ဆံတွေ ရွှေတွေတဲ့၊ သန်းချီပြီး ရလိုက်သတဲ့’

‘ရွှေတွေ သန်းချီပြီး ရတယ် ဟုတ်လား’



‘ဒါပေါ့အေ၊ ပြည်နယ် အစိုးရ ရွှေတွေ နည်းတာမှ မဟုတ်ဘဲ၊ ဒါတွေ ဘယ်ရောက်ကုန်သလဲ၊ တစ်ယောက်ယောက်

ရတာပေါ့၊ ဗိုလ်ကြီး ဘတ်တလာက အဲဒီထဲက တစ်ယောက်ပေါ့၊ ပထမတော့ ယန်ကီတွေက ပြည်နယ် သမ္မတ ဒေးဗီးစ် ယူသွားတယ်ထင်တာ၊ ဒါပေမယ့် ဒေးဗီးစ်ကို ဖမ်းမိတော့ သူ့လက်ထဲမှာ ခြူးတစ်ပြားတောင် မရှိဘူးတဲ့၊ ပြည်တွင်းစစ် ပြီးတဲ့အခါကျတော့ ရွှေတိုက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိဘူးတဲ့၊ မှောင်ခိုကုန်ကူးတဲ့ လူတွေ ရသွားပြီး ဝှက်ထားကြတယ်လို့ပဲ လူတွေက ထင်နေကြတယ်’

‘သန်းချီပြီး တန်တဲ့ ရွှေတွေကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့်’ 



‘ဗိုလ်ကြီး ဘတ်တလာက ဝါဂွမ်းတွေကို ထောင်ချီပြီး ပြည်နယ်အစိုးရ ကိုယ်စား ဘိလပ်တို့၊ နာဆောတို့ကို

ပို့ခဲ့တယ် မဟုတ်လား’ ဒေါ်လေး ပစ်တီက အောင်မြင်သည့် အသံဖြင့် ပြော၏။ ‘ဝါဂွမ်းထုပ်မှ သူ့ကိုယ်ပိုင် ဂွမ်းထုပ်တွေရော အစိုးရ ဂွမ်းထုပ်တွေရော အကုန်လုံးပဲ၊ ဘိလပ်ကို အဲဒီတုန်းက ဝါဂွမ်းထုပ် ပို့ရတယ်ဆိုတာ နည်းသလားအေ့၊ လိုချင်တဲ့ ကြိုက်ဈေး အကုန်ရတာပဲ မဟုတ်လား၊ သူက ပြည်နယ်အစိုးရ ကိုယ်စားလှယ်ဆိုတော့ အစိုးရကိုယ်စား ဝါဂွမ်းရောင်းတယ်၊ ပြီးတော့ ဘိလပ်က လက်နက်တွေကို အစိုးရ ကိုယ်စား ဝယ်တယ်၊ ပိတ်ဆို့မှုက ကျပ်သထက် ကျပ်လာတဲ့ အခါကျတော့ လက်နက်သွင်းလို့ မရတော့ဘူး၊ ဝါဂွမ်းရောင်းလို့ ရတဲ့ ပိုက်ဆံတွေ ပိုနေတာပေါ့၊ အဲဒီ ပိုက်ဆံတွေကို ဗိုလ်ကြီး ဘတ်တလာနှင့် တခြား ကုန်သည်တွေက အင်္ဂလိပ် ဘဏ်တွေမှာ အပ်ထားကြတယ်၊ ဒီငွေတွေကို ပြည်နယ်အစိုးရ နာမည်နှင့် မအပ်ဘဲ သူတို့ နာမည်တွေနှင့် စားရင်းဖွင့်ထားတာပေါ့၊ ပြည်တွင်းစစ် ပြီးတော့ ဒီကိစ္စကို ပွစိပွစိနှင့် ပြောကြတာပေါ့၊ ဟော ဗိုလ်ကြီး ဘတ်တလာကို လူသတ်မှုနှင့်လည်း ဖမ်းလိုက်ရော ယန်ကီတွေကလည်း ဒီသတင်း မကြားဘဲနေမတဲ့လား၊ ကြားတာပေါ့၊ ဒီတော့ ဒီ ပိုက်ဆံတွေ ဘယ်မလဲ စစ်တာပေါ့၊ ပြည်နယ်အစိုးရရဲ့ ပိုက်ဆံဆိုတော့ ယန်ကီတွေကလည်း သူတို့ပိုင်တယ်ပေါ့၊ ဒါပေမယ့် ဗိုလ်ကြီး ဘတ်တလာက ဘူးကွယ်သတဲ့၊ ဒေါက်တာမိကတော့ ဒီသူငယ်ကို ကြိုးပေးဖို့ပဲ ကောင်းသတဲ့၊ သူ့လို အမြတ်ကြီးစား သူခိုးကို ကြိုးပေးတာ နည်းတောင် နည်းသေးသတဲ့၊ ဟဲ့ စကားလက် ဘာဖြစ်သွားတာလဲ၊ မူးလို့လား၊ ဒေါ်လေး ပြောတာတွေ ကြားရလို့လား၊ ရက် ဘတ်တလာက တစ်ခါတုန်းကတော့ ညည်း မိတ်ဆွေပဲ၊ ဒါပေမယ့် ဒီသူငယ်ကို ညည်း အဆက်ပြတ်သွားတာ ကြာပြီ မဟုတ်လား၊ ဒေါ်လေးတစ်ဦးတည်း အနေနှင့် ပြောရရင် ဒီသူငယ်ကို နည်းနည်းမှ

53

သဘောမကျဘူး၊ လူက တေလေကြမ်းပိုး’

‘စကားလက် မိတ်ဆွေ မဟုတ်ပါဘူး ဒေါ်လေးရဲ့’ စကားလက်က ကြိုးစား၍ ပြောသည်။ ‘မြို့ကို ဝိုင်းထားတုန်းက

စကားလက်နှင့် အကြီးအကျယ် ရန်ဖြစ်ရတာပေါ့၊ ခု ခု သူ ဘယ်မှာတဲ့လဲ’

‘ဟို မြို့လယ် ပန်းခြံနားက မီးသတ် တပ်ဖွဲ့ရုံးမှာ’



‘မီးသတ်ရုံး ဟုတ်လား’



ဒေါ်လေး ပစ်တီက အားရ ပါးရ ရယ်သည်။



‘ဟုတ်တယ်၊ မီးသတ် ရုံးထဲမှာ ယန်ကီတွေက စစ်ထောင် လုပ်ထားတယ်၊ ယန်ကီတွေက မြို့တော် ခန်းမ

ဘေးက ပန်းခြံထဲမှာ တပ်စခန်း ချနေကြတယ်၊ မီးသတ်ရုံးကတော့ ထောင်ပေါ့၊ မနေ့က သူ့ အကြောင်း ရယ်စရာ တစ်ခု ကြားရသေးတယ်၊ ဘယ်သူ ပြောသလဲတော့ မမှတ်မိတော့ဘူး၊ ရက် ဘတ်တလာ ဆိုတဲ့ သူငယ်က ရှိုးကျကျ ဝတ်တတ်တယ် မဟုတ်လား၊ စစ် ထောင်ထဲမှာ သူ့ကို ရေချိုးခွင့် မပေးဘူးတဲ့၊ နေ့တိုင်း ရေချိုးခွင့် ပေးရမယ် တောင်းသတဲ့၊ ဒါနှင့် သူ့ကို အချုပ်ထဲက ထုတ်ပြီး ပန်းခြံထဲကို ခေါ်လာသတဲ့၊ ပန်းခြံထဲမှာ မြင်းစားခွက် ရှည်ရှည်ကြီး တစ်ခု ရှိတယ်၊ တပ်တစ်တပ်လုံး အဲဒီ မြင်းစားခွက်ကြီးထဲ ရေထည့်ပြီး တစ်ယောက် တစ်လှည့် ရေချိုးရတယ်၊ သူ့ကိုလည်း အဲဒီထဲ ဆင်းခိုင်းသတဲ့၊ ဒီတော့ သူက ညစ်ပတ်တာချင်း အတူတူ တောင်ပိုင်း ညစ်ပတ်တာမျိုးကို အညစ်ပတ် ခံမယ် တဲ့၊ ယန်ကီ ညစ်ပတ်တာမျိုးကို မခံဘူးတဲ့’

ဒေါ်လေး ပစ်တီ၏ တတွတ်တွတ် အသံကို စကားလက် ကြားနေသည်။ သို့ရာတွင် စကားလုံးများကိုမူ မကြား။

သူ့ စိတ်ထဲတွင် အကြံ နှစ်ခုသာ ရှိသည်။ ရက် ဘတ်တလာသည် သူ ထင်သည်ထက် ပိုက်ဆံ ရှိသည်။ ထောင်ထဲ ရောက်နေသည်။ ထောင်ထဲ ရောက်ရုံမျှမက ကြိုးပေး ခံရမည့် အလားအလာ ရှိနေသည်။ ဤအချက်ကြောင့် အခြေအနေ တစ်မျိုး ပြောင်းသွားသည်။ တိတိကျကျ ပြောရလျှင် သူ့ အတွက် ပိုကောင်းသွားသည်။ ရက် ဘတ်တလာ ကံကြမ္မာကို သူ စဉ်းစား မနေနိုင်။ ဒေါက်တာမိ ပြောသလို ရက် ဘတ်တလာကို ကြိုးပေးသည် ဆိုလျှင် နည်းသေးသည်ဟုပင် စကားလက် ထင်သည်။ စစ်တပ်ကြီး နှစ်တပ် အကြား ညကြီး သန်းခေါင် တောအုပ် အလယ်တွင် မိန်းမ တစ်ယောက်ကို ပစ်ထားခဲ့သည့် အတွက်ပင်လျှင် သူ့ကို ကြိုးဒဏ် ပေးဖို့ ကောင်းနေပြီ။ သူ ထောင်ထဲ ရောက်နေတုန်း လက်ထပ်အောင် လုပ်နိုင်လျှင် ဤ သန်းပေါင်း များစွာသော ငွေများကို သူ ရမည်။ သူ ကြိုးပေးခံရလျှင် သူ တစ်ဦးတည်း အမွေ ရမည်။ အကယ်၍ လက်ထပ်ခွင့် မရလျှင် ထောင်မှ အထွက်တွင် လက်ထပ်မည်ဟု ကတိပေးမည်။ လက်ထပ် ကတိသာ မဟုတ် မည်သည့် ကတိမျိုး မဆို ပေးမည်။ ဤသို့ ကတိ ပေးပြီး သူ့ထံမှ ပိုက်ဆံ ချေးမည်။ သူ ကြိုးပေးခံသွားရလျှင် ကြွေးပင် ပြန်ဆပ်စရာ လိုတော့မည် မဟုတ်။

ဤငွေများ ရလျှင် မြိုင်သာယာကို ပြင်နိုင်မည်။ ယာကူလီတွေ ငှားနိုင်မည်။ ဝါခင်းတွေ ထပ်စိုက်နိုင်မည်။ ကောင်းကောင်း

ဝတ်၍ ကောင်းကောင်း စားရမည်။ ဆွီလင်တို့ ကာရင်တို့ တစ်တွေကိုလည်း ကောင်းကောင်း ထားနိုင်မည်။ ဝိတ်ကလေးလည်း အစားအသောက် ကောင်းကောင်း စားရသဖြင့် အားပြည့်လာမည်။ ပါးလေးတွေ ဖောင်းလာမည်။ နွေးနွေးထွေးထွေး ဝတ်နိုင်မည်။ ဆရာမ တစ်ယောက် ငှားမည်။ ကြီးလျှင် တက္ကသိုလ် ပို့မည်။ ဖိနပ် မပါ ဦးထုပ် မပါဖြင့် ဆင်းရဲသား မဖြစ်စေရ။ ဖေဖေ့ အတွက်လည်း ဆရာဝန် ကောင်းကောင်း ငှားရမည်။ အက်ရှလေကိုမူ မည်သို့ ကူညီရမည် မသိသေး။

54



‘ဟန်မကျဘူးလား ကြီးဒေါ်’



စကားလက်က စိတ်ကူး နေရာမှ ယောင်၍ အသံ ထွက်လိုက်သဖြင့် ဒေါ်လေး ပစ်တီပင် စကား ပြောနေရာမှ

ရုတ်တရက် ရပ်သွား၏။ ကြီးဒေါ်က အခန်းဝတွင် ရပ်ကာ စကားလက်ကို သင်္ကာမကင်း ဟန်ဖြင့် ကြည့်နေသည်။ ဤတံခါးဝတွင် ကြီးဒေါ် ရပ်ကြည့်နေသည်မှာ မည်မျှ ကြာပြီဟု စကားလက် မသိ။ သူ့ မျက်လုံးက အရောင်ကို ကြည့်လျှင် အတော် ကြာပြီဟု စကားလက် ထင်သည်။

‘မလေး ခရီး ပန်းနေတယ် ထင်တယ်၊ ခဏ လှဲလိုက်ပါလား’



‘ဟုတ်တယ်၊ နည်းနည်း ပန်းသလိုလိုပဲ’ စကားလက် ထိုင်ရာမှ ထကာ အားကိုးရာမဲ့ ကလေးငယ်၏ အကြည့်မျိုးဖြင့်

ကြီးဒေါ်ကို ကြည့်၏။ ‘စကားလက် အအေးပတ်သွားတယ် ထင်တယ်၊ မနက်ဖြန် ဖျားများ နေဦးမလား မသိဘူး၊ စကားလက် ဆင်းမလာရင် ခွင့်လွှတ်နော် ဒေါ်လေး၊ ဖန်နီရဲ့ မင်္ဂလာဆောင်လည်း သိပ်သွားချင်တာပဲ၊ အရေးထဲ ဖျားနေရင်တော့ ဒုက္ခ၊ တစ်နေ့လောက် အနား ယူလိုက်ရင်တော့ ပျောက်သွားမှာပါ’

ကြီးဒေါ်က စကားလက်၏ လက်များကို စမ်းရင်း စိတ်ပူသွား၏။ စကားလက်၏ မျက်နှာကို ငုံ့ကြည့်သည်။ စကားလက်

ကြည့်ရသည်က နေကောင်းပုံ မရ။ စကားလက်သည် သူ့ အတွေးဖြင့် စိတ် လှုပ်ရှားကာ မျက်နှာ ဖြူရော်နေသည်။ တုန်ယင်နေသည်။

‘မလေး လက်တွေက အေးစက်လို့ပါလား ဟင်၊ သွား သွား အိပ်ရာပေါ် လှဲနေလေ၊ မလေးဖို့ ကွမ်းရွက် ပြုတ်ရည်လေး

တစ်ခွက် လုပ်လိုက်ဦးမယ်၊ ချွေးအောင်းရအောင် အုတ်ခဲလည်း မီးဖုတ်လိုက်ဦးမယ်’

‘ဟင် ဟုတ်လား၊ ဒေါ်လေး အပြစ်ပဲ၊ ဒေါ်လေးကိုယ်က အလိုက် မသိတတ်ဘူး’ ဒေါ်လေး ပစ်တီက ကုလားထိုင်မှ

ထလာကာ စကားလက်၏ လက်မောင်းကို ပွတ်သပ် ပေး၏။ ‘သူများ အခြေအနေကို မသိဘဲ ကိုယ် ပြောချင်ရာ လျှောက်ပြောနေတာ၊ မနက်ဖြန်ကျရင် အိပ်ရာထဲမှာပဲ နေနော်၊ ဒေါ်လေး လာပြီး နေမယ်၊ အို ဒေါ်လေး လာလို့ မဖြစ်သေးပါဘူး၊ မနက်ဖြန်မှာ မစ္စက် ဆွန်နယ်တို့ အိမ်လာမယ်လို့ ကတိ ပေးပြီးနေပြီ၊ သူတို့ တစ်အိမ်လုံးလည်း တုပ်ကွေး ကွေးနေကြတယ်၊ အတော်ပဲ ကြီးဒေါ်ရေ၊ မနက်ဖြန်ကျရင် ဒေါ်လေးနှင့် လိုက်ခဲ့စမ်းပါဦး’

ကြီးဒေါ်က စကားလက်ကို လှေကား မှောင်မှောင်ဆီသို့ ခေါ်သွားသည်။ လက်တွေ အေးစက်သည် အထိ

နေရကောင်းလော၊ လွှာဖိနပ်ကလေးကို စီးရကောင်းလောဟု မြည်တွန်လာသည်။ စကားလက်က ငြိမ်ငြိမ်ကလေး လိုက်လာ၏။ ကြီးဒေါ် မသင်္ကာမှုကို ဖျောက်နိုင်လျှင်၊ မနက်ဖြန် နံနက်တွင် ကြီးဒေါ်ကို ပထုတ်နိုင်လျှင် သူ့ ကိစ္စ အဆင်ပြေမည်။ ယန်ကီ စစ်ထောင်သို့ သွားကာ ရက် ဘတ်တလာကို သွားတွေ့မည်။ လှေကားထစ်များပေါ်သို့ တက်ရင်း မိုးချုန်းသံ သဲ့သဲ့ကို ကြားရ၏။ မြို့ကို ဝိုင်းစဉ်က အမြောက်သံများနှင့် တူသည်ဟု စကားလက် ထင်သည်။ စကားလက် တုန်သွားသည်။ သူ့အဖို့ မိုးချုန်းသံသည် အမြောက်သံများနှင့် ခွဲ၍ မရ။

55

၃၄



နောက် တစ်နေ့ နံနက်တွင် နေရောင် ဝင်းနေသည်။ လေက ခပ်ကြမ်းကြမ်း တိုက်သဖြင့် ပြတင်းပေါက် မှန်

တံခါးများသည် တချပ်ချပ် မြည်နေကြ၏။ မနေ့ညက ရွာနေသည့်မိုး စဲသွားသဖြင့် စကားလက် ဝမ်းသာနေသည်။ မနေ့ည မိုးတွေ သည်းနေစဉ်က စကားလက် အိပ်မပျော်။ မနက်ဖြန် မိုးရွာနေလျှင် သူ့ ကတ္တီပါ ဝတ်စုံနှင့် ဦးထုပ်သစ် ပျက်စီးရချည့်ဟု တွေးပူနေသည်။ ယခု နေရောင်ကို မြင်ရပြီ။ သူ အားတက်လာသည်။ အပြင်သို့ ထွက်ချင်သည်မှာ ယားနေပြီ။ သို့ရာတွင် ထွက်မရသေး။ ဒေါ်လေး ပစ်တီ၊ ကြီးဒေါ်နှင့် ဦးလေး ပီတာတို့ မစ္စက် ဆွန်နယ် အိမ်သို့ မသွားမချင်း မနည်း အောင့်နေရသည်။ သူတို့ ထွက်၍ အိမ်တွင် သူ တစ်ယောက်တည်း ကျန်ခဲ့တော့မှ အိပ်ရာမှ ခုန်ထကာ ဝတ်စုံများကို ဗီရိုချိတ်ထဲမှ ဖြုတ်သည်။

အိပ်လိုက်ရသဖြင့် လန်းဆန်းနေသည်။ အားပြည့်နေသည်။ သူ့ကိုယ်သူ အားတင်း၏။ ယောက်ျား တစ်ယောက်နှင့်

ဉာဏ်ရည် ပြိုင်ရတော့မည်။ လပေါင်းများစွာ စိတ်ပျက်စရာများနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် ယခု သတ်သတ်မှတ်မှတ် ယှဉ်ပြိုင်ဘက် တစ်ယောက်နှင့် ပြိုင်ရတော့မည်။ ဤသို့ တွေးမိသဖြင့် စကားလက် စိတ်ပေါ့ပါးနေသည်။

အဖော် မပါဘဲ တစ်ယောက်တည်း အဝတ်အစား လဲရသည်က မလွယ်။ သို့ရာတွင် စကားလက် သူ့ ဘာသာသူ

ဝတ်သည်။ ငှက်တောင်တပ် ဦးထုပ်ကို ဆောင်းသည်။ ဒေါ်လေး ပစ်တီ အခန်းထဲသို့ ဝင်ကာ ကိုယ်လုံးပေါ် မှန်ကြီး ရှေ့တွင် ရပ်၍ သူ့ကိုယ်သူ သသည်။ မည်မျှ လှသနည်း။ ဦးထုပ်တွင် တပ်ထားသည့် ငှက်တောင်များကြောင့် မြူးကြွ ရဲရင့်သည့်ဟန် ပေါ်နေသည်။ အစိမ်းရင့်ရောင် ကတ္တီပါ ဦးထုပ်ကြောင့် သူ့ မျက်လုံး စိမ်းစိမ်းများသည် မြစိမ်းရောင်လို ရွှန်းရွှန်း စားစား တောက်နေကြ၏။ ဝတ်စုံကလည်း ပြောစရာ မရှိ။ အသွေးကြွသည်။ ကြည့်၍ ကောင်းသည်။ ဣနြေ္ဒ ရသည်။ အဝတ်အစား ကောင်းကောင်းကို ဝတ်ရသဖြင့် စကားလက် ပျော်သည်။ သူ့ အသွင်က လှလည်း လှသည်။ ကြွလည်း ကြွသည်။ ရှေ့သို့ ကုန်းကာ မှန်ထဲက ကိုယ့် ရုပ်သွင်ကို ပြန်၍ နမ်းသည်။ သူ စိတ်ရူးထပုံကို ကြည့်ကာ ရယ်မိသေးသည်။ မေမေ၏ ပါစလေ ရှောစောင်ကို ကောက်ကြည့်သည်။ သို့ရာတွင် ရှောစောင်က အရောင် မှိန်နေပြီ။ ရှောစောင်နှင့် ဆိုလျှင် ခပ်နုပ်နုပ် ဖြစ်သွားသည်။ ဒေါ်လေး ပစ်တီ၏ ဗီရိုကို ဖွင့်ကြည့်သည်တွင် အနက်ရောင် ဝတ်ရုံ တစ်ထည်ကို တွေ့သည်။ ဝတ်ရုံက ခပ်ပါးပါး၊ ခပ်ရှည်ရှည်။ တနင်္ဂနွေ နေ့များတွင် ဒေါ်လေး ပစ်တီ ထုတ်ဝတ်တတ်သည်။ ထိုဝတ်စုံကို သဘောကျသဖြင့် အပေါ်က ခြုံသည်။ ဟောင်းလောင်း ဖြစ်နေသည့် နားပေါက်တွင် မြိုင်သာယာမှ ယူလာသည့် စိန်နားဆွဲကို ပန်သည်။ ခေါင်းကို ယမ်း၍ စိန်နားပန် အလှကို ကြည့်သည်။ ခေါင်း ယမ်းလိုက်လျှင် နားသန်သီးကလေးများက အသံ မြည်သည်။ အသံက နားထောင် ကောင်းသည်။ ဟုတ်ပြီ။ ရက် ဘတ်တလာနှင့် တွေ့လျှင် လည်တိုင်ကလေးကို မော့၍ ခေါင်းကို မကြာခဏ ယမ်းရမည်။ မေ့၍ မဖြစ်။ နားသန်သီးကလေးတွေ ခုန်နေသည်ကို ယောက်ျားများ သဘောကျတတ်သည်။ မိန်းကလေး တစ်ယောက်၏ နားတွင် နားသန်သီးကလေးတွေ လှုပ်ယမ်းနေသည်ကို မြင်ရလျှင် ကြည့်ရသည်ကိုက ကြည်လင်စရာ ရွှင်မြူးစရာ။

ဒေါ်လေး ပစ်တီတွင် လက်အိတ် အပို မရှိသည်က ခက်သည်။ ဣနြေ္ဒ သိက္ခာ ရှိသည့် မိန်းကလေး ဆိုသည်မှာ

လက်အိက်ကလေးတော့ စွပ်ထားမှ။ သို့မဟုတ်လျှင် လက် ဟာလာ ဟင်းလင်းဖြင့် အလွန် ကြောင်သည်။ သို့ရာတွင် စကားလက်၌ လက်အိတ် တစ်စုံမျှ မရှိတော့။ မြိုင်သာယာတွင် လပေါင်း များစွာ အလုပ်ကြမ်း လုပ်ခဲ့ရသဖြင့် သူ့ လက်များက

56

ကြမ်းထော်နေပြီ။ မတတ်နိုင်။ ဟာလာဟင်းလင်း ဖြစ်နေသည့် လက်များကို ဖုံးရန် ဒေါ်လေး ပစ်တီ၏ လင်းပိုင်ရေ အနွေး ကွင်းစွပ်ကို ယူစွပ်သည်။ ဤလောက်ဆိုလျှင် လုံလောက်ပြီ။ မည်သူမျှ သူ့ကို အထင်သေးကြတော့မည် မဟုတ်။ သူ့ ပခုံးပေါ်တွင် ဆင်းရဲခြင်း၊ နွမ်းပါးခြင်း တို့ကို ထမ်းထားရသည်ဟု မည်သူမျှ ထင်ကြတော့မည် မဟုတ်။

ရက် ဘတ်တလာ သံသယ မဖြစ်ဖို့က အရေး အကြီးဆုံး။ ရက် ဘတ်တလာ အမြင်တွင် စကားလက်သည် ချစ်စရာ

ကောင်းနေရမည်။ တခြား မည်သည့် အမြင်မျိုးမှ မပေါ်စေရ။

စကားလက် ခြေဖျား ထောက်၍ လှေကားမှ ဆင်းလာပြီး အိမ်ပြင်သို့ ထွက်ခဲ့သည်။ မီးဖိုဆောင်ထဲတွင် ထမင်းချက်

ကပ္ပလီမကြီးက သီချင်းလေး တအေးအေးဖြင့်။ အိမ်နီးချင်းတွေ မမြင်အောင် ဘေးကာ လမ်းအတိုင်း ခပ်သုတ်သုတ် လျှောက်သည်။ မီးလောင်ထားသည့် အိမ်တစ်အိမ်ရှေ့ ရထား မှတ်တိုင်တွင် ရထား စောင့်သည်။ နေက တိမ်ညိုများ ကြားတွင် ပေါ်လိုက် ပျောက်လိုက်။ လမ်းမပေါ်တွင် လင်းလိုက် မှောင်လိုက်။ လမ်းမပေါ်တွင် လင်းတစ်ဝက် မှောင်တစ်ဝက် ဖြစ်နေသည်။ နေရောင်ကို မြင်ရသည့်တိုင် အနွေးဓာတ် မရှိ။ လေတိုက်သဖြင့် ဝတ်စုံ ဇာနားများက တဖျပ်ဖျပ် လွင့်နေသည်။ သူ ထင်သည်ထက် အေးနေသဖြင့် ဒေါ်လေး ပစ်တီ၏ ဝတ်ရုံကို ခပ်တင်းတင်း ပတ်လိုက်၏။ ခိုက်ခိုက် တုန်နေသည်။

မြို့လယ်က ယန်ကီ စစ်ထောင်သို့ ခြေကျင် ဆက်လျှောက်တော့မည် အပြုတွင် လှည်းအို တစ်စီး မောင်းလာသည်ကို

မြင်ရ၏။ ဦးထုပ် စုတ်စုတ်ကလေး တစ်လုံးကို ဆောင်းထားသည့် အသား ညိုညို မိန်းမကြီး တစ်ယောက် မောင်းလာသည်။ မြို့လယ်သို့ သွားနေခြင်း ဖြစ်၏။ စကားလက်ကို မတင်ချင့် တင်ချင်ဖြင့် တင်လာခဲ့၏။ ဝတ်ရုံ လှလှ၊ ဦးထုပ် လှလှဖြင့် အနွေး ကွင်းစွပ် ဝတ်ထားသည့်တိုင် သူ့ကို အထင် ကြီးပုံ မပေါ်။

‘ငါ့ကို မကောင်းတဲ့ မိန်းမလို့ ထင်ပုံရတယ်၊ အေးလေ ထင်မယ်ဆိုလည်း ထင်စရာကိုး’ ဟု စကားလက် တွေးလာသည်။



မြို့လယ် ပန်းခြံနား ရောက်သည့် အခါတွင် မြို့တော်ခန်းမမှ စုလစ်မွမ်းချွန်တို့ကို မြင်ရ၏။ စကားလက်က

ကျေးဇူး စကား ဆိုပြီး လှည်းမှ ဆင်းသည်။ တောသူမကြီး မောင်းသွားသည့် လှည်းအိုကို ငေးကြည့် ကျန်ရစ်ခဲ့သည်။ သူ့ ဘေးပတ်လည်ကို လှမ်းကြည့်ပြီး လူ မရှိသည့် အခါတွင် အေးစက်နေသည့် သူ့ ပါးများကို နာနာ ပွတ်သည်။ ပါးတွင် သွေးရောင် လျှမ်းလာစေရန် ဖြစ်သည်။ နှုတ်ခမ်းကိုလည်း နီရဲလာအောင် ခပ်တင်းတင်း ကိုက်သည်။ မြို့တော်ခန်းမက မီးလောင်ရာတွင် မပါ။ သို့ရာတွင် ကြည့်ရသည်က သန့်ရှင်းခြင်း မရှိ။ ညစ်ပတ်နေသည်။ မြို့တော် ခန်းမ ပတ်ပတ်လည်နှင့် ပန်းခြံထဲတွင် စစ်တပ် ရွက်ဖျင်တဲတွေ အတန်းလိုက် ရှိနေကြသည်။ ညစ်ပတ်လျက်။ ဗွက်ပေါက်လျက်။ ယန်ကီ စစ်သားများ သွားလာနေကြသည်။ စကားလက် သူတို့ကို ခပ်လန့်လန့်ဖြင့် လှမ်းကြည့်သည်။ သတ္တိတွေ လွင့်စဉ်ကုန်ပြီ။ ဤစခန်းထဲ ဝင်၍ ရက် ဘတ်တာကို မည်သို့ ရှာရမည်နည်း။

မီးသတ် တပ်ဖွဲ့ရုံးဆီသို့ လှမ်းကြည့်၏။ တံခါး ခုံးခုံးကြီး နှစ်ချပ်က ပိတ်ထားပြီး သစ်သား ကန့်လန့် ပိတ်ထားသည်။

အပေါက်တွင် စန္ဒရီ နှစ်ယောက် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေကြသည်။ ရက် ဘတ်တလာ တစ်ယောက် ဤအထဲတွင် ရှိရမည်။ သို့ရာတွင် ယန်ကီ စစ်သားများကို မည်သို့ ပြောရမည်နည်း။ စကားလက် ရင်ကို ကော့သည်။ ယန်ကီ တစ်ယောက်ကိုပင် သတ်ခဲ့ဖူးပြီ မဟုတ်လော။ အဘယ့်ကြောင့် စကား မပြောရဲရမည်နည်း။

ရွှံ့ဗွက်ကို ဖြတ်ခင်း ထားသည့် ကျောက်တုံး ကလေးများ အတိုင်း နင်းလျှောက်လာခဲ့သည်။ လည်ပင်း ထိအောင်

57

ကြယ်သီး တပ်ထားသည့် စန္ဒရီ တစ်ယောက်က သူ့ကို ဆီးတား၏။

‘ဘာကိစ္စပါလဲ ခင်ဗျာ’



သူ့ အသံက အနည်းငယ် ဝဲသည်။ အနောက် အလယ်ပိုင်း ပြည်နယ်သား အသံ။ သို့ရာတွင် ယဉ်ယဉ် ကျေးကျေး

မွန်မွန်ရည်ရည်။

‘ကျွန်မ လူ တစ်ယောက်နှင့် တွေ့ချင်လို့ပါ၊ အကျဉ်းသားထဲကပါ’



‘ဒါတော့ ကျွန်တော်လည်း မသိဘူးဗျ’ စန္ဒရီက ခေါင်းကုတ်၏။ ‘ထောင်ဝင်စာ လာတွေ့တဲ့ လူတွေကို ကန့်သတ်ထားတယ်’



စန္ဒရီက စကားလက် မျက်နှာကို လှမ်းကြည့်သည်။



‘အို အို၊ မငိုပါနှင့်လေ၊ ဟောဟိုမှာ ကင်းရုံး ရှိတယ်၊ ကင်းရုံးက အရာရှိကို သွားမေးပါ၊ တွေ့ခွင့် ရမှာပါ’



စကားလက်က သူ့ကို ပြုံးပြသည်။ စန္ဒရီက အခြား စန္ဒရီ တစ်ယောက်ကို လှမ်းခေါ်၏။ နောက် စန္ဒရီက ခပ်ဝဝ။

ဝတ်စုံ အင်္ကျီပြာကြီးကို ဝတ်ထားသည်။ နှုတ်ခမ်းမွေး ကျင်စွယ်ဖြင့် ဂိုက်က လူမိုက်ဂိုက်။ ရွှံ့ဗွက်ထဲမှ ဖြတ်ကာ သူတို့ဆီ လျှောက်လာသည်။

‘ဟောဒီ အမျိုးသမီးကို ကင်းရုံး ခေါ်သွားစမ်းပါ’



စကားလက်က ကျေးဇူးတင် စကား ပြောပြီးနောက် စန္ဒရီ နောက်သို့ လိုက်လာ၏။



‘ခြေချော်ပြီး

ရွှံ့ဗွက်ထဲ

ကျသွားမယ်နော်၊

သတိထား

လျှောက်’

စန္ဒရီက

သူ့

လက်မောင်း

တစ်ဖက်ကို

လှမ်းဆွဲလိုက်သည်။ ‘ဝတ်ရုံလည်း နည်းနည်း မထားလေ၊ ရွှံ့စဉ်ကုန်မယ်’

သူ့ အသံကလည်း စောစောက စန္ဒရီ အသံလို နှာခေါင်းသံ ပါသည်။ သို့ရာတွင် ချိုသာသည်။ ကြင်နာသည်။

သူ့လက်က မြဲသည်။ မတော်တရော် စိတ်ကူး ရှိဟန် မတူ။ ယန်ကီတွေက သူ ထင်သလောက် မဆိုး။

‘အမျိုးသမီးတွေ သိပ်လမ်းထွက်လို့ မကောင်းဘူး၊ ရာသီဥတုက အေးတယ်၊ တော်တော် ဝေးဝေးက လာရတာလား’



‘ဟုတ်ကဲ့၊ မြို့စွန်က ဆိုပါတော့’



စကားလက် အသံကလည်း ယဉ်ယဉ်ကျေးကျေး။



‘ဒီလို ရာသီဥတုမျိုးမှာ ဘာလို့ အပြင် ထွက်ရတာလဲ’ စန္ဒရီက အပြစ်တင်သံဖြင့် ဆိုသည်။ ‘လေက တော်တော်

အေးတယ်၊ တုပ်ကွေး ဖြစ်လိမ့်မယ်၊ ကဲ ကင်းရုံး ရောက်ပြီ၊ ဘာဖြစ်လို့လဲ’

‘ဒါ ဒါ၊ ရှင်တို့ ကင်းရုံးလား’ စကားလက် မျက်နှာ မဲ့သွားသည်။ ပန်းခြံကို မျက်နှာ မူထားသည့် ခပ်လှလှ

အဆောက်အဦကို စကားလက် မော့ကြည့်သည်။ ပြည်တွင်းစစ် ကာလတုန်းက ဤနေရာတွင် ကျင်းပသည့် ပွဲသဘင်များသို့

58

မကြာခဏ ရောက်ခဲ့ဖူးသည်။ နေရာက လှလှပပ။ ပျော်စရာ။ ယခု ပြည်ထောင်စု အလံကြီး လွင့်နေသည်။

‘ဘာဖြစ်လို့လဲ’



‘ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး၊ ဒီအိမ်ပိုင်ရှင် တွေက ကျွန်မ အသိတွေမို့လို့ပါ’



‘အင်း စိတ်မကောင်းစရာကြီးပေါ့၊ သူတို့ အိမ်ကို သူတို့ မှတ်မှ မှတ်မိပါ့မလား မသိဘူး၊ အထဲမှာလည်း အကုန်

ပျက်စီးကုန်ပြီ၊ ကဲ အထဲမှာ ဗိုလ်ကြီး ရှိတယ်၊ ဗိုလ်ကြီးကို မေးပါ’

စကားလက် အထဲသို့ ဝင်လာခဲ့၏။ ကျိုးပဲ့နေသည့် လှေကား လက်ရန်းကို မရဲတရဲ ကိုင်ကာ အပေါ်ထပ်သို့ တက်လာပြီး

တံခါးကို တွန်းဖွင့် လိုက်သည်။ အခန်းထဲတွင် မှောင်နေသည်။ မြေတိုက်ကြီးလို အေးစိမ့် နေသည်။ ခိုက်ခိုက် တုန်နေသည့် စန္ဒရီ တစ်ယောက်က ပိတ်ထားသည့် တံခါး တစ်ခုနားတွင် ရပ်နေသည်။ တစ်ခါက ထမင်းစားခန်း တစ်ခန်း ဖြစ်ပုံရသည်။

‘ဗိုလ်ကြီးနှင့် တွေ့ချင်လို့ပါ’



စန္ဒရီက တံခါး ဖွင့်ပေးလိုက်သည်။ စကားလက် အထဲသို့ ဝင်ခဲ့သည်။ ရင်က တဒိတ်ဒိတ် ခုန်နေသည်။ မျက်နှာက

နီရဲနေသည်။ အခန်းထဲတွင် ပိတ်လှောင်ကာ မှိုနံ့၊ ဆေးလိပ်နံ့၊ သားရေနံ့၊ ချွေးနံ့ စသည်တို့ ထွက်နေသည်။ နံရံကပ် စက္ကူတွေက စုတ်ပြဲ ကွာကျ နေသည်။ သံငုတ်များပေါ်တွင် ချိတ်ထားသည့် အပြာရောင် ဝတ်ရုံရှည်ကြီးများတွင် ဦးထုပ်များ၊ တဟုန်းဟုန်း တောက်နေသည့် မီးလင်းဖိုကြီး၊ စားပွဲ ရှည်ရှည်ကြီး တစ်လုံး၊ အပြာရောင် ဝတ်စုံတွင် ကြေးဝါ ကြယ်သီးတွင် တပ်ထားသည့် စစ်ဗိုလ် တစ်သိုက်။ ထိုအရာများသည် သူ့ အမြင် အာရုံထဲတွင် ရောထွေးလျက် ရှိ၏။

စကားလက် တံတွေးကို မျိုချပြီးမှ အသံထွက် လာသည်။ သူ ကြောက်နေသည်ကို သူတို့ သိ၍ မဖြစ်။ ရဲရဲ ကြည့်ရမည်။

အလှဆုံး ဖြစ်အောင် နေရမည်။ ခပ်တည်တည်ဟန် ပေါက်ရမည်။

‘ဗိုလ်ကြီး ရှိပါသလား ရှင်’



‘ကျုပ်လည်း ဗိုလ်ကြီးပဲ’



ကြယ်သီး ဖြုတ်ထားသည့် ဝဝ ဗိုလ်ကြီး တစ်ယောက်က ပြော၏။



‘ကျွန်မ အကျဉ်းသား တစ်ယောက်နှင့် တွေ့ချင်လို့ပါ၊ အကျဉ်းသားက ဗိုလ်ကြီး ရက် ဘတ်တလာပါ’



‘ဟား လာပြန်ပြီ၊ ဘတ်တလာတဲ့၊ တော်တော် ပေါ်ပြူလာ ဖြစ်တဲ့ လူပါလား’ ဗိုလ်ကြီး ဝဝက ပါးစပ်တွင် ဝါးထားသည့်

ဆေးရွက်ကြီးကို ကော်ထုတ်ရင်း ရယ်သည်။ ‘ဆွေမျိုး တော်သလား’

‘ဟုတ် ဟုတ်ကဲ့၊ သူ့ ညီမပါ’



ဗိုလ်ကြီး ဝဝက ရယ်ပြန်သည်။



‘ညီမတွေကလည်း များလှချည်လား၊ မနေ့ညနေ ကတင် တစ်ယောက် လာပြီးပြီ’

59



စကားလက် မျက်နှာ နီရဲသွားသည်။ ရက် ဘတ်တလာ အပျော် ထားသည့် ကောင်မထဲက တစ်ယောက်ယောက်

ဖြစ်ရမည်။ ဘဲလ် ဝက်တလင်းများ ဖြစ်မည်လော မသိ။ သူ့ကိုလည်း ထိုအစားထဲက ထင်ပုံ ရသည်။ စကားလက် မခံနိုင်။ မြိုင်သာယာ ကိစ္စသာ မပါလျှင် ဤနေရာတွင် နောက်ထပ် တစ်မိနစ်မျှပင် မနေချင်။ အစော်ကား မခံနိုင်။ စကားလက် ပြန်လှည့်ကာ တံခါး လက်ကိုင်ဘုကို ကိုင်သည်။ သို့ရာတွင် သူ့ဘေးသို့ အခြား စစ်ဗိုလ် တစ်ဦး ချက်ချင်း ရောက်လာ၏။ မုတ်ဆိတ်မွေး စင်ကြယ်လျက်။ ခပ်ငယ်ငယ်။ ရွှင်ပြုံး ကြင်နာသည့် မျက်လုံးများဖြင့်။

‘ခဏလေး စောင့်နော်၊ မီးဖိုဘေး သွားထိုင်ပါလား၊ အဲဒီက နည်းနည်း နွေးတယ်၊ ကျွန်တော် သွား စုံစမ်းလိုက်ဦးမယ်၊

နာမည် ဘယ်လို ခေါ်သလဲ၊ ဒီလူက စခန်း ခပ်ကြီးကြီးရယ်၊ မနေ့က လာတွေ့တဲ့ အမျိုးသမီးကိုတော့ အတွေ့ မခံဘူး’

စကားလက် ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်ချသည်။ သူ့ကို နောက်သည့် ဗိုလ်ကြီး ဝဝကို လှမ်းကြည့်ပြီး

သူ့နာမည်ကို ပြောသည်။ ခပ်ငယ်ငယ် စစ်ဗိုလ်က သူ့ ဝတ်ရုံ အင်္ကျီကို ဝတ်ပြီး အပြင်သို့ ထွက်သွား၏။ ကျန်အရာရှိများက စားပွဲစွန်း တစ်ဖက်သို့ ရွှေ့သွားကာ ခပ်တိုးတိုး စကား ပြောကာ သတင်းစာတွေကို လှန်နေကြသည်။ စကားလက်က မီးဖိုဘက်သို့ ခြေဆန့်၍ မီးကင်သည်။ လွှာဖိနပ် အောက်တွင် ကတ်ထူပြား တစ်ခု ညှပ်၍ ထပ်ခဲ့လျှင် အကောင်းသားဟု တွေးနေသည်။ အပြင်ဘက်မှ တီးတိုး ပြောနေသံ ကြားရပြီးနောက် ရက် ဘတ်တလာ၏ ရယ်သံကို ကြားရ၏။ တံခါး ဖွင့်လာကာ လေက စွတ်၍ ဝင်လာသည်။ နောက် ရက် ဘတ်တလာ။ ဦးထုပ် မပါ။ ဝတ်ရုံ အင်္ကျီ တစ်ထည်ကို ပခုံး ပေါ်တွင် လျော့တိ လျော့ရဲ ပစ်တင်ထားသည်။ မုတ်ဆိတ်မွေး ကျိုးကျဲ။ လည်စည်း မရှိ။ သို့တိုင်အောင် ဂရု မစိုက်ဟန်။ ဆောင့်ကြွားကြွား။ စကားလက်ကို မြင်သည်၌ သူ့မျက်လုံး နက်နက်များက တဖျပ်ဖျပ် တောက်လာကြသည်။

‘ဟင် စကားလက်’



စကားလက်၏ လက်နှစ်ဖက်ကို အုပ်ကိုင်သည်။ သူ့ အတွေ့က ခါတိုင်းလို ခွန်အား ကောင်းမြဲ။ ပူနွေးမြဲ။ ရင်တုန်စရာ

ကောင်းမြဲ။ ရုတ်တရက် ငုံ့ကာ စကားလက် ပါးကို တစ်ချက် နမ်းလိုက်သည်။ သူ့နှုတ်ခမ်းမွေးက ပါးပေါ်တွင် ယားကျိကျိ။ စကားလက်က လန့်၍ နောက်သို့ မဆုတ်မီ ပခုံးကို ဆွဲ၍ ဖက်ထားလိုက်သည်။ ‘ညီမလေး၊ ကျုပ် ညီမလေး’ ဟု ခေါ်ကာ စကားလက်ကို ပြုံးကြည့်နေသည်။ သူ ဖက်ထားသည်ကို မတွန်းလှန်နိုင်ဘဲ ဖြစ်နေသည့် စကားလက်၏ ပျော့ညံ့ပုံကို အရသာ တွေ့နေပုံရသည်။ သူ အခွင့်အရေး ယူသည်ကို ကြည့်၍ သဘောကျကာ စကားလက်က ရယ်သည်။ တကယ့် လူဆိုး၊ လူကြမ်း။ ထောင်ထဲ ရောက်သည့်တိုင် ဘာမျှ ပြောင်းလဲခြင်း မရှိ။

ဗိုလ်ကြီး ဝဝက ဆေးလိပ် ခဲရင်း လူငယ် စစ်ဗိုလ်ကို ပြောနေသည်။



‘ဒီလူကတော့ မလွယ်ဘူးနော်၊ အမှန်က မီးသတ်ရုံးထဲမှာ ထားဖို့ ကောင်းတာ၊ ခင်ဗျားလည်း အထက်က အမိန့်ကို

သိသားပဲ’

‘ဟာ ဗိုလ်ကြီးကလည်း မီးသတ်ရုံးထဲမှာ ဆိုရင် အမျိုးသမီး အေးတာနှင့် သေတော့မယ်’



‘သဘောပဲလေ၊ တစ်ခုခု ဖြစ်ရင်တော့ ခင်ဗျား တာဝန်ပဲ’



‘စိတ်ချပါ ရဲဘော်တို့ရ’ ရက် ဘတ်တလာက သူတို့ဘက်သို့ လှည့်ပြောသည်။ စကားလက်၏ ပခုံးကို ကိုင်ထားမြဲ။

60

‘ထွက်မပြေးပါဘူး၊ ကျုပ် ညီမမှာလည်း တံစည်းတို့ လွှတို့ ပါမလာပါဘူး’

သူတို့က ဝိုင်း ရယ်ကြသည်။ စကားလက်က သူ့ ပတ်ပတ်လည်ကို လှမ်းကြည့်၏။ ဘုရား၊ ဘုရား။ ဤယန်ကီ စစ်ဗိုလ်

ခြောက်ယောက် ရှေ့တွင် ရက် ဘတ်တလာနှင့် စကား ပြောရမည်လော။ ရက် ဘတ်တလာသည် မျက်စိအောက်မှ အပျောက် မခံရဲအောင် ကြောက်စရာ ကောင်းသည့် အကျဉ်းသားလော။ စကားလက် အခြေအနေကို မြင်သည့် အခါ၌ ခပ်ငယ်ငယ် စစ်ဗိုလ်က တံခါးကို ဖွင့်သည်။ တပ်သား နှစ်ယောက်ကို တီးတိုး ပြောသည်။ စစ်သား နှစ်ယောက်က ဝုန်းခနဲ ထကာ အပေါက်ဝတွင် သွားစောင့်သည်။ ကျန်စစ်ဗိုလ် များက သေနတ်များကို ကောက်ကိုင်ကာ အပြင်သို့ ထွက်သွားပြီး တံခါးကို ပိတ်လိုက်သည်။

‘ထိုင်ချင်ရင် အစောင့် စစ်သားရဲ့ အခန်းထဲမှာ ထိုင်ပါ’ စစ်ဗိုလ် ငယ်ငယ်က ပြောသည်။ ‘အထဲကတော့ မင်းတုပ်

ထိုးမထားနှင့် နော်၊ အပြင်မှာ စစ်သားတွေ စောင့်နေတယ်’

‘မြင်တယ် မဟုတ်လား၊ ကျုပ် ဘယ်လောက် ဆိုးတဲ့လူ မှတ်သလဲ’ ရက် ဘတ်တလာက ပြောသည်။ ‘ကျေးဇူးတင်တယ်

ဗိုလ်ကြီး’

ရက် ဘတ်တလာက စစ်ဗိုလ်ကို မလေးမခန့် ဦးညွှတ်ပြကာ စကားလက်၏ လက်မောင်းကို ကိုင်ပြီး ညစ်ပတ်နေသည့်

အစောင့် အခန်းထဲသို့ တွန်းပို့လိုက်သည်။ စကားလက် ထို အခန်းကို ကောင်းကောင်း မမှတ်မိ။ အခန်း ခပ်ကျဉ်းကျဉ်း။ ခပ်မှောင်မှောင်။ အနွေးဓာတ် မရှိ။ ပဲ့ကျနေသည့် နံရံတွင် စက္ကူဟောင်းတွေ ကပ်ထားသည်။ အမွေးပင် မချွတ်ရသေးသည့် နွားရေတွေ ခင်းထားသည့် ကုလားထိုင် သုံးလေးလုံး။ ဤသည်တို့ကိုသာ အမှတ်ရသည်။

အပြင်မှ တံခါး ပိတ်ပေးလိုက်သည့် အခါတွင် ရက် ဘတ်တလာသည် သူ့ဆီသို့ ခပ်သုတ်သုတ် လျှောက်လာကာ

ငုံ့လိုက်၏။ ရက် ဘတ်တလာ၏ အကြောကို စကားလက် သိသည်။ ထို့ကြောင့် ခေါင်းကို ယိမ်းကာ မျက်လုံးကို ထောင့်ကပ် ကြည့်ပြီး ပြုံးနေသည်။

‘မင်းကို ကျုပ် တကယ် မနမ်းရတော့ဘူးလား’



‘နဖူးကို နမ်းချင် နမ်းလေ၊ အစ်ကိုကြီး တစ်ယောက်လိုနော်’



စကားလက်က လေသံကလေးဖြင့် ပြော၏။



‘ဟင့်အင်း၊ ဒီလိုတော့ မနမ်းချင်ဘူး၊ ကျိန်းကျေ သွားလိမ့်မယ်၊ ဒီထက် အခွင့်အရေး ရအောင် စောင့်ဦးမယ်လေ’ သူ့

မျက်လုံးများက စကားလက်၏ နှုတ်ခမ်းဆီသို့ ရောက်လာကာ တန့်သွားသည်။ ‘ဒါပေမယ့် ခုလို လာတွေ့ဖော် ရရင်ပဲ ကျေးဇူး တင်လှပါပြီ၊ ကျုပ်ကို ထောင်ဝင်စာ လာတွေ့တဲ့ လူတွေထဲမှာ လူကောင်း သူကောင်း ဆိုလို့  မင်း တစ်ယောက်ပဲ ရှိသေးတယ်၊ ထောင်ထဲ ရောက်တော့ မိတ်ဆွေ သိပ်ငတ်တာပဲ၊ မင်းကော ဘယ်တုန်းက မြို့ကို ပြန်ရောက်သလဲ’

‘မနေ့ ညနေက’



‘ဟင်၊ မနေ့ညကတင် ရောက်ပြီး ဒီနေ့ မနက် လာတွေ့တယ် ဟုတ်လား၊ အင်း ကလေးမ မင်း တော်တယ်၊

61

တော်တာထက် ပိုတယ်’

ရက် ဘတ်တလာက သူ့ကို ပြုံးကြည့်၏။ သူ့ မျက်နှာတွင် ရိုးရိုးသားသား ကျေနပ်သည့် အမူအရာ မျိုးကို

ဤတစ်ကြိမ်သာ စကားလက် မြင်ဖူးသေးသည်။ စကားလက်က စိတ်ထဲမှ ကျိတ်ပြုံးကာ ရှက်ဟန်ဖြင့် ခေါင်းကို ငုံ့သည်။

‘မနေ့ညက ရှင့် သတင်းကို ဒေါ်လေး ပစ်တီဆီက ကြားပြီး မနက်ကျတော့ လာတွေ့တာပဲ၊ စိတ် မကောင်းလိုက်တာ၊

မနေ့ညက တစ်ညလုံး အိပ်မပျော်ဘူး၊ ရင်ထဲမှာ ဘယ်လို ဖြစ်မှန်း မသိဘူး’

‘ဘာဖြစ်လို့’



သူ့ အသံက နူးညံ့နေသည်။ ကျေနပ်နေပုံ ရသည်။ သူ၏ ညိုမှောင်မှောင် မျက်နှာကို မော့ကြည့်၏။ သူ့ မျက်နှာပေါ်တွင်

တွေ့နေကျ မယုံသင်္ကာ ဖြစ်ခြင်း၊ လှောင်ပြောင် သရော်လိုခြင်း စသည့် အမူအရာမျိုးကို မတွေ့ရ။ သူက ငုံ့ကြည့်လိုက်သည့် အခါတွင် စကားလက် ရင်ထဲ၌ ရှုပ်ပွေ နေသည်။ အခြေအနေက မဆိုး။ သူ ထင်သည်ထက် ဟန်ကျနေပြီ။

‘မင်းကိုလည်း တွေ့ရတယ်၊ မင်းဆီကလည်း ဒီလို စကားမျိုး ကြားရတယ် ဆိုရင် ကျုပ် ထောင်ကျရကျိုး နပ်ပါတယ်၊ မင်း

နာမည်ကို လာပြောတော့ ကျုပ် နည်းနည်းလေးမှ မယုံဘူး၊ ကျောက်စရစ်ကုန်း ရွာနားက တောထဲမှာ မင်းတို့ကို ထားပစ်ခဲ့ပြီး ကျုပ်ကိုယ်ကျုပ် သူရဲကောင်းကြီး လုပ်သွားခဲ့တယ်၊ ဒါ အတွက် မင်း ကျုပ်ကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်တော့ဘူးလို့ ကျုပ် မျှော်လင့်ထားတာ၊ ခု မင်းက ကျုပ်ကို လာတွေ့တယ် ဆိုတော့ ကျုပ်ကို ခွင့်လွှတ်လိုက်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ မဟုတ်ဘူးလား’

ဤအကြောင်း ပြောလျှင် ယခုတိုင် စကားလက် စိတ်ဆိုး မပြေ။ သို့ရာတွင် စကားလက် သူ့စိတ်ကို ချုပ်တည်းသည်။

နားသန်သီးလေးတွေ လှုပ်ယမ်းသွားအောင် ခေါင်းကို ခါယမ်းပစ်လိုက်၏။

‘ဟင့်အင်း၊ ခွင့်မလွှတ်ပါဘူး’



စကားလက်က နှုတ်ခမ်း စူပြသည်။



‘အင်း၊ မျှော်လင့်ချက် တစ်ခု ပြိုကွဲသွားပြန်ပြီ ပေါ့၊ ကျုပ် ပြည်နယ် အတွက် ရွှံ့တော ဗွက်တောထဲမှာ တိုက်ခဲ့ပြီ၊

ပထမတန်းစား ဝမ်းကိုက် ရောဂါလည်း ဖြစ်ခဲ့ပြီ၊ ဒီလောက် ဒုက္ခ ရောက်ခဲ့ ရတာကိုတောင် ခွင့် မလွှတ်သေးဘူးလား’

‘ရှင့် ဒုက္ခ သုက္ခတွေ စကားလက် နားမထောင် ချင်ပါဘူး’ စကားလက်က နှုတ်ခမ်းကို စူထားဆဲ။ သို့ရာတွင် မျက်ခုံး

နှစ်ဖက်က အဖျားကော့ကာ မျက်လုံးများက ပြုံးနေ၏။ ‘ဟိုနေ့ ညတုန်းက လုပ်သွားပုံကို နည်းနည်းလေးမှ မကျေဘူး သိလား၊ ကြည့်စမ်းပါဦး၊ စကားလက်ကို တစ်ယောက်တည်း ပစ်ထွက်သွားတယ်၊ ဒုက္ခ ရောက်ရင် မခက်ပါလား’

‘ဒါပေမယ့် ဘာမှ မဖြစ်ဘူး မဟုတ်လား၊ မင်းကို ကျုပ် ယုံလို့ ဒီအတိုင်း ထားခဲ့တာပေါ့၊ ခု မင်းကို ကျုပ် ယုံတာ

ဘယ်လောက် မှန်သလဲ၊ မင်းဟာ အိမ်ကို ချောချောမောမော ပြန်ရောက်မှာပဲလို့ ကျုပ် သေချာပေါက် သိပြီးသားပါ၊ လမ်းမှာ ယန်ကီ တွေ့ရင် မင်းဘက်မှာ ဘုရားသခင် ရှိတယ်လို့ ကျုပ် မပြောဘူးလား’

62



‘တော်ပါ၊ အရေးထဲမှာ စစ်ရှုံးနေပါပြီ ဆိုမှ ရှုံးတဲ့ ဘက်ကများ ဝင်တိုက်ရသေးတယ်၊ စစ်မြေပြင် သွားပြီး သေနတ်ပစ်

ခံတဲ့လူတွေဟာ လူမိုက်တွေဆို၊ ရှင်ပဲ ပြောတယ် မဟုတ်လား’

‘ကျုပ်ကိုတော့ ခွင့်လွှတ်ပါကွယ်၊ စိတ်မဆိုးပါနှင့်၊ ဒီအကြောင်းကို ပြန်တွေးရင် ကျုပ်ကိုယ်ကျုပ် ရှက်လွန်းလို့ပါ’



‘စကားလက်ကို ဒီလို လုပ်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ရှက်တယ် ဆိုရင် ဝမ်းသာလှပါပြီတဲ့ ရှင်’



‘ဟင့်အင်း၊ ကျုပ်က ဒီအဓိပ္ပာယ်နှင့် ပြောတာ မဟုတ်ပါဘူး၊ မင်းကို ဒီလို ထားခဲ့လို့ ရှက်တာ မဟုတ်ပါဘူး၊ မင်းကို

ခုလို တောထဲမှာ ထားပြီး ထွက်သွားတာကို ခုတိုင် ကိုယ့်ဘာသာကိုယ် မှားတယ်လို့ မထင်မိတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် ရှက်တယ်လို့ ပြောနေတာ၊ တပ်ထဲ လိုက်သွားတဲ့ ကိစ္စကတော့ အင်း၊ ကျုပ် လိုက်သွားတုန်းက ဖိနပ်က ပြောင်လက်လို့၊ အင်္ကျီက ဖြူဖွေးလို့၊ လက်မှာလည်း ပစ္စတို တစ်လက်ပဲ ပါတယ်၊ ဖိနပ် စုတ်သွားတော့ နှင်းတွေထဲမှာ ဖိနပ် မပါဘဲ သွားရတယ်၊ ကုတ်အင်္ကျီ မပါဘူး၊ စားစရာ မရှိဘူး၊ ကျုပ်ဘာသာ ကျုပ်တောင် နားမလည်ဘူး၊ ဒီလောက် ဆင်းရဲရင် တပ်ထဲက ထွက်ပြေးဖို့ ကောင်းတယ်၊ ဒါပေမယ့် ကျုပ် ထွက်မပြေးခဲ့ဘူး၊ တကယ်ကတော့ စိတ်ရူးထပြီး လိုက်သွားတာပါလေ၊ ကျုပ်တို့ တောင်ပိုင်းသားက တစ်ခါ တစ်ခါ ဒီလိုပဲ စိတ်ရူး ပေါက်တတ်တယ်၊ တောင်ပိုင်းသားရဲ့ စိတ်ဟာ ရှုံးတဲ့ဘက်က အမြဲ နေချင်တယ်၊ ဒါတွေ ထားပါတော့လေ၊ အရေး မကြီးပါဘူး၊ ကျုပ်ကို မင်း ခွင့်လွှတ်တယ် ဆိုရင် ကျုပ်အဖို့ လုံလောက်ပါပြီ’

‘ဟင့်အင်း၊ ခွင့်မလွှတ်နိုင်ဘူး၊ ရှင်ဟာ ဘယ်လို လူမှန်း မသိဘူး၊ တစ်မျိုးပဲ’



စကားလက်က နွဲ့လိုက်သည်။ နောက်ဆုံး စကားလုံးကို ပြောသည့် လေသံက ‘အချစ်’ ဟု ခေါ်သံလို ကူချွဲသည့်

အသံမျိုး။

‘ကျုပ်ကို မညာနှင့်နော်၊ မင်း ကျုပ်ကို ခွင့်လွှတ် ပြီးပြီ၊ ကျုပ် သိတယ်၊ ခွင့်မလွှတ်ရင် ကျုပ်ကို ဘာလို့ လာတွေ့မလဲ၊

တော်တော့် မိန်းကလေးဟာ ယန်ကီ စစ်သားတွေ ကြားထဲ လာပြီး ထောင်ကျနေတဲ့ အကျဉ်းသားကို လာမတွေ့ရဲဘူး၊ ကတ္တီပါ ဝတ်စုံနှင့် လင်းပိုင်ရေ အနွေးကွင်းနှင့် ဦးထုပ်မှာ ငှက်တောင် တပ်ပြီး အပျင်းပြေ လာပြီးလည်း အလှ မပြရဲကြဘူး၊ ဒီဝတ်စုံကို ဝတ်လိုက်တော့လည်း တော်တော် လှသားပဲ၊ အစုတ်စုတ် အပြတ်ပြတ်နှင့် မမြင်ရလို့ ကျုပ် ဝမ်းသာတယ်၊ အဝတ်နက်ကြီးတွေ မဝတ်ရတော့ဘူး မဟုတ်လား၊ ဒီလိုမှပေါ့ ကလေးမရဲ့၊ ခုလိုကျတော့ ပါရီက ကိုယ်ဟန်ပြမယ်လေးလား အောက်မေ့ရတယ်၊ ကဲ ဟိုဘက် လှည့်စမ်း ပါဦး၊ သေသေချာချာ ကြည့်ရအောင်’

အကွက် ဝင်ပြီ။ ရက် ဘတ်တလာက သူ့ အဝတ်အစားကို သတိ ထားမိပြီ။ သူ့ အဝတ်အစားကို ရက် ဘတ်တလာ

သတိ ပြုမိရမည်။ ထို့ကြောင့်ပင် ရက် ဘတ်တလာ ဖြစ်နေသည် မဟုတ်လော။ စကားလက်က ခပ်မြူးမြူး ရယ်ကာ ခြေဖျား ထောက်၍ လှည့်ပြသည်။ လက်နှစ်ဖက်ကို ဆန့်ထား၏။ ရက် ဘတ်တလာ၏ မျက်လုံး နက်နက်များက တစ်ခဏချင်းမှာပင် ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်မိသည်။ တစ်ခုကိုမျှ အလွတ်ပေးဟန် မရှိ။ သူတစ်ပါးကို ဗလာကျင်း၍ ကြည့်သည့်နှယ် ရှိအောင် ကြည့်သည့် အကြည့်မျိုး။ သူ့ တစ်ကိုယ်လုံး ကြက်သီးတွေ ထလာအောင် စူးစူးရဲရဲ ကြည့်သည့် ယခင်က အကြည့်မျိုး။

‘မင်း ကြည့်ရတာ ပြောင်ပြောင် လက်လက်ပဲ၊ တော်တော် ချမ်းသာနေပုံ ရတယ်၊ စားချင်စရာကလေး၊ ယန်ကီတွေ

အပြင်မှာ ရှိလို့သာပေါ့၊ နို့မို့ရင်... ကဲပါလေ၊ သိပ်ကြောက်မနေပါနှင့်၊ စိတ်ချပါ၊ အဲဒီမှာထိုင်၊ မင်းကို ဟိုတစ်ခါ တွေ့တုန်းကလို

63

အခွင့်အရေး မယူပါဘူး’ ရက် ဘတ်တလာက သူ့ပါးကို စိတ်ရှုပ်ဟန်ဆောင်၍ ပွတ်လိုက်သည်။ တကယ် ပြောတာပါ စကားလက်၊ ဟိုနေ့ညက မင်း လုပ်ပုံဟာ နည်းနည် တစ်ကိုယ်ကောင်း မဆန်လွန်းဘူးလား၊ မင်း အတွက် ကျုပ် လုပ်ပေးခဲ့ရတာကိုလည်း ကြည့်ပါဦး၊ ကျုပ် အသက်ကို စွန့်ခဲ့တယ်၊ စစ်တပ်ထဲက မြင်းကို ဝင်ခိုး ပေးခဲ့ရတယ်၊ ပြီးတော့ ကျုပ်တို့ရဲ့ ကြီးမြတ်တဲ့ အရေးတော်ပုံကြီး ဘက်က ဝင်တိုက်ခဲ့ရတယ်။ ကျုပ်က ဒီလောက် အနစ်နာ ခံပေမယ့် ကျုပ် ဘာများ ရလို့လဲ၊ ပက်ပက်စက်စက် အပြော ခံရပြီး ပါးအရိုက်ခံခဲ့ရတယ်’

စကားလက်က ကုလားထိုင်တွင် ဝင်ထိုင်သည်။ စကားက မျှော်လင့်ထားသည့် အကြောင်းအရာဆီသို့ ရောက်မလာ။

သူ့ကို မြင်စတုန်းကမူ ရက် ဘတ်တလာ စိတ်ကောင်း ဝင်နေပုံ ရသည်။ သူ လာသည့် အတွက် တကယ် ဝမ်းသာနေဟန် တူသည်။ လူစိတ် ဝင်နေသည်။ သူ မြင်တွေ့နေကျ လူကြမ်း လူရမ်းမျိုး မဟုတ်။

‘အနစ်နာခံတိုင်း အသာစံရရောတဲ့လား’



‘ဘာဖြစ်လို့ အသာ မစံရမှာလဲ၊ ကျုပ်က တစ်ကိုယ်ကောင်း ဆန်တဲ့ နေရာမှာ ဧတဒဂ် ရတဲ့လူ ဆိုတာ မင်းလည်း

သိပြီးသားပဲ၊ ကျုပ်က ပေးရရင် တစ်ခုခု ပြန်ရမှ ကျေနပ်တယ်’

စကားလက် စိမ့်ခနဲ ဖြစ်သွားသည်။ သို့ရာတွင် အားတင်းကာ ခေါင်းကို ယမ်း၍ နားသန်သီးများကို လှုပ်လိုက်၏။



‘တကယ်က ရှင်ဟာ ဒီလောက် မဆိုးပါဘူး၊ နည်းနည်း ကြွားချင်တာလေး တစ်ခုပါပဲ’



‘ဒီလိုဆို မင်း အမြင်မှန် ရလာပြီပေါ့’ ရက် ဘတ်တလာက ရယ်၏။ ‘မင်း ကြည့်ရတာလည်း တော်တော် စိတ်ကောင်း

ဝင်နေပုံ ရတယ်၊ ဒေါ်လေး ပစ်တီနှင့် ပတ်သက်ပြီး မင်းကို ကျုပ် သိခဲ့တယ်၊ ဒါပေမယ့် မင်းမှာ ဒီလို နူးညံ့တဲ့ စိတ်မျိုး ရှိတယ်လို့ ဒေါ်လေးက တစ်ခါမှ ပြောမပြဖူးဘူး၊ ကဲ မင်းအကြောင်း ကျုပ်ကို ပြောပြစမ်းပါဦး၊ ကျုပ်နှင့် တွေ့ပြီးတဲ့နောက် ဘာတွေ ဖြစ်သေးသလဲ’

ရက် ဘတ်တလာက တစ်ဖက်သား မခံချင်အောင် ဆွတတ်သည်။ မခိုးမခန့် ပြောတတ်သည်။ စကားလက် ထောင်းခနဲ

ဖြစ်လာ၏။ ခပ်စပ်စပ်ကလေး ပြောလိုက်ချင်သည်။ သို့ရာတွင် မပြော။ စကားလက် ပြုံးလိုက်သည်။ ပါးတွင် ပါးချိုင့်ကလေးတွေ ပေါ်လာသည်။ ရက် ဘတ်တလာက ကုလားထိုင် တစ်လုံးကို ဆွဲ၍ သူနှင့် ယှဉ်ထိုင်၏။ အမှတ်တမဲ့ဟန်ဖြင့် သူ့ လက်မောင်းကို အသာ ခပ်ဖွဖွ လှမ်းကိုင်သည်။

‘ကျေးဇူး တင်ပါတယ်၊ ရှင် ပစ်ထားခဲ့ပေမယ့် စကားလက် ချောချောမောမောပါပဲ၊ မြိုင်သာယာမှာလည်း အားလုံး

အဆင် ပြေပါတယ်၊ ယန်ကီ ဗိုလ်ချုပ် ရှားမင်း တပ်တွေ ဝင်တော့ နည်းနည်းပါးပါး ကသီလင်တတော့ ဖြစ်တာပေါ့၊ ဒါပေမယ့် စကားလက်တို့ အိမ် မီးရှို့ မခံရဘူး၊ ကပ္ပလီတွေလည်း စကားလက်တို့ ပစ္စည်းတွေကို ကဲ့ပြီး ကိုင်းတောတွေထဲမှာ ဝှက်ထားလို့ လွတ်ပါတယ်၊ မနှစ်ကလည်း ဝါထွက် ကောင်းပါတယ်၊ ကောင်းဆို အထုပ် နှစ်ဆယ်လောက် ရလိုက်တယ်၊ မြိုင်သာယာက စံချိန်ဟောင်းကိုတော့ မမီဘူးပေါ့၊ စကားလက်တို့မှာ ယာကူလီတွေမှ မရှိတော့ဘဲ ကိုး၊ ဖေဖေတို့ကတော့ နောက်နှစ် ဆိုရင် ဒီထက် ဝါထွက် ကောင်းမယ်လို့ ပြောတာပဲ၊ ဒါပေမယ့် တောမှာ နေရတာ သိပ်ပျင်းစရာ ကောင်းတာပဲ ဗိုလ်ကြီး ဘတ်တလာ၊ ကပွဲတွေလည်း မရှိတော့ဘူး၊ ပျော်ပွဲစားတွေလည်း မရှိတော့ဘူး၊ ပြည်တွင်းစစ်တုန်းက တွေ့ရတဲ့ ဒုက္ခတွေ ပြောပြီး အချိန်

64

ကုန်နေကြရတာပဲ၊ စကားလက် ငြီးငွေ့လှပြီ၊ ပြီးခဲ့တဲ့ အပတ်ကတော့ စကားလက် မနေနိုင်တော့ဘူး၊ ဒါနှင့် ဖေဖေ့ကို ပြောပြီး မြို့ပေါ်ကို တက်လာတာ၊ ဒီမှာ အဝတ်အစားလေး ဘာလေး နည်းနည်း ဝယ်ပြီးရင် ချာလက်စတန်က စကားလက် အဒေါ့်ဆီကို ခဏ သွားရမယ်၊ ဟိုမှာတော့ ကပွဲကလေး ဘာလေး ရှိကောင်းပါရဲ့’

စကားလက် သူ့ ကိုယ်သူ ကျေနပ်နေသည်။ ဟုတ်ပြီ။ အတည်ပေါက်ဖြင့် လေလုံး ထွားပစ်လိုက်သည်။ သိပ်လည်း

မချမ်းသာ၊ သိပ်လည်း မဆင်းရဲသည့် ပုံမျိုး။ မရှိလည်း မရှိ၊ မရှားလည်း မရှားသည့် ပုံမျိုး။

‘ဟုတ်တယ်၊ မင်းက ပွဲတက် ဝတ်စုံကို ဝတ်လိုက်ရင် တော်တော် ကြည့်ကောင်းတယ်၊ ဒါပေမယ့် မင်း ကံမကောင်းဘူး၊

မင်းအဒေါ်ဆီ အလည် သွားမယ်ဆိုတာ အလကားပါ၊ တကယ်က မင်း ကိုယ့်နယ်က တောသူဌေးသားလေးတွေကို ငြီးငွေ့နေပြီ၊ ဒါကြောင့်မို့ ချာလက်စတန် သွားပြီး စားကျက် ပြောင်းတာ မဟုတ်လား’

ရက် ဘတ်တလာက နိုင်ငံခြားမှ ပြန်ရောက်လာသည်မှာ မကြာသေး။ အခြေအနေမှန်ကို သူ ဘာမျှ မသိ။ ထို့ကြောင့်

စကားလက် ဝမ်းသာသည်။ အခြေအနေမှန်ကိုသာ သိလျှင် ဤစကားမျိုးကို သူ ပြောလိမ့်မည် မဟုတ်။ ရက် ဘတ်တလာ၏ အထင်၌ ဖွန်တိန် ညီအစ်ကို၊ မွန်ရိုး ညီအစ်ကို စသည်တို့သည် တောသူဌေးသားလေးတွေ ဖြစ်မြဲဟု ထင်နေပုံ ရသည်။ စင်စစ် သူဌေးသား မဟုတ်ကြတော့။ စီးပွား ပျက်၍ ယာလုပ်သူ လုပ်၊ ထယ်ထိုးသူ ထိုး၊ ထင်းခွဲသူ ခွဲနှင့် ဖြစ်နေကြပြီ။ ကပွဲတို့ ပျော်ပွဲစားတို့ ဆိုသည်မှာ သူတို့အဖို့ စိတ်ကူးပင် မထည့်အားကြ။ မိန်းကလေးတွေနှင့် ပရောပရည် နေဖို့ တွေးပင် မတွေးအားကြ။ စကားလက်က ရက် ဘတ်တလာ၏ အထင် မှန်ကြောင်း ဝန်ခံသည့်နှယ် တမင် လုပ်၍ ရယ်သည်။

‘ဒီလို ပြောရင်လည်း ရပါတယ်’



‘စကားလက်၊ မင်းဟာ တော်တော် နှလုံးသား မဲ့တဲ့ သတ္တဝါမလေးပဲ၊ အေးလေ ဒီလို နှလုံးသား မရှိတာကိုက ချစ်စရာ

ကောင်းနေတာလားမှ မသိဘဲ’ ရက် ဘတ်တလာက သူ့ ထုံးစံ အတိုင်း နှုတ်ခမ်း တစ်ဖက်ကို ရွဲ့၍ ပြုံးသည်။ သို့ရာတွင် သူ့ကို တမင် မြှောက်ပြောနေမှန်း စကားလက် သိသည်။ ‘မင်းက ချစ်သင့်တာထက် ပိုပြီး ချစ်စရာ ကောင်းနေတယ်၊ ရှစ်စပ်က လည်နေတဲ့ ကျုပ်လို လူကိုတောင် မင်း တော်တော် ဒုက္ခ ပေးနိုင်တယ်၊ တစ်ခါတလေတော့ ကျုပ် စဉ်းစားမိတယ်၊ ကျုပ် တစ်သက်မှာ မင်းထက် လှတဲ့ မိန်းမတွေ၊ မင်းထက် ပညာတတ်တဲ့ မိန်းမတွေ၊ မင်းထက် လိမ္မာတဲ့ မိန်းမတွေ၊ ပြီးတော့ မင်းထက် အကျင့်စာရိတ္တ ကောင်းပြီး မင်းထက် ကရုဏာတရား ရှိတဲ့ မိန်းမတွေ တွေ့ခဲ့ပေါင်း များလှပြီ၊ ဒီကြားထဲက ဘာဖြစ်လို့ မင်းကို ကျုပ် သတိရနေသလဲ ဆိုတာ ကျုပ် မတွေးတတ်ဘူး၊ ဘာပဲ ဖြစ်ဖြစ် မင်းကို ကျုပ် အမြဲ သတိ ရနေတယ်၊ ပြည်တွင်းစစ် ပြီးတုန်းက ကျုပ် ဘိလပ်နှင့် ပြင်သစ်မှာ ရောက်နေတယ်၊ မင်း အကြောင်း ကျုပ် ဘာမှ မသိရ မကြားရဘူး၊ ကျုပ်ဘေးမှာ မိန်းမချော မိန်းမလှတွေ ပတ်လည် ဝိုင်းနေတဲ့ အထဲမှာတောင် မင်းကို သွားအမှတ်ရနေတယ်၊ ခုအချိန်ဆို မင်း တစ်ယောက် ဘာများ လုပ်နေပါလိမ့်လို့ တွေးမိတယ်’

စကားလက် ထောင်းခနဲ ဖြစ်သွားပြန်သည်။ အခြား မိန်းမများကို သူ့ထက် လှသည်၊ ပညာ တတ်သည်၊ လိမ္မာသည်ဟု

ပြောရမည်လော။ သို့ရာတွင် သူ့ကို စွဲလမ်းသည်၊ အမှတ်ရသည်ဟု ပြောသဖြင့် ချက်ချင်း စိတ်ပြေ၍ သွားသည်။ ရက် ဘတ်တလာက သူ့ကို မမေ့ဟု ပြောနေပြီ။ ရက် ဘတ်တလာသည် စိတ်ကောင်း ဝင်နေဟန် တူသည်။ လူကြီး လူကောင်း တစ်ယောက်လို ဆက်ဆံနေသည်။ သူ့အလုပ်က တစ်ခုသာ ရှိသည်။ ပြောမည့် ကိစ္စကို သွယ်ဝိုက်၍ ပြောရမည်။ သူကလည်း

65

ရက် ဘတ်တလာကို အမှတ်ရကြောင်း ပြောရမည်။ ထို့နောက်

စကားလက်က သူ့လက်မောင်းကို အသာ ညှစ်သည်။ ပါးချိုင့်ကလေးတွေ ပေါ်လာအောင် ပြုံးလိုက်၏။



‘ဗိုလ်ကြီး ဘတ်တလာရယ်၊ စကားလက်တို့လို တောသူကို ဒီလောက်လည်း မြှောက်မနေပါနှင့်၊ ဟိုနေ့ ည

စကားလက်တို့ကို ပစ်သွားပြီးတဲ့ နောက်မှာ စကားလက်ကို အမှတ်တောင် ရမှာ မဟုတ်ပါဘူး၊ အင်္ဂလိပ်မ ပြင်သစ်မ အချောအလှတွေကို ကျော်ပြီး စကားလက်ကို အမှတ်ရတယ် ဆိုတာ ဟုတ်မှလည်း လုပ်ပါ၊ ပို မနေစမ်းပါနှင့်၊ ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ စကားလက် ဒီကို လာတာ ရှင့် မြှောက်ပင့် ပြောနေတာတွေကို နားထောင်ဖို့ လာတာ မဟုတ်ဘူး သိရဲ့လား၊ ကိစ္စ ရှိလို့၊ ကိစ္စက. . . ကိစ္စက’

‘ကိစ္စက’



‘ဗိုလ်ကြီး ဘတ်တလာ အတွက် စကားလက် နည်းနည်းလေးမှ စိတ်မကောင်းဘူး၊ စိတ်ပူတယ်၊ ရှင့်ကို ဘယ်တော့

ဒီနေရာက လွှတ်ပေးမှာတဲ့လဲ’

ရက် ဘတ်တလာက သူ့ လက်ကို ကိုင်ထားသည်။



‘ကျုပ် အတွက် စိတ်ပူဖော်ရလို့ ကျေးဇူးတင်ပါတယ်၊ ကျုပ် ဒီနေရာက ဘယ်တော့ လွတ်မယ် ဆိုတာတော့ ဘယ်သူမှ

မပြောနိုင်ဘူး၊ ကျုပ် အတွက် ကြိုးကွင်း ခိုင်မခိုင် စမ်းပြီးရင်တော့ လွတ်မှာပါ’

‘ကြိုးကွင်း ဟုတ်လား’



‘ဟုတ်တယ်၊ ဒီနေရာကတော့ လွတ်မှာပါပဲ၊ လွတ်ပြီးရင် ကြိုးကွင်းထဲ ခေါင်းစွပ်ရမယ်လေ’



‘ရှင့်ကို တကယ် ကြိုးပေးမှာတဲ့လား’



‘သက်သေ အထောက်အထား ရှိရင်တော့ ပေးမှာပေါ့’



‘ဒုက္ခပဲ ဗိုလ်ကြီး ဘတ်တလာရယ်’



စကားလက်က သူ့ရင်ကို ဖိသည်။



‘ဘာလဲ၊ ကျုပ် အတွက် စိတ်မကောင်းဘူးလား၊ တကယ် စိတ်မကောင်းရိုး မှန်ရင် ကျုပ် သေတမ်းစာထဲမှာ

ရေးခဲ့မယ်လေ’

သူ့ မျက်လုံး နက်နက်များက စကားလက်ကို ပမာမခန့် ကြည့်နေကြသည်။ စကားလက်၏ လက်ကို ညှစ်သည်။



သူ့ သေတမ်းစာ။ ဣနြေ္ဒ ပျက်မည် စိုးသဖြင့် စကားလက် မျက်လွှာကို မြန်မြန် ချလိုက်ရ၏။ သို့ရာတွင် မချနိုင်။ သူ့

မျက်လုံးများက စိုက်ကြည့်နေကြသည်။

66



‘ယန်ကီ ဥပဒေအရ ဆိုရင် ကျုပ် သေတမ်းစာ ထားခဲ့ရမယ်၊ ယန်ကီတွေက ကျုပ် ပစ္စည်းတွေကို တော်တော်

စိတ်ဝင်စားနေကြတယ်၊ နေ့တိုင်း ကျုပ်ကို ခေါ်ပြီး မဟုတ်တရုတ် မေးခွန်းတွေ လျှောက်မေးနေတယ်၊ ကျုပ်က ပြည်နယ် အစိုးရရဲ့ ရွှေတွေကို ဘုံးပြေးတယ်လို့ ကောလာဟလ ဖြစ်နေတယ် မဟုတ်လား’

‘ဟင် ဟုတ်လား၊ ရှင်ကကော ယူပြေးလို့လား’



‘ကျုပ်ကို ဒီလို နိမိတ်ပြ မေးခွန်းတွေ မမေးနှင့်လေ၊ ပြည်နယ် အစိုးရမှာ ဒင်္ဂါး စက်ရုံတို့ ဘာတို့များ ရှိလို့လား၊ ပုံနှိပ်စက်

ထောင်ပြီး ငွေစက္ကူတွေ ရိုက်ထုတ်နေတာ မင်းလည်း သိသားပဲ’

‘ဒါဖြင့် ရှင့် ပိုက်ဆံတွေက ဘယ်က ရတာလဲ၊ မှောင်ခို ကုန်ကူးလို့ ရတာလား၊ ဒေါ်လေး ပစ်တီက ပြောတော့’



‘မင်း တော်တော် စပ်စုတာပဲ’



ဟုတ်သည်။ ရက် ဘတ်တလာတွင် ပိုက်ဆံ ရှိသည်မှာ သေချာပြီ။ စကားလက် စိတ် လှုပ်ရှား နေသဖြင့် ဖြောင့်ဖြောင့်

မပြောနိုင်။

‘ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ ရှင် ဒီမှာ ရောက်နေတာကို စကားလက် စိတ်မကောင်းဘူး၊ လွတ်ဖို့ လမ်းလေး ဘာလေး

မရှိတော့ဘူးလား’

‘ဣဒံဘဝိဿတိ ဆိုတာ ကျုပ် ဆောင်ပုဒ်ပဲ’



‘အဓိပ္ပာယ်က ဘာတဲ့လဲ’



‘ဖြစ်ကောင်း ဖြစ်တန်ရာ၏ တဲ့၊ သိပြီလား’



စကားလက်က မျက်တောင်ကော့များကို တဖျပ်ဖျပ် ခတ်၍ သူ့ကို မော့ကြည့်ပြီး မျက်လွှာ ချသည်။



‘ရှင်က သူတို့ထက် ကြံရည်ဖန်ရည် ရှိတဲ့ လူပဲ၊ ဘာဖြစ်လို့ အညံ့ ခံရမှာလဲ၊ ကြံဖန်ပြီး လွတ်အောင် လုပ်ပေါ့၊ ရှင်

လွတ်ရင်’

‘ကျုပ် လွတ်တော့ ဘာဖြစ်သလဲ’



ရက် ဘတ်တလာက ငုံ့၍ မေးသည်။



‘ရှင် လွတ်လာရင် စကားလက် စကားလက်’ စကားလက် စကားထစ်ကာ မျက်နှာ နီရဲနေ၏။ အသက် ကောင်းကောင်း

ရှူ၍ မရ။ ရင်ကလည်း တဒိန်းဒိန်း ခုန်နေသည်။ ‘ဗိုလ်ကြီး ဘတ်တလာ ဟို ဟို ကျောက်စရစ်ကုန်း တောထဲမှာ ခွဲခါနီးတုန်းက စကားလက် ပြောခဲ့တာတွေကို တောင်းပန်ပါတယ်၊ အဲဒီတုန်းက စကားလက် စကားလက် သိပ်ကြောက်လန့် တုန်လှုပ် နေတုန်း ရှင့်ကို ရှင့်ကို’

ရက် ဘတ်တာ၏ လက်ညိုညိုက သူ့ လက်ကို ညှစ်လိုက်သည်။

67



‘အဲဒီတုန်းကတော့ ရှင့်ကို စကားလက် စိတ်ဆိုး မိတယ်၊ နောက်ကို ဘယ်တော့မှလည်း ခွင့်မလွှတ်တော့ဘူးလို့

ပိုင်းဖြတ်ခဲ့တယ်၊ ဒါပေမယ့် မနေ့က ဒေါ်လေး ပစ်တီက ရှင် ကြိုးကျလိမ့်မယ် ထင်တယ်လို့ ပြောတော့ စကားလက် စိတ်ထဲမှာ ဘယ်လို ဖြစ်သွားမှန်း မသိဘူး၊ စကားလက် စကားလက်’

စကားလက်က တောင်းပန်သည့် အကြည့်ဖြင့် ရက် ဘတ်တလာကို မော့ကြည့်သည်။



‘ဗိုလ်ကြီး ဘတ်တလာ၊ ရှင် ရှင် ကြိုးစင်တက်ရင်လေ စကားလက် စကားလက် သေလိမ့်မယ် သိလား၊ စကားလက်

သေမယ်၊ စကားလက် မကြည့်ရက်ဘူး၊ ရှင်လည်း သိသားပဲ၊ စကားလက် ရှင့်ကို ရှင့်ကို’

သူ့ မျက်လုံးများက အရောင်ကို စကားလက် မဆိုင်ရဲ။ ထို့ကြောင့် မျက်လွှာကို ချလိုက်ရ၏။



စကားလက်က ကိုယ့်ကိုယ်ကိုယ် သိသည်။ သူ့ရှေ့တွင် ငိုမိတော့မည်။ သူ့ရှေ့တွင် ငိုလိုက်ရမည်လော။ ငိုလျှင် ပို၍

သဘာဝ ကျမည် မဟုတ်လော။

‘မင်း. . . မင်း ပြောနေတာတွေဟာ တကယ် . . . .တကယ် ပြောနေတာတွေလား’



ရက် ဘတ်တလာက သူ့ လက်ကို ဖျစ်လိုက်သဖြင့် နာသွားသည်။



စကားလက် မျက်လုံးကို အတင်း မှိတ်ထား၏။ မျက်ရည်တွေကို ညှစ်ထုတ်သည်။ သူ နမ်းချင် အလွယ်တကူ

နမ်းနိုင်အောင် မျက်နှာကိုလည်း မသိမသာ မော့ထားပေးသည်။ မကြာခင် သူ့ နှုတ်ခမ်းပေါ်သို့ ရက် ဘတ်တလာ နှုတ်ခမ်းတွေ ရောက်လာတော့မည်။ သူ နမ်းပုံက ခပ်ကြမ်းကြမ်း။ ပျော့ခွေသွားလောက်အောင် ရမ်းသည်ကို သူ သတိရသည်။ သို့ရာတွင် ရက် ဘတ်တလာက မနမ်း။ စကားလက် စိတ်ပျက်သွားသည်။ မျက်လုံးကို အသာ ဖွင့်ကာ သူ့ကို ချောင်းကြည့်သည်။ နက်မှောင်နေသည့် ခေါင်းက စကားလက်၏ လက်ပေါ်တွင် ငုံ့နေသည်။ စကားလက် မသိချင်ယောင် ပြုနေသည်။ လက် တစ်ဖက်ကို မယူကာ နမ်းသည်။ အခြား လက်တစ်ဖက်ကို မယူပြီး သူ့ ပါးတွင် ကပ်ထားလိုက်သည်။ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း နမ်းလိမ့်မည်ဟု စကားလက် ထင်နေသည်။ သို့ရာတွင် ချစ်သူ တစ်ဦးနှယ် တယုတယ ညင်ညင်သာသာ အမူအရာကို မြင်သည့် အခါ၌ စကားလက် လန့်သွားသည်။ သူ့ မျက်နှာထားကို ကြည့်ချင်သော်လည်း ခေါင်းငုံ့ထားသဖြင့် မမြင်ရ။

စကားလက်က အောက်သို့ ငုံ့ကြည့်သည်။ သူ မော့လိုက်လျှင် သူ့ မျက်နှာ အမူအရာကို မြင်ရလိမ့်မည် ထင်သည်။

အောင်ပြီ။ သူ အနိုင်ရပြီ။ သူ အနိုင်ရသည့် အတွက် ဝမ်းသာပုံကို မျက်လုံးတွင် အထင်းသား ပေါ်နေလိမ့်မည်။ ချက်ချင်း လက်ထပ်ဖို့ ပြောလိမ့်မည်။ အနည်းဆုံး ချစ်သည်ဟု ပြောလိမ့်မည်။ ထိုနောက် မျက်တောင်များ ကြားမှ သူ့ကို မှေးကြည့်ရင်း စကားလက်က လက်ဖဝါးကို နမ်းနိုင်ရန် လက်ဖဝါး လှန်ပေးသည်။

ရက် ဘတ်တလာ ရုတ်တရက် အသက်ရှူ ရပ်သွားသည်။ စကားလက် သူ့ လက်ဖဝါးကို သူ ငုံ့ကြည့်သည်။ တစ်နှစ်

အတွင်း ယခုမှ သူ့လက်ဖဝါးကို ပထမဆုံး အကြိမ် သတိထား ကြည့်မိခြင်း ဖြစ်၏။ သူ့ လက်ဖဝါးကို ကြည့်၍ စကားလက် သူ့ဘာသာသူ လန့်သွား၏။ သူ့ လက်ဖဝါး မဟုတ်။ စကားလက် အိုဟာရာ၏ နုသော၊ ဖွေးသော၊ သွယ်သော လက်ဖဝါး မဟုတ်။ မဟုတ်။ အခြား တစ်ယောက်၏ လက်ဖဝါး ဖြစ်ရမည်။ လက်ဖဝါးက အလုပ်ကြမ်း ဒဏ်ကြောင့် ကြမ်းနေသည်။ ညိုနေသည်။ ယင်ကြီး ဥတွေ ထနေသည်။ လက်ဖဝါးတွင် အသားမာတွေ တက်နေသည်။ လက်မတွင် ပေါက်ပြဲနေသည့်

68

ဒဏ်ရာက မကျက် တကျက်။ ဆီပူ လောင်သဖြင့် အရေခွံ လန်နေသည့် အနာကြီးက ယဉ်းလျက်။ စကားလက် သူ့လက်ကိုသူ ကြည့်၍ လန့်သွားသည်။ လက်ဝါးကို ချက်ချင်း ပြန်ဆုပ် ထားလိုက်သည်။

ရက် ဘတ်တလာက ခေါင်းမော့ မကြည့်သေး။ သူ့ မျက်နှာ အမူအရာကို စကားလက် မမြင်ရသေး။ ရက် ဘတ်တလာက

သူ့ လက်သီးဆုပ်ကို ဖြေကာ စိုက်ကြည့်နေသည်။ အခြား လက်တစ်ဖက်ကို ဆွဲယူပြီး ငုံ့ကြည့်နေသည်။ စကား တစ်ခွန်းမျှ မပြော။

‘ကျုပ်ကို ကြည့်စမ်းပါဦး’ ရက် ဘတ်တလာက ခေါင်းကို မော့သည်။ သူ့အသံက ခပ်တိုးတိုး။ ‘ဒီလို အတည်ပေါက်တွေ

လာချိုး မနေပါနှင့်၊ ဒါမျိုးတွေ ရိုးနေပါပြီ’

စကားလက်က ကြိုးစား၍ မျက်လုံးချင်း ဆိုင်သည်။ သူ့ မျက်နှာက စိတ်ရှုပ်သည့် အမူအရာ။ ရန်ထောင်သည့်

အမူအရာ။ ရက် ဘတ်တလာ၏ မျက်ခုံးနက်နက်များသည် အထက်သို့ ရောက်သွားသည်။ မျက်လုံးက အရောင် လက်နေသည်။

‘မြိုင်သာယာမှာ အားလုံး အဆင် ပြေနေတယ် ထင်တယ်၊ ဝါတွေ တော်တော် ထွက်ပြီး ပိုက်ဆံတွေ တော်တော်

များများ ရလို့ လျှောက်လည်နေတဲ့ ပုံပဲ၊ ဒါပေမယ့် လက်တွေက ဘာဖြစ်လို့လဲ၊ ယာထွန်လို့လား’

စကားလက်က လက်ကို ရုန်းလိုက်သည်။ သို့ရာတွင် သူက အတင်း ဆုပ်ထားပြီး လက်ချောင်းများဖြင့် အသားမာများကို

စမ်းနေသည်။

‘ဒါ ဂုဏ်သရေရှိ အမျိုးသမီးရဲ့ လက်မျိုး မဟုတ်ပါဘူး’



ရက် ဘတ်တလာက စကားလက်၏ လက်နှစ်ဖက်ကို ပေါင်ပေါ်သို့ ပစ်ချလိုက်၏။



‘ရှင် ဒါတွေ သိပ်ပြော မနေပါနှင့်’ စကားလက်က ရင်ထဲက ဒေါသကို ဖွင့်လိုက်ရသဖြင့် သက်သာရာ ရသွားသည်။

‘ကိုယ့်လက်နှင့်ကိုယ် ဘာလုပ်လုပ် ရှင့် အပူ မဟုတ်ပါဘူး’

စကားလက် နောင်တရသည်။ ဒေါ်လေး ပစ်တီ၏ လက်အိတ်များကို အဘယ့်ကြောင့် မငှားခဲ့ရသနည်း။ မခိုးခဲ့ရသနည်း။

စင်စစ် သူ့ လက်များသည် ဤမျှ အခြေအနေ ဆိုးလိမ့်မည်ဟု မထင်ခဲ့။ ယခု ရက် ဘတ်တလာ တွေ့သွားပြီ။ မြင်သွားပြီ။ ယခု သူကလည်း စိတ်ဆိုးပြီ။ သူ့ အစီအစဉ်တွေ အကုန် ပျက်ကုန်ပြီ။ ချစ်ရေး ဆိုခါနီးမှ ဤသို့ သွား၍ ဖြစ်ရလေခြင်း။

‘အင်းလေ၊ မင်း လက်တွေနှင့် မင်းဘာသာ ဘာလုပ်လုပ် ကျုပ် အပူတော့ မဟုတ်ပါဘူး’



ရက် ဘတ်တလာက အသံ အေးအေးဖြင့် ပြန်ပြောကာ ကုလားထိုင်တွင် မှီထိုင်နေသည်။ သူ့ မျက်နှာက မည်သည့်

ခံစားချက်မျှ မပေါ်။

ကြည့်ရသည်က မလွယ်။ မတတ်နိုင်။ တိုက်ပွဲတွင် အနိုင် ရလိုလျှင် စိတ်ရှည်ရတော့မည်။ အချိုသတ်တန်

အချိုသတ်ရတော့မည်။

‘စကားလက်ရဲ့ လက်ကို ပေါင်ပေါ် လွှတ်ချ လိုက်တာကတော့ ဘယ်ကောင်းမလဲ ဗိုလ်ကြီး ဘတ်တလာ၊ ရှင်ပဲ

69

စဉ်းစားကြီးပေါ့၊ အရင် အပတ်က လက်အိတ် မပါဘဲ မြင်းစီးလို့ လက်တွေ ပေါက်နေတာကို ရှင်က အနူအဝဲ လက်ကို လွှတ်ချသလို လွှတ်ချတော့ စကားလက် စိတ်ဆိုးတာပေါ့’

‘ဘာ မြင်းစီးရမှာလဲ’ သူ့ အသံက ခပ်အေးအေး။ ‘အလုပ်ကြမ်းတွေ လုပ်ရလို့ မင်း လက်တွေ ဒီလို ဖြစ်နေတာပေါ့၊

ကပ္ပလီလို လုပ်ရင် ကပ္ပလီ လက်တွေလို ဖြစ်မှာပဲ၊ ဘာပြောဦးမလဲ၊ မြိုင်သာယာမှာ အဆင်ပြေနေတယ်လို့ ဘာဖြစ်လို့ ကျုပ်ကို လိမ်ပြောချင်ရတာလဲ’

‘ဒီမှာ ဗိုလ်ကြီး ဘတ်တလာ’



‘အမှန်ကို ရှင်းရှင်း ပြောပါ၊ မင်း ဒီကို ဘာကိစ္စ လာတာလဲ၊ ကျုပ် အတွက် စိုးရမ်သလိုလို စိတ်မကောင်း သလိုလိုနှင့်

မူရာမာယာတွေ လာလုပ်တော့ ဒီက လူမှာ အဟုတ်ကြီး ထင်လို့’

‘ဒီလို မဟုတ်ပါဘူး ဗိုလ်ကြီး ဘတ်တလာ၊ တကယ်က’



‘ဟုတ်ပါတယ်၊ မင်း ကျုပ်ကို မညာပါနှင့်၊ ကျုပ် စက်တိုင်ကို ဆယ်ခါ တက်ရရင်လည်း မင်း ဘာမှ မဖြစ်ပါဘူး၊ မင်း

အလုပ်ကြမ်း လုပ်ရတာ မင်းလက်တွေက သက်သေ ပြသလို ခုလည်း မင်း မျက်နှာက သက်သေ ပြနေတာပဲ၊ မင်း ကျုပ်ဆီက တစ်ခုခု လိုချင်လို့ လာတာ မဟုတ်လား၊ ကျုပ်ဆီက တစ်ခုခု လိုချင်နေတယ် မဟုတ်လား၊ ဒီလိုဆိုရင် စောစောက ဘာဖြစ်လို့ ဗြောင်ဖွင့် မပြောသလဲ၊ ကျုပ်ကို ပွင့်ပွင့်လင်းလင်း ပြောလို့ ကျုပ် ပေးနိုင်ရင် ပေးမှာပေါ့၊ မိန်းမတွေမှာ ကျုပ် တန်ဖိုးထားတဲ့ အရည်အချင်းဆိုလို့ တစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အရည်အချင်းပဲ၊ ခုတော့ မင်းက ဒီအရည်အချင်းကလေးတောင် မရှိဘူး၊ နားသန်သီးလေး လှုပ် နှုတ်ခမ်းလေး စူပြီး ပြည့်တန်ဆာမ မြှူဆွယ်သလို ကျုပ်ကို လာပြီး မြှူဆွယ်တယ်’

နောက်ဆုံး စကားလုံးများကို အသံ မြှင့်၍လည်း မပြော။ အထူး လေးနက်အောင်လည်း မဆို။ သို့ရာတွင် စကားလက်

အဖို့မူ ကျာပွတ်ဖြင့် ရိုက်လိုက်သည့်နှယ် တွန့်ခနဲ ဖြစ်သွားသည်။ လက်ထပ်ဖို့ စကား ပြောလာအောင် သိမ်းသွင်းမည် ဆိုသည့် မျှော်လင့်ချက် ပြိုကွဲသွားပြီ။ အခြား ယောက်ျားများလို ဒေါသတကြီးဖြင့် သူ့ကို ဆူပူ ကြိမ်းမောင်းလျှင် ကိစ္စ မရှိ။ ကိုင်တွယ်ရ လွယ်သည်။ သို့ရာတွင် သူ့အသံက ခပ်တိုးတိုး။ ခပ်ငြိမ်ငြိမ်။ ငြိမ်သက် အေးဆေးသည့် သူ့ အသံကြောင့် စကားလက် လန့်နေသည်။ ရှေ့မည်သို့ ဆက်ပြောရမည်ကိုပင် မသိတော့။ အကျဉ်းသား တစ်ဦး ဖြစ်၍ အပြင်တွင် ယန်ကီ စစ်သားတွေ ရှိသည့်တိုင် ရက် ဘတ်တလာသည် ထင်ရာ ရမ်းသည့် ကြောက်စရာ လူ တစ်ယောက် သဖွယ် ရုတ်တရက် ထင်မြင်လာသည်။

‘ဟုတ်တယ်၊ ကျုပ် နည်းနည်း သတိ လွတ်သွားတယ်၊ မင်းဟာ ကျုပ်လိုပဲ အကျိုး မရှိရင်  ဘာမှ မလုပ်တတ်ဘူး

ဆိုတာ ကျုပ် မေ့သွားတယ်၊ ကဲ ဆိုပါဦး၊ မင်း ကျုပ်ဆီက ဘာလိုချင်သလဲ၊ ကျုပ်က မင်းကို လက်ထပ်ဖို့ ပြောလိမ့်မယ် ထင်ရလောက်အောင်တော့ မင်း မိုက်မယ် မထင်ပါဘူး’

စကားလက် မျက်နှာ နီရဲနေသည်။ မည်သို့မျှ မပြော။



‘ဒါပေမယ့် ကျုပ်ဟာ မိန်းမ တစ်ယောက်ကို လက်ထပ် ယူတဲ့ လူစားမျိုး မဟုတ်ဘူးလို့ ခဏ ခဏ ပြောဖူးသားပဲ၊

ဒါကိုတော့ မင်း မေ့ဖို့ မကောင်းဘူး’

70



စကားလက်က မည်သို့မျှ မဖြေသည့် အခါတွင် ရက် ဘတ်တလာက ရုတ်တရက် မော့လိုက်သည်။



‘မင်း မမေ့ဘူး မဟုတ်လား၊ ပြောလေ’



‘မမေ့ပါဘူး’



စကားလက်က စိတ်ပျက်လက်ပျက် ဖြေသည်။



‘ဒါဖြင့် မင်းဟာ လောင်းကစားသမားပေါ့၊ မဟုတ်ဘူးလား’ ရက် ဘတ်တလာက လှောင်သည်။ ‘ဒီလူ ထောင်ထဲ

ရောက်နေတယ်၊ ထောင်ထဲမှာ မိန်းမ အပေါင်းအဖော် လိုနေမှာပဲ၊ ဒီတုန်းမှာ ငါးစာနှင့် မျှားရင် ဒီငါးဟာ လိုက်ဟပ်မှာပဲလို့ တွက်ကိန်း ချပြီး လာတာ မဟုတ်လား’

စကားလက် ရင်ထဲတွင် ဆူပွက်နေပြီ။ ဤအကျင့်မျိုးသည် မိမိ အကျင့် မဟုတ်၊ သူ့ အကျင့်ဟု ပြောချ လိုက်ချင်သည်။

သို့ရာတွင် ပြော၍ မထွက်။ သူ့ လက်ဖဝါးများကြောင့် ဇာတိတွေ ပေါ်ကုန်ပြီ။

‘ကဲ ဘယ့်နှယ်လဲ၊ ဘာ ငြင်းဦးမလဲ၊ မင်း ကျုပ်ကို ငါးစာ ချပြီး မျှားတာ မဟုတ်လား’



သူ့ အသံက ချိုချိုသာသာ တိုးတိုးတိတ်တိတ်။ ဤမျှလောက် ဆိုလျှင် မဆိုးသေး။ မျှော်လင့်ချက် ရှိနိုင်သေးသည်။

လက်ထပ်ဖို့ မျှော်လင့်ချက်ကမူ ဝေးပြီ။ လက်မထပ်ဖြစ်သည့် အတွက် သူ စိတ်ပျက်သည့်တိုင် ဝမ်းသာသည်။ သူနှင့် လက်ထပ်ရမည်ကို တွေးတိုင်း စကားလက် လန့်နေသည်။ သို့ရာတွင် သူ ပါးနပ်လျှင်၊ ရက် ဘတ်တလာ၏ အားနည်းချက်ကို အခွင့်ကောင်း ယူနိုင်လျှင် အနည်းဆုံး ပိုက်ဆံ ချေး၍မူ ရနိုင်သည်။ စကားလက်က ကလေးလေးလို မျက်နှာကို ရှုံ့ပြ၏။

‘ဗိုလ်ကြီး ဘတ်တာ ရှင် စိတ်ကောင်း ရှိမယ်ဆိုရင် စကားလက် အတွက် လုပ်ပေးနိုင်တာတွေ ရှိပါတယ်’



‘ဟုတ်တယ်၊ ကျုပ်က စိတ်ကောင်း ရှိတဲ့ လူတစ်ယောက် အဖြစ်ချင်ဆုံးပဲ’



‘ဗိုလ်ကြီး ဘတ်တလာ၊ မိတ်ဆွေဟောင်း တစ်ယောက် အနေနှင့် စကားလက် တောင်းပန်ပါတယ်၊ စကားလက်ကို

တစ်ခု ကူညီပါ’

‘ဟုတ်ပြီ၊ လိုရင်း ကိစ္စကို ပြောပါ၊ လက်မှာ အသားမာ ပေါက်နေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ တကယ့် ကိစ္စကို

ပြောစမ်းပါ၊ လူမမာတွေဆီ၊ အကျဉ်းသားတွေဆီကို စေတနာနှင့် လာကြည့်တယ် ဆိုတာ အဓိပ္ပာယ် မရှိဘူး၊ ဒါမျိုး မင်း လုပ်လေ့ လုပ်ထမှ မရှိတာ ကျုပ် သိတာပေါ့၊ ကဲ မင်း ဘာလိုချင်သလဲ ပြောစမ်း၊ ပိုက်ဆံလား’

ရက် ဘတ်တလာ၏ မေးခွန်းက ဗြောင်ကျသည်။ စကားလက်က ထိုကိစ္စကို စကား ကြုံသည့် အနေဖြင့် အမှတ်တမဲ့

ပြောမည်၊ သနားအောင် ပြောမည်ဟု စိတ်ကူး လာခဲ့သည်။ ယခု သူ့ စိတ်ကူးတွေ ပျက်သွားပြီ။

‘မလှောင်ပါနှင့် ဗိုလ်ကြီး ဘတ်တလာ’ စကားလက်က မျက်နှာချို သွေးသည်။ ‘စကားလက်မှာ ပိုက်ဆံ နည်းနည်း

အသုံး လိုနေတယ်၊ စကားလက်ကို ငွေ သုံးထောင်လောက် ခဏ လှည့်ပါ’

71



‘သြ လက်စသတ်တော့ ဒီလိုကိုး၊ ပါးစပ်က ပြောတော့ အချစ်၊ စိတ်ထဲက လိုချင်တာက ပိုက်ဆံ၊ တော်တော် မိန်းမ

ပီသတဲ့ ကလေးမပဲ၊ မင်းမှာ တကယ် အသုံး လိုနေလို့လား’

‘လိုတာပေါ့၊ သိပ်တော့လည်း မဟုတ်ပါဘူးလေ၊ ဒါပေမယ့် သုံးစရာလေး ရှိလို့’



‘ငွေ သုံးထောင်၊ ငွေက တော်တော် များတာပဲ၊ ဘာလုပ်ဖို့လဲ’



‘မြိုင်သာယာ အတွက် မြေခွန်ဆောင်ဖို့’



‘လက်စသတ်တော့ မင်း ပိုက်ဆံ လိုချင်လို့ ကျုပ်ဆီကို လာတာကိုး၊ ကောင်းပြီလေ၊ မင်းက အလုပ် သဘော

ဆက်ဆံရင် ကျုပ်ကလည်း အလုပ် သဘော ဆက်ဆံရမှာပေါ့၊ ဘယ်လို ပဋိညာဉ်မျိုးနှင့် ချေးမလဲ’

‘ဘာ’



‘ပဋိညာဉ်၊ ကျုပ်ဆီက ငွေ ချေးတဲ့ အတွက် အာမခံ ဆိုပါတော့၊ ကျုပ် ပိုက်ဆံတော့ အဆုံး မခံနိုင်ဘူး၊ အာမခံ

တစ်ခုခုတော့ ပေးထားမှပေါ့’

ရက် ဘတ်တလာ အသံက အလွန်အမင်း ချိုသာ နူးညံ့နေ၏။ သို့ရာတွင် စကားလက် သတိ မပြုမိ။ အစစ အရာရာ

အဆင်ပြေလိမ့်မည် ထင်သည်။

‘စကားလက် နားဆွဲတွေ ထားခဲ့မယ်’



‘ကျုပ်က နားဆွဲကို စိတ်မဝင်စားဘူး’



‘မြိုင်သာယာကို အပေါင် ထားရင်ကော’



‘ဒီယာတောကြီးကို ကျုပ်က ဘာသွား လုပ်ရမှာလဲ’



‘ရှင် ရှင် အလုပ် လုပ်လို့ ရပါတယ်၊ မြေက မြေကောင်းပဲ၊ မရှုံးပါဘူး၊ နောက်နှစ် ဝါဆွတ် ပြီးရင် စကားလက် ပြန်ရွေးမှာပါ’



‘ဒါက မသေချာပါဘူးကွယ်’ ရက် ဘတ်တလာက ကုလားထိုင်ကို မှီထိုင်ပြီး လက်နှစ်ဖက်ကို ဘောင်းဘီ အိတ်ထဲသို့

ထိုးသွင်းလိုက်၏။ ‘ဝါဈေးတွေ ကျနေတယ်၊ ခေတ်ကြီးကလည်း မကောင်းဘူး၊ ပိုက်ဆံ သိပ်ရှားတယ်’

‘ဗိုလ်ကြီး ဘတ်တလာရယ်၊ စကားလက်ကို ဒီလောက် မနောက်ပါနှင့်၊ သန်းနှင့်ချီပြီး ချမ်းသာနေတဲ့ လူ တစ်ယောက်အဖို့

ဒီငွေကလေးဟာ ဘာဖြစ်လောက် လို့လဲ’

ရက် ဘတ်တလာက စကားလက်ကို စိုက်ကြည့် နေသည်။ သူ့ မျက်လုံးက လှောင်ပြောင် ရက်စက်သည့် အကြည့်

ပေါ်နေသည်။

‘မင်း ပြောတဲ့ အတိုင်း ဆိုရင် အစစ အရာရာ အဆင် ပြေနေတာပဲ၊ ဒီလောက် အလောတကြီး ပိုက်ဆံ လိုပုံ မရပါဘူး၊

72

အဆင်ပြေတယ်လို့ ကြားရတဲ့ အတွက်လည်း ဝမ်းသာတယ်၊ မိတ်ဟောင်း ဆွေဟောင်းတွေ အဆင် ပြေတယ် ဆိုတဲ့ စကားမျိုးပဲ ကျုပ် ကြားချင်တယ်’

‘ဗိုလ်ကြီး ဘတ်တလာရယ်၊ ဒီလို မနောက်ပါနှင့်’



စကားလက် လောကြီး လာသည်။ သတ္တိ မရှိတော့။ ဣနြေ္ဒ သမ္ပတ္တိတွေလည်း လုပ်မနေနိုင်တော့။



‘တိုးတိုး တိုးတိုး၊ ယန်ကီတွေ ကြားသွားလိမ့်မယ်၊ မင်း မဆိုးဘူး၊ ညအမှောင်ထဲမှာ ကြောင်များလိုပဲ၊ သားကောင်ကိုတော့

မြင်တတ်သားပဲ’

‘တော်ပါတော့ ဗိုလ်ကြီး ဘတ်တလာရယ်၊ စကားလက် အကုန် ဗြောင်ပြောတော့မယ်၊ အစစ အရာရာ အဆင် ပြေတယ်

ဆိုတာ စကားလက် ညာပြောတာပါ၊ အားလုံး အခက်အခဲ တွေ့ပြီး ဒုက္ခ ရောက်နေတယ်၊ ဖေဖေကလည်း ကောင်းကောင်း မမာဘူး၊ မေမေ ဆုံးပြီး ကတည်းက စိတ် သိပ်မမှန်ဘူး၊ စကားလက်ကို ဘာမှ အကူအညီ မပေးနိုင်ဘူး၊ ကလေးကလေးလို ပြန်ဖြစ်နေတယ်၊ ဝါခင်းမှာ အလုပ် လုပ်ဖို့လည်း စကားလက် တို့မှာ ယာကူလီ ဆိုလို့ တစ်ယောက်မှ မရှိတော့ဘူး၊ အိမ်မှာကလည်း လူတွေ အများကြီး၊ ဆယ့်သုံးယောက်လောက် ရှိတယ်၊ မြေခွန်တော်ကလည်း သိပ်များ နေတယ်၊ မထူးဘူး၊ စကားလက် ရှင်းရှင်းပဲ ပြောတော့မယ်၊ စကားလက်တို့ မသေရုံတမည် စားနေရတာ တစ်နှစ် ကျော်ကျော်လောက် ရှိပြီ၊ ငတ်နေပြီ ဆိုပါတော့လေ၊ ဗိုလ်ကြီး ဘတ်တလာကတော့ မခံစားဖူးလို့ သိချင်မှ သိမယ်၊ မနက် လင်းတော့လည်း ဝဝလင်လင် မစားရ၊ ည အိပ်တော့လည်း အူနှင့် ဟောင်းလောင်း၊ ဝတ်စရာကျတော့ကော၊ အနွေးထည် ဆိုလို့ တစ်ထည် ဆိုလို့ တစ်ထည်မှ မရှိဘူး၊ ကလေးတွေ ဆိုတာ အအေးမိပြီး အမြဲတမ်း နေထိုင်မကောင်း ဖြစ်နေကြတယ်၊ ပြီးတော့’

‘ဒါဖြင့် ဒီအဝတ်အစားကကော ဘယ်က ရလာတာလဲ၊ တယ်လှပါလား’



‘မေမေ့ ခန်းဆီးစကို ဖျက် ချုပ် ထားတာပါ’ စကားလက် မရှက်နိုင်။ ဗြောင်ဖွင့်၍ ဝန်ခံသည်။



‘ငတ်တာ အေးတာကို စကားလက် ခံနိုင်ပါတယ်၊ ဒါပေမယ့် ခုတော့ ကော်ဇောအိတ်သမားတွေက စကားလက်တို့

မြေကို မတန်တဆ မြေခွန်တွေ မြှင့်ထား လိုက်တယ်၊ မြေခွန်ကလည်း ချက်ချင်း ဆောင်ရမယ်တဲ့၊ စကားလက်မှာ ငါးဒေါ်လာတန် ရွှေဒင်္ဂါး တစ်ပြားက လွဲလို့ ဘာမှ မရှိဘူး၊ ဒီတော့ မြေခွန်တော်ကို ဆောင်ဖို့ စကားလက် ပိုက်ဆံ လိုတယ်၊ မြေခွန်တော် မပေးနိုင်ရင် စကားလက်...စကားလက် မြိုင်သာယာကို လက်လွှတ် ရတော့မယ်၊ စကားလက် ဒီမြေကို အဆုံး မခံနိုင်ဘူး၊ လက်မလွှတ်နိုင်ဘူး’

‘စောစောက ဘာဖြစ်လို့ ဒီလို ပွင့်ပွင့်လင်းလင်း မပြောသလဲ၊ ခုတော့ ဒီလို မဟုတ်ဘူး၊ မင်းက ကျုပ် အားနည်းချက်ကို

အခွင့်ကောင်း ယူပြီး ကျုပ်ကို သားကောင် လုပ်တယ်၊ ဒီငနဲဟာ မိန်းမ ချောချောနှင့် ပတ်သက်လာရင် ခွေကျသွားမှာပဲ ဆိုတဲ့ သဘောပေါ့ ဟုတ်လား၊ အို မငိုပါနှင့်လေ၊ ပရိယာယ်တွေ အမျိုးမျိုး သုံးပြီးလို့ ခု မျက်ရည်နှင့် တစ်မျိုး စမ်းပြန်တယ်ပေါ့၊ ဟုတ်လား၊ အေး ဟုတ်တယ်၊ ကျုပ်က မိန်းကလေးတွေ မျက်ရည်ကျရင် သိပ်ခံနိုင်တာ မဟုတ်ဘူး၊ ကျုပ်ပါ ငိုမိလိမ့်မယ်၊ မင်း လိုချင်တာက ကျုပ်ကို လိုချင်တာ မဟုတ်ဘူး၊ ပိုက်ဆံကို လိုချင်တာ၊ ဒါကို သိကတည်းက ကျုပ်လည်း ခံစားနေရတာ’

ရက် ဘတ်တလာက တစ်ခါတစ်ရံ သူ့ အားနည်းချက်ကို နောက်သလိုလိုဖြင့် ဗြောင်ဖွင့်ပြောတတ်သည်။ အခြားသူများ၏

73

အားနည်းချက်ကိုသာမက သူ့ အားနည်းချက်ကိုလည်း သူ့ဘာသာ လှောင်တတ်သည်။ ဤသည်ကို စကားလက် အမှတ်ရ၏။ စကားလက်က သူ့ကို ဆတ်ခနဲ မော့ကြည့်သည်။ သူ တကယ်ပင် ခံစား ရသည်လော။ မိမိကို တကယ်ပင် အရေးထား စဉ်းစား သည်လော။ မိမိ၏ လက်ဖဝါးကို မြင်လိုက်စဉ်က တကယ်ပင် ချစ်ရေးဆိုဖို့ စိတ်ကူး ရှိခဲ့သလော။ သို့မဟုတ်လျှင်လည်း ယခင် တစ်ခါက ပြောခဲ့ဖူးသည့် အတိုင်း သူ့ကို အပျော်အဖြစ် ထားရန် ပြောမည်ဟု စဉ်းစားခဲ့သလော။ မိမိကို တကယ် စိတ်ဝင်စားရိုး မှန်လျှင် စကားလက် သူ့ကို ချစ်အောင် လုပ်နိုင်မည်။ သို့ရာတွင် သူ့ မျက်လုံး နက်နက်များ ကြည့်ပုံက မိမိအား ချစ်သည့်ဟန် မပြ။ ရက် ဘတ်တလာက ခပ်တိုးတိုး ရယ်နေသည်။

‘မင်း ပေးတဲ့ အာမခံ ပစ္စည်းကို မကြိုက်ဘူး၊ ကျုပ်က စိုက်ပျိုးရေးသမား မဟုတ်ဘူး၊ ဒီပြင် ဘာပစ္စည်း ပေးနိုင်သေးသလဲ’



လာပြီ။ သူ ပြောချင်နေသည့် စကား အကွက် ဆိုက်ပြီ။ စကားလက် ပြောရတော့မည်။ စကားလက်က အသက်ပြင်းပြင်း

ရှူပြီး သူ့ မျက်လုံးများကို ကြည့်သည်။ ပြီတီတီ ဟန်တွေ၊ ခရာတာတာ ဟန်တွေ မရှိတော့။ သူ အကြောက်ဆုံး စကားလုံးကို ပြောရတော့မည်။

‘စကားလက်. . .စကားလက်ရဲ့ ကိုယ်ခန္ဓာကို’



‘တကယ်လား’



စကားလက်က အံကို ကြိတ်ထားသည်။ မျက်လုံး စိမ်းစိမ်းများသည် ပို၍ စိမ်းလာကြ၏။



‘ယန်ကီတွေ မြို့ဝိုင်းထားတဲ့ ညက ဒေါ်လေး ပစ်တီရဲ့ အိမ်ရှေ့ ဆင်ဝင်အောက်မှာ ရှင် ပြောခဲ့တယ် မဟုတ်လား၊

ကျွန်မကို. . .ကျွန်မကို လိုချင်တယ်လို့’

ရက် ဘတ်တလာက ကုလားထိုင် ရှေ့ခြေ နှစ်ချောင်း ကြွလာအောင် နောက်မှီကို လျော့တိ လျော့ရဲ မှီကာ

တင်းမာနေသည့် စကားလက် မျက်နှာကို စိုက်ကြည့်နေသည်။ သူ့ မျက်နှာ ညိုမှောင်မှောင်က လျှို့ဝှက် နက်နဲသည်။ သူ့ မျက်လုံးများက အရောင် လက်နေသည်။ သို့ရာတွင် တစ်ခွန်းမျှ မပြော။

‘ရှင် ပြောခဲ့တယ် မဟုတ်လား၊ ဘယ်မိန်းမကိုမှ စကားလက်ကို စွဲသလောက် မစွဲဖူးခဲ့သေးဘူးလို့၊ ခုထိ စကားလက်ကို

စွဲတုန်း လိုချင်တုန်း ဆိုရင် စကားလက်ကို ယူပါ၊ စကားလက် ပုံအပ်ပါတယ်၊ ရှင် ပြောတဲ့အတိုင်း စကားလက် လိုက်နာပါ့မယ်၊ ဒါပေမယ့် စကားလက်ကိုတော့ ချက်လက်မှတ် တစ်စောင် ရေးပေးပါ၊ စကားလက် ကတိမဖျက်ပါဘူး၊ တည်ပါတယ်၊ ရှင် မယုံရင် စကားလက် စာနှင့် ရေးပေးထားမယ်’

ရက် ဘတ်တလာက သူ့ကို နားမလည်သလို ကြည့်နေသည်။ သူ့ မျက်နှာက လျှို့ဝှက် နက်နဲမြဲ။ သူ့ စကားများကို

ကြားရသဖြင့် ရက် ဘတ်တလာ ကျေနပ် နေသလော၊ စက်ဆုပ်နေသလောဟု မဝေခွဲနိုင်။ စကားလက် အနေရ ခက်နေသည်။ တစ်ခုခု ပြောလျှင် ကိစ္စ မရှိ။ ယခုမူ ဘာမျှ မပြော။ စကားလက် ပါးတွေ နားတွေ ပူလာသည်။

‘ပိုက်ဆံကတော့ မြန်မြန် ရမှ ဖြစ်မယ် ဗိုလ်ကြီး ဘတ်တလာ၊ စကားလက်တို့ တစ်တွေ အိမ်ပေါ်က ကျောကော့ပြီး

ဆင်းရတော့မယ်၊ ဖေဖေရဲ့ စာရင်းကိုင် ဂျိုနာက လေလံဆွဲပြီး တက်နေတော့မှာ၊ ပြီးတော့’

74



‘နေစမ်းပါဦး၊ မင်းကို ကျုပ်က ခုထက်ထိ လိုချင် နေတယ်လို့ ဘာကြောင့် ထင်ရတာလဲ၊ မင်းကိုယ် မင်း ဒေါ်လာ

သုံးထောင် တန်တယ်လို့ကော ဘာကြောင့် ထင်ရတာလဲ၊ တချို့ မိန်းမတွေက ဒီလောက် ဈေးမကြီးပါဘူး’

စကားလက် မျက်နှာတွေ ထူပူသွားသည်။ အောက်ကျ နောက်ကျ ဖြစ်ရလေခြင်း။ ထို့ထက် အောက်ကျ နောက်ကျ

ဖြစ်စရာ မကျန်တော့ပြီ။ ကုန်ပြီ။

‘ဒီလိုဆိုရင် ဖြစ်သားပဲ၊ မြိုင်သာယာကို လက်လွှတ်လိုက်ပေါ့၊ ဒေါ်လေး ပစ်တီနှင့် သွားနေပေါ့၊ ဒီအိမ်ကြီးကို မင်းလည်း

ပိုင်တာပဲ မဟုတ်လား၊ ဘာဖြစ်လို့ အဲဒီလို မလုပ်တာလဲ’

‘အို ဘယ်ဖြစ်မလဲ’ စကားလက်က အော်သည်။ ‘စကားလက် မြိုင်သာယာကို အဆုံး မခံနိုင်ဘူး၊ မြိုင်သာယာဟာ

စကားလက်ရဲ့ အိမ်၊ စကားလက်ရဲ့ ဇာတိ၊ စကားလက် လက်မလွှတ်နိုင်ဘူး၊ စကားလက် အသက် ရှင်နေသေးသမျှ မြိုင်သာယာကို ဘယ်သူ့ကိုမျှ မပေးနိုင်ဘူး’

‘မင်းဟာ တော်တော် အိုင်းရစ် ပီသတယ်’ ရက် ဘတ်တလာက ကုလားထိုင် ရှေ့ခြေ နှစ်ချောင်းကို ပြန်ချသည်။

ဘောင်းဘီအိတ်ထဲတွင် သွင်းထားသည့် လက်နှစ်ဖက်ကို ထုတ်၏။ ‘အိုင်းရစ် ဆိုတဲ့ လူမျိုးဟာ တော်တော် စိတ်ပျက်စရာ ကောင်းတဲ့ လူမျိုးပဲ၊ ဘာမှမဟုတ်တဲ့ အရာတွေကို အရေးတကြီး ထားချင် ထားနေတယ်၊ ခုပဲကြည့်လေ၊ မြေကြီးကို ဘယ်လောက် အစွဲအလမ်း ကြီးနေပြီလဲ၊ မြေကြီး ဆိုတာ ဘယ်မြေကြီး ဖြစ်ဖြစ် အတူတူပေါ့၊ ကဲ ကျုပ် ရှင်းရှင်းပဲ ပြောမယ်၊ မင်းက ကျုပ်ဆီကို အလုပ် သဘော ဆန်ဆန် အပေးအယူ ကိစ္စနှင့် လာတယ်၊ ဒီတော့ ကျုပ်ကလည်း အလုပ် သဘောနှင့်ပဲ ဆက်ဆံမယ်၊ ကောင်းပြီ၊ မင်းကို ကျုပ် ငွေ သုံးထောင်ပေးမယ်၊ ဒါပေမယ့် မင်းက ကျုပ် အပျော်မယား အဖြစ် နေရမယ်၊ ဘယ့်နှယ်လဲ သဘောတူလား’

‘တူပါတယ်’



သူ မုန်းသည့် စက်ဆုပ်စရာ စကားလုံးကို ပြောလိုက်ရပြီ။ စကားလက် အသက်ရှူ ချောင်သွားကာ မျှော်လင့်ချက်

ရှိလာသည်။ ငွေသုံးထောင် ပေးမည်ဟု ပြောပြီးပြီ။ တစ်စုံတစ်ရာကို ကျေနပ် ဝမ်းသာနေသည့်နှယ် ရက် ဘတ်တလာ၏ မျက်လုံးများသည် မုန်းစရာ တောက်ပြောင် နေကြသည်။

‘မင်း တစ်ခုတော့ မှတ်ထားနော်၊ တစ်ခါတုန်းက မင်းကို ကျုပ် ခပ်ရှင်းရှင်း ဒီစကားမျိုး ပြောခဲ့ဖူးတယ်၊ ဒါပေမယ့်

မင်း အဲဒီတုန်းက ဘာလုပ်ခဲ့သလဲ၊ ကျုပ်ကို အိမ်ထဲက မောင်းထုတ်ခဲ့တယ်၊ ကျုပ်ကို ပက်ပက်စက်စက် ပြောခဲ့တယ်၊ ရစရာ မရှိအောင် ပြောခဲ့တယ်၊ ကလေးတွေ တပြွတ်ပြွတ် မွေးပေး ရမှာလား လို့တောင် ပြောခဲ့သေးတယ်၊ စိတ်မပူပါနှင့်၊ ကျုပ်က အတိတ်ကို ပြန်ကောက်နေတာ မဟုတ်ပါဘူး၊ မင်း စိတ်မတည်ကြည်ပုံကို ပြောနေတာပါ၊ ဟုတ်ပါတယ်၊ မင်း ခု ဒီလို ဖြစ်လာတာဟာ ပျော်လို့ စိတ်ပါလို့ လုပ်ချင်လွန်းလို့ လုပ်တာ မဟုတ်ဘူး ဆိုတာ ကျုပ် ယုံပါတယ်၊ တကယ်တော့ ဝံပုလွေကို ဘယ်သူ အိမ်ထဲ ဆွဲသွင်းချင်ပါ့မလဲ၊ အပြင်မှာပဲ ထားချင်ကြတာပေါ့၊ ကျုပ် ပြောချင်တာက ဣနြေ္ဒ သိက္ခာတို့ အကျင့် စာရိတ္တတို့ ဆိုတာလည်း အဆုံးကျတော့ ဒိပြင် ကုန်ပစ္စည်းတွေလို ဈေးထဲ ချရောင်းပြီး ငွေနှင့် တန်ဖိုး ဖြတ်လို့ ရတဲ့ဟာတွေပဲ ဆိုတာကို ပြောချင်လို့ပါ၊ ခုပဲ ကြည့်လေ၊ မင်း သိက္ခာတို့ ဣနြေ္ဒတို့ ဆိုတာတွေကို ဈေးနှုန်း ဖြတ်ပြီး ရောင်းလိုက်ရပြီ မဟုတ်လာ၊ ငွေ မလိုတုန်းတော့ အင်မတန် အဖိုးတန်တဲ့ ပစ္စည်းတွေပေါ့၊ ငွေလိုလာတော့လည်း ရရာ ဈေးနှင့် ရောင်းရတာပဲ မဟုတ်လား’

75



‘ကဲ တော်ပါတော့ ဗိုလ်ကြီး ဘတ်တလာ၊ ရှင် စကားလက်ကို စော်ကားလို့ အားမရ သေးဘူးလား၊ စော်ကားချင်

စော်ကားပါ၊ စကားလက်ကို ပိုက်ဆံ ပေးပါ၊ ဘယ်မှာလဲ’

စကားလက် အသက်ရှူ မကျပ်တော့။ အသက်ရှူ ချောင်နေပြီ။ ရက် ဘတ်တလာသည် သူ့ ထုံးစံအတိုင်း သူ့ကို

စိတ်ဆင်းရဲအောင် လုပ်ဦးမည်။ သူ့ကို စော်ကား ဦးမည်။ သူ ခံခဲ့ရသည့် အတွက် ပြန်၍ လက်စား ချေဦးမည်။ ကိစ္စ မရှိ။ ယခု စကားလက် ခံနိုင်ပြီ။ မမှုတော့။ ဘာကိုမျှ မမှုတော့။ မြိုင်သာယာ အတွက် ဤမျှလောက်ကိုမူ တန်ဖိုး ပေးရလိမ့်မည်။ သူ့ စိတ်၌ မြိုင်သာယာက နွေလယ် နေ့ခင်းကို မြင်ယောင်လာသည်။ ကောင်းကင်က ပြာလဲ့လျက်။ မြိုင်သာယာက မြက်ခင်း စိမ်းစိမ်းပေါ်တွင် အိပ်ငိုက် နေသည်။ ကောင်းကင်က တိမ်တောင် ရဲတိုက်ကြီးများကို ငေးကြည့် နေသည်။ တတိုင်းမွှေးနံ့ကို ရနေသည်။ ပျား မြည်သံများကို ကြားနေသည်။ တိတ်ဆိတ် ငြိမ်သက်သည့် နေ့လယ်ခင်း၌ မြေဆီရဲရဲ ယာခင်းများဆီမှ အလုပ်သိမ်း ပြန်လာကြသည့် လှည်းသံများကို ကြားနေသည်။ ကိစ္စ မရှိ။ မြိုင်သာယာ အတွက် ဆိုလျှင် ဤမျှ တန်ဖိုးကို ပေးရလိမ့်မည်။ ထို့ထက် မကပင် ပေးချင် ပေးရဦးမည်။

စကားလက်က ခေါင်းကို မော့သည်။



‘ပိုက်ဆံ ပေးမယ်ဆို၊ ဘယ်မှာလဲ’



ရက် ဘတ်တလာက အကျေနပ်ကြီး ကျေနပ်နေပုံ ရသည်။ သူ့ အဖြေထဲတွင် ရိုင်းပျ ရက်စက်သည့် အသံ ပါနေသည်။



‘ဟင့်အင်း၊ ကျုပ် မပေးနိုင်ဘူး’



စကားလက် သူ့ စကားများကို ရုတ်တရက် နားမလည်။ ကိုယ့်နား ကိုယ်မယုံ။



‘မင်းကို ကျုပ် ပေးချင်သည့် တိုင်အောင် ကျုပ် ပေးလို့ မရဘူး၊ ကျုပ် လက်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိတာ

ဘယ့်နှယ်လုပ် ပေးမလဲ၊ အတ္တလန်တာမှာ ကျုပ် ပိုက်ဆံ တစ်ပြားမှ မရှိဘူး၊ ဟုတ်တယ်၊ ကျုပ်မှာ ပိုက်ဆံ နည်းနည်း ရှိတယ်၊ ဒါပေမယ့် ဒီမှာ မဟုတ်ဘူး၊ ဘယ်နေရာမှာလဲ ဘယ်လောက် ရှိသလဲလို့ မမေးနှင့်၊ ကျုပ် မပြောနိုင်ဘူး၊ ကျုပ် ငွေလွှဲစာ ရေးပေးရင် ယန်ကီတွေက ကျုပ်ကို တီကောင် ဘဲဆိတ်သလို ဝိုင်းပြီး ထိုးဆိတ်ပစ်ကြမှာပေါ့၊ သူတို့ ယူသွားရင် မင်းရော ကျုပ်ရော တစ်ပြားမှ ရတော့မှာ မဟုတ်ဘူး၊ မဟုတ်ဘူးလား’

စကားလက် မျက်နှာသည် ညိုမှိုင်းသွား၏။ ပါးစပ်က မဲ့သွားသည်။ ဖေဖေ ဒေါပွသည့် အခါတွင် ရှုံ့မဲ့ နေပုံမျိုးနှင့်

တူသည်။ စကားလက်က တစ်ချက် အော်၍ မတ်တပ် ရပ်သည်။ သူ့ အော်သံကြောင့် တစ်ဖက်ခန်းမှ ယန်ကီ စစ်သားများ၏ တတွတ်တွတ် စကား ပြောနေသံများသည် ရပ်သွားကြသည်။ ရက် ဘတ်တလာက ကျားသစ် တစ်ကောင်လို သူ့ အနီးသို့ ဝုန်းခနဲ ရောက်လာကာ သူ့ ပါးစပ်ကို လှမ်းပိတ်သည်။ ခါးကို ဖက်ထားလိုက်သည်။ စကားလက်က အကျောက်အကန် ရုန်းသည်။ သူ့လက်ကို ကိုက်သည်။ ခြေထောက်ကို ကန်သည်။ ဒေါသ ထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ မုန်းခြင်း၊ အရှက်တကွဲ ဖြစ်ခြင်း စသည်တို့ကို လက်ဖြင့်ရော၊ ခြေထောက်ဖြင့်ရော၊ ပါးစပ်ဖြင့်ရော တစ်ကိုယ်လုံးဖြင့် ဖော်ပြသည်။ သူ့လက်များက သံမဏိလို တောင့်တင်းနေသည်။ စကားလက်က တွန့်လိမ်ကာ သူ့ လက်ထဲမှ ရုန်းထွက်သည်။ ရင်ထဲက ဆူပွက်နေပြီ။ ရင်စည်း ကျပ်ကျပ် ဝတ်ထားသဖြင့် အသက် ရှူ၍လည်း မရ။ ရက် ဘတ်တလာက ပါးစပ်ကို အတင်း ပိတ်ထားသည်။

76

ပါးတွေ၊ နှုတ်ခမ်းတွေ နာကျင်နေသည်။ သူ့လက်များက စကားလက်၏ မေးရိုးကို အတင်း ညှပ်ထားသည်။ သူ့ မျက်နှာက ညိုမှောင်မှောင် ဖြစ်သည့်တိုင် ညိုမှောင်သည့် ကြားက ဖြူရော်နေသည်။ သူ့ မျက်လုံးများက ဝင်းလက်၍ စိုးရိမ်တကြီး ဖြစ်နေကြသည်။ သူက စကားလက်ကို ပွေ့ကာ ရင်ခွင်တွင် အတင်း ပွေ့ပြီး ကုလားထိုင်ပေါ် ထိုင်သည်။ စကားလက်က သူ့ ရင်ခွင်ထဲတွင် အတင်း ရုန်းနေသည်။

‘စကားလက် ကလေးမ၊ တိတ်လေ၊ မအော်နှင့်လေ၊ မအော်နှင့်၊ အော်ရင် ယန်ကီ စစ်သားတွေ ဝင်လာလိမ့်မယ်၊

စိတ်အေးအေး ထားစမ်းပါ၊ ယန်ကီတွေ သိသွားလိမ့်မယ်’

မည်သူ သိသိ စကားလက် ဂရုမစိုက်။ စကားလက် ဘာကိုမျှ မကြောက်တော့။ ရက် ဘတ်တလာကို သတ်ချင်သည်။

ဒေါသ ထွက်သည်။ သို့ရာတွင် ခေါင်းထဲက တရိပ်ရိပ် မူးနေသည်။ အသက် မရှူနိုင်။ ရက် ဘတ်တလာက ပါးစပ်ကို အတင်း ပိတ်ထားသည်။ ရင်စည်း အင်္ကျီက စည်ပိုင်း သံပတ်ပြားလို ကျပ်နေသည်။ ရက် ဘတ်တလာက အတင်း ပွေ့ဖက် ညှစ်ထားသဖြင့် ဒေါသ ထွက်သည်။ မုန်းသည်။ ထိုနောက် ရက် ဘတ်တလာ၏ အသံသည် တဖြည်းဖြည်း တိမ်သွားသည်။ ခပ်ဝါးဝါး မြင်ရသည့် ရက် ဘတ်တလာ၏ ရုပ်သွင်သည် မှိန်သွားသည်။ နောက်ဆုံး စကားလက် ဘာကိုမျှ မမြင်ရတော့။ ဘာကိုမျှ မကြားရတော့။

သတိ ပြန်ရလာသည့် အခါတွင် စကားလက် တစ်ကိုယ်လုံး ပျော့ခွေနေသည်။ မောနေသည်။ ဝေခွဲ မရ ဖြစ်နေသည်။

စကားလက် ကုလားထိုင်ပေါ်တွင် မှီနေသည်။ ခေါင်းတွင် ဦးထုပ်လည်း မရှိတော့။ ရက် ဘတ်တလာက သူ့ လက်ကောက်ဝတ်ကို စမ်းနေသည်။ မျက်လုံး နက်နက်များက သူ့ မျက်နှာကို စိုးရိမ်တကြီး ကြည့်နေသည်။ သဘော ကောင်းသည့် ခပ်ငယ်ငယ် ဗိုလ်ကြီးက ဘရန်ဒီကို သူ့ ပါးစပ်ထဲသို့ လောင်းထည့် ပေးသည်။ သူ့ လည်ပင်းပေါ်တွင် ဘရန်ဒီတွေ ဖိတ်ကျ ထားသည်။ အခြား စစ်ဗိုလ်များက ဝိုင်းအုံ နေကြသည်။ တီးတိုး ပြောနေကြသည်။

‘စကားလက် စကားလက်၊ သတိလစ် သွားတယ် ထင်တယ်’



စကားလက် ပြောသည်။ အသံက သဲ့သဲ့ကလေး။ အဝေးကြီးက ပြောနေ သလိုလို။



‘နည်းနည်း သောက်လိုက်’



ရက် ဘတ်တလာက ဘရန်ဒီ ဖန်ခွက်ကို နှုတ်ခမ်းသို့ တေ့ပေးသည်။ စကားလက် ရေးရေး မှတ်မိပြီ။ သူ့ကို အားနည်း

ဖျော့တော့စွာ လိုက်ကြည့်နေသည်။ သို့ရာတွင် စိတ်ဆိုးဖို့ အားမရှိတော့။

‘နည်းနည်း သောက်လိုက်လေ’



စကားလက် မော့ချလိုက်သည်။ သီးသွားကာ ချောင်းဆိုး နေသည်။ ရက် ဘတ်တလာက ဆက်တိုက်သည်။

မျိုချလိုက်သည့် အခါတွင် သူ့ လည်ချောင်း တစ်ခုလုံး လောင်ကျွမ်း ပူရှသွားသည်။

‘သက်သာ သွားပါပြီ’ ရက် ဘတ်တလာက စစ်ဗိုလ်ဘက်သို့ လှည့်၍ ပြောသည်။ ‘ရဲဘော်တို့ကို ကျေးဇူးတင်တယ်၊

ကျုပ် ကြိုးပေး ခံရမယ် ဆိုတာ ကြားရလို့ တက်သွားတာ’

ဝတ်စုံပြာ ဝတ်ထားသည့် လူတစ်စုက ထသွားကြသည်။ အိုးတိုးအမ်းတမ်း ဖြစ်နေကြပုံ ရ၏။ လည်ချောင်းရှင်းသံ၊

77

ချောင်းဆိုးသံများနှင့် အတူ အပြင်သို့ ထွက်သွားကြသည်။ ခပ်ငယ်ငယ် ဗိုလ်ကြီးက တံခါးဝတွင် ရပ်သည်။

‘နောက်ထပ် ဘာအကူအညီ လိုသေးသလဲ’



‘မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်’



စစ်ဗိုလ်က အပြင်သို့ ထွက်၍ တံခါး ပိတ်သွားသည်။



‘နည်းနည်း သောက်လိုက်ဦးလေ’



‘ဟင့်အင်း’



‘သောက်ပါ’



စကားလက် နောက်တစ်ငုံ သောက်သည်။ တစ်ကိုယ်လုံး နွေးသွားသည်။ ပျော့ခွေနေသည့် သူ့ ဒူးနှင့် ခန္ဓာကိုယ်ထဲသို့

ခွန်အားတွေ ပြန်၍ စီးဝင်လာသည်။ စကားလက်က ဖန်ခွက်ကို ဘေးသို့ တွန်း၍ မတ်တတ်ထသည်။ သို့ရာတွင် ရက် ဘတ်တလာက ဆွဲ၍ ထိုင်ခိုင်းသည်။

‘ရှင် စကားလက်ကို မထိနှင့်၊ သွားမယ်’



‘ခဏ နေပါဦးလေ၊ မင်း မူးလဲနေမှာ စိုးလို့ပါ’



‘လဲချင် လဲပါစေ၊ ရှင့် အနားမှာ နေရတာထက် လမ်းမပေါ် လဲနေတာက ပိုကောင်းတယ်’



‘ဘယ်ဖြစ်မလဲကွယ်၊ မင်း လမ်းမပေါ် မူးမေ့ လဲကျတာ ကျုပ် ဘယ်ခံနိုင်ပါ့မလဲ’



‘သွားမယ်လို့ဆို၊ စကားလက် ရှင့်ကို မုန်းတယ်’



စကားလက် စကားများကြောင့် သူ့ မျက်နှာတွင် ပြုံးယောင်သမ်းလာသည်။



‘ဟုတ်ပြီ၊ ခုမှ မင်းနှင့် ပြန်တူလာတယ်၊ ဒီလို ရန်ထောင်နိုင်ပုံကို ထောက်ရင် မင်း ပြန်နေကောင်းပြီ ဆိုတာ သေချာတယ်’



စကားလက် ခဏ အပန်းဖြေနေသည်။ ဒေါသတွေကို ပြန်စုစည်းနေသည်။ ခွန်အားတွေကို ပြန်စုစည်း နေသည်။

သို့ရာတွင် ပင်ပန်းလှပြီ။ အမုန်း ခွန်အားလည်း မရှိတော့။ ဘာကိုမျှ စဉ်းစားနိုင်သည့် ခွန်အားလည်း မရှိတော့။ အရှုံး ပေးလိုစိတ်သည် သူ့ စိတ်တွင် ခဲတုံးကြီး တင်ထားသလို ပိကျနေသည်။ စကားလက် ရှိစုမဲ့စုကို လောင်းကစားပြီးပြီ။ ပုံအောပြီးပြီ။ ရှိသမျှ ရှုံးသွားပြီ။ မာနပင်လျှင် မကျန်တော့။ ကစားဝိုင်းတွင် မာနကို လောင်းကြေး တင်၍ အောလိုက်သော်လည်း ဒိုင်စားသွားပြီ။ ထိုနောက်တွင်မူ သူ့တွင် ဘာမျှ လောင်းစရာ မကျန်တော့။ မျှော်လင့်ချက် ဆုံးပြီ။ မြိုင်သာယာလည်း ဆုံးပြီ။ အားလုံးလည်း ဆုံးပြီ။ စကားလက် ကုလားထိုင်ကို မှီ၍ မျက်လုံးကို မှိတ်ထားသည်။ အနားမှ ရက် ဘတ်တလာ၏ အသက်ရှူသံ ပြင်းပြင်းကို ကြားရ၏။ ဘရန်ဒီ တန်ခိုးက တဖြည်ဖြည်း ပြစ ပြုလာသည်။ သို့ရာတွင် ဘရန်ဒီကြောင့် ရသည့် ခွန်အားနှင့် အနွေးဓာတ်သည် အစစ် မဟုတ်။ နဂို မဟုတ်။ အတု အယောင်သာ ဖြစ်သည်။ မျက်စိ ဖွင့်၍ သူ့ကို ကြည့်လိုက်သည့် အခါတွင်

78

ဒေါသတွေ ဆူပွက်လာပြန်သည်။ စကားလက်၏ မျက်လုံးများက မျက်မှောင် အဖြစ် တဖြည်းဖြည်း တွန့်သွားသည့် အခါတွင် ရက် ဘတ်တလာက သူ့ ထုံးစံ အတိုင်း မထေ့တထေ့ ပြုံးသည်။

‘ဟော၊ မင်း ခုပိုပြီး နေကောင်းလာပြီ မဟုတ်လား၊ မျက်မှောင်တောင် ကုတ်နိုင်လာပြီ’



‘နေကောင်းတယ်၊ နေကောင်းတယ်၊ ရှင်ဟာ တော်တော် မုန်းစရာ ကောင်းတဲ့လူ၊ ကြမ်းပိုး၊ တေလေ၊ လူယုတ်မာ၊

ရှင့်လောက် ယုတ်တဲ့လူ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်၊ စပြောကတည်းက စကားလက် ဘာပြောမယ် ဆိုတာ သိရက်သားနှင့် မသိချင်ယောင်ဆောင် နေတယ်၊ နဂိုကတည်းက ကျွန်မကို ပိုက်ဆံ မချေးဘူး ဆိုတဲ့ ဆုံးဖြတ်ချက် ရှိပြီးသား၊ သက်သက် စကား ခေါ်ပြီး အရှက်ကွဲအောင် လုပ်တာ၊ စောစော ကတည်းက ပြောလိုက်ရင်’

‘စောစော ကတည်းက ပြောရင် ခုလို ရန်ထောင်သံကို မကြားရဘဲ နေမှာပေါ့၊ ထောင်ထဲမှာ ကျုပ်အဖို့ ဘာမှ ပျော်စရာ

မရှိဘူး၊ သိပ်ပျင်းတာပဲ၊ ခုလို ရန်ထောင်သံလေး ဘာလေး ကြားရမှ အပျင်း ပြေသွားတယ်၊ ဒီလောက် နားထောင်ကောင်းတဲ့ ရန်ထောင်သံမျိုး တစ်ခါမှ မကြားဖူးသေးဘူး’

ရက် ဘတ်တလာက သူ့ လှောင်ရယ် ရယ်သံဖြင့် ရုတ်တရက် ရယ်သည်။ စကားလက်က ဖြုန်းခနဲ ထကာ

သူ့လက်ထဲက ဦးထုပ်ကို ဆွဲယူလိုက်သည်။ ရက် ဘတ်တလာက သူ့ ပခုံးကို နှိမ့်၍ အထိုင်ခိုင်းသည်။

‘နေဦး နေဦး၊ မင်း သိပ်နေကောင်းပုံ မရသေးဘူး၊ ဘယ့်နှယ်လဲ၊ နေကောင်းပြီလား၊ စကား အသွားအလာ မှန်အောင်

ပြောနိုင်ပြီလား’

‘ဖယ်ပါ၊ ကျွန်မ သွားမယ်’



‘အိုး ဟုတ်ပြီ၊ မင်း နေကောင်းသွားပြီ၊ တစ်ခုတော့ ကျုပ် သိချင်တယ်၊ ကျုပ် တစ်ယောက်ဆီမှာပဲ မင်း ကံစမ်းမဲ

ထိုးတာပဲလား၊ ကျုပ်ကို ဖြေသွားပါ’

သူ့ မျက်လုံးများက လှုပ်ရှား နေကြသည်။ စကားလက် မျက်နှာပေါ်က အမူအရာတိုင်းကို အကဲခတ်နေသည်။



‘ကျွန်မ နားမလည်ဘူး၊ ရှင် ဘာဆိုချင်တာလဲ’



‘ရှင်းပါတယ်၊ ဒီလို ကမ်းလှမ်းချက်မျိုးကို လုပ်တာ ကျုပ် တစ်ယောက်တည်းကိုလား’



‘ဒါ ရှင့် အလုပ် မဟုတ်ပါဘူး’



‘သိပ်ဟုတ်တာပေါ့၊ မင်း ကြိုးရှည်ရှည်နှင့် လံထားတဲ့လူ နောက်ထပ် ရှိသေးသလား ဖြေပါ’



‘မရှိဘူး’



‘မဖြစ်နိုင်ဘူး၊ အနည်းဆုံး မင်းမှာ ငါးယောက် ခြောက်ယောက်လောက်တော့ အရံ ထားမှာပဲ၊ တစ်ယောက်နှင့် အလုပ်

မဖြစ်ရင် နောက်တစ်ယောက်နှင့် ဆက်ရအောင် အရံ လုပ်ထားတာတော့ ရှိရမယ်၊ မင်း ကမ်းလှမ်းချက်က စိတ်ဝင်စားစရာတော့

79

ကောင်းသားပဲ၊ ကျုပ် ထင်ပါတယ်၊ မင်း ကမ်းလှမ်းချက်ကို လက်ခံတဲ့လူ တစ်ယောက်ယောက်တော့ ရှိမှာပါ၊ ထင်တယ် မဟုတ်ပါဘူးလေ၊ သေချာပါတယ်၊ ဒီတော့ ကျုပ် မင်းကို အကြံ တစ်ခုတော့ ပေးချင်တယ်’

‘ရှင့် အကြံဉာဏ် မလိုပါဘူး’



‘အေး၊ မလိုချင်ရင်လည်း နေပေါ့၊ ကျုပ်ကတော့ ပေးရမှာပဲ၊ ခု လောလောဆယ်တော့ ကျုပ် မင်းကို အကြံဉာဏ်လောက်ပဲ

ပေးနိုင်မယ် ထင်တယ်၊ တခြား ဘာမှ ပေးစရာ မရှိဘူး၊ ကျုပ် ပြောတာကို နားထောင်ပါ၊ မင်း အတွက် အသုံးကျပါလိမ့်မယ်၊ ယောက်ျား တစ်ယောက်ဆီက တစ်ခုခု ချူချင်ရင် မင်း ခု ကျုပ်ကို လုပ်သလို ရန်စွယ်နှင့် ငေါငေါ မပြောရဘူး၊ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ ဖြစ်အောင် ကြိုးစားရမယ်၊ ယောက်ျားတွေ ငိုက်ခနဲ ပါလာအောင် ရှိစုမဲ့စု အရည်အချင်းကလေးနှင့် ကြိုးစားပြီး မြှူရမယ်၊ ဒီလိုဆိုရင် မင်း အောင်မြင်မှာပဲ၊ ဘယ်လို မြှူရမယ် ဆိုတာတော့ မင်းကို ပြောနေစရာ မလိုပါဘူး၊ မင်းက နောကျေ နေပြီးသားပါ၊ ဒါပေမယ့် ခုတစ်ခါတော့ မင်း လုပ်ပုံက မနိပ်ဘူး၊ ကျုပ်ဆီက ပိုက်ဆံတော့ ယူချင်တယ်၊ မင်းရဲ့ အာမခံ ပစ္စည်းကို ပေးဖို့ကျတော့ မသဒ္ဓါရေစာ ပေးတဲ့ ပုံမျိုး၊ ဆောင့် အင့်အင့်နှင့်၊ မင်း မျက်လုံးကလည်း ယောက်ျားလေးကို မြှူတဲ့ မျက်လုံးမျိုး မဟုတ်ဘူး၊ နှစ်ယောက်ချင်း ချိန်းသတ်ပွဲမှာ တစ်ဖက် ရန်သူကို အသေ ပစ်သတ်မယ် ဆိုပြီး သေနတ်ကြီး ကိုင်လာတဲ့ လူရဲ့ မျက်လုံးမျိုး၊ ဘယ်နိပ်မလဲ၊ ဒီလို ကြည့်ပုံမျိုးနှင့်တော့ ဘယ်ယောက်ျားကိုမှ မြှူလို့ ရမှာ မဟုတ်ဘူး၊ ဒီနည်းနှင့် ယောက်ျားတွေကို သွားကိုင်တွယ်လို့တော့ ရမှာ မဟုတ်ဘူး၊ အပျိုတုန်းက သင်ခန်းစာတွေကို မေ့ကုန်ပြီ ထင်တယ်’

‘ကျွန်မကို ရှင် လိုက်ပြီး ဆရာ လုပ်နေစရာ မလိုပါဘူး’



စကားလက်က ပင်ပန်း နွမ်းနယ်စွာ ဦးထုပ်ကို စွပ်လိုက်၏။ ရက် ဘတ်တလာ ဆိုသည့် လူသည် သူ့ လည်ပင်းတွင်

ကြိုးတန်းလန်း အစွပ် ခံထားရသည့်တိုင် အဘယ့်ကြောင့် ပေါ့ပေါ့တန်တန် လှောင်ပြောင် နေနိုင်သနည်း။ စိတ်မကောင်းစရာ သူ့ အဖြစ်ကို မြင်ကြား နေရသည့်တိုင် အဘယ့်ကြောင့် ပေါ့ပေါ့တန်တန် လှောင်ပြောင် နေရသနည်း။ စကားလက် အံ့သြသည်။ သူ့ ကိုယ်သူ ချုပ်တည်း ထားရသည့်နှယ် သူ့ လက်များကို ဘောင်းဘီအိတ်ထဲသို့ ထည့်ကာ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားခြင်းကိုမူ စကားလက် သတိ မထားမိ။

‘ကဲ ကဲ၊ စိတ်ပျက် မနေနှင့်၊ ဆက်ကြိုးစားပါ’ စကားလက်က ဦးထုပ် မေးသိုင်းကြိုးကို ချည်နေစဉ် ရက် ဘတ်တလာက

ပြောသည်။ ‘ကျုပ်ကို ကြိုးပေးတဲ့ နေ့ကျတော့လည်း လာကြည့်လှည့်ပေါ့၊ ဒီလို ကြည့်လိုက် ရရင် မင်း နေလို့ ထိုင်လို့ ကောင်းသွားမှာပါ၊ ကျုပ်ကို ကြိုးပေးတာ ကြည့်လိုက်ရရင် ကျုပ်အပေါ်မှာ တေးထားတဲ့ အတေးတွေ ကျေလောက်ရောပေါ့၊ အဲ ခု အတေးလည်း ပါတာပေါ့လေ၊ ကျုပ် သေတမ်းစာထဲမှာ မင်းကို ထည့်ရေးခဲ့ပါမယ်’

‘ကျေးဇူးတင်ပါတယ်၊ ပစ္စည်းတွေ လေလံပစ်ပြီးမှ ရှင့်ကို ကြိုးပေးလို့တော့ အပိုပဲ၊ ကြိုးပေးရင်လည်း မြန်မြန်

ပေးပါစေလို့ ဆုတောင်းပါတယ်’

စကားလက်က စိတ်ချဉ်ချဉ်ဖြင့် အရွဲ့တိုက်၍ ပြောသည်။ တကယ် ထိုအတိုင်း ဖြစ်လျှင်ကား စကားလက် ဝမ်းမနည်း။

80

၃၅



အပြင်ဘက်တွင် မိုးသည်းသည်းရွာနေသည်။ ကောင်းကင်က ရွှံ့ပုပ်ရောင် ညိုမည်းလျက်။ ပန်းခြံထဲက စစ်သားများ

ရွက်ဖျင်တဲများထဲသို့ ပြန်ဝင်ကုန်ကြပြီ။ လမ်းပေါ်တွင် လူ အသွားအလာ ရှင်းနေသည်။ ယာဉ်ရထားတစ်စီးမျှ မရှိ။ အိမ်သို့ ခြေကျင် ပြန်လျှောက်ရတော့မည်။

လမ်းလျှောက်လာစဉ်

ဘရန်ဒီတန်ခိုးက

တဖြည်းဖြည်း

ပြယ်စပြုနေသည်။

လေအေးကြောင့်

စကားလက်

တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လျက်ရှိ၏။ အေးစက်၍ အပ်ဖျားလို ချွန်ထက်သည့် မိုးစက်များသည် သူ့မျက်နှာကို လာ၍ ထိမှန်နေကြသည်။ ဒေါ်လေးပစ်တီ၏ အပေါ်ရုံ အင်္ကျီသည် စကားလက်ကိုယ်ပေါ်တွင် မိုးရေဒဏ်ကြောင့် တွဲကျနေသည်။ အောက်က ဝတ်လာသည့် ကတ္တီပါဝတ်စုံလည်း ပျက်စီးပြီ။ ဦးထုပ်တွင် စိုက်လာသည့် ကြက်တောင်ကလည်း မိုးရေကြောင့် ငိုက်ကျနေသည်။ မြိုင်သာယာ စပါးကျီ ဘေးကွက်လပ် မိုးရေထဲတွင် အစာရှာနေသည့် ၎င်း၏ မူလပိုင်ရှင် ကြက်ဖကြီး ကိုယ်ပေါ်တွင် ရှိစဉ်ကကဲ့သို့ အောက်သို့ စိုက်ကျလျက်။ စင်္ကြံခင်းထားသည့် အုတ်များက ကျိုးပဲ့ကာ အချို့နေရာများတွင် အုတ်ခဲ လုံးဝ မရှိတော့။ ခြေချင်းဝတ် နစ်အောင် ဗွက်ပေါက်နေသည်။ ဖိနပ်က ရွှံ့စေးဖြင့် ကပ်နေကာ တစ်ခါတစ်ရံတွင် ဗွက်ထဲ နစ်ကျန်ရစ်ခဲ့သည်။ ဗွက်ထဲ ကျွံကျန်ရစ်ခဲ့သည့် ဖိနပ်ကို ကုန်း၍ ကောက်တိုင်း အောက်က ဝတ်စုံနားသည် ဗွက်ထဲသို့ ပုံကျသွားသည်။ စကားလက် ရွှံ့ဗွက်တွေ၊ ရေအိုင်တွေကို မရှောင်တော့။ ဗွက်ထဲက ဖြတ်သွားသည်။ ဝတ်စုံ အဖျား ခြေချင်းဝတ်တွင် အေးလှပြီ။ ကြီးဒေါ်နှင့် အငြင်းအခုံ လုပ်၍ အမှတ်တရ ချုပ်ခဲ့သည့် ဝတ်စုံကိုလည်း စကားလက် ဂရုမစိုက်တော့။ စကားလက် မောနေပြီ။ စိတ်ပျက်နေပြီ။ ကြံရာမရ ဖြစ်နေပြီ။ သူတို့ကို

မြိုင်သာယာသို့ ပြန်၍ မည်သို့ မျက်နှာပြရမည်နည်း။ ပိုက်ဆံ ချေးဦးမည်ဟု လေတစ်လုံး မိုးတစ်လုံး ပြောခဲ့ပြီးမှ မည်သို့

ရင်ဆိုင်ရမည်နည်း။

မြိုင်သာယာကို

လေလံ

အတင်ခံရတော့မည်။

အားလုံး

တစ်နေရာရာသို့

ပြောင်းပေးကြရတော့မည်ဟု မည်သို့ ပြောရက်မည်နည်း။ ဤမြေနီ၊ ဤထင်းရှူးရိပ် ဝေဝေ၊ ဤကိုင်းတောစပ် ဝါဝါ။ မေမေ့ကို မြှုပ်နှံရာ မြေပေါ်က တောင်တမာရိပ် ညိုညိုတို့ကို မည်သို့ စွန့်ပစ်နိုင်မည်နည်း။

ရွှံ့တွေ ချောကျိနေသည့် လမ်းတွင် လျှောက်လာရင်း ရက် ဘတ်တလာကို စက်ဆုပ် ရွံမုန်းသည့် အမုန်းသည်

သူ့ရင်ထဲတွင် မီးနှယ်လောင်နေသည်။ လူယုတ်မာ၊ လူဆိုး၊ မြန်မြန် ကြိုးကျပါစေဟု စကားလက် ဆုတောင်းမိသည်။ သူ့ကို စော်ကား အနိုင်ယူထားသည့် ရက် ဘတ်တလာနှင့် နောက်ထပ် မျက်နှာချင်း မဆိုင်ချင်တော့။ သူ့အကြောင်းတွေကို ဤသူယုတ်မာ အကုန်သိနေပြီ။ ပိုက်ဆံ ချေးချင်သည်ဆိုလျှင် သူ့အတွက် ထိုမျှလောက် ခက်ခဲစရာ မရှိ။ မချေးချင်၍ သူ့ကို တမင်သက်သက် အရှက်ခွဲလို၍သာ ဤသို့ လုပ်ခြင်း ဖြစ်သည်။ ဤလို လူမျိုးအတွက် ကြိုးဒဏ်ပေးခြင်းသည် ကောင်းလွန်းနေသေးသည်။

မိုးရေထဲတွင်

အဝတ်အစားတွေ

စိုရွှဲလျက်။

ဆံပင်တွေ

ဖရိုဖရဲဖြစ်လျက်။

မေး

ခိုက်ခိုက်တုန်လျက်ရှိနေသော သူ့အဖြစ်ကို ရက် ဘတ်တလာ မမြင်နိုင်သည့်အတွက် ဘုရားကို ကျေးဇူးတင်ရသေးသည်။ ဤပုံပန်းဖြင့်သာ သူ့ကို မြင်သွားလျှင် ရက် ဘတ်တလာသည် မည်မျှ လှောင်ပြောင် ရယ်မောနေမည် မသိ။

ဝါရှင်တန်လမ်းသို့

ရောက်လာ၏။

ရှုခင်းက

သူ့နှလုံးသားလို

ဟာလာဟင်းလင်း။

မက်မုံပင်

လမ်းမှာကဲ့သို့

81

အသွားအလာ မရှိ။ လှုပ်လှုပ်ရှားရှား မရှိ။ တစ်ခါက အိမ်ကြီးအိမ်ကောင်းတွေ ပေါခဲ့သော်လည်း ယခု မရှိတော့။ အချို့ကိုသာ ပြန်ဆောက်ရသေးသည်။ မီးကျွမ်းနေသည့် အုတ်ခုံများ၊ မည်းနက်နေသည့် အထီးတည်း မီးခိုးခေါင်းတိုင်များ(၎င်းတို့ကို ‘ဗိုလ်ချုပ် ရှားမင်း၏ စန္ဒရီများ’ ဟု ခေါ်ကြသည်။) ကိုသာ မကြာခဏ တွေ့ရ၏။ အိမ်ဝင် လမ်းများတွင် မြက်တွေ ဖုံးနေပြီ။ မြက်ခင်းများ၊ ရထားရုံများ၊ မြင်းချည်တိုင်များတွင် ပေါင်းတွေ တောထနေပြီ။ လေက အေးအေး။ မိုးက စိမ့်စိမ့်။ ရွှံ့ဗွက်ထူထူ။ သစ်ပင်တွေက ရိုးတံပြိုင်းပြိုင်း။ အားလုံး အနိဋ္ဌာရုံတွေချည်း ဖြစ်နေသည်။ ခြေထောက်တွေကလည်း ရေစိုရွှဲကာ အေးစက်နေပြီ။ အိမ်ရောက်ဖို့ကလည်း အဝေးကြီး ရှိသေးသည်။

နောက်မှ ရွှံ့ထဲတွင် ရုန်းလာသည့် မြင်းခွာသံများကို ကြားရသဖြင့် လမ်းဘေး စင်္ကြံပေါ်သို့ တက်၍ ရှောင်ပေးသည်။

ဘာဂီ တစ်စီး မောင်းလာသဖြင့် စကားလက် လှမ်းကြည့်၏။ လူဖြူတစ်ယောက် ဖြစ်လျှင် တောင်းတောင်းပန်ပန်ဖြင့် ခရီးကြုံ စီးရတော့မည်။ သူ့ဘေးသို့ ရောက်လာသည့်တိုင် သဲကွဲစွာ မမြင်ရ။ မိုးစက်တို့ကြောင့် မှုန်ဝါးနေသည်။ ရထားမောင်းလာသူက ရှေ့က ကာထားသည့် တာလပတ်အောက်မျ ခေါင်းပြူ၍ ကြည့်သည်။ သူ့မျက်နှာကို စကားလက် မြင်ဖူးသည် ထင်သည်။ သေသေချာချာ မြင်ရအောင် လမ်းလယ်သို့ ဆင်းလိုက်၏။ ရထားသမားက ချောင်းတစ်ချက် ဆိုးသည်။ သူ ကြားဖူးနေကျ အသံ တစ်သံက ဝမ်းသာအားရ တအံတဩဖြင့် လှမ်းနှုတ်ဆက်သည်။

‘ဟေး စကားလက်၊  ဘယ်လို ဖြစ်လာတာလဲ’



‘ဟင် ဖရင့်’ စကားလက်က ရွှံတွေထဲမှ တစွက်စွက်လျှောက်ကာ ရထားနားသို့ ကပ်သွားသည်။ အဝတ် ရွှံ့စင်မည်ကို

ကြောက်မနေနိုင်တော့။ ‘ဝမ်းသာလိုက်တာ ဖရင့်ရယ်၊ အတော်ပဲ’

ဖရင့်က ပါးစပ်ထဲတွင် ငုံထားသည့် ဆေးရွက်ကြီးကို ရထားတစ်ဖက်သို့ ထွေးထုတ်ပစ်လိုက်ပြီး ရထားမှ ခုန်ဆင်းသည်။

အားရ ဝမ်းသာ လက်ဆွဲနှုတ်ဆက်ပြီး တာလပတ်ကို မပေးကာ စကားလက်ကို ရထားပေါ်သို့ အရင်တက်စေသည်။

‘ဒီနေရာမှာ

တစ်ယောက်တည်း

ဘာလုပ်နေတာလဲ၊

ခေတ်ကြီးက

ကောင်းတာမဟုတ်ဘူး၊

ကြည့်စမ်းပါဦး၊

တစ်ကိုယ်လုံးလည်း စိုရွှဲလို့၊ ရော့ ရော့ ခြေထောက်ကို အဝတ်နှင့် ပတ်ထားလိုက်’

ဖရင့်က ကြက်မကြီး ကလပ် ကလပ် လုပ်သည့်နှယ် စုတ်တသပ်သပ်ဖြင့် သူ့အတွက် ပျာယာခတ်နေသည်။

စကားလက်က ဇိမ်ဖြင့် ပြုစု ယုယသည်ကို အသာကြည့်နေသည်။ သူ့ကို ယောက်ျားတစ်ယောက်က အရေးတယူ ဂရုတစိုက် သတိတရ လုပ်သဖြင့် စကားလက် ကျေနပ်သွားသည်။ ရက် ဘတ်တလာက သူ့ကို ရိုင်းရိုင်းပျပျ စော်ကားပြီးသည့် နောက်တွင် ယခုလို ဂရုစိုက်ခြင်းမျိုးကို တွေ့ရသည့်အခါ ပို၍ သာယာနေသည်။ မြိုင်သာယာမှ ဝေးနေစဉ် ကိုယ့်နယ်သူ နယ်သားချင်း ပြန်တွေ့ရသည့်အတွက် ဝမ်းသာနေသည်။ ဖရင့်က ကောင်းကောင်းမွန်မွန် ဝတ်ထားသည်။ ဘာဂီကလည်း အသစ်စက်စက်။ ရထားမြင်းကလည်း ငယ်ငယ်ရွယ်ရွယ်။ ဝဝလင်လင်။ သို့ရာတွင် ဖရင့်ကိုကြည့်ရသည်က ရင့်ရော်နေသည်။ နာတာလူးပွဲတော်တုန်းက သူ့တပ်စုနှင့် အတူ မြိုင်သာယာသို့ ရောက်လာစဉ်ကထက် ရုပ်ကျနေသည်။ လူက ပိန်ပိန်၊ မျက်နှာက ဝါဖျော့ဖျော့။ အရေတွန့်၍ မျက်တွင်း ချိုင့်ဝင်နေသည်။ မျက်လုံးများက ဝါထိန်လျက်။ သံရောင် သူ့မုတ်ဆိတ်မွေးများက ကျိုးတိုးကျဲတဲ။ နှုတ်ခမ်းမွေးတွင် ဆေးရွက်ကြီးရည်တွေ စွန်းထင်းနေသည်။ သို့ရာတွင် ကြည့်ရသည်ကမူ ရွှင်ရွှင်ပျပျ။ အခြားသူများလို ညှိုးညှိုးငယ်ငယ် မဟုတ်။ 

82



‘စကားလက်ကို တွေ့ရတာ ဝမ်းသာလိုက်တာ’ ဖရင့်က အူလှိုက်သည်းလှိုက် ပြော၏။ ‘မြို့ကို ရောက်နေမှန်းမသိဘူး၊

အရင် အပတ်တုန်းကတောင် ဒေါ်လေး ပစ်တီနှင့် တွေ့သေးတယ်၊ သူကလည်း ဘာမှ မပြောဘူး၊ ဟို ဟို မြိုင်သာယာက လာတော့ ဘယ်သူ… ဘယ်သူပါသေးသလဲ’

တော်တော်လာသည့် ငနဲ။ သူ မေးချင်သည်က ဆွီလင်အကြောင်း။ သူ့အကြောင်းများ မသိလျှင် ခက်မည်။



‘ဟင့်အင်း၊ ဘယ်သူမှ မပါဘူး’ စကားလက်က ဖရင့်လှမ်းပေးသည့် ဝတ်ရုံကြီးကို လည်ပင်းရောက်အောင် မတင်သည်။

‘စကားလက် တစ်ယောက်တည်းပဲ၊ ဒေါ်လေးပစ်တီကိုလည်း ကြိုပြီး အကြောင်းကြားထားတာ မဟုတ်ဘူး’

ဖရင့်က မြင်းကို မောင်းသည်။ မြင်းက ချောကျိကျိ လမ်းပေါ်တွင် ခြေမြဲမြဲ ကုပ်၍ ဆွဲသည်။



‘ဟိုမှာကော အားလုံး နေလို့ထိုင်လို့ ကောင်းကြတယ်မဟုတ်လား’



‘အင်း ကောင်းပါတယ်’



စကားလက် တစ်ခုခုကို ပြောချင်သည်။ သို့ရာတွင် ပါးစပ်က မထွက်။ ရက် ဘတ်တလာနှင့် ကိစ္စတွင် အရေးနိမ့်ခဲ့သဖြင့်

သူ့ရင်သည် လေးနေသည်။ ယခု ပြော၍ မထွက်။ မပြောချင်။ အိပ်ရာပေါ်တွင် ခွေလှဲကာ ဇိမ်ဖြင့် ကွေးနေချင်သည်။ ‘မြိုင်သာယာကိစ္စကို အခု မစဉ်းစားသေးဘူး၊ မဖြစ်တော့တဲ့ နောက်ဆုံး အခြေအနေကျမှ စဉ်းစားတော့မယ်’ ဟု စိတ်ထဲက ဆိုမိသည်။ ယခု လောလောဆယ်တွင်မူ ဖရင့်ကို တစ်လမ်းလုံး စကား ပြောလာအောင် စကားစ ရှာပေးမည်။ သူကမူ ‘ဟုတ်တယ်’ ‘မဟုတ်ဘူး’ စသည်လောက်သာ ပြောချင်သည်။

‘ဖရင့်ကို တွေ့လိမ့်မယ်လို့ လုံးလုံး မမျှော်လင့်ဘူး၊ မိတ်ဟောင်း ဆွေဟောင်းတွေကို လာမနှုတ်ဆက်ဘူးလို့

မထင်နှင့်နော်၊ ဖရင့် ဒီမှာ ရှိနေတာ လုံးလုံး မသိဘူး၊ မာရီယက်တာမှာ ရောက်နေတယ်လို့ ထင်နေတာ’

‘မာရီယက်တာက ကိုယ်အရောင်းအဝယ် လုပ်နေတာပါ၊ အရောင်းအဝယ် ခပ်ကြီးကြီးဆိုပါတော့’ ဖရင့်က ပြောသည်။

‘ကိုယ် အတ္တလန်တာမှာ နေတယ်ဆိုတာ ဆွီလင် မပြောဘူးလား၊ ကိုယ့် ကုန်တိုက်အကြောင်းကော မပြောဘူးထင်တယ်’

ဆွီလင်က ဖရင့်တစ်ယောက် ကုန်တိုက် ဖွင့်နေကြောင်း ပြောဖူးသည်ကို စကားလက် ခပ်ရေးရေး အမှတ်ရ၏။

သို့ရာတွင် ဆွီလင့် စကားကို သူ တစ်ခါမျှ အလေးအနက် မထား။ သူ အရေးထားသည်က ဖရင့်သည် တစ်နေ့တွင် ဆွီလင်ကို လက်ထပ်မည်။ ဆွီလင် ယောက်ျားရသွားလျှင် သူ့တွင် ကျွေးစရာ ပါးစပ်တစ်ပေါက် လျော့သွားလိမ့်မည် ဆိုသည့် ကိစ္စလောက်သာဖြစ်သည်။

‘ဟင့်အင်း မပြောဘူး’ စကားလက်က လိမ်ပြောသည်။ ‘ကုန်တိုက် ရှိသလား၊ တော်တော်ကြီးပွားနေတာပေါ့’



ဆွီလင်က သူ့သတင်းကို မပြောဟုဆိုသဖြင့် ဖရင့် ကျေနပ်ပုံ မရ။ သို့ရာတွင် စကားလက် မြှောက်လုံးကြောင့်

ကြည်နူးသွားသည်။

‘ဟုတ်တယ်၊ ကုန်တိုက် တစ်တိုက်ဖွင့်ထားတယ်၊ တော်တော်လေး ကြီးတယ်ဆိုပါတော့၊ လူတွေက ကိုယ့်မှာ

83

ကုန်သည် ဇာတာ ပါတယ်တဲ့’

ဖရင့်က သဘောကျ၍ ရယ်သည်။ သူ့ တဟက်ဟက် ရယ်သံကို စကားလက် မကြိုက်။ တော်တော် ဘဝင်မြင့်တဲ့

ငနဲဟု စကားလက် တွေးနေသည်။

‘အို ဖရင့်က ဘာလုပ်လုပ်အောင်မြင်ပါတယ်၊ ကုန်တိုက်က ဘယ်တုန်းက စဖွင့်တာလဲ၊ နာတာလူးပွဲတော်မှာ

တွေ့တုန်းက ပိုက်ဆံ တစ်ပြားမှ မရှိဘူးဆို’

ဖရင့်က အသံအက်အက်ဖြင့် လည်ချောင်းရှင်းသည်။ နှုတ်ခမ်းမွေးများကို ကုတ်ခြစ်ရင်း မရဲတရဲ ပြုံး၏။



‘ဇာတ်လမ်းကတော့ အရှည်ကြီးပဲ စကားလက်ရေ့’



ကောင်းပါလေ့။ အိမ်ရောက်သည် အထိတော့ စကားကြော ရှည်တော့မည်။



‘ပြောပြစမ်းပါဦး’



‘ကိုယ်တို့ ရိက္ခာရှာဖို့ မြိုင်သာယာကို ရောက်လာတာ မှတ်မိသေးတယ်မဟုတ်လား၊ အဲဒီနောက် မကြာပါဘူး၊ ရှေ့တန်းကို

သွားရတာပဲ၊ တပ်ထောက်ရုံးမှာ မဟုတ်တော့ဘူး၊ တပ်ထောက်ရုံးလည်း မလိုတော့ဘူးလေ၊ ထောက်ပံ့စရာ ရိက္ခာဆိုလို့ ဘာမှ ရှာမရတော့တာ၊ သန်သန်မာမာ ရှိတဲ့စစ်သားဟာ စစ်မြေပြင်ကို သွားသင့်တယ်လို့ ကိုယ် သဘောပေါက်လာတယ်၊ ဒါနှင့်မြင်းတပ်ထဲ ဝင်တယ်၊ စစ်မြေပြင်ရောက်တော့ ပခုံးကိုကျည်ထိတယ်’

ဖရင့်က ဂုဏ်ယူနေပုံရသည်။



‘အို ဟုတ်လား’



‘သိပ်တော့ မများပါဘူး၊ အပေါ်ယံတွင်ပါ၊ ဒါနှင့် တောင်ပိုင်းက ဆေးရုံတစ်ရုံမှာ တက်ကုရတယ်၊ ဆေးရုံတက်နေတုန်း

ယန်ကီတွေ

မြို့ကို

ဝင်သိမ်းတာပဲ၊

ဒုက္ခရောက်လိုက်တာကွယ်

မပြောပါနှင့်တော့၊

ဘာမှလည်း

ကြိုမသိရဘူး၊

ဗြုန်းစားကြီးဆိုတော့၊ လမ်းလျှောက်နိုင်တဲ့ စစ်သားတွေက စစ်တပ်ဂိုဒေါင်က ပစ္စည်းတွေနှင့် ဆေးရုံပစ္စည်းတွေကို ဘူတာရုံ သယ်ပေးရတယ်၊ ဒါပေမယ့် ရထားပေါ် မတင်ရသေးခင် ယန်ကီတွေ မြို့တစ်ဖက်က ဝင်လာတော့ ကိုယ်တို့ ကုန်ရထားလည်း မြို့တစ်ဖက်က ထွက်ခဲ့ရတာပေါ့၊ ရထားအမိုးပေါ်က စီးလိုက်ခဲ့ရတယ်၊ ယန်ကီတွေက မြို့ကို မီးရှို့နေတာ မြင်ရတော့ စိတ်မကောင်းလိုက်တာ၊ ဘူတာမှာ ကိုယ်တို့သယ်ထားတဲ့ ပစ္စည်းတွေ အကုန်မီးရှို့ပစ်တာပဲ၊ ကိုယ်တို့တောင် ကိုယ်လွတ်ရုန်းပြီး အနိုင်နိုင် ပြေးခဲ့ရတယ်’

‘အို ဟုတ်လား’



‘အင်း ကိုယ်တို့ တပ်တွေက အတ္တလန်တာကို ပြန်သိမ်းထားတော့ ကိုယ်တို့ ရထားလည်း အတ္တလန်တာကို

ခုတ်လာခဲ့ရတယ်၊ စစ်ပွဲက မပြီးသေးဘူး၊ မြို့ထဲမှာ ပန်းကန်ခွက်ယောက်တွေ မွေ့ရာတွေ စောင်တွေပုံလို့၊ ယူမယ့်လူ မရှိဘူး၊ ပိုင်ရှင်လည်း မရှိဘူး၊ လက်နက်ချ စည်းကမ်းအတိုင်းဆိုရင်တော့ ပိုင်ရှင်မရှိတဲ့ ပစ္စည်းတွေဟာ ယန်ကီ ပစ္စည်းတွေပေါ့လေ၊

84

မဟုတ်ဘူးလား’

‘အင်း’



စကားလက်က အမှတ်တမဲ့ ပြောလိုက်သည်။ နွေးလာသဖြင့် အိပ်ချင်နေသည်။



‘မှားသလား မှန်သလားတော့ ကိုယ်မသိဘူး’ ဖရင့်က သံသယဖြင့် ပြောသည်။ ‘ကိုယ်တွက်တာကတော့ ဒီပစ္စည်းတွေ

ယန်ကီတွေလက်ထဲ ကျရင်တော့ အလကားပဲ၊ မီးရှို့ပစ်မှာပဲ၊ ဒီပစ္စည်းတွေကို ကိုယ်တို့တစ်တွေ ငွေတွေ ရွှေတွေနှင့် ပေးပြီး ဝယ်ခဲ့ရတာ၊ ဒီပစ္စည်းတွေကို သူတို့ မရသင့်ဘူး၊ ဒီပစ္စည်းတွေဟာ ပြည်နယ်အစိုးရရဲ့ ပစ္စည်းတွေ၊ ဒါမှမဟုတ်ရင်လည်း ပြည်နယ် ဘက်တော်သားတွေရဲ့ ပစ္စည်းတွေ၊ ကိုယ်ပြောတာ သဘောပေါက်တယ် မဟုတ်လား’

‘အင်း’



‘ဟုတ်ပြီ၊ ကိုယ့်ကို ထောက်ခံမယ့်လူတော့ ရှိပြီ၊ ဒီပစ္စည်းတွေ ယူတုန်းကတော့ ကိုယ် သိပ်ပြီး လိပ်ပြာမသန့်ဘူး၊ ဒါတွေ

တွေးမနေပါနှင့် ဖရင့်ရယ်လို့တော့ လူတွေကတော့ ပြောကြပါရဲ့၊ ဒါပေမယ့် ကိုယ်ကတော့ လိပ်ပြာသိပ်မသန့်ဘူး၊ ကိုယ်များ မှားရင်တော့ ကိုယ် ခေါင်းဖော်ရဲတော့မှာ မဟုတ်ဘူး၊ ကိုယ် လုပ်တာ မှန်ရဲ့လား ဟင်’

‘မှန်ပါတယ်’



စကားလက်က ပြောသည်။ သို့ရာတွင် သူ ပြောနေသည့် စကားများကို စကားလက် တစ်လုံးမျှ နားမလည်။

အချို့သူများသည် မကောင်းမှု တစ်ခု လုပ်မိလျှင် ကိုယ့် ဩတ္တပ္ပစိတ်နှင့် ကိုယ် ပြန်၍ တိုက်ခိုက်ကြရသည်ဆိုသည်မှာ မှန်သည်။ ဖရင့်က အသက်ကြီးပြီ။ လောကကြီး အကြောင်းကို နောကျေနေပြီ။ ဘာမျှ အရေးမကြီးသည့် ကိစ္စကလေးကို ရေးကြီးခွင်ကျယ်လုပ်၍ စဉ်းစားစရာ မလိုတော့။ သို့ရာတွင် ဖရင့်က ကြောက်တတ်သည်။ ဗျာများသည်။ အဘွားအိုကြီးနှင့် တူသည်။

‘စကားလက်က ကိုယ့်ဘက်က ထောက်ခံလို့ ဝမ်းသာလိုက်တာ၊ ပြည်တွင်းစစ် ပြီးတော့ ကိုယ့်လက်ထဲမှာ ငွေလေး

ဆယ်ဒေါ်လာလောက်ပဲ ကျန်တယ်၊ ဒိပြင် တခြား ဘာမှမရှိဘူး၊ ယန်ကီတပ်တွေ မီးရှို့လို့ ဂျုန်းဘာရိုက ကိုယ့် အိမ်ရော စတိုးဆိုင်ရော ကုန်ပြီ။ ဘယ်လို လုပ်ကိုင်စားရမယ် ဆိုတာတောင် မသိတော့ဘူး၊ ဒါနှင့် ကိုယ့်မှာ ငွေလေး ဆယ်ဒေါ်လာနှင့် ငါးမြှောင့်ဆိုင်လမ်းက မီးလောင်နေတဲ့ ကုန်တိုက်တစ်တိုက်ကို အမိုး မိုးလိုက်တယ်၊ စောစောက ကိုယ် ရလိုက်တဲ့ ဆေးရုံပစ္စည်းတွေ၊ စောင်တွေ၊ ခုတင်တွေကို ရောင်းတာပဲ၊ ဘယ်သူမှ ခုတင်တို့၊ ပန်းကန်ခွက်ယောက်တို့၊ မွေ့ရာတို့ မရှိဘူး မဟုတ်လား၊ ဈေးကလည်း ပေါတော့ အလုအယက် ဝယ်ကြတာပေါ့၊ အဲဒီက ရတဲ့ ပိုက်ဆံလေးနှင့် တစ်ခါ နောက်ထပ် ပစ္စည်း ဝယ် ရောင်း၊ ဒီလိုနှင့် ခုတော့ တော်တော် ဟန်ကျနေပါပြီ၊ ဒီတစ်ခါ ပွရင်တော့ ပိုက်ဆံ တော်တော်လေး ရမှာပဲ’

ပိုက်ဆံဆိုသည့် စကားကြောင့် စကားလက် မျက်လုံး ကျယ်လာသည်။ သူ့စိတ်သည် လန်ဆန်းလာ၏။



‘ပိုက်ဆံ တော်တော်ချမ်းသာနေပြီပေါ့ ဟုတ်လား’



စကားလက် စိတ်ဝင်စားသဖြင့် ဖရင့်သွေးကြီးသွားသည်။ ဆွီလင်မှ အပ မည်သည့် မိန်းမကမျှ သူ့ကို အရေးတယူ

85

မလုပ်ကြ။ စကားလက်လို နာမည်ကြီး ကွမ်းတောင်ကိုင် ဖြစ်ခဲ့ဖူးသည့် မိန်းမတစ်ဦးက သူ့စကားများကို စိတ်ဝင်စားသည့် အခါတွင် ဖရင့် ပီတိ ဖြစ်နေသည်။ စကား မပြတ်မီ အိမ်သို့ ရောက်မည်စိုးသဖြင့် မြင်းကို ခပ်ဖြည်းဖြည်း မောင်းသည်။

‘ကိုယ်က ဇောတိက သူဌေးတော့ မဟုတ်ဘူး ပေါ့လေ၊ ဒါပေမယ့် အရင်တုန်းကနှင့် စာရင် ခု ရှိတဲ့ ပိုက်ဆံက

အသေးအဖွဲပါ၊

ဒီနှစ်တော့

ဒေါ်လာ

တစ်ထောင်လောက်

မြတ်လိုက်တယ်၊

ငါးရာကတော့

ပစ္စည်းအသစ်ဝယ်တာ

ကုန်တိုက်ပြင်တာ ငှားတာ ပေးတာနှင့် ကုန်တာပါပဲ၊ အသားတင် ငါးရာပဲ ကျန်တယ်ဆိုပါတော့၊ ခုအတိုင်း ဆိုရင်တော့ ရှေ့နှစ်မှာ နှစ်ထောင်လောက် မြတ်လိမ့်မယ် ထင်တာပဲ၊ ဒီပိုက်ဆံကို အရင်းမြှုပ်ရမယ်၊ နောက်ထပ် ကံစမ်းမဲ တစ်မဲ ထိုးထားသေးတယ်’

ပိုက်ဆံ စကားကို ကြားရသဖြင့် စကားလက် စိတ်ဝင်စားနေပြီ။ စကားလက်က မျက်တောင်ကော့ကြီးများဖြင့်

မျက်လုံးကို ဖုံးလိုက်ပြီး သူ့အနားသို့ တိုးထိုင်လိုက်သည်။

‘ကံစမ်းမဲ ဆိုတာ ဘာကို ပြောတာလဲ ဖရင့်’



ဖရင့်က ရယ်၍ ဇက်ကြိုးခေါက်ဖြင့် မြင်းကို ရိုက်လိုက်၏။



‘အရောင်းအဝယ် ကိစ္စတွေ ပြောနေလို့ နားထောင်ရတာ ပျင်းနေပြီထင်တယ်၊ ဟုတ်ပါတယ်လေ၊ စကားလက်တို့လို

မိန်းမချော မိန်းမလှတွေ အရောင်းအဝယ်လုပ်ငန်းတွေ သိဖို့ မလိုပါဘူး’

အလကား ငတုံးကြီး။



‘အို၊ စကားလက်က အရောင်းအဝယ် အကြောင်း သိပ်မသိပေမယ့် စိတ်ဝင်စားပါတယ်၊ ပြောပါ၊ စကားလက်

နားမလည်တာလေးတွေ ပြောပြပါဦး’

‘ကံစမ်းမဲ ထိုးထားတယ်ဆိုတာက ကိုယ့် လွှစက်ကို ပြောတာပါ’



‘ဘာ’



‘လွှစက်လေ၊ သစ်ခွဲစက်ကလေး ဆိုပါတော့၊ ခု အဲဒီ လွှစက်ကလေး တစ်လုံး ဝယ်မလို့ ဆိုင်ထားတယ်၊ မက်မုံပင်

လမ်းက ဂျွန်ဆင် ဆိုတဲ့ လူတစ်ယောက်ဆီက ဝယ်မှာ၊ ငွေလိုလို့ လွှစက်ကလေးကို ရောင်းတာ၊ ကိုယ့် လွှစက်ကို သူ့ပဲ ငှားပြီး လည်မယ်လေ၊ ဒီနားတစ်ဝိုက်မှာ လွှစက် သိပ်မရှိဘူး၊ ယန်ကီတွေ ဖျက်ပစ်ခဲ့လို့၊ ခုခေတ်ကြီးမှာ လွှစက်ကလေး တစ်လုံးပိုင်ရင်

တိန်တိန်ကို

မြည်နေတာပဲ၊

ထိုင်စားပေရော့၊

အိမ်ဆောက်ကြတော့

သစ်

လာခွဲရင်

ကြိုက်တဲ့ဈေး

တောင်းရုံပဲ၊ လူတွေကလည်း အိမ်တွေ နင်းကန် ဆောက်နေကြတာပဲ၊ အေးလေ ယန်ကီတွေ မီးရှို့လို့ နေစရာ မရှိတော့ ဆောက်ကြရတာပေါ့၊ အိမ်သာဆောက်တယ် သစ် မရဘူး၊ ရပြန်တော့လည်း မြန်မြန်ခွဲသား မရဘူး၊ မြို့ပေါ်ပြောင်းလာတဲ့ လူသစ်တွေကလည်း မနည်းဘူး၊ တောမှာ ယာကူလီ ကပ္ပလီတွေ မရှိတော့လို့ တချို့လည်း မြို့ကို တက်လာကြတယ်၊ ယန်ကီတွေ၊ ကော်ဇောအိတ်သမားတွေကလည်း ဒီမှာ လာပြီး အခြေစိုက်ကြတယ်၊ အတ္တလန်တာကတော့ ဧရာမ မြို့ကြီး ဖြစ်လာမှာပဲ၊ အဲဒီတော့ အိမ်သစ်ဆောက်မယ့် လူတွေ များလာလေလေ သစ်စက်က အလုပ် ဖြစ်လေလေပေါ့၊ ဒါကြောင့် ဒီလွှစက်ကလေးကို ဝယ်ဖို့လုပ်တာ၊ နောက်တစ်နှစ် ဒီ အချိန်လောက် ဆိုရင်တော့ တော်တော် အသက်ရှူချောင်ပါပြီ၊ ဘာဖြစ်လို့

86

ပိုက်ဆံတွေ ဒီလောက် စုနေသလဲ သိရဲ့လား’

ဖရင့် မျက်နှာ နီရဲသွားသည်။ ပါးစပ်က စုတ်တသပ်သပ်ဖြင့် မြင်းမောင်းနေသည်။ ဧကန္တ ဆွီလင်အကြောင်းကို

တွေးနေခြင်းဖြစ်မည်။ စကားလက် စက်ဆုပ်စွာ တွေးနေသည်။

သူ့ထံက ပိုက်ဆံ ချေးရမည်လောဟု စကားလက် စဉ်းစားသည်။ သို့ရာတွင် ထိုအကြံကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။

သူ့ထံမှ ပိုက်ဆံချေးလျှင် အိုးတိုးအမ်းတမ်း ဖြစ်မည်။ အင် အာ စသဖြင့် အဖြေရခက်မည်။ အကြောင်းပြချက် အမျိုးမျိုးပြမည်။ ပိုက်ဆံ ချေးမည် မဟုတ်။ သူ ခဲခဲကတ်ကတ် ရှာခဲ့ရသည် မဟုတ်လော။ နွေဦးပေါက်လျှင် ဆွီလင်ကို လက်ထပ်မည်ဟု မှန်းထားပုံ ရသည်။ သူ ပိုက်ဆံ ချေးလိုက်လျှင် လက်ထပ်ပွဲကို ရက်ရွှေ့ ရလိမ့်မည်။ ဖရင့်က သူ့ ဇနီးလောင်း၏ ဆွေမျိုးကို ငဲ့၍ ပိုက်ဆံ ချေးသည့်တိုင် ဆွီလင်က အကြောကြီးဖြင့် ပြော၍ ပြီးတော့မည် မဟုတ်။ ဆွီလင်သည် သူ့ကိုယ်သူ အပျိုဟိုင်းကြီး ဖြစ်မည်ကို အလွန်စိုးရိမ်သည်။ သူ့လက်ထပ်ရေးကိစ္စကို နှောင့်နှေးစေမည့် အရာမှန်လျှင် ဆွီလင်သည် မိုးနှင့်မြေကြီးကိုပင် မှောက်လှန်၍ ဖယ်ရှားပစ်မည်လော မဆိုနိုင်။

ဆွီလင်က နားပူနားဆာ လုပ်တတ်သည်။ ငြူစူတတ်သည်။ ဤလို မိန်းကလေးများကို ဤငနဲကြီးက အိမ်တစ်ဆောင်

မီးတစ်ပြောင်နှင့် ထားရလောက်အောင် ဆွီလင်တွင် ဘာမက်စရာ ရှိသနည်း။ ဆွီလင်သည် လင်ကောင်းသားကောင်းနှင့် မတန်။ သစ်စက်ပိုင်ကတော်၊ ကုန်တိုက်ပိုင်ကတော် ဖြစ်ဖို့မကောင်း။ ပိုက်ဆံကလေး နည်းနည်း ရှိလာသည်နှင့် ဘဝင်မြင့်၍ ဆုံးတော့မည် မဟုတ်။

မြိုင်သာယာကို လက်မလွတ်အောင် အခွန်တော်ပေးဖို့ သူ့ဆီက တစ်ပြားမှ ထွက်လာလိမ့်မည် မဟုတ်။ သူ လွတ်လျှင်

တော်ပြီ။ မြိုင်သာယာ ဘာဖြစ်ဖြစ် သူ့အဖို့ အရေးမကြီး။ ဝတ်ကောင်းစားလှ ဝတ်ရလျှင် ကတော်ဖြစ်လျှင် သူ ကျေနပ်ပြီ။ ဆွီလင်က ထိုအစားမျိုးဖြစ်သည်။

ဆွီလင်၏ အနာဂတ်က ဖြူးနေသည်။ သူနှင့် မြိုင်သာယာ၏ အနာဂတ်က ဘာမျှ မရေရာ။ ဤသည်ကို တွေးမိသည့်အခါ၌

စကားလက် စိတ်ဆိုးသည်။ လောကကြီးသည် မတရားဟု ထင်လာသည်။ သူ့အမူအရာကို ဖရင့် မြင်မည်စိုးသဖြင့် ဘာဂီပေါ်မှ နေ၍ တစ်ဖက်သို့ လှည့်လိုက်၏။ သူ့တွင် ရှိသမျှ ဆုံးရှုံးတော့မည်။ ဆွီလင်တို့ ဘဝကမူ ချောလျက်။ ဖြောင့်ဖြူးလျက်။

စကားလက် ရုတ်တရက် စိတ်ကူးတစ်ခု ရလိုက်၏။



ဖရင့်ကို ဆွီလင် မရထိုက်။ သစ်စက်နှင့် ကုန်တိုက်ကိုလည်း ဆွီလင် မပိုင်ထိုက်။



ဆွီလင်သည် ဤအရာများနှင့် လား လားမျှ မထိုက်။ ဤအရာများကို သူ ရထိုက်သည်။ သူနှင့်ထိုက်တန်သည်

ထင်သည်။ မြိုင်သာယာတွင် ဂျိုနာရောက်လာပုံ၊ အဆိပ်ပြင်းသည့် ခလောက်ဆွဲ မြွေဟောက်လို သူ့ကို ရှူးရှူးရှားရှားဖြင့် လှေကားထိပ်မှ လှမ်းကြည့်နေပုံ၊ သူ့ဘဝ သင်္ဘော ပျက်၍ ရရာ ကောက်ရိုးကို လှမ်းဆွဲခဲ့ရပုံကို စကားလက် အမှတ်ရသည်။ ရက် ဘတ်တလာကို မရခဲ့သည့်တိုင် ဘုရားသခင်က ဖရင့်ကို ဖန်တီးပေးနေပြီ။

သို့ရာတွင် ဖရင့်ကိုကော သူ ကျအောင် မြှူနိုင်ပါမည်လော။ မိုးစက် မိုးမှုန်များကို ကြည့်ရင်း စကားလက်

လက်သီးဆုပ်မိသည်။

ဆွီလင်ကို

မေ့ကာ

သူ့ဘက်သို့

ချက်ချင်းပါလာအောင်

ဆွဲဆောင်နိုင်ပါမည်လော။

ရက်

87

ဘတ်တလာလို လူကိုပင် သူ့ကို ချစ်ရေးဆိုသည့် အခြေအနေမျိုး ရောက်အောင် ဖမ်းနိုင်သေးလျှင် ဖရင့်ကို အလွယ်နှင့်ဖမ်း၍ ရနိုင်ကောင်းသည်။ စကားလက် မျက်တောင် တဖျပ်ဖျပ် ခတ်၍ ဖရင့်ကို မသိမသာ အကဲခတ်၏။ တစ်စက်မျှ ပုံမလာ။ သွားတွေကလည်း သွားကြောင်တွေ။ အာပုပ်စော်လည်း နံသည်။ အသက်ကလည်း ကြီးသေးသည်။ ထိုမျှမက လူက သတ္တိမရှိ။ ကြောက်တတ်သည်။ သူ့ထက် ညံ့သည့် ယောက်ျားဆို၍ ရှိမည်ပင် မထင်။ သို့ရာတွင် စိတ်ရင်းကောင်းသည်။ လူကြီးလူကောင်း ပီသသည်။ ရက် ဘတ်တလာနှင့်ထက် သူနှင့် အကြင် လင်မယား အဖြစ် နေ၍ ဖြစ်နိုင်သည်။ အကိုင်ရ အတွယ်ရလည်း လွယ်လိမ့်မည်။ မတတ်နိုင်။ သူတောင်းစားဆိုသည်မှာ အရိုးများသော ချေးခါးသော ရွေးမနေနိုင်။

ဆွီလင်၏ အဆက်ကို လုသည့်အတွက် စကားလက် မရှက်နိုင်။ အတ္တလန်တာကို ရောက်လာ၍ ရက် ဘတ်တလာနှင့်

တွေ့ပြီးကတည်းက သူ့တွင့် အကျင့်စာရိတ္တဆို၍ ကုန်းကောက်စရာပင် မကျန်တော့။ စာရိတ္တ မဏ္ဍိုင် ပြိုကျသွားပြီ။ ထိုအဖြစ်များနှင့် စာလျှင် ဆွီလင့်အဆက်ကို လုရသည့် ကိစ္စသည် အသေးအဖွဲ ကလေးမျှသာ ဖြစ်သည်။ ခေါင်းရှုပ်ခံ စဉ်းစားနေရမည့် ပြဿနာ မဟုတ်။

မျှော်လင့်ချက် အသစ်ဝင်လာသဖြင့် စကားလက် ခါးမတ်လာသည်။ ခြေထောက်က အေးစက် စိုစွတ် နေသည်ကိုပင်

သတိမရတော့။ စကားလက် မျက်တောင်ကို စင်းကာ ဖရင့်ကို ကြည့်သည်။ ဖရင့်က လန့်သွားသဖြင့် စကားလက် မျက်လွှာချလိုက်၏။ ‘မင်း မျက်လုံးက နှစ်ယောက်ချင်း ချိန်းသတ်ပွဲမှာ တစ်ဖက်ရန်သူကို အသေသတ်မယ်ဆိုတဲ့ အငြိုးကြီးနှင့် ကြည့်နေတဲ့ မျက်လုံးမျိုး၊ ဒီအကြည့်မျိုးနှင့် ဘယ်ယောက်ျားကို မြှူလို့ ရမှာလဲ’ ဟူသော ရက် ဘတ်တလာ၏ စကားများကို အမှတ်ရသည်။

‘စကားလက် ဘာဖြစ်လို့လဲ ဟင် ချမ်းလို့လား’



‘ဟုတ်တယ် နည်းနည်းချမ်းတယ်’ စကားလက်က ဖြေသည်။ ‘ဟို ဟို ဖရင့်ရဲ့ကုတ်အင်္ကျီအိတ်ထဲကို စကားလက်

လက်ထည့်ထားရင် ဖြစ်မလား ဟင်၊ လက်က အေးပြီး ထုံနေတယ်၊ အနွေး ကွင်းစွပ်ကလည်း ရေတွေ စိုလို့’

‘ဟင် စကားလက်မှာ လက်အိတ် မပါဘူးလား၊ ကြည့်စမ်း ကိုယ်က တစ်လမ်းလုံး လေဖောင်းလာတယ်၊ စကားလက်

အေးမယ်ဆိုတာတောင် သတိ မထားမိဘူး၊ ဟဲ့ သမီး မိဆယ်လီ၊ ဆွဲစမ်း ဆွဲစမ်း ကိုယ်ကချည်း စကားပြောနေတယ်၊ စကားလက် မြို့ထဲကို ဘာဖြစ်လို့ လာသလဲ ဆိုတာတောင် မမေးရသေးဘူး’

‘ယန်ကီ စစ်ရုံးချုပ်ကို သွားတာ’



စကားလက်က လွှတ်ခနဲ ဖြေသည်။ ဖရင့်က မျက်ခုံး နှစ်ဖက် ပင့်၍ အံ့အားသင့်ဟန် ပြ၏။



‘အို ဘာလုပ်သွားတာလဲ၊ ဟိုမှာစစ်သားတွေ ဘာတွေနှင့် ရှုပ်နေတာ’



မလိမ်၍ မရ။ လိမ်ပြောမှ ဖြစ်မည်။ ရက် ဘတ်တလာကို သွားတွေ့ခြင်းဖြစ်ကြောင်း ဖရင့်ကို အသိပေး၍ မဖြစ်။ ရက်

ဘတ်တလာလောက် ယုတ်မာပက်စက်သူ မရှိဟု ဖရင့် ထင်နေသည်။ အမျိုးကောင်း သမီးတစ်ယောက်က ရက် ဘတ်တလာကို သွားတွေ့သည်ဆိုလျှင် သူ့ကို အထင်သေးတော့မည်။

88



‘ဟို ဟို၊ ယန်ကီစစ်သားတွေဆီ ဇာပန်းထိုး အိပ်ရာခင်းကလေးတွေ ခေါင်းအုံးစွပ်ကလေးတွေ သွားရောင်းတာ၊ အိမ်က

သူတို့ သားမယားတွေကို လက်ဆောင်ပေးဖို့ ဝယ်ကြတယ်လေ၊ စကားလက်က ဇာပန်းထိုး တတ်တယ် မဟုတ်လား’

ဖရင့်က ထိုင်ခုံ နောက်မှီကို မှီသည်။ မျက်နှာက ဖြူဖပ်ဖြူရော်။ စိတ်လည်း ဆိုးသည်။ သနားလည်း သနားသည်။



‘ယန်ကီတွေဆီ ကိုယ်တိုင် သွားရောင်းလို့ ဘယ်ဖြစ်မလဲ စကားလက်၊ စကားလက် ကိုယ်တိုင် သွားရောင်းလို့

မကောင်းပါဘူး၊ စကားလက် ဖေဖေ သိသလား၊ ဒေါ်လေးပစ်တီကော’

‘အို ဒေါ်လေး ပစ်တီကိုတော့ သွားမပြောနှင့်နော်’



စကားလက် တကယ် စိုးရိမ်သွားကာ မျက်ရည်တွေ ဝဲလာ၏။ အေးလည်း အေးလှပြီ။ စိတ်လည်း ညစ်လှပြီ။ ထို့ကြောင့်

ငိုချင်ရက် လက်တို့သည့်နှယ် ဖြစ်နေသည်။ သို့ရာတွင် သူ ထင်သလို ဖရင့်က ချော့မော့ခြင်း မပြု။ ဖရင့်က အိုးတိုးအမ်းတမ်းဖြင့် အနေရခက်နေသည်။ စကားလက် ဗလာ ကျင်းပြလျှင်ပင် ဤမျှလောက် ရှက်လိမ့်မည် မထင်။ အောက်နှုတ်ခမ်းကို အထဲသို့ သွင်းကာ လျှာဖြင့် ကလပ် ကလပ် မြည်အောင် ထိုးနေသည်။ စကားလက်၏ ခေါင်းကို သူ့ရင်ခွင်ထဲသို့ ပိုက်ကာ ပွတ်သပ် ပေးရမည်လောဟု ရုတ်တရက် စိတ်ကူးမိသေး၏။ သို့ရာတွင် မည်သည့်မိန်းမကိုမျှ လက်ဖျားနှင့် မတို့စဖူး။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်။ ချောလည်းချော၍ ပျော်လည်း ပျော်တတ်သည့် စကားလက် အိုဟာရာ ဆိုသည့် မိန်းကလေး တစ်ယောက် သူ့ရထားပေါ်တွင် ငိုနေပြီ။ မာနအလွန်ကြီးသည့် စကားလက် အိုဟာရာ တစ်ယောက် ပန်းထိုးထည်များကို ယန်ကီ စစ်သားများထံ သွားရောင်းနေရပြီ။ ဖရင့် စိတ်မကောင်း။

စကားလက်က တစ်ခွန်းစ နှစ်ခွန်းစ ပြော၍ ရှိုက်နေသည်။ မြိုင်သာယာတွင် အဆင်မပြေ ဖြစ်နေပြီဟု ဖရင့်

ရိပ်မိလိုက်၏။ စကားလက်တို့ ဖေဖေ ‘စိတ်ကယောက်ကယက်’ ဖြစ်နေသည်။ စားအိုးကြီးက ကြီးသည်။ ထို့ကြောင့် စကားလက် အတ္တလန်တာသို့ လာကာ ငွေလေး ဘာလေး လာရှာဟန် တူသည်။ ဖရင့်က အောက်နှုတ်ခမ်းကို လျှာဖြင့် ထိုး၍ ကလပ် ကလပ် အသံပြုနေသည်။ သူ့ပခုံးပေါ်တွင် စကားလက် ခေါင်းတင်၍ မှီထားသည်ကို တွေ့လိုက်ရ၏။ မည်သို့ မည်ပုံ ရောက်လာမှန်းမသိ။ သူက ဆွဲ၍ အမှီခိုင်းခြင်း မဟုတ်သည်ကမူ သေချာသည်။ သို့ရာတွင် စကားလက်ခေါင်းက သူ့ပခုံးကို မှီနေပြီ။ စကားလက်က သူ့ရင်အုပ်ပြားပြားတွင် မျက်နှာအပ်၍ ရှိုက်နေပြီ။ သူ့အဖို့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံ အသစ်အဆန်း ဖြစ်သည်။ ဖရင့်က စကားလက် ပခုံးကို မရဲတရဲ ပွတ်သပ်ပေးသည်။ စကားလက်က ငြိမ်နေသည့် အခါတွင် ရဲလာကာ ခပ်ပိုင်ပိုင် ပွတ်သပ်ပေးသည်။ ဪ စကားလက်ခမျာ တွယ်ရာမဲ့၊ ခိုကိုးရာမဲ့၊ သနားစရာ။ သူ့လက်ချောင်း သွယ်သွယ်ကလေးတွေ အနာခံကာ ဇာပန်းထိုး၍ ပိုက်ဆံ ရှာရသည်။ ယန်ကီတွေနှင့်ပင် ဆက်ဆံရရှာသည်။ ဖရင့် စိတ်မကောင်း။ နည်းနည်းမျှ စိတ်မကောင်း။

‘ဒေါ်လေး ပစ်တီကို မပြောပါဘူးကွယ်၊ ဒါပေမယ့် နောက်မှာ ဒီလို မလုပ်ပါဘူးလို့တော့ ကိုယ့်ကို ကတိပေးပါ၊ မင်း

ဖေဖေ မျက်နှာကိုလည်း’

စကားလက်က မျက်ရည်စိုစွတ်သော မျက်လုံးစိမ်းစိမ်းဖြင့် သူ့ကို ကြည့်သည်။



‘မလုပ်လို့ ဘယ်ဖြစ်မလဲ ဖရင့်ရယ်၊ စကားလက် တစ်ခုခုတော့ လုပ်ရမှာပေါ့၊ စကားလက်ရဲ့သားလေးကလည်း

ရှိသေးတယ်၊ ခုဆို စကားလက်တို့ သားအမိကို စောင့်ရှောက်မယ့်သူလည်း မရှိ’

89



‘စကားလက်က သတ္တိကောင်းပါတယ်၊ ဒါပေမယ့် ဒါမျိုးကိုတော့ မလုပ်စေချင်ဘူး စကားလက်၊ ဆွေမျိုးတွေ

မျက်နှာကိုပါ ထောက်ရမှာပေါ့’

‘ဒါ မလုပ်ရင် ဘာလုပ်မလဲ ဖရင့်ရဲ့’



စကားလက်က မျက်ရည်စိုစွတ်သော မျက်လုံးများဖြင့် အားကိုးတကြီးဟန် မော့ကြည့်နေသည်။



‘ခုလောလောဆယ်တော့ မပြောတတ်သေးဘူး၊ ကိုယ် စဉ်းစားကြည့်ဦးမယ်လေ’



‘ဒီလိုဆိုရင်တော့ ကျေးဇူးပေါ့ အစ်ကိုကြီးရယ်’



စကားလက်က

သူ့ကို

တစ်ခါမျှ

ဤသို့

မခေါ်ဖူးခဲ့။

ဖရင့်သည်

‘အစ်ကိုကြီး’

ဟူသော

စကားလုံးကြောင့်

ကျေနပ်သွားသည်။ အံ့အားလည်း သင့်နေသည်။ စကားလက်တစ်ယောက် စိတ်လှုပ်ရှားနေသဖြင့် လွှတ်ခနဲ ခေါ်လိုက်ခြင်း ဖြစ်မည်ဟု ထင်သည်။ ဖရင့်သည် သနားသွားကာ ကာကွယ်ပေးလိုစိတ် ပေါက်လာသည်။ ဆွီလင်၏ အစ်မအတွက် သူ လုပ်ပေး နိုင်သည့် အရာရှိလျှင် သူ မုချ လုပ်ပေးမည်။ ဖရင့်က အိတ်ထဲမှ လက်ကိုင်ပဝါ အသစ်တစ်ထည်ကို ဆွဲထုတ်ကာ စကားလက်ကို လှမ်းပေးသည်။ စကားလက်က မျက်ရည်သုတ်ကာ မျက်ရည်များကြားမှ အားယူ၍ ပြုံးပြ၏။

‘စကားလက် စိတ်ထဲမှာ တစ်မျိုး ဖြစ်သွားလို့နော်၊ ခွင့်လွှတ်ပါ’



‘ဘာ အားငယ်ရမှာလဲ၊ စကားလက်က သတ္တိကောင်းသားပဲ၊ စကားလက် ထမ်းတဲ့ဝန်ကြီးက အားနှင့်မမျှဘူး

မဟုတ်လား၊ ဒေါ်လေးပစ်တီကလည်း ဘာမှ ကူညီဖော်ရတာ မဟုတ်ဘူး၊ ကိုယ့်မှာ အိမ်တစ်လုံး အပိုရှိရင်လည်း အကောင်းသား၊ တစ်ခုတော့ ကတိပေးပါတယ်လေ၊ ကိုယ်နှင့် ဆွီလင် လက်ထပ်ပြီးရင် စကားလက်တို့ သားအမိအဖို့ အချိန်မရွေးပါ’

အချိန်ရောက်ပြီ။ နတ်ဒေဝါများသည် သူ့ကို စောင့်ကြည့်ကာ လိုချင်သည့် အခွင့်အရေးကို ဖန်တီးပေးနေပြီ။

စကားလက်က ရှက်ကိုးရှက်ကန်း ဖြစ်ဟန် အလန့်တကြား ဖြစ်ဟန် တမင် လုပ်ပြလိုက်ပြီး တစ်စုံတစ်ရာ ပြောတော့မည့်နှယ် ပါးစပ် ဟလိုက်သည်။ ပြီးမှ ချက်ချင်း ပြန်ပိတ်လိုက်သည်။

‘ဘာလဲ၊ ဒီနှစ် နွေဦးပေါက်မှာ ကိုယ်နှင့် မတ်တော်ရတော့မယ်ဆိုတာ မသိသေးဘူးလား’ ဖရင့်က ခပ်မြူးမြူး

ပြောသည်။ သို့ရာတွင် သူ မြူးပုံက ရဲရဲတင်းတင်း မဟုတ်။ စကားလက် မျက်လုံးတွင် မျက်ရည်ဝဲနေသည်ကို မြင်သည်တွင် အလန့်တကြား မေးသည်။ ‘ဘာဖြစ်လို့လဲ ဟင်၊ ဆွီလင် နေမကောင်းဘူးလား’

‘ဟင့်အင်း၊ မဟုတ်ပါဘူး’



‘တစ်ခုခုတော့ တစ်ခုခုပဲ၊ ဘာလဲ ကိုယ့်ကို ပြောပြပါ’



‘ဟင့်အင်း၊ ပြောလို့ မဖြစ်ဘူး၊ မပြောချင်ဘူး၊ ဆွီလင့်ဆီက ဘာစာမှ မရဘူးလား၊ အို စကားလက်ကိုက ဣနြေ္ဒ

ပျက်လွန်းပါတယ်၊ တကယ်ပဲ’

‘ဘာဖြစ်လို့လဲ ဟင်၊ စကားလက်’

90



‘အစကတော့ မပြောဘူးလို့ပဲ၊ ဆွီလင်က အစ်ကိုကြီးဆီကို စာရေးပြီးပြီ အောက်မေ့နေတာ’



‘ဘာရေးရမှာလဲ၊ ဘာဖြစ်လို့လဲ’



သူ့အသံက တုန်နေသည်။



‘စကားလက်တော့ အံ့လို့ မဆုံးဘူး၊ အစ်ကိုကြီးလို လူမျိုးကိုများ’



‘ဘာလုပ်လို့လဲဟင်၊ ဘာဖြစ်လို့လဲ’



‘တကယ် စာမရေးဘူးလား၊ ရှက်လို့များ မရေးတာလား မသိဘူး၊ ရှက်လည်း ရှက်သင့်ပါတယ်လေ၊ ကိုယ့်ညီမ

အကြောင်း ပြောရတာ စကားလက်တောင် ရှက်တယ်’

ထိုအချိန်၌ ဖရင့်သည် မေးခွန်းထုတ်ဖို့ နှုတ်ခမ်းကိုပင် မလှုပ်နိုင်တော့။ မျက်နှာ ဖြူဖပ်ဖြူရော်လျက်။ ဇက်ကြိုးကြီး

တန်းလန်း ကိုင်ကာ ငေးကြည့်နေသည်။

‘နောက်လကျရင် တိုနီနှင့် လက်ထပ်ကြတော့မယ်၊ အစ်ကိုကြီးကို ပြောရတာ အားလည်း အားနာတယ်၊ စိတ်လည်း

မကောင်းဘူး၊ ဒီလောက်ထိ မစောင့်နိုင်တော့ဘူးတဲ့၊ ကြာရင် ဟိုင်းသွားတော့မယ်တဲ့’

ကြီးဒေါ်က အိမ်ရှေ့ဆင်ဝင် အောက်တွင် ရပ်ကြည့်နေသည်။ ဖရင့်က စကားလက်ကို ဘာဂီပေါ်မှ တွဲ၍ ချပေး၏။

ဤနေရာတွင် ကြီးဒေါ် ရပ်နေသည်မှာ တော်တော် ကြာလှတော့မည်။ ခေါင်းက ပဝါတွင် မိုးရေ စိုရွှဲကာ ရှောစောင်တွင် မိုးရေစက်တွေ အပြောက်ပြောက် ထင်နေသည်။ ပါးရေ တွန့်နေသည့် ကြီးဒေါ်၏ မျက်နှာက ဒေါသ အမျက် ခြောင်းခြောင်း ထွက်နေသည့်ပုံ။ အောက်နှုတ်ခမ်းကြီး ဤမျှ ရှေ့သို့ ထော်ထွက်နေသည်ကို စကားလက် တစ်ခါမျှ မမြင်ဖူးသေး။ ကြီးဒေါ်က ဖရင့်က လှမ်းကြည့်သည်။ ဖရင့်မှန်း သိသည့်အခါ၌ မျက်နှာထား ပြောင်းသွား၏။ ကျေနပ်ခြင်း၊ ဝေခွဲမရ ဖြစ်ခြင်း၊ အားနာခြင်း အမူအရာတို့ ပေါ်လာကြသည်။ ဖရင့်အနီးသို့ လျှောက်လာပြီး နှုတ်ဆက်သည်။ လက်ကို ဆွဲယမ်းသည်။

‘တို့နယ်သားချင်း တွေ့ရလို့ ဝမ်းသာသတော့်၊ နေကောင်းတယ် မဟုတ်လား’ ကြီးဒေါ်က ဆိုသည်။ ‘စည်းစိမ်းတိုးလို့

ထင်ရဲ့၊ ဖရင့်တို့ ကြည့်ရတာ စိုလို့၊ အစကတည်းက ဖရင့်နှင့် ထွက်သွားမှန်းသိရင် ဘယ်ဒီလောက် စိတ်ပူမလဲ၊ ခုတော့ ပူလိုက်ရတာ၊ ခုမှပဲ စိတ်အေးရတယ်၊ လမ်းပေါ်မှာ ဘေးမဲ့ ကပ္ပလီတွေကလည်း ပြည့်လို့မဟုတ်လား၊ စကားလက်ရယ် အပြင်ထွက်မယ်ဆိုလည်း ကြီးဒေါ်ကို စောစောက ပြောရောပေါ့၊ ကြည့်စမ်းပါဦး၊ ချမ်းနေပြီ’

စကားလက်က ဖရင့်ကို မျက်စိမှိတ်ပြသည်။ ဖရင့်က မကောင်းသတင်းကို ကြားပြီးသည့်တိုင် စကားလက်ကို

ပြန်ပြုံးပြ၏။ တိတ်တိတ်နေရန် စကားလက်က အချက်ပြခြင်းဖြစ်သည်ဟု နားလည်လိုက်သည်။

‘ကြီးဒေါ်၊ စကားလက်ဖို့ အနွေးထည် ထုတ်ထားလိုက်စမ်းပါ၊ ပြီးတော့ လက်ဖက်ရည်ရော လုပ်ပေးပါ၊ ပူပူလေး’



‘ဟောတော့၊ ဝတ်စုံသစ်ကြီး ရွှံ့တွေ ပေလာပြီ’ ကြီးဒေါ်က ညည်းသည်။ ‘ကြီးဒေါ် အားတော့မှ မီးပူတိုက်ပြီး

ဝက်မှင်ဘီးနှင့် တိုက်ပေးမယ်၊ ဒါမှ ညနေ မင်္ဂလာ ဧည့်ခံပွဲ ဝတ်လို့ရမှာ’

91



ကြီးဒေါ်က အိမ်ထဲသို့ ပြန်ဝင်သွား၏။ စကားလက်က ဖရင့်အနီးသို့ ကပ်၍ တိုးတိုးဖြင့်



‘ညစာ လာစားလှည့်ပါလား ဟင်၊ စကားလက်တို့ သိပ်ပျင်းတာပဲ၊ ပြီးတော့ မင်္ဂလာ ဧည့်ခံပွဲ သွားမယ်လေ၊

စကားလက်ကို လိုက်ပို့မလား ဟင်၊ ပြီးတော့ ဆွီလင့်ကိစ္စကို ဒေါ်လေးပစ်တီကို သွားမပြောလိုက်နှင့် ဦးနော်၊ အဘွားကြီး သိပ်စိတ်ထိခိုက် သွားလိမ့်မယ်၊ ပြီးတော့ စကားလက် ညီမ ဒီလို လုပ်တာကိုလည်း ခု မသိစေချင်သေးဘူး’

‘အို မပြောပါဘူး၊ စိတ်ချပါ’



ဖရင့်က ခပ်သွက်သွက် ပြောသည်။



‘ဒီနေ့ အစ်ကိုကြီးနှင့် တွေ့ပေလို့သာပေါ့၊ စကားလက်အတွက် တော်တော် ဒုက္ခ များနေပြီ ထင်တယ်၊ စကားလက်လည်း

ခုမှ အားရှိသွားတယ်’

စကားလက်က သူ့ လက်မောင်းကို ဆုပ်ကာ မျက်လုံးမှ အရှိန်အဝါကို အားကုန်လွှတ်၍ ကြည့်လိုက်သည်။



တံခါးနားတွင်

စောင့်နေသည့်

ကြီးဒေါ်က

စကားလက်ကိုကြည့်ကာ

သူ့နောက်မှ

လိုက်၍

အပေါ်ထပ်သို့

တက်လိုက်လာ၏။ အဝတ်ကို ချွတ်၊ ကုလားထိုင်တွင် ချိတ်၊ စကားလက် စောင်ဖြင့် ထွေး၍ ပေးသည်အထိ စကားတစ်လုံးမျှ မပြော။ လက်ဖက်ရည်ပူပူ တစ်ခွက်နှင့် အုတ်ခဲ ပူပူ တစ်လုံးကို ဖလန်နယ်စဖြင့် အုပ်၍ ယူလာသည့်အခါ၌ စကားလက်ကို ငုံ့၍ ကြည့်သည်။ စကားလက် တစ်ခါမျှ မကြားဖူးသည့် လေသံချိုချိုဖြင့် နားနားကပ်၍ မေးသည်။

‘ကလေးရယ်၊ ကလေး ဘာလုပ်လုပ် ကြီးဒေါ်ကို ပြောပါ၊ ကြီးဒေါ်ကို ဘာမှ မတိုင်ပင်ရင် ကြီးဒေါ် အတ္တလန်တာကို

လိုက်လာရတာ အလကားပေါ့၊ ကလေးနောက်ကိုလည်း ကြီးဒေါ်က တကောက်ကောက် လိုက်မနေနိုင်ဘူး၊ အိုလှပြီ’

‘ကြီးဒေါ် ဘာကို ဆိုလိုတာလဲ’



‘ကြီးဒေါ်ကို မလိမ်နှင့် ကလေးရယ်၊ ကလေးကို ကြီးဒေါ်သိတယ်၊ ဖရင့်ရဲ့ မျက်နှာရော ကလေးရဲ့မျက်နှာရော

တစ်မျိုး ဖြစ်နေတယ်၊ ကြီးဒေါ်လည်း ဒီလောက်တော့ ပါးပါတယ်နော်၊ ဆွီလင်အကြောင်း ပြောနေသံလည်း ကြားလိုက်တယ်၊ ကြီးဒေါ်ကတော့ ရိပ်မိပေမယ့် တော်တော်တန်တန် ကိစ္စ ဝင်မပြောပါဘူး’

‘ဪ

ဒါလား’

စကားလက်က

စောင်အောက်တွင်

ကွေးလိုက်ရင်း

ကြီးဒေါ်ကို

ဗြောင်ငြင်း၍

မရတော့ဟု

သဘောပေါက်လိုက်သည်။ ‘ကြီးဒေါ်က ဘယ်လို ထင်လို့လဲ’

‘ဒါတော့ ကြီးဒေါ် မထင်တတ်ဘူးလေ၊ ဒါပေမယ့် ဒီနေ့ ကလေးကိုကြည့်ရတာ မူပျက်နေတယ်၊ ဟို လူရမ်းကား

ဘတ်တလာဟာ ပိုက်ဆံ သိပ်ပေါနေတယ်လို့ ဒေါ်လေးပစ်တီက စာရေးလိုက်တယ် မဟုတ်လား၊ ကြီးဒေါ်ကတော့ အဲဒီ စကားကို မမေ့ဘူး၊ ဒါပေမယ့် ဖရင့်ကတော့ လူကောင်းပါ၊ ရုပ်မချောတာ တစ်ခုပါပဲ’

စကားလက်က လှမ်းကြည့်လိုက်သည်။ ကြီးဒေါ်ကလည်း သူ သိသည်ဆိုသည့် သဘောဖြင့် ပြန်ကြည့်၏။



‘ဒါဖြင့် ကြီးဒေါ် ဘယ်လို ဖြစ်စေချင်သလဲ၊ ဆွီလင်ကို ပြောမှာလား’

92



ကြီးဒေါ်က စကားလက် လည်ပင်းကို ရောက်အောင် စောင်ခြုံပေးလိုက်သည်။



စကားလက် အသာငြိမ်နေသည်။ ဤမျှလောက်ဆိုလျှင် ကြီးဒေါ် နားလည်သွားပြီ။ စကားဖြင့် ထုတ်ပြောစရာ

မလိုတော့။ ကြီးဒေါ်က ထုချေချက်လည်း မတောင်း။ အပြစ်လည်း မတင်။ ရေငုံနေသည်။ ကြီးဒေါ်၏ မျက်လုံးများသည် သူ့အချစ်တော် စကားလက်၏ အကြောကို ကောင်းကောင်း မြင်သည်။ စကားလက်သည် သူ့အချစ်တော်။ သူ့အချစ်တော် စိတ်အလိုကို ကြီးဒေါ် ကောင်းကောင်း သိသည်။ သူတတ်နိုင်သမျှ ကူညီရန် အဆင်သင့် ရှိသည်။ ဆွီလင့် အကြောင်းကို ခေါင်းထဲတွင်ပင် ထည့်၍ မစဉ်းစား။ စကားလက် တစ်ယောက် ဒုက္ခ ရောက်နေသည်။ ထိုဒုက္ခတွင်းမှ သူ့နည်းဖြင့်သူ ရုန်းထွက်နေသည်။ မေမေ့သမီး မဟုတ်လော။ အရေးရှိလျှင် ကြီးဒေါ်သည် စကားလက် ဘက်က ပါရမည်သာ ဖြစ်သည်။

စကားလက် ဤသို့ တွေးရင်း အားရှိလာသည်။ ခြေရင်းတွင် အုတ်ခဲပူ ထားသဖြင့် ခြေထောက်တွေ နွေးလာသည်။

ချမ်းချမ်းအေးအေးဖြင့် ရထားပေါ်တွင် လိုက်လာခဲ့စဉ်က ခပ်မှိန်မှိန် တောက်နေသည့် မျှော်လင့်ချက် မီးတောက်ကလေးသည် မီးလျှံကြီး ဖြစ်လာပြီ။ ထိုမီးလျှံသည် စကားလက် တစ်ကိုယ်လုံး အနှံ့ပျံ့ကာ သွေးတိုးနှုန်းကို မြန်စေသည်။ စကားလက် အားရှိလာပြီ။ စိတ်ထဲတွင် မြူးလာကာ အသံထွက်၍ ရယ်ပစ်လိုက်ချင်သည်။ သူ့ဘဝတိုက်ပွဲတွင် သူ မရှုံးသေး။

‘မှန်လေး လှမ်းလိုက်စမ်းပါ ကြီးဒေါ်’



‘လည်ပင်းကို မဖော်ပါနှင့်၊ စောင်ခြုံထားစမ်းပါ’



ကြီးဒေါ်က ဆူ၍ လက်ကိုင်မှန်ကလေးကို ပေးလိုက်သည်။ ထူအမ်းအမ်း နှုတ်ခမ်းပေါ်တွင် အပြုံးရစ်ဝဲနေသည်။

စကားလက်က သူ့ကိုယ်သူ ကြည့်သည်။

‘စကားလက် မျက်နှာကလည်း လူမမာလို ဖြူရော်နေတာပဲ၊ ဆံပင်ကလည်း မြင်းမြီးလို ဖရိုဖရဲနှင့်’



‘မလေး ကြည့်ရတာ တစ်မျိုးပဲ’



‘ဟုတ်လား၊ မိုးတော်တော် ရွာနေသလား’



‘နည်းနည်း သည်းတယ်’



‘စကားလက် အတွက် မြို့ထဲကို သွားပေးမလား’



‘မိုးသိပ်ရွာနေတယ်၊ နောက်တော့မှ သွားပေးမယ်’



‘ဟင့်အင်း၊ ခု သွားပေး၊ နို့မို့ရင် စကားလက် ဘာသာ သွားမယ်’



‘ဘယ်လောက်များ အရေးကြီးလို့လဲ၊ မစောင့် နိုင်တော့ဘူးလား၊ နောက်နေ့ဆိုရင်ကော’



‘မလေး ကိုလုံး ခေါင်းလိမ်းဆီမွှေး တစ်ပုလင်း လိုချင်တယ်’ စကားလက်က မှန်ထဲတွင် ကြည့်ရင်း ပြောသည်။

‘မလေးကို ခေါင်း လျှော်ပေး၊ ပြီးတော့ ကိုလုံး ဆီမွှေး ထုတ်ပေး၊ ပြီးတော့ ဆံပင် မပွအောင် လိမ်းဖို့ ဥသျှစ်စေး ခေါင်းလိမ်းဆီ

93

တစ်ပုလင်းလည်း လိုချင်တယ်’

‘ဒီလောက် အေးနေတဲ့ ရာသီကြီးမှာ ခေါင်းလျှော်လို့ ဖြစ်မလား မလေးရဲ့၊ ပြီးတော့ ဟို မိန်းမတွေလို ခေါင်းမှာ ဆီမွှေး

သုတ်လို့လည်း ဖြစ်မလား၊ မသုတ်ရဘူး၊ ကြီးဒေါ် အသက် ရှင်နေသေးသမျှ ဆီမွှေး မလိမ်းရဘူး’

‘ဟင့်အင်း လိမ်းမှာပဲ၊ စကားလက် လက်ဆွဲအိတ်ထဲမှာ ငါးဒေါ်လာ ဒင်္ဂါး တစ်ပြားရှိတယ်၊ မြို့ထဲ သွားဝယ်ပေးပါ၊

ပြီးတော့ ပါးနီဆိုးဆေး တစ်ဘူးလည်း ဝယ်ခဲ့ပါ’

‘ဘာ’



ကြီးဒေါ်က

အလန့်တကြား

အော်သည်။

စကားလက်

ခပ်တည်တည်

စိုက်ကြည့်နေသည်။

ကြီးဒေါ်သည်

တစ်ချီတစ်ချီတွင် ပေကတ်ကတ် လုပ်တတ်သည်။

‘ဘာဖြစ်ဖြစ်လေ၊ ပါးနီ ဆိုးဆေးဘူးလို့ ပြောပြီး ဝယ်ခဲ့ပါ’



‘ဟင့်အင်း၊ ဘာမှန်းမှ မသိတာ၊ ကြီးဒေါ် မဝယ်တတ်ဘူး’



‘ပါးကို ဆေးနီ ဆိုတဲ့ဘူး ကြီးဒေါ်ရဲ့၊ စပ်စုလိုက်တာလည်း အလွန်ပဲ၊ မျက်နှာခြယ်တဲ့ ဆေး၊ ပါးခြယ်တဲ့ ဆေး၊ သိပြီလား၊

ကဲပါ ရပ်မနေပါနှင့်၊ မြန်မြန်သွားပါ’

‘ဘာ မျက်နှာကို ဆေးခြယ်ဖို့’ ကြီးဒေါ် အော်သည်။ ‘မျက်နှာကို ခြယ်တဲ့ ဆေးတဲ့ တော်ရို့၊ ကလေးလေးသာဆိုရင်

မလေးကို ရိုက်ပစ်လိုက်ချင်တယ် သိလား၊ ဒီလိုဟာမျိုး ကြားပဲ ကြားဖူးပေါင်တော်၊ မလေး ရူးနေသလား ဟင်၊ ကြည့်ပါဦးတော် ဟိုဟာမတွေလို မျက်နှာကို ဆေးခြယ်မလို့တဲ့၊ မေမေများ ကြားရင် သင်္ချိုင်းထဲက ထလာမှာ’

‘ဘွားဘွား ရိုဘီလာ့ဒ်တောင် မျက်နှာခြယ်ဆေး လိမ်းသေးတာပဲ၊ ကြီးဒေါ်လည်း သိသားပဲ’



‘ဟုတ်တယ်၊ ဝတ်စုံက တစ်ထည်တည်း၊ ပေါင်မှာ ကပ်နေအောင် ရေလေး နည်းနည်းတောင် ဆွတ်လိုက်သေးတယ်၊

အဲဒါက သူတို့ခေတ်တုန်းက တော်ရဲ့၊ ခု ဒီခေတ် မဟုတ်တော့ဘူး၊ ဒီအတိုင်း လိုက်လုပ်လို့ ဖြစ်မလား၊ ပြီးတော့’

စကာလက် စိတ်တိုလာသည်။ စောင်များကို ခွာချ၍ လွှင့်ပစ်လိုက်၏။



‘သွား သွား၊ လုပ်မပေးချင်ရင် သွား၊ မြိုင်သာယာကို ပြန်၊ မလေးနှင့် အတူ လိုက်မနေနှင့်’



‘ကျုပ် ပြန်ချင်မှ ပြန်မှာပေါ့တော်၊ တကတည်း ကျုပ်ကိုယ်ကျုပ် ပိုင်ပါတယ်၊ ခုတော့ မပြန်နိုင်သေးဘူး၊ နေရလိမ့်ဦးမယ်၊

ကဲပါ စောင်တွေ ပြန်ခြုံစမ်းပါ၊ တော်တော်ကြာ အအေးမိနေဦးမယ်၊ ပြန်ခြုံပါ ကလေးရယ်၊ မလေးလည်း မြို့ထဲ မသွားနှင့်၊ ဖအေ့ သွေးလို့ မပြောရဘူး၊ စိတ်ချည်းပဲ၊ ကဲပါ အိပ်ရာထဲ ပြန်အိပ်ပါ၊ ကြီးဒေါ်လည်း မလေးပြောတဲ့ ဆိုးဆေးတွေ သွားဝယ် မပေးနိုင်ဘူး၊ ရှက်ပါတယ်၊ မလေးမျက်နှာက ဘာဆေးတွေမှ ခြယ်ဖို့ မလိုပါဘူး၊ ဟိုမိန်းမတွေသာ ဒီလို ဆိုးဆေးတွေ သုံးတာ’

‘လိမ်းလို့ သူတို့မှာ ဟန်ကျနေတာပေါ့၊ မဟုတ်ဘူးလား’

94



‘ဘုရားရေ၊ ကျားသားမိုးကြိုး၊ ဒီလို မဟုတ်တရုတ်တွေ မပြောပါနှင့် ကလေးရယ်၊ ခြေအိတ်တွေက စိုနေတယ်၊

ချွတ်လိုက်ပါဦး၊ ကဲ ကဲ ဒီလောက်တောင် ဖြစ်ရင်လည်း ဝယ်ပေးပါ့မယ်၊ မလေး မေမေသာ ရှိရင်တော့ အဆူခံရတော့မှာပဲ၊ ကဲ စောင်ခြုံပါ၊ ကြီးဒေါ် သွားပေးပါ့မယ်၊ ကြီးဒေါ်တို့ကို မသိတဲ့ ဆိုင်တစ်ဆိုင် သွားဝယ်ရမှာပဲ’

ထိုနေ့ညက မစ္စက်အယ်လဆင်း၏ အိမ်တွင် ဖန်နီတို့ လက်ထပ် အခမ်းအနား ပြီးသည့်နောက်၌ လေဗီတို့ ပန်တျာ ဆရာ

တစ်သိုက်က ကပွဲအတွက် ပြင်ကြသည်။ စကားလက်က ဝမ်းသာအားရဖြင့် ပတ်ဝန်းကျင်ကို ကြည့်၏။ ပွဲလမ်းသဘင် တစ်ခုသို့ ပြန်ရောက်ရပြီ။ ရောက်ရသဖြင့် စကားလက် ပျော်သည်။ သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည့် အတွက်လည်း ကျေနပ်သည်။ ဖရင့်နှင့် လက်မောင်းချိတ်၍ ဝင်လာသည့်အခါ၌ သူ့ဆီသို့ အားရဝမ်းသာ ပြေးလာကြကာ လက်ဆွဲနှုတ်ဆက်ကြသည်။ ပွေ့ဖက်ကြသည်။ နမ်းကြသည်။ သူ့ကို အမှတ်ရကြောင်း၊ မြိုင်သာယာကို မပြန်ဘဲ မြို့တွင် နေဖို့ အကြောင်း ဝိုင်းပြောကြသည်။ တစ်ခါက သူတို့အသည်းကို ခွဲခဲ့သည့် စကားလက်ကို ယောက်ျားလေးတွေက သဘောထား ကြီးကြီးဖြင့် မေ့လိုက်ကြပုံ ရသည်။ သူတို့ထံမှ သူတို့အဆက်များကို ခွဲထုတ်ယူတော့မည် ပြုခဲ့သည်ကိုလည်း မိန်းကလေးများက မေ့သွားကြဟန် တူသည်။ ယခင်က သူ့အပေါ်တွင် ခပ်တန်းတန်း ဆက်ဆံခဲ့ကြသည့် မစ္စက် မယ်ရီဝယ်သာ၊ မစ္စက် ဝှိုက်တင်းနှင့် ဒေါ်ဒေါ်မိတို့ပင်လျှင် စကားလက်၏ ပျံတံတံ အဖြစ်ကိုလည်းကောင်း၊ သူတို့ မနှစ်မသက် ဖြစ်ခဲ့ကြခြင်းကို လည်းကောင်း မေ့လိုက်ကြပုံ ရသည်။ သူတို့လို ဒုက္ခ သုက္ခ ရောက်ခဲ့သူ၊ ဒေါ်လေးပစ်တီ၏ တူမ၊ ချားလ်၏ မုဆိုးမအဖြစ် ဆီးကြိုကြသည်။ သူ့ကို နမ်းကာ မေမေ ဆုံးသည့်အတွက် ဝမ်းနည်းကြောင်း မျက်ရည်လည်ရွဲဖြင့် ပြောကြသည်။ ဖေဖေနှင့် ညီမများ အကြောင်းကို မေးကြသည်။ မီလာနီနှင့် အက်ရှလေ အကြောင်းကို မေးကာ မည်သည့်အတွက် မြို့သို့ ပြန်မလာသေးကြောင်းကိုလည်း စူးစမ်းကြသည်။

သူ့ကို ကြိုဆိုသဖြင့် စကားလက် ဝမ်းသာသည်။ သို့ရာတွင် စကားလက် စိတ်ထဲတွင် မသက်မသာ ဖြစ်နေသည်။

ဖုံးကွယ်ရန် ကြိုးစားသော်လည်း မရ။ ယင်းမှာ အခြား မဟုတ်။ သူ ဝတ်လာသည့် ကတ္တီပါ ဝတ်စုံ ဖြစ်ပျက်နေပုံ ဖြစ်သည်။ ဝတ်စုံက ဒူးထိအောင် ရေစိုနေသည်။ အနားတွင် ရွှံ့စက်တွေ ကျန်နေသေးသည်။ ကြီးဒေါ်နှင့် ထမင်းချက် မိန်းမကြီးက အငွေ့တထောင်းထောင်း ထသည့် ရေနွေးအိုးဝတွင် ဖြန့်ကာ ဝက်မှင်ဘီးဖြင့် တိုက်ချည် မီးကင်ချည် ပြုသည့်တိုင် အခြေအနေက သိပ် မကောင်းလှသေး။ သူ့ အခြေအနေကို တစ်ယောက်ယောက် မြင်မည်လောဟု စကားလက် စိုးရိမ်သည်။ ကောင်းကောင်းမွန်မွန် ဆို၍ ဤတစ်ထည်သာ ရှိသည်ကို လူသိမည်စိုးသည်။ အချို့ဝတ်စုံများမှာ သူ့ ဝတ်စုံထက် အခြေအနေ ဆိုးသည်ကို မြင်သည်တွင်မှ စကားလက် စိတ်သက်သာရာ ရသွား၏။ အချို့ဝတ်စုံများက ဟောင်းနွမ်းနေပြီ။ ဖာရာတွေ ပေါ်နေပြီ။ ခေါက်ရိုးကြီးတွေ ထင်းနေပြီ။ သူ့ဝတ်စုံက အနည်းဆုံး သစ်သည်။ စိုနေသည့်တိုင် အပေါက်အပြဲ မရှိ။ သတို့သမီး၏ အဖြူရောင် ဖဲဝတ်စုံမှ လွဲလျှင် သူ့ဝတ်စုံက အကောင်းဆုံး။

မစ္စက် အယ်လဆင်းတို့ စီးပွားရေးအခြေအနေကို ဒေါ်လေးပစ်တီထံမှ ကြားပြီးပြီ။ ဤအခြေအနေမျိုးတွင် ဖဲဝတ်စုံ

ဝတ်ဖို့၊ ကျွေးမွေးဖို့၊ အခမ်းအနား ပြင်ဖို့၊ ဂီတဝိုင်း ထည့်ဖို့ မည်သည့်နေရာက ပိုက်ဆံရသနည်းဟု စကားလက် တွေးသည်။ ချေးငှား၍ လုပ်ခြင်းသော်လည်း ဖြစ်ရမည်။ ဆွေမျိုးများက ဝိုင်းဝန်း ထောက်ပံ့ခြင်းသော်လည်း ဖြစ်ရမည်။

ဤခေတ်ကြီးမျိုးတွင် ဤ မင်္ဂလာဆောင်မျိုးသည် တာလက်တန် မိသားစုများ၏ သင်္ချိုင်အုတ်ဂူလို ပိုက်ဆံ တော်တော်

ကုန်လိမ့်မည်။ တာလက်တန်တို့ မြေပုံကို ကြည့်စဉ်ကလို စကားလက် ခံစားရသည်။ ဤမျှလောက် ငွေကုန် ကြေးကျခံသည်ကို စကားလက် အားမကျ။ ပိုက်ဆံကို ရေလို ဖြုန်းပစ်သည့် ခေတ်သည် ကုန်ခဲ့ပြီ။ ခေတ်ဟောင်း ကုန်ပြီးနောက်တွင် ဤလူများသည်

95

အဘယ့်ကြောင့် ခေတ်ဟောင်းက အမူအကျင့်တွေကို လိုက်လုပ် နေရသေးသနည်း။

သို့ရာတွင်

သူ့ပိုက်ဆံကုန်ခြင်း

စကားလက် မဟုတ်၊

ထိုအရာများကို

သူတို့ပိုက်ဆံ

မစဉ်းစားတော့။

သူတို့ကြိုက်သလို

အတွေးများကို

သုံးနိုင်သည်။

ပခုံးတွန့်၍

အခြားသူများ၏

မောင်းထုတ်သည်။ မိုက်မဲမှုကို

ကြည့်၍

စိတ်မောခြင်းဖြင့် ပျော်စရာ ညနေခင်းကလေးနှင့် အကုန်မခံနိုင်။

သတို့သားက သူနှင့်အသိ ဖြစ်နေသည်။ စပါတာမှ တွန်မီ ဝဲလ်ဘန်း ဆိုသူဖြစ်သည်။ ၁၈၆၃ ခုနှစ်တွင် ပခုံး

ဒဏ်ရာ ရခဲ့၍ အတ္တလန်တာ ဆေးရုံတွင် သူ ပြုစုခဲ့ရဖူးသည်။ ထိုစဉ်က တွန်မီက အရပ်ခြောက်ပေခန့်။ ဆေးကျောင်းတွင် ကျောင်းတက်နေရာမှ မြင်းတပ်ထဲ လိုက်လာခဲ့ခြင်းဖြစ်သည်။ ယခုမူ လူအိုကလေးတစ်ယောက်နှင့် တူနေ၏။ တင်ပါးက ဒဏ်ရာကြောင့် ခါးကုန်းနေသည်။ လမ်းပင် အနိုင်နိုင် လျှောက်ရသည်။ သို့ရာတွင် သူ့အသွင်အပြင်ကို ဂရုစိုက်ပုံမရ။ တွေးမိဟန်လည်း မတူ။ လူကောင်းကဲ့သို့ ခပ်တည်တည်။ ဆေးကျောင်းကိုလည်း ပြန်မတက်တော့။ အတ္တလန်တာ ဟိုတယ် တစ်ခုကို ကန်ထရိုက်ယူ၍ ဆောက်နေသည်။ ဤလုပ်ငန်းကြီးကို သူ မည်သို့ ဦးစီးသည် မသိ။ သို့ရာတွင် စကားလက် ဘာမျှ မမေး။ လိုအပ်လာ၍ လုပ်လျှင် မဖြစ်နိုင်သည့် အရာဟူသည် မရှိ။ ဖြစ်လာကြသည်သာဟု စကားလက် ယူဆလိုက်သည်။

တွန်မီ၊ ဟူးခ်ျ၊ အယ်လဆင်းနှင့် ရီနီပီကာ့ဒ်တို့က သူ အနီးတွင် ရပ်၍ စကား ပြောနေကြသည်။ ကပွဲ ကရန် အတွက်

ကုလားထိုင်များ၊ ပရိဘောဂများကို ရွှေ့ကြချိန် ဖြစ်၏။

ဟူးခ်ျက ဘာမျှ ပြောင်းလဲခြင်းမရှိ။ ၁၈၆၂ ခုနှစ် သူ နောက်ဆုံး မြင်ခဲ့ရသည့် အတိုင်း ခန္ဓာကိုယ် သွယ်သွယ်ပိန်ပိန်။

နဖူးပေါ်တွင် ဆံပင် ဝါလဲ့ ဝဲကျလျက်။ လက်များကလည်း မိန်းကလေး လက်လို နုကာ သုံး၍ မရ။ 

သို့ရာတွင် ရီနီပီကာ့ဒ်ကမူ အများကြီး ပြောင်းသွားပြီ။ တစ်နှစ် နာတာလူး ပွဲတော် မေဘယ် မယ်ရီဝယ်သာ

လက်ထပ်စဉ်က ရုပ်မျိုး မဟုတ်တော့။ မျက်လုံးနက်နက်များက ပြိုးပြက်တောက်ပကာ စိတ်အားသန်ဆဲ ဖြစ်သည့်တိုင်၊ အားပါးတရ ရယ်ဆဲ ဖြစ်သည့်တိုင် သူ့မျက်နှာတွင် တင်းမာ ခက်တရော်သည့် အရာတစ်ခု ပေါ်နေပြီ။ ပြည်တွင်းစစ် အစက ဤအမူအရာမျိုး မရှိခဲ့။ စစ်ဝတ်စုံကို ဝတ်စဉ်က ခပ်ကြွားကြွား ဟန်မျိုးလည်း မရှိတော့။

‘ပါးလေးတွေက နှင်းဆီရောင် ပြေးလို့၊ မျက်လုံးလေးတွေက မြလို စိမ်းလို့’ ရီနီပီကာ့ဒ်က စကားလက်၏ လက်ကို

နမ်း၍ နှုတ်ဆက်ရင်း နောက်ရွှတ်ရွှတ် ပြောသည်။ ‘နိဗ္ဗာန်ဈေးမှာတုန်းကလို လှတုန်းပဲ၊ မှတ်မိသေးလား၊ ကိုယ်က အလှူခံ ခွက်နှင့် အနားရောက်လာတော့ လက်ထပ် လက်စွပ်ကို ချွတ်ပြီး ပစ်ထည့်လိုက်တာလေ၊ တော်တော် သတ္တိကောင်းတာပဲ၊ ဘယ့်နှယ်လဲ၊ နောက်ထပ် လက်ထပ် လက်စွပ် တစ်ကွင်း မဝတ်သေးဘူးလား၊ နောက်ထပ် လက်စွပ် တစ်ကွင်း မဝတ်ဘဲ ဒီလောက် ကြာကြာ နေမယ်လို့ နည်းနည်းလေးမှ မထင်ဘူး’

ရီနီက ခပ်ပြုံးပြုံးဖြင့် လှမ်းပြောပြီး ဟူးခ်ျကို တံတောင်ဖြင့် တွက်သည်။



‘ဒါပေါ့၊ လောကကြီးက မထင်တာတွေ ဖြစ်တတ်တယ်မဟုတ်လား၊ စကားလက်လည်း ရှင် လှည်းသမား ဖြစ်လိမ့်မယ်လို့

ဘယ်ထင်မလဲ’

စကားလက်က ပြန်ပက်၏။ သူ့ကို တမင် နှိမ်ပြောသည့်အတွက် ရီနီ မရှက်။ ကျေနပ်ဟန်ဖြင့် တဟားဟား ရယ်ကာ

96

ဟူးခ်ျ၏ ကျောကို ပုတ်နေသည်။

‘ဒီလိုပဲပေါ့၊ ယောက္ခမကြီးက ခိုင်းတော့လည်း လုပ်တန် လုပ်ရတာပဲ ဟဲဟဲ၊ ဒါ ကိုယ့် တစ်သက်မှာ ပထမဆုံး

လုပ်ဖူးတဲ့ အလုပ်ပဲ၊ ကိုယ် နေချင်တာက ပြိုင်မြင်းတွေ မွေး၊ ဗျပ်စောင်းလေးတီးပြီး အေးအေးဆေးဆေး နေချင်တာ၊ ခု အကြောင်း မညီညွတ်တော့ လှည်းမောင်း နေရတာပေါ့၊ လှည်းမောင်း ရတာလည်း မဆိုးပါဘူး၊ ယောက္ခမကြီးက ကျကျနန ခိုင်းတတ်တယ်၊ ပြည်တွင်းစစ်တုန်းက သူ့ကို ဗိုလ်ချုပ် ခန့်လိုက်ရင် ကိုယ်တို့ နိုင်မယ်ထင်တယ်၊ မဟုတ်ဘူးလား တွန်မီ’

ရီနီ၏ မိဘများက ချမ်းသာသည်။ မစ္စစပီ မြစ်တစ်ရိုးတွင် မြေတွေ အများကြီး ပိုင်သည်။ အိမ်ကြီး ရခိုင်ဖြင့် နေနိုင်သည်။

သို့စင်လျက် အတ္တလန်တာတွင် လာ၍ လှည်းမောင်းနေသည်ကို ကြည့်ကာ စကားလက် အံ့ဩနေသည်။

‘ဟုတ်တာပေါ့၊ ကျုပ်တို့ ယောက္ခမကြီးတွေသာ စစ်တပ်ကို ကွပ်ကဲတိုက်ရင် ယန်ကီတွေကို တစ်ပတ်အတွင်း

နိုင်အောင် တိုက်နိုင်တယ်’ တွန်မီက သူ့ယောက္ခမ အသစ်စက်စက်ကို လှမ်းကြည့်၍ ပြောသည်။ ‘ကျုပ်တို့ ဒီလောက် ကြာကြာ စစ်တိုက်နိုင်တာ နောက်က အရှုံး မပေးတဲ့ ယောက္ခမကြီးတွေကြောင့် ဗျ၊ သူတို့ အရှုံး မပေးလို့ ဒီလောက် ကြာကြာ စစ်တိုက်နိုင်တာ’

‘ဘယ်တော့မှ အရှုံး မပေးတဲ့ ယောက္ခမကြီးတွေလို့ ပြောပါဗျ’ ဟူးခ်ျက ပြင်ပြောသည်။ ‘ဒီမှာ ဟောဒီနေ့ည ဧည့်ခံပွဲကို

လာတဲ့ မိန်းမကြီးတွေထဲမှာ ရန်သူ့ဆီ လက်နက်ချတဲ့ မိန်းမဆိုလို့ တစ်ယောက်မှ မပါဘူး၊ အဲ သူတို့ ယောက်ျားတွေကသာ စစ်မြေပြင်မှာ လက်နက် ချလာကြတာ၊ သူတို့ကတော့ လက်နက် မချဘူးဗျ၊ အေးလေ သူတို့လည်း စစ်ဒဏ်ကို ခံရတာကိုး၊ ကျုပ်တို့က စစ်တိုက်ရင်း စစ်ဒဏ် ခံရတယ်’

‘သူတို့က ယန်ကီတွေကို ကျိန်ဆဲရင်း စစ်ဒဏ်ခံရတယ်’ တွန်မီက ဆက်၍ ပေးသည်။ ‘မဟုတ်ဘူးလား စကားလက်၊

ခုလို လက်နက် ချလာတာကို အမျိုးသမီးတွေက ခံပြင်းနေကြတယ် မဟုတ်လား၊ စစ်သာမဖြစ်ရင် ဟူးခ်ျကလည်း ဥပဒေ ပါရဂူကြီး၊ ရီနီက ဗျပ်စောင်း ပညာရှင်ကြီး၊ ကိုယ်တို့ ဆိုရင်လည်း ဆရာဝန်ကြီး’

‘ဟေ့ ခုလည်း ရီနီတို့က လှည်းဆရာကြီး ဖြစ်ပါသေးတယ်ဗျ၊ ဟူးခ်ျ ဆိုရင်လည်း စက်ဆရာကြီး၊ မဟုတ်ဘူးလား၊

ပျော်စရာ မကောင်းဘူးလား၊ စကားလက်တို့ မီလာနီတို့ ဆိုရင်လည်း နို့ညှစ်လို့၊ ဝါ ဆွတ်လို့ ပျော်စရာကြီး’

ရီနီက သူတို့ဘဝ အခက်အခဲကို ရယ်စရာ ဖြစ်အောင် လုပ်ပစ်သည်။ စကားလက် နားမလည်နိုင်။



‘ဟင့်အင်း၊ စကားလက်တို့ ဝါ မဆွတ်ရပါဘူး၊ ကပ္ပလီတွေ ရှိသားပဲ’



စကားလက်က ခပ်တည်တည် လိမ်သည်။



‘ဪ ဒါထက် မီလာနီရဲ့ သားလေး နာမည်က ဘိုးရီဂါ့ဒ်ဆို၊ သိပ်ကောင်းတဲ့ နာမည်ပဲ၊ အဲဒီ နာမည်ကို

သဘောကျတယ်လို့ မီလာနီကို ပြောလိုက်ပါ’

ဘိုးရီဂါ့ဒ်က ပြည်တွင်းစစ်တွင် ပြည်နယ်များဘက်မှ ကျဆုံးသွားသည့် လူဝီဇီးယားနား ပြည်နယ်မှ သူရဲကောင်း

တစ်ဦး၏ အမည်ဖြစ်သည်။

97



‘ကျုပ်တို့ သားလေးမွေးရင်တော့ ဗိုလ်ချုပ်လီးရဲ့ နာမည်လည်းပါ အောင် ဘော့ လီးဝဲလ်ဘန်းလို့ နာမည် ပေးမယ်ဗျာ’



သူတို့တွေ နောက်ပြောင်၍ ထွေရာလေးပါး ပြောနေကြစဉ် ဂီတဝိုင်းမှ အသံညှိသံများ ပေါ်လာသည်။ တွန်မီက

စကားလက်ဘက်သို့ လှည့်ကြည့်ပြီး မေးသည်။

‘စကားလက် မကဘူးလား၊ ကရင် ကိုယ်နှင့်’



‘ဟင့်အင်း၊ စကားလက် မကဘူး၊ မေမေ့ အသုဘ နှစ်ပတ်လည် မပြည့်သေးဘူး၊ ထိုင်ကြည့်မယ်’



စကားလက် မျက်လုံးများက ဖရင့်ဆီသို့ ရောက်သွားကြ၏။ မစ္စက်အယ်လဆင်းတို့ အနားမှ ထလာရန် လက်ပြ

ခေါ်လိုက်သည်။

‘အစ်ကိုကြီး၊ စကားလက်ဖို့ ယမကာ တစ်ခွက်လောက် ယူခဲ့ပါလား၊ ဟိုထောင့်မှာ သွားထိုင်နေမယ်၊ ဟိုနားမှာ

အေးအေးဆေးဆေး စကားပြောရအောင်’

ဖရင့်က အရက်ချိုတစ်ခွက်နှင့် စက္ကူချပ်လို ခပ်ပါးပါး ကိတ်မုန့်တစ်ချပ်ကို ယူနေသည့်အချိန်၌ စကားလက်က

ဧည့်ခန်းထောင့် ချောင်းကလေးထဲတွင် ထိုင်နေသည်။ ဂီတသံများကို ကြားရသည့်အတွက် လည်းကောင်း၊ လူအများကို မြင်ရသည့်အတွက် လည်းကောင်း မနက်က ရက် ဘတ်တလာနှင့် ဖြစ်ခဲ့သည်တို့ကို မေ့ပျောက်သွားပြီ။ ရက် ဘတ်တလာ၏ အပြုအမူကို မနက်ဖြန်မှ စဉ်းစားတော့မည်။ သူ အရှက်တကွဲ ဖြစ်ခဲ့ရပုံများကို မနက်ဖြန်မှ ပြန်စဉ်းစားတော့မည်။ ဖရင့်၏ ကွဲအက် နာကျင်နေသော နှလုံးသားကို သူ မည်သည့် အတိုင်းအတာ အထိ အောင်မြင်ခဲ့ကြောင်းကိုလည်း မနက်ဖြန်မှ ပြန်စဉ်းစားရမည်။ ယနေ့ည မစဉ်းစားနိုင်။ စဉ်းစားချိန် မရ။ ယနေ့ညတွင်မူ လက်ဖျားကလေးများ အထိ လှုပ်ရှား ဖျတ်လတ် နေရမည်။ အာရုံတိုင်း မျှော်လင့်ချက်ဖြင့် ရှင်သန်နေရမည်။ မျက်လုံးများ တောက်ပ ရွှင်မြူးနေရမည်။

အခန်းထောင့်ကလေးမှ နေ၍ ဧည့်ခန်းဆောင်ဘက်သို့ လှည့်ရင်း ကနေသူများကို လှမ်းကြည့်သည်။ ပြည်တွင်းစစ်

ဖြစ်စ သူ အတ္တလန်တာသို့ ရောက်လာစဉ်က မြင်ရသည့် ဤခန်းဆောင်ကြီးကို အမှတ်ရနေသည်။ ပျဉ်းကတိုး ကြမ်းခင်းများက မှန်သားလို တဖိတ်ဖိတ် လက်နေသည်။ ခေါင်းပေါ်မှ မီးပဒေသာပွင့်ကြီးမှ ဖန်တုံးများက ဖယောင်းတိုင် မီးရောင်များ အရောင်ဟပ်နေသဖြင့် စိန်ရောင် နီလာရောင် ပြိုးပြက်နေသည်။ နံရံပေါ်တွင် ချိတ်ထားသည့် ပုံတူ ပန်းချီကားကြီးများက ခန်းဆောင်ထဲမှ ပရိသတ်ကို ငုံ့ကြည့်ကာ ရင့်ကျက် ဖော်ရွေမှုကို ဆောင်နေသည်။ တောနှင်းဆီသား ထိုင်ဖုံများက အိစက်ညက်ညောကာ ထိုင်ချင့်စဖွယ်။ အကြီးဆုံး ထိုင်ဖုံကြီးကို ယခု သူ ထိုင်နေသည့် ထောင့်လေးထဲတွင် ချထားသည်။ ဤအိမ် ဧည့်ခံပွဲလုပ်လျှင် ဤထိုင်ဖုံကြီးပေါ်တွင် စကားလက် ထိုင်နေကျ။ ဤနေရာမှ ကြည့်လျှင် ခန်းမဆောင်ကြီးကို ကောင်းကောင်း မြင်ရသည်။ ထမင်းစားခန်းမှ လူ ဆယ်ယောက်စာ ပြင်နိုင်သည့် မဟော်ဂနီ ထမင်းစားပွဲကြီးကိုလည်း မြင်ရသည်။ နံရံတွင် ကပ်ထားသည့် ခြေထောက်သေးသေး ကုလားထိုင် အလုံး နှစ်ဆယ်ကိုလည်း မြင်ရသည်။ ငွေပန်းကန်၊ ငွေလက်ဖက်ရည် ကရား၊ ငွေဇွန်း၊ ငွေခက်ရင်း စသည့် ငွေထည်များ၊ ခုနှစ်တိုင်ထွန်း ဖယောင်းတိုင်ခုံ၊ ချဉ် ငန် ပုလင်းစုံထည့်သည့် ငွေလက်ဆွဲခြင်း၊ ငွေအရက်ဘူး ဖန်ခွက် စသည်တို့ဖြင့် ပြည့်နေသည့် ကြောင်အိမ်ကြီးကိုလည်း မြင်ရသည်။ ပြည်တွင်းစစ် အစတုန်းက စကားလက် တစ်ယောက် ထိုထိုင်ဖုံကြီးတွင် အမြဲ ထိုင်တတ်သည်။ သူ့ဘေးတွင် ချောမော ခံ့ညားသည့် စစ်ဗိုလ်တစ်ယောက် ပါမြဲ။ တယောနှင့် ဗျပ်စောင်းကို နားထောင်မြဲ။ အကော်ဒီယံနှင့် ဘင်ဂျိုသံကို နားထောင်မြဲ။ ဖယောင်း တိုက်ထားသဖြင့်

98

ပြောင်လက်နေသည့် ကြမ်းပြင်ပေါ်တွင် ကနေသူများ၏ တရှဲရှဲ မြည်သော ခြေပွတ်သံများကို ကြားရမြဲ။

ယခု မီးပဒေသာပွင့်များက မှောင်မည်းနေပြီ။ ဖန်တုံး မှန်တုံးများက ပဲ့ရွဲ့နေကြပြီ။ ယန်ကီများက ဖိနပ်ဖြင့် အပျင်းပြေ

လှမ်းပစ်ထားကြပုံ ရသည်။ အခန်းထဲတွင် မှန်အိမ် တစ်လုံးနှင့် ဖယောင်းတိုင် အနည်းငယ်သာ ထွန်းထားသည်။ မီးလင်းဖိုမှ မီးတောက်များကြောင့် ဤမျှ လင်းနေခြင်း ဖြစ်၏။ မီးရောင်တွင် ကြမ်းပေါ်မှ အစင်းများ၊ အပဲ့များကို အထင်းသား မြင်နေရသည်။ ဟောင်းနွမ်းနေသည့် နံရံ စက္ကူပေါ်တွင် လေးထောင့်သဏ္ဌာန် အရာတွေ ထင်ကျန်နေသည်။ မြို့ကို ဝိုင်းထားစဉ်က အမြောက်ဆန် ကျသဖြင့် အင်္ဂတေ နံရံတွေ ကွာကျနေသည်။ ထမင်းစားခန်းထဲတွင် ယခုတိုင် မင်းမူနေသည့် မဟော်ဂနီ စားပွဲကြီးပေါ်တွင် ကိတ်မုန့် ပန်းကန်များ၊ အရက်ဖန်အိုးများ တင်ထား၏။ သို့ရာတွင် စားပွဲကြီးက ပြောင်းလဲနေပြီ။ ရှရာတွေ အစင်းတွေ ပြည့်နေပြီ။ ခြေထောက်များကိုလည်း ဖြစ်ကတတ်ဆန်း ပြန်ပြင်ထားရသည်။ ကြောင်အိမ်၊ ငွေထည်များနှင့် ကုလားထိုင်များကမူ မရှိကြတော့။ ထမင်းစားခန်း နောက်ဘက် ပြတင်းပေါက်ခုံးများတွင် တပ်ထားသည့် ရွှေအိုရောင် ပိုးခန်းဆီးများလည်း မရှိကြတော့။ ဇာခန်းဆီး တစ်ခုသာ ကျန်တော့သည်။ သန့်ရှင်း ဖြူဖွေးနေသေးသည့်တိုင် ဖာရာထေးရာတွေ ပြည့်လျက်။

ယခင်က စကားလက် ထိုင်နေကျ ထိုင်ဖုံဝိုင်းကြီးနေရာတွင် သစ်သားခုံရှည် တစ်ခု ရောက်နေသည်။ ထိုင်ရသည်မှာ

နည်းနည်းမျှ သက်သောင့်သက်သာ မရှိ။ စကားလက်က သက်သောင့်သက်သာ မရှိသည့် ထို ခုံရှည်ကြီးပေါ်တွင် သက်သောင့်သက်သာ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား ထိုင်သည်။ စင်စစ် စကားလက် ကချင်သည်မှာ ယားနေပြီ။ သို့ရာတွင် က၍ ဘာမျှ အလုပ် မဖြစ်။ ဤအခန်းထောင့်တွင် ဖရင့်နှင့် ထိုင်လျှင် သူ့ အဖို့ အများကြီး အလုပ် ဖြစ်နိုင်သည်။ ဖရင့်၏ သဘောကို တီးခေါက် ကြည့်ရဦးမည်။ ဖရင့်ကို သူ့ဘက်သို့ အပိုင် သိမ်းသွင်းရဦးမည်။

ဂီတသံက ကချင်စရာ။ ဘင်ဂျို တီးနေသည့် ပန်တျာဝိုင်း ခေါင်းဆောင် လေဗီ၏ ခြေထောက်များ လှုပ်ရှားနေသလို

စကားလက်၏ ခြေထောက်များသည် မသိမသာ လှုပ်နေကြ၏။ ကြမ်းပေါ်တွင် ခြေသံတရှပ်ရှပ်။ ဖနောင့် လှည့်သံ တကျွီကျွီ။ လူတန်း နှစ်တန်းက ရှေ့တိုးချည် နောက်ဆုတ်ချည်။ အရိုင်က ကနေခြင်း ဖြစ်သည်။ xx ယစ်ရွှေရည်မူးလို့ လဲတယ် xx ကိုယ့်ချစ်သူ လာလို့တွဲကွယ် xx မီးပုံကို တက်လို့နင်းတယ် xx ယူလှည့်ပါ ပျိုယမင်းရယ် xx

ပျင်းစရာ ကောင်းသည့် မြိုင်သာယာတွင် နေခဲ့ရပြီးနောက် ဂီတသံနှင့် ကြမ်းပြင်ကို ပွတ်နေသည့် ခြေသံများကို

ကြားရခြင်း၊ မီးရောင် ထိန်ထိန်တွင် ရယ်မောနေသည့် မိတ်ဟောင်း ဆွေဟောင်းများ၏ မျက်နှာကို မြင်ရခြင်း၊ နောက်ပြောင်ခြင်း၊ ကျီစယ်ခြင်း၊ ပလူးပလဲ နေခြင်း စသည်ကို တွေ့ရသည့်အခါ၌ သေပြီးမှ အသက် ပြန်ရှင်လာသည့်နှယ် စကားလက် ခံစားရသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ပျော်စရာ ကာလများသည် ပြန်ရောက်လာသည် ထင်ရ၏။ မျက်လုံးကို မှိတ်ထား၍ အဝတ်အစား အဟောင်းတွေ၊ ပြင်ချုပ်ထားသည့် ဖိနပ်တွေကို မမြင်ရလျှင်၊ အရိုင်ကပွဲသို့ ရောက်မလာကြတော့သည့် ကနေကျ ယောက်ျားပျိုများကို မေ့ထားလျှင် ယခင်နှင့် ယခု ဘာမျှ ပြောင်းလဲသည် မထင်ရ။ သို့ရာတွင် ထမင်းစားခန်းက အရက်အိုးနားတွင် ဝိုင်းအုံနေသည့် အဘိုးကြီး တစ်သိုက်ကို လည်းကောင်း၊ ယပ်တောင် မပါ ဘာမပါဖြင့် နံရံနားတွင် တန်းစီ

ရပ်၍

စကားပြောနေကြသည့်

အမျိုးသမီးကြီးများကို

လည်းကောင်း၊

ယိမ်းယိုင်

ကနေကြသည့်

လုံမငယ်

လုလင်ငယ်များကိုလည်းကောင်း ကြည့်လိုက် မြင်လိုက်ရသည့် အခါ၌မူ အရာအားလုံးသည် ပြောင်းလဲ ခဲ့ကြပြီဟု စကားလက် ရုတ်တရက် ထင်မြင်လာသည်။ သူ မြင်နေရသည့် လူများသည် တစ္ဆေများ အရိပ်များနှင့် တူနေသည်။

99



သူတို့ကို ကြည့်လျှင် ဘာမျှ ထူးခြားဟန် မရှိ။ သို့ရာတွင် အများကြီး ပြောင်းလဲသွားကြပြီ။ ထိုအခြင်းအရာသည်

အဘယ်နည်း။ အသက် ငါးနှစ် ပိုကြီးလာ ခြင်းကြောင့်လော။ မဖြစ်နိုင်။ ငါးနှစ်လောက် အသက်ကြီးလာရုံဖြင့်မူ ဤလောက် မပြောင်းလဲနိုင်။ အသက်ကြီးသွားသည့် ပြဿနာ မဟုတ်။ အချိန် ပြဿနာမဟုတ်။ သူတို့ ဘဝသည် လုံခြုံသည်။ အေးချမ်းသည်။ စိတ်ချရသည်။ ထိုခံစားချက်သည် သူတို့ကို ကြီးစိုးထားသဖြင့် ဘာမျှ ပြဿနာ မရှိ။ လုံခြုံအေးချမ်းသည့် ဘဝရိပ်မြုံတွင် သူတို့ ပွင့်လန်းခဲ့ကြသည်။ ဝေဆာခဲ့ကြသည်။ ယခု လုံခြုံမှု မရှိတော့။ ၎င်းနှင့်အတူ ပျော်စရာ အရသာ ရွှင်မြူးစရာ အရသာ အသစ်တို့လည်း မရှိတော့။ သူတို့ဘဝ၏ စွဲလမ်း နှစ်သက်ဖွယ်တို့လည်း မရှိတော့။

လူတွေ ပြောင်းသွားသလို သူလည်း ပြောင်းလဲသွားသည်ဟု စကားလက် သတိပြုမိသည်။ သို့ရာတွင် ပြောင်းလဲပုံချင်း

မတူကြ။ အဘယ်ကြောင့်နည်း။ စကားလက် စဉ်းစား၍ မရ။ သူတို့ကို ကြည့်ရင်း သူ့ကိုယ်သူ တခြား ကမ္ဘာလောကတွင် ရောက်နေသူ အထီးတည်း ဖြစ်နေသည်။ သူတို့ပြောသည့် စကားကိုလည်း ကိုယ်နားမလည်။ ကိုယ် ပြောသည့် စကားကိုလည်း သူတို့ သဘောမပေါက်။ စကားလက် ဤသို့ ထင်နေသည်။ အက်ရှလေနှင့် စကားပြောတုန်းကလည်း ထိုနည်းတူ ခံစားခဲ့ရဖူးပြီ။ သူ့ အပေါင်းအသင်းထဲတွင် အက်ရှလေလို လူတွေချည်း များနေရာ စကားလက်သည် သူတို့နှင့် တသီးတခြားလို ဖြစ်နေသည်။

သူတို့ မျက်နှာများသည် သိပ်မပြောင်းလဲ။ သူတို့ အမူအကျင့်များကမူ လုံးဝပင် ပြောင်းလဲခြင်း မရှိ။ သို့ရာတွင်

သူ့မိတ်ဆွေ အပေါင်းအသင်းများတွင် မပြောင်းလဲသည့် အရာဆို၍ ဤနှစ်ခုသာ ကျန်သည်ဟု စကားလက် ထင်နေသည်။ ယခင်က ကဲ့သို့ပင် ဣနြေ္ဒသိက္ခာတွေကို လုပ်နေကြဆဲ။ ရက်ရော သဘောထားကြီးဟန် ပြနေကြဆဲ။ မပျောက်ကြသေး။ သေရွာထိအောင် ပါသွားကြလိမ့်မည် ထင်သည်။ သို့တိုင်အောင် သူတို့ ရင်ထဲတွင် စကားလုံးဖြင့် ထုတ်ဖော် ပြောဆို၍ မရသည့် ခါးသီး နာကြည်းမှုလည်း ရှိနေသည်။ ဤနာကြည်းမှုကိုလည်း သေရွာ အထိ ယူသွားလိမ့်မည် ထင်သည်။ တောင်ပိုင်းသားသည် စကားပြောချိုသာသည်။ ရက်စက်သည်။ ပင်ပန်း နွမ်းနယ်နေသည်။ ရှုံးသော်လည်း ရှုံးသည်ဟု မထင်။ အနိုင်ခံလိုက်ရသော်လည်း ခေါင်းမော့၍ ရင်ကော့တတ်သည့် လူမျိုးဖြစ်သည်။ အသိမ်းပိုက်ခံ ပြည်နယ်များမှ အစိုးမိုးခံ အကာအကွယ်မဲ့ လူမျိုးဖြစ်သည်။ သူတို့ချစ်သည့် သူတို့ ပြည်နယ်ကို ပြန်ကြည့်သည့်အခါတွင် ရန်သူတို့ နင်းခြေ ဖျက်ဆီးထားသည်ကို မြင်ရသည်။ လူဆိုး လူမိုက်များက ဥပဒေ လက်လွတ်ပြုနေကြသည်ကို မြင်ရသည်။ သူတို့၏ ကျွန်ဟောင်းများက သူတို့အား ပြန်ခြိမ်းခြောက်နေသည်ကို တွေ့ရသည်။ သူတို့ လူတွေ မဲပေးပိုင်ခွင့် လက်လွတ် ဆုံးရှုံးရသည်ကို မြင်ရသည်။ အမျိုးသမီးများ အစော်ကား ခံရသည်။ သင်္ချိုင်း မြေပုံများကို သူတို့ မမေ့ကြသေး။

အပေါ်ယံ သဏ္ဌာန်များမှ အပ သူတို့ ကမ္ဘာဟောင်းက အရာတွေ အားလုံး ပြောင်းလဲ သွားကြပြီ။ သို့ရာတွင် အပေါ်ယံ

ထုံးတမ်းစဉ်လာ ဟောင်းတွေ ကျန်နေသေးသည်။ ကျန်လည်း ကျန်နေဦးမည်။ သူတို့တွင် ထိုအပေါ်ယံ သဏ္ဌာန်များသာ ကျန်တော့သည်။

အကောင်းဆုံး

အမွန်မြတ်ဆုံးဟု

သူတို့

ထင်ခဲ့ဖူးသော

အရာများ၊

လောကဝတ်များ၊

လူပုဂ္ဂိုလ်

ဆက်ဆံရေးများ၊ အပျင်းဖြေနည်းများ၊ ယောက်ျားများက မိန်းမများကို ကာကွယ် စောင့်ရှောက်ပေးသည့် ဓလေ့များ စသည်တို့ မပျောက်ကြသေး။ မိရိုးဖလာ ထုံးစံအတိုင်း ယောက်ျားများက ယဉ်ကျေးသိမ်မွေ့ကြသည်။ သနားကြင်နာ တတ်ကြသည်။ အမျိုးသမီးများကို ကြမ်းတမ်း မာကျောသည့် ကိစ္စမျိုးနှင့် မပတ်သက်အောင် အကာအကွယ် ပေးကြသည်။ ဤသည်မှာ အဓိပ္ပာယ် မရှိဆုံးဟု စကားလက် ထင်သည်။ အဘယ်ကြောင့် ဤဓလေ့ ထုံးစံကို ထိန်းသိမ်း နေဦးမည်နည်း။ ပြည်တွင်းစစ် ငါးနှစ်ကာလ၌ အလုံခြုံဆုံးသော အိမ်တွင်းပုန်းမ တစ်ယောက်အဖို့ပင် မမြင်ရ မကြားရသည့် အရာဟူ၍ မရှိသလောက် ဖြစ်ခဲ့ရပြီ မဟုတ်လော။ ဒဏ်ရာရသူများကို ပြုစုခဲ့ရဖူးပြီ။ သေပြီးစ လူသေ အလောင်းမှ မျက်ခွံများကို ဆွဲပိတ်ပေးခဲ့ဖူပြီ။

100

စစ်မီးလျှံနှင့် လုယက် ဖျက်ဆီးမှုကို ကြုံတွေ့ခဲ့ရဖူးပြီ။ ထိတ်လန့်ခြင်း၊ ဒရောသောပါး ထွက်ပြေးရခြင်းနှင့် ငတ်မွတ်ခြင်းတို့ကို ကြုံခဲ့ရဖူးပြီ။ ဘာကျန်သေးသနည်း။

အနိဋ္ဌာရုံတွေကို မြင်ခဲ့ရသည့်တိုင်၊ အလုပ်ကြမ်းတွေကို လုပ်ခဲ့ရ၍ နောင်တွင်လည်း လုပ်နေရသည့်တိုင် သူတို့သည်

အမျိုးကောင်းသား၊ အမျိုးကောင်းသမီး ပီသအောင် ကြိုးစားကြဆဲ။ သူတို့ အစဉ်အလာကို သူတို့ ဂုဏ်ယူကြဆဲ။ ခါးသီး နာကြည်းလျက်။ တစ်ဦးကို တစ်ဦး ကြင်နာ စောင့်ရှောက်လျက်။ စိန်ကဲ့သို့ မာကျောလျက်။ သူတို့ ခေါင်းပေါ်က မီးပဒေသာပွင့်မှ မှန်တုံး ဖန်တုံးများသဖွယ် ကြွပ်ဆတ်လျက်။ ခေတ်ဟောင်းသည် ကုန်သွားပြီ။ သို့တိုင်အောင် ထိုခေတ်ဟောင်းက ကဲ့သို့ပင် ပြုမူ ပြောဆိုလျက်။ ယခင်ကကဲ့သို့ပင် ပျော်ပျော်ပါးပါး။ နှေးနှေးကွေးကွေး။ ယန်ကီများကဲ့သို့ အလောတကြီး ပိုက်ဆံရှာခြင်း မရှိ။ ခေတ်ဟောင်းက အနေအထိုင်များကို ဖက်တွယ်ထားကြဆဲ ဖြစ်သည်။

သူကိုယ်တိုင်လည်း အကြီးအကျယ်ပြောင်းလဲသွားပြီဟု စကားလက် သတိပြုမိသည်။ ပြောင်းလဲ၍ပင် မဟုတ်လော။

ယခင် အတိုင်းသာဆိုလျှင် ယခု သူလုပ်ခဲ့သည်များကို လုပ်ခဲ့မည်၊ လုပ်ရဲမည် မဟုတ်။ ယခု သူလုပ်မည့် အကြံမျိုးကို ကြံစည်ရဲမည် မဟုတ်။ ပြည်တွင်းစစ် အပြီးတွင် တောင်ပိုင်းသားတို့၏ စိတ်ဓာတ်သည် နာကြည်းခါးသီးကာ မာကြောသွားသည် မှန်သော်လည်း သူ ခါးသီး မာကျောပုံနှင့် အခြားသူများ ခါးသီး မာကျောပုံတို့ တစ်ခုနှင့်တစ်ခု မတူကြ။ မည်သည့်နေရာတွင် မတူသည်ကိုမူ ယခု မပြောတတ်သေး။ သူက မည်သည့် အရာမဆို လုပ်မည်ဟု ပိုင်းဖြတ်ထားသည်။ အခြားသူများကမူ သူ့ကို လုပ်ကောင်းမှ လုပ်မည်။ ဂုဏ်သိက္ခာကို ငဲ့၍ အသေခံသော်လည်း ခံကြမည်။ ဤအချက်တွင် ကွဲလွဲကြသည်လော မဆိုနိုင်။ အခြားသူတို့က မျှော်လင့်ချက် မရှိသော်လည်း လူ့ဘဝကို ခပ်ပြုံးပြုံးဖြင့် ရင်ဆိုင်ကာ အရှုံးပေးသွားကြမည်။ သူက ဤသို့ အရှုံးမပေးနိုင်။ ဤ အချက်တွင်လည်း ကွဲလွဲကြသည်လော။ စကားလက် မပြောတတ်။

စကားလက်ကမူ လွယ်လွယ်နှင့် အရှုံး မပေးနိုင်။ ဥပေက္ခာ မပြုနိုင်။ ဘဝကို ကောင်းကောင်း နေရဦးမည်။ ဘဝ၏

နာကြည်းစရာများကို ပြုံးပြုံးလေးဖြင့် မခံနိုင်။ ကံကြမ္မာသည် ရက်စက်သည်။ ရိုင်းစိုင်းသည်။ ဤကြမ္မာရိုင်းကို အနိုင်ယူရမည်။ သူ့မိတ်ဆွေများက ခပ်ပြုံးပြုံးဖြင့် ကြမ္မာရိုင်း အောက်တွင် လည်စင်း ခံကြသည်။ ဤသည်ကို သတ္တိဟု စကားလက် မခေါ်ချင်။ သတ္တိကြောင်ခြင်း၊ ထုံထိုင်းခြင်းသာ ဖြစ်သည်ဟု ထင်သည်။

မျက်နှာနီရဲလျက် ကနေသူများကို စကားလက် ငေးကြည့်သည်။ သူတို့တွင် မိမိလို ခံစားချက်၊ နာကြည်းချက်တွေမှ

ရှိပါလေစဟု တွေးမိသည်။ ချစ်သူတွေ သေရသည်။ လင် ယောက်ျားတွေ ဒုက္ခိတ ဖြစ်ရသည်။ အိုးအိမ်တွေ ပျက်စီးရသည်။ ဤကြမ္မာမျိုးကို သူတို့ မတွေ့ခဲ့ ရပြီလော။ သူတို့လည်း တွေ့ခဲ့ရသည်။ သူတို့၏ ဆုံးရှုံးမှုသည် သူ့ ဆုံးရှုံးမှု။ သူတို့၏ ဒုက္ခသည် သူ့ ဒုက္ခ။ သူတို့၏ ပြဿနာသည် သူ့ ပြဿနာ။ သူတို့နှင့် သူ ဘာမျှ မခြား။ သို့ရာတွင် စကားလက်နှင့် သူတို့ တုံ့ပြန်ပုံချင်း မတူကြ။ ခန်းဆောင်ထဲတွင် သူ မြင်နေရသည့် မျက်နှာများသည် မျက်နှာများမဟုတ်။ မျက်နှာဖုံးများသာ ဖြစ်သည်။ မည်သည့်အခါမျှ မချွတ်တော့သော မျက်နှာဖုံးများသာ ဖြစ်သည်။

သူ့လိုပင် ဆိုးရွားသည့် အခြေအနေများကို သူတို့ ရင်ဆိုင်နေရရိုး မှန်လျှင် (ရင်ဆိုင် နေရသည်မှာလည်း အမှန်

ဖြစ်သည်။) အဘယ့်ကြောင့် ဤသို့ ပျော်ပျော်ပါးပါး ဟေးလားဝါးလား နေနိုင်သနည်း။ စကားလက် သူတို့ကို ကြည့်၍ နားမလည်နိုင်။ စိတ်ပျက်သည်။ မကျေမနပ် ဖြစ်သည်။ သူတို့လို မနေနိုင်။ ကမ္ဘာကြီးပျက်သည်ကို ဘာမျှ မဆိုင်သည့်နှယ် အေးအေးဆေးဆေး

မနေနိုင်။

စကားလက်သည်

အမဲလိုက်ခံရသည့်

မြေခွေးလို

ဖြစ်နေသည်။

ပြေးရလွန်းသဖြင့်

101

ရင်ကွဲတော့မည်။ နောက်က အမဲလိုက် ခွေးတွေ မမီခင် ကျင်း တစ်ကျင်းကို အရောက် ပြေးရတော့မည်။

စကားလက် သူတို့ကို ရုတ်တရက် မုန်းလာသည်။ သူတို့က သူနှင့်မတူ။ သူတို့က ဆုံးရှုံးမှုကို ခပ်ပေါ့ပေါ့ဖြင့်

လက်ခံသည်။ စကာလက် ဤသို့ လက်မခံနိုင်။ ခပ်ပြုံးပြုံးဖြင့် ကနေကြသူများ၊ ဆုံးရှုံးသွားသည့် အတိတ်ကို ဂုဏ်ယူနေရင်း ဘဝင်မြင့်နေသူများကို စကားလက်က မုန်းသည်။ အမျိုးသမီးများက သူတို့ ကိုယ်ကို သူတို့ ဂုဏ်သရေရှိ အမျိုးသမီးတွေ ထင်နေကြဆဲ။ သို့ရာတွင် အလုပ်ကြမ်းကို နေ့စဉ် လုပ်နေကြရပြီ။ နောက်ဝတ်စုံသစ် တစ်ထည်ချုပ်ဖို့ တွက်ချက်နေရပြီ။ စကားလက်ကမူ သူ့ကိုယ်သူ ဂုဏ်သရေရှိ အမျိုးသမီးဟု မထင်တော့။ ကတ္တီပါ ဝတ်စုံကို ဝတ်ထားသည့်တိုင်၊ ဆံပင်ကို ဆီမွှေး သထားသည့်တိုင်၊ မျိုးရိုးဂုဏ် ရှိသည့်တိုင်၊ တစ်ခါက ချမ်းသာခဲ့ဖူးသည့်တိုင် ယခု သူ့ကိုယ်သူ ဂုဏ်သရေရှိ အမျိုးသမီးဟု မထင်တော့။ မြိုင်သာယာမှ မြေဆီ ရဲရဲကို တူးဆွခဲ့ရသည့်နောက်တွင် အထက်တန်းစားမျိုးဟူသော အသိသည် ပျောက်ကွယ်သွားခဲ့ပြီ။

သူ့

ထမင်းဝိုင်းကို

ငွေထည်တွေဖြင့်

မတည်ခင်းနိုင်သေးသမျှ၊

စားကောင်း

သောက်ဖွယ်တို့

မစားနိုင်သေးသမျှ၊ မြင်းဇောင်းများတွင် မြင်းကောင်း မြင်းသန့်တွေ မရှိသေးသမျှ၊ ကပ္ပလီ ယာကူလီများဖြင့် ဝါဆွတ်ခြင်း မပြုနိုင်သေးသမျှ သူ့ကိုယ်သူ ဂုဏ်သရေရှိ အထက်တန်းစား အမျိုးသမီး မဟုတ်တော့ဟု စကားလက် မှတ်ယူလိုက်ပြီ။

‘အင်း၊ သူတို့နှင့် ငါ ကွာတာကတော့ အဲဒီအချက်ပဲ’ စကားလက်က အသက်ပြင်းပြင်း ရှူရင်း တွေးသည်။ ‘သူတို့က

မွဲနေပေမယ့် သူတို့ကိုယ်ကို သူတို့ အထက်တန်းစားတွေ၊ ဂုဏ်သရေရှိတွေ ထင်နေကြတယ်၊ ငါက ဒီလို မထင်ဘူး၊ ပိုက်ဆံ မရှိရင် ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ သူတို့ သဘောပေါက်ပုံ မရကြဘူး’

သို့တိုင်အောင် စကားလက် သူ့ကိုယ်သူ မှန်သည်ဟု မယုံကြည်။ သူတို့လို သဘောထားနိုင်ခြင်းသာလျှင် အမှန်ဟု

စကားလက် ထင်သည်။ မေမေသာ ရှိလျှင် သူတို့လိုပင် သဘောထားလိမ့်မည်။ သူလည်း သူတို့လို သဘောထားမျိုး ထားချင်သည်။ သို့ရာတွင် ထား၍ မရ။ အထက်တန်းစား မိန်းမပျိုတစ်ယောက်သည် ဆင်းရဲ ချွတ်ခြုံကျသည့်တိုင် အထက်တန်းစား မိန်းမ တစ်ယောက်သာ ဖြစ်သည်ဟု သူတို့ နည်းတူ သဘောထားချင်သည်။ သို့ရာတွင် ယခုအထိ သဘောထား၍ မရသေး။

အထက်တန်းကျသည် ဆိုသည်မှာ မည်သည်ကို ခေါ်သနည်း။ မျိုးရိုးကိုလော။ ပစ္စည်းကိုလော။ ယန်ကီတို့က

အထက်တန်းကျ မကျကို ပစ္စည်းရှိ မရှိဖြင့် တိုင်းကြသည်။ ဤသည်ကို သူတို့က လှောင်ပြောင် သရော်ခဲ့ကြဖူးသည်။ ယခုမူ ဤအချက်တွင် ယန်ကီတို့ မှန်သည်ဟု စကားလက် ထင်နေပြီ။ ဟုတ်သည်။ အထက်တန်းစား ဂုဏ်သရေရှိ အမျိုးသမီး တစ်ဦး ဖြစ်ဖို့ ငွေ ရှိရမည်။ ပစ္စည်း ရှိရမည်။ ဤ စကားမျိုးကို  မေမေသာ ကြားလျှင် မူးမေ့ လဲသွားလိမ့်မည် ထင်သည်။ မေမေကမူ မည်မျှ ဆင်းရဲ ဆင်းရဲ ရှက်မည် မဟုတ်။ မေမေက အထက်တန်းကျ မကျကို မျိုးရိုးဖြင့် ကြည့်သည်။ ငွေဖြင့် မကြည့်။ စကားလက်ကမူ ဆင်းရဲသည်ကို ရှက်သည်။ ကပ္ပလီတွေ လုပ်သည့် အလုပ်ကြမ်းကို ဝင်လုပ်နေရခြင်းမျိုးကို အောက်တန်းကျသည်။ ရှက်စရာကောင်းသည်ဟု ထင်သည်။

စကားလက် စိတ်ရှုပ်ရှုပ်ဖြင့် ပခုံးတွန့်သည်။ သူတို့က မှန်၍ သူက မှားကောင်း မှားလိမ့်မည်။ သို့ရာတွင် သူက

သူတို့ထက် တစ်ချက်သာသည်။ ဂုဏ်တွေ၊ သိက္ခာတွေကို ဘေးချိတ်ကာ ဆုံးရှုံးသွားသည့် အရာကို ပြန်ရအောင် ကြိုးစားသည်။ သူတို့က ဤသို့ မကြိုးစားကြ။ ပိုက်ဆံအတွက် ငမ်းငမ်းတက် ဖြစ်နေခြင်းသည် သိက္ခာမဲ့သည်ဟု ထင်ကြသည်။ ခေတ်ကြီးက ခေတ်ဆိုး ခေတ်ကျပ်။ ခေတ်ရိုင်း ခေတ်ကြမ်း။ ထိုခေတ်မျိုးတွင် စီးပွားဖြစ်လိုလျှင် ကြမ်းမှ ရမ်းမှ တော်ကာကျမည်။ အချို့ကမူ

102

ဆွေဂုဏ် မျိုးဂုဏ်ကိုထောက်၍ ဤသို့ လုပ်ကြမည်မဟုတ်။ ပိုက်ဆံမက်သည်။ ငွေမက်သည်ဟု အပြောမခံနိုင်ကြ။ ပိုက်ဆံ ရှာရခြင်း၊ ပိုက်ဆံ စကားပြောရခြင်းကို အောက်တန်းကျသည်ဟု ထင်ကြသည်။ ခြွင်းချက် အနည်းငယ်တော့ ရှိသည်။ ဥပမာ မစ္စက် အယ်လဆင်း၏ သမက် ရီနီပီကာ့ဒ်ဆိုလျှင် လှည်းငှားလိုက်သည်။ ဟူးခ်ျ ဆိုလျှင် ထင်း ဖြတ်၍ ထင်းရောင်းသည်။ တွန်မီက ကန်ထရိုက် လုပ်သည်။ ဖရင့်က ကုန်တိုက် ဖွင့်သည်။

သို့ရာတွင် မြေရှင် ကြေးရတတ် အများစုကြီးက ဤသို့မဟုတ်။ ရှိသည့် မြေကို ကိုယ်တိုင် ထွန်ယက်၍ ဆင်းဆင်းရဲရဲ

နေကြသည်။ ဆရာဝန်များ၊ ရှေ့နေများက သူတို့လုပ်ငန်းများကို ပြန်စကြသည်။ အချို့က ရှိစုမဲ့စုကလေး ထိုင်စားနေကြသည်။ သူတို့ ရှေ့ရေးက ဘာမျှ မသေချာ။

သို့ရာတွင် စကားလက် ဤသို့ မနေနိုင်။ တစ်သက်လုံး ဆင်းဆင်းရဲရဲ နေမသွားနိုင်။ ထိုင်၍ ဘိုးဘိုးအောင်

မမည်ကို စောင့်မနေနိုင်။ ဘဝကို ပြေးတွေ့ကာ တတ်နိုင်သမျှ ပြန်လုပ်ရမည်။ ဖေဖေသည် ဆင်းရဲသည့် ယာကူလီလေး ဘဝမှ မြိုင်သာယာကို ပိုင်ဆိုင်လာသည် မဟုတ်လော။ ဖေဖေပင် ဤသို့ လုပ်နိုင်လျှင် သူ့သမီးသည် အဘယ့်ကြောင့် မလုပ်နိုင်ရမည်နည်း။ စကားလက်က သူများလို ဆုံးရှုံးသွားသည့် အရေးတော်ပုံကြီးကို အိပ်မက်မက်နေသူ မဟုတ်။ ထိုအရေးတော်ပုံကြီး ဆုံးရှုံးသွားပြီးနောက် အေးအေးဆေးဆေး နေနိုင်သူ မဟုတ်။ သူတို့က အတိတ်ကို အောက်မေ့ကာ အတိတ်က ခွန်အားသတ္တိကို ယူသည်။ စကားလက်က အနာဂတ်ကို လှမ်းကြည့်ကာ အနာဂတ်မှ အားမာန်ကို အားကိုးသည်။ ယခု လောလောဆယ်တွင်မူ ဖရင့်သည် သူ့အနာဂတ်ဖြစ်သည်။ ဖရင့်တွင် ငွေ ရှိသည်။ ကုန်တိုက်ရှိသည်။ ဖရင့်ကို အရယူ၍ သူ့ပိုက်ဆံနှင့် သူ့ကုန်တိုက်ကို အပိုင်စီးနိုင်လျှင် မြိုင်သာယာအတွက် တစ်နှစ်စာတော့ ကောင်းကောင်း ဖူလုံသည်။ ထိုမျှမက ဖရင့်တွင် လွှစက် တစ်စက်လည်း ရှိဦးမည်။ မြို့ကို ပြန်လည် တည်ဆောက်ချိန်တွင် သစ်လုပ်ငန်း လုပ်နိုင်လျှင် ရွှေတွင်း တစ်တွင်း ပိုင်သည်နှင့် ဘာမျှ မခြား။ အပြိုင်အဆိုင်လည်း မရှိ။

ယန်ကီ ပိတ်ဆို့မှု စစဉ်က သူ မည်သို့ ကြီးပွားလာပုံကို ရက် ဘတ်တလာက တစ်ခါ ပြောပြဖူးသည်။ ထိုစဉ်က ရက်

ဘတ်တလာ၏ စကားများကို စကားလက် ကောင်းကောင်း နားမလည်။ ယခု ကောင်းကောင်း သဘောပေါက်ပြီ။ ထိုစဉ်က နားမလည်ခြင်းမှာ ငယ်ငေး၍လော။ တစ်ခုခုကြောင့် ဖြစ်မည် ထင်သည်။

‘ခေတ်တစ်ခေတ် ပျက်ချိန်မှာရယ်၊ ခေတ်တစ်ခေတ် တည်ဆောက်ချိန်မှာရယ် အဲဒီ အချိန် နှစ်ချိန်ဟာ သိပ်ပိုက်ဆံရှာလို့

ကောင်းတဲ့အချိန်ပဲ’

‘ဟုတ်တယ်၊ သူ ပြောတာ မှန်တယ်၊ သူပြောတဲ့ ခေတ်ပျက်ချိန် တိုင်းပြည် ပျက်ချိန်ဆိုတာ ဒါပဲ။ လုပ်ရဲတဲ့ လူအဖို့

ပိုက်ဆံ မရှားဘူး၊ လုရဲတဲ့ လူအဖို့ ပိုက်ဆံ မရှားဘူး’ စကားလက် တွေးမိသည်။

သူ့ထံ လျှောက်လာနေသည့် ဖရင့်ကို လှမ်းမြင်ရသည်။ ဆီးအရက်ချို တစ်ခွက်နှင့် ကိတ်မုန့် တစ်ပန်းကန်ကို

ကိုင်လာသည်။ စကားလက်က ပြုံးပြ၏။ မြိုင်သာယာအတွက် ဖရင့်ကို လက်ထပ်သင့် မသင့် သူ မစဉ်းစားတော့။ ဆုံးဖြတ်ပြီးပြီ။ နောက်တစ်ကြိမ် စဉ်းစားစရာ မလိုတော့။

စကားလက်က ဆီးအရက်ချိုကို တစ်ငုံ ငုံလိုက်ရင်း သူ့ကို မော့ကြည့်လိုက်သည်။ အရက်ရှိန်ကြောင့် သူ့ပါးများသည်

နီရဲလာကြ၏။ ထိုင်ခုံပေါ်တွင် နေရာရွှေ့ပေးပြီး အထိုင်ခိုင်းသည်။ သူ့ကိုယ်မှ အမွှေးနံ့ပျံ့အောင် လက်ကိုင်ပဝါကို ထုတ်၍

103

ယပ်ခတ်သည်။ ကိုလုံး ရေမွှေးနံ့ အတွက် သူ ဂုဏ်ယူသည်။ မည်သူမျှ ကိုလုံး ရေမွှေးကို မသုံးနိုင်ကြ။ ဤအချက်ကို ဖရင့်လည်း သတိပြုမိသည်။ စကားလက်သည် နှင်းဆီလို လှလည်းလှ၍ မွှေးလည်း မွှေးသည်ဟု ဖရင့်က မရဲတရဲဖြင့် ခပ်တိုးတိုး ပြောသည်။

ဖရင့်က အရှက်အကြောက် ကြီးသည်။ တောယုန်ညိုကြီး တစ်ကောင်နှယ် ကြောက်တတ်သည်။ လက်ရဲ ဇက်ရဲ ဆိုပါက

ယခုလောက်ဆိုလျှင် အကွက်ဆိုက်နေပြီ။ တာလက်တန်တို့၊ ရက် ဘတ်တလာတို့နှင့် ကွာလေခြင်း။ သို့ရာတွင် သူတို့လို နေရာတကာ လိုက်တူနေလျှင်လည်း မဖြစ်သေး။ သူ့ အခြေအနေကို ရိပ်မိသွားလိမ့်မည်။ ဖရင့်က မိန်းမ အကြောင်းကို ဘာမျှ နားမလည်။ သူ့ကို ထောင်ဖမ်း နေသည်ကိုလည်း သိပုံမရ။ ထို့အတွက် စကားလက် ကံကောင်းသည်။ သို့ရာတွင် ဤမျှ ထူသော ဖရင့်ကိုမူ နည်းနည်းမျှ အထင်မကြီး။

104

၃၆



နောက် သီတင်း နှစ်ပတ် အကြာတွင် စကားလက်သည် ဖရင့်ကို လက်ထပ်လိုက်သည်။ ဖရင့်က လေပွေ တိုက်သလို

ချက်ချင်း ပိုးသည်။ စကားလက်က ဤမျှ ချစ်နေသူ တစ်ဦးကို မငြင်းပယ်ရက်ဟု ရှက်ရှက်ဖြင့် ပြောပြကာ လက်ခံလိုက်သည်။

ဤနှစ်ပတ် အတွင်း၌ စကားလက် အိပ်မပျော်။ ည ညတွင် ထ၍ လမ်းလျှောက်သည်။ အရိပ် သုံးပါး နားမလည်သည့်

ဖရင့်ကို ဒေါသ ထွက်ကာ အံတကြိတ်ကြိတ် ဖြစ်နေသည်။ ကိုယ်က လမ်းခင်း ပေးပါလျက် ဘာမျှ ထုတ်မပြောသည့် အတွက် ဖရင့်ကို စိတ်တိုနေသည်။ ဖရင့်ထံ ဆွီလင့်စာ မရောက်အောင်လည်း ကျိတ်၍ ဆုတောင်းရသည်။ ဤအတွင်းတွင် ဆွီလင့်ထံမှ စာရောက်လာလျှင် သူ့ အကြံအစည်တွေ အားလုံး ပျက်ရတော့မည်။ ဆွီလင်က သူများဆီက စာရလျှင် ဝမ်းသာ တတ်သော်လည်း စာပြန် ပျင်းသည်။ ထိုအတွင်း ဝီလီထံမှ စာတစ်စောင် ရောက်လာသည်။ ဂျိုနာ နောက် တစ်ခေါက် ရောက်လာကြောင်း၊ အိမ်ပေါ်သို့ အတင်း တက်ကြည့်ကြောင်း၊ သူနှင့် အက်ရှလေ ဆွဲထုတ် လိုက်ရကြောင်းနှင့် စာတွင် ပါသည်။ ကြာကြာ ဆိုင်း၍ မဖြစ်တော့။ မြိုင်သာယာ အတွက် မြေခွန် ပေးရမည့် ရက်က တဖြည်းဖြည်း နီးလာပြီ။ စကားလက် ကြံရာမရ ဖြစ်နေသည်။ အိမ်ရှေ့တွင် ထားသည့် သဲနာရီကြီးကို ကောက်ကိုင်ကာ သဲတွေ လျှောကျ မသွားအောင် လက်နှင့် ဆီးဆို့ ပိတ်လိုက်ချင်သည်။ အချိန်တွေကို တားဆီး ထားလိုက်ချင်သည်။

စကားလက် အခြေအနေကို ဖုံးဖိထားသည်။ မြှူမြဲ မြှူသည်။ သို့ရာတွင် ကိုယ်တော်ချောက ဘာမျှ ရိပ်မိပုံ မရ။

အပေါ်ယံလောက်ကိုသာ မြင်သည်။ ချားလ်၏ မယား၊ မုဆိုးမ လှလှကလေး။ ဒေါ်လေး ပစ်တီ၏ ဧည့်ခန်းတွင် ညတိုင်း သူနှင့် စကားပြော။ သူ့ စီးပွားရေး လုပ်ငန်းများကို စိတ်ဝင်စားစွာ နားထောင်။ သူ့ကို အထင်ကြီး။ ဤမျှလောက်ကိုသာ သိသည်။ စကားလက်က သူ့ကို ကိုယ်ချင်းစာကြောင်း ပြောကာ မျက်လုံး လဲ့လဲ့ဖြင့် နားထောင်သည်ကို မြင်ရသည်၌ ဆွီလင်က စွန့်သွားပြီ အထင်ဖြင့် ကွဲအက်ခဲ့ရသော သူ့ နှလုံးသားသည် ချမ်းမြေ့ရသည်။ ဆွီလင်၏ အပြုအမူကို ဖရင့် နားမလည်။ အသည်းလည်း နာသည်။ မိန်းမတွေ ကျလောက်သည့် အရည်အချင်း မရှိဟု ကိုယ့်ကိုယ်ကိုယ် သိသော လူပျို တစ်ယောက်၏ မာနကို သွားထိသည်။ ဖရင့်သည် ဆွီလင့်ထံသို့ စာလည်း မရေး။ သစ္စာ မဲ့ရကောင်းလောဟု အပြစ်လည်း မတင်။ ဆွီလင့် အကြောင်းကို စကားလက်အား ပြောပြ၍ စိတ်ဖြေရသည်။ စကားလက်ကလည်း (ဆွီလင် သစ္စာမဲ့သည့် အကြောင်းကို ဘေးဖယ်ကာ) သူ့ အပေါ်တွင် သူ့ ညီမ လုပ်ပုံ မဟုတ်ကြောင်း၊ သူ့ကို တကယ် မြတ်နိုးသည့် မိန်းမ တစ်ယောက်၏ အယုအယကို ရှာသင့်ကြောင်းဖြင့် ပြောတတ်သည်။

စကားလက် တစ်ယောက် မုဆိုးမ ဖြစ်သည့်တိုင် ချစ်စရာ ကောင်းပုံ၊ သူ့ ဘဝကို ပြန်ပြောသည့် အခါတွင် သက်ပြင်းလေး

တချချဖြင့် စိတ်ညစ်တတ်ပုံ၊ သူက ရယ်စရာ ပြောသည့် အခါတွင် ငွေစည်ကို တီးသံမျိုးဖြင့် တလွင်လွင် ရယ်တတ်ပုံတို့ကို ဖရင့် သတိ ထားမိသည်။ ကြီးဒေါ် လျှော်ဖွပ် ပေးသည့် ကတ္တီပါ ဝတ်စုံစိမ်းကို ဝတ်လိုက်သည့် အခါတွင် ခါးသွယ်သွယ်ဖြင့် စကားလက်၏ ကောက်ကြောင်း သဏ္ဌာန်သည် အထင်းသား ပေါ်လာသည်။ သူ့ ကိုယ်နှင့် ဆံပင်မှ အမွှေးနံ့သည် အမြဲ သင်းနေသည်။ ဤမျှ လှ၍ ဤမျှ ချောသည့် မိန်းကလေး တစ်ယောက် ဤမျှ ကြမ်းတမ်းသည့် လောကကြီး အလယ်တွင် အားကိုးရာမဲ့ ဖြစ်နေသည်ကို ကြည့်ရသည်မှာ သနားစရာ ကောင်းသည်။ လောကကြီးသည် မိန်းမသား တစ်ယောက်တည်း

105

မနေသင့်သည့် လောကကြီး ဖြစ်သည်ဟု ဖရင့် ထင်သည်။ စကားလက်ကလည်း ဤအချက်ကို လှိုက်လှိုက်လှဲလှဲ သဘောတူသည်။ စိတ်ထဲက ကျိတ်၍ သဘောတူသည်။

ဒေါ်လေး ပစ်တီ၏ အိမ်က သာယာသည်။ ပျော်စရာ ကောင်းသည်။ ထို့ကြောင့် ဖရင့် ညတိုင်း ရောက်လာတတ်၏။

တံခါးဝက ပြုံး၍ နှုတ်ဆက်သော ကြီးဒေါ်၏ အပြုံးသည် သီးသန့် ဧည့်သည်များ အတွက် သီးသန့် ထားသော သီးသန့် အပြုံးဖြစ်သည်။ ဒေါ်လေး ပစ်တီက ကော်ဖီခါးခါးတွင် ဘရန်ဒီလေး စွက်၍ ဧည့်ဝတ်ပြုတတ်သည်။ စကားလက်က သူ့ စကားကို စိတ်ဝင်စားစွာ နားထောင်သည်။ တစ်ခါတစ်ရံတွင် ဖရင့်က စကားလက်ကို ခေါ်ကာ ဘာဂီဖြင့် လေညင်းခံ ထွက်ရသည်က ပျော်စရာ။ စကားလက်က `မိန်းမ ပီပီ’ (ဤစကားလုံးကို ဖရင့်က ထုတ်မပြော။) ပေါက်ကရတွေ မေးတတ်သည်။ ရောင်းရေး ဝယ်ရေး ကိစ္စများတွင် စကားလက် နားမလည်ပုံကို ကြည့်၍ ဖရင့်က ရယ်သည်။ စကားလက်ကလည်း ရော၍ ရယ်သည်။ `အစ်ကိုကြီးကလည်း စကားလက်တို့လို မိန်းမသားတွေက အစ်ကိုကြီးတို့ ရောင်းဝယ်ရေး ကိစ္စတွေ ဘယ်နားလည်ပါ့မလဲ’ ဟု မူနွဲ့သံဖြင့် ပြောတတ်သည်။

သို့ဖြင့် စကားလက်က သူ့ကို တဖြည်းဖြည်း လမ်းခင်းပေးသည်။



နောက်ဆုံးတွင် သူတို့ နှစ်ယောက် လက်ထပ် လိုက်ကြ၏။ စကားလက်က သူ့လက် သွယ်သွယ်ကလေးကို ဖရင့်၏

လက်ထဲတွင် ထည့်ထားသည်။ မျက်လွှာ ချထားသဖြင့် သူ့ ပါးပြင် နီပြေပြေပေါ်တွင် မဟူရာရောင် လခြမ်းကလေး နှစ်ခု မိုးနေသည်။ ဖရင့်သည် သူ့ကိုယ်သူ မယုံ။ တစ်သက်တွင် စိတ်ကူးယဉ်စရာ အကောင်းဆုံး၊ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အဖြစ်အပျက်ဟု သူ နားလည်သည်။ စကားလက် ကိုယ်ကလေးကို သူ ပိုင်ပြီ။ သူ ပွေ့ချီနိုင်ပြီ။ ဖရင့် အပျော်ကြီး ပျော်နေသည်။

လက်ထပ်ပွဲသို့ မည်သူ့ကိုမျှ မဖိတ်။ ဆွေမျိုး သားချင်းကိုလည်း မခေါ်။ အသိ မိတ်ဆွေကိုလည်း ဖိတ်ကြားခြင်း မပြု။

သက်သေ အဖြစ် လမ်းမက တွေ့ရာ လူကို ခေါ်လာသည်။ ဖရင့်က ဂျုန်းဘာရိုမှ သူ့ အမေနှင့် သူ့ ယောက်ဖကို ခေါ်ချင်သည်။ သို့ရာတွင် စကားလက်က မခေါ်ရန် ဇွတ်ပူဆာသဖြင့် ဖရင့် သဘောတူလိုက်၏။ ဒေါ်လေး ပစ်တီ၏ အိမ်တွင် မင်္ဂလာ ဧည့်ခံပွဲကလေး တစ်ခု ကျင်းပချင်သည်။ သို့ရာတွင် စကားလက်က ဒေါ်လေး ပစ်တီကိုပင် မဖိတ်ချင်။

`ဟင့်အင်းကွယ်

အစ်ကိုကြီးကလည်း၊

စကားလက်တို့

နှစ်ယောက်တည်းပဲ

ရှိချင်တယ်’

စကားလက်က

သူ့လက်မောင်းကို လှမ်းညှစ်သည်။ `သမီး ရည်းစား ထွက်ပြေးတာမျိုးပေါ့၊ စကားလက်လေ အဲဒီလို ကိုယ့်ချစ်သူနှင့် ထွက်ပြေးပြီး တိတ်တိတ်ကလေး လက်ထပ် ချင်နေတာ၊ နော် နော် အစ်ကိုကြီး၊ ဘယ်သူမှ အသိ မပေးနှင့် နော်’

ဤလို မူသံ နွဲ့သံမျိုးကို ဖရင့် တစ်ခါမျှ မကြားစဖူး။ စကားလက်က မျက်ရည်လေး စမ်းစမ်းဖြင့် ပြောလိုက်သည်တွင် ဖရင့်

မငြင်းသာတော့။ မည်သို့ ဖြစ်စေ ယောက်ျားသား ဆိုသည်မှာ ကိုယ့် ဇနီးလောင်း၏ ဆန္ဒကို လိုက်လျောရမည် မဟုတ်လော။ အထူးသဖြင့် မင်္ဂလာ ကိစ္စမျိုးတွင် ပို၍ လိုက်လျောရမည် မဟုတ်လော။ မိန်းမသား ဆိုသည်မှာ စိတ်ကူး ယဉ်တတ်ကြသည် မဟုတ်လော။

ဤသို့ဖြင့် သူ ဘာမျှ မသိလိုက်ခင် လက်ထပ် ဖြစ်ခဲ့ကြသည်။



ဖရင့်က ငွေသုံးထောင် ပေးသည်။ အရေးတကြီး တောင်းသည်ကို အံ့သြနေသည်။ ပထမသော် ရုတ်တရက် မပေးချင်။

106

သစ်ခွဲစက်ကလေး ဝယ်ဖို့ ငွေခေါင်းကွဲသွားမည် စိုးသည်။ သို့ရာတွင် စကားလက်၏ မိသားစု မြိုင်သာယာမှ နှင်ထုတ် ခံရမည်ကို မကြည့်ရက်။ စကားလက် ရွှင်ရွှင်ပျပျ ဖြစ်သွားကာ သူ့ကို တယုတယ ပြုစုသည်ကို မြင်ရသည့် အခါ၌ ကျေနပ်သွားသည်။ ငွေသုံးထောင် ပေးရကျိုး နပ်သည်ဟု ထင်သည်။

စကားလက်က ရည်ရွယ်ချက် သုံးရပ်ဖြင့် ကြီးဒေါ်ကို မြိုင်သာယာသို့ ပြန်လွှတ်သည်။ ဝီလီကို ပိုက်ဆံ ပေးရန်၊ သူ

လက်ထပ်မည့် ကိစ္စကို အကြောင်းကြားရန်နှင့် ဝိတ်ကလေးကို အတ္တလန်တာသို့ ခေါ်ရန် ဖြစ်သည်။ နှစ်ရက် အကြာတွင် ဝီလီထံမှ စာတိုကလေး တစ်စောင် ရောက်လာသည်။ ထိုစာကလေးကို စကားလက် သွားလေရာ ယူသည်။ ဝမ်းသာ အားရ အထပ်ထပ် ဖတ်မိသည်။ မြေခွန်များကို ပေးပြီး ဖြစ်ကြောင်း၊ မြေခွန် ပေးပြီး သတင်းကို ကြားရသည့် အခါ၌ ဂျိုနာ တစ်ယောက် ဆွေ့ဆွေ့ ခုန်နေကြောင်း၊ နောက်ထပ် ခြိမ်းခြောက်ခြင်း မပြုတော့ကြောင်းဖြင့် ပါသည်။ အခြား ထူးထူးထွေထွေ ရေးထားခြင်း မရှိ။ သူ ဘာကြောင့် ဤသို့ လက်ထပ်ရသည်ကို ဝီလီ နားလည်လိမ့်မည်ဟု စကားလက် မျှော်လင့်သည်။ ဝီလီက စကားလက် ဤသို့ လက်ထပ်သည့် အတွက် ကောင်းသည်ဟုလည်း မပြော။ ဆိုးသည်ဟုလည်း မဆို။ အက်ရှလေက မည်သို့ ထင်မည်နည်း။ ဤအချက်ကိုမူ စကားလက် သိချင်သည်။ မြိုင်သာယာက သစ်သီး ခြံထဲတွင် သူ့ကို ချစ်သည်ဟု ပြောပြီးနောက် ယခုလို လုပ်သွားသည်ကို အက်ရှလေ မည်သို့ ပြောမည် မသိ။

ဆွီလင်ထံမှလည်း စာတစ်စောင် ရသည်။ စာက သတ်ပုံပင် မမှန်။ စကားလုံးများက ပြင်းထန်သည်။ သူ့ကို

ရန်ထောင်ထားသည်။ မျက်ရည်တွေ စွန်းထင်း နေသည်။ စကားလက်၏ စရိုက်ကို အမှန်တွေ ရေးထားသဖြင့် စကားလက် အနာပေါ် တုတ်ကျ ဖြစ်ရသည်။ ဆွီလင့် စာကို သူ ဘယ်တော့မျှ မမေ့။ ဆွီလင့်ကို ဘယ်တော့မျှလည်း ခွင့်မလွှတ်နိုင်။ သို့ရာတွင် မြိုင်သာယာကို လေလံ အတင် မခံရတော့သည့် အတွက် စကားလက် ဝမ်းသာသည်။ ဆွီလင်၏ ရန်ထောင်စာသည်ပင် ဝမ်းသာမှုကို မတားဆီးနိုင်။

မြိုင်သာယာသည် သူ့ အိုးအိမ် မဟုတ်တော့။ သူ့အိုးအိမ်သည် အတ္တလန်တာ ဖြစ်နေပြီ။ စကားလက် မြိုင်သာယာကို

လွမ်းသည်။ လက်ထပ်သည့် အချိန်မှာပင်လျှင် မြိုင်သာယာကို လွမ်းသည်။ မြိုင်သာယာကို လေလံတင် မခံရအောင် သူ့ကိုယ်သူ ဖရင့် လက်သို့ ဝကွက် အပ်ခဲ့သည်။ ဖရင့် နောက်သို့ သျှောင်နောက် ဆံထုံးပါ လိုက်ခဲ့ရသည်။ မြိုင်သာယာ လေလံပစ် မခံရအောင် သူ ပေးခဲ့ရသည့် တန်ဖိုးသည် မြိုင်သာယာနှင့် ခွဲခွာ နေရခြင်း ဖြစ်သည်။ ယခုမူ ကိစ္စ ပြီးပြီ။ စကားလက် မြိုင်သာယာကို လွမ်းသည်။ သို့ရာတွင် အပေးအယူ လုပ်ခဲ့ပြီးပြီ။ ဖြစ်သမျှ အကြောင်း အကောင်းချည်း သဘော ထားရတော့မည်။ မြိုင်သာယာကို ကယ်ခဲ့သည့် အတွက် ဖရင့်ကို စကားလက် ကျေးဇူးတင်သည်။ ဖရင့်ကို လှိုက်လှိုက်လှဲလှဲ မြတ်နိုးသည်။ ဖရင့်ကို လက်ထပ်သည့် အတွက် နောင်တ သံဝေဂ မဖြစ်တော့ဟုလည်း စကားလက် ပိုင်းဖြတ်မိသည်။

အတ္တလန်တာက အမျိုးသမီးများသည် သူများ အကြောင်းကို ကိုယ့် အကြောင်း နီးပါး သိသူများ ဖြစ်ကြသည်။ ကိုယ့်

အကြောင်းထက်ပင် စိတ်ဝင်စားကြသည်။ ဖရင့်သည် ဆွီလင်နှင့် နှစ်ပေါင်း များစွာ ကတည်းက နားလည်မှု ရှိခဲ့သည်ဟု လူတိုင်းက နားလည် ထားကြသည်။ ဖရင့် ကိုယ်တိုင်ကပင် နွေဦးပေါက်တွင် ဆွီလင်နှင့် လက်ထပ်မည်ဟု ပြောခဲ့သည် မဟုတ်လော။ ထို့ကြောင့် သူတို့ နှစ်ယောက် မင်္ဂလာ ဆောင်တော့မည်ဟု ကြေညာပြီးသည့်နောက် အတင်း ပြောကြခြင်း၊ သံသယဖြင့် ကြည့်ကြခြင်း စသည်တို့ကို ကြားရ မြင်ရသည့် အခါတွင် စကားလက် အံ့သြခြင်း မဖြစ်တော့။ အလွန် စပ်စုတတ်သော မစ္စက် မယ်ရီဝယ်သာက ဆိုလျှင် ဖရင့်ကို ပြောင်ပြောင်ပင် ဖွင့်မေးသည်။ နာမည် ကြီးတော့ တစ်ယောက်

107

ရတော့ တစ်ယောက်ဟု ပြောသည်။ သို့ရာတွင် စကားလက်ကိုမူ မည်သို့မျှ မပြော။ ခပ်တည်တည်။ သို့ရာတွင် သူ့ မျက်လုံးများက ကျေနပ် နှစ်သက်သည့် အရိပ်အယောင် သမ်းနေသည်။ ရင်ကော့ ခေါင်းမော့၍ လမ်းလျှောက်သည်။

အတ္တလန်တာ တစ်မြို့လုံးက သူ့ အကြောင်း ပြောနေကြကြောင်း စကားလက် သိသည်။ သို့ရာတွင် စကားလက်

ဂရုမစိုက်။ ယောက်ျား တစ်ယောက်ကို ယူသည့် ကိစ္စသည် မကောင်းမှု မဟုတ်။ မြိုင်သာယာ အတွက် စိတ်ချရပြီ။ ပြောချင်သူတွေ ပြောချင်ရာ ပြောကြပါစေ။ သူ ဂရုမစိုက်။ သူ့တွင် လုပ်စရာတွေ၊ စဉ်းစားစရာတွေ အများကြီး ရှိသေးသည်။ အရေး အကြီးဆုံးမှာ ကုန်တိုက်ကို တိုးချဲ့အောင် ဖရင့်အား ဖျောင်းဖျောင်း ဖျဖျ ပြောရန် ဖြစ်သည်။ ဂျိုနာ ခြိမ်းခြောက်ပြီးသည့် နောက်မှ စ၍ စကားလက် စိတ်မအေး။ ရှေ့ရေးကို တွေးပူသည်။ သူတို့ လင်မယား နောက်တွင် ငွေပို ငွေလျှံကလေးတော့ ရှိမှ ဖြစ်မည်ဟု ယူဆသည်။ အရေးတကြီး သုံးစရာ မပေါ်သည့်တိုင် သူတို့တွင် ငွေပို ငွေလျှံ မရှိ၍ မဖြစ်။ နောက်နှစ် အခွန်တော် ပေးဖို့ ကိစ္စ ရှိသေးသည်။ ဤခေတ်တွင် သစ်စက်ကလေး တစ်လုံးထောင်ဖြစ်လျှင် မည်သူ မဆို ကြီးပွားနိုင်သည်။ သစ်ဈေးက မတရားသဖြင့် တက်နေသည်။ သစ်စက် ဝယ်ဖို့ ငွေလိုသည်။ မြိုင်သာယာ အတွက် အခွန် ဆောင်လိုက်ပြီ ဆိုလျှင် ဖရင့်တွင် ရှိသည့် ငွေကလေးဖြင့် မလောက်။ ထို့အတွက် စကားလက် စိတ်ပူသည်။ ကုန်တိုက်မှ ဝင်ငွေ ပိုရအောင် တစ်နည်းနည်း ကြံဖန် ရလိမ့်မည်။ မြန်မြန် ကြံဖန်မှ ဖြစ်မည်။ သို့မဟုတ်လျှင် ဤ သစ်ခွဲစက်ကလေးကို အခြားသူ ဝယ်သွားလိမ့်မည်။ ဤ သစ်ခွဲစက်ကလေးကို မရ၍ မဖြစ်။

သူသာ ယောက်ျား တစ်ယောက် ဆိုလျှင်မူ ဤ သစ်ခွဲစက်ကို မရအရ ဝယ်ချင်သည်။ ကုန်တိုက်ကို အပေါင် ထားတန်

ထားမည်။ သို့ရာတွင် လက်ထပ်ပြီး နောက်တစ်နေ့၌ ဤကိစ္စကို ဖရင့်အား ပြောပြသည့် အခါတွင်မူ ဖရင့်က ပြုံးသည်။ ရောင်းရေး ဝယ်တာ ကိစ္စတွေကို ခေါင်းရှုပ်ခံ၍ မစဉ်းစားနှင့်ဟု ဆိုသည်။ အပေါင် ထားသည့် ကိစ္စများကို သိနားလည်နေသဖြင့် ဖရင့်က တအံတသြ ဖြစ်နေသည်။ ပထမသော် ဖရင့် ကျေနပ်သည်။ သို့ရာတွင် များမကြာမီ ဖရင့် တစ်ယောက် လန့်လာသည်။ တစ်ခါတွင်မူ လူတချို့ (ဖရင့်က အမည်ကို ထုတ်မပြော။) သူ့ထံမှ ပိုက်ဆံ ချေးကြောင်း၊ ယခုတိုင် ပြန်မရသေးကြောင်း၊ အတင်း တောင်း၍လည်း မကောင်းကြောင်းဖြင့် ဖရင့်က အမှတ်မထင် ညည်းဖူးသည်။ နောက်တွင် စကားလက်က ထိုကိစ္စကို ခဏ ခဏ မေးသဖြင့် ပြောမိသည်မှာ မှားပြီဟု ဖရင့် နောင်တ ရသည်။ စကားလက်က မည်သူ့ထံသို့ ချေးထားသနည်း၊ ရစရာ မည်မျှ ရှိသနည်းဟု တဖွဖွ မေးသည်။ ဖရင့်က မရဲတရဲဖြင့် ချောင်းဆိုးကာ ငွေရေးကြေးရေး ကိစ္စများကို ခေါင်းလှလှကလေး အရှုပ်ခံ၍ မစဉ်းစားနှင့်ဟု ပြောသည်။

သို့ရာတွင် စကားလက်၏ ခေါင်းလှလှကလေးသည် `အလွန် ဂဏန်းတွက် တော်သည့်’ ခေါင်း ဖြစ်ကြောင်းကို ဖရင့်

သိလာ၏။ စကားလက်က သူ့ထက် စေ့စပ်သည်။ အတွက် အချက် တော်သည်။ ဂဏန်း ရှည်ရှည် ပေါင်းလျှင် သူက ခဲတံနှင့် စက္ကူ ချ၍ ပေါင်းနေရချိန်၌ စကားလက်က စိတ်တွက်ဖြင့် ပေါင်းပြီးနေပြီ။ အပိုင်းဂဏန်းတို့ ဘာတို့ကိုလည်း နောကျေနေသည်။ မိန်းကလေး ဖြစ်လျက်နှင့် အပေါင်း အနုတ်တွေကို ဤမျှ ကျွမ်းကျင်ကာ ရောင်းရေး ဝယ်တာ ကိစ္စများကို ဤမျှ နားလည်နေခြင်းမှာ မသင့်လျော်ဟု ဖရင့် ယူဆသည်။ မိန်းကလေး တစ်ယောက်သည် မိန်းမ မဆန်သည့် ဤလုပ်ငန်းများကို နားလည် နေသည့်တိုင် နားမလည်ချင်ယောင် ပြုသင့်သည်ဟု ဖရင့် ယူဆသည်။ လက်မထပ်ခင်က အရောင်းအဝယ် လုပ်ငန်းများ အကြောင်း စကားလက် ပြောလျှင် သဘောကျသလောက် လက်ထပ်ပြီး နောက်တွင်မူ ဤ အကြောင်းများကို စကားလက် ပြောလာလျှင် မကြိုက်ချင်တော့။ ထိုစဉ်ကမူ စကားလက်သည် အရောင်းအဝယ် လုပ်ငန်းများ အကြောင်းကို ကောင်းကောင်း နားမလည်။ ထို့ကြောင့် သူ ကျေကျေနပ်နပ်ကြီး ရှင်းပြခဲ့သည်။ ယခုမူ စကားလက်က ဤလုပ်ငန်းများ

108

အကြောင်းကို နောကျေ နေသည်။ မိန်းမတွေ ဤမျှ နေရာတကာ ပါရသလောဟု စိတ်ချဉ်ပေါက်လာသည်။ ထို့ထက် မိန်းမ တစ်ယောက်တွင် ဦးနှောက် ရှိသည်ဟု သိရသည့် အခါ၌ ဖရင့် အကြီးအကျယ် စိတ်ပျက်သည်။

စကားလက်သည် သူ့ကို လိမ်ညာ၍ ယူခဲ့ကြောင်းကို လက်ထပ်ပြီးသည့် အချိန်တွင် ဖရင့် သိသလော။ ဤသည်ကိုမူ

မည်သူမျှ ရေရေရာရာ မသိ။ ဖွန်တိန် ကိစ္စ တစ်ခုဖြင့် အတ္တလန်တာသို့ ရောက်လာသည့် အခါတွင်မှ အဖြစ်အပျက် အမှန်ကို ဖရင့် သိရှိရသည်။ စကားလက်နှင့် လက်ထပ်သည့် သတင်းကို တအံ့တသြ ဖြစ်နေသည့် ဂျုန်းဘာရိုမှ သူ့ ဆွေမျိုးများ ထံမှ စာရဟန် တူသည်။ သို့ရာတွင် ဆွီလင့်ထံမှ စာ တစ်စောင်မျှ မရသည်ကမူ သေချာသည်။ ဆွီလင်သည် သူ့ထံ စာ တစ်စောင်မျှ မရေး။ သူကလည်း ရေး၍ မကောင်း။ ဖြေရှင်းချက် ပေးနေဖို့ မကောင်း။ လက်ထပ်ပြီး နောက်မှ ဖြေရှင်းချက် ပေးနေလျှင်လည်း ဘာ ထူးသေးသနည်း။ ဆွီလင်သည် တကယ့် အဖြစ်အပျက်ကို သိတော့မည် မဟုတ်။ မိမိက စွန့်ပြေးသည် ထင်နေတော့မည်ဟု တွေးကာ ဖရင့် ကျိတ်၍ စိတ်မကောင်း ဖြစ်သည်။ လူတိုင်းကလည်း ဆွီလင်ကို သူက စွန့်ပြေးသည် ထင်ကာ သူ့ကိုပင် အပြစ် ပြောကြတော့မည်။ သူ့ အခြေအနေက ဆုပ်စူး စားရူး ဆိုသည့် အခြေအနေ။ လူတိုင်းကို လိုက်ရှင်း နေ၍လည်း မဖြစ်။ အဖြစ်အပျက် အမှန်ကို လိုက်ရှင်းနေလျှင် မိန်းမ တစ်ယောက်၏ အလိမ်ကို ခံရလောက်အောင် ညံ့ရသလောဟု ဆိုကြဦးမည်။ ကိုယ့် မယားသည် ကိုယ့်ကို ထောင်ဖမ်း၍ ယူခဲ့သည်ဟု လျှောက်ပြောနေလျှင်လည်း လူကြီး လူကောင်း မပီသရာ ရောက်တော့မည်။

စကားလက်သည် သူ့ မယား။ မယား တစ်ယောက် အပေါ်တွင် လင်တစ်ယောက် အနေဖြင့် သစ္စာ စောင့်ရလိမ့်မည်။

စကားလက်သည် သူ့ကို မချစ်ဘဲ လိမ်၍ လက်ထပ်ခဲ့သည် ဆိုသည်ကိုလည်း သူ လက်မခံချင်။ ယောက်ျား မာနသည် ထိုအတွေးမျိုးကို လက်မခံ။ သူ့ကို ချစ်မိ၍ ယခုကဲ့သို့ လိမ်ညာ လက်ထပ်ခဲ့ခြင်း ဖြစ်သည်ဟု တွေးလျှင် စိတ်သက်သာရာ ရနိုင်သေးသည်။ သို့ရာတွင် ဖရင့် မကျေနပ်။ လူ့ဘဝ သက်တမ်း ထက်ပိုင်း ကျိုးလာသည် အထိ မိန်းမ တစ်ယောက်ကို ဟုတ်ဟုတ်ညားညား မစွံခဲ့။ သူ့ ရုပ်က မိန်းမကျသည့် ရုပ်မျိုး မဟုတ်။ သို့ရာတွင် ဖရင့်က လူကြီး လူကောင်း ဖြစ်သည်။ သူ့ မကျေနပ်ချက်ကို စိတ်ထဲတွင်သာ မျိုသိပ်ထားသည်။ စကားလက်သည် သူ့ မယား ဖြစ်ပြီ။ သူ့ မယားကို ထင်ရာ မေးခွန်းတွေ မေးပြီး စော်ကားခြင်း မပြုသင့်။ မေးရုံဖြင့်လည်း ပြဿနာ ပြေလည်မည် မဟုတ်။

ဖရင့်ကလည်း ပြဿနာကို မရှင်းချင်။ စင်စစ် သူ့ အိမ်ထောင်ရေးသည် ပျော်စရာ အိမ်ထောင်ရေး ဖြစ်သည်။

စကားလက်က ချောသည်။ လှသည်။ စွဲမက်ဖွယ် ကောင်းသည်။ ခေါင်းမာသည်က လွဲလျှင် စကားလက်သည် ခြောက်ပြစ်ကင်း သဲလဲစင်ဟု သူ ထင်သည်။ စကားလက်ကို သူ လုပ်ချင်ရာ လုပ်ခွင့် ပေးလျှင် အလိုလိုက်လျှင် သူ့ အိမ်ထောင်ရေး အဆင် ပြေလိမ့်မည်။ အလို မလိုက်လျှင် ပြဿနာ တက်လိမ့်မည်။ ဤသည်ကို လက်ထပ်ပြီး မကြာခင်မှာပင် ဖရင့် သိလာသည်။ အလိုလိုက်လျှင် သူ ကြိုက်သလို နေရလျှင် စကားလက်သည် ကလေးငယ် တစ်ယောက်လို မြူးနေသည်။ အားရ ပါးရ ရယ်သည်။ သူ့ကို ကျီစယ်သည်။ သူ့ ပေါင်ပေါ်တွင် တက်ထိုင်ကာ သူ့ မုတ်ဆိတ်မွေးတွေကို ဆွဲလိမ်တတ်သည်။ ထိုအခါတွင် သူ့ကိုယ်သူ အသက် နှစ်ဆယ်လောက် ပြန်ငယ်သွားသည်ဟု ဖရင့် ထင်မိသည်။

ပြန်လာလျှင် စကားလက်က သူ့ကို အပြုံးဖြင့် ကြိုတတ်သည်။ ညဥ့်နက်လျှင် အိမ်တွင် စီးသည့် သူ့ ဖိနပ်ကို မီးကင်

ထားတတ်သည်။ ခြေထောက် ရေစို လာလျှင် တယုတယ မီးကင်ပေးသည်။ သူ ခေါင်းကိုက်လျှင် ဇက်ကြော ဆွဲပေးသည်။ ကြက် အသည်း အမြစ်ဟင်း ကြိုက်တတ်ကြောင်း၊ ကော်ဖီတွင် သကြား သုံးဇွန်းထက် ပိုမထည့်ရကြောင်းမှ အစ အလိုက်

109

သိသည်။

ဟုတ်သည်။ သူ့ ဘဝသည် စကားလက်နှင့် အဆင် ပြေသည်။ အေးချမ်းသည်။ စကားလက်ကို အလိုလိုက်ထားသမျှ

သူ့ ဘဝသည် သာယာနေသည်။

လက်ထပ်ပြီး သီတင်း နှစ်ပတ် အကြာတွင် ဖရင့် တုပ်ကွေး ဖြစ်သဖြင့် ဒေါက်တာမိကို ခေါ်ရ၏။ ပြည်တွင်းစစ်

ပထမနှစ်တုန်းက ဖရင့် တစ်ယောက် အဆုတ် အအေးမိ ရောဂါဖြင့် ဆေးရုံ တက်ခဲ့ရသည်။ ထိုစဉ် ကတည်းက သူ့တွင် အဆုတ် အအေးမိ ရောဂါ ထပ်ဖြစ်ဦးမည်လောဟု တထိတ်ထိတ် ဖြစ်နေရသည်။ ယခု စောင်သုံးထပ် ခြုံကာ ဒေါ်လေး ပစ်တီနှင့် ကြီးဒေါ်တို့ တိုက်သည့် ငန်းဆေးကို သောက်ရင်း ချွေးတလုံးလုံး ဖြစ်နေသဖြင့် ဖရင့် ဝမ်းသာနေသည်။

သို့ရာတွင် ရောဂါက ရုတ်တရက် မပျောက်။ ဖရင့်က သူ့ ကုန်တိုက် အတွက် စိတ်ပူနေသည်။ ကုန်တိုက်ကို ဆိုင်ထိုင်

သူငယ်လေးဖြင့် လွှဲထားရသည်။ ဆိုင်ထိုင် သူငယ်လေးက ညနေ ဆိုင်သိမ်းချိန်တွင် ပြန်လာကာ အရောင်းအဝယ် စာရင်းကို အပ်သည်။ သို့ရာတွင် ဖရင့်က စိတ်မချ။ ဤအခွင့်အရေးကို စောင့်နေသော စကားလက်က လက်အေးအေးဖြင့် သူ့ နဖူးကို စမ်းသည်။

`အစ်ကိုကြီးရယ်၊ ဒီလောက်လည်း စိုးရိမ် မနေပါနှင့်၊ ဒီလောက်တောင် စိတ်မချရင် စကားလက် သွားကြည့်မယ်’



ဖရင့်က တားသည့်တိုင် စကားလက်က ဆိုင်သို့ သွားကြည့်သည်။ လက်ထပ်ပြီး ကတည်းက သူ့စာရင်းတွေကို

စကားလက် ကြည့်ချင်လှပြီ။ သူ့ စီးပွားရေး အခြေအနေကို သိချင်လှပြီ။ သို့ရာတွင် အခွင့်အရေး မပေါ်။ ယခု အခွင့်အရေး ရပြီ။

ကုန်တိုက်က ငါးမြှောင့်ဆိုင် အနီးတွင် ရှိသည်။ မီးကျွမ်းသဖြင့် မည်းနက်နေသည့် အုတ်နံရံများပေါ်တွင် သွပ်မိုး

အသစ်က ပြောင်လက်နေသည်။ လမ်းဘက်တွင် အဖီချကာ သစ်သား ယင်းချပ်များ ကာထား၏။ သံတန်းကြီးများတွင် ဈေးဝယ်လာသူတို့၏ မြင်းများနှင့် လားများ ချည်ထားသည်။ မိုးတဖွဲဖွဲတွင် မြင်းများ၊ လားများက ခေါင်းငုံ့ထားလျက်။ ကျောပေါ်တွင် မွေ့ရာစုတ်များ၊ စောင်စုတ်များကို ကုန်းနှီး အဖြစ် တင်ထားကြသည်။ ကုန်တိုက် အတွင်းဘက် အပြင်အဆင်က ဂျုန်းဘာရိုက ဘူးလာ့ဒ် ကုန်တိုက်နှင့် ဆင်သည်။ မီးလင်းဖို ဘေးတွင် ထိုင်ကာ ဆေးရွက်ကြီး ငုံရင်း သဲသေတ္တာထဲသို့ တံတွေးတွေ တပြစ်ပြစ် ထွေးသည့် ဈေးဝယ်သူများ မရှိခြင်းသာ ကွာခြားသည်။ ဘူးလာ့ဒ်၏ ကုန်တိုက်ထက် ကြီး၍ နည်းနည်း မှောင်သည်။ သစ်သား ယင်းချပ်များ ချထားသဖြင့် အလင်းရောင် ကောင်းကောင်း မဝင်။ အထဲတွင် ညစ်ပတ်သည်။ အပေါ် ပြတင်းမှ အလင်းရောင်ကလေးသာ ထိုးကျနေသည်။ မြေကြီးပေါ်တွင် လွှစာမှုန့်များ ခင်းထား၏။ ကုန်တိုက်က ညစ်ပတ်နေသည်။ ကုန်တိုက် ရှေ့ပိုင်းကမူ သပ်သပ်ရပ်ရပ် ရှိသည်။ စင်မြင့်မြင့်ကြီးများပေါ်တွင် အထည်အလိပ်များ၊ ပန်းကန် ခွက်ယောက်များ၊ အိုးခွက်များနှင့် အိမ်သုံး ပစ္စည်းများ တင်ထားသည်။ သို့ရာတွင် ကုန်တိုက် နောက်ဖေးကမူ ဖရိုဖရဲ။

ကုန်တိုက်တွင် ကြမ်းခင်း မရှိ။ ပစ္စည်းများကို မြေကြီးပေါ်တွင် အတိုင်းသား ပုံထားသည်။ ထင်းရှူး သေတ္တာများ၊

ကုန်ထုပ်များ၊ ထယ်သွားများ၊ ဇက်ကြိုးများနှင့် ကုန်းနှီးများ၊ အပေါစား ထင်းရှူးသား မသာခေါင်းများကို ခပ်မှောင်မှောင်ထဲတွင် မြင်ရ၏။ အပေါစား ကော်ပတ်သား၊ မဟော်ဂနီသား၊ ယင်းတိုက်နှစ်သား စသည်တို့ဖြင့် လုပ်သည့် တစ်ပတ်ရစ် ပရိဘောဂများ စုပုံနေကြသည်။ အကောင်းစား ဘရိုကိတ် အဟောင်းဖြင့် ဖုံးထားသည့် ထိုင်ခုံများ၊ မြင်းမြီးကျစ် ထိုင်ခုံများကလည်း

110

အခန်းထောင့်တွင် ပုံနေသည်။ ကြွေအိုးများ၊ ကြွေကရားများက ကြမ်းပြင်တွင် ပြန့်ကျဲလျက်။ နံရံ လေးဖက်တွင် ကပ်လျက် စည်ပိုင်းကြီးများကို တွေ့ရသည် ဘာတွေ ထည့်ထားမှန်း မသိ။ မီးအိမ်ဖြင့် ကြည့်သည့် အခါတွင် မျိုးစေ့များ၊ သံချောင်းများနှင့် လက်သမား ပစ္စည်းများ ဖြစ်ကြောင်း တွေ့ရသည်။

`ဖရင့်က မိန်းမလျာ ဆန်ရက်သားနှင့် ပစ္စည်းတွေ ထားတာကျတော့ သပ်သပ်ရပ်ရပ် မရှိဘူး’ စကားလက်က ဖုန်တွေ

ပေနေသည့် လက်ကို လက်ကိုင် ပဝါဖြင့် သုတ်သည်။ `ကုန်တိုက်ကလည်း ဝက်ခြံ ကျနေတာပဲ၊ ဒီလို ထားလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဒါတွေကို ဖုန်တွေ သုတ်ပြီး ဆိုင်ရှေ့မှာ ကျကျနန တင်ထားရင် ဒီထက် ရောင်းပန်း လှမှာပဲ’

သူ့ ပစ္စည်းတွေ ဤမျှ ဖရိုဖရဲ ဖြစ်နေလျှင် သူ့ စာရင်းအင်းများသည် မည်သို့ ရှိနေမည်နည်း။



သူ့ စာရင်း စာအုပ်ကို ကြည့်မည်ဟု စကားလက် စိတ်ကူးသည်။ မီးအိမ်ကို ကောက်ကိုင်၍ ဆိုင်ရှေ့ခန်းသို့

ထွက်လာခဲ့၏။ ဆိုင်ထိုင် သူငယ်လေးက လယ်ဂျာ စာအုပ်ကြီးကို ကိုင်စေချင်ပုံ မရ။ လယ်ဂျာ စာအုပ် အဖုံးက ညစ်ပတ်နေသည်။ သူလည်း သူ့ ဆရာ ဖရင့်လိုပင် စီးပွားရေး ကိစ္စများတွင် မိန်းမတွေ ဝင်ရှုပ်သည်ကို ကြိုက်ဟန် မတူ။ သို့ရာတွင် စကားလက်က တစ်ချက် ခပ်ထန်ထန် ငေါက်ကာ ထမင်းစား လွှတ်လိုက်၏။ သူ တစ်ယောက်တည်း ကျန်ခဲ့သည့် အခါတွင် စကားလက် အသက်ရှူ ချောင်သွားသည်။ ကောင်လေး ရှိနေလျှင် စိတ် အနှောင့်အယှက် ဖြစ်မည်။ မီးလင်းဖို ဘေးက ကြိမ် ပက်လက် ကုလားထိုင်တွင် ခြေတင်၍ ထိုင်ကာ လယ်ဂျာ စာအုပ်ကို ပေါင်ပေါ် တင်၍ ကြည့်သည်။ ဈေးဝယ်သူ တစ်ယောက်မျှ မရှိ။ တစ်ဆိုင်လုံးတွင် သူ တစ်ယောက်တည်း။

စကားလက်က

စာရွက်များကို

ခပ်ဖြည်းဖြည်း

လှန်ကာ

ကုန်ပစ္စည်း

အမျိုးအမည်များ၊

ငွေစာရင်းများကို

လျှောက်ကြည့်သွားသည်။ သူ ထင်သည့် အတိုင်း စာရင်းက မသေမသပ်။ ဖရင့်၏ လက်ရေးဖြင့် ခပ်သော့သော့ ရေးထား၏။ မျက်မှောင် ကုတ်၍ ကြည့်ရင်း စီးပွားရေး ကိစ္စများတွင် ဖရင့် လာဘ်မမြင်ပုံကို တွေ့နေရသည်။ ရစရာ အကြွေးက အနည်းဆုံး ငါးရာလောက် ရှိမည်။ တချို့ ကြွေးက လချီ၍ ကြာနေပြီ။ အကြွေး ယူထားသူများက သူသိသည့် လူတွေ။ မစ္စက် မယ်ရီဝယ်သာတို့ မစ္စက် အယ်လဆင်းတို့လည်း ပါသည်။ ဖရင့် ပြောစဉ်ကမူ ရစရာရှိသည့် အကြွေးက မဖြစ်စလောက်မျှသာ ရှိမည်ဟု ထင်လိုက်သည်။ ယခုမူ နည်းသည့်ငွေ မဟုတ်။

`ကြွေးဟောင်းလည်း မပေးဘဲနှင့် ဘာဖြစ်လို့ ကြွေးသစ် ယူနေကြရတာလဲ၊ ဖရင့်ကတော့ ကြွေးဟောင်းတွေ မရဘဲနှင့်

ဘာဖြစ်လို့ ကြွေးသစ် ဆက်ပေး နေရတာလဲ၊ ရစရာ ရှိရင် လိုက်တောင်းတန် တောင်းရမှာပေါ့၊ မစ္စက် အယ်လဆင်းတို့ ဆိုရင် ပေးနိုင်သားပဲ၊ သူ့သမီး မင်္ဂလာဆောင်မှာတောင် ဖဲဝတ်စုံ အသစ်ကြီး ဝယ်ပေးသေးတာပဲ၊ မင်္ဂလာဆောင်ကလည်း တခမ်းတနား၊ ဖရင့်က သိပ်ခက်တာပဲ၊ စိတ်ဓာတ်က သိပ်ပျော့တာကိုး၊ လူတွေက အခွင့်အရေး ယူတော့တာပေါ့၊ ခု အကြွေးတွေ အကုန် မရဘဲ တစ်ဝက်ပဲ ရတယ် ထား၊ သစ်ခွဲစက်ကလေး ဝယ်နိုင်တာပေါ့၊ မြေခွန် ပေးဖို့တောင် လောက်သေးတယ်’

စကားလက် စဉ်းစားနေသည်။



`အင်း၊ သစ်ခွဲစက်ကို ဖရင့် ဦးစီး လုပ်လို့ ဖြစ်မှာ မဟုတ်ပါဘူ၊ ဒီကုန်တိုက်တောင်မှ သူက စတုဒီသာ ကျွေးသလို

လုပ်နေရင် လွှစက်ကို သူ ဘယ့်နှယ်လုပ် ဦးစီးမလဲ၊ ဒီကုန်တိုက်ကို ငါ ဦးစီး ရရင် ဒီထက် ဟန်ကျမှာ၊ သစ်လုပ်ငန်းကို ငါ နားမလည်ဦး၊ သစ်ခွဲစက်ကို ငါ ဦးစီးလိုက်ရင် သူ့ ထက်တော့ အောင်မြင်မှာပဲ’

111



စီးပွားရေး လုပ်ငန်းကို မိန်းမသား တစ်ယောက်က ယောက်ျား တစ်ယောက် နည်းတူ သို့မဟုတ် သူ့ထက် ကျွမ်းကျင်စွာ

ဦးစီးနိုင်သည် ဆိုသည့် အတွေးသည် စကားလက်အဖို့ မတွေးအပ်သည့် အလုပ် ဖြစ်၏။ သူတို့ ခေတ်တုန်းက ယောက်ျားက နှံ့စပ်၍ မိန်းမက ဘာမျှ နားမလည်ဟု ယူဆထားကြသည်။ ဤ အယူ အဆကို စကားလက် လက်မခံနိုင်။ လုပ်ငန်းများကို သူ ဦးစီးချင်သည်။ သူ ဦးစီး လုပ်လျှင် ကြီးပွားမည် ဟု စကားလက် ယုံသည်။ စကားလက်က ပေါင်ပေါ်တွင် လယ်ဂျာ စာအုပ် ထူထူကြီး တင်ကာ မလှုပ်မယှက် ထိုင်နေသည်။ မြိုင်သာယာတွင် ဒုက္ခ ရောက်ခဲ့စဉ်က သူသည် ယောက်ျားကြီး တစ်ယောက် အလုပ်ကို ကျွမ်းကျင် နိုင်နင်းစွာ လုပ်ခဲ့ပြီ မဟုတ်လော။ မိန်းမ ဆိုသည်မှာ စီးပွားရေး ကိစ္စကို ဘာမျှ နားလည်ခြင်း မရှိ ဟူသော အစဉ်အလာ အောက်တွင် စကားလက် ကြီးပြင်းလာခဲ့သည်။ သို့တိုင်အောင် (ဝီလီ ရောက်မလာမီ အထိ) မြိုင်သာယာကို သူ ဦးစီး လုပ်ခဲ့သည် မဟုတ်လော။ ကလေး မွေးသည့် ကိစ္စက လွဲလျှင် လောကတွင် ယောက်ျား မပါဘဲ မိန်းမတွေ မလုပ်နိုင်သည့် အရာ မရှိဟု စကားလက် ထင်သည်။ မမွေးဘဲ နေရလျှင် မည်သည့် မိန်းမမျှ ကလေး မွေးချင်မည် မဟုတ်။

သူလည်း

ယောက်ျား

တစ်ယောက်လို

အလုပ်လုပ်နိုင်သည်ဟု

တွေးကာ

စကားလက်

မာနကြီးလာသည်။

လုပ်ပြချင်သည်။ ကိုယ့် ဝင်ငွေကို ကိုယ်ရှာချင်သည်။ ကိုယ့် ပိုက်ဆံ ကိုယ် ရှာနိုင်လျှင် ယောက်ျားဆီ လက်ဖြန့်ခံရတော့မည် မဟုတ်။ ယောက်ျား မျက်နှာကို ကြည့်နေရတော့မည် မဟုတ်။

`သစ်ခွဲစက်ကလေး ဝယ်နိုင်အောင် ငါ့မှာ ပိုက်ဆံ ရှိရင်လည်း အကောင်းသား’ စကားလက် ပါးစပ်မှ အသံထွက်

ညည်းကာ သက်ပြင်းချ၏။ `ဒီသစ်ခွဲစက် လည်နေအောင်တော့ ငါ လုပ်နိုင်ပါတယ်၊ ငါသာ လုပ်ရရင် ပျဉ်ပြားတိုကလေး တစ်စတောင် အကြွေး မပေးဘူး’

စကားလက် နောက်တစ်ကြိမ် သက်ပြင်း ချသည်။ သစ်ခွဲစက်ကို သူ့ ပိုက်ဆံဖြင့် ဝယ်ရအောင် သူ့တွင် တစ်ပြားမျှ

မရှိ။ ထို့ကြောင့် ထိုကိစ္စသည် မဖြစ်နိုင်။ ဖရင့်ကို အကြွေးတွေ အတောင်းခိုင်းကာ သစ်ခွဲစက်ကို မြန်မြန် အဝယ်ခိုင်းမှ ဖြစ်မည်။ သစ်ခွဲစက် ဝယ်ဖြစ်လျှင် ပိုက်ဆံ ရမည်က သေချာသည်။ သစ်ခွဲစက် ဝယ်ပြီးလျှင် ဖရင့်ကို တိတိကျကျ လုပ်ရန် ပြောရဦးမည်။ ကုန်တိုက် ဖွင့်သလို ဖွာဆန်ကြဲ လုပ်၍ မဖြစ်။ 

လယ်ဂျာ စာအုပ်မှ စာရွက်လွတ် တစ်ရွက်ကို ဆွဲဆုတ်ပြီး ကြွေးစာရင်းကို ကူးသည်။ အိမ်ပြန်ရောက်လျှင်

ဤကိစ္စကို ဖရင့်နှင့် ပထမဆုံး စကား ပြောရမည်။ ဤသူများသည် ကြွေးဆပ်နိုင်သူများ ဖြစ်ကြောင်း သူ့ကို ရှင်းပြရမည်။ မိတ်ဟောင်း ဆွေဟောင်းများ ဖြစ်ကြသည့်တိုင် မတတ်နိုင်။ ဖရင့်ကို အတောင်း ခိုင်းရမည်။ ဖရင့်ကမူ လက်ခံမည် မဟုတ်။ ဖရင့်က ကြောက်တတ်သည်။ အားနာတတ်သည်။ မိတ်ဆွေများက သူ့ကို သဘော ကောင်းသည်ဟု ချီးမွမ်းသည်ကို သဘောကျတတ်သည်။ ဖရင့်က နည်းနည်းမျှ အရေမထူ။ ကြွေးကိုသာ အဆုံးခံချင်ခံမည်။ သူ့ကို စီးပွားရေး ဆန်သည်၊ ငွေမက်သည်ဟု အပြော ခံနိုင်မည် မဟုတ်။

ပိုက်ဆံ မရှိ၍ မပေးကြသေးခြင်း ဖြစ်ကြောင်း၊ ရှိလျှင် ပေးကြမည် ဖြစ်ကြောင်း ဖရင့်က သူ့ကို ရှင်းပြကောင်း

ရှင်းပြနိုင်သည်။ ပိုက်ဆံ မရှိ၍ မပေးသူလည်း ရှိကောင်း ရှိမည်။ ဆင်းရဲ နွမ်းပါးခြင်းသည် သူ့အဖို့ မဆန်းတော့။ သို့ရာတွင် မည်မျှ ဆင်းရသည် ဆိုစေ ငွေထည်ကလေး အစ၊ လက်ဝတ် လက်စားကလေး အစ၊ မြေကလေး အစ နည်းနည်းပါးပါး ကျန်ကြသည်။ ငွေ မပေးနိုင်လျှင် ထိုပစ္စည်းများကို တောင်းရမည်။

112



ဤသို့ ဖရင့်ကိုသာ အတင်း အကြွေး တောင်းခိုင်းလျှင် ညည်းလိုက်မည် ဖြစ်ခြင်း။ မိတ်ဆွေများဆီက လက်ဝတ်

လက်စားတွေ၊ ပစ္စည်းတွေကို ကြွေးအဖြစ် သိမ်းရေး ဆိုသည်မှာ ဖရင့်အဖို့ မကြံအပ် မစည်အပ်။ မတတ်နိုင်။ ညည်းချင်လျှင်လည်း ညည်းစေတော့။ ပစ္စည်းထက် မိတ်ဆွေ အပေါင်းအသင်းကို ခင်သည် ဆိုလျှင် သူ့ဘာသာ ခင်ပါစေ။ မိမိကမူ ဤသို့ မလုပ်နိုင်။ ဤအတိုင်းသာ စခန်းသွားနေပါက ဖရင့် ဒေဝါလီ မခံရလျှင် ကံကောင်း။ သို့ရာတွင် ကိုယ့် ယောက်ျားကို ဤအဖြစ်မျိုးကို ရောက်ခွင့်ပြု၍ မဖြစ်။ သူ့ကို ပိုက်ဆံ ရှာခိုင်းရမည်။ ကြီးပွားအောင် လုပ်ခိုင်းရမည်။

စကားလက် ကြွေး စာရင်းများကို ကူးရင်း အလုပ် များနေသည်။ မျက်နှာက ရှုံ့မဲ့ကာ လျှာကို သွားဖြင့် မနာ့တနာ

ကိုက်ထား၏။ ထိုစဉ် ကုန်တိုက် ရှေ့တံခါး ပွင့်လာကာ လေအေး တစ်ချက် စွတ်ဝင်လာသည်။ ညစ်ပတ် မည်းမှောင်နေသည့် ဆိုင်ထဲသို့ အရပ်မြင့်မြင့် လူတစ်ယောက် ဝင်လာ၏။ ခြေလှမ်းများက မြဲမြံသည်။ ပေါ့ပါးသည်။ စကားလက် မော့ကြည့်လိုက်သည်။ ဝင်လာသူက အခြားသူ မဟုတ်။ ရက် ဘတ်တလာ။

အဝတ်အစားများက သစ်သစ်လွင်လွင်။ ဝတ်ရုံ အင်္ကျီ တစ်ထည်ကို ခြုံထားကာ ကော်လာ အပြား ကြီးကြီးကို

နောက်တွင် လှန်ချထား၏။ ဦးထုပ်ကို ခပ်စိုက်စိုက် ဆောင်းထားသည်။ မျက်လုံးချင်း ဆုံမိသည့် အခါတွင် သန့်ရှင်းသည့် ရှပ်အင်္ကျီစင်း ဝတ်ထားရာ ရင်ဘတ်ကို လက်ဖြင့် ဟန်ပါပါ ထိ၍ နှုတ်ဆက်သည်။ မျက်နှာ ညိုမှောင်မှောင်ထဲမှ ဖြူဖွေးသော သွားများသည် ဝင်းလက်နေကြ၏။ စူးရှသည့် မျက်လုံးများက စကားလက်ကို သိမ်းကျုံး ကြည့်လိုက်သည်။

`မစ္စက် ဖရင့်ပေါ့နော်’ သူ့ဆီသို့ လျှောက်လာရင်း ပြောသည်။ `ချစ်ခင်ရတဲ့ မစ္စက် ဖရင့် ဆိုပါတော့၊ ဟုတ်လား’



ရက် ဘတ်တလာက ခပ်မြူးမြူး ခပ်ကျယ်ကျယ် ရယ်လိုက်သည်။ ပထမသော် တစ္ဆေခြောက် ခံလိုက်ရသည့်နှယ်

စကားလက် တုန်သွားသည်။ ခြေထောက်ကို အောက်သို့ လျင်မြန်စွာ ချသည်။ သူ့ ကျောတစ်ခုလုံး စိမ့်သွားကာ ရက် ဘတ်တလာကို စိမ်းစိမ်းကြီး စိုက်ကြည့်နေသည်။

`ရှင် ဘာကိစ္စ လာတာလဲ’



`ကျုပ် ဒေါ်လေး ပစ်တီကို လာနှုတ်ဆက်တာ၊ မင်း လက်ထပ်တဲ့ သတင်းကို သူ ပြောပြလိုက်လို့ မင်းကို ဝမ်းသာစကား

ပြောရအောင် လာတာပါ’

သူနှင့် တွေ့စဉ်က သူ့ကို စော်ကားလွှတ်လိုက်သည်။ သူ့ ရှေ့တွင် အရှက်တကွဲ ဖြစ်ခဲ့ရသည်။ စကားလက် ဤသည်ကို

ပြန်တွေးမိရာမှ မျက်နှာတွေ ထူပူ နီရဲလာသည်။

`ရှင် တော်တော် မျက်နှာပြောင်တဲ့ လူပဲ’



စကားလက်က အော်သည်။



`မျက်နှာ ပြောင်တာက ကျုပ် မဟုတ်ပါဘူးကွယ်၊ မင်းပါ’



`ရှင်ဟာ တော်တော်’

113



`ကဲပါကွယ်၊ ခဏလေးလောက် စစ်ပြေငြိမ်းရေး မလုပ်နိုင်ဘူးလား’



ရက် ဘတ်တလာက သူ့ကို ငုံ့ကြည့်၍ ပြုံးနေသည်။ သူ့ အပြုံးက သရော်သည့် အပြုံး။ သို့ရာတွင် သူ့ အပြုအမူ

အတွက်လည်း ရှက်ဟန် မရှိ။ စကားလက်ကိုလည်း အထင်သေးဟန် မပေါ်။ စကားလက်ကလည်း အထိုက်အလျောက် ပြုံးပြသင့်သည်။ သို့ရာတွင် မပြုံးမိ။ မပြုံးနိုင်။

`ရှင့်ကို ဘာဖြစ်လို့ ကြိုးမပေးသလဲ မသိဘူး၊ ကြိုးပေးလိုက်ရင် သိပ်ကောင်းမှာ’



`အင်း လူတော်တော် များများကလည်း မင်းလိုပဲ မေတ္တာ ပို့ကြမှာပါ၊ ကဲပါကွယ်၊ စိတ်အေးအေး ထားစမ်းပါ၊ မင်း

ကြည့်ရတာ မီးခဲကြီး ငုံပြီး စကား ပြောနေသလို ဖြစ်နေတယ်၊ ကြည့်လို့ မကောင်းပါဘူး၊ ဒီလောက် ဆိုရင် ကျုပ် ကျုပ် ကျီစားခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်လေးတွေလည်း ပျောက်လောက်ရောပေါ့’

`ဘာ ကျီစားတာ ဟုတ်လား၊ ဘာ ကျီစားတာလဲ၊ ဘယ်တော့မှ မမေ့ဘူး သိလား’



`အို ဟုတ်တာပေါ့၊ ဘယ်မေ့လို့ ဖြစ်မလဲ၊ မင်း ဂုဏ်သိက္ခာကို ဆယ်တဲ့ အနေနဲ့ စိတ်ဆိုး ဟန်ဆောင် နေရဦးမယ်

မဟုတ်လား၊ ကျုပ် ထိုင်မယ်နော်’

`မထိုင်ပါနှင့်’



ရက် ဘတ်တာက သူ့ ဘေးက ကုလားထိုင်တွင် ဝင်ထိုင်၍ ရယ်နေသည်။



`ကျုပ် လွတ်လာအောင် နှစ်ပတ်လောက်တောင်မှ မစောင့်နိုင်တော့ဘဲကိုး၊ အင်း ဖြစ်မှ ဖြစ်ရလေကွယ်’ ရက်

ဘတ်တလာက လှောင်သလိုလိုဖြင့် သက်ပြင်း တစ်ချက် ချ၏။ `မိန်းမများ တယ် အပြောင်းအလဲ မြန်တာပဲနော်’

စကားလက်က မည်သို့မျှ မပြော။ ရက် ဘတ်တလာက သူ့ စကားကို ဆက်သည်။



`မိတ်ဆွေ အချင်းချင်း၊ အလွန် ရင်းနှီးတဲ့ မိတ်ရင်း ဆွေရင်းတွေ အချင်းချင်းကြားမို့လို့ မေးရဦးမယ်၊ စိတ်တော့

မရှိပါနှင့်နော်၊ ကျုပ် ထောင်က ထွက်လာသည် အထိ မစောင့်နိုင်တော့ဘူးလား၊ ကျုပ် လွတ်လာအောင် စောင့်ရင် ပိုပြီး အဆင် မပြေဘူးလား၊ ဖရင့်လို အဘိုးကြီး တစ်ယောက်နှင့် လက်ထပ် ရတာဟာ ကျုပ်နှင့် တိတ်တိတ်ပုန်း ညားရတာထက် ပိုပြီး မက်စရာ ကောင်းနေလို့လား၊ မိတ်ဆွေ အချင်းချင်းပဲ ရင်းရင်းနှီးနှီး ပြောပြစမ်းပါ’

ထုံးစံ အတိုင်း သူက သရော်မော်ကား ပြောလေလေ စကားလက် ဒေါပွ လေလေ။ သို့ရာတွင် စကားလက်က တမင်

လုပ်၍ ရယ်ပစ်လိုက်သည်။

`ရှင် စိတ်မနှံ့ဘူး ထင်တယ်’



`ပြီးတော့ ကျုပ် ခေါင်းထဲမှာ မရှင်းတဲ့ အချက်ကလေး တစ်ချက်လည်း ရှိသေးတယ်၊ ကိုယ့် စိတ်ထဲက ချစ်လည်း

မချစ် နည်းနည်းလေးမှတောင် မကြိုက်တဲ့ ယောက်ျား တစ်ယောက် အဲ နှစ်ယောက်၊ အဲဒီ နှစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အတွက် မိန်းမ တစ်ယောက် အနေနှင့် ကိုယ့်ကိုကိုယ် မရှက်ဘူးလား၊ မစက်ဆုပ် ဘူးလား၊ ဒါမှ မဟုတ်ရင်လည်း ကျုပ်တို့

114

တောင်ပိုင်းသူတွေဟာ နူးညံ့ သိမ်မွေ့တယ်၊ အရှက် အကြောက်ကြီးတယ်လို့ ကျုပ် ကြားဖူးတဲ့ စကားဟာ မှားနေသလား၊ အဲဒါလေးတော့ ကျုပ် သိချင်တယ်၊ အပန်းမကြီးရင် ကျုပ်ကို နည်းနည်း ရှင်းပြပါ့လား’

`ရှင် ဘာတွေ ပြောနေတာလဲ ဟင်’



`မင်း မဖြေဘူး ဆိုရင် ကျုပ်ဘာသာပဲ ဖြေမယ်လေ၊ မိန်းမ ဆိုတာ အားနွဲ့တယ်၊ နူးညံ့တယ်၊ အရေပါးတယ်လို့

ငယ်ငယ်တုန်းက လူကြီးသူမတွေ ပြောသံ ကြားဖူးတယ်၊ အမှန်ကတော့ ဒီလို မဟုတ်ဘူး၊ မိန်းမတွေမှာ ယောက်ျားတွေ နားမလည်နိုင်တဲ့ မာကျောတဲ့ စိတ်ဓာတ် တစ်မျိုးနဲ့ ခံနိုင်ရည် ရှိမှု တစ်မျိုး ရှိတယ်လို့ ကျုပ် ထင်တယ်၊ ဥရောပ တိုက်သားတွေ လက်ခံ ကျင့်သုံး နေကြတဲ့ အစဉ်အလာ တစ်ခု ရှိတယ်၊ လင်နှင့် မယား ဆိုတာ တစ်ယောက်နှင့် တစ်ယောက် မချစ်ရဘူးတဲ့၊ လင်နှင့် မယား ချစ်ကြတဲ့ အိမ်ထောင်ဟာ မကောင်းဘူးတဲ့၊ ချစ်တာနှင့် အိမ်ထောင်ပြုတာကို တစ်ကန့်စီ ထားရမယ်တဲ့၊ ဒီနေရမှာတော့ ဥရောပ တိုက်သားတွေ မှန်တယ်လို့ ကျုပ် ထင်တယ်၊ အိမ်ထောင်ပြုတဲ့ အခါမှာ အဆင်ပြေမှုကို အဓိက ထားတယ်၊ ချစ်တဲ့ အခါမှာ ပျော်ရွှင်မှုကို အဓိက ထားတယ်၊ တစ်နည်း ပြောရရင် သူတို့ အိမ်ထောင်ပြုတာဟာ ရှေ့ရေး အဆင်ပြေဖို့ ဖြစ်တယ်၊ ချစ်ဖို့ မဟုတ်ဘူး၊ သူတို့ ချစ်တာဟာ ပျော်ဖို့ ဖြစ်တယ်၊ အိမ်ထောင်ပြုဖို့ မဟုတ်ဘူး၊ တော်တော် ကောင်းတဲ့ စနစ်ပဲ၊ မဟုတ်ဘူးလား၊ မင်း ကြည့်ရတာက ကျုပ် ထင်တာထက်တောင် ဥရောပတိုက်သား ဆန်နေတယ်’

`ကျွန်မ အဆင် ပြေဖို့ကို ကြည့်ပြီး လက်ထပ်တာ မဟုတ်ဘူး၊ ငွေမက်လို့ လက်ထပ်တာ မဟုတ်ဘူး’ ဟု စကားလက်

အော်ပြောလိုက်ချင်သည်။ သို့ရာတွင် ရက် ဘတ်တလာက သူ့ ပျော့ကွက်ကို နင်းမိထားပြီ။ ဇွတ်ငြင်းလျှင် သူပင် နာတော့မည်။ ရက် ဘတ်တလာက ဖိ၍ ပြောတော့မည်။

`ရှင့် ကိစ္စ ဘယ်လို ဖြစ်သွားသလဲ’ စကားလက်က အေးစက်စက်ဖြင့် မေး၏။ စကား လမ်းပြောင်းသည့် အနေဖြင့်

မေးသည်။ `ဘယ်လို လုပ်ပြီး ထောင်ထဲက ထွက်လာတာလဲ’

`အိုး၊ ဒါက လွယ်လွယ်ကလေးပါ’ ရက် ဘတ်တလာက ခပ်ကြွားကြွားဖြင့် ပြောသည်။ `ဘာမှ ဒီလောက် မခက်ပါဘူး၊

ဒီနေ့ မနက်ပဲ ကျုပ်ကို ပြန်လွှတ်လိုက်တယ်၊ လွတ်ပုံကတော့ ယဉ်ယဉ်ကလေးရယ်ပါ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင် ကြီးကြီး မာစတာ တစ်ယောက်ကို ကျုပ် အကျပ်ကိုင် ခြိမ်းခြောက်ပြီး လွတ်လာတယ် ဆိုပါတော့၊ အဲဒီ အရာရှိကြီးက ဒေါင်ဒေါင်မြည် ပြည်ထောင်စုဘက်သားကြီး၊ ဟိုတုန်းက ပြည်နယ် အတွက် လက်နက်တွေကို ကျုပ် သူ့ဆီက တိတ်တိတ်ပုန်း ဝယ်ခဲ့ဖူးတယ်၊ အဲဒီ လူဆီကို လှမ်းပြီး ကျုပ်ကို လွတ်အောင် လုပ်ပေးပါပေါ့၊ လွတ်အောင် လုပ်မပေးနိုင်ရင် နောက်ကြောင်းတွေ ဖော်မယ်၊ နောက်ကြောင်းတွေ ပေါ်ရင် ခင်ဗျားလည်း ဒုက္ခရောက်မယ်လို့ ကျုပ်က ပြောလိုက်တယ်၊ ဒီစကား သူ့ဆီကို ရောက်သွားတော့ သူ့ သြဇာ အာဏာ သုံးပြီး ကျုပ်ကို လွှတ်ပစ်လိုက်တာပဲ၊ ဒီမှာ စကားလက်၊ သြဇာ အာဏာဟာ အရာရာကို ပြီးမြောက်စေနိုင်တယ်၊ နောင်မှာ မင်းများ အဖမ်း ခံရရင် အဲဒီ စကားလေးကို မြဲမြဲ မှတ်ထား၊ သြဇာ အာဏာဟာ အရာရာကို ပြီးမြောက်စေနိုင်တယ်၊ အပြစ် ကျူးလွန်တယ် မကျူးလွန်ဘူး ဆိုတဲ့ ပြဿနာက အရေးမကြီးပါဘူး၊ ဥပဒေပညာရှင်တွေ အငြင်းပွားရမယ့် အလုပ်’

`ရှင် ပြစ်မှု ကျူးလွန်တယ် ဆိုတာ ကျွန်မ ကျမ်းကျိန်ပြီး သက်သေ လိုက်ချင်လိုက်တာ’



`ကျူးလွန်သားပဲ၊ ကျုပ် ဘာလိမ်ပြောစရာ ရှိသလဲ၊ ကျုပ် အပြစ် ရှိတယ်လို့ ကျုပ် ဝန်ခံနိုင်ပါတယ်၊ ဟုတ်တယ်၊

115

ကပ္ပလီကို ကျုပ် သတ်ခဲ့တာပဲ၊ သူက အမျိုးသမီး တစ်ယောက်ကို ဗလက္ကာရ ပြုတယ်၊ ဒီတော့ ကျုပ် ဘာလုပ်ရမလဲ၊ လက်ပိုက် ကြည့်နေရမှာလား၊ ဒါတင် မကဘူး၊ အရက် ဆိုင်ထဲမှာ စကား များပြီး ယန်ကီ မြင်းတပ်သား တစ်ယောက်ကို ကျုပ် ပစ်သတ်ခဲ့သေးတယ်၊ ဒါပေမယ့် ကျုပ်ကို အဲဒီ အမှုနှင့်တော့ စွဲချက် မတင်ဘူး၊ ကျုပ်အစား တစ်ယောက်က ကြိုးဒဏ် ခံသွားရပြီ ထင်တယ်’

ရက် ဘတ်တလာက လူသတ်ခဲ့ပုံကို ခပ်ပေါ့ပေါ့ ပြောနေသဖြင့် စကားလက် ကျောချမ်းနေသည်။ သြတ္တပ္ပစိတ် ဤမျှ

ကင်းမဲ့ရသလောဟု စကားလက် ဒေါသ ထွက်သည်။ သို့ရာတွင် စပျစ်ချုံ အောက်တွင် သူ မြှုပ်နှံခဲ့သည့် ယန်ကီ အလောင်းကြီးကို သူ သတိရသည်။ သူလည်း လူ တစ်ယောက်ကို သတ်ခဲ့ဖူးသည် မဟုတ်လော။ ပိုးဟပ်ကလေးကို တက်နင်းခဲ့သည့်ပမာ သူ သတ်ခဲ့သည့် ယန်ကီ အကြောင်းကို သူ သတိ မရတော့။ ကြောက်စိတ်၊ မလုံမလဲ ဖြစ်စိတ်လည်း မရှိတော့။ ရက် ဘတ်တလာ နည်းတူ ပြစ်မှု ကျူးလွန်ထားသူ တစ်ဦးက ရက် ဘတ်တလာကို ပြန်၍ အပြစ် မပြောသင့်။

`မင်းကို ကျုပ် ဒီလောက် အထိ ဖွင့်ပြောပြီးပြီလေ၊ ဒီတော့ ကျန်တာကိုလည်း မင်းကို ယုံယုံကြည်ကြည်ပဲ ပြောပါ့မယ်၊

(ဒေါ်လေး ပစ်တီတော့ မသိပါစေနှင့်၊) ကျုပ် ပိုက်ဆံတွေ အားလုံး လစ်ဗာပူက ဘဏ်တိုက် တစ်တိုက်မှာ လုံလုံခြုံခြုံ ရှိနေတယ်’

`ပိုက်ဆံတွေ ဟုတ်လား’



`ဟုတ်တယ်၊ ယန်ကီတွေ လိုက်ရှာနေတဲ့ ပိုက်ဆံတွေ၊ ကျုပ် မင်းကို ငွေ မပေးခဲ့တာက နှမြောလို့ မဟုတ်ပါဘူး၊ မင်းကို

ငွေထုတ် လက်မှတ် ရေးပေး လိုက်ရင် ကျုပ် ပိုက်ဆံတွေ ဘယ်မှာ ရှိတယ် ဆိုတာ ဒီကောင်တွေ သဲလွန်စ ရသွားမှာပေါ့၊ ဒီလို ဆိုရင် ကျုပ်လည်း တစ်ပြားမှ ကျန်မှာ မဟုတ်ဘူး၊ မင်းလည်း တစ်ပြားမှ ရတော့မှာ မဟုတ်ဘူး၊ ဒီတော့ ဒီပိုက်ဆံတွေကို ခြေရာ မခံမိအောင် ကျုပ်က ဘူးကွယ်ရမှာပဲ၊ ပိုက်ဆံ မရှိသယောင် နေပြရမယ်၊ ကျုပ် ပိုက်ဆံတွေဟာ လုံလုံခြုံခြုံ ရှိတယ် ဆိုတာ ကျုပ် သိသားပဲ၊ အလွန်ဆုံး သူတို့ ခြေရာ ခံမိပြီး ကျုပ်ဆီ လာသိမ်းရုံ အပြင် မရှိပါဘူး၊ ကျုပ် ပိုက်ဆံတွေကို သိမ်းရင် ပြည်တွင်းစစ်တုန်းက ကျုပ်ကို လက်နက်တွေ၊ ကျည်ဆန်တွေ တိတ်တိတ်ပုန်း ရောင်းခဲ့တဲ့ ယန်ကီ မျိုးချစ်ကြီးတွေကို ကျုပ် ဖော်လိုက်ရုံပဲ၊ ကျုပ် ဖော်ရင် သူတို့ အကုန် နာမယ်၊ တချို့က ခု ပြည်ထောင်စု အစိုးရ အဖွဲ့ထဲမှာ ကြီးကြီး မာစတာတွေ ဖြစ်နေကြတယ်။ ကျုပ် ထောင်ထဲက လွတ်လာတာ အဲဒီ အတွက်ကြောင့်ပဲ၊ ကျုပ်ကို ကြိုးပေးရင် သူတို့ နာမည်တွေ အကုန် ဖော်မယ်လို့လည်း ခြိမ်းခြောက်ရော ကျုပ်ကို ချက်ချင်း လွှတ်ပစ်လိုက်တာပဲ၊ ကျုပ်က’

`ပြည်နယ် အစိုးရပိုင် ရွှေတွေကော၊ ရှင့် ရှင့် လက်ထဲမှာဆို’



`အကုန် မဟုတ်ပါဘူးကွယ်၊ တချို့ တစ်ဝက်ပါ၊ ဘိလပ်တို့၊ ကနေဒါတို့၊ နာဆောတို့မှာ ရွှေတွေ၊ ငွေတွေ သွားသိမ်းကြတဲ့

မှောင်ခို ကုန်ကူးသူ ဆိုလို့ ကျုပ် တစ်ယောက်တည်း မဟုတ်ပါဘူး၊ ငါးဆယ်ကျော် လောက်တောင် ရှိတာပဲ၊ ကျုပ်တို့လို မလုပ်နိုင်တဲ့ လူတွေကတော့ ကျုပ်တို့ကို မကြိုက်ကြဘူးပေါ့၊ ကျုပ် ပိုက်ဆံက သိပ်မများပါဘူး၊ ဒေါ်လာ သန်းဝက်လောက် ရှိတာပါ၊ ကလေးမက သိပ်ပြီး စိတ်မြန်တာကိုး၊ စိတ်ရှည်ပြီး မြန်မြန် ယောက်ျား မယူလိုက်ရင် ဒီငွေတွေကို မင်းပိုင်မှာပေါ့’

ဒေါ်လာ သန်း တစ်ဝက်။ ဤမျှ များသည့် ပိုက်ဆံများကို ကြားလိုက်ရသည့် အခါတွင် စကားလက် မူးမေ့ လဲချင်သလို

ဖြစ်လာသည်။ ရက် ဘတ်တလာ၏ လှောင်ပြောင်သည့် စကားလုံးများကို သူ မကြား။ ဤခေတ်ကြီးထဲတွင် ဤမျှ ပိုက်ဆံ ရှိသူကို သူ မကြားစဖူး။ ပိုက်ဆံက များလွန်းသည်။ များလွန်းမက များသည်။ သို့ရာတွင် သူ မပိုင်။ ပိုက်ဆံကို ပေါ့ပေါ့

116

သဘောထားသူ၊ ပိုက်ဆံကို မလိုသူ လက်တွင် ရောက်နေသည်။ သူ့ ယောက်ျားက နာတာရှည် လူမမာ။ အသက် ကြီးကြီး။ ကုန်တိုက်က စုတ်စုတ်ပြတ်ပြတ်။ ညစ်ညစ် ပတ်ပတ်။ လောကကြီးတွင် ဤနှစ်ခုကိုသာ သူ ပိုင်သည်။

ရက် ဘတ်တလာလို လူဆိုး လူသွမ်းက ချမ်းသာချင်တိုင်း ချမ်းသာပြီး မနိုင်ရင်ကာ ဝန်ကြီးကို ထမ်းထားရသည့်

မိမိက ဘာမျှ မရှိ။ လောကကြီးသည် နည်းနည်းမျှ မတရား။ အဝတ်ကို ဟန်ကျပန်ကျ ဝတ်လျက် ရှေ့တွင် ထိုင်ကာ သူ့ကို လှောင်ပြောင်နေသည့် ရက် ဘတ်တလာကို သူ မုန်းသည်။ သူ့ကို ချီးမွမ်း၍ မဖြစ်။ သူ တော်ကြောင်း ချီးမွမ်းလျှင် ဤလူက ကမ်းတက်လိမ့်မည်။ စကားလက် သူ့ကို ပက်ပက်စက်စက် ပြောချင်သည်။ စကားလုံးများကို စဉ်းစားသည်။

`ရှင့်ကိုယ် ရှင်တော့ ပြည်နယ် အစိုးရရဲ့ ပစ္စည်းတွေ သိမ်းဆည်းထားတဲ့ အတွက် ရိုးသား ဖြောင့်မတ်တယ်လို့

ထင်မှာပေါ့၊ ဒါပေမယ့် ဘယ်မှာ ရိုးလို့လဲ၊ ဒါဟာ ဗြောင်ခိုးတာပဲ၊ ရှင်မို့လို့ မရှက်တယ်၊ စကားလက် ဆိုရင် ရှက်တာနဲ့ သေလိမ့်မယ်’

`ကျွတ် ကျွတ်၊ ခုခေတ် စပျစ်သီးတွေဟာ တော်တော် ချဉ်တယ်နော်’ ရက် ဘတ်တလာက မျက်နှာကို ရှုံ့၍ ပြ၏။

`နေစမ်းပါဦး၊ ကျုပ်က ဘယ်သူ့ဆီက ခိုးတာလဲ’

စကားလက် တိတ်ဆိတ်နေသည်။ မည်သူ့ဆီက ခိုးသည်ဟု ပြောရမည်နည်း။ စင်စစ် ဖရင့်လည်း ထို့အတူ

မဟုတ်လော။ ဖရင့် က ပြည်နယ် အစိုးရ၏ ပစ္စည်းများကို ရောင်းသည်။ သူက ပြည်နယ် အစိုးရ၏ ငွေများကို ယူသည်။ အတိုင်းအတာသာ ကွာသည်။ လုပ်ရပ်က ဘာမျှ မခြားနား။

`တစ်ဝက်ကတော့

ကျုပ်

ရိုးရိုးသားသား

ရှာလို့

ရတဲ့

ပိုက်ဆံပါကွယ်’

ရက်

ဘတ်တလာက

ပြောသည်။

`ရာနှုန်းပြည့် အမြတ်တင်ပြီး နောက်ကွယ်မှာ သူတို့ ပြည်ထောင်စုကြီးကို ရိုးရိုးသားသား ရောင်းစားချင် ရှာတဲ့ ရိုးသားတဲ့ ပြည်ထောင်စုဘက်သား မျိုးချစ် ပုဂ္ဂိုလ်ကြီးတွေရဲ့ အကူအညီနှင့် ကျုပ် ခမျာ ရိုးရိုး သားသား ရလာရှာတဲ့ ပိုက်ဆံတွေပါ၊ တချို့က ပြည်တွင်းစစ် အစမှာ ကျုပ် ဝါဂွမ်း လုပ်ငန်း လုပ်ရင်း မြတ်ခဲ့တာ၊ ဝါဂွမ်းကို ဈေးပေါပေါနှင့် ဝယ်၊ ဘိလပ် အထည်စက်တွေကို တစ်ပေါင် တစ်ဒေါ်လာ ဈေးနှင့် ရောင်းပြီး ရခဲ့တာ၊ တချို့က စားသောက်ကုန်တွေကို ကျုပ် သိုလှောင်လို့ မြတ်တာ၊ ကျုပ် လုပ်အားနှင့် ရခဲ့တဲ့ အသီးအပွင့်ကို ဘာဖြစ်လို့ ယန်ကီတွေ လက်ထဲ ထိုးအပ်ရမှာလဲ၊ ဒါပေမယ့် ကျန်တဲ့ တစ်ဝက်ကတော့ ဟုတ်ပါတယ်၊ ပြည်နယ် အစိုးရက ပိုင်တဲ့ ငွေတွေ ဆိုပါတော့၊ ပိတ်ဆို့မှု ကြားထဲက ဖောက်ထွက်ပြီး ပြည်နယ် ဝါဂွမ်းတွေကို ကျုပ် သယ်ပေးတယ်၊ လစ်ဗာပူကျတော့ မတန်တဆ ဈေးတင် ရောင်းတယ်၊ ပြည်နယ် အစိုးရက ကျုပ်ကို ယုံကြည်လို့ ဝါဂွမ်းတွေ အပ်လိုက်ပြီး ကျုပ်က ရောင်းပေး၊ ရောင်းလို့ရတဲ့ ပိုက်ဆံနှင့် ပြည်နယ်ဖို့ သားရေတွေ လက်နက်တွေ စက်ပစ္စည်းတွေ ဝယ်ပေးရတယ်၊ ကျုပ်ကလည်း ရိုးရိုးသားသားပဲ ဝယ်ပေးခဲ့တယ်၊ ပြည်နယ် အစိုးရက ဝါဂွမ်း ရောင်းရတဲ့ ငွေတွေကို ရွှေဝယ်ပြီး အင်္ဂလန် ဘဏ်တွေမှာ အပ်ထားဖို့ ကျုပ်ကို ညွှန်ကြားခဲ့တယ်၊ ကျုပ်ကို လက်နက်တွေ ရောင်းတဲ့ နေရာမှာ အင်္ဂလိပ် အစိုးရ ယုံအောင် ဆိုပြီး အဲဒီ ရွှေတွေကို ကျုပ်နာမည်နဲ့ပဲ ထားပါလို့ အစိုးရက ညွှန်ကြားထားတယ်၊ ပိတ်ဆို့မှု တင်းကျပ်လာတဲ့ အခါကျတော့ ကျုပ် စက်လှေတွေ ဆိပ်ကမ်းက ထွက်မရတော့ဘူး၊ အင်္ဂလိပ် ဘဏ်မှာ ပိုက်ဆံတွေ ဒီအတိုင်း ကျန်နေတယ်၊ ကျုပ် ဘာလုပ်ရမလဲ၊ အင်္ဂလိပ် ဘဏ်က ရွှေတွေ အားလုံးကို ထုတ်ပြီး ပြည်နယ်ကို ပြန်ယူလာရမလား၊ ယန်ကီတွေ သိမ်းတာကို ခံရမလား၊ ဒီလိုဆိုရင် ကျုပ်လောက် ထူတဲ့ အတဲ့ကောင် ဘယ်မှာ ရှိတော့မလဲ၊ ခု ပိတ်ဆို့မှု တင်းကျပ်လာတယ်၊ ကျုပ်တို့ အရေးတော်ပုံ ရှုံးနိမ့်သွားတယ်၊ ဒါ ကျုပ် အပြစ်လား၊ ကျုပ် ပယောဂလား၊ ကျုပ်နှင့် ဘာမှ မဆိုင်ဘူး၊ ဘဏ်မှာ

117

အပ်ထားတဲ့ ရွှေတွေဟာ ပြည်နယ် အစိုးရရဲ့ ရွှေတွေ၊ ခု ပြည်နယ် အစိုးရ မရှိတော့ဘူး၊ ဒီတော့ ဒီရွှေတွေကို ကျုပ် ဘယ်သူ့ဆီ သွားအပ်ရမှာလဲ၊ ယန်ကီ အစိုးရဆီကို အပ်ရမှာလား၊ မအပ်နိုင်ဘူး၊ ဒီတော့ ကျုပ်ကို သူခိုးလို့ ထင်တဲ့ လူ ဆိုရင် ကျုပ်က မုန်းတတ်တယ်’

ရက် ဘတ်တလာက အိတ်ကပ်ထဲက သားရေဘူး တစ်ဘူးကို ထုတ်လိုက်သည်။ ဆေးပြင်းလိပ် တစ်လိပ်ကို

ဆွဲထုတ်ပြီး အနံ့ ခံနေ၏။ ဆေးပြင်းလိပ်ကို နမ်းရင်း စကားလက် ပြောမည့် စကားကို ကြားလိုဟန်ဖြင့် စကားလက် မျက်နှာကို ကြည့်နေသည်။

`ပလိပ်နာ ကျပါစေ’ ဟု စကားလက် ဆုတောင်း မိသည်။ ရက် ဘတ်တလာသည် အမြဲတမ်း သူ့ ရှေ့က

ရောက်နေသည်။ သူ့ ဆင်ခြေများက လက်ခံစရာ မကောင်း။ သို့ရာတွင် မမှန်ဟုလည်း ပြော၍ မရ။

`မရှိတဲ့ လူတွေကို ခွဲဝေ ပေးနိုင်သားပဲ’ စကားလက် ဣနြေ္ဒ သိက္ခာဖြင့် ပြောသည်။ `ပြည်နယ် အစိုးရ မရှိတော့ဘူး

ဆိုတာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ပြည်နယ် ထောက်ခံတဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေ ငတ်ပြတ်နေကြတာ တစ်ပုံကြီးပဲ’

ရက် ဘတ်တလာက ခေါင်းကို နောက်လှန်ကာ အားမနာ ပါးမနာ ရယ်နေသည်။



`မင်းဟာ တော်တော် သူတော်ကောင်းယောင် ဆောင်ချင်တဲ့ မိန်းကလေးပဲ၊ အဲဒီလို ကြောင်သူတော်ယောင် ဆောင်ပြီ

ဆိုရင် ပိုပြီး ချစ်စရာ ကောင်းလာတယ်၊ ပိုပြီးလည်း ရယ်စရာ ကောင်းလာတယ်’ ရက် ဘတ်တလာက တကယ် ရယ်ချင်နေပုံ ရသည်။ `စကားကို မှန်မှန် ပြောပါ ကလေးမရဲ့၊ ဘယ်တော့မှ မလိမ်ပါနှင့်၊ မင်း လိမ်ပုံက မပိရိဘူး၊ အိုင်းရစ် လူမျိုးဟာ လိမ်တဲ့ နေရာမှာ တော်တော် ညံ့တယ်၊ ကဲ ရှင်းရှင်း ပြောစမ်း၊ မင်းကော ကျဆုံးသွားတဲ့ ပြည်နယ် အရေးတော်ပုံကြီး အတွက် ဘယ်လောက် ကူညီခဲ့ဖူးသလဲ၊ ငတ်ပြတ်နေတဲ့ ပြည်နယ်ဘက်တော်သားတွေကို ဘယ်လောက်များ ထောက်ပံ့ခဲ့ဖူးလို့လဲ၊ ဒီပိုက်ဆံတွေထဲက တော်တော် ခပ်များများကို မင်းကို ခွဲမပေးဘဲ ရှိသမျှ အကုန်လုံးကို လှူပစ်လိုက်မယ်လို့ ပြောရင် မင်းပဲ ငိုလား ရယ်လား လုပ်ပြီး ကန့်ကွက်မှာ’

`ရှင့်ပိုက်ဆံ ဘာလုပ်ဖို့လဲ၊ မလိုချင်ပါဘူး’



စကားလက်က ဣနြေ္ဒမပျက် ဟန်ဆောင်၍ ပြောလိုက်သည်။



`မင်း တကယ် မလိုချင်ဘူးလား၊ လိုချင်လွန်းလို့ မင်း လက်တွေ ယားနေပြီ မဟုတ်လား၊ ရှိတဲ့ ပစ္စည်း လေးပုံ

တစ်ပုံလောက် မြင်ရင်တောင် မင်း ထခုန်မှာပါ’

`ရှင် ဒီလာပြီး သူများ ဆင်းဆင်းရဲရဲ ဖြစ်နေတာကို လှောင်ဖို့ စော်ကားဖို့ ဆိုရင်တော့ မြန်မြန် ထွက်သွားတာ

ကောင်းမယ်’ စကားလက် မတ်တတ်ရပ်ရန် လယ်ဂျာ စာအုပ်ကြီးကို ပေါင်ပေါ်မှ ချသည်။ ရက် ဘတ်တလာက ချက်ချင်း ရပ်လိုက်ပြီး ကုန်း၍ ရယ်ရယ်မောမောဖြင့် စကားလက်ကို ကုလားထိုင်ပေါ်သို့ ပြန်ထိုင်စေသည်။

`မင်းဟာ အမှန်ကို ပြောရင် ရှူးရှူးရှားရှား ဖြစ်တုန်းပဲကိုး၊ ဒီ အကျင့်ကို ခုထိ မဖျောက်သေးဘူးလား၊ တခြား လူတွေ

အကြောင်း ပြောရမယ် ဆိုရင်တော့ မင်းက မှန်ရာကို ပြောတတ်တယ်၊ အမှန်ကို ပြောရမှ ကြိုက်တယ်၊ မင်း အကြောင်းကျတော့

118

အမှန်ကို ပြောရင် မကြိုက်ဘူး၊ ကျုပ်က မင်းကို စော်ကားနေတာ မဟုတ်ပါဘူး၊ တကယ်တော့ ကိုယ် လိုချင်တာကို ရအောင် ယူတတ်တဲ့ အရည်အချင်းဟာ တော်တော် ကောင်းတဲ့ အရည်အချင်း တစ်ခုပဲ’

သူ မည်သည့် အဓိပ္ပာယ်ဖြင့် ပြောသည်ကို စကားလက် နားမရှင်း။ သို့ရာတွင် သူ့ကို ချီးမြှောက် ပြောမှန်းကိုမူ

စကားလက် သိသည်။ စကားလက် ကျေနပ် သလိုလို ဖြစ်သွား၏။

`ကျုပ် ဒီကို လာတာ မင်း ဆင်းရဲတာကို ကြည့်ပြီး ဝမ်းသာရအောင် လာတာ မဟုတ်ပါဘူးကွယ်၊ ကျန်းမာ

ချမ်းသာပါစေ၊ ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဖြစ်ပါစေလို့ ဆုတောင်းရအောင် စေတနာနှင့် လာတာပါ၊ ဒါထက် မင်းညီမ ဆွီလင်ကကော မင်း ခိုးသွားတဲ့ ကိစ္စကို ဘာပြောသေးလဲ’

`ဘာ ဘာ ခိုးသွားတဲ့ ကိစ္စလဲ’



`သူ့ အဆက် ဖရင့်ကို ဗြောင်ခိုးသွားတဲ့ ကိစ္စ လေ’



`ရှင် ရှင်’



`ကဲပါကွယ်၊ ဒီစကားလုံးကို ငြင်းမနေတော့ပါဘူး၊ သူက ဘာပြောသေးလဲ’



`ဘာပြောရမှာလဲ’



စကားလက်က ပြောသည်။ စကားလက်က ခပ်တည်တည် လိမ်သဖြင့် ရက် ဘတ်တလာ၏ မျက်လုံးများသည်

တောက်ပနေကြ၏။

`အင်း၊ ဆွီလင် ဆိုတဲ့ ကလေးမဟာ တော်တော် အနစ်နာ ခံရှာသားပဲ၊ ကဲပါလေ၊ မင်း ဆင်းရဲတဲ့ အကြောင်း

ပြောပြစမ်းပါဦး၊ မင်းက ထောင်ထဲ လာပြီး ကျုပ်ကို တကူးတကန့် လာတွေ့ထားတော့ ကျုပ် အနေနှင့် ဒီလောက်တော့ သိခွင့်ရှိတယ် ထင်ပါတယ်၊ ဘယ့်နှယ်လဲ၊ မင်း တွက်ကိန်း ကိုက်ရဲ့လား၊ ဖရင့်က မင်း ထင်သလောက် ပိုက်ဆံ ရှိရဲ့လား’

ရက် ဘတ်တလာ၏ အမေးကို ရှောင်၍ မရ။ ဖြေလျှင် ဖြေ၊ မဖြေချင်လျှင် သူ့ကို မောင်းထုတ်ဖို့ တစ်နည်းသာ

ကျန်တော့၏။ ယခု လောလောဆယ်တွင်မူ ရက် ဘတ်တလာ ထွက်မသွားစေချင်သေး။ သူ့ စကားများက စူးရှသည်။ သို့ရာတွင် အမှန်တရား၏ စူးရှခြင်းမျိုး ဖြစ်သည်။ သူ လုပ်ခဲ့သမျှကို လည်းကောင်း၊ သူ ဘာကြောင့် ဤသို့ လုပ်ခဲ့သည်ကို လည်းကောင်း ရက် ဘတ်တလာ ကောင်းကောင်း သိနေပြီ။ ဤသို့ လုပ်ခဲ့သည့် အတွက်မူ စကားလက်ကို အထင်သေးပုံ မရ။ သူ့ မေးခွန်းများက စိတ်မချမ်းမသာစရာ တုတ်ထိုး အိုးပေါက် ဖြစ်သည့်တိုင် မိတ်ဆွေ အချင်းချင်း စိတ်ဝင်စားမှုဖြင့် မေးသည့် သဘော ပါသည်။ ရက် ဘတ်တလာလို လူမျိုး ရှေ့တွင် အမှန်ကို ပြောနိုင်သည်။ အမှန်ကို ပြောရလျှင် ရင်ပေါ့သွားမည်။ သူ့ အကြောင်းနှင့် ပတ်သက်၍ အမှန်ကို မပြောခဲ့သည်မှာ ကြာပြီ။ ထိမ်ချန် ထားခဲ့သည်မှာ ကြာပြီ။ အမှန်ကို ပြောလျှင် သူ့ စိတ်ထဲ ရှိသည်ကို ဖွင့်ပြောလျှင် လူတွေက လန့်သွားကြသည်။ ရက် ဘတ်တလာကို ပြောပြရသည်က စိတ်သက်သာရာ ရသည်။ တင်းကျပ်သည့် ပွဲတက် ဖိနပ်ကို ဝတ်ကပြီးနောက် လွှာဖိနပ်ဟောင်းကို စီးလိုက်ရသည့်နှယ် သက်သက်သာသာ ရှိသည်။ ပေါ့ပေါ့ပါးပါး ရှိသည်။

119



`မြေခွန်တော်တွေ ဆောင်ဖို့ ပိုက်ဆံကော ရပြီလား၊ မြိုင်သာယာ တံခါးဝမှာ ဝံပုလွေ ရောက်နေပြီ လို့တော့

မပြောနှင့်နော်’

သူ့ လေသံက တစ်မျိုး ဖြစ်နေသည်။



စကားလက်က သူ့ မျက်လုံး နက်နက်များကို မော့ကြည့်လိုက်၏။ သူ့မျက်လုံးများကို ကြည့်၍ ပထမသော်

လန့်သွားသည်။ ထိုနောက် ရုတ်တရက် ပြုံးလိုက်သည်။ ချစ်စရာ ကောင်းသည့် အပြုံး ချိုချို။ ထို အပြုံး ချိုချိုကို မပြုံးမိသည်မှာ ကြာလှပြီ။ ရက် ဘတ်တလာ ဆိုသည့် လူက ခပ်ဆန်းဆန်း ခပ်ဆိုးဆိုး။ သို့ရာတွင် တစ်ခါ တစ်ရံ၌လည်း သူမတူအောင် ကောင်းသည်။ ရက် ဘတ်တလာ သူ့ထံ လာခြင်းမှာ သူ့ကို ပြောင်ဖို့ လှောင်ဖို့ မဟုတ်။ သူ လိုနေသည့် ပိုက်ဆံ ရ မရ လာ၍ စုံစမ်းဖို့ ဖြစ်ကြောင်း စကားလက် သဘောပေါက်လာသည်။ ရက် ဘတ်တလာသည် ထောင်မှ ထွက်လျှင် ချက်ချင်း သူ့ဆီသို့ ရေးကြီးသုတ်ပျာ ပေါက်လာသည်။ (သို့ရာတွင် ရေးကြီးသုတ်ပျာ ဖြစ်ဟန် လုံးဝ မပေါ်။) သူ လိုနေသည့် ပိုက်ဆံကို ချေးဖို့ ပေါက်လာခြင်း ဖြစ်သည်။ သို့ရာတွင် ဤရည်ရွယ်ချက်ဖြင့် လာသည်လောဟု သူ့ကို မေးလျှင် ရက် ဘတ်တလာ ဝန်ခံမည် မဟုတ်။ သူ့ကို သရော်မော်ကား ပြောဦးမည်။ စိတ် ကသိကအောက် ဖြစ်အောင် လုပ်ဦးမည်။ ရက် ဘတ်တလာ ဆိုသည့် လူသည် နားလည်ဖို့ ခက်သည့်လူ ဖြစ်သည်။ ရက် ဘတ်တလာသည် သူ့ကို တကယ် အရေး ပေးသလော။ ဂရုစိုက်သလော။ သူက ဝန်ခံမည် မဟုတ်သည့်တိုင် သူ့ကို အရေး ပေးနေသည် မဟုတ်လော။ သို့မဟုတ် အခြား ရည်ရွယ်ချက် တစ်ခုခု ရှိသေးသလော။ ကြည့်ရသည်ကမူ တခြား ရည်ရွယ်ချက် တစ်ခု ရှိလိမ့်မည် ထင်သည်။ သို့ရာတွင် သေချာပေါက် မပြောနိုင်။ တစ်ခါတစ်ရံတွင် ရက် ဘတ်တလာသည် ထူးထူးဆန်းဆန်း လုပ်တတ်သည်။

`ဟင့်အင်း၊ တံခါးဝမှာ ဝံပုလွေ မရှိတော့ပါဘူး၊ ပိုက်ဆံ ပိုက်ဆံ ရပါပြီ’



`ဒါပေမယ့် ကျုပ် ထင်ပါတယ်၊ ဒီပိုက်ဆံဟာ လွယ်လွယ်ကူကူ ရတာ မဟုတ်ပါဘူး၊ လက်မထပ်ခင်မှာ မင်းကိုယ်

မင်းရော လုံလုံခြုံခြုံ ထိန်းသိမ်းရဲ့လား’

ရက် ဘတ်တလာ ဝမ်းဗိုက်ထဲတွင် ပုဏ္ဏားကလေးများ ရှိလေသလော မသိ။ သူ ပြောသည့် စကားက သွေးထွက်အောင်

မှန်နေသည်။ ထို့ကြောင့် စကားလက် မပြုံးမိအောင် မနည်း ချုပ်တည်း ထားရ၏။ သို့တိုင်အောင် ပါးတွင် ပါးချိုင့်ကလေး ပေါ်အောင်တော့ ပြုံးမိသေးသည်။ ရက် ဘတ်တလာက ခြေနှစ်ချောင်းကို ဆန့်တန်းကာ ကုလားထိုင်တွင် ဇိမ်ကျကျ မှီထိုင်သည်။

`ကဲ မင်း ဆင်းရဲပုံလေးတွေကို ပြောပြစမ်းပါဦး၊ ဖရင့် ဆိုတဲ့ သတ္တဝါက မင်းကို မက်လုံး ပေးပြီး မထားဘူးလား၊ ဒုက္ခ

ရောက်နေတဲ့ မိန်းမ တစ်ယောက်ကို အခွင့်အရေး ယူတဲ့ ကောင်တော့ နာနာလေး ဆော်ပစ်ဖို့ ကောင်းတယ်၊ ကဲ ကလေးမ ကျုပ်ကို ပြောလေ၊ ပွင့်ပွင့် လင်းလင်း ပြောပါ၊ ကျုပ်ကို ထိမ်ချန်ထားဖို့ မကောင်းပါဘူး၊ မင်း အကြောင်း မကောင်းတာတွေ မှန်သမျှ ကျုပ် သိပြီးသားပါ’

`ရှင် ဘာတွေ လျှောက်ပြောနေတာလဲ၊ ရှင်ကကော ဘယ်လောက် ကောင်းလို့လဲ၊ ဖရင့်က စကားလက်ကို ဘာမှ

မဖြားယောင်းဘူး၊ ဖြားယောင်းစရာလည်း မလိုဘူး၊ ဒါပေမယ့်’ စကားလက် ရင်ထဲတွင် လိပ်ခဲတည်းလည်း ဖြစ်နေသည့် ပြဿနာကို ပြောချင်လာသည်။ ဖွင့်ပြောလိုက်ရလျှင် ရင်ထဲတွင် ပေါ့သွား လိမ့်မည် ထင်သည်။ `ဒါပေမယ့် စကားလက်

120

စိတ်ညစ် နေတာ တစ်ခု ရှိတယ်၊ ဖရင့်က အကြွေးတွေ လျှောက်ပေးထားတယ်၊ အကြွေး ပေးထားတာက လူပေါင်း ငါးဆယ်လောက် ရှိတယ်၊ တောင်းလည်း မတောင်းဘူး၊ သိပ်ပြီး အားနာတတ်တော့ ခက်နေတယ်၊ လူကြီး လူကောင်း အချင်းချင်း ကြွေးမတောင်းသင့်ဘူးတဲ့၊ ခုဆိုရင် တော်တော် ကြာနေပြီ၊ အကြွေးတွေ ဆုံးချင် ဆုံးမှာ၊ စကားလက် သိပ်စိတ်ညစ်တာပဲ’

`ဒါက အရေးမကြီးပါဘူး၊ မင်းတို့မှာ ကြွေးတွေ ပြန်မရတော့ကော စားစရာ မရှိတော့ဘူးလား’



`ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် စကားလက်မှာ နည်းနည်း ပိုက်ဆံ အသုံး လိုနေလို့’



သစ်ခွဲစက်ကလေး အကြောင်းကို တွေးမိသဖြင့် စကားလက် မျက်လုံးတွေ တောက်ပလာသည်။



`ဘာလုပ်ဖို့လဲ၊ အခွန်တော်တွေ မကျေလို့လား’



`ဒါကတော့ ရှင့်အလုပ် မဟုတ်ပါဘူး’



`ကျုပ် အလုပ်ပေါ့၊ မင်းပဲ စောစောက ကျုပ်ဆီကို ငွေချေးနေတယ် မဟုတ်လား၊ မင်းစကား အသွားအလာကို ကြည့်ရင်

သိတာပေါ့၊ မင်း တကယ် အသုံးလိုရင် ကျုပ် ချေးပါတယ်၊ ရမှာပေါ့၊ စောစောက မင်း ပေးမယ် ဆိုတဲ့ အာမခံ ပစ္စည်းလည်း ပေးဖို့ မလိုပါဘူး၊ အဲ မင်းက အတင်း ပေးရင်တော့လည်း ယူတန် ယူရမှာပေါ့လေ’

`ရှင်ဟာ တော်တော်ရိုင်း’



`ဒီလောက် မရိုင်းပါဘူးကွယ်၊ မင်း စိတ်ပူ နေမှာ စိုးလို့ ကြိုကြိုတင်တင် ပြောထားရတာပါ၊ အပေါင် ပစ္စည်းများ

ပေးရဦးမလားလို့ မင်း စိတ်ထဲမှာ တထင့်ထင့်နှင့် စိတ်ပူနေတယ် မဟုတ်လား၊ သိပ်တော့လည်း ပူမှာ မဟုတ်ပါဘူးလေ၊ နည်းနည်းလောက်ပဲ ပူမှာပါ၊ ကျုပ်ကလည်း ပိုက်ဆံ ချေးချင်ပါတယ်၊ ဒါပေမယ့် ဒီပိုက်ဆံကို ဘယ်လို သုံးမလဲ ဆိုတာတော့ ကျုပ် သိချင်တယ်၊ ကျုပ် သိခွင့် ရှိတယ်လို့လည်း ထင်တယ်၊ အဝတ်အစား ဝယ်ဖို့၊ ရထား ဝယ်ဖို့ ဆိုရင် ယူပါ၊ ရပါတယ်၊ ဒါပေမယ့် အက်ရှလေဖို့ ဘောင်းဘီသစ်တွေ ဘာတွေ ဝယ်ပေးဖို့ ဆိုရင်တော့ ဝမ်းနည်းပါတယ်၊ ကျုပ် မချေးနိုင်ဘူး’

စကားလက် ရုတ်တရက် ဒေါပွ သွားသည်။ စကား မပြောနိုင်ဘဲ တဆတ်ဆတ် တုန်နေသည်။



`ဒီမှာ အက်ရှလေဟာ စကားလက်ဆီက တစ်ပြားမှ မယူဘူး မှတ်ထား၊ သူ ငတ်နေဦး အငတ်သာ ခံမယ်၊ သူများ

ပေးတာကို ယူလိမ့်မယ် မထင်နှင့်၊ ရှင် သူ့ အကြောင်းကို နားမလည်ပါဘူး၊ အက်ရှလေ ဘယ်လောက် မာနကြီးတယ်၊ သူ့ ဂုဏ်သိက္ခာကို သူ ဘယ်လောက် ထိန်းသိမ်းတယ် ဆိုတာ ရှင် မသိဘူး၊ ဟုတ်တယ်၊ ရှင့်လို လူမျိုး တစ်ယောက်ဟာ အက်ရှလေလို လူမျိုးကို ဘယ်တော့မှ နားမလည်နိုင်ဘူး၊ ရှင်ဟာ’

`ကဲ၊ ဂုဏ်ထူး ဘွဲ့ထူးတွေ ပေးတာ ခဏ ထားပါဦးကွယ်၊ ဂုဏ်ထူး ဘွဲ့ထူးတွေ ပေးကြတမ်း ဆိုရင် မင်းသာ

ပေးတတ်တာ မဟုတ်ဘူး၊ ကျုပ်ကလည်း မင်းကို ပေးစရာတွေ အများကြီး ရှိတယ်၊ မင်း အကြောင်းကို ဒေါ်လေး ပစ်တီက တစ်ဆင့် ကျုပ် အကုန် သိနေပြီ ဆိုတာ မင်း မေ့သွားပြီ ထင်တယ်၊ နားထောင်မယ့် သူ ရှိရင် ဒေါ်လေး ပစ်တီက သူ သိသမျှ အကုန် ပြောတတ်တယ် ဆိုတာ မင်းလည်း သိသားပဲ၊ အက်ရှလေဟာ ကျောက်ကျွန်း အကျဉ်းစခန်းက လွတ်လာ ကတည်းက မြိုင်သာယာမှာ ရောက်နေတယ်၊ သူ့ မိန်းမလည်း အဲဒီမှာ အတူ ရှိနေတယ်၊ မင်း စိတ်ထဲမှာ ဒါကို ကြည့်ပြီး တအုံနွေးနွေး

121

ဖြစ်နေတယ်၊ ဒါတွေကို ကျုပ် အားလုံး သိပြီးသားပါ’

`အက်ရှလေက ရှင့်လို’



`ဟုတ်ပါတယ်’ ရက် ဘတ်တလာက သူ ပြောသည့် စကားကို ဂရု မစိုက်ဘဲ လက်ကို ဝှေ့ယမ်း ပြလိုက်သည်။

`အက်ရှလေက

စိတ်သဘောထား

ကြီးတယ်၊

ကျုပ်လို

လူ

တစ်ယောက်အဖို့

နားမလည်နိုင်ဘူး၊

ဒါပေမယ့်

ဝက်သစ်ချမြိုင်မှာတုန်းက မင်းတို့ နှစ်ယောက် တွေ့ကြတဲ့ ချစ်စရာ ရှုခင်းကလေးကို ကိုယ်တိုင် မြင်ခဲ့ရတယ် ဆိုတာရယ်၊ ကျုပ်ဟာ အဲဒီ ချစ်စရာ မြင်ကွင်းကလေးကို စိတ်ဝင်စားတဲ့ မျက်မြင် သက်သေ တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာရယ် ဒါတွေကိုတော့ မင်း မမေ့သင့်ဘူး ထင်တယ်၊ အက်ရှလေဟာ အဲဒီတုန်း ကလိုပဲ မင်း အပေါ်မှာ စိတ် မပြောင်းသေးဘူး ဆိုတာလည်း ကျုပ်သိနေတယ်၊ ဘယ်လို လုပ်ပြီး သိနေသလဲတော့ မမေးပါနှင့်၊ ကျုပ် ရင်ထဲမှာ ရှိတဲ့ တစ်စုံတစ်ရာက သိနေတာလို့ပဲ မှတ်ထားလိုက်ပါ၊ သူက စိတ် မပြောင်းသလို မင်းကလည်း စိတ်မပြောင်းဘူး မဟုတ်လား၊ ကျုပ် အမြင်မှာတော့ ဒီနေ့ အချိန်မှာလည်း အက်ရှလေဟာ ဒီလောက် ယောက်ျား မပီသသေးပါဘူး၊ ယောက်ျား ပီသတဲ့လူ ဆိုရင် မြိုင်သာယာမှာ ဘာဖြစ်လို့ ကပ်ရပ်နေမလဲ၊ သူ့သားမယားကို ခေါ်ပြီး တခြားမှာ ဘာဖြစ်လို့ လုပ်ကိုင် ရှာဖွေ မစားသလဲ၊ သူ့ကို ထောက်ပံ့ ကူညီဖို့ ဆိုရင်တော့ ကျုပ် တစ်ပြားမှ မချေးနိုင်ဘူး၊ အေးလေ ဒါဟာ ကျုပ် စိတ်ရူး ပေါက်တာ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့၊ ယောက်ျားတွေ အချင်းချင်းကြားမှာ မိန်းမ ထဘီနား ခိုစားတဲ့ လူမျိုးကို ခေါ်တဲ့ ဝေါဟာရ တစ်ခု ရှိတယ်၊ ပြောလို့တော့ မကောင်းဘူး’

`ရှင် ဘာစကား ပြောတာလဲ ဟင်၊ လူတစ်ဖက်သားကို ဘာဖြစ်လို့ ဒီလောက် ပြောရတာလဲ၊ အက်ရှလေဟာ

ရိုးရိုးသားသား လုပ်ကိုင် စားနေတာ၊ ဘယ်သူ့ကိုမှ မှီခို ကပ်ရပ် စားနေတာ မဟုတ်ဘူး၊ ယာကူလီ တစ်ယောက်လို ပင်ပင်ပန်းပန်း လုပ်စားနေတာ’

စကားလက် ဒေါသ ထွက်သည်။ ထင်းပေါက်နေသည့် သနားစရာ့ အက်ရှလေကို မြင်ယောင် လာ၏။



`အား ဒီလို ဆိုရင်တော့ ဒီလူဟာ ရွှေကိုယ်လေးနှင့် စက်ပြီး ယူရလောက်အောင် အဖိုးတန်ပေတာပေါ့၊ ဒီလိုဆို သူ့

လက်ကလေးတွေ သနားပါတယ်၊ နွားချေးတွေ ပေလို့၊ ပေါက်ပြဲလို့၊ ကျွတ် ကျွတ်’

`အက်ရှလေဟာ’



`ဟုတ်ပါတယ်၊ ကျုပ် သိပါတယ်၊ သူ တတ်နိုင်သမျှ လုပ်တယ်လို့ ဆိုချင်တာ မဟုတ်လား၊ ထားပါလေ၊ သူ

အတတ်နိုင်ဆုံး လုပ်တယ်လို့ပဲ ဆိုပါစို့၊ ဒီလို လုပ်ရင်လည်း အလကားပါပဲ၊ ဘာမှ အကျိုး မထူးပါဘူး၊ ဝီလ်ကီတို့ အမျိုးထဲက လူ တစ်ယောက်ကို ဘယ်တော့မှ ဒီလို ယာကူလီ တစ်ယောက် ဖြစ်အောင် လုပ်လို့ မရဘူး၊ တခြား ဘယ်နေရာမှာမှလည်း သုံးလို့ ရမှာ မဟုတ်ဘူး၊ ဝီလ်ကီမျိုးဟာ အပေါ်ယံ အလှ ထားဖို့သာ ကောင်းတဲ့ အမျိုးပဲ၊ ကဲ စိတ်ဆိုးတာလေး ခဏ ထားပါဦး၊ ယောက်ျား ပီသတဲ့ အက်ရှလေ အပေါ် လွန်တာ ရှိရင်လည်း ခွင့်လွှတ်ပါ၊ မင်းလို ခေါင်းမာတဲ့ ကလေးမ တစ်ယောက်ရဲ့ ခေါင်းထဲမှာ ဒီလို မဟုတ်က ဟုတ်က အတွေးတွေ ဝင်နေတာကတော့ တော်တော် ထူးဆန်းတယ်၊ ကဲ ပိုက်ဆံ ဘယ်လောက် လိုချင်သလဲ၊ ဘာလုပ်ဖို့လဲ’

122



စကားလက်က မဖြေ။ ရက် ဘတ်တလာက ထပ်မေးသည်။



`ပြောလေ၊ ဘာလုပ်ဖို့ လိုချင်တာလဲ၊ မင်း ဘယ်လောက် အထိ မှန်မှန် ပြောမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့၊

ကိစ္စ မရှိပါဘူး၊ မှန်မှန် ပြောရင်လည်း လိမ်ပြောသလို အကျိုး ထူးပါတယ်၊ မင်း လိမ်ပြောရင် ကျုပ်က သာတောင် သဘောကျသေးတယ်၊ ဒါမှ မင်းလိမ်တာကို အမိဖမ်းပြီး မင်း ရှက်ကိုးရှက်ကန်း ဖြစ်နေတာကို မြင်ရမှာ၊ ပျော်စရာကြီးပေါ့၊ ဒီမှာ ကလေးမ၊ မင်း တစ်ခုခုတော့ မြဲမြဲ မှတ်ထားပါ၊ မင်း ကျုပ်ကို ဘယ်လိုပဲ ပက်ပက်စက်စက် ပြောပြော ကျုပ် ခံနိုင်တယ်၊ ဒါပေမယ့် ကျုပ်ကို လိမ်မယ်တော့ မကြံနှင့်၊ မင်း ကျုပ်ကို မုန်းချင်လည်း မုန်းနိုင်တယ်၊ စိတ်ဆိုးချင်လည်း ဆိုးနိုင်တယ်၊ ပက်ပက်စက်စက် ခေါ်ချင်လည်း ခေါ်နိုင်တယ်၊ ရတယ်၊ ဒါပေမယ့် လိမ်ဖို့တော့ မကြိုးစားနှင့်၊ မရဘူး၊ ကဲ ပြောလေ ပိုက်ဆံက ဘာလုပ်ဖို့လဲ’

အက်ရှလေကို ပြောသွားလိုက်သည်မှာ ရစရာ မရှိတော့။ စကားလက် သူ့ မျက်နှာကို တံတွေးဖြင့် ထွေးကာ သူ

ချေးသည့် ပိုက်ဆံဖြင့် သူ့ မျက်နှာကို ပေါက်ပစ် လိုက်ချင်သည်။ စကားလက် ကိုယ့်ကိုယ်ကိုယ် မနည်း ချုပ်တည်း ထားရ၏။ မျက်နှာ ပျက်ပျက်ဖြင့် သူ့ ဒေါသတွေကို မျိုသိပ်ကာ ကြိုးစား၍ ဣနြေ္ဒ မပျက် ဟန်ဆောင်သည်။ 

ရက် ဘတ်တလာ ကုလားထိုင် နောက်သို့ မှီကာ ခြေထောက် နှစ်ဖက်ကို မီးဖိုဘက်သို့ ဆန့်လိုက်၏။



`ကျုပ်အဖို့ ကမ္ဘာမှာ ပျော်စရာ အကောင်းဆုံး ရယ်လို့ ရှိခဲ့ရင် အဲဒါ ဘာလဲ သိလား၊ မင်း ချီတုံချတုံ ဖြစ်ပြီး ဟိုဟာ

လုပ်ရ မလိုလို ဒီဟာ လုပ်ရ မလိုလို ဖြစ်နေတာကို ကြည့်ရတာလောက် ပျော်စရာ ကောင်းတာ ကမ္ဘာမှာ မရှိဘူး၊ အထူးသဖြင့် တစ်ဖက်က သိက္ခာလည်း အကျ မခံချင်ဘူး၊ တစ်ဖက်က ပိုက်ဆံ လိုချင်တယ် ဆိုတဲ့ အခါမျိုးမှာ မင်း ချီတုံချတုံ ဖြစ်နေပုံကို ကြည့်ရတာ သိပ်ပျော်စရာ ကောင်းတာပဲ၊ ရယ်လည်း ရယ်ရတယ်၊ တစ်ဖက်က ကျင့်ဝတ်တွေ ဘာတွေကို ထိန်းလည်း ထိန်းချင်တယ်၊ တစ်ဖက်ကလည်း လက်တွေ့ ကျကျတွေ ဖြေရှင်းရမယ့် ပြဿနာမျိုးတွေ ရှိနေတယ် ဆိုတဲ့ အခါမျိုး ဆိုပါတော့၊ တစ်ခုတော့ ရှိတယ်လေ၊ တကယ် လုပ်ကြပြီ ဆိုရင် မင်းက လက်တွေ့ ကျပါတယ်၊ မူတွေ ကျင့်ဝတ်တွေကို သိပ် ဂရုစိုက်တတ်တဲ့ မိန်းမမျိုး မဟုတ်ပါဘူး၊ ဒါပေမယ့် ကျုပ် မျှော်လင့်ချက်တော့ မကုန်သေးပါဘူး၊ မင်းဟာ တစ်နေ့မှာတော့ စိတ်ကောင်း ဝင်လာလိမ့်မယ်လို့ ထင်ပါတယ်၊ အဲ စိတ်ကောင်းဝင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတဲ့ တစ်နေ့ကျရင်တော့ ကျုပ် အထုပ်အပိုး ပြင်ပြီး ပြန်တော့မယ်၊ အတ္တလန်တာကို ဘယ်တော့မှ မလာတော့ဘူး၊ လောကမှာ စိတ်ကောင်းဝင်ပြီး မိန်းမကောင်း ဖြစ်သွားကြတဲ့ မိန်းမတွေ အများကြီး ရှိတာပဲ၊ အဲဒီ မိန်းမတွေ နောက်ကို ကျုပ် လိုက်တော့မယ်၊ ကဲ လိုရင်း ကိစ္စကို ပြန်ကောက်ကြရအောင်၊ မင်း ပိုက်ဆံ ဘယ်လောက် လိုချင်သလဲ၊ ဘာလုပ်ဖို့လဲ’

`ဘယ်လောက် လိုမယ်တော့ မပြောတတ်သေးဘူး’ စကားလက်က ဆောင့်အင့်အင့် ပြောသည်။ `စကားလက်

သစ်ခွဲစက်လေး တစ်လုံး ဝယ်ချင်တယ်၊ ဈေးပေါပေါနှင့် ရမယ် ထင်တာပဲ၊ ပြီးတော့ လှည်းနှစ်စီးနှင့် လားနှစ်ကောင်လောက်လည်း လိုချင်တယ်၊ လားကောင်းကောင်းပေါ့၊ ပြီးတော့ စကားလက် သုံးဖို့ ဘာဂီ တစ်စီးလောက်နှင့် မြင်းတစ်ကောင်လောက်လည်း လိုချင်တယ်’

`သစ်ခွဲစက် ဟုတ်လား’



`ဟုတ်တယ်၊ ရှင် ပိုက်ဆံ ချေးမယ် ဆိုရင်တော့ ရှင်လည်း သစ်ခွဲစက်ထဲမှာ တစ်ဝက် ထည့်ချင် ထည့်ပေါ့’

123



`သစ်ခွဲစက်က ကျုပ်အဖို့ ဘာလုပ်မှာလဲ’



`ပိုက်ဆံ ရှာဖို့ပေါ့၊ သစ်ခွဲစက် ထောင်ရင် ပိုက်ဆံ အများကြီး ရနိုင်တယ်၊ ရှင် မထည့်ချင်ရင်လည်း နေပေါ့၊

စကားလက်က ရှင့် ပိုက်ဆံကို အတိုးနှင့် ယူမှာပါ၊ အလကား မချေးပါဘူး၊ ဘယ်လောက် ပေးရမလဲသာ ပြောပါ’

`ငါးဆယ် ရာနှုန်းလောက် ဆိုရင်တော့ မဆိုးပါဘူး’



`ဘာ၊ ငါးဆယ်ရာနှုန်း ဟုတ်လား၊ ဒါ နောက်စရာ မဟုတ်ပါဘူး ဗိုလ်ကြီး ဘတ်တလာ၊ ကဲပါ ရယ်မနေပါနှင့်၊

စကားလက် အတည် ပြောနေတာ’

`မင်း အတည် ပြောနေလို့ ကျုပ် ရယ်နေတာပေါ့၊ မင်းဟာ မျက်နှာကလေး လှသလောက် ဉာဏ်တော်တော် များတယ်၊

ဒီပြင်လူတွေကတော့ မင်း ဉာဏ်များတာ သိကြမှာ မဟုတ်ဘူး’

`သိသိ မသိသိ ရှင် အရေး မကြီးပါဘူး၊ ကဲပါ စကားလက် ပြောတဲ့ အလုပ်မှာ ရှင် ပါမလား မပါဘူးလား၊ ဖရင့်က

ပြောတယ်၊ လူ တစ်ယောက်က သူ့ သစ်ခွဲစက် ကလေးကို ရောင်းချင်နေတယ်တဲ့၊ သစ်ခွဲစက်က မက်မုံပင် လမ်းမှာတဲ့၊ အရေးတကြီး အသုံး လိုနေလို့ သစ်ခွဲစက်ကို ဈေးပေါပေါနှင့် ရောင်းမယ်တဲ့၊ ခု ဒီအနား တစ်ဝိုက်မှာ သစ်ခွဲစက်ရယ်လို့ များများစားစား မရှိဘူး မဟုတ်လား၊ ခုချိန်မှာ လူတွေက အိမ်တွေ ဆောက်နေကြတယ်၊ ဒီတော့ သစ်ဈေး ကောင်းကောင်း ရတာပေါ့၊ သူက လခနှင့် ဝင်ပြီး ကြီးကြပ်ပေးမယ်တဲ့၊ ဖရင့်လည်း ဒီစက်ကို ဝယ်ချင်နေတာ၊ ခု ငွေမလွယ်ဘူး ဖြစ်နေတယ်၊ စောစောတုန်းကတော့ ငွေလေး စုပြီးသား ရှိတယ်၊ ဒါပေမယ့် စကားလက်တို့ မြေအတွက် မြေခွန်တွေ ပေးလိုက်ရလို့ မကျန်တော့ဘူး’

`အင်း ဖရင့် တစ်ယောက် သနားပါတယ်၊ မင်းဘာသာ မင်း ပိုက်ဆံ ရှာပြီး ဝယ်တယ် ဆိုရင် ဖရင့်က ဘာပြောမလဲ၊

ပြီးတော့ ကျုပ်ဆီက ပိုက်ဆံ ချေးတဲ့ အတွက် မင်း  ဂုဏ်သိက္ခာကို မထိခိုက်ပေဘူးလား၊ ထိခိုက်လာရင် ဘယ်လို ဖြေရှင်းမလဲ’

ဤအကြောင်းကို စကားလက် ယခင်က မတွေးမိ။ သစ်ခွဲစက်က ရမည့် ပိုက်ဆံလောက်ကိုသာ တွက်နေသည်။



`ဒါတော့ သူ့ကို စကားလက် ဘယ်ပြောပြမလဲ’



`သူက မသိဘဲ နေမတဲ့လား၊ ဒီပိုက်ဆံကို ချုံကြားက ကောက်ရတယ်လို့ ဘယ်ထင်မလဲ’



`အို ဒါက လွယ်ပါတယ်၊ စကားလက်ရဲ့ စိန်နားဆွဲလေးကို ရှင့်ဆီ ရောင်းလိုက်တယ်လို့ ပြောမှာပေါ့၊ ပြီးတော့ နားဆွဲကို

ရှင့်ဆီမှာပဲ အပ်ထားမယ်လေ၊ အပေါင်ခံ ပစ္စည်း ဆိုပါတော့’

`ကျုပ်က မင်းနားဆွဲကို မလိုချင်ပါဘူး’



`စကားလက်လည်း မလိုချင်ဘူး၊ ကြိုက်လည်း မကြိုက်ဘူး၊ စကားလက်ရဲ့ ပစ္စည်းလည်း မဟုတ်ဘူး’



`ဒါဖြင့် ဘယ်သူ့ဟာလဲ’

124



မြိုင်သာယာမှ ပူအိုက်သည့် နွေလယ် တစ်နေ့နှင့် ခန်းမဆောင်ထဲတွင် ခြေကားယား လက်ကားယား လဲနေသော

ယန်ကီ စစ်သား၏ အလောင်းကြီးကို စကားလက် မြင်ယောင်နေသည်။

`သေသွားတဲ့ လူ တစ်ယောက်ဆီက ရလိုက်တာပါ၊ ခုတော့ စကားလက် ပစ္စည်းပဲ ဆိုပါတော့လေ၊ ယူထားပါ၊

စကားလက်အဖို့ မလိုပါဘူး၊ ဒီနားဆွဲအစား ပိုက်ဆံ ရရင် တော်ပါပြီ’

`မင်း တော်တော်ကို ခက်နေပါလား’ ရက် ဘတ်တလာက စိတ်မရှည်သည့်ဟန် အော်သည်။ `ပိုက်ဆံ အပြင် တခြား

အကြောင်းကို မတွေးတတ် တော့ဘူးလား’

`ဟုတ်တယ်၊ မတွေးတတ်ဘူးလို့ပဲ ပြောချင်တယ်’ စကားလက်က မျက်လုံး စိမ်းစိမ်းများဖြင့် သူ့ကို ကြည့်နေသည်။

`စကားလက်ရဲ့ အခြေအနေမျိုး ရောက်နေရင် ရှင်လည်း ဒီလိုပဲ တွေးမှာပဲ၊ တကယ်ကတော့ လောကကြီးမှာ ပိုက်ဆံဟာ အရေး အကြီးဆုံး ဆိုတာ ခုမှ စကားလက် နားလည်တယ်၊ ဘုရားစူးရစေ၊ နောင်များတော့ ပိုက်ဆံ မရှိဘဲ မနေချင်တော့ဘူး’

ဝက်သစ်ချမြိုင် အစေခံ တန်းလျားတွင် လဲကျနေစဉ်က အဖြစ်အပျက်ကို သတိရသည်။ နေက ပူပူ။ မျက်နှာက မြေကြီး

နီနီတွင် အပ်လျက်။ အဆောက်အဦပျက် နောက်ဖေး အစေခံ တန်းလျားက ကပ္ပလီနံ့ တထောင်းထောင်း။ `နောက်ထပ် အငတ် မခံနိုင်တော့ဘူး၊ တော်ပြီ၊ နောက်ထပ် အငတ် မခံနိုင်တော့ဘူး’ ဟု စကားလက် စိတ်ထဲမှ ရွတ်နေသည်။

`တစ်နေ့ကျရင်တော့ စကားလက်လည်း ပိုက်ဆံ ချမ်းသာအောင် လုပ်မှာပါ၊ ကြည့်ပါ၊ ဒီတော့မှ ကိုယ်စားချင်တာ

စားမယ်၊ ခုလို နို့ဂျုံစေ့ပြုတ်နှင့် စားတော်ပဲကို ဘယ်တော့မှ မစားတော့ဘူး၊ အဝတ်အစား ဆိုရင်လည်း ကောင်းကောင်း ဝတ်ပြမယ်၊ အားလုံး ပိုးတွေ ဖဲတွေချည်းပဲ ဝတ်ပြမယ်’

`အားလုံးလား’



`အားလုံးပေါ့’ သူ ပြောင်လှောင်သည်ကိုပင် စကားလက် သတိမပြုမိ။ ခပ်သုတ်သုတ် ပြောချလိုက်သည်။ `ပိုက်ဆံ

ရှိအောင် လုပ်ရမယ်၊ ဒါမှ ယန်ကီတွေ မြိုင်သာယာကို စကားလက်တို့ လက်ထဲက လုမယူ နိုင်မှာ၊ မြိုင်သာယာကို အမိုး ပြင်မိုးရမယ်၊ စပါးကျီ အသစ်လည်း ဆောက်ရမယ်၊ ယာထွန်ဖို့ လား ကောင်းကောင်းတွေလည်း ဝယ်ရမယ်၊ ဝါများများ ထွက်အောင်လည်း လုပ်ရမယ်၊ စကားလက်ရဲ့သား ဝိတ်ကလေးကို မရှိဘူး ဆိုတဲ့ စကားကို မကြားဖူးအောင် လုပ်ရမယ်၊ အစစ အရာရာ ပြည့်စုံနေအောင် လုပ်ရမယ်၊ စကားလက်ရဲ့ တစ်ဆွေလုံး တစ်မျိုးလုံး ငတ်တယ် ပြတ်တယ် ဆိုတာ မရှိစေရဘူး၊ ဟုတ်တယ် စကားလက် တကယ် ပြောနေတာ၊ အေးလေ ဒါတွေကို ရှင်ကတော့ ဘယ် နားလည်နိုင်မလဲ၊ ရှင်က တစ်ကိုယ်ကောင်း ဆန်တဲ့လူ၊ ကော်ဇောအိတ်သမားတွေ ရောက်လာပြီး အိမ်က နှင်ချတာ မခံရဖူးသေးဘူး၊ အအေးဒဏ်ကို မခံရဖူးသေးဘူး၊ အစုတ်အပြတ်ကို မဝတ်ဖူးသေးဘူး၊ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း မလုပ်ဖူးသေးဘူး၊ ဒီတော့ ဒါတွေကို ရှင် ဘယ်နားလည်နိုင်မလဲ’

ရက် ဘတ်တလာက တိုးတိတ်စွာ ပြော၏။



`ကျုပ်လည်း ပြည်နယ်တပ်ထဲကို ရှစ်လ လိုက်ခဲ့ဖူးပါတယ်၊ စစ်တပ်ထဲလောက် ငတ်တဲ့ နေရာ ဘယ်မှာ ရှိပါ့မလဲ’

125



`ဘာ စစ်တပ်ထဲမှာ ငတ်တယ် ဟုတ်လား၊ ဒါဖြင့် ရှင် ဝါဆွတ်ဖူးလို့လား၊ ပြောင်းရိတ်ဖူးလို့လား၊ ဟုတ်တယ်၊

ရယ်မနေနှင့်၊ စကားလက် အတည် မေးနေတာ’

ရက် ဘတ်တလာက သူ့ လက်များကို အုပ်ကိုင်လိုက်၏။ ရက် ဘတ်တလာ အသံက ကျယ်လာသည်။



`ကျုပ် မင်းကို ရယ်တာ မဟုတ်ပါဘူး၊ မင်း အပေါ်ယံ သဏ္ဌာန်နှင့် မင်း စိတ်ထား တခြားစီ ဖြစ်နေပုံကို သဘောကျလို့

ရယ်တာပါ၊ ပြီးတော့ ဝက်သစ်ချမြိုင် ပျော်ပွဲစားမှာ မင်းကို ပထမဆုံး တွေ့တုန်းက ပုံကို အမှတ် ရနေတယ်၊ အဲဒီတုန်းက မင်းက အစိမ်းရောင် ဝတ်စုံကလေး ဝတ်ပြီး အစိမ်းရောင် ဖိနပ်ကလေး စီးလို့၊ မင်း အနားမှာ ယောက်ျားပျိုလေးတွေ ဝိုင်းဝိုင်းလည်လို့၊ မာနတစ်ခွဲသားနှင့်၊ ကျုပ် ထင်ပါတယ်၊ အဲဒီတုန်းက တစ်ကျပ်ကို ဘယ်နှစ်ပြား ရှိတယ် ဆိုတာတောင် မင်း သိမှာ မဟုတ်ဘူး၊ အဲဒီတုန်းက မင်း စိတ်ကူးထဲမှာ တစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ အက်ရှလေကို ထောင်ဖမ်းဖို့’

စကားလက် လက်ကို ဖျတ်ခနဲ ဆောင့်ရုန်းသည်။



`ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ အခင်အမင် မပျက်ချင်ရင် အက်ရှလေ အကြောင်းကို တစ်လုံးမှ မပြောပါနှင့်၊

သူ့ အကြောင်းကို တစ်လုံးမှ မပြောပါနှင့်၊ သူ့ အကြောင်းကို ထည့်မပြောတာ ကောင်းပါတယ်၊ သူ့ အကြောင်းကို ရှင် နားမလည်ပါဘူး’

`ဟုတ်ပါတယ်၊ မင်းကတော့ အက်ရှလေ အကြောင်းကို သိမှာပေါ့၊ သိမှာပေါ့’ ရက် ဘတ်တလာက ငေါ့သည်။

`ဒါပေမယ့် ကျုပ်ကတော့ ပြောရလိမ့်မယ်၊ မပြောလို့ မဖြစ်ဘူး၊ မင်းကို ပိုက်ဆံ ချေးမယ်ဆိုရင် အက်ရှလေ အကြောင်းကို ကျုပ် ကြိုက်သလို ပြောပိုင်ခွင့် ရှိတယ်လို့ ကျုပ် ထင်တယ်၊ ချေးထားတဲ့ ငွေပေါ်က အတိုး ရပိုင်ခွင့်ကို ကျုပ် စွန့်လွှတ်ခဲ့တယ်၊ ဒါပေမယ့် သူ့ အကြောင်း ပြောပိုင်ခွင့်ကိုတော့ ကျုပ် မစွန့်လွှတ်နိုင်ဘူး၊ ဒီသူငယ်နှင့် ပတ်သက်လို့ ကျုပ် သိချင်တာ တော်တော် များများ ရှိတယ်’

`သူ့ အကြောင်း ရှင်နှင့် ဆွေးနွေးစရာ ဘာမှ မရှိဘူး’



စကားလက်က ခပ်ပြတ်ပြတ် ပြော၏။



`ဟင့်အင်း၊ မင်းမှာ ဆွေးနွေးစရာတွေ ရှိတယ်၊ ဒီမှာနော် စကားလက်၊ ကျုပ် ပိုက်ဆံအိတ်ကို ဖွင့်မလို့ ကြိုးကို

ကိုင်ထားပြီးပြီ၊ ဖွင့်ရမလား ပိတ်ရမလား ဆိုတာ မင်း အပေါ်မှာ တည်တယ်၊ စိတ်မရှိပါနှင့်၊ မင်း ပိုက်ဆံ ရှိလာတဲ့ တစ်နေ့ကျရင်လည်း သူများ အပေါ်မှာ မင်း ဒီလိုပဲ လုပ်နိုင်လာမှာပါ၊ မင်းကို ကြည့်ရတာ သူ့ကို အခုထိ တော်တော် ဂရုစိုက်နေပုံရတယ်၊ မဟုတ်ဘူးလား’

`မစိုက်ပါဘူး’



`မစိုက်ရင် မင်း သူ့ကို ဘာကြောင့် ကာကွယ် ပြောနေရတာလဲ၊ မင်းမှာ’



`အိုး၊ ဒါကတော့ စကားလက်ရဲ့ မိတ်ဆွေကိုး၊ စကားလက်ရဲ့ မိတ်ဆွေတွေကို လှောင်ရင် ဒီအတိုင်း နားထောင်

မနေနိုင်ဘူး၊ ကာကွယ်ရမှာပဲ’

126



`ကဲပါလေ၊ ဒါဖြင့်လည်း ထားပါတော့၊ သူကော မင်းကို ခုထိ ဂရုစိုက်သေးသလား၊ ဒါမှမဟုတ် ကျောက်ကျွန်း

အကျဉ်းစခန်းထဲမှာ နေရင်း မင်း အပေါ် သံယောဇဉ် ကုန်သွားပြီလား၊ ဒါမှမဟုတ် သူ့ မိန်းမဟာ တကယ် အဖိုးတန်တဲ့ မိန်းမကောင်း တစ်ယောက် ဖြစ်တယ် ဆိုတာ သူ နားလည်လာပြီလား’

မီလာနီ အကြောင်းကို ကြားလိုက်ရသဖြင့် စကားလက် အသက်ရှူ ကျပ်သွားသည်။ အက်ရှလေနှင့် မီလာနီသည်

အရှက်နှင့် ဂုဏ်သိက္ခာကြောင့် ပေါင်းနေကြခြင်း ဖြစ်သည်ဟု ပြောလိုက်ချင်သည်။ အက်ရှလေ တကယ် ချစ်သည်က သူ့ကိုဟု ပြောချလိုက်ချင်သည်။

`သြ၊ ဒါဖြင့် သူ မီလာနီကို ခုထိ မြတ်နိုးရ ကောင်းမှန်း တန်ဖိုး ထားရကောင်းမှန်း မသိသေးဘူးပေါ့၊ အကျဉ်းစခန်းမှာ

ဒီလောက် ဆင်းဆင်းရဲရဲ နေခဲ့ ရတာတောင် မင်း အပေါ်မှာ ရူးမူးတုန်းပေါ့’

`ဒီအကြောင်းတွေကို ပြောစရာ မလိုပါဘူး၊ ရှင်နှင့် ဘာဆိုင်တာ မှတ်လို့’



`မဟုတ်ဘူးလေ၊ ကျုပ်က ပြောချင်နေတယ်’ ရက် ဘတ်တလာက ပြော၏။ သူ့အသံက ခပ်တိုးတိုး ဖြစ်သွားရသည်ကို

စကားလက် နားမလည်။ ကြားလည်း မကြားချင်။ `မင်း မပြောချင်ပေမယ့် ကျုပ် ပြောရလိမ့်မယ်၊ ဒီတော့ ကျုပ် မေးတာကို ဖြေပါ၊ အက်ရှလေဟာ မင်းကို ချစ်တုန်းပဲလား’

`ချစ်တုန်း ဆိုရင်ကော ရှင်နဲ့ ဘာဆိုင်သလဲ’ စကားလက်က အော်သည်။ `သူ့ အကြောင်းကို ရှင်နှင့် မဆွေးနွေးချင်ဘူး၊

သူ့ကို ရှင် နားမလည်ဘူး၊ သူ့ အချစ်မျိုးကိုလည်း ရှင် နားမလည်ဘူး၊ ရှင် နားလည်တဲ့ အချစ်မျိုးက. . . ရှင် နားလည်တဲ့ အချစ်မျိုးက ဝက်တလင်းလို မိန်းမပေါ်မှာ ထားတဲ့ အချစ်မျိုး’

`သြော် ဒီလိုလား’ ရက် ဘတ်တလာက ခပ်တိုးတိုး ပြောသည်။ `ဒီလိုဆို ကျုပ်ဟာ သွေးသား တောင့်တမှုကို

ဖြေဖျောက်ဖို့ပဲ နားလည်တယ် ဆိုတဲ့ သဘောပေါ့’

`ရှင် ဒီလောက်တော့လည်း စဉ်းစားတတ်သားပဲ’



`ဟုတ်ပြီ ဟုတ်ပြီ၊ သူ့ အကြောင်းကို ကျုပ်နှင့် ဘာကြောင့် မပြောချင်သလဲ ဆိုတာ ကျုပ် သဘောပေါက်ပြီ၊ ကျုပ်က

ညွန်ဗွက်ထဲက လူ၊ ညစ်ညမ်း ပေကျံနေတဲ့လူ၊ သူ့ရဲ့ ဖြူစင် သန့်ရှင်းတဲ့ အချစ် အကြောင်းကို ဒီလို လူတစ်ယောက်နှင့် မပြောသင့်ဘူး၊ သနတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့’

`ဟုတ်တယ်၊ ဒီသဘောပဲ’



`ကျုပ်က အဲဒီ သန့်ရှင်း ဖြူစင်တဲ့ အချစ် ဆိုတာမျိုးကို စိတ်ဝင်စားလို့ပါ’



`ရာရာစစ ရှင်၊ ရှင်နှင့် ဘာဆိုင်လို့လဲ၊ စကားလက်တို့ နှစ်ယောက် ကြားမှာ မဟုတ်တရုတ် လွန်လွန်ကျူးကျူး

ဖြစ်တယ်လို့ ရှင် ထင်တယ် ဆိုရင်’

`အို အို မဟုတ်ပါဘူး၊ ဒီလို အတွေးမျိုး ကျုပ် ခေါင်းထဲ တစ်ခါမှ မဝင်ဖူးပါဘူး၊ တကယ်ပါ၊ ဒါကြောင့်မို့ ကျုပ်

127

စိတ်ဝင်စားနေတာပေါ့၊ မင်းတို့ နှစ်ယောက်ကြားမှာ ဘာဖြစ်လို့ တစ်ခုခု မဖြစ်ခဲ့ရသလဲ မသိဘူး’

`အက်ရှလေက ရှင့်လို လူမျိုးမှ မဟုတ်’



`သြော် ဒီလိုလား၊ အက်ရှလေက ကျုပ်လို လူမျိုး မဟုတ်ဘူး ဆိုတော့ မင်းတို့ နှစ်ယောက် ကြားမှာ သန့်သန့်ရှင်းရှင်း

ဖြစ်အောင် အက်ရှလေက ထိန်းသိမ်းခဲ့တယ်ပေါ့၊ မင်းကတော့ မထိန်းသိမ်းဘူးပေါ့၊ ကလေးမရယ်၊ ဒီလောက်တောင်လည်း အလွယ်တကူ ဝန်မခံပါနှင့်’

စကားလက် ဒေါသ ထွက်ထွက်ဖြင့် သူ့ မျက်နှာကို စိုက်ကြည့်သည်။ သူ့ မျက်နှာက ခပ်တည်တည်။ အကဲခတ်၍

မရ။

`တော်ပြီ၊ ဒီအကြောင်းလည်း နောက်ထပ် မပြောနှင့်တော့၊ ရှင့် ပိုက်ဆံလည်း မလိုချင်တော့ဘူး၊ ရှင် ထွက်သွားပါ၊ ခု

ထွက်သွားပါ’

`မဟုတ်ပါဘူး၊ ပိုက်ဆံ ကိစ္စက ပြီးနေပြီပဲ၊ မင်းမှာ ပိုက်ဆံ လိုတယ်၊ ဒီလောက် အထိ ပြောလာပြီးမှ ဘယ်လို

ဖြစ်သွားရပြန်တာလဲ၊ မင်းနှင့် အက်ရှလေ ကြားမှာ ဘာမှ လွန်လွန်ကျူးကျူး မဖြစ်ခဲ့ကြဘူး မဟုတ်လား၊ ဒီတော့ မင်းတို့ နှစ်ယောက်ရဲ့ အချစ်ဟာ ဘယ်လောက် မွန်မြတ်သလဲ၊ ဘယ်လောက် သန့်ရှင်းသလဲ၊ ဒီလို မွန်မြတ် သန့်ရှင်းတဲ့ အကြောင်းကို ပြောလို့ ဘာမှ အန္တရာယ် မဖြစ်ပါဘူး၊ ဘယ်သူ့မှလည်း မထိခိုက်ပါဘူး၊ မင်းက စိတ် သဘောကလည်း လှ၊ ဝိညာဉ်ကလည်း သန့်ရှင်း၊ အကျင့် သိက္ခာကလည်း မြင့်မြတ်တော့ အက်ရှလေက ချစ်ရှာပေမပေါ့’

သူ့

စကားများကြောင့်

စကားလက်

တွန့်သွားသည်။

မှန်သည်။

ဤအရည်အချင်းများကြောင့်

အက်ရှလေ

သူ့ကို ချစ်ခဲ့ခြင်း ဖြစ်သည်။ ဤအသိကလေးကြောင့် စကားလက် ဤမျှ ခံသာနေခြင်း ဖြစ်သည်။ အက်ရှလေသည် သူ့ ဂုဏ်သိက္ခာကို ထိန်းကာ သူ့ အပေါ်တွင် စည်းစောင့်ခဲ့သည်။ စကားလက်၏ အရည်အချင်းများကို အဝေးမှ ချစ်ခဲ့သည်။ ထိုအရည်အချင်းများကို သူ တစ်ယောက်သာ မြင်ခဲ့သည်။

သို့ရာတွင် ရက် ဘတ်တလာ ပြောလိုက်သည့် အခါတွင်မူ စကားလက်၏ ကောင်းသည့် အရည်အချင်း တွေပင်လျှင်

မကောင်းတော့သယောင် ဖြစ်သွားသည်။ အထူးသဖြင့် သရော်သလိုလို တမင် နူးညံ့ သိမ်မွေ့ဟန် ဆောင်၍ ပြောလိုက်သည့် အခါတွင် စကားလက်၏ ကောင်းသည့် အရည်အချင်းကလေးများပင် ပျက်စီး သွားသည်။

`မင်းတို့ နှစ်ယောက်ရဲ့ အချစ်ကို ကြည့်ပြီးတော့ ကျုပ်တောင် လူပျိုပေါက်ကလေးလို စိတ်ကူးယဉ်ချင် သလိုလို

ဖြစ်လာတယ်၊ ဒီလောက် ပျက်စီးနေတဲ့ လောကကြီးမှာ ဒီလို ဖြူစင် မွန်မြတ် သန့်ရှင်းတဲ့ အချစ်ဟာ ရှိသေးရဲ့လားလို့ သိချင်လာတယ်’ ရက် ဘတ်တလာက ဆက်ပြော၏။ `ဒါဖြင့် အက်ရှလေက မင်းကို ချစ်ပေမယ့် သူ့ အချစ်ဟာ မင်း ခန္ဓာကိုယ်ကို တပ်မက်တဲ့ အချစ်မျိုး မဟုတ်ဘူး ဆိုပါတော့၊ မင်းက ရုပ်လည်း မချောဘူး၊ အသားမည်းမည်း သွားခေါခေါနှင့် ဆိုရင်လည်း ဒီအတိုင်းပဲ ချစ်နေမယ် ဆိုတဲ့ သဘောပေါ့ ဟုတ်လား၊ မင်း မျက်လုံး စိမ်းစိမ်း လှလှကလေးတွေ မရှိဘူး ဆိုရင်ကော၊ အက်ရှလေက ချစ်မယ်ပေါ့၊ မင်း တင်ပါးတွေ ယမ်းပုံ၊ မင်း ခါးတွေ နွဲ့ပုံက အသက် ကိုးဆယ်အောက် ယောက်ျား မှန်သမျှကို မြှူနေသလိုပဲ၊ ဒီလို တင်ပါး ယမ်းပုံတွေ၊ ခါး နွဲ့ပုံတွေ မရှိရင်ကော အက်ရှလေက မင်းကို ချစ်မှာပဲပေါ့၊ ပြီးတော့

128

မင်း နှုတ်ခမ်းတွေ၊ အေးလေ ကျုပ် သိပ် မပြောတော့ပါဘူး၊ ပြောရင် ကျုပ် ဇာတိတွေ ပေါ်နေလိမ့်မယ်၊ ဒီတော့ အက်ရှလေဟာ မင်းရဲ့ ခန္ဓာကိုယ် အလှတွေကို မမြင်ဘူးပေါ့၊ မြင်တယ် ဆိုရင်လည်း ဒါတွေကို သူ ဂရုမစိုက်ဘူး အရေးမထားဘူး ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ မဟုတ်ဘူးလား’

သူနှင့် အက်ရှလေတို့ သစ်သီး ခြံထဲတွင် ရပ်၍ စကား ပြောကြပုံကို စကားလက် ရုတ်တရက် အမှတ်ရသည်။ ထိုစဉ်က

သူ့ ပခုံးကို ကိုင်ထားသည့် အက်ရှလေ၏ လက်များသည် တုန်နေကြ၏။ သူ့ နှုတ်ခမ်းကို နမ်းနေသည့် အက်ရှလေ၏ နှုတ်ခမ်းများသည် တရှိန်ရှိန် ပူနေကြသည်။ ဤသည်ကို တွေးမိကာ စကားလက် မျက်နှာ နီရဲသွား၏။ ဤအချက်ကို ရက် ဘတ်တလာ မြင်လိုက်သည်။

`ဟုတ်ပြီ ကျုပ် နားလည်ပြီ’ ရက် ဘတ်တလာ၏ အသံတွင် စောင်းမြောင်းသံ ပါနေသည်။ `အက်ရှလေက မင်း

စိတ်တစ်ခုတည်းကိုသာ ချစ်ရှာတာကိုး’

သူ ပြောပုံက စကားလက် အမွန်အမြတ် ထားသည့် အရာကို ယုတ်ညံ့စေသည်။ ညစ်ညမ်းစေသည်။ သန့်ရှင်း

လှပသည့် အရာဝတ္ထု တစ်ခုကို ညစ်ပတ်သည့် လက်များဖြင့် ပွတ်ပစ်လိုက်သည့်နှယ် ပျက်စီးသွားစေသည်။ စကားလက်၏ နောက်ဆုံး သိက္ခာ တံတိုင်းကြီးကို စိမ်ပြေနပြေ ဖြိုချနေသည်။ သူ လိုချင်သည့် စကားကို မရအရ အစ်အောက် မေးနေသည်။ 

သို့ရာတွင် ရုန့်ရင်းသည့် စကားလုံးများသည် ပါးစပ်ထဲမှာပင် ပျောက်သွားကြ၏။ ပိုက်ဆံ ချေးမည် ဆိုသည့်

သူ့ ကမ်းလှမ်းချက်ကို လှောင်ပြောင်ပစ်လိုက် ချင်သည်။ သူ့ကို ကုန်တိုက်ထဲမှ နှင်ထုတ်လိုက်ချင်သည်။ သို့ရာတွင် စကားလက် ဤသို့ မလုပ်နိုင်။ တကယ် ချမ်းသာ၍ တကယ် ဖူလုံသူများသာလျှင် ဤသို့ လုပ်၍ အရသာ ယူနိုင်လိမ့်မည်။ သူ ဆင်းရဲနေသမျှ၊ သူ့တွင် ဖူလုံခြင်း မရှိသေးသမျှ ဤအဖြစ်မျိုးကို အောင့်အည်း သည်းခံ ရလိမ့်မည်။ သူ ချမ်းသာလျှင်မူ (ဤသို့ တွေးရသည်ကပင် အရသာ ရှိနေပြီ။) သူ မကြိုက်သည်ကို အောင့်အည် သည်းခံလိမ့်မည် မဟုတ်။ သူ မလုပ်ချင်သည့် အရာကို လုပ်မည် မဟုတ်။ သူ မနှစ်သက်သူကို အဖက်လုပ်၍ စကား ပြောမည် မဟုတ်။

သူ မနှစ်လိုသူ အားလုံးကို မောင်းထုတ်ပစ်လိုက်မည်။ ထိုအထဲတွင် ရက် ဘတ်တလာက ပထမဆုံး။



ဤသို့ တွေးမိလိုက်သည်နှင့် စကားလက်၏ မျက်လုံး စိမ်းစိမ်းများသည် တောက်ပလာကြကာ နှုတ်ခမ်းက ပြုံးယောင်

သန်းလာ၏။

ရက် ဘတ်တလာကလည်း ပြုံးလိုက်သည်။



`မင်းဟာ တော်တော် လှတဲ့ မိန်းကလေး တစ်ယောက်ပဲ စကားလက်’ ရက် ဘတ်တလာက ပြော၏။ `အထူးသဖြင့်

မကောင်းမှု တစ်ခုခုကို ကြံစည်နေပြီ ဆိုရင် ပိုလှပြီး ပိုချစ်စရာ ကောင်းလာတယ်၊ မင်း ပါးချိုင့် ကလေးတွေကို မြင်ရတာကိုက တော်တော် အဖိုးတန် နေပြီ၊ မင်း ပါးချိုင့်ကလေး အတွက် မင်း ဘာလိုချင်သလဲ၊ လားဘယ်နှစ်ကောင် လိုချင်သလဲ ပြော၊ ကျုပ် ဝယ်ပေးမယ်’

ကုန်တိုက်

ရှေ့ခန်းတံခါး

ပွင့်လာကာ

ဆိုင်ထိုင်

သူငယ်ကလေး

ဝင်လာသည်။

ငုံးတောင်

တစ်တောင်ဖြင့်

သွားကြားထိုးလာ၏။ စကားလက် ထိုင်ရာမှ ထကာ ရှောစောင်ကလေးကို ခြုံလိုက်သည်။ ဦးထုပ် မေးသိုင်းကြိုးကို

129

မေးအောက်တွင် ခိုင်ခိုင် ချည်သည်။ သူ့ စိတ်ကို သူ ဆုံးဖြတ်ပြီးပြီ။

`ဒီနေ့ညနေ အားသလား၊ စကားလက်နှင့် ခဏ လိုက်နိုင်မလား’



`ဘယ်ကိုလဲ’



`သစ်ခွဲစက်ကလေးကို ပြချင်လို့ပါ၊ ဒီနေ့ညနေ မြို့ပြင် ထွက်ပြီး ဘာဂီ စီးမယ်လို့ ဖရင့်ကို ပြောပြီးသားပါ’



`မိုးတွေ ဒီလောက် ရွာနေတာ သွားဦးမလို့လား’



`ဟုတ်တယ်၊ သစ်ခွဲစက်ကလေးကို စကားလက် ခုချက်ချင်း သွားဝယ်ချင်တယ်၊ ခဏ ကြာရင် ရှင်က စိတ်ပြောင်းချင်

ပြောင်းသွားမှာ’

ရက် ဘတ်တလာက ခပ်ကျယ်ကျယ် ရယ်လိုက်သဖြင့် အရောင်းခုံတွင် ထိုင်နေသည့် သူငယ်လေးက အလန့်တကြားဖြင့်

သူ့ကို လှမ်းကြည့်နေသည်။

`မင်းမှာ ကာမပိုင် လင်ယောက်ျား ရှိတယ် ဆိုတာ မေ့သွားပြီ ထင်တယ်၊ ရက် ဘတ်တလာ ဆိုတဲ့ လူဆိုး လူရမ်း

တစ်ယောက်နှင့် မြို့ပြင် ထွက်သွားတာကို အရပ်က ဘယ်လို ပြောမလဲ၊ ကျုပ်က သိပ်နာမည် ကောင်းတာ မဟုတ်ဘူးနော်၊ မင်း ဂုဏ်သိက္ခာကို မငဲ့တော့ဘူးလား’

`တော်စမ်းပါ၊ ဘာဂုဏ်သိက္ခာလဲ၊ ဒီသစ်ခွဲစက် ကလေးကို ဝယ်ဖြစ်အောင် ဝယ်ရမယ်၊ တော်တော်ကြာ ရှင်က

စိတ်ပြောင်းချင် ပြောင်းသွားမှာ၊ ဖရင့်ကလည်း ဖျက်ချင် ဖျက်ဦးမယ်၊ ကဲ သွားမယ် ဗိုလ်ကြီး ဘတ်တလာ၊ ဒီလောက် မိုးရွာတာက ကိစ္စ မရှိပါဘူး၊ မြန်မြန် မြန်မြန်’

ဤသစ်ခွဲစက်က ဂြိုဟ်မွှေလွန်းသည်။ ဤသစ်ခွဲစက် အကြောင်းကို တွေးမိတိုင်း ဖရင့် ညည်းမိသည်။ စကားလက်ကို

သစ်ခွဲစက် အကြောင်း ပြောမိသည့် အတွက် သူ့ကိုယ်သူ ကျိန်ဆဲသည်။ သူ့ နားဆွဲကို ရောင်း၍ (သူ ရောင်းသူကလည်း ရက် ဘတ်တလာ) သစ်ခွဲစက်ကို ဝယ်သည်။ ယောက်ျား လုပ်သူကိုပင် မတိုင်ပင်။ စကားလက် လုပ်ပုံက နည်းနည်းမျှ မကောင်း။ ထိုမျှမက သစ်ခွဲစက်ကို ဦးစီးရန် သူ့ကိုလည်း မအပ်။ ဤသည်ကမူ တော်တော့်ကို လွန်နေပြီ။ သူ့ကို မယုံ၍လော။ သူ ဦးစီးပုံကို စိတ်မချ၍လော။

မိန်းမ ဆိုသည်မှာ ဘာမျှ အမြော်အမြင် မရှိ။ ယောက်ျားက ဦးဆောင် လမ်းပြ လုပ်ရမည်။ သူ့ ထင်မြင်ချက်ဖြင့် သူ ဘာမျှ

မလုပ်သင့်။ လင်ယောက်ျား၏ ထင်မြင်ချက်ကို ခြွင်းချက်မရှိ လက်ခံသင့်သည်။ လူများက ယူဆသကဲ့သို့ ဖရင့်လည်း ဤသို့ ယူဆသည်။ ယောက်ျားသည် မိန်းမကို လမ်းညွှန်ရမည်။ မိန်းမ ဆိုသည့် သတ္တဝါသည် တော်တော် စိတ်ပျက်ဖို့ ကောင်းသည်။ သူတို့ အလို ဆန္ဒကလေးတွေကိုချည်း လိုက်နေရသည်။ ဖရင့်က စိတ်ပျော့သည်။ အားနာတတ်သည်။ မယားက ပူဆာလျှင် မည်သည့် အခါမျှ မနေသာ။ ဘာမဟုတ်သည့် ကိစ္စကလေးတွင်ပင် မိန်းမ ပူဆာလျှင် အတတ်နိုင်ဆုံး လိုက်လျောသည်။ ဤမျှ ပူဆာရသလော။ ဤမျှ အသုံးအဖြုန်း ကြီးရသလော ဟု ကရုဏာ ဒေါသဖြင့် ဆူပူရုံလောက်သာ လုပ်တတ်သည်။ ယခုမူ စကားလက် စိတ်ကူးပုံ၊ စကားလက် စဉ်းစားပုံက နည်းနည်းမျှ နားလည်နိုင်စရာ မရှိ။

130



ဥပမာ သစ်ခွဲစက် ကိစ္စ။ စကားလက်က သစ်ခွဲစက်ကို သူ ကိုယ်တိုင် ဦးစီးမည်ဟု အပြုံးချိုချိုဖြင့် ပြောသည့် အခါတွင်

ဖရင့် အကြီးအကျယ် တုန်လှုပ် ချောက်ချားသွားသည်။ `သစ်လုပ်ငန်းကို စကားလက် ကိုယ်တိုင် လုပ်ကြည့်ဦးမယ်နော် အစ်ကိုကြီး’ ဟု စကားလက်က ဆိုသည်။ ဤအချိန်က တုန်လှုပ် ချောက်ချားသွားပုံကို ဖရင့် မည်သည့် အခါမျှ မေ့မည် မဟုတ်။ သူ ကိုယ်တိုင် ဦးစီးမည် ဆိုပါတကား။ မကြံကောင်း မစည်ကောင်း။ အတ္တလန်တာတွင် မည်သည့် မိန်းမမျှ အရောင်းအဝယ် လုပ်ငန်းကို ဦးစီး လုပ်ကိုင်ခြင်း မပြုကြ။ အတ္တလန်တာတွင် သာမက အရောင်းအဝယ် အလုပ်ကို မိန်းမက ဦးစီးသည်ဟု မည်သည့် နေရာတွင်မျှ ဖရင့် မကြားဖူးသေး။ ယခုလို ခေတ်ကျပ်ကြီးတွင် ရှားပါး ကျပ်တည်း၍ ဝင်လုပ်ကြသည့်တိုင် မစ္စက် မယ်ရီဝယ်သာတို့လို မုန့်ဖုတ်ခြင်းမျိုး၊ မစ္စက် အယ်လဆင်းတို့ ဖန်နီတို့လို ကြွေပန်းကန် ဆေးရေးခြင်းမျိုး၊ စက်ချုပ်ခြင်းမျိုး၊ ထမင်းလခ ယူ၍ ထမင်းကျွေးခြင်းမျိုး၊ ဒေါ်ဒေါ်မိတို့လို ကလေးတွေ စာသင် ပေးခြင်းမျိုး၊ မစ္စက် ဆွန်နယ်လို ဂီတ သင်ခန်းစာ သင်ပေးခြင်းမျိုး စသည့် မိန်းမပီပီ ဣနြေ္ဒရသည့် အလုပ်မျိုးလောက်ကိုသာ လုပ်ကြသည်။ သူတို့ ပိုက်ဆံ ရှာသည်က ဣနြေ္ဒ မပျက်။ အိမ်တွင် နေရင်း ထိုင်ရင်း ရှာခြင်းမျိုး ဖြစ်သည်။ သို့ရာတွင် အိုးပစ် အိမ်ပစ်ဖြင့် ယောက်ျားတွေ ကြားထဲတွင် ဒိုးတူ ပေါင်ဖက် လုပ်ရခြင်း၊ ယောက်ျားများနှင့် ပြိုင်၍ အရောင်းအဝယ် လုပ်ခြင်း၊ အစော်ကားခံ အထင်သေး ခံ၍ လုပ်ခြင်းမျိုးကိုကား နည်းနည်းမျှ မလုပ်သင့်။ အထူးသဖြင့် အိမ်တွင် ထိုင်ကာ လင့်လုပ်စာကို အေးအေးဆေးဆေး ထိုင်စား နေနိုင်ပါလျက် ယခုလို လုပ်ခြင်းမျိုးကား ဆိုဖွယ် မရှိတော့။

စပြောစဉ်ကမူ စကားလက်က သူ့ကို တမင် နောက်နေခြင်း ဖြစ်သည်ဟု ထင်သည်။ သူ မကြိုက်၍ တမင် စနေခြင်း

ဖြစ်သည်ဟု ဖရင့် တွေးသည်။ သို့ရာတွင် စကားလက် တကယ် လုပ်လာသည်။ သူ ကိုယ်တိုင် သစ်ခွဲစက်ကို ဦးစီးသည်။ သူ မနိုးခင် မနက် အစောကြီး ထကာ မက်မုံပင် လမ်းသို့ ထွက်သွားတတ်သည်။ ညနေ ကုန်တိုက် ပိတ်၍ အိမ်ပြန်လာသည် အထိ စကားလက် ပြန်မလာသေး။ သစ်ခွဲစက်က နည်းသည့် ခရီး မဟုတ်။ ဦးလေး ပီတာက စိတ်မချ ဆိုကာ လိုက်သွားရသည်။ မြို့စွန် တောစပ်တွင် ကပ္ပလီများ၊ ယန်ကီ တောကြောင်များက သောင်းကျန်းတတ်သည်။ ဖရင့်က သူ့ကို လိုက်မပို့နိုင်။ သူ့တွင် သူ့ ကုန်တိုက် အလုပ်နှင့်ပင် အားသည်ဟူ၍ မရှိ။ ဖရင့်က ကန့်ကွက်သည့် အခါတွင် စကားလက်က `ဖြစ်မလား အစ်ကိုကြီးရဲ့၊ ဂျွန်ဆင် တစ်ယောက်တည်း လွှဲထားပြီး ကိုယ်တိုင် သွားကြည့် မနေရင် စကားလက်ရဲ့ သစ်တွေ ခိုးပြီး ရောင်းပစ်မှာပေါ့၊ စိတ်ချရတဲ့ လူတစ်ယောက် ရှာလို့ ရရင်တော့ စကားလက် သွားကြည့်စရာ မလိုတော့ပါဘူး၊ မြို့က သစ်ဆိုင်လောက် သွားကြည့်ရုံလောက်ပါ’ ဟု ပြောသည်။

မြို့လယ်ကောင် သစ်ဆိုင်တွင် ထိုင်၍ သစ်ရောင်းဦးမည်ဟု ဆိုနေပြန်ပြီ။ ဤသည်က ပို၍ ဆိုးသေးသည်။

တစ်ခါတစ်ရံတွင် စကားလက်သည် သစ်ခွဲစက်သို့ မသွားတော့ဘဲ သစ်ဆိုင်တွင် ကိုယ်တိုင် ထိုင်၍ သစ်ရောင်းတတ်သေးသည်။ ထိုအခါမျိုး၌ ဖရင့် ကုန်တိုက် အပြင်သို့ ထွက်၍ မျက်နှာ မပြရဲတော့။ နောက်ဖေး ချောင်ထဲတွင်သာ ပုန်းနေချင်သည်။ သူ့ မိန်းမက သစ်ရောင်းသည်တဲ့။ ကြား၍မျှ မလျော်။

အရပ်ကလည်း စကားလက်ကို မေးငေါ့ကုန်ကြပြီ။ စကားလက်ကို မေးငေါ့လျှင် သူ့ကိုလည်း မေးငေါ့ ခံရသည်နှင့်

အတူတူ။ မိန်းမကို သစ်ရောင်း ခိုင်းရသည်လောဟု ထင်ကြတော့မည်။ `ခင်ဗျား အမျိုးသမီး သစ်ဆိုင်မှာ. . .’ ဟု ကုန်တိုက်သို့ ဈေးဝယ်လာသည့် မိတ်ဆွေ တစ်ဦးဦးက စကား စလိုက်လျှင် မည်သို့ မျက်နှာ ထားရမည် မသိတော့။ ခက်သည်က မြင်လာ သူတိုင်းကလည်း မပြောဘဲ နေသည်ဟူ၍ မရှိ။ ပြောစရာ ရှိလျှင် ပြောကြမည်။ မြို့လယ်ကောင် ဟိုတယ်သစ် ဆောက်သည့် နေရာက အဖြစ်အပျက်ကို ပြော၍ မဆုံးနိုင်အောင် ဖြစ်နေကြသည်။ ဟိုတယ် ဆောက်သည့် ကန်ထရိုက်

131

တွန်မီက စကားလက်ထံမှ သစ်မဝယ်ဘဲ အခြား ကုန်သည် တစ်ယောက်ထံမှ ဝယ်သည်။ စကားလက် အဆောက်အဦသစ် ဆောက်ရာသို့ အရောက်တွင် ဘာဂီပေါ်မှ ဆင်းလာကာ အိုင်းရစ်လူမျိုး ပန်းရံ အလုပ်သမားတွေ ကြားထဲ ဆင်းသွားပြီး တွန်မီ တစ်ယောက် သစ်တွေကို လိမ်အရောင်းခံရကြောင်း၊ သူ့ သစ်ဆိုင်က သစ်က အမျိုးလည်း ကောင်း၍ ဈေးလည်း ချိုကြောင်း ပြောကာ ဈေးနှုန်းတွေကို တသီတတန်းကြီး ရွတ်ပြသည်။ ကုန်ကျမည့် စရိတ်ကို ဒိုးဒိုးဒေါက်ဒေါက် တွက်ပြသည်။ အလုပ်ကြမ်းသမားတွေ ကြားထဲ ဆင်းသွားသည်ကပင် လွန်လှပြီ။ သို့ရာတွင် စကားလက်က ဤမျှနှင့် မရပ်။ လူပုံ အလယ်တွင် သစ်တန် တွက်နည်းကို တွက်ချ ပြလိုက်သေးသည်။ အမျိုးသမီး တစ်ယောက် အနေဖြင့် ကြည့်လျှင် နည်းနည်းမျှ ကြည့်မကောင်း။ တွန်မီက သူ့ဈေးနှုန်းကို သဘောကျကာ သူ့ သစ်ဆိုင်က သစ်ကို မှာသည်။ ဤတွင် ကိုယ့်ကိစ္စ ပြီးပြီ။ စကားလက် ပြန်ဖို့ ကောင်းပြီ။ သို့ရာတွင် မပြန်သေး။ အိုင်းရစ် လူမျိုး ပန်းရံ ဆရာနှင့် စကား ကောင်းနေလိုက်သေးသည်။ ထိုပန်းရံဆရာက မိန်းမ ပွေသည်ဟူ နာမည်ကြီးသူ ဖြစ်သည်။ ဤတွင် စကားလက်၏ အပြုအမူသည် တစ်မြို့လုံး ပြောစရာ ဖြစ်လာသည်။ 

စကားလက်ကမူ နည်းနည်းမျှ ဂရုမစိုက်။ သစ်ခွဲစက်ဖြင့် ကျားကုတ်ကျားခဲ ပိုက်ဆံ ရှာသည်။ မိန်းမ မပီသသည့်

လုပ်ငန်းမျိုးဖြင့် ပိုက်ဆံ ရှာနေသည့် မယားတစ်ယောက်ကို မည်သည့် လင်ယောက်ျားမှ မကြည်ဖြူနိုင်။ ရသည့် ပိုက်ဆံကို ဖရင့်သို့လည်း မအပ်။ ကုန်တိုက်ထဲသို့လည်း မထည့်။ မြိုင်သာယာသို့ ပို့သည်။ ဤငွေများကို မည်သို့ မည်ပုံ အသုံးချရမည်ဟု ဝီလီထံ စာတို စာရှည်တွေ ရေးသည်။ မြိုင်သာယာကို ပြင်ဆင်ပြီး၍ ငွေပိုငွေလျှံ ရှိသေးလျှင် ငွေတိုး ချေးစားမည်၊ ရွှေပေါင်ခံမည်ဟု ဖရင့်ကို ပြောသေးသည်။

ဤအကြောင်းကို တွေးမိတိုင်း ဖရင့် သက်ပြင်း ချ၏။ ဤလုပ်ငန်းမျိုးသည် အမျိုးသမီးတွေ လုပ်ရသည့် လုပ်ငန်း

မဟုတ်။ ငွေတိုးချေးသည့် ကိစ္စတွေကိုပင်လျှင် စကားလက် သိနေပြီ ဆိုလျှင် သိပ်မလွယ်တော့။

စကားလက်ကမူ စီမံကိန်းတွေ အပြည့်။ စီမံကိန်းတွေကလည်း တစ်ခုထက် တစ်ခု ခြေလှမ်း ကျဲလာသည်ဟု ဖရင့်

ထင်သည်။ မီးလောင်သွားသည့် သူ့ ကုန်လောင်ရုံ နေရာတွင် အရက်ဆိုင် တစ်ဆိုင် ဖွင့်မည်ဟုပင် ပြောလာသည်။ ဖရင့်သည် အရက်ကို ရှောင်သူ မဟုတ်။ သို့ရာတွင် အရက်ဆိုင် ဖွင့်မည့် စီမံကိန်းကိုမူ အပြင်းအထန် ကန့်ကွက်သည်။ အရက်ဆိုင် ဖွင့်သည့် လုပ်ငန်းသည် သမ္မာ အာဇီဝ လုပ်ငန်း မဟုတ်။ အိမ်ဆောက်၍ ပြည့်တန်ဆာတန်း ဖွင့်သည်နှင့် ဘာမျှ မခြားဟု ထင်သည်။

အဘယ့်ကြောင့် သမ္မာ အာဇီဝ မဖြစ်ကြောင်းကို ဖရင့်လည်း ရှင်းမပြတတ်။ သူက ရှင်းပြသည့် အခါတွင် စကားလက်က

`ကတ်သီးကတ်သတ်’ ဟု ဆိုသည်။

`ဒီမှာ အစ်ကိုကြီး၊ အရက်ဆိုင်ကို ငှားတာ သိပ် ပိုက်ဆံ ရတယ် သိလား၊ ဦးလေး ဟင်နရီကလည်း ပြောတယ်’

စကားလက်က ပြော၏။ `အရက်ဆိုင်ကို ငှားရင် အိမ်လခ မှန်မှန် ရတယ်၊ အရက်ဆိုင် ဖွင့်ဖို့ အဆောက်အဦလည်း ဒီလောက် ကောင်းကောင်း မလိုဘူး၊ တောသစ်ကလေး ဘာလေးနှင့် ဆောက်လိုက်ရင် အရက်ဆိုင် ဖွင့်လို့ ကောင်းကောင်း ရတယ်၊ တောသစ်ကို ဘယ်သူကမှ အိမ်ဆောက်ဖို့ မဝယ်ဘူး၊ ဒီတော့ ဒီရောင်းမရတဲ့ သစ်တွေနှင့် ဆောက်ပြီး အရက်ဆိုင်ကို ငှားရင် လခ ကောင်းကောင်း မရပါလား၊ အရက်ဆိုင်ကလည်း လခရမယ်၊ သစ်ခွဲစက်က ဝင်တဲ့ ငွေကလေးလည်း ရှိသေးတယ်၊ အတိုး ပေးထားတဲ့ ငွေကလည်း ပြန်ဝင်ဦးမယ်၊ ဒါလေးတွေ ပေါင်းလိုက်ရင် နောက်ထပ် သစ်ခွဲစက်တွေ မဝယ်နိုင်ဘူးလား’

132



`ဘာဖြစ်လို့ နောက်ထပ် သစ်ခွဲစက် တည်ဦးမလဲ စကားလက်ရယ်၊ ရှိတဲ့ သစ်ခွဲစက်ကိုတောင် ရောင်းပစ်ဖို့ ကောင်းပြီ၊

စကားလက်မှာ ဘယ်လောက် ပင်ပန်းလှပြီလဲ၊ ပြီးတော့ ကပ္ပလီ အလုပ်သမားကို ထိန်းရတာကလည်း သိပ်လွယ်တာ မဟုတ်ဘူး’

`ဘေးမဲ့ ပေးထားတဲ့ ကပ္ပလီတွေကတော့ ဟုတ်တာပေါ့’ စကားလက်က ပြော၏။ `ဂျွန်ဆင်လည်း ပြောသားပဲ၊

မနက် သစ်ခွဲစက် ဖွင့်ရင် ကပ္ပလီ အလုပ်သမားတွေ အလုပ်မှ ဆင်းကြပါ့မလား ဆိုတာ တထိတ်ထိတ်ပဲတဲ့၊ ကပ္ပလီတွေ အားကိုးနေလို့တော့ ဘယ်တော့မှ အလုပ် မဖြစ်ဘူး၊ တစ်ရက် နှစ်ရက် အလုပ် ဆင်းပြီး လုပ်ခလေး ရသွားရင် သောက်စားပြီး ဖြုန်းပစ်နေတာပဲ၊ ချက်ချင်း စက်ထဲ ရောက်ပြီး ပြန်ထွက် မသွားတာ ကံကောင်း၊ စကားလက်ဖြင့် ကပ္ပလီတွေကို ကျွန် ဘဝက ဘေးမဲ့ ပေးတာကို နည်းနည်းလေးမှ မကြိုက်ဘူး၊ သက်သက်မဲ့ ကပ္ပလီတွေကို ဖျက်ဆီးနေတာ၊ ခုဆို ကြည့်လေ၊ ကပ္ပလီတွေ ကောင်းကောင်း အလုပ် မလုပ်ကြတော့ဘူး၊ စက်ထဲ ဆင်းလာတဲ့ ကပ္ပလီကလည်း ဟိုဟာလေး လုပ်သလိုလို၊ ဒီဟာလေး လုပ်သလိုလိုနှင့် အချောင်ခိုနေကြတာပဲ၊ သူတို့ကို ဆူဆူ ဆဲဆဲ အလကားပဲ၊ ဂရုတောင် မစိုက်ဘူး၊ ဒီတော့ ရိုက်တန် ရိုက်ပေးရတာပဲ၊ ဒီထဲမှာ လွတ်လပ်သော ကပ္ပလီများ အစည်းအရုံးကလည်း ဝင်ရှုပ်သေးတယ်၊ တစ်ဆိတ်ရှိ ကပ္ပလီတွေ ဘက်က ရပ်ပြီး ပိုင်ရှင်ကို တိုက်တော့တာပဲ၊ ပိုင်ရှင်ကို တီကောင် ဘဲဆိတ်သလို သူတို့ သဘောရှိ လုပ်နေတာပဲ’

စကားလက်ရယ်၊ ကပ္ပလီတွေကို မရိုက်အောင် ဂျွန်ဆင်ကို ပြောဦး၊ ဒီလောက် အရိုက် မခိုင်းနှင့်’



`စကားလက်က ဘယ်မှာ အရိုက်ခိုင်းလို့လဲ’ စကားလက်က အော်သည်။ `ရိုက်ရင် စကားလက်ကို ယန်ကီတွေက

ထောင်ထဲ ဆွဲထည့်မှာပေါ့၊ စကားလက် သိသားပဲ’

`အစ်ကိုကြီး ထင်တယ်၊ စကားလက်ရဲ့ ဖေဖေဆိုရင် ကပ္ပလီတွေကို ဘယ်တုန်းကမှ ရိုက်ဖူးမှာ မဟုတ်ဘူး’



`အမယ်လေး၊ တစ်ခါ ရိုက်ဖူးပါတယ်၊ တောလိုက် သွားပြီး ပြန်လာတော့ သူ့ မြင်းကို ကောင်းကောင်း မကျွေးလို့

ကပ္ပလီ မြင်းထိန်းကလေးကို ရိုက်တာ၊ ဒါပေမယ့် ခု အဲဒီ ခေတ်နှင့် မတူတော့ဘူး၊ အစ်ကိုကြီးရဲ့၊ ဘေးမဲ့ ပေးထားတဲ့ ကပ္ပလီတွေက ကဲကို ကဲတယ်၊ နည်းနည်းတော့လည်း ရိုက်ပေးမှ၊ ဒါမှ ဖြစ်မှာ’

စကားလက်၏ အယူအဆများကို ဖရင့် အံ့သြ၍ မဆုံး။ သူ့ စီမံကိန်းများကိုလည်း အံ့သြ၍ မဆုံး။ ထိုမျှမက

လက်ထပ်ပြီး လအနည်းငယ် အတွင်း ပြောင်းလဲ သွားသော

စကားလက်ကို ကြည့်၍လည်း အံ့သြသည်။ သူနှင့်

လက်ထပ်စဉ်က စကားလက်က နူးနူး ညံ့ညံ့။ ပျော့ပျော့ ပျောင်းပျောင်း။ ချိုချိုသာသာ။ တကယ် မိန်းမ ပီသသည့် မယား။ စကားလက်ကို ပိုးပန်းစဉ် ကာလက စကားလက်လောက် မိန်းမ ပီသသူ ဟူ၍ လောကတွင် တစ်ယောက်မျှ ရှိမည် မထင်။ လောကကြီး အကြောင်းကို စကားလက် နားမလည်။ ရှက်တတ် ကြောက်တတ်သည့် သနားစရာ မိန်းကလေး တစ်ယောက်ဟု သူထင်ခဲ့သည်။ ယခုမူ မိန်းမ ပီသသည့် အရည်အချင်းတွေ မရှိကြတော့။ ယောက်ျားကြီး တစ်ယောက်လို ဖြစ်နေပြီ။ ပါးမို့က နီရဲကာ ပါးချိုင့်ကလေးတွေ၊ ချစ်စရာ အပြုံးကလေးတွေ ရှိသည့်တိုင် ယောက်ျားကြီး တစ်ယောက်လို စကား ပြောကာ ယောက်ျားကြီး တစ်ယောက်နှယ် ပြုမူနေသည်။ စကား ပြောလျှင်လည်း ပြတ်ပြတ်တောင်းတောင်း။ ဆုံးဖြတ်စရာ ရှိလျှင်လည်း မိန်းကလေးများလို နားဝေတိမ်တောင် ဖြစ်ခြင်း မရှိ။ ချက်ချင်း ဆုံးဖြတ်သည်။ သူ လိုချင်သည့် အရာကို ကောင်းစွာ သိ၍ ရအောင်လည်း ယူတတ်သည်။ သူ လိုချင်သည့် အရာကို ရအောင် ယူရာတွင် မိန်းမများလို ကွေ့ကောက် ဝေ့ဝိုက်သွားမနေဘဲ

133

ဖြတ်လမ်းမှ အမြန်ဆုံး ရအောင်လည်း လုပ်တတ်နေပြီ။

ဖရင့်သည် အတ္တလန်တာ အရောင်းအဝယ် ကိစ္စများအား ဤသို့ မိန်းမများက ဦးစီး လုပ်ကိုင်နေသည်ကို မမြင်ဖူး၍

မဟုတ်။ တောင်ပိုင်းမြို့များ ထုံးစံ အတ္တလန်တာတွင်လည်း အလုပ်ကြီး အကိုင်ကြီးတွေကို ဦးစီး လုပ်ကိုင်သည့် မိန်းမတွေ ရှိခဲ့သည်။ ယောက်ျား အပေါ်တွင် သြဇာ ပေးတတ်သည့် မိန်းမတွေကို တွေ့ခဲ့ဖူးသည်။ ခပ်ဝဝ မစ္စက် မယ်ရီ ဝယ်သာ ဆိုလျှင် ယောက်ျား အပေါ်တွင် အလွန် သြဇာ ပေးတတ်သည်။ ပါးလှပ်လှပ် မစ္စက် အယ်လဆင်းသည်လည်း လင်နိုင်တတ်သည်။ ဆံပင်ဖြူဖြူ၊ အသံချိုချိုနှင့် မစ္စက် ဝှိုက်တင်းသည်လည်း ပရိယာယ် မာယာ များသည်။ သို့ရာတွင် သူတို့ သြဇာ ပေးပုံ၊ သူတို့ လင်နိုင်ပုံ၊ သူတို့ မာယာများပုံက မိန်းမ ဆန်သည်။ မိန်းမ ပီသသည့် နည်းများကို အသုံးပြု ကြသည်။ လင်ယောက်ျား၏ စကားကို နားထောင်သည် မထောင်သည် အပထား။ လင်၏ စကားကို လေးစားဟန် ပြသည်။ နောက်မှ လုပ်ချင်ရာလုပ်။ ယောက်ျားကို နှုတ်လှန် ထိုးခြင်း မပြု။ ယဉ်ကျေးဟန် ပြသည်။ စကားလက်ကမူ ဤသို့ မဟုတ်။ မည်သူ့ ထင်မြင်ချက်ကိုမျှလည်း အရေး မစိုက်။ ယောက်ျား တစ်ယောက်လို သူ လုပ်ချင်ရာ စွတ်လုပ်သည်။ ယခု တစ်မြို့လုံးက ပြောကုန်ကြပြီ။

`သူ့ အကြောင်း ပြောရင် ငါ့ အကြောင်းလည်း ပြောကြမှာပဲ၊ မိန်းမ အလိုကို ဒီလောက် လိုက်ရသလားလို့

ပြောကြတော့မှာပဲ’ ဟု ဖရင့် တွေးသည်။ အရေးထဲတွင် ရက် ဘတ်တလာ ဆိုသည့် လူကလည်း တစ်မှောင့်။ ဒေါ်လေး ပစ်တီ အိမ်သို့ ရက် ဘတ်တလာ မကြာခဏ အလည် လာသည်ကိုမူ ဖရင့် စိတ်အညစ်ဆုံး ဖြစ်သည်။ ဖရင့်သည် ရက် ဘတ်တလာကို မည်သည့် အခါကမျှ မနှစ်သက်။ ပြည်တွင်းစစ် မဖြစ်မီက ရက် ဘတ်တလာနှင့် အတူ အရောင်းအဝယ် လုပ်ခဲ့ကြဖူးသည့်တိုင် သူ့ကို မကြိုက်။ ဝက်သစ်ချမြိုင်သို့ ခေါ်သွားကာ သူ့မိတ်ဆွေ အသိုင်းအဝိုင်းများနှင့် မိတ်ဆက် ပေးခဲ့မိသည်ကို ဖရင့် နောင်တ ရနေသည်။ ပြည်တွင်းစစ် အတွင်း လူတွေ ဒုက္ခ သုက္ခ ရောက်နေချိန်၊ လူတကာ စစ်ထဲ ဝင်တိုက်နေချိန်တွင် ရက်  ဘတ်တလာက သွေးအေးအေးဖြင့် စီးပွားရှာနေသည်။ စစ်ထဲသို့လည်း မဝင်။ ထို့ကြောင့် ရက် ဘတ်တလာကို ပို၍ စက်ဆုပ်သည်။ ရက် ဘတ်တလာ ပြည်နယ် စစ်တပ်ထဲတွင် ရှစ်လကြာ ဝင်ခဲ့ဖူးသည်ကို စကားလက် တစ်ယောက်မှ အပ မည်သူမျှ မသိကြ။ ရက် ဘတ်တလာက ထုံးစံ အတိုင်း တမင် ထိတ်လန့်ဟန်ဆောင်ရင်း ဤ `ရှက်စရာ’ အမှုကြီးကို မည်သူ့မျှ မပြောရန် စကားလက်ကို တောင်းပန်ခဲ့ဖူးသည်။ အထူးသဖြင့် ပြည်နယ် ရေတပ် ဗိုလ်ချုပ် ဘူးလော့ဒ်တို့လို ရိုးသားသည့် ပုဂ္ဂိုလ်များက ပြည်နယ် အစိုးရ၏ ငွေများကို ပြည်ထောင်စု အစိုးရထံ အပ်ချိန်တွင် ရက် ဘတ်တလာက ပြည်နယ် အစိုးရပိုင် ရွှေများကို ဝှက်ထားသဖြင့် ဖရင့်က သူ့ကို အကြီးအကျယ် အထင်သေး နေသည်။ သို့ရာတွင် ဖရင့် ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ရက် ဘတ်တလာကမူ ဒေါ်လေး ပစ်တီ အိမ်သို့ မကြာခဏ အလည် လာတတ်သည်။

အကြောင်းပြချက်ကမူ ဒေါ်လေး ပစ်တီကို လာတွေ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒေါ်လေး ပစ်တီကလည်း ဤသည်ကို

အဟုတ်ကြီး ထင်ကာ ရက် ဘတ်တလာ အလည် လာသည်ကို ဂုဏ်ယူနေသည်။ သို့ရာတွင် ရက် ဘတ်တလာသည် ဒေါ်လေး ပစ်တီကြောင့် လာခြင်း မဟုတ်ဟု ဖရင့် ထင်သည်။ ထို့ကြောင့် စိတ်မသက်မသာ ဖြစ်ရသည်။ ဝိတ်ကလေးကလည်း အခြားသူများနှင့် ဆိုလျှင် အရှက်အကြောက် ကြီးသလောက် ရက် ဘတ်တလာကိုမူ အလွန် ချစ်သည်။ `ဦးလေး ဘတ်တလာ’ ဟု ခေါ်သံ ကြားတိုင်း ဖရင့် စိတ် အနှောင့်အယှက် ဖြစ်ရသည်။ ပြည်တွင်းစစ် ကာလတုန်းက စကားလက်အား ရက် ဘတ်တလာ ချိတ်တိတ်တိတ် လုပ်ခဲ့ဖူးခြင်း၊ ထိုစဉ်က တစ်မြို့လုံးတွင် ဥက္ကောဋေးယျ ဖြစ်ခဲ့ခြင်းကိုလည်း ဖရင့် အမှတ်မရဘဲ မနေနိုင်။ ယခု အချိန်တွင်မူ တစ်မြို့လုံးက ထို့ထက်မက ပြောနေကြပြီလော မသိ။ သစ်ခွဲစက် ကိစ္စနှင့် ပတ်သက်၍ စကားလက် လုပ်ပုံကို ပွင့်ပွင့်လင်းလင်း ပြောသည့်တိုင် ဘာမျှ မထူးသည်ကို တွေ့ရသည့် အခါ၌ မိတ်ဆွေများကလည်း

134

ဤကိစ္စမျိုးနှင့် စပ်လျဉ်း၍ ဖရင့်ကို နောက်ထပ် မပြောကြတော့။ သို့ရာတွင် သူတို့ လင်မယားအား ယခင်ကလို သာရေး နာရေး ကိစ္စများတွင် အဖိတ် နည်းလာခြင်း၊ မိတ်ဆွေများ အဝင် အထွက် နည်းလာခြင်းကိုမူ ဖရင့် သတိထားမိသည်။ စကားလက်ကမူ အိမ်နီးနားချင်းများကိုလည်း သဘော မကျလှ။ စက်ကိစ္စဖြင့် အလုပ် များနေသည့် အတွက် အကြောင်း အပေါင်း သင့်သူများဆီသို့လည်း အလည် မသွားဖြစ်။ ထို့ကြောင့် မိတ်ဆွေတွေ အဝင် အထွက် နည်းသည့် အတွက်လည်း သူ့တွင် ဘာမျှ မထိခိုက်။ ဖရင့်ကမူ အကြီးအကျယ် စိတ်မကောင်း ဖြစ်နေသည်။

ဖရင့်၏ ဘဝ တစ်လျှောက်လုံးတွင် `အိမ်နီးနားချင်းတွေက ဘာပြောကြသလဲ’ ဆိုသည့် အတွေးသည် အမြဲ

ကြီးစိုးနေသည်။ သူ့ မိန်းမ စကားလက်က လွတ်လွတ် လပ်လပ် နေသည့် အခါတွင် ဖရင့် စိတ်ညစ်ရသည်။ စကားလက်ကို လူတွေက မေးငေါ့ကြသည်ဟု ထင်သည်။ စကားလက်အား `လိင် ပြောင်းခွင့်’ ပြုရ သလောဟု သူ့ကိုလည်း မေးငေါ့ကြလိမ့်မည်။ စကားလက်သည် ယောက်ျား မကြိုက်သည့် အရာမှန်သမျှကို လုပ်နေသည်ဟု ထင်သည်။ ပြောလျှင် သူနှင့် စကားလက်တို့ စကား များကြရတော့မည်။

`တော်တော် ခက်တဲ့ မိန်းမပဲ၊ စိတ်ကလည်း မြန်တယ်၊ ထက်လည်း ထက်တယ်၊ တခြား မိန်းမတွေနှင့် နည်းနည်းမှ

မတူဘူး’ ဟု ဖရင့်က ညည်းသည်။

အိမ်တွင် သာသာယာယာ ဖြစ်နေသည့် အခါမျိုး၌ပင် သီချင်းကလေး တအေးအေး ဆိုနေတတ်သည့် ချစ်စရာ

သူ့မယား နုနုနယ်နယ်ကလေးသည် အပြင်တွင် ယောက်ျားကြီးများနှင့် နင်လား ငါလား အလုပ်လုပ်နေသည့် အရောင်းအဝယ် လုပ်ငန်းရှင် တစ်ဦး ဟုတ်မှ ဟုတ်ပါစဟု ဖရင့် တွေးမိသည်။ `အစ်ကိုကြီးသာ စကားလက် ဆိုရင် ဒီလို အလုပ်မျိုးတွေကို လုပ်မှာ မဟုတ်ဘူး’ ဟု ဖရင့်က ပြောတတ်သည်။ ထိုအခါတွင် သာယာ စိုပြည်မှုတွေ အကုန် ပျောက်သွားကာ လေမုန်တိုင်း တိုက်လာတတ်သည်။

စကားလက်၏ နက်မှောင်သည့် မျက်လုံးများသည် တွန့်၍ အထက်သို့ တက်သွားကြ၏။ ဖရင့်က အသာ ကုပ်နေသည်။

စကားလက်က တာတာ လူမျိုးလို စိတ်မြန်၍ တောကြောင်လို ဒေါသ ကြီးသည်။ ထိုအခါ မျိုးတွင် စကားလက် ပါးစပ်က ပိုးစိုး ပက်စက် စကားတွေ ထွက်လာတတ်၏။ တစ်ဖက်သား မည်မျှ နာသည် မနာသည်ကိုလည်း ဂရုမစိုက်တော့။ ဤသို့ဖြစ်လျှင် တစ်အိမ်လုံး စိတ်မချမ်းမသာ ဖြစ်ရသည်။ ဖရင့်က ကုန်တိုက်သို့ စောစော ထွက်သွားကာ မိုးစုပ်စုပ်ချုပ်မှ ပြန်လာသည်။ ဒေါ်လေး ပစ်တီက အိပ်ရာထဲ ဝင်လှဲကာ တွင်းမဝင်ရသေးသည့် ယုန်ငယ်လို မောဟိုက်နေသည်။ ဝိတ်ကလေးနှင့် ဦးလေး ပီတာက ရထားရုံထဲ ဝင်၍ တစ်နေကုန် ထိုင်နေကြသည်။ ထမင်းချက် မိန်းမကြီးလည်း မီးဖိုထဲတွင် ကုပ်နေသည်။ သီချင်းပင် မဆိုရဲတော့။ ကြီးဒေါ် တစ်ယောက်သာလျှင် စကားလက် စိတ်ဆိုးသည်ကို မသိဟန်ဖြင့် ဣနြေ္ဒမပျက် ရှိနေသည်။ စကားလက်၏ ဖေဖေ ဒေါသကြီးပုံကို တွေ့ခဲ့ဖူးသဖြင့် ကြီးဒေါ် အဖို့ ရိုးနေပြီ။

စင်စစ် စကားလက်လည်း စိတ် မတိုချင်။ မယားကောင်း တစ်ယောက် ဖြစ်ချင်သည်။ ဖရင့်ကို သူ သံယောဇဉ် ရှိသည်။

မြိုင်သာယာကို အဖတ်ဆည်နိုင်ခဲ့ သဖြင့်လည်း ဖရင့်ကို ကျေးဇူးတင်သည်။ သို့ရာတွင် ဖရင့် လုပ်ပုံက သည်းမခံနိုင်စရာ။ ဤအကြောင်းကို ခဏ ခဏ ယိုးမယ်ဖွဲ့လာသည့် အခါတွင် စကားလက် စိတ်မရှည်။

မယား အနိုင်ခံရသည့် ယောက်ျားကို စကားလက် မည်သည့် အခါမျှ အထင်မကြီး။ သူနှင့် ဖြစ်စေ အခြားသူများနှင့်

135

ဖြစ်စေ ကြောက်ကြောက်ရွံ့ရွံ့ မဝံ့မရဲ ဆက်ဆံပုံမျိုးကို စကားလက် နည်းနည်းမျှ မကြိုက်။ သို့တိုင်အောင် ဤမျှလောက်ကိုမူ စကားလက် ခွင့်လွှတ်နိုင်သည်။ မေ့မေ့ ပျောက်ပျောက် သဘော ထားနိုင်သည်။ ပျော်ပျော် နေနိုင်သည်။ သူ့တွင် ငွေရေး ကြေးရေး အခက်အခဲ မရှိတော့။ ပြေလည်နေပြီ မဟုတ်လော။ သို့ရာတွင် ဖရင့် လုပ်ပုံကိုင်ပုံကိုမူ စကားလက် မကျေနပ်။ ကုန်သည်ကောင်း တစ်ယောက်၊ လုပ်ငန်းရှင်ကောင်း တစ်ယောက်နှင့် လားလားမျှ မတူ။ သူ့ဘာသာ ကုန်သည်ကောင်း တစ်ယောက် မဖြစ်ချင်လျှင်လည်း ထားဦး။ ကိစ္စ မရှိသေး။ ယခုမူ စကားလက်ကိုလည်း ကုန်သည်ကောင်း တစ်ယောက် ဖြစ်စေချင်ဟန် မတူ။ ဤသည်ကိုမူ စကားလက် စိတ်ဆိုးသည်။

ကြွေးပေးထားသူများထံ ကြွေးတွေ တောင်းဖို့ စကားလက် မကြာခဏ တိုက်တွန်းသည်။ သူ ထင်သည့် အတိုင်း

ဖရင့်က မတောင်း။ နောက်ဆုံး စကားလက်က တတွတ်တွတ် ပြောလွန်းမက ပြောသည့် အခါကျမှ ကြွေးတောင်းသည်။ သူ ကြွေးတောင်းပုံကိုလည်း ကြည့်ဦး။ စိတ်မပါ့တပါ။ ကိုယ်ကပင် သူ့ ပိုက်ဆံကို အလကား တောင်းရသည့်နှယ်။ မျက်နှာသေကလေးဖြင့် အောက်ကျို့လျက်။ ဤသည်ကို ကြည့်၍ ဖရင့်သာ ဦးစီး ဦးဆောင် ပြုနေလျှင် မိမိတို့ လင်မယားသည် မည်သည့် အခါတွင်မျှ ကြီးပွားတော့မည် မဟုတ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသကဲ့သို့ သူ ကိုယ်တိုင် ဦးစီးမှ ဖြစ်တော့မည်ဟု စကားလက် ပိုင်းဖြတ်လိုက်သည်။ သူ့ ဘာသာသူ ဤကုန်စုံဆိုင်ကလေး ဖွင့်ရောင်းရင်း တစ်သက်လုံး နေချင်လျှင်နေ။ စကားလက်ကမူ ဤသို့ချည်း တစ်သက်လုံး မနေနိုင်။ သူတို့တွင် တုံးလုံးစာ၊ ပက်လက်စာမျှပင် ကျန်တော့မည် မဟုတ်ဟု ဆိုသည်ကိုလည်း ဖရင့် သတိထားမိပုံ မရ။ ဤလို ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲတွင် ပိုက်ဆံကို ရနိုင်သလောက် ရှာထားမှ တော်ကာကျမည်။ တိုင်းပြည်ကြီးက မည်သို့ ဖြစ်မည်ဟု မပြောနိုင်။ အရေးကြုံလျှင် ထုပ်ထုပ် ထည်ထည်ကလေး ရှိထားမှ ဖြစ်မည်။ ဤသည်ကိုလည်း ဖရင့် သဘောပေါက်ဟန် မတူ။ ပြည်တွင်းစစ် မဖြစ်မီ အေးအေးဆေးဆေး ရှိတုန်းကမူ ဖရင့်သည် အောင်မြင်သည့် လုပ်ငန်းရှင် တစ်ယောက် ဖြစ်လိမ့်မည်။ သို့ရာတွင် ယခု သူ့ လုပ်ပုံ လုပ်နည်းတွေလည်း ပြောင်းသွားသည့် အခါတွင် ဖရင့်၏ သမားရိုးကျ နည်းများသည် အံမဝင်တော့။ ခေတ်ကြီး ပြောင်းသွားပြီ။ ဤခေတ်ကြီးမျိုးတွင် စီးပွားရေး လုပ်မည်ဆိုလျှင် ရဲရမည်။ ပြတ်သားရမည်။ စကားလက်က လုပ်ရဲ ကိုင်ရဲသည်။ ဖရင့် ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ လုပ်ပြီ ဆိုလျှင် ပြတ်ပြတ်သားသား လုပ်သည်။ သူ့တွင် ပိုက်ဆံ လိုသည်။ ထို့ကြောင့် ပိုက်ဆံ ရှာရမည်။ ပိုက်ဆံ ရှာပြီဆိုလျှင် ပျော့စိစိဖြင့် လုပ်နေ၍ မဖြစ်။ ခပ်တင်းတင်း ခပ်ပြတ်ပြတ် လုပ်မှ ဖြစ်မည်။ လုပ်သလောက်လည်း အောင်မြင်နေပြီ။ ထို့ကြောင့် စကားလက် သူ့ကို မကူညီလျှင် ရှိစေ ဝင်မနှောင့်ယှက်လျှင် တော်ပြီဟု သဘောထားသည်။

စင်စစ် စကားလက်တွင် အရောင်းအဝယ် အတွေ့အကြုံ ဆို၍ ဘာမျှ မရှိ။ အတွေ့အကြုံ မရှိသဖြင့် သစ်ခွဲစက်ကို

ဦးစီးရသည်က မလွယ်။ ပထမတုန်းက အပြိုင်အဆိုင် မရှိ တစ်ဦးတည်း ပြေးရခြင်း ဖြစ်သည်။ ယခု အပြိုင်အဆိုင်တွေ များလာပြီ။ ထို့ကြောင့် ညနေ မိုးချုပ်၍ အိမ်ပြန်လာလျှင် ခြေကုန်လက်ပန်း ကျကာ စိတ်တိုလာသည်။ အိမ်ရောက်၍ ဖရင့်က ချောင်းကလေး တဟွတ်ဟွတ် ဆိုးရင်း အနားသို့ ကပ်လာကာ `အစ်ကိုကြီးသာ ဆိုရင် မလုပ်ဘူး’ ဆိုသည့် စကားမျိုး၊ `အစ်ကိုကြီးသာ စကားလက် ဆိုရင် ဒီလောက် အပင်ပန်း မခံဘူး’ ဆိုသည့် စကားမျိုးကို မရဲတရဲဖြင့် ပြောလာပြီ ဆိုလျှင် စကားလက် ယမ်းပုံမီးကျ ဖြစ်ကာ ဒေါသကို နည်း ချုပ်ထားရသည်။ ချုပ်ထားရသည် ဆိုသော်လည်း မချုပ်နိုင်ဘဲ ပေါက်ကွဲထွက်သည်က များသည်။ သူ သတ္တိ မရှိလျှင် သူ ကိုယ်တိုင် မလုပ်ရဲလျှင် အဘယ့်ကြောင့် သူများကို လိုက် အပြစ် ရှာနေရသနည်း။ နှောင့်ယှက် နေရသနည်း။ သူပြောသည့် အတိုင်း  လုပ်လျှင် ဤခေတ်ကြီးတွင် ပိုက်ဆံရဖို့ မပြောနှင့် ရှိသမျှကလေးပင် ကုန်တော့မည်။ ဤခေတ်ကြီးတွင် ခြေတစ်လှမ်း ကုဋေ တစ်သန်း တန်သည် ဆိုသည့် အချိုးမျိုးကို

136

ချိုးမနေနိုင်။ ဤခေတ်ကြီးတွင် မိန်းမ မပီသလျှင်ကော ဘာ အရေးနည်း။ သစ်ခွဲစက် ဦးစီးသည့် အလုပ်မျိုးလို မိန်းမ မပီသ ဆိုသည့် အလုပ်မျိုးက အမြတ်တွေ ရနေလျှင် သူတို့ ပြောသည်ကို ဘာဂရုစိုက်စရာ လိုသေးသနည်း။

ဖရင့်က အေးအေးဆေးဆေး နေချင်သည်။ သူ ယုံယုံကြည်ကြည် တိုက်ခဲ့သည့် ပြည်တွင်း စစ်ကြောင့် သူ့ ကျန်းမာရေး

ပျက်စီးခဲ့ရသည်။ စီးပွား ပျက်ခဲ့ရသည်။ အဘိုးကြီး တစ်ယောက် သဖွယ် ရင့်ရော်သွားခဲ့သည်။ သို့ရာတွင် ဖရင့် ဤသည်တို့ အတွက် နောင်တ မရ။ ပြည်တွင်းစစ် လေးနှစ် ပြီးသည့် နောက်တွင် လူ့ဘဝ၌ သူ ဘာမျှ လိုချင် တောင့်တ မရှိတော့။ အေးအေးဆေးဆေး နေချင်သည်။ ကြင်ကြင်နာနာ နေချင်သည်။ ဆွေမျိုး အသိုက်အအုံနှင့် နေချင်သည်။ မိတ်ဆွေများ၏ ချီးမွမ်း ထောမနာကို လိုချင်သည်။ သို့ရာတွင် အိမ်ထောင်ရေး ဘဝ ချမ်းမြေ့ သာယာဖို့ ဆိုသည်မှာ အလကား မရ။ တန်ရာ တန်ဖိုးကိုမူ ပေးရသည်။ တန်ဖိုးက အခြား မဟုတ်။ စကားလက်အား သူ လုပ်ချင်သည်ကို လုပ်ခွင့် ပေးရခြင်း ဖြစ်၏။

သို့ဖြင့် ပင်ပန်း နွမ်းနယ်နေသည့် ဖရင့်သည် အိမ်ထောင်ရေး ချမ်းမြေ့မှုအတွက် စကားလက် တောင်းသည့် တန်ဖိုးကို

ပေးခဲ့ရသည်။ တစ်ခါတစ်ရံ ဆည်းဆာ အေးအေးတွင် အိမ်ဝမှ ကြိုနေသည့် စကားလက်၏ မျက်နှာ ပြုံးချိုချိုကို မြင်ရသည့် အခါမျိုး၊ သူ့နား နှာခေါင်း စသည်တို့ နမ်းသည့် အခါမျိုး၊ ညတွင် စောင်အတူ ခြုံရင်း သူ့ ရင်ခွင်ထဲသို့ တိုးဝင် လာသည့် အခါမျိုး၌ တန်ဖိုး ပေးရကျိုး နပ်သည်ဟူ၍ကား ဖရင့် တစ်ခါတစ်ရံ တွေးမိသည်။

စကားလက် သူ ထင်ရာ သူ လုပ်နေရလျှင် သူတို့ အိမ်ထောင်ရေးသည် ချမ်းမြေ့နေသည်။ သို့ရာတွင် သူ ရသည့်

ချမ်းမြေ့မှုသည် အနှစ်ဗလာသာ ဖြစ်သည်။ ဤ ချမ်းမြေ့မှုကို ရသည့် အတွက် အိမ်ထောင်ရေးတွင် သူ မှန်သည်ဟု ထင်သည့် အရာများဖြင့် လဲလှယ်ခဲ့ရသည် မဟုတ်လော။

`မိန်းမ ဆိုတာ သူ့အိမ်နှင့် သူ့မိသားစုကို အာရုံ စိုက်ရမယ်၊ ယောက်ျားတွေလို အပြင်ထွက် အလုပ် လုပ်နေလို့

မဖြစ်ဘူး၊ ကလေးတို့ ဘာတို့များ ရရင်တော့ ပြောင်းလဲ လာမလား မသိဘူး’ ဖရင့် ပြုံးသည်။

ကလေး အကြောင်းကို တွေးရင်း ဖရင့် ပြုံးသည်။ ကလေး အကြောင်းကို မကြာခဏ ဖရင့် စဉ်းစားမိသည်။ စကားလက်ကမူ

ကလေး မလိုချင်ဟု ပြောင်ပြောင်ပင် ပြောသည်။ သို့ရာတွင် ကလေး ဆိုသည်မှာ အကြိုအဖိတ်ကို စောင့်နေသည် မဟုတ်။ သူ လာချင်လျှင် လာတတ်သည်။ ကလေး မလိုချင်ဟု ပြောသည့် မိန်းမများကို ဖရင့် တော်တော်များများ တွေ့ဖူးပြီ။ သို့ရာတွင် ပဋိသန္ဓေ လွယ်ရမည်ကို ကြောက်၍ ပြောခြင်း ဖြစ်ကြောင်း ဖရင့် သိသည်။ စကားလက်တွင် ကလေး ရလျှင် သူ့ ကလေးကို စကားလက် ချစ်မည်။ အိမ်မြဲမည်။ အခြား မိန်းမများ ကဲ့သို့ပင် သူ့ ကလေးကို သူ ပြုစု စောင့်ရှောက်မည်။ ထိုအခါတွင် သစ်ခွဲစက်ကို ရောင်းမပစ်၍ မရတော့။ ရောင်းရတော့မည်။ သို့ဆိုလျှင် ပြဿနာ ပြေလည်ပြီ။ မိန်းမကို ပျော်စေချင်လျှင် ကလေး ရှိဖို့ လိုသည်။ စကားလက်ကို ကြည့်ရသည်က ပျော်ပုံ မရ။ ဖရင့်သည် မိန်းမကျမ်း ကျေသူ တစ်ဦး မဟုတ်သည့်တိုင် တစ်ခါတစ်ရံတွင် စကားလက် မပျော်မရွှင် ဖြစ်နေသည်ကို သတိ မပြုမိလောက်အောင် ထုံထိုင်းသူ မဟုတ်။

တစ်ခါတစ်ရံ ည တစ်ရေး နိုးလျှင် ခေါင်းအုံးတွင် မျက်နှာ အပ်၍ ကျိတ်ငိုနေသံကို ဖရင့် ကြားရသည်။ ပထမဆုံး

စကားလက် ငိုသည်ကို တွေ့စဉ်က ဖရင့် အလန့်တကြားဖြင့် `စကားလက် ဘာဖြစ်လို့လဲ ဟင်’ ဟု အလန့်တကြား မေးမိသည်။ စကားလက်က ဒေါသ တကြီးဖြင့် `ဘာမှ မဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူး၊ သွား’ ဟု အော်ထုတ်သည်။

ဟုတ်သည်။ ကလေး တစ်ယောက် ရလျှင် စကားလက် ပျော်မည်။ အခြား ကိစ္စများတွင် အာရုံ လျော့သွားလိမ့်မည်။

137

တစ်ခါတစ်ရံတွင်မူ ဖရင့် သက်ပြင်း ချမိ၏။ မိမိ ထင်သည်က နှံပြည်စုတ်။ ယခု သူ ယူခဲ့မိသည်က ဒေါသကြီး၍ စကားများသော ကြက်တူရွေး ဖြစ်နေပြီဟု တွေးမိသည်။ နှံပြည်စုတ်ကို ရလျှင် သူ့အဖို့ ကြက်တူရွေးထက် ကောင်းလိမ့်မည်။

138

၃၇



မိုးသည်း၍ လေထန်သည့် ဧပြီလ ညတစ်ည၌ တိုနီဖွန်တိန်သည် ဂျုန်းဘာရိုမှ မြင်းတစ်စီးဖြင့် ရောက်လာသည်။

သူ့မြင်းက ပါးစပ်တွင် အမြှုပ်တစီစီ ထွက်နေသည်။ မောသဖြင့် ဗုန်းဗုန်းလဲကျတော့မည် ထင်ရ၏။ တံခါးကို တဒုန်းဒုန်း ထုသဖြင့် ဖရင့်ရော စကားလက်ပါ အလန့်တကြား အိပ်ရာမှ နိုးလာကြသည်။ ယန်ကီတို့၏ ပြည်ထောင်စုကြီး ပြန်လည်ထူထောင်ရေး ဆိုသည်မှာ ဒုတိယအကြိမ် စကားလက် သိရပြီ။ မြိုင်သာယာတုန်းက ‘ကိုယ်တို့ ဆင်းရဲ ဒုက္ခတွေဟာ အစပဲ ရှိသေးတယ်’ ဟု ဝီလီက ပြောခဲ့ဖူးသည်။ လေတဟူးဟူး တိုက်နေသည့် သစ်သီးခြံထဲတွင် ‘အစ်ကိုတို့ ခုရင်ဆိုင်နေရတဲ့ အဖြစ်တွေက ပြည်တွင်းစစ်ထက် ဆိုးတယ်၊ အကျဉ်းထောင်ထက်လည်း ဆိုးတယ်၊ သေတာထက်လည်း ဆိုးတယ်’ ဟု အက်ရှလေက ပြောခဲ့ဖူးသည်။ ယခု ထိုစကားများ၏ အဓိပ္ပာယ်ကို စကားလက်ပို၍ နားလည်လာပြီ။

ယန်ကီတို့၏ ပြန်လည် ထူထောင်ရေး စီမံကိန်း အရသာကို ဦးဦးဖျားဖျား တွေ့ရသည်မှာ မြိုင်သာယာတွင် ဖြစ်သည်။

ထိုစဉ်က ဂျိုနာက ယန်ကီတို့ အကူအညီဖြင့် သူတို့တစ်တွေကို မြိုင်သာယာမှ မောင်းထုတ်ဖို့ လုပ်ခဲ့ဖူးသည်။ ယခု တိုနီ ဖြစ်လာပုံကမူ ပို၍ အသည်းထိတ်စရာ ကောင်းသည်။ တိုနီသည် မိုးထဲ ရေထဲ မှောင်ကြီးမည်းမည်းထဲတွင် ရောက်လာကာ ခဏအကြာတွင် မှောင်ကြီးမည်းမည်းထဲ၌ ထာဝရ ပျောက်ကွယ်သွားသည်။ သို့ရာတွင် တစ်မုဟုတ်ချင်း အတွင်း တိုနီ ဖွင့်ပြသွားသည့် ကန့်လန့်ကာ နောက်က မြင်းကွင်းပေါ်သို့မူ နောက်ထပ် မည်သည့် ကန့်လန့်ကာမျှ စကားလက် ဆွဲချ၍ ရတော့မည်မဟုတ်။

မုန်တိုင်းကျနေသည့် ထိုညက အပြင်ဘက်တံခါးကို တဒုန်းဒုန်း ထုနေသံကြောင့် စကားလက်နှင့် ဖရင့်တို့ ကသောမမျော

ထလာကြသည်။ ညဝတ်စုံကို ရုံကာ လှေကားထိပ်မှ လှမ်းကြည့်လိုက်သည်တွင် အောက်ထပ်ခန်း အဆောင်ကြီးထဲ၌ အသား ညိုညို ပါးသွယ်သွယ်ဖြင့် တိုနီ မျက်နှာကို မြင်လိုက်သည်။ တိုနီက ဖရင့်လက်ထဲက ဖယောင်းတိုင်ကို လှမ်း မှုတ်ပစ်လိုက်သည်။ စကားလက်က မှောင်ထဲတွင် စမ်း၍ ဆင်းလာကာ တိုနီ၏ အေးစက် စိုစွတ်နေသည့် လက်ကို ဆွဲယမ်း နှုတ်ဆက်သည်။

‘ကိုယ့်ကို လိုက်ဖမ်းနေကြတယ်၊ ကိုယ် ခု တက္ကဆက် နယ်ဘက်ကို ပြေးမလို့၊ မြင်းက ခြေကုန်လက်ပန်း ကျနေပြီ၊

ကိုယ်လည်း ခုထက်ထိ ဘာမှ မစားခဲ့ရသေးဘူး၊ အက်ရှလေက မင်းတို့ ဒီမှာ၊ အို အို၊ ဖယောင်းတိုင်ကို မထွန်းနှင့်လေ၊ ကပ္ပလီတွေလည်း နှိုးမနေပါနှင့်၊ မင်းတို့ကို ဒုက္ခပေးရတာ အားတော့နာပါတယ်၊ ဒါပေမယ့်’

မီးဖိုပြတင်းက ခန်းဆီးတွေကို ဆွဲချပြီးမှ ဖယောင်းတိုင်ကို ထွန်းရသည်။ စကားလက်က ရှိသည်ကို ချကျွေးရန်

ပြင်ဆင်နေစဉ် တိုနီက ဖရင့်ကို ပြောပြနေသည်။

သူ့တွင် အပေါ်ရုံ အင်္ကျီမျှ မပါ။ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသည်။ ဦးထုပ် မပါသဖြင့် တစ်ခေါင်းလုံးလည်း မိုးရေတွေ

စိုနေသည်။ သို့ရာတွင် ဖွန်တိန် ညီအစ်ကိုတစ်သိုက်၏ ထုံးစံအတိုင်း တိုနီ၏ မြူးထူးလန်းဆန်းသည့်ဟန် (ထိုညကမူ အေးစက်သည့် မြူးထူးဟန်ဟု ဆိုနိုင်သည်။) ကမူ မပျောက်။ စကားလက် ထုတ်ပေးသည့် ဝီစကီကို တကျိုက်ကျိုက် သောက်ချရင်း သူ့ မျက်လုံးများတွင် မြူးထူးသည့်ဟန် ပေါ်နေသည်။ ဒေါ်လေးပစ်တီ တစ်ယောက် အပေါ်ထပ်တွင်

139

အိပ်မောကျနေသဖြင့် တော်သေးသည်။ သို့မဟုတ်ဘဲ တိုနီ၏ ရုပ်ကိုမြင်ရလျှင် မူးမေ့လဲကျသွားလိမ့်မည်။

‘သွားပြီ တေလေကြမ်းပိုး တစ်ယောက် လျော့သွားပြီ’ တိုနီက ဝီစကီ နောက်ထပ် ငှဲ့ပေးရန် ဖန်ခွက်ကို ထိုးပေးသည်။

‘ကိုယ် ဒုန်းစိုင်းလာတာ၊ ဒုန်းမစိုင်းလည်း ခုလောက်ဆို သေနေပြီ၊ ခုတော့ သိပ် မစိုးရိမ်ရတော့ပါဘူး၊ ကိုယ် တက္ကဆက်ကို သွားမယ်၊ အဲဒီမှာပဲ ဇာတ်မြှုပ် နေတော့မယ်၊ အက်ရှလေက ဂျုန်းဘာရိုအထိ လိုက်ပို့လိုက်တယ်၊ အတ္တလန်တာမှာ ခင်ဗျားတို့ ရှိတယ်တဲ့၊ ဖရင့် မြင်းတစ်ကောင်ရယ်၊ ပိုက်ဆံ နည်းနည်းရယ် လိုချင်တယ်၊ ကိုယ့်မြင်းက လဲတော့မယ်၊ ရှေ့ဆက်စီးလို့ ဖြစ်မှာ မဟုတ်တော့ဘူး၊ ဒီနေ့မှ ကိုယ်ကလည်း အိမ်ကအထွက်မှာ ဦးထုပ်တို့၊ အပေါ်ရုံ အင်္ကျီတို့၊ ပိုက်ဆံတို့ မယူခဲ့မိဘူး၊ ပိုက်ဆံကတော့ ရှိလှလို့ မဟုတ်ပါဘူးလေ’

တိုနီက ရယ်၍ ပြောင်းဖူးမုန့်နှင့် မုန်လာဥပေါင်းကို အားပါးတရ စားနေသည်။ မုန်လာဥပေါင်းပေါ်တွင် ဆီက ခဲစပြုနေပြီ။



‘ကိုယ့်မြင်းကို ယူသွားလေ’ ဖရင့်က ခပ်အေးအေး ပြောသည်။ ‘ခု လောလောဆယ်တော့ ကျုပ်မှာ ဆယ်ဒေါ်လာပဲ

ရှိတယ်၊ မနက် အထိ စောင့်ရင်တော့’

‘အိုး မနက်အထိတော့ မစောင့်နိုင်ဘူးလေ’ တိုနီက အလေးအနက်ပြောသည်။ သို့ရာတွင် သူ့အသံက မြူးနေသည်။

‘ကိုယ့်နောက်က ကပ်ပါချင် ပါလာမှာ၊ သိပ်ကွာတာ မဟုတ်ဘူး၊ အက်ရှလေသာ ကိုယ့်ကို ဆွဲခေါ်ပြီး မြင်းပေါ် တင်မပေးလိုက်ရင် ဒီလောက်ဆို ကိုယ် စက်တိုင်ပေါ် ရောက်နေရော့မယ်၊ အက်ရှလေ ကယ်ပေလို့သာပေါ့’

ဤ ပဟေဠိတွင် အက်ရှလေ ပါလာပြီ။ စကားလက် တစ်ကိုယ်လုံး အေးစက်သွားကာ လည်ပင်းကို လက်ဖြင့်

ကိုင်လိုက်မိသည်။ ယန်ကီတို့သည် ယခုအချိန်ကို အက်ရှလေကို ဖမ်းထားကြပြီလော။ မည်သို့နည်း။ ဖရင့်က မည်သည့်အတွက် အကျိုးအကြောင်း မမေးသနည်း။ အဘယ့်ကြောင့် မထုံတက်သေး ဖြစ်နေရသနည်း။ မတတ်နိုင်။ စကားလက် ကိုယ်တိုင် ဖွင့်မေးရတော့မည်။

‘ဘာဖြစ်လာတာလဲ ဟင်၊ ဘယ်သူ’



‘မင်းတို့ ဖေဖေရဲ့ တပည့်ကျော် ဂျိုနာပေါ့’



‘သူ သူ သေသွားပြီလား’



‘ဪ

ခက်လိုက်ပါဘိ၊

စကားလက်ကလေး’

တိုနီက

ခပ်လှောင်လှောင်ပြောသည်။

‘ကျားကိုက်တယ်ဆိုမှ

နာတာရှည်လားလို့ မေးနေရသေးလား၊ လူ တစ်ယောက်ကို ဓားနှင့် ခုတ်ပါပြီဆိုမှ ကိုယ်က သူ့လည်ပင်းကို ဓားနှောင့်နှင့် ပွတ်ပြီး အယားဖျောက်ပေးတာမျိုး လုပ်နေရမှာလား၊ တအား ခုတ်ချလိုက်တာ၊ ဦးထုပ် မေးသိုင်းကြိုးတောင် မကျန်ဘူး’

‘ကောင်းတယ်၊ ကိုယ်လည်း ဒီငနဲကို မုန်းနေတာ ကြာပြီ’



ဖရင့်က အမှတ်တမဲ့ ပြောသည်။ စကားလက်က ဖရင့်ကို လှမ်းကြည့်၏။ သူ သိသည့် ခပ်ပျော့ပျော့ ခပ်ကြောက်ကြောက်

လူစားမျိုး မဟုတ်တော့။ သူ အလွယ်တကူ အနိုင်ယူခဲ့သည့် ဖရင့် မဟုတ်တော့။ ခေါင်းအေးအေး ထားသည့် အသွင်လုပ်လျှင် ပြတ်ပြတ်သားသား လုပ်မည့် အသွင် ပေါ်နေသည်။ ပြဿနာကို ပြေး၍ ရင်ဆိုင်မည့်ဟန် ပေါ်နေသည်။ စကား အပိုတွေ

140

ပြောချင်ပုံ မရ။ ဖရင့်က ယောက်ျားသား။ တိုနီက ယောက်ျားသား။ ဖြစ်လာသည့်ကိစ္စ ယောက်ျားသားများ၏ အလုပ်။ မိန်းမသားတွေ ဝင်ပါစရာ အကြောင်း မရှိ။

‘အက်ရှလေ အက်ရှလေကော’



‘အမှန်က အက်ရှလေက ဒီကောင်ကို သတ်ချင်နေတာ၊ ဒါပေမယ့် ကိုယ်က ကိုယ်သတ်မယ်၊ ဒါ ကိုယ့်ကိစ္စပဲလို့

ပြောတယ်၊ ဆယ်လီက ကိုယ့်ခယ်မ မဟုတ်လား၊ နောက်ဆုံးတော့ လက်ခံတယ်၊ ကိုယ်နှင့်အတူ ဂျုန်းဘာရိုကို လိုက်လာတယ်၊ ကိုယ့်ကို စိတ်မချလို့တဲ့၊ အက်ရှလေတော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး၊ မဖြစ်ပါစေနှင့်လို့လည်း ဆုတောင်းရမှာပဲ၊ ပြောင်းဖူးမုန့် သုတ်ဖို့ ယိုရှိသေးလား၊ ပြီးတော့ လမ်းစားဖို့လည်း စားစရာ တစ်ခုခု ထုပ်ပေးလိုက်စမ်းပါ’

‘သေသေချာချာ ပြောစမ်းပါဦး တိုနီရယ်၊ တိုနီ အကုန်မပြောရင် စကားလက် လန့်အော်မိလိမ့်မယ်’



‘အော်၊ အော်ချင်ရင် ခု မအော်နှင့်၊ ကိုယ် ထွက်သွားမှ အော်၊ ဖရင့် မြင်း သွားပြင်တော့၊ ကိုယ် အေးအေး ဆေးဆေး

ပြောပြမယ်၊ ဒီ ဂျိုနာ ဆိုတဲ့ကောင်ဟာ တော်တော် ဂြိုဟ်မွှေတယ်၊ စကားလက်တို့ မြေခွန်တော်တွေ ကိစ္စတုန်းက ကြည့်ပါလား၊ သူ တို့မီးရှို့မီး လုပ်တာပေါ့၊ ဒါက အစ ရှိသေးတယ်၊ နောက်ကျတော့ ဒီထက် ဆိုးလာတယ်၊ ကပ္ပလီတွေကို သွေးထိုးပြီး မြှောက်ပေးတယ်၊ ကပ္ပလီဆိုတဲ့ ကောင်တွေကလည်း ဒီကြမ်းပိုး သူခိုးတွေ မြှောက်ပေးတာကို အဟုတ်ထင်ပြီး ကိုယ်တို့ကို အာခံလာတယ်၊ ကိုယ်တို့ ကျေးဇူးတွေကိုတောင် မထောက်ဘူး၊ ခု ယန်ကီတွေက ကပ္ပလီတွေကို မဲပေးခွင့် ပေးတော့မယ်တဲ့၊ ခုဆိုရင် ကိုယ်တို့ နယ်တစ်ဝိုက်က ဒီမိုကရက်တွေ မဲပေးခွင့် မရကြတော့ဘူး၊ ပြည်နယ်စစ်တပ်ထဲ ဝင်တိုက်ဖူးတဲ့ လူတွေလည်း မဲပေးခွင့် မရှိဘူးတဲ့၊ ကပ္ပလီတွေကိုတော့ မဲပေးခွင့် ပေးပြီး ကိုယ်တို့ကိုတော့ မဲပေးခွင့် မရဘူးတဲ့၊ ဒါ ဘာအဓိပ္ပာယ်လဲ၊ ဒါ ကိုယ်တို့ ပြည်နယ်၊ ယန်ကီတွေ ပိုင်တဲ့ ပြည်နယ်မဟုတ်ဘူး၊ ဒီလောက်တောင် မတရားသဖြင့် လုပ်လာတဲ့အခါကျတော့ ကိုယ် မခံနိုင်တော့ဘူး စကားလက်၊ တကယ်ပဲ၊ နောင်လည်း သည်းခံနိုင်မှာ မဟုတ်ဘူး၊ နောက်ထပ် ပြည်တွင်းစစ် ဖြစ်ချင်လည်း ဖြစ်ပါစေ၊ ဒီအတိုင်းတော့ ငုံ့မခံနိုင်ဘူး၊ ခုဆိုရင် ကပ္ပလီ ဥပဒေပြု အမတ်တွေ ခန့်တော့မယ်၊ တောထဲက လူဝံကို ဆွဲထုတ်လာကြတယ် ဟင်း’

‘ကဲပါ တိုနီရယ်၊ ပြောမှာ ပြောစမ်းပါ၊ ရှင် ဘာလုပ်ပစ်ခဲ့သလဲ’



‘ပြောပါ့မယ်လေ၊ နောက်ထပ် ပြောင်းဖူးမုန့် ထည့်ပေးစမ်းပါဦး၊ ဂျိုနာ ဆိုတဲ့ကောင်က ကပ္ပလီတွေနှင့် လူဖြူတွေ

တန်းတူဖြစ်ရမယ်ဆိုပြီး လုပ်ချင်ရာတွေ လုပ်လာတယ်၊ ကပ္ပလီတွေကို မြှောက်ပေးတယ်၊ ပြီးတော့ ကပ္ပလီတွေ လူဖြူမကို ယူခွင့်ရှိတယ်လို့ ပြောလာတယ်’

‘အို ဟုတ်မယ် မထင်ပါဘူး’



‘အို ဟုတ်သမှ ဟိုဘက်တောင် လွန်သေးတယ်၊ မင်းတို့ ဒီလို နေနိုင်တာ ကိုယ်ဖြင့် အံ့ဩလို့ မဆုံးဘူး၊ မင်းတို့လည်း

ကြားပြီးသား နေမှာပေါ့၊ အတ္တလန်တာမှာလည်း ဒီအတိုင်း ပြောနေတာပဲ’

‘ဟင့်အင်း၊ စကားလက် မသိဘူး’

141



‘စိတ်မကောင်းမှာစိုးလို့ ဖရင့်က မပြောဘဲ ထားတာဖြစ်မှာပေါ့၊ ဒါနှင့် ကိုယ်တို့လည်း ဂျိုနာ့ မိန်းမကို သူ့ယောက်ျား

ထိန်းပေးပါလို့ အေးအေးဆေးဆေး ပြောမယ်ဆိုပြီး နေကြတာပေါ့၊ ဒီလို လုပ်နေတုန်း ကိုယ်တို့ ယာကူလီခေါင်း ကပ္ပလီ ယူစတင်ကို သိတယ် မဟုတ်လား’

‘အင်း သိတယ်’



‘ဒီနေ့ညနေ ဆယ်လီက ညစာ ထမင်းစားမယ်လို့ ပြင်နေတုန်း ယူစတင် ပေါက်လာတယ်၊ ဘာပြောမှန်းတော့

ကိုယ်လည်း မသိဘူး၊ ဒါပေမယ့် တစ်ခုခုတော့ တစ်ခုခုပဲ၊ သူက ပြောလိုက်တော့ ဆယ်လီက အော်တယ်၊ ဒါနှင့် ကိုယ်လည်း မီးဖိုထဲ ပြေးဆင်းလာတယ်၊ သောက်ရည်တွေ (ခွင့်လွှတ်ပါ စကားလက်) အရည်တွေ သောက်လာ လိုက်တာလည်း ဒေါင်ချာစိုင်း နေတာပဲ’

‘ဒီတော့’



‘ဒီတင် ကိုယ်လည်း သေနတ်နှင့် ပစ်ချလိုက်ပြီး ဂျုန်းဘာရိုကို ထွက်ပြေးလာတာပဲ၊ အမေကတော့ ဆယ်လီကို

ပြုစုကျန်ရစ်ခဲ့လေရဲ့၊ ဂျုန်းဘာရိုကို ရောက်တော့ ဂျိုနာကို လိုက်ရှာတယ်၊ ဒီကောင်က နံပါတ်တစ် တရားခံ မဟုတ်လား၊ ဒီကောင်ဟာ သူ့ဖို့လောက်ပဲ ကြည့်တတ်တဲ့ကောင်၊ မြိုင်သာယာနား ရောက်တော့ အက်ရှလေနှင့် သွားတွေ့တယ်၊ ဒါနှင့် သူလည်း ဂျုန်းဘာရိုကို လိုက်လာတယ်၊ သူက ဂျိုနာကို တစ်ခုခုလုပ်ရင် သူ လုပ်မယ်တဲ့၊ မြိုင်သာယာကို ဒုက္ခရောက်အောင် ဒီကောင် လုပ်သွားတာတဲ့၊ ကိုယ်ကလည်း မဟုတ်ဘူး၊ လုပ်ချင်းလုပ်ရင် ကိုယ် လုပ်မယ်၊ ဆယ်လီဟာ ကိုယ့်ညီ မိန်းမဆိုတော့ ကိုယ့်အနေနှင့် တာဝန်ရှိတယ်လို့ ပြောတယ်၊ ဒါနှင့် တစ်လမ်းလုံး ငြင်းလာကြတာပေါ့၊ ဂျုန်းဘာရို ရောက်ဆိုပါတော့၊ ဟို ရောက်တော့ ကိုယ့် ခါးမှ ပစ္စတို မပါလာတော့ဘူး၊ မြင်းဇောင်းထဲမှာ ကျန်ရစ်ခဲ့ပြီ’

တိုနီက ပြောင်းဖူးမုန့်ကို စားနေသည်။ စကားလက်က တိတ်တိတ် ဖြစ်နေပြီ။ တိုနီတို့ ညီအစ်ကိုတစ်သိုက်က

လက်ယဉ်သည်။ ယခုမှ မဟုတ်။ ရှေးအစဉ်အဆက်ကတည်းက နာမည်ကြီးသည်။

‘ဒါနှင့် ဓားမြှောင်နှင့် ထိုးပစ်ခဲ့တယ်၊ ဂျိုနာကို အရက်ဆိုင် တစ်ဆိုင်ထဲမှာ သွားတွေ့တယ်၊ အက်ရှလေက ဒီပြင်

လူတွေကို တားထားတုန်း ကိုယ်က ဒီကောင့်ကို ချောင်ပိတ်ပြီး ဓားမြှောင့်နှင့် စိုက်ပစ်လိုက်တယ်၊ ဘာကြောင့် သူ့ကို သတ်တယ်ဆိုတာလည်း ပြောလိုက်ရတယ်’

တိုနီက အတန်ကြာ စဉ်းစားနေသည်။



‘ပြီးတော့ အက်ရှလေက ကိုယ့်ကို မြင်းပေါ်တင်ပေးပြီး အတ္တလန်တာက မင်းတို့ဆီ ဝင်ပြီး အကူအညီတောင်းလို့

မှာလိုက်တာပဲ သတိရတော့တယ်၊ အက်ရှလေဟာ တကယ့် အရေးကျရင် တော်တော်အားကိုးရတဲ့လူ၊ ခေါင်းအေးအေး ထားတတ်တယ်’

ဖရင့်က သူ့ ဝတ်ရုံ အင်္ကျီကြီးကို လက်ထဲတွင် ပိုက်လာပြီး တိုနီကို ပေးသည်။ သူ့တွင် ဤတစ်ထည်သာ ရှိသည်။

သို့ရာတွင် စကားလက်က ကန့်ကွက်ခြင်း မပြု။ ယောက်ျားချင်း ကိစ္စတွင် သူ ဘာမျှ ဝင်မစွက်လို။

142



‘အိမ်မှာ ရှင် မရှိရင် ဘယ်ဖြစ်မလဲ တိုနီ၊ အိမ်ပြန်ပြီး ဆိုင်ရာကို သေသေချာချာ ရှင်းလင်းပြရင် ဘယ့်နှယ် နေမလဲ’



‘ဗျို့ ဖရင့်၊ ခင်ဗျား မိန်းမ စိတ်မှကောင်းသေးရဲ့လား’ တိုနီက ဝတ်ရုံအင်္ကျီကြီးကို ဝတ်ရင်း ရယ်၍ ပြောသည်။

‘ကပ္ပလီတွေနှင့် လူဖြူမတွေ လက်မထပ်ရအောင် ကန့်ကွက်တဲ့လူကို ယန်ကီတွေက ဆုပေးမယ်များ ထင်နေသလား မသိဘူ၊ ဒီပြင်ဆု ရ မရတော့ မသိဘူး၊ ကြိုးကွင်း ရမှာကတော့ သေချာတယ်၊ ကဲ စကားလက်၊ ကိုယ့် ပါးကို နမ်းနှုတ်ဆက်ပါဦး၊ ဖရင့်က စိတ်မဆိုးပါဘူး၊ နောင် တွေ့ချင်မှ တွေ့ရတော့မှာ၊ တက္ကဆက်နယ် ဆိုတာ အဝေးကြီး၊ အိမ်ကို စာမရေးတော့ဘူး၊ ဒီအထိတော့ ချောချောမောမောပဲ ဆိုတာလောက်ကိုပဲ ပြောလိုက်ကြပါ’

စကားလက် သူ့ပါးကို အနမ်းခံသည်။ ဖရင့်နှင့် တိုနီသည် အပြင်ဘက် မိုးထဲ ရေထဲသို့ ထွက်သွားကြ၏။ နောက်ဖေး

ဆင်ဝင်ဘက်တွင် အတန်ကြာ စကားပြောသံ ကြားရပြီးနောက် ရွှံ့ထဲတွင် ဖြတ်သွားသည့် မြင်းခွာသံများကို ကြားရသည်။ တိုနီ တစ်ယောက် ထွက်သွားပြီ။

စကားလက်က တံခါးကို အသာဟ၍ ဖွင့်ကြည့်သည်။ ဖရင့်က ဒယီးဒယိုင် ဖြစ်နေသည့် မြင်းတစ်ကောင်ကို

ရထားရုံထဲသို့ သွင်းနေသည်။

စကားလက် တံခါးကို ပြန်ပိတ်ပြီး ထိုင်၏။ သူ့ဒူးက တဆတ်ဆတ် တုန်လျက်။



ယန်ကီတို့၏ ပြန်လည်ထူထောင်ရေး စီမံကိန်း အဓိပ္ပာယ်ကို စကားလက် ကောင်းကောင်းသိပြီ။ ထိုအခါကျမှ

တလောက သူ ခပ်ပေါ့ပေါ့ ထားခဲ့သည့် အရာများသည် ခေါင်းထဲသို့ ဝင်လာကြသည်။

သူ ဂရုတစိုက် နားမထောင်ခဲ့သည့် စကားများ၊ သူ ဝင်လာသည့်အခါတွင် ယောက်ျားတွေ စကားပြောနေရာမှ

တစ်ပိုင်းတစ်စ ရပ်သွားပုံများ၊ သူ အမှုမဲ့ အမှတ်မဲ့နေခဲ့သည့် လူဖြူလူမည်း ခိုက်ရန်ဖြစ်ပွားမှု ကလေးများ၊ သစ်ခွဲစက်သို့ ဦးလေးပီတာ တစ်ယောက်တည်းကိုသာ ခေါ်၍ မသွားရန် ဖရင့်က ပြောခဲ့ပုံများ။

ယခုမှ ထိုအဖြစ်အပျက်များ ထိုစကားများကို စကားလက် ဆက်စပ် စဉ်းစားမိသည်။



ယန်ကီများက ကပ္ပလီများကို ရှေ့တန်းတင်ကာ သူတို့က လှံစွပ်များဖြင့် နောက်က နေကြသည်။ ကံမကောင်းလျှင်

သူလည်း အသတ်ခံရနိုင်သည်။ အဓမ္မအကျင့် ခံရနိုင်သည်။ ဘာမျှ အလျော်အပေါ ရမည်မဟုတ်။ သူ့အတွက် မကျေနပ်၍ လက်စားချေလျှင် စက်တိုင် အတင်ခံရဦးမည်။ တရားရုံးနှင့် ဥပဒေနှင့် စစ်ဆေးနေမည် မဟုတ်။ ယန်ကီ စစ်အရာရှိများက ဥပဒေကိုလည်း နားမလည်။ ကျူးလွန်ရသည့် အခြေအနေကိုလည်း မစဉ်းစား။ အမှုတွေ ဘာတွေလည်း စစ်နေမည် မထင်။ တောင်ပိုင်းသားများ၏ လည်ပင်းကို ကြိုးကွင်းစွပ်ဖို့လောက်သာ ကြည့်နေသည်။

‘တို့ ဒီလိုပဲ နေရတော့မှာလား’ စကားလက်က လက်ကို ဖျစ်ညှစ်ရင်း အထိတ်တလန့် စဉ်းစားသည်။ ‘အရက်မူးပြီး

ရမ်းတဲ့ ကပ္ပလီ တစ်ယောက်ကို သတ်မိတာနှင့် တိုနီလို လူကောင်းသူကောင်း တစ်ယောက်ဟာ ကြိုးပေးခံရတော့မှာလား၊ ဒီလိုပဲ လက်ပိုက်ကြည့်နေရတော့မှာလား’

ကြာရှည်

သည်းမခံနိုင်တော့ဟု

တိုနီက

ပြောသွားသည်။

တိုနီ

ပြောသည့်အတိုင်း

မှန်သည်။

ကြာရှည်

143

သည်းမခံနိုင်။ သို့ရာတွင် သည်းမခံ၍ကော ဘာတတ်နိုင်သနည်း။ သူတို့တွင် ဘာအားကိုး ရှိသနည်း။ စကားလက် ဒူးတုန်လာသည်။ လောကတွင် သူ တစ်ယောက်တည်းသာ အားကိုးရာမဲ့ ဖြစ်နေသည် မဟုတ်။ သူ တစ်ယောက်တည်းသာ ဒုက္ခရောက်နေသည်မဟုတ်။ တောင်ပိုင်း တစ်ခုလုံးက အမျိုးသမီးများသည် သူ့လိုပင် အားကိုးရာမဲ့ ဖြစ်နေကြရသည်။ ဒုက္ခရောက်နေကြရသည်။ အထိတ်ထိတ် အလန့်လန့် ဖြစ်နေကြရသည်။ စင်စစ် စကားလက် အိုဟာရာ ဆိုသည့် သူသည် ဤအထဲမှ တစ်ယောက်သာ ဖြစ်သည်ကို ပထမဆုံးအကြိမ် သဘောပေါက်လာသည်။ ယန်ကီတို့ထံတွင် လက်နက်ချခဲ့ကြသည့် တောင်ပိုင်း ပြည်နယ်သားများသည် သူတို့ အမေ၊ သူတို့ အစ်မ၊ သူတို့ ညီမများကို ကာကွယ်ရန်အတွက် အသက် စွန့်ရန် အဆင်သင့် ဖြစ်နေကြသည်။

ဖရင့်၏ မျက်နှာကို မြင်လိုက်ရသည့်အခါ၌ တိုနီ၏ မျက်နှာသည် မှန်ထဲတွင် ပေါ်သလို အလိုလို ပေါ်လာသည်။

အတ္တလန်တာက ယောက်ျားတွေ မျက်နှာများသည်လည်း အလိုလို ပေါ်လာကြသည်။ ဤ မျက်နှာ၊ ဤ အမူအရာများကို စကားလက် မြင်ခဲ့ တွေ့ခဲ့သော်လည်း အလေးအနက် မစဉ်းစားခဲ့။ ယခု မြင်ရသည့် အမူအရာက လက်နက်ချပြီး စိတ်ပျက်လက်ပျက်ဖြင့် အိမ်ပြန်အလာတွင် တွေ့ရသည့် အမူအရာမျိုးမဟုတ်။ ထိုစဉ်က သူတို့၏ ရည်ရွယ်ချက်မှာ အိမ်သို့ အမြန်ဆုံး ပြန်ရောက်ရေးဖြစ်သည်။ ယခု ဤသို့ မဟုတ်တော့။ သူတို့ ရည်ရွယ်ချက်သည် ပြန်လည် ရှင်သန်လာသည်။ ထုံကျဉ်နေသော အာရုံကြောများသည် အသက်ပြန်ဝင်လာကြသည်။ ငုပ်လျှိုးနေသည့် မီးခဲပြာဖုံး စိတ်ဓာတ်သည် မီးကျီးရဲရဲ ဖြစ်လာ၏။ နာကြည်း ခါးသီးမှုဖြင့် စောင့်ကြည့်နေကြသည်။ ကြာရှည် သည်းမခံနိုင်တော့ဟု တိုနီ ကဲ့သို့ပင် တွေးနေကြသည်။

ပြည်တွင်းစစ်

မဖြစ်မီတုန်းက

တောင်ပိုင်းသားသည်

စကားချိုသည်။

စကား

ချိုသလောက်

လုပ်စရာရှိလျှင်

မိုက်မိုက်ကန်းကန်း လုပ်တတ်သည်။ စစ်ရှုံးခါနီးတွင်မူ တောင်ပိုင်းသားသည် ရမ်းလာသည်။ ကြမ်းလာသည်။ သို့ရာတွင် ဖယောင်းတိုင် မီးရောင်ဖြင့် ခပ်စောစောက သူမြင်လိုက်ရသည့် ဖရင့်နှင့် တိုနီ၏ မျက်နှာထားများကမူ ယခင်က တောင်ပိုင်းသား မျက်နှာနှင့်မတူ ပြောင်းလဲသွားပြီ။ မျက်နှာထား ပြောင်းသွားသည့်အတွက် စကားလက် ဝမ်းလည်းသာသည်။ ကြောက်လည်း ကြောက်သည်။ ထိုမျက်နှာထားပေါ်တွင် အမူအရာသစ်ကို တွေ့ရ၏။ ထိုအမူအရာသစ်က အခြားမဟုတ်။ စကားလုံးဖြင့် ဖော်ပြ၍ မရသည့် ဒေါသ၊ သိကြားမင်းကြီး နားကင်းနှင့် ဆင်း၍ တားလျှင်ပင် တား၍ မရသည့် ပိုင်းဖြတ်မှု။

စကားလက်သည် သူ့ဘေးပတ်ဝန်းကျင်မှ လူအများအပေါ်တွင် ပထမဆုံးအကြိမ် သံယောဇဉ် တွယ်တာလာသည်။

အေးအတူ ပူအမျှ ခံစားလိုစိတ် ရှိလာသည်။ တစ်စိတ်တည်း တစ်ဝမ်းတည်း ခံစားမိလာသည်။ ဟုတ်သည်။ ကြာရှည် သည်းမခံနိုင်။ လှပသည့် သူတို့ပြည်နယ်ကို လွယ်လွယ်နှင့် ထိုးမအပ်နိုင်။ သူတို့ချစ်သည့် နယ်မြေကို ယန်ကီတို့ ခြေဖြင့် နင်းအခြေ မခံနိုင်။

တိုနီ တစ်ယောက် ချက်ချင်းရောက်လာပြီး ချက်ချင်း ပြန်ထွက်သွားပုံကို တွေးရင် တိုနီအတွက် စကားလက်

စိတ်မကောင်း။ တိုနီအဖြစ်က ဖေဖေ့အဖြစ်နှင့် ခပ်ဆင်ဆင်။

ဖေဖေသည် သူ့အမြင်အရလည်းကောင်း၊ သူ့မိသားစု အမြင်အရလည်းကောင်း လူသတ်မှုဟု မခေါ်နိုင်သည့်

လူသတ်မှု တစ်ခုကို ကျူးလွန်ပြီးနောက် ယခုလို ညကြီးမှောင်မှောင်တွင် ထွက်ပြေးခဲ့ရသည်။ အဖေ၏ သွေးက စကားလက်တွင် ပါလာသည်။ သွေးက တကယ့်သွေး။ ဆူသည့် သွေး။ မြိုင်သာယာကို ဝင်၍ ခိုးသည့် ယန်ကီစစ်သားအား သတ်ခဲ့စဉ်က စိတ်ထဲတွင် ဝမ်းသာအားရ ဖြစ်နေပုံကို စကားလက် ပြန်အမှတ်ရသည်။ ဟုတ်သည်။ အပေါ်ယံအားဖြင့် ယဉ်ကျေးသည်ဟု

144

ထင်ရသော်လည်း သူတို့သွေးကြောထဲတွင် သွေးက ဆူပွက်နေသည်။ သူ သိသည့် လူအားလုံး သွေးဆူကြသည်။ မျက်လုံး မှုန်ငေးငေးဖြင့် နေတတ်သည့် အက်ရှလေနှင့် လူ ကြောက်တတ်သည့် ဖရင့် ပင်လျှင် အရေးကိစ္စ ကြုံလာလျှင် သွေးဆူတတ်သည်။ ဟီရိဩတ္တပ တရားဆို၍ မြူမျှ မရှိသည့် ရက် ဘတ်တလာလို လူပင်လျှင် လူဖြူ အမျိုးသမီးတစ်ယောက်ကို စော်ကားသည့် ကပ္ပလီတစ်ယောက်ကို သတ်ခဲ့ပြီ မဟုတ်လော။

ဖရင့်က ချောင်းတဟွတ်ဟွတ် ဆိုးကာ အိမ်ထဲသို့ ပြန်ဝင်လာ၏။ သူ့တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲနေသည်။

စကားလက်က ထိုင်ရာမှ ထသည်။

‘ဘယ်လောက် ကြာအောင်များ ဒီလိုချည်း နေရဦးမှာလဲ ဟင် အစ်ကိုကြီး’



‘ယန်ကီတွေက အစ်ကိုကြီးတို့ကို မုန်းနေသမျှပေါ့’



‘ဘယ်သူမှ ဘာမှ မလုပ်နိုင်ကြတော့ဘူးတဲ့လား’



ဖရင့်က မုတ်ဆိတ်မွေးများကို ပွတ်နေသည်။



‘အစ်ကိုကြီးတို့ လုပ်နေကြတယ်လေ’



‘ဘာ’



‘ဘာမှ

အကောင်အထည်

မပေါ်သေးခင်

ဒါတွေကို

မပြောတာ

ကောင်းပါတယ်ကွယ်၊

ရေရှည်လုပ်ရမှာပါ၊

တောင်ပိုင်းဟာ ဒီလိုပဲ တစ်သက်လုံး ဖြစ်ချင်လည်း ဖြစ်နေမှာပဲ’

‘ဟင် အစ်ကိုကြီးရယ်’



‘ကဲ စကားလက် အိပ်တော့၊ သိပ်အေးနေလိမ့်မယ်၊ တစ်ကိုယ်လုံး တုန်နေပြီ’



‘ဒါတွေဟာ ဘယ်တော့ ပြီးမှာလဲ ဟင် အစ်ကိုကြီး’



‘အစ်ကိုကြီးတို့ တစ်တွေ မဲပေးပိုင်ခွင့် ရလာတဲ့တစ်နေ့ ပြည်နယ်ဘက်က ဝင်တိုက်ခဲ့ဖူးတဲ့ တောင်ပိုင်းသားတွေက

တောင်ပိုင်းသားတွေကို ရွေးကောက်တင်မြှောက်ခွင့် ရတဲ့နေ့ကျရင် ကောင်းသွားမှာပါ’

‘မဲပေးခွင့် ဟုတ်လား’ စကားလက်က စိတ်ပျက်လက်ပျက် ပြောသည်။ ‘ကပ္ပလီတွေ ကြီးစိုးနေရင် မဲပေးခွင့် ရတော့ကော

ဘာလုပ်မှာလဲ၊ ကပ္ပလီတွေကို ယန်ကီတွေက ဖျက်ဆီးထားပြီပဲဟာ’

ဖရင့်က ထုံးစံအတိုင်း စိတ်ရှည်လက်ရှည် ရှင်းပြသည်။ သို့ရာတွင် မဲပြားလေး တစ်ပြားက ဤပြဿနာများကို

ရှင်းနိုင်သည်ဆိုခြင်းကို စကားလက် သဘောမပေါက်။ နားမရှင်း။ မြိုင်သာယာကို ဂျိုနာ နောက်ထပ် အန္တရာယ် မပြုနိုင်တော့ဟု တွေးကာ တိုနီကို ကျေးဇူးတင်နေသည်။

‘အင်း တိုနီတို့ မိသားစု သနားပါတယ်’ စကားလက်က ပြောသည်။ ‘ခုဆို ရွေးကြီးပင်စုမှာ လုပ်နိုင် ကိုင်နိုင်သူဆိုလို့

145

အဲလက် တစ်ယောက်ပဲ ကျန်တော့မှာ၊ တိုနီနှယ်နော်၊ ည လူမသိ သူမသိ အချိန် ဘယ်သူမှ မမြင်နိုင်တဲ့ အချိန်ကျမှ လုပ်ပါတော့လား၊ ဒီလိုဆိုရင် တက္ကဆက်ကိုလည်း ထွက်ပြေးရမှာ မဟုတ်ဘူး၊ ရွေးကြီးပင်စုမှာ ယာကောင်းကောင်း လုပ်နိုင်မှာပေါ့’

ဖရင့်က သူ့ကို လှမ်းဖက်သည်။ ခါတိုင်း ဆိုလျှင် မရဲတရဲ။ သူ့ကို ပုတ်ထုတ်လိုက်မည်လောဟု မဝံတဝံ့။ သို့ရာတွင်

ယနေ့ ညတွင်မူ သူ့မျက်လုံးမျာက မှုန်ငေးငေး။ ခါးကို ဖက်ထားသည့် လက်ကလည်း မြဲမြံသည်။

‘ဒီအချိန်မှာ

ယာလုပ်တာထက်

ပိုပြီးအရေးကြီးတဲ့

အလုပ်တွေ

အများကြီးရှိတယ်

စကားလက်၊

ဒီအထဲမှာ

ကပ္ပလီတွေကို နှိမ်ဖို့၊ မြောက်ပိုင်းသား လူလေ လူလွင့်တွေကို သင်ခန်းစာ ပေးဖို့လည်း ပါတယ်၊ အစ်ကိုကြီးတို့ တောင်ပိုင်းမှာ တိုနီလို လူမျိုးတွေ ကျန်နေသေးရင် တောင်ပိုင်းအတွက် စိတ်ညစ်နေစရာ မလိုပါဘူး၊ ကဲ လာ လာ အိပ်တော့’

‘ဒါပေမယ့် အစ်ကိုကြီး’



‘အစ်ကိုကြီးတို့တစ်တွေ သွေးစည်းညီညွတ်ပြီး ယန်ကီတွေကို မြေတစ်လက်မမှ မပေးရင် တစ်နေ့မှာ အစ်ကိုကြီးတို့

နိုင်ရမယ်၊ ဒါတွေကို စကားလက် ခေါင်းရှုပ်ခံ မစဉ်းစားပါနှင့်ကွယ်၊ ယောက်ျားတွေ စဉ်းစားပါလိမ့်မယ်၊ အဲဒီအချိန်ဟာ အစ်ကိုကြီးတို့ တစ်သက်မှာ မရောက်ပေမယ့် တစ်နေ့နေ့ကျရင် ရောက်လာမှာပေါ့၊ အစ်ကိုကြီးတို့ကို ကြောက်အောင် မခြောက်နိုင်တဲ့ တစ်နေ့ကျရင် ယန်ကီတွေ နောက်ဆုတ်သွားကြမှာပါ၊ အဲဒီကျတော့ အစ်ကိုကြီးတို့ဟာ ကမ္ဘာသစ်ကို ရောက်ပြီး အစ်ကိုကြီးတို့ သားသမီးတွေကို ကောင်းကောင်း မွေးမြူကြရမှာပါ’

ဝိတ်ကလေး အကြောင်းကို စကာလက် တွေးမိသည်။ သူ့ရင်ထဲတွင် ဝှက်ထားသည့် လျှို့ဝှက်ချက်ကို တွေးမိသည်။

အမုန်းခေတ်၊ မရေမရာခေတ်၊ နာကြည်းစရာခေတ်၊ အပေါ်ယံ မျက်နှာပြင်အောက်တွင် ပုန်း၍နေသည့် ဗရုတ်ဗရက်ခေတ်၊ ဆင်းရဲ နုံချာသည့်ခေတ်၊ ရှားပါး ကျပ်တည်းသည့်ခေတ်၊ လုံခြုံမှု မရှိသည့်ခေတ်။ ဤခေတ်တွင် သားသမီးတွေကို မမွေးမြူချင်။ မကြီးပြင်းစေချင်။ ဤခေတ်ကြီး အကြောင်းကို သူ့သားတွေ၊ သူ့သမီးတွေ မသိစေချင်။ လုံခြုံ စိတ်ချရ၍စည်းစနစ် ရှိသည့် ခေတ်ကြီးတွင် သူ နေချင်သည်။ လုံခြုံသည့် အနာဂတ်ကာလကို မျှော်ကြည့်နိုင်သည့် ခေတ်ကြီးကို သူ တွေ့ချင်သည်။ သူ့သားသမီးများအဖို့ နူးညံ့ချိုသာခြင်း၊ နွေးထွေးခြင်း၊ ဝဝလင်လင် စားရခြင်း၊ ကောင်းကောင်းမွန်မွန် ဝတ်ရခြင်းတို့ကိုသာ တွေ့ရမည့် ခေတ်ကြီးကိုသာ စကားလက် လိုချင်သည်။

ဖရင့်ကမူ ဤလို ခေတ်သစ်ကြီးကို မဲဆန္ဒ ပေးခြင်းဖြင့် ရောက်နိုင်သည်ဟု ထင်သည်။ သို့ရာတွင် မဲဆန္ဒ

ပေးရပြီဆိုလျှင်ကော

ဘာထူးမည်နည်း။

တောင်ပိုင်းက

လူတော်လူကောင်းများသည်

မည်သည့်အခါမျှ

မဲဆန္ဒ

များများရမည်မဟုတ်။ မဲပြားသည် သူ့ဘဝကို လုံခြုံမှု မပေးနိုင်။ လောကကြီးတွင် လုံခြုံမှုပေးနိုင်သည့်အရာ၊ အကျပ်အတည်း အခက်အခဲကို ဟန့်တားနိုင်သည့် အခိုင်ခံ့ဆုံး တံတိုင်းဟူ၍ တစ်ခုသာရှိသည်။ ထိုတံတိုင်းမှာ ငွေတံတိုင်းဖြစ်သည်။ သူတို့တွင် ပိုက်ဆံ များများရှိမှ ဖြစ်မည်။ ကြုံတွေ့မည့် အခက်အခဲကို တားဆီးဟန့်တားရန် အတွက် ပိုက်ဆံရှိနိုင်သမျှ များများရှိမှ ဖြစ်မည်ဟု စကားလက် တွေးသည်။

သူ့တွင် ကိုယ်ဝန် ရှိနေပြီဟု စကားလက် ဆိုင်းမပါ ဗုံမပါ ဖွင့်ပြောသည်။

146



တိုနီ ထွက်ပြေးပြီးနောက်တွင် ယန်ကီ စစ်သားများက ဒေါ်လေးပစ်တီ၏ အိမ်ကို မကြာခဏ တက်၍ ရှာကြသည်။

အကြောင်းကြားခြင်း မပြုဘဲ အချိန်မရွေး အိမ်ကို ဝိုင်းရှာကြသည်။ အခန်းတွေထဲသို့ဝင်ကာ တစ်အိမ်လုံး မွှေနှောက်ကြသည်။ မေးခွန်းတွေ မေးကြသည်။ သေတ္တာများကို လှန်လှော ရှာကြသည်။ အဝတ်ဗီရိုများကို ဖွင့်ကြည့်ကြသည်။ ခုတင်အောက်သို့ ငုံ့ကြည့်ကြသည်။

တိုနီသည်

အတ္တလန်တာက

ဒေါ်လေးပစ်တီ

အိမ်သို့

ဝင်သွားသည်ဟု

စစ်အာဏာပိုင်များက

သတင်းရထားသည်။ တိုနီသည် ထိုအိမ်တွင် ရှိရမည်။ သို့မဟုတ် အနီးအနား တစ်ဝိုက်တွင် ပုန်းနေရမည်ဟု တွက်ကြသည်။

စစ်သားတွေ မကြာခဏ တက်ရှာသဖြင့် ဒေါ်လေးပစ်တီ အထိတ်တလန့်ဖြစ်ကာ ဦးလေးပီတာပြောသလို ‘မအီမသာ’

ဖြစ်တတ်သည်။ သူ့အိပ်ခန်းသို့ မည်သည့်အချိန်တွင် စစ်ဗိုလ်တွေ၊ စစ်သားတွေ ဝင်၍ ရှာကြဦးမည်နည်းဟု တထိတ်ထိတ် ဖြစ်နေရသည်။ တိုနီအကြောင်းကို ဖရင့်ကသော် လည်းကောင်း၊ စကားလက်ကသော လည်းကောင်း ဒေါ်လေးပစ်တီကို ပြောမပြ။ ထို့ကြောင့် ထိုအကြောင်းကို ပြောချင်သည့်တိုင် ဒေါ်လေးပစ်တီ ဘာမျှ မပြောနိုင်။ သူ့တစ်သက်တွင် တိုနီကို တစ်ကြိမ်သာ

တွေ့ဖူးကြောင်း၊

ဤသည်မှာလည်း

၁၈၆၂

ခုနှစ်

နာတာလူးပွဲတော်

ဖြစ်ကြောင်းဖြင့်

စစ်ဗိုလ်များကို

ပြောပြသည့်အခါတွင် ဒေါ်လေးပစ်တီ လိမ်ညာပြောခြင်း မဟုတ်။ ရိုးသားစွာ ပြောခြင်းသာ ဖြစ်သည်။

‘ပြီးတော့ ဒီတုန်းက အဲဒီသူငယ်က အရက်တွေ မူးလို့’



ဒေါ်လေးပစ်တီက ယန်ကီစစ်သားကို မျက်နှာချိုသွေးရင်း အမောတကော ပြောသည်။



စကားလက်က ကိုယ်ဝန်ရှိစဖြစ်၍ ကောင်းကောင်း နေမကောင်း။ ယန်ကီစစ်သားများက သူ့အခန်းသို့ ဝင်ရှာကာ

သူတို့လိုချင်သည့် ပစ္စည်းအတိုအစတွေကို ယူသွားတတ်သည်။ ထို့ကြောင့် ယန်ကီစစ်သားကို မုန်းသည်။ တစ်ခါတစ်ရံတွင်လည်း တိုနီက

သူတို့

အားလုံး

အကြောင်းကို

ဖော်မည်လောဟု

တထိတ်ထိတ်

ဖြစ်ရသည်။

အကျဉ်းထောင်များထဲတွင်

ဤမျှလောက်ပြစ်မှု မကြီးဘဲနှင့် ဖမ်းထားသည့် လူတွေ ပြည့်နေပြီ။ သူတို့အကြောင်းကို သိလျှင် သူနှင့် ဖရင့်တို့သာမက ဘာမျှ မသိသည့် ဒေါ်လေးပစ်တီလည်း ထောင်ထဲ ရောက်ရတော့မည်။

ပြည်ထောင်စု အစိုးရက စစ်လျော်ကြေးအဖြစ် ‘သူပုန်ပိုင် ပစ္စည်း’ များကို သိမ်းမည်ဟု ဝါရှင်တန်တွင် သတင်း

ဖြစ်နေသည်။ ထိုသတင်းကြောင့် စကားလက် တထိတ်ထိတ် ဖြစ်နေသည်။ စိတ်ညစ်နေသည်။ ထိုသတင်းအပြင် ဥပဒေကို ချိုးဖောက်သူများ၏ ပစ္စည်းများကိုလည်း သိမ်းမည်ဟု အတ္တလန်တာတွင် ကောလာဟလ ဖြစ်နေသည်။ သို့ဆိုလျှင် မိမိနှင့် ဖရင့်တို့နှစ်ဦး ထောင်ထဲ ရောက်ရုံမျှမက အိမ်၊ ကုန်တိုက်နှင့် သစ်ခွဲစက်ပါ အသိမ်းခံရမည်လောဟု စကားလက် စိုးရိမ်နေသည်။ သူတို့ ပစ္စည်းကို စစ်ဘက်က မသိမ်းသည့်တိုင် မိမိနှင့် ဖရင့် နှစ်ဦးစလုံးသာ အဖမ်းခံရလျှင် အသိမ်း ခံရသည့်နှယ် ဘာခြားမည်နည်း။ သူတို့မရှိလျှင် သူတို့ အရောင်းအဝယ် လုပ်ငန်းများကို မည်သူ ဆက်လုပ်မည်နည်း။

တိုနီ ဂြိုဟ်မွှေ၍ ဤသို့ဖြစ်ရသည်ဟု တိုနီကို အပြစ်တင်မိသည်။ မိတ်ဆွေတွေကို အဘယ့်ကြောင့် လာ၍

ဒုက္ခပေးရသနည်း။ အက်ရှလေကကော တိုနီကို အဘယ့်ကြောင့် သူတို့ဆီ လွှတ်လိုက်ရသနည်း။ တော်ပြီ။ နောင်တွင် ယန်ကီတို့ ဤသို့ လာ၍ ရှာလား၊ ဖွေလား၊ စစ်လား ဆေးလား အလုပ်ခံရမည့် ကိစ္စမျိုး ဆိုလျှင် ဝေးဝေးက ရှောင်တော့မည်။ ဤကိစ္စမျိုးတွင် မည်သူ့ကိုမျှ အကူအညီ မပေးတော့။ မည်သူလာ၍ အကူအညီ တောင်းတောင်း တံခါး ဖွင့်မပေးတော့။ အက်ရှလေ တစ်ယောက်မှ လွဲ၍ မည်သူ့ကိုမျှ အကူအညီ မပေးတော့။ တိုနီကို အကူအညီ ပေးလိုက်ပြီးသည့် နောက်တွင် ရက်ပေါင်း

147

အတန် ကြာသည့်တိုင် အကြောက်မပြေ။ ညညတွင် လမ်းမပေါ်မှ ဆူဆူညံညံ အသံကြားတိုင်း အိပ်ရာမှ လန့်နိုးတတ်သည်။ တိုနီကို အကူအညီ ပေးခဲ့သည့် အတွက် အက်ရှလေလည်း တက္ကဆက်သို့ ပြေးရန် ရောက်လာပြန်ပြီလောဟု တွေးမိသည်။ အက်ရှလေ၏ အကြောင်းကိုလည်း ဘာမျှ မကြားရ။ ညကြီးသန်းခေါင်တွင် သူတို့ဆီကို တိုနီ ရောက်လာပုံကိုလည်း မြိုင်သာယာကို စာရေး၍ မဖြစ်။ စာကို ယန်ကီတို့က လမ်းမှ ဖြတ်ဖွင့်ကြည့်လျှင် မည်သို့ လုပ်မည်နည်း။ မြိုင်သာယာကိုပါ ဒုက္ခပေးလာလျှင် မည်သို့ လုပ်မည်နည်း။ သို့ရာတွင် ရက် အတန်ကြာ၍ အက်ရှလေနှင့် ပတ်သက်သည့် မကောင်းသတင်း တစ်စုံတစ်ရာ မကြားရသည့်အခါတွင်မူ အက်ရှလေ တစ်ယောက် အေးအေးဆေးဆေး ဖြစ်နေပြီဟု ယူဆလိုက်ကြသည်။ ယန်ကီတို့က သူတို့ကိုလည်း နောက်ထပ် အနှောင့်အယှက် မပေးကြတော့။

သို့တိုင်အောင် စကားလက် အကြောက် မပြေသေး။ စိုးရိမ်မှု မပျောက်သေး။ မိုးထဲ ရေထဲတွင် တိုနီ ပေါက်လာပြီးနောက်

သူ့ရင်ထဲတွင် ကြီးစိုးလာခဲ့သည့် ထိုအကြောက်သည် အတ္တလန်တာကို အမြောက်များနှင့် ဝိုင်းထုစဉ်က အကြောက်ထက်လည်း ပိုသည်။ ပြည်တွင်းစစ် ပြီးခါနီး မြိုင်သာယာသို့ ဗိုလ်ချုပ် ရှားမင်း၏ တပ်များ ဝင်စဉ်က အကြောက်ထက်လည်း ပိုသည်။ လေရိုင်း တိုက်၍ မိုးရိုင်း ရွာသော ထိုညက တိုနီ ရောက်လာခြင်းသည် မိမိ၏ မရေရာသော အနာဂတ်ကို ကြည့်မြင်ရန် မျက်စိ ဖွင့်ပေးလိုက်သကဲ့သို့ ရှိသည်။

၁၈၆၆ ခု၊ ချမ်းစိမ့်စိမ့် ထိုနွေဦးပေါက်၌ သူ့ပတ်ဝန်းကျင်ကို စကားလက် သတိပြုမိသည်။ ထိုအခါတွင် သူနှင့်တကွ

တောင်ပိုင်း ပြည်နယ်များ ရင်ဆိုင်နေရသည့် ပြဿနာကို စကားလက် သဘောပေါက်လာခဲ့ပြီ။ စီမံကိန်းတွေ မည်မျှချချ၊ အလုပ်တွေ မည်မျှ လုပ်လုပ်၊ အောင်မြင်မှုတွေ မည်မျှရရ၊ စွန့်လွှတ်မှုတွေ မည်မျှကြီးကြီး၊ စကားလက်အဖို့ အားတက်စရာ မရှိ။ ပင်ပင်ပန်းပန်း၊ ခြိုးခြိုးခြံခြံဖြင့် သူ တန်ဖိုးကြီးစွာ ပေး၍ စုဆောင်းခဲ့ရသည့် သူပိုင် ပစ္စည်းကလေးများကို အချိန်မရွေး ယန်ကီတို့ လုယူသွားနိုင်သည်။ ဤသို့ လုယူသွားလျှင် သူ့ဘက်က ခုခံကာကွယ်စရာ မည်သည့် တရားဥပဒေမျှ မရှိ။ မည်သည့် အခွင့်အရေးမျှ မရှိ။ တစ်ချက်လွှတ် အာဏာကို သုံး၍ ထင်ရာ စိုင်းသည်။ စစ်ခုံရုံးများမှ အပ တရားဥပဒေအရ ပြောပိုင်ခွင့်ဟူ၍ ဘာမျှ မရှိ။ ထိုခေတ်တွင် ကပ္ပလီများသာ အခွင့်အရေးတွေ ရနေကြသည်။ ယန်ကီတို့သည် တောင်ပိုင်းကို သူတို့ခြေထောက် အောက်သို့ သွင်းခဲ့ကြပြီ။ နောင်တွင်လည်း ဤအတိုင်း ထားဖို့ အလားအလာ ရှိနေသည်။ တောင်ပိုင်းသည် ရက်စက်ကြမ်းတမ်းသည့် လက်ကြီးထဲတွင် ကျွမ်းထိုးမှောက်ခုံ ဖြစ်နေပြီ။ တစ်ခါက တောင်ပိုင်းကို စိုးမိုးခဲ့သူမျာသည် သူတို့တစ်ခါ စိုးမိုးခဲ့ရာ ကျွန်ဟောင်းများထက်ပင် ခိုကိုးရာမဲ့အခြေသို့ ရောက်နေကြရပြီ။

ဂျော်ဂျီယာ

တစ်နယ်လုံးတွင်

ယန်ကီတပ်တွေ

အနှံ့အပြား

တပ်စွဲထားသည်။

အတ္တလန်တာတွင်လည်း

ဒင်းကြမ်းပြည့်နေသည်။ မြို့အသီးသီးတွင် တပ်စွဲထားသည့် ယန်ကီ တပ်မှူးများက တစ်ချက်လွှတ် အာဏာကို ပိုင်ကြသည်။ ပစ်သတ်ခွင့် အာဏာ ရှိနေကြသည်။ ထိုအာဏာကို လက်တွေ့ ကျင့်သုံးကြသည်။ ထစ်ခနဲရှိလျှင် အပြစ် မရှိသည့်တိုင် အလုပ်သမားများကို ဖမ်း၍ ထောင်ချကြသည်။ ပစ္စည်း သိမ်းကြသည်။ ကြိုးမိန့်ပေးကြသည်။ အရောင်းအဝယ် ကိစ္စ၊ အလုပ်သမားများ၏ လုပ်ခ ကိစ္စ၊ အနေအထိုင် အပြောအဆို ကိစ္စ၊ အရေးအသား ကိစ္စ စသည်တို့တွင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်သည့် စည်းကမ်းဥပဒေတွေ ထုတ်ကာ ပြည်သူလူထုကို နှောင့်ယှက် ခြိမ်းခြောက်နေကြသည်။ ကြိုးဆွဲနေကြသည်။ မည်သည့်နေရာ၊ မည်သည့် အချိန်၊ မည်သို့ အမှိုက် သွန်ရမည်ဆိုသည်က အစ လိုက်၍ စည်းကမ်းတွေ ထုတ်နေသည်။ ပြည်နယ်သားများအား မည်သည့် သီချင်းကို မဆိုရ၊ မည်သည့် သီချင်းကိုသာ ဆိုရမည်ဟု အမိန့်ထုတ်ကြသည်။ ဤသို့ဖြင့် ‘ဒက္ကဇီ’ သီချင်းဆိုမိသူ၊ ‘အပြာရောင် အလံ’ သီချင်းကို ဆိုမိသူသည် နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်သူ တစ်ဦးနှယ်

148

ကြီးလေးသည့် အပြစ်ဒဏ်ကို ခံရသည်။ စာတိုက်မှ စာတစ်စောင် လက်ခံလျှင် ပြည်ထောင်စု သစ္စာကို ခံယူမည်ဟု ကျမ်းကျိန်ပြီးမှ ထုတ်ပေးသည်။ လက်ထပ်လျှင်လည်း ထိုသို့ ကျမ်းကျိန်ပြီးမှ လက်ထပ်စာချုပ် ထုတ်ပေးသည်။

သတင်းစာများ၏ ပါးစပ်ကို ပါးချပ် တပ်ထားသဖြင့် စစ်ဘက် အာဏာပိုင်များ၏ မတရားမှု၊ အနိုင်ကျင့်မှုတို့ကို

ခေါင်းငုံ့ခံနေရသည်။ ကန့်ကွက် ထုတ်ဖော်ခွင့် မရ။ ကန့်ကွက်မိသူတို့မှာ ထောင်ထဲသို့ ရောက်ကြရသည်။ ထင်ရှားသည့် ပုဂ္ဂိုလ် အများအပြား ထောင်ထဲသို့ ရောက်နေကြရသည်။ မည်သည့် ရက်တွင် ရုံးတင်စစ်ဆေးမည်ကို မသိရဘဲ အချိန်ကုန်ကြရသည်။ ခုံသမာဓိ အဖွဲ့ဖြင့် စစ်ခွင့်၊ ရှေ့တော်သွင်း စာချွန်တော် တင်ခွင့်တို့ကိုလည်း ရုပ်သိမ်းထားသည်။ မြို့ပြတရားရုံးများ ရှိနေသည့်တိုင် ၎င်းတို့မှာလည်း စစ်အာဏာပိုင်များ၏ အလိုကျ ဆောင်ရွက်နေကြရသည်။ စစ်အာဏာပိုင်တို့က မြို့ပြ တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို စွက်ဖက်ကြသည်။ သို့ဖြင့် ကံမကောင်း အကြောင်းမလှသူတို့ အဖမ်းခံကြရပြီးနောက် စစ်အာဏာပိုင်တို့၏ လက်ခုပ်ထဲက ရေပမာ ဖြစ်ခဲ့ကြရသည်။ အစိုးရကို ဆန့်ကျင်သည့် စကားပြောသည်ဟု သံသယ အဖြစ်ခံရလျှင်၊ ကေသုံးလုံး ဂိုဏ်းနှင့် အဆက်အသွယ်ရှိသည်ဟု ထင်လျှင်၊ ကပ္ပလီတစ်ယောက်က သူ့ကို အနိုင်အထက် ပြုသည်ဟု တိုင်တန်းခံရလျှင် ထိုလူမှာ ထောင်ထဲတွင် ရောက်ရတော့သည်။ သက်သေ မလို။ အထောက်အထား မလို။ စွပ်စွဲချက် ရှိလျှင် လုံလောက်ပြီ။ လွတ်လပ်သော ကပ္ပလီများ အစည်းအရုံး၏ မြှောက်ပင့် သွေးထိုးမှုကြောင့် ကပ္ပလီများကလည်း အလွယ်တကူ စွပ်စွဲကြသည်။

ကပ္ပလီများကို မဲပေးခွင့် မပြုသေး။ သို့ရာတွင် ကပ္ပလီ မဲများသည် မြောက်ပိုင်းဘက်က အနိုင်ရအောင် လုပ်ပေးရမည်ဟု

ပြည်ထောင်စု အစိုးရက ဆုံးဖြတ်ထားသည်။ ဤတွင် ကပ္ပလီများက အခွင့်အရေး ယူကြသည်။ ကပ္ပလီများ လုပ်သမျှကို ယန်ကီ စစ်သားများက ထောက်ခံကြသည်။ လူဖြူတစ်ဦးက လူမည်းတစ်ဦးကို တိုင်တန်းစွပ်စွဲမိလျှင် ထိုလူဖြူ ဒုက္ခရောက်ရသည်။

ကျွန်ဟောင်းများသည်

အရှင်သခင်များ

ဖြစ်လာကြသည်။

ဘဝရှင်

မင်းတရားကြီးများ

ဖြစ်လာကြသည်။

အနိမ့်ဆုံး၊ အသိပညာ အမဲ့ဆုံး ဆိုသည့် ကပ္ပလီများသည် ယန်ကီများ၏ အားကိုးဖြင့် ထိပ်ဆုံးသို့ ရောက်လာကြသည်။ လူမည်း လွတ်မြောက်ရေးကို မနှစ်သက်သည့် အထက်တန်းစား လူမည်းများမှာ ၎င်းတို့၏ လူဖြူ အရှင်သခင်များကဲ့သို့ အဖိနှိပ်ခံကြရသည်။ ကျွန်များထဲတွင် ဇာတ်အမြင့်ဆုံးဖြစ်သည့် အိမ်စေကျွန်များသာ သူတို့ အရှင်သခင်ဟောင်းများနှင့် အတူ နေရစ်ခဲ့ကာ ယခင်က သူတို့ မလုပ်ခဲ့သည့် အလုပ်ကြမ်းများကို ဝင်လုပ်ကြသည်။ သစ္စာရှိသည့် ယာကျွန်ဟောင်းများသည် လွတ်လပ်ခွင့်ကို ငြင်းဆိုကာ ယာလုပ်ငန်းကို ဆက်လုပ်ကြသည်။ လူတွင်ကျယ် အလုပ်ဆုံးဖြစ်သည့် ‘လွတ်လပ်သော ကပ္ပလီများ’ မှာ ကူလီ လူတန်းစားမှ လာသူများဖြစ်ကြသည်။

ငွေဝယ်ကျွန်ခေတ်ကမူ ယာကျွန်ကို အိမ်စေကျွန်များက အထင်သေးကြသည်။ နှိမ်ကြသည်။ မေမေလုပ်သကဲ့သို့

တချို့

ခြံပိုင်ရှင်များက

ယာကျွန်

ကပ္ပလီလေးများကို

ငယ်ငယ်ကတည်းက

ကျွေးမွေးကာ

အိမ်စေကျွန်ဖြစ်အောင်

လေ့ကျင့်သင်ကြား ပေးကြသည်။ ယာထဲတွင် လုပ်သည့် ကျွန်များမှာ စာလည်း မသင်ချင်။ လက်ကြော တင်းအောင်လည်း မလုပ်ချင်။ ရိုးသားခြင်းလည်း မရှိ။ စိတ်လည်း မချရ။ ထိုမျှမက စိတ်ထားနိမ့်ကျ၍ ရိုင်းလည်း ရိုင်းစိုင်းကြသည်။ ဤသို့ဖြင့် ကပ္ပလီ လူနေမှု စနစ်ထဲက ဇာတ်အနိမ့်ဆုံး၊ အောက်တန်းအကျဆုံး လူတန်းစားသည် တောင်ပိုင်းကို ဒုက္ခပေးနေသည်။

လွတ်လပ်သော ကပ္ပလီ အစည်းအရုံးကို ခေါင်းဆောင်နေသူများမှာ မျက်နှာပြောင်သည့် အချောင်သမားများ

ဖြစ်ကြသည်။ ၎င်းတို့မှာ တောင်ပိုင်းကို အလွန်မုန်းတီးသူများ ဖြစ်ကြသည်။ ဤသူများ၏ အားကိုးဖြင့် ယာကျွန်များသည်

149

နေ့ချင်း ညချင်း ဘဝရှင် မင်းတရားကြီးများ ဖြစ်လာကြသည်။ အသိဉာဏ် နည်းပါးသူတို့ လုပ်လေ့ရှိသည့် အရာမှန်သမျှ အကုန်လုပ်လာကြသည်။ အဖိုးတန် ရတနာသိုက် တစ်ခုထဲသို့ မျောက်များ သို့မဟုတ် ကလေးများကို လွှတ်ပေးလိုက်သည့်နှယ် အဖိုးထိုက် အဖိုးတန် ဟူ၍ မခွဲခြားတတ်ဘဲ ဖျက်ဆီးပစ်ကြသည်။

သို့ရာတွင်

တစ်ခုမူ

ရှိသည်။

ဤသို့လုပ်ခြင်းမှာ

ရန်ငြိုးကြောင့်

လုပ်ခြင်းမျိုးမဟုတ်။

ကပ္ပလီလူမျိုးသည်

လူတန်းစားတစ်ရပ် အနေဖြင့် ယုံလွယ်သည်။ ကလေးဆန်သည်။ အစဉ်အလာအရ အမိန့်ကို နာခံတတ်သည်။ ယခင်က သူတို့ကို သူတို့၏ လူဖြူ အရှင်သခင်များက အမိန့်ပေးခဲ့ကြသည်။ ယခု သူတို့တွင် အရှင်သခင်သစ် ရောက်လာပြီ။ လွတ်လပ်သည့် ကပ္ပလီအစည်းအရုံးနှင့် ကော်ဇောအိတ်သမားများသည် သူတို့၏ အရှင်သခင်သစ် ဖြစ်သည်။ အရှင်သခင်သစ်များက ‘မင်းတို့ဟာ လူဖြူတွေနှင့် အတူတူပဲ၊ ဒါကြောင့် လူဖြူတွေ နေသလို နေရမယ်၊ မဲပေးခွင့်ရလာရင် ရီပါဘလီကန် ပါတီကို မဲပေးကြပါ၊ လူဖြူတွေ ပိုင်သလို ပိုင်ရမယ်၊ လူဖြူတွေရဲ့ ပစ္စည်းဟာ မင်းတို့ ပစ္စည်းတွေဖြစ်တယ်၊ ရနိုင်ရင် ဒီအခွင့်အရေးကို လက်မလွတ်တမ်း ယူကြ’ ဟု အမိန့်ပေးကြသည်။

ဤသို့ မြှောက်ပင့်ပေးသည့်အခါတွင် ကပ္ပလီတို့ သွေးကြွကြသည်။ လွတ်လပ်ခွင့်ရပြီဟု ဆိုကာ ပျော်ပွဲရွှင်ပွဲတွေ

နေ့ရော ညပါ တခြိမ့်ခြိမ့် ဖြစ်နေသည်။ အပတ်တိုင်း နေ့စဉ် ကောင်လုံးကင် ပျော်ပွဲ စားပွဲ ကျင်းပကြသည်။ အပျင်း ပွဲတော်ကြီး၊ အခိုး အဝှက် ပွဲတော်ကြီး၊ အမော်အကြွား ပွဲတော်ကြီး ကျင်းပကြသည်။ ကျေးလက် ကပ္ပလီများသည် မြို့သို့ အုပ်လိုက် ရောက်လာကြသည်။ ကျေးလက်တွင် ယာလုပ်မည့်သူ တစ်ယောက်မျှ မကျန်တော့။ အတ္တလန်တာတွင် ဆိုလျှင် ကပ္ပလီတွေ တစ်မြို့လုံး ပြည့်နေသည်။ နောက်ထပ်လည်း ဝင်မလာမဆဲ တသဲသဲဖြစ်နေသည်။ သူတို့ကို မြှောင့်ပင့် ပေးထားသဖြင့် အလုပ်လည်း မလုပ်ကြတော့။ တဲကုပ်ကလေးများထဲတွင် စုပြုံနေကြသဖြင့် ကျောက်ရောဂါ၊ အူရောင်ငန်းဖျား ရောဂါ၊ အဆုတ်ရောဂါ စသည်တို့စွဲကပ်ကုန်ကြသည်။ ယာကျွန် ဘဝတုန်းကမူ သူတို့ နေထိုင် မကောင်းလျှင် ယာတောရှင်၏ ဇနီး မယားများက ကြည့်ရှုကြသည်။ ဆေးကုပေးကြသည်။ ယခု သူတို့ဘာသာလည်း မကုတတ်။ မပြုစုတတ်။ ယခင်က ဆိုလျှင် သက်ကြီးရွယ်အိုများကို ယာတောရှင်၏ ဇနီးမယားတို့က ကျွေးမွေး ထောက်ပံ့ကြသည်။ ယခုမူ သူတို့ ဘိုးဘွားများကို ထောက်ပံ့ခြင်း မပြုကြတော့။ လွတ်လပ်သည့် ကပ္ပလီ အစည်းအရုံးကလည်း နိုင်ငံရေး ကိစ္စလောက်ကိုသာ စိတ်ဝင်စားသဖြင့် သူတို့၏ သက်သာချောင်ချိရေးကို ဘာမျှ လုပ်မပေးနိုင်။

မြို့က

လမ်းများပေါ်တွင်

စွန့်ပစ်ခဲ့သည့်

ကပ္ပလီကလေးငယ်တွေ

ပြည့်နေသည်။

ထိတ်လန့်နေသည့်

သတ္တဝါကလေးများနှယ် အကြောက်ကြောက် အလန့်လန့်။ မသွားတတ် မလာတတ်။ သနားတတ်သည့် လူဖြူများက ကောက်ယူ ကျွေးမွေးရသည်။ စွန့်ပစ်ခံခဲ့ရသည့် ကျေးလက်က ကပ္ပလီ အဘိုးကြီး၊ အဘွားကြီးများ မြို့ထဲတွင် မသွားတတ် မလာတတ်ဖြင့် ယောင်လည်လည် ဖြစ်နေ၏။ လမ်းဘေးတွင် ထိုင်ကာ ‘အစ်ကိုကြီးတို့ အစ်မကြီးတို့ရယ်၊ ဖာယက်တီးဗီးလ်မှာ ကျုပ် သခင် ရှိပါတယ်ဗျာ၊ ကျုပ် ဒီမှာ ရောက်နေတယ်ဆိုတာ စာ ရေးပေးကြပါဗျာ၊ လာခေါ်မှာပါ၊ တော်ပါပြီ၊ ကပ္ပလီ လွတ်လပ်ရေးဆိုတာ မလိုချင်တော့ပါဘူး’ ဟု တစာစာ ပြောနေကြသည်။

လွတလ် ပ်သည့် ကပ္ပလမျီား အစည်းအရုံးသည် ၎င်း၏ ဆော်ဩချက်ကြောင့် ကပ္ပလီတွေ မြို့သို့ လှမိ တ့် က်လာသော အခါ

ခြေမကိုင်မိ လက်မကိုင်မိဖြင့် ကျေးလက်က ကျွန်ပိုင်ရှင်ဟောင်းများထံ ပြန်ပို့သည်။ ပြန်သွားလျှင် ကျွန် မဟုတ်တော့ကြောင်း၊ လွတ်လပ်သည့် အလုပ်သမား ပြန်လာပြီဖြစ်ကြောင်း၊ စာချုပ်ဖြင့် အလုပ် လုပ်နိုင်ကြောင်း၊ လုပ်ခ ပေးရမည် ဖြစ်ကြောင်းဖြင့်

150

ပြောကြသည်။ ကပ္ပလီအိုကြီးများက ဝမ်းမြောက်ဝမ်းသာဖြင့် ယာတောသို့ ပြန်ကြသည်။ သို့ရာတွင် သူတို့ ပြန်သွားသည့်အခါ၌ သူတို့ အရှင်သခင်ဟောင်းများသည် မွဲနေကြပြီ။ ကိုယ်ပင် အနိုင်နိုင် စားနေရသည့် အထဲတွင် သူတို့ ရောက်လာသဖြင့် တာဝန်တက်လာသည်။ သို့ရာတွင် ငယ်ငယ်ရွယ်ရွယ် ကပ္ပလီများကမူ အတ္တလန်တာတွင် နေရစ်ခဲ့ကြသည်။ အလုပ်သမား ပြန်မဖြစ်ချင်ကြတော့။ လွယ်လွယ်ဖြင့် ဗိုက်ပြည့် နေလျှင် အဘယ်ကြောင့် ပင်ပင်ပန်းပန်း အလုပ် လုပ်တော့မည်နည်း။

ကပ္ပလီများအဖို့ သူတို့တစ်သက်တွင် ပထမဆုံးအကြိမ် ဝီစကီကို ကြိုက်သလောက် သောက်ခွင့် ရကြသည်။ ယခင်ကမူ

နာတာလူး ပွဲတော်တွင်သာ တကျိုက် နှစ်ကျိုက် သောက်ခွင့်ရကြသည်။ ယခု အရက်ကလည်း စိတ်တိုင်းကျ သောက်ခွင့် ရပြန်၊ အစည်းအရုံးနှင့် ကောဇောအိတ် သမားများကလည်း သွေးထိုးပေးပြန်သောအခါ ရမ်းကား သောင်းကျန်းလိုက်ကြသည်မှာ ဆိုဖွယ်မရှိတော့။ အသက်ကိုလည်း ရန်ရှာတတ်သည်။ ပစ္စည်းကိုလည်း ရန်ရှာတတ်သည်။ ဘာမျှ လုံခြုံမှု မရှိ။ ဥပဒေ အကာအကွယ်မဲ့သည့်

လူဖြူတို့မှာ

အခြိမ်းခြောက်ခံနေရသည်။

လမ်းပေါ်တွင်

အရက်မူးလာသည့်

ကပ္ပလီများက

စော်ကားကြသည်။ ညတွင် အိမ်များ၊ စပါးကျီများကို မီးရှို့ကြသည်။ မြင်းများ၊ နွားများ၊ ကြက်များကို နေ့ခင်းကြောင်တောင် ခိုးကြသည်။ ရာဇဝတ်မှု အမျိုးမျိုးကို ကျူးလွန်ကြသည်။ သို့ရာတွင် တရားဥပဒေအရ အရေးယူ ခံရခြင်း မရှိ။

သို့တိုင်အောင် ဤအန္တရာယ်များမှာ လူဖြူအမျိုးသမီးတို့ ကြုံတွေ့ရသည့် အန္တရာယ်နှင့်စာလျှင် ဘာမျှ မပြောလောက်။

လူဖြူ အမျိုးသမီးများစွာမှာ ပြည်တွင်းစစ်ကြောင့် အိမ်ထောင်ဦးစီး ကင်းမဲ့နေကြသည်။ အထူးသဖြင့် မြို့စွန် မြို့ဖျား အသွားအလာ နည်းသည့် ပေတစ်ရာ လမ်းမကြီးများတွင် နေရသည့် အမျိုးသမီးများအဖို့ လုံခြုံမှု ဆို၍ ဘာမျှ မရှိ။ ဗလက္ကာရ ပြုမှုများ အများအပြား ပေါ်ပေါက်လာခဲ့သည်။ ကိုယ့် သားမယား၊ သားသမီးများ၏ လုံခြုံရေးကို စိုးရိမ်လာကြသည်။ ဤတွင် တောင်ပိုင်းသားများ ဒေါသထွက်ကြသည်။ မခံမရပ်နိုင် ဖြစ်ကြသည်။ ကေသုံးလုံး ဂိုဏ်းဟူ၍ နေ့ချင်း ညချင်းပေါ်လာသည်။ ပြည်ထောင်စု သတင်းစာများက ထိုကေသုံးလုံး လျှို့ဝှက်ဂိုဏ်းကို ကျယ်လောင်စွာ ဆန့်ကျင် ရေးသားလာခဲ့ကြသည်။ တောင်ပိုင်းသားတို့၏ အဖြစ်ကိုမူ စာနာခြင်း မရှိကြ။ အစိုးရက ကေသုံးလုံး ဂိုဏ်းဝင်များကို ဒလကြမ်း လိုက်လံဖမ်းဆီးကာ ကြိုးပေးပစ်သည်။

လူမျိုးတစ်မျိုး၏ တစ်ဝက်က အခြားတစ်ဝက်ကို လှံစွပ်ဖြင့် ထောက်၍ ကပ္ပလီ ကြီးစိုးမှုကို ထူထောင်သည့်

ကာလကြီးဟု ဆိုချင်တော့သည်။ ကပ္ပလီတို့ကို မဲပေးပိုင်ခွင့်ပြု၍ ယခင် ကျွန်ပိုင်ရှင်ဟောင်းများကို မဲပေးပိုင်ခွင့် ရုပ်သိမ်းသည်။ ပြည်ထောင်စု၏ အမြင်၌ တောင်ပိုင်းသားကို ဦးချိုး ထားရမည်။ တောင်ပိုင်းသားကို မဲပေးခွင့် ရုပ်သိမ်းခြင်းသည် ဦးချိုးနည်း တစ်မျိုးဖြစ်သည်။ ပြည်နယ်တပ်တွင် အမှုထမ်းခဲ့ဖူးသူ၊ အရာရှိ လုပ်ခဲ့ဖူးသူ၊ အကူအညီပေးခဲ့ဖူးသူ မှန်သမျှကို မဲပေးခွင့်မပြု။ တစ်ဖက်သတ် နှိပ်ကွပ်ထားသည်။ ဗိုလ်ချုပ်လီး၏ မိန့်ခွန်းအတိုင်း တောင်ပိုင်းသားများက ပြည်ထောင်စု၏ သစ္စာကို ခံချင်သည်။ ပြည်ထောင်စုသား ဖြစ်လိုသည်။ အတိတ်ကို မေ့ပျောက်လိုသည်။ သို့ရာတွင် ခွင့်မရ။ တချို့ကမူ မိမိတို့အား မတရားသက်သက် ဖိနှိပ် ချုပ်ချယ်နေသည့် အစိုးရထံ သစ္စာမခံနိုင်ဟု ပြောင်ပြောင်ပင် ငြင်းကြသည်။

‘သူတို့ကသာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် လက်နက် ချပြီးတဲ့နောက် ကျုပ်တို့ကလည်း သစ္စာခံမလို့ပါပဲ၊

ခုတော့ သူတို့သစ္စာကို မခံနိုင်ဘူး၊ ကျုပ်ဟာ ပြည်ထောင်စုထဲမှာ ရှိချင် ရှိနေမယ်၊ ဒါပေမယ့် ပြည်ထောင်စုကြီးရဲ့ အစိတ်အပိုင်း အသွေးအသားအဖြစ်တော့ ဖွဲ့စည်းလို့ မရတော့ဘူး’

ထိုစကားများကို စကားလက် ထပ်တလဲလဲ ကြားနေရသည်။ ကြားရသည့်အခါတွင် နားမချမ်းသာတော့။ ဤသို့

151

ပြောလျှင် အော်ပစ်လိုက်ချင်သည်အထိ ဖြစ်လာသည်။

ထို ကျီးလန့်စာစား ကာလကြီး၌ စကားလက်တစ်ယောက် ရင်တထိတ်ထိတ် ဖြစ်နေသည်။ ဥပဒေမဲ့ ကပ္ပလီများ၏

အန္တရာယ်ကို စိုးရိမ်နေသည်။ သူ့ပစ္စည်း အသိမ်းခံရမည်ကို ပူပန်နေသည်။ အိပ်ရာတွင်ပင် အိပ်ကောင်းခြင်း မအိပ်ရ။ ခြောက်အိပ်မက်တွေကိုချည်း မက်နေသည်။ သူနှင့်တကွ သူ့မိတ်ဆွေများနှင့် တောင်ပိုင်းပြည်နယ် တစ်ခုလုံး၏ အနာဂတ်ကို တွေးကာ ရင်မောနေသည်။ သူ့ရင်ထဲတွင် တိုနီ၏ စကားများသည် ပဲ့တင် ထပ်နေသည်။

‘ကြာကြာ သည်းမခံနိုင်တော့ဘူး စကားလက်၊ ကိုယ်တို့ ဒီအတိုင်း ငုံ့ခံ မနေနိုင်တော့ဘူး’



ပြည်တွင်းစစ် ဖြစ်ခြင်း၊ မီးလောင်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ရခြင်း စသည်တို့ကို ကြုံတွေ့ခဲ့ရသည့်တိုင်

အတ္တလန်တာက

စည်ကားမြဲ။

အတ္တလန်တာသည်

ပြည်နယ်အစိုးရ

ဖွဲ့ပြီးခါစက

ကြက်ပျံမကျ

စည်ကားခဲ့သော

မြို့ငယ်ကလေးတစ်မြို့နှင့် တူနေသည်။ တစ်ခုသာ ခြားနားသည်။ ယင်းမှာ အခြားမဟုတ်။ လမ်းမပေါ်တွင် တွေ့ရသည့် စစ်သားများက ယန်ကီစစ်သားများ ဖြစ်နေခြင်း၊ လူပြောင်များက မွဲကာ လူမွဲများက ပြောင်နေခြင်းဖြစ်သည်။

အပေါ်ယံ မျက်နှာပြင်အောက်တွင် စိုးရိမ်ထိတ်လန့်ရခြင်းနှင့် ဆင်းရဲနုံချာမှုတို့ ရှိသည်။ သို့ရာတွင် အပေါ်ယံ

ကြည့်လျှင်မူ အတ္တလန်တာသည် အပျက်အစီးပုံထဲမှ အလျင်အမြန် တည်ဆောက်နေသည့်မြို့။ စီးပွားတက်နေသည့် မြို့။ ခေတ်ကြီး မည်သို့ ပြောင်းပြောင်း အတ္တလန်တာက စည်ကားမြဲ။ လှုပ်ရှားမြဲ။ ဆဗားနား၊ ချာလက်စတန်၊ ဩဂတ်စတာ၊ ရစ်ခ်ျမွန်၊ နယူး အော်လီယန် စသည့်မြို့များက လှုပ်ရှားစည်ကားခြင်း မရှိ။ ရုတ်ရုတ်ရက်ရက်  လှုပ်လှုပ်ရှားရှားဖြစ်လျှင် ယန်ကီဆန်သည်၊ အောက်တန်းကျသည်ဟု ယူဆကြသည်။ သို့ရာတွင် မည်သူက မည်သို့ဆိုဆို ယခု အခိုက်အတန့်တွင်မူ အတ္တလန်တာသည် ခါတိုင်းထက်

ယန်ကီ

ဆန်ကာ

ခါတိုင်းထက်

အောက်တန်းကျနေသည်။

အရပ်လေးမျက်နှာမှ

လူသစ်တွေ

မြို့သို့

ရောက်လာကြသည်။ မိုးလင်းမှ မိုးချုပ်အထိ တစ်လမ်းလုံး လူသံ သူသံတွေ ဆူညံနေသည်။ ကန်ကီ စစ်ဗိုလ်ကတော်များနှင့် ကော်ဇောအိတ်သမား၊ ခေတ်ပျက် သူဌေးများ၏ တောက်ပပြောင်လက်သော ရထားကြီးများသည် မြို့ခံလူများ၏ ခပ်စုတ်စုတ် ဘာဂီလေးများကို ရွှံ့တွေ စဉ်ကုန်အောင် အနားမှ ဖြတ်မောင်းကြသည်။ လူစိမ်းများ၏ အဆောက်အဦးကြီးများသည် မြို့ခံ လူဟောင်းများ၏ ဣနြေ္ဒရရ အဆောက်အဦးများ ကြားတွင် ဟိန်းနေသည်။

ပြည်တွင်းစစ်ကြောင့် အတ္တလန်တာသည် တောင်ပိုင်းတွင် အရေးပါသည့်မြို့ ဖြစ်လာသည်။ တစ်ခါက အညတရ

မြို့သည် ယခု အရပ်လေးမျက်နှာတွင် ဟိုးလေးတကျော် ဖြစ်နေပြီ။ တစ်နွေလုံး စစ်သားများစွာ အကျခံ၍ ဗိုလ်ချုပ် ရှားမင်း တိုက်ယူခဲ့သည့် အတ္တလန်တာ မီးရထားလမ်းများကြောင့် အတ္တလန်တာသည် ပို၍ အသက်ဝင်နေသည်။ မြို့မပျက်မီတုန်းက ကဲ့သို့ပင် အတ္တလန်တာသည် လှုပ်ရှားမှု ပေါင်းစုံ၏ အချက်အချာ ဖြစ်နေသည်။ အတ္တလန်တာတွင် လူသစ်များ ဒလဟော ဝင်နေသည်။ တချို့က ကြိုဆိုအပ်သည့် လူသစ်၊ အချို့က မကြိုဆိုအပ်သည့် လူသစ်။

တောင်ပိုင်းသို့

လှိမ့်ဆင်းလာကြသည့်

ကော်ဇောအိတ်သမားများသည်

အတ္တလန်တာတွင်

အခြေစိုက်၍

အရောင်းအဝယ် လုပ်ကြသည်။ တောင်ပိုင်းက ဌာနေ လူဟောင်းကြီးများကို တွန်းထိုးဖယ်ရှားကာ တစ်မိုးလုံး ဖျောက်ဆိပ် ဖြစ်နေသည်။ သူတို့ အပြုအမူများကြောင့် ဌာနေလူဟောင်းများမှာ လူသစ်များသဖွယ် မျက်နှာငယ်နေကြသည်။ ယန်ကီ ဗိုလ်ချုပ် ရှားမင်းတပ်များ လာစဉ်က အိုးအိမ် မီးရှို့ခံခဲ့ရသူ၊ ယာကူလီတွေ မရှိတော့သဖြင့် ဝါလုပ်ငန်းကို မလုပ်နိုင်တော့သူများသည်

152

ကျေးလက်တွင် မနေကြတော့။ အတ္တလန်တာသို့ ရွှေ့လာခဲ့ကြသည်။ ပြန်လည် ထူထောင်ရေး၏ ဒဏ်ကို လှလှကြီး ခံရသည့် တင်နဆီပြည်နယ်မှ ဆိုလျှင် နေ့စဉ်နှင့်အမျှ အတ္တလန်တာသို့ တဖွဲဖွဲ ပြောင်းလာနေကြသည်။ ပြည်ထောင်စုတပ်တွင် အမှုထမ်းခဲ့သည့် စခန်းချထားသည့်

အိုင်းရစ်

စစ်သားများနှင့်

ယန်ကီစစ်ဗိုလ်

ဂျာမန်စစ်သားများသည်

တပ်သားများ၏

သားမယား

အတ္တလန်တာတွင်

ဆွေမျိုးများကလည်း

လာ၍

အခြေချကြသည်။

တောင်ပိုင်းသို့

မရောက်ဖူးဟု

ဆိုကာ အစုလိုက် အအုံလိုက် ရောက်လာကြသည်။ ဖြစ်သည့်နည်းဖြင့် စီးပွားရှာမည်ဆိုသည့် အချောင်နှိုက်သမားများနှင့် ကျေးလက်က ကပ္ပလီများကလည်း ရာ ထောင်ချီ၍ ရောက်လာကြသည်။

အတ္တလန်တာသည် ဆူညံနေသည်။ နယ်ခြားမြို့တစ်မြို့သဖွယ် တံခါး မရှိ ဓားမရှိ။ မကောင်းမှု ဒုစရိုက်ကလည်း

စုံနေသည်။ အရက်ဆိုင်များ နေ့ချင်း ညချင်း မှိုလိုပေါက်လာကြသည်။ ညမှောင်လျှင် လမ်းတွင် အမူးသမားတွေဖြင့် ပြည့်နေသည်။ အမူးသမားမှာ အဖြူရောင် အမည်းရောင် စုံနေသည်။ လမ်းလုံးပြည့် လျှောက်လာနေကြသည်။ လူဆိုးများ၊ ခါးပိုက်နှိုက်များ၊

ပြည့်တန်ဆာများသည်

မှောင်ရီရီ

လမ်းကြားများထဲတွင်

ခိုကပ်နေကြသည်။

ကစားဝိုင်းများတွင်

လူစည်နေသည်။ လူသတ်မှု မဖြစ်သည့်ည၊ ဓားထိုးမှု မဖြစ်သည့် ညဟူ၍ မရှိ။ အတ္တလန်တာသည် မီးနီ ပြထားသည့် မြို့ဟု သတ်မှတ်ထားကြသဖြင့် လူကောင်း သူကောင်းများ အနေရခက်နေကြသည်။ ညဆိုလျှင် ကန့်လန့်ကာများ နောက်မှ စန္ဒရားသံ တဒေါင်ဒေါင်၊ ရယ်သံ တဟားဟားဖြင့် ဆူညံနေသည်။ စန္ဒရားသံများနှင့် ရယ်သံများက အလန့်တကြား အော်သံများ၊ သေနတ်သံများက ပုဒ်ဖြတ်ပေးနေသည်။ ဇိမ်အိမ်များမှ အမျိုးသမီးများက ပြည်တွင်းစစ် မဖြစ်မီက ပြည့်တန်ဆာမများထက် အတင့်ရဲသည်။

မျက်နှာ

ပြောင်ပြောင်ဖြင့်

လမ်းသွားလမ်းလာများကို

လှမ်းခေါ်ကြသည်။

တနင်္ဂနွေနေ့

ညနေများ၌

ရထားကြီးတွေ ဥဒဟိုဖြင့် ရှုပ်ယှက်ခတ်နေကြသည်။ လှလှပပ ဝတ်စားထားသည့် မိန်းမပျိုများက ခန်းဆီး ကာထားသည့် ရထားပြတင်းမှ လက်ဟန်ခြေဟန်ဖြင့် အချိန်းအချက် ပြကြသည်။

ထိုအထဲတွင် နာမည်အကြီးဆုံးက ဘဲလ် ဝက်တလင်း။ ဘဲလ် ဝက်တလင်းက ကိုယ်ပိုင် ဇိမ်တန်းလျားတစ်ခု

ဖွင့်ထားသည်။ အိမ်က နှစ်ထပ်တိုက်ခံ အိမ်ကြီးကြီး။ အနားက အိမ်များမှာ ဝပ်နေသည်။ အောက်ထပ်တွင် အရက်ဆိုင်လည်း ဖွင့်ထားသည်။ ဆိုင်ခန်းတွင် ဆီဆေး ပန်းချီကားကြီးတွေ ချိတ်ထားသည်။ ကပ္ပလီ ပန်တျာဝိုင်း တစ်ဝိုင်းက ညစဉ် ဧည့်ခံ ဖျော်ဖြေသည်။ အပေါ်ထပ်တွင်မူ အိစက်နေသည့် ထိုင်ဖုံ အကောင်းစားများ၊ ဇာခန်းဆီးကြီးများ၊ နိုင်ငံခြားမှ မှာသည့် ရွှေပေါင်ကွပ် ကိုယ်လုံးပေါ်မှန်ကြီးများဖြင့် ဆင်ယင်ထားသည်ဟု ပြောကြသည်။ ထိုအိမ်က အမျိုးသမီးငယ် တစ်ဒါဇင်ကလည်း နှုတ်ခမ်းနီ ပါးနီ ထူထူ ဆိုးထားသည့်တိုင် ဣနြေ္ဒရသည်ဟု နာမည်ကြီးသည်။ အခြားအိမ်များကလို ဟော့ဟော့ရမ်းရမ်း မဟုတ်ဟု ဆိုကြသည်။ မည်သို့ဖြစ်စေ ဘဲလ် ဝက်တလင်း အိမ်ကို ပုလိပ်က ဘေးမဲ့ပေးထားသည်ကမူ အမှန်ဖြစ်သည်။

ဤအိမ်အကြောင်းကို ပြောလျှင် အတ္တလန်တာက အမျိုးသမီးကြီးများက တိုးတိုး တိတ်တိတ်သာ ပြောကြသည်။

တရားဟောဆရာများက ‘ကာမဂုဏ် ညွန်ဗွက်’ ကြီးအဖြစ် စကားတန်ဆာ ဆင်၍ ပြောတတ်ကြသည်။ ဤလို အထက်တန်းစား ဇိမ်အိမ်မျိုးကို ထောင်ဖို့ ဘဲလ် ဝက်တလင်း တစ်ယောက်တည်း မတတ်နိုင်။ နောက်ကွယ်တွင် ထောက်ပံ့သူ တစ်ယောက် ရှိရမည်ဟု ပြောကြ၏။ နောက်က ထောက်ပံ့သည့် လူက နှယ်နှယ်ရရ မဟုတ်။ အဓိပတိ လူချမ်းသာထဲက ဖြစ်ရမည်။ ရက် ဘတ်တလာက သူနှင့် ဝက်တလင်းတို့၏ ဆက်ဆံရေးကို မည်သည့်အခါမျှ ဖုံးကွယ်ခြင်းမပြု။ ထို့ကြောင့် ဝက်တလင်းကို ဇိမ်အိမ် ဖွင့်ရန် ထောက်ပံ့သူသည် ရက် ဘတ်တလာဖြစ်ရမည်။ ဝက်တလင်း ကိုယ်တိုင်ကလည်း သူဌေးကတော်ဂိုက် အပြည့်ဖမ်းနေသည်။ ညနေဆိုလျှင် ကပ္ပလီကပြားမောင်းသည့် ရထားလုံးကြီးဖြင့် လေညင်းခံ ထွက်တတ်သည်။ မြင်းရွှေကြီး

153

နှစ်ကောင်ကသည့်

ရထားကြီးဖြင့်

လမ်းတွင်

ဖြတ်သွားသည့်အခါ၌

သူငယ်ကလေးများက

အမေတွေ

မသိအောင်

ပြေးထွက်လာကြကာ ဝက်တလင်းကို မမြင်ဖူး၍ ကြည့်ကြသည်။ ‘ဟေ့ ဝက်တလင်းဆိုတဲ့ မိန်းမကို ငါမြင်ဖူးတယ်ကွ၊ ဆံပင်က နီရဲလို့’ ဟု အချင်းချင်း တီးတိုးကြွားတတ်ကြသည်။

ကျည်ဆန်ရာတွေ

မွမွ၊

မီးကျွမ်းအုတ်ခဲ

မည်းမည်းတို့ပေါ်တွင်

ပျဉ်ဟောင်း

အတိုအစဖြင့်

ဖြစ်ကတတ်ဆန်း

ဖာထေးထားသည့် အိမ်ဟောင်းများ ဘေး၌ ကော်ဇောအိတ် သမားများ၊ ခေတ်ပျက်သူဌေးများ၏ အိမ်များ အလျှို အလျှို ပေါ်လာကြ၏။ ကိန္နရာလက် နှစ်ထပ်ခေါင်မိုးများ၊ မြင်းမိုရပ်ပိတ်များ၊ စမုတ်ဆောင်များ၊ ရောင်စုံ မှန်ကူကွက် ပြတင်းများ၊ မြက်ခင်းများဖြင့် သားနားနေသည်။ ညဆိုလျှင် ပြတင်းမှ ဓာတ်ငွေ့မီးရောင်ဖြင့် လင်းထိန်နေသည်။ ဂီတသံ၊ ကြမ်းကိုပွတ်၍ ကသံများသည် လေထဲတွင် မျောပါလာကြ၏။ ခေါက်ရိုး မကျိုးသေးသည့် တောက်တောက်ပပ ပိုးဝတ်စုံများကို ဝတ်ထားကြသည့် အမျိုးသမီးများသည် ယောက်ျား အဖော်များနှင့် ဝရန်တာတွင် ထွက်ထိုင်ကြသည်။ ရှန်ပိန် ပုလင်းဖောက်သံများကို ကြားရ၏။ ဇာ စားပွဲခင်း ခင်းထားသည့် စားပွဲပေါ်တွင် အမည် ခုနှစ်မျိုးပါသည့် ညစာကို တည်ခင်းကြသည်။ အရက်ချို စိမ်ထားသည့် ဝက်ပေါင်ခြောက်၊ ဘဲကင်၊ ရှားပါး သစ်သီးမျိုးစုံကို အလျှံပယ် ဖြစ်နေသည်။

အိမ်ဟောင်းကြီးများထဲတွင်မူ

ဆင်းရဲခြင်းနှင့်

ငတ်ပြတ်ခြင်း

ကြီးစိုးနေသည်။

စီးပွားပျက်၍

လာကြသဖြင့်

နာကြည်းနေကြသည်။ ကိုယ့် ဂုဏ်သိက္ခာကို ဆည်နေရသဖြင့် ငတ်နေကြသည်။ စံအိမ်ကြီးမှ တန်းလျား၊ တန်းလျားမှ တဲကုပ်သို့ တဖြည်းဖြည်း လျှောကျခဲ့ရသည့် အိမ်ထောင်စုများ အကြောင်းကို ဒေါက်တာမိ ကောင်းကောင်းပြောနိုင်သည်။ သူ့ဆီလာသည့် အမျိုးသမီး

လူနာများမှာ

‘နှလုံးအားနည်းခြင်း၊

ဓမ္မတာမမှန်ခြင်း’

စသည်တို့ကြောင့်

လာသည့်

လူနာများဖြစ်သည်။

ဤသို့ဖြစ်ရခြင်းမှာ အခြားကြောင့်မဟုတ်။ အာဟာရ ချို့တဲ့ခြင်း၊ ငတ်ပြတ်ခြင်းကြောင့် ဖြစ်ကြောင်း ဒေါက်တာမိ သိသည်။ ဒေါက်တာမိ သိကြောင်းကိုလည်း သူတို့ သိကြသည်။ တစ်ခါက လူဆင်းရဲများတွင်သာ ရှိသည့် အဆုတ်နာ ရောဂါမျိုးသည် အတ္တလန်တာက မျက်နှာဖုံးမိသားစုများတွင်ပင် စွဲကပ်နေကြပြီ။ ကလေးလေးတွေက ကျီးကန်း ခြေထောက်နှယ် ခြေထောက် သေးသေးကလေးတွေဖြင့်။ မအေများကလည်း ကောင်းကောင်း မပြုစုနိုင်။ ယခင်ကမူ ကလေးတစ်ယောက်ကို မွေးပေးပြီးတိုင်း မိမိသည် ကလေးတစ်ယောက်ကို လူ့လောကသို့ မွေးထုတ်ပေးနိုင်ခဲ့ပြီဟု ဘုရားသခင်ကို ဒေါက်တာမိ ကျေးဇူးတင်သည်။ သို့ရာတွင် ယခုမူ လူ့ဘဝသည် ဘုရားကို ကျေးဇူးတင်ရလောက်အောင် ကောင်းသည့် နေရာမဟုတ်ဟု ဒေါက်တာမိ ထင်နေပြီ။ ကလေးငယ်များအတွက် လူ့ဘဝသည် ကြမ်းတမ်းသည့် ဘုံကြီးဖြစ်နေသည်။ လသားအတွင်း လူ့လောကကို စွန့်ခွာသွားခဲ့ကြသည်။

တစ်ဖက်တွင် ဓာတ်ငွေ့မီး ပြာလဲ့လဲ့နှင့် အရက်ချို။ စောင်းသံနှင့် အက။ ဖဲပန်းကြွနှင့် သက္ကလတ်။ အခြားတစ်ဖက်တွင်မူ

တဖြည်းဖြည်း ငတ်မွတ်ခြင်းနှင့် အအေးဒဏ်။

အောင်နိုင်သူတို့ ဘက်တွင် မောက်မာခြင်းနှင့် ကြမ်းကြုတ်ရိုင်းပျခြင်း၊ ရှုံးနိမ့်သူတို့ဘက်၌ အောင့်အည်း မျိုသိပ်ရခြင်းနှင့်

မုန်းတီး စက်ဆုပ်ခြင်း။

154

၃၈



ဤ အခြင်းအရာများကို စကားလက် မြင်သည်။ ထို အရာများနှင့် တစ်နေကုန် ရင်ဆိုင် နေရသည်။ ထို အရာများသည်

ညအိပ်ရာထဲ ဝင်သည် အထိ ပါလာသည်။ ရှေ့တွင် မည်သို့ ဖြစ်မည်နည်းဟု တွေး၍ စိတ်မော ရ၏။ တိုနီ၏ ကိစ္စကြောင့် သူနှင့် ဖရင့် နှစ်ယောက် စလုံး ယန်ကီတို့၏ လူဆိုး စာရင်းတွင် စာရင်းပေါက် နေသည်ကို စကားလက် သိသည်။ အချိန်မရွေး ဒုက္ခ ရောက်နိုင်သည်။ သူ့ စီးပွားရေး လုပ်ငန်းကိုလည်း တစ်နေ့လုံး အချိန် မပေးနိုင်။ ကိုယ်ဝန်က ရင့်လာပြီ။ သစ်ခွဲစက်က အလုပ် အတော် ဖြစ်နေသည်။ နွေဝါကြီး မပေါ်မီ အထိ မြိုင်သာယာကို ဆက်လက် ထောက်ပံ့ ရဦးမည်။ ဤအချိန်တွင် ရှိသမျှ ပစ္စည်းကို ယန်ကီတို့ သိမ်းသွားလျှင် ဒုက္ခ။ သူ၏ ချည့်နဲ့သည့် လက်နက် ကလေးများဖြင့် ရူးသွပ်နေသည့် လောကကြီးကို အသစ် ပြန်၍ ရင်ဆိုင်ရဦးမည် ဆိုလျှင် ခက်ရချည့်။ ယန်ကီများနှင့် ယန်ကီ လူမှု စနစ်ကြီးကို နှုတ်ခမ်း နီတျာတျာ၊ မျက်လုံး စိမ်းစိမ်း၊ ဦးနှောက် သေးသေးကလေးဖြင့် အသစ် ပြန်ရင်ဆိုင်ရမည် ဆိုလျှင် ရင်ကွဲရချည့်။ ဤသို့သာ ဆိုလျှင် စကားလက် သူ့ကိုယ်သူ သတ်သေမိလိမ့်မည်။

၁၈၆၆ ခု နွေဦးပေါက် အပျက်အစီး၊ ဗရုတ်သုတ်ခတွေ ကြားထဲမှ နေ၍ စကားလက်သည် သစ်ခွဲစက်ကလေးမှ

အမြတ် ပေါ်အောင် မနားမနေ ကြိုးစားခဲ့သည်။ အတ္တလန်တာတွင် ပိုက်ဆံ ပေါနေသည်။ အိမ်သစ်များ ပြန်ဆောက်ကြသဖြင့် သူ လိုချင်သည့် အခွင့်အရေးကို ရနေသည်။ ထောင်ထဲသို့သာ မဝင်ရလျှင် စီးပွား ရှာ၍ အကောင်းဆုံး အချိန် ဖြစ်သည်။ သတိထား၍ လုပ်ရမည်။ ဖျတ်လတ်ရမည်။ လာ၍ စော်ကားသည့်တိုင် ပြုံးပြုံးကလေး နေနိုင်ရမည်။ မတရားမှုကို အောင့်အည်း သည်းခံရမည်။ မည်သူ့ကိုမျှ မစော်ကား မိအောင် သတိထားရမည်။ သူ့အား အန္တရာယ် ပေးမည့်သူကို ရှောင်ရမည်။ စကားလက် ဤသို့ သူ့ကိုယ်သူ မကြာ ခဏ သတိ ပေးသည်။ ဘေးမဲ့ လွှတ်သည့် ကပ္ပလီများကို စကားလက် မုန်းသည်။ သူတို့ ရယ်သံ၊ သရော်မော်ကား ပြောသံကို ကြားတိုင်း စကားလက် ဒေါသ ထွက်သည်။ သို့ရာတွင် စကားလက် သူတို့ကို စက်ဆုပ်ဟန်၊ အထင်သေးဟန် မပြ။ ကော်ဇောအိတ် သမားများနှင့် လူလေလူလွင့်များကိုလည်း စကားလက် မုန်းသည်။ သူက နဖူးကချွေး ခြေမ ကျအောင် တကုတ်ကုတ် လုပ်ရချိန်တွင် ဤခေတ်ပျက် သူဌေးများက ကြီးပွား နေကြသည်။ သို့ရာတွင် သူတို့ကိုလည်း အထင်သေးသည့် စကား ဆို၍ တစ်ခွန်းမျှ မပြော။ အတ္တလန်တာတွင် ယန်ကီတို့အား အမုန်းဆုံး လူကို တန်းစီ ပြပါဆိုလျှင် သူက နံပါတ်တစ် နေရာမှာ ရှိလိမ့်မည်။ ယန်ကီ စစ်သား ဝတ်စုံကို မြင်လိုက်ရလျှင်ပင် ဒေါသတွေ ဆူဝေလာတတ်၏။ သို့ရာတွင် သူတို့ မကောင်းကြောင်းကို စကားလက် တစ်ခွန်းမျှ မပြော။ အိမ်သား အချင်းချင်းကိုပင်လျှင် စကားလက် မပြော။

မည်သည့် အတွက် အာကျယ် အာကျယ် လုပ်နေ မည်နည်းဟု စကားလက် တွေးသည်။ အခြားသူများ ယခင်

ခေတ်ဟောင်းကို တမ်းတချင်လျှင် တမ်းတပါစေ။ သူ တမ်းတခြင်း မပြုလို။ ခေတ်ဟောင်းသည် ပြန်မလာတော့။ အခြားသူများ ယန်ကီကို ဒေါပွလျှင် ပွစေ။ မဲပေးခွင့် ဆုံးရှုံးလျှင် ဆုံးရှုံးစေ။ မိမိ အဖြစ် မခံတော့။ အခြားသူများ အစိုးရ ဆန့်ကျင်ရေး စကား ပြော၍ ထောင်ထဲ ရောက်လျှင် ရောက်စေ၊ ကေသုံးလုံး ဂိုဏ်းထဲ ဝင်မိ၍ စက်တိုင် တက်လျှင် တက်ရစေ၊ သူ အဖြစ် မခံတော့။ (ကေသုံးလုံး ဂိုဏ်းဆိုသည့် နာမည်ကိုက ကြောက်စရာ။ ကပ္ပလီတွေ မပြောနှင့် စကားလက်ပင် ကြောက်သည်။) သူတို့ ယောက်ျားတွေ ကေသုံးလုံးဂိုဏ်းထဲ ပါသည်ဟု အခြား မိန်းမများ ဂုဏ်ယူလျှင် ယူကြစေ၊ သူ ဂုဏ်မယူချင်တော့။

155

ဘုရား သိကြား မ၍ ဖရင့် တစ်ယောက် ဤဂိုဏ်းထဲတွင် မပါသဖြင့် စကားလက် ဝမ်းသာသည်။ ကိုယ် မတတ်နိုင်သည့် အရာကို ကြည့်၍ အခြားသူများ ဒေါပွလျှင် ပွစေ၊ စိတ်ဆိုးလျှင် ဆိုးစေ၊ လုပ်ကြံလျှင် လုပ်ကြံစေ၊ သူပုန်ထလျှင် သူပုန်ထစေ သူ စိတ်မဝင်စားတော့။ ပစ္စုပ္ပန် ခေတ်ဆိုးကြီး၊ မရေရာသည့် အနာဂတ် ခေတ်ကြီးနှင့် စာလျှင် အတိတ်ကို ဘာကြောင့် လွမ်းနေရဦးမည်နည်း။ စားစရာ ထမင်း၊ နေစရာ အိမ်နှင့် ထောင် အပြင်ဘက်တွင် လွတ်လွတ်လပ်လပ် နေရခြင်းသည် မဲပေးပိုင်ခွင့်ထက် အရေးကြီးသည် မဟုတ်လော။ ဘုရား သိကြား မ၍ ဇွန်လလောက် အထိ အေးအေးဆေးဆေး နေရပါစေဟု စကားလက် ဆုတောင်းမိသည်။

ဟုတ်သည်။ ဇွန်လလောက် အထိမူ အေးအေးဆေးဆေး နေချင်သည်။ ထိုအချိန်လောက် ဆိုလျှင် အပြင် ထွက်၍

မကောင်းတော့။ မျက်နှာမြင်သည် အထိ အိမ်တွင် ကုပ်နေရတော့မည်။ ယခုပင်လျှင် ကိုယ်လေး လက်ဝန်ကြီးဖြင့် အပြင်ထွက် အလုပ် လုပ်ရသလောဟု လူတွေက ပြောကြလှပြီ။ အမျိုးကောင်း သမီး ဆိုသည်မှာ ကိုယ်ဝန် အရင့်အမာကြီးဖြင့် လူကြားသူကြား သွားလေ့ မရှိ။ ဖရင့်နှင့် ဒေါ်လေး ပစ်တီတို့ကလည်း သူ့ကို (သူတို့လည်း ပါသည်။) လူပြော သူပြော မခံရအောင် အပြင် မထွက်ဖို့ နားပူလှပြီ။ ဇွန်လ ရောက်လျှင် အလုပ်တွေ ရပ်ထားတော့မည်ဟု စကားလက်က ကတိ ပေးထား၏။

ဟုတ်သည်။ ဇွန်လလောက် အထိမူ အေးအေး ဆေးဆေး နေချင်သည်။ ထို အချိန်လောက် ဆိုလျှင် သစ်ခွဲစက်ကလည်း

စိတ်ချရပြီ။ မျက်နှာ လွှဲထားနိုင်ပြီ။ ထိုအချိန်ဆိုလျှင် ငွေလည်း ထုပ်ထုပ်ထည်ထည်ကလေး စုမိပြီ။ တော်တော်တန်တန် အရေးဆိုလျှင် မပူရတော့။ လုပ်စရာတွေက များပြီး လုပ်စရာ အချိန်က နည်းသည်။ တစ်ရက်တွင် နှစ်ဆယ့်လေးနာရီ ဆိုသည်မှာ နည်းလွန်းသည် ထင်၏။ မိနစ်တိုင်း၊ မိနစ်တိုင်းကို ရေတွက်ကာ စကားလက် ရှေ့လောတကြီး အလုပ်လုပ်သည်။ ပိုက်ဆံ ရအောင် ပို၍ ရအောင် ကြိုးစားသည်။

အားနာတတ်သည့် ဖရင့်ကို ပူဆာသဖြင့် ကုန်တိုက် အခြေအနေကလည်း ကောင်းနေသည်။ အကြွေးများလည်း

ပြန်ရနေပြီ။ သို့ရာတွင် ကုန်တိုက်ထက် သစ်ခွဲစက်က ပို၍ မျှော်လင့်ချက် ရှိသည်။ အတ္တလန်တာသည် အရင်းမှ ဖြတ်လိုက်သည့် သစ်ပင်ကြီး တစ်ပင်နှင့် တူနေသည်။ ယခုမူ အညွန့် အညှောက်တွေ ပေါက်လာပြီ။ အကိုင်းအခက်တွေ ထွက်လာပြီ။ အရွက် အလက်တွေ ဝေစည်လာပြီ။ အိမ်ဆောက် ပစ္စည်းများက လိုသလောက် မရ။ သစ်ဈေး၊ အုတ်ဈေး၊ ကျောက်စရစ်ခဲ ဈေးတွေက ခေါင်ခိုက်နေသည်။ စကားလက်သည် ဝေလီဝေလင်းမှ မီးထွန်းချိန် အထိ သစ်ခွဲစက်ကို လည်ပတ်စေသည်။

နေ့တိုင်း သစ်စက်သို့ ရောက်သည်။ သူကိုယ်တိုင် စေ့စေ့စပ်စပ် ကြည့်သည်။ ပျဉ်တို ပျဉ်စ အပျောက်အရှိ ရှိ မရှိ

စစ်ဆေးသည်။ သို့ရာတွင် အများအားဖြင့်မူ မြို့ထဲသို့ လှည့်ကာ ကန်ထရိုက်များ၊ လက်သမား ဆရာများထံ အနှံ့သွားသည်။ သူစိမ်းများထံသို့ပင် သွားကာ အိမ်ဆောက်လျှင် သူ့ထံမှ သစ်ဝယ်ဖို့ လိုက်စပ်သည်။

မကြာမီ မြို့ပေါ်တွင် စကားလက်ကို ရှောင်၍ မလွတ်။ ဦးလေး ပီတာ မောင်းသည့် ဘာဂီပေါ်တွင် ဝတ်ရုံကို ခြုံကာ

အနွေးကွင်းစွပ် စွပ်ထားသည့် လက်ကို ပေါင်ပေါ်တွင် တင်လျက် ပါသွားသည်ကို တွေ့ရတတ်သည်။ ဒေါ်လေး ပစ်တီက သူနှင့် လိုက်သည့် အစိမ်းရောင် ဝတ်ရုံ တစ်ထည်ကို ချုပ်ပေးသည်။ အစိမ်းရောင် ဦးထုပ်ပြားကလေး တစ်လုံးလည်း ချုပ်ပေးသည်။ သူ့ မျက်လုံး စိမ်းစိမ်းများနှင့် လိုက်ဖက်သည်။ ပါးကို နီပြေပြေ ဖြစ်ရုံ ဆိုးကာ ကိုလုံး ရေမွှေးကို သင်းပျံ့ပျံ့လေး ဖြစ်ရုံ ဆွတ်ထားသည်။ အောက်သို့ မဆင်းဘဲ ရထားပေါ်တွင်သာ ငြိမ်ငြိမ် ထိုင်နေလျှင် ကြည့်ကောင်းသည်။ စင်စစ် ဆင်းစရာလည်း မလို။ ပြုံး၍ လက်ယပ် ခေါ်လျှင်ပင် မိုးထဲ ရေထဲ မရှောင် ဘာဂီ ဘေးသို့ ရောက်လာကြကာ အလုပ် ကိစ္စကို ပြောကြသည်။

156



အတ္တလန်တာတွင် သစ်လုပ်ငန်းကို လုပ်နေသူမှာ သူ တစ်ယောက်တည်း မဟုတ်။ သို့ရာတွင် ပြိုင်ဘက်များကို

စကားလက်

မကြောက်။

သူတို့လောက်ကိုမူ

အလွယ်ကလေးနှင့်

ဖြတ်တက်နိုင်သည်ဟု

စကားလက်

သူ့ကိုယ်သူ

အထင်ကြီးသည်။ ဖေဖေ၏ သမီး မဟုတ်လော။ ဖေဖေ့ဆီမှ အမွေ ရသည့် ကုန်သည် ဗီဇသည် ယခုလို ပိုက်ဆံ လိုနေသည့် အချိန်တွင် ပို၍ ထက်မြက်လာသည်။

ပထမသော် အခြား သစ်ကုန်သည်များက သူ့ကို ကြည့်၍ ရယ်သည်။ မိန်းမတန်မဲ့ သစ်အရောင်း အဝယ် လုပ်ငန်းတွင်

တလွှားလွှား လုပ်ရမလားဟု အထင်သေးစွာ ရယ်ကြခြင်း ဖြစ်၏။ သို့ရာတွင် ယခု မရယ်နိုင်ကြတော့။ သူတို့ထက် လျင်သည့် စကားလက်ကို မြင်လျှင် စိတ်ထဲက ကျိန်ဆဲမိကြသည်။ မိန်းမသား ဖြစ်၍ အစစ အရာရာတွင် သူက မျက်နှာသာ ရသည်။ တစ်ခါတစ်ရံတွင် သူ့ အမူအရာက အားနွဲ့ဟန်၊ သနားစရာဟန် ပေါက်သဖြင့် အခွင့်အရေး ရစရာ ရှိလျှင် သူက ပိုရသည်။ မိန်းမစင်လျက် မလွှဲသာ၍ ဤ သစ် အရောင်းအဝယ် လုပ်ငန်းမျိုးကို လုပ်နေရလေဟန်၊ သူတို့မှ သူ့ သစ်ဆိုင်ကို အားမပေးလျှင် ငတ်တော့မည့် ဟန်မျိုးကိုလည်း အလွယ်တကူ လုပ်ပြတတ်သည်။ ဤနည်းဖြင့် ဟန်မကျလျှင် စကားလက်က အရောင်းအဝယ် သမားကြီးဟန် အပြည့်ဖြင့် သူ့ သစ်များကို ဈေးလျှော့ ရောင်းတန် ရောင်းသည်။ ဤသို့ဖြင့် ဖောက်သည် ရှာသည့် အခါ ရှာသည်။ သစ် အကြောင်းကို ကောင်းကောင်း နားမလည်သည့် ဈေးဝယ်သူ လာလျှင် သစ် အမျိုးညံ့တွေကို သစ်မျိုးကောင်းဟု လိမ်ကာ ဈေးနှုန်း အပြည့် ရောင်းသည့် အခါ ရောင်းသည်။ အခြား သစ်ကုန်သည်များ၏ အကြောင်းကိုလည်း ရစရာ မရှိအောင် အပုပ်ချသည်။ သက်ပြင်းကလေး တစ်ချက် ချကာ မပြောချင့် ပြောချင်ဟန်ဖြင့် အခြား သစ်ဆိုင်မှ သစ်များက ဈေးနှုန်း ကြီးကြောင်း၊ သစ်သားကို ကြည့်လိုက်လျှင် အဆွေးတွေ၊ ပိုးထိုးတွေ၊ အညံ့စား တောသစ်တွေ ဖြစ်ကြောင်းဖြင့်လည်း ပြောတတ်သည်။

ပထမတွင်မူ ဤသို့ လိမ်ပြောရသည်ကို စကားလက် စိတ်မကောင်း။ လိပ်ပြာ မသန့်။ စိတ်မကောင်းရခြင်းမှာ သူ့

ပါးစပ်က အလိမ်အညာ စကားတွေ လွယ်လွယ်ဖြင့် ထွက်လာခြင်းကြောင့် ဖြစ်သည်။ လိပ်ပြာ မသန့်ရခြင်းမှာ မေမေသိလျှင် မည်သို့ ပြောမည်နည်းဟု တွေးမိခြင်းကြောင့် ဖြစ်သည်။

အညာအလှိုင်းတွေ တတ်နေသည့် သူ့ သမီး။ အရောင်းအဝယ် ကိစ္စများတွင် ဒေါင်းတိ မောင်းတိဖြင့် လုပ်နေသည့်

သူ့ သမီးကို မြင်လျှင် မေမေက အပြစ် ဆိုမည် မုချ။ မေမေသည် သူ့ သမီးကို သူ ကြည့်၍ အံ့အား သင့်လိမ့်မည်။ ရင်ဘတ် စည်တီး ဖြစ်လိမ့်မည်။ စကား ချိုသည့်တိုင် ပိဿာလေးဖြင့် ဘေးပိတ်ထုသည့်နှယ် ရှိအောင် ပြောလိမ့်မည်။ ဂုဏ်သိက္ခာကို ထိန်းဖို့၊ ရိုးသားဖို့၊ ဖြောင့်မတ်ဖို့၊ တစ်ဖက်သားကို ကိုယ်ချင်းစာဖို့ တရား ဟောလိမ့်မည်။ မေမေ့ မျက်နှာကို မြင်ယောင်ကာ စကားလက် တွန့်သွားသည်။ သို့ရာတွင် မေမေ့ မျက်နှာသည် ချက်ချင်း ပျောက်ကွယ် မှုန်ဝါး သွား၏။ မြိုင်သာယာတွင် ဆင်းဆင်းရဲရဲ နေခဲ့စဉ်က မွေးဖွားခဲ့ပြီး ခုလို ခေတ်ကျပ်ကြီးထဲတွင် တရိပ်ရိပ် ရှင်သန် လာခဲ့သည့် လောဘစိတ်၊ မောဟစိတ်၊ ဘနဖူးကို သိုက်တူးလိုစိတ် စသည်တို့က မေမေ့ မျက်နှာကို ဖုံးသွားသည်။ သို့ဖြင့် စကားလက်သည် မလုံမလဲစိတ်ကို ဖျောက်လိုက်သည်။ မိမိသည် မေမေ ဖြစ်စေချင်သည့် သမီးမျိုး မဖြစ်နိုင်ဟု တွေးကာ သက်ပြင်း ချမိသည်။ ပခုံး တွန့်မိသည်။ ‘အို ဒါတွေ ခု မစဉ်းစားဘူး၊ နောင်ကျမှ စဉ်းစားမယ်’ ဟု သူ ရွတ်နေကျ ဂါထာကို ရွတ်သည်။

ထိုနောက်တွင်မူ သူ့ ရောင်းရေးဝယ်တာ လုပ်ငန်းများတွင် မေမေ့ကို ထည့်မစဉ်းစားတော့။ အခြား ပြိုင်ဘက်

သစ်ကုန်သည်များကို လည်လှီးရာတွင် နောင်တရခြင်း မဖြစ်တော့။ သူတို့ကို လိမ်၍ သူ့တွင် အန္တရာယ် မရှိ။ တောင်ပိုင်းသား၏

157

သဘောထား ကြီးမှုကြောင့် စကားလက် အဖို့ လိမ်ချင်တိုင်း လိမ်၍ ရနေသည်။ တောင်ပိုင်းသား၏ စိတ်ဓာတ်က တစ်မျိုး။ မိန်းမက ယောက်ျားကို လိမ်လျှင် ဘာမျှ အရေးမကြီး။ ယောက်ျားက မိန်းမကို လိမ်လျှင်၊ သို့မဟုတ် မိန်းမ တစ်ယောက်ကို လိမ်သည်ဟု စွပ်စွဲပြီ ဆိုလျှင် ယောက်ျား လုပ်သူ သိက္ခာ ကျသည်။ ထို့ကြောင့် စကားလက်ကို မည်သည့် သစ်ကုန်သည်မျှ ပြိုင်၍ မနိုင်။ သူ့အကြောင်းကို ပြော၍ မကောင်း။ ပြောလျှင် မိန်းမ တစ်ယောက် အကြောင်းကို အတင်း ပြောရသလော ဆိုပြီး ကိုယ်သာ သိက္ခာ ကျလိမ့်မည်။ အတွင်း ကျိတ်၍သာ စိတ်ဆိုးရသည်။ စကားလက် တစ်ယောက် ငါးမိနစ်လောက် ယောက်ျား ဖြစ်စေချင်သည်ဟုသာ အိမ်ရောက်မှ မကျေမနပ် ရင်ဖွင့် ကြရသည်။

ဒီကက်တော

လမ်းမှ

အောက်တန်းစား

မျက်နှာဖြူ

သစ်ကုန်သည်

တစ်ဦးကမူ

စကားလက်ကို

ဗြောင်

တိုက်ခိုက်လာသည်။ စကားလက် လိမ်တတ်ကြောင်း၊ ဉာဏ်များကြောင်းဖြင့် ပြောသည်။ သို့ရာတွင် စကားလက်ကို မထိ။ သူသာ ကိုယ့်ရှူး ကိုယ်ပတ် ဖြစ်ရသည်။ အောက်တန်းစား လူဖြူ တစ်ဦးက စကားလက်လို မျိုးကောင်း ရိုးကောင်းမှ လာသည့် အမျိုးသမီး တစ်ဦးကို ဤသို့ ပြောရသလောဟု သူ့ကို ဝိုင်း၍ အပြစ် ဆိုကြသည်။ စကားလက်က ဘာမျှ မပြော။ သူ ပြောသည်ကို ဣနြေ္ဒရရ နားထောင်သည်။ ချက်ကောင်း တွေ့သည်နှင့် သူ့ကို လက်စားချေသည်။ သူ မလိမ်ကြောင်း ပြသည့် အနေဖြင့် မျိုးကောင်း မျိုးသန့်မှန် သစ်များကို မတန်တဆ ဈေးဖြင့် လျှော့ရောင်းပစ်သည်။ ဤသို့ဖြင့် ပြိုင်ဘက် ကုန်သည်ကို အသေ သတ်သည်။ ထိုလူ၏ သစ်ခွဲစက်ကိုလည်း မတန်တဆ ဈေးဆစ်၍ ဝယ်လိုက်သည်။ ဖရင့်ကမူ အံ့သြ၍ မဆုံး။

ထိုစက်ကို ဝယ်ပြီးပြီ။ သို့ရာတွင် စက်ကို ဦးစီးဖို့ စိတ်ချရသည့် လူရင်း တစ်ယောက် လိုသည်။ ပထမ သစ်စက်က

ဂျွန်ဆင်လို လူမျိုးကို မလိုချင်။ ဂျွန်ဆင်က မဟန်။ မျက်စိ ဒေါက်ထောက် ကြည့်သည့် ကြားမှပင် စက်က သစ်ကို ခိုးရောင်းသည်။ ဤသည်ကို စကားလက် သိသည်။ နောက်ထပ် စိတ်ချရသည့် လူသစ် တစ်ယောက်ကို ရှာမည်ဟု စကားလက် စိတ်ကူး၏။ ဤခေတ်ကြီးတွင် မုဆိုးမ အိမ်က ကြက်လို လူတိုင်း ရှားပါး နေကြသည် မဟုတ်လော။ ယခင်က ဇိမ်နှင့် နေခဲ့ရသော်လည်း ယခု အလုပ် လက်မဲ့ ဘဝဖြင့် ထီးထမ်း လမ်းလျှောက်နေသူတွေ တစ်ပုံကြီး မဟုတ်လော။ နေ့စဉ်နှင့်အမျှ သူတောင်းစားများကို စွန့်ကြဲ ပေးကမ်း နေရသည် မဟုတ်လော။

သို့ရာတွင် စကားလက်က ဤလို လူစားများကို မသုံးချင်။ 



‘ပြည်တွင်းစစ် ပြီးတာ တစ်နှစ် ကြာပြီ၊ ဒီလူတွေမှာ ခုထက်ထိ ဘာမှ မည်မည်ရရ အလုပ် မရှိသေးဘူး၊ ဒီလို

လူမျိုးတွေကို ငါ မသုံးချင်ဘူး၊ ငြိမ်းချမ်းရေး ရတဲ့ တစ်နှစ်လုံးလုံး ကိုယ့်ကိုယ်ကိုယ် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် မလုပ်နိုင်တဲ့ လူဟာ ငါနှင့်လည်း ဘယ်လို လုပ်ပြီး သဟဇာတ ဖြစ်မှာလဲ၊ သူတို့ ကြည့်ရတာ စိတ်ဓာတ်ကျနေတဲ့ ပုံပဲ၊ ငါက စိတ်ဓာတ် ကျနေတဲ့ လူမျိုးကို မလိုချင်ဘူး၊ ထက်ထက် မြက်မြက် ကြိုးကြိုးစားစား လုပ်တဲ့ လူမျိုးကို လိုချင်တာ၊ ရီနီ တို့လို တွန်မီတို့လို လူမျိုးတွေ ဆိုပါတော့၊ သူတို့ ကြည့်ရတာ စစ်သားဟောင်း ဆိုပေမယ့် ဘဝင် မမြင့်ဘူး၊ မာန မကြီးဘူး၊ ပြီးတော့ စစ်ရှုံးတဲ့ စစ်သားများလို စိတ်ဓာတ် မကျဘူး’

ထို့ကြောင့် စကားလက် သူတို့ကို ချဉ်းကပ်၏။ အုတ်ဖို တစ်ဖို တည်ထားသည့် ဆင်မွန်တို့ ညီအစ်ကို တစ်သိုက်က

လည်းကောင်း၊ ပရဆေး ဖော်ရောင်း နေသည့် ဝှိုက်တင်းကို လည်းကောင်း ခေါ်သည်။ သူတို့က သူ့ အလုပ်ကို လက်မခံ။ ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်ကြသည်။ အခြားသူများကလည်း ထို့အတူပင်။ ထို့ကြောင့် လုပ်ခ တိုးပေးမည်ဟု မက်လုံး ပေးသည်။ သို့ရာတွင် အချည်းနှီး။ မစ္စက် မယ်ရီဝယ်သာ၏ တူ တစ်ယောက်ကမူ သူ့အနေဖြင့် လှည်းတိုက် စားရသည်ကို

158

မပျော်ကြောင်း၊ သို့ရာတွင် ကိုယ်ပိုင် အလုပ် ဖြစ်ကြောင်း၊ စကားလက်ထံ လခစား လုပ်သည်နှင့် စာလျှင် ကိုယ့် အလုပ် ကိုယ် လုပ်ရသည်က ကြီးပွားနိုင်ကြောင်း၊ ထို့ကြောင့် မလုပ်လိုကြောင်းဖြင့် ပြောလိုက်သည်။

တစ်ညနေ စကားလက် ဘာဂီဖြင့် အိမ်ပြန်လာစဉ် ရီနီပီကာ့ဒ်၏ မုန့်လှည်းနှင့် လမ်းတွင် တွေ့သည်။ ရီနီနှင့် အတူ

ခြေတစ်ဖက်ပြတ် တွန်မီလည်း ပါသည်။ စကားလက်က ဘာဂီကို ရပ်၍ ရီနီကို နှုတ်ဆက်၏။

‘ရီနီ၊ စကားလက်တို့ သစ်စက်မှာ လာပြီး အလုပ် မလုပ်ချင်ဘူးလား၊ စက်မှာ မန်နေဂျာ လုပ်ရတာက လှည်းမောင်း

နေရတာထက်တော့ သိက္ခာ ရှိတာပေါ့၊ ခုတော့ လှည်းတိုက်ရတာ သိပ်မကောင်းဘူးပေါ့၊ ရှက်စရာ’

‘ရှက်စရာ ကောင်းတယ် ဟုတ်လား’ ရီနီက ရယ်သည်။ ‘ကိုယ့်ထက် ဘယ်သူ သိက္ခာ ရှိဦးမှာလဲ၊ ကိုယ့်လောက် သိက္ခာ

ရှိတဲ့လူ ရှာစမ်းပါ၊ ကိုယ့် အလုပ်နှင့် ကိုယ် လွတ်လွတ်လပ်လပ်၊ ဘယ်လောက် ဇိမ်ကျသလဲ၊ ကိုယ့် လှည်းကို မခွဲနိုင်ဘူး၊ ကိုယ့်ဆီက မုန့်ဝယ်စားတဲ့ ယန်ကီတွေကို ကိုယ် ကျေးဇူး တင်တယ်၊ မင်းဆီမှာ ကိုယ် အလုပ် မလုပ်ချင်ဘူး စကားလက်၊ ကိုယ့် မုန့်ဖိုမှာပဲ ကိုယ် ဘုရင် လုပ်ချင်တယ်၊ ကိုယ့်အကြောင်းနှင့် ကိုယ်ပဲ၊ ကိုယ့် ဇာတာနှင့် ကိုယ် ဖြစ်လာကြတာ၊ နပိုလီယန်လိုပေါ့’

‘ဒါပေမယ့် ရီနီရယ်၊ မိဘ လက်ငုတ် လုပ်ငန်း မဟုတ်ဘဲနှင့် ခုလို မုန့်ရောင်းရတာ ဘယ်ကောင်းမလဲ၊ တွန်မီ ဆိုရင်လည်း

ပန်းရံသမားတွေ ကြားထဲမှာ ဒီလို လုပ်နေရတာ မကောင်းပါဘူး၊ စကားလက်တို့ သစ်စက်က အလုပ်က ဒီအလုပ်ထက်’

‘စကားလက်ကကော၊ ခု လုပ်နေတဲ့ သစ်လုပ်ငန်းဟာ မိဘ လက်ငုတ် လုပ်ငန်းလား’ တွန်မီက ပြုံး၍ မေးသည်။ ‘ကိုယ်

မြင်တာကတော့ အမေ့ ထဘီဆွဲပြီး စကား မပီကလာ ပီကလာ ပြောနေတဲ့ စကားလက်ကိုပဲ မျက်စိထဲ မြင်နေတယ်၊ ခုလို သစ်ဟောင်း သစ်ဆွေးတွေကို ဈေးတင်ပြီး ရောင်းနေတဲ့ ဘဝမျိုး ရောက်မယ်လို့ ဘယ်သူ မျှော်လင့်မလဲ’

ရီနီက သဘောကျ၍ တဟားဟား ရယ်သည်။ တွန်မီကို တံတောင်ဖြင့် တွတ်၏။ မျောက်မျက်လုံးနှင့် တူသည့် သူ့

မျက်လုံးများသည် ကျေနပ်ဟန် ပြူးကျယ် နေကြသည်။

‘ဒါ နောက်စရာ မဟုတ်ပါဘူး’ စကားလက်က မျက်နှာထားဖြင့် ပြောသည်။ ‘ဒါတော့ ဒါပေါ့၊ စကားလက်လည်း

သစ်ရောင်းဖို့ လူဖြစ်လာတာတော့ မဟုတ်ဘူးပေါ့’

‘နောက်တာ မဟုတ်ပါဘူး၊ တကယ် ပြောတာပါ၊ သစ်ရောင်းဖို့ မွေးလာတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ခု

သစ်ရောင်းနေရပြီ မဟုတ်လား၊ ဘယ်သူမှ ကိုယ် ဖြစ်ချင်တာ ဖြစ်ကြရတာမှ မဟုတ်ဘဲ၊ ခု ကိုယ်တို့ လုပ်နေကြတဲ့ အလုပ်တွေဟာ လုပ်ချင်လွန်းလို့ လုပ်နေကြတာ မဟုတ်ဘူး၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ လုပ်ကြရမှာပဲ၊ ဘဝကြီးဟာ ကိုယ် ဖြစ်ချင်သလို မဖြစ်လာလို့ ထိုင်ငိုနေရင် ထိုင်ညည်းနေရင် အဲဒီ လူဟာ လူပျင်း လူညံ့ပဲ၊ အဲဒီ လူမျိုးဟာလည်း အရည်အချင်း ညံ့တဲ့ လူမျိုးပဲ ဖြစ်မှာပဲ၊ စကားလက် အလုပ်ကို ဒီထက် ကြီးပွားစေချင်ရင် ကိုယ်တို့ကို ခေါ်မခိုင်းနှင့်၊ စီးပွားရေး လာဘ်မြင်တဲ့ ကော်ဇောအိတ်သမား တစ်ယောက်ကို ငှားပေါ့၊ ကော်ဇောအိတ်သမားတွေ တစ်ပုံကြီး’

‘အိုး ဒါတော့ စကားလက်က ကော်ဇောအိတ်သမားကို မလိုချင်လို့ပေါ့၊ ကော်ဇောအိတ်သမားကို ခိုင်းရင် သူခိုးကို

တိုက်စိုးနှင်းသလို ဖြစ်မှာပေါ့၊ စကားလက်က လူတော် လူကောင်း လိုချင်တယ်၊ ရိုးလည်း ရိုးသားရမယ်၊ တော်လည်း

159

တော်ရမယ်၊ ကြိုးလည်း ကြိုးစားရမယ်’

‘ဒါကတော့ စကားလက်က လောဘကြီးလွန်းတယ်၊ ပေးတဲ့ လုပ်ခကလေးက နည်းနည်းကလေး၊ လိုချင်တာက

တကယ့် လူတော် လူကောင်း ဆိုတော့ ဘယ်ရမလဲ၊ ခု အိုနာ ကျိုးကန်းတွေက လွဲလို့ သန်သန် မြန်မြန် လူတွေက အကုန်လုံး သူ့ အလုပ်အကိုင်နှင့် ဖြစ်ကုန်ကြပြီ၊ ကိုယ် ကြိုက်တဲ့ အလုပ်ကို မရသည့်တိုင် လူတိုင်း အလုပ်တော့ ရကြတာပဲ၊ မိန်းမ တစ်ယောက် လက်အောက်မှာ လုပ်ရတာထက် ကိုယ်ပိုင် အလုပ်ကို ကိုယ် လုပ်ချင်ကြတာပေါ့’

‘လူတွေက တော်တော် ခက်တယ်နော်၊ တကယ် စစ်စစ်ပေါက်ပေါက် လိုက်ကြည့်တဲ့ အခါကျတော့ လူတွေဟာ

စဉ်းစားဉာဏ်ရယ်လို့ သိပ်မရှိဘူး’

‘စဉ်းစားဉာဏ် ရှိ မရှိတော့ မပြောတတ်ဘူးလေ၊ ဒါပေမယ့် လူတိုင်း မာနတော့ ရှိကြတာချည်းပဲ’



တွန်မီက စဉ်းစား တွေးတောဟန်ဖြင့် ပြောသည်။



‘ထားကြ၊ ထားကြ၊ မာနတွေကို ကျပ်ကျပ် မွေးထားကြ၊ အပေါ်ယံမှာ ဘာမှ မရှိတော့ အဲဒီ အပေါ်ယံကို မာနနှင့်

ဖုံးကြရတာပေါ့’

‘ဖုံးတာလား ဘာလားတော့ မသိဘူး၊ မာနကြီး ကြတာကတော့ အမှန်ပဲ’



သူတို့ နှစ်ယောက်က တမင် လုပ်၍ ရယ်သည်။ သူ့ကို အားနွဲ့သူ မိန်းမသား အဖြစ် အထင်သေးသည့် သဘော

ပါသည်ဟု စကားလက် ထင်သည်။ တွန်မီ ပြောလျှင်လည်း ပြောစရာ။ လူတွေ မာနကြီးကြသည်ကမူ အမှန် ဖြစ်သည်။ သူ မေးမြန်း စုံစမ်းခဲ့သူ၊ မေးမြန်း စုံစမ်းရန် ရည်ရွယ်ထားသူများမှာ အားလုံး မာနခဲတွေချည်း။ သူတို့ကို ကြည့်လိုက်လျှင် အမြဲတမ်း အလုပ် ရှုပ်နေတတ်သည်။ တကုပ်ကုပ် လုပ်နေကြသည်။ ပြည်တွင်းစစ် မဖြစ်မီကမူ သူတို့ ကိုယ်ကို သူတို့ ဤမျှလောက် အလုပ် လုပ်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြ။ အိပ်မက်ပင် မမက်ခဲ့ကြ။ သူတို့ လုပ်နေသည့် အလုပ်သည် သူတို့ လုပ်ချင်သည့် အလုပ် ဖြစ်ချင်မှ ဖြစ်မည်။ လွယ်ကူချင်မှ လွယ်ကူမည်။ ကျွမ်းကျင်မှ ကျွမ်းကျင်မည်။ သို့ရာတွင် အလုပ် တစ်ခုခုကိုမူ လုပ်နေကြသည်။ ဤလို ခေတ်ကျပ်ကြီးတွင် အလုပ် ရွေးမနေနိုင်။ ပျက်စီးသွားသည့် မျှော်လင့်ချက်များ အတွက် ဝမ်းနည်းခြင်း ဖြစ်သည် မဖြစ်သည်၊ တိမ်ကော သွားသည့် လူမှု စနစ်ကို လွမ်းဆွတ်သည် မလွမ်းဆွတ်သည်ကိုမူ သူတို့မှအပ မည်သူမျှ မသိနိုင်။ သူတို့သည် ပြည်တွင်းစစ်ထက် ခက်ခဲသော စစ်ပွဲ တစ်ရပ်ကို တိုက်နေကြရခြင်း ဖြစ်သည်။ အသက် ရှင်ရေး အတွက် ယခင်ကထက် နှစ်ဆ တိုး၍ ကြိုးပမ်းနေကြရသည်။

‘စကားလက်’ တွန်မီက လှမ်းခေါ်သည်။ ‘စကားလက်ဆီကို အကူအညီ တစ်ခုတော့ တောင်းချင်တယ်၊ စောစောက

စကားလက်ကို နောက်ပြောင် ပြောခဲ့ပေမယ့် ဒီအကူအညီတော့ တောင်းရမှာပဲ၊ စကားလက် အတွက်လည်း အသုံးကျလိမ့်မယ် ထင်ပါတယ်၊ ကိုယ့် ယောက်ဖ ဟူးခ်ျ ခု ထင်းရောင်း နေတာ သိတယ် မဟုတ်လား၊ ခု ထင်းရောင်းရတာ သိပ်မကိုက်ဘူး၊ ဟိုတုန်းက ယန်ကီတွေကပဲ ထင်းဝယ်တာ၊ ကျန်တဲ့ လူက ထင်းကို ဝယ်မသုံးဘူး၊ ကိုယ့်ဘာသာ ကိုယ် ခုတ်ကြတယ်၊ ခု ယန်ကီတွေ မရှိတော့ ထင်းမရောင်းရဘဲ ဖြစ်နေတယ်၊ ကိုယ့် ယောက္ခမတွေရဲ့ စီးပွားရေး အခြေအနေ တော်တော် ဆိုးနေတယ်၊ ကိုယ်လည်း အတတ်နိုင်ဆုံးတော့ ကြိုးစားတာပဲ၊ ဒါပေမယ့် ကိုယ့်မှာကလည်း ကိုယ့် အိမ်ထောင်နှင့် ကိုယ်

160

ဆိုတော့ အနိုင်နိုင်ရယ်၊ ဒီအထဲ စပါတာက ကိုယ့် အမေအိုကြီးနှင့် အစ်မ မုဆိုးမ နှစ်ယောက်ကိုလည်း ထောက်ရသေးတယ်၊ ဟူးခ်ျက လူကောင်းပါ၊ စကားလက် လူကောင်း လိုချင်တယ် ဆိုရင် သူ့ကိုလည်း သုံးနိုင်ပါတယ်၊ ရိုးလည်း ရိုးတယ်’

‘ဒါတော့ ဟူးခ်ျက ညံ့လို့ ဖြစ်မှာပေါ့၊ မညံ့ရင် သူ့ ထင်းလုပ်ငန်းက ဘာမကိုက်စရာ ရှိသလဲ’



တွန်မီက ပခုံးကို တွန့်သည်။



‘စကားလက် ကြည့်ပုံက တစ်ယူသန်လွန်းပါတယ်ကွယ်၊ စကားလက် ပြောတဲ့ အတိုင်း ဆိုရင် ဟူးခ်ျဟာ သုံးလို့တောင်

မရတော့သလို ဖြစ်နေပြီပေါ့၊ ကံ မကောင်း အကြောင်း မသင့်ရင် ဘယ်သူ ဖြစ်ဖြစ် ဖြစ်တတ်ကြတာပါပဲ၊ သူက ရိုးလွန်းတော့ ဒီလိုပဲ ဖြစ်မှာပေါ့၊ ဇွဲ မရှိလို့တော့ မဟုတ်ပါဘူး’

စကားလက်က မည်သို့မျှ မပြော။ ပါးစပ်မှ ရိုင်းရိုင်းစိုင်းစိုင်း မပြောချင်။ သူ့အဖို့မူ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း

စသည်တို့ကို မယုံ။ လောကတွင် ရိုးသား ဖြောင့်မတ်ခြင်းထက် ဇွဲရှိဖို့ အရေးကြီးသည်ဟု စကားလက် ထင်သည်။

သို့ဖြင့် စကားလက် သူ့ စက်တွင် အလုပ် လုပ်ရန် တစ်မြို့လုံး လိုက်၍ လူရှာသည်။ သို့ရာတွင် မတွေ့။

ကော်ဇောအိတ်သမားများက သူ့ စက်တွင် လုပ်ချင်ကြသည့်တိုင် စကားလက် သူတို့ကို လက်မခံ။ နောက်ဆုံးတွင် ဟူးခ်ျကို လက်ခံလိုက်သည်။ ပြည်တွင်းစစ်တုန်းက ဟူးခ်ျသည် သူရ သတ္တိ ရှိသည့် စစ်ဗိုလ် တစ်ယောက်။ သို့ရာတွင် ဒဏ်ရာနှင့် စစ်ပွဲ လေးနှစ်ကြောင့် သူ့ ခွန်အားများသည် ခန်းခြောက်သွားကြပြီ။ ငြိမ်းချမ်းရေး ကာလနှင့် အံမဝင်တော့။ ကလေးငယ် တစ်ယောက်သဖွယ် မကြံတတ်၊ မဖန်တတ် ဖြစ်နေသည်။ ထင်းရောင်းနေသည့် သူ့ ဟန်ပန်ကို ကြည့်ရသည်က ပိုင်ပိုင်နိုင်နိုင် မရှိ။ ရဲရဲတင်းတင်း မရှိ။ လူအုပ်ထဲသို့ ရောက်သည့် ခွေးလို ကြည့်တိ ကြောင်တောင်။ ဟူးခ်ျသည် စကားလက် လိုချင်သည့် လူစားမျိုး မဟုတ်။

‘လူက ခပ်နုံနုံရယ်၊ ဘယ် အလုပ် အကိုင်မှ ကောင်းကောင်း လုပ်တတ်မယ့် လူစားမျိုး မဟုတ်ဘူး၊ နှစ် နှင့် နှစ် ပေါင်းရင်

လေးဆိုတာတောင် သိမယ် မထင်ဘူး၊ သင်ပေးလို့လည်း ရမယ့် လူစားမျိုးလည်း မဟုတ်ဘူး၊ ဒါပေမယ့် လူကတော့ ရိုးတယ်၊ ငါ့ကိုတော့ လိမ်မယ့် လူစားမျိုး မဟုတ်ဘူး’ ဟု စကားလက် တွေးမိသည်။

ဤလို ခေတ်ကျပ်ကြီးထဲတွင် ရိုးသား ဖြောင့်မတ်ခြင်းကို စကားလက် တန်ဖိုး မထားနိုင်။ သူ ကိုယ်တိုင်လည်း ရိုးသား

ဖြောင့်မတ်အောင် မကြိုးစား။ ရိုးသား ဖြောင့်မတ်ခြင်းကို တန်ဖိုး မထားသည်နှင့်အမျှ အခြား အရာများကို တန်ဖိုးထားမှု လျော့နည်း လာသည်။

‘ကန်ထရိုက် လုပ်ငန်းမှာ တွန်မီက ဂျွန်နီ ဂေါ်လက်ဟာနှင့် ပေါင်းလုပ် နေတာကတော့ ဟန်မကျဘူး၊ တွန်မီလို

လူမျိုးကို လိုချင်တာ၊ လူက စိတ်ဓာတ်လည်း မာတယ်၊ လျင်လည်း လျင်တယ်၊ သူ့ကို လခ ကောင်းကောင်း ပေးရင် သူလည်း ရိုးသားမှာပါပဲ၊ သူကလည်း နားလည်၊ ငါကလည်း သူ့ကို နားလည်တော့ တို့ နှစ်ယောက် အတူတူ လုပ်ရရင် သိပ်ဟန်ကျမှာပဲ၊ ဒီ ဟိုတယ် ကန်ထရိုက် ပြီးရင်တော့ ငါနှင့် အတူ လက်တွဲ အလုပ် လုပ်နိုင်မလား မသိဘူး၊ ခုတော့ ဟူးခ်ျနှင့် ဂျွန်ဆင်ကို အားကိုးပြီး လုပ်နေရဦးမှာပဲ၊ ဟူးခ်ျကို သစ်ခွဲစက် အသစ်မှာ ဦးစီးခိုင်း၊ ဂျွန်ဆင်ကိုတော့ စက်ဟောင်းမှာပဲ လုပ်ခိုင်း၊ သူတို့က သစ်ခွဲတဲ့ ကိစ္စ သစ်ဆွဲတဲ့ ကိစ္စတွေကို ဦးစီး၊ ငါက မြို့ထဲက သစ်ဆိုင်မှာ သစ်ရောင်းတာကို ကြီးကြပ်၊ နောက် လူသစ် မရမချင်းတော့

161

ဂျွန်ဆင်ကိုပဲ လွှဲထား ရတော့မှာပဲ၊ ခိုးချင်လည်း ခိုးပါစေတော့၊ မတတ်နိုင်ဘူး၊ ချားလ် အမွေ ရခဲ့တဲ့ မြေကွက်မှာ သစ်ဆိုင် တစ်ဆိုင် ထပ်ဖွင့်မယ်၊ ကျန်တဲ့ မြေကွက် တစ်ဝက်ပေါ်မှာ အရက်ဆိုင် တစ်ဆိုင် ထပ်ဖွင့်မယ်၊ ဖရင့်ကတော့ သဘောတူမှာ မဟုတ်ဘူး၊ အို သူ့ဘာသာ သူ ဘာပြောပြော ပိုက်ဆံ စုမိ ဆောင်းမိ ရှိရင် အရက်ဆိုင် တစ်ဆိုင် ထပ်ဖွင့်ရမယ်၊ အရေးထဲမှာ ကလေးကလည်း ရှိနေရသေးတယ်နော်၊ ပေါ့ပေါ့ပါးပါး ဆိုရင် ငါ ကိုယ်တိုင် မြို့ထဲ ထွက်လို့ရမှာ၊ အကယ်၍သာ ကလေး မရှိရင် ဘယ်လောက် ကောင်းမလဲ၊ အကယ်၍သာ ကိုယ်ဝန်ကြီးနှင့် မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဆိုရင် ဘယ်လောက် ကောင်းမလဲ၊ အကယ်၍သာ ငါ့မှာ ထောက်ပံ့ ကျွေးမွေးစရာ မရှိဘဲ ငါ တစ်ယောက်ပဲ ကျန်ခဲ့ရင် ဘယ်လောက် ကောင်းမလဲ၊ အကယ်၍သာ’

အကယ်၍သာ၊ အကယ်၍သာ။ အကယ်၍သာ။ လောကကြီးတွင် ‘အကယ်၍သာ’ တွေ များလှချည့်။ ဘာမျှ မသေချာ။

ဘာမျှ ပိုင်ပိုင်နိုင်နိုင် မရှိ။ ဘယ်တော့ ပျက်စီးမလဲဟဲ့၊ ဘယ်တော့ ဆုံးရှုံးမလဲဟဲ့ဟု အမြဲတမ်း တွေးပူနေရသည်။ ဘယ်တော့ ငတ်မလဲဟဲ့၊ ဘယ်တော့ ဒုက္ခ ရောက်မလဲဟဲ့ဟု အမြဲတမ်း တွေး၍ စိုးရိမ်နေရသည်။ ဖရင့်၏ ကုန်တိုက်က ပို၍ ဟန်ကျနေပြီ။ အကြွေးလည်း မရှိတော့။ သို့ရာတွင် ဖရင့်က ကောင်းကောင်း ကျန်းမာသည် မဟုတ်။ အမြဲတမ်း ချောင်းကလေး တဟွတ်ဟွတ် ဖြစ်နေတတ်သည်။ အိပ်ရာထဲတွင် မကြာ မကြာ လဲနေတတ်သည်။ နာတာရှည် လူမမာ ကြီးများ ဖြစ်သွားမည်လော မသိ။ ဖရင့်ကို အားကိုးနေ၍ မဖြစ်။ သူ့ကိုယ်သူမှတစ်ပါး မည်သူ့ကိုမျှ အားကိုး၍ မဖြစ်။ အတ္တသမံ၊ ပေမံနတ္တိဟု ဆိုကြသည် မဟုတ်လော။ သူ ရသည့် ဝင်ငွေက နည်းသေးသည်။ အကယ်၍သာ ယန်ကီတို့က သူ့ ပစ္စည်းများကို သိမ်းသွားလျှင် မည်သို့ လုပ်မည်နည်း။ အကယ်၍သာ၊ အကယ်၍သာ၊ အကယ်၍သာ။

စကားလက် အဖို့ အရှုံး မရှိ။ သူ ထင်သည့် အတိုင်း အမြတ် ထွက်နေပြီ။ အတ္တလန်တာတွင် တပ်စွဲနေသည့်

ယန်ကီတပ်များမှာ ဤမြို့တွင် မည်မျှ ကြာကြာ တပ်စွဲ ထားမည်ကို မသိကြ။ ထို့ကြောင့် သားမယားများကို ခေါ်ကြသည်။ ဟိုတယ်များ၊ တည်းခိုခန်းများတွင် နေစရာ မရှိတော့။ ဤတွင် အိမ်သစ်များ ဆောက်ကြရသည်။ အိမ်ဆောက်ရန် သစ်ဝယ်လျှင် အပေါင်းအသင်း ဆံ့သည့် စကားလက်၏ သစ်စက်မှ ဝယ်ကြသည်။ စကားလက်ကလည်း သူတို့ကို ယဉ်ကျေး သိမ်မွေ့စွာ ဆက်ဆံသည်။ ဟိုတယ်များ၊ တည်းခိုခန်းများ ဆောက်ကြသည့် ကော်ဇောအိတ်သမားများနှင့် ခေတ်ပျက် သူဌေးများကလည်း စကားလက်ထံမှသာ ဝယ်ကြသည်။ ယခင် သူတို့ ဆက်ဆံခဲ့ကြရသည့် ပြည်နယ် စစ်သားများက ယဉ်ကျေး သိမ်မွေ့သည် မှန်သော်လည်း သူတို့ ယဉ်ကျေးပုံက အေးစက်စက်။ ဝတ်ကျေတမ်းကျေ။ ပါးစပ်က မုန်းသည်ဟု ဖွင့်ပြောသည်ထက်ပင် ဆိုးသေးသည်။ ထို့ကြောင့် သူတို့က စကားလက်နှင့် အရောင်းအဝယ် လုပ်ရသည်ကို သဘောကျသည်။

ထို့ပြင် စကားလက်က လှသည်။ ချောသည်။ တစ်ခါတစ်ရံတွင် သနားစဖွယ် ဟန်ဆောင်တတ်သည်။ ထို့ကြောင့်

ယန်ကီ စစ်ဗိုလ်များက စကားလက်၏ သစ်ဆိုင်ကို အားပေးကြသည်။ ဖရင့်၏ ကုန်တိုက်ကိုလည်း အားပေးကြသည်။ မလည်မဝယ် ယောက်ျားကြီးကို ရထားသည့် ခပ်ချောချော မိန်းကလေး တစ်ဦးကို အားပေးသင့်သည် ဆိုသည့် သဘောဖြင့် သူ့ ဆိုင်မှ ဝယ်ကြသည်။ စကားလက် အရောင်းအဝယ် လုပ်ငန်းက ဟန်နေပြီ။ မိမိသည် ယန်ကီ ပိုက်ဆံဖြင့် ပစ္စုပ္ပန်ကို ထိန်းထားပြီး ယန်ကီ မိတ်ဆွေများဖြင့် သူ့ အနာဂတ်ကို ကာကွယ် ထားနိုင်ပြီဟုလည်း စကားလက် ယုံသည်။

သူ့ စိတ်ကြိုက် အနေအထားကို ရအောင် ယူပြီး ယန်ကီများနှင့် ဆက်ဆံရသည်မှာ သူ ထင်သည်ထက် လွယ်သည်။

ယန်ကီ စစ်ဗိုလ်များက တောင်ပိုင်းသူ အမျိုးသမီး ဆိုလျှင် လန့်ကြသည်။ သို့ရာတွင် သူ မမျှော်လင့်သည့် ပြဿနာ တစ်ရပ် တက်လာသည်။ ယင်းမှာ ယန်ကီ စစ်ဗိုလ်ကတော်များ၏ ပြဿနာ။ အစ ကတည်းက ယန်ကီ အမျိုးသမီးများကို စကားလက်

162

မဆက်ဆံချင်။ သို့ရာတွင် ရှောင်၍ မရ။ သူတို့ ယောက်ျားတွေနှင့် ဆက်ဆံရသည့် အခါတွင် သူတို့နှင့်လည်း မလွဲမရှောင်သာ ဆက်ဆံလာရသည်။

တောင်ပိုင်းသူတွေနှင့်

ပတ်သက်လာလျှင်

ယန်ကီ

ဗိုလ်ကတော်တွေက

အလွန်

စပ်စုသည်။

စကားလက်ကလည်း သူ တတ်သလောက် မှတ်သလောက် တောင်ပိုင်းသူများ အကြောင်းကို ပြောပြသည်။ အတ္တလန်တာမှ အခြား အမျိုးသမီးများကမူ ယန်ကီ စစ်ဗိုလ်ကတော်များကို ဆေးဖော်ကြောဖက် မလုပ်ကြ။ သုဓမ္မာ ဇရပ်တွင် တွေ့သည့်တိုင် နှုတ်ဆက်ခြင်း မပြုကြ။ တစ်ခါတစ်ရံတွင် စကားလက်သည် ယန်ကီ စစ်ဗိုလ် အိမ်ရှေ့တွင် ဘာဂီကို ရပ်၍ သစ်ကိစ္စ၊ အိမ်ကိစ္စကို ပြောတတ်သည်။ အိမ်ရှင်မ ထွက်လာကာ စကား ဝင်ပြောပြီး လက်ဖက်ရည်သောက် ဖိတ်သည်။ စကားလက်က မငြင်း။ စကား အခန့်သင့်လျှင် ဖရင့်၏ ကုန်တိုက်တွင် ဈေးဝယ်ရန် တိုက်တွန်းတတ်သည်။ သို့ရာတွင် တစ်ခါ တစ်ခါတွင်လည်း ကိုယ်ရေး ကိုယ်တာ ကိစ္စကို စပ်စုတတ်သဖြင့် လည်းကောင်း၊ တောင်ပိုင်းသားများ အပေါ်တွင် အထက်စီးဖြင့် ဆက်ဆံတတ်ကြသည့် အတွက်ကြောင့် လည်းကောင်း စကားလက် ဒေါသကို မနည်း ချုပ်တည်း ထားရသည်။

သမ္မာကျမ်းစာ ပြီးလျှင် ‘ဦးလေးတွမ်’ ဝတ္ထုကို ယန်ကီ အမျိုးသမီးများက ဗျာဒိတ်ကျမ်း ပမာ ဦးထိပ် ထားကြသည်။

ထို့ကြောင့် ငွေဝယ်ကျွန်တွေ ထွက်ပြေးလျှင် တောင်ပိုင်းသားများက အမဲလိုက် ခွေးများဖြင့် လိုက်ဖမ်းတတ်သည် ဆိုသည့် ကိစ္စမျိုးကို မေးတတ်ကြ၏။ စကားလက်က သူ့ တစ်သက်တွင် ထို အမဲလိုက် ခွေးမျိုးကို တစ်ကောင်သာ မြင်ဖူးသေးကြောင်း၊ ထိုခွေးများကလည်း ‘ဦးလေးတွမ်’ ဝတ္ထုထဲတွင် ပါသည့် ခွေးလောက် ရက်စက် ကြမ်းကြုတ်သည့် ခွေးမျိုး မဟုတ်ဘဲ သာမန် ခွေးသာ ဖြစ်ကြောင်း ပြောပြသည်။ သို့ရာတွင် ယန်ကီ အများက မယုံကြည်ကြ။ ငွေဝယ်ကျွန်များ၏ နဖူးကို ကျွန်ပိုင်ရှင်များက သံပူ ကပ်၍ ကြက်ခြေထိုးသည်၊ သေအောင် ရိုက်တတ်သည်၊ ကျွန်မများအား အပျော်မယား ထားကြသည် စသည့် ကိစ္စများကို မေးကြသည်။ ဤမေးခွန်းမျိုးကို မေးလျှင် စကားလက် ပို၍ ခံပြင်းသည်။ အတ္တလန်တာတွင် ယန်ကီ စစ်သားတွေ လာ၍ တပ်စွဲပြီးချိန်မှ စ၍ အဖြူ အမည်း ကပြား ကလေးတွေကို တွေ့နေရသည်။ 

သူတို့ အမြင်က တစ်ဖက်သတ် ကျလွန်းသည်။ ထို့ကြောင့် အခြား အမျိုးသမီး ဆိုလျှင် သူတို့ စကားတွေကို နားထောင်၍

ဒေါပွကြမည်။ သို့ရာတွင် စကားလက်ကမူ ဒေါသကို တတ်နိုင်သမျှ ချုပ်တည်းထား၏။ ဒေါသ ထွက်သည်ထက် သူတို့ကို အထင်သေးသည်က ပိုသည်။ စင်စစ် ဤသူများသည် ယန်ကီများသာ မဟုတ်လော။ ယန်ကီများထံမှ အခြား မည်သည့် အရာကို မျှော်လင့်ချင်သေးသနည်။ ထို့ကြောင့် တောင်ပိုင်း ပြည်နယ်ကို လည်းကောင်း၊ တောင်ပိုင်း ပြည်နယ်သားများကို လည်းကောင်း၊ တောင်ပိုင်းသားတို့၏ အကျင့်စာရိတ္တကို လည်းကောင်း စော်ကားသည့် စကားမျိုးကို အမှတ်မထင် ပြောကြသည့် အခါ၌ စကားလက် ဒေါသ မထွက်။ သူတို့ကိုသာ စိတ်ထဲက ကျိတ်၍ အထင်သေးခြင်း ဖြစ်မိသည်။ တစ်ခါတွင်မူ စကားလက် သည်းမခံနိုင်တော့။ စကားလက် တစ်ကိုယ်လုံး ဒေါသကြောင့် တဆတ်ဆတ် တုန်နေသည်။ တောင်ပိုင်းနှင့် မြောက်ပိုင်းသည် မည်သည့် အခါမျှ ပေါင်းကူး၍ ရတော့မည် မဟုတ်ဟုပင် စကားလက် ထင်လာသည်။ 

ထိုနေ့က စကားလက်သည် အိမ်သို့ ဦးလေး ပီတာနှင့် အတူ ရထားဖြင့် ပြန်လာခဲ့၏။ အိမ်ဆောက်နေကြသည့် ယန်ကီ

အိမ်ထောင်စု သုံးစု၏ အိမ်အနီးသို့ ဖြတ်လာခဲ့သည်။ သူတို့ အိမ်မှာ သူ့ သစ်ဆိုင်မှ သစ်သားများဖြင့် ဆောက်ခြင်း ဖြစ်သည်။ စကားလက် ရထား သူတို့ အိမ်ရှေ့သို့ ရောက်သည့် အခါတွင် အိမ်ရှင်မ သုံးဦးက ဝင်ပေါက်မှ လှမ်း၍ လက်ပြ နှုတ်ဆက်ကာ ရထားကို အရပ်ခိုင်းသည်။ စကားလက် အနီးသို့ ရောက်လာကာ စိတ်ပျက်စရာ အသံ ဝဲဝဲဖြင့် နှုတ်ဆက်သည်။

‘တွေ့ချင်နေတာ အတော်ပဲ စကားလက်ရေ’ အရပ် မြင့်မြင့် မိန်းမက လှမ်းပြောသည်။ ‘စကားလက်တို့ ရွှေမြို့တော်

163

အကြောင်း နည်းနည်းပါးပါး မေးစရာလေး ရှိလို့’

ထိုမိန်းမ အသံက လှောင်သလိုလို။ စော်ကား သလိုလို။ သို့ရာတွင် စကားလက်က ကြိုးစား၍ ပြုံးလိုက်၏။



‘ဘာများ သိချင်လို့ပါလဲ’



‘အစ်မကြီးရဲ့ ကလေးထိန်းက မြောက်ပိုင်းကို ပြန်သွားတယ်လေ၊ ဒီကပ္ပလီတွေ ကြားထဲ မနေနိုင်ဘူးတဲ့၊ ကြာကြာ

နေရင် သေလိမ့်မယ်တဲ့၊ ခု အိမ်မှာ ကလေး ထိန်းမယ့်လူ မရှိဘူး၊ သိပ် စိတ်ညစ်တာပဲ၊ အစ်မကြီးကို ကလေးထိန်း တစ်ယောက်ယောက် ရှာပေးပါလား၊ ဘယ်မှာ ရှာရမယ် မသိလို့’

‘မခက်ပါဘူး အစ်မကြီးရယ်’ စကားလက်က ရယ်သည်။ ‘အစေခံ ကောင်းကောင်း လိုချင်ရင် ကပ္ပလီကို ရှာ၊ တောက

ကပ္ပလီက မပျက်စီးသေးဘူး၊ မြို့က ကပ္ပလီတော့ မငှားလေနှင့်၊ လွတ်လပ်တဲ့ ကပ္ပလီ အစည်းအရုံးက မြှောက်ပေးလို့ ပျက်စီးကုန်ပြီ၊ အိမ်ဝ ရပ်ပြီး ကပ္ပလီလား မေး၊ တောက ကပ္ပလီဆိုရင်’

ယန်ကီ အမျိုးသမီး သုံးယောက် မျက်နှာ ပျက်သွားကြသည်။



‘အို ကပ္ပလီတော့ ကလေးထိန်း မခိုင်းပေါင်၊ ရာရာစစ၊ တို့ လိုချင်တာက အိုင်းရစ် ကလေးထိန်း တစ်ယောက်ယောက်’



‘ဝမ်းနည်းပါတယ် အစ်မကြီး၊ အတ္တလန်တာမှာ အိုင်းရစ် အစေခံ မရှိပါဘူး’ စကားလက် အသံက အေးဆေး

တည်ငြိမ်နေသည်။ ‘စကားလက် အနေနှင့် ပြောရရင် အတ္တလန်တာမှာ လူဖြူ အစေခံ ဆိုလို့ တစ်ယောက်မှ မမြင်ဖူးသေးဘူး၊ စကားလက် အိမ်မှာလည်း လူဖြူ အစေခံ မထားပါဘူး၊ ပြီးတော့ ကပ္ပလီ ဆိုတာလည်း လူသားစားတဲ့ အမျိုး မဟုတ်ပါဘူး၊ သူလို ကိုယ်လို လူတွေပါ၊ စိတ်လည်း စိတ်ချရပါတယ်’

စကားလက်၏ စကားလုံးများက ရိုးရိုးသားသား ဖြစ်သည်။ သို့ရာတွင် အသံက လှောင်သံ ပါနေသည်။ 



‘မလုပ်ပါနှင့်တော်၊ ကျုပ်တို့ အိမ်မှာတော့ ကပ္ပလီ အစေခံ မထားရဲပါဘူး၊ ကြံကြံဖန်ဖန်’



‘ဖြစ်မှ ဖြစ်ရလေ၊ ကပ္ပလီမကိုများ အိမ်ထဲ သွင်းရုံတင် မကဘူး၊ ကလေး ထိန်းခိုင်းရသေးသတဲ့’



တစ်ယောက်က ငေါ့သည်။ စကားလက်၏ မျက်စိထဲတွင် အကြောတွေ ဖုထစ်နေသည့် ကြီးဒေါ်၏ ညင်သာသည့်

လက်များကို သွား၍ အမှတ်ရ၏။ မေမေ့ လက်ထက်၊ သူ့ လက်ထက်၊ ဝိတ်ကလေးတို့ လက်ထက် အထိ ဤလက်များပေါ်တွင် ကြီးပြင်း လာခဲ့ရသည်။ ကပ္ပလီများ၏ ညိုမှောင်သော လက်များ မည်မျှ ချစ်ခင် နှစ်လိုဖွယ် ကောင်းသည်ကို သူတို့ မည်မျှ သိကြသနည်း။ နှစ်သိမ့်တတ်၊ ချော့မော့တတ်၊ ပွတ်သပ်တတ်ကြောင်းကို သူတို့ မည်မျှ သိကြသနည်း။

‘သြော်၊ ဟုတ်လား ကပ္ပလီတွေကို ကျွန် အဖြစ်က လွတ်လပ်ခွင့် ပေးခဲ့တာ အစ်မကြီးတို့ တစ်တွေပဲ မဟုတ်လား၊

အစ်မကြီးတို့ဆီက ဒီစကားမျိုး ကြားရတော့ စကားလက်ဖြင့် အံ့သြလို့ မဆုံးဘူး’

‘အမယ်လေး အစ်မကြီးတို့ မပါပါဘူး’ အရပ်ရှည်ရှည် မိန်းမက ဆိုသည်။ ‘ကပ္ပလီ ဆိုလို့ အတ္တလန်တာ ရောက်မှ

မြင်ဖူးတာပါ၊ နောက်လည်း မမြင်ဖူး ချင်တော့ပါဘူး၊ တော်ပါပြီ၊ မြင်ရုံနှင့် ကြက်သီး ထလွန်းလို့’

164



ရထား ရှေ့တွင် ထိုင်နေသည့် ဦးလေး ပီတာ ရှူးရှူးရှားရှား ဖြစ်နေပြီ။ ခါးကြီး ဆန့်ကာ မြင်းနားရွက်ကို စိုက်ကြည့်နေ၏။

ထိုအထဲတွင် အရပ် ရှည်ရှည် မိန်းမ နောက်ထပ် ပြောလိုက်သည့် စကားများကြောင့် စကားလက်ပင်လျှင် ကြားထဲက ခံပြင်းသွားသည်။ အရပ်ရှည်ရှည် မိန်းမက ဦးလေးပီတာကို လက်ညှိုး ထိုးပြကာ သူ့ အဖော်များကို ပြောနေသည်။

‘ဟို ကပ္ပလီ ငမည်း အဘိုးကြီးလည်း ကြည့်စမ်းပါဦး၊ ဖားပြုတ်ကြီးလို ဖောင်းနေတာပဲ၊ ဧကန္တ စကားလက်တို့

ဖျက်ဆီးလို့ သင်းတို့ တစ်တွေ ဒီလောက် ပျက်စီးနေကြတာ’

ဦးလေး ပီတာ အသက်ပင့်၍ ရှူသည်။ တွန့်သော နဖူးရေများက ပို၍ တွန့်သွားကြ၏။ သို့ရာတွင် စကား မဆို။ ရှေ့ကိုသာ

စိုက်ကြည့်နေသည်။ သူ့ တစ်သက်တွင် လူဖြူ တစ်ယောက်က ‘ငမည်း’ ဟု တစ်ခါမျှ အခေါ် မခံရဖူးခဲ့။ ကပ္ပလီ အချင်းချင်းက ခေါ်ကြသည့်တိုင် လူဖြူ တစ်ယောက်က ဤသို့ တစ်ခါမျှ မခေါ်စဖူး။ သူ့ကို ‘ကျွန်ယုံကြီး’ ဟု ရည်ညွှန်းသွားသည်။ သစ္စာမရှိ၊ စိတ်မချရဟု ပြောသွားသည်။ ဒေါ်လေး ပစ်တီတို့ ဆွေစဉ် မျိုးဆက် အမှုတော် ထမ်းခဲ့သည့် သူ့လို လူကို ရက်ရက်စက်စက် ပြောသွားသည်။

အစော်ကား

ခံရသဖြင့်

ဦးလေး

ပီတာ၏

မေးမည်းမည်းကြီး

တဆတ်ဆတ်

တုန်နေသည်ကို

စကားလက်

မြင်လိုက်၏။ (မြင်လိုက်သည် ဆိုခြင်းထက် ခံစားလိုက်မိသည် ဆိုခြင်းက ပို၍ မှန်မည် ထင်သည်။) စကားလက် ကိုယ်တိုင် ဒေါသတွေ ဆူဝေလာကာ လူသတ်ချင်စိတ် ပေါက်လာသည်။ ယန်ကီ တစ်သိုက်က ပြည်နယ် တပ်မတော်ကို လည်းကောင်း၊ ပြည်နယ် သမ္မတ ‘လူဆိုးကြီး’ ဒေးဗီးစ်ကို လည်းကောင်း စော်ကား မော်ကား ပြောသွားခဲ့ကြသည်။ တောင်ပိုင်းသားအား လူသတ်မှု ကျူးလွန်သူများ၊ ငွေဝယ်ကျွန်များကို နှိပ်စက် ညှဉ်းပန်းသူများဟု ပြောသွားခဲ့ကြသည်။ တောင်ပိုင်းသားအား လူသတ်မှု ကျူးလွန်သူများ၊ ငွေဝယ်ကျွန်များကို နှိပ်စက် ညှဉ်းပန်းသူများဟု ပြောသွားကြသည်။ ဤသည်ကို စကားလက် စက်ဆုပ်သည့်တိုင် အောင့်အည်း၍ နားထောင်သည်။ အကျိုး ရှိမည် ဆိုလျှင် သူ့ ရိုးသားမှုနှင့် သူ့ ဂုဏ်သိက္ခာကို စော်ကားသည့်တိုင် စကားလက် ခေါင်းငုံ့ ခံနိုင်သည်။ သို့ရာတွင် သူတို့အပေါ်၌ တစ်သက်လုံး သစ္စာ ရှိခဲ့သည့် ဦးလေး ပီတာလို ကပ္ပလီ အဘိုးကြီးကို မိုက်မိုက်ရိုင်ရိုင်း နှိမ့်နှိမ့်ချချ ပြောသည်ကိုမူ စကားလက် မခံနိုင်။ ယမ်းပုံကို မီးရှို့သည့်နှယ် ဝုန်းခနဲ ပေါက်ကွဲ ပစ်လိုက်ချင်သည်။ ဦးလေး ပီတာ၏ ခါးကြားတွင် ထိုးထားသည့် မြင်းစီး သေနတ်ကို စကားလက် အတန်ကြာ စိုက်ကြည့်၏။ သေနတ်ကို ဆွဲ၍ ပစ်ချလိုက်ချင်သည်မှာ လက်ယားလှပြီ။ စင်စစ် သူတို့ကို ပြန်လှန် ချေပနေဖို့ မကောင်း။ ဤမျှ မိုက်ရိုင်း စော်ကား၍ ဤမျှ မသိသား ဆိုးရွားကာ ဤမျှ အောက်တန်း ကျသော ယန်ကီများကို ပစ်သတ်ဖို့သာ ကောင်းသည်။ သို့ရာတွင် စကားလက် စိတ်ကို ချုပ်တည်းသည်။ မေးရိုးကြီးတွေ အထင်းသား ပေါ်လာ၏။ အံကို ကြိတ်ထားရသည်။ သူတို့ကို စိတ်ထင်တိုင်း ပြန်ပြော၍ မဖြစ်သေး။ အချိန် မကျသေး။ တစ်နေ့နေ့တွင်မူ ပြောရမည်။ ပြောရမှ ဖြစ်မည်။ သို့ရာတွင် ယခု အချိန် မဟုတ်သေး။

‘ဦးလေး ပီတာက စကားလက်တို့ ဆွေမျိုးသားချင်း ဖြစ်နေပါပြီ’ စကားလက်က အသံ တုန်တုန်ဖြင့် ပြန်ပြောသည်။

‘အားလုံးပဲ သွားမယ်၊ ဦးလေး ပီတာ မောင်းတော့’

ဦးလေး ပီတာက ကျာပွတ်ဖြင့် ဖြန်းခနဲ ရိုက်ချလိုက်သဖြင့် မြင်းက လန့်ပြီး ခုန်ထွက် သွားသည်။ ဘာဂီက

လမ်းမပေါ်တွင် တဝုန်းဝုန်း ဆောင့်၍ ပြေး၏။ ‘ကြံကြီးစည်ရာ သူတို့ ဆွေမျိုးတဲ့၊ ကပ္ပလီ ငမည်းကြီးများ သူမို့လို့ ဆွေမျိုး တော်ချင်တယ်’ ဟူသော ယန်ကီမ၏ အသံကို စကားလက် မသဲမကွဲ ကြားလိုက်ရသည်။

165



အို။ သင်းတို့ကို သောက်ဂရုစိုက်လို့။ သင်းတို့ မျိုးပြုတ်မှ ကောင်းမည်။ သူသာ ပိုက်ဆံ ကောင်းကောင်း ရှိမှ သူတို့

မျက်နှာကို စေ့စေ့ ကြည့်၍ တံတွေးဖြင့် ထွေးပစ်လိုက်ဦးမည်။

ဦးလေး ပီတာကို စကားလက် လှမ်းကြည့်၏။ မျက်ရည်တွေ ပါးပေါ်သို့ စီးကျ နေသည်ကို မြင်ရသည်။ ဦးလေး ပီတာ

အတွက် စကားလက် စိတ်မကောင်း။ သနားလည်း သနားသွားသည်။ မျက်လုံးတွေ ကျိန်းစပ်ကာ သူကိုယ်တိုင် ငိုချင်လာ၏။ ကလေး တစ်ယောက်ကို အဓိပ္ပာယ် မရှိ ရက်စက် ကြမ်းကြုတ် နေသည်ကို မြင်ရသည့်နှယ် ခံစားရသည်။ ဦးလေး ပီတာ။ ချားလ်၏ အဖေနှင့် အတူ မက္ကဇီကို စစ်ပွဲတွင် ဝင်တိုက်ခဲ့သည့် ဦးလေး ပီတာ။ သူ့ သခင် သေခါနီးတွင် သူ့ လက်ထဲတွင် ပွေ့ပိုက် ယုယထားသည့် ဦးလေး ပီတာ။ ချားလ်နှင့် မီလာနီတို့ နှစ်ယောက်ကို ပြုစု ကျွေးမွေးခဲ့သည့် ဦးလေး ပီတာ။ အပျိုကြီး ဒေါ်လေး ပစ်တီကို စောင့်ရှောက်ခဲ့သည့် ဦးလေး ပီတာ။ စစ်ပြေးတုန်းက ဒေါ်လေး ပစ်တီကို မှဲ့တစ်ပေါက် မစွန်းရအောင် စောင့်ရှောက်ခဲ့သည့် ဦးလေး ပီတာ။ ပြည်တွင်းစစ် ပြီးသည့် အခါတွင် မြင်းတစ်ကောင်ကို မရ အရ ရှာကာ စစ်ကြောင့် ဖွတ်ဖွတ် ကြေနေသည့် နယ်ကို ဖြတ်၍ ဒေါ်လေး ပစ်တီကို မာကွန်မှ အတ္တလန်တာသို့ အရောက် ပြန်ခေါ်လာခဲ့သည့် ဦးလေး ပီတာ။ ထို ဦးလေး ပီတာကို ယန်ကီ တစ်သိုက်က ရက်ရက်စက်စက် ပြောကြသည်။ နှိပ်နှိပ်နယ်နယ် ပြောကြသည်။ ကပ္ပလီ ငမည်းမျိုးကို မယုံအပ်ဟု ဆိုကြသည်။

‘ဦးလေး ပီတာ’ စကားလက်က ဦးလေး ပီတာ၏ သေးကွေးသည့် လက်မောင်းကို လှမ်းကိုင်၍ အသံ တုန်တုန်ဖြင့်

ခေါ်သည်။ ‘မငိုပါနှင့် ဦးလေး ပီတာရယ်၊ သူတို့ ပြောတာကိုများ အရေးစိုက်လို့၊ အလကား ဘာမှ အသုံးမကျတဲ့ ယန်ကီတွေကို ဘာဖြစ်လို့ စာရင်းထဲ ထည့်နေရမှာလဲ’

‘လူတစ်ယောက်လုံး

ငုတ်တုတ်

ရှိရက်နှင့်

ဒီလို

ပြောတာတော့

ဘယ်ကောင်းမလဲ

မလေးရဲ့၊

ကျုပ်ကို

လားတစ်ကောင်လောက်တောင် အရေး မစိုက်ဘူး ဆိုတဲ့ သဘောပေါ့၊ လူကို ငမည်းတဲ့၊ ကပ္ပလီတဲ့၊ ကျုပ်တစ်သက်မှာ ဘယ်လူဖြူကမှ ဒီလို မခေါ်ခဲ့ဖူးဘူး၊ ပြီးတော့ ကျွန်ယုံတဲ့၊ သစ္စာ မရှိဘူးတဲ့၊ သခင်ကြီး ဆုံးခါနီးတုန်းက ပြောသွားခဲ့တဲ့ စကားကို မှတ်မိတယ်၊ ပီတာ ငါ့ကလေးတွေကို မင်းပဲ ကြည့်လိုက်ပါတဲ့၊ ဒေါ်လေး ပစ်တီကိုလည်း မင်းပဲ စောင့်ရှောက်တဲ့၊ ဒေါ်လေး ပစ်တီက နှံကောင်လောက်တောင် ဦးနှောက် မရှိဘူးတဲ့၊ သခင်ကြီး မှာတဲ့ အတိုင်း ကလေးတွေကို ကျုပ် မစောင့်ရှောက်ခဲ့ဘူးလား၊ ဒေါ်လေး ပစ်တီကိုကော ကျုပ် မစောင့်ရှောက်ခဲ့ဘူးလား’

ဦးလေး ပီတာက နှပ်ညှစ်နေသည်။



‘စောင့်ရှောက်ပါတယ် ဦးလေး ပီတာရယ်၊ စကားလက် သိတာပေါ့၊ ဦးလေး ပီတာ စောင့်ရှောက်တာဟာ ရှင်ကောင်း

နတ်ကောင်းများ စောင်မ ကြည့်ရှုတာနှင့် မခြားပါဘူး၊ ဦးလေး ပီတာ မရှိရင် စကားလက်တို့ ဘယ်မှာ နေလို့ ဖြစ်ပါ့မလဲ’

စကားလက်က နှစ်သိမ့်သည့် လေသံဖြင့် ပြော၏။



‘ဒီလို စကားမျိုး ကြားရလို့ ဝမ်းသာပါတယ် မလေးရယ်၊ ဒါပေမယ့် ယန်ကီကောင်တွေက မသိကြဘူး၊ သိလည်း

မသိတတ်ဘူး၊ ခု ကြည့်လေ၊ ဒင်းတို့ နေရာတကာ လိုက်ရှုပ်နေကြပြီ၊ ဒင်းတို့ဟာ ပြည်နယ်သားတွေ အကြောင်းကို နားမလည်ကြဘူး’

166



စကားလက်က မည်သို့မျှ မပြော။ ယန်ကီမတွေ ရှေ့တွင် မျိုသိပ် ထားခဲ့ရသည့် ဒေါသတွေက မပျောက်သေး။

သူတို့

နှစ်ယောက်သား

တိတ်ဆိတ်စွာ

မောင်းလာခဲ့ကြသည်။

ဦးလေး

ပီတာက

နှာခေါင်း

တရှုံ့ရှုံ့

မလုပ်တော့။

အောက်နှုတ်ခမ်းကြီးများက တဖြည်းဖြည်း စူကာ ရှေ့သို့ ထော်ထွက်လာသည်။ တွေးရင်း တွေးရင်း တစိမ့်စိမ့် ဒေါသ ထွက်နေသည်။

ယန်ကီ ဆိုသည့် အမျိုးက တော်တော် ဆန်းသည်။ အသား မည်းသဖြင့် ဦးလေး ပီတာတွင် ကြားစရာ နားမရှိ၊

ခံစားစရာ နှလုံးသား မရှိဟု ထင်နေသည်လော မသိ။ ဦးလေး ပီတာ၏ နှလုံးသားသည်လည်း သူတို့ နှလုံးသားလို ခံစားချက် ရှိသည်ဟု သိပုံ မရ။ ကပ္ပလီများကို ကိုင်တွယ်လျှင် ကလေးငယ်များလို နူးညံ့ ရသည်။ ချော့တန် ချော့ရသည်။ မြှောက်တန် မြှောက်ရသည်။ ခြောက်တန် ခြောက်ရသည်။ ကပ္ပလီတို့နှင့် မည်သို့ ဆက်ဆံရမည်ကိုလည်း သူတို့ သိပုံ မရ။ ကပ္ပလီကျွန်များနှင့် လူဖြူသခင်များ မည်သို့ ဆက်ဆံ ကြသည်ကိုလည်း နားမလည်ကြ။ ကပ္ပလီ အကြောင်း နကန်း တစ်လုံးမျှ မသိဘဲနှင့် ကပ္ပလီ လွတ်လပ်ရေး စကား ပြောနေသည်ကို စကားလက် အံ့သြသည်။ ကပ္ပလီ လူမျိုးကို လေးစားရ ကောင်းမှန်း မသိကြ။ တောင်ပိုင်းသားတို့ကို ခြိမ်းခြောက်ရန် လက်ကိုင်တုတ် အဖြစ်သာ အသုံးချကြသည်။ ယန်ကီများသည် ကပ္ပလီများကို မနှစ်သက်ကြ။ မယုံကြ။ နားမလည်ကြ။ သို့တိုင်အောင် တောင်ပိုင်းသားများသည် ကပ္ပလီများ အကြောင်းကို နားမလည်ဟု ငပြူးက ပြန်ပြဲနေကြသေးသည်။

ကပ္ပလီ ငမည်းတွေကို မယုံနှင့်တဲ့။ စကားလက်က ကပ္ပလီတို့ကို လူဖြူများထက်ပင် ယုံသေးသည်။ ကပ္ပလီ လူမျိုးက

သစ္စာ ရှိသည်။ အပင်ပန်း ခံသည်။ တစ်ဖက်သားကို ချစ်ခင်တတ်သည်။ ဤအရည်အချင်း များကို ငွေပေး ဝယ်၍ မရ။ ရွှေဖြင့် လဲ၍လည်း မရ။ ယန်ကီတွေ ဝင်လာစဉ်တုန်းက ကပ္ပလီများ မြိုင်သာယာမှ ထွက်ပြေးချင်သည် ဆိုလျှင် ထွက်ပြေးနိုင်သည်။ စစ်ထဲသို့ ဝင်ချင်လျှင် ဝင်နိုင်သည်။ သို့ရာတွင် ထွက်မပြေးကြ။ ဒစ်လစီသည် သူနှင့် အတူ ဝါခင်းထဲ လိုက်၍ ပင်ပင်ပန်းပန်း အလုပ် လုပ်သည်။ ပေါ့သည် သူတို့ စားသောက်ဖို့ အတွက် ခိုးဝှက်၍ပင် ရှာပေးသည်။ ကြီးဒေါ်ဆိုလျှင် သူ့ကို စိတ်မချ၍ အတ္တလန်တာ အထိ လိုက်လာသည်။ သူ့ မိတ်ဆွေ လူဖြူများ၏ ကပ္ပလီ ကျွန်များသည်လည်း သူတို့ သခင်များနှင့် အတူ မိုးထဲလေထဲတွင် အတူ နေခဲ့ကြသည်။ ဒုက္ခ သုက္ခကို ခါးစည်း ခံခဲ့ကြသည်။ ယောက်ျားတွေ စစ်ထဲ လိုက်သွားစဉ် အိမ်တွင် ကျန်ရစ်ခဲ့သည့် လူဖြူ အမျိုးသမီးများကို စောင့်ရှောက်ကြသည်။ ဒဏ်ရာ ရသူများကို ပြုစုခဲ့ကြသည်။ သေသူများကို မရွံမရှာ ကိုင်တွယ် မြှုပ်နှံခဲ့ကြသည်။ ကျန်ရစ်သူကို အားပေးကြသည်။ အလုပ်လုပ်၍၊ တောင်းရမ်း၍၊ ခိုးဝှက်၍ သူတို့ အရှင်သခင်များကို ရှာကျွေးခဲ့ကြသည်။ ယခု လွတ်လပ်သည့် ကပ္ပလီ အစည်းအရုံးက မြှောက်ပင့် သွေးထိုး ပေးနေသည့်တိုင် အရှင်သခင်များ အပေါ်တွင် သစ္စာ ရှိမြဲ ရှိကြသည်။ ငွေဝယ်ကျွန် ခေတ်ကထက်ပင် ပို၍ အလုပ်လုပ်ကြသည်။ သို့ရာတွင် ယန်ကီတို့သည် ဤအရည်အချင်းများကို နားမလည်ကြ။ နောင်တွင်လည်း နားလည်ကြမည် မဟုတ်။

‘သူတို့ကိုယ် သူတို့တော့ ကပ္ပလီတွေကို ငွေဝယ်ကျွန် ဘဝက လွတ်အောင် လုပ်ပေးသတဲ့’



စကားလက်က ခပ်ကျယ်ကျယ် ပြော၏။



‘အလကား စကားတွေပါ၊ ဘာ လွတ်လပ်ရေးလဲ၊ ဒီလို အောက်တန်းစား လူဖြူမ အလေနတောတွေက လွတ်လပ်အောင်

လုပ်ပေးတယ်လို့ ပြောတိုင်း ကျုပ်တို့က ယုံရမှာလား’ ဦးလေး ပီတာက စိတ်ဆိုး မာန်ဆိုးဖြင့် ပြောသည်။ ‘သူတို့ လွတ်လပ်ရေး ပေးတာတွေ ဘာတွေ ကျုပ် နားမလည်ဘူး၊ ကျုပ်ဟာ ခုထိ ဒေါ်လေး ပစ်တီရဲ့ ကျွန်ပဲ၊ ကျုပ် သေရင် ဟယ်မီတန် ဆွေမျိုးရဲ့

167

သင်္ချိုင်းမှာ ကျုပ်ကို မြှုပ်လိမ့်မယ်၊ ကျုပ်ကို ယန်ကီတွေ စော်ကားတာ မလေးက ခံနေတယ်လို့ ကြားရင် ဒေါ်လေး ပစ်တီ တက်သေမှာ’

‘ဟင် စကားလက်က ဘယ်မှာ ခံနေလို့လဲ’



စကားလက်က အော်သည်။



‘မလေးက ခံနေတာပေါ့’ ဦးလေး ပီတာ၏ နှုတ်ခမ်းကြီးက ပို၍ ထော်လာသည်။ ‘မလေးက ယန်ကီတွေနှင့် သွားပြီး

အဆက်အဆံ လုပ်တာကိုး၊ ဒီတော့ အစော်ကား ခံရမှာပေါ့၊ တကယ်သာ သူတို့နှင့် အဆက်အဆံလည်း မလုပ်ဘူး၊ စကားလည်း မပြောဘူး ဆိုရင် ကျုပ်ကို ဒီလို ဘယ်စော်ကားရဲမလဲ၊ ပြီးတော့ မလေးက ကျုပ်ဘက်ကလည်း ကူမပြောဘူး၊ ငြိမ်နေတယ်’

‘ဘယ်မှာ ငြိမ်ခံနေလို့လဲ၊ စကားလက် ပြောသားပဲ၊ ဦးလေး ပီတာဟာ ဆွေထဲ မျိုးထဲက ပါလို့ စကားလက်

မပြောဘူးလား’

‘ဒါကတော့

ဟုတ်နေတာကိုး၊

ဒီလောက်တော့

ပြောရမှာပေါ့၊

အကောင်းဆုံးကတော့

ယန်ကီကောင်တွေနှင့်

မဆက်ဆံတာ အကောင်းဆုံးပဲ မလေး၊ အတ္တလန်တာမှာ ဘယ်အမျိုးကောင်း သမီးမှ ဒီကောင်တွေနှင့် အဆက်အဆံ မလုပ်ဘူး၊ ဒေါ်လေး ပစ်တီ ဆိုရင် ဒါမျိုးတွေကို အဆက်အဆံ လုပ်ဖို့ မပြောနှင့် ဖိနပ်တောင် အတိုက်ခိုင်းမှာ မဟုတ်ဘူး၊ ခု ကျုပ်ကို စော်ကားလိုက်တယ် ဆိုတာ ဒေါ်လေး ပစ်တီ သိရင် ဒုက္ခပဲ’

ဦးလေး ပီတာ၏ ဝေဖန်ရေးက သာသာနှင့် နာသည်။ ဒေါ်လေး ပစ်တီ၊ ဖရင့်နှင့် အိမ်နီးချင်းတွေ ဝေဖန်သည်ထက်

အခံရ ခက်သည်။ ကပ္ပလီ အဘိုးကြီး ဦးလေး ပီတာကို စကားလက် ကိုင်လှုပ်ပစ် လိုက်ချင်သည်။ ဦးလေး ပီတာ ပြောသည့် စကားက မငြင်းသာ။ သို့ရာတွင် သူ့ကို ကပ္ပလီ တစ်ယောက်က ဝေဖန်သည်ကိုမူ စကားလက် မခံနိုင်။ တောင်ပိုင်းသားတို့၏ အမြင်တွင် အိမ်က အစေခံ တစ်ယောက်၏ အထင်သေး ခံရခြင်းလောက် ရှက်စရာ ကောင်းသည့် အရာ ဆို၍ တစ်ခုမျှ မရှိ။

‘ကျွန်ယုံကြီးတဲ့’ ဦးလေး ပီတာက တတွတ်တွတ် ရွတ်သည်။ ‘ဒေါ်လေး ပစ်တီသာ သိရင် နောင် မလေးကို ရထားနှင့်

လိုက်အပို့ခိုင်းတော့မှာ မဟုတ်ဘူး’

‘ဘာဖြစ်လို့ လိုက်မပို့မှာလဲ၊ တော်တော့ ဦးလေး ပီတာ၊ ဒီအကြောင်း မပြောနှင့်တော့’



‘ကျုပ် ခါးက သိပ်ကောင်းတာ မဟုတ်ဘူး၊ ခုတောင် နာချင်လာပြီ၊ ခါးကိုက်ရင် ဒေါ်လေး ပစ်တီက ရထား မောင်းမခိုင်းဘူး၊

မလေးကို ပြောလိုက်မယ်၊ ယန်ကီကောင်တွေနှင့် ဒီလောက် အဆက်အဆံ မလုပ်ပါနှင့်၊ ကိုယ့် အသိုင်းအဝိုင်းက သဘော မကျမှန်း မလေးလည်း သိသားပဲ’

ဦးလေး ပီတာ၏ စကားက ရှင်းသည်။ စကားလက်က ဘာမျှ မပြော။ ဒေါပွသဖြင့် စကားလည်း မပြောချင်။ ဟုတ်သည်။

ယန်ကီတို့နှင့် ဆက်ဆံသည်ကို သူ့ အသိုင်းအဝိုင်းက မကြိုက်ကြ။ သူ့ အကြောင်းကို တစ်မြို့လုံးက ပြောနေကြသည်ကို စကားလက် နားမဆံ့အောင် ကြားနေရသည်။ ယခုမူ ဦးလေး ပီတာကပင် ဤအကြောင်းကို ပြောနေပြီ။ သူနှင့် အတူ လမ်းမသွားချင်သည့် စကားမျိုး ဆိုနေပြီ။ ဤသည်ကိုမူ စကားလက် နည်းနည်းကလေးမျှ မခံနိုင်။

168



ယခင်ကမူ လူတွေ ပြောကြ ဆိုကြသည်ကို စကားလက် လုံးလုံး ဂရုမစိုက်။ တမင်ပင် အရွဲ့တိုက် ပြလိုက်သေးသည်။

သို့ရာတွင် ဦးလေး ပီတာ၏ စကားများကို ကြားလိုက်သည့် အခါတွင်မူ စကားလက် ရင်ထဲတွင် ဒေါသတွေ မီးလျှံ ထလာသည်။ ဦးလေး ပီတာ၏ စကားများကြောင့် သူ့ အနေအထားသည် ခံစစ် အနေအထားသို့ ရောက်သွားသည်။ ယန်ကီတွေကို မုန်းသည့် နည်းတူ သူ့ အိမ်နားနီးချင်းများကိုလည်း မုန်းလာသည်။

‘ငါ လုပ်တာကို ဘာဖြစ်လို့ လိုက်အပြစ် ပြောနေကြရတာလဲ၊ ဘာဖြစ်လို့ လိုက်ပြီး ကြည့်နေကြရတာလဲ’ ဟု စကားလက်

တွေးသည်။ ‘ငါဟာ ယန်ကီတွေနှင့် ပေါင်းရတာကို ပျော်နေတယ်၊ ကျေနပ်နေတယ်လို့ သူတို့ ထင်နေကြပုံ ရတယ်၊ အို သူတို့ ဘာပြောပြော ငါ ဂရုမစိုက်ဘူး၊ ပြောချင်တာ ပြောကြပါစေ၊ တစ်နေ့ကျရင် အကြောင်း သိလာကြမှာပေါ့’

ဟုတ်သည်။ တစ်နေ့ကျလျှင်-



ထိုနေ့ကျလျှင် သူ့တွင် ပိုက်ဆံ အလုံအလောက် ရှိပြီ။ သူ့ ရှေ့ရေး အတွက် စိတ်ချရပြီ။ မေမေ့လို ဂုဏ်သရေရှိ

အမျိုးသမီးကြီး တစ်ဦး အဖြစ် အေးအေး ဆေးဆေး နေရတော့မည်။ ဂုဏ်သရေရှိ အမျိုးသမီး ပီပီ မည်သူ့ကိုမျှ အားမကိုးရ၊ မည်သူ့ မျက်နှာကိုမျှ မငဲ့ရတော့ဘဲ တင့်တောင့် တင့်တယ် နေရတော့မည်။ ထို အခါတွင် လူတွေက သူ့ သဘောကို နားလည်လာကြ လိမ့်မည်။ ပိုက်ဆံ ဖောဖောသီသီ ရှိလာလျှင် မည်မျှ ဇိမ်ကျမည်နည်း။ မေမေ့လို သနား ကြင်နာပြမည်။ နူးညံ့ သိမ်မွေ့ပြမည်။ အခြားသူများကို ကူညီ ထောက်ပံ့မည်။ ကိုယ်ချင်း စာနာစိတ် ထားမည်။ ထုံးတမ်းစဉ်လာကို လိုက်နာ ပြမည်။ ယခုလို နေ့ညမဟူ စိုးရိမ် ကြောင့်ကြ နေရသည့် အဖြစ်မျိုး မဟုတ်တော့။ အေးအေးလူလူ၊ ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မည်။ သားတွေ သမီးတွေနှင့် ပျော်ပျော်ပါးပါး နေချိန် ရတော့မည်။ သားတွေ သမီးတွေနှင့် ပျော်ပျော်ပါးပါး နေချိန် ရတော့မည်။ သူတို့ ကျောင်းသင်ခန်းစာများကို မေးမြန်းချိန်၊ နားထောင်ချိန် ရတော့မည်။ ပူအိုက်သည့် ညနေများတွင် ဧည့်သည်တွေ ဝင်လာမစဲ။ တာဖက်တာ ဝတ်စုံသာ တရွှမ်းရွှမ်း။ တောင်ထန်းရွက် ယပ်တောင်သံ တဖျပ်ဖျပ်။ လက်ဖက်ရည်ပွဲ၊ မုန့်ပွဲ အစုံအလင်ဖြင့် အတင်းအဖျင်း သောင်းပြောင်း ထွေလာတွေကို အေးအေးဆေးဆေး ပြောချိန် ရတော့မည်။ ထိုအချိန်တွင် ဒုက္ခ ရောက်သူကို တတ်နိုင်သလောက် ကူမည်။ မရှိ ဆင်းရဲသူကို ပေးကမ်းမည်။ နာဖျားမကျန်း ဖြစ်သူကို ထောက်ပံ့မည်။ လေညင်းခံ ထွက်လျှင် သူ့ ရထားကြီးဖြင့် တင်ခေါ်မည်။ မေမေ့လို တောင်ပိုင်းသူ ပီပီ ဂုဏ်သရေရှိ အမျိုးသမီး တစ်ဦး ဖြစ်အောင် ကြိုးစားမည်။ ထိုအခါတွင် မေမေ့ကို ချစ်ကြသလို သူ့ကိုလည်း ချစ်ကြလိမ့်မည်။ စေတနာ ကောင်းပါပေသည်၊ ရက်ရောပါပေသည်၊ အလှူအတန်း အပေးအကမ်း ရက်ရောပါပေသည်ဟု ချီးကျူးကြမည်။

စင်စစ် စကားလက်သည် ကိုယ်ကျိုးစွန့်တတ်သူ မဟုတ်။ အတ္တကဲသူ ဖြစ်သည်။ အပေးအကမ်း ရက်ရောသူ မဟုတ်။

တွန့်တိုသူ ဖြစ်သည်။ သို့ရာတွင် သူ့ အတွေးနှင့်သူ ပီတိ ဖြစ်နေသည်။ ဤအရည်အချင်းများ ရှိသည်ဟု ကျော်ကြားလိုသည်။ လူနတ်ကောင်းချီး သြဘာ ပေးသည်ကို ခံချင်သည်။ သို့ရာတွင် စကားလက်၏ ဦးနှောက်က ဆန်ခါ ခပ်ကျဲကျဲ။ ခပ်ကြမ်းကြမ်း။ သူ့တွင် ရှိသည့် စိတ်ဓာတ်မျိုးနှင့်သူ လိုချင်သည့် အရည်အချင်းမျိုးက တူမယောင်နှင့် ကွဲသည်။ နီးမယောင်နှင့် ဝေးသည်။ ဤကွာခြားချက်ကို သူ့ဦးနှောက် ဆန်ခါကျဲဖြင့် စကားလက် ခွဲခြား ဆန်းစစ်၍ မရနိုင်။ သို့ရာတွင် သူ ပိုက်ဆံ ရှိလာလျှင် လူတွေက သူ့ကို ချီးမွမ်းကြလိမ့်မည် ဟူသော အတွေးဖြင့်ပင် စကားလက် ကျေနပ်နေပြီ။

ဟုတ်သည်။ တစ်နေ့ကျလျှင်-

169



သို့ရာတွင် ယခု မဟုတ်သေး။ ယခုမူ လူပြော သူပြော ခံရဦးမည်။ အမျိုးကောင်းသမီး တစ်ဦး ပီသအောင် ကြိုးစားချိန်

မရသေး။

ဦးလေး ပီတာ၏ စကားက သွေးထွက်အောင် မှန်သည်။ ဦးလေး ပီတာကို ယန်ကီမတွေ စော်ကား လွှတ်လိုက်သည်ဟု

ကြားသည့် အခါတွင် ဒေါ်လေး ပစ်တီ တက်မတတ် ဖြစ်ရသည်။ ဦးလေး ပီတာ၏ ခါးနာကလည်း ပြန်ထလာသည်။ ထို့ကြောင့် ရထား မမောင်းနိုင်တော့။ စကားလက် သူ့ဘာသာ သူ ရထား မောင်းရသည်။ ပျောက်လု ပျောက်ခင် ဖြစ်နေသည့် လက်က အသားမာများ ပြန်၍ ပေါ်လာကြ၏။

သို့ဖြင့် နွေဦး ကုန်လျှင် မိုးတစိမ့်စိမ့် ရွာသည့် ဧပြီလ။ ထိုမှ နွေးထွေးသော၊ မွှေးသော၊ စိမ်းစိုသော မေလသို့

ရောက်လာသည်။ ထိုရက်များ အတွင်း စကားလက် မအားရ။ အလုပ်က များသည်။ စိုးရိမ် ပူပန်စိတ်ကလည်း ကြီးလာသည်။ ကိုယ်ဝန်

ရင့်လာသဖြင့်

ကရိကထတွေလည်း

ပိုလာသည်။

မိတ်ဆွေဟောင်းများက

ခပ်စိမ်းစိမ်း

ဆက်ဆံကြသည်။

အိမ်သားများကမူ ပို၍ ကြင်နာကာ ပို၍ ယုယလာကြ၏။ ထိုရက်များ အတွင်း သူ့ကို နားလည်သူ၊ သူ အားကိုးရသူ ဆို၍ တစ်ယောက်တည်းသာ ရှိသည်။ ထိုသူက ရက် ဘတ်တလာ။

ရက် ဘတ်တလာက ပြဒါးလို အပြောင်းအလဲ မြန်၍ ကျပ်ရွာက လောလောလတ်လတ် ပြောင်းလာသည့်

ကျပ်တစ်လုံးလို ထူးဆန်းသည်။ သို့ရာတွင် ဤလို လူတစ်ယောက်က သူ့ကို ကြင်ကြင်နာနာ ယုယုယယ ဆက်ဆံသည်ကို တွေ့ရသည့် အခါတွင် စကားလက် အံ့သြရ၏။ ဤလို ကြင်နာ ယုယမှုမျိုးကို မည်သူ့ထံကမျှ စကားလက် မရဖူးခဲ့။ ရက် ဘတ်တလာဆီမှ ရလိမ့်မည်ဟူ၍ကား နည်းနည်းကလေးမျှ မမျှော်လင့်။

ရက် ဘတ်တလာသည် အတ္တလန်တာမှ မကြာခဏ ပျောက်သွားတတ်၏။ နယူးအော်လီယန်း ပြည်နယ်သို့

သွားသည်ဟု ပြောသည်မှအပ အခြား ဘာမျှ မပြော။ သို့ရာတွင် မိန်းမ တစ်ယောက်ထံ (သို့မဟုတ် မိန်းမများထံ) သွားခြင်း ဖြစ်မည်ဟု တွေးကာ စကားလက် မနာလိုသလို ဖြစ်မိသည်။ သို့ရာတွင် ဦးလေး ပီတာ ရထား မမောင်းနိုင်သည့် နောက်တွင်မူ ရက် ဘတ်တလာသည် အတ္တလန်တာတွင် အနေ များသည်။

အတ္တလန်တာတွင် ရှိလျှင် ရက် ဘတ်တလာသည် ‘ခေတ်အမျိုးသမီး’ အရက်ဆိုင် အပေါ်ထပ်က ကစားဝိုင်းတွင် အချိန်

ဖြုန်းတတ်၏။ သို့မဟုတ်လျှင်လည်း ဘဲလ် ဝက်တလင်း၏ အရက်ဆိုင်တွင် ထိုင်ကာ ယန်ကီများ၊ ကော်ဇောအိတ်သမားများနှင့် စီးပွားရေး ကိစ္စများကို ပြောဆို နေတတ်သည်။ ယန်ကီတွေနှင့် ပေါင်းရမည်လောဟု ဆိုကာ တစ်မြို့လုံးက သူ့ကို မျက်မုန်းကျိုးကြ၏။ ရက် ဘတ်တလာသည် ဒေါ်လေး ပစ်တီ အိမ်သို့ မကြာခဏ လာခြင်း မပြုတော့။ ကိုယ်လေး လက်ဝန် အရင့်အမာနှင့် ရှိနေသည့် စကားလက်ထံ အလည် လာရသဖြင့် ဖရင့်နှင့် ဒေါ်လေး ပစ်တီကို အားနာဟန် ရှိသည်။ သို့ရာတွင် စကားလက်နှင့်မူ နေ့တိုင်းလိုလို လမ်းတွင် အမှတ်တမဲ့ ဆုံနေတတ်သည်။ စကားလက် သစ်ခွဲစက်သို့ အသွား မက်မုံပင် လမ်းပေါ်တွင် ဖြစ်စေ၊ ဒီကက်တော လမ်းပေါ်တွင် ဖြစ်စေ တွေ့လျှင် စကားလက်၏ ဘာဂီ ဘေးနားသို့ ရောက်လာ တတ်၏။ မြင်းကို ရပ်၍ စကား ပြောချင် ပြောတတ်သည်။ တစ်ခါတစ်ရ သူ့ မြင်းကို ဘာဂီ နောက်တွင် ဆွဲကာ စကားလက်အား ဘာဂီဖြင့် လေညင်းခံ လိုက်ပို့တတ်သည်။ စကားလက် ကိုယ်တိုင်ကလည်း ကျန်းမာရေး သိပ်မကောင်းလှ။ ဘာဂီ မောင်းရသည်ကိုပင် ပင်ပန်းနေသည်။ ရက် ဘတ်တလာက ဝင်မောင်းပေးလျှင် ကျေးဇူး တင်ရသည်။ မြို့ပြင် ထွက်၍ လေညင်းခံမှ အပြန် မြို့နားသို့ ရောက်လျှင် ရက် ဘတ်တလာ မလိုက်တော့။ သူ့မြင်းကို သူ ပြန်စီးကာ လမ်းခွဲသွား တတ်သည်။ သို့ရာတွင် သူတို့

170

နှစ်ယောက် လေညင်းခံ ထွက်ကြောင်းကို တစ်မြို့လုံး သိနေကြသည်။ စကားလက် အကြောင်း အတင်းအဖျင်း ပြောရာတွင် ပြောစရာ အသစ် တစ်ခု တိုးလာပြန်သည်။

သူတို့ နှစ်ယောက် နေ့တိုင်းလိုလို လမ်းတွင် ဆုံနေကြခြင်းသည် မတော်တဆမှ ဟုတ်ပါ၏လောဟု စကားလက်

တစ်ခါတစ်ရံ စဉ်းစားမိ၏။ ကပ္ပလီတို့၏ ရမ်းကားမှု သတင်းများကို တစ်ခုပြီး တစ်ခု ကြားနေရသလို သူတို့ နှစ်ယောက် လေညင်းခံ ထွက်ကြသည့် အကြိမ်ကလည်း တဖြည်းဖြည်း များလာသည်။ ရက် ဘတ်တလာသည် သူနှင့် လမ်းတွင် ဆုံမိရန် တမင် လုပ်နေသလော။ သို့ဆိုလျှင် ကိုယ်ဝန် အရင့်အမာဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေသည့် ဤအချိန်ကို အဘယ့်ကြောင့် ရွေးရသနည်း။ သူ့ အပေါ်တွင် တစ်စုံတစ်ရာ အကြံအစည် ရှိခဲ့သည် ထားဦး။ ဤအချိန် ဤအခါမျိုးတွင်မူ မကြံစည်တန်ရာ။ သူ့ အမူအရာက ထူးဆန်းနေသည်။ ယန်ကီ အကျဉ်းထောင်ထဲက အကြောင်းတွေကို ပြန်ပြောပြီး သူ့ကို လှောင်ပြောင် သရော်ခဲ့သည်မှာ ကြာသွားပြီ။ ရက် ဘတ်တလာသည် ထိုအကြောင်းကို မပြောတော့။ အက်ရှလေ အကြောင်းကိုလည်း မဟတော့။ အက်ရှလေအား သူ တစ်ဖက်သတ် ချစ်ခဲ့ရပုံကိုလည်း လှောင်ပြောင်ခြင်း မပြုတော့။ ထိုမျှမက ရက်ရက် စက်စက် မညှာမတာ ပြောခြင်းမျိုးလည်း မရှိတော့။ သူ့ကို မသိလိုက် မသိဘာသာ ထားလိုက်သည်က ကောင်းမည်။ ဗိုလ်နေမြဲ ကြားနေမြဲ နေစေသည်က ကောင်းမည်။ ထို့ကြောင့် သူ့ထံမှ ရှင်းလင်းချက်လည်း မတောင်း။ မကြာခဏ တွေ့နေကြသည်ကိုလည်း မသိလိုက် မသိဘာသာပင် နေလိုက်သည်။ အတ္တလန်တာတွင် ရက် ဘတ်တလာ အဖို့ အပျင်းဖြေစရာ ဆို၍ ကစားဝိုင်းနှင့် မိတ်ဆွေ အချို့သာ ရှိသည်။ ထို့ကြောင့် သူ့ထံ အပျင်းပြေ လာနေခြင်းသာ ဖြစ်ရမည်ဟု စကားလက် မှတ်ယူလိုက်၏။

သူ့ အနေဖြင့် မည်သည့် အကြောင်းကြောင့် လာသည် ဖြစ်စေ စကားလက်ကမူ ရက် ဘတ်တလာနှင့် တွေ့ရသည်ကို

ပျော်သည်။ ဆိုင် အကြွေးကျကြောင်း၊ အရောင်းအဝယ် မကောင်းကြောင်း၊ သစ်စက်တွင် ဂျွန်ဆင်က လိမ်ကြောင်း၊ ဟူးခ်ျက အလုပ်ကို နားမလည်ကြောင်း စသဖြင့် ညည်းလျှင် ရက် ဘတ်တာက စိတ်ရှည်လက်ရှည် နားထောင်သည်။ သူ့ အောင်မြင်ချက်တွေကို ပြောပြလျှင် ရက် ဘတ်တလာက ချီးမွမ်းသည်။ ဖရင့် ဆိုလျှင် မည်သည့် အခါမျှ ချီးမွမ်းလေ့ မရှိ။ ပြုံးရုံသာ ပြုံး၏။ ဒေါ်လေး ပစ်တီကမူ ‘ဟင် ဟုတ်လား’ ဟုသာ အာမေဋိတ်သံ ပြုဖော် ရသည်။ ရက် ဘတ်တလာနှင့် တွေ့ရသည့် အတွက် အရောင်းအဝယ် ကိစ္စများလည်း အဆင် ပြေသည်။ ရက် ဘတ်တလာက ယန်ကီများ၊ ကော်ဇောအိတ်သမားများနှင့် ရင်းနှီးသည်။ သို့ရာတွင် ကိုယ်ထိ လက်ရောက်ကား ကူညီခြင်း မပြု။ ရက် ဘတ်တလာ၏ နောက်ကြောင်းကို ကောင်းကောင်း သိသဖြင့် သူ့ကို စကားလက် နည်းနည်းမျှ မယုံ။ သို့ရာတွင် မြင်းနက်ကြီးကို စီးလာသည့် ရက် ဘတ်တလာကို မြင်လိုက်ရလျှင် မည်သည့် အတွက်ကြောင့် မသိ။ စကားလက် အားတက်သည်။ ပျော်သည်။ ရက် ဘတ်တလာက ဘာဂီပေါ် တက်ထိုင်ပြီး ဇက်ကို ဝင်ကိုင် ပေးလျှင်၊ သူ့ကို စလျှင် စကားလက် သူ့ ကိုယ်သူ ပြန်ငယ်သွားသည် ထင်သည်။ မြူးလာသည်။ ချစ်စရာ ကောင်းလာသည်။ ရက် ဘတ်တလာကို ရင်ထဲ ရှိသမျှ အကုန် ပြောရဲသည်။ ပြော၍ ရသည်။ ဖရင့်နှင့် ပြော၍ မရသည့် စကားမျိုးကိုပင် ပြော၍ ရသည်။ သူတို့နှင့် စကား ပြောလျှင် သိက္ခာ ငဲ့ရခြင်းမျိုး၊ စောင့်စည်းရခြင်း မျိုးတွေ ရှိသည်။ ရက် ဘတ်တလာနှင့် ဆိုလျှင် ဘာမျှ စောင့်စည်းစရာ မလို။ လွတ်လွတ်လပ်လပ် ပြောနိုင်သည်။ ထို့ကြောင့် ရက် ဘတ်တလာလို လူမျိုးနှင့် မိတ်ဆွေ ဖြစ်ရသည့် အတွက် စကားလက် စိတ်ပြေလက်ပျောက် ရှိသည်။ မည်သည့် အကြောင်းကြောင့် မသိ။ ရက် ဘတ်တလာကလည်း ယခု တလောတွင် သူ့ အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံနေသည်။ အထူးသဖြင့် သူ့ကို ဝိုင်းပယ် ထားသဖြင့် အဖော် ရှားပါးသည့် ဤအချိန်မျိုးတွင် ရက် ဘတ်တလာနှင့် တွေ့ရသည်မှာ စိတ်သက်သာရာ ရသည်။

ဦးလေး ပီတာက သူ့ကို ရထား မောင်းမပို့တော့ဟု ပြောပြီး နောက်မကြာမီတွင် စကားလက်က ရက် ဘတ်တလာကို

171

မေးသည်။

‘ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ ဒီမြို့က လူတွေက ဘာဖြစ်လို့ စကားလက်ကို ဝိုင်းဝေဖန် နေကြတာလဲ၊ ဘာဖြစ်လို့

မကောင်း ပြောရတာလဲ ဟင်၊ စကားလက်လည်း ဘယ်သူ့ကိုမှ ထိခိုက် နစ်နာအောင် မလုပ်ရပါလား၊ ကိုယ့် အလုပ်ပဲ ကိုယ် လုပ်တာပဲ၊ စကားလက် ဘာမှလည်း အမှား မလုပ်ခဲ့ဘူး၊ ပြီးတော့’

‘အမှား မလုပ်ခဲ့တာကတော့ လုပ်ခွင့် မကြုံလို့ ဖြစ်ပါလိမ့်မယ်ကွယ်၊ သူတို့လည်း ဒါကို ရိပ်မိလို့ ဖြစ်မှာပေါ့’



‘အို သူများက အကောင်း ပြောနေတာပါ၊ နောက်မနေစမ်းပါနှင့်၊ သူတို့ ပြောတော့ စကားလက် မခံချင်ဘူး၊

အရွဲ့တိုက်ပြချင်တယ်၊ စကားလက် ဘာလုပ်လို့လဲ၊ ပိုက်ဆံလေး နည်းနည်းပါးပါး ရှာတယ်၊ ဒီပြင် ဘာများ လုပ်လို့လဲ’

‘လုပ်တာပေါ့၊ စကားလက်က ဒိပြင် မိန်းမတွေ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်တယ်၊ လုပ်သလောက်လည်း

အောင်မြင်တယ်၊ ကျုပ် မင်းကို ပြောဖူးသားပဲ၊ လူ ဆိုတာ ကိုယ့်ထက် သာရင် မနာလိုတတ်တာချည်းပဲ၊ သူများထက် တော်ရင် သူများထက် ထူးရင် အဲဒီ လူဟာ မလွယ်တော့ဘူး၊ ဝိုင်းပြီး လက်ညှိုးထိုး ခံရပြီသာ မှတ်ပေတော့၊ ခု မင်း သစ်စက် ထောင်တယ်၊ အောင်မြင်တယ်၊ ယောက်ျားတွေတောင် ဒီလောက် အောင်မြင်အောင် မလုပ်နိုင်ကြဘူး၊ ဒီတော့ မင်း အောင်မြင်မှုဟာ မအောင်မြင်တဲ့ ယောကျာ်းတွေ အမြင်မှာ သူတို့ကို စော်ကားသလို ဖြစ်နေတယ်၊ တစ်ခုတော့ ကျုပ် ပြောချင်တယ်၊ မျိုးကောင်းရိုးကောင်းက လာတဲ့ ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ရဲ့ နေရာမှန်ဟာ အိမ်ထဲမှာပဲ ရှိတယ်၊ အိမ်ပြင်မှာ မရှိဘူး၊ ဝရုန်းသုန်းကား လောကကြီး၊ တစ်ယောက်နှင့် တစ်ယောက် လည်လှီး နေကြတဲ့ လောကကြီး အကြောင်းကို ဘာမှ မသိတာ ကောင်းတယ်၊ အဲဒါ မင်း မှတ်ထား’

‘စကားလက်က အိမ်မှာ ထိုင်နေရအောင် ထိုင်စရာ အိမ် ဘယ်မှာ ရှိတော့လို့လဲ’



‘ကျုပ် ဆိုလိုတာက အိမ်ထဲမှာ ယဉ်ယဉ် ကျေးကျေး သိမ်သိမ်မွေ့မွေ့လေး အငတ်ခံ၊ မာနကို မချဘဲ အငတ်ခံလို့

ပြောတာ’

‘ကတ်သီးကတ်သတ် ရှင်၊ ဖြစ်မလား၊ မစ္စက် မယ်ရီဝယ်သာတို့ကိုပဲ ကြည့်ပါဦး၊ ယန်ကီတွေဆီမှာ မုန့် သွားရောင်း

နေရတယ်၊ ဒါက စကားလက် လွှစက် ထောင်တာထက် မဆိုးဘူးလား၊ မစ္စက် အယ်လဆင်း ဆိုရင်လည်း စက်ချုပ် နေရတယ်၊ အိမ်ခန်း ငှားစား နေရတယ်၊ ဖန်နီ ဆိုရင် ကြွေပန်းကန် ဆေးရေး နေရတယ်’

‘ကျုပ် ပြောတဲ့ အဓိပ္ပာယ်ကို မင်း နားမလည် သေးဘူး၊ သူတို့ အလုပ်က မင်းလို မအောင်မြင်ဘူး၊ ဒီတော့

တောင်ပိုင်းသား ယောက်ျားသားတွေရဲ့ မာနကို သွားမထိဘူး၊ မထိတဲ့ အပြင် သြော် သူတို့ခမျာ သနားပါတယ်၊ တကုပ်ကုပ် လုပ်တာတောင် မအောင်မြင်ကြရှာဘူးလို့ ပြောပြီး သနားတောင် သနားကြလိမ့်ဦးမယ်၊ ပြီးတော့ မင်း ပြောသွားတဲ့ အမျိုးသမီးတွေကလည်း အလုပ်ကို တကယ် လုပ်ချင်လို့ လုပ်ကြတာ မဟုတ်ပါဘူး၊ ဘေးက မြင်မကောင်းလို့ လာပြီး ကူပေးမယ့် လူမျိုးကို စောင့်နေကြတာပါ၊ ဒါပေမယ့် မင်းက သူတို့လို မဟုတ်ဘူး၊ မင်း အလုပ်မှာ မင်း ပျော်တယ်၊ မင်း အလုပ်ကို ဒိပြင်လူ ဝင်လုပ်ပေးတာ မကြိုက်ဘူး၊ မင်းဘာသာ လုပ်ရမှ ကျေနပ်တယ်၊ ဒိပြင်လူက မင်း အတွက် စိတ်မကောင်း ဖြစ်ရင် မင်း မကြိုက်ဘူး မဟုတ်ဘူးလား၊ ဒီတော့ ဒီလောက် မာနကြီးပြီး ဒီလောက် အောင်မြင်နေတဲ့ မိန်းမကို သူတို့ ဘယ်သဘောကျမလဲ၊

172

မင်းကို ဘယ်သနားကြပါ့မလဲ၊ တကယ်ကတော့ သူတို့ နားမလည်လို့ပါ၊ လူတွေကို ကြည့်ပြီး သနားရတာ ဘယ်လောက် အရသာ ရှိတယ် ထင်သလဲ’

‘တော်စမ်းပါ ဗိုလ်ကြီး ဘတ်တလာ၊ အကောင်းပြောရင်း ဖောက်လာပြန်ပြီ’



‘အရှေ့တိုင်း စကားပုံ တစ်ခုကို မင်း ကြားဖူးတယ် မဟုတ်လား၊ ခွေးဟောင်ပေမယ့် လှည်းတန်းကြီးက သွားမြဲ

သွားနေတယ်တဲ့၊ ဒီတော့ ဟောင်ချင်လည်း ဟောင်ပါစေပေါ့၊ မင်း လှည်းတန်းကြီးကတော့ သွားမြဲ သွားနေမှာပဲလို့ ကျုပ် ထင်တာပဲ’

‘စကားလက် ပိုက်ဆံလေး နည်းနည်းပါးပါး ရှာတာကို ဘာဖြစ်လို့ ဒီလောက် ပြောနေကြရတာလဲ’



‘တော်တော်

ခက်တဲ့

ကလေးမပါလား၊ လောကကြီးမှာ

အဘက်ဘက်က ပြည့်စုံနေချင်လို့

ဘယ်ဖြစ်ပါ့မလဲ၊

မိန်းမတန်မဲ့ မရ ရတဲ့ နည်းနှင် စီးပွားလည်း ရှာချင်တယ်၊ တစ်ဖက်ကလည်း နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကလေး နေပြီး လူချီးမွမ်း ခံချင်သေးတယ် ဆိုရင် ဘယ်ဖြစ်ပါ့မလဲ၊ တစ်ခုခုကိုတော့ မင်း ရွေးရမှာပေါ့၊ ခုလိုပဲ မိန်းမတန်မဲ့ စီးပွား ရှာပြီး လူတွေ မေးငေါ့တာကို ခံမလား၊ ဒါမှမဟုတ် ချို့ချို့ငဲ့ငဲ့ ဖြစ်သလို နေပြီး လူချီးမွမ်း ခံမလား၊ ဒီနှစ်လမ်း တစ်လမ်းလမ်း ရွေးရမယ်၊ ခု မင်းလမ်းကို မင်း ရွေးပြီးပြီပဲ’

‘ဟင့်အင်း၊ ဆင်းဆင်းရဲရဲတော့ မနေနိုင်ဘူး၊ စကားလက် ရွေးတဲ့ လမ်းဟာ မှန်ကော မှန်ရဲ့လား ဟင် ဗိုလ်ကြီး

ဘတ်တလာ’

‘ချမ်းသာချင်တယ် ဆိုရင် မှန်တာပေါ့’



‘ဟုတ်တယ် စကားလက် ချမ်းသာချင်တယ်၊ ပိုက်ဆံ ရှိချင်တယ်’ 



‘ဒါဖြင့် ဘာမေးနေစရာ လိုသေးသလဲ၊ ဒီလမ်းပဲ ရှိတာပေါ့၊ ဒါပေမယ့် ဘယ်နေရာမှာ ဖြစ်ဖြစ် အကောင်း ရှိသလို အဆိုး

ရှိတယ်၊ အကျိုး ရှိသလို အပြစ်ရှိတယ်၊ ချမ်းသာတဲ့ အတွက် မကောင်းတာတွေလည်း ရှိတယ်၊ အဲဒါကတော့ အဖော် မရှိတာပဲ၊ အဖော် မရှိ နေရတာဟာ ချမ်းသာတဲ့ ဒဏ်ကို ခံရတာပဲ’

စကားလက် ငြိမ်၍ စဉ်းစားနေသည်။ ဟုတ်သည်။ စကားလက်တွင် အပေါင်းအဖော် မရှိ။ ပြည်တွင်းစစ် ကာလတုန်းကမူ

ကိစ္စ မရှိ။ စိတ်ညစ်လာလျှင် မေမေ့ထံ သွားလည်သည်။ မေမေ ဆုံးသည့်နောက်တွင် (စိတ်သဘောထားချင်း မတူသည့်တိုင်) မီလာနီ ရှိသေးသည်။ ယခုမူ တစ်ယောက်မျှ မရှိ။ ဒေါ်လေး ပစ်တီ ဆိုသည်ကလည်း အတင်းအဖျင်း ပြောရုံလောက်က လွဲ၍ သူ့ ဘဝကို လေးလေးနက်နက် မမြင်တတ်။

‘ဟုတ် ဟုတ်တယ်’ စကားလက်က ခပ်လေးလေး ပြော၏။ ‘စကားလက်မှာ မိန်းမ အပေါင်းအဖော် ဆိုလို့ တစ်ယောက်မှ

မရှိဘူး၊ အတ္တလန်တာက မိန်းမတွေက စကားလက်ကို မကြိုက်ကြတာဟာ စကားလက် အရောင်းအဝယ် လုပ်လို့တင် မဟုတ်ပါဘူး၊ အရောင်းအဝယ် မလုပ်ရင်လည်း စကားလက်ကို သိပ်သဘော မကျကြပါဘူး၊ မေမေက လွဲရင် ဘယ်မိန်းမမှ စကားလက်ကို သဘော မကျကြသေးဘူး၊ ညီမတွေကတောင် မကြိုက်ဘူး၊ ဘာဖြစ်လို့လဲတော့ မသိဘူး၊ စစ်မဖြစ်ခင်

173

ချားလ်နှင့် လက်မထပ်ခင်တုန်းကလည်း စကားလက်ကို မကြိုက်ကြပါဘူး’

‘မီလာနီကို မင်း မေ့သွားပြီ ထင်တယ်’ ရက် ဘတ်တလာ၏ မျက်လုံးများက မခံချင်သည့်ဟန် ပေါက်နေသည်။

‘မီလာနီဟာ မင်း လုပ်သမျှကို အကုန် ထောက်ခံခဲ့တာချည်းပဲ မဟုတ်လား၊ ကျုပ် ပြောရဲပါတယ်၊ မီလာနီဟာ မင်း လုပ်ခဲ့သမျှကို နောင်လည်း ထောက်ခံမှာပဲ၊ လူသတ်တာက လွဲရင်ပေါ့လေ’

‘လူသတ်တာကိုတောင် ထောက်ခံတယ် ရှင်ရေ့’ ဟု စကားလက် စိတ်ထဲက ဆိုမိသည်။ စကားလက်က ရယ်လိုက်၏။



‘မီလာနီ ထောက်ခံတာကိုတော့ ထည့်ပြောမနေပါနှင့်လေ၊ သူကတော့ စကားလက် လုပ်သမျှ ထောက်ခံမှာပေါ့၊

စဉ်းစားဉာဏ်ရယ်လို့မှ သိပ်ရှိတာ မဟုတ်ဘဲ၊ တကယ်လို့သာ စဉ်းစားဉာဏ် ရှိရင်’

စကားလက် မည်သို့ ပြောရမည် မသိသဖြင့် ထစ်နေသည်။



‘ဟုတ်တယ်၊ တကယ်လို့ စဉ်းစားဉာဏ် ရှိရင် သူလည်း မင်း ညံ့ဖျင်းတာတွေကို မြင်ပြီး ဘယ်ထောက်ခံတော့မလဲ’

ရက် ဘတ်တလာက ဆက်မေးသည်။ ‘အေးလေ၊ ဒီအကြောင်းကို မင်းက ကျုပ်ထက် ပိုသိပါတယ်၊ မဟုတ်ဘူးလား’

‘တော်စမ်းပါ၊ ရှေးက အကြောင်းတွေ ပြန်ပြော ပြန်ပြီလား’



‘ကျုပ် ဘာမှ မပြောရသေးဘူးနော်၊ မင်းက စပြောတာ၊ ကောင်းပြီ၊ ဒီတစ်ခါတော့ ကျုပ် ဘာမှ အငြင်း မပွားချင်သေးဘူး၊

စောစောက အကြောင်းကိုပဲ ပြောမယ်၊ ဒီမှာ မင်း ကျုပ် ပြောတာကို မြဲမြဲ မှတ်ထား၊ သူများထက် တော်ရင် သူများထက် ထူးရင် မင်းဟာ ဝိုင်းပယ် ခံရပြီလို့သာ မှတ်ပေတော့၊ မင်းနှင့် ရွယ်တူ တွေကလည်း မင်းကို ဝိုင်းပယ်ကြလိမ့်မယ်၊ မင်း မိဘ အရွယ်တွေကလည်း ဝိုင်းပယ်ကြလိမ့်မယ်၊ မင်း သားသမီး အရွယ်တွေကလည်း ဝိုင်းပယ်ကြလိမ့်မယ်၊ မင်း လုပ်သမျှကို သူတို့ ဘာမှ နားလည်မှာ မဟုတ်ဘူး၊ မင်း လုပ်တာ မှန်သမျှကို တအံ့တသြ ဖြစ်နေကြမှာပဲ၊ တစ်ခုတော့ ရှိတယ်၊ မင်းရဲ့ အဘိုးအဘွားများကတော့ ဒါ ငါတို့ သွေးဟဲ့ ဆိုပြီး ဂုဏ်ယူကောင်း ဂုဏ်ယူကြလိမ့်မယ်၊ မင်း မြေးတွေကလည်း ဒါမှ တို့အဘွားကွ လို့ ဂုဏ်ယူပြီး မင်းလို ဖြစ်အောင် ကြိုးစားကောင်း ကြိုးစား ကြလိမ့်မယ်၊ ကျုပ် ပြောတာ ရှင်းရဲ့လား’

စကားလက်က သဘာကျသဖြင့် ရယ်၏။



‘ရှုပ်ရင် ဒီထက် ရှင်းအောင် ပြောဦးမယ်၊ မင်းဟာ တော်တယ်၊ ထူးချွန်တယ် ဆိုရင် မင်း မိဘနှင့် မင်း သားသမီး၊

တစ်နည်း ပြောရရင် ရှေ့မျိုးဆက်နှင့် နောက်မျိုးဆက်က မကြိုက်ဘူး၊ ဒါပေမယ့် မင်း ဘိုးဘွားနှင့် မင်း မြေးတွေ၊ တစ်နည်း ပြောရရင် ရှေ့မျိုးဆက် တစ်ဆက်ခြားနှင့် နောက်မျိုးဆက် တစ်ဆက်ခြားကတော့ သဘော ကျလိမ့်မယ်’

‘ရှင် ပြောတဲ့ စကားဟာ တစ်ခါတစ်ခါ ကျရင် သိပ်မှန်တယ်၊ ဟုတ်တယ် ဟုတ်တယ်၊ စကားလက်ရဲ့ အဘွား ရှိတယ်၊

ကြီးဒေါ်က ပြောတော့ စကားလက်ဟာ အဘွားနှင့် သိပ်တူတာပဲတဲ့၊ စကားလက် ခပ်ပျံပျံ နေပြီ ဆိုရင် အဘွားရဲ့ မြေးဆိုပြီး ပြောတတ်တယ်၊ အဘွားက သတ္တိ ကောင်းတယ်၊ တိကျတယ်၊ ပြတ်တယ်၊ အိမ်ထောင် သုံးဆက် ရှိခဲ့ဖူးတယ်၊ သူ့ကို ပိုးတဲ့ လူအချင်းချင်းလည်း သူ့ကြောင့် သေနတ်နှင့် ချိန်းပစ် ခဲ့ကြဖူးတာတွေ ရှိတယ်၊ ပြီးတော့ နှုတ်ခမ်းနီ ပါးနီ ဆိုးတယ်၊ အင်္ကျီ လည်ဟိုက် ဝတ်တယ်၊ အောက်က ရင်စည်းတို့ ဘာတို့ ဝတ်လေ့ ဝတ်ထ မရှိဘူး’

174



‘ဒါကြောင့် မင်း အဘွားကို မင်း သဘောကျတယ် မဟုတ်လား၊ ဒါနှင့်များ မင်း မေမေနှင့် တူအောင် ဘာဖြစ်လို့ လိုက်ပြီး

ကြိုးစား နေရသေးသလဲ၊ ကျုပ် အဖေဘက်က အဘိုးလည်း ဒီလိုပဲ၊ ပင်လယ် ဓားပြကြီး’

‘ဟင် တကယ်လား၊ တကယ် ဓားထောက်ပြီး လုတဲ့ ဓားပြလား’



‘တကယ်ပေါ့၊ ဓားထောက်မှ ပိုက်ဆံ ရမယ် ဆိုရင် ဓားထောက်ပြီး လုတာပေါ့၊ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကျုပ် အဘိုးဟာ

ချမ်းသာသွားပြီး ကျုပ် အဖေကို အမွေတွေ အများကြီး ပေးပစ်ခဲ့တယ်၊ ကျုပ်တို့ ဆွေမျိုးတွေကတော့ အဘိုးကို မာလိန်မှူးလို့ပဲ ခေါ်ကြတာပေါ့၊ ကျုပ် အဘိုးဟာ အရက်ဆိုင် တစ်ဆိုင်မှာ ရန်ဖြစ်လို့ ပစ်ကြ ခတ်ကြရင်း သေသွားတယ်၊ အဲဒီတုန်းက ကျုပ်တောင် မမွေးသေးဘူး၊ ကျုပ် အဘိုး သေတော့မှပဲ သူ့ သားတွေ အသက်ရှူ ချောင်သွားကြ တော့တယ်၊ အဘိုးကြီးက အရက်ကို တစ်ချိန်လုံး သောက်နေတာ မဟုတ်ဘား၊ အဲ မူးလာပြီ ဆိုရင်လည်း သူ ပင်လယ် ဓားပြ လုပ်တုန်းက ဆိုးခဲ့ပုံ၊ ရက်စက်ခဲ့ပုံတွေကို မြိန်ရေ ရှက်ရေ ပြောတော့တာပဲ၊ ကလေးတွေ ဆိုတာ ကြောက်လွန်းလို့တဲ့၊ ဒါပေမယ့် ကျုပ်ကတော့ ကျုပ် အဘိုးကို သဘောကျတယ်၊ ဒါကြောင့် ကျုပ် အဖေကိုတောင် ကျုပ် အတု မခိုးဘူး၊ ကျုပ် အဘိုးကိုပဲ အတု ခိုးတယ်၊ အဖေက တကယ့် လူကြီးလူကောင်း၊ စိတ် သဘောထားလည်း နူးညံ့တယ်၊ အကျင့် သိက္ခာလည်း ကောင်းတယ်၊ ဒီတော့ ကျုပ်နှင့် ပြဒါး တစ်လမ်း သံ တစ်လမ်း ဖြစ်နေတာပေါ့၊ ကျုပ် ထင်ပါတယ်၊ မင်းကို မစ္စက် အယ်လဆင်းတို့ကသာ မကဘူး၊ မင်း သားသမီး တွေကလည်း ကြိုက်မှာ မဟုတ်ပါဘူး၊ စိတ်ထက်တဲ့ လူရဲ့ သားသမီး ဆိုတာ အများအားဖြင့် ပျော့ပျော့ ဖတ်ဖတ်ကလေးတွေ များတယ်၊ ဒီတော့ မင်း သားသမီးတွေလည်း ခပ်ပျော့ပျော့ကလေးတွေ ဖြစ်မှာပဲ၊ ဒီအထဲမှာ မင်း တွေ့ခဲ့တဲ့ အခက်အခဲတွေကို သားသမီးတွေ စိတ်မကောင်းမှာစိုးလို့ (ဒါကတော့ မိဘတိုင်းပါပဲလေ) ဖွင့်မပြောဘဲ ထားမယ်၊ ဒီလို မပြောဘဲ ထားရင် မင်း သားသမီးတွေဟာ အခက်အခဲကို နားမလည်ဘဲ လူပျော့ကလေးတွေ ဖြစ်ကုန်မှာပဲ၊ ကျုပ်ကတော့ သားသမီးတွေကို ဒီလို အသိ မပေးဘဲ ထားတာဟာ မှားတယ်လို့ ထင်တယ်၊ အခက်အခဲ တွေ့ပြီ ဆိုရင် လူတွေဟာ မာချင်လည်း မာလာတတ်တယ်၊ ချာချင်လည်း ချာသွားတတ်တယ်၊ ဒါကြောင့်မို့ မင်းကို ကောင်းချီးသြဘာ ပေးအောင် မျိုးဆက် တစ်ဆက်လောက်တော့ စောင့်ရ လိမ့်ဦးမယ်၊ အဲဒီအခါကျရင် မင်း မြေးတွေက မင်းကို သြဘာပေးမှာပါ’

‘ကျွန်မတို့ မြေးတွေဟာ ဘယ်လိုများ နေမလဲ မသိဘူးနော်’



‘ဘာဖြစ်လို့ ကျွန်မတို့လို့ ပြောရတာလဲ၊ မင်း မြေးဖြင့် မင်း မြေးပေါ့၊ ကျုပ် မြေးဖြင့် ကျုပ် မြေးပေါ့၊ ကျွန်မတို့လို့

ပြောတော့ မင်းနှင့် ကျုပ်ကပဲ မြေးတွေ ရတော့ မလိုလို၊ သတိထားပါ မစ္စက် ဖရင့်’

စကားလက် သူ့စကား မှားသွားပြီကို သိလိုက်သဖြင့် မျက်နှာ နီရဲသွားသည်။ သူ့ စကားကြောင့် ရှက်ခြင်း မဟုတ်။

သူ၏ မပေါ့မပါး အခြေအနေကို သတိရသဖြင့် ရှက်ခြင်းဖြစ်သည်။ သူနှင့် ရက် ဘတ်တလာတို့ ဆုံမိတိုင်း ဤအကြောင်းကို စကားမစပ် မိကြ။ သူနှင့် တွေ့လျှင် စကားလက်ကလည်း အနေအထိုင် ဆင်ခြင်သည်။ ဝတ်ရုံ အင်္ကျီကို အမြဲတမ်း ခပ်ဖွဖွ ခြုံကာ သူ့ ကိုယ်ဝန်ကို ဖုံးထားသည်။ ယခုမူ သူ့ အခြေအနေကို ရက် ဘတ်တလာ မမေ့မလျော့ သတိ ပြုမိသည်ကို သိသဖြင့် စကားလက် စိတ်တိုသွား၏။ ရှက်လည်း ရှက်သွားသည်။

‘ရှင် ဒီစကားမျိုးတွေ ပြောပြန်ပြီလား၊ သွား၊ ရှင် ကျွန်မ ဘာဂီပေါ်က ဆင်း၊ အလကား လူ၊ စိတ်ထားကို အင်မတန်

ယုတ်ကန်းတယ်’

175



စကားလက် အသံ တုန်နေသည်။



‘ဟင့်အင်း မဆင်းနိုင်ဘူး’ ရက် ဘတ်တလာက ခပ်အေးအေး ပြောသည်။ ‘မိုးချုပ်နေပြီ၊ ရှေ့နားက စမ်းချောင်း ဘေးမှာ

ကပ္ပလီ ကူလီတဲတွေ ရှိတယ်၊ မင်းကို အိမ်ရောက်အောင် လိုက်ပို့ဖို့ ကျုပ်မှာ တာဝန် ရှိတယ်’

‘မလိုချင်ဘူး ရှင် ခုဆင်းပါ’



စကားလက်က အော်၍ ဇက်ကို လှမ်းဆွဲလိုက်သည်။ သူ့ ရင်ထဲတွင် အော်ဂလီဆန်ကာ တရိပ်ရိပ် မူးလာ၏။ ရက်

ဘတ်တလာက ဘာဂီကို ချက်ချင်း ရပ်သည်။ စကားလက်၏ ပဝါကို ထပ်၍ ခေါက်ကာ အောက်က ခုပေးပြီး စကားလက် ခေါင်းကို ရထား နောက်မှီတွင် အသာ မှီပေး၏။ ရွက်သစ် ရွက်နုများ ကြားမှ ဖြာကျလာသည့် ဆည်းဆာ နေခြည် ဖျော့ဖျော့ကြောင့် စကားလက် မျက်လုံးထဲတွင် ရွှေရောင် မြရောင် အဝါရောင် အစိမ်းရောင်တို့ ရောထွေးနေသည်။ ခဏအကြာ အမူး ပြေသွားသည့် အခါတွင် စကားလက်သည် မျက်နှာကို လက်ဖြင့် အုပ်၍ ကျူကျူပါအောင် ငိုသည်။ ယောက်ျား တစ်ယောက် ရှေ့တွင် အော့အန် ပြရုံမျှမက (မိန်းမချင်း ရှေ့တွင် အန်ရသည်ကပင် ရွံစရာ ဖြစ်နေပြီ။) ဤသို့ အော့အန်ပြလိုက်ခြင်းဖြင့်လည်း သူ့ ကိုယ်ဝန် ကိစ္စက ဘွားဘွားကြီး ပေါ်လာသည်။ ရက် ဘတ်တလာ ရှေ့တွင်မူ ဤသို့ ဖြစ်ရလေခြင်း။ စကားလက်က တရှုပ်ရှုပ် ငိုနေသည်။ ရက် ဘတ်တလာက သူ့ကို လှောင်ဦးမည်။ သရော်မော်ကား ပြောဦးမည်။ မတတ်နိုင်။ စကားလက် ရှက်သည်။ ရှက်လွန်းသဖြင့် မငိုဘဲ မနေနိုင်။

‘ရူးသလားကွယ် ကလေးမကလည်း’ ရက် ဘတ်တလာက ခပ်တိုးတိုး ပြောသည်။ ‘ရှက်လို့ ငိုရတယ်လို့ပဲ၊ ကလေးလေး

ကျနေတာပဲ၊ ဒါ ရှက်စရာလား၊ မင်း မပြောလည်း သိနေတာပဲ၊ ဘာ ရှက်စရာ ရှိလို့လဲ’

‘ဟင့်အင်း စကားလက် ရှက်တယ်’



စကားလက်က ရှက်ရှက်ဖြင့် သူ့ ပါးစပ်ကို လှမ်းပိတ်၏။ ဤစကား ‘ကိုယ်ဝန်’ စကားကို ကြားရသည်ကပင် ရှက်လှပြီ။

ဖရင့်ကမူ သူ့ မပေါ့မပါး ကိစ္စကို ပြောတိုင်း ‘မင်း ကျန်းမာရေး’ ဟု မျက်နှာပူဟန်ဖြင့် ပြောတတ်သည်။ ဖေဖေကမူ ထိုကိစ္စမျိုးကို ‘မိရိုးဖလာ ကိစ္စ’ ဟု ခေါ်သည်။ ဂုဏ်သရေရှိ အမျိုးသမီးများကမူ ‘မပေါ့မပါး ကိစ္စ’ ဟု ခပ်ယဉ်ယဉ် ရည်ညွှန်းတတ်ကြသည်။

‘ကျုပ် မသိဘူးလို့ ထင်ရင် မင်း မှားမှာပေါ့၊ ဒီဝတ်ရုံကြီးကို ပခုံး အထိ ခြုံထားတာ ကျုပ် မသိဘဲ နေပါ့မလား၊ သိတာပေါ့၊

ကျုပ် မသိဘူးလို့ ထင်ရအောင် ကျုပ်ကို ဘယ်လိုများ’

ရက် ဘတ်တလာက ဆက်မပြောဘဲ ရပ်ထား လိုက်၏။ နှစ်ယောက်သား တိတ်ဆိတ် နေကြသည်။ ရက် ဘတ်တလာက

ဇက်ကို ကောက်ကိုင်ကာ မြင်းကို မောင်းသည်။ ရက် ဘတ်တလာက ခပ်တိုးတိုး ဆက်ပြောနေသည်။ သူ့ စကားသံ ဝဲဝဲကို နားထောင်ရင်း စကားလက် တဖြည်းဖြည်း နေသာ ထိုင်သာ ရှိလာ၏။

‘ကျုပ်က မင်း ဒီလောက် စိတ်ထိခိုက်မယ် မထင်လို့ ဒီစကားကို ပြောလိုက်တာပါကွယ်၊ မင်းလည်း ဉာဏ်ရှိတဲ့

ကလေးမ တစ်ယောက်ပဲ၊ ခုတော့ မင်း လုပ်ပုံက ကျုပ်တောင် စိတ်ပျက်သွားပြီ၊ ကျုပ် မသိလို့ မေးစမ်းပါရစေ၊ ဣနြေ္ဒတို့ သိက္ခာတို့ ဆိုတာတွေကော မင်း ရင်ထဲမှာ ရှိသေးရဲ့လား၊ ဟုတ်ပါတယ်၊ ကျုပ်ကတော့ ထားပါတော့၊ ကျုပ်က လူကြီး လူကောင်း မဟုတ်ဘူး၊ ကိုယ်ဝန် ရှိတဲ့ မိန်းမတွေ ကျုပ်ရှေ့မှာ အိုးတိုးအမ်းတမ်း မဖြစ်တာ ထောက်ရင် ကျုပ် လူကြီး

176

လူကောင်း မဟုတ်တော့ဘူး ဆိုတာ ကျုပ်ဘာသာ ကျုပ် သိတယ်၊ ကျုပ်ကလည်း ကိုယ်ဝန်ရှိတဲ့ မိန်းမကို သာမန် မိန်းမလိုပဲ သဘော ထားတယ်၊ ကြည့်စရာ ရှိရင် ရဲရဲ ကြည့်တယ်၊ သူများလို မိန်းမ တင်ပါးတို့၊ ခါးတို့ကို ငေးကြည့်ရမှာ အားနာသလိုလို၊ ရှက်သလိုလို လုပ်ပြီးမှ တိတ်တိတ်ခိုး မကြည့်တတ်ဘူး၊ တကယ်ကတော့ အဲဒီလို ကြည့်တာက ပိုပြီး ဆိုးတယ်၊ ပိုပြီး ကြောက်စရာ ကောင်းတယ်၊ ကုပ်ကမြင်း ဆိုတာမျိုးပေါ့၊ ကြည့်တာ ဘာဖြစ်သလဲ၊ ဘာရှက်စရာ ရှိသလဲ၊ ရဲရဲ ကြည့်ပေါ့၊ ဒါ သဘာဝပဲ၊ ဒီနေရာမှာတော့ ဥရောပ တိုက်သားတွေက ကျုပ်တို့ထက် အဓိပ္ပာယ် ရှိတယ်၊ ကျုပ်တို့မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးကို တွေ့ရင် အားနာ သလိုလိုနှင့် မသိချင်ယောင် ဆောင်နေရတယ်၊ ဥရောပသားတွေကျတော့ ဒီလို မဟုတ်ဘူး၊ ကိုယ်ဝန် ရှိတဲ့ အမျိုးသမီးကို ချီးကျူး နှုတ်ဆက် ကြတယ်၊ ကျုပ်က ဒီလောက်ထိ ခေတ်ဆန်ရမယ် လို့တော့ မပြောလိုပါဘူး၊ ဒါပေမယ့် အားနာသလို ရှက်သလို မသိချင်ယောင် ဆောင်နေတာထက်တော့ အများကြီး အဓိပ္ပာယ် ရှိတယ်၊ တကယ်က ကိုယ်ဝန် ရှိတယ် ဆိုတာ ဘာမှ ရှက်စရာ မရှိပါဘူး၊ ဒါ သဘာဝ ကိစ္စ တစ်ရပ်ပဲ၊ ရာဇဝတ်မှု ကျူးလွန် ထားသလို တံခါး ပိတ်ပြီး အိမ်တွင်း ပုန်းနေမယ့် အစား ဂုဏ်တောင် ယူရဦးမယ်’

‘ဘာ ဂုဏ်ယူရမယ် ဟုတ်လား’



စကားလက်က လည်မျို ညှစ်ခံရသည့်နှယ် အသံ အစ်အစ်ဖြင့် ပြောသည်။



‘ဘာလဲ ကလေး မွေးရတာကို မင်း ဂုဏ်မယူဘူးလား’



‘ဟင့်အင်း၊ ကြံကြံဖန်ဖန်၊ ကလေးဆိုရင် ဒီက သိပ်မုန်းတာပဲ’



‘ဘယ်သူ့ ကလေးကိုလဲ၊ ဖရင့်နှင့် ရတဲ့ ကလေး ကိုလား’ 



‘မဟုတ်ဘူး၊ ဘယ်သူနှင့် ရတဲ့ ကလေးကိုပဲ ဖြစ်ဖြစ် မုန်းတာ’



စကား မှားသွားပြန်ပြီ။ ထို့ကြောင့် စကားလက် အတန်ကြာ ငြိမ်နေလိုက်သည်။ သို့ရာတွင် ရက် ဘတ်တလာက သတိ

ထားမိပုံ မရ။

‘ဒီလိုဆို မင်းနှင့် ကျုပ် မတူဘူး၊ ကျုပ်က ကလေးတွေကို ချစ်တယ်’



‘ဟင် ရှင်က ကလေး ချစ်တတ်တယ်လား’ စကားလက်က တအံ့တသြ မေး၍ မော့ကြည့်၏။ ‘နားရှိလို့သာ ကြားရတယ်၊

အံ့သြစရာပဲ’

‘ဟုတ်တယ်၊ ကျုပ်က ကလေးတွေ၊ ကလေး ငယ်ငယ်တွေကို ချစ်တယ်၊ ကြီးတော့မှသာ လူကြီးတွေရဲ့ မကောင်းတဲ့

အကျင့်တွေ၊ ညစ်ပတ်တဲ့ အကျင့်တွေ၊ လိမ်ညာတဲ့ အကျင့်တွေကို ရသွားကြတာ၊ အဲဒီ အကျင့်တွေ မရခင် အထိတော့ ကလေးဟာ တကယ် ချစ်စရာ ကောင်းတာပဲ၊ မင်းက အံသြလို့ အံ့သြ နေတာပါ၊ ဝိတ်ကလေးကို ကျုပ် ဘယ်လောက် ချစ်တယ်ဆိုတာ မင်း သိသားပဲ၊ ဝိတ်ကလေးဟာ မမွေးသင့်ဘဲ မွေးလာရတဲ့ ကလေး တစ်ယောက် ဖြစ်ပေမယ့် ကျုပ် ဘယ်လောက် သူ့ကို ချစ်သလဲ’

ရက် ဘတ်တလာ၏ စကားက မှန်သည်။ ရက် ဘတ်တလာက ဝိတ်ကလေးနှင့် ကစားရခြင်းကို နှစ်သက်သည်။

177

လက်ဆောင်တွေ မကြာခဏ ယူလာတတ်၏။

‘ခု ကျုပ်တို့ မင်း ကိုယ်ဝန် ရှိတဲ့ ကိစ္စကို စကား စပ်မိသွားကြတယ်၊ မကြာခင် မျက်နှာ မြင်တော့မယ်လို့လည်း မင်း

ကိုယ်တိုင်က ဝန်ခံပြီးပြီ၊ ဒီတော့ စကားကလေး နည်းနည်း ပြောချင်တယ်၊ ဒီစကားကို ကျုပ် ပြောချင်နေတာ ကြာလှပြီ၊ များများ မဟုတ်ပါဘူး၊ နှစ်ချက်တည်းပါ၊ ပထမ အချက်က မင်း ခုလို တစ်ယောက်တည်း ဘာဂီ လျှောက်မောင်းနေတာဟာ အန္တရာယ် များတယ်၊ မတော်တဆ လူရမ်းကားနှင့် တွေ့လို့ ဗလက္ကာရ လုပ်ရင် ဘယ့်နှယ် လုပ်မလဲ၊ ဗလက္ကာရ အလုပ် ခံရလို့ မင်းအဖို့ အရေးမကြီးဘူး ထား၊ အကျိုး သက်ရောက်မှုက မကောင်းဘူး၊ မင်းကို ဒီလို လုပ်လို့ အချို့က မခံမရပ်နိုင် ဖြစ်ပြီး ကပ္ပလီတွေကို သတ်လား ဖြတ်လား လုပ်လာကြတော့မယ်၊ ဒီလို ဖြစ်လာရင် ယန်ကီတွေက နင်းဖိလာမယ်၊ အဲဒီ လူလည်း စက်တိုင် တက်ရမယ်၊ မင်း လုပ်ပုံက မခံ မရပ်နိုင်တဲ့ ယောက်ျားတွေကို လူသတ်မှု ကျူးလွန်အောင်၊ စက်တိုင် တက်အောင် တွန်းပို့ ပေးသလို ဖြစ်နေတယ်၊ မင်းကြောင့် ငါ့ သားများ စက်တိုင် တက်ရမလားဟဲ့၊ ငါ့ လင်များ စက်တိုင် တက်ရမလားဟဲ့ ဆိုပြီး ပူနေကြရတယ်၊ ဒီလို ဖြစ်လာရင် ကေသုံးလုံး ဂိုဏ်းက ထလာမယ်၊ ကေသုံးလုံးဂိုဏ်း ထလာရင် ယန်ကီတွေက အတ္တလန်တာကို နင်းဖိပြီး ရမ်းမယ်၊ အဲဒီ အခါကျရင် ဗိုလ်ချုပ် ရှားမင်းရဲ့ တပ်တွေ ဝင်တုန်းကထက် ဆိုးသွားနိုင်တယ်၊ ဒါတွေကို မင်း စဉ်းစားမိရဲ့လား၊ ကျုပ်က ယန်ကီတွေနှင့် အဆက်အသွယ် လုပ်နေတော့ ဒီကောင်တွေ အကြောင်းကို ကောင်းကောင်း သိလို့ ပြောတာ၊ ပြောရမှာ ရှက်တော့ ရှက်ပါရဲ့၊ ဒီကောင်တွေက ကျုပ်ကို သူတို့ လူလို့ သဘောထား နေတယ်၊ ဒီအတိုင်းလည်း ပြောနေတယ်၊ ကေသုံးလုံးဂိုဏ်း ခေါင်းထောင်လာရင် ဒီကောင်တွေက မြို့ကို မီးရှို့ချင်လည်း ရှို့မှာပဲ၊ ဆယ်နှစ်သား အထက် ယောက်ျား မှန်သမျှကို စက်တိုင် တင်ဖို့ လိုရင်လည်း တင်မှာပဲ၊ အဲဒီလို ဖြစ်လာရင် တစ်မြို့လုံး ဒုက္ခ ရောက်မယ်၊ မင်းလည်း ဒုက္ခ ရောက်မယ်၊ ရှိသမျှ ပစ္စည်းလည်း ဆုံးမယ်၊ တောမီး ဆိုတာ လောင်မိရင် အတော မသတ်ဘူး၊ အရေး ပေါ်လာရင် ပြည်သူ့ ပစ္စည်းကို သိမ်းဖို့၊ အခွန်တော်တွေ တိုးဖို့၊ ဒီလို ကိစ္စတွေ ဖြစ်အောင် လုပ်တဲ့ လက်သည်ကို ဒဏ်ခတ်ဖို့ အားလုံး စီစဉ်ထားပြီးပြီ၊ ဒီအထဲ ကေသုံးလုံး ဂိုဏ်းကလည်း’

‘ရှင် ကေသုံးလုံး ဂိုဏ်းဝင်တွေကို မသိဘူးလား၊ တွန်မီတို့ ဟူးခ်ျတို့ဟာ ကေသုံးလုံး ဂိုဏ်းဝင်တွေများဖြစ်’



ရက် ဘတ်တလာက ပခုံး တွန့်၏။



‘ဒါတော့ ကျုပ် ဘယ်သိမလဲ၊ တောင်ပိုင်းသား မျက်စိနှင့် ကြည့်ရင် ကျုပ်က သစ္စာဖောက်၊ အသားထဲက လောက်၊

ခေတ်ပျက် သူဌေး၊ ဒီတော့ ကျုပ်ကို ဘယ်ယုံပါ့မလဲ၊ ဒါပေမယ့် ကေသုံးလုံး ဂိုဏ်းဝင်လို့ ယန်ကီတွေက သင်္ကာမကင်း ဖြစ်နေတဲ့ လူတချို့ကိုတော့ ကျုပ် သိတယ်၊ ဒီလူတွေ ခြေလှမ်း တစ်ချက် မှားသွားရင်တော့ စက်တိုင် တက်ရမှာ သေချာတယ်၊ အေးလေ၊ မင်းအတွက် ကပ္ပလီ တစ်ယောက်ကို သတ်မိလို့ လူ တစ်ယောက် စက်တိုင် တက်သွားရရင် မင်း စိတ်မကောင်း ဖြစ်ချင်မှ ဖြစ်ပေမယ့် မင်း သစ်ခွဲစက် ကလေးကို ယန်ကီတွေ သိမ်းသွားမှာကိုတော့ မင်း စိုးရိမ်မှာပါ၊ ကျုပ် ပြောတာတွေကို မင်း ယုံချင်မှလည်း ယုံပေါ့၊ ဒီတော့ ကျုပ် တစ်ခုပဲ ပြောချင်တယ်၊ မင်း လမ်းထွက်ရင် ပစ္စတိုကို အမြဲ ဆောင်ပါ၊ ကျုပ် အတ္တလန်တာမှာ ရှိနေတုန်း ဆိုရင် ကျုပ် မင်းကို လိုက်ပို့ ပေးနိုင်အောင် ကြိုးစားမယ်၊ ဒါပဲ’

‘ရှင် ရှင် ခုလို ကျွန်မကို လိုက်ပို့နေတာဟာ ကျွန်မကို အကာအကွယ်’



‘ဟုတ်ပါတယ်၊ လူတွေက ကျုပ်ကို လူစွမ်းကောင်းကြီးလို ထင်နေကြတော့ သူတို့ အထင်နှင့် ကိုက်အောင်

178

လိုက်လုပ်ရတာပေါ့’ စောစောက အတည်ပေါက် ပြောနေရာမှ ရက် ဘတ်တလာ၏ အသံသည် လှောင်ပြောင်သံ ပါလာ၏။ သူ့ မျက်လုံး နက်နက်များတွင် လှောင်ပြောင်သည့် သဘော ပေါ်နေသည်။ ‘အကာအကွယ် ပေးရတဲ့ နောက်အကြောင်း တစ်ကြောင်းကတော့ မင်းကို ချစ်လို့၊ နှစ်နှစ်ကာကာ ချစ်လို့၊ ဟုတ်တယ်၊ မင်းကို တိတ်တိတ်ပုန်း တောင့်တ နေတယ်၊ တိတ်တိတ်ပုန်း သဘော ကျနေတယ်၊ အဝေးက နေပြီး မြတ်နိုးနေတယ်၊ ဒါပေမယ့် ကျုပ်လည်း အက်ရှလေလို ဂုဏ်သိက္ခာ စောင့်စည်းတဲ့ လူမျိုး ဆိုတော့ ကျုပ်ဘာသာ ကျုပ် ကြိတ်မှိတ် မျိုသိပ်ထားတယ်၊ ပြီးတော့ မင်းမှာ ကာမပိုင် လင်ကြီးနှင့် ဆိုတော့ ဒီစကားမျိုးကို ကျုပ် ဘယ်ပြောလို့ ဖြစ်မလဲ၊ ဒါပေမယ့် အက်ရှလေလို လူမျိုးရဲ့ ဂုဏ်သိက္ခာတွေတောင် တစ်ခါ တစ်ခါ ပဲ့ထွက် ကုန်သေးတာပဲ၊ ဒီတော့ ကျုပ်ရဲ့ ဂုဏ်သိက္ခာလေးတွေလည်း ပဲ့ကျကုန်တာပေါ့၊ ဒါကြောင့် ခုလို ပြောတာပေါ့၊ ကျုပ်ရဲ့’

‘ကဲ၊

ရှိကြီးခိုးပါရဲ့ရှင်၊

တော်ပါတော့’

စကားလက်က

စိတ်မရှည်နိုင်သည့်ဟန်

ပြောသည်။

အက်ရှလေ၏

အကြောင်းကိုလည်း မပြောချင်။ ‘နောက် ပြောစရာ တစ်ခု ရှိတယ် ဆိုတာ ဘာလဲ‘

‘သြ၊ ကျုပ် ရင်ဖွင့်နေတာကို လမ်းလွှဲပစ်တာပေါ့၊ ထားပါလေ၊ ရပါတယ်၊ နောက်တစ်ခုက’



ရက် ဘတ်တလာ၏ မျက်နှာပေါ်မှ လှောင်ပြောင်သည့်ဟန် ပျောက်ကွယ်သွား၏။ သူ့ မျက်နှာသည် ညိုမှိုင်းကာ

တည်ငြိမ်သွားသည်။

‘နောက်တစ်ခုက ဒီမြင်း ကိစ္စ၊ ဒီမြင်းကို တစ်ခုခု လုပ်ပစ်ရင် ကောင်းမယ် ထင်တယ်၊ မြင်းက ကတ်တယ်၊ ကိုက်လည်း

ကိုက်တတ်တယ်၊ ဒီမြင်းကို ကိုင်ရတာ မင်း ဒုက္ခ မရောက်ဘူးလား၊ ဒီမြင်း ဖောက်ရင် မင်း ထိန်းနိုင်မှာ မဟုတ်ဘူး၊ မြောင်းထဲတို့ ဘာတို့ကို ဆွဲချသွားရင် မင်းရော မင်းဗိုက်ထဲက ကလေးရော ဒုက္ခ ရောက်မယ်၊ ဒီလိုမှ မဟုတ်ရင်လည်း ကျုပ်ဆီက သဘောကောင်းတဲ့ မြင်းတစ်ကောင်နှင့် လဲပါ’

ရက် ဘတ်တလာ၏ ကြည်လင် ချောမွေ့သည့် မျက်နှာက်ု မော့ကြည့်မိသည်။ ကိုယ်ဝန် ကိစ္စ ပြောသဖြင့် ရှက်အမ်းအမ်း

ဖြစ်ရခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းတို့ ရုတ်တရက် ပျောက်ကွယ် သွားကြ၏။ စောစောက သူ မူးသွားစဉ်က ရက် ဘတ်တလာသည် သူ့ကို ကြင်နာစွာ ပြုစုခဲ့သည်။ ယခု ပို၍ ကြင်နာဟန်ကို ပြလာပြန်သည်။ မြင်းကတ်သည့် ကိစ္စမှ အစ အစစ အရာရာ ဂရုစိုက်သည်။ စကားလက် သူ့ကို ကျေးဇူး တင်သည်။ ဤသို့ တစ်သမတ်တည်း စိတ်ကောင်းထားလျှင် ကောင်းလေစွဟု တောင့်တမိသည်။

‘ဟုတ်တယ်၊ မြင်းက သိပ်ကတ်တာပဲ၊ ဒီမြင်း ကိုင်ရတာ ည ည ဆိုရင် လက်မောင်းတွေ ကိုက်နေတာပဲ၊ မြင်း ကိစ္စကို

ကောင်းမယ် ထင်သလို လုပ်ပါ ဗိုလ်ကြီး ဘတ်တလာ’

ရက် ဘတ်တလာ၏ မျက်လုံးများက တောက်ပ နေကြ၏။



‘စကားလေးက သိပ်ချိုတာပဲနော်၊ သိပ်နားထောင် ကောင်းတာပဲ၊ ခါတိုင်းလို ဆောင့်အင့်အင့် အသံမျိုး မဟုတ်တော့ဘူး၊

ဟုတ်ပါတယ်၊ မင်းက အကိုင်တတ်ရင် မဆိုးပါဘူး၊ အကိုင် မတတ်ရင်သာ’

စကားလက်က မျက်မှောင်ကုတ်၏။ ဒေါပွလာပြန်ပြီ။

179



‘ကဲ ဗိုလ်ကြီး ဘတ်တလာ၊ ဒီတစ်ခါတော့ ဘာဂီပေါ်က တကယ် ဆင်းတော့၊ နို့မို့ရင် ရှင့်ကို ကျာပွတ်နှင့် ရိုက်မိလိမ့်မယ်၊

စကားလက်ကိုက စကားလက်ပါ၊ အစ ကတည်းက ရှင်နှင့် အရော မဝင်ဘဲ နေရင် အကောင်းသား၊ ရှင်က အကျင့် သိက္ခာလည်း မရှိ၊ အပြောအဆိုကလည်း မယဉ်ကျေး၊ ရှင်ဟာ တကယ့်ကို ကဲ ဆင်းတော့ရှင်၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောမိလိမ့်မယ်’

ရက် ဘတ်တလာက ခုန်ဆင်းကာ ဘာဂီ နောက်တွင် ဆွဲလာသည့် သူ့ မြင်းကို ဖြုတ်နေသည်။ ဆည်းဆာ မှုန်ရီရီ

လမ်းမပေါ်တွင် ရပ်၍ သူ့ကို ပြုံးကြည့်နေ၏။ စကားလက်က ဘာဂီကို တက်မောင်းရင်း တစ်ယောက်တည်း ပြုံးလာသည်။

ဟုတ်သည်။ ရက် ဘတ်တလာက ရိုင်းစိုင်းသည်။ ပရိယာယ် များသည်။ စိတ်ချလက်ချ ပေါင်း၍ ရသည့် လူစားမျိုး

မဟုတ်။ သူ့ လက်ထဲသို့ ဓားတုံးတုံး သွားထည့်ပြီး စိတ်ချလက်ချ နေ၍ မရ။ အလစ်တွင် ထိုဓားတုံးသည် မြနေအောင် သွေးထားသည့် ဓားသွား ဖြစ်လျှင် ဖြစ်လာတတ်သည်။ သို့ရာတွင် မည်သို့ ဆိုဆို ရက် ဘတ်တလာနှင့် အပေါင်းအသင်း လုပ်ရသည်က သွေးဆူ လွယ်သည်။ တိတ်တိတ် ခိုးသောက်ရသည့် ဘရန်ဒီ တစ်ခွက်နှင့် တူသည်။

ထိုရက်များ အတွင်း စကားလက်သည် ဘရန်ဒီကို သောက်တတ်နေပြီ။ အိမ်ပြန် နောက်ကျ၍ တစ်ကိုယ်လုံး မိုးရေတွေ

စိုရွှဲလာသည့် အခါများ၌ သူ့ ဗီရို အပေါ်ထပ် အံဆွဲထဲတွင် ဝှက်ထားသည့် ဘရန်ဒီ ပုလင်းကိုသာ ပြေး၍ အမှတ်ရသည်။ ဘာဂီပေါ်တွင် တစ်နေ့လုံး ထိုင်နေရသဖြင့် ညောင်းလည်း ညောင်းလှပြီ။ ပင်ပန်းလည်း ပင်ပန်းလှပြီ။ ချမ်းလည်း ချမ်းလှပြီ။ စကားလက်က ဘရန်ဒီ ပုလင်းကို ကြီးဒေါ် မမြင်အောင် သိမ်းထားကာ ခိုး၍ သောက်သည်။ စင်စစ် ကိုယ်ဝန် ရှိစဉ် ဘရန်ဒီ သောက်သည်မှာ မကောင်း၊ ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်သည် တစ်ခါတစ်ရံ ဆီးအရက်ချိုကလေး တစ်ခွက် နှစ်ခွက် သောက်သည်မှ အပ အရက် ပြင်းပြင်းကို သောက်လိမ့်မည်ဟုလည်း မည်သူမျှ မထင်။ ထို့ကြောင့်လည်း ဒေါက်တာမိက သူ့ကို အရက် မသောက်ရန် အထူးတလည် သတိ မပေးမိ။ အအေးမိလာလျှင် ဤအချိန်မျိုးတွင် ရှန်ပိမ် တစ်ခွက်တလေ၊ ထန်းရည်ပူ တစ်ခွက်တလေလောက်သာ သောက်သင့်သည်။ အရက် သောက်သည့် မိန်းမ မရှိ မဟုတ်။ ရှိသလောက် ရှိသည်။ သို့ရာတွင် ထို မိန်းမမျိုးမှာ စိတ်မနှံ့သည့် မိန်းမများ၊ အိမ်ထောင်ရေး အဆင် မပြေ ဖြစ်ကာ လင်ပစ်ခံရသည့် မိန်းမများနှင့် (မစ္စ အန်တိုနီ ပြောသည့် အတိုင်း ပြောရလျှင်) မိန်းမ မဲပေးခွင့် ရှိသည်ဟု ယုံကြည်သော ခေတ်ဆန်ဆန် အမျိုးသမီးများလောက်သာ ဖြစ်သည်။ သို့ရာတွင် စကားလက်ကိုမူ အရက် သောက်လိမ့်မည်ဟု ဒေါက်တာမိ နည်းနည်းကလေးမျှ မထင်။

ညစာ မစားခင် ဘရန်ဒီ တစ်ခွက်ကို ရေမရောဘဲ မော့လိုက်ရလျှင် လန်းဆန်း၍ အမော ပြေသွားသည်ဟု စကားလက်

ထင်၏။ အနံ့ ထွက်သည်ကိုမူ မစိုးရိမ်ရ။ တစ်ခွက် မော့ပြီး ကော်ဖီစေ့ လေးငါးစေ့ကို ဝါးပစ်လိုက်လျှင် ကိစ္စ ပြီးသည်။ သို့မဟုတ်လျှင်လည်း ကိုလုံး ရေမွှေးဖြင့် ပလုတ်ကျင်းနိုင်သည်။ ယောက်ျားတိုင်း သောက်၍ မူးချင်တိုင်း မူးနိုင်သည်။ မိန်းမတွေ တစ်ခွက်တလေ သောက်သည့် အခါတွင်မူ ရစရာ မရှိအောင် ပြောလိုက်ကြသည့် ဖြစ်ခြင်း။ လူတွေသည် နည်းနည်းမျှ မတရား။ တစ်ခါတစ်ရံ ဖရင့်က တခေါခေါ ဟောက်နေစဉ် သူ အိပ်၍ မပျော်။ မျက်လုံး အကြောင်သားဖြင့် နိုးနေတတ်သည်။ ဆင်းဆင်းရဲရဲ နေရဦးမည်လော။ ယန်ကီတို့က သူ့ ပစ္စည်းတွေကို သိမ်းမည်လောဟု တွေး၍ စိုးရိမ်နေသည်။ မြိုင်သာယာနှင့် အက်ရှလေကို လွမ်းနေသည်။ ဘရန်ဒီသာ မသောက်ရလျှင် ရူးလိမ့်မည်ဟုပင် စကားလက် ထင်သည်။ သူ့သွေးကြောထဲသို့ သာယာ ချိုမြိန်သည့် နွေးထွေးမှုမျိုး တဖြည်းဖြည်း ဝင်ရောက်လာသည့် အခါကျမှသာလျှင် နေသာ ထိုင်သာ ရှိလာ၏။ သုံးခွက်လောက် သောက်ပြီးသည်နှင့် ‘အို ဒါတွေကို ခု မစဉ်းစားသေးဘူး၊ မနက်ဖြန်မှ စဉ်းစားမယ်’ ဟု ကိုယ့်ကိုယ်ကိုယ် အားပေးနိုင်တော့သည်။

180



သို့တိုင်အောင် တစ်ခါတစ်ရံတွင်မူ ဘရန်ဒီ သောက်သည့်တိုင် သူ့စိတ်သည် အေးဆေး တည်ငြိမ်ခြင်း မရှိ။

အတ္တလန်တာက ဆူညံလွန်းသည်။ အဆောင်အဦသစ်တွေ၊ မျက်နှာစိမ်းတွေ၊ မြင်းရထားတွေ၊ လမ်းကျဉ်းတွေကြောင့် တစ်ခါတစ်ရံတွင် စကားလက် ငြီးစီစီ ဖြစ်ကာ မွန်းကျပ် နေသည်။ အတ္တလန်တာကို စကားလက် သဘော ကျသည်။ ချစ်သည်။ သို့ရာတွင် မြိုင်သာယာ၏ ရိပ်ငြိမ် ချမ်းမြေ့ခြင်း၊ မြေဆီရဲရဲ၊ သစ်ရိပ်ဝေဝေတို့၏ တည်ငြိမ် အေးချမ်းခြင်း စသည်တို့ကိုမူ စကားလက် လွမ်းသည်။ မည်မျှ ဆင်းရစေတော့ မြိုင်သာယာတွင် ပြန်နေရခြင်းက တော်လိမ့်မည်ဟု ထင်မိသည်။ အက်ရှလေ အနားတွင် နေ၍ သူ ပြောသော စကားကို နားထောင်ကာ သူ့ မျက်နှာကို ကြည့်နေရလျှင် သူ့ အချစ်၏ အရိပ် အာဝါသ အောက်တွင် ခိုနေရလျှင် မည်မျှ ပျော်စရာ ကောင်းမည်နည်း။

မီလာနီထံမှ လာသည့် စာထဲတွင် သူတို့ တစ်တွေ နေထိုင် ကောင်းကြောင်း ပါသည်။ ဝီလီထံမှ စာထဲတွင် စိုက်ရေး

ပျိုးရေး ကိစ္စ၊ ဝါဆွတ်သည့် ကိစ္စ စသည်တို့ ပါတတ်သည်။

ဤစာများကို ဖတ်၍ စကားလက် မြိုင်သာယာကို လွမ်းသည်။



ဇွန်လကျလျှင် မြိုင်သာယာသို့ ပြန်ဦးမည်။ မျက်နှာမြင်ပြီးလျှင် အတ္တလန်တာတွင် နေ၍လည်း ဘာမျှ မလုပ်နိုင်သေး။

ထို့ကြောင့် မြိုင်သာယာတွင် တစ်လ ကိုးသီတင်း တန်သည် ပြန်နေဦးမည်။

စကားလက် စိတ်ကူးထားသည့် အတိုင်း ဇွန်လတွင် စကားလက် မြိုင်သာယာသို့ သွားဖြစ်သည်။ သို့ရာတွင် သူ

သွားလိုသည့် နည်းမျိုးကား မဟုတ်။

ဇွန်လဆန်း၌ ဝီလီ၏ထံမှ စာ ခပ်တိုတို တစ်စောင် ရောက်လာသည်။ ထိုစာ၌ ဖေဖေ ဆုံးပြီဟု ပါသည်။

181

၃၉



မီးရထားက နောက်ကျသည်။ ဂျုန်းဘာရိုကို စကားလက် ရောက်သည့်အချိန်၌ ဇွန်လ၏ ပြာမှိုင်းမှိုင်း ဆည်းဆာသည်

သစ်ပင်များပေါ်တွင် ခိုနားစ ပြုနေပြီ။ ဈေးဆိုင်များမှ မီးရောင်ဝါဝါလက်လက်တို့ကို မြင်ရ၏။ သို့ရာတွင် ကျိုးတိုးကျဲတဲ။ ပြောက်တိ ပြောက်ကျား။ လမ်းမကြီးပေါ်က အဆောက်အဦးတွေ ကြားထဲတွင်လည်း ကွက်လပ်ကြီးတွေ ဖြစ်နေသည်။ အမိုးတွေက ကျည်ဆန်ပေါက်တွေဖြင့် ဆန်ခါပေါက် သဖွယ်။ အိမ်ပျက်ကြီးများက စကားလက်ကို စိုက်ကြည့်နေကြသည့်နှယ်။ မည်းမှောင်လျက်။ တိတ်ဆိတ်လျက်။ ရိုဘီးလာ့ဒ်၏ ကုန်တိုက်မှ ယင်းချပ်များ အပြင်ဘက်တွင် ကုန်းနှီးတင်ထားသည့် မြင်းများ၊ လားများကို ချည်ထား၏။ ဖုန်တသောသော ထနေသည့် လမ်းနီနီက ဟာလာဟင်းလင်း။ အသက် ကင်းမဲ့လျက်။ လေချွန်သံ၊ မူးမူးဖြင့် ရယ်သံများကို ကြားရသည်။ လမ်းထိပ် အရက်ဆိုင်တစ်ဆိုင်မှ အသံများဖြစ်သည်။

ဘူတာရုံကို အသစ် ပြန်မဆောက်ရသေး။ ယာယီသစ်သားတဲကလေး တစ်လုံးထိုးထားသည်။ စကားလက် ဘူတာရုံ

တဲကလေးထဲသို့ ဝင်လာကာ ထိုင်ခုံအဖြစ် လုပ်ထားသည့် မှောက်လျက် သစ်သားစည်တစ်လုံးပေါ်တွင် တက်ထိုင်သည်။ ဝီလီကို မျှော်၏။ ဘူတာရုံတွင် ဝီလီ လာကြိုလိမ့်မည် ထင်သည်။ ဖေဖေဆုံးသည့် သတင်း ကြားလျှင် ရရာ ရထားဖြင့် အမြန်ဆုံး လိုက်လာမည်ကို ဝီလီ သိဖို့ ကောင်းသည်။

ကတိုက်ကရိုက် လာခဲ့ရသဖြင့် ဘာမျှ မယူနိုင်။ ကော်ဇောအိတ်ကလေးထဲတွင် ညဝတ်အင်္ကျီတစ်ထည်၊ သွားပွတ်တံ

တစ်ချောင်းသာ ပါသည်။ အတွင်းခံအင်္ကျီပင်လျှင် အပိုအလျှံ မပါ။ ဒေါ်ဒေါ်မိထံမှ ငှားလာခဲ့သည့် အနက်ရောင် အင်္ကျီက ကျပ်နေသည်။ ဒေါ်ဒေါ်မိက နဂိုကမှ ပိန်ပိန်။ ထိုအထဲတွင် စကားလက် ကိုယ်ဝန်က အရင့်အမာ ဖြစ်နေပြန်သည်တွင် သူ့အင်္ကျီသည် စကားလက်အဖို့ နှစ်ထပ်ကွမ်း ကျပ်နေသည်။ ဖေဖေ့ အသုဘကိစ္စပေါ်နေသည့်တိုင် ဆင်းပြင်သဏ္ဌာန်ကို စကားလက် သတိမပြုမိဘဲ မနေနိုင်။ စကားလက် စိတ်ပျက်လက်ပျက်ဖြင့် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်၏။ သူ့ ခန္ဓာကိုယ်အလှသည် မရှိတော့။ မျက်နှာက ခပ်မိုမို့၊ ခြေထောက်တွေက ဖောတောတော။ ယခင်ကမူ သူ့အသွင်အပြင်ကို သူ သတိမထား။ သို့ရာတွင် ယခု အက်ရှလေနှင့် တွေ့ရတော့မည်။ ထို့ကြောင့် သူ့ကိုယ်သူ သသည်။ အခြား လူတစ်ယောက်နှင့် ရသည့် ကိုယ်ဝန်ကို အက်ရှလေအား ပြရတော့မည်ဆိုသောအခါတွင် ဖေဖေ့ အသုဘ ကိစ္စပေါ်နေသည့်ကြားမှ စကားလက် စိတ်ပျက်လက်ပျက် ဖြစ်ရသည်။ စကားလက် အက်ရှလေကို ချစ်သည်။ အက်ရှလေကလည်း သူ့ကို ချစ်သည်။ ယခု ဗိုက်ထဲက ကလေးသည် ထိုအချစ်ကို သူ သစ္စာမရှိကြောင်း သက်သေပြနေပြီ။ ယခင်ကလို ခါးသွယ်သွယ်နွဲ့နွဲ့၊ ခြေလှမ်းပေါ့ပေါ့ပါးပါး မဟုတ်တော့။ ဤပုံကြီးကို အက်ရှလေ မမြင်စေချင်သည့်တိုင် သူ ဘာမျှ မတတ်နိုင်။

စကားလက်က စိတ်ပျက်လက်ပျက်ဖြင့် ခြေနှစ်ချောင်းကို ပွတ်နေ၏။ ဝီလီလာဖို့ ကောင်းပြီ။ ဘူးလက်တို့ ဆိုင်သို့သွား၍

မေးရမည်လော။ သို့မဟုတ် တစ်ယောက်ယောက်ကို လိုက်၍ အပို့ခိုင်းရမည်လော။ သို့ရာတွင် ဘူးလက်၏ ကုန်တိုက်ထဲသို့ သူ မဝင်ချင်။ စနေနေ့ည ဖြစ်၍ သူ့ဆိုင်ထဲတွင် တောက လူတွေ စုံနိုင်သည်။ သူ့ ပုံပန်းသဏ္ဌာန်ကို မဖုံးနိုင်ရုံမျှမက ပို၍ပင် ပုံပျက်ပန်းပျက် ဖြစ်စေသည့် ဤအဝတ်နက်ကြီးဖြင့် ဖြစ်ပျက်နေပုံကို လူများများ မမြင်စေချင်။ ဖေဖေ့ အသုဘ ကိစ္စကို ဝိုင်း၍ မေးကြ မြန်းကြ ဝမ်းနည်းစကားပြောကြဖြင့် အလုပ်များရဦးမည်။ ဝမ်းနည်းစကားကို စကားလက် မကြားချင်။ ကြားလျှင် ငိုမိလိမ့်မည်။ သူ မငိုချင်။ ငိုမိလျှင် တော်တော်နှင့် အတောသတ်နိုင်မည် မဟုတ်။ အတ္တလန်တာ ကျသည့်ည ရက်

182

ဘတ်တလာက သူ့ကို စွန့်ပစ်ခဲ့စဉ် မြင်းလည်ဆံမွေးကို ကိုင်၍ ငိုသလို ရှိုက်ကြီးတငင် ငိုမိလိမ့်မည်။

မငို။ သူ မငို။ သူ မငိုချင်။ သတင်းကြားရစဉ်ကမူ လည်ချောင်းတွင် အလုံးကြီး တက် တက် ဆို့နေသည်။ သို့ရာတွင်

ငို၍ မဖြစ်။  ဘာမျှ အကျိုးမထူး။ ကိုယ်စိတ် ပင်ပန်းခြင်းသာ ဖြစ်လိမ့်မည်။ ဝီလီ၊ မီလာနီနှင့် ဆွီလင်တို့ကတော့ ဖေဖေဆုံးပြီဟု မရေးဘဲ နေထိုင် မကောင်းသည့် သဘောမျိုးလောက်သာ ရေးဖို့ကောင်းသည်။ သို့ဆိုလျှင် ဆရာဝန် တစ်ယောက်ကိုပင် ပင့်ခဲ့ဦးမည်။ သူတို့ တစ်တွေနှယ် မိုက်ပါဘိ။ သူ မပါဘဲ ကိစ္စ ပြီးအောင် မလုပ်တတ်တော့ပြီလော။ အတ္တလန်တာတွင် သူတို့အားလုံးအတွက်လည်း ရှာဖွေ ရုန်းကန်နေရသေးသည်။ ဖေဖေ့ ကိစ္စကျတော့လည်း သူ့ကို လှမ်းခေါ်သည်။ သူ တစ်ယောက်တည်း နှစ်ကိုယ်ခွဲမထားနိုင်။

စကားလက် စည်ပငိုးပြတ်ပေါ်တွင် နေရာပြင်ထငို ၏် ။ ဝီလီ့ အရိပအ် ယောင်ကို မမြင်ရသေး။ ဝီလီ ဘယ်ရောက်နေသနည်း။

သူ့နောက် ရထားသံလမ်းဆီမှ ပြာမှုန့်များကို နင်းလာသည့် ခြေသံကို ကြားရသဖြင့် လှည့်ကြည့်လိုက်သည်။ ပြောင်းဆန်အိတ် တစ်အိတ်ကို ထမ်း၍ လှည်းတစ်စီးဆီသို့ သွားနေသည့် အဲလက်ဖွန်တိန်ကို လှမ်းမြင်လိုက်ရ၏။

‘ဟင်၊

စကားလက်ပါလား’

အဲလက်က

ပြောင်းဆန်အိတ်ကို

ပစ်ချကာ

သူ့ဆီသို့

ပြေးလာ၏။

သူ့မျက်နှာ

သေးသေးညိုညိုတွင် ဝမ်းသာခြင်း အရိပ်အယောင် ပေါ်နေသည်။ ‘တွေ့ရတာ ဝမ်းသာလိုက်တာ၊ ခုနကတင် ပန်းဘဲဖိုမှာ ဝီလီကို တွေ့ခဲ့သေးတယ်၊ မြင်း သံခွာ ရိုက်နေလေရဲ့၊ ရထားက နောက်ကျတတ်တယ် မဟုတ်လား၊ ဒါကြောင့် စောသေးတယ်ဆိုပြီး အေးအေးဆေးဆေး လုပ်နေပုံရတယ်၊ သွားခေါ်ပေးရမလား’

‘ခေါ်ပေးပါ

အဲလက်ရယ်’

စကားလက်က

အားယူ၍

ပြုံးပြ၏။

ငယ်သူငယ်ချင်းတွေ၊

ကိုယ့်

အရပ်သူ

ကိုယ့်အရပ်သားတွေကို ပြန်တွေ့ရသဖြင့် ဝမ်းသာသည်။

‘စကားလက်တို့ အဖေ အတွက် စိတ်မကောင်းလိုက်တာကွယ်’



‘ကျေးဇူးတင်ပါတယ်’



ဤ အကြောင်းကို နောက်ထပ် စကားလက် မကြားချင်။ ဤ အကြောင်း ကြားလျှင် ဖေဖေ၏ ပြည့်ဖောင်းဖောင်း

မျက်နှာကို မြင်ယောင်သည်။ အသံ ကျယ်ကျယ်ကို ကြားယောင်သည်။

‘တကယ်ပဲ စကားလက်၊ ဦးလေး ဂျရယ်အတွက် ကိုယ်တို့ ဂုဏ်ယူပါတယ်’ အဲလက်က ပြောသည်။ ‘ဦးလေး ဂျရယ်ဟာ

စစ်သားတစ်ယောက် ပီပီ စစ်သားရဲ့ ဂုဏ်သိက္ခာမျိုးနှင့် သေသွားတဲ့အတွက် ကိုယ်တို့ ဂုဏ်ယူတယ်’

အဲလက် ဘာတွေပြောနေသနည်း။ စကားလက် နားမလည်။ စစ်သားတစ်ယောက်လို သေသည် တဲ့။ သေနတ်ပစ်များ

ခံရသလော။

တိုနီလို

ခေတ်ပျက်သူဌေး

တစ်ယောက်ယောက်နှင့်

သတ်ပုတ်ကြသလော။

သို့ရာတွင်

စကားလက်

ဤအကြောင်းကို ဆက်မပြောချင်။ ဆက်ပြောလျှင် ငိုမိလိမ့်မည်။ ယခု မငိုချင်။ ဝီလီနှင့် အတူ လမ်းပေါ်ရောက်၍ လူသူလေးပါး မမြင်သည့် နေရာကျမှ ငိုချင်လျှင် ငိုမည်။ ဝီလီကိုမူ ရှက်စရာ မလို။ ဝီလီနှင့် မောင်လို နှမလို ရင်းနှီးပြီးသား။

‘ဒီအကြောင်းကို စကာလက် မပြောချင်ဘူး အဲလက်ရယ်’

183



‘ဟုတ်ပါတယ်ကွယ်၊

စကားလက်

မပြောချင်ဘူးဆိုလည်း

မပြောချင်စရာပဲ’

အဲလက်၏

မျက်နှာညိုညိုသည်

ဒေါသကြောင့် နီရဲလာ၏။ ‘ကိုယ်လည်း ဘယ်မိန်းကလေးကိုမှ ဒီလို ရိုင်းရိုင်းစိုင်းစိုင်း မပြောဖူးပါဘူ၊ ဒါပေမယ့် ဒီတစ်ခါတော့ ဆွီလင်ကို သားရေ ကျာပွတ်နှင့် နာနာလေး ရိုက်ပစ်ချင်တယ်၊ တကယ်ပဲ’

အဲလက်သည် ဘာတွေပြောနေသနည်း။ ဆွီလင်နှင့်ကော ဘာဆိုင်သနည်း။



‘ကိုယ်သာ မဟုတ်ဘူး၊ လူတိုင်းလည်း ဆွီလင်ကို စိတ်ဆိုးနေကြတယ်၊ ဝီလီမို့လို့ ဒီလောက်သည်းခံနိုင်တာပေါ့၊

မီလာနီဆိုတာကလည်း တကယ့် သူတော်ကောင်းမ၊ ဘယ်သူ့အပေါ်မှ မကောင်းတဲ့စိတ် မရှိဘူး’

‘ဒီအကြောင်း မပြောပါနှင့်တော့ အဲလက်’



စကားလက်က

ခပ်မာမာ

ပြောလိုက်သည်။

သို့ရာတွင်

အဲလက်က

ထူးခြားပုံ

မရ။

စကားလက်၏

လေသံမာသွားပုံကိုမူ သတိပြုမိပုံရသည်။ သူ့မိသားစု၏ အမင်္ဂလာသတင်းကို အပြင်လူတစ်ယောက်ထံမှ မကြားချင်။ သူ ဘာမျှ မသိသေးသည်ကိုလည်း အပြင်လူတစ်ယောက် မသိစေချင်။ ဝီလီသည် အဘယ့်ကြောင့် သူ့ထံ အကျိုးအကြောင်း ပြည့်ပြည့်စုံစုံ မရေးသနည်း။

အဲလက်က သူ့ကို တစ်မျိုးတစ်မည် ထင်သွားလေမည်လောဟု စကားလက် စိုးရိမ်သည်။ သူ ဘာမျှ မသိသည့်

အခြေအနေကို အဲလက် ရိပ်မိပုံ ရသဖြင့် စကားလက် အနေရခက်နေသည်။ သို့ရာတွင် အဲလက်ကမူ သူ့အခြေအနေကို မရိပ်မိ။

ဆည်းဆာ

မှုန်ရီရီတွင်

သူ့မျက်နှာကို

စိုက်ကြည့်ရင်း

စကားလက်

တစ်ယောက်

အဘယ့်ကြောင့်

ဤမျှ

ရုပ်ပြောင်းသွားရသနည်းဟု စဉ်းစားနေသည်။ မျက်နှာမြင်ခါနီး ဖြစ်သောကြောင့်လော။ မျက်နှာမြင်ခါနီး မိန်းမတို့၏ မျက်နှာကို ကြည့်ရသည်က ထုံးစံအတိုင်း ကြည့်၍ မကောင်း။ သို့မဟုတ်လျှင်လည်း သူ့ ဖေဖေအတွက် ပူဆွေးသောကကြောင့်လော။ စကားလက်က သူ့ဖေဖေ၏ အသည်း မဟုတ်နိုင်။ စကားလက် မျက်နှာပေါ်က ပြောင်းလဲမှုသည် ထိုအကြောင်းများကြောင့် မဖြစ်နိုင်။ သူ့မျက်နှာပေါ် အသွင် ပြောင်းရသည့် အကြောင်းသည် ထို့ထက် လေးနက်သည်။ စင်စစ် စကားလက်၏ အသွင်သည် သူ နောက်ဆုံး မြင်ခဲ့ရစဉ်ကထက် အများကြီး လှနေသည်။ သူ့ကို ကြည့်ရသည်က အစားအသောက် ကောင်းကောင်း စားရသည့် ဟန်။ သူ့မျက်နှာပေါ်က အမဲလိုက်ခံရသည့်သတ္တဝါ တစ်ကောင်နှယ် အထိတ်ထိတ် အလန့်လန့် ဟန်မျိုးလည်း မရှိတော့။ ယခင်က အထိတ်ထိတ် အလန့်လန့်ဟန် မျက်လုံးများတွင် ခက်ထန်သည့် အကြည့်မျိုးပေါ်နေသည်။ သူ့ အမူအရာက သူ့ကိုယ်သူ ယုံကြည် စိတ်ချသည့်ဟန်၊ ပိုင်းဖြတ်မှု ရှိဟန်၊ အပေါ်စီး ယူသည့်ဟန် ပေါ်သည်။ ပြုံးရာတွင်ပင် ထို အမူအရာက မပျောက်။

အဘိုးကြီး ဖရင့်ကတော့ စကားလက်ကို ရသဖြင့် သိန်းထီပေါက်သည့်နှယ် ဖြစ်နေလိမ့်မည်။ သို့ရာတွင် စကားလက်

ပြောင်းလဲသည်ကမူ အမှန်။ စကားလက်က စိုပြည်တင့်ရွှန်း၍ ချောနေသည်။ သို့တိုင်အောင် ငယ်ငယ်ကလို နူးညံ့ချိုသာသည့် အလှမျိုးမူ မရှိတော့။ မော့ကြည့်လိုက်လျှင် ယောက်ျားတစ်ယောက်ကို ရင်မောသွားစေသည့် အကြည့်မျိုး (ထို အကြည့်မျိုးကိုမူ အဲလက် ပို၍ သိသည်။) မရှိတော့။

စကားလက် သာမက သူတို့အားလုံးလည်း ပြောင်းလဲသွားကြပြီလော။ အဲလက်က သူ ဝတ်ထားသည့် အဝတ် ထူထူ

ကြမ်းကြမ်းကြီးကို ငုံ့ကြည့်သည်။ သူ့မျက်နှာသည် မှုန်မှိုင်းသွား၏။ တစ်ခါတစ်ရံတွင် အဲလက် အိပ်၍ မပျော်။ အမေသည် သူတို့

184

တစ်တွေကို မည်သို့ ရှာကျွေးခဲ့ရသနည်း။ သူ့အစ်ကို ဂျိုး၏ သားကလေးကို မည်သို့ ပညာသင်ပေးရမည်နည်း။ နောက်ထပ် လား တစ်ကောင် ဝယ်ဖို့ မည်သို့ ပိုက်ဆံရှာရမည်နည်း စသည့် ပြဿနာများကို တွေးနေတတ်သည်။ ပြည်တွင်းစစ်ဖြစ်နေလျှင် အကောင်းသား။ ဤကိစ္စတွေကို တွေးမပူရ။ အနည်းဆုံး ပြောင်းဆန်ပေါင်မုန့်လောက်ကိုမူ စားရသည်။ အထက်က အမိန့်ကို နာခံလျှင် ကိစ္စပြီးသည်။ ကိုယ်ရေးကိုယ်တာ ပြဿနာများကို စဉ်းစားချိန်မရ။ တိုက်ပွဲတွင် ကျဆုံးမည့်အရေးမှ အပ အခြား ဘာကိုမျှ မပူရ။ ယခုမူ ဒီမီတီကလည်း ရှိသေးသည်။ ဒီမီတီကို သူချစ်သည်။ ဒီမီတီကို လိုချင်သည်။ သို့ရာတွင် ယူနိုင်မည့် အခြေအနေ မရှိ။ သူ့တွင် ထောက်ပံ့ ကျွေးမွေးရသူတွေ တစ်လှေကြီး။ ကိုယ့်ဒုက္ခနှင့် ကိုယ် ဖြစ်နေရသည့်အထဲတွင် ဤကိစ္စကို ထည့်၍ မစဉ်းစားနိုင်။ ဒီမီတီကို သူ ချစ်ခဲ့သည်မှာ ကြာပြီ။ ယခုဆိုလျှင် ဒီမီတီ၏ ပါးပြင်ပေါ်က နှင်းဆီပင်လျှင် ညှိုးနွမ်းစပြုပြီ။ မျက်လုံးမှ အရောင် တလက်လက်ပင် မှိန်စပြုပြီ။ သူ့ညီ တိုနီ တစ်ယောက် တက္ကဆက်ပြည်နယ်ကို ထွက်မပြေးဖြစ်လျှင် အကောင်းသား။ ဤနေရာတွင် အခြားလူတစ်ယောက်ဆိုလျှင်လည်း တစ်မျိုးဖြစ်လိမ့်မည်။ ယခုမူ ချစ်စရာကောင်းသည့် ခပ်မိုက်မိုက် ခပ်ပေပေ သူ့ညီငယ် တိုနီသည် အငတ်ငတ် အပြတ်ပြတ်ဖြင့် ဝရမ်းပြေး နေရပြီ။ ဟုတ်သည်။ အားလုံး ပြောင်းလဲ ကုန်ကြပြီ။ မပြောင်းလဲ၍ မဖြစ်။ အဲလက် သက်ပြင်းကြီး ချ၏။

‘တိုနီကို ကူညီလိုက်တဲ့အတွက် စကားလက်နှင့် ဖရင့်ကို ကျေးဇူးတင်ပါတယ်၊ သူ လွတ်သွားအောင် စကားလက်တို့

အကူအညီ ပေးလိုက်တာ မဟုတ်လား၊ သိပ် ကျေးဇူးတင်တာပဲ စကားလက်ရယ်၊ တကယ်ပါ၊ ခုတော့ တက္ကဆက်မှာ အေးအေးဆေးဆေးပဲလို့ ကြားရတာပဲ၊ အဲဒီတုန်းက စကားလက်တို့ဆီကို စာရေးပြီး မေးချင်လိုက်တာ၊ စကားလက်တို့ ပိုက်ဆံတို့ ဘာတို့ကော ပေးလိုက်ရသေးသလား၊ ပေးလိုက်ရတယ်ဆိုရင် ကိုယ် ပြန်ဆပ်ပါ့မယ်’

‘ကဲ တော်ပါတော့ အဲလက်ရယ်၊ ဒါတွေ ထားစမ်းပါ’



စကားလက်က အော်သည်။ ယခု ပိုက်ဆံကို သူ အရေးမစိုက်တော့ပြီ။ အဲလက်က အတန်ကြာ တိတ်ဆိတ်နေ၏။



‘ဝီလီကို သွားခေါ်ပေးမယ်လေ၊ မနက်ဖြန် အသုဘလည်း ကိုယ်တို့ လာခဲ့ပါဦးမယ်’



အဲလက်က ပြောင်းဆန်အိတ်ကို ထမ်း၍ အထွက် လမ်းကွေ့မှ လှည်းအိုတစ်စီး သူတို့ဘက်သို့ မောင်းလာ၏။ ဝီလီက

လှမ်းပြောသည်။

‘နောက်ကျသွားတယ် စကားလက်ရေ့’



ဝီလီက လှည်းပေါ်မှ ခုန်ဆင်း၍ လျှောက်လာ၏။ ငုံ့၍ စကားလက် ပါးကို နမ်းနှုတ်ဆက်သည်။ အရင်က သူ့ကို

ဤသို့ တစ်ခါမျှ နှုတ်မဆက်စဖူး။ သူ့ အမူအရာကြောင့် စကားလက် အံ့အားလည်း သင့်သည်။ ကျေလည်း ကျေနပ်သည်။ ဝီလီက သူ့ကို ဂရုတစိုက် ပွေ့ချီ၍ လှည်းပေါ်သို့ တင်သည်။ လှည်း မစီးရသည်မှာ ကြာလှပြီ။ အတ္တလန်တာကို ယန်ကီတွေ ဝိုင်းထားစဉ်က သူ စီးလာခဲ့သည့် လှည်းကလေး အိုလှပြီ။ ဝီလီက လှည်းအိုကလေးကို ဂရုတစိုက် သထားသည်။ ဤ လှည်းအိုကလေးကို မြင်သည့်အခါ၌ အတ္တလန်တာက ထွက်ပြေးခဲ့ပုံကို အမှတ်ရသည်။ သူ့အဖို့ ဖိနပ်သစ်တစ်ရန် မဝယ်လျှင်၊ ဒေါ်လေးပစ်တီ၏ အိမ်က ထမင်းဝိုင်းတွင် ဟင်းတစ်ခွက် လျှော့ချက်လိုက်လျှင် မြိုင်သာယာအတွက် လှည်းသစ် တစ်စီးလောက် ဝယ်လောက်သည်။ လှည်းသစ် တစ်စီးလောက် ဝယ်ပေးရဦးမည်။ ဤလှည်းကို မီးရှို့ပစ်ရမည်။

185



ဝီလီက စကားတစ်ခွန်းမျှ မပြော။ ထို့ကြောင့် ဝီလီကို စကားလက် ကျေးဇူးတင်သည်။ ဝီလီက ကျိုးနေသည့်

မြက်ဦးထုပ်ကို

လှည်းနောက်ဘက်သို့

ပစ်တင်လိုက်ပြီး

ကလပ်ကလပ်

မြည်သံဖြင့်

မြင်းမောင်းသည်။

ဝီလီ

ဘာမျှ

ပြောင်းလဲခြင်းမရှိ။ ရှည်ရှည် ကိုင်းကိုင်း။ ဆံပင် နီနီ။ မျက်လုံး ချိုချို။ ဝန်ဆွဲသည့် မြင်းလို စိတ်ရှည်မြဲ။

ရွာမှထွက်၍ မြေနီလမ်းအတိုင်း မြိုင်သာယာသို့ မောင်းခဲ့ကြသည်။ ကောင်းကင်တွင် ပန်းနုရောင် ဖျော့ဖျော့

ကျန်နေသေးသည်။ အသွင်ပြောင်းနေသည့် တိမ်တိုက်ကြီး တစ်ခုက ရွှေရောင်နှင့် အစိမ်းနု ဖျော့ဖျော့ စွန်းထင်းနေသည်။ ကျေးလက်

ဆည်းဆာ၏

တိတ်ဆိတ်ငြိမ်သက်ခြင်းသည်

တရားစာ

ရွတ်သံကို

နားထောင်ရသည့်နှယ်

စိတ်နှလုံးကို

ချမ်းမြေ့စေသည်။ တောနံ့သင်းသည့် လေချိုအေးအေးနှင့် ဝေးခဲ့သည်မှာ မည်မျှကြာပြီနည်း။ မြေနံ့သင်းသင်း၊ နွေည မွှေးမွှေးတို့နှင့် ဝေးခဲ့သည်မှာ မည်မျှ ကြာပြီနည်း။ စိုစွတ်သည့် မြေနီရဲရဲက မွှေးနေသည်။ ချိုနေသည်။ သင်းနေသည်။ ပျံ့နေသည်။ ချိုလွန်း မွှေးလွန်း၊ သင်းလွန်း ပျံ့လွန်းသဖြင့် လှည်းပေါ်မှ ခုန်ဆင်းကာ မြေကြီးကို လက်တစ်ဆုပ်လောက် ကောက်ယူချင်သည်။ ပျားရည်စုပ်ပန်းများက လမ်း တစ်ဖက်တစ်ချက် မြေနီ ကမ်းပါးယံများကို ပန်းကော်ဇော ခင်းထားကြ၏။ မိုးကလေး တစ်ပြိုက်အကျတွင် ဤပန်းနံ့ကလေးသည် ကမ္ဘာတွင် အမွှေးဆုံးဟုပင် စကားလက်ထင်သည်။ ခေါင်းပေါ်တွင် ပျံလွှားများက ဝဲလျက်။ ယုန်ကလေးများက လန့်ဖျပ်ကာ လမ်းဘေး ချုံကြီးထဲသို့ ပြန်ဝင်သွားကြသည်။ အမြီးဖားဖားက တို့ပတ်စကလေး တစ်စနှယ် ငုံးတိတိ ထောင်လျက်။ ဝါပင်တွေ သန်သဖြင့် စကားလက် ဝမ်းသာသည်။ မည်မျှ လှသနည်း။ ကုန်းအောက် ချောင်းစပ်တွင် နှင်းမြူ ပြာပြာတို့ ဝေနေကြသည်။ မြေဆီရဲရဲ၊ ဝါပင်စိမ်းစိမ်း။ ဆင်ခြေလျှောတွင် ဝါပင်တန်းတွေ အစီအရီဖြင့်။ နောက်ခံတွင် ထင်းရှုးပင်တွေက ညို့လျက်။ အတ္တလန်တာတွင် ရောက်နေခဲ့သည်မှာ ကြာလှပါပြီကော။

‘ဦးလေး ဂျရယ် ကိစ္စကို မပြောခင် စကားလက်ကို မေးချင်တာ တစ်ခု ရှိတယ်။ အိမ်ရောက်မှ မေးရင်လည်း

မကောင်းဘူး၊ စကားလက်က ခု အိမ်ထောင်ဦးစီးဆိုတော့ စကားလက်ရဲ့ သဘောကိုလည်း သိချင်တယ်’

‘ဘာများလဲ ဝီလီ’



ဝီလီက အကြည့်ချိုချိုဖြင့် သူ့ကို အတန်ကြာ ကြည့်နေ၏။



‘ကိုယ် ဆွီလင်နှင့် လက်ထပ်မလို့၊ အဲဒါ စကားလက်ကို ခွင့်တောင်းတာ’



စကားလက် ထိုင်ခုံကို လက်ဖြင့် ဆုပ်ထားမိ၏။ လဲကျမသွားအောင် မနည်း သတိ ထားလိုက်ရသည်။ ဆွီလင်ကို

လက်ထပ်မည်တဲ့၊ ဖရင့်ကို ဆွီလင်လက်မှ လုယူခဲ့ပြီးနောက်တွင် ဆွီလင်ကို မည်သူကမျှ လက်ထပ်လိမ့်မည် မဟုတ်ဟု စကားလက် ထင်ခဲ့သည်။

‘မဆိုးပါဘူး’



‘ဒါဖြင့် စကားလက် စိတ်မဆိုးဘူးပေါ့’



‘ဘာဖြစ်လို့ ဆိုးရမှာလဲ၊ ဒါပေမယ့် စကားလက် တစ်ခုတော့ အံ့ဩတယ်လေ၊ စကာလက် ထင်တာက ဝီလီဟာ

ကာရင်းကို စိတ်ဝင်စားနေတယ်လို့ ထင်တာ’

186



ဝီလီက မြင်းကို စိုက်ကြည့်သည်။ ဇက်ကြိုးခေါက်ဖြင့် မြင်းကို ရိုက်၏။ သူ့ မျက်နှာထားက ဘာမျှ မပြောင်းလဲ။

သို့ရာတွင် သက်ပြင်း တစ်ချက် ချသည်ဟု စကားလက် ထင်သည်။

‘အင်း၊ စိတ်ဝင်စားမိခဲ့တယ်လို့ ပြောရမလား မသိဘူး’



‘ကာရင်းက လက်မခံဘူးလား’



‘ဟင့်အင်း၊ ကိုယ်က ဘာမှ မပြောဖူးဘူး’



‘ဝီလီရယ် ပြောလိုက်ရောပေါ့၊ ဘာဖြစ်လို့ မပြောတာလဲ၊ ကာရင်းက ဆွီလင့်ထက် အဘက်ဘက်က သာတယ်’



‘မြိုင်သာယာမှာ

ဘာတွေဖြစ်နေတယ်ဆိုတာ

စကားလက်

ဘာမှ

မသိပါဘူး၊

ခုတလောမှာ

မြိုင်သာယာ

အကြောင်းကိုလည်း စကားလက် စိတ်ဝင်စားပုံ မရဘူး’

‘စကားလက် စိတ်မဝင်စားဘူး ဟုတ်လား’ စကားလက်က မေးသည်။ ‘ဒါဖြင့် အတ္တလန်တာမှာ စကားလက်

ဘာလုပ်နေတယ် ထင်သလဲ၊ မြင်း လေးကောင် ကတဲ့ ရထားကြီးစီးပြီး ကပွဲတွေ တက်နေတယ်လို့ ထင်လို့လား၊ ဝီလီတို့ဆီကို လစဉ် ငွေ မပို့ဘူးလား၊ မြေခွန်တော်တွေ အားလုံး ပေးခဲ့ပြီးပြီ မဟုတ်လား၊ အမိုးကော ပြင်မိုး မပေးခဲ့ဘူးလား၊ လားတွေရော ထွန်တုံး ထွန်တံတွေရော ဝယ်မပေးခဲ့ဘူးလား၊ ပြီးတော့’

‘နေပါဦးလေ၊ ဒီလောက်လည်း စိတ်မတိုပါနှင့်ဦး’ ဝီလီက ပြော၏။ ‘စကားလက် လုပ်ခဲ့တာတွေကို သိပါတယ်၊

ယောက်ျားကြီးနှစ်ယောက်စာ ဝန်ကို ထမ်းခဲ့တာပါ’

‘ဝီလီ ပြောတဲ့ စကားတွေကိုလည်း ပြန်စဉ်းစားဦးလေ’



‘ဟုတ်ပါတယ်၊ ကိုယ်တို့ကို အမိုး မိုးပေးခဲ့တယ်၊ မီးဖိုမှာ ထမင်းအိုး တည်နိုင်အောင် လုပ်ပေးခဲ့တယ်၊ ဒါကို ကိုယ်

မငြင်းပါဘူး၊ ဒါပေမယ့် မြိုင်သာယာက လူတွေ ဘာဖြစ်နေတယ်ဆိုတာကိုတော့ စကားလက် မစဉ်းစားမိဘူးလို့ ကိုယ် ထင်တယ်၊ စကားလက်ကို ကိုယ် အပြစ်တင်နေတာ မဟုတ်ပါဘူး၊ အဖြစ်ကို ပြောတာပါ၊ အိမ်က လူတွေရဲ့ အကြောင်းကို စကားလက် စိတ်မဝင်စားဘူး၊ ဒါတွေ ထားပါလေ၊ ကိုယ် ပြောချင်တာက ကာရင်းကို ဘာဖြစ်လို့ ဖွင့်မပြောရသလဲဆိုတဲ့ အကြောင်းပါ၊ ဖွင့်မပြောတာကတော့ ဘာမှ အကြောင်းထူးမှာ မဟုတ်လို့ပဲ၊ ကာရင်းကို ကိုယ့်ညီမ အရင်းလို ချစ်တယ်၊ ကိုယ့်ဆိုရင် ဘာမှ သိုဝှက်မထားဘူး၊ အကုန် ဖွင့်ပြောတယ်၊ ဒါပေမယ့် သူက ကိုယ့်ကို စိတ်မဝင်စားဘူး၊ သူ စိတ်ဝင်စားတာက ကျသွားတဲ့ သူ့ အဆက်ဟောင်းကိုပဲ စိတ်ဝင်စားတာ၊ ခု ချာလက်စတန်ကို သွားပြီး သီလရှင် ဝတ်တော့မယ်တဲ့’

‘တကယ်’



‘တကယ်ပေါ့၊ သူ့ကို သွား တား မနေနှင့်၊ အပြစ်လည်း တင်မနေနှင့်၊ လှောင်လည်း မလှောင်ပါနှင့်၊ သူ

စိတ်ချမ်းသာမယ်ဆိုရင် သီလရှင် ဝတ်ချင် ဝတ်ပါစေ၊ အသည်းကွဲနေတယ် မဟုတ်လား’

‘ကတ်သီးကတ်သတ်

ဝီလီရယ်၊

လောကကြီးမှာ

သူတစ်ယောက်တည်း

အသည်းကွဲနေတာမှ

မဟုတ်တာ၊

187

အသည်းကွဲတိုင်းသာ

သီလရှင်

ဝတ်ရရင်

မိန်းမတွေအားလုံး

သီလရှင်ကျောင်းရောက်ကုန်ရောပေါ့၊

စကားလက်ကိုပဲ

ကြည့်ပါဦး၊ လင် တစ်ယောက် ဆုံးခဲ့ရပြီ’

‘မင်း အသည်းက မကွဲပါဘူးကွယ်’



ဝီလီ့အသံက တည်ငြိမ်သည်။ လှည်းဖျာအခင်းအောက်မှ ကောက်ရိုး တစ်ပင်ကို ဆွဲနုတ်၍ ဝါး၏။ ဝီလီ့ စကားကြောင့်

စကားလက် ငြိမ်ကျသွားသည်။ ဝီလီ စကားက သွေးထွက်အောင် မှန်သည်။ အမှန်စကားကို ကြားရလျှင် မည်မျှ နားခါးသည့်တိုင် စကားလက် ထိုအမှန်တရားကိုမူ အသိအမှတ်ပြုသည်။ နဂိုက ဖြောင့်မတ်သူဖြစ်သည့်အတွက် အမှန်ကို ကြားရလျှင် အသိအမှတ်မပြုဘဲ မနေနိုင်။ စကားလက် အတန်ကြာ ငေးကာ သီလရှင်ဝတ်နေသည့် ကာရင်း၏ ရုပ်ကို မှန်းကြည့်နေသည်။

‘သူ့ကိုတော့ သွားဆူမနေနှင့်နော်’



‘မဆူပါဘူး’



စကားလက်က သူ့ကို နားလည် အံ့ဩသည့် အကြည့်ဖြင့် ကြည့်သည်။ ဝီလီသည် ကာရင်းကို ချစ်သည်။ ဆွီလင်၏

ဘဝကို ကိုယ်ချင်းစာကာ သူ့ဘဝချမ်းမြေ့မှုကို ရှာရာတွင် အေးအေးသက်သာ ရှာနိုင်အောင် အတတ်နိုင်ဆုံး ကူညီသည်။ ကာရင်းကို ဤမျှ ချစ်လျက်နှင့် ဆွီလင်ကို လက်ထပ်လိုသည်ကိုမူ စကားလက် အံ့ဩသည်။

‘ဒါဖြင့် ဆွီလင်ကိုကော ဘယ်လိုလဲ၊ ဆွီလင်ကို စိတ်ဝင်စားရဲ့လား’



‘ဝင်စားပါတယ်၊ တစ်မျိုးတော့ တစ်မျိုးစီပေါ့လေ’ ဝီလီက ပါးစပ်ထဲတွင် ဝါးနေသည့် ကောက်ရိုးမျှင်ကို ဆွဲထုတ်ကာ

အထူးအဆန်းသဖွယ် စိုက်ကြည့်နေသည်။ ‘ဆွီလင်ဟာ စကားလက် ထင်သလောက်တော့ မဆိုးပါဘူး၊ ကိုယ်တို့နှစ်ဦး အဆင်ပြေကြလိမ့်မယ် ထင်ပါတယ်၊ ဆွီလင်မှာ လိုနေတာက ယောက်ျားတစ်ယောက်ရယ်၊ သားသမီးတွေရယ် လိုနေတာပါ၊ အေးလေ၊ ဒါကတော့ မိန်းမတိုင်း လိုတာပါပဲ’

လှည်းက ခရောင်းတွေ ထနေသည့် လမ်းပေါ်တွင် တဂျုန်းဂျုန်း ဆောင့်နေသည်။ နှစ်ယောက်သား ငြိမ်လိုက်လာကြစဉ်

စကားလက် စိတ်များနေသည်။ ဆွီလင်က ငြူစူတတ်သည်။ ညည်းတတ်သည်။ ဤမျှ နားပူနားဆာ လုပ်သည့် ဆွီလင်ကို လူအေး လူကောင်း ဝီလီ လက်ထပ်လိုသည် ဆိုခြင်းမှာ တခြားအကြောင်းတွေ ရှိရဦးမည်။

‘ဆွီလင်ကို ဘာဖြစ်လို့ လက်ထပ်ချင်သလဲ၊ တကယ့် အကြောင်းရင်းကို ဝီလီ မပြောသေးဘူးလေ၊ စကားလက်ဟာ

အိမ်ထောင်ဦးစီးဆိုရင် စကားလက် မသိရဘူးလား’

‘သိသင့်ပါတယ်၊ စကားလက်လည်း နားလည်မှာပဲ၊ ကိုယ် မြိုင်သာယာက မခွာချင်ဘူး၊ မြိုင်သာယာဟာ ကိုယ့်အိမ်ပဲ၊

ကိုယ့် တစ်သက်မှာ ဒီအိမ်တစ်အိမ်ပဲ ရှိခဲ့ဖူးသေးတယ်၊ မြိုင်သာယာကို ကိုယ်ချစ်တယ်၊ သဘောကျတယ်၊ ကိုယ့်မြေ ကိုယ့်ယာလို သထောထားပြီး အလုပ်လုပ်ခဲ့တယ်၊ လုပ်မိတဲ့အခါကျတော့လည်း အလုပ်ဆိုတာ သံယောဇဉ် ရှိလာတာပဲ၊ ကိုယ်ပြောတာ သဘောပေါက်ရဲ့လား မသိဘူး’

စကားလက် နားလည်သည်။ ဝီလီကို သနားသွား၏။ ဝီလီသည် သူနှင့် တူလေခြင်းဟု ထင်မိသည်။

188



‘ကိုယ် ဒီလို စဉ်းစားတယ်၊ ဦးလေး ဂျရယ်လည်း မရှိတော့ဘူး၊ ကာရင်းကလည်း သီလရှင် ဝတ်တော့မယ်၊

မြိုင်သာယာမှာ ကိုယ်နှင့် ဆွီလင်ပဲ ကျန်ခဲ့ကြတော့မယ်၊ ကိုယ်တို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့တော့ ယူရင်ယူ မယူရင် လူတွေက ဘယ်လိုပြောကြမလဲ’

‘မီလာနီနှင့် အက်ရှလေလည်း ရှိသေးတာပဲ’



အက်ရှလေ၏ အမည်ကို ပြောစဉ် ဝီလီက စကားလက်ကို လှမ်းကြည့်လိုက်၏။ သူ့မျက်လုံး ပြာလဲ့လဲ့က အဓိပ္ပာယ်

အပြည့်ဖြင့်။ သူနှင့် အက်ရှလေတို့ အကြောင်းကို ဝီလီ သိသည် ထင်သည်။ သို့ရာတွင် ကန့်ကွက်ခြင်းလည်း မပြု။ ထောက်ခံခြင်းလည်း မရှိ။

‘သူတို့လည်း မကြာခင် သွားကြတော့မယ်’



‘ဘယ်ကို သွားမှာတဲ့လဲ၊ မြိုင်သာယာဟာ သူတို့ အိမ်၊ ဝီလီတို့ အိမ်ပဲ မဟုတ်လား’



‘ဟင့်အင်း၊ သူတို့အိမ် မဖြစ်နိုင်ဘူးတဲ့၊ အက်ရှလေလည်း ဒါကြောင့် စိတ်ညစ်နေတာပေါ့၊ သူဟာ မြိုင်သာယာမှာ

ဘာမှ အသုံးမဝင်ဘူး၊ ဒါကြောင့် သူ့အိမ် မဟုတ်ဘူးတဲ့၊ သူက ယာကောင်းကောင်း မလုပ်တတ်ဘူး၊ သူ့ဘာသာ သူ သိတယ်၊ ဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ယာသမားမှ မဟုတ်တာ၊ ဘာ လုပ်တတ်မှာလဲ၊ ထင်းလည်း မပေါက်တတ်ဘူး၊ ထင်းပေါက်ရင် ကိုယ့်ခြေထောက် ကိုယ် ပြန်ပေါက်မိမှာပဲ၊ ထွန်ရေးကြောင်းလည်း ဖြောင့်ဖြောင့်တန်းတန်း ဖြစ်အောင် မဆွဲတတ်ဘူး၊ အို သူ မလုပ်တတ်တာတွေ လျှောက်ပြောနေရင်တော့ စာအုပ်တစ်အုပ် ရေးတောင် ကုန်မှာ မဟုတ်ဘူး၊ ဒါကလည်း သူ့အပြစ် မဟုတ်ပါဘူးလေ၊ သူ လုပ်နေကိုင်နေကျမှ မဟုတ်ဘဲကိုး၊ မြိုင်သာယာမှာ သူက ဘာမှ မလုပ်ဘဲ မိန်းမတစ်ယောက်ရဲ့ ထဘီနားကို ခိုစားသလို ဖြစ်နေတယ်တဲ့’

‘ထဘီနား ခိုတယ် ဟုတ်လား၊ သူက ဒီလိုပဲ ပြောသလား’



‘ဟင့်အင်း၊ သူကတော့ ဒီလို မပြောပါဘူး၊ အက်ရှလေအကြောင်းကို စကားလက်လည်း သိသားပဲ၊ ဒါပေမယ့်

စကားလက် သိအောင် ပြောပါ့မယ်လေ၊ မနေ့ညက သူနှင့် ကိုယ် အသုဘ စောင့်ကြရင်း ဆွီလင်ကို ဖွင့်ပြောလိုက်ပြီလို့ ကိုယ်က ပြောတယ်၊ ဆွီလင်ကလည်း လက်ခံတယ်ပေါ့လေ၊ ဒီလိုဆိုရင် သူလည်း အသက်ရှူချောင်သွားပြီတဲ့၊ အစတုန်းတော့ ဦးလေး ဂျရယ် မရှိတဲ့ အတွက် ကိုယ်တို့နှစ်ယောက်တည်း ထားပစ်ခဲ့လို့ မဖြစ်လို့ သူတို့ နေမယ် စိတ်ကူးတယ်တဲ့၊ ခုတော့ ကိုယ်တို့နှစ်ယောက် အတွက် စိုးရိမ်စရာ မရှိတော့ဘူးတဲ့၊ ဒါကြောင့် တစ်နေရာရာ သွားပြီး အလုပ် လုပ်တော့မယ်တဲ့’

‘ဘာအလုပ်တဲ့လဲ၊ ဘယ်မှာလဲ’



‘သေသေချာချာတော့

မသိဘူး၊

မြောက်ပိုင်းကို

သွားမယ်လို့တော့

ပြောတာပဲ၊

နယူးယောက်မှာ

ယန်ကီ

မိတ်ဆွေတစ်ယောက် ရှိတယ်တဲ့၊ ဘဏ်တိုက် တစ်တိုက်မှာ လာလုပ်ဖို့ ခဏ ခဏ စာရေးခေါ်နေတယ်တဲ့’

‘သူနှင့် ဖြစ်မှာ မဟုတ်ပါဘူး’



စကားလက်က စိုးရိမ်တကြီးဖြင့် ပြော၏။ ဝီလီက စောစောက အကြည့်မျိုးဖြင့် ကြည့်သည်။

189



‘မြောက်ပိုင်း သွားနိုင်ရင်တော့ မဆိုးပါဘူး၊ ကောင်းပါတယ်’



‘မဖြစ်ပါဘူး၊ သူနှင့် ဘယ်နည်းနှင့်မှ မဖြစ်ပါဘူး’



စကားလက် စိတ်သည် ယောက်ယက်ခတ်နေသည်။ မြောက်ပိုင်းသွားလျှင် နောင်တွင် သူနှင့် တွေ့ရတော့မည် မဟုတ်။

အက်ရှလေနှင့် မတွေ့ရသည်မှာ ကြာပြီ။ သစ်သီးခြံထဲတွင် တွေ့ပြီးနောက် စကား မပြောဖြစ်ကြတော့။ သို့ရာတွင် အက်ရှလေကို တစ်နေ့မျှ မမေ့။ သူ့အိမ်တွင် တင်ထားသည့် အတွက် တစ်နည်းအားဖြင့် စိတ်ချမ်းသာသည်။ ဝီလီထံသို့ ငွေပို့တိုင်း ဤငွေသည် အက်ရှလေ ချောင်ချောင်လည်လည် နေနိုင်ရေးအတွက်လည်း ဖြစ်သည်ဟု တွေးကာ စိတ်ချမ်းသာခဲ့ရသည်။ အက်ရှလေသည် ယာသမားမဟုတ်။ အက်ရှလေသည် ဤအလုပ်မျိုးနှင့် မတန်။ ထို့ထက် အထက်တန်းကျသည့် အလုပ်မျိုးနှင့်သာ တန်သည်ဟု စကားလက်ထင်သည်။ အက်ရှလေသည် အုပ်ချုပ်ဖို့၊ အိမ်ကြီးရခိုင်နှင့် နေနိုင်ဖို့၊ မြင်းကောင်း မြင်းချောကြီးများကို စီးဖို့၊ ကဗျာ စာပေကို လိုက်စားဖို့ ဇာတာပါလာသူဖြစ်သည်။ ယခု အိမ်ကြီးရခိုင် မရှိတော့၊ မြင်းချော မရှိတော့၊ ကျွန်တွေ မရှိတော့၊ စာအုပ်တွေ မရှိတော့။ မရှိသည့်တိုင် အက်ရှလေ၏ ဇာတာသည် မပြောင်း။ အက်ရှလေသည် ယာထွန်ဖို့၊ ထင်းခွဲဖို့ ဇာတာ ပါလာသူ မဟုတ်။ ထို့ကြောင့် မြိုင်သာယာမှ ပြန်လိုသည်မှာ မဆန်း။

သို့ရာတွင် အက်ရှလေကို ဂျော်ဂျီယာမှ မခွာစေချင်။ လိုအပ်လျှင် ဖရင့်ကို အနိုင်ကျင့်ကာ ကုန်တိုက်တွင် အလုပ်တစ်ခု

ဖန်တီးခိုင်းတန် ခိုင်းရမည်။ ဆိုင်က သူငယ်ကလေးကို ထုတ်ပြီး အက်ရှလေကို အစားထိုးတန် ထိုးရမည်။ သို့ရာတွင် ဤအစီအမံကိုလည်း စိတ်တိုင်းမကျသေး။ အက်ရှလေ၏ နေရာသည် ထွန်တုံးပေါ်တွင်လည်း မဟုတ်။ ကုန်တိုက်အရောင်းခုံ နောက်တွင်လည်း မဟုတ်။ အက်ရှလေ ဈေးရောင်းနေသည်ကို သူ မကြည့်ရက်။ သူ့ သစ်ခွဲစက်တွင် နေရာပေးရမည်လော။ ဤသို့ ဆိုလျှင်မူ အနည်းငယ် ဣနြေ္ဒရသည်။ စကားလက် သူ့ အတွေးဖြင့် သူ ကျေနပ်သွား၏။ သို့ရာတွင် သူ့ ကမ်းလှမ်းချက်ကို အက်ရှလေက လက်ခံပါမည်လော။ ထဘီနား ခိုစားသည်ဟု ထင်ဦးမည်လော။ မိမိအကျိုးအတွက် အကူအညီ တောင်းသည့် သဘောဖြစ်အောင် သူ့ကို ပြောမှဖြစ်မည်။ သစ်ခွဲစက်ဟောင်းမှ ဂျွန်ဆင်ကို ထုတ်ပစ်ပြီး အက်ရှလေကို ခန့်ရမည်။ ဖရင့် ကျန်းမာရေး မကောင်းကြောင်း၊ သူ့ကုန်တိုက် အလုပ်ဖြင့် ပိကာ သူ့အတွက် မည်သည့် အကူအညီမျှ မရကြောင်း၊ သူ့တွင် မပေါ့မပါး ဖြစ်နေသဖြင့် အကူအညီ လိုအပ်ကြောင်း အက်ရှလေကို ပြောပြရမည်။

ဤအချိန်တွင် သူသာ ဝင်၍ အကူအညီ မပေးလျှင် မိမိအခြေအနေ မည်မျှ ဆိုးသွားနိုင်ကြောင်း အက်ရှလေ

သဘောပေါက်အောင် ပြောရမည်။ သစ်ခွဲစက်မှ အကျိုးစီးပွားကို အက်ရှလေအား တစ်ဝက်ခွဲပေးမည်။ အက်ရှလေကသာ လက်ခံမည်ဆိုလျှင် သူနှင့် အက်ရှလေ နီးနီးနေရမည်။ သူ့ အပြုံးလဲ့လဲ့ကို မြင်နေရမည်။ မိမိကို သူ ချစ်နေသေးခြင်း ရှိ မရှိကို အကဲခတ်ခွင့် ရနိုင်မည်။ သို့ရာတွင် အက်ရှလေအား မြှူဆွယ်ခြင်း မပြုတော့။ အချစ်ထက် တန်ဖိုးထားသော ဂုဏ်သိက္ခာဆိုသည့် မိုက်မဲမှုကို စွန့်လွှတ်ပြီး သူ့နောက်သို့ ပါလာအောင် ဆွယ်ခြင်းမပြုဟူ၍ကား စကားလက် ဆုံးဖြတ်ထားသည်။ အက်ရှလေ သူ့ သစ်ခွဲစက်တွင် ဝင်လုပ်အောင် ဤသဘောကိုမူ သူ သိသိသာသာ ပြထားမှ ဖြစ်မည်။ သို့မဟုတ်လျှင် အက်ရှလေ ငြင်းလိမ့်မည်။ သစ်သီးခြံထဲတွင် တွေ့ခဲ့စဉ်က အဖြစ်မျိုးကို နောင်တွင် အဖြစ်ခံနိုင်မည် မဟုတ်။

‘အတ္တလန်တာမှာ လုပ်ချင်ရင်တော့ သူ့အတွက် စကားလက် အလုပ် ရှာပေးနိုင်ပါတယ်’



‘ဒါက အက်ရှလေနှင့် စကားလက်ရဲ့ ကိစ္စပဲ’ ဝီလီက ကောက်ရိုးမျှင်ကို ပါးစပ်ထဲ ပြန်၍ ဝါးနေသည်။ ‘စကားလက်တို့

190

ဖေဖေ့ အကြောင်း မပြောခင် စကားလက်ကို တစ်ခုတော့ ပြောရဦးမယ်၊ ဆွီလင်ကိုတော့ စိတ်မဆိုးနှင့်နော်၊ ကိစ္စက ပြီးလည်း ပြီးနေပါပြီ၊ သူ့ကို စိတ်ဆိုးနေလို့ ဦးလေး ဂျရယ်လည်း အသက်ပြန်ရှင်လာမှာ မဟုတ်တော့ပါဘူး၊ တကယ်ကတော့ ဆွီလင်ကလည်း စေတနာနှင့် လုပ်တာပါ’

‘စကားလက်လည်း ဒီကိစ္စကို မေးမလို့ပဲ၊ ဆွီလင်က ဘာဖြစ်လို့လဲ ဟင်၊ အဲလက် ပြောလိုက်တာကလည်း မရှင်း

မရှင်းနှင့်၊ ဆွီလင်ကို ကျာပွတ်နှင့် ရိုက်ဖို့ကောင်းတယ်တဲ့၊ ဘာဖြစ်လို့လဲ၊ သူက ဘာလုပ်လို့လဲ’

‘ဟုတ်တယ်၊ လူတွေကတော့ သူ့ကို တော်တော် စိတ်ဆိုးနေကြတယ်၊ ဒီနေ့ ညနေ ဂျုန်းဘာရိုမှာ တွေ့ခဲ့တဲ့လူတွေက

ဆိုရင်

ဆွီလင်ကို

သတ်တောင်

သတ်ပစ်ချင်ကြသတဲ့၊

ပြီးတော့လည်း

ပြီးသွားမှာပါလေ၊

စကားလက်

ဆွီလင်ကို

စိတ်မဆိုးရဘူးနော်၊ ဘယ့်နှယ်လဲ၊ ကတိပေးမယ် မဟုတ်လား၊ ကိုယ်လည်း ဦးလေး ဂျရယ်ရဲ့ အလောင်းကြီး ရှေ့ထားပြီး ရန်ဖြစ်လို့ မရတော့ပါဘူး၊ ဘယ့်နှယ်လဲ ကတိပေးမယ်လား’

ရန်မဖြစ်တော့ဘူးတဲ့။ စကားလက် သူ့ စကားကို တွေး၍ ဒေါပွသည်။ ပြောပုံက ပိုင်စိုးပိုင်နင်း။ မြိုင်သာယာကို သူ

ပိုင်သည့်နှယ်။

အိမ်ရှေ့ခန်းတွင် ပြင်ထားသည့် ဖေဖေ့အလောင်းကို စကားလက် မြင်ယောင်သည်။ စကားလက် ရှိုက်၍ အားရပါးရ

ငိုသည်။ ဝီလီက သူ့ကို ဖက်၍ သူ့အနားသို့ တိုးသည်။ မည်သို့မျှ မပြော။

လမ်းက မှောင်စပြုလာပြီ။ တဂျုန်းဂျုန်း ဆောင့်နေသည့် လှည်းပေါ်၌ ဝီလီ ပခုံးတွင် ခေါင်းတင်၍ လိုက်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်က ဖေဖေ့ကို စကားလက် မေ့သွားသည်။ ထိုစဉ်က ဖေဖေသည် ပြန်မလာတော့သည့် မိန်းမတစ်ယောက်ကို မျှော်နေသည့် ယောင်တီးယောင်န အဘိုးအိုကြီး တစ်ယောက်။ ယခု စကားလက် မြင်ယောင်နေသည်က ဆံပင်ဖြူဖြူ အားရပါးရ စကားပြော၍ ဖိနပ်သံ တဒိုင်းဒိုင်း၊ လက်ဖွာဖွာ၊ ရယ်စရာ တသောသော ပြောတတ်သည့် အားကောင်းမောင်းသန် အဘိုးကြီး။ ဖေဖေသည် ကမ္ဘာတွင် အံ့ဩစရာ အကောင်းဆုံး လူတစ်ယောက်ဟု သူ ငယ်ငယ်က ထင်ခဲ့သည်။ ခြံစည်းရိုးများကို မြင်းဖြင့် ခုန်သည့်အခါတွင် သူ့ကို မြင်းပေါ် တင်ခေါ်သွားတတ်သည့် ဖေဖေ။ အော်ကျယ် ဟစ်ကျယ် စကားပြောတတ်သည့် ဖေဖေ။ သူ ငိုလျှင် လိုက်ငိုတတ်သည့် ဖေဖေ။ အတ္တလန်တာတို့ ချာလက်စတန်တို့က ပြန်လာလျှင် လက်ဆောင်ပစ္စည်းတွေ ဝယ်လာတတ်သည်။ ဂျုန်းဘာရိုတွင် ပွဲရှိလျှင် နံနက် လင်းခါနီးမှ မူးမူးဖြင့် ပြန်လာတတ်သည်။ မြင်းကို ကောင်းကောင်း မစီး။ သီချင်း တကြော်ကြော် ဆိုကာ ယာခင်းတွေထဲဖြတ်ပြီး ခြံစည်းရိုးတန်းများကို ခုန်၍ စီးလာတတ်သည်။ နံနက်လင်း၍ မေမေနှင့် မျက်နှာချင်းဆိုင်ရလျှင် မျက်နှာက ရှက်ကိုး ရှက်ကန်း။ ယခု မရှိတော့။ မေမေ့ နောက်သို့ လိုက်သွားပြီ။

‘ဖေဖေ နေထိုင်မကောင်းတာများ စာရေးပေါ့ ဝီလီရယ်၊ စကားလက် လာမှာပေါ့’



‘နေထိုင်မကောင်း ဘာမှမဖြစ်ဘူး၊ အကောင်းကြီးက ဖြစ်သွားတာ၊ ရော့ ရော့ လက်ကိုင်ပဝါနှင့် သုတ်လိုက်ဦး၊

အေးအေးဆေးဆေး ပြောပြမယ်’

စကားလက်က နှပ်ညှစ်သည်။ အတ္တလန်တာမှ ထွက်လာစဉ်က လက်ကိုင်ပဝါလေး တစ်ထည်မျှ မပါ။ ဝီလီ၏

လက်မောင်းထဲတွင် မှီလိုက်လာသည်။ သဘောကောင်းသည့် ဝီလီ။ ဘာပြောပြော စိတ်မဆိုးတတ်။

191



‘ဖြစ်ပုံက ဒီလို စကားလက်၊ စကားလက်က ကိုယ်တို့ဆီကို ပိုက်ဆံမှန်မှန်ပို့နေတယ် မဟုတ်လား၊ ကိုယ်နှင့် အက်ရှလေ

တိုင်ပင်ပြီး မြေခွန်ပေးစရာ ရှိတာတွေ ပေးတယ်လေ၊ ပြီးတော့ လားတို့ မျိုးစေ့တို့ ဝယ်တယ်၊ ဝက်နှင့် ကြက်တွေလည်း ဝယ်တယ်၊ မီလာနီက ကြက်ခြံကို ကြည့်တယ်၊ တော်ရှာပါတယ်၊ ဘာမှ လှည့်မကြည့်ရဘူး၊ ဒီလိုနှင့် ပိုက်ဆံကလေးကို လိုတဲ့ ဟာကလေးတွေ မျှဝယ်လိုက်တယ် ဆိုပါတော့၊ အဝတ်အစားတို့ ဘာတို့ ဝယ်ဖို့ ပိုက်ဆံ မကျန်တော့ဘူး၊ ဒါပေမယ့် ဘယ်သူမှ မပြောပါဘူး၊ ဆွီလင်တစ်ယောက်ကတော့ သိပ်မကျေနပ်ဘူးပေါ့။

‘မီလာနီနှင့် ကာရင်းက အပြင်လည်း သိပ်မထွက်ဘူး၊ ရှိတဲ့ အဝတ်အစားဟောင်းလေးတွေကို ဖာထေးပြီး ဖြစ်သလို

ဝတ်ကြတာပါ၊ ဒါပေမယ့် ဆွီလင်က မရဘူး၊ လှလှပပ ကောင်းကောင်းမွန်မွန် နေချင်တယ် မဟုတ်လား၊ အဝတ်အစားဟောင်းတွေ ဝတ်ရရင် မျက်နှာက ရှုံ့မဲ့နေတာပဲ၊ ဂျုန်းဘာရိုတို့ ဖာယက်တီးဗီးလ်တို့ သွားလို့ အဝတ်အစားကောင်းတွေ ဝတ်မသွားရရင် ဂျီကျတော့တာပဲ၊ ဟိုကျတော့ ကော်ဇော်အိတ်သမား မိန်းမတို့၊ ခေတ်ပျက် သူဌေးကတော်တို့က ဝတ်ကောင်းစားလှတွေနှင့် မဟုတ်လား၊ ယန်ကီ ဗိုလ်ကတော်တွေကလည်း ဝတ်လို့ စားလို့ ဆိုတော့ သူ့စိတ်ထဲမှာ ရှက်ဟန် တူပါရဲ့၊ တောက ဒီပြင် အမျိုးသမီးတွေကတော့ ဒီလို အဝတ်အစား လှလှ မဝတ်ရလည်း ကိစ္စမရှိဘူး၊ ဒါပေမယ့် ဆွီလင်က ဒီလို မဟုတ်ဘူးလေ၊ ရထားတစ်စီးနှင့် မြင်းတစ်ကောင်လည်း လိုချင်တယ်၊ အတ္တလန်တာမှာ ဆိုရင် စကားလက်မှာလည်း တစ်စီး ရှိတယ်တဲ့’

‘ရထား မဟုတ်ပါဘူး၊ ဘာဂီ အအိုလေးပါ’



စကားလက် စိတ်တိုတိုဖြင့် ပြော၏။



‘ထားပါတော့လေ၊ ပြီးတော့ စကားလက်က ဖရင့်နှင့် လက်ထပ်သွားတာကိုလည်း သူ တော်တော် အခဲမကျေ

ဖြစ်နေတယ်၊ ကိုယ်ကလည်း ဘာမှန်းမသိဆိုတော့ သူ့ကို အပြစ်တင်မိတယ်၊ တကယ်တော့ စကားလက်ဟာ ကိုယ့် ညီမ တစ်ယောက် အပေါ်မှာ ဒီလို လုပ်သွားဖို့ မကောင်းဘူး’

စကားလက်က ပေါက်တော့မည့် ခလောက်ဆွဲ မြွေတစ်ကောင်လို ခေါင်းကို ဆတ်ခနဲ ထောင်လိုက်၏။



‘ဘာ မကောင်းရမှာလဲ၊ ဒီစကား ဒီတွင် ရပ်ရင်ကောင်းမယ် ထင်တယ် ဝီလီ၊ ဖရင့်က သူ့ကို မကြိုက်ဘဲ စကားလက်ကို

ကြိုက်လို့ ယူတာ ဘာတတ်နိုင်မှာလဲ’

‘မင်းက လည်ပါတယ် စကားလက်ရာ၊ မင်းကို သဘောကျအောင် လုပ်မှာပေါ့၊ ဘယ်မိန်းမဖြစ်ဖြစ် ဒါမျိုးတော့

လုပ်တတ်ကြပါတယ်၊ မင်းက မင်း လုပ်ချင်ပြီဆိုရင် လုပ်နိုင်တဲ့ အရည်အချင်း ရှိတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ကိုယ် သိပါတယ်၊ ဖရင့်တစ်ယောက် ဘာဖြစ်လို့ ဒီလောက် အပြောင်းအလဲ မြန်ရသလဲဆိုတာ အကြောင်း ရှာကြည့်တော့ မင်းကြောင့်ဆိုတာ သိတာပေါ့၊ မင်း စဉ်းစားကြည့်လေ၊ မင်း မသွားခင် တစ်ပတ်လောက်ကတင် ဖရင့်ဆီက ဆွီလင်ဆီကို စာတစ်စောင် ရောက်လာသေးတယ်၊ ဘာမှ မဖြစ်ဘူး ချောလို့၊ နောက်ထပ် ငွေလေး နည်းနည်း စုမိရင် လက်ထပ်မယ် ဆိုတာတောင် ပါသေးတယ်၊ ဒီစာကို ဆွီလင် ပြလို့ ကိုယ် ဖတ်ပြီးပါပြီ’

စကားလက် ငြိမ်နေသည်။ ဝီလီပြောသည့် စကားကို ငြင်း၍ မရ။ ငြင်းစရာ အကြောင်း ရှာမတွေ့။ ဝီလီက သူ့ကို ဤသို့

ထင်လိမ့်မည်ဟု စကားလက် မမျှော်လင့်။ ဖရင့်ကို လိမ်ညာယူသည့်အတွက် သူ နောင်တ မရ။ မိန်းကလေး တစ်ယောက်သည်

192

ကိုယ့်ရည်းစားကို ကိုယ် ထိန်းနိုင်သည့် အရည်အချင်း မရှိလျှင် သူ့ ဆုံးရှုံးမှုအတွက် သနားစရာ မရှိ။ ဆုံးရှုံးထိုက်သည်သာ။

‘ကဲ ဒီလိုဆို စကားလက် မေးမယ်နော်’ စကားလက် ပြောသည်။ ‘ဆွီလင်နှင့် ဖရင့် ရသွားရင် ခု စကားလက်

မြိုင်သာယာကို ထောက်ပံ့သလို ထောက်ပံ့မယ် ထင်သလား’

‘အေး ဒါကြောင့်မို့ မင်း တစ်ခုခု လုပ်ချင်ပြီဆိုရင် မင်းမှာ လုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ပြောတာပေါ့’ ဝီလီက

သူ့ဘက်ကို လှည့်ကြည့်၍ ရယ်ရင်းပြော၏။ ‘ဟုတ်ပါတယ်၊ ဆွီလင်သာ ဆိုရင် ကိုယ်တို့တစ်ပြား တစ်ချပ်မှ ရမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဘာပဲပြောပြော ဒီကိစ္စမှာတော့ စကားလက် လုပ်တာ မှားတယ်၊ စကားလက်ကတော့ ပြောမှာပေါ့၊ ရည်ရွယ်ချက်ကသာ အဓိကပါ၊ နည်းလမ်းက အဓိက မဟုတ်ပါဘူးလို့၊ ထားပါလေ၊ ဒါတွေ ကိုယ်နှင့် မဆိုင်ပါဘူး၊ ကိုယ်က ဘာနာစရာ ရှိတာ မှတ်လို့၊ ဒါပေမယ့် ဆွီလင်ကတော့ မခံနိုင်ဘူးပေါ့၊ ပြောလို့သာ ပြောရတာပါ၊ တကယ်ကတော့ သူကလည်း ဖရင့်ကို ဒီလောက် အလေးအနက် ထားတာ မဟုတ်ပါဘူး၊ ဒါပေမယ့် မင်းက အတ္တလန်တာမှာ ရထားကြီးနှင့်၊ ဝတ်ကောင်းစားလှတွေ ဝတ်လို့၊ သူ့ကျတော့ တောမှာ ဆင်းဆင်းရဲရဲဆိုတော့ သူ့မာနကို သွားထိတာပေါ့၊ ဆွီလင်က အိမ်လည်ချင်တယ်၊ ပွဲတက်ချင်တယ်၊ ဝတ်ကောင်းစားလှတွေ ဝတ်ချင်တယ်၊ ကိုယ်လည်း အပြစ် မတင်ပါဘူး၊ မိန်းမဆိုတာ ဒီလိုပါပဲ။

‘အဲဒါ လွန်ခဲ့တဲ့ တစ်လလောက်ကတော့ ကိုယ် သူ့ကို ဂျုန်းဘာရိုကို ခေါ်သွားတယ်၊ ကိုယ်က အလုပ်ကိစ္စနှင့်

လျှောက်သွားတုန်း သူက မိတ်ဆွေတွေဆီ လျှောက်လည်တာပေါ့၊ အိမ်ပြန်တော့ တစ်လမ်းလုံး စကားမပြောဘူး၊ ဒါပေမယ့် သူ့ကြည့်ရတာ စိတ်လှုပ်ရှားနေပုံ ရတယ်၊ ကိုယ်ကတော့ တစ်ခုခုပဲလို့ ထင်ပေမယ့် အမှတ်တမဲ့ပဲ နေလိုက်တယ်၊ ပြန်ရောက်ကတည်းက

တစ်ပတ်လောက်

ဘယ်သူ့ကိုမှလည်း

ကောင်းကောင်း

စကားမပြောဘူး၊

သူ့ဘာသာသူ

ဘာကျိတ်ကြံနေမှန်း မသိဘူး၊ တစ်နေ့တော့ ကက်သလင်း ကားလ်ဗတ်ဆီကို သွားတယ်၊ ယန်ကီကောင် ဟီလ်တန်နှင့် ရသွားတဲ့ ကက်သလင်းလေ၊ သူတို့လည်း သူတို့ ယာတော ပေါင်ထားတာ ဆုံးလို့ မြို့ကို ပြောင်းကြတော့မလို့၊ စကားလက်လည်း သိမှာပေါ့’

‘ဟင့်အင်း မသိဘူး၊ သိလည်း မသိချင်ဘူး၊ ဖေဖေ့ အကြောင်းပဲ သိချင်တယ်’



‘ပြောပါ့မယ်လေ၊ ဖြည်းဖြည်းပေါ့’ ဝီလီက ခပ်အေးအေး ပြောသည်။ ‘ကက်သလင်းတို့ အိမ်ကလည်း ပြန်လာရော

ကိုယ်တို့အားလုံးဟာ ယန်ကီ ဟီလ်တန်ကို သက်သက်မဲ့ အထင်လွဲနေကြတာတဲ့၊ တကယ်က ဟီလ်တန်ဟာ တကယ့် လူတော် လူကောင်းတဲ့၊ ဒီတော့ ကိုယ်တို့က ဝိုင်းရယ်ကြတယ်၊ အဲဒီနေ့က စပြီး ညနေကျရင် ဦးလေး ဂျရယ်ကို ခေါ်ပြီး လမ်းလျှောက်ထွက်တော့တာပဲ၊ ကိုယ် ညနေ ယာတောက ပြန်လာရင် သားအဖနှစ်ယောက် မိသားစု သုသာန်နားမှာ ထိုင်နေတာ တွေ့ရတယ်၊ ဦးလေး ဂျရယ်ကို လက်ဟန်ခြေဟန်နှင့် ဘာတွေပြောနေမှန်း မသိဘူး၊ အဘိုးကြီးက ခေါင်း တွင်တွင် ယမ်းနေတာပဲ၊ စိတ်ရှုပ်နေပုံလည်း ရတယ်၊ စကားလက် သွားပြီးတဲ့နောက် ဦးလေး ဂျရယ် အခြေအနေကလည်း တော်တော်ဆိုးလာတယ်၊ တော်တော်တန်တန်ကို သတိ မရတော့ဘူး၊ တစ်ခါတော့ ဆွီလင်က သူ့ မေမေ မြေပုံကို လက်ညှိုးထိုးပြပြီး အဘိုးကြီးကို စကားတွေ ပြောနေတယ်၊ အဘိုးကြီး ငိုလို့၊ အဲဒီနေ့ ညနေ အိမ်ပြန်ရောက်တော့ ဆွီလင့် မျက်နှာက ဝမ်းသာနေတဲ့ပုံ၊ ဒါနှင့် ကိုယ်က ဆွီလင်ရယ် ဘာဖြစ်လို့ ဦးလေး ဂျရယ်ကို မေမေ့သင်္ချိုင်းကို ခေါ်သွားရတာလဲ၊ မေမေ ဆုံးတယ်ဆိုတာကို သူမေ့နေတာ၊ ဘာဖြစ်လို့ သတိ ပြန်ရအောင် လုပ်ပေးနေရတာလဲလို့ ပြောတယ်။ ဒီတော့ သူက အသာနေစမ်းပါ၊ တစ်နေ့ကျရင် ဒီလိုလုပ်တဲ့အတွက် ဆွီလင်ကို ကျေးဇူး တင်ကြလိမ့်ဦးမယ် တဲ့၊ မနေ့ညကတော့

193

မီလာနီက ဆွီလင့် အကြံအစည်တွေကို ကိုယ့်ကို ဖွင့်ပြောတယ်၊ မီလာနီကတော့ ဆွီလင်နောက်တာ ဖြစ်မှာပါတဲ့၊ ဆွီလင်က ပြောစတုန်းကတော့ စိတ် မကောင်းတာနှင့် ဘယ်သူ့ကိုမှ ဖွင့်မပြောဘူးတဲ့’

‘ဘာအကြံအစည်တဲ့လဲ၊

ဝီလီ့

စကားက

ဆုံးဦးမှာလား၊

ခုပဲ

အိမ်ရောက်တော့မယ်၊

ဖေဖေ့အကြောင်း

မရောက်သေးဘူးလား’

‘ပြောပါ့မယ်၊ ခု အိမ်ရောက်တော့မယ်၊ ကဲ ဒီနားမှာပဲ ရပ်ပြောမယ်’



ဝီလီက ဇက်ကို သတ်လိုက်၏။ မြင်းက တရှူးရှူး မြည်၍ ရပ်သွားသည်။ မက္ကင်တော့တို့ ယာတောနားက တောစပ်

ချုံတန်းနားတွင် ရပ်သည်။ တိတ်ဆိတ်သည့် အပျက်အစီးပုံကြီးပေါ်တွင် မိုးနေသည့် မည်းမည်းရိပ်ရိပ် မီးခိုး ခေါင်းတိုင်ကြီးများကို မြင်ရ၏။ ဝီလီသည် တခြားနေရာ မရှိတော့သဖြင့် ဤနေရာကိုမှ ရွေး၍ ရပ်လေသလော မသိ။

‘သူ့ အကြံအစည်က ဒီလိုလေ၊ မြိုင်သာယာက ပျက်စီးသွားတဲ့ ဝါတွေ၊ စပါးတွေ၊ စည်းရိုးတွေ အတွက် ယန်ကီတွေဆီက

လျော်ကြေးတောင်းမယ်’

‘ယန်ကီတွေဆီကလား’



‘စကားလက်

မကြားဘူးလား၊

တောင်ပိုင်းက

ပြည်ထောင်စု

လိုလားသူတွေကို

ပျက်စီးဆုံးရှုံးတဲ့

အတွက်

လျော်ကြေးပေးနေတယ်လေ’

‘ဒါတော့ ကြားသားပဲ၊ ဒါက စကားလက်တို့နှင့် ဘာဆိုင်လို့လဲ၊ ဘယ်မှာ လျော်ကြေး ရမလဲ’



‘သူ့ စိတ်ကူးနှင့် သူ အကွက်ချပြီးသားလေ၊ ဂျုန်းဘာရိုကို ရောက်တဲ့နေ့က မစ္စက် မက္ကင်တော့ အိမ်ရောက်သွားတယ်၊

မစ္စက် မက္ကင်တော့က ဝတ်ကောင်းစားလှနှင့်၊ ဟန်ကျလို့၊ ဒီတော့ ဆွီလင်က မေးသတဲ့၊ မစ္စက် မက္ကင်တော့က ပြည်ထောင်စု အစိုးရဆီ လျော်ကြေးလျှောက်တဲ့အကြောင်း၊ သူတို့ဟာ ပြည်ထောင်စု သစ္စာကို ခံတဲ့အကြောင်း၊ ပြည်နယ်ဘက်ကို ဘယ်လို အကူအညီမှ မပေးဖူးတဲ့အကြောင်း ဖော်ပြပြီး လျှောက်လွှာ တင်တယ်တဲ့’

‘သူတို့ကတော့ ပြည်နယ်ကိုသာ မကပါဘူး၊ ဘယ်သူ့ကိုမှ အကူအညီ ပေးဖူးတဲ့ လူတွေမှ မဟုတ်ဘဲ၊ အိုင်းရစ် စကော့

ကပြားတွေ၊ ကပ်စေးနဲတွေ’

‘ထားပါလေ၊ ဒါတွေ ကိုယ် မသိဘူး၊ သူတို့ကတော့ အစိုးရဆီက လျော်ကြေးရတာပဲ၊ ဒေါ်လာ ထောင်နှင့်ချီ ရသတဲ့၊

တော်တော် များသတဲ့၊ ဒီတင် ဆွီလင်က စိတ်ကူးပေါက်လာပြီး အိမ်မှာ သူ့တစ်ယောက်တည်း ကျိတ်ကြံတော့တာပဲ၊ ဝိုင်းရယ်မှာစိုးလို့ ဘယ်သူ့ကိုမှ မပြောဘူး၊ ဘယ်သူ့ကို သွား တိုင်ပင်သလဲဆိုတော့ ကက်သလင်းတို့၊ ဟီလ်တန်တို့ဆီ သွားတိုင်ပင်တော့တာပဲ၊ ဒီတော့ ဟီလ်တန်က ဦးလေး ဂျရယ်ဟာ ပြည်တွင်းစစ်မှာ ပြည်နယ်ဘက်က မပါတဲ့အကြောင်း၊ ဒီပြည်နယ်သား မဟုတ်တဲ့အကြောင်း၊ ပြည်နယ်ဘက်က ဝင်တိုက်ရအောင် သူ့မှာ သားယောက်ျားလေးလည်း မရှိတဲ့ အကြောင်း၊ ပြည်နယ် အစိုးရဆီမှာလည်း အမှု မထမ်းခဲ့ဖူးကြောင်း ဖော်ပြပြီး အစိုးရဆီ လျှောက်လွှာတင်ပါလို့ ပြောလိုက်တယ်၊ သစ္စာရှိ ပြည်ထောင်စုဘက်သား ဖြစ်တဲ့အကြောင်းလည်း ကျမ်းကျိန်ပါလို့ ပြောလိုက်သတဲ့၊ ဒီတင် သူ့ အကြံဉာဏ်တွေ

194

တောင်းလာပြီး ဦးလေး ဂျရယ်ကို လျှောက်လွှာတင်ဖို့ တိုက်တွန်းတော့တာပဲ၊ ကိုယ် ထင်ပါတယ်၊ သူ့ စကားကို ဦးလေး ဂျရယ် နားတောင်လည်မှာ မဟုတ်ဘူးလို့၊ သစ္စာခံကြောင်း ကျမ်းကျိန်ဖို့ အဘိုးကြီးကို တစ်လုံးသွင်း နှစ်လုံးသွင်း ပြောတော့တာပဲ’

‘ဖေဖေကကော ကျမ်းကျိန်သတဲ့လား’



‘ဦးလေး ဂျရယ်က သတိ မကောင်းတော့ဘူးလေ၊ ကိုယ်တို့ကလည်း ဘာမှ မရိပ်မိကြဘူး၊ ဆွီလင် တစ်ခုခု

ကြံနေတယ်ဆိုတာတော့ သိတယ်၊ ဆွီလင်က ဘယ်လိုပြောတယ် ထင်သလဲ၊ မေမေ့ မြေပုံကို ပြပြီး ဖေဖေ့ကြောင့် သမီးတွေ ဒီလို ဒုက္ခရောက်နေရကြောင်း၊ မေမေသိရင် ဖေဖေ့ကို ခွင့်လွှတ်မှာ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့်မို့ အစိုးရဆီက ဒေါ်လာ တစ်သိန်းခွဲ တောင်းဖို့ လက်မှတ်ထိုးပါလို့ အကျပ် ကိုင်တယ်၊ ကျမ်းလည်း ကျိန်ရမယ်ပေါ့’

‘ဒေါ်လာ တစ်သိန်းခွဲ’



စကားလက်က လိုက်ဆိုသည်။ ကျမ်းကျိန်ရမည်ကိုပင် မကြောက်တော့သည့်နှယ် ဖြစ်လာ၏။



ငွေက နည်းသည့်ငွေ မဟုတ်။ အမေရိကန် ပြည်ထောင်စု အစိုးရကို သစ္စာရှိသည်ဟု ကျမ်းကျိန်ရုံ၊ ပြည်ထောင်စု

အစိုးရကို

အမြဲတမ်း

သစ္စာရှိပါမည်ဟု

ကျမ်းကျိန်ရုံ၊

ပြည်ထောင်စု၏

ရန်သူများကို

မည်သည့်အခါမျှ

ထောက်ခံ

အားပေးခြင်းမပြုပါဟု ကျမ်းကျိန်ရုံဖြင့် ဒေါ်လာ တစ်သိန်းခွဲရမည်ဆိုတော့ မဆိုး။ နည်းနည်းကလေး လိမ်ပြောရုံမျှဖြင့် ငွေအများကြီး ရသည်။ ဤသို့ ကြည့်လျှင် ဆွီလင်ကို အပြစ် မဆိုသာ။ ဤကိစ္စကြောင့် ဆွီလင်ကို ကျာပွတ်ဖြင့် ရိုက်ချင်သည်ဟု အဲလက်က ပြောခြင်းလော။ ဤသို့ဆိုလျှင် အဲလက်တို့ တစ်တွေလောက် မိုက်သူ အသူ ရှိမည်မထင်။ ဤမျှ များသည့် ငွေများဖြင့် ကိုယ့်စိတ်တိုင်းကျ လုပ်နိုင်သည် မဟုတ်လော။ စင်စစ် လိမ်ခြင်းဆိုသည်မှာ အသေးအဖွဲမျှသာ မဟုတ်လော။ ယန်ကီများထံက ပိုက်ဆံရမည်ဆိုလျှင် မည်သည့်နည်းဖြင့် ရရ ယူရမည်သာ မဟုတ်လော။

‘မနေ့က မွန်းတည့်လောက်မှာ ကိုယ်ရယ် အက်ရှလေရယ် ထင်းခွဲနေကြတယ်၊ ဆွီလင်က ဒီလှည်းနှင့် ဦးလေး

ဂျရယ်ကို ဂျုန်းဘာရိုကို ခေါ်သွားတယ်၊ ဘယ်သူ့ကိုမှလည်း ပြောမသွားဘူး၊ မီလာနီတော့ ရိပ်မိတယ်၊ ဒါပေမယ့် ဆွီလင်ဟာ ဒီလောက်တော့ တကယ်လုပ်မယ် မထင်ပါဘူးဆိုပြီး ကိုယ်တို့ကို ဘာမှ မပြောဘူး၊ ဆွီလင်ကို ဒီလို လုပ်မယ်လို့ နည်းနည်းလေးမှ မထင်ဘူးပေါ့။

‘အဲဒီနေ့ကျမှ မရွှေဆွီလင့် အကြောင်း အကုန်သိရတော့တာပဲ၊ ဟီလ်တန် ဆိုတဲ့ ယန်ကီကောင်က ဂျုန်းဘာရိုမှာ

ဩဇာရှိတယ်၊ ခေတ်ပျက် သူဌေးတွေ ယန်ကီတွေနှင့်လည်း အဆက်အသွယ်ရှိတယ်၊ ဦးလေး ဂျရယ်က ကျမ်းကျိန်ရင် ထောက်ခံချက် ရေးပေးမလား၊ ထောက်ခံချက်ပေးရင် သူ့ကိုလည်း ပိုက်ဆံပေးမယ်လို့ ဆွီလင်က သဘောတူသတဲ့၊ ဘယ်လောက်မှန်းတော့ မသိဘူး၊ ဦးလေး ဂျရယ် လုပ်ဖို့က လက်မှတ်ထိုးရုံကလေးပဲ၊ သူ့ ကျမ်းကျိန်လွှာကို ဝါရှင်တန် ပို့ပေးမယ်။

‘ဒါနှင့် မြို့ရောက်တော့ ကျမ်းကျိန်လွှာကို ရေးကြသတဲ့၊ အဲဒီအချိန်အထိ ဦးလေးဂျရယ်က ဘာတစ်ခွန်းမျှ မပြောဘူးတဲ့၊

လက်မှတ်ထိုးခိုင်းတော့ ဦးလေး ဂျရယ်က မထိုးနိုင်ဘူးဆိုပြီး ခေါင်းယမ်းပြသတဲ့၊ တကယ်ကတော့ ဘာစာရွက်မှန်းလည်း ဦးလေး ဂျရယ် သိချင်မှ သိမှာပါ၊ ဒါပေမယ့် သူတို့လုပ်နေပုံကို သိပ် မသင်္ကာချင်ဘူး၊ ဆွီလင်ကို သိပ်မယုံဘူးထင်ပါရဲ့၊

195

ဒီတင် ဆွီလင်လည်း ဘာလုပ်ရမှန်း မသိဘဲ အဘိုးကြီးကို ရုံးပြင် ခေါ်ထုတ်လာပြီး မြို့ထဲလျှောက် ရထားမောင်းရင်း အဘိုးကြီးကို နားချတော့တာပဲ၊ လက်မှတ်ကလေးထိုးလိုက်ရင် အားလုံး ချောင်ချောင်လည်လည် ရှိတယ်ပေါ့လေ၊ ခုတော့ ဖေဖေ ခေါင်းမာလို့ သူတို့တစ်တွေ ဒုက္ခရောက်နေကြရတဲ့အကြောင်း၊ မေမေသာသိရင် ခွင့်လွှတ်မှာ မဟုတ်တဲ့အကြောင်း စီကာပတ်ကုံးပြောတာပေါ့၊ အဘိုးကြီးခမျာ စိတ်ထိခိုက်လို့ ရထားပေါ်မှာငိုလို့တဲ့၊ မြင်လိုက်ရတဲ့ လူတွေက ပြောတယ်၊ ဒါနှင့် သားအဖနှစ်ယောက် အခြေအနေကို မြင်တော့ အဲလက်က သွားပြီး အကျိုးအကြောင်း မေးသတဲ့၊ ဒီတင် ဆွီလင်က သူများကိစ္စ ဘာဖြစ်လို့စပ်စုရတာလဲ ဘာလဲ ဆိုပြီး အကြီးအကျယ် ရန်ထောင်လွှတ်သတဲ့။

‘ဆွီလင်ကို

ရုံးခေါ်သွားတယ်၊

ဘယ်သူက ဘရန်ဒီတဲ့၊

ပြောလိုက်မှန်းတော့ မြိုင်သာယာမှာ

မသိဘူး၊

အရက်

ညနေကျတော့

မသောက်ရတာ

အဘိုးကြီးကို

ကြာပြီမဟုတ်လား၊

အရက်တွေတိုက်ပြီး သောက်ရင်လည်း

ဆီးအရက်ချိုကလေးလောက် ထန်းရည်လေးလောက်ပဲ ရှိတာ၊ အဘိုးကြီးက မသောက်တာ ကြာတော့ မူးတော့တာပေါ့၊ မူးလည်း မူး ဆွီလင်ကလည်း ပူဆာတော့ နောက်ဆုံးမှာ ကဲ လက်မှတ် ထိုးမယ်လို့ ပြောသတဲ့၊ ဘာဖြစ်ဖြစ် လုပ်မယ်လို့ ပြောသတဲ့၊ ဒီလိုနှင့် လက်မှတ်ထိုးတော့မယ်ဆိုပြီး စာရွက်တွေလည်း ယူလာရော ဆွီလင်က ဘာပြောသလဲဆိုတော့ စလက်တာရီတို့၊ မက္ကင်တော့တို့၊ သမီးတို့ဆီကို လာကြွားရဲ ကြွားကြည့်စမ်းလို့ ပြောသတဲ့၊ စလက်တာရီတို့ တစ်တွေ လျော်ကြေးတွေ ရထားတာကို အဘိုးကြီးလည်း သိထားတာကိုး။

‘အဲဒီ

နာမည်တွေလည်း

ကြားလိုက်ရော

အဘိုးကြီးက

လက်မှတ်ထိုးမယ်လုပ်ရာက

မထိုးဘဲ

ဆွီလင်ကို

စိုက်ကြည့်နေသတဲ့၊ သတိ ရသွားဟန် တူပါတယ်၊ စလက်တာရီတို့ မက္ကင်တော့တို့ ထိုးတဲ့ စာချုပ်မျိုးလားလို့ မေးသတဲ့၊ ဆွီလင်ကလည်း ဘာဖြေရမှန်း မသိတော့ အယောင်ယောင်အမှားမှား ဖြစ်ကုန်တာပေါ့၊ အဘိုးကြီးက တဖြည်းဖြည်း ဒေါပွပြီး ဟုတ်သလားလို့ အတင်းမေးနေတယ်၊ နောက်ဆုံး ဟီလ်တန်က ဟုတ်တယ် ဦးလေး၊ ဒီလို စာချုပ်မျိုးပဲ၊ သူတို့လို လျော်ကြေးတွေ အများကြီး ရမှာပေါ့လို့ ဝင်ပြောသတဲ့’

‘ဒီတင် အဘိုးကြီး ကျွဲရိုင်းကြီးလို အော်တော့တာပဲ၊ အောက်လမ်းပေါ်ကတောင် ကြားရသတဲ့၊ အဲလက်က ပြောတယ်၊

ဟေ့ အိုဟာရာမျိုးဟာ ဘယ်တော့မှ ဒါမျိုး မလုပ်ဘူးကွ တဲ့၊ ‘နင်လည်း ငါ့ သမီး မဟုတ်ဘူး ဆိုပြီး ဆွီလင်ကို အော်တော့တာပဲ၊ အော်ပြီး အဘိုးကြီး ရုံးထဲက ထွက်လာတာပဲ။

‘လမ်းပေါ် ရောက်တော့ ကျွဲရိုင်းကြီးများလို တရှူးရှူးနှင့်တဲ့၊ စကားလက်တို့ မေမေ သေပြီးတဲ့နောက် ဦးလေး ဂျရယ်ဟာ

ဒီတစ်ခါပဲ အရင်တုန်းက ဟန်ပန်မျိုး ပြန်ပေါ်သေးသတဲ့၊ အဘိုးကြီးက အရက်တွေ သိပ်မူးပြီး ကော်ဆဲလို့တဲ့၊ အဲဒီနားမှာ အဲလက် မြင်းကလည်း ရပ်ထားတာကိုး၊ ဒီတင် အဘိုးကြီး အဲလက် မြင်းကို စီးပြီး ဒုန်းစိုင်း ထွက်သွားသတဲ့၊ ပါးစပ်ကလည်း ကော်ဆဲလို့တဲ့’

‘နေဝင်မိုးချုပ်ကျတော့ ကိုယ်နှင့် အက်ရှလေက ဆင်ဝင်လှေကားထိပ်က သူတို့သားအဖကို စောင့်နေကြတယ်၊

စိတ်ပူနေတာပေါ့၊ မီလာနီကတော့ အိမ်ပေါ်ထပ် တက်ပြီး ငိုနေတယ်၊ ဒီတုန်း ပေတစ်ရာဘက်ဆီက မြင်းခွာသံတွေ ကြားရတာပဲ၊ အမဲလိုက်တဲ့ အခါ ညာသံပေးသလို ညာသံပေး အော်လာသံလည်း ကြားရတယ်၊ ဒီအသံက နည်းနည်း ဆန်းတယ်၊ ဟိုတုန်းက ဦးလေး ဂျရယ် မြင်းစီးရင် အော်နေကျ အသံမျိုးလို့တောင် အက်ရှလေက ပြောသေးတယ်။

196



‘ဒါနှင့် ထွက်ကြည့်ကြတော့ စားကျက်ထဲက ဖြတ်စီးလာတဲ့ ဦးလေး ဂျရယ်ကို မြင်ရတယ်၊ စားကျက်ထဲက

ခြံစည်းရိုးတွေကို ခုန်ပြီး စီးလာပုံရတယ်၊ ကုန်းစောင်းအတိုင်း တရကြမ်း စီးလာတာပဲ၊ ပါးစပ်ကလည်း သီချင်းတွေ အော်ဆိုလို့၊ မြင်းကို ဦးထုပ်နှင့် တဘုန်းဘုန်း ရိုက်ပြီး ဒုန်းစီးလာတယ်၊ ကုန်း ထိပ်တစ်ခု အတက်ရောက်တော့ မြင်းကို နည်းနည်း ဇက်သတ်လိုက်တယ်၊ စားကျက် ခြံစည်းရိုးကို ခုန်ပုံလေး ကြည့်ဦးကွ တဲ့၊ အော်သေးတယ်၊ ဒါပေမယ့် ခြံစည်းရိုးနားလည်း ရောက်ရော မြင်းက ရုတ်တရက် ပတတ်ရပ်ပစ်လိုက်တယ်၊ ဦးလေး ဂျရယ်လည်း အရှိန်လွန်ပြီး မြင်းခေါင်းပေါ်က ကျော်ပြီး ကျွမ်းပြန် ကျသွားတာပဲ၊ ကိုယ်တို့ အနားရောက်သွားတော့ အသက်မရှိတော့ဘူး၊ ကုပ်ကျိုးသွားတယ် ထင်တာပဲ’

ဝီလီက စကားလက် မည်သို့ ပြောမည်နည်းဟု ခေတ္တကြည့်နေသည်။



စကားလက်က ဘာမျှ မပြောသည့်အခါကျမှ မြင်းကို မောင်းသည်။ မြင်းသည် မြိုင်သာယာသို့ ဦးတည် ပြေးနေသည်။

197

၄၀



ထိုညက စကားလက် ကောင်းကောင်း အိပ်မပျော်။ အရုဏ်ကျင်း၍ ညိုမှောင်မှောင် ထင်းရှူးတောတန်းပေါ်မှ

နေထွက်လာသည်နှင့် အိပ်ရာမှ လူးလဲ ထသည်။ ပြတင်းပေါက် အနီးက ခွေးခြေ တစ်လုံးပေါ်တွင် ထိုင်၏။ မေးကို လက်ဖြင့် ထောက်ရင်း စပါးကျီနှင့် တလင်းကို ကြည့်သည်။ ဝါခင်းတွေ အစပ်က သစ်သီးခြံကို ကြည့်သည်။ အရာဝတ္ထု အပေါင်းသည် လန်းဆန်းနေသည်။ နှင်းစွတ်နေသည်။ တိတ်ဆိတ်နေသည်။ စိမ်းစိုနေသည်။ ဝါခင်းများကို မြင်လိုက်ရသည့် အခါ၌ နာကျင်နေသည့် သူ့ နှလုံးသားသည် အေးမြသွား၏။ မြိုင်သာယာ၏ အရှင်သခင်သည် မရှိတော့။ သို့တိုင်အောင် နေထွက် တစ်ပြူတွင် မြင်ရသည့် မြိုင်သာယာက ချစ်စရာ ကောင်းသည်။ လှပသည်။ ငြိမ်းချမ်းသည်။ မြေကြွက်များ၊ မြွေပါများ မဝင်နငိုအောင် ကြက်ခြံကလေးကို ရွှံ့ မံထားပြီး ဆေးဖြူ သုတထ်ားသည်။ မြင်းဇောင်းကလည်း ထိအ့ု တူ။ ခြံထဲတွင် ပြောင်းပင်များ၊ ဝင်းမှည့်နေသည့် ဖရုံသီးများဖြင့် ဖရုံခင်းများ၊ ထောပတ်ပဲခင်းများ၊ မုန်လာဥခင်းများကလည်း သပ်သပ်ရပ်ရပ်။ ပေါင်းမြက် မရှိ။ ဝက်သစ်ချသားများဖြင့် ခြံခတ်ထားသည်။ သစ်သီးခြံထဲတွင်လည်း ပေါင်းမြက်တွေ ရှင်းနေသည်။ ပန်းသီးပင်များ အောက်တွင် ဒေစီ ပန်းပင်တွေက အပွင့်တွေ ဝေလျက်။ နေရောင် ထိုးထားသဖြင့် ဝင်းမှည့်နေသည့် မက်မုံသီးများနှင့် ပန်းသီးများကို သစ်ရွက် စိမ်းစိမ်း ကြားမှ မြင်ရ၏။ အဝေးတွင်မူ ရွှေရောင် ကောင်းကင်အောက်တွင် ကွေ့ကောက်နေသည့် ဝါပင်တန်းများက စိမ်းစိုလျက်။ ယာခင်းဘက်သို့ သွားနေသည့် ကြက်အုပ် ဘဲအုပ်များကို မြင်ရသည်။ ထွန်ယက်ပြီးစ ယာထဲတွင် တီကောင်တွေ၊ ပက်ကျိတွေ ပေါသည်။

ဤအရာများသည် ဝီလီ၏ လက်ရာ။ ထိုလက်ရာရှင် ဝီလီကို စကားလက် ကျေးဇူး တင်သည်။ အက်ရှလေသည်ပင်

ဝီလီလောက်

လုပ်နိုင်မည်

မထင်။

မြိုင်သာယာက

အဖူးအပွင့်များသည်

မင်းစိုးရာဇာ

အထက်တန်းစား

တစ်ဦး၏

လက်ရာ မဖြစ်နိုင်။ မြေကို ချစ်သည့် မမော မပန်းနိုင်သော ‘အသေးစား လယ်သမား’ တစ်ဦး၏ လက်ရာသာ ဖြစ်ရမည်။ ခေတ်ဟောင်းတုန်းကလို မြင်းကောင်း မြင်းသန့်တွေ၊ လားတွေ အများကြီး လွှတ်ထားသည့် စားကျက်တွေ၊ ပြောင်းခင်းတွေ၊ ဝါခင်းတွေ မျှော်မဆုံးအောင် ရှိနေသည့် ယာတောကြီး မဟုတ်။ မြင်းနှစ်ကောင်ဖြင့် ထွန်ရသည့် ယာတော ကလေးမျှသာ ဖြစ်သည်။ သို့ရာတွင် မြိုင်သာယာက မြေမှန်သမျှက မြေသြဇာ ကောင်းသည်ချည်း။ မြေကောများကို ပြန်၍ ထွန်ယက်ဖို့သာ လိုသည်။

ဝီလီက သူ တတ်နိုင်သလောက် ယာကို ချဲ့လုပ်သည်။ ဂျော်ဂျီယာ လယ်သမား၏ ရန်သူကြီး နှစ်ဦး ဖြစ်သည့်

ထင်းရှူးပင်ရိုင်းနှင့် ဆီးခလောက်ပင်တို့ကို ရှင်းထား၏။ ထင်းရှူးရိုင်းနှင့် ဆီးခလောက်ပင်များက ဂျော်ဂျီယာတွင် အလွန် မင်းမူသည်။ ပန်းဥယျာဉ်များ၊ စားကျက်များ၊ လယ်ကွင်းများတွင် သူတို့ ကြီးစိုးတတ်သည်။ မြိုင်သာယာ ဆင်ဝင် ဘေးက မြက်ခင်းပြင် တွင်လည်း သူတို့ ကျူးကျော်ကြသည်။

မြိုင်သာယာသည် ကံကောင်း၍ တောကြီး မြက်မည်း ဘဝသို့ မရောက်ခဲ့ခြင်း ဖြစ်၏။ ဤသည်ကို တွေးမိသည့်

အခါတွင် စကားလက် ရင်ခုန်သံ မမှန်ချင်။ သူနှင့် ဝီလီတို့ နှစ်ယောက်၏ ကြိုးပမ်းမှုကြောင့်ဟု ဆိုရလိမ့်မည်။ သူတို့ နှစ်ယောက်က ယန်ကီများ၊ ကော်ဇောအိတ်သမားများနှင့် သဘာဝ၏ ဘေးဒဏ် မှန်သမျှကို တတ်နိုင်သမျှ ခုခံခဲ့ကြသည်။

198

ဆောင်းဝါ သိမ်းပြီးလျှင် (ကော်ဇောအိတ်သမားများနှင့် မြေခွန်တော်တို့ ထပ်မံ နှိပ်စက်ခြင်း မပြုကြတော့လျှင်) မြိုင်သာယာသို့ နောက်ထပ် ငွေပို့စရာ မလိုတော့ဟု ဝီလီက ပြောသည်။ ထို့ကြောင့် စကားလက် ဝမ်းသာရသည်။ သူ့ အကူအညီ မရလျှင် ဝီလီသည် ခက်ခက်ခဲခဲ ကြိုးပမ်းရလိမ့်မည်။ သို့ရာတွင် ဝီလီ၏ ကိုယ့်အား ကိုယ်ကိုး စိတ်ဓာတ်ကို စကားလက် လေးစားသည်။ ချီးကျူးသည်။ ဝီလီသည် သူတို့ထံတွင် သူရင်းငှား လုပ်နေသမျှ သူ ငွေပို့ နေရဦးမည်။ ယခုမူ ဝီလီသည် သူ့ ညီမ ယောက်ျား ဖြစ်တော့မည်။ သူ့ မတ် ဖြစ်တော့မည်။ မြိုင်သာယာ၏ အရှင်သခင် ဖြစ်တော့မည်။ သူ့ ခြေထောက်ပေါ်တွင် သူ ရပ်တော့မည်။ မှန်သည်။ ဝီလီသည် သူတို့အဖို့ ဘုရား ပေးသည့် လူဖြစ်သည်။

ပေါ့က မနေ့ည ကတည်းက ကျင်းကို တူးထားသည်။ မေမေ့ သင်္ချိုင်း အနီးတွင် ကပ်လျက်။ မြေနီ ကျစ်စာ ခဲပုံထဲတွင်

ပေါက်ပြားကို စိုက်၍ ရပ်နေသည်။ မကြာခင် ထိုနေရာကို ပြန်ဖို့ရတော့မည်။ စကားလက်က သူ့နောက်ရှိ တောင်တမာပင် အုပ်အုပ်ကြီးအောက်

အရိပ်ထဲတွင်

ရပ်နေသည်။

ဇွန်လ

နေရောင်က

စူးလွန်းသဖြင့်

ကျင်းဘက်ကို

မကြည့်နိုင်။

ဂျင်းတာလက်တန်၊ ဟူးခ်ျမွန်ရိုး၊ အဲလက်နှင့် မက်ကရေး၏ အငယ်ဆုံး မြေးတို့က ဝက်သစ်ချသား ခေါင်းဖြင့် ထည့်ထားသည့် ဖေဖေ့အလောင်းကို ထမ်းလာကြ၏။ ခပ်လှမ်းလှမ်းတွင် အိမ်နားနီးချင်းများ လိုက်လာကြသည်။ အဝတ်အစား ခပ်နွမ်းနွမ်း။ တိတ်ဆိတ် ငြိမ်သက်လျက်။ နေခြည်ဖြာသည့် ပန်းခြံလမ်းကလေးပေါ် ရောက်သည့်အခါတွင် ပေါ့က ပေါက်ပြား လက်ကိုင်ကို အုပ်ကိုင်ကာ ဦးညွှတ်၍ အရိုအသေ ပြု၏။ အတ္တလန်တာသို့ သူ မသွားခင်က ဘဲကျောင်းသည့် သူငယ်ကလေးမှာ တော်တော် ကြီးနေပြီ။

မနေ့ညက အားရပါးရ ငိုခဲ့ပြီးပြီ။ ယခု မျက်လုံး ခြောက်ခြောက်သွေ့သွေ့၊ ခါးမတ်မတ်ဖြင့် စကားလက် ရပ်နိုင်ပြီ။

နောက်ဘက်က တရှုပ်ရှုပ် ငိုနေသည့် ဆွီလင်၏ အသံကြောင့် စကားလက် စိတ်တိုနေသည်။ ဆွီလင်၏ မျက်နှာ မို့မို့ကို လှည့်၍ ရိုက်ပစ်လိုက်ချင်သည်။ မရိုက်မိအောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရ၏။ စေတနာ ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ ဆွီလင်ကြောင့် ဖေဖေ သေခဲ့ခြင်း ဖြစ်သည်။ မကျေမနပ် ဖြစ်နေသည့် အိမ်နားနီးချင်းများ ရှေ့တွင် ဣနြေ္ဒဆည်ဖို့ ကောင်းသည်။ ထိုနေ့က မည်သူကမျှ ဆွီလင်ကို စကား မပြောကြ။ နှစ်သိမ့်ခြင်း မပြုကြ။ စကားလက်၊ ကာရင်းနှင့် ပေါ့တို့ကိုသာ အားပေးစကား ပြောကြသည်။ သို့ရာတွင် ဆွီလင်ကိုမူ လှည့်၍ပင် မကြည့်ကြ။ 

သူတို့ အမြင်တွင်မူ ဆွီလင်သည် အဖေကို သတ်သည်ထက် အပြစ်ကြီးသည်။ ဆွီလင်သည် တောင်ပိုင်းကို သစ္စာ

ဖောက်ရန် အဖေ့ကို အကျပ် ကိုင်ခဲ့သည်။ သူတို့ အမြင်တွင် ဆွီလင် အပြုအမူသည် သူတို့ အားလုံးကို သစ္စာ ဖောက်ခြင်း ဖြစ်၏။ တောင်ပိုင်းသည် စည်းလုံး ညီညွတ်သည်ဟု ကမ္ဘာက သြဘာ ပေးချိန်တွင် သူ့အပြုအမူသည် တောင်ပိုင်း၏ သိက္ခာကို ဖျက်ဆီးရာ ရောက်သည်။ ယန်ကီ အစိုးရထံမှ လျော်ကြေး ရအောင် ကြိုးစားရာတွင် ဆွီလင်သည် ကော်ဇောအိတ် သမားများ၊ ခေတ်ပျက် သူဌေးများနှင့် ပေါင်းခဲ့သည်။ ပြည်နယ်ဘက်က ကြံ့ကြံ့ခိုင်ခိုင် ရပ်ခဲ့သည့် မိဘဆွေမျိုး မျက်နှာကိုမျှ မထောက် ရန်သူနှင့် ပေါင်းသွားခဲ့သည်။ ဤသို့ဖြင့် သူတို့ နယ်တစ်ဝိုက်၏ သိက္ခာကို ဖျက်ဆီးခဲ့သည်။

အသုဘ ပို့သူများ၏ ရင်ထဲတွင် ဒေါသလည်း ထွက်သည်။ စိတ်လည်း မကောင်းကြ။ အထူးသဖြင့် ဖေဖေ့

မိတ်ဆွေဟောင်းကြီး မက်ကရေး၊ ဘွားဘွား ဖွန်တိန်နှင့် မစ္စက် တာလက်တန်တို့က ပိုဆိုးသည်။

အသုဘ မချမီ သူတို့ သုံးယောက်၏ တင်းမာ သုန်မှုန်သော မျက်နှာထားကို မြင်ရသည့် အခါ၌ အက်ရှလေနှင့်

ဝီလီသည် စိတ်လေးနေကြသည်။ မေမေ၏ အခန်းကလေးထဲသို့ ဝင်လာကာ တိုင်ပင် ဆွေးနွေးကြသည်။

199



‘ဆွီလင်ကို တစ်ခုခုတော့ ပြောကြလိမ့်မယ် ထင်တယ်’ ဝီလီက ကောက်ရိုးမျှင်ကို ဝါးရင်း ပြော၏။ ‘ပြောရမယ့် ဝတ္တရား

ရှိတယ်လို့လည်း ထင်ကြပုံ ရတယ်၊ ရှိချင်လည်း ရှိမှာပေါ့လေ၊ ကျွန်တော်ကတော့ ဘာမှ ဝင်မပြောချင်ဘူး၊ ဒါပေမယ့် သူတို့က ပြောလို့ ဆွီလင်ကလည်း ပြန်ပြောရင် ဆူဆူညံညံ ဖြစ်လိမ့်မယ်၊ ခက်တာက အဘိုးကြီး မက်ကရေးက နားလေးတော့ သူ့ကို တားရင်လည်း ကြားချင်မှ ကြားမှာ၊ ဘွားဘွား ဖွန်တိန်ကလည်း တစ်မျိုး၊ ပြောစရာ ရှိရင် ဘွင်းဘွင်း ပြောရမှ ကျေနပ်တဲ့ အဘွားကြီး၊ မစ္စက် တာလက်တန်ကတော့ မပြောနှင့်တော့၊ ဆွီလင်ကို မျက်လုံးကြီး ပြူးပြီး ကြည့်နေတော့တာပဲ၊ သူတို့က တစ်ခုခု ပြောလာရင်တော့ ကျွန်တော်တို့ နှစ်ယောက် ဝင်ရှင်းဖို့ လိုမယ် ထင်တယ်၊ အိမ်မှာတောင် ကိုယ့် ကိစ္စနှင့်ကိုယ် ရှုပ်နေတာ၊ အိမ်နီးချင်းတွေ ဝင်လာရင် ပိုရှုပ်ကုန်မယ်’

အက်ရှလေက စိတ်ပျက် လက်ပျက်ဖြင့် သက်ပြင်းချသည်။ အိမ်နီးချင်းတွေ အကြောင်းကို ဝီလီ့ထက် သူ ပိုသိသည်။

ပြည်တွင်းစစ် မဖြစ်ခင်တုန်းက ရန်ဖြစ်ကြခြင်း၊ တစ်ယောက်နှင့် တစ်ယောက် သေနတ်နှင့် ပစ်ကြခြင်းမှာ အသုဘများတွင် အစ ပြုတတ်သည်။ အိမ်နီးနားချင်းများက သေသူကို ချီးကျူး ပြောဆိုကြခြင်း ဖြစ်သည့်တိုင် ချီးကျူးရာ မရောက်။ သူတို့က ကွယ်လွန်သူကို အလေးတမူ ထား၍ ပြောလေလေ ပရိဒေဝမီး တောက်နေသည့် ဆွေမျိုးတွေက အခံရ ခက်လေလေ။ သို့ဖြင့် အလောင်း မြေမကျခင်မှာပင် ရန်ပွဲ ဖြစ်တတ်သည်။

ဘုန်းကြီး မရှိသဖြင့် အက်ရှလေက ကာရင်း၏ တရား စာအုပ် အကူအညီဖြင့် သရဏဂုံ တင်သည်။ ဘာသာတရား

ကိုင်းရှိုင်းသည့် ကာရင်းကမူ အတ္တလန်တာမှ ဘုန်းကြီး တစ်ပါးလောက် မပင့်ခဲ့ရကောင်းလောဟု ဆိုကာ စကားလက်ကို စိတ်ဆိုး နေသည်။ ဆွီလင်တို့ လက်ထပ်ပွဲတွင် ဘုန်းကြီး ပင့်ရဦးမည်။ ထိုအခါကျမှ ဖေဖေ့ကို အပြီး သရဏဂုံ တင်မည်ဟု နှစ်သိမ့်မှ ကျေနပ်သွားသည်။ ကာရင်းက ဗရင်ဂျီ ဖြစ်သဖြင့် မြိုင်သာယာ အနီးက ပရိုတက်စတင့် ဘုန်းကြီး သရဏဂုံ တင်မည်ကို လက်မခံနိုင်။ ထို့ကြောင့် သူ့တရား စာအုပ်ကို ယူလာကာ အက်ရှလေကို သရဏဂုံ တင်ခိုင်းသည်။ အက်ရှလေသည် စားပွဲတွင် ထိုင်ရင်း မကြံတတ် မစည်တတ် ဖြစ်နေသည်။ သရဏဂုံ တင်ပေးရဦးမည်။ အိမ်နီးနားချင်းနှင့် ရန်မဖြစ်အောင်လည်း ထိန်းသိမ်း ရဦးမည်။ အက်ရှလေ ခေါင်းရှုပ်လှပြီ။

‘ဒါကတော့ ကျွန်တော်လည်း မတတ်နိုင်ဘူး ဝီလီ’ အက်ရှလေက တောက်ပြောင်နေသည့် သူ့ ဆံပင်တွေကို

ဖွ၏။ ‘ဘွားဘွား ဖွန်တိန်နှင့် ဘကြီး မက်ကရေးကိုလည်း ဝင်ထိုးလို့ မဖြစ်၊ မစ္စက် တာလက်တန် ပါးစပ်ကိုလည်း ပိတ်လို့ မရ၊ သည်းခံရမှာပဲ၊ ဆွီလင်ကြောင့် သေရတာ၊ အဖေကို သတ်တဲ့ မိန်းမ၊ သစ္စာဖောက်မလို့တော့ ဆွီလင်ကို ပြောကြမှာပဲ၊ အသုဘကြီး ရှေ့ချပြီး စကား ပြောတဲ့ ဓလေ့ကို ရှုပ်ပါတယ်ဗျာ၊ ဒီအစဉ်အလာကြီးကို ရှုပ်ပါတယ်’

‘ဒါဖြင့် ဒီလိုလုပ်လေ၊ ကျုပ် အနေနှင့်ကတော့ ဆွီလင်ကို လူတကာ ဝိုင်းပြောတာမျိုး မဖြစ်စေချင်ဘူး၊ ဒီတော့ ကျုပ်

တာဝန်ထား၊ သရဏဂုံ တင်ပြီးရင် အသုဘ စကား ဘယ်သူ ပြောမလဲလို့ မေးပြီး ကျုပ်ဘက် လှည့်လိုက်၊ ကျုပ် ပထမဆုံး ပြောမယ်’

စကားလက်က သုသာန် တံခါး ကျဉ်းကျဉ်း ကလေးထဲသို့ ခက်ခက်ခဲခဲ ဝင်ကြသည့် ခေါင်းထမ်း သူများကို

ငေးကြည့်နေသည်။ သူ့ စိတ်တွင်မူ ထိုကိစ္စ များကို မစဉ်းစားမိ။ ဖေဖေ့ကို မြေမြှုပ်လိုက်ရခြင်းသည် သူနှင့် ခေတ်ဟောင်းက ပျော်ရွှင် ချမ်းမြေ့စရာ၊ ကြည်နူးစရာတွေကို ဆက်သွယ် ထားသည့် နောက်ဆုံး ကွင်းဆက် တစ်ခုကို မြေမြှုပ်ပစ်လိုက်ရခြင်း ဖြစ်သည် ဟု တွေးနေသည်။

200



အလောင်း ထမ်းသူများက အလောင်းကို ကျင်းနားတွင် ချ၍ ထုံကျဉ် ကိုက်ခဲနေသည့် လက်များကို ကွေးချည် ဆန့်ချည်

ပြုနေကြသည်။ အက်ရှလေ၊ မီလာနီနှင့် ဝီလီတို့က သုသာန် ဝင်းခြံထဲ ဝင်လာကာ စကားလက်တို့ ညီအစ်မ သုံးယောက် နောက်နားတွင် ရပ်ကြ၏။ ရင်းနှီးသည့် မိတ်ဆွေများက သူတို့ နောက်သို့ ဝင်လာကြပြီ။ ကျန် အသုဘ ပို့သူများက အုတ်တံတိုင်း အပြင်ဘက်တွင် နေရစ်ခဲ့ကြ၏။ စကားလက် အသုဘ ပို့သည့် ပရိသတ်ကို ကြည့်၍ အံ့အား သင့်နေသည်။ အသွားအလာ ခက်ခဲသည့် ဤကာလမျိုးတွင် အသုဘ ပို့သူက စည်ကားနေသည်။ လူပေါင်း ငါးဆယ်ကျော် ခြောက်ဆယ်ခန့် ရှိလိမ့်မည်။ အချို့က ခရီး အဝေးကြီးမှ လာကြခြင်း ဖြစ်သည်။ စောစောစီးစီး ကြားရသဖြင့် အသုဘအမီ လာပို့နိုင်ခြင်း ဖြစ်ပုံရသည်။ ဂျုန်းဘာရို၊ ဖာယက်တီးဗီးလ်နှင့် သာယာကုန်းမှ ဆိုလျှင် မိသားစုလိုက် လာပို့ကြသည်။ သူတို့နှင့် အတူ ကပ္ပလီကျွန် အချို့လည်း ပါလာကြသည်။ မြစ် တစ်ဖက်ကမ်းမှ လယ်သမားများ၊ ကိုင်းသမားများလည်း လာကြသည်။ ကိုင်းသမားတွေက ခပ်ပိန်ပိန်၊ မုတ်ဆိတ်မွေး ဖားဖားကြီးတွေနှင့်၊ ချည်ကြမ်း အင်္ကျီနှင့် သားရေ ဦးထုပ်ကို ဆောင်းထားကြသည်။ ပါးစောင်တွင် ဆေးရွက်ကြီး ငုံလျက်။ ပခုံးတွင် ရိုင်ဖယ်ကို လွယ်လျက်။ သူတို့နှင့် အတူ သူတို့ အိမ်ရှင်မတွေလည်း ပါလာကြ၏။ ခြေထောက်တွင် ဖိနပ် မပါ။ မြေနီ ပျော့ပျော့တွင် အတိုင်းသား။ အောက်နှုတ်ခမ်းတွင် နှာမှုန့်တွေ ပေလျက်။ ဦးထုပ် အောက်မှ သူတို့ မျက်နှာများက ဝါထိန်ထိန်။ ငှက်ဖျား စွဲနေသည့်ဟန်။ သို့ရာတွင် ကော်တင်၍ မီးပူ တိုက်ထားသည့် သရက်ထည် အင်္ကျီများက ပြောင်လျက်။

အနား တစ်ဝိုက်က ခြံနီးချင်းများကမူ အားလုံးလောက် လာကြသည်။ ဘွားဘွား ဖွန်တိန်က တောင်ဝှေး ကလေးကို

ကိုင်လျက်။ အရေ ရှုံ့တွကာ တော်တော် အိုနေပြီ။ သူနှင့် အတူ မြေးမ နှစ်ယောက်လည်း ပါလာ၏။ ဘွားဘွား ဖွန်တိန်ကို တွဲလာကြသည်။ ဘွားဘွား ဖွန်တိန် ယောက်ျားကမူ မရှိတော့။ လွန်ခဲ့သည့် နှစ်လလောက်ကပင် ဆုံးရှာပြီ။ ဘွားဘွား ဖွန်တိန်၏ မျက်လုံး များတွင် လူ့ဘဝကို ခင်မင် တွယ်တာသည့် အရိပ် အယောင်တို့ မရှိတော့။ ဤကိစ္စတွင် သူ့ ယောက်ျားလည်း လက်သည် တစ်ဦး ဖြစ်သည့် အတွက် ယန်ကီ ဟီလ်တန်၏ မိန်းမ ကက်သလင်းကိုလည်း မည်သူကမျှ သူ့ကို အရေးတယူ နှုတ်ဆက်ခြင်း မပြုကြ။ ငုံ့ထားသည့် သူ့ မျက်နှာသည် အရောင် လွင့်နေသည့် သူ့ အဝတ်ဦးထုပ် အောက်တွင် ပျောက်နေသည်။ ဖျင်ကြမ်း အင်္ကျီပေါ်တွင် ဆီတွေ စွန်းပေနေသည်။ သူ့ လက်များက ယင်ကြီးဥ ပြောက်တွေနှင့် ညစ်ပတ် နေသည်။ လက်သည်း အရင်း စက်ဝိုင်းခြမ်းက ပြာနှမ်း နေသည်။ ကက်သလင်းတွင် မျိုးကောင်း ရိုးကောင်း အသွင် သဏ္ဌာန်တွေ မရှိတော့။ အောက်တန်းစား မျက်နှာဖြူ ဂိုက်က ပေါ်နေသည်။ ညစ်ပတ်လျက်။ ဣနြေ္ဒမဲ့လျက်။

‘ခဏ နေရင် နှာရှူတော့မယ်၊ အင်း ကက်သလင်း တစ်ယောက်လည်း စုတ်ပြတ် နေတာပဲ’ ဟု စကားလက်

တွေးနေသည်။

အထက်တန်းစားနှင့်

အောက်တန်းစား

ကြားက

ကွာခြားချက်သည်

ကျဉ်းကျဉ်းကလေးပါတကား။

ယနေ့

အထက်တန်းစား ဖြစ်ပြီး မနက်ဖြန် အောက်တန်းစား ဘဝ ရောက်နိုင်သည်ဟု တွေးကာ စကားလက် လန့်သွားသည်။

‘ငါက ဇွဲရှိလို့၊ ခံနိုင်ရည် ရှိလို့ သူ့လို မဖြစ်တာ’ ဟု စကားလက် စဉ်းစားသည်။ သူနှင့် ကက်သလင်း၏ အခြေအနေသည်

ဘာမျှ မကွာခြား။ ပြည်တွင်းစစ် အပြီးတွင် နှစ်ယောက်စလုံး ကုန်းကောက်စရာ မကျန်သည့် ဘဝသို့ ရောက်ခဲ့ကြသည်။ လက်ဖဝါးသာ ကျန်ရစ်ခဲ့ကြသည်။ ယခု ကက်သလင်း အခြေအနေက ဘာမျှ မတိုးတက်။ ဤသည်ကို ကြည့်၍ စကားလက် သွေးကြီးသွားသည်။

‘ဒီလို ဆိုတော့ ငါက ဘယ်ဆိုးလို့လဲ’

201



စကားလက် တွေးကာ မျက်နှာကို မော့၍ ပြုံးသည်။



သို့ရာတွင် မစ္စက် တာလက်တန်က သူ့ကို အထင်သေးသည့် အကြည့်ဖြင့် စိုက်ကြည့်နေသဖြင့် စကားလက်၏

အပြုံးသည် လမ်းခုလတ်တွင် ရပ်သွား၏။ မစ္စက် တာလက်တန်၏ မျက်လုံးများက ငိုထားသဖြင့် နီရဲနေသည်။ စကားလက်ကို မကျေနပ်သည့် အကြည့်ဖြင့် လှမ်းကြည့်ပြီး ဆွီလင်ဘက်သို့ လှည့်ကြည့်သည်။ သူ့ အကြည့်က ဒေါသ ထွက်သည့် အကြည့်။ မစ္စက် တာလက်တန်၏ နောက်တွင် သမီး လေးယောက် ရပ်နေသည်။ သူတို့ ဆံပင် နီနီတွေက အသုဘနှင့် အဆင် မပြေ။ မျက်လုံး ပြာလဲ့လဲ့များက ခွန်အား ရှိ၍ အန္တရာယ် ပြုနိုင်သည့် သတ္တဝါလေးများ၏ မျက်လုံးများလို တောက်ပြောင်ကြဆဲ။

အားလုံး မတ်တပ် ရပ်၍ ဦးထုပ်များ ချွတ်ကြသည်။ လက်ပိုက် ထားကြသည်။ အက်ရှလေက တရား စာအုပ်ကို

ကိုင်၍ ရှေ့သို့ ထွက်လာ၏။ အက်ရှလေက ခေါင်းငုံ့၍ ရပ်နေသည်။ နေခြည်သည် ဝါလဲ့လဲ့ သူ့ ဆံပင်များပေါ်သို့ ထိုးကျနေ၏။ ပရိသတ် အားလုံး တိတ်ဆိတ်လျက်။ လေတိုးသဖြင့် တတိုင်းမွှေးရွက်များ ပွတ်ထိသံ၊ ခပ်ဝေးဝေးမှ မြေလူးငှက်၏ လွမ်းစဖွယ် တေးသီသံကို ကြားနေရသည်။ အက်ရှလေက တရားစာကို ဖတ်သည့် အခါတွင် အားလုံး ခေါင်းငုံ့ထားကြ၏။ ချိုသာ ကြည်အေးသည့် အက်ရှလေ၏ အသံသည် ခံ့ညား၍ သုတိသာယာနှင့် ပြည့်စုံသည့် တရားစာကို ရွတ်နေသည်။

‘အက်ရှလေရဲ့ အသံက တော်တော် ကောင်းတာပဲ’ စကားလက် တွေးနေသည်။ ‘ဖေဖေ့ အသုဘမှာ အက်ရှလေ

ကိုယ်တိုင် တရားစာ ဖတ်လို့ ဝမ်းသာတယ်၊ ဘုန်းကြီးထက် အက်ရှလေက ပိုကောင်းတာပေါ့၊ သူစိမ်း တစ်ယောက်က သရဏဂုံ တင်တာနှင့် စာရင် ကိုယ့် အထဲက တစ်ယောက်ယောက်က သရဏဂုံ တင်ပေးတာက ကောင်းတာပေါ့’

ငရဲသို့ သွားသူများ အတွက် ဆုတောင်းခန်းကို ရောက်သည့် အခါ၌ (ဤအခန်းကို ကာရင်းက စာရွက် ညှပ်၍

မှတ်ပေးထားသည်။) အက်ရှလေက စာအုပ်ကို ရုတ်တရက် ပိတ်လိုက်သည်။ ဤအခန်းကို ကျော်သွားကြောင်း ကာရင်း သိလိုက်သဖြင့် လှမ်းကြည့်သည်။ အသုဘသို့ လာသည့် ပရိသတ် တစ်ဝက် ကျော်ကျော်က ငရဲပြည် ဆုတောင်းခန်းကို မသိကြ။ ငရဲပြည် ဆုတောင်းခန်းကို ဖတ်လျှင် ဦးလေး ဂျရယ်တို့လို လူကောင်း သူကောင်းသည် နိဗ္ဗာန်သို့ တိုက်ရိုက် မရောက်ကောင်းလောဟု စိတ်မကောင်း ဖြစ်ကြမည်။ ထို့ကြောင့် ငရဲပြည် ဆုတောင်းခန်းကို အက်ရှလေ ကျော်၍ ဖတ်ခြင်း ဖြစ်၏။ နိဗ္ဗာန် ဆုတောင်းခန်းသို့ ရောက်သည့် အခါတွင် ပရိသတ်က လိုက်၍ ဆိုကြသည်။ သို့ရာတွင် မယ်တော် မာရီ အတွက် ဆုတောင်းခန်းသို့ ဖတ်သည့် အခါ၌ ပရိသတ်၏ အသံသည် တိတ်သွား၏။ သူတို့ အားလုံး ဤဆုတောင်းခန်းကို မကြားဖူးကြ။ ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်ကြသည်။

ထို့နောက် အက်ရှလေက ခေါင်းမော့၍ ခေတ္တ နားသည်။ အသုဘ ပို့သူများ၏ မျက်နှာများသည် အသုဘ စကား

ပြောရန် အတွက် အဆင်သင့် ဖြစ်နေကြသည်။ သို့ရာတွင် တရား ရွတ်ဖတ်သည့် ကိစ္စက မပြီးသေး။ စောင့်ရဦးမည်။ တောက အသုဘသည် အချိန် အလွန် ကြာသည်။ မက်သဒစ်နှင့် နှစ်ခြင်း ဘုန်းကြီးများကမူ သရဏဂုံ တင်ရာတွင် တရားစာကို မူသေ ထား၍ မရွတ်။ အခြေအနေကို ကြည့်၍ ကြုံရာ ရွတ်သွားကြသည်။ ကွယ်လွန်သူ၏ ဂုဏ်ပုဒ်တို့ကို ချီးကျူးသည့် အခါတွင် သက်ဆိုင်ရာ ဆွေမျိုး သားချင်းတွေ မျက်ရည် မဆည်နိုင်အောင် ဖြစ်ကြရသည်။ အသုဘ ပို့သူတို့လည်း စိတ်မကောင်း ဖြစ်ကြရသည်။ ဤ အကြောင်းကို အက်ရှလေ ကောင်းကောင်း သိသည်။ အကယ်၍ သက်ဆိုင်သူများက လေးနက်ဟန် မပြလျှင် ဤအကြောင်းကို တော်တော်နှင့် ပြော၍ ဆုံးတော့မည် မဟုတ်။ ဂျရယ် အိုဟာရာ၏ သမီးများသည် သူတို့ အဖေ အသုဘကို ဝတ်ကျေတန်းကျေမျှသာ လုပ်ကြသည်ဟု ပြောကြတော့မည်။

202



အက်ရှလေက ကာရင်းကို လှမ်းကြည့်လိုက်ပြီး တရားစာကို ရွတ်သည်။



‘ငါသည် လူ့ဘဝ ဖြစ်၍ ပြန်လည် ရှင်သန်ခြင်း ဖြစ်တော်မူ၏၊ ငါ့အား ယုံကြည်သူ မှန်သမျှသည် မည်သည့် အခါမျှ

သေလွန်မည် မဟုတ်’

ဤတရားစာက စာအုပ်တွင် မပါ။ ထို့ကြောင့် အက်ရှလေ တချို့ နေရာများတွင် မေ့နေသည်။ ခပ် မြန်မြန် မရွတ်နိုင်။

ခပ်လေးလေး ရွတ်ရသည်။ သို့ရာတွင် ဤသို့ ခပ်ဖြည်းဖြည်း ရွတ်နေသည့် အတွက် အက်ရှလေ၏ စကားလုံးများသည် ပို၍ လေးနက်နေသည်။ အသုဘ ပို့သူများက လက်ကိုင် ပဝါ ထုတ်၍ မျက်ရည် သုတ်ကြ၏။ အသုဘ ပို့သူများက နှစ်ခြင်း သာသနာဝင်များနှင့် မက်သဒစ် ဘာသာဝင်များ ဖြစ်သည်။ သူတို့ စိတ်၌ ဗရင်ဂျီ ဘာသာဝင်တို့၏ သရဏဂုံ တင်ပွဲသည် အေးစက်သည်ဟု ထင်သည်။ စကားလက်နှင့် ဆွီလင်တို့ကမူ ဘာသာရေးကို ကောင်းကောင်း နားမလည်ကြ။ သူတို့ စိတ်တွင် သရဏဂုံ တင်ပွဲသည် ဘာမျှ မထူးခြားဟု ထင်သည်။ မီလာနီနှင့် ကာရင်း သာလျှင် ဗရင်ဂျီ ဘာသာဝင် အိုင်းရစ် လူမျိုး၏ အသုဘကို သူ့ ထုံးစံနှင့်အညီ သရဏဂုံ တင်နေခြင်း ဖြစ်ကြောင်း နားလည်ကြသည်။

တရားစာ ရွတ်ပြီးသည့် အခါတွင် အက်ရှလေက ပြာလဲ့သည့် မျက်လုံးများကို ဖွင့်၍ လူအုပ်ကို ကြည့်သည်။ ခဏ

အကြာတွင် ဝီလီ၏ မျက်လုံးနှင့် ဆိုင်မိကြ၏။

‘အသုဘ စကား ပြောချင်တဲ့ ပုဂ္ဂိုလ် ရှိပါသလား’



မစ္စက် တာလက်တန်၏ ပါးက တုန်လာသည်။ သို့ရာတွင် သူ ဘာမျှ မလုပ်နိုင်မီ ဝီလီက ရှေ့သို့ ထွက်လာကာ

မသာခေါင်းထိပ်တွင် ရပ်၍ စကား ပြောသည်။

‘မိတ်ဆွေများ ခင်ဗျား’ ဝီလီက အသံဝဲဝဲဖြင့် ပြော၏. ‘ကျွန်တော်နှင့် ဦးလေး ဂျရယ် သိတာ မကြာသေးပါဘူး၊

တစ်နှစ်လောက်ပဲ ရှိပါဦးမယ်၊ မိတ်ဆွေများကတော့ သူ့ကို အနှစ် နှစ်ဆယ်လောက် ကတည်းက သိတာပါ၊ ကျွန်တော်လို မနေ့ တစ်နေ့က သိသူ တစ်ဦးက ပထမဆုံး စကား ပြောတာကို ခွင့်လွှတ်စေချင်ပါတယ်၊ သူသာ အသက် ရှိနေသေးရင် နောက် တစ်လလောက်မှာ သူနှင့် ကျွန်တော်ဟာ ယောက္ခမ တော်ရတော့မှာပါ’

ပရိသတ်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သို့ရာတွင် ရိုင်းရာကျမည်စိုး၍ တစ်ဦးကို တစ်ဦး တီးတိုး ပြောဆိုခြင်း

မပြုကြ။ ခေါင်းငုံ့ ထားသည့် ကာရင်းကို လှမ်းကြည့် နေကြသည်။ ဝီလီက မသိဟန် ပြုကာ စကား ဆက်ပြော၏။

‘ဒါကြောင့် သမက်လောင်း တစ်ယောက် အနေနှင့် ကျွန်တော် ပထမဆုံး စကား ပြောခွင့် ရသင့်တယ်လို့ ထင်ပါတယ်’



ပရိသတ်ထဲမှ မနှစ်မြို့သည့် အသံ ထွက်လာသည်။ ဝီလီ၏ နောက်ဆုံး စကားများသည် ပရိသတ်၏ အသံနှင့်

ပျောက်သွား၏။ ပရိသတ်၏ အသံက မကျေနပ်သံ။ စိတ်ပျက်သည့် အသံ။ ဝီလီကို လူတိုင်း ချစ်ကြသည်။ မြိုင်သာယာ အတွက် ဝီလီ မည်မျှ အားကြိုး မာန်တက် အလုပ် လုပ်ကြောင်း အားလုံး သိကြသည်။ ဝီလီ တကယ် ချစ်သည်က ကာရင်း။ သို့ရာတွင် ဆွီလင်ကို လက်ထပ်မည် ဆိုသည့် အခါတွင် စိတ်မကောင်းကြ။ ဆွီလင်က တစ်ကိုယ်ကောင်း ဆန်သည်။ ပလွှားလွန်းသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်နေသည်။ မစ္စက် တာလက်တန်က မျက်တောင် တဖျပ်ဖျပ် ခတ်နေ၏။ ပါးစပ်ကလည်း

203

တလှုပ်လှုပ်။ ဘကြီး မက်ကရေးက နားမကြားရသဖြင့် သူ့ မြေးငယ်ကို ပြန်ပြောခိုင်းနေသံ ပေါ်လာသည်။ ဝီလီက သူတို့ကို ကြည့်၏။ မျက်နှာထားက ခပ်ချိုချို။ သို့ရာတွင် သူ၏ ပြာလဲ့လဲ့ မျက်လုံးများထဲမှ တစ်စုံတစ်ရာက သူ့ ဇနီးလောင်း ဆွီလင် အပေါ်တွင် အာဃာတ မထားရန် ပြောပြနေသကဲ့သို့ ရှိ၏။ ပရိသတ်သည် တစ်ဖက်က ဝီလီကို ခင်သလောက် တစ်ဖက်က ဆွီလင်ကို မုန်းနေသည်။ ဝေခွဲမရ ဖြစ်နေကြပုံ ရ၏။ နောက်ဆုံးတွင် ဝီလီ၏ မျက်နှာကို ငဲ့၍ ဘာမျှ မပြောကြတော့။

‘မိတ်ဆွေများ သိသလို ဦးလေး ဂျရယ် ကောင်းစားတဲ့ ခေတ်ကို ကျွန်တော် မမီလိုက်ပါဘူး၊ ကျွန်တော် သိတာကတော့

ဦးလေး ဂျရယ်ဟာ သဘော ကောင်းတယ်၊ ပွင့်လင်းတယ်၊ လူကြီး လူကောင်း ပီသတယ် ဆိုတာလောက်ကိုပဲ သိပါတယ်၊ ဒါပေမယ့် ဟိုတုန်းက ဦးလေး ဂျရယ် အကြောင်းကိုလည်း မိတ်ဆွေတွေ ပြောကြလို့ ကျွန်တော် သိသင့်သလောက် သိပြီးပါပြီ၊ ဒါပေမယ့် ကျွန်တော် တစ်ခုတော့ ပြောချင်ပါတယ်၊ ဦးလေး ဂျရယ်ဟာ မဟုတ်မခံတဲ့ အိုင်းရစ် လူမျိုး တစ်ယောက်၊ တောင်ပိုင်းက လူကြီး လူကောင်း တစ်ဦး အဖြစ်နှင့် သေသည် အထိ ပြည်နယ် သစ္စာကို စောင့်သိသူ တစ်ဦး ဆိုတာတော့ ကျွန်တော် ပြောချင်ပါတယ်၊ ဒီလို ဆန့်ကျင်ဘက် အရည်အချင်းတွေ ပေါင်းဆုံနေတဲ့ လူရယ်လို့ ခုခေတ်မှာ တော်တော် ရှားပါပြီ၊ ဒီလို အရည်အချင်းတွေ ရှိတဲ့ ပုဂ္ဂိုလ်များဟာ ကွယ်လွန် အနိစ္စ ရောက်ကုန်ကြပါပြီ၊ ဦးလေး ဂျရယ်ဟာ တိုင်းတစ်ပါးမှာ မွေးခဲ့ပေမယ့် သေတဲ့ အခါကျတော့ ကျွန်တော်တို့ထက်တောင် ဂျော်ဂျီယာ ပြည်နယ်သား ပီသ နေပါသေးတယ်၊ သူဟာ ကျွန်တော်တို့လို နေခဲ့တယ်၊ ကျွန်တော်တို့ မြေကို ချစ်တယ်၊ ချုပ်ပြောရရင် ကျွန်တော်တို့ရဲ့ ပြည်နယ် အရေးတော်ပုံကြီး အတွက် သေသွားတယ်၊ တိုက်ပွဲမှာ အသက်ကို စွန့်သွားတဲ့ စစ်သား တစ်ယောက်နှင့် ဘာမှမခြားပါဘူး၊ သူဟာ ကျွန်တော်တို့ တောင်ပိုင်းသား တစ်ယောက် ဖြစ်နေပါပြီ၊ တောင်ပိုင်းသားတွေမှာ ရှိတဲ့ အားကောင်းချက်မျိုးနှင့် တောင်ပိုင်းသားတွေမှာ ရှိတဲ့ အားနည်းချက်မျိုးတွေ အစုံအလင် ရှိသူ တစ်ယောက်ပါ၊ တောင်ပိုင်းသားများလို လုပ်မိရင် မကြောက်မရွံ့ ရဲရဲရင့်ရင့်နှင့် ဖြစ်သမျှကို ရင်ဆိုင်ရဲသူ တစ်ယောက်ပါ။

‘သူ့ကို အင်္ဂလိပ် အစိုးရက စက်တိုင် တင်မယ်လို့ လုပ်တုန်းကလည်း သူ မကြောက်ခဲ့ဘူး၊ အနိုင် မခံတဲ့ စိတ်ဓာတ်နှင့်

ထွက်လာခဲ့တယ်၊ ဒီတိုင်းပြည် ရောက်လို့ ချို့ချို့ငဲ့ငဲ့ နေရတဲ့ အခါမှာလည်း သူ မမှုဘူး၊ အလုပ် လုပ်တယ်၊ ပိုက်ဆံ ရှာတယ်၊ ဒီဒေသက တောကြီး မြက်မည်းကြီးကို လာရှင်းတုန်းကလည်း လူရိုင်းတွေနှင့် ရင်ဆိုင်ပြီး အခြေ ချခဲ့တယ်၊ တောကြီး မြက်မည်းကို ယာတောကြီး တစ်ခု ဖြစ်အောင် လုပ်ခဲ့တယ်၊ ပြည်တွင်းစစ် ဖြစ်လို့ သူ ချွတ်ခြုံကျ ဘဝကို ရောက်တဲ့ အခါကျတော့လည်း ဆင်းရဲမှာကို သူ မကြောက်ခဲ့ဘူး၊ ယန်ကီတွေ မြိုင်သာယာကို ရောက်လာပြီး သူ့ကို သတ်မယ်၊ အိမ်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာကိုလည်း သူ ဂရုမစိုက်ဘူး၊ ဦးလေး ဂျရယ်ဟာ ဘဝကို အရှုံး မပေးဘူး၊ မြေကြီးပေါ်ကို ခြေချပြီး သူ့ နေရာမှာ သူ မြဲမြဲ ရပ်ခဲ့တယ်၊ ဒါကြောင့် ဦးလေး ဂျရယ်မှာ တောင်ပိုင်းသားတွေရဲ့ အားကောင်းချက်တွေ ရှိတယ်လို့ ပြောတာပါ၊ အပြင် ရန်သူ တိုက်လို့ မနိုင်နိုင်ပါဘူး။

‘ဒါပေမယ့် ဦးလေး ဂျရယ်မှာ ကျွန်တော်တို့ တောင်ပိုင်းသားတွေရဲ့ အားနည်းချက်မျိုး ရှိတယ်၊ အဲဒါက ဘာလဲ ဆိုတော့

အတွင်း ရန်သူကို အနိုင် မတိုက်နိုင်တာပဲ၊ ဆိုလိုတာက အပြင်ပက ဘယ်သူမှ သူ့ကို မတိုက်နိုင်ပေမယ့် သူ့ နှလုံးသားကတော့ သူ့ကို အနိုင် တိုက်နိုင်တယ်၊ သူ့ဇနီး ဆုံးတဲ့ အခါကျတော့ သူ့ နှလုံးသားလည်း သေသွားတယ်၊ ဒီမှာ ဦးလေး ဂျရယ် အရှုံး ပေးလိုက်ရတယ်’

ဝီလီက စကားကို ဖြတ်လိုက်၏။ မျက်နှာများကို လိုက်ကြည့်သည်။ နေပူ ကျဲကျဲတွင် ပရိသတ်သည် သူ့စကားကို

204

စူးစိုက် နားထောင် နေကြသည်။ ဆွီလင်အား ဒေါသ ထွက်နေသည်ကို မေ့သွားကြပြီ။ ဝီလီ၏ မျက်လုံးများသည် စကားလက် မျက်နှာပေါ်တွင် ရပ်နား နေကြ၏။ သူ့ မျက်လုံးများက စကားလက်ကို ချော့နေ သကဲ့သို့ ရှိသည်။ မျက်ရည်တွေ အနိုင်နိုင် ထိန်းထားရသည့် စကားလက်သည် သူ့ အကြည့်ကြောင့် စိတ်သက်သာရာ ရသွား၏။ ဝီလီသည် နောင်တမလွန် ဘဝ အကြောင်း မပြော။ လူတိုင် သိနိုင် မြင်နိုင်သည့် ဦးလေး ဂျရယ် အကြောင်းကိုသာ ပြော၏။ ပကတိ စဉ်းစားဉာဏ်ဖြင့် ပြောသည့် အတွက် စကားလက် သဘောကျသည်။ ဤစကားမျိုးကို ကြားလျှင် အားရှိသည်။

‘ဦးလေး ဂျရယ်နှင့် ကျွန်တော်တို့ဟာ အတူတူ ပါပဲ၊ ကျွန်တော်တို့လိုပဲ သူ့မှာ အားကောင်းချက်တွေ အားနည်းချက်တွေ

ရှိတာပဲ၊ ကျွန်တော်တို့ကို ဘယ်သူမှ မနိုင်ဘူး၊ ယန်ကီတွေလည်း မနိုင်ဘူး၊ ကော်ဇောအိတ် သမားတွေလည်း မနိုင်ဘူး၊ အခွန်တော်တွေ တိုးကောက်လည်း မဖြုံဘူး၊ ဆင်းရဲ ပင်ပန်းတာလည်း မကြောက်ဘူး၊ ငတ်မှာကိုတောင် မကြောက်ဘူး၊ ဒီအရာတွေက ကျွန်တော်တို့ကို မနိုင်ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ရင်ထဲမှာ ရှိတဲ့ အားနည်းချက်က ကျွန်တော်တို့ကို နိုင်လိမ့်မယ်၊ တစ်ဦးနှင့် တစ်ဦးရဲ့ စိတ်ဟာ မတူကြဘူး၊ ဒီခေတ်ဟာ စိတ်ဆူတဲ့ လူတွေနေဖို့ မကောင်းဘူး၊ သူတို့ အဖို့ သေတာက ပိုကောင်းတယ်လို့ ကျွန်တော် ထင်တယ်၊ သူတို့ အဖို့ ဒီခေတ်ကြီးမှာ လူဖြစ်ရတာထက် သေတာက စိတ်ချမ်းသာရတယ်၊ ဒါကြောင့်မို့ ဦးလေး ဂျရယ် အတွက် ဒီလောက် ပူဆွေး မနေကြပါနှင့်တော့လို့ ပြောခြင်းပါ၊ ယန်ကီ ဗိုလ်ချုပ် ရှားမင်း ရောက်လာပြီး သူ့ဇနီး ဆုံးပြီး ကတည်းက ဦးလေး ဂျရယ်ဟာ လောကကြီးမှာ သိပ်ပျော်ပုံ မရတော့ဘူး၊ သူ့နှလုံးသားဟာ ဇနီးနှင့် အတူ ပါသွားပြီ၊ ခု ဦးလေး ဂျရယ်ဟာ သူ့ နှလုံးသား ရှိရာကို သွားပါပြီ၊ ဒီတော့ နောက်ထပ် ပူဆွေးတဲ့ စကားတွေကို မပြောကြပါနှင့်တော့လို့ ကျွန်တော် တောင်းပန်ပါတယ်၊ ကျန်ရစ်တဲ့ မိသားစု အဖို့ နှစ်သိမ့်ရာ မရောက်ဘဲ နှိပ်စက်ရာ ရောက်မှာ စိုးရပါတယ်’

ဝီလီက အဆုံး သတ်ပြီး မစ္စက် တာလက်တန်ဘက်သို့ လှည့်လိုက်၏။



‘ဒေါ်ကြီး၊ စကားလက်ကို အိမ်ထဲ ပြန်ခေါ်သွားရင် ကောင်းမယ် ထင်တယ်၊ နေပူ ကျဲကျဲကြီးထဲမှာ ဒီလောက် ကြာကြာ

ရပ်ခိုင်းထားလို့ မကောင်းဘူး’

အသုဘ စကား အပြီးတွင် သူ့ အကြောင်းပြောသံ ကြားလိုက်သဖြင့် စကားလက် မျက်နှာတွေ ပူသွား၏။ အားလုံးက

သူ့ကို လှမ်းကြည့် နေကြ၏။ သူ့ ကိုယ်ဝန်က ဖုံးဖိ မရသည့် အထဲတွင် ဝီလီသည် အဘယ့်ကြောင့် ကြော်ငြာ ပေးနေရသနည်း။ စကားလက် ရှက်လည်း ရှက်သည်။ ဒေါလည်း ပွသည်။ ဝီလီကို ဒေါပွပွဖြင့် လှည့်ကြည့်သည်။ သို့ရာတွင် ဝီလီ၏ တည်ငြိမ်သည့် အကြည့်ကြောင့် စိတ်မဆိုးရက်။

‘ကိုယ် လုပ်နေတာ ကိုယ့် အဓိပ္ပာယ်နှင့် ကိုယ်ပါကွယ်’ ဟု ဝီလီ၏ အကြည့်က ပြောနေ သကဲ့သို့ ရှိသည်။



ဟုတ်သည်။ ဤအခိုက်အတန့်တွင်မူ ဝီလီသည် အိမ်၏ အကြီးအကဲ။ ဝီလီနှင့် စကား မများချင်။ မစ္စက်

တာလက်တန်ဘက်သို့ လှည့်လိုက်သည်။ ဝီလီ ကြိုတွက်သည့် အတိုင်း မစ္စက် တာလက်တန်သည် ဆွီလင့် အကြောင်းကို မေ့သွားပြီ။ တိရစ္ဆာန် ဖြစ်စေ၊ လူ ဖြစ်စေ ယုယတတ်သည့် သူ့ ဝါသနာ အတိုင်း စကားလက် လက်ကို ဆွဲသည်။

‘လာ လာ တူမ၊ အိမ်ထဲ သွားရအောင်’

205



မစ္စက် တာလက်တန်၏ မျက်နှာက ကြင်နာဟန် ပေါက်နေသည်။ စကားလက်သည် လမ်းဖယ်ပေးသည့် ပရိသတ်

ကြားမှ ဖြတ်ကာ မစ္စက် တာလက်တန် ခေါ်ရာသို့ လိုက်လာခဲ့၏။ ပရိသတ်ထဲမှ စိတ်မကောင်းစရာ စကား ပြောသံ၊ ကရုဏာ စကားသံများကို ကြားရ၏။ အချို့က သူ့ ပခုံးကို တယုတယ လှမ်း၍ ပွတ်သပ်ကြသည်။ ဘွားဘွားကြီး ဖွန်တိန်နားသို့ အရောက်တွင် အရိုးပေါ် အရေတင်နေသည့် လက်ကို ကမ်းသည်။

‘လာ လာ ကလေး၊ ဘွားဘွား လက်ကိုတွဲ၊ ဟဲ့ ကောင်မတွေ လိုက်မလာကြနှင့်၊ ဒီမှာ နေရစ်’



ဘွားဘွား ဖွန်တိန်က မြေးမ နှစ်ယောက်ကို ငေါက်ပစ်ခဲ့သည်။



သူတို့ သုံးယောက်သား လူအုပ်ကြားမှ ဖြတ်လာပြီးနောက် သစ်ပင်ရိပ်များအောက် အတိုင်း အိမ်မကြီးဆီသို့ လာခဲ့ကြ၏။

မစ္စက် တာလက်တန်က စကားလက်၏ လက်မောင်းကို ခပ်တင်းတင်း ဆွဲလာသဖြင့် မြေကြီးပေါ်တွင် လမ်းလျှောက်နေသည် မထင်ရ။

‘ဝီလီက စကားလက် အကြောင်းကို ဘာကြောင့် ပြောရတာလဲ၊ ကလေး မွေးတော့မယ် ဆိုတာ လူပုံထဲမှာ ဘာဖြစ်လို့

ပြောရတာလဲ’

‘ဝီလီ ပြောတာ ဟုတ်သားပဲ၊ နေပူကျဲကျဲကြီးထဲ ရပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ၊ မူးမေ့ လဲသွားနိုင်တယ်၊ ကိုယ်ဝန်

ပျက်နိုင်တယ်’

‘ဝီလီက သူ ကိုယ်ဝန် ပျက်ကျမှာကို စိုးရိမ်လို့ မဟုတ်ပါဘူးအေ’ ဘွားဘွား ဖွန်တိန်က လှေကားကို ခပ်ဖြည်းဖြည်း

တက်လာရင်း ပြောသည်။ ‘ဝီလီ ဆိုတဲ့ သူငယ်က တော်တော် လည်တယ်၊ အဲဒီနားမှာ ညည်းလည်း မရှိစေချင်ဘူး၊ ငါလည်း မရှိစေချင်ဘူး၊ အသုဘမှာ တို့နှစ်ယောက် စကား ပြောမယ့် အရေးကို မြင်လို့ ပထုတ်လိုက်တာ၊ ပြီးတော့ ခေါင်းကို မြေကြီးခဲတွေ ဖို့တဲ့ အသံကိုလည်း စကားလက် ကြားစေချင်ပုံ မရဘူး၊ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ၊ မကြားရရင် ညည်းအဖို့ မေ့မေ့ပျောက်ပျောက် ဖြစ်မယ် မဟုတ်လား၊ လောကကြီးမှာ မသာခေါင်းပေါ် မြေကြီးခဲ ပစ်ချသံလောက် ကြောက်စရာ ကောင်းတဲ့ အသံ မရှိဘူး၊ ဟဲ့ တာလက်တန်ကတော်ရဲ့၊ ငါ့ကို ဆွဲပါဦးဟဲ့၊ ငါ မတက်နိုင်ဘူး၊ ညည်းက ညည်းအဖေရဲ့ အသည်း၊ ဟုတ်လား၊ ဒါကို ဝီလီကလည်း သိတာပေါ့အေ၊ ဒီတော့ သိသာ သိစေ မမြင်စေနှင့် ဆိုသလို ညည်းကို အဲဒီ နားမှာ ရှိစေချင်ပုံ မရဘူး၊ ကျန်တဲ့ နှစ်ယောက်ကတော့ ဘာ အရေးကြီးတာ မှတ်လို့၊ ဆွီလင် ဆိုရင်လည်း သူ့ဘာသာ သူ ရှက်နေတာနှင့် ဒါတွေကို စဉ်းစားမိမှာ မဟုတ်ဘူး၊ ကာရင်းကျတော့လည်း ဘုရား တရားနှင့် ဖြေမှာ၊ ညည်းကျတော့ ဘာဖြေစရာ ရှိလို့လဲ’

‘ဟုတ်တယ်’ စကားလက်က ဘွားဘွား ဖွန်တိန်၏ လက်ကို ဆွဲခေါ်သည်။ ‘စကားလက်မှာ ဖေဖေက လွဲလို့ အားကိုးရာ

ဖြေစရာ တစ်ခုမှ မရှိဘူး’

‘ဒါပေမယ့်အေ၊ ညည်းအမေ မရှိတဲ့နောက် ကျတော့လည်း ညည်းဘာသာ ညည်း နေနိုင်သွားတာပဲ မဟုတ်လား၊

တချို့များ ဒီလို ဘယ်နေနိုင်မလဲ၊ ညည်းအဖေ ကြည့်ပါလား၊ ဝီလီ ပြောတာ မှန်တယ်၊ သိပ်ပြီး ပူဆွေး မနေနှင့်၊ ညည်းအဖေက အယ်လင် မရှိရင် နေနိုင်မှာ မဟုတ်ဘူး၊ ခုတော့ သူ့ မိန်းမနောက် လိုက်သွားပြီး ပျော်နေရော့မယ်၊ ငါတို့လည်း အဘိုးကြီးနောက် လိုက်ရရင် ပျော်နေမှာပဲ’

206



ဘွားဘွား ဖွန်တိန်နှင့် မစ္စက် တာလက်တန်တို့က သူ့ကို အားပေး နှစ်သိမ့် စကား မပြောကြ။ ဘွားဘွား ဖွန်တိန်

သူ့ယောက်ျား ရှိရာ သေရွာကို လိုက်မည်ဟု ပြောပုံကလည်း ခပ်လွယ်လွယ်။ သူ့ယောက်ျား ဂျုန်းဘာရိုတွင် ရှိ၍ ဘာဂီ ရထားဖြင့် ခဏလေး သွားလျှင် ရောက်မည့်ပုံမျိုး။

ဘွားဘွား ဖွန်တိန်သည် အိုလှပြီ။ ဘဝ အတွေ့အကြုံတွေကို ရခဲ့ပြီ။ သေခြင်းတရားကို ကြောက်ဟန် မတူတော့။



‘ဘွားဘွားလည်း တစ်ယောက်တည်း နေခဲ့တာပဲ မဟုတ်လား’



စကားလက်က မေးသည်။



‘ဟုတ်တော့ ဟုတ်တာပေါ့အေ၊ ဒါပေမယ့် တစ်ခါတလေကျတော့လည်း နေရတာ ဘယ်လိုကြီးမှန်း မသိဘူး၊ စိတ်ထဲမှာ

တိမ်းတိမ်းပွေပွေကြီး’

‘ကြီးကြီး’ မစ္စက် တာလက်တန်က ခေါ်သည်။ ‘ဒါတွေ သွားပြောမနေနှင့်လေ၊ နဂိုကမှ စိတ်မကောင်း ရတဲ့ အထဲမှာ၊

ခရီးလည်း ပန်း ကိုယ်ဝန်ကလည်း ရင့်၊ ဥတုကလည်း ပြင်း၊ ဒီအထဲမှာ ဖအေ့ ကိစ္စကလည်း ပေါ်နေတော့ ကိုယ်ဝန် ပျက်မကျတာ ကံကောင်း၊ ဒီအထဲ ကြီးကြီးက စိတ်မကောင်းစရာတွေ ပြောနေလို့ ဘယ်ဖြစ်မလဲ’

‘အိုး၊ ဒေါ်ကြီးကလည်း စကားလက် ဒီလောက်တော့ ခံနိုင်ရည် ရှိပါတယ်၊ စကားလက်က ထစ်ခနဲရှိ ကိုယ်ဝန်

ပျက်တတ်တဲ့ မိန်းမစားမျိုး မဟုတ်ပါဘူး’

‘ဒါကတော့ မပြောနှင့်ဟဲ့’ အတွေ့အကြုံရှိသူ ပီပီ မစ္စက် တာလက်တန်က ပြောသည်။ ‘ကြီးကြီး ပထမ ကိုယ်ဝန်တုန်းက

ကပ္ပလီ တစ်ယောက် နွားဝှေ့တာကို မြင်ပြီး ကိုယ်ဝန် ပျက်ကျဖူးတယ်၊ ပြီးတော့ ကြီးကြီးရဲ့ မြင်းမလေး နယ်လီကို မြင်ဖူးတယ် မဟုတ်လား၊ ကြည့်တော့ သိပ်ကျန်းမာတဲ့ မြင်းမပဲ၊ ဒါပေမယ့် မြင်းမက သိပ်ကြောက်တတ်တယ်၊ ကြီးကြီးသာ မကြည့်ရင်’

‘ကဲ တာလက်တန် ကတော်၊ မတော်သေးဘူးလား’ ဘွားဘွား ဖွန်တိန်က ပြောသည်။ ‘ညည်း ဘာပြောပြော စကားလက်

ကိုယ်ဝန်က ဘာမှ မဖြစ်ဘူး၊ ကဲ အခန်းထဲက အေးတယ်၊ ဒီနားမှာ ခဏ ထိုင်ရအောင်၊ ကြီးဒေါ်တို့ဖို့ ဒိန်ချဉ် သွားထည့်ချေစမ်း၊ မီးဖိုထဲမှာ ရှိမလား မသိဘူး၊ စတိုခန်းထဲမှာကော၊ ဆီးအရက်ချိုလေး ဘာလေး မရှိဘူးလား၊ တစ်ခွက်လောက် သောက်ရအောင်၊ တို့တော့ ဒီမှာပဲ ထိုင်တော့မယ်’

‘စကားလက် အိပ်ရာပေါ် တက်လှဲခင် လှဲနေပါလား’



မစ္စက် တာလက်တန်က ကိုယ်ဝန်ဆောင် အမျိုးသမီး အကြောင်းကို ကကြီးမှ အ အထိ သိသူ တစ်ဦးဟန်ဖြင့်

စကားလက်ကို လှမ်းကြည့်၏။

‘ကဲပါအေ သွားမှာ သွားစမ်းပါ’



ဘွားဘွား ဖွန်တိန်က မစ္စက် တာလက်တန်ကို တွန်းလွှတ်လိုက်သည်။ မစ္စက် တာလက်တန်က ဦးထုပ်ကို

ကြောင်အိမ်ပေါ်သို့ တင်ပြီး ခေါင်းကို ကုတ်ရင်း မီးဖိုဘက်သို့ ထွက်သွား၏။

207



စကားလက်က ကြိမ်ကုလားထိုင်ကြီးပေါ်တွင် ထိုင်ကာ အပေါ် အင်္ကျီ ကြယ်သီး နှစ်လုံးကို ဖြုတ်သည်။ အခန်းက

ခပ်မှောင်မှောင်။ အေးမြ နေသည်။ လေပြည်ကလေး တိုက်နေသဖြင့် နေပူထဲမှ လာသူတို့ အဖို့ အေးသွားသည်။ ဖေဖေ့ အလောင်း ထားခဲ့ရာ ဧည့်ခန်းဆောင်ဘက်သို့ မျှော်ကြည့်မိ၏။ ထိုနောက် ဖေဖေ့ အကြောင်းကို ခေါင်းထဲမှ ဖျောက်ကာ နံရံတွင် ချိတ်ထားသည့် သူ့ အဘွား ရိုဘီးလာ့ဒ်၏ ပန်းချီကားကြီးကို ကြည့်သည်။ ယန်ကီ စစ်သားတို့က လှံစွပ်ဖြင့် ဖောက်ထားသဖြင့် အပေါက်တွေ ဖြစ်နေပြီ။ ဆံထုံး မြင့်မြင့်၊ အင်္ကျီ လည်ပင်း ဟိုက်ဟိုက်၊ အမူအရာ အေးစက်စက် ရှိသော သူ့ အဘွား၏ ရုပ်သွင်ကို မြင်လိုက်ရလျှင် စကားလက် အားရှိ သွားသည်။

‘တာလက်တန် ကတော်က သားတွေနှင့် မြင်းတွေ ဘယ်သင်းကိုများ ပိုနှမြော နေသလဲ မသိဘူး’ ဘွားဘွား ဖွန်တိန်က

ပြောသည်။ ‘ကြည့်ရတာကတော့ လင်လည်း ခင်တွယ်ပုံ မရဘူး၊ သမီးတွေလည်း ခင်တွယ်ပုံ မရဘူး၊ ဝီလီ ပြောသလို စိတ်ဆူတတ်တဲ့ မိန်းမမျိုးပေါ့၊ မြင်း မွေးရင် မွေးရမှ၊ မြင်း မမွေးရင် လူ မွေးရမှ ကျေနပ်တဲ့ မိန်းမမျိုး၊ သမီးတွေကလည်း ယောက်ျား ရမယ် မထင်တော့ပါဘူး၊ မအေကလည်း ဒါတွေကို ခေါင်းထဲ ထည့်ဟန် မတူဘူး၊ နေစမ်းပါဦး၊ ဝီလီက ဆွီလင်နှင့် ယူတော့မယ် ဆိုတာ တကယ်လား’

‘ဟုတ်ကဲ့’



စကားလက်က ဘွားဘွား ဖွန်တိန်၏ မျက်နှာကို စေ့စေ့ ကြည့်နေသည်။ ငယ်ငယ်တုန်းကမူ ဘွားဘွား ဖွန်တိန်ကို

ကြောက်လိုက်သည့် ဖြစ်ခြင်း။ မျက်နှာကိုပင် စေ့စေ့ မကြည့်ရဲ။ ယခုမူ သူ အရွယ် ရောက်ပြီ။ ဘွားဘွား ဖွန်တိန်ကို စကား ပြောရဲပြီ။

‘ကောင်လေးက ဒီထက်သာတာ ရနိုင်တာပေါ့ အေ’



အဘွားကြီးက ပြောသည်။



‘ဟုတ်ပါတယ်’



‘အမယ်လေး၊ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ အေ၊ ငါက ညည်း ညီမကို ဘာမှ မပြောပါဘူး၊ သူသာန်တုန်းကတော့

ပြောချင်လိုက်သမှ လျှာကို ယားနေတာပဲ၊ ဒီနား တစ်ဝိုက်မှာ ယောက်ျားကောင်း ရှားတယ် မဟုတ်လား၊ ဝီလီ ကြိုက်ရာ ခေါင်းခေါက် ယူလို့ ရတာပေါ့၊ တာလက်တန်ရဲ့ သမီး လေးယောက်ထဲက ရွေးမလား၊ မွန်ရိုး ညီအစ်မတွေ ရွေးမလား၊ မက်ကရေး သမီးတွေ ယူမလား’

‘သူတို့ကို မယူချင်လို့ ဆွီလင်ကို ယူတာပေါ့ ဘွားဘွားရဲ့’



‘ဆွီလင် ယောက်ျားရ ကံကောင်းတာပေါ့’



‘မြိုင်သာယာ အတွက်လည်း ကောင်းတာပါပဲ’



‘ညည်း မြိုင်သာယာကို တော်တော် သံယောဇဉ် ရှိတယ် ထင်တယ်’

208



‘ရှိပါတယ်’



‘ဒါကြောင့် မြိုင်သာယာမှာ အလုပ် လုပ်မယ့်သူ ရှိရင် ပြီးရော ဆိုပြီး ကိုယ့် ညီမကို သူနှင့် အဆင့်အတန်း မတူသူနှင့်

ပေးစားတာပေါ့ ဟုတ်လား’

‘ဘာ အဆင့်အတန်းလဲ ဘွားဘွား’ စကားလက်က အလန့်တကြား အော်သည်။ ‘ခုခေတ်မှာ အဆင့်အတန်းတွေ

ဘာတွေ မရှိတော့ပါဘူး ဘွားဘွားရယ်၊ မိန်းကလေး တစ်ယောက်အဖို့ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ယောက်ျား တစ်ယောက် ရရင် တော်ရောပေါ့’

‘ဒါကတော့ အမြင် အမျိုးမျိုးပေါ့အေ’ ဘွားဘွား ဖွန်တိတ်က ပြောသည်။ ‘တချို့ကတော့ ညည်း ပြောတာတွေဟာ

ခေတ်နှင့် ညီသတဲ့၊ တချို့ကတော့လည်း မလျှော့သင့်တာတွေ အလျှော့ ပေးတယ်လို့ ပြောကြမှာပဲ၊ ဝီလီဟာ မျိုးရိုး ဇာတိမှ မကောင်းဘဲ၊ တခြား ညည်း အပေါင်းအသင်း တွေကလည်း ဒီလိုပါပဲလေ၊ ဘယ်မျိုးရိုးမှန်း မသိ ဘာမသိ’

ဘွားဘွား ဖွန်တိန်၏ မျက်လုံးများသည် နံရံပေါ်က ရိုဘီးလာ့ဒ် ရုပ်ပုံဆီသို့ ရောက်သွားကြ၏။



စကားလက်က ဝီလီ အကြောင်းကို တွေးနေသည်။ ဝီလီက ပိန်ပိန် ရှည်ရှည်။ ခပ်ကုပ်ကုပ်။ ခပ် ရွံ့ရွံ့။ ကောက်ရိုး

တစ်မျှင်ကို ဝါးနေတတ်သည်။ သူ့ ပုံပန်း သဏ္ဌာန်က အောက်တန်းစား လူဖြူများ ထုံးစံ အထင်ကြီးစရာ မရှိ။ လျော့တိ လျော့ရဲ။ ဆွေမျိုးကလည်း အနုညာတ။ မထင်မရှား။ ပိုက်ဆံလည်း မရှိ။ ဂျော်ဂျီယာသို့ ပထမ ရောက်လာသည့် ဝီလီတို့ အဘိုး အဘွားများသည် ကျွန်များပင် ဖြစ်မည်လော မဆိုနိုင်။ ဝီလီသည် ကောလိပ် ကျောင်းသို့ မရောက်ဖူး။ တောကျောင်းကလေး တစ်ကျောင်းတွင် လေးနှစ်သာ နေဖူးသည်။ သစ္စာ ရှိသည်။ ရိုးဖြောင့်သည်။ စိတ်ရှည်သည်။ အလုပ် ကြိုးစားသည်။ သို့ရာတွင် အဆင့်အတန်း မရှိ။ သူတို့ စံဖြင့် ချိန်ထိုးရလျှင် ဆွီလင်သည် အောက်တန်းသို့ လျှောကျသွားပြီ။

‘ဒါဖြင့် ဝီလီနှင့် ဆွီလင် လက်ထပ်တာ ညည်း သဘော တူတယ်ပေါ့’



‘ဟုတ်ကဲ့၊ တူပါတယ်’



စကားလက်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ အဘွားကြီးကို ရန်ထောင်ချင်သဖြင့် မနည်း အောင့်ထားရ၏။



‘ကဲ ကဲ၊ ငါ့ကို နမ်းစမ်း’ ဘွားဘွား ဖွန်တိန်က သူ မထင်သည့် စကားကို ပြောကာ သူ့ကို ပြုံးပြုံးကြီး ကြည့်နေသည်။

‘ညည်းကို ငါ ဒီတစ်ခါပဲ သဘောကျ ဖူးတယ်၊ တော်တော် ခေါင်းမာတဲ့ သူငယ်မပဲ၊ ငါကလည်း မိန်းမ ဆိုရင် ငါသာ ခေါင်းမာချင်တာ၊ ဒိပြင် မိန်းမ ခေါင်းမာတာ ဆိုရင် အလွန် မုန်း၊ ဒါပေမယ့် ညည်းကြတော့ ငါ မမုန်းရဘူး၊ ညည်း လုပ်တာတွေ မှန်တယ်၊ ကိုယ် မတတ်နိုင်တဲ့ ကိစ္စ အတွက် ဗျာများ မနေဘူး၊ ကိုယ် မကြိုက်သည့်တိုင် ဖြစ်သလို အခြေအနေမှာ အခြေအနေ ပေးသလို လုပ်တတ်တယ်၊ တောလိုက် ကောင်းတဲ့ မုဆိုးများလိုပဲ၊ ကိုယ့် စည်းရိုးကို ကိုယ် လုံအောင် ကာတယ်’

စကားလက်က မရေမရာ ပြုံးကာ ရှုံ့နေသည့် ဘွားဘွား၏ ပါးကို ရှုပ်ခနဲ နမ်းလိုက်၏။ သူ့ကို ထောက်ခံ အားပေးသည့်

စကားမျိုးကို ကြားရသဖြင့် စကားလက် ကျေနပ်သွားသည်။

‘ဒီနား တစ်ဝိုက်ကတော့ ဆွီလင်ကို လူဖြူ အောက်တန်းစားနှင့် ပေးစားရမလား ဆိုပြီး ညည်းကို အပြစ်တင်ကြမှာပဲ၊

209

ဝီလီကို မခင်ကြလို့တော့ မဟုတ်ပါဘူး၊ ဝီလီ တော်တာက တခြား၊ အိုဟာရာမျိုးက အောက်တန်းစားကို ယူတာက တခြားလို့ ထင်ကြမှာပဲ၊ ဒါပေမယ့်အေ သူတို့ စကားတွေ အရေးစိုက် မနေပါနှင့်’

‘လူတွေက ပြောတာကို စကားလက် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး’



‘ကြားပါတယ်တော်၊ ညည်း အကြောင်း ကြားပါတယ်’ အဘွားကြီးက ခပ်ငေါ့ငေါ့ ပြောသည်။ ‘ဒါပေါ့အေ့၊ လူတွေ

ပြောတာ ဘာဖြစ်လို့ ဂရုစိုက် နေရမှာလဲ၊ သူတို့ အိမ်ထောင်ရေးလည်း အဆင် ပြေမှာပါ၊ ဝီလီကတော့ သူ နေတတ်သလို နေမှာပဲ၊ ညည်း ညီမကို လက်ထပ်လို့ စကား ပြောရာမှာ သဒ္ဒါတွေ ဝါကျတွေတော့ မှန်လာမှာ မဟုတ်ဘူးပေါ့၊ ချမ်းသာ သွားရင်လည်း ညည်း အဖေလို မြိုင်သာယာကို တခမ်းတနား ပြင်ဆင်ပြီး နေမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဝီလီဟာ စိတ်သဘော မဆိုးပါဘူး၊ လူကြီး လူကောင်းစိတ် ရှိပါတယ်၊ အကင်းလည်း ပါးတယ်၊ သုသာန်မှာ စကား မများအောင် သူ လုပ်လိုက်ပုံကို ကြည့်ပါလားအေ့၊ လူကြီး လူကောင်းမှ ဒါမျိုး လုပ်တတ်တာပေါ့၊ သူ ပြောတဲ့ စကားကလည်း ဘယ်လောက် အဖိုးတန်သလဲ၊ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူးတဲ့၊ ရှေးတုန်းက ရွှေထီး ဆောင်းရတာတွေကို လွမ်းနေတဲ့ ကျွန်တော်တို့ရဲ့ မာနစိတ်ကိုပဲ ကြောက်ရမယ်တဲ့၊ အင်း ဝီလီနှင့် ရရင် ဆွီလင် အဖို့လည်း ကောင်း၊ မြိုင်သာယာ အဖို့လည်း ကောင်းပါတယ် အေ’

‘ဒါဖြင့် သူနှင့် ပေးစားတာကို ဘွားဘွားလည်း သဘော တူတယ်ပေါ့’



‘အလိုတော်၊ ဒီလိုကျတော့လည်း ဘယ်တူနိုင် ပါ့မလဲ’ အဘွားကြီး အသံက လူအိုသံ ဖြစ်သော်လည်း အားရှိသည်။

‘လူဖြူ အောက်တန်းစားကို ဆွေကြီး မျိုးကြီးတွေထဲ ထည့်တာ ဘယ်ဖြစ်ပါ့မလဲ၊ မြင်းကောင်း မြင်းသန့် မွေးရာမှာ ရထားမြင်းနှင့် စပ်လို့ ဖြစ်မလားအေ့၊ အောက်တန်းစား လူဖြူတွေက ရိုးတော့ ရိုးပါရဲ့၊ ဒါပေမယ့်’

‘အဆင်ပြေတဲ့ အိမ်ထောင်ရေး ဖြစ်မှာပဲ ဆို၊ ဘွားဘွားပဲ ပြောတယ် မဟုတ်လား’



စကားလက် သူ့ စကားကို နားမလည်နိုင်။



‘ဆွီလင်လိုဟာမျိုး အတွက်တော့ ဝီလီကို ရတာ တော်တာပေါ့အေ့၊ ဆွီလင် ယောက်ျား ယူဖို့ ကောင်းပြီ မဟုတ်လား၊

ဒီတော့ တစ်ယောက်ယောက်နှင့် ရသွားတာ ကောင်းတာပေါ့၊ သူ့ကို တခြား ယောက်ျားက ဘယ်ယူမလဲ၊ ညည်းတို့ ယာတောကို စိတ်ချလက်ချ လွှဲထားနိုင်တဲ့ လူမျိုးလည်း ဘယ်မှာ ရှာလို့ တွေ့မလဲ၊ ညည်းလိုပဲ စဉ်းစားရတာပေါ့၊ သဘော မကျပေမယ့် ပေးစားရတော့မှာပေါ့’

‘ဒါပေမယ့် စကားလက်က သဘော ကျတယ်’ ဟု စကားလက် စဉ်းစား နေသည်။ ဝီလီက ဆွီလင်ကို ယူသည့် အတွက်

စကားလက် ဝမ်းသာသည်။ အဘယ့်ကြောင့် မိမိက သဘော မကျရမည်နည်း။ ဘွားဘွား ဖွန်တိန်သည် စကားလက်ကို သူနှင့် နှိုင်း၍ တွေးနေ သလော မပြောတတ်။

စကားလက် အနေရ ခက်နေသည်။ တစ်ခါတစ်ရံတွင် လူတွေသည် သူတို့ အထင်ကို သူ့ အထင် ဖြစ်အောင်

လုပ်ကြသည်။ သူတို့ ခံစားချက်ကို သူ့ ခံစားချက် ဖြစ်အောင် လုပ်ကြသည်။ ဤသို့ဖြင့် သူ့ကို ဆွဲထည့်ကာ သူတို့နှင့် တစ်သဘောတည်း ဖြစ်လေဟန် လုပ်သွားကြသည်။

210



ဘွားဘွား ဖွန်တိန်က တောင်ထန်းလက် ယပ်တောင်ဖြင့် ယပ်ခတ်၏။



‘ညည်း သဘော မကျသလို ငါလည်း သူတို့ ကိစ္စကို သိပ်တော့ သဘော မတူပါဘူး၊ ဒါပေမယ့် ငါက အခြေအနေနှင့်

ကိုက်အောင် လုပ်တယ်၊ ညည်းလည်း ဒီလိုပါပဲ၊ ကိစ္စ တစ်ခုကို ကိုယ်လည်း မကြိုက်ဘူး၊ ဒါပေမယ့် ရှောင်လို့လည်း မရဘူး ဆိုရင် ရင်ဆိုင် ရတော့မှာပေါ့၊ ညည်းညူနေလို့ ဘယ်ဖြစ်မလဲ၊ လောကဓံကို ညည်းညူနေလို့ မရဘူး၊ ရင်ဆိုင်ရမယ်၊ ငါ သိတာပေါ့အေ့၊ တို့ဘက်ကရော ညည်း ဘိုးဘိုးတို့ဘက်ကရော လောကဓံကို ရင်ဆိုင်ခဲ့ရတာ များလှပြီ၊ မညည်းပါနှင့်တဲ့၊ ပြုံးပြီး အချိန်ကို စောင့်ပါတဲ့၊ အဲဒါ တို့များ လက်သုံး စကားပဲ၊ အခက်အခဲ တွေ့တိုင်း ပြုံးတယ်၊ အချိန်ကို စောင့်တယ်၊ ဒီလိုနှင့် တို့ ခုအခြေ အထိ အသက် ရှင်လာကြာတာပဲ၊ ခုတော့ ကိုယ့်ကိုယ်ကိုယ် အသက်နှင့်ကိုယ် တည်မြဲနေအောင် ဘယ်လို နေရမယ် ဆိုတာ သိလာပြီဟေ့၊ မသိလို့လည်း ဖြစ်မလား၊ တို့က အရှုံးဘက်ကချည်း ပါမိနေတာကိုး၊ တို့ အဘေးများ ဆိုရင် ပြင်သစ် တော်လှန်ရေး ရှုံးတော့ ထွက်ပြေးခဲ့ ရတယ်၊ ဘေးဘက်က အဖေ ဆိုရင်လည်း အင်္ဂလိပ် တော်လှန်ရေးမှာ ပါတယ်၊ ရှုံးတော့ ထွက်ပြေးခဲ့ရတယ်၊ တို့ အဘိုးများ လက်ထက်ကျတော့ ချားလ် မင်းသား သူပုန် ထလို့ သူ့ဘက်က ပါတယ်၊ ရှုံးတော့ စကော့တလန်က ထွက်ပြေးခဲ့ရတယ်၊ တို့အဖေများ လက်ထက် ကျတော့ ဟေတီကျွန်းမှာ ကပ္ပလီတွေ ဝင်လို့ ထွက်ပြေး ခဲ့ရပြန်ရော၊ ခု တို့ လက်ထက်ကျတော့ ယန်ကီတွေ ဝင်ပြန်ရော၊ ရှုံးတဲ့ မြင်းဘက်က အမြဲတမ်း လောင်းမိရက်သား ဆိုသလိုပေါ့၊ ဒါပေမယ့် မကြာဘူး၊ တို့ ပြန်ပြီး ပြောင်ပြောင်ရောင်ရောင် ဖြစ်လာတာပဲ၊ ဘာဖြစ်လို့လဲ သိလား’

ဘွားဘွား ဖွန်တိန်က ခေါင်းကို ဆတ်ခနဲ မော့သည်။ အရိပ်အကဲ နားလည်သည့် ကြက်တူရွေး တစ်ကောင်နှင့်

တူသည်ဟု စကားလက် တွေးမိ၏။

‘မသိဘူး ရှင့်’



စကားလက်က ယဉ်ယဉ် ကျေးကျေး ဖြေ၏။ သို့ရာတွင် နားထောင် ရသည်ကို ငြီးငွေ့လှပြီ။ ချောင်းဆုံကြီး သူပုန်

အကြောင်းကို ပြောပြစဉ်ကလည်း ပျင်းပျင်းဖြင့် အောင့်အည်း နားထောင်ခဲ့ရသည်။

‘တို့က ခေတ်အလိုက် နေတတ်လို့အေ့၊ တို့က ပန်းပြားပင်လိုပေါ့၊ လေကြီး မိုးကြီး ကျရင် ပန်းပြားပင်ဟာ လေတိုက်ရာ

အလိုက်သင့် ယိမ်းပေးတယ်၊ တို့ အမျိုးက တစ်ယူ မသန်ဘူး၊ လေပြင်း တိုက်ရင် တိုက်သလောက် ခံနိုင်တယ်၊ ဒုက္ခ ရောက်လာရင် မညည်းဘူး၊ ကျိတ်ခံတယ်၊ အလုပ် လုပ်တယ်၊ ပြုံးတယ်၊ အချိန်အခါကို စောင့်တယ်၊ ကိုယ့်ထက် နိမ့်ကျတဲ့သူနှင့် အထိုက်အလျောက် နေပြီး သူတို့ကို ရသမျှ အသုံးချတယ်၊ အဲ ကိုယ်လည်း အားရှိလာရော ကိုယ့် ပခုံးနင်းပြီး တက်တဲ့ သူတွေရဲ့ လည်ပင်းကို ချိုးပစ်တယ်၊ အဲဒါ ကိုယ့် ကြီးပွား ချမ်းသာရေး အတွက် သော့ချက်ပဲ၊ ညည်း မြဲမြဲ မှတ်ထား၊ ဒီနည်းကို ညည်းကို အမွေ ပေးခဲ့ရမယ်’

ဘွားဘွားက

သူ့

စကားလုံးများကို

သဘောကျသည့်နှယ်

ရယ်လိုက်သည်။

စကားလက်ကို

လှမ်းကြည့်ပြီး

တစ်စုံတစ်ရာ ဝေဖန်ချက် တောင်းသည့်နှယ် ကြည့်နေသည်။ သို့ရာတွင် သူ့ စကားများသည် စကားလက်အဖို့ အဓိပ္ပာယ် မရှိ။ မည်သို့ ပြောရမှန်းလည်း မသိ။

‘တို့ အမျိုးဟာ သူများ အနင်း ခံရပြီး လဲနေပေမယ့် ခေါင်းထောင်ပြီး ပြန်ထာလာတဲ့ အမျိုး၊ ဒါပေမယ့် ဒီနား တစ်ဝိုက်

ဟာတွေကတော့ ဒီလို မဟုတ်ဘူး၊ ကက်သလင်းကို ကြည့်လေ၊ ခု သူ ဘာဖြစ်သွားပြီလဲ၊ ကိုယ့်ထက် အောက်တန်း ကျတာကို

211

သွားယူတယ်၊ မက်ကရေး မိသားစုကို ကြည့်ဦးမလား၊ ခု ဆိုရင် မြေကြီးမှာ ပြားပြား ဝပ်နေပြီ၊ ဘာလုပ်ရမှန်းလည်း မသိဘူး၊ ဘာမှလည်း မလုပ်တတ်ဘူး၊ လုပ်ဖို့လည်း မကြိုးစားဘူး၊ ရှေးတုန်းက ရွှေထီး ဆောင်းရတာတွေကို ပြောပြီး ညည်းနေကြတာပဲ၊ အဲလက်ရယ်၊ ဆယ်လီရယ်၊ တာလက်တန်ရယ်၊ ညည်းရယ်၊ ညည်းတို့ လေးယောက်က လွဲရင် ဒီနား တစ်ဝိုက်က လူတွေဟာ ဒီလိုချည်းပဲ၊ သူတို့ တစ်တွေ နာလန် မထူနိုင်တော့ဘူး၊ ဘာဖြစ်လို့လဲ သိလား၊ သူတို့မှာ ဗီဇ မရှိဘူး၊ ဇွဲ မရှိဘူး၊ ပြန်ခေါင်းထောင်ဖို့လည်း အားမရှိတော့ဘူး၊ သူတို့က ပိုက်ဆံ ရှိမှ ကပ္ပလီ ကျွန်ရှိမှ အလုပ် လုပ်တတ်ကြတာ၊ ခု ပိုက်ဆံလည်း မရှိတော့ဘူး၊ ကပ္ပလီ ကျွန်လည်း မရှိတော့ဘူး၊ သူတို့ သားသမီး လက်ထက်ကျရင် ဘာဖြစ်မလဲ၊ လူဆင်းရဲပဲ ဖြစ်မှာပေါ့’

‘ဘွားဘွား ပြောတဲ့ အထဲမှာ ဝီလ်ကီမျိုး အကြောင်း မပါသေးဘူး၊ မေ့သွားလို့လား’



‘ဟင့်အင်း မမေ့ပါဘူး၊ သူတို့ အကြောင်းကို အားနာလို့ တမင် မပြောဘဲ ချန်ရစ်ခဲ့တာ၊ အက်ရှလေက ဒီမှာ ဧည့်သည်

သဘော မဟုတ်လား၊ ညည်းတို့က ပြုစု စောင့်ရှောက်ထားတုန်း ဆိုတော့ ပြောလို့ မကောင်းလို့၊ အင်ဒီယာကို ကြည့်ပါလား၊ စတူးဝပ်လည်း မရှိရော အပျိုကြီး ဂိုက်လည်း ပေါက်လာတာပဲ၊ တကယ်ဆို ကျတဲ့ လူက ကျသွားပြီ၊ နောက် အဆက် တစ်ယောက် ရှာဖို့ စိတ်ကူးပါလား၊ သူ ကြိုးစားရင် နည်းနည်း ဟိုင်းသွားလို့ လူပျိုကို မရနိုင်ဘူးထား၊ ပိုက်ဆံ ရှိတဲ့ မုဆိုးဖိုကို မရနိုင်ပေဘူးလား၊ ဟန်နီကလည်း ဒီအတိုင်းပဲ၊ သူတို့မောင် အက်ရှလေ ကျတော့ကော’

 ‘အက်ရှလေကတော့ လူတော် တစ်ယောက်ပါ ဘွားဘွားရယ်’



‘မတော်ဘူးလို့တော့ မပြောပါဘူး၊ ဒါပေမယ့် သူ့ ကြည့်ရတာ လိပ်ပက်လက် လှန်ထားသလို ဘာမှ မလုပ်တတ်

မကိုင်တတ်၊ ဒီခေတ်ကျပ်ကြီးထဲမှာ ဝီလ်ကီတို့ မိသားစု တိမ်ကော မသွားအောင် ထိန်းနိုင်ရင် အဲဒါ အက်ရှလေ အစွမ်းကြောင့် မဟုတ်ဘူး၊ မီလာနီ အစွမ်းကြောင့်’

‘ကြံကြီးစည်ရာ ဘွားဘွားကလည်း၊ စကားလက် မီလာနီနှင့် အတူ နေခဲ့ဖူးတာပဲ၊ မီလာနီက ကြောက်လည်း

ကြောက်တတ်တယ်၊ နုလည်း နုတယ်၊ ငန်း တစ်ကောင်ကိုတောင် ခြောက်ရဲတာ မဟုတ်ဘူး’

‘ဟဲ့၊ ဒီခေတ် ဒီအချိန်ကြီးမှာ ငန်းခြောက်နေစရာ ဘာလိုလဲအေ့၊ အလုပ် ပိုတာပေါ့၊ ငန်းကို ခြောက်လို့ အလကားပေါ့၊

ခြောက်ပစ်ရမှာက ငန်း မဟုတ်ဘူး၊ ယန်ကီတွေ ယန်ကီတွေ၊ ယန်ကီတွေကို ခြောက်ပစ် ရမယ်၊ ဒါမှ မဟုတ်ရင်လည်း သူ ချစ်တဲ့ အက်ရှလေနှင့် ခွဲမယ့်သူ၊ သူ့ သားနှင့် ခွဲမယ့်သူ၊ သူ့ အမျိုးဂုဏ်ကို ညှိုးအောင် လုပ်မယ့်သူကို ခုခံရမယ်၊ မီလာနီ လုပ်နည်းက ညည်းနည်းနှင့်လည်း မတူဘူး၊ ငါ့နည်းနှင့်လည်း မတူဘူး၊ မီလာနီက ညည်း အမေနှင့် တော်တော် တူတယ်၊ မီလာနီကို မြင်ရင် ညည်း အမေ ငယ်ငယ်က ပုံကို သွားသွား အမှတ်ရတယ်၊ အဲ၊ ဝီလ်ကီ မိသားစုကို မီလာနီပဲ ဦးဆောင်ရမှာ’

‘မီလာနီဟာ စိတ်ရင်းတော့ ကောင်းပါတယ်၊ ဒါပေမယ့် အက်ရှလေနှင့် ပတ်သက်လို့ ဘွားဘွား မြင်ပုံကတော့

မတရားဘူး၊ အက်ရှလေက’

‘အိုး၊ အက်ရှလေက လူနုံပါအေ၊ သူ စာအုပ်ပဲ ဖတ်တတ်တာပါ၊ ဒီမှာ စကားလက်ရဲ့၊ လောကကြီးမှာ စာအုပ်

ဖတ်ရုံနှင့် ကိစ္စ မပြီးဘူးအေ့၊ စာအုပ် ဖတ်ရုံနှင့် အခက်အခဲ အကျပ်အတည်းကို ကျော်လွှားဖို့ ရတာ မဟုတ်ဘူး၊ အက်ရှလေက ယာထွန်တာတောင် ဖြောင့်ဖြောင့် တန်းတန်း မထွန်တတ်ဘူး၊ ကြားရသလောက် ဆိုရင်တော့ ဒီနယ် တစ်ဝိုက်မှာ သူ့လောက်

212

ယာထွန် ညံ့တဲ့လူ တစ်ယောက်မှ မရှိဘူးတဲ့၊ ငါ့သား အဲလက်နှင့်ပဲ ယှဉ်ကြည့်လေ၊ တိုင်းပြည် ရုတ်ရုတ်ရက်ရက် မဖြစ်ခင်တုန်းက အဲလက်ဟာ အဝတ်အစား ကောင်းကောင်း ဝတ်ဖို့ပဲ သိတယ်၊ ဘာမှ အသုံးမကျဘူး၊ ဘယ်လည်စည်းက ကောင်းမလဲ၊ ဘယ်မှာ အရက် ကောင်းကောင်း သောက်ရမလဲ၊ ဘယ်မိန်းကလေးကို ပိုးရမလဲ ဆိုတာလောက်ပဲ သိတယ်၊ ဒါပေမယ့် ခု ကြည့်စမ်း၊ ယာထွန်တတ်ပြီ၊ မထွန်တတ်လို့ မရတော့ဘူးလေ၊ သူသာ ယာမထွန်တတ်ရင် တို့ရော သူရော အကုန် ငတ်မှာပေါ့၊ ခု ဆိုရင် တို့ယာလောက် အထွက်ကောင်းတဲ့ ယာ ဒီနယ်မှာ မရှိဘူး၊ ညည်းတို့ ယာထက်တောင် ဝါထွက်က ကောင်းသေးတယ်၊ စိတ်ဆတ်တာလေး တစ်ခုပဲ ပြောစရာ ရှိတယ်၊ အချိန်အခါကို သိတယ်၊ ခေတ်နှင့် အညီ လိုက်လျောညီအောင် နေတယ်၊ ခု ပြန်လည် ထူထောင်ရေး ကာလ ပြီးရင် အဲလက်ဟာ သူ့အဖေတို့ သူ့အဘိုးတို့ လက်ထက်ကလို လူချမ်းသာ ဖြစ်မှာပဲ၊ ဒါပေမယ့် အက်ရှလေကတော့’

အက်ရှလေအား ပစ်ပစ်ခါခါ ပြောနေသည်ကို စကားလက် မခံနိုင်။



‘စကားလက်ဖြင့် နားရှိလို့သာ ကြားရတယ်’



‘မကြားနှင့် တော်ရေ့၊ ဒီလိုပဲ ဖြစ်ရမှာပဲ၊ အဲလက် လုပ်နေတာဟာ အတ္တလန်တာမှာ ညည်း လုပ်နေတာမျိုးပဲ၊

တို့လည်း အတ္တလန်တာက ညည်း သတင်းတွေကို ကြားပါတယ်၊ ညည်းလည်း ခေတ်နှင့် လိုက်လျော ညီအောင် ပြောင်းနေရပြီ မဟုတ်လား၊ ယန်ကီတွေ ကော်ဇောအိတ်သမားတွေကို ညည်း ဘယ်လောက် တစ်ပတ်ရိုက် နေတယ် ဆိုတာ တို့ ကြားပြီးပါပြီ၊ လုပ်သာ လုပ်၊ တို့တော့ ကြိုက်တယ်၊ ဒီလိုပဲ လုပ်ရမှာပဲ၊ သင်းတို့ဆီက တစ်ပြား ရရ နှစ်ပြား ရရ ရသလောက် ချူ၊ အဲ ကိုယ့်ဗိုက် ပြည့်ပြီ ဆိုရင် ရင်ဘတ်ကိုသာ ဆောင့်ကန်လိုက်၊ ကိုယ့် အတွက် ဘာမှ အသုံး မကျတော့ဘူး မဟုတ်လား၊ အဲဒီတော့ ငါ ပြောသလိုသာ လုပ်၊ ဒီကောင်တွေပေါ်မှာ သစ္စာ ရှိမနေနှင့်’

စကားလက် သူ့ကို ကြည့်သည်။ မျက်မှောင်တွန့်ကာ သူ့ စကားများကို နားထောင်သည်။ သို့ရာတွင် ဘွားဘွား

စကားများကို နားမလည်သေး။ အက်ရှလေကို ပက်လက်လှန်ထားသည့် လိပ်နှင့် နှိုင်းသဖြင့် ဒေါပွ နေသည်။

‘အက်ရှလေကို မြင်တဲ့ အမြင်ကတော့ ဘွားဘွား မှားနေပြီ’



‘ညည်းက တော်တော် အ သေးတာပဲ’



‘ဒါကတော့ ဘွားဘွား ထင်ချင်သလို ထင်ပေါ့’



စကားလက်က ခပ်ပြတ်ပြတ် ပြော၏။ စကားလက်၏ မျက်လုံးများသည် အရောင် တလက်လက် ထွက်လာသည်။

လက်သီးကို ဆုပ်ချည် ဖြန့်ချည် ပြုနေသည်။

‘ညည်း ငါ ပြောတာ စိတ်ဆိုး သွားသလား၊ ငါကလည်း စိတ်ဆိုးအောင် ပြောတာပဲ’



အဘွားကြီးက ပြုံးနေသည်။



‘ဘာဖြစ်လို့ လုပ်တာလဲ’

213



‘အကြောင်း ရှိလို့ပေါ့အေ့’



ဘွားဘွား ဖွန်တိန်က ကုလားထိုင် နောက်မှီကို မှီသည်။ စကား များများ ပြောလိုက်ရသဖြင့် မောသွားပုံ ရ၏။

ယပ်တောင်ကို ဆုပ်ကိုင်ထားသည်။ ကျီးခြေလို လက်ချောင်းများက ဝါထိန်ကာ သူသေ လက်လို ချော်ကျိကျိ ဖြစ်နေသည်။

စကားလက် စိတ်ဆိုး ပြေသွားကာ အဘွားကြီး၏ လက်ကို ဆုပ်၏။



‘ဘွားဘွားက လူတစ်ဖက်သား စိတ်မကောင်းအောင် တော်တော် ပြောတတ်တယ်၊ ခု ပြောတာတွေဟာ တကယ်

မဟုတ်ပါဘူးနော်၊ ဖေဖေ့ အကြောင်းကို တွေးနေမှာစိုးလို့ ပြောနေတာ မဟုတ်လား’

‘အမယ်လေး ခုမှ ကျုပ်ကို ချွဲမနေစမ်းပါနှင့်’ အဘွားကြီးက စိတ်ဆိုးဟန်ဖြင့် ပြောသည်။ ‘ဟုတ်တယ်၊ တစ်ကြောင်းက

ညည်းအဖေ့ ကိစ္စကို မေ့မေ့ ပျောက်ပျောက် ဖြစ်အောင် ပြောတာ၊ နောက် တစ်ကြောင်းက တကယ် ပြောတာ၊ ညည်းက ငါ ပြောတာ နားမှ မလည်ဘဲ’

သို့ရာတွင် အဘွားကြီး မျက်နှာက ပြုံးနေသည်။ သူ့ အပြုံးကြောင့် စကားလက် စိတ်သက်သာရာ ရသွား၏။

စောစောက အက်ရှလေကို ရစရာ မရှိအောင် ပြောခဲ့သည်မှာ အဘွားကြီး စိတ်ထဲက ပါ၍ မဟုတ် ဟူသော အတွေးဖြင့် ရင်ထဲတွင် ပေါ့ပါးသွားသည်။

‘ကျေးဇူး တင်ပါတယ် ဘွားဘွား၊ ဆွီလင့် ကိစ္စမှာ စကားလက်နှင့် တစ်သဘောတည်း ဖြစ်နေလို့လည်း စကားလက်

ဝမ်းသာပါတယ်၊ တခြား ဘယ်သူကမှ သဘော မကျချင် နေပါစေ၊ ဘွားဘွား သဘောကျတယ် ဆိုရင် စကားလက် ကျေနပ်ပါတယ်’

မစ္စက် တာလက်တန်က ဒိန်ချဉ် နှစ်ခွက် ကိုင်၍ ရောက်လာသည်။ မစ္စက် တာလက်တန်က မီးဖိုချောင် ကိစ္စတွေကို

မလုပ်တတ်၊ ဒိန်ချဉ်ခွက် နှုတ်ခမ်းပေါ်တွင် နို့ရည်တွေ စီးကျနေသည်။

‘မနည်း လုပ်ယူခဲ့ရတာ ကြီးကြီးရေ့၊ ကဲ မြန်မြန်လေး လုပ်ကြ၊ တော်တော် ကြာရင် အသုဘ ပို့တဲ့ လူတွေ

ပြန်လာကြတော့မယ်၊ နေပါဦး စကားလက်၊ ဆွီလင်ကို ဝီလီနှင့် ပေးစားတော့မယ် ဆိုတာ တကယ်လား၊ ဝီလီက အောက်တန်းစား’

စကားလက်၏ မျက်လုံးများက ဘွားဘွားကြီး၏ မျက်လုံးများနှင့် ဆုံမိကြသည်။ ဘွားဘွားကြီး၏ မျက်လုံးတွင် မစ္စက်

တာလက်တန်ကို အထင်သေးသည့်ဟန် ပေါ်နေသည်။

214

၄၁



အသုဘ ပို့သူတွေ ပြန်သွားပြီးသည့် အခါ၌ စကားလက်သည် နောက်ဖေးက မေမေ့ အခန်းလေးထဲသို့ ဝင်လာခဲ့၏။

စာထည့် ဗီရိုကြီးရှိ ခိုအိမ်ပေါက်ထဲက နံရံကပ် စက္ကူလိပ် ကြားထဲမှ အရာဝတ္ထု တစ်ခုကို ယူသည်။ အရာဝတ္ထုက တောက်တောက်ပပ။ ဤအရာကို မနေ့ညက သူ ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်ခန်းတွင် ညစာ စားဖို့ပြင်ရင်း တရှုပ်ရှုပ်ငိုနေသည့် ပေါ့ အသံကို ကြားရသည်။ စကားလက်က ပေါ့ကို လှမ်းခေါ်သည်။ ပေါ့၏ မျက်နှာက သခင် မရှိတော့သည့် အမဲလိုက်ခွေး တစ်ကောင်၏ မျက်နှာလို ညှိုးငယ်လျက်။

‘ဒီမှာ ပေါ့၊ ရှင် နောက်တစ်ခါ ငိုပြန်ပြီလား၊ ရှင် ငိုရင် စကားလက်ပါ ငိုမိလိမ့်မယ်နော်၊ တော်ဖို့ ကောင်းပြီ’



စကားလက် အသံက ခပ်မာမာ။



‘ဟုတ်ကဲ့ မလေး၊ မငိုတော့ပါဘူး၊ ဒါပေမယ့် မငိုတော့ဘူးလို့ စိတ်တင်းတိုင်း သခင်ကြီးကိုချည်း မြင်နေတယ်၊

မျက်ရည်တွေ ဘယ်က ကျလာမှန်း မသိဘူး’

‘ဖေဖေ့အကြောင်း မတွေးနှင့်၊ ဒီပြင် လူတွေ မျက်ရည်ကျတာကို စကားလက် ခံနိုင်ပေမယ့် ရှင် မျက်ရည်ကျတာကို

စကားလက် မခံနိုင်ဘူး၊ ရှင်က’ စကားလက် အသံက ချိုသာသွားသည်။ ‘ဖေဖေ့ကို အချစ်ဆုံးမဟုတ်လား၊ ဒီတော့ စကားလက် မကြည့်ရက်ဘူး၊ ကဲ ကဲ တိတ်ပါ၊ ရှင့်ကို စကားလက် လက်ဆောင်တစ်ခု ပေးစရာ ရှိတယ်’

ပေါ့၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပလာကြသည်။



‘သူများ ကြက်ခြံကို ဝင်ခိုးခဲ့တာ မှတ်မိသေးရဲ့လား’



‘ဟင့်အင်း၊ ကျုပ် တစ်ခါမှ ဒီလို’



‘လုပ်ပါတယ်၊ ခုမှ စကားလက်ကို လိမ်မနေပါနှင့်၊ ရှင် သစ္စာရှိတဲ့အတွက် နာရီ တစ်လုံး ဆုပေးမယ်လို့ ပြောတာ

မှတ်မိသေးလား’

‘ကျုပ်ကတော့ မှတ်မိပါတယ်၊ မလေးက မေ့နေပြီထင်တာ’



စကားလက်က ရွှေနာရီ တစ်လုံးကို လှမ်းပေး၏။ နာရီက စာလုံး ဖောင်းကြွတွေ ရိုက်ထားပြီး ကြိုးတွင် တံဆိပ်တွေကို

ချိပ်ဖြင့် ခတ်ထားသည်။

‘ဟင်၊ ဒါ သခင်ကြီး နာရီပါလား၊ သခင်ကြီး လက်မှာ ပတ်ပတ်နေတာ တွေ့နေတာပဲ’



‘ဟုတ်တယ်၊ ဖေဖေ့ နာရီပဲ၊ ခု ပေါ့ကို ပေးမလို့၊ ပေါ့ ယူပါ’



‘ဟင့်အင်း၊ မယူချင်ဘူး မလေး’ ပေါ့က အလန့်တကြားဖြင့် နောက်ဆုတ်သည်။ ‘ဒီနာရီက လူဖြူ လူကြီးလူကောင်းတွေ

215

ပတ်တဲ့ နာရီမျိုး၊ ကျုပ်ကို ပေးလို့ ဘယ်ဖြစ်ပါ့မလဲ၊ ဒါ ဝိတ်ကလေးဖို့ ထားပါ’

‘ပေါ့ပဲ

ယူပါ၊

ဝိတ်ကလေးက

ဖေဖေ့အတွက်

ဘာများ

လုပ်ပေးခဲ့ရသေးလို့လဲ၊

ဖေဖေ

မမာလို့

ဖေဖေ့ကို

စောင့်ရှောက်ခဲ့တာ ဘယ်သူလဲ၊ ဖေဖေ့ကို ကိုယ်လက်သုတ်သင်ပေးခဲ့တာ ဘယ်သူလဲ၊ ယန်ကီတွေ လာတုန်းကကော ဖေဖေ့ကို စောင့်ရှောက်ခဲ့တာ ဘယ်သူလဲ၊ ဖေဖေ့ကို ခိုးဝှက်ပြီး ကျွေးခဲ့တာကကော ဘယ်သူလဲ၊ ပေါ့ပဲ မဟုတ်လား၊ ဒီတော့ ဒီနာရီကို ရထိုက်တယ်ဆိုရင် ပေါ့ပဲ ရထိုက်တယ်၊ ဖေဖေ ရှိရင်လည်း သဘောတူမှာပါ၊ ရော့’

စကားလက်က

ပေါ့၏

လက်မည်းမည်းကြီးကို

လှမ်းဆွဲ၍

နာရီကို

လက်ထဲသို့

ထည့်၏။

ပေါ့က

နာရီကို

အမြတ်တနိုးကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင် တဖြည်းဖြည်း သမ်းစပြုလာ၏။

‘ဒါ ကျုပ်ဖို့လား မလေး’



‘ဟုတ်တယ်လေ’



‘ကျေးဇူးပဲ မလေးရယ်’



‘ပေါ့ရဲ့နာမည်ကို ထွင်းချင်ရင် စကားလက် အတ္တလန်တာ ယူသွားပြီး ထွင်းပေးမယ်လေ’



‘ဘယ်လိုထွင်းမှာလဲ’



ပေါ့၏ အသံက မယုံသင်္ကာဖြစ်သည့် အသံ။ ပေါ့ သို့၊ အိုဟာရာ မိသားစုမှ လက်ဆောင် ဆိုတာရယ်၊ သစ္စာရှိသည့်

ကျွန်ယုံကြီး ပေါ့ ဆိုတာရယ် ပါမယ်’

‘ဟင့်အင်း၊ နေပါစေတော့ မလေး၊ မထွင်းတော့ဘူး’



ပေါ့က နာရီကို ကျစ်ကျစ်ပါအောင် ဆုပ်၍ နောက်သို့ ဆုတ်သွားသည်။ စကားလက်က မသိမသာ ပြုံးလိုက်၏။



‘ဘာဖြစ်လို့လဲ၊ စကားလက်က ပြန်မပေးမှာ စိုးလို့လား’



‘ဟုတ် ဟုတ်တယ်၊ တော်တော်ကြာ မလေး စိတ်ပြောင်းသွားရင် ဘယ့်နှယ် လုပ်မလဲ’



‘မပြောင်းပါဘူး ပေါ့ရယ်’



‘ရောင်းလိုက်ရင်တော့ ပိုက်ဆံ တော်တော်ရမှာပဲ’



‘ဖေဖေ့ရဲ့နာရီကို ရောင်းပါ့မလား ပေါ့ရယ်’



‘ပိုက်ဆံလိုရင် ရောင်းချင် ရောင်းမှာပေါ့’



‘ပေါ့ကိုတော့ ဆွဲဆိတ် ထုထောင်း ပစ်လိုက်ဖို့ ကောင်းနေပြီ၊ စကားလက်က ပေးပြီးသား ပြန်ယူမယ်လို့ ထင်လို့လား’

216



‘ဒီလိုတော့လည်း မထင်ပါဘူး’ ပေါ့၏ ညှိုးငယ်သည့် မျက်နှာတွင် အပြုံးရိပ် တစ်ခု ပထမဆုံး ပေါ်လာသည်။ ‘မလေး

အကြောင်းကို ကျုပ် သိသားပဲ’

‘ဘာ သိတာလဲ’



‘ကပ္ပလီ လူမည်းတွေ အပေါ် ကောင်းတာထက် တစ်ဝက်လောက် လူဖြူတွေအပေါ်မှာ ကောင်းရင် မလေးကို

အားလုံးက သဘောကျကြမှာပေါ့’

‘ဒီလောက် သဘောကျရင် တော်ပါပြီ ပေါ့ရယ်’ စကားလက်က ပြော၏။ ‘ကဲ၊ အက်ရှလေကို သွားခေါ်ချေစမ်းပါ၊

မလေးက စကားပြောချင်လို့ ခု လာပါလို့’

အက်ရှလေက မေမေ၏ စာရေး ကုလားထိုင်တွင် ထိုင်သည်။ သူ့အရပ် မြင့်မြင့်ကြီးကြောင့် ပရိဘောဂများသည်

သေးငယ်နေသည် ထင်ရ၏။ စကားလက်က သစ်ခွဲစက်တွင် တစ်ဝက် အရင်းထည့်ရန် ပြောနေသည်။ အက်ရှလေက စကားလက် မျက်နှာကိုလည်း မကြည့်၊ စကားလည်း တစ်လုံးမျှ မပြော။ သူ့လက်များကို မှောက်ချည် လှန်ချည် လုပ်၍ ကြည့်နေသည်။ အလုပ်ကြမ်း လုပ်ခဲ့ရသည့်တိုင် အက်ရှလေ၏ လက်များသည် သေးသွယ်နုနယ်နေကြသည်။ လယ်သမားတစ်ယောက်၏ လက်နှင့်မတူဘဲ လှပနေကြသည်။ 

အက်ရှလေက ခေါင်းကို ငုံ့၍ တုဏှိဘာဝေ ပြုနေသဖြင့် စကားလက် စိတ်ပျက်သွား၏။ သစ်ခွဲစက် အလားအလာ

ကောင်းပုံကို သူ စိတ်ပါလောက်အောင် ရှင်းပြသည်။ သူ၏ ချစ်စဖွယ် စွဲမက်ဖွယ် အပြုံးတို့ကို လက်နက်အဖြစ် အသုံးပြုသည်။ သို့ရာတွင် ခက်သည်က အက်ရှလေသည် မော့၍မျှ မကြည့်။ မော့ကြည့်လျှင် မည်မျှ ကောင်းမည်နည်း။ မြောက်ပိုင်းသို့ သွားမည်ဟု ဝီလီထံမှ သတင်းကြားကြောင်းဖြင့် စကားလက်က ပြောသည်။ စကားလက် တစ်ယောက်တည်းသာ ဒိုင်ခံ ပြောနေရသဖြင့် တိတ်ဆိတ်နေသည်။ အက်ရှလေ၏ ပခုံးများက မတ်လျက်။ တမင်ရင်ကော့ထားသည့်ဟန် ပေါက်နေသည်။ အက်ရှလေက ငြင်းမည်မှာ သေချာသည်။ သို့ရာတွင် ငြင်းစရာ ခိုင်ခိုင်လုံလုံ အကြောင်း ရှိသလော။

‘အစ်ကို’



စကားလက် ခေါ်သည်။ အက်ရှလေကို အတ္တလန်တာသို့ ပါအောင် ဆွဲဆောင်ရာတွင် သူ့ကိုယ်ဝန်ကိစ္စကို ထည့်မပြောဟု

စကားလက် စောစောက ပိုင်းဖြတ်ထားသည်။ သူ၏ ကိုယ်ဝန်ကို အက်ရှလေ မမြင်အောင်ပင် ဖုံးထားလိုက်သေးသည်။ သို့ရာတွင် အခြားဆွဲဆောင်စရာ အကြောင်းပြစရာ နည်းလမ်းတွေ ကုန်ပြီ။ ထို့ကြောင့် ကိုယ်ဝန်ကိစ္စကို ထုတ်ပြောရတော့မည်။ အလုပ် မလုပ်နိုင်မီ သူ့ကို ကူညီသည့်အနေဖြင့် အတ္တလန်တာတွင် လိုက်၍ အလုပ် လုပ်ရန် ပြောရတော့မည်။

‘အတ္တလန်တာကို အစ်ကို လိုက်မှ ဖြစ်မယ်ထင်တယ်၊ ခု အချိန်မှာ အစ်ကို့ အကူအညီ အများကြီး လိုနေတယ်၊

စကားလက်ကလည်း သစ်ခွဲစက်တွေကို လိုက် မကြည့်နိုင်ဘူး၊ စကားလက်က… စကားလက် ကိုယ်ဝန်’

‘တော်ပါတော့ စကားလက်’



အက်ရှလေ ရုတ်တရက် ထကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်သည်။ ဘဲအုပ်

217

တစ်အုပ်သည် တလင်းကို ဖြတ်၍ ဘဲခြံဆီသို့ တန်းစီ သွားနေကြသည်။

‘အစ်ကိုက

စကားလက်ကိုတောင်

မကြည့်ချင်လောက်အောင်

ဖြစ်နေပြီလား၊

ဟုတ်မှာပါ၊

စကားလက်ကို

ကြည့်ရတာက’

အက်ရှလေက ချာခနဲ လှည့်ကာ သူ့ကိုကြည့်လိုက်သည်။ စကားလက် လန့်သွားသဖြင့် သူ့ လည်ပင်းကို သူ့

လက်ဖဝါးဖြင့် အုပ်ထား၏။

‘ဒါကြောင့် မဟုတ်ပါဘူးကွယ်’ အက်ရှလေက ဒေါသသံဖြင့် ပြောသည်။ ‘မင်းဟာ ကိုယ့်မျက်စိထဲမှာ အမြဲ လှနေတယ်၊

ဘယ်အချိန် ကြည့်ကြည့် လှနေတယ်၊ ဒါကို မင်းလည်း သိတယ်’

စကားလက် ဝမ်းသာ သွား၏။ ဝမ်းသာလွန်းသဖြင့် မျက်ရည်တွေ စီးကျလာသည်။



‘အစ်ကို စကားလက်ကို လှတယ်လို့ ထင်တုန်းပဲနော်၊ စကားလက်ကတော့ ဒီပုံပန်း သဏ္ဌာန်ကြီး အစ်ကို့ကို ပြရမှာ

သိပ်ရှက်တာပဲ’

‘ဘာဖြစ်လို့ ရှက်ရမှာလဲ၊ ရှက်စရာကောင်းတာက ကိုယ်ပါ၊ ရှက်လည်း ရှက်တယ်၊ ကိုယ် မိုက်မဲခဲ့လို့ ကိုယ် နုံခဲ့လို့

မင်းကို ဒီအဖြစ်မျိုး တွေ့ရတာ၊ တကယ်က မင်းဟာ ဖရင့်နှင့် လက်ထပ်ဖို့လည်း မဟုတ်ဘူး၊ ကိုယ်ကလည်း မင်းကို မြိုင်သာယာက သွားခွင့်ပြုဖို့ မကောင်းဘူး၊ ကိုယ့်အပြစ်ပဲ၊ မင်းဟာ မြိုင်သာယာက ထွက်သွားရင် တစ်ခုခု ဖြစ်တော့မယ်ဆိုတာ ကိုယ် သိရမယ်၊ သိဖို့ကောင်းတယ်၊ တကယ်က ကိုယ်ဟာ ကိုယ်ဟာ’

စကားလက် ရင်တဒိတ်ဒိတ် ခုန်လာသည်။ သူနှင့်အတူ ထွက်မပြေးခဲ့မိသည့်အတွက် အက်ရှလေ နောင်တ ရနေပြီဟု

စကားလက် တွေးသည်။

‘တကယ်က ကိယု ဟ်ာ မြိုင်သာယာက မြေခွန်တွေကို ပေးဖိအ့ု တွက် ထွကြ် ပီး ဓားပြတုကိ ရ် င်လည်း တုကိ ဖ့်ေို ကာင်းတယ်၊

ဒါမှမဟုတ်ရင်လည်း လူသတ်ဖို့ကောင်းတယ်၊ တကယ်ကတော့ ကိုယ် မပြတ်သားတာ၊ ကိုယ် မပြတ်သားတာ’

သူ့အထင်နှင့် အမြင် တလွဲစီ ဖြစ်သွားသဖြင့် စကားလက် စိတ်ပျက်သွား၏။ စောစောက ဝမ်းသာနေသည်တို့

ဘယ်ပျောက်သွားသည်မသိ။ သူ ကြားချင်သည်က ဤစကားလုံးများ မဟုတ်။

‘စကားလက် သွားရမှာပေါ့၊ အစ်ကို ထွက်ပြီး ငွေရှာတာ စကားလက် ဘယ်ကြည့်ရက်ပါ့မလဲ၊ ကဲပါလေ၊ ပြီးပြီပဲ၊

ပြောမနေပါနှင့်တော့’

‘ဟုတ်တယ်၊ ပြီးတော့ ပြီးပြီ’ အက်ရှလေက နာကြည်းသံဖြင့် ပြောသည်။ ‘ငွေရှာတဲ့ ကိစ္စဟာ အောက်ကျ

နောက်ကျနိုင်တယ် ဆိုပြီး မင်းက ကိုယ့်ကို မခိုင်းရက်ဘူး၊ ဒါပေမယ့် မင်း မချစ်တဲ့ လူတစ်ယောက်ဆီကိုတော့ မင်း ခန္ဓာကိုယ်ကို မင်း ရောင်းလိုက်ရပြီ၊ ကိုယ်တို့ မိသားစုတစ်တွေ မငတ်အောင် ဆိုပြီး သူ့ကို ယူလိုက်ရပြီ၊ သူ့ ကလေးကို ကိုယ်ဝန် လွယ်ထားရပြီ၊ မင်း ကိုယ် မင်း အနစ်နာခံပြီး ကိုယ့်ကို ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်’

218



သူ့အသံက ဆွေးမြည့် အက်ကွဲသံ ပါ၏။ သူ့ နှလုံးသားက မကျက်သေးသည့် ဒဏ်ရာကို ဖွင့်ပြနေသည်။

သူ့စကားများကြောင့် စကားလက် အနေရခက်နေသည်။ အက်ရှလေကလည်း သတိပြုမိလိုက်သည်။ အက်ရှလေက နူးညံ့သည့် အသံဖြင့် ဆက်ပြောသည်။

‘ကိုယ်

စကားလက်ကို

အပြစ်တင်နေတာ

မဟုတ်ဘူးနော်၊

ကိုယ်က

ကိုယ့်ကိုယ်ကိုယ်

အပြစ်တင်နေတာ၊

တကယ်ကတော့ စကားလက်ဟာ အင်မတန် သတ္တိကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါ’

အက်ရှလေက

ရင်မကော့တော့။

တစ်ဖက်သို့

အက်ရှလေသည်

လှည့်သွားကာ သူ့အလှကို

ပြတင်းမှ

အပြင်သို့

ချီးကျူးဦးမည်လောဟု

လှမ်းကြည့်နေသည်။ စကားလက်

စောစောကလောက်

နားစွင့်သည်။

အက်ရှလေနှင့်

ခွဲခွာနေခဲ့ရသည်မှာ ကြာပြီ။ အက်ရှလေသည် ယခုတိုင် သူ့ကို ချစ်နေသေးကြောင်း စကားလက် သိသည်။ သူ့ စကားလုံးများ၊ သူ့အမူအရာများကို ကြည့်၍ သိသည်။ ဖရင့်၏ ကိုယ်ဝန်ကို လွယ်ထားရသည့်အတွက် စိတ်မကောင်းဖြစ်မည် မဟုတ်လော။ အက်ရှလေ၏ စကားများကို စကားလက် ကြားလိုသည်။ သူ ကိုယ်တိုင်ကလည်း ဖရင့်ကို ဘာကြောင့် ယူလိုက်ရသည်ကို ရှင်းလင်းပြောပြလိုသည်။ သို့ရာတွင် စကားလက် မပြောရဲ။ မနှစ်က သစ်သီးခြံထဲတွင် တွေ့စဉ်က အက်ရှလေနှင့် တရင်းတနှီး မနေတော့ဟု သူ့ကို ကတိပေးခဲ့ပြီ မဟုတ်လော။ အက်ရှလေနှင့် နီးနီး နေလိုလျှင် ထိုကတိကို စောင့်ထိန်းရလိမ့်မည်။ သူ့ဘက်က ချိုးဖောက်လျှင်၊ အက်ရှလေကို ချစ်သည်ဟု ပြောလျှင်၊ အက်ရှလေ ရင်ခွင်ကို သွား၍ မှီလိုက်လျှင် အက်ရှလေသည် သူနှင့် နီးနီးနေတော့မည် မဟုတ်။ ဝေးရာသို့ ပြေးတော့မည်။ အက်ရှလေသည် မြောက်ပိုင်းသို့ ထွက်သွားတော့မည်။ အက်ရှလေကို မသွားစေချင်။ အက်ရှလေနှင့် ဝေးဝေး မနေနိုင်။

‘အို ဒါကတော့ အစ်ကို့အပြစ်လည်း မဟုတ်ပါဘူး၊ အစ်ကိုနှင့် ဘာဆိုင်တာမှတ်လို့၊ ဘယ့်နှယ်လဲ၊ အတ္တလန်တာကို

လာပြီး စကားလက်ကို ကူမယ် မဟုတ်လား ဟင်’

‘အစ်ကို မလာနိုင်ဘူး’



‘ဘာဖြစ်လို့လဲ

အစ်ကိုရယ်’

စကားလက်၏

အသံသည်

တိမ်ဝင်သွား၏။

‘အစ်ကို့ဆီက

အကူအညီတော့

ရမှာပဲလို့ စကားလက် ထင်ထားတာ၊ အစ်ကို စကားလက်ကို ကူပါ၊ ဖရင့်နှင့် မဖြစ်ဘူး၊ သူ့မှာက သူ့ကုန်တိုက်နှင့် သူ အလုပ်များနေတာ၊ အစ်ကိုသာ မလာဘူးဆိုရင် စကားလက်မှာ လူ မရှိတော့ဘူး၊ ဘယ်လိုက်ရှာရမယ်တောင် မပြောတတ်ဘူး၊ အတ္တလန်တာမှာကလည်း လူတိုင်း ကိုယ့်အလုပ်နှင့်ကိုယ် စီးပွားရေးလုပ်နေကြတာ၊ ရတဲ့လူကျတော့လည်း အရည်အချင်း မရှိ’

‘ဘာလုပ်မလဲ စကားလက်ရယ်၊ အစ်ကို လိုက်လို့ မဖြစ်ပါဘူး’



‘အစ်ကိုက

အတ္တလန်တာကိုတော့

မလာချင်ဘူး၊

မြောက်ပိုင်း

နယူးယောက်တို့

ဘာတို့ကိုတော့

သွားပြီး

အလုပ်လုပ်မယ်ပေါ့’

‘ဒီစကားကို ဘယ်သူက ပြောတာလဲ’



အက်ရှလေက သူ့ဘက်သို့ လှည့်လိုက်သည်။ မျက်မှောင်က တွန့်လျက်။

219



‘ဝီလီက’



‘ဟုတ်တယ်၊ အစ်ကို မြောက်ပိုင်းကို သွားဖို့ ဆုံးဖြတ်ပြီးပြီ၊ အစ်ကို့ မိတ်ဆွေတစ်ယောက်က သူ့အဖေရဲ့ ဘဏ်တိုက်မှာ

လာလုပ်ပါလို့ အစ်ကို့ကို စာရေးလိုက်တယ်၊ ဒါက ပိုကောင်းမယ် ထင်တယ် စကားလက်၊ အစ်ကိုဟာ စကားလက် အတွက် အသုံးမဝင်ပါဘူး၊ အစ်ကိုက သစ်အကြောင်းလည်း နားလည်တာ မဟုတ်ဘူး’

‘ဘဏ်လုပ်ငန်းကိုကော အစ်ကို နားလည်လို့လား၊ ဘဏ်လုပ်ငန်းက ပိုတောင် ခက်သေးတယ်၊ သူတို့ထက် စကားလက်

စရိတ် ပိုပေးမှာပါ’

အက်ရှလေက မျက်တောင် တဖျပ်ဖျပ် ခတ်နေသည်။ စကားလက် စကားမှားသွားပြီဟု သူ့ဘာသာ သူ သိလိုက်၏။

အက်ရှလေက တစ်ဖက်သို့ လှည့်ကာ ပြတင်းပေါက် အပြင်သို့ ငေးကြည့်နေသည်။

‘ကိုယ့်အတွက် စရိတ်တွေ ဘာတွေ မလိုပါဘူး၊ အစ်ကို တတ်နိုင်တာ အစ်ကိုနှင့်တန်တာပဲ လုပ်ချင်တယ်၊ ခု

အချိန်အထိ အစ်ကို့ဘဝကို အစ်ကို့ဘာသာ မရုန်းကန်ခဲ့ရသေးဘူး၊ ခု ကိုယ့်ဘာသာ ကိုယ် ရုန်းချိန်တန်ပြီလို့ အစ်ကို ထင်တယ်၊ စကားလက်တို့ ပေးစာ ကမ်းစာ စားနေခဲ့ရတာ ကြာပြီ’

‘မဟုတ်ဘူးလေ၊ စကားလက် ပြောတာက သစ်ခွဲစက်မှာ အစ်ကို အစု တစ်ဝက်ထည့်ဖို့ ပြောနေတာ၊ အစ်ကို့ အစုလည်း

တစ်ဝက်ပါတော့ အစ်ကို့အလုပ်လို့လည်း ပြောလို့ရတာပဲ၊ ဘယ်သူ့ကို မှီခိုရလို့လဲ’

‘မထူးပါဘူးကွယ်၊ အတူတူပါပဲ၊ အစ်ကို အခု တစ်ဝက် ထည့်ရအောင် အစ်ကိုက အစု တစ်ဝက်ကို ဝယ်နိုင်တဲ့

အခြေအနေမှ မရှိဘဲ၊ စကားလက် ခွဲပေးတဲ့ အစုကို ယူရမယ်ဆိုတော့ သူများပေးစာကမ်းစာ ရတာနှင့် ဘာထူးသေးလို့လဲ၊ အစ်ကို စကားလက်တို့ ပေးစာ ကမ်းစာကို စားရတာ များလှပြီ၊ အစ်ကို့အတွက် မီလာနီ အတွက် သားလေးအတွက် စကားလက်တို့ကပဲ

အစစ

အရာရာ

လိုလေသေးမရှိထားခဲ့တယ်

မဟုတ်လား၊

ဒီလောက်ဆိုရင်

တော်လောက်ပါပြီ၊

စကားလက်ဆီကသာ ယူပြီး အစ်ကိုက ခုထိ ဘာမှ ပြန်မပေးနိုင်သေးဘူး’

‘ပေးနိုင်တာ ရှိပါတယ်၊ မပေးနိုင်တာက ဝီလီပါ’



‘အစ်ကိုက ဘာပေးနိုင်လို့လဲ၊ အေးလေ ခုဆိုရင် လူနှင့် သူနှင့်တူအောင်တော့ ထင်းခွဲတတ်ပါပြီ’



‘ဒီလို

မပြောပါနှင့်အစ်ကိုရယ်’

အက်ရှလေက

ငေါ့ပြောလိုက်သဖြင့်

စကားလက်

မျည်ရည်

လည်လာ၏။

‘အစ်ကို ဘာဖြစ်နေတာလဲဟင်၊ စကားလက် သွားတုန်းကနှင့် မတူတော့ဘူး၊ အစ်ကို့ကြည့်ရတာ လောကကြီးကို ခါးသီး နာကြည်းနေသလိုပဲ၊ အရင်တုန်းက အစ်ကိုဟာ ဒီလို မဟုတ်ပါဘူး’

‘ဘာဖြစ်သလဲလို့ မေးနေရသေးသလား စကားလက်၊ ဖြစ်တယ် စကားလက်၊ အများကြီး ဖြစ်တယ်၊ ပြည်တွင်းစစ်

ဖြစ်တဲ့အချိန်က စပြီး စကားလက် အတ္တလန်တာကို ထွက်သွားတဲ့အချိန်အထိ အစ်ကို အများကြီး စဉ်းစားခဲ့တယ်၊ ပြည်တွင်းစစ် ပြီးစ စကားလက် မသွားခင်တုန်းကတော့ အစ်ကို ပျော်ခဲ့တယ်၊ အစ်ကို့မှာ စားစရာ ထမင်းလေး တစ်လုတ် ကျောခင်းစရာ ဖျာကလေး တစ်ချပ်ရရင် တော်ပြီလို့ အောက်မေ့ခဲ့တယ်၊ ဒါပေမယ့် စကားလက် အတ္တလန်တာ ထွက်သွားပြီး ကိုယ်တို့

220

စားဖို့ သောက်ဖို့ ရှာကျွေးနေတာ မြင်တော့ ကိုယ့်ဘာသာ ကိုယ် ရှက်လာတယ်၊ အစ်ကိုဟာ ယောက်ျား မပီသဘူး၊ ထဘီ ဝတ်ထားဖို့ပဲ ကောင်းတယ်၊ ဒီတော့ အစ်ကိုတွေးတိုင်း ရှက်တယ်၊ အစ်ကို သူများ ထဘီနား ခိုစားနေရတဲ့အဖြစ်ကို ကြာကြာ သည်းမခံနိုင်တော့ဘူး၊ တချို့ယောက်ျားတွေ စစ်ထဲက ပြန်လာကြတယ်၊ အစ်ကို့လောက်မှ အခြေအနေ မရှိဘူး၊ ဒါပေမယ့် သူတို့ ကြိုးစားပြီး လုပ်ကြတယ်၊ အစ်ကို သူတို့ကိုကြည့်ပြီးတော့လည်း ရှက်တယ်၊ ဒါကြောင့် နယူးယောက်ကို သွားတော့မယ်’

‘အစ်ကိုက အလုပ် လုပ်ချင်တာပဲ မဟုတ်လား၊ နယူးယောက်ကို မသွားဘဲ အတ္တလန်တာမှာတင် ရတယ်ဆိုရင်ကော

ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ၊ စကားလက်ရဲ့ သစ်စက်က’

‘မဖြစ်ဘူး စကားလက်၊ အစ်ကို သွားရလိမ့်မယ်၊ ဒါ အစ်ကို့အဖို့ နောက်ဆုံးအခွင့်အရေးပဲ၊ ဒီတစ်ခါ မသွားရင်

အစ်ကို့တစ်သက်မှာ နာလန်ထူတော့မှာ မဟုတ်ဘူး’

အက်ရှလေ၏ စကားလုံးများသည် သူ့ နားတွင် ဗျိုင်းတောင်တီးသည့်နှယ် စကားလက်ထင်သည်။ သူ့မျက်လုံးများကို

စကားလက် ကြည့်သည်။ အက်ရှလေ၏ မျက်လုံးများကမူ စကားလက်ကို မြင်ပုံမရ။ စကားလက် နားမလည်နိုင်သည့် အနာဂတ်ကို ငေးကြည့်နေသည် ထင်ရ၏။

‘ဘာဖြစ်လို့ နာလန် မထူရမှာလဲ ဟင်၊ အတ္တလန်တာမှာ မနေနိုင်လောက်အောင် အစ်ကိုက အတ္တလန်တာက

ယန်ကီတွေကို ကြောက်နေရသလား၊ ကေသုံးလုံး ဂိုဏ်းဝင်လား၊ ဒါမှမဟုတ် တိုနီကို ထွက်ပြေးအောင် ကူညီလိုက်တဲ့အတွက် ယန်ကီတွေကို ကြောက်နေရလို့လား’

အဝေးသို့ ငေးကြည့်နေသည့် အက်ရှလေ၏ မျက်လုံးများသည် အနီးသို့ ပြန်ရောက်လာကြ၏။ အက်ရှလေက ပြုံးသည်

ဆိုရုံမျှသာ ပြုံးလိုက်သည်။

‘စကားလက်ဟာ ပွင့်ပွင့်လင်းလင်း ပြောမှ သဘောကျတယ်ဆိုတာ အစ်ကို မေ့သွားတယ်၊ စကားလက်ထင်သလို

ယန်ကီတွေကို ကြောက်လို့ မဟုတ်ပါဘူး၊ အတ္တလန်တာမှာ လာနေရင် အစ်ကိုဟာ စကားလက် အကူအညီကို ယူနေရမယ်၊ ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်နိုင်တဲ့ ဘဝကို ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ဘူး’

‘ဪ၊ ဒါကြောင့်လား’



‘ဟုတ်တယ်၊ ဒါကြောင့်ပဲ’ အက်ရှလေက အေးစက်စက် ပြုံးသည်။ ‘ယောက်ျားရဲ့ မာနကြောင့်ပဲ၊ ကိုယ့် သိက္ခာ ကိုယ်

ရိုသေလို့ပဲ’

စကားလက် ပရိယာယ် တစ်မျိုးဆင်ပြန်သည်။



‘အစု တစ်ဝက် ဝင်ထားပြီး စကားလက်ရဲ့စက်ကို တဖြည်းဖြည်း ဝယ်နိုင်သားပဲ၊ အဲဒီတော့ အစ်ကို တစ်ဦးတည်းပိုင်

ဖြစ်မှာပေါ့၊ ပြီးတော့’

‘ဒီမှာ စကားလက်’ အက်ရှလေက ခပ်ထန်ထန် ခေါ်သည်။ ‘နောက်ထပ် မပြောပါနှင့်တော့၊ မလိုက်နိုင်ဘူး၊ တခြား

အကြောင်းတွေလည်း ရှိတယ်’

221



‘ဘယ်လို အကြောင်းမျိုးတွေလဲ’



‘ဒါတော့ မင်း ပိုသိပါတယ်’



‘အို၊ ဒါကတော့ စကားလက် ကတိပေးပြီးသားပဲ၊ မနှစ်က သစ်သီးခြံထဲမှာကတည်းက အစ်ကိုနှင့် အနေအထိုင်

ဆင်ခြင်မယ်ဆိုတာ စကားလက် ကတိပေးခဲ့ပြီးပြီ၊ ဒီ ကတိကိုလည်း စကားလက် စောင့်ထိန်းမယ်’

‘ဒါက မင်းဘက်ကကိုး၊ ကိုယ်ကတော့ ဒီ ကတိကို စောင့်ထိန်းနိုင်တယ်လို့ အာမ မခံရဲဘူး၊ အမှန်ကတော့

ဒီလောက်ထိတောင် မပြောသင့်ဘူး၊ ဒါပေမယ့် မင်းနားလည်အောင် ပြောရတော့မှာပဲ၊ မတတ်နိုင်ဘူး၊ တော်ပြီ စကားလက်ရယ်၊ နောက် ဒီ အကြောင်းကို မပြောကြပါနှင့်တော့၊ လွန်ခဲ့တာ လွန်ပါစေတော့၊ ဆွီလင်တို့ကိစ္စပြီးရင် ကိုယ် နယူးယောက်ကို သွားတော့မယ်’

အက်ရှလေ၏ မျက်လုံးများက ပြူးကျယ်နေကြသည်။ စကားလက်ကို တစ်ချက်မျှ လှမ်းကြည့်ပြီး နောက် အခန်းအပြင်သို့

ထွက်သွား၏။ တံခါးလက်ကိုင်ကို လှည့်၍ ဖွင့်နေသည်။ စကားလက်က စိတ်ပျက်လက်ပျက်ဖြင့် ငေးကြည့်နေသည်။ ကိစ္စ ပြတ်ပြီ။ စကားလက် အရေးနိမ့်သွားပြီ။ ခရီးကလည်း ပန်း၊ ဖေဖေ့ကိစ္စကလည်း လောလောလတ်လတ် ဖြစ်နေသည့်အထဲတွင် နောက်ထပ် စိတ်ပျက်စရာ တစ်ခု တွေ့လာသည့်အခါတွင် စကားလက် ရင်ထဲက တလှိုက်လှိုက် ဖြစ်လာသည်။ စကားလက် မချုပ်တည်းထားနိုင်တော့။ ဆိုဖာကြီးပေါ်သို့ ပစ်ထိုင်ကာ ရှိုက်ကြီးတငင် ငိုမိသည်။

သူ့ဆီသို့ လာနေသော ချီတုံချတုံ ခြေသံများကို ကြားရသည်။ ထို့နောက် သူ့နာမည်ကို ခေါ်နေသံကြားရ၏။

မီးဖိုဘက်ဆီမှ ခပ်သုတ်သုတ် ပြေးလာသော ခြေသံများကိုလည်း ကြားရသည်။ ခဏကြာလျှင် မျက်လုံးပြူး မျက်ဆံပြူးဖြင့် မီလာနီ ရောက်လာသည်။

‘စကားလက် ဘာဖြစ်လို့လဲဟင်၊ ဗိုက်နာ’



စကားလက်က ဖုတ်တထောင်းထောင်း ထနေသည့် ထိုင်ဖုံ နောက်မှီတွင် မျက်နှာအပ်၍ အော်သည်။



‘အစ်ကို မကောင်းဘူး၊ အစ်ကို သိပ်ဆိုးတယ်၊ အစ်ကို့ကို မုန်းတယ်’



‘မောင် ဘာဖြစ်လို့လဲ ဟင်၊ မောင် ဘာပြောလို့လဲ’ မီလာနီ ဆိုဖာဘေး ကြမ်းပြင်တွင် ထိုင်ကာ စကားလက်ကို

ပွေ့သည်။ ‘မောင် စကားလက်ကို ဘာတွေ သွားပြောသလဲ ဟင်၊ မောင်ကလည်းကွယ်၊ ကိုယ်လေးလက်ဝန်ကြီးနှင့် လူ စိတ်မကောင်းဖြစ်အောင် ဘာတွေ လျှောက်ပြောသလဲ မသိဘူး၊ စကားလက် မီလာနီကို မှီထားလေ၊ ဘာဖြစ်လို့လဲဟင်’

‘အစ်ကိုရယ်၊ အစ်ကိုရယ်၊ သိပ်ခေါင်းမာတယ်၊ မုန်းစရာ ကောင်းတယ်’



‘မောင်ဟာ တော်တော်ခက်တာပဲ၊ ဦးလေးကိစ္စက လောလောလတ်လတ်ကြီး ရှိသေးတယ်၊ စိတ်မကောင်းစရာ

ဘာတွေ သွားပြောတာလဲ ဟင်’

‘အို၊ သူ့ကို သွားပြောမနေပါနှင့်’ စကားလက်က မီလာနီ ပခုံးတွင် မှီထားရမှာ ခေါင်းထောင်၍ ပြောသည်။ ဆံပင်များက

222

မျက်နှာပေါ်သို့ ဖရိုဖရဲ ကျနေ၏။ မျက်ရည်တွေက ပါးတွင် စွန်းထင်းလျက်။ ‘သူ ကြိုက်သလို လုပ်နိုင်ပါတယ်၊ လုပ်ကြပါ၊ လုပ်ကြပါ၊ သဘောရှိ လုပ်ကြပါ’

‘ကိုယ် ရှင်းပြမယ် မီလာနီ’ အက်ရှလေ၏ မျက်နှာက ဖြူရော်လျက် ရှိသည်။ ‘စကားလက်က ကိုယ့်ကို အတ္တလန်တာက

သစ်စက်မှာ မန်နေဂျာ လာလုပ်စေချင်တယ်’

‘မန်နေဂျာတင် မဟုတ်ပါဘူး၊ အစု တစ်ဝက် ခွဲပေးမယ်လို့လည်း ပြောပါတယ်၊ ဒါကို သူက’



စကားလက်က ဒေါသတကြီးဖြင့် ရန်ထောင်လေသည်။



‘ကိုယ်က မြောက်ပိုင်းကို သွား အလုပ် လုပ်ဖို့ အစီအစဉ်တွေ လုပ်ပြီးပြီ ဆိုတော့’



‘စကားလက်က အကူအညီလိုနေလို့ လိုက်လုပ်ပေးပါလို့ ပြောတာပါ’ စကားလက်က ရှိုက်နေသည်။ ‘စကားလက်

စက်မှာ ဦးစီးမယ့်လူ မရှိလို့ ကူညီဖို့ပြောတာပါ၊ စကားလက် မျက်နှာမြင်တော့မှာမို့လို့ အကူအညီ တောင်းတာပါ၊ ဒါကို သူက မလိုက်နိုင်ဘူးတဲ့၊ ခုတော့ ဦးစီးမယ့်လူ မရှိဘူး၊ ဒီစက်ကို မတန်တဆဈေးနှင့် ရောင်းရတော့မယ်၊ စကားလက်လည်း ချွတ်ခြုံကျ ဘဝ ရောက်ရတော့မယ်၊ စကားလက်လည်း ချွတ်ခြုံကျ ဘဝ ရောက်ရတော့မှာပါ၊ ဒါကို ကြည့်ရက်တာကို အံ့လို့ မဆုံးဘူး၊ ဒီလောက် ရက်စက်ဖို့တော့ မကောင်းပါဘူး’

စကားလက်က မီလာနီ၏ ပခုံး သေးသေးကလေးပေါ်တွင် ခေါင်းမှီလိုက်သည်။ မီလာနီ ရောက်လာသည့်အတွက်

စကားလက် အားတက်သွား၏။ မီလာနီသည် သူ့ဘက်က ပါမည်ဟု စကားလက် ယုံသည်။ စကားလက် စိတ်မကောင်းဖြစ်အောင် လုပ်လျှင် မီလာနီသည် မည်သူ့ကိုမျှ သည်းခံမည် မဟုတ်။ သူ့ ယောက်ျားကိုပင် ရန်တွေ့လိမ့်မည်။

‘ဟုတ်သားပဲ မောင်ကလည်း၊ ဘာဖြစ်လို့ ငြင်းရတာလဲ၊ စကားလက်ရဲ့ ကျေးဇူးတွေ မီလာနီတို့ အပေါ်မှာ

အများကြီးရှိတယ်၊ ခုတော့ သူ့ကျေးဇူးကိုတောင် မထောက်ဘူး၊ စကားလက်ကလည်း သူ့မှာ မျက်နှာလွှဲရမယ့်လူ မရှိလို့ ခေါ်တာပဲ၊ မောင် တော်တော် ရက်စက်တယ်၊ မီလာနီတို့ အကူအညီ လိုတုန်းတော့ ယူခဲ့ပြီး သူ အကူအညီ လိုတော့ ကိုယ်က မပေးဘူးဆိုရင် ဘယ်ကောင်းမလဲ’

စကားလက်က အက်ရှလေကို မသိမသာ လှမ်းကြည့်၏။ မီလာနီကို ကြည့်၍ တအံ့တဩ ဖြစ်နေပုံရသည်။ မီလာနီက

သူ့ယောက်ျားကို မာန်မဲနေသဖြင့် စကားလက် ကိုယ်တိုင်လည်း အံ့အားသင့်နေသည်။ မီလာနီသည် သူ့ယောက်ျားကို တစ်ခါမျှ အပြစ်မတင်စဖူး။ အပြစ် မတင်ရက်။ ဘုရား၏ စကားမှလွဲလျှင် သူ့ယောက်ျား၏ စကားသည် အမှန်ဆုံးဟု ထင်ခဲ့သူ မဟုတ်လော။

‘ကိုယ် ပြောပါဦးမယ်လေ’



အက်ရှလေက ရှင်းပြမည် ပြုသည်။



‘ဘာဖြစ်လို့ ဒီလောက် ခက်ခဲနေရတာလဲ မောင်၊ စကားလက် ကျေးဇူးတွေကို မထောက်တော့ဘူးလား၊ မီလာနီ

မျက်နှာမြင်တုန်းက စကားလက် ဘယ်လောက် ကူညီခဲ့သလဲ၊ စကားလက်သာ မရှိရင် သေတောင် သေလိမ့်ဦးမယ်၊ ပြီးတော့

223

ယန်ကီကို သတ်ပြီး မီလာနီတို့ကို ကယ်ခဲ့တယ်၊ ဒါတွေကို မောင် သိရဲ့လား ဟင်၊ လူတစ်ယောက်ကို သတ်ပြီး မီလာနီတို့ကို ကယ်ခဲ့တယ်ဆိုတာ မောင် သိရဲ့လား၊ မောင်နှင့် ဝီလီတို့ ပြန်မလာခင်တုန်းက ဆိုရင်လည်း သူ့ခမျာ မီလာနီတို့ကို ကျွန်လို လုပ်ကျွေးခဲ့တယ်၊ ပါးစပ်ပေါက်တွေကို ရှာကျွေးခဲ့တယ်၊ ကိုယ်တိုင် ယာထွန်ရတယ်၊ ကိုယ်တိုင် ဝါဆွတ်ရတယ်၊ ဒါတွေကို မောင် စဉ်းစားဦးမှပေါ့၊ ခု သူ့ကို ကူညီဖို့ ပြောတဲ့အခါကျတော့’

‘ဒါ မင်း ပြောစရာ မလိုပါဘူး၊ ကိုယ် သိပါတယ်’



‘မောင်ပဲ စဉ်းစားကြည့်လေ၊ စကားလက်ကိုလည်း ကူညီရာ ရောက်တယ်၊ မီလာနီတို့လည်း ကိုယ့်မြို့ကိုယ့်ဇာတိ

ကိုယ့် အသိုင်းအဝိုင်းနှင့် ပြန်နေရတယ်၊ ဘယ်လောက် ဟန်ကျသလဲ၊ ဒေါ်လေး ပစ်တီနှင့်ရော၊ ဦးလေး ဟင်နရီနှင့်ရော၊ မိတ်ဆွေတွေနှင့်ရော ပြန်တွေ့ရမယ်၊ ပြီးတော့ သားလေးကိုလည်း ကျောင်းထားရမယ်၊ မြောက်ပိုင်းကို သွားရင် သားလေးကို ယန်ကီတွေနှင့်အတူတူ ကျောင်းထားရမှာ၊ ကိုယ်ပိုင်ဆရာမလည်း မငှားနိုင် ဆိုတော့’

‘မင်း တကယ် အတ္တလန်တာမှာ နေချင်သလား’ အက်ရှလေ၏ အသံက အေးဆေး တည်ငြိမ်နေသည်။ ‘နယူးယောက်

သွားမယ်ဆိုတုန်းကတော့ ဘာဖြစ်လို့ မင်း ဒီလို မပြောခဲ့သလဲ၊ ခုမှ’

‘အဲဒီတုန်းကတော့ မောင် အတ္တလန်တာမှာ နေရင် ဒီလို အလုပ်အကိုင်ရမယ် မထင်လို့ပေါ့၊ ပြီးတော့ ကိုယ့်

ဆွေမျိုးတွေနှင့် နီးရာကို ဆွယ်တယ်လို့ ထင်မှာစိုးလို့ ဘာမှ မပြောခဲ့ဘူး၊ သျှောင်နောက် ဆံထုံးပါ ဆိုသလို လင် သွားရာ လိုက်မယ်ဆိုပြီး သဘောတူခဲ့တာ၊ ခု စကားလက်ကလည်း အကူအညီတောင်းနေပြီဆိုတော့ မီလာနီလည်း ကိုယ့်ရပ် ကိုယ့်ရွာ ပြန်ချင်တာပေါ့၊ မဟုတ်ဘူလား စကားလက်’ မီလာနီ၏ အသံက ပြောရင် ဝမ်းပန်းတသာ ဖြစ်သည့်အသံ ပါနေသည်။ ‘နော် စကားလက်၊ ငါးမြှောင့်ဆိုင်လမ်းတို့၊ မက်မုံပင် လမ်းတို့ကို လွမ်းလှပြီ၊ ဟိုရောက်တော့ ငွေလေးစုပြီး မီလာနီတို့ ကိုယ်ပိုင်အိမ်ကလေး တစ်လုံး ဆောက်မယ်၊ တဲကလေးနှင့်ပဲ နေရ နေရ၊ ကိုယ့် အိမ်လေးနှင့် ကိုယ် ဆိုတော့ ဟန်ကျတာပေါ့’

မီလာနီ၏ မျက်လုံးက စိတ်အား ထက်သန်မှုဖြင့် ပြောင်လက်နေ၏။ အက်ရှလေနှင့် စကားလက်က မီလာနီကို

ငေးကြည့်နေမိသည်။ အက်ရှလေ၏ အကြည့်က နားမလည်နိုင်သည့် အကြည့်။ စကားလက်၏ အကြည့်က ရှက်ခြင်းနှင့် ရောနေသည့် အံ့အားသင့်အကြည့်။ မီလာနီသည် အတ္တလန်တာကို ဤမျှ သံယောဇဉ် ရှိလိမ့်မည်၊ ဤမျှ လွမ်းဆွတ်လိမ့်မည်ဟု စကားလက် မထင်ခဲ့။ ကိုယ်ပိုင် အိုးအိမ်ကလေးဖြင့် နေချင်လိမ့်မည်ဟု တစ်ခါမျှ မထင်ခဲ့။ မြိုင်သာယာတွင် ပျော်နေသည်ဟု ထင်ခဲ့သည်။ ယခု မီလာနီ၏ စကားကို ကြားရသည့်အခါ၌ စကားလက် အံ့အားသင့်နေသည်။

‘အစစ အရာရာ အဆင်ပြေအောင် စီစဉ်ပေးလို့ စကားလက်ကို သိပ် ကျေးဇူးတင်တာပဲကွယ်၊ အတ္တလန်တာကို

သိပ်ပြန်ချင်တာပဲ’

မီလာနီက မကောင်းသည်ကိုလည်း အကောင်းမြင်တတ်သည်။ ယခု သူ့အကြံအစည်ကို အကောင်း မြင်နေသည့်

အခါတွင် စကားလက် လိပ်ပြာမလုံ။ အက်ရှလေ၏ မျက်နှာကိုလည်း မကြည့်ရဲ။ မီလာနီ၏ မျက်နှာကိုလည်း မကြည့်ရဲ။

‘ခုတော့ ကိုယ့် အိမ်ကလေးနှင့် ကိုယ် နေနိုင်တော့မယ်၊ ကိုယ်တို့ အိမ်ထောင်ကျတာ ငါးနှစ်ရှိပြီ ကိုယ့်အိမ်နှင့် တစ်ခါမှ

မနေရဖူးသေးဘူး’

224



‘ကိုယ်တို့နှင့်အတူ ဒေါ်လေး ပစ်တီ အိမ်မှာပဲ နေပေါ့၊ ဒါလည်း မီလာနီရဲ့ အိမ်ပဲ၊ မဟုတ်ဘူးလား’



စကားလက်က မှီအုံး အစွန်းကို ဆုပ်ချေရင်း ပြောသည်။ သူ့ အကြံအောင်သည့်အတွက် ဝမ်းသာလွန်းသဖြင့် မနည်း

ဣနြေ္ဒဆည်နေရသည်။

‘အို နေပါစေကွယ်၊ ကိုယ်တို့ လာနေရင် အိမ်မှာ လူတွေ သိပ်များနေလိမ့်မယ်၊ ဟိုကျမှ ကိုယ့် အိမ်လေးနှင့်ကိုယ် နေဖို့

ကြည့် စီစဉ်မယ်၊ နော် မောင်၊ အတ္တလန်တာမှာ နေမယ်လို့ ပြောလိုက်ပါ’

‘စကားလက် ကိုယ့်ကို ကြည့်စမ်း’



အက်ရှလေ၏ အသံက အနိမ့်အမြင့် မရှိ။ တစ်သံတည်း။ စကားလက်က အလန့်တကြား သူ့ကို ကြည့်၏။ အက်ရှလေ၏

ပြာလဲ့လဲ့ မျက်လုံးများက နာကြည်းသည့်ဟန်။

‘ကောင်းပြီ၊ ကိုယ် အတ္တလန်တာကို လိုက်မယ်၊ မင်းတို့က နှစ်ယောက်၊ ကိုယ်က တစ်ယောက်တည်းဆိုတော့ ကိုယ်

အလျှော့ပေးမယ်’

အက်ရှလေက ချာခနဲ လှည့်ကာ အပြင်သို့ ထွက်သွား၏။ စကားလက် အကြံအစည် အောင်သဖြင့် ခပ်စောစောက

ဝမ်းသာနေသော်လည်း ယခု ဝမ်းသာခြင်း မရှိတော့။ စိုးရိမ်လာသည်။ အက်ရှလေ၏ မျက်လုံးက အတ္တလန်တာတွင် နေရလျှင် ဘဝဆုံးပြီဟု စောစောက ပြောခဲ့စဉ်က မျက်လုံးမျိုး။ နာကြည်းသည့်ဟန်။ ဆုံးရှုံးသည့်ဟန်။

ဆွီလင်နှင့် ဝီလီတို့လက်ထပ်ပြီးနောက် ကာရင်းက ချာလက်စတန်မှ သီလရှင်ကျောင်း တစ်ကျောင်းတွင် သီလရှင်

သွားဝတ်သည်။ အက်ရှလေ၊ မီလာနီနှင့် သားလေးတို့က အတ္တလန်တာသို့ ပြောင်းခဲ့ကြသည်။ သူတို့နှင့်အတူ အိမ်ဖော်အဖြစ် ဒစ်လစီကို ခေါ်ခဲ့ကြ၏။ ပရဇ္ဇီနှင့် ပေါ့တို့ကမူ မြိုင်သာယာတွင် နေရစ်ခဲ့ကြသည်။ ဝီလီအတွက် နောက်ထပ် ကပ္ပလီ ယာကူလီများ အစားရှာ၍ ရမှ အတ္တလန်တာသို့ လိုက်လာရန်ဖြစ်သည်။

အတ္တလန်တာတွင် အက်ရှလေတို့ ငှားနေသည့် အိမ်က အိုင်ဗီလမ်းပေါ်က အုတ်တိုက်ကလေးဖြစ်သည်။ ဒေါ်လေး

ပစ်တီ၏ အိမ်နှင့် ကျောချင်းကပ်ဖြစ်၍ ကြားတွင် ခြံစည်းရိုးကလေး ခြားသည်။ ဤအိမ်ကလေးကို မီလာနီ စိတ်ကြိုက် ရှာခြင်းဖြစ်၏။

အုတ်တိုက်ကလေးက မူလက နှစ်ထပ်တိုက်ဖြစ်သည်။ သို့ရာတွင် ယန်ကီတို့ မြို့ဝိုင်းစဉ်က အမြောက်ဆန်များ

ထိသဖြင့် အပေါ်ထပ် မရှိတော့။ စစ်ပြီးသည့်အခါတွင် ပိုင်ရှင်ကလည်း မတတ်နိုင်သဖြင့် ပြန်၍ အသစ် မဆောက်နိုင်။ အပေါ်ထပ်ကို ဖျက်ပြီး ပထမထပ်ကို အမိုး မိုးပစ်လိုက်သည်။ အိမ်ကလေးက အရုပ်ဆိုးဆိုး။ ခပ်ပုပု။ သေတ္တာများဖြင့် ဆောက်ထားသည့် ကလေး ကစားစရာ အိမ်ကလေးနှင့်တူသည်။ မြေတိုက်က မြင့်မြင့် ဆောက်ထားသဖြင့် ပထမအထပ်သို့ တက်သည့် လှေကားကြီးတွေက မြင့်နေသည်။ သို့ရာတွင် ဝက်သစ်ချပင်ကြီး နှစ်ပင် မိုးနေသည့် အတွက်ကြောင့် တစ်ကြောင်း၊ အရွက်များတွင် ဖုန်အလိမ်းလိမ်းကပ်၍ အပွင့် ဖြူဖြူတွေ ဝေသည့် တတိုင်းမွှေးရုံကြီးက လှေကားရင်းတွင် ပေါက်နေသည့် အတွက်ကြောင့် တစ်ကြောင်း အုတ်တိုက်က ထင်သလောက် အကျည်းမတန်။ အိမ်ရှေ့မြက်ခင်းကလည်း ကျယ်သည်။ သုံးခွဆိုင် မြက်ပင်တွေ တောထနေသည်။ မြက်ခင်း အစပ်တွင် ခြံစည်းရိုးနှင့်။ ပျားရည်စုပ် ပန်းနွယ်များက ခြံစည်းရိုးတွင်

225

တွယ်တက်နေကြသည်။

မြက်တောထဲမှ

တောင်သပြေငုတ်များတွင်

သပြေညိုနှင့်

သပြေဖြူများက

အညွန့်တလူလူ

တက်လျက်။ သူတို့အနီးတွင် စစ်ပွဲကြီး တစ်ပွဲ ဖြစ်ပွားခဲ့သည်ကို သတိ မမူသည့်နှယ်။

စကားလက်အဖို့မူ အကျည်းတန်ဆုံး အိမ်ဟု ထင်သည်။ မီလာနီအဖို့မူ ဝက်သစ်ချမြိုင်ထက်ပင် သာသေးသည်ဟု

ထင်သည်။ ယခု ကိုယ်ပိုင်အိမ်ကလေးဖြင့် နေရပြီ။ လင်နှင့် သားနှင့် အိမ်မိုးကလေး တစ်ခုအောက်တွင် အတူနေရပြီ။

အင်ဒီယာလည်း

မာကွန်မှ

ပြန်ရောက်လာသည်။

၁၈၆၄

ခုနှစ်ကတည်းက

ဟန်နီနှင့်သွားနေခဲ့ခြင်းဖြစ်၏။

အတ္တလန်တာသို့ ပြန်ရောက်သည့်အခါတွင် သူ့အစ်ကို အက်ရှလေနှင့် အတူ လာနေသဖြင့် အိမ် ကျဉ်းကျဉ်းကလေးတွင် လူတွေပြည့်နေသည်။ သို့တိုင်အောင် အက်ရှလေနှင့် မီလာနီက ဝမ်းသာအားရ ကြိုဆိုကြသည်။ ခေတ်တွေပြောင်း၍ ပိုက်ဆံ ရှားသည့်တိုင် တောင်ပိုင်းသားတို့၏ ထုံးစံက ပြောင်းလဲခြင်း မရှိ။ အိမ်သို့ ဆွေမျိုးထဲမှ မိန်းမသား တစ်ဦးလာနေလျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။

ဟန်နီကမူ အိမ်ထောင်ကျပြီဟု ဆိုသည်။ သူ့ ယောက်ျားက မာကွန်သို့ လာ၍ အခြေချနေသည့် မစ္စစပီ နယ်သား

တောသား တစ်ဦးဟု အင်ဒီယာက ပြောပြသည်။ မျက်နှာ နီနီ။ အာ ကျယ်ကျယ်။ ခပ် ပျော်ပျော် နေတတ်သည်။ အင်ဒီယာက ဟန်နီကို ထိုလူနှင့် သဘောမတူ။ ထို့ကြောင့် ညီမ အိမ်တွင် မနေချင်။ သူ့အစ်ကို အက်ရှလေ တစ်ယောက် အိမ်တစ်ဆောင် မီးတစ်ပြောင်ဖြင့် နေနိုင်ပြီဆိုသည့်အခါ၌ သူစိမ်းပြင်ပြင် ဖြစ်နေသော ပတ်ဝန်းကျင်တွင် မနေရတော့ပြီဟု ဝမ်းသာနေသည်။ ကိုယ့်ထက် အဆင့်အတန်း နိမ့်သည့် ယောက်ျားနှင့် ပျော်နေသည့် ညီမကိုလည်း မမြင်ရတော့ပြီဟု ဝမ်းသာသည်။

ကျန်

ဆွေမျိုးသားချင်းများကမူ

ဟန်နီ

တစ်ယောက်

ယောက်ျားရ

ကံကောင်းသည်ဟု

စိတ်ထဲတွင်

ကျိတ်တွေးနေကြသည်။ ဟန်နီ ယောက်ျားက လူကြီး လူကောင်း။ ပစ္စည်းကလည်း အသင့်အတင့်။ သို့ရာတွင် ဂျော်ဂျီယာတွင် မွေး၍

ဂျော်ဂျီယာတွင်

ကြီးပြင်းလာသည့်

အင်ဒီယာ၏

အမြင်တွင်မူ

ဂျော်ဂျီယာသား

မဟုတ်လျှင်

အရိုင်းအစိုင်း

တောတွင်းသားဟု ထင်သည်။ အင်ဒီယာသည် သူ့မတ် အိမ်မှ ပြောင်းရသဖြင့် ဝမ်းသာသည့်နည်းတူ သူ့ မတ်ကလည်း အင်ဒီယာ ပြောင်းသွားသည့်အတွက် ဝမ်းသာကောင်း သာမည်လော မဆိုနိုင်။

အင်ဒီယာက အသက် အစိတ်ထဲ ရောက်နေပြီ။ အပျိုဟိုင်းကြီး ဖြစ်နေပြီ။ ထို့ကြောင့် အထူးတလည် ပြင်ဆင်မွမ်းမံဖို့

မလိုတော့။ ပြာလဲ့၍ မျက်တောင်မွှေးမရှိသည့် မျက်လုံးများဖြင့် လောကကြီးကို ကြည့်၍ မကျေမနပ် ဖြစ်တတ်သည်။ သူ့ နှုတ်ခမ်းပါးပါးများက ဘဝင်မြင့်ဟန် အမြဲတမ်း တင်းကျပ်စွာ စေ့နေကြသည်။ သူ့ဟန်ပန်က ဣနြေ္ဒရသည်။ တည်ကြည်သည်။ ငယ်ငယ် ဝက်သစ်ချမြိုင်တွင် နေခဲ့စဉ်က မျက်နှာထားချိုချိုနှင့် မိန်းကလေးမျိုး မဟုတ်တော့။ မုဆိုးမ တစ်ယောက်နှင့် တူနေသည်။ စတူးဝပ် တာလက်တန်သာ ဂက်ဘီစဘတ် တိုက်ပွဲတွင် မကျခဲ့လျှင် သူတို့နှစ်ယောက် လက်ထပ်ကြမည်ကို လူတိုင်းသိကြသည်။ ထို့ကြောင့် အပျိုဖြစ်သည့်တိုင် မုဆိုးမ တစ်ယောက်ကို လေးစားသမှုပြုသည့် အမူအရာမျိုး ပြကြသည်။

အိုင်ဗီလမ်းက

အခန်းခြောက်ခန်းရှိ

အိမ်တွင်

မကြာခင်

အိမ်ထောင်

ပရိဘောဂတွေ

ရောက်လာသည်။

အကောင်းစားမဟုတ်။ ဖရင့်၏ ကုန်တိုက်မှ ရောင်းသည့် ထင်းရှူးသားနှင့် ဝက်သစ်ချသား ပရိဘောဂများသာ ဖြစ်သည်။ ပိုက်ဆံ မရှိသဖြင့် အကြွေး ဝယ်ရသည်တွင် အက်ရှလေက အဖိုးတန် ပရိဘောဂကို မဝယ်ချင်။ ဈေးပေါပေါဖြင့် ရ၍ လိုအပ်သည့် ပရိဘောဂကိုသာ ဝယ်လိုသည်။ ဤသည်ကို ကြည့်၍ ဖရင့်က အားနာသည်။ စကားလက် စိတ်မကောင်း

226

ဖြစ်ရသည်။ ဖရင့်ကရော စကားလက်ကပါ သူတို့ဆိုင်တွင် ရှိသည့် မဟော်ဂနီသား ပရိဘောဂ၊ ယင်းတိုက်နှစ်သား ပရိဘောဂ စသည့် အကောင်းစားများကို အလကား ပေးချင်သည်။ သို့ရာတွင် အက်ရှလေက လက်မခံ။ အက်ရှလေ အိမ်က အရုပ်ဆိုးရသည့်အထဲတွင် စားပွဲ မရှိ၊ ကုလားထိုင်များ မရှိသဖြင့် ဟာလာဟင်းလင်း။ ခန်းဆီး မရှိ။ ကြမ်းခင်း ကော်ဇော မရှိသည့် အိမ်ထဲတွင် အက်ရှလေ ဖြစ်သလို နေသည်ကို စကားလက် မကြည့်ရက်။ သို့ရာတွင် အက်ရှလေက ဤသည်တို့ကို ဂရုမစိုက်။ အိမ်ထောင်ကျပြီးကတည်းက ပထမဆုံးအကြိမ် ကိုယ့်အိုး ကိုယ့်အိမ်ဖြင့် နေရသည့် မီလာနီကမူ ဤသို့ နေရသည်ကိုပင် ကျေနပ်၍ မဆုံး။ ဂုဏ်ယူ၍ မဆုံး။ အိမ်တွင် ခန်းဆီး မရှိလျှင်၊ ကန့်လန့်ကာ မရှိလျှင်၊ မှီအုံး မရှိလျှင်၊ လိုအပ်သည့် စားပွဲ၊ ကုလားထိုင် စသည်မရှိလျှင်၊ လက်ဖက်ရည် ပန်းကန်စုံမရှိလျှင် စကားလက် လူမြင် မခံရဲ။ မိတ်ဆွေတွေက သူ့ကို အထင်သေးမည် စိုးသည်။ သို့ရာတွင် မီလာနီကမူ ဤသည်တို့ မရှိ၍လည်း ဂရုမစိုက်။ အကောင်းစား ထိုင်ခုံတွေ၊ ကတ္တီပါ ခန်းဆီးတွေ ရှိသည့်နှယ် သူ့အိမ်ကိုသူ ဂုဏ်ယူသည်။

မီလာနီသည် ကိုယ့်အိုး ကိုယ့်အိမ်နှင့် နေရသည့်အတွက် ပျော်သည့်တိုင်  ကောင်းကောင်း မကျန်းမာ။ သားလေး

မွေးပြီးသည့်နောက် ကျန်းမာသည် မရှိ။ မြိုင်သာယာတွင် ရှိစဉ်က အလုပ်ကြမ်း လုပ်ခဲ့ရသဖြင့်လည်း ဒဏ်ပိနေသည်။ ပိန်လိုက်သည်ကလည်း အရိုးငေါငေါ။ သူ့ အရိုးများသည် သူ့အသား ဖြူဖြူနုနုထဲမှ ဖောက်၍ ထွက်လာတော့မည် ထင်ရ၏။ အိမ်နောက်ဖေး ကွက်လပ်တွင် ကလေးနှင့် ဆင်းကစားနေတုန်း အဝေးကနေကြည့်လျှင် မီလာနီသည် သူငယ်မလေး တစ်ယောက်နှင့် တူနေသည်။ မိန်းမတစ်ယောက်၏ ပုံပန်း သဏ္ဌာန် မပေါ်။ ခါးကလေးက ခပ်သေးသေး။ ရင်ကလည်း ခပ်ပြားပြား။ တင်ပါးကလည်း သားလေး၏ တင်ပါးလို ခပ်ရှူးရှူး။ ဘော်လီ အင်္ကျီကို ပုံဖြင့် ဝတ်ရ ကောင်းမှန်းလည်း မသိ။ တင်ပါးတွင် အခုအခံ ထည့်ရန်လည်း စိတ်မကူး။ ခပ်ပိန်ပိန် သူ့သဏ္ဌာန်သည် ပို၍ သိသာနေသည်။ ခန္ဓာကိုယ်သာ မဟုတ်။ မျက်နှာကလည်း ချောင်ကျကာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ လိပ်ပြာ နှုတ်ခမ်းမွေးလို နူးညံ့၍ ကွေးညွတ်နေသည့် သူ့မျက်ခုံးသည် အသားဖြူဖြူပေါ်တွင် မည်းနက်၍ ထင်းထင်းကြီး ပေါ်နေသည်။ မျက်နှာသေးသေးတွင် မျက်လုံးကြီးများက အဆမတန် ပြူးကျယ်နေသည်။ သို့ရာတွင် အကြည့်ကမူ ငယ်ငယ်တုန်းကလို ငြိမ်သက်မြဲ၊ တည်ကြည်မြဲ၊ ပြည်တွင်းစစ် ဆင်းရဲ ဒုက္ခ၊ ပင်ပန်းခြင်း စသည်တို့ကို တွေ့ခဲ့သည့်တိုင် သူ့ အကြည့်သည် ချိုသာ၍ တည်ငြိမ်ဆဲ။ လူ့ဘဝ၏ ပျော်ရွှင်မှုကို ရနေသည့် မိန်းမတစ်ယောက်၏ မျက်လုံးမျိုး။ သူ့ပတ်ဝန်းကျင်တွင် မိုးသက်မုန်တိုင်းတွေ မည်မျှ တိုက်စေကာမူ အတွင်း အဇ္ဈတ္တ သန္တာန်တွင် တည်ငြိမ်မှုကို ရနေသည့် မိန်းမတစ်ယောက်၏ မျက်လုံးမျိုး။

မီလာနီ၏ မျက်လုံးများသည် အဘယ့်ကြောင့် ဤမျှ တည်ငြိမ်ရသနည်းဟု စကားလက် မနာလို ဖြစ်မိ၏။

သူ့မျက်လုံးများက မီလာနီ မျက်လုံးများနှင့် မတူ။ တစ်ခါတစ်ရံတွင် ဆာလောင်မွတ်သိပ်နေသည့် ကြောင်တစ်ကောင်၏ မျက်လုံးများနှင့်တူသည်။ မီလာနီ၏ မျက်လုံးများသည် ဖယောင်းတိုင် မီးတောက်နှင့် တူသည်ဟု တစ်ခါက ရက် ဘတ်တလာက ပြောခဲ့ဖူးသည်။

ဟုတ်သည်။

မီလာနီ၏

မျက်လုံးများက

ဖယောင်းတိုင်

မီးတောက်နှင့်တူသည်။

လေကွယ်ရာတွင်

တောက်နေသည့် ဖယောင်းတိုင် မီးတောက်လို ငြိမ်သက်သည်။ အလင်းရောင်က စူးလည်း မစူးလွန်း။ မှိန်လည်း မမှိန်လွန်း။

အက်ရှလေတို့ အိမ်တွင် ဧည့်သည်တွေ အမြဲတမ်း ရှိလာသည်။ မီလာနီက ကလေးတုန်းကတည်းက လူချစ်လူခင်

များသည်။

ထို့ကြောင့်

မီလာနီ

ပြန်လာပြီဟု

ကြားရသည့်အခါတွင်

ပေါင်းဟောင်းသင်းဟောင်းများ

မကြာခဏ

ရောက်လာတတ်ကြ၏။ လက်ဆောင်တွေ လာပေးကြသည်။ ပန်းချီကား၊ ငွေဇွန်း၊ ခေါင်းအုံးစွပ်၊ လက်သုတ်ပဝါ၊ ခြေသုတ်ဖုံ စသည့် အိမ်သုံးပစ္စည်းများ ဖြစ်သည်။

227



မီလာနီ့ အဖေနှင့် မက္ကစီကို စစ်ပွဲတွင် အတူ တိုက်ခဲ့ဖူးသည့် အဘိုးကြီးများကလည်း အလည် ရောက်လာကြသည်။

‘ကျုပ်တို့ ဗိုလ်မှူးကြီး ဟယ်မီတန်ရဲ့ သမီးလေ’ ဟု ဆိုကာ ပါလာသည့် ဧည့်သည်များနှင့် မိတ်ဆက်ပေးကြသည်။ မေမေ့ အသိမိတ်ဆွေများလည်း လာကြသည်။ မီလာနီက လူကြီးသူမကို ရိုသေ ကိုင်းရှိုင်းတတ်သည်။ လူကြီးဆိုလျှင် ချောင်ထိုးချင်နေသည့် ကာလတွင် သူတို့ကို မီလာနီက အရေးတယူ ပြသည့်အတွက် လူကြီးတွေကလည်း ကျေနပ်ကြသည်။ သူနှင့် သက်တူ ရွယ်တူ သူငယ်ချင်းများကလည်း မီလာနီကို ခင်ကြသည်။ မီလာနီသည် သူတို့လိုပင် ဒုက္ခ သုက္ခတွေကို ဖြတ်သန်းခဲ့ရသူ၊ သို့တိုင်အောင် ဘဝကို နာကြည်းခါးသီးခြင်း မရှိသူ၊ သူတို့ ဒုက္ခ သုက္ခများကို ကိုယ်ချင်း စာနာသူ၊ သူတို့ ပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်သူ ဖြစ်သဖြင့် မီလာနီကို ခင်ကြသည်။ လူငယ်လူရွယ်တို့ အိမ်လည် သွားတတ်ကြသည့် ထုံးစံအတိုင်း သူတို့အိမ်သို့ လူငယ် လူရွယ်တွေ အလည် လာတတ်ကြသည်။ မီလာနီ အိမ်သို့ ရောက်လျှင် ပျော်သည်။ မိတ်ဆွေ သူငယ်ချင်းတွေ ပြန်၍ ဆုံကြရသည်။

မီလာနီက ဆက်ဆံရေးကောင်းသည်။ အပေါင်းအသင်းကို ခင်တတ်သည်။ ဤသို့ဖြင့် ပြည်တွင်းစစ်မဖြစ်မီက

အတ္တလန်တာမှ မြို့မျက်နှာဖုံး လူကြီး လူငယ်များ သူ့အိမ်တွင်စုမိကြသည်။ ပိုက်ဆံ မရှိသော်လည်း ဆွေဂုဏ် မျိုးဂုဏ် ထက်ကြသည့်

အထက်တန်းလွှာ၊

စစ်ကြောင့်

တကွဲတပြားစီ

ဖြစ်သွားရသည့်

အတ္တလန်တာ

အထက်တန်းလွှာ၊

သေသူ သေသဖြင့် ဖရိုဖရဲဖြစ်နေသည့် အထက်တန်းလွှာ၊ ခေတ် ပြောင်းသဖြင့် ဖရိုဖရဲဖြစ်နေသည့် အထက်တန်းလွှာ။ ထိုအထက်တန်းလွှာ အသိုင်းအဝိုင်းသည် မီလာနီကြောင့် ပြန်၍ စုစည်းလာသည်။

မီလာနီက အသက်ငယ်သေးသည်။ သို့ရာတွင် စစ်ကြောင့် ဖရိုဖရဲ ဖြစ်ကျန်ခဲ့သည့် အတ္တလန်တာ အထက်တန်းစားတို့

တန်ဖိုးထားသည့် အရည်အချင်းများ အကုန်ရှိသည်။ ဆင်းရဲခြင်း၊ ဆင်းရဲသည်ကို ဂုဏ်ယူခြင်း၊ ဒုက္ခ သုက္ခတွေကို မညည်းမညူ ရင်ဆိုင်ခြင်း၊ ပျော်တတ်ခြင်း၊ ဖော်ရွေခြင်း၊ သနား ကြင်နာတတ်ခြင်း၊ ရှေးအစဉ်အလာများကို ထိန်းသိမ်းခြင်း စသည့် အရည်အချင်းတို့ဖြစ်သည်။ မီလာနီသည် ပြောင်းနေသည့် ခေတ်ကြီးနှင့်အညီ လိုက်၍ ပြောင်းလဲခြင်း မရှိ။ ပြောင်းလဲဖို့လည်း မလိုဟု ယူဆသည်။ သူ့ အိမ်သို့ ရောက်လျှင် ခေတ်ကောင်းစဉ် အခြေအနေသို့ ပြန်ရောက်သွားသည်ဟု အောက်မေ့ရသည်။ ခေတ်ပျက် သူဌေးများ၊ ကော်ဇောအိတ် သမားများ နေကြသည့် ခပ်ရမ်းရမ်း၊ ခပ်ကြမ်းကြမ်း၊ ခေတ်ဆန်ဆန် နေကြသည့် အနေအထိုင်မျိုးကို ပို၍ မုန်းလာကြသည်။

ယန်ကီတို့ တက်လာသည့် အခါတွင် အချို့က ယန်ကီတို့ကို တုကြသည်။ ယန်ကီ အနေအထိုင်ကို အားကျကြသည်။

အတ္တလန်တာတွင် အထက်တန်းလွှာက ထိုသူများကို သစ္စာဖောက်ဟု သတ်မှတ်သည်။ စိတ်နာသည်။ ဒေါသ ထွက်သည်။ မီလာနီ၏ တည်ငြိမ်သည့် မျက်နှာကိုမြင်ရ၍  ရှေးခေတ် အစဉ်အလာကို ထိန်းသိမ်းသည်ကို မြင်ရလျှင် ဒေါသထွက်သည်တို့ကို မေ့ပျောက်သွားကြသည်။ လောကတွင် ဤလို လူတွေ တစ်ပုံကြီး။ ဆွေကြီး မျိုးကြီးထဲက ဖြစ်သော်လည်း ဆင်းရဲသည့်ဒဏ်ကို မခံနိုင်သဖြင့် ယန်ကီတို့ဘက်သို့ ကူးသွားကြသည်။ ရီပါဘလီကန် ပါတီသို့ ဝင်သွားကြသည်။ ယန်ကီတို့ ပေးသော ရာထူးကို ယူကြသည်။ အချို့ စစ်ပြန်များသည် ဆင်းရဲဒုက္ခကို ကြာကြာ မခံနိုင်တော့။ ရက် ဘတ်တလာ၏ နမူနာကို လိုက်ကြသည်။ ကော်ဇောအိတ်သမားများနှင့် ပေါင်းကာ နည်း အမျိုးမျိုးဖြင့် ပိုက်ဆံ ရှာကြသည်။

ဤသို့ သစ္စာဖောက်သွားသူများတွင် အတ္တလန်တာ မြို့မျက်နှာဖုံးများ၏ သားသမီးများ ပါနေသဖြင့် ပို၍ ဆိုးသည်။

ပြည်တွင်းစစ် ဖြစ်စဉ်က အရွယ် မရောက်ကြသေး။ ပြည်တွင်းစစ် ပြီးသည့်အခါတွင် အပျိုပေါက်၊ လူပျိုပေါက် အရွယ်

228

ရောက်နေကြပြီ။

ပြည်တွင်းစစ်၏

ဒုက္ခသုက္ခကို

ကောင်းကောင်း

နားမလည်ကြတော့။

မမှတ်မိကြတော့။

သူတို့တွင်

လင်ယောက်ျား မဆုံးရှုံးဖူးခဲ့။ ချစ်သူ မဆုံးရှုံးဖူးခဲ့။ ယခင် သူတို့ မိဘများ မည်သို့ တခမ်းတနား နေခဲ့ရသည်ကို မသိကြ။ ယန်ကီ စစ်ဗိုလ်များက ခပ်ချောချော၊ ခပ်ရမ်းရမ်း၊ ဝတ်ကောင်းစားလှ ဝတ်လျက်။ ကပွဲတွေက တခြိမ့်ခြိမ့်။ မြင်းကြီးတွေကလည်း မြင်းကောင်း မြင်းချောကြီးတွေ။ ရထားကြီးတွေက တဖိတ်ဖိတ်။ တောင်ပိုင်းသူ အမျိုးသမီးတွေကို သဘောကျကြသည်။ ဧကရီတွေလို သဘောထားကြသည်။ သူတို့ကို ဂရုစိုက်ကြသည်။ သို့ဖြစ်လျှင် ယန်ကီတို့နှင့် အဘယ့်ကြောင့် အပေါင်းအသင်း မလုပ်ရမည်နည်း။

ယန်ကီ စစ်ဗိုလ်တွေက အတ္တလန်တာက အရပ်သားတွေထက် ဂိုက်ကောင်းသည်။ မြို့ခံ လူက အဝတ်အစား

အစုတ်စုတ် အပြတ်ပြတ်။ မျက်နှာထားကလည်း ခပ်မှုန်မှုန်။ အလုပ် လုပ်ရသည်ကလည်း တကုတ်ကုတ်။ ပျော်ချိန်ပါးချိန်ပင် မရှိ။ သို့ဖြင့် ယန်ကီ စစ်ဗိုလ်တွေနှင့် ထွက်ပြေးကြသည့် အတ္တလန်တာ မြို့သူတွေ ဒုနှင့်ဒေး ဖြစ်နေသည်။ မြို့က စိတ်မကောင်းကြ။ မောင်တွေက သူတို့ နှမတွေကို လမ်းတွင် မျက်နှာချင်းဆိုင်တွေ့လျှင် မခေါ်ကြ။ စိတ်နာသဖြင့် မျက်နှာ လွှဲသွားကြသည်။ မိဘတွေကလည်း သမီးနာမည်ကို ထည့် မပြောကြ။ ‘လက်နက် မချ’ ဟု ဆိုသူများသည် ဤအဖြစ်အပျက်ကို မြင်သည့်အခါတွင် စိတ်ဓာတ်ကျသွားကြသည်။ သို့ရာတွင် မီလာနီ၏ နူးညံ့၍ အရှုံးမပေးသော မျက်နှာကို မြင်သည့်အခါတွင် အားတက်မိကြသည်။ ရှေးအဘွားကြီးများကမူ မီလာနီသည် တစ်မြို့လုံးတွင် စံပြဟု ချီးကျူးကြ၏။ သူတစ်ပါးကို မကောင်း ပြောခဲသဖြင့် မိန်းမငယ်များကလည်း မီလာနီကို ခင်ကြသည်။

ပြည်တွင်းစစ်ကြီး အတ္တလန်တာက အမျိုးသမီးထဲတွင် သူ့ကိုယ်သူ စံပြ ဖြစ်လိမ့်မည်ဟု မီလာနီ မည်သည့်အခါကမျှ

မထင်ခဲ့။ လူတွေ သူ့ထံ လာကြခြင်းမှာ သူ့ကို နှုတ်ဆက်ဖို့၊ ဇာထိုးပန်းထိုး အသင်းတွင်ပါဖို့၊ ဂီတ ကလပ်တွင် ပါဖို့၊ အနုပညာ အသင်းတွင် ပါဖို့လောက်သာ ဖြစ်လိမ့်မည်ဟု မီလာနီ ထင်ခဲ့သည်။ အတ္တလန်တာမြို့က ဂီတ ဝါသနာ ထုံသည်။ ဂီတကို အားပေးသည်။ ယဉ်ကျေးမှု နောက်ကျသည်ဟု အခြားမြို့များက ပြောကြသည့်တိုင် စစ်အပြီးတွင် ဂီတကို လိုက်စားလာကြသည်။ ဂီတ ကောင်းကောင်းကို နားထောင်ရလျှင် လမ်းတွင် ကပ္ပလီတွေ အစော်ကားခံရခြင်း၊ ယန်ကီ စစ်တပ်တွေ သိမ်းထားခြင်း စသည်တို့ကိုပင် မေ့သွားသည်။

မီလာနီက စနေဆည်းဆာ ဂီတဝိုင်းတွင် အသင်းခေါင်းဆောင် အဖြစ် အရွေးခံရသည်။ ဤသို့ အရွေးခံရခြင်းမှာ

မည်သူနှင့်မဆို စန္ဒရားတီးနိုင်သောကြောင့် ဖြစ်သည်ဟု မီလာနီ ထင်သည်။ အသံကြောင်သည့် မက်ကလျူ ညီအစ်မ တစ်သိုက် သီချင်းဆိုလျှင်လည်း သူက စန္ဒရားတီးပေးသည်။

တကယ့် အကြောင်းရင်းမှာ ထို့ကြောင့် မဟုတ်။ အမျိုးသမီး စောင်းကောက် အသင်း၊ မင်ဒိုလင် အဖွဲ့၊ ဂစ်တာကလပ်

စသည့် ဂီတ အဖွဲ့များကို ကျွမ်းကျင်စွာ ပေါင်းပေးနိုင်ခြင်းကြောင့် ဖြစ်၏။ အတ္တလန်တာက ဂီတ အဖွဲ့များသည် ‘ဘိုဟီးမီးယန်း ပျိုဖြူ’ ဆိုသည့် သီချင်းကို တီးရာတွင် နယူးယောက်၊ ဝါရှင်တန် စသည့် မြို့များက ကြေးစား ဝိုင်းကြီးများထက် သာသည်ဟုပင် ပြောကြသည်။ မီလာနီ၏ ဆွဲဆောင်မှုဖြင့် အမျိုးသမီး စောင်းကောက်အသင်းကို စည်းရုံးပြီး နောက်တွင်မူ မီလာနီကို ဂီတဝိုင်း ခေါင်းဆောင်အဖြစ် ထားမှ ဖြစ်မည်ဟု မစ္စက် မယ်ရီဝယ်သာက ဆရာဝန်ကတော် ဒေါ်ဒေါ်မိနှင့် မစ္စက် ဝှိုက်တင်းတို့ကို ပြောပြသည်။

အမျိုးသမီး

စောင်းကောက်အသင်းဝင်များကို

စည်းရုံးနိုင်ပြီဆိုလျှင်

အခြားသူများကို

စည်းရုံးနိုင်မည်မှာ

သေချာပြီဟု မစ္စက် မယ်ရီဝယ်သာက ဆိုသည်။

229



မီလာနီက ပြည်တွင်းစစ် အရေးတော်ပုံတွင် ကျဆုံးသွားသည့် အာဇာနည် ဗိမာန် စောင့်ရှောက်ရေး အသင်း

အတွင်းရေးမှူး၊ ပြည်နယ် မုဆိုးမများနှင့် မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး၊ ဇာထိုး ပန်းထိုးအသင်း အတွင်းရေးမှူးအဖြစ် အရွေးခံရသည်။ ဤ နှစ်သင်း ပူးတွဲ အစည်းအဝေးတွင် ပြဿနာတစ်ရပ် တက်လာသည်။ ပြဿနာက အခြား မဟုတ်။ ပြည်နယ်စစ်သားများ၏ သင်္ချိုင်း အနီးရှိ ပြည်ထောင်စုစစ်သားများ၏ သင်္ချိုင်းမှ ပေါင်းတော မြက်တောများကို ရှင်းရေး မရှင်းရေး ပြဿနာ။ ဤတွင် အသင်း နှစ်သင်း သဘောကွဲကြသည်။ ဇာထိုး ပန်းထိုး အသင်းက ပြည်ထောင်စု စစ်သားများ၏ သင်္ချိုင်းကို ရှင်းချင်သည်။ အာဇာနည် ဗိမာန် စောင့်ရှောက်ရေး အသင်းက ရန်သူစစ်သား၏ သင်္ချိုင်းဖြစ်၍ မရှင်းချင်။

ဆရာဝန်ကတော် ဒေါ်ဒေါ်မိက ဒုတိယ အစုတွင် အပြင်းထန်ဆုံး ဖြစ်သည်။



‘ဘာလဲ ယန်ကီစစ်သားရဲ့ သင်္ချိုင်းကို ရှင်းရမယ် ဟုတ်လား၊ ရှင်းတော့ မနေကြနှင့်၊ တစ်ခါတည်းတူးပြီး အမှိုက်ပုံထဲ

လွှင့်ပစ်လိုက်ကြ’

ဤတွင် အသင်း နှစ်သင်း တစ်ဖက်နှင့်တစ်ဖက် ပုတ်ခတ် တိုက်ခိုက်လာကြသည်။ တစ်ယောက်တစ်ပေါက်

ထပြောကြသည်။ မည်သူမျှ နားမထောင်ကြ။ အစည်းအဝေးကို မစ္စက် မယ်ရီဝယ်သာ၏ အိမ်ဧည့်ခန်းတွင် ကျင်းပရာ မီးဖိုထဲတွင် သွား၍ ရှောင်ပေးရသည့် မစ္စက် မယ်ရီဝယ်သာ၏ အဖေကြီးက သူတို့ အစည်းအဝေး အသံများသည့် ဖရင့်ကလင် တိုက်ပွဲစဖြစ်စဉ်က အမြောက်သံများလို ဆူညံနေသည်ဟု ပြောပြသည်။ အမျိုးသမီး အစည်းအဝေးတစ်ခုကို တက်ရသည်ထက် စစ်ပွဲ တစ်ပွဲကို ဝင်တိုက်ရသည်က ပို၍ အန္တရာယ်ကင်းသည်ဟုလည်း ပြောသည်။

နောက်ဆုံးတွင် မီလာနီ ထ၍ စကားပြော၏။ သူ့အသံက ချိုချိုအေးအေး။ နူးနူးညံ့ညံ့။ ဒေါသ ထွက်နေသည့် လူအုပ်ကို

စကားပြောရသဖြင့် ခပ်လန့်လန့်။ အသံ တုန်တုန်။

‘ကျွန်မ စကားတစ်ခွန်းလောက် ပြောပါရစေရှင်၊ ကျွန်မတို့ဟာ ယန်ကီ စစ်သားတွေရဲ့ သင်္ချိုင်ပုံတွေပေါ်က

ပေါင်းမြက်တွေကို ရှင်းပေးသင့်ပါတယ်၊ ပေါင်းတွေကို ရှင်းရုံတင်မကဘူး ပန်းပင်တွေကိုတောင် စိုက်ပေးသင့်ပါတယ်၊ ကျွန်မရဲ့ အစ်ကို ချားလ်ရဲ့ သင်္ချိုင်းကို သွားပြီး ပန်းစိုက်တိုင်း အနားက ယန်ကီ စစ်သားရဲ့ မြေပုံပေါ်ကိုလည်း ကျွန်မ ပန်းစိုက်ပေးခဲ့ပါတယ်၊ ယန်ကီ စစ်သားရဲ့သင်္ချိုင်းပုံကလေးက သနားစရာ၊ ပြုစုမယ့်သူ မရှိ၊ စောင့်ရှောက်မယ့်သူ မရှိ’

ဤတွင် အစည်းအဝေး ပိုဆူလာသည်။ စောစောက ကွဲနေသော အသင်း နှစ်သင်းသည် တစ်သံတည်း ဖြစ်သွားကာ

မီလာနီကို ဝိုင်းတိုက်ကြ၏။

‘ဟင် ယန်ကီ သင်္ချိုင်းပေါ်ကို ပန်းပင်တောင် စိုက်ပေးရမတဲ့၊ ချားလ်ကို သတ်ခဲ့တာ ယန်ကီကောင်တွေ မဟုတ်ဘူးလား၊

ယန်ကီတွေ ဝိုင်းလို့ ဒုက္ခရောက်ခဲ့ရပြီ မဟုတ်ဘူးလား၊ ကလေးတောင် ကံကောင်းလို့ ချောချောမောမော မွေးနိုင်ခဲ့တာ မဟုတ်လား၊ မြိုင်သာယာကို မီးရှို့မယ် လုပ်လို့ ထွက်ပြေးခဲ့ရမလို ဖြစ်ခဲ့ပြီးပြီ’

အားလုံး တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြ၏။ မီလာနီက ကုလားထိုင် နောက်မှီကို ကိုင်ရင်း အားယူ ထားရသည်။

အစည်းအဝေးတစ်ခုလုံးက သူ့ကို ဝိုင်းကန့်ကွက်နေကြပြီ။

‘ကျေးဇူးပြုပြီး ကျွန်မ ပြီးအောင် ပြောပါရစေဦးရှင်၊ မှန်ပါတယ်၊ ဒီကိစ္စမှာ ကျွန်မ ပြောခွင့် မရှိဘူးဆိုတာ ကျွန်မ

230

နားလည်ပါတယ်၊ ကျဆုံးတဲ့ လူတွေထဲမှာ ကျွန်မနှင့် ရင်းနှီးတဲ့ ဆွေမျိုးသားချင်း ဆိုလို့ ချားလ်တစ်ယောက်ပဲ ရှိပါတယ်၊ ချားလ် ဘယ်မှာ ကျဆုံးပြီး ဘယ်မှာ မြှုပ်ထားတယ်ဆိုတာကိုလည်း ကျွန်မ သိပါတယ်၊ ဒါပေမယ့် ဒီနေ့ လာတဲ့ အမျိုးသမီးတွေထဲမှာ ကိုယ့်လင်ရဲ့ အလောင်း၊ ကိုယ့်မောင်ရဲ့အလောင်း၊ ကိုယ့်သားရဲ့ အလောင်းကို ရှာမရသေးတဲ့ အမျိုးသမီးတွေ အများကြီး ပါပါတယ်၊ ဒီတော့’

မီလာနီ လည်ချောင်းထဲတွင် ဆို့နေ၏။ စကား ဆက်မပြောချင်။ အခန်း တစ်ခန်းလုံး တိတ်ဆိတ်လျက် ရှိ၏။



စောစောက

ဝင်းဝင်း

တောက်နေသည့်

ဒေါ်ဒေါ်မိ၏

မျက်လုံးများသည်

တည်ငြိမ်သွားကြ၏။

ပြည်တွင်းစစ်

ပြီးသည့်နောက်၌ ဂတ်တီစဘတ်သို့ ဝေးဝေးလံလံ လိုက်သွားကာ သားဖြစ်သူ ဒါစီမိ၏ အလောင်းကို ရှာခဲ့သည်။ သို့ရာတွင် သူ့အား မည်သည့်နေရာတွင် မြှုပ်နှံသည်ကို မည်သူမျှ သေသေချာချာ မပြောနိုင်ကြ။ ရန်သူနယ်မြေ တစ်နေရာရာ၊ ကပျာကယာ တူးခဲ့ရသည့် ကျင်းတစ်ကျင်းထဲတွင် ဖြစ်လိမ့်မည်။ မစ္စက် အယ်လဆင်း၏ နှုတ်ခမ်းသည် တရွရွ လှုပ်၍ မဲ့လာသည်။ သူ့လင်နှင့် သူ့မောင်သည် အိုဟိုင်ယို တိုက်ပွဲတွင် ကျခဲ့သည်။ မြစ်ကမ်းဘေးတွင် ကျသွားသည်ဟုသာ သိရ၏။ ထို့ထက် ဘာမျှ ပိုမသိရ။ မစ္စက်အယ်လဆင်း၏ သားသည် သုံ့ပန်း စခန်းတစ်ခုတွင် သေခဲ့သည်။ အလောင်းကိုပင် အိမ်ပြန် မယူနိုင်ခဲ့။ ‘ပျောက်ဆုံး၊ သေပြီဟု ယူဆရ’ စသည့် ခေါင်းစဉ်အောက်တွင် မိမိတို့ လင်သား မောင်ဖား တူသားများ၏ အမည်များကို တွေ့ရသူ အမျိုးသမီးတွေ အစည်းအဝေးတွင် အများကြီး ရှိသည်။

‘ဒီ အနာဟောင်းကို ဘာဖြစ်လို့ ပြန်ဖော် နေရတာလဲ၊ ဒီ အနာဟောင်းက ဘယ်တော့မှ ကျက်မှာ မဟုတ်တော့ဘူး’ ဟု

ပြောသည့်နှယ် မီလာနီကို ကြည့်နေသည်။

မီလာနီ၏ အသံသည် တိတ်ဆိတ်နေသည့် အခန်းထဲတွင် ပိုကျယ်လောင်နေသည် ထင်ရ၏။



‘ယန်ကီ စစ်သားတွေရဲ့သင်္ချိုင်းဟာ တောင်ပိုင်းပြည်နယ် အနှံ့အပြားမှာ ရှိနေကြသလို ကျွန်မတို့ ရဲဘော်တွေရဲ့

သင်္ချိုင်းဟာလည်း ယန်ကီ နယ်မြေအနှံ့အပြားမှာ ရှိနေကြတယ်၊ ယန်ကီ အမျိုးသမီးတွေဟာ သူတို့လင်သား မောင်ဖားတွေရဲ့ သင်္ချိုင်းတွေကို တူးဖော်ကြည့်ချင်ကြရှာမှာပဲ’

ဒေါ်ဒေါ်မိက တစ်ချက် ရှိုက်၍ ငိုသည်။



‘ယန်ကီ အမျိုးသမီးတွေထဲမှာလည်း စေတနာကောင်းရှိတဲ့ ယန်ကီ အမျိုးသမီး ရှိမှာပဲ၊ ရှိမှာလည်း သေချာတယ်၊

လူတွေက ဘယ်လိုပဲပြောပြော အားလုံး မဆိုးနိုင်ဘူး၊ ကောင်းတဲ့လူတော့ ရှိရမယ်၊ အဲဒီအထဲက စိတ်ကောင်းရှိတဲ့ အမျိုးသမီးတွေက ကျွန်မတို့ မောင်တွေ အစ်ကိုတွေရဲ့ သင်္ချိုင်းမြေပုံပေါ်မှာ ပေါင်းတွေ မြက်တွေ ရှင်းပေးပြီး ပန်းပင်တွေ စိုက်မထားဘူးလို့ ဘယ်သူ ပြောနိုင်သလဲ၊ တကယ်လို့ ကျွန်မရဲ့အစ်ကို ချားလ်ဟာ မြောက်ပိုင်းမှာ သေခဲ့ရိုး မှန်ရင်’

မီလာနီ၏ အသံက တိမ်ဝင်သွားသည်။



‘မြောက်ပိုင်းမှာ သေခဲ့ရိုးမှန်ရင် ယန်ကီစစ်သားတိုင်းရဲ့ သင်္ချိုင်းကို သွားပြီး ပေါင်းမြက်တွေကို ရှင်းမယ်၊ သူတို့

သင်္ချိုင်းပေါ်မှာလည်း ပန်းပင်တွေ စိုက်မယ်၊ ကျွန်မကို ထင်ချင်သလို ထင်ပါ၊ ကျွန်မလည်း ဒီကလပ်က နုတ်ထွက်ပါတယ်’

231



မီလာနီက အဆုံးသတ်ကာ မျက်ရည်တွေကို သွန်ချလိုက်၏။ ခပ်ယိုင်ယိုင်ဖြင့် အခန်းအပြင်ဘက်သို့ ထွက်သွားသည်။



နောင် တစ်နာရီခန့် ကြာ၍ မစ္စက် မယ်ရီဝယ်သာ၏ အဖေ ‘ခေတ်သစ်မယ် ကလပ်’သို့ ရောက်လာသည့်အခါတွင်

မီလာနီ၏ စကားကြောင့် အမျိုးသမီးများ စိတ်ထိခိုက်၍ ငိုကြကြောင်း၊ မီလာနီကို ပွေ့ဖက်ကာ ထွက်မသွားရန် တားကြကြောင်း၊ နောက်ဆုံးတွင် ပြေလည်ကာ မီလာနီအား အသင်း နှစ်သင်း၏ အတွင်းရေးမှူးအဖြစ် ရွေးကောက်ကြောင်းဖြင့် ဦးလေး ဟင်နရီကို ပြောပြ၏။

‘ခု ပြည်နယ်က ရဲဘော်တွေရဲ့ သင်္ချိုင်းတွေကိုရော၊ ယန်ကီ စစ်သားတွေရဲ့သင်္ချိုင်းတွေကိုရော မြက်တွေ ဘာတွေ

ရှင်းကြမလို့တဲ့ဗျ၊ ကျုပ်လည်း အားနေတော့ လုပ်အား သွားပေးချင်တယ်၊ မီလာနီဆိုတဲ့ ကလေးမလေး ပြောတာ ဟုတ်သားပဲ၊ ဒါပေမယ့် ကျုပ်က ခါးနာရောဂါ ရှိတော့ လုပ်အား မပေးနိုင်တော့ဘူး’

မိဘမဲ့ ကလေးဂေဟာ အုပ်ချုပ်ရေးအဖွဲ့တွင်လည်း မီလာနီ ပါသည်။ လူငယ်များ စာကြည့်တိုက်အတွက် စာအုပ်

ရှာပေးရာတွင်လည်း မီလာနီ ပါသည်။ တစ်လ တစ်ကြိမ် ကသည့် အပျော်တမ်း ပြဇာတ်အဖွဲ့ကလည်း မီလာနီထံ လာ၍ အကူအညီတောင်းသည်။ မီလာနီက ဇာတ်စင်ပေါ် မတက်ရဲ။ ရေနံဆီဖြင့် ထွန်းသည့် ဇာတ်ခုံ အောက်ခြေ ဓာတ်မီးရောင်တွင် ဇာတ်အဝတ်အစားများကို ချုပ်ပေးသည်။ ရှိတ်စပီးယား စာပေလေ့လာရေး အဖွဲ့တွင် ရှိတ်စပီးယား၏ ကဗျာများကို ဘိုင်ရွန်၏ ကဗျာများနှင့် တစ်တန်းတည်း ထားသင့်ကြောင်း၊ ဒစ်ကင် စသူတို့၏ စာပေများဖြင့် တစ်ကန့်စီ ခွဲထားသင့်ကြောင်း အဆုံးအဖြတ် မဲပေးခဲ့သူမှာလည်း မီလာနီပင် ဖြစ်သည်။

နွေနှောင်း ညများ၌ မီလာနီတို့၏ မီးရောင်မှိန်မှန် ခပ်ကုပ်ကုပ် အိမ်ကလေးသည် ဧည့်သည်များဖြင့် ပြည့်နေတတ်၏။

ကုလားထိုင်ပင်လျှင် လူစေ့ တက်စေ့ ထိုင်စရာ မရှိ။ အမျိုးသမီးများက အိမ်ရှေ့ဆင်ဝင် လှေကားထစ်များတွင် ထိုင်ကာ အမျိုးသားများက ဝရန်တာ လက်ရန်းပေါ်တွင် တက်ထိုင်ကြသည်။ သေတ္တာများပေါ်တွင် ထိုင်ကြသည်။ မြက်ခင်းများပေါ်တွင် ထိုင်ကြသည်။ တစ်ခါတစ်ရံ မြက်ခင်းပေါ်တွင် ဧည့်သည်များနှင့် လက်ဖက်ရည် သောက်ရင်း (မီလာနီတို့အဖို့ လက်ဖက်ရည် တိုက်ရုံလောက်သာ တတ်နိုင်သည်။) စကားမမြည် ပြောနေကြသည့် မီလာနီကို မြင်သည့်အခါ၌ မီလာနီသည် သူ ဆင်းရဲနေသည်ကို သူမို့ မရှက်မကြောက် အထုပ်ဖြေ၍ ပြရဲသည်ဟု စကားလက် အောက်မေ့မိသည်။ စကားလက်ကမူ ဤသို့ မလုပ်ရဲ။ ဒေါ်လေး ပစ်တီ၏ အိမ်ကို ပြည်တွင်းစစ် မဖြစ်မီက အခြေအနေမျိုး ရောက်အောင်ပြင်သည်။ အိမ်ထောင်ပရိဘောဂတွေ ထည့်သည်။ ဧည့်သည်များကို အကောင်းစား အရက်ချို၊ ဝက်ပေါင်ခြောက်ကင်၊ နွားကလေးသားတို့ဖြင့် ဧည့်ခံသည်။ ဤသို့ ဧည့်မခံနိုင်မချင်း ဧည့်သည်များကို ဖိတ်ကြားခြင်း မပြု။ အထူးသဖြင့် မီလာနီ လုပ်သလို ထင်ရှားသည့် ဧည့်သည်များဆိုလျှင် သာ၍ပင် ဖိတ်ကြားခြင်း မပြု။

ပြည်တွင်းစစ်တုန်းက ဂျော်ဂျီယာပြည်နယ် သူရဲကောင်း ဖြစ်ခဲ့သည့် ဗိုလ်ချုပ် ဂေါ်ဒွင်သည် သူ့မိသားစုနှင့် အတူ မီလာနီ

အိမ်သို့ ရောက်လာတတ်သည်။ ပြည်နယ်တွင် ထင်ရှားသည့် ရဟန်းစာဆို ရိုင်ယန်သည် အတ္တလန်တာ ရောက်လျှင် မီလာနီတို့ အိမ်သို့ မလာဘဲ ပြန်လေ့ မရှိ။ အိမ်တွင်း ပရိသတ်စုံလျှင် ရယ်စရာ ပုံတိုပတ်စများကို ပြောတတ်သည်။ သူ့စာ ကဗျာများကို ရွတ်ပြတတ်သည်။ ပြည်နယ် ဒုတိယသမ္မတ ဖြစ်ခဲ့ဖူးသည့် အဲလက် စတီဖင်သည်လည်း အတ္တလန်တာ ရောက်လျှင် မီလာနီတို့ အိမ်သို့ ဝင်မြဲ။ ဒုတိယ သမ္မတဟောင်း အဲလက် သူတို့အိမ်သို့ ရောက်သည်ဟု သတင်းကြားလျှင် မီလာနီတို့ အိမ်တွင် ပရိသတ်တွေ ပြည့်နေသည်။ တော်တော်နှင့် လူစုမကွဲ။ ကလေးများက အမေများ ရင်ခွင်တွင် အိပ်ပျော်နေကြသည်။ သူတို့

232

ကလေးများကို ဒုတိယသမ္မတဟောင်းက လက်ဆွဲ နှုတ်ဆက်ဖူးသည်၊ ပွေ့ချီ နမ်းဖူးသည်ဟု မိဘတိုင်းက ဂုဏ်ယူချင်ကြသဖြင့် ကလေးများကို ခေါ်လာကြခြင်း ဖြစ်သည်။ ထင်ရှားသည့် ပုဂ္ဂိုလ်မှန်သမျှ အတ္တလန်တာသို့ ရောက်လျှင် မီလာနီတို့ အိမ်သို့ အလည်လာကြသည်။ ညဥ့်အိပ် ညဥ့်နေ တည်းခိုတတ်ကြသည်။ တစ်ခါတစ်ရံတွင် ဧည့်သည်တွေ များလွန်းသဖြင့် အင်ဒီယာ တစ်ယောက် ကလေးခန်းထဲသို့ သွားအိပ်ရသည်။ နံနက်စာ ကျွေးရန်အတွက် ဒစ်လစီကို နောက်ဖေး ဒေါ်လေး ပစ်တီတို့ အိမ်သို့ ကြက်ဥ ချေးခိုင်းရသည့်အခါမျိုးလည်း ရှိသည်။ သို့တိုင်အောင် မီလာနီသည် နှမြောတွန့်တိုခြင်း မရှိ။ ရောက်လာသည့် ဧည့်သည်မှန်သမျှကို ကောင်းစွာပြုစုသည်။

မီလာနီအား မိတ်ဆွေအပေါင်းအသင်းများက ဝိုင်းရံနေပုံသည် ဟောင်းနွမ်း၍ မိမိတို့ ချစ်မြတ်နိုးအပ်သော တံခွန်

တစ်ခု အနီးတွင် ဝိုင်းအုံနေကြသည်နှင့် တူသည်။ သို့ရာတွင် မီလာနီကမူ ဤအချက်ကို ဂရုမစိုက်မိ။ တစ်ညနေ ရှိတ်စပီးယား၏ မက္ကဘက် ပြဇာတ်ကို လူစု၍ ဖတ်အပြီးတွင် ဒေါက်တာမိက သူ့ လက်ကို နမ်းရှုပ်ကာ ချီးကျူးပြောဆိုသည့် အခါကျမှပင် မီလာနီ ဤအချက်ကို သတိပြုမိတော့သည်။ ဤသို့ ချီးကျူးသဖြင့် မီလာနီ အံ့အားသင့်သည်။ ရှက်လည်း ရှက်သည်။

‘ငါ့တူမကြီး အိမ်ကို အလည်လာရတဲ့အတွက် ဦးလေးတို့ ဂုဏ်လည်း ယူတယ်၊ ပျော်လည်း ပျော်တယ်၊ ဦးလေးတို့

တောင်ပိုင်းသားတွေအဖို့ ဂုဏ်ယူစရာဆိုလို့ ငါ့တူမကြီးတို့လို အမျိုးသမီးတွေပဲကျန်တော့တယ်၊ ခု ယန်ကီတွေကြောင့် ကျုပ်တို့ လူငယ် အညွန့်အဖူးတွေ သေခဲ့ရပြီ၊ ကျုပ်တို့ အမျိုးသမီးငယ်တွေရဲက ရယ်သံတွေ တိတ်ခဲ့ရပြီ၊ ကျုပ်တို့ တစ်တွေ စိတ်ထောင်း ကိုယ်ကြေ ဖြစ်ခဲ့ရပြီ၊ ကျုပ်တို့ ဘဝဟာ အမြစ်က ပြုတ်ထွက်ခဲ့ရပြီ၊ ကျုပ်တို့ရဲ့ အလေ့အထတွေဟာ ဖရိုဖရဲ ဖြစ်ခဲ့ရပြီ။ ကျုပ်တို့ရဲ့စည်းစိမ် ဥစ္စာတွေ ပျက်စီးခဲ့ရပြီ၊ ကျုပ်တို့ကို အနှစ် ငါးဆယ်လောက် နောက်ပြန်ဆွဲအောင် လုပ်ခဲ့ကြပြီ၊ ကျောင်းသင်ခန်းစာထဲမှာ နေရမယ့် လူငယ်တွေရဲ့ ပခုံးပေါ်ကိုလည်း ဝန်ထုပ်ဝန်ပိုးကြီးတွေ တင်ခဲ့ကြပြီ၊ နေပူထဲမှာ နေဆာလှုံရမယ့် ကျုပ်တို့ အဘိုးကြီးတွေရဲ့ ပခုံးပေါ်ကိုလည်း ဝန်ထုပ်တွေ တင်ပြီးခဲ့ပြီ၊ ဒါပေမယ့် ကျုပ်တို့ အရှုံးမပေးဘူး၊ ကျုပ်တို့ ဘဝကို ကျုပ်တို့ ပြန်ဆောက်မယ်၊ ကျုပ်တို့မှာ မြေကြီး မရှိတော့ပေမယ့် မင်းတို့ရဲ့နှလုံးသားတွေ ရှိတယ်၊ အဲဒီ နှလုံးသားပေါ်မှာ ကျုပ်တို့ ဘဝကို အသစ် ပြန်ဆောက်မယ်၊ ကျုပ်တို့မှာ တခြား ဘာမှ မရှိချင် နေပါစေ၊ ယန်ကီတွေ ယူချင်တာ ယူကြပါစေ၊ အရေး မကြီးပါဘူး၊ ကျုပ်တို့မှာ မာကျောတဲ့ နှလုံးသား ရှိရင် တော်ပြီ’

စကားလက်၏ ကိုယ်ဝန်က တစ်နေ့တစ်ခြား ရင့်လာပြီ။ ဒေါ်လေး ပစ်တီ၏ အနက်ရောင် ရှောစောင်ကြီး ခြုံသည့်တိုင်

သူ့ကိုယ်ဝန်ကို ဖုံး၍ မလုံတော့။ စကားလက်နှင့် ဖရင့်သည် မီလာနီ၏ အိမ်ဝင်း မြက်ခင်းပြင်က နွေည စကားဝိုင်းဘက်ဆီသို့ မကြာခဏ ကူးသွားတတ်ကြ၏။ စကားလက်က မီးလင်းသည့် နေရာတွင် ထိုင်လေ့ မရှိ။ ခပ်မှောင်မှောင်နေရာတွင် ရွေးထိုင်သည်။ အမှောင်ထဲတွင် နေလျှင် သူ့ကိုယ်ဝန်ကို မည်သူကမျှ မမြင်။ ထိုမျှမက မီးရောင်ထဲက အက်ရှလေ၏ မျက်နှာကိုလည်း အားရပါးရ တစ်ဝကြီး ကြည့်၍ ရသည်။

စင်စစ် သူတို့ပြောသည့် စကားများကို စကားလက် စိတ်မဝင်စား။ ငြီးငွေ့သည်။ အက်ရှလေကို တွေ့ချင်လွန်း၍သာ

လာခြင်းဖြစ်၏။ သူတို့ပြောသည့် စကားများကလည်း တစ်ပုံစံတည်း။ ပထမ ခေတ်ဆိုး ခေတ်ကျပ်ကြီး အကြောင်းကို ညည်းမည်။ နောက် နိုင်ငံရေး အခြေအနေကို ပြောမည်။ ထို့နောက် ပြည်တွင်းစစ်အကြောင်းကို ပြောမည်။ ထို့နောက် ပြည်တွင်းစစ် အကြောင်းကို စားမြုံ့ပြန်ကြသည်။ အမျိုးသမီးများက အစစ အရာရာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်ကြောင်း ပြောကာ ယခင်ကလို ခေတ်မျိုး ပြန်ရောက်ဦးမည်လောဟု မေးတတ်ကြသည်။ ဤတွင် သိမြင်နှံ့စပ်သည့် ပုဂ္ဂိုလ်များက ယခင် ခေတ်မျိုး

233

ပြန်ရောက်ဦးမည်ဟု ပြောကြသည်။ အချိန်သာ စောင့်ဖို့ လိုသည်။ ခေတ်ဆိုး ခေတ်ကျပ် ဆိုသည်မှာ ယာယီမျှသာ ဖြစ်သည်ဟု ပြောကြသည်။ ဤတွင် အမျိုးသားများသည် သူတို့ စိတ်သက်သာရာ ရသွားအောင် ညာပြောနေကြောင်း အမျိုးသမီးများက သိကြသည်။ သူတို့ လိမ်ကြောင်း၊ အမျိုးသမီးများ သိကြကြောင်းကိုလည်း အမျိုးသားများ သိကြသည်။ သို့ရာတွင် အမျိုးသားများကလည်း လိမ်နေကြဆဲ။ အမျိုးသမီးများကလည်း ယုံကြည်ဟန်ဆောင်ကြဆဲ။ ရှေ့တွင် သည့်ထက်သည် ကျပ်တည်းမည်ကိုမူ အားလုံးက သိနေကြသည်။

ခေတ်ဆိုး ခေတ်ကျပ်ကြီးအကြောင်းကို ညည်းပြီးလျှင် ကပ္ပလီများ၏ ရမ်းကားမှုများ၊ ကော်ဇောအိတ်သမားများ၏

စော်ကားမှုများကို ပြောကြသည်။ ယန်ကီစစ်သားတွေ တစ်မိုးလုံး ဖျောက်ဆိပ်ဖြစ်နေကြောင်းကို ပြောကြသည်။ ဂျော်ဂျီယာ ပြည်နယ်တွင် ယန်ကီတို့၏ ပြန်လည်ထူထောင်ရေးသည် မည်သည့်အခါတွင် ပြီးဦးမည်နည်း။ မကြာမီ ပြီးတော့မည်။ ဒီမိုကရက် ပါတီဝင်တွေ မဲပေးခွင့် ရလာသည့်တစ်နေ့တွင် ပြီးမည်ဟု အမျိုးသားများက ဖြေကြသည်။ ထိုအချိန်သည် ဘယ်တော့ ရောက်မည်နည်း ဟူ၍ ဆက်မမေးကြတော့။ မေးရမည်ကို အားနာပုံရသည်။ နိုင်ငံရေး စကားပြောပြီးလျှင် ပြည်တွင်းစစ် အကြောင်း ပြောပြန်သည်။

ပြည်နယ် တပ်သား နှစ်ယောက်တွေ့လျှင် ပြည်နယ် အရေးကိုသာ ပြောကြသည်။ တစ်ဒါဇင်လောက် စုမိလျှင်

ပြည်တွင်းစစ်ကို ပြန်တိုက်ရမည်ဟု ဆိုကြသည်။ ‘အကယ်၍’ ဆိုသည့် စကားလုံးက အမြဲပါသည်။

‘အကယ်၍သာ အင်္ဂလိပ်က ကျုပ်တို့ ပြည်နယ်အစိုးရကို အသိအမှတ် ပြုခဲ့ရင်’၊ ‘အကယ်၍ ယန်ကီ ပိတ်ဆို့မှု

မလုပ်ခင် အင်္ဂလန်ကို ပို့မယ့် ဝါဂွမ်းတွေကို သိမ်းဖို့ သမ္မတ ဒေးဗီးစ်က အမိန့်ပေးခဲ့ရင်’၊ ‘အကယ်၍ ဂက်တီစဘတ် တိုက်ပွဲမှာ ဗိုလ်ချုပ်ဟောင်း စထရိက အထက် အမိန့်အတိုင်း လုပ်ခဲ့ရင်’၊ ‘အကယ်၍ ဗိုလ်ချုပ် ဂျက်ကဆန် မကျခဲ့ရင်’၊ ‘အကယ်၍ ဗစ်စဘတ်မြို့ မကျခဲ့ရင်’၊ ‘အကယ်၍ နောက်ထပ် တစ်နှစ်လောက် ဆက်ပြီး ခုခံနိုင်ခဲ့ရင်’၊ ‘အကယ်၍ ယန်ကီတွေဘက် ဗိုလ်ချုပ် ဂျွန်စတန်ကို အစားမထိုးခဲ့ရင်’

အကယ်၍။ အကယ်၍။ တိတ်ဆိတ်သည့် အမှောင်ထုထဲတွင် ခပ်တိုးတိုးပြောနေကြသည့် အသံများသည် စိတ်အား

ထက်သန်မှုနှင့်အတူ တဖြည်းဖြည်း ကျယ်လောင်လာကြသည်။ ခြေလျင်တပ်သား၊ မြင်းတပ်သား၊ အမြောက်တပ်သား အစုံ ပါသည်။ ရှေးဖြစ်ဟောင်းကို ပြန်၍ စားမြုံ့ပြန်သည်။ သူတို့ ဘဝ ဆောင်းရာသီ နေဝင်ချိန်တွင် ဘဝ နွေလယ်က အပူရှိန် အကြောင်းကို ပြန်ပြောင်း ပြောကြသည်။

‘သူတို့မှာ ဒီပြင် ပြောစရာ မရှိတော့ဘူးတဲ့လား’ ဟု စကားလက် တွေး၏။ ‘တစ်ခါလာလည်း စစ်အကြောင်းပဲ၊

တစ်ခါလာလည်း စစ်အကြောင်းပဲ၊ စစ်အပြင် တခြား အကြောင်းအရာကို မပြောတတ်ကြတော့ဘူးလား၊ သေသည်အထိ ပြောနေကြဦးမှာလား’

စကားလက် ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ ကလေးငယ်များက အဖေများ၏ ရင်ခွင်ပေါ်တွင် မှီနေကြသည်။

အသက်ရှူသံ ပြင်းလာကြသည်။ မျက်လုံးတွေက တောက်ပြောင်လာကြသည်။ ည တိုက်ပွဲ ဆင်ပုံ၊ မြင်းတပ် တိုက်ပွဲ တိုက်ပုံ၊ ရန်သူ ခံတပ်ပေါ်သို့ အလံတက်စိုက်ပုံတို့ကို နားထောင်၍ မျက်လုံးအပြူးသား ဖြစ်နေကြ၏။ ဘင်သံများ၊ စစ်ခရာသံများကို ကြားယောင်လာကြသည်။ ညာသံများက နားထဲတွင် ပဲ့တင်ထပ်နေသည်။ မိုးထဲ ရေထဲတွင် အလံကိုင်၍ ချီတက်နေကြသည့်

234

တပ်သားများကို မြင်ယောင်လာကြသည်။ 

‘အင်း၊ သူတို့ ကလေးတွေကလည်း ဒါတွေကိုပဲ တွေးနေကြမှာပဲ၊ ယန်ကီတွေကို တိုက်ရတာဟာ ဂုဏ်ရှိတယ်လို့

ထင်ကြတော့မှာပဲ၊ ဒီလိုနှင့် အိမ်ကို ခြေကျိုး လက်ပဲ့ ဖြစ်ပြီး ပြန်လာကြတော့မှာပဲ၊ တချို့ဆိုရင် လုံးဝတောင် ပြန်ရောက်ကြတော့မှာ မဟုတ်ဘူး၊ သူတို့ ကြည့်ရတာ စစ်အကြောင်းကိုပဲ တွေးပြီး စစ်အကြောင်းကိုပဲ ပြောနေကြတာပဲ၊ မေ့လို့ ရရင် မေ့ပစ်ချင်တယ်၊ မေ့ပစ်လိုက်ချင်တယ်’

ပြည်တွင်းစစ် အတွင်းက မြိုင်သာယာတွင် အခက်အခဲတွေ တွေ့ခဲ့ရပုံ၊ စကားလက်က ကျူးကျော်သူများကို

ရင်ဆိုင်ကာ ချားလ် ဓားလွယ်ကို ပြန်လုယူခဲ့ပုံ၊ မြိုင်သာယာကို မီးလောင်သည့် အခါတွင် စကားလက် သက်စွန့် ကြိုးပမ်း မီးသတ်ပုံ စသည်တို့ကို မီလာနီက ပြန်ပြောသည့်အခါတွင် စကားလက် ကြက်သီးတဖြန်းဖြန်းဖြင့် နားထောင်မိသည်။ သို့ရာတွင် ဤအကြောင်းများကို နားမထောင်ချင်။ ဂုဏ်လည်း မယူချင်။ ဤဆင်းရဲ ဒုက္ခများအကြောင်းကို မကြားချင်။

‘ဒါတွေကို သူတို့ ဘာကြောင့်များ မမေ့နိုင်ဘဲ ဖြစ်နေကြရတာလဲ၊ ရှေ့ကို မကြည့်ဘဲ ဘာဖြစ်လို့ နောက်ပြန်

ကြည့်နေချင်ကြရတာလဲ၊ အမှန်က တို့တစ်တွေ မိုက်လို့သာ ဒီပြည်တွင်းစစ်ကို တိုက်ခဲ့တာ၊ ဒီ အကြောင်းတွေကို မြန်မြန် မေ့နိုင်လေ မြန်မြန်ကောင်းလေ မဟုတ်လား’

သို့ရာတွင် သူတစ်ယောက်မှ အပ မည်သူမျှ ဤ အကြောင်းများကို မမေ့နိုင်။ မေ့လည်း မမေ့ချင်။ ထို့ကြောင့်

မှောင်ရိပ်တွင် ထိုင်ရသည်ကိုပင် ရှက်သည်ဟု မီလာနီကို ပြောပြရသဖြင့် စကားလက် ဝမ်းသာသည်။ မီလာနီကမူ စကားလက် မှောင်ရိပ်ထဲတွင် ထိုင်ခြင်းမှာ ကိုယ်ဝန် အရင့်အမာ ဖြစ်လာသောကြောင့် ဖြစ်သည်ဟု နားလည်သည်။ စကားလက် အတွက် စိုးရိမ်သည်။ မီလာနီက ကလေး တစ်ယောက် နောက်ထပ် လိုချင်သည်။ သို့ရာတွင် ဒေါက်တာမိနှင့် ဒေါက်တာဖွန်တိန်တို့ နှစ်ယောက်စလုံးက နောက်ထပ် ကလေးမွေးလျှင် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ပြောထားကြသည်။ ထို့ကြောင့် မီလာနီသည် သူတစ်ပါး၏

သူ့ကံအကြောင်းတရားကိုသာ ကိုယ်ဝန်ကို

ကြည့်၍

အပြစ်တင်ရသည်။

စိတ်ဖြေရသည်။

ကလေး

အားအားရှိလျှင်

စကားလက်နှင့်

မလိုချင်သည့်အချိန်တွင်

ကလေး

အချိန်ဖြုန်းကာ လာရနေသဖြင့်

စိတ်အနှောင့်အယှက်ဖြစ်နေသည့် စကားလက်အဖို့မူ မီလာနီ ကလေးရူး ရူးနေခြင်းသည် မိုက်မဲမှု တစ်ရပ်၊ စိတ်ကူးယဉ်မှု တစ်ရပ်ဟု မြင်သည်။ သို့ရာတွင် ဤသို့ ကလေး မရအောင် နေရသဖြင့် အက်ရှလေနှင့် သူ့မိန်းမတို့ ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ကြမည် မဟုတ်ဟု တစ်ဖက်မှ လှည့်တွေးကာ ဝမ်းသာသည်။

စကားလက် အက်ရှလေကို ခဏ ခဏ မြင်နေရပြီ။ သို့ရာတွင် နှစ်ယောက်ချင်း တစ်ခါမျှ မတွေ့ရ။ ညနေ စက်ရုံက

ပြန်လာလျှင် စက်ရုံကိစ္စ အဝဝကို စကားလက်ထံ ဝင်၍ သတင်းပို့သည်။ သို့ရာတွင် အနားတွင် ဖရင့်နှင့် ဒေါ်လေး ပစ်တီတို့ ရှိတတ်သည်။ မီလာနီနှင့် အင်ဒီယာတို့ ရှိသဖြင့် ပို၍ ဆိုးသည်။ အလုပ်ကိစ္စ အကြောင်းလောက်ကိုသာ ပြောရသည်။ ထို့နောက် ထုံးစံအတိုင်း ကျေးဇူးတင်စကားလောက်၊ ပဋိသန္ဓာရ စကားလောက်ဖြင့် ကိစ္စ ပြီးရသည်။

သူ့တွင် ကိုယ်ဝန် မရှိလျှင် မည်မျှ ကောင်းမည်နည်း။ မနက်လင်းလျှင် အက်ရှလေနှင့်အတူ သစ်စက်သို့ ဘာဂီ

စီး၍ လိုက်နိုင်သည်။ အပြစ် ရှာတတ်သည့် မျက်လုံးများနှင့် ဝေးရာ တောအုပ်ထဲသို့ ဖြတ်ကြရမည်။ ပြည်တွင်းစစ် မဖြစ်မီက နေခဲ့ရသလို နှစ်ယောက်သား စိတ်ကူးယဉ်နိုင်ကြမည်။

235



သို့ရာတွင် သူ့ကို ချစ်စကား ပြောလာအောင် မြှူဆွယ်သည့် အမူအရာမျိုးကိုမူ သူ မပြနိုင်။ အချစ်အကြောင်းကို မည်သည့်

အမူအရာမျိုးနှင့် ဖြစ်စေ ရိုးတိုးရိပ်တိတ်မျှ မပြနိုင်။ ထိုသဘောမျိုးကို နောင်တွင် မည်သို့မျှ မပြတော့ဟု သူ့ဘာသာသူ ကျိတ်၍ သစ္စာ ဆိုခဲ့ပြီ မဟုတ်လော။ သို့ရာတွင် နှစ်ယောက်ချင်းတွေ့လျှင်မူ အက်ရှလေသည် ခပ်တန်းတန်း လုပ်နေသည့် ဟန်ဆောင် မျက်နှာဖုံးကို ခွာချကောင်း ခွာချလိမ့်မည်။ ယခင် အက်ရှလေ အဖြစ်ကို ခံယူကောင်း ခံယူလိမ့်မည်။ ကောင်လုံးကင် ပျော်ပွဲစား မတိုင်မီက သူတွေ့ခဲ့သည့် အက်ရှလေ၊ သူငယ်ချင်း ဘဝက အက်ရှလေ အဖြစ်သို့ ပြန်ရောက်ကောင်း ရောက်လိမ့်မည်။ ချစ်သူ ဘဝသို့ မရောက်နိုင်ကြတော့သည့်တိုင် သူငယ်ချင်းလို ချစ်သွားနိုင်မည်။ အက်ရှလေ၏ အေးစက်သော နှလုံးသားကို မိတ်ဆွေချစ်ဖြင့် နွေးထွေးလာအောင် လုပ်ပေးနိုင်လိမ့်မည်။

‘ဒီကလေးကလည်း နော်၊ မွေးခဲလိုက်တာ၊ ခုနေ မွေးပြီးသားဖြစ်ရင်လည်း အကောင်းသား၊ ကလေးမွေးပြီးရင် သူနှင့်

အတူ နေ့တိုင်း သစ်စက်ကို ဘာဂီနှင့် သွား စကားပြော’

အက်ရှလေနှင့်

စကားပြောလိုသည်

မဟုတ်။

စက်အခြေအနေကိုလည်း

ကြည့်ချင်သည်။

အက်ရှလေ

ရောက်လာသည့်အခါတွင် စက်ကို အက်ရှလေနှင့် ဟူးခ်ျကို လွှဲထားခဲ့သည်။ သူတို့နှစ်ယောက်ကို လွှဲထားကတည်းက စက် အခြေအနေ တဖြည်းဖြည်း ဆိုးလာသည်။ အရှုံး ပေါ်နေသည်။

ဟူးခ်ျက အလုပ် ကြိုးစားသည့်တိုင် အလုပ်ကို မကျွမ်းကျင်။ အရောင်းအဝယ်လည်း မတတ်။ အလုပ်သမားကိုလည်း

မအုပ်ချုပ်နိုင်။ လူတကာ လိမ်သမျှခံရသည်။ ကန်ထရိုက် လည်လည်တစ်ယောက်က သစ်အမျိုးအစား ညံ့သည်၊ ဆိုသည့် ဈေးနှင့် မတန်ဟု ဆိုလျှင် ဟူးခ်ျက ကိုယ်ကပင် ပြန်တောင်းပန်ကာ ဆစ်သည့် ဈေးဖြင့် ရောင်းလိုက်သည်။ ကြမ်းခင်းပျဉ် ပေ တစ်ထောင်ကို  သူ ရောင်းလိုက်သည့် ဈေးနှုန်းကို စကားလက် ကြားသည့်အခါတွင် စကားလက် မျက်ရည်ထွက်အောင် ဒေါသဖြစ်ရသည်။ ကြမ်းခင်းပျဉ်က သူတို့စက်က ထွက်သည့် ပျဉ်များတွင် အကောင်းဆုံး။ သို့ရာတွင် ဟူးခ်ျက ထိုပျဉ်ကို အနည်းဆုံး ဈေးဖြင့် ရောင်းလိုက်သည်။ ထိုမျှမက စက်က အလုပ်သမားကိုလည်း မထိန်းနိုင်။ ကပ္ပလီ အလုပ်သမားများက လုပ်ခကို နေ့စဉ် ရှင်းပေးရမည်ဟု တောင်းသည်။ လုပ်ခ ပေးလိုက်လျှင် အရက်မူးပြီး နောက်တစ်နေ့ အလုပ် မဆင်းတော့။ ဤတွင် အလုပ်သမားသစ် လိုက်ရှာရသည်။ စက်ကို နောက်ကျ၍ လည်ရသည်။ ဤသို့ဖြစ်လျှင် မြို့ထဲ သစ်ဆိုင်သို့ သစ်ပို့စရာ မရှိတော့။ သစ်ဆိုင်တွင် ရောင်းစရာ သစ် မရှိတော့။

အမြတ်ငွေများသည် ဟူးခ်ျ၏ လက်ကြားမှ ယိုစီး ဖိတ်ထွက်နေသည်။ ကိုယ်ဝန်ကြောင့် ဘာမျှ မတတ်နိုင်ဘဲ လက်ပိုက်

ကြည့်နေရသည့်အတွက် သူ့ကိုယ်သူလည်း စကားလက် ဒေါသ ထွက်၏။ ထုံထိုင်းသည့် ဟူးခ်ျကိုလည်း စိတ်တိုသည်။ မျက်နှာမြင်ပြီး၍ အလုပ် ပြန်ဆင်းနိုင်လျှင် ဟူးခ်ျကို ထုတ်ပစ်ပြီး လူသစ်တစ်ယောက် ရှာရမည်။ ဟူးခ်ျထက်မူ သာလိမ့်မည်။ ကပ္ပလီ အလုပ်သမားများကိုလည်း ခပ်ပြတ်ပြတ် ဆက်ဆံရမည်။ အလုပ်ချိန်တွင် မှန်မှန်မလာသည့် အလုပ်သမားနှင့် မည်သို့ ဆက်၍ စခန်း သွားနိုင်မည်နည်း။

တစ်နေ့တွင် အလုပ်သမားတွေ အလုပ်ခွင်တွင် မလာသည့်ကိစ္စနှင့် ပတ်သက်၍ စကားလက် ဟူးခ်ျနှင့် အကြီးအကျယ်

စကားများသည်။ စကားလက် မနေနိုင်။ ဖရင့်ကို ဗြောင်ဖွင့်ပြောသည်။ 

‘ဒီမှာ အစ်ကိုကြီး၊ သစ်စက်မှာ အလုပ် လုပ်ဖို့ ထောင်ကျတွေကို ငှားဖို့ စကားလက် ဆုံးဖြတ်ပြီးပြီ၊ တလောက ဂျွန်နီနှင့်

236

စကားစပ်မိတော့ ထောင်ကျတွေ ငှားပါလားလို့ အကြံပေးလိုက်တယ်၊ သူ ပြောတာကို စကားလက်လည်း သဘောကျတယ်၊ ထောင် အာဏာပိုင်တွေဆီက တစ်ဆင့် ငှားလို့ ရတယ်တဲ့၊ အစားအသောက်လည်း ခပ်ပေါပေါ့ ခပ်ညံ့ညံ့ ကျွေးလို့ရတယ်တဲ့၊ သူတို့ကို ငှားရင် လွတ်လပ်သော ကပ္ပလီ အစည်းအရုံးတို့ ဘာတို့နှင့်လည်း အဆက်အသွယ် မလုပ်ရတော့ဘူးတဲ့၊ စကားလက် ဟူးခ်ျကို ထုတ်ပြီး ဂျွန်နီကို ငှားမယ်လို့ စိတ်ကူးတယ်’

ဖရင့် အံ့အားသင့်နေသည်။ ထောင်ကျများကို ငှားမည်တဲ့၊ ထောင်ကျကို ငှား၍ အလုပ် လုပ်ဖို့ စကားလက် စိတ်ကူးပုံမှာ

လွန်လွန်းသည်။ အရက်ဆိုင် ဖွင့်မည့် စိတ်ကူးထက်ဆိုးသည်။

ဖရင့်နှင့် ရှေးဆန်သည့် အသိုင်းအဝိုင်း အနေဖြင့်မူ နည်းနည်းမျှ မစဉ်းစားထိုက်သည့် ပြဿနာ။ ထောင်ကျများကို ငှား၍

အလုပ် လုပ်ခိုင်းသည့် စနစ်သည် ပြည်တွင်းစစ်တုန်းက လူရှား ငွေရှား ဖြစ်သဖြင့် အစိုးရက ထွင်ခဲ့သည့် စနစ်ဖြစ်၏။ အစိုးရက အကျဉ်းသားများကို ကောင်းကောင်း မကျွေးနိုင်။ ဤတွင် မီးရထားလမ်းဖောက်သည့် ကန်ထရိုက်များသို့ အကျဉ်းသားများကို ထုတ်ငှားသည်။ ကန်ထရိုက်များက မြေတူးသည့်ကိစ္စ၊ သစ်ခုတ်သည့် ကိစ္စများတွင် အသုံးပြုကြသည်။ ဖရင့်နှင့် ဘုရား မှန်မှန် ရှိခိုးသည့် သူ့ အသိုင်းအဝိုင်းကမူ ဤစနစ်ကို မကြိုက်ကြ။ ဤစနစ်သည် ကျွန်စနစ်ထက် ဆိုးသည်ဟု ယူဆကြသည်။

ယခု သူ့မိန်းမ စကားလက်က ထောင်ကျတွေကို ငှား၍ လုပ်ချင်သည်ဟု ဆိုနေပြီ။ ဤသို့သာ လုပ်လျှင် သူ့

အပေါင်းအသင်းတွေ ကြားထဲတွင် ဖရင့်တစ်ယောက် ခေါင်းဖော်ရဲတော့မည် မဟုတ်။ မိန်းမသားတစ်ဦးက သစ်စက်ကို ကိုယ်တိုင် ကြီးကြပ်လုပ်နေသည်ထက် ဆိုးမည်။ ယခင်က စကားလက် လုပ်ခဲ့သမျှတွေထက် ပြောစရာ ဖြစ်မည်။ ယခင်ကမူ လူပြောစရာ ဖြစ်လိမ့်မည်ဟု အကြောင်းပြ၍ ကန့်ကွက်ခဲ့သည်ချည်း။ သို့ရာတွင် ဤတစ်ချီတွင်မူ လူတွေ ပြောကြသည်ထက် ဆိုးလိမ့်မည်။ ဤအပြုအမူသည် လူခန္ဓာကိုယ်ကို အရောင်းအဝယ်ပြုသည်နှင့် အတူတူ။ ပြည့်တန်ဆာစနစ်နှင့် အတူတူ။ ဤသည်ကိုသာ ခွင့်ပြုခဲ့လျှင် သူ့တွင်လည်း အကုသိုလ် ဖြစ်လိမ့်မည်။

ဤတစ်ချီတွင်မူ ဖရင့် အားတင်း၍ အပြင်းအထန် ကန့်ကွက်သည်။ ဖရင့်၏ ပြင်းထန်သည့် ကန့်ကွက်ချက်ကို

ကြားရသည့်အခါတွင် စကားလက် လန့်ဖျပ်ကာ အံ့အားသင့်နေသည်။ အတန်ကြာ ဘာမျှ မပြောနိုင်။ နောက်ဆုံးတွင် စကားလက် တကယ်ပြောခြင်း မဟုတ်ကြောင်း၊ ဟူးခ်ျနှင့် ကပ္ပလီ အလုပ်သမားများကို စိတ်ပေါက်သဖြင့် ပြောမိခြင်း ဖြစ်ကြောင်း လေချိုသွေးသည်။ စိတ်ထဲကမူ တိတ်တဆိတ် ကျိတ်၍ ကြံစည်ဆဲ။ ထောင်ကျ အလုပ်သမားကို ငှားရလျှင် အလုပ်သမား ပြဿနာပြေလည်မည်။ သို့ရာတွင် ဖရင့်က အပြင်းအထန် ဆက်၍ ကန့်ကွက်နေလျှင်မူ

စကားလက် သက်ပြင်းချ၏။ သစ်စက် တစ်ခုခုက ဝင်ငွေကောင်းနေလျှင် ကိစ္စ မရှိ။ သို့ရာတွင် အက်ရှလေ ဦးစီးသည့်

သစ်စက်ကလည်း ဟူးခ်ျ ဦးစီးသည့် သစ်စက်နှင့် ယိုးစွဲလိုက်နေသည်။

အက်ရှလေ အလုပ် မကျွမ်းသဖြင့် ပထမသော် စကားလက် စိတ်ပျက်သည်။ သူ့လက်ထက်ကထက် နှစ်ဆကျော်

ဝင်ငွေ လျော့သွားသဖြင့် စကားလက်က အထိတ်တလန့်ဖြစ်သည်။ အက်ရှလေက ဉာဏ်ကောင်းသည်။ စာတွေ အများကြီး ဖတ်ဖူးသည်။ သို့ဖြစ်လျှင် အလုပ်ကိစ္စတွင် အောင်မြင်မှု မရစရာ၊ ငွေ ရှာ၍ မရနိုင်စရာ အကြောင်း မရှိ။ သို့တိုင်အောင် သူလည်း ဟူးခ်ျထက် ဘာမျှ မသာ။ အတွေ့အကြုံ မရှိရာတွင် လည်းကောင်း၊ အမှားအယွင်း လုပ်မိရာတွင် လည်းကောင်း၊ အရောင်းအဝယ် ကိစ္စများကို ဆုံးဖြတ်ရာတွင် လည်းကောင်း၊ အားနာရာတွင် လည်းကောင်း ဟူးခ်ျနှင့် ဘာမျှ မခြား။

237



သို့ရာတွင် အက်ရှလေကိုမူ ဟူးခ်ျနှင့် တစ်တန်းတည်း မထားရက်။ အချစ် ဝင်နေသဖြင့် အပြစ် မမြင်ရက်။ ဟူးခ်ျက

စိတ်ပျက်စရာ ကောင်းလောက်အောင် ထုံထိုင်းသည်။ အက်ရှလေက အရောင်းအဝယ်တွင် လူသစ်မျှသာ ဖြစ်သည်။ သို့တိုင်အောင် 

အက်ရှလေသည်။ သူ့လို စိတ်တွက်ဖြင့် သစ်တန် မတွက်တတ်။ ဈေးနှုန်းကို သူ့လို မှန်မှန်ကန်ကန်

မပြောနိုင်။ အက်ရှလေသည် တစ်ခါတစ်ရံတွင် ခင်းပျဉ်နှင့် ကာပျဉ်ကိုပင် ကောင်းကောင်း မခွဲခြားတတ်။ ကိုယ်တိုင်က လူကြီးလူကောင်းဖြစ်ပြီး ကိုယ့်လိုချည်း သဘောထားကာ လူတိုင်းကို ယုံသည်။ သူ အကြွေးတွေ လျှောက်ပေးသဖြင့် စကားလက် လိုက်တောင်းရသည့် အကြိမ်လည်း မနည်းတော့။ လူ တစ်ယောက်ကို သဘောကျပြီ ဆိုလျှင် (သူ သဘောကျသူကလည်း မနည်း။) သစ်ကို အကြွေးရောင်းသည်။ ဝယ်သူတွင် ဘဏ်စာရင်း ရှိသည် မရှိသည်ကို မတွေး။ ဤနေရာတွင်မူ ဖရင့်နှင့် အတူတူ။

သို့ရာတွင် အက်ရှလေသည် ခဏ ကြာလျှင် ကျွမ်းကျင်သွားလိမ့်မည်။ သူ အတွေ့အကြုံ ယူနေစဉ်တွင်မူ သူ့အမှားကို

စိတ်ရှည်ရလိမ့်မည်။ သည်းခံရလိမ့်မည်။ ညနေတွင် အက်ရှလေက မောမောပန်းပန်းဖြင့် သစ်စက်ကိစ္စကို ပြောပြလျှင် စကားလက်က မမောမပန်းနိုင်ဘဲ သူ့ကို အကြံဉာဏ်တွေ ပေးသည်။ သို့ရာတွင် စကားလက်က အားပေးသည့်တိုင် အက်ရှလေ၏ မျက်လုံးများက မှုန်ငေးငေး။ သူ့ အမူအရာကို ကြည့်၍ စကားလက် နားမလည်။ အားမရ။ အက်ရှလေသည် သူသိခဲ့သည့် အက်ရှလေနှင့် လုံးဝ မတူတော့။ နှစ်ယောက်ချင်း တွေ့ရလျှင်မူ အကြောင်းရှာ၍ ရလိမ့်မည်။

ညညတွင် စကားလက် ကောင်းကောင်း အိပ်မပျော်။ အက်ရှလေ အတွက် တွေး၍ စိုးရိမ်ပူပန်နေသည်။ အက်ရှလေ

တစ်ယောက် ပျော်ပျော်ရွှင်ရွှင် မရှိသည့်အတွက်လည်း စိတ်ညစ်သည်။ သူ မပျော်လျှင် သူ့ အလုပ်တွင် ထိခိုက်မည်။ သစ်ကုန်သည်ကောင်း တစ်ယောက် ဖြစ်တော့မည် မဟုတ်သည့်အတွက်ကြောင့်လည်း စိတ်ညစ်သည်။ ကုန်သည် အမြင်၊ ကုန်သည် စိတ် ဆို၍ နည်းနည်းကလေးမျှ မရှိသည့် ဟူးခ်ျနှင့် အက်ရှလေတို့နှစ်ယောက်လက်ထဲတွင် သူ့ သစ်ခွဲစက် နှစ်လုံးကို ဝကွက် အပ်ထားရသဖြင့်လည်း စကားလက် စိတ်ဆင်းရဲခြင်း ဖြစ်ရသည်။ သူ ကြိုးစား၍ ရှာခဲ့ရသည့် ဖောက်သည်ဟောင်းများ ပြိုင်ဘက်တို့ လက်ထဲတို့ လက်ထဲသို့ ရောက်သွားသည့်အတွက်လည်း ရင်ထုမနာ ဖြစ်ရသည်။ သူ အလုပ် ပြန်လုပ်နိုင်လျှင်မူ အတိုင်းထက် အလွန် တံခွန်နှင့် ကုက္ကား။ အက်ရှလေကို လက်ထပ် သင်ပေးရမည်။ အက်ရှလေသည်လည်း လာဘ် မြင်လာလိမ့်မည်။ ဂျွန်နီက သစ်စက် တစ်စက်ကို ဦးစီး၊ အက်ရှလေက သစ်စက် တစ်စက်ကို ဦးစီး၊ သူက သစ်ဆိုင်တွင် ထိုင်လျှင် အဆင်ပြေမည်မှာ သေချာသည်။

ဟူးခ်ျကိုမူ အလုပ်မှ ထုတ်ရတော့မည်။ ဆက်၍ လုပ်ချင်သေးသည် ဆိုလျှင်မူ သစ်တင်လှည်း အမောင်းခိုင်းရမည်။

သူက ဤမျှလောက်သာ အသုံးဝင်သည်။

ဂျွန်နီက ထက်မြက်ဟန် ပေါက်သည့်တိုင် ရသာလျှင် ဘနဖူးကိုပင် သိုက်တူးမည့် လူစားမျိုး။ သို့ရာတွင် သူ့ကို

မကြိုက်လျှင် မည်သူ့ကို အစားထိုးရမည်နည်း။ ထက်လည်း ထက်၍ ရိုးလည်း ရိုးရသည့် လူတော် လူကောင်းများသည် သူ့ထံတွင် အဘယ့်ကြောင့် အလုပ် မလုပ်လိုကြသနည်း။ ဟူးခ်ျအစား ဤလို လူတော် လူကောင်း တစ်ယောက်ရလျှင် ဘာမျှ စိုးရိမ်စရာ မလို။ ယခုမူ

မြို့ထဲက ကန်ထရိုက်တာ တွန်မီသည် ခါးကုန်းသည့်တိုင် အလုပ် အရဆုံး ကန်ထရိုက် ဖြစ်သည်။ သူ့လက်က ငွေ

ဖြစ်နေသည်ဟုပင် ပြောကြသည်။ မစ္စက် မယ်ရီဝယ်သာနှင့် ရီနီတို့က ကြီးပွားကာ မြို့လယ်တွင် မုန့်ဖို တစ်ဖိုပင် ဖွင့်ထားပြီ။ ရီနီက

238

ပြင်သစ် ပီပီ စေ့စေ့ စပ်စပ် အုပ်ချုပ်တတ်သည်။ မစ္စက် မယ်ရီဝယ်သာက မီးဖိုချောင်မှ ထွက်ကာ မုန့်ဖိုလည်း မောင်းနေသည်။ ဆင်မွန်တို့ ညီအစ်ကို၏ အုတ်ဖိုက ကြီးပွားကာ တစ်နေ့လျှင် သုံးဆိုင်း လုပ်နေရသည်။ ဝှိုက်တင်းက ဆံပင်ပြင်ဆိုင် ဖွင့်၍ ကြီးပွားနေသည်။ ဆံပင်ကောက်သည့် ကပ္ပလီဆိုလျှင် မဲပေးခွင့် ရမည်မဟုတ်ဟု ပြောကာ ဆံပင်ကောက်သည့် ကပ္ပလီတွေကို ဆံပင် ပြင်ပေးရသည်မှာ လက်မလည်နိုင်။

စကားလက်သိသည့် လူရွယ် အားလုံး အလုပ်အကိုင် ဖြောင့်နေကြသည်။ ဆရာဝန်၊ ရှေ့နေ၊ ကုန်တိုက်ပိုင်ရှင်တို့

ဖြစ်နေကြပြီ။ ပြည်တွင်းစစ် ပြီးခါစက အလုပ်အကိုင် မရှိ၊ ယောင်လည်လည် ဖြစ်နေကြသော်လည်း ယခု ကြီးပွားနေကြပြီ၊ အလုပ်နှင့်လက် မပြတ်အောင် ဖြစ်နေကြပြီ။ အလုပ်အကိုင် အပေါက်အလမ်း၊ မတည့်သူ ဆို၍ ဟူးခ်ျလို လူမျိုး၊ အက်ရှလေလို လူမျိုးလောက်သာ ကျန်တော့သည်။

စကားလက် သူတို့နှင့် နေရာချင်း လဲလိုက်ချင်သည်။ စီးပွားရေးလည်း လုပ်ရ၊ ကလေးလည်း မွေးရဆိုတော့ သူ

မတတ်နိုင်။ သူ့ကိုယ်သူ အားမရ။

‘တော်ပြီ၊ နောက်တော့ ကလေး မမွေးတော့ဘူး’  စကားလက် ယတိပြတ် ဆုံးဖြတ်သည်။ ‘တခြား မိန်းမတွေလို တစ်နှစ်

တစ်သား မွေးမနေနိုင်ဘူး၊ တစ်နှစ် တစ်သား မွေးနေရရင် ခြောက်လလောက်က ကလေးမွေးရတဲ့ကိစ္စနှင့် အချိန်ကုန်တော့မှာပဲ၊ ဘယ့်နှယ် ဒီလောက် အချိန်ကုန် ခံနိုင်ပါ့မလဲ၊ မဖြစ်ဘူး၊ သစ်စက်က တစ်နေ့မှ ပစ်ထားလို့ မဖြစ်ဘူး၊ တော်ပြီ၊ နောက်ထပ် ကလေး မလိုချင်တော့ဘူး၊ ဖရင့်ကို ဗြောင်ဖွင့်ပြောမှ ဖြစ်မယ်’

ဖရင့်က သားသမီးများများ လိုချင်သည်။ သို့ရာတွင် ဖရင့်ကို စကားလက် ထိန်းနိုင်သည်။ ဆုံးဖြတ်ပြီးပြီ။



ဤကလေးသည် နောက်ဆုံးကလေးဖြစ်သည်။ ကလေးထက် သစ်ခွဲစက်က အရေးကြီးသည်။

239

၄၂



စကားလက်၏ ကလေးက မိန်းကလေး။ ခေါင်း ပြောင်ပြောင်။ အမွေး ကျွတ်နေသည့် မျောက်လို အရုပ် ဆိုးသည်။

ဖရင့်နှင့် တူသည်။ သားသမီးရူး ရူးနေသည့် ဖရင့်က လွဲ၍ မည်သူကမျှ ကလေးကို လှသည်ဟု မထင်ကြ။ သို့ရာတွင် အိမ်နီးချင်းများကမူ ငယ်ငယ်က အရုပ် ဆိုးသည့် ကလေးသည် ကြီးလာလျှင် အလွန် လှတတ်သည်ဟု အားနာပါးနာ ပြောကြ၏။

သမီးလေး၏ အမည်ကို အယ်လာလိုရီနာဟု စကားလက်က မှည့်သည်။ အယ်လာက သူ့ ဘွားဘွား အယ်လင်၏

အမည်။ လိုရီနာက ထိုခေတ်က မိန်းကလေးတွေ မှည့်တတ်သည့် နာမည်မျိုး။ ထိုခေတ်က ယောက်ျားလေးများကို ရောဘတ်လီး၊ ဂျက်ဆန်ဟု မှည့်တတ်ကြသည်။ ကပ္ပလီ ကလေးများကို အဘရာဟင် လင်ကွန်း၊ မောင်လွတ်လပ် စသဖြင့် မှည့်တတ်ကြသည်။ 

သမီးလေး အယ်လာကို မွေးစဉ်က အတ္တလန်တာ တစ်မြို့လုံး တထိတ်ထိတ် တလန့်လန့် ဖြစ်နေရချိန် ဖြစ်၏။ ကပ္ပလီ

တစ်ယောက်ကို မုဒိမ်းမှု ကျူးလွန်သည် ဆိုကာ အစိုးရက ဖမ်းထားသည်။ သူ့ကို ရုံးတင် မစစ်ခင် ကေသုံးလုံး ဂိုဏ်းက အကျဉ်းထောင်ကို ဝင်စီးကာ ကပ္ပလီကို တိတ်တဆိတ် ကြိုးပေး သတ်ပစ်လိုက်သည်။ အမှု စစ်လျှင် အမည် မဖော်သေးသည့် တရားလို လူဖြူ အမျိုးသမီး ရုံးထွက်၍ အစစ် ခံရမည်။ တရားရုံးတွင် အစစ် ခံရလျှင် အမျိုးသမီးလည်း ဂုဏ်သရေ ပျက်မည်၊ မိဘများလည်း အရှက် ရကြမည်။ အဖေနှင့် အစ်ကိုတွေက ရှက်ကာ သူတို့ သမီး၊ သူတို့ နှမကို သတ်လား ဖြတ်လား လုပ်ကြတော့မည်။ ဤတွင် ကေသုံးလုံး ဂိုဏ်းက အကျဉ်းထောင်ကို စီး၍ ကပ္ပလီကို အပျောက် ရှင်းပစ်လိုက်သည်။ ဤ ဖြေရှင်းနည်းကို တစ်မြို့လုံးက သဘောကျကြသည်။ သို့ရာတွင် ဥပဒေ အရမူ တရားလို အမျိုးသမီးကိုလည်း တရားခွင်တွင် တင်၍ စစ်ရမည်။

ကေသုံးလုံး ဂိုဏ်းဝင်ဟု မသင်္ကာသူများကို စစ်တပ်က ညညတွင် လိုက်ဖမ်းသည်။ အတ္တလန်တာ တစ်မြို့လုံးတွင်

ရှိသည့် လူဖြူ မှန်သမျှကို ဖမ်းချင်လျှင် ဖမ်းရပါစေ၊ ကေသုံးလုံး ဂိုဏ်းကိုမူ အပြတ် နှိမ်ရမည်ဟု ကြေညာသည်။ ကပ္ပလီများက လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ လူဖြူ အိမ်တွေကို မီးရှို့မည်ဟု ကြိမ်းနေ ကြသည်။ သူပုန် ထမည်ဟု ကောလာဟလ ဖြစ်နေသည်။ လူဖြူများကလည်း ကပ္ပလီများကို အစုလိုက် ကြိုးပေး သတ်မည်ဟု ကောလာဟလ ဖြစ်နေသည်။ မည်သူမျှ အိမ်ပြင် မထွက်ရဲကြ။ အိမ်တံခါးကို အလုံပိတ် နေကြရသည်။ ယောက်ျားများကလည်း အိမ်တွင် သား မယားတွေချည်း မပစ်ခဲ့ရဲသဖြင့် အလုပ် မသွားကြ။

စကားလက်က မျက်နှာ မြင်ပြီးစ။ ခုတင်ပေါ်တွင် ပက်လက်ဖြင့် အက်ရှလေ တစ်ယောက် ကေသုံးလုံး ဂိုဏ်းဝင်

မဖြစ်ပါစေနှင့်ဟု တိတ်တိတ် ကျိတ်၍ ဆုတောင်းသည်။ ဖရင့်လည်း ကေသုံးလုံး ဂိုဏ်းဝင် မဖြစ်နိုင်။ အသက် ကြီးပြီ။ စိတ်ကျပြီ။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူး တင်ရသည်။ ဖရင့်နှင့် အက်ရှလေတို့ကို ယန်ကီ စစ်တပ်က လာဖမ်းလျှင် ခက်ရချည့်။ ကေသုံးလုံး ဂိုဏ်းသားများသည် အဘယ့်ကြောင့် ဗရုတ်ဗရက် ဖြစ်အောင် လုပ်ရသနည်း။ လူဖြူ အမျိုးသမီး တစ်ယောက် အဓမ္မ ကျင့်ခံရသည်ဟု အကြောင်းရှာကာ တိုင်းပြည် လှုပ်လှုပ်ရွရွ ဖြစ်အောင် တမင် လုပ်နေသလော။ အမျိုးသမီး

240

တစ်ယောက်ကြောင့် လူတွေ အသက် သေကြရတော့မည်လော။

အခြေအနေက တည်းတည်းကလေး ကျန်တော့သည်။ စနက်တံ တစ်ချောင်းကို မီးရှို့ပြီး စောင့်ကြည့် နေရသလို

သည်းထိတ်ရင်ဖို ဖြစ်ရသည်။ မီးက စနက်တံကို တဖြည်းဖြည်း လောင်နေပြီ။ ယမ်းအိုးကြီးနား ရောက်တော့မည်။ ဤအခြေအနေမျိုးတွင်

စကားလက်

နာလန်ထလာသည်။

မြိုင်သာယာတွင်

ကြမ်းကြမ်းတမ်းတမ်း

လုပ်ခဲ့ရသည့်

အလေ့အထကြောင့် မျက်နှာ မြင်ရသည့် အခါတွင် များစွာ ပင်ပန်းခြင်း မရှိတော့။ အယ်လာကို မွေးပြီး နှစ်ပတ် အတွင်းတွင် စကားလက် ထနိုင် ထိုင်နိုင်လာပြီ။ သုံးပတ် အကြာတွင် သစ်စက်ကို သွားကြည့်မည်ဟု ပြောလာသည်။ အက်ရှလေနှင့် ဟူးခ်ျတို့က အိမ်တွင် သားမယားများကို စောင့်ရှောက် နေရသဖြင့် အလုပ် မဆင်းကြ။ စက် နှစ်စက်လုံး ပိတ်ထားရသည်။

ဤတွင် ပြဿနာ ပေါ်လာသည်။



ကလေး အဖေ အသစ်စက်စက် ဖရင့်သည် ခါတိုင်းလို သည်းမခံနိုင်တော့။ ရဲဆေး တင်ကာ ဤလို အန္တရာယ် များသည့်

အခြေအနေတွင် စကားလက်ကို အပြင် မထွက်ရဟု တားသည်။ သူ့ ယောက်ျားလောက်ကိုမူ စကားလက် အရေး မထား။ သူ ပြောချင်ရာပြော ကိုယ် လုပ်ချင်ရာ လုပ်ခဲ့သည်ချည်း။ သို့ရာတွင် ဖရင့်က ဤမျှနှင့် မရပ်။ ရထားရုံထဲက ဘာဂီနှင့် မြင်းကို သော့ခတ် ပိတ်ထားကာ သူမှ လွဲလျှင် မည်သူ့ကိုမျှ မပေးရ ဟု အမိန့် ထုတ်လိုက်သည်။ ပို၍ ဆိုးသည်က ဖရင့်နှင့် ကြီးဒေါ်သည် သူ မျက်နှာ မြင်နေစဉ်တွင် တစ်အိမ်လုံး မွှေနှောက် ရှာကာ သူ တိတ်တိတ် စုထားသည့် လက်ဝတ်လက်စားများနှင့် ငွေများကို တွေ့သွားခြင်း ဖြစ်သည်။ ထိုပစ္စည်းများကို သူ့ နာမည်ဖြင့် ဖရင့်က ဘဏ်တွင် သွားအပ်သည်။ ထို့ကြောင့် စကားလက် လက်ထဲတွင် ခြူးတစ်ပြားမျှ မရှိတော့။ ရထား တစ်စီး ငှားဖို့ ပိုက်ဆံပင် မရှိ။

ဖရင့်နှင့် ကြီးဒေါ်ကို စကားလက် ဒေါသ ထွက်သည်။ သူတို့ကို အနုနည်းဖြင့် ချော့သည်၊ မရ။ နောက်ဆုံးတွင်

ကြိတ်မနိုင် ခဲမရ ဖြစ်နေသည့် ကလေးငယ် တစ်ယောက် သဖွယ် တစ်မနက်လုံး ရှိုက်ကြီးတငင် ငိုသည်။ ‘စကားလက်ရယ် နေကောင်းအောင် နေပါဦးကွယ်’ ဟု ဖရင့်က ချော့သည်။ ‘မလေး ဒီလို ငိုနေရင် နို့ထွက်တော့မှာ မဟုတ်ဘူး၊ ထွက်ရင်လည်း နို့က အချဉ်ပေါက်ပြီး ကလေး ချွဲကျပ်တော့မှာ’ ဟု ကြီးဒေါ်က ပြောသည်။

စကားလက် စိတ်ဆိုးဆိုးဖြင့် နောက်ဖေးမှ ဆင်းကာ မီလာနီတို့ အိမ်ဘက်သို့ ထွက်သွား၏။ သစ်စက်ကို ခြေကျင်

သွားမည်ဟု အော်ကြီးဟစ်ကျယ် လုပ်သည်။ အတ္တလန်တာ တစ်မြို့လုံး အနှံ့သွား၍ လင်ယူ မှားပြီဟု ပြောမည် ဆိုကာ ငိုသည်ရော ရယ်သည်ရော လုပ်သည်။ သူ့ကို ခြိမ်းခြောက်သူ၊ နှောင့်ယှက်သူကို သေနတ်ဖြင့် ပစ်မည်ဟု ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်သည်။ လူ တစ်ယောက်ကို သတ်ခဲ့ဖူးကြောင်း၊ နောက်တစ်ယောက်ကို သတ်ဖို့ ဝန်မလေးကြောင်း ခုနစ်သံ တင်၍ ဟစ်သည်။

ရုတ်ရုတ်ရက်ရက် ကာလကြီးတွင် အိမ်အောက်သို့ပင် မဆင်းရဲသည့် မီလာနီက စကားလက် ဖြစ်နေပုံကို ကြည့်၍

ရင်တမမ ဖြစ်နေသည်။

‘စကားလက်ရယ် ဘာတွေ လျှောက်ပြောနေတာလဲ၊ ဒီလို လုပ်လို့ ဖြစ်မလား၊ စကားလက် တစ်ခုခု ဖြစ်ရင် မီလာနီပါ

သေလိမ့်မယ်၊ မလုပ်ပါနှင့်’

241



‘မရဘူး လုပ်မယ်၊ မတားနှင့်၊ သစ်စက်ကို ခြေကျင် သွားမယ်၊ သူ့ မြင်းရထား မရှိတော့ ဘာဖြစ်သလဲ၊

သောက်ဂရုစိုက်လို့၊ ဒီက ကောင်မကို ဒါမျိုး လုပ်လို့ ရမယ် ထင်သလား’

မျက်နှာမြင်ပြီးခါစ သွေးနုသားနု ဖြစ်၍ ကယောင်ကတမ်း ဖြစ်နေသည်လေဟု ပထမတွင် မီလာနီ ထင်မိသေးသည်။

သို့ရာတွင် ကယောင်ကတမ်း ပြောနေခြင်း မဟုတ်။ စကားလက်၏ နဂို စရိုက် အတိုင်း ဇွတ်တရွတ် လုပ်ချင်ရာ လုပ်တတ်သည့် စိတ်မျိုး ဖြစ်ခြင်းကို မီလာနီ သတိပြုမိ၏။ သူ့ အဖေ ဂျရယ် အိုဟာရာ စိတ်ဆိုးပြီ ဆိုလျှင် မျက်နှာပေါ်တွင် တွေ့ရတတ်သည့် အမူအရာမျိုး။ မီလာနီက စကားလက်၏ ခါးကို ခပ်တင်းတင်း ဖက်လိုက်၏။

‘ကိုယ့် အပြစ်ပါကွယ်၊ ကိုယ် ကြောက်တတ်လွန်းလို့ အက်ရှလေက သစ်စက်ကို အလုပ် မသွားနိုင်တာပါ၊ ကိုယ့်ကိုက

သတ္တိ ကြောင်ပါတယ်၊ ကဲပါ စကားလက်ရယ်၊ ကိုယ် မကြောက်တော့ဘူး၊ သစ်စက်ကို သွားတော့လို့ မောင့်ကို ပြောပါ့မယ်၊ မောင် သစ်စက်ထဲ ဆင်းရင် ကိုယ် စကားလက်တို့ဘက် ကူးလာပြီး နေမယ်’

အက်ရှလေ သစ်စက်သို့ ဆင်းသည့်တိုင် သူ တစ်ယောက်တည်း နိုင်မည် မဟုတ်။



‘အို

နေပါစေ၊

စကားလက်

သွားမယ်၊

အက်ရှလေက

မင်း

အတွက်

စိတ်ပူ

နေရရင်

အလုပ်

ဆင်းလို့

ဘယ်ဖြောင့်ပါတော့မလဲ၊ လူတွေက ကိုယ့်ဖို့လောက်ပဲ ကြည့်ကြတာ၊ အိမ်က ဦးလေး ပီတာကတောင် မြင်းလှည်း မောင်းမပို့ရဲဘူးတဲ့၊ မပို့လည်း နေကြပေါ့၊ ဂရု မစိုက်ပါဘူး၊ စကားလက် တစ်ယောက်တည်း သွားပြမယ်၊ ခြေကျင် သွားမယ်၊ လမ်းတွေ့တဲ့ ကပ္ပလီကို အလုပ်သမား အဖြစ် ခေါ်သွားမယ်’

‘မလုပ်ပါနှင့် စကားလက်ရယ် ရှိကြီးခိုးပါရဲ့၊ တစ်ခုခု ဖြစ်မှာ စိုးလို့ပါ၊ ဒီကက်တော လမ်း တစ်လျှောက်လုံး

ကပ္ပလီတွေချည်းပဲတဲ့၊ ဒီလမ်းကို ဘယ့်နှယ်လုပ် တစ်ယောက်တည်း ဖြတ်လို့ ဖြစ်မလဲ၊ ဒီနေ့ တစ်ရက်တော့ ခဏ နေပါဦး၊ မီလာနီ နည်းလမ်း ရှာကြည့်ပါဦးမယ်၊ ခုတော့ အိမ်ပြန်ပြီး ခဏ လှဲနေပါ၊ ကြည့်ရတာ သိပ်မောနေပြီ နော်’

စကားလက် ဒေါသကြောင့် အားကုန်နေပြီ။ ပါးစပ်မှ ပြောရသော်လည်း စင်စစ် ဘာမျှ မလုပ်နိုင်တော့။ ဤတွင်

စကားလက် မကျေမနပ်ဖြင့် အိမ်သို့ ပြန်သည်။ အိမ်သားများက ချော့သည်ကိုမူ လက်ခံခြင်း မပြု။

ထိုနေ့ ည၌ မီလာနီ၏ အိမ်နောက်ဖေး ခြံစည်းရိုးတွင် ခပ်ဆန်းဆန်း သဏ္ဌာန် တစ်ခု ရပ်နေသည်ကို တွေ့ရ၏။ ထိုလူမှာ

မီလာနီက လမ်းတွင် တွေ့၍ ခေါ်ကျွေးထားသည့် လူဆိုးကြီး တစ်ဦးဟု ကြီးဒေါ်နှင့် ဒစ်လစီတို့က ပြောကြသည်။

မီလာနီ၏ အိမ်တွင် မြေတိုက်ခန်း သုံးခန်း ရှိသည်။ ယခင်က အရက်စည် လှောင်သည့် အခန်းနှင့် အစေခံများ နေသည့်

အခန်းများ ဖြစ်သည်။ ယခု အချိန်တွင် ဒစ်လစီက တစ်ခန်း နေသည်။ အခြား အခန်း နှစ်ခန်းမှာမူ အမြဲတမ်း နေသူ ဟူ၍ မရှိ။ စုတ်ပြတ် ညစ်ပတ်သည့် ဧည့်သည်များ မကြာ ခဏ လာရောက် တည်းခိုကြသည့် အခန်း ဖြစ်သည်။ တည်းခိုသူများ၏ အမည်နာမ အလုပ်အကိုင်ကို လည်းကောင်း၊ မည်သည့် အရပ်က လာ၍ မည်သို့ သွားကြသည်ကို လည်းကောင်း မီလာနီမှ အပ အခြား မည်သူမျှ မသိကြ။ ဒစ်လစီတို့ ပြောသလို လမ်းမတွင် တွေ့သဖြင့် ခေါ်လာသူများလည်း ဖြစ်နိုင်သည်။ သို့ရာတွင် မီလာနီ၏ ဧည့်ခန်းဆောင်သို့ ပုဂ္ဂိုလ် အကျော်အမော်များ လာကြသည့် နည်းတူ ဤလူများသည်လည်း မီလာနီ၏ မြေတိုက်ခန်းသို့ မကြာ ခဏ ရောက်လာကြကာ အစား အသောက်၊ အိပ်ရာ နေရာတို့ကို ရတတ်ကြသည်။ အများအားဖြင့်

242

ထိုလူများမှာ ပြည်နယ် စစ်သားဟောင်းများ ဖြစ်သည်။ သူတို့တွင် အိုးအိမ်လည်း မရှိ။ တစ်ပြည်လုံး အနှံ့သွားကာ အလုပ် ရှာနေကြသူများ ဖြစ်သည်။

တစ်ခါတစ်ရံတွင်မူ

အသား

ညိုညို

ပိန်ပိန်ကပ်ကပ်

တောသူ

အမျိုးသမီးများ

ရောက်လာတတ်ကြသည်။

ကလေးတွေက တို့လို့ တွဲလောင်း။ တစ်ညတလေ ဝင်အိပ် သွားကြ၏။ ပြည်တွင်းစစ်တွင် မုဆိုးမ ဖြစ်ခဲ့ကြပြီး ယာမဲ့၊ အိမ်မဲ့၊ မြေမဲ့ ဘဝသို့ ရောက်ခဲ့ရသူများ ဖြစ်သည်။ တကွဲတပြား ဖြစ်၍ ပျောက်ဆုံးနေသည့် ဆွေမျိုးသားချင်းများကို လိုက်ရှာ နေကြသည်။ တစ်ခါတစ်ရံတွင် အင်္ဂလိပ် စကားပင် ကောင်းကောင်း မပြောတတ်သည့် ရီပါဘလီကန် ပါတီဝင်များပင် လာ၍ အိပ်သွားသည်ဟု ကြီးဒေါ်က ပြောသည်။ သို့ရာတွင် ကြီးဒေါ်၏ စကားကို မယုံကြ။ မီလာနီသည် သဘောကောင်းသည့်တိုင် ရီပါဘလီကန် တစ်ယောက်ကိုမူ အိမ်တွင် တည်းခိုခွင့် ပြုမည် မဟုတ်ဟု ယူဆကြ၏။

ထိုတစ်ညနေ၌ စကားလက်သည် ကလေးငယ်ကို ပေါင်ပေါ်တွင် တင်ကာ ဘေးဘက် အဆောင်တွင် ထွက်ထိုင်

နေသည်။ နိုဝင်ဘာလ နေခြည်က ခပ်ဖျော့ဖျော့ ဖြာကျလျက် ရှိ၏။ စကားလက်သည် တစ်ဖက် ခြံစည်းရိုးတွင် ရပ်နေသည့် ထိုလူစိမ်းကို အကဲခတ်သည်။ လူက ခြေထောက် နှစ်ဖက်စလုံး ပြတ်လျက်။ ဝီလီလို သစ်သား ခြေထောက်တု တပ်ထားသည်။ အသက် ခပ်ကြီးကြီး အရပ် မြင့်မြင့်။ ပန်းရောင် နုနု သမ်းနေသည့် မုတ်ဆိတ်မွေးများက ဝမ်းဗိုက်ပေါ် ရောက်အောင် တွဲလွဲ ကျနေသည်။ အသက် ခြောက်ဆယ်ခန့်လောက် ရှိပြီ။ ခြေထောက်တု တပ်ထားသည့်တိုင် လမ်းသွားပုံက မြက်ရှော မြွေတစ်ကောင်လို မြန်သည်။

ထိုလူသည်

ဝင်းထဲသို့

ဝင်လာကာ

ဆင်ဝင်

အုတ်လှေကား

အတိုင်း

တက်လာ၏။

စကားပြောသံကို

မကြားရသေးသည့်တိုင် တောင်ပေါ်သား တစ်ယောက် ဖြစ်ရမည်ဟု စကားလက် တွေးလိုက်သည်။ အဝတ်အစားက စုတ်ပြတ် ညစ်ပတ်နေသည့်တိုင် မျက်နှာ အမူအရာက မာနကြီးသည့်ဟန်၊ စည်းကမ်း ကြီးသည့်ဟန်၊ ထက်မြက်သည့်ဟန် ပေါ်နေသည်။ မုတ်ဆိတ်မွေးတွင် ဆေးရွက်ကြီးရည်တွေ စွန်းပေနေ၏။ ပါးစောင်တွင် ဆေးရွက်ကြီး ငုံထားသဖြင့် ပါးတစ်ဖက် ဖောင်းနေသည်။ နှာခေါင်း ချွန်ချွန်၊ မျက်ခုံး ထူထူ။ နားထဲတွင် အမွေးအမှင်တွေ မည်းလျက်။ မျက်လုံး တစ်ဖက်က လပ်နေသည်။ ချိုင့်ဝင်နေသည့် မျက်လုံး တစ်ဖက်လပ်အောက်က အမာရွတ် တစ်ခုကလည်း ကန့်လန့်ဖြတ် နေသည်။ အကောင်း ပကတိ ကျန်သည့် မျက်လုံး တစ်ဖက်က ကျဉ်းမြောင်း သေးငယ်သည်။ ရက်စက်သည့် အသွင်ကို ဆောင်သည်။ ဘောင်းဘီအိတ် တစ်ဖက်တွင် ပစ္စတို တစ်လက် ထိုးထားပြီး စုတ်ပြတ်နေသည့် ဖိနပ်ရှည်ထဲမှ ဓားကောက် အရိုး တစ်ချောင်း ထွက်လျက် ရှိ၏။

စကားလက် သူ့ကို စိုက်ကြည့်သည့် အခါ၌ သူကလည်း စိန်းစိန်းကြီး ပြန်ကြည့်ကာ လက်ရန်းပေါ်မှ ကျော်၍

တံတွေး တစ်ချက် ထွေးလိုက်သည်။ သူ့ မျက်လုံး တစ်ဖက်တွင် အထင်သေးသည့် အကြည့်က အထင်းသား။ စကားလက် တစ်ဦးတည်းကိုသာ မက မိန်းမ ဟူသမျှကို အထင်သေးသည့် အကြည့်မျိုး။

‘မီလာနီက အလုပ် ရမယ်လို့ ပြောလိုက်လို့’ သူက ခပ်ပြတ်ပြတ် ပြော၏။ သူ ပြောပုံက စကား ပြောလေ့ ပြောထ

မရှိသူ တစ်ဦး၏ ပြောပုံမျိုး။ ခက်ခက် ခဲခဲ ပြောရသည့်ဟန် ပေါ်နေသည်။ ‘ငါ့ နာမည်က အာချီ’

‘ဝမ်းနည်းပါတယ်၊ ရှင့်ဖို့ အလုပ် မရှိဘူး မစ္စတာ အာချီ’



‘အာချီက ငါ့ ပထမ နာမည်က မဟုတ်ဘူး’

243



‘ဒါဖြင့် ရှင့် ပထမ နာမည်က’



သူက ပျစ်ခနဲ တံတွေး ထွေးလိုက်သည်။



‘ဒါက ငါ့ ကိစ္စပါ၊ နင် သိစရာ မလိုပါဘူး၊ အာချီလို့ပဲ ခေါ်ပါ’



‘ကျွန်မကလည်း မသိချင်ပါဘူး၊ ရှင့် အတွက်လည်း အလုပ် မရှိဘူး’



‘နင့်မှာ အလုပ် ပေးစရာ ရှိပါတယ်၊ ငါ့ကို မီလာနီက ပြောလိုက်ပြီးပြီ၊ နင့် စက်ရုံက လူက သိပ်မကောင်းဘူးတဲ့၊

ဒါကြောင့် နင့်ဆီကို ရထား မောင်းတဲ့ အလုပ် သွားတောင်းတဲ့’

‘ဘာ’



ဤအဘိုးကြီးက အပြောအဆိုက ရိုင်းစိုင်းသည်။ မီလာနီက သူ့ ကိစ္စထဲတွင် ဝင်စွက်သည်။ ထို့ကြောင့် စကားလက်

ဒေါသ ထွက်လာသည်။

အဘိုးကြီးက သူ့ကို အကောင်း ပကတိ ကျန်သည့် မျက်လုံး တစ်ဖက်ဖြင့် ပမာမခန့် ကြည့်နေသည်။



‘မိန်းမ ဖြစ်ပြီး ယောက်ျား တစ်ယောက်လို အလုပ် လုပ်နေလို့ ဘယ်ကောင်းမလဲ၊ နင် သစ်စက် သွားရင် ငါ ရထား

မောင်းပို့မယ်၊ ငါက ယန်ကီလည်း မုန်းတယ်၊ ကပ္ပလီကိုလည်း မုန်းတယ်’

အဘိုးကြီးက ဆေးရွက်ကို ပါးစောင်တွင် တစ်ဖက်သို့ ရွှေ့ငုံသည်။ သူ့ကို ဖိတ်ခေါ်ခြင်း မပြုဘဲ ထိပ်ဆုံး

လှေကားထစ်တွင် ဝင်ထိုင်၏။

‘ငါကလည်း မိန်းမကို ရထား မောင်းပို့ချင်တာ မဟုတ်ဘူး၊ ဒါပေမယ့် မီလာနီက ငါ့ကို စောင့်ရှောက်တယ်၊ ထမင်း

ကျွေးတယ်၊ အိပ်စရာ နေရာ ပေးတယ်၊ သူက နင့်ကို ရထား မောင်းပေးဆိုလို့ လာတာ’

‘ဒါပေမယ့်’



စကားလက်က စကားကို ဆုံးအောင် မပြော။ သူ့ကို စိုက်ကြည့်သည်။ နောက် ပြုံးသည်။ ဤ ခပ်မိုက်မိုက်

အဘိုးကြီး၏ အမူအရာကို သူ မကြိုက်။ သို့ရာတွင် သူ့ အတွက် အသုံးကျလိမ့်မည်ဟု ထင်သည်။ သူ ပါလျှင် မြို့ထဲသို့ ရထားဖြင့် ထွက်နိုင်မည်။ သစ်ခွဲစက်သို့ သွားနိုင်မည်။ သစ်ဆိုင်သို့ သွားနိုင်မည်။ ဘာမျှ ပူစရာ မရှိ။ စိတ်ချရမည်။ ယောက်ျား တစ်ယောက်နှင့် တွဲသည်ဟု အပြစ် ပြောနိုင်တော့မည် မဟုတ်။

‘ဒါဖြင့် အလဲအလှယ် လုပ်တဲ့ သဘောပေါ့၊ ကောင်းပြီလေ၊ ကျွန်မ ယောက်ျားကို မေးကြည့်ဦးမယ်’



အာချီနှင့် နှစ်ယောက်ချင်း စကားပြောပြီး နောက်၌ ဖရင့်က စိတ်မပါ့တပါဖြင့် သဘောတူသည်။ မြင်းနှင့် ဘာဂီကိုလည်း

ထုတ်ပေးခွင့် ပြုသည်။ ကလေးရလျှင် စကားလက် အချိုး ပြောင်းမည်ဟု ဖရင့် ထင်ခဲ့၏။ သို့ရာတွင် စကားလက် အချိုး မပြောင်းသဖြင့် ဖရင့် စိတ်ပျက်သည်။ သို့ရာတွင် စကားလက်ကို သစ်စက်သို့ မသွားအောင် တား၍ မရသည့် အတူတူ

244

အာချီကိုပင် အားကိုးရတော့မည်။

စကားလက် လုပ်ပုံက အတ္တလန်တာ တစ်မြို့လုံးကို အံ့အား သင့်သွားစေသည်။ အာချီနှင့် စကားလက် ဘာဂီ စီး၍

လာပုံက နည်းနည်းမျှ ကြည့်၍ မလိုက်။ အာချီက အဘိုးကြီး။ ညစ်ပတ် စုတ်ပြတ်လျက်။ ရထား ခြေနင်းခုံပေါ်တွင် သစ်သား ခြေထောက်ကြီးက ပြူးပြူးကြီး။ စကားလက်က ချောချော လှလှ။ အဝတ်အစား သန့်သန့်ပြန့်ပြန့်။ နဖူးရေ တွန့်အောင် မျက်မှောင်ကုတ်ထားသည်။ သူတို့ နှစ်ယောက်ကို အတ္တလန်တာ တစ်ဝိုက်၌ အချိန်မရွေး တွေ့ရတတ်သည်။ တစ်ယောက်ကို တစ်ယောက် မျက်နှာကြော မတည့်သည့်ဟန် စကား မပြောကြ။ သို့ရာတွင် တစ်ယောက် မရှိလျှင် တစ်ယောက်အဖို့ မဖြစ်။ တစ်ယောက် အကူအညီကို တစ်ယောက် ယူကြရသည်။ တစ်ယောက်က ပိုက်ဆံ လိုသည်။ တစ်ယောက်က အကာအကွယ် အစောင့်အရှောက် လိုသည်။ အတ္တလန်တာက အမျိုးသမီးများကမူ ရက် ဘတ်တလာ ဆိုသည့် လူနှင့် တွဲသွားသည်နှင့် စာလျှင် တော်သေးသည်ဟု ဆိုကြသည်။ ရက် ဘတ်တလာ တစ်ယောက်ကမူ မည်သည့် နေရာသို့ ရောက်နေသည် မသိ။ လွန်ခဲ့သည့် သုံးလလောက်မှ စ၍ မြို့မှ ရုတ်တရက် ပျောက်သွားသည်။ မည်သည်သို့ သွားသည်ကို မည်သူမျှ မသိကြ။ စကားလက်ပင် မသိ။

အာချီက စကား နည်းသည်။ သူက စ၍ မည်သည့် အခါမျှ စကား ပြောလေ့ မရှိ။ ပြောလျှင်လည်း တစ်ခွန်းတစ်လေမျှသာ

ပြောတတ်သည်။ နံနက်လင်းလျှင် မီလာနီ၏ အိမ်အောက်ထပ် မြေတိုက်ခန်းမှ ထလာကာ ဒေါ်လေး ပစ်တီ၏ အိမ်ရှေ့ ဆင်ဝင် လှေကားထစ်တွင် ဆေးရွက်ကြီး ဝါးလိုက်၊ တံတွေး တပျစ်ပျစ် ထွေးလိုက်ဖြင့် လာထိုင်နေသည်။ စကားလက် ထွက်လာပြီး ဦးလေး ပီတာက ရထားရုံမှ ဘာဂီနှင့် မြင်းဇောင်းမှ မြင်းကို ထုတ်လာသည်။ ဦးလေး ပီတာသည် ကေသုံးလုံး ဂိုဏ်းကို လည်းကောင်း၊ တစ္ဆေ သရဲကို လည်းကောင်း ကြောက်သည့်နှယ် အာချီကို ကြောက်သည်။ အာချီက ကပ္ပလီများကို မုန်းကြောင်း သိသည့် အခါတွင် ပို၍ လန့်သည်။ ကြီးဒေါ်က ဆိုလျှင် သူ့ အနားကို မကပ်။ ခပ်ဝေးဝေးမှ ရှောင်ကွင်းသွားသည်။ အာချီက ခါးတွင် ပစ္စတို တစ်လက်နှင့် ဖိနပ်ကြားတွင် ဓားကောက် တစ်ချောင်း ထိုးထားရုံဖြင့် အားရဟန် မတူသေး။ ခါး တစ်ဖက်တွင် နောက်ထပ် ပစ္စတို တစ်လက် ထပ်ချိတ်သေးသည်။ သူ့ သတင်းသည် လူမည်းများ ကြားတွင် ဟိုးလေးတကျော် ဖြစ်နေသည်။ ခြောက်လုံးပြူးကို စမ်းစရာ မလို။ ခါးပတ်ကို ဆွဲစမ်းစရာ မလို။ မြင်ရုံနှင့်ပင် ကြောက်စရာ ကောင်းနေပြီ။ အာချီ ရှေ့တွင် ဆိုလျှင် မည်သည့် ကပ္ပလီမျှ မရယ်ရဲကြ။

တစ်ခါတွင်မူ စကားလက်က ဘာကြောင့် ကပ္ပလီ များကို ဤမျှ မုန်းတီးရကြောင်း အာချီကို မေးကြည့်သည်။ သူ့

ထုံးစံ အတိုင်း ‘ဒါ ငါ့ အလုပ်ပဲ’ ဟု ဖြေသည်။ သူ့ အဖြေကို စကားလက် အံ့သြ၍ မဆုံး။

‘တို့ တောင်ပေါ်သားက ကပ္ပလီ ဆိုရင် သိပ် မုန်းတယ်၊ ကပ္ပလီ ဆိုရင် မကြိုက်လည်း မကြိုက်ဘူး၊ မွေးလည်း မမွေးဘူး၊

ပြည်တွင်းစစ် ဖြစ်တာ ကပ္ပလီတွေကြောင့် ဖြစ်ရတာ၊ ဒါကြောင့် သူတို့ကို မုန်းတယ်’

‘ရှင်လည်း စစ်တိုက်ခဲ့တာပဲ မဟုတ်လား’



‘ဒါက ယောက်ျား အလုပ်၊ ယန်ကီတွေ ကျတော့ ကပ္ပလီ ထက်တောင် မုန်းသေး၊ စကားများတဲ့ မိန်းမလည်း ငါ

မုန်းတယ်’

ဤသို့ ရိုင်းရိုင်းပျပျ ပြောတတ်သဖြင့် စကားလက် ကျိတ်၍ စိတ်ဆိုးသည်။ အာချီကို အလုပ်မှ ဖြုတ်ပစ်ရမည်လောဟု

245

တစ်ခါတစ်ခါ စဉ်းစားမိ၏။ သို့ရာတွင် သူ မရှိ၍ မဖြစ်။ သူ မရှိလျှင် ဤသို့ လွတ်လွတ်လပ်လပ် သွားနိုင်တော့မည် မဟုတ်။ စက်ရုံကို သွားလျှင် သူ မပါ၍ မဖြစ်။ ဖောက်သည်တွေထံ သွားလျှင်လည်း သူပင် ရထားမောင်းပို့သည်။ သူက စကား ပြောလျှင် အာချီက ဘာမျှ မပြော။ ဆေးရွက်ကြီးကို ဝါးကာ အဝေးသို့ ငေးနေတတ်သည်။ စကားလက် ရထားမှ ဆင်းလျှင် သူလည်း ဆင်း၍ ခွေးတစ်ကောင် ပမာ နောက်က လိုက်လာသည်။ အလုပ်ကြမ်းသမားများ၊ ကပ္ပလီများ၊ ယန်ကီ စစ်သားများ ကြားထဲသို့ ရောက်လျှင် အနားမှ မခွာတော့။

မကြာမီ အတ္တလန်တာ၌ စကားလက်နှင့် သူ့ ကိုယ်ရံတော်တို့၏ မြင်ကွင်းသည် ရိုးသွား၏။ အမျိုးသမီးများက စကားလက်

လွတ်လွတ်လပ်လပ် သွားနိုင်သည်ကို ကြည့်၍ မနာလို ဝန်တို ဖြစ်ကြသည်။ ကေသုံးလုံး ဂိုဏ်းက သောင်းကျန်းနေသဖြင့် အမျိုးသမီးများ မြို့ထဲသို့ ဈေးဝယ် မထွက်ရဲကြ။ ဈေးသွားချင်လျှင် အနည်းဆုံး လေးငါး ခြောက်ယောက် စု၍ သွားကြရသည်။ ဤတွင် အမျိုးသမီးများ သွားချင် လာချင်လျှင် အာချီကို သူတို့ အစောင့်အရှောက် ထည့်ပေးဖို့ စကားလက်ထံ လာပြောကြသည်။ စကားလက်ကလည်း သူ အပြင် ထွက်စရာ မရှိလျှင် အာချီကို လွှတ်ပေးသည်။

မကြာမီ အာချီသည် အတ္တလန်တာ အမျိုးသမီးများ၏ ကိုယ်ရံတော်ကြီး ဖြစ်လာသည်။ နံနက်လင်းလျှင် ကပ္ပလီ

အစေခံ တစ်ယောက်ယောက် ရောက်လာကာ စာတိုကလေးတွေ လာပေးတတ်သည်။ ‘ယနေ့ ညနေ သုသာန်သို့ သွား၍ ပန်းစည်း ချချင်ပါသည်၊ အာချီကို လွှတ်ပေးစေလိုပါသည်’ ဟု လည်းကောင်း၊ ‘အပ်ချုပ်ဆိုင်ကို သွားချင်တယ်၊ အာချီကို ထည့်ပေးပါ’ ဟု လည်းကောင်း၊ ‘ဒေါ်ဒေါ်လေး နယ်လီအား လေညင်းခံ ပို့ချင်သဖြင့် အာချီကို လွှတ်ပေးပါ’ ဟု လည်းကောင်း၊ ‘ပီတာ လမ်းသို့ သွားစရာ ကိစ္စ ပေါ်သဖြင့် အာချီကို လွှတ်ပေးနိုင်ပါက’ ဟု လည်းကောင်း အကူအညီ တောင်းသည့် စာတို စာရှည်တွေ မရောက်သည့်နေ့ ဟူ၍ မရှိ။

အာချီကလည်း လိုက်ပို့သည်။ အစေခံများ၊ အထိန်း မိန်းမကြီးများ၊ မုဆိုးမများ စသဖြင့် စုံသည်။ သူတို့ အားလုံးကို အာချီ

တစ်ယောက်မျှ အထင်မကြီး။ အာချီ မိန်းမကို မုန်းသည်မှာ အထင် အရှား။ မီလာနီ တစ်ယောက်က လွဲလျှင် မိန်းမ ဟူသမျှကို မုန်းသည်။ ပထမတွင် သူ ရိုင်းစိုင်းပုံကို ကြည့်၍ လန့်ကြသော်လည်း နောင်တွင် ရိုးသွားသည်။ ဆေးရွက်ကြီး ငုံထားရာက တံတွေး တပျစ်ပျစ် ထွေးသည်မှ အပ စကား တစ်လုံးမျှ မပြော။ ကြာသော် သူ့ကိုလည်း သူ မောင်းသည့် မြင်းသဖွယ် သဘော ထားကာ သူ ရှိနေသည်ကို မေ့လျော့ နေသည်။ မစ္စက် မယ်ရီဝယ်သာ ဆိုလျှင် ဒေါ်ဒေါ်မိနှင့် အတူ ရထား စီးလာရင်း သူ့ တူမ ကိုယ်ဝန် ရှိသည့် မိန်းမချင်း ကိစ္စများကို တတွတ်တွတ် ပြောလာသည်။ ရှေ့တွင် အာချီ ရထား မောင်းလာသည်ကိုပင် သတိ မရတော့။

ပြည်တွင်းစစ် မဖြစ်မီတုန်းက ဆိုလျှင် အာချီလို တောင်ပေါ်သားကို အမျိုးသမီးများ ရှိရာ မီးဖိုချောင် ထဲသို့ပင် ဝင်ခွင့်

ပြုမည် မဟုတ်။ အစာ ကျွေးလျှင်ပင် မီးဖို နောက်ဖေး တံခါးမှ လှမ်းပေးကာ မြန်မြန် မောင်းထုတ်မိမည်။ ယခုမူ အာချီကို အားကိုးနေရပြီ။ ရိုင်းစိုင်း၍ စာပေ မတတ်သည့် ညစ်စုတ်စုတ် အာချီသည် ယန်ကီတို့၏ ပြန်လည် ထူထောင်ရေး ခေတ်ကြီးတွင် အမျိုးသမီးတို့အဖို့ ခိုလှုံရာ မဟာ တံတိုင်းကြီး သဖွယ် ဖြစ်နေသည်။ အာချီသည် မိတ်ဆွေလည်း မဟုတ်။ အစေခံလည်း မဟုတ်။ ယောက်ျား မရှိသည့် အိမ်များ အတွက် အငှား ထားသည့် ကိုယ်ရံတော်ကြီး ဖြစ်နေသည်။

အာချီ သူ့ထံတွင် အလုပ် လုပ်ပြီး နောက်၌ ဖရင့်သည် ညညတွင် မကြာ ခဏ ပျောက်သွားတတ်သည်ကို စကားလက်

သတိပြုမိ၏။ ကုန်တိုက်တွင် စာရင်းတွေ လုပ်စရာ ရှိသည်။ နေ့လယ်တွင် ဈေးဝယ်တွေ အကျ များသဖြင့် စာရင်း လုပ်ချိန်

246

မရဟု အကြောင်း ပြသည်။ တစ်ခါတစ်ရံတွင် မိတ်ဆွေ လူမမာတွေထံ သွားမေးစရာ ရှိသည်ဟု ဆိုသည်။ တစ်ခါတစ်ရံ မဲဆန္ဒ ပြန်လည် ပေးပိုင်ခွင့် ရဖို့ ဒီမိုကရက် ပါတီဝင်များ၏ အစည်းအဝေး ရှိသည်ဟု ပြောသည်။ စကားလက်ကမူ ဒီမိုကရက် ပါတီသည် ဘာကိုမျှ ဖြစ်ဖြစ် မြောက်မြောက် လုပ်နိုင်မည် မထင်။ အစည်းအဝေး လုပ်သည့် ညများတွင် ဖရင့် တစ်ယောက် တော်တော်နှင့် အိမ်ပြန် မရောက်တော့။

အက်ရှလေလည်း သူ့လို လူမမာမေး သွားတတ်သည်။ အစည်းအဝေး တက်တတ်သည်။ ထိုညမျိုးတွင် အာချီသည်

ဒေါ်လေး ပစ်တီ၊ စကားလက်၊ ဝိတ်ကလေးနှင့် အယ်လာတို့ကို မီလာနီ အိမ်သို့ သွားခေါ်ကာ နှစ်အိမ်စလုံးကို စောင့်ရှောက် ပေးရသည်။ အမျိုးသမီးများက ထိုင်၍ အပ်ချုပ် နေစဉ်တွင် အာချီက ဧည့်ခန်း ထိုင်ဖုံပေါ်တွင် စန့်စန့်ကြီး အိပ်ပျော်ကာ တခေါခေါ ဟောက်နေသည်။ စင်စစ် မည်သူကမျှ သူ့ကို ဧည့်ခန်းသို့ လာအိပ်ရန် ဖိတ်ခေါ်ခြင်း မပြု။ ထိုထိုင်ဖုံက အိမ်တွင် အကောင်းဆုံး ထိုင်ဖုံ။ အာချီ ရောက်လာပြီး ထိုင်ဖုံပေါ်တွင် ဖိနပ်ကြီး တင်၍ လှဲပြီ ဆိုလျှင် အမျိုးသမီး တစ်တွေ ကျိတ်၍ သက်ပြင်း ချရသည်။ သို့ရာတွင် မအိပ်နှင့်ဟု မည်သူမျှ မပြောရဲ။ အိပ်ရုံမျှမက သူ မြန်မြန် အိပ်ပျော်လွယ်သည့် အတွက် ဟန်ကျကြောင်း၊ သို့မဟုတ်လျှင် ကြက်မ ကတော်သံလို ဆူညံနေသည့် မိန်းမ တစ်သိုက် စကား ပြောသံကြောင့် ရူးပင် ရူးနိုင်ကြောင်း ပြောလိုက်သေးသည်။ မည်သူမျှ ပြန်မပြောရဲကြ။

တစ်ခါတစ်ရံတွင် အာချီသည် မည်သည့် ဒေသက လာ၍ ယခင်က မည်သို့ လုပ်ကိုင် စားခဲ့သနည်းဟု စကားလက်

စဉ်းစား၏။ သို့ရာတွင် မမေးမိ။ သူ့ မျက်နှာကြီးက မျက်လုံး တစ်ဖက်လပ်ကြီးဖြင့် ကြောက်စရာ။ သိချင်စိတ်ကလေးပင် ပျောက်သွားသည်။ အာချီသည် တောင်ပေါ်သား ဖြစ်ကြောင်း၊ စစ်ထဲသို့ လိုက်ဖူးကြောင်း၊ ခြေနှစ်ချောင်း ပြတ်ခဲ့ကြောင်း၊ မျက်စိတစ်ဖက် လပ်ခဲ့ကြောင်း မျှလောက်ကိုသာ သိသည်။ ဟူးခ်ျကြောင့် စိတ်ဆိုးသည်တွင်မှ သူ့ အတိတ် ဇာတ်လမ်းကို စကားလက် သိလာရသည်။

တစ်မနက်တွင် အာချီက ဟူးခ်ျ ဦးစီးသည့် သစ်ခွဲစက်သို့ စကားလက်ကို မြင်းရထားဖြင့် လိုက်ပို့သည်။ သစ်ခွဲစက်တွင်

ဘာမျှ အလုပ် မဖြစ်။ ကပ္ပလီ အလုပ်သမားတွေကလည်း မရှိကြ။ ဟူးခ်ျ တစ်ယောက် သစ်ပင် တစ်ပင် အောက်တွင် စိတ်ပျက်လက်ပျက် ထိုင်နေသည်။ ထိုနေ့ နံနက်က အလုပ်သမား တစ်ယောက်မျှ စက်ရုံသို့ မဆင်း။ ဟူးခ်ျကလည်း မည်သို့ လုပ်ရမည် မသိ။ စကားလက် ထောင်းခနဲ ဖြစ်သွားသည်။ သစ်တန် တော်တော် များများ အော်ဒါ ရထားသည်။ အမြန်ဆုံး ရအောင် လုပ်ရမည်။ ဤ အော်ဒါကို ရအောင် စကားလက် ရုပ်ဖြင့် ဗန်းပြခဲ့ရသည်။ မြှူခဲ့ရသည်။ အပေးအယူ လုပ်ခဲ့ရသည်။ ယခု စက်ထဲ ဆင်းလာတော့ စက်တွင် မီးခိုးတိတ်လျက်။ သူ ကြိုးစားခဲ့သမျှ အချည်းနှီး ဖြစ်ပြီ။

‘အာချီ ကျွန်မ နောက်သစ်စက်ကို သွားမယ်’ စကားလက်က အာချီကို အမိန့် ပေးသည်။ ‘ဒီနေ့တော့ ညစာတောင်

စားချိန် ရမှာ မဟုတ်ဘူး၊ အနှံ့ သွားရမယ်၊ ရှင့်ကို အခ ပေးပြီး ခိုင်းတာ၊ အလကား ခိုင်းတာ မဟုတ်ဘူး၊ အက်ရှလေ့ သစ်စက်ကို အရင်သွား၊ သူ့စက်ကို အရပ် ခိုင်းပြီး ခု အော်ဒါ ရတဲ့ သစ်တွေကို အခွဲခိုင်းရမယ်၊ သူ့ စက်လည်း ခုလို ရပ်နေရင်တော့ အသိပဲ၊ ဟူးခ်ျ ဆိုတဲ့ လူဟာ ဘာမှ အသုံး မကျဘူး၊ ဒီလူကို ထုတ်ပစ်မယ်၊ ဂျွန်နီကို ခန့်မယ်၊ အလုပ် လုပ်ရင် ဂျွန်နီလို အိုင်းရစ် လူမျိုးကမှ တကယ် လုပ်တာ၊ ကပ္ပလီ အလုပ်သမားတွေလည်း အလကားပဲ၊ သင်းတို့ကို အားကိုးနေလို့ မရဘူး၊ ဂျွန်နီကို ခေါ်ပြီး ထောင်ကျ အကျဉ်းသားတွေကို ငှားခိုင်းမယ်၊ ထောင်ကျတွေကို ငှားခိုင်းတာကမှ’

အာချီက လှည့်ကြည့်၏။ သေးငယ် ကျဉ်းမြောင်းသည့် သူ့ မျက်လုံး တစ်ဖက်တွင် ဒေါသရောင် လွှမ်းနေသည်။ စကား

247

ပြေသည့် အခါတွင် သူ့ အသံက ဒေါသသံ ပါနေသည်။

‘ထောင်ကျ အကျဉ်းသားတွေကို ငှားရင် ငါ နင့်ဆီမှာ အလုပ် မလုပ်ဘူး’



စကားလက် လန့်သွားသည်။



‘ဘာဖြစ်လို့’



‘ထောင်ကျ အကျဉ်းသားကို ငှားပြီး လုပ်ရင် ဘယ်ကောင်းမလဲ၊ နင် သူတို့ကို တိရစ္ဆာန်တွေလို သဘော ထားတာပဲ၊

သတ်တာနှင့် အတူတူပဲ၊ သူတို့ကို ရိုက်မယ်၊ အငတ်ထားမယ်၊ သတ်မယ်၊ သူတို့ကို ဘယ်သူကမှ လူလို မထားဘူး၊ အစိုးရကလည်း ငှားပြီး ပိုက်ဆံတော့ ယူတယ်၊ ဒါပေမယ့် ဂရုမစိုက်ဘူး၊ ငှားတဲ့ လူကလည်း ဂရုမစိုက်ဘူး၊ ကျွေးတော့ ခွေးကျွေးသလို ကျွေးပြီး ခိုင်းတော့ ကျွဲခိုင်း နွားခိုင်း ခိုင်းတယ်၊ ငါက မိန်းမ ဆိုရင် သိပ် အထင်သေးတယ်၊ ခုတော့ နင် လုပ်ပုံက’

‘နေစမ်းပါဦး၊ အဲဒါ ရှင်နှင့် ဘာဆိုင်လို့လဲ’



‘ဆိုင်တာပေါ့’ အာချီက ခပ်ပြတ်ပြတ် ပြောသည်။ ‘ငါလည်း ထောင်ကျ ဖြစ်ခဲ့တာပဲ၊ အနှစ် လေးဆယ်လောက်

ထောင်ထဲ နေခဲ့ရတာ’

စကားလက် အသက်ပင် ကောင်းကောင်း မရှူနိုင်။ ရထား နောက်မှီကို မှီလိုက်၏။ အာချီ၏ ဇာတ်ထုပ် ပေါ်ပြီ။ သူ့ မျိုးရိုး၊

နာမည်၊ ဇာတိ၊ အတိတ်ဇာတ်ကြောင်းကို သူမပြောချင်ရသည့် အကြောင်းကို တွေ့ပြီ။ မည်သည့် အတွက် လောကကြီးကို မုန်းတီး စက်ဆုပ် နေကြောင်းကို သိရပြီ။ အနှစ် လေးဆယ် ဆိုပါတကား။ ငယ်ငယ်ကလေး ကတည်းက ထောင်ထဲ ရောက်ခဲ့ရဟန် တူသည်။ အဘယ့်ကြောင့် တစ်သက် တစ်ကျွန်း ကျခဲ့ရသနည်း။ ထောင်တစ်သက် ကျခဲ့သည် ဆိုသည်မှာ

‘ဘာမှုနှင့်လဲ၊ လူသတ်မှုလား’



‘ဟုတ်တယ်’ အာချီက မြင်းကို ကျာပွတ်ဖြင့် လှမ်းရိုက်ရင်း ပြော၏။ ‘ငါ့ မိန်းမကို သတ်လို့’



စကားလက် မျက်တောင် တဖျပ်ဖျပ် ခတ်သည်။ လန့်နေသည်။ အာချီက စကားလက် လန့်နေပုံကို ကြည့်၍

နှုတ်ခမ်းမွေးများ အောက်မှ ပြုံးနေ၏။

‘နင့်ကို မသတ်ပါဘူး၊ ကြောက်မနေပါနှင့်၊ မိန်းမ တစ်ယောက်ကို သတ်စရာ အကြောင်း တစ်ကြောင်းပဲ ရှိတယ်’



‘ရှင့် မိန်းမကို ရှင် သတ်တယ် ဟုတ်လား’



‘ငါ့ မိန်းမက ငါ့ အစ်ကိုနဲ့ အိပ်တာကိုး၊ ငါ့ အစ်ကိုကတော့ ထွက်ပြေးတယ်၊ ငါ သိပ်စိတ်ဆိုးတော့ ငါ့ မိန်းမကို သတ်တယ်၊

မကောင်းတဲ့ မိန်းမကို သတ်ပစ်ရမယ်၊ မကောင်းတဲ့ မိန်းမကို သတ်တဲ့ လူကို ထောင်ချဖို့ မကောင်းဘူး၊ ဒါပေမယ့် ငါကတော့ ထောင်ထဲ နေခဲ့ရပြီ’

‘ဒါဖြင့် ရှင် ဘယ်လို လွတ်လာတာလဲ၊ ထွက်ပြေး လာတာလား၊ လွတ်ငြိမ်း ချမ်းသာခွင့် ရတာလား’

248



‘လွတ်ငြိမ်းခွင့် ရသလား မသိဘူး’



ခက်ခက်ခဲခဲ စကား ပြောရသည့်နှယ် ထူထဲသည့် မျက်ခုံးမွေး ဖြူဖြူများကို တွန့်လိုက်၏။



‘ယန်ကီ ဗိုလ်ချုပ် ရှားမင်း တပ်တွေ ဝင်တိုက်တော့ ငါ မီလီဂီဗီးလ် ထောင်ထဲမှာ ရှိတယ်၊ တစ်နေ့တော့ ထောင်ပိုင်ကြီးက

တို့ကို ခေါ်ပြီး ယန်ကီ စစ်သားတွေ လာတော့မယ်တဲ့၊ လူသတ်ပြီး မီးရှို့ နေကြတယ်တဲ့၊ ငါက အဲဒီတုန်းက ယန်ကီ ဆိုရင် သိပ်မုန်းတယ်၊ မိန်းမနှင့် ကပ္ပလီကို မုန်းတာထက် မုန်းတယ်’

‘ဘာဖြစ်လို့လဲ၊ ရှင်က အဲဒီတုန်းက ယန်ကီကို မြင်ဖူးလို့လား’



‘ဟင့်အင်း မမြင်ဖူးသေးဘူး၊ ကြားရုံပဲ ကြားဖူးသေးတယ်၊ သူတို့က သူတို့ အလုပ်ကို သူတို့ မလုပ်ဘူးတဲ့၊ ကိုယ့်

အလုပ် ကိုယ် မလုပ်တဲ့လူ ဆိုရင် ငါ သိပ်မုန်းတယ်၊ ဒီကောင်တွေက ဂျော်ဂျီယာ ပြည်နယ်ထဲကို ဘာဖြစ်လို့ လာတာလဲ၊ ဘာဖြစ်လို့ ကပ္ပလီတွေကို ကျွန် မဖြစ်အောင် လုပ်တာလဲ၊ ဘာဖြစ်လို့ ငါတို့ အိမ်တွေ၊ စားစရာတွေကို မီးရှို့ရတာလဲ၊ ဒါ သူတို့ အလုပ်လား၊ ပြည်နယ် စစ်တပ်မှာ စစ်သားတွေ လိုနေတယ်လို့ ထောင်ပိုင်ကြီးက ပြောတယ်၊ စစ်ထဲ ဝင်ပြီး စစ်တိုက်လို့ မသေရင် စစ်ပြီးတဲ့ အခါကျတော့ လွှတ်ပေးမယ်တဲ့၊ ဒါပေမယ့် တို့လို လူသတ်မှုနဲ့ ကျတဲ့လူ တစ်သက် တစ်ကျွန်းသမားတွေကို စစ်တပ်က လက်မခံဘူးတဲ့၊ တို့ကို တခြား ထောင်တစ်ခုကို ပြောင်းမယ်တဲ့၊ ဒီတော့ ငါက ပြောတယ်၊ ထောင်ပိုင်ကြီး ငါက အခြား လူသတ်သမားနှင့် မတူဘူး၊ ငါ့ မိန်းမကို ငါသတ်လို့ ထောင်ကျလာတာ၊ ငါ့ မိန်းမက သတ်ပစ်ဖို့ ကောင်းတဲ့ မိန်းမလို့ ငါက ပြောတယ်၊ ယန်ကီတွေကိုလည်း တိုက်ချင်တယ်၊ သေနတ် ပေးပါလို့ ငါက တောင်းတယ်၊ ထောင်ပိုင်ကြီးက ငါ ပြောတာ ကြိုက်သွားလို့ ငါ့ကို တခြား ထောင်ကျတွေနှင့် ရောပြီး လွှတ်လိုက်တယ်’

အာချီက ရပ်၍ ချွဲရှင်းသည်။



‘သိပ် ရယ်စရာ ကောင်းတာပဲ၊ ငါ့ကို လူသတ်လို့ ထောင်ထဲ ထည့်ထားတယ်၊ လွှတ်တဲ့ အခါကျတော့ ငါ့ လက်ထဲကို

သေနတ် တစ်လက် ထည့်ပေးပြီး လူတွေ အများကြီး အသတ်ခိုင်းတယ်၊ ထောင်က လွတ်ပြီး လက်ထဲမှာ သေနတ်တစ်လက် ကိုင်ထားတဲ့ လူ တစ်ယောက် ဖြစ်ရတာ သိပ်ကောင်းတာပဲ၊ ထောင်က ထွက်လာတဲ့ တို့တစ်တွေ စစ်တိုက်ရတာ၊ လူသတ်ရတာ သိပ်ပျော်တယ်၊ ငါတို့လည်း အသတ် ခံရတာပဲ၊ တစ်ယောက်မှ ထွက်မပြေးဘူး၊ ပြည်တွင်းစစ် ပြီးတော့ ငါတို့ကို လွှတ်လိုက်တယ်၊ ငါ့ ခြေနှစ်ဖက်လည်း မရှိတော့ဘူး၊ မျက်လုံး တစ်ဖက်လည်း ပါမလာတော့ဘူး၊ ဒါပေမယ့် ငါ ဝမ်းမနည်းဘူး’

‘ကျွတ် ကျွတ်’



စကားလက်က စုတ်သပ်သည်။



ယန်ကီ ဗိုလ်ချုပ် ရှားမင်း၏ တပ်တွေ ဝင်စဉ်က မီလီဂီဗီးလ် အကျဉ်းထောင်မှ ထောင်ကျ အကျဉ်းသားများကို

လွှတ်လိုက်သည်ဟု စကားလက် ကြားဖူး၏။ ၁၈၆၄ ခု နာတာလူး ပွဲတုန်းကက ဖရင့် ပြောခဲ့ခြင်း ဖြစ်သည်။ သူ ပြောသည့် စကားလုံးများကိုမူ အတိအကျ မမှတ်မိတော့။ ထိုစဉ်က အကြောင်းများကို ပြန်စဉ်းစားလျှင် ထွေးလုံး ရစ်ပတ် ဖြစ်လျက် ရှိ၏။ အထိတ်ထိတ် အလန့်လန့် နေရသည်ကို မြင်ယောင်သည်။ အမြောက်သံများကို ကြားနေသည်။ မြေနီ လမ်းပေါ်တွင် သွေးတွေ တစက်စက် ကျရင်း မောင်းလာသည့် လူနာတင် လှည်းများ ခပ်ရေးရေး ပေါ်လာသည်။ စစ်မြေပြင်သို့ ထွက်သွားသည့်

249

မြို့စောင့်တပ်၊ ဦးလေး ဟင်နရီတို့လို အဘိုးကြီးတွေ၊ ဖိလစ်တို့လို လူပျိုပေါက်ကလေးတွေ ချီတက် သွားကြပုံ၊ ထောင်ကျတွေ ချီတက် သွားကြပုံ၊ ပြည်နယ် ပြိုကွဲ ကျဆုံးခါနီး ဆည်းဆာချိန်တွင် အသေ ခံကြရပုံ၊ တင်နဆီ ပြည်နယ်က နောက်ဆုံး တိုက်ပွဲတွင် မိုးထဲ ရေထဲတွင် သေခဲ့ရပုံတို့ကို မြင်ယောင်သည်။

အာချီသည် သူ့ ဘဝမှ အနှစ် လေးဆယ်ကို နုတ်ယူခဲ့သည့် ပြည်နယ် အစိုးရ အတွက် ဘာကြောင့်များ ဝင်တိုက်

ပေးရသနည်း။ ပြည်နယ် အစိုးရသည် အာချီ၏ အမြင်တွင် ရာဇဝတ်မှုဟု မခေါ်နိုင်သည့် ရာဇဝတ်မှု တစ်ခု အတွက် သူ၏ လူငယ် အရွယ်နှင့် လူလတ်ပိုင်း အရွယ်ကို နုတ်ယူ ပစ်ခဲ့သည်။ သို့တိုင်အောင် အာချီသည် ထိုပြည်နယ် အစိုးရ အတွက် ခြေထောက် နှစ်ဖက်နှင့် မျက်လုံးတစ်လုံးကို ပေးလှူခဲ့သည်။ ပြည်တွင်းစစ် ဖြစ်စက ရက် ဘတ်တလာ ပြောခဲ့သည့် ခါးသီးသည့် စကားများကို စကားလက် အမှတ်ရ၏။ သူ့ကို ဝိုင်း၍ ကြဉ်ခဲ့သည့် လူ့ အဖွဲ့အစည်း တစ်ခု၏ အကျိုးစီးပွား အတွက် မည်သည့် အခါမျှ ဝင်ရောက် တိုက်ခိုက်ပေးမည် မဟုတ်ဟု ပြောခဲ့ဖူးသည်။ သို့ရာတွင် တကယ် အရေး ကြုံလာသည့် အခါတွင်မူ ရက် ဘတ်တလာသည် ထိုလူ့အဖွဲ့အစည်း၏ အကျိုး အတွက် ဝင်တိုက်ပေးခဲ့သည် မဟုတ်လော။ အာချီနှင့် ဘာထူးသေးသနည်း။ တောင်ပိုင်းသားဟူသည် အယုတ် အမြတ် မရွေး စိတ်နောက် ကိုယ်ပါ လုပ်တတ်သည့် အရူး တစ်ပိုင်းများသာဟု စကားလက် ထင်သည်။ တောင်ပိုင်းသားသည် သူ့ အသက်ကို အဓိပ္ပာယ် မရှိသည့် စကားကလေး တစ်ခွန်းလောက်မျှပင် တန်ဖိုးထားပုံ မရ။

စကားလက်က အာချီ၏ အကြောပြိုင်းပြိုင်း ထနေသည့် လက်များကို လည်းကောင်း၊ ပစ္စတို နှစ်လက်ကို

လည်းကောင်း၊ ဓားကောက်ကို လည်းကောင်း လှမ်းကြည့်၏။ စိတ်ထဲတွင် လန့်လာပြန်သည်။ အခြား လူသတ်သမားများ၊ လူဆိုးများ၊ သူခိုးများသည် အာချီလိုပင် လွတ်ငြိမ်း ချမ်းသာခွင့် ရကာ အပြင်သို့ ရောက်နေကြပြီလော။ လမ်းမပေါ်တွင် တွေ့သမျှ လူစိမ်းများသည် လူသတ်သမားများလော။ အာချီ၏ အကြောင်းကိုများ ဖရင့် သိသွားလျှင် မည်သို့ ရှိမည်နည်း။ ဒေါ်လေး ပစ်တီ သိလျှင်မူ လန့်ဖျပ်ကာ တက်၍ သေလိမ့်မည် ထင်သည်။ မီလာနီကို သူ့ အကြောင်းကို သိအောင် ပြောရလျှင် မည်သို့ ရှိမည်နည်း။

‘ပြောပြလို့ ကျေးဇူးတင်တယ် အာချီ၊ ကျွန်မ ဘယ်သူ့မှ မပြောပါဘူး၊ မီလာနီနှင့် တခြားသူတွေ သိရင်တော့

လန့်သွားကြမှာပဲ’

‘အိုး၊ မီလာနီ သိသားပဲ၊ သူ့ မြေတိုက်ခန်းထဲ အိပ်ခွင့် ပြုတဲ့ ညကတည်းက ငါ အဲဒီ ကောင်မလေးကို ပြောပြီးသားပဲ၊

မီလာနီလို သဘောကောင်းတဲ့ ကောင်မလေးကို အသိ မပေးဘဲ ငါ သူ့အိမ်မှာ ဘယ် အိပ်မလဲ’

‘ဘုရား ဘုရား’



စကားလက် ဘုရား တမိသည်။ အာချီ လူသတ်သမား ဖြစ်ကြောင်း၊ လူသတ်သမားမှ ကိုယ့် မိန်းမ ကိုယ် သတ်သည့်

လူသတ်သမား ဖြစ်ကြောင်း မီလာနီ သိသည်။ သို့တိုင်အောင် မီလာနီသည် သူ့ အိမ်တွင် ဤလူကြီးနှင့် နေရဲသည်။

‘မီလာနီက မိန်းမပေမယ့် ဉာဏ်ရှိတယ်၊ ငါ လုပ်တာ မှန်တယ်တဲ့၊ လိမ်တဲ့ လူဟာ အမြဲတမ်း လိမ်တယ်တဲ့၊ ခိုးတဲ့ လူဟာ

အမြဲတမ်း ခိုးတယ်တဲ့၊ ဒါပေမယ့် လူသတ်တဲ့ လူဟာ အမြဲတမ်း သတ်မနေဘူးတဲ့၊ တစ်သက်မှာ တစ်ခါ အပြင် မသတ်ဘူးတဲ့၊ ပြည်နယ် စစ်တပ်ဘက်က ဝင်တိုက်ခဲ့ဖူးရင် ရှိသမျှ အပြစ်တွေ ကျေတယ်တဲ့၊ ငါက ပြည်နယ် စစ်တပ်ဘက်က ဝင်တိုက်ဖူးတယ်၊

250

ပြီးတော့ မကျေရအောင်လည်း ငါ့မှာ ဘာအပြစ်မှ မရှိဘူး၊ ငါ့ မိန်းမ ငါ သတ်တာ ဘာအပြစ် ရှိလို့လဲ၊ ဟုတ်တယ်၊ မိန်းမပေမယ့် မီလာနီက ဉာဏ်ရှိတယ်၊ နင့်ကို ငါ ပြောမယ်၊ ထောင်ကျတွေကို နင် ငှားရင် ငါ နင့်ဆီမှာ မလုပ်တော့ဘူး’

စကားလက် မည်သို့မျှ မပြော။ သို့ရာတွင် စိတ်ထဲက တွေးနေသည်။



‘ရှင် ထွက်သွားရင်လည်း ကောင်းတာပဲ၊ ရှင်လို လူသတ်သမား မြန်မြန် သွားလေ ကောင်းလေ’



မီလာနီသည် မည်သည့် လူစားမျိုးကို သူ့အတွက် ရှာပေးသနည်း။ ဤ လူဆိုးကြီးကိုလည်း ရှာ၍ ပေးသေးသည်။

ထိုမျှမက ထောင်ကျ လူသတ်သမား ဖြစ်သည်ကိုလည်း ဖုံးထားသည်။ မီလာနီ လုပ်ပုံက လွန်လွန်းသည်။ စစ်တပ်ထဲ ဝင်ရုံဖြင့် အပြစ်တွေ ကျေဦးမည်ဟု ပြောလိုက်သေးသည်။ မီလာနီသည် စစ်တိုက်သည့် အလုပ်ကို ကောင်းမှု ကုသိုလ် ပြုသည်ဟုများ ထင်နေသလော။ ပြည်နယ်နှင့် ပတ်သက်လာပြီ ဆိုလျှင် မီလာနီသည် အလွန် အယူသီးသည်။ စကားလက် ယန်ကီတွေကို စိတ်ထဲက အပြစ် ဆိုမိသည်။ သူတို့ကြောင့် မိမိလို အမျိုးသမီး တစ်ယောက် လူသတ်သမားကို ကိုယ်ရံတော် ခန့်ရသည့် အဖြစ် ရောက်ရသည်ဟု တွေးကာ မကျေမနပ် ဖြစ်သည်။

အေးစိမ့်နေသည့် ဆည်းဆာတွင် အာချီနှင့် အတူ အိမ်သို့ ပြန်လာခဲ့၏။ ‘ခေတ်သစ်မယ်’ အရက်ဆိုင် အပြင်ဘက်တွင်

ကုန်းနှီး တင်ထားသည့် မြင်းများ၊ ဘာဂီများ၊ လှည်းများ ရပ်ထားသည်ကို မြင်ရသည်။ အက်ရှလေက မြင်းပေါ်တွင် ထိုင်နေသည်။ သူ့ မျက်နှာက တစ်ခုခုကို သတိ ထားနေသည့် အမူအရာ။ ဆင်မွန် ညီအစ်ကိုက ဘာဂီပေါ်မှ ကုန်း၍ တစ်စုံတစ်ရာ ခြေဟန် လက်ဟန် ပြနေသည်။ ဟူးခ်ျ အယ်လဆင်းက လက်ပြနေသည်။ ဘဘကြီး မယ်ရီဝယ်သာ၏ မုန့်လှည်းက အလယ်ကောင်တွင် ရပ်လျက်။ အနားသို့ ရောက်သည့် အခါတွင် တွန်မီနှင့် ဦးလေး ဟင်နရီတို့လည်း လှည်းပေါ်တွင် ထိုင်နေသည်ကို မြင်ရ၏။

‘ဦးလေး ဟင်နရီကို ကြည့်ရတာ မုန့်လှည်းနှင့် အိမ်ကို လိုက်သွားမလို့ ထင်တယ်၊ ရှက်စရာကြီး၊ သူ့ ကိုယ်ပိုင်မြင်း

ရှိဟန် မတူဘူး၊ ဒီလိုပဲ အရက်ဆိုင် လာပြီး ဒီလှည်းနှင့် ပြန်လိုက်သွားတယ် ထင်တယ်’

စကားလက် တွေးလာသည်။ အနားသို့ ရောက်လာသည့် အခါတွင် မည်သည့် အတွက်ကြောင့် မသိ၊ စကားလက်

အလိုလို စိုးရိမ်လာသည်။

‘ဘုရား ဘုရား ဘာများ ဖြစ်လို့ပါလိမ့်၊ လူဖြူ အမျိုးသမီး တစ်ယောက် အဓမ္မကျင့် ခံရလို့လား၊ ကေသုံးလုံး ဂိုဏ်းက

ကပ္ပလီကို သတ်လို့ ယန်ကီ စစ်တပ်ကများ ဖမ်းထားတာလား’

‘အာချီ ခဏ ရပ်စမ်း၊ ဘာဖြစ်သလဲ မသိဘူး’



‘အရက်ဆိုင်ရှေ့မှာ နင် ဘာလုပ်မလို့လဲ’



‘ရပ်စမ်းပါ၊ ဦးလေး ဟင်နရီတို့ ဘာဖြစ်နေကြတာလဲ ဟင်’



အားလုံးက သူ့ကို လှမ်းကြည့်ကြ၏။ ပြုံးပြကြသည့်တိုင် မျက်နှာ မကောင်းကြ။



‘ဘာမှ မဖြစ်ဘူး ဆိုလည်း ဟုတ်တယ်၊ ဖြစ်တယ် ဆိုလည်း ဟုတ်တယ်’ ဦးလေး ဟင်နရီက ပြောသည်။ ‘ဖြစ်တယ်

251

မဖြစ်ဘူး ဆိုတာ ကိုယ့် အမြင်ပေါ်မှာ တည်တယ်၊ ဥပဒေပြု လွှတ်တော်ကလည်း ဒီထက် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး’

ဥပဒေပြု လွှတ်တော် ဟူသည့် အသံကို ကြားလိုက်သဖြင့် စကားလက် စိတ်အေး သွားသည်။ ဥပဒေပြု လွှတ်တော်

ဆိုသည်ကို စကားလက် စိတ်မဝင်စား။ သူနှင့် ဘာမျှ မဆိုင်ဟု ထင်သည်။ ယန်ကီ စစ်သားတို့ ဝင်၍ ရမ်းနေခြင်း မဟုတ်ကြောင်း သိသွားသဖြင့် စိုးရိမ်စိတ် ပျောက်သွားသည်။

‘ဥပဒေပြု လွှတ်တော်က ဘာဖြစ်လို့လဲ’



‘ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်က ပယ်ချလိုက်တယ်တဲ့’ ဘဘကြီး မယ်ရီဝယ်သာက ပြောသည်။



‘ယန်ကီတွေတော့ မှတ်လောက်ရောပေါ့’



‘ကောင်းတယ်၊ ဒါမှ သောက်ကောင်တွေ ငြိမ်မယ်’



အက်ရှလေက ပြောသည်။ သူ့ စကားက ရိုင်းသွားသဖြင့် စကားလက်ကို တောင်းပန်သည်။



‘ဥပဒေ ပြင်ဆင်ချက်ကို ပယ်တယ်၊ ဟုတ်လား’



စကားလက်က နားလည်ချင်ယောင် ပြု၍ ဝင်ရောသည်။



စင်စစ် နိုင်ငံရေးကို သူ ဘာမျှ နားမလည်။ အချိန်ကုန် ခံ၍ တွေးလည်း မတွေး။ ဥပဒေ ပြင်ဆင်ချက်တွေက (၁၃)

ကြိမ်လော၊ (၁၆) ကြိမ်လော မသိ။ များလှပြီ။ သို့ရာတွင် ဘာတွေကို ပြင်ဆင်ချက် သွင်းနေကြသည်ဟု စကားလက် မသိ။ ယောက်ျားများသည် ဤကိစ္စမျိုးတွင် တော်တော် ဝါသနာ ထုံကြသည်။ အက်ရှလေက ကြည့်တိကြောင်တောင် ဖြစ်နေသည့် စကားလက်ကို ကြည့်၍ ပြုံးလိုက်၏။

‘ကပ္ပလီတွေကို မဲပေးပိုင်ခွင့် ပေးဖို့ ဥပဒေကြမ်းလေ၊ အဲဒီ ဥပဒေကြမ်းကို လွှတ်တော် တင်တော့ လွှတ်တော်က

ပယ်လိုက်တယ်’

‘လုပ်ချင်တာ လုပ်နေတာပဲနော်၊ ပယ်လိုက်တော့ တော်သေးတာပေါ့၊ အတည် ပြုလိုက်ရင် စကားလက်တို့ လည်မျိုကို

တက်နင်းမလားတောင် မသိဘူး’

‘ဦးလေးတော့ ဥပဒေပြု လွှတ်တော်ကို ချီးကျူးသကွယ့်၊ ဂုဏ်ယူတယ်’ ဦးလေး ဟင်နရီက ပြော၏။ ‘ခုလို

ပယ်ချလိုက်တော့ ယန်ကီတွေ ထင်တိုင်း မလုပ်နိုင်တော့ဘူး’

‘သိပ်လည်း မထင်နှင့်ဦး ဦးလေးရ’ အက်ရှလေက ပြောသည်။ ‘ဥပဒေပြု လွှတ်တော်က ပယ်လိုက်တဲ့ အတွက်

ယန်ကီတွေ ပိုပြီး ရမ်းချင်လည်း ရမ်းလာ နိုင်တယ်’

‘ဒီထက်တော့ ပိုပြီး မဆိုးနိုင်တော့ဘူး ထင်ပါတယ် အစ်ကိုရယ်၊ ဒီထက် ဆိုးစရာ ဘာများ ကျန်သေးလို့လဲ’



‘ဆိုးနိုင်တယ် စကားလက်၊ ဆိုးစရာတွေ အများကြီး ကျန်သေးတယ်၊ ကပ္ပလီတွေရဲ့ ဥပဒေပြု လွှတ်တော်

252

တစ်ခု သတ်သတ် ဖွဲ့ပေးလိုက်ရင် ဘယ့်နှယ် လုပ်မလဲ၊ ကပ္ပလီ ဘုရင်ခံ မခန့်ဘူးလို့ကော ပြောနိုင်မလား၊ ဒီထက် ဆိုးတဲ့ စစ်အုပ်ချုပ်ရေးကော မလုပ်ဘူး လို့ ပြောနိုင်မလား’

အက်ရှလေ ပြောလိုက်သဖြင့် စကားလက် သဘော ပေါက်သွားကာ မျက်လုံး ပြူးလာ၏။



‘ဂျော်ဂျီယာ အတွက် အကောင်းဆုံး နည်းကို စဉ်းစားကြည့်တယ်’ အက်ရှလေ မျက်နှာက တွေးတော စဉ်းစားဟန်

ပေါက်နေ၏။ ‘ဥပဒေပြု လွှတ်တော်က လုပ်သလို ကိုယ်တို့ကလည်း ဒါမျိုးကို ဝိုင်းကန့်ကွက်၊ မြောက်ပိုင်းကို ဆွ၊ မြောက်ပိုင်းက စစ်တပ်တွေနှင့် နှိမ်တော့မှ ပြားပြား ဝပ်နေကြမလား၊ ဒါမှမဟုတ် ကိုယ့်မာနကို ဘေးချိတ်ပြီး တတ်နိုင်သမျှ ကြိတ်မှိတ် ခံမလား၊ ဒီနှစ်လမ်းပဲ ရှိတယ်၊ အဓိပ္ပာယ်ကတော့ အတူတူပဲ၊ နာပြီးမှ အရှုံး ပေးမလား၊ အသာတကြည် အရှုံး ပေးမလား၊ အတူတူပါပဲ၊ ကိုယ်တို့မှာ အားကိုးစရာ မရှိဘူး၊ သူတို့ ပေးတဲ့ ဆေးပဲ သောက်ရမှာပဲ၊ သောက်ရမယ့် အတူတူ ရုန်းကန် မနေဘဲ အေးအေးဆေးဆေး သောက်လိုက်တာက သက်သာမယ် ထင်တယ်’

စကားလက် သူ့ စကားများကို ကောင်းကောင်း မကြား၊ အဓိပ္ပာယ်ကို ရေလည်ခြင်း မရှိ။ အက်ရှလေသည် ခါတိုင်း

ကဲ့သို့ပင် ပြဿနာ တစ်ရပ်ကို ဘက်ပေါင်းစုံမှ ကြည့်တတ်သည်ဟုသာ တွေးနေသည်။

‘ဘာလဲကွ၊ မင်းက ဟိုဘက် လိုက်သွားပြီး ရီပါဘလီကန်ကို မဲပေးတော့မလို့လား’



ဘကြီး မယ်ရီဝယ်သာက လှောင်သည်။



အားလုံး တိတ်သွားကြသည်။ အာချီက ခါးက ပစ္စတိုဆီသို့ လက်ရောက်သွားပြီးမှ ရပ်နေသည်။ အာချီက ဘဘကြီးကို

အလွန် မုန်းသည်။ လေထွားသည့် အဘိုးကြီးဟု မကြာ ခဏ ပြောတတ်၏။ သူ့ ကျေးဇူးရှင် မီလာနီ၏ ယောက်ျားအား ဤအဘိုးကြီးက စော်ကားသည်ကို အာချီ မခံနိုင်။

‘ဗျို့ ဘကြီး၊ ဒီလို လှောင်တာမျိုးတွေ ဘာတွေ မလုပ်ပါနှင့်ဗျ’



‘အမယ် မင်းတူကို မင်း ဝင်ကာကွယ် ပေးစရာ မလိုပါဘူးကွ၊ သူ့ဘာသာ သူ ကာကွယ်တတ်ပါတယ်’ ဘကြီး

မယ်ရီဝယ်သာက ခပ်အေးအေး ပြောသည်။ ‘ခေတ်ပျက် သူဌေး စကားမျိုး ပြောလို့ ဘယ်ကောင်းမလဲကွ၊ ဘာဖြစ်လို့ အသာတကြည်နှင့် အရှုံးပေးရမှာလဲ’

‘ဒီမှာ ဘကြီး၊ ကျွန်တော်က ပြည်နယ် ခွဲထွက်ရေး သမား မဟုတ်ဘူး၊ ခွဲထွက် သင့်တယ်လို့လည်း ကျွန်တော် မယုံဘူး’

အက်ရှလေ အသံက ဒေါသသံ ပါလာသည်။ ‘ဒါပေမယ့် ဂျော်ဂျီယာ ပြည်နယ် ခွဲထွက်တဲ့ အခါကျတော့ ကျွန်တော် ဂျော်ဂျီယာ ပြည်နယ်ဘက်က ပါခဲ့တယ်၊ စစ်ကို မယုံကြည်ပေမယ့် စစ်ထဲ ဝင်တိုက်ခဲ့တယ်၊ ယန်ကီတွေကို သွားဆွပြီး တိုင်းပြည် ဆူဆူပူပူ ဖြစ်အောင် လုပ်တာမျိုးကိုလည်း ကျွန်တော် မယုံဘူး၊ ဒါပေမယ့် ပြည်နယ် ဥပဒေပြု လွှတ်တော်က ဆူမယ် ဆိုရင် ကျွန်တော် ထောက်ခံမှာပဲ၊ ဂျော်ဂျီယာ ပြည်နယ်နှင့် ဘယ်တော့မှ မခွဲဘူး၊ ကျွန်တော်ဟာ’

‘အာချီ’ ဦးလေး ဟင်နရီက ခေါ်သည်။ ‘စကားလက်ကို အိမ်ပြန်ပို့ချည်၊ ဒီနေရာက မိန်းမတွေ နေရာ မဟုတ်ဘူး၊

နိုင်ငံရေး စကား ပြောတဲ့ နေရာ၊ တော်တော်ကြာ စကား များတာတွေ၊ ရန်ဖြစ်တာတွေ မြင်ကြား နေရရင် မကောင်းဘူး၊ ကဲ

253

မောင်းတော့ အာချီ၊ စကားလက် ပြန်တော့’

မက်မုံပင် လမ်းအတိုင်း ရထားကို မောင်းခဲ့သည်။ စကားလက် ရင်သည် တထိတ်ထိတ် ဖြစ်လျက် ရှိ၏။ ဥပဒေပြု

လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် တိုင်းပြည် ဆူဆူပူပူ ဖြစ်ဦးမည်လော။ သူ့ အလုပ်ကို ထိခိုက်ဦးမည်လော။ ယန်ကီများက အကြမ်းဖက် နှိမ်နှင်း ဦးမည်လော။ သူ့ သစ်ခွဲစက်များကို ပိတ်ထားရဦးမည်လော။

‘ယုန်က ခွေးဘီလူး ခေါင်းပေါ် သေးပန်းတယ် ဆိုတာ ကြားရုံပဲ ကြားဖူးတယ်၊ မမြင်ဖူးသေးဘူး၊ ခုမှ မြင်ဖူးတယ်၊

ဥပဒေပြု လွှတ်တော် ဆိုတာ ဘာလုပ်နိုင်လို့လဲ၊ ဆူဆူညံညံ ဖြစ်ရုံ အော်နိုင်တော့မှာပေါ့၊ ယန်ကီတွေက တကယ် လုပ်နေတာ၊ ပါးစပ်ကတော့ ဘာမှ မပြောဘူး၊ ခုပဲ ကြည့်လေ၊ ကပ္ပလီတွေ ငါတို့ ခေါင်းပေါ် မြှောက်တင်နေပြီ မဟုတ်လား၊ ဒါပေမယ့် ပယ်ချတဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်’

‘ဟင်း၊ ဘာများ ချီးကျူးစရာ ရှိလို့လဲ၊ ဥပဒေပြု လွှတ်တော် အမတ်တွေကို သေနတ်နှင့် ပစ်သတ်ဖို့ပဲ ကောင်းတယ်၊

သူတို့ အော်တာနှင့် ယန်ကီတွေက ကျွန်မတို့ကို အနိုင်ကျင့်တော့မယ်၊ ပြည်နယ်ကို တကယ် ချစ်ရင် ယန်ကီတွေကို သွားဆွ မနေဘဲ တကယ် လုပ်ပါလား၊ ခုတော့ အဲဒီ ဥပဒေပြု အမတ်တွေ သွားဆွတာနှင့် ယန်ကီတွေက ကျွန်မတို့ကို ဖိတော့မယ်’

အာချီက သူ့ကို လှည့်ကြည့်၏။



‘ဘာလဲ၊ ငါတို့က သူတို့ ဖိတိုင်း ကြောက်ရမှာလား၊ ဖိတိုင်း ငြိမ်ခံ နေရမှာလား၊ ဒါကြောင့် နင်တို့ မိန်းမတွေမှာ မာန

ဆိုလို့ ဆိတ်လောက်တောင် မရှိဘူးလို့ ပြောကြတာ’

စကားလက်က ထောင်ကျ ဆယ်ယောက် ငှားသည်။ သစ်ခွဲစက် တစ်စက်လျှင် ငါးယောက်ကျ ထားသည်။ အားချီသည်

သူ့ စကား အတိုင်း စကားလက်ထံတွင် အလုပ် မလုပ်တော့။ မီလာနီက တောင်းပန်သည်။ ဖရင့်က လခ တိုးပေးမည်ဟု ပြောသည်။ သို့ရာတွင် အားချီ မလုပ်။ မီလာနီ၊ အင်ဒီယာ၊ ဒေါ်လေး ပစ်တီ နှင့်တကွ သူတို့၏ မိတ်ဆွေများကို မြို့ထဲသို့ ပို့သည်။ သို့ရာတွင် စကားလက်ကိုမူ မောင်း၍ မပို့တော့။ ရထားထဲတွင် စကားလက် ပါလျှင် အခြား အမျိုးသမီးများကိုပင် ရထား မောင်း၍ မပို့။ အာချီလို လူဆိုး တစ်ယောက်၏ အဆိုး အကောင်း ဆုံးဖြတ် ခံရခြင်းမှာ ရှက်စရာ ကောင်းသည်။ အိမ်သားများကရော၊ မိတ်ဆွေများကပါ အာချီနှင့် တစ်သဘောတည်း ဖြစ်နေသည့် အခါတွင် စကားလက်အဖို့ ပို၍ ရှက်စရာ ကောင်းနေသည်။

ဖရင့်က ထောင်ကျများကို မငှားရန် စကားလက်ကို ဖျောင်းဖျသည်။ အက်ရှလေကလည်း ထောင်ကျတွေကို

မအုပ်ချုပ်ဟု ပထမ ငြင်းသည်။ သို့ရာတွင် စကားလက်က မျက်ရည်ကလေး စမ်းစမ်းဖြင့် အခြေအနေ ကောင်းလာလျှင် ကပ္ပလီများကို ငှားမည် ဖြစ်ကြောင်း ကတိပေးသဖြင့် ဆက်၍ လုပ်ရသည်။ စကားလက်ကို ဝိုင်း၍ မေးငေါ့ကြသဖြင့် ဖရင့်၊ ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ ခေါင်းပင် မဖော်ရဲ။ ဦးလေး ပီတာနှင့် ကြီးဒေါ်တို့ကပင်လျှင် ထောင်ကျများကို ငှား၍ လုပ်ခြင်းမှာ မကောင်းကြောင်း၊ ဘာမျှ ကောင်းကျိုး ပေးမည် မဟုတ်ကြောင်း ပြောကြသည်။ အခြားသူများ ဆင်းရဲ ဒုက္ခ ရောက်နေသည်ကို အခွင့်ကောင်း ယူခြင်းသည် မကောင်းဟု အားလုံးက ပြောကြသည်။

‘ကျွန်တွေ ခိုင်းတာကျတော့ ဘာဖြစ်လို့ မပြောကြသလဲ’

254



စကားလက်က စိတ်ဆိုးဆိုးဖြင့် အော်သည်။



ကျွန်များကို ခိုင်းသည့် ကိစ္စက ပြဿနာချင်း မတူ။ ကျွန်များက ဒုက္ခ ရောက်နေသူများ မဟုတ်။ ကပ္ပလီများ ဆိုလျှင်

လွတ်လပ်သည့် ဘဝထက် ကျွန်ဘဝမှ ပို၍ ကောင်းသေးသည်။ သို့ရာတွင် ထုံးစံ အတိုင်း စကားလက်က ခေါင်းမာသည်။ သူများက ပြောလျှင် ဇွတ်တိုး လုပ်သည်။ ဟူးခ်ျကို သစ်စက်မှ ထုတ်ပစ်ပြီး သစ်လှည်း မောင်းခိုင်းသည်။ ဂျွန်နီကို ငှားသည်။

ထောင်ကျများကို ငှား၍ အလုပ်လုပ်သည့် ကိစ္စ၌ စကားလက်ကို ထောက်ခံသူ ဆို၍ ဂျွန်နီ တစ်ယောက်သာ ရှိ၏။

ဂျွန်နီက ကျည်ဆန် ထိပ်ဖူးလို ချွန်သည့် ခေါင်းကို တဆတ်ဆတ် ညိတ်၍ သြဘာ ပေးသည်။ စကားလက်သည် ခြေတံ တိုတို ဂျော်ကီဟောင်း ဂျွန်နီကို ကြည့်ကာ ‘ဂျွန်နီဟာ သူများကို လိမ်လို့ ရပေမယ့် ငါ့တော့ လိမ်လို့ မရဘူး’ ဟု တွေးနေသည်။

သို့ရာတွင် ထောင်ကျများကို အလုပ် လုပ်ခိုင်းရာတွင် ဂျွန်နီကို စိတ်ချ လက်ချ လွှဲထား၏။



‘ထောင်ကျတွေကို ကျုပ်ဘာသာ ကျုပ် အုပ်ချုပ်မယ်နော်’



‘ကြိုက်သလို အုပ်ချုပ်ပါ၊ ကျွန်မ လိုချင်တာက စက် အမြဲ လည်နေချင်တယ်၊ လိုတဲ့ အခါမှာ သစ်ခွဲသား အဆင်သင့်

ဖြစ်စေချင်တယ်၊ ဒါပဲ’

‘ကျုပ်က စကားလက် လူပဲ၊ ကျုပ် အရင်အလုပ်က ထွက်တော့မယ်’



ဂျွန်နီက ပန်းရံသမားများ၊ လက်သမားများ ကြားထဲသို့ ပြန်သွားနေသည်။ ဟုတ်သည်။ ဂျွန်နီသည် သူ့လူ ဖြစ်ပြီ။

ဂျွန်နီက ခပ်ကြမ်းကြမ်း။ ခပ်မိုက်မိုက်။ ထောင်ကျများကို နိုင်အောင် ထိန်းနိုင်မည်မှာ သေချာသည်။ ဖရင့်ကမူ ‘အလကား အိုင်းရစ်ကောင်’ ဟု အထင်သေးသည်။ စကားလက်ကမူ အိုင်းရစ် ဖြစ်သဖြင့် ပို၍ အထင်ကြီးသည်။ အိုင်းရစ် လူမျိုးသည် လုပ်မိပြီ ယုံမိပြီ ဆိုလျှင် အားကိုးရသည်။

ပထမ သီတင်း တစ်ပတ် အတွင်း သစ်ခွဲစက်၌ ဂျွန်နီ အလုပ် လုပ်ပုံမှာ ကျေနပ်ဖို့ ကောင်းသည်။ ထောင်ကျ

ငါးယောက်နှင့် အလုပ် လုပ်သည်က ဟူးခ်ျ ကပ္ပလီ ဆယ်ယောက်နှင့် အလုပ် လုပ်သလောက် တွင်ကျယ်သည်။ ထိုမျှမက ဂျွန်နီက သူ အလုပ် လုပ်နေရာသို့ စကားလက် လာသည်ကို မကြိုက်။ ဤသို့ မကြိုက်သည်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသည်။ ထို့ကြောင့် အလုပ်လည်း တွင်သည်။ စကားလက် အဖို့လည်း အချိန်အား ရသည်။

‘စကားလက်ကသာ သစ်ဆိုင်ကု နိုင်အောင် ရောင်းပါလေ၊ သစ် မပေးနိုင်တော့ ကျုပ် တာဝန်ပေါ့’ ဂျွန်နီက ပြောသည်။

‘ထောင်ကျတွေ အလုပ် လုပ်တဲ့ နေရာမှာ အမျိုးသမီး လာလို့ မကောင်းဘူး၊ ဘယ်သူကမှ မပြောတောင် ကျုပ်က ပြောရလိမ့်မယ်၊ ခင်ဗျား သစ်လိုသလောက် ရရင် ကျေနပ်ပြီ မဟုတ်လား၊ အက်ရှလေဆီ သွားပြီး နားပူသလို ကျုပ်ဆီ လာ နားမပူပါနှင့်၊ သူ့ကို နားပူနားဆာ လုပ်ဖို့ လိုတယ်၊ ကျုပ်က မလိုဘူး’

သို့ဖြင့် စကားလက် ဂျွန်နီ၏ သစ်စက်သို့ မရောက်တော့။ သူ မကြာ မကြာ သွားလျှင် ဂျွန်နီ စိတ်ပျက်၍ အလုပ်မှ

ထွက်သွားလိမ့်မည်။ အက်ရှလေကို နားပူနားဆာ လုပ်ဖို့ လိုသည်ဟု ပြောသဖြင့် စကားလက် နည်းနည်း ခံပြင်းသည်။ သူ ပြောသည့် စကားက မှန်နေသဖြင့် ပို၍ အခံရခက်သည်။ အက်ရှလေက ထောင်ကျတွေနှင့် လုပ်တော့လည်း ဘာမျှ ပိုမထူးလှ။

255

ထောင်ကျတွေနှင့် အလုပ် လုပ်ရသည်ကို ရှက်နေပုံလည်း ရသည်။ စကားလက်ကိုပင် စကား သိပ်မပြော။

သူ ပြောင်းလဲ နေပုံကို ကြည့်၍ စကားလက် စိတ်ညစ်သည်။ အက်ရှလေ၏ ဆံပင်တွေက ဖြူစပြုပြီ။ ပခုံးကလည်း

အနည်းငယ် ကိုင်းလာသည်။ ပြုံးရယ်ခြင်းလည်း သိပ်မရှိလှ။ ငယ်ငယ်က သူ့ကို ဆွဲဆောင်ခဲ့သည့် ဖျတ်ဖျတ်လတ်လတ် ဟန်မျိုး မရှိတော့။ ဝေဒနာ တစ်ရပ်ကို ကြာရှည် ခံစားနေရသူ တစ်ဦးနှယ် မျက်နှာက အမြဲ ညှိုးနေသည်။ အက်ရှလေ၏ ခေါင်းကို သူ့ ရင်ခွင်တွင် အပ်ထားချင်သည်။ ဆံပင်ကို ပွတ်သပ်ပေးကာ ‘ဘာကို စိတ်ညစ်နေတာလဲ အစ်ကိုရယ်၊ စကားလက် တတ်နိုင်သမျှ ပျော်အောင် ထားပါ့မယ်’ ဟု ပြောလိုက်ချင်သည်။

သို့ရာတွင် အက်ရှလေ၏ အမူအရာက ခပ်တန်းတန်း။

256

၄၃



နေရောင်က နွေရာသီလို နွေးထွေးသည်။ ဤလို ဒီဇင်ဘာလမျိုး ဟူ၍ ရှိခဲဘိခြင်း။ ဒေါ်လေး ပစ်တီ အိမ်ဝင်းထဲက

ဝက်သစ်ချပင်ကြီးများတွင် ရော်ရွက် နီနီတို့က မကြွေကြသေး။ ညှိုးစပြုသည့် မြက်ခင်းတွင် အစိမ်းရောင်လဲ့လဲ့ ကျန်သေးသည်။ စကားလက်က ကလေးကို ပွေ့ကာ ဘေးဘက် ဆင်ဝင်သို့ ထွက်လာသည်။ နေရောင်ထဲက လှုပ်ကုလားထိုင်တွင် ဝင်ထိုင်၏။ သူ ဝတ်ထားသည့် အင်္ကျီက အစိမ်းရောင် ပိတ်ပါး အင်္ကျီ။ သူ အလွန်ကြိုက်သည့် အစိမ်းရောင် နုနု။ ဆင်းဆင်းရဲရဲ နေခဲ့ရပြီးနောက် ယခုလို အဝတ်အစား သစ်သစ်လွင်လွင်ဖြင့် နေရသည့် အတွက် စိတ်ကြည်လင်နေသည်။

ကလေးကို ရင်ခွင်တွင် ပွေ့ကာ သီချင်း ညည်း၍ သိပ်နေစဉ် အိမ်ဘေးမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ ညှိုးခါစ

စပျစ်နွယ်ပင်တွေ ကြားမှ အိမ်ဘက်ဆီသို့ မြင်းစီးလာနေသည့် ရက် ဘတ်တလာကို မြင်လိုက်ရ၏။

ဖေဖေ ဆုံးပြီးသည့်နောက် မကြာမီနှင့် အယ်လာကို မမွေးခင် အချိန် တော်တော်ကြာကတည်းက ရက် ဘတ်တလာ

တစ်ယောက် အတ္တလန်တာမှ ပျောက်နေသည်။ ရက် ဘတ်တလာကို အမှတ်ရသလိုလို ရှိသော်လည်း စကားလက် သူနှင့် မတွေ့ချင်။ သူ၏ ညိုမှောင်မှောင် မျက်နှာကို မြင်ရလျှင် ကိုယ့်ဘာသာကိုယ် မလုံမလဲဖြစ်ရသည်။ သူ့စိတ်ထဲတွင် အက်ရှလေနှင့် ပတ်သက်၍ ခံစားချက် တစ်ခု ရှိနေသည်။ ရက် ဘတ်တလာနှင့် ဤအကြောင်းကို မဆွေးနွေးချင်။ သို့ရာတွင် ရက် ဘတ်တလာက ဤအကြောင်းကို ဇွတ် အတင်း ပြောတော့မည်ဟု စကားလက် သိနေသည်။

ရက် ဘတ်တလာက ဝင်းဝတွင် ရပ်လိုက်ပြီး မြေကြီးပေါ်သို့ ပေါ့ပါး ဖျတ်လတ်စွာ ခုန်ဆင်းလိုက်၏။



သူ့ကို ကြည့်ရသည်မှာ စာအုပ်ထဲက အရုပ်တစ်ရုပ်နှင့် တူနေသည်။



‘အင်း၊ နားမှာ နားကွင်း တပ်ပြီး ပါးစပ်က ဓားမြှောင် ကိုက်ထားလိုက်ရင်တော့ တကယ့် ပင်လယ်ဓားပြရုပ်ပဲ၊ အေးလေ

သူ့ဘာသာသူ ပင်လယ် ဓားပြ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါနှင့် မဆိုင်ပါဘူး’ ဟု စကားလက် သူ့ကို ကြည့်၍ တွေးနေသည်။

ရက် ဘတ်တလာက သူ့ဘက်သို့ လျှောက်လာစဉ် စကားလက်က လှမ်းခေါ် နှုတ်ဆက်သည်။ အားယူ၍ အချိုသာဆုံး

ပြုံးသည်။ အဝတ်အစားသစ်ဖြင့် လှလှပပဖြစ်နေစဉ် သူ ရောက်လာသဖြင့် ဝမ်းသာသည်။

ရက် ဘတ်တလာက သူ့ကို တစ်ချက်မျှ ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ သူ လှနေပုံကို ရက် ဘတ်တလာ

သတိပြုမိပုံရသည်။

‘ဩ၊ နောက်ကလေးတွေ ဘာတွေ ရလို့ပါလား၊ အံ့ဩစရာပဲ’



ရက် ဘတ်တလာက ရယ်သည်။ အယ်လာ၏ အရုပ်ဆိုးဆိုး မျက်နှာမှ အနှီးကို ငုံ့၍ ဖယ်၏။



‘လုပ်ပြီ၊ ဒါမျိုး ပြောဖို့ပဲ တတ်တယ်’ စကားလက် မျက်နှာတွင် ရှက်သွေးဖြန်းသွားသည်။ ‘ရှင်ကော နေကောင်းရဲ့လား၊

ပျောက်နေတာ ကြာလှပြီ’

257



‘ဟုတ်တယ်၊

ကြာသွားတယ်၊

မှန်းစမ်း၊

ကလေးကို

ချီကြည့်ရအောင်၊

ကျုပ်ကို

အထင်မသေးပါနှင့်ကွယ်၊

ကလေးလေးတွေကို ချီတတ်ပါတယ်၊ ကြည့်စမ်းဖအေနှင့် တော်တော်တူတာပဲ၊ နှုတ်ခမ်းမွေး မရှိတာ တစ်ခုပဲ၊ ဒါပေမယ့် ကြီးတော့ ရှိလာမှာပေါ့’

‘မရှိဘူးလေ၊ ကလေးက မိန်းကလေး’



‘မိန်းကလေးလား၊ ကောင်းတယ် ကောင်းတယ်၊ ယောက်ျားလေး မွေးရတာ သိပ်စိတ်ညစ်ရတယ်၊ နောက် မွေးရင်လည်း

မိန်းကလေးပဲ မွေး၊ ယောက်ျားလေး မမွေးနှင့်’

မိန်းကလေးရော၊ ယောက်ျားလေးရော နောင်တွင် မမွေးတော့ဟု ပြောမည်ပြု၏။ စကားလုံးများက နှုတ်ခမ်းဖျားသို့

ရောက်လာကြသည်။ သို့ရာတွင် စကားလက် အချိန်မီ ချုပ်တည်းကာ ပြုံးပြသည်။ သူ မပြောချင်သည့် အကြောင်းသို့ စကားစပ်မိသွားမည်စိုးသဖြင့် တခြား ပြောစရာ အကြောင်းကို ရုတ်တရက် စဉ်းစားကြည့်သည်။

‘ဘယ့်နှယ် တော်တော် ပျော်ရဲ့လား၊ ဒီ တစ်ခေါက်က ဘယ်ကို ခရီးထွက်တာလဲ’



‘စုံလို့ပဲ၊ ကျူဘားလည်း ရောက်တယ်၊ နယူးအော်လီယန်းလည်း ရောက်တယ်၊ အနှံ့ပဲ ဆိုပါတော့၊ ဟေ့ မင်း ကလေးကို

ယူဦးဟေ့၊ ကျုပ် အပေါ်မှာ ရှူရှူပန်းနေပြီ၊ လက်ကိုင်ပဝါလည်း နှိုက်လို့ မရဘူး၊ ကျုပ် အင်္ကျီတော့ စိုကုန်ပြီ၊ ကလေးက ချစ်စရာ ကောင်းသားပဲ’

စကားလက်က ကလေးကို ပြန်ခေါ်ကာ ပေါင်ပေါ်တွင် တင်သည်။ ရက် ဘတ်တလာက ဝရန်တာ လက်ရန်းပေါ်တွင်

ပျင်းတိပျင်းတွဲ ထိုင်၏။ ငွေဘူးထဲမှ ဆေးပြင်းလိပ် တစ်လိပ်ကို ထုတ်သည်။

‘နယူးအော်လီယန်းကို သွားလှချည်လား၊ ခဏ ခဏပဲ’ စကားလက်က မသိမသာ နှုတ်ခမ်းစူသည်။ ‘အဲဒီ သွားသွားပြီး

ဘာတွေ လုပ်နေသလဲ မသိဘူး၊ ခြေလှမ်းက တော်တော် ကျဲသား’

‘ကျုပ်က အလုပ်ကြိုးစားတဲ့ လူပဲ၊ အလုပ်ကိစ္စကြောင့် သွားတာပဲ ဖြစ်မှာပေါ့’



‘ဘာ ရှင်က အလုပ်ကြိုးစားတယ် ဟုတ်လား၊ ဟာဟ’ စကားလက်က ခပ်မြူးမြူး ရယ်သည်။ ‘ရှင့် တစ်သက်မှာ

လက်ကြောတင်းအောင်

ဘာများ

လုပ်ဖူးလို့လဲ၊

ရှင့်လောက်

ပျင်းတဲ့လူ

ကမ္ဘာမှာ

မရှိဘူး၊

ရှင်

ဘာလုပ်သလဲ၊

ကော်ဇောအိတ်သမားတွေကို ငွေချေးတယ်၊ မတရား အတိုး ယူတယ်၊ စကားလက်တို့လို အခွန်ထမ်းတွေကို လွတ်လွတ်လပ်လပ် သွေးစုပ်နိုင်အောင် ယန်ကီ အရာရှိတွေကို လာဘ်ထိုးတယ်၊ ရှင် ဒါပဲ လုပ်တာ မဟုတ်လား’

ရက် ဘတ်တလာက ခေါင်းကို နောက်သို့ လှန်၍ အားရပါးရ ရယ်သည်။



‘ဟုတ်တယ် ဟုတ်တယ်၊ မင်းလည်း ဒီလို လာဘ်ထိုးနိုင်အောင် ပိုက်ဆံ ချမ်းသာချင်တာ မဟုတ်လား’



‘အင်း ဟုတ်ပါလိမ့်မယ် အားကြီး’



‘တစ်နေ့ကျရင် မင်းလည်း ဒီလို လာဘ်ထိုးနိုင်အောင် ချမ်းသာလာမှာပါ၊ ထောင်ကျတွေကို ဈေး ပေါပေါနှင့်

258

ငှားထားတာပဲ၊ တစ်နေ့ ချမ်းသာလာမှာပေါ့’

‘ကျွန်မ ထောင်ကျတွေကို ငှားပြီး လုပ်နေတယ်ဆိုတာ ရှင် ဘယ်လိုလုပ် သိသလဲ၊ မြန်လှချည်လား’



စကားလက်က တအံ့တဩ မေးသည်။



‘ကျုပ် မနေ့ညက ပြန်ရောက်တယ်၊ ခေတ်သစ်မယ် ပျော်ပွဲစားရုံကို သွားတယ်၊ အဲဒီ ရောက်ရင် သတင်းစုံ ကြားရတာပဲ၊

အဲဒီ နေရာက အတင်း အဖျင်း ပြောတဲ့ နေရာ၊ မင်းတို့ အမျိုးသမီး ဇာထိုးပန်းထိုးဝိုင်းထက်တောင် အတင်းအဖျင်း စုံသေးတယ်၊ မင်းက ထောင်ကျတွေ ငှားပြီး အလုပ် လုပ်နေတယ်တဲ့၊ ဂျွန်နီဆိုတဲ့ သတ္တဝါကို ကူလီခေါင်း ခန့်ပြီး ထောင်ကျတဲ့ လူတွေကို ဗုန်းဗုန်းလဲသေအောင် လုပ်ခိုင်းနေတယ်တဲ့’

‘အလကား ပြောတာ၊ သေအောင်လည်း မခိုင်းပါဘူး၊ စကားလက် ကိုယ်တိုင် သွားကြည့်မယ်’



‘တကယ် သွားကြည့်မှာလား’



‘တကယ် ကြည့်မှာပေါ့၊ ရှင် ဒီလို အမနာပ မပြောသင့်ပါဘူး’



‘ဪ၊ ဒီလိုဆိုရင် ကျုပ် တောင်းပန်ပါတယ်၊ မင်း စေတနာကို ကျုပ် နားလည်ပါတယ်၊ ဘာမှ မပြောလိုပါဘူး၊

ဒါပေမယ့် ဂျွန်နီ ဆိုတဲ့ကောင်က လူမိုက်၊ ဒီလိုကောင်မျိုးကို ကျုပ် ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်၊ ဒီကောင်ကို လွှတ်ထားရင် စက်ရုံ စစ်ဆေးရေးမှူးတွေ ဆင်းပြီး စစ်တဲ့အခါ မင်း ဒုက္ခရောက်လိမ့်မယ်’

‘ဒါက ရှင်နှင့် မဆိုင်ပါဘူး၊ စကားလက် အလုပ်ပါ၊ ကိုယ့်အလုပ် ကိုယ် လုပ်ပေါ့’ စကားလက် အသံက ခပ်ဆတ်ဆတ်။

‘တော်ပြီ၊ ဒီထောင်ကျတွေ ငှားလုပ်တဲ့အကြောင်း မပြောပါနှင့်၊ ကြားရလွန်း အားကြီးလို့ နားငြီးလှပြီ၊ ထောင်ကျတွေ ငှားလုပ်တဲ့ အလုပ်က စကားလက်ရဲ့ကိစ္စပါ၊ ရှင့်ကိစ္စ မဟုတ်ပါဘူး၊ နေစမ်းပါဦး၊ ရှင် နယူးအော်လီယန်းကို သွားပြီး ဘာလုပ်နေတာလဲ၊ စကားလက်ကို ပြောမပြသေးဘူး၊ ရှင် အဲဒီကို ဘာဖြစ်လို့ ခဏ ခဏ သွားနေတာလဲ၊ တချို့က ပြောကြတော့’

စကားလက် စကားကို ဆုံးအောင် မပြော။ ပြောလည်း မပြောချင်။



‘ဘယ်လို ပြောလို့လဲ’



‘အဲဒီမှာ ရှင် ရည်းစားရှိတယ်တဲ့၊ မကြာခင် လက်ထပ်တော့မယ်တဲ့၊ တကယ်ကော ဟုတ်သလား’



စကားလက် မေးခွန်းက သွယ်ဝိုက်ခြင်း မရှိ။ ဗြောင်ကျသည်။ ဤအကြောင်းကို စကားလက် သိချင်နေသည်။ မကြာမီ

ရက် ဘတ်တလာ လက်ထပ်တော့မည်ဆိုသည့် သတင်းကို ကြားသည့်အခါတွင် စိတ်ထဲက မနာလို ဖြစ်မိသည်။ မည်သည့် အတွက် မနာလို ဝန်တို ဖြစ်ရသည်ကိုမူ သူကိုယ်တိုင် မသိ။

ချိုပြုံးနေသည့် ရက် ဘတ်တလာ၏ မျက်လုံးများသည် ချက်ချင်း တဖျပ်ဖျပ် တောက်လာကြ၏။ စကားလက်၏

မျက်လုံးများကို အတန်ကြာ စိုက်ကြည့်နေသည်။ စကားလက်၏ ပါးပြင်တွင် သွေးရောင် လျှမ်းလာသည်။

259



‘ဒီကိစ္စက မင်းအဖို့ သိပ်အရေးကြီးနေသလား’



‘ဪ၊ မိတ်ဆွေ တစ်ယောက်များ ဆုံးရှုံးမလားလို့ပါ’



စကားလက် စိတ်ဝင်စားခြင်း မရှိဟန်ဖြင့် ခပ်သွက်သွက် ပြော၏။ အယ်လာ၏ ခေါင်းပေါ်သို့ အနှီးစကို ဆွဲဖုံးနေသည်။



ရက် ဘတ်တလာက တစ်ချက် ရယ်လိုက်သည်။



‘ကျုပ်ကို ကြည့်စမ်း စကားလက်’



စကားလက်က ခပ်ဖြည်းဖြည်း မော့ကြည့်သည်။ ပါးပြင်က တဖြည်းဖြည်း နီရဲလာ၏။



‘သူများကိစ္စကို စပ်စုတတ်တဲ့ မင်း မိတ်ဆွေတွေကို ပြောလိုက်ပါ၊ ကျုပ် လက်ထပ်တယ်ဆိုရင် ကျုပ် လိုချင်တဲ့

မိန်းမ တစ်ယောက်ကို တခြားနည်းနှင့် မရတော့တဲ့အတွက် လက်ထပ်ရတာလို့ ပြောလိုက်ပါ၊ ခုထိတော့ ကျုပ် လက်ထပ် ယူရလောက်အောင်ဆိုတဲ့ မိန်းမ ဆိုလို့ မတွေ့ဖူးသေးဘူး’

စကားလက် ရှက်သွားသည်။ ဝေခွဲ၍လည်း မရ။ အတ္တလန်တာကို ယန်ကီတို့ ဝိုင်းသည့် ညက ဒေါ်လေး ပစ်တီ၏

အိမ်ရှေ့ဆင်ဝင်တွင် သူ ပြောသွားသည့် စကားများကို အမှတ်ရသည်။ ‘ကျုပ်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီး ယူတဲ့ လူစားမျိုး မဟုတ်ဘူး’ ဟု ပြောခဲ့ဖူးသည်။ ထောင်ထဲတွင် သူ့ကို သွားတွေ့စဉ်ကလည်း သူ့ အပျော်မယား လုပ်မည်လောဟု မေးခဲဖူးသည်။ စကားလက် သူ့ စကားများကို ပြန်အမှတ်ရသဖြင့် ရှက်သွားသည်။ သူ့ကို စိုက်ကြည့်နေရင်း ရက် ဘတ်တလာ၏ မျက်နှာသည် တဖြည်းဖြည်း ပြုံးလာ၏။ သူ့ အပြုံးက လှောင်ပြုံး။

‘မင်းဟာ တော်တော် အောက်တန်းကျကျ စပ်စုချင်တယ်၊ ကောင်းပြီလေ၊ မင်းက ဗြောင်မေးတော့ ကျုပ်ကလည်း

ဗြောင်ပြောရမှာပေါ့၊ ကျုပ် နယူးအော်လီယန်းကို ခဏ ခဏ သွားနေတာ ရည်းစား ရှိလို့ မဟုတ်ဘူး၊ ကလေး တစ်ယောက် ရှိလို့၊ ယောက်ျားလေး’

‘ကလေး’



စကားလက် လန့်သွားသည်။ ဝေခွဲ မရသည့် စိတ်တို့ ပျောက်သွားပြီ။



‘ဟုတ်တယ်၊ ကျုပ် တရားဝင် စောင့်ရှောက်ထားတဲ့ ကလေး၊ ကျုပ် တာဝန် ယူနေရတယ်၊ နယူးအော်လီယန်းမှာ

ကျောင်းထားတယ်၊ သူ့ကို တွေ့ဖို့ ကျုပ် နယူးအော်လီယန်းကို ခဏ ခဏသွားတာ’

‘သူ့ကို လက်ဆောင်ပစ္စည်းတို့ ဘာတို့ သွားပေးတာပေါ့’



ဝိတ်ကလေး ကြိုက်တတ်သည့် ပစ္စည်းများကို သူ သိနေခြင်းမှာ ထို့ကြောင့်ဖြစ်လိမ့်မည်။



‘ဟုတ်တယ်’



ရက် ဘတ်တလာက စိတ်မပါ့တပါ ဖြေသည်။

260



‘ကြည့်စမ်း၊ စကားလက် လုံးလုံး မသိဘူး၊ ကလေးက ချောရဲ့လား’



‘ချောပါတယ်၊ ဒါပေမယ့် သူ ကောင်းစားဖို့ ချောတာပါ’



‘သဘောကော ကောင်းရဲ့လား’



‘မကောင်းဘူး၊ တကယ့် ဂြိုဟ် ကောင်လေး၊ ဒီကောင်လေး မွေးမလာရင် တော်တော် ကောင်းမှာ၊ ယောက်ျားလေးများဟာ

တော်တော် ဒုက္ခပေးတယ်၊ ကဲ နောက်ထပ် မင်း ဘာသိချင်သေးလဲ’

ရက် ဘတ်တလာ စိတ်ဆိုးသွားပုံရသည်။ ဖွင့်ပြောမိသည်ကို နောင်တ ရသည့်နှယ် မျက်မှောင်ကြီး ကုတ်နေသည်။



‘တော်ပါပြီ၊ မပြောချင်ရင် မမေးတော့ပါဘူး’ စကားလက် နောက်ထပ် သိချင်သေးသည်။ သို့ရာတွင် ခပ်တည်တည်ဖြင့်

ပြော၏။ ‘ဒါပေမယ့် ရှင့်ကြည့်ရတာ အုပ်ထိန်းသူ တစ်ယောက်လို့ မမြင်ဘူး’

စကားလက်က ခပ်နှိမ်နှိမ် ပြောကာ သူ့စကားကို သူ သဘောကျ၍ ရယ်သည်။



‘အင်း ဘယ်မြင်မလဲ၊ မင်း အမြင်က ကျဉ်းမြောင်းနေတာကိုး’



ရက်

ဘတ်တလာက

ဆေးပြင်းလိပ်ကို

ဖွာရင်း

အတန်ကြာ

တိတ်ဆိတ်နေသည်။

စကားလက်က

သူ့လို

ခပ်ရိုင်းရိုင်းပြောချင်သည်။ သို့ရာတွင် စကားလုံး ရှာမရ။

‘ဒီအကြောင်းတွေ ဘယ်သူမှ မပြောရင် ကောင်းမယ်’ သူက ပြော၏။ ‘အင်း ပြောလို့သာ ပြောရတာပါလေ၊

မိန်းမတစ်ယောက်ရဲ့ ပါးစပ်ကို ပိတ်ထားဖို့ ဆိုတာဟာ မဖြစ်နိုင်တာကို တောင်းဆိုတာနှင့် အတူတူပဲ’

‘စကားလက် လျှို့ဝှက်ထားတတ်ပါတယ်’



စကားလက်က မခံချင်စိတ်ဖြင့် ပြော၏။



‘လျှို့ဝှက်တတ်ရင် ကောင်းတာပေါ့၊ ကိုယ့်အသိ မိတ်ဆွေရဲ့ လျှို့ဝှက်ချက်ကို လေ့လာရတဲ့ အလုပ်ဟာ တော်တော်

ပျော်စရာ ကောင်းတယ်၊ ကလေးမ နှုတ်ခမ်းကြီး စူမနေပါနှင့်၊ ကျုပ် ပြောတာ နည်းနည်း ရိုင်းသွားရင် ခွင့်လွှတ်ပါ၊ ဒါပေမယ့် ဒီကိစ္စမှာတော့ မင်း စပ်စုတယ်ဆိုရင် စပ်စုသင့်ပါတယ်၊ ကဲ နည်းနည်းလေး ပြုံးစမ်းပါဦး၊ စိတ်မချမ်းသာစရာ အကြောင်းကို မပြောခင် တစ်မိနစ် နှစ်မိနစ်လောက် ချမ်းချမ်းသာသာလေး နေပါရစေဦး’

ဧကန္တ အက်ရှလေနှင့် သစ်စက်အကြောင်းကို ပြောတော့မည်ထင်သည်။ စကားလက်က ပါးချိုင့်ကလေး ပေါ်အောင်

ပြုံးသည်။

‘တစ်ချိန်လုံး နယူးအော်လီယန်းကိုချည်း သွားနေသလား၊ ဒီပြင်ကော ဘယ်ရောက်သေးသလဲ’



‘ရောက်ပါတယ်၊ လွန်ခဲ့တဲ့ လတုန်းက ချာလက်စတန်ကို ရောက်တယ်၊ ကျုပ် အဖေ သေလို့’

261



‘အို စိတ်မကောင်းစရာကြီး’



‘စိတ်မကောင်းမဖြစ်ပါနှင့်၊ ကျုပ် အဖေ ကိုယ်တိုင်က သူ သေမှာကို စိတ်မကောင်း မဖြစ်ပါဘူး၊ သူ သေတဲ့အတွက်

ကျုပ်ကလည်း စိတ်မကောင်း မဖြစ်ဘူး’

‘ဒီလို ရက်ရက်စက်စက် မပြောပါနှင့် ဗိုလ်ကြီး ဘတ်တလာရယ်’

‘မရက်စက်ပါဘူး၊ အမှန်ကိုပြောတာပါ၊ တကယ် စိတ်မကောင်း မဖြစ်ဘဲနှင့် စိတ်မကောင်းဟန်ဆောင်တာက ပိုပြီး ရက်စက်ရာ ကျတာပေါ့၊ ပိုပြီး ဆိုးတာပေါ့၊ မဟုတ်ဘူးလား၊ ကျုပ်တို့ သားအဖ နှစ်ယောက်ရဲ့ ဆက်ဆံရေးက တော်တော်ဆန်းတယ်၊ ကျုပ်ကလည်း သူ့ မချစ်ဘူး၊ သူကလည်း ကျုပ်ကို မချစ်ဘူး၊ အဘိုးကြီးက ကျုပ်ကို တစ်ချက်မှ အကောင်း မထင်ခဲ့ဘူး၊ တစ်သက်လုံး ကျုပ်ကို တစ်ချက်မှ အကောင်း မထင်ခဲ့ဘူး၊ တစ်သက်လုံး ကျုပ်ကို မကျေနပ်ဘူး၊ ကျုပ်က သူ့အဖေနှင့် တော်တော် တူတယ်၊ သူကလည်း သူ့အဖေဆိုရင် သိပ်မကြိုက်ဘူး၊ အဲ ကျုပ် နည်းနည်း ကြီးလာတော့ အဖေက ကျုပ်ကို မကျေနပ်ရုံတင် မကတော့ဘူး၊ မုန်းလာတယ်၊ သူ မုန်းချင် မုန်းပေါ့၊ ကျုပ်ကလည်း အရေးမကြီးပါဘူး၊ ကျုပ် အဖေက ကျုပ်ကို လူကြီး လူကောင်း ဖြစ်စေချင်တယ်၊ သိမ်မွေ့စေချင်တယ်၊ ဒါပေမယ့် ကျုပ်ကလည်း သူ ဖြစ်စေချင်တာတွေ တစ်ခုမှ မဖြစ်ဘူး၊ ဖြစ်အောင်လည်း မလုပ်ဘူး၊ သူ ဖြစ်စေချင်တာမျိုးတွေက ငြီးငွေ့စရာတွေချည်းပဲ၊ နောက်တော့ ကျုပ်ကို အိမ်က နှင်ချလိုက်တယ်၊ ပိုက်ဆံတောင် တစ်ပြားမှ မပေးလိုက်ဘူး၊ ဒီတော့ ကျုပ် ဘာဖြစ်သလဲ၊ ချာလက်စတန်ကို ရောက်လာတယ်၊ ချာလက်စတန်မှာ တေလေကြမ်းပိုးဖြစ်လာတယ်၊ ကျုပ် ဘာတတ်သလဲ၊ ဘာမှ မတတ်ဘူး၊ သေနတ် ကောင်းကောင်းပစ်တတ်တယ်၊ ပိုကာ ကောင်းကောင်း ကစားတတ်တယ်၊ ဒါပဲ တတ်တယ်၊ သူ ထင်တာက အိမ်ပေါ်က နှင်ချလိုက်ရင် ကျုပ်ဟာ ဘာမှ မလုပ်တတ် မကိုင်တတ် ပိုက်ဆံ မရှိ ဘာမရှိနှင့် ငတ်ပြတ်နေလိမ့်မယ် ထင်တာ၊ ဒါပေမယ့် ကျုပ် မငတ်ဘူး၊ ပိုကာ ကောင်းကောင်း ကစားပြီး ဖဲသမား ဘဝနှင့် ကျုပ်ဘာသာ ကျုပ် အခန့်သား နေတယ်၊ ဒီတော့ သူ ဒေါပွတာပေါ့၊ ဘတ်တလာရဲ့သားဟာ ဖဲသမား ဖြစ်ရမလားဆိုပြီး သိပ်ကို စိတ်ဆိုးတာပဲ၊ ကျုပ် အိမ်ကို ပထမ အခေါက် ပြန်တော့ ကျုပ်နှင့် စကားမပြောရဘူးဆိုပြီး အမေ့ကို တားတယ်၊ ပြန်ရင် အဖေ မသိအောင် တိတ်တိတ် လာတွေ့ရတယ်၊ ဒီတော့ ကျုပ်ကလည်း သူ့ကို မချစ်ဘူးပေါ့’

‘ဟင် ဟုတ်လား၊ ကျွန်မ ဒါတွေ မသိဘူး’



‘သူက လူကြီးလူကောင်းလို့ ရှေးခေတ်က ပြောကြတဲ့လူမျိုး၊ ရှေးခေတ်က လူကြီးလူကောင်းဆိုတော့ ဘာဖြစ်သလဲ၊

ဘာမှ မသိဘူးပေါ့၊ နလပိန်းတုံးပေါ့၊ ထုံထိုင်းတယ်၊ အတယ်၊ သူတို့ကိုယ် သူတို့ အထင်ကြီးတယ်၊ စိတ်တိုတယ်၊ သူတို့ခေတ်က လူကြီးလူကောင်းဆိုသူတွေ စဉ်းစားတာမျိုးပဲ စဉ်းစားတတ်တယ်၊ တခြား ဘာမှ မသိဘူး၊ ကျုပ်ကို အိမ်က နှင်ချလိုက်ပြီး သေခန်း ရှင်ခန်း ဖြတ်လိုက်တော့ လူတိုင်းက သူ့ကို ချီးမွမ်းတယ်၊ မျက်လုံးတစ်ဖက် မကောင်းရင် မကောင်းတဲ့ မျက်လုံးကို ထုတ်ပစ်ရမယ်၊ ဒါဟာ မှန်တယ်လို့ ချီးမွမ်းကြတယ်၊ ကျုပ်က သားကြီး ဩရသ၊ သူ့ရဲ့ ညာဘက်မျက်လုံး၊ အဲဒီ မျက်လုံးဖြစ်တဲ့ ကျုပ်ကို အငြိုးတကြီးနှင့် ဖောက်ထုတ်ပစ်လိုက်တယ်လေ’

ရက် ဘတ်တလာက မဲ့ပြုံး ပြုံးသည်။ သူ့ မျက်လုံးများက ရယ်စရာတစ်ခုကို ပြောနေသကဲ့သို့ ရွှင်ပြုံးနေကြ၏။



‘ထားပါလေ၊ ကျုပ် အပေါ် သူ ဘယ်လိုပဲ လုပ် လုပ် ကျုပ် ခွင့်လွှတ်နိုင်ပါတယ်၊ ဒါပေမယ့် ကျုပ်အမေနှင့် ကျုပ်ညီမအပေါ်

လုပ်တာကိုတော့ ကျုပ် ခွင့်မလွှတ်နိုင်ဘူး၊ အသည်းနာတယ်၊ ပြည်တွင်းစစ် ပြီးတော့ ကျုပ်အဖေ အမေ ဆင်းရဲသွားတယ်၊

262

ယာခင်းလည်း မီးလောင်တယ်၊ လယ်ကွင်းတွေဆိုတာလည်း အကုန်ကောပြီး ကိုင်းတောတွေ စားကျက်တွေ ဖြစ်သွားတယ်၊ မြို့က အိမ်ကလည်း အခွန်မပေးနိုင်လို့ လေလံပစ်ခံရတယ်၊ တန်းလျား အစုတ်ကလေးမှာ ငှားနေရတယ်၊ ကပ္ပလီတောင် နေဖို့ မကောင်းဘူး၊ ဒီတော့ ကျုပ်က အမေ့ဆီကို ငွေပို့တယ်၊ အဖေက လက်မခံရဘူးဆိုပြီး ပြန်အပို့ခိုင်းတယ်၊ မစင်ကြယ်တဲ့ ပိုက်ဆံတဲ့၊ ဓမ္မိယလဒ္ဓ မဖြစ်ဘူးတဲ့၊ ဒါပေမယ့် ကျုပ် ချက်လက်စတန် ရောက်တိုင်း တစ်ဖက်လှည့်နှင့် ကျုပ် ညီမကို ငွေ ပေးတယ်၊ အဖေက ဘယ်လိုလုပ်ပြီး သိသွားတယ် မသိဘူး၊ အမြဲတမ်း သိသွားပြီး ကျုပ် ညီမကို ရိုက်လား ပုတ်လား လုပ်တာပဲ၊ ကျုပ် ပိုက်ဆံတွေကိုလည်း ပြန်ပေးတယ်၊ သူတို့ ဘယ်လို စားသောက်နေကြမှန်း မသိရဘူး၊ နောက်ကျတော့မှ ကျုပ် ညီက တတ်နိုင်သလောက်ကလေး ဖဲ့ပို့တာကို စားနေကြတယ်ဆိုတာ သိရတယ်၊ တကယ်က ကျုပ်ညီ ဆိုတာလည်း ပိုက်ဆံ တတ်နိုင်တာ မဟုတ်ဘူး၊ သူကလည်း ကျုပ် ပေးတဲ့ ပိုက်ဆံကို လက်မခံဘူး၊ မှောင်ခိုသမားရဲ့ ပိုက်ဆံကို ယူရင် လာဘ်တိတ်တယ်တဲ့၊ ဒါပေမယ့် မိတ်ဆွေတွေ ပေးစာကမ်းစာကျတော့ လက်ခံတယ်၊ မင်း အဒေါ် ယူလာလီဟာ တော်တော် စိတ်ကောင်းရှိတယ်၊ ကျုပ် အမေနှင့်ဆိုရင် မိတ်ရင်းဆွေရင်းတွေပဲ၊ အဲ သူက အမေ့ကို အဝတ်အစားကလေး ဘာလေး နည်းနည်းပါးပါး ပေးတယ်၊ အင်း ကျုပ် အမေဟာ သူတောင်းစား ဆိုပါတော့’

ရက် ဘတ်တလာက ရင်ဖွင့်နေသည်။ ရက် ဘတ်တလာ ရင်ဖွင့်သည်ကို ကြားရခဲသည်။ သူ့မျက်နှာဖုံး ချွတ်ပြသည်ကို

မြင်ရခဲသည်။ ယခု သူ့ပကတိ မျက်နှာကို မြင်ရပြီ။ သူ့ မျက်နှာထားက တင်းမာလျက် ရှိသည်။ အဖေ့ကို မုန်းသည့် အမုန်း၊ အမေ့အတွက် ပူသည့် အပူသည် တင်းမာသည့် မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသည်။

‘ဒေါ်လေး ယူလာလီက ထောက်ပံ့တယ် ဟုတ်လား၊ သူက ဘာထောက်ပံ့မှာလဲ၊ သူတောင် စကားလက်တို့ ပို့တဲ့

ငွေလေးနှင့် စားသောက်နေရတာ’

‘ဩ၊ လက်စသတ်တော့ မင်းဆီက ပို့နေတာကိုး၊ ကောင်းပါတယ်၊ ကောင်းပါတယ်၊ ဒါပေမယ့် ကိုယ်က ကူညီ

ထောက်ပံ့ရတယ်ဆိုတာကို လူသိအောင် ထုတ်ကြွားတာကတော့ အောက်တန်းကျလှတယ်ကွယ်၊ ကျုပ်ကို နှိမ်ချင်လို့ ဆိုပါတော့၊ ကဲ ကျုပ် မင်းကို ပြန်ပြီးလျော်မယ် ဟုတ်လား’

‘သိပ်ကောင်းတာပေါ့ ရှင်’



စကားလက်က တမင် အရွဲ့တိုက် ပြောပြီး ပြုံးလိုက်သည်။ ရက် ဘတ်တလာက ပြန်ပြုံး၏။



‘ကြည့်စမ်း၊ ပိုက်ဆံ အကြောင်း ပြောရုံကလေးနှင့် မင်း မျက်နှာက ကြည်လာတာပဲ၊ ဧကန္တ မင်းမှာ စကော့သွေးရင်လည်း

ပါမယ်၊ ရေဝတီ သွေးရင်လည်း ပါမယ်၊ အိုင်းရစ် သွေးရင်လည်း ပါမယ်၊ မပါဘူးလို့ မင်း တာဝန်ခံရဲရဲ့လား’

‘တော်ပါ၊ စကားလက်က ကိုယ့် ဒေါ်လေးကို ထောက်ပံ့တာ ရှင့်ကို ထုတ်ကြွားနေစရာလည်း မလိုပါဘူး၊ အဖြစ်ကို

ပြောတာပါ၊ ဒေါ်လေးက စကားလက်ကို ပိုက်ဆံ လုပ်တဲ့ စက်များ အောက်မေ့နေသလား မသိဘူး၊ ငွေ ပိုပြီး ပို့ဖို့ တကျီကျီ စာရေးနေတာပဲ၊ ဒီမှာဖြင့် ကိုယ့်ဟာနှင့်ကိုယ် လုံးလည် လိုက်နေတာ၊ ရှင့် အဖေက ဘာဖြစ်လို့ ဆုံးတာလဲ’

‘ငတ်တဲ့ ရောဂါပေါ့၊ ငတ်တဲ့ ရောဂါရယ်၊ မဖြစ်နိုင်တာကို မျှော်လင့်တဲ့ ရောဂါရယ်၊ အဲဒီ ရောဂါနှစ်ခုပေါင်းပြီး

သေတယ် ဆိုပါတော့၊ သူ့အဖို့တော့ ဘာအရေးလဲ၊ သူ အငတ် ခံနိုင်ရင် ခံပေါ့၊ ဒါပေမယ့် အမေနှင့် ကျုပ် ညီမလေးကိုလည်း

263

သူ့လို လိုက်ပြီး အငတ်ခံခိုင်းလို့ ဘယ်ဖြစ်မလဲ၊ ခုတော့ ဟန်ကျသွားပြီလေ၊ သူ မရှိတော့ ကူညီနိုင်တော့တာပေါ့၊ ကျုပ် သူတို့ကို ချာလက်စတန်မှာ အိမ်တစ်လုံး ဝယ်ပေးပြီးပြီ၊ အစေခံတွေ ဘာတွေလည်း ထားပေးပြီးပြီ၊ ဒါတောင် ကျုပ်က ထောက်နေတယ်ဆိုတာ လူသိခံလို့ မဖြစ်သေးဘူး’

‘ဘာဖြစ်လို့’



‘ချက်လက်စတန်မြို့ အကြောင်းကို မင်းလည်း သိသားပဲ၊ ရောက်ဖူးတယ် မဟုတ်လား၊ ကျုပ် မိသားစုက ဆင်းရဲချင်

ဆင်းရဲပေမယ့် မာနက အကြီးသား၊ မှောင်ခို ကုန်ကူး၊ ဖဲရိုက်၊ ကော်ဇောအိတ်သမား လုပ်ငန်းမျိုးနှင့် ရတဲ့ ငွေနဲ့ ထောက်ပံ့တာကို လူသိစေချင်ပုံ မရဘူး၊ ဒါကြောင့် အဖေ အသက် အာမခံထားတဲ့ ငွေတွေ ပြန်ထုတ်ရတယ်လို့ ပြောနေရတယ်၊ အဖေက သူ့ကိုယ်သူ အငတ်ခံ အဆင်းရဲခံပြီး အသက် အာမခံငွေတွေ သွင်းတယ်ပေါ့လေ၊ သူတို့ ဒီလို ပြောတော့ အဖေ့ကို လူတွေက ပိုတောင် ချီးမွမ်းကြတော့တာပေါ့၊ အငတ်ခံပြီး မိသားစုကို တင့်တောင်းတင့်တယ် နေနိုင်အောင် လုပ်သွားတဲ့ မဟာ အာဇာနည်ကြီးပေါ့၊ တကယ်က ကျုပ် အမေနှင့် ညီမ ဟန်ကျပန်ကျ ဖြစ်နေတာကို သိရင် သင်္ချိုင်းက ထလာပြီး ရန်လုပ်ဦးမလား မသိဘူး၊ ကျုပ် အဖေက သေချင်တုန်း သေသွားရတာ၊ သူ ဝမ်းမြောက်ဝမ်းသာနှင့် သေသွားရတာကိုတော့ ကျုပ် စိတ်မကောင်းဘူး’

‘ဘာဖြစ်လို့လဲ’



‘ဗိုလ်ချုပ်လီး လက်နက်ချတုန်း သူ သေတာ၊ အဖေ့လို ရှေးလူကြီးမျိုး အကြောင်း မင်းလည်း သိသားပဲ၊ ခေတ်သစ်နှင့်

ဘယ်တော့မှ အံဝင်ခွင်ကျ နေတတ်မှာ မဟုတ်ဘူး၊ ရှေးခေတ် အကြောင်းကိုချည်း ပြောနေမှာပဲ’

‘ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ ရှေးလူကြီးတွေဟာ ဒီလိုပဲလား ဟင်’



စကားလက်က သူ့ဖေဖေကို အမှတ်ရ၍ မေးသည်။



‘မဟုတ်ပါဘူး၊ မင်းတို့ ဦးလေး ဟင်နရီလို၊ မစ္စတာ မယ်ရီဝယ်သာတို့လို အဘိုးကြီးတွေ ကြည့်ပါလား၊ ဒီလို

မဟုတ်ပါဘူး၊ ခေတ်နှင့် အညီ လိုက်လိုက်လျောလျော နေတတ်သားပဲ၊ သူတို့ကျတော့ ပိုတောင် ငယ်လာသေးတယ် ထင်ရတယ်၊ ဒီနေ့ မနက် မယ်ရီဝယ်သာကို တွေ့ခဲ့သေးတယ်၊ ရီနီရဲ့ မုန့်လှည်းကို မောင်းလို့၊ လှည်းမောင်း လာတာမှ တကယ့် လှည်းသမား ကျနေတာပဲ၊ မြင်းကိုတောင် ဆဲလိုက်သေးတယ်၊ အိမ်ထဲက ထွက်ပြီး အလုပ် လုပ်ရတာ ဆယ်နှစ်လောက် ပိုပြီး ငယ်သွားတယ် ထင်တယ်တဲ့၊ ချွေးမက ငြူစူတာလည်း မခံရတော့ဘူးတဲ့၊ ချွေးမက ငြူစူခံရတာထက် လှည်းမောင်းရတာက ပျော်တယ်တဲ့၊ မင်း ဦးလေး ဟင်နရီ ကျတော့ကော၊ တရားရုံး ရောက်ရင် ယန်ကီတွေကို ဆော်ရ နှက်ရလို့ ပျော်လို့၊ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေကို အခမဲ့ အမှုလိုက်ပေးရတာ ကျေနပ်လို့၊ ပြည်တွင်းစစ်သာ မဖြစ်ရင် ဒီလောက်ဆို ဘယ်မှာ ရှေ့နေလိုက်တော့မလဲ၊ အငြိမ်းစားယူပြီး ခါးနာ ရောဂါကို ကုနေရတော့မယ်၊ ခုတော့ ခါးတောင် နာချိန် မရတော့ဘူး၊ သူတို့ဟာ လောကကြီးအတွက် ပြန် အသုံးကျနေတယ်၊ လောကကြီးအတွက် သူတို့ လုပ်ပေးနိုင်တာတွေ ရှိတယ်ဆိုတာကို သိတယ်၊ ဒီတော့ သူတို့ ဘဝဟာ နုပျိုနေတာပေါ့၊ တကယ်တော့ ဒီခေတ်ဟာ လူအိုတွေကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးလိုက်တာပဲ၊ ဒါပေမယ့် တချို့ လူငယ်တွေကျတော့လည်း တစ်မျိုး၊ လူသာ ငယ်တယ် စိတ်က ကျုပ် အဖေလို၊ မင်း အဖေတို့လို ရှေးခေတ်ကို ပြန်ပြီး တမ်းတနေကြတယ်၊ ခေတ်သစ်နှင့် အံဝင်ခွင်ကျအောင် မနေတတ်ဘူး၊ နေလည်း မနေနိုင်ဘူး၊

264

ပြောရင်း ဆိုရင်း စိတ် မချမ်းသာစရာအကြောင်း ပြောဖို့ စကားစပ်မိ လာပြန်ပြီ’

ရက် ဘတ်တလာက စကားဖြတ်၍ ပြောင်းလိုက်သဖြင့် စကားလက် ထိတ်လန့်သွား၏။ စကား အထစ်ထစ် အငေါ့ငေါ့

ဖြစ်နေသည်။

‘ဘာ ဘာလဲ ဟင်’



အက်ရှလေ အကြောင်းကို ပြောတော့မည်ဟု စကားလက် ထင်သည်။



‘မင်း အကြောင်းကို ကျုပ် ကောင်းကောင်းသိတယ်၊ မင်းဟာ သစ္စာ ရှိလိမ့်မယ်၊ သိက္ခာ ရှိလိမ့်မယ်၊ ကတိ

တည်လိမ့်မယ်လို့ ကျုပ် တစ်သက်လုံး မမျှော်လင့်ဘူး၊ ဒါပေမယ့် မိုက်တယ်လို့ ပြောချင်ပြော၊ မင်းကိုတော့ ကျုပ် ယုံခဲ့တယ်’

‘ရှင် ပြောတာကို စကားလက် နားမလည်ဘူး ဗိုလ်ကြီး ဘတ်တလာ’



‘မင်း နားလည်ပါတယ်၊ ဘာကြောင့် နားမလည်ရမှာလဲ၊ မင်း မျက်နှာကို ကြည့်လိုက်ရင် သိတာပဲ၊ မင်း မျက်နှာက

မလုံမလဲ ဖြစ်နေတဲ့ မျက်နှာမျိုး၊ မဟုတ်ဘူးလား၊ ခပ်စောစောက မင်းဆီကို လာရင်း ကျုပ် အိုင်ဗီလမ်းပေါ်က ဖြတ်ပြီး မြင်းစီးလာတယ်၊ လှမ်းခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ မီလာနီနှင့် တွေ့တယ်၊ ဒါနှင့် သူနှင့် စကားပြောခဲ့ရတယ်’

‘ဟုတ်လား၊ အဲဒါ ဘာဖြစ်သလဲ’



‘သူနှင့် အေးအေးဆေးဆေး စကားပြောခဲ့ရတယ်၊ သူက ပြည်နယ်တပ်တွေ ရှုံးခါနီး နောက်ဆုံးအချိန်မှာ ပြည်နယ်ဘက်

ဝင်တိုက်တဲ့ အတွက် ကျုပ်ကို ချီးကျူးပါတယ်တဲ့၊ ဒါမှ တကယ့် သတ္တိတဲ့’

‘ဟင်း ကတ်သီးကတ်သတ်၊ မီလာနီလောက် ရူးတာ မီလာနီပဲ ရှိတယ်၊ ရှင် သူရဲကောင်း ပီပီ သတ္တိကောင်းပြလိုက်တာ

ကံကောင်းလို့ သူ အဲဒီညက မသေတာပေါ့’

‘ကျုပ် ထင်ပါတယ်၊ အဲဒီညက သူ သေသွားရင်လည်း အရေးတော်ပုံအတွက် သူ့ကိုယ်သူ အသက်စွန့်တယ်လို့

ထင်သွားမှာပဲ၊ အတ္တလန်တာမှာ ဘာလာလုပ်နေသလဲလို့ ကျုပ်က မေးတော့ တော်တော် အံ့အားသင့်သွားပုံ ရတယ်၊ ဘာမှ မသိဘူးလားတဲ့၊ ခု သူတို့ ဒီအိမ်မှာ နေတယ်တဲ့၊ မင်း ကျေးဇူးကြောင့် အက်ရှလေကလည်း မင်း သစ်ခွဲစက်မှာ အစုရှင်တစ်ယောက် ဖြစ်နေပြီတဲ့’

‘အင်း အဲဒါ ဘာဖြစ်သလဲ’



စကားလက်က ခပ်ပြတ်ပြတ် မေး၏။



‘သစ်ခွဲစက်ကလေး ဝယ်ဖို့ ကျုပ် မင်းကို ပိုက်ဆံချေးတုန်းက စည်းကမ်းချက် တစ်ချက် ပါတယ်လေ၊ အဲဒီ

စည်းကမ်းချက်ကို မင်းလည်း သဘောတူခဲ့တယ်၊ ဒီပိုက်ဆံနှင့် အက်ရှလေကို ထောက်ပံ့ခြင်း မပြုပါဘူးဆိုတဲ့ စည်းကမ်းချက်’

‘ရှင် တော်တော်စော်ကားပါလား ဟင်၊ ရှင့် ပိုက်ဆံကို စကားလက် ပြန်ဆပ်ခဲ့ပြီးပြီ မဟုတ်လား၊ ခု စကားလက်

265

သစ်ခွဲစက်၊ စကားလက်ပိုင်တယ်၊ ဒီ သစ်စက်နှင့် စကားလက်ဘာသာ စကားလက် ဘာလုပ်လုပ် ရှင်နှင့် ဘာဆိုင်လို့လဲ’

‘နေစမ်းပါဦး၊ ကျုပ် အကြွေးကို မင်း ဘယ်က ပိုက်ဆံနှင့် ပြန်ဆပ်တာလဲ၊ မသိရဘူးလား’



‘အိုး သစ်ရောင်းပြီး ဆပ်တာပေါ့ရှင့်’



‘ကျုပ် ချေးလိုက်တဲ့ပိုက်ဆံနှင့် အရင်းတည်ပြီး မင်း သစ်စက်ကို ထောင်တာ မဟုတ်ဘူးလား၊ ဒီတော့ ဒီ

သစ်စက်ဟာလည်း ကျုပ် ချေးလိုက်တဲ့ ပိုက်ဆံနှင့် ဝယ်တဲ့ သစ်စက်၊ ခု ဒီသစ်စက်ထဲမှာ အက်ရှလေကို အစု တစ်ဝက် ခွဲပေးလိုက်တယ်၊ ဒီတော့ အက်ရှလေကို ထောက်ပံ့ဖို့ ကျုပ် ပိုက်ဆံကို အသုံးချတဲ့ သဘောပဲ မဟုတ်လား၊ မင်းဟာ တော်တော်ကို အရှက်နည်းနေပြီ စကားလက်၊ ဘာ သိက္ခာမှ မရှိတော့ဘူး၊ ခုနေ ကျုပ် ကြွေးကို ပြန်မပေးနိုင်သေးရင် ကျုပ် အတင်း တောင်းမယ်၊ မပေးနိုင်ရင် မင်းကို လေလံပစ်ပြီး ကျုပ်ကြွေးကို ပြန်ယူ၊ ပျော်စရာကြီး’

သူပြောပုံက အပြောင်အပြက် ပြောပုံမျိုး ဖြစ်သည့်တိုင် သူ့ မျက်လုံးတွင် ဒေါသရောင် သမ်းနေသည်။ စကားလက်က

သူ့ဘက်သို့ ဦးတည် လာသည့် ထိုးစစ်ကို လက်မခံ။ ရန်သူကို တန်ပြန် ထိုးစစ်ဆင်သည်။

‘အက်ရှလေကို ရှင် ဘာကြောင့် ဒီလောက် မုန်းနေရတာလဲ၊ ရှင် သူ့ကို မနာလိုလို့လား’



ပြောပြီးနောက် စကားလက် သူ့နှုတ်ခမ်းကိုသူ ကိုက်သည်။ ရက် ဘတ်တလာက ခေါင်းကို နောက်သို့ လှန်ကာ

ခွက်ထိုးခွက်လှန် ရယ်သည်။ စကားလက် မျက်နှာ တစ်ခုလုံး နီရဲလျက် ရှိ၏။

‘ဖြစ်မှ ဖြစ်ရလေကွယ်၊ မင်းက အရှက်နည်းရုံတင် မကဘူး၊ ဘဝင်ကလည်း မြင့်လိုက်သေးတယ်’ သူက ပြော၏။ ‘မင်း

တွေးပုံက ဟိုတုန်းက တောက ကွမ်းတောင်ကိုင် ကောင်မလေး အတွေးမျိုးပဲ ရှိသေးတာကိုး၊ ဒီထက် မတိုးတော့ဘူးလား၊ ဟုတ်လား၊ ကမ္ဘာမှာ ငါလောက်ချောတဲ့ မိန်းမ တစ်ယောက်မှ မရှိဘူး၊ ငါ့ကို မြင်ဖူးတဲ့ ယောက်ျားမှန်သမျှက ငါ့ကို ချစ်နေကြတယ်လို့များ ထင်နေသလား’

‘မဆိုင်ပါဘူး၊ ဘဝင်လည်း မမြင့်ဘူး၊ အရှက်မရှိတာလည်း မဟုတ်ဘူး’ စကားလက် ဒေါသထွက်နေသည်။ ‘ရှင်

ဘာကြောင့် အက်ရှလေကို ဒီလောက် မုန်းနေသလဲ မသိဘူး၊ မနာလိုလို့ ဒီလောက် မုန်းနေတာပဲ ဖြစ်မှာပဲ၊ ဒီ အကြောင်းပြချက် တစ်ခုပဲ စဉ်းစားလို့ရတယ်၊ တခြား စဉ်းစားလို့ မရဘူး’

‘ဒီလိုဆိုရင်တော့ နောက်ထပ် စဉ်းစားဦး ကလေးမ၊ မင်း ထင်တဲ့ အကြောင်းပြချက်က မှားနေပြီ၊ အက်ရှလေကို

ဘာ့ကြောင့် ဒီလောက်တောင် မုန်းရသလဲ တဲ့၊ ကျုပ် သူ့ကို မမုန်းပါဘူး၊ မချစ်လည်း မချစ်ဘူး၊ အဲ တစ်ခုတော့ ရှိတယ်၊ အက်ရှလေနှင့် အက်ရှလေလို လူမျိုးတွေကိုတော့ ကျုပ် သနားတယ်’

‘သနားတယ် ဟုတ်လား’



‘အင်း သနားတယ်၊ နည်းနည်းလည်း အထင်သေးတယ်၊ ဘာလဲ မင်း မခံနိုင်ဘူးလား၊ မခံနိုင်ရင် စိတ်ဆိုး၊ အားရအောင်

စိတ်ဆိုး၊ ကျုပ်လို လူဆိုး လူပေမျိုးထက် အဆ တစ်ထောင် သာတယ်လို့ ပြောရင်လည်း ပြောဦး၊ မင်း စိတ်ဆိုးလို့ အားရပြီ ပြောလို့ အားရပြီဆိုတော့မှ ကျုပ် ဘာကြောင့် သနားတယ်၊ ဘာကြောင့် အထင်သေးတယ် ဆိုတာကို အေးအေးဆေးဆေး

266

ပြောပြမယ်၊ တကယ်လို့ မင်း စိတ်ဝင်စားရင်ပေါ့လေ’

‘စိတ်မဝင်စားပါဘူး’



‘စိတ်မဝင်စားဘူး ဆိုရင်လည်း ပြောတော့ ပြောရဦးမယ်၊ တော်တော်ကြာ မင်းက ကျုပ် မနာလို ဖြစ်နေတယ်လို့ ထင်ပြီး

မင်းကိုယ်မင်း အထင်ကြီးနေမှာ စိုးလို့၊ ကျုပ် သူ့ကို သနားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလူဟာ သေဖို့ ကောင်းရက်သားနှင့် မသေသေးလို့ပဲ၊ ကျုပ် ဒီလူကို အထင်သေးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခု သူ့ ကမ္ဘာလေး ပြိုလဲပျက်စီးသွားတဲ့အခါမှာ ဘာမှ မလုပ်တတ် မကိုင်တတ်နှင့် ယောင်တိယောင်ကန်း ဖြစ်နေလို့’

သူပြောသည့်စကားနှင့်

ခပ်ဆင်ဆင်

အဓိပ္ပာယ်တူသည့်

စကားမျိုးကို

စကားလက်

ကြားဖူးသည်။

ဤစကားလုံးများကိုလည်း ကြားဖူးသယောင်ယောင်။ သို့ရာတွင် အချိန်နှင့် နေရာကို မမှတ်မိတော့။ ဒေါသထွက်နေသဖြင့် ပြန်၍လည်း မစဉ်းစားနိုင်တော့။

‘ရှင့်စိတ် ရှင့်သဘော အတိုင်းသာဆိုရင် တောင်ပိုင်းက လူကောင်းသူကောင်းတွေ မှန်သမျှ သေပေးရမယ့်ပုံ ဖြစ်နေပြီ’



‘ကျုပ် ထင်ပါတယ်၊ သူတို့စိတ် သူတို့သဘောဆိုရင်လည်း အက်ရှလေလို လူမျိုးတွေက သေတာကို ပိုသဘောကျမှာပါ၊

သင်္ချိုင်းပုံပေါ်မှာ တောင်ပိုင်းပြည်နယ်အတွက် အသက်ကို ပေးလှူသွားသည့် ပြည်နယ်သူရဲကောင်း ဆိုတဲ့ ကျောက်တိုင် လှလှလေး စိုက်ရက်သေချင်မှာပေါ့၊ မဟုတ်ဘူးလား’

‘ဘာဖြစ်လို့ သေချင်ရမှာလဲ’



‘ဪ တော်တော် ခက်တဲ့ ကလေးမပါလား၊ မင်း ရှေ့မှာ စာလုံးကြီးတွေ ပုတ်လောက် ကြီးအောင် ရေးပြီး ပြမှ

သိတော့မှာ ထင်ပါရဲ့၊ သေသွားရင် ခု သူတို့ တွေ့နေရတဲ့ ဒုက္ခ သုက္ခတွေ မတွေ့ရတော့ဘူး၊ သူတို့ မရှင်းနိုင်တဲ့ ပြဿနာတွေကို ရင်မဆိုင်ရတော့ဘူး၊ ကျန်ရစ်ခဲ့တဲ့ မိသားစုလည်း ဂုဏ်ရှိမယ်၊ သေတဲ့လူတွေဟာ စိတ်ချမ်းသာတယ်လို့ ကြားဖူးတယ်၊ အက်ရှလေဟာ စိတ်ချမ်းသာတယ်လို့ မင်း ထင်သလား’

‘ဘာဖြစ်လို့ မချမ်းသာရမှာလဲ၊ သူ့မှာ’



စကားလက်မှာ ဆက်ပြောမည် ပြုပြီးမှ ရပ်သည်။ ယခုတလော အက်ရှလေ တစ်ယောက် ရွှင်ရွှင်ပျပျ မရှိ။

ညှိုးညှိုးငယ်ငယ် ဖြစ်နေသည်ကို အမှတ်ရလာသည်။

‘အက်ရှလေတို့၊ ဟူးခ်ျတို့၊ ဒေါက်တာမိတို့လို လူတွေဟာ စိတ်ချမ်းသာတယ် ထင်သလား၊ ကျုပ် အဖေတို့၊

မင်းအဖေတို့ကော ပျော်မယ်လို့ မင် ထင်သလား’

‘ဒါတော့ အရင်တုန်းကလို ပျော်ချင်မှ ပျော်မှာပေါ့၊ သူတို့မှာ ဥစ္စာလည်းပျက်၊ ပိုက်ဆံလည်း မရှိ’



ရက် ဘတ်တလာက ရယ်၏။



‘ပိုက်ဆံ မရှိလို့ မပျော်တာ မဟုတ်ဘူး သူငယ်မရေ့၊ ပိုက်ဆံ မရှိလို့ မပျော်တာ မဟုတ်ဘူး၊ သူတို့ ကြီးပြင်းလာတဲ့

267

ကမ္ဘာ၊ သူတို့ ကြီးပြင်းလာတဲ့ ခေတ်ကြီး ပျက်စီးသွားလို့ သိရဲ့လား၊ သူတို့ကို ကြည့်ရတာ ကုန်းပေါ်ရောက်နေတဲ့ ငါးကို ကြည့်ရသလိုလို၊ ကြောင်ကို တောင်ပံတပ်ထားတာကို ကြည့်ရသလိုလို ခွကျနေတယ်၊ လောကကြီးနှင့် ဘာမှ အံမဝင်ဘူး၊ သူတို့သိတာက တစ်နေ့နေ့မှာ သူတို့ဟာ တစ်ခုခု ဖြစ်မယ်၊ ရာထူးအဆင့်အတန်း တစ်ခုခု ရမယ်၊ တစ်ခုခုကို လုပ်ရမယ်လို့ သေချာပေါက် တွက်ထားကြတာ၊ ဒါပေမယ့် သူတို့မျှော်မှန်းထားတဲ့ နေရာတွေ၊ သူတို့မျှော်မှန်းထားတဲ့ အလုပ်တွေ မရှိတော့ဘူး၊ ခေတ်ကြီး ပြောင်းသွားတဲ့ အခါကျတော့ သူတို့ မျှော်လင့်ချက်တွေလည်း ပျောက်သွားကြတယ်၊ မင်း စဉ်းစားကြည့်လေ၊ အက်ရှလေ ဆိုရင် သူ့မှာ အိမ် မရှိတော့ဘူး၊ ယာခင်းလည်း မရှိတော့ဘူး၊ သူတို့လို လူကြီးလူကောင်းတွေ ဆိုတာလည်း ဘာမှ အဖိုးမတန်တော့ဘူး၊ တစ်ပြားဖိုးကို အယောက်နှစ်ဆယ်ဈေး ဖြစ်နေပြီ၊ ဒီတော့ အက်ရှလေလို လူတစ်ယောက်အဖို့ ဘာလုပ်စရာ ကျန်သေးလို့လဲ၊ လက်ကြောတင်းအောင် လုပ်နိုင်သလား၊ မလုပ်နိုင်ဘူး၊ စဉ်းစားနိုင်တဲ့ ဉာဏ် ရှိသလား၊ မရှိဘူး၊ ကျုပ် ပြောရဲပါတယ်၊ မင်း သစ်ခွဲစက်ဟာ အက်ရှလေ ဦးစီး လုပ်နေပြီ ဆိုကတည်းက ရှုံးမှာ သေချာနေပြီ’

‘မရှုံးပါဘူး’



‘ဒီလိုဆို

သိပ်တော်တာပေါ့၊

ဒါပေမယ့်

မင်း

အားရင်

တနင်္ဂနွေ

တစ်နေ့လောက်

မင်းသစ်စက်

စာရင်းကို

ကြည့်ခွင့်ပေးရဲပါ့မလား’

‘အိုး ရှင့်ဘာသာ ရှင် ကြည့်ချင်ကြည့်၊ မကြည့်ချင် နေပေါ့၊ ကြည့်ချင် ခု သွားကြည့်ပါလား၊ ဂရုစိုက်လို့၊ စက်ထဲ

သွားကြည့်ရုံတင် မကဘူး၊ သေမင်းဆီ သွားကြည့်ချင် ကြည့်ဦး’

‘ကလေးမရယ် သေမင်းဆီလည်း ကျုပ် ရောက်ဖူးပါပြီ၊ ဒါပေမယ့် သေမင်းက တော်တော်ထုံတယ်၊ ကျုပ်ကို

လက်မခံဘူး၊ တော်ပြီလေ၊ သေမင်းဆီ မသွားတော့ဘူး၊ မင်း အတွက် သွားပေးပါဆိုတောင် မသွားတော့ဘူး၊ မင်း အရေးတကြီး အသုံးလိုတုန်းကတော့ ကျုပ် ပိုက်ဆံကို ယူတယ်၊ အဲဒီ ပိုက်ဆံကို အသုံးချခဲ့တယ်၊ ကျုပ် ချေးတဲ့ ပိုက်ဆံကို ဘယ်လို သုံးရမယ်ဆိုတာနှင့် ပတ်သက်လို့လည်း ကျုပ်တို့နှစ်ယောက် သဘောတူခဲ့ကြတယ်၊ ဒီသဘောတူညီချက်ကို မင်း ဖောက်ဖျက်ခဲ့တယ်၊ မင်း တစ်ခု မှတ်ထားပါ၊ တစ်နေ့ကျရင် မင်း ကျုပ်ဆီက ပိုက်ဆံ ချေးဖို့ကိစ္စ ပေါ်လာဦးမှာပါ၊ မင်း နောက်ထပ် သစ်ခွဲစက်တွေ ဝယ်နိုင်အောင်၊ လားတွေ ဝယ်နိုင်အောင်၊ အရက်ဆိုင်တွေ ဖွင့်နိုင်အောင် ကျုပ်ဆီကို အတိုး နည်းနည်းနှင့် လာပြီး ပေါင်ရဦးမှာပဲ’

‘ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လောကကြီးမှာ ပိုက်ဆံ ချေးရမယ့်လူ ဆိုလို့ ရှင် တစ်ယောက်တည်း ရှိတာမှ

မဟုတ်ဘဲ၊ ဘဏ်တိုက်သွားမှာပေါ့’

စကားလက်က အေးစက်စက် ပြောသည်။ သို့တိုင်အောင် သူ့စိတ်ထဲတွင် ဒေါသဖြင့် ဆူပွက်နေသည်။



‘ဘဏ်တိုက်သွားချေးမယ် ဟုတ်လား၊ ချေးကြည့်ပေါ့၊ ဘဏ်တိုက်မှာ ကျုပ် ရှယ်ယာတွေက အများကြီး’



‘တကယ်လား’



‘တကယ်ပေါ့၊ ကျုပ်က ရိုးရိုးသားသား အလုပ်ကိုလည်း စိတ်ဝင်စားတတ်ပါတယ်’

268



‘ဒါဖြင့် တခြား ဘဏ်တိုက်တွေ သွားမှာပေါ့’



‘ဘဏ်တိုက်တွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် သိပ်တော့ မမျှော်လင့်နှင့်နော်၊ ကျုပ် ဝင်စွက်ရင် မင်း တစ်ပြားမှ

ရမှာ မဟုတ်ဘူး၊ တစ်ခုတော့ ရှိတယ်၊ ပိုက်ဆံ သိပ်လိုလွန်းမက လိုရင်တော့ ကော်ဇောအိတ်သမားတွေဆီ သွားချေး’

‘ဟုတ်တယ်၊ သူတို့ဆီက ဝမ်းမြောက်ဝမ်းသာ ချေးမယ်’



‘ချေးလို့တော့ ရမှာပါပဲ၊ ဒါပေမယ့် မင်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ရမှာတော့ မဟုတ်ဘူး၊ သူတို့ယူတဲ့ အတိုးနှုန်းကို

ကြားရင် မင်း တက်သေမယ်၊ ဒီမှာ သူငယ်မ၊ စီးပွားရေးလုပ်ငန်းမှာ မရိုးသားရင် မရိုးသားတဲ့လူဟာ ဒဏ်ခံရစမြဲပဲ၊ မင်း ကျုပ်ကိုတော့ မှန်မှန်ကန်ကန် ရိုးရိုးသားသား ဆက်ဆံဖို့ ကောင်းတယ်’

‘ရှင် လူကောင်း တစ်ယောက် မဟုတ်လား၊ ချမ်းလည်း ချမ်းသာတယ်၊ အာဏာလည်း ရှိတယ်၊ အက်ရှလေတို့လို၊

စကားလက်တို့လို နိမ့်နေတဲ့ လူကို မြေနိမ့်ရာ လှံစိုက် လုပ်ဖို့ မကောင်းပါဘူး’

‘အို အို၊ မင်းကိုယ် မင်း ဒီအတန်းအစားထဲ မထည့်ပါနှင့်၊ မင်းက နိမ့်နေတဲ့လူမှ မဟုတ်ဘဲ၊ နောင်မှာလည်း ဘယ်တော့မှ

မနိမ့်ပါဘူး၊ အဲ အက်ရှလေကတော့ နိမ့်နေရှာတယ်၊ သူ့နောက်က တစ်ယောက်ယောက်က လမ်းညွှန် ထိန်းသိမ်း မပေးနိုင်ရင် သေတဲ့အထိ ဒီလိုပဲ နေမှာပဲ၊ ဒီတော့ ကျုပ် ချေးတဲ့ ပိုက်ဆံကို ဒီလို လူမျိုးတစ်ယောက်ရဲ့အကျိုးအတွက် သုံးတာမျိုး မဖြစ်စေချင်ဘူး’

‘စကားလက်က နိမ့်နေတယ်ဆိုရင်တော့ ချေးနိုင်တာပေါ့၊ ပြီးတော့’



‘မင်းနှင့်ဆိုရင်တော့ စွန့်ရကျိုးနပ်ပါတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ စွန့်စားမှုမျိုး ဆိုပါတော့၊ မင်းက မင်းတို့

အမျိုးထဲက ယောက်ျားတွေလို ငိုင်မနေဘူး၊ ခေတ်ဟောင်းကို တမ်းတမနေဘူး၊ အတင်း ထပြီး ရုန်းကန်တယ်၊ လှုပ်ရှားတယ်၊ ခု ဆိုရင် မင်းလည်း လူချမ်းသာတစ်ယောက်ဖြစ်နေပြီ မဟုတ်လား၊ သေတဲ့ လူတစ်ယောက်ရဲ့အိတ်ထဲက ခိုးယူလိုက်တဲ့ ပိုက်ဆံရယ်၊ ပြည်နယ်အစိုးရဆီက ခိုးလို့ရတဲ့ ပိုက်ဆံရယ်၊ ဒီနှစ်ခုကို အရင်းတည်ပြီး ချမ်းသာနေပြီ၊ မင်း လုပ်ခဲ့တာလေးတွေး မဆိုးပါဘူး၊ လူသတ်ခဲ့တယ်၊ လင်ခိုးခဲ့တယ်၊ မြှူဆွယ်ခဲ့တယ်၊ လိမ်ခဲ့တယ်၊ လည်လှီးခဲ့တယ်၊ ညာတာလေးတွေလောက်ကတော့ ပြောလို့တောင် ကုန်မှာမဟုတ်ဘူး၊ အင်း ချီးကျူးစရာလေးတွေပါပဲ၊ ဒါတွေ ထောက်ရင် မင်းဟာ လုပ်ရဲ ကိုင်ရဲတဲ့ မိန်းမ၊ ပိုင်းဖြတ်မှု ရှိတဲ့ မိန်းမဆိုတာ ထင်ရှားတယ်၊ ဒီလို မိန်းမမျိုးနှင့် ဆက်ဆံရတာက မလွယ်ဘူး၊ ကျုပ်တောင် စွန့်စားပြီး မင်းကို ဆက်ဆံရတာ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ လူတွေကို ကူညီရတာ ပျော်စရာ ကောင်းပါတယ်၊ ကျုပ် မစ္စက် မယ်ရီဝယ်သာကို ငွေတစ်သောင်း ချေးတယ်၊ ဘာမှ စာချုပ် မပါဘူး၊ သူ ဘာလုပ်သလဲ၊ မုန့်ခြင်းလေး တစ်ခြင်းနှင့် အလုပ် စတယ်၊ ခု သူ ဘယ်လိုဖြစ်နေပြီလဲ၊ မင်း မြင်တဲ့ အတိုင်းပဲ၊ သူ့ မုန့်ဖိုမှာ လူ ခြောက်ယောက် ငှားထားနိုင်ပြီ၊ သူ့ အဘိုးကြီး မစ္စတာ မယ်ရီဝယ်သာက မုန့်လှည်း မောင်းတယ်၊ အင်မတန် ပျင်းတယ်ဆိုတဲ့ ကရီအိုနှင့် ရီနီတောင် အလုပ် လုပ်နေကြပြီ၊ သူတို့ဘဝကို သူတို့ပျော်လို့၊ ကျေနပ်လို့၊ ဒါမှမဟုတ် တွန်မီကို ကြည့်ဦးမလား၊ လူ ကြည့်တော့ လူ တစ်ကိုယ်စာ မရှိဘူး၊ ဒါပေမယ့် လူ နှစ်ယောက်စာ လုပ်တယ်၊ အေးလေ၊ မင်း ငြီးငွေ့နေမှာစိုးလို့ ဒါတွေ မပြောတော့ပါဘူး’

‘ရှင် ပြောတာ နားထောင်ရတာ ငြီးငွေ့လှပြီ၊ ငြီးငွေ့သမှ စိတ်တောင် ပျက်လှပြီ’

269



စကားလက်က ခပ်အေးအေး ပြောလိုက်သည်။ သူ့ကို စိတ် အနှောက်အယှက် ဖြစ်ရန် အက်ရှလေ အကြောင်းကို

နောက်ထပ် မပြောမိရန် ရည်ရွယ်၍ ပြောခြင်းဖြစ်၏။

သို့ရာတွင် ရက် ဘတ်တလာက တစ်ချက် ရယ်လိုက်ကာ စကားကို ဆက်သည်။



‘အဲဒီလို လူမျိုးတွေကို ကူညီရတာက ကူညီရကျိုးနပ်တယ်၊ ဒါပေမယ့် အက်ရှလေလို လူကို ကူညီရတာကတော့

အလကားပဲ၊ သူ့လို လူမျိုးက ဒီနေ့ခေတ်လို ဗရုတ်ဗရက် ကာလကြီးမှာ ဘာမှ တန်ဖိုးမရှိဘူး၊ ဘာမှလည်း သုံးစားလို့ မရဘူး၊ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်ပြီဆိုရင် သူ့လို လူမျိုးတွေဟာ ပထမဆုံး ကျွမ်းပျံကျတာပဲ၊ ကျွမ်းပျံ မကျဘဲ ဘယ် ခံနိုင်မလဲ၊ ဒီလို လူမျိုးဟာ ဘဝ တိုက်ပွဲကို တိုက်လည်း မတိုက်ဘူး၊ တိုက်လည်း မတိုက်တတ်ဘူး၊ ဒီတော့ ဘယ်တော့မှလည်း ရှင်သန် ကျန်ရစ်မှာ မဟုတ်ဘူး၊ ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံ ဖြစ်တာဟာ ဒါ ပထမ အကြိမ် မဟုတ်ဘူး၊ နောက်ဆုံး အကြိမ်လည်း မဟုတ်ဘူး၊ အရင်တုန်းကလည်း ဒါမျိုး ဖြစ်ခဲ့ဖူးပြီ၊ နောင်လည်း ဒါမျိုးတွေ ဖြစ်နေဦးမှာပဲ၊ အဲဒီလို ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံ ဖြစ်ပြီဆိုရင် လူတိုင်းဟာ အတူတူဖြစ်သွားတာပဲ၊ ဘယ်သူ့ ဘယ်သူမှ မြင့်တယ် နိမ့်တယ် မရှိတော့ဘူး၊ အဲဒီ အခါကျတော့ သူသူကိုယ်ကိုယ် အစက ပြန်စကြရတယ်၊ ခြေဖဝါး လက်ဖဝါးကနေ စကြရတာပဲ၊ ကြံရည်ဖန်ရည်နှင့် လက်ရုံးရည်ကို အားကိုးကြရတာပဲ၊ ဒါပေမယ့် အက်ရှလေလို လူမျိုးတွေကျတော့ သူတို့မှာ ကြံရည်ဖန်ရည်လည်း မရှိဘူး၊ လက်ရုံးရည်လည်း မရှိဘူး၊ လက်ရုံးရည်တို့ ကြံရည်ဖန်ရည်တို့ ရှိသည့်တိုင်အောင်လည်း အသုံးချရဲတဲ့ သတ္တိ မရှိဘူး၊ ဒီတော့ သူတို့ ဘာဖြစ်သလဲ၊ လူ့အောက်ကျတော့တာပဲ၊ ကျလည်း ကျသင့်တာပဲ၊ ဒါဟာ လောက နိယာမတရား၊ ဒီလို လူတွေ မရှိရင် လောကကြီး အဖို့ ပိုကောင်းတယ်၊ ဒါပေမယ့် ခံနိုင်ရည် ရှိတဲ့ဘူ၊ ကြံ့ကြံ့ခံနိုင်တဲံ လူမျိုးတွေကတော့ အခက်အခဲတွေကို ဖြတ်ကျော်လာတာပဲ၊ မကြာခင်ကပဲ ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံ မဖြစ်ခင်က အခြေအနေမျိုး ပြန်ရောက်ကြရတာပဲ’

‘ရှင်လည်း ဆင်းရဲခဲ့ဖူးတာပဲ၊ ရှင့်ကို ရှင့် အဖေက အိမ်က နှင်ထုတ်လိုက်တဲ့ အခါကျတော့ ပိုက်ဆံ တစ်ပြားမှ မရှိဘူး

မဟုတ်လား၊ ဒီတော့ အက်ရှလေကို ရှင် နားလည်ဖို့ကောင်းပါတယ်၊ ကိုယ်ချင်းစာဖို့လည်း ကောင်းပါတယ်’

‘ကျုပ် နားလည်သားပဲ’ သူက ပြောသည်။ ‘ဒါပေမယ့် ကိုယ်ချင်းစာလို့တော့ မဖြစ်ဘူး၊ ကိုယ်ချင်းစာရင် ကျုပ်လောက်

မိုက်တဲ့ လူ ဘယ်ရှိတော့မှာလဲ၊ ပြည်တွင်းစစ် ပြီးစတုန်းက အက်ရှလေရဲ့အခြေအနေဟာ ကျုပ် အိမ်က နှင်ထုတ်ခံရတုန်းက အခြေအနေထက် အများကြီးသာတာပဲ၊ အနည်းဆုံး သူ့မှာ ကူညီ မစမယ့် မိတ်ဆွေ အပေါင်းအသင်းတွေ ရှိတယ်၊ ကျုပ်မှာ ဘယ်သူမှ ကူညီမယ့်လူ မရှိဘူး၊ တစ်ကောင်ကြွက်၊ ဒါပေမယ့် အဲဒီတုန်းက အက်ရှလေ ဘာလုပ်ခဲ့သလဲ’

‘ရှင်က ရှင့်ကိုယ် ရှင် သိပ် အထင်ကြီးတာပဲ၊ ရှင်နှင့် နှိုင်းလို့တော့ ဘယ်ဖြစ်မလဲ၊ သူက ရှင်နှင့်မှ မတူဘဲ၊ သူက

ရှင့်လို အဓမ္မ နည်းတွေနှင့် ပိုက်ဆံ မရှာဘူး၊ သူ့ကိုယ်သူ အစွန်းထင်း မခံနိုင်ဘူး၊ ရှင်ကတော့ ပိုက်ဆံရရင် ဘာလုပ်ရလုပ်ရ လုပ်မယ့် လူစား၊ တေလေ ကြမ်းပိုးတွေနှင့်လည်း ပေါင်းတာပဲ၊ ယန်ကီနှင့်လည်း ပေါင်းတာပဲ၊ ကော်ဇောအိတ်သမားနှင့်လည်း ပေါင်းတာပဲ၊ အက်ရှလေက ရှင့်လို မလုပ်နိုင်ဘူး၊ အရှက် အကြောက် တရား ရှိတယ်၊ ကိုယ့် သိက္ခာကို ကိုယ် ရိုသေတယ်’

‘ဒါပေမယ့် မိန်းမတစ်ယောက်ဆီ လက်ဖြန့် အကူအညီတောင်းတာကိုတော့ မရှက်တတ်ဘူးနော်၊ အဲဒါမျိုးကျတော့

ကိုယ့် သိက္ခာလည်း ကိုယ် မရိုသေတတ်ဘူးနော်’

‘သူ မတတ်နိုင်လို့ အကူအညီ ယူရတာပဲ၊ ဒီလို မယူရင် ဘာလုပ်ရမှာလဲ’

270



‘ဒါတော့ ကျုပ်လည်း ဘယ်သိမလဲ၊ ကျုပ်က ကျုပ် လုပ်တာပဲ ကျုပ် ပြောနိုင်တော့မှာပေါ့၊ ကျုပ် အိမ်က

နှင်ထုတ်ခံရတုန်းက စပြီး ဒီနေ့ထိ ကျုပ် ဘာလုပ်တယ်ဆိုတာကိုပဲ ကျုပ် သိတယ်၊ သူများတွေ ဘာလုပ်ရမယ်ဆိုတာကို ကျုပ် မသိဘူး၊ ဒါပေမယ့် သူများတွေ ဘာလုပ်ခဲ့တယ်ဆိုတာကိုတော့ ကျုပ် သိတယ်၊ ခေတ်ကြီး တစ်ခေတ် ပျက်သွားတဲ့အခါကျတော့ အခွင့်အလမ်းတွေ ပေါ်လာတယ်၊ ဒီအခွင့်အလမ်းတွေကို ကျုပ်တို့ တတ်နိုင်သမျှ အသုံးချတယ်၊ တချို့က ရိုးရိုးသားသား အသုံးချကြတယ်၊ တချို့က မရိုးမသား အသုံးချကြတယ်၊ ခုထိလည်း အသုံးချနေကြတုန်းပဲ၊ အက်ရှလေလို လူမျိုးတွေလည်း ကျုပ်တို့လိုပဲ အခွင့်အလမ်း ရသားပဲ၊ ဒါပေမယ့် သူတို့က မယူတာတော့ မတတ်နိုင်ဘူး၊ သူတို့လို လူတွေက ထက်ထက်မြက်မြက် မရှိဘူး စကားလက်၊ ထက်ထက်မြက်မြက် ရှိတဲ့ လူသာလျှင် ရှင်သန် ကျန်ရစ်တယ်’

စကားလက်

သူ့စကားများကို

ကောင်းကောင်း

မကြားတော့။

လေတဟူးဟူး

တိုက်နေစဉ်

မြိုင်သာယာက

သစ်သီးခြံထဲတွင် ရပ်နေသည့် အက်ရှလေကို မြင်ယောင်လာသည်။

သူ့ဘေးတွင် ထင်းပုံကြီးက ဟည်းလျက်။ သူ့ကို ကျော်ကြည့်နေသည်။ နိုင်ငံခြား စကားလုံး တစ်ခုကို ရွတ်ပြကာ

ကမ္ဘာကြီး ပျက်စီးတော့မည်ဟု ပြောသွားသည်။

ထိုစဉ်က သူ့စကားကို စကားလက် ကောင်းကောင်း နားမလည်။ ယခုမူ ထိတ်လန့်သလိုလို ဖြစ်လာသည်။ ရင်ထဲက

မောလာ၏။

‘ဘာဖြစ်လို့လဲ၊ တစ်ခါတုန်းကလည်း အက်ရှလေက ပြောခဲ့ဖူးတယ်’



‘အင်း ဆိုပါဦး၊ ဘာတဲ့လဲ’



‘မြိုင်သာယာမှာတုန်းက စကားလက်ကို ပြောဖူးတယ်၊ ဘုရားသခင်တွေရဲ့ နေဝင်ချိန် ရောက်ပြီတဲ့၊ ကမ္ဘာကြီး ပျက်ချိန်

ရောက်ပြီတဲ့၊ ပြီးတော့ ဘာဆိုလား’

‘ဪ၊ သံဝဋကပ်ကြီးလို့ ပြောတာလား’ ရက် ဘတ်တလာ၏ မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပ

ထက်သန်လာကြသည်။ ‘ပြီးတော့ကော ဘာဖြစ်သေးသလဲ’

‘သေသေချာချာတော့

မမှတ်မိတော့ပါဘူး၊

စကားလက်ကလည်း

ဂရုတစိုက်

နားမထောင်မိဘူး၊

ဒါပေမယ့်

သဘောကတော့ ရှင် ပြောတဲ့ သဘောမျိုးပဲ၊ အားကောင်းတဲ့ လူတွေသာ ရှင်ကျန်ရစ်ပြီး အားနည်းတဲ့ လူတွေက လွင့်စဉ်သွားကြမှာပဲတဲ့’

‘ဪ ဒါဖြင့် သူလည်း သိသားပဲ၊ အေးလေ သိတော့ ပိုဆိုးတာပေါ့၊ လူတော်တော်များများဟာ ဒီတရားကို

မသိကြဘူး၊ နောက်လည်း သိမှာမဟုတ်ဘူး၊ သူတို့ရဲ့ စည်းစိမ်ချမ်းသာတွေ၊ ပျော်ရွှင်မှုတွေဟာ ဘယ်ပျောက်သွားသလဲလို့ စဉ်းစားပြီး တသသ ဖြစ်နေကြတယ်၊ စိတ်ထဲမှာ ကျိတ်ပြီး ခံစားနေကြရတယ်၊ ဒါပေမယ့် အက်ရှလေကတော့ သိသားပဲ၊ သူ လွင့်စဉ်သွားပြီ ဆိုတာ သူ့ဘာသာ သူ သိတာပေါ့’

‘ဟင့်အင်း၊ လွင့်စဉ် မသွားပါဘူး၊ စကားလက် အသက်နှင့် ခန္ဓာ မြဲနေသေးသမျှ သူ လွင့်စဉ် မသွားရဘူး’

271



ရက် ဘတ်တလာက သူ့ကို တိတ်ဆိတ်စွာ ကြည့်သည်။ ညိုမှောင်သည့် သူ့မျက်နှာသည် ချောမွေ့လျက် ရှိ၏။



‘ဒီမှာ စကားလက်၊ အတ္တလန်တာကို လာပြီး မင်း သစ်ခွဲစက်မှာ လာလုပ်ဖို့ ခေါ်တုန်းက အက်ရှလေက ဘယ်လို

သဘောတူပြီး လိုက်လာတာလဲ၊ မလိုက်ဘူးလို့ အကျောက်အကန် မငြင်းဘူးလား’

ဖေဖေ့ အသုဘ ပြီးခါစတွင် ထိုအကြောင်းကို အက်ရှလေနှင့် စကားပြောခဲ့ရသည်ကို စကားလက် အမှတ်ရ၏။

သို့ရာတွင် စိတ်ထဲမှ ဖျောက်ပစ်လိုက်သည်။

‘ဟင့်အင်း၊ မငြင်းပါဘူး၊ စကားလက်က သစ်ခွဲစက်ကို ဦးစီးလုပ်နေတဲ့ ဂျွန်ဆင်ကို မယုံဘူး၊ ဖရင့်ကလည်း

သူ့ကုန်တိုက်နှင့် သူ အလုပ်များနေတဲ့အတွက် စကားလက်ကို အကူအညီ မရဘူး၊ ပြီးတော့ အယ်လာကိုလည်း မွေးတော့မယ်၊ ဒါကြောင့် စကားလက်ကို ကူညီတဲ့ အနေနှင့် လိုက်ခဲ့ပါလို့ ခေါ်တယ်၊ သူ ဝမ်းသာအားရ ကူညီခဲ့တာပဲ’

‘အင်း မိန်းမတွေဟာ တော်တော် ပရိယာယ်များတာပဲ၊ ဒီနည်းနှင့် အက်ရှလေကို မျှားခေါ်လာတာပေါ့ ဟုတ်လား၊

ခုတော့ မင်း ရှိစေချင်တဲ့ နေရာမှာ သူ ရှိနေပြီပေါ့၊ သူ့ခမျာ သနားပါတယ်ကွယ်၊ မင်း စက်မှာ လုပ်နေတဲ့ ထောင်ကျကြီးတွေ သံခြေချင်းခတ် ခံထားရသလို သူ့ခမျာ သံယောဇဉ် ကြိုးတွေနှင့် အနှောင်အဖွဲ့ ခံနေရရှာတယ်၊ အေးလေ မင်းတို့နှစ်ယောက် ကိုယ်စိတ် နှစ်ပါး ချမ်းသာကြပါစေလို့ ကျုပ် ဆုတောင်းပါတယ်၊ ဒါပေမယ့် ခပ်စောစောက ကျုပ် ပြောခဲ့တဲ့ အတိုင်းပဲ၊ မင်းရဲ့ မိန်းမ ဆန်တဲ့ အကြံအစည်တွေ အကောင်အထည်ဖော်ဖို့ ကျုပ်ကတော့ နောက်ထပ် တစ်ပြားမှ မချေးတော့ဘူးနော်၊ တော်တော်လည်တဲ့ သူငယ်မပဲ၊ လှေနံ နှစ်ဖက် နင်းထားတယ်’

စကားလက် ဒေါလည်း ပွသည်။ စိတ်လည်း ပျက်သည်။



မြို့လယ်ကောင်တွင် မြေကွက်တစ်ကွက် ဝယ်မည်။ သစ်ဆိုင် တစ်ဆိုင် ဖွင့်မည်။



ထို့အတွက် ရက် ဘတ်တလာထံမှ ငွေချေးမည်ဟု စိတ်ကူးထားခဲ့သည်။



‘ရှင် ပိုက်ဆံ ချေးမှ ကျွန်မ အလုပ် လုပ်လို့ ရမှာတဲ့လား’ စကားလက်က အော်သည်။ ‘ကျွန်မမှာ ပိုက်ဆံ ရှိတယ်၊ ဂျွန်နီ

ဦးစီးတဲ့ စက်က အမြတ်တွေ ရနေတယ်၊ အများကြီး၊ ဒါတွင် မကဘူး၊ အပေါင်ခံလို့ ရတဲ့ အတိုးတွေ ရှိတယ်၊ ဒါတင် မကဘူး၊ သိချင်သေးလား၊ သိချင်ရင် ပြောလိုက်ဦးမယ်၊ တရားမဝင် လုပ်တဲ့ အလုပ်က ရတဲ့ ငွေတွေလည်း ရှိသေးတယ်၊ သိပြီလား’

‘ကျုပ် ကြားပါတယ်၊ မင်း တော်တော်လည်တဲ့ မိန်းမပဲ၊ အားကိုးရာမဲ့တဲ့ ကပ္ပလီ မုဆိုးမတွေ၊ မိဘမဲ့ကလေးတွေ၊

ပညာမတတ်တဲ့ လူတွေကိုတောင် မရှောင်ဘူး၊ ဒါပေမယ့် ကျုပ် တစ်ခုတော့ ပြောချင်တယ် စကားလက်၊ မင်း မနေနိုင်လို့ ခိုးရင် ဆင်းရဲတဲ့လူ၊ မွဲတဲ့လူတွေဆီကတော့ မလုပ်ပါနှင့်၊ ချမ်းသာတဲ့ လူတွေဆီက ခိုးပါ၊ ချမ်းသာတဲ့ လူတွေဆီက ခိုးတာကတော့ ကိစ္စ မရှိပါဘူး၊ ခိုးကောင်းပါတယ်၊ ရော်ဗင်ဟုတို့ ခေတ်ကတည်းက ဒီနေ့အထိ ဒီလို ခိုးတာမျိုးဟာ အကျင့်ပျက်တယ်လို့ မခေါ်ပါဘူး၊ လူနတ် သာဓု ခေါ်ပါတယ်၊ ခိုးချင်ရင် လူချမ်းသာဆီက ခိုးပေါ့၊ မရှိဆင်းရဲ ဒုက္ခိတတွေဆီက ဘာဖြစ်လို့ ခိုးရတာလဲ’

‘ရှင်းပါတယ်၊ သူဌေးဆီက ခိုးရတာက အန္တရာယ်များတယ်၊ ခက်တယ်၊ ဒီတော့ အန္တရာယ်လည်း မရှိ၊ လွယ်လည်း

လွယ်တဲ့ ဆင်းရဲသားဆီကပဲ ခိုးတာပေါ့’

272



ရက် ဘတ်တလာက အသံမထွက်အောင် ရယ်သည်။ သူ့ ပခုံးများသည် လှုပ်နေကြ၏။



‘မင်း တော်တော် လည်ပြီး တော်တော် ဗြောင်ကျတဲ့ မိန်းမလည်ပဲ’



သူ့ကို မိန်းမလည်တဲ့။ စကားလက် ဆတ်ဆတ်ခါ နာသည်။ မိန်းမလည် မဟုတ်ဟု စိတ်ထဲက အကျောက်အကန်

ငြင်းသည်။ မိန်းမလည် မဖြစ်ချင်။ သူ ဖြစ်ချင်သည်က ဂုဏ်သရေရှိ အမျိုးသမီး။

စကားလက် မေမေ့ကို မြင်ယောင်သည်။ ဝတ်စုံ တရွှမ်းရွှမ်း။ ပန်းပေါင်း နံ့သာအိတ်က အနံ့ တသင်းသင်း။

လက်ချောင်းများက နုနယ်သည့်တိုင် သူတစ်ပါး အကျိုးဆိုလျှင် မညည်းမညူ လုပ်ပေးတတ်သည်။ အားလုံးက ချစ်သည်။ လေးစားသည်။ ကြည်ညိုသည်။

သူ့ကျတော့ ဤသို့ မဖြစ်။ စကားလက် ရင်ထဲတွင် နင့်ခနဲ ဖြစ်သွား၏။



‘ရှင် စကားလက် စိတ်ဆင်းရဲအောင် တရိရိညှဉ်းနေတာလား’ စကားလက် အသံ နွမ်းလျလျက် ရှိ၏။ ‘မရဘူး၊

စကားလက်ကို ဒီလို လုပ်လို့ အပိုပဲ၊ ဟုတ်ပါတယ်၊ ဒီခေတ်မှာ စကားလက်ဟာ သိက္ခာ မရှိတော့ဘူး၊ အရှက်အကြောက် မရှိတော့ဘူး၊ ဒါကို စကားလက် သိပါတယ်၊ မေမေ စကားလက်ကို ဖြစ်စေချင်တာက တစ်မျိုး၊ စကားလက် ဖြစ်လာတာက တစ်မျိုး၊ ဒါပေမယ့် စကားလက် ဘာတတ်နိုင်မှာလဲ ဗိုလ်ကြီး ဘတ်တလာ၊ စကားလက် ဒီလို မလုပ်လို့ ဘယ်လို လုပ်ရမလဲ၊ ဒီခေတ်ကြီးမှာ အကျင့် စာရိတ္တ ကောင်းနေရင်၊ သိက္ခာတွေကို စောင့်ထိန်းနေရင် စကားလက် ဘယ်ဖြစ်မလဲ၊ စကားလက် သားကလေးရော၊ မြိုင်သာယာရော၊ စကားလက်တို့ တစ်တွေရော ဘာဖြစ်မလဲ၊ အားလုံး ငတ်သေကုန်မှာပေါ့၊ ဟုတ်ပါတယ်၊ အကျင့်စာရိတ္တ ကောင်းသင့်တယ်၊ သိက္ခာကို ထိန်းသင့်တယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် ဒီခေတ်ကြီးမှာ ဒါတွေကို စကားလက် မစဉ်းစားချင်တော့ဘူး ဗိုလ်ကြီး ဘတ်တလာ၊ ယုံလည်း မယုံချင်တော့ဘူး၊ စကာလက်သာ ရိုးသာနေရင်၊ သိက္ခာတွေ စောင့်နေရင် စကားလက်တို့ အိမ်ဟာ ခုလောက်ဆို ဂျိုနာ့လက်ထဲ ရောက်နေပြီ၊ စကားလက်တို့ တစ်တွေလည်း လမ်းမပေါ်မှာ နေရတဲ့ ဘဝ ရောက်နေပြီ၊ စကားလက်သာ ရိုးသားနေရင်၊ သဘောကောင်းနေရင်၊ ဖရင့်ကို မရအရ မမြှူခဲ့ရင် စကားလက်တို့ တောင်းစားရတဲ့ ဘဝ ရောက်နေပြီ၊ ဟုတ်တယ်၊ စကားလက်ဟာ မိန်းမလည် ဖြစ်ချင်ဖြစ်မယ်၊ လူလိမ်လူကောက် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် စကားလက် တစ်သက်လုံးတော့ လူလိမ် လူကောက် မဖြစ်ပါဘူး ဗိုလ်ကြီး ဘတ်တလာ၊ ဒီအချိန်မှာ စကားလက် အနေနှင့် ဒီလိုပဲ လုပ်ရမှာပဲ၊ ဒီလို မလုပ်ရင် ဘယ်လို လုပ်ရမလဲ၊ ဘယ်လို နေရမလဲ၊ စကားလက် သိပါတယ်၊ စကားလက်ဟာ ဝန်တွေ အပြည့် တင်လာတဲ့ လှေကြီးကို မုန်တိုင်းထဲမှာ လှော်ခတ်ဖို့ ကြိုးစားနေရတယ်ဆိုတာ စကားလက် နားလည်ပါတယ်၊ စကားလက်မှာ ဒုက္ခတွေ သောကတွေ များလွန်းတဲ့ အခါကျတော့ ဒီလှေကို မနစ်အောင် ရေပေါ် ပေါ်အောင် မနည်းလုပ်နေရတယ်၊ ကျန်တာတွေကို ဂရု မစိုက်နိုင်တော့ဘူး၊ အရေးမကြီးတဲ့ဟာတွေ အကျင့်စာရိတ္တတို့၊ ယဉ်ကျေးမှုတို့၊ ပေါင်းသင်းဆက်ဆံရေး စတဲ့ မရှိရင်လည်း နေလို့ ထိုင်လို့ဖြစ်တဲ့ အရာတွေကို ဂရု မစိုက်နိုင်တော့ဘူး၊ သင်္ဘော နစ်တော့မယ်လို့ ထင်ရင် အရေးမကြီးတဲ့ အရာတွေကို ရေထဲ ပစ်ချခဲ့ရတယ် မဟုတ်လား၊ စကားလက်မှာလည်း ဒီအတိုင်းဖြစ်နေတယ်၊ ကိုယ့်သင်္ဘော နစ်မလားလို့ တထိတ်ထိတ်နှင့် နေရတဲ့ အချိန်မှာ အရေးမကြီးဘူးလို့ ထင်ရတဲ့ပစ္စည်း မှန်သမျှကို ရေထဲ ပစ်ချခဲ့ရတယ်’

‘အရေးမကြီးဘူးလို့ ထင်ရမယ့် အရာတွေဆိုတာ ဘာလဲ၊ ဂုဏ်တို့၊ သိက္ခာတို့၊ အမှန်တရားတို့၊ မြင့်မြတ်ခြင်းတို့၊

273

သနားကြင်နာခြင်းတို့ ဆိုတဲ့ အရာတွေကို ဘေးချိတ်ခဲ့ရတယ် ဆိုပါတော့’ ရက် ဘတ်တလာ ခပ်ဆိုင်းဆိုင်း စဉ်းစား၍ ပြောသည်။ ‘အင်း မင်း ပြောတာလည်း ဟုတ်ပါတယ်လေ၊ သင်္ဘော တစ်စင်း နစ်ခါနီးမှာ ဒါတွေဟာ သိပ် အရေးမကြီးပါဘူး၊ ဒါပေမယ့် မင်း ပတ်ဝန်းကျင်က မိတ်ဆွေတွေကို ကြည့်စမ်း၊ ဘယ်ပစ္စည်းကိုမှ ရေထဲ ပစ်မချရဘဲနှင့် သင်္ဘောကို ဆိပ်ကမ်းအရောက် ပဲ့ကိုင်လာတဲ့ လူလည်း ရှိတာပဲ မဟုတ်လား၊ တချို့ကျတော့လည်း ဘယ်ပစ္စည်းကိုမှ ပစ်မချဘဲ အလံမလှဲဘဲ ကျေကျေနပ်နပ်ကြီး သင်္ဘော အမြုပ်ခံသွားတဲ့ လူတွေလည်း ရှိတာပဲ မဟုတ်လား’

‘အို သူတို့ကို ထည့်ပြောမနေပါနှင့်၊ ဒါက သက်သက်မဲ့ ရူးတာ၊ အရူးထတာ’ စကားလက်က ခပ်သွက်သွက်ပြောသည်။

‘ဘယ် အမှားဖြစ်ဖြစ် နောင်မှာ ပြန်ပြင်လို့ ရပါတယ်၊ စကားလက် ပိုက်ဆံ ချမ်းသာလာတဲ့ တစ်နေ့မှာ စကားလက် ကောင်းကောင်းမွန်မွန် တည်တည်ကြည်ကြည် နေပြပါ့မယ်၊ ရှင် ကြိုက်သလို နေပြပါ့မယ်၊ စကားလက်ရဲ့ ရင်ထဲက ကောင်းချင်တဲ့ စိတ်ကလေးဟာ ပျောက်မသွားသေးပါဘူး၊ ကျန်ပါသေးတယ်၊ အဲဒီ အခါကျတော့ စိတ်ကောင်းရှိအောင် ပြန်မွေးနိုင်တဲ့ အခြေအနေ ရောက်မှာပါ’

‘စိတ်ကောင်း

ရှိအောင်

ပြန်မွေးနိုင်တဲ့

အခြေအနေကို

ရောက်မယ်ဆိုတာတော့

ဟုတ်ပါတယ်၊

ဒါပေမယ့်

ပြန်မွေးလို့တော့ မရတော့ဘူး စကားလက်၊ သင်္ဘောပေါ်က ရေထဲ ပစ်ချပြီးတဲ့ ပစ္စည်းကို ပြန်ဆယ်ဖို့ မလွယ်တော့ဘူး၊ ဆယ်လို့ ရသည့်တိုင်အောင် အဲဒီ ပစ္စည်းဟာ မကောင်းတော့ဘူး၊ ပြင်လို့ မရအောင် ပျက်စီးသွားပြီ၊ ခု မင်း သင်္ဘောပေါ်က ပစ်ချခဲ့တဲ့ ဂုဏ်တို့၊ သိက္ခာတို့၊ ကောင်းမြတ်ခြင်းတို့၊ ကြင်နာခြင်းတို့ ဆိုတဲ့ ပစ္စည်းတွေကို မင်း ပြန်ဆယ်နိုင်တဲ့ အခြေအနေ ရောက်ပြီ၊ ပြန်လည်း ဆယ်ပြီဆိုတဲ့ အခါကျတော့ ဒီပစ္စည်းတွေဟာ ကောင်းတော့မှာ မဟုတ်ဘူး၊ ပင်လယ်ရေ ထိလို့ နဂို အကောင်း ပကတိ ပြန်မရတော့ဘူး’

ရက် ဘတ်တလာက ရုတ်တရက် ထ၍ ဦးထုပ်ကို ကောက်သည်။



‘ပြန်တော့မလို့လား’



‘ပြန်မယ်၊ မင်းလည်း ရင်ဖွင့်ရတာ ကျေနပ်လောက်ရောပေါ့၊ မင်းဘာသာမင်း ဒီလို မျှော်လင့်ချက်ကလေးနှင့် နေတာ

ကောင်းပါတယ်၊ တော်တော်ကြာ ကျုပ် ပြောလို့ စိတ်ပျက်သွားမှ ပိုဆိုးနေပါဦးမယ်’

ရက် ဘတ်တလာက ကလေးကို ငုံ့ကြည့်ပြီး လက်ချောင်း တစ်ချောင်းကို ကလေး လက်ထဲသို့ ထည့်နေသည်။



‘ဖရင့်ကတော့ သူ့သမီးလေးကို သိပ်ချစ်မှာပဲနော်’



‘အမယ်လေး သူ့ အသည်းပဲ’



‘ကလေး ရှေ့ရေးအတွက်လည်း စီစဉ်ပြီးရောပေါ့’



‘စီစဉ်ပြီးပါပြီ၊ ယောက်ျားတွေဟာ သားသမီးနှင့် ပတ်သက်လာရင် နည်းနည်းကို အဖြစ်သည်းတယ်’



‘အင်း ဒါဖြင့် သူ့ကို ပြောလိုက်ပါ’ ရက် ဘတ်တလာက ရုတ်တရက် ပြော၏။ သူ့မျက်နှာထားက ခပ်ထန်ထန်။ ‘ကလေး

ရှေ့ရေးအတွက် ချောချောမောမော ဖြစ်စေချင်ရင် ညည သိပ်ပြီး အပြင် မထွက်ပါနှင့်လို့’

274



‘ရှင် ဘာကို ဆိုလိုတာလဲ’



‘ကျုပ် စကားက ရှင်းပါတယ်၊ အပြင် မထွက်ပါနှင့်လို့သာ ပြောလိုက်ပါ’



‘ရှင့်ဟာက ဘာမှန်းမသိ၊ ညာမှန်းမသိနှင့်၊ ဖရင့်ကပဲ’



‘ဪ တော်တော်ခက်ပါလား ကလေးမရယ်’ ရက် ဘတ်တလာက တဟားဟားရယ်သည်။ ‘မိန်းမတွေနှင့် ပွေတယ်လို့

ပြောတာ မဟုတ်ပါဘူး၊ အင်း ဖရင့် ဖရင့်’

ရက် ဘတ်တလာက ရယ်ရင်း လှေကားထစ်များ တစ်လျှောက် ဆင်းသွားသည်။

275

၄၄



မတ်လ ညနေခင်းက အေးစိမ့်နေသည်။ လေပြင်း တိုက်နေသည်။ စကားလက်က ဒီကက်တော လမ်းအတိုင်း ရထားကို

ဂျွန်နီ ဦးစီးသည့် သစ်စက်သို့ မောင်းလာ၏။ အေးသဖြင့် ပေါင်ပေါ်တွင် လျှောကျ နေသည့် ဝတ်ရုံကို ချိုင်းအောက် ရောက်အောင် ဆွဲတင်လိုက်သည်။ ဤ ရက်များ အတွင်း တစ်ယောက်တည်း မြင်းလှည်း မောင်းရသည်က အန္တရာယ် များသည်။ ကပ္ပလီများကို ထိန်း၍ မရသဖြင့် ပို၍ အန္တရာယ် များသည်။ အက်ရှလေ ပြောသည့် အတိုင်း ကပ္ပလီ မဲပေးပိုင်ခွင့် ဥပဒေကြမ်းကို ပြည်နယ် လွှတ်တော်က ပယ်လိုက်သဖြင့် ကပ္ပလီတို့၏ အခြေအနေက ပို၍ ဆိုးလာသည်။ ပြည်နယ် လွှတ်တော်၏ ဆုံးဖြတ်ချက်သည် မြောက်ပိုင်းကို စော်ကားသည့်နှယ် ရှိသည်။ ပြည်ထောင်စု အစိုးရက ကပ္ပလီတို့ မဲပေးခွင့်ကို မဖြစ်မနေ လုပ်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။ ထို့ကြောင့် ဥပဒေကြမ်းကို ပြည်နယ် လွှတ်တော်က ပယ်လိုက်သည့် အခါတွင် ဂျော်ဂျီယာ ပြည်နယ်ကို သူပုန်နယ် အဖြစ် ကြေညာကာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည်။ ဂျော်ဂျီယာကို ပြည်နယ် အဖြစ်မှ ဖျက်သိမ်း၍ (ဖလောရီဒါနှင့် အယ်လာဘာမားတို့ကဲ့သို့) ‘စစ်နယ်မြေ အမှတ် ၃’ အဖြစ် ကြေညာ လိုက်သည်။

ယခင်ကမှ အထိတ်ထိတ် အလန့်လန့် မငြိမ်မသက် ဖြစ်နေရသည့် အထဲတွင် ယခုလို ဖြစ်လာသည့် အခါ၌ ပို၍

ဆိုးလာသည်။ မနှစ်က ထုတ်ပြန်လိုက်သည့် စစ်စည်းကမ်းများသည် ထိုစဉ်က တင်းကျပ်သည်ဟု ထင်ရသော်လည်း ယခု စည်းကမ်းများနှင့် စာလျှင် ဘာမျှ မပြောလောက်။ လျော့ရဲနေသည်။ လူမည်းများအား ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမည်ဟု ဆိုသည့် အတွက် အနာဂတ်က ဘာမျှ မသေချာ။ ဂျော်ဂျီယာ ပြည်နယ် တစ်ခုလုံး မကျေမနပ် ဖြစ်နေကြသည်။ ကပ္ပလီများ ကလည်း ယန်ကီ စစ်တပ် အားကိုးဖြင့် ရမ်းကားကြသည်၊ သောင်းကျန်းကြသည်။ လုံခြုံမှု ဆို၍ ဘာမျှ မရှိ။

ဤလို ဗရုတ်ဗရက် ကာလကြီးတွင် စကားလက်လည်း ကြောက်သည်။ သို့ရာတွင် စကားလက် မလျှော့။ သူ့

သစ်စက်တွေကို နေ့တိုင်း သွားကြည့်သည်။ ဖရင့်၏ ပစ္စတိုကို ဘာဂီ ထိုင်ဖုံထဲတွင် ထိုးကာ ဘာဂီ တစ်စီးဖြင့် အနှံ့ သွားသည်။ အခြေအနေ ဆိုးအောင် ဖန်တီးသည့် ပြည်နယ် ဥပဒေပြု လွှတ်တော်ကို စိတ်ထဲက ကျိန်ဆဲသည်။ လူအများကမူ ရဲရင့်သည့် အပြုအမူ၊ ပြတ်သားသည့် အပြုအမူဟု ချီးကျူးကြသည်။ သို့ရာတွင် ဤဆုံးဖြတ်ချက်ကြောင့် အခြေအနေ ပို၍ ဆိုးလာခဲ့သည် မဟုတ်လော။

မြို့ပြင်ဘက် ချောင်းထဲက သောင်ပြင်တွင် ကပ္ပလီကွက်သစ် ရှိသည်။ အရိုးပြိုင်းပြိုင်း ထနေသည့် သစ်ပင်များ

အောက်က ချောင်းစပ်သို့ ဆင်းသည့် လမ်းကလေးနားသို့ ရောက်လာ၏။ စကားလက်က မြင်းကို ခပ်သော့သော့ မောင်းသည်။ ဤနေရာသို့ ဖြတ်မောင်း ရသည်ကို စကားလက် ကျောမလုံ။ ဤနား တစ်ဝိုက်တွင် ကပ္ပလီ တဲကုပ်များ ရှိသည်။ အတ္တလန်တာ တစ်ဝိုက်တွင် နာမည်ကြီး ရပ်ကွက် ဖြစ်သည်။ ကပ္ပလီ လူဆိုးများ၊ ခါးပိုက်နှိုက်များ၊ ပြည့်တန်ဆာများ၊ ဆင်းရဲသား လူဖြူများဖြင့် ပြည့်နေသည်။ လူဆိုးသူဆိုးများ အောင်းသည်ဟု နာမည်ကြီးသဖြင့် ယန်ကီ စစ်တပ်က လူဆိုး ရှာလျှင် ဤရပ်ကွက်ကို ပထမဆုံး ရှာတတ်သည်။ သေနတ်ပစ်မှု၊ ဓားပြတိုက်မှုတို့ကလည်း နေ့တိုင်း ဖြစ်သည်။ ကြာသော် အာဏာပိုင်တို့က စစ်ဆေး စုံစမ်းခြင်းပင် မပြုတော့။ ကပ္ပလီများကို သူတို့ဘာသာ သူတို့ ဖြေရှင်းရန် မျက်နှာ လွှဲထားလိုက်ကြသည်။ ကွက်သစ် နောက်ဖေးက တောထဲတွင် အရက်ပုန်း ချက်သူတွေကလည်း ဒုနှင့်ဒေး။ ညဆိုလျှင် သောင်စပ်က ကွက်သစ်ထဲတွင်

276

အရက်မူးသံ၊ ဆဲဆိုသံ၊ ရန်ဖြစ်သံတို့ ဆူညံနေတတ်သည်။

ဤကွက်သစ်ကို

ယန်ကီတို့ကပင်

လူဆိုး

ကွက်သစ်အဖြစ်

အသိအမှတ်

ပြုကြသည်။



ကွက်သစ်ကို

ဖျက်ပစ်ချင်နေသည်မှာ ကြာပြီ။ သို့ရာတွင် ယခုထိ မဖျက်ရသေး။ အတ္တလန်တာနှင့် ဒီကက်တော မြို့နှစ်မြို့ကို ကူးလျှင် ဤကွက်သစ်ကို ဖြတ်ရသည်။ နှစ်မြို့စလုံးက ဖျက်ပစ်စေချင်သည်။ အမျိုးသမီးကောင်းတို့ ဤ ကွက်သစ်ကို မဖြတ်ချင်။ မလွှဲသာ မရှောင်သာမှ ဖြတ်ကြသည်။ လမ်းဘေးတွင် ကပ္ပလီ မိန်းမပျက်များ အရက် မူးကာ အယုတ္တ အနတ္တတွေကို ပြောတတ်ကြသည်။ စော်ကားမော်ကား ပြောတတ်ကြသည်။

အာချီ ရှိစဉ်ကမူ ဤကွက်သစ်ကို စကားလက် ရှိသည်ဟုပင် မထင်။ အာချီ ပါလာလျှင် မည်သူကမျှ မစော်ကားရဲ၊

စေ့စေ့ပင် မကြည့်ရဲ။ သို့ရာတွင် သူ တစ်ယောက်တည်း ဖြတ်ရသည့် အခါတွင်မူ ပြဿနာတွေ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ သူ ဖြတ်သွားလျှင် ကပ္ပလီ ပြည့်တန်ဆာမများက ပြောင်ကြသည်။ မကြားနိုးနား ပြောကြသည်။ စကားလက် ဘာမျှ မတတ်နိုင်။ စိတ်ဆိုးသည့်တိုင် မကြားချင်ယောင်ဆောင် သွားရသည်။ အစော်ကား ခံရသည်ကို အိမ်နီးနားချင်းများအား ပြန်မပြောရဲ။ ပြောလျှင် ‘ဖြစ်မှာပေါ့၊ သူ့ကိုယ်က မနေမှ မနေနိုင်ဘဲ၊ ဒီလောက်တောင် အတင့်ရဲရသလား’ ဟု ပြောတတ်ကြသည်။ သူ့ အိမ်ကလည်း သူ့ကိုပင် အပြစ် ပြောကာ မသွားအောင် တားတတ်သည်။ သစ်ခွဲစက်ကို မသွား၍ကလည်း မဖြစ်။

ထူးထူးဆန်းဆန်း။ ယနေ့မူ လမ်းဘေးတွင် မိန်းမပျက် တစ်ယောက်တလေမျှ မတွေ့ရ။ သောင်စပ်သို့ မောင်းလာသည့်

အခါတွင် ညနေ နေခြည်ထဲတွင် ဝပ်နေကြသည့် တဲကုပ်များကို စကားလက် စက်ဆုပ်ဟန်ဖြင့် လှမ်းကြည့်၏။ လေတစိမ့်စိမ့် အေးနေသည်။ မီးခိုးနံ့၊ ဝက်သားကင်နံ့နှင့် အိမ်သာနံ့တို့ ရော၍ ထွက်လာသည်။ စကားလက်က နှာခေါင်းကို ရှုံ့ကာ မြင်းကို ခပ်သုတ်သုတ် မောင်း၏။

လမ်းကွေ့ကို ကွေ့လိုက်ပြီး သက်ပြင်းချသည်။ သက်ပြင်းချ၍ မဆုံးမီ သူ့ရင်သည် ထိတ်ခနဲ ဖြစ်သွား၏။ ကပ္ပလီကြီး

တစ်ယောက် ဝက်သစ်ချပင်ကြီး နောက်ကွယ်မှ ထွက်လာသည်။ မရဲသော်လည်း ပြေးခဲစေ ဆိုသကဲ့သို့ စကားလက် အားတင်းကာ မြင်းကို ရပ်ပြီး ထိုင်ခုံ ကြားထဲက ဖရင့်၏ ပစ္စတိုကို ဆွဲထုတ် လိုက်သည်။

‘ဘာကိစ္စလဲ’  စကားလက်က ခပ်တည်တည် မေး၏။ ကပ္ပလီကြီးက ဝက်သစ်ချပင် နောက်သို့ ပြန်ဝင်ပြေးသည်။

ကပ္ပလီ အသံက တုန်နေသည်။

‘မလေး၊ ကျုပ်ပါ၊ ဆန်ကြီးပါ’



ဆန်ကြီး၊ စကားလက် သူ့စကားများကို မယုံ။ ဆန်ကြီး။ မြိုင်သာယာက ကူလီခေါင်း ဆန်ကြီး။ ယန်ကီတွေ ဝိုင်းတုန်းက

နောက်ဆုံး တွေ့ခဲ့ရပြီး နောက်ထပ် မတွေ့တော့။ ဤနေရာတွင် လာ၍ ဘာလုပ်နေသနည်း။

‘ဆန်ကြီး ဆိုရင် ထွက်ခဲ့၊ ကြည့်ဦးမယ်’



ကပ္ပလီကြီးက ဝက်သစ်ချပင်ကြီး နောက်ကွယ်မှ မရဲတရဲ ထွက်လာ၏။ အဝတ်အစား အစုတ်စုတ် အပြတ်ပြတ်။ ဖိနပ်

မပါသည့် ကပ္ပလီကြီး။ ဘောင်းဘီ ကျပ်ကျပ်ကို ဝတ်ထားပြီး သူနှင့် မတော်သည့် စစ် အင်္ကျီဟောင်း ခပ်ကျပ်ကျပ် တစ်ထည်ကို ဝတ်ထားသည်။ ဆန်ကြီးမှန်း သေချာသည့် အခါကျမှ စကားလက်က ပစ္စတိုကို ထိုင်ခုံ ကြားထဲသို့ ပြန်ထိုး၏။ စိတ်ပါ လက်ပါ

277

ပြုံးလိုက်သည်။

‘ဆန်ကြီး ဘယ်လို ဖြစ်နေတာလဲ’



ဆန်ကြီးက ဘာဂီဆီသို့ ပြေးလာ၏။ မျက်လုံးများက ဝမ်းသာအားရ ပြူးကျယ်လျက်။ ဖြူဖွေးသည့် သွားများက အရောင်

တလက်လက်။ သူ့ လက်ကြီး နှစ်ဖက်ဖြင့် စကားလက်၏ လက်ကို ဆွဲ၍ နှုတ်ဆက်သည်။ ဖရဲသီးစိတ်လို နီသည့် လျှာက တစ်လစ် ထွက်ကာ ကိုယ်က တွန့်လိမ်နေသည်။ အမဲလိုက် ခွေးကြီး တစ်ကောင် ဆော့နေသည့်နှယ် ရယ်စရာ ကောင်းသည်။

‘တွေ့ရတာ ဝမ်းသာလိုက်တာ မလေးရယ်’ ဆန်ကြီးက စကားလက် အရိုးတွေ ကြေတော့မတတ် လက်ကို

ဖျစ်ညှစ်ထား၏။ ‘ဘာဖြစ်လို့ သေနတ်တွေ ဘာတွေ ကိုင်ထားရတာလဲ’

‘ခေတ်ကြီးက မကောင်းဘူး မဟုတ်လား ဆန်ကြီး၊ ဒီတော့ သေနတ် ကိုင်ရတော့တာပေါ့၊ နေစမ်းပါဦး၊ ဒီကွက်သစ်ထဲမှာ

လာပြီး ဘာလုပ်နေတာလဲ၊ မြို့ထဲ ရောက်တော့ စကားလက်ကို ဘာဖြစ်လို့ လာ မတွေ့တာလဲ’

‘ကျုပ်က ဒီကွက်သစ်မှာ မနေပါဘူး၊ ကိစ္စလေး တစ်ခု ရှိလို့ လာတာပါ၊ ဒီလို နေရာမျိုးတော့ ဘယ်တော့မှ မနေဘူး

မလေး၊ ဒီလောက် အောက်တန်းကျတဲ့ ကပ္ပလီတွေကိုလည်း တစ်ခါမှ မမြင်ဖူးဘူး၊ မလေး အတ္တလန်တာမှာ ရောက်နေတာ မသိဘူး၊ မြိုင်သာယာ မှာပဲ ထင်နေတာ၊ ကျုပ်လည်း အခြေအနေ ကောင်းတာနှင့် မြိုင်သာယာကို ပြန်လာမှာပါ’

‘မြို့ကို ဝိုင်းတုန်းကကော ဆန်ကြီး အတ္တလန်တာ မှာပဲလား’



‘မရှိဘူး မလေး၊ ခရီး သွားနေတယ်’ ဆန်ကြီးက သူ့ လက်ကို လွှတ်လိုက်၏။ စကားလက် အရိုးကြေ မကြေ သိရအောင်

သူ့ လက်ကို ကွေးချည် ဆန့်ချည် မသိမသာ ပြုနေသည်။ ‘ကျုပ်တို့ နောက်ဆုံး တွေ့ကြတာ မှတ်မိသေးလား’

စကားလက် မှတ်မိသည်။ မြို့ကို ယန်ကီတို့ မဝိုင်းမီ ပူပြင်းသည့် နေ့တစ်နေ့ သူနှင့် ရက် ဘတ်တလာတို့ ရထားပေါ်တွင်

စကား ပြောနေစဉ် ကတုတ်ကျင်း တူးရန် မြို့ပြင်သို့ ကပ္ပလီ တစ်သိုက် ချီတက် သွားကြသည်။ ဆန်ကြီးက ရှေ့ဆုံးက။

စကားလက်က ခေါင်းညိတ်ပြ၏။



‘အဲဒီတုန်းက ကတုတ်ကျင်းတွေ တူး၊ သဲအိတ်တွေကာနှင့် လုပ်လိုက်ရတာ မလေးရယ်၊ ပြည်နယ်တပ်တွေ

အတ္တလန်တာက ဆုတ်သွားတဲ့ အထိပဲ၊ ကျုပ်တို့ တပ်စုကို အမိန့် ပေးတဲ့ ဗိုလ်ကြီးလည်း ကျသွားတယ်၊ ကျုပ်တို့လည်း ဘာလုပ်ရမှန်း မသိတော့ ချုံထဲ ဝင်ပုန်း နေရတာပေါ့၊ အဲဒီတုန်းက မြိုင်သာယာကို ပြန်ပြေးလာမယ်လို့ စိတ်ကူးသေးတယ်၊ ဒါပေမယ့် မြိုင်သာယာ တစ်ဝိုက်လည်း မီးရှို့ ခံထားရလို့ တက်တက် ပြောင်နေပြီတဲ့၊ ပြီးတော့ ကျုပ်က လမ်းလည်း ကောင်းကောင်း မသိဘူး၊ လမ်းမှ ပတ္တရောင်တွေနှင့် တွေ့မှာလည်း ကြောက်ရသေးတယ် မဟုတ်လား၊ ဒီနောက် ယန်ကီတွေ ရောက်လာတာပဲ၊ ယန်ကီ စစ်ဗိုလ်က ဗိုလ်မှူးကြီး၊ သူက ကျုပ်ကို ခေါ်သွားပြီး သူ့ဆီမှာ ထားတယ်၊ ဖိနပ် တိုက်ပေးတယ်၊ မြင်းထိန်းရတယ်။

ကျုပ်က လယ်ကူလီ မဟုတ်လား၊ လယ်ကူလီ ကနေ အစေခံ ခန့်တော့ ကျုပ် ဇိမ်ကျနေတာပေါ့၊ ကျုပ်ကလည်း ကျုပ်ဟာ

ကူလီ ဆိုတာ ဖွင့်မပြောဘူး၊ ယန်ကီ ဆိုတဲ့ ကောင်တွေ ဘာနားလည်တာ မှတ်လို့ မလေးရဲ့၊ ယာကူလီနှင့် အိမ်စေကို ဘာမှ

278

ခွဲသိတဲ့ ကောင်တွေ မဟုတ်ဘူး၊ ဒါနှင့် ကျုပ် သူ့ဆီမှာ လုပ်ရင်း သူနှင့် ဆဗားနားကို ပါသွားတယ်၊ ဟိုရောက်တော့ မလေးရေ့ ဆဗားနား တစ်မြို့လုံး မီးလောင်ထားလိုက်တာ ဘာမှ မကျန်တော့ဘူး၊ မြိုင်သာယာကိုကော မီးရှို့ သွားသေးသလား မလေး’

‘ရှို့တယ်၊ ဒါပေမယ့် စကားလက်တို့ ဝိုင်းငြိမ်း လိုက်နိုင်လို့ ဘာမှ မဖြစ်ပါဘူး’



‘ကြားရတာ ဝမ်းသာလိုက်တာ မလေးရယ်၊ မြိုင်သာယာက ကျုပ်အိမ် မဟုတ်လား မလေးရဲ့၊ ကျုပ်လည်း

မြိုင်သာယာကို ပြန်ဖို့ စိတ်ကူးထားတယ်၊ ပြည်တွင်းစစ် ပြီးတဲ့ အခါကျတော့ ကျုပ် ဗိုလ်မှူးကြီးက ကျုပ်ကို ငါနှင့် မြောက်ပိုင်းကို လိုက်ခဲ့တဲ့၊ မင်းကို ငါ လခ ကောင်းကောင်း ပေးမယ်တဲ့၊ ဒါနှင့် အိမ် ခဏ ပြန်ပြီး ဗိုလ်မှူးကြီးနှင့် မြောက်ပိုင်း လိုက်သွားတယ်၊ ဝါရှင်တန်တို့ နယူးယောက်တို့လည်း ရောက်ခဲ့ပြီ၊ ဘော်စတွန်ကိုလည်း ရောက်ခဲ့ပြီ၊ ဟိုမှာ မြင်းတွေ ရထားတွေ မနည်းပါလား မလေးရဲ့၊ လူတွေ လူတွေ ဆိုတာလည်း တိုးလို့ မပေါက်ဘူး၊ ကျုပ်လည်း အဲဒီမှာ နေရတာ ခပ် ကြောက်ကြောက်ရယ်၊ လူကို မနည်း ရှောင်နေရတယ်’

‘မြောက်ပိုင်းမှာ ပျော်ရဲ့လား ဆန်ကြီး’



ဆန်ကြီးက ခေါင်းကုတ်၏။



‘ပျော်လည်း ပျော်တယ်၊ မပျော်လည်း မပျော်ဘူး၊ ဗိုလ်မှူးကြီးကတော့ ကောင်းပါတယ်၊ ကျုပ်တို့ ကပ္ပလီတွေကိုလည်း

နားလည်ပါတယ်၊ ဒါပေမယ့် သူ့ မိန်းမက မကောင်းဘူး၊ ပထမ တွေ့တုန်းကတော့ ကောင်းကောင်းမွန်မွန်ပဲ၊ အတူ ထိုင်တယ်၊ တန်းတူ ဆက်ဆံတယ်၊ ဒီပြင် ယန်ကီတွေလည်း ဒီအတိုင်းပဲ၊ တန်းတူ အထိုင်ခိုင်းတယ်၊ ဒါပေမယ် ကျုပ်ကလည်း မထိုင်ပါဘူး၊ တတ်နိုင်သမျှ ရှောင်ပါတယ်၊ သူတို့က ပါးစပ်ကသာ အတူတူလို့ ပြောပေမယ့် စိတ်ထဲက အတူတူ မဟုတ်ဘူး၊ ကပ္ပလီကို အထင်သေးတယ်၊ မကြိုက်ဘူး၊ လူကောင်ကြီးကလည်း ကြီးတော့ ကျုပ်ကိုလည်း နည်းနည်း ကြောက်ပုံ ရတယ်၊ နောက်တော့ ကျုပ်ကို အမဲလိုပ် ခွေးနှင့် ရှူးတိုက်တယ်၊ ရိုက်တယ်၊ ကျုပ် ဘယ်တုန်းကမှ အရိုက် မခံရဖူးဘူး၊ မလေးလည်း သိသားပဲ၊ သခင်ကြီး ဂျရယ် ရှိတုန်းက ဆိုရင် ကျုပ်လို ကပ္ပလီကို လက်ဖျားနှင့်တောင် မတို့ဘူး’

‘ကျုပ်က မလေးတို့ မေမေ ကပ္ပလီတွေ အပေါ် ဘယ်လောက် ကောင်းကြောင်း၊ ကျုပ် နေမကောင်းရင် နေ့ရော ညပါ

လာပြုစုတတ်ကြောင်း ပြောတော့ သူတို့က မယုံဘူး၊ မမကြီးနှင့် မြိုင်သာယာကို သိပ်လွမ်းတာပဲ၊ သူတို့ဆီ မနေနိုင်တော့ဘူး၊ ဒါနှင့် တစ်ညကျတော့ အိမ်က ထွက်ပြေး၊ ကုန်ရထားပေါ် ခိုးစီးပြီး အတ္တလန်တာကို လိုက်လာခဲ့တာပဲ၊ ကျုပ်ကို စရိတ် ပေးရင် ကျုပ် မြိုင်သာယာ ပြန်ချင်တယ် မလေးရယ်၊ သခင်ကြီး ဂျရယ်နှင့် မမကြီး အယ်လင်တို့လည်း ပြန်တွေ့ရတာပေါ့၊ ကျုပ်က လွတ်လပ်ရေးတွေ ဘာတွေ မလိုချင်ပါဘူး၊ ကျုပ်ကို ထမင်း ကျွေးမယ့်လူရယ်၊ ဘာလုပ်ရမယ် ဘာမလုပ်ရဘူးလို့ အမိန့်ပေးမယ့် လူရယ်၊ ကျုပ် နေမကောင်းရင် ကြည့်မယ့် လူရယ် ရှိရင် တော်ပါပြီ၊ နောက်တစ်ခါ အဆုတ်ရောင် ရောဂါ ဖြစ်ရင် ဘယ့်နှယ် လုပ်မလဲ မလေးရဲ့၊ ယန်ကီ အမျိုးသမီးတွေက ဘယ် ကြည့်မလဲ၊ မြိုင်သာယာ ရောက်ပြီးမှ ရောဂါ ဖြစ်ရင်တော့ အရေးမကြီးဘူး၊ မမကြီး ရှိတယ်၊ ကျုပ် နေမကောင်းရင် မမကြီးက မကြည့်ဘဲ မနေပါဘူး’

‘ဖေဖေတို့ မေမေတို့ မရှိကြတော့ဘူး ဆန်ကြီးရေ’



‘သေပြီ ဟုတ်လား၊ မလေးကလည်း ကျုပ်ကို နောက်မနေပါနှင့်၊ အလကား စိတ်မကောင်းအောင်’

279



‘နောက်တာ မဟုတ်ဘူး ဆန်ကြီး၊ တကယ် ပြောတာ၊ မေမေကလည်း မြိုင်သာယာကို ဗိုလ်ချုပ် ရှားမင်း တပ်တွေ

ဝင်တုန်းက ဆုံးတယ်၊ အို မငိုနှင့်လေ ဆန်ကြီး၊ ဆန်ကြီး ငိုရင် စကားလက်လည်း ငိုမိလိမ့်မယ်၊ ကဲပါ အဲဒီ အကြောင်း မပြောပါနှင့်တော့၊ နောင် အေးအေး ဆေးဆေးကျမှ စကားလက် ပြောပြမယ်၊ ခု မြိုင်သာယာမှာ ဆွီလင် ရှိတယ်၊ ဆွီလင်လည်း ယောက်ျား ရပြီ၊ သူ့ ယောက်ျားက ဝီလီတဲ့၊ ကာရင်းကတော့’

စကားလက်က ရပ်လိုက်၏။ သီလရှင်ကျောင်းကို ဆန်ကြီး နားလည်အောင် သူ ရှင်းမပြတတ်။



‘ကာရင်းကတော့ ခု ချာလက်စတန်မှာ ရောက်နေတယ်၊ ပေါ့နှင့် ပရဇ္ဇီကတော့ မြိုင်သာယာမှာပဲ ရှိတယ်၊ ကဲ ကဲ

တိတ်ပါ ဆန်ကြီးရယ်၊ မျက်ရည်တွေ သုတ်စမ်းပါဦး၊ မြိုင်သာယာကို တကယ် ပြန်ချင်သလား’

‘ပြန်ချင်တာပေါ့ မလေးရဲ့၊ ဒါပေမယ့် မမကြီးတို့ သခင်ကြီးတို့ မရှိတော့ဘူး ဆိုတော့’



‘ဒါဖြင့် အတ္တလန်တာမှာပဲ နေပြီး စကားလက်ဆီမှာ အလုပ်လုပ်မလား၊ စကားလက်မှာ ရထား မောင်းဖို့ လူလိုနေတယ်၊

ဒီခေတ်ကြီးမှာ စကားလက် တစ်ယောက်တည်း သွားလို့ မဖြစ်ဘူး၊ တစ်ယောက်ယောက်တော့ ပါမှ ဖြစ်မယ်’

‘ကောင်းတာပေါ့

မလေးရဲ့၊

ကျုပ်တောင်

မလေး

တစ်ယောက်တည်း

လျှောက်သွားနေလို့

မကောင်းဘူး

ပြောတော့မလို့၊ ခေတ်ကြီးက မကောင်းဘူး မလေးရေ့၊ ကပ္ပလီ လူဆိုးတွေကလည်း သိပ်ပေါတာပဲ၊ ဟောဒီ ကွက်သစ်က ကပ္ပလီတွေက ပိုဆိုးတယ်၊ တစ်ယောက်တည်း သွားဖို့ မကောင်းဘူး၊ ကျုပ် ဒီကွက်သစ်ထဲ ရောက်တာ နှစ်ရက်လောက်ပဲ ရှိသေးတယ်၊ ဒါပေမယ့် မလေး အကြောင်း ပြောသံ ကြားရတယ်၊ မနေ့က မလေး ရထား ဖြတ်မောင်းသွားတော့ မကောင်းတဲ့ ကပ္ပလီ မိန်းမတွေက ဝိုင်းအော်ကြတယ်လေ၊ မလေးကို ကျုပ် မြင်လိုက်တယ်၊ ဒါပေမယ့် မလေးက မြန်မြန် မောင်းသွားတော့ လိုက်လို့ မမီတော့ဘူး၊ ကျုပ် ရှေ့မှာ စော်ကားရင် အရေကို ဆွဲဆုတ်ပစ်မှာ၊ ဒီနေ့ သတိ ထားမိရဲ့လား၊ ဘယ်သူမှ အနား မကပ်ရဲကြတော့ဘူး’

‘စကားလက် သတိထားမိပါတယ် ဆန်ကြီးရယ်၊ ဆန်ကြီးကို ကျေးဇူး တင်ပါတယ်၊ ကဲ ဘယ့်နှယ်လဲ၊ စကားလက်ဆီမှာ

ရထား မောင်းမလား’

‘ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမယ့် ကျုပ်က မြိုင်သာယာမှာ ပိုပျော်တယ်‘



ဆန်ကြီးက အောက်သို့ ငုံ့ကြည့်နေသည်။ ခြေထောက်တွင် ဖိနပ် မပါ။ ခြေမဖြင့် မြေကြီးကို ခြစ်လျက် ရှိ၏။ သူ့

ကြည့်ရသည်က စဉ်းစား တွေဝေနေသည့်ဟန်။

‘ဘာဖြစ်လို့လဲ၊ စကားလက် လခ ကောင်းကောင်း ပေးမှာပါ၊ ပြီးတော့ စကားလက် အိမ်မှာပဲ နေရမယ်’



ဆန်ကြီး၏ မျက်နှာက မည်းမည်းမှောင်မှောင်။ ကလေး တစ်ယောက်၏ မျက်နှာထားကို အကဲခတ်ရသည့်နှယ်

လွယ်သည်။ မော့ကြည့်လိုက်သည့် သူ့ မျက်နှာတွင် ထိတ်လန့်နေသည့် အမူအရာကို မြင်ရ၏။ ဆန်ကြီးက ရှေ့သို့ တိုးလာကာ ဘာဂီပေါ်သို့ ငုံ့၍ ခပ်တိုးတိုး ပြောသည်။

‘ဒီမှာ နေလို့ မဖြစ်ဘူး မလေး၊ အတ္တလန်တာက တခြားကို သွားမှ ဖြစ်မယ်၊ သူတို့ ရှာလို့ မတွေ့မယ့် မြိုင်သာယာကို

280

သွားရမလား စိတ်ကူးတယ်၊ ကျုပ် ကျုပ် လူသတ်လာတယ်’

‘ကပ္ပလီလား’



‘မဟုတ်ဘူး၊ လူဖြူ၊ ယန်ကီ စစ်သားနှင့် လူဖြူတွေ ကျုပ်ကို လိုက်ရှာ နေကြတယ်၊ ဒါကြောင့် ဒီကွက်သစ်ထဲ

ရှောင်နေတာပေါ့’

‘ဘယ်လို ဖြစ်တာလဲ’



‘သူက မူးပြီး ကျုပ်ကို ဆဲတယ်၊ ဒါနှင့် ကျုပ်က လည်ပင်းကို ညှစ်လိုက်တယ်၊ သေအောင် သတ်ဖို့တော့ မဟုတ်ပါဘူး၊

ဒါပေမယ့် ကျုပ် လက်က သန်တယ် မဟုတ်လား၊ ဒီတော့ ဒီကောင် တစ်ခါတည်း သေသွားတယ် ထင်တာပဲ၊ ကျုပ်လည်း ကြောက်ပြီး ဘာလုပ်ရမှန်း မသိဘူး၊ ဒါနှင့် ဒီကွက်သစ်ထဲ လာပုန်းနေတာ၊ မနေ့က မလေး ဖြတ်သွားတာ မြင်လိုက်တာနှင့် ဒီနေ့ ဒီမှာ လာစောင့်နေတာ၊ မလေးကတော့ ကျုပ်ကို ယန်ကီတွေ လက်ထဲ အပ်မှာ မဟုတ်ဘူး၊ မြိုင်သာယာကို ပြန်ပို့ပေးမှာပဲ ဆိုပြီး စောင့်နေတာ’

‘ဆန်ကြီး နောက်ကို လိုက်နေတယ် ဆိုတော့ ဆန်ကြီး သတ်မှန်း သိလို့လား’



‘သိတယ် မလေး၊ ကပ္ပလီကောင်ကြီးကြီး ဆိုတော့ ကျုပ်မှန်း သိတာပေါ့၊ အတ္တလန်တာက ကပ္ပလီ တွေထဲမှာ

ကျုပ်လောက် လူကောင် ထွားတဲ့ကောင် တစ်ယောက်မှ မရှိဘူး၊ မနေ့ညက ဒီရပ်ကွက်ကို ဝိုင်းရှာတယ်၊ ဒါပေမယ့် ကပ္ပလီမလေး တစ်ယောက်က ကွက်သစ် နောက်ဖေး တောထဲက ဂူတစ်ခုထဲမှာ ကျုပ်ကို ဝှက်ပေးတယ်၊ ထွက်ပြေးပြီလို့ ပြောလွှတ်လိုက်တယ်’

စကားလက် မျက်မှောင်ကုတ်၍ စဉ်းစားနေသည်။ ဆန်ကြီး တစ်ယောက် လူသတ်မှု ဖြစ်သည်ကို မအံ့သြ။

အထိတ်တလန့်လည်း မဖြစ်။ သူ့ကို ရထား မောင်းမခိုင်း ရသည့် အတွက်မူ စကားလက် စိတ်ပျက်သည်။ ဆန်ကြီးလို လူကောင် ထွားထွား ကပ္ပလီကို ရထား မောင်းခိုင်း ရလျှင် အာချီလို စိတ်ချရသည့် ကိုယ်ရံတော်ကောင်း ဖြစ်မည်။ ဆန်ကြီးကို အဖမ်း မခံရစေချင်။ ထို့ကြောင့် သူ့ကို မြိုင်သာယာသို့ ပို့ပေးရမည်။ ဆန်ကြီးလို ကပ္ပလီ တစ်ယောက် ကြိုးပေး ခံရမည် ဆိုလျှင် နှမြောဖို့ ကောင်းသည်။ ဆန်ကြီးသည် မြိုင်သာယာတွင် အကောင်းဆုံး ကူလီခေါင်း မဟုတ်လော။ သူ့ စိတ်ထဲ၌ ဆန်ကြီးသည် လွတ်လပ်သည့် ကပ္ပလီ တစ်ယောက်ဟု မမြင်။ ပေါ့၊ ကြီးဒေါ်၊ ဦးလေး ပီတာနှင့် ပရဇ္ဇတို့ကဲ့သို့ပင် သူ ပိုင်သည့် ကပ္ပလီကျွန် တစ်ဦးဟု မြင်နေသည်။ ဆန်ကြီးသည် သူတို့ ‘မိသားစု’ ထဲတွင် တစ်ယောက် အပါအဝင်။ ထို့ကြောင့် ဆန်ကြီးကို အကာအကွယ် ပေးရမည်။

‘ကောင်းပြီလေ၊ ဆန်ကြီးကို ဒီည မြိုင်သာယာကို ပို့ပေးမယ်’ စကားလက် ပြော၏။ ‘ခု စကားလက် သွားစရာ

ရှိသေးတယ် ဆန်ကြီး၊ နေမဝင်ခင် ဒီကို ပြန်လာမှာပဲ၊ ဒီတော့ ဆန်ကြီး ဒီနေရာက စောင့်ပါ၊ ဘယ်သူ့ကို ဘာမှ မပြောနှင့်နော်၊ ဦးထုပ် ရှိရင် ဦးထုပ် တစ်လုံး ဆောင်းခဲ့၊ ဆန်ကြီး မျက်နှာကို လူမမြင်အောင်ပေါ့’

‘ကျုပ်မှာ ဦးထုပ် မရှိဘူး မလေး’

281



‘ရော့ ပိုက်ဆံ ယူသွား၊ ကွက်သစ်ထဲက ကပ္ပလီ တစ်ယောက်ယောက်ဆီက ဦးထုပ်ဟောင်း တစ်လုံး ဝယ်ဆောင်းခဲ့၊

စကားလက်ကို ဒီနားက စောင့်’

‘ဟုတ်ကဲ့ မလေး’



သူ့အား အမိန့်ပေးမည့်သူ ခိုင်းမည့်သူ တွေ့သဖြင့် ဆန်ကြီး မျက်နှာက ဝင်းထိန်နေသည်။



စကားလက်က

ဘာဂီကို

ဆက်မောင်းလာ၏။

ဝီလီကမူ

ယာကူလီကောင်း

တစ်ယောက်

ရပြီဟု

ဆိုကာ

ဝမ်းသာလိမ့်မည်။ ပေါ့က ယာလုပ်ငန်းကို ကောင်းကောင်း မလုပ်တတ်။ နောင်တွင်လည်း လုပ်တတ်စရာ အကြောင်း မရှိ။ ဆန်ကြီး ရောက်သွားလျှင် ပေါ့သည် အတ္တလန်တာသို့ လိုက်လာနိုင်မည်။ မြိုင်သာယာတွင် လူစား ရလျှင် ပေါ့ကို အတ္တလန်တာသို့ ခေါ်မည်ဟု ကတိ ပေးခဲ့သည် မဟုတ်လော။

သစ်ခွဲစက်သို့ ရောက်သည့် အခါ၌ နေဝင်လုပြီ။ ခါတိုင်းထက် နောက်ကျနေသည်။ ဂျွန်နီက သစ်စက် အလုပ်သမားများ

အတွက် ချက်ပြုတ်သည့် မီးဖိုတဲကုပ် တံခါးဝတွင် ရပ်နေသည်။ အိပ်ဆောင် လုပ်ပေးထားသည့် တဲကလေးရှေ့ သစ်တုံးကြီး တစ်တုံးပေါ်တွင် ထောင်ကျ အလုပ်သမား လေးယောက် ထိုင်နေကြ၏။ ထောင်ကျ ပုံစံ အင်္ကျီများက ညစ်ပတ် နံစော်လျက် ရှိသည်။ လှုပ်လိုက်တိုင်း သံခြေကျင်းများက တချွင်ချွင် မြည်နေကြသည်။ သူတို့ကို ကြည့်ရသည်က မည်သူ့ကိုမျှ ဂရုမစိုက်သည့်ဟန်။ ပိန်ပိန်ချည့်ချည့်။ ညစ်ညစ်ပတ်ပတ်။ လူရုပ် မပေါ်တော့။ သူတို့ကို ငှားစကမူ ဤမျှလောက် မပိန်သေး။ သန်သန်မာမာပင် ရှိကြသေးသည်။

ဘာဂီမှ စကားလက် ဆင်းလာသည့် အခါတွင် မော့၍ပင် မကြည့်ကြ။



ဂျွန်နီက ဦးထုပ်ကို ချွတ်ကာ ဘာဂီဆီသို့ လျှောက်လာ၏။ သူ့ မျက်နှာ ညိုညိုက သစ်သီးခွံလို မာကျောလျက်။



‘ရှင့်လူတွေ ဘာဖြစ်နေတာလဲ ဂျွန်နီ’ စကားလက်က မေးသည်။ ‘ကြည့်ရတာ တစ်မျိုးပဲ၊ တစ်ယောက်ကကော

ဘယ်ရောက်နေလဲ’

‘နေမကောင်းလို့တဲ့’ ဂျွန်နီက ခပ်တိုတို ဖြေသည်။ ‘ဟို တဲထဲမှာ’



‘ဘာဖြစ်တာလဲ’



‘ပျင်းတဲ့ ရောဂါပေါ့’



‘ကျွန်မ သွားကြည့်မယ်’



‘မသွားနဲ့လေ၊ အဝတ်အစားမှ ကပ်သေးရဲ့လား မသိဘူး၊ ကျုပ် ကြည့်လိုက်ပါ့မယ်၊ မနက်ဖြန်ဆို အလုပ် ဆင်းမှာပါ’



စကားလက် စဉ်းစားနေ၏။ ထောင်ကျ တစ်ယောက်က မော့၍ ကြည့်ကာ ဂျွန်နီကု စိမ်းစိမ်းကြီး ကြည့်နေ၏။ ထို့နောက်

ခေါင်းပြန်၍ ငုံ့သွားသည်။

282



‘ရှင် သူတို့ကို ရိုက်ခိုင်းသေးလား’



‘ဒီမှာ စကားလက်၊ ကျုပ် ရှင်းရှင်းပဲ မေးရတော့မှာပဲ၊ ဒီစက်ကို ဘယ်သူ ဦးစီးနေတာလဲ၊ ခင်ဗျားပဲ ကျုပ်ကို ဦးစီးပြီး

အလည်ခိုင်းတာ မဟုတ်လား၊ ကျုပ် သဘောကျ စီမံ ခန့်ခွဲပါလို့ ခင်ဗျားပဲ ပြောခဲ့တာ၊ ကျုပ်မှာ ဘာအပြစ် ပြောစရာ ရှိသလဲ၊ ကျုပ် လုပ်တာ ဟူးခ်ျထက် နှစ်ဆ သစ်ပိုကျတယ် မဟုတ်လား’

‘ဟုတ်တော့ ဟုတ်ပါတယ်’



စကားလက်က ပြော၏။ သို့ရာတွင် တစ်ကိုယ်လုံး ကြက်သီးတွေ ထသွားသည်။



ဤသစ်ခွဲစက်တွင် တစ်ခုခု ဖြစ်နေပြီ။ ဟူးခ်ျ လုပ်စဉ်ကနှင့် မတူ။ သစ်စက်က ထောင်ကြီးလို အထီးတည်း။

ထောင်ကျများတွင် ဘာမျှ မခံစားရ။ ဂျွန်နီ လုပ်သမျှကို ခံနေရဟန် တူသည်။ ထောင်ကျများကို ကျာပွတ်ဖြင့် ရိုက်သလော။ အခြား နည်းဖြင့် နှိပ်စက် သလော။ ဤသည်ကိုလည်း စကားလက် မသိ။ ထောင်ကျများသည် သူ့ကို တိုင်ရဲဟန် မတူ။ သူ့ကို တိုင်၍ ပြန်သွားလျှင် ဂျွန်နီက ထို့ထက် ပို၍ နှိပ်စက်မည်ကို ကြောက်နေကြပုံ ရသည်။

‘ထောင်ကျတွေက သိပ် ပိန်လွန်းနေပြီ၊ ရှင် ဝအောင်မှ ကျွေးရဲ့လား၊ ဝအောင် ကျွေးပါ ဆိုပြီး ပိုက်ဆံတွေ

ထုတ်ပေးထားတယ်၊ အရင်လက တစ်လလုံး ဂျုံနှင့် ဝက်သားဖိုး နှစ်ခုပေါင်းမှ ငွေသုံးဆယ်ပဲ ကျတယ်၊ ညကျတော့ ဘာကျွေးသလဲ’

စကားလက် ထမင်းချက်ရုံကို ဝင်ကြည့်၏။ သံချေး တက်နေသည့် ရေနံဆီ မီးဖိုရှေ့တွင် ကပ္ပလီမ တစ်ယောက်

ရပ်နေသည်။ စကားလက်ကို မြင်သည့် အခါ၌ ယဉ်ကျေးမှု သဘောဖြင့် ခေါင်းညိတ် နှုတ်ဆက်ပြီး ခွင်ပေါ်က အိုးတစ်လုံးကို မွှေနေသည်။ အိုးက စားတော်ပဲပြုတ်အိုး။ စားတော်ပဲတွေက စုန်းပြူးတွေ။ ဂျွန်နီက ဤမိန်းမကို ခြေတော် တင်ထားကြောင်း စကားလက် သိသည်။ သို့ရာတွင် မသိချင်ယောင် ပြုနေလိုက်သည်။ စားတော်ပဲပြုတ်နှင့် ပြောင်းဖူးစေ့ပြုတ်မှ လွဲလျှင် အခြား မည်သည့် စားစရာကိုမျှ မတွေ့ရ။

‘ထောင်ကျတွေ ကျွေးမယ့်ဟာက ဒါပဲလား’



‘မဟုတ်ဘူး ရှင့်’



‘ပဲပြုတ်ထဲမှာ အသား ထည့်မပေးဘူးလား’



‘မပါဘူး ရှင့်’



‘အသား ထည့်မှပေါ့၊ စားတော်ပဲက စုန်းပြူးလည်း ဖြစ်သေးတယ်၊ အသားလည်း မထည့်ဘူး ဆိုရင် ဘယ်စားလို့

ကောင်းပါ့မလဲ၊ ဘာဖြစ်လို့ အသား မထည့်တာလဲ’

‘ဂျွန်နီက အသား ထည့်ဖို့ မလိုဘူးတဲ့၊ မထူးဘူးတဲ့’



‘အသားထည့်ပါ၊ ရိက္ခာ ပစ္စည်းတွေ ဘယ်မှာ ထားသလဲ’

283



ကပ္ပလီ အမျိုးသမီးက မျက်လုံးပြူး မျက်ဆံပြူးဖြင့် စတိုခန်း ခပ်ငယ်ငယ်ဆီသို့ လှမ်းကြည့်၏။ စကားလက် တံခါးကို

တွန်းဖွင့်လိုက်သည်။ ကြမ်းပြင်ပေါ်တွင် ဂျုံစေ့စည်ကြီး တစ်စည်က ပက်လက်။ အဖုံး မရှိ။ ဂျုံမှုန့်အိတ်ကလေး တစ်အိတ်၊ ကော်ဖီ တစ်ပေါင်၊ သကြား အနည်းငယ်၊ ထန်းလျက်ရည် တစ်ဂါလန်ပုံး တစ်ပုံးနှင့် ဝက်ပေါင်ခြောက် တစ်ခြမ်းက ပြုတ်ပြီးသား။ စင်ပေါ်တွင် ပက်လက်။ တစ်လွှာ နှစ်လွှာ လှီးထားသည်။ စကားလက်က ဂျွန်နီကို ဒေါသတကြီး လှမ်းကြည့်၏။ ဂျွန်နီ၏ မျက်လုံးများက အေးစက် တင်းမာလျက်။

‘အရင် တစ်ပတ်က ဂျုံအိတ် ငါးအိတ် ပို့လိုက် တာကကော၊ သကြားအိတ်ရော၊ ကော်ဖီရော၊ ဘယ်မှာလဲ၊

ဝက်ပေါင်ခြောက်က ငါးခြမ်း၊ မိုးခိုသားခြောက်က ဆယ်ပေါင်၊ ပလောပီနံဥတွေရော၊ အာလူးတွေရော ဘာမှ မရှိတော့ပါလား၊ ဘယ်ရောက်ကုန်ပြီလဲ၊ ဒီလူ ငါးယောက်ကို တစ်နေ့ ငါးကြိမ် ကျွေးဦး၊ ဒီ တစ်ပတ် အတွင်း ဒီလောက် ဘယ့်နှယ်လုပ်မှ မကုန်နိုင်ဘူး၊ ရှင် ရောင်းစားပစ်တယ် မဟုတ်လား ဟင်၊ ရှင် ခိုးတာ မဟုတ်လား၊ သူခိုး၊ ရိက္ခာတွေကို ရောင်းစားပြီး ဖြတ်စား လျှပ်စား လုပ်တယ်၊ ထောင်ကျတွေကိုတော့ စားတော်ပဲနှင့် ပြောင်းဖူးစေ့ပဲ ကျွေးတယ်၊ ပိန်ချုံးနေတာ ဘာမှ အံ့သြစရာ မရှိဘူး၊ သွား ရှင် ထွက်သွား’

စကားလက်က ဇောင့်ဇောင့်ဖြင့် တံခါးပေါက် ဆီသို့ ထွက်လာ၏။



‘ဒီမှာ ထောင်ကျ အလုပ်သမား၊ ဒီကို ခဏ လာပါ’



ထောင်ကျ အလုပ်သမားက ထ၍ သူ့ဆီသို့ ကွတ ကွတ လျှောက်လာသည်။ သံခြေကျင်းတွေက တချွင်ချွင်

မြည်နေသည်။ ခြေကျင်းဝတ်တွင် သံကြိုး ပွတ်ထားသဖြင့် အသားနီ လန်လျက် ရှိ၏။

‘ဝက်ပေါင်ခြောက် မစားရတာ ဘယ်လောက်ကြာပြီလဲ’



ထောင်ကျ အလုပ်သမားက မြေကြီးကို ငုံ့ကြည့် နေသည်။



‘ပြောလေ’



ဘာမျှ မပြော။ အတန်ကြာတော့မှ စကားလက်ကို တောင်းပန် တိုးလျှိုးသည့် အကြည့်ဖြင့် ကြည့်သည်။ ထိုနောက်

ခေါင်းကို ပြန်ငုံ့သွားသည်။

‘ပြောပါ၊ ကြောက်လို့လား၊ သွား စတိုခန်းထဲ သွားပြီး ဝက်ပေါင်ခြောက်ခြမ်းကို ဒီယူခဲ့၊ ရီဘက်ကာ၊ ဓားတစ်ချောင်း

ပေးလိုက်စမ်း၊ လှီးပြီး အဲဒီ လူတွေကို ဝေပါ၊ ကော်ဖီနှင့် ဘီစကွတ်လည်း ပေးလိုက်၊ ထန်းလျက်ရည်လည်း ပေးလိုက်ပါ၊ သွား ငါ့ရှေ့တင် လုပ်’

‘ဒါက ဂျွန်နီရဲ့ ဂျုံနှင့် ကော်ဖီမှုန့်တွေ မလေး’



ရီဘက်ကာ ကြောက်ကြောက်ရွံ့ရွံ့ ပြော၏။



‘ညည်းလင် ဂျွန်နီရဲ့ ပစ္စည်းရမှာလား၊ ဘာလဲ၊ ဝက်ပေါင်ခြောက်ကကော သူ့ ပစ္စည်းပဲလား၊ သွား ငါ ခိုင်းတာလုပ်၊

284

ဂျွန်နီ ဘာဂီဆီကို ကျွန်မနှင့် လိုက်ခဲ့ပါ’

စကားလက်က သစ်တို သစ်စတွေ ပြန့်ကျဲနေသည့် ကွက်လပ် တစ်လျှောက် ဖြတ်လာကာ ဘာဂီပေါ်သို့ တက်သည်။

ဝက်ပေါင်ခြောက်ကို အငမ်းမရ စားနေကြသည်ကို လှမ်းကြည့်၍ ကျေနပ်နေသည်။ သူတို့ စားနေပုံက သူတို့ ပါးစပ်မှ လုစားမည်ကို စိုးရိမ်သည့်နှယ်။ ဒရောသောပါး။

‘ရှင် တော်တော် ယုတ်မာတဲ့လူ’  စကားလက်က ဘာဂီ ဘေးတွင် ရပ်နေသည့် ဂျွန်နီကို ဒေါသတကြီး အော်သည်။

သူ့ ဦးထုပ်က ခေါင်းပေါ်တွင် နောက်သို့ လန်လျက်။ ‘ရှင် ကျွန်မ ဝယ်ပေးတဲ့ ရိက္ခာဖိုးတွေ ပြန်ပေးပါ၊ နောင်မှာ ရှင့်ကို လလိုက် ဝယ်မပေးတော့ဘူး၊ နေ့စဉ် ဝယ်ပေးတော့မယ်၊ ရှင် ဒါမှ နောင်မှာ ကျွန်မကို မလိမ်နိုင်မှာ’

‘နောင်လည်း ကျုပ်က ဒီမှာ မရှိတော့ပါဘူး’



ဂျွန်နီက ပြောသည်။



‘ဘာလဲ၊ ရှင်က အလုပ်က ထွက်မလို့လား’



‘ရှင် ထွက်ချင် ခုထွက်’ ဟု စကားလက် အော်လိုက်ချင်သည်။ သို့ရာတွင် သတိထား၍ စိတ်ကို ချုပ်တည်းလိုက်ရ၏။

ဂျွန်နီ ထွက်သွားလျှင် သူ မည်သို့ လုပ်ရမည်နည်း။ သူ ဦးစီးသည့် နောက်တွင် ဟူးခ်ျ လက်ထက်ကထက် သစ်တန် နှစ်ဆမျှ ကျသည်။ ယခု သစ်အော်ဒါတွေ ရနေပြီ။ သူ့ လုပ်ငန်း တစ်လျှောက်တွင် ဤမျှ များသည့် အော်ဒါကို မရစဖူး။ အော်ဒါကလည်း အမြန် လုပ်ပေးရမည့် အော်ဒါ။ ဤသစ်များကို မြို့ထဲက သစ်ဆိုင်သို့ အမြန် ရောက်စေချင်လှပြီ။ ဂျွန်နီ ထွက်သွားလျှင် ဤသစ်စက်ကို မည်သူ့ကို ဦးစီးခိုင်းရမည်နည်း။

‘ဟုတ်တယ်၊ ကျုပ် ထွက်တော့မလို့၊ ခင်ဗျားပဲ ကျုပ်ကို ဒီစက်မှာ ကြိုက်သလို စီမံဖို့ အပ်ခဲ့တယ်၊ သစ်များများ

ထွက်နိုင်သမျှ ထွက်အောင် လုပ်ပါလို့ ပြောခဲ့တယ်၊ ဘယ်လို အုပ်ချုပ်ရမယ်လို့ ခင်ဗျား မပြောခဲ့ဘူး၊ သစ်ထွက်ရင် ပြီးရောလို့သာ ပြောခဲ့တယ်၊ ကျုပ် တာဝန်က ခင်ဗျား လိုချင်သလောက် သစ်ခွဲပေးနိုင်ဖို့ပဲ၊ သစ်ပေးနိုင်ရင် ဘာမှ အပြစ် မရှိဘူး၊ ခင်ဗျား များများ လိုချင်တယ်၊ ကျုပ် ခင်ဗျား လိုချင်တဲ့ သစ်ကို အလုံအလောက် ပေးခဲ့တယ်၊ ကျုပ်မှာ ဘာမှ ပြောစရာ မရှိဘူး၊ ခင်ဗျား အတွက် ကျုပ် ပိုက်ဆံ ရှာပေးခဲ့တယ်၊ ကျုပ် ထိုက်တန်တဲ့ လခကို ယူတယ်၊ ဘေးပေါက်က ဝင်ငွေလည်း ရသလောက် ရတယ်၊ ခု ခင်ဗျား စက်ထဲ ဝင်ပြီး စွက်တယ်၊ ကျုပ်ကို ထောင်ကျတွေ ရှေ့မှာ မေးခွန်းတွေ ထုတ်တယ်၊ ကျုပ်ကို အရှက်ခွဲတယ်၊ ခင်ဗျား ဒီလို ဝင်စွက်နေရင် ကျုပ် ရှေ့ဆက်ပြီး ဒီလူတွေကို ဘယ်လိုလုပ် အုပ်ချုပ်မှာလဲ၊ ကျုပ် သြဇာ ဘယ်လိုလုပ် တည်ဦးမှာလဲ၊ သူတို့ ထင်တိုင်း လုပ်နေရင် ကျုပ် ဘာလုပ်လို့ ရတော့မှာလဲ၊ ဒီကောင်တွေကို ဒီထက် ခပ် ကြမ်းကြမ်းတောင် လုပ်ပေးရမယ်၊ ခုတော့ ခင်ဗျားက ဒီကောင်တွေကို အစား အသောက် ကောင်းကောင်း ကျွေးပြီး အလိုလိုက်တယ်၊ ဖျက်ဆီးတယ်၊ ဒီကောင်တွေကို ဒီလို အလိုလိုက်ရင် ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး၊ ဒီတော့ ခင်ဗျား အလုပ်ကို ခင်ဗျား လုပ်ပါ၊ ကျုပ် အလုပ်ကို ကျုပ် လုပ်မယ်၊ ကိုယ့်စည်းနှင့် ကိုယ် လုပ်ပါ၊ ဒီလို မလုပ်နိုင်ရင် ကျုပ် ဒီနေ့ညပဲ အလုပ်က ထွက်မယ်’

ဂျွန်နီ၏ မာကျောကျော မျက်နှာက ခါတိုင်းထက် မာကျောနေသည်။ စကားလက် ငိုင်နေ၏။ ဂျွန်နီ ယနေ့ ထွက်သွားလျှင်

သူ မည်သို့ လုပ်ရမည်နည်း။ ထောင်ကျများကို ညကြီးမင်းကြီး သူကိုယ်တိုင် ကြီးကြပ် လုပ်၍လည်း မဖြစ်။

285



ဝေခွဲမရဟန်သည်

စကားလက်၏

မျက်လုံးတွင်

အထင်းသား

ပေါ်နေ၏။

ဂျွန်နီ၏

မျက်နှာက

ရုတ်ခြည်း

ပြောင်းသွားသည်။ နူးညံ့သည့် အသွင်ကို ဆောင်စ ပြုလာ၏။ သူ့ အသံကလည်း စောစောကလို မာကျောခြင်း မရှိတော့။ ပျော့ပျောင်းလာသည်။

‘မိုးချုပ်နေပြီ စကားလက်၊ ပြန်ဖို့ ကောင်းပြီ၊ ထားပါလေ၊ အသေးအဖွဲကလေးတွေနှင့် ပတ်သက်ပြီး စိတ်ဝမ်းကွဲ

မနေပါနှင့်တော့၊ မဟုတ်ဘူးလား၊ နောက်လ ကျရင် ကျုပ် လခထဲက ငွေတစ်ဆယ် ဖြတ်ပေါ့၊ ဒါဆို ဘယ်သူ့ ဘယ်သူမှ မနာဘူး’

စကားလက်က

ဝက်ပေါင်ခြောက်ကို

ဝါးနေသည့်

ထောင်ကျ

အလုပ်သမားများကို

စိတ်မသက်မသာဖြင့်

လှမ်းကြည့်သည်။ လေ တဟူးဟူး တိုက်နေသည့် တဲထဲတွင် စန့်စန့်ကြီး လဲနေကာ မကျန်းမမာ ဖြစ်နေသည့် ထောင်ကျ အလုပ်သမားကိုလည်း သနားသည်။ ဂျွန်နီကို ထုတ်ပစ်ဖို့ ကောင်းသည်။ ဂျွန်နီက ခိုးလည်း ခိုးသည်။ အကြင်နာ တရားလည်း ကင်းသည်။ သူ မရှိလျှင် ထောင်ကျ အလုပ်သမားများကို မည်သို့ ညှဉ်းပန်း နှိပ်စက်ဦးမည် မသိ။ သို့ရာတွင် ဂျွန်နီသည် အလုပ်အကိုင် တော်သည်။ ထက်မြက်သည်။ သူ့အဖို့ ထက်မြက် ကျွမ်းကျင်သည့် လူ လိုသည်။ ဂျွန်နီနှင့် လောလောဆယ် လမ်းခွဲ၍ မဖြစ်သေး။ ဂျွန်နီက သူ့အတွက် ပိုက်ဆံ ရှာပေးနေသည် မဟုတ်လော။ နောင်တွင် ထောင်ကျ အလုပ်သမားများအား အစားအသောက် ဝဝလင်လင် ကျွေး မကျွေးကို စောင့်ကြည့် ရဦးမည်။

‘ရှင့် လခထဲက နှစ်ဆယ် ဖြတ်မယ်’ စကားလက်က ခပ်ပြတ်ပြတ် ပြောသည်။ ‘ဒီကိစ္စကို မနက်ကျမှ အေးအေးဆေးဆေး

ပြောကြတာပေါ့’

စကားလက် မြင်းဇက်ကို ကောက်ကိုင်သည်။ ပြောမည့်သာ ပြောရသည်၊ ဂျွန်နီနှင့် နောက်ထပ် စကား ပြောစရာ

မလိုတော့။ ကိစ္စက ပြတ်နေပြီ။ ဤသည်ကို ဂျွန်နီလည်း ရိပ်မိကြောင်း စကားလက် သိသည်။

ဒီကက်တော လမ်းအတိုင်း မြင်းလှည်းကို မောင်းလာစဉ် စကားလက်၏ စိတ်၌ ဟီရီသြတ္တပ္ပ တရားနှင့် ငွေလောဘသည်

တိုက်ပွဲဆင် နေသည်။ ထောင်ကျ အလုပ်သမားများအား ဂျွန်နီလို ရက်စက်၍ နှလုံးသား ကင်းသည့် လူမျိုးထံ ဝကွက်၍ မအပ်သင့်။ ဂျွန်နီ မတရားသဖြင့် ခိုင်း၍ လူတစ်ယောက်  သေသွားလျှင် သူလည်း ပယောဂ ကင်းမည် မဟုတ်။ သူ ရက်စက် ကြမ်းကြုတ်ကြောင်းကို အသေအချာ သိပြီးမှ သဘောကျကာ သူ့ကို အကြီးအကဲ ခန့်ခဲ့သည် မဟုတ်လော။ သို့ရာတွင်၊ သို့ရာတွင်။ ဤလူများကို အလုပ်ကြမ်းဖြင့် မခိုင်းသင့်။ တရားဥပဒေကို ချိုးဖောက်၍ အပြစ်ရှိသည် ဆိုလျှင် သူတို့ အပြစ်နှင့် ထိုက်သင့်သည့် ပြစ်ဒဏ်ကိုသာ ပေးသင့်သည်။ သူ၏ ဟီရိသြတ္တပ စိတ်က ဤသို့ ပြောနေသည်။

ပိန်ချုံး ဟောက်ပက်နေသည့် ထောင်ကျ အလုပ်သမားများ၏ မျက်နှာများသည် ရထား မောင်းလာရင်း သူ့

မျက်စိထဲတွင် တရေးရေး ပေါ်နေသည်။

‘အို ဒါတွေကို ခု မစဉ်းစားသေးဘူး၊ နောက်မှ စဉ်းစားမယ်’



စကားလက် ဤသို့ ဆုံးဖြတ်သည်။ အတွေးကို သူ့ စိတ်ထဲမှ ဖျောက်ဖျက်ပစ်၏။



လမ်းကွေ့ ရောက်သည့် အခါတွင် နေရောင် လုံးလုံး မရှိတော့။ နေမင်းက လုံးဝ ပျောက်ကွယ်သွားပြီ။ ကွက်သစ်ချိုင့်

286

အထက်က ပေတစ်ရာလမ်းနှင့် တောအုပ်များ တစ်ဝိုက်တွင် မှောင်နေပြီ။ နေရောင်ပျောက်ခါစ ဆည်းဆာ မှောင်မှောင်တွင် စိမ့်နေသည့် အအေးဓာတ်က ပြိုဆင်းလာသည်။ မှောင်မိုက်သည့် တောအုပ်ဘက်ဆီမှ လေအေးက တဟူးဟူး တိုက်နေသည်။ အရိုး ပြိုင်းပြိုင်း ထနေသည့် သစ်ကိုင်းများက တကျွီကျွီ မြည်ကာ ရွက်ခြောက်များက ရှပ်တိုက် ပြေးနေကြသည်။

ဤအချိန်မျိုး ထိအောင် တစ်ယောက်တည်း တစ်ခါမျှ မနေစဖူး။ စကားလက် စိုးရိမ်လာသည်။ အိမ်ပြန်ရောက်ချင်လှပြီ။



ဆန်ကြီးကို မတွေ့။ ဆန်ကြီးကို စောင့်ရန် မြင်းဇက်ကို ဆွဲ၍ ရပ်သည်။ ဆန်ကြီးကို မတွေ့သဖြင့် ယန်ကီတို့များ

မိသွားပြီလောဟု စိုးရိမ်သွားသည်။

ထိုအခိုက် အောက်ချိုင့် ကွက်သစ်ထဲမှ တက်လာသည့် ခြေသံများကို ကြားရသဖြင့် စကားလက် စိတ်သက်သာရာ

ရသွား၏။ သူ့ကို စောင့်နေရသဖြင့် ဆန်ကြီးကို ဆူရဦးမည်။ သို့ရာတွင် ပေါ်လာသူက ဆန်ကြီး မဟုတ်။

အလုံးအဖန် ကြီးကြီး၊ ခပ်စုတ်စုတ် ဝတ်ထားသည့် လူဖြူ တစ်ဦးနှင့် ပုကွကွ ကပ္ပလီ တစ်ယောက် ဖြစ်သည်။



ကပ္ပလီ၏ ပခုံးက ကိုင်းကာ ရင်အုပ်က မောက်နေသည်။ လူဝံကြီး တစ်ယောက်နှင့် တူသည်။ စကားလက်က

ဇက်ကြိုးခေါက်ဖြင့် မြင်းကို တစ်ချက် ရိုက်လိုက်ပြီး ပစ္စတိုကို ကောက်ကိုင်သည်။ မြင်းက ဝုန်းခနဲ အထွက် လူဖြူက မြင်းပါးချပ်ကို ဖမ်းဆွဲလိုက်၏။

‘အမျိုးသမီး၊ ကျုပ်တို့ကို ပိုက်ဆံ နည်းနည်း ပေးပါ၊ ထမင်း စားချင်လို့’



‘ဘာလုပ်တာလဲ’ စကားလက်က အသံကို တည်ငြိမ်အောင် ကြိုးစား၍ ပြောသည်။ ‘ပိုက်ဆံ မပါဘူး၊ ဖယ်ပါ’



ထိုလူက လျင်မြန် သွက်လက်စွာဖြင့် မြင်းဇက်ကို ဖမ်းဆွဲလိုက်သည်။



‘ဟေ့ ဝင်လု၊ ရင်ဘတ် ကြားထဲမှာ ပိုက်ဆံ ရှိလိမ့်မယ်’



ထိုလူက ကပ္ပလီကို လှမ်းပြောသည်။



ထို့နောက် အဖြစ်အပျက်ကမူ စကားလက်အဖို့ ခြောက် အိပ်မက် မက်သည့်နှယ် ရှိသည်။ ဖြစ်ပုံက မြန်ဆန်သည်။

စကားလက်က ပစ္စတိုကို ချက်ချင်း ဆွဲထုတ်၏။ လူဖြူကို ပစ်လျှင် မြင်းကိုပါ ထိမည်။ သူ့ ခေါင်းထဲတွင် ရှိသည့် ပကတိဥာဏ်က လူဖြူကို မပစ်မိအောင် သတိပေးသည်။ သွားကြီး ဖြီး၍ ဘာဂီပေါ် ခုန်တက်လာသည့် ကပ္ပလီကို တည့်တည့်ကြီး အနီးကပ် ပစ်လိုက်သည်။ မှန် မမှန်ကို သူမသိ။ သို့ရာတွင် တစ်ခဏ အတွင်း လက်တစ်ဖက်က သူ့ လက်ကောက်ဝတ်ကို လိမ်ညှစ်ကာ ပစ္စတို သူ့လက်မှ ပါသွားသည်။

ချဉ်စူးစူး အနံ့ကြီးနှင့် အတူ ကပ္ပလီက သူ့ဘေးတွင် ရောက်လာကာ သူ့ကို ဘာဂီပေါ်မှ ဆွဲချနေသည်။

စကားလက်က အားနေသည့် လက်တစ်ဖက်ဖြင့် အတင်း ရုန်း၏။ သူ့မျက်နှာကို လက်သည်းဖြင့် ကုတ်သည်။ ထို့နောက် သူ့လက်ကြီး လည်ပင်းပေါ် ရောက်လာသည်ကို သိလိုက်သည်။ ဗြန်းခနဲ မြည်သံနှင့် အတူ သူ့အင်္ကျီသည် လည်ပင်းမှ ခါးအထိ ကွဲထွက်သွား၏။ လက် မည်းမည်းကြီးက သူ့ ရင်အုံကြားတွင် လျှောက်စမ်းနေသည်။ တစ်ခါမျှ မကြုံခဲ့ဖူးသော

287

ထိတ်လန့်ခြင်းနှင့် စက်ဆုပ် ရွံရှာခြင်းတို့ ပေါ်လာသည်။ ရူးသွပ်သွားသည့် မိန်းမ တစ်ယောက်သဖွယ် စကားလက် သံကုန် ဟစ်၍ အော်သည်။

‘ပါးစပ်ပိတ်၊ ပါးစပ်ပိတ်၊ အောက်ဆွဲချ’



လူဖြူက အော်သည်။ လက် မည်းမည်းကြီးက စကားလက် မျက်နှာပြင်ကို လျှောက်စမ်းကာ ပါးစပ်ကို ပိတ်သည်။

စကားလက်က သူ့ လက်ကို တအားကုန် ကိုက်ချလိုက်၏။ ထို့နောက် အားကုန် အော်ပြန်သည်။ သူ့ အော်သံ ကြားမှ လူဖြူ၏ ဆဲရေး တိုင်းထွာသံကို ကြားရ၏။ ချက်ချင်းပင် လမ်းပေါ်တွင် နောက်ထပ် လူတစ်ယောက် တိုးလာသည်ကို စကားလက် သိလိုက်သည်။ သူ့ ပါးစပ်ကို အုပ်ထားသည့် လက်မည်းမည်းကြီးသည် ပြုတ်ကျသွားကာ ဆန်ကြီး၏ လက်သီးချက်ဖြင့် ကပ္ပလီ အဝေးသို့ လွင့်သွား၏။

‘မလေး ပြေး ပြေး’



ဆန်ကြီးက အော်ပြီး လဲနေသည့် ကပ္ပလီကို ဖမ်းဆွဲထားသည်။ တုန်လှုပ်စွာ အော်ဟစ်ရင်း စကားလက်က ဇက်ကြိုးကို

ဆွဲကာ မြင်းကို ကျာပွတ်ဖြင့် တရွှမ်းရွှမ်း ရိုက်၍ မောင်းသည်။ မြင်းက လန့်၍ ပြေးသည်။ ရထားဘီးက ပျော့စိစိ အရာကြီး တစ်ခုကို တက်နင်းကာ ခုန်တက်သွားသည်။ ဆန်ကြီး လက်သီးချက် မိသဖြင့် လဲကျနေသည့် လူဖြူ ဖြစ်သည်။

စကားလက် ကြောက်ကြောက်ဖြင့် မြင်းကို တရစပ် ရိုက်မောင်းသည်။ အရာ တစ်ခုကို ဝင်တိုက်သဖြင့် ဘာဂီသည်

စောင်းသွားသည်။ နောက်က တဖုတ်ဖုတ် ပြေးလိုက်လာသည့် ခြေသံကို ကြားသဖြင့် စကားလက် ကြောက်လန့်တကြား အော်၍ မြင်းကို ရိုက်သည်။ လူဝံ မည်းမည်းကြီး နောက်တစ်ခါ ရောက်လာပါက သူ့လက်ဖျားနှင့် မထိခင်တွင်ပင် ကြောက်လန့်၍ အသက် ထွက်လိမ့်မည် ထင်သည်။

သူ့နောက်မှ အော်သံ တစ်သံကို ကြားရသည်။



‘မလေး ရပ်ပါဦး’



စကားလက်က အရှိန်ကို မလျှော့ဘဲ နောက်ပြန် လှည့်ကြည့်၏။ ဆန်ကြီးက နောက်က ပြေးလိုက်လာသည်။ အနား

ရောက်ခါနီးမှ စကားလက်က ဇက်ကို ဆွဲသည်။ ဆန်ကြီးက သူ့ ခန္ဓာကိုယ်ကြီးဖြင့် ရထားပေါ်သို့ ဖျတ်လတ် ပေါ့ပါးစွာ ခုန်တက်သည်။ သူ့ မျက်နှာတွင် သွေးတွေ စီးကျနေသည်။ အသက်ကို ပြင်းပြင်း ရှူလျက် ရှိ၏။

‘ဘယ် ခိုက်မိသွားသေးသလဲ ဟင်၊ ခိုက်မိသလား’



စကားလက် စကားပြန် မပေးနိုင်။ သူ့ မျက်နှာ မူပြီးနောက် ချက်ချင်း တစ်ဖက်သို့ လှည့်သွားသည်ကို မြင်ရသည့်

အခါတွင်မှ သူ့အင်္ကျီစ နှစ်ဖက်ကို တုန်ယင်သည့် လက်များဖြင့် ဆွဲစေ့၏။ ခေါင်းကို ငုံ့ကာ ထိတ်လန့်တကြား ငိုရှိုက်သည်။

‘ပေး ပေး ဇက်ကြိုးပေး၊ ကျုပ် မောင်းမယ်၊ ဟဲ့ မြင်း’



ဆန်ကြီးက သူ့ လက်ထဲမှ ဇက်ကြိုးကို ယူ၏။

288



ရွှမ်းခနဲ ကျာပွတ် မြည်သံနှင့် အတူ မြင်းက ကဆုန်စိုင်းသည်။ ကံကောင်း၍ ဘာဂီ မမှောက်ခြင်း ဖြစ်၏။



‘လူဝံ မည်းမည်းကောင် သေတော့ မသေဘူး ထင်တာပဲ၊ သေသေချာချာတောင် မကြည့်ခဲ့ရဘူး’ ဆန်ကြီးက

အမောတကော ပြောသည်။ ‘မလေးကို တစ်ခုခု လုပ်မိတယ် ဆိုရင်တော့ ကျုပ် ပြန်သွားပြီး ဒီကောင်ကို အသေသတ်ဦးမယ်’

‘တော်ပါတော့ ဆန်ကြီးရယ်၊ မြန်မြန်သာ မောင်းစမ်းပါ’



စကားလက်က ရှိုက်လိုက်သည်။

289

၄၅



ထိုနေ့ညတွင် ဖရင့်က စကားလက်၊ ဒေါ်လေး ပစ်တီနှင့် ကလေးများကို မီလာနီ အိမ်သို့ ပို့ထားပြီး အက်ရှလေနှင့်အတူ

မြင်းဖြင့် အပြင်သို့ ထွက်သွားသည်။ စကားလက် စိတ်လည်း ဆိုးသည်။ စိတ်လည်း နာသည်။ ဤလို ညမျိုးတွင် နိုင်ငံရေး အစည်းအဝေး ရှိသည်ဟု ပြော၍ ထွက်သွားပြီ။ ဘာနိုင်ငံရေး အစည်းအဝေးနည်း။ လူဆိုးသူဆိုးတို့ကြောင့် ဒုက္ခရောက်လာသည့် ည။ သူ့အဖို့ အန္တရာယ်တွေ့နေသည့်ည။ ဤလို ညမျိုးတွင် ထားပစ်ခဲ့ခြင်းမှာ ရက်စက်ရာ ရောက်သည်။ တစ်ကိုယ်ကောင်း ဆန်သည်။ သူ ပြန်ရောက်လာတော့ အင်္ကျီ ရင်ဘတ်က ကွဲလျက်။ ဆန်ကြီးက ငိုရှိုက်နေသည့် သူ့ကို အိမ်သို့ ခေါ်လာသည့် အခါတွင် ဖရင့်က တစ်ချက်ကလေးမျှ ဣနြေ္ဒမပျက်။ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်လျက်။ သူ့ ဖြစ်ပျက်ပုံကို ငိုယို ပြောပြသည့် အခါတွင် မုတ်ဆိတ်မွေးကိုပင် လက်ကလေးဖြင့် မသပ်။ ‘ခိုက်မိလို့လား၊ လန့်သွားတာလား’ ဟု တစ်ခွန်းမျှသာ ခပ်တိုးတိုး မေးသည်။

မျက်ရည်တွေထဲတွင် ဒေါသ ပါလာသည်။ စကားလက် ပြန်၍ မဖြေနိုင်။ ဆန်ကြီးက လန့်ရုံ လန့်သွားခြင်းသာ

ဖြစ်သည်ဟု ဝင်ဖြေ၏။

‘သူတို့ အင်္ကျီ စုတ်ဖြဲနေတုန်း ကျုပ် အချိန်မီ ရောက်သွားတာ’



‘ကျေးဇူးတင်တယ် ဆန်ကြီး၊ ခင်ဗျား ကျေးဇူးကို မမေ့ပါဘူး၊ ကျုပ် တတ်နိုင်တာ ရှိရင် ပြောပါ’



‘ကျုပ်ကို မြိုင်သာယာကိုသာ ပို့ပေးပါ၊ မြန်မြန်သွားရရင် ကောင်းမယ်၊ ယန်ကီတွေ ကျုပ်ကို လိုက်ဖမ်းနေကြတယ်’



ဆန်ကြီး စကားကို နားထောင်သည့်အခါတွင်လည်း ဖရင့်သည် တည်ငြိမ်နေသည်။ မည်သို့မျှ မမေး။ ဖရင့်ကို

ကြည့်ရသည်မှာ တိုနီ ထွက်ပြေးလာပြီး သူတို့ အိမ်တံခါးကို တဘုန်းဘုန်း ထုသည့် ညကလို မတုန်မလှုပ်။ အေးဆေးနေသည်။ ဤကိစ္စသည် ယောက်ျားတို့၏ ကိစ္စ၊ စကား အနည်းဆုံး၊ စိတ်လှုပ်ရှားမှု အနည်းဆုံးဖြင့် လုပ်ရသည့်ကိစ္စ တစ်ရပ်ဟု ယူဆထားသည့် ပုံမျိုး။

‘ကဲ ဘာဂီပေါ် တက်၊ ဒီနေ့ည ကျောက်စရစ်ကုန်း အရောက် ဦးလေးပီတာကို လိုက်အပို့ခိုင်းလိုက်မယ်၊ တောထဲမှာ

ဝင်အိပ်၊ မနက်လင်းတော့မှ ဂျုန်းဘာရိုရထားကို တက်စီး၊ အဲဒီလောက် ရောက်ရင် စိတ်ချရပါပြီ၊ ကဲ စကားလက် တိတ်တော့လေ၊ ဘယ်မှာမှ ခိုက်မိတာ မဟုတ်ဘဲ၊ ဒေါ်လေးပစ်တီ၊ ကျွန်တော့်ကို ရှုလေး နည်းနည်း ပေးပါ၊ ကြီးဒေါ်က စကားလက်ကို အရက်ချို တစ်ခွက်လောက် တိုက်လိုက်’

စကားလက် နောက်တစ်ကျော့ ငိုသည်။ သူ့ကို ဖြေသိမ့်စေချင်သည်။ လူဆိုးများအပေါ်တွင် ဒေါသ ဖြစ်စေချင်သည်။

သူ့ အဖြစ်အပျက်ကို ဘာမျှ အရေးမကြီးသည့် သာမန် ကိစ္စကလေး တစ်ခုနှယ် ယခုလို သဘောထားသည်ထက် သူ့ကို ဆူပူ ကြိမ်းမောင်းသည်ကမှ ခံသာဦးမည်။ သူ့ကို အစကတည်းက သတိပေးထားပါလျက် ဂရုမစိုက်ရသလောဟု ပြောသည်က တော်ဦးမည်။ ဖရင့်သည် စိတ်သဘော ကောင်းသည်။ နူးညံ့သည်။ သို့ရာတွင် ယခုမူ သူ့စိတ်ထဲတွင် ထို့ထက် အရေးကြီးသည့် ကိစ္စ တစ်ရပ်ကို စဉ်းစားနေသည့်ပုံမျိုး။

290



သူ အရေးကြီးသည် ဆိုသည့်ကိစ္စက ဘာ မဟုတ်သည့် နိုင်ငံရေး အစည်းအဝေး။



အဝတ်အစားလဲပြီး မီလာနီ အိမ်သို့ လိုက်ပို့မည်ဟု ပြောသည့်အခါတွင် စကားလက် သူ့ နားများကိုပင် သူ မယုံ။

ညနေက အဖြစ်အပျက်သည် မည်မျှ စိတ်ထိခိုက်စရာ ကောင်းမည်ဟု သိလောက်သည်။ တစ်ကိုယ်လုံး နွမ်းနယ်ကာ အိပ်ရာထဲတွင် နွေးနွေးထွေးထွေး အနားယူဖို့ လိုအပ်ချိန်၌ မီလာနီ အိမ်သို့ သွားမနေချင်ကြောင်းကို သူ သိလောက်သည်။ သူ့ကို တကယ်ချစ်သည်ဆိုလျှင် ဤလို ညမျိုးတွင် ဘယ်မျှ အရေးကြီးသည် ဆိုစေ အပြင် ထွက်ဖို့ မကောင်း။ အနားတွင် ရှိသင့်သည်။ သူ့ဘေးတွင် ထိုင်ကာ သူ့လက်ကို ဆုပ်နယ်နေဖို့ကောင်းသည်။ တစ်စုံတစ်ရာဖြစ်လျှင် ရင်ကွဲရချည့်ဟု ဆီမန်း မန်းသည့်နှယ် တတွတ်တွတ် ရွတ်ဖို့ကောင်းသည်။ ထိုည အိမ်ပြန်ရောက်၍ နှစ်ယောက်တည်း ရှိမှ ဤအကြောင်းကို သူ့အား ပြောရဦးမည်။

မီလာနီ့ ဧည့်ခန်းက အက်ရှလေနှင့် ဖရင့်တို့ အပြင် ထွက်သွားကြသည့် ခါတိုင်း ညများလို အေးဆေး ငြိမ်သက်လျက်

ရှိ၏။ မီးလင်းဖိုမှ မီးရောင်တွင် အခန်းက နွေးထွေး၍ ကြည်နူးစရာ။ စားပွဲပေါ်မှ မီးအိမ်က ခေါင်းငုံ့၍ တက်တင်း ထိုးနေသည့် ခေါင်းလေးလုံးပေါ်သို့ တည်ငြိမ်သည့် ဝါလဲ့လဲ့ မီးရောင်ကို ဖြာကျပေးနေသည်။ ဝတ်စုံ လေးစုံက ဣနြေ္ဒရရ ငိုက်ကျနေပြီး ခြေထောက်ရှစ်ချောင်းက ထိုင်ဖုံနိမ့်လေးများပေါ်တွင် တင်ထားကြသည်။ ကလေးတွေ အိပ်ခန်းဘက်မှ ဝိတ်ကလေး၊ အယ်လာနှင့် ဘိုဘိုတို့၏ အသက်မှန်မှန် ရှူသံပေါ်လာသည်။ အာချီက မီးလင်းဖို အနီးမှ ခွေးခြေ တစ်လုံးပေါ်တွင် ထိုင်လျက် မီးဖိုဘက်ကိုကျောပေးထားသည်။ ပါးစောင်တစ်ဖက်က ဆေးရွက်ကြီး ငုံထားသဖြင့် ဖောင်းနေ၏။ သစ်သား တစ်ချောင်းကို ဓားမောက်ဖြင့် သပ်နေသည်။ ညစ်ပတ်သည့် အမွေးထူထူ အာချီနှင့် သန့်ပြန့်သည့် အမျိုးသမီး လေးဦးတို့က အကွာကြီးကွာနေသည်။ သူက ညစ်ပတ်နေသည့် အိမ်စောင့် ခွေးအိုကြီး။ အမျိုးသမီး လေးဦးက ကြောင်မလေး လေးကောင်နှယ် ရှိသည်။

‘အမျိုးသမီး စောင်းကောက်’ အသင်းဝင်များ လုပ်သည့် ကိစ္စကို ပြန်ပြောနေသည့် မီလာနီ၏ အသံချိုချိုတွင် ဒေါသသံ

စွက်လျက် ရှိ၏။ နောက် စနေဆည်းဆာ ဂီတပွဲအတွက် အမျိုးသားများက အဆိုတစ်ခုတင်သွင်းရာ စောင်းကောက်အသင်းက လက်မခံ။ သူတို့ အသင်း မပါနိုင်။ ဂီတ ပွဲတော်တွင်လည်း မပါတော့ဟု ဇွတ်ပေနေသည်။ မီလာနီ ရောက်လာမှ သူ့ဆွဲဆောင်မှုဖြင့် အမျိုးသမီးစောင်းကောက်အသင်းကို မနည်း ဖျောင်းဖျ ယူရသည်။

စကားလက်က စိတ်ရှုပ်ရှုပ်ဖြင့် အော်ပစ်လိုက်ချင်၏။ ‘ဘာ အမျိုးသမီး စောင်းကောက် အသင်းလဲ၊ အလကားဟာတွေ’

ဟု ဆိုချင်စိတ် ပေါ်သည်။ ညနေက ကြုံခဲ့ရသည့် ထိတ်လန့်စရာ အဖြစ်အပျက်ကို ပြောပြချင်သည်။ အသေးစိတ် ပြောပြချင်သည်။ သူများကို ထိတ်လန့်အောင် ပြောပြမှ သူ ရင်အထိတ် ပြေမည်။ သူ မည်မျှ သတ္တိ ကောင်းပုံကို ပြောပြရမည်။ သို့ရာတွင် သူက ပြောမည်ပြုတိုင်း မီလာနီက စကားလမ်းကြောင်း ပြောင်းကာ အရေးမကြီးသည့် ကိစ္စတွေကို လျှောက်ပြောလျက် ရှိ၏။ စကားလက် သည်းမခံနိုင်တော့။ သူတို့လည်း ဖရင့်လို နှလုံးသား ကင်းမဲ့သူများသာဟု ထင်လိုက်သည်။

ဤမျှ ကြောက်ဖွယ်ကောင်းသည့် အန္တရာယ်မှ သူ သီသီကလေး လွတ်လာချိန်တွင် အဘယ့်ကြောင့် သူတို့ တစ်တွေ

ဤမျှ အေးစက်နေရသနည်း။ ဤ အကြောင်းကို ပြောပြခြင်းဖြင့် စိတ်သက်သာ ရနိုင်မည်။ ဤမျှလောက်ကိုပင် နားထောင်ရန် ဝန်လေး နေကြပြီလော။

291



ညနေက

အဖြစ်အပျက်က

ထိတ်လန့်စရာ။

ဤမျှ

ထိတ်လန့်ခြင်း

ဖြစ်မည်ဟု

သူ့ကိုယ်သူ

မထင်ခဲ့။

ကပ္ပလီကြီး၏ ရှုံ့မဲ့နေသည့် မျက်နှာကြီးကို မြင်ယောင်တိုင်း စကားလက် ရင်တုန်ဆဲ။ သူ့ ရင်အုံပေါ်သို့ ရောက်လာသည့် လက်မည်းမည်းကြီးနှင့်၊ ဆန်ကြီးသာ ရောက်မလာခဲ့လျှင်ဟု တွေးလိုက်မိတိုင်း စကားလက် မျက်လုံးများသည် တင်းကျပ်စွာ မှိတ်၍ ခေါင်းငုံ့ထားလိုက်မိသည်။ တက်တင်း ထိုးရင်း မီလာနီ အသံကို နားထောင်ရင်း ငြိမ်သက် တိတ်ဆိတ်နေသည့် အခန်းထဲတွင် ကြာကြာ ထိုင်နေသည်နှင့်အမျှ သူ့ အာရုံကြောများသည် ဆွဲဆန့်လိုက်သလို ပို၍ တင်းလာကြ၏။ ကြာလျှင် ဘင်ဂျိုကြိုး တစ်ချောင်း ထောင်းခနဲ ပြတ်ထွက်သည့်နှယ် သူ့ အာရုံကြောတွေ ပြတ်ထွက်ကုန်မည်လောဟုပင် ထင်ရသည်။

သစ်သားစကို ဓားကောက်ဖြင့် သပ်နေသည့် အာချီကို ကြည့်၍ အနှောင့်အယှက် ဖြစ်နေသည်။ ထို့ကြောင့် အာချီကို

မျက်မှောင်ကုတ် ကြည့်လိုက်၏။ ဤနေရာတွင် လာထိုင်ကာ သစ်သားစ တစ်စကို ရွေးနေသည်မှာ နည်းနည်း ထူးဆန်းသည်။ ခါတိုင်း အစောင့်ကျလျှင် အာချီသည် ထိုင်ဖုံကြီးပေါ်တွင် ပက်လက်လှန်၍ အိပ်နေပြီ။ နှုတ်ခမ်းမွေးတွေ ထွက်သက် လေရှိန်ဖြင့် ထောင်လာသည် အထိ တခေါခေါ ဟောက်နေပြီ။ ကြမ်းပြင်ပေါ်တွင် သစ်သားစတွေက အဖွေးသား။ အောက်က စက္ကူ တစ်ချပ် ခင်းထားဖို့ မီလာနီကလည်း မပြော။ အင်ဒီယာကလည်း မပြော။ ဤသည်ကလည်း ပို၍ ထူးဆန်းနေသည်။ အာချီ လက်ချက်ကြောင့် ကြမ်းခင်းကော်ဇောပေါ်တွင် သစ်သားစတွေ ပုံနေသော်လည်း သတိပြုမိပုံ မရကြ။

သူ စိုက်ကြည့်နေစဉ်တွင် အာချီက မီးဖိုဘက် လှည့်ကာ ဆေးရွက်ကြီးရည်တွေကို ပျစ်ခနဲ ထွေးလိုက်၏။ အင်ဒီယာ၊

မီလာနီနှင့် ဒေါ်လေး ပစ်တီတို့က အနီးတွင် ဗုံးပေါက်ကွဲသွားသည့်နှယ် လန့်၍ ခုန်လိုက်ကြသည်။

‘ဖြည်းဖြည်း ထွေးပါ အာချီရဲ့’



အင်ဒီယာက

လန့်သွားသည့်

လေသံဖြင့်

ပြော၏။

အမြဲတမ်း

စိတ်ကို

ချုပ်တည်းနိုင်သည့်

အင်ဒီယာပင်

ဣနြေ္ဒပျက်နေသဖြင့် စကားလက် သူ့ကို တအံ့တဩ ကြည့်သည်။

အာချီက သူ့ကို စိန်းစိန်းကြီး ပြန်ကြည့်သည်။



‘ငါ့ဘာသာ ငါ ထွေးတာ ဘာဖြစ်သလဲ’



အာချီက အေးစက်စက် ပြောကာ ပျစ်ခနဲ ထပ်ထွေးသည်။ မီလာနီက အင်ဒီယာကို မျက်မှောင်ကုတ်၍ ကြည့်လိုက်၏။



‘တို့ အဖေများတော့ ဘယ်တော့မှ ဆေးမငုံဘူး၊ တော်သေးတာပေါ့’



ဒေါ်လေး ပစ်တီက ပြောသည်။ မီလာနီ၏ မျက်မှောင်က ပို၍ ကုတ်သွားသည်။ ထို့နောက် ဒေါ်လေး ပစ်တီကို

ငေါက်လိုက်သည်။ မီလာနီ ငေါက်သည်ကို စကားလက် ဤတစ်ခါသာ ကြားဖူးသေးသည်။

‘ဒေါ်လေး ပစ်တီကလည်း စကား သိပ်များတာပဲ၊ တိတ်တိတ် နေတာ မဟုတ်ဘူး’



‘အလိုတော်’ ဒေါ်လေးပစ်တီက ချုပ်လက်စ ချုပ်ထည်ကို ပေါင်ပေါ်တွင် တင်လိုက်၏။ နှုတ်ခမ်းက မဲ့နေသည်။

‘ဒီနေ့ည ညည်းတို့နှစ်ယောက် ဘယ်လို ဖြစ်နေကြတာလဲ၊ ညည်းရော အင်ဒီယာရော နှစ်ယောက်စလုံး စကားလည်း တစ်ခွန်းမှ မပြောကြဘူး၊ မျက်နှာကြီးတွေကလည်း မှုန်လို့’

292



မည်သူကမျှ မဖြေကြ။ မီလာနီက သူ ငေါက်မိသည့်အတွက် ပြန်၍ပင် တောင်းပန်ခြင်း မပြု။ စိတ်ဆိုးဆိုးဖြင့်

အပ်ချုပ်နေသည်။

‘ညည်း ချုပ်တာကလည်း အပ်ပေါက်က တစ်ပေါက်နှင့် တစ်ပေါက် ကြားမှာ ချုပ်ရိုးတွေက တစ်လက်မလောက်

ရှည်တယ်’ ဒေါ်လေး ပစ်တီက ကျေနပ်သွားဟန်ဖြင့် ပြော၏။ ‘စိပ်စိပ် ချုပ်မှပေါ့၊ ဒီနေ့ည ဘယ်လို ဖြစ်နေကြတာလဲ’

သို့တိုင်အောင် မီလာနီက မည်သို့မျှ မဖြေ။



ပြဿနာ တစ်ခုခု ဖြစ်နေပြီလောဟု စကားလက် စဉ်းစား၏။ သူကိုယ်တိုင် ညနေက အဖြစ်အပျက်ကြောင့်

အကြောက်လွန်နေသဖြင့်

သတိမထားမိခြင်းလော။

ဟုတ်သည်။

သူတို့တစ်တွေ

ညည

ဝိုင်းထိုင်ပြီး

စကား

ပြောနေကြဟန်မျိုး ပေါ်အောင် မီလာနီ ကြိုးစားနေသည့်တိုင် ဤနေ့ညတွင်မူ တစ်မျိုး ထူးခြားနေသည်။ အနည်းငယ် တုန်လှုပ် ချောက်ချားနေကြသည့်ပုံ ပေါ်နေ၏။ ညနေက အဖြစ်အပျက်ကြောင့် ထိတ်လန့် တုန်လှုပ်နေခြင်းမူ ဟုတ်ဟန် မတူ။ စကားလက်က သူ့ အဖော်များကို ခိုးကြည့်၏။ အင်ဒီယာနှင့် မျက်လုံးချင်း ဆုံမိကြသည်။ စကားလက် စိတ်ထဲတွင် အောင့်သွားသည်။ အင်ဒီယာ ကြည့်ပုံက သူ့ကို အကဲခတ်နေသည့် အကြည့်။ အေးစက် နက်ရှိုင်းသည့် သူ့ အကြည့်တွင် အမုန်းထက် ခွန်အားကြီးသော အရာတစ်ခု၊ အထင်သေးခြင်းထက် ပိုသော အရာ တစ်ခုကို မြင်လိုက်ရ၏။

‘ညနေက အဖြစ်အပျက်ကြောင့် ငါ့ကို အပြစ်တင်နေတဲ့ အကြည့်မျိုး’ ဟု စကားလက်က ထင်လိုက်သည်။



အင်ဒီယာက မျက်လုံးကို အာချီဆီသို့ လွှဲလိုက်၏။ အာချီကြောင့် အနှောင့်အယှက် ဖြစ်သည့်ဟန်မျိုး မရှိတော့။

အာချီကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်နေပြန်သည်။ သို့ရာတွင် အာချီက သူ့ကို မကြည့်။ အင်ဒီယာသည် အေးစက်သည့် အကြည့်မျိုးဖြင့် စကားလက်ကို ကြည့်နေသည်။

မီလာနီက စကား ဆက်မပြောတော့သဖြင့် အခန်းထဲတွင် တိတ်ဆိတ်လျက် ရှိ၏။ တိတ်ဆိတ်လျက် ရှိစဉ် အပြင်ဘက်မှ

လေတိုက်သံကို ကြားနေရသည်။ စိတ်မချမ်းသာစရာည၊ မင်္ဂလာ မရှိသည့် ညဟု စကားလက် ရုတ်တရက် ထင်လာသည်။ အခန်းထဲတွင် တင်းမာသည့် အသွင် ပေါ်နေ၏။ ညနေကတည်းက ဤအတိုင်း ရှိနေသလော။ သူ စိတ်လှုပ်ရှားနေသဖြင့် ဤ အခြင်းအရာကို သတိ မမူမိသလော။ အာချီ၏ မျက်နှာက သတိသွင်း၍ တစ်စုံတစ်ရာကို စောင့်နေသည့်ဟန်။ အမွေး အမှင်တွေ ပေါက်နေသည့် နားရွက်က တောကြောင် နားရွက်လို စွင့်ထားသည် ထင်ရ၏။ မီလာနီနှင့် အင်ဒီယာတို့၏ အမူအရာကလည်း ဣနြေ္ဒ ဆည်ထားရသည့် ပုံမျိုး။ လမ်းမမှ မြင်းခွာသံ ကြားတိုင်း အပ်ချုပ်နေရာက ခေါင်းကို မော့ကြည့်တတ်ကြသည်။ တဝီဝီ တိုက်နေသော လေထဲတွင် သစ်ကိုင်းချင်း ပွတ်ထိသံ ကြားလျှင်၊ မြက်ခင်းပြင်ပေါ်မှ ရွက်ခြောက်များ ရှက်တိုက် လွင့်သွားသံ ကြားလျှင် မော့ကြည့်ကြသည်။ မီးလင်းဖိုထဲမှ ဂျွမ်းခနဲ မီးဝါးသံကို ကြားလျှင်ပင် ဖော့နင်းလာသည့် ခြေသံ တစ်သံကို ကြားလိုက်ရသည့်နှယ် လန့်သွားကြသည်။

တစ်ခုခုတော့ ဖြစ်နေပြီ။ မည်သည့် ကိစ္စနည်းဟု စကားလက် စဉ်းစား၏။ တစ်ခုခုမူ ဖြစ်နေပြီ။ မည်သည်ဟု စကားလက်

မသိ။ ဒေါ်လေး ပစ်တီ၏ မျက်နှာကို ကြည့်သည်။ ဒေါ်လေးပစ်တီ၏ မျက်နှာက ပရိယာယ် မဆောင်တတ်။ မျက်နှာကို ရှုံ့၍ နှုတ်ခမ်းစူနေသည်။ ဒေါ်လေး ပစ်တီကလည်း သူ့လိုပင် ဘာမျှ သိပုံ မရ။ သို့ရာတွင် အာချီ၊ မီလာနီနှင့် အင်ဒီယာတို့ကမူ သိပုံရသည်။ တိတ်ဆိတ်လျက် ရှိစဉ် မီလာနီနှင့် အင်ဒီယာတို့၏ အတွေးများသည် လှောင်အိမ်ထဲ ရောက်နေသည့်

293

ရှဥ့်ကဲ့သို့ ယောက်ယက်ခတ်နေသည်ဟု စကားလက် ခံစားရ၏။ ဘာမျှ မထူးခြားဟန် ဣနြေ္ဒ ဆောင်နေကြသော်လည်း တစ်ခုခုကိုမူ သူတို့ သိသည်။ တစ်ခုခုကို စောင့်မျှော်နေကြသည်။ သူတို့ အဇ္ဈတ္တသန္တာန်တွင် ယောက်ယက်ခတ်နေခြင်းသည် စကားလက်ထံသို့ ကူးစက်လာ၏။ စကားလက် ပို၍ တုန်လှုပ်လာသည်။ လက်ကို အပ်ဖြင့် ထိုးမိသည်။ စကားလက်က အပ်ထိုးမိ၍ အော်လိုက်သည်တွင် အားလုံး လန့်သွားကြသည်။ စကားလက်က သွေးထွက်လာသည်အထိ လက်ဖျားကို ညှစ်လိုက်၏။

‘အပ်ကလည်း ချုပ်လို့ကို မရဘူး’ စကားလက်က ချုပ်ထည်ကို ကြမ်းပေါ်သို့ ချလိုက်၏။ ‘ရင်ထဲက ကတုန်ကယင်နှင့်၊

စကားလက်ပြန်ပြီး အိပ်တော့မှပဲ၊ ဖရင့်ကလည်း ခုထက်ထိ ပြန်မလာဘူး၊ ဘာများ ဒီလောက် အရေးကြီးနေသလဲ မသိဘူး၊ ပါးစပ်က ပြောတော့ အမျိုးသမီးတွေကို ကော်ဇောအိတ် သမားတွေ ကပ္ပလီတွေ မစော်ကားရအောင် ကာကွယ်ရမယ်တဲ့၊ ပြောလိုက်တာ တဖွဖွပဲ၊ တကယ့် အရေးကျတော့ ဘယ်ရောက်နေသလဲ မသိဘူး၊ အိမ်က ကိုယ့်မယား အနားမှာ နေပါတော့လား၊ ခုတော့ တစ်ခါတည်း ဘာမှ အလုပ် မလုပ်ဘဲ စကားပြောနေတဲ့ လူတွေနှင့် သွားပြီး’

အင်ဒီယာနှင့် မျက်လုံးချင်း ဆိုင်မိသဖြင့် စကားလက် စကား ဆုံးအောင် မပြောနိုင်။ အင်ဒီယာက အသက်ပြင်းပြင်း

ရှူကာ စကားလက်၏ မျက်နှာကို စိန်းစိန်းကြီး ကြည့်နေသည်။

‘အင်ဒီယာ ဘာဖြစ်နေတာလဲ ဟင်’ စကားလက်က ခပ်လှောင်လှောင် မေး၏။ ‘ပြောလို့ ဖြစ်ရင် စကားလက်ကို

ပြောပါလား၊ ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ စကားလက်ကို တစ်ညနေလုံး စိုက်ကြည့်နေရတာလဲ၊ စကားလက် မျက်နှာက ဘာဖြစ်နေလို့လဲ၊ ပြောရမှာ ခက်နေသလား’

‘မခက်ပါဘူး၊ ဒီကလည်း ပြောချင်နေတာပဲ၊ ပြောချင်တာမှ သိပ်ပြောချင်နေတာ’ အင်ဒီယာ၏ မျက်လုံးများက

ပြောင်လက်လာသည်။ ‘စကားလက်ဟာ ဖရင့်လို လူတော် လူကောင်းတစ်ယောက်ကို သိပ် အထင်သေးတာပဲ၊ ဖရင့်က’

‘အင်ဒီယာ’



မီလာနီက ချုပ်ထည်ကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ဟန့်၏။



‘ကိုယ့်ယောက်ျားအကြောင်းကို မင်းထက် ကိုယ် ပိုသိပါတယ်’



စကားလက်က ပြောလိုက်၏။ အင်ဒီယာနှင့် စကားများရတော့မည်။ အင်ဒီယာနှင့် ပထမဆုံး စကားများရတော့မည်။

ထို့ကြောင့် စကားလက်၏ မာန်သည် ကြွတက်လာသည်။ တုန်လှုပ်ချောက်ချားနေသည့် ခံစားချက်တို့ပျောက်သွား၏။ မီလာနီက အင်ဒီယာကို ကြည့်လိုက်သဖြင့် အင်ဒီယာ ပါးစပ်ပိတ်သွား၏။ သို့ရာတွင် ချုပ်တည်း၍ မရ။ သူ့ပါးစပ်က ပြန်ပွင့်လာသည်။ သူ့အသံက မုန်းတီး စက်ဆုပ်သည့် အသံ ပါနေသည်။

‘ဒီမှာ စကားလက်၊ ဘယ်သူကမှ မကာကွယ်ဘူးလေး မစောင့်ရှောက်ဘူးလေးနှင့် သိပ်ပြောမနေနှင့်၊ နားငြီးတယ်၊

အကာအကွယ် ပေးတော့ကော အကာအကွယ်ပေးတာ ခံလို့လား၊ အားလုံးက အတန်တန် တားရက်နှင့် ကိုယ် လုပ်ချင်ရာ လုပ်ပြီး မြို့လုံး ပတ်လည် ကိုယ် သွားချင်ရာ သွားနေတာပဲ မဟုတ်လား၊ ဘယ်သူ့စကားများ နားထောင်လို့လဲ၊ ကိုယ့်ဘာသာ ကိုယ် ရွာရိုး ကိုးပေါက် လျှောက်ပြီး ဟန်ရေးပြနေတာကိုတော့ ထည့်မပြောဘူး၊ ခုမှ ဘယ်သူက အကာအကွယ် မပေးဘူးလေး

294

ဘာလေးနှင့် လာပြောတယ်၊ ညနေက ဖြစ်တာ နည်းတောင် နည်းသေးတယ်၊ ဒီထက် မကတောင် ဖြစ်ဖို့ ကောင်းတယ်’

‘အင်ဒီယာ၊ တော်တော့လို့ ပြောနေတယ်’



မီလာနီက အော်၏။



‘ပြောပါစေ’

စကားလက်

အော်သည်။

‘ဒီကလည်း

ဒါမျိုးကို

နားထောင်ချင်နေတာပဲ၊

သိပါတယ်၊

ဒီကို

ဘယ်လောက် မုန်းနေတယ်ဆိုတာ သိပြီးသားပါ၊ သူကသာ သူတော်ကောင်းယောင်ဆောင်ပြီး ပါးစပ်က ဖွင့်မပြောပေမယ့် စကားလက်တို့ကလည်း ချက်ဆို နားခွက်က မီးတောက်ပြီးသားပါ၊ ဟင်း၊ ရွာရိုးကိုးပေါက် လျှောက်ပြီး ဟန်ရေးပြသတဲ့၊ ရယ်ချင်တယ်၊ ဟန်ရေးပြစရာ ရုပ်မရှိတော့ ပြောမှာပေါ့၊ သူများလို ဟန်ရေးပြစရာ ရှိရင် လမ်းမတကာမှာ ကိုယ်တုံးလုံးချွတ်ပြီး နေထွက်က နေဝင် လျှောက်နေမယ့် ဟာမျိုးကများ ပြောရသေးတယ်’

အင်ဒီယာက ဗြုန်းခနဲ ရပ်လိုက်၏။ ပိန်လှီသော ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်နေသည်။



‘ဘာစကားပြောတာလဲ’ အင်ဒီယာ၏ အသံက တုန်နေသည်။ သို့ရာတွင် ပီသသည်။ ‘ဒီက သူတော်ကောင်းယောင်

ဆောင်ချင်လို့ မပြောဘဲ နေတာ မဟုတ်ဘူး သိရဲ့လား၊ ပြောရင်လည်း ကျွဲပါးစောင်းတီး ဖြစ်မှာစိုးလို့ မပြောတာ၊ အဆင့်အတန်းချင်းလည်း မတူဘူး၊ မျိုးရိုးချင်းလည်း မတူဘူး၊ စိတ်နေ သဘောထားချင်းလည်း မတူဘူး၊ အဲဒီလို ဟာမျိုးကို သွားပြောနေရင် ဘာမှ နားလည်မှာ မဟုတ်ဘူး၊ အလကားပဲ၊ ဒါကြောင့် မပြောတာ၊ ဒီကတော့ ကိုယ့်အချင်းချင်း သွေးမကွဲပါစေနှင့်ဟဲ့၊ တစ်ယောက် တစ်ယောက် အာဃာတရှိရင်လည်း အလိုလိုကျေပါစေဟဲ့၊ အချင်းချင်း စိတ်ဝမ်းမကွဲမှ ယန်ကီတွေကို နိုင်အောင် လုပ်နိုင်မှာဟဲ့ ဆိုပြီး အစစ အရာရာ အောင့်အည်း နေခဲ့တာ၊ ညည်းကသာ လူကောင်း သူကောင်းတွေကို အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် ထင်ရာ လျှောက်လုပ်နေတာ၊ ညည်း လုပ်လို့ လူကောင်း သူကောင်းတွေ သိက္ခာ ကျရတာ၊ ယောက်ျားလည်း အခြောက်တိုက် နာမည် ပျက်ရတာ၊ ယန်ကီတွေနှင့် ကြမ်းပိုးသူခိုးတွေက တို့ကို ဝိုင်းလှောင်ကြတာ၊ ဆွေမစစ် မျိုးမစစ် ဆိုပြီး ဝိုင်း အစော်ကားခံရတာ၊ ဒါတွေဟာ ညည်းလုပ်လို့ သိရဲ့လား၊ အမှန်က ညည်းနှင့် တို့နှင့် ဘာမှ တော်တာ မဟုတ်ဘူး၊ ဘာမှ မဆိုင်ဘူး၊ ဒါပေမယ့် ယန်ကီတွေကတော့ ဒါတွေ ဘာမှ မသိဘူး၊ အားလုံး အတူတူပဲ ဆိုပြီး တို့ပါ ရောပြီး အထင်သေးခံနေရတယ်၊ ညည်းတို့လိုဟာမျိုးကို ဆွေမစစ် မျိုးမစစ် ဆိုတာလည်း ယန်ကီကောင်တွေက သိတာမဟုတ်ဘူး၊ ခု မြို့လုံးပတ်လည် အနှံ့သွားတော့ ဘာဖြစ်သလဲ၊ လည်လွန်းတဲ့ဘီး ချေးသင့်လာပြီ မဟုတ်လား၊ ညည်း ချေးပေတာက အရေးမကြီးဘူး၊ ကျန်တဲ့ အမျိုးကောင်း သားသမီးတွေကိုလည်း ဒီလို စော်ကားလို့ရတယ်ဆိုပြီး လူဖြူ ဆင်းရဲသားတွေနှင့် ကပ္ပလီတွေက ထင်သွားရင် တို့ မခံနိုင်ဘူး သိရဲ့လား၊ ညည်းလုပ်လို့ ကျန်တဲ့ အမျိုးကောင်းသားတွေလည်း မနေရ မထိုင်ရ၊ အလုပ်များ’

‘အင်ဒီယာ မတော်သေးဘူးလား’ မီလာနီက စိတ်ဆိုးဆိုးဖြင့် အော်သည်။ ‘တော်တော့၊ သူ ဘာမှ မသိဘူး၊ တော်ပါတော့၊

အက်ရှလေတို့ကို ကတိပေးခဲ့တဲ့’

‘ကဲ တူမတို့ရယ်၊ တော်ပါတော့’



ဒေါ်လေး ပစ်တီက တောင်းပန်သည်။ နှုတ်ခမ်းများက တုန်ယင်လျက်။

295



‘စကားလက်က ဘာသိရမှာလဲ’



စကားလက် စိတ်ဆိုးနေပြီ။ မတ်တတ် ရပ်လိုက်၍ အင်ဒီယာနှင့် မီလာနီကို ကြည့်သည်။



‘ဟာ အလကား၊ ကြက်မတွေ ကျနေတာပဲ’



အာချီက အော်၏။ သူ့အသံက အထင်သေးသည့် အသံ။ မည်သူကမျှ သူ့ကို ပြန်မပြောရသေးမီ သူ့ခေါင်းသည်

ဆတ်ခနဲ မော့သွားကာ ဖြုန်းခနဲ ထရပ်လိုက်၏။ ‘နားထောင်စမ်း၊ ဝင်းဝက ခြေသံကြားတယ်၊ အက်ရှလေတို့ မဖြစ်နိုင်ဘူး၊ ကတော် မနေကြစမ်းနှင့်၊ တိတ်’

သူ့အသံက ယောက်ျားတို့၏ အမိန့်အာဏာသံ ပေါက်သည်။ အမျိုးသမီးတစ်သိုက် ငြိမ်ကျသွား၏။ အာချီက

တဒေါက်ဒေါက်ဖြင့် တံခါးဆီသို့ လျှောက်သွားသည်။ အမျိုးသမီး၏ မျက်နှာများပေါ်တွင် ဒေါသရိပ်တို့ ပျောက်ကွယ်သွားပြီ။

‘ဘယ်သူလဲ’



အပြင်မှ တံခါး မခေါက်မရသေးမီ အာချီက ဆီးမေးသည်။



‘ဗိုလ်ကြီး ဘတ်တလာပါ၊ တံခါး ဖွင့်ပါဦး’



မီလာနီက တံခါးဝသို့ ခပ်သုတ်သ်ုတ လျှောက်သွားသည်။ အာချီက တံခါး လက်ကိုင်ကို မလှည့်ရသေးမီ သူက

တံခါးဖွင့်ပြီးသား ဖြစ်နေပြီ။ ရက် ဘတ်တလာက တံခါးတွင် မတ်တတ်ရပ်လျက် ရှိ၏။ သက္ကလတ် ဦးထုပ်ပျော့ကို မျက်လုံးဖုံးအောင် ဆောင်းထားသည်။ လေ တိုးသဖြင့် ဝတ်ရုံ ကော်လာသည် တဖျပ်ဖျပ် လန်လျက် ရှိ၏။ ယဉ်ကျေးရည်မွန်သည့် အမူအရာတွေ လုံးဝ မရှိတော့။ ဦးထုပ် ချွတ်၍ နှုတ်ဆက်ခြင်းလည်း မပြု။ အခန်းထဲက လူများကိုလည်း စကား မပြော။ သူ့မျက်လုံးများက မီလာနီကိုသာ စူးစိုက် ကြည့်နေ၏။ နှုတ်ခွန်းဆက်ခြင်း မပြုဘဲ ရုတ်တရက် စပြောသည်။

‘ဟိုလူတွေ ဘယ်သွားကြသလဲ၊ မြန်မြန်ပြောစမ်းပါ၊ အရေးကြီးတယ်’



စကားလက်နှင့်

ဒေါ်လေးပစ်တီက

လန့်ဖျပ်ကာ

တစ်ယောက်ကို

တစ်ယောက်

ကြက်သေ

သေ၍

ကြည့်နေမိကြသေးသည်။ အင်ဒီယာက ကြောင် တစ်ကောင်သဖွယ် ဖျတ်လတ် ပေါ့ပါးစွာဖြင့် မီလာနီ အနီးသို့ ရောက်သွား၏။

‘မပြောနှင့်၊ ဘာမှ မပြောနှင့်၊ အဲဒီလူက သူလျှို၊ လူရှုပ်’



ရက် ဘတ်တလာက သူ့ကို လှမ်းကြည့်ဖော်ပင် မရ။



‘မြန်မြန် ပြောပါ မီလာနီ၊ အချိန် သိပ် မရှိဘူး’



မီလာနီက ထိတ်လန့်သဖြင့် မလှုပ်ရှားနိုင်။ သူ့ကို မျက်လုံးကြီး အပြူးသားဖြင့် ကြည့်နေသည်။



‘ဘာဖြစ်တာလဲ ဟင်’

296



စကားလက်က မေး၏။



‘ပါးစပ် ပိတ်ထားစမ်း’ အာချီက အမိန့်ပေးသည်။ ‘မီလာနီရော ဘာမှ မပြောနှင့်၊ တိတ်၊ ဟေ့ကောင် လူရှုပ်၊ အိမ်ထဲက

ထွက်သွား’

‘အာချီ၊ နေဦး နေဦး’ မီလာနီက အကာအကွယ်ပေးမည့် ဟန်ဖြင့် ရက် ဘတ်တလာ၏ လက်မောင်းတစ်ဖက်ကို

ဆွဲလိုက်၏။ ‘ဘာဖြစ်တာလဲ ဗိုလ်ကြီး ဘတ်တလာ၊ ရှင် ဘယ်လိုလုပ် သိတာလဲ’

ရက် ဘတ်တလာ၏ နက်မှောင်သည့် မျက်နှာပေါ်တွင် စိတ်မရှည်ဟန်၊ ယဉ်ကျေး သိမ်မွေ့အောင် ကြိုးစားနေရသည့်ဟန်

ပေါ်လာ၏။

‘ခက်လိုက်ပါဘိ မီလာနီရယ်၊ အစကတည်းက သူတို့ကို သင်္ကာမကင်း ဖြစ်နေတယ်၊ ဒါတောင် သူတို့က ပိရိလွန်းလို့

ဒီလောက် ခံတာ၊ ဒီနေ့ည အခြေအနေ မကောင်းဘူး၊ ကျုပ် ဒီနေ့ည အရက် မူးနေတဲ့ ယန်ကီ စစ်ဗိုလ်နှစ်ယောက်နှင့် ပိုကာ ကစားရာက ကြားလာတာ၊ ဒီနေ့ည တစ်ခုခု ဖြစ်လိမ့်မယ် ထင်ပြီး ပြင်ထားကြတယ်၊ ဒီလူတွေ ထောင်ချောက်ထဲ ကျတော့မှာပဲ’

မီလာနီသည် လဲကျတော့မည်ကဲ့သို့ ယိုင်သွား၏။ ရက် ဘတ်တလာက မီလာနီ ခါးကို ဆီးဖက်ထားလိုက်သည်။



‘မီလာနီ မပြောနှင့်၊ ဒီလူ မီလာနီကို လာပြီး အစ်နေတာ’ အင်ဒီယာက ရက် ဘတ်တလာကို စိုက်ကြည့်ရင်း ပြောသည်။

‘ဒီနေ့ည ယန်ကီတွေနှင့် ဖဲကစားလာတာလို့ ပြောနေတယ် မဟုတ်လား’

ရက် ဘတ်တလာက သူ့ကို ယခုထိ လှမ်းမကြည့်သေး။ သူ့ မျက်လုံးများက မီလာနီ၏ ဖြူရော်သည့် မျက်နှာကို

စိုက်ကြည့်နေသည်။

‘ခု ဟိုလူတွေ ဘယ်သွားသလဲ၊ ကျုပ်ကို ပြောစမ်းပါ၊ အစည်းအဝေးလုပ်တဲ့ နေရာကို သိသလား’



စကားလက်လည်း ကြောက်နေသည်။ ဤသို့ ခံစားချက်ကင်းမဲ့၍ ဟာလာဟင်းလင်း ဖြစ်လျက် ရှိသည့် ရက်

ဘတ်တလာ၏ မျက်နှာကို စကားလက် တစ်ခါမျှ မမြင်ဖူးခဲ့။ သို့ရာတွင် မီလာနီကမူ ဤသို့ မြင်ပုံမရ။ တစ်စုံတစ်ရာကြောင့် ရက် ဘတ်တလာကို ယုံကြည်နေဟန် တူသည်။ မီလာနီ၏ ခန္ဓာကိုယ် သေးသေးကလေးကို ရက် ဘတ်တလာ ထိန်းထားရာမှ ပြန်မတ်၍ ပြောသည်။ သူ့အသံက ခပ်တိုးတိုး။ သို့ရာတွင် မသိမသာ တုန်နေ၏။

‘ဒီကက်တောလမ်း

ကပ္ပလီ

ကွက်သစ်နားက

ဆူလီဗန်ရဲ့

ခြံထဲက

တဲကလေးမှာ၊

တဲလေး

တစ်ပိုင်းက

မီးလောင်ထားတယ်’

‘ကျေးဇူးပဲ၊ ကျုပ် မြင်းနှင့် လိုက်သွားမယ်၊ ယန်ကီတွေ ဒီကို လာမေးရင် ဘာမှ မသိဘူးလို့ပြော’



ရက် ဘတ်တလာသည် လျင်မြန်စွာ ပျောက်သွား၏။ နောက်ကျောပေါ်တွင် ဝဲနေသည့် ဝတ်ရုံ ကော်လာသည်

ညအမှောင်ထုနှင့်

ရောသွားသည်။

ရက်

ဘတ်တလာ

ဤနေရာသို့

ရောက်လာသည်ဟုပင်

မထင်လိုက်။

ကျောက်စရစ်ခဲပေါ်သို့ နင်းသံနှင့် တဖြောင်းဖြောင်း မြည်သည့် မြင်းခွာသံကို ကြားသည့်အခါတွင်မှ ရက် ဘတ်တလာ တကယ်

297

ရောက်လာခြင်းဖြစ်သည်ကို သတိ ရလာကြသည်။

‘ဘာ ယန်ကီတွေ လာမေးမယ်၊ ဟုတ်လား’



ဒေါ်လေး ပစ်တီက မေးသည်။ ချက်ချင်း ဆိုဖာပေါ်သို့ လဲကျသွား၏။



‘ဘာဖြစ်လို့လဲဟင် မီလာနီ၊ ရက် ဘတ်တလာ ဘာပြောတာလဲ၊ စကားလက်ကိုလည်း ပြောစမ်းပါဦး၊ ကြာရင်

စကားလက်ပါ ရူးလိမ့်မယ်’

စကားလက်က အဖြေ တစ်ခုကို ခလောက်ထုတ်ယူ၍ ရသည့်နှယ် မီလာနီ တစ်ကိုယ်လုံးကို လှုပ်ခါနေသည်။



‘ဘာဖြစ်ရမှာလဲ ညည်းကြောင့်ပေါ့၊ ညည်း ကြောင့် အက်ရှလေနှင့် ဖရင့် သေမလား ရှင်မလားတောင် မသိဘူး’

အင်ဒီယာ ကြောက်နေရသည့်အထဲတွင် အနိုင်ရသည့် လေသံမျိုးဖြင့် ပြောသည်။ ‘ဘယ့်နှယ် နင်းကန် လှုပ်နေရတာလဲ၊ ဟိုမှာ သတိမေ့နေပြီထင်တယ်’

‘ဘာမှ မဖြစ်ပါဘူးကွယ်’



မီလာနီက ကုလားထိုင် နောက်မှီ တစ်ခုကို လှမ်းကိုင်ရင်း ပြော၏။



‘ဘာဖြစ်တာလဲ ဟင်၊ ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ အက်ရှလေ သေရမှာလဲ၊ စကားလက်ကိုလည်း’



အာချီ၏ အသံက သံချေးတက်သည့် ပတ္တာတစ်ခုလို စကားလက်၏ အသံကို ဖြတ်ပစ်လိုက်၏။



‘အားလုံး ထိုင်’ အာချီက အမိန့်ပေးသည်။ ‘ကိုယ့်အလုပ် ကိုယ်လုပ်၊ ဘာမှမဖြစ်သလို ဣနြေ္ဒမပျက် အပ်ချုပ်နေကြ၊

ယန်ကီတွေက တို့အိမ်ကို နေဝင်ချိန်ကတည်းက စောင့်ကြည့်နေကြတယ်၊ အားလုံး ထိုင်ပြီး ကိုယ့်အလုပ် ကိုယ် လုပ်ကြ’

တုန်တုန်ယင်ယင်ဖြင့် သူ့စကားအတိုင်း လုပ်ကြသည်။ ဒေါ်လေး ပစ်တီက တုန်တုန်ယင်ယင်ဖြင့် ထိုးလက်စ

ခြေအိတ်ကို ကောက်ကိုင်သည်။ ကလေးတစ်ယောက်လို မျက်လုံးအဝိုင်းသားဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်နေ၏။

‘အက်ရှလေကော၊ သူ ဘာဖြစ်လို့လဲဟင် မီလာနီ’



စကားလက်က မေး၏။



‘ညည်း ယောက်ျားကော၊ ကိုယ့် ယောက်ျားတော့ ကိုယ် မမေးဘူး’



အင်ဒီယာ၏ ပြာလဲ့လဲ့ မျက်လုံးများက ရန်ငြိုးတကြီးဖြင့် သူ့ကို ကြည့်နေသည်။ သူ ပြင်ချုပ်နေသည့် မျက်နှာသုတ်ပဝါကို

လုံးချေပြီး ဆွဲဆန့်လျက် ရှိ၏။

‘အင်ဒီယာရယ် တော်ပါတော့’ မီလာနီ၏ အသံက ပြန်၍ တည်ငြိမ်လာ၏။ သို့ရာတွင် ဖြူရော်လျက်ရှိသည့် မျက်နှာ။

တုန်လှုပ် ချောက်ချားနေသည့် မျက်လုံးများသည် မနည်း ဣနြေ္ဒဆည်နေရကြောင်းကို ပြနေကြသည်။ ‘စကားလက်ကို

298

ပြောတော့ ပြောမလို့ပဲ၊ ဒါပေမယ့် စကားလက်မှာလည်း ဒီနေ့ညနေ ကိစ္စက ပေါ်လာတာနှင့်၊ ပြီးတော့ စကားလက်ကလည်း ကေသုံးလုံး ဂိုဏ်းကို သိပ် မကြိုက်တော့ ဖရင့်က’

‘ဘာ၊ ကေသုံးလုံးဂိုဏ်း ဟုတ်လား’ ထိုစကားလုံးကို ပထမဆုံး အကြိမ် ကြားဖူးသည့်နှယ် စကားလက်က ပြောလိုက်၏။

‘ကေသုံးလုံး ဂိုဏ်းနှင့် ဘာဆိုင်လို့လဲ၊ အက်ရှလေက ကေသုံးလုံး ဂိုဏ်းဝင်လား၊ ဖရင့်ရောလား၊ ဒီဂိုဏ်းထဲကို မဝင်ပါဘူးလို့ ကိုယ့်ကို ကတိပေးထားတာ’

‘ဟုတ်တယ်၊ ဖရင့်ရော အက်ရှလေရော ယောက်ျားမှန်သမျှ ကေသုံးလုံးချည်းပဲ’ အင်ဒီယာက ထအော်သည်။

‘ယောက်ျားဆို ဒီလိုပဲ လုပ်မှာပဲ၊ တောင်ပိုင်းသား လူဖြူဆို အကုန်လုံး ပါမှာပဲ၊ ဒီဂိုဏ်းထဲ ပါတာ ရှက်စရာလား၊ ဂုဏ်တောင် ယူရဦးမယ်၊ ပြီးတော့’

‘မင်းတို့ သိတာ ကြာလှပြီပေါ့၊ ကိုယ့်ကိုတောင်’



‘မင်း သိပ် စိတ်ထိခိုက်မှာစိုးလို့ မပြောတာပါ’



မီလာနီက စိတ်မကောင်းဟန်ဖြင့် ပြော၏။



‘ဒါဖြင့်

အစည်းအဝေးသွားတယ်လို့

ပြောပြောနေတာ

ကေသုံးလုံးဂိုဏ်း

အစည်းအဝေးကို

သွားနေတာပေါ့၊

စကားလက်ကို ဘာဖြစ်လို့ ကတိပေးရသလဲ၊ ခုတော့ အားလုံး ဒုက္ခရောက်မှာ၊ ယန်ကီတွေ လာပြီး ကိုယ့် သစ်စက်တွေရော ကုန်တိုက်ရော သိမ်းမှာပဲ၊ သူ့လည်း ထောင်ချတော့မှာပဲ၊ ရက် ဘတ်တလာကကော ဘာပြောတာလဲ’

အင်ဒီယာက မီလာနီကို တစ်ချက် လှမ်းကြည့်လိုက်၏။ စကားလက်က ဖြုန်းခနဲ မတ်တတ် ရပ်ကာ ချုပ်နေသည့်

အဝတ်စကို လွှတ်ချလိုက်သည်။

‘ကောင်းပြီ မင်းတို့ မပြောချင်နေ၊ ကိုယ့်ဘာသာ မြို့ထဲသွား စုံစမ်းမယ်၊ တွေ့ရာ လူကို လိုက်မေးရင် တစ်ယောက်

မဟုတ် တစ်ယောက် သိတဲ့ လူတော့ တွေ့မှာပေါ့’

‘ထိုင်’ အာချီက သူ့ကို စိုက်ကြည့်ရင်း ပြော၏။ ‘သူတို့ မပြောရင် ငါ ပြောမယ်၊ နင့်ဘာသာနင် တွေ့ရာ လျှောက်သွားရင်း

အစော်ကား ခံရတာကို မကျေနပ်လို့ အက်ရှလေနှင့် ဖရင့်က အဲဒီကောင် နှစ်ကောင်ကို လိုက်ရှာနေတယ်၊ မိရင် သတ်မလို့တဲ့၊ ပြီးတော့ ကွက်သစ်ကို မီးရှို့ပစ်မလို့တဲ့၊ ခုတင်က လူရှုပ်ပြောသွားတဲ့အတိုင်းမှန်ရင် ယန်ကီတွေက ရိပ်မိနေတယ် ထင်တယ်၊ ရိပ်မိရင် သူတို့ကို စစ်တပ်နှင့် လိုက်ဖမ်းမှာပဲ၊ သူ ပြောတဲ့အတိုင်း မဟုတ်ရင်လည်း ဒီကောင် သူလျှို၊ ဖမ်းပြီး ယန်ကီတွေဆီ အပ်မှာပဲ၊ ယန်ကီတွေက သတ်ပစ်မှာပဲ၊ ဘယ်ဟာဖြစ်ဖြစ် မထူးဘူး၊ ကိစ္စ မရှိဘူး၊ မစိုးရိမ်နှင့်၊ ဘတ်တလာဆိုတဲ့ကောင်က ဖမ်းပြီး ယန်ကီကို အပ်ရင် ဒီကောင်ကို ငါ သတ်မယ်၊ ငါ မသေခင် လူတစ်ယောက်တော့ သတ်သွားဦးမယ်၊ မမိဘူးဆိုရင် နှစ်ယောက်လုံး တက္ကဆက်ကို ထွက်ပြေး၊ ဘယ်တော့မှ ပြန်မလာနှင့်တော့၊ အဲဒီမှာပဲ နေတော့၊ နင့်ကြောင့် ဖြစ်ရတာ၊ နင် ဂြိုဟ်မွှေတာ၊ နင် မကောင်းဘူး၊ နင် လူတွေ ဒုက္ခရောက်အောင် သိပ် လုပ်တယ်’

မီလာနီ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့သည့် အမူအရာ မရှိတော့။ ဒေါသ ထွက်သည့် အသွင်ပေါက်လာသည်။

299

စကားလက်၏ မျက်နှာက ပထမတွင် စိုးရိမ်သည့် အသွင်၊ နောက်တွင် ထိတ်လန့် တုန်လှုပ်သည့် အသွင်ကို ဆောင်လာသည်။ မီလာနီက မတ်တတ် ရပ်ပြီး စကားလက် ပခုံးကို ကိုင်လိုက်၏။

‘ဒီမှာ အာချီ၊ နောက်ကို ဒီစကားမျိုး မပြောပါနှင့်၊ နောက် ဒီစကားမျိုးပြောရင် ဒီအိမ်က ထွက်သွားပါ’ မီလာနီက

ခပ်ထန်ထန် ပြောသည်။ ‘ဒါ စကားလက် အပြစ်မဟုတ်ဘူး၊ သူ လုပ်သင့်တယ် ထင်တာကို လုပ်တာ၊ အက်ရှလေတို့ကလည်း သူတို့ လုပ်သင့်တယ် ထင်တာကို လုပ်နေကြတာ၊ ဒီတော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ် လုပ်စရာ ရှိတာ လုပ်ရမှာပဲ၊ ကိုယ်ကောင်းမယ် ထင်တာ ကိုယ် လုပ်ကြတာပဲ၊ ကိုယ့်လို မဖြစ်ကောင်းလားလို့ သူများကို လိုက် အပြစ် မတင်သင့်ဘူး၊ ခု ကိုယ်တို့ ယောက်ျားတွေ ဘာဖြစ်မှန်း မသိသေးဘူး၊ သူလည်း သူ့ ယောက်ျားအတွက် သူ ပူမှာပဲ၊ ဒီလိုအချိန်မှာ အာချီရော အင်ဒီယာရော ဒီလို ပြောဖို့ မကောင်းဘူး၊ ပြီးတော့’

‘ဟော’ အာချီက ခပ်တိုးတိုး ပြောသည်။ ‘ကောင်မလေး၊ ထိုင်စမ်း၊ မြင်းခွာသံ ကြားတယ်’



မီလာနီက ကုလားထိုင်တွင် ထိုင်ပြီး အက်ရှလေ၏ ရှပ်အင်္ကျီ တစ်ထည်ကို ကောက်ကိုင်သည်။ အက်ႌေဘးနားမ်ားကို

အမှတ်မထင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ဆုတ်နေသည်။

မြင်းခွာသံများက

တဖြည်းဖြည်း

နီးလာပြီ။

အိမ်ဘက်သို့

စီးလာကြသည့်

အသံများဖြစ်သည်။

ဇက်ကြိုးမှ

တချွင်ချွင်မြည်သံ၊ ကုန်းနှီးသားရေများ တကျွီကျွီ မြည်သံ၊ စကားပြောသံများကို ကြားရ၏။ အိမ်ရှေ့တွင် မြင်းများရပ်သံ ကြားရပြီးနောက် အမိန့်ပေးသည့် အသံတစ်သံ ပေါ်လာသည်။ ထို့နောက် အိမ်နောက်ဘက်သို့ သွားသံများကို ကြားရ၏။ ထောင်ပေါင်းများစွာသော မျက်လုံးများသည် ခန်းဆီး မရှိသည့် မှန်ပြတင်း ပြင်ဘက်မှ သူတို့ကို ကြည့်နေသည် ထင်ရသည်။ အမျိုးသမီးလေးယောက် ခေါင်းငုံ့ကာ ဆက်၍ အပ်ချုပ်နေကြသည်။ ‘အက်ရှလေ ငါ့ကြောင့် သေရပြီ၊ အက်ရှလေ ငါ့ကြောင့် သေရပြီ’ ဟု စကားလက် စိတ်ထဲမှ ဆိုမိသည်။ ဤအချိန်တွင် ဖရင့်အတွက် သူ မစိုးရိမ်မိ။ သူ့ရင်ထဲတွင် ယန်ကီ မြင်းတပ်သား ခြေရင်း၌ သွေး အလိမ်းလိမ်းဖြင့် လဲကျနေသည့် အက်ရှလေ၏ အသွင်ကိုသာ မြင်ယောင်လျက် ရှိ၏။ အခြား ရုပ်သဏ္ဌာန်ကို မြင်စရာ နေရာ မရှိတော့။

တံခါးဝမှ တံခါးခေါက်သံ ခပ်ပြင်းပြင်း ပေါ်လာသည်။ စကားလက်က မီလာနီကို လှမ်းကြည့်၏။ တင်းမာသည့်

မီလာနီ၏ မျက်နှာကလေးပေါ်တွင် အမူအရာသစ် တစ်မျိုးပေါ်လာသည်။ ခပ်စောစောက ရက် ဘတ်တလာ၏ မျက်နှာပေါ်တွင် တွေ့လိုက်ရသည့် ခံစားချက် ကင်းသည့် အမူအရာ။ ပိုကာ နှစ်ချပ် ဆုပ်ကာ ဖဲလိမ် ရိုက်နေသည့် ဖဲသမား တစ်ယောက်၏ ဣနြေ္ဒ မပျက်သည့် အမူအရာ။

‘အာချီ၊ တံခါး ဖွင့်ပေးလိုက်ပါ’



မီလာနီက ဣနြေ္ဒရရ ပြောသည်။



အာချီက ဓားကောက်ကို ဖိနပ်ရှည်ကြားထဲသို့ ထိုးလိုက်၏။ ပစ္စတိုကို ခါးပတ်တွင် အသင့်လျှောထားလိုက်သည်။

တံခါးဆီသို့ တဒေါက်ဒေါက် သွားကာ တံခါးကို ဖွင့်လိုက်၏။ ထောင်ချောက် ကျသွားသည့် တစ်ခဏ၌ ကြက်တစ်ကောင် မြည်လိုက်သလို ဒေါ်လေး ပစ်တီ အီခနဲ အလန့်တကြားအော်သည်။ တံခါးဝတွင် ယန်ကီ ဗိုလ်ကြီး တစ်ယောက်နှင့် စစ်ဝတ်စုံ

300

ဝတ်ထားသည့် တပ်စုတစ်စု ရပ်လျက်။ အခြားသူများက ဘာမျှ မပြောကြ။ ဗိုလ်ကြီးက အသိ ဖြစ်နေသဖြင့် စကားလက် စိတ်သက်သာရာ ရသွားသည်။ ဗိုလ်ကြီး ဂျက်ဖရီ ဖြစ်၍ ရက် ဘတ်တလာ၏ မိတ်ဆွေဖြစ်သည်။ သူ့အိမ်ဆောက်ရန် စကားလက်ထံမှ

သစ်ဝယ်ဖူးသည်။

လူကြီး

လူကောင်းဆန်သည်။

ရည်မွန်သည်။

အက်ရှလေတို့ကို

ထောင်ထဲသို့

မထည့်တန်ရာဟု ထင်မိသည်။ ဦးထုပ်ကို ချွတ်၍ ဦးညွှန် နှုတ်ဆက်၏။ မျက်နှာထားကမူ မကောင်းလှ။

‘မင်္ဂလာညပါ မစ္စက် ဖရင့်၊ မစ္စက် အက်ရှလေဆိုတာ ဘယ်သူလဲ’



‘ကျွန်မပါ’ မီလာနီက မတ်တတ် ရပ်လိုက်၏။ ခန္ဓာကိုယ်က သေးသေးညှက်ညှက် ဖြစ်သည့်တိုင် ခံ့ညားသည့် ဣနြေ္ဒကို

ဆောင်နေသည်။ ‘ဘာကိစ္စလဲ ပြောပါ’

ဗိုလ်ကြီး၏ မျက်လုံးများက အခန်းပတ်ပတ်လည်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ မျက်နှာများကို ခဏ အကဲခတ်

ကြည့်ပြီး စားပွဲဆီသို့ လှမ်းကြသည်။ ထို့နောက် ဦးထုပ် ချွတ်သည့် ချိတ်ကို ကြည့်သည်။ အိမ်တွင် ယောက်ျား တစ်ဦး ရှိ မရှိကို အကဲခတ်ခြင်း ဖြစ်ဟန်တူသည်။

‘မစ္စတာ အက်ရှလေနှင့် မစ္စတာ ဖရင့်ကို နည်းနည်းမေးစရာ ရှိလို့ပါ’



‘မရှိကြဘူးရှင့်’



မီလာနီ၏ ခပ်တိုးတိုး အသံက အေးစက်စက်။



‘တကယ် မရှိဘူးလား’



‘မယုံရင် နေပေါ့’



အာချီက ဝင်ပြောသည်။ သူ့ နှုတ်ခမ်းမွေးများက ထောင်နေသည်။



‘ခွင့်လွှတ်ပါ မစ္စက် အက်ရှလေ၊ မယုံလို့ မဟုတ်ပါဘူး၊ မစ္စက် အက်ရှလေက မရှိဘူးလို့ အာမခံရင် ကျွန်တော်တို့

မရှာတော့ပါဘူး’

‘ကျွန်မ အာမခံပါတယ်၊ ဒါပေမယ့် ရှာချင်ရင် ရှာပါ၊ အစည်းအဝေးရှိလို့ မြို့ထဲက ကုန်တိုက်ကို ထွက်သွားပါတယ်’



‘ကုန်တိုက်မှာ မရှိပါဘူး၊ ဒီနေ့ည အစည်းအဝေးလည်း မရှိပါဘူး’ စစ်ဗိုလ်ကြီးက ခပ်တည်တည်ဖြင့် ပြောသည်။ ‘ကိစ္စ

မရှိပါဘူး၊ ကျွန်တော်တို့ သူတို့ ပြန်လာတဲ့ အထိ အပြင်က စောင့်နေမယ်’

စစ်ဗိုလ်က တစ်ချက် ဦးညွှတ်၍ နှုတ်ဆက်ပြီး တံခါးကို နောက်ပြန် ပိတ်၍ ထွက်သွား၏။ တဝီဝီ တိုက်နေသည့်

လေသံကြားမှ အမိန့်ပေးသံကို ကြားရ၏။ ‘ဟေ့ အိမ်ကို ဝိုင်းထား၊ ပြတင်းပေါက်တိုင်းမှာ လူ တစ်ယောက်စီ ချထား’ ဟု အမိန့်ပေးနေသံကို ကြားနေရသည်။ ဖိနပ်သံများကိုလည်း ကြားရသည်။ မှန်ပြတင်းမှ နေ၍ သူတို့ကို ကြည့်နေရသည်မှာ မုတ်ဆိတ်ထူထူ မျက်နှာကြီးတွေကြောင့် စကားလက် လန့်သွားသည်။ မီလာနီက ထိုင်ရာ မထဘဲ စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို တည်ငြိမ်စွာ လှမ်းယူသည်။ စာအုပ်က ဗစ်တာဟူးဂိုး၏ ‘ဒုက္ခဘုံ’ ဆိုသည့် ဝတ္ထုဖြစ်သည်။ ဟောင်းနွမ်းလှပြီ။ ပြည်နယ်

301

တပ်သားများ ကြားတွင် လူကြိုက်များသည့် ဝတ္ထုဖြစ်သည်။ စခန်းချရင်း မီးပုံဘေးတွင်လည်း ဖတ်ကြသည်။ မီလာနီက စာအုပ်ကို အလယ်မှ လှန်ကာ ကြည်လင် ပြတ်သား၍ အနိမ့်အမြင့် မရှိသည့် လေသံဖြင့် အသံထွက် ဖတ်နေသည်။

‘ကိုယ့်ဘာသာကိုယ် အပ်ချုပ်နေလေ’



အာချီက ခပ်တိုးတိုးပြောသည်။ အမျိုးသမီးသုံးယောက်သည် မီလာနီ၏ အသံအေးအေးကို နားထောင်ကာ ခေါင်းငုံ့၍

အပ်ချုပ်နေကြသည်။

အပြင်ဘက် မှန်ပြတင်းမှ ကပ်၍ ကြည့်နေကြသည့် မျက်လုံးများအောက်တွင် မီလာနီ စာဖတ်နေသည်မှာ မည်မျှ

ကြာသည် မသိ။ စကားလက် အဖို့မူ တစ်ကမ္ဘာလောက် ကြာသည် ထင်ရသည်။ မီလာနီ၏ စာဖတ်သံကို တစ်လုံးမျှ မကြားမိ။ ယခုမှ ဖရင့်နှင့် အက်ရှလေတို့၏ အကြောင်းကို စဉ်းစားမိလာသည်။ ယနေ့ ညနေ ဖရင့်တစ်ယောက် အဘယ့်ကြောင့် ဤမျှ တည်ငြိမ် အေးဆေးနေသည်ကို စကားလက် သဘောပေါက်သည်။

ကေသုံးလုံး ဂိုဏ်းနှင့် ဘာမျှ မပတ်သက်စေရဟု သူ့ကို ကတိပေးသွားခဲ့သည်။ ဤအဖြစ်မျိုး ရောက်မည်ကို

စကားလက် အကြီးအကျယ် စိုးရိမ်ခဲ့သည်။ ယခု သူ စိုးရိမ်သည့်အတိုင်း ဖြစ်လာပြီ။ မနှစ်က တစ်နှစ်လုံး သူ ကြိုးစားခဲ့ရသမျှ အဟောသိကံ ဖြစ်ရပြီ။ မိုးထဲ ရေထဲ၊ လေထဲ နှင်းထဲတွင် သူ ကြိုးစားခဲ့သမျှ၊ ရုန်းကန်ခဲ့သမျှ၊ စိုးရိမ်ခဲ့သမျှ၊ ဇွဲခတ်၍ လုပ်ခဲ့သမျှ သဲထဲ ရေသွန် ဖြစ်ခဲ့ရပြီ။

အေးစက်၍ မထုံတက်သေး နေတတ်သည့် ဖရင့်တစ်ယောက် ဆူဆူပူပူ လုပ်တတ်သည့် ကေသုံးလုံး ဂိုဏ်းနှင့်

ပတ်သက်နေသည်ဟု မည်သူကမျှ ထင်မည် မဟုတ်။

ယခုလောက်ဆိုလျှင် အသက်မှ ရှိပါသေး၏လော မဆိုနိုင်။ မသေသေးသည့်တိုင် ယန်ကီတို့ ဖမ်းမိသွားလျှင် စက်တိုင်

တက်ရတော့မည်။ အက်ရှလေလည်း စက်တိုင် တက်ရတော့မည်။

စကားလက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်သည်။ လက်ဖဝါးပေါ်တွင် နီရဲသည့် လက်သည်းရာတွေ

ထင်နေသည်။ အက်ရှလေ စက်တိုင် တက်ရမည့် အန္တရာယ်ကြီးကို ကြုံတွေ့နေရစဉ် မီလာနီသည် အဘယ့်ကြောင့်များ အေးအေးဆေးဆေး စာဖတ်နေနိုင်သနည်း။ သို့ရာတွင် ‘ဒုက္ခဘုံ’ မှ ဇာတ်ဆောင် ဂျင်းဗာလဂျင်၏ အဖြစ်ကို ဖတ်နေသည့် မီလာနီ၏ အသံ ချိုချိုအေးအေး ကြားရသဖြင့် စကားလက် အားရှိသည်။ သို့မဟုတ်လျှင် ထခုန်ကာ အလန့်တကြား အော်ဟစ်မိလိမ့်မည်။

စကားလက်သည် တိုနီ ထွက်ပြေးသည့် ညကို ပြန်၍ အမှတ်ရ၏။ မောပန်း နွမ်းနယ်လျက်။ ပိုက်ဆံ တစ်ပြားမျှ မပါ။

နောက်က ရန်သူတို့ လက်မှ အတင်း ပြေးလာခဲ့ရသည့် တိုနီကို မြင်ယောင်သည်။ သူတို့ အိမ်သို့ မရောက်ခဲ့လျှင်၊ မြင်းသစ် တစ်ကောင် မရခဲ့လျှင် ယခုလောက်ဆိုလျှင် တိုနီသည် ကြိုးကျပြီး အရိုးပင်ဆွေးနေတော့မည်။ ဖရင့်နှင့် အက်ရှလေတို့၏ ယခု အခြေအနေက တိုနီ့ အခြေအနေထက် ပိုဆိုးသည်။ အိမ်ကို စစ်သားတွေ ဝိုင်းထားပြီ။ အိမ်ထဲ ပြန်မဝင်နိုင်တော့။ ပိုက်ဆံ ယူဖို့၊ အဝတ်အစားယူဖို့ မဖြစ်နိုင်တော့။ ပြန်လာလျှင် အဖမ်းခံရမည် မုချ။ လမ်းထဲက အိမ်တိုင်းတွင်လည်း ယန်ကီစစ်သားတွေ အစောင့် ချထားသည်။ အက်ရှလေတို့တစ်တွေ မိတ်ဆွေများထံ အကူအညီ မတောင်းနိုင်ရန် ကြိုတင် စီစဉ်ထားခြင်း ဖြစ်၏။

302

ယခု အချိန်ဆိုလျှင် ညကြီးမင်းကြီး အမှောင်ထုထဲတွင် မြင်းကိုယ်စီဖြင့် တက္ကဆက်သို့ ထွက်ပြေးကြပြီလော။

ရက် ဘတ်တလာ အချိန်မီ ရောက်သွားလျှင်လည်း အကောင်းသား။ ရက် ဘတ်တလာ အိတ်ထဲတွင် အမြဲတမ်း

ငွေများများ ပါတတ်သည်။ ရက် ဘတ်တလာက ပိုက်ဆံ ချေးလိုက်တန်ရာသည်ဟု စကားလက် တွေး၏။ သို့ရာတွင် တစ်ခုမူ ထူးဆန်းသည်။ ရက် ဘတ်တလာသည် အက်ရှလေ၏ လုံခြုံရေးအတွက် အဘယ့်ကြောင့် စိုးရိမ်တကြီး ဖြစ်နေရသနည်း။ အက်ရှလေကို မုန်းသည် မဟုတ်လော။ အထင်သေးသည်ဟု ပါးစပ်က ထုတ်ပြောခဲ့သည် မဟုတ်လော။ သို့ဖြစ်လျှင် အဘယ့်ကြောင့် ရက် ဘတ်တလာသည် အက်ရှလေကို ကယ်ဆယ်ရန် ကြိုးစားနေရသနည်း။

စကားလက် ဆုံးအောင် မတွေးနိုင်။ အက်ရှလေနှင့် ဖရင့်တို့အတွက် စိုးရိမ်လာပြန်သည်။



‘ဟုတ်တယ်၊ ငါ့အပြစ်ပဲ’ စကားလက် စိတ်ထဲမှ ဆိုမိသည်။ ‘အင်ဒီယာနှင့် အာချီ ပြောတာ မှန်တယ်၊ ငါ့ကြောင့်

ခုလို ဖြစ်ရတာ၊ ဒါပေမယ့် သူတို့ နှစ်ယောက်ကိုလည်း ကေသုံးလုံး ဂိုဏ်းနှင့် ပတ်သက်မယ်လို့ ငါ ဘယ်ထင်မိမလဲ၊ ဒီလို ဖြစ်လိမ့်မယ်လို့ ဘယ်တွေးမိပါ့မလဲ၊ ငါ့ အနေနှင့်လည်း ဒီလို လုပ်မှ ဖြစ်မှာပဲ၊ မီလာနီ ပြောတာ ဟုတ်တယ်၊ လူတွေဟာ ကိုယ် လုပ်စရာ ရှိတာကို လုပ်နေရမှာပဲ၊ ငါ့အဖို့က သစ်စက်တွေ လည်နေဖို့ အရေးကြီးတယ်၊ ပိုက်ဆံ ရှာဖို့ လိုတယ်၊ ခုတော့ ဒါတွေကို ငါ ဆုံးရှုံးရတော့မယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ကြောင့်ဖြစ်ရတာ’

အတန်ကြာလျှင် မီလာနီ၏ စာဖတ်သံသည် တိမ်ဝင်စ ပြုလာသည်။ ထို့နောက် ရပ်သွားသည်။ မီလာနီက

ပြတင်းပေါက်ဆီသို့ လှမ်းကြည့်သည်။ ပြတင်းပေါက် အပြင်ဘက်တွင် သူတို့ကို ကြည့်ရှုနေသည့် ယန်ကီ စစ်သားများ မရှိတော့သည့်နှယ်

မီလာနီ

ကြည့်နေသည်။

အခြားသူများကလည်း

မီလာနီ

ကြည့်သည့်

အတိုင်း

လိုက်ကြည့်ပြီး

နားစွင့်နေကြသည်။

မြင်းခွာသံနှင့် သီချင်းဆိုသံကို ကြားရ၏။ တံခါးတွေ အလုံပိတ်ထားသဖြင့် သဲကွဲခြင်း မရှိ။ ကြားသည်ဆိုရုံ ခပ်သဲ့သဲ့

ကြားရခြင်းသာ ဖြစ်သည်။ သီချင်းက သူတို့ တောင်ပိုင်းသားတွေ အလွန်မုန်းသည့် သီချင်း။ မုန်းစရာ အကောင်းဆုံး သီချင်း။ ‘အောင်တပ်တော်ကြီးလည်း ချီလာပါပြီ’ ဆိုသည့် ယန်ကီဗိုလ်ချုပ် ရှားမင်း၏ တပ်သားများ ဆိုသည့် စစ်ချီ သီချင်း။ ဆိုသူက အခြားသူ မဟုတ်။ ရက် ဘတ်တလာ။

သီချင်း တစ်ကြောင်း နှစ်ကြောင်း ဆိုကာရှိသေး၊ အခြား အသံ နှစ်သံကို ကြားရ၏။ သီချင်း မဆိုရန် မူးမူးနှင့်

တားနေသည့် အသံ။ သီချင်းဆိုသံနှင့် စကားပြောသံ ရောထွေးနေသည်။ အိမ်ရှေ့ဆင်ဝင်ဘက်ဆီမှ ဗိုလ်ကြီး ဂျက်ဖရီ၏ အမိန့်ပေးသံနှင့် စစ်ဖိနပ်သံများကို ကြားရ၏။ သို့ရာတွင် စစ်ဖိနပ်သံများကို မကြားရမီကတည်းက အမျိုးသမီးများသည် တစ်ယောက်ကို တစ်ယောက် တအံ့တဩ လှည့်ကြည့်လိုက်မိကြသည်။

ရက် ဘတ်တလာကို သီချင်းမဆိုရန် တားနေသည့် ခပ်မူးမူး အသံများမှာ အက်ရှလေနှင့် ဟူးခ်ျ၏ အသံများ

ဖြစ်နေသည်။

အသံများက တဖြည်းဖြည်း ကျယ်လောင်လာ၏။ ခပ်တိုတို ခပ်ပြတ်ပြတ် မေးမြန်းနေသည့် ဗိုလ်ကြီး ဂျက်ဖရီ၏

အသံကိုလည်း ကြားရသည်။ ဟူးခ်ျက ခပ်စူးစူး ရယ်သည်။ ရက် ဘတ်တလာ၏ အသံက ခပ်ဩဩ။ ပမာမခန့် ရယ်သံ။

303

အက်ရှလေ၏ အသံက နဂိုသံမဟုတ်။ ခပ်ဆန်းဆန်း။ ‘ဟေ့ ဘယ်ကောင်မှ သောက်ဂရု မစိုက်ဘူးကွ၊ ဘာကောင်တွေလဲ’ ဟု အော်နေသည်။

‘ဒါ အက်ရှလေ မဖြစ်နိုင်ဘူး’ စကားလက်က ဖျစ်ညှစ်၍ တွေး၏။ ‘အက်ရှလေဟာ ဘယ်တော့မှ အရက် မမူးဘူး၊ ရက်

ဘတ်တလာကလည်း တစ်မျိုးဖြစ်နေတယ်၊ ရက် ဘတ်တလာ အရက်မူးလာရင် ငြိမ်နေတာပဲ၊ ဘယ်တော့မှ ဒီလို အော်ကျယ် ဟစ်ကျယ် မလုပ်ဘူး’

မီလာနီက ထသည်။ အာချီကလည်း လိုက်ထသည်။ ‘ဟေ့၊ အဲဒီ နှစ်ယောက်လုံးကို ဖမ်းထား’ ဟူသည့် စစ်ဗိုလ်၏

အသံကို ကြားရသည်။ အာချီ၏ လက်က ခါးက ပစ္စတိုဆီသို့ ရောက်သွား၏။

‘မလုပ်နှင့် အာချီ’ မီလာနီက ပြတ်သားစွာ ပြောသည်။ ‘အသာနေ၊ ဒီကိစ္စကို မီလာနီ ကြည့်ရှင်းမယ်’



မီလာနီ၏ မျက်နှာ အမူအရာက မြိုင်သာယာတွင် ယန်ကီ စစ်သား၏ အလောင်းကို လှေကားထိပ်မှ ငုံ့ကြည့်နေစဉ်က

မျက်နှာ အမူအရာမျိုး။ ထိုစဉ်က ဓားလွယ်ကြီးကို ကိုင်ထားသဖြင့် သူ့ လက်ကောက်ဝတ်သည် ညွှတ်ကျလျက် ရှိ၏။ နူးညံ့၍ ကြောက်တတ်သည့် မီလာနီသည် အရေးကြုံလာသည့်အခါတွင် ကျားသစ်မ တစ်ကောင်လို ဖျတ်လတ်၍ မာန်ဝင်လာသည်။ မီလာနီက တံခါးကို ဖွင့်လိုက်၏။

‘အထဲ ခေါ်ခဲ့ပါ ဗိုလ်ကြီး ဘတ်တလာ’ မီလာနီက ဒေါသသံ ပါသည့် လေသံဖြင့် ပြတ်သားစွာ ပြောသည်။ ‘ရှင်

ဒီတစ်ခါလည်း အရက်တွေ မူးအောင် တိုက်လွှတ်လိုက်ပြန်ပြီလား၊ အထဲ ခေါ်ခဲ့မှပေါ့’

လေ တဟူးဟူး တိုက်၍ မည်းမှောင်နေသည့် အိမ်ဝင် လမ်းဘက်ဆီမှ ယန်ကီ စစ်ဗိုလ်၏ အသံ ပေါ်လာသည်။



‘ဝမ်းနည်းပါတယ် မစ္စက် အက်ရှလေ၊ ခင်ဗျားယောက်ျားနှင့် ဟူးခ်ျကို ကျွန်တော်တို့ ဖမ်းရလိမ့်မယ်’



‘ဖမ်းမယ် ဟုတ်လား၊ ဘာဖြစ်လို့ ဖမ်းတာလဲ၊ အရက် မူးလာလို့လား၊ အရက် မူးတိုင်းသာ ဖမ်းမယ်ဆိုရင် အတ္တလန်တာက

ယန်ကီ မြို့စောင့် တပ်ဖွဲ့ တစ်ဖွဲ့လုံးကို ထောင်ထဲ တစ်လှည့်စီ ထည့်ဖို့ပဲ ရှိတော့တယ်၊ ကဲ ဗိုလ်ကြီး ဘတ်တလာ အထဲကို တွဲခေါ်ခဲ့ပါ၊ ရှင်ကိုယ်တိုင်ကော လမ်းမှ လျှောက်နိုင်သေးရဲ့လား’

စကားလက်၏ စိတ်သည် နှေးကွေးစွာ အလုပ်လုပ်နေသည်။ မီလာနီ၏ စကားများကို ရုတ်တရက် နားမလည်။

ရက် ဘတ်တလာနှင့် အက်ရှလေသည် အရက် မူးလာခြင်း မဟုတ်ကြောင်း စကားလက် သိသည်။ ဤသည်ကို မီလာနီ သိကြောင်းလည်း သူ သိသည်။ သို့တိုင်အောင် အမြဲတမ်း နူးညံ့သိမ်မွေ့၍ ယဉ်ကျေးသည့် မီလာနီသည် ငါးစိမ်းသည်မလို အော်ဟစ်နေသည်။ ယန်ကီတို့ ရှေ့မှာပင် မရှောင်နိုင်တော့။ နှစ်ယောက်စလုံး လမ်းမလျှောက်နိုင်အောင် မူးနေသည်ဟု အော်ဟစ်နေပြီ။

ခပ်တိုးတိုး ကျိတ်၍ ငြင်းခုံနေသံများကို ကြားရသည်။ တစ်ချီ တစ်ချီတွင် ဆဲသံများကိုလည်း ကြားရ၏။ လှေကားမှ

ဒယီးဒယိုင် တက်လာသံများ ပေါ်လာသည်။ တံခါးပေါက်တွင် အက်ရှလေ ပေါ်လာသည်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော်။ ဇက် မခိုင်တော့။ ဆံပင်က ဖရိုဖရဲ။ အရပ် မားမားကြီးပေါ်တွင် ရက် ဘတ်တလာ၏ ဝတ်ရုံနက်ကြီးကို ခြုံထားသည်။ ဟူးခ်ျနှင့် ရက်

304

ဘတ်တလာတို့ကလည်း ယိုင်နေကြ၏။ သူတို့ တွဲမလာလျှင် အက်ရှလေ လဲကျသွားမည်မှာ သေချာသည်။ သူတို့နောက်မှ ယန်ကီ စစ်ဗိုလ် လိုက်လာသည်။ သူ့မျက်နှာက မသင်္ကာသည့် မျက်နှာ။ သူတို့ကို ကြည့်၍ ရယ်ချင်ပက်ကျိ ဖြစ်နေသည့် မျက်နှာ။ သူ့နောက်က တပ်သားများကလည်း အက်ရှလေတို့ သုံးယောက်ကို လှမ်းကြည့်နေကြသည်။ အိမ်ထဲသို့ လေအေး စွတ် တိုက်လာ၏။

စကားလက် ကြောက်လည်း ကြောက်သည်။ စိတ်လည်း ရှုပ်သည်။ မီလာနီနှင့် ယိုင်လဲတော့မည့် အက်ရှလေကို

တစ်လှည့်စီ ကြည့်သည်။ ‘မဟုတ်ဘူး၊ သူ အရက် မမူးတတ်ဘူး’ ဟု ပြောလိုက်မည် ပြုပြီးမှ သတိရကာ ပါးစပ်ကို ပိတ်လိုက်သည်။

ပြဇာတ်တစ်ပုဒ်၊ သေရေး ရှင်ရေး ဆုံးဖြတ်ရမည့် ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရခြင်းဖြစ်ကြောင်း သဘောပေါက်၏။

ဤပြဇာတ်တွင် သူသည် ကပြသူ မဟုတ်။ ဒေါ်လေး ပစ်တီသည်လည်း ကပြသူ မဟုတ်။ သို့ရာတွင် အခြားသူများကမူ ဤပြဇာတ်တွင် ကပြသူများ ဖြစ်ကြသည်။ ကျအောင် တိုက်ထားသည့် ပြဇာတ်တစ်ခုမှ ဇာတ်ဆောင်သူများကဲ့သို့ စတင်ရန် တစ်ယေက်ကို တစ်ယောက် အချက်ပြနေကြသည်။ ဤပြဇာတ် တစ်ခုလုံးကို သူ နားမလည်။ တစ်ဝက် တစ်ပျက်သာ နားလည်သည်။ သို့ရာတွင် အသာ ကြည့်နေရမည်ဆိုသည်လောက်ကိုမူ စကားလက် သဘောပေါက်သည်။

‘ကုလားထိုင်ပေါ် အထိုင်ခိုင်းမှပေါ့ ရှင့်’ မီလာနီက ဒေါသတကြီး ပြောလိုက်သည်။ ‘ကဲ ဗိုလ်ကြီး ဘတ်တလာ၊

ရှင် ဒီအိမ်က ချက်ချင်း ထွက်သွားပါ၊ သူ့ကို အရက်တွေ မတိုက်ပါနှင့်လို့ ပြောတာလည်း မရဘူး၊ ပြီးတော့ အရှက် မရှိ မျက်နှာပြောင်တိုက်ပြီး လိုက်ပို့သေးတယ် ဟင်း’

သူတို့နှစ်ယောက်က အက်ရှလေကို လှုပ်ကုလားထိုင်ကြီးပေါ်သို့ ချလိုက်၏။ ရက် ဘတ်တလာက ကုလားထိုင်

နောက်မှီကို ထိန်း၍ ရပ်လိုက်ရင်း စစ်ဗိုလ်ဘက်သို့ လှည့်၍ ပြောနေသည်။ သူ့အသံက မခံချင်သံ ပေါက်နေသည်။

‘အင်း၊ အိမ်လိုက်ပို့တာ ကျေးဇူးတင်ခံရတာလေ၊ သူ့ယောက်ျားကိုလည်း ပုလိပ် အဖမ်းမခံရအောင် အိမ်လိုက်ပို့ရသေး၊

ကျုပ်ကိုလည်း ကော်ဆဲပြီး မျက်နှာကို လက်သည်းနှင့် ကုတ်သေးတယ်၊ အိမ်ရောက်တော့လည်း သူ့မယားက မောင်းချတယ်၊ တယ်ကောင်း’

‘ဒီမှာ ဟူးခ်ျ၊ ကျွန်မ ရှင့်အစား ရှက်တယ် သိလား၊ အိမ်က အမေကြီးကဖြင့် စိတ်ပူလှရော့မယ်၊ ရက် ဘတ်တလာလို

ယန်ကီ အလိုတော်ရိ လူရှုပ်နှင့်ပေါင်း၊ အရက်တွေ သောက်၊ တယ်တော်၊ ရှင်ကကော ဒီလောက်တောင် သောက်ရသလား’

‘ကိုယ် မမူးပါဘူး ကွ’



အက်ရှလေက အရက် မူးသံကြီးဖြင့် ပြောကာ ခေါင်းကို စားပွဲပေါ်တွင် ငုံ့၍ တင်လိုက်သည်။



‘အာချီ၊ ရှင့်လူကို ရှင်ပဲ ခါတိုင်းလို အိပ်ခန်းထဲ တွဲပို့လိုက်’ မီလာနီက အာချီကို အမိန့်ပေးသည်။ ‘ဒေါ်လေး ပစ်တီ၊

ဒေါ်လေး တူကို ဒေါ်လေးပဲ အိပ်ရာ ခင်းပေးလိုက်၊ မီလာနီတော့ အနားမကပ်ချင်ဘူး၊ မုန်းတယ်၊ မသောက်ပါနှင့်လို့ ခဏခဏ ပြောတာလည်း မရဘူး၊ မသောက်ပါဘူးပြောပြီး မူးမူး ပြန်လာတယ်’

မီလာနီက ငိုနေသည်။ အာချီက အက်ရှလေကို ချိုင်းအောက်မှ တွဲသည်။ ဒေါ်လေးပစ်တီက တစ်ဖက်မှ တွဲသည်။

305

သို့ရာတွင် ယန်ကီ စစ်ဗိုလ်က တားလိုက်၏။

‘မကိုင်ပါနှင့်၊ သူ့ကို ဖမ်းရလိမ့်မယ်၊ တပ်ကြပ်ကြီး’



တပ်ကြပ်ကြီးက ရှေ့သို့ တက်လာ၏။ ရိုင်ဖယ်သေနတ်ကြီးကို လက်တစ်ဖက်မှ စိုက်ကိုင်လျက်။ ရက် ဘတ်တလာက

လဲကျ မသွားအောင် အနိုင်နိုင် ကြိုးစား၍ ရပ်နေရဟန်ဖြင့် စစ်ဗိုလ်၏ လက်မောင်း တစ်ဖက်ကို မမှီတမှီ လှမ်းဆွဲသည်။ စစ်ဗိုလ်၏ မျက်လုံးကို စိုက်ကြည့်၏။

‘ဗိုလ်ကြီး၊ သူ့ကို ဘာဖြစ်လို့ ဖမ်းတာလဲ၊ သိပ် မမူးပါဘူးဗျ၊ နည်းနည်းလေးပါ’



‘မူးတာတွေ ဘာတွေ နားမလည်ဘူး’ စစ်ဗိုလ်က အော်သည်။ ‘လိမ်ချင်ရင် တခြားမှာ သွားလိမ်၊ ကျုပ်ကို လိမ်လို့ မရဘူး၊

ကျုပ်က ပုလိပ် မဟုတ်ဘူး၊ ဒီနေ့ည ကပ္ပလီ ကွက်သစ်ကို ကေသုံးလုံးက ဝင်တိုက်တယ်၊ အဲဒီထဲမှာ သူတို့နှစ်ယောက်ပါတယ်၊ ဒါကြောင့် ကျုပ်ကတော့ ဖမ်းရမှာပဲ၊ ကပ္ပလီ တစ်ယောက်နှင့် လူဖြူတစ်ယောက် သေသွားတယ်၊ ဒီနေ့ည ကိစ္စမှာ အက်ရှလေက ခေါင်းဆောင်’

‘ဒီနေ့ည ဟုတ်လား’ ရက် ဘတ်တလာက ရယ်သည်။ ရက် ဘတ်တလာက ခွက်ထိုး ခွက်လန် ရယ်သဖြင့်

မဟန်နိုင်တော့ဘဲ ထိုင်ဖုံပေါ်သို့ ထိုင်ချလိုက်ရ၏။ ခဏ ကြာမှ အရယ် ရပ်သည်။ ‘ဒီနေ့ညလား၊ ဟုတ်မှာလည်း လုပ်ပါ ဗိုလ်ကြီးရ၊ ဒီနေ့ည ရှစ်နာရီထိုးကတည်းက ဒီလူနှစ်ယောက် ကျုပ်နှင့် အရက် သောက်နေတာ’

‘ဘာ ခင်ဗျားနှင့်လား၊ ဒါဖြင့်’ စစ်ဗိုလ်က မျက်မှောင်ကုပ်၏။ တခေါခေါ အိပ်ပျော်နေသည့် အက်ရှလေနှင့် ငိုနေသည့်

မီလာနီကို ကြည့်၍ တွေးနေသည်။

‘ဒါဖြင့် ဘယ်မှာ သောက်နေတာလဲ’



‘ကျုပ် မပြောချင်ဘူးဗျာ’



ရက် ဘတ်တလာက အရက်မူးသမား၏ မလုံမလဲဟန်မျိုးဖြင့် မီလာနီကို တစ်ချက် လှမ်းကြည့်သည်။



‘ပြောပါ၊ ဘယ်မှာ သောက်ခဲ့သလဲ’



‘ဒါဖြင့် အပြင် လိုက်ခဲ့ဗျာ၊ အဲဒီကျမှ ပြောမယ်’



‘ခု ဒီနေရာမှာပဲ ပြောပါ’



‘ဪ ခက်တယ်ဗျာ၊ အမျိုးသမီးတွေ ရှေ့မှာ မပြောချင်ဘူး၊ ဒါဖြင့်ရင် အမျိုးသမီးတွေ ခဏ ရှောင်ပေးပါ’



‘မသွားနိုင်ဘူး၊ မသွားနိုင်ဘူး’ မီလာနီက မျက်ရည်များကို လက်ကိုင်ပဝါဖြင့် သုတ်ရင်း အော်သည်။ ‘ကျွန်မ

သိခွင့်ရှိတယ်၊ ကျွန်မ ယောက်ျားနှင့် ဘယ်သွားသလဲ ပြောပါ’

‘ကဲဗျာ၊ ဒီလောက်တောင် ဖြစ်လှတာ ပြောမယ်၊ ဘဲလ် ဝက်တလင်းရဲ့ ဇိမ်အိမ်မှာ၊ ကဲ သိပြီလား’ ရက် ဘတ်တလာက

306

ရှက်ကိုးရှက်ကန်း ဟန်ဖြင့် ပြောသည်။ ‘သူရော ဟူးခ်ျရော ဖရင့်ရော ဒေါက်တာမိရော တခြားလူတွေရော အများကြီးပဲ၊ အရက်ဝိုင်းကလေး တစ်ခုလုပ်တယ်၊ ဝိုင်းကလေး မဟုတ်ပါဘူးလေ၊ ဝိုင်းကြီးတစ်ခု လုပ်တယ်၊ ရှန်ပိမ် ပါတယ်၊ မိန်းမ ပါတယ်၊ ပြီးတော့’

‘ဘာ၊ ဘဲလ် ဝက်တလင်း အိမ်မှာ ဟုတ်လား၊ သိကြရောပေါ့’



မီလာနီက သံကုန်ဝင်၍ အော်သဖြင့် အားလုံး လန့်ဖျပ်သွားကာ သူ့ကို လှည့်ကြည့်လိုက်ကြသည်။ သူ့ရင်ကို လက်ဖြင့်

ဖိထားသည်။ ထို့နောက် မူး၍ လဲကျသွား၏။ အာချီက ဆီးဖမ်းလိုက်သော်လည်း မမီလိုက်တော့။ ထို့နောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အာချီက သူ့ကို ပွေ့ထူသည်။ အင်ဒီယာက မီးဖိုဘက်သို့ ပြေး၍ ရေခပ်သည်။ ဒေါ်လေးပစ်တီနှင့် စကားလက်က ယပ်ခတ်ပေးပြီး လက်ကောက်ဝတ်ကို တဖျပ်ဖျပ် ရိုက်ပေးသည်။ ဟူးခ်ျက ‘ဒါ ခင်ဗျားကြောင့်၊ ခင်ဗျားကြောင့်၊ ဒုက္ခ ရောက်ကုန်ပြီ’ ဟု မူးမူးဖြင့် အော်နေ၏။

‘ဗျို့ ဗိုလ်ကြီး၊ ခင်ဗျားတို့ လုပ်တာနှင့် အားလုံး သိကုန်တော့မယ်ဗျ’ ရက် ဘတ်တလာက ဒေါသတကြီး အော်သည်။

‘ခင်ဗျားတို့ သိပ်သဘောကျနေတယ်ပေါ့လေ၊ မနက်ဖြန်ဆိုရင် အတ္တလန်တာ တစ်မြို့လုံး မိန်းမတွေ ကိုယ့် ယောက်ျားနှင့် သတ်ပွဲဖြစ်အောင် လုပ်ပေးနေတာ၊ ဟုတ်လား’

‘ကျွန်တော်လည်း စိတ်ညစ်တယ်ဗျာ’ လေအေးကြီး တိုက်နေသည့်တိုင် စစ်ဗိုလ်တွင် ချွေးပြန်နေသည်။ ‘ကဲ ဗိုလ်ကြီး

ဘတ်တလာ၊ ဒီလူတွေ ဝက်တလင်း အိမ်မှာ ရှိတယ်ဆိုတာ ခင်ဗျား အာမခံမလား’

‘စိန်လိုက်၊ ကျုပ် အာမခံတယ်’ ရက် ဘတ်တလာက ပြော၏။ ‘ကျုပ် ပြောတာ မယုံရင် ဘဲလ် ဝက်တလင်းကို

သွားမေးချေ၊ မီလာနီကို ကျုပ် သူ့အခန်းထဲ ပို့ပေးလိုက်မယ်၊ အာချီ ကျုပ် ပို့ပေးမယ်၊ ရပါတယ်ဗျ၊ ဒီလောက်တော့ နိုင်ပါတယ်၊ ဒေါ်လေး ပစ်တီက ရှေ့က မှန်အိမ် ပြပေး’

ရက် ဘတ်တလာက ပျော့ခွေနေသည့် မီလာနီ၏ ကိုယ်ကို အာချီ လက်မှ ယူ၍ အသာ ပွေ့လိုက်သည်။



‘အာချီ၊ အက်ရှလေကို အိပ်ရာပေါ် တွဲပို့ပေးလိုက်၊ ဒီနေ့ ညက စပြီး ဒီလူကို ငါ ကြည့်လည်း မကြည့်ချင်ဘူး၊ ထိလည်း

မထိချင်ဘူး၊ သူ့ကြောင့် ငါပါ ဒုက္ခ ရောက်ရတာ’

ဒေါ်လေး ပစ်တီ လက်က တုန်နေသည်။ မှန်အိမ်ကိုပင် ငြိမ်အောင် မကိုင်နိုင်။ သို့ရာတွင် ရှေ့မှ ထွက်၍

မှောင်မည်းနေသော အိပ်ခန်းဆီသို့ ခေါ်သွား၏။ အာချီက အင့်ခနဲ အားယူကာ အက်ရှလေကို ချိုင်းအောက်မှ မ၍ ပွေ့သည်။

‘ဗျို့လူ၊ ဘာဖြစ်ဖြစ် ကျုပ်ကတော့ ဖမ်းရမှာပဲ’



ရက် ဘတ်တလာက လှည့်ပြောသည်။



‘ဖမ်းရင်လည်း မနက်မှ ဖမ်းဗျာ၊ ဘယ်မှ ထွက်မပြေးပါဘူး၊ ပြည့်တန်ဆာ အိမ်မှာ အရက်သောက်လို့ ဖမ်းရတယ်လို့၊

ဒီတစ်ခါပဲ ကြားဖူးသေးတယ်၊ ကျုပ်တို့ တစ်တွေ ဘဲလ် ဝက်တလင်းအိမ်မှာ ရှိတယ်ဆိုတာ မေးချင်တဲ့ လူ လိုက်မေး၊ သက်သေတွေ အများကြီး၊ တစ်ယောက်တောင် မကဘူး၊ ငါးဆယ်လောက် ရှိတယ်’

307



‘ပြောကြတာပဲ၊ ခင်ဗျားတို့ တောင်ပိုင်းသားဆို ကြောက်လွန်းလို့၊ မရှိတဲ့နေရာမှာလည်း ရှိတယ်လို့ သက်သေ

ထွက်ချင် ထွက်တဲ့ လူတွေ’ စစ်ဗိုလ်က စိတ်ဆိုးဆိုးဖြင့် ပြောသည်။ ‘ကဲ ဟူးခ်ျ၊ ကျုပ်နှင့် လိုက်ခဲ့ပါ၊ အက်ရှလေကိုတော့ တစ်ယောက်ယောက်က အာမခံပေးရင်’

‘ကျွန်မ အာမခံပါတယ်၊ ကျွန်မက အက်ရှလေရဲ့ ညီမပါ၊ မနက်ဖြန် ရှင်တို့ဆီ လာဖို့ တာဝန်ယူပါတယ်’ အင်ဒီယာက

ဝင်ပြောသည်။ ‘ကဲ ကိစ္စပြီးရင် ပြန်ကြပါ၊ တောင်းပန်ပါရစေ၊ ဒီနေ့ညအဖို့ ဒီလောက် ဒုက္ခပေးရရင် တော်လောက်ရောပေါ့’

‘အများကြီး ဝမ်းနည်းပါတယ်’ စစ်ဗိုလ်က ဦးညွှတ်နှုတ်ဆက်၏။ ‘အဲ အဲ၊ ဝက်တလင်းရဲ့ အိမ်မှာ ရှိတယ်ဆိုတာ

သက်သေ ပြနိုင်ပါစေလို့ ဆုတောင်းပါတယ်၊ မနက်ဖြန်ကျရင်သာ မေးစရာလေး ရှိလို့ စစ်ရုံးကို လာခဲ့ပါလို့ ပြောလိုက်ပါ’

အင်ဒီယာက

ဝတ်ကျေတမ်းကျေ

ဦးညွှတ်ပြ၏။

တံခါး

လက်ကိုင်ကို

ကိုင်ရင်း

မြန်မြန်

ထွက်သွားပါစေဟု

ဆုတောင်းမိသည်။ စစ်ဗိုလ်နှင့် တပ်ကြပ်ကြီးသည် ဟူးခ်ျကို ခေါ်၍ အပြင်သို့ ထွက်သွားသည်။ တံခါးကို နောက်ပြန်ဆောင့်ပိတ်၏။ အင်ဒီယာက စကားလက်ကိုပင် မကြည့်ဘဲ ပြတင်းပေါက်များမှ ခန်းဆီးများကို လိုက်၍ ဆွဲစေ့နေသည်။ စကားလက်က ဒူးတွေ တုန်လျက်ဖြင့် အက်ရှလေ ထိုင်သွားသည့် ကုလားထိုင်ကို ဖမ်းကိုင်ကာ လဲကျ မသွားအောင် ထိန်းထားရသည်။ ကုလားထိုင် နောက်မှီတွင် နည်းနက် စိုစွတ်သည့် အကွက် တစ်ကွက်ကို မြင်ရသည်။ သူ့ လက်တစ်ဝါးစာလောက် ရှိလိမ့်မည်။ စကားလက် နေမထိ ထိုင်မထိဖြင့် ထိုအကွက်ကို သွားကိုင်သည်။ သူ့လက်ဖဝါးတွင် စေးကပ် နီရဲ၍ စိုစွတ်စွတ် အရာတစ်ခု ထင်နေသည်။

‘အင်ဒီယာ’ စကားလက်က ခပ်တိုးတိုး ခေါ်သည်။ ‘အင်ဒီယာ၊ အက်ရှလေ ကိုယ်က ထွက်တာ၊ ဒဏ်ရာများ

ရလာသလား မသိဘူး’

အင်ဒီယာက နောက်ဆုံး ပြတင်းပေါက်မှ ခန်းဆီးကို ဆွဲစေ့လိုက်ပြီး အိပ်ခန်းဆီသို့ ခပ်သုတ်သုတ် ပြေးသည်။

စကားလက်က နောက်က လိုက်လာ၏။ အသက် မရှူနိုင်။ အိပ်ခန်းတွင် ရက် ဘတ်တလာက သူ့ ခန္ဓာကိုယ်ကြီးဖြင့် ဆီးတားသည်။ ပခုံးပေါ်မှ ကျော်ကြည့်လိုက်သည့်အခါတွင် ခုတင်ပေါ်တွင် မလှုပ်မယှက် ဖြူဖပ်ဖြူရော် ဖြစ်နေသည့် အက်ရှလေကို မြင်ရ၏။ မီလာနီက ဇာပန်းထိုးသည့် ကတ်ကြေး တစ်လက်ဖြင့် အက်ရှလေ၏ သွေးစွန်းနေသည့် အင်္ကျီကို လျင်မြန်စွာ ဖြတ်တောက်နေသည်။ စောစောက မူးမေ့ လဲသွားသည့် မီလာနီဟုပင် မထင်ရ။ အာချီက မှန်အိမ်ကို အောက်သို့ နှိမ့်ပေးထားပြီး အက်ရှလေ၏ လက်ကောက်ဝတ်ကို ရှုံ့တွ ဖုထစ်နေသည့် လက်ချောင်းများဖြင့် စမ်းနေသည်။

‘အသက်မှ ရှိသေးရဲ့လား ဟင်’



နှစ်ယောက်စလုံးက မေးသည်။



‘ရှိပါတယ်၊ သွေးထွက်တာ များလို့ မူးမေ့ သွားတာပါ၊ ပခုံးကို မှန်သွားတယ်’



ရက် ဘတ်တလာက ပြောသည်။



‘ဘာဖြစ်လို့ သူ့ကို ဒီပြန်ခေါ်ခဲ့ရတာလဲ၊ ရှင် တော်တော် ရမ်းတဲ့လူ’ အင်ဒီယာက အော်သည်။ ‘ဖယ်ပါ၊ ကိုယ့်ကို

မဆွဲနှင့်၊ အဖမ်း ခံရအောင် ခေါ်လာတာလား ဟင်’

308



‘သိပ် အားနည်းနေတယ် အင်ဒီယာ၊ တခြား ဘယ်မှ သွားစရာ နေရာ မရှိဘူး၊ ပြီးတော့ တိုနီလို ဝရမ်းပြေး ဖြစ်သွားရင်

ဘယ့်နှယ် လုပ်မလဲ၊ လူတွေအားလုံး ဝရမ်းပြေး ဖြစ်စေချင်လို့လား၊ ဘဲလ် ဝက်တလင်းက ထွက်ချက်ပေးရင် ကိစ္စ ပြီးနိုင်တယ်၊ သိလား’

‘ဖယ်ပါ၊ ကိုယ့်ကို မဆွဲပါနှင့်’



‘ဒီမှာ အင်ဒီယာ၊ မင်း လုပ်စရာတွေ အများကြီး ရှိတယ်၊ ဆရာဝန်တစ်ယောက် သွားခေါ်ပါ၊ ဒေါက်တာမိကိုတော့

မခေါ်နှင့်၊ ဒီကိစ္စမှာ သူလည်းပါတယ်၊ ခုလောက်ဆို ယန်ကီ စစ်ရုံးမှာ ရောက်နေလောက်ပြီ၊ တခြား ဆရာဝန်တစ်ယောက်ကို သွားရှာပါ၊ ညကြီးမင်းကြီး တစ်ယောက်တည်းကော သွားရဲရဲ့လား’

‘သွားရဲပါတယ်’ အင်ဒီယာ၏ မျက်လုံးများက တောက်ပြောင်နေသည်။ ‘မကြောက်ပါဘူး၊ ဒေါက်တာ ဒင်းကို

သွားခေါ်မယ်’

ချိတ်တွင် ချိတ်ထားသည့် မီလာနီ၏ ဦးထုပ်ကို ဖြုတ်၏။ တည်ငြိမ်အောင် ကြိုးစားထားသဖြင့် စောစောကလောက်

တုန်လှုပ်ခြင်း မဖြစ်တော့။

‘ရှင့်ကို သူလျှိုလို့ ခေါ်တာ စိတ်မရှိပါနှင့်၊ ကျွန်မ နားမလည်လို့ ခေါ်တာ၊ အက်ရှလေကို ခေါ်လာတဲ့အတွက်

ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ ရှင့်ကိုတော့ မုန်းတုန်းပဲ’

‘ကျုပ်က ပွင့်လင်းတာကို သဘောကျပါတယ်၊ ပွင့်လင်းတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်’ ရက် ဘတ်တလာက

ဦးညွှတ်သည်။ နှုတ်ခမ်းက လှောင်ပြုံး ပြုံးလျက်။ ‘ကဲ၊ မြန်မြန် ဆရာဝန် သွားခေါ်ချေပါ၊ နောက်ဖေးက ထွက်ပါ၊ အပြန် အိမ်နားမှာ စစ်သားတွေ မြင်ရင် အိမ်ထဲကို ဝင်မလာပါနှင့်’

အင်ဒီယာက စိတ်ပူဟန်ဖြင့် အက်ရှလေကို တစ်ချက် လှမ်းကြည့်သည်။ ရှောစောင်ကို ပခုံးတွင် ပတ်ကာ

ခပ်သွက်သွက်ပြေး၍ နောက်ဖေးဘက်သို့ ထွက်သည်။ ထို့နောက် အမှောင်ထုကြီးထဲတွင် ပျောက်သွားသည်။

စကားလက်က ရက် ဘတ်တလာ၏ ပခုံးပေါ်မှ ကျော်ကာ အက်ရှလေကို စိုက်ကြည့်နေသည်။ အက်ရှလေက

မျက်လုံးကို ဖွင့်ကြည့်၏။ စကားလက်၏ ရင်သည် တဒိတ်ဒိတ် ခုန်နေသည်။ မီလာနီက မျက်နှာသစ် ခုံပေါ်မှ မျက်နှာသုတ်ပဝါ တစ်ထည်ကို ခေါက်၍ ယူလာကာ အက်ရှလေ၏ ပခုံးက ဒဏ်ရာကို အုပ်ပေးသည်။ အက်ရှလေက ဖျော့တော့စွာ ပြုံးကာ မီလာနီ့မျက်နှာကို ကြည့်နေသည်။ ရက် ဘတ်တလာ၏ စူးရှတောက်ပသည့် မျက်လုံးများက သူ့ကို စူးစိုက် ကြည့်နေမှန်း စကားလက် သတိပြုမိသည်။ ရင်ထဲက ခံစားချက်များသည် မျက်နှာတွင် အထင်းသား ပေါ်နေသည်ကို သူ့ဘာသာသူသိသည်။ သို့ရာတွင် စကားလက် ဂရုမစိုက်နိုင်။ အက်ရှလေ သွေးတွေ ထွက်နေပြီ၊ သေများ သေမည်လော မဆိုနိုင်။ သူ့ကြောင့် သူ ချစ်ရသူ၏ ပခုံးတွင် ဒဏ်ရာ ထိလာခဲ့ပြီ။ စကားလက် အိပ်ရာနားသို့ သွားကာ သူ့ဘေးတွင် ဒူးထောက် ထိုင်ချလိုက်ချင်သည်။ သူ့ကို ရင်ခွင်တွင် ပွေ့ထားချင်သည်။ ခြေလှမ်း၍ပင် မရချင်။ မီလာနီက မျက်နှာသုတ်ပဝါဖြင့် ပခုံးဒဏ်ရာကို ဖိသိပ်ပေးနေသည်။ ယိုစီး ထွက်နေသည့် သွေးများကို ကိုယ်တွင်းသို့ ဖြန့်သိပ် သွင်းနေသည့်နှယ် ဖိပေးနေသည်ကို ကြည့်၍ စကားလက် မအော်မိရန် ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။ သို့ရာတွင် မျက်နှာသုတ် ပဝါ တစ်ခုလုံး မျက်လှည့် ပြလိုက်သလို နီရဲလျက်။

309



လူတစ်ယောက် ဤမျှ သွေးတွေ ဒလဟော ထွက်နေလျက် မသေသည်ကို စကားလက် အံ့ဩနေသည်။ သို့ရာတွင်

ပါးစပ်မှ သွေးမအန်၍ တော်သေးသည်။ ပါးစပ်မှ သွေးတွေ အမြှုပ်ထလာပြီဆိုလျှင် သေမင်းတမန် လာတော့မည်။ မက်မုံပင်လမ်း တိုက်ပွဲတုန်းက ဒေါ်လေး ပစ်တီ၏ အိမ်ရှေ့မြက်ခင်းတွင် သွေးမြှုပ် ထလာပြီး သေသွားကြသည့် ဒဏ်ရာရ လူနာများကို စကားလက် မြင်ဖူးသည်။ ယခု အက်ရှလေ ပါးစပ်တွင် သွေးစ သွေးန မရှိသေး။

‘တော်လောက်ပါပြီလေ’ ရက် ဘတ်တလာက ပြောသည်။ သူ့အသံက မာကျောကာ လှောင်သံ ပါနေသည်။

‘မသေတော့ပါဘူး၊ ကဲ စကားလက်၊ မီလာနီ မှန်အိမ် မြှောက်ပြလိုက်စမ်းပါ၊ ကျုပ် အာချီကို ခိုင်းစရာလေးတွေ ရှိတယ်’

အာချီက မှန်အိမ်ပေါ်မှ ကျော်၍ ရက် ဘတ်တလာကို ကြည့်သည်။



‘နင် ခိုင်းတာကို ငါ မလုပ်နိုင်ဘူး’



အာချီက ဆေးရွက်ကြီးကို ပါးစောင် တစ်ဖက်သို့ ရွှေ့၍ ငုံရင်း ခပ်ပြတ်ပြတ် ပြောသည်။



‘သူ ခိုင်းတာ လုပ်လိုက်လေ’ မီလာနီက ခပ်ထန်ထန် ပြော၏။ ‘မြန်မြန်လည်း လုပ်ပေးလိုက်၊ ခိုင်းတာအားလုံးကို

လုပ်ပေးလိုက်၊ စကားလက် မှန်အိမ် မြှောက်ပြစမ်းပါ’

စကားလက်က

အခန်းထဲသို့

ဝင်လာကာ

မှန်အိမ်ကို

ကိုင်ပေး၏။

လွတ်ကျမည်စိုးသဖြင့်

လက်နှစ်ဖက်ဖြင့်

ကိုင်ထားရသည်။ အက်ရှလေ မျက်လုံးကို ပြန်မှိတ်သွား၏။ ဟာလာဟင်းလင်း ဖြစ်နေသည့် သူ့ရင်က ဖြည်းညင်းစွာ ဖောင်းလာကာ လျင်မြန်စွာ ပိန်သွားသည်။ မီလာနီ၏ ဂနာမငြိမ်သော လက်ချောင်းများ ကြားမှ နီရဲသည့် သွေးတွေ စီးကျလာသည်။ ရက် ဘတ်တလာဆီသို့ လျှောက်သွားသည့် အာချီ၏ သစ်သား ခြေထောက်များက တဒေါက်ဒေါက် မြည်နေသည်။ ရက် ဘတ်တလာ၏ ခပ်တိုးတိုး ခပ်မြန်မြန် စကားပြောသံကို သဲ့သဲ့ကြားရ၏။ အက်ရှလေဆီသို့ အာရုံ ရောက်နေသဖြင့် စကားများကို သဲသဲကွဲကွဲ မကြားရ။ တစ်စွန်းတစ်စသာ ကြားရသည်။ ‘ကျုပ် မြင်းကို ယူသွား၊ အပြင်မှာ ချည်ခဲ့၊ ဒုန်းစိုင်းပြီး စီးသွား’

အာချီက တစ်စုံတစ်ရာ ပြန်မေးသည်။ ရက် ဘတ်တလာ၏ ဖြေသံ ပေါ်လာ၏။



‘ဆူလီဗန်တို့ ယာတောနားမှာ၊ မီးခိုးခေါင်းတိုင်ကြီးကြီးထဲမှာ၊ ဝတ်ရုံတွေ ရှိတယ်၊ အဲဒါတွေအားလုံးကို မီးရှို့ပစ်ခဲ့’



‘အင်း’



‘ပြီးတော့ အဲဒီ အိမ်အောက်ထပ် မြေတိုက်ခန်းထဲမှာ လူ နှစ်ယောက် ရှိတယ်၊ သူတို့ကို မြင်းပေါ် တင်ပြီး ဘဲလ်

ဝက်တလင်း အိမ်နောက်ဖေး ကွက်လပ်မှာ ထားပစ်ခဲ့၊ တစ်ယောက်ကို သူ့အိမ်နှင့် မီးရထား သံလမ်းကြားမှာ ချခဲ့၊ သေသေချာချာ လုပ်နော်၊ ခင်ဗျား လုပ်တာ တစ်ယောက်ယောက်မြင်သွားရင် ခင်ဗျားရော ကျုပ်တို့တစ်တွေရော ကြိုးစင်တက်ရမှာ၊ သူတို့ကို အဲဒီနားချပြီး သူတို့ လက်ထဲကို ပစ္စတိုတွေ ထည့်ခဲ့၊ ရော့ ကျုပ် ပစ္စတိုတွေ ယူသွား’

အခန်းထဲက စကားလက် လှမ်းကြည့်နေသည်။ ရက် ဘတ်တလာက အပေါ် ကုတ်အင်္ကျီကို လှန်ကာ ခါးကြားမှ ပစ္စတို

နှစ်လက်ကို ထုတ်ပေး၏။ အာချီက လှမ်းယူပြီး သူ့ ခါးကြားတွင် ထိုးလိုက်သည်။

310



‘သေနတ် တစ်လက်စီကို တစ်ချက်စီ ပစ်ထား၊ သဘောက တစ်ယောက်နှင့်တစ်ယောက် ပစ်တယ်ဆိုတဲ့ သဘော၊

နားလည်လား’

အာချီက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ လေးစား အထင်ကြီးဟန်သည် သူ့ မျက်လုံးတွင် စိတ်မပါ့တပါ

ပေါ်နေသည်။ သို့ရာတွင် စကားလက် အဖို့မူ မည်သည့်ကိစ္စကိုမျှ ကောင်းကောင်း နားမလည်။ လွန်ခဲ့သည့် နာရီဝက်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသည် သူ့စိတ်ထဲတွင် ခြောက်အိပ်မက် သဖွယ် ဖြစ်နေသည်။ သူ့စိတ်ထဲတွင် မည်သည့်အခါမျှ ရှင်းရှင်းလင်းလင်း ရှိမည် မထင်တော့။ သို့ရာတွင် ရက် ဘတ်တလာက အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းခန့်ခွဲနေပုံရသည်။ ဤသည်ကို ကြည့်၍ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

အာချီက အပြင်သို့ ထွက်မည်ပြုသည်။ နောက်ပြန် လှည့်ကာ မျက်လုံးတစ်ဖက်ဖြင့် ရက် ဘတ်တလာကို

လှမ်းကြည့်လိုက်၏။

‘သူလား’



‘ဟုတ်တယ်’



အာချီက ချောင်းဟန့်ကာ ပျစ်ခနဲ တံတွေး တစ်ချက် ထွေးလိုက်သည်။



‘ဘယ်တတ်နိုင်မလဲ’



နောက်ဖေး လှေကားဘက်သို့ ဆင်းသွားရင်း တစ်ယောက်တည်း ပြောသွားသည်။



သူတို့ ပြောနေသည့် စကားက မရှင်း။ စကားလက် စိတ်ထဲတွင် တစ်စုံတစ်ရာကို သံသယ ဖြစ်လာသည်။ ကြောက်လည်း

ကြောက်လာသည်။ သူ့ရင်ထဲတွင် ဆူပွက်စ ပြုလာသည်။

‘ဖရင့်ကော’



စကားလက်က ခပ်ကျယ်ကျယ် မေးသည်။



ရက်

ဘတ်တလာက

ခုတင်ဆီသို့

ခပ်သုတ်သုတ်

လျှောက်လာ၏။

ကြီးခိုင်သည့်

သူ့ခန္ဓာကိုယ်ကြီးသည်

ကြောင်တစ်ကောင်လို တိတ်ဆိတ်ပေါ့ပါးနေသည်။

‘အားလုံး အချိန်ကိုက်ပဲ’ ရက် ဘတ်တလာက ပြုံး၍ ပြောသည်။ ‘စကားလက် မှန်အိမ်ကို ငြိမ်အောင် ကိုင်ထားစမ်းပါ၊

တော်တော်ကြာ မင်းလုပ်တာနှင့် လူမမာပါ မီးလောင်နေလိမ့်မယ်၊ မယ်လီ-မီလာနီ’

မီလာနီက မော့ကြည့်သည်။ အမိန့်ကို စောင့်နေသည့် စစ်သားကောင်းတစ်ယောက်နှင့် တူသည်။ ရက် ဘတ်တလာက

‘မယ်လီ’ ဟု သူ့ ငယ်နာမည်ကို ခေါ်လိုက်သဖြင့် မီလာနီ ရုတ်တရက် အံ့အားသင့်နေသည်။ ရက် ဘတ်တလာက တစ်ခါမျှ ဤသို့ မခေါ်စဖူး။ ပထမဆုံး အကြိမ် ခေါ်ခြင်းဖြစ်သည်။

311



‘အို ယောင်သွားတယ်၊ ခွင့်လွှတ်ပါ၊ မီလာနီ လို့ ခေါ်တာပါ’



‘ကိစ္စ မရှိပါဘူး၊ ဗိုလ်ကြီး ဘတ်တလာ၊ မီလာနီကို တောင်းပန်စရာ မလိုပါဘူး၊ မီလာနီကို ရှင် ဒီလို ခေါ်တယ်ဆိုရင်

မီလာနီ ဂုဏ်ယူပါတယ်၊ ဗိုလ်ကြီး ဘတ်တလာက မီလာနီရဲ့ အစ်ကို အရင်းနှင့် မခြားပါဘူး၊ ဗိုလ်ကြီး ဘတ်တလာ လျင်ပေလို့ အားလုံး ဒုက္ခ မရောက်တာ၊ ဗိုလ်ကြီး ဘတ်တလာ ကျေးဇူးကို မမေ့ပါဘူး’

‘ကျေးဇူးတင်ပါတယ်’ ရက် ဘတ်တလာ အနေရခက်နေပုံ ရသည်။ ‘ကျုပ် တစ်ခါမှ ဒီလောက် ဟန်ဆောင်

မကောင်းခဲ့ဖူးဘူး၊ ဒါပေမယ့်’

ရက် ဘတ်တလာ၏ အသံက တောင်းပန် တိုးလျှိုးသည့် အသံ ပေါ်နေသည်။



‘ဒါပေမယ့် မီလာနီကို တစ်ခုတော့ ပြောရဦးမယ်၊ ဘဲလ် ဝက်တလင်း အိမ်ကို အက်ရှလေ ရောက်ခဲ့တယ်ဆိုတာ

တကယ်ပဲ၊ ဒီလို ဒီလို ကိစ္စမျိုးမှာ သူ့ကို သူ့ကို ဆွဲထည့်ရတဲ့အတွက် ဝမ်းနည်းပါတယ်၊ ဆွဲမထည့်လို့လည်း မဖြစ်ဘူး၊ မြန်မြန်စဉ်းစားပြီး မြန်မြန် လုပ်မှ ဖြစ်မယ် မဟုတ်လား၊ ဒီ အိမ်က ပြန်သွားတော့ ဒီစိတ်ကူး တစ်ခုပဲ ပေါ်လာတယ်၊ ကျုပ်က ယန်ကီ စစ်ဗိုလ်တွေထဲမှာ မိတ်ဆွေအများကြီး ရှိတော့ ကျုပ်ပြောတဲ့ စကားတွေကို ယုံမှာပဲလို့ တွက်တယ်၊ သူတို့က ကျုပ်ကို သူတို့ လူလို့ ထင်နေတယ် မဟုတ်လား၊ ကျုပ်ကို လူတွေက မကြိုက်ဘူးဆိုတာ သူတို့ သိနေတယ်လေ၊ ဒီနေ့ ညနေပိုင်းလောက်က ကျုပ် ဘဲလ် ဝက်တလင်း အိမ်မှာ ပိုကာ ဆွဲနေတယ်၊ ကျုပ် ပိုကာဆွဲနေတာကို ယန်ကီ စစ်ဗိုလ်တွေလည်း တွေ့တယ်၊ ပြီးတော့ ဘဲလ် ဝက်တလင်းနှင့် သူ့အိမ်က မိန်းမတွေကလည်း အက်ရှလေတို့ တစ်တွေ တစ်ညနေလုံး အပေါ်ထပ်မှာ ရှိနေတယ်ဆိုတာ သက်သေခံမယ်၊ သူတို့သက်သေခံရင် ယန်ကီတွေကလည်း ယုံမှာပဲ၊ ယန်ကီဆိုတဲ့ လူမျိုးက တော်တော် ဆန်းတယ်၊ ဘဲလ် ဝက်တလင်း အိမ်က မိန်းမပျက်တွေမှာ မျိုးချစ်စိတ်တို့ သစ္စာစောင့်သိမှုတို့ ရှိတယ်လို့ ထင်ပုံ မရဘူး၊ ဒီနေ့ည ဟိုလူတွေ ဘယ်ရောက်နေတယ်ဆိုတာကို မိန်းမကောင်းတွေ ပြောရင် ယန်ကီတွေက ယုံချင်မှ ယုံမှာ၊ ဒါပေမယ့် ဟိုမိန်းမတွေ ပြောရင် ယုံမှာ သေချာတယ်၊ ဒီတော့ ဟိုလူတွေ လွတ်ရေး မလွတ်ရေးဟာ လူရှုပ်တစ်ယောက်ရဲ့ စကားနှင့် မိန်းမပျက် တစ်ဒါဇင်လောက်ရဲ့ သက်သေ ထွက်ချက်ပေါ်မှာ တည်နေတယ်’

ရက် ဘတ်တလာက နောက်ဆုံး စကားလုံးများကို ပြောရင် ခပ်လှောင်လှောင် ပြုံးလိုက်သည်။ သို့ရာတွင် မီလာနီက

သူ့ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည့်အခါ၌ ထိုအပြုံးသည် ပျောက်သွား၏။

‘ဗိုလ်ကြီး ဘတ်တလာ၊ ရှင်ဟာ တော်တော်ဉာဏ်သွားတယ်နော်၊ သူတို့ လွတ်မယ် ဆိုရင် ဘယ်သွားတယ် ပြောပြော

အရေးမကြီးပါဘူး ရှင်၊ ဝက်တလင်း အိမ်မကလို့ ငရဲပြည်သွားတယ်ပဲ ပြောပြော၊ လွတ်ရင် တော်ပါပြီ၊ ကျွန်မ ယောက်ျားဟာ ဒီလို အိမ်မျိုးကို မသွားဘူးဆိုတာ လူတိုင်း သိတာပဲဟာ’

‘ဒါပေမယ့်’ ရက် ဘတ်တလာက ခပ်တိုးတိုး ပြော၏။ ‘အက်ရှလေ ဒီနေ့ည ဘဲလ် ဝက်တလင်း အိမ်ကို ရောက်တာတော့

အမှန်ပဲနော်’

မီလာနီက မဲ့လိုက်သည်။



‘ကျွန်မက ဒါကို ပြောလို့ကော ယုံမတဲ့လား’

312



‘နားထောင်ပါဦးလေ၊ ကျုပ် ပြောပါဦးမယ်၊ ဒီနေ့ည ကျုပ် ဆူလီဗန်ရဲ့ ယာတောကို လိုက်သွားတယ်၊ ဟိုရောက်တော့

အက်ရှလေ ဒဏ်ရာနှင့် လဲနေတယ်၊ သူနှင့်အတူ ဟူးခ်ျလည်း ရှိတယ်၊ ဒေါက်တာမိနှင့် မယ်ရီဝယ်သာလည်း ရှိတယ်’

‘အဘိုးကြီးလား’



‘ယောက်ျားဆိုတာ မိုက်တဲ့ နေရာမှာ ဘယ်တော့မှ မအိုဘူး၊ ပြီးတော့ မင်းတို့ ဦးလေး ဟင်နရီရော’



‘ဘုရား ဘုရား’



ဒေါ်လေး ပစ်တီက ရင်ကို ဖိသည်။



‘ဒီပြင် လူတွေကတော့ ယန်ကီတွေနှင့် ပစ်ခတ်ကြရင်း တစ်ကွဲစီ ဖြစ်သွားတယ်၊ ကျန်တဲ့လူတွေကတော့ ဆူလီဗန်ရဲ့

ယာတောကို ရောက်လာပြီး မီးဖိုခေါင်းတိုင်ထဲမှာ ဝတ်ရုံတွေ မျက်နှာဖုံးတွေကို လာဝှက်ကြတယ်၊ အက်ရှလေ ဒဏ်ရာကိုလည်း လာကြည့်ရင်း ဆိုပါတော့လေ၊ အက်ရှလေ ဒဏ်ရာ ရလို့ပေါ့၊ ဒဏ်ရာ မရရင် ခုလောက်ဆို သူတို့အားလုံး တက္ကဆက်ကို ရောက်နေပြီ၊ ဒါပေမယ့် အက်ရှလေက ဒီလောက် ဝေးဝေး မြင်းစီးလို့ မရတော့ဘူး၊ သူ့ကိုလည်း ထားပစ်ခဲ့လို့ မဖြစ်ဘူး၊ ဒီတော့ သူတို့ ဘယ်သွားတယ်၊ ဘာလုပ်တယ် ဆိုတာကို အမှန်ပြောလို့ မဖြစ်ဘူး၊ တစ်နေရာရာကို ရောက်နေတယ်ဆိုတာ ပြရမယ်၊ ဒါကြောင့် ဘဲလ် ဝက်တလင်းအိမ်ကို နောက်ဖေးပေါက်က ကျုပ် သယ်လာရတယ်’

‘ဟင် ဟုတ်လား၊ မီလာနီ ပြောမိတာကို စိတ်မရှိပါနှင့်နော် ဗိုလ်ကြီး ဘတ်တလာ၊ ဟုတ်တာပေါ့၊ အဲဒီကို သယ်သွားရင်

အထင် မလွဲတော့ဘူးပေါ့၊ ဒါပေမယ့် ရှင်တို့ ဝင်သွားတာကို လူတွေ မမြင်တော့ဘူးတဲ့ လား’ 

‘ဟင့်အင်း မမြင်ပါဘူး၊ နောက်ဖေး မီးရထားသံလမ်းဘက်မှာ မလွယ်ပေါက်ကလေး တစ်ခုရှိတယ်၊ အဲဒီနားမှာ မီးလည်း

မရှိဘူး၊ သော့ခတ်ထားတယ်’

‘ဒါဖြင့် ဘယ်လိုလုပ်ပြီး’



ရက် ဘတ်တလာက ခပ်တိုတို ဖြေသည်။ သူ့မျက်လုံးများသည် မီလာနီ၏ မျက်လုံးများနှင့် ဆိုင်မိကြသည်။



မီလာနီကလည်း ရက် ဘတ်တလာပြောသည့် စကား၏ နောက်ဆက်တွဲ အဓိပ္ပာယ်ကို နားလည်လိုက်သည်။

ရှက်ရှက်ဖြင့် ပတ်တီးစည်းရာတွင် အလွဲလွဲ အချော်ချော် ဖြစ်နေသည်။

‘မီလာနီက စပ်စုတာ မဟုတ်ပါဘူး၊ ဟို ဟို’



မီလာနီက အသံ တိမ်တိမ်ဖြင့် ပြော၏။ သူ့ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေရာမှ နီရဲလာသည်။ ဒဏ်ရာကို

မျက်နှာသုတ်ပဝါဖြင့် အုပ်ပေးနေသည်။

‘အမျိုးသမီးတွေရှေ့မှာ ဒီအကြောင်းတွေ ပြောရတာ ခွင့်လွှတ်ပါ’



‘ဟုတ်ပါတယ်၊ ဒီလူဟာ ဝက်တလင်း ဆိုတဲ့ ကောင်မနှင့် အတူ သွားနေတာ သေချာပါပြီ၊ ဒါကြောင့် နောက်ဖေး

313

မလွယ်ပေါက်သော့ ရှိနေတာပေါ့’ ဟု စကားလက် တွေးနေသည်။

‘ဒါနှင့် ကျုပ် ဝက်တလင်းဆီ သွားပြီး အကျိုးအကြောင်း ရှင်းပြရတာပေါ့၊ ဒီနေ့ည အပြင် ရောက်နေတဲ့ လူတွေရဲ့

စာရင်းကို သူ့ ပေးလိုက်တယ်လေ၊ ဝက်တလင်းနှင့် သူ့ကောင်မလေးတွေက ဒီလူတွေ ဒီနေ့ည သူတို့နှင့် အတူ ရှိပါတယ်လို့ ထွက်မှာပေါ့၊ ပြီးတော့ ပိုပြီး ထင်ရှားအောင် ဆိုပြီး သူ့အိမ်မှာ ရှိတဲ့ ဇိမ်မယ်ထိန်း လူမိုက် နှစ်ယောက်ကို ခေါ်ပြီး ကျုပ်တို့ကို ထိုးကြိတ်ပြီး အိမ်ပေါ်က ဆွဲချခိုင်းတယ်၊ ကျုပ်တို့ကို အရက်ဆိုင်ထဲက ခေါ်လာပြီး လမ်းမကို မောင်းထုတ်လိုက်တယ်၊ သဘောကတော့ ကျုပ်တို့တစ်တွေ ဆူပူသောင်းကျန်းနေလို့ မောင်းထုတ်ရတယ်ပေါ့’

ရက် ဘတ်တလာက တစ်စုံတစ်ရာကို အမှတ်ရ၍ ပြုံးလိုက်၏။



‘ဒေါက်တာမိကတော့ အရက် မူးတဲ့ လူနှင့် သိပ် မတူဘူး၊ အရေးထဲ ဒီလို အိမ်မျိုးကို သွားတယ်လို့ လူတွေက

အထင်ခံရမှာကို ရှက်နေသတဲ့၊ ဒါပေမယ့် ဦးလေး ဟင်နရီနှင့် အဘိုးကြီး မယ်ရီဝယ်သာကတော့ သိပ်နိပ်တာပဲ၊ တကယ် မူးလာတဲ့ပုံ အပြည့်ပဲ၊ သူတို့နှစ်ယောက် ဒီကို ပါမလာတာ တကယ့် ဇာတ်လိုက်ကြီး နှစ်ယောက် လျော့သွားတာပေါ့၊ သူတို့ ကြည့်ရတာ ဒီလို ဟန်ဆောင်ရတာကို ပျော်နေပုံပဲ၊ မင်းတို့ ဦးလေး ဟင်နရီကတော့ အဘိုးကြီး မယ်ရီဝယ်သာနှင့် သတ်ဟန် ဆောင်ကြတာ ဟန်ဆောင်လွန်သွားလို့ မျက်လုံးကြီး တစ်ဖက် ဖူးဖူးယောင်လို့၊ သူက’

နောက်ဖေးတံခါး ပွင့်လာကာ အင်ဒီယာ ဝင်လာသည်။ သူ့နောက်မှ ဒေါက်တာဒင်း ပါလာ၏။ ဖြူဖွေးနေသည့်

ဆံပင်များက ဖရိုဖရဲ။ ဆေးအိတ်ကြီးက ဝတ်ရုံထဲတွင် ဖောင်းထွက်လျက်။

ဒေါက်တာဒင်းက ခေါင်းညိတ် နှုတ်ဆက်သည်။ ထို့နောက် အက်ရှလေ၏ ပခုံး ဒဏ်ရာတွင် အုပ်ထားသည့်

မျက်နှာသုတ်ပဝါကို လှန်သည်။

‘အဆုတ်နှင့် ဝေးပါတယ်၊ ညှပ်ရိုး မကျိုးရင် ကိစ္စ မရှိပါဘူး၊ ကဲ မျက်နှာသုတ် ပဝါတွေ ပေးစမ်းပါ၊ ဂွမ်းလိပ် ရှိရင်

ဂွမ်းလိပ် ပေးပါ၊ ပြီးတော့ ဘရန်ဒီ နည်းနည်း’

ရက် ဘတ်တလာက စကားလက်၏ လက်ထဲမှ မှန်အိမ်ကို ယူပြီး စားပွဲပေါ်တွင် တင်သည်။



‘ဒီမှာ ဘာမှ အလုပ် မရှိပါဘူး၊ လာ ဧည့်ခန်းလာပြီး မီးလှုံလှည့်နော်’ ရက် ဘတ်တလာက သူ့ကို လက်မောင်းမှ ဆွဲကာ

အပြင်သို့ ခေါ်သွားသည်။ သူ့အသံနှင့် သူ့ အတွေ့အထိသည် ခါတိုင်းနှင့် မတူ။ ချိုသာ နူးညံ့လျက် ရှိ၏။ ‘ဒီနေ့ တစ်နေ့လုံး စိတ်ညစ်စရာတွေချည်း တွေ့နေရပြီ ထင်တယ်၊ ဟုတ်လား’

စကားလက်က သူ ခေါ်ရာသို့ အသာ လိုက်လာသည်။ မီးဖို ရှေ့တွင် ရပ်နေသည့်တိုင် သူ့ တစ်ကိုယ်လုံး တုန်နေသည်။

သူ့ ရင်ထဲက သံသယလှိုင်းက ပိုကြီးလာသည်။ သံသယ မဟုတ်။ သံသယထက် ပိုသည်။ ဧကန်တရား ဖြစ်သည်။ ကြောက်စရာ ဧကန်တရားဖြစ်သည်။ စကားလက်က ရက် ဘတ်တလာ၏ လှုပ်ရှားခြင်း မရှိသော မျက်နှာကို မော့ကြည့်၏။ အတန်ကြာ စကား မပြောနိုင်။ ထို့နောက် မေးသည်။

‘ဖရင့်ကော ဘဲလ် ဝက်တလင်း အိမ်ကို ရောက်သေးသလား’

314



‘မရောက်ပါဘူး’



ရက် ဘတ်တလာ၏ အသံက တုံးတိတိ။



‘ခု အာချီ သူ့ကို သွားသယ်နေတယ်၊ သွားသယ်ပြီး ဝက်တလင်းရဲ့ အိမ်နားက ကွက်လပ်မှာ သွားချထားလိမ့်မယ်၊

ကျသွားပြီ၊ ခေါင်းကို တည့်တည့်မှန်သွားတယ်’

315

၄၆



ထိုညက အတ္တလန်တာ မြောက်ပိုင်း ရပ်ကွက်တွင် တစ်ညလုံး အိပ်မပျော်ကြ။ ကေသုံးလုံးဂိုဏ်း ဖရိုဖရဲ ဖြစ်သွားပြီ

ဆိုသည့် သတင်းနှင့် ရက် ဘတ်တလာ ပရိယာယ် ဆင်၍ အချို့ လူများကို ထုတ်လာသည့် သတင်းသည် ညတွင်းချင်း ပျံ့နှံ့သွားသည်။ အင်ဒီယာ၏ မည်းမည်းရိပ်ရိပ် သဏ္ဌာန်သည် အိမ်နောက်ဖေးသို့ လှစ်ခနဲ ရောက်လာတတ်ကာ သတင်းကို တီးတိုး ပြောသွားသည်။ ထို့နောက် လေတဟူးဟူး အမှောင်ထုထဲတွင် ပျောက်သွား၏။ သူ သွားရာ လမ်းတစ်လျှောက်တွင် ထိတ်လန့်ခြင်း၊ မျှော်လင့်ခြင်းတို့ အရာ ထင်ကျန် ရစ်ခဲ့သည်။

အပြင်မှနေ ကြည့်လျှင် အိမ်များသည် မည်းမှောင် တိတ်ဆိတ်ကာ အိပ်မောကျနေသည် ထင်ရသည်။ အိမ်ထဲတွင်မူ

စိတ်အား ထက်သန်စွာ ပြောဆိုနေသည့် တီးတိုးသံများကို အရုဏ်တက်သည် အထိ ကြားနေရဆဲ။ မနေ့ညက အရေးအခင်းတွင် ပါဝင်ခဲ့သူများသာမက ကေသုံးလုံး ဂိုဏ်းဝင်များသည် ယန်ကီတို့ကို တိုက်ရန် အသင့် ဖြစ်နေကြသည်။ မက်မုံပင် လမ်းတစ်လျှောက်မှ မြင်းဇောင်းများတွင် မြင်းများသည် ကုန်းနှီးတင်ပြီး အသင့်။ ပစ္စတိုများက အသင့်။ စားစရာများက ကုန်းနှီး အိတ်ထဲတွင် အသင့်။ အားလုံး တိမ်းရှောင်ရန် အဆင်သင့် ဖြစ်နေကြသည်။ ‘ဗိုလ်ကြီး ဘတ်တလာက မရှောင်နှင့်လို့ ပြောတယ်၊ လမ်းတွေမှာ အစောင့်တွေ ချပြီး ပိတ်ထားတယ်တဲ့၊ ဘဲလ် ဝက်တလင်းနှင့် သူ စီစဉ်ပြီးပြီတဲ့’ အင်ဒီယာက ဤသို့ ပြောမသွားလျှင် ဤအချိန်လောက်၌ တိမ်းရှောင်ပြီးသား ဖြစ်ကြတော့မည်။

‘ဒီ လူရှုပ်ကို ယုံလို့ ဘယ်ဖြစ်မလဲ၊ ထောင်ဖမ်းတာ ဖြစ်နိုင်တယ်’ ဟု အချို့က ဆိုကြသည်။



‘မသွားပါနှင့်၊ အက်ရှလေနှင့် ဟူးခ်ျကိုတောင် သူ ကယ်ခဲ့သေးတာပဲ၊ ရှင်တို့ကိုလည်း ကယ်မှာပေါ့၊ မီလာနီနှင့်

အင်ဒီယာတို့ကတောင် ယုံရင် စိတ်ချရပါတယ်’ ဟု မိန်းမများက တားကြသည်။ သို့ဖြင့် မယုံ တယုံဖြင့် အိမ်တွင် ပြန်နေကြသည်။ ထိုနည်းမှတစ်ပါး အခြား နည်းလမ်း မရှိတော့။

ထိုနေ့ ညဦးပိုင်းတွင် ယန်ကီ စစ်တပ်က အချို့ အိမ်များကို တက်၍ ရှာသည်။ ထိုနေ့ညက မည်သည့် နေရာတွင်

ရောက်နေသည်ဟု ခိုင်ခိုင်လုံလုံ အကြောင်းမပြနိုင်သူများကို တသီကြီး ဖမ်းသွားသည်။ ရီနီ၊ မစ္စက် မယ်ရီဝယ်သာ၏ တူအချို့နှင့် ဆင်မွန် ညီအစ်ကို တစ်သိုက် အဖမ်း ခံကြရသည်။ အရေးအခင်းတွင် သူတို့လည်း ပါသည်။ သို့ရာတွင် ပစ်ကြ ခတ်ကြပြီးသည့်နောက် လူစု ကွဲသွားကြသည်။ အိမ်သို့ မြင်းဖြင့် ဒုန်းစီး ပြန်လာသည်တွင် ရက် ဘတ်တလာ၏ အစီအစဉ်ကို မသိရသေးမီ အဖမ်း ခံသွားကြရသည်။ ဆိုင်ရာတို့က မနေ့ညက မည်သည့် နေရာသို့ သွားနေသနည်းဟု စစ်သည်။ ဤကိစ္စမှာ သူတို့ ကိစ္စ ဖြစ်ကြောင်း၊ ယန်ကီတို့နှင့် ဘာမျှ မဆိုင်ကြောင်းဖြင့် တညီတညွတ်တည်း ဖြေကြသည်။ ထို့ကြောင့် စစ်ဆေးရန် ဆိုင်ရာက ဆက်၍ ချုပ်ထားသည်။ ဘဘကြီး မယ်ရီဝယ်သာနှင့် ဦးလေး ဟင်နရီကမူ အချင်းဖြစ်သည့် ညက ဘဲလ် ဝက်တလင်း အိမ်တွင် ရောက်နေသည်ဟု မျက်နှာ ပြောင်ပြောင်ဖြင့် ထွက်ဆိုကြသည်။ သို့ရာတွင် ယန်ကီ စစ်ဗိုလ်က လက်မခံ။ ဤအရွယ်ကြီးတွေ ရောက်မှ ဤလို အိမ်မျိုးသို့ သွားသည် ဆိုခြင်းမှာ မဖြစ်နိုင်ဟု ပြောသဖြင့် ယန်ကီ စစ်ဗိုလ်ကို ဒေါပွလျက် ရှိ၏။

316



ယန်ကီ စစ်ဗိုလ်က ခေါ်သဖြင့် ဘဲလ် ဝက်တလင်းလည်း စစ်ရုံးသို့ လာ၍ အစစ်ခံသည်။ သွားခေါ်စဉ်ကမူ အကြောင်း

မသိသေးသဖြင့် ဘဲလ် ဝက်တလင်းက အော်ထုတ်သည်။ ယနေ့ည အလုပ် ပိတ်ထားကြောင်း၊ မည်သူ့ကိုမျှ လက်မခံကြောင်းဖြင့် အော်သည်။ ညနေက လူရမ်းကား တစ်သိုက် မူး၍ ရောက်လာကာ ရန်ဖြစ်ကြကြောင်း၊ အိမ်ထောင် ပရိဘောဂတွေ ကျိုးပဲ့ ပျက်စီးကုန်ကြောင်း၊ မှန်တွေ ကွဲကုန်ကြောင်း၊ ထို့ကြောင့် ကောင်မလေးတွေ လန့်ဖျပ်ကာ ပြန်ပြေးကြသဖြင့် ယနေ့ည အလုပ် ပိတ်ထားရကြောင်းဖြင့် ပြောသည်။ သို့ရာတွင် ဗိုလ်ကြီး ဂျက်ဖရီ အရက် သောက်လိုလျှင်မူ အရက်ဆိုင်ကို ဖွင့်ထားကြောင်း။

ယန်ကီ ဗိုလ်ကြီး ဂျက်ဖရီ နောက်တွင် ပါလာသည့် တပ်သားများ ပြုံးစိစိ ဖြစ်နေကြပြီ။ ဤသည်ကို ဗိုလ်ကြီး ဂျက်ဖရီ

သိသည်။ သူ စုံစမ်း စစ်ဆေးရမည့် ကိစ္စက မလွယ်တော့။ ခက်လာပြီ။ ထို့ကြောင့် ကောင်မလေးတွေထံ လာခြင်း မဟုတ်ကြောင်း၊ အရက်သောက် လာခြင်းလည်း မဟုတ်ကြောင်း၊ မနေ့ညက လာ၍ ရန်ဖြစ်သွားသူများကို သိလို၍ လာခြင်း ဖြစ်ကြောင်းဖြင့် ဗြောင်ပြောသည်။ ၎င်းတို့ကို မိမိ သိကြောင်း၊ ၎င်းတို့မှာ မိမိ အိမ်သို့ လာနေကျ ဖောက်သည်များ ဖြစ်ကြောင်း၊ ဗုဒ္ဓဟူးနေ့ ညတိုင်း လာတတ်ကြောင်း၊ သူတို့ကိုယ် သူတို့ ‘ဗုဒ္ဓဟူးနေ့ ဒီမိုကရက်များ’ ဟု နောက်ပြောင် ခေါ်ကြကြောင်း၊ မည်သည့် အဓိပ္ပာယ်ဖြင့် ခေါ်သည်ကိုမူ မမိ မသိကြောင်း၊ သိလည်း မသိလိုကြောင်း၊ အိမ်အပေါ်ထပ်တွင် ပျက်စီးသွားသည့် အတွက်မူ သူတို့ထံ တရားစွဲ၍ လျော်ကြေး တောင်းမည် ဖြစ်ကြောင်း၊ မိမိ အိမ်သည် အောက်တန်းစားအိမ် မဟုတ်၊ အထက်တန်းစား သန့်သန့်အိမ် ဖြစ်ကြောင်း၊ ၎င်းတို့၏ အမည်များကိုမူ

ဘဲလ် ဝက်တလင်းက အတန်ကြာ စဉ်းစားပြီး လူ ဆယ့်နှစ်ယောက်၏ အမည်ကို ရွတ်ပြသည်။ ဗိုလ်ကြီး ဂျက်ဖရီက

မဲ့ပြုံး ပြုံးလိုက်၏။

‘သောက်ကျိုးနည်း၊ ကေသုံးလုံး သူပုန်ကလည်း တို့ ထောက်လှမ်းရေး ဌာနထက်တောင် စေ့စပ် သေချာ နေပါ့လား’

သူက ပြောသည်။ ‘ကောင်းပြီ၊ မနက်ဖြန်မှာ ခင်ဗျားရယ်၊ ခင်ဗျား ကောင်မလေးတွေရယ် စစ်ခုံရုံးကို လာအစစ်ခံပါ’

‘ရှင်တို့ စစ်ခုံရုံးက ကျွန်မ မှန်တွေ ကွဲတာ လျော်ကြေး ပေးမှာလား’



‘ခင်ဗျား မှန်တွေ ကွဲတာ အသာ ထားစမ်းပါ၊ ရက် ဘတ်တလာ ပေးလိမ့်မယ်၊ ဒီအိမ်ကို သူ ပိုင်တာ မဟုတ်လား’



အတ္တလန်တာက ပြည်နယ်ဘက်သား အိမ်များ အားလုံး အရုဏ်မတက်မီတွင် အဖြစ်အပျက် အားလုံးကို သိနေကြပြီ။

သတင်းတွေ ရပြီးပြီ။ သူတို့ကို ဘာမျှ မပြောသည့်တိုင် ကပ္ပလီများပင် သူတို့ အဆက်အသွယ်ဖြင့် သူတို့ သိနေကြပြီ။ ကပ္ပလီ ကွက်သစ်ကို ကေသုံးလုံး ဂိုဏ်း ဝင်စီးပုံ၊ ဖရင့် ကျဆုံးပုံ၊ တွန်မီ ကျဆုံးပုံ၊ ဖရင့်၏ အလောင်းကို သယ်ရင်း အက်ရှလေ ဒဏ်ရာ ရပုံ တို့ကို သိနေကြသည်။

ပထမတွင်မူ စကားလက်ကြောင့် ဤအရေးအခင်း ဖြစ်ရသည်ဟု ဆိုကာ အမျိုးသမီးများက စကားလက်ကို

မကျေနပ်ကြ။ သို့ရာတွင် ကိုယ့်လင် သေပါလျက် ကိုယ့်လင် အလောင်းကိုမှ ကိုယ် မသင်္ဂြိုဟ်ရသည့် အဖြစ်၊ ကိုယ့်လင် သေသည်ကို သိလျက် မသိချင်ယောင် ဆောင်နေရသည့် အဖြစ်တို့ကို သိရသည့် အခါတွင် စကားလက်ကို သနား သွားကြသည်။ မနက်လင်း၍ အာဏာပိုင်များက သူ့ ယောက်ျား သေကြောင်းကို လာ၍ အကြောင်း မကြားမချင်း စကားလက် မသိချင်ယောင် ပြုနေရဦးမည်။ ဖရင့်နှင့် တွန်မီတို့ သေနတ် တစ်ယောက် တစ်လက်စီ ကိုင်လျက် မီးရထား သံလမ်းဘေးက မြက်တောစပ်တွင် သေနေကြပြီ။ ဘဲလ် ဝက်တလင်း အိမ်မှ ကောင်မလေး တစ်ယောက်နှင့် ပတ်သက်၍ အရက် မူးပြီး ရန်ဖြစ်ရင်း တစ်ယောက်နှင့်

317

တစ်ယောက် သေနတ်ဖြင့် ပစ်ကြသည်ဟု အာဏာပိုင်တို့ ယူဆလိမ့်မည်။ အထူးသဖြင့် သွေးနုသားနုနှင့် တွန်မီ၏ မိန်းမကို ပိုသနားကြသည်။ သို့ရာတွင် ညကြီးမင်းကြီး ထဲတွင် သွားမေး၍ မဖြစ်။ သွားအားပေး၍ မဖြစ်။ ယန်ကီ တပ်စု တစ်စုက အိမ်ကို ဝိုင်းထားကာ တွန်မီ ပြန်အလာကို စောင့်နေသည်။ အခြား တပ်စု တစ်စုက ဒေါ်လေး ပစ်တီ အိမ်ကို ဝိုင်းကာ ဖရင့် ပြန်အလာကို စောင့်နေသည်။ ထို့ကြောင့် သွား၍ မဖြစ်။

ထိုနေ့တွင် ထိုအမှုကို စစ်ရုံးတင် စစ်မည် ဆိုသည့် သတင်းကို အရုဏ်မတက်ခင် ကတည်းက ကြားနေရသည်။

မနေ့ညက တစ်ညလုံး မအိပ်ရသဖြင့် လည်းကောင်း၊ ရင်တထိတ်ထိတ် ဖြစ်နေရသည့် အတွက် လည်းကောင်း၊ မြို့သူ မြို့သားများမှာ မျက်လုံးတွေ လေးကာ ကျိန်းစပ်လျက် ရှိကြသည်။ ထိုအထဲတွင် ပါဝင်သူများ၏ သေရေး ရှင်ရေးသည် အချက် သုံးချက် ပေါ်တွင် တည်နေသည်ကို သိကြသည်။ အက်ရှလေ တစ်ယောက် အရက် အမူးလွန်၍ ခေါင်းခဲ ခေါင်းကိုက် ဖြစ်ရုံမှအပ အခြား ဘာမျှ မဖြစ်သည့် ဟန်မျိုးဖြင့် စစ်ခုံရုံးတွင် လာ၍ အစစ် ခံနိုင်ရမည်။ ဘဲလ် ဝက်တလင်း အနေဖြင့် ထိုသူများ အားလုံး မနေ့ညက အိမ်တွင် ရှိကြောင်း သက်သေ ခံနိုင်ရမည်။ ရက် ဘတ်တလာ အနေဖြင့်လည်း သူတို့နှင့် အတူ ရှိနေကြောင်း သက်သေ ခံနိုင်ရမည်။ သူတို့၏ သေရေး ရှင်ရေးသည် ဤအချက် သုံးချက်ပေါ်တွင် တည်နေသည်။

ပထမ အချက်ကမူ ကိစ္စ မရှိ။ နောက် နှစ်ချက်ကိုမူ တစ်မြို့လုံးက စိတ်ပျက်ကြသည်။ သူတို့ အရေးတော်ပုံ အတွက်

တိုက်ခိုက်ခဲ့သူများ လွတ်မြောက်ရေးကို ဤမိန်းမက သက်သေခံမှဖြစ်မည် ဆိုသည့် အတွက် စိတ်ပျက်ကြသည်။ ဘဲလ် ဝက်တလင်းနှင့် ရင်ဆိုင်တိုးလျှင် ရှောင်ကွင်း သွားခဲ့ကြသည့် အမျိုးသမီးများက ဘဲလ် ဝက်တလင်းသည် ဤသို့မှ အစစ် ခံပါမည်လောဟု စိတ်ပူကြသည်။ အမျိုးသားများကမူ ဘဲလ် ဝက်တလင်း သက်သေခံသည့် ကိစ္စကို ဤမျှ မရှက်ကြ။ ဘဲလ် ဝက်တလင်းသည် စိတ်ကောင်း နှလုံးကောင်း ရှိသည့် မိန်းမမှန်း သိကြသည်။ သို့ရာတွင် ရက် ဘတ်တလာ သက်သေခံမှ သူတို့တစ်တွေ လွတ်မည် ဆိုသည့် အချက်ကိုမူ စိတ်ပျက်ကြသည်။ သူတို့ အမြင်တွင် ရက် ဘတ်တလာက မှောင်ခိုသမား၊ လူရှုပ် လူပွေ။ ဤလို လူမျိုးက အစစ်ခံမှ သူတို့ လူတွေ လွတ်ကြရမည့် အဖြစ်ကို နည်းနည်းလေးမျှ မခံနိုင်။ ဘဲလ် ဝက်တလင်းက မြို့ပေါ်တွင် နာမည် အကြီးဆုံး ဇိမ်ခေါင်း။ ရက် ဘတ်တလာက လူမုန်း အခံရဆုံးလူ။ သူတို့ နှစ်ဦးကြောင့် လွတ်ရမည် ဆိုသည့် အဖြစ်ကမူ နာသည်။ ရှက်စရာ ကောင်းသည်။ သူတို့ ကျေးဇူးခံ ကျေးဇူးစား ဖြစ်ရမည်ကို ဂုဏ်ပျက်သည်။

နောက် တစ်ချက်က သိက္ခာ ပြဿနာ။ ယန်ကီများနှင့် ကော်ဇောအိတ်သမားများက ရယ်ကြတော့မည်။ အမှုတွင်

အစစ်ခံ ရမည့်သူတွေက မြို့မျက်နှာဖုံးတွေ၊ ဒေါင်ဒေါင်မြည် လူကြီး လူကောင်းတွေ။ ယခု မြို့မျက်နှာဖုံး ဆယ့်နှစ်ယောက်သည် ဘဲလ် ဝက်တလင်း၏ ဇိမ်အိမ်သို့ သွားနေကျ ဖောက်သည်များ ဖြစ်ကြောင်း ပြောရတော့မည်။ နှစ်ယောက်က ဇိမ်မယ် တစ်ယောက်ကို လုရင်း သေနတ်ဖြင့် ပစ်သဖြင့် သေရပြီ။ ကျန်လူများကမူ ဆူပူ သောင်းကျန်းသည် ဆိုကာ ဘဲလ် ဝက်တလင်းကပင် လမ်းပေါ်သို့ နှင်ထုတ်ခြင်း ခံခဲ့ရပြီ။ တချို့ကမူ အဖမ်း ခံနေရပြီ။ ဘဲလ် ဝက်တလင်းအိမ် သွားလျက်နှင့် မသွားဟု ငြင်းနေကြပြီ။ 

ဤသည်တို့ကို ကြည့်၍ ယန်ကီတွေက သူတို့ကို အထင် သေးကြတော့မည်ဟု စိုးရိမ် နေကြသည်။ စိုးရိမ်မည်

ဆိုလျှင်လည်း

စိုးရိမ်စရာ။

ယန်ကီတို့ကို

တောင်ပိုင်းက

နွေးနွေး

ထွေးထွေး

ဆီးကြိုခြင်း

မပြု။

အေးတိအေးစက်

ဆက်ဆံကြသည်။ ထို့ကြောင့် ယန်ကီတို့ မခံချင် ဖြစ်နေကြသည်။ ယခု သူတို့ အကွက် ပေါ်ပြီ။ တောင်ပိုင်းသား လူကြီး လူကောင်းတွေ ဇိမ်အိမ်တွင် ရန်ဖြစ်၍ စစ်ခုံရုံး တင်ရသည်ကို ဝမ်းသာ နေကြတော့မည်။ အူမြူး နေကြတော့မည်။ ယန်ကီ

318

စစ်ဗိုလ် ကတော်များကလည်း ညတွင်းချင်း အိမ်နားနီးချင်းများကို ဖောက်သည် ချကြသည်။ ယန်ကီ အမျိုးသမီးများသည် ဤသတင်းကို ကြားလျှင် ဝမ်းသာမဆုံး ဖြစ်ကာ မျက်ရည် ထွက်မတတ် ရယ်ကြသည်။ တောင်ပိုင်းသား တို့၏ မာနဟူသည် ဤသို့လောဟု ပြောကြတော့မည်။ မိမိတို့က ဖော်ရွေစွာ ဆက်ဆံလျက် မာနကြီး တစ်ခွဲသားတွေ လုပ်နေသည့် တောင်ပိုင်းသူတို့ အရှက် ကွဲကြတော့မည်။ သူတို့ ယောက်ျားများက အစည်းအဝေး တက်သည်ဟု အကြောင်းပြကာ ဇိမ်အိမ် သွားနေကြသည်ကို မသိရလောက်အောင် ညံ့ရသလောဟု မေးငေါ့ကြတော့မည်။ ရယ်ကြတော့မည်။

သို့ရာတွင် ယန်ကီ အမျိုးသမီးများက စကားလက် အတွက် စိတ်မကောင်းကြ။ အတ္တလန်တာတွင် ယန်ကီ

အမျိုးသမီးများကို

ဖော်ဖော်ရွေရွေ

ဆက်ဆံသူ

အနည်းငယ်ထဲတွင်

စကားလက်လည်း

ပါသည်။

သူ့ယောက်ျားက

ကောင်းကောင်း မထောက်ပံ့သဖြင့် ကိုယ်တိုင် ပင်ပင်ပန်းပန်း အလုပ် လုပ်နေရှာသည် စသဖြင့် စကားလက်ကို နဂို ကတည်းက သနား နေကြပြီ။ သူ့ ယောက်ျား သေသည်ကို စိတ်မကောင်းသော်လည်း ဇိမ်အိမ်သွားကာ လော်လီ ဖောက်ပြားသည့် ယောက်ျား၏ မယား ဖြစ်သည့် စကားလက်ကို ပို၍ သနားစရာ ကောင်းသည်ဟု မြင်ကြသည်။ သေလည်း သေရသေး၊ ဖောက်ပြားမှု ပေါ်ကာ အရှက်လည်း ကွဲရသေး ဆိုသည့် အခါတွင် စကားလက် အဖို့ မိအေး နှစ်ခါနာ ဖြစ်ရသည်ဟု မြင်ကြသည်။ မည်သို့ ဆိုဆို ဆင်းရဲသည့် လင်ပင် ဖြစ်စေ လင်မရှိသည်နှင့်စာလျှင် လင်ရှိသည်က တင့်တယ်သေးသည်။ ယခုမူ စကားလက်ခမျာ နှစ်ခါ မုဆိုးမ ဖြစ်ရသည်ဟု သနားကြသည်။ သို့ရာတွင် ဒေါ်ဒေါ်မိ၊ မစ္စက် မယ်ရီဝယ်သာ၊ မစ္စက် အယ်လဆင်းနှင့် အထူးသဖြင့် မီလာနီတို့ကိုမူ မသနားကြ။ တွေ့လျှင် မကြားတကြား ပြော၍ ရယ်ကြသည်။ မေးငေါ့ ကြသည်။ ဤသို့ လုပ်နိုင်မှ သင်းတို့ မာန ကျမည်။

ထိုနေ့ည တစ်ညလုံး အတ္တလန်တာမှ အိမ်တိုင်း ဤအကြောင်းကိုသာ ပြောနေကြသည်။ အမျိုးသမီးများက ယန်ကီတို့

မည်သို့ ထင်ထင် ဂရုမစိုက်ကြောင်း သူတို့ ယောက်ျားများကို ပြောပြကြသည်။ သို့ရာတွင် စိတ်ထဲကမူ ယန်ကီတို့၏ အလှောင် အပြောင်ကို ခံရခြင်းထက် ခေါင်းဖြတ် လူရိုင်း၏ ဓားအောက်တွင် လည်စင်း ပေးချင်သေးသည်။

ဒေါက်တာမိကမူ ရက် ဘတ်တလာ၏ အစီအစဉ်ကို နည်းနည်းမျှ မကျေနပ်။ ဘဲလ် ဝက်တလင်း အိမ်သို့

ရောက်နေသည်ဟု ပြောရသည်ထက် ကြိုးပေးသည်ကို ခံလိုက်ချင်သေးသည်။ ယခုမူ အခြားသူများ မျက်နှာကို ထောက်၍ အစီအစဉ် အတိုင်း လုပ်ရသည်ဟု မကျေမနပ်ဖြင့် ဒေါ်ဒေါ်မိကို ဖွင့်ပြောသည်။

‘ဒါ မင်း ဂုဏ်သိက္ခာကိုလည်း ထိခိုက်တာပေါ့ ကွ’



ဒေါက်တာမိက အော်သည်။



‘အို တော်၊ ကိုယ် အဲဒီ အိမ်ကို ဟိုဒင်း ဟိုဒင်းကြောင့် သွားတာ မဟုတ်ဘူး ဆိုတာ လူတိုင်း သိနေတာပဲဟာ’



‘ဒါပေမယ့် ယန်ကီတွေက မသိဘူးကွ၊ စက်တိုင် မတက်ချင်လို့ လိမ်ပြောရင် ဒီကောင်တွေက တကယ် ယုံနေတော့မှာ၊

တို့ကို ဘယ်လောက် လှောင်မယ် ထင်သလဲ၊ ငါက အဲဒါကို မခံနိုင်ဆုံးပဲ၊ မဟုတ်တာလည်း လိမ်ပြောရသေး၊ အရှက်လည်း ကွဲရသေးတယ် ဆိုတော့ ဘယ်ဖြစ်မလဲ၊ မင်းလည်း သိက္ခာ ကျတာပဲ၊ ငါ ဘယ်တုန်းက ဒါမျိုး ဝါသနာ ပါလို့လဲ’

‘ကျွန်မ သိပါတယ်လေ’ ဒေါ်ဒေါ်မိက အမှောင်ထဲတွင် ပြုံးကာ သူ့ လက်ကို ဒေါက်တာမိ၏ လက်ထဲသို့

319

ထည့်လိုက်သည်။ ‘ဒါပေမယ့် ကိုယ် အန္တရာယ် ဖြစ်မယ့် ကိစ္စ မဟုတ်လား၊ ဒီတော့ လိမ်ပြောတန်လည်း ပြောရတော့မှာပေါ့’

‘ဒီမှာ မရွှေမိ၊ တွေ့ရာတွေ လျှောက်ပြော မနေနှင့်၊ ကိုယ် ဘာပြောလို့ ပြောမှန်း မသိ’



ဒေါ်ဒေါ်မိက လှမ်းအော်သည်။



‘အို၊ ကျွန်မ ပြောတဲ့ စကား ကျွန်မ သိပါတယ်၊ ကျွန်မမှာ သားနှစ်ယောက်လုံး ဆုံးရှုံးခဲ့ရပြီးပြီ၊ ခု တွယ်တာစရာ ဆိုလို့

ဒီလင်ပဲ ကျန်တော့တယ်၊ ခု ရှင့်မှာ ဒုက္ခ ရောက်မယ် ဆိုတော့ ကျွန်မ အနေနှင့် ဘယ်လိုလုပ် နေရမှာလဲ၊ ရှင့်အစား ကျွန်မပဲ ဝင်ခံလိုက်တော့မယ်’

‘တော်စမ်းပါကွာ၊ မဟုတ်တာတွေ ပြောမနေပါနှင့်‘



‘ရှင်ဟာ တော်တော် ခေါင်းမာတယ်’



ဒေါ်ဒေါ်မိက ကြင်နာစွာ ပြောကာ သူ့ ပခုံးတွင် ခေါင်းတင်၍ မှီသည်။ ဒေါက်တာမိက ငြိမ်နေသည်။ ဒေါ်ဒေါ်မိ ပါးကို

ဖြည်းညင်းစွာ ပွတ်နေ၏။

‘ပြီးတော့ကွာ ရက် ဘတ်တလာ ဆိုတဲ့ လူရှုပ်ကို ကျေးဇူး တင်ရမယ် ဆိုတော့ ငါ့ အသည်း နာလို့ မဆုံးဘူး၊

ဒီကောင်ကို ကျေးဇူး တင်ရတာထက် ကြိုးစင် တက်လိုက်ချင်သေးတယ်၊ ငါ့ အသက်ကို ကယ်တယ်လို့ သူကတော့ ပြောမှာပဲ၊ ဒါပေမယ့် ငါကတော့ ဒီကောင်နှင့် အဆက်အသွယ် နည်းနည်းလေးမှ မလုပ်ချင်ဘူး၊ သူများကို စော်ကား မော်ကား ပြောရမယ် ဆိုရင်လည်း သူ့အပြင် မရှိဘူး၊ အရှက် နည်းလိုက်တာလည်း ကမ်းကုန်ပြီ၊ ပြည်နယ် စစ်တပ်ထဲကိုတောင် မလိုက်တဲ့ကောင် တစ်ယောက်က ငါ့အသက်ကို ကယ်တယ် ဆိုတာတော့ ဟင်း’

‘ရမ်းလည်း ပြောမနေနှင့်တော့၊ အတ္တလန်တာ ကျခါနီးတုန်းက တပ်ထဲ လိုက်သွားသတဲ့၊ မီလာနီက ပြောတယ်’



‘အိုး၊ ဘယ်ကလာ လိုက်ရမှာလဲ၊ အလကား ပြောတာ၊ မီလာနီကတော့ သူ့ကို ခပ်တည်တည် ပြောရင် ဘယ်သူ

ပြောပြော ယုံမှာပဲ၊ ငါ နားမလည်တာက တို့ ကိစ္စမှာ ဒီကောင်က ဘာလို့ ဝင်အကူအညီ ပေးရတာလဲ၊ ငါ စဉ်းစားလို့ မရဘူး၊ ပြောလို့တော့ မကောင်းဘူး၊ ဟိုဒင်း သူနှင့် စကားလက်တို့က ဘာလိုလိုလို့ ပြောနေကြတယ်၊ မနှစ်ကဆို ညနေတိုင်းလောက် ဘာဂီနှင့် လေညင်းခံ ထွက်ထွက်နေတယ်၊ ခုလည်း စကားလက်ကြောင့် ဒီလို ဝင်လုပ်ပေးတာလားမှ မသိတာ’

‘ကြံကြီးစည်ရာတော်၊ စကားလက်ကြောင့် ဒီလို ဝင်လုပ်ပေးပါ့မလား၊ အသာ လက်ပိုက် ကြည့်နေမှာပေါ့၊ ဖရင့်

စက်တိုင် တက်ရရင် သူ့အဖို့ မကောင်းဘူးလား၊ မဟုတ်မှ လွဲရော ကျုပ် အထင်တော့ မီလာနီ ကြောင့်’

‘မရွှေမိ၊ မီလာနီကိုတော့ ဒီလို မပြောနှင့်၊ ဒါမျိုး ဘယ်တော့မှ မဖြစ်နိုင်ဘူး’



‘ရှင်ကလည်း ကျွန်မ ပြောတာ နားမထောင်ဘဲ တလွဲတွေ လျှောက်ထင်နေတာ ပြည်တွင်းစစ်တုန်းက အက်ရှလေကို

ယန်ကီ သုံ့ပန်းနှင့် လဲပေးဖို့ သူက လုပ်ပေးခဲ့ဖူးတယ် မဟုတ်လား၊ အဲဒီတုန်း ကတည်းက မီလာနီက ဒီလူကို ခင်နေတာ၊ သူကလည်း မီလာနီ အပေါ် ရိုးရိုးပါ၊ ဒီပြင် မိန်းမတွေ တွေ့ရင် ပြုံးစစနှင့် လုပ်ချင် လုပ်မယ်၊ မီလာနီနှင့် ဆိုရင် ဘယ်တော့မှ

320

ဒါမျိုး မလုပ်ဘူး၊ ဣနြေ္ဒရရပဲ ဆက်ဆံတယ်၊ လူက လူတစ်မျိုး၊ သူ ကောင်းချင် သိပ်ကောင်းတာ၊ ဣနြေ္ဒရရ နေပြီ ဆိုရင်လည်း တကယ့် လူကြီး လူကောင်း၊ မီလာနီနှင့် ဆက်ဆံပုံကို ကြည့်ပါလား၊ သူ မရိုးသားရင် တစ်မျိုး ဆက်ဆံမှာပေါ့၊ သူ ဒီကိစ္စမှာ ဝင်ကူတာ ကျွန်မ အထင်တော့’ ဒေါ်ဒေါ်မိက ရပ်လိုက်၏။ ‘ထင်တာ ပြောရမှာလား’

‘ငါကတော့ သူ ဝင်ပါတာ မကြိုက်ဘူးကွာ၊ တို့ အတွက် ဘယ်လောက် ကောင်းကောင်း ဒီလူနှင့် မပတ်သက်ချင်ဘူး’



‘ကျွန်မ ထင်တာကတော့ မီလာနီ့ မျက်နှာကြောင့် သူ ဝင်ကူတယ် ထင်တာပဲ၊ နောက် တစ်ချက်ကလည်း

ကျွန်မတို့အားလုံး သက်သက် အလှောင် ခံရရင် ပြီးရော ဆိုပြီး လုပ်တယ် ထင်တာပဲ၊ ကျွန်မတို့က သူ့ကို သိပ်မုန်းပြီး သိပ်အထင်သေးတယ် မဟုတ်လား၊ ဒါကို သူလည်း သိတယ်၊ ခု သူ့ အကွက် ပေါ်ပြီ ဆိုပြီး လုပ်လိုက်တာပဲ၊ ကိုယ် အရှက်တကွဲ ခံပြီး ဘဲလ် ဝက်တလင်း အိမ်မှာ ရှိတယ်လို့ ထွက်မလား၊ ဒါမှမဟုတ် ဟုတ်တိုင်းမှန်ရာ ပြောပြီး ကြိုးစင် တက်မလား၊ ကြိုက်ရာ ရွေးပေတော့ ဆိုတဲ့ အပေါက်မျိုး ချိုးလိုက်တယ် ထင်တာပဲ၊ ဒီလို လုပ်လိုက်ပြီး ကျွန်မတို့က သူ့ကိုရော သူ့ အပျော်မယားကိုရော တစ်သက်လုံး ကျေးဇူးတင် နေအောင် လုပ်တာ၊ ဧကန္တ ဒီလူတွေဟာ သူများ ကျေးဇူးခံ ကျေးဇူးစား အဖြစ်ခံမယ့် လူစားတွေ မဟုတ်ဘူး၊ သူ့ကို ကျေးဇူး တင်ရမယ့် အတူ ကြိုးစင် တက်ရ တက်ရ ဖြောင့်ချက် ပေးမှာပဲလို့ သူ ထင်ပုံရတယ်၊ ကျွန်မတို့ကို ဒီလို အကျပ်အတည်း ရောက်အောင် လုပ်ပြီး ပျော်နေပုံရတယ်’

‘တို့ကို အဲဒီအိမ် ခေါ်သွားတုန်းကတော့ သူ့ မျက်နှာမှာ ဒီလို သဘောမျိုး မပေါ်ဘူးကွ၊ တကယ် စိုးရိမ်တဲ့ ပုံမျိုးပဲ’



‘ဘယ်လို နေသလဲ ဟင်’



ဒေါ်ဒေါ်မိက ခပ်ထိုင်းထိုင်း မေးသည်။



‘ဘာ ဘယ်လို နေရမှာလဲ ကွ၊ မင်းဟာက အရင်း မရှိ အဖျား မရှိ’



‘သြော် အဲဒီ အိမ်ကို ပြောတာပါ၊ အိမ်က ဘယ်လို နေသလဲ၊ ဖန်တုံး မီးပဒေသာပွင့်တွေနှင့်လား၊ ခန်းဆီးတွေကကော

ကတ္တီပါ ခန်းဆီးတွေနှင့်လား၊ မှန်တွေကကော ရွှေပေါင် တပ်တဲ့ ကိုယ်လုံးပေါ် မှန်ကြီးတွေဆို၊ ကောင်မလေးတွေကကော ငယ်ငယ်လေးတွေလား၊ အဝတ်အစား မပါဘူးလား’

ဒေါက်တာမိ အံ့သြနေသည်။ မိန်းမကောင်း တစ်ဦးက မိန်းမပျက်များ အကြောင်း ဤမျှ စပ်စုခြင်း ရှိလိမ့်မည် မထင်ခဲ့။



‘ဘာတွေ လျှောက်မေးနေတာလဲ၊ ရှက်စရာ၊ မင်း ဘာဖြစ်နေတာလဲ၊ မင်းကို အိပ်ဆေး တိုက်ရတော့မယ် ထင်တယ်’



‘အမယ်လေးတော်၊ အိပ်ဆေးလည်း တိုက်စရာ မလိုပါဘူး၊ ဒီက သိချင်လို့ မေးတာပါ၊ မကောင်းတဲ့ မိန်းမအိမ်

အကြောင်း စပ်မိလို့ မေးကြည့်တာပါ၊ မပြောချင်လည်း နေပါ’

‘ငါလည်း ဘာမှ သတိ မထားမိပါဘူး၊ ဟိုရောက်တော့ ရှက်လို့ မျက်နှာတွေ ထူပူပြီး ဘာမှကို သတိ မထားမိဘူး’

ညနေက ဖြစ်ခဲ့သည့် ကိစ္စက တော်တော်၊ သူ မျှော်လင့် မထားသည့် သူ့ မိန်းမ၏ မေးခွန်းများကြောင့် ဒေါက်တာမိ စိတ်တိုသည်။ သူ့ မိန်းမ၏ စရိုက်ကို ရုတ်တရက် သိလိုက်ရသဖြင့် စိတ်ပျက်သွားသည်။ ‘ကဲ ငါလည်း ပင်ပန်းတယ်ကွာ၊ အိပ်မယ်’

321



‘သဘော သဘော’ ဒေါက်တာမိ၏ အသံက စိတ်ပျက်သွားသံ ပေါက်နေသည်။ ဒေါက်တာမိက ကုန်း၍ သူ့

ဖိနပ်ရှည်ကြီးကို ချွတ်နေ၏။ ‘မယ်ရီဝယ်သာကတော့ သူ့ မိန်းမကို ပြန်ပြောမှာပဲ၊ အားမှ သူ့ကို မေးရဦးမယ်’

‘မရွှေမိ ဘယ်လို ဖြစ်နေတာလဲ ဟင်၊ မင်းတို့လို အမျိုးသမီးတွေက ဒါမျိုးတွေ ပြောနေကြသလားဟင်’



‘အိပ်မှာ အိပ်စမ်းပါတော်’



ဒေါ်ဒေါ်မိက ပြောသည်။ 



နောက် တစ်နေ့တွင် မိုးနှင်းတွေ တဖွဲဖွဲ ကျနေသည်။ သို့ရာတွင် မိုးချုပ်ချုပ်၌မူ နှင်းခဲသွားကာ လေအေးကြီး

တိုက်လာ၏။ မီလာနီက ဝတ်ရုံကြီးကို ခြုံ၍ အိမ်ရှေ့သို့ ဆင်းလာ၏။ သူ့ မျက်နှာက ကြည်ကြည်လင်လင် မရှိ။ ခပ်ဆန်းဆန်း လူစိမ်း ကပ္ပလီ ရထားသမားကြီး တစ်ဦးက အိမ်ရှေ့တွင် ရပ်ထားသည့် ခပ်ဆန်းဆန်း အလုံပိတ် ရထားကြီး တစ်စီးဆီသို့ ခေါ်သွားသည်။ ရထား အနားသို့ ရောက်သည့် အခါတွင် ရထားတံခါး ပွင့်လာ၏။ ရထားထဲက မှောင်ပျပျ။ အမှောင်ထဲတွင် မိန်းမ တစ်ယောက်ကို မြင်ရသည်။

မီလာနီက ရထားထဲသို့ လှမ်းကြည့်သည်။



‘ဘယ်သူလဲဟင်၊ အိမ်ထဲ ဝင်ပါလား၊ အပြင်က သိပ်အေးတယ်’



‘ရထားပေါ် တက်ပါရှင်၊ စကား ပြောစရာလေး နည်းနည်း ရှိလို့ပါ’



ဤအသံကို ကြားဖူးသလိုလို ရှိသည်။ အသံက မပွင့်တပွင့်၊ မရဲတရဲ အသံ။



‘ဟင်၊ ရှင် ရှင် မစ္စ မစ္စက် ဝက်တလင်း မဟုတ်လား’ မီလာနီက အော်သည်။ ‘ကျွန်မ သိပ်တွေ့ချင်နေတာ၊ အိမ်ထဲကို

လာပါလား’

‘ကျွန်မ မဝင်နိုင်လို့ပါ’ ဝက်တလင်း၏ အသံက မလုံမလဲ ဖြစ်နေသည်။ ‘ရထားပေါ်မှာ ခဏ ထိုင်ပြီး စကား

ပြောရအောင်ပါ’

မီလာနီက ရထားပေါ်သို့ တက်လိုက်၏။ ရထားသမားကို တံခါးကို ပိတ်လိုက်သည်။ ဝက်တလင်း ဘေးတွင် ဝင်ထိုင်ပြီး

လက်ကမ်းပေးသည်။

‘ဒီနေ့

ရှင်

လုပ်သွားပုံက

သိပ်ဟန်ပါတာပဲ၊

ဘယ်လို

ကျေးဇူး

တင်ရမယ်တောင်

မသိတော့ဘူး၊

သိပ်ကို

ကျေးဇူးတင်ပါတယ်’

‘မီလာနီ ပေးလိုက်တဲ့ စာကို မနက်က ရတယ်၊ အခြေအနေ မကောင်းဘူး၊ ယန်ကီတွေ လက်ထဲ ရောက်သွားမှာ

စိုးရတယ်၊ ကျွန်မကို လာပြီး ကျေးဇူးတင် စကား ပြောမယ်ဆို၊ ဒီလို လုပ်လို့ မဖြစ်ဘူးလေ၊ ဒါကြောင့် ခပ်မှောင်မှောင် ရှင့်ဆီ လာပြီး ဒီကိစ္စကို လာပြောတာ၊ နောင် ဒီလို မလုပ်ပါနှင့်၊ ရှင်တို့ လာဖို့ မကောင်းပါဘူး၊ ဒါကြောင့် ကျွန်မ လာတာ’

322



‘အို ဘာဖြစ်လို့ လာလို့ မကောင်းရမှာလဲ၊ ကျွန်မ ယောက်ျား အသက်ကို ကယ်လိုက်တဲ့ အသက် သခင် ကျေးဇူးရှင်ကို

လာပြီး ကျေးဇူးတင် စကား ပြောတာပဲ’

‘အို ခက်တာပဲ၊ ကျွန်မ ပြောတာ နားမလည်ဘူး ထင်တယ်’



မီလာနီ အတန်ကြာ ငြိမ်နေသည်။ ဝက်တလင်း၏ စကားကို တဖြည်းဖြည်း သဘော ပေါက်လာ၏။ မိန်းမပျက်

တစ်ယောက် အိမ်သို့ မလာအပ်ဟု ဆိုလိုချင်ပုံ ရသည်။ ဝက်တလင်းက ရုပ်ချောသည်။ ဣနြေ္ဒရရ ဝတ်ထားသည်။ ခံ့ညားသည့် ကရထားကြီးထဲတွင် ထိုင်နေသည့် ဤ အမျိုးသမီးသည် မကောင်းသည့် မိန်းမပျက်ဟု နည်းနည်းမျှ ထင်စရာ မရှိ။ သူ့ စကား အပြောအဆိုကလည်း ထင်သလောက် အောက်တန်း မကျ။ အနည်းငယ် တောဆန်သည့်တိုင် ယဉ်ကျေး မွန်ရည်သည်။ ဖော်ရွေသည်။

‘ဒီနေ့ စစ်ခုံရုံးမှာ ရှင် အစစ်ခံတာ သိပ်ကောင်းတာပဲ၊ တကယ်တော့ ရှင်နှင့် ရှင့် ကလေးမတွေဟာ ကျွန်မတို့ လူတွေရဲ့

အသက်ကို ကယ်လိုက်တာပါ’

‘မီလာနီရဲ့ ခင်ပွန်းက တော်တော် အံ့သြဖို့ ကောင်းတယ်နော်၊ တရားခွင်မှာ ရပ်ပြီး အဖြစ်အပျက်ကို ပြန်ပြောသွားပုံက

သိပ်ဣနြေ္ဒရတာပဲ၊ ဘာမှ မဖြစ်သလို အေးအေးဆေးဆေးပဲ၊ မနေ့ညကများ သွေးတွေ သွေးတွေ၊ နည်းတာ မဟုတ်ဘူး၊ ခုလို လာနိုင်လိမ့်မယ်လို့ နည်းနည်းမှ မထင်ဘူး၊ ခုကော ကောင်းသွားပါပြီနော်’

‘ကျေးဇူးတင်ပါတယ်၊ ဆရာဝန်ကတော့ အပေါ်ယံ ရှပ်ထိတာပါတဲ့၊ သွေးထွက် များတာ တစ်ခုပါပဲ တဲ့၊ ဒီနေ့

မနက်တော့ ကော်ဖီထဲမှာ ဘရန်ဒီ နည်းနည်းလေး ရောတိုက်ရတယ်၊ နို့မဟုတ်ရင် ရုံးထွက်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် သူတို့ကို ကယ်လိုက်တာကတော့ ရှင်ပါ၊ မှန်တွေ ခွဲပစ်ပုံ၊ ကုလားထိုင်တွေ စားပွဲတွေ ပျက်စီးပုံ ပြောတုန်းကများ အို တကယ့်ကို သရုပ်ပါတာပဲ’

‘ကျေးဇူးတင်ပါတယ်ရှင်၊ ဒါပေမယ့် ကျွန်မ လုပ်တာ နည်းနည်းပါ၊ အဓိကက ဗိုလ်ကြီး ဘတ်တလာပါ’



ဝက်တလင်း၏ အသံတွင် ခပ်ရှက်ရှက်ဖြင့် ဂုဏ်ယူသံ ပါနေ၏။



‘အို၊ သူကတော့ တကယ် အံ့သြဖို့ ကောင်းတဲ့ လူ’ မီလာနီက စိတ်ပါလက်ပါ ပြောသည်။ ‘သူ ကိုယ်တိုင်က ဒီလို

ပြောနေတော့ ယန်ကီတွေလည်း မယုံလို့ မရတော့ဘူးပေါ့၊ ဒီကိစ္စမှာ သူ လုပ်ပုံကတော့ တကယ့်ကို ချီးကျူးစရာပဲ၊ ရှင်တို့ နှစ်ယောက် ကျေးဇူးတော့ ဆပ်လို့ မကုန်နိုင်တော့ပါဘူး၊ ကျွန်မတို့အပေါ် သိပ်ကောင်းတာပဲ’

‘ကျေးဇူးတင်ပါတယ် မီလာနီ၊ ကျွန်မ ဒီလို လုပ်ခွင့် ရတဲ့ အတွက် ဝမ်းသာပါတယ်၊ အက်ရှလေ ကျွန်မတို့အိမ်

လာနေကျလို့ ပြောရတဲ့ အတွက် စိတ် မရှိပါနှင့်နော်၊ တကယ်ကတော့ သူ ဘယ်တုန်းကမှ မလာခဲ့’

‘အို အို ကျွန်မ သိပါတယ်၊ ကိစ္စ မရှိပါဘူး၊ ပြောရမှာပေါ့၊ ကျွန်မကသာ တောင်းပန်ပြီး ကျေးဇူး တင်ရမှာပါ’



‘ဒါပေမယ့် တခြား အမျိုးသမီးတွေကတော့ ကျွန်မကို ကျေးဇူးတင်ပုံ မရဘူး ရှင့်’ ဝက်တလင်းက ရုတ်တရက်

စိတ်တိုသွားသည်။ ‘ကျွန်မတွင် မကပါဘူးလေ၊ ဗိုလ်ကြီး ဘတ်တလာကိုလည်း ကျေးဇူးတင်ကြမှာ မဟုတ်ပါဘူး၊ သူ့ကို

323

အရင်ကထက်တောင် မုန်းလာကြလိမ့်ဦးမယ်၊ ကျွန်မကို ကျေးဇူးတင် စကား ပြောတာလည်း ရှင် တစ်ယောက်ပဲ ရှိမှာပဲ၊ လမ်းမှာ တွေ့ရင် ကျွန်မကို မျက်နှာ လွှဲသွားကြမှာ သေချာပါတယ်၊ ဒါပေမယ့် ကျွန်မ ဂရုမစိုက်ပါဘူး၊ သူတို့ ယောက်ျားတွေ အားလုံး ကြိုးစင် တက်ရလည်း ကျွန်မ ဂရုမစိုက်ပါဘူး၊ ကျွန်မ ရှင့် ခင်ပွန်း အက်ရှလေ မျက်နှာကိုပဲ ကြည့်တာပါ၊ ပြည်တွင်းစစ် ဖြစ်တုန်းက ဆေးရုံ အတွက် အလှူငွေကို ရှင် လက်ခံတာ မှတ်မိသေးလား၊ အဲဒီ ကျေးဇူးကို ကျွန်မ မမေ့ပါဘူး၊ ကျွန်မ အပေါ်မှာ ရှင့်လောက် လေးလေးစားစား ဆက်ဆံတဲ့ အမျိုးသမီး ဆိုလို့ ဒီမြို့မှာ တစ်ယောက်မှ မရှိခဲ့ဘူး၊ ကျွန်မ သူတစ်ပါး ကျေးဇူးကို မမေ့တတ်ပါဘူး၊ အက်ရှလေ စက်တိုင် တက်ရရင် ကလေး တစ်ယောက်နှင့် မုဆိုးမ အဖြစ် ကျန်ရစ်ခဲ့မှာကို ကျွန်မ သိပ်စိုးရိမ်တာပဲ၊ သားလေးက ချစ်စရာလေးနော်၊ ကျွန်မမှာလည်း သားလေး တစ်ယောက် ရှိတယ်၊ ဒါကြောင့် ကျွန်မ’

‘ဟင်၊ ရှင့်မှာ သားလေး ရှိတယ် ဟုတ်လား၊ နေတော့ ဒီမှာ’



‘မဟုတ်ပါဘူး၊ အတ္တလန်တာမှာ မရှိပါဘူး၊ ဒီကို ရောက်တောင် မရောက်ဖူးသေးဘူး၊ သူ့ကို ကျောင်းပို့ထားတယ်၊

သူ ငယ်ငယ် ကတည်းက ကျွန်မနှင့် ခွဲနေရတာ ခုထိပဲ၊ ကျွန်မကို ကျွန်မကို ဗိုလ်ကြီး ဘတ်တလာက စစ်ခုံရုံးမှာ လိမ်ထွက်ဆိုပေးပါလို့ လာပြောတာ့ ကျွန်မက ဘယ်သူတွေ အတွက်လဲလို့ မေးတယ်၊ အက်ရှလေ နာမည်လည်း ကြားရော ကျွန်မ ချက်ချင်း သဘော တူလိုက်တာပဲ၊ ကျွန်မ မိန်းကလေးတွေကိုလည်း ပြောထားတယ်၊ အဲဒီနေ့ တစ်ညနေလုံး သူတို့နှင့် အတူ အက်ရှလေ ရှိနေတယ်လို့ ပြော၊ မပြောရင် ညည်းတို့ အသက်နှင့် ကိုယ် အိုးစား အကွဲပဲလို့ ကြိမ်းထားတယ်’

‘အို ဟုတ်လား’ ဝက်တလင်းက သူ့မိန်းကလေးများ အကြောင်းကို ထုတ်ပြောသဖြင့် မီလာနီ အနေရ ခက်နေသည်။

‘ရှင် ရှင်ရော၊ ရှင့် မိန်းကလေးတွေရော ကိုယ်ချင်းစာနာစိတ် ရှိရှာကြပါတယ်’

‘ဒီလောက်လည်း မဟုတ်ပါဘူး ရှင်’ ဝက်တလင်းက ပြောသည်။ ‘ကျွန်မက အက်ရှလေကြောင့် လုပ်တာပါ၊ စကားလက်

ဆိုတဲ့ မိန်းမရဲ့ ယောက်ျား တစ်ယောက်တည်းသာ ဆိုရင် ကျွန်မ ဒီလို ဘယ်လုပ်မလဲ၊ ဗိုလ်ကြီး ဘတ်တလာက ဘာပြောပြော ကျွန်မ မလုပ်ဘူး’

‘ဘာဖြစ်လို့လဲ’



‘ကျွန်မတို့ လုပ်ငန်းထဲကလူ ဆိုတာ သတင်းစုံ အကြောင်းစုံ သိရတယ် မဟုတ်လား၊ သူတို့ အကြောင်းကို ချေးခါး

အူမ မကျန် သိနေတယ် ဆိုတာ အဲဒီ ဂုဏ်သိက္ခာရှိ အမျိုးသမီးတွေများ သိရင် သိပ်အံ့သြကြမှာပဲ၊ စကားလက် ဆိုတဲ့ မိန်းမက မကောင်းဘူး မီလာနီ၊ သူ့ ယောက်ျားနှင့် တွန်မီ သေရတာ သူ့ကြောင့်၊ သူ သတ်လို့ သေရတာနှင့် ဘာထူးသေးသလဲ၊ သူ ဂြိုဟ်မွှေတာ၊ အတ္တလန်တာ တစ်မြို့လုံးလည်း သွားလိုက်တာ နှံ့လို့၊ ကပ္ပလီတွေ လူဖြူ ဆင်းရဲသားတွေက မစော်ကားချင်ဘဲ နေပါ့မလား၊ သူ့ကိုက မညိုမြ လုပ်နေတာ၊ ကျွန်မ ကောင်မလေးတွေတောင် ဒါမျိုး’

‘ကျွန်မနှင့် သမီးယောက်မ တော်ပါတယ်၊ ဒီလိုတော့ မပြောစေချင်ပါဘူး’



မီလာနီက လေသံ ခပ်မာမာဖြင့် ပြောသည်။ ဝက်တလင်းက မီလာနီ၏ လက်မောင်း တစ်ဖက်ကို လှမ်းဆွဲသည်။

ထို့နောက် ချက်ချင်း ဆတ်ခနဲ ပြန်ရုပ်လိုက်၏။

‘တကယ်လား ဟင်၊ သမီးယောက်မ ဟုတ်လား၊ ကျွန်မဖြင့် ပြောလို့သာ ယုံရတယ်၊ နည်းနည်းမှ မထင်ဘူး၊ ရှင်က

324

ဒီလောက် သဘော ကောင်းပြီး သိပ် ကိုယ်ချင်းစာတရား ရှိတဲ့သူ၊ ရှင် သူ့ အပေါ်မှာ သိပ် သံယောဇဉ်ကြီးတယ် ဆိုတာ ကျွန်မ မေ့သွားတယ်၊ ကျွန်မ တောင်းပန်ပါတယ်၊ သေသွားတဲ့ ဖရင့် အတွက်လည်း စိတ်မကောင်းပါဘူး၊ ဖရင့်က တကယ့် လူကောင်းပါ၊ ကျွန်မ သူ့ဆီက ပရိဘောဂတွေ ဝယ်ဖူးပါတယ်၊ ကျွန်မကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်၊ ဒါပေမယ့် သူ့ မိန်းမကတော့၊ အေးလေ သူ့ မိန်းမကတော့ ရှင့်လို မဟုတ်ဘူး၊ မာနကြီးပုံပဲ၊ ကျွန်မ ထင်တာ ပြောတာပါလေ၊ ဖရင့်ကို ဘယ်တော့ သင်္ဂြိုဟ် မတဲ့လဲ ဟင်’

‘မနက်ဖြန် မနက်မှာပါ၊ စကားလက်နှင့် ပတ်သက်လို့တော့ ရှင် ထင်တာ မှားနေပြီ၊ ခုတလော သူ့ခမျာ တော်တော်လည်း

စိတ်ထိခိုက် နေရှာတယ်’

‘ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ’ ဝက်တလင်းက မယုံကြည်ဟန်ဖြင့် ပြောသည်။ ‘ကဲ၊ ကျွန်မ ပြန်ဦးမှပဲ ထင်တယ်၊

ဒီ နေရာမှာ ကြာကြာ နေလို့ မကောင်းဘူး၊ ကျွန်မ ရထားကို တချို့က မှတ်မိတယ်၊ ရှင်တို့ အတွက် မကောင်းဘူး၊ နောင် တကယ်လို့များ လမ်းမှာ တွေ့ရင် ကျွန်မကို နှုတ်မဆက်နှင့်နော်၊ နှုတ်ဆက်ဖို့ မလိုဘူးနော်၊ ကျွန်မ နားလည်ပြီးသား’

‘အို နှုတ်ဆက်ရမှာပေါ့၊ ရှင်နှင့် စကား ပြောရတာကို ကျွန်မ ဂုဏ်ယူတယ်၊ ရှင် ကျေးဇူးပြုဖူးတာကို ကျွန်မ ဂုဏ်ယူတယ်၊

နောင်လည်း တွေ့ကြဦးမှာပဲ’

‘ဟင့်အင်း မတွေ့ပါနှင့်၊ ရပါတယ်၊ သိပ်တွေ့ရင် ရှင်တို့ အတွက် မကောင်းဘူး၊ ကဲ ကျွန်မ သွားမယ်’

325

၄၇



စကားလက်က သူ့ အိပ်ခန်းထဲတွင် ထိုင်နေသည်။ ကြီးဒေါ် ယူလာသည့် ညစာကို စားရင်း အပြင်ဘက်

ညအမှောင်ထုကြီးထဲတွင်

တဝီဝီ

မြည်သည့်

လေတိုက်သံကို

နားထောင်လျက်

ရှိ၏။

အိမ်ကြီးက

ကြောက်စဖွယ်

တိတ်ဆိတ်လျက်။ လွန်ခဲ့သည့် နာရီအနည်းငယ်ခန့် ဖရင့်၏ အလောင်း ပြင်ထားချိန်ကထက်ပင် တိတ်ဆိတ်နေသည်။ ခြေဖျား ထောက်၍ သွားသံ၊ တိုးတိုး စကားပြောသံ၊ အိမ်ရှေ့တံခါးမှ ခပ်အုပ်အုပ် ခေါက်သံ၊ အသုဘမေး လာကြသည့် အိမ်နီးနားချင်းများ၏ အဝတ်ချင်း ပွတ်သံ၊ ဂျုန်းဘာရိုမှ အသုဘ ပို့သည့် ဖရင့်၏ ညီမငယ်၏ တအီအီ ငိုရှိုက်သံတို့ကို ကြားခဲ့ရသည်။

သို့ရာတွင် ယခု ထိုအသံများ မရှိတော့။ တိတ်ဆိတ်ခြင်းသာ လွှမ်းခြုံနေသည်။ အိမ်ခန်းတံခါးကို ဖွင့်ထားသည့်တိုင်

အိမ်အောက်ထပ်မှ မည်သည့် အသံမျှ မကြားရ။ ဖရင့်၏ အလောင်းကို အိမ်သို့ ပြန်သယ်လာသည့်အချိန်မှ စ၍ ဝိတ်ကလေးနှင့် အယ်လာတို့ကိုလည်း မီလာနီတို့ အိမ်ဘက်သို့ ပို့ထားလိုက်သည်။ ဝိတ်ကလေး၏ ပြေးလွှားသံနှင့် အယ်လာ၏ ဘူးမှုတ်သံကို မကြားရတော့။ မီးဖိုထဲတွင်လည်း တိတ်ဆိတ်လျက်။ ဦးလေး ပီတာ၊ ကြီးဒေါ်နှင့် ထမင်းချက် မိန်းမကြီးတို့၏ ရန်ဖြစ်သံကိုလည်း မကြားရ။ အောက်ထပ် စာကြည့်ခန်းထဲတွင် ဒေါ်လေး ပစ်တီ၏ လှုပ် ကုလားထိုင်ဟောင်းကြီး တကျွီကျွီ မြည်သံကိုပင် မကြားရတော့။ စကားလက်၏ ပူဆွေးမှုကို လေးနက်အောင် လုပ်ပေးနေသည့်နှယ် ရှိသည်။

ပရိဒေဝ တောက်လောင်နေစဉ်တွင် တစ်ယောက်တည်း နေချင်ဟန် တူသည်ဟု ထင်သဖြင့် စကားလက် အနီးသို့

မည်သူမျှ မလာကြ။ သို့ရာတွင် စကားလက် တစ်ယောက်တည်း မနေချင်။ အကယ်၍ သောကကို အဖော်လုပ်၍ ရသည်ဆိုလျှင် စကားလက် သောကကိုပင် အဖော် လုပ်ချင်သည်။ သို့ရာတွင် သူ့၌ လင်တစ်ယောက်ဆုံးပြီ ဟူသော အသိနှင့် ရုတ်တရက် အသက် ပြန်ဝင်လာသော ရှက်စိတ်၊ ကြောက်စိတ်၊ နောင်တရစိတ်တို့သည် သူ့ရင်ထဲတွင် ထွေးလုံး ရစ်ပတ် ဖြစ်လျက် ရှိ၏။ သူ လုပ်ခဲ့သမျှ အတွက် သူ့ဘဝတွင် ပထမဆုံး အကြိမ် နောင်တ ရမိသည်။ နောင်တ ဖြစ်ရင်းလည်း ကြောက်ကြောက်ဖြင့် သူနှင့် ဖရင့်တို့ အိပ်စက်ခဲ့ရာ ခုတင်ကြီးကို လှမ်းကြည့်မိသည်။

ဖရင့်ကို သူ သတ်ခဲ့ပြီ။ သေနတ်မောင်းကို သူ့လက်ညှိုးဖြင့် ဆွဲ၍ ပစ်ခဲ့သည့်နှယ် သူ့ကြောင့် သေခဲ့ရပြီ။ သူ့ကို

တစ်ယောက်တည်း မသွားဖို့ အတန်တန် တားခဲ့သည်။ သို့ရာတွင် ဖရင့်စကားကို သူ နားမထောင်ခဲ့။ ယခု သူ ဇွတ်လုပ်သဖြင့် ဖရင့် သေခဲ့ရပြီ။ ဘုရားက မနေ။ သူ့ကို အပြစ်ပေးလိမ့်မည်။ သို့ရာတွင် သူ့ကြောင့် ဖရင့်သေရသည် ဟူသော အသိထက် ပို၍ ကြောက်စရာကောင်းပြီး ပို၍ ကြီးလေးသည့် ကိစ္စကြီး တစ်ရပ်သည် သူ့ ဩတ္တပ္ပစိတ်ကို ဖိစီး နှိပ်စက်လျက် ရှိ၏။ ဤကိစ္စကို ယခင်က သူ တစ်ခါမျှ မစဉ်းစားခဲ့။ မသာ ခေါင်းထဲသို့ ငုံ့၍ ဖရင့်၏ မျက်နှာကို ကြည့်လိုက်သည့်အခါတွင် ထိုကိစ္စသည် သူ့ စိတ်ထဲတွင် ဘွားခနဲ ပေါ်လာသည်။ ဖရင့်၏ အသက် ကင်းမဲ့လျက်ရှိသည့် မျက်နှာသည် သူ့ကို စွဲချက်တင်နေသည့်နှယ် ရှိသည်။ ထို မျက်နှာတွင် ခိုကိုးရာ မဲ့၍ သနားစရာ ကောင်းသည့် အရာ တစ်ခုသည် အထင်းသား ပေါ်နေသည်။ စင်စစ် သူ တကယ်ချစ်သည်က ဆွီလင်။ သို့ရာတွင် ဖရင့်ကို ဆွီလင် လက်ထဲမှ သူ လုယူခဲ့သည်။ လိမ်ယူခဲ့သည်။ ယမမင်း၏ တရားရုံးတော်တွင် ချောင်ကုပ်ရင်း ထိုအမှုအတွက် ပေးသည့် ပြစ်ဒဏ်ကို သူ ခံရတော့မည်။

326



ရည်ရွယ်ချက်အောင်မည်ဆိုလျှင် မည်သည့်နည်းကို မဆို သုံးရမည်ဟု ယခုမှ ထုချေချက်ပေး၍ မရ။ မိုက်မှားမိ၍ သူ့ကို

လိမ်ညာ ယူမိသည်ဟု ပြစ်ဆင်ချက်သွင်း၍ မဖြစ်။ သူ့ကို မှီခို နေသူတို့ ချောင်ချောင်လည်လည် စားသောက်နိုင်ရန် ဤသို့ ကြံမိခြင်း ဖြစ်ပါသည်ဟု စောဒကတက်၍ မရ။ အမှန်တရားသည် ထင်းထင်းကြီးပေါ်နေပြီ။ သူ ချောင်ထဲတွင် ကုပ်နေရတော့မည်။ ဖရင့်ကို သွေးအေးအေးဖြင့် လိမ်ညာ အမိဖမ်းခဲ့ပြီး သွေးအေးအေးဖြင့် အသုံးချခဲ့သည် မဟုတ်လော။ လွန်ခဲ့သည့် ခြောက်လ အတွင်း ဖရင့်ကို ပျော်အောင် သူ ထားနိုင်ပါလျက် ဖရင့်ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့ပြီ မဟုတ်လော၊ ယောက်ျားကို စိတ်ဆင်းရဲအောင် လုပ်ခဲ့သည့်အတွက်၊ အနိုင်ကျင့်ခဲ့သည့်အတွက်၊ ငြူစူခဲ့သည့်အတွက်၊ စိတ်ကောက်ခဲ့သည့်အတွက်၊ ပိုးစိုးပက်စက်

ပြောခဲ့သည့်

အတွက်၊

မိတ်ဆွေ

အပေါင်းအသင်း

ပျက်အောင်

လုပ်ခဲ့မိသည့်အတွက်၊

သစ်စက်ကို

ကိုယ်တိုင်ကြီးကြပ်ခြင်း၊ အရက်ဆိုင် ဖွင့်ခြင်း၊ ထောင်ကျများကို ငှား၍ အလုပ် လုပ်ခဲ့ခြင်း စသည်တို့ဖြင့် ယောက်ျားကို အရှက်တကွဲ အကျိုးနည်းအောင် လုပ်ခဲ့မိသည့် အတွက် ဘုရားသခင်သည် သူ့ကို ဒဏ်ခတ်တော်မူလိမ့်မည်။

သူသည် ဖရင့်ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့သည်။ ဤသည်ကို သူ ကိုယ်တိုင်လည်း သိသည်။ သို့ရာတွင် ဖရင့်သည်

လူကြီး လူကောင်းပီပီ သည်းခံခဲ့၏။ ဖရင့် စိတ်ချမ်းသာအောင် သူ လုပ်နိုင်ခဲ့သည့် တစ်ခုတည်းသော အရာမှာ အယ်လာကို မွေးပေးရသည့် ကိစ္စ တစ်ခုသာ ရှိသည်။ အယ်လာကိုပင် သူ တားဆီးမရ၍ မွေးလာခဲ့ခြင်း ဖြစ်၏။ တား၍ ရလျှင် သမီးလေး အယ်လာသည် လူ့ပြည်သို့ပင် ရောက်လာမည် မဟုတ်။

စကားလက် ကျောချမ်းကာ စိမ့်ခနဲ ဖြစ်သွား၏။ ဖရင့် အသက် ပြန်ရှင်စေချင်သည်။ အသက်ပြန်ရှင်လျှင် သူ့ကို

ယုယတော့မည်။ သူ့ အပြစ်တွေ ကျေအောင် တတ်နိုင်သမျှ ယုယတော့မည်။ ဘုရားသခင်သည် ဒေါသအမျက် မထွက်ဘဲ ဖရင့်ကို ပြန်ရှင်အောင် လုပ်ပေးနိုင်လျှင်၊ အချိန်တွေ မြန်မြန် ကုန်သွားလျှင်၊ အိမ်ကြီးက ဤမျှလောက် ငြိမ်ချက်သား မကောင်းလျှင်၊ သူ တစ်ယောက်တည်း မနေရလျှင် ကောင်းလေစွဟု စကားလက် တောင့်တမိသည်။

မီလာနီသာ သူ့အနားမှာ ရှိခဲ့လျှင် သူ့ကို စိတ်သက်သာရာရအောင် နှစ်သိမ့်ပေးမည် မုချ။ သို့ရာတွင် မီလာနီက

သူ့အိမ်တွင်

အက်ရှလေကို

ပြုစုနေရသည်။

တစ်ယောက်တည်းနေလျှင်

တောင်တွေး

မြောက်တွေး

တွေးမိသဖြင့်

ဒေါ်လေးပစ်တီကို အနားသို့ ခေါ်ထားမည် စိတ်ကူးသေးသည်။ သို့ရာတွင် မဖြစ်။ သူလာလျှင် ပိုဆိုးလိမ့်မည်။ ဖရင့်အတွက် ဒေါ်လေး ပစ်တီလည်း အကြီးအကျယ် စိတ်မကောင်း ဖြစ်နေသည်။ ဒေါ်လေး ပစ်တီအဖို့ စကားလက်ထက် ဖရင့်နှင့် အိမ်တွင် နေရသည်က ပိုများသည်။ ဖရင့်ကို ဂရုစိုက်သည်။ ဖရင့်ကလည်း ဒေါ်လေး ပစ်တီ အိမ်တွင် ‘ယောက်ျား တစ်ဦး မားမားမတ်မတ်’ ရှိဖို့ လိုသည်နှင့်အညီ အစစ အရာရာ အလိုက်သိတတ်သည်။ ဖရင့်က ဒေါ်လေး ပစ်တီကို လက်ဆောင် ပစ္စည်းကလေးတွေ ဝယ်ပေးတတ်သည်။ အန္တရာယ် မရှိသည့် အတင်းအဖျင်း စကားများကို ပြောတတ်သည်။ ညဆိုလျှင် သတင်းစာ ဖတ်ပြတတ်သည်။ ဒေါ်လေး ပစ်တီ ခြေအိတ် ထိုးနေစဉ် မြို့ထဲတွင် ဖြစ်ပျက်နေသည့် လက်ငင်း ကိစ္စများ အကြောင်းကို ဖောက်သည် ချတတ်သည်။ ဒေါ်လေးကလည်း ဖရင့်ဆိုလျှင် ပျာပျာသလဲ။ စားကောင်းသောက်ဖွယ်တို့ကို ချက်ပြုတ် ကျွေးတတ်သည်။ အအေးမိလျှင် ပြုစုတတ်သည်။ ယခုမူ ဖရင့် မရှိတော့သဖြင့် ဒေါ်လေး ပစ်တီ မျက်ရည် စမ်းစမ်းနှင့် ဖြစ်နေသည်။ ‘ကေသုံးလုံး ဂိုဏ်းထဲပါလို့ ဒီလို ဖြစ်ရတာ’ ဟု မျက်ရည်ကို လက်ကိုင်ပဝါဖြင့် သုတ်ရင်း ပြောတတ်သည်။

သူ့ကို နှစ်သိမ့်ပေးမည့်သူ တစ်ယောက်ယောက်ရှိလျှင်၊ သူ့ ကြောက်စိတ်တွေကို ပြေအောင် လုပ်ပေးနိုင်မည့်သူ

တစ်ယောက် ရှိလျှင်၊ အားပေးမည့်သူ တစ်ဦးရှိလျှင် ကောင်းလေစွဟု စကားလက် တောင့်တမိသည်။ အက်ရှလေသာ ရှိလျှင်-။

327

သို့ရာတွင် စကားလက် ဆက်မတွေးရဲ။ ဖရင့်ကို သူသတ်ခဲ့သည့်နည်းတူ အက်ရှလေကိုလည်း သေလုမြောပါးဖြစ်အောင် လုပ်ခဲ့ပြီ မဟုတ်လော။ ဖရင့်ကို သူ လိမ်ညာ လက်ထပ်ခဲ့ကြောင်း အက်ရှလေ သိလျှင်၊ ဖရင့်အပေါ်တွင် မည်မျှဆိုးကြောင်း အက်ရှလေ သိခဲ့လျှင် အက်ရှလေသည် သူ့ကို ချစ်တော့မည် မဟုတ်။ အက်ရှလေက တည်ကြည်သည်။ ဖြောင့်မတ်သည်။ ကိုယ်ချင်းစာသည်။ ဖြောင့်ဖြောင့်တန်းတန်း ရှင်းရှင်းလင်းလင်း မြင်တတ်သည်။ အမှန်ကို သိလျှင် အက်ရှလေသည် သူ့အကြောင်း အကုန်လုံး သိတော့မည်။ သူ့ အကြောင်းကို ခရေစေ့ တွင်းကျ သိတော့မည်။ သို့ဆိုလျှင် သူ့ကို ချစ်တော့မည် မဟုတ်။ သူ့ကို အမြဲတမ်း ချစ်နေအောင် သူ့ အကြောင်းမှန်တွေကို အက်ရှလေ အသိခံ၍ မဖြစ်။ အက်ရှလေ၏ အချစ်သည် သူ့ခွန်အား စီးဆင်းရာ ဖြစ်သည်။ ဤအချစ် မရှိတော့လျှင် သူ မည်သို့ အသက်ရှင်နေရတော့မည်နည်း။ သူ့ရင်တွင် မျက်နှာအပ်၍ စကားလက် ငိုချင်သည်။ ပြစ်မှု မျိုးစုံ ကျူးလွန်ထားသည့် သူ့နှလုံးသားကို ဝန်ပေါ့အောင် လုပ်ချင်သည်။ သို့ဆိုလျှင် သက်သာရာ ရလိမ့်မည်။

သေခြင်းတရား အရိပ် ထိုးထားရာ တိတ်ဆိတ်ငြိမ်သက်သည့် အိမ်ကြီးသည် သူ့ အထီးကျန် ဖြစ်မှုကို ပို၍

သိသာစေသည်။ စကားလက် ဤအတိုင်း မနေနိုင်တော့။ မနေရဲတော့။ သတိဖြင့်ထကာ အခန်းတံခါးကို တစ်ဝက် စေ့ပြီး ဗီရိုအောက်ဆုံး အံဆွဲထဲသို့ နှိုက်သည်။ ‘မေ့ဆေး ပုလင်း’ ဟု ဒေါ်လေး ပစ်တီက ခေါ်သော ဘရန်ဒီ ပုလင်းကို ဝှက်ထားရာမှ ထုတ်သည်။ မီးရောင်တွင် ထောင်ကြည့်၏။ တစ်ဝက်ခန့်သာ ကျန်တော့သည်။ မနေ့ညက သူ သောက်သည်မှာ ဤမျှ မကုန်။ ဖန်ခွက်ထဲသို့ ခပ်များများ ငှဲ့ချလိုက်ပြီးနောက် တစ်ကျိုက်တည်းဖြင့် မော့ချလိုက်၏။ ဤပုလင်းကို ရေအပြည့် ပြန်ထည့်၍ မနက်ဖြန် မနက် အမီ အရက် ဗီရိုထဲသို့ ပြန်ထားရမည်။ အသုဘ မချမီတွင် ခေါင်းထမ်းသူများ သောက်ချင်သည် ဆို၍ ကြီးဒေါ် လိုက်ရှာခဲ့သည်။ မီးဖိုထဲမှ ကြီးဒေါ်၊ ဦးလေးပီတာနှင့် ထမင်းချက် မိန်းမကြီးတို့ တစ်ဦးကို တစ်ဦး မသင်္ကာ ဖြစ်နေကြသည်။

ဘရန်ဒီက ချိုချိုပြင်းပြင်း။ တစ်ကိုယ်လုံး ထူပူသွားသည်။ သောက်ချင်တုန်း သောက်လိုက်ရလျှင် ဘရန်ဒီထက်

ကောင်းသည့်အရာ မရှိ။ စင်စစ် ဘရန်ဒီသည် အချိန်မရွေး သောက်၍ ကောင်းသည်။ အရက်ချိုထက် အများကြီး ကောင်းသည်။ အမျိုးသမီးတွေအဖို့ ဘရန်ဒီသောက်လျှင် မတင့်တယ်ဟု မည်သူကများ ရွှေဉာဏ်တော် စူးရောက်၍ ပညတ်ခဲ့သည် မသိ။ အသုဘတုန်းက မစ္စက် မယ်ရီဝယ်သာနှင့် ဒေါ်ဒေါ်မိသည် သူ့အနံ့ကြောင့် နှာခေါင်း ရှုံ့တတ်ကြသည်။ တစ်ယောက်ကို တစ်ယောက် ‘ဘယ့်နှယ် ရှိစ’ ဟူသော အကြည့်မျိုးဖြင့် လှမ်းကြည့်တတ်ကြသည်။ အလကား ကြောင်အိုမကြီးတွေ။

စကားလက် နောက်တစ်ခွက် ငှဲ့သည်။ ယနေ့ည မူးချင် မူးပါစေ၊ ကိစ္စမရှိ။ မကြာမီ အိပ်ရာဝင်တော့မည်။ ကြီးဒေါ်က

လာ၍ အဝတ်အစား လဲမပေးမီ အော်ဒီကလုံးနှင့် ပလုတ်ကျင်းလိုက်ရုံမျှသာ။ ဖေဖေ မြို့မှ အပြန်တွင် မူးလာသလို စကားလက် မူးအောင် စိတ်ရှိ လက်ရှိ သောက်ပစ်လိုက်ချင်သည်။ သို့ဆိုလျှင် ဘဝကို ဖျက်ဆီးသူ၊ သူ့ကို သတ်သူဟု စွပ်စွဲလျက် ရှိသော ဖရင့်၏ ဟောက်ပက်ပက် မျက်နှာကြီးကို မေ့ပျောက်ပစ်နိုင်လိမ့်မည်ထင်သည်။

ဖရင့်ကို သူ သတ်သည်ဟု တစ်မြို့လုံးကများ ထင်နေကြသည်လော မသိ။ အသုဘ လာပို့သူများက သူ့ကို

ခပ်တန်းတန်း ဆက်ဆံကြသည်။ အသုဘတွင် သူ့ကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံကာ အားပေးနှစ်သိမ့်ကြသူဆို၍ သူနှင့် အရောင်းအဝယ် လုပ်ဖူးသည့် ယန်ကီ စစ်ဗိုလ်များ၏ မိန်းမများသာ ရှိသည်။ တစ်မြို့လုံးက ထင်ချင်ထင်၊ သူ ဂရုမစိုက်။ ဘုရား၏ ပြစ်ဒဏ်ခတ်ခြင်းနှင့်စာလျှင် သူတို့ ထင်မြင်ချက်သည် ဘာမျှ စာမဖွဲ့လောက်။

စကားလက် နောက်တစ်ခွက် သောက်ပြန်သည်။ လည်ပင်း တစ်လျှောက်တွင် ထူပူသွားသဖြင့် စကားလက်

328

တုန်သွား၏။ သူ့ တစ်ကိုယ်လုံး နွေးသွားပြီ။ သို့ရာတွင် ဖရင့်ကို စိတ်ထဲက ဖျောက်၍ မရသေး။ အရက်သည် စိတ်ညစ်စရာတွေကို မေ့ပျောက်အောင် လုပ်နိုင်စွမ်း ရှိသည်ဟု ယောက်ျားများက ပြောကြ၏။ ဘယ်မှာ မေ့ပျောက်၍ ရသနည်း။ ယောက်ျားများသည် သူတို့ ထင်ရာ ပြောနေကြသည်ဟု စကားလက် ထင်သည်။ သတိ မေ့သွားအောင် သောက်မှဖြစ်မည်။ သို့မဟုတ်လျှင် သူ့ကို တစ်ယောက်တည်း အပြင် မထွက်ဖို့ ပြောနေသည့် ဖရင့်၏ မျက်နှာကို ဖျောက်၍ မရ။ ဖရင့်မျက်နှာက မရဲတရဲ။ သူ့ကို တောင်းပန်သည့် မျက်နှာ။ အပြစ်တင်သည့် မျက်နှာ။

အိမ်ရှေ့တံခါးမှ တံခါးခေါက်သံ ပေါ်လာ၏။ တံခါးခေါက်သံက တိတ်ဆိတ်သည့် ညကြီးထဲတွင် ပဲ့တင်ထပ်နေသည်။

ခန်းမဆောင် တစ်လျှောက်တွင် ခြေလှမ်း စိပ်စိပ်ကလေးဖြင့် ဒေါ်လေး ပစ်တီ ဖြတ်လျှောက်သွားသံ၊ တံခါး ဖွင့်သံကို ကြားရ၏။ နှုတ်ဆက်သံနှင့်စကားပြောသံကို မသဲမကွဲ ကြားရသည်။ အသုဘ လာမေးသူများ ဖြစ်နိုင်သည်။ သို့မဟုတ် အသုဘ အိမ်က နို့သာကူပြုတ် လာယူသူများ ဖြစ်နိုင်သည်။ ဒေါ်လေး ပစ်တီက သဘောကျတတ်သည်။ အသုဘ လာမေးသူနှင့် စကားပြောရလျှင် ဒေါ်လေး ပစ်တီသည် အလေးအနက် ပူဆွေးဟန်ဖြင့် ကျေနပ်နေတတ်သည်။

မည်သူများ လာသနည်းဟု စကားလက် တွေးမိ၏။ အသံက ယောက်ျားသံ။ ခပ်ဩဩ၊ ခပ်ဝဲဝဲ။ ဒေါ်လေး

ပစ်တီ၏ အသုဘ စကားများကြားမှ ပေါ်လာသည့် ဤအသံကို သူ မှတ်မိသည်။ စကားလက် ဝမ်းသာသွား၏။ စိတ်ထဲတွင် ပေါ့ပါးသွားသည်။ အသံက ရက် ဘတ်တလာ၏ အသံ။ ဖရင့် သေကြောင်း ပြောပြပြီးနောက် ရက် ဘတ်တလာနှင့် မတွေ့တော့။ ယနေ့ညအဖို့ သူ့ကို ကူညီနိုင်မည့်သူဆို၍ ရက် ဘတ်တလာ တစ်ယောက်သာ ရှိတော့သည်။ ဤသည်ကို စကားလက် ရင်ထဲ အသည်းထဲက သိသည်။

‘ကျွန်တော့်ဆိုရင် အတွေ့ခံချင် ခံမှာပါ’



ရက် ဘတ်တလာ၏ အသံသည် အပေါ်ထပ်သို့ လွင့်လာ၏။



‘အိပ်နေတယ်ထင်တယ်

ဗိုလ်ကြီး

ဘတ်တလာ၊

ဘယ်သူ့မှ

အတွေ့ခံမယ်

မထင်ဘူး၊

တော်တော်လည်း

စိတ်ထိခိုက်နေပုံရတယ်၊ ပြီးတော့’

‘ကျွန်တော်လို့ ပြောရင် အတွေ့ခံချင် ခံမှာပါ၊ ကျွန်တော် မနက်ဖြန် ခရီးထွက်မယ်လို့ တစ်ဆိတ် ပြောပေးပါ၊

နည်းနည်းကြာမယ်၊ အရေးကြီးလို့ပါ’

‘ဒါပေမယ့်’



ဒေါ်လေး ပစ်တီက ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည်။



စကားလက်က ခန်းမဆောင်ထဲသို့ ဆင်းထွက်လာသည်။ သူ့ဒူးတွေ ကောင်းကောင်းမခိုင်သည်ကို သတိပြုမိသဖြင့်

စကားလက် အံ့ဩနေသည်။ စကားလက် လှေကား လက်ရန်းပေါ်က အောက်သို့ ငုံ့ကြည့်၏။

‘စကားလက် ခုပဲ ဆင်းလာခဲ့မယ် ဗိုလ်ကြီး ဘတ်တလာ’



ဒေါ်လေး ပစ်တီ၏ မျက်နှာ ဖောင်းဖောင်းကို စကားလက် လှမ်းမြင်လိုက်ရ၏။ မကျေနပ်သည့် ဟန်၊ အံ့ဩသည့်ဟန်ဖြင့်

329

မျက်လုံးပြူးလျက် ရှိ၏။ ယောက်ျား အသုဘ ကိစ္စပြီးသည့် နေ့မှာပင် မဆင်မခြင် နေသည်ဟု ပြောကြဦးမည်။ သို့ရာတွင် စကားလက် ဂရုမစိုက်။ အခန်းထဲသို့ ခပ်သုတ်သုတ် ပြန်ဝင်လာကာ ဆံပင်ကို သပ်ရပ်စေသည်။ အပေါ် အင်္ကျီ အနက်ကို လည်ပင်းထိအောင် ကြယ်သီး တပ်သည်။ လည်ထောင် အစပ်တွင် ဒေါ်လေး ပစ်တီ၏ ရင်ထိုးကို ထိုးသည်။ မှန်ထဲက သူ့ရုပ်ကို မြင်သည့်အခါ၌ စကားလက် မကျေနပ်။ မျက်နှာက ဖြူရော်ကာ ထိတ်လန့်သည့်ပုံ ပေါ်လျက် ရှိ၏။ နှုတ်ခမ်းနီ ပါးနီ ဆိုးဆေး ထည့်ထားသော သေတ္တာကလေးဆီသို့ လက်က ရောက်သွားသည်။ သို့ရာတွင် ချက်ချင်း လက်ကို ပြန်ရုပ်၏။ နှုတ်ခမ်းနီ ပါးနီတွေ ဆိုး၍ ဆင်းလာလျှင် ဒေါ်လေး ပစ်တီ တစ်ယောက် တကယ် စိတ်ဆိုးတော့မည်။ အော်ဒီကလုံး ပုလင်းကို ကောက်၍ တစ်ငုံ ငုံလိုက်သည်။ ပါးစပ်ကို သေချာစွာ ကျင်းပြီးနောက် ထွေးခံထဲသို့ ထွေးလိုက်၏။

စကားလက်က လှေကားမှ ခပ်သုတ်သုတ် ဆင်းလာ၏။ ဒေါ်လေး ပစ်တီနှင့် ရက် ဘတ်တလာက ခန်းဆောင်ထဲတွင်

ရပ်နေကြဆဲ။ ရက် ဘတ်တလာကို အစောင့်ခိုင်းထားသဖြင့် ဒေါ်လေး ပစ်တီ တော်တော်စိတ်ဆိုးနေပြီ။ ရက် ဘတ်တလာက ဝတ်စုံနက်ကို သားနားစွာ ဝတ်ထားသည်။ အင်္ကျီဇာနားက လွင့်လျက်။ မီးပူ အကျတိုက်ပြီးသား။ သူ့အမူအရာက အသုဘရှင်ထံ ဝမ်းနည်းစကား လာပြောသည့် မိတ်ဟောင်းဆွေဟောင်းတစ်ယောက်၏ ဟန်အပြည့်။ ပြည့်လွန်းသဖြင့် တမင်တကာ ပြောင်၍ လုပ်ထားသည့်နှယ်ပင် တူနေသည်။ သို့တိုင်အောင် ဒေါ်လေး ပစ်တီက သတိ မထားမိ။ စကားလက်ကို အနှောင့်အယှက် ပေးမိသဖြင့် တလေးတစား တောင်းပန်သည်။ မပြန်မီ အလုပ် ကိစ္စကလေးတွေ အပြီး သတ်နေရသဖြင့် အသုဘသို့ လာမပို့နိုင်သည့်အတွက် ဝမ်းနည်းစကား ပြောသည်။

‘ဘာကိစ္စ ရှိလို့များ လာသလဲ မသိဘူး၊ သူ ပြောတဲ့ စကားကို ယုံရတာကလည်း ခပ်ခက်ခက်ရယ်’ စကားလက်

တွေးနေ၏။

‘အချိန်မတော်ကြီး လာတဲ့အတွက် ခွင့်လွှတ်ပါ၊ ကိစ္စကလေး တစ်ခုနှင့် ပတ်သက်ပြီး အရေးတကြီး ပြောစရာ ရှိနေလို့၊

တခြား မဟုတ်ပါဘူး၊ ကျုပ်နှင့် ဖရင့်နှင့် တိုင်ပင်ထားတဲ့ ကိစ္စကလေး’

‘မင်းနှင့် ဖရင့်က အလုပ် ကိစ္စနှင့် ပတ်သက်ပြီး အဆက်အသွယ် ရှိဖူးလို့လား’



ဒေါ်လေး ပစ်တီက မေးသည်။ ဖရင့်တွင် သူ မသိသည့် ကိစ္စတွေ ရှိသည်ဟု သိရသဖြင့် ဒေါ်လေး ပစ်တီ အနည်းငယ်

စိတ်တိုသွားသည်။

‘ဖရင့်က အဆက်အသွယ် အလွန်များတဲ့ ပုဂ္ဂိုလ်ပါ ဒေါ်လေး ပစ်တီ’ ရက် ဘတ်တလာက တရိုတသေ ပြောသည်။

‘ဧည့်ခန်းမှာ ထိုင်ကြမလား’

‘ဟင့်အင်း’



စကားလက်က ဧည့်ခန်းတံခါးကို လှမ်းကြည့်၍ ပြော၏။ ဧည့်ခန်းတွင် မထိုင်ချင်။ ဧည့်ခန်းတွင် ဖရင့်၏ အလောင်းကြီး

ပြင်ထားသည်ကို မြင်ယောင်နေ၏။ ဧည့်ခန်းသို့ မည်သည့်အခါမျှ မဝင်တော့ဟုပင် စိတ်ကူးမိသည်။ ဒေါ်လေး ပစ်တီက မပြောချင် ပြောချင် ပြောသည်။

‘စာကြည့်ခန်းထဲမှာ ထိုင်ပါလား၊ ဒေါ်လေး အပေါ်ထပ် တက်ပြီး ချုပ်စရာလေးတွေ ချုပ်ချည်ဦးမယ်၊ အရင် အပတ်က

330

တစ်ပတ်လုံးလုံး မချုပ်အားတာနှင့် ပစ်ထားရတယ်’

ဒေါ်လေး ပစ်တီက အပြစ်တင်ဟန်ဖြင့် နောက်ပြန်လှည့်ကြည့်ရင်း အပေါ်ထပ်သို့ တက်သွားသည်။ ဒေါ်လေး ပစ်တီ၏

အမူအရာကို သူတို့နှစ်ယောက်စလုံး သတိ မပြုမိကြ။ ရက် ဘတ်တလာက စကားလက် စာကြည့်ခန်းထဲသို့ ရှေ့က ဝင်ရန် လမ်းဖယ်ပေးသည်။

‘ရှင်နှင့် ဖရင့်က ဘာကိစ္စ ရှိလို့လဲ’



စကားလက်က ရုတ်တရက် မေး၏။ ရက် ဘတ်တလာက အနားသို့ကပ်၍ ခပ်တိုးတိုး ပြောသည်။



‘ဘာကိစ္စမှ မရှိပါဘူး၊ ဒေါ်လေး ပစ်တီ အနားမှာ မနေစေချင်လို့ ပြောတာ’ ရက် ဘတ်တလာက သူ့အပေါ်သို့ ငုံ့မိုး

ကြည့်သည်။ ‘စကားလက် ဒါတော့ မကောင်းဘူး’

‘ဘာ မကောင်းတာလဲ’



‘အော်ဒီကလုံးလေ’



‘ဘာ အော်ဒီကလုံးလဲ၊ စကားလက် နားမလည်ဘူး’



‘ဘာဖြစ်လို့ နားမလည်ရမှာလဲ၊ မင်း အရက်တွေ သောက်လာတယ် မဟုတ်လား’



‘သောက်တော့ ဘာဖြစ်သလဲ၊ ရှင့် အပူလား’



‘ဒီလောက်

သောက

ရောက်နေတဲ့

အထဲမှာတောင်

ယဉ်ကျေး

သိမ်မွေ့တာလေးတွေက

မပျောက်ဘူးနော်၊

တစ်ယောက်တည်း အရက် မသောက်ပါနှင့် ကလေးမရယ်၊ တစ်ယောက်တည်း ခွက်ပုန်းသောက်တာကို လူတွေက အမြဲသိတယ်၊ မသိဘဲ မနေဘူး၊ ပိုလည်း နာမည်ပျက်တယ်၊ ပြီးတော့ တစ်ယောက်တည်း အရက် သောက်တယ်ဆိုတာ ဘယ်တော့မှ မကောင်းဘူး၊ ဘာဖြစ်လို့ သောက်တာလဲ ဟင်၊ ကလေးမ’

ရက်

ဘတ်တလာက

စကားလက်ကို

ယင်းတိုက်နှစ်သား

ထိုင်ခုံကြီးဆီသို့

ခေါ်သွားသည်။

စကားလက်က

အသာဝင်ထိုင်၏။

‘တံခါး ပိတ်လိုက်ရမလား ဟင်’



တံခါး ပိတ်ထားသည်ကို ကြီးဒေါ် မြင်လျှင် သူ့ကို ပြောတော့မည်။ ဆုံးမ ဩဝါဒတွေ ပေးကာ တော်တော်နှင့်

ပြော၍ ဆုံးမည် မဟုတ်တော့။ သို့ရာတွင် အရက်သောက်သည့် ကိစ္စအကြောင်း ပြောသံကို ကြီးဒေါ် ကြားလျှင် ပို၍ ဆိုးဦးမည်။ အထူးသဖြင့် ဘရန်ဒီ ပုလင်း ပျောက်သည့် ကိစ္စကြောင့် ပို၍ ပွက်မည်။ စကားလက်က ခေါင်းညိတ်ပြသည်။ ရက် ဘတ်တလာက ဆွဲတံခါးကို ဆွဲ၍ စေ့လိုက်၏။ ပြန်လာပြီး သူ့ဘေးတွင် ဝင်ထိုင်ရင်း နက်မှောင်မှောင် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ရက် ဘတ်တလာ၏ အရှိန်ကြောင့် သေခြင်း တရားကို တွေး၍ ကြောက်နေသည့် စကားလက် ရင်ထဲက အကြောက်သည် ပျောက်သွားသည်။ အခန်းသည် သာယာ၍ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံလာသည်ဟု ထင်ရ၏။ မှန်အိမ်များက

331

နှင်းဆီရောင်လက်ကာ ပူနွေးလာကြသည်။

‘ဘာဖြစ်လို့လဲ ဟင် ကလေး’



အဓိပ္ပာယ်မရှိ ချော့မြှူသည့် စကားကို ပြောရာတွင် ကမ္ဘာ၌ ရက် ဘတ်တလာလို ပြောတတ်သူမျိုး ရှိမည်မဟုတ်ဟု

စကားလက် ထင်သည်။ နောက်ပြောင်ပြောနေသည့်အခါမှာပင် ရက် ဘတ်တလာ၏ အချော့မြှူ စကားသည် ကျေနပ်စရာ ကောင်းနေသည်။ သို့ရာတွင် ယခု တစ်ကြိမ်တွင်မူ ရက် ဘတ်တလာသည် နောက်ပြောင်ဟန် မရှိ။ အတည်ပြောနေခြင်း ဖြစ်ပုံရသည်။ စကားလက်က ပူဆွေးသည့် မျက်လုံးများဖြင့် သူ့ကို မော့ကြည့်၏။ သူ့မျက်နှာက အကဲခတ်ရ ခက်၍ လှုပ်ရှားခြင်း မရှိသည့် မျက်နှာ။ သူ့ မျက်နှာကို ကြည့်၍ စကားလက် စိတ်သက်သာရာ ရသွားသည်။ ရက် ဘတ်တလာသည် အကဲခတ်ရ ခက်ရုံမျှမက နှလံုးသား မရှိသည့် လူစားဖြစ်သည်။ ဤလို လူစား၏ မျက်နှာကို ကြည့်ခြင်းဖြင့် စိတ်သက်သာရာ ရသည်ကို သူ နားမလည်။ ရက် ဘတ်တလာ မကြာခဏ ပြောဖူးသလို သူတို့နှစ်ယောက် စရိုက်ချင်း တူ၍များလောဟု မဆိုနိုင်။ တစ်ခါတစ်ရံတွင် ရက် ဘတ်တလာ တစ်ယောက်မှ လွဲလျှင် ကျန် သူ့ အသိမိတ်ဆွေ အပေါင်းအသင်းများသည် သူစိမ်းတစ်ရံဆံများ သဖွယ် ဖြစ်နေသည်ဟု စကားလက် ထင်မိသည်။

‘ကျုပ်ကို ပြောမပြနိုင်ဘူးလား’ ရက် ဘတ်တလာက သူ့လက်ကို အသာဆွဲယူလိုက်သည်။ ‘ဖရင့် ဆုံးလို့တင်တော့

မဟုတ်ဘူး၊ တခြား အကြောင်း တစ်ခု ရှိရမယ်၊ ပိုက်ဆံ လိုလို့လား’

‘ဟင့်အင်း မလိုပါဘူး၊ စကားလက် ကြောက်တယ် ဗိုလ်ကြီး ဘတ်တလာ’



‘ဘာ ကြောက်စရာ ရှိလို့လဲ၊ မင်း တစ်သက်မှာ တစ်ခါမှ မကြောက်ဖူးဘူး’



‘ဟင့်အင်း ဗိုလ်ကြီး ဘတ်တလာ၊ စကားလက် ကြောက်တယ်’



စကားလုံးများသည် အလျင်အမြန် ထွက်လာကြ၏။ စကားလက် ရက်ဘတ်တလာကို ပြောနိုင်သည်။ ရင်ထဲ ရှိသမျှ

ဖွင့်ပြောနိုင်သည်။ ရက် ဘတ်တလာက သူ့ထက် ဆိုးသည့်သူ။ သူ့ထက်ဆိုးသည့် လူက သူ့အပေါ်တွင် အဆိုး အကောင်း ဘာမျှ ဝေဖန်ဖွယ် မရှိ။ လောကကြီးတွင် အသက်ကိုသာ စွန့်ချင် စွန့်မည်၊ လိမ်ညာ၍ မပြောနိုင် ဆိုသည့် လူမှန်တွေက များနေသည်။ အငတ်သာ ခံချင် ခံမည်၊ မကောင်းသည့် အလုပ်ကို မလုပ်ဆိုသည့် သူတော်ကောင်းက များနေသည်။ ဤလို လောကကြီးတွင် ဆိုးသည့် လူတစ်ယောက်၊ သိက္ခာ မရှိသည့် လူတစ်ယောက်၊ လူလိမ်တစ်ယောက်၊ လူညာ တစ်ယောက်နှင့် သိကျွမ်းရခြင်းမှာ အံ့ဩဖို့ ကောင်းသည်။ ပျော်စရာ ကောင်းသည်။

‘ကျွန်မ သေလိမ့်မယ် ထင်တယ်၊ သေရင်လည်း ငရဲ ကျမှာပါ’



ရက် ဘတ်တလာကများ လှောင်ပြောင် ရယ်မောလျှင် သူ ချက်ချင်း သေသွားလိမ့်မည် ထင်သည်။ သို့ရာတွင် ရက်

ဘတ်တလာက မရယ်။

‘မင်းကြည့်ရတာ ဒေါင်ဒေါင်မြည်နေတာပဲ၊ ဘာဖြစ်လို့ သေရမှာလဲ၊ ပြီးတော့ ငရဲဆိုတာလည်း ရှိမယ် မထင်ပါဘူး’



‘ရှိတယ် ဗိုလ်ကြီး ဘတ်တလာ ရှိတယ်၊ ရှိတယ်ဆိုတာ ရှင်လည်း သိသားပဲ’

332



‘ဟုတ်တယ်၊ ရှိတယ် ဆိုတာ ကျုပ် သိတယ်၊ ဒါပေမယ့် နောင်ဘဝမှာ မဟုတ်ဘူး၊ ခုလောကမှာ၊ ပစ္စုပ္ပန်မှာ၊ သေပြီးတဲ့

နောက်တော့ ဘာမှ မရှိတော့ပါဘူး ကလေးမရယ်၊ ခု မင်း ပစ္စုပ္ပန်ငရဲမှာ ခံနေရတာပါ’

‘ဗိုလ်ကြီး ဘတ်တလာရယ်၊ ဘုရားဂိုဏ်း မလွတ်တဲ့ စကားတွေ မပြောပါနှင့်’



‘ဒါပေမယ့် နားထောင်ရတာ စိတ်သက်သာရာ မရဘူးလား၊ ကဲ ဆိုစမ်း၊ မင်းက ဘာဖြစ်လို့ ငရဲ ကျမှာလဲ၊ ကျုပ်ကို

ပြောစမ်းပါဦး’

ရက် ဘတ်တလာ ဖောက်လာပြီ။ အပြောင် အပြက် စကားတွေ စလာပြီ။ သူ့မျက်လုံးများ ပြောင်လက် လာသည်ကို

ကြည့်လျှင် သိနိုင်သည်။ သို့ရာတွင် စကားလက် ဂရုမစိုက်။ သူ့လက်များက ခွန်အား ရှိသည်။ နွေးနေသည်။ သူ့လက်မောင်းကို တွဲမှီ ထားရသည်မှာ အားရှိသည်။

‘တကယ်ကတော့ ဖရင့်ကို စကားလက် ယူခဲ့ဖို့ မကောင်းဘူး၊ သိပ်မှားတယ်၊ သူက ဆွီလင်ရဲ့ အဆက်၊ ဆွီလင်ကိုသာ

ချစ်တာ၊ စကားလက်ကို ချစ်တာ မဟုတ်ဘူး၊ ဒါပေမယ့် စကားလက် သူ့ကို လိမ်ယူခဲ့တယ်၊ ဆွီလင်ဟာ တိုနီကို လက်ထပ်တော့မယ်လို့ ပြောပြီး ညာယူခဲ့တယ်၊ တကယ်ကတော့ ဒီလို လုပ်ဖို့ မကောင်းဘူး’

‘ဟော၊ ထန်းရည်မူးတော့ ကျွဲခိုး ပေါ်ပြီ၊ အစကတည်းက ကျုပ် ထင်ခဲ့သားပဲ’



‘ယူပြီးတော့လည်း စကားလက် သူ စိတ်ဆင်းရဲအောင် လုပ်ခဲ့တယ်၊ သူ မလုပ်ချင်တာတွေကို စကားလက် အတင်း

အလုပ်ခိုင်းခဲ့တယ်၊ မပေးနိုင်တဲ့ လူတွေဆီက အကြွေးတွေကို အတင်း တောင်းခိုင်းခဲ့တယ်၊ စကားလက် သစ်ခွဲစက် ထောင်တာ၊ အရက်ဆိုင် ဖွင့်တာ၊ ထောင်ကျတွေကို ငှားပြီး အလုပ် လုပ်တာတွေကို မြင်တော့ သူ တော်တော် စိတ်ဆင်းရဲရတယ်၊ ရှက်လို့တဲ့၊ ရှက်လွန်းလို့တဲ့၊ လူတောထဲမှာ ခေါင်းတောင် မဖော်ရဲဘူး၊ ပြီးတော့ သူ့ကို စကားလက် သတ်ခဲ့တာ ဗိုလ်ကြီး ဘတ်တလာ၊ စကားလက် သတ်ခဲ့တာ၊ ကေသုံးလုံး ဂိုဏ်းထဲမှာ သူပါနေတယ်ဆိုတာ စကားလက် နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး၊ ဒီလောက် သတ္တိရှိမယ်လို့လည်း နည်းနည်းမှ မထင်ခဲ့ဖူး၊ တကယ်ကတော့ မယား တစ်ယောက်လုံး လုပ်နေပြီး ဒီလောက်တော့ သိသင့်တာပေါ့၊ ဟုတ်တယ်၊ သူ့ကို စကားလက် သတ်တာ’

‘မဟာသမုဒ္ဒရာ၊ ရေများစွာဖြင့်၊ ငါ၏ တစ်သက်၊ သွေးစွန်းလက်ကို၊ ဆေးလျက်ခုတိုင်၊ မစင်နိုင်ခဲ့’



‘ဘာ’



‘ဘာမှ မဟုတ်ပါဘူး၊ မက္ကဘက် ပြဇာတ်ထဲက စာပိုဒ်လေး တစ်ပိုဒ်ကို အမှတ်ရလို့ပါ၊ အင်း ဆက်ပြောပါဦး’



‘ပြောစရာ

မရှိပါဘူး၊

ဒါပါပဲ၊

ဒီလောက်ဆို

စကားလက်

အခြေအနေကို

သိရောပေါ့၊

စကားလက်

သူ့ကို

လက်ထပ်ခဲ့တယ်၊ သူ စိတ်ဆင်းရဲအောင် လုပ်ခဲ့တယ်၊ သူ့ကို သတ်ခဲ့တယ်၊ စကားလက် မကောင်းဘူး၊ ဘယ်လို ဖြစ်သွားမှန်း မသိဘူး၊ စကားလက် သူ့ကို လိမ်ပြီး လက်ထပ်ခဲ့တယ်၊ လုပ်တုန်းကတော့ မှန်တယ်လို့ ထင်ခဲ့တာပဲ၊ ဒါပေမယ့် ခု စကားလက် မှားမှန်း သိပြီ ဗိုလ်ကြီး ဘတ်တလာ၊ ဒီလို အလုပ်မျိုးတွေကို လုပ်ခဲ့တာ စကားလက်မှ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိတယ်၊ စကားလက် သူ့အပေါ် ဆိုးခဲ့တယ်၊ ဒါပေမယ့် ဆိုးချင်လို့ ဆိုးတာမဟုတ်ပါဘူး၊ စကားလက် ငယ်ငယ်က

333

ဒီလို မဟုတ်ပါဘူး၊ မေမေရဲ့-’

စကားလက်က စကားကို ရပ်၍ တံတွေးမျို၏။ ယနေ့ တစ်နေ့လုံး မေမေ့ အကြောင်းကို မစဉ်းစားမိအောင် ကြိုးစား၍

ရှောင်ခဲ့သည်။ သို့ရာတွင် မေမေ့ အကြောင်းကို ဖျောက်ဖျက်၍ မရ။

‘မင်း မေမေကတော့ ဘယ်လိုနေသလဲ မသိဘူး၊ ကျုပ်အဖို့တော့ မင်းဟာ မင်း ဖေဖေနှင့် တော်တော် တူတာပဲ’



‘မေမေက အို၊ မေမေ စောစော သေတာ ကောင်းပါတယ် ဗိုလ်ကြီး ဘတ်တလာ၊ စကားလက် လုပ်ပုံတွေ

မမြင်ရတော့ စိတ်ချမ်းသာတာပေါ့၊ မေမေက စကားလက်ကို ဗိုင်းကောင်း ကျောက်ဖိ ဖြစ်အောင် သင်ခဲ့တယ်၊ မေမေက သဘောကောင်းတယ်၊ သနားတတ်တယ်၊ မေမေသာ ရှိရင် ဒါမျိုးတွေကို လုပ်ခွင့်ပြုမှာ မဟုတ်ဘူး၊ ငတ်ပြီး အသေခံခိုင်းချင်သာ ခိုင်းမယ်၊ စကားလက် မေမေနှင့် နေရာတကာ တူချင်တယ်၊ ဒါပေမယ့် တကယ် ဖြစ်လာတာကျတော့ မေမေနှင့် တစ်ချက်မှ မတူဘူး၊ ဟိုတုန်းကတော့ ဒါတွေကို မတွေးမိဘူး၊ ဘယ်တွေးမိမလဲလေ၊ ကိစ္စတွေနှင့် လုံးလည်လိုက်နေတာကိုး၊ ဒါပေမယ့် စကားလက်က မေမေနှင့် တူချင်တယ်၊ ဖေဖေနှင့် မတူချင်ဘူး၊ ဖေဖေ့ကို ချစ်တော့ ချစ်ပါတယ်၊ ဒါပေမယ့် ဖေဖေက အတွေးအခေါ် မရှိဘူး၊ တစ်ခါတစ်လေတော့လည်း စကားလက် လူတွေကို စိတ်ကောင်းထားကြည့်တယ်၊ ဖရင့်အပေါ်မှာလည်း ကြင်ကြင်နာနာ ထားကြည့်တယ်၊ ဒါပေမယ့် ထမင်းလုံး တစ္ဆေက ခဏ ခဏ ပြန်ပြီး ခြောက်တယ်၊ ဒီတော့ ထွက်ပြေးပြီး လူတွေဆီက ပိုက်ဆံတွေကို လိုက်လုချင်တယ်၊ တွေ့ရာလူဆီက ပိုက်ဆံကို လုယူပစ်ချင်တယ်’

မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာကြ၏။ စကားလက်က သူ့ လက်ကို တင်းကျပ်စွာ ဆုပ်သဖြင့် ရက်

ဘတ်တလာ၏ လက်တွင် လက်သည်းတွေ စူးနေသည်။

‘ဘယ်လို ထမင်းလုံး တစ္ဆေလဲ’



ရက် ဘတ်တလာ၏ အသံက တည်ငြိမ်သည်။ ယုယသည့် အသံ ပေါက်သည်။



‘ဪ ဟုတ်သားပဲ၊ ရှင့်ကို မပြောရသေးဘူး၊ လူတွေအပေါ်မှာ စိတ်ကောင်းထားဖို့ ကြိုးစားတိုင်း စကားလက် ပိုက်ဆံ

မမက်နှင့်၊ ပိုက်ဆံ ရှိရုံနှင့်ပြီးတာ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် နှလုံးသွင်းတယ်၊ ဒီလို နှလုံးသွင်းပြီး ညအိပ်မပျော်တိုင်း မြိုင်သာယာမှာ မေမေက သေပြီးခါစက အဖြစ်အပျက်တွေ၊ ယန်ကီတွေ ရောက်လာပုံတွေကိုချည်း မျက်စိထဲမှာ မြင်မြင် နေတယ်၊ အဲဒီ အကြောင်း တွေးလိုက်တိုင်း စကားလက် တစ်ကိုယ်လုံး လက်ဖျား ခြေဖျားတွေ အေးပြီး တစ်မျိုးကြီး ဖြစ်နေတယ်၊ အိမ်တွေ မီးလောင်တာ၊ တိတ်ဆိတ်ပြီး ချောက်ချားစရာ ဖြစ်နေတာ၊ စားစရာ မရှိတာတွေကိုချည်း မြင်နေတယ်၊ အိပ်မက်ထဲမှာတောင် စကားလက် ငတ်နေတယ်’

ရက် ဘတ်တလာ ဘိလပ်မှ အပြန် ဝယ်လာသည့် စိန်လက်စွပ်က တကယ့် အကြီးကြီး။ ကြီးလွန်းသဖြင့် စကားလက်

ဝတ်ပင် မဝတ်ရဲ။ တောက်တောက်ပပ။ ပြိုးပြိုးပြက်ပြက်။ အဖိုးတန် လက်ဝတ်ရတနာကို စကားလက် သဘောကျသည်။ သို့ရာတွင် ဤ စိန်လက်စွပ်ကြီးကမူ ရိုင်းသည်ဟု ဝိုင်းပြောကြသဖြင့် စကားလက် စိတ်မသက်မသာ ဖြစ်ရ၏။ စိန်လက်စွပ်က စိန်ခြယ် လက်စွပ်။ အလယ် စိန်ကြီးက လေးရတီခန့် ရှိသည်။ ဘေးတွင် မြရံထားသည်။ စိန်နှင့်မြ ရံထားသည့် လက်စွပ် အပွင့်က လက်ဆစ် တစ်ခုလုံး ဖုံးနေသဖြင့် စိန်လက်စွပ်ကို ဝတ်ထားလျှင် သူ့ လက်ချောင်းကလေးက အလေးချိန်ဖြင့်

334

ညွှတ်ကျနေသည် ထင်ရသည်။ ရက် ဘတ်တလာသည် တမင် အရွဲ့တိုက်၍ ဤမျှလောက် ကြီးကြီး လုပ်လာသလောဟုပင် သံသယ ဖြစ်သည်။

ရက် ဘတ်တလာ အတ္တလန်တာသို့ ပြန်မရောက်မီ သူ့ လက်တွင် စိန်လက်စွပ် မဝတ်မီ အထိ စကားလက် သူတို့

ကိစ္စကို မည်သူ့မျှ မပြော။ အိမ်သားများကိုပင် အသိ မပေး။ သူတို့ စေ့စပ် မင်္ဂလာကို ကြေညာသည့် အခါ၌ တစ်မြို့လုံး ဝိုင်း၍ မေးငေါ့ကြသည်။ ယန်ကီနှင့် ကော်ဇောအိတ်သမားများက လွဲလျှင် ရက် ဘတ်တလာနှင့် စကားလက်သည် တစ်မြို့လုံးတွင် နာမည် အပျက်ဆုံး လူနှစ်ဦး ဖြစ်နေသည်။ စကားလက်ကို တစ်မြို့လုံးက ဝိုင်း၍ ကဲ့ရဲ့ခဲ့သည်မှာ ကြာလှပြီ။ ချားလ်၏ သင်္ချိုင်းကို ပေါင်းသင်ခြင်း မပြုတော့သည့် အချိန်ကစ၍ မေးငေါ့ခဲ့ကြ၏။ သစ်စက် ကိစ္စတွင် မိန်းမ တန်မဲ့ သွားဟယ် လာဟယ် လုပ်နေသည့် အခါနှင့် ကိုယ်ဝန်ကြီး တကားကားဖြင့် လူတောသူတောထဲ လျှောက်သွား နေသည့် အခါတွင် ကဲ့ရဲ့သံများသည် ပို၍ ကျယ်လောင် လာခဲ့သည်။ သို့ရာတွင် သူ ဂြိုဟ်မွှေ၍ ဖရင့်၊ တွန်မီတို့ သေခဲ့ရပြီး အခြားလူများ ဒုက္ခ ရောက်ကြရသည့် အခါတွင်မူ ကဲ့ရဲ့ရုံမျှသာမကတော့၊ ပြင်းထန်စွာ ရှုတ်ချလာခဲ့ကြသည်။

ရက် ဘတ်တလာကိုမူ ပြည်တွင်းစစ် ကာလ မှောင်ခို ကုန်ကူးနေစဉ် ကတည်းက တစ်မြို့လုံးက ဝိုင်းမုန်းခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စု ဘက်သား ရီပါဘလီကန်များနှင့် တပူးတွဲတွဲ လုပ်သည့် အခါတွင် သာ၍ မုန်းလာကြသည်။ သို့ရာတွင် အတ္တလန်တာက မြို့မျက်နှာဖုံး အချို့၏ အသက်ကို ကယ်ခဲ့သည့် အခါတွင်မူ ထူးထူးဆန်းဆန်း မြို့က မိန်းမတွေက သူ့ကို ပို၍ မုန်းလာကြသည်။

ဒေါက်တာမိတို့လို မျက်နှာဖုံး လူကြီးတွေသည် သူ့လို လူမျိုး တစ်ယောက်က ကယ်ပါမှ ချမ်းသာရာ ရသည့် အဖြစ်သို့

ရောက်ရသလော။ ရက် ဘတ်တလာသည် ရှက်စရာ ‘လံကြုပ်’ ဇာတ်လမ်းကို ဖန်တီးရသလောဟု ဒေါသထွက်ကြသည်။ ယခုမူ ယန်ကီတွေက သူတို့ကို ဝိုင်းလှောင် နေကြပြီ။ ကွယ်ရာတွင် သူတို့ အကြောင်း ပြော၍ ရယ်နေကြပြီ။ ရက် ဘတ်တလာသည် စိတ်ကောင်း စေတနာဖြင့် ကူညီခြင်း မဟုတ်။ စိတ်ကောင်း ရှိလျှင် ထို့ထက် သိက္ခာ ရှိသည့် နည်းဖြင့် ဖြေရှင်းနိုင်သည်ဟု အမျိုးသမီးများက ယူဆကြသည်။ ထိုအတိုင်းလည်း ပြောကြသည်။ မြို့မျက်နှာဖုံး လူကြီးများကို သိက္ခာ ကျအောင် ဘဲလ် ဝက်တလင်းကို တမင် ဆွဲသွင်းလာသည်ဟု ပြောကြသည်။ ထို့ကြောင့် ဤ ပုဂ္ဂိုလ်များကို ကယ်ခဲ့သည့် အတွက် ရက် ဘတ်တလာကို ကျေးဇူးလည်း မတင်ထိုက်။ သူ့ အတိတ်က ပြစ်မှု များကိုလည်း ခွင့်မလွှတ်ထိုက်။

အတ္တလန်တာက အမျိုးသမီးများက သနားလွယ်သည်။ စိတ်ထိခိုက်လွယ်သည်။ ဒုက္ခ သုက္ခ ကြုံလာပြီ ဆိုလျှင်

အပင်ပန်းခံနိုင်သည်။ ထိုမျှမက စာဖြင့် ရေးသားထားခြင်း မရှိသည့် သူတို့ ကျင့်ဝတ်များစွာ အနက် တစ်ချက်လောက်မျှ ဖြစ်စေ ဖောက်ဖျက်မိလျှင်လည်း ဖောက်ဖျက်သူကို အခဲမကျေနိုင် ဖြစ်တတ်သည်။ သူတို့ ကျင့်ဝတ် ဥပဒေက ရိုးရိုးကလေး။ ပြည်နယ် အရေးတော်ပုံကို လေးစားရမည်။ ပြည်နယ် တပ်မတော်သားဟောင်းများကို ဂုဏ်ပြုရမည်။ ရှေးခေတ် အစဉ်အလာများကို သစ္စာ

ရှိရမည်။

ဆင်းရဲသည့်

ဒဏ်ကို

ခံနိုင်ရမည်။

မိတ်ဆွေများအား

တတ်နိုင်သမျှ

ကူညီရမည်။

ယန်ကီများကို

ခါးခါးသီးသီး မုန်းရမည်။ သူတို့ အမြင်၌ ရက် ဘတ်တလာနှင့် စကားလက်သည် ဤကျင့်ဝတ် ဥပဒေ အားလုံးလောက်ကို ချိုးဖောက်ကြသည်ဟု မြင်သည်။

ရက် ဘတ်တလာ ဝင်ကယ်ခဲ့သဖြင့် အသက်နှင့် ကိုယ် အိုးစား မကွဲခဲ့သေးသည့် ယောက်ျားများက ထို ကိစ္စ

အကြောင်းကို သိပ်မပြောစေချင်။ အရှက်တကွဲ အကျိုးနည်း မဖြစ်စေရန် လည်းကောင်း၊ ရက် ဘတ်တလာ၏ ကျေးဇူးကို

335

ထောက်၍ လည်းကောင်း ထို ကိစ္စကို ပြန်မပြောရန် သူတို့ ဇနီးများကို တားကြသည်။ သို့ရာတွင် အချည်းနှီး။ ရက် ဘတ်တလာနှင့် စကားလက်တို့ စေ့စပ်ကြောင်းလမ်းခြင်း မပြုမီကမူ မကြိုက်သည့်တိုင် သူတို့ နှစ်ဦးကို ယဉ်ကျေးသမှု အနေဖြင့် ဝတ်ကျေတမ်းကျေ ဆက်ဆံကြသေးသည်။ သို့ရာတွင် စေ့စပ်ကြောင်းလမ်း ပြီးသည့် နောက်တွင်မူ ဝတ်ကျေတမ်းကျေပင် ဆက်ဆံခြင်း မပြုကြတော့။ သူတို့ နှစ်ယောက်၏ သတင်းသည် ဗုံးပေါက်ကွဲသည့်နှယ် ပေါ်ထွက်လာသည်။ မည်သူမျှ မမျှော်လင့်။ တစ်မြို့လုံး အံ့အားသင့်ကာ တုန်လှုပ် သွားကြသည်။ အလွန် ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေး ပြောတတ်သည့် အမျိုးသမီးများကပင်လျှင် ဒေါသတကြီး ထုတ်ဖော် ပြောလာကြသည်။ စကားလက်သည် လင်ကို သတ်ရုံမျှမက လင်သေပြီး၍ အခါတောင် မလည်သေးမီ နောက်လင် တစ်ယောက်ကို ကောက်ယူသည်ဟု ဆိုကြသည်။ သူယူသည့် ယောက်ျားကလည်း တကယ့် အဓိပတိ၊ ဇိမ်အိမ် ဖွင့်သူ၊ ယန်ကီတွေ ကော်ဇောအိတ်သမားတွေနှင့် ပေါင်းကာ သူခိုး လုပ်ငန်း လုပ်နေသည့် ရက် ဘတ်တလာ ဆိုသည့်လူ။ သူတို့ နှစ်ယောက် တစ်ယောက် တကွဲစီ သူတို့ နည်းဖြင့် သူတို့ ထင်တိုင်းကြဲနေသည်ကို ခံနိုင်သေးသည်။ ယခုမူ သူတို့ နှစ်ယောက် အရှက်မရှိ ပေါင်းမိကြပြီ။ ဤသည်ကမူ လွန်လွန်းသည် ထင်သည်။ နှစ်ယောက်စလုံးက အောက်တန်း ကျသည်။ ဆိုးသွမ်းသည်။ သူတို့ နှစ်ယောက်စလုံးကို မြို့က နှင်ထုတ်ဖို့သာ ကောင်းတော့သည်။

သူတို့ နှစ်ယောက် စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာသည့် အချိန်တွင် ရက် ဘတ်တလာ၏ ကော်ဇော

အိတ်သမားများက

ပို၍

စီးပွားရေး

သောင်းကျန်းနေကြသည်။

ဤအချိန်တွင်

မဟုတ်ဘဲ

တခြား

အချိန်မျိုးတွင်

စေ့စပ်ကြောင်းလမ်းခြင်း ပြုလျှင်မူကား ဤမျှလောက် အခြေအနေ ဆိုးချင်မှ ဆိုးမည်။ သို့ရာတွင် ယခု အချိန်က ယန်ကီနှင့် သူ့ နောက်လိုက်များကို မြို့သူ မြို့သားတွေက အကြီးအကျယ် ဒေါပွနေချိန်။ ဤ အချိန်ကြီးတွင်မှ သူတို့ နှစ်ဦး၏ စေ့စပ် ကြောင်းလမ်းခြင်း သတင်းက ထွက်လာသည်။ ထိုအချိန်တွင် တောင်ပိုင်းက နောက်ဆုံး ပြည်နယ်ကို ရှားမင်းက သိမ်းယူလိုက်ပြီ။ ပြည်နယ်သည် လုံးဝ ပြိုကွဲသွားပြီ။

စင်စစ် ယန်ကီတို့၏ သုံးနှစ် သုံးမိုး ပြန်လည် ထူထောင်ရေး ကာလသည် သုံးနှစ် သုံးမိုး မင်းမဲ့ ကာလကြီး ဖြစ်သည်။

လူတိုင်းက အခြေအနေဆိုးကြီးကို ကြို၍ တွက်ထားကြသည်။ သို့ရာတွင် ယခုမူ အခြေအနေက သူတို့ ထင်သည်ထက် ဆိုးနေသည်။

ဤ သုံးနှစ် သုံးမိုး အတွင်း၌ ပြည်ထောင်စု အစိုးရသည် ဂျော်ဂျီယာပြည်အား မျိုးခြား အုပ်စိုးမှု၊ မျိုးခြား

အတွေးအခေါ်များကို အတင်း ရိုက်သွင်းလျက် ရှိ၏။ စစ်တပ် အင်အား သုံးသဖြင့် အောင်မြင်လျက် ရှိ၏။ သို့ရာတွင် စစ်တပ်၏ အုပ်စိုးမှုသစ် ဖြစ်နေသည်။ ဂျော်ဂျီယာ ပြည်နယ်သည် ယန်ကီ အုပ်စိုးမှု အောက်တွင် ရောက်နေသော်လည်း ပြည်နယ်၏ ဆန္ဒဖြင့် မဟုတ်။ ဂျော်ဂျီယာ ပြည်နယ် ခေါင်းဆောင်များသည် ကိုယ်ပိုင် အုပ်ချုပ်ရေး ရရန် တောင်းဆို နေကြသည်။ ၎င်းတို့က ပြည်ထောင်စု သစ္စာကို ခံရန် ငြင်းဆန်ကာ ဖိနှိပ်မှု ဟူသမျှကို ဆန့်ကျင် နေကြသည်။

ဂျော်ဂျီယာ ပြည်နယ် အစိုးရသည် ယခုတိုင် တရားဝင် အရှုံး မပေးသေး။ သို့ရာတွင် ပြည်နယ် အစိုးရ၏ ခုခံမှုသည်

အကျိုးမဲ့ တိုက်ပွဲမျှသာ ဖြစ်နေသည်။ ရှုံးနိမ့်နေသည့် တိုက်ပွဲသာ ဖြစ်နေသည်။ ထို တိုက်ပွဲသည် အနိုင်ရမည့် တိုက်ပွဲ မဟုတ်။ သို့ရာတွင် ရန်သူ၏ အောင်ပွဲကို အချိန် ကြာအောင်မူ ရွှေ့ဆိုင်း ထားနိုင်လိမ့်မည်။ တောင်ပိုင်း ပြည်နယ် များစွာက ထိပ်တန်း အစိုးရ ရာထူးကြီးများ၌ စာမတတ်၊ ပေမတတ် ကပ္ပလီများနှင့် ကော်ဇောအိတ်သမားများ ကြီးစိုး နေကြသည်။ ဥပဒေပြု လွှတ်တော်တွင်လည်း ထို့အတူ ဖြစ်နေ၏။ သို့ရာတွင် ဂျော်ဂျီယာ ပြည်နယ်ကမူ ယခုတိုင် အပြီးအပိုင် အရှုံးမပေးသေး။ သုံးနှစ်

336

သုံးမိုး ကာလ အတွင်း၌ ပြည်နယ် အစိုးရ အဖွဲ့တွင် လူဖြူများနှင့် ဒီမိုကရက်များ ရှိနေသေးသည်။ ယန်ကီ စစ်တပ်များ ကြား၌ အလုပ် လုပ်၍ မရ။ ကန့်ကွက်ရုံ ဆန့်ကျင်ရုံမှအပ ဘာမျှ မတတ်နိုင်။ ပြည်နယ် အစိုးရ ဆိုသည်မှာ အမည်ခံသာ ရှိသည်။ သို့ရာတွင် ပြည်နယ် အစိုးရ အဖွဲ့သည် တိုင်းရင်းသား ဂျော်ဂျီယာ ပြည်နယ်သားများ လက်ထဲတွင်မူ ရှိနေသေးသည်။ ယခု ဤနောက်ဆုံး အခိုင်အမာ စခန်းပင်လျှင် ပြိုသွားပြီ။

လွန်ခဲ့သော လေးနှစ် မတိုင်မီက တောင်ပိုင်း ဗိုလ်ချုပ် ဂျွန်စတန်၏ တပ်များသည် ဒါလ်တန်၊ အတ္တလန်တာ စသည်တို့မှ

တစ်ထစ်ချင်း ဆုတ်ခွာ လာခဲ့ကြရပြီ။ ပြည်ထောင်စု အစိုးရသည် ပြည်နယ် ကိစ္စများ၊ ပြည်နယ်သူ ပြည်နယ်သားတို့၏ ကိစ္စများတွင် တဖြည်းဖြည်း စွက်ဖက် လွှမ်းမိုးစ ပြုလာသည်။ အင်အားကို တစ်ဆင့်ပြီး တစ်ဆင့် သုံးလာသည်။ စစ် အုပ်ချုပ်ရေး အမိန့်များ တစ်စောင်ပြီး တစ်စောင် ထွက်လာကာ မြို့ပြ အုပ်ချုပ်ရေးကို ဘေးသို့ ဖယ်ထုတ်လာသည်။ နောက်ဆုံး၌ ဂျော်ဂျီယာသည် စစ်နယ်ကြီး တစ်နယ် အဖြစ်သို့ ရောက်လာသည်။ ကပ္ပလီများကို မဲပေးခွင့် ပြုလိုက်သည်။ ပြည်နယ်က နဂို ရှိရင်းစွဲ ဥပဒေများကို ဂရုမစိုက်တော့။

ရက် ဘတ်တလာနှင့် စကားလက်တို့၏ စေ့စပ်ကြောင်းလမ်းပွဲ မကျင်းပမီ တစ်ပတ် အလိုတွင် ဂျော်ဂျီယာ

ပြည်နယ် ဘုရင်ခံ ရွေးကောက်ပွဲ ကျင်းပသည်။ တောင်ပိုင်း ဒီမိုကရက်များက ဗိုလ်ချုပ် ဂေါ်ဒွန်ကို ဘုရင်ခံလောင်း အဖြစ် စာရင်း တင်ကြသည်။ ဗိုလ်ချုပ် ဂေါ်ဒွန်မှာ တောင်ပိုင်းသားတို့ ကြည်ညို လေးစားသည့် ခေါင်းဆောင် ဖြစ်သည်။ ပြည်ထောင်စုဘက်သားများက ဘူးလော့ ဆိုသည့် ရီပါဘလီကန် တစ်ဦးကို တင်ကြသည်။ ရွေးကောက်ပွဲက တစ်ရက်သာ ကြာရမည့်အစား သုံးရက် ကြာသည်။ ပြည်ထောင်စု အစိုးရက ကပ္ပလီများကို မီးရထားများဖြင့် တစ်သုတ်ပြီး တစ်သုတ် သွင်းလာသည်။ လမ်းတစ်လျှောက်တွင် သူတို့ကို မဲထည့်စေသည်။ သို့ဖြင့် ဘူးလော့ နိုင်သွားသည်။

ဂျော်ဂျီယာ ပြည်နယ်သားများသည် သူတို့ နယ်ကို ယန်ကီ ဗိုလ်ချုပ် ရှားမင်း တပ်များ ဝင်စဉ်က နာကြည်းခဲ့ကြသည်။

ခံပြင်းခဲ့ကြသည်။ ယခု ပြည်နယ် အစိုးရ အဖွဲ့တစ်ဖွဲ့လုံးကို ကော်ဇောအိတ်သမားများ၊ ယန်ကီများက အပြီးသတ် သိမ်းလိုက်သည့် အခါတွင် နာကြည်းစိတ်၊ ခါးသီးစိတ်တို့သည် ယခင်ကထက် ပို၍ ပြင်းထန်လာကြသည်။ အတ္တလန်တာနှင့် ဂျော်ဂျီယာသည် ဒေါသဖြင့် ဆူပွက်လျက် ရှိ၏။

ရက် ဘတ်တလာက လူတကာ မုန်းသည့် ဘူးလော့၏ မိတ်ဆွေ။



စကားလက်က သူ့ ကိုယ်ရေး ကိုယ်တာနှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိလျှင် မည်သည့် အရာကိုမျှ စိတ်ဝင်စားတတ်သူ

မဟုတ်။ ထို့ကြောင့် ပြည်နယ် ဘုရင်ခံ ရွေးကောက်ပွဲ ကျင်းပသည်ကိုလည်း သူ ဂရု မစိုက်။ ရက် ဘတ်တလာသည် ရွေးကောက်ပွဲတွင် ဘာမျှ လုပ်ပေးခြင်း မပြု။ သူနှင့် ယန်ကီတို့၏ ဆက်ဆံရေးသည် ခါတိုင်းထက် ပို၍ ရင်းနှီးလာခြင်း မရှိ။ သို့ရာတွင် ရက် ဘတ်တလာသည် တခြား တစ်နယ်မှ လာ၍ ကြီးပွားနေသူ ဖြစ်ခြင်း၊ ဘူးလော့၏ မိတ်ဆွေ ဖြစ်ခြင်းတို့ကြောင့် သူ့ကိုလည်း ပို၍ မုန်းလာကြသည်။ ရက် ဘတ်တလာနှင့် လက်ထပ်လျှင် စကားလက်သည်လည်း ရက် ဘတ်တလာလို ဖြစ်လိမ့်မည်။ အတ္တလန်တာသည် ရန်သူ့ဘက်သို့ ပါသူ ဆိုလျှင် မည်သူ့ကိုမျှ သည်းမခံ။ မည်သူ့ကိုမျှ အကောင်း ထင်လေ့ မရှိ။ ထိုအချိန်မျိုးတွင် သူတို့ နှစ်ယောက် စေ့စပ် မင်္ဂလာ သတင်း ထွက်လာသည့် အခါ၌မူ သူတို့ နှစ်ယောက် အတိတ်က လုပ်ခဲ့သည့် မကောင်းမှုများကို တစ်မြို့လုံးက ပြန်အမှတ် ရနေကြသည်။

337



တစ်မြို့လုံးက သူတို့ နှစ်ဦးအပေါ် မကျေမနပ် ဖြစ်နေသည်ကို စကားလက် သိသည်။ သို့ရာတွင် မည်သည့်

အတိုင်းအတာ အထိ ဖြစ်နေသည်ကိုမူ သဘော မပေါက်။ သုဓမ္မာ ဇရပ်မှ ဝေယျာဝစ္စ အသင်းသူ အသင်းသားများ၏ တိုက်တွန်းချက် အရ မစ္စက် မယ်ရီဝယ်သာက ထိုအကြောင်းကို လာပြောမှ စကားလက် အလုံးစုံ သိရသည်။

‘ငါ့တူမက အဖေလည်း မရှိတော့ဘူး၊ ဒေါ်လေး ပစ်တီ ဆိုတာလည်း အုပ်ထိန်းတတ်တာ မဟုတ်ဘူး၊ ဒါတင် မကဘူး၊

ဒီ ကိစ္စမျိုးကို သူ ပြောလို့လည်း မကောင်းဘူး မဟုတ်လား၊ ဒီတော့ ဒေါ်ဒေါ်ကပဲ တာဝန်ယူပြီး ငါ့တူမကြီးကို သတိ ပေးရမှာပဲ၊ ဗိုလ်ကြီး ဘတ်တလာ ဆိုတဲ့ သူငယ်ဟာ ဘယ်အမျိုးကောင်း သမီးမှ လက်ထပ်သင့်တဲ့ လူမျိုး မဟုတ်ဘူး၊ ဒီသူငယ်က’

‘သူက ဦးကြီး မယ်ရီဝယ်သာနှင့် ဒေါ်ဒေါ့် တူရဲ့ လည်ပင်းကို ကြိုးကွင်းစွပ် မခံရအောင် ကယ်ခဲ့တဲ့ လူပါ’



မစ္စက် မယ်ရီဝယ်သာ ဒေါပွသွား၏။ လွန်ခဲ့သည့် တစ်နာရီလောက်ကလည်း ဤကိစ္စနှင့် ပတ်သက်၍ သူ့ ယောက်ျားနှင့်

စကား များခဲ့ရပြီးပြီ။ ရက် ဘတ်တလာသည် လူဆိုးလူသွမ်း ဖြစ်သည့်တိုင် သူ့ အသက်ကို ကယ်ခဲ့ဖူးသည့် အတွက် ကျေးဇူးတင်သင့်ကြောင်း၊ ရက် ဘတ်တလာ၏ ကျေးဇူးကို အသိအမှတ် မပြုခြင်းသည် မိမိ လင်၏ အသက် တစ်ချောင်းကို တန်ဖိုး မထားခြင်းနှင့် အတူတူပင် ဖြစ်ကြောင်းဖြင့် ပြောခဲ့သည်။

‘သူ ကယ်ပုံ ကယ်နည်းကလည်း ကြည့်ဦးအေ၊ တို့ ယောက်ျားတွေ အကုန်လုံး မိန်းမလိုက်တဲ့ လူတွေ ဖြစ်မကုန်ဘူးလား၊

ခုတော့ ယန်ကီတွေ ရှေ့မှာ အားလုံး အရှက် ကွဲကုန်တာပေါ့၊ ဒီ သူငယ်ဟာ လူဆိုး လူသွမ်း ဆိုတာ ငါ့တူမကြီးလည်း သိသားပဲ၊ အရင်တုန်းကလည်း ဒီလိုပဲ၊ ခုဆို သာတောင် ဆိုးသေးတယ်၊ ဒီ သူငယ်ကို ဘယ် လူကောင်း သူကောင်းမှ အဖက်လုပ် စကား ပြောမှာ မဟုတ်ဘူး’

‘ဒါကတော့ တော်တော် ရယ်စရာ ကောင်းတယ် ဒေါ်ဒေါ်၊ ပြည်တွင်းစစ် တစ်လျှောက်လုံးမှာ ဒေါ်ဒေါ့် အိမ်ကို ဝင်ချည်

ထွက်ချည် လုပ်နေတာ မဟုတ်ဘူးလား၊ ဒေါ်ဒေါ့် သမီး မင်္ဂလာဆောင်တုန်းက သတို့သမီး ဝတ်တဲ့ ဖဲဝတ်စုံကို သူ မဝယ်လို့ ဘယ်သူ ဝတ်လာတာလဲ၊ စကားလက်ရဲ့ မှတ်ဉာဏ်က ဒီလောက်တော့ မှားမယ် မထင်ပါဘူး’

‘စစ်ဖြစ်တုန်းကနှင့် မတူတော့ဘူးလေ၊ အဲဒီတုန်းကတော့ လူဆိုး လူကောင်း ဘယ်ရွေးနေနိုင်ပါ့မလဲ၊ အရေးတော်ပုံကြီး

အတွက် လုပ်ကြရတာပဲ၊ လုပ်လို့လည်း တင့်တယ်တယ်၊ ညည်း လူက ပြည်နယ် တပ်မတော်ထဲလည်း မလိုက်ဘူး၊ စစ်တပ်ထဲ ဝင်တဲ့ လူကိုတောင် လှောင်လိုက်သေးတယ်’

‘ဘာလို့ စစ်တပ်ထဲ မဝင်ဖူးရမှာလဲ၊ ဝင်ခဲ့သားပဲ၊ ရှစ်လတောင် ကြာတယ်၊ နောက်ဆုံး တိုက်ပွဲစဉ် မှာလည်း ပါတယ်၊

ဖရင့်ကလင် တိုက်ပွဲမှာလည်း ပါတယ်၊ ဗိုလ်ချုပ် ဂျွန်စတန် လက်နက်ချတုန်းကလည်း ရှိတာပဲ’

‘တို့တော့ ကြားဖူးပေါင်တော်’ မစ္စက် မယ်ရီဝယ်သာက ပြော၏။ စကားလက်၏ စကားကို ယုံပုံမရ။



‘စစ်ထဲ လိုက်ဖူးရင် ဒဏ်ရာလေး ဘာလေး ရမှာပေါ့၊ ခုတော့ သူ့မှာ ဘာဒဏ်ရာများ ရှိလို့တုံး’



‘အမယ်လေး၊ စစ်ထဲ လိုက်ပြီး ဒဏ်ရာ မရတဲ့ လူတွေ တစ်ပုံကြီး’



‘တကယ် တိုက်တဲ့ လူ ဆိုရင် ဒဏ်ရာ ရတာချည်းပဲ၊ ဒဏ်ရာ မရတဲ့ လူရယ်လို့ ကျုပ်ဖြင့် တစ်ယောက်မှ မကြားဖူးပေါင်’

338



စကားလက် စိတ်တိုလာသည်။



‘ဒါဖြင့် ဒေါ်ဒေါ်တို့ သိတဲ့ သူတွေက မိုးပေါက်လား ကျည်ဆန်လားလို့တောင် ခွဲခြားပြီး မသိတဲ့ နလပိန်းတုံးတွေ ဖြစ်လို့

နေမှာပေါ့၊ ဒါကြောင့် ဒဏ်ရာတွေ ရတာ ဖြစ်မှာပေါ့၊ ဒီမှာ ဒေါ်ဒေါ်၊ စကားလက် ပြောမယ်၊ အလုပ်မရှိ ပဲစေ့ သွန်ကောက်နေတဲ့ ဒေါ်ဒေါ်ရဲ့ မိတ်ဆွေတွေကိုလည်း ပြောလိုက်ပါ၊ စကားလက် သူ့ကို လက်ထပ်မယ်၊ ပြည်နယ် စစ်တပ်ထဲ မဝင်ရုံတင် မကဘူး၊ ယန်ကီတွေဘက်က ဝင်တိုက်ပေးတယ် ဆိုလည်း စကားလက် ယူချင် ယူမှာပဲ’

မစ္စက် မယ်ရီဝယ်သာသည် ဇောင့်ဇောင့် ဇောင့်ဇောင့်ဖြင့် ထပြန်သွား၏။ အပြစ် ရှာတတ်သည့် မိတ်ဆွေ တစ်ယောက်

လျော့ကာ ဗြောင်ရန်သူ တစ်ဦး ပေါ်လာပြန်ပြီဟု စကားလက် တွေးမိသည်။ သို့ရာတွင် စကားလက် ဂရုမစိုက်။ မစ္စက် မယ်ရီဝယ်သာသည် သူ့ကို ထိခိုက်အောင် ဘာမျှ မတတ်နိုင်။ ကြီးဒေါ် တစ်ယောက်မှ အပ မည်သူက မည်သို့ ထင်ထင် စကားလက် ဂရုမစိုက်။

သူတို့ သတင်းကို ကြားစဉ်က ဒေါ်လေး ပစ်တီ မူးမေ့သွားသည်။ အက်ရှလေ ဆိုလျှင် ချက်ချင်း အိုစာ သွားသည်။

ဆုတောင်းသည်ကိုပင် မျက်နှာ ကြည့်၍ ဆုတောင်းခြင်း မပြု။ မျက်နှာကို လွှဲထားသည်။ ဤသည်ကို မြင်ပြီး နောက်၌ စကားလက်သည် မည်သူက မည်သို့ ထင်ထင် ဂရုမစိုက်တော့။ ချက်လက်စတန်တွင် နေသည့် ဒေါ်လေး ပေါ်လင်းနှင့် ဒေါ်လေး ယူလာလီ တို့ထံကလည်း စာလာသည်။ ဤသတင်းကို ကြား၍ အထိတ်တလန့် ဖြစ်မိကြောင်း၊ လက်မထပ်သင့်ကြောင်း၊ ဤသို့ လက်ထပ်ခြင်းသည် သူ၏ လူမှုရေး အဆင့်အတန်းကိုသာ ပျက်စီးစေသည် မဟုတ်၊ မိမိတို့၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ကြောင်းဖြင့် စာတွင် ပါသည်။ စကားလက် သူတို့ စာကို ဖတ်၍ စိတ်အနှောင့်အယှက်လည်း ဖြစ်သည်။ ရယ်လည်း ရယ်ချင်သည်။ မီလာနီ ကမူ ထိုသတင်းကို ကြားသည့် အခါ၌ စိုးရိမ် မကင်းဟန် နဖူးကို တွန့်ကာ ‘ဗိုလ်ကြီး ဘတ်တလာဟာ ဒီပြင် လူတွေ ထင်တာလောက် မဆိုးဘူး ဆိုတာတော့ ဟုတ်ပါတယ်၊ အက်ရှလေကို ကယ်ခဲ့ပုံကလည်း ပိရိပါတယ်၊ ကြင်နာလည်း ကြင်နာတတ်ပါတယ်၊ ပြီးတော့ ပြည်နယ် အတွက်လည်း တိုက်ခဲ့ဖူးတဲ့ လူ မဟုတ်လား၊ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလောက် မြန်မြန် ဆန်ဆန်ကြီးတော့ မဆုံးဖြတ်သင့်ဘူး ထင်တယ်’ ဟု ပြောသည့် အခါတွင် စကားလက် အသံ ထွက်အောင် ရယ်မိသည်။

ကိစ္စ မရှိ။ ပြောချင်သူက ပြောချင်ရာ ပြောကြပါစေ၊ ကြီးဒေါ် တစ်ယောက်မှအပ မည်သူ့ကိုမျှ စကားလက် ဂရုမစိုက်။

ကြီးဒေါ်၏ စကားများကမူ အခံရ ခက်သည်။ စကားလက် စိတ်ဆိုးသည်။

‘မလေး လုပ်သမျှတွေ တစ်ခုမှ မဟုတ်ဘူး၊ မလေး မေမေသာ ရှိရင် တော်တော် စိတ်ထိခိုက်မှာပဲ၊ မလေး လုပ်တာတွေ

မြင်ရတာ ကြီးဒေါ်တောင် ရင်တုန်တယ်၊ မလေး အမေတော့ မပြောနှင့်တော့၊ ဒီအထဲမှာ ခု လုပ်ပုံကတော့ အဆိုးဆုံးပဲ၊ တကယ့် အောက်တန်းကျတဲ့လူ၊ တကယ် ပြောနေတာ၊ ဟုတ်တယ်၊ သိပ် အောက်တန်းကျတယ်၊ ဆွေကြီး မျိုးကြီးက လာတာပါလို့  ကြီးဒေါ်ကို လာပြောလို့တော့ မောရုံပဲ အဖတ်တင်မှာပဲ၊ အထက်တန်းစားက လာလာ၊ အောက်တန်းစားက လာလာ၊ အောက်တန်း ကျတာဟာ ကျတာပဲ၊ ခု မလေး လုပ်ပုံတွေ ပြန်ကြည့်၊ ချားလ်တုန်းကလည်း ဟန်နီဆီက လုယူခဲ့တယ်၊ တစ်ခါ ကိုယ့် ညီမ လက်ထဲက ဖရင့်ကို လုယူခဲ့တယ်၊ ပြီးတော့ မလေး လုပ်ပုံတွေ ကြားရတာလည်း နားတောင် မဆံ့တော့ဘူး၊ သစ်ညံ့တွေကို သစ်ကောင်းတွေလို့ လိမ် ရောင်းတယ်၊ တခြား သစ်ကုန်သည်တွေကိုလည်း လိမ်တယ်၊ ရထား တစ်စီးနှင့် ရွာရိုးကိုးပေါက် သွားတယ်၊ ရွာရိုးကိုးပေါက် လျှောက်သွားပြီး ကပ္ပလီတွေထဲ အနှံ့သွားတယ်၊ ဒီတော့ ဘာဖြစ်သလဲ၊

339

မလေးကြောင့် ဖရင့် သေခဲ့ရတယ်၊ ထောင်ကျ အလုပ်သမားတွေကို မဝရေစာ ကျွေးပြီး ညှဉ်းဆဲတယ်၊ ဒါပေမယ့် ကြီးဒေါ် ဘာမှ မပြောခဲ့ဘူး၊ ကြီးဒေါ် ပြောရင် တမလွန်က နေပြီး စကားလက် အမေ ကြားမှာစိုးလို့ ကြိတ်မှိတ်ပြီး နေခဲ့တယ်၊ ခုတော့ ကြီးဒေါ် မပြောဘဲ မနေနိုင်ဘူး၊ မလေး လုပ်ပုံက လွန်လွန်းပြီ၊ မလေး ဒီ အောက်တန်းစား လူနှင့် လက်မထပ်ရဘူး၊ ကြီးဒေါ် အသက်နှင့်ကိုယ် ရှိနေသေးသမျှ လက်မထပ်ရဘူး’

‘ဒါတော့ စကားလက် ယူချင်တဲ့လူ ယူမှာပေါ့’ စကားလက်က ခပ်မှုန်မှုန် ပြောသည်။ ‘ကြီးဒေါ် ကိုယ့်နေရာနှင့် ကိုယ်

နေပါ၊ နေရာတကာ ဝင်မစွက်ပါနှင့်’

‘မနေနိုင်ဘူး၊ ပြောရမယ်၊ ဒီနေရာမှာ မလေးကို ကြီးဒေါ် ဝင်မပြောရင် ဘယ်သူ ပြောမှာလဲ’



‘စကားလက် အပြန်ပြန် အလှန်လှန် စဉ်းစား ပြီးပြီ၊ စဉ်းစားပြီးမှ ဆုံးဖြတ်တာ၊ ဒီတော့ ကြီးဒေါ် အဖို့လည်း

အကောင်းဆုံးက မြိုင်သာယာကို ပြန်ပါ၊ စကားလက် စရိတ် ပေးလိုက်မယ်၊ ပြီးတော့’

ကြီးဒေါ်က ရင်ကော့လိုက်၏။



‘ကြီးဒေါ်လည်း ကိုယ့်စိတ်နှင့် ကိုယ်၊ ကိုယ် ပြန်ချင်မှ ပြန်မယ်၊ ကြီးဒေါ် မသွားချင်ဘူး ဆိုရင် မလေး ဘာတတ်နိုင်မှာလဲ၊

မြိုင်သာယာကိုလည်း ကြီးဒေါ် တစ်ယောက်တည်း မပြန်နိုင်ဘူး၊ ပြန်ရမယ်ဆိုရင် မလေး ပါမှ ပြန်မယ်၊ မမကြီးရဲ့ သမီးကို တစ်ယောက်တည်း ထားမပစ်ခဲ့နိုင်ဘူး၊ ကြီးဒေါ်ကိုလည်း ပြန်အောင် ဘယ်သူမှ မလုပ်နိုင်ဘူး၊ မမကြီးရဲ့ မြေးတွေကို အောက်တန်းစားလူ ပထွေးရဲ့ လက်ထဲမှာ မထားခဲ့နိုင်ဘူး၊ ခု ကြီးဒေါ် ဒီမှာ ရှိတယ်နော်၊ ဒီမှာပဲ နေမယ်’

‘ဗိုလ်ကြီး ဘတ်တလာကို မရိုမသေ ဆက်ဆံရင် ကြီးဒေါ်ကို စကားလက် အိမ်မှာ မထားနိုင်ဘူး၊ စကားလက်နှင့် သူနှင့် 

ယူတော့မယ်၊ နောက်ထပ် ဘာမှ ပြောမနေနှင့်တော့’

‘ပြောရဦးမယ်၊ ပြောစရာတွေ ရှိသေးတယ်’



ကြီးဒေါ်က ခပ်ဖြည်းဖြည်း ပြောသည်။ သူ၏ မှုန်မွဲသော မျက်လုံးများတွင် အာခံသည့် အရိပ်အယောင် ယှက်သမ်းလာ၏။



‘အစတုန်းကတော့ ဒီအကြောင်းကို မမကြီးရဲ့ သွေးသားတွေကို ဘယ်တော့မှ မပြောဘူးလို့ နေခဲ့တယ်၊ ဒါပေမယ့်

ခုတော့ မနေနိုင်ဘူး၊ ပြောရလိမ့်မယ်၊ ခု မလေး လုပ်နေပုံက လားကို မြင်း ကကြိုးတန်ဆာ တပ်ပေးသလို ဖြစ်နေတယ်၊ လား ခြေထောက်ကို သံခွာရိုက်၊ အမွေးတွေ ပြောင်အောင် တိုက်၊ တစ်ကိုယ်လုံး ကကြိုးတန်ဆာတွေ ဆင်ပြီး ရထားမှာတပ်၊ ဒါပေမယ့် လားဟာ လားပဲ၊ မြင်း ဖြစ်မလာဘူး၊ ဘယ်သူကမှလည်း မြင်းလို့ ယုံမှာ မဟုတ်ဘူး၊ ခု မလေး လုပ်နေပုံကလည်း ဒီအတိုင်းပဲ၊ ဝတ်စုံတွေ ဝတ်တယ်၊ သစ်စက်တွေ ရှိတယ်၊ ကုန်တိုက် ရှိတယ်၊ ပိုက်ဆံ ရှိတယ်၊ ပုံကတော့ မြင်းကောင်းပုံပဲ၊ ဒါပေမယ့် တကယ်ကျတော့ လားနှင့် အတူတူပဲ၊ ဘယ်သူကမှ အထင်ကြီးမှာ မဟုတ်ဘူး၊ ခု ဘတ်တလာ ဆိုတဲ့ လူကကော၊ ဆွေကြီး မျိုးကြီးက လာသတဲ့၊ ပုံပန်းကတော့ ပြိုင်မြင်း ကျနေတာပဲ၊ ဒါပေမယ့် တကယ်ကျတော့ မြင်း ကကြိုး တပ်ထားတဲ့ လား၊ မလေးနှင့် အတူတူပဲ’

ကြီးဒေါ်က သူ့ကို စိုက်ကြည့်သည်။ စကားလက် စကား မပြောနိုင်။ ကြီးဒေါ်၏ စကားက စော်ကား လွန်းသည်။

340

စကားလက် တုန်နေသည်။

‘မလေး

ဒီလူကို

ယူချင်တယ်

ဆိုရင်လည်း

ယူပေါ့၊

မလေးက

မလေး

အဖေလိုပဲ၊

လုပ်ရင်

ဇွတ်တရွတ်

လုပ်တတ်တာမျိုးကိုး၊ ဒါပေမယ့် တစ်ခုတော့ မှတ်ထားပါ၊ ကြီးဒေါ် ဘယ်မှ မသွားဘူး၊ မလေးကို ဒီအတိုင်း ထားမပစ်ခဲ့နိုင်ဘူး၊ ဒီမှာပဲ နေမယ်၊ စောင့်ကြည့်ရမယ့် ဝတ္တရား ရှိတယ်’

ကြီးဒေါ်က ချာခနဲ လှည့်ထွက်သွား၏။ အော်ဟစ် ဆဲရေးလျှင်ပင် စကားလက် ဤမျှ အခံရ ခက်မည် မဟုတ်။



လက်ထပ်ပြီးနောက် နယူးအော်လီယန်း နယ်သို့ မင်္ဂလာဦး ခရီး ထွက်ကြသည်။ စကားလက်က ကြီးဒေါ်၏

စကားများကို ရက် ဘတ်တလာကို ပြောပြ၏။ မြင်း ကကြိုး တပ်ထားသည့် လား ဟူသော စကားလုံးကို သဘောကျ၍ ရက် ဘတ်တလာက တဟားဟား ရယ်သဖြင့် စကားလက် အံ့သြသည်။ ဒေါသလည်း ထွက်သည်။

‘တော်တဲ့ မှန်တဲ့ စကားပဲ၊ ဒီလောက် မှန်တဲ့ စကားကို ဒီလောက် သရုပ်ပေါ်အောင် ပြောတတ်တာ ဒီတစ်ခါပဲ

ကြားဖူးသေးတယ်’ ရက် ဘတ်တလာက ပြောသည်။ ‘ကြီးဒေါ်က တော်တော် ထက်တဲ့ အဘွားကြီးပဲ၊ ကျုပ်က အဲဒီလို လူမျိုးက စေတနာ ထားတာ လေးစားတာမျိုးကို ခံချင်တယ်၊ ဒီပြင် လူတွေ မလေးစားချင် နေပါစေ၊ ဒီလို လူမျိုးက လေးစားတယ် ဆိုရင် ကျုပ် ကျေနပ်ပါပြီ၊ ဒါပေမယ့် သူ့ လေးစားမှုနှင့် သူ့ စေတနာကို ကျုပ် ရမှာ မဟုတ်ပါဘူး၊ ကျုပ်ကို လား တစ်ကောင်လို့ သဘော ထားနေတာ ဘယ့်နှယ်လုပ် ရနိုင်မလဲ၊ လက်ထပ် ပြီးခါစက ကျုပ်က သတို့သားလောင်း အနေနှင့် သူ့ကို ရွှေဒင်္ဂါး တစ်ပြား ပေးတာတောင် လက်မခံဘူး၊ ငွေမြင်ရင် သွားရည် မကျတဲ့ လူဆိုလို့ ကျုပ် သိပ်မတွေ့ဖူးသေးဘူး၊ ဒါပေမယ့် အဘွားကြီးက ကျုပ် မျက်နှာကို တည့်တည့် စိုက်ကြည့်ပြီး ဘာပြောတယ် ထင်သလဲ၊ ကျေးဇူးတင်ပါတယ်တဲ့၊ ဒါပေမယ့် သူက လွတ်လပ်တဲ့ ကပ္ပလီ မဟုတ်ဘူးတဲ့၊ ဒါကြောင့် ကျုပ် ပိုက်ဆံကို မလိုချင်ဘူးတဲ့’

‘သူ

ဘာဖြစ်လို့

ဒီလို

ဖြစ်နေတာလဲဟင်၊

ဘာဖြစ်လို့

စကားလက်ကို

လူတိုင်းက

ကြက်ဆိတ်သလို

လိုက်ဆိတ်နေကြတာလဲ၊ စကားလက်ဘာသာ ဘယ်သူ့ကိုပဲ ယူယူ၊ ဒါ စကားလက် ကိုယ်ရေး ကိုယ်တာ ကိစ္စပဲ၊ စကားလက်က ကိုယ့် ကိစ္စပဲ ကိုယ် စိတ်ဝင်စားတယ်၊ တခြား လူတွေဟာ ဘာဖြစ်လို့ သူတို့ ကိစ္စကို သူတို့ စိတ်မဝင်စားရတာလဲ၊ သူများ ကိစ္စကို ဘာဖြစ်လို့ ဝင်စွက်ချင်ကြတာလဲ ဟင်’

‘လောကကြီးက တော်တော် ခက်တယ် စကားလက်၊ ကိုယ့် ကိစ္စ ကိုယ် လုပ်တဲ့လူ ဆိုရင် တယ်ပြီး အပြစ်

မြင်တတ်ကြတယ်၊ ဒီပြင် ဘယ်လောက် ဆိုးတဲ့ လူကိုပဲ ဖြစ်ဖြစ် ခွင့်လွှတ်ချင် လွှတ်မယ်၊ ဒါပေမယ့် ကိုယ့် အလုပ် ကိုယ် လုပ်တဲ့ လူဆိုရင် ခွင့်မလွှတ်ချင် ကြဘူး၊ ဒါပေမယ့် ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ၊ ဘာဖြစ်လို့ အပူလောင်တဲ့ ကြောင်တစ်ကောင် အော်သလို အော်နေရမှာလဲ၊ ဘယ်သူတွေက ဘာပြောပြော ဂရု မစိုက်ဘူးလို့ မင်းပဲ ခဏ ခဏ ပြောခဲ့ဖူးတယ် မဟုတ်လား၊ ဒီတော့ ခုလည်း ဒီအတိုင်း နေပြလိုက်ပေါ့၊ ကိစ္စ သေးသေးကလေးတွေမှာ လူတွေက မင်းကို ဝေဖန်ခဲ့ကြလှပြီ၊ မေးငေါ့ခဲ့ကြလှပြီ၊ ဘာမှ အရေးမကြီးတဲ့ ကိစ္စကလေး တွေမှာတောင် ဝေဖန်နေကြရင် ဒီလောက် အရေးကြီးတဲ့ ကိစ္စမှာလည်း ဝေဖန်ကြမှာပေါ့၊ အတင်း ပြောကြမှာပေါ့၊ အတင်း ပြောကြမှာ မဟုတ်ဘူးလို့ မျှော်လင့်လို့ ဘယ်ဖြစ်မလဲ၊ ကျုပ်လို လူဆိုးလူသွမ်း တစ်ယောက်ကို ယူရင် မင်းကို ဝိုင်းပြီး မေးငေါ့ကြမယ် ဆိုတာ မင်းလည်း သိသားပဲ၊ တကယ်လို့ ကျုပ်က အောက်တန်းစား ဆွေမစစ် မျိုးမစစ်က မွေးပြီး ပိုက်ဆံ တစ်ပြားမှ မရှိတဲ့ လူဆိုး လူသွမ်း ဆိုရင် ဒီလောက် ပြောချင်မှ ပြောကြမယ်၊ ဒါပေမယ့် ကျုပ်က ပိုက်ဆံ ရှိတဲ့

341

လူဆိုး လူသွမ်း ဆိုတော့ ပိုပြောစရာ ဖြစ်တော့တာပေါ့’

‘တစ်ခါတလေလည်း အတည်ပေါက် ပြောစမ်းပါဦး မောင်ရယ်’



‘အတည် ပြောတာပါ၊ အကျင့် စာရိတ္တ ကောင်းတဲ့ လူတွေဟာ အကျင့် စာရိတ္တ မကောင်းတဲ့ လူတွေ ဆိတ်နံကြီးပင်လို

တရိပ်ရိပ် ကြီးပွားသွားကြတာ မြင်ရရင် သိပ်မနာလိုချင်ကြဘူး၊ ကဲ စိတ်ပျက် မနေနှင့် မိန်းကလေး၊ ပိုက်ဆံ ရှိရင် လောကကြီးမှာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ ဒါကြောင့် သိပ် ပိုက်ဆံ ချမ်းသာချင်တာပဲလို့ မင်း ပြောခဲ့ဖူးတယ် မဟုတ်လာ၊ ခု မင်း အလှည့် ရောက်ပြီလေ’

‘ဒါပေမယ့် စကားလက် အဲဒီလို ဂရုမစိုက်ချင်တဲ့ လူတွေထဲမှာ မောင်လည်း ပါတယ် သိရဲ့လား’



‘မင်း ကျုပ်ကို ခုထက်ထိ ဂရုမစိုက်ချင်သေးဘူးလား’



‘ဟုတ်တယ်၊ ဒါပေမယ့် အရင်တုန်းကလောက်တော့ မဟုတ်တော့ဘူး’



‘လုပ်လေ၊ မင်း စိတ်ချမ်းသာမယ် ဆိုရင် မင်း ကြိုက်သလို နေပါ၊ ရပါတယ်’



‘ထူးပြီး စိတ်ချမ်းသာလို့တော့ မဟုတ်ပါဘူး’



စကားလက်က ငုံ့၍ သူ့ကို ခပ်ရမ်းရမ်း နမ်းလိုက်၏။ ရက် ဘတ်တလာ၏ နက်မှောင်သည့် မျက်လုံးများက

တောက်ပြောင် လာကြသည်။ သူ့ မျက်နှာကို စိုက်ကြည့်သည်။ သူ့ မျက်လုံးမှ တစ်စုံတစ်ရာကို လိုက်ရှာနေသည်။ ရှာမတွေ့သည့် အခါတွင် ရက် ဘတ်တလာက ရယ်လိုက်၏။

‘အတ္တလန်တာကို မေ့ပစ် လိုက်စမ်းပါကွယ်၊ ကြောင်အိုမကြီးတွေကို ခေါင်းထဲ ထည့်စဉ်းစား မနေစမ်းပါနှင့်၊ မင်းကို

ပျော်အောင် နယူးအော်လီယန်းကို ခေါ်လာခဲ့တာ မဟုတ်လား၊ ဒီတော့ ပျော်အောင် နေရမယ်’

342

အပိုင်း ငါး

343

၄၈



စကားလက် ပျော်သည်။ ပြည်တွင်းစစ် မဖြစ်ခင် တစ်နှစ်၊ နွေဦးပေါက် အပျိုစင် ဘဝဖြင့် နေခဲ့ရပြီးသည့် နောက်တွင်

ဤတစ်ကြိမ်သည် အပျော်ဆုံး ဖြစ်သည်။ နယူးအော်လီယန်း ပြည်နယ်က ခပ်ဆန်းဆန်း၊ ခပ်မြူးမြူး အရာတွေ ပေါသည့် နေရာ။ လွတ်ငြိမ်း ချမ်းသာခွင့် ရလာသည့် အကျဉ်းသမား တစ်ဦး ပျော်သည့်နှယ် စကားလက် အစွမ်းကုန် ပျော်ပစ်လိုက်သည်။ ကော်ဇောအိတ်သမားများက စီးပွားရေး လုပ်ငန်းများကို လုလုပ်နေကြသည်။ ရိုးရိုးသားသား လုပ်ကိုင်စားသူများမှာ နေစရာ မရှိကြ။ နောက် ထမင်း တစ်နပ်ပင် မည်သို့ ရှာစားကြရမည် မသိ။ ကပ္ပလီ တစ်ယောက်က လက်ထောက် ဘုရင်ခံ ဖြစ်နေသည်။ သို့ရာတွင် ရက် ဘတ်တလာက စကားလက်ကို ဆင်းရဲသည့် နယူးအော်လီယန်းကို ပြသခြင်း မပြု။ ပျော်စရာ နေရာများကိုသာ လိုက်ပြသည်။ သူ့ တစ်သက်တွင် ဤမျှ ပျော်စရာ ကောင်းသည့် နေရာကို ဤတစ်ကြိမ်သာ စကားလက် မြင်ဖူးသေးသည်။ သူ တွေ့ခဲ့သည့် လူများကလည်း ငွေကို ရေလို သုံးကြသည်။ ဘာကိုမျှ ဂရုမစိုက်၊ အပူအပင် မရှိ။ ရက် ဘတ်တလာက သူ့ကို အမျိုးသမီးများနှင့် မိတ်ဆက်ပေးသည်။ ဝတ်စုံ သစ်သစ်လွင်လွင်တွေ ဝတ်ထားသည့် အမျိုးသမီး ချောချောလှလှတွေ။ အလုပ်ကြမ်း ဆို၍ နည်းနည်းမျှ မလုပ်ဖူးသည့် လက်ဖဝါး နုနု နယ်နယ်ဖြင့် အမျိုးသမီးတွေ။ အမြဲတမ်း အသံ လွင်လွင်ဖြင့် ရယ်လျက် လေးနက်သည့် အကြောင်းအရာများ၊ သို့မဟုတ် ခေတ်ပျက်စဉ်က အကြောင်းများကို အမိုက်ခံ၍ မပြောသည့် အမျိုးသမီးတွေ။ သူ တွေ့ရသည့် အမျိုးသားများကလည်း တကယ့် စိတ်ဝင်စားစရာ အမျိုးသားများ ဖြစ်သည်။ အတ္တလန်တာက အမျိုးသားများနှင့်မူ ကွာလေခြင်း။ သူနှင့် တွဲကရန် အလုအယက် ဖြစ်ကြသည်။ သူ့ကို အပျို ချောချောကလေး သဖွယ် ရက်ရက်ရောရော မြှောက်ပင့် စကား ဆိုကြသည်။

အမျိုးသားများက ရက် ဘတ်တလာလို ခပ်ရမ်းရမ်း အသွင် ပေါ်သည်။ သူတို့ မျက်လုံးများက ဖျတ်လတ် တောက်ပ

နေကြသည်။ အန္တရာယ် အသွယ်သွယ် ကြားထဲတွင် နှစ်ရှည်လများ နေခဲ့ရသည့်နှယ် အမြဲတမ်း ဖျတ်လတ်နေသည်။ သူတို့တွင် အတိတ်လည်း ရှိပုံမရ။ အနာဂတ်လည်း ရှိဟန် မတူ။ စကား ပြောစရာ မရှိသဖြင့် နယူးအော်လီယန်းသို့ မရောက်ခင်က မည်သည့် အလုပ်ကို လုပ်ခဲ့ဖူးကြောင်း၊ မည်သည့် ပြည်နယ်တွင် နေခဲ့ဖူးကြောင်း မေးကြည့်သည့် အခါတွင် စကားလက် စိတ်ပျက် သွားသည်။ ဤအချက်ကိုက ထူးဆန်း နေသည်။ အတ္တလန်တာတွင် ဆိုလျှင် ဤသို့ မဟုတ်။ ဂုဏ်သရေရှိ လူကြီး လူကောင်းတိုင်း သူတို့၏ ဆွေစဉ် မျိုးဆက်ကို ပြောကြသည်။ သူတို့ ဇာတိ အကြောင်းကို ပြောတတ်ကြသည်။ တောင်ပိုင်း ပြည်နယ် တစ်ခုလုံး အနှံ့ ဆွေမျိုး စပ်ပြတတ်ကြသည်။

သို့ရာတွင် ဤလူများကမူ စကား နည်းသည်။ စကားကို ရွေးပြောတတ်ကြသည်။ တစ်ခါတစ်ရံ ရက် ဘတ်တလာနှင့်

ထိုလူများ တစ်ဖက်ခန်းတွင် စကား ပြောနေလျှင် သူတို့ဘက်မှ ရယ်သံ ကြားရသည်။ အဓိပ္ပာယ် မရှိသည့် စကား တစ်ခွန်းတလေကို ကြားရတတ်သည်။ ပိတ်ဆို့မှု ကာလတုန်းက အကြောင်း ကျူးဘား အကြောင်း၊ နာဆော အကြောင်းကို ပြောသံ ကြားသည်။ ရွှေတူးကြသည့် ခေတ်၊ တစ်ယောက်နှင့် တစ်ယောက် မိုက်ကြေးခွဲကြပုံ၊ သေနတ်ဖြင့် ပစ်ခတ် ကြပုံ၊ နယ်လုကြပုံတို့ကို ပြောသံ ကြားရသည်။ နီကာရာဂွာပြည်၊ လူဆိုးဗိုလ်ကြီး ဝီလျံ ဝေါ့ကား စသူတို့ အကြောင်းကို ပြောသံ ကြားရသည်။ တစ်ခါတွင်မူ ကွန်ထရီး ပြောက်ကျား တပ်ဖွဲ့များ အကြောင်း ပြောနေစဉ် သူ ရောက်သွားသည်၌ စကား ပြတ်သွားသည်ကို ကြုံရဖူးသည်။ ဖရင့်၏ နာမည်၊ လူဆိုး ဗိုလ်ကြီး ဂျက်ဆီဂျိမ်း နာမည်တို့ကိုလည်း ကြားရတတ်သည်။

344



သို့ရာတွင် သူတို့ အားလုံး ယဉ်ယဉ်ကျေးကျေး အဝတ်အစား သန့်သန့်ပြန့်ပြန့်။ သူ့ကို အရေးပေးဟန်၊ ဂရုတစိုက်

ရှိဟန်၊ သဘောကျဟန် ပြကြသည်။ ထို့ကြောင့် သူတို့ အတိတ်ကို မသိ၍လည်း စကားလက်အဖို့ အရေးမကြီး။ သူတို့က ရက် ဘတ်တလာ၏ မိတ်ဆွေများ ဖြစ်သည်။ အိမ်ကြီး အိမ်ကောင်းများ ရှိသည်။ ခမ်းနားသည့် ကရထားကြီးများ ရှိသည်။ သူတို့ ဇနီး မောင်နှံကို လေညင်းခံ ခေါ်သည်။ ညစာစားပွဲ ဖိတ်သည်။ သူတို့ အတွက် ဧည့်ခံပွဲများ ကျင်းပသည်။ ဤ အချက်များသာလျှင် စကားလက်အဖို့ အရေးကြီးသည်။ စကားလက်ကလည်း ဤသို့ နေရသည်ကို သဘောကျ၏။ ပြန်ပြောသည့် အခါတွင် ရက် ဘတ်တလာသည် ကျေနပ်နေသည်။

‘မင်း သဘောကျမယ်လို့ ကျုပ် ထင်သားပဲ’



ရက် ဘတ်တလာက ရယ်လိုက်၏။



‘ဘာဖြစ်လို့ ထင်ရတာလဲ’



ရက် ဘတ်တလာ ရယ်ပြီ ဆိုလျှင် အကြောင်း တစ်ခုခု ရှိတတ်သည်။ ရက် ဘတ်တလာ ရယ်လျှင် သူ့ စိတ်ထဲတွင်

သံသယ ရှိမြဲ ထုံးစံ အတိုင်း စကားလက်က သံသယဖြင့် မေးသည်။

‘ဒီလူတွေက ဒုတိယတန်းစားတွေ၊ သိုးမည်းတွေ၊ လူဆိုးတွေ ဆိုပါတော့၊ ဒီလူတွေ အားလုံးဟာ မိုက်မိုက် ကန်းကန်း

လုပ်လာတဲ့ လူတွေ၊ ဒါမှမဟုတ် ရင်လည်း ကော်ဇောအိတ်သမား အထက်တန်းစားတွေ၊ မင်းရဲ့လင် အချစ်တုံးကြီးလို စားနပ်ရိက္ခာတွေကို လှောင်ပြီး မှောင်ခို လုပ်ရင်း အစိုးရ ကန်ထရိုက် စာချုပ်တွေကို လိမ်ရင်း လူသိ မခံရဲတဲ့ အလုပ်မျိုးတွေကို လုပ်ရင်း ချမ်းသာ လာကြတဲ့ လူတွေချည်းပဲ’

‘ဟင့်အင်း စကားလက်တော့ မယုံပါဘူး၊ သက်သက် မောင် နောက်ပြောနေတာ မဟုတ်လား၊ လူတွေက တကယ့်

လူကောင်းတွေ၊ အကောင်းဆုံး လူတွေ’

‘ဒီမြို့က အကောင်းဆုံး လူတွေက ငတ်နေကြတယ်၊ တဲကုပ်ကလေးတွေထဲမှာ ကုပ်ကုပ်ကလေး နေနေကြရတယ်၊

ဒါပေမယ့် ကျုပ် ထင်ပါတယ်၊ ကျုပ်ကို အဲဒီ တဲကုပ်ကလေးတွေကတော့ လက်ခံမှာ မဟုတ်ပါဘူး၊ ပြည်တွင်းစစ်တုန်းက ဒီမှာ ကျုပ် တော်တော် စီးပွားရေး သောင်းကျန်းခဲ့ဖူးတော့ ကျုပ်ကို အစိမ်းလိုက်တောင် ဝါးစားချင်ကြလိမ့်မယ် ထင်တယ်၊ ကျုပ်တော့ မင်းကို ကြည့်ပြီး ရယ်နေရတာပဲ၊ တကယ် ပြောတာ၊ စကားလက်၊ မင်း ထင်လိုက်ရင် တလွဲတွေချည်းပဲ၊ လွဲတဲ့ နေရာမှာတော့ တော်တော် မှန်မှန်ကန်ကန် လွဲနိုင်တဲ့ မိန်းမ’

‘ဒါပေမယ့် လူတွေက မောင့် မိတ်ဆွေတွေ မဟုတ်လား’



‘ကျုပ်က လူဆိုး လူပေ ဆိုရင် သိပ်သဘောကျတာပဲ၊ ကျုပ် ငယ်ငယ်တုန်းက ကူးတို့ သင်္ဘောပေါ်မှာ ဖဲသမား

လုပ်ခဲ့ဖူးတယ်၊ ဒီတော့ ဒီလို လူတွေ အကြောင်းကိုလည်း ကျုပ် နားလည်လို့ ရတယ်၊ သူတို့ အကြောင်း ကောင်းကောင်း သိတယ်၊ ဒါပေမယ့် မင်းကတော့’

ရက် ဘတ်တလာက ရယ်သည်။

345



‘မင်းက လူတွေ အကြောင်းကို နားမလည်ဘူး၊ အယုတ်အမြတ်ကို ခွဲခြား မသိတတ်ဘူး၊ တစ်ခါတလေကျတော့

ကျုပ် စဉ်းစားမိတယ်၊ မိန်းမမြတ် ဆိုလို့ မင်း ဘဝမှာ မင်း အမေရယ်၊ မီလာနီရယ် ဒီနှစ်ယောက်ကိုပဲ မြင်ဖူးဟန် တူတယ်လို့ ထင်တယ်၊ ဒါပေမယ့် သူတို့ကိုလည်း မင်းက သိပ်အထင်ကြီးပုံ မရဘူး’

‘ဘာ၊ မီလာနီ ဟုတ်လား၊ လူ ကြည့်တော့လည်း ရုပ်က ဖိနပ်စုတ်လို စုတ်ပြတ်ပြတ်နှင့်၊ အဝတ်အစားကလည်း

ကပျစ်ကညစ်၊ တစ်နေ့ နေလို့မှ စကား နှစ်ခွန်းတောင် ပြည့်အောင် မပြောတတ်ဘူး’

‘ဆရာမကြီးကလည်း သိပ်လည်း မနာလို တိုရှည် မဖြစ်နှင့်လေ၊ ရုပ်လှမှ အမျိုးကောင်းသမီး ဖြစ်တာ မဟုတ်ပါဘူး၊

ဝတ်ကောင်းစားလှ ဝတ်မှ မိန်းမမြတ် ဖြစ်တာ မဟုတ်ပါဘူး’

‘ဘာလို့ မဖြစ်ရမှာလဲ၊ စကားလက် နေပြပါ့မယ်၊ မောင် စောင့်ကြည့်ပါ၊ ခု စကားလက်မှာ ပိုက်ဆံ ရှိပြီ၊ စကားလက်

တကယ့် မိန်းမမြတ်၊ တကယ့် အမျိုးကောင်း သမီး ဖြစ်အောင် နေပြမယ်’

‘ကောင်းပြီလေ၊ စိတ်ဝင်စားစွာ စောင့်ကြည့်ရဦးမှာပေါ့’



နယူးအော်လီယန်းက သူ တွေ့သည့် လူတွေက စိတ်ဝင်စားစရာ ကောင်းသည်။ ထို့ထက် ရက် ဘတ်တလာ ဝယ်လာသည့်

ဝတ်စုံက ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။ အသွေးအရောင်၊ အစနှင့် ပုံစံကို ရက် ဘတ်တလာ ကိုယ်တိုင် ရွေးခဲ့ခြင်း ဖြစ်၏။ တင်ပါး အောက်ခံ ကြိမ်ခွေများကို မဝတ်ကြတော့။ အင်္ကျီ ရင်ခွဲ ပုံများကို ချုပ်လာကြသည်။ ရင်ခွဲကို ဆွဲစေ့လိုက်လျှင် ရင်ညွှန့်တွင် ရပ်သွားသည်။ ရင်ညွှန့်ပေါ်တွင် ဇာပန်းများ၊ ဇာနားများ တပ်ထား၏။ ပြည်တွင်းစစ်တုန်းက ဝတ်ခဲ့သည့် မကြီးမငယ် တင်ပါး အောက်ခံခွေများကို စကားလက် ပြန်သတိရသည်။ ယခု ပုံဆန်းကို ဝတ်လျှင် သူ့ ကိုယ်လုံး သွယ်သွယ်က ကောက်ကြောင်းပုံ ပီပီသသ ပေါ်နေသဖြင့် မရဲတရဲ ဖြစ်နေသည်။ ယခု ဆောင်းကြသည့် ဦးထုပ်ကလေးများကလည်း ခပ်ပြားပြား။ အဖျားတွင် ပန်းဖွားတွေ၊ ဖဲကြိုးတွေ တပ်ထားကြသည်။ (စကားလက်၏ ဆံပင်က လှိုင်းတွန့် မရှိ၊ ဖြောင့်စင်းနေသည်။ ထို့ကြောင့် စကားလက်က ဆံခွေ အတုကလေးတွေ ဝယ်တပ်သည်။ ဤသည်ကို ရက် ဘတ်တလာက မကြိုက်။ အကုန် မီးရှို့ပစ်သည်။ ဆံပင်ခွေကလေးတွေ တပ်လိုက်လျှင် ဦးထုပ်ပြားနှင့် ပို၍ ပနံရသည်ဟု စကားလက် ထင်သည်။) အတွင်းခံ ဝတ်စုံက ခပ်နုနု၊ ချစ်စရာ ခပ်လှလှကလေးတွေ၊ စကားလက် အစုံလိုက် ဝယ်ထားလိုက်သည်။ ရှင်မီး အင်္ကျီတွေ၊ ညဝတ်စုံတွေကလည်း အကောင်းစား ငွေခြည်တွေ ရက် ဖောက်ထားသည်။ ဖိနပ်က ဖဲဖိနပ်၊ ခုံက သုံးလက်မလောက် မြင့်သည်။ ကြိုးသိုင်းကွင်း ကလေးတွေက လှလှ ကလေးတွေ။ ပိုးခြေအိတ်တွေကလည်း အစုံလိုက်။ ချည်ခြေအိတ် ဆို၍ တစ်စုံမျှ မရှိ။ မည်မျှ ဇိမ်ကျသနည်း။

စကားလက်က သူ့ ဆွေမျိုးတွေ အတွက် လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်ကြီး ဝယ်သည်။ ဝိတ်ကလေး အတွက်

အမွေး စုတ်ဖွား ခွေးကလေး တစ်ကောင်။ (ဝိတ်ကလေးက ခွေးကလေး တစ်ကောင် ပူဆာ နေသည်မှာ ကြာလှပြီ။) ဘိုဘို အတွက် ပါရှား ကြောင်ကလေး တစ်ကောင်။ အယ်လာ အတွက် သန္တာ လက်ကောက် တစ်ရန်။ ဒေါ်လေး ပစ်တီ အတွက် ပုလဲ ပုတီး တစ်ကုံး။ မီလာနီနှင့် အက်ရှလေ အတွက် ရှိတ်စပီးယား၏ ပြဇာတ် ပေါင်းချုပ် တစ်စုံ။ ဦးလေး ပီတာ အတွက် အကောင်းစား ပျံလွှားတောင် အင်္ကျီ တစ်ထည်နှင့် ရထားသမားဆောင်း မိုးကာ ဦးထုပ်ရှည် တစ်လုံး။ ဒစ်လစီနှင့် ထမင်းချက် မိန်းမကြီး အတွက် အထည်စများနှင့် မြိုင်သာယာက အိမ်သားများ အတွက်လည်း အဖိုးတန် လက်ဆောင်တွေ တစ်ပုံကြီး

346

ဝယ်သည်။

‘ကြီးဒေါ် အတွက် ဘာမှ မဝယ်ဘူးလား’



အိပ်ရာပေါ်တွင် တင်ထားသည့် လက်ဆောင်တွေကို ငုံ့ကြည့်ရင်း ရက် ဘတ်တလာက မေး၏။



‘ဟင့်အင်း မဝယ်ဘူး၊ ဒီ အဘွားကြီးကို မုန်းတယ်၊ စကားလက်တို့ကို လားတွေလို့ ခေါ်ထားတာ၊ ဘာဖြစ်လို့ ဝယ်ရမှာလဲ’



‘အမှန်ကို ပြောတာ၊ ဘာ နာစရာ ရှိသလဲ စကားလက်ရယ်၊ ကြီးဒေါ်ဖို့လည်း လက်ဆောင် တစ်ခုတော့ ဝယ်ခဲ့ပါ၊ သူ့ဖို့

မပါလာရင် ဘယ်စိတ်ကောင်းမလဲ၊ အသည်း ကွဲမှာပေါ့၊ သူ့လို လူတွေရဲ့ အသည်းဟာ အဖိုးတန်တယ်၊ ဒီလို အဖိုးတန်တဲ့ အသည်းတွေကို ခွဲဖို့ မကောင်းဘူး’

‘ဟင့်အင်း စကားလက် မဝယ်ချင်ဘူး၊ သူ့ကို လက်ဆောင် ပေးဖို့ မကောင်းဘူး’



‘ဒါဖြင့် ကျုပ် ဝယ်သွားမယ်၊ သူ သေရင် တာဖက်တာ အင်္ကျီ လှလှလေး ဝတ်ပြီး သေချင်တယ်တဲ့၊ ခဏ ခဏ ပြောဖူးတယ်၊

ဒီတော့ အနီရောင် တာဖက်တာ အကောင်းစား တစ်ဝတ်စာရယ်၊ ဝတ်စုံ ကောင်းကောင်း တစ်စုံရယ် ဝယ်သွားရမယ်’

‘မောင် ပေးတဲ့ လက်ဆောင်ကို အဘွားကြီး မယူပါဘူး၊ ဝတ်လည်း ဝတ်မှာ မဟုတ်ပါဘူး’



‘အေးလေ၊ ဝတ်တာ မဝတ်တာ ယူတာ မယူတာတော့ သူ့ သဘောပေါ့၊ ကျုပ်ကတော့ ဝယ်ရမှာပဲ’



နယူး အော်လီယန်းမှ ဈေးဆိုင်ကြီးများက ပစ္စည်း စုံသည်။ ခမ်းနားသည်။ ရက် ဘတ်တလာနှင့် ဈေးဝယ်

ထွက်ရသည်က စွန့်စားမှု တစ်ခုကို လုပ်ရသည့်နှယ်။ သူနှင့် ညစာ လျှောက်စားရသည်ကလည်း စွန့်စားခန်း တစ်ခု။ ဈေးဝယ် ထွက်ရသည်ထက်ပင် ရင်ဖိုစရာ ကောင်းသေးသည်။ ရက် ဘတ်တလာက အစား အသောက်ကို နားလည်သည်။ မည်သည့် အရာကို မှာသင့်သည်၊ မည်သို့ ချက်ပြုတ်ရသည်ကို နားလည်သည်။ နယူးအော်လီယန်းက ဝိုင်အရက်ချို၊ ရှန်ပိမ်နှင့် ယမကာ တို့က အသစ်အဆန်းတွေချည်း ဖြစ်သည်။ သောက်၍ ကောင်းသည်။ အိမ်တွင် စိမ်သည့် ဆီး အရက်ချို၊ ကြံသကာ အရက်နှင့် ဒေါ်လေး ပစ်တီ၏ ‘မေ့ဆေး’ ဘရန်ဒီတို့လောက်ကိုသာ သောက်ဖူးသည့် စကားလက် အဖို့ အသစ်အဆန်းတွေချည်း ဖြစ်နေသည်။ ရက် ဘတ်တလာ မှာသည့် စားသောက်ဖွယ်များကလည်း အသစ်အဆန်း။ နယူးအော်လီယန်းက အထူးသဖြင့် အစားအသောက် ကောင်းသည်ဟု နာမည်ကြီးသည်။ မြိုင်သာယာတွင် ငတ်ခဲ့ရပုံ၊ ဆင်းဆင်းရဲရဲ နေခဲ့ရပုံတို့နှင့် ယှဉ်လျှင် ဤ စားသောက်ဖွယ်များသည် နတ်သုဒ္ဓါနှင့် ဘာမျှ မခြား။ ရုံးပတီသီးနှင့် ပုစွန် ဟင်းချို၊ အရက်ချို စိမ်ထားသည့် ချိုးကြော်၊ နို့ဆီနှင့် ကရုကမာ ညှပ်ထားသည့် မုန့်၊ မှိုကြော်၊ ပေါင်မုန့်ချိုနှင့် ကြက်ဆင်သည်း၊ ဆီစိမ်စက္ကူဖြင့် လှလှ ပေါင်းထားသည့် ငါးပေါင်းထုပ်၊ သံပရာရည် စသည်တို့က နယူးအော်လီယန်းတွင် နာမည်ကျော် စားသောက်ဖွယ်များ ဖြစ်သည်။ စကားလက် မည်သည့် အခါမျှ စား၍ မမြိန်သည် မရှိ။ မြိုင်သာယာက စားတော်ပဲပြုတ်နှင့် ပီလောပီနံဥပြုတ်ကို သတိရတိုင်း စကားလက် အတိုးချ၍ စားသည်။

‘မင်း စားတာကလည်းကွယ်၊ မသေခင် နောက်ဆုံး စားရတဲ့ ပုံမျိုး၊ အဝအပြဲ စားရသလား’ ရက် ဘတ်တလာက

ပြောသည်။ ‘ပန်းကန်ထဲမှာ ပြောင်နေအောင် ခြစ်စား မနေနှင့်လေ၊ ဒီလိုသာ အစား ပုပ်ရင်တော့ မကြာခင်မှာ ကျူးဗန်းမတွေလို

347

ဝတုတ်ပြဲကြီး ဖြစ်တော့မှာပဲ၊ အဲဒီလို ဖြစ်လာရင်တော့ ကျုပ်လည်း ကွာပစ်မှာနော်’

စကားလက်က မည်သို့မျှ မပြော။ လျှာကို ထုတ်ပြလိုက်ပြီးနောက် အချိုပွဲ တစ်ပွဲ နောက်ထပ် မှာသည်။ ချောကလက်ပွဲ၊

ကြက်ဥ၊ မလိုင်ညှပ်သည့် ကိတ်မုန့်။

ပိုက်ဆံကို ကိုယ် ကြိုက်သလို စိတ်ကြိုက် ကိုင်၍ သုံးရသည်မှာ မည်မျှ ပျော်စရာ ကောင်းသနည်း။ ပိုက်ဆံကို

တစ်ပြားချင်း ခွာသုံး နေစရာ မလို။ အခွန်တော် ပေးဖို့၊ လား ဝယ်ဖို့ အတွက် ပူစရာ မလို။ အတ္တလန်တာက လူတွေလို ရိုးရိုးကုပ်ကုပ် ဆင်းဆင်းရဲရဲ မဟုတ်ဘဲ ပိုက်ဆံ ပေါပေါ ပျော်လိုက် ပါးလိုက်ဖြင့် နေကြသူများထဲတွင် လာနေရသည်မှာ ပျော်စရာ ကောင်းလိုက်သည့်ဖြစ်ခြင်း။ ခါးသေးသေးကို အထင်းသား ပေါ်စေ၍ ပခုံးနှင့် လက်မောင်း နှစ်ဖက်က ဟာလာ ဟင်းလင်း ရင်ညွန့် မပေါ် တပေါ် ဝတ်လျက်။ ယောက်ျားများက ငေးကာ ကြည့်ကြသည်ကို အရသာ ခံရသည်မှာ မည်မျှ ပျော်စရာ ကောင်းသနည်း။ ကြိုက်ရာကို ကြိုက်သလောက် စားနိုင်သည်။ မိကောင်းဖခင် သားသမီး မပီသဟု မိမိကို အပြစ် ပြောမည့်သူ အနီးအနားတွင် တစ်ယောက်မျှ မရှိ။ ရှန်ပိမ်ကို ကြိုက်သလောက် သောက်နိုင်သည်။ ပထမဆုံး အကြိမ် အရက်သောက် များသွားသည့် ညကမူ နောက်တစ်နေ့ မနက် အိပ်ရာမှ အထတွင် ခေါင်းတစစ်စစ် ကိုက်နေသည်။ မနေ့ညက မူးမူးဖြင့် သီချင်း ဆိုခဲ့သည်ကို ပြန်အမှတ်ရကာ ရှက်နေသည်။ မနေ့ညက အမိုးဖွင့် ရထားဖြင့် ပြန်လာရင်း လမ်းတစ်လျှောက်တွင် သီချင်းတွေ အော်ဆိုခဲ့သည်။ မိန်းမ တစ်ယောက် မူးသည်ကို တစ်ခါမျှ မတွေ့စဖူး။ အတ္တလန်တာ ကျသည့်ညက ဒေါင်ချာ စိုင်းအောင် မူးနေသည့် ဘဲလ် ဝက်တလင်း တစ်ယောက်ကိုသာ မြင်ဖူးသည်။ စကားလက် ရှက်လွန်းသဖြင့် နောက်တစ်နေ့ နံနက်တွင် ရက် ဘတ်တလာ၏ မျက်နှာကိုပင် မကြည့်ရဲ။ သို့ရာတွင် ရက် ဘတ်တလာကမူ သဘောကျ၍ ရယ်နေသည်။ ဆော့နေသည့် ကြောင်ကလေး တစ်ကောင်ကို ကြည့်ရသည့်နှယ် သဘောကျ နေသည်။

ရက် ဘတ်တလာက ရုပ်ဖြောင့်သည်။ ထို့ကြောင့် သူနှင့်တွဲ၍ လမ်းထွက်ရခြင်းကို စကားလက် ပျော်သည်။

ယခင်ကမူ ရက် ဘတ်တလာ၏ ရုပ်ရည်ကို တစ်ခါမျှ သူ သတိမထားခဲ့။ အတ္တလန်တာတွင် ဆိုလျှင် လူတိုင်းက သူ့ မကောင်း သတင်းများလောက် ကိုသာ စိတ်ဝင်စားနေကြသဖြင့် သူ့ ရုပ်ရည်ကို တစ်ခါမျှ စကားထဲ ထည့်မပြောဖြစ်ကြ။ နယူး အော်လီယန်း တွင်မူ မိန်းမများက ရက် ဘတ်တလာကို ဂရုတစိုက် ကြည့်ကြသည်။ ရက် ဘတ်တလာက ငုံ့၍ လက်ခုံကို နမ်းရှုပ် နှုတ်ဆက်လျှင် ရှက်သွေး ဖြာနေကြသည်။ သူ့ ယောက်ျားကို တခြား အမျိုးသမီးများက လှည့်ကြည့် ကြခြင်း၊ သူ့ကို မနာလိုဝန်တို ဖြစ်ဟန် ရှိခြင်း စသည် တို့ကို မြင်ရသည့် အတွက် စကားလက် ဘဝင် မြင့်သည်။ သူနှင့် တွဲ၍ လမ်းထွက်ချင်သည်။

‘တို့ နှစ်ယောက်က ရှေ့သွား နောက်လိုက် ညီလို့များလား မသိဘူး’ ဟု စကားလက် တွေးမိ၏။



ဟုတ်သည်။ ရက် ဘတ်တလာ ပြောသလို အိမ်ထောင်ပြုရသည့် ကိစ္စသည် အပျင်းပြေသည်။ ပျော်စရာ ကောင်းသည်။

ပျော်စရာသာ ကောင်းသည် မဟုတ်၊ ဗဟုသုတလည်း အများကြီး တိုးသည်။ လူ့ ဘဝသည် သူ့ကို ဘာမျှ နောက်ထပ် သင်ကြားခြင်း မပြုနိုင်ဟု စကားလက် ထင်ခဲ့သော်လည်း ယခု သူ ထင်သည့် အတိုင်း မဟုတ်။ ယခူမူ စကားလက် ကလေးလေး ပြန်ဖြစ်နေပြီ။ တစ်နေ့ တစ်နေ့တွင် သိစရာ အသစ်တွေ တစ်ခုပြီး တစ်ခု တွေ့နေရပြီ။

ပထမအားဖြင့် ရက် ဘတ်တလာနှင့် အိမ်ထောင် ပြုရခြင်းသည် ချားလ်နှင့် သော်လည်းကောင်း၊ ဖရင့်နှင့်

သော်လည်းကောင်း အိမ်ထောင် ပြုရခြင်းနှင့် မတူဟု စကားလက် သိလာသည်။ သူတို့ နှစ်ယောက်က စကားလက်ကို

348

တလေးတစား ဆက်ဆံကြသည်။ သူ့ စိတ်ကို လန့်ကြသည်။ စကားလက် မျက်နှာသာ ရအောင် ကြိုးစားကြသည်။ စကားလက်ကလည်း သူ ကျေနပ်လျှင် မျက်နှာသာ ပေးသည်။ ရက် ဘတ်တလာကမူ သူ့ကို မကြောက်။ လေးစားခြင်းလည်း ရှိဟန် မတူ။ သူ လုပ်ချင်လျှင် ဇွတ်လုပ်သည်။ စကားလက်က မကျေနပ်၍ စိတ်ဆိုးလျှင် သူ့ကို ကြည့်၍ ရယ်သည်။ စကားလက်ကလည်း သူ့ကို မချစ်။ သို့ရာတွင် ရက် ဘတ်တလာသည် စိတ်ဝင်စားစရာ ကောင်းသည့် လူစားမျိုး ဖြစ်သည်။ ချစ်ပြီ ဆိုလျှင်ပင် ကြမ်းကြမ်းတမ်းတမ်း ချစ်တတ်သည့် လူမျိုး။ တစ်ခါတစ်ရံ တစ်ဖက်သား မခံချင်အောင် လှောင်ပြောင် သရော်၍ ချစ်တတ်သည့် လူစားမျိုး။ သို့ရာတွင် ဤအခါမျိုး၌ စကားလက် သူ့ ကိုယ်သူ ချုပ်တည်းနိုင်သည်။ သူ့ ခံစားချက် နောက်သို့ မလိုက်။ အနိုင် ယူတတ်သည်။

‘ဒါ ငါ့ကို မချစ်လို့ ဖြစ်မှာပဲ’ ဟု စကားလက် တွေးကာ အလိုက်အထိုက်ပင် နေလိုက်သည်။



ရက် ဘတ်တလာနှင့် အတူ နေရင်း စိတ်ဝင်စား စရာ အကွက်များကို တစ်ခုပြီး တစ်ခု တွေ့လာရ၏။ ရက် ဘတ်တလာ၏

အကြောင်းကို သူ ကောင်းကောင်း သိသည်ဟု ထင်လာသည်။ ရက် ဘတ်တလာ၏ အသံသည် တစ်ခါတစ်ရံတွင် ကြောင်ပေါက်စ ကလေး၏ အမွေးကို ကိုင်ရသည့်နှယ် နူးညံ့ ပျော့ပျောင်း နေတတ်သည်။ တစ်ခါတစ်ရံတွင် အသံကွဲကြီးနှင့် အော်ဆဲချင် ဆဲတတ်သည်။ တစ်ခါတစ်ရံတွင် ရဲရင့်မှု၊ သိက္ခာ ရှိမှု၊ မွန်မြတ်မှု၊ သန့်စင်သော မေတ္တာ သက်ဝင်မှု စသည်တို့နှင့် ပတ်သက်၍ သူ တွေ့ခဲ့ မြင်ခဲ့ဖူးသည့် အဖြစ်အပျက်များကို ခုံခုံမင်မင် ရိုးရိုးသားသား ပြောတတ်သည်။ တစ်ခါတစ်ရံတွင် လောကကြီးကို လှောင်ပြောင်ကာ ရုန့်ရင်း ကြမ်းတမ်းစွာ ပြောတတ်သည်။ မည်သည့် လင်ယောက်ျားမျိုးမှ ကိုယ့် မယားကို ဤလို စကားမျိုးများ ပြောလိမ့်မည်ဟု စကားလက် မထင်။ သို့ရာတွင် စကားလက်ကမူ သဘောကျသည်။ သူ့ နဂို ဖြစ်သည့် ကြမ်းတမ်း ရုန့်ရင်းသည့် စရိုက်နှင့် ကိုက်ညီသည်။ တစ်ခါတစ်ရံတွင် ရက် ဘတ်တလာသည် နူးညံ့ သိမ်မွေ့သည့် ချစ်သူ ဖြစ်နေတတ်ပြီး တစ်ခါတစ်ရံတွင် စကားလက်၏ စိတ်ကို ဆွပေးကာ စကားလက် ဒေါသ ထွက်သည်ကို ကြည့်၍ လှောင်ပြောင် သဘော ကျနေတတ်သည်။ သူ့ ချီးမွမ်းစကားများက အနှောင့်အသွား မလွတ်။ အဓိပ္ပာယ် နှစ်ခွ ထွက်တတ်သည်။ သူ့ကြင်နာ ယုယမှုများက သံသယ ဖြစ်ဖွယ် ကောင်းသည်။ နယူးအော်လီယန်းတွင် နေခဲ့သည့် နှစ်ပတ် အတွင်း၌ စကားလက်သည် ရက် ဘတ်တလာ အကြောင်းကို လုံးဝဥဿုံ သိခဲ့သည်။ သို့ရာတွင် တကယ့် ပင်ကို စရိုက်ကိုမူ စကားလက် အကဲဖမ်း၍ မရသေး။

တစ်ခါတစ်ရံတွင် ရက် ဘတ်တလာက ဟိုတယ် စားပွဲထိုးကို ပြန်လွှတ်ကာ သူ ကိုယ်တိုင် နံနက်စာ ပြင်ပြီး

စကားလက်ကို ကလေးငယ် တစ်ယောက်လို တယုတယ ကျွေးသည်။ စကားလက်ထံမှ ဘီးကို ယူ၍ စကားလက်၏ နက်မှောင် ရှည်လျားသည့် ဆံပင်များကို ဖြီးပေးသည်။ တစ်ခါတစ်ရံတွင်မူ စကားလက်ကို အိပ်မော ကျနေရာမှ ကြမ်းတမ်းစွာ လှုပ်နိုးကာ စောင်တွေကို အကုန် ခွာပစ်ပြီး အတင်း အထခိုင်း တတ်သည်။ ခြေဖဝါးကို ကလိထိုးကာ အိပ်၍ မရအောင် နှောင့်ယှက်သည်။ တစ်ခါတစ်ရံတွင် စကားလက်က သူ့ အလုပ်အကိုင် အကြောင်း ပြန်ပြောလျှင် ဣနြေ္ဒ တစ်ခွဲသားဖြင့် စိတ်ဝင်စားစွာ နားထောင်သည်။ စကားလက်၏ ထက်မြက်ပုံကို ခေါင်း တညိတ်ညိတ်ဖြင့် ထောက်ခံသည်။ တစ်ခါတစ်ရံတွင်မူ သူ့ စီးပွားရေး လုပ်ပုံသည် လမ်းဓားပြတိုက်ခြင်း၊ ခြိမ်းခြောက် ငွေတောင်းခြင်း၊ လိမ်ယူခြင်းနှင့် ဘာမျှ မခြားဟု ဝေဖန် တတ်သည်။ ပြဇာတ်များသို့ ခေါ်သွားပြီး ဤလို အပျော်အပါးတွင် အချိန် ကုန်နေခြင်းသည် ဘုရားကြိုက် နတ်ကြိုက် အလုပ် မဟုတ်ကြောင်းဖြင့် စိတ် အနှောင့်အယှက် ဖြစ်အောင် တတွတ်တွတ် ပြောကာ ရယ်စရာ ညစ်ညစ်ပတ်ပတ်တွေကို ပြောတတ်သည်။ စကားလက်က သဘောကျ၍ ရယ်လျှင် အပြစ် တင်တတ်သည်။ ကိုယ့် စိတ်ထဲ ရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောရန်၊ ပျော်ပျော် နေရန်၊ လုပ်ရဲကိုင်ရဲ ရှိရန် အားပေးသည်။ စကားလက်သည် ရက် ဘတ်တလာကို နာသာခံခက် ဖြစ်အောင်

349

ပြောတတ်နေပြီ။ တစ်ဖက်သားကို လှောင်ပြောင်တတ်နေပြီ။ ဤသို့ ပြောခြင်းသည် တစ်ဖက်သားကို အပေါ်စီး ရသဖြင့် ပြောရသည်ကို အရသာတွေ့နေပြီ။ သို့ရာတွင် ရက် ဘတ်တလာလို အပြောင်အပြက် မပြောတတ်သေး။ သူများကို လှောင်ရင်း သူ့ကိုယ်သူ လှောင်သည့် အပြုံးမျိုးကိုလည်း မပြုံးတတ်သေး။

ရက် ဘတ်တလာက သူ့ကို အဆော့ခိုင်းသည်။ ကစားခိုင်းသည်။ စကားလက် မည်သို့ ကစားရမည်ကိုပင် မေ့နေပြီ။

သူ့အဖို့ ဘဝသည် နာကြည်း ခါးသီးဖွယ် ဖြစ်ခဲ့သည် မဟုတ်လော။  ရက် ဘတ်တလာက ကစားတတ်သည်။ ဆော့တတ်သည်။ ရက် ဘတ်တလာက သူ့ကို တွဲခေါ်သွားသည်။ သို့ရာတွင် ရက် ဘတ်တလာသည် သူငယ်ကလေး တစ်ယောက်လို ဆော့ကစားခြင်း မဟုတ်။ ယောက်ျားကြီး တစ်ယောက် ဖြစ်သည့် အတွက် သူ လုပ်သည့်အလုပ် မှန်လျှင် စကားလက် မမေ့။ စကားလက်သည် အမျိုးသမီးများ၏ အပေါ်စီးယူနည်းမျိုးဖြင့် ရက် ဘတ်တလာကို အပေါ်စီး ယူ၍ မရ။

ဤသည်ကိုမူ စကားလက် မကျေနပ်။ ရက် ဘတ်တလာ အပေါ်တွင် သူ အပေါ်စီး ရချင်သည်။ တခြား ယောက်ျားများ

ဆိုလျှင် သူက အပေါ်စီး ရမြဲ။ အထင်သေးသည့် အပြုံးဖြင့် ပြုံးကြည့်ရင်း ‘ကလေး သာသာပဲ’ ဟု ဆိုတတ်သည်။ အက်ရှလေ တစ်ယောက် မှအပ သူ့ အဖေ၊ တာလက်တန် အမြွှာ ညီအစ်ကို၊ ဖွန်တိန် ညီအစ်ကိုနှင် ချားလ်၊ ဖရင့် စသည့် ယောက်ျား အားလုံး၊ သူ့ကို ပိုးပန်းခဲ့သည့် ယောက်ျား အားလုံးကို အထင်သေးခဲ့သည်။ အက်ရှလေနှင့် ရက် ဘတ်တလာ တို့ကိုမူ စကားလက် ကောင်းကောင်း နားမလည်။ သူတို့ နှစ်ယောက်က တခြား ယောက်ျားများနှင့် နည်းနည်းမျှ မတူ။

ရက် ဘတ်တလာကို စကားလက် ကောင်းကောင်း နားမလည်။ ရက် ဘတ်တလာအား အပေါ်စီး ယူနိုင်လျှင်

ပျော်စရာ ကောင်းမည်။ သို့တိုင်အောင် ရက် ဘတ်တလာကို အကဲဖမ်း၍ မရ။ တစ်ခါတစ်ရံ ရက်ဘတ်တလာသည် သူ့ကို တိတ်တိတ် ခိုး၍ ကြည့်နေ တတ်သည်။ ဤအခါမျိုးတွင် စကားလက်က ဆတ်ခနဲ လှည့်ကာ သူ့ကို အမိဖမ်းတတ်သည်။ သူ့ မျက်လုံးများက ဖျတ်လတ် ထက်သန်လျက်။ စူးစိုက်လျက်။ အကဲခတ်လျက်။

‘စကားလက်ကို ဘာဖြစ်လို့ ဒီလို ကြည့်နေ ရတာလဲ’ စကားလက်က မေးသည်။ ‘မောင် ကြည့်နေပုံက ကြောင်တစ်ကောင်

ကြွက်တွင်းကို စောင့်ကြည့်နေသလိုပဲ’

ရက် ဘတ်တလာ၏ မျက်နှာ အမူအရာ ရုတ်တရက် ပြောင်းသွား၏။ ရက် ဘတ်တလာက ရယ်လိုက်သည်။ ခဏ

ကြာလျှင် ထိုအကြောင်းကို စကားလက် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီ။ ရက် ဘတ်တလာက အကဲခတ်ရ ခက်သည့် လူမျိုး ဖြစ်သည်။ သူနှင့် နေရသည်က ပျော်စရာ ကောင်းသည်။ အက်ရှလေ အကြောင်းကို မတွေးမိလျှင် သူနှင့် နေရသည်က ပျော်စရာ တွေချည်း။

ရက် ဘတ်တလာကလည်း သူ့ကို အက်ရှလေ အကြောင်း တွေးချိန် မရအောင် လုပ်ထားသည်။ နေ့လယ်

နေ့ခင်း ဆိုလျှင် အက်ရှလေ အကြောင်းကို စဉ်းစားချိန်ပင် မရ။ သို့ရာတွင် ညရောက်၍ ကပွဲက အပြန် မောလာပြီ ဆိုလျှင်၊ ရှန်ပိမ် အသောက် များလာပြီ ဆိုလျှင် အက်ရှလေ အကြောင်းသည် အလိုလို ခေါင်းထဲသို့ ရောက်လာ၏။ အိပ်ရာပေါ်တွင် ဖြာကျနေသည့် လရောင်အောက် ရက် ဘတ်တလာ၏ လက်မောင်းထဲတွင် မှေးစင်းနေစဉ် အက်ရှလေသာ ဖြစ်လျှင် လောကကြီးသည် မည်မျှ သာယာ စိုပြည်မည်နည်း။ သူ့ ဆံပင် များကို မျက်နှာပေါ် ဖုံးပေးထားကာ လည်ပင်းကို ရစ်ပတ် ပေးနေသူသည် အက်ရှလေ ဖြစ်လျှင် မည်မျှ ပျော်စရာ ကောင်းမည်နည်းဟု စကားလက် မကြာခဏ တောင့်တမိ၏။

350



တစ်ခါတွင် ဤသို့ တွေးမိသဖြင့် သက်ပြင်း တစ်ချက် ချလိုက်ကာ မျက်နှာကို ပြတင်းပေါက်ဘက်သို့ လွှဲထားလိုက်သည်။

ရက် ဘတ်တလာက သံညှပ်ကြီးဖြင့် ညှပ်သလို ရှိအောင် သူ့ လည်ပင်းကို လက်မောင်းဖြင့် ညှပ်ပစ်လိုက်ရင်း ‘မင်း ကျုပ်ကို လိမ်ဦး မလို့လား၊ ဒီလောက် လိမ်ချင် တစ်ပတ်ရိုက်ချင်တဲ့ မိန်းမ လည်ပင်းညှစ် သတ်ပစ်လိုက်ပြန်ရော့မယ်’ ဟု ဆိုသည်။

ရက် ဘတ်တလာက ထိုင်ရာမှ ထကာ အဝတ်အစား လဲပြီး အပြင်သို့ ထွက်သည်။ စကားလက် မေးသည်ကို မည်သို့မျှ

မပြော။ မသွားရန် တားသည်ကို မည်သို့မျှ မဖြေ။ နောက်တစ်နေ့ မနက် စကားလက် သူ့ အခန်းတွင် နံနက်စာ စားနေသည့် အခါတွင်ကျမှ ပြန်ရောက်လာသည်။ အဝတ်အစားက ဖရိုဖရဲ၊ အရက်မူးလျက်၊ တစ်ဖက်သားကို လှောင်ပြောင် သရော်ရန် အဆင်သင့် ပြင်လာပုံရသည်။ တစ်ညလုံး မည်သည့် နေရာသို့ သွားနေသည်ကို ပြောလည်း မပြော၊ အကြောင်းလည်း မပြ။

စကားလက်ကလည်း ဘာမျှမမေး။ စိတ်ကောက်သည့် ဟန်ဖြင့် ခပ်တည်တည် နေလိုက်သည်။ နံနက်စာ စားပြီးသည့်

အခါတွင် စကားလက်က သူ့ ရှေ့မှာပင် ခပ်တည်တည် အဝတ်လဲပြီး အပြင်သို့ ထွက်သွားသည်။ ရက် ဘတ်တလာက မျက်ထောင့်နီကြီးဖြင့် ကြည့်ကျန်ရစ်ခဲ့၏။ ပြန်ရောက်သည့် အခါတွင် ရက် ဘတ်တလာ မရှိတော့။ ညည့်နက် သန်းခေါင်ကျမှ ပြန်လာသည်။

နှစ်ယောက် အတူ ညစာ စားကြသည်။ စကား တစ်ခွန်းမျှ မပြောကြ။ စကားလက် စိတ်တိုနေသည်။ နယူးအော်လီယန်းမှ

ပြန်တော့မည်။

ဤနေ့ည

ညလယ်စာသည်

နယူးအော်လီယန်းတွင်

နောက်ဆုံး

စားသည့်

ညလယ်စာ

ဖြစ်သည်။

ကျောက်ပုစွန်ဟင်းကိုပင် ကောင်းကောင်း မစားနိုင်။ သူနှင့် အတူ မျက်နှာချင်းဆိုင် မစားချင်။ သို့တိုင်အောင် ကျောက်ပုစွန်ကြီး တစ်ကောင်ကို စားဖြစ်အောင် စားပစ်လိုက်ပြီး ရှန်ပိမ်ကို မူးအောင် သောက်ပစ်လိုက်သည်။ အစား များသွား၍လော မဆိုနိုင်။ ထိုနေ့ညက အိပ်သည့် အခါတွင် စကားလက် အိပ်မက်တွေ ကယောက်ကယက် မက်ကာ အိပ်ရာမှ လန့်နိုးလာသည်။ တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်နေ၏။ စကားလက် အလန့်တကြား ငိုရှိုက်သည်။ အိပ်မက်ထဲတွင် မြိုင်သာယာသို့ ပြန်ရောက်နေသည်။ မြိုင်သာယာက တိတ်ဆိတ် ခြောက်ကပ်လျက်။ မေမေလည်း ကွယ်လွန်ပြီ။ မေမေနှင့် အတူ စကားလက်၏ ခွန်အား၊ စကားလက်၏ အသိတရားတို့လည်း ပျောက်ကွယ်သွား ကြပြီ။ လောက အလယ်တွင် မည်သူ့ကိုမျှ အားကိုးစရာ မရှိတော့။ မည်သူ့ကိုမျှ ခိုကိုးစရာ မမြင်တော့။ ကြောက်စရာ တစ်စုံတစ်ခုသည် သူ့နောက်သို့ လိုက်နေသည်။ သူက ရှေ့က ပြေးသည်။ အမော ဆို့မတတ် ပြေးသည်။ နှင်းတောကြီးထဲတွင် လျှောက်ပြေးသည်။ အော်ငိုသည်။ အမျိုးအမည်လည်း မသိ။ နေရာ ဌာနလည်း မသိသော ခိုလှုံရာကို လိုက်ရှာသည်။ နှင်းတောထဲက တစ်နေရာရာတွင်မူ ရှိလိမ့်မည် ထင်သည်။

သူ အိပ်ရာမှ နိုးသည့် အခါတွင် ရက် ဘတ်တလာက သူ့ကို ငုံ့၍ ကြည့်နေ၏။ စကား တစ်လုံးမျှ မပြောဘဲ သူ့ကို

မထူလိုက်ပြီး ကလေးငယ် တစ်ယောက်သဖွယ် သူ့ကို ပွေ့ထားသည်။ သန်မာသည့် သူ့ ကြွက်သားများက အားရှိစရာ။ စကား တစ်ခွန်းမျှ မပြောဘဲ ချော့နေသည်။ စကားလက် အငို ရပ်သွား၏။

‘နှင်းတောကြီးထဲမှာ လျှောက်ပြေးနေတယ်လို့ အိပ်မက် မက်တယ်၊ ချမ်းလည်း ချမ်း၊ ဆာလည်း ဆာ၊ လူကလည်း

မောလှပြီ၊ လိုက်ရှာတာ မတွေ့ဘူး’

‘ဘာကို လိုက်ရှာတာလဲ’



‘ဟင့်အင်း စကားလက် မသိဘူး၊ ဘာရယ်လို့ မပြောတတ်ဘူး’

351



‘ဟိုတုန်းက အိပ်မက်တွေ ပြန်မက်တယ် ထင်တယ်’



‘ဟုတ်တယ်’



ရက် ဘတ်တလာက သူ့ကို အိပ်ရာပေါ်သို့ အသာ ပြန်ချ၏။ အမှောင်ထဲတွင် စမ်း၍ ဖယောင်းတိုင်ကို ထွန်းသည်။

ဖယောင်းတိုင် မီးရောင်ထဲတွင် နီရဲနေသည့် သူ့မျက်လုံးများနှင့် မျက်နှာထားက ကျောက်တုံး တစ်တုံးနှယ် မာကျောကာ အကဲခတ်ရ ခက်နေသည်။ အင်္ကျီ ရင်ဘတ်က ဟောင်းလောင်း။ ညိုမောင်းသော ရင်ခွင်ကို အမွေး ထူထူများက ဖုံးနေသည်။ စကားလက်က ကြောက်ကြောက်ဖြင့် သူ့ ရင်ဘတ်ကို ကြည့်၏။ သန်မာ၍ ကြံ့ခိုင်သည့် ရင်ခွင်ဟု စကားလက် ထင်သည်။

‘မောင်၊ စကားလက်ကို ဖက်ထားပါ’



စကားလက်က ခပ်တိုးတိုး ပြောသည်။ 



‘အချစ်ရယ်’



ရက် ဘတ်တလာက စကားလက်ကို ပွေ့ကာ ကုလားထိုင် တစ်လုံးပေါ်တွင် ဝင်ထိုင်၏။ စကားလက် ကိုယ်ကို

လှုပ်ယမ်း ပေးနေသည်။

‘ငတ်ရတာ ကြောက်စရာကြီးနော် မောင်’



‘ကျောက်ပုစွန်ကြီး တစ်ကောင်လည်း ကုန်ပြီ၊ ဟင်းလျား ခုနစ်ပွဲနှင့်လည်း ထမင်း စားခဲ့ပြီးပြီ၊ ဒီအထဲက ငတ်တဲ့

အကြောင်း အိပ်မက် မက်တာက ပို ကြောက်စရာ ကောင်းတာပေါ့’

ရက် ဘတ်တလာက ပြုံးသည်။ သူ့ မျက်နှာများက ကြင်နာ နူးညံ့နေသည်။



‘အိပ်မက်ထဲမှာ ပြေးလိုက်ရတာ မောင်ရယ်၊ စကားလက် ရှာလိုက်ရတာ၊ ဘာကို ရှာမှန်းလည်း မသိဘူး၊ နှင်းတောထဲမှာ

ဆိုတော့ ဘာမှ မမြင်ရဘူး၊ အဲဒါကို ရှာလို့ တွေ့ရင် စကားလက် တစ်သက်တာမှာ ပူရ တော့မှာ မဟုတ်ဘူး၊ ချမ်းမှာ ငတ်မှာလည်း မပူရတော့ဘူး’

‘ဘာကို လိုက်ရှာတာလဲ၊ စကားလက် ရှာနေတာက လူလား၊ အရာဝတ္ထုလား’



‘ဟင့်အင်း၊ ဘာမှန်း မသိဘူး၊ စကားလက် တွေးလည်း မတွေးဘူး၊ စကားလက်ဟာ အပူအပင် မရှိ နေရတာမျိုးကို

အိပ်မက် မက်ပါဦးမလား ဟင်’

‘ဟင့်အင်း၊ ကျုပ်တော့ မထင်ဘူး’ ရက် ဘတ်တလာက ဖရိုဖရဲ ဖြစ်နေသည့် သူ့ ဆံပင်များကို ပွတ်သပ်ပေးနေသည်။

‘အိပ်မက် ဆိုတာ ကိုယ် မက်ချင်တာ မက်တာမှ မဟုတ်ဘဲ၊ သူ မက်ချင်တာ မက်တာ၊ ဒါပေမယ့် မင်း နွေးနွေးထွေးထွေး နေနေကျ ဖြစ်လာရင်၊ ဝဝလင်လင် စားနေကျ ဖြစ်လာရင် ဒီ အိပ်မက်တွေ မက်တော့မှာ မဟုတ်ပါဘူး၊ ဒီလို ဘဝမျိုး နေရအောင် ကျုပ် ထားမှာပေါ့’

352



‘မောင်က သိပ်စိတ်ကောင်း ရှိတယ်နော်’



‘ဒီလို ပြောဖော်ရလို့ ကျေးဇူးတင်ပါတယ်၊ မနက် အိပ်ရာ ထတိုင်း ငါ ဘယ်တော့မှ မငတ်တော့ဘူး၊ ရက် ဘတ်တလာ

ဆိုတဲ့ လူ တစ်ယောက် ငါ့ အနားမှာ ရှိပြီး အမေရိကန် ပြည်ထောင်စု အစိုးရ တည်မြဲ နေသမျှ ငါ့ ဘဝဟာ လုံခြုံပြီလို့ ကိုယ့်ကိုယ်ကိုယ် ပြောကြည့်ပါ’

‘ဘာ၊ အမေရိကန် ပြည်ထောင်စု အစိုးရ ဟုတ်လား၊ ဘာဆိုင်လို့လဲ မောင်ရဲ့’



စကားလက် အလန့်တကြား ထထိုင်သည်။ သူ့ ပါးပြင်တွင် မျက်ရည်တွေ စွတ်စိုနေဆဲ။



‘ပြည်နယ် အစိုးရဟောင်းရဲ့ ငွေစက္ကူတွေဟာ မိန်းမကောင်း ပြန်ဖြစ်သွားပြီ၊ ကျုပ် အဲဒီ ငွေတွေကို အစိုးရ ငွေချေး

စာချုပ်တွေ ဝယ်ထားလိုက်တယ်’

‘ဘုရားရေ’ စကားလက်က သူ့ ပေါင်ပေါ်တွင် ထထိုင်သည်။  စောစောက ထိတ်လန့်နေသည်တို့ မရှိတော့။ ‘ဒါဖြင့်

မောင့် ပိုက်ဆံတွေကို ယန်ကီ အစိုးရဆီကို ချေးထားတယ်ပေါ့’

‘အတိုး ကောင်းကောင်း ရတယ်လေ’



‘အမယ်လေး၊ အတိုးက တစ်ရာကို တစ်ရာ ပြန်ပေးဦး ဘာလုပ်မှာလဲ၊ ဒီ စာချုပ်တွေကို ပြန်ရောင်းပစ်လိုက်ပါ

မောင်ရယ်၊ မောင့် ပိုက်ဆံတွေကို ယူပြီး ယန်ကီ အစိုးရက အသုံးချနေတယ် ဆိုတော့ ဘယ်ကောင်းမလဲ’

‘ဒီငွေတွေနှင့် ကျုပ် ဘာလုပ်ရမှာလဲ’



ရက် ဘတ်တလာက ပြုံး၍ မေးသည်။ စကားလက်၏ မျက်လုံးများတွင် ထိတ်လန့်သည့် အရိပ်အယောင်တို့

ပျောက်သွားပြီ။

‘အို၊ ဒီပြင် သုံးစရာတွေ အများကြီး၊ ငါးမြှောင့်ဆိုင် တစ်ဝိုက်က မြေတွေ အဆောက်အဦတွေ ဝယ်မယ်၊ မောင့်

ပိုက်ဆံတွေနှင့် ဆိုရင် ငါးမြှောင့်ဆိုင်လမ်း တစ်ဝိုက်က အဆောက်အဦတွေ အကုန်လုံးတောင် ဝယ်နိုင်တယ်’

‘ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ငါးမြှောင့်ဆိုင် လမ်းကို မလိုချင်ဘူး၊ ခု ကော်ဇောအိတ်သမား အစိုးရက ဂျော်ဂျီယာကို

လုံးလုံး အုပ်ချုပ်နိုင်ပြီ၊ နောင်မှာ ဘာဖြစ်မယ် မပြောနိုင်သေးဘူး၊ ခု ဆိုရင် ဂျော်ဂျီယာကို အမဲ ဖျက်မယ် ဆိုပြီး တခြား ဒေသက လင်းတတွေ လာဝဲနေကြပြီ၊ ဒီ လင်းတတွေ မဝဲတဲ့ နေရာကို ကျုပ် သွားပြီး မမြှုပ်နိုင်ဘူး၊ ကျုပ်က ခေတ်ပျက်သူဌေး၊ ဒီတော့ ခေတ်ပျက် သူဌေးပီပီ ဒီလင်းတတွေ၊ ကော်ဇောအိတ်သမားတွေ ကြားထဲမှာပဲ အလုပ် လုပ်ရမှာပဲ၊ ဒါပေမယ့် ကျုပ် ဒီလင်းတတွေကို မယုံပါဘူး၊ ကျုပ် ပိုက်ဆံတွေကိုလည်း မြေယာတွေ အဆောက်အဦတွေ ထဲမှာ မမြှုပ်ချင်ဘူး၊ ငွေချေး စာချုပ်ကို ပိုကြိုက်တယ်၊ ငွေချေး စာချုပ်က ဝှက်လို့ ပြုလို့ လွယ်တယ်၊ မင်း မြေယာတွေ အဆောက်အဦတွေက ဝှက်လို့ မရဘူး’

‘မောင်က အစိုးရက သိမ်းမယ်လို့ ထင်-’

353



စကားလက်က သူ့ သစ်စက်များနှင့် ကုန်တိုက်ကို အမှတ်ရကာ မျက်နှာ ဖြူရော်သွား၏။



‘ကျုပ် မသိဘူး၊ ဒီလောက်လည်း ကြောက်မနေပါနှင့်၊ ဂျော်ဂျီယာ ဘုရင်ခံက ကျုပ် မိတ်ဆွေပါ၊ ခေတ်ကြီးက

မရေရာဘူး၊ ကျုပ် ပိုက်ဆံတွေကို မြေတွေ တိုက်တာတွေထဲမှာ မြှုပ်မနေစေချင်တဲ့ သဘောကိုသာ ပြောတာပါ’

ရက် ဘတ်တလာက စကားလက်ကို ပေါင်တစ်ဖက်ပေါ်သို့ ရွှေ့လိုက်သည်။ နောက်သို့ လှန်ကာ ဆေးပြင်းလိပ်

တစ်လိပ်ကို လှမ်းယူပြီး မီးညှိ၏။ စကားလက်က ခြေတွဲလွဲ ချ၍ ထိုင်နေသည်။ ရင်ဘတ်ပေါ်တွင် လှုပ်ရှားနေကြသည့် ကြွက်သားများကို ငေးကြည့်ကာ ကြောက်စိတ်တွေ ပျောက်သွားသည်။

‘သြော်၊ တိုက်တွေ ဘာတွေ အကြောင်း ပြောလို့ ပြောရဦးမယ်၊ ကျုပ် အိမ်တစ်လုံး ဆောက်မယ် စိတ်ကူးထားတယ်၊

ဒေါ်လေး ပစ်တီ အိမ်ကို လိုက်နေအောင် ဖရင့်ကို မင်း အနိုင်ကျင့်လို့ ရပေမယ့် ကျုပ်ကတော့ လိုက်မနေနိုင်ဘူး၊ ဒေါ်လေး ပစ်တီ တစ်နေ့ ရေမွှေး သုံးကြိမ် ဆွတ်နေတာကို ကျုပ် သည်းခံနိုင်မှာ မဟုတ်ဘူး၊ ဒါတင် မကဘူး၊ ဦးလေး ပီတာကလည်း သူ့ သခင် ဟယ်မီလ်တန်ရဲ့ အိမ်မှာ ကျုပ်ကို လက်ခံမှာ မဟုတ်ဘူး၊ ကျုပ်ကို သတ်မှာ၊ ဒေါ်လေး ပစ်တီကလည်း အင်ဒီယာနှင့်ပဲ နေချင်မှာပဲ၊ ဒီတော့ ကျုပ်တို့ အတ္တလန်တာ ပြန်ရောက်ရင် လက်ထပ်ပြီးခါစက နေတဲ့ နေရှင်နယ် ဟိုတယ်မှာပဲ ဆက်နေမယ်၊ အဲဒီလို နေရင်း အိမ်ဆောက်မယ်၊ အတ္တလန်တာက မလာခင် ကျုပ် မက်မုံပင် လမ်းမှာ မြေကွက် ကြီးကြီး တစ်ကွက် ဝယ်ပြီး ထားခဲ့ပြီးပြီ၊ လေဒင်တို့ အိမ်နားက မြေကွက် မင်း မှတ်မိမလား မသိဘူး’

‘အို၊ ဟုတ်လား မောင်၊ သိပ်ကောင်းတာပေါ့၊ စကားလက်လည်း ကိုယ်ပိုင် အိမ်နှင့် သိပ်နေချင်တာပဲ၊ အိမ်ကျယ်ကျယ်

ခပ်ကြီးကြီး’

‘ဒါဖြင့် ကျုပ်တို့ ဒီအထိတော့ သဘောတူညီချက် ရပြီပေါ့၊ ဒီက အိမ်တွေလို သံဆန်ခါ တပ်တဲ့ ခြေတံရှည် အိမ်မျိုး

ဆောက်ရင်ကော’

‘ဟင့်အင်း၊ စကားလက် မကြိုက်ဘူး၊ ဒီက အိမ်တွေက ရှေးပုံစံကြီးတွေ၊ စကားလက် လိုချင်တာက ပုံစံ ကောင်းကောင်း၊

နောက်ဆုံးပေါ် ပုံစံ၊ ဟို တစ်နေ့ကတောင် ဟားပါး မဂ္ဂဇင်းထဲမှာ အိမ်ပုံစံ ကောင်းကောင်းတွေ တွေ့လို့ ကြည့်လိုက်မိသေးတယ်၊ ဆွစ်ဇာလန်က ရှားလေး အိမ်မျိုး’

‘ဘာ’



‘ဆွစ်ဇာလန်က ရှားလေး အိမ်မျိုး’



‘စာလုံး ပေါင်းစမ်းပါ’



စကားလက်က စာလုံး ပေါင်းပြသည်။



‘ဟင်း’



ရက် ဘတ်တလာက မုတ်ဆိတ်မွေးကို ပွတ်၏။

354



‘အိမ်လေးက သိပ်ချစ်စရာ ကောင်းတာပဲ၊ ကိန္နရာတောင် နှစ်ထပ် အမိုးနှင့်၊ အမိုးပေါ်မှာ ဝရန်တာလေး ထုတ်လို့၊

ဝရန်တာ တစ်ဖက် တစ်ချက်မှာ မျှော်စင်ကလေး တစ်ဆောင်စီ ပါသေးတယ်၊ ပြတင်းပေါက်က အစိမ်းပြာနှင့် အနီရောင် မှန်တွေ တပ်လို့၊ သိပ်လှတာပဲ’

‘ဆင်ဝင်ခန်းမှာ ဝရန်တာ လက်ရန်းလေးတွေ တပ်ထားတယ် မဟုတ်လား’



‘ဟုတ်တယ်’



‘ဆင်ဝင်မိုးက ထောင့်တွေမှာ ပန်းဆွဲလေးတွေ တပ်ထားတယ်လေ’



‘ဟုတ်တယ်၊ မောင် မြင်ဖူးတယ် ထင်တယ်’



‘ကျုပ်မှာလည်း ဒါမျိုး တစ်လုံး ရှိတယ်၊ ဒါပေမယ့် ဆွစ်ဇာလန်မှာတော့ မဟုတ်ဘူး၊ ဆွစ် လူမျိုးဟာ တော်တော်

အသိဉာဏ် ရှိတဲ့ လူမျိုးပဲ၊ ဗိသုကာ ပညာရဲ့ အလှကိုလည်း ခံစားတတ်တယ်၊ ဒီလို အိမ်မျိုး မင်းလိုချင်လို့လား’

‘လိုချင်တယ်’



‘ကျုပ် ထင်တာက ကျုပ်နှင့် ရလို့ မင်း ကောင်းကောင်း မွန်မွန် အထက်တန်းကျကျ နေတတ်လာပြီ အောက်မေ့တာ၊

ခုလို အိမ်မျိုးတွေထက် ရှေးခေတ်က ကျောက်ဖြူ အိမ်မျိုးလို ဟာမျိုးကို မကြိုက်ဘူးလား’

‘မောင့်ကို ပြောသားပဲ၊ စကားလက်က ရှေးဆန်ဆန် ဟာမျိုးကို မကြိုက်ဘူးလို့၊ ပြီးတော့ အထဲမှာ နံရံကပ် စက္ကူ အနီ

ကပ်မယ်၊ ခေါက်တံခါးတွေမှာ ကတ္တီပါ အနီ ခန်းဆီး တပ်မယ်၊ ပြီးတော့ အဖိုးတန် ဝက်သစ်ချသားနှင့် လုပ်တဲ့ ပရိဘောဂတွေ ထားမယ်၊ ကြမ်းခင်း ကော်ဇော ထူထူ ခင်းရမယ်၊ စကားလက်တို့ အိမ်ကို မြင်ရင် လူတိုင်း မနာလိုဝန်တို ဖြစ်ကြမှာပဲနော် မောင်’

‘လူတိုင်း မနာလိုဝန်တို ဖြစ်ဖို့ လိုသေးသလား ကွယ်၊ အေးလေ၊ မင်း မနာလိုဝန်တို ဖြစ်စေချင်ရင် မနာလိုအောင်

လုပ်ရမှာပေါ့၊ ဒါပေမယ့် လူတွေ ဒီလောက် ဆင်းရဲ ငတ်ပြတ် နေချိန်မှာ အိမ်ကို ဒီလောက် ခမ်းခမ်းနားနား ပြင်တာ မကောင်းဘူးလို့ကော မထင်မိဘူးလား’

‘ဟင့်အင်း၊ စကားလက်တော့ ဒီလိုပဲ နေချင်တယ်’ စကားလက်က ငြင်းသည်။ ‘စကားလက် အပေါ် အထင်သေးခဲ့တဲ့

လူတွေ မနာလိုအောင် လုပ်ချင်တယ်၊ အိမ်မှာ ဧည့်ခံပွဲတွေ လုပ်မယ်၊ တစ်မြို့လုံးက စကားလက်ကို ဝိုင်းပြီး ဖူးဖူးမှုတ်နေအောင် ဝိုင်းပြီး မျက်နှာချို သွေးအောင် လုပ်ရမယ်’

‘ဒါပေမယ့် ကျုပ်တို့ ဧည့်ခံပွဲကို ဘယ်သူတွေ လာမှာလဲ’



‘အို လူတိုင်း လာမှာပေါ့’



‘ကျုပ် အများကြီး သံသယ ရှိတယ်၊ ပြည်တွင်းစစ် ရှုံးပေမယ့် တောင်ပိုင်းသားရဲ့ ဝံသာနုစိတ်က လက်နက် မချသေးဘူး’



‘မောင်ရယ်၊ ပြည်တွင်းစစ် တစ်လျှောက်လုံး မောင် ဘာတွေ လုပ်ခဲ့သလဲ၊ ပိုက်ဆံ ရှိတော့ မောင့်ကို လူတွေက

355

မျက်နှာချိုသွေးခဲ့ကြတာပဲ မဟုတ်လား’

‘တောင်ပိုင်းကတော့ မျက်နှာချို မသွေးဘူးနော်၊ ကုလားအုတ် တစ်ကောင် အပ်နဖားပေါက်ထဲ ဝင်ရတာက လွယ်ချင်

လွယ်ဦးမယ်၊ မှောင်ခိုသမားရဲ့ ပိုက်ဆံကို သူတို့ အထင်ကြီးဖို့ မလွယ်ဘူး၊ မင်းလို ကျုပ်လို ခေတ်ပျက် သူဌေးလို ဟာမျိုးကို တံတွေးနှင့် ထွေးမထုတ်ရင် ကံကောင်း၊ ဒါပေမယ့် မင်း မကျေနပ်ရင် စမ်းချင် စမ်းကြည့်လေ၊ ကျုပ် သဘော တူပါတယ်၊ မင်း စီမံကိန်းကို ကျုပ် စောင့်ကြည့်ရသေးတာပေါ့၊ ပိုက်ဆံ အကြောင်း ပြောတုန်း မင်းကို ရှင်းရှင်းလင်းလင်း သိအောင် တစ်ခုတော့ ပြောထားရဦးမယ်၊ အိမ်ကို မင်း စိတ်တိုင်းကျ ဆောက်ပါ၊ မင်း မိတ်ဆွေတွေကို မင်း ဖိတ်ကျွေးချင်သလောက် ကျွေးပါ၊ ပိုက်ဆံ ကုန်ချင်သလောက် ကုန်ပါစေ၊ လက်ဝတ် ရတနာတွေ ဝယ်ချင်တယ် ဆိုလည်း ဝယ်လိုက်ဦး၊ ဒါပေမယ့် ဘာကို ဝတ်ရ ဆင်ရမယ် ဆိုတာတော့ ကျုပ် ရွေးပေးရလိမ့်မယ်၊ မင်း မျက်စိက မရွေးတတ်ဘူး၊ အောက်တန်း ကျတယ်၊ ဝိတ်ကလေးနှင့် အယ်လာတို့ဖို့လည်း ကြိုက်ရာ ဝယ်ပါစေ၊ ဒီနှစ် မြိုင်သာယာ ဝါ ကောင်းကောင်း မထွက်ရင်လည်း မင်း အလွန် ချစ်တဲ့ မြိုင်သာယာ အတွက် ကျုပ် ငွေထုတ်ပေးမယ်၊ ဝီလီ စိတ်ကြိုက် လုပ်ပါစေ၊ ကျုပ် ပြောတာ လုံလောက်ပြီလား၊ ဘယ့်နှယ်လဲ’

‘အို မောင်ရယ်၊ မောင်ဟာ သိပ် ရက်ရောတယ်နော်’



‘ဒါပေမယ့် ကျုပ် ပြောတာကို သေသေချာချာ နားထောင်ဦး၊ မင်းရဲ့ ကုန်တိုက်နှင့် မင်းရဲ့ ထင်းခွဲတဲ့ စက်ရုံ အတွက်တော့

တစ်ပြားမှ မထောက်နိုင်ဘူး’

‘ဟင်’



စကားလက် မျက်နှာ မဲ့သွား၏။ သူ့ သစ်ဆိုင်ကို နောက်ထပ် ချဲ့မည်။ လိုသည့် ငွေကို ရက် ဘတ်တလာထံမှ

တောင်းမည်ဟု မင်္ဂလာဦး ခရီး တစ်လျှောက်လုံး စကားလက် စိတ်ကူးခဲ့သည်။

‘မောင်ဟာ မောင့် ကိုယ် မောင် သဘောထား ကြီးတယ်ဆို၊ စကားလက် စီးပွားရေး လုပ်နေတာကို လူတွေက

ဘယ်လို ပြောပြော ဂရုမစိုက်ဘူးဆို၊ ခုတော့ မောင်လည်း ဒီပြင် လူတွေနှင့် ဘာထူးသေးလို့လဲ၊ စကားလက်ကို လူတွေ ဝိုင်းပြီး အထင်သေးမှာ ကြောက်နေတယ် မဟုတ်လား’

‘ကျုပ်က အရေးမကြီးပါဘူး၊ ကျုပ်လို လူက ဘာလုပ်လုပ် ဘယ်သူကမှ ဘာမှ ပြောမှာလည်း မဟုတ်ဘူး၊ ကျုပ်ကလည်း

ဂရုမစိုက်ဘူး’ ရက် ဘတ်တလာက ပြောသည်။ ‘အရူးတွေ ပြောတာကို ကျုပ် ဘာမှ ဂရုမစိုက်ဘူး၊ ကျုပ် အဖို့ ဘာမှ ထူးပြီး ရှက်စရာလည်း မရှိဘူး၊ သစ်စက်နှင့် ကုန်တိုက်ကိုလည်း ဆက်ဖွင့်စေချင်တာပဲ၊ ဒါ ကလေးတွေ အတွက် ဆိုပါတော့၊ ဝိတ်ကလေး ကြီးလာရင် ပထွေး အထောက်အပံ့ကို ယူရလို့ ရှက်ချင် ရှက်နေမယ် မဟုတ်လား၊ ကြီးတော့ သူ ကိုယ်တိုင် ဦးစီး လုပ်လို့လည်း ရတာပေါ့၊ ဒါပေမယ့် ဒီ လုပ်ငန်း နှစ်ခုစလုံးမှာ ကျုပ်ရဲ့ ပိုက်ဆံကိုတော့ အသုံး မခံနိုင်ဘူး’

‘ဘာဖြစ်လို့’



‘ဘာဖြစ်လို့ရမလဲ၊ အက်ရှလေကို ထောက်ပံ့ဖို့ ကျုပ်က ကြားထဲက ဝင်မစိုက်နိုင်လို့ပေါ့’



‘မောင် ဒီ ကိစ္စကို ပြောပြန်ပြီလား’

356



‘မပြောပါဘူး၊ မင်းက မေးလို့ ကျုပ် ပြောရတာပါ၊ နောက် တစ်ချက် ကျုပ်ကို စာရင်းတွေ လိမ်ပြီး မျက်လှည့်

ပြမယ်လို့တော့ စိတ်မကူးနှင့်၊ စာရင်းထဲမှာတော့ အဝတ်အစားဖိုးက ဘယ်လောက်၊ အိမ်သုံးစရိတ်တော့ ဘယ်လောက် စသဖြင့် လျှောက်ပြပြီး အက်ရှလေဖို့ လားတွေ သစ်စက်တွေ ဝယ်ပေးမယ်တော့ မကြံနှင့်၊ ကျုပ်က မင်း အသုံးစရိတ်တွေကို သေသေချာချာ ကြည့်မှာ၊ ကျုပ် အကုန် နားလည်တယ်၊ အို အို မခံပြင်းနှင့်၊ ကျုပ် စော်ကားတာ မဟုတ်ဘူး၊ မင်းက လုပ်ချင် လုပ်မှာ၊ ဒီတော့ မင်း မလုပ်ခင် ရှင်းအောင် ကြိုပြောထား ရတာ၊ ကျုပ်က မင်း သုံးဖို့ အတွက်ပဲ တာဝန် ခံနိုင်မယ်၊ အက်ရှလေနှင့် မြိုင်သာယာ အတွက်တော့ တာဝန် မခံနိုင်ဘူး၊ မြိုင်သာယာကတော့ ထားပါတော့လေ၊ ဒါပေမယ့် အက်ရှလေ အတွက်ကတော့ မဖြစ်ဘူး၊ ကျုပ်က မင်းကို ဇက်လျှော့ပြီး စီးနေတာ သူငယ်မ၊ ဒါပေမယ့် တစ်ပြိုင်နက်တည်းမှာ ပါးချပ်တပ်ပြီး ဖနောင့် သံဆူး တပ်ထားတယ် ဆိုတာလည်း မမေ့နှင့်’

357

၄၉



မစ္စက် အယ်လဆင်းက အလယ် ခန်းမဆောင်ကြီးဘက်သို့ နားစွင့်နေသည်။ မီလာနီ၏ ခြေသံက တဖြည်းဖြည်း

ဝေးသွားကာ မီးဖိုဘက်သို့ ရောက်သွား၏။ ဇွန်းသံ ပန်းကန်သံကိုထောက်၍ တစ်ခုခု ကျွေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု သိလိုက်သည်။ မစ္စက် အယ်လဆင်းက ဧည့်ခန်းထဲတွင် ဝိုင်းထိုင်နေကြသည့် အမျိုးသမီးများဘက်သို့ လှည့်၍ ပြောလိုက်၏။ အမျိုးသမီးများက အပ်ချုပ် ပစ္စည်း ထည့်သည့် ခြင်းများကို ပေါင်ပေါ် တင်ထားလျက်။

‘ကျွန်မ အနေနှင့် ပြောရရင်တော့ စကားလက်ဆီကို ဘယ်တော့မှ သွားမလည်ဘူး၊ ခုလည်း မသွားဘူး၊ နောင်လည်း

မသွားဘူး’

သူတို့ အပ်ချုပ်ဝိုင်း၌ ပြည်နယ်စစ်သားဟောင်းများ၏ မုဆိုးမများနှင့် မိဘမဲ့ကလေးများ ထောက်ပံ့ရန်အတွက်

ဖွဲ့ထားသည့်

အမျိုးသမီး

ဇာထိုးပန်းထိုး

အသင်းဝင်များပါသည်။

အပ်နှင့်

ချုပ်လက်စ

အထည်စများကို

ချလိုက်ပြီး

လှုပ်ကုလားထိုင်များကို ရှေ့သို့ တိုးလာကြ၏။ စကားလက်နှင့် ရက်ဘတ်တလာအကြောင်းကို ပြောချင်လှပြီ။ သို့ရာတွင် မီလာနီ ရှိနေသဖြင့် ပြော၍ မရ။ ရက် ဘတ်တလာနှင့် စကားလက်တို့ အတ္တလန်တာသို့ တမြန်နေ့က ပြန်ရောက်လာကြပြီး နေရှင်နယ် ဟိုတယ်တွင် နေကြသည်။

‘ဟူးခ်ျက ပြောတယ်၊ ဗိုလ်ကြီး ဘတ်တလာက သူ့အသက်ကို ကယ်ခဲ့ဖူးတယ်တဲ့၊ ဒါကြောင့်မို့ ရက် ဘတ်တလာကို

သွားပြီး နှုတ်ဆက်ပါတဲ့’ မစ္စက် အယ်လဆင်းက ပြော၏။ ‘ဖန်နီကလည်း ဟုတ်သားပဲ အမေရယ်၊ သွားနှုတ်ဆက်လိုက်ပါဦးတဲ့၊ သူလည်း သွားနှုတ်ဆက်ဦးမယ်တဲ့၊ ဒီတော့ ကျွန်မက ပြောတယ်၊ ဖန်နီ၊ ငါ့သား တွန်မီ သေရတာ စကားလက်ကြောင့် သေရတာအေ့၊ စကားလက် ဂြိုဟ်မမွှေရင် ခုလို သေမှာမဟုတ်သေးဘူး၊ ငါ့သားအကြောင်း တွေးရင် အသည်းနာလွန်းလို့ သွား နှုတ်မဆက်နိုင်ဘူး လို့ ပြောလိုက်တယ်၊ ကျွန်မ ချွေးမ ဘယ်လောက် အသလဲ ဆိုတာလည်းကြည့်ဦးလေ၊ အမေရယ် ကျွန်မက ဗိုလ်ကြီး ဘတ်တလာကိုပဲ နှုတ်ဆက်မှာပါတဲ့၊ စကားလက်ကို နှုတ်မဆက်ပါဘူးတဲ့၊ အံ့ရော’

‘ကာလ သားသမီးများကို နုံလွန်းပါတယ်’ မစ္စက် မယ်ရီဝယ်သာက ပြောသည်။ မစ္စက် မယ်ရီဝယ်သာ၏ ရင်သည်

ဖောင်းလာသည်။ ရက် ဘတ်တလာကို လက်မထပ်မီ သူ သွား၍ ဖျက်စဉ်က စကားလက်က သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောလွှတ်လိုက်သည်။ ဤသည်ကို သူ မမေ့။ ‘ကျွန်မ သမီး မေဘယ်လည်း ရှင့် ချွေးမနှင့် ဘာထူးလို့လဲ၊ သူနှင့် ရီနီ သွားပြီး နှုတ်ဆက်မလို့တဲ့လေ၊ ဗိုလ်ကြီး ဘတ်တလာက ရီနီကို ကြိုးစင်မတက်ရအောင် ကယ်ခဲ့လို့တဲ့ တော်ရေ့၊ ဒီတော့ ကျုပ်ကလည်း ပြောလိုက်တယ်၊ ဟဲ့ အဲဒီလို ဖြစ်ရတာဟာ သူ့မိန်းမ စကားလက် ဆတ်ဆော့လို့ ဒီလို ဖြစ်ရတာဟဲ့၊ သူသာ ဆတ် မဆော့ရင် ရီနီလည်း ဒီလိုဖြစ်စရာ ဘာမှ မရှိဘူးလို့ ပြောလိုက်ရတယ်၊ ဒီအထဲ အိမ်က အဘိုးကြီးကလည်း သွားပြီး နှုတ်ဆက်ဦးမလို့တဲ့၊ သူငယ်များ ပြန်နေပြီလား မသိပါဘူး၊ ဒီ ဘတ်တလာဆို လူရှုပ်ကို ကျေးဇူးတင်လွန်းလို့တဲ့၊ ကြည့်ပါဦးတော်၊ ဒီ အရွယ်ကြီး ရောက်မှ ဝက်တလင်းအိမ် သွားတယ်ဆိုတော့ ဟုတ်တာ မဟုတ်တာ အပထား၊ အရပ်က ကြားလို့ ဘယ်ကောင်းတော့မလဲ၊ အဲဒါကိုပဲ သွားပြီး နှုတ်ဆက်ဦးမလို့တဲ့တော်၊ သူတို့ သွားချင် သွားပေါ့၊ ကျွန်မကတော့ မသွားပေါင်၊ အဝေးကြီး၊ ဒီလို လူကို လက်ထပ်တယ်ဆိုကတည်းက စကားလက် ကိုယ်တိုင်ကလည်း ကျွန်မတို့ အသိုင်းအဝိုင်းက သူ့ဘာသာ သူ ကြဉ်သွားတာ၊

358

ဘယ်သူကမှ ကြဉ်တာ မဟုတ်ဘူး၊ ပြည်တွင်းစစ် အတွင်း မှောင်ခိုသမား လုပ်ကတည်းက ဘယ်ကောင်းတော့မှာလဲ၊ တကတည်း၊ လူတကာတွေ ငတ်ပြတ်နေတဲ့ ကြားက ဒီလောက် ပိုက်ဆံတွေ ကဲ့ယူပြီး ငိုစား ရယ်စား လုပ်တဲ့သူငယ်၊ ပြီးတော့ ကော်ဇောအိတ်သမားတွေ၊ ခေတ်ပျက် သူဌေးတွေနှင့်လည်း အဆက်အသွယ် ရှိသတဲ့၊ ခု ဟို ဘုရင်ခံ ဘူးလော့ ဆိုတဲ့ လူနှင့်လည်း မိတ်ဆွေတဲ့၊ ဘယ် ကောင်းတော့မှာလဲ၊ ဒီကြားထဲက သွားပြီး နှုတ်ဆက်ချင်တယ်ဆိုလည်း သွားနှုတ်ဆက်ကြပေါ့’

မစ္စက် ဆွန်နယ်က သက်ပြင်းချ၏။ မစ္စက် ဆွန်နယ်က ခပ်ဝဝ ပုပု။ မျက်နှာက ခပ်ပြုံးပြုံး။



‘ဝတ္တရားအနေနှင့် တစ်ခေါက်တလေ သွားနှုတ်ဆက်တာ ထင်ပါတယ်၊ ကျွန်မတို့ကတော့ မပြောတတ်ဘူးလေ၊

ဒါပေမယ့်

အဲဒီ

ညတုန်းကသူ

ကယ်ပေးခဲ့တဲ့

လူတွေကတော့

သွားပြီး

နှုတ်ဆက်ကြမလို့တဲ့၊

ဝတ်ကျေတမ်းကျေ

လောက်တော့လည်း သွားနှုတ်ဆက်သင့်တယ် ထင်တာပဲ၊ ဒါပေမယ့် စကားလက်ကတော့ သူ့အမေ သမီးနှင့် နည်းနည်းမှ မတူဘူး၊ ကျွန်မနှင့် သူ့အမေ အယ်လင်က ဆဗားနားမှာ ကျောင်းနေဘက်တွေကလား၊ အဲဒီတုန်းက သူ့အမေ အယ်လင်က ချစ်စရာလေး၊ တစ်ယောက်နှင့်တစ်ယောက်လည်း ချစ်ကြတယ်၊ သူ့ ဝမ်းကွဲ အစ်ကို ဖိလစ်နှင့် ကြိုက်တော့ ဖအေကြီးက ခွဲပစ်တယ်လေ၊ ခွဲပစ်တော့ ဖိလစ်လည်း လွင့်သွားပြီး တစ်နေရာမှာ သေသွားတယ်၊ ဒီတင် အယ်လင်လည်း ခု စကားလက်တို့ အဖေ အိုဟာရာ ဆိုတဲ့ လူကြီးနှင့် ယူလိုက်တာ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ၊ ကျွန်မလည်း သူ့အမေကို သတိရတဲ့အနေနှင့် တစ်ခေါက်တလေတော့ သွားပြီး မျက်နှာပြရဦးမှာပဲ’

‘စိတ်ကူးယဉ်တယ်ဆိုတာ ဒါမျိုးပေါ့’ မစ္စက် မယ်ရီဝယ်သာက နှာခေါင်း ရှုံ့သည်။ ‘ဒီမှာ မစ္စက် ဆွန်နယ်၊ လင် သေလို့

တစ်နှစ်မပြည့်ခင် နောက် လင် ထပ်ယူတဲ့ မိန်းမမျိုးဆီကို ရှင်က သွားပြီး နှုတ်ဆက်မလို့လား’

‘တကယ်က ဖရင့်ကို သူ သတ်တာ’ အင်ဒီယာက ဝင်ပြောသည်။ အင်ဒီယာ၏ အသံက တည်ငြိမ်သည့်တိုင် စူးနေသည်။

စကားလက် အကြောင်းကို တွေးမိလျှင် အင်ဒီယာ စကားလက်ကို မကျေနိုင်။ ဒေါပွသည်။ စတူးဝပ် တာလက်တန်ကို အမှတ်ရသည်။ ‘အင်ဒီယာ အထင်တော့ ဖရင့် မသေခင် ကတည်းက အဲဒီ ရက် ဘတ်တလာဆိုတဲ့လူနှင့် ဘာလိုလိုနှင့် တူတာပဲ’

အမျိုးသမီးအားလုံး အင်ဒီယာ့ စကားကြောင့် တုန်လှုပ် အံ့ဩသွားကြ၏။ အထူးသဖြင့် အပျိုကြီးများ၏ ရှေ့တွင်

ပြောချလိုက်သဖြင့် အံ့ဩ နေကြသည်။ ထိုစဉ် မီလာနီ တံခါးဝသို့ ရောက်လာသည်။ အတင်းအဖျင်းကို အားရပါးရ ပြောနေကြသဖြင့် မီလာနီ ဝင်လာသည်ကို မသိလိုက်ကြ။ ယခုမူ သူတို့အားလုံး ဆရာမ မိသွားသည့် ကျောင်းသူ ကလေးများသဖွယ် ဇက်ကလေးတွေ ပုကာ တတွတ်တွတ် ပြောနေကြသည်။ မီလာနီ၏ မျက်နှာကို မြင်လိုက်ရသည့် အခါတွင် သူတို့၏ အမူအရာသည် အံ့အားသင့်ဟန်မှ ထိတ်လန့်သည့် ဟန်သို့ ပြောင်းသွားကြသည်။ မီလာနီ၏ မျက်နှာက ဤသို့ မဟုတ်မတရား ပြောရကောင်းလောဟု ဒေါသထွက်ကာ နီရဲလျက် ရှိ၏။ နူးညံ့သည့် သူ့မျက်လုံးများသည် အရောင် တလက်လက် ထွက်နေကြသည်။ နှာခေါင်းက တုန်ယင်လျက်။ မီလာနီ စိတ်ဆိုးသည်ကို မည်သူမျှ မမြင်ဖူးကြသေး။ ဤမျှ ဒေါသကြီးလိမ့်မည်ဟုလည်း မထင်။ သူတို့အားလုံး မီလာနီကို ချစ်ကြသည်။ သို့ရာတွင် မီလာနီသည် သူတို့အသိ မိန်းကလေးများထဲတွင် အနူးညံ့ဆုံး၊ အပျော့ပျောင်းဆုံး၊ လူကြီးသူမကို အရိုသေတတ်ဆုံး၊ မိမိကိုယ်ပိုင် ထင်မြင်ချက် ဟူ၍ မရှိဘဲ သူတစ်ပါး စကားကို အယုံလွယ်ဆုံးဟု နားလည်ထားကြသည်။

359



‘အင်ဒီယာ ဘယ်လို ပြောလိုက်တာလဲ ဟင်’ မီလာနီက အသံ တုန်တုန်းဖြင့် ခပ်တိုးတိုးပြောသည်။ ‘ဒီလောက်တောင်

မနာလို ဝန်တို ဖြစ်လို့ ဘယ်ကောင်းမလဲ၊ သိပ် ရှက်စရာ ကောင်းတာပဲ’

အင်ဒီယာ၏ မျက်နှာက ဖြူရော်သွား၏။ သို့တိုင်အောင် ခေါင်းက မော့လျက်။



‘ဘာလဲ၊ အင်ဒီယာက အမှန် ပြောတာ ဘာဖြစ်သလဲ’



အင်ဒီယာ၏ စိတ်သည် ဆူပွက်လျက် ရှိသည်ထင်ရ၏။ ‘ငါ တကယ် စကားလက်ကို မနာလို ဝန်တိုသလား’ ဟု

သူ့ဘာသာ သူ တွေးသည်။ စတူးဝပ် တာလက်တန်နှင့် ချားလ်တို့ကို အမှတ်ရသည်။ စကားလက်သည် သူ့လက်မှ စတူးဝပ်ကို လုခဲ့ဖူးသည်။ ဟန်နီ၏ လက်မှ ချားလ်ကို လုခဲ့ဖူးသည်။ မနာလို ဝန်တိုဖြစ်သင့်သည်သာ မဟုတ်လော။ သူ့ကို မုန်းသင့်သည်သာ မဟုတ်လော။ ယခုလည်း စကားလက်သည် အက်ရှလေကို သူ့ ညွှတ်ကွင်းထဲ ရောင်အောင် မျှားခဲ့ပြီး မဟုတ်လော။ ‘မင်း ယောက်ျား အက်ရှလေနှင့် စကားလက်အကြောင်းကို ကိုယ် အကုန်သိတယ်၊ သိရဲ့လား၊ မပြောကောင်းလို့ နေတာ’ ဟု သူ့ ယောက်မ မီလာနီကို ပြောလိုက်ချင်သည်။ သူ့အစ်ကို၏ ဂုဏ်သိက္ခာကိုလည်း ဆည်ချင်သည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့ သံသယကို မီလာနီနှင့် တကွ အသိုင်းအဝိုင်းကို ဖွင့်ပြောလိုက်ချင်သည်။ ဤနည်းဖြင့် သူ့အစ်ကို အက်ရှလေကို ဤထောင်ချောက်ထဲမှ ဆွဲထုတ်ချင်သည်။ သို့ ထုတ်ပြောလျှင် အက်ရှလေနှင့် စကားလက် ဆင်ခြင်တန် ကောင်းသည်။ သို့ရာတွင် အချိန်မကျသေး။ သူ့တွင် ဘာမျှ ခိုင်ခိုင်လုံလုံ သက်သေ ပြစရာ မရှိသေး။

‘အင်ဒီယာက အမှန်ကို ပြောတာ’



သူက ထပ်ပြောသည်။



‘ဒီလိုဆိုရင်တော့ ကိုယ့်အိမ်မှာ မနေတာ ကောင်းမယ် ထင်တယ်’



မီလာနီက အေးစက်စက် ပြော၏။ အင်ဒီယာက ဆတ်ခနဲ ထသည်။ ဝါကျင့်ကျင့် သူ့မျက်နှာသည် နီရဲလာ၏။



‘စကားလက်ဟာ ကိုယ့်ယောက်မဆိုတာလည်း မင်း သတိထားပါဦး’ မီလာနီက အင်ဒီယာ၏ မျက်လုံးများကို

စိုက်ကြည့်လိုက်သည်။ ‘ကိုယ် သူ့ကို ညီအစ်မအရင်းထက် ပိုချစ်တယ်၊ ကိုယ့်အပေါ်မှာ သူ့ ကျေးဇူး ဘယ်လောက် ရှိသလဲ ဆိုတာ မင်း မေ့ပေမယ့် ကိုယ် မမေ့ဘူး၊ အတ္တလန်တာကို ယန်ကီ ဝိုင်းတုန်းက ကိုယ့်မှာ နေ့စေ့ လစေ့ကြီး၊ ကိုယ့်အနားမှာ ဘယ်သူမှ မရှိဘူ၊ ဒိပြင်လူ မပြောနှင့် ကိုယ့်အဒေါ် အရင်းခေါက်ခေါက် ဒေါ်လေး ပစ်တီတောင် မာကွန်ကို ထွက်ပြေးပြီ၊ ဒါပေမယ့် ရန်သူတွေ ဝိုင်းနေတဲ့ကြားက စကားလက် ကိုယ့်အနားမှာ နေခဲ့တယ်၊ သူ အိမ်ပြန်ချင်ရင် ပြန်နိုင်သားပဲ၊ ဒါပေမယ့် သူ မပြန်ခဲ့ဘူး၊ အတ္တလန်တာမြို့ ပျက်နေချိန်မှာ မီလာနီ ကိုယ်ဝန်ကို မွေးပေးခဲ့တယ်၊ မီလာနီနှင့် သားလေး ဘိုဘိုကို ညကြီးမင်းကြီး မြိုင်သာယာအရောက် ခေါ်သွားခဲ့တယ်၊ တကယ်ဆိုရင် အတ္တလန်တာ ဆေးရုံ တစ်ရုံမှာ တင်ပြီး ယန်ကီတွေ လက်ထဲ ဝကွက် အပ်ပစ်ခဲ့လို့ ရသားပဲ၊ ဒါပေမယ့် သူ မအပ်ခဲ့ဘူး၊ သူ ပင်ပန်းပြီး ငတ်ပြတ်နေသည့်တိုင် အဲဒီကြားထဲက မီလာနီတို့ သားအမိကို ပြုစုခဲ့တယ်၊ ရှာကျွေးခဲ့တယ်၊ မီလာနီဟာ လူမမာဆိုပြီး မြိုင်သာယာမှာ အကောင်းဆုံး အိပ်ရာကိုပေးပြီး အကောင်းဆုံး အစာကို ရှာကျွေးခဲ့တယ်၊ မီးထွက်တဲ့အခါကျတော့ မီလာနီမှာ ဖိနပ်တောင် ကောင်းကောင်း စီးစရာ မရှိဘူး၊ အကောင်းဆိုလို့ တစ်ရန်ပဲ ကျန်တယ်၊ ကိုယ့်အတွက် သူ လုပ်ပေးခဲ့တာတွေကို မင်းအနေနှင့် မေ့ကောင်း မေ့မယ်၊ ဒါပေမယ့် ကိုယ် မမေ့နိုင်ဘူး အင်ဒီယာ၊

360

အက်ရှလေ သုံ့ပန်းစခန်းက ထွက်လာတော့ မမာဘူး၊ စိတ်ဓာတ်ကျပြီး ပြန်လာတယ်၊ ပိုက်ဆံတစ်ပြားမှ မရှိဘူး၊ နေစရာအိမ် မရှိဘူး၊ သူ့ကို စကားလက်က အစ်ကို အရင်းလို ခေါ်ကျွေးခဲ့တယ်၊ ကိုယ့် ဇာတိကို စွန့်ပြီး မြောက်ပိုင်းကို သွားအလုပ် လုပ်ဖို့ လုပ်တော့ စကားလက်က မသွားချင်ရင် မသွားပါနှင့်၊ သူ ဖန်တီးပေးပါ့မယ်ဆိုပြီး သစ်ခွဲစက်မှာ အလုပ်ရှာပေးတယ်၊ ဗိုလ်ကြီး ဘတ်တလာဆိုရင်လည်း အက်ရှလေကို ကယ်ခဲ့တဲ့လူ၊ တကယ်က အက်ရှလေ အတွက် ဘာမှ သူ ဝင်လုပ်ပေးစရာ အကြောင်း မရှိဘူး၊ ကိုယ်တော့ ကျေးဇူးတင်တယ် အင်ဒီယာ၊ စကားလက်ကိုရော ဗိုလ်ကြီး ဘတ်တလာကိုရော ကျေးဇူးတင်တယ်၊ မင်းသာ သူတစ်ပါး ကျေးဇူးကို မေ့ချင် မေ့ပါ၊ ကိုယ် မမေ့ပါရစေနှင့်၊ အက်ရှလေနှင့် ကိုယ့်အပေါ်မှာ သူ ပြုခဲ့ဖူးတဲ့ ကျေးဇူးကို မင်း မေ့ရက်တာ ကိုယ် အံ့ဩလို့ မဆုံးဘူး၊ ကိုယ့်အစ်ကိုကို ကယ်ခဲ့တဲ့ လူတစ်ယောက် အပေါ်မှာ မင်း ဒီလို ပြောတော့ ဘယ်ထိ ရောက်သွားသလဲ သိရဲ့လား၊ မင်း အစ်ကို့အသက်ကို မင်း တန်ဖိုး မထားရာ ရောက်သွားပြီ၊ တကယ်က မင်း ဗိုလ်ကြီး ဘတ်တလာနှင့် စကားလက်ကို ထိုင်ပြီးတောင် ရှိခိုးဖို့ ကောင်းတာ’

‘ကဲ ကဲ မီလာနီရယ် တော်ပါတော့၊ တစ်ယောက်နှင့် တစ်ယောက် ပြောမနေကြပါနှင့်တော့’



မှင်တက်မိနေရာမှ သတိပြန်ရလာသဖြင့် မစ္စက် မယ်ရီဝယ်သာက ခပ်သွက်သွက် ပြောလိုက်၏။



‘စကားလက်နှင့် ပတ်သက်လို့ ဒေါ်ဒေါ် ပြောတာလည်း မီလာနီ ကြားပါတယ်’ မီလာနီက မစ္စက် မယ်ရီဝယ်သာဘက်သို့

ချာခနဲ လှည့်၍ ပြောသည်။ သူ့ အမူအရာက ယှဉ်သတ်ပွဲတွင် လဲကျသွားသူ တစ်ဦး၏ ဝမ်းဗိုက်မှ ဓားကို ဆွဲနုတ်ပြီး ကျန်တစ်ယောက်ကို ရင်ဆိုင်ရန် လှည့်၍ ပြင်လိုက်သည့် ဓားသမား တစ်ယောက်၏ ဟန်နှင့် တူနေသည်။ ‘မစ္စက် အယ်လဆင်းရော အတူတူပဲ၊ ဒေါ်ဒေါ်တို့ စိတ်က အင်မတန် သေးနုပ်တယ်၊ ကျဉ်းမြောင်းတယ်၊ ဒေါ်ဒေါ်တို့ စိတ်ထဲမှာ စကားလက်ကို ဘယ်လိုပဲ ထင်ထင် ကျွန်မအဖို့ အရေးမကြီးဘူး ပြောစရာလည်း မလိုဘူး၊ ဒါပေမယ့် ကျွန်မ အိမ်လာပြီး ကျွန်မ ရှေ့တင် ပါးစပ်က ထုတ်ပြောတာမျိုးကိုတော့ ကျွန်မ သည်းမခံနိုင်ဘူး၊ ပြောရလိမ့်မယ်၊ ဒီလို ပြောဖို့ မပြောနှင့်၊ စိတ်ထဲက ပြစ်မှားတာတောင် လွန်လှပြီ၊ ဒေါ်ဒေါ်တို့ ယောက်ျားတွေ သေတာကို ကြည့်ချင်လို့လား၊ ဒေါ်ဒေါ်တို့ ယောက်ျားတွေကို တန်ဖိုး မထားဘူးလား၊ တန်ဖိုးထားရင် ဒေါ်ဒေါ်တို့ ယောက်ျားတွေကို ကယ်ခဲ့တဲ့လူ၊ သူ့အသက်ကို အန္တရာယ်အဖြစ်ခံပြီး ကယ်ခဲ့တဲ့ လူကို ဒေါ်ဒေါ်တို့ ကျေးဇူးမတင်ဘူးလား၊ တကယ်လို့သာ ဒီကိစ္စ အမှန်ကို ယန်ကီတွေ သိသွားရင် သူ့ကိုလည်း ကေသုံးလုံး ဂိုဏ်းဝင်လို့ ယန်ကီတွေက ထင်မသွားပေဘူးလား၊ ကြိုးစင် မတင်ပေဘူးလား၊ ဒီကြားထဲက ဗိုလ်ကြီး ဘတ်တလာဟာ အသက်စွန့်ပြီး ဒေါ်ဒေါ်တို့ ယောက်ျားတွေရဲ့ အသက်ကို ကယ်ခဲ့တယ်၊ မစ္စက် မယ်ရီဝယ်သာ ဆိုရင် ယောက္ခမ အထီးကြီးရော၊ တူနှစ်ယောက်ရော ပါတယ်၊ မစ္စက် ဆွန်နယ်မှာ မောင် ပါတယ်၊ မစ္စက် အယ်လဆင်းမှာ သမက်ပါတယ်၊ ဒေါ်ဒေါ်တို့ တော်တော် ကျေးဇူးကန်းတယ်၊ တကယ်ပဲ၊ ဒေါ်ဒေါ်တို့စကားကို ပြန်ရုပ်သိမ်းပါ၊ တောင်းပန်ပါ၊ ဒါပဲ’

မစ္စက် အယ်လဆင်းက မတ်တတ်ရပ်၍ သူ့အပ်ချုပ် ပစ္စည်းများကို ခြင်းထဲသို့ ပြန်ထည့်နေသည်။ စကား တစ်ခွန်းမျှ

မပြော။ အတန်ကြာမှ နှုတ်ခမ်းကို စေ့၍ ပြောသည်။

‘ဟင်း တော်တော်ရိုင်းတယ်၊ အစက ဒီလောက်ရိုင်းမှန်း မသိဘူး၊ တော်ပြီ၊ ရုပ်လည်း မရုပ်နိုင်ဘူး၊ တောင်းလည်း

မတောင်းပန်နိုင်ဘူး၊ အင်ဒီယာပြောတာ မှန်တယ်၊ စကားလက်ဆိုတဲ့ ကောင်မက ပျံတန်တန် နန့်တန့်တန့်၊ ပြည်တွင်းစစ် ဖြစ်တုန်းက သူ လုပ်ပုံတွေက တစ်သက် မမေ့ဘူး သိလား၊ ခုမှ ပိုက်ဆံလေး နည်းနည်းရှိတော့ ဘဝင်ကိုင်လာတာ၊ ဆင်းရဲသား အောက်တန်းစားက လာတယ်ဆိုတာလည်း မမေ့ဘူး၊ တစ်သက် မမေ့’

361



‘ဘာ မမေ့တာလဲ’ မီလာနီက လက်သီးဆုပ်နှစ်ဖက်ကို ပေါင်တွင် ကပ်ထားပြီး အော်သည်။ ‘သစ်စက် အုပ်ချုပ်တာ

ညံ့လို့ ဒေါ်ဒေါ့်သားကို စက်ရုံ အုပ်ချုပ်ရေးမှူးက လျှောချလိုက်လို့ မမေ့တာလား’

‘မီလာနီ၊ တော် တော်’



အားလုံးက ဝိုင်းအော်ကြသည်။



မစ္စက် အယ်လဆင်းက ခေါင်းကို ဆတ်ခနဲ မော့ကာ တံခါးဆီသို့ ထွက်၏။ တံခါး လက်ကိုင်ဘုကို ကိုင်၍ ရပ်ရင်း

နောက်ပြန် လှည့်ကြည့်သည်။

‘ဒီမှာ မီလာနီ’ သူ့အသံက အနည်းငယ် ပျော့သွားသည်။ ‘ဒေါ်ဒေါ် သိပ်ဝမ်းနည်းတယ်၊ ဒေါ်ဒေါ်က ညည်းအမေနှင့်

အခင်ဆုံး သူငယ်ချင်း၊ ညည်းကို မွေးတုန်းက ဒေါက်တာမိနှင့်အတူ ဒေါ်ဒေါ် မွေးပေးခဲ့ရတာ၊ ကိုယ့် သမီး အရင်းလိုလည်း ချစ်တယ်၊ ဒေါ်ဒေါ် တစ်သက်မှာ ညည်း ဒီလို နင်ပဲငဆ ပြောတာ တစ်ခါမှ မကြားဖူးခဲ့သေးဘူး၊ ခုတော့ ညည်းကို မကြာခင် ဒုက္ခပေးမယ့် စကားလက် အိုဟာရာဆိုတဲ့ မိန်းကလေးကြောင့်-’

မီလာနီ၏ မျက်နှာပေါ်သို့ မျက်ရည်တွေ စီးကျလာသည်။ သို့ရာတွင် မျက်နှာကမူ တင်းမာနေဆဲ။



‘ဒေါ်ဒေါ်တို့အားလုံး တစ်ခုတော့ သိထားစေချင်ပါတယ်၊ စကားလက်ဆီကို သွားပြီး တစ်ခေါက်တလေ နှုတ်ဆက်ဖော်

မရရင် မီလာနီဆီကိုလည်း နောက် ဘယ်တော့မှ မလာကြပါနှင့်’

တီးတိုးစကား ပြောသံများကို ကြားရ၏။ အမျိုးသမီးများက မတ်တတ် ထရပ်လိုက်ကြသည်။ မစ္စက် အယ်လဆင်းက

အပ်ချုပ် ပစ္စည်းထည့်သည့် ခြင်းကို ကြမ်းပေါ်သို့ လွှတ်ချကာ အခန်းထဲသို့ ပြန်ဝင်လာသည်။

‘လာမယ်ဟဲ့၊ လာမယ်၊ လာတော့ ဘာဖြစ်သလဲ၊ ဒီစကားတွေ ညည်း ပါးစပ်က ပြောချင်လို့ ပြောနေတာ မဟုတ်ဘူး၊

ငါ သိတယ်၊ ညည်း ဟိုကောင်မရဲ့ ဆေး မိနေတာ၊ ညည်းနှင့် ငါ ဆိုတာ ဆွေမျိုးဆိုလည်း ဟုတ်တယ်၊ မိတ်ဆွေဆိုလည်း ဟုတ်တယ်၊ တော်ပြီ၊ ဒီကောင်မ အကြောင်း နောက်ထပ် မပြောနှင့်တော့’

မစ္စက် အယ်လဆင်း တရှုံ့ရှုံ့ငိုနေသည်။ သူ ဖက်ထားသည့် ကြားထဲမှ မီလာနီကလည်း ငိုလျက်။ သို့ရာတွင် ဆေးမိ၍

ဤသို့ ပြောခြင်းမဟုတ်ကြောင်း၊ တကယ်ပြောနေခြင်းဖြစ်ကြောင်းဖြင့် ငိုရှိုက်ရင်း ပြောနေသည်။ အခြား အမျိုးသမီးများကလည်း ငိုနေကြသည်။ မစ္စက် မယ်ရီဝယ်သာကမူ လက်ကိုင်ပဝါထဲသို့ နှပ်ညှစ်လိုက်ကာ မစ္စက် အယ်လဆင်းနှင့် မီလာနီတို့ နှစ်ယောက်စလုံးကို ဖက်ထားသည်။ တစ်လျှောက်လုံး ထိတ်လန့်တကြား ကြည့်နေသည့် ဒေါ်လေး ပစ်တီက မူးမေ့ကာ ကြမ်းပေါ်သို့ ခွေကျသွားသည်။ အားလုံး မျက်ရည် သုတ်သူသုတ်၊ ရှူဆေးဘူး ရှာသူရှာ၊ ဘရန်ဒီ တိုက်သူ တိုက်ဖြင့် အလုပ်များသွားကြသည်။ ထိုအထဲတွင် တည်ငြိမ်တင်းမာသည့် မျက်နှာနှင့် ခြောက်သွေ့သည့် မျက်လုံး တစ်စုံ ရှိသူဟူ၍ အင်ဒီယာ တစ်ယောက်သာ ကျန်သည်။ အင်ဒီယာက အခန်းထဲမှ ထွက်လာခဲ့သည်။

နာရီအတန်ကြာ၍ ‘ခေတ်သစ်မယ်’ ပျော်ပွဲစားရုံတွင် တွေ့သည့်အခါ၌ ထိုအကြောင်းများကို ဘဘကြီး မယ်ရီဝယ်သာက

ဦးလေး ဟင်နရီအား ပြန်ပြောပြသည်။ မစ္စက် မယ်ရီဝယ်သာထံမှ သိခဲ့ရခြင်းဖြစ်၏။ ဘဘကြီး မယ်ရီဝယ်သာ ပြောပုံက

362

အားရပါးရ။ မြိန်ရေရှက်ရေ။ ခေါင်းမာသည့် သူ့ ချွေးမ မယ်ရီဝယ်သာကို အာခံပြောမည့်သူ ရှိသဖြင့် ဝမ်းသာအားရ ဖြစ်နေသည်။ သူ့ ချွေးမကို သူ ကိုယ်တိုင်ပင်လျှင် ပြန်မပြောရဲ။ ယခု ပြောရဲသူ ပေါ်လာပြီ။

‘ဒါဖြင့် ဒီ မတော်မနှမ်း အမျိုးသမီးတွေ နောက်ဆုံး ဘယ်လို ဖြစ်သွားကြသတဲ့လဲ’



ဦးလေး ဟင်နရီက စိတ်တိုတိုဖြင့် မေးသည်။



‘ဘယ်လို ဖြစ်မှန်းတော့ မသိဘူးကွ’ ဘဘကြီးက ပြောသည်။ ‘ကြည့်ရတာတော့ မီလာနီက နိုင်သွားပုံရတယ်၊

တစ်ခေါက်စီလောက်တော့ သွားတွေ့လိမ့်မယ် ထင်တာပဲ၊ မင်း တူမ ဘယ်ဆိုးလို့လဲကွ’

‘မီလာနီက

အလကား

နုံတုံတုံရယ်၊

အမျိုးသမီးတွေ

ပြောတာ

မှန်သားပဲ၊

စကားလက်ဆိုတဲ့ ကလေးမက

ခပ်ပျံပျံကလေးရယ်၊ ကျွန်တော့်တူ ချားလ် ဆိုတဲ့ကောင်က ဘာကိုများ သဘောကျလို့ လက်ထပ်သလဲ မသိဘူး’ ဦးလေး ဟင်နရီက မျက်နှာထားကြီးဖြင့် ပြောလိုက်၏။ ‘ဒါပေမယ့် တစ်ဖက်က လှည့်ကြည့်တဲ့ အခါကျတော့ မီလာနီလည်း မှန်တာပဲ၊ ရက် ဘတ်တလာ ကယ်ခဲ့တဲ့ လူတွေရဲ့ မိသားစုတွေကတော့ တစ်ခေါက်တလေ သွားလည်သင့်တာပေါ့၊ ဒီကိစ္စမှာတော့ ဘယ်သူ ဘာပြောပြော ရက် ဘတ်တလာ မှန်တယ်၊ အဲဒီညက ကျွန်တော်တို့ကို ကယ်ထုတ်သွားပုံက တော်တော်လေး ပိရိတာပဲ၊ ကျွန်တော် မကြိုက်တာက စကားလက်ဆိုတဲ့ သူငယ်မကိုသာ မကြိုက်တာ၊ ကျွန်တော်ကတော့ သွားနှုတ်ဆက်ရမှာပဲ၊ သူ့ဘာသာ သူ မှောင်ခိုသမား မကလို့ ဘာကြီး ဖြစ်နေနေပေါ့၊ ပြီးတော့လည်း ကိုယ့်တူရဲ့မိန်းမပဲ မဟုတ်လား၊ သွားဆို ဒီနေ့ ညနေပဲ သွားမယ်’

‘ဟေ့ ငါလည်းလိုက်မယ်ကွ၊ ငါ သွားတာ သိရင် ငါ့ ချွေးမတော့ ဘုံဆောင့်နေမှာပဲ၊ နေဦးဟေ့၊ ငါ နောက်တစ်ခွက်လောက်

ချလိုက်ဦးမယ်’

‘နေဦးလေ၊ ရက် ဘတ်တလာ အတွက် တစ်ခွက် သောက်ရမယ်၊ သူ့ဆီကျမှ ထပ် သောက်ရမယ်၊ သူ့ဆီမှာ အရက်

ကောင်းကောင်းတွေ ရှိတတ်တယ်’

တောင်ပိုင်းသား၏ ဝံသာနု စိတ်ဓာတ်သည် မည်သည့်အခါမျှ လက်နက် မချဟု ရက် ဘတ်တလာက ပြောဖူး၏။ သူ့

စကား မှန်သည်။ သူတို့ဆီ အလည်လာကြခြင်းမှာ မကောင်းတတ်၍ လာကြခြင်းဖြစ်ကြောင်း စကားလက် ကောင်းကောင်း သိသည်။ ရက် ဘတ်တလာကြောင့် အသက် ချမ်းသာရာ ရသွားသူများ၏ မိသားစုများက ပထမ လာလည်ကြသည်။ သို့ရာတွင် နောက်၌မူ သိပ်မလာတော့။ အလာ ကျဲသွားကြသည်။ ရက် ဘတ်တလာတို့ လင်မယားကိုမူ သူတို့ အိမ်သို့ ဖိတ်ခေါ်ခြင်း မပြုကြ။

မီလာနီ စိတ်ဆိုးမှာ ကြောက်၍ လာကြခြင်းသာဖြစ်သည်။ သူတို့ သဘောကမူ လာချင်ပုံ မရဟု ရက် ဘတ်တလာက

ပြောပြ၏။ ဤအတွေးမျိုးကို ရက် ဘတ်တလာ မည်သို့ မည်ပုံ ရသည်ဟု စကားလက် မသိ။ သို့ရာတွင် စကားလက်ကမူ ရက် ဘတ်တလာ၏ ထင်မြင်ချက်ကို လက်မခံ။ မီလာနီ စိတ်ဆိုးရမည်ကို ကြောက်ရအောင် မီလာနီက မည်သည့် မိန်းမမျိုး ဖြစ်၍ ကြောက်ရမည်နည်း ဟူသော အတွေးဖြင့် ရက် ဘတ်တလာ၏ အထင်ကို ပယ်ချလိုက်သည်။ မစ္စက် မယ်ရီဝယ်သာတို့၊ မစ္စက် အယ်လဆင်းတို့ တစ်ခေါက်သာ ပေါ်လာပြီးနောက် မပေါ်လာကြသည့်အခါတွင်မူ စကားလက် စိတ်ထဲတွင် အနည်းငယ်

363

ထင့်စပြုလာ၏။ သူတို့အခန်းသို့ လာကြသူများက ‘လူစိမ်း’ တွေဟု အတ္တလန်တာ မြို့သူမြို့သားများက ခေါ်လေ့ရှိသည့် လူမျိုးတွေချည်း။ နည်းတူ

သူတို့ တည်းခိုရာ နေရှင်နယ် ဟိုတယ်တွင်လည်း ‘လူစိမ်း’ တွေ ပြည့်နေသည်။ ရက် ဘတ်တလာနှင့် စကားလက်တို့ အိမ်သစ်

ဆောက်မပြီးခင်

အခန်းငှားနေကြသူများ

ဖြစ်သည်။

ရက်

ဘတ်တလာ၏

နယူးအော်လီယန်းမှ

မိတ်ဆွေများကဲ့သို့ပင် ငွေကို ရေလို သုံးကာ ခပ်ပျော်ပျော် နေကြသူများဖြစ်သည်။ သူတို့ ဆွေမျိုးနောက်ခံကလည်း မထင်မရှား။ အညတရတွေ။ သူတို့အားလုံး ရီပါဘလီကန်များ ဖြစ်၍ ‘အစိုးရနှင့် ပတ်သက်သည့် အရောင်းအဝယ်ကိစ္စများ’ ဖြင့် အတ္တလန်တာသို့ ရောက်နေကြသူများချည်း ဖြစ်သည်။ မည်သည့် အရောင်းအဝယ် ကိစ္စမျိုး ဆိုသည်ကိုမူ စကားလက် နားမလည်။ နားလည်အောင်လည်း လေ့လာခြင်း မပြုမိ။

ရက် ဘတ်တလာကမူ မည်သည့် အရောင်းအဝယ်မျိုး ဖြစ်သည်ကို သိလိမ့်မည်။ ခွေးသေကောင် လင်းတ ဝဲသည်နှင့်

တူသော အလုပ်မျိုးဖြစ်သည်။ အပုပ်နံ့ ရှိရာသို့ ဝိုင်းအုံ ရောက်လာတတ်ကြကာ ဝလင်အောင် စားသောက်ကြသည်။ ယခု ဂျော်ဂျီယာပြည်နယ် အစိုးရလည်း မရှိတော့။ အနိစ္စ သဘောသို့ ရောက်ပြီ။ အပုပ်နံ့ ထွက်နေပြီ။ ဤသည်၌ ထိုလင်းတများသည် အုပ်လိုက် ရောက်လာကြသည်။

ရက် ဘတ်တလာသည် မိတ်ဆွေ ကော်ဇောအိတ်သမားများ၏ ဇနီးများ သူတို့ထံသို့ မကြာခဏ လာတတ်ကြသည်။

စကားလက် သစ်ဆိုင်ဖွင့်စဉ်က သိခဲ့သော ‘လူစိမ်း’ များကလည်း မကြာခဏ လာတတကြသည်။ သူတို့နှင့် အလုပ်အကိုင် လုပ်ခဲ့ဖူးသည့်အလျောက် သူတို့ကို ဧည့်ဝတ်ပြုသင့်သည်ဟု ရက် ဘတ်တလာက ပြော၏။ စကားလက်က သူတို့ကို ဧည့်ဝတ်ပြုသည်။ သူတို့ကို ဧည့်ဝတ်ပြုရသည့်အတွက် စကားလက် ပျော်သည်။ သူတို့ဝတ်သည့် အဝတ်အစားများက လှလှပပ၊ သစ်သစ်လွင်လွင်တွေ။ ပြည်တွင်းစစ်အကြောင်း၊ လူတွေ ဒုက္ခရောက်ခဲ့ရသည့် အကြောင်းများကို တစ်ခွန်းမျှ မပြောကြ။ အဝတ်အစား ဖက်ရှင်၊ ကြာခိုသည့်ကိစ္စနှင့် ပိုကာ ကစားသည့် အကြောင်းများလောက်ကိုသာ ပြောကြသည်။ စကားလက် ယခင်က တစ်ခါမျှ ဖဲမကစားဖူးခဲ့။ ယခု ဖဲကစားတတ်နေပြီ။ ပိုကာဆွဲရသည်ကို အရသာတွေ့နေပြိ။ တစ်ခဏ အတွင်း ပိုကာ တွဲကောင်းသူ တစ်ယောက် ဖြစ်နေပြီ။

စကားလက် အပြင် မထွက်သည့် နေ့များ၌ ဟိုတယ်က သူတို့အခန်းစုံတွင် ပိုကာ ကစားသူများ ပြည့်နေတတ်သည်။

သို့ရာတွင် ယခုတလော စကားလက် ဟိုတယ်မှ အခန်းစုံတွင် သိပ်မရှိလှ။ အိမ်သစ်ဆောက်ရာသို့ သွားကြည့်နေသည်က များသည်။ သူတို့ အခန်းစုံသို့ ဧည့်သည် မလာလျှင်လည်း စကားလက်အဖို့ အရေးမကြီး။ ဧည့်ခံချိန် မရှိ။ အိမ်ကို မြန်မြန်ပြီးအောင် ဆောက်ရမည်။

အိမ်ဆောက်မပြီးမချင်း

ပေါင်းသင်းဆက်ဆံရေး

ကိစ္စများကို

ဂရုမစိုက်နိုင်။

အိမ်ဆောက်ပြီးမှသာ

အတ္တလန်တာက အကြီးဆုံး အိမ်ကြီး၏ အိမ်ကြီးရှင် သခင်မ အဖြစ် ဧည့်ခံတော့မည်။ အတ္တလန်တာက အခမ်းနားဆုံး ပျော်ရွှင်ပွဲများတွင် အိမ်ရှင်မ အဖြစ် ဧည့်ခံတော့မည်။

ရှည်လျား

ပူနွေးသည့်

ရာသီတစ်ခုလုံး

စကားလက်သည်

နှမ်းဖတ်ကျောက်နီနီနှင့်

ဂဝံကျောက်ပြာပြာတို့ဖြင့်

ဆောက်သည့် အိမ်ကြီး တဖြည်းဖြည်း မြင့်တက်လာသည်ကို ကြည့်ရင်း အချိန်ကုန်သည်။ အိမ်ကြီး ပြီးလျှင် မက်မုံပင် လမ်းက အခြား အအောက်အအုံများ အားလုံးကို မိုးနေမည်မှာ သေချာသည်။ သစ်ခွဲစက်နှင့် ကုန်တိုက်ကိုလည်း စကားလက် မေ့နေပြီ။ လက်သမားများနှင့် ငြင်းခုံခြင်း၊ ပန်းရံဆရာများနှင့် ရန်ဖြစ်ခြင်း၊ ကန်ထရိုက်တာကို လောဆော်ခြင်း စသည့်

364

ကိစ္စများဖြင့် အိမ်ဆောက်ရာတွင်သာ အချိန် ကုန်လျက် ရှိ၏။ နံရံများ တက်လာသည်ကို ကြည့်ရင်း သူ့အိမ်သည် ဤမြို့တွင် အကြီးဆုံးအိမ် ဖြစ်တော့မည်ဟု တွေးကာ စကားလက် ပီတိဖြစ်နေသည်။ အစိုးရက ဘုရင်ခံ၏ စံအိမ် လုပ်ရန် ဝယ်လိုက်သည့် အိမ်ကြီးထက်ပင် ကြီးနေလိမ့်မည်။

ဘုရင်ခံ၏ စံအိမ်က ခေတ်ဆန်သည်။ လက်ရန်းများ၊ ပန်းဆွဲများတွင် ကနုတ်ပန်းတွေ ထည့်ထားသည်။ သို့ရာတွင်

စကားလက်၏ အိမ်နှင့် ယှဉ်လျှင် ဘုရင်ခံ၏ အိမ်သည် ရှက်စရာပင် ကောင်းနေသည်။ ဘုရင်ခံစံအိမ်က ပွဲတက်ဆောင် သတ်သတ် ရှိသည်။ သို့ရာတွင် စကားလက်၏ အိမ်မှာ ပွဲတက်ဆောင်က အထပ် တစ်ထပ်လုံး ဖြစ်ရာ သူ့ ပွဲတက်ဆောင်နှင့် စာလျှင် ဘုရင်ခံ၏ စံအိမ်မှ ပွဲတက်ဆောင်သည် ဘိလိယက် စားပွဲခုံလောက်သာ ရှိတော့မည်။ စကားလက်၏ အိမ်က ဘုရင်ခံ၏ အိမ်ထက် အဘက်ဘက်က သာသည်။ ပြာဿဒ် အဆောင်ဆောင်၊ သူရဲခို အသွယ်သွယ်၊ လသာဆောင် အခန်းခန်းဖြင့် ခမ်းနားသည်။ မိုးကြိုးလွှဲများ တပ်ထားသည်။ ပြတင်းပေါက်ကျယ်ကြီးများတွင် ရောင်စုံ မှန်တွေ တပ်ထား၏။

အိမ်ပတ်ပတ်လည်တွင် ဝရန်တာ ထုတ်ထား၏။ အဖီ လေးဖက်တွင် လှေကား လေးစင်း၊ လှေကားထစ် လေးထစ်ဖြင့်

အိမ်ရှေ့ ကွက်လပ် ကျယ်ပြန့် စိမ်းလန်းသည့် မြက်ခင်းပြင်တွင် ထိုင်ခုံများ ခင်းထားသည်။ ‘လသာဆောင်’ ဟု ခေါ်ကြသည့် လေညင်းခံ အဆောက်အအုံကလေးများကလည်း နေရာအနှံ့။ ပုံစံက ဂေါသစ် ဗိသုကာလက်ရာ။ ကြေးရုပ်တုကြီး နှစ်ခုလည်း စိုက်ထားသည်။ တစ်ရုပ်က သမင်ရုပ်။ နောက် တစ်ရုပ်က ခွေးသမင်ရုပ်။ အရုပ်ကြီး နှစ်ရုပ်လုံးက တကယ့် သက်ရှိ သတ္တဝါလောက် ကြီးသည်။ ဝိတ်ကလေးနှင့် အယ်လာတို့ကမူ သူတို့ အိမ်သစ်ကြီး၏ အရွယ်အစား ခမ်းနားကြီးကျယ်ခြင်းနှင့် ခေတ်ဆန်သည့် မှောင်ရီရီ အလင်းတို့ကို ကြည့်၍ အံ့ဩနေကြသည်။ သူတို့ အကြိုက်ဆုံးမှာ ကြေးရုပ်ကြီး နှစ်ရုပ်ပင် ဖြစ်သည်။

အိမ်ထဲတွင်လည်း စကားလက် စိတ်တိုင်းကျ ပြင်ဆင်မွမ်းမံစေသည်။ ကော်ဇောနီကြီးကို ခန်းလုံးပြည့် ခင်းထားသည်။

ကတ္တီပါ ထိုင်ဖုံများနှင့် တဖိတ်ဖိတ်လက်နေသည့် ဝက်သစ်ချသား ပရိဘောဂတွေက အသစ်စက်စက် တွေချည်း။ တစ်လက်မ မကျန် ကနုတ်ပန်းနွယ်တို့ ထွင်ထားပြီး အချောစား မြင်းမွေးများ ခင်းထားသည်။ ထိုင်ဖုံတွင် ထိုင်လျှင် လျှောမကျအောင် မနည်းကြီး သတိထား၍ ထိုင်ရ၏။ နံရံများပေါ်တွင် ရွှေပေါင်ခတ်သည့် ကြည့်မှန်ကြီးတွေ ပတ်ပတ်လည် တပ်ထားသည်။ ဘဲလ် ဝက်တလင်း၏ အိမ်မှာကဲ့သို့ပင် များသည်ဟု ရက် ဘတ်တလာက မပြောချင် ပြောချင် ပြောပြသည်။ ထိုမှန်များ ကြားတွင် ပေါင်ထူထူ၊ တစ်ချပ်လျှင် ရှစ်ပေခန့် ရှည်သည့် သံမဏိ ပန်းခက်ထွင်း ပန်းချီကားတွေ ချိတ်ထားသည်။ ထိုသံမဏိထွင်း ပန်းချီကားများကို နယူးယောက်မှ မှာခြင်းဖြစ်၏။ နံရံများတွင် အနက်ရောင် နံရံကပ် စက္ကူကပ်လျက်။ မျက်နှာကြက်က ခပ်မြင့်မြင့်။ ပြတင်းပေါက်များကို ဆီးတော်သီးမှည့်ရောင် ကတ္တီပါ ခန်းဆီး ထူထူကြီးများ ကာထားသဖြင့် အိမ်ကြီးက အမြဲတမ်း မှောင်ရီရီ ဖြစ်နေသည်။ နေရောင် ကောင်းကောင်း မဝင်။

အိမ်ကြီး၏ ခမ်းနား ကြီးကျယ်ပုံက အသက်ရှူမှားလောက်သည်။ စကားလက်က အိစက်နေသည့် ကြမ်းခင်း

ကော်ဇောကြီးများပေါ်တွင် လျှောက်ကြည့်သည်။ အိစက်နေသည့် ငှက်မွေး မွေ့ရာကြီးပေါ်သို့ လှဲအိပ်သည်။ မြိုင်သာယာက အေးစက်မာကြောသည့် ကြမ်းပြင်နှင့် ကောက်ရိုးတွေ ခင်းထားသည့် အိပ်ရာများကို ပြန်၍ အမှတ်ရကာ သူ့ဘဝကို သူ ကျေနပ်နေသည်။ သူ့ တစ်သက်တွင် ဤမျှ လှပသည့် အိမ်ကြီးမျိုးကို တစ်ခါမျှ မမြင်ဖူးသေး။ သို့ရာတွင် ရက် ဘတ်တလာကမူ ဤအိမ်ကြီးကို မြင်ရခြင်းမှာ ခြောက်အိပ်မက် မက်သည်နှင့် အတူတူဟု ပြောပြ၏။ သို့တိုင်အောင် စကားလက် သဘောကျသည် ဆိုလျှင် ကြိုက်သလို ပြင်ဆင်ခွင့်ပေးသည်။

365



‘သူစိမ်း လူတွေကတော့ ဒီ အိမ်ကြီးကို မတရား စီးပွားရှာရတဲ့ငွေတွေနှင့် ဆောက်တယ်ဆိုတာ မပြောဘဲနှင့်

တန်းသိကြမှာပဲ၊ မကောင်းမှုနှင့် ရတဲ့ ပိုက်ဆံထဲက ဘယ်တော့မှ အကောင်း ထွက်မလာဘူးဆိုတဲ့ စကားတစ်ခု ရှိတယ်၊ ခု ကျုပ်တို့ အိမ်ကြီးက ဒီ စကားပုံအတိုင်း ဖြစ်နေပြီ၊ ဒီအိမ်မျိုးက မှောင်ခို အမြတ်ကြီးစားတွေသာ ဆောက်တဲ့ အိမ်မျိုး’

ရက် ဘတ်တလာက ပြော၏။ သို့ရာတွင် စကားလက် ဂုဏ်ယူသည်။ ပျော်သည်။ အိမ်ပြီးလျှင် မည်သို့ မည်ပုံ

ဧည့်ခံပွဲတွေ ကျင်းပမည်ဟု စိတ်ကူးဖြင့် ရူးနေသည်။ စကားလက်က သူ့ နားရွက်ကို ဆွဲလိမ်ရင်း

‘မောင်ဟာ ကတ်သီးကတ်သတ်ကို ပြောတတ်တယ် သိလား’



ယခုမူ ရက် ဘတ်တလာ အကြောင်းကို စကားလက် ကောင်းကောင်းသိပြီ။ ရက် ဘတ်တလာက အကျီစား သန်သည်။

အကွက် မတွေ့နှင့်၊ တွေ့လျှင် နောက်တတ် ပြောင်တတ်သည်။ သူ နောက်သည် ပြောင်သည်ကို ဗွေယူနေလျှင် လင်မယား ထသတ်နေကြသည်နှင့် အချိန်ကုန်တော့မည်။ ထို့ကြောင့် ရက် ဘတ်တလာ မည်သို့ဆိုဆို စကားလက် ဗွေမယူတော့။ ထုံသွားပြီ။ သူ အတည်ပြောလျှင်လည်း စကားလက် ရယ်စရာ လုပ်ပစ်လိုက်သည်။ အနည်းဆုံး ရယ်စရာ လုပ်ပစ်ဖို့ ကြိုးစားသည်။

မင်္ဂလာဦး ခရီးတစ်လျှောက်နှင့် နေရှင်နယ် ဟိုတယ်က အခန်းစုံတွင် နေစဉ်အတွင်း၌ သူတို့နှစ်ယောက်စလုံးအတွက်

အဆင်ပြေသည်။ ချစ်ချစ် ခင်ခင် ကြင်ကြင်နာနာ ရှိသည်။ သို့ရာတွင် အိမ်သစ်သို့ ပြောင်းလာပြီး စကားလက်က သူ့မိတ်ဆွေများနှင့် တရုန်းရုန်း ဖြစ်နေသည့်အခါတွင်မူ သူတို့ လင်မယား မကြာခဏ စကားများကြသည်။ သူတို့ ရန်ပွဲသည် သိပ် မကြာလှ။ ခဏကြာလျှင် ပြန်၍ တည့်သွားကြ၏။ ရက် ဘတ်တလာက အမှတ်သညာ မရှိ။ စကားလက်က ဒေါသတကြီး ပြောနေလျှင် ဂရုမစိုက်သည့်နှယ် မထုံတက်သေး လုပ်နေကာ အချက်ပေါ်လာသည်နှင့် စကားလက်၏ ပျော့ကွက်ကို ဝင်နင်းတတ်သည်။ ထိုအခါတွင် စကားလက် ဒေါသတကြီးဖြင့် ရန်ဖြစ်သည်။ ရက် ဘတ်တလာက ရန်မဖြစ်။ ဆူပူခြင်း မပြု။ စကားလက် နေပုံ ထိုင်ပုံ၊ စကားလက်၏ အိမ်နှင့် စကားလက်၏ မိတ်ဆွေသစ်များ အကြောင်းကို ထင်မြင်ချက် ပေးတတ်သည်။ သူ့ ထင်မြင်ချက်များကို စကားလက် ဂရုမစိုက်သော်လည်း တစ်ခါတစ်ရံတွင်မူ လျစ်လျူရှု၍ မရ။ နောက်ပြောင်ခြင်းသာ ဖြစ်သည်ဟု သဘောထားလိုက်ရသည့် အခါမျိုးလည်း ရှိသည်။

ဥပမာအားဖြင့် စကားလက်က ဖရင့် ဖွင့်သွားသည့် ‘ဖရင့် အထွေထွေ စတိုးဆိုင်ကြီး’ ဟူသော နာမည်အစား

ထို့ထက် ခံ့ညားသည့် အမည်တစ်ခု ပြောင်းချင်သည်။ ထို့ကြောင့် စကားလက်က ‘ကုန်ပဒေသာဆိုင်’ ဟူသော စားလုံးပါသည့် အမည်တစ်ခုကို စဉ်းစားပေးရန် ရက် ဘတ်တလာကို ပြောသည်။ ရက် ဘတ်တလာက ‘ပဝတ္တိ ကုန်ပဒေသာဆိုင်ကြီး’ ဟု အမည်ပေးကာ ဤအမည်သည် ကုန်တိုက်တွင် ရောင်းသည့် ပစ္စည်း အမျိုးအမည်နှင့် အလိုက်လျောဆုံး ဖြစ်ကြောင်း ပြောပြသည်။ စကားလက် ထိုအမည်ကို သဘောကျ၏။ နာမည်ကို ရွတ်ဆိုရသည်က ခံခံညားညား ထည်ထည်ဝါဝါ ရှိသည် မဟုတ်လော။ ထို့ကြောင့် စကားလက် ထိုအမည်ကို ချိတ်ရန် ဆိုင်းဘုတ်ရေးစေသည်။ အက်ရှလေက မျက်နှာပျက်ပျက်ဖြင့် ပဝတ္တိ

ဆိုသည့်

အဓိပ္ပာယ်မှာ

အတုအပကို

ဆိုလိုခြင်းဖြစ်ကြောင်း၊

သို့ဆိုလျှင်

အတုအပကို

ကုန်ပဒေသာဆိုင်ဟု

အဓိပ္ပာယ်ထွက်ကြောင်း ရှင်းပြသည်။ ရက် ဘတ်တလာကမူ စကားလက် ဒေါပွသည်ကို ကြည့်၍ ခွက်ထိုး ခွက်လန် ရယ်သည်။

ကြီးဒေါ်ကို

ရက်

ဘတ်တလာက

ဆက်ဆံပုံ

တစ်မျိုး

ရှိသေးသည်။

ကြီးဒေါ်သည်

ရက်

ဘတ်တလာနှင့်

366

ပတ်သက်လာလျှင် သူ့အထင်ကို တစ်စက်မျှ အလျှော့မပေး။ ရက် ဘတ်တလာသည် မြင်း ကကြိုးတန်ဆာဆင်ထားသည့် လားဟု ထင်ဆဲ ဖြစ်၏။ ရက် ဘတ်တလာကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံသည့်တိုင် ခပ်တန်းတန်း။ ယခုထိ ‘ဗိုလ်ကြီး ဘတ်တလာ’ ဟု ခေါ်ဆဲ။ အစ်ကိုလေးဟု ခေါ်ရန် စကားလက်က ကျိတ်၍ သွန်သင်သည့်တိုင် ကြီးဒေါ် လက်မခံ။ ရက် ဘတ်တလာက သူ့ဖို့ ဇော်ဂျီရောင် ကတ္တီပါ ဝတ်စုံ တစ်စုံ ဝယ်ပေးသည့်တိုင် ကျေးဇူးစကားတစ်ခွန်းမျှ မပြော။ ထုတ်၍လည်း မဝတ်။ ဝိတ်ကလေးက ရက် ဘတ်တလာကို ‘ဦးလေး’ ဟု ခေါ်၍ ရက် ဘတ်တလာကလည်း ဝိတ်ကလေးကို ချစ်သည့်တိုင် ဝိတ်ကလေးနှင့် အယ်လာကို ရက် ဘတ်တလာနှင့် တတ်နိုင်သမျှ ဝေးဝေးထားသည်။ သို့ရာတွင် ရက် ဘတ်တလာသည် ကြီးဒေါ်ကို ထုတ်မပစ်။ သူ့အပေါ်တွင် စိတ်လည်း မဆိုး။ မောက်မောက်မာမာလည်း ဆက်ဆံခြင်းမပြု။ လေးလေးစားစား ဆက်ဆံသည်။ စကားလက်၏ မိတ်ဆွေသစ်များထက် ကြီးဒေါ်ကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံသည်။ စင်စစ် စကားလက် အပေါ်တွင် ယဉ်ကျေး သိမ်မွေ့သည်ထက်ပင် ကြီးဒေါ် အပေါ်တွင် ပိုသေးသည်။

ဝိတ်ကလေးကို လေညင်းခံ ထွက်ဖို့ ခေါ်လျှင် ကြီးဒေါ်ကို ခွင့်တောင်းပြီးမှ ခေါ်သည်။ အယ်လာဖို့ ယမင်းရုပ်

ဝယ်မည်ဆိုလျှင် ကြီးဒေါ်ကို တိုင်ပင်ပြီးမှ ဝယ်သည်။ ကြီးဒေါ်ကမူ သူ့အပေါ်တွင် ခပ်တန်းတန်း။ ခပ်မှန်မှန်။

အိမ်ထောင်ဦးစီး ဖြစ်သည့်အလျောက် ရက် ဘတ်တလာ အနေဖြင့် ကြီးဒေါ်ကို ခပ်ပြတ်ပြတ် ဆက်ဆံသင့်သည်ဟု

စကားလက် ထင်သည်။ သို့ရာတွင် ရက် ဘတ်တလာက ရယ်ရုံမျှသာ ရယ်သည်။ တကယ့် အိမ်ထောင်ဦးစီးသည် သူ မဟုတ်၊ ကြီးဒေါ်သာ ဖြစ်သည်ဟု ပြောတတ်သည်။

ဂျော်ဂျီယာ ပြည်နယ်တွင် ရီပါဘလီကန် အုပ်စိုးမှု ပြိုကျပြီး ဒီမိုကရက်တို့ အာဏာ ပြန်ရလာမည် ဆိုပါက

စကားလက်အတွက် သူ ဝမ်းနည်းမဆုံး ဖြစ်မိမည်ဖြစ်ကြောင်း ရက် ဘတ်တလာက ခပ်တည်တည် ပြောသည်တွင် စကားလက် ယမ်းပုံမီးကျ ဖြစ်ရသည်။

‘ဒီမိုကရက်ထဲက ဘုရင်ခံဖြစ်ပြီး ကိုယ်ပိုင်ဥပဒေပြု လွှတ်တော် ရှိစေချင်တယ်၊ မင်း ရီပါဘလီကန် လူယုတ်မာတွေကို

တစ်ခါတည်း ဆွဲချပြီး နောက်ဖေးကျုံးတဲ့ အလုပ် ခိုင်းရမယ်၊ သူတို့ နေရာမှန်ကို ပြန်အသွားခိုင်းရမယ်၊ မင်းလည်း အပေါင်းအသင်း

တစ်ယောက်မှ

ရှိတော့မှာ

မဟုတ်ဘူး၊

ဒီမိုကရက်တွေကရော၊

ရီပါဘလီကန်တွေကရော

မင်းကို

အပေါင်းအသင်း လုပ်ကြတော့မှာ မဟုတ်ဘူး၊ အေးလေ နောင်ရေးကို တွေးမနေနှင့်ပေါ့ ဟုတ်လား’

စကားလက်က ရယ်သည်။ ရယ်မည်ဆိုလျှင်လည်း ရယ်ထိုက်သည်။ ယခုအချိန်တွင် ရီပါဘလီကန် ဘုရင်ခံ

ဘူးလော့သည် ဘုရင်ခံ ကုလားထိုင်တွင် မြဲနေပြီ။ ဥပဒေပြု လွှတ်တော်တွင် ကပ္ပလီ အမျိုးသား နှစ်ဆယ့် ခုနှစ်ယောက် နေရာ ရနေပြီ။ မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ ဒီမိုကရက် ထောင်ပေါင်းများစွာကို မဲပေးခွင့် ရုပ်သိမ်းပြီးပြီ။

‘မောင့်

ဒီမိုကရက်တွေ

ဘယ်တော့မှ

အာဏာ

ပြန်မရတော့ပါဘူး

သိလား၊

သူတို့လုပ်ရင်

ယန်ကီတွေက

ဖိနှိပ်ပစ်လိုက်ရုံပေါ့၊ သူတို့ ဘာလုပ်နိုင်သလဲ၊ စကားကြီး စကားကျယ် ပြောမယ်၊ ကေသုံးလုံး လျှို့ဝှက်ဂိုဏ်း ဖွဲ့ပြီး လူ လိုက်သတ်မယ်၊ ဒါပဲ လုပ်နိုင်မှာပေါ့’

‘မယုံရင် စောင့်ကြည့်ပေါ့၊ တောင်ပိုင်းသား အကြောင်းကို ကျုပ် ကောင်းကောင်း သိတယ်၊ ဂျော်ဂျီယာ ပြည်နယ်သားရဲ့

သတ္တိကို သိတယ်၊ ဂျော်ဂျီယာပြည်နယ်သားက ခေါင်းမာတယ်၊ ဇွတ်တရွတ်လည်း နိုင်တယ်၊ အာဏာ ပြန်ရဖို့အတွက်

367

နောက်ထပ် ပြည်တွင်းစစ် တစ်ခုကို တိုက်ဖို့လိုအပ်လာရင်လည်း တိုက်ဦးမှာပဲ၊ ယန်ကီတွေ လုပ်သလို ကပ္ပလီ မဲဆန္ဒတွေကို ဝယ်ဆိုလည်း ဝယ်မှာပဲ၊ ယန်ကီတွေ လုပ်သလို သေပြီးသား လူတွေရဲ့ မဲတွေကို လိမ်ထည့်ဖို့ လိုရင်လည်း ထည့်မှာပဲ၊ ဂျော်ဂျီယာမှာ ရှိတဲ့ သင်္ချိုင်းတွေ အားလုံး အလောင်းကောင်တွေ အားလုံးကို မဲရုံထဲ ဆွဲသွင်းဖို့ လိုရင်လည်း သွင်းလာမှာပဲ၊ ကျုပ်တို့ရဲ့မိတ်ဆွေကြီး လူးလော့ရဲ့ အုပ်ချုပ်မှုအောက်မှာ အခြေအနေ တော်တော်ဆိုးနေပြီ၊ ဂျော်ဂျီယာ ပြည်နယ်သားက ကြာကြာ သည်းခံနိုင်တော့မှာ မဟုတ်ဘူး’

‘မောင် ဘာတွေ လျှောက်ပြောနေတာလဲ ဟင်’ စကားလက်က အော်သည်။ ‘မောင် ပြောပုံက ဒီမိုကရက်တွေ

ပြန်အာဏာ ရရင်ပဲ စကားလက်က မကြိုက်သယောင်ယောင် ပြောနေတယ်၊ စကားလက်က ဒီလိုမဟုတ်ပါဘူး၊ ဒီမိုကရက်တွေ အာဏာ ပြန်ရစေချင်တာပေါ့၊ အတ္တလန်တာမှာ ယန်ကီ စစ်သားတွေ တွင်ကျယ်နေတာကို စကားလက် သဘောကျတယ်လို့ မောင် ထင်နေလို့လား၊ စကားလက်လည်း တောင်ပိုင်းသူ ဂျော်ဂျီယာသူပဲ၊ ဒီမိုကရက်တွေ ပြန်ပြီး အာဏာ ရစေချင်တာပေါ့၊ ဒါပေမယ့် သူတို့ ပြန်ပြီး အာဏာ မရတော့ပါဘူး၊ နောင်လည်း ဘယ်တော့မှ ပြန်အာဏာ ရတော့မှာ မဟုတ်ဘူး၊ ရရင်လည်း စကားလက် မိတ်ဆွေ အပေါင်းအသင်းတွေကို ဘာထိခိုက်စရာ ရှိသလဲ၊ သူတို့မှာ ပိုက်ဆံတွေ ချမ်းသာနေဦးမှာပဲ မဟုတ်ဘူးလား’

‘အဲဒီ ပိုက်ဆံတွေ ကျန်သေးရင်တော့ ချမ်းသာနေဦးမှာပေါ့၊ ဒါပေမယ့် သူတို့ ခုအတိုင်း သုံးဖြုန်းနေပုံ ထောက်ရင်တော့

နောက်ထပ် ငါးနှစ် ဆက်ခံမှာ မဟုတ်ပါဘူး၊ လွယ်လွယ်ရ လွယ်လွယ်သွား၊ ပါနီထဲက လာတဲ့ ပိုက်ဆံ ပါနီထဲ ပြန်သွားမှာပေါ့၊ သူတို့ပိုက်ဆံကလည်း သူတို့ကို ပြန်ပြီး ကောင်းကျိုးပေးမှာ မဟုတ်ပါဘူး၊ မင်းကော၊ ကြီးဒေါ် ပြောတဲ့ လားမျိုးပဲ ဖြစ်နေသေးတယ် မဟုတ်လား၊ ခုထက်ထိ မြင်း ဖြစ်သေးလို့လား’

နောက်ဆုံးစကားကြောင့် စကားလက် ယမ်းပုံမီးကျ ဖြစ်သည်။ လင်မယား ရန်ဖြစ်ကြသည်။ တော်တော်နှင့် မခေါ်ကြ။

စကားလက်က မျက်နှာထားကြီး စူထားသည်။ ကောက်ပြသည်။ ပြန်ချော့ရန် အမူအရာဖြင့် ပြသည်။ ငါးရက်မြောက်သည့်နေ့တွင် ရက် ဘတ်တလာက ဝိတ်ကလေးကို ခေါ်ကာ နယူးအော်လီယန်း ပြည်နယ်သို့ ထွက်သွား၏။ ကြီးဒေါ်က တားသည်ကိုပင် မရ။ စကားလက် စိတ်ပြေလောက်သည့် အချိန်ကျမှ ပြန်လာသည်။ သို့ရာတွင် စကားလက် စိတ်မပြေ။ သူ့ကို ရက် ဘတ်တလာ မချော့သည့်အတွက် တေးထားသည်။

နယူးအော်လီယန်း ပြည်နယ်မှ ပြန်လာသည့် အခါတွင် ရက် ဘတ်တလာ၏ မျက်နှာက ချိုလျက်။ တည်ငြိမ်လျက်။

စကားလက်ကလည်း ဒေါသကို အတတ်နိုင်ဆုံး မျိုသိပ်ထားသည်။ နောက်တစ်နေ့ကျမှ ထိုကိစ္စကို ပြန်ကောက်ရမည်ဟု တွေးကာ ဖျောက်ဖျက် ပစ်လိုက်သည်။ စိတ်မချမ်းသာစရာကို ယခု လောလောဆယ် မတွေးချင်။ ပျော်ပျော်နေချင်သည်။ အိမ်သစ်တွင် ပထမဆုံး ကျင်းပမည့် ဧည့်ခံပွဲအတွက် စိတ်မအားအောင် ဖြစ်နေသည်။ ဧည့်ခံပွဲက ညပိုင်း ဧည့်ခံပွဲ။ အုန်းလက်တွေ စိုက်ရမည်။ ရာဇမတ် ကာရမည်။ တီးဝိုင်းထည့်ရမည်။ စကားလက် သူ့စိတ်ကူးနှင့် သူ အလုပ် ရှုပ်နေသည်။ ဧည့်ခံပွဲသို့ အတ္တလန်တာ တစ်မြို့လုံးက အသိ မိတ်ဆွေ ဟူသမျှကို ဖိတ်မည်။ မိတ်ဟောင်း မိတ်သစ် အကုန်ပါရမည်။ မင်္ဂလာဦး ခရီး အပြန်ကျမှ သိရသည့် မိတ်သစ်များလည်း ပါမည်။ ဧည့်ခံပွဲကို စိတ်ကူးရနေသဖြင့် ရက် ဘတ်တလာ၏ ထေ့လုံး ငေါ့လုံးများကိုပင် အမှတ် မရတော့။ သူ့ ဧည့်ခံပွဲကို စီစဉ်ရင်း အပျော်ကြီး ပျော်လျက် ရှိ၏။

ချမ်းသာရသည့် အရသာက တကယ့် ပျော်စရာ။ ဧည့်ခံပွဲတွေ ကျင်းပရတော့မည်။ စရိတ်စကကို တွက်ချက်နေစရာ

368

မလိုတော့။ အကောင်းဆုံး ပရိဘောဂတွေ၊ အဝတ်အစားတွေ၊ စားသောက်ဖွယ်တွေကို ဝယ်နိုင်သည်။ စာရင်း တွက်စရာ မလိုတော့။ ဒေါ်လေး ပေါ်လင်းနှင့် ဒေါ်လေး ယူလာလီတို့ထံသို့လည်းကောင်း၊ မြိုင်သာယာမှ ဝီလီတို့ထံသို့ လည်းကောင်း ကောင်းကောင်း ငွေပို့နိုင်မည်။ ပိုက်ဆံသည် အရာရာကို မဆုံးဖြတ်ဟု မည်သည့် ပညာရှိက ပြောသနည်း။ မနာလိုတတ်သည့် အရူးများ၏ စကားမျှသာ မဟုတ်လော။ ပိုက်ဆံသည် စကားလက်အတွက် ဘာမျှ လုပ်မပေးနိုင်ဟု ပြောသော ရက် ဘတ်တလာသည် မည်မျှ ကြောင်လိုက်ပါသနည်း။

စကားလက်က အသိ မိတ်ဆွေများ အားလုံးထံ ဧည့်ခံပွဲ ဖိတ်စာများ ပို့သည်။ မိတ်ဟောင်း မိတ်သစ် အကုန်ဖိတ်သည်။

သူ သိပ် သဘော မကျသည့် လူများကိုပင် ချန်မပစ်ခဲ့။ သူ့ကို လာနှုတ်ဆက်စဉ်က ခပ်တန်းတန်း လုပ်သွားသည့် မစ္စက် မယ်ရီဝယ်သာကိုလည်း မချန်။ မခေါ်ချင်သလို လုပ်နေသည့် မစ္စက် အယ်လဆင်းကိုလည်း မချန်။ သူ့ကို သဘောမကျမှန်း သိရုံမျှမက ဤမျှ ခမ်းနားသည့် ဧည့်ခံပွဲသို့ တက်ရန် အဝတ်အစား ကောင်းကောင်း မရှိသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ်မည်ကို သိသည့်တိုင် မစ္စက် ဝှိုက်တင်းကိုလည်း စကားလက် ဖိတ်သည်။ စကားလက်၏ အိမ်တက် မင်္ဂလာ ဧည့်ခံပွဲ၊ သို့မဟုတ် (ထိုစဉ်က ခေတ်စားသည့် စကားအတိုင်းခေါ်ရလျှင်) ‘ပွဲတော်ကြီး’ သည် ထိုအချိန် အထိ အတ္တလန်တာတွင် အကြီးကျယ်ဆုံး ဧည့်ခံပွဲကြီး ဖြစ်သည်။ ဧည့်ခံပွဲလည်း ပါသည်။ ကပွဲလည်း ပါသည်။

ထို့နေ့ည၌ အိမ်ကြီးတစ်အိမ်လုံး၊ ရာဇမတ်ကာ မဏ္ဍပ်နှင့် ဝရန်တာများတွင် ဧည့်ပရိသတ် တသဲသဲ ဖြစ်နေသည်။

စကားလက် တိုက်သည့် ရှန်ပိမ် ရသာစုံ ယမကာကို သောက်ကြသည်။ စကားလက် ကျွေးသည့် ချိုချဉ်ပွဲနှင့် ကနုကမာ နို့ဆမ်းကို စားကြသည်။ အုန်းပင်၊ ကြက်ပေါင်ပင်တို့ဖြင့် သေချာစွာ ဖုံးကွယ်ထားသည့် တီးဝိုင်းမှ တေးသံအတိုင်း ကကြသည်။ သို့ရာတွင် ရက် ဘတ်တလာက ‘ဝံသာနု လူဟောင်းများ’ ဟု ခေါ်သူထဲမှ မီလာနီ၊ အက်ရှလေ၊ ဒေါ်လေး ပစ်တီ၊ ဦးလေး ဟင်နရီ၊ ဒေါက်တာမိနှင့် ဘဘကြီး မယ်ရီဝယ်သာတို့မှအပ တခြား မည်သူမျှ မလာကြ။

ဝံသာနု လူဟောင်းကြီးများက စကားလက်၏ ‘ပွဲတော်ကြီး’ သို့ တက်ရန် စိတ်မပါ့တပါဖြင့် ဆုံးဖြတ်ကြသည်။

အချို့က မီလာနီ၏ မျက်နှာကို ထောက်၍ လက်ခံကြသည်။ တချို့က မိမိနှင့် သို့မဟုတ် မိမိတို့၏ ဆွေမျိုးသားချင်းများကို ရက် ဘတ်တလာ ကယ်ခဲ့ဖူးသဖြင့် ရက် ဘတ်တလာ၏ မျက်နှာကို ထောက်၍ လက်ခံကြသည်။ သို့ရာတွင် ဧည့်ခံပွဲမလုပ်ခင် နှစ်ရက်အလိုတွင်မူ ထိုဧည့်ခံပွဲသို့ ဘုရင်ခံ ဘူးလော့ကိုလည်း ဖိတ်သည်ဟူသော ကောလာဟလ တစ်ခု ထွက်လာသည်။ ဝံသာနု လူဟောင်းကြီးများက စကားလက်၏ ဖိတ်ကြားချက်ကို လက်မခံနိုင်သည့်အတွက် ဝမ်းနည်းကြောင်း ဖော်ပြကာ ဖိတ်စာများကို ပြန်ပို့သည်။ ဤနည်းဖြင့် ဘုရင်ခံ ဘူးလော့အား ဖိတ်ခြင်းကို ကန့်ကွက်ကြသည်။ ဧည့်ခံပွဲသို့ တက်သည့် မိတ်ဆွေ ဝံသာနု လူဟောင်းကြီးအချို့က ဘုရင်ခံ ဘူးလော့ ရောက်လာသည်နှင့် (အားနာသည့်တိုင် ပြတ်သားစွာဖြင့်) ဧည့်ခံပွဲမှ ထပြန်သွားကြသည်။

သူ့ကို စော်ကားသည်ဟု စကားလက် ထင်သည်။ ထို့ကြောင့် စိတ်လည်း ညစ်သည်။ ဒေါသလည်း ထွက်သည်။ သူ

ကြံစည် စိတ်ကူးကာ ငွေကုန်ကြေးကျခံ လုပ်ရသည့် ဧည့်ခံပွဲ အရုပ်ဆိုးရပြီ။ ခမ်းနားသည့် သူ့ ‘ပွဲတော်ကြီး’ ပျက်ရပြီ။ ဧည့်ခံပွဲကို ရန်သူဟောင်းရော မိတ်ဆွေသစ်ပါ မဖိတ် မရှိရအောင် မတက်ရ မရှိစေရအောင် အားလုံးကို ဖိတ်ကြားကာ လိုလေသေးမရှိ စီစဉ်ခဲ့သည်။ မည်မျှ ကြီးကျယ် ခမ်းနားကြောင်း သိစေမည်ဟု အားခဲခဲ့သည်။ အရုဏ်တက်၍ နောက်ဆုံး ဧည့်သည်များ ပြန်သည့်အခါတွင်မူ စကားလက် အားရပါးရ ငိုပစ်လိုက်ချင်သည်။ မီးကုန် ယမ်းကုန် စိတ်ဆိုး ပစ်လိုက်ချင်သည်။ သို့ရာတွင်

369

စကားလက် မငိုရဲ။ စိတ်မဆိုးရဲ။ ရက် ဘတ်တလာက ခွက်ထိုး ခွက်လန် ရယ်၍ သူ့ကို လှောင်မည် စိုးရိမ်သည်။ ပါးစပ်မှ ထုတ်မပြောသည့်တိုင် သူ၏ တောက်ပသော မျက်လုံးများတွင် ‘အစက ကျုပ် မပြောလား’ ဟူသည့် အကြည့်မျိုးဖြင့် ရက် ဘတ်တလာက ကြည့်၍ လှောင်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် စကားလက်သည် ဣနြေ္ဒကို အနိုင်နိုင်ထိန်း၍ သူ့ဒေါသကို ချုပ်တည်းသည်။ ဥပေက္ခာပြုဟန်ဆောင်သည်။

နောက်တစ်နေ့ နံနက်တွင်မူ စကားလက် မနေနိုင်တော့။ မီလာနီထံတွင် သွား၍ ပေါက်ကွဲရသည်။



‘မနေ့က လုပ်ပုံက မီလာနီ ကိုယ့်ကို စော်ကားတာနှင့် အတူတူပဲ၊ အက်ရှလေနှင့် တခြား လူတွေ စော်ကားအောင်လည်း

မီလာနီ လုပ်တယ်၊ တကယ်လို့သာ မင်း ခေါ်ထုတ် မသွားရင် အက်ရှလေတို့ တော်တော်နှင့် ပြန်မှာမဟုတ်ဘူး၊ ကိုယ် မြင်ပါတယ်၊ ဘုရင်ခံ ဘူးလော့ ဝင်လာလို့ ကိုယ်က မင်းတို့ဘက် လှည့်လာပြီး မိတ်ဆက်ပေးမယ်လည်း လုပ်ရော မင်း ခပ်သုတ်သုတ် ထွက်သွားတယ်’

‘ဘုရင်ခံ လာမယ်ဆိုတာ ကိုယ် ယုံလည်း မယုံဘူး၊ ယုံလည်း မယုံနိုင်ဘူး’ မီလာနီက စိတ်မချမ်းသာဖြစ်ဟန်ဖြင့်

ပြော၏။ ‘လူတွေက ပြောကြပေမယ့်’

‘ဘာ၊ လူတွေက ပြောတယ် ဟုတ်လား၊ ပြောကြ ပြောကြ၊ အားအားရှိ ကိုယ့် အကြောင်းပဲ ဝိုင်းပြောကြ၊ ကိုယ့်ကိုပဲ

မေးငေါ့ကြ’ စကားလက်က ဒေါသတကြီး ပြောသည်။ ‘ဘာလဲ၊ မင်း ပြောချင်တာက ဘုရင်ခံ လာမယ်ဆိုတာကြီး သိရင် ဧည့်ခံပွဲကိုတောင် မလာနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်လား’

‘မလာနိုင်ဘူး စကားလက်’ မီလာနီက မျက်လွှာကို ချ၍ အသံတိမ်တိမ်ဖြင့် ပြော၏။ ‘မလာနိုင်ဘူး’



‘ကြီးကျယ်တော်မူလိုက်ကြတာ၊ ဒါဖြင့် မင်းလည်း ကိုယ့်ကို လူတွေနှင့် အတူ လိုက်ပြီး စော်ကားနေတာပေါ့ ဟုတ်လား’



‘အို ဒီလို မဟုတ်ပါဘူးကွယ်’ မီလာနီ ဝမ်းနည်းလာသည်။ ‘ကိုယ် မင်းကို စိတ်ထိခိုက်အောင် လုပ်တာ မဟုတ်ပါဘူး၊

စကားလက်ဟာ ကိုယ်နှင့် ညီအစ်မ အရင်း၊ ကိုယ့်အစ်ကိုရဲ့ မုဆိုးမ၊ ပြီးတော့ ကိုယ်က’

မီလာနီက စကားလက်၏ လက်မောင်းကို မရဲတရဲ ကိုင်လိုက်သည်။ သို့ရာတွင် စကားလက်က သူ့လက်ကို

ပုတ်ချလိုက်၏။ ဖေဖေ စိတ်ဆိုးသည့်အခါတွင် အော်သည့် နည်းတူ သံကုန် ဟစ်အော်ပစ်လိုက်ချင်သည်။ သို့ရာတွင် မီလာနီက သူ့ဒေါသကို ရင်ဆိုင်သည်။ ဒေါသအမျက် ထွက်နေသည့် စကားလက်၏ မျက်လုံး စိမ်းစိမ်းများကို စိုက်ကြည့်ပြီး ရင်ကို ကော့သည်။ ကလေးလို သေးသေး ညှက်ညှက် ခန္ဓာကိုယ်၊ အမူအရာတို့နှင့် မလိုက်အောင် ကြီးစွာသော ဣနြေ္ဒကို ဆောင်လိုက်သည်။

‘စကားလက် စိတ်ထိခိုက်တဲ့အတွက် ဝမ်းနည်းပါတယ်၊ ဒါပေမယ့် ကိုယ် ဘုရင်ခံ ဘူးလော့ကို မတွေ့နိုင်ဘူး၊ သူသာမက

ဘယ် ရီပါဘလီကန်နှင့် ဘယ် ကော်ဇောအိတ် သူဌေးကိုမှလည်း မျက်နှာချင်း မဆိုင်နိုင်ဘူး၊ ရိုင်းတယ်လို့ ပြောချင်ပြော၊ မလုပ်နိုင်ဘူး’

‘ဒါဖြင့် မီလာနီက ကိုယ့်မိတ်ဆွေတွေကို ဝေဖန် ရှုတ်ချနေတာပေါ့’

370



‘ဟင့်အင်း ဝေဖန်စရာ မလိုပါဘူး၊ မင်း မိတ်ဆွေတွေပဲဟာ၊ ကိုယ့်မိတ်ဆွေမှ မဟုတ်ဘဲ၊ ကိုယ်က ဘာပြောစရာ

ရှိသလဲ’

‘ဒါဖြင့် ဘုရင်ခံကို ဖိတ်တဲ့အတွက် ကိုယ့်ကို ဝေဖန်တယ်ပေါ့’



မီလာနီက ချောင်ပိတ် မိနေပြီ။ စကားလက်၏ မျက်လုံးများကို စူးစိုက်ကြည့်၏။



‘ဒီမှာ စကားလက်၊ မင်း ဘာလုပ်လုပ် မင်းမှာ အကြောင်းပြစရာ အမြဲရှိပြီးသား၊ ကိုယ် မင်းကို ချစ်တယ်၊ ယုံလည်း

ယုံတယ်၊ မင်းကို ဘာမှလည်း မဝေဖန်လိုဘူး၊ ကိုယ့် ရှေ့မှာ တခြား တစ်စုံတစ်ယောက်က ဝေဖန်ရင်လည်း ကိုယ် မခံဘူး၊ ဒါပေမယ့်’

မီလာနီ၏ ပါးစပ်မှ စကားလုံးများသည် အစီအရီ ထွက်လာကြ၏။ သူ့ စကား ပြောပုံက မြန်သည်။ ဒေါသသံပါသည်။

ခပ်တိုးတိုး အသံတွင် ခါးသီးသည့် အမုန်းစိတ် ပါသည်။

‘ဒီလူတွေ ကိုယ်တို့ကို စော်ကားသွားတာ မင်း မေ့လို့ရသလား၊ ချားလ် သေသွားတာ၊ အက်ရှလေ လူရုပ် မပီဘဲ

ပြန်လာရတာ၊ ဝက်သစ်ချမြိုင် မီးလောင်ရတာ၊ ဒါတွေကို မင်း မေ့လို့ ရသလား၊ မင်း အမေရဲ့ အပ်ချုပ်သေတ္တာကို လာလုတဲ့ မင်း ကိုယ်တိုင် သတ်ခဲ့တဲ့ ယန်ကီစစ်သားကိုကော မင်း မေ့ပြီလား၊ ယန်ကီ စစ်ဗိုလ်ချုပ် ရှားမင်းရဲ့ တပ်တွေ မြိုင်သာယာကို ဝင်ဖျက်ဆီးပြီး ထဘီစုတ်မှ မကျန်အောင် အတွင်းခံမှ မကျန်အောင် ခိုးဝှက် လုယူ သွားတာတွေကိုကော မင်း မေ့နိုင်သလား၊ မြိုင်သာယာကို မီးရှို့မယ် တကဲကဲလုပ်ပြီး ကိုယ့် ဖေဖေ့ ဓားလွယ်ကြီးကို လုတာကိုကော မင်း အမှတ်မရတော့ဘူးလား၊ ဒီနေ့ည မင်း ဧည့်ခံပွဲကို လာကြတဲ့လူတွေဟာ ကိုယ်တို့ ပစ္စည်းတွေကို လုယူသွားတဲ့ လူတွေ၊ ကိုယ်တို့ကို ညှဉ်းဆဲ နှိပ်စက်ထားတဲ့ လူတွေ၊ ကိုယ်တို့ကို ငတ်အောင် လုပ်ခဲ့တဲ့ လူတွေ၊ ကပ္ပလီတွေကို ကိုယ်တို့ အရှင်သခင်တွေအဖြစ် ကိုယ်တို့ ခေါင်းပေါ် မြှောက်တင်ပြီး သူကောင်း ပြုခဲ့တဲ့ လူတွေ၊ ကိုယ်တို့ကို မဲပေးခွင့် မရအောင် လုပ်ခဲ့တဲ့ လူတွေ၊ အဲဒါကို မင်း သိရဲ့လား၊ မင်းက မေ့လို့ ရချင်ရမယ်၊ ဒါတွေကို ကိုယ် မမေ့နိုင်ဘူး၊ မေ့လည်း မမေ့ဘူး၊ ကိုယ့်သား ဘိုဘိုတို့ကိုလည်း ဒါတွေကို မေ့တဲ့ အဖြစ် အရောက် မခံနိုင်ဘူး၊ ကိုယ့်မြေးတွေ လက်ထက်အထိ ဒီလူတွေကို မုန်းတတ်အောင် သင်ပေးခဲ့မယ်။ မသေသေးလို့ နေရရင် ကိုယ့်မြစ်တွေ အထိ ဒီလူတွေကို မုန်းအောင် စက်ဆုပ်အောင် သွန်သင်ပစ်ခဲ့မယ်၊ ဒါတွေကို မင်း မေ့နိုင်တာ မေ့ရက်တာကို ကိုယ် အံ့ဩတယ်’

မီလာနီက စကားကို ဖြတ်၍ အသက်ရှူ၏။ မီလာနီ၏ အသံထဲတွင် တုန်ယင်ပေါက်ကွဲသည့် သဘောပါနေသဖြင့်

စကားလက် လန့်ဖျပ်သွားသည်။

‘ဘာလဲ၊ ကိုယ့်ကို အရူး အနုံ အအလို့ အောက်မေ့လို့လား’ စကားလက်က ပြန်မေး၏။ ‘ကိုယ် အမှတ်ရတယ် မီလာနီ၊

မမေ့ဘူး၊ ဒါပေမယ့် ဒါက ပြီးခဲ့ပြီ၊ အတိတ်မှာ ကျန်ခဲ့ပြီ၊ ကျန်တာတွေထဲက အကောင်းဆုံး လုပ်ဖို့ရာက ကိုယ်တို့တာဝန်၊ ခု ကိုယ် ဒီတာဝန်ကို ထမ်းတယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ ကြိုးစားတယ်၊ ကိုယ်တို့သာ အကိုင်အတွယ် တတ်ရင် ဘုရင်ခံ ဘူးလော့နှင့် သူတို့အထဲက လူကောင်း သူကောင်းတွေကို ကိုယ်တို့ အများကြီး အသုံးချလို့ ရတယ်၊ ကိုယ်တို့အတွက် အများကြီး အကူအညီ ရနိုင်တယ်’

371



‘ဟင်း၊ သူတို့အထဲမှာ လူကောင်း သူကောင်းတွေ မရှိပါဘူး’ မီလာနီက ခပ်ပြတ်ပြတ် ပြော၏။ ‘သူတို့ အကူအညီကိုလည်း

ကိုယ် မလိုချင်ဘူး၊ အကောင်းဆုံးဖြစ်အောင်လည်း မလုပ်ချင်ဘူး၊ ယန်ကီတွေနှင့် ပတ်သက်လာရင် အကောင်းဆိုတာလည်း မရှိဘူး’

‘မီလာနီ ဘယ်လို ပြောလိုက်တာလဲ ဟင်’



‘မင်းကို ကိုယ် ဝေဖန်နေတာ မဟုတ်ဘူး၊ မင်းကို စိတ်ထိခိုက်အောင် ပြောနေတာလည်း မဟုတ်ဘူး၊ ဒါပေမယ့်

လူတိုင်းဟာ တစ်ယောက်နှင့်တစ်ယောက် အတွေးအခေါ်ချင်း မတူကြဘူး စကားလက်၊ လူတိုင်းမှာ ကိုယ့်ဘာသာ ကိုယ် လွတ်လွတ်လပ်လပ် ထင်ပိုင်ခွင့် ရှိတယ်၊ ကိုယ် မင်းကို ချစ်တယ်၊ ကိုယ် ချစ်တယ်ဆိုတာကို မင်းလည်း သိတယ်၊ ဒါပေမယ့် ကိုယ့်သဘောကတော့ ဒီအတိုင်းပဲ စကားလက်၊ ပြောင်းလိမ့်မယ် မထင်နှင့်၊ မင်းကကော ကိုယ့်ကို ချစ်ရဲ့လား ဟင်၊ မင်း မုန်းအောင် ကိုယ် လုပ်မိသလား၊ မင်းနှင့် ကိုယ့် ကြားမှာ ဒီလို စကားမျိုး ကိုယ် မပြောချင်ဘူး၊ ပြဿနာ မပေါ်ချင်ဘူး စကားလက်၊ ဘာဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်ဟာ အခက်အခဲ အကျပ်အတည်းတွေထဲမှာ တစ်ယောက် လက်ကို တစ်ယောက် တွဲလာခဲ့ကြသူတွေပါ၊ ကိုယ့်ကို ခွင့်လွှတ်နော် စကားလက်၊ နော်’

‘အို တော်စမ်းပါ၊ ကတ်သီးကတ်သတ်၊ အရေးထဲ အရာပေါ်နေပြန်ပြီ’



စကားလက်က ငေါက်လိုက်သည်။ သို့ရာတွင် သူ့ခါးကို လာဖက်သည့် မီလာနီ၏ လက်များကို ဖြုတ်ပစ်ခြင်း မပြု။



‘ကိုယ်တို့ နှစ်ယောက် ဘာမှ မဖြစ်ဘူး နော်၊ စိတ်မဆိုးဘူးနော်’ မီလာနီက ကျေနပ်သွားသည့် လေသံကလေးဖြင့်

ပြောရာမှ ခပ်တိုးတိုး ဆက်ပြောသည်။ ‘အရင်ကလို တစ်ယောက်အိမ် တစ်ယောက် အဝင် အထွက်လုပ်နော်၊ စကားလက်ဆီကို ကော်ဇောအိတ်သမားတွေ၊ ရီပါဘလီကန်တွေ လာတတ်တဲ့နေ့ကိုသာ ကိုယ့် ပြောထားပါ၊ အဲဒီနေ့တွေ မဟုတ်တဲ့ နေ့ကျရင် ကိုယ် လာမယ်နော်’

‘မီလာနီ လာချင်လာ မလာချင်နေ၊ စကားလက်အဖို့ အရေးမကြီးပါဘူး’



စကားလက်က ဦးထုပ်ကို ကောက်ဆောင်း၍ ကရထားဖြင့် အိမ်ပြန်ရန် ပြင်သည်။ မီလာနီ၏ မျက်နှာပေါ်တွင်

စိတ်မချမ်းသာသည့် အရိပ်အယောင်ကို မြင်ရသဖြင့် စကားလက် ကျေနပ်သွား၏။

ဧည့်ခံပွဲ ပြီးသည့် နောက်ရက်များ၌ စကားလက်သည် အများ၏ ထင်မြင်ချက်ကို လျစ်လျူပြုဟန် ဆောင်သည်။

သို့ရာတွင် ကြာကြာဟန်ဆောင်၍ မရ။ မီလာနီ၊ ဒေါ်လေး ပစ်တီ၊ အက်ရှလေနှင့် ဦးလေး ဟင်နရီတို့မှအပ သူ့ဆီသို့ အခြား မိတ်ဟောင်း ဆွေဟောင်းတွေ မလာကြတော့၊ သူတို့၏ ရိုးရိုးကုပ်ကုပ် ဧည့်ခံပွဲများသို့လည်း သူ့ကို မဖိတ်ကြတော့။ ထိုအခါတွင် စကားလက် တကယ် စိတ်ဆင်းရဲရသည်။ သူ့အကြောင်း မကောင်းပြောခဲ့သူတို့ကို သူ့အနေဖြင့် ဗွေမယူကြောင်း၊ အာဃာတ မထားကြောင်း ပြခဲ့ပြီ မဟုတ်လော။ သူတို့နည်းတူ သူလည်း ပြည်နယ် ဘုရင်ခံကို မကြိုက်ကြောင်း သူတို့ အသိပင် မဟုတ်လော။ မကောင်း၍၊ အကြောင်းကြောင်းကို ထောက်ထား၍ ဆက်ဆံနေရသည်ကို သူတို့ အသိ မဟုတ်လော။ ယခုမူ သူတို့ လုပ်ပုံက စိမ်းကားလွန်းသည်။ ထို့ကြောင့် စကားလက် စိတ်ဆိုးသည်။ ဂျော်ဂျီယာပြည်နယ် တစ်ခုလုံးက လူတွေက ရီပါဘလီကန်များကို သဘောကျသွားလျှင်မူ သူလည်း အနေရ ချောင်သွားလိမ့်မည်။

372



သူနှင့် ခေတ်ဟောင်း မိတ်ဆွေဟောင်းများကို ချည်နှောင်ထားသည့် ကြိုးကလေး။ ယခု ထိုကြိုးကလေးသည်

တစ်ချောင်းတည်းဖြင့် ပြတ်ထွက်သွားပြီ။ ဤသည်ကို စကားလက် ရုတ်တရက် သဘောမပေါက်။ ပင့်ကူကြိုးမျှင် ပမာ တည်းတည်းကလေးသာ ကျန်သည့် ဤကြိုးမျှင်ကို စကားလက်လည်း ပြန်မဆက်နိုင်။ စိတ်ညစ်၍ ရင်နင့်သည့်တိုင် သစ္စာ ရှိမြဲ ရှိတတ်သည့် မီလာနီကလည်း ဤ ကြိုးမျှင်မျှင်ကို ပြန်ဆက်ရန် ကြိုးစားခြင်း မပြုတော့။ စကားလက် ကိုယ်တိုင်က ခေတ်ဟောင်း မိတ်ဟောင်းများထံ ပြန်လှည့်သည့်တိုင် ပြန်လှည့်၍ မရတော့။ သူ့ကို မြင်လျှင် အတ္တလန်တာ မြို့သူ မြို့သားများ၏ မျက်နှာများသည် နှမ်းဖတ်ကျောက်ကဲ့သို့ အေးစက် တင်းမာနေသည်။ ဘုရင်ခံ ဘူးလော့ကို သာမက စကားလက်ကိုလည်း မုန်းလာကြသည်။ စကားလက်သည် သူ့ကိုယ်သူ ရန်သူဘက်သို့ အပ်နှံလိုက်ပြီး တောင်ပိုင်းဇာတိ ဖြစ်၍ ဆွေကြီးမျိုးကြီးက လာသည့်တိုင် လူတွေကလည်း သူ့ကို သစ္စာဖောက်၊ ကပ္ပလီ ကိုးကွယ်သူ၊ အသားထဲက လောက်၊ ရီပါဘလီကန်၊ ကော်ဇောအိတ်သမား စာရင်းထဲသို့ သွင်းလိုက်ကြပြီ။

သူ့တို့ အထင်ကို စကားလက် ဂရုမစိုက်ဟန် ပြုသည်။ သူတို့ ပြောင်းလဲသွားကြပုံကို ကြည့်၍ စကားလက်

စိတ်ညစ်သည်။ သို့ရာတွင် စကားလက် ကြာကြာ စိတ်မညစ်။ လူ ဟူသည် ပြောင်းလဲတတ်သည့် သဘာဝ ရှိသည်။ စကားလက်က ကြာကြာ စိတ်ညစ်ခံသူ မဟုတ်။ စိတ်ညစ်စရာ တွေ့လျှင် ပျော်စရာကို ရှာသည်။ အလုပ် တစ်ခု မဖြစ်လျှင် နောက်တစ်ခုကို လုပ်သည်။ ခဏ အကြာတွင် မစ္စက် မယ်ရီဝယ်သာ၊ မစ္စက် အယ်လဆင်း၊ မစ္စက် ဝှိုက်တင်း၊ မစ္စက် ဆွန်နယ်၊ ဒေါ်ဒေါ်မိတို့ကို စကားလက် ခေါင်းထဲမှ ဖျောက်ပစ်လိုက်သည်။ သူ့အား သူတို့ မည်သို့ ထင်ကြသနည်း ဆိုသည်ကို စကားလက် လုံးဝ ဂရုမစိုက်တော့။ သူပဘက်တွင် မီလာနီတစ်ယောက် ရှိသေးသည်။ မီလာနီက အက်ရှလေကို ခေါ်၍ အလည် ပေါက်လာတတ်သည်။ မည်သူတွေ မည်သို့ ထင်ထင် အက်ရှလေ ရှိလျှင် တော်ပြီ။ အက်ရှလေသည် သူ့အတွက် အရေးအကြီးဆုံး။ ထို့ပြင် သူ့ ဧည့်ခံပွဲသို့ လာသူတွေ အတ္တလန်တာတွင် တစ်ပုံကြီး ရှိသေးသည်။ ခေါင်းဆိတ် မခံသည့် ကြက်မအိုကြီးများထက် ပေါင်း၍သင်း၍ ကောင်းသည့် မိတ်သစ် ဆွေသစ်တွေ တစ်ပုံကြီး ရှိသေးသည်။ သူ့အိမ်ကို ဧည့်သည်တွေ လာစေချင်လျှင် အလွယ်ကလေး။ ဧည့်လာအောင် လုပ်ရန်သာ ရှိသည်။ လာသည့်ဧည့်သည်က သူ့ကို မေးငေါ့ကြသူတွေထက် ပျော်စရာ ကောင်းသည်။ သူတို့ထက် ဝတ်ပုံ စားပုံ အထက်တန်းကျသည်။

ထိုဧည့်သည်များမှာ အတ္တလန်တာသို့ နောက်ပြောင်းလာသည့် လူသစ်များ ဖြစ်၏။ အချို့က ရက် ဘတ်တလာ၏

အသိများ ဖြစ်သည်။ အချို့က ရက် ဘတ်တလာနှင့် အလုပ်အကိုင် လုပ်သူများ ဖြစ်၏။ မည်သည့် အလုပ်အကိုင် ဟူ၍မူ စကားလက်လည်း မသိ။ ‘အရောင်းအဝယ် လုပ်ငန်းပါကွယ်’ ဟု ရက် ဘတ်တလာက ပြောတတ်သည်။ အချို့က စကားလက်တို့ နေရှင်နယ် ဟိုတယ် အခန်းစုံတွင် နေစဉ်က သိခဲ့ရသည့်အသိများ ဖြစ်၏။ အချို့က ဘုရင်ခံ ဘူးလော့၏ လက်အောက် အရာရှိများ ဖြစ်ကြသည်။

စကားလက်၏ အပေါင်းအသင်းက လူစုံသည်။ အချို့က တောင်ပိုင်း ပြည်နယ် ပေါင်းစုံတွင် နေခဲ့ဖူးသည်။

ပြည်နယ်များတွင် ဟန်ကောင်းကောင်းဖြင့် လိမ်စားခဲ့သူများ ဖြစ်သည်။ ပြည်နယ်တစ်ခုတွင် အလိမ်ပေါ်သွားလျှင် နောက် ပြည်နယ်တစ်ခုသို့ ပြောင်းနေကြသူများ ဖြစ်သည်။ (ဥပမာ ဂျီးလာ့ဒ်လို လူမျိုး။) တချို့က လွတ်လပ်သော ကပ္ပလီ အစည်းအရုံးနှင့် ဆက်သွယ်၍ ကပ္ပလီများ၏ အခွင့်အရေးကို ကာကွယ်ပေးမည်၊ ဘာဖြစ်မည် စသဖြင့် မသိ နားမလည်သည့် ကပ္ပလီများကို ပြစားကာ ငွေလိမ်သူ၊ ရာထူး ညာယူသူများဖြစ်သည်။ (ဥပမာ ကွန်နင်တန်လို လူမျိုး။) အချို့က ပြည်တွင်းစစ်တုန်းက ပြည်နယ် အစိုးရ စစ်တပ်ကို သားရေဖိနပ် သွင်းမည်ဟု ကန်ထရိုက် ယူကာ ကတ်စက္ကူဖိနပ်များကို လိမ်သွင်းခဲ့သူများ ဖြစ်သည်။ (ဥပမာ

373

ဒီးလ်လို လူမျိုး။) အချို့က ပြည်နယ်တိုင်းက ရဲမှတ်တမ်းဝင် လူဆိုးဖြစ်သည့်တိုင် အစိုးရ ကန်ထရိုက်စာချုပ်များကို အမြဲ ရကြသူများ ဖြစ်သည်။ (ဥပမာ ဟန်ဒန်လို လူမျိုး။) အချို့က ဖဲဝိုင်းမှ ချမ်းသာလာပြီး အစိုးရထံမှ မီးရထားလမ်း ဖောက်ရန် ကန်ထရိုက် ရသော်လည်း မီးရထားလမ်း မဖောက်ဘဲ အကြောင်းအမျိုးမျိုးပြကာ အစိုးရငွေကို လိမ်ယူသည့် သူများဖြစ်သည်။ (ဥပမာ ကာရာဟန်လို လူမျိုး။) တချို့က ၁၈၆၁ ခုတွင် ဆားတစ်ပေါင်ကို တစ်ပြားဖြင့် ဝယ်လှောင်ထားပြီး ၁၈၆၃ ခုတွင် ပြားငါးဆယ် ဈေးဖြင့် ရောင်းကာ သူဌေး ဖြစ်လာသူများ ဖြစ်သည်။ (ဥပမာ ဖလဲဟာတီလို လူမျိုး။) တချို့က ပြည်တွင်းစစ် ကာလတုန်းက အကြီးအကျယ် ဇိမ်အိမ်ဖွင့်ရာမှ သူဌေးဖြစ်ပြီး ယခု အချိန်တွင် ကော်ဇောအိတ်သမား အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် တွင်ကျယ်နေကြသူများ ဖြစ်သည်။ (ဥပမာ ဘာ့တ်လို လူမျိုး။)

ဤသူများမှာ စကားလက်၏ မိတ်ရင်း ဆွေရင်းများ ဖြစ်ကြသည်။ သို့ရာတွင် စကားလက်၏ ဧည့်ခံပွဲသို့ လာသူများတွင်

ဆွေကြီးမျိုးကြီးများမှ ဆင်းသက်၍ ယဉ်ကျေးသိမ်မွေ့သည့် လူစားများလည်း ရှိသည်။ ပြန်လည် ထူထောင်ရေးကာလတွင် အတ္တလန်တာ၌

အရောင်းအဝယ်ကောင်းသည်။

စီးပွားရေးဖွံ့ဖြိုးသည်။

ထို့ကြောင့်

ကော်ဇောအိတ်သမားများ

အဖြစ်

မြောက်ပိုင်းမှ အခြေအနေ ရှိသူများလည်း အတ္တလန်တာသို့ ပြောင်းလာကြ၏။ မြောက်ပိုင်းမှ ယန်ကီ သူဌေးများက သူတို့သားများကို တောင်ပိုင်းသို့ လွှတ်၍ စီးပွားရေး အလုပ်ခိုင်းကြသည်။ စစ်တပ်က ထွက်သည့် ယန်ကီများက မြောက်ပိုင်းသို့ မပြန်ကြတော့ဘဲ အတ္တလန်တာမှာပင် အခြေ ချကြ၏။ မြို့သစ်တွင် လူသစ်တွေ ဖြစ်နေသည်။ ပထမသော် ချမ်းသာ၍ ရက်ရောသည့် စကားလက်၏ ခမ်းနားကြီးကျယ်သော ဧည့်ခံပွဲများသို့ ဝမ်းမြောက်ဝမ်းသာ လာကြသည်။ သို့ရာတွင် စကားလက်၏ အသိုင်းအဝိုင်းနှင့် ကြာကြာ ရော၍ မရ။ ထိုလူများက လူကြီးလူကောင်းများ ဖြစ်သည်။ အခြေအနေမဲ့ ကော်ဇောအိတ်သမားများနှင့် အလုပ် သဘော ခေတ္တ ခဏ အပေါင်းအသင်း လုပ်ကြခြင်း ဖြစ်သည်။ ဂျော်ဂျီယာပြည်နယ် သားများကဲ့သို့ပင် သူတို့ကလည်း ကော်ဇောအိတ် အုပ်စိုးမှုကို ဆန့်ကျင်ကြ၏။ အချို့က ဒီမိုကရက်များ ဖြစ်လာကြကာ တောင်ပိုင်းသားများထက်ပင် တောင်ပိုင်းသား ဆန်နေသည်။

စကားလက် အသိုင်းအဝိုင်းထဲတွင် ကျန်ရစ်ခဲ့သူ ဝိုင်းပယ်ခံ အချို့မှာ သူတို့ကို တခြားသူများက အပေါင်းအသင်း

မလုပ်ကြသည့် အတွက် ကျန်ရစ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့က မြို့ခံ လူဟောင်းများ၏ အိမ်များသို့ ဝင်ချင် ထွက်ချင်သည်။ သို့ရာတွင် မြို့ခံ လူဟောင်းများက လက်မခံကြ။ အရောတဝင် မလုပ်ကြ။ ထိုအထဲတွင် ယန်ကီ လူလတ်တန်းစားများ ပါသည်။ တောင်ပိုင်းက ကပ္ပလီများကို မြှင့်တင်ပေးရန်၊ ရီပါဘလီကန်များ ဖြစ်မသွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာကြသည့် ယန်ကီများ ပါသည်။

စိတ်ကူးယဉ်သည့် ယန်ကီ လူလတ်တန်းစားနှင့် ခေတ်ပျက် သူဌေး လူတန်းစား နှစ်ရပ်စလုံးကို အတ္တလန်တာ မြို့ခံ

လူဟောင်းများက မုန်းသည်။ မည်သည့် လူတန်းစားကို ပို၍ မုန်းနေသည်ဟု အတိအကျ မပြောနိုင်သည့်တိုင် ခေတ်ပျက် သူဌေး လူတန်းစားကို အမုန်း ပိုပုံရသည်။ ယန်ကီ လူလတ်တန်းစားများနှင့် ပတ်သက်၍မူ မြို့ခံ လူဟောင်းများက ‘ကပ္ပလီကို ချစ်တယ်ဆိုကတည်းက ဒီယန်ကီဟာ ဘယ်ကောင်းတော့မှာလဲ၊ သူတို့ ကိုယ်တိုင် သူတို့ ကပ္ပလီနှင့် အတူတူပဲလို့ ယူဆနေတာ မဟုတ်လား’ ဟု ပြောတတ်ကြ၏။ သို့ရာတွင် မိမိ ကိုယ်ကျိုးအတွက် ရီပါဘလီကန် ဖြစ်သွားသည့် ဂျော်ဂျီယာ ပြည်နယ်သားကိုမူ နည်းနည်းမျှ ခွင့်မလွှတ်။

‘တို့တောင် အငတ်ခံနိုင်သေးတာပဲ၊ သူတို့ကော ဒီလောက်မှ အငတ် မခံနိုင်ဘူးလား’ ဟု တောင်ပိုင်းသား

374

လူဟောင်းများက ထိုလူများကို အထင်သေးကြသည်။ အချို့ပြည်နယ်သားများမှာ သားမယား အငတ် မခံနိုင်သဖြင့် ရီပါဘလီကန်ဘက်သို့ ကူးသွားကြရခြင်းဖြစ်သည်။ နိုင်ငံရေးအရ ဘက်ပြောင်းသွားကြရခြင်း ဖြစ်သည်ဟု သက်သက်ညှာညှာ စဉ်းစားနိုင်သည်။

သို့ရာတွင်

တောင်ပိုင်းသူ

အမျိုးသမီး

‘ဝံသာနု

တပ်သားဟောင်း’

ကြီးများကမူ

ခွင့်မလွှတ်ကြ။

သက်သက်ညှာညှာ မစဉ်းစားကြ။ အမျိုးသမီးဆိုသည်မှာ လူမှုရေး ရာဇပလ္လင် နောက်ကွယ်မှ တန်ခိုးကြီးသည့် အင်အားစုကြီး တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားများကလည်း မိန်းမများ၏ စကားကို မပယ်လှန်ရဲကြ။ တောင်ပိုင်းသားများ၏ စိတ်ဓာတ်သည် ပြည်နယ်အရေးတော်ပုံကြီး အောင်မြင်နေချိန်က ဤမျှလောက် ပြည်နယ်စိတ် ပြင်းထန်ခြင်း မရှိ။ နိမ့်နေသည့် ယခုလို အချိန်မျိုးတွင် ပို၍ ပြည်နယ်စိတ်ဓာတ်ပြင်းထန်နေသည်။ ယခုအချိန်တွင် ပြည်နယ်စိတ်ဓာတ် ခေတ်စားခြင်းသည် ဖက်ရှင် ဖြစ်နေသည်။ ပြည်နယ် အရေးတော်ပုံနှင့် ပတ်သက်သမျှကို အထွတ်အမြတ် ထားကြသည်။ ပြည်နယ်အရေးတော်ပုံ တိုက်ပွဲတွင် ကျဆုံးသွားကြသည့် ရဲဘော်များ၏ သင်္ချိုင်းများ၊ စစ်မြေပြင်များ၊ အရောင်မှိန်ကာ စုတ်ပြတ်နေသည့် ပြည်နယ် အလံများ၊ ပြည်နယ်တပ်သားများ ကိုင်ခဲ့သည့် ဓားလွယ်များ၊ စစ်မြေပြင်မှ ရေးသည့်စာများ၊ တပ်သားဟောင်းများကို အထွတ်အမြတ်ထားကြသည်။ ဤအမျိုးသမီးများသည် ရန်သူဟောင်းကို အခဲမကျေ။ အကူအညီ မပေး။ အဆက်အဆံ မလုပ်။ ယခု စကားလက်ကို ရန်သူ့ဘက်သား အဖြစ် စာရင်း သွင်းလိုက်ကြပြီ။

ပြည်တွင်း နိုင်ငံရေးအခြေအနေကို လိုက်၍ ပြောင်းလဲလာသည့် ကပြား လူ့အဖွဲ့အစည်း၌ တူညီချက် တစ်ချက်မူ

ရှိသည်။ ဤသည်မှာ ပိုက်ဆံ ဖြစ်သည်။ ပြည်တွင်းစစ် မဖြစ်မီက သူတို့လက်ထဲတွင် ငွေအစိတ် ပြည့်အောင်ပင် မကိုင်ဖူးကြ။ ယခုမူ ခေတ်ပျက် သူဌေး ဖြစ်ကာ အတ္တလန်တာတွင် အရမ်းသုံးကြ၊ အရမ်းဖြုန်းကြသည်။ အတ္တလန်တာမြို့ သက်တမ်းတစ်လျှောက်တွင် ဤမျှ ငွေကို ရေလို သုံးသည့်အချိန်မျိုး တစ်ခါမျှ မတွေ့စဖူး။

ရီပါဘလီကန်တို့က နိုင်ငံရေး အာဏာ ရနေသည်။ ဤသည်နှင့် အတူ အတ္တလန်တာအဖို့ ပကာသန ခေတ်ကြီး၊

ငွေခေတ်ကြီး အစ ပြုတော့သည်။ သို့ရာတွင် အပေါ်ယံ ပကာသန အဆောင်အယောင်များသည် မကောင်းမှု၊ ဆိုးညစ်မှုကို မဖုံးကွယ်နိုင်။ အတ္တလန်တာမြို့ သက်တမ်းတစ်လျှောက်တွင် ဆင်းရဲနှင့် ချမ်းသာတို့၏ 

ကွာဟမှုသည် ဤမျှလောက်

တစ်ခါမျှ ကြီးမားခြင်း မရှိခဲ့။ ထိပ်ရောက်သူကလည်း အောက်ကျသူကို နည်းနည်းမျှ မညှာ။ ကပ္ပလီများကမူ အချင်းချင်း ရိုင်းပင်းကြသည်။ အကောင်းဆိုလျှင် သူတို့ချည်း ရကြသည်။ ကျောင်းကောင်း၊ အဝတ်အစားကောင်း၊ ဟိုတယ်ကောင်း၊ ပျော်ပွဲရွှင်ပွဲကောင်းဆိုလျှင် သူတို့ချည်း။ သို့ရာတွင် ချွတ်ခြုံ ကျသွားအောင် အတ္တလန်တာ မြို့ခံလူဟောင်းများကမူ ငတ်ပြတ်နေကြသည်။ လမ်းမဘေးတွင် လဲကျနေကြသည်။

ဤ ဆိုးညစ်မှု လှိုင်းဂယက်ပေါ်တွင် စကားလက်သည် အောင်မြင်စွာ လှိုင်းစီးလျက် ရှိ၏။ ရက် ဘတ်တလာ၏

ပစ္စည်းအရှိန်ဖြင့် သုံးချင်တိုင်း သုံး၍ ဖြုန်းချင်တိုင်း ဖြုန်းနေသည်။ သတို့သမီးလောင်းကလေးပမာ ဝတ်ကောင်းစားလှဖြင့် လှချင်တိုင်း လှနေသည်။ ချောချင်တိုင်း ချောနေသည်။ ဤခေတ်သည် သူနှင့် အံဝင်ခွင်ကျသည့် ခေတ်ဖြစ်သည်။ ခပ်ရမ်းရမ်း၊ တောက်တောက်ပပ၊ ဟန်များများ၊ အလွန်အမင်း ခြယ်လှယ် ဝတ်စားထားသည့် မိန်းမများ၊ ပရိဘောဂတွေ အလွန်အမင်း ပြင်ဆင်ထားသည့် အိမ်ကြီးများ၊ စိန်ရွှေရတနာတွေ ပြိုးပြက်နေအောင် ဆင်ထားသည့် မိန်းမများ၊ ကရထားကြီးများ၊ စားကောင်းသောက်ဖွယ်များ၊ အကောင်းစား အရက်များ လှိုင်ဘောလယ်နေသည့် ခေတ်ဖြစ်သည်။ မေမေ၏ စံများဖြင့်သာ တိုင်းရလျှင် မိမိ၏ မိတ်ဆွေများထဲတွင် အမျိုးကောင်းသမီး ခေါ်နိုင်မည့် သူ တစ်ယောက်မျှ မရှိဟု စကားလက် တစ်ခါတစ်ရံ စဉ်းစားမိ၏။ သို့ရာတွင် စကားလက် မေမေ၏ စံများကို စွန့်ခဲ့ပြီးပြီ။ မေမေ၏ စံများနှင့် လမ်းခွဲခဲ့ပြီးပြီ။ မြိုင်သာယာက

375

ဆင်ဝင်အောက်တွင် ရပ်ကာ ရက် ဘတ်တလာ၏ အပျော်မယား အဖြစ် ခံတော့မည်ဟု ဆုံးဖြတ်ပြီးကတည်းက မေမေ၏ စံများ၊ မေမေ၏ အဆုံးအမများကို စကားလက် ဘေးချိတ်ခဲ့ပြီ။ ယခုမူ စကားလက် နောင်တလည်း မဖြစ်။ ရှက်ကြောက်ခြင်းလည်း မရှိတော့။

သူ့ အသိုင်းအဝိုင်းမှ မိတ်သစ် ဆွေသစ်များသည် လူကြီးလူကောင်း ဟုတ်ချင်မှ ဟုတ်မည်။ အမျိုးကောင်း သမီး

ပီသချင်မှ ပီသမည်။ သို့ရာတွင် ရက် ဘတ်တလာ၏ နယူးအော်လီယန်းမှ အပေါင်းအသင်းများကဲ့သို့ ပျော်စရာ ကောင်းသည်ကမူ အမှန်။ အတ္တလန်တာသို့ သူ ရောက်စက တွေ့ရသည့် ဘုရားမှန်မှန် သွားသူ၊ ရှိတ်စပီးယား၏ စာလောက်ကိုသာ ဖတ်တတ်သူ ခပ်ကုပ်ကုပ် မိတ်ဆွေဟောင်းများနှင့်မူ ကွာလေခြင်း။ မင်္ဂလာဦး ခရီးထွက်စဉ်ကမှအပ သူ့တစ်သက်တွင် တစ်ခါမျှ ဤလောက် မပျော်စဖူး။ တစ်ခါမျှ ဤမျှလောက် ကိုယ်စိတ် နှစ်ပါး ချမ်းသာခြင်း မဖြစ်စဖူး။ တစ်ခါမျှ ဤမျှလောက် စိတ်ချ လက်ချ မပျော်ခဲ့ရစဖူး။ ယခု စိတ်ချ လက်ချ ပျော်ရပြီ။ နောင်ရေးအတွက် စိတ်အေးရပြီ။ စကားလက်က ပွဲတက်ချင်သည်။ ပိုကာ ကစားချင်သည်။ စားကောင်း သောက်ဖွယ် စားချင်သည်။ အရက်ချို ကောင်းကောင်းသောက်ချင်သည်။ ပိုးဖဲကတ္တီပါ စသည့် အကောင်းဆုံး အဝတ်အစားကို ဝတ်ချင်သည်။ အိစက် ညက်ညောသည့် ငှက်မွေး မွေ့ရာကြီးပေါ်တွင် လူးလိမ့်ချင်သည်။ ထိုင်ဖုံ ကောင်းကောင်းတွင် အိနေအောင် ထိုင်ချင်သည်။ ဤအရာများ အားလုံးကို စကားလက် လုပ်သည်။ သူ့တွင် ငယ်ငယ်က အထိန်းအကွပ်မျိုး၊ အနှောင်အဖွဲ့မျိုး မရှိတော့။ လွတ်လပ်နေပြီ။ ငတ်မည်ကိုလည်း မစိုးရိမ်ရတော့။ ရက် ဘတ်တလာကလည်း သဘောကျဟန်ဖြင့် တစ်ခွန်းမျှ မပြော။ ဤတွင် စကားလက် အတင့်ရဲကာ သူ စိတ်ကူးခဲ့သည့် စည်းစိမ် မှန်သမျှကို ခံစားသည်။ ထင်ရာ စိုင်းသည်။ မည်သူ မည်သို့ ဆိုဆို ဂရု မစိုက်ဆိုသည့် အပေါက်ချိုးသည်။

အတ္တလန်တာတွင် ရောက်လာသည့် ကစားသမား၊ အလိုတော်ရိ၊ အထက်တန်းစား မိန်းမပျက် စသည်တို့၏

အနေအထိုင်နှင့် ဤသို့ နေထိုင်သည်ကို ကျေနပ်ဟန် ရှိနေပုံကြောင့် သူ့ အပြုအမူသည် အတ္တလန်တာ မြို့ခံ လူဟောင်းများ၏ အသည်းကို အပ်နှင့် ဆွသကဲ့သို့ ရှိသည်။ လူပုံအလယ်တွင် ပါးရိုက်သကဲ့သို့ ရှိသည်။ စကားလက်၏ အနေအထိုင်က ထိုသူများနှင့် ဘာမျှ မခြား။ သူတို့နှင့် ယိုးစွဲလိုက်သည်။ သူတို့လိုပင် ဤသို့ နေရခြင်းကို ယစ်မူးနေသည်။ ကျေနပ်နေသည်။ ကြိုက်သလို နေမည်ဟု ပြောကာ ပြောသည့်အတိုင်းလည်း လုပ်သည်။ စကားလက် နေပုံထိုင်ပုံက လွန်လွန်းနေပြီ၊ စော်ကားလွန်းနေပြီ။

ရီပါဘလီကန် မိတ်ဆွေသစ်များ၊ တောကြောင် ခေတ်ပျက် သူဌေးများနှင့် ဆက်ဆံရာတွင်လည်း စကားလက်က

မောက်မာသည်။ မာန ကြီးသည်။ သို့ရာတွင် ယန်ကီ မြို့စောင့်တပ် ဗိုလ်များ၊ သူတို့ မိန်းမများနှင့် ဆက်ဆံရာတွင်မူ စကားလက် ပို၍ ရိုင်းပျသည်။ ပို၍ မောက်မာသည်။ အတ္တလန်တာသို့ ပြောင်းလာကြသည့် လူအမျိုးမျိုးအနက် စစ်တပ်က လူကိုမူ စကားလက် အမုန်းဆုံး။ သူတို့လာလျှင် ဧည့်ဝတ်လည်း မပြု၊ ဧည့်ခံခြင်းလည်း မရှိ၊ ရိုင်းရိုင်းပျပျပင် ဆက်ဆံသည်။ ယန်ကီစစ်သားကိုလည်း မီလာနီမှ မုန်းသည် မဟုတ်၊ ယန်ကီစစ်ဝတ်စုံကို မီလာနီမှ မုန်းသည် မဟုတ်၊ စကားလက်လည်း မုန်းသည်။ ယန်ကီ စစ်ဝတ်စုံကို မြင်လျှင် အတ္တလန်တာမြို့ ဝိုင်းစဉ်က အဖြစ်အပျက်များကို အမှတ်ရ၏။ လှည်းအိုကလေး တစ်စီးဖြင့် ညကြီးမင်းကြီး ထွက်ပြေးရသည်ကို မြင်ယောင်၏။ လုကြ ယက်ကြပုံကို သတိရ၏။ မြိုင်သာယာတွင် ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် နေခဲ့ရပုံကို အမှတ်ရသည်။ ယခု သူ ချမ်းသာနေပြီ။ ဘုရင်ခံ ဘူးလော့နှင့် ရီပါဘလီကန်များ၏ မိတ်ဆွေ ဖြစ်သည့်အလျောက် လုံခြုံ စိတ်ချရပြီ။ ထို့ကြောင့် စစ်ဗိုလ် စစ်သားကို မောက်မောက်မာမာ ပြောနိုင်ပြီ၊ စော်ကားနိုင်ပြီ၊ ဤသည်နှင့် အညီ စကားလက် စော်ကားသည်၊ မောက်မာသည်။

376



မိမိတို့၏ ဧည့်ခန်းဆောင်သို့ အလည်လာသည့် ဧည့်သည် ယောက်ျားအများစုသည် တစ်ခါက ယန်ကီ စစ်ဝတ်စုံကို

ဝတ်ခဲ့သူများ ဖြစ်ကြောင်းဖြင့် ပြန်ပြောသည်။ ‘အင်း၊ ကျုပ် မိန်းမကတော့ တစ်သမတ်တည်း မှတ်ထားတော့တာပဲနော်၊ စံပါပဲကွာ’ ဟု ဆိုကာ ရက် ဘတ်တလာက ပခုံးကို တွန့်ပြသည်။

စကားလက်က ယန်ကီ စစ်ဝတ်စကိုံ မုန်းသည်။ ထိ့ေု ကြာင့် ယန်ကီ စစ်ဗလို ကို တွေလ့ျှ င် နှမိ သ် ည်။ အနှမိ ခ် ရံ သည့် အတွက်

အရှက်ရသည့် ယန်ကီ စစ်ဗိုလ်များကို ကြည့်၍ စကားလက် ပျော်သည်။ စင်စစ် ယန်ကီ စစ်ဗိုလ်ကတော်များက ရည်ရည်မွန်မွန်။ ဆွေကောင်းမျိုးကောင်းထဲက လာသူများ ဖြစ်သည်။ အေးသည်။ မိမိတို့ကို နှစ်သက်ပုံ မရသည့် ဂျော်ဂျီယာပြည်နယ်တွင် ကြာကြာ မနေချင်။ မြောက်ပိုင်းကို ပြန်ချင်လှပြီ။ သူတို့ ထောက်ခံထားရသည့် အစိုးရအဖွဲ့ ခေါင်းဆောင်များကလည်း လူညံ့တွေ၊ လူဆိုးတွေ။ သို့တိုင်အောင် အစိုးရ အရာရှိများသည် စကားလက်၏ အပေါင်းအသင်းများထက်မူ အဆင့်အတန်းမြင့်သည်။ ထို့ကြောင့် အတ္တလန်တာက တောကြောင် ခေတ်ပျက် သူဌေး အထက်တန်းလွှာများနှင့် အကျွမ်းတဝင် မနေချင်ကြ။ လှလှချောချော သူဌေးကတော် စကားလက်က အနေအထိုင် အောက်တန်းကျသည့် ဖလေဟာတီ၏ မိန်းမမျိုးနှင့် ပေါင်းကာ သူတို့ကို ချိုးချိုးနှိမ်နှိမ် ဆက်ဆံသည်ကို မြင်ရသည့်အခါ၌ ယန်ကီ စစ်ဗိုလ်ကတော်များ စိတ်ပျက်ကြသည်။ အရှက်ရကြသည်။

သို့တိုင်အောင်

စကားလက်

လက်ရင်းထား၍

ပေါင်းသည့်

အပေါင်းအသင်းများပင်လျှင်

စကားလက်ကို

အနိုင်နိုင်သည်းခံရသည်။ သည်းမခံ၍ မဖြစ်။ စကားလက်က သူဌေးကတော် မဟုတ်လား။ အထက်တန်းစား မဟုတ်လော။ ထိုမျှမက သူတို့ အထင်ကြီး၍ သူတို့ ဝင်ဆံ့လိုသော ခေတ်ဟောင်း၊ လူဟောင်း၊ ဆွေကြီးမျိုးကြီးများနှင့်လည်း အဆက်အသွယ် ရှိသည်မဟုတ်လော။ သူတို့ ဝင်ဆံ့လိုသည့် ဆွေကြီး မျိုးကြီးများက စကားလက်ကို ဝိုင်းပယ်ထားကြသည်။ သို့ရာတွင် ဤသည်ကို သူတို့ မသိ။ စကားလက်၏ အမေသည် ငွေဝယ်ကျွန်ပိုင်ကြီး တစ်ဦး ဖြစ်ကြောင်း၊ စကားလက် အမေသည် ဆဗားနားမှ ဆွေကြီးမျိုးကြီးထဲက ဖြစ်ကြောင်း၊ သူ့ယောက်ျားက ချာလက်စတန်မှ သူဌေးတစ်ဦးဖြစ်ကြောင်း၊ စသည်တို့ကိုသာ သိကြသည်။ ဤမျှ ဂုဏ်ရှိလျှင် သူတို့အဖို့ လုံလောက်ပြီ။ သူတို့တွင် ပိုက်ဆံ ရှိပြီးပြီ။ သူတို့တွင် လိုသည်က ဆွေဂုဏ် မျိုးဂုဏ် အပေါင်းအသင်း ဂုဏ်သာ ဖြစ်သည်။ စကားလက်သည် သူတို့အတွက် လူကုံထံ လောကသို့ ပေါင်းကူးပေးမည့်သူ ဖြစ်သည်။ သူတို့နှင့် ခပ်တန်းတန်း နေသည့် ရှေးလူကုံထံ လောက၊ သုဓမ္မာ ဇရပ်တွင် တွေ့လျှင် မေးထူး ခေါ်ပြောမျှသာ လုပ်သည့် ရှေးလူကုံထံ လောက၊ သူတို့ဆီသို့ အဝင်အထွက် မလုပ်ဘဲ နေတတ်သည့် ရှေးမင်းစိုးရာဇာ လောကသို့ဝင်ရန် အတွက် စကားလက်ကို ပေါင်းကူး အဖြစ် လိုသည်။ စင်စစ်တွင်မူ အညတရ ဘဝမှ ကြီးပွားချမ်းသာလာသည့် သူတို့အဖို့ စကားလက်သည် ပေါင်းကူးတစ်ခုမျှသာမက လူ့အဖွဲ့အစည်း တစ်ခု၊ လူ့လောက တစ်ခု ဖြစ်နေသည်။ သူတို့ကိုယ်တိုင်က အောက်တန်းစားမှ လာသည့် အထက်တန်းစား အတုအယောင်များ ဖြစ်သဖြင့် စကားလက်၏ အထက်တန်းစား ဟန်ဆောင်မှု စသည်တို့ကိုလည်း မမြင်။ စကားလက် အကဲဖြတ်သမျှ၊ ပြုမူသမျှ၊ ပြောဆိုသမျှ၊ ဟန်ဆောင်သမျှ၊ မောက်မာသမျှ၊ ရိုင်းပျသမျှ၊ အားမနာ ပါးမနာ ပြောင်ပြောင်တင်းတင်း ပြောသမျှကို သည်းခံခဲ့ကြသည်။ သဘောကျကြသည်။

သူတို့က

အနုညာတမှ

ကြီးပွားလာသူများဖြစ်သည်။

ဆွေမျိုး

နောက်ခံ

မရှိ၊

ဂုဏ်မရှိ။

ခေတ်အပျက်တွင်

ကြီးပွားလာသူများ ဖြစ်သည်။ အထက်တန်းစားဟန် ဆောင်ချင်ကြသည်။ ထို့ကြောင့် သူတို့ကို အမျိုးကောင်းသမီး မဟုတ်ဟု ထင်မည်စိုးသဖြင့် စိတ်နှလုံး သိမ်မွေ့ဟန် ဆောင်ကြသည်။ ဂုဏ်သရေရှိ အမျိုးကောင်းသမီးဖြစ်ရန် ကြိုးစားရမည် မဟုတ်လော။ ထို့ကြောင့် နူးညံ့ဟန်၊ သိမ်မွေ့ဟန်၊ သိက္ခာရှိဟန်၊ ရိုးသားဖြူစင်ဟန်ဆောင်ကြသည်။ သူတို့စကားကို နားထောင်ကြည့်လျှင် တကယ့် အပြစ် ကင်းစင်သူများနှယ်၊ လောက အကြောင်းကို မသိသေးသူများ သဖွယ်။ ဥပမာ ဖလက်ဟာတီ၏ သမီးဆိုလျှင်

377

ဆံပင်က နီနီ၊ အသားက ဖွေးဥနေသည်။ အသံက ခပ်ဝဲဝဲ၊ အဖေ့ ပစ္စည်းကို ခိုးပြေးကာ အမေရိကန်ပြည်သို့ ထွက်ပြေးလာသည်။ နယူးယောက်တွင် ဟိုတယ်မယ် လုပ်ခဲ့ဖူးသည်။ ဆီလ်ဗီဟာ ကွန်နင်တန် ဆိုလျှင် အဖေက အရက်ဆိုင်ဖွင့်ပြီး အရက်ဆိုင်တွင် စားပွဲထိုး လုပ်ခဲ့ဖူးသည်။ မာဂီဘာ့လ်ဆိုလျှင် နဂိုက ဇိမ်မယ်။ ဇိမ်ခေါင်းနှင့် ရပြီး ဇိမ်ခေါင်းကတော် ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် သူတို့၏ နောက်ကြောင်းကို မည်သူမျှ မသိကြ။ ယခု အတ္တလန်တာတွင် လူကုံထံတွေ ဖြစ်နေပြီ။ အထက်တန်းစားတွေ ဖြစ်နေပြီ။

အမျိုးသားများကမူ ပို၍ ဆိုးသည်။ ပိုက်ဆံသာ ရှာတတ်သော်လည်း ရုပ်တွေ အမူအရာတွေက ခပ်ကြမ်းကြမ်း။

ယဉ်ကျေးမှု၊ သိမ်မွေ့မှု ဆို၍ လုံးဝ မရှိ။ စကားလက်၏ ဧည့်ခံပွဲများတွင် ဒေါင်ချာစိုင်းအောင် မူးကြသည်။ လဲအောင် သောက်ကြသည်။ စကားလက်တို့ ငယ်ငယ်တုန်းက အမျိုးသားများ သောက်သလို ယဉ်ယဉ်ကျေးကျေး မသောက်ကြ။ ရုန့်ရင်းစွာ ပြောကြသည်။ ညစ်ညမ်းစွာ ဆဲကြသည်။ စကားလက်က အခန်းထောင့်တွင် ထွေးခံတွေ ချပေးထားသည်။ သို့တိုင်အောင် နံနက်လင်းလျှင် စကားလက် အိမ်က ကြမ်းခင်း ကော်ဇောပေါ်တွင် ဆေးရွက်ကြီးရည်တွေ ထွေးထားလိုက်သည်မှာ ရစရာ မရှိ။

စကားလက် ဤခေတ်သစ် သူဌေး တောကြောင်များကို အထင်သေးသည်။ သို့ရာတွင် သူတို့နှင့် အပေါင်းအသင်း

လုပ်ရသည်က ပျော်စရာ ကောင်းသည်။ ထို့ကြောင့် အိမ်တွင် သူတို့ကို ဧည့်ခံသည်။ အထင်သေးသည့်အလျောက် စကားလက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောသည်၊ အော်ငေါက်ပစ်သည်။ သို့ရာတွင် သူတို့က သည်းခံကြသည်။

စကားလက်ကို မပြောနှင့်၊ ရက် ဘတ်တလာကိုပင် သည်းခံသည်။ ရက် ဘတ်တလာက သူတို့အကြောင်းကို

ကောင်းကောင်းသိသည်။ ကောင်းကောင်း နားလည်သည်။ သူက အိမ်သည် ဖြစ်သည့်တိုင် ရစရာ မရှိအောင် ပြောချင်လျှင် ပြောပစ်တတ်သည်။ သူမည်သို့ ချမ်းသာကြောင်းကို အရှက်မရှိ ပြောတတ်၏။ သူလိုပင် ထိုသူများသည်လည်း အရှက် ရှိပုံ မရဟု ထင်ဟန်ဆောင်ကာ မပြောသင့်သည့် အကြောင်းများကို ပြောတတ်သည်။

တစ်ခါတစ်ရံတွင် အရက် ယမကာစုံ ရော၍ သောက်နေရာမှ ရက် ဘတ်တလာက ရုတ်တရက် ထ၍ ဘုပြောချင်လျှင်

ပြောတတ်သည်။

‘ဗျို့ ရာ့ဖ်၊ ကျုပ် မှားသွားတယ်ဗျ၊ ပြည်တွင်းစစ်ဖြစ်တုန်းက မှောင်ခိုကုန် ကူးမိတာ သိပ်နာတာပဲ၊ ခင်ဗျားလုပ်သလို

သုံးမရတဲ့ ရွှေတွင်းအစုရှယ်ယာတွေး၊ မုဆိုးမတွေ၊ မိဘမဲ့ ကလေးတွေ လိမ်ပြီး ရောင်းရရင် ဒီထက်မက ချမ်းသာမှာ’ ဟူ၍ လည်းကောင်း

‘ဗျို့ ဘီလ်၊ ခင်ဗျား သိပ်ဖြိုးနေတယ် ထင်တယ်၊ မီးရထားလမ်း ဖောက်ဖို့ ကန်ထရိုက် ယူပြီး ခင်ဗျား လုပ်သလို တကယ်

မဖောက်ဘဲ ထားရင် သိပ်ဟန်ကျမှာပဲနော်၊ သိပ်နိပ်မှာပဲ’ ဟူ၍ လည်းကောင်း

‘ဒီ ကန်ထရိုက်ကို ခင်ဗျားရအောင် လုပ်နိုင်တာကတော့ တကယ် ချီးကျူးစရာပဲဗျို့၊ အဲ ကန်ထရိုက်ရအောင်

လာဘ်ပေးရတာကတော့ နည်းနည်းများသွားသဗျ’ ဟူ၍လည်းကောင်း ပြောတတ်သည်။

အမျိုးသမီးများကမူ ရက် ဘတ်တလာကို သဘောမကျကြ။ ရက် ဘတ်တလာက သည်းမခံနငိုလောက်အောင် ရုငိးသည်။

378

အမျိုးသားများကမူ သူ့ ကွယ်ရာတွင် ဆဲကြသည်။ အတ္တလန်တာက လူဟောင်းများက မကြိုက်သလို လူသစ်များကလည်း ရက် ဘတ်တလာကို မကြိုက်ကြ။ ရက် ဘတ်တလာကလည်း သူတို့ သဘောကျအောင် မနေ။ လူဟောင်းများကို ကန့်လန့် လုပ်ခဲ့သည့်နည်းတူ လူသစ်များကိုလည်း ကန့်လန့်တိုက်သည်။ သူ နေတတ်သလို နေသည်။ ခပ် ပျော်ပျော်။ လူတစ်ဖက်သားကို အထင်သေးမြဲ။ သူ့ ပတ်ဝန်းကျင်က ထင်မြင်ချက်ကို ဥပေက္ခာပြုမြဲ။ ယဉ်ကျေး သိမ်မွေ့လွန်းသည့်နှယ် ရှိဆဲ။ စကားလက်အဖို့မူ ရက် ဘတ်တလာသည် ပဟေဠိ တစ်ပုဒ် ဖြစ်နေသည်။ သို့ရာတွင် ထိုပဟေဠိကို အဖြေရှာရန် စကားလက် မကြိုးစားတော့။ ရက် ဘတ်တလာသည် မည်သည့် အရာကိုမျှ မကျေနပ်။ နောင်လည်း ကျေနပ်မည် မဟုတ်။ ရက် ဘတ်တလာသည် အရာဝတ္ထု တစ်ခုကို လိုချင်လျက်နှင့် မရသဖြင့် မကျေနပ်နေသူသော်လည်း ဖြစ်ရမည်။ သို့မဟုတ် လောကကြီးတွင် မည်သည့် အရာကိုမျှ မလိုချင်သဖြင့် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ နေချင်သလို နေသူသော်လည်း ဖြစ်ရမည်ဟု စကားလက် ယူဆသည်။ ရက် ဘတ်တလာက စကားလက် လုပ်သမျှကို ကြည့်၍ ရယ်သည်။ ပိုက်ဆံတွေ အရမ်းဖြုန်းပစ်သည်ကို အားပေးသည်။ သူ တစ်ဖက်သားအား စော်ကား မော်ကား မောက်မာသည်ကို သဘောကျသည်။ စကားလက်၏ ဟန်ဆောင်မှု မှန်သမျှကို လှောင်ပြောင် သရော်သည်။ ထို့နောက် စကားလက် လိုသမျှ ပိုက်ဆံကို ထုတ်ပေးသည်။

379

၅၀



ရက် ဘတ်တလာက သူ့ ထုံးစံ အတိုင်း ခပ်အေးအေး။ ခပ်ငြိမ်ငြိမ်။ နှစ်ယောက်သား ရင်းရင်းနှီးနှီး နေသည့်

အချိန်များတွင်ပင် သူ့ အမူအရာက အေးဆေး တည်ငြိမ်သည်။ သို့ရာတွင် စကားလက်ကမူ သူ့ အကြောင်းကို ကောင်းကောင်း သိသည်။ ရက် ဘတ်တလာသည် သူ့ကို တိတ်တဆိတ် အကဲခတ်နေခြင်း ဖြစ်သည်ဟူသည့် သူ့ အထင်သည် ယခုတိုင် မပျောက်သေး။ ရက် ဘတ်တလာ ဘက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည့် အခါတွင် စဉ်းစား၍ တစ်စုံတစ်ရာကို စောင့်မျှော်နေသည့် အကြည့်မျိုးကို သူ့ မျက်လုံးတွင် တွေ့ရတတ်သည်။ သံသယ ဖြစ်စရာ ကောင်းသည့် စိတ်ရှည်သည့် အကြည့်မျိုးကို မြင်ရသည်။ ထိုအကြည့်ကို စကားလက် နားမလည်။

တစ်ခါတစ်ရံတွင် ရက် ဘတ်တလာနှင့် နေရသည်က သက်သောင့်သက်သာ ရှိသည်။ သူ့ ရှေ့တွင် လိမ်၍

ပြောလျှင်၊ သူ့ ရှေ့တွင် ဟန်ဆောင်လျှင်၊ သူ စိတ်မထင်လျှင် မည်သူ့ကိုမဆို ပိုးစိုးပက်စက် ပြောတတ်သည့်တိုင် သူနှင့် နေရသည်က ပျော်စရာ ကောင်းသည်။ စကားလက်က သူ့ ကုန်တိုက် အကြောင်း၊ သစ်ခွဲစက်များ အကြောင်း၊ အရက်ဆိုင် အကြောင်း၊ ထောင်ကျ အလုပ်သမားများ အကြောင်း၊ ၎င်းတို့ကို ကျွေးမွေးရသည့် စရိတ်စကများ အကြောင်းကို ပြောလျှင် ရက် ဘတ်တလာ နားထောင်တတ်သည်။ အကြံကောင်း ဉာဏ်ကောင်း ပေးတတ်သည်။ ရက် ဘတ်တလာက (စကားလက် ကဲ့သို့ပင်) ကပွဲသို့ သွားရမည် ဆိုလျှင်၊ ဧည့်ခံပွဲ တက်ရမည် ဆိုလျှင် မောသည် မရှိ။ ညစာ စားပြီး၍ ဘရန်ဒီနှင့် ကော်ဖီကို သောက်ရင်း ညစ်ညစ် ညမ်းညမ်း အဖြစ်အပျက်များကို ပြောပြသည့် အခါတွင် စကားလက် တခစ်ခစ် ရယ်ရသည်။ စကားလက် ပွင့်လင်းစွာ မေးလာလျှင် မေးသမျှ မေးခွန်းကို ဖြေသည်။ တောင်းသမျှ အရာကို ပေးသည်။ သို့ရာတွင် သွယ်ဝိုက်၍ မပွင့်မလင်း လုပ်လာပြီ၊ အရိပ်အမြွက်ဖြင့် ပြလာပြီ၊ မိန်းမတို့ ပရိယာယ်ဖြင့် မျှားပြီ ဆိုလျှင် ရက် ဘတ်တလာသည် မည်သည့် အရာမျှ မပေး။ ရက် ဘတ်တလာသည် အလွန် အကင်းပါးသည်။ သူ့ ပါးစပ် ဟလိုက်ရုံဖြင့် အူ ဘယ်နှစ်ခွေ ရှိသည်ကို မြင်တတ်သူမျိုး ဖြစ်သည်။ အားမနာ ပါးမနာ လှောင်ပြောင် ရယ်ပစ်တတ်သည်။

ရက် ဘတ်တလာသည် သူ့ကို ချစ်ဟန်လည်း မတူ၊ မုန်းဟန်လည်း မရှိ၊ ခပ်အေးအေးသာ ဆက်ဆံသည်။ ဤသည်ကို

ကြည့်၍ ရက် ဘတ်တလာသည် သူ့ကို မည်သည့် အတွက်ကြောင့်များ လက်ထပ်ခဲ့သနည်း ဟု စကားလက် မကြာခဏ စဉ်းစားမိ၏။ ယောက်ျားများ လက်ထပ်ခြင်းမှာ အချစ်ကြောင့်သော်လည်း ဖြစ်ရမည်။ သားသမီး လိုချင်သောကြောင့်လည်း ဖြစ်ရမည်။ ပစ္စည်း မက်ခြင်းကြောင့်သော်လည်း ဖြစ်ရမည်။ ရက် ဘတ်တလာက သူ့ကို လက်ထပ်ခြင်းကမူ ဤအရာများကြောင့် တစ်ခုမျှ ဟုတ်ပုံမရ။ သူ့ကို မချစ်သည်ကမူ သေချာသည်။ စကားလက်၏ ခမ်းနား ကြီးကျယ်သည့် အိမ်ကြီးကို ‘ဗိသုကာ ပညာ ဆိုင်ရာ ကြောက်ဖွယ်ကြီး’ တစ်ခုဟု ခေါ်သည်။ အိမ်တွင် နေရသည်ထက် စည်းကမ်း ရှိသည့် ဟိုတယ် တစ်ခုတွင် နေချင်သည်ဟု ပြောသည်။ ချားလ်နှင့် ဖရင့်တို့ ပြောလေ့ ရှိသလို သားသမီး လိုချင်ကြောင်းကိုလည်း တစ်ခါမျှ မပြောစဖူး။ တစ်ခါကမူ စကားလက်က ပြီတီတီဟန်ဖြင့် သူ့ကို ဘာကြောင့် လက်ထပ်ရသနည်းဟု ရက် ဘတ်တလာကို မေးသည်။ ရက် ဘတ်တလာက ထုံးစံအတိုင်း ခပ်လှောင်လှောင် ကြည့်၍ ‘အိမ်မွေးတဲ့ တိရစ္ဆာန်လေးတွေ မွေးသလို မွေးထားချင်လို့’ ဟု ပြောသဖြင့် စကားလက် အကြီးအကျယ် ဒေါပွရသေးသည်။

380



ဟုတ်သည်။ ရက် ဘတ်တလာ သူ့ကို လက်ထပ်သည့် အကြောင်းက တခြား ယောက်ျားများနှင့် လုံးလုံး မတူ။ သူ့ကို

လက်ထပ်ခြင်းမှာ သူ့ကို လိုချင်သောကြောင့် ဖြစ်ကြောင်း၊ လက်ထပ်သည့် နည်းနှင့်မှအပ အခြား မည်သည့်နည်းနှင့်မျှ မရနိုင်သောကြောင့်သာ ဖြစ်ကြောင်း ချစ်ရေး ဆိုသည့် ညက ထုတ်၍ ဖွင့်ပြော ခဲ့ပြီ မဟုတ်လော။ သူ့ကို ရက် ဘတ်တလာ လိုချင်ပုံမျိုးက ဘဲလ် ဝက်တလင်းကို လိုချင်ပုံမျိုးသာ ဖြစ်သည်။ ဤသို့ တွေးမိလျှင် စကားလက် စိတ်မကောင်း။ စင်စစ် သူ့ကို စော်ကားသည်နှင့် ဘာမျှ မခြား။ သို့ရာတွင် စိတ်မချမ်းသာစရာ ကိစ္စဟူသမျှကို ပခုံးတွန့်၍ လှုပ်ခါ ဖျောက်ဖျက် ပစ်တတ်သည့် အတတ်ပညာကို စကားလက် ရခဲ့ပြီ။ ထို့ကြောင့် ဤကိစ္စတွင်လည်း စကားလက် ပခုံးတွန့်၍ ခါချသည်။ သူတို့ နှစ်ယောက်၏ အိမ်ထောင်ရေးသည် နှစ်ဖက် သဘောတူ အပေးအယူ လုပ်ခြင်းမျိုးသာ ဖြစ်သည်။ သူ့ဘက်က အမြတ် ရသည်ဟု ထင်သဖြင့် စကားလက် ကျေနပ်သည်။ ရက် ဘတ်တလာလည်း ကျေနပ်လိမ့်မည် ထင်သည်။ သို့ရာတွင် သူ ကျေနပ်သည် မကျေနပ်သည်ကို စကာလက် ဂရုမစိုက်။ ကိုယ် ကျေနပ်လျှင်၊ ကိုယ် အမြတ်ထွက်လျှင် တော်ပြီ။

တစ်ညနေတွင်မူ အစာ မကြေသဖြင့် စကားလက် ဒေါက်တာမိထံ သွားပြသည်။ စိတ်မချမ်းသာစရာ အချက် တစ်ခုကို

သိလာခဲ့ရ၏။ ထိုအချက်ကို စကားလက် ပခုံး တွန့်၍ မောင်းထုတ် မပစ်နိုင်။ စကားလက် မျက်လုံး ဝင်းဝင်းတောက်လျက် အခန်းထဲသို့ ဆောင့်ကြီး အောင့်ကြီးဖြင့် ဝင်လာခဲ့သည်။ ကိုယ်ဝန် ရှိနေပြီဟု ရက် ဘတ်တလာကို ပြောပြ၏။

ရက် ဘတ်တလာက ညဝတ် ပိုးအင်္ကျီကို ဝတ်၍ လှဲရင်း ဆေးပြင်းလိပ်ကို ဖွာလျက် ရှိ၏။ စကားလက် စကား

ပြောနေစဉ် ရက် ဘတ်တလာက သူ့ မျက်လုံးကို စိုက်ကြည့်နေသည်။ သို့ရာတွင် တစ်ခွန်းမျှ မပြော။ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည့်တိုင် သူ့အမူအရာက စိတ်ဝင်စားသည့် အမူအရာကို ပြလျက် ရှိ၏။ ကိုယ်ဝန် ရှိသည့် အတွက် စကားလက် စိတ်လည်း ပျက်သည်။ ဒေါသလည်း ထွက်သည်။ တခြား ဘာကိုမျှ စိတ်မဝင်စားနိုင်။

‘မောင်လည်း သိသားပဲ၊ စကားလက် နောက်ထပ် ကလေး မလိုချင်ဘူး၊ အမှန်ကတော့ တစ်ယောက်မှကို မလိုချင်ဘူး၊

မွေးလို့သာ မွေးလာရတာ၊ ခုလည်း ကြည့်၊ လာပြန်ပြီ၊ လောကကြီးမှာ ဇိမ်ကျကျ နေရ တော့မယ် ကြံရင် အဲဒီ ကလေးက မွေးလာပြီ၊ ရယ် မနေပါနှင့်၊ မောင်လည်း မလိုချင်ဘူး မဟုတ်လား၊ သိပ် စိတ်ညစ်တာပဲ’

စကားလက်၏ စကားများက သူ လိုချင်သည့် စကားများ မဟုတ်။ ရက် ဘတ်တလာ၏ မျက်နှာသည် အနည်းငယ်

တင်းမာသွား၏။ မျက်လုံးများက မှုန်ငေးငေး ဖြစ်နေကြသည်။

‘ဒါဖြင့် မီလာနီကို ပေးလိုက်ပါလား၊ နောက်ထပ် ကလေး လိုချင်တာ ရူးတော့မတတ်ဆို’



‘မောင်နော်၊ နောက်မနေနှင့်၊ တကယ် ပြောတာ၊ စကားလက် ကလေး မလိုချင်ဘူး၊ ကလေး မမွေးအောင် လုပ်မှာ

သိရဲ့လား’

‘ပြောစမ်းပါဦး၊ ဘယ်လိုများ လုပ်မှာလဲ’



‘အမယ်လေး၊ နည်းတွေမှ အများကြီး၊ စကားလက် ငယ်ငယ်တုန်းကလို မထော်မနှမ်း တောသူမလေး တစ်ယောက်

မဟုတ်တော့ဘူး၊ ကလေး မလိုချင်ရင် မရအောင် ဘယ်လို လုပ်ရတယ် ဆိုတာ သိပြီ၊ နည်းလမ်းတွေက’

ရက် ဘတ်တလာက ရုတ်တရက် ထလိုက်၏။ သူ့ လက်ကောက်ဝတ်ကို ဆုပ်ထားသည်။ သူ့ မျက်နှာက ထိတ်လန့်

381

တုန်လှုပ်သည့် အမူအရာ။

‘ဒီမှာ စကားလက်၊ ကျုပ်ကို မှန်မှန် ပြောစမ်း၊ မင်း ဘာလုပ်ခဲ့သလဲ’



‘ဘာမှ မလုပ်ရသေးပါဘူး၊ ခုမှ လုပ်မလို့ ရှိသေးတယ်၊ ကလေး မွေးရင် ပုံပျက်ပန်းပျက် ဖြစ်တော့မယ်၊ ခုတောင်

ခါးမတုတ်အောင် မနည်း လုပ်ထားရတာ၊ ကလေး မရှိတော့ အလှလည်း မပျက်ဘူး၊ စိတ်ချလက်ချလည်း’

‘မင်း ဒီ အသိတွေကို ဘယ်က ရလာတာလဲ ဟင်၊ ဘယ်သူ့ဆီက ကြားလာတာလဲ’



‘အေမီဆီက၊ သူက’



‘ဟင်း၊ အေမီက ဒါမျိုး သိမှာပေါ့၊ ဇိမ်အိမ်မှာ ဇိမ်ခေါင်း လုပ်လာတဲ့ မိန်းမ၊ တော်ပြီ၊ ဒီ မိန်းမ နောက်ကို ကျုပ်အိမ်ရိပ်

မနင်းစေနှင့်၊ ကြားလား၊ ဒါ ကျုပ်အိမ်၊ ကျုပ် အမိန့်ကို နာခံရမယ်၊ ဒီ မိန်းမနှင့် အဆက်အဆံလည်း မလုပ်နှင့်’

‘ဒါကတော့ ကိုယ့် သဘောပါ၊ ကိုယ် ကြိုက်သလို နေမှာပေါ့၊ ဘာပူစရာ လိုသလဲ’



‘မင်း ဘာသာ မင်း ကလေး တစ်ယောက် မွေးမွေး၊ အယောက် နှစ်ဆယ် မွေးမွေး အရေးမကြီးဘူးကွ၊ ကျုပ်က မင်း

သေသွားမှာ ပူလို့ ပြောတာ’

‘စကားလက်က ဘာဖြစ်လို့ သေရမှာလဲ’



‘ဟုတ်တယ်၊ သေမှာ၊ ဒီ ကိစ္စမျိုး လုပ်တယ် ဆိုရင် သေဖို့ တစ်ဝက် နီးတယ် ဆိုတာ မင်းကို အေမီက မပြောဘူးလား’



‘ဟင့်အင်း မပြောဘူး’ စကားလက်က ခပ်ဆိုင်းဆိုင်း ဖြေသည်။ ‘လုပ်ချင်ရင် အလွယ်ကလေးပါတဲ့’



ရက် ဘတ်တလာက အော်၏။ သူ့ မျက်နှာက ဒေါသကြောင့် ညိုပုပ်နေသည်။ မျက်ရည်တို့ စွန်းထင်းနေသည့်

စကားလက်၏ မျက်နှာကို ငုံ့ကြည့်ပြီးနောက် ဒေါသ အရိပ်အယောင်တို့ ပျောက်သွား၏။ သို့ရာတွင် မျက်နှာက မကြည်လင်သေး၊ တင်းမာလျက်။ ရက် ဘတ်တလာက စကားလက်ကို ရုတ်တရက် ကောက်ပွေ့ကာ ကုလားထိုင်တွင် ဝင်ထိုင်သည်။ စကားလက် လွတ်ထွက်သွားမည်ကို စိုးရိမ်သည့်နှယ် တင်းကျပ်စွာ ပွေ့ထား၏။

‘နားထောင်စမ်းပါ ကလေးမရယ်၊ မင်း အသက် အန္တရာယ် ဖြစ်မှာမျိုး ကျုပ် ကြည့်နေလို့ ဖြစ်မလား ဟင်၊ တကယ်ကတော့

မင်းလိုပဲ ကျုပ်လည်း ကလေးတွေ ဘာတွေ ဒီလောက် မလိုချင်ပါဘူး၊ ဒါပေမယ့် မွေးလာရင် ကျုပ် ကျွေးနိုင်ပါတယ်၊ နောက်တစ်ခါ ဒီလို မိုက်မိုက်ကန်းကန်း စကားမျိုးတွေ ကျုပ် မကြားပါရစေနှင့်၊ ကျုပ် အတန်တန် တားတဲ့ကြားက မင်း ဒီလို လုပ်ရင် အင်း တစ်ခါတုန်းက ဒီလို လုပ်တဲ့ မိန်းကလေး တစ်ယောက် သေသွားတာကို ကျုပ် မြင်ဖူးတယ်၊ အဲဒီ ကလေးမက၊ အင်း ဒီကလေးမလေးက သဘောလည်း ကောင်းတယ်၊ ရုပ်ကလေးလည်း ချောပါဘိသနှင့်၊ သေချင်ရင် ဒီနည်းက သေလို့ မကောင်းပါဘူးကွယ်၊ ကျုပ် ကျုပ်’

‘ဘယ်လို ဖြစ်လို့လဲ ဟင်’ စကားလက်က အလန့်တကြား မေး၏။ ရက် ဘတ်တလာ၏ အသံက ဆွေးမြည့် အက်ကွဲသံ

ပါသည်။ ရက် ဘတ်တလာ ဤမျှ စိတ် လှုပ်ရှားသည်ကို စကားလက် တစ်ခါမျှ မတွေ့စဖူး။

382



‘ဘယ်မှာလဲ ဟင်၊ ဘယ်သူလဲ’



‘ကြာပါပြီကွယ်၊ နယူးအော်လီယန်းမှာပါ၊ ကျုပ်က ငယ်ငယ် ဆိုတော့ အဲဒါကို စိတ်ထဲမှာ စွဲနေတယ်၊ ဖျောက်လို့

မရဘူး’ ရက် ဘတ်တလာက ငုံ့၍ နှုတ်ခမ်းများဖြင့် သူ့ ဆံပင်ကို နမ်းနေသည်။ ‘ကလေးကိုတော့ မွေးပါကွယ်၊ တောင်လုပ် မြောက်လုပ်တော့ မလုပ်ပါနှင့်၊ နောက် မင်း မမွေးမချင်း ကျုပ်နှင့် မင်း လက်ထိတ် အတူ ပူးခတ်ထားမှ ထင်ပါရဲ့၊ ဒါမှ မင်း တောင်လုပ် မြောက်လုပ် မလုပ်နိုင်မှာ’

စကားလက်က ပေါင်ပေါ်တွင် ထထိုင်ကာ သူ့ မျက်နှာကို စိုက်ကြည့်နေ၏။ မန်းမှုတ်လိုက်သည့်နှယ် သူ့

အကြည့်အောက်တွင် ရက် ဘတ်တလာ၏ မျက်နှာသည် ချောမွေ့ ကြည်လင်လာသည်။ မျက်ခုံးကို ပင့်ကာ နှုတ်ခမ်း တစ်ဖက်ကို မဲ့လိုက်၏။

‘စကားလက်ဟာ မောင့် ဘဝမှာ ဒီလောက်ပဲ အရေးကြီးသလား’



စကားလက်က မျက်လွှာချ၍ မေးလိုက်သည်။ သူ့ မေးခွန်း နောက်ကွယ်တွင် မြှူဆွယ် ခရာသည့် အဓိပ္ပာယ်

ပါမပါ စူးစမ်းသည့်နှယ် ရက် ဘတ်တလာက သူ့ကို စိုက်ကြည့်၏။ အတန်ကြာမှ စကားလက် မေးသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားဟန်ဖြင့် အမှတ်တမဲ့ ဖြေလိုက်သည်။

‘အရေးကြီးတာပေါ့ကွယ်၊ မင်း သိသားပဲ၊ မင်း အထဲမှာ ကျုပ် အရင်းအနှီး တော်တော် မြှုပ်ခဲ့ရပြီးပြီ၊ ကျုပ် အရင်း ကျုပ်

ဘယ်အဆုံးခံနိုင်ပါ့မလဲ’

မီလာနီက စကားလက် အခန်းထဲမှ ထွက်လာ၏။ စိတ်ပူရလွန်းသဖြင့် မောပန်း နွမ်းနယ်နေသည့်တိုင် စကားလက်

သမီးကလေး တစ်ယောက် ချောချော မောမော မွေးလာသဖြင့် ဝမ်းသာသည်။ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် လည်သည်။ ရက် ဘတ်တလာက ခန်းဆောင်တွင် တောင့်တောင့်ကြီး ရပ်၍ စောင့်သည်။ သူ့ ဘေးပတ်လည်တွင် ဆေးပြင်းလိပ်တိုတွေ ပြည့်လျက်။ အကောင်းစား ကော်ဇောကြီးတွင် မီးလောင်ပေါက်တွေ ပြည့်လျက်။

‘အထဲ ဝင်ကြည့်နိုင်ပြီ ဗိုလ်ကြီး ဘတ်တလာ’



မီလာနီက ရှက်အမ်းအမ်းဖြင့် ပြောသည်။



ရက် ဘတ်တလာက အခန်းထဲသို့ ခပ်သုတ်သုတ် ဝင်သည်။ ဒေါက်တာမိ ထွက်လာသဖြင့် တံခါးက ဟနေသည်။

ကြီးဒေါ် ရင်ခွင်မှ ကိုယ်တုံးလုံး ကလေးငယ်ကို ငုံ့ကြည့်နေသည့် ရက် ဘတ်တလာကို တံခါးကြားမှ လှမ်း၍ မီလာနီ မြင်လိုက်ရ၏။ မီလာနီက ကုလားထိုင်ပေါ်သို့ ထိုင်ချသည်။ ကလေး မွေးသည်ကို မမျှော်လင့်ဘဲ မြင်ခဲ့ရသဖြင့် သူ့ မျက်နှာသည် ရှက်သွေးဖြင့် နီနေသည်။

‘အင်း သနားပါတယ်၊ ဗိုလ်ကြီး ဘတ်တလာ တစ်ယောက် တော်တော် စိုးရိမ်နေရှာပုံပဲ၊ သူ့ ခမျာ အရက်တောင်

မသောက်နိုင်ရှာဘူး၊ တချို့ ယောက်ျားတွေ ဆိုရင် ကလေးမွေးရင် သောက်လိုက်တာ ဒေါင်ချာ စိုင်းနေတာပဲ၊ နည်းနည်း သောက်လိုက်ရင်တော့ ကောင်းမယ် ထင်တယ်၊ သူ့ ကြည့်ရတာ စိတ်ပင်ပန်းနေပုံပဲ၊ ငါ သွားပြီး သောက်ဖို့ ပြောရမလား၊ အို

383

မကောင်းပါဘူးလေ၊ သိပ်ပြီး အတင့်ရဲရာ ရောက်သွားမှာ’

မီလာနီ ကျေနပ် ရောင့်ရဲစွာဖြင့် ကုလားထိုင်တွင် ထိုင်သည်။ ယခု တလောတွင် နောက်ကျောတက် တတ်သည်။

တစ်ခါတစ်ရံတွင် သူ့ ကျောသည် ခါးမှ နေ၍ ကျိုးထွက်တော့မည်လောဟုပင် ထင်ရ၏။ စကားလက် တစ်ယောက် ကံကောင်းသည်ဟု မီလာနီ ထင်သည်။ မီးဖွားနေစဉ် ဗိုလ်ကြီး ဘတ်တလာက အခန်းပြင်ဘက်တွင် စောင့်နေသည်။ ဘိုဘိုကို မွေးတုန်းက အက်ရှလေသာ မီးနေခန်းဝတွင် ရှိလျှင် တစ်ဝက်မျှလောက်ပင် ဝေဒနာ ခံစားရမည် မထင်။ မီးနေခန်းထဲက သမီးလေးသည် စကားလက်၏ သမီး မဟုတ်ဘဲ သူ့ သမီးလေးများ ဖြစ်ခဲ့လျှင် မည်မျှ ပျော်စရာ ကောင်းမည်နည်း။ မိမိသည် မည်မျှ မနာလို ဝန်တိုတတ်သနည်း။ မည်မျှ စိတ်ထား ပုပ်သနည်း။ မီလာနီ သူ့ကိုယ်သူ မလုံမလဲ ဖြစ်နေသည်။ စကားလက်သည် သူ့ အပေါ်တွင် စိတ်ကောင်း သဘောကောင်း ထားသူ မဟုတ်လော။ သူ့ သမီးလေးကို မည်သည့် အတွက် လိုချင် တောင့်တ ရှိနေရသနည်း။ ‘ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဘုရား၊ စကားလက်ရဲ့ သမီးကို တပည့်တော် တောင့်တခြင်း မဟုတ်ပါ ဘုရား၊ တပည့်တော်မရဲ့ သမီး အရင်းလို သဘော ထားပါ့မယ် ဘုရား’ ဟု မီလာနီ ဆုတောင်းမိသည်။

မီလာနီက ခါးကိုက်သဖြင့် နောက်ကျောတွင် မှီအုံး ခပ်ငယ်ငယ် တစ်ခုကို ခုလိုက်၏။ သမီးလေး တစ်ယောက်

မွေးလျှင် အကောင်းသားဟု တောင့်တသည်။ သို့ရာတွင် ဒေါက်တာမိက ဤကိစ္စတွင် ထင်မြင်ချက် မပြောင်း။ ကလေး တစ်ယောက် မွေးရလျှင် သူ သေလိုက သေစေဟု သဘော ထားနိုင်သည့်တိုင် အက်ရှလေက လက်ခံမည် မဟုတ်။ သမီးလေး တစ်ယောက်မူ လိုချင်သည်။ အက်ရှလေကလည်း သမီးလေး ဆိုလျှင် ပိုချစ်လိမ့်မည်။

သမီးလေး။ ဟုတ်သည်။ သမီးလေး။ ဘုရား ဘုရား။ မီလာနီ အလန့်တကြား ထထိုင်သည်။ မိန်းကလေး ဖြစ်ကြောင်း

ဗိုလ်ကြီး ဘတ်တလာကို မပြောရသေး။ ဗိုလ်ကြီး ဘတ်တလာကမူ ယောက်ျားလေး လိုချင်လိမ့်မည် ထင်သည်။

ယောက်ျားလေး မွေးသည် ဖြစ်စေ၊ မိန်းကလေး မွေးသည် ဖြစ်စေ မိန်းမသား တစ်ယောက်အဖို့မူ ချစ်ရသည်ချည်း။

သို့ရာတွင် ယောက်ျား တစ်ယောက်၊ အထူးသဖြင့် ဇွတ်တရွတ် လုပ်တတ်သည့် ဗိုလ်ကြီး ဘတ်တလာလို လူမျိုး အတွက်မူ မိန်းကလေး မွေးသည့် အတွက် စိတ်ပျက်စရာ ဖြစ်နေလိမ့်မည်။ သူ့တွင် တစ်ဦးတည်းသော ကလေးကို သားယောက်ျားလေး မွေးပေးသည့် အတွက် ဘုရားကို မီလာနီ ကျေးဇူးတင်သည်။ သူသာ တဇောက်ကန်းသမား ဗိုလ်ကြီး ဘတ်တလာ၏ ဇနီး ဖြစ်လျှင် သမီးဦးကလေး မွေးပေးရခြင်းထက် မီးတွင်းတွင် သေသွားရသည်က တော်ဦးမည်။

ကြီးဒေါ်က ပါးစပ်ကြီး ဖြဲ၍ ရယ်ကာ မီးနေခန်းထဲမှ ကွတ ကွတဖြင့် ထွက်လာသည်။ ဗိုလ်ကြီး ရက် ဘတ်တလာက

သူ ထင်ခဲ့သည့် လူစားမျိုး မဟုတ်သည့် အတွက် ကြီးဒေါ် တအံ့တသြ ဖြစ်နေသည်။

‘ကြီးဒေါ်က ကလေးကို ရေချိုးပေးရင်း သားလေး မဟုတ်ဘဲ သမီးလေး မွေးလာလို့ ဗိုလ်ကြီး ဘတ်တလာကို

တောင်းပန်တယ်၊ ဒီတော့ သူက ဘာပြောတယ် ထင်သလဲ မလေး၊ ကြီးဒေါ်ရယ် ဒါတွေ ပြောမနေပါနှင့်၊ ယောက်ျားလေး လိချုင်တယ်လို့ ဘယ်သကူ ပြောလိလ့ု တဲ ၊ဲ့ ယောက်ျားလေးက သိပ် ဒုက္ခပေးတယ်တ၊ဲ့ မိန်းကလေး မွေးတာ စိတခ်ျမ်းသာရတယ်တ၊ဲ့ ကျွန်တော့် သမီးကို သားယောက်ျားလေး တစ်ကျိပ်နဲ့ မလဲဘူးတဲ့၊ ပြီးတော့ ကြီးဒေါ် လက်ထဲက ကလေးကို အတင်း ယူချီတော့တာပဲ တော်ရေ့၊ ကလေးက အဝတ်အစား မဝတ်ရသေးဘူး မဟုတ်လား၊ ဒီတော့ ကြီးဒေါ်က ဗိုလ်ကြီး ဘတ်တလာ နေဦးလေ၊ ကလေးက ကိုယ်တုံးလုံးကလေးလို့ ပြောရတယ်၊ ယောက်ျားလေး မွေးရင် ဗိုလ်ကြီး ဘတ်တလာ ဝမ်းသာ အားရ

384

အော်ဟစ်နေတာကို ကြားရတော့မယ် ဆိုပြီး ယောက်ျားကလေးကို မျှော်နေတာလို့ ကြီးဒေါ်က ပြောတယ်၊ ဒီတော့ သူက ရယ်ပြီး ခေါင်းယမ်းတယ်၊ ကြီးဒေါ်ကလည်း သိပ်ခက်တာကိုး၊ ယောက်ျားလေး ဆိုတာ ဘာမှ အသုံးမကျဘူးတဲ့၊ ကျွန်တော့်ကို ကြည့်ပါလားတဲ့၊ တကယ်ပဲ မလေးရယ်၊ ဗိုလ်ကြီး ဘတ်တလာက တကယ့် လူကြီး လူကောင်းလို ဣနြေ္ဒ ဆောင်နိုင်တာပဲ’

ကြီးဒေါ်က စိတ်ပါလက်ပါ ပြောသည်။ ရက် ဘတ်တလာ၏ အပြုအမူကြောင့် ကြီးဒေါ်သည် ရက် ဘတ်တလာကို

အထင်ကြီးသွားဟန် တူသည်ဟု မီလာနီ ထင်သည်။

‘ဗိုလ်ကြီး ဘတ်တလာက ကြီးဒေါ် ထင်သလို မဟုတ်ပါလား မလေးရဲ့၊ ကြီးဒေါ် အဖို့တော့ ဒီနေ့ဟာ အပျော်ဆုံးနေ့ပဲ

မလေးရေ့၊ ရိုဘီးလာ့ဒ် အမျိုးထဲက မိန်းကလေး သုံးဆက် မွေးတာကို ကြီးဒေါ် တွေ့ဖူးသွားပြီ၊ စကားလက်တို့ အမေ မမအယ်လင်ရယ်၊ စကားလက်ရယ်၊ ခု သမီးလေးရယ်၊ ကြီးဒေါ်ရဲ့ အပျော်ဆုံးနေ့ပဲ’

သို့ရာတွင် ထိုအိမ်မှ တစ်ယောက်သောသူ အဖို့မှာမူ ထိုနေ့သည် ပျော်စရာ မင်္ဂလာနေ့ မဟုတ်။ ထိုနေ့ တစ်နေ့လုံး

မည်သူကမျှ ဂရုစိုက်ဖော်လည်း မရ။ အအော် အငေါက်လည်း ခံရသဖြင့် ဝိတ်ကလေး တစ်ယောက် ထမင်းစားခန်းတွင် ညှိုးငယ်စွာ ထိုင်နေသည်။ ထိုနေ့ နံနက် စောစော၌ ကြီးဒေါ်က သူ့ကို ရုတ်တရက် နှိုးသည်။ သုတ်သီးသုတ်ပျာ အဝတ်အစား လဲပေးသည်။ ထို့နောက် အယ်လာနှင့် အတူ ဒေါ်လေး ပစ်တီ အိမ်သို့ နံနက်စာ စားရန် ပို့လိုက်သည်။ မေမေ နေမကောင်း ဖြစ်နေသည်။ သူ ဆော့လျှင် မေမေ လန့်လိမ့်မည်။ ထို့ကြောင့် ဒေါ်လေး ပစ်တီ အိမ်သို့ သွားနေရမည် ဆိုသည်မှ အပ အခြား ဘာမျှ ဝိတ်ကလေး မသိရ။ ဒေါ်လေး ပစ်တီ အိမ်သို့ သွားနေရမည် ဆိုသည်မှ အပ အခြား ဘာမျှ ဝိတ်ကလေး မသိရ။ ဒေါ်လေး ပစ်တီ အိမ်တွင် ယောက်ယက်ခတ်နေသည်။ စကားလက် နေမကောင်းသည့် အတွက် ဒေါ်လေး ပစ်တီ တစ်ယောက် အိပ်ရာပေါ် လဲနေသဖြင့် ထမင်းချက် မိန်းမကြီးက ပြုစုနေရသည်။ ကလေးများ အတွက် ဦးလေး ပီတာ ပြင်ပေသည့် နံနက်စာက စားချင့်စဖွယ် မရှိ။ နေမြင့်လာသည့် အခါ၌ ဝိတ်ကလေး စိုးရိမ် ကြောက်လန့်စ ပြုလာသည်။ မေမေများ သေမည်လော ဟု စိတ်ပူလာသည်။ အခြား ကလေးများ၏ မေမေများလည်း သေခဲ့ကြသည် မဟုတ်လော။ မသာ ချသွားသည်ကို ဝိတ်ကလေး မြင်ဖူးသည်။ သူ့ကစားဖော်များ ငိုကြွေးသည်ကို ဝိတ်ကလေး မြင်ဖူးသည်။ မေမေများ သေလျှင် မည်သို့ လုပ်ရမည်နည်း။ သူ့ မေမေကို ဝိတ်ကလေး ချစ်သည်။ ကြောက်လည်း ကြောက်သည်။ မေမေ့ကို အသုဘ ရထား မည်းမည်းကြီးပေါ် တင်သွားပုံကို မြင်ယောင်တိုင်း ဝိတ်ကလေး၏ ရင်တွင် နာကျင် လာသည်။ အသက်ရှူ ကျပ်လာသည်။

မွန်းတည့်ချိန် ဦးလေး ပီတာ တစ်ယောက် မီးဖိုထဲတွင် အလုပ် ရှုပ်နေချိန်၌ ဝိတ်ကလေးသည် အိမ်ရှေ့ တံခါးမှ

လစ်ထွက်ကာ ခြေကလေး မခိုင့်တခိုင်ဖြင့် အိမ်ဘက်သို့ ပြေးလာခဲ့သည်။ ကြောက်ကြောက်ဖြင့် အားသွန် ပြေးသည်။ ဦးလေး ဘတ်တလာ၊ ဒေါ်လေး မီလာနီနှင့် ကြီးဒေါ်တို့ကမူ အမှန်ကို သိလိမ့်မည်။ သို့ရာတွင် ဦးလေး ဘတ်တလာကို လည်းကောင်း၊ ဒေါ်လေး မီလာနီကို လည်းကောင်း မတွေ့ရ။ ကြီးဒေါ်နှင့် ဒစ်လစီတို့မှာ နောက်ဖေး လှေကားတွင် တက်ချည် ဆင်းချည်ဖြင့် အလုပ် များနေကြသည်။ လက်ထဲတွင် မျက်နှာသုတ် ပဝါ၊ ရေနွေးဇလုံ စသည်တို့ ကိုင်လျက်။ သူ့ကို ဂရု မစိုက်နိုင်ကြ။ တံခါး ပွင့်သွားတိုင်း အပေါ်ထပ်မှ ဒေါက်တာမိ၏ စကား ပြောသံကို ပြတ်တောင်း ပြတ်တောင်း ကြားရ၏။ တစ်ချီတွင်မူ မေမေ၏ ညည်းသံနှင့် ငိုသံကို ကြားလိုက်ရသည်။ မေမေ သေတော့မည်ဟု ဝိတ်ကလေး ထင်သည်။ စိတ် သက်သာလို သက်သာငြား ပြတင်းပေါက် ပေါင်ပေါ်တွင် နေစာ လှုံနေသည့် ကြောင်ဝါကလေးနှင့် ကစားသည်။ သို့ရာတွင် အသက် တော်တော် ရနေပြီ ဖြစ်သည့် ရွှေဝါသည် စိတ်ရှုပ် မခံလိုသည့်နှယ် အမြီးကို ယမ်းကာ အသာ ထွက်သွားသည်။

385



နောက်ဆုံး အိမ်ရှေ့ လှေကားမှ ကြီးဒေါ် ဆင်းလာ၏။ သူ့ ခါးစည်း အဝတ်က တွန့်ကြေလျက် စွန်းပေနေသည်။

ဆံပင်က ဖရိုဖရဲ။ သူ့ကို မြင်သည့် အခါတွင် မျက်မှောင် ကုတ်သည်။ ကြီးဒေါ်သည် ဝိတ်ကလေး၏ ခိုကိုးရာ အမြဲ ဖြစ်ခဲ့သည်။ ယခု ကြီးဒေါ် မျက်မှောင်ကုတ် ကြည့်သည့် အခါတွင် ဝိတ်ကလေး တုန်နေသည်။

‘ဟဲ့ ကောင်လေး၊ တော်တော် ဆိုးတဲ့ ကောင်လေး၊ ဒေါ်လေး ပစ်တီအိမ် ပို့ထားတာ ဘာဖြစ်လို့ ပြန်လာတာလဲ၊ သွား

သွား၊ ဒေါ်လေး ပစ်တီအိမ် သွား ကစားချေ’

‘မေမေ မေမေ သေမှာလား ဟင်’



‘တော်တော် ဒုက္ခ ပေးတဲ့ ကောင်လေးပါလား ဟင်၊ ဘာဖြစ်လို့ သေရမှာလဲ၊ နင်တို့ ယောက်ျားလေးတွေကို တော်တော်

ကဲတယ်၊ ဘာဖြစ်လို့များ ယောက်ျားလေးတွေ မွေးကြသလဲ မသိဘူး၊ သွား ကစားချေလို့ ပြောနေ’

သို့ရာတွင် ဝိတ်ကလေး မသွား။ ကြီးဒေါ်၏ စကားများကို ကောင်းကောင်း နားမလည်။ ခန်းမဆောင် ထဲက ခန်းဆီးကြီး

ကြားထဲသို့ ဝင်နေသည်။ ယောက်ျားလေးများ ဒုက္ခ အလွန် ပေးသည် ဆိုသည့် စကားကို ခံပြင်းသည်။ သူ လိမ္မာအောင် အကောင်းဆုံး ကြိုးစား နေခဲ့သည် မဟုတ်လော။ နာရီဝက်ခန့် အကြာတွင် ဒေါ်လေး မီလာနီ အပေါ်ထပ်မှ ဆင်းလာ၏။ မျက်နှာ ဖြူရော်ကာ ပင်ပန်း နွမ်းနယ်နေသည်။ သို့ရာတွင် တစ်ယောက်တည်း ပြုံးလာသည်။ ခန်းဆီး ကြားက ဝိတ်ကလေး၏ ငိုမဲ့မဲ့ မျက်နှာကလေးကို မြင်သည့်အခါတွင် အံ့အား သင့်နေသည်။ ဒေါ်လေး မီလာနီသည် သူ့ကို အလိုလိုက်ဆုံး။ မေမေ့လို တစ်ခါမျှ မငေါက်စဖူး။ ‘ကောင်လေး၊ သွား အနား မလာစမ်းနှင့်၊ ဒီမှာ အရေးကြီးတဲ့ အထဲ လာရှုပ်ပြန်ပြီ’ ဟု လည်းကောင်း၊ ‘သွားစမ်း ဝိတ်ကလေး၊ မေမေ မအားဘူး’ ဟု လည်းကောင်း မေမေ ပြောသလို တစ်ခါမျှ မပြောစဖူး။

သို့ရာတွင် ယခု တစ်ကြိမ်တွင်မူ ဒေါ်လေး မီလာနီက မပြောစဖူး ပြောသည်။



‘ဝိတ်ကလေး၊ သိပ်ဆော့ပါလား ဟင်၊ ဒေါ်လေး ပစ်တီအိမ် ဘာဖြစ်လို့ မသွားတာလဲ’



‘မေမေ သေမှာလား ဟင်၊ ဒေါ်လေး’



‘ဘုရားရေ၊ ဘာလို့ သေရမှာလဲ ဝိတ်ကလေးရဲ့၊ ပေါက်ပေါက်ရှာရှာတွေ တော်တော် မေးပါလား’ ဒေါ်လေး မီလာနီက

ပြောသည်။ ထို့နောက် သနားသွားဟန်ဖြင့် ဆက်ပြော၏။ ‘ဒေါက်တာမိက ဝိတ်ကလေးနှင့် ကစားဖို့ ညီမလေး တစ်ယောက် ယူလာတယ် သိလား၊ ကောင်ကောင်း နေရင် ညကျတော့ ညီမလေးကို ကြည့်ရမယ် နော်၊ သွားကစားချေ၊ သိပ် မဆူနှင့်နော်’

ဝိတ်ကလေးက တိတ်ဆိတ်နေသည့် ထမင်းစားခန်းထဲသို့ ဝင်လာခဲ့သည်။ သူ၏ ကမ္ဘာ သေးသေးကလေးသည်

ပြိုလဲစ ပြုနေပြီ။ ဤနေ့တွင် လူကြီးများသည် အဘယ့်ကြောင့် ထူးထူးဆန်းဆန်း ယောက်ယက်ခတ် နေကြသနည်း။ နေခြည် ဖြာသည့် ဤနေ့မျိုးတွင် စိတ်ရှုပ်နေသည့် ခုနစ်နှစ်သား ကလေးငယ် တစ်ယောက် အတွက် နေစရာ နေရာ မရှိတော့ပြီလော။ ပြတင်းပေါက် ပေါင်ပေါ်တွင် ထိုင်သည်။ ပန်းအိုးထဲတွင် စိုက်ထားသည့် ပိန်းပင်မှ ပိန်းရွက်ကို ဖဲ့၍ ကိုက်သည်။ ပိန်းရွက် အရသာက စပ်ရှားရှား။ ဝိတ်ကလေး တရှူးရှူးဖြင့် မျက်ရည်တွေ ကျကာ ငိုနေသည်။ မေမေ သေတော့မည်။ သူ့ကို မည်သူကမျှ ဂရု မစိုက်ကြ။ မိန်းကလေး ကလေး တစ်ယောက် မွေးသဖြင့် အားလုံး ပျာယာခတ်နေကြသည်။ ဝိတ်ကလေးက ကလေးများကို စိတ်မဝင်စားတတ်။ မိန်းကလေး ဆိုလျှင်မူ သာ၍ပင် စိတ်မဝင်စားတတ်။ ရင်းနှီးသည့် တစ်ဦးတည်းသော မိန်းကလေးမှာ

386

ညီမလေး အယ်လာ တစ်ဦးသာ ဖြစ်၏။ ယခု အထိမူ အယ်လာကိုလည်း ထူးထူးခြားခြား မချစ်သေး။

အချိန် အတော် ကြာသည့် အခါ၌ ဒေါက်တာမိနှင့် ဦးလေး ဘတ်တလာတို့ လှေကားမှ ဆင်းလာကြကာ

ခန်းမဆောင်ထဲတွင် ရပ်၍ တီးတိုး ပြောနေကြသည်။ ဒေါက်တာမိကို အပေါက်ဝ အထိ လိုက်ပို့ပြီး နောက် ဦးလေး ဘတ်တလာက ထမင်းစားခန်းထဲသို့ ခပ်သုတ်သုတ် ဝင်လာသည်။ ချိုင့်ထဲမှ အရက်ကို ခပ်များများ ငှဲ့၍ သောက်နေသည်။ ဝိတ်ကလေးကို မမြင်သေး။ သူ့ကို မြင်သွားမည် စိုးသည့် အတွက် ဝိတ်ကလေးက ခန်းဆီး ကြားထဲသို့ တိုး၍ ပုန်းနေသည်။ ရှုပ်သည်ဟု ပြောဦးမည်။ ဒေါ်လေး ပစ်တီ အိမ်သို့ သွားနေဖို့ ပြောဦးမည်ဟု ထင်သည်။ သို့ရာတွင် ဦးလေး ဘတ်တလာက ပြုံးပြ၏။ ဤသို့ ပြုံးသည်ကို ဝိတ်ကလေး တစ်ခါမျှ မမြင်ဖူးသေး။ ဤမျှ ပျော်နေသည်ကိုလည်း တစ်ခါမျှ မမြင်ဖူးသေး။ ရဲလာကာ ဝိတ်ကလေး ပြတင်းပေါင်ပေါ်မှ ခုန်ဆင်းပြီး သူ့ထံသို့ ပြေးလာ၏။

‘ဝိတ်ကလေး ညီမလေး တစ်ယောက် ရပြီ သိလား’ ရက် ဘတ်တလာက သူ့ကို ဆီးပွေ့၍ ပြော၏။ ‘ညီမလေးက

သိပ်လှတာပဲ၊ ကမ္ဘာပေါ်မှာ အလှဆုံး၊ အို အို ဘာဖြစ်လို့ ငိုနေတာလဲ’

‘မေမေ-’



‘မေမေလား၊ ခု ထမင်းတွေ အများကြီး စားနေတယ်လေ၊ ကြက်ကလေးကြော်ရော၊ ထမင်းရော၊ ဟင်းချိုရော၊

ကော်ဖီရော အများကြီးပဲ၊ ခု မေမေဖို့ ရေခဲမုန့် လုပ်မလို့ကွ၊ ဝိတ်ကလေးရော စားမလား၊ နေဦး နေဦး၊ ခဏ ကြာရင် ကျွေးမယ်နော်၊ ညီမလေးကိုလည်း ကြည့်ရမယ်’

ဝိတ်ကလေး စိတ်အေး သွားသည်။ ညီမလေး အသစ်ကလေး အကြောင်းကို ပြောမည်ပြု၏။ သို့ရာတွင် ပြော၍ မရ။

မိန်းကလေး ဆိုလျှင် လူတိုင်းက ချစ်ကြသည်။ ဂရု စိုက်ကြသည်။ သူ့ကို မည်သူကမျှ ဂရု မစိုက်ကြတော့။ ဒေါ်လေး မီလာနီနှင့် ဦးလေး ဘတ်တလာတို့ကပင် သူ့ကို ဂရု မစိုက်ကြတော့။

‘ဦးလေး ဘတ်တလာ’ ဝိတ်ကလေးက ခေါ်သည်။ ‘လူကြီးတွေက ယောက်ျားလေးတွေထက် မိန်းကလေးတွေကို

ပိုချစ်သလား ဟင်’

ရက် ဘတ်တလာက ဖန်ခွက်ကို ချကာ သူ့ မျက်နှာကလေးကို စူးစိုက် ကြည့်နေသည်။ သူ့ မျက်လုံးတွင် စိုးရိမ်သည့်

အရိပ် လက္ခဏာ ပေါ်လာ၏။

‘မဟုတ်ပါဘူးကွာ’ စဉ်းစား ဆုံးဖြတ်ပြီးသည့်နှယ် ရက် ဘတ်တလာက လေးနက် တည်ငြိမ်စွာ ပြော၏။ ‘မိန်းကလေးက

ယောက်ျားလေးတွေထက် ဒုက္ခ ပေးတယ် မဟုတ်လား၊ ဒီတော့ လူကြီးတွေက ဒုက္ခ ပေးတဲ့ ကလေးတွေကို ဒုက္ခ မပေးတဲ့ ကလေးတွေထက် ဂရု စိုက်ရတာပေါ့’

‘ကြီးဒေါ်က ပြောတော့ ယောက်ျားလေးတွေက ဒုက္ခ ပေးတယ်ဆို’



‘ကြီးဒေါ်က စိတ်တိုနေလို့ ပြောတာပါ ကွာ၊ တကယ် ပြောတာ မဟုတ်ပါဘူး’



‘ဦးလေး ဘတ်တလာ၊ ဦးလေး ဘတ်တလာက မိန်းကလေးတွေထက် ယောက်ျားလေးကို ပိုမလိုချင်ဘူးလား ဟင်’

387



ဝိတ်ကလေးက မျှော်လင့်တကြီးဖြင့် မေးသည်။



‘တော်ပြီလေကွာ’ ရက် ဘတ်တလာက ခပ်သွက်သွက် ပြော၏။ ဝိတ်ကလေး မျက်နှာက ညှိုးသွားသည်။



‘ဦးလေး ဘတ်တလာမှာ ယောက်ျားလေး တစ်ယောက် ရှိနေပြီပဲ၊ နောက်ထပ် ဘာလုပ်ဖို့လဲ’



‘ဦးလေး ဘတ်တလာမှာ ရှိသလား’ ဝိတ်ကလေးက ပါးစပ် အဟောင်းသားဖြင့် မေးသည်။



‘ဒါဖြင့် ဘယ်မှာလဲ’



‘ဒီမှာလေ’ ရက် ဘတ်တလာက ပြော၍ ဝိတ်ကလေးကို ပွေ့ယူပြီး ပေါင်ပေါ်တွင် တင်လိုက်၏။



‘မင်းဟာ ယောက်ျားလေးပေါ့ သားရဲ့’



ဝိတ်ကလေး အားရှိသွားသည်။ ရင်ထဲတွင် အေးသွားသည်။ ထို့ကြောင့် ဝိတ်ကလေး နောက်တစ်ကျော့ ငိုသည်။ ရက်

ဘတ်တလာ၏ ရင်ခွင်ထဲသို့ ခေါင်းကို ဝှက်ထားမိသည်။

‘ဝိတ်ကလေးဟာ ဦးလေး ဘတ်တလာရဲ့ သားပေါ့၊ မဟုတ်ဘူးလား’



‘ဟုတ်လား၊ ဒါဖြင့် ဝိတ်ကလေးဟာ လူ နှစ်ယောက်ရဲ့ သားပေါ့ ဟုတ်လား’



ဝိတ်ကလေးက မေးသည်။ သူ တစ်ခါမျှ မမြင်ဖူးလိုက်သည့် သူ့ အဖေကိုလည်း ဝိတ်ကလေး မမေ့နိုင်။ သူ့ကို

ဂရုတစိုက် ပွေ့ဖက်ထားသည့် ရက် ဘတ်တလာကိုလည်း ချစ်သည်။ အဖေ့ အပေါ်တွင် ထားသည့် သစ္စာနှင့် ဦးလေး ဘတ်တလာပေါ်တွင် ရှိသည့် အချစ်တို့ လွန်ဆွဲ နေကြသည်။

‘ဒါပေါ့၊ ဟုတ်တာပေါ့’ ရက် ဘတ်တလာက ခပ်ရဲရဲ ပြောသည်။ ‘ဝိတ်ကလေးဟာ မေမေရဲ့ သားနှင့် ဒေါ်လေး

မီလာနီရဲ့သား ဖြစ်သလိုပေါ့၊ အတူတူပေါ့’

ဝိတ်ကလေးက သူ့ စကားကို မှတ်ထားလိုက်သည်။ ဦးလေး ဘတ်တလာ ပြောသည့် အဓိပ္ပာယ်ကို သူ နားလည်သည်။

ရှက်စနိုးဟန်ဖြင့် ကိုယ်ကို နွဲ့လိုက်၏။

‘ဦးလေး ဘတ်တလာက ယောက်ျားလေးတွေ အကြောင်းကို သိတယ်နော်၊ နော် ဦးလေး ဘတ်တလာ’



ရက် ဘတ်တလာ၏ ညိုမှောင်သော မျက်နှာသည် မသိမသာ တည်သွား၏။ နှုတ်ခမ်းကို မဲ့လိုက်သည်။



‘ဒါပေါ့၊ သိတာပေါ့’



ရက် ဘတ်တလာက ခပ်ပြတ်ပြတ် ပြောသည်။



ဝိတ်ကလေး ရင်ထဲတွင် ကြောက်စိတ်နှင့် မနာလိုစိတ်တို့ ပေါ်လာပြန်သည်။ ဦးလေး ဘတ်တလာသည် သူ့

အကြောင်းကို တွေးနေခြင်း မဟုတ်။ အခြား ယောက်ျား တစ်ယောက်၏ အကြောင်းကို တွေးနေပုံ ရသည်။

388



‘ဦးလေး ဘတ်တလာမှာ တခြား ယောက်ျားလေးတွေ ရှိသေးလား ဟင်’



ရက် ဘတ်တလာက မတ်တတ် ရပ်လိုက်၏။



‘ဦးလေး ဘတ်တလာ အရက် ဆာတယ်ကွာ၊ အရက် သောက်ရဦးမယ်၊ ဝိတ်ကလေးရော နည်းနည်း သောက်မလား၊

နည်းနည်း သောက်ကြည့်ပေါ့၊ ညီမလေး အတွက် ဝမ်းသာတဲ့ အထိမ်းအမှတ်’

‘ဦးလေး ဘတ်တလာမှာ ဒီပြင် ယောက်ျား ကလေးလေး . . .’



ဝိတ်ကလေးက ပြောသည်။ ရက် ဘတ်တလာက အရက်ချို နီနီ ထည့်ထားသည့် ချိုင့်ကို လှမ်းယူသည်။

လူကြီးသူကြီးပမာ အထိမ်းအမှတ် အဖြစ် သောက်ရမည် ဖြစ်သဖြင့် ဝိတ်ကလေး အာရုံ ပြောင်းသွား၏။

‘ဟင့်အင်း ဦးလေး၊ ဝိတ်ကလေး မသောက်ဘူး၊ တက္ကသိုလ်က ဘွဲ့မရမချင်း မသောက်ပါဘူးလို့ ဒေါ်လေး မီလာနီကို

ကတိ ပေးထားတယ်၊ မသောက်ရင် နာရီ တစ်လုံး ဝယ်ပေးမယ်တဲ့’

‘သောက်ပါကွာ၊ သောက်ရင် ဦးလေး ပတ်ထားတဲ့ ရွှေကြိုး ပေးမယ်၊ ဟောဒီမှာ၊ မလိုချင်ဘူးလား’ ရက် ဘတ်တလာက

ပြော၏။ ဝိတ်ကလေး၏ မျက်နှာက ပြုံးလာသည်။ ‘ဒေါ်လေး မီလာနီက မသောက်နှင့်လို့ ပြောတာက အရက်ပြင်းတွေကို ပြောတာပါကွ၊ ဝိုင် အရက်ချိုကို ပြောတာ မဟုတ်ပါဘူး၊ ဒီမှာ သားသား၊ လူကြီး လူကောင်းလို အရက်ချို သောက်တတ်အောင် သင်ရတယ်ကွ၊ သင်ချင်ရင် ခုအချိန် အတော်ပဲ’

ရက် ဘတ်တလာက ကလဲရက် အရက်ချိုကို စားပွဲတင် ဖန်ချိုင့်ထဲမှ ရေဖြင့် ကျွမ်းကျင်စွာ ရောသည်။ ပန်းနုရောင်

ဖျော့ဖျော့ အထိ ရောက်လာသည့် အခါကျမှ ဝိတ်ကလေးကို ဖန်ခွက် လှမ်းပေး၏။ ထိုစဉ် ထမင်းစားခန်းထဲသို့ ကြီးဒေါ် ဝင်လာသည်။ ကြီးဒေါ်က အကောင်းဆုံး ဝတ်စုံကို ဝတ်ထားသည်။ ခါးစည်း အဝတ်က သစ်သစ်လွင်လွင်။ ခေါင်းစည်း ပဝါကလည်း ဖြူဖြူဖွေးဖွေး။ သူ့ အင်္ကျီက တရွှမ်းရွှမ်း မြည်နေ၏။ သူ့ မျက်နှာတွင် စိုးရိမ်သည့် လက္ခဏာ မပေါ်၊ သွား ဟောင်းလောင်းနှင့် သွားလုံးပေါ်သည် အထိ ပြုံး၍ နှုတ်ဆက်သည်။

‘မွေးနေ့ လက်ဆောင်လား၊ ကိုလေး’



ဝိတ်ကလေးက သောက်မည် ပြုပြီးမှ ဖန်ခွက်ကို နှုတ်ခမ်းတွင် တေ့ထားလိုက်သည်။ သူ့ ပထွေးကို ကြီးဒေါ်

မကြိုက်မှန်း သူ သိသည်။ သူ့ ပထွေးကို ခေါ်လျှင် ‘ဗိုလ်ကြီး ဘတ်တလာ’ ဟု ခေါ်တတ်သည်။ ဆက်ဆံရာတွင်လည်း ခပ်တင်းတင်း၊ ခပ်တန်းတန်း။ ယခု ဤသို့ မဟုတ်တော့။ ကြီးဒေါ် မျက်နှာက ဝင်းထိန်နေသည်။ ထူးထူးဆန်းဆန်း ‘ကိုလေး’ ဟု မခေါ်စဖူး ခေါ်သည်။ ယနေ့ အထူးအဆန်းတွေချည်း တွေ့နေရသည်။

‘အရက်ချိုထက် ရမ်က မကောင်းဘူးလား ကြီးဒေါ်’ ရက် ဘတ်တလာက အရက် ထည့်သည့် ဗီရိုကို ဖွင့်၍ ပုအိုင့်အိုင့်

ပုလင်း တစ်လုံးကို ထုတ်ပေးသည်။ ‘ကလေးလေးက လှတယ်နော်၊ လှတယ် မဟုတ်လား ကြီးဒေါ်’

‘လှပါ့တော်၊ လှပါ့’

389



ကြီးဒေါ်က ဖန်ခွက်ကို ယူရင်း နှုတ်ခမ်းကို လျက်နေသည်။



‘ဒီထက် လှတဲ့ ကလေးကော တွေ့ဖူးရဲ့လား’



‘မလေး မွေးစတုန်းကလည်း လှတာပဲ၊ ဒါပေမယ့် ခု ကလေးလောက်တော့ မလှဘူး’



‘နောက်တစ်ခွက်လောက် လုပ်ပါဦး ကြီးဒေါ်၊ စောစောက အဝတ်သံက တရွှမ်းရွှမ်းနှင့်ဟာ ဘာလဲ၊ ဘယ်က

ဧည့်သည်လဲ’

ရက် ဘတ်တလာက မေး၏။



‘အမယ်လေးလေး၊ ကိုလေး ကြီးဒေါ်ကို ဝယ်ပေးတဲ့ အောက်ခံ ဝတ်စုံလေ’



ကြီးဒေါ်က တခစ်ခစ် ရယ်ကာ သူ့ ဝတ်စုံကို ဖြန့်၍ လှည့်ပြ၏။



‘သြ၊ ကျွန်တော် ဝယ်ပေးတဲ့ ဝတ်စုံလား၊ ဟုတ်သားပဲ၊ ကြည့်စမ်း၊ ဝတ်စုံသစ်ကြီး ဝတ်လာလို့ တရွှမ်းရွှမ်း မြည်နေတာကိုး၊

ပြစမ်းပါဦး၊ ကြီးဒေါ် ဝတ်စုံကို မပြစမ်း’

‘ကြည့်စမ်း၊ ကိုလေး တော်တော် နောက်တယ်’



ကြီးဒေါ်က အလန့်တကြားဖြင့် နောက်သို့ ဆုတ်သွားကာ ခပ်လှမ်းလှမ်းမှ နေ၍ တစ်ထွာခန့် မပြသည်။ အပေါ်ဝတ်စုံ

အောက်တွင် ဝတ်ထာသည့် တာဖက်တာ အောက်ခံ ဝတ်စုံကို မြင်ရ၏။

‘ကြီးဒေါ်ကလည်း ကျွန်တော် ဝယ်ပေးတဲ့ ဝတ်စုံကို ဝတ်မယ့်အရေး စဉ်းစားလိုက်ရတာ၊ ကြာလှပြီ’



ရက် ဘတ်တလာက ပြော၏။ သူ့ မျက်လုံး နက်နက်များက ပြောင်လက်နေကြသည်။



‘ဟုတ်တယ်၊ ကြာပြီ’



ရက် ဘတ်တလာက စကား တစ်ခွန်း ပြောသည်။ ထိုစကားကို ဝိတ်ကလေး နားမလည်။



‘မြင်း ကကြိုးတန်ဆာ ဆင်ထားတဲ့ လားလို့တော့ မထင်တော့ပါဘူးနော်’



‘ကြည့်စမ်း၊ မလေးက ကိုလေးကို အကုန် ပြန်ပြောတယ် ထင်တယ် ဟုတ်လား၊ ကပ္ပလီမ အဘွားကြီးကို ကိုလေး

စိတ်ဆိုးသလား’

‘စိတ်မဆိုးပါဘူး ကြီးဒေါ်၊ သိချင်လို့ မေးကြည့်တာပါ၊ ကဲ ကြီးဒေါ် နောက်တစ်ခွက်လောက် သောက်ပါဦး၊ ရှုပ်ပါတယ်ဗျာ၊

တစ်ပုလင်းလုံးသာ ချပါ၊ ဝိတ်ကလေး သောက်ဦးလေကွာ၊ ကဲ ဆုတောင်းပါဦး’

‘ညီမလေးဖို့’

390



ဝိတ်ကလေး မော့ချလိုက်သည်။ သီးသွားသဖြင့် ချောင်း တဟွပ်ဟွပ် ဆိုးနေသည်။ ကြီးဒေါ်နှင့် ရက် ဘတ်တလာက

ရယ်ရင်း ဝိတ်ကလေး၏ ကျောကို ပုတ်ပေးနေသည်။

သမီးလေး ရပြီးသည့် နောက်မှ စ၍ ရက် ဘတ်တလာ၏ အနေအထိုင် အပြုအမူသည် ဘေးမှ ကြည့်ရသူတို့ အတွက်

နားမလည်နိုင်စရာ ဖြစ်နေသည်။ သူနှင့် ပတ်သက်သည့် ထင်မြင်ချက်များကို ပြောင်းပြန် လှန်ပစ်လိုက်သကဲ့သို့ ရှိ၏။ အတ္တလန်တာ တစ်မြို့လုံးနှင့် စကားလက်သည် ထိုအပြောင်းအလဲကို နားမလည်နိုင်အောင် ဖြစ်လျက် ရှိကြသည်။ ရက် ဘတ်တလာလို လူမျိုးသည် ကလေး အဖေ အဖြစ်ကို ဤမျှ ဂုဏ်ယူ ဝမ်းသာ လိမ့်မည်ဟု မည်သူကမျှ မထင်ကြ။ ဤမျှလောက် ကလေးရူး ရူးလိမ့်မည်ဟု မည်သူကမျှ မထင်ကြ။ အထူးသဖြင့် သားဦးလေး မဟုတ်ဘဲ သမီးဦးလေး ဖြစ်ပါလျက် ဤမျှ ဖြစ်ရသလောဟု နားမလည်နိုင်အောင် ဖြစ်နေကြသည်။

ရက် ဘတ်တလာသည် သူ့ ကလေး အကြောင်းကို ပြောရမည် ဆိုလျှင် မောသည်ဟူ၍ မရှိ။ သူတို့ ယောက်ျားများက

ကလေးကို ရက် ဘတ်တလာလောက် အရေးတယူ မလုပ်ကြသဖြင့် အချို့ မိန်းမများပင် ရက် ဘတ်တလာကို ကြည့်၍ အားကျကြသည်။ လမ်းတွင် အသိ မိတ်ဆွေ တွေ့လျှင် အတင်း ဖမ်းဆွဲကာ သူ့ သမီးလေး အကင်း ပါးကြောင်း၊ သိတတ်ကြောင်းကို မမောတမ်း ပြောတတ်၏။ ‘လူတိုင်း လူတိုင်း ကိုယ့် ကလေးကို တော်တယ် တတ်တယ်လို့တော့ ထင်ကြမှာပါပဲ၊ ဒါပေမယ့်’ ဟူ၍ပင် နိဒါန်း မသွယ်မိ။ သူ့သမီးသည် သူများတကာထက် မနှိုင်းယှဉ်သာအောင် တော်သည်ဟု ရက် ဘတ်တလာ ထင်သည်။ ကလေးထိန်း အသစ်က သမီးကို ဝက်ဆီဖတ် စုပ်တတ်ရန် ပထမဆုံး သင်ပေးသည့် အခါတွင် ကလေး ချွဲကျပ်သည်။ ရက် ဘတ်တလာ ပျာယာခတ်နေပုံမှာ ဆိုဖွယ် မရှိတော့။ ကလေး အဖေ ကလေး အမေ လက်ဟောင်းကြီးများက သူ့ကို ကြည့်၍ ရယ်ကြသည်။ ရက် ဘတ်တလာက ဒေါက်တာမိနှင့် အခြား ဆရာဝန် နှစ်ဦးကို ပင့်သည်။ ကလေးထိန်း အသစ်ကို ကျာပွတ်ဖြင့် ရိုက်မည် တကဲကဲ လုပ်သဖြင့် မနည်း တားရသည်။ ကလေးထိန်းကိုလည်း အလုပ်မှ ထုတ်ပစ်သည်။ ထို့နောက်တွင်ကား ကလေးထိန်း တစ်ယောက်ပြီး တစ်ယောက် ငှားသည်။ ရက် ဘတ်တလာ မည်သူ့ကိုမျှ စိတ်တိုင်း မကျ။ တစ်ယောက်လျှင် တစ်ပတ် မကြာ။ ကြေးများသည့် သူ့ အလိုသို့ မည်သူမျှ မလိုက်နိုင်။

ကြီးဒေါ်ကလည်း ကလေးထိန်းများကို သူ့ နည်းတူ သဘော မကျ။ ကြီးဒေါ်သည် မည်သည့် ကပ္ပလီ အစေခံကိုမျှ

မနာလို။ ကလေးကို သူသာ ထိန်းချင်သည်။ ဝိတ်ကလေး၊ အယ်လာနှင့် မီးမီးလေး စသည့် ကလေး သုံးယောက်စလုံးကို မည်သူ ထိန်းသည်မျှ မကြိုက်။ သို့ရာတွင် ကြီးဒေါ်က အသက်ကြီးပြီ။ အဆစ် အမြစ် ကိုက်သည့် ရောဂါကြောင့် ဖျတ်ဖျတ်လက်လတ် မရှိတော့။ သို့တိုင်အောင် နောက်တစ်ယောက် ငှားမည် ဆိုသည်ကို သဘောမကျ။ ကြီးဒေါ် မတတ်နိုင်တော့ဟုလည်း ရက် ဘတ်တလာက ဖွင့်မပြောရက်။ ထို့ကြောင့် သူ့လို ဂုဏ်အဆင့်အတန်းနှင့် လူတစ်ဦးအဖို့ ကလေးထိန်း တစ်ဦးတည်း ထား၍ မသင့်လျော်ကြောင်း၊ လူ ပြောခံရမည် ဖြစ်ကြောင်းဖြင့် တစ်ဖက်လှည့် ပြောရသည်။ သို့တိုင်အောင် ကြီးဒေါ် မကျေနပ်။ အခြား တောက်တိုမယ်ရ အလုပ်များကို လုပ်ရန် နောက်ထပ် နှစ်ယောက် ငှားရဦးမည် ဖြစ်ကြောင်း၊ ကြီးဒေါ်က သူတို့ကို ကြီးကြပ် စေလိုကြောင်းဖြင့် ပြောသည်။ ဤ အချက်ကိုမူ ကြီးဒေါ် သဘောကျသွား၏။ အစေခံ များများ ထားလျှင် ရက် ဘတ်တလာလည်း လူပြော မခံရ၊ သူလည်း အဆင့်အတန်း မြင့်သွားသည်ဟု ကြီးဒေါ် ယူဆသည်။ သို့ရာတွင် သူ ကြီးကြပ်သည့် ကလေးထိန်းခန်းတွင် လွတ်လပ်သည့် အောက်တန်းစား ကပ္ပလီ ထိန်းခန်းတွင် လွတ်လပ်သည့် အောက်တန်းစား ကပ္ပလီ ကလေးထိန်းကိုမူ မထားရဟု ကြီးဒေါ်ကက ပြတ်ပြတ်သားသား အရေးဆိုသည်။ ထို့ကြောင့် ပရဇ္ဇီကို မြိုင်သာယာမှ ခေါ်ယူရ၏။ ပရဇ္ဇီ၏ ချွတ်ယွင်းချက်ကို ရက် ဘတ်တလာ သိသော်လည်း မတတ်နိုင်။ ပရဇ္ဇီသည် အိမ်စေ ကပ္ပလီကျွန် မဟုတ်လော။

391

ဤတွင် ဦးလေး ပီတာက လိုလို ဆိုသည့် သူ့မြေး တစ်ယောက်ကို ရှာပေးသည်။ လိုလိုက ဒေါ်လေး ပစ်တီ၏ ညီမများထံတွင် အလုပ် လုပ်ဖူးသည်။

စကားလက်က ကောင်းကောင်း မကျန်းမာသေး။ ရက် ဘတ်တလာ တစ်ယောက် ကလေး ကိစ္စဖြင့် အလုပ်

များနေသည်ကို စကားလက် သတိ ပြုမိသည်။ ဧည့်သည်များ ရှေ့တွင် ရက် ဘတ်တလာ ဗျာများနေပုံကို ကြည့်၍ ရှက်ပင် ရှက်မိသေးသည်။ ယောက်ျား ဆိုသည်မှာ ကိုယ့် ကလေးကို ချစ်ရသည် မှန်ပါ၏။ သို့ရာတွင် ရက် ဘတ်တလာကမူ နည်းနည်း အဖြစ်သည်း လွန်းသည် ထင်သည်။ ကလေးကို သူ အချစ် ပြပုံသည် မိန်းမ ဆန်နေသည်။ အခြား ယောက်ျားများလို တော်ရုံ တန်ရုံ ဆိုလျှင် ကိစ္စ မရှိ။

‘မောင်ဟာ မောင့်ကိုယ်မောင် အရူး ဖြစ်အောင် လုပ်နေတာ’ စကားလက်က စိတ်တိုတိုဖြင့် ပြော၏။ ‘ဘာဖြစ်လို့

ဒီလောက် အဖြစ်သည်းနေတာလည်း မသိဘူး’

‘မသိဘူး ဟုတ်လား၊ အေး မင်း ဘယ်နားလည်မှာလဲ၊ ဘာကြောင့်လဲ ဆိုတော့ ဒီကလေးဟာ ကျုပ် ပထမဆုံး

ပိုင်ဆိုင်ခွင့် ရတဲ့ လူ ဖြစ်လို့ပဲ’

‘မီးမီးကို စကားလက်လည်း ပိုင်ပါတယ်နော်’



‘ဟင့်အင်း၊ မင်း မပိုင်ပါဘူး၊ မင်းမှာ တခြား ကလေး နှစ်ယောက် ရှိသေးတာပဲ၊ ကျုပ် ပိုင်တာပါ’



‘တော်စမ်းပါ၊ ဒီက မွေးထုတ်လာတဲ့ လူ၊ ပြီးတော့ မောင် ပိုင်တဲ့ လူဆိုလို့ စကားလက်လည်း ရှိပါသေးတယ်’



ရက် ဘတ်တလာက မီးမီး၏ ခေါင်းမည်းမည်း ပေါ်မှ ကျော်ကာ စကားလက်ကို ခပ်ဆန်းဆန်း ပြုံးကြည့်သည်။



‘ကျုပ် တကယ် ပိုင်တာလား’



ထိုရက်များ အတွင်း၌ သူတို့ လင်မယား နှစ်ယောက် မကြာခဏ စကား များတတ်ကြ၏။ ယခုလည်း မီလာနီသာ

မဝင်လျှင် စကား များကြတော့မည်။ မီလာနီက မီးမီးကို ပွေ့ယူလိုက်၏။ စကားလက် ဒေါသကို ချုပ်ကာ မီလာနီ ကလေး ချီနေသည်ကို ကြည့်နေသည်။ မီးမီးလေး၏ အမည်ကို ယူဂျင်နီ ဗစ်တိုးရီးယားဟု မှည့်ရန် လင်မယား နှစ်ယောက် သဘောတူကြသည်။ သို့ရာတွင် မီလာနီ အမှတ်တမဲ့ ပြောလိုက်သည့် စကား တစ်ခုကြောင့် နာမည်သစ် တစ်ခု တွင်သွားသည်။

‘မျက်လုံးတွေက စိမ်းစိမ်းလေးတွေနော်’



‘မစိမ်းပါဘူး’ မီလာနီက စကားလက်တွင် မျက်လုံး စိမ်းစိမ်းများ ရှိသည်ကို သတိမရဘဲ ပြောလိုက်၏။ ‘မီးမီးရဲ့

မျက်လုံးလေးတွေက ပြာပြာလေးတွေ၊ သူ့ ဘိုးအေ ဦးလေး ဂျရယ်ရဲ့ မျက်လုံးမျိုးတွေ၊ ပြာလိုက်တာမှ နီလာလုံးလေးတွေ ကျနေတာပဲ’

‘ဒါဖြင့် မီးမီးလေးကို နီလာလို့ပဲ ခေါ်မယ်’



ရက် ဘတ်တလာ ရယ်၍ မီးမီးကို ယူချီလိုက်ပြီး မျက်လုံးလေးများကို ငုံ့ကြည့်နေသည်။ သို့ဖြင့် မီးမီးလေး၏ နာမည်မှာ

392

နီလာ ဟူ၍ ဖြစ်လာသည်။

393

၅၁



အပြင်ထွက်နိုင်အောင်

ကျန်းမာလာသည့်

အခါတွင်

စကားလက်က

လိုလိုကို

ခေါ်ပြီး

အတွင်းခံ

အက်ႌကို

အဝတ်ခိုင်းသည်။ ခါးစည်းကြိုးကို တင်းနိုင်သမျှ တင်းအောင် အဆွဲခိုင်းသည်။ ထို့နောက် ပေကြိုးကို ယူ၍ သူ့ခါးကို တိုင်းသည်။ ခါးက လက်မ နှစ်ဆယ်။ စကားလက် ချူသံပါအောင် ညည်းမိသည်။ ကလေးမွေးခြင်းကြောင့် ရသည့် အကျိုးကြောင့် ကိုယ်ခန္ဓာ အလှပျက်ရပြီ။ သူ့ခါးသည် ဒေါ်လေး ပစ်တီ၏ ခါးလောက် ရှိနေပြီ။ ကြီးဒေါ်၏ ခါးလောက် ရှိနေပြီ။

‘ဒီထက် တင်းတင်းဆွဲစမ်းပါ လိုလိုရဲ့၊ ဆယ့်ရှစ်လက်မခွဲလောက် ရောက်အောင် ဆွဲပါ၊ ဒီလောက်ထိအောင် မဆွဲနိုင်ရင်

ငါ့အဝတ်တွေနှင့် တော်တော့မှာ မဟုတ်ဘူး’

‘ဆွဲတာပဲ မလေး၊ ကြိုးတောင် ပြတ်တော့မယ်၊ မလေး ခါးကြီးက တုတ်လာတာကိုး၊ ဒီထက် ဆွဲလို့ ဘယ်ရတော့မလဲ၊

ဒီထက် သေးအောင် မတတ်နိုင်တော့ဘူး’

‘တတ်နိုင်ရမယ်’ ဟု စကားလက် စဉ်းစားသည်။ လိုလိုအား ချုပ်ရိုးများကို ခါးနှင့် အနေတော် ပြန်အသီခိုင်းသည်။



‘နောက်ထပ် ကလေး မမွေးရင် သေးအောင် လုပ်လို့ ရတာပေါ့အေ’



သမီလေး နီလာက ချစ်စရာ ကောင်းသည်။ စကားလက် ဂုဏ်ယူသည်။ ရက် ဘတ်တလာကလည်း ချစ်သည်။ သို့ရာတွင်

စကားလက် နောက်တစ်ယောက် မလိုချင်တော့။ မရအောင် မည်သို့ လုပ်ရမည်ကို စကားလက် မသိ။ ရက် ဘတ်တလာက ဖရင့်လို သူ ပြောတိုင်း နားထောင်မည့် လူမျိုးမဟုတ်။ သူ့ကို မကြောက်။ ရက် ဘတ်တလာက နီလာကိုလည်း ချစ်သည်။ သားယောက်ျားလေး မွေးလျှင် ရေထဲ နှစ်ပစ်မည်ဟု ပြောသည့်တိုင် နောက်ထပ် သားလေး တစ်ယောက် လိုချင်နေသည်မှာ ရူးမတတ် ဖြစ်နေသည်။ ထို့ကြောင့် ရက် ဘတ်တလာကို သူ့ စိတ်တိုင်းကျ ကိုင်တွယ်ဖို့ မလွယ်။ သို့ရာတွင် စကားလက်ကမူ မိန်းကလေးသော်လည်းကောင်း၊ ယောက်ျားလေးသော် လည်းကောင်း မမွေးချင်တော့။ မိန်းမတစ်ယောက်အဖို့ ကလေး သုံးယောက်ဆိုလျှင် လုံလောက်ပြီ။

လိုလိုက ဝတ်စုံ ခါးကို အနေတော်ဖြစ်အောင် ပြန်သီပြီးသည့်အခါတွင် စကားလက် ဝတ်စုံကို ပြန်ဝတ်သည်။ ရထား

အထုတ်ခိုင်းပြီးနောက် သစ်ဆိုင်သို့ ထွက်လာ၏။ စကားလက် ပျော်လာသည်။ ခါးတုတ်သည့် ကိစ္စကိုပင် မေ့သွားပြီ။ မမေ့ဘဲ ရှိပါမည်လော။ သစ်ဆိုင်သို့ သွား၍ စာရင်း ရှင်းရလျှင် အက်ရှလေနှင့် တွေ့ရတော့မည် မဟုတ်လော။ ကံကောင်းလျှင် နှစ်ယောက်ချင်း တွေ့ရမည်။ ကိုယ်ဝန် နေ့စေ့လစေ့ ဖြစ်ကတည်းက သူ့ပုံပန်းကို အက်ရှလေ မမြင်စေချင်။ အက်ရှလေနှင့် မတွေ့ရသည်မှာ ကြာပြီ။ သစ်စက်နှင့် သစ်လုပ်ငန်း ကိစ္စ အဝဝကိုလည်း မသိရသည်မှာ ကြာပြီ။ သစ်စက်များကို ရောင်းပြီးနောက် ဝိတ်ကလေးနှင့် အယ်လာတို့အတွက် အရင်းအနှီး မြှုပ်နှံထားလျှင် ရပြီ။ သို့ရာတွင် ဤသို့ ရောင်းလိုက်လျှင် အက်ရှလေနှင့် တွေ့ရတော့မည် မဟုတ်။ သာရေး နာရေးကိစ္စများလောက်တွင်သာ သာမန်မျှ တွေ့ရတော့မည်။ အက်ရှလေနှင့် အတူတူ လုပ်ရသည့်အတွက် စကားလက် ပျော်သည်။ သစ်လုပ်ငန်းကို ဖြုတ်လိုက်လျှင် ဤအခွင့်အရေးများကို ဆုံးရှုံးရတော့မည်။

သစ်စက်ဝင်းထဲသို့ ဝင်လာသည့်အခါ၌ သစ်စက်မှ ကျပြီးသား ခွဲသားတွေက တစ်ပုံကြီး။ သစ်ဝယ်သူများကလည်း

394

ခွဲသားပုံတွေ ကြားတွင် ဟူးခ်ျနှင့် စကားပြောနေကြ၏။ စက်ထဲတွင် သစ်ဆွဲ လားအဖွဲ့ ခြောက်ဖွဲ့နှင့် သစ်တင်လှည်းများ ရပ်ထားသည်။ ကပ္ပလီ လှည်းသမားများက သစ်တင်နေကြသည်။ စကားလက် လားအုပ်များကို ကြည့်၍ ကျေနပ်နေသည်။ ဤ အခြေအနေသို့ ရောင်အောင် သူ ရုန်းကန် ကြိုးစားခဲ့ရသည် မဟုတ်လော။

ရုံးခန်း ခပ်ငယ်ငယ်ကလေးထဲမှ အက်ရှလေ ထွက်လာ၏။ စကားလက်ကို တွေ့ရသဖြင့် သူ့မျက်လုံးများက

ဝမ်းသာသည့် အရိပ်အယောင် ပေါ်နေသည်။ ဧကရီ တစ်ပါးသဖွယ် စကားလက်ကို ရထားပေါ်မှ တွဲချကာ ရုံးခန်းထဲသို့ ခေါ်သွား၏။

သို့ရာတွင်

အက်ရှလေ

ဦးစီးသည့်

သစ်စက်က

စာရင်းစာအုပ်ကို

လှန်ကြည့်လိုက်သည့်အခါ၌ စကားလက်

စိတ်ညစ်သွားသည်။ ဂျွန်နီ ဦးစီးစဉ်ကလို မဟုတ်တော့။ အက်ရှလေ၏ စာရင်းတွင် ကုန်ကျစရိတ်ပင် ကောင်းကောင်း မကာမိ။ ဂျွန်နီတုန်းကလို အသားတင် အမြတ်ထွက်ဖို့ ဆိုသည်မှာ ဝေလာဝေး။ စကားလက်က စာရွက် နှစ်ရွက်ကို လှန်ကြည့်ရင်း အပြောရ ခက်နေသည်။ အက်ရှလေက ရိပ်မိပုံရ၏။

‘ဝမ်းနည်းပါတယ် စကားလက်၊ ထောင်ကျအလုပ်သမားတွေနှင့် အစ်ကို အလုပ် မလုပ်ပါရစေနှင့်၊ လွတ်လပ် ကပ္ပလီ

အလုပ်သမား ငှားပါရစေ၊ အဲဒီလိုဆိုရင် ဒီထက် အခြေအနေ ကောင်းမှာပါ’

‘ကပ္ပလီ အလုပ်သမား ငှားရင် စရိတ်နှင့်ပဲ မွဲရော့ပေါ့ အစ်ကိုရဲ့၊ ထောင်ကျ အလုပ်သမားက ဒီလောက် ဈေးပေါနေတာ၊

ဘာဖြစ်လို့ ကပ္ပလီကို ငှားရမှာလဲ၊ ဂျွန်နီတောင် ထောင်ကျ အလုပ်သမားနှင့် အမြတ်ထွက်အောင် လုပ်နိုင်သေးရင်’

အက်ရှလေက စကားလက် ပခုံးပေါ်မှ ကျော်၍ နောက်သို့ လှမ်းကြည့်၏။ မည်သည်ကို ကြည့်မှန်း စကားလက် မသိ။

အက်ရှလေ၏ မျက်လုံးမှ အရောင်သည် မှိန်သွားသည်။

‘အစ်ကိုကတော့ ဂျွန်နီ လုပ်သလို ထောင်ကျတွေနှင့် အလုပ် လုပ်လို့ မဖြစ်ဘူး စကားလက်၊ လူတွေကို တိရစ္ဆာန်တွေလို

သဘောထားပြီး မခိုင်းနိုင်ဘူး’

‘ကတ်သီးကတ်သတ် အစ်ကိုရယ်၊ ဂျွန်နီကတော့ ခိုင်းတာပဲ၊ အစ်ကိုက တယ်စိတ်ပျော့တာကိုး၊ သူတို့ကို ပိုပြီးခိုင်းရမယ်

အစ်ကိုရဲ့၊ အစ်ကို လုပ်ပုံတွေကို စကားလက် ကြားပါတယ်၊ အလုပ် မလုပ်ချင်တဲ့အတွက် ခေါင်းကိုက်လို့ ဘာဖြစ်လို့ဆိုပြီး လာပြောရင် အစ်ကိုက ခွင့်တစ်ရက် ပေးလိုက်တာပဲတဲ့၊ ဒီလိုနည်းနှင့် ပိုက်ဆံ ရှာလို့ မရဘူး အစ်ကို၊ အဲဒါမျိုးကျရင် ကျာပွတ်နှင့် ခပ်စပ်စပ်ကလေး ရိုက်ပေးရတယ်၊ ဒီလိုဆို ခေါင်းကိုက်တာတွေ ဘာတွေ ချက်ချင်း ပျောက်သွားမှာ၊ ဒါမှ’

‘တော်ပါတော့ စကားလက်၊ ဒီ စကားမျိုး စကားလက် ပါးစပ်က ပြောတာ အစ်ကို မကြားချင်ဘူး’ အက်ရှလေ၏

မျက်လုံးများက စကားလက် မျက်နှာဆီသို့ ပြန်ရောက်လာကြ၏။ စိန်းစိန်းကြီး ကြည့်နေသဖြင့် စကားလက် စကား ရပ်သွားသည်။ ‘သူတို့လည်း လူတွေဆိုတာ စကားလက် သိရဲ့လား၊ သွေးနှင့်ကိုယ် သားနှင့်ကိုယ်တွေ၊ နေထိုင်မကောင်းတဲ့အခါ ရှိမယ်၊ အစာ အာဟာရ ချို့တဲ့တာ ရှိမယ်၊ ပင်ပန်းတာ ရှိမယ်၊ ဟိုလူ သွေးထိုးလို့ စကားလက်တောင် တော်တော် ရက်စက်တတ်လာပြီ၊ အရင်တုန်းကနှင့် နည်းနည်းမှ မတူတော့ဘူး၊ ဒီလူကြောင့်’

‘ဘယ်သူလဲ၊ ဘယ်သူက သွေးထိုးပေးတာလဲ’

395



‘အစ်ကို ပြောပိုင်ခွင့် မရှိဘူး၊ ဒါပေမယ့် အစ်ကို ပြောရတော့မယ်၊ စကားလက်ရဲ့ ယောက်ျား၊ စကားလက်ရဲ့ ဗိုလ်ကြီး

ဘတ်တလာပေါ့၊ သူ့လက်နှင့် ထိတဲ့ အရာတိုင်းဟာ အကုန် သူ့ အဆိပ် မိကုန်တာပဲ၊ အရင်တုန်းက စကားလက်ဟာ စိတ်ဆတ်ပေမယ့် သဘောကောင်းတယ်၊ ရက်ရောတယ်၊ နူးညံ့တယ်၊ ခုတော့ ရက် ဘတ်တလာရဲ့ စိတ်ဓာတ်မျိုးတွေ ကူးကုန်ပြီ၊ သူနှင့်လည်း ရရော စကားလက် ရက်စက်တတ်လာပြီ၊ မာကျော လာပြီ’

‘အို’



စကားလက် သူ့အပြစ်ကြောင့် ရှက်လည်း ရှက်သည်။ အက်ရှလေက သူ့ကို ဤမျှ အလေးအနက် ထားသဖြင့်

ဝမ်းလည်းသာသည်။ ကုက္ကုစ္စနိုင်လေသမျှ၊ တစ်ပြားကို နှစ်ပြားမှတ်၍ ခွာလေသမျှ ရက် ဘတ်တလာကြောင့်ဟု အက်ရှလေ ထင်သဖြင့် စကားလက် ဝမ်းသာသည်။ စင်စစ် ဤသို့ ဖြစ်ရခြင်းသည် ရက် ဘတ်တလာနှင့် ဘာမျှ မဆိုင်။ သူ့အပြစ်နှင့် သူ။ သူ့ကို အကောင်း ထင်နေသေးသည့်အတွက် စကားလက် ဝမ်းသာသည်။ ရက် ဘတ်တလာအဖို့မူ နောက်ထပ် အမည်းစက် တစ်စက် တိုးလာရုံမျှဖြင့် ထူး၍ ညစ်နွမ်းခြင်း မရှိတော့။

‘ဒီပြင်လူ

တစ်ယောက်သာဆိုရင်

အစ်ကို

ဂရုမစိုက်ပါဘူး၊

ဒီလောက်

မပူပါဘူး၊

ခု

ဒီလူဆိုတော့၊

ဒီလူ

စကားလက်ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ အစ်ကို မြင်ခဲ့ပြီးပါပြီ၊ ရှေ့ဆိုရင် စကားလက်ကို သူ ကြိုက်သလို ပုံသွင်းပြီး စကားလက်ကလည်း သူ့လို စိတ်ကြမ်း လူကြမ်း ဖြစ်သွားတော့မှာပဲ၊ တကယ်ကတော့ ဒီစကားကို အစ်ကို မပြောသင့်ပါဘူး၊ ဒီလူဟာ အစ်ကို့အသက်ကို ကယ်ခဲ့တဲ့ လူ၊ သူ့ ကျေးဇူး အစ်ကို့ပေါ်မှာ ရှိတယ်၊ ဒါကြောင့်မို့ ပြောနေရတာပေါ့၊ တခြား လူတစ်ယောက်သာဆိုရင် အရေးမကြီးပါဘူး၊ ပြောစရာလည်း မလိုဘူး၊ စကားလက်ကိုလည်း ဒီလို စကားမျိုး ပြောခွင့် မရှိဘူး’

‘ပြောခွင့်ရှိပါတယ် အစ်ကိုရယ်၊ အစ်ကိုမှ ပြောခွင့်မရှိရင် ဘယ်သူရှိဦးမှာလဲ’



‘စကားလက် ဒီလိုဖြစ်သွားတာ မြင်တော့ အစ်ကို နည်းနည်းမှ စိတ်မကောင်းဘူး၊ အရင်တုန်းက နုနုနယ်နယ်လေးဟာ

ခုတော့ ဒီလူကြောင့် ကြမ်းတမ်းသွားပြီ၊ စကားလက် လှတာ စကားလက်ရဲ့ ချစ်စရာ ကောင်းတာတွေဟာလည်း ဒီလူလို မဟုတ်တရုတ်တွေ လုပ်နေတဲ့ လူ၊ အေးလေ ထားပါတော့၊ ဒီလူက စကားလက်ကို ပိုင်စိုးပိုင်နင်း လုပ်နေတာကို တွေ့ရင် အစ်ကို’

သူ့ကိုများ နမ်းမည်လောဟု စကားလက် ထင်လိုက်သည်။ သူက စနမ်းလျှင် မိမိဘက်မှ ချိုးဖောက်ခြင်းမဟုတ်။

စကားလက် ကိုယ်ကို ရှေ့သို့ ညွှတ်လိုက်၏။ သို့ရာတွင် အက်ရှလေက ရုတ်တရက် ဆုတ်လိုက်သည်။ သူ မပြောအပ်သည်တို့ကို ပြောမိပြီဟု တွေးကာ လန့်သွားသည်။

‘တောင်းပန်ပါတယ် စကားလက်၊ စကားလက်ရဲ့ယောက်ျားဟာ လူကြီးလူကောင်း မဟုတ်ဘူးလို့ ပြောသလို ဖြစ်သွားပြီ၊

အစ်ကိုက ဒီလိုပြောတော့ အစ်ကို ကိုယ်တိုင်လည်း လူကြီးလူကောင်း မဟုတ်တဲ့သဘော ရောက်နေပြီ၊ တကယ်တော့ လင် တစ်ယောက် အကြောင်းကို သူ့မယား ရှေ့မှာ သွားပြီး ဝေဖန်ခွင့် မရှိဘူး၊ အစ်ကို ဒီလို ပြောတာဟာလည်း’

စကားလက် အသက်ပင် မရှူနိုင်။ သူ့စကားကို နားစိုက်ထောင်သည်။



‘အစ်ကို ဒီလိုပြောတာဟာလည်း မပြောသင့်တဲ့ စကားပါ’

396



ရထားဖြင့်

အိမ်ပြန်လာသည့်အခါတွင်

စကားလက်၏

စိတ်သည်

တစ်လမ်းလုံး

ယောက်ယက်ခတ်နေသည်။

သူ ဤသို့ ပြောခြင်းသည်-။ ဤသို့ ပြောခြင်းသည် သူ့ကို ချစ်၍ မဟုတ်လော။ ရက် ဘတ်တလာ၏ ရင်ခွင်ထဲသို့ သူ ရောက်နေသည့် အဖြစ်ကို တွေးမိတိုင်း အက်ရှလေ တစ်ယောက် တမြည့်မြည့် ဆွေးနေခြင်းကြောင့် ဤသို့ ပြောခြင်းလော။ ဟုတ်သည်။ ဤသည်ကို စကားလက် နားလည်နိုင်သည်။ အကယ်၍သာ အက်ရှလေနှင့် မီလာနီတို့၏ ဆက်ဆံရေးသည် မောင်နှမ ဆက်ဆံရေးမျိုး ဖြစ်သည်ဆိုလျှင် စကားလက်အဖို့လည်း ရင်ကွဲရလိမ့်မည် ထင်သည်။ ရက် ဘတ်တလာ၏ အပွေ့အဖက်ကြောင့်သာ သူ့စိတ်သည် ကြမ်းတမ်းလာသည်၊ ခက်ထန်လာသည်ဟု အက်ရှလေ ထင်နေပြီ။ အက်ရှလေက ဤသို့ ထင်သည်ဆိုလျှင် ရက် ဘတ်တလာ၏ ရက် ဘတ်တလာ၏ အပွေ့အဖက်ကို သူ ရှောင်တော့မည်။ သူနှင့် အက်ရှလေတို့ နှစ်ဦးသည် အိမ်ထောင်ကျပြီးသည့်တိုင်အောင် မိမိ ခင်ပွန်းနှင့် ခွဲခွာ၍ အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းကာ တစ်ဦး အပေါ် တစ်ဦး ဆက်လက်၍ သစ္စာ စောင့်ထိန်းနေကြလျှင် မည်မျှ ပျော်စရာ ကောင်းမည်နည်းဟု စကားလက် တွေးကြည့်၏။ ဤအတွေးသည် စကားလက်၏ တစ်ကိုယ်လုံးကို ရစ်ပတ် လွှမ်းခြုံသွားသည်။ စကားလက် ကြည်နူးနေသည်။ အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်း၍လည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် သူလည်း နောက်ထပ် သားသမီး ရတော့မည် မဟုတ်။

အိမ်ပြန်ရောက်သည့်အခါ၌ စကားလက် ရထားကို အသိမ်းခိုင်းသည်။ ရက် ဘတ်တလာနှင့် တစ်ခန်းစီ အိပ်ကြမည်၊

ထိန်းထိန်းသိမ်းသိမ်း နေကြမည်ဟု ရက် ဘတ်တလာကို ပြောဖို့စိတ်ကူးလာခဲ့သည်။ သို့ရာတွင် တကယ် မပြောရဲ။ အက်ရှလေ၏ စကားများသည် ပျောက်ကွယ်သွား၏။ စောစောက ဖြစ်ခဲ့သည့် ရွှင်လန်းပေါ့ပါးခြင်းတို့လည်း မရှိတော့။ ထိုမျှမက မိမိသည် အက်ရှလေ့ အလိုကျ ရက် ဘတ်တလာနှင့် လွတ်လွတ်ကင်းကင်း နေပါသည်ဟု အက်ရှလေကို မည်သို့ ပြောပြရမည်နည်း။ ဤသို့သိအောင် ပြောလျှင်လည်း အဗြဟ္မစရိယ သိက္ခာကို ထိန်းရခြင်းသည် မည်သို့ ထူးဦးမည်နည်း။ မည်သို့ အဓိပ္ပာယ် ရှိဦးမည်နည်း။ ဤသို့ ထိန်းသိမ်းနေရခြင်းသည် ဝန်ထုပ်ဝန်ပိုးကြီးပင် ဖြစ်နေဦးမည် မဟုတ်လော။ သို့ရာတွင် ကိစ္စ မရှိ။ အက်ရှလေကို တစ်နည်းနည်းဖြင့် သိအောင် ပြောရမည်။

စကားလက် အပေါ်ထပ်သို့ တက်လာပြီး ကလေးထိန်းခန်းသို့ ဝင်ခဲ့သည်။ ရက် ဘတ်တလာက သမီးလေး နီလာ၏

ပုခက်ဘေးတွင် ထိုင်လျက်။ အယ်လာကို ပေါင်ပေါ်တွင် တင်ထားသည်။ ဝိတ်ကလေးက သူ့အိတ်ထဲမှ ပစ္စည်းများကို ထုတ်၍ ပြနေသည်။ ရက် ဘတ်တလာက ကလေး ချစ်တတ်သည်။ ကလေးတွေ ပျော်အောင်ထားသည်။ ဤအချက်ကိုမူ စကားလက် ကျေနပ်သည်။ အခြား ပထွေးဆိုလျှင် မယားပါ သားသမီးကို ငြူစူတတ်သည်။

‘မောင့်ကို ပြောစရာ ရှိလို့’



နှစ်ယောက်သား အိပ်ခန်းဘက်သို့ ကူးလာရင်း စကားလက်က ပြော၏။ ယခုလို ပူပူနွေးနွေး ဆုံးဖြတ်ချက် ချပြီးခါစ၊

အက်ရှလေ စကားကို ကြားပြီးခါစတွင် ပြောလျှင် ပိုကောင်းမည်ဟု စကားလက် ထင်သည်။

‘မောင်’



ရက် ဘတ်တလာက အိပ်ခန်းတံခါးကို နောက်ပြန် ပိတ်လိုက်၏။



‘စကားလက် နောက်ထပ် ကလေး မလိုချင်တော့ဘူး’

397



မမျှော်လင့်ဘဲ ကြားလိုက်ရသည့်အတွက် ရက် ဘတ်တလာ အံ့အားသင့်သွားသည်လော မပြောတတ်။ သို့ရာတွင်

အံ့အားသင့်ဟန် မပြ။ ကုလားထိုင် တစ်လုံးကို ဆွဲလာကာ ကုလားထိုင် နောက်သို့ မှီ၍ ထိုင်လိုက်သည်။

‘နီလာလေးကို မမွေးခင်ကတည်းက ကျုပ် ပြောပြီးပါပြီကော ကလေးမရဲ့၊ မင်းဘာသာ မင်း ကလေး တစ်ယောက်ပဲ

မွေးမွေး၊ နှစ်ကျိပ်ပဲ မွေးမွေး ကျုပ်အဖို့ အရေးမကြီးပါဘူးလို့’

ရက် ဘတ်တလာက ရှောင်ပုံက သေသပ်လှသည်။ ကလေး မွေးသည်ဖြစ်စေ၊ မမွေးသည်ဖြစ်စေ သူ့အတွက်

အရေးမကြီးသည့် ဟန်။ မွေးလာလျှင်လည်း ဘာမျှ အပန်းမကြီးသည့်ဟန်။ သူ ဖြေပုံက ဝိနည်းလွတ်သည်။

‘သုံးယောက်ဆိုရင် တော်လောက်ပြီ ထင်တယ်၊ တစ်နှစ် တစ်ယောက်တော့ မမွေးချင်ဘူး’



‘အင်း၊ သုံးယောက်ဆိုရင် သိပ်တော့ မဆိုးလှပါဘူး’



‘မောင်လည်း သိသားပဲ’ စကားလက်က စပြောသည်။ သူ့ ပါးပြင်က နီရဲလျက် ရှိ၏။ ‘စကားလက် ပြောတဲ့ အဓိပ္ပာယ်ကို

မောင် သိတယ် မဟုတ်လား’

‘သိပါတယ်၊ ကျုပ်မှာ လင်တစ်ယောက်ရဲ့ အခွင့်အရေးတော့ ရှိတယ်နော်၊ လင်ယောက်ျား ရပိုင်ခွင့်ကို ငြင်းဆိုရင်

ကွာရှင်းနိုင်တယ် ဆိုတာ မင်းနားလည်တယ် မဟုတ်လား’

‘မောင်ဟာ တော်တော်အောက်တန်းကျတဲ့ စကားတွေ ပြောတာပဲ’ စကားလက်က အော်သည်။ သူ ထင်သည့်အတိုင်း

ဖြစ်မလာသည့်အတွက် စိတ်လည်း ဆိုးသည်။ ‘မောင်သာ ယောက်ျား ပီသရင်၊ သဘောထားကြီးရင် ဒါမျိုး ပြောမှာ မဟုတ်ဘူး၊ အက်ရှလေတို့များ ကြည့်စမ်းပါဦး၊ မီလာနီက နောက်ထပ် ကလေး မမွေးနိုင်တဲ့အခါကျတော့ သူကလည်း’

‘အက်ရှလေက လူကြီး လူကောင်းကလေးကိုး’ ရက် ဘတ်တလာ၏ မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလာကြ၏။

‘အင်း၊ မင်း တရားကို ဆက်ဟောပါဦးလေ’

စကားလက်၏ တရားက ဆုံးနေပြီ။ နောက်ထပ် ပြောစရာ မရှိတော့။ ထို့ကြောင့် စကားလက် ဆွံ့နေသည်။

ဤပြဿနာကို ရက် ဘတ်တလာလို တစ်ကိုယ်ကောင်းဆန်သည့် သတ္တဝါမျိုးနှင့် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည်ဟု သူ ထင်ခဲ့သည်မှာ မှားပြီ။

‘မင်း ဒီနေ့ ညနေ သစ်စက်ကို ရောက်ခဲ့ပြီ မဟုတ်လား’



‘ရောက်တယ်၊ ဒါနှင့် ခု ကိစ္စနှင့် ဘာဆိုင်လို့လဲ’



‘မင်းက တော်တော် ခွေး ချစ်တတ်တယ် နော်၊ ခွေးမွေးရင် ခွေးအိမ်နှင့် မွေးတာ ကြိုက်သလား၊ ပြာပုံထဲမှာ မွေးတာ

ကြိုက်သလား’

ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်းတို့ လွှမ်းမိုးနေသဖြင့် ရက် ဘတ်တလာ စောင်းမြောင်း ပြောနေသည်ကို စကားလက်

သတိ မထားလိုက်မိ။

398



ရက် ဘတ်တလာက ပေါ့ပါးစွာ ထ၍ သူ့ထံသို့ လျှောက်လာသည်။ လက်တစ်ဖက်ဖြင့် မေးကို ကိုင်ကာ မျက်နှာကို

ဆတ်ခနဲ မော့ယူလိုက်၏။

‘မင်းဟာ ခုထိ ကလေးဆန်တုန်းပဲကိုး၊ ယောက်ျားသုံးယောက် ရခဲ့တာတောင် ယောက်ျားတွေရဲ့အကြောင်းကို

မသိသေးဘူး၊ ယောက်ျားတွေကို သွေး ဆုံးနေတဲ့ မိန်းမအိုကြီးတွေလို့များ အောက်မေ့နေသလား’

ရက် ဘတ်တလာက သူ့ မေးကို လိမ်ဆွဲလိုက်သည်။ ထို့နောက် လက်ကို ခပ်ဝေးဝေးသို့ ရုပ်ထားလိုက်၏။ မျက်ခုံး

တစ်ဖက် ချရင်း စကားလက်ကို ခပ်အေးအေး စိုက်ကြည့်နေသည်။

‘မင်း တစ်ခုတော့ နားလည်ထားပါ၊ မင်းနှင့် မင်း အိပ်ရာဟာ ကျုပ်ကို ဆွဲဆောင်နိုင်စွမ်း ရှိနေသေးရင် ကျုပ်

လာနေဦးမှာပဲ၊ သော့ခတ်ထားလို့လည်း မရဘူး၊ ရှိခိုး တောင်းပန်လို့လည်း မရဘူး၊ ကျုပ်က သိပ် အရှက်ရှိတတ်တဲ့ လူမျိုး မဟုတ်ဘူး၊ မင်းနှင့် ကျုပ် နှစ်ဖက် သဘောတူ အပေးအယူ လုပ်ခဲ့ကြတယ်၊ ဒီ သဘော တူညီချက်ကို ကျုပ် စောင့်ထိန်းတယ်၊ ဒါပေမယ့် မင်းက ဖောက်ဖျက်နေတယ်၊ မင်းရဲ့ သန့်ရှင်းတဲ့ အပျိုစင် အိပ်ရာကို လုံခြုံအောင် ထားနိုင်ရင် ထားပေါ့’

‘ဘာလဲ၊ ငါ ပြုမှ နုရမယ်ဆိုတဲ့ သဘောပေါ့၊ ဟုတ်လား’



စကားလက်က ဒေါသတကြီး အော်၏။



‘မင်း ကျုပ်ကို ငြီးငွေ့သွားပြီ မဟုတ်လား၊ ဒါပေမယ့် မင်းတို့ထက် ယောက်ျားတွေက ပိုပြီး ငြီးငွေ့လွယ်တယ် ဆိုတာတော့

မင်းသတိထားပါ၊ အဗြဟ္မစရိယ သိက္ခာပုဒ်ကို မင်း လုံခြုံအောင် စောင့်ထိန်းကြည့်ပေါ့၊ ဟုတ်လား၊ ကျုပ်အဖို့က မခက်ပါဘူး၊ လွယ်လွယ်ကလေးပါ၊ အရေးမကြီးပါဘူး’ ရက် ဘတ်တလာက ပြုံးလိုက်သည်။ ‘ဒီမှာ ကလေးမ၊ လောကကြီးမှာ အိပ်ရာတွေ အများကြီး၊ အဲဒီ အိပ်ရာတွေပေါ်မှာလည်း မိန်းမတွေ တစ်ပုံကြီး’

‘ဒါဖြင့် ဒါဖြင့်၊ မောင်က မောင် ထင်တိုင်း ဖောက်ပြား’



‘ဒါပဲပေါ့ ကလေးမရဲ့၊ အမှန်က ခပ်စောစောထဲက မဖောက်ပြားတာတောင် ကျုပ်ကိုယ်ကျုပ် အံ့ဩလှပြီ၊ ဒါပေမယ့်

ကျုပ် မဖောက်ပြားတာကို မွန်မြတ်တယ်လို့ မထင်ဘူး၊ ဖောက်ပြားတာကိုလည်း ယုတ်ညံ့တယ်လို့ မထင်ဘူး’

‘စကားလက်ကတော့ အခန်းကို ညတိုင်း သော့ခတ်ထားမှာပဲ’



‘ဘာလို့ အပင်ပန်းခံမလဲ၊ မင်းကို ကျုပ် အလိုရှိရင် ဘယ်သော့မှ ခတ်လို့ မရပါဘူး’



စကားဆုံးသွားသည့်နှယ် ရက် ဘတ်တလာက ချာခနဲ လှည့်ထွက်သွားသည်။ ကလေးထိန်းခန်းဘက် ဆီသို့

လျှောက်သွားသံ ကြားရပြီး ကလေးများ၏ ဝမ်းသာအားရ ကြိုဆိုသံကို ကြားရ၏။ စကားလက်က ရုတ်တရက် ထိုင်ချလိုက်သည်။ သူ ကောင်းမည် ထင်ရာကိုမူ လုပ်ပြီးပြီ။ ဤနည်းကို သူလည်း သဘောကျသည်။ အက်ရှလေကလည်း သဘောကျသည်။ သို့ရာတွင် စကားလက် စိတ်မချမ်းသာ။ စကားလက် ခံပြင်းသည်။ သူက ဤကိစ္စကို ရေးကြီးခွင်ကျယ် လုပ်သလောက် ရက် ဘတ်တလာက ခပ်ပေါ့ပေါ့ သဘောထားသည်။ သူ့ကို အလို မရှိတော့ဟန် ပြသည်။ အခြား အိပ်ရာများပေါ်က အခြား မိန်းမများနှင့် တစ်တန်းထည်း ထားသည်။

399



သူနှင့် ရက် ဘတ်တလာတို့သည် ရှေ့လျှောက်၍ လင်မယား မဟုတ်ကြတော့။ ဤသည်ကို အက်ရှလေ သိအောင်

မည်သို့ သွယ်သွယ်ဝိုက်ဝိုက် ပြောရမည်နည်း။ သို့ရာတွင် သွယ်ဝိုက် ပြောဖို့ မလွယ်။ ယခု သူ့ ဇာတ်ရှုပ်ကို သူ ခင်းမိပြီ။ ဤအကြောင်းကို မပြောဘဲနေခဲ့လျှင် အကောင်းသားဟု စကားလက် တွေးမိသည်။

ည ည အိပ်ရာထဲတွင် ရက် ဘတ်တလာနှင့် ရယ်စရာ မောစရာများ ပြောရမည် မဟုတ်တော့။ အခန်းမှောင်မှောင်ထဲတွင်

စကားပြောရင်း ဆေးပြင်လိပ်မီး တရဲရဲဖြစ်အောင် ဖွာနေသည့် ရက် ဘတ်တလာကို တွေ့ရတော့မည် မဟုတ်တော့။ နှင်းတောထဲတွင် လျှောက်ပြေးနေရသည်ဟု အိပ်မက် မက်ပြီး နောက် လန့်နိုးလာသည့်အခါတွင် သူ့လက်မောင်းကြီးများဖြင့် ထွေးပိုက် ယုယမှုကို ခံရတော့မည် မဟုတ်တော့။

စကားလက် ရုတ်တရက် စိတ်ညစ်လာ၏။ ကုလားထိုင် လက်တင်ကို ခေါင်းတင်၍ ငိုမိသည်။

400

၅၂



နီလာ အခါလည်ကျော်ကျော် မိုးတစိမ့်စိမ့် ရွာနေသည့် တစ်နေ့၌ ဝိတ်ကလေးသည် ဧည့်ခန်းထဲတွင် ငိုင်နေသည်။

တစ်ခါတစ်ရံတွင် ပြတင်းပေါက်ဆီသို့ သွားကာ မိုးရေတွေ စီးနေသည့် ပြတင်းမှန်ကို ကပ်၍ အပြင်သို့ ကြည့်သည်။ ဝိတ်ကလေးက အရပ် ရှည်ရှည် ပိန်ပိန်။ သူ့ အသက် ရှစ်နှစ်နှင့် စာလျှင် ခပ်သေးသေး ညှက်ညှက်။ အရှက် အကြောက် ကြီး၍ စကား နည်းသည်။ မေးနိုင်လွန်းမှ တစ်ခွန်းစ နှစ်ခွန်းစ ပြောသည်။ အခန်းထောင့်တွင် အယ်လာက သူ့အရုပ်များနှင့် အလုပ် ရှုပ်နေသည်။ စကားလက်က စားပွဲတွင် ထိုင်ကာ စာရင်းတွေ ပေါင်းနေသည်။ ရက် ဘတ်တလာက ကြမ်းပြင်တွင် လှဲကာ ခါးပိုက်ဆောင် နာရီကို ကြိုးမှ ဆွဲပြီး နီလာကို မြှူနေသည်။ ဝိတ်ကလေး တစ်ယောက်တည်း ပျင်းနေသည်။

ဝိတ်ကလေးက စာအုပ်များကို ပွေ့လာပြီး ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ ပစ်ချ၏။ သက်ပြင်းကို ချသည်။ စကားလက်က

သူ့ကို စိတ်ဆိုး မာန်ဆိုးဖြင့် လှည့်ကြည့်သည်။

‘ဟဲ့ ကောင်လေး သွား၊ အပြင်ထွက် ကစားချည်စမ်း’



‘မိုးရွာနေတယ် မေမေ’



‘ဟင်၊ ရွာနေသလား၊ သွား၊ ဒါဖြင့် တခြား သွား ကစားချည်၊ နင် လုပ်တာနှင့် ဒီမှာ စာရင်း တွက်လို့ မရတော့ဘူး၊

ပေါ့ဆီကို သွားပြီး ရထား အထုတ်ခိုင်း၊ ပြီးတော့ ဘိုဘိုနှင့် ကစားမလို့ သူတို့အိမ် လိုက်ပို့ပါလို့ ပြော’

‘ဘိုဘို အိမ်မှာ မရှိဘူး မေမေ’ ဝိတ်ကလေးက သက်ပြင်းချ၏။ ‘ရောင်းရဲ့ မွေးနေ့ ဧည့်ခံပွဲကို သွားနေတယ်’



ရောင်းမှာ ရီနီပီကာ့နှင့် မေဘယ်တို့၏ အထွေးဆုံးသား ဖြစ်၏။ လူဝံကလေးနှင့် တူသဖြင့် သူ့ကို စကားလက်

မုန်းသည်။

‘ဒါဖြင့် တစ်ယောက်ယောက်နှင့် သွား ကစားချည်၊ သွား၊ ပေါ့ကို ပြောလိုက်၊ ရထားထုတ်လို့’



‘ဘယ်သူမှ မရှိဘူး မေမေ၊ အားလုံး မွေးနေ့ ဧည့်ခံပွဲ သွားနေတယ်’



အားလုံး မရှိကြ၊ သူ တစ်ယောက်သာ ကျန်ရစ်သည်ဟု ပြောချင်သည်။ သို့ရာတွင် မပြောရဲ။ စကားလက်က စာရင်း

စာအုပ်နှင့် အလုပ်ရှုပ်နေသဖြင့် ဝိတ်ကလေး၏ အမူအရာကို သတိ မထားမိ။

ရက် ဘတ်တလာက ကြမ်းပြင်ပေါ်တွင် လှဲနေရာမှ ထထိုင်လိုက်၏။



‘သားသားကော ဘာဖြစ်လို့ မွေးနေ့ ဧည့်ခံပွဲကို မသွားတာလဲ’



ဝိတ်ကလေးက သူ့အနားသို့ တိုးကာ ခြေထောက် တစ်ဖက်ကို ရှပ်တိုက်ရင်း သူ့ကို ကြည့်နေသည်။

401



‘သားသားကိုမှ မဖိတ်တာ’



ရက် ဘတ်တလာက အဖျက်အဆီးတွင် ဗိုလ်စွဲသည့် နီလာ၏ လက်ထဲသို့ ခါးပိုက်ဆောင် နာရီကို ထည့်လိုက်ပြီး

ရုတ်ခနဲ ထသည်။

‘စကားလက်၊ မင်း စာရင်းတွေ ဘာတွေ ထားလိုက်စမ်းပါ၊ ဝိတ်ကလေးကို ဘာဖြစ်လို့ မွေးနေ့ကို မဖိတ်တာတဲ့လဲ’



‘ဘုရားရေ၊ ဘယ်သိပါ့မလဲ၊ လာ မရှုပ်စမ်းနှင့် မောင်၊ ဒီမှာ အက်ရှလေ လုပ်ထားတဲ့ စာရင်းတွေက ရှုပ်ရတဲ့ အထဲမှာ၊

မွေးနေ့ မဖိတ်တာက အဆန်း မဟုတ်ပါဘူး၊ ဖိတ်လေ့ဖိတ်ထမှ မရှိတာ၊ ဖိတ်ရင်လည်း စကားလက်က မလွှတ်ပါဘူး၊ ရောင်း ဆိုတာ မစ္စက် မယ်ရီဝယ်သာရဲ့ မြေး ရှင်ရဲ့၊ သူလည်း စကားလက် တို့လို လွတ်လပ်တဲ့ ကပ္ပလီ အိမ်စေ ငှားတော့မလို့တဲ့’

ရက် ဘတ်တလာက ဝိတ်ကလေး၏ မျက်နှာကို စူးစမ်းသည့် အကြည့်ဖြင့် ကြည့်သည်။ ဝိတ်ကလေးက မဲ့နေသည်။



‘လာ လာ သား၊ ဦးလေးဆီ လာ’ ရက် ဘတ်တလာက သူ့ကို ဆွဲခေါ်သည်။ ‘မွေးနေ့ ဧည့်ခံပွဲ သွားချင်သလား’



‘မသွားချင်ပါဘူး ဦးလေး’



ဝိတ်ကလေးက ခပ်သွက်သွက် ဖြေသည်။ သို့ရာတွင် သူ့ မျက်လုံးတွင် မျက်ရည်တွေ လည်လျက်။



‘ဦးလေးကို ပြောပါ၊ ဂျိုတို့ မွေးနေ့ ပါတီ သွားမလား၊ ဖရင့်ဆွန်နယ်တို့ဆီကို သွားမလား၊ ဒါမှမဟုတ် တခြား

သူငယ်ချင်းတွေဆီ သွားမလား’

‘ဟင့်အင်း၊ သားသားကို ဘယ်မွေးနေ့ကမှ မဖိတ်တာ’



‘ဝိတ်၊ လိမ်မပြောနဲ့နော်’ စကားလက်က လှည့်အော်သည်။ ‘အရင် အပတ်ထဲတုန်းက သုံးခု သွားပြီးပြီ မဟုတ်လား၊

အေမီတို့ အိမ်ရယ်၊ ဂျီးလတ်တို့ အိမ်ရယ်၊ ဟန်ဗန်တို့ အိမ်ရယ်လေ’

‘အင်း၊ မင်း ပို့တဲ့ အိမ်တွေက ဒိတ်တွေချည်းပါလား၊ အကုန်လုံး မြင်း ကကြိုးတန်ဆာ တပ်ထားတဲ့ လားတွေချည့်ပဲ၊ ဒီ

လားအုပ်ထဲကို ပို့လည်း ပို့တတ်တယ်’ ရက် ဘတ်တလာ၏ အသံက ခပ်တိုးတိုး။ ခပ်ဝဲဝဲ။ ‘အဲဒီ မွေးနေ့တွေမှာ သား ပျော်ရဲ့လား၊ ပြောစမ်း’

‘မပျော်ဘူး ဦးလေး’



‘ဘာဖြစ်လို့’



‘ဟင့်အင်း၊ ဘာဖြစ်လို့လဲ မသိဘူး၊ ကြီးဒေါ်က ကြီးဒေါ်က ပြောတော့ အလကား အောက်တန်းစား လူဖြူတွေတဲ့’



‘ဘယ်တုန်းက ပြောတာလဲ၊ ဒီ အဘွားကြီးကို ငါ ခု အရေဆုတ်ပစ်မယ်’ စကားလက်က ရုတ်ခနဲ ထသည်။ ‘ဒီမှာ

ဝိတ်ကလေး၊ နောက် မေမေ့ မိတ်ဆွေတွေကို ဒီလို မပြော’

402



‘ကလေးက အမှန်ကို ပြောတာပဲကွ၊ ကြီးဒေါ် ပြောတာလည်း ဟုတ်သားပဲ’ ရက် ဘတ်တလာက ပြောသည်။ ‘ဒါပေမယ့်

သူများ ပြောတိုင်း မယုံရဘူး သိလား၊ ဒီလူဟာ လူဖြူ အောက်တန်းစား ဟုတ်သလား မဟုတ်သလား ဆိုတာ လမ်းမှာ ကိုယ်တိုင် ကိုယ်ကျ တွေ့မှ ယုံရတယ် သိလား၊ ကဲ မသွားရလည်း ဘာဖြစ်သလဲ ကွာ၊ အရေးမကြီးပါဘူး၊ သား မသွားချင်ရင် ဘယ်မွေးနေ့ကိုမှ မသွားနှင့် သိလား၊ ရော့’ ရက် ဘတ်တလာက အိတ်ထဲမှ ငွေစက္ကူ တစ်ရွက်ကို ထုတ်သည်။ ‘ပေါ့ကို ရထား အပြင်ခိုင်းပြီး မြို့ထဲ သွားချည်၊ သကြားလုံးတွေ ဝယ်ခဲ့၊ ဝယ်ပြီး ကြိုက်သလောက် စားစမ်း’

ဝိတ်ကလေး၏ မျက်နှာက ဝင်းထိန်သွား၏။ ငွေစက္ကူကို အိတ်ထဲသို့ ထည့်ပြီးနောက် သူ့ အမေထံ အခွင့်တောင်းသည့်

ဟန်ဖြင့် လှမ်းကြည့်သည်။ စကားလက်က မျက်မှောင်ကုတ်၍ ရက် ဘတ်တလာကို ကြည့်လျက် ရှိ၏။ ရက် ဘတ်တလာက နီလာကို ကြမ်းပေါ်မှ ကောက်ချီ၍ ပခုံးတွင် ထမ်းထား၏။ နီလာလေး၏ မျက်နှာကို သူ့ ပါးပြင်ဖြင့် အပ်ထားသည်။ ရက် ဘတ်တလာ၏ မျက်နှာကို စကားလက် အကဲခတ်၍ မရ။ သို့ရာတွင် ရက် ဘတ်တလာ၏ မျက်လုံးတွင် စိုးရိမ် ကြောက်လန့်သည့် သဏ္ဌာန်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် သဏ္ဌာန် ပေါ်နေသည်။

ဝိတ်ကလေးက ရက် ဘတ်တလာ၏ ရက်ရောမှုကြောင့် အားတက်လာကာ အနားသို့ ကပ်လာသည်။



‘ဦးလေးကို သားသား တစ်ခု မေးချင်တယ်’



‘မေးဗျာ မေး၊ နှစ်ခု မေး’ ရက် ဘတ်တလာ၏ အမူအရာက စိုးရိမ်ဟန်။ သတိ မေ့နေဟန်။ နီလာ၏ ခေါင်းကို ရင်ခွင်တွင်

အပ်ထားသည်။ ‘ဘာလဲ သား ဆိုစမ်း’

‘ဦးလေး၊ ဟို ဟိုလေ ဦးလေး ဘတ်တလာက စစ်ထဲ ဝင်ဖူးသလား ဟင်’



ရက် ဘတ်တလာ၏ မျက်လုံးများသည် ထက်သန် စူးရှလာကြ၏။ သို့ရာတွင် လေသံက ခပ်မှန်မှန်။



‘ဘာဖြစ်လို့ မေးတာလဲ သားသား’



‘သားသား သူငယ်ချင်း ဂျိုက ပြောတယ်၊ ဦးလေးက စစ်ထဲ မဝင်ဖူးဘူးတဲ့၊ ဖရင့်ကီကလည်း ဒီလိုပဲ ပြောတယ်’



‘ဟုတ်လား၊ ဒီတော့ သားသားက ဘာပြန်ပြော လိုက်သလဲ’



ဝိတ်ကလေး၏ မျက်နှာက ညှိုးသွားသည်။



‘သားသားက သားသားက ငါလည်း မသိဘူးလို့ ပြောလိုက်တယ်၊ ပြီးတော့ သူတို့ကို ထိုးပစ်ခဲ့တယ်၊ ဦးလေး စစ်ထဲ

လိုက်ဖူးသလား’

‘လိုက်ဖူးတာပေါ့ကွ’ ရက် ဘတ်တလာက လွှတ်ခနဲ ပြော၏။ ‘စစ်လည်း တိုက်ဖူးတယ်၊ စစ်တပ်ထဲလည်း ရှစ်လ

လိုက်ဖူးတယ်၊ သာယာကုန်းက နေပြီး တင်နဆီ ပြည်နယ်ထဲက ဖရင်ကလင် အထိ ဦးလေး တစ်လျှောက်လုံး ပါသွားတာပေါ့၊ ဗိုလ်ချုပ် ဂျွန်စတန် လက်နက် ချတုန်းကလည်း ဦးလေး ရှိတာပေါ့’

ဝိတ်ကလေးက ဂုဏ်ယူဟန်ဖြင့် ကိုယ်ကို မတ်သည်။ စကားလက်က ရယ်၏။

403



‘မောင့် စစ်မှုထမ်းသက်ကို ပြောရတာ မောင် မရှက်ဘူးလား၊ ဘယ်သူ့မှ မပြောပါနှင့်ဆို’



‘အသာ နေစမ်းပါကွာ’ ရက် ဘတ်တလာက ခပ်တိုးတိုး ပြော၏။ ‘ဒါပဲလား သားသား’



‘ဒါပါပဲ၊ ဦးလေး စစ်ထဲ ဝင်တယ် ဆိုတာ သားသား သိပြီ။ သူတို့ ပြောသလို ဦးလေးက စကြောက် မဟုတ်ဘူးပေါ့၊

ဒါပေမယ့် ဦးလေးက သားသားရဲ့ သူငယ်ချင်း အဖေတွေနှင့် အတူတူ ဘာဖြစ်လို့ စစ်ထဲ မလိုက်တာလဲ’

‘သားသား သူငယ်ချင်းရဲ့ အဖေတွေက ငတုံးတွေကွ၊ ဒါကြောင့် သူတို့က ခြေလျင်တပ်ကိုပဲ ဝင်ခွင့် ရတယ်၊ ဦးလေးက

စစ်တက္ကသိုလ်ဆင်း၊ ဒါကြောင့် အမြောက်တပ်ထဲ ဝင်ရတယ်၊ မြို့စောင့်တပ် မဟုတ်ဘူးနော်၊ အမြဲတမ်း တပ်မတော်က အမြောက်တပ်ကို ပြောတာ၊ အမြောက်တပ်ထဲကို တော်တော့်လူ မဝင်ရဘူးကွ၊ ဉာဏ်ရှိတဲ့ လူမှ ဝင်ရတာ’

‘ဟုတ်ပြီ’ ဝိတ်ကလေး၏ မျက်နှာက ဝင်းထိန်လာသည်။ ‘ဒဏ်ရာရော ရခဲ့ဖူးသလား၊ ဟင် ဦးလေး ဘတ်တလာ’



ရက် ဘတ်တလာက မဖြေ။



‘ဝမ်းကိုက် ရောဂါ ရခဲ့ဖူးတယ်လို့ ပြောလိုက်ပေါ့’



စကားလက်က လှောင်သည်။ ရက် ဘတ်တလာက နီလာကို  ကြမ်းပေါ်သို့ ဂရုတစိုက် ချကာ သူ့ ဘောင်းဘီထဲမှ

ရှပ်အင်္ကျီနှင့် အောက်ခံ စွပ်ကျယ်ကို ဆွဲထုတ်သည်။

‘လာ၊ ဦးလေး အနား လာခဲ့၊ ဘယ်မှာ ဒဏ်ရာ ရတယ် ဆိုတာ ဦးလေး ပြမယ်’



ဝိတ်ကလေးက စိတ်အား ထက်သန်စွာဖြင့် အနားသို့ ကပ်လာ၏။ ရက် ဘတ်တလာ ပြသည့် နေရာကို

ကြည့်လိုက်သည်။ ညိုမောင်းသော ရင်အုပ်ပေါ်တွင် အမာရွတ်ကြီး တစ်ခု ကန့်လန့် ဖြတ်နေသည်။ ကြွက်သားတွေ အမြှောင်း အမြှောင်း ထနေသည့် ဝမ်းဗိုက်ဆီသို့ ဆင်းသွားသည်။ ကယ်လီဖိုးနီးယား ရွှေတွင်းတွင် တစ်ယောက်နှင့် တစ်ယောက် ဓားမြှောင်ဖြင့် သတ်ရာမှ ရခဲ့သည့် ဒဏ်ရာ ဖြစ်၏။

သို့ရာတွင် ဝိတ်ကလေး မသိ။ အသက် ပြင်းပြင်း ရှူ၍ ပျော်နေသည်။



‘ဒါဖြင့် ဦးလေး ဘတ်တလာဟာ ဖေဖေ့လိုပဲ သတ္တိ ကောင်းတယ်ပေါ့ နော်’



‘ဖေဖေ့လိုတော့ သတ္တိ မကောင်းပါဘူး ကွာ၊ ဖေဖေ့လောက် နီးပါး ကောင်းတယ် ဆိုပါတော့’ ရက် ဘတ်တလာက

ရှပ်အင်္ကျီကို ဘောင်းဘီထဲသို့ ပြန်သွင်းရင်း ပြောသည်။ ‘ကဲ သွားတော့၊ မုန့်ဝယ်စားချည်၊ ဦးလေးကို စစ်ထဲ မဝင်ဖူးဘူးလို့ သူငယ်ချင်းတွေက ပြောရင် လက်သီးနှင့် ထိုး၊ ကြားလား’

ဝိတ်ကလေးက ဝမ်းသာ အားရ ခုန်ပေါက်ကာ ပေါ့ကို ခေါ်၍ ထွက်သွားသည်။ ရက် ဘတ်တလာက နီလာကို

ကောက်ချီ၏။

‘ဘာဖြစ်လို့ ကလေးကို မဟုတ်တာတွေ လိမ်ပြောရတာလဲ သူရဲကောင်းကြီးရဲ့’

404



စကားလက်က မေး၏။



‘ကလေး တစ်ယောက်ဟာ သူ့ အဖေ အတွက် ဂုဏ်ယူချင်မှာပေါ့၊ သူ့ ပထွေး အတွက်လည်း ဂုဏ်ယူချင်မှာပေါ့၊

ကလေးကို တခြား အားတိုင်းမွေးမသားလေးတွေ နှိမ်တာ ကျုပ် မခံနိုင်ဘူး၊ တော်တော် ရက်စက်တဲ့ ကလေးတွေ’

‘ကတ်သီးကတ်သတ်’



‘ဟုတ်တယ်၊ ဝိတ်ကလေး အဖို့ ဘယ်လောက် အရေးကြီးတယ် ဆိုတာ ကျုပ် မစဉ်းစားမိဘူး’ ရက် ဘတ်တလာက

တစ်လုံးချင်း ပြောသည်။ ‘တော်တော် ခံပြင်းရှာမှာပဲ၊ နီလာလေးကျရင်တော့ ဒီလို အဖြစ်မခံနိုင်ဘူး’

‘ဘယ်လို အဖြစ်မခံနိုင်တာလဲ’



‘ကျုပ် သမီးလေး နီလာကို အဖေ့ကြောင့် အရှက်ရတာမျိုး၊ အဖေ့ကြောင့် အရှက်ကွဲတာမျိုး အဖြစ် မခံနိုင်ဘူး၊ ကိုးနှစ်

သမီး ဆယ်နှစ် သမီး ရောက်ရင် ဧည့်ခံပွဲတွေ ဘာတွေ သွားရမယ်၊ အိမ်မှာ ကုပ်ကုပ်ကလေး နေရတာမျိုးလည်း အဖြစ် မခံနိုင်ဘူး၊ ခု ဝိတ်ကလေးဟာ မင်းနှင့် ကျုပ် အသုံးမကျတာနှင့် အနှိမ်ခံ နေရတယ်၊ နီလာလေးကျရင် ဒီလို အဖေနှင့် အမေ အသုံးမကျလို့ အနှိမ်ခံရတာမျိုးလည်း အဖြစ် မခံနိုင်ဘူး’

‘အိုး၊ ကလေးတွေ ဧည့်ခံပွဲကို အရေးတကြီး လုပ်လို့’



‘ကလေးတွေ ဧည့်ခံပွဲကနေပြီး အပျိုလေးတွေ ဈေးဦးပေါက် ပွဲထုတ်တဲ့ ဧည့်ခံပွဲတွေ ဖြစ်လာကြတာ မဟုတ်လား၊

ကျုပ် သမီးကို အတ္တလန်တာက လူကောင်း သူကောင်းတွေရဲ့ ဧည့်ခံပွဲက အထုတ်ခံရတဲ့ သမီးလေး အဖြစ် မခံနိုင်ဘူး၊ ကျုပ် သမီးလေး ကြီးရင် မြောက်ပိုင်းကို သွားပြီး ကျောင်းမထားဘူး၊ တောင်ပိုင်းမှာပဲ ထားမယ်၊ ကျုပ် သမီးကို ချာလက်စတန်တို့၊ ဆဗားနားတို့၊ နယူးအော်လီယန်းတို့၊ အတ္တလန်တာတို့မှာပဲ ထားမယ်၊ အဲဒီ အသိုင်းအဝိုင်းက လက်ခံရင် တော်ပြီ၊ ပြီးတော့ သမီးလေးကို ယန်ကီတို့၊ တခြား နိုင်ငံသားတို့နှင့် လက်မထပ်စေရဘူး၊ ဒီလို လုပ်ရင် ကျုပ် သမီးလေးကို တောင်ပိုင်းက အသိုင်းအဝိုင်းက ကြဉ်ကြလိမ့်မယ်၊ အဖေက လူဆိုး၊ အမေက အလကား မိန်းမ ဖြစ်ပေမယ့် ကျုပ် သမီးလေးကို ဒီလို အဖြစ် မခံနိုင်ဘူး’

ဝိတ်ကလေးက အခန်းဝသို့ ပြန်ရောက်နေသည်။ သူတို့ စကားများကို စိတ်ဝင်စားစွာ နားထောင်လျက် ရှိနေ၏။

သို့ရာတွင် ရှင်းရှင်းလင်းလင်း မရှိလှ။

‘နီလာကို ဘိုဘိုနှင့် ပေးစားပေါ့၊ ဦးလေးရဲ့’



ရက် ဘတ်တလာက ဝိတ်ကလေးကို လှမ်းကြည့်၏။ ဒေါသ အရိပ်အယောင်သည် သူ့ မျက်နှာပေါ်မှ ပျောက်သွားသည်။

ကလေးများနှင့် ဆက်ဆံသည့် အခါတွင် အရေးတယူ အလေးအနက် ထား၍ ဆက်ဆံတတ်သည့် သူ့ ထုံးစံ အတိုင်း ဝိတ်ကလေး၏ စကားကို အလေးအနက် ထားသည်။

‘ဟုတ်တယ် သားသား၊ နီလာကို ဘိုဘိုနှင့် ပေးစားမယ်၊ သားကိုကော ဘယ်သူနှင့် ပေးစားရမလဲ’

405



‘ဟင့်အင်း၊ သား ဘယ်သူ့ကိုမှ မယူဘူး’ ဝိတ်ကလေးက ပြောသည်။ သူ့ကို အမြဲ အားပေး၍ အမြဲ အလိုလိုက်သည့်

ဒေါ်လေး မီလာနီ ရှိသည်။ ယခု ဦးလေး ဘတ်တလာ ရှိသည်။ ဦးလေး ဘတ်တလာနှင့် လူကြီးသူမသဖွယ် စကား ပြောရသဖြင့် ဝိတ်ကလေး ရွှင်လန်းနေသည်။ ‘သား ကြီးရင် ဟားဗတ် တက္ကသိုလ်ကို သွားမယ်၊ ဖေဖေ့လို ဝတ်လုံ လုပ်မယ်၊ ပြီးတော့ ဖေဖေ့လို သတ္တိ ကောင်းတဲ့ စစ်သားကြီး ဖြစ်အောင် လုပ်မယ်’

‘မီလာနီဟာ ကလေးကို ဘာတွေ ပြော ပြော ထားမှန်း မသိဘူး’ စကားလက်က အော်သည်။ ‘ဘာဖြစ်လို့ ဟားဗတ်

တက္ကသိုလ်ကို သွားရမှာလဲ၊ ယန်ကီကျောင်းကို မသွားရဘူး၊ ဂျော်ဂျီယာ တက္ကသိုလ်ကို သွားရမယ်၊ ဘွဲ့ရရင် မေမေ့ အစား ကုန်တိုက်ကို အုပ်ချုပ်ရမယ်၊ မင်း ဖေဖေက သတ္တိ ကောင်းတဲ့ စစ်သား ဖြစ်ပေမယ့်-’

‘ကလေးကို မဟုတ်တာတွေ မပြောပါနှင့်’ ရက် ဘတ်တလာက ဖြတ်ပြောလိုက်ပြီး အရောင် လက်နေသည့်

ဝိတ်ကလေး၏ မျက်လုံးကို ကြည့်သည်။ သူ့ အဖေ အကြောင်းကို ပြောလျှင် ဝိတ်ကလေး၏ မျက်လုံးများသည် တောက်ပ လာကြ၏။ ‘ဟုတ်တယ်၊ မင်း ဖေဖေလို သတ္တိ ကောင်းတဲ့ လူတစ်ယောက် ဖြစ်အောင် လုပ်ရမယ်၊ မင်း ဖေဖေက သူရဲကောင်း ဆိုတော့ မင်း ဖေဖေကို အတုခိုးရမယ်၊ တခြား ဘယ်သူက ဘာ ပြော ပြော မယုံနှင့်၊ မင်း ဖေဖေဟာ မင်း မေမေကို လက်ထပ်ခဲ့တယ် မဟုတ်လား၊ မင်း မေမေကို လက်ထပ်ပြီး ကတည်းက အဲဒီ လူဟာ သူရဲကောင်း ဖြစ်တယ် ဆိုတာ ထင်ရှားနေပြီ၊ ဟားဗတ် တက္ကသိုလ် တက်ပြီး ဝတ်လုံ လုပ်မယ် ဆိုတာလည်း ကောင်းတယ်၊ ဦးလေး ထားပေးမယ်၊ ကဲ သွား၊ ပေါ့နှင့် မြို့ထဲ ထွက်လည်ချည်ကြ’

‘ဒီမှာ မောင်၊ စကားလက်ရဲ့ ကလေးတွေကို စကားလက်ဘာသာ အုပ်ချုပ်ပါရစေ၊ မောင် ဝင်မရှုပ်ပါနှင့်’



ဝိတ် ထွက်သွားသည့် အခါတွင် စကားလက်က အော်၏။



‘မင်းက အုပ်မှ မအုပ်ချုပ်တတ်ဘဲ၊ အယ်လာနှင့် ဝိတ်ကလေးကို မင်း ဖျက်ဆီးခဲ့ပြီးပြီ၊ ဒါပေမယ့် နီလာကို ဒီလို

ဖျက်ဆီးတာတော့ ကျုပ် ခွင့်မပြုနိုင်ဘူး၊ နီလာဟာ တကယ့် မင်းသမီးလေး တစ်ပါး ဖြစ်ရမယ်၊ တစ်ကမ္ဘာလုံးက သူ့ကို နှစ်သက်ရမယ်၊ သူ မသွားနိုင်တဲ့ နေရာ၊ မရောက်ဖူးတဲ့ နေရာရယ်လို့ မရှိစေရဘူး၊ မင်းအိမ်မှာ လာနေတဲ့ အလေဏတော အုတ်ကြား မြက်ပေါက်တွေကို အပေါင်းအသင်း လုပ်ခွင့် မပေးနိုင်ဘူး၊ ဒီကြားထဲမှာ ကြီးပြင်းလာတာမျိုး အဖြစ် မခံနိုင်ဘူး’

‘အဲဒီ အုတ်ကြား မြက်ပေါက်တွေက မောင်နှင့်တောင် မတန်ဘူး၊ သူတို့က ကောင်းလွန်းနေတယ် သိလား’



‘အေး၊ မင်း အတွက်လည်း ကောင်းလွန်းနေတယ် မဟုတ်လား၊ ဒါကြောင့် မင်း အိမ်ကို ပင့်ဖိတ် ကျွေးနေတာပေါ့၊

ဒါပေမယ့် သမီးလေး နီလာ အတွက်တော့ မကောင်းဘူး၊ မင်း အပေါင်းအသင်း လူလေ လူလွင့်တွေရဲ့ သားတွေနှင့် ကျုပ် သမီးကို ပေးစားမယ် ထင်သလား၊ အဝေးကြီး၊ မင်း အပေါင်းအသင်းတွေ ကြည့်လိုက်ရင် လူလေူ လူလွင့်တွေချည့်ပဲ၊ ကြီးပွားလမ်း ရှာနေတဲ့ အိုင်းရစ်တွေရယ်၊ ယန်ကီတွေရယ်၊ အောက်တန်းစား လူဖြူတွေရယ်၊ ကော်ဇောအိတ်သမား တွေရယ်၊ ကျုပ် သမီးက ရက် ဘတ်တလာ သွေးနှင့် ရိုဘီးလာ့ဒ် သွေး’

‘အိုဟာရာသွေးကကော-’



‘မင်း ဖေဖေ အိုဟာရာမျိုးဟာ အိုင်ယာလန်မှာ တစ်ခါက ရှင်ဘုရင်မျိုးတွေ ဖြစ်ချင် ဖြစ်မယ်၊ ဒါပေမယ့် မင်း

406

ဖေဖေကတော့ အောက်တန်းက လာတဲ့ အိုင်းရစ်ပဲ၊ မင်းလည်း ထိုနည်းလည်းကောင်းပဲ၊ အေးလေ မင်းကို ပြောရင် ကျုပ်လည်း အတူတူပဲပေါ့၊ ကျုပ်က လူ့ ဘဝမှာ လုပ်ချင်ရာ လုပ်ခဲ့တဲ့ လူ၊ ကျုပ်လုပ်ချင်ရင် ဘာကိုမှ ဂရုစိုက်တာ မဟုတ်ဘူး၊ ကျုပ်အဖို့ အရေးကြီးတာ ဆိုလို့လည်း ဘာမှ မရှိဘူး၊ ဒါပေမယ့် နီလာကတော့ ကျုပ် အတွက် အရေးကြီးတယ်၊ ကျုပ် မိုက်ခဲ့လို့ မအေ လုပ်ပုံ အသုံးမကျလို့ သမီးလေး ဆိုးရင် ချာလက်စတန်မှာ မျက်နှာပန်း လှမှာ မဟုတ်တော့ဘူး၊ သမီးလေး မျက်နှာပန်း လှအောင် ကျုပ် အမေက ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မင်း ဒေါ်လေး ယူလာလီနှင့် ဒေါ်လေး ပေါ်လင်းတို့က ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကျုပ် သမီး ဆိုပြီး အထင်သေးခံရမှာပဲ၊ အဖေ အသုံးမကျတော့ သားသမီး ခံရတာပေါ့၊ ခုလည်း ကျုပ်တို့ ဒီအတိုင်း လုပ်နေရင် သမီးလေးကို အတ္တလန်တာ အသိုင်းအဝိုင်းက အထင်သေးကြမှာပဲ၊ အရိပ်အယောင်တွေ ပေါ်နေပြီ’

‘မောင်ဟာ တော်တော် ရယ်စရာ ကောင်းတယ်၊ ဘာ မဟုတ်တာကို အရေးတကြီး ထားနေတယ်၊ ဘာဖြစ်လို့ သမီးက

မျက်နှာ ငယ်ရမှာလဲ၊ စကားလက်တို့မှာ ပိုက်ဆံရှိ-’

‘ပိုက်ဆံ စကား မပြောပါနှင့်၊ ကျုပ် သမီးလေး အတွက် ကျုပ် ပေးချင်တာတွေကို အဲဒီ ပိုက်ဆံတွေနှင့် ဝယ်လို့ မရဘူး၊

ကျုပ် သမီးလေးကို ရီပါဘလီကန်တွေရဲ့ မင်္ဂလာ ကပွဲကြီးမှာ ကွမ်းတောင်ကိုင် အဖြစ် မခံနိုင်ဘူး၊ အဲဒီလို နေရာမျိုးမှာ ဘုရင်မ ဖြစ်ရတာထက် ပီကာ့ဒ်တို့ရဲ့ အိမ်ကုပ်ကလေးမှာ ထမင်းကြမ်း စားနေရတဲ့ အဖြစ်ကို ပိုကြိုက်တယ်။ မစ္စက် အယ်လဆင်းတို့ရဲ့ တဲအိုကလေးမှာ ထမင်းကြမ်း စားနေရတဲ့ ဘဝမျိုးကို ပိုကြိုက်တယ်၊ မင်းဟာ တော်တော် အသိဉာဏ် နည်းတဲ့ မိန်းမ၊ ကိုယ့် သားသမီးတွေ နောင်ရေး အတွက် မင်း စိတ်ကူး ရှိရမယ်၊ စီမံကိန်း ရှိရမယ်၊ ဒါပေမယ့် မင်းမှာ ဘာမှ မရှိဘူး၊ ကိုယ် ဘယ်အခြေ ရောက်နေပြီ ဆိုတာတောင် မင်း မစဉ်းစားဘူး၊ မင်း အချိုးတွေ ပြင်မလားလို့ ကျုပ် စောင့်ကြည့်ခဲ့တယ်၊ မင်း မပြင်ဘူး၊ နောင်လည်း ပြင်မှာ မဟုတ်ဘူး၊ မင်းဟာ ပိုက်ဆံ ရဖို့လောက်ပဲ သိတယ်၊ လူတွေကို အနိုင်ကျင့်ဖို့လောက်ပဲ မင်း နားလည်တယ်’

‘မောင် ပြောနေတဲ့ စကားတွေဟာ အသေးအဖွဲ ကလေးတွေချည့်ပဲ’



စကားလက်က ဂရုမစိုက်ဟန် ပြောသည်။ ဤ ကိစ္စကို နောက်ထပ် မပြောလိုဟု ဆိုသည့်နှယ် စာရင်း စာရွက်များကို

တဖျပ်ဖျပ် လှန်နေသည်။

‘ကျုပ်တို့ အပေါ် စိတ်ကောင်း စေတနာနှင့် ထောက်ပြမယ့်လူ ပြောမယ့်လူ ဆိုလို့ မီလာနီ တစ်ယောက်ပဲ ရှိတယ်၊

ဒါပေမယ့် မင်း သူ့ကို တစ်စက်မှ အကောင်း မထင်ဘူး၊ အထင်သေးတယ်၊ စော်ကားတယ်၊ အဝတ်အစားက စုတ်ပြတ်သလေး၊ ဆင်းရဲသလေး၊ အောက်တန်း ကျသလေးနှင့် မင်း ကဲ့ရဲ့တယ်၊ ဒီမှာ စကားလက်၊ အတ္တလန်တာက အဖိုးတန်တဲ့ အရာတွေ၊ ကောင်းတဲ့ အရာတွေထဲမှာ မီလာနီဟာ နံပါတ်တစ် နေရာက ပါတယ် သိရဲ့လား၊ သူ ဒီလို ဖြစ်တဲ့ အတွက် ကျုပ် ဝမ်းသာတယ်၊ ကျုပ် လုပ်ငန်းမှာ မင်း အကူအညီ မရပေမယ့် မီလာနီက ကူလိမ့်မယ်’

‘မောင်က ဘာလုပ်ငန်း လုပ်မှာမို့လဲ’



‘ဘာလုပ်ရမှာလဲ၊ အတ္တလန်တာက ဒီ အမျိုးသမီး ဝံသာနု တပ်သားဟောင်းကြီးတွေကို အားပေး ရမှာပေါ့၊ အထူးသဖြင့်

မစ္စက် မယ်ရီဝယ်သာတို့၊ မစ္စက် အယ်လဆင်းတို့၊ မစ္စက် ဝှိုက်တင်းတို့၊ ဒေါ်ဒေါ်မိတို့ကို ကျုပ် အားပေးမယ်၊ ထောက်ခံမယ်၊ ကျုပ်ကို မုန်းတဲ့ အဲဒီ အမျိုးသမီးကြီးတွေဆီကို လေးဖက်ထောက် တောင်းပန် ဆိုရင် ကျုပ် တောင်းပန်မယ်၊ သူတို့က ကျုပ်ကို

407

အခေါ် အပြော မလုပ်ချင်သည့်တိုင် ကျုပ် ခေါ်မယ်၊ ကျုပ် ဆိုးခဲ့သမျှတွေကို ဝန်ခံမယ်၊ သူတို့ လုပ်တဲ့ ပရဟိတ လုပ်ငန်း ဆိုတာတွေ၊ ကုသိုလ် ကောင်းမှု ဆိုတာတွေကို ကျုပ် လုပ်မယ်၊ ပြည်နယ်အတွက် ကျုပ် တတ်နိုင်သမျှ လုပ်ခဲ့တာတွေကို ဖွင့်ပြောပြီး ကြွားမယ်၊ အခြေအနေ ဒီထက် ဆိုးလာရင် သူတို့ရဲ့ ကေသုံးလုံး ဂိုဏ်း ဆိုတာထဲကို ဝင်မယ်၊ တစ်ခုတော့ ရှိပါတယ်၊ ကေသုံးလုံး ဂိုဏ်းထဲ ဝင်ရလောက်အောင်တော့ ကျုပ် ပြစ်မှုတွေဟာ မကြီးသေးဘူးလို့ ကျုပ် ထင်တယ်၊ စက်တိုင် မတက်ရအောင် ကျုပ် လူနုံ လူအတွေကို ကယ်ခဲ့တာ၊ ကျုပ် ကျေးဇူး ခင်ဗျား အပေါ်မှာ ရှိတယ်လို့ ပြောမယ်၊ ဒီတော့ ကျုပ်အမှားကို ကျုပ် ပြင်တဲ့ အနေနှင့် ကျုပ် သမီး မျက်နှာ မငယ်ရအောင် ကျုပ်ကိုယ်ကျုပ် ဂုဏ်ဆယ်တဲ့ အနေနှင့် ကျုပ် ရှေ့က လုပ်သွားတာတွေကို မင်းက နောက်က လိုက်မဖျက်ပါနှင့်၊ ကျုပ် သိမ်းသွင်းနေတဲ့ လူတွေကို မကောင်းတဲ့ သစ်တွေ လိမ်ရောင်းတာ၊ အတိုး ကြီးကြီးနှင့် အပေါင် ခံတာမျိုးတွေ မလုပ်ပါနှင့်၊ ပြီးတော့ ဘုရင်ခံ ဘူးလော့ ဆိုတဲ့ လူကိုလည်း ကျုပ် အိမ်ထဲကို ဘယ်တော့မှ ခြေမချပါစေနှင့်၊ ကြားတယ် မဟုတ်လား၊ ပြီးတော့ မင်း ပေါင်းနေတဲ့ ခိုးသား ငါးရာ ဂိုဏ်းသားတွေလည်း ကျုပ် အိမ်ရိပ်ကို မနင်းပါစေနှင့်၊ ကျုပ် တောင်းပန်ရက်သားနှင့် မင်း ဧည့်သည်တွေ ဖိတ်ပြီး ဟေးလားဝါးလား လုပ်မြဲ လုပ်နေရင် နောက်တော့ ကျုပ်ကို အဆိုး မဆိုနှင့်၊ မင်း အိမ်မှာ ဧည့်ခံမယ့် အိမ်ရှင် တစ်ယောက်မှ မရှိတဲ့ အဖြစ်မျိုးနှင့် ကြုံပြီး မင်း အရှက်ကွဲရလိမ့်မယ်၊ မင်း ဧည့်သည်တွေ လာရင် ကျုပ် ဘဲလ် ဝက်တလင်းရဲ့ အရက်ဆိုင် သွားပြီး တစ်ညလုံး အရက် သောက်နေမယ်၊ မင်း ဧည့်သည်တွေနှင့် အမိုး တစ်ခုထဲအောက် နေရတာ သနတယ် ထင်လို့ လျှောက်သွားနေတာဗျို့လို့ တစ်မြို့လုံး ကြေညာမောင်းခတ်မယ်’

စကားလက် သူ့ စကားများကြောင့် ဒေါသ ထွက်နေ၏။ သို့ရာတွင် တမင် ရယ်လိုက်သည်။



‘ဒါဖြင့် ကူးတို့ သင်္ဘောပေါ် အစုန် အဆန်လိုက် ဖဲကစားနေတဲ့ ဆယ့်နှစ်ပွဲသမားကြီး၊ မှောင်ခိုကုန်သည်ကြီးက

သူတော်ကောင်း လုပ်တော့မယ်ပေါ့၊ ကောင်းပါလေ့ရှင်၊ အဲ တစ်ခုတော့ ပြောပါရစေ၊ သူတော်ကောင်း လုပ်ချင်ရင် ပထမဆုံး ခြေလှမ်း အနေနှင့် ဘဲလ် ဝက်တလင်းရဲ့ ဇိမ်အိမ်ကို ရောင်းပစ်ပါလို့တော့ တိုက်တွန်းပါရစေ’

စကားလက်က ရမ်းတုတ်လိုက်သည်။ ဤ ဇိမ်အိမ်ကို ရက် ဘတ်တလာက ဖွင့်ထားခြင်း ဟုတ် မဟုတ် သူ

သေသေချာချာ မသိ။ ရက် ဘတ်တလာ သူ့သဘောကို ရိပ်မိသည့်နှယ် ရယ်လိုက်၏။

‘အကြံဉာဏ် ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်’



ကြိုးစား၍သာ ကြိုးစားရသည်။ အားမရှိလှ။ သူ့နာမည်ကို အဖတ်ဆယ်ရန် ရက် ဘတ်တလာ ကြိုးစားသည့် အချိန်က

အချိန်ကောင်း မဟုတ်။ နာမည်ကို အဖတ် ပြန်ဆယ်ရန် အခက်ဆုံး အချိန်မျိုး ဖြစ်၏။ ရီပါဘလီကန်များနှင့် တောကြောင် ခေတ်ပျက် သူဌေးများက နာမည် ပျက်ချင်တိုင်း ပျက်နေကြသည်။ ကော်ဇောအိတ် အုပ်စိုးမှုသည် ယိုယွင်း ပျက်စီးမှုတွင် အထွတ်အထိပ်သို့ ရောက်နေသည်။ ပြည်တွင်းစစ် ပြီးသည့်နောက်တွင် ရက် ဘတ်တလာ၏ အမည်သည် ယန်ကီများ၊ ရီပါဘလီကန်များ၊ ကော်ဇောအိတ်သမားများနှင့် ရောထွေးနေသည်။

၁၈၆၆ ခုနှစ်တုန်းက သူတို့ တွေ့ခဲ့ရသည့် စစ် အုပ်ချုပ်ရေး ကာလသည် အဆိုးဆုံး၊ အပြင်းထန်ဆုံး ဟု အတ္တလန်တာ

မြို့သူ မြို့သားများ ထင်ခဲ့ကြ၏။ ယခု ဘုရင်ခံ ဘူးလော့က နောက်လာသည့် မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုသည့် အစားထဲက ဖြစ်နေပြီ။ ကပ္ပလီ မဲပြာများကြောင့် ရီပါဘလီကန်နှင့် ၎င်းတို့၏ မဟာမိတ်များသည် အာဏာ ဖင်မြဲနေကြပြီ။ မကျေနပ်နေသည့် အာဏာမဲ့များကို ညှဉ်းပန်းကြသည်။ နိုင်ငံရေး ပါတီဟူ၍ နှစ်ခုသာ ရှိကြောင်း၊ ၎င်းတို့မှာ ရီပါဘလီကန်များ အဖွဲ့နှင့် ဒုစရိုက်သမားများ အဖွဲ့တို့ ဖြစ်သည်ဟု သမ္မာကျမ်းစာ အထဲတွင် ပါကြောင်းဖြင့် ကပ္ပလီများကြားတွင် ကောလာဟလ

408

ဖြစ်နေသည်။ ထို့ကြောင့် ကပ္ပလီများက ရီပါဘလီကန် ပါတီသို့ ဝင်ကြသည်။ အောက်တန်းစား လူဖြူများနှင့် တောကြောင်များကို မဲပေးကြသည်။ ရာထူးကြီးများသို့ တင်မြှောက်ကြသည်။ ကပ္ပလီ အချို့ကိုလည်း တင်မြှောက်ကြသည်။ ကပ္ပလီများ ဥပဒေပြု လွှတ်တော်ထဲသို့ ရောက်လာကြ၏။ လွှတ်တော်ထဲတွင် ဘာမျှ မလုပ်ကြ။ မြေပဲကို ဝါးကာ ဖိနပ်စီးကျင့် မရှိသဖြင့် ကျပ်လာလျှင် ချွတ်သည်။ ထို့နောက် ပြန်စီးသည်။ သို့ဖြင့် လွှတ်တော်ထဲ၌ ထိုင်ပြီး မြေပဲ ဝါးလိုက်၊ ဖိနပ် စီးလိုက်၊ ချွတ်လိုက်ဖြင့် အချိန်ကုန်သည်။ အရေး အဖတ်လည်း မတတ်ကြ။ ဝါခင်းထဲ၊ ကြံခင်းထဲမှ လွှတ်တော်ထဲသို့ တန်းရောက်လာသူများ ဖြစ်သည်။ နှယ်နှယ် မမှတ်နှင့်။ အခွန်တော် ဥပဒေများ၊ ငွေချေး စာချုပ် ဥပဒေများကို ပြဋ္ဌာန်းပိုင်ခွင့် ရှိသည်။ သူတို့နှင့် သူတို့၏ ရီပါဘလီကန် မိတ်ဆွေများ အတွက် များပြားလှသည့် အသုံးစရိတ်များကို ခန့်ခွဲ ပြဋ္ဌာန်းခွင့် ရှိသည်။ ထိုဥပဒေများကို မဲပေးကြသည်။ ဂျော်ဂျီယာ ပြည်နယ်သားတို့သည် ကြီးလေးသော အခွန် အတုတ်များကို ဖဲ့ပေးနေရ၏။ သူတို့ ပေးလိုက်သည့် အခွန်တော်များသည် အများပြည်သူ အကျိုးအတွက် သုံးရန် ဖြစ်သည်။ သို့ရာတွင် ရီပါဘလီကန် ခေါင်းဆောင်များ၏ အိတ်ထဲသို့ ရောက်သွားကြသည်ကို အခွန်ထမ်းများ သိကြသည်။

ပြည်နယ် အစိုးရ အဖွဲ့ အနီးတွင် စီးပွားရေး သမားများ၊ မှောင်ခိုသမားများ၊ ကန်ထရိုက်တာများ၊ ပြည်နယ်၏

ငွေဖြင့် ကိုယ်ကျိုးတွက် အမြတ်ထုတ်လိုသူများ ဝိုင်းဝိုင်းလည်နေသည်။ အရှက်မရှိ နေ့ချင်း ညချင်း သူဌေး ဖြစ်နေကြသည်။ မီးရထားလမ်း ဖောက်ရန် အစိုးရ ပိုက်ဆံကို လွယ်လွယ် ယူကြသော်လည်း မည်သည့် လမ်းမျှ မဖောက်။ အစိုးရ အတွက် မော်တော်ကား ဝယ်ရန်၊ စက်ပစ္စည်းများ ဝယ်ရန် အစိုးရ ပိုက်ဆံများကို ထုတ်ယူကြသော်လည်း မော်တော်ကား တစ်စီးမျှ မဝယ်။ ဝက်အူ တစ်ချောင်းမျှ မဝယ်။ ပြည်သူ့ အဆောက်အအုံများ ဆောက်မည်ဟု ဆိုကာ အစိုးရ ပိုက်ဆံတွေကို ထုတ်ယူကြသော်လည်း ထိုအဆောက်အအုံများသည် သူတို့ စိတ်ကူးထဲတွင်မှ အပ တခြား ဘယ်တွင်မျှ ရှာမရ။

သန်းပေါင်း များစွာ တန်သည့် ငွေချေး စာချုပ်များကို ထုတ်ပေးသည်။ အများအားဖြင့် ထိုငွေချေး စာချုပ်များက

တရားမဝင်။ စာချုပ်လိမ်များ ဖြစ်သည်။ ပြည်နယ် အစိုးရ ဘဏ္ဍာရေးဝန်ကြီးသည် ရီပါဘလီကန် တစ်ဦး ဖြစ်သည့်တိုင် ရိုးသား ဖြောင့်မတ်သည်။ တရားမဝင် ချေးငွေ စာချုပ်များ ထုတ်ခြင်းကို အစိုးရ အဖွဲ့တွင် ကန့်ကွက်သည်။ ဘဏ္ဍာရေးဝန်ကြီး အဖြစ် လက်မှတ် မထိုးနိုင်ဟု ငြင်းသည်။ သို့ရာတွင် သူနှင့် အတူ မတရားမှုများ၊ အလွဲသုံးစား လုပ်မှုများကို တားဆီးရန် ကြိုးပမ်းသည့် အခြား သူများသည်လည်း ဘာမျှ မတတ်နိုင်။ လက်မှိုင်ချ နေကြရသည်။ ရေစီးကြောင်းတွင် မျောပါသွားကြသည်။

ပြည်နယ် အစိုးရ ပိုင်သည့် မီးရထား ဌာနသည် တစ်ခါက ပြည်နယ်ကို ငွေရှာပေးသည့် ငွေဝင်ပေါက်ကြီး ဖြစ်သည်။

ယခုမူ ငွေယိုပေါက်ကြီး ဖြစ်နေပြီ။ အကြွေးတွေ တင်နေပြီ။ မီးရထားလမ်းသည် မီးရထားလမ်း မဟုတ်တော့။ ဝက်တို့ လူးရာ၊ ပျော်မွေ့ရာ နက်ရှိုင်းသည့် ဝက်လူး အိုင်ကြီး ဖြစ်နေသည်။ မီးရထား အရာရှိများကို ခန့်ရာတွင်လည်း အရည်အချင်းကို မကြည့်တော့။ နိုင်ငံရေး ‘အကပ်’ ရှိလျှင် ဆွဲခန့်သည်။ မီးရထား အကြောင်း၊ မီးရထားလမ်း အကြောင်း ဘာမျှ သိဖို့ မလို။ မီးရထား ဌာနတွင် လိုသည်ထက် အမှုထမ်း ဦးရေ သုံးဆ ပိုနေသည်။ ရီပါဘလီကန်များက အခမဲ့ စီးခွင့် လက်မှတ်ဖြင့် အလကား စီးကြ၏။ ရီပါဘလီကန် ရွေးကောက်ပွဲ လုပ်တော့မည် ဆိုလျှင် ကပ္ပလီများကို မီးရထားဖြင့် တစ်နယ်မှ တစ်နယ်သို့ အခမဲ့ ပို့ပေးပြီး မဲထည့်စေသည်။ မဲခိုး၍ အထည့်ခိုင်းသည်။

အစိုးရပိုင် ပို့ဆောင်ရေး လုပ်ငန်းများကို အုပ်ချုပ်မှု ညံ့ဖျင်းသဖြင့် အခွန်ထမ်းများ ဒေါသထွက်ကြသည်။ ပို့ဆောင်ရေး

လုပ်ငန်းမှ ဝင်ငွေဖြင့် အခလွတ် ကျောင်းများ တည်ဆောက်ရန် ဖြစ်သည်။ သို့ရာတွင် အစိုးရပိုင် ပို့ဆောင်ရေး လုပ်ငန်းမှ

409

ဝင်ငွေမရ။ အကြွေးများသာ တစ်ရစ်ပြီး တစ်ရစ် တင်နေသည်။ ထို့ကြောင့် အခမဲ့ ကျောင်းများလည်း မဖွင့်နိုင်။ မိဘများက ဆင်းရဲ ကျပ်တည်းကြသဖြင့် ကလေးများကို ကျောင်းမထားနိုင်။ သို့ဖြင့် မျိုးဆက် တစ်ဆက်သည် ပညာမဲ့၊ အသိမဲ့၊ ပညာ ခေါင်းပါး၊ အသိ ခေါင်းပါး ဖြစ်ခဲ့ရသည်။ သူတို့မှ တစ်ဆင့် သူတို့ သားသမီးများထံ ပညာ ခေါင်းပါးမှု မျိုးစေ့များကို ကြဲကြတော့မည်။

ဤသို့ဖြင့် ဂျော်ဂျီယာ ပြည်နယ်တွင် ပျက်စီး ဆုံးရှုံးမှု၊ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ လာဘ်စားမှုတို့သည် အထွတ်အထိပ်

ရောက်နေသည့် အတွက် ပြည်နယ် လူထုသည် ဒေါသူပုန် ထနေသည်။ ထို့ထက် ဘုရင်ခံက ပြည်ထောင်စု အစိုးရထံ တင်ပြပုံကို

မြင်ရသည့်

အခါတွင်

ဂျော်ဂျီယာ

ပြည်နယ်

လူထု၏

ဒေါသသည်

ပေါက်ကွဲလာသည်။

လာဘ်စားမှု၊

အကျင့်ပျက်မှုများကို ပြည်နယ် လူထုက တစ်ခဲနက် ဆန့်ကျင် ကန့်ကွက်ကြသည့် အခါတွင် ဘုရင်ခံ ဘူးလော့သည် ပြည်ထောင်စု အစိုးရ ကွန်ဂရက် လွှတ်တော်သို့ တက်၍ ပြည်နယ် အခြေအနေကို တင်ပြသည်။ လူဖြူများကို သတ်ဖြတ်လျက် ရှိကြောင်း၊ ပြည်နယ်တွင် သူပုန်ထရန် ပြင်ဆင်လျက် ရှိကြောင်း၊ ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာကာ ခပ်ကြမ်းကြမ်း အုပ်ချုပ်သင့်ကြောင်းဖြင့် တင်ပြသည်။ မည်သည့် ဂျော်ဂျီယာ ပြည်နယ်သားမျှ ကပ္ပလီများနှင့် အရေးအခင်း မဖြစ်ပွားချင်ကြ။ မဖြစ်အောင်လည်း ရှောင်ကြသည်။ မည်သူမျှ သူပုန် မထချင်ကြ။ လှံစွပ် အုပ်စိုးမှုကို မလိုချင်ကြ။ ဂျော်ဂျီယာ ပြည်နယ်ကို လွတ်လပ်စေချင်သည်။ စစ်ဒဏ်မှ နာလန် ထစေချင်သည်။ ဤသည်သာလျှင် ပြည်နယ်၏ ဆန္ဒ ဖြစ်သည်။ သို့ရာတွင် ဘုရင်ခံ ဘူးလော့၏ ‘ကောလာဟလ စက်ရုံ’ ကြီးကြောင့် ပြည်ထောင်စု အစိုးရသည် ပြည်နယ်ကို တစ်မျိုး မြင်နေသည်။ ခပ်ကြမ်းကြမ်း အုပ်ချုပ်ရမည့် သူပုန် နယ်ဟု မြင်နေသည်။ သို့ဖြင့် ခပ်ကြမ်းကြမ်း အုပ်စိုးမှု ရောက်လာသည်။

ဂျော်ဂျီယာ ပြည်နယ်ကို လည်မျို ညှစ်ထားသည့် ဂိုဏ်းအတွက်မူ ဤအချက်သည် မဟာ အောင်ပွဲကြီး ဖြစ်နေသည်။

ပြည်သူများ၏ ပစ္စည်းကို ဗြောင်လုသည်။ ရာထူး ကြီးကြီး ရှိသူများက ဗြောင်ခိုးသည်။ ပြောပြရဲ စရာပင် မရှိ။ အကျင့် ပျက်မှုများ၊ လာဘ်စားမှုများကို တားဆီး ကန့်ကွက်ခြင်း၊ ပပျောက်အောင် ကြိုးစားခြင်း ဟူသမျှသည်လည်း အချည်းနှီးသာ။ ပြည်နယ် အစိုးရ၏ နောက်ကွယ်တွင် အမေရိကန် ပြည်ထောင်စု၏ စစ်တပ်က ထောက်ခံ ကာကွယ်ပေးနေသည်။

အတ္တလန်တာသည် ဘုရင်ခံ ဘူးလော့ကို လည်းကောင်း၊ ရီပါဘလီကန်များကို လည်းကောင်း၊ တောကြောင်များကို

လည်းကောင်း ကျိန်ဆဲသည်။ သူတို့နှင့် ပတ်သက်သူများကိုလည်း ကျိန်ဆဲသည်။ ရက်

ဘတ်တလာက သူတို့နှင့်

ဆက်စပ်နေသည်။ သူတို့ အထဲက ဖြစ်သည်။ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ဖြစ်သည်ဟု အများက ပြောကြသည်။ သို့ရာတွင် ရက် ဘတ်တလာသည် သူ ခဏတစ်ဖြုတ် မျောပါသွားသည့် ရေစုန်ကို ဆန်၍ ကူးနေပြီ။ ရေစီးကြောင်းကို ဆန်၍ ခက်ခက်ခဲခဲ ကူးနေပြီ။

ရက် ဘတ်တလာ ရုတ်တရက် ပြောင်းလဲခြင်း မပြုရဲ။ တဖြည်းဖြည်း မသိမသာ ပြောင်းရသည်။ သို့မဟုတ်လျှင်

သူ ရုတ်တရက် ပြောင်းလဲသွားပုံကို အတ္တလန်တာ မြို့သူ မြို့သားများက သင်္ကာမကင်း ဖြစ်ကြဦးမည်။ ကျားသစ် တစ်ကောင် နေ့ချင်း ညချင်း အရေလဲသွားသည့်နှယ် အဖြစ်မျိုး မရောက်အောင် ဖြည်းဖြည်း ညင်းညင်း ပြောင်းရမည်။ မြို့က တစ်မျိုးတစ်မည် ထင်နေသည့် အပေါင်းအသင်းများကို ရက် ဘတ်တလာ ရှောင်သည်။ ယန်ကီ စစ်ဗိုလ်များ၊ ရီပါဘလီကန်များ၊ တောကြောင်များနှင့်လည်း အဝင်အထွက် မလုပ်တော့။ ဒီမိုကရက် ပါတီဝင်များ၏ လူထု အစည်းအဝေးများသို့ တက်သည်။ ဒီမိုကရက်များကို သိသိသာသာ မဲပေးသည်။ ဖဲကစားခြင်းကိုလည်း စွန့်လွှတ်လိုက်ပြီ။ အရက်ကိုလည်း အလွန်အကျွံ သောက်ခြင်း မပြုတော့။ ဘဲလ် ဝက်တလင်း အိမ်သို့ သွားလျှင် မြို့က လူကောင်းများ သွားသကဲ့သို့ ညဘက်တွင်သာ

410

တိတ်တဆိတ် သွားတော့သည်။ ယခင်က ဘဲလ် ဝက်တလင်း အိမ်သို့ သွားလျှင် ညနေစောင်း ကတည်းက လူမြင်အောင် မြင်းကို အိမ်ရှေ့က ချည်တိုင်တွင် တမင် ချည်တတ်သည်။ ယခု ဤသို့ မလုပ်တော့။

ဝိတ်ကလေးကို ချီ၍ သုဓမ္မာ ဇရပ်သို့ နောက်ကျ ရောက်လျှင် ခြေဖျား ထောက်၍ တိတ်တဆိတ် ဝင်သည်။ ဂိုဏ်းခွဲ

သုဓမ္မာဇရပ်က ဝတ်တက်သူ အားလုံး တအံ့တသြ ဖြစ်နေကြသည်။ ရက် ဘတ်တလာလို လူက ဘုရား တရား ကြည်ညိုသည့် အတွက်ကြောင့် တစ်ကြောင်း၊ ဝိတ်ကလေးက ဗရင်ဂျီ ဘာသာဝင် ဖြစ်နေသည့် အတွက်ကြောင့် တစ်ကြောင်း တအံ့တသြ ဖြစ်ကြခြင်း ဖြစ်သည်။ တအံ့တသြ ဖြစ်သူများ ထဲတွင် စကားလက်လည်း ပါသည်။ ပါသည် ထင်သည်။ သို့ရာတွင် စကားလက် သူဓမ္မာ ဇရပ်သို့ မသွားသည်မှာ ကြာလှပြီ။ မေမေ၏ ဆုံးမသြဝါဒများနှင့် အတူ ဘာသာတရားကိုလည်း စကားလက် ဂရုမစိုက်ခဲ့သည်မှာ ကြာပြီ။ ကလေးကို ဘာသာရေး ကိုင်းရှိုင်း တတ်အောင် ဆုံးမခြင်း မပြုတော့ဟု လူတွေက ပြောကုန်ကြပြီ။ စကားလက်ကို ကဲ့ရဲ့သလောက် သူ့ကိုယ်သူ ပြင်ရန် ကြိုးစားလာသည့် ရက် ဘတ်တလာကိုမူ ချီးကျူး ထောမနာ ပြုကြသည်။ ကလေးကို ဗရင်ဂျီ သုဓမ္မာ ဇရပ်သို့ လာပို့သည့် တိုင်အောင် သူ့ကို အပြစ် မဆိုရက်တော့။ ဤမျှ သိတတ်ဖော်ရလျှင် တော်သေးသည်ဟု ယူဆကြသည်။

သူတစ်ပါးကို ပိုးစိုးပက်စက် ပြောခြင်း၊ မျက်လုံး နက်နက်များဖြင့် လှောင်ပြောင် နှိမ့်ချသည့်နှယ် ကြည့်ခြင်းမျိုးတို့

မရှိလျှင် ရက် ဘတ်တလာ၏ အမူအရာက တည်ငြိမ်သည်။ ခံ့ညားသည်။ ချစ်စရာ ကောင်းသည်။ ဤသို့ တည်တည် ကြည်ကြည် မနေခဲ့သည်မှာ ကြာပြီ။ သို့ရာတွင် ယခု ရက် ဘတ်တလာ တည်တည်ကြည်ကြည် နေသည်။ သိက္ခာ ရှိရှိ မွန်မွန်ရည်ရည် ဆက်ဆံသည်။ အဝတ်အစား ဝတ်ရာမှာပင် ဣနြေ္ဒ ရသည့် အရောင်ကို ရွေးဝတ်သည်။ သူက ဤသို့ တည်တည် ကြည်ကြည် မွန်မွန်ရည်ရည် နေပြသည့် အခါ၌ သူ ကယ်ခဲ့ဖူးသည့် အတွက် သူ့ ကျေးဇူး ရှိသူများကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံ လာကြသည်။ ချီးမွမ်းကြသည်။ သြဘာ ပေးကြသည်။ ယခင်ကမူ သူတို့ သြဘာ ပေးသည်ကို ရက် ဘတ်တလာက လက်မခံ။ အသေးအဖွဲ ကိစ္စဟု ထင်ခဲ့သည်။ လှောင်ခဲ့သည်။ ဤသို့သာ စောစောက နေထိုင် ပြခဲ့လျှင် ရက် ဘတ်တလာကို ဘုရား တစ်ဆူ ဂူတစ်လုံး အစောကြီး ကတည်းက သဘော ထားခဲ့ကြမည်။ ယခုမူ ဟူးခ်ျ၊ ရီနီ၊ ဆင်မွန် ညီအစ်ကို၊ ဆွန်နယ် စသူတို့က ရက် ဘတ်တလာ စိတ်ကောင်း ရှိပုံ၊ နှိမ့်ချတတ်ပုံ၊ သူ့ ကျေးဇူး ရှိပုံကို ပြောလျှင် မျက်နှာ အထားရ ခက်လျက် ရှက်နေပုံကို တွေ့လာကြရသည်။

‘ကျွန်တော် ကယ်ခဲ့တာက မပြောပလောက် ပါဘူးဗျာ၊ ကျွန်တော့် နေရာ ရောက်ရင် ခင်ဗျားတို့ အဲဒီလိုပဲ လုပ်မှာပါ’ ဟု

သူ့ ကျေးဇူးကို ထုတ်ပြောသည့် အခါတွင် ရက် ဘတ်တလာက ငြင်းတတ်သည်။

အယ်ပီစကိုပယ် ဂိုဏ်းခွဲ သုဓမ္မာ ဇရပ် ပြင်ရန် အလှူငွေ ရက်ရက်ရောရော ထည့်သည်။ အရေးတော်ပုံ အတွင်းက

ကျဆုံးခဲ့သည့် ရဲဘော်များ၏ သင်္ချိုင်း ထိန်းသိမ်းရေး အသင်းသို့ ရန်ပုံငွေ အမြောက်အမြား (အမြောက်အမြား ဆိုသည့်တိုင် လူပြောစရာ ဖြစ်လောက်အောင် မများပါ။) ထည့်ဝင်သည်။ မစ္စက် အယ်လဆင်းထံ သွားကာ ရန်ပုံငွေကို တိတ်တဆိတ် ထည့်သည်။ သူ ရန်ပုံငွေ ထည့်သည်ကို မည်သူ့မျှ မပြောရန် မေတ္တာ ရပ်ခံသည်။ မစ္စက် အယ်လဆင်းက ‘မှောင်ခို ပိုက်ဆံ’ ဟု ဆိုကာ ထိုငွေကို လက်မခံချင်။ သို့ရာတွင် အသင်းတွင် ရန်ပုံငွေ လိုသည်။

‘မင်းလို လူမျိုးက ရန်ပုံငွေ ထည့်တာတော့ အံ့သြစရာပဲ’

411



မစ္စက် အယ်လဆင်းက ပက်ပက်စက်စက် ပြော၏။



ကျဆုံးသွားသည့် တိုက်ဖော် တိုက်ဖက်များကို အောက်မေ့ကြောင်း၊ ၎င်းတို့မှာ မိမိလောက် ကံမကောင်းသည့်တိုင်

သတ္တိ ကောင်းသူများ ဖြစ်ကြောင်း၊ မထင်မရှား နေရာ အနှံ့အပြားတွင် မြှုပ်နှံထားရသဖြင့် စိတ်မကောင်းကြောင်း စသဖြင့် ရက် ဘတ်တလာက တည်ကြည် လေးနက်စွာ ပြော၏။ ရက် ဘတ်တလာသည် စစ်တပ်ထဲသို့ လိုက်ဖူးသည်ဟု စကားလက်ထံမှ ကြားရကြောင်းဖြင့် မစ္စက် အယ်လဆင်း၏ သမီးက မစ္စက် မယ်ရီဝယ်သာကို ပြောပြသည်။ သို့ရာတွင် ထိုစကားကို မည်သူကမျှ မယုံ။

‘မောင်ရင်က စစ်ထဲ လိုက်ဖူးတယ် ဆို၊ ဘယ် တပ်ရင်းမှာလဲကွယ့်၊ တပ်ခွဲကကော’



ရက် ဘတ်တလာက တပ်ရင်း အမည် တပ်ခွဲ အမည်ကို ပြောပြ၏။



‘သြော်၊ အမြောက်တပ်ကလား၊ တို့များ အသိတွေကတော့ အားလုံး ခြေလျင်တပ်နှင့် မြင်းတပ်မှာချည်းပဲ၊ ဒါကိုက’



မစ္စက် အယ်လဆင်းက စကားစ ဖြတ်လိုက်၏။ ရက် ဘတ်တလာက မျက်တောင် ပုတ်ခတ် ပုတ်ခတ်ဖြင့် လုပ်နေ၏။

မစ္စက် မယ်ရီဝယ်သာက သူ့ကို မကျေနပ်သည့်နှယ် စိုက်ကြည့်နေသည်လောဟု အကဲခတ်သည်။ သို့ရာတွင် သူ ထင်သလို မဟုတ်။ ရက် ဘတ်တလာက မျက်လွှာကို ချ၍ အိတ်ဆောင်နာရီ ကြိုးကို ဆော့ကစားနေသည်။

‘ကျွန်တော် ခြေလျင်တပ်ထဲ လိုက်ချင်ပါတယ် ဒေါ်ဒေါ်’ သူ့အား ခပ်နှိမ်နှိမ် ပြောသည်ကို ဂရု မထားမိဟန်ဖြင့်

ရက် ဘတ်တလာက ပြော၏။ ‘ဒါပေမယ့် ကျွန်တော်က စစ်တက္ကသိုလ် တက်ခဲ့ဖူးတာ သိသွားတော့ (စစ်တက္ကသိုလ် တက်ဖူးပေမယ့် ကျွန်တော် တေလွန်း ပေလွန်းလို့ ဘွဲ့တော့ မရခဲ့ပါဘူး၊) ကျွန်တော့်ကို အမြောက်တပ်ထဲ ထည့်လိုက်ပါတယ်၊ အမြဲတမ်း တပ်မတော် အမြောက်ကြီး တပ်ဖွဲ့မှာပါ၊ နောက်ဆုံး တိုက်ပွဲစဉ်မှာ အတွေ့အကြုံ ရှိတဲ့ လူတွေ လိုတယ် ဆိုပြီး သွားတာပါ၊ အဲဒီ တိုက်ပွဲမှာ ကျွန်တော်တို့ဘက်က တော်တော် အကျအဆုံး များပါတယ်၊ အမြောက် တပ်သားတွေ အများကြီး ကျတာပဲ၊ အမြောက်တပ်ထဲ နေရတာ ပျင်းစရာလည်း သိပ်ကောင်းတာပဲ၊ အသိလည်း တစ်ယောက်မှ မတွေ့ဘူး၊ ကျွန်တော့် စစ်မှုထမ်းသက် တစ်လျှောက်မှာ အတ္တလန်တာက လူဆိုလို့ တစ်ယောက်မှ မတွေ့ခဲ့ပါဘူး’

‘ဟုတ်လား’ မစ္စက် အယ်လဆင်းက ပြော၏။ ရက် ဘတ်တလာ စစ်ထဲသို့ တကယ် ဝင်ခဲ့ဖူးသည် ဆိုလျှင် သူ မှားနေပြီ။

ရက် ဘတ်တလာသည် သတ္တိ နည်းနည်းမျှ ရှိသူ မဟုတ်ဟု သူ ရစရာ မရှိအောင် ပြောခဲ့ဖူးသည် မဟုတ်လော။ ထို့ကြောင့် မစ္စက် အယ်လဆင်း မလုံမလဲ ဖြစ်နေသည်။ ‘ဒါဖြင့် စစ်ထဲ ဝင်ခဲ့ဖူးတယ် ဆိုတာကို ဘာဖြစ်လို့ ဝှက်ထားရတာလဲ၊ စစ်ထဲ ဝင်ရတာကို ရှက်ပုံရတယ် ဟုတ်လား’

ရက် ဘတ်တလာက မစ္စက် အယ်လဆင်း၏ မျက်လုံးများကို စိုက်ကြည့်နေ၏။ သူ့ မျက်နှာတွင် ခံစားချက် ကင်းလျက်။



‘ပြည်နယ် တပ်မတော်ထဲကို ဝင်တိုက်ခဲ့ရတာကို ကျွန်တော် အလွန် ဂုဏ်ယူပါတယ် ဒေါ်ဒေါ်’ ရက် ဘတ်တလာက

စိတ်အား ထက်သန်စွာ ပြော၏။ ‘ဒီလောက် ဂုဏ်ယူစရာ ကောင်းတဲ့ အလုပ်မျိုးကို ကျွန်တော် ဘယ်တုန်းကမှ မလုပ်ခဲ့ရဖူးဘူး၊ နောင်လည်း လုပ်နိုင်တော့မယ် မထင်ပါဘူး၊ ဒီတော့ ကျွန်တော် ကျွန်တော် ထင်ပါတယ်’

412



‘ဒါဖြင့် စစ်ထဲ လိုက်တာကို လူမသိအောင် ဘာဖြစ်လို့ ဖုံးထားရတာလဲကွယ်’



‘ကျွန်တော် ကျွန်တော် ရှက်လို့ပါ၊ ကျွန်တော် အရင်က ဆိုးခဲ့ ပေခဲ့တာတွေ တွေးပြီး ဒီအကြောင်းကို ပြောရမှာ

ရှက်နေလို့ပါ’

မစ္စက် အယ်လဆင်းက ရက် ဘတ်တလာ ရန်ပုံငွေ ထည့်သည့်  အကြောင်းနှင့် သူ ပြောသွားသည့် စကားများကို

မစ္စက် မယ်ရီဝယ်သာအား ဖောက်သည် ချသည်။

‘တကယ်ပဲ မစ္စက် မယ်ရီဝယ်သာ၊ ရှက်တယ်လို့ ပြောတော့ မျက်ရည်တွေ ဝဲလို့၊ သူ့ကို သနားပြီး မငိုမိအောင် မနည်း

ဣနြေ္ဒဆယ်နေရတယ်’

‘ကြားသားမိုးကြိုးတော်’ မစ္စက် မယ်ရီဝယ်သာ မယုံနိုင်သေး။ ‘စစ်ထဲ လိုက်တယ် ဆိုတာလည်း မယုံနိုင်ဘူး၊ မျက်ရည်

ကျတယ် ဆိုတာလည်း မယုံနိုင်ဘူး၊ ကျွန်မ စုံစမ်း ကြည့်ဦးမယ်လေ၊ သူ အမြောက်တပ်ထဲမှာ ရှိရိုးမှန်ရင် ဗိုလ်မှူးကြီး ကာလက်တန်ဆီကို မေးကြည့်ရင် သိမှာပေါ့၊ အမြောက်တပ်မှူးကြီးပဲ၊ ကျွန်မ အဒေါ်ရဲ့ ယောက်ျား၊ စာရေးပြီးကို မေးဦးမယ်’

မစ္စက် မယ်ရီဝယ်သာက ဗိုလ်မှူးကြီး ကာလက်တန်ထံ စာရေး မေးသည်။ စစ်မြေပြင်တွင် ရက် ဘတ်တလာ

စွမ်းစွမ်းတမံ ဆောင်ရွက်ကြောင်း ပြန်စာတွင် အကျယ်တဝင့် ချီးကျူးထားသဖြင့် မစ္စက် မယ်ရီ ဝယ်သာ  အံအား သင့်လျက် ရှိ၏။ တကယ့် အမြောက် တပ်သား၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည့် စစ်သား၊ စိတ်ရှည်သည့် လူကြီး လူကောင်း။ စစ်ဗိုလ် ရာထူး ပေးသည်ကို မယူဘဲ ကိုယ့် ကိုယ် ကိုယ် နှိမ့်ချသူ စသဖြင့် ဗိုလ်မှူးကြီး ကာလန်တန်၏ ပြန်စာတွင် ဖော်ပြထားသည်။

မစ္စက် မယ်ရီဝယ်သာက မစ္စက် အယ်လဆင်းကို စာထုတ်ပြ၏။



‘ကျွန်မတော့ လုံးလုံးကို အရှက် ကွဲတာပဲ၊ လူဆိုး တစ်ယောက်က စစ်သား ဖြစ်လိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ၊

အတ္တလန်တာ ကျတဲ့ ညက စစ်ထဲ လိုက်သွားတယ်လို့ စကားလက်နှင့် မီလာနီကတော့ အပြောသား၊ ဒါပေမယ့် စစ်ထဲ လိုက်လိုက် မလိုက်လိုက် သူငယ်က လူဆိုး လူပေ၊ ခေတ်ပျက် သူဌေး၊ တောကြောင်၊ ကျွန်မကတော့ နည်းနည်းလေးမှ ကြည့်လို့ မရဘူး’

‘စိတ်ရင်းတော့ မဆိုးရှာပါဘူး’ မစ္စက် အယ်လဆင်းက မရဲတရဲ ပြော၏။ ‘ပြည်နယ် အတွက် တိုက်ခဲ့တယ် ဆိုရင်

ဆိုးတယ်လို့ မခေါ်နိုင်ဘူး ထင်တယ်၊ ဆိုးတာက ဒီသူငယ် မဟုတ်ဘူး၊ သူ့ မိန်းမ စကားလက်ရယ်၊ ခု သူ စကားလက် လုပ်တာတွေ ကြည့်ပြီး ရှက်နေသတဲ့၊ ဒါတွေကို မလုပ်ပါနှင့်လို့ တားသတဲ့’

‘သူကများ ရှက်ရသေးသတဲ့လား၊ နှစ်ယောက်စလုံး ဒီပုတ်ထဲက ဒီပဲပါပဲ၊ ရှင် ဘယ်လို ဖြစ်လာတာလဲ ဟင်၊ မဟုတ်က

ဟုတ်က အတွေးတွေ ဘယ်က ရလာတာလဲ’

‘မဟုတ်က ဟုတ်က မဟုတ်ဘူး၊ တကယ် ပြောနေတာ’ မစ္စက် အယ်လဆင်း စိတ်ပေါက်လာ၏။ ‘မနေ့က မိုးတွေ

ရွာနေတုန်း ကျွန်မလည်း မြို့ထဲက ပြန်လာတယ်၊ သူက ကလေး သုံးယောက်လုံး (အငယ်လေးလည်း ပါတယ်၊) ကို ရထားပေါ် တင်ပြီး မက်မုံပင် လမ်းမှာ ခေါက်တုံ့ ခေါက်ပြန် မောင်းနေတယ်၊ ကျွန်မကို တွေ့တော့ ကျွန်မကို ရထားပေါ်

413

တင်ပြီး လိုက်ပို့တယ်၊ ဒါနှင့် ကျွန်မက ဗိုလ်ကြီး ဘတ်တလာ ကလေးတွေကို ဘာဖြစ်လို့ ရထားနှင့် တင်မောင်းနေရတာလဲ၊ အိမ်မပြန်သေးဘူးလား၊ အအေးမိနေလိမ့်မယ်လို့ ပြောတယ်၊ သူက ဒီတော့ ဘာမှ ပြန်မပြောဘူး၊ ခပ်အမ်းအမ်း ဖြစ်နေတယ်၊ ဒီတော့မှ အတူ ပါလာတဲ့ ကြီးဒေါ်က အိမ်မှာ လူဖြူ အောက်တန်းစား ဧည့်သည်တွေနှင့် ပြည့်နေတယ်တဲ့၊ ကလေးတွေကို သူတို့နှင့် အတူ မနေစေချင်လို့တဲ့၊ မိုးရွာထဲ လျှောက်မောင်း နေတာက သူတို့နှင့် အတူ နေတာထက် ကျန်းမာ သန့်ရှင်းတယ်လို့ ဆိုပြီး လမ်းမကို လျှောက်မောင်း နေတာတဲ့၊ ကြီးဒေါ်က ပြောပြတယ်’

‘ဒီတော့ သူက ဘာပြောသလဲ’



‘ဘာပြောမလဲ၊ ကြီးဒေါ်ကို မျက်မှောင်ကုတ် ကြည့်နေတာပေါ့၊ ဒီနေ့ ညနေမှာ စကားလက်က ဧည့်ခံပွဲကြီး တစ်ခု

လုပ်တယ် မဟုတ်လား၊ ဒီတော့ စကားလက် အသိုင်းအဝိုင်းတွေ လာကြမယ်၊ စကားလက် မိတ်ဆွေတွေက ကလေး ကောက်ချီပြီး နမ်းကြ ရှုပ်ကြမှာ စိုးလို့ ထင်ပါရဲ့’

‘ဟုတ်လား’



မစ္စက် မယ်ရီဝယ်သာ လေသံ ပျော့သွားသည်။ သို့ရာတွင် ရက် ဘတ်တလာနှင့် ပတ်သက်၍ လုံးလုံးလျားလျား အမြင်

မပြောင်းသေး။ နောက်တစ်ပတ်တွင်မူ မစ္စက် မယ်ရီဝယ်သာ အမြင် ပြောင်းသွား၏။

အတ္တလန်တာ ဘဏ်တိုက်တွင် ရက် ဘတ်တလာ အတွက် စားပွဲ တစ်လုံး ရှိသည်။ ဤစားပွဲတွင် ရက် ဘတ်တလာ

မည်သည့် အလုပ်မျိုး လုပ်သည်ကို ဘဏ်အမှုထမ်းများပင် ကောင်းကောင်း မသိကြ။ ဘဏ် ဒါရိုက်တာ လူကြီး တစ်ဦးက သူတို့ အနီးတွင် လာ၍ စားပွဲ တစ်လုံးဖြင့် ငူငူကြီး ထိုင်နေသည်ကို မကျေနပ်ကြ။ အနေရ ကျပ်နေကြသည်။ သို့ရာတွင် မကန့်ကွက်ရဲ။ ရက် ဘတ်တလာက အစုရှယ်ယာ အများဆုံး ပါသည့် ဘဏ်ဒါရိုက်တာ လူကြီး တစ်ဦး မဟုတ်လော။ ရက် ဘတ်တလာသည် စကားလည်း တစ်လုံးမျှ မပြော။ ဘဏ်လုပ်ငန်း အကြောင်းကိုလည်း အတော်အတန် နားလည်သည်။ ထို့ကြောင့် သူ အနားတွင် ရှိလျှင် ဘဏ် ငွေချေးသည့် ကိစ္စများတွင် လာဘ်စားခြင်း၊ ငွေဖြတ်ခြင်း စသည်တို့ကို လုပ်ချင်တိုင်း လုပ်၍ မရတော့။ သူတို့ ဇာတိတွေ ပေါ်တော့မည်။ ထို့ကြောင့် သူတို့ အနားတွင် ရက် ဘတ်တလာ မရှိစေချင်။ ဘဏ်တွ် ဒါရိုက်တာ လူကြီး ပီပီ ကိုယ့် ရုံးခန်းနှင့် ကိုယ် သတ်သတ် နေစေချင်သည်။ သို့တိုင်အောင် ရက် ဘတ်တလာက နေရာ မရွှေ့။ သူ့ စားပွဲတွင် တစ်နေ့လုံး ထိုင်သည်။

တစ်နေ့တွင် မစ္စက် မယ်ရီဝယ်သာသည် သူ့မုန့်ဖိုကို တိုးချဲ့ရန် ဘဏ်သို့ ဒေါ်လာ နှစ်ထောင် လာချေး၏။ အာမခံ အဖြစ်

သူ့ အိမ်ကို အပေါင် ထားသည်။ ဘဏ်တိုက်က သူ့ အိမ်ကို အပေါင်မခံ။ ဤအိမ်ကို ဤဘဏ်တိုက်တွင် နှစ်ကြိမ် တိုင်တိုင် ပေါင်ပြီးပြီ။ ထို့ကြောင့် နောက်ထပ် မပေးနိုင်တော့ဟု ငြင်းလိုက်၏။ မစ္စက် မယ်ရီဝယ်သာ စိတ်ဆိုးမာန်ဆိုးဖြင့် ဘဏ်တိုက်ထဲမှ ထွက်သွားသည်။ ဤတွင် ရက် ဘတ်တလာ လှမ်းမြင်ပြီး မစ္စက် မယ်ရီဝယ်သာကို လိုက်ခေါ်သည်။ အကျိုးအကြောင်း မေးပြီးနောက် စိတ်မကောင်းဟန်ဖြင့် ပြော၏။

‘ထိုင်ပါဦး ဒေါ်ဒေါ်၊ တစ်ခုခု မှားနေလို့ ဖြစ်ပါလိမ့်မယ်၊ ဒေါ်ဒေါ်တို့လို ပုဂ္ဂိုလ်မျိုးကို ဘဏ်တိုက်က ဘာဖြစ်လို့

မချေးရမှာလဲ၊ ကျွန်တော်သာ ဆိုရင် အာမခံတောင် တင်စရာ မလိုဘူး၊ တန်းပြီး ချေးလိုက်မှာပဲ၊ ဒေါ်ဒေါ်လို လုပ်ရည် ကိုင်ရည် ရှိတဲ့ အမျိုးသမီးကို ဘာဖြစ်လို့ မချေးဝံ့ရမှာလဲ၊ ဘဏ်တိုက် ဆိုတာ ဒီလို လူတွေကို ချေးရမှာပေါ့၊ ကျွန်တော့် ကုလားထိုင်ပေါ်မှာ

414

ခဏ ထိုင်စောင့်ပါ၊ ကျွန်တော် မေးကြည့်ပါဦးမယ်’

ပြန်လာသည့် အခါတွင် ရက် ဘတ်တလာ၏ မျက်နှာက ပြုံးလျက်။ သူ ထင်သည့် အတိုင်း အတွက်အချက်

မှားသွားသည့် အတွက် ဤသို့ ဖြစ်ရကြောင်း၊ ငွေ နှစ်ထောင် ထုတ်ပေးမည် ဖြစ်ကြောင်းဖြင့် ပြောပြသည်။ သူ့ အိမ်ကို အာမခံ အဖြစ် ထားရန် လက်မှတ် ထိုးရမည်လော။ မည်သည့် နေရာတွင် ထိုးရမည်နည်း။

မစ္စက် မယ်ရီဝယ်သာ ဘဝင်မကျသေး။ သူ မုန်းသည့်၊ သူ မယုံသည့် လူ တစ်ယောက်ထံမှ ဤလို အခွင့်အရေးမျိုး

ယူရသည်ကို ရှက်သည်။ ဒေါပွသည်။ ကျေးဇူးတင် စကားပင် မပြောမိ။

သို့ရာတွင် ရက် ဘတ်တလာက ဤအချက်ကို ဂရုစိုက်မိပုံ မရ။ တံခါးဝသို့ လိုက်ပို့သည်။



‘ဒေါ်ဒေါ်ကတော့ အတွေ့အကြုံတွေ အများကြီး ရှိပြီးသားပဲ၊ ကျွန်တော် မေးချင်တာလေး မေးပါရစေ’



မစ္စက် မယ်ရီဝယ်သာက ဘာမျှ မပြော။ ဦးထုပ်ပေါ်က ငှက်တောင်တွေ လှုပ်သွားအောင် ခေါင်းကို ဆတ်ခနဲ ညိတ်၏။



‘ဒေါ်ဒေါ့် သမီး မေဘယ် ငယ်ငယ်တုန်းက လက်စုပ်ရင် ဘာလုပ်သလဲ ဟင်’



‘ဘာ’



‘သြော်၊ ကျွန်တော့် သမီး နီလာက လက်စုပ် စုပ်နေလို့၊ အဲဒါ မစုပ်အောင် ဘယ်လို လုပ်ရမလဲလို့’



‘အို၊ မစုပ်အောင် လုပ်မှပေါ့၊ ကြီးရင် ပါးစပ် ပုံပျက်ပန်းပျက် ဖြစ်မှာပေါ့’



‘ဟုတ်တယ် ဟုတ်တယ်၊ ကျွန်တော့် သမီးလေးက ပါးစပ် သိပ်လှတာ၊ ဒါပေမယ့် လက်မစုပ်အောင် ဘယ်လို လုပ်ရမယ်

မသိဘူး၊ ဒေါ်ဒေါ့်ကို မေးတာပါ’

‘စကားလက် မသိဘူးလား၊ ကလေး သုံးယောက်တောင် ရပြီပဲဟာ’



ရက် ဘတ်တလာက သူ့ ဖိနပ်ကို ငုံ့ကြည့်၍ သက်ပြင်းချ၏။



‘လက်ထဲကို ဆပ်ပြာတွေတော့ သုတ်ကြည့်တာပဲ’



ရက် ဘတ်တလာက သူ့ အမေးကို မဖြေဘဲ ပြော၏။



‘ဘာ၊ ဆပ်ပြာ ဟုတ်လား၊ ဆပ်ပြာ သုတ်လို့ ဘယ်ကောင်းမလဲ၊ မေဘယ် ငယ်ငယ်တုန်းကတော့ လက်ကို မုတ်ခါး

သုတ်လိုက်တာပဲ၊ ချက်ချင်းပဲ စုပ်ပါ အစုပ်ခိုင်းတာတောင် မစုပ်တော့ဘူး’

‘မုတ်ခါး ဟုတ်လား၊ ကြည့်စမ်း၊ ကျွန်တော် တစ်ခါမှ မစဉ်းစားမိဘူး၊ ကျေးဇူးတင်လိုက်တာ ဒေါ်ဒေါ်ရယ်၊ ဒီကိစ္စကြောင့်

တော်တော် စိတ်ညစ်နေတာ’

ရက် ဘတ်တလာက ပြုံးပြ၏။ နှစ်လိုဖွယ် ကောင်းသည့် အပြုံး။ ကျေးဇူးတင်သည့် အပြုံး။ မစ္စက် မယ်ရီဝယ်သာသည်

415

ခဏကြာ ကြောင်၍ ရပ်နေ၏။ သို့ရာတွင် ရက် ဘတ်တလာကို ပြန်နှုတ်ဆက်ပြီး ထွက်လာသည့် အခါတွင် သူ့ မျက်နှာသည်လည်း ပြုံးနေသည်။ ရက် ဘတ်တလာ အပေါ် သူ အထင် မှားခဲ့သည်ကို မစ္စက် အယ်လဆင်းထံ ဝန်ခံရမည်ကို ရှက်သည်။ သို့ရာတွင် မစ္စက် မယ်ရီဝယ်သာက ရိုးသားသည်။ မိမိ၏ သားသမီးကို ချစ်ခင် ကြင်နာသည့် လူတစ်ယောက်သည် လူဆိုး တစ်ယောက် မဖြစ်နိုင်ဟု မစ္စက် မယ်ရီဝယ်သာက ပြောပြ၏။ နီလာလို ချစ်စရာ ကောင်းသည့် သမီးလေးကို စကားလက် စိတ်မဝင်စားခြင်း မရှိသည်မှာ အံ့သြစရာ ကောင်းသည်။ သမီးလေးကို တစ်ယောက်တည်း မွေးမြူနေရသည့် ဖအေ တစ်ယောက်ကို မြင်ရသည်က ပို၍ သနားစရာ ကောင်းနေသည်။ ရက် ဘတ်တလာသည် ကလေး၏ ရှေ့ရေးကို တွေး၍ စိုးရိမ်ပုံ ရသည်။ သူ လုပ်ပုံကြောင့် စကားလက်၏ ဂုဏ်ကို ထိခိုက်သည် ဆိုလျှင်မူ ဤသည်ကို ရက် ဘတ်တလာ ဂရုစိုက်မည် မဟုတ်။

နီလာ တော့တီး တော့တာ လမ်းလျှောက်နိုင်သည့် အရွယ်တွင်မူ ရက် ဘတ်တလာသည် သမီးကို သွားလေရာသို့

အမြဲ ခေါ်သည်။ ရထားဖြင့် သွားလျှင်  ရထားပေါ်တွင် ပါသည်။ မြင်းဖြင့် သွားလျှင် ရှေ့ကုန်းနှီးပေါ်တွင် တင်သည်။ ညနေ ရောက်၍ ဘဏ်တိုက်မှ ပြန်လာလျှင် မက်မုံပင်လမ်း တစ်လျှောက်တွင် သမီးလေးကို လက်ဆွဲ၍ လမ်းလျှောက်သည်။ တော့တီး တော့တာ လျှောက်လာသည့် သမီးလေးကို စောင့်၍ တွဲသည်။ မဆုံးနိုင်သည့် မေးခွန်းများကို စိတ်ရှည် လက်ရှည် ဖြေသည်။ ဆည်းဆာချိန်ကျလျှင် အိမ်ရှေ့ မြက်ခင်းပြင်တွင် လည်းကောင်း၊ ဆင်ဝင်တွင် လည်းကောင်း ထွက်ထိုင်လေ့ ရှိကြသည်။ နီလာက ဆံပင် နက်နက် ကောက်ကောက်ကလေးတွေ၊ မျက်လုံး ပြာပြာ ကလေးတွေဖြင့် ချစ်စရာ ချက်ချက်ချာချာ ကလေးမလေး။ ထို့ကြောင့် သူ့ကို မြင်လျှင် လူများက နှုတ်ဆက်တတ်ကြသည်။ စကား ပြောကြသည်။ ရက် ဘတ်တလာက မည်သည့် အခါမျှ ဟန့်တားခြင်း မပြု။ ဘေးမှ ရပ်ကာ သူ့ သမီးလေးကို ချစ်ကြသည့် အတွက် ဂုဏ်ယူမဆုံး ဖြစ်နေတတ်သည်။

အတ္တလန်တာ မြို့သူ မြို့သားများက အမှတ်သညာ ကြီးသည်။ အယူသီးသည်။ ရုတ်တရက် ပြောင်းလဲ လွယ်ခြင်း

မရှိ။ ဘုရင်ခံ ဘူးလော့နှင့် လည်းကောင်း၊ သူ့ အပေါင်းအသင်းများနှင့် လည်းကောင်း ပေါင်းသင်းသူများကို မကျေနပ်ကြ။ သို့ရာတွင် နီလာက စကားလက်နှင့် ရက် ဘတ်တလာတို့ နှစ်ယောက်ထံမှ အကောင်းဆုံး အရည်အသွေးများ စုပေါင်းနေသည့် ကလေး ဖြစ်သည်။ ရက် ဘတ်တလာအဖို့ အတ္တလန်တာ မြို့သူ မြို့သားတို့အား သူ့အပေါ် နားလည်မှု ရအောင် လုပ်ရာတွင် နီလာသည် အရေးကြီးသည့် ကိရိယာ ဖြစ်နေသည်။

နီလာက အကြီး မြန်သည်။ တစ်နေ့တခြား သူ့ ဘိုးအေ ဂျရယ် အိုဟာရာနှင့် တူလာ၏။ ခြေထောက် ကလေးများက

တုတ်တုတ်တိုတို။ မျက်လုံးက အိုင်းရစ် မျက်လုံး ပြာပြာ။ ဇွတ်တရွတ် လုပ်တတ်သည့်ဟန်။ မေးရိုး ကလေးက လေးထောင့် ပြေပြေ ပေါ်နေသည်။ သူ့ ဘိုးအေ ဂျရယ် အိုဟာရာ လိုပင် စိတ်မြန်သည်။ အလို မပြည့်လျှင် အော်ဟစ် ငိုယိုကာ သူ လိုတ ပြည့်သည်နှင့် ချက်ချင်း မေ့လွယ် ပျောက်လွယ်သည်။ ငိုကြော ရှည်ခြင်း မရှိ။ ရက် ဘတ်တလာ အနားတွင် ရှိနေလျှင်မူ နီလာ အမြဲတမ်း အလိုပြည့်သည်။ ကြီးဒေါ်နှင့် စကားလက်တို့က ကွပ်ညှပ်သည့်တိုင် ရက် ဘတ်တလာကြောင့် ကလေးက အလွန် နွဲ့ဆိုး ဆိုးသည်။ ရက် ဘတ်တလာကလည်း သူ့ သမီးကို အစစ အရာရာ သဘောကျသည်။ သဘော မကျသည့် အချက် ဆို၍ တစ်ချက်သာ ရှိသည်။ ယင်းမှာ နီလာ အမှောင်ကို ကြောက်တတ်ခြင်း ဖြစ်သည်။

နှစ်ခါလည် သမီး အထိ နီလာသည် ဝိတ်ကလေး၊ အယ်လာတို့နှင့် အတူ ကလေးထိန်းခန်းတွင် အိပ်၏။ သို့ရာတွင်

ကြီးဒေါ်က မှန်အိမ် ယူ၍ အပြင် ထွက်သွားသည့် အခါတွင် အတောမသတ်အောင် ငိုလေ့ ရှိသည်။ ထိုနောက်မှ စ၍ နီလာသည်

416

တစ်ရေးနိုး ဆိုလျှင် စူးစူးဝါးဝါး ငိုတတ်သည်။ သူ့ ငိုသံကြောင့် တခြား ကလေး နှစ်ယောက်ရော တစ်အိမ်သားလုံးပါ အထိတ်တလန့် ဖြစ်ကြရသည်။ တစ်ညတွင်မူ ဒေါက်တာမိကိုပင် ခေါ်ရ၏။ ဒေါက်တာမိက အိပ်မက် မက်ရာမှ လန့်ငိုခြင်း ဖြစ်သည်ဟု ပြောသည့် အခါတွင် ရက် ဘတ်တလာက မကျေနပ်။ ကလေးထံမှလည်း ဘာမျှ မေး၍ မရ။ ‘မှောင်တယ်’ ဟူသည့် စကား တစ်ခွန်းကိုသာ ရသည်။

စကားလက် စိတ်မရှည်တော့။ အကြောင်း မရှိ ညည ထ၍ ငိုရသလော ဆိုကာ ကလေးကို ရိုက်သည်။ ဝိတ်ကလေးနှင့်

အယ်လာတို့က မအိပ်တတ်။ ရက် ဘတ်တလာ စိတ်ညစ်သည်။ အခန်းထဲတွင် မီးရောင်ဖြင့် သမီးကို ချော့၍ တစ်ခွန်းစ နှစ်ခွန်းစ မေးကာ အခြေအနေကို စုံစမ်းသည်။ သူ့ကို ရိုက်လျှင် မေမေ့ကိုလည်း ဖေဖေ ကိုယ်တိုင် ရိုက်မည်ဟု ချော့၍ မေးရသည်။

နောက်ဆုံးတွင် နီလာကို ကလေးထိန်းခန်းတွင် မသိပ်တော့။ ရက် ဘတ်တလာ တစ်ယောက်တည်း အိပ်သည့်

အခန်းသို့ ပြောင်းသိပ်၏။ ရက် ဘတ်တလာ၏ ခုတင်ကြီး ဘေးတွင် သူ့ ခုတင်လေးကို ကပ်လျက် ချထားသည်။ မှန်အိမ်ကိုလည်း စလောင်း အုပ်၍ တစ်ညလုံး အိပ်ရာ ဘေးတွင် ထွန်းထားရ၏။ ဤအကြောင်းကို ကြားသည့် အခါတွင် တစ်မြို့လုံးက ပြောကြသည်။ သို့ရာတွင် ဖအေ၏ အိပ်ခန်းတွင် သမီးလေး သွား၍ အိပ်သည့် အဖြစ်ကိုမူ မကြိုက်ကြ။ နှစ်ခါလည် သမီးပင် ဖြစ်သည့်တိုင် ဖအေ့ အခန်းတွင် သိပ်၍ မတင့်တယ်ဟု ပြောကြသည်။ အတင်းအဖျင်း စကားကို ကြားသည့် အခါ၌ အချက် နှစ်ချက်ကြောင့် စကားလက် ခံပြင်းသည်။ ပထမ သူနှင့် ရက် ဘတ်တလာတို့ တစ်ယောက် တစ်ခန်းစီ ခွဲအိပ်ကြသည့် အချက် ဖုံးမရအောင် ပေါ်နေပြီ။ ဤအချက် တစ်ချက်တည်းဖြင့်ပင် ရှက်စရာ ကောင်းနေပြီ။ ဒုတိယ ကလေး တစ်ယောက်တည်း မအိပ်ဝံ့လျှင် ကလေးကို မအေ့ အခန်းတွင်သာ သိပ်ရမည်။ မိမိက မီးထွန်း၍ မအိပ်တတ်ခြင်းကြောင့်၊ သို့မဟုတ် ရက် ဘတ်တလာက ကလေးကို သူမနှင့် အတူ အိပ်ခွင့် မပေးသောကြောင့် ဖအေ့ အခန်းထဲသို့ ပို့ရခြင်း ဖြစ်သည်ဟု ပြောသည့်တိုင် လိပ်ပတ်လည်မည် မဟုတ်။

‘မင်းက ကုလားသေ ကုလားမော အိပ်တာပဲ၊ ကလေးက လန့်မအော်မချင်း နိုးမှာ မဟုတ်ဘူး၊ နိုးလည်း နိုးရော

ဒီလောက် အော်ရမလား ဆိုပြီး ရိုက်ချင် ရိုက်မှာ၊ ကျုပ် အခန်းထဲမှာပဲ သိပ်မယ်’ ဟု ရက် ဘတ်တလာက ပြော၏။

နီလာ ညည လန့်၍ အော်သည်ကို ဤမျှ ရေးကြီး ခွင့်ကျယ် လုပ်နေသည့် အတွက် စကားလက် စိတ်ပျက်သည်။

သို့ရာတွင် နီလာကို သူ့ အခန်းတွင် ခေါ်သိပ်လျှင် ပြဿနာ ပြေလည် သွားနိုင်သည်ဟု စကားလက် ယူဆ၏။ ကလေး ဆိုသည်မှာ အမှောင်ကို ကြောက်သူချည်း။ နီလာ တစ်ယောက် ပို၍ ကြောက်နေခြင်းမှာ စိတ်ဓာတ် ပျော့၍ ဖြစ်သည်ဟု စကားလက် ထင်သည်။ ဤကိစ္စတွင် ရက် ဘတ်တလာသည် အကဲပါလွန်းသည်ဟု ထင်သည်။ သူ့ကို ညံ့ဖျင်းသည့် မိန်းမ တစ်ယောက်ဟု အရှက် ခွဲချင်ပုံရသည်။ သူ့ကို အခန်းထဲမှ နှင်ထုတ်သဖြင့် လက်စား ချေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ကလေး မလိုချင်တော့ဟု ဖွင့်ပြောသည့် ညမှ စ၍ ရက် ဘတ်တလာသည် သူ့ အခန်းထဲသို့ ခြေမချတော့။

ယုတ်စွအဆုံး တံခါး လက်ကိုင်ဘုကိုပင် လာ၍ မကိုင်တော့။ ထိုနောက်မှ စ၍ အိမ်တွင် ညလယ်စာ မစားတော့။ အပြင်သို့ ထွက်စားတတ်သည်။ နီလာ့ ကိစ္စကြောင့် အိမ်တွင် ရှိသည့် အခါ၌လည်း ညလယ်စာ စားလျှင် စကားလက်နှင့် အတူတူ မစားတော့။ တစ်ခါတစ်ရံတွင်မူ ရက် ဘတ်တလာသည် တစ်ညလုံး အိမ် ပြန်မလာ။ သော့ခတ် ထားသည့် အခန်းတွင် စကားလက် တစ်ယောက် အိပ်မပျော်။ နံနက် လင်းသည် အထိ နာရီ ခေါက်သံများကို ကြားနေရသည်။ ရက် ဘတ်တလာ တစ်ယောက် မည်သို့ ရောက်နေသနည်း ဟုလည်း စဉ်းစားမိသည်။ ‘လောကမှာ အိပ်ရာတွေ အများကြီးပါ’ ဆိုသည့် သူ့

417

စကားကို အမှတ်ရ၏။ ဤသည်ကို တွေးမိတိုင်း စကားလက် ကြက်သီးထသည်။ သို့ရာတွင် သူ ဘာမျှ မတတ်နိုင်။ ဘာမျှ မပြောနိုင်။ ပြောလျှင် အခန်း တံခါးကို သော့ခတ်သည့် ကိစ္စ၊ အက်ရှလေနှင့် ဆက်ဆံသည့် ကိစ္စကို ရမယ်ရှာတော့မည်။ ဟုတ်သည်။ နီလာကို မီးထွန်းသည့် သူ့ အခန်းထဲသို့ ခေါ်သိပ်ခြင်းမှာ သူ့ကို တမင် အရွဲ့တိုက်ခြင်း ဖြစ်ပုံရသည်။

နီလာ အမှောင် ကြောက်သည့် ကိစ္စကို ရက် ဘတ်တလာ အဘယ့်ကြောင့် ဤမျှ အရေးတကြီး ထားနေရသနည်း။

ကလေးကို အဘယ့်ကြောင့် ထားနေရသနည်း။ ဤသည်ကို စကားလက် နားမလည်။ တစ်ညတွင်မူ အကြောင်းစုံ သိရသည်။ ထိုညကို တစ်သက် မေ့နိုင်တော့မည် မဟုတ်။

ထိုနေ့က ရက် ဘတ်တလာသည် သူ့ လုပ်ဖော် ကိုင်ဖက်ဟောင်း မှောင်ခို ကုန်ကူးသူ တစ်ဦးနှင့် ပြန်တွေ့ကြသည်။

သူတို့ နှစ်ယောက် အပြင်သို့ ထွက်သွားကာ စကားစမြည် ပြောကြသည်။ မည်သည့် နေရာသွား၍ အရက် သောက်ရင်း စကား ပြောကြသည်ကိုမူ စကားလက် မသိ။ သို့ရာတွင် ဘဲလ် ဝက်တလင်း အိမ်တွင် ဖြစ်မည်ဟု စကားလက် ထင်သည်။ ခါတိုင်း ညနေ တိုင်လျှင် နီလာနှင့် လမ်းလျှောက် ထွက်နေကျ။ ယနေ့တွင်မူ ညနေ လမ်းလျှောက်ချိန် ရောက်သည်အထိ ပြန်မလာ။ ညလယ်စာ စားချိန်တွင်လည်း ပြန်မရောက်။ နီလာက ပြတင်းပေါက်မှ ထိုင်ကာ သူ့ ဖအေကို တစ်ညနေလုံး မျှော်နေသည်။ သူ စုထားသည့် ပိတုန်းကောင်များကို သူ့ အဖေကို ပြရန် တမျှော်မျှော် ဖြစ်နေသည်။ ညဥ့်နက်သည့်တိုင် မပေါ်လာသည့် အခါတွင် သူ့ကို အိပ်ရာသို့ ခေါ်၍ သိပ်သည်။ နီလာ ငိုသည်ရော၊ အော်သည်ရော လုပ်၍ ပါသွားသည်။

လိုလိုက မီးထွန်းရန် မေ့၍လော၊ သို့မဟုတ် ငြိမ်းသွား၍လော မပြောတတ်။ မည်သည့် အတွက်ကြောင့် ဟူ၍ မသိ။

တစ်ခန်းလုံး မှောင်နေသည်။ ထိုညက ရက် ဘတ်တလာ အရက် မူးမူးဖြင့် အိမ်ပြန်လာသည်။ မြင်းကို မြင်းဇောင်းထဲသို့ သွင်းနေစဉ် အပေါ်ထပ်မှ နီလာ၏ စူးစူးဝါးဝါး အော်သံကို ကြားရ၏။ အမှောင်ထဲတွင် အိပ်ရာမှ လန့်အနိုး ရက် ဘတ်တလာကို ခေါ်သည်။ ရက် ဘတ်တလာကို မတွေ့။ ကြောက်လိုက်သည်မှာ ဆိုဖွယ် မရှိတော့။ အစေခံများနှင့် စကားလက်တို့ ရောက်လာကာ မီးထွန်းပေးသည့်တိုင် အကြောက် မပြေ။ နီလာ၏ အော်သံကို ကြားသည်၌ ရက် ဘတ်တလာသည် လှေကားကို သုံးလှမ်းဖြင့် ကျော်တက် ပြေးလာသည်။ သူ့ အမူအရာက သေမင်းကို မြင်ခဲ့ရသည့် လူ တစ်ယောက်၏ အမူအရာမျိုး။

ရက် ဘတ်တလာက နီလာကို ရင်ခွင်တွင် ပွေ့ချီ ထားသည်။ ကလေး၏ ရှိုက်သံ ငိုသံ ကြားမှ ‘မှောင်တယ် မှောင်တယ်’

ဟူသော စကား တစ်ခွန်းကို ကြားလိုက်ရ၏။ စကားလက်နှင့် ကပ္ပလီ အစေခံများကို ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်သည်။

‘ဘယ်သူ မီးငြိမ်းပစ်တာလဲ၊ ကလေးကို မှောင်ကြီး မည်းမည်းထဲမှာ တစ်ယောက်တည်း ထားပစ်ခဲ့တာ ဘယ်သူလဲ

ဟင်၊ ပရဇ္ဇီလား၊ ဒီကောင်မ လာခဲ့၊ နင့်ကို ငါ အရေဆုတ်ပစ်မယ်’

‘ဘုရားစူးရပါစေ၊ ကျွန်မ မဟုတ်ဘူး ကိုလေး၊ လိုလိုရယ်’



‘ကျွန်မ ကျွန်မ’



‘တိတ်၊ ငါ ပြောထားတယ် မဟုတ်လား၊ သောက်ကောင်မတွေ ငါ၊ သွား ခု ထွက်သွား၊ ဒီအိမ်မှာလည်း အလုပ် မလုပ်နှင့်၊

ပြန်လည်း မလာနှင့်၊ စကားလက် သူ့ လခ ရှင်းပေးလိုက်၊ ပြီးတော့ မြန်မြန် သွားပါစေ၊ ငါ အောက်ထပ် ဆင်းလာတဲ့အထိ ရှိနေသေးရင် အသေပဲ၊ အကုန်လုံး သွား၊ တစ်ယောက်မှ ဒီအခန်းထဲ မနေနှင့်’

418



ကပ္ပလီ အစေခံ အားလုံး ဆင်းပြေးကြသည်။ ကံဆိုးသူ လိုလိုက ခါးစည်း အဝတ်ဖြင့် မျက်ရည်သုတ်နေသည်။ သို့ရာတွင်

အခန်းထဲ၌ စကားလက် ကျန်ရစ်ခဲ့သည်။ သူ အချစ်ဆုံး သမီးလေး ရက် ဘတ်တလာ၏ ရင်ခွင်ထဲတွင် ကြောက်လန့်တကြား ငိုနေသည်ကို စကားလက် မကြည့်ရက်။ တက်တော့မတတ် ငိုနေသံကို စကားလက် မကြားရက်။ လက်ကလေးဖြင့် ရက် ဘတ်တလာ၏ လည်ပင်းကို ဖက်နေပုံ၊ ကြောက်ကြောက်ဖြင့် ပြန်ပြောပုံကို စကားလက် မမြင်ရက်။ မကြားရက်။

‘ဒါဖြင့် သမီး ရင်ဘတ်ပေါ် တက်ထိုင်သလား’ ရက် ဘတ်တလာက ချော့၍ မေးသည်။ ‘အကြီးကြီးလား’



‘အကြီးကြီး ဖေဖေ၊ လက်သည်းကြီးတွေနှင့်’



‘သြော်၊ လက်သည်းကြီးတွေကော ပါသလား၊ အေး အေး၊ ဖေဖေ တစ်ညလုံး စောင့်နေမယ်၊ ဒီကောင်ကြီး ပြန်လာရင်

ဖေဖေ သေနတ်နှင့် ပစ်မယ် နော်’

ရက် ဘတ်တလာ၏ အသံက တလေးတစား ပြောနေသည့် အသံ၊ ချော့မော့ နှစ်သိမ့်သည့် အသံ ဖြစ်သည်။ နီလာ၏

ရှိုက်သံသည် တဖြည်းဖြည်း တိတ်သွား၏။ စောစောကလို ဆို့နင့်ခြင်း မရှိတော့။ သူ့ အခန်းထဲသို့ ရောက်လာသည့် သရဲကြီး အကြောင်းကို အသေးစိတ် ပြောပြနေသည်။ စကားလက် သူ ပြောသည့် စကားများကို ကောင်းကောင်း နားမလည်။ ရက် ဘတ်တလာက တကယ် ဖြစ်သည့် ကိစ္စနှယ် အရေးတကြီး ပြောနေသည်တွင် စကားလက် စိတ်တိုလာသည်။

‘မောင်ကလည်းကွယ်၊ သိပ်ခက်’



ရက် ဘတ်တလာက တိတ်တိတ်နေရန် လက်ပြ၏။ နီလာ အိပ်ပျော်သွားသည့် အခါတွင် အိပ်ရာပေါ်သို့ သိပ်ပြီး

စောင်ခြုံပေးလိုက်သည်။

‘ဒီ ကပ္ပလီ ကောင်မကို အရေဆုတ်ပစ်မယ်’ ရက် ဘတ်တလာ ခပ်တိုးတိုး ပြောသည်။ ‘မင်း အပြစ်လည်း ပါတာပဲ၊

တကယ်ဆို မီး ရှိ မရှိ တက်ကြည့် ပါတော့လား’

‘မောင်ကပါ ကလေး အလိုကျ လိုက်လုပ်နေတာကိုး’ စကားလက်က ခပ်တိုးတိုး ပြော၏။ ‘အလို လိုက်တော့ ကလေး

အကျင့် ပါသွားတာပေါ့၊ ကလေးဆိုတာ အမှောင်ကို ကြောက်တာချည်းပဲ၊ ဒါပေမယ့် ကြာတော့ ရိုးသွားတာပဲ၊ ဝိတ်ကလေးလည်း ငယ်ငယ်က ဒီလိုပဲ၊ ဒါပေမယ့် စကားလက်တော့ အလိုမလိုက်ပေါင်၊ ပစ်ထားလိုက်တာပဲ၊ ခုလည်း ဒီကလေးကို တစ်ည နှစ်ညလောက် ပစ်ထားကြည့်ပါလား၊ အော်ချင်ရင် အော်ပါစေ၊ ဘာမှ လုပ်မပေးနှင့်၊ ကြာရင်’

‘ဘာ၊ အော်ချင် အော်ပါစေ ဟုတ်လား’ ရက် ဘတ်တလာ အသံက သူ့ကိုများ ထရိုက်တော့မည် ထင်ရသည်။ ‘မင်းဟာ

ရူးနေတဲ့ မိန်းမရင်လည်း ဖြစ်ရမယ်၊ ဒါမှမဟုတ် တော်တော် လူစိတ် ခေါင်းပါးတဲ့ မိန်းမရင်လည်း ဖြစ်ရမယ်’

‘ကလေးကို ဒီလောက် အလိုလိုက်နေရင် ကြီးလာတော့ လူကြောက်ကလေး ဖြစ်နေမှာပေါ့’



‘ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ ကျုပ် သမီးကိုယ်ထဲမှာ ကြောက်သွေးဆိုလို့ တစ်စက်မှ မရှိဘူး သိလား၊ မင်းသာ

စဉ်းစားဉာဏ် မရှိတဲ့ မိန်းမ၊ လူ တစ်ဖက်သား ဒုက္ခ ရောက်တာ၊ အထူးသဖြင့် ကလေးတွေ စိတ် ဒုက္ခ ရောက်တာကို နည်းနည်းမှ ကိုယ်ချင်း မစာတတ်ဘူး၊ တကယ်လို့ မင်း ကိုယ်ပေါ်မှာ အစွယ်ကြီး ငေါငေါနှင့် သရဲကြီးက ခွစီးကြည့်ပါလား၊

419

မင်းလောက် ကြောက်တဲ့လူ ကမ္ဘာမှာ ရှိမှာတောင် မဟုတ်ဘူး၊ ကြောက်လိုက်မယ့် ဖြစ်ခြင်း၊ အော်လိုက်မယ့် ဖြစ်ခြင်း၊ ဒီမှာ မရွှေချော၊ မင်းဘာသာ မင်း မြဲမြဲ မှတ်ထားပါ၊ နှင်းတောထဲမှာ ပြေးရတယ်လို့ အိပ်မက်မက်ရုံကလေးနှင့်တောင် လန့်ပြီး ညကြီး သန်းခေါင် ကျုပ်ကို နှိုးပြီး ငုတ်တုတ် ထိုင်နေသေးရင် ကလေး ဘယ်လို နေမလဲ၊ မင်း စဉ်းစားကြည့်ပေါ့၊ ဒါတောင် မင်းက ကြီးလှပြီ၊ မနေ့ တစ်နေ့က အထိ ကြောက်တုန်း ရှိသေးတယ်’

စကားလက် ပါးစပ် ပိတ်သွားသည်။ ဤ အိပ်မက် အကြောင်းကို စကားလက် ပြန်မတွေးချင်။ သူ လန့်နိုးခဲ့စဉ် ရက်

ဘတ်တလာသည် နီလာကို ချော့ခဲ့သည့် နည်းတူ ချော့ခဲ့သည် မဟုတ်လော။ ဤသည်ကို တွေး၍ သူ ရှက်သည်။ စကားလက်က တစ်ဖက်မှ လှည့်၍ အပြစ် ရှာပြန်သည်။

‘မောင့်ကိုက ကလေးကို အလိုလိုက် လွန်းလို့ပါ၊ ပြီးတော့’



‘အလိုလိုက်ရမှာပေါ့၊ လိုက်တော့ ကလေး ဒါကို မေ့သွားမယ်၊ အကြောက် ပြေသွားမယ်’



‘ကလေးကို ဒီလောက် ချစ်ရင်လည်း ညကို အိမ်ပြန်လာပေါ့၊ အရက်သောက် မလာခဲ့နှင့်ပေါ့’



စကားလက်က အရွဲ့တိုက်သည်။



‘ကောင်းပြီ၊ ကျုပ် အိမ်ကို စောစော ပြန်လာမယ်၊ ဒါပေမယ့် အရက် သောက်တာကတော့ ကျုပ် သောက်ချင်ရင်

သောက်မှာပဲ’

ထိုနောက်၌ ရက် ဘတ်တလာသည် အိမ်သို့ စောစော ပြန်လာတတ်၏။ နီလာ အိပ်ရာ မဝင်မီ အစောကြီး

ရောက်လာတတ်သည်။ နီလာ၏ ဘေးတွင် ထိုင်ရင်း နီလာ အိပ်ပျော်သည် အထိ လက်ကို ဆုပ်ကိုင် ထားတတ်သည်။ နီလာ အိပ်ပျော်သွားသည့် အခါတွင်မှ အခန်းထဲတွင် ထိန်နေအောင် မီးထွန်းပစ်ခဲ့ပြီး အောက်သို့ ခြေဖျား ထောက်၍ ဆင်းလာသည်။ ကလေး အော်လျှင် အလွယ်တကူ ကြားအောင် တံခါးကို ဟပစ်ခဲ့သည်။ သူ့ သမီး အမှောင် ကြောက်၍ စူးစူးဝါးဝါး အော်သည့် အဖြစ်မျိုး နောက်ထပ် အဖြစ် မခံနိုင်။ တစ်အိမ်လုံးက နီလာ၏ အခန်းတွင် မီးလင်း မလင်းကို အမြဲ သတိ ထားနေရသည်။ စကားလက်၊ ကြီးဒေါ်၊ ပရဇ္ဇီနှင့် ပေါ့တို့အဖို့ အပေါ်ထပ်သို့ ခြေဖျားထောက်လာကာ မီးလင်း မလင်းကို ခဏ ခဏ သွားကြည့်ရသည်ကလည်း အမော။

ရက် ဘတ်တလာသည် အိမ်ပြန်လာလျှင် အရက်လည်း မမူးတော့။ သို့ရာတွင် သူ အရက် မူးမလာခြင်းမှာ စကားလက်

ပြောစကားကို နားထောင်၍ မဟုတ်။ ယခု တလောတွင် ရက် ဘတ်တလာသည် အရက်ကို နင်းကန် သောက်နေသည်။ သို့ရာတွင် မူးသည် ဟူ၍ မရှိ။ တစ်ညတွင်မူ သူ့ ပါးစပ်က ဝီစကီနံ့ တထောင်းထောင်း ဖြစ်နေသည်။ နီလာကို ကောက် ပွေ့ချီလိုက်ကာ ပခုံးပေါ်သို့ တင်လိုက်ပြီး ကလေးကို မြှူနေသည်။

‘ကဲ သမီး၊ အဖေကြီးကို မွှေးမွှေး ပေးစမ်းပါဦး၊ မွှေးမွှေး’



နီလာက ကော့နေသည့် နှာခေါင်း ကလေးကို ရှုံ့ကာ သူ့ကိုယ်ပေါ်မှ အောက်သို့ အတင်း လျှောဆင်းသည်။



‘ဟင့်အင်း၊ မနမ်းချင်ဘူး နံတယ်’

420



‘ဘာ’



‘ပါးစပ်က နံတယ်၊ ဦးလေး အက်ရှလေက မနံဘူး’



‘သြော် ဒီလိုလား’ ရက် ဘတ်တလာ မှုန်သိုးသိုး ပြော၍ ကလေးကို အောက်သို့ ချလိုက်၏။ ‘အိမ်ထဲမှာတောင်

အရက်သေစာ ရှောင်ကြဉ်ရေး တရားဟော ဆရာ ရောက်နေပြီကိုး’

ထိုနောက်တွင်မူ

တစ်ခွက်တလေကိုသာ

ရက်

ဘတ်တလာသည်

သောက်တော့သည်။

အရက်ပြင်း

ခွက်ထဲတွင်

မသောက်တော့။

နောက်ဆုံး

ကျန်သည့်

ညလယ်စာ

စားပြီး

ဝိုင်အရက်

အကတ်အသတ်ကလေးများကို

သောက်ခွင့်ရသည့် နီလာ အမြင်၌လည်း အရက်ချိုနံ့ကို နံသည်ဟု မထင်တော့။ အရက် မသောက်တော့သဖြင့် သူ့ မေးရိုး လေးထောင့်ကို ဖုံးစ ပြုနေသည့် ခပ် အစ်အစ် သဏ္ဌာန်သည်လည်း ပျောက်သွားသည်။ မျက်လုံး နက်နက် အောက်က မျက်ကွင်း ညိုညို သဏ္ဌာန်သည်လည်း ပျောက်သွားသည်။

နီလာက သူ့ ဖအေရှေ့ ကုန်းနှီးတွင် ထိုင်၍ မြင်းစီး လိုက်ရသည်ကို သဘောကျသည်။ ထို့ကြောင့် သားအဖ

နှစ်ယောက် မကြာခဏ မြင်းစီး ထွက်လေ့ ရှိသည်တွင် နေရောင် ကောင်းကောင်း ရသဖြင့် သူ၏ ညိုမှောင်သော နဂို အသား အရောင်သို့ ပြန်ရောက်လာသည်။ ပြည်တွင်းစစ် တုန်းက အတ္တလန်တာ တစ်မြို့လုံး စိတ်ဝင်စားဖြစ်ခဲ့သည့် ခပ်ရွယ်ရွယ် ခပ်ရမ်းရမ်း မှောင်ခိုကုန်ကူးသူ တစ်ဦး၏ ဟန်မျိုး ပြန်ပေါ်လာသည်။

နီလာနှင့် အတူ မြင်းစီး ထွက်လျှင် သူ့ကို မနှစ်သက်ခဲ့သူများကပင် ပြုံး၍ နှုတ်ဆက်ဖော် ရလာသည်။ သူနှင့်

တွေ့လျှင် မည်သည့် အမျိုးကောင်း သမီးမျှ စိတ်မချရဟု ယူဆခဲ့ကြသည့် အမျိုးသမီးများကလည်း လမ်းတွင် တွေ့လျှင် ရပ်၍ နှုတ်ဆက်ကြသည်။ စကား ပြောကြသည်။ နီလာကို စကား ပြောကြသည်။ ကလေးများ၏ ပြဿနာနှင့် ကလေးများ၏ ရောဂါ အကြောင်းကို ရက် ဘတ်တလာလို စိတ်ဝင်စားစွာ ပြောနိုင်သူ တစ်ယောက်သည် လူဆိုး တစ်ယောက် မဖြစ်နိုင်ဟု စည်းကမ်း အကြီးဆုံး အမျိုးသမီးများကပင် ယူဆလာကြသည်။

421

၅၃



အက်ရှလေ၏ မွေးနေ့ဖြစ်သည်။ ထိုနေ့ညတွင် မီလာနီက အက်ရှလေ၏ မွေးနေ့အထိမ်းအမှတ် အဖြစ် ဧည့်ခံပွဲကလေး

တစ်ခု ရုတ်တရက် စီစဉ်သည်။ ဧည့်ခံပွဲ ကျင်းပသည့် ကိစ္စကို အက်ရှလေ အံ့အားသင့်စေလိုသည့်အတွက် အက်ရှလေအား လုံးဝ အသိပေးခြင်းမပြု။ အက်ရှလေ တစ်ယောက်ကလွဲလျှင် အားလုံး သိကြသည်။ ဝိတ်ကလေးနှင့် ဘိုဘိုကိုလည်း ဧည့်ခံပွဲအကြောင်းကို အက်ရှလေအား မပြောဘဲ လျှို့ဝှက်ထားရန် မီလာနီက ကတိတောင်းသည်။ သူတို့နှစ်ယောက်က အသိမပေးဟု ကတိပေးကြသည်။ လျှို့ဝှက်ချက်ကို သူတို့အား ယုံယုံကြည်ကြည် ပြောသည့်အတွက် ဂုဏ်ယူနေကြ၏။ အတ္တလန်တာက လူကောင်း သူကောင်းများ အားလုံးလောက်ကို ဖိတ်ထားသည်။ သူတို့ကလည်း လာမည်ဟု ဖိတ်ကြားချက်ကို ဝမ်းသာအားရ လက်ခံသည်။ ကျန်းမာရေး အခြေအနေ ရေရာခြင်း မရှိသည့်တိုင် အခြေအနေ ကောင်းလျှင် သူလည်း လာမည်ဟု ဗိုလ်ချုပ် စတီဗင်က ပြောသည်။ ပြည်နယ်စစ်တပ်၏ သူရဲကောင်း ဗိုလ်ချုပ်ဆွန်းလည်း လာမည်ဟု ဆိုသည်။

ထိုနေ့ တစ်မနက်လုံး စကားလက်၊ မီလာနီ၊ အင်ဒီယာနှင့် ဒေါ်လေး ပစ်တီတို့ မီလာနီတို့ အိမ်ကလေးကို

ပြင်ဆင်မွမ်းမံကြသည်။ မီးပူတိုက်ပြီးသား ခန်းဆီးများကို လဲကြသည်။ ငွေဇွန်းများ၊ ငွေခက်ရင်းများကို ပွတ်တိုက်ကြသည်။ ကြမ်းကို ဖယောင်း တိုက်သည်။ ချက်ကြ ပြုတ်ကြသည်။ မြည်းကြ စမ်းကြသည်။ တစ်အိမ်လုံး ကပ္ပလီ အစေခံများဖြင့် အလုပ်များနေကြ၏။ မီလာနီ ဤမျှ သွက်လက်ပျော်ရွှင်နေသည်ကို စကားလက် တစ်ခါမျှ မမြင်ဖူးသေး။

‘အက်ရှလေရဲ့ မွေးနေ့ မလုပ်ဖြစ်တာ ကြာပြီ မဟုတ်လား စကားလက်ရဲ့၊ ဝက်သစ်ချမြိုင်မှာ ဟိုဟို ကောင်လုံးကင်

ပျော်ပွဲစား ပြီးတဲ့နောက် တစ်ခါမှ မလုပ်ဖြစ်တော့ဘူ၊ ဒီနေ့က လင်ကွန်းက မြောက်ပိုင်းမှာ အပျော်တမ်းတပ် ဖွဲ့ဖို့ အမိန့်ထုတ်တဲ့နေ့လေ၊ အဲဒီနောက် ဘယ်မှာ မွေးနေ့ အထိမ်းအမှတ် လုပ်ဖြစ်တော့လို့လဲ၊ သူ့ခမျာလည်း တစ်နေကုန် အလုပ် လုပ်ပြီး မောမောပန်းပန်းနှင့် အိမ်ပြန်လာတော့ ကိုယ့် မွေးနေ့တောင် ကိုယ် အမှတ်မရတော့ဘူး ထင်ပါရဲ့၊ ဒီနေ့လည်း သူ့မွေးနေ့ ဆိုတာ မသိဘူး၊ အိမ်ပြန်ရောက်ပြီး လူတွေ အလျှိုအလျှို ရောက်လာမှ သူ တအံ့တဩ ဖြစ်နေမှာ’

‘အိမ်ရှေ့မှာ မီးပုံးတွေ ချိတ်ထားတယ် မဟုတ်လား၊ အက်ရှလေ ပြန်လာရင် မြင်မှာပေါ့’



အာချီက ပြော၏။



တစ်မနက်လုံး အာချီသည် မီလာနီတို့ တစ်သိုက်အခမ်းအနား ပြင်သည်ကို စိတ်ဝင်စားစွာ စောင့်ကြည့်နေသည်။ သူ

စိတ်ဝင်တစား ဖြစ်နေသည်ကိုမူ ဝန်ခံချင်ပုံ မရ။ မြို့ကြီးပြကြီးက ဧည့်ခံပွဲတစ်ခု နောက်ကွယ်သို့ သူ တစ်ခေါက်မျှ မရောက်စဖူး။ သူ့အဖို့ အတွေ့အကြုံသစ် ဖြစ်နေသည်။ အိမ် မီးလောင်သည့်နှယ် မိန်းမ တစ်သိုက် ပျာယာခတ်နေသည်ကို ကြည့်၍ မျက်စိ နောက်နေသည်။ သို့ရာတွင် သူတို့ကို မကြည့်ဘဲလည်း မနေနိုင်။ မြင်းရိုင်းအုပ်တွေကို မြင်လျှင်ပင် ဤမျှလောက် ကြည့်၍ ကောင်းမည် မထင်။ မစ္စက် အယ်လဆင်းနှင့် ဖန်နီတို့က ဧည့်ခံပွဲတွင် ချိတ်ရန် ရောင်စုံ မီးပုံးကလေးများ ပြင်နေသည်ကို အာချီ အထူးတလည် စိတ်ဝင်စားနေသည်။ ဤသို့ ရောင်စုံ မီးပုံးများကို တစ်ခါမျှ မမြင်ဖူးပေ။ မီးပုံးများကို သူ့ မြေတိုက်ထဲတွင် ဝှက်ထားခဲ့စဉ် အာချီက ရောင်စုံ မီးပုံးများကို သေသေချာချာ ကြည့်ခဲ့သည်။

422



‘ဟုတ်သားပဲ၊ ကြည့်စမ်း၊ အစက မစဉ်းစားမိဘူး’ မီလာနီက ပြောသည်။ ‘အာချီ ပြောပေလို့ပေါ့၊ ဟုတ်တယ်၊

ဘယ်လိုများ လုပ်ရမလဲ မသိဘူး၊ သစ်ပင်တွေ ပန်းရုံတွေ ကြားမှာ ဝှက်ထားရမယ်၊ ဖယောင်းတိုင် အဆင်သင့် စိုက်ထား၊ ပြီးတော့ ဧည့်သည်တွေ ရောက်လာပြီး အချိန်ရောက်တော့မှ မီးထွန်းလိုက်ရော၊ စကားလက်၊ ကိုယ်တို့ ညစာ စားချိန်ကျရင် ပေါ့ကို မီးပုံးတွေ လိုက်ပြီး ထွန်းခိုင်းပေးပါလား’

‘နင်က တခြား မိန်းမတွေထက် ဉာဏ်ကောင်းပေမယ့် နင်လည်း ပျာယာခတ်နေတာပဲ’ အာချီက မီလာနီကို ပြောသည်။

‘ပေါ့ ဆိုတဲ့ ကပ္ပလီစုတ်ကို သွားခိုင်းမနေနှင့်၊ တော်တော်ကြာ မီးလောင်ကုန်လိမ့်မယ်၊ ကိစ္စ မရှိဘူး၊ နင်တို့ အေးအေးဆေးဆေး ထမင်းစားနေကြ၊ ငါ လိုက်ထွန်းပေးမယ်’

‘ဒီလိုဆို လုပ်ပေးပါ အာချီရယ်’ မီလာနီက ကလေးငယ်ပမာ အာချီကို ကြည့်၏။ ‘အာချီများ မရှိရင် ဘာလုပ်ရမှန်းတောင်

သိတော့မှာ မဟုတ်ဘူး၊ ဒါဖြင့် ဖယောင်းတိုင်တွေကို စောစောစီးစီး သွားစိုက်ထားချည်လေ၊ ရှင်လည်း မျက်စိနောက် သက်သာတာပေါ့’

‘အင်း၊ ကောင်းတယ်’



အာချီက ခပ်ပြတ်ပြတ် ပြောပြီး တဒေါက်ဒေါက်ဖြင့် မြေတိုက် လှေကားသို့ ဆင်းသွား၏။



‘ကြောင်သေအောင် လုပ်ချင်ရင် ပါးစပ်ကို ဖြဲပြီး ထောပတ်တွေ ဆို့သတ်မှ သေတာ မဟုတ်ပါဘူး၊ ဒိပြင် နည်းတွေလည်း

ရှိတာပဲ၊ ကြောင်သေတာသာ ပဓာန မဟုတ်လား’ လှေကားမှ အာချီ ဆင်းသွားသည့်အခါတွင် မီလာနီက ရယ်၍ ပြောလိုက်သည်။ ‘စောစောကတည်းက မီးပုံးတွေကို သူ့ လိုက်ပြီး ချိတ်ခိုင်းမလို့ စိတ်ကူးနေတာ၊ ဒါပေမယ့် အာချီက တစ်မျိုး၊ ခိုင်းပေမယ့် လုပ်ချင်မှ လုပ်တာ၊ ဒါကြောင့် မခိုင်းရဲဘူး၊ ခုတော့ ဘာစိတ်ကူးရလို့လဲ မသိဘူး၊ လိုလိုချင်ချင်ပဲ၊ ကပ္ပလီတွေက သူ့ကို အလွန်ကြောက်တယ်၊ သူ အနားလာနေရင် ဘာမှ မလုပ်ကြတော့ဘူး၊ ခုတော့ သူ့ကိုလည်း အလုပ်ပေးပြီးသား ဖြစ်ရော၊ အနားကလည်း မောင်းထုတ်ပြီးသား ဖြစ်ရော’

‘မင်းကလည်း မင်းပါ၊ ကိုယ့်လို ဆိုရင် ဒီလို လူမိုက်ကြီးကို အိမ်မှာ ခေါ်မထားဘူး’ စကားလက်က ပြောသည်။

စကားလက်နှင့် အာချီက တစ်ယောက်နှင့် တစ်ယောက် မတည့်ကြ။ စကားလက်က အာချီကို မုန်းသလို အာချီကလည်း စကားလက်ကို မုန်းသည်။ စကားပင် တစ်ခွန်းမျှ မပြောကြ။ အာချီကလည်း တော်တော့်အိမ်တွင် နေမည် မဟုတ်။ နေချင်းနေလျှင် သူ နေမည့် အိမ်က မီလာနီ၏ အိမ် တစ်အိမ်တည်းသာ ရှိသည်။ သို့တိုင်အောင် မီလာနီ မရှိလျှင် နေမည် မဟုတ်။ စကားလက်ကိုလည်း သင်္ကာ မကင်းသလို အထင်သေးသည့် ဟန်ဖြင့် မှုန်တေတေ ကြည့်နေတတ်သည်။ ‘မင်း လူမိုက်ကြီးကို မင်း မွေးထား၊ တစ်နေ့မှာ ဒုက္ခပေးလိမ့်မယ်နော်၊ နောင်ကျမှ မပြော မရှိနှင့်’

‘အို၊ မြှောက်ခိုင်းရင် သဘော ကောင်းပါတယ်ကွ၊ မဆိုးပါဘူး၊ အားလည်း ကိုးရပါတယ်’ မီလာနီက ပြောသည်။

‘ပြီးတော့ အက်ရှလေနှင့် ဘိုဘိုကိုလည်း သိပ် သံယောဇဉ်ကြီးတာ၊ သူ ရှိရင် အစစ အရာရာ စိတ်ချရတယ်’

‘မင်း အပေါ်မှာလည်း သံယောဇဉ် ရှိတယ်လို့ တည့်တည့် ပြောလိုက်ပါကွာ’ အင်ဒီယာက ပြော၏။ သူ့ ယောက်မကို

ကြည့်ရင်း သူ့မျက်နှာသည် ပြုံးယောင်သမ်းလာသည်။ ‘ဒီ လူမိုက်ကြီးက သူ့ မိန်းမ၊ သူ့ မိန်းမ ပြီးရင် မင်း တစ်ယောက်ပဲ

423

ချစ်တယ် ထင်တာပဲ၊ ကိုယ့် အထင်တော့ ဒီလူကြီးဟာ မင်းကို တစ်ယောက်ယောက် လာစော်ကားစေချင်ပုံရတယ်၊ ဒီလို စော်ကားတော့မှ အဲဒီ လူကို သူ သတ်ပြပြီး မင်းကို ဘယ်လောက် သံယောဇဉ်ကြီးတယ်ဆိုတာ ပြချင်တဲ့ ပုံပဲ’

‘အိုကွာ၊ အင်ဒီယာကလည်း မဟုတ်တာ’ မီလာနီ၏ မျက်နှာက နီရဲသွားသည်။ ‘ကိုယ့်ကို နုံတုံတုံ အတတလေးလို့

ထင်နေပုံရတယ်’

‘တော်စမ်းပါ၊ ဒီ တောင်ပေါ်သား အရိုင်းကြီး ဘာထင်ထင် အရေးမကြီးပါဘူး၊ လူကြီးက တစ်ကိုယ်လုံးလည်း

နံစော်နေတာပဲ’ စကားလက်က ကြားဖြတ်၍ ပြောလိုက်၏။ ဤလူမိုက်ကြီးကို စကားလက် နည်းနည်းမျှ မကျေနပ်။ ထောင်ကျ အလုပ်သမားတွေ ခိုင်းရကောင်းလောဟု သူ့ကို ရစရာ မရှိအောင် ပြောခဲ့ဖူးပြီ မဟုတ်လော။ ‘ကဲ ဘာလုပ်စရာ ရှိသေးလဲ၊ ကိုယ် ပြန်မယ်၊ ညစာ စားရဦးမယ်၊ ညစာ စားပြီးရင် ကုန်တိုက်သွားပြီး စာရေးတွေ လခ ထုတ်ပေးရဦးမယ်၊ ပြီးတော့ သစ်စက်ထဲ သွားပြီး လားသမားတွေနှင့် ဟူးခ်ျကိုလည်း လခ ထုတ်ပေးရဦးမယ်’

‘သစ်စက်ထဲ သွားမလို့လား’ မီလာနီက မေးသည်။ ‘ညနေကျရင် ဟူးခ်ျနှင့် တွေ့စရာရှိလို့ သစ်စက်ထဲသွားမယ်လို့

အက်ရှလေက ပြောသွားတယ်၊ သူ့ကို ငါးနာရီလောက် အထိ အချိန်ဆွဲထားလိုက်စမ်းပါ၊ အဲဒီ အချိန်လောက်ကမှ ဒီက ပြင်လို့ ဆင်လို့ ပြီးမှာ၊ အိမ်ကို စောစောပြန်လာရင် အကုန်လုံး မြင်သွားတော့မှာ၊ မွေးနေ့ကိတ်တောင် ဖုတ်လို့ ပြီးမှာ မဟုတ်သေးဘူး၊ စောစော ပြန်လာရင် ဒုက္ခပဲ၊ တအံ့တဩ ဖြစ်အောင် စီစဉ်ထားတာလေးတွေ အလကား ဖြစ်ကုန်တော့မှာပဲ’

စကားလက်က စိတ်ထဲက ကျိတ်၍ ပြုံးလိုက်၏။ စိတ်လက် ကြည်လင်နေချိန် ဖြစ်၍ မည်သို့မျှ မပြောလိုက်။



‘ကောင်းပြီလေ၊ စကားလက် ဆွဲထားလိုက်မယ်’



စကားလက် ပြောနေစဉ် အင်ဒီယာ၏ မျက်တောင် မရှိသည့် မျက်လုံးပြာပြာများက သူ့ကို စိုက်ကြည့်နေသည်။

အက်ရှလေ အကြောင်းပြောလျှင် အင်ဒီယာက ဤသို့ ထူးထူးဆန်းဆန်း ကြည့်တတ်သည်ဟု စကားလက် စိတ်ထဲက အောက်မေ့မိသေး၏။

‘ငါးနာရီထက် နောက်ကျပါစေနော်၊ နောက်ကျနိုင်သမျှ နောက်ကျပါစေ၊ ကိစ္စ မရှိဘူး၊ ဆွဲသာထား’ မီလာနီက

ပြောသည်။ ‘ဒီက အသင့်ဖြစ်တော့ အင်ဒီယာ ရထားနှင့် လာခေါ်လိမ့်မယ်၊ ညကျရင် စောစောလည်း လာခဲ့နော် စကားလက်၊ ဧည့်ခံပွဲမှာ တစ်ချိန်လုံး ရှိစေချင်တယ်’

စကားလက် ရထားဖြင့် ပြန်လာခဲ့သည်။



‘ဧည့်ခံပွဲမှာ တစ်ချိန်လုံး ရှိစေချင်တယ်တဲ့၊ ဒါဖြင့် ငါ့ကို ဒေါ်လေး ပစ်တီတို့၊ အင်ဒီယာတို့လို စောစော ကြိုပြီး လာဖို့

ဘာဖြစ်လို့ မမှာသလဲ၊ ဘာဖြစ်လို့ ငါ့ကို ဧည့်သည်တွေကို ကြိုဆို ဧည့်ခံဖို့ မပြောသလဲ’ ဟု စကားလက် တွေးလာ၏။

အမှန်ပြောရလျှင် မီလာနီ၏ ဧည့်ခံပွဲကလေးများကို ကြည့်၍ စကားလက် ရယ်ချင်သည်။ သူ့ ဧည့်ခံပွဲတွင် ကြိုဆို

ဧည့်ခံသူ မလုပ်ရ၍လည်း သူ့အဖို့ အရေးမကြီး။ သို့ရာတွင် ယခု အကြိမ်တွင်မူ မီလာနီအဖို့ အကြီးဆုံး ဧည့်ခံပွဲ ဖြစ်သည်။ အက်ရှလေ၏ မွေးနေ့ ဧည့်ခံပွဲဖြစ်သည်။ စကားလက် အက်ရှလေ၏ အပါးတွင် ရပ်ကာ သူနှင့်အတူ ဧည့်သည်များကို

424

ဆီးကြိုချင်သည်။ နှုတ်ဆက်ချင်သည်။ သို့ရာတွင် သူ့ကို စောစော ကြိုလာပြီး ဧည့်သည်များကို ဧည့်ခံဆီးကြိုဖို့ မီလာနီက ဖိတ်ခေါ်ခြင်း မပြု။ အဘယ့်ကြောင့် ဤသို့ ဖိတ်ခေါ်ခြင်း မပြုသည်ကိုလည်း စကားလက် မသိ။ သူ မသိသည့်တိုင် ဤကိစ္စနှင့် ပတ်သက်သည့် ရက် ဘတ်တလာ ထင်မြင်ချက်ကမူ ပွင့်လင်းသည်။ ရှင်းသည်။

‘မင်း စဉ်းစားကြည့်ပေါ့ကွ၊ ထင်ရှားတဲ့ ပြည်နယ်ခေါင်းဆောင်ဟောင်းတွေ လာမယ့် ဧည့်ခံပွဲမှာ မင်းလို ခေတ်ပျက်

သူဌေး တစ်ယေက်က အပေါက်ဝက ဆီးကြိုတယ်ဆိုတော့ ဘယ်ကောင်းမလဲ၊ ဒီအထဲမှာ ဒီမိုကရက် ပါတီဝင်တွေလည်း လာကြဦးမယ်၊

သူတို့ကလည်း

ဦးနှောက်

ချောင်ချောင်၊

မင်းကလည်း

ဘုကျကျ

ဆိုတော့

ဘယ်ဖြစ်မလဲ၊

ခုလို

အဖိတ်ခံရတာတောင် မီလာနီက မင်းကို ခင်လွန်းလို့ ဖိတ်တာ၊ နို့မို့ရင် ဖိတ်တောင် ဖိတ်မှာ မဟုတ်ဘူး’

ထိုနေ့ ညနေတွင် ကုန်တိုက်နှင့် သစ်စက်သို့ သွားမည်ပြုသည့်အခါ၌ စကားလက် ခါတိုင်းထက် ထူးထူးခြားခြား

ပြင်ဆင်သည်။ အစိမ်းရင့်ရောင် ရောင်ပြေး တာဖတ်တာ ဝတ်စုံ။ (အချို့နေရာများတွင် ကြာဖြူရောင်လဲ့လဲ့ ပြေးလျက်။) ဖက်ဖူးရောင် ဦးထုပ် (အစိမ်းရင့်ရောင် ငှက်တောင် စိုက်လျက်။) တို့ကို ဝတ်သည်။ ရက် ဘတ်တလာကသာ ဆံပင်ကောက်ခွင့် ဖြတ်ခွင့်ပေးလျှင် ဆံခွေ ဆံနွယ်များနှင့် ဖက်ဖူးရောင် ဦးထုပ်ကလေးက လိုက်ဖက်လိမ့်မည်။ သို့ရာတွင် စကားလက် ဆံပင် မဖြတ်ရဲ။ မကောက်ရဲ။ ဆံပင် ဖြတ်၍ ကောက်လာလျှင် ခေါင်းတုံး ရိတ်ပစ်မည်ဟု ရက် ဘတ်တလာက ကြိမ်းထားသည်။ ယခုတလော ရက် ဘတ်တလာကို ကြည့်ရသည်က တဇောက်ကန်း နိုင်နေသည်။ တကယ် လုပ်မည့်ပုံမျိုး။

ညနေခင်းက သာယာသည်။ နေခြည်ဖြာသော်လည်း ပူအိုက်ခြင်း မရှိ။ တောက်ပသော်လည်း စူးရဲခြင်း မရှိ။ လေပြည်က

မက်မုံပင်လမ်း တစ်လျှောက် သစ်ရွက်တွေကြားမှ တညင်းညင်း တိုက်လာသည်။ လေပြည်သုတ်သဖြင့် စကားလက် ဦးထုပ်မှ ငှက်တောင်များက ယိမ်းနွဲ့ ကခုန်နေကြ၏။ သူ့ နှလုံးသားသည်လည်း ကခုန်နေသည်။ အက်ရှလေနှင့် တွေ့ရတာ့မည်ဆိုလျှင် ဤသို့ ဖြစ်မြဲ။ ဟူးခ်ျနှင့် လားသမားများကို လခ ထုတ်ပေးပြီးလျှင် သစ်စက်တွင် မည်သူမျှ ရှိမည် မဟုတ်တော့။ သူနှင့် အက်ရှလေ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့မည်။ ယခုတလော၌ အက်ရှလေနှင့် နှစ်ယောက်ချင်း တွေ့ခွင့်ရဖို့ ဆိုသည်မှာ မလွယ်။ ယခု မီလာနီက သူ့ကို သူ့ယောက်ျားနှင့် နှစ်ယောက်တည်း တွေ့ခွင့်ရအောင် ဖန်တီးပေးလိုက်ပြီ။ ရယ်စရာကမူ အကောင်းသား။

ကုန်တိုက်သို့ ရောက်သည့်အခါတွင် စကားလက် စိတ်သည် ပေါ့ပါး ရွှင်လန်းလျက် ရှိ၏။ ဝီလ်နှင့် အခြား ကုန်တိုက်

စာရေးများကို ယနေ့ အရောင်းအဝယ် အကြောင်း မေးမြန်းခြင်း မပြုတော့။ ချက်ချင်း လခ ထုတ်ပေးလိုက်သည်။ စနေနေ့ဆိုလျှင် ကုန်တိုက်တွင် လူအကျ များသည်။ တောက ဈေးဝယ်များလည်း စုံသည်။ သို့ရာတွင် စကားလက်က ဘာမျှ မမေး။

သစ်စက်သို့ အသွားတွင် သားသားနားနား ဝတ်ထားသည့် ကော်ဇောအိတ်သမားများ၏ ဇနီးများနှင့် တွေ့သဖြင့်

အကြိမ်ပေါင်း တစ်ဒါဇင်ခန့် ရထားကို ရပ်၍ စကားပြောရသေးသည်။ သူတို့ အဝတ်အစားက သားနားသည် ဆိုသည့်တိုင် သူ့လောက်မူ သားနားခြင်း မရှိသည်ကို သတိပြုမိ၍ ကျိတ်ဝမ်းသာရသည်။ လမ်းတွင် ဦးထုပ် ချွတ်ပြ၍ နှုတ်ဆက်သည့် အမျိုးသားများနှင့်လည်း တွေ့ရသဖြင့် သူတို့နှင့်လည်း ရပ်၍ စကားပြောရသေးသည်။ ညနေခင်းက လှနေသည်။ စကားလက် ပျော်နေသည်။ သူ ဝတ်စားလာပုံက သားနားသည်။ လမ်းတွင် မိတ်ဆွေများနှင့် ရပ်၍ စကားပြောနေသည့်အတွက် သစ်စက်သို့ နောက်ကျ၍ ရောက်၏။ ဟူးခ်ျနှင့် လားသမားများ ပျဉ်ပုံပေါ်တွင် ထိုင်၍ သူ့ကို စောင့်နေကြသည်။

425



‘အက်ရှလေ ရှိသလား’



‘ရှိတယ်၊ ရုံးခန်းထဲမှာ’ ခါတိုင်း စိတ်ညစ်နေဟန်ရှိသည့် ဟူးခ်ျ၏ မျက်နှာသည် ရွှင်ပျ ကြည်လင်နေသည့် စကားလက်ကို

မြင်သဖြင့် လန်းလာသည်။ ‘စာရင်းတွေ ပြန်စစ်နေတယ် ထင်တယ်’

‘အို၊ ဒီနေ့ ဒါတွေ ဘာဖြစ်လို့ လုပ်နေရတာလဲ’ စကားလက်က ပြောပြီး အသံကို နှိမ့်၍ ဆက်ပြော၏။



‘ဒီနေ့ည ဧည့်ခံပွဲ စချိန်ကျမှ ရောက်အောင် အက်ရှလေကို တားထားပါလို့ မီလာနီက မှာလိုက်လို့’



ဟူးခ်ျက ပြုံးလိုက်သည်။ သူလည်း ဧည့်ခံပွဲသို့ သွားရမည် မဟုတ်လော။ ဟူးခ်ျက ဧည့်ခံပွဲများသို့ သွားချင်သည်။

ယနေ့ညနေ ဝတ်စားလာပုံကို ကြည့်၍ စကားလက်လည်း လူတော သူတော သွားရသည်ကို သူ့လို ဝါသနာပါပုံ ရသည်ဟု ထင်သည်။ စကားလက်က ဟူးခ်ျနှင့် လားသမားများကို လခ ရှင်းပေးသည်။ ထို့နောက် ရေးကြီးသုတ်ပျာဖြင့် ရုံးခန်းဘက်သို့ ထွက်သွားသည်။ သူ့ အမူအရာက မည်သူမျှ လိုက်မလာစေချင်သည့် အမူအရာ။ အက်ရှလေက သူ့ကို တံခါးဝမှ ဆီးကြိုသည်။ နေရောင်ထဲတွင် ရပ်နေသဖြင့် သူ့ဆံပင် ဝါလဲ့လဲ့သည် တောက်နေသည်။ ရယ်တော့မည်ဟန် ပြုံးလျက်။

‘ဒီအချိန်ကြီး ဘာဖြစ်လို့ မြို့ထဲ ထွက်လာတာလဲ၊ အိမ်မှာ မီလာနီက အစ်ကို့ မွေးနေ့ အထိမ်းအမှတ် အနေနှင့်

အရေးပေါ် ဧည့်ခံပွဲ လုပ်တာကို သွားမကူတော့ဘူးလား’

‘ဟင်၊ အစ်ကိုက ဘယ်လိုသိနေတာလဲ၊ အစ်ကို မသိအောင် တမင် တိတ်တဆိတ် လုပ်တာ’ စကားလက်

စိတ်တိုသွားသည်။ ‘မီလာနီတော့ စိတ်ပျက်သွားမှာပဲ’

‘အို မီလာနီ ရှေ့ကျတော့ မသိချင်ယောင်ဆောင်နေမှာပေါ့၊ အတ္တလန်တာ တစ်မြို့လုံးမှာ အံ့အားအသင့်ဆုံး

လူတစ်ယောက် ဟန်ဆောင်ရမှာပေါ့’

အက်ရှလေ့ မျက်လုံးများက ပြုံးရယ်လျက် ရှိ၏။



‘အစ်ကို့ကို ဘယ်သူ ပြောသလဲ၊ ပြောစမ်း’



‘ဖိတ်စာရတဲ့ လူတိုင်းက ပြောတယ်၊ ပထမဆုံး ပြောတာကတော့ ဗိုလ်ချုပ် ဂေါ်ဒွင်ပဲ၊ ဗိုလ်ချုပ် ဂေါ်ဒွင်က သူ့

အတွေ့အကြုံကို ပြောပြတယ်၊ အဲဒီ ကိစ္စမျိုးမှာ အမျိုးသမီးတွေက အရေးပေါ် ဧည့်ခံပွဲတွေ ကျင်းပရင် ယောက်ျားတွေက အိမ်က သေနတ်တွေကို ပြောင်းတိုက်ထားရတယ်တဲ့၊ ဘဘကြီး မယ်ရီဝယ်သာကလည်း အစ်ကို့ကို သတိပေးထားတယ်၊ တစ်ခါတုန်းက မစ္စက် မယ်ရီဝယ်သာက သူ့ မွေးနေ့အတွက် ခုလို ယောက်ျားကို အသိမပေးဘဲ အံ့ဩသွားအောင် လုပ်မယ်ဆိုပြီး အရေးပေါ် ဧည့်ခံပွဲကလေး တစ်ခု စီစဉ်သတဲ့၊ တကယ်ကျတော့ အံ့အားသင့်ရတဲ့လူက ဘဘကြီး မဟုတ်ဘူး၊ မစ္စက် မယ်ရီဝယ်သာ၊ ဘဘကြီးက ခါးကိုက်တယ်လို့ အကြောင်းပြပြီး အရက်တွေ သောက်လိုက်တာ အမူးလွန်ပြီး အိပ်ရာကတောင် မထနိုင်တော့ဘူးတဲ့၊ မစ္စက် မယ်ရီဝယ်သာဆိုတာ ဒေါပွလိုက်တာတဲ့၊ ယောက်ျား မသိအောင် တိတ်တိတ်ပုန်း ဧည့်ခံပွဲ လုပ်ဖို့ စီစဉ်ကြတိုင်း ဒီလို ဖြစ်တာပဲတဲ့၊ ယောက်ျားအံ့ဩအောင် လုပ်ပေမယ့် ကြိုသိပြီး မိန်းမတွေသာ အံ့ဩရတာချည်းပဲတဲ့’

‘ဒါတော့ ဆိုးတာပေါ့’

426



စကားလက် အော်သည်။ သို့ရာတွင် ပြုံးလျက်။



အက်ရှလေ ပြုံးပြီဆိုလျှင် ဝက်သစ်ချမြိုင်တွင် သူ ငယ်ငယ်က သိခဲ့သည့် အက်ရှလေ ရုပ်သွင် ပြန်ပေါ်လာသည်။ ယခုမူ

အက်ရှလေ တစ်ယောက် ပြုံးခဲဘိခြင်း။ လေညင်းက သုန်သုန်။ နေခြည်က ဖျော့ဖျော့။ အက်ရှလေ၏ မျက်နှာက ကြည်ကြည်။ အသံက သွက်သွက်။ ထို့ကြောင့် စကားလက် ပျော်နေသည်။ ပျော်လွန်းသဖြင့် ရင်ထဲတွင် ပြည့်ကျပ်၍ ပင်လာသည်။ ပျော်သည့် ဝန်၊ ချစ်သည့် ဝန်၊ မငိုရသည့် မျက်ရည်တို့၏ ဝန်ကို ထမ်းထားရသဖြင့် ရင်ထဲတွင် နာကျင်လာသည်ဟု ထင်မှတ်ရ၏။ ဆယ့်ခြောက်နှစ်သမီး ပြန်ဖြစ်သွားကာ ပျော်လာသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ကိုပင် ကောင်းကောင်း မရှူနိုင်။ ခေါင်းက ဦးထုပ်ကို ဆွဲချွတ်ကာ လေထဲသို့ မြှောက်ပြီး ‘ပျော်တယ်ဟေ့၊ ပျော်တယ်’ ဟု အော်လိုက်ချင်သည်။ ဤသို့ လုပ်လိုက်လျှင် အက်ရှလေ လန့်သွားလိမ့်မည်ကို တွေးမိသဖြင့် အနိုင်နိုင် ချုပ်တည်းထားရ၏။ စကားလက်က ရုတ်တရက် ရယ်လိုက်သည်။

မျက်ရည်ထွက်အောင်

ရယ်သည်။

အက်ရှလေကလည်း

ရယ်ရသည်ကို

သဘောကျသည့်အလား

ခေါင်းကို နောက်သို့ လှန်၍ အားရပါးရ ရယ်သည်။ မီလာနီ၏ လျှို့ဝှက်ချက်ကို သစ္စာဖောက်ပြီး ယောက်ျားအချင်းချင်း ပြန်ပြောကြခြင်းကြောင့် စကားလက် ရယ်သည်ဟု ထင်သဖြင့် ရယ်ခြင်း ဖြစ်သည်။

‘လာလေ စကားလက်၊ အစ်ကို စာရင်းတွေ စစ်လိုက်ဦးမယ်’



စကားလက် အခန်းကလေးထဲသို့ ဝင်လိုက်လာ၏။ အခန်းကလေးထဲတွင် ညနေခင်း နေရောင်သည် လင်းလျက် ရှိ၏။

စားပွဲခုံကြီးရှေ့ ကုလားထိုင်တွင် ဝင်ထိုင်သည်။ အက်ရှလေက နောက်က လိုက်လာပြီး စားပွဲကြမ်းကြီးတွင် ဝင်ထိုင်သည်။ သူ့ ခြေတံရှည်ကြီးများက တွဲလွဲကျနေသည်။

‘ဒီလို ညနေမျိုးမှာ စာရင်းတွေ အင်းတွေ တွက်မနေစမ်းပါနှင့် အစ်ကိုရယ်၊ စကားလက် ခေါင်းရှုပ် မခံချင်ဘူး၊

စကားလက်ကတော့ တစ်မျိုးပဲ၊ ဦးထုပ်လှလှဆောင်းပြီဆိုရင် ကိန်းတွေ ဂဏန်းတွေ စကားလက် ခေါင်းထဲမှာ တစ်လုံးမှ မရှိတော့ဘူး၊ အားလုံး ထွက်ပြေးကုန်တာပဲ’

‘ဟုတ်တယ်၊ ဒီလို ဦးထုပ်လှလှကလေး ဆောင်းလိုက်တော့ ကိန်းဂဏန်းတွေ မနေနိုင်တော့ဘူး၊ စကားလက် ဒီနေ့

ညနေမှာ ပိုပြီး လှနေတယ်’

အက်ရှလေက စားပွဲပေါ်မှ လျှောဆင်းသည်။ စကားလက်၏ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ကာ စကားလက်၏

ဝတ်စုံကို ကြည့်၏။ ‘စကားလက်က လှတုန်းပဲနော်၊ အသက် ကြီးလာတယ်လို့တောင် မထင်ရဘူး’

အက်ရှလေက သူ့ကို ကြည့်လိုက်သည်နှင့် ဤသို့ ပြောလိမ့်မည်ဟု စကားလက် အလိုလိုသိပြီးသား ဖြစ်နေသည်။

ပျော်စရာ ညနေခင်းတွင် သူ့လက်များ၏ ပူနွေးသည့် အတွေ့ကို စကားလက် တောင့်တသည်။ နူးညံ့သည့် သူ့မျက်လုံးများကို စကားလက် တွေ့ချင်သည်။ သူ့ကို ကြင်နာသေးကြောင်း ပြသည့် သူ့စကားကို စကားလက် ကြားချင်သည်။ အေးစိမ့်သည့် နေ့တစ်နေ့ မြိုင်သာယာက သစ်သီးခြံထဲတွင် နှစ်ယောက်ချင်း တွေ့ခဲ့ပြီးသည့်နောက် ယခု တစ်ကြိမ် ပထမဆုံး နှစ်ယောက်ချင်း ပြန်တွေ့ရခြင်းဖြစ်၏။ ထိုကာလအတွင်း၌ စကားလက်သည် အက်ရှလေနှင့် နီးနီးကပ်ကပ် တွေ့ချင်ခဲ့သည်။ ယခု တွေ့ရပြီ။ သို့ရာတွင်-

427



ဆန်းနေသည်။ သူ့လက်များဖြင့် လာထိသည့်အခါ၌ စကားလက် စိတ်လှုပ်ရှားခြင်း မဖြစ်တော့။ ယခင်ကဆိုလျှင်

သူနှင့် နီးနီးကပ်ကပ် နေရုံမျှဖြင့် စကားလက် ရင်တဆတ်ဆတ် တုန်သည်။ ယခုမူ ထူးဆန်းသည့် ခင်မင်ရင်းနှီးမှုမျိုး၊ ကျေနပ်မှုမျိုးကိုသာ စကားလက် ခံစားရ၏။ သူ့လက်များမှ တရှိန်ရှိန် ပူသည့် အငွေ့တစ်မျိုးကို မရ။ စကားလက်၏ နှလုံးသည် တသိမ့်သိမ့် ဖြစ်သော ကြည်နူးခြင်းဖြင့် တိတ်ဆိတ်လျက် ရှိသည်။ စကားလက် သူ့ကိုယ်သူ နားမလည်နိုင်။ စိတ်ပျက်ခြင်း ဖြစ်ရသည်။ သူသည် မိမိ ချစ်သော အက်ရှလေ ဖြစ်မြဲ။ တောက်ပ ပျိုရွယ်၍ ချစ်ဖွယ်ကောင်းသည့် အက်ရှလေ ဖြစ်မြဲ။ အက်ရှလေကို သူ့ အသက်ထက် မြတ်နိုးဆဲ။ သို့ရာတွင် ယခု အဘယ့်ကြောင့်

သို့ရာတွင် စကားလက် ထိုအတွေးကို စိတ်ထဲမှ မောင်းထုတ် ပစ်လိုက်သည်။ မည်သည့် ခံစားချက်မျိုး ပေါ်ပေါ်

သူနှင့် နှစ်ယောက်ချင်း တွေ့ရလျှင်၊ သူ့လက်ကို ကိုင်ထားသည်ဆိုလျှင်၊ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ သူ့ကို ပြုံးကြည့်လျှင် စကားလက် အဖို့ လုံလောက်ပြီ။ ကျေနပ်ပြီ။ ရင်ထဲမှ ထုတ်မပြောသည့် စကားများအကြောင်းကို တွေးနေစဉ် ဤခံစားချက်မျိုး ပေါ်လာခြင်းမှာ အံ့ဩဖို့မူ ကောင်းသည်။ အက်ရှလေ၏ မျက်လုံးများက သူ့ မျက်လုံးများကို စိုက်ကြည့်နေ၏။ ကြည်လင်လျက်။ တောက်ပလျက်။ သူ နှုတ်ဆက်သည့် အပြုံးမျိုးကို ပြုံးလျက်။ သူတို့နှစ်ဦးကြားတွင် ပျော်ရွှင်မှုမှအပ အခြား ဘာမျှ မရှိသည့်နှယ် ပြုံးလျက်။ ယခု သူတို့ မျက်လုံးနှစ်စုံ အကြားတွင် မည်သည့် အတားအဆီးမျှ မရှိတော့။ စိတ်ရှုပ်ဖွယ် ဝေးကွာမှု မရှိတော့။ စကားလက် ရယ်လိုက်သည်။

‘စကားလက် အိုစာကျနေပါပြီ အစ်ကိုရယ်’



‘ဒါက စကားလက် ထင်တာပဲ၊ အစ်ကို့အဖို့ကတော့ စကားလက် အသက် ခြောက်ဆယ်ကျရင်လည်း ဒီလိုပဲ နေမှာပဲ၊

အစ်ကို့ စိတ်ထဲမှာ နောက်ဆုံး ကောင်လုံးကင် ပျော်ပွဲစာတုန်းက ရုပ်ကိုပဲ မြင်နေတယ်၊ ဝက်သစ်ချပင်ကြီး အောက်မှာ ထိုင်လို့၊ ဘေးမှာ လူပျိုတွေ ပတ်ချာဝိုင်းလို့၊ စကားလက် ဝတ်တဲ့ အဝတ်အစားကိုတောင် အစ်ကို ခုထိ မှတ်မိသေးတယ်၊ အဖြူပေါ်မှာ အစိမ်းနုရောင်ပန်းပွင့်ကလေးတွေနှင့် အင်္ကျီကို ဝတ်လို့၊ ပခုံးမှာ ဇာပဝါကလေး ခြုံထားတယ်၊ ဦးထုပ်က မြက်ဦးထုပ် ချောချောကလေး ပန်းဖွားစိမ်းကလေးတွေနှင့်၊ ဒီအဝတ်အစားကို အစ်ကို အလွတ်ရနေတယ်လေ၊ အစ်ကို ထောင်ထဲမှာ ရှိတုန်းက စိတ်ညစ်ညစ်ရှိလာပြီဆိုရင် ငယ်ငယ်က အဖြစ်အပျက်တွေကို တစ်ခုချင်း လက်ချိုးရေပြီး ပြန်စဉ်းစားတာပဲ၊ အရုပ်ကား ကလေးတွေကို ပြန်ထုတ်ကြည့်သလို ပြန်ကြည့်တာပဲ၊ အသေးစိတ်ကလေးတွေက အစ ပြန်စဉ်းစား-’

အက်ရှလေက စကားဖြတ်လိုက်၏။ လန်းနေသည့် သူ့မျက်နှာသည် ညှိုးသွားသည်။ စကားလက်၏ လက်နှစ်ဖက်ကို

ဖြည်းညင်းစွာ ပြန်ချသည်။ စကားလက်က သူ့စကားများကို စောင့်နေသည်။

‘ကောင်လုံးကင် ပျော်ပွဲစားပြီးတဲ့နောက်မှာ အစ်ကိုတို့ နှစ်ယောက်စလုံးရဲ့ ဘဝတွေဟာ အများကြီး ပြောင်းခဲ့ကြပြီနော်

စကားလက်၊ အစ်ကိုတို့ သွားရမယ်လို့ မမျှော်လင့်တဲ့ လမ်းတွေကို လျှောက်ခဲ့ကြပြီးပြီ၊ စကားလက်က အဲဒီလမ်းခရီးမှာ မြန်မြန်သွားတယ်၊ တိုက်ရိုက်သွားခဲ့တယ်၊ အစ်ကိုက နှေးနှေး သွားခဲ့တယ်၊ စိတ်မပါ့တပါ သွားခဲ့တယ်’

အက်ရှလေက စားပွဲပေါ်တွင် ပြန်ထိုင်ပြီး သူ့ကို ကြည့်သည်။ မျက်နှာတွင် အပြုံးလဲ့လဲ့ ပြန်ပေါ်စ ပြုလာ၏။

သို့ရာတွင် စကားလက်ကို ရွှင်ပြုံး ကြည်နူးစေခဲ့သည့် စောစောက အပြုံးမျိုးမဟုတ်တော့။ ဟာလာဟင်းလင်းဖြစ်သည့် အပြုံး။ ခြောက်သွေ့သည့်အပြုံး။

428



‘ဟုတ်တယ်၊

ဒီခရီးမှာ

စကားလက်က

အမြန်သွားတယ်၊

စကားလက်ရဲ့ရထားဘီးမှာ

အစ်ကို့ကို

တရွတ်ဆွဲ

ခေါ်သွားခဲ့တယ်၊ တစ်ခါတလေကျတော့ ကိုယ့်ကိုယ်ကိုယ် ဘေးလူတစ်ယောက် အနေနှင့် ပြန်ကြည့်မိတယ် သိလား၊ စကားလက်သာ မရှိခဲ့ရင် အစ်ကိုဟာ ဘယ်လို ဘဝမျိုးကိုများ ရောက်နေမလဲ မသိဘူးလို့ တွေးကြည့်မိတယ်’

စကားလက်က သူ့ကို ခပ်သွက်သွက် အားပေးသည်။ ခပ်သွက်သွက် အားမပေးလျှင် အက်ရှလေနှင့် ပတ်သက်၍

ပြောဖူးသည့် ရက် ဘတ်တလာ၏ စကားများက ခေါင်းထဲသို့ ရောက်လာလိမ့်မည်။ အက်ရှလေသည် စကားလက်ကို မှီခို အားထားနေရသည်ဟု ရက် ဘတ်တလာက ပြောခဲ့ဖူးသည် မဟုတ်လော။

‘စကားလက်က အစ်ကို့အတွက် ဘာများကြီးကြီးကျယ်ကျယ်တွေ လုပ်ပေးဖူးလို့လဲ၊ စကားလက် မရှိရင်လည်း အစ်ကို

ဒီအတိုင်းပဲဖြစ်မှာပေါ့၊ တစ်နေ့ကျရင် အစ်ကိုဟာ သူဌေးကြီးတစ်ယောက် ဖြစ်လာမှာပါ၊ အစ်ကို ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ကျော်မျိုးကြီး ဖြစ်လာမှာပါ’

‘မဖြစ်နိုင်ပါဘူး စကားလက်ရယ်၊ အစ်ကို့မှာ ပုဂ္ဂိုလ်ကျော်ကြီး ဖြစ်မယ့် ပါရမီမျိုး မပါပါဘူး၊ စကားလက်သာ မရှိရင်

အစ်ကိုဟာ ကက်သလင်း ကားလ်ဗတ်တို့လို ဘာမှ မဟုတ်ဘဲ ဆင်းဆင်းရဲရဲ မထင်မရှားနှင့် ပျောက်ကွယ်သွားရမှာပါ၊ ဟိုတုန်းက နာမည်ကြီး ပုဂ္ဂိုလ်တွေလည်း ဒီလိုပဲ ပျောက်ကွယ်သွားကြရတာပဲ မဟုတ်လား’

‘အို အစ်ကိုကလည်း မဟုတ်တာကွယ်၊ အစ်ကို ပြောတဲ့စကားတွေက ဝမ်းနည်းသံပါလိုက်တာ’



‘ဟင့်အင်း၊ ဝမ်းမနည်းပါဘူး၊ နောင်လည်း ဝမ်းမနည်းတော့ပါဘူး၊ တစ်ခါတုန်းကတော့ ဝမ်းနည်းခဲ့ဖူးတယ်၊ ခုတော့

ဟိုဒင်း-’

အက်ရှလေက စကား ဖြတ်လိုက်၏။ အက်ရှလေ မည်သို့ တွေးနေသည်ကို စကားလက် ချက်ချင်း သိလိုက်သည်။

သူ့မျက်လုံးများဖြင့် ပခုံးကိုကျော်၍ ကြည့်နေပြီဆိုလျှင် အက်ရှလေ မည်သည့်အကြောင်း စဉ်းစားနေသည်ကို ပထမဆုံး အကြိမ် စကားလက် ပြတ်ပြတ်ထင်ထင် သိလာ၏။ မိမိ၏ ရင်ထဲတွင် အက်ရှလေကို ချစ်သည့် စိတ်တို့ ဘောင်ဘင်ခတ်နေပြီဆိုလျှင် တံခါး ပိတ်ထားသည့်နှယ် အက်ရှလေ၏ စိတ်ကိုမှန်းဆ၍ မရတော့။ သူတို့ နှစ်ဦးကြားတွင် ရိုးရိုးသားသား ခင်မင်စိတ်မျိုး ပေါ်နေသည်ဆိုလျှင် အက်ရှလေ၏ စိတ်ကို စကားလက် ခန့်မှန်း၍ လွယ်သည်။ နားလည်၍ ရသည်။ အက်ရှလေသည် ဝမ်းနည်းခြင်း မဖြစ်တော့။ ပြည်တွင်းစစ် ပြီးခါစတုန်းကမူ အက်ရှလေ ဝမ်းနည်းသည်။ အတ္တလန်တာသို့ လာ၍ အလုပ် လုပ်ဖို့ ခေါ်စဉ်ကလည်း အက်ရှလေ ဝမ်းနည်းသည်။ ယခုမူ ကြိတ်မှိတ် ခံခြင်းမျိုး ဖြစ်သည်။

‘ဒီလို မပြောစမ်းပါနှင့် အစ်ကိုရယ်၊ စကားလက် နားခါးလွန်းလို့ပါ’ စကားလက်က ခါးခါးသီးသီး ပြောလိုက်၏။ ‘အစ်ကို

ပြောတဲ့ လေသံက ရက် ဘတ်တလာရဲ့ လေသံနှင့် သိပ်တူတာပဲ၊ ရက် ဘတ်တလာလည်း ဒီလိုပဲ၊ ပြောလိုက်ရင် တစ်မျိုးကြီး၊ ခံနိုင်ရည် ရှိတဲ့ လူသာ အသက်ရှင် ကျန်တယ်တဲ့၊ စကားလက် ဒီစကားကို သိပ်မုန်းတာပဲ၊ သိပ်နားကြားပြင်း ကတ်တာပဲ’

အက်ရှလေက ပြုံးသည်။



‘ရက် ဘတ်တလာနှင့် အစ်ကိုဟာ အခြေခံအားဖြင့် တော်တော် တူတယ် စကားလက်’

429



‘အို၊ ဘယ်ကလာ တူရမှာလဲ၊ အစ်ကိုက စိတ်သဘော ကောင်းတယ်၊ သိက္ခာရှိတယ်၊ သူက-’



စကားလက်က မည်သို့ ပြောရမှန်းမသိသဖြင့် ရပ်လိုက်၏။



‘ဒါပေမယ့် တူတယ် စကားလက်၊ အစ်ကိုတို့ နှစ်ယောက်ဟာ အတန်းအစား တစ်ခုထဲက မွေးလာကြတယ်၊

တစ်ပုံစံတည်း ကြီးပြင်းလာကြတာ၊ တွေးတော့လည်း တစ်မျိုးတည်း တွေးလာကြတာ၊ ဒါပေမယ့် လမ်းခရီးမှာတော့ အစ်ကိုတို့ ကွဲသွားကြတယ်၊ သူက တစ်ဖက်ကို ကွေ့သွားတယ်၊ အစ်ကိုက တစ်ဖက်ကို ကွေ့သွားတယ်၊ အစ်ကိုတို့ တွေးပုံဟာ ခုထက်ထိလည်း အတူတူပဲ၊ ဒါပေမယ့် တုံ့ပြန်ပုံချင်းတော့ မတူကြဘူး၊ ဥပမာဆိုပါတော့၊ အစ်ကိုတို့ နှစ်ယောက်စလုံး စစ်ကို မလိုလားကြဘူး၊ စစ်ကို မုန်းတယ်၊ ဒါပေမယ့် အစ်ကိုက တပ်ထဲဝင်ပြီး စစ်ပွဲထဲ ဝင်တိုက်ခဲ့တယ်၊ သူက စစ်ပြီးခါနီးအထိ အပြင်မှာ နေခဲ့တယ်၊ အစ်ကိုတို့ တိုက်တဲ့ စစ်ပွဲဟာ မှားတယ်လို့ အစ်ကိုတို့ နှစ်ယောက်စလုံးက ယူဆတယ်၊ ဒီစစ်ပွဲဟာ ရှုံးမယ့် စစ်ပွဲဆိုတာလည်း မြင်ကြတယ်၊ အစ်ကိုက ရှုံးတဲ့ စစ်ပွဲကို တိုက်ချင်တယ်၊ သူက ရှုံးတဲ့ စစ်ပွဲကို မတိုက်ချင်ဘူး၊ တစ်ခါတလေ ကျတော့လည်း သူ လုပ်တာ မှန်သားပဲလို့ အောက်မေ့မိတယ်၊ ပြီးတော့-’

‘အစ်ကိုဟာ ကိစ္စတစ်ရပ်ကို ကြည့်ရင် အမြဲတမ်းဟိုဘက် ဒီဘက် မျှကြည့်နေတာပဲ၊ ဘယ်တော့များမှ တစ်ဖက်တည်း

ရှင်းရှင်းလင်းလင်း မြင်မလဲ မသိဘူး’ စကားလက်က မေး၏။ ‘ကိစ္စ တစ်ရပ်ကို နှစ်ဖက် မျှကြည့်ပြီး မပြတ်မသား မြင်နေတဲ့ လူ တစ်ယောက်ဟာ ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး၊ ဘာမှ ဖြစ်မှာ မဟုတ်ဘူး’

‘ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမယ့်စကားလက်ကကော ဘာဖြစ်ချင်တာလဲ၊ မကြာ မကြာ အစ်ကို စဉ်းစားခဲ့ဖူးတယ်၊

အစ်ကိုကတော့ လောကကြီးမှာ ဘာမှ မဖြစ်ချင်ဘူး၊ အစ်ကိုဟာ အစ်ကိုပဲဖြစ်ချင်တယ်’

ဘာဖြစ်ချင်သနည်းဟု အက်ရှလေက မေးနေပြီ။ မေးခွန်းက တော်တော်ခွကျသည့် မေးခွန်း။ ဘာဖြစ်ရမည်နည်း။

ပိုက်ဆံ ချမ်းသာချင်သည်ပေါ့။ ဘဝ လုံခြုံမှု ရှိချင်သည်ပေါ့။ သို့တိုင်အောင် သူ့ မေးခွန်းကို ကြားလိုက်ရသည့်အခါ၌ စကားလက် နားဝေတိမ်တောင် ဖြစ်သွားသည်။ မလုံခြုံသည့် လောကကြီးတွင် စကားလက်အဖို့ အထိုက်အလျောက် လုံခြုံမှု ရနေပြီ။ အထိုက်အလျောက် ပိုက်ဆံ ရှိနေပြီ။ သို့ရာတွင် ယခု ပြန်စဉ်းစားလိုက်သည့်အခါတွင် ဤမျှနှင့် မလုံလောက်သေးဟု ထင်သည်။ မနက်ဖြန်အတွက် မစိုးရိမ်ရတော့သည့်တိုင် သုတ်သီးသုတ်ပျာ မဖြစ်ရတော့သည့်တိုင် ဤမျှလောက်နှင့်မူ မလုံလောက်သေး၊ ပျော်ရွှင်မှု မရသေးဟု စကားလက်ထင်၏။ ပိုက်ဆံ ရှိလျှင်၊ လုံခြုံမှု ရှိလျှင်၊ ထိုနောက် အက်ရှလေ ရှိလျှင်မူ သူ လိုချင်သည့် အရာ၊ သူ ဖြစ်ချင်သည့် အရာကို ရပြီဟု စကားလက် ထင်သည်။ စကားလက် သူ့ကို တမ်းတသည့်အကြည့်ဖြင့် ကြည့်သည်။ သို့ရာတွင် စကားလက် ထုတ်မပြော။ ထုတ်ပြောလျှင် သူတို့နှစ်ဦးကြားထဲက ခင်မင်မှုကလေး ပျက်သွားလိမ့်မည်။ အက်ရှလေ၏ စိတ်သည် တံခါး ပိတ်သွားလိမ့်မည်။

‘အစ်ကိုဟာ အစ်ကိုပဲဖြစ်ချင်တယ် ဟုတ်လား’ စကားလက်က အရွဲ့တိုက်၍ ရယ်၏။ ‘စကားလက်လည်း စကားလက်ပဲ

ဖြစ်ချင်တာပေါ့၊ ဒါပေမယ့် အဲဒီလိုဖြစ်ဖို့က အခက်ဆုံးပဲ အစ်ကို၊ စကားလက် ဘာဖြစ်ချင်သလဲ ဆိုတာနှင့် ပတ်သက်လို့တော့ စကားလက် ဖြစ်ချင်တာကို ဖြစ်နေပြီလို့ ထင်တာပဲ၊ စကာလက် ချမ်းသာချင်တယ်၊ ဘဝ လုံခြုံမှု ရှိချင်တယ်၊ ပြီးတော့-’

‘ကိုယ်ကတော့ ဆင်းရဲ ဆင်းရဲ၊ ချမ်းသာ ချမ်းသာ၊ ဒါတွေ သိပ် အရေးမကြီးပါဘူး၊ ဒါကိုကော စကားလက်

သဘောပေါက်ရဲ့လား မသိဘူး’

430



စကားလက် သဘောမပေါက်။ မချမ်းသာချင်သူဟူ၍ ရှိလိမ့်မည် မထင်။



‘ဒါဖြင့် အစ်ကိုက ဘာကို လိုချင်တာလဲ’



‘ခုတော့ မသိသေးဘူး၊ တစ်ခါကတော့ သိခဲ့ဖူးတယ်၊ ဒါပေမယ့် ခု မေ့သလိုလို ဖြစ်နေပြီ၊ တစ်ယောက်တည်း

အေးအေးဆေးဆေး နေချင်တယ်၊ ကိုယ် မကြိုက်တဲ့ လူတွေ ခိုင်းတာကို မလုပ်ချင်ဘူး၊ တစ်နည်းပြောရရင် ဟိုတုန်းက ခေတ်ကို ပြန်ရောက်ချင်တယ်၊ ဒါပေမယ့် ဒီခေတ်ဟာ ပြန်လာမှာလည်း မဟုတ်တော့ဘူး၊ ဒီတော့ အစ်ကို့မှာ အဲဒီ ခေတ်ဟောင်းရဲ့ တစ္ဆေ အမြဲ အခြောက်ခံနေရတယ်၊ ပြိုကွဲ ပျက်စီးသွားတဲ့ အစ်ကိုတို့ ခေတ်၊ အစ်ကိုတို့ လောကရဲ့တစ္ဆေ အမြဲ အခြောက်ခံနေရတယ်’

စကားလက်က ပါးစပ်ကို ခပ်တင်းတင်း စေ့ထား၏။ သူ ပြောသည့်စကားကို နားမလည်၍ မဟုတ်။ သူ့အသံက

ဆွေးမြည့်သံ ပါသည်။ သူ့အသံကို နားထောင်ပြီး ခေတ်ဟောင်းကို ပြန်၍ လွမ်းသည်။ ပြန်၍ အောက်မေ့သည်။ သူ့ နှလုံးသည် နာကျင်ကိုက်ခဲလာ၏။ သို့ရာတွင် ဝက်သစ်ချမြိုင်က စိုက်ခင်းထဲတွင် မူးမေ့ လဲသွားသည့် နေ့မှစ၍ ‘ငါ နောက်ကို ပြန်မကြည့်တော့ဘူး’ ဟု သူ ဆုံးဖြတ်ခဲ့ပြီ မဟုတ်လော။ စကားလက် အတိတ်ကို မျက်နှာ လွှဲခဲ့ပြီးပြီ။

‘စကားလက်ကတော့ ခုခေတ်ကို ပိုပြီး သဘောကျတယ်’ စကားလက်က ပြော၏။ သို့ရာတွင် အက်ရှလေနှင့် မျက်လုံးချင်း

မဆိုင်။ ‘ခု ခေတ်မှာ နေရတာက ပျော်စရာကြီး၊ စိတ်ဝင်စားစရာတွေ အမြဲ တွေ့နေရတယ်၊ ဧည့်ခံပွဲတွေ ရှိတယ်၊ ကပွဲတွေ ရှိတယ်၊ အို စုံလို့ပဲ၊ ဒီခေတ်ကြီးက ဘယ်နေရာ ကြည့်ကြည့် တောက်တောက်ပပ ထိန်ထိန် လက်လက်နှင့်၊ ပျော်စရာတွေ ချည်းပဲ၊ ဟိုခေတ်က ပျင်းစရာ၊ ငြီးငွေ့စရာကြီး’ (စင်စစ်မူ အေးဆေး၍ နွေးထွေး ရိပ်ငြိမ်သည့် ကျေးလက်ဆည်းဆာများ၊ အစေခံ တန်းလျားများမှ နူးညံ့ တိုးတိတ်သည့် ရယ်သံများကို စကားလက် လွမ်းသည်။ ထိုစဉ်က ဘဝက နွေးနွေးထွေးထွေး ပျော်စရာ။ အနာဂတ်က တောက်တောက်ပပ။ ကြည်ကြည် လင်လင်။ အမှန်၌ အက်ရှလေ ပြောသည့် စကားကို သူ မငြင်းနိုင်။)

‘စကားလက်ကတော့ ခုခေတ်ကို ပိုပြီး သဘောကျတယ်’



ပြောမည့်သာ ပြောရသည်။ အသံက တုန်ယင်လျက်။



အက်ရှလေက စားပွဲပေါ်မှ လျှောဆင်း၏။ မယုံနိုင်သည့်ဟန် ခပ်အုပ်အုပ် ရယ်နေသည်။ စကားလက်၏ မေးကို

ဆွဲယူ၍ မော့လိုက်သည်။

‘စကားလက် လိမ်ပြောပုံကလည်း မပိရိလိုက်တာကွယ်၊ ဟုတ်ပါတယ်၊ တစ်နည်းအားဖြင့်တော့ ဒီခေတ်ကြီးဟာ

ထိန်ထိန်လက်လက် တောက်တောက်ပပ ပါပဲ၊ အဲဒါကြောင့် ခု ခက်နေတာပေါ့၊ ရှေးတုန်းက ခေတ်က ခုခေတ်လို အရောင် မထွက်ဘူး၊ ပျော်စရာ မကောင်းဘူး၊ ဒါပေမယ့် လွမ်းစရာ ကောင်းတယ်၊ လှတယ်၊ အေးဆေးတည်ငြိမ်တဲ့ ဂုဏ်ဒြပ် ရှိတယ်’

စကားလက်၏ စိတ်သည် လွန်ဆွဲလျက် ရှိ၏။ မျက်လွှာကို ချလိုက်သည်။ သူ့အသံ သူ့ အထိအတွေ့သည် အသေ

ပိတ်ထားခဲ့သည့် စကားလက်၏ စိတ်တံခါးကို ဖြည်းညင်းစွာ ဖွင့်လျက် ရှိ၏။ ထိုတံခါး၏ နောက်ကွယ်တွင် သူတို့ ငယ်ငယ်က ခေတ်၏ အလှ။ အလှကို လွမ်းသည့် အလွမ်းသည် သူ့ရင်ထဲတွင် ပြည့်လျှံနေသည်။ သို့ရာတွင် ထိုခေတ်သည် မည်မျှ လှသည် ဖြစ်စေ၊ မည်မျှ လွမ်းစရာ ကောင်းသည်ဖြစ်စေ ရင်ထဲတွင် တံခါး ပိတ်၍သာ ထားရလိမ့်မည်။ လွမ်းစရာ၊ ဆွေးစရာတွေ တစ်ထမ်းကြီးဖြင့် ရှေ့သို့ ခရီးဆက်သွား၍ မဖြစ်။

431



အက်ရှလေက သူ့မေးကို လွှတ်လိုက်ပြီး စကားလက်၏ လက် တစ်ဖက်ကို သူ့လက်ဖြင့် အုပ်ကိုင်ထားသည်။



‘စကားလက် မှတ်မိသေးလား’



အက်ရှလေက မေးသည်။ ‘နောက်ပြန် မကြည့်နှင့်၊ နောက်ပြန် မကြည့်နှင့်’ ဟု စကားလက် စိတ်ထဲတွင် သတိပေး

ခေါင်းလောင်းသံ မြည်နေသည်။

သို့ရာတွင် သတိပေးသံကို စကားလက် သတိမမူ။ စကားလက်၏ စိတ်သည် ပျော်လာ၏။ အက်ရှလေကို

နားလည်လာသည်။ သူတို့ စိတ်နှစ်စိတ်သည် ပေါင်းမိကြသည်။ ဤ အချိန်ကလေးသည် အဖိုးတန်သည်။ အဆုံးမခံနိုင်။ နောင်တွင် မည်မျှ နာကျင် ထိခိုက်သည် ဖြစ်စေ ဤအချိန်ကလေးကို စကားလက် အဆုံးရှုံး မခံနိုင်။

‘စကားလက် မှတ်မိသေးလား ဟင်’



အက်ရှလေက

ပြန်ပြောနေသည်။

အက်ရှလေ၏

စကားသံ

အောာက်တွင်

သစ်ခွဲစက်

ရုံးခန်းကလေးသည်

တဖြည်းဖြည်း မှုန်ဝါးသွားသည်။ နှစ်ဟောင်းများသည် ပြန်ပေါ်လာကြ၏။ နှောင်းလုဆဲ နွေဦး၌ သူတို့နှစ်ယောက် တောထဲက လူသွားလမ်းကလေး တစ်လျှောက် မြင်းစီးနေကြသည်။ ရှေးဟောင်း နှောင်းဖြစ်များကို ပြန်ပြောရင်း သူ့လက်ကို ဆုပ်ထားသည့် အက်ရှလေ၏ လက်များသည် တင်းကျပ်လာကြ၏။ သူ့အသံသည် မေ့လုမေ့ခင် သီချင်းဟောင်းများ၏ လွမ်းစရာ့ သဘောကို ဆောင်လာသည်။ တာလက်တန်တို့ ပျော်ပွဲစားသို့ သွားခဲ့ကြပုံ၊ ရယ်သံ တလွင်လွင်ဖြင့် အပူအပင် မရှိ ရယ်ခဲ့ပုံ၊ အက်ရှလေ၏ ဝါလဲ့လဲ့ ဆံပင်များပေါ်သို့ နေခြည် ဖြာကျနေပုံ၊ ခါးကို မတ်လျက် သက်သောင့်သက်သာ မြင်းစီးလာပုံ၊ မြင်းဇက်သံများ တချွင်ချွင် မြည်နေပုံ၊ ဝက်သစ်ချမြိုင် အိမ်ဖြူဖြူကြီးတွင် ဗျတ်စောင်းသံ၊ ဘင်ဂျိုသံ တမြိုင်မြိုင်ဖြင့် ကခဲ့ကြပုံ၊ အေးမြသည့် ဟေမန်ဦး လသာရက်များ၌ ကိုင်းတောစပ်ထဲမှ စွေ့မြည်သံများကို ကြားရပုံ၊ နာတာလူး ပွဲတော်ညများတွင် သစ္စာပန်းများဖြင့် ရံထားသည့် အိုးကြီးများထဲ၌ ကြက်ဥ၊ နို့နှင့် အရက်တို့ ရောခေါက်ထားသည့် အနံ့ မွှေးပျံ့နေပုံ၊ သူတို့မျက်နှာများတွင် အပြုံးတွေ ဝေနေကြပုံတို့ကို စကားလက် မြင်ယောင်သည်။ သူငယ်ချင်း ပေါင်းဟောင်း သင်းဟောင်းများ၏ မျက်နှာများသည် ပြုံးလျက် ပေါ်လာကြ၏။ အသက်ရှင်နေကြသေးသည့်နှယ် ဆံပင် နီနီ ခြေတံ ရှည်ရှည်နှင့် အလွန် အကျီစားသန်သည့် စတူးဝပ်နှင့် ဖရင့်တို့ အမြွှာ ညီအစ်ကို။ မြင်းပေါက်ကလေးများလို မြူးတူးနေကြသည့် တွမ်နှင့် ဘွိုက်တို့ ညီအစ်ကို။ မျက်လုံး နက်နက်များနှင့် ဂျိုးဖွန်တိန်။ ခပ်အေးအေး နေတတ်သည့် ကိတ်နှင့် ရေဖို့ကားလ်ဗတ် ညီအစ်ကို။ ဦးကြီး ဂျွန်ဝီလ်ကီ။ ဘရန်ဒီ တန်ခိုးဖြင့် မျက်နှာ နီရဲနေသည့် ဖေဖေ။ ခပ်တိုးတိုး စကားပြောတတ်၍ ဆောင်တော်ကူးနံ့ သင်းနေသည့် မေမေ။ ထိုလူများ အားလုံးကို စကားလက် မြင်ယောင်လာသည်။ ထိုအရာများ အားလုံးပေါ်၌ ဘဝ လုံခြုံမှု ရှိသည်ဟူသော အသိ။ နက်ဖြန်သည်လည်း ယနေ့ သည်ကဲ့သို့ပင် ပျော်ရွှင်စရာများဖြင့် ရှိနေလိမ့်မည်ဟု မျှော်လင့်ခြင်း စသည်တို့သည် ပေါ်လာကြ၏။

အက်ရှလေ၏ အသံက ရပ်သွား၏။ သူတန့ို စှ ဥ်ီးသည် တစ်ယောက်ကတို စ်ယောက် အတန်ကြာ စုကိြ် ကည့်နေမိကြသည်။

သူတို့နှစ်ဦး၏ စိတ်သည် ကုန်ဆုံးသွားသည့် နေခြည်ဖြာသော လူငယ် ဘဝသို့ ပြန်ရောက်နေကြသည်။

‘အစ်ကို ဘာကြောင့် မပျော်တော့သလဲဆိုတာ ခု စကားလက် သိပါပြီ အစ်ကို’ စကားလက် စိတ်ထဲတွင် ဝမ်းပန်းတနည်း

တွေးနေသည်။ ‘အရင်တုန်းကတော့ စကားလက် နားမလည်ခဲ့ဘူး၊ စကားလက်လည်း မပျော်ဘူး၊ ဒါပေမယ့် ဘာကြောင့် မပျော်သလဲဆိုတာ အရင်တုန်းက စကားလက်ကိုယ်တိုင်လည်း နားမလည်ခဲ့ဘူး၊ ဒါပေမယ့် စကားလက်တို့ ဘာဖြစ်လို့

432

အဘိုးကြီး အမယ်ကြီးတွေလို ပြောနေမိကြတာလဲ’ စကားလက် တအံ့တဩ တွေးမိသည်။ ‘ဟုတ်တယ်၊ စကားလက်တို့ ပြောနေကြတဲ့ စကားတွေဟာ အသက်ငါးဆယ်ကျော် အဘိုးကြီး အမယ်ကြီးတွေ ပြောကြတဲ့ စကားမျိုးတွေ ဖြစ်နေတယ်၊ ဒီနှစ်တွေ အတောအတွင်းမှာ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့ကြတယ်၊ အပြောင်းအလဲတွေက သိပ်များလွန်း မြန်လွန်းတော့ အနှစ်ငါးဆယ်လောက် ကြာသွားပြီလို့တောင် ထင်ရတယ်၊ ဒါပေမယ့် စကားလက်တို့ မအိုသေးပါဘူး အစ်ကို’

သို့ရာတွင် အက်ရှလေကို ကြည့်လိုက်သည့်အခါ၌ အက်ရှလေသည် ပျိုရွယ်ခြင်း မရှိတော့။ တောက်ပခြင်း မရှိတော့။

သူ့ လက်ထဲတွင် ဆုပ်ထားသည့် စကားလက်၏ လက်များကို သညာကင်းစွာ ငုံ့ကြည့်နေသဖြင့် သူ့ခေါင်းသည် ငိုက်စိုက် ကျလျက် ရှိ၏။ တစ်ခါက ဝါလဲ့လဲ့ ဆံပင်များသည် ဖြူကုန်ကြပြီ။ ငြိမ်သော ရေပြင်ပေါ်တွင် လရောင် ပြေးနေသည့်နှယ် ရှိသည်။ ဧပြီ ညနေခင်း၏ ဝင်းလဲ့သည့် အလှသည် ပျောက်ကွယ်သွားပြိ။ သူ့နှလုံးသားမှ အလှသည်လည်း ပျောက်ကွယ်သွားပြီ။ အောက်မေ့ တမ်းတရခြင်း၏ ချိုမြိန်သည့် အရသာသည် ခါးသီးသွားပြီ။

‘အတိတ်ကို ပြန်မစဉ်းစားမိအောင် သူ့ကို တားလိုက်မိရင် အကောင်းသား’ ဟု စကားလက် တွေးသည်။ ‘အတိတ်ကို

ဘယ်တော့မှ ပြန်မကြည့်ဘူးလို့ ငါ ပြောခဲ့တာ မှန်သားပဲ၊ အတိတ်ကို ပြန်ကြည့်ရတာ ရင်နာရတယ်၊ ဝမ်းနည်းရတယ်၊ အတိတ်ကို ပြန်ကြည့်တယ်ဆိုတာမျိုးဟာ ရင်ထဲမှာ ခဲကြီး ဆွဲထားသလို လေးနေပြီး ရှေ့လျှောက် ဘာမှ လုပ်လို့ မရတော့ဘူး၊ အလုပ်တစ်ခု လုပ်တိုင်း အတိတ်ကိုပဲ ပြန်ပြန်ကြည့်နေမိတော့တာပဲ၊ ဒါကြောင့် အစ်ကိုဟာ ဒီလို ဖြစ်နေတာပေါ့၊ အစ်ကိုဟာ ရှေ့ကို မကြည့်နိုင်တော့ဘူး၊ ပစ္စုပ္ပန်ကိုလည်း မကြည့်ရဲတော့ဘူး၊ အနာဂတ်ကိုလည်း ကြောက်တယ်၊ ဒီတော့ အတိတ်ကိုပဲ ပြန်ကြည့်နေတော့တာပေါ့၊ ဒါကို အရင်တုန်းက ငါ နားမလည်ခဲ့ဘူး၊ အစ်ကို့ကို အရင်တုန်းက ငါ နားမလည်ခဲ့ဘူး၊ အတိတ်ကို ပြန်ကြည့်မနေစမ်းပါနှင့် အစ်ကိုရယ်၊ အတိတ်ကို ပြန်ကြည့်နေလို့ ဘာအကျိုး ထူးမှာလဲ၊ တကယ်ကတော့ အတိတ် အကြောင်းတွေကို ပြောအောင် ငါ မဖြားယောင်းသင့်ဘူး၊ အတိတ်က ပျော်စရာတွေကို ပြန်တွေးရင် ဘာမှ အကျိုးမထူးဘူး၊ ရင်နာရရုံ၊ အသည်းကွဲရရုံ၊ ဝမ်းနည်းရရုံ၊ စိတ်ဆင်းရဲရရုံ အဖတ်တင်မှာပဲ’

စကားလက် ထိုင်ရာမှ ထ၏။ အက်ရှလေက သူ့လက်ကို ဆုပ်ထားဆဲ။ အိမ်ပြန်တော့မည်။ ဤနေရာတွင်

မနေချင်တော့။ အတိတ်ကို မတွေးချင်တော့။ နွမ်းနယ်သော၊ ကြေကွဲဟန် ရှိသော၊ ခြောက်သွေ့သော အက်ရှလေ၏ မျက်နှာကို မကြည့်ချင်တော့။

‘ဟုတ်တယ် အစ်ကို၊ စကားလက်တို့ ဘဝမျိုးစုံကို တွေ့ခဲ့ကြရပြီ’ စကားလက်က အသံကို တည်ငြိမ်အောင် ကြိုးစား၍

ပြော၏။ လည်ချောင်းထဲတွင် တင်းကျပ်နေရာမှ အနိုင်နိုင်အားယူသည်။ ‘အဲဒီတုန်းကတော့ စိတ်ကူးနှင့် ပြောခဲ့ကြတာပေါ့လေ၊ ဒါပေမယ့် စကားလက်တို့ မျှော်လင့်ခဲ့ကြသလို ဘာမှ ဖြစ်မလာခဲ့ဘူး’

‘ဟုတ်တယ်၊ ဘယ်တော့မှ မျှော်လင့်သလို ဖြစ်မလာဘူး၊ ဘဝဆိုတာ သူ ဖြစ်ချင်ရာ ဖြစ်တာပဲ၊ အစ်ကိုတို့

မျှော်လင့်နေသလို စိတ်တိုင်းကျအောင် ဘယ်လုပ်ပေးနိုင်မလဲ၊ ရောက်သမျှ ဘဝမှာ ရှိသမျှနှင့် တင်းတိမ်ကြရမှာပေါ့၊ ဒီထက် မဆိုးရင်ပဲ တော်လှပြီ အေက်မေ့ရမှာပဲ’

စကားလက်၏ နှလုံးသားသည် မာလွန်း ပင်ပန်းလွန်းသဖြင့် ရုတ်တရက် ထုံကျဉ်သွား၏။ ထိုအချိန်က စ၍

ရှည်လျားသော ဘဝ ခရီးကို ဖြတ်ခဲ့ရသဖြင့် မောပန်းလှပြီ။ နာကျင်လှပြီ။ ရည်စားများသော၊ အဝတ်အစားကောင်း ကြိုက်သော၊

433

တစ်နေ့တွင် မေမေ့လို ဂုဏ်သရေရှိ အမျိုးကောင်း သမီးကြီးတစ်ဦး ဖြစ်မည်ဟု စိတ်ကူးခဲ့သော စကားလက် အိုဟာရာ ဆိုသည့်ကလေးမ၏ ရုပ်ပုံကို စကားလက် မြင်ယောင်လာသည်။

မျက်ရည်များသည် ပါးပြင်ပေါ်သို့ အလိုလို စီးကျလာကြ၏။ နာကျင်၍ နားမလည်နိုင်သည့် ကလေးတစ်ယောက်သဖွယ်

စကားလက် သူ့ကို ကြောင်၍ ကြည့်နေမိသည်။ အက်ရှလေက စကားတစ်ခွန်းမျှ မပြော။ စကားလက်ကို ညင်သာစွာ ပွေ့ပြီး ခေါင်းကို သူ့ ရင်တွင် အပ်ထားသည်။ ငုံ့၍ ပါးချင်းအပ်သည်။ စကားလက်က သူ့ကို မှီကာ ပြန်ဖက်ထားသည်။ သူ့ လက်မောင်းများ၏ အတွေ့ကြောင့် မျက်ရည် တိတ်သွား၏။ အာသာ မရှိ၊ ရမ္မက်မရှိဘဲ သူ့ ရင်ခွင်ထဲတွင် နေရခြင်း၊ ချစ်ခင်သည့် မိတ်ဆွေတစ်ယောက် အဖြစ် သူ့ ရင်ခွင်တွင် မှီရခြင်းသည် ကောင်းသည်။ သူ့ ငယ်စဉ်ဘဝ၊ တမ်းတမှု၊ သူ့ဘဝ အစနှင့် သူ့ လက်ရှိ ဘဝကိုသိသည့် အက်ရှလေသာလျှင် ဤခံစားချက်မျိုးကို နားလည်နိုင်လိမ့်မည်။

အပြင်ဘက်မှ ခြေသံများကို ကြားရ၏။ သို့ရာတွင် စကားလက် သတိ မထားလိုက်မိ။ လားသမားများ အိမ်ပြန်ခြင်း

ဖြစ်ပုံရသည်။ စကားလက် အတန်ကြာရပ်ကာ အက်ရှလေ၏ နှလုံးခုန်သံကို နားထောင်နေသည်။ အက်ရှလေက ရုတ်တရက် ခွာကာ သူ့ကို တွန်းလိုက်၏။ စကားလက် လန့်သွားသည်။ အက်ရှလေ၏ မျက်နှာကို တအံ့တဩ မော့်ကြည့်၏။ အက်ရှလေက စကားလက်ကို မကြည့်။ သူ့ ပခုံးပေါ်မှ ကျော်ကာ အပေါက်ဝသို့ လှမ်းကြည့်နေသည်။

စကားလက်လည်း လိုက်ကြည့်လိုက်သည်။ အပေါက်ဝတွင် အင်ဒီယာ ရပ်လျက်။ မျက်နှာက ဖြူရော်နေသည်။

မျက်လုံးပြာပြာများက ဝင်းဝင်းတောက်နေသည်။ အာချီက မျက်စိ တစ်ဖက် ကန်းနေသည့် ကြက်တူရွေးတစ်ကောင်လို စောင်း၍ သူ့ကို ဒေါသတကြီး ကြည့်နေသည်။ သူတို့နှစ်ဦးနောက်တွင် ရပ်နေသူက မစ္စက် အယ်လဆင်း။

မည်သို့ မည်ပုံ ရုံးခန်း အပြင်သို့ ရောက်လာခဲ့သည်ကို စကားလက် ကောင်းကောင်း မမှတ်မိ။ သို့ရာတွင် အက်ရှလေက

ပြောသဖြင့် ဝုန်းခနဲ အပြင်သို့ ထွက်လာသည်။ အခန်းထဲတွင် အက်ရှလေနှင့် အာချီ စကားများ ကျန်ရစ်ခဲ့ကြ၏။ အင်ဒီယာနှင့် မစ္စက် အယ်လဆင်းက သူ့ကို ကျောပေးထားသည်။ စကားလက် ရှက်လည်း ရှက်သည်။ ကြောက်လည်း ကြောက်သည်။ အိမ်သို့ တန်းပြန်လာခဲ့သည်။ မုတ်ဆိတ်မွေးကြီး တွဲလွဲနှင့် အာချီ၏ ပုံပန်းသဏ္ဌာန်သည် ဓမ္မဟောင်း ကျမ်းထဲက ကလဲ့စား ချေတတ်သော နတ်ဆိုး တစ်ပါး၏ အသွင် ပေါ်နေသည်။

ဧပြီလ ဆည်းဆာတွင် အိမ်ကြီးသည် တိတ်ဆိတ်၍ လူသူ ရှင်းလျက် ရှိ၏။ အစေခံများက အသုဘ တစ်ခုသို့

သွားနေကြသည်။ ကလေးများက မီလာနီတို့ အိမ်နောက်ဖေး တလင်းပြင်တွင် ကစားလျက် ရှိကြ၏။ မီလာနီကမူ

မီလာနီ။ ဟုတ်သည်။ အပေါ်ထပ် သူ့အိပ်ခန်းသို့ တက်လာစဉ် မီလာနီ အကြောင်းကို တွေးမိသည်။ သူ့ တစ်ကိုယ်လုံး

အေးစက်သွားသည် ထင်ရ၏။ ဤအကြောင်းကို မီလာနီ ကြားတော့မည်။ ပြန်ပြောရမည်ဟု အင်ဒီယာက ပြောလိုက်သည်။ အင်ဒီယာက ဤအကြောင်းကို ဝမ်းသာအားရ ပြောတော့မည်။ အက်ရှလေ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်၊ မထိခိုက်မည်၊ မီလာနီ စိတ်ထိခိုက်မည်၊ မထိခိုက်မည်ကို ဘာမျှ ထည့်၍ စဉ်းစားတော့မည် မဟုတ်။ သူ့ကို မုန်းမုန်းဖြင့် အားရပါးရ ပြောတော့မည်။ မစ္စက် အယ်လဆင်းသည် အာချီနှင့် အင်ဒီယာ နောက်သို့ ရောက်နေသဖြင့် ဘာကိုမျှ မြင်ရသူ မဟုတ်။ သို့တိုင်အောင် သူကလည်း အာပေါင်အာရင်းသန်သန်ဖြင့် ပြောလိမ့်မည်။ ညစာ စားချိန်လောက်ဆိုလျှင် ဤသတင်းကို တစ်မြို့လုံးက သိကြတော့မည်။ နောက်တစ်နေ့ ထမင်းစားချိန်ဆိုလျှင် ကပ္ပလီများပင် မကျန် ကလေးသိ ခွေးသိ ဖြစ်တော့မည်။

434

ယနေ့ည အက်ရှလေ၏ မွေးနေ့ဧည့်ခံပွဲတွင် အမျိုးသမီးများသည် ချောင်ကုပ်ကာ တွတ်ထိုးကြတော့မည်။ မြိန်ရေ ရှက်ရေ ပြောကြတော့မည်။ စကားလက်တစ်ယောက် မာနတံခွန် လွှင့်ရာ ဗိမာန်ပေါ်မှ ကျွမ်းပြန်ကျတော့မည်။ အဖြစ်အပျက်ကို ချဲ့ကားသည်ထက် ချဲ့ကားကြတော့မည်။ လိုက်ပိတ်၍ မဖြစ်နိုင်။ အက်ရှလေက သူ့ကို ဖက်ရုံ ဖက်ထားသည် ဆိုသည့် အချက်လောက်တွင် ရပ်မည်မဟုတ်။ ချဲ့ကား၍ ပြောရာမှ နောက်တစ်နေ့ ညနေလောက်ဆိုလျှင် သူ့ကို မျောက်မ ထားသူ၊ ဖောက်ပြားသူ ဖြစ်အောင် ပြောကြတော့မည်။ စင်စစ် သူတို့နှစ်ယောက်၏ အဖြစ်သည် ဖြူစင်သည်။ သန့်ရှင်းသည်။ ဤသည်ကို စကားလက် သိသည်။ နာတာလူး ပွဲတော်ပြန်လာစဉ် နှုတ်ဆက် နမ်းစဉ်က ယခုလို မိသွားလျှင်၊ သို့မဟုတ် မြိုင်သာယာက သစ်သီးခြံဝင်းတွင် သူနှင့် အတူ ထွက်ပြေးကြဖို့ ပြောစဉ်က မိသွားလျှင်၊ သူတို့နှစ်ယောက် မရိုးမဖြောင့် တွေ့သည့်အခါမျိုးတွင် မိသွားလျှင် စကားလက် ခံနိုင်သည်။ ခံသာသည်။ ယခုမူ ဤသို့ မဟုတ်။ မိတ်ဆွေတွေလို ရိုးရိုးတန်းတန်း ဖက်မိသည့် အခါကျမှ လူမိသွားသည့်အခါ၌

သို့ရာတွင် ရိုးရိုးတန်းတန်းဟု မည်သူကမျှ ယုံမည် မဟုတ်။ သူ့ဘက်က ကာကွယ်ပေးမည့် မိတ်ဆွေ တစ်ယောက်မျှ

မရှိ။ ‘စကားလက်ဟာ ဒါမျိုးမဟုတ်ပါဘူး’ ဟု ပြောမည့် အသံ တစ်သံမျှ မရှိ။ စကားလက် ကြာမြင့်စွာကတည်းက မိတ်ဆွေဟောင်းများကို စော်ကားခဲ့ဖူးရာ သူတို့ကလည်း စကားလက်ကို ကာကွယ်ပေးမည် မဟုတ်တော့။ သူ စော်ကား မောက်မာသမျှကို ငုံ့ခံနေကြရသည့် မိတ်ဆွေသစ်များကလည်း သူ့ကို ညစ်နွမ်းအောင် လုပ်ဖို့ ဤအခွင့်အရေးမျိုးကို ဝမ်းသာအားရ ကြိုဆိုကြလိမ့်မည်။ အက်ရှလေလို လူကောင်းတစ်ယောက် ဤအဖြစ်မျိုး ဖြစ်ရလေခြင်းဟု စိတ်မကောင်း ဖြစ်မိမည် ဖြစ်ကြသော်လည်း သူ့ကိုမူ မည်သူကမျှ အယုံအကြည် ရှိကြမည် မဟုတ်။ ဤကိစ္စမျိုးတွင် ဖြစ်မြဲ ထုံးစံအတိုင်း အပြစ်ဟူသမျှကို မိန်းမသားအပေါ်တွင် စုပုံချပြီး ယောက်ျားသား၏ အမှားကိုမူ ပခုံးတွန့်ကြလိမ့်မည်။ ဤကိစ္စတွင်မူ သူတို့ ပြောမည်ဆိုက ပြောစရာ ဖြစ်နေပြီ။ သူက အက်ရှလေ ရှိရာ ဝင်ခဲ့မိသည် မဟုတ်လော။

ကိစ္စ မရှိ။ တစ်မြို့လုံး ဝိုင်း၍ နှာခေါင်း ရှုံ့ခြင်း၊ မေးငေါ့ခြင်း၊ လှောင်ခြင်း၊ ဟားတိုက်ခြင်းကိုမူ ခံနိုင်သည်။

တစ်မြို့လုံးက ပြောချင်ရာ ပြောကြစေ၊ သူ ဂရုမစိုက်။ သို့ရာတွင် မီလာနီ အထင်လွဲသည်ကိုမူ စကားလက် မခံနိုင်။ နည်းနည်းမျှ မခံနိုင်။ မီလာနီ အထင်လွဲသည်ကို အဘယ့်ကြောင့် မခံနိုင်သည်ကိုမူ နားလည်၍ မရ။ အတိတ်က သူ မှားခဲ့သည့် အမှား၊ သူ ပြုခဲ့သည့် အပြစ်ကြောင့် မလုံမလဲ ဖြစ်နေသည့်အတွက် စကားလက် နားလည်နိုင်စွမ်း မရှိတော့။ အက်ရှလေက စကားလက်ကို ပွေ့ဖက်ထားသည်ကို သူကိုယ်တိုင် မြင်ခဲ့ရကြောင်းဖြင့် အင်ဒီယာက ပြောပြသည့်ခါ မီလာနီ မည်သို့ ရှိလိမ့်မည်နည်း။ ဤသည်ကို တွေးမိကာ စကားလက် ရှိုက်ကြီးတငင် ငိုမိသည်။ ထို စကားကို ကြားသည့်အခါ မီလာနီ မည်သို့ လုပ်မည်နည်း။ အက်ရှလေကို ကွာပစ်မည်လော။ သိက္ခာ မပျက်အောင် မည်သို့ လုပ်မည်နည်း။ သူနှင့် အက်ရှလေကကော မည်သို့ လုပ်မည်နည်း။ စိတ် ယောက်ယက်ခတ်ရင်းက မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာ၏။ အက်ရှလေသည် သေချင်လောက်အောင် ရှက်တော့မည်။ မိမိကြောင့် အရှက်ကွဲရသည်ဆိုတာ အမုန်းကြီး မုန်းတော့မည်။ ကြောက်စိတ် တစ်ခု ရုတ်ခြည်း ပေါ်လာသဖြင့် စကားလက် မျက်ရည်များသည် အလိုလို တိတ်သွားကြ၏။ ရက် ဘတ်တလာကကော။ သူကကော မည်သို့များ လုပ်မည်နည်း။

ရက် ဘတ်တလာ သိချင်မှ သိမည်။ ‘မယား ဖောက်ပြားချင်တိုင်း ဖောက်ပြား ယောက်ျား နောက်ဆုံးမှ သိ’ ဟူသော

ဆိုရိုးစကား၊ သရော်စကား ရှိသည် မဟုတ်လော။ မည်သူကမျှ သူ့ကို ပြောလိမ့်မည် မထင်။ ဤသတင်းမျိုးကို ရက် ဘတ်တလာလို လူကို သွားပြောဖို့ဆိုသည်မှာ တော်တော်တန်တန် သတ္တိကောင်းရုံနှင့် မပြောဝံ့။ ရက် ဘတ်တလာသည်

435

အရင် သေနတ်နှင့် ပစ်ပြီး မေးစရာရှိသည်ကို နောက်မှ မေးမည့် လူဟု နာမည်ကြီးသူ မဟုတ်လော။ ဘုရား သိကြား မ၍ ရက် ဘတ်တလာကို ပြောရဲလောက်အောင် သတ္တိရှိသူ မရှိပါစေနှင့်။ သို့ရာတွင် သစ်စက် ရုံးခန်းထဲတွင် တွေ့စဉ်က အာချီ၏ မျက်နှာကို စကားလက် အမှတ်ရ၏။ အေးစက်ပြာလဲ့သည့် မျက်လုံး။ သနား ကြင်နာခြင်း ကင်း၍ အမုန်းဖြင့် ဝင်းဝင်းတောက်နေသော မျက်လုံး။ မိန်းမတွေကို သတ်ချင်လောက်အောင် မုန်းသည်မဟုတ်လော။ ရက် ဘတ်တလာကို ပြန်ပြောမည်ဟု သူ့ကို ပြောခဲ့သူ မဟုတ်လော။ အက်ရှလေက အမျိုးမျိုးတားသည့်တိုင် အာချီသည် မပြောဘဲ နေမည် မထင်။ အက်ရှလေက သူ့ကို ဦးအောင် မသတ်လျှင် အာချီသည် မိမိ၏ ခရစ်ယာန် ကျင့်ဝတ်ဖြစ်သည်ဆိုကာ ရက် ဘတ်တလာကို ပြောမည် မုချ။

စကားလက် အဝတ်အစားလဲ၍ အိပ်ရာပေါ်သို့ လှဲချလိုက်၏။ သူ့စိတ်သည် ချာချာလည်လျက် ရှိသည်။ ဤအခန်းကို

အသေပိတ်ကာ တစ်သက်လုံး မည်သူနှင့်မျှ မတွေ့ဘဲ နေ၍ ရလျှင်လည်း အကောင်းသား။ ရက် ဘတ်တလာသည် ယနေ့ ညတွင်းချင်းမူ သိမည် မထင်။ ခေါင်းကိုက်၍ ဧည့်ခံပွဲသို့ မလိုက်တော့ဟု ပြောရတော့မည်။ နောက်တစ်နေ့ မနက်တွင်မူ ဆင်ခြေကောင်း တစ်ခု ရှာ၍ ရတန်ကောင်းသည်။ ယုတ္တိရှိသည့် ထုချေချက် တစ်ခုကို စဉ်းစား၍ ရတန်ရာ၏။

‘အို၊ ဒါတွေ ခု မစဉ်းစားဘူး’ ခေါင်းအုံးထဲသို့ မျက်နှာကို မြှုပ်၍ ဇွတ်မှိတ်ပြောသည်။ ‘ဒါတွေကို ခု မစဉ်းစားသေးဘူး၊

နောင်ကျမှ စဉ်းစားမယ်’

ညနေ

မိုးချုပ်တွင်

အစေခံများ

ပြန်လာကြသည်။

ညစာကို

ပြင်နေစဉ်

သူတို့အားလုံး

အထူး

တိတ်ဆိတ်ငြိမ်သက်နေသည်ဟု စကားလက် ထင်၏။ သို့မဟုတ် သူကပင် မလုံမလဲ ဖြစ်နေခြင်းလော မဆိုနိုင်။ ကြီးဒေါ်က အခန်းတံခါး လာခေါက်၏။ သို့ရာတွင် စကားလက်က မဆာတော့ဟု ပြောလွှတ်လိုက်သည်။ အချိန် အတော်ကြာသည့် အခါ၌ လှေကားမှ တက်လာသည့် ရက် ဘတ်တလာ၏ ခြေသံကို ကြားရ၏။ အပေါ်ထပ် အိမ်ရှေ့သို့ ခြေသံ ရောက်သည့်အခါတွင် စကားလက် အာရုံကြောတွေ တင်းလာသည်။ အားတင်းပြီး ရင်ဆိုင်ဖို့ ပြင်ထားသည်။ သို့ရာတွင် ရက် ဘတ်တလာက သူ့ အခန်းထဲသို့ တောက်လျှောက် ဝင်သွား၏။ စကားလက် အသက်ရှူ ချောင်သွားသည်။ သူတို့အကြောင်းကို သိပုံ မရသေး။ သူ့ အိပ်ခန်းထဲသို့ မည်သည့်အခါမျှ မဝင်ရန် တောင်းပန်ထားသည်ကို ရက် ဘတ်တလာ လိုက်နာနေသေးသဖြင့် ဘုရားကို ကျေးဇူးတင်ရမည်။ ယခုလို အချိန်တွင် သူ့ကိုသာ မြင်သွားလျှင် သူ့မျက်နှာက အလိုလို သက်သေခံပြီး ဖြစ်နေလိမ့်မည်။ နေမကောင်းသဖြင့် ဧည့်ခံပွဲသို့ မလိုက်တော့ဟု ပြောအားရှိအောင် လုပ်ဖို့ အချိန် ရှိသေးသည်။ သို့မဟုတ် အချိန်မှ ရှိပါသေး၏လော။ ယနေ့ညနေ အဖြစ်အပျက်ပြီးသည့် နောက်၌ ဘဝသည် အချိန်ကင်းမဲ့နေသည်ဟု ထင်ရ၏။ ရက် ဘတ်တလာ၏ အခန်းဘက်မှ တလှုပ်လှုပ် အသံကို အချိန် အတန်ကြာသည်အထိ ကြားနေရ၏။ တစ်ခါတစ်ရံတွင် ပေါ့ကို လှမ်း၍ စကားပြောနေသည်။ စကားလက် ယခုအချိန်ထိ ရက် ဘတ်တလာကို မျက်နှာချင်း မဆိုင်ရဲသေး။ အမှောင်မည်းကြီး အိပ်ရာပေါ်တွင် လှဲနေသည်။ တစ်ကိုယ်လုံး တုန်ယင်လျက်။

ခဏကြာလျှင် ရက် ဘတ်တလာက တံခါး လာခေါက်သည်။ စကားလက်က အသံကို တည်ငြိမ်အောင် ကြိုးစား၍

ထိန်းပြော၏။

‘ဝင်ခဲ့ပါ’



‘ဘေးမဲ့ တောင်းထားတဲ့ အိပ်ခန်းနော်၊ ကျုပ်ကို တကယ် ဝင်ခွင့်ပြုတာလား’

436



ရက် ဘတ်တလာက တံခါးကို ဖွင့်၍ မေးသည်။ မှောင်နေသဖြင့် သူ့မျက်နှာကို မမြင်ရ။ သူ့ အသံကိုလည်း ခန့်မှန်း၍

မရ။ ရက် ဘတ်တလာက အခန်းထဲသို့ ဝင်လာကာ တံခါးကို ပိတ်၏။

‘ဧည့်ခံပွဲ သွားမယ်လေ၊ အဆင်သင့်ဖြစ်ပြီလား’



‘စကားလက် ခေါင်းသိပ်ကိုက်နေတယ်’ စကားလက် အသံသည် သဘာဝ ကျနေသည်။ မှောင်နေသည်ကိုပင်

ကျေးဇူးတင်ရ၏။ ‘မလိုက်နိုင်ဘူး ထင်တယ်၊ မောင်ပဲ သွားပါလား၊ မီလာနီကိုလည်း တောင်းပန်ခဲ့ပါ’

အတန်ကြာ တိတ်ဆိတ်နေသည်။ ရက် ဘတ်တလာက စကားပြော၏။ သူ့အသံက ခပ်ဖြည်းဖြည်း၊ ခပ်လှောင်လှောင်။



‘မင်းဟာ တော်တော် သတ္တိနည်းပြီး တော်တော် အသည်းကြောင်တဲ့ သတ္တဝါမပဲ’



သူ သိပြီ၊ စကားလက် စကား မပြောနိုင်။ တုန်နေသည်။ အမှောင်ထဲတွင် စမ်းလာနေသည့် သူ့အသံကို ကြားရ၏။

မီးခြစ် ခြစ်လိုက်သဖြင့် အခန်းထဲတွင် လင်းလာသည်။ အိပ်ရာဆီသို့ လျှောက်လာကာ စကားလက်ကို ငုံ့ကြည့်၏။ ရက် ဘတ်တလာက ညနေခင်း ပွဲတက် ဝတ်စုံကို ဝတ်ထားသည်။

‘ထ’ သူ့အသံက ဘာမျှ မထူးခြား။ ‘ဧည့်ခံပွဲကို သွားမယ်၊ မြန်မြန်လုပ်’



‘ဟင့်အင်း၊ စကားလက် လိုက်နိုင်မှာ မဟုတ်ဘူး၊ မောင် သိတဲ့ အတိုင်း’



‘ကျုပ် သိပါတယ်၊ ထပါ’



‘မောင့်ကို အာချီက ပြောရဲ-’



‘ပြောရဲတာပေါ့၊ အာချီက သတ္တိကောင်းတဲ့ လူပဲ’



‘မဟုတ်က ဟုတ်က ပြောတာ ဘာလို့ နားထောင်သလဲ၊ ပစ်သတ်ခဲ့ဖို့ ကောင်းတယ်၊ လိမ်ပြောတာမျိုးကို’



‘ကျုပ်က လူတစ်မျိုးပဲ၊ အမှန်ကို ပြောတဲ့လူကို မသတ်ဘူး၊ ကဲ လုပ်၊ ငြင်းခုံနေချိန် မရဘူး၊ နောက်မှ ငြင်း’



စကားလက် ထထိုင်ပြိး ညဝတ်အင်္ကျီကို ခြုံလိုက်သည်။ သူ့မျက်နှာကို စူးစမ်း၏။ မျက်နှာက ညိုမှောင်မှောင်။

မည်သည့် ခံစားချက်မျှ မရှိသည့်နှယ်။

‘စကားလက် မလိုက်တော့ဘူး မောင်၊ ဒီလို အထင်လွဲတာမျိုး မပျောက်မချင်း စကားလက် ဘယ်မှ မသွားချင်ဘူး’



‘ဒီနေ့ညမှာ မင်း မျက်နှာကို မပြရင် ဒီမြို့မှာ နောင် ဘယ်တော့မှ ပြလို့ ဖြစ်မှာ မဟုတ်တော့ဘူး၊ သေသည် အထိ ပြလို့

ဖြစ်မှာ မဟုတ်တော့ဘူး၊ ကျုပ် မိန်းမဟာ အကျင့်မကောင်းတဲ့ မိန်းမ ဖြစ်ချင် ဖြစ်ပါစေ၊ ကျုပ် သည်းခံနိုင်တယ်၊ ဒါပေမယ့် သတ္တိ ကြောင်တာကိုတော့ ကျုပ် နည်းနည်းမှ သည်းမခံနိုင်ဘူး၊ ဒီနေ့ည ဧည့်ခံပွဲကို လိုက်ရမယ်၊ ပြောချင်တဲ့လူက ပြောချင်ရာ ပြောစမ်းပါစေ၊ မီလာနီက ကျုပ်တို့ကို နှင်ထုတ်ချင်လည်း ထုတ်ပေါ့’

437



‘စကားလက် ရှင်းပြပါရစေဦး’



‘ကျုပ် နားမထောင်ချင်ဘူး၊ အချိန် မရှိတော့ဘူး၊ အဝတ်အစား လဲပါ’



‘သူတို့ စကားလက်ကို သက်သက် အထင်လွဲတာ၊ အင်ဒီယာရယ်၊ မစ္စက် အယ်လဆင်းရယ်၊ အာချီရယ်၊ စကားလက်ကို

သိပ်မုန်းနေကြတာ၊ အင်ဒီယာက သာဆိုးသေးတယ်၊ သူ့အစ်ကို မျက်နှာကိုတောင် မထောက်ဘူး၊ သက်သက်မဲ့ လိမ်ပြောတာ၊ စကားလက် အရှက်တကွဲ အကျိုးနည်းဖြစ်ရင် ပြီးရောဆိုပြီး အစ်ကို့ကိုတောင် မငဲ့တော့ဘူး၊ စကားလက်ကို ရှင်းပြခွင့်ပေးရင်’

စကားလက် သူ့ကိုယ်သူကျိန်ဆဲသည်။ ရှင်းပြဆိုလျှင် သူ မည်သို့ လုပ်မည်နည်း။ မည်သို့ ပြောရမည်နည်း။



‘ဒီနေ့ည ဧည့်ခံပွဲမှာလည်း မဟုတ်က ဟုတ်ကတွေ လျှောက်ပြောမှာပဲ၊ ဒီတော့ စကားလက် မလိုက်ချင်ဘူး’



‘လိုက်ရမယ်’ ရက် ဘတ်တလာက ပြော၏။ ‘မလိုက်ရင် ကုပ်ဆွဲ ခေါ်သွားမယ်၊ လမ်းတစ်လျှောက်လုံး ဖိနပ်နှင့် မင်း

တင်ပါး လှလှကို ကန်ကန်ပြီး ခေါ်မယ်၊ သိရဲ့လား’

ရက် ဘတ်တလာက သူ့လက်ကို ဆောင့်ဆွဲပြီး အထခိုင်းသည်။ မျက်လုံးများက အေးစက် တောက်ပြောင်လျက်။

စကားလက်၏ ဝတ်စုံ အောက်ခံ ကြိမ်ခွေကို ကောက်၍ ပစ်ပေးလိုက်၏။

‘ရော့ ဝတ်မှာ ဝတ်စမ်း၊ ကျုပ် ကူဝတ်ပေးမယ်၊ ကြီးဒေါ်ကို ခေါ်ပြီး ဝတ်ခိုင်းမနေနှင့်၊ ကျုပ် ဝတ်ပေးတတ်တယ်၊ အခန်း

တံခါး ပိတ်ပြီး အောင်းနေမလို့တဲ့၊ ဟင်း မင်းလောက် သတ္တိကြောင်တာ မင်းပဲ ရှိတယ်’

‘သတ္တိမကြောင်ဘူး၊ သတ္တိမကြောင်ဘူး’ ချက်ကောင်း ထိသွားသဖြင့် စကားလက် ထအော်သည်။ ‘ဒီက-’



‘ဘာလဲ၊ ယန်ကီ စစ်သားကို ပစ်သတ်ခဲ့တဲ့ ပုံပြင်ကို ပြောမလို့လား၊ ရှားမင်းရဲ့ တပ်သားတွေကိုတောင် ရင်ဆိုင်ခဲ့တယ်ပေါ့၊

တော်ပြီ၊ ဒါတွေ ပြော မနေနှင့်၊ သတ္တိကလည်း ကြောင်လိုက်တာ၊ သတ္တိကြောင်လို့ ဒိပြင်ဘက်က တော်သလား ဆိုတော့လည်း ဘာမှ မတော်ဘူး၊ ဒီနေ့ည ဧည့်ခံပွဲကို မင်း လိုက်ရမယ်၊ မင်းအတွက်က ကိစ္စ မရှိဘူး၊ သမီးအတွက် လိုက်ရမယ်၊ ဒီလိုနှင့် ကလေးကို လူတော မတိုးရဲတဲ့ အဖြစ်မျိုးရောက်အောင် လုပ်ဦးမယ်၊ တော်တော် တော်တဲ့ မိန်းမ၊ ကြိမ်ခွေ မြန်မြန်ဝတ်’

စကားလက် ညဝတ်အင်္ကျီကို ချွတ်၍ ရှင်မီးဖြင့် ရပ်နေသည်။ စကားလက်ကို လှမ်းကြည့်လျှင် ရှင်မီးအင်္ကျီမျှဖြင့်

မည်မျှ စွဲမက်ဖွယ်ကောင်းသည်ကို မြင်ရလိမ့်မည်။ သူ့မျက်နှာပေါ်က ကြောက်စဖွယ် ခက်ထန်သည့် အမူအရာသည် ပျောက်သွားလိမ့်မည်။ စကားလက်ကို သူ ဤသို့ မမြင်ရသည်မှာ ကြာပြီ။ အတန် ကြာလှပြီ။ သို့ရာတွင် ရက် ဘတ်တလာက လှည့် မကြည့်။ ကျောပေး၍ စကားလက်၏ အဝတ်ဗီရိုကို ဖွင့်ကာ အဝတ်အစားများကို လျင်မြန်စွာ ထုတ်နေသည်။ အမှောင်ထဲတွင် စမ်းလျက် ကျောက်စိမ်းရောင် ပိုပျော့ အင်္ကျီကို ထုတ်သည်။ အင်္ကျီက လည်ဟိုက်။ ခါးဝတ်စုံက အတွန့် ခပ်ကြီးကြီး ဖော်ထားသည်။ အတွန့်ကြီးပေါ်တွင် ပန်းနုရောင် ကတ္တီပါ နှင်းဆီခိုင်ကြီး တစ်ခိုင် ထိုးထား၏။

‘ရော့ ဒါဝတ်’ ခုတင်ပေါ်သို့ လှမ်းပစ်တင်လိုက်ပြီး သူ့ဆီ လျှောက်လာ၏။ ‘မိုးပြာရောင်တို့၊ ပန်းပွင့် သေးသေးကလေးနှင့်

ဟာမျိုးတို့ကို မဝတ်နဲ့၊ ဣနြေ္ဒရလွန်းတယ်၊ အဘွားကြီးတွေ ဝတ်တာ၊ ဒီနေ့ ညမှာ တမင်ကို အစွမ်းကုန် လုပ်သွားရမယ်၊ ထဘီကို တိုင်ထိပ်ဖျား ရောက်အောင် အလံလွှင့်သွား၊ ဒီလို အလံထူ မသွားရင် မင်း ဒုက္ခရောက်မယ်၊ နှုတ်ခမ်းနီ ပါးနီကိုလည်း

438

များများ ဆိုး၊ ရဲနေအောင် ဆိုး၊ သမ္မာကျမ်းစာထဲက မျောက်မထားတဲ့ မိန်းမတွေဟာ မင်းလို မျက်နှာ ဖြူဖပ်ဖြူရော် မဟုတ်ဘူး၊ မျက်နှာကို ဒန်းနီရောင် ခြယ်တယ်လို့ ကျုပ် ကြားဖူးတယ်၊ လှည့်စမ်း’

ရက် ဘတ်တလာက ကြိမ်ခွေများကို ချည်ထားသည့် ကြိုးစ နှစ်စကို တင်းနေအောင် ဆွဲလိုက်၏။ တင်းလွန်းသဖြင့်

စကားလက် ကြောက်ကြောက်ဖြင့် အော်သည်။ သူ လုပ်ပုံကြောင့် ရှက်လည်း ရှက်သည်။ သိမ်ငယ်လည်း သိမ်ငယ်သည်။

‘နာသလား’ ရက် ဘတ်တလာက တစ်ချက် ရယ်လိုက်၏။ သူ့မျက်နှာကိုမူ မမြင်ရ။ ‘အမှန်က ဒီ ကြိုးကွင်းက ခါးကို

စည်းဖို့မဟုတ်ဘူး၊ မင်း လည်ပင်းကို စွပ်ဖို့ ကောင်းတာ’

မီလာနီတို့ တစ်အိမ်လုံး မီးတွေ ထိန်နေသည်။ တီးသံ မှုတ်သံများဖြင့် အဝေးကြီး ကတည်းက ကြားရ၏။ အိမ်ရှေ့သို့

ရထား ဆိုက်သည့်အခါ၌ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသံများသည် အပြင်သို့ လျှံထွက်လာကြသည်။ တစ်အိမ်လုံး ဧည့်သည်တွေ ပြည့်လျက်။ အိမ်ထဲတွင် မဆံ့၍ တချို့က အပြင်ဘက် ဝရန်တာတွင် ထိုင်ကြရသည်။ တချို့က မီးရောင် မှိန်မှိန်ထွန်းထားသည့် မြက်ခင်းတွင် ခုံရှည်များ ချ၍ ထိုင်ကြသည်။

‘ငါ မသွားချင်ဘူး၊ အထဲ မဝင်ချင်ဘူး’ စကားလက် ရထားပေါ်မှ မဆင်းသေး။ လက်ထဲက လက်ကိုင်ပဝါကို

လုံးခြေနေသည်။ သူ မသွားချင်။ မသွားနိုင်။ ရထားပေါ်မှ ခုန်ချပြီး တစ်နေရာရာသို့ ထွက်ပြေးချင်သည်။ မြိုင်သာယာသို့ ပြန်ပြေးချင်သည်။ ရက် ဘတ်တလာသည် အဘယ့်ကြောင့် ဤနေရာသို့ အတင်း ခေါ်လာရသနည်း။ လူတွေက မည်သို့ ပြုမူကြမည်နည်း။

မီလာနီကကော မည်သို့ ပြုမူမည်နည်း။ သူ့ရုပ် သူ့ပုံပန်းသဏ္ဌာန်သည် မည်သို့ နေမည်နည်း။ မီလာနီကို သူ

မျက်နှာချင်း မဆိုင်ချင်။ ထွက်ပြေးချင်သည်။

ရက် ဘတ်တလာက သူ့စိတ်ကို ဆီထည့်သည့်ပမာ သူ့ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ထားလိုက်၏။



သူ ဆုပ်ကိုင်လိုက်ပုံက လူစိမ်းတစ်ယောက်က ဆုပ်ကိုင်ပုံမျိုး။ ခပ်ကြမ်းကြမ်း။ သူ့လက်မောင်းတွင် လက်ချောင်းရာ

ထင်နေလိမ့်မည် ထင်သည်။

‘အိုင်းရစ် လူမျိုးထဲမှာ သတ္တိကြောင်တဲ့လူ တစ်ယောာက်မှ ကျုပ် မတွေ့ဖူးသေးဘူး၊ မင်းကိုယ် မင်း သတ္တိကောင်းတယ်ဆို’



‘စကားလက် အိမ်ပြန်ပါရစေ၊ အိမ်ကျရင် ရှင်းပြပါ့မယ်’



‘နောင် ဘဝကျမှ ရှင်း၊ ဒီနေ့ တစ်ညတော့ လူစာ ကျွေးတဲ့ ကစားကွင်းမှာ အစတေးခံပြလိုက်ဦး၊ ကဲ ဆင်း၊ လူစာ

ကျွေးတဲ့ ပွဲမှာ ခြသေ့င်္တွေ ဝိုင်းပြီး မင်းကို ကိုက်စားတာလေး ကြည့်ပါရစေဦး၊ ဆင်း’

စကားလက် ပန်းခြံလမ်းကလေးအတိုင်း လိုက်လာခဲ့၏။ သူ့ကို ကိုင်ထားသည့် ရက် ဘတ်တလာ၏ လက်မောင်းက

ကျောက်စိုင် ကျောက်သားလို ခိုင်မာသည်။ တည်ငြိမ်သည်။ တောင့်တင်းသည်။ သူ့လက်မောင်းကို ကိုင်လိုက်ရသဖြင့် စကားလက် ကိုယ်တွင် သတ္တိတွေ ဓာတ်ကူးလာသည်ဟု ထင်ရ၏။ ဟုတ်သည်။ သူတို့ကို စကားလက် မျက်နှာချင်း ဆိုင်နိုင်သည်။ မျက်နှာချင်း ဆိုင်နိုင်မည်။ သူတို့ သူ့ကို မနာလို ဝန်တို ဖြစ်နေကြသည်။ လက်သည်း ဂျစ်ဂျစ်ကုတ်ကာ

439

တညောင်ညောင် အော်နေသည့် ကြောင်အုပ်တစ်အုပ်သာ မဟုတ်လော။ သူတို့ကို စကားလက် မျက်နှာချင်းဆိုင်မည်။ သူတို့ မည်သို့ ထင်ထင် စကားလက် ဂရုမစိုက်။ မီလာနီတစ်ယောက်သာလျှင်။ မီလာနီ တစ်ယောက်သာလျှင်

ဆင်ဝင်သို့ ရောက်လာကြ၏။ ရက် ဘတ်တလာက ဝဲယာကို ခေါင်းညွှတ်၍ နှုတ်ဆက်၏။ ဦးထုပ်ကို လက်တွင်

ကိုင်လာသည်။ သူ့အသံက ပျော့ပျောင်းတည်ငြိမ်သည်။

အိမ်ခန်းထဲသို့

သူတို့ရောက်သွားသည့်အခါတွင်

တီးမှုတ်သံများ

ရပ်သွား၏။

လူအုပ်ကြီးသည်

ပင်လယ်လှိုင်း

ရိုက်သကဲ့သို့ သူ့ဆီသို့ ဝေါခနဲ ရောက်လာပြီးနောက် လှိုင်းလုံး ပြန်ဆုတ်သွားသည့်ပမာ အသံတွေ တဖြည်းဖြည်း ဝေးသွားသည်ဟု စကားလက် ထင်သည်။ စကားလက်၏ စိတ်သည် ရှုပ်ထွေး ပွေလိမ်လျက် ရှိ၏။ သူ့ကို ဝိုင်း၍ မေးငေါ့ကြမည်လော။

မေးငေါ့ကြပါစေ။

မေးငေါ့၍

ဘာဖြစ်သနည်း။

စကားလက်က

ခေါင်းမော့ပြီး

ပြုံးလိုက်သည်။

မျက်လုံးထောင့်များက တွန့်နေသည်။

တံခါးနားက အနီးဆုံး လူကို လှည့်၍ နှုတ်ဆက်မည် အပြု တစ်စုံတစ်ယောက် လူအုပ်ကြားထဲမှ တိုးဝှေ့ကာ သူ့ထံ

ရောက်လာသည်။ စကားလက် စိတ်တွင် တစ်ခန်းလုံး တိတ်ဆိတ်သွားသည် ထင်လိုက်၏။ ဘေးသို့ ရှဲပေးသည့် လူအုပ်ကြားမှ မီလာနီ ခပ်သွက်သွက် လျှောက်လာသည်။ စကားလက်ကို ဦးဦးဖျားဖျား လာ၍ နှုတ်ဆက်ခြင်း ဖြစ်၏။ မီလာနီ၏ ရင်အုပ်ကျဉ်းကျဉ်းကလေးက ရှေ့သို့ ကော့ထားသည်။ ဒေါသဖြစ်နေသည့်နှယ် မေးရိုး ခပ်သေးသေးက အထင်းသား ပေါ်နေသည်။ စကားလက် တစ်ယောက်မှအပ တခြား ဧည့်သည်များ မရှိတော့သည့်နှယ် သူ့ထံ လျှောက်လာသည်။ မီလာနီက ဘေးချင်းယှဉ် ရပ်ကာ စကားလက်၏ ခါးကို ဖက်လိုက်သည်။

‘စကားလက်က သိပ်လှတာပဲကွယ်’ မီလာနီက ကြည်လင်သည့် အသံလေးဖြင့် ပြောသည်။ ‘စကားလက် ကိုယ့်ကို

လာကူနော်၊ ဒီနေ့ အင်ဒီယာကလည်း မလာနိုင်ဘူး၊ ကိုယ်နှင့်အတူ ဧည့်သည်တွေကို လိုက်ကြိုပေးလှည့်နော်’



440

၅၄



မိမိ အိပ်ခန်းသို့ ပြန်ရောက်သည့် အခါ၌ စကားလက် အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်သည်။ အဝတ်အစားပင် မလဲနိုင်။

ခါးတွန့် ကတ္တီပါနှင့် နှင်းဆီပွင့်များကိုပင် မဖြုတ်မိ။ မီလာနီနှင့် အက်ရှလေတို့ ကြားတွင် ရပ်လျက် ဧည့်သည်များအား ဆီးကြို နှုတ်ဆက်ခဲ့ပုံကို ပြန်၍ မြင်ယောင်၏။ စကားလက် ယခုမှ တွေး၍ လန့်နေသည်။ ဤသို့ နောက်တစ်ကြိမ် ပြန်လုပ်ရသည်နှင့် စာလျှင် ယန်ကီ ဗိုလ်ချုပ် ရှားမင်း၏ စစ်တပ်ကြီး တစ်တပ်လုံးနှင့် ရင်ဆိုင်ရသည်ကမှ တော်ဦးမည်။ ခဏ အကြာတွင် အိပ်ရာမှ ထကာ အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်သည်။ လမ်းလျှောက်ရင်း အဝတ်အစားများကို ချွတ်ပစ်၏။

သူ့ စိတ်ထဲတွင် တင်းကျပ်လျက် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ဆံညှပ်များသည် လက်ထဲမှ လွတ်ကျကာ

ကြမ်းပြင်ပေါ်သို့ ကျသွားကြ၏။ ထုံးစံ အတိုင်း ဆံပင်ကို ဝက်မှင်ဘီးဖြင့် တိုက်သည်။ သို့ရာတွင် ဝက်မှင်ဘီးကို ပြောင်းပြန် ဖြီးမိပြီး နားထင်ကို ခိုက်မိသွားသည်။ မကြာ မကြာ တံခါးဝသို့ ခြေဖျား ထောက်၍ သွားကာ အောက်ထပ်က အသံဗလံများကို နားစွင့် ကြည့်သည်။ သို့ရာတွင် အောက်ထပ် အိမ်ရှေ့ခန်းသည် မည်းမှောင် တိတ်ဆိတ်သည့် ကျင်းကြီး တစ်ကျင်းနှင့် တူနေသည်။

ဧည့်ခံပွဲ ပြီးသည့် အခါ၌ ရက် ဘတ်တလာက ရထားဖြင့် အိမ်ပြန်လွှတ်လိုက်သည်။ စောစော ပြန်ရသဖြင့် ဘုရား၏

ဂုဏ်ကျေးဇူးကို စကားလက် အောက်မေ့မိ၏။ ရက် ဘတ်တလာက ပြန်မလာသေး။ သူ ပြန်လာမလာသေးသည့် အတွက်လည်း ဘုရား၏ ဂုဏ်ကျေးဇူးကို စကားလက် အောက်မေ့သည်။ ယနေ့ည သူ့ကို မျက်နှာချင်း မဆိုင်ချင်။ ရှက်သည်။ ကြောက်သည်။ တုန်နေသည်။ သို့ရာတွင် ရက် ဘတ်တလာသည် မည်သည်သို့ သွားနေသနည်း။ ထိုသတ္တဝါမ အိမ်သို့ သွားခြင်း ဖြစ်နိုင်သည်။ လောကတွင် ဘဲလ် ဝက်တလင်းလို မိန်းမစားမျိုး ရှိသေးသည့် အတွက် စကားလက် ပထမဆုံး အကြိမ် ဝမ်းသာခြင်း ဖြစ်ရသည်။ ကြောက်စိတ် ပြေသည် အထိ ရက် ဘတ်တလာကို လက်ခံထားမည့် အလားတူ အခြား အိမ်များ ရှိသေးလျှင်လည်း စကားလက် ဝမ်းသာသည်။ ကိုယ့် ယောက်ျား ပြည့်တန်ဆာအိမ် တစ်အိမ်သို့ သွားနေခြင်းကို ဝမ်းသာခြင်း ဖြစ်ရသည်ကမူ မကောင်း။ ပြည့်တန်ဆာအိမ် တစ်အိမ်ပြီး တစ်အိမ် သွားနေပါစေဟု ဆုတောင်းရတော့မည်။ ယခုတစ်ည မတွေ့ရလျှင် တော်ပြီ။ ယနေ့ည မတွေ့ရဟု ဆိုပါက ရက် ဘတ်တလာ သေသွားလျှင်ပင် စကားလက် ဝမ်းမနည်း။ ဝမ်းသာသည်။

မနက်ဖြန်ကျလျှင်ကော။ မနက်ဖြန်ကမူ နောက်နေ့သစ် တစ်နေ့ ဖြစ်သည်။ မနက်ဖြန် ဆိုလျှင် အကြောင်းပြချက်

တစ်ခု စဉ်းစား၍ ရနိုင်သည်။ သူ့ကို ပြန်လှန် စွပ်စွဲစရာ အချက်အလက် တစ်ခု စဉ်းစား၍ ရကောင်း ရနိုင်သည်။ ရက် ဘတ်တလာ ခြေလှမ်း မှားအောင် အကွက် တစ်ကွက်လောက် ဖန်တီး၍ ရနိုင်သေးသည်။ မနက်ဖြန်လောက် ဆိုလျှင် ဤညက အဖြစ်အပျက်ကို စဉ်းစားတိုင်း ယခုလောက် တုန်လှုပ်တော့မည် မဟုတ်။ မနက်ဖြန် ဆိုလျှင် အက်ရှလေ၏ မျက်နှာကို စဉ်းစားတိုင်း ယခုလောက် ထင်ရှားတော့မည် မဟုတ်။ အက်ရှလေ၏ ဦးချိုး ခံရသည့် မာန၊ အက်ရှလေ၏ ရှက်စရာ အဖြစ်။ မိမိကြောင့် ဖြစ်ခဲ့ရသော ရှက်စရာ အဖြစ်။ သူ့ ကိုယ်ပိုင် ပယောဂ မပါဘဲ ရခဲ့ရသော ရှက်စရာ အဖြစ်ကို စကားလက် မေ့ပျောက် ပစ်နိုင်ကောင်းသည်။ အက်ရှလေ၊ ဣနြေ္ဒ သိက္ခာ ကြီး၍ သူ ချစ်ရသော အက်ရှလေသည် ယခု အချိန်တွင် သူ့ကို မုန်းသွားပြီလော။ သူ့ကြောင့် အရှက်တကွဲ ဖြစ်ခဲ့ရသည့် အတွက် သူ့ကို မုန်းသွားပြီလော။ ယခုလောက်

441

ဆိုလျှင် အက်ရှလေသည် သူ့ကို မုန်းသွားလောက်ပြီ။ မီလာနီက သူ့ပခုံး သေးသေးကလေးများကို မတ်ထား၏။ သူ့ခါးကို ဖက်ရင်း သူ့ကို ချစ်ခင် ယုံကြည်စွာဖြင့် ဆီးကြိုသည်။ သူ့ကို စူးစမ်းသော၊ မုန်းထားသော အကြည့်ဖြင့် ကြည့်သော ပရိသတ်ကို ရင်ဆိုင်ခဲ့သည်။ မီလာနီက သူတို့ နှစ်ယောက် ဂုဏ် သိက္ခာကို ဆယ်သွားခဲ့သည်။ ဤသို့ မီလာနီက သိက္ခာ ဆယ်ပေးခြင်းကြောင့်ပင် အက်ရှလေသည် သူ့အပေါ်တွင် ပို၍ နာကြည်း ခါးသီး သွားနိုင်သည်။ ထိုနေ့ည တစ်ညလုံး မီလာနီသည် စကားလက်ကို သူ့ အနားတွင် ခေါ်ထားသည်။ ဤနည်းဖြင့် မီလာနီသည် မကောင်းသတင်းကို ဟန်မပျက် တားဆီးခဲ့၏။ ပရိသတ်က သူ့ကို ဟက်ဟက် ပက်ပက် မရှိလှ။ သို့ရာတွင် ယဉ်ကျေးမှု အရ ဆက်ဆံကြသည်။

သူ့ကို မုန်းတီးသူ၊ သူ့ကို အတင်းအဖျင်း စကားများဖြင့် ဆုတ်ဖဲ့ ခြေမွှပစ်သူများ၏ ရန်မှ လွတ်အာင် မီလာနီ၏

ထဘီနားနာနား အောက်တွင် ပုန်းကွယ် ရသည့် အဖြစ်ကမူ ရှက်စရာ ကောင်းသည်။ လူတွေ အနန္တ ရှိပါလျက် သူ့ အကာအကွယ် အောက်၌ ဝင်နေရသည်။

ဤသို့ တွေးမိတိုင်း စကားလက် အအေးမိသည့်နှယ် တုန်လာသည်။ အရက် နည်းနည်း သောက်မှ ဖြစ်မည်။

အိပ်ရာပေါ် လှဲပြီးနောက် အိပ်ပျော်သွားအောင် အရက် သောက်မှ ဖြစ်မည်။ စကားလက် ညဝတ် အင်္ကျီပေါ်တွင် ဝတ်ရုံ တစ်ထည်ကို ပတ်ကာ အိမ်ရှေ့ခန်း အမှောင်ထဲသို့ ထွက်လာခဲ့၏။ တိတ်ဆိတ်သည့် အမှောင်ထုထဲတွင် လွှာဖိနပ်သံ တဖျပ်ဖျပ် မြည်နေ၏။ လှေကား အလယ်သို့ ရောက်သည်တွင် ထမင်းစားခန်းဘက်ဆီသို့ လှမ်းကြည့်သည်။ စေ့ထားသော တံခါး ကြားမှ မီးရောင် သေးသေး မျှင်မျှင်ကလေး တစ်ခု အပြင်သို့ ဖြာကျနေသည်။ ရင်သည် ဒိတ်ခနဲ ဖြစ်သွား၏။ အိမ်သို့ သူ ပြန်လာစဉ်က ထမင်းစားခန်းထဲတွင် မီးရောင် ရှိသလော။ စိတ်လှုပ်ရှားနေသဖြင့် မမြင်ခဲ့ခြင်းလော။ သို့ မဟုတ်လျှင်လည်း ရက် ဘတ်တလာ ပြန်ရောက်နေ ပြီလော။ နောက်ဖေး မီးဖိုဘက် တံခါးမှ အသာ ဝင်လာခြင်း ဖြစ်နိုင်သည်။ ရက် ဘတ်တလာ ပြန်ရောက် နေပြီ ဆိုလျှင်မူ သူ သောက်ချင်နေသည့် အရက်ကို မသောက်တော့။ အိပ်ရာထဲ ပြန်အိပ်တော့မည်။ သို့ဆိုလျှင် သူနှင့် မျက်နှာချင်း ဆိုင်ရတော့မည် မဟုတ်။ ကိုယ့် အခန်းထဲ ပြန်ရောက်ပြီ ဆိုလျှင် လုံခြုံပြီ။ စိတ်ချ ရပြီ။ အထဲက တံခါးကို သော့ချထားလိုက်ရုံသာ ရှိသည်။

စကားလက် ဖိနပ်ကို ငုံ့၍ ချွတ်လိုက်၏။ ဖိနပ် မချွတ်လျှင် ဖိနပ်သံကို ကြားမည် စိုးသည်။ ထိုစဉ် ထမင်းစားခန်း တံခါး

ဖြုန်းခနဲ ပွင့်လာကာ ခပ်မှိန်မှိန် ဖယောင်းတိုင် မီးရောင်တွင် ရက် ဘတ်တလာ မားမားကြီး ရပ်နေသည်။ နောက်က မီးရောင် ခံနေသဖြင့် ရက် ဘတ်တလာ၏ မည်းမည်း သဏ္ဌာန်သည် ခါတိုင်းထက် ကြီးမားနေသည် ထင်ရ၏။ ခြေထောက်ပေါ်တွင် ခပ်ယိုင်ယိုင် ရပ်လျက်။ မျက်နှာကို သဲကွဲစွာ မမြင်ရသည့် ကြောက်စရာ မည်းမည်း အရိပ်ကြီး တစ်ခု။

‘ကျုပ်နှင့် လာသောက်ပါ မစ္စက် ရက် ဘတ်တလာ’



သူ့ အသံက အတော် လေးနေပြီ။ အရက် တောတော် မူးနေပုံ ရသည်။ ဣနြေ္ဒဆောင်ခြင်း မရှိတော့။ ရက် ဘတ်တလာ

မည်မျှ သောက်သောက် ဣနြေ္ဒ ပျက်လောက်အောင် မူးသည်ကို စကားလက် တစ်ခါမျှ မမြင်ဖူးသေး။ စကားလက် ရပ်၍ တွေနေသည်။ မည်သို့မျှ မပြော။ ရက် ဘတ်တလာက လက်ဟန် ခြေဟန်ဖြင့် ဆင်းလာရန် အမိန့် ပေးနေသည်။

‘လာ သောက်လှည့်လို့ ပြောနေတယ်ကွ’



ရက် ဘတ်တလာက ခပ်ကြမ်းကြမ်း ပြောသည်။

442



တော်တော် မူးနေပုံရသည်ဟု တွေးကာ စကားလက် တထိတ်ထိတ် ဖြစ်နေ၏။ ခါတိုင်း ဤသို့ မဟုတ်။ မူးလေလေ

ယဉ်ကျေး သိမ်မွေ့လေလေ။ ခါတိုင်း မူးလျှင် ပို၍ လှောင်သည်။ ပို၍ စကားလုံး ပြောင်သည်။ သို့ရာတွင် အမူအရာက တစ်ချက်မျှ မမှား။

‘သူ့ကို ကြောက်နေတယ်လို့တော့ အထင် မခံနိုင်ဘူး၊ ဘယ်တော့မှ အထင် မခံဘူး’ ဟု စကားလက်က တွေးနေသည်။

ထို့နောက် ဝတ်ရုံကို လည်ပင်း ထိအောင် ပတ်၍ ရုံ၏။ ခေါင်းမော့၍ ခြေသံ ပြင်းပြင်းဖြင့် လှေကားမှ ဆင်းလာခဲ့သည်။

ရက် ဘတ်တလာက ဘေးသို့ ကပ်ပေးကာ လှောင်သလိုလို ဟန်ဖြင့် ဦးညွှတ်၍ နှုတ်ဆက်သည်။ စကားလက်

မျက်ရည် လည်လာသည်။ ရက် ဘတ်တလာတွင် ကုတ်အင်္ကျီ မပါ။ လည်စည်းကို ဖြုတ်ကာ ပခုံး တစ်ဖက် တစ်ချက်တွင် တွဲလောင်း ချထား၏။ ရွပ္အက်ႌ ရင္ဘတ္က ဟျပဲ။ ရင်ဘတ်ပေါ်က အမွေး နက်နက်တွေ ပေါ်နေသည်။ ဆံပင်ကလည် ဖရိုဖရဲ။ မျက်လုံးများက သေးငယ် ကျဉ်းမြောင်းကာ နီရဲနေသည်။ စားပွဲပေါ်တွင် ဖယောင်းတိုင် လင်းနေသည်။ မီးတောက် ကလေးက သေးသဖြင့် အခန်းထဲက အရိပ် မည်းမည်းကြီးတွေက အဆမတန် ကြီးကာ ကြောက်စရာ ကောင်းနေသည်။ နံရံကပ် ဗီရိုကြီးများ၊ ကြောင်အိမ်ကြီးများသည် ငြိမ်သက်စွာ ဝပ်နေကြသည့် သတ္တဝါ အကောင် သေးသေးကလေးများနှင့် တူနေကြသည်။ စားပွဲပေါ်က ငွေလင်ပန်း တစ်ခုထဲတွင် အရက် ဖန်ချိုင့် တစ်ခု တင်ထားသည်။ ဖန်ချိုင့် အဖုံးက ပွင့်လျက်။ ဘေးပတ်လည်တွင် ဖန်ခွက်များက ပိုးလိုးပက်လက်။

‘ထိုင်’



ရက် ဘတ်တလာက နောက်မှ လိုက်လာရင်း ခပ်ပြတ်ပြတ် ပြောသည်။



စကားလက်၏ ရင်ထဲတွင် ကြောက်စိတ် တစ်မျိုး ပေါ်လာ၏။ ထိုအကြောက်နှင့်စာလျှင် ရက် ဘတ်တလာနှင့်

မျက်နှာဆိုင်ရမည့် အရေးသည် အသေးအဖွဲ ဖြစ်သွားသည်။ ရက် ဘတ်တလာ ကြည့်ပုံ၊ စကား ပြောပုံ၊ ပြုမူ ဆက်ဆံပုံက သူစိမ်းပြင်ပြင် တစ်ယောက်နှင့် တူနေသည်။ ယခု သူ တွေ့နေရသည့် ရက် ဘတ်တလာသည် ရိုင်းစိုင်း ကြမ်းကြုတ်သည့် ရက် ဘတ်တလာ ဖြစ်နေသည်။ ဤသို့ ရိုင်းစိုင်း ကြမ်းကြုတ်ဟန်ကို စကားလက် တစ်ခါမျှ မမြင်ဖူးခဲ့။ ရက် ဘတ်တလာက အမြဲတမ်း အေးစက်စက်။ အရေး မထားသည့်ဟန်။ လင်ရယ် မယားရယ် ရင်းနှီး ကျွမ်းဝင်စွာ ဆက်ဆံသည့် အချိန်များမှာပင် ဤသို့ နေလေ့ရှိသည်။ ဒေါသထွက်သည့် အချိန်တွင်ပင် သူ့ အသံသည် ချိုသာ နူးညံ့ကာ လှောင်ပြောင် သရော်သည့်ဟန် ပေါက်နေတတ်သည်။ အထူးသဖြင့် ဝီစကီ သောက်လျှင် ပိုသိသာသည်။ ရစတုန်း ကမူ သူ့ အပြုအမူ၊ သူ ဆက်ဆံပုံကို စကားလက် မကျေနပ်။ ရက် ဘတ်တလာ၏ အေးစက်စက် အရေး မထားဟန်ကို ဖျောက်ပစ်ရန် စကားလက် ကြိုးစားသည်။ သို့ရာတွင် မကြာမီ စကားလက် နေသားကျသွားသည်။ သူက အရေး မထားသည့် အတွက် အနေရ အထိုင်ရပင် ချောင်သေးသည်။ ရက် ဘတ်တလာသည် ဘာကိုမျှ အရေးတကြီး ထားသူ မဟုတ်ဟု စကားလက် ထင်ခဲ့သည်။ သူ့ မယားကို လည်းကောင်း၊ လောကတွင် ရှိရှိသမျှ အရာကို လည်းကောင်း ဘာမျှ အရေးတကြီး ထားခြင်း မရှိ။ လူ့ ဘဝ၏ အဖြစ်အပျက် ဟူသမျှသည် လှည့်စားတတ်သည့် ရယ်စရာများလောက်သာဟု ရက် ဘတ်တလာ သဘော ထားပုံရသည်။ သို့ရာတွင် ယခုမူ ရက် ဘတ်တလာသည် တစ်စုံတစ်ရာကို အလေးအနက် ထားနေပြီ။ အလွန် အရေးတကြီး ထားနေပြီဟု မျက်နှာချင်းဆိုင် ထိုင်ရင်း စကားလက် အလန့်တကြား တွေးနေသည်။

443



‘ကျုပ်က အလိုက်ကန်းဆိုး မသိ အိမ်ပြန်ရောက် နေပေမယ့် မင်း သောက်ချင်တယ် ဆိုရင် မင်းဘာသာ မင်း

သောက်ပေါ့၊ ဘာမှ ဟန်ဆောင်နေဖို့ မလိုပါဘူး၊ ဘာလဲ၊ ကျုပ် ငှဲ့ပေးရဦးမလား’

‘မသောက်ချင်ပါဘူး’ စကားလက်က ခပ်ပြတ်ပြတ် ပြောသည်။ ‘အောက်ထပ်က အသံ ကြားတာနှင့် ဆင်းကြည့်-’



‘မလိမ်ပါနှင့်၊ ဘာသံမှ မကြားရပါဘူး၊ အိမ်မှာ ကျုပ် မရှိဘူး ထင်လို့ မင်း ဆင်းလာတာ မဟုတ်လား၊ အပေါ်ထပ်မှာ မင်း

ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေသံကို ကြားပါတယ်၊ မင်း လမ်းလျှောက်ပုံက ဂနာ မငြိမ်ဘူး၊ အရက် သောက်ချင်နေတဲ့ ပုံပဲ၊ ရော့ သောက်’

‘ဟင့်အင်း၊ စကားလက်-’



ရက် ဘတ်တလာက အရက် ဖန်ချိုင့်ကို ယူ၍ ငှဲ့ပေးသည်။ အရက် ဖန်ခွက်ထဲသို့ ဝေါခနဲ ထည့်လိုက်၏။ အရက်တွေ

ဖိတ်ကုန်သည်။

‘ရော့ သောက်လိုက်’ ဖန်ခွက်ကို သူ့ လက်ထဲသို့ ထိုးပေးသည်။ ‘မင်း တစ်ကိုယ်လုံး တုန်နေပြီ၊ ဟန်ဆောင်

မနေစမ်းပါနှင့်၊ မင်း ခွက်ပုန်း သောက်နေတာ ကျုပ် သိပါတယ်၊ ဘယ်လောက် သောက်သလဲ ဆိုတာလည်း ကျုပ် သိတယ်၊ မင်း ဟန်ဆောင်တာတွေ သိပ်များလွန်းတယ်၊ ဟန်မဆောင်ဖို့ ပြောမလို့ စိတ်ကူးထားတာ ကြာလှပြီ၊ သောက်ချင်ရင် ဗြောင် သောက်ပေါ့ကွ၊ ဘာ ခွက်ပုန်း ချစရာ ရှိသလဲ၊ ဘာလဲ မင်း ဘရန်ဒီ သောက်တာ သိရင် ကျုပ် ဆူမှာ စိုးလို့လား’

စကားလက် သူ့ကို စိတ်ထဲမှ ကျိန်ဆဲကာ စိုစွတ်နေသည့် ဖန်ခွက်ကို လှမ်းယူသည်။ ရက် ဘတ်တလာက စာအုပ်

တစ်အုပ်ကို ဖတ်သည့်နှယ် သူ့ စိတ်ကို အကဲခတ်နေသည်။ ရက် ဘတ်တလာက သူ့ စိတ်ကို အမြဲတမ်း အကဲခတ် နေတတ်သည်။ စကားလက်က သူ့ တကယ့် စိတ်ကူးကို ရက် ဘတ်တလာ မသိစေချင်။ ဤကမ္ဘာ လောကကြီးတွင် သူ့ စိတ်ကူးကို ရက် ဘတ်တလာ သာ၍ မသိစေချင်။

‘သောက်လို့ ပြောနေတာ မကြားဘူးလား’



စကားလက်က ဖန်ခွက်ကို မြှောက်သည်။ လက်မောင်းကို ဆတ်ခနဲ မ၍ လက်ကောက်ဝတ်ကို တောင့်ထားပြီး

အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။ ဝီစကီကို ရေမရောဘဲ ဖေဖေလည်း ဤသို့ မော့တတ်သည်။ သောက်ပုံက သောက်နေကျဟန်၊ အရက် သောက်နေကျ ယောက်ျားကြီး တစ်ဦး၏ဟန်။ ဤသည်ကို စကားလက် သတိ မပြုမိ။ ရက် ဘတ်တလာက စကားလက် ကျွမ်းကျင်စွာ အရက် သောက်နေပုံကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ နှုတ်ခမ်း တစ်ဖက်ကို မဲ့လိုက်၏။

‘ထိုင်၊ ကျုပ်တို့ သွားခဲ့တဲ့ မွေးနေ့ ဧည့်ခံပွဲကြီး အကြောင်းကို ဆွေးနွေးကြမယ်၊ လင်မယားချင်း အေးအေး ဆေးဆေး

အိမ်တွင်းရေး ကိစ္စ ဆွေးနွေးတဲ့ သဘောပေါ့၊ ဟုတ်လား’

‘ရှင် မူးနေပြီ’ စကားလက်က အေးစက်စက် ပြောနေသည်။ ‘စကားလက်လည်း အိပ်တော့မယ်’



‘ဟုတ်တယ်၊ ကျုပ် တော်တော် မူးနေပြီ၊ ဒါပေမယ့် ကိစ္စ မရှိဘူး၊ နောက်ထပ် သောက်ဦးမယ်၊ ဒီနေ့ည ဒီထက် မူးအောင်

444

သောက်ဦးမယ်၊ ဒါပေမယ့် မင်းလည်း မအိပ်ရသေးဘူး၊ ထိုင်ဦး’

မူးနေသည့်တိုင် ရက် ဘတ်တလာ၏ အသံက သူ ပြောနေကျ ခပ်အေးအေး ခပ်ဝဲဝဲ အသံ မပျောက်သေး။ သို့ရာတွင်

ထိုစကားလုံးများ၏ နောက်ကွယ်မှ ဒေါသသည် ရှေ့သို့ တိုးထွက်နေသည်ကို စကားလက် သတိ ပြုမိ၏။ ကျာပွတ် တစ်ချောင်း၏ မြည်သံလို ပြင်းထန် ရက်စက်သည့် ဒေါသမျိုး ဖြစ်သည်။ စကားလက် ချီတုံချတုံ ဖြစ်နေစဉ် သူ့ ဘေးသို့ ရက် ဘတ်တလာ ရောက်လာ၏။ သူ့ လက်မောင်း တစ်ဖက်ကို ဖျစ်ညှစ် ကိုင်လိုက်သည်။ ရက် ဘတ်တလာက ဆွဲဆောင့်၍ အထိုင်ခိုင်းသဖြင့် စကားလက်က စုတ်သပ်၍ ခပ်မြန်မြန် ထိုင်ချလိုက်ရသည်။ စကားလက် ကြောက်နေပြီ။ သူ့ တစ်သက်တွင် ဤမျှလောက် တစ်ခါမျှ မကြောက်စဖူး။ သူ့ အပေါ်သို့ ငုံ့မိုးလာသည့် ရက် ဘတ်တလာ၏ မျက်နှာက ညိုမှောင်သည့် အထဲမှ သွေးရောင် လျှမ်းနေသည်။ မျက်လုံးများက ကြောက်စဖွယ် အရောင် ဝင်းဝင်းတောက်နေသည်။ သူ့မျက်လုံးထဲတွင် တစ်စုံတစ်ရာကို မြင်ရသည့်တိုင် ထိုအရာကို စကားလက် မမှတ်မိ။ စကားလက် နားမလည်။ ထိုအရာသည် ဒေါသထက် ပိုသည်။ နာကျင်ခြင်းထက် စွမ်းအား ကြီးသည်။ ထိုအရာကြောင့် သူ့ မျက်လုံး နှစ်လုံးသည် မီးကျီးခဲလို အရောင်တောက်သည်ဟု ထင်ရ၏။ ရက် ဘတ်တလာသည် သူ့ကို အကြာကြီး ငုံ့၍ စိုက်ကြည့်နေသည်။ သူ့ အကြည့်ကြောင့် စကားလက်၏ အာခံသည့် အကြည့်သည် နောက်သို့ ဆုတ်သွားကာ အရှုံးပေးသွားသည်။ ထိုနောက် ရက် ဘတ်တလာက မျက်နှာချင်းဆိုင် ကုလားထိုင်ပေါ်သို့ ပစ်ထိုင်လိုက်ပြီး နောက်တစ်ခွက် အရက် ငှဲ့နေသည်။ စကားလက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် စဉ်းစားနေသည်။ သို့ရာတွင် သူက မည်သို့မျှ မပြောမီ ကိုယ်မည်သို့ စပြောရမည် မသိ။ မည်သည့် စွပ်စွဲချက်များကို တင်လာမည်ဟု ကံသေကံမ မပြောနိုင်။

ရက် ဘတ်တလာက အရက်ကို တဖြည်းဖြည်း သောက်ရင်း ဖန်ခွက်ပေါ်မှ ကျော်၍ သူ့ကို စိုက်ကြည့် နေ၏။

စကားလက် အာရုံကြောတွေ တင်းလာကာ တုန်ယင်ခြင်း မရှိအောင် မနည်း အားတင်းထားရသည်။ ရက် ဘတ်တလာ၏ မျက်နှာ အမူအရာက အချိန် အတန်ကြာသည် အထိ ပြောင်းလဲခြင်း မရှိ။ အတော်ကြီး ကြာမှ ရက် ဘတ်တလာက ရယ်ချလိုက်သည်။ မျက်လုံးများက စကားလက်ကို စိုက်ကြည့်နေဆဲ။ သူ့ ရယ်သံကြောင့် စကားလက် တုန်ယင်ခြင်း မရှိအောင် အားတင်း မထားနိုင်တော့။

‘ညနေက ကိစ္စကလေးက တော်တော် ရယ်ရတဲ့ ဇာတ်လမ်း တစ်ပုဒ်ပဲနော်’



စကားလက်က

မည်သို့မျှ

မပြော။

တုန်ယင်ခြင်း

မရှိရန်

ချုပ်တည်းသည့်

အနေဖြင့်

လွှာဖိနပ်ထဲက

ခြေချောင်းကလေးများကို ကွေးချည် ဆန့်ချည် ပြုနေသည်။

‘တော်တော် ကြည့်လို့ ကောင်းတဲ့ ဇာတ်လမ်း ကလေးပဲ၊ ဇာတ်ဆောင်တွေကလည်း စုံတယ်၊ သစ္စာဖောက် ခံရတဲ့

ယောက်ျားက စိတ်သဘောထား ကြီးကြီးနှင့် ဖောက်ပြားတဲ့ မယားကို တွဲခေါ်လာတယ်၊ သစ္စာဖောက် ခံရတဲ့ မိန်းမကလည်း သူတော်ကောင်းမကြီး ပီပီ သူ့ အဖြစ်အပျက်ကို သူ့ သိက္ခာနှင့် ဖုံးဖိ ပြသွားတယ်၊ တစ်ရွာလုံးက လူတွေကလည်း ဖောက်ပြားတဲ့ မယားကို ခဲနှင့် ဝိုင်းပေါက်မလို့ ဝိုင်းအုံလို့၊ ပြီးတော့ ကြာခိုတဲ့ ကောင်ကလည်း-’

‘ဒီ စကားတွေ မပြောပါနှင့်၊ ကျေးဇူးပြုပြီး-’



‘ကျေးဇူး မပြုနိုင်ဘူး၊ ဒီနေ့ညတော့ ပြောရလိမ့်မယ်၊ ရယ်စရာ ကောင်းလွန်းလို့ပါ၊ အဲဒီ ကြာခိုတဲ့ ကောင်က ကြိုးဆွဲချ

445

သေချင်တဲ့ ရုပ်မျိုး၊ အူတူတူနှင့်၊ ခုတော့ ဘယ့်နှယ်ရှိစ၊ မင်း မုန်းတဲ့ မိန်းမက မင်းအနားမှာ ရပ်ပြီး မင်း အပြစ်တွေကို ဖုံးဖိပေးသွားပြီလေ၊ မင်း စိတ်ထဲ ဘယ့်နှယ် နေသလဲ ဟင်၊ မရှက်ဘူးလား၊ ထိုင်ပါ၊ မသွားပါနှင့်’

စကားလက်က ထိုင်သည်။



‘ဒါပေမယ့် မင်းကို ဒီလို ကာကွယ် ပေးလို့လည်း သူ့ကို မင်း အကောင်း ထင်မှာ မဟုတ်ပါဘူး၊ ကျုပ် သိပါတယ်၊

မင်းနှင့် အက်ရှလေ အကြောင်းကို သူ သိပြီလား၊ သိရက်သားနှင့် မင်းကို ဘာဖြစ်လို့ ကာကွယ် ပေးရသလဲ၊ သူ့ သိက္ခာကို သူ ဆယ်ဖို့ လုပ်တာလားလို့ မင်း တွေးနေတယ် မဟုတ်လား၊ မီလာနီ ဆိုတဲ့ မိန်းမဟာ တော်တော် နုံတဲ့ မိန်းမ၊ သူ့ လင်ကို ခိုးတာတောင် ငါ့ကို လိုက်ပြီး သိက္ခာ ဆယ်ပေးနေတဲ့ မိန်းမ၊ တော်တော် တုံးတဲ့ မိန်းမလို့ မင်း စိတ်ထဲက’

‘တော် တော်၊ ကျွန်မ နားမထောင်ချင်ဘူး’



‘မထောင်လို့ ဘယ်ဖြစ်မလဲ၊ ထောင်ရမယ်၊ မင်း စိတ်သက်သာရာ ရအောင် ကျုပ် တစ်ခုတော့ ပြောလိုက်မယ်၊

ဟုတ်တယ်၊ မီလာနီဟာ တော်တော် နုံတဲ့ မိန်းမ၊ ဒါပေမယ့် မင်း ထင်သလို နုံတဲ့ မိန်းမမျိုးတော့ မဟုတ်ဘူး၊ ဒီသတင်းကို သူ ကြားပြီးပေမယ့် ယုံပုံ မရဘူး၊ သူ့ မျက်စိနှင့် တပ်အပ် မြင်ရင်တောင် ယုံမှာ မဟုတ်ဘူး၊ မီလာနီဟာ အင်မတန် မွန်မြတ်ပြီး သိက္ခာရှိတဲ့ မိန်းမ၊ ဒီလို မွန်မြတ်တဲ့ မိန်းမမျိုးဟာ ကိုယ် ချစ်တဲ့သူ ကိုယ်ခင်တဲ့သူတွေကို ယုတ်ညံ့ သိမ်ဖျင်းတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးတတ်ဘူး၊ အက်ရှလေက သူ့ကို ဘယ်လောက် ပိပိရိရိ လိမ်ပြောထားသလဲ မသိဘူး၊ ဒါပေမယ့် လိမ်တာ မပိရိသည့်တိုင် မီလာနီကတော့ ယုံမှာပဲ၊ မီလာနီဟာ အက်ရှလေကို ချစ်တယ်၊ မင်းကိုလည်း ချစ်တယ်၊ ဒါကြောင့် မင်းတို့ ဘာပြောပြော သူ ယုံမှာပဲ၊ မင်းမှာ ဘာများ ချစ်စရာ ရှိသလဲတော့ မသိဘူး၊ ဒါပေမယ့် မီလာနီဟာ မင်းကို ချစ်တာတော့ အမှန်ပဲ၊ ဒါကို အခွင့်ကောင်း ယူပြီး မင်းက အနိုင်ယူ သွားတာ၊ တကယ် သူ့ အချစ်ကို မင်း လက်ဝါးကပ်တိုင်လို ထိုင်ပြီး ကိုးကွယ်ဖို့တောင် ကောင်းတယ်’

‘ရှင် မူးမူးပြီး မစော်ကားနှင့်၊ ရှင် မူးပြီး မရမ်းရင် ကျွန်မ သေသေချာချာ ရှင်းပြမယ်’ စကားလက်က ခပ်တည်တည်

ပြန်ပြေသည်။ ‘ဒါပေမယ့် ခုတော့ ရှင်က-’

‘မင်း ရှင်းပြမှာတွေကို ကျုပ် စိတ်မဝင်စားပါဘူး၊ အမှန်ကို မင်းထက် ကျုပ် ပိုသိတယ်၊ မင်း ထပြန်ဖို့တော့

မကြိုးစားနှင့်နော်၊ ကုလားထိုင်မှာ မထိုင်ဘဲ နောက်တစ်ခါ ထရပ်ရဲရင် ရပ်ကြည့်စမ်း၊ ဒီနေ့ည ရယ်စရာ ဇာတ်လမ်းကလေးထက် ပိုပြီး ရယ်စရာ ကောင်းတာ ရှိသေးတယ်၊ ဘာလဲ သိရဲ့လား၊ အပြစ်တွေ ကျူးလွန်တဲ့ ဒုစရိုက်ကောင် ဆိုပြီး ကျုပ်ကိုတော့ မင်းအိပ်ရာပေါ် တက်အိပ်ခွင့် မပေးခဲ့ဘူး၊ အဗြဟ္မစရိယာ သိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ သူတော်ကောင်းမကြီးပေါ့လေ၊ ဒါပေမယ့် မင်း စိတ်ထဲမှာတော့ အက်ရှလေနှင့် ကိလေသာ သောင်းကျန်းနေတယ်၊ ဟုတ်တယ်၊ ကိလေသာ သောင်းကျန်းနေတယ်၊ တော်တော် ကောင်းတဲ့ စကားလုံးပဲ၊ အဲဒီ စာအုပ်ထဲမှာ တော်တော် ကောင်းတဲ့ စကားလုံးတွေ ပါတယ်၊ သိလား’

မည်သည့် စာအုပ်နည်း။ မည်သည့် စာအုပ်ကို ပြောနေသနည်း။ စကားလက် စိတ်ထဲတွင် တွေးနေသည်။ မဆီမဆိုင်

အခန်း ပတ်ပတ်လည်ကို အလန့်တကြား လှည့်ကြည့်၏။ ငွေထည် ပစ္စည်းများက ခပ်မှိန်မှိန် မီးရောင်ထဲတွင် လက်နေကြ၏။ အခန်းထောင့်များက ကြောက်ဖွယ် မှောင်နေသည်။

446



‘မင်း ကျုပ်ကို ကန်ထုတ်ခဲ့တယ်၊ မင်းရဲ့ သဘာဝက နုနုနယ်နယ်ကလေး၊ ကျုပ် စိတ်ဆန္ဒက ခပ်ရိုင်းရိုင်း၊

ဒါကြောင့်မို့ ကျုပ် စိတ်ဆန္ဒရိုင်းကို မင်း မဖြည့်စွမ်းနိုင်ဘူး၊ ဆန္ဒရိုင်းကို မဖြည့်စွမ်းချင်လို့ နောက်ထပ်ကလေး မလိုချင်တာပေါ့၊ မဟုတ်ဘူးလား၊ ဒီတော့ ကျုပ် စိတ်မကောင်းဘူး၊ ကျုပ် ဆန္ဒရိုင်းကို ဖြည့်စွမ်းနိုင်တဲ့ဆီ သွားတယ်၊ ဆန္ဒရိုင်းကို တခြားမှာ သွားပြီး ပြေပျောက်အောင် လုပ်တယ်၊ မင်းဘာသာ မင်း နုနု နယ်နယ်ကလေး နေပါစေတော့ ဆိုပြီး ကျုပ်ဘာသာ ကျုပ် ပျော်စရာ ရှာတယ်၊ ဒီတော့ မင်း ဘာလုပ်သလဲ၊ အသည်း ဟက်တက်ကွဲနေတဲ့ အက်ရှလေနှင့် တစ်ချိန်လုံး ပလူးနေတယ်၊ အလကားကောင်၊ ကိုယ့် မယား အပေါ်မှာတောင် သစ္စာ မစောင့်ဘူး၊ မနောကံနှင့်လည်း သစ္စာဖောက်တယ်၊ ကာယကံနှင့်လည်း သစ္စာဖောက်တယ်၊ သတ္တိ ရှိရင် ရဲရဲ ဆုံးဖြတ်ပါလား၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါလား၊ သူနှင့်သာ ဆိုရင် မင်းကလည်း ကလေးတွေ မွေးပေးမှာပဲ၊ ကလေး မမွေးချင်ဘူးလို့ ပြောတော့မှာ မဟုတ်ဘူး၊ မဟုတ်ဘူးလား၊ ပြီးတော့ ကျုပ် ကလေးလို့ တံဆိပ် တပ်မယ်’

စကားလက်က တစ်ချက် အော်၍ ဖြုန်းခနဲ မတ်တတ် ရပ်လိုက်၏။ ရက် ဘတ်တလာက ဝုန်းခနဲ ထလာကာ ခပ်တိုးတိုး

ရယ်သည်။ စကားလက်၏ သွေးတွေကို အေးခဲသွားစေသည့် ရယ်သံမျိုး။ စကားလက်၏ ပခုံးကို သူ့ လက်ညိုညိုကြီးများဖြင့် ဖိ၍ အထိုင်ခိုင်းပြီး မိုး၍ ငုံ့ကြည့်နေသည်။

‘ဒီမှာ မိန်းကလေး၊ ကျုပ် လက်တွေကို ကြည့်စမ်း’ ရက် ဘတ်တလာက လက်ချောင်းများကို ကွေးချည် ဆန့်ချည်

ပြုပြ၏။ ‘ဒီလက်တွေနှင့် မင်းကို အသာကလေး ညှစ်သတ်ပစ်နိုင်တယ် သိလား၊ ဒီလို ညှစ်သတ်လို့ အက်ရှလေ မင်း စိတ်ထဲက ပျောက်သွားမယ် ဆိုရင် ကျုပ် တကယ် ညှစ်သတ်ပစ်မှာပဲ၊ ဒါပေမယ့် လည်ပင်း ညှစ်သတ်ရုံနှင့် အက်ရှလေဟာ မင်း စိတ်ထဲက ပျောက်သွားမှာ မဟုတ်ဘူး၊ ဒီတော့ အက်ရှလေကို မင်း စိတ်ထဲက တစ်သက်လုံး ပျောက်သွားအောင် ဒီလို လုပ်ရမယ်၊ မင်း ခေါင်းကို လက်နှစ်ဖက်နှင့် ပြုတ်တူ ညှပ်သလို ညှပ်၊ ပြီးတော့မှ သစ်ကြားသီး ရိုက်ခွဲသလို မင်း ခေါင်းကို ရိုက်ခွဲရမယ်၊ ဒီလို လုပ်ရင် အက်ရှလေ မင်း ခေါင်းထဲမှာ မရှိတော့ဘူး’

သူ့ လက်များက စကားလက် ခေါင်းပေါ်သို့ ရောက်လာ၏။ ရှည်လျား ကော့ပျံသည့် ဆံပင်ထဲသို့ လက်ချောင်းများကို

ဖွ၍ လျှောက်စမ်းပြီး မျက်နှာကို မော့ယူလိုက်သည်။ ရက် ဘတ်တလာ၏ မျက်နှာက သူစိမ်းပြင်ပြင် တစ်ယောက်၏ မျက်နှာ။ သူ့ အသံက ခပ်ဝဲဝဲဖြင့် အရက် မူးနေသည့် လူစိမ်း တစ်ယောက်၏ အာလေး လျှာလေးကြီးဖြင့် ပြောသံ။ စကားလက်၏ အဟိတ် တိရစ္ဆာန် သတ္တိသည် သူ့ အကြောများထဲသို့ ပြန်၍ စီးဝင်လာသည်။ ခါးကို ဆန့်၍ မျက်လုံးများကို မှေးကြည့်သည်။

‘ရှင် အရက်သမား၊ အလကားလူ၊ ကျွန်မကို မထိနှင့်’



စကားလက် အော်သည်။ ရက် ဘတ်တလာက လက်ကို ရုပ်ကာ စားပွဲစွန်းတွင် ဝင်ထိုင်ပြီး နောက်ထပ် အရက်

တစ်ခွက် ငှဲ့သောက်နေ၏။ စကားလက် အံ့အား သင့်နေသည်။

‘မင်း စိတ်ဓာတ်ကို ကျုပ် တစ်လျှောက်လုံး သဘောကျခဲ့တာ၊ ဒီတစ်ခါတော့ ပိုကြိုက်သွားပြီ၊ ချောင်ပိတ် ခံရတာတောင်

အရှုံး မပေးဘူး’

စကားလက်က ဝတ်ရုံကို ခပ်တင်းတင်း ဆွဲ၍ ပတ်ထားလိုက်သည်။ အခန်းသို့ ပြန်သွားကာ သော့ပိတ်ထားချင်လှပြီ။

တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်လှပြီ။ သို့ရာတွင် မရဲသော်လည်း ပြေးခဲစေ ဆိုသကဲ့သို့ သူ့ကို နည်းနည်းပါးပါး

447

အကြောင်း ပြရဦးမည်။ ဦးကျိုးသွားအောင် လုပ်ရဦးမည်။ ရက် ဘတ်တလာ ဤမျှ ဒေါသတကြီး ရမ်းကားသည်ကို တစ်ခါမျှ မမြင်ဖူးသေး။ ဒူးတွေ တဆတ်ဆတ် တုန်နေသည့်တိုင် စကားလက် ထရပ်ကာ ဝတ်ရုံကို တင်ပါးပေါ်တွင် ခပ်တင်းတင်း ဆွဲပတ်သည်။ မျက်နှာပေါ်သို့ ဝဲကျနေသည့် ဆံပင်များကို နောက်သို့ ပြန်တင်လိုက်၏။

‘ဟင်း၊ ဘာဖြစ်လို့ ချောင်ပိတ် ခံရမှာလဲ’ စကားလက်က ရန်ထောင်သည်။ ‘ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ ကျွန်မကို ရှင်

ချောင်ပိတ်လို့ ရမယ် ထင်သလား၊ ခြောက်လို့ ရမယ်ကော ထင်သလား၊ တစ်သက်လုံး မရဘူး မှတ်ပါ၊ ရှင်ဟာ အရက်သမား၊ အဟိတ် တိရစ္ဆာန်၊ မကောင်းတဲ့ မိန်းမတွေနှင့် ပျော်နေတဲ့ လူ၊ မကောင်းတဲ့ မိန်းမတောမှာ အနေ ကြာတော့ ရှင်ဟာ မကောင်းတာကိုပဲ နားလည်တယ်၊ အက်ရှလေကိုရော ကျွန်မကိုရော ရှင် နားမလည်ဘူး၊ ရှင်ဟာ မနာလို ဝန်တို ဖြစ်နေတာ၊ ရှင် နားမလည်တာ တစ်ခုကို မနာလိုဝန်တို ဖြစ်နေတာ၊ ဒါပဲ သွားမယ်’

စကားလက်က ချာခနဲ လှည့်၍ တံခါးပေါက် ဆီသို့ ထွက်လိုက်၏။ တဟားဟား ရယ်သံကြောင့် စကားလက်

ခြေလှမ်း တုန့်သွား၏။ စကားလက် ပြန်လှည့်ကြည့်သည်။ ရက် ဘတ်တလာက ဒယီးဒယိုင်ဖြင့် သူ့ဆီသို့ လျှောက်လာ၏။ သူ့ ရယ်သံကြီးက ကြောက်စရာ။ ဤရယ်သံကြီးကို စကားလက် မကြားချင်။ ဤကိစ္စတွင် ဘာများ ရယ်စရာ ရှိသနည်း။ သူက ရှေ့တိုး လာသဖြင့် စကားလက်က တံခါးဆီသို့ နောက်ပြန် ဆုတ်လာသည်။ သို့ရာတွင် ဆုတ်စရာ မရှိတော့။ နံရံကြီး ခံနေသည်။ ရက် ဘတ်တလာက လက်နှစ်ဖက်ဖြင့် သူ့ ပခုံးကို တွန်း၍ နံရံဖြင့် ညှပ်ထားသည်။

‘ဘာလို့ ရယ်နေတာလဲ၊ မရယ်ပါနှင့်’



‘ရယ်တယ်၊ မင်းကို သနားလို့ ရယ်တယ်’



‘ဘာဖြစ်လို့ သနားရမှာလဲ၊ သူများကို မသနားပါနှင့်၊ ကိုယ့်ကိုယ်ကိုယ်ပဲ သနားပါ’



‘ကျုပ် ကိုယ် ကျုပ် မသနားဘူး သူငယ်မ၊ မင်းကို သနားတာ၊ သိပ်ချောပြီး သိပ်လှတဲ့ နလပိန်းတုံး မလေး

တစ်ယောက်ကို သနားတာ၊ မင်းကို သနားတယ်လို့ ပြောတာကိုကော မခံနိုင်ဘူးလား၊ ဘယ်လိုလဲ၊ ရယ်တာကိုလည်း မခံနိုင်ဘူး၊ သနားတာကိုလည်း မခံနိုင်ဘူး ဆိုတော့ မင်းဟာက မလွန်လွန်းဘူးလား’

ရက် ဘတ်တလာက အရယ် ရပ်လိုက်၏။ သူ့ ပခုံးကို အတင်း ညှပ်၍ ဖိထားသဖြင့် ပခုံးတွေ နာလာသည်။ သူ့

မျက်နှာထားက ပြောင်းသွားသည်။ မျက်နှာကြီးက အနားသို့ ကပ်လာသဖြင့် ဝီစကီနံ့ တထောင်းထောင်း ဖြစ်နေ၏။ စကားလက်က မျက်နှာကို လွှဲလိုက်သည်။

‘ကျုပ် မနာလိုဝန်တို ဖြစ်တယ် ဟုတ်လား’ ရက် ဘတ်တလာက ပြောသည်။ ‘ဟုတ်သားပဲ၊ မနာလိုတော့ ဘာဖြစ်သလဲ၊

အက်ရှလေကို ကျုပ် မနာလိုဘူး၊ သဝန်တိုတယ်၊ အဲဒါ ဘာဖြစ်သလဲ၊ ကျုပ်ကို ရှင်းမနေပါနှင့်၊ မင်းဟာ ကျုပ် အပေါ်မှာ ကာယကံမြောက် သစ္စာ မဖောက်သေးဘူးလို့ ပြောမလို့ မဟုတ်လား၊ ကျုပ် သိပြီးပြီ၊ အစောကြီး ကတည်းက သိပြီးပြီ၊ ညားကတည်းက သိပြီးသား၊ ဘယ်လို လုပ်ပြီး သိတယ် ထင်သလဲ၊ လွယ်လွယ်ကလေးရယ်၊ အက်ရှလေလို လူမျိုး အကြောင်း ကျုပ် ကောင်းကောင်း သိတယ်၊ အဲဒီ လူမျိုးက လူကြီး လူကောင်းတွေ၊ ဣနြေ္ဒရှင်ကြီးတွေ မဟုတ်လား၊ မင်း အတွက်၊ ကျုပ် အတွက်၊ ဒီကိစ္စ အတွက် ကျုပ် ဒီလောက်ပဲ ပြောမယ်၊ ကျုပ်တို့က လူကြီး လူကောင်း မဟုတ်ဘူး၊ သိက္ခာတွေ ဘာတွေ

448

နားမလည်ဘူး၊ ရှင်းရှင်းပဲ၊ ဒါကြောင့် ကျုပ်တို့ တစ်တွေ ဆိတ်နံကြီးပင်လို တရိပ်ရိပ် ကြီးပွားနေတာပေါ့’

‘ဖယ်ပါ၊ ကျွန်မ သွားမယ်၊ ရှင် ဒီလောက် စော်ကားရရင် တော်ရောပေါ့၊ နောက်ထပ် အစော်ကား မခံနိုင်ဘူး’



‘ကျုပ် မင်းကို ဘယ်မှာ စော်ကားလို့လဲ၊ ကိုယ်ခန္ဓာအားဖြင့် သန့်ရှင်းတယ်၊ သစ္စာ ရှိတယ်လို့ မင်းကို ချီးကျူးနေတာ၊

ဒါပေမယ့် ကျုပ်ကို အရူးလုပ်လို့တော့ မရဘူး မှတ်ပါ၊ မင်းက ယောက်ျားတွေကို အရူးတွေလို့ ထင်နေတာ မဟုတ်လား၊ ဒီမှာ စကားလက်၊ ကိုယ့်ရန်သူကို ဘယ်တော့မှ အထင် မသေးပါနှင့်၊ ရန်သူကို အထင်သေးတာဟာ ဘယ်တော့မှ အကျိုး မများဘူး မှတ်ပါ၊ ကျုပ်က နလပိန်းတုံး မဟုတ်ဘူး၊ ကျုပ်ကို အက်ရှလေ အမှတ်ထားပြီး ကျုပ် ရင်ခွင်ထဲ ဝင်နေတာကို ကျုပ် မသိဘူးများ ထင်နေသလား’

စကားလက်၏ ပါးစပ်သည် ဟသွား၏။ စကားလက်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ အံ့သြသည့် အမူအရာ

ပေါ်လာသည်။

‘တော်တော် အရသာ ရှိမှာပေါ့ ဟုတ်လား၊ စိတ်ကူးနှင့် မှန်းပြီး လွမ်းတယ်ပေါ့၊ လင်မယား နှစ်ယောက်တည်း

ခုတင်ပေါ်မှာ အိပ်တာကို သုံးယောက် အိပ်ရသလို ဇိမ်ကျနေတာပေါ့ ဟုတ်လား’

ရက် ဘတ်တလာက ပခုံးများကို ကိုင်လှုပ်လိုက်ပြီး ခပ်လှောင်လှောင် ပြုံးနေသည်။



‘ဟုတ်ပါတယ်၊ မင်း ကျုပ် အပေါ်မှာ သစ္စာ ရှိပါတယ်၊ အက်ရှလေက မင်းကို စိတ်မပါသေးတော့ မင်း ကျုပ် အပေါ်မှာ

သစ္စာ ရှိနေသေးတာပေါ့၊ ဒါပေမယ့် မင်း ခန္ဓာကိုယ်ကို ပေးလိုက်ရင်လည်း ကျုပ်အဖို့ အရေးမကြီးပါဘူး၊ မနာလို မဖြစ်ပါဘူး၊ စိတ်ချပါ၊ ခန္ဓာကိုယ် ဆိုတာ အလကားပါ၊ အထူးသဖြင့် မင်းတို့ မိန်းမတွေရဲ့ ခန္ဓာကိုယ် ဆိုတာ အလကားပါ၊ ဒါပေမယ့် မင်း နှလုံးသားကို ပေးတဲ့ အတွက်၊ မင်းရဲ့ ချစ်စရာ ကောင်းတဲ့ ဇွတ်တရွတ်နိုင်တဲ့ အရှက် မရှိ လုပ်ရဲတဲ့ စိတ်ထားကို ပေးတဲ့ အတွက်တော့ ကျုပ် သူ့ကို မနာလို ဖြစ်တယ်၊ ဒီလူက အလကား လူပါ၊ မင်း စိတ်ကို လိုချင်တာ မဟုတ်ပါဘူး၊ ကျုပ်ကလည်း မင်း ခန္ဓာကိုယ်ကို လိုချင်တာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကို လိုချင်ရင် မိန်းမတွေ ပေါတယ်၊ ပိုက်ဆံ ပေးရင် ဈေးပေါပေါနှင့် လိုသလောက် ရတယ်၊ ဒါပေမယ့် ကျုပ် လိုချင်တာက မင်း စိတ်ကို လိုချင်တာ၊ မင်း အသည်းနှလုံးကို လိုချင်တာ၊ ကျုပ် မင်း စိတ်ကို မရခဲ့ဘူး၊ မင်း အသည်းနှလုံးကို မရခဲ့ဘူး၊ မင်းလည်း အက်ရှလေရဲ့ စိတ်ကို မရခဲ့ဘူး၊ သူ့ အသည်းနှလုံးကို မရဘူး၊ ဒါကြောင့် မင်းကို ကျုပ် သနားတာ’

စကားလက် ထိတ်လန့် ကြောက်ရွံ့နေသည့် တိုင်အောင် သူ့ သရော်ပုံကို ခံပြင်းနေသည်။



‘သနားစရာ မလိုပါဘူး’



‘လိုတာပေါ့၊ သိပ်လိုတာပေါ့၊ တကယ်က မင်းဟာ ကလေးလေးပဲ ရှိသေးတယ်၊ လမင်းကို လိုချင်လို့ ငိုနေတဲ့

ကလေးလေးပဲ၊ လမင်းကို ရပါပြီတဲ့၊ အဲဒီ ကလေး ဘာလုပ်မလဲ၊ အက်ရှလေကို ရတော့ မင်း ဘာလုပ်မလဲ၊ ဟုတ်တယ်၊ မင်းအတွက် ကျုပ် ဝမ်းနည်းတယ်၊ သနားတယ်၊ လက်ထဲ ရောက်လာတဲ့ ချမ်းသာ သုခကို လွှတ်ပစ်ပြီး ဒုက္ခကို လိုက်ရှာနေတယ်၊ မင်းကို ဘယ်တော့မှ ပျော်ရွှင်မှု မပေးတဲ့ အရာကို လိုက်ရှာနေတယ်၊ မင်းဟာ ဘာမှ အသိဥာဏ် မရှိတဲ့ မိန်းမ၊ အသွင်တူသူချင်း ပေါင်းဖက်မှ ချမ်းသာ သုခကို ရနိုင်တယ် ဆိုတာလောက်ကိုတောင် မင်း မစဉ်းစားတတ်ဘူး၊ ဒါကြောင့် ကျုပ် မင်းကို

449

သနားတယ်’

‘ဆိုပါစို့၊ ကျုပ်ကလည်း သေ၊ မီလာနီလည်း သေပြီး မင်း အင်မတန် တန်ဖိုးထားတဲ့ မင်း ချစ်သူကို ရပြီ ထားပါစို့၊

မင်း ပျော်မယ် ထင်သလား၊ ဟင်း အဝေးကြီး၊ မင်းဟာ ဒီလူကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး၊ သူ ဘာတွေ တွေးပြီး ဘာတွေ စဉ်းစား နေတယ် ဆိုတာကိုလည်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး၊ ဘယ် နားလည်မလဲ၊ မင်း ကဗျာကို နား မလည်ဘူး၊ ဂီတကို နားမလည်ဘူး၊ စာပေကို နားမလည်ဘူး၊ ငွေကလွဲရင် မင်း ဘာမှ နားမလည်ဘူး၊ ဒီတော့ မင်း သူ့ကိုလည်း ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး၊ ဒီမှာ ကျုပ် မိန်းမ၊ ကျုပ်ကို သူ့ထက် တစ်ဝက်လောက်သာ အခွင့်အရေး ပေးရင် မင်းရော ကျုပ်ရော ပျော်မယ်၊ စိတ်ချ၊ ကျုပ်တို့ နှစ်ယောက်စလုံးဟာ လူဆိုးတွေ၊ ကျုပ်တို့ လိုချင်လာပြီ ဆိုရင် ဘာကို ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ရအောင် ယူတယ်၊ ကျုပ်က မင်းကို ချစ်တယ်၊ မင်းကို နားလည်တယ်၊ အက်ရှလေက မင်း အကြောင်းကို နားမလည်သလောက် ကျုပ်က မင်း အကြောင်းကို အကုန် သိတယ်၊ ဒါကြောင့် ကျုပ်တို့ နှစ်ယောက်သာ နေရရင် ပျော်မှာပဲ၊ အက်ရှလေဟာ မင်းကို နားမလည်လို့၊ မင်းကို နားလည်ရင် မင်းကို မုန်းမှာ သေချာတယ်၊ ဒါပေမယ့် မင်း သဘော၊ မင်း ကြိုက်သလို လုပ်၊ ကိုယ် နားမလည်တဲ့ လူ တစ်ယောက် အတွက် တစ်သက်လုံး လွမ်း၊ တစ်သက်လုံး ဆွေးနေပေါ့ ဟုတ်လား၊ ဒီတော့ ကျုပ်ကလည်း ပြည့်တန်ဆာတွေကို လွမ်းနေမယ်၊ ကိုယ့်နည်းနဲ့ ကိုယ်ပေါ့ ဟုတ်လား၊ ဒီလိုဆိုရင် ကျုပ်တို့ လင်မယား နှစ်ယောက် ဒိပြင် လင်မယားတွေထက် သာမှာပါ’

ရက် ဘတ်တလာက သူ့ကို ရုတ်တရက် လွှတ်ပြီး အရက် ဖန်ချိုင့်ဆီသို့ ဒယီးဒယိုင် လျှောက်သွား၏။ စကားလက်

အတန်ကြာမျှ မလှုပ်မရှား ရပ်နေသည်။ သူ့ ခေါင်းထဲတွင် အတွေးများသည် တစ်ခုပြီး တစ်ခု လျင်မြန်စွာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။ သို့ရာတွင် မည်သည့် အတွေးကိုမျှ ဖမ်းဆုပ်၍ မရ။

သူ့ကို ချစ်သည်ဟု ရက် ဘတ်တလာက ပြောသွားသည်။ သူ တကယ် ပြောနေခြင်းလော။ သို့မဟုတ် အရက် မူး၍

ပြောနေခြင်းလော။ သို့မဟုတ် တမင် လှောင်ပြောင် ပြောနေခြင်းလော။ အက်ရှလေကိုမူ လမင်းနှင့် ခိုင်းနှိုင်း ထားသည်။ သူ့ကို လမင်းကို လိုချင်၍ ငိုနေသူဟု ပြောသွားသည်။

တစ္ဆေသရဲ လိုက်လာသကဲ့သို့ မှောင်ပိန်း နေသည့် အိမ်ရှေ့ ခန်းမဆောင်သို့ စကားလက်က တစ်ဟုန်ထိုး

ပြေးထွက်လာခဲ့သည်။ သူ့ အိပ်ခန်းသို့ ပြန်ရောက်ချင် လှပြီ။ ခြေထောက် ခွေသွားပြီး ဖိနပ် ကျွတ်သွားသည်။ ဖိနပ် တစ်ဖက်ကို ချွတ်၍ ကန်ထုတ် ပစ်လိုက်၏။ တောတွင်းသား တစ်ယောက်လို ပေါ့ပါး လျင်မြန်စွာ ပြေးလိုက်လာသည့် ရက် ဘတ်တလာသည် သူ့ဘေး အမှောင်ထဲတွင် ရောက်နေသည်။ ထွက်သက်လေသည် သူ့ မျက်နှာပေါ်တွင် နွေးနေ၏။ လက် နှစ်ဖက်က သူ့ကို ခပ်ကြမ်းကြမ်း ဖက်ကာ ဝတ်ရုံအောက်သို့ တိုးဝင်လာသည်။

‘မင်း ကျုပ်ကို ကန်ထုတ်ပြီး ဟိုလူနောက်ကို လိုက်နေတယ်ပေါ့၊ ဟုတ်လား၊ ဒီနေ့ တစ်ညတော့ ကျုပ် အိပ်ရာပေါ်မှာ

နှစ်ယောက်တည်း ရှိတဲ့ည ဖြစ်ရမယ်၊ နှစ်ယောက်တည်း ရှိတဲ့ည’

ရက် ဘတ်တလာက ရုတ်တရက် ကောက်ပွေ့လိုက်ပြီး လှေကား တစ်လျှောက် တက်လာသည်။ စကားလက်

ခေါင်းသည် သူ့ ရင်ဘတ်တွင် ညပ်နေသည်။ တူထုသလို တဒိုင်းဒိုင်း ခုန်နေသည့် သူ့ နှလုံးခုန်သံကို ကြားရ၏။ ရက် ဘတ်တလာက အတင်း ဖျစ်ညှစ်ထားသဖြင့် စကားလက် နာကျင်၍ အော်သည်။ သူ့ အသံက ဗလုံးဗထွေး။ ထိတ်လန့်

450

ကြောက်ရွံ့နေသည့် အသံ။ မှောင်ကြီးမည်းမည်းတွင် လှေကား တစ်လျှောက် စမ်း၍ တက်လာသည်။

စကားလက် ကြောက်စိတ် မွှန်လျက် ရှိ၏။ ရက် ဘတ်တလာသည် ရူးသွပ်နေသည့် လူစိမ်း တစ်ယောက်။ ဤသည်မှာ

သူ မသိသည့် မှောင်မိုက်သည့် အမှောင်ထုကြီး ဖြစ်သည်။ သေခြင်းတရား ထက်ပင် မှောင်မိုက်သည်။ ရက် ဘတ်တလာသည် သေမင်းနှင့် ဘာမျှမခြား။ သူ့ လက်မောင်းကြီးများဖြင့် တင်းကျပ်စွာ ပွေ့၍ ခေါ်သွားနေသည်။ စကားလက်က အော်သည်။ ရင်အုပ် ကြားတွင် မပီမသ။ တစ်ဆစ်ချိုး အကွေ့တွင် ရုတ်တရက် ရပ်လိုက်ပြီး စကားလက်ကို သူ့ လက်မောင်းထဲတွင် ပက်လက် လှန်လိုက်၏။ ရိုင်းစိုင်း ကြမ်းတမ်းစွာ အားကုန် နမ်းသည်။ စကားလက် ဘာကိုမျှ မသိတော့။ သူ နစ်မြုပ်လျက်ရှိရာ အမှောင်ထုနှင့် သူ့ နှုတ်ခမ်းပေါ်က နှုတ်ခမ်းများမှအပ အခြား ဘာကိုမျှ သတိ မရတော့။ လေပြင်းထဲတွင် ရပ်နေသူပမာ ရက် ဘတ်တလာ တစ်ကိုယ်လုံး တုန်နေသည်။ သူ့နှုတ်ခမ်းများသည် စကားလက်၏ ပါးစပ်မှ အောက်သို့ ဆင်းလာသည်။ ဝတ်ရုံက ကိုယ်ပေါ်မှာ လျှောကျသွားပြီ။ သူ့ နှုတ်ခမ်းများသည် စကားလက်၏ နူးညံ့ အိစက်သည့် အသားပေါ်သို့ ရောက်လာ၏။ စကားတွေ တတွတ်တွတ် ပြောနေသည့်တိုင် စကားလက် မကြား။ သူ့ နှုတ်ခမ်းများသည် စကားလက် ယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော ခံစားချက်များကို လှုပ်နှိုးနေသည်။ စကားလက် ကိုယ်တိုင်သည် အမှောင်ထုကြီး ဖြစ်နေသည်။ ရက် ဘတ်တလာသည်လည်း အမှောင်ထုကြီး ဖြစ်နေသည်။ ဤကာလ မတိုင်မီ အထိ လောကကြီးတွင် ဘာမျှ မရှိ။ အမှောင်ထုကြီးနှင့် သူ့နှုတ်ခမ်းများသာ ရှိသည်။ စကားလက် စကား ပြောဖို့ ကြိုးစားသည်။ သူ့ နှုတ်ခမ်းများက ပါးစပ်ပေါ်သို့ ရောက်လာကြပြန်သည်။ ရုတ်တရက် သူ တစ်ခါမျှ မခံစားခဲ့ဖူးသည့် ပြင်းထန်သော တုန်လှုပ်ခြင်းမျိုးကို ခံစား လိုက်ရသည်။ ပျော်ခြင်း၊ ကြောက်ခြင်း၊ ချောက်ချားခြင်း၊ ရင်သိမ့်တုန်ခြင်း၊ သန်မာသော လက်မောင်းများ၊ နာကျင်စေသော နှုတ်ခမ်းများနှင့် အပြောင်းအလဲ မြန်သော ကံတရားကို အရှုံးပေးခြင်းတို့ ရောထွေးနေသည်။ တစ်စုံတစ်ယောက်၊ သူ့ကို အနိုင်ကျင့်၍ သူ့ကို လွှမ်းမိုးနေသော တစ်စုံတစ်ယောက်ကို သူ့ တစ်သက်တွင် ပထမဆုံး စကားလက် တွေ့ရပြီ။ သို့တိုင်အောင် စကားလက်၏ လက်မောင်းများသည် သူ့လည်ပင်းကို သိုင်းဖက် ထားကြသည်။ နှုတ်ခမ်းများသည် သူ့ နှုတ်ခမ်းအောက်တွင် တရွရွ တုန်နေကြသည်။ သူတို့ နှစ်ဦးသည် အမှောင်ထုကြီးထဲသို့ လွင့်ပါနေကြသည်။ နူးညံ့သော၊ ချာချာလည်သော၊ အားလုံးကို ဖုံးလွှမ်းသော အမှောင်ထုကြီး ထဲသို့ လွင့်ပါနေကြသည်။

နောက်တစ်နေ့ နံနက် အိပ်ရာမှ နိုးသည့် အခါ၌ ရက် ဘတ်တလာကို မတွေ့ရတော့။ သူ့ ဘေးတွင် တွန့်ကြေ နေသည့်

ခေါင်းအုံးကိုသာ မတွေ့ရလျှင် မနေ့ညက အဖြစ်အပျက်သည် ကယောင်ချောက်ချား မက်သည့် အိပ်မက်ရိုင်း တစ်ခုမျှသာဟု ထင်မိလိမ့်မည်။ မနေ့ညက အဖြစ်ကို တွေးမိသဖြင့် စကားလက် မျက်နှာတွင် ကြက်သွေးရောင် စို့လာ၏။ စောင်ကို လည်ပင်းအထိ ဆွဲခြုံလိုက်ပြီး နေရောင်ထဲတွင် လဲလျောင်းကာ ရောထွေး ယှက်လိမ်နေသည့် မြင်ကွင်းများကို ကြိုးစား၍ ဖြေ၏။

ထိုအထဲတွင် အရာ နှစ်ခုကို သူ ကောင်းကောင်း မှတ်မိသည်။ ရက် ဘတ်တလာနှင့် နေခဲ့သည်မှာ နှစ်တွေ ကြာခဲ့ပြီ။

သူနှင့် အတူ အိပ်ခဲ့သည်။ အတူ စားခဲ့သည်။ ရန်ဖြစ်ခဲ့သည်။ ကလေး တစ်ယောက် မွေးခဲ့သည်။ သို့တိုင်အောင် သူသည် ရက် ဘတ်တလာကို မသိခဲ့။ မည်းမှောင်သည့် လှေကား တစ်လျှောက်တွင် သူ့ကို ပွေ့ချီသွားခဲ့သူသည် သူ မသိသည့် သူစိမ်းပြင်ပြင် တစ်ယောက် ဖြစ်ခ့သည်။ သို့ရာတွင် ယခုမူ သူ့ကို မုန်းရန် ကြိုးစားသည့်တိုင်၊ သူ့ကို စိတ်ဆိုးရန် ကြိုးစားသည့်တိုင် စကားလက် မုန်း၍ မရတော့။ စိတ်ဆိုး၍ မရတော့။ ရက် ဘတ်တလာသည် သူ့ကို ဦးကျိုးအောင် လုပ်ခဲ့ပြီ။ နာကျင်အောင် လုပ်ခဲ့ပြီ။ ပြင်းထန် ကြမ်းတမ်းသည့် ညတစ်ညလုံး သူ့ကို ကြမ်းတမ်းစွာ အသုံးချခဲ့ပြီ။ စကားလက် ထိုအပြုအမူကို ကျေနပ်နေသည်။

451



ရှက်ဖို့မူ ကောင်းသည်။ မနေ့ညက အမှောင်ထု အကြောင်းကို တွေးလျှင် ခေါင်းပင် ဖော်ရဲစရာ မရှိ။ ဂုဏ်သရေရှိ

အမျိုးကောင်းသမီး တစ်ယောက်၊ တကယ့် ဂုဏ်သရေရှိ အမျိုးသမီးကောင်း တစ်ယောက်ဆိုလျှင် ထိုညမျိုးကို တွေ့ခဲ့ရပြီးနောက် ခေါင်းပင် ဖော်ရဲစရာ မရှိ။ သို့ရာတွင် ပီတိ၏ အရှိန်အဟုန်သည် အလျှော့ပေးလိုက်ရသည့် အရှက်ထက် အားကောင်းသည်။ သူ့ တစ်သက်တွင် ပထမဆုံး ရှင်သန် နိုးကြားလာသည်ဟု ခံစားရ၏။ ရမ္မက်ဇောကို ခံစားရသည်။ ထိုရမ္မက်သည် အတ္တလန်တာက ထွက်ပြေးခဲ့ရသည့် ညက အကြောက်နည်းတူ ပြင်းထန်သည်။ ယန်ကီ စစ်သားကို သေနတ်ဖြင့် ပစ်သတ်ခဲ့စဉ်က အမုန်း နည်းတူ ချိုမြိန်၍ အရသာ ရှိသည်။

ရက် ဘတ်တလာက သူ့ကို ချစ်သည်။ အနည်းဆုံး သူ့ကို ချစ်သည်ဟု ပြောပြီ။ သံသယ ရှိစရာ မလိုတော့။ သူနှင့်

ခပ်မှန်မှန် နေခဲ့သည့် ရိုင်းစိုင်း ကြမ်းကြုတ်သည့် ဤလူစိမ်းက သူ့ကို ချစ်သည် ဆိုခြင်းမှာ ဆန်းသည်။ နားမလည်နိုင်စရာ။ မယုံကြည်နိုင်စရာ။ ဤအချက်ကို မည်သို့ မည်ပုံ သဘောပေါက်သွားသည်ကိုမူ စကားလက် ကောင်းကောင်း မသိ။ သို့ရာတွင် တစ်စုံတစ်ရာကို တွေးမိသဖြင့် စကားလက် ရုတ်တရက် အသံထွက်၍ ရယ်သည်။ ရက် ဘတ်တလာက သူ့ကို ချစ်သည် ဆိုလျှင် နောက်ဆုံးတွင် ရက် ဘတ်တလာကို သူ အနိုင်ရပြီ။ သူ့ကို ချစ်လာအောင် ရက် ဘတ်တလာ အား မျှားခေါ်မည်။ သို့ဆိုလျှင် ရက် ဘတ်တလာ၏ ခေါင်းပေါ်တွင် ကျာပွတ်ကို ဝင့်နိုင်တော့မည်ဟု သူ စိတ်ကူးခဲ့ဖူးသည် မဟုတ်လော။ ယခု သူ့ အလှည့် ရောက်ပြီ။ ဤသည်ကို တွေး၍ စကားလက် များစွာ ကျေနပ်သည်။ ရက် ဘတ်တလာသည် သူ့ကို တစ်ည မင်းမူခဲ့သည်။ သို့ရာတွင် ယခု ရက် ဘတ်တလာ၏ သံချပ် အင်္ကျီ၌ မည်သည့် နေရာက အားနည်းချက် ရှိသည်ကို စကားလက် သိပြီ။ ယခု အချိန်မှ စ၍ ရက် ဘတ်တလာသည် သူ့ လက်ခုပ်ထဲကရေ ဖြစ်ပြီ။ သူ ရောက်စေချင်သည့် နေရာသို့ ရောက်ပြီ။ ရက် ဘတ်တလာ၏ လှောင်ပြောင် ရယ်မောခြင်းကို စကားလက် နှစ်ရှည် လများ ခံခဲ့ရသည်။ ယခုမူ ရက် ဘတ်တလာသည် မည်သည့် မီးကွင်းကို ဖြစ်စေ သူ ခိုင်းရာ မီးကွင်းထဲသို့ ခုန်ဝင်မည့် ဆပ်ကပ်ပွဲထဲက သတ္တဝါ တစ်ကောင်နှယ် ဖြစ်နေပြီ။

နေ့ခင်း ကြောင်တောင် အလင်းရောင်ထဲတွင် ရက် ဘတ်တလာနှင့် မျက်နှာချင်း ဆိုင်ရမည်ကို တွေးမိသည့် အခါ

စကားလက် ရင်လည်း တုန်သည်။ ရှက်လည်း ရှက်သည်။ ပျော်လည်း ပျော်သည်။

‘ငါကလည်း သတို့သမီးလေး ကျနေတာပဲ၊ ရင်တွေ တုန်လို့၊ သူတော့ ဘယ်လို နေမယ် မသိဘူး’ ဟု စကားလက်

တွေးမိသည်။ သို့ တွေးမိရာက စကားလက် အဓိပ္ပာယ် မရှိ တခစ်ခစ် ရယ်သည်။

သို့ရာတွင် ညစာ စားချိန် ရောက်သည် အထိ ရက် ဘတ်တလာ မပေါ်လာ။ ညလယ်စာ စားချိန် အထိလည်း

ပြန်မရောက်လာသေး။ သို့ဖြင့် ထိုည လွန်မြောက်သွားသည်။ ရှည်လျားလိုက်သည့် ည။ အရုဏ်တက်သည် အထိ စကားလက် အိပ်မပျော်။ တံခါးသော့ ဖွင့်သံကို စကားလက် နားစွင့်သည်။ သို့ရာတွင် ရက် ဘတ်တလာ ရောက်မလာ။ သတင်း တစ်စုံတစ်ရာ မကြားရဘဲ ဒုတိယနေ့ လွန်မြောက်သွားသည့် အခါတွင်မူ စကားလက် ယောက်ယက်ခတ်စ ပြုလာ၏။ စိတ်လည်း ပျက်သည်။ ကြောက်လည်း ကြောက်လာသည်။ စကားလက် ဘဏ်တိုက်သို့ လိုက်သွား၏။ ဘဏ်တိုက်တွင် မရှိ။ ကုန်တိုက်သို့ လိုက်သည်။ စကားလက် စိတ်ဆိုး နေသည်။ တံခါး ဖွင့်၍ ဈေးဝယ်သူ တစ်ယောက် ဝင်လာတိုင်း ရက် ဘတ်တလာများလောဟု ရင် ထိတ်ထိတ်ဖြင့် လှမ်းကြည့်သည်။ သစ်စက်သို့ လိုက်သွား ပြန်သည်။ ဟူးခ်ျကို မဲ၍ ဆူပူနေသဖြင့် ပျဉ်ပုံကြီး တစ်ခု နောက်တွင် ရှောင်နေရသည်။ သို့ရာတွင် ဤနေရာသို့လည်း ရက် ဘတ်တလာ လိုက်မလာ။

စကားလက် အောက်ကျခံ၍ မိတ်ဆွေများ အိမ်သို့ လိုက်မမေးချင်။ အစေခံများဆီတွင်လည်း မစုံစမ်းချင်။ သို့ရာတွင်

452

သူသာ မသိလျှင် ရှိမည်။ အစေခံများ ကမူ တစ်စွန်းတစ်စ သိသည်ဟု စကားလက် ထင်သည်။ ထိုနှစ်ရက် အတွင်း ကြီးဒေါ်သည် စကား မနည်းစဖူး စကား နည်းနေသည်။ စကားလက်က အရိပ်အခြည်ကို စောင့်ကြည့်၏။ သို့ရာတွင် မည်သို့မျှ မပြော။ ဒုတိယည လွန်မြောက်ပြီးသည့် နောက်တွင်မူ ရဲဌာနသို့ သွားတိုင်ရန် စကားလက် ဆုံးဖြတ်သည်။ ရထားချင်း တိုက်၍လော။ မြင်းဖောက်၍ ရထားပေါ်မှ လိမ့်ကျကာ မြောင်းထဲတွင် သတိ မေ့နေသလော။ သို့မဟုတ် ဖွဟဲ့၊ မပြောကောင်း ပြောကောင်း သေများ သေပြီလော။

နောက်တစ်နေ့ နံနက်စာ စားပြီး သောက်ပြီးနောက် အခန်းထဲတွင် အဝတ်အစား လဲနေသည်။ လှေကားမှ ခပ်သုတ်သုတ်

တက်လာသော ခြေသံများကို ကြားရ၏။ စကားလက် သက်မကြီး ချ၍ ခုတင်ပေါ် ထိုင်ဆဲ ရက် ဘတ်တလာ ရောက်လာသည်။ မုတ်ဆိတ်ကို သန့်ရှင်းစွာ ရိတ်ထား၏။ အရက်မူးခြင်း မရှိ။ သို့ရာတွင် အရက်နာ ကျထားသဖြင့် မျက်လုံးများက နီရဲပြီး ခပ်အစ်အစ် ဖြစ်နေသည်။ သူ့ကို ခပ်သွက်သွက် လက်မြှောက်ပြပြီး ‘ဟလို’ ဟု နှုတ်ဆက်သည်။

သူ လုပ်ပုံက ခံပြင်းစရာ။ နှစ်ရက်လုံးလုံးလည်း ပျောက်နေသေးသည်။ ပြန်လာသည့် အခါတွင်လည်း ထုချေချက်လေးမျှ

ပေးဖော် မရ။ ရှင်းလင်းချက်ကလေးမျှ ပေးဖော် မရ။ ‘ဟလို’ ဆိုသည့် စကားလောက်ဖြင့် ပြီးသွားသည်။ တစ်နေ့ညက ဘာမျှ မဖြစ်ခဲ့သည့်နှယ် ခပ်ပေါ့ပေါ့။ ပမာမခန့်သည့် အမူအရာ၊ ဤလို ညမျိုးသည် သူ့ အတွက် တွေ့ရိုး တွေ့စဉ် ညမျိုး ဖြစ်ရမည်။ တွေ့ရိုး တွေ့စဉ် ညမျိုး မဟုတ်လျှင် ဤမျှလောက် ပေါ့ပေါ့တန်တန် သဘောထားဖွယ် မရှိ။ စကားလက် အတန်ကြာမျှ စကား မပြောနိုင်။ သူ့ အပေါ်တွင် ယုယုယယ ဆက်ဆံမည်။ ကြင်ကြင်နာနာ ဆက်ဆံမည်။ အပြုံးလဲ့လဲ့ဖြင့် ဆီးကြိုမည်ဟု စိတ်ကူး ထားသမျှ ပျောက်သွားကြပြီ။ ရက် ဘတ်တလာက သူ့အနားသို့ပင် မကပ်။ ထုံးစံ အတိုင်း အမှတ်တမဲ့ နမ်းရှုပ် နှုတ်ဆက်ခြင်းပင် မပြု။ ခန်းဝမှ ရပ်၍ သူ့ကို ပြုံးကြည့်၏။ လက်ထဲက ဆေးပြင်းလိပ်က မီးခိုး တလူလူ ထွက်လျက်။

‘ဘယ် ပျောက်နေတာလဲ’



‘မသိချင်ယောင် ဆောင်မနေစမ်းပါနှင့် ကွယ်၊ ခုလောက်ဆိုရင် တစ်မြို့လုံး သိနေပြီ၊ မင်း တစ်ယောက်က လွဲရင်

လူတိုင်း မသိချင်အဆုံး၊ စကားပုံ တစ်ခုကို မင်း ကြားဖူးတယ် မဟုတ်လား၊ လင် ဖောက်ပြားချင်တိုင်း ဖောက်ပြား၊ မယား နောက်ဆုံးမှ သိ ဆိုတဲ့ စကားပုံလေ’

‘ဟင့်အင်း၊ စကားလက် နားမလည်ဘူး၊ ဘာကို ဆိုချင်တာလဲ’



‘မနေ့ညက ဘဲလ် ဝက်တလင်းရဲ့ အိမ်ကို ပုလိပ်က တက်ဖမ်းတဲ့ အခါကျတော့-’



‘ဘာ၊ ဘဲလ် ဝက်တလင်း ဟုတ်လား၊ ဟို မကောင်းတဲ့ မိန်းမလား၊ ဒါဖြင့် ရှင် ရှင် သူနှင့် သွားနေ-’



‘ဟုတ်တယ်လေ၊ ဒီပြင် တခြား ဘယ်သွားစရာ ရှိတာမှတ်လို့၊ ကျုပ် အတွက်တော့ မင်း စိတ်မပူပါဘူးနော်’



‘ဒါဖြင့် စကားလက်ဆီကနေပြီး ဟို ဟို မိန်းမဆီကို-’



‘ရှင်းရှင်း ပြောစမ်းပါကွယ်၊ ခုမှ သိတဲ့ ပုံမျိုးတွေ လုပ်မနေစမ်းပါနှင့်၊ ဘဲလ် ဝက်တလင်း အကြောင်း မင်း အစောကြီး

ကတည်းက သိပြီးသားပဲဟာ’

453



‘စကားလက်ဆီက နေပြီး သူ့ဆီ သွားတယ်ပေါ့၊ ဟိုနေ့ည ဟိုနေ့ညက-’



‘တော်တော် ခက်ပါလား’ ရက် ဘတ်တလာက အရေးမကြီးသည့် အမူအရာ လုပ်ပြ၏။ ‘ဟိုနေ့ညက ကျုပ်

အပြုအမူတွေကို မေ့သွားပြီလေ၊ အဲဒီညက ကျုပ် အပြုအမူ အတွက်လည်း ခွင့်လွှတ်ပါ၊ တောင်းပန်ပါတယ်၊ အဲဒီ ညက မင်း သိတဲ့ အတိုင်း ကျုပ် တော်တော် မူးသွားတယ်၊ မင်း အလှကို မြင်တော့ ကျုပ် သတိ မထိန်းနိုင် ဖြစ်သွားတယ်၊ မင်း ဘယ်လောက် လှတယ်၊ ချစ်စရာ ကောင်းတယ် ဆိုတာတော့ အကျယ်ချဲ့ ပြောစရာ မလိုဘူး ထင်ပါရဲ့ နော်’

စကားလက် ငိုပစ်လိုက်ချင်သည်။ အိပ်ရာပေါ်သို့ လှဲကာ စိတ်ရှိ လက်ရှိ ငိုပစ်လိုက်ချင်သည်။ ရက် ဘတ်တလာသည်

ပြောင်းလဲခြင်း မရှိ။ ဘာမျှ မပြောင်းလဲ။ သူ အရူးလုပ်ခံခဲ့ရပြီ။ သူ့ကို ရက် ဘတ်တလာက ချစ်သည်ဟု သူ့ဘာသာ သူ ထင်ခဲ့သည်။ ယခု ကိုယ့်ဘာသာ ဘဝင်မြင့်နေသည့် သနားစရာ အရူး တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြီ။ ထိုနေ့ညက အပြုအမူများနှင့် စကားများသည် သူ့ ထုံးစံ အတိုင်း မူးလာလျှင် မထိတထိ ရိသည့် စက်ဆုပ်စရာ အပြုအမူ တစ်ရပ်မှန်း စကားလက် သိရပြီ။ အရက် မူးနေစဉ်တွင် သူ့ကို နသားဘားရား လုပ်ကာ အသုံးချ သွားခဲ့ပြီ။ ဘဲလ် ဝက်တလင်း အိမ်က မိန်းမတွေကို ဆက်ဆံသည့် နည်းဖြင့် ဆက်ဆံသွားခဲ့ပြီ။ ယခု ပြန်ရောက်လာသည့် အခါတွင် စော်ကားမြဲ။ လှောင်ပြောင်မြဲ။ သူနှင့် ဝေးကွာမြဲ။ စကားလက် မျက်ရည်များကို ချုပ်တည်း၍ အားတင်းသည်။ သူ ဘဝင်မြင့်နေခြင်း၊ သူ့ကို ချစ်သည်ဟု ထင်နေခြင်းကို ရက် ဘတ်တလာ မည်သည့် နည်းနှင့်မျှ မသိစေရ။ သိလျှင်မူ မပြုံးဘဲနှင့် ဝါးလုံးကွဲ ရယ်လိမ့်မည်။ သို့ရာတွင် မသိသေး၍ တော်သေးသည်။ စကားလက် သူ့ကို ဆတ်ခနဲ မော့ကြည့်၏။ နားလည်ရ ခက်၍ စူးစိုက်ကြည့်နေသည့် သူ့ မျက်လုံး လက်လက် များကို မြင်ရသည်။ စကားလက်၏ စကားများကို နားစွင့်နေသည့်နှယ် ထက်သန် တောက်ပလျက် ရှိကြ၏။ မျှော်လင့် စောင့်စားနေကြသနည်း။ အရူး အလုပ်ခံရခြင်းဟု ရန်ထောင်မည်လော။ သူ ရယ်ရအောင် တစ်စုံ တစ်ရာ လုပ်မည်လောဟု စောင့်စားနေပုံရသည်။ သူ လှောင်စရာ၊ ရယ်စရာ မဟုတ်။ စကားလက်ကို မည်သည့် အစားထဲကများ ထင်နေသည်။ စကားလက်၏ မျက်ခုံး နှစ်ဖက်သည် အေးစက်သည့် မျက်မှောင် အဖြစ် တွန့်သွားကြ၏။

‘ဟုတ်ပါတယ်၊ အဲဒီ ကောင်မနှင့် ဆက်နေတာကို အစ ကတည်းက သံသယ ဖြစ်နေတာပါ’



‘သံသယ ဖြစ်ရုံပဲလား၊ ဘာဖြစ်လို့ ကျုပ်ကို ဗြောင်ဖွင့်မမေးတာလဲ၊ ဘာဖြစ်လို့ မစပ်စုတာလဲ၊ ဗြောင်ဖွင့်မေးရောပေါ့၊

ဗြောင်ဖွင့်မေးရင် ကျုပ် ပြောမှာပေါ့၊ မင်းနှင့် အက်ရှလေက ကျုပ်တို့ နှစ်ယောက် တခြားစီ အိပ်ရမယ်လို့ ဆုံးဖြတ်တဲ့ နေ့က စပြီး ကျုပ် သူနှင့် အတူတူ သွားနေတယ်လေ’

‘ရှင် အရှက် မရှိ မျက်နှာပြောင်တိုက်ပြီး ဒီ အကြောင်းတွေကို ကျွန်မရှေ့ လာပြောမနေနှင့်၊ ကျွန်မဟာ ရှင့် မယား၊ ရှင့်

မယား ဆိုတာလည်း သိထားဦး’

အို အို၊ ကျုပ်ကို ဒေါသ မကြီးပါနှင့်လေ၊ မင်းက ကျုပ်ဆီက ငွေရရင် ပြီးရော မဟုတ်လား၊ မင်း ကြိုက်သလို သုံးဖို့ ဖြုန်းဖို့

ပေးထားရင် ကျုပ် ဘာ လုပ်လုပ် မင်း ဂရုမစိုက်ဘူး မဟုတ်လား၊ တလောလေးတုန်းက ကျုပ် ဘယ်လောက် ရမ်းရမ်းကားကား နေတယ် ဆိုတာ မင်းလည်း သိသားပဲ၊ မင်း ဘာမှ မပြောခဲ့ဘူး၊ ကျုပ် မယားလို့ ပြောရလောက်အောင်ကလည်း နီလာကို မွေးပြီးတဲ့နောက် ဘယ်မှာ လင်လို မယားလို နေကြတော့လို့လဲ၊ နေလို့လား၊ မင်းကို အရင်းအနှီး မြှုပ်ရတာ အလကားပဲ စကားလက်၊ အမြတ် မထွက်ဘူး၊ မင်းနှင့်စာရင် ဘဲလ် ဝက်တလင်းကို အရင်းအနှီး မြှုပ်ရတာက အကျိုး အများကြီး ရှိတယ်’

454



‘ဘာ အရင်းအနှီး မြှုပ်တာလဲ၊ ဒါဖြင့် ရှင် သူ့ကို ပိုက်ဆံ-’



‘အလုပ်အကိုင် တစ်ခု ထောင်ပေးတာလို့ ဆိုပါစို့လေ၊ ဒီလို ပြောရင် ပိုပြီး တိကျပါတယ်၊ ဘဲလ် ဝက်တလင်း ဆိုတဲ့

မိန်းမဟာ တော်တော် ထက်တဲ့ မိန်းမပဲ၊ ကျုပ် သူ့ကို ကြီးပွားစေချင်တယ်၊ ဒါပေမယ့် သူ့မှာ အဲဒီလို အိမ်မျိုး ထောင်ဖို့ ပိုက်ဆံ မရှိရှာဘူး၊ မိန်းမတွေဟာ တော်တော်တော့ အံ့သြစရာ ကောင်းတယ်၊ လက်ထဲမှာ အရင်းအနှီးကလေး ရှိရင် ရှိတာကလေးနှင့် ကြီးပွားအောင် လုပ်တတ်ကြတယ်၊ မင်းကို ကြည့်ပါလား’

‘ရှင် ကျွန်မနှင့် နှိုင်း-’



‘မင်းတို့ နှစ်ယောက်က တော်တော် တူတယ်၊ နှစ်ယောက်စလုံး ခေါင်းမာတယ်၊ အလုပ်အကိုင် ကောင်းတယ်၊

အောင်လည်း အောင်မြင်တယ်၊ ဒါပေမယ့် ဘဲလ်ဝက်တလင်းက မင်းထက် သာတာ တစ်ချက်တော့ ရှိတယ်၊ သူက သနားတတ်တယ်၊ စိတ်ကောင်း နှလုံးကောင်း ရှိတယ်၊ ပြီးတော့-’

‘ရှင် အခန်းထဲက ထွက်သွားပါ’



ရက် ဘတ်တလာက တံခါးဆီသို့ လျှောက်သွားသည်။ မျက်စ တစ်ဖက်ကို ချီထား၏။ ရက် ဘတ်တလာသည် သူ့ကို

အဘယ်ကြောင့် စော်ကား နေသနည်းဟု စကားလက် စိတ်ဆိုးဆိုးဖြင့် တွေးမိသည်။ သူကမူ စိတ်ပူလိုက်ရသည့် ဖြစ်ခြင်း။ သူ အိမ်အပြန်ကို မျှော်လိုက်ရသည်ကလည်း အမော။ သို့ရာတွင် ရက် ဘတ်တလာ က အရက် မူးပြီး မကောင်းသည့် အိမ်တွင် ရဲနှင့် ရန်ဖြစ်နေသည်။ ပြန်လာသည့် အခါတွင်လည်း သူ့ကို စော်ကားသည်။ ရစရာ မရှိအောင် လှောင်သည်။

‘သွား၊ ရှင် ခု ထွက်သွား၊ နောက် ဒီအခန်းထဲကို ဘယ်တော့မှ ခြေမချနှင့်၊ ဒီ အခန်းထဲကို မလာပါနှင့် ပြောတာ

မမှတ်ဘူး၊ အရိပ်အကဲ နားလည်နိုင်တဲ့ အဆင့် အတန်းလည်း မရှိဘူး၊ အလကား လူ၊ နောက် ကျွန်မ အခန်းကို မလာနှင့်၊ သော့ခတ်ထားမယ်’

‘စိတ်မပူပါနှင့်’



‘အခန်းကို သော့ခတ် ထားမယ်၊ ဟိုနေ့ညကလည်း သောင်းကျန်းသွားလိုက်တာ၊ အရက်တွေ မူးလို့၊ သိပ် ရွံစရာ

ကောင်းတယ်’

‘ဒီလို မပြောပါနှင့်ကွယ်၊ မင်း တကယ် မရွံပါဘူး’



‘သွားဆို မသွားသေးဘူးလား’



‘စိတ်မပူပါနှင့်၊ ကျုပ် သွားမှာပါ၊ မင်းကို စိတ် အနှောင့်အယှက် ဖြစ်အောင် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကျုပ်

ကတိ ပေးတယ်၊ ဒါ နောက်ဆုံးပဲ၊ ကျုပ် နေပုံ ထိုင်ပုံက နာမည် သိပ်ပျက်တယ်၊ မင်းလည်း ကြာကြာ သည်းခံနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ မင်းကို ကျုပ် ကွာခွင့် ပေးမယ်၊ အဲဒါ ကျုပ် ပြောမလို့ လာတာ၊ ကလေးကိုသာ ကျုပ် ပေးပါ၊ ကျုပ် ဘာမှ မလိုချင်ပါဘူး’

‘မကွာနိုင်ဘူး၊ ကျွန်မတို့ အမျိုးထဲမှာ ဒါမျိုး မရှိဘူး၊ ဆွေမျိုးဂုဏ် အထိခိုက် မခံနိုင်ဘူး၊ ဆွေမျိုး သိက္ခာ ကျတယ်’

455



‘မီလာနီ မသေသေးလို့ပါ၊ မီလာနီ သေရင် မင်း အမျိုး သိက္ခာကို မင်းပဲ အမြန်ဆုံး ဖျက်မှာပါ၊ မီလာနီ သေရင် အမျိုး

သိက္ခာကျမှာ ဂုဏ်ပျက်မှာတွေကို မင်း ကြည့်နေမှာ မဟုတ်ပါဘူး၊ ကွာပေးပါ၊ ကွာပေးပါလို့ မင်း တကျီကျီ လုပ်မှာ ကျုပ် မြင်ပြီးသားပါ’

‘ရှင် မသွားသေးဘူးလား’



‘သွားမှာပါ၊ ဒီကိစ္စကို ပြောဖို့ မင်းဆီ လာတာပဲ၊ ကျုပ် ချာလက်စတန်ကို သွားမယ်၊ ပြီးတော့ နယူးအော်လီယန်းကို

သွားမယ်၊ ပြီးတော့ ဘယ်ရောက်လို့ ဘယ်ပေါက်မယ် မသိသေးဘူး၊ ကျုပ် ဒီနေ့ပဲ သွားမှာပဲ’

‘ဟင်’



‘ကျုပ် သမီးလေး နီလာကို ခေါ်သွားမယ်၊ ကပ္ပလီ အရူးမလေး ပရဇ္ဇီကိုလည်း သူ့ အဝတ်အစားတွေ အပြင်ခိုင်းထားပါ၊

ပရဇ္ဇီကိုလည်း ခေါ်သွားရမယ်’

‘ကျွန်မ ကလေးကို ကျွန်မ အိမ်ပြင်ဘက် ဘယ်ကိုမှ ခေါ်မသွားရဘူး’



‘ကျုပ်ကလေး ဆိုတာလည်း မင်း သတိထားဦးလေ၊ ချာလက်စတန်မှာ သူ့ဘွားအေ ရှိတယ်၊ သူ့ ဘွားအေနှင့် တွေ့ဖို့

ခေါ်သွားတာကိုတော့ မင်း စိတ်မဆိုးသင့်ဘူး ထင်တယ်’

‘ဘာ ဘွားအေလဲ၊ နားမလည်ဘူး၊ ကလေးကို ခေါ်သွား၊ ဟိုကျတော့ ညတိုင်း မူးပြီး ကလေးကို ပစ်ထား၊ ပြီးတော့

ကလေးကို ဘဲလ် ဝက်တလင်းလို မိန်းမပျက်တွေအိမ်ကို ခေါ်သွား၊ ဟုတ်တယ်၊ ကျွန်မ ကလေးကို ရှင်နဲ့ ပေါက်လွှတ်ပဲစား ထည့်ရမယ်၊ ထည့်လိမ့်မယ် အားကြီး’

ရက် ဘတ်တလာက ဆေးပြင်းလိပ်ကို ကိုင်ပေါက် လွှတ်ပစ်လိုက်၏။ ဆေးပြင်းလိပ် မီးက ကြမ်းခင်း ကော်ဇောကြီးကို

လောင်နေသည်။ သိုးမွေးကို မီးလောင်သည့် ညှော်နံ့ကြီး ထွက်လာ၏။ ချက်ချင်း သူ့ဘေးသို့ ရက် ဘတ်တလာ ရောက်လာသည်။ သူ့ မျက်နှာက ဒေါသကြောင့် ညိုပုပ်နေသည်။

‘မင်း ဒီစကားမျိုး မပြောနှင့်၊ မိန်းမ ဖြစ်နေလို့၊ ယောက်ျားသာ ဆိုရင် မင်း လည်မျိုကို ကျုပ် ညှစ်သတ် ပြီးပြီ သိရဲ့လား၊

ခေါ်မယ်၊ ခေါ်တော့ ဘာဖြစ်သလဲ၊ နောက်ထပ် မင်း သောက်ပါးစပ်က တစ်ခွန်းမှ မပြောနှင့်၊ တိတ်၊ ကျုပ် သမီးကို ကျုပ် မချစ်ဘူးလို့ မင်း ထင်နေသလား၊ ကျုပ် သမီးကို ဟို ဟို မဟုတ်တရုတ် အိမ်တွေ၊ တော်ကွာ မပြောချင်ဘူး၊ ကျုပ် သမီးကို ဒါမျိုးတွေနှင့် ဆက်စပ် မပြောနှင့်၊ မင်း တော်တော် သောက်သုံးမကျတဲ့ မိန်းမ၊ ကြည့်တော့ တစ်ခါတည်း သမီးကို ချစ်တဲ့ ကလေးမအေ ဂိုက်မျိုး၊ ခုတော့ ကြောင်မလောက် တောင်မှ ကိုယ့် သားသမီးကို မချစ်ဘူး၊ ကြောင်က တိရစ္ဆာန် ပေမယ့် မင်းထက် သာတယ်၊ သူ့ သားသမီးကို ပြုစုတယ်၊ မင်းက မင်းသားသမီးးတွေကို ဘယ်လို ထိန်းသလဲ၊ ဝိတ်ကလေးနှင့် အယ်လာဟာ မင်းကို သေမတတ် ကြောက်နေကြရတယ်၊ မီလာနီသာ မရှိရင် ဒီကလေးတွေဟာ မေတ္တာတို့၊ ကရုဏာတို့ကို ဘာမှ နားလည်တော့မှာ မဟုတ်ဘူး၊ အေး၊ မင်း သားသမီးတော့ မင်း ထင်သလို လုပ်လို့ ရချင် ရမယ်၊ ကျုပ် သမီးလေးကိုတော့ မင်း ဒါမျိုး လုပ်လို့ မရဘူး၊ သားသမီးကို ဂရုစိုက်တဲ့ နေရာမှာ မင်းလောက် မချစ်ဘူးလို့များ ထင်နေသလား၊ ခု ဝိတ်ကလေးနှင့် အယ်လာကို မင်း အနိုင်ကျင့်ချင်တိုင်း ကျင့်တယ်၊ စိတ်ဓာတ်ကို ဖျက်ဆီးပစ်ခဲ့တယ်၊ ကျုပ် သမီးကို ဒီလို အလုပ်ခံမယ်လို့

456

ထင်သလား၊ ဟင်း အဝေးကြီး၊ ဒါမျိုး လုပ်လို့မရဘူး၊ တစ်နာရီအတွင်း ကလေး အဝတ်အစားတွေ ထုပ်ပိုးပြီး အသင့် ပြင်ထားပါ၊ ဒီလိုမှ မလုပ်ရင်တော့ ဟိုနေ့ညက ဖြစ်တာထက် ဆိုးလိမ့်မယ်၊ မင်းက မြင်းရိုက်တဲ့ ကျာပွတ်နှင့် ခပ်စပ်စပ် ရိုက်ပေးမှ တော်ရုံကျတဲ့ မိန်းမ’

စကားလက်က ပြန်မပြောရသေးမီ ရက် ဘတ်တလာက ချာခနဲ လှည့်၍ ထွက်သွား၏။ အိမ်ရှေ့ ခန်းမဆောင်ကို

ဖြတ်ကာ ကလေးထိန်းခန်း တံခါးကို ဖွင့်သံ ကြားရသည်။

ကလေးများ၏ ဝမ်းသာအားရ အော်သံ သေးသေးကလေးများက ပေါ်လာ၏။ နီလာ၏ အသံက အခြား အသံများထက်

စူးနေသည်။

‘ဖေဖေကြီး၊ ဘယ်သွားနေတာလဲ ဟင်’



‘သမီးလေးကို ထုပ်ထားဖို့ ယုန်ရေ လိုက်ရှာနေတာ၊ ကဲ ကဲ သမီးလေး ဖေဖေကြီးကို မွှေးမွှေး ပေးစမ်း၊ လာ၊

အယ်လာရော ဖေဖေကြီးကို မွှေးမွှေး’

457

၅၅



‘ဟင့်အင်း၊ ကိုယ့်ကို ရှင်းလင်းချက်တွေ ဘာတွေ ပေးမနေနှင့်၊ ကိုယ်တော့ နားမထောင်ဘူး’ မီလာနီက စကားလက်၏

ပါးစပ်ကို အသာ လှမ်းပိတ်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ ‘ကိုယ်တို့ အချင်းချင်း ကြားမှာ ဒီလို ဖြေရှင်းချက်တွေ ပေးဖို့ မလိုပါဘူး၊ ဒီလို ဖြေရှင်းနေရတာဟာ ကိုယ့်ကိုယ်ကိုယ် စော်ကားရာလည်း ရောက်တယ်၊ မီလာနီနှင့် အက်ရှလေကိုလည်း စော်ကားရာ ရောက်တယ်၊ တကယ်က ကိုယ်တို့ သုံးယောက်ဟာ လောကကြီးကို စစ်တိုက်နေတဲ့ စစ်သားတွေ မဟုတ်လား၊ သူများတကာ အတင်းအဖျင်း ပြောတာကို ယုံမှာပဲ ဆိုပြီး အထင်ခံရတာကိုက ကိုယ့်အဖို့ ရှက်စရာ ကောင်းနေပြီ၊ ကြည့်စမ်းပါဦးကွယ်၊ ကြံကြံဖန်ဖန်၊ မောင်နှင့် စကားလက်နှင့်တဲ့၊ ဒီလိုပြောတဲ့ လူက ပြောပြီး ဖြေရှင်းတဲ့ လူကလည်း ဖြေရှင်းနေသေးတယ်၊ ကမ္ဘာပေါ်မှာ သူများတကာတွေထက် စကားလက်ကို ကိုယ် ကောင်းကောင်း သိပါတယ်၊ ကိုယ်ရယ်၊ မောင်ရယ်၊ ဘိုဘိုရယ်၊ ကိုယ်တို့ သုံးယောက်လုံးအတွက် စကားလက် အနစ်နာခံခဲ့တာတွေကို မေ့ပြီလို့ ကိုယ့်ကို ထင်လို့လား၊ စကားလက်ဟာ ကိုယ့်အသက်ကိုလည်း ကယ်ခဲ့တယ်၊ ကိုယ်တို့ တစ်တွေကိုလည်း မငတ်အောင် ရှာဖွေကျွေးခဲ့တယ်၊ ဒါကို ကိုယ် တစ်သက်လုံး မမေ့ဘူး သိလား၊ စကားလက် ကိုယ်တိုင် လက်တွေ ပေါက်ပြဲ စုတ်ပြတ်ပြီး ယန်ကီ စစ်သားဆီက ရတဲ့ မြင်းလေး တစ်ကောင်နှင့် ယာခင်းထဲမှာ တချောက်ချောက် ယာထွန် ကျွေးခဲ့တာကို ကိုယ် မေ့သွားပြီလို့ ထင်လို့လား၊ စကားလက်နှင့် ပတ်သက်လို့ မဟုတ်တရုတ် သတင်းတွေကိုကော ကိုယ် ယုံတယ်လို့ ထင်လို့လား၊ တော်ပြီ စကားလက်၊ ကိုယ် တစ်ခွန်းမှ မကြားချင်တော့ဘူး၊ ဖြေရှင်း မနေနှင့်၊ ဒါပဲ’

‘ဒါပေမယ့်’



စကားလက်က စကားထစ်နေသည်။



ရက် ဘတ်တလာက နီလာနှင့် ပရဇ္ဇီကို ခေါ်ကာ အတ္တလန်တာမှ ထွက်သွားပြီ။ ရှက်ရ ဒေါသထွက်ရသည့် အထဲတွင်

စကားလက် တစ်ယောာက်တည်း အထီးတည်း ကျန်ရစ်ခဲ့သည်။ ထိုအထဲတွင် အက်ရှလေနှင့် ဖြစ်ရသည့်ကိစ္စ၊ မီလာနီက သူ့ကို အကာအကွယ်ပေးနေသည့် ကိစ္စတို့ကြောင့် စကားလက် ပို၍ အနေရခက်သည်။ အာချီနှင့် အင်ဒီယာ၏ စကားကို မီလာနီ ယုံခဲ့လျှင် သူ့ကို ဧည့်ခံပွဲမှာ ကတည်းက ပိုးစိုးပက်စက် ပြောခဲ့လိမ့်မည်။ သို့မဟုတ်လျှင်လည်း ခပ်အင်အင်ဖြင့် ဆီးကြိုလိမ့်မည်။ သို့ဆိုလျှင် သူကလည်း ဂရုစိုက်မည်မဟုတ်။ ခေါင်းမော့ ရင်ကော့ကာ ရှိသမျှ လက်နက်ဖြင့် ပြန်တိုက်မည်။ အရွဲ့တိုက် ပြလိုက်မည်။ သို့ရာတွင် ယခုမူ ဤသို့ မဟုတ်။ မီလာနီသည် သူ့အား လူတကာ ဝိုင်း၍ မေးငေါ့နေသည်ကို သူ့ရှေ့မှ ရပ်၍ ကာကွယ်ခဲ့သည်။ ပါးလွှာသော်လည်း ပြောင်လက်နေသည့် ဓားသွားတစ်ချောင်းပမာ သူ့ရှေ့က ရပ်၍ ကာကွယ်ခဲ့သည်။ သို့ဆိုလျှင် စကားလက်အဖို့ အဖြစ်မှန်ကို ဝန်ခံမှ ရိုးဖြောင့်ရာ ကျတော့မည်။ ဟုတ်သည်။ စကားလက် အမှန်ကို ဝန်ခံတော့မည်။ ဟုတ်သည်။ စကားလက် အမှန်ကို ဝန်ခံတော့မည်။ ငယ်ငယ် မြိုင်သာယာတွင် နေခဲ့ကြစဉ် ဆင်ဝင်အောက်တွင် ပြောခဲ့ကြသည့် စကားများမှ အစ နောက်ဆုံး အဖြစ်အပျက်ထိ ဖွင့်ပြောတော့မည်။

စကားလက်၏

ရင်တွင်

ခရစ်ယာန်

ဘာသာဝင်တို့၏

ဟီရိဩတ္တပ္ပ

တရား

ရှိခဲ့ဖူးသော်လည်း

ထိုတရား

ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီ။ ယခုဆို ဟီရိဩတ္တပ္ပ စိတ်သည် ပြန်၍ ပေါ်လာ၏။ ‘မိမိ၏ ဒုစရိုက်ကို ဝန်ခံ၍ ထိုအပြစ်ကို

458

ကျေစေရာ၏’ ဟူသော တရားတော်၏ အဆုံးအမကို မေမေ မကြာ ခဏ သွန်သင်ဖူးသည်။ ယခု ကိစ္စတွင် မေမေ၏ ဘာသာရေး အဆုံးအမသည် စကားလက် ရင်ထဲတွင် 

ပြန်ပေါ်လာ၏။ ဟုတ်သည်။ စကားလက် ဖွင့်၍ ဝန်ခံတော့မည်။ သို့ဆိုလျှင်

ဘုရားသခင်သည် သူ့ ဝေဒနာကို သက်သာစေလိမ့်မည်။ ပူလောင်သည့် နှလုံးသားကို ငြိမ်းချမ်းစေလိမ့်မည်။ ဤဝန်ခံချက်ကို ကြားလျှင် မီလာနီ၏ မျက်နှာပေါ်တွင် ယုံကြည်မှု၊ ချစ်ခင်မှုတို့ ပျောက်ကွယ်သွားကာ ထိတ်လန့်ခြင်း၊ စက်ဆုပ်ခြင်း စသည့် အမူအရာတို့ ပေါ်လာလိမ့်မည်။ ဤသည်မှာ သူ့အပြစ်အတွက် သူ ခံရမည့်ပြစ်ဒဏ် ဖြစ်လိမ့်မည်။ သို့ရာတွင် သူ ခံရမည့် ပြစ်ဒဏ်သည် ပြင်းထန်လွန်းသည်။ မီလာနီ၏ ထိတ်လန့်စက်ဆုပ်နေသော မျက်နှာကို တစ်သက်လုံး မြင်ရတော့မည့် အရေး၊ သူ ကောက်ကျစ်ပုံ၊ သူ စိတ်သဘောထား သေးပုံ၊ သူ သစ္စာမဲ့ပုံ၊ သူ သူတော်ကောင်း ဟန်ဆောင်ပုံတို့ကို မီလာနီ သိသွားပြီဟု တစ်သက်လုံး စိတ် မချမ်းမသာ ဖြစ်သွားရတော့မည်။

တစ်ခါကမူ မီလာနီကို သူ မနာလို ဖြစ်ခဲ့သည်။ သူနှင့် အက်ရှလေတို့ အကြောင်းကို မီလာနီ မခံချင်အောင်

ဖွင့်ပြောလိုက်မည်။ သူ့ကို အက်ရှလေက ချစ်သည်ဟု မီလာနီ အထင်ကြီးနေသည်တို့ကို တစ်ချက်တည်း အလဲထိုးလိုက်မည်ဟု တွေး၍ စကားလက် ပျော်ခဲ့သည်။ ကြည်နူးခဲ့သည်။ ယစ်မူးခဲ့သည်။ ယခုမူ စကားလက်၏ စိတ်သည် နေ့ချင်း ညချင်း ပြောင်းသွားခဲ့ပြီ။ ထိုသို့ မဖြစ်ချင်တော့။ မလုပ်ချင်တော့။ မည်သည့်အတွက် ဤသို့ ရုတ်ခြည်း ပြောင်းသွားသည်ကိုမူ စကားလက် မသိ။ သူ့ရင်ထဲတွင် စိတ်ကူးများသည် ပဋိပက္ခ ဖြစ်လျက် ရှိ၏။ မည်သည့် စိတ်ကူးကို ရွေးထုတ်ရမှန်း မသိ။ တစ်ခါတုန်းက ဣနြေ္ဒ သိက္ခာ ရှိသော မိန်းမ၊ ကြင်နာ သနားတတ်သော မိန်းမ၊ နှလုံးသား ဖြူစင်သော မိန်းမတစ်ယောက် အသွင် မေမေ့ စိတ်တွင် ထင်စေချင်ခဲ့ဖူးသည်။ ယခုလည်း ထို့အတူ မီလာနီက အကောင်း ထင်စေချင်သည့်စိတ်သာ ရှိတော့သည်။ ကမ္ဘာကြီး တစ်ခုလုံးက သူ့ကို ထင်ချင်သည့်နှယ် ထင်ကြပါစေ၊ သူ ဂရုမစိုက်။ ထိုမျှမက အက်ရှလေကသော် လည်းကောင်း၊ ရက် ဘတ်တလာကသော် လည်းကောင်း သူ့ကို ထင်ချင်ရာ ထင်ပါစေ၊ သူ ဂရုမစိုက်။ သို့ရာတွင် မီလာနီ အထင်လွဲသည်ကိုမူ သူ မခံနိုင်။ သူ့အပေါ်တွင် တစ်သက်လုံး အကောင်း ထင်ခဲ့သည့်နည်းတူ ဆက်၍ အကောင်း ထင်စေချင်သည်။

ပထမတွင် မီလာနီကို မပြောရဲလောက်အောင် ဖြစ်နေသည်။ သို့ရာတွင် ရှားပါးလှသော ရိုးသားသည့် ပကတိ

စိတ်ကလေးသည် စကားလက်၏ ရင်ထဲတွင် ခေါင်းပြူလာ၏။ မိမိကို အကာအကွယ်ပေးခဲ့သည့်၊ မိမိရှေ့က မားမားမတ်မတ် ရပ်ခဲ့သည့် မိန်းမ တစ်ယောက် ရှေ့တွင် စကားလက် အယောင် မဆောင်ချင်တော့။ ဟန်မလုပ်ချင်တော့။ ဖုံးကွယ်ခြင်း မပြုလိုတော့။ သို့ဖြင့် ထိုနေ့ နံနက် ရက် ဘတ်တလာတို့သားအဖ ခရီးထွက်သွားပြီးနောက် မကြာမီတွင် စကားလက် မီလာနီထံသို့ ရေးကြီးသုတ်ပျာ ရောက်လာခဲ့သည်။

သို့ရာတွင် စကားလက်က ‘ဟိုနေ့က ကိစ္စကို မီလာနီကို ရှင်းပြချင်လို့’ ဟု အစ ချီလိုက်ကာ ရှိသေး မီလာနီက

သူ့ပါးစပ်ကို လှမ်းပိတ်သည်။ သူ့ကို ယုံကြည်ခြင်း၊ ဤသို့ သင်္ကာ ရှင်းရကောင်းလောဟု စိတ်ဆိုးခြင်းတို့ကြောင့် တလက်လက် တောက်နေသည့် မီလာနီ၏ မျက်လုံး နက်နက်များကို စကားလက် ရှက်ရှက်ဖြင့် စိုက်ကြည့်လျက် ရှိ၏။ အဖြစ်မှန်ကို ဖွင့်ဟ ဝန်ခြံ ပီးသည့်နောက်မှာပင် ငြိမ်းချမ်းမှုနငှ့် တည်ငြိမမ် ကှို ရမည် မဟုတ။် သူ့ကို ဤသို့ မပြောရန် မီလာနီက တားနေပြီ မဟုတ်လော။ မိမိ၏ စိတ်ထဲတွင် တရိရိ ဖြစ်နေသဖြင့် ဖွင့်၍ ဝန်ခံရခြင်းမျိုးမှာ ကိုယ်ကျိုး ကြည့်ခြင်း သက်သက်မျှသာဟု စကားလက် လူကြီး စိတ် (ဤလူကြီးစိတ်မျိုးမှာ စကားလက်တွင် တစ်ခါတစ်ရံမျှသာ ပေါ်တတ်ပါသည်။) ဖြင့် သဘောပေါက်လာသည်။ ဤသို့ ဖွင့်ပြောခြင်းသည် မိမိရင်ထဲတွင် တရိရိ ခံစားရသည့် စိတ်ဆင်းရဲမှု ဝန်ထုပ် ဝန်ပိုးကို အပြစ်ကင်း၍ မိမိကို ယုံကြည်စိတ်ချသူ တစ်ဦးအပေါ်သို့ လွှဲပြောင်းပေးခြင်းနှင့် ဘာထူးသေးသနည်း။ သူ့ကို ကာကွယ်ပေးခဲ့သည့်အတွက် မီလာနီကို စကားလက်

459

ကျေးဇူးတင်သည်။ ဤကျေးဇူးကို ပြန်ဆပ်ရန်မှာ ယခုကိစ္စတွင် တိတ်တိတ်နေလိုက်ခြင်းဖြင့်သာ ဆပ်နိုင်သည်ဟု စကားလက် ယူဆ၏။ သူ့လင်သည် သူ့အပေါ်တွင် သစ္စာဖောက်သည်၊ သူ့ သူငယ်ချင်းသည် ဤကိစ္စတွင် ကြံရာပါ ဖြစ်သည်ဟု မီလာနီ သိသွားလျှင် တစ်သက်လုံး စိတ်ဆင်းရဲ သွားရတော့မည် မဟုတ်လော။ သူ့ဘက်က ကျေးဇူးဆပ်သည့် အနေဖြင့် ဤကိစ္စကို ဖွင့်၍ ဝန်ခံခြင်းသည် မီလာနီ၏ ဘဝကို ပျက်စီးအောင် လုပ်သည်နှင့် အတူတူပင် မဟုတ်လော။

‘ဟုတ်တယ်၊ တော်ပြီ၊ မပြောတော့ဘူး၊ မပြောရလို့ ငါ့ဘာသာ စိတ်ဆင်းရဲပြီး သေချင်လည်း သေပါစေတော့၊ ငါ

ဖွင့်မပြောတော့ဘူး’ ဟု စကားလက် တွေးမိသည်။ ‘မီလာနီဟာ သူ ချစ်ခင်တဲ့ သူတွေရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေမယ့် စိတ်မျိုး ဘယ်တော့မှ မရှိဘူး၊ အဲဒီ စိတ်ကလေးကို မင်း လည်ပင်းမှာ လက်ဝါးကပ်တိုင် ဆွဲသလို ဆွဲထားဖို့ ကောင်းတယ်’ ဟု ပြောခဲ့သည့် ရက် ဘတ်တလာ၏ စကားများကို စကားလက် အမှတ်ရသည်။

ဟုတ်သည်။ ဤ စိတ်ဆင်းရဲမှုကို သေသည်အထိ လည်ပင်းတွင် လက်ဝါးကပ်တိုင်သဖွယ် ဆွဲသွားတော့မည်။ သူ့

ရင်ထဲတွင် ကျိတ်၍ ခံရတော့မည်။ သူ့အရှက်ကို သူ့ခေါင်းတွင် ဆံထိုး လုပ်၍ ပန်တော့မည်။ မီလာနီက သူ့ကို ခင်ခင်မင်မင် ကြင်ကြင်နာနာ ဆက်ဆံတိုင်း မျက်နှာပူပူဖြင့် ဟန်မပျက် နေလိုက်တော့မည်။ ‘မီလာနီရယ်၊ ဒီလောက်လည်း ကိုယ့်အပေါ်မှာ မကောင်းပါနှင့်ကွယ်၊ ကိုယ့်အတွက် အကာအကွယ် မပေးပါနှင့်၊ တကယ်တော့ ကိုယ်ဟာ မီလာနီရဲ့ စေတနာနှင့် ထိုက်တန်တဲ့ မိန်းမ မဟုတ်ပါဘူး’ ဟု အော်ပြောချင်စိတ်ကို ကြိတ်မှိတ် မျိုသိပ်ထားတော့မည်။

‘မီလာနီဟာ ခုလို ခပ်ရိုးရိုး ခပ်အအ မဟုတ်ဘဲ မိန်းမလည် တစ်ယောက်ပဲ ဖြစ်ပါတော့၊ ခုလို သဘောဖြူ အူစင်း

မဟုတ်ဘဲ သဘောပုပ်တဲ့ မိန်းမ တစ်ယောက် ဖြစ်ရင်လည်း ဖြစ်ပါစေတော့၊ ခုလို သူများကို ယုံလွယ်ပြီး ရိုးတဲ့ မိန်းမ တစ်ယောက် မဟုတ်ဘဲ မနာလို ဝန်တိုတတ်တဲ့ မိန်းမ တစ်ယောက် ဖြစ်ရင်လည်း ဖြစ်ပါစေတော့၊ အဲဒီလို ဖြစ်ရင်လည်း အကောင်းသား၊ သူ့ကို အကုန်ဖွင့်ပြောလိုက်ရင် ငါ့ရင်ထဲမှာ ပေါ့သွားမှာ’ စကားလက် စိတ်ချဉ်ပေါက်ပေါက်ဖြင့် တွေးသည်။ ‘ခုတော့ ငါ သူ့ ဖွင့်မပြောရက်ဘူး၊ အလွန်လေးတဲ့ ဝန်ထုပ် ဝန်ပိုးကြီးတွေကို ငါ ထမ်းခဲ့ဖူးပေါင်းများလှပြီ၊ ဒါပေမယ့် ဒီ ဝန်ထုပ် ဝန်ပိုးကတော့ အကြီးဆုံး အပင်ပန်းဆုံးပဲ’

မီလာနီက မျက်နှာချင်းဆိုင်မှ ကုလားထိုင် နိမ့်နိမ့်လေးပေါ်တွင် ထိုင်လျက် ရှိ၏။ ခြေထောက်များကို ခြေတင်ခုံပေါ်တွင်

လှမ်းတင်ထားသဖြင့် ကလေးငယ်တစ်ယောက်လို ဒူးပေါ်နေသည်။ စကားလက်ကို ဤသို့ ဝိုင်း၍ ပြောရပါမည်လောဟု ဆိုကာ စိတ်ဆိုးနေသဖြင့် မသေမသပ် ဖြစ်နေသည်ကိုပင် သတိ မထားနိုင်တော့။ မီလာနီသည် တစ်ခါမျှ သူ့ရှေ့တွင် ဤသို့ ကပျစ်ကညစ် မနေစဖူး။ လက်ထဲတွင် တက်တင်းဇာစ တစ်စကို ကိုင်ကာ စိတ်ဆိုးဆိုးဖြင့် တက်တင်း ထိုးနေသည်။ တက်တင်း ဇာအပ်သည် ငုပ်ချည် ပေါ်ချည် ဖြစ်နေ၏။ မီလာနီ တက်တင်းဇာအပ်ကို ကိုင်ထားပုံကလည်း ယှဉ်သတ်ပွဲတစ်ခုတွင် ဆောင်ဓား တစ်လက်ကို ကိုင်ထားသည့်နှယ် ရှိသည်။

စကားလက်သာ ဤမျှ စိတ်ဆိုးနေလျှင် ဆောင့်၍ ခုန်သော်လည်း ခုန်နေမည်။ ဖေဖေ ငယ်ငယ်တုန်းကလို ခုနှစ်အိမ်ကြား

ရှစ်အိမ်ကြား အော်လျှင်သော်လည်း အော်မည်။ သူ့ကို ဝိုင်း၍ မေးငေါ့ကြသဖြင့် လူတွေကို ကျိန်ဆဲလျှင်သော်လည်း ကျိန်ဆဲမည်။ လောကကြီးကို အပြစ် တင်လျှင်သော်လည်း တင်မည်။ အရွဲ့တိုက်ပြမည်ဟု ကြိမ်းမောင်းလျှင်သော်လည်း ကြိမ်းမောင်းမည်။ သို့ရာတွင် မီလာနီကမူ ဤသို့မဟုတ်။ တက်တင်း ဇာအပ်ကို တွင်တွင်ထိုးကာ မျက်မှောင်ကိုသာ ကုတ်ထားသည်။ ဤနည်းဖြင့် သူ့ ဒေါသကို ဖော်ပြနေသည်။ သူ့ အသံက အေးဆေးကာ သူ့စကားများက ခါးတိုင်းထက် တိုတောင်းနေသည်။ သို့ရာတွင်

460

သူ့စကားလုံးများက ရင့်သီးသည်။ သူ ပြောနေကျ စကားလုံးများ မဟုတ်။ ဤသည်တွင်မှ မီလာနီတို့ အမျိုးနှင့် အက်ရှလေတို့ အမျိုးသည် သူတို့လိုပင် ဒေါသကြီးတတ်ကြောင်းကို စကားလက် သဘောပေါက်လာသည်။

‘လူတွေက မင်းကို ဝေဖန်ရှုတ်ချတာတွေ ကြားရတာကို ကိုယ် နားငြီးလှပြီ စကားလက်’ မီလာနီက ပြောသည်။

‘ဒီတစ်ခါတော့ အဆိုးဆုံးပဲ၊ ဒီတော့ သူတို့ ရပ်တန်းက ရပ်အောင် တစ်ခုခုတော့ လုပ်ရလိမ့်မယ်လို့ ကိုယ် ထင်တယ်၊ သူတို့က မင်းကို ဒီလိုပဲ ဝေဖန်ကြမှာပေါ့၊ ရှုတ်ချကြမှာပေါ့၊ မင်းကို မနာလို ဝန်တို ဖြစ်နေကြတာကိုး၊ မင်းက သိပ်ထက်မြက်ပြီး အစစ အရာရာ အောင်မြင်နေတာကိုး၊ ယောက်ျားတွေ လုပ်လို့ မအောင်မြင်တဲ့ ကိစ္စတွေမှာတောင် မင်းက အောင်မြင်နေတယ်၊ ကိုယ် ဒီလို ပြောလိုက်လို့ နားလည်း ရှုပ်မသွားနှင့်ဦး၊ ဒီလို ပြောလိုက်တဲ့အတွက် မင်းဟာ မိန်းမ မဆန်ဘူး၊ မိန်းမ မပီသဘူး၊ ယောက်ျားလျာလို ဖြစ်နေတယ်လို့ သူများတွေ ပြောသလို ပြောတဲ့ အဓိပ္ပာယ်မဟုတ်ဘူး၊ တကယ်က စကားလက်ဟာ မိန်းမ မပီသဘူး၊ မိန်းမ မဆန်ဘူးလို့ ဘာမှ ပြောစရာ မလိုဘူး၊ စကားလက်ဟာ ယောက်ျားမှ မဆန်တာ၊ ဘာဖြစ်လို့ ဒီလို ပြောရမှာလဲ၊ တကယ်က လူတွေက မင်းကို နားမလည်ဘူး၊ မိန်းမတန်မယ့် ဒီလောက် ထက်ထက်မြက်မြက် ရှိရမလားဆိုပြီး မခံချင် ဖြစ်နေကြတာ၊ ဒီတော့ သူတို့ ဘာလုပ်သလဲ၊ မဟုတ်တရုတ် လျှောက်ပြောကြတာပေါ့၊ သူတို့မှာ ဘာမှ ပြောပိုင်ခွင့် မရှိဘူး၊ ခုတော့ မင်းနှင့် အက်ရှလေကပဲ အချစ် နိဗ္ဗာန်ဘုံကြီး ဆောက်နေသလိုလို’

နောက်ဆုံး စကားများက ယဉ်ကျေးသော်လည်း အဓိပ္ပာယ် အများကြီး ရှိသည်။ ယောက်ျား တစ်ယောက်၏

ပါးစပ်ကသာ ထွက်လာလျှင် ပျစ်ပျစ်နှစ်နှစ်တွေ ထွက်လာလိမ့်မည်။ စကားလက်သည် မပြောစဖူး ပြောနေသည့် မီလာနီကို အလန့်တကြား စိုက်ကြည့်လျက် ရှိ၏။

‘မဟုတ်တရုတ် စကားတွေ ယူလာပြီး ပြောတဲ့လူဆိုရင် မီလာနီ မုန်းတယ်၊ အာချီရော၊ အင်ဒီယာရော၊ မစ္စက်

အယ်လဆင်းရော အကုန်လုံးပဲ၊ မစ္စက် အယ်လဆင်းက ကိုယ့်ကိုတော့ တိုက်ရိုက် လာမပြောပါဘူး၊ လာပြောရဲတဲ့ သတ္တိလည်း မရှိပါဘူး၊ ကွယ်ရာတော့ လျှောက်ပြောသတဲ့၊ ပြောမှာပေါ့၊ သူက မင်းကို မုန်းနေတာကိုး၊ ဘယ်တုန်းက မင်းကို အကောင်းထင်ခဲ့ဖူးလို့လဲ၊ မင်းက သူ့သမီး ဖန်နီထက် အစစ အရာရာ သာတော့ ဘယ်နာလိုမလဲ၊ ပြီးတော့ သူ့သား ဟူးခ်ျကို သစ်စက် မန်နေဂျာ အဖြစ်က ရာထူးလျှောလိုက်တာလည်း အမှန်ပဲ၊ ဟူးခ်ျက အလုပ်လည်း မလုပ်တတ်ဘူး၊ စိတ်ထားကလည်း ညံ့သေးတယ်၊ ဘာမှလည်း ဟုတ်တိပတ်တိ မစွံဘူး’

ဟူးခ်ျနှင့် မီလာနီသည် ငယ်ငယ်က ကစားဖော် ကစားဖက်။ သူနှင့်လည်း ခပ်ချိတ်ချိတ် ဖြစ်ဖူးသည်။ မီလာနီက ဟူးခ်ျ

အကြောင်းကို ချက်ချင်း ဖြတ်ပစ်လိုက်သည်။

‘အာချီကို ကိုယ် ခေါ်ထားတာကတော့ ကိုယ့်အမှားပဲ၊ တကယ်က ဒီ လူမိုက်ကြီးကို ခေါ်ထားဖို့ မကောင်းဘူး၊

လူတိုင်းက ဒီအတိုင်း ပြောခဲ့ကြပေမယ့် ကိုယ် နားမထောင်ခဲ့ဘူး၊ သူကလည်း မင်းကို ထောင်ကျတွေ ကိစ္စနှင့် ပတ်သက်ပြီး သဘောမကျဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူက ဘာလို့ မင်းကို ဝေဖန်ရမှာလဲ၊ လူသတ်သမား၊ ကိုယ့် မိန်းမကို ပြန်သတ်ခဲ့တဲ့ လူသတ်သမားက ဘာဖြစ်လို့ ဒီလို ပြောရမှာလဲ၊ ကိုယ်ဟာ သူ့ကို နေစရာ ပေးခဲ့တယ်၊ စားစရာ ပေးခဲ့တယ်၊ ဒီမျက်နှာကိုတောင် မထောက်ဘူး၊ ကိုယ့်ဆီ လာပြီး မဟုတ်တရုတ်တွေ လာပြောတယ်၊ အက်ရှလေက သူ့ကို သေနတ်နှင့် ပစ်လို့ သေသွားရင်လည်း ကိုယ် ဝမ်းမနည်းဘူး၊ ခုတော့ သူ့ကိုလည်း ကြိမ်းမောင်းပြီး နှင်ထုတ်လိုက်ပြီ၊ ခု ပြန်သွားပြီ။

461



‘အင်ဒယီာဆိတဲု့ ဟာမကလည်း မကောင်းဘူး၊ မင်းတိန့ု စှ်ယောက် ပထမဆုံး တွေစ့  ကတည်းက ကုယိ သတိထားမိသားပဲ၊

မင်းကို မနာလိုဘူး၊ မုန်းတယ်၊ မင်းက သူ့ထက် ချောပြီး အဆက်တွေ ဝိုင်းဝိုင်းလည်နေတော့ သူ ဘယ်ရှုဆိတ်မလဲ၊ အထူးသဖြင့် စတူးဝပ် တာလက်တန်နှင့် ပတ်သက်ပြီး မင်းကို သိပ် မုန်းနေတယ်၊ သူက စတူးဝပ်ဆိုရင် ငမ်းငမ်းတက်၊ အိုကွယ် ကိုယ့် ယောက်ျားရဲ့ ညီမ အကြောင်းကို ကိုယ် မပြောချင်ပါဘူး၊ ဒါပေမယ့် ကိုယ် ထင်တယ်၊ သူလည်း သိပ် အစဉ်းစားလွန် အတွေးလွန်ပြီး စိတ်တစ်မျိုး ဖြစ်နေပြီလို့ပဲ ထင်တယ်၊ သူ လုပ်ပုံတွေကို ကြည့်ရင် ဒီလိုပဲ ယူဆရတော့မှာပဲ၊ ဘာမှ အဓိပ္ပာယ် မရှိဘူး၊ သူ့ကိုလည်း ကိုယ် ပြောလိုက်ပြီ၊ နောင်ကို ကိုယ့် အိမ်ရိပ်ကို ဘယ်တော့မှ မနင်းနှင့်တော့လို့၊ ဒီကြားထဲက ဒီလို မဟုတ်တရုတ်တွေ ဆက်ပြောနေရင် လူလယ်ကောင်မှာ မိန်းမလိမ် မိန်းမရှုပ်လို့ ခေါ်မှာပဲလို့ ပြောလွှတ်လိုက်တယ်’

မီလာနီက စကားကို ရပ်လိုက်၏။ သူ့မျက်နှာပေါ်တွင် ဒေါသ အရိပ်အယောင် ရုတ်တရက် ကွယ်ပျောက်သွားသည်။

ဝမ်းနည်းသည့် အမူအရာ ပေါ်လာ၏။ မီလာနီက ဂျော်ဂျီယာ နယ်သားများ ထုံးစံ မိသားစု စိတ်ဓာတ် ပြင်းထန်သည်။ မိသားစုထဲတွင် ဤသို့ စိတ်ဝမ်းကွဲရသည့် အတွက် စိတ်မကောင်း။ မီလာနီ ခေတ္တ တွေနေသည်။ သို့ရာတွင် စကားလက်ကိုမူ သူ အချစ်ဆုံး။ စကားလက်က သူ့ အသည်းနှလုံးထဲတွင် ပထမဆုံး ပေါ်လာသည်။ မီလာနီက ဆက်ပြောသည်။

‘ကိုယ်က မင်းကို အချစ်ဆုံး ဆိုတော့ ဒါကို အင်ဒီယာ မနာလိုဘူး၊ ခုတော့ ရှင်းပါပြီ၊ သူလည်းကိုယ့်အိမ်ကို

မလာတော့ဘူး၊ ကိုယ်ကလည်း သူ သွားတဲ့ အိမ်ကိုတောင် မသွားတော့ဘူး၊ အက်ရှလေကလည်း ကိုယ့်လိုပါပဲ၊ ဒါပေမယ့် သူ့ညီမ ကိုယ်တိုင်က ဒီလိုပြောတော့ စိတ်တော့ မကောင်းဘူးပေါ့ကွယ်’

အက်ရှလေ၏ အမည်ကို ကြားသည့်အခါတွင် စကားလက်၏ တင်းနေသော အာရုံကြောများသည် ပြတ်ထွက်သွားမည်

ထင်ရ၏။ မျက်ရည်တို့ စီးကျလာကြသည်။ အက်ရှလေ၏ နှလုံးသားကို သူ မနာမကျင်အောင် မလုပ်နိုင်တော့ပြီလော။ သူ့

ရည်ရွယ်ချက်သည်

အက်ရှလေကို

စိတ်ချမ်းသာအောင်၊

အန္တရာယ်မရှိအောင်

လုပ်ရန်

ဖြစ်သည်။

သို့ရာတွင်

သူ့စေတနာသည် ဝေဒနာ ဖြစ်ရသည်။ သူ လုပ်သမျှသည် အက်ရှလေကို အနာတရ ဖြစ်စေခဲ့၏။ အက်ရှလေ၏ ဘဝကို ပျက်စီးစေခဲ့၏။ သူ့ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို ထိခိုက်စေခဲ့၏။ သူ့အတွင်း အဇ္ဈတ္တသန္တာန်၏ ငြိမ်းချမ်းမှုကို ပြိုကွဲစေခဲ့၏။ ရိုးသားတည်ကြည်မှုတွင် အခြေခံသည့် တည်ငြိမ်မှုကို ပျက်စီးစေခဲ့သည်။ ယခု သူသည် အက်ရှလေတို့ မောင်နှမ၏ ချစ်ခြင်းကို ဖြိုခွင်းခဲ့ပြီ။

အင်ဒီယာသည် သူ့အစ်ကို၏ သိက္ခာကို ဆယ်ရေး၊ သူ့အစ်ကို မယား၏ စိတ်ချမ်းသာရေးအတွက် အနစ်နာ ခံခဲ့ရပြီ။

စိတ် ကယောက်ကယက် ဖြစ်၍ မနာလိုတတ်ရုံမျှမက မဟုတ်တရုတ် လုပ်ကြံလီဆယ် ပြောတတ်သည့် အပျိုဟိုင်းကြီး တစ်ယောက် အဖြစ်သို့ ရောက်ခဲ့ရပြီ။ စင်စစ် အင်ဒီယာ၏ သံသယသည် ရှိသင့် ရှိထိုက်သည့် သံသယ ဖြစ်သည်။ သူပြောသည့် စကားသည်လည်း ပြောသင့် ပြောထိုက်သည့် စကားဖြစ်သည်။ သို့စင်လျက် အင်ဒီယာသည် သူ့ကြောင့် နစ်နာခဲ့ရသည်။ သူတို့ မောင်နှမ မျက်နှာချင်းဆိုင်မိလျှင် အင်ဒီယာ၏ မျက်လုံးတွင် အမှန်တရား တောက်ပ ထွန်းလင်းနေခြင်း၊ ပြစ်တင် ရှုတ်ချခြင်း၊ အထင်းသေးခြင်းတို့ကို အက်ရှလေ တွေ့ရလိမ့်မည်။ ဤဘက်တွင်မူ အင်ဒီယာတို့ အမျိုးသည် အယူသီးတတ်သည် မဟုတ်လော။

အက်ရှလေသည် အသက်ထက် အရှက်ကို တန်ဖိုးထားသူ ဖြစ်၏။ ယခု ဤသတင်းကို ကြားလျှင် ရှက်၍ မျက်နှာကို

ဓားဖြင့် လှီးပစ်ချင်မည်လော မဆိုနိုင်။ စကားလက်ကဲ့သို့ပင် အက်ရှလေသည်လည်း မီလာနီ၏ ထဘီနောက်တွင် ပြေး၍

462

ခိုလှုံနေရပြီ။ အက်ရှလေ ဤသို့ အရှက်တကွဲဖြစ်ရခြင်းသည် မိမိ တာဝန်မကင်း ဖြစ်သည်ကို စကားလက် သိသည်။ သို့တိုင်အောင် အက်ရှလေသည် အာချီကို ပစ်သတ်ပြီး မီလာနီထံ အမှန်ကို ဝန်ခံလျှင် မည်မျှ ကောင်းမည်နည်းဟု မိန်းမ ပီပီ စကားလက် တွေးမိ၏။

စင်စစ် ဤကိစ္စ အားလုံးတွင် သူသည် တရားခံ၊ သူသည် မတရားသူ ဖြစ်ကြောင်း စကားလက်သိသည်။ သို့ရာတွင်

ကိုယ့် စိတ်နှင့်ကိုယ် ဗျာများနေသဖြင့် စကားလက် ဘာကိုမျှ ကြည်ကြည်လင်လင် မတွေးတတ်တော့။ ရက် ဘတ်တလာက အက်ရှလေနှင့် ပတ်သက်၍ နှိပ်နှိပ်နယ်နယ် ပြောသည့် စကားများကို စကားလက် အမှတ်ရသည်။ ဤကိစ္စတွင် အက်ရှလေက ယောက်ျားပီပီ ဝန်ခံလျှင် မည်မျှ ကောင်းမည်နည်းဟု စကားလက် တွေးမိသည်။

ငယ်စဉ်တောင်ကျေးကတည်းက အက်ရှလေ အပေါ်တွင် ထားခဲ့သည့် အချစ်စိတ်၊ အထင်ကြီးစိတ်၊ လေးစားစိတ်

စသည့် တောက်တောက်ပပ အရောင်များသည် စကားလက်၏ ရင်ထဲတွင် ပထမဆုံးအကြိမ် မသိမသာ မှေးမှိန်သွားကြ၏။ အရှက်တကွဲ ဖြစ်ရခြင်း၊ အပြစ်ကျူးလွန်မိခြင်း စသည့် အရောင်များသည် မိမိမှ တစ်ဆင့် အက်ရှလေသို့ ကူးစက် သွားကြသည်။ စကားလက် ဤအတွေးကို ကြိုးစား၍ ဖျောက်သည်။ သို့ရာတွင် ကြိုးစား၍ ဖျောက်သည်နှင့်အမျှ သည်းထန်စွာ ငိုမိသည်။

‘မငိုပါနှင့်ကွယ်၊ တိတ်ပါ’ မီလာနီက တက်တင်းဇာစကို ပစ်ချကာ စကားလက် ခေါင်းကို သူ့ပခုံးပေါ်တွင် မှီပေးသည်။

‘တကယ်ကတော့ ဒီ အကြောင်းကို ကိုယ် ပြောဖို့ မကောင်းဘူး၊ ကိုယ့်ကြောင့် စကားလက် စိတ်မကောင်းဖြစ်ရတာ၊ စကားလက် ဘယ်လောက် စိတ်ထိခိုက်မယ်ဆိုတာ ကိုယ် ကိုယ်ချင်းစာပါတယ်၊ နောက် ဒီအကြောင်းကို မပြောကြတော့ဘူးနော်၊ ကိုယ်တို့ အချင်းချင်းလည်း မပြောတော့ဘူး၊ ဘယ်သူ့ကိုမှလည်း မပြောတော့ဘူး၊ မေ့လိုက်ကြစို့၊ ဒါပေမယ့်’ မီလာနီက ခံပြင်းသံဖြင့် ပြောသည်။ ‘အင်ဒီယာနှင့် မစ္စက် အယ်လဆင်းကိုတော့ အကြောင်းသိအောင် ပြလိုက်ချင်သေးတယ်၊ ကိုယ့် ယောက်ျားနှင့် ကိုယ့်ယောက်မအကြောင်း မဟုတ်တရုတ်တွေ သူတို့ ပြောချင်တိုင်း ပြောလို့ မရဘူးဆိုတာ ပြောချင်တယ်၊ ကိုယ် လုပ်ပြမယ်၊ သင်းတို့နှစ်ယောက်စလုံး ဒီမြို့မှာ ခေါင်းမဖော်ရဲအောင် လုပ်ပြမယ်၊ သူတို့ကို လက်ခံစကားပြောတဲ့လူ၊ သူတို့ စကားကိုယုံတဲံ လူဟာ ကိုယ့်ရန်သူပဲ’

စကားလက် ရှေ့ အလားအလာကို ဝမ်းပန်းတနည်း မျှော်ကြည့်သည်။



သူသည် မြို့သူ မြို့သားအချင်းချင်း၊ ဆွေမျိုးအချင်းချင်း သားစဉ် မြေးဆက် စိတ်ဝမ်းကွဲအောင် ဖန်တီးခဲ့သည့်

လက်သည် ဖြစ်တော့မည်ကို သူ သိသည်။

မီလာနီက ကတိ တည်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ စကားလက်ကို လည်းကောင်း၊ အက်ရှလေကို လည်းကောင်း

တစ်ခွန်းမျှ မပြောတော့။ အခြား မည်သူနှင့်မျှလည်း ထိုအကြောင်းကို စကားအစပ် မခံ။ ထိုကိစ္စနှင့် ပတ်သက်၍ တစ်ယောက်ယောက်က စကားရိပ် သန်းလာလျှင် မီလာနီသည် မတုန်မလှုပ် ဥပေက္ခာပြုနေလိုက်သည်။ အက်ရှလေ၏ မွေးနေ့ ဧည့်ခံပွဲ ပြီးသည့်နောက်တွင် ရက် ဘတ်တလာ တစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားသည်။ တစ်မြို့လုံးကလည်း အတင်းအဖျင်းများကို နားမဆံ့အောင် အုတ်အော်သောင်းတင်း ပြောလျက် ရှိကြ၏။ ထိုအတောအတွင်း၌ မီလာနီသည် မိတ်ဆွေဟောင်းရော ဆွေမျိုးသားချင်းပါ စကားလက် အကြောင်းကို မကောင်းပြောသူ မှန်သမျှကို အိမ်သို့လည်း အလာမခံ။ စကားလည်း မပြော။ ခပ်ကင်းကင်းနေသည်။

463



မီလာနီသည် စကားလက်၏ ဘေးတွင် ကပ်စေးနှဲပင် ကပ်သလို တွယ်ကပ်နေသည်။ စကားလက်အား ကုန်တိုက်သို့

လည်းကောင်း၊ သစ်စက်သို့ လည်းကောင်း ခါတိုင်းကဲ့သို့ သွားစေသည်။ သူလည်း အတူ လိုက်သည်။ တစ်မြို့လုံးက သူ့ကို ဝိုင်း၍ ကြည့်တတ်သဖြင့် စကားလက် အပြင်သို့ သိပ်မထွက်ချင်။ သို့တိုင်အောင် မီလာနီက ညနေ ရထားဖြင့် လေညင်းခံ ထွက်စေသည်။ သူလည်း စကားလက် ဘေးတွင် အတူ ထိုင်လိုက်သည်။ ညနေ ဧည့်ခံပွဲများတွင် စကားလက်ကို အတင်းခေါ်သွားသည်။ မီလာနီ၏ မျက်ခုံးက ‘ငါ့ကို ချစ်ရင် ငါ့ခွေးကိုလည်း ချစ်ရမယ်’ ဆိုသည့် မျက်နှာထားမျိုး။ ခပ်တည်တည်။ ဤ တည်တည်ကြည်ကြည် မျက်နှာပေးမျိုးဖြင့် အိမ်သည်များနှင့် စကားပြော၏။

ဧည့်ခံပွဲ ရှိသည့် ညနေများတွင် စကားလက်ကို ခေါ်ကာ အစောကြီး ရောက်နေတတ်ပြီး နောက်ဆုံးမှ ပြန်လေ့ရှိသည်။

ဤသို့ဖြင့် စကားလက် အကြောင်းကို အားရပါးရ အတင်းပြောခွင့် ပြောချိန် မရအောင် အခြေအနေကို ဖန်တီး၏။ အချို့ကမူ ဤသို့ လုပ်သဖြင့် မီလာနီကိုပင် မကျေမနပ် ဖြစ်ကြသေးသည်။ ဤ ဧည့်ခံပွဲများကို တက်ရခြင်းသည် စကားလက်အဖို့ ဒုက္ခကြီး တစ်ခု ဖြစ်လျက် ရှိ၏။ သို့ရာတွင် မငြင်းရဲ။ သူ့ကို ဖောက်ပြားသူ အဖြစ် သံသယ မျက်စိဖြင့် ကြည့်နေကြသည့် အမျိုးသမီးများ၏ အလယ်တွင် စကားလက် မထိုင်ချင်။ မီလာနီ မျက်နှာကြောင့် သူ့ကို ဝတ်ကျေ တမ်းကျေ စကား ပြောနေကြခြင်း ဖြစ်သည်ကို စကားလက် သိသည်။ ဤသည်ကိုလည်း စကားလက် မခံချင်။ သို့ရာတွင် သူကလည်း အရှည်ကို ကြည့်၍ ဆက်ဆံနေရခြင်း ဖြစ်သည်။

သူ့ကို ပြစ်တင် ဝေဖန်သူများ၊ သို့မဟုတ် သူ့ကို ကာကွယ်သူများသည် စကားလက်၏ ပင်ကို ရိုးဖြောင့်မှုကို တစ်လုံးမျှ

ထည့်မပြောကြ။ သူနှင့် ပတ်သက်လာလျှင် ‘ဒီထက် ပို မပြောချင်ဘူး’ ဆိုသည့် လူမျိုးသာ များသည်။ စကားလက်သည် ရန်သူများအောင် လုပ်ခဲ့ဖူးရာ ယခု အရေးကိစ္စ ပေါ်လာသည့်အခါ၌ သူ့အတွက် အကာအကွယ်ပေးမည့်သူ တစ်ယောက် ရှိရုံမျှဖြင့် မလုံလောက်တော့။ ရန်သူများသလို အကာအကွယ်ပေးမည့်သူလည်း အများအပြားလိုလာသည်။ သူ့ အပြောအဆို၊ သူ့ အပြုအမူများကြောင့် လူပေါင်းများစွာ စိတ်ထိခိုက်ခဲ့ရသည်။ ထို့ကြောင့်သူ့ အလှည့်သို့ ရောက်သည့်အခါတွင်လည်း သူ့မျက်နှာကို မကြည့်ကြတော့။ ဤသတင်းကြောင့် စကားလက် စိတ်ထိခိုက်သည်၊ မထိခိုက်သည်ကို မကြည့်ကြတော့။ သို့ရာတွင် မီလာနီနှင့် အင်ဒီယာတို့ စိတ်ဝမ်းကွဲကြသည့်အတွက် စိတ်မကောင်း ဖြစ်ကြသည်။ ထို့ကြောင့် ယခု ကိစ္စတွင် စကားလက်ကို စကားထဲ ထည့်၍ မစဉ်းစားကြတော့။ မီလာနီနှင့် အင်ဒီယာတို့၏ ပြဿနာကိုသာ အဓိကထား၍ ပြောကြသည်။ အင်ဒီယာသည် မဟုတ်မှန်သည်ကို လိမ်ပြောသလောဟူသည့် ပြဿနာတွင်သာ အဓိက အာရုံစိုက်နေကြသည်။

မီလာနီဘက်

လိုက်သူများကမူ

ယခုတလောတွင်

မီလာနီသည်

စကားလက်နှင့်

တပူးတွဲတွဲ

လုပ်နေသည်

မဟုတ်လော။ မီလာနီလို လမ်းမှန် ကမ်းမှန်ကို လိုလားသည့် မိန်းမတစ်ယောက်သည် ဖောက်ပြားသည့် မိန်းမမျိုး၊ အထူးသဖြင့် သူ့ယောက်ျားနှင့် ဖောက်ပြားသည့် မိန်းမမျိုးကို အကာအကွယ်ပေးသည်ဆိုသည်မှာ ဖြစ်နိုင်ပါမည်လောဟု အချက်ကျကျ ထောက်ပြကြသည်။ ဤသို့မူ မဖြစ်နိုင်။ အင်ဒီယာသည် စကားလက်ကို မုန်းနေသည့် စိတ်ကယောက်ကယက် အပျိုကြီးသာ ဖြစ်ကြောင်း၊ စကားလက်နှင့် ပတ်သက်၍ မဟုတ်မမှန် ပြောခြင်းဖြစ်ကြောင်း၊ အာချီနှင့် မစ္စက် အယ်လဆင်းကိုလည်း မဟုတ်တရုတ်တွေ ပြောထားခြင်းသာ ဖြစ်ကြောင်းဖြင့် ပြောပြကြ၏။

ဤတွင် အင်ဒီယာဘက်က လူများက ပြန်၍ မေးခွန်း ထုတ်ကြသည်။ ကောင်းပြီ၊ စကားလက် ဖောက်ပြားခြင်း

မရှိဟုဆိုလျှင် ဗိုလ်ကြီး ရက် ဘတ်တလာ ဘယ်မှာနည်း၊ သူ့မယားနှင့် အဘယ့်ကြောင့် အတူ မနေသနည်း၊ မဟုတ်ခဲ့လျှင်

464

သူ့ အရှိန် ဩဇာဖြင့် ဤအချိန်မျိုးတွင် စကားလက်ကို အားပေးရမည် မဟုတ်လော။ ဤမေးခွန်းကိုမူ တစ်ဖက်က မဖြေနိုင်။ သီတင်းပတ်

အတန်ကြာသည့်အခါတွင်မူ

စကားလက်တစ်ယောက်

ကိုယ်လေးလက်ဝန်

ရှိနေပြီဟု

ကောလာဟလ

ဖြစ်လာသည်။ အင်ဒီယာ လိုလားသည့် အစုက ဝမ်းသာအားရ ခေါင်းညိတ်ကြ၏။ ဗိုလ်ကြီး ဘတ်တလာ၏ ကိုယ်ဝန် မဖြစ်နိုင်ဟု ဆိုကြသည်။ စကားလက်တို့ လင်မယား နှစ်ယောက် ခွဲနေသည့် ကိစ္စသည် အချိန် အတန်ကြာမျှ ပြည်သူပိုင် ပစ္စည်း ဖြစ်နေသည်။ သူတို့ လင်မယား နှစ်ယောက် တစ်ယောက် တခြားစီ အိပ်သည်ဆိုသည့် သတင်းသည် ကာလ အတန်ကြာမျှ လူပြောစရာ ဖြစ်နေသည်။

ဤသို့ဖြင့် အတင်းအဖျင်း စကားများကို တစ်မြို့လုံး တစ်ယောက်တစ်ပေါက် ပြောနေကြသည်။ သူတစ်မျိုး ငါတစ်ဖုံ

ဖြစ်နေသည်။ အတင်းအဖျင်း စကားများကြောင့် သွေးစည်းသည့် ဟယ်မီတန် မိသားစု၊ ဝီလ်ကီ မိသားစု၊ ဝှစ်တမင်း မိသား၊ ဝင်းဖီးလ် မိသားစုများထဲတွင် အချင်းချင်း စိတ်ဝမ်းကွဲကြရသည်။ စကားလက်တို့နှင့် ပတ်သက်သည့် မိသားစုများ သူ့ဘက် ကိုယ့်ဘက် ကွဲကြသည်။ ကြားနေသူ ဟူ၍ မရှိ။ မီလာနီက ဤသည်ကို ကြည့်၍ ဂရုမစိုက်သည့်နှယ် ခပ်တည်တည် နေသည်။ အင်ဒီယာက ဤသည်ကို ကြည့်၍ စိတ်နာသည်။ သို့ရာတွင် အင်ဒီယာဘက်သို့ ပါသည်ဖြစ်စေ၊ မီလာနီဘက်သို့ ပါသည်ဖြစ်စေ နှစ်ဖက်စလုံးကမူ စကားလက်ကို ဒေါသ ထွက်ကြ၏။ ဤသို့ စိတ်ကွဲကြခြင်းမှာ စကားလက် ဂြိုဟ်မွှေ၍ ဖြစ်ရသည်ဟု စိတ်နာကြသည်။ စကားလက်လို မိန်းမမျိုးအတွက် ဤမျှ စိတ်ဝမ်းကွဲရသလောဟု အသည်းနာ၍ မဆုံး ဖြစ်ကြသည်။ မည်သည့်ဘက်သို့ပါသည်ဖြစ်စေ အင်ဒီယာသည် ကိုယ့် အထုပ်ကို လူပုံထဲ ချ၍ ဖြေပြရသလော။ ဤမျှ ရှက်စရာ ကောင်းသည့် ကိစ္စတွင် အက်ရှလေကို ဆွဲထည့်ရသလောဟု ဆွေမျိုးများက စိတ်မကောင်း ဖြစ်ကြသည်။ သို့ရာတွင် ယခုမူ တားမရတော့။ ပြဿနာက ကြီးသည်ထက် ကြီးလာပြီ။ မီလာနီနှင့် စကားလက်ကို ဝိုင်း၍ ကာကွယ်ကြသည့် နည်းတူ ထိုသူများကလည်း အင်ဒီယာဘက်မှ ရပ်၍ စကားလက်ကို လက်ညှိုး ငေါက်ငေါက် ထိုးကြသည်။

အတ္တလန်တာ မြို့သူမြို့သား တစ်ဝက်ခန့်သည် မီလာနီ၊ အင်ဒီယာတို့၏ ဆွေမျိုးနီးစပ်တွေချည်း ဖြစ်ကြ၏။ သို့မဟုတ်

ဆွေမျိုးနီးစပ်တော်သည်ဟု ပြောကြသည်။ အပြန်အလှန် တော်စပ်သည့် ဝမ်းကွဲတွေ၊ နှစ်ထပ်ကွမ်း ဝမ်းကွဲတွေ၊ နှစ်ဝမ်းကွဲတွေ၊ သုံးဝမ်းကွဲတွေ၊ ဘင်္ဂလား ဝမ်းကွဲတွေဖြင့် ဆွေစဉ်မျိုးဆက်တွေ ရှုပ်ယှက်ခတ် တော်စပ်နေကြသည်။ ဂျော်ဂျီယာသား မဟုတ်လျှင် မည်သူမျှ ဆွေမျိုးမစပ်တတ်။ ဂျော်ဂျီယာသားသည် ဆွေမျိုးစဉ်ဆက်ကို အလွန်ဂုဏ်ယူသည့် အမျိုးဖြစ်သည်။ ဆွေမျိုးထဲက တစ်ဦးကို မနှစ်သက်သည့်တိုင် တစ်ယောက်ကိုထိလျှင် ကျီးကန်းလို ဝိုင်းအာတတ်သည်။ ဆွေမျိုးသားချင်း အချင်းချင်းလည်း အလွန်ရိုင်းပင်းကြသည်။ ဦးလေး ဟင်နရီကို ပြောက်ကျား ပြောက်ကျား တိုက်နေသည့် ဒေါ်လေးပစ်တီ၏ ပြောက်ကျားတိုက်ပွဲ (ဤတိုက်ပွဲကိုမူ ဆွေမျိုးအသိုင်းအဝိုင်းထဲတွင် ရယ်စရာ အဖြစ် ခပ်ပေါ့ပေါ့ သဘောထားကြ၏။) မှ လွဲလျှင် ဆွေထဲ မျိုးထဲတွင် လူသိရှင်ကြား စိတ်ဝမ်းကွဲကြသည်ဟု ကြားရခဲဘိခြင်း။ ဂျော်ဂျီယာ နယ်သားက နူးညံ့သည်။ စကားပြော ချိုသာသည်။ ကိုယ့်စည်းနှင့်ကိုယ် နေသည်။ အတ္တလန်တာ မြို့သား အများစုကဲ့သို့ တိုးတိုးတိတ်တိတ် ရန်ဖြစ်ခြင်းမျိုးပင် မရှိ။

ယခုမူ နှစ်ဂိုဏ်း ကွဲနေပြီ။ ငါးဝမ်းကွဲ၊ ခြောက်ဝမ်းကွဲများက အစ အတ္တလန်တာမှ အုတ်အော်သောင်းတင်း အဖြစ်ဆုံး

ဤကိစ္စတွင် ဘက်လိုက်ကုန်ကြသည်။ ဤတွင် ဆွေမျိုး တော်စပ်ခြင်း မရှိသည့် အတ္တလန်တာမြို့ ကျန်တစ်ပိုင်းသည် စိတ်ပျက်လာကာ သည်းမခံနိုင်အောင် ဖြစ်လာသည်။ မီလာနီ-အင်ဒီယာ စစ်ပွဲသည် လူမှု အသင်းအပင်းများထဲတွင်ပါ ဂယက် ရိုက်ခတ်လာသည်။ ပြည်နယ် တပ်သားဟောင်းများ၏ မုဆိုးမများနှင့် ကလေးများ သက်သာချောင်ချိရေး ဇာထိုးပန်းထိုး အသင်း၊ အရေးတော်ပုံ တပ်သားများ၏ သင်္ချိုင်းထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၊ ဂီတ ဆည်းဆာအသင်း၊ အမျိုးသမီး ဝါဂီနစ်

465

အဖွဲ့၊ လူငယ် စာကြည့်တိုက် စသည့် အသင်းအပင်းများတွင် ကွဲကုန်ကြသည်။ အမှုဆောင်များတွင် ဂိုဏ်းကွဲသူများ မပါရန် မနည်း သတိထားနေရသည်။

ညနေခင်း လေးနာရီနှင့် ခြောက်နာရီ ကြား၌ အတ္တလန်တာ အမျိုးသမီးကြီးများသည် စိတ်ပူနေကြရသည်။ သူတို့ အိမ်သို့

မီလာနီနှင့် စကားလက်တို့ အလည်လာနေစဉ် အင်ဒီယာတို့ တစ်သိုက် ပေါက်လာကြတော့မည်လောဟု စိုးရိမ်နေကြသည်။

မိသားစုထဲတွင်

ဒေါ်လေး

ပစ်တီ

တစ်ယောက်ကမူ

သနားစရာပင်

ကောင်းနေသည်။

ဒေါ်လေး

ပစ်တီက

ကောင်းကောင်း စားချင်သည်။ ကောင်းကောင်း နေချင်သည်။ ဆွေမျိုးသားချင်းများ၏ ချစ်ခင်ကြင်နာမှုကို လိုချင်သည်။ ဤသည်မှအပ အခြား ဘာကိုမျှ စိတ်မဝင်စား။ ဘာကိုမျှ မသိတတ်။ ဤကိစ္စတွင်မူ ဒေါ်လေး ပစ်တီသည် ယုန်နှင့်အတူ ပြေး၍ ခွေးနှင့် အတူလိုက်ချင်သည်။ သို့ရာတွင် ရောယိမ်းလိုက် ဘသား ယိမ်းလိုက် လုပ်ခြင်းကို ယုန်များကလည်း ခွင့်မပြု။ ခွေးများကလည်း လက်မခံ။

အင်ဒီယာက ဒေါ်လေး ပစ်တီနှင့် အတူနေသည်။ ဒေါ်လေးပစ်တီက မီလာနီဘက်သို့ ပါလျှင် အင်ဒီယာ သူနှင့် အိမ်ခွဲ

နေရန် ဆုံးဖြတ်ပြီး ဖြစ်၏။ အင်ဒီယာသွားလျှင် သနားစရာ ဒေါ်လေး ပစ်တီတစ်ယောက် မည်သူနှင့် နေမည်နည်း။ ဒေါ်လေး ပစ်တီသည် တစ်ယောက်တည်း မနေတတ်။ သူနှင့်အတူ နေဖို့ လူစိမ်းတစ်ယောက်ကိုသော်လည်း ရှာရမည်။ အိမ်ကိုပိတ်ပြီး စကားလက်နှင့်သော်လည်း သွားနေရမည်။ ဗိုလ်ကြီး ဘတ်တလာကမူ ဤသို့ လာနေသည်ကို ဘာမျှ အရေးတကြီးထားမည် မဟုတ်ဟု ဒေါ်လေး ပစ်တီ ဝိုးတိုးဝါးတား ထင်သည်။ သို့မဟုတ်လျှင်လည်း မီလာနီနှင့် အတူ သွားနေပြီး ဘိုဘို၏ အိပ်ခန်းဖြစ်သည့် အခန်းကျဉ်းကလေးထဲတွင် အိပ်ရတော့မည်။

ဒေါ်လေး

ပစ်တီက

အင်ဒီယာကို

သိပ်သဘောမကျ။

အင်ဒီယာက

ခေါင်းမာသည်။

တစ်ယူသန်သည်။

စည်းကမ်းကြီးသည်။ ထို့ကြောင့် အင်ဒီယာကို ဒေါ်လေး ပစ်တီ လန့်၏။ သို့ရာတွင် အင်ဒီယာက ဒေါ်လေး ပစ်တီကို သူ သက်သာသလို နေခွင့်ပြုသည်။ မည်သို့မျှ မပြော။ ဒေါ်လေး ပစ်တီသည် အင်ဒီယာ-မီလာနီ တိုက်ပွဲ၌ မှန်မမှန် ပြဿနာထက် သူ ချောင်ချောင်ချိချိ နေရ၊ မနေရကို အဓိကထား၍ စဉ်းစားသည်။ သို့ဖြင့် ဒေါ်လေး ပစ်တီနှင့် အတူ အင်ဒီယာ ဆက်နေမြဲ နေသည်။

သို့ရာတွင် အင်ဒီယာကို လက်ခံထားသဖြင့် ဒေါ်လေး ပစ်တီသည်လည်း မုန်တိုင်း၏ ဗဟိုချက်မ ဖြစ်လာ၏။

စကားလက်နငှ့် မီလာနီတက့ို ဒေါ်လေး ပစ်တသီ ည် အင်ဒယီာဘက်သပ့ိုါသည်။ ထိ့ေု ကြာင့် အင်ဒယီာနှင့် အတူနေခြင်းဖြစ်သည်ဟု ယူဆကြသည်။ အင်ဒီယာကို လက်ခံထားသမျှ ဒေါ်လေး ပစ်တီကို စရိတ် ထောက်ခြင်း မပြုတော့ဟု စကားလက်က ငြင်းသည်။ အက်ရှလေက အင်ဒီယာကို အပတ်တိုင်း ငွေထောက်သည်။ သို့ရာတွင် အင်ဒီယာကလည်း သူ့မာနနှင့်သူ၊ ငွေကို ပြန်ပေးသည်။ ဤသည်ကို ကြည့်၍ ဒေါ်လေး ပစ်တီ စိတ်မကောင်းဖြစ်ရသည်။ ထိတ်လန့်ခြင်းလည်း ဖြစ်သည်။ မနေနိုင်၍ ဦးလေး ဟင်နရီက ထောက်ပံ့သဖြင့်သာ ဒေါ်လေး ပစ်တီ၏ အုတ်တိုက်နီနီကြီးမှ စီးပွားရေး အခြေအနေသည် ဤမျှ မဆိုးခြင်း ဖြစ်သည်။ သို့ရာတွင် ဦးလေး ဟင်နရီ၏ ထောက်ပံ့ကြေးကို ယူရသဖြင့် ဒေါ်လေး ပစ်တီ သိမ်ငယ်ခြင်း ဖြစ်ရသည်။

စင်စစ် ဒေါ်လေး ပစ်တီသည် သူ့ကိုယ်သူမှ လွဲလျှင် ကမ္ဘာပေါ်တွင် မီလာနီကို အချစ်ဆုံး။ ယခု မီလာနီက သူ့ကို

သူစိမ်းပြင်ပြင်သဖွယ် ဆက်ဆံနေပြီ။ မီလာနီသည် အိမ်နောက်ဖေးတွင် ကပ်လျက်နေသည့်တိုင် ခြံစည်းရိုးနားသို့ တစ်ခေါက်မျှ

466

မလာ။ ဒေါ်လေး ပစ်တီကို မြင်လျှင် အိမ်ထဲသို့ ပြန်ဝင်သွားတတ်သည်။ ဒေါ်လေး ပစ်တီက သွားလည်ကာ ငိုသည်ရော ပြောသည်ရော လုပ်သည်။ သူ့ကို မည်မျှ ချစ်ကြောင်း ငိုကြီးချက်မနှင့် ပြောသည်။ သို့ရာတွင် မီလာနီက ဤအကြောင်းများကို မပြော။ သူ့အိမ်သို့လည်း အပြန်အလှန်သဘော လည်ပတ်ခြင်း မပြု။

စကားလက်၏ ကျေးဇူး သူ့အပေါ်တွင် မည်မျှကြီးသည်ကို ဒေါ်လေး ပစ်တီ သိ၏။ သူ့အသက်နှင့် ခန္ဓာကိုယ်

မြဲနေခြင်းသည် စကားလက်ကြောင့်သာ ဖြစ်သည်ကိုလည်း သိ၏။ ပြည်တွင်းစစ် ပြီးစ အတိဒုက္ခရောက်နေချိန်တွင် ဒေါ်လေး ပစ်တီ၌ ခိုကိုးရာမဲ့ ဖြစ်နေသည်။ ဦးလေး ဟင်နရီထံ အောက်ကျို့မည်လော၊ အငတ်ခံမည်လော ဟူသည် လမ်းနှစ်လမ်းသာ ရှိသည်။ စကားလက်က ဒေါ်လေး ပစ်တီကို အိမ်ကို ပြင်ပေးထားသည်။ အဝတ်အစား ဆင်သည်။ ကောင်းကောင်းမွန်မွန်ထားသည်။ သူ့ကျေးဇူးကြောင့် ဒေါ်လေး ပစ်တီ အတ္တလန်တာ အသိုင်းအဝိုင်းတွင် မော်ကြွားနိုင်ခြင်း ဖြစ်၏။

စကားလက်

လက်ထပ်ပြီး

သူ့အိမ်နှင့်သူ

ခွဲနေသည့်အခါတွင်လည်း

လိုလေသေး

မရှိ

ထောက်ပံ့ခဲ့သည်။

သူ့ယောက်ျား ဗိုလ်ကြီး ဘတ်တလာက ရုပ်ဖြောင့်သလောက် ကြောက်စရာကောင်းသည့်တိုင် လင်မယားနှစ်ယောက် အိမ်သို့ အလည်လာတိုင်း ငွေစက္ကူ အပြည့်အသိပ် ထည့်ထားသည့် သားရေအိတ်များကို သူ့ အလှပြင် မှန်တင်ခုံပေါ်တွင် တင်ပစ်ခဲ့သည်။ သို့မဟုတ်လျှင်လည်း ရွှေဒင်္ဂါးများ ထုပ်ထားသည့် ဇာလက်ကိုင်ပဝါများကို သူ့ အပ်ချုပ် ပစ္စည်းထည့်သည့် ခြင်းထဲသို့ ထိုးထည့်သွားတတ်သည်။ သို့တိုင်အောင် ရက် ဘတ်တလာက ဤပစ္စည်းများကို သူ မထားခဲ့ရကြောင်း ကျိန်တွယ် ပြောကာ ဒေါ်လေး ပစ်တီကို တိတ်တိတ်ပုန်း သဘောကျနေသည့် အုံ့ပုန်း သမား တစ်ယောက် ရှိမည် ထင်ကြောင်း၊ ထိုသူသည် နှုတ်ခမ်းမွေး ကားကားကြီးဖြင့် ဘဘကြီး မယ်ရီဝယ်သာ ဖြစ်နိုင်ကြောင်းဖြင့် အော်ကျယ်အော်ကျယ် စွပ်စွဲတတ်သည်။

မှန်သည်။ သူ့ကို ချစ်သည့်အတွက် မီလာနီ ကျေးဇူး သူ့အပေါ်တွင် ရှိသည်။ သူ့ကိုထောက်ပံ့သည့်အတွက်

စကားလက် ကျေးဇူး သူ့အပေါ်တွင် ရှိသည်။ အင်ဒီယာ၏ ကျေးဇူး ဘာရှိသနည်း။ ဘာမျှ မရှိ။ အခြေ မပျက်ရုံကလေး သူ့အတွက် ဆုံးဖြတ် စဉ်းစားပေးရုံကလေးသာ ရှိသည်။ ဒေါ်လေး ပစ်တီသည် သူ့တစ်သက်တွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ဖူးသည် ဟူ၍ တစ်ခါမျှ မရှိ။ ဖြစ်သမျှ အကြောင်း အကောင်းချည်း သဘောထားကာ မျက်ရည်နှင့်သာ မိတ်ဖွဲ့ရသည်။

နောက်ဆုံးတွင် အများစုက စကားလက်တွင် အပြစ် မရှိဟု ယုံကြည်လာကြ၏။ သို့ ယုံကြည်ခြင်းမှာ စကားလက်၏

တည်ကြည် ရိုးဖြောင့်မှုကြောင့် မဟုတ်။ မီလာနီက ထိုသို့ ယူဆသောကြောင့်သာ ဖြစ်သည်။ တချို့က လုံးဝ ဥဿုံ ယုံကြည်လာခြင်း မရှိသေးသည့်တိုင် စကားလက်ကို ယဉ်ကျေးစွာ ပြန်ဆက်ဆံလာကြသည်။ မီလာနီ၏ မျက်နှာကို ထောက်၍ တစ်ကြောင်း၊ မီလာနီနှင့် မိတ်အပျက် မခံနိုင်သည့်အတွက်ကြောင့် တစ်ကြောင်း စကားလက်ထံ အဝင်အထွက် လုပ်ကြသည်။ အင်ဒီယာ၏ ဂိုဏ်းသားများက စကားမပြောသည့်တိုင် ခေါင်းညိတ် နှုတ်ဆက်ကြသည်။ အချို့သာလျှင် စကားလက်ကို ပြောင်ပြောင် ဝေဖန်လျက် ရှိကြ၏။ သူတို့ကိုမူ စကားလက် ဒေါသထွက်သည်။ မုန်းသည်။

သို့တိုင်အောင်

ဤမျှ

အခြေအနေ

ပြန်ကောင်းလာခြင်းမှာ

မီလာနီ၏

အကာအကွယ်

ပေးမှုနှင့်

မီလာနီ၏

အပြုအမူကြောင့် ဖြစ်ကြောင်း စကားလက် သိသည်။ မီလာနီသာ သူ့ဘက်က မရပ်လျှင် တစ်မြို့လုံး၏ တံတွေးခွက်တွင် စကားလက် ပက်လက် မျောရတော့မည်။ တစ်မြို့လုံး၏ ဝိုင်းပယ်ခြင်းကို ခံရတော့မည်။

467

၅၆



ရက် ဘတ်တလာ ထွက်သွားသည်မှာ သုံးလ ကြာခဲ့ပြီ။ ထိုသုံးလ အတွင်း သူ့ထံမှ မည်သည့် သတင်းကိုမျှ

စကားလက် မကြားရ။ မည်သည့် ဒေသသို့ ရောက်နေသည်ကိုလည်း သူ မသိ။ မည်မျှ ကြာဦးမည်ကိုလည်း မတွေးထင်နိုင်။ ပြန်မှ ပြန်လာပါဦးမည်လော ဟုလည်း မပြောတတ်။ ထို အတောအတွင်း၌ စကားလက်သည် ရင်ထဲက နာသည့်တိုင် ခေါင်းကို မော့ကာ သူ့ အလုပ်ကို သူ လုပ်သည်။ ကောင်းစွာ နေထိုင် မကောင်းသည့်တိုင် မီလာနီ၏ တိုက်တွန်းချက်ကြောင့် ကုန်တိုက်သို့ နေ့တိုင်း သွားသည်။ သစ်စက် ကိစ္စများတွင် စိတ်ဝင်စားဟန် ပြသည်။ သို့ရာတွင် ကုန်တိုက်သွားရသည်ကို စကားလက် ပထမဆုံး အကြိမ် ငြီးငွေ့ခြင်း ဖြစ်မိ၏။ မနှစ်က ဤအချိန်နှင့် စာလျှင် အရောင်းအဝယ်က သုံးဆလောက် များလာ၍ ငွေတွေကို သဲ့ရနေသည့်တိုင် စကားလက် စိတ်မဝင်စားနိုင်။ ကုန်တိုက် စာရေးများနှင့်လည်း တကျက်ကျက် ဖြစ်နေသည်။ ဂျွန်နီ ဦးစီးသည့် သစ်စက်ကလည်း အလုပ်အကိုင် ကောင်းနေသည်။ သစ်ဆိုင်ကလည်း စက်က ခွဲပေး၍ပင် မလောက်နိုင်။ လှိုင်လှိုင် ရောင်းနေရသည်။ သို့ရာတွင် ဂျွန်နီ ပြောပုံ လုပ်ပုံကို စကားလက် သဘော မကျ။ ဂျွန်နီက သူ့လို အိုင်းရစ်သွေး ဖြစ်သည်။ စကားလက် ဝင်ရှုပ်ရပါမည်လောဟု ခံပြောကာ အလုပ်မှ ထွက်မည်ဟု ခြိမ်းခြောက်သည်။ ‘နောက် တစ်ချီ ဆိုရင် ခင်ဗျားကို ဆလံတိုက်ပါပြီ၊ ခင်ဗျားကိုလည်း ကရွန်းဝဲလ်နတ်က ကိုင်မှာပါ’ ဟု ဆိုသည်။ ဤတွင် စကားလက် သူ့ကို အောက်ကျ နောက်ကျ ခံ၍ တောင်းပန်ရ၏။

အက်ရှလေ ဦးစီးသည့် သစ်စက်ကိုမူ မသွားတော့။ သူ ရှိမည် ဆိုလျှင် သစ်ဆိုင်သို့လည်း မသွားတော့။ အက်ရှလေသည်

သူ့ကို ရှောင်နေမှန်း စကားလက် သိ၏။ မီလာနီ အတင်း ခေါ်သဖြင့် သူ့ အိမ်သို့ အမြဲ ရောက်နေသည့် အတွက်လည်း အက်ရှလေ စိတ်ဆင်းရဲနေမှန်း စကားလက် သိသည်။ နှစ်ယောက်ချင်း တွေ့လျှင်လည်း စကားမပြောကြတော့။ စကားလက် သူ့ကို မေးချင်သည်မှာ ပါးစပ်က တရွရွ ဖြစ်နေသည်။ သူ့ကို မုန်းသွားပြီလောဟု မေးချင်၏။ သူတို့ ကိစ္စနှင့် ပတ်သက်၍ မီလာနီအား မည်သို့ ပြောထားသည်ကို သိချင်သည်။ သို့ရာတွင် အက်ရှလေက အကပ် မခံ။ ခပ်ခွာခွာ နေသည်။ သူ့ကို စကား မပြောရန် အရိပ်အကဲဖြင့် တောင်းပန်သည်။ အက်ရှလေ၏ မျက်နှာက အိုစာလျက်။ မျက်တွင်း ဟောက်လျက်။ သူ့ မျက်နှာကို မြင်တိုင်း စကားလက် စိတ်မချမ်းသာ။ ထိုအထဲတွင် အက်ရှလေ၏ စက်ကလည်း ခွက်ခွက်လန်အောင် ရှုံးနေသည်။ ဤအတွက်လည်း စကားလက် မပြောရက်။ မမေးရက်။

အက်ရှလေ ဖြစ်နေပုံကို ကြည့်ရသည်မှာ စိတ်ချမ်းသာစရာ တစ်ကွက်မျှ မရှိ။ အခြေအနေ ကောင်းလာအောင် မည်သို့

လုပ်ရမည်ကို သူ ကိုင်တိုင် မစဉ်းစားတတ်သည့်တိုင် အက်ရှလေသည် တစ်ခုခု လုပ်သင့်သည်ဟု စကားလက် မြင်သည်။ ရက် ဘတ်တလာ ဆိုလျှင် ဤသို့ စင်းခံနေမည် မဟုတ်။ တစ်ခုခုကိုမူ ပြတ်ပြတ်သားသား လုပ်လိမ့်မည်။ ရက် ဘတ်တလာ သည် မှားသည့်တိုင်အောင် တစ်ခုခုမူ လုပ်မည် မုချ။ ထို့ကြောင့်ပင် ရက် ဘတ်တလာကို သူ စိတ်မပါ့တပါဖြင့် လေးစား ကြောက်ရွံ့မိခြင်း ဖြစ်သည်။

ရက် ဘတ်တလာ လုပ်ပုံ၊ စော်ကားပုံကို စကားလက် ပထမတွင် စိတ်ဆိုးသည်။ ယခုမူ စိတ်ပြေပြီ။ စကားလက် သူ့ကို

လွမ်းသည်။ သူ့ထံမှ မည်သည့် သတင်းမျှ မကြားရသည်နှင့်အမျှ ရက်ဘတ်တလာကို တစ်နေ့ထက် တစ်နေ့ အောက်မေ့သည်။

468

ရက် ဘတ်တလာ လုပ်သွားပုံကြောင့် စကားလက် စိတ်လည်း ပျက်သည်။ စိတ်လည်း ဆိုးသည်။ ရင်လည်း နာသည်။ ရှက်လည်း ရှက်သည်။ နောက်ဆုံး၌ ဤခံစားချက်တွေ အားလုံး ပျောက်သွားကာ စိတ်ထဲတွင် ရှုပ်ပွေ နောက်ကျိခြင်းသာလျှင် သူ့ကို ဖိစီး နှိပ်စက်လျက် ရှိ၏။ စကားလက် သူ့ကို လွမ်းသည်။ တခစ်ခစ် ရယ်ရသည့် နောက်ပြောင် ကျီစယ်သံကို အောက်မေ့သည်။ စိတ်ညစ်နေသည်တို့ကို ယူပစ်သလို ပျောက်စေသည့် သူ့ လှောင်ရယ်သံကို အမှတ်ရသည်။ သူ့ကို ဒေါသထွက်စေသည့် လှောင်ပြောင်သံကိုပင် စကားလက် သတိရနေသည်။ အထူးသဖြင့် စကားပြောဘက် မရှိသဖြင့် စကားလက် ပို၍ လွမ်းသည်။ ဤနေရာတွင်မူ ရက် ဘတ်တလာက အလွန် စိတ်ရှည်သည်။ လူတွေကို မည်သို့ မည်ပုံ လိမ်ခဲ့ပုံ၊ တစ်ပတ် ရိုက်ခဲ့ပုံတို့ကို စကားလက် အရှက် အကြောက် မရှိ ဂုဏ်ယူ၍ပင် ပြောနိုင်သည်။ ထိုအခါတွင် ရက် ဘတ်တလာကလည်း သြဘာပေး၏။ အကယ်၍သာ အခြား လူများကို ပြောလျှင် အထိတ်တလန့် ဖြစ်ကြလိမ့်မည်။

ရက် ဘတ်တလာနှင့် နီလာ မရှိသည့် အတွက် စကားလက် ပျင်းသည်။ ကလေးကို ဤမျှ လွမ်းလိမ့်မည်ဟု

သူ မထင်ခဲ့။ ဝိတ်ကလေးနှင့် အယ်လာတို့ကို ပစ်ထားသည်ဟု ရက် ဘတ်တလာက ရက်ရက်စက်စက် ပြောခဲ့သည်ကို အမှတ်ရသဖြင့် အားလပ်သည့် အချိန်များတွင် သူတို့နှင့် နေရန် စကားလက် ကြိုးစားသည်။ သို့ရာတွင် ဘာမျှ အရာမထင်။ ရက် ဘတ်တလာ၏ စကားများနှင့် ကလေး နှစ်ယောက်၏ တုံ့ပြန်ပုံသည် ကြောက်စရာ အမှန်တရားကို မြင်နိုင်အောင် သူ့ကို မျက်စိ ဖွင့်ပေးလိုက်၏။ ကလေးတွေ ငယ်စဉ်က စကားလက်သည် သူ့ အလုပ်နှင့် သူ မအားအောင် ဖြစ်ခဲ့ရ၏။ စီးပွားရေး ကိစ္စကြောင့် ဦးနှောက် ရှုပ်ခဲ့၏။ စိတ်တိုခဲ့၏။ ထို့ကြောင့် သူတို့ ယုံကြည်ကိုးစားမှုနှင့် ချစ်ခင်မှုကို စကားလက် မရခဲ့။ ယခုမူ နောက်ကျပြီဟု ထင်သည်။ သို့မဟုတ်လျှင်လည်း သူသည် ကလေးတို့၏ လျှို့ဝှက်တတ်သော နှလုံးသားကို ထိုးဖောက် နားလည်လောက်အောင် အရည်အချင်း မရှိဟု စကားလက် သူ့ကိုယ်သူ ထင်ချင်လာသည်။

ဥပမာ၊ သမီးလေး အယ်လာ ကိစ္စ။ အယ်လာက ထုံထိုင်းသည်။ ငှက်တစ်ကောင် သစ်ကိုင်း တစ်ကိုင်း ပေါ်တွင်

ကြာရှည် နားခြင်းမှာ မစွမ်းသည့် နည်းတူ အယ်လာသည်လည်း အကြောင်းအရာ တစ်ခုကို ကြာကြာ စိတ်ဝင်စားနိုင်စွမ်း မရှိ။ ထို့ကြောင့် စကားလက် စိတ်ပျက်ရသည်။ ပုံပြောသည့် အခါတွင်ပင် အယ်လာသည် ပုံပြင်တွင် ကြာရှည် စိတ်ဝင်စားခြင်း မရှိ။ ပုံပြင်နှင့် မဆိုင်သည့် အကြောင်းအရာများကို ကြားဖြတ်၍ မေးတတ်၏။ စကားလက်က မဖြေရသေးမီ သူ မေးသည့် အကြောင်းအရာကို မေ့ချင် မေ့သွားတတ်သည်။ ဝိတ်ကလေးနှင့် ပတ်သက်၍မူ ရက် ဘတ်တလာ၏ စကားက သွေးထွက်အောင် မှန်သည်။ ကလေးက သူ့ကို ကြောက်ဟန် တူသည်။ ဤသည်ကို မြင်သည့် အခါ၌ စကားလက် စိတ်ထိခိုက်၏။ သူ့သား၊ တစ်ဦးတည်းသော သားယောက်ျားလေးသည် သူ့ကို မည်သည့် အတွက် ကြောက်နေရသနည်း။ သူက စကား ပြောသည့် အခါတွင် ဝိတ်ကလေးသည် သူ့အဖေ ချားလ်၏ နူးညံ့ ညိုလဲ့သော မျက်လုံးမျိုးနှင့် သူ့ကို စိုက်ကြည့်ပြီးနောက် ရှက်သလို ရွံ့သလိုဖြင့် ခြေချင်း ပွတ်နေတတ်သည်။ မီလာနီနှင့် ဆိုလျှင်မူ ပြောလိုက်သည့် စကား။ ရွှန်းရွှန်း ဝေနေတော့သည်။ သူ့ အိတ်ထဲမှ ငါးမျှားဖို့ တီကောင်များ၊ ကြိုးစများက အစ ထုတ်ပြတတ်သည်။

မီလာနီသည် ကလေး ဆိုသည့် သတ္တဝါလေးများကို တည့်အောင် ပေါင်းတတ်သည်။ ဤသည်ကလည်း ဘာမျှ မဆန်း။

မီလာနီ၏သား ဘိုဘိုသည် အတ္တလန်တာတွင် အလိမ္မာဆုံး ချစ်စရာ အကောင်းဆုံး ကလေး ဖြစ်၏။ စကားလက် ကိုယ်တိုင်ပင် သူ့သားငယ် ဝိတ်ကလေးနှင့် နေရသည်ထက် ဘိုဘိုနှင့် နေရခြင်းကို ပို၍ သဘောကျသည်။ ဘိုဘိုက လူကြီးတွေကို မကြောက်။ သူ့ကို မြင်လျှင် ပေါင်ပေါ် တက်ထိုင်၍ တရင်းတနှီး နေသည်။ ရုပ်ကလေးကလည်း ချစ်စရာ ကလေး။ အက်ရှလေလို ဆံပင် ဝါလဲ့လဲ့ဖြင့်။ ဝိတ်ကလေးသာ ဘိုဘို ဆိုလျှင် မည်မျှ ချစ်စရာ ကောင်းမည်နည်း။ တစ်ခုမူ ရှိသည်။ မီလာနီက ကလေးကို

469

ဤသို့ ယုယနိုင်ခြင်းမှာ တစ်ယောက်တည်း ရှိခြင်းကြောင့် ဖြစ်နိုင်သည်။ စကားလက်လို စိတ်ရှုပ်စရာ မရှိ။ အလုပ် လုပ်စရာ မလို။ စကားလက် ဤနည်းဖြင့် သူ့ကိုယ်သူ စိတ်ဖြေသည်။ သို့ရာတွင် မီလာနီသည် ကလေး ချစ်တတ်ကြောင်း၊ တစ်ဒါဇင် မွေးသည့်တိုင် ဤသို့ ချစ်မည် ဖြစ်ကြောင်းကိုမူ အသိအမှတ် ပြုရလိမ့်မည်။ သို့ အသိအမှတ်ပြုရန် စကားလက်၏ ရိုးဖြောင့်မှုက တိုက်တွန်း နှိုးဆော်လျက် ရှိ၏။ မီလာနီ၏ မကုန်ခန်းနိုင်သော အချစ်သည် ဝိတ်ကလေး အပေါ်သို့ လည်းကောင်း၊ အိမ်နားနီးချင်း ကလေးများ အပေါ်သို့ လည်းကောင်း ယိုဖိတ် စီးဆင်းနေသည်။

ထိုနေ့က အထိတ်တလန့် ဖြစ်ရပုံကို စကားလက် မမေ့။ ထိုနေ့က ဝိတ်ကလေးကို ပြန်ခေါ်ရန် မီလာနီတို့ အိမ်သို့

ရထားဖြင် လာခဲ့၏။ အိမ်ဝသို့ အရောက်တွင် သူပုန်လို ကြွေးကြော်သံ ဟစ်နေသည့် ဝိတ်ကလေး၏ အသံကို ကြားလိုက်ရသည်။ အိမ်တွင်ဆိုလျှင် ဤသို့ တစ်ခါမျှ မအော်စဖူး။ ကြွက်ကလေးလို ချောင်ထဲတွင် ကုပ်နေတတ်၏။ ဝိတ်ကလေး၏ နောက်မှ ဘိုဘိုကလည်း လိုက်အော်သည်။ အိမ်ရှေ့သို့ ရောက်သည်တွင် စကားလက် အိမ်ထဲသို့ ဝင်လာခဲ့သည်။ ကလေး နှစ်ယောက်က သစ်သားဓားဖြင့် ထိုင်ဖုံကြီးကို ရိုက်၍ စစ်တိုက်တမ်း ကစားနေကြသည်။ စကားလက်ကို မြင်သည့် အခါတွင် ရှက်အမ်းအမ်း ဖြစ်ကာ တိတ်သွားကြသည်။ မီလာနီက ထိုင်ဖုံ နောက်တွင် ဝပ်နေရာမှ ရယ်၍ ထလာ၏။ သူ့ လက်ထဲတွင် ဆံညှပ်များ၊ ပန်းစက္ကူခွေလေးများကို ကိုင်ထားသည်။

‘ဂတ်စတီဘတ် တိုက်ပွဲ တိုက်နေတာတဲ့လေ’ မီလာနီက ရှင်းပြ၏။ ‘ကိုယ်က ယန်ကီ လုပ်ရမတဲ့၊ အမယ်လေး

ယန်ကီတွေကို တိုက်လိုက်ကြတာ၊ ကြောက်စရာကြီးတွေ၊ သူက ဗိုလ်ချုပ်လီးတဲ့’ (ဘိုဘိုကို ညွှန်ပြသည်။) ‘သူက ဗိုလ်ချုပ် ပစ်ကက်တဲ့’

မီလာနီက ဝိတ်ကလေး၏ ပခုံးကို ဖက်လိုက်၏။ ဟုတ်သည်။ မီလာနီက ကလေးများနှင့် တည့်အောင် နေတတ်သည်။

ဤသည်ကို စကားလက် နားမလည်နိုင်။

‘အေးလေ၊ နီလာလေးကလည်း ငါ့ကို ချစ်သားပဲ၊ ပြီးတော့ ငါနှင့်လည်း ကစားသားပဲ’ ဟု စကားလက် စဉ်းစားနေသည်။

သို့ရာတွင် ရိုးရိုးသားသား ဝန်ခံရလျှင် နီလာသည် သူ့ထက် ရက် ဘတ်တလာကို ပို သဘောကျပုံရ၏။ သမီးလေး နီလာနှင့် ဤတစ်သက်တွင် နောက်ထပ် တွေ့မှ တွေ့ရပါဦးမည်လော မဆိုနိုင်။ သူ သိသလောက် ဆိုလျှင် ရက် ဘတ်တလာသည် ပါသျှပြည်တွင်သော် လည်းကောင်း၊ အီဂျစ်ပြည်တွင်သော် လည်းကောင်း ရောက်နေလောက်ပြီ။ တစ်သက်လုံး ပြန်မှ လာပါဦးမည်လော ဟူ၍လည်း မပြောတတ်။

ဒေါက်တာမိက သူ့တွင် ကိုယ်ဝန် ရှိနေပြီဟု ပြောသည့် အခါ၌ စကားလက် အံအားသင့်နေသည်။ နည်းနည်းမျှ သူ

မမျှော်လင့်။ သူ့ စိတ်တွင်မူ မူးဝေခြင်း၊ အာရုံကြော အားနည်းခြင်း စသည့် ဝေဒနာလောက်သာ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ ဒေါက်တာမိ၏ စကားကြောင့် ရက် ဘတ်တလာ သောင်းကျန်းသွားသည်ကို စကားလက် ပြန်တွေးမိ၏။ ထိုညကို ပြန်တွေးမိသည့် အခါ၌ မျက်နှာတွေ ထူပူ နီရဲလာသည်။ ယခု သူတို့ နှစ်ဦး အပျော်ကြူးခဲ့ကြသဖြင့် ကလေး ရတော့မည်။ (သို့ရာတွင် နောက်ဆက်တွဲ စိတ်မချမ်းသာစရာ အဖြစ်အပျက်များကြောင့် သူတို့ နှစ်ယောက် ပျော်ခဲ့ကြပုံကို ပြန်တွေးရသည်ကမူ ပျော်စရာ မကောင်းလှပါ၊) ကလေးရတော့မည် ဆိုသဖြင့် သူ့ တစ်သက်တွင် ပထမဆုံး အကြိမ် စကားလက် ဝမ်းသာသည်။ သား ယောက်ျားလေး ဆိုလျှင် မည်မျှ ကောင်းမည်နည်း။ သားလေးက လူတော်ကလေး။ ဝိတ်ကလေးလို ခပ်နုံနုံ ခပ်အအ ကလေး မဖြစ်စေရ။ သားလေး ရလျှင်မူ စကားလက် သားလေးကို ဂရုစိုက်မည်။ ကလေးကို ဂရုစိုက်ဖို့ အချိန်ရပြီ။ သားလေး

470

ဘဝခရီး ချောမောအောင် လုပ်ဖို့ သူ့တွင် ငွေကြေး ဖူလုံနေပြီ။ မည်မျှ ပျော်စရာ ကောင်းလိုက်မည်နည်း။ ချာလက်စတန်တွင် ရှိသည့် သူ့ အမေမှ တစ်ဆင့် ရက် ဘတ်တလာထံ စာရေး၍ အကြောင်းကြားချင်သည်။ ဤသတင်းကိုသာ ကြားလျှင် ရက် ဘတ်တလာသည် ဒုန်းစိုင်း၍ ပြေးလာမည် မုချ။ ကလေး မွေးပြီးချိန်လောက်မှ ပြန်လာမည်လော။ ဤသို့ ဆိုလျှင်မူ စကားလက် ဘာမျှ မတတ်နိုင်။ သို့ရာတွင် သူ့ဆီ စာရေးလျှင် သူ့ကို အိမ်ပြန်လာစေချင်၍ ရေးသည်ဟု ထင်လိမ့်မည်။ ကျိတ်၍ ဝမ်းသာနေလိမ့်မည်။ ဤသို့မူ စကားလက် မခံနိုင်။ သူ ပြန်လာစေချင်၍ စားရေးသည်ဟု အထင် မခံနိုင်။

ရက် ဘတ်တလာ တစ်ယောက် ချာလက်စတန်ရှိ သူ့ အမေထံ ရောက်နေကြောင်း ဒေါ်လေး ပေါ်လင်းထံမှ

စာတစ်စောင် ရောက်လာ၏။ ရက် ဘတ်တလာထံ စာမရေးဖြစ်သည့် အတွက် စကားလက် ဝမ်းသာသွားသည်။ ဒေါ်လေး ပေါ်လင်း၏ စာက ခံပြင်းစရာ။ သို့ရာတွင် ရက် ဘတ်တလာ အမေရိကန် ပြည်ထောင်စုတွင် ရှိနေသေးသည်ဟု သိရသဖြင့် စိတ်သက်သာရာ ရသွားသည်။ ရက် ဘတ်တလာ က သူ့ထံ နီလာကို ခေါ်လာကြောင်းဖြင့် ပါရှိကာ နီလာ အကြောင်းကို အကျယ်တဝင့် ရေးထား၏။

‘နီလာလေးက ချစ်စရာကလေး၊ ကြီးလာရင်တော့ ကွမ်းတောင်ကိုင် ဖြစ်မှာ သေချာတယ်၊ ဒါပေမယ့် နီလာကို

ပိုးမိတဲ့ သူငယ်တော့ သူ့အဖေ ဗိုလ်ကြီး ဘတ်တလာနှင် သတ်ရလိမ့်မယ် ထင်တယ်၊ သမီးကို သူ့လောက် ချစ်၊ သူ့လောက် အရေးပေးတဲ့ အဖေ ဆိုလို့ ဒေါ်လေးဖြင့် တစ်ယောက်မှ မတွေ့ဖူးသေးဘူး၊ ငါ့ တူမကိုလည်း ဒေါ်လေး တစ်ခုတော့ ဝန်ခံချက် ပေးရဦးမယ်၊ ရက် ဘတ်တလာကို မတွေ့ဖူးသေးခင်တုန်းက ဒီလူနှင့် အိမ်ထောင်ပြုတာ ငါ့တူမတော့ ငါးပါးမက သံဃာစင်ပါ မှောက်တာပဲလို့ ဒေါ်လေး ထင်ခဲ့တာ၊ မထင်ဘဲ ဘယ်နေနိုင်ပါ့မလဲ၊ ချက်လက်စတန်မှာ သူ့ အကြောင်း အကောင်း ပြောတဲ့လူ ဆိုလို့ တစ်ယောက်မှ မရှိတာ၊ တစ်မြို့လုံးက သူ့ မိဘတွေအတွက် စိတ်မကောင်း ဖြစ်ကြတဲ့ လူချည်းပဲ မဟုတ်လား၊ အစတုန်းကတော့ ဒေါ်လေးတို့ ညီအစ်မ နှစ်ယောက် သူ လာရင် ဆင်းတွေ့လို့ ကောင်းပါ့မလား ဆိုပြီး ဇဝေဇဝါ ဖြစ်နေကြတယ်၊ ဒါပေမယ့် ကလေးက ဒေါ်လေးတို့ရဲ့ မြေး မဟုတ်လား၊ သူ ရောက်လာတော့ ဒေါ်လေးတို့ အံ့အား သင့်နေကြတယ်၊ ပျော်လည်း ပျော်တယ်၊ ဒီတော့မှ အတင်းအဖျင်း စကားဆိုတာ တကယ့် ဘုရား မကြိုက်တဲ့ အလုပ်ပါလား ဆိုတာ ဒေါ်လေးတို့ သဘောပေါက် သွားကြတယ်၊ လက်စသတ်တော့ ရက် ဘတ်တလာ ဟာ တော်တော် ချစ်စရာ ကောင်းတဲ့ သူငယ်ပဲ၊ ရုပ်ကလည်း ဖြောင့်တယ်၊ တည်လည်း တည်ကြည်တယ်၊ ယဉ်လည်း ယဉ်ကျေးတယ်၊ ငါ့တူမနှင့် ကလေးကိုလည်း ချစ်ရှာသားပဲ။’

‘ဒေါ်လေး ကြားတဲ့ သတင်း တစ်ခုကိုတော့ ပြောလိုက်ရဦးမယ်၊ ဒေါ်လေးတို့ ဒီသတင်းကို ကြားရတာ နည်းနည်းမှ

စိတ်မကောင်းဘူး၊ ဖရင့် ဖွင့်ထားတဲ့ ကုန်တိုက်မှာ ငါ့တူမ ကိုယ်တိုင် တစ်ခါတလေ သွားသွားပြီး ထိုင်တယ်ဆို၊ အစကတော့ ဒီသတင်းကို ဒေါ်လေးတို့ သဲ့သဲ့ ကြားတယ်၊ ဒါပေမယ့် မယုံပါဘူး၊ ပြည်တွင်းစစ် ပြီးစတုန်းကတော့ ဟုတ်တာပေါ့၊ အခြေအနေ မကောင်းတော့ ကိုယ်တိုင် လုပ်တန် လုပ်ရမှာပေါ့၊ ဒါပေမယ့် ခုတော့ ဒီလို ကိုယ်တိုင် ကိုယ်ကျ ဝင်လုပ်ဖို့ မလိုဘူးလို့ ဒေါ်လေး ထင်တယ်၊ ဗိုလ်ကြီး ဘတ်တလာက ငါ့တူမ ပိုင်တဲ့ ပစ္စည်းတွေ၊ လုပ်ငန်းတွေကို ဦးစီး ဦးကိုင် လုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိသားပဲ၊ ဒီတော့ သတင်းတွေ ဟုတ် မဟုတ် သိရအောင် ဗိုလ်ကြီး ဘတ်တလာကိုပဲ ဗြောင် ဖွင့်မေးရတော့တာပဲ၊ မေးရတာ ကောင်းတော့ မကောင်းဘူးပေါ့’

‘ဗိုလ်ကြီး ဘတ်တလာကလည်း ပြောချင်ပုံ မရဘူး၊ ဒေါ်လေးတို့က မေးလွန်းတော့မှ ငါ့တူမက မနက်လင်းရင်

471

ကုန်တိုက်ကို ကိုယ်တိုင် သွားတဲ့ အကြောင်၊ စာရင်းအင်းတွေကို ဘယ်သူနှင့်မှ စိတ်မချတဲ့ အကြောင်း ပြောပြတယ်၊ သစ်စက် ဆိုလား ဘာဆိုလား၊ အဲဒါလည်း ထောင်ထားတယ်လို့ နောက်ဆုံးကျမှ ဝန်ခံတယ်၊ (ဒေါ်လေးတို့ ဒီသတင်းကို လုံးလုံး မသိရပါလား၊ ဒါကြောင့် သူ့ကို သိပ်တော့ မမေးတော့ပါဘူး၊) သစ်စက်ကို တစ်ယောက်တည်း သွားတယ် ဆို၊ ငါ့တူမကို အစောင့်အရှောက် လိုက်တဲ့လူက လူယုတ်မာ လူဆိုးကြီးဆို၊ သူ့ခမျာလည်း အဲဒီ အတွက် တော်တော် စိတ်ထိခိုက် နေရှာပုံရတယ်၊ ဒေါ်လေးတို့ကတော့ ရက် ဘတ်တလာဟာ ငါ့ တူမကို သိပ်အလိုလိုက်တယ် ထင်တယ်၊ အလိုလိုက်တာမှ တော်တော့်ကို အလိုလိုက်တာ ဖြစ်ရမယ်၊ နောက် ဒါမျိုး မလုပ်ပါနှင့်၊ ငါ့ တူမ မေမေ မရှိတဲ့ အခါကျတော့ ဒေါ်လေးတို့မှာ ပြောဖို့ ဝတ္တရား ရှိတယ်၊ ကလေးတွေ ကြီးလာပြီး တို့ အမေဟာ ဒီလို စီးပွားရှာခဲ့တယ် ဆိုရင် ဘယ်လောက် ရှက်ရှာကြမလဲ၊ ဒီအမေဟာ လူရိုင်းတွေ၊ လူကြမ်းတွေ၊ ကြမ်းပိုး သူခိုးတွေနှင့်လည်း အလုပ် လုပ်တာပဲ၊ တစ်မြို့လုံးက ဝိုင်းမေးငေါ့တဲ့ ကြားထဲက သစ်စက်တွေထဲ သွားပြီး အလုပ်လုပ်တာပဲ ဆိုတာ သိရင် ကလေးတွေ ဘယ်လောက် အရှက် ရမလဲ၊ ဒီလို မိန်းမ မပီသတဲ့-’

စကားလက် စာကို ဆက်မဖတ်တော့။ ကျိန်ဆဲကာ စာရွက်ကို လွှတ်ချလိုက်၏။ အိမ်အိုကြီးထဲတွင် နေသည့် သူ့

အဒေါ် နှစ်ယောက်သည် သူ ထောက်ပံ့သည့် စရိတ်ကို စားကာ သူ့ကို ဝေဖန် ရှုတ်ချနေသည်ကို စကားလက် မြင်ယောင်သည်။ သူတို့ကို ကြည့်လျှင် ဘာမျှ မရှိ။ ဆန် မရှိ အစားကြီးတွေ။ သူက လစဉ် စရိတ် ပို့နေ၍သာ မငတ်ကြခြင်း ဖြစ်သည်။ ယခု သူ့ကို ဝေဖန်နေကြပြီ။ မိန်းမ မပီသဟု ပြောနေကြပြီ။ သူ မိန်းမ မပီသခြင်းကြောင့် သူတို့ ဤသို့ နေနိုင်ခြင်း ဖြစ်သည်။ သူသာ ခြေတစ်လှမ်း ကုဋေ တစ်သန်းလုပ်နေလျှင် ယခု အချိန်လောက်၌ စားစရာ နေစရာပင် ရှိတော့မည် မဟုတ်။ ကုန်တိုက် အကြောင်း၊ စာရင်းအင်း အကြောင်း၊ သစ်စက်တွေ အကြောင်းကို သွားပြောသဖြင့် ရက် ဘတ်တလာကိုလည် စကားလက် ဒေါပွသည်။ ဒေါ်လေးကမူ ‘သူ့ခမျာ မပြောချင် ပြောချင်နှင့် ပြောရတာပါကွယ့်’ ဟု ရေးလိုက်သေးသည်။ သူ့ကိုယ်သူမူ လူသူတော်ကောင်းကြီး။ အပျိုကြီး နှစ်ယောက် ရှေ့တွင် တည်ကြည်ဟန်၊ သိက္ခာရှိဟန်၊ ယဉ်ကျေး သိမ်မွေ့ဟန်၊ ချစ်စရာ ကောင်းဟန် ဆောင်သည်။ ယုယ ကြင်နာသည့် အဖေဟန် ဆောင်သည်။ တတ်လည်း တတ်နိုင်သည့် လူ။ သူ လုပ်ပုံတွေကို အပျိုကြီး နှစ်ယောက် အထိတ်တလန့် ဖြစ်အောင် ပြောကာ ကျိတ်၍ သဘောကျ နေလိမ့်မည်။ အရက်ဆိုင် ဖွင့်သည့် အကြောင်း၊ သစ်ဆိုင် အကြောင်းတွေကို ပြောပြကာ အူမြူးနေလိမ့်မည်။ လူက တကယ့် လူယုတ်။ လူ တစ်ဖက်သား စိတ်မကောင်းအောင် လုပ်ရသည်ကို အဘယ့်ကြောင့် ပျော်ရသနည်း။

သို့ရာတွင် မကြာမီ စကားလက် ဒေါသပြေသွားကာ ရင်ထဲတွင် ဟာလာသည်။ ယခုတလော သူ့ဘဝတွင် ပျော်စရာ

ဆို၍ ဘာမျှ မရှိ။ အက်ရှလေနှင့် တွေ့၍ ရင်တဒိတ်ဒိတ် ဖြစ်ရသည့် အချိန်ကလေးကို စကားလက် လွမ်းသည်။ ရက် ဘတ်တလာ ကျီစားသည့် အချိန်ကလေးကို အမှတ်ရသည်။ ရက် ဘတ်တလာကို လွမ်းလှပြီ။

ဘာမပြော ညာမပြော ရက် ဘတ်တလာတို့ သားအဖ နှစ်ယောက် ပြန်လာကြသည်။ အိမ်ရှေ့ ခန်းမဆောင်

ကြမ်းပြင်ပေါ်တွင် အထုပ်အပိုးတွေ တဗုန်းဗုန်း ပစ်ချသံကို ကြားရပြီးနောက် ‘မေမေ’ ဟု အော်ခေါ်နေသော နီလာ၏ အသံ။

စကားလက် အခန်းထဲမှ ထွက်ကာ လှေကား ထိပ်မှ ရပ်ကြည့်၏။ သမီးလေး နီလာက ခြေထောက် တုတ်တုတ်

တိုတိုကလေးများဖြင့် လှေကားကို လှမ်းတက်နေသည်။ ဣနြေ္ဒ သိက္ခာကြီးသည့် ကြောင် အဝါကျားလေးကို ရင်ခွင်တွင် ပွေ့လျက်။

‘ဘွားလေးက ပေးလိုက်တာ’

472



နီလာက ကြောင်ကလေးကို လည်ကုပ်မှ ဆွဲကိုင်ရင်း ဝမ်းသာ အားရ ပြော၏။



စကားလက်က နီလာကို ပွေ့ချီ၍ နမ်းသည်။ ရက် ဘတ်တလာနှင့် နှစ်ယောက်ချင်း မဟုတ်ဘဲ ကလေးကိုပါ တွေ့ရသဖြင့်

ဝမ်းသာသည်။ နီလာ၏ ခေါင်းပေါ်မှ ကျော်၍ ခန်းဆောင်ထဲတွင် ရပ်နေသည့် ရက် ဘတ်တလာကို လှမ်းကြည့်လိုက်၏။ ရက် ဘတ်တလာက ရထားခ ပေးနေသည်။ ရက် ဘတ်တလာက မော့ကြည့်လိုက်ပြီး ဦးထုပ်ကို ဟန်ပါပါ ချွတ်၍ ဦးညွှတ် နှုတ်ဆက်သည်။ သူ့ မျက်လုံး နက်နက်များနှင့် ဆိုင်မိသည်၌ စကားလက် ရင်တဒိတ်ဒိတ် ခုန်လာသည်။ မည်သို့ ဖြစ်ခဲ့ ဖြစ်ခဲ့၊ မည်သည့် အရာတွေ လုပ်ခဲ့ လုပ်ခဲ့ ကိစ္စ မရှိ။ ရက် ဘတ်တလာ ပြန်လာသဖြင့် စကားလက် ဝမ်းသာသည်။

‘မေမေ၊ ကြီးဒေါ်ရော’



နီလာက လျှောဆင်းနေသဖြင့် စကားလက် အသာ အောက်သို့ ချလိုက်သည်။



ရက် ဘတ်တလာကို ဟန်မပျက် နှုတ်ဆက်ဖို့၊ ကိုယ်ဝန် ရှိသည့် ကိစ္စကို ပြောဖို့ ဆိုသည်မှာ ထင်သလောက် မလွယ်။

လှေကားမှ တက်လာသည့် ရက် ဘတ်တလာ၏ မျက်နှာကို ငုံ့ကြည့်နေသည်။ သူ့ မျက်နှာက ညိုမှောင်မှောင်။ မထီမဲ့မြင် ပြုသည့် မျက်နှာ။ ဂရုမစိုက်သည့် မျက်နှာ။ ဟာလာဟင်းလင်း ဖြစ်နေသည့် မျက်နှာ။ ယခု ပြော၍ မဖြစ်သေး။ အေးအေး ဆေးဆေးကျမှ ပြောတော့မည်။ ချက်ချင်း ပြော၍ မဖြစ်သေး။ သို့တိုင်အောင် ဤမင်္ဂလာ သတင်းသည် ယောက်ျားအား ဦးဦးဖျားဖျား ပြောသင့်သည် သတင်းဖြစ်သည်။ လင်သား ဆိုသည်မှာ ဤသတင်းမျိုးကို ကြားချင်စမြဲ မဟုတ်လော။ သို့ရာတွင် ရက် ဘတ်တလာကမူ ဤသတင်းကို ကြားချင်မည် မဟုတ်။ ဤသတင်းကို ကြား၍ ပျော်မည် မထင်။

စကားလက်က

လှေကားထစ်ပေါ်တွင်

ရပ်နေသည်။

လှေကား

လက်ရန်းကို

မှီထားရင်း

သူ့ကို

နမ်းရှုပ်

နှုတ်ဆက်မည်လောဟု စောင့်နေသည်။ သို့ရာတွင် နမ်းရှုပ်ခြင်း မပြု။

‘မင်း ကြည့်ရတာ ဖြူဖပ် ဖြူရော်နှင့်ပါလား မစ္စက် ရက် ဘတ်တလာ၊ နှုတ်ခမ်းနီ ပါးနီ ဆိုးဆေး တော်တော် ရှားနေတယ်

ထင်တယ် ဟုတ်လား’

သူက ဤမျှသာ ပြော၏။ ဟုတ်သည် မဟုတ်သည် အပထား၊ အမှတ်ရကြောင်း ဘာကြောင်း တစ်ခွန်းတလေ

ပြောသင့်သည်။ သို့ရာတွင် တစ်ခွန်းမျှ မဟ။ နီလာကို ကလေးထိန်းခန်းသို့ ခေါ်သွားဖို့ ကြီးဒေါ် ရောက်လာလျှင်မူ ကြီးဒေါ် ရှေ့တွင် ဝတ်ကျေတမ်းကျေ နှုတ်ဆက်ကောင်း နှုတ်ဆက်မည်လော မဆိုနိုင်။ ရက် ဘတ်တလာက သူ့ဘေး လှေကားစွန်းပေါ်တွင် ရပ်လိုက်၏။ သူ့ မျက်လုံးများက အရေးတကြီး မရှိဟန်ဖြင့် စကားလက်ကို တစ်ချက် လှမ်းကြည့်သည်။

‘ဘာဖြစ်လို့ ဖြူဖပ်ဖြူရော် ဖြစ်နေတာလဲ၊ ကျုပ်ကို လွမ်းလို့တော့ မဟုတ်ပါဘူးနော်’



ရက် ဘတ်တလာက မေးသည်။ နှုတ်ခမ်းများက ပြုံးနေသည့်တိုင် မျက်လုံးများက ပြုံးရယ်ခြင်း မရှိ။ ရက် ဘတ်တလာ၏

သဘောထားသည် ပြောင်းလဲပုံ မရ။ ခါတိုင်းကဲ့သို့ပင် မုန်းစရာ။ သူ လွယ်ထားရသည့် ကိုယ်ဝန်သည် ဝမ်းသာစရာ မဟုတ်။ စိတ်ပျက်စရာ ဝန်ထုပ်ကြီးသဖွယ် စကားလက် ရုတ်တရက် ခံစားလိုက်ရ၏။ အနားပတ် ကြီးကြီး မြက်ဦးထုပ်ပြားကြီးကို ခါးတွင် ပိုက်ထားပြီး သူ့ ရှေ့တွင် ရပ်နေသည့် ဤလူ။ သူ၏ အကြီးဆုံး ရန်သူ။ သူ့ကို ဒုက္ခ ပွေအောင် ဂြိုဟ်မွှေခဲ့သူ။ စကားလက်၏ မျက်လုံးထဲတွင် အဆိပ်တက်နေသည်။ ရန်ဆိပ်က မထင်မရှား မဟုတ်။ ထင်ထင် ရှားရှား။ ရက် ဘတ်တလာ၏ မျက်နှာပေါ်က

473

အပြုံးသည် ပျောက်ကွယ်သွား၏။

‘ရှင့်ကိုယ် ရှင် ဒီလောက်လည်း ဘဝင် မမြင့်ပါနှင့်၊ ဖြူဖပ်ဖြူရော် ဖြစ်နေတာက ရှင့်ကို လွမ်းလို့ မဟုတ်ပါဘူး၊

ရှင့်ကြောင့်၊ ရှင် ဂြိုဟ်မွှေလို့၊ ရှင်-’ ရက် ဘတ်တလာကို ဤသို့ ရန်စွယ်ငေါငေါဖြင့် ပြောရန် ရည်ရွယ်ခြင်း မရှိ။ သို့တိုင်အောင် ရန်စကားများသည် စကားလက် ပါးစပ်မှ အလိုလို ထွက်လာကြ၏။ အစေခံများ ကြားမည်ကိုပင် မတွေးမိတော့။ ‘ရှင့်ကြောင့်၊ ရှင့်ကြောင့် ကိုယ်ဝန် ရှိပြန်ပြီ သိလား’

ရက် ဘတ်တလာက ရုတ်တရက် ပင့်သက်ရှူလျက် စကားလက်ကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်သည်။ သူ့

လက်မောင်းကို ဆုပ်ကိုင်တော့မည့်နှယ် ရှေ့သို့ ခြေလှမ်း တိုးလာ၏။ သို့ရာတွင် စကားလက်က ရှောင်လိုက်သည်။ သူ့ မျက်လုံးမှ အမုန်းကို မြင်သည့် အခါတွင် ရက် ဘတ်တလာ၏ မျက်နှာသည် တင်းသွား၏။

‘တကယ်လား’ အေးစက်စက်ဖြင့် မေးသည်။ ‘ဒါဖြင့် ဝမ်းသာရမယ့် အဖေက ဘယ်သူလဲ၊ အက်ရှလေလား’



စကားလက် လှေကားဦး လက်ရန်းတိုင်ကို ဆုပ်ကိုင်ထားလိုက်ရသည်။ ခြင်္သေ့ရုပ် လည်ဆံ အစွန်းက သူ့

လက်ဖဝါးထဲသို့ စူးဝင်သွား၏။ ရက် ဘတ်တလာ အကြောင်းကို နောကျေအောင် သိသည့်တိုင် ဤမျှ စော်ကားလိမ့်မည်ဟု မမျှော်လင့်မိ။ သူကမူ ကျီစယ်နေခြင်း ဖြစ်ကောင်း ဖြစ်မည်။ သို့ရာတွင် ဆင် ကျီစားရာ ဆိတ်မခံနိုင်။ အကျီစားသန်လျှင် ရန်ဖြစ်ရသည်။ သူ့ မျက်လုံးများကို လက်သည်း ချွန်ချွန်များဖြင့် ကော်ထုတ် ပစ်လိုက်ချင်၏။ သူ့မျက်လုံးက ထူးဆန်းသည့် ပြိုးပြိုးပြက်ပြက် အရောင်ကို တစ်ခါတည်း ပျောက်သွားအောင် မျက်လုံးကို ဖောက်ပစ်လိုက်ချင်သည်။

‘ရှင် ဘာစကား ပြောတာလဲ’ စကားလက် အသံက ဒေါသကြောင့် တုန်လျက် ရှိ၏။ ‘ရှင့် ကိုယ်ဝန်၊ ရှင့်

ကိုယ်ဝန် မသိဘူးလား၊ ရှင်သာ ကလေး မလိုချင်တာ မဟုတ်ဘူး၊ ဒီကလည်း ကလေး မလိုချင်ဘူး သိရဲ့လား၊ ရှင့်လို လူယုတ်မာ တစ်ယောက်ရဲ့ ကလေးကို ဘယ်မိန်းမမှ လိုချင်မှာ မဟုတ်ဘူး၊ ဟုတ်တယ်၊ ရှင့် ကိုယ်ဝန် မဟုတ်ဘဲ တခြား တစ်ယောက်ယောက်ရဲ့ ကိုယ်ဝန် ဖြစ်စေချင်တယ်၊ အဲဒီလို ဖြစ်ရင် ဒီကလည်း ဝမ်းသာတယ်’

ညိုမှောင်သည့် ရက် ဘတ်တလာ၏ မျက်နှာသည် ရုတ်တရက် ပြောင်းသွား၏။ ဒေါသနှင့် စကားလက် မဝေခွဲတတ်သည့်

တစ်စုံတစ်ရာကြောင့် သူ့ မျက်နှာသည် ပျားတုပ်ခံလိုက် ရသည့်နှယ် ရှုံ့မဲ့သွားသည်။

‘ကောင်းတယ်၊ ကျေနပ်တယ်၊ သူ နာသွားပြီ’



စကားလက်က ဒေါသဖြင့် ကျေနပ် အားရစွာ တွေးသည်။ သို့ရာတွင် တုန်လှုပ်ခြင်း မရှိသည့် နဂို အသွင် သဏ္ဌာန်သည်

ချက်ချင်း ပြန်ပေါ်လာ၏။ ရက် ဘတ်တလာက နှုတ်ခမ်းမွေး တစ်ဖက်ကို ပွတ်လိုက်သည်။

‘စိတ်မပျက်ပါနှင့်’ ရက် ဘတ်တလာက တစ်ဖက်သို့ လှည့်၍ လှေကားထစ်ပေါ်သို့ လှမ်းလိုက်သည်။ ‘ဖျက်ချချင်ရင်

လွယ်ပါတယ်’

စကားလက် တရိပ်ရိပ် မူးနေသည်။ ပဋိသန္ဓေ နေရခြင်းသည် မည်မျှ ပင်ပန်းကြောင်းကို တွေးမိ၏။ မူးဝေ အော့အန်ခြင်း၊

ကိုးလကျော် ဆယ်လတွင်း အထိ ဝန်ထုပ်ကြီးကို လွယ်၍ စောင့်နေရခြင်း၊ ကိုယ်လက် ဖောသွပ်လာခြင်း၊ ကမ္မဇလေ

474

လှုပ်ရှားသဖြင့် နာကျင် ဆင်းရဲရခြင်း စသည်တို့ကို သတိရသည်။ ဤအရာများကို မည်သည့် ယောက်ျားမျှ နားလည်နိုင်မည် မဟုတ်။ ရက် ဘတ်တလာသည် လှောင်ရက်သည်။ စော်ကားရက်သည်။ သူ့ မျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ချင်သည်။ ညိုမှောင်သည့် မျက်နှာတွင် သွေးသံ အလိမ်းလိမ်း ဖြစ်နေသည်ကို မြင်ရခြင်းလောက် မည်သည့် အရာကမျှ သူ့ နှလုံးသားထဲက နာကျင်မှုကို သက်သာစေလိမ့်မည် မထင်။ စကားလက် ကြောင်တစ်ကောင်လို သူ့ကို လျင်မြန်စွာ ခုန်အုပ်လိုက်သည်။ သို့ရာတွင် ရက် ဘတ်တလာက ဖျတ်ခနဲ ရှောင်၍ လက်ဖြင့် ဖမ်းထားလိုက်သည်။ မကြာခင်ကမှ ဖယောင်း တိုက်ထားသည့် လှေကားထစ် ထိပ်ဆုံးတွင် ရပ်နေသဖြင့် စကားလက် သူ့ လက်ဖြင့် တိုက်မိကာ အရှိန် လွန်သွားသည်။ လှေကားထိပ်က လက်ရန်းတိုင်ကို ဖမ်း၍ တွယ်သော်လည်း မမီလိုက်တော့။ လှေကား တစ်လျှောက်တွင် ကျွမ်းပြန်၍ ကျသွားသည်။ နံရိုးတွေ ကျိုးကုန်ပြီလောဟု ထင်ရ၏။ မွှန်ထူနေသဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ တစ်လိမ့်ပြီး တစ်လိမ့် လိမ့်ကာ လှေကား အောက်ဆုံးထစ် အထိ ကျသွားသည်။

စကားလက်၏ တစ်သက်တွင် မှတ်မှတ်ရရ ပထမဆုံး အကြိမ် မကျန်းမာခြင်း ဖြစ်သည်။ မျက်နှာ မြင်သည့် အခါမှ

အပ မကျန်းမာသည် ဟူ၍ မရှိခဲ့စဖူး။ သို့တိုင်အောင် မျက်နှာ မြင်ရသည်ကိုလည်း မကျန်းမာသည်ဟု သဘော မထားခဲ့။ မျက်နှာမြင်စဉ်က ဤမျှလောက် ထိတ်လန့်ခြင်း မဖြစ်။ ဤမျှလောက် ဝမ်းပန်းမငယ်။ ယခု သူ့ တစ်ကိုယ်လုံး အားနည်းနေသည်။ လှုပ်လိုက်တိုင်း ဒဏ်ရာက နာသည်။ စိတ် ချောက်ချားသည်။ သူတို့က ဖုံးဖုံးဖိဖိ ပြောကြသည့်တိုင် အခြေအနေ မကောင်းမှန်း ကိုယ့်ဘာသာ သိသည်။ သေနိုင်သည်ဟု စကားလက် နားလည်သည်။ ကျိုးသွားသည့် နံရိုးက အသက်ရှူတိုင်း ရင်ဘတ်ကို လာထောက်၏။ ခေါင်းနှင့် မျက်နှာတွင် အပေါက်အပြဲ အပွန်းအပဲ့တွေက အပြည့်။ ကိုက်ခဲ နာကျင်လျက် ရှိ၏။ သူ့ တစ်ကိုယ်လုံးကို ဘီလူး သဘက်တွေ သိမ်းထားလိုက်ကြပြီ။ သူ့ကို မီးကျီးရဲရဲ ပြုတ်တူကြီးများဖြင့် ဝိုင်း ညှပ်ကြသည်။ ဓားတုံးတုံးကြီးများဖြင့် လှီးကြပြီးနောက် အတန်ကြာအောင် ပျောက်သွားကြသည်။ ဘီလူး သဘက်များ ပြန်သွားသည့် အခါတွင် စကားလက် တစ်ကိုယ်လုံး ခွန်အား မရှိတော့။ မလှုပ်နိုင်တော့။ နောက်တစ်ခေါက် ပြန်လာသည် အထိ လှုပ်ရှားခြင်း မပြုနိုင်တော့။ မျက်နှာမြင်ရသည့် ကိစ္စသည် ဤသို့ မဟုတ်။ ဝိတ်ကလေး၊ အယ်လာနှင့် နီလာတို့ကို မွေးပြီးနောက် နှစ်နှာရီ အကြာတွင် အစားအသောက် မြိန်ရေရှက်ရေ စားနိုင်သည်။ ယခုမူ ဘာကိုမျှ မစားချင်။ စားစရာ အကြောင်းကို တွေးလျှင်ပင် အန်ချင်သည်။ ရေအေးအေးကိုသာ သောက်ချင်သည်။

ကလေး တစ်ယောက်ကို မွေးရသည့် ကိစ္စသည် မည်မျှ လွယ်သနည်း။ မမွေးအောင် လုပ်ရသည့် ကိစ္စ မည်မျှ

နာကျင် ဆင်းရဲသနည်း။ ထူးတော့ ထူးဆန်းသည်။ ဤကလေးကို မရတော့ဟု သိရသည့် အခါ၌ စကားလက်သည် ဝေဒနာ ခံနေရသည့် ကြားကပင် နှမြောတသ ဖြစ်မိသေးသည်။ မည်သည့် အတွက် ဤကလေးကိုမှ အလိုချင်ဆုံး ဖြစ်ရသနည်းဟု စကားလက် စဉ်းစားသည်။ သို့ရာတွင် စဉ်းစား၍ မရ။ သူ့ စိတ်သည် အလုပ် မလုပ်နိုင်အောင် ပင်ပန်းနေပြီ။ သူ့ စိတ်သည် သေခြင်းမှအပ အခြား ဘာကိုမျှ စဉ်းစား၍ မရလောက်အောင် နွမ်းနယ်နေပြီ။ သေခြင်းတရားက အခန်းထဲ ရောက်နေပြီ။ သေခြင်းတရားကို ရင်ဆိုင်ဖို့၊ ခုခံ တိုက်ခိုက်ဖို့ သူ့တွင် အားခွန် မရှိတော့။ စကားလက် ထိတ်လန့် တုန်လှုပ်ခြင်း ဖြစ်မိသည်။ သူ့ ဘေးတွင် ခွန်အား ကောင်းသူ တစ်ယောက် ရှိစေချင်သည်။ သူ့လက်ကို ဆုပ်နယ် ပေးစေချင်သည်။ သူ ကိုယ်တိုင် အားခွန် ပြန်ပြည့်လာသည့်တိုင် သေခြင်းတရားကို ခုခံ တိုက်ခိုက်ပေးသည့် ခွန်အား ကောင်းကောင်း လူ တစ်ယောက် ရှိစေချင်သည်။

ဒေါသအမျက်ကို ဝေဒနာက ဖုံးသွားသည်။ သူ့ အနားတွင် ရက် ဘတ်တလာ ရှိစေချင်သည်။ သို့ရာတွင် ရက်

ဘတ်တလာက သူ့ အနားတွင် မရှိ။ သူ့ အနားသို့ လာနေဖို့လည်း ဖွင့်မပြောချင်။

475



မှောင်ကြီးမည်းမည်းတွင် လှေကား အောက်ဆုံးထစ်သို့ ပြေးဆင်းလာပြီး သူ့ကို ပွေ့ထားစဉ်က ရက် ဘတ်တလာ၏

မျက်နှာကို စကားလက် မြင်ယောင်နေသည်။ သူ့ မျက်နှာက ဖြူရော်လျက်။ ထိတ်လန့် တုန်လှုပ်သည့် အသွင်။ အသံကွဲကြီးဖြင့် ကြီးဒေါ်ကို လှမ်းခေါ်နေသည်။ ထိုနောက် အပေါ်ထပ်သို့ ပွေ့ချီသွားသည်ကို ခပ်ရေးရေး သတိရ၏။ ထိုနောက်တွင်မူ ဘာကိုမျှ သတိမရတော့။ သူ့ အသိ တစ်ခုလုံး မှောင်ကြီး မည်းမည်း ကျသွားသည်။ ထို့နောက် နာကျင်သည့် ဝေဒနာ။ နာကျင် ကိုက်ခဲ့သည့် ဝေဒနာ။ အခန်းထဲတွင် တတွတ်တွတ် စကား ပြောနေသံများ။ ဒေါ်လေး ပစ်တီ၏ ငိုရှိုက်သံ။ ဒေါက်တာမိ၏ အရေးတကြီး စေခိုင်းသံ။ လှေကား တစ်လျှောက်တွင် တက်ချည် ဆင်းချည် ပြုနေသည့် အသံများ။ ဤသည်တို့ကို ခပ်ဝါးဝါး သတိရသည်။ သေတော့မည် ဟူသောအသိနှင့် အကြောက်သည် လျှပ်စီး လက်လိုက်သည့်နှယ် ဝင်းခနဲ ပြက်သွား၏။ အမည် တစ်ခုကို ရုတ်တရက် အော်ခေါ် လိုက်သည်။ အော်သံက သဲ့သဲ့ကလေးမျှသာ။

သို့ရာတွင် အော်သံ သဲ့သဲ့ကလေးကြောင့် ခုတင်ဘေး အမှောင်ထဲမှ တစ်စုံတစ်ရာသည် ချက်ချင်း လှုပ်ရှားလာ၏။ သူ

အော်ခေါ်သူ၏ တိုးတိတ် ညင်သာသော အသံက ယုယ ကြင်နာစွာ ဖြေသည်။

‘ကိုယ် ရှိတယ်လေ စကားလက်၊ တစ်ချိန်လုံး ကိုယ် ရှိပါတယ်’



မီလာနီက လက်ကို ဆွဲကာ အေးမြနေသည့် သူ့ပါးတွင် ကပ်ထားသည်။ သေခြင်းတရားနှင့် အကြောက်သည်

တဖြည်းဖြည်း ပျောက်သွား၏။ စကားလက်က မီလာနီ၏ မျက်နှာကို ကြိုးစား၍ ကြည့်သည်။ သို့ရာတွင် မမြင်ရ။ ဝါးနေသည်။ မီလာနီ မျက်နှာ မြင်တော့မည်။ မြို့ကို ယန်ကီ တပ်တွေ ဝင်တော့မည်။ မီးတွေ လောင်နေပြီ။ သူ မြန်မြန် ပြေးမှ ဖြစ်မည်။ မြန်မြန် ပြေးရမည်။ သို့ရာတွင် မီလာနီ မျက်နှာမြင်တော့မည်။ သူ မြန်မြန် မြန်မြန် မပြေးရက်။ မပြေးနိုင်။ မျက်နှာ မြင်ပြီးသည် အထိ မီလာနီနှင့် အတူ နေရမည်။ သတ္တိ ရှိရမည်။ အားရှိရမည်။ မီလာနီအဖို့ ခွန်အား သတ္တိ လိုသည် မဟုတ်လော။ မီလာနီ ဝေဒနာ အပြင်းအထန် ခံစားနေရပြီ။ သူ့ကို မီးကျီးရဲရဲ ပြုတ်တူမကြီးများဖြင့် ညှပ်နေပြီ။ ဓားတုံးတုံးကြီးများဖြင့် လှီးနေပြီ။ ကမ္မဇလေ လှုပ်ရှားသဖြင့် ဝေဒနာ အလှိုင်းတကြီး ဖြစ်လာသည်။ မီလာနီ၏ လက်ကို သူ ဆုပ်ထားမှ ဖြစ်မည်။

သို့ရာတွင် ဒေါက်တာမိ ရှိသည်။ ဒေါက်တာမိ ရောက်လာပြီ။ ဘူတာရုံတွင် စစ်သား လူနာတွေ ပြည့်နေသည့်တိုင်

ဒေါက်တာမိ ရောက်လာ၍ တော်သေးသည်။ ဒေါက်တာမိ၏ အသံကို စကားလက် ကြားရ၏။

‘ငန်းဝင်နေတယ်၊ ဗိုလ်ကြီး ဘတ်တလာ ရှိသလား’



ညက မှောင်ပိန်းနေသည်။ ထို့နောက် လင်းလာ၏။ တစ်ခါတစ်ရံတွင် သူ မျက်နှာမြင်နေသည်ဟု ထင်သည်။

တစ်ခါတစ်ရံ မီလာနီ၏ အော်သံကို ကြားရသည်ဟု ထင်၏။ သို့ရာတွင် သူ့ အနားတွင် မီလာနီ တစ်ချိန်လုံး ရှိသည်။ မီလာနီ၏ လက်များက အေးစက်နေသည်။ ဒေါ်လေး ပစ်တီလို ယောက်ယက်လည်း မခတ်။ ငိုရှိုက်ခြင်းလည်း မပြု။ စကားလက်က မျက်လုံးကို ဖွင့်ကြည့်ပြီး ‘မီလာနီ’ ဟု ခေါ်သည့် အခါတိုင်း ပြန်ထူးသံ ထွက်လာသည်။ ထို့နောက် ‘ရက် ဘတ်တလာ ကော၊ မောင်ကော မောင်ကော’ ဟု လေသံကလေးဖြင့် ရွတ်နေသည်။ ရက် ဘတ်တလာက သူ့ကို မတွေ့ချင်ကြောင်းကို အိပ်မက်မှ လန့်နိုးသည့်ပမာ သတိရ၏။ ရက် ဘတ်တလာ၏ မျက်နှာသည် လူရိုင်း တစ်ယောက်၏ မျက်နှာလို ညိုမှောင်ကာ သူ့ သွားတွေ အဖွေးသားဖြင့် သူ့ကို လှောင်နေ၏။ စကားလက် ရက် ဘတ်တလာကို တွေ့ချင်သည်။ သို့ရာတွင် ရက် ဘတ်တလာက သူ့ကို မလိုချင်။ မတွေ့ချင်။

476



တစ်ခါတွင် ‘မီလာနီလား’ ဟု စကားလက်က မေးသည်။ ‘ကြီးဒေါ်လေ မလေး’ ဟု ကြီးဒေါ်က ဖြေသည်။

ရေဆွတ်ထားသည့် အဝတ် တစ်ထည်ကို သူ့ နဖူးပေါ်သို့ အုပ်ပေး၏။ ‘မီလာနီ မီလာနီ’ ဟု စကားလက် အလန့်တကြား ခေါ်သည်။ သို့ရာတွင် မီလာနီက တော်တော်နှင့် မပေါ်လာ။ မီလာနီက ရက် ဘတ်တလာ၏ ခုတင်စွန်းတွင် ထိုင်လျက် ရှိ၏။ ရက် ဘတ်တလာက အရက်တွေ မူးပြီး ငိုနေသည်။ ကြမ်းပေါ်တွင် ဒူးထောက် ထိုင်ရင်း မီလာနီ၏ ပေါင်ပေါ်တွင် မျက်နှာအပ်၍ ငိုနေသည်။

စကားလက် အခန်းထဲမှ ထွက်လာတိုင်း ရက် ဘတ်တလာကို မီလာနီ လှမ်းမြင်နေရသည်။ တံခါး နှစ်ချပ် ဖွင့်ပြီး

ခုတင်ပေါ်တွင် ထိုင်ရင်း တံခါးပေါက်ဆီသို့ မျှော်ကြည့်လျက် ရှိ၏။ သူ့ အခန်းက ရှုပ်ပွေလျက်။ ဆေးပြင်းလိပ်တိုများနှင့် မစားရသေးသည့် ထမင်း ဟင်း ပန်းကန်များက ပြန့်ကျဲနေသည်။ အိပ်ရာက ဖရိုဖရဲ။ တွန့်ကြေလျက်။ ခုတင်ပေါ်တွင် ငူငူကြီး ထိုင်နေသည်။ မုတ်ဆိတ်တွေက ထိုးထိုး ထောင်ထောင်။ ဆွဲယူပစ်လိုက်သလို ချုံးကျသွားကာ ဆေးပြင်းလိပ်ကို တစ်လိပ်ပြီး တစ်လိပ် အဆက်မပြတ် သောက်နေသည်။ မီလာနီကို မြင်သည့် အခါ၌ တစ်ခွန်းမျှ မမေး။ မီလာနီက အခန်းဝမှ ရပ်၍ အခြေအနေကို ပြောပြသည်။ ‘သိပ် အခြေအနေ မကောင်းဘူး’ သို့မဟုတ် ‘ခုထက်ထိ ဗိုလ်ကြီး ဘတ်တလာကို မမေး သေးဘူး၊ ကယောင်ကတမ်းတွေ လျှောက်ပြောနေတယ်’ သို့မဟုတ် ‘စိတ်တော့ မလျှော့နှင့်ဦး ဗိုလ်ကြီး ဘတ်တလာ၊ မီလာနီ ကော်ဖီ ပူပူလေး တစ်ခွက် ဖျော်ပေးမယ်လေ၊ တစ်ခုခုလည်း စားဦးမှပေါ့၊ နို့မို့ရင် ရှင်ပါ လဲနေလိမ့်မယ်’ ဟု ပြောတတ်သည်။

မီလာနီ ပင်ပန်းလှပြီ။ အိပ်ရေး ပျက်သဖြင့် နွမ်းနယ်လှပြီ။ သို့တိုင်အောင် မီလာနီသည် ရက် ဘတ်တလာကို

ကြည့်၍ သနားသည်။ ရက် ဘတ်တလာနှင့် ပတ်သက်၍ အဘယ့်ကြောင့်များ ဤမျှ မကောင်း ပြောရသနည်းဟု မီလာနီ စဉ်းစားသည်။ ရက် ဘတ်တလာသည် နှလုံးသား မရှိသူ၊ ကောက်ကျစ် ယုတ်မာသူ၊ စကားလက် အပေါ်တွင် သစ္စာမဲ့သူဟု ပြောကြ၏။ ရက် ဘတ်တလာသည် မျက်စိ အောက်မှာပင် ပိန်ချုံး ကျသွားသည်။ မျက်နှာတွင် သောက အရိပ် အယောင် အထင်းသား ပေါ်နေသည်။ သို့တိုင် လူတွေက အဘယ့်ကြောင့် ရက် ဘတ်တလာကို မကောင်း ပြောကြသနည်းဟု မီလာနီ စဉ်းစား၍ မရ။ ပင်ပန်း နွမ်းနယ်လျက် ရှိသည့်တိုင် မီလာနီသည် အခန်းဝမှ နေ၍ သတင်း လာပြောတိုင်း ရက် ဘတ်တလာ အပေါ်တွင် ခါတိုင်းထက် နူးညံ့ ကြင်နာစွာ ဆက်ဆံသည်။ ရက် ဘတ်တလာကို ကြည့်ရသည်မှာ ယမမင်းကြီး၏ စီရင်ချက်ကို စောင့်နေသည့် ငရဲဘုံသား တစ်ဦးနှင့် တူသည်။ ရုတ်တရက် ရိုင်းစိုင်း ကြမ်းကြုတ်သွားသည့် လောကကြီး တစ်ခု အလယ်သို့ ရောက်သွားသည့် ကလေး တစ်ယောက်နှင့် တူနေသည်။ သို့ရာတွင် မီလာနီသည် လူတိုင်းကို ကလေးလို အပြစ်ကင်းသူဟု မြင်တတ်သူ မဟုတ်လော။

နောက်ဆုံးတွင်

မီလာနီသည်

သူ့

အခန်းဝသို့

ဝမ်းသာအားရ

ရောက်လာ၏။

စကားလက်

အခြေအနေ

ကောင်းလာကြောင်း ပြောရန် လာခြင်း ဖြစ်သည်။ သို့ရာတွင် အခန်းထဲတွင် သူ မြင်ရသည့် ရှုခင်းကြောင့် မီလာနီ အံ့အားသင့်လျက် ရှိ၏။ အိပ်ရာဘေး စားပွဲ ပေါ်တွင် တစ်ဝက်တစ်ပျက် သောက်ထားသည့် အရက်ပုလင်း တင်ထားသည်။ တစ်ခန်းလုံး အရက်နံ့ ထောင်းထောင်းထလျက် ရှိ၏။ ရက် ဘတ်တလာက တောက်ပ စိုစွတ်သည့် မျက်လုံးများဖြင့် သူ့ကို လှမ်းကြည့်နေသည်။ သွားစေ့ထားရန် ကြိုးစားနေသည့်တိုင် သူ့ မေးများက တုန်နေကြ၏။

‘ဆုံးသွားပြီလား’



‘ဟင့်အင်း၊ အခြေအနေ ကောင်းလာပြီ’

477



ရက် ဘတ်တလာက တစ်ချက် အော်၍ ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်၏။ ခိုက်ခိုက်တုန် ချမ်းနေသည့်နှယ်

လှုပ်နေသည့် သူ့ ပခုံးကျယ်ကြီးကို မြင်ရသည်။ မီလာနီသည် သနားကရုဏာ အပြည့်ဖြင့် သူ့ကို ကြည့်လျက် ရှိသည်။ ရက် ဘတ်တလာ ရှိုက်ကြီး တငင် ငိုနေသည်ကို မြင်သဖြင့် ထိတ်လန့်နေသည်။ ယောက်ျား တစ်ယောက် ငိုသည်ကို မီလာနီ တစ်ခါမျှ မမြင်စဖူး။ အထူးသဖြင့် အလွန် ဣနြေ္ဒကြီး၍ အလွန် အလှောင်သန်ရုံမျှမက အလွန် စိတ်ခိုင်သည့် ရက် ဘတ်တလာ ငိုသည်ကို တစ်ခါမျှ မမြင်စဖူး။

ရှိုက်၍

ရှိုက်၍

ငိုနေသံကြောင့်

မီလာနီ

လန့်သွားသည်။

မီလာနီသည်

အရက်မူးသူ

ဆိုလျှင်

အလွန်

ကြောက်တတ်သူဖြစ်ရာ ယခုလည်း ရက် ဘတ်တလာ အရက် မူးနေပြီလောဟု တွေးမိသဖြင့် ထိတ်လန့် တုန်လှုပ်လျက် ရှိသည်။ သို့ရာတွင် ရက် ဘတ်တလာက ခေါင်းကို မော့လိုက်၍ သူ့ မျက်လုံးများကို မြင်လိုက်သည့် အခါတွင်မူ အခန်းထဲသို့ ခပ်သုတ်သုတ် ဝင်လိုက်သည်။ တံခါးကို အသာ နောက်ပြန် ပိတ်ခဲ့ပြီးနောက် ရက် ဘတ်တလာဆီသို့ လျှောက်လာခဲ့၏။ ယောက်ျား တစ်ယောက် ငိုသည်ကို မီလာနီ တစ်ခါမျှ မမြင်ဖူးသေး။ သို့ရာတွင် ကလေး များစွာကိုမူ မျက်ရည် တိတ်အောင် မီလာနီ လုပ်ခဲ့ဖူးပြီ။ မီလာနီက ပျော့ပျောင်းသည့် လက်တစ်ဖက်ကို သူ့ ပခုံးပေါ်သို့ တင်လိုက်သည့် အခါတွင် ရက် ဘတ်တလာ၏ လက်များက သူ့ခါးကို လာ၍ ရစ်ပတ်လိုက်သည်။ မည်သို့ မည်ပုံ ဖြစ်သွားသည် မသိ။ တစ်ခဏ အတွင်း မီလာနီသည် အိပ်ရာပေါ်တွင် ထိုင်လျက်သား ဖြစ်နေသည်။ ရက် ဘတ်တလာက ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် သူ့ပေါင်ပေါ်တွင် မျက်နှာအပ်ထားသည်။ သူ့လက်မောင်းများ၊ လက်များက မီလာနီကို တင်းကျပ်စွာ ပွေ့ဖက်ထားကြသည်။

မီလာနီက ဆံပင် နက်နက်များကို ယုယစွာ ပွတ်သပ်နေသည်။ ‘ကဲ ကဲ၊ တိတ်တော့ ဗိုလ်ကြီး ဘတ်တလာ၊ စကားလက်

နေပြန်ကောင်းလာမှာပါ’

မီလာနီက နှစ်သိမ့်သည်။ မီလာနီက ပြောလိုက်သည့် အခါ၌ ရက် ဘတ်တလာက ပို၍ တင်းကျပ်စွာ ဖက်လိုက်သည်။

အသံ ခပ်ကွဲကွဲဖြင့် ခပ်မြန်မြန် ပြောနေသည်။ လျှို့ဝှက်ချက်များကို မည်သူ့မျှ ပြန်မပြောသည့် သင်္ချိုင်းပုံ တစ်ခု အနီးတွင် ပြောနေသကဲ့သို့ တတွတ်တွတ် ပြောလျက် ရှိ၏။ သူ့ တစ်သက်တွင် ပထမဆုံးအကြိမ် အမှန်ကို ပြောခြင်း ဖြစ်သည်။ မီလာနီထံ ရင်ဖွင့်နေခြင်း ဖြစ်သည်။ ပထမသော် မီလာနီ လုံးလုံး နားမလည်။ မိခင် တစ်ယောက်က ကလေး တစ်ယောက်ကို ချော့မော့သည့်နှယ် ချော့မော့သည်။ ရက် ဘတ်တလာက မျက်နှာကို ပေါင်ပေါ်တွင် အပ်ရင်း ရှိုက်သံ အကြားမှ ပြောလျက် ရှိ၏။ တစ်ခါတစ်ရံတွင် သူ့ စကားလုံးများက သဲကွဲခြင်း မရှိ။ လုံးထွေးနေသည်။ တစ်ခါတစ်ရံတွင် ကြည်ကြည်လင်လင် ကြားရသည်။ သူ့ စကားများက ကြမ်းတမ်းသည်။ ခါးသီးသည်။ သူ့ မိုက်မှားခဲ့ပုံ၊ ရှုပ်ပွေခဲ့ပုံ ဖွင့်၍ ဝန်ခံသည်။ မိန်းမ အချင်းချင်းပင် မပြောသည့် အကြောင်းများကို ပြောပြနေသည်။ လျှို့ဝှက်ချက်များကို ပြောပြနေသည်။ မီလာနီ၏ မျက်နှာသည် ရှက်သွေး ဖြန်းကာ နီရဲလျက် ရှိ၏။ သူ့ ခေါင်းကို ငုံ့ထားသည့် အတွက် ကျေးဇူးတင်ရသည်။

မီလာနီက ဘိုဘို၏ ခေါင်းကို ပွတ်သလို သူ့ခေါင်းကို ပွတ်သပ်ပေးသည်။



‘တိတ်ပါ ဗိုလ်ကြီး ဘတ်တလာ၊ မီလာနီကို ဒီ အကြောင်းတွေ မပြောပါနှင့်၊ ဗိုလ်ကြီး ဘတ်တလာ သိပ်ပြီး

စိတ်ထိခိုက်နေတယ်၊ တိတ်ပါ၊ ဒီအကြောင်းတွေ မပြောပါနှင်’

သို့ရာတွင် ရက် ဘတ်တလာက ကရားရေလွှတ် ပြောနေသည်။ သူ့ ဘဝတွင် တစ်ခုတည်းသော အားကိုးရာသဖွယ်

478

မီလာနီ၏ ဝတ်စုံကို တင်းကျပ်စွာ ဆွဲထား၏။

ရက် ဘတ်တလာသည် မီလာနီ မသိသေးသည့် သူ့ အပြစ်များ အတွက် သူ့ကိုယ်သူ စွဲချက်တင်သည်။ ဘဲလ်

ဝက်တလင်း၏ အမည်ကို ရွတ်သည်။ ထို့နောက် မီလာနီကို တအား ကိုင်လှုပ်ရင်း အော်သည်။

‘စကားလက်ကို ကျုပ် သတ်တာ၊ ကျုပ် သတ်ခဲ့တာ၊ မီလာနီ မသိဘူး၊ ကျုပ် သိတယ်၊ စကားလက်ဟာ ဒီကလေးကို

မလိုချင်ဘူး၊ ပြီးတော့’

‘တိတ်တော့ ဗိုလ်ကြီး ဘတ်တလာ၊ သတိထားပါ၊ သူက ဘာဖြစ်လို့ ကလေး မလိုချင်ရမှာလဲ၊ မိန်းမ ဆိုတာ သားသမီး

လိုချင်ကြတာချည်း-’

‘မဟုတ်ဘူး မဟုတ်ဘူး၊ မီလာနီသာ သားသမီး လိုချင်တာ၊ သူက ဒီလို မဟုတ်ဘူး၊ ကျုပ် ကလေးကို မလို-’



‘တော်တော့ ဗိုလ်ကြီး ဘတ်တလာ’



‘မီလာနီ နားမလည်ဘူး၊ စကားလက်ဟာ ကလေး မလိုချင်ဘူး၊ ကျုပ် အတင်း ကလေး အယူ ခိုင်းတယ်၊ ခု ခု ကလေး

ရှိတာဟာ ကျုပ် ကျုပ် အပြစ်၊ ကျုပ်တို့ အတူတူ မအိပ်တာ ကြာလှပြီ’

‘ဗိုလ်ကြီး ဘတ်တလာ တော်ပါတော့၊ မီလာနီ မကြားဝံ့-’



‘ဒီတုန်းက ကျုပ် မူးနေတယ်၊ စိတ်ဆိုးနေတယ်၊ သူ့ကို စိတ်ထိခိုက်အောင် လုပ်ချင်နေတယ်၊ ကျုပ်ကို စိတ်ဆင်းရဲအောင်

လုပ်ခဲ့သလို သူ့ကို စိတ်ဆင်းရဲအောင် လုပ်ချင်နေတယ်၊ ကျုပ် သူနှင့် သူနှင့် နေချင်တယ်၊ အတင်း နေတယ်၊ ဒါပေမယ့် သူက ကျုပ်နှင့် မနေချင်ဘူး၊ သူ့ဆီကို ကျုပ် မလာစေချင်ဘူး၊ သူ ဘယ်တော့မှ ကျုပ်နှင့် မနေချင်ဘူး၊ ကျုပ်ကို အလာ မခံတော့ ကျုပ် ကျုပ် အတင်း အတင်း’

‘တော်ပါတော့ ဗိုလ်ကြီး ဘတ်တလာ၊ ရှိခိုးပါရဲ့’



‘ခုတော့ ကလေး ရှိတယ် ဆိုတာ တစ်နေ့ကမှ သိရတယ်၊ သူ လိမ့်ကျတဲ့ နေ့က ဖွင့်ပြောလို့ သိတာ၊ ကျုပ်ဆီ

ဒီအကြောင်း စာရေးရအောင် ကျုပ် ဘယ်ရောက်နေမှန်းလည်း မသိဘူး၊ ဒါပေမယ့် သိရင်လည်း ကျုပ်ဆီ ဒီအကြောင်းကို စာရေးမှာ မဟုတ်ပါဘူး၊ ကျုပ် သိပါတယ်၊ ကျုပ်ကို လာစေချင်တဲ့ ဆန္ဒမှာ မရှိတာ၊ ဒီအကြောင်းကို သိရင် ကျုပ် အိမ်ကို ပြန်လာမှာပါ၊ ချက်ချင်း ပြန်လာမှာပါ၊ တကယ် ပြောတာပါ’

‘ဟုတ်ပါတယ်၊ ရှင် ပြန်လာမှာပေါ့၊ မီလာနီ သိပါတယ်’



‘အဲဒီတုန်းက ကျုပ် သိပ်စိတ်ညစ်တာပဲ၊ ရူးလိမ့်မယ်လို့တောင် ထင်တယ်၊ ဒီတော့ ကျုပ် ဘာလုပ်သလဲ၊ အရက်တွေ

မူးအောင် သောက်ပစ်တယ်၊ လှေကားပေါ်မှာ ကျုပ်ကို ကလေး ရှိတယ်လို့ ပြောတော့ ကျုပ် ဘာပြန်ပြောတယ် ထင်သလဲ၊ စိတ်မပျက်ပါနှင့်၊ ကျုပ် ကလေးကို မလိုချင်ရင် လွယ်လွယ်ကလေးပါ၊ ဖျက်ချ လိုက်ရုံပေါ့လို့ ပြောလိုက်တယ်၊ ဒီတင် သူက’

မီလာနီ၏ မျက်နှာသည် ရုတ်တရက် ဖြူရော် သွား၏။ သူ့ ပေါင်ပေါ်တွင် မြှုပ်ထားသည့် ရက် ဘတ်တလာ၏

479

ဦးခေါင်း နက်နက်ကို ငုံ့ကြည့်သည်။ သူ့ မျက်လုံးများက ထိတ်လန့် ပြူးကျယ်နေကြ၏။ ညနေခင်း နေခြည်က ပြတင်းပေါက်မှ လျှောကျလာနေသည်။ ညိုမောင်း၍ သန်မာ တောင့်တင်းသော ရက် ဘတ်တလာ၏ လက်မောင်းကြီးများကို မီလာနီ ပထမဆုံး အကြိမ် သတိ ပြုမိသည်။ လက်မောင်း တစ်လျှောက်တွင် မည်းနက်သည့် အမွေးအမှင်များ ထူထပ်စွာ ပေါက်နေကြ၏။ မီလာနီ လန့်သွားကာ ကိုယ်ကို ကျုံ့လိုက်မိသည်။ သူ့ လက်မောင်းများက ကြမ်းကြုတ် ရက်စက်သည့် အသွင်၊ လုယက် သောင်းကျန်းသည့် အသွင်ကို ဆောင်သည်။ သို့ရာတွင် သူ့ ဝတ်စုံကို ဆွဲထားသည့် အခါ ပျော့ခွေလျက်။ အားကိုးရာ မဲ့လျက်။

စကားလက်နှင့် အက်ရှလေတို့ အကြောင်း မဟတ် မတရား ပြောကြသည်ကို ရက် ဘတ်တလာ သိသွားကာ အဟုတ်

ထင်နေပြီလော။ ဤကိစ္စ အတွက် မနာလို ဝန်တို ဖြစ်နေပြီလော။ တစ်ခုမူ ရှိသည်။ ထို ကောလာဟလများ ပေါ်လာပြီးနောက် ရက် ဘတ်တလာ ရုတ်တရက် ပျောက်သွားခဲ့သည်။ သို့ရာတွင် မဖြစ်နိုင်။ ဤသို့ မဟုတ်တန်ရာ။ ဗိုလ်ကြီး ဘတ်တလာသည် ဤသို့ ဗြုန်းစားကြီး မကြာ မကြာ ခရီး ထွက်တတ်သည် မဟုတ်လော။ အတင်း အဖျင်းများကိုလည်း ယုံတတ်သည့် လူစားမျိုး မဟုတ်။ ရက် ဘတ်တလာက အကင်းပါးသူ ဖြစ်သည်။ ဤကိစ္စကြောင့်သာ စိတ်ညစ်ရိုး မှန်လျှင် အက်ရှလေကို သတ်မည် မဟုတ်လော။ သို့မဟုတ် ဖြေရှင်းချက် ပေးရန် တောင်းမည့် လူမျိုး မဟုတ်လော။

မဖြစ်နိုင်။

ဤကိစ္စကြောင့်

မဖြစ်နိုင်။

အရက်မူးနေသောကြောင့်

ဖြစ်ရမည်။

စိတ်

ထိခိုက်နေသောကြောင့်

ဖြစ်ရမည်။ ထို့ကြောင့် ငန်းသန္နိပတ် ဖမ်းနေသူလို သူ ပြောချင်ရာတွေ ပြောနေခြင်း ဖြစ်ရမည်။ ယောက်ျားများသည် အလွန် အသည်း ငယ်တတ်ကြသည်။ စိတ်ဆင်းရဲသည့် ဒဏ်ကို မခံနိုင်ကြ။ မိန်းမများ၏ ဒဏ်ကိုလည်း မခံနိုင်ကြ။ တစ်ခုခုကြောင့် စိတ်ထိခိုက်နေပုံ ရသည်။ စကားလက်နှင့် ကတောက်ကဆတ် ဖြစ်ပြီး ပုံကြီးချဲ့၍ ပြောနေသည်လော။ သို့မဟုတ် သူ ပြောသည့် စကား အချို့အဝက်သည် တကယ် အမှန်လော။ သို့ရာတွင် ထိုအရာ အားလုံး မဖြစ်နိုင်။ နောက်ဆုံး ကိစ္စကမူ သာ၍ မဖြစ်နိုင်။ ရက် ဘတ်တလာသည် စကားလက်ကို အသည်း နင့်အောင် ချစ်သည်။ ဤသို့ ချစ်သည့် ယောက်ျား တစ်ယောက်သည် သူ ချစ်သည့် မိန်းမ အကြောင်း ဤသို့ တောက်တောက် ခါးခါး မပြောတန်ရာ။ မကောင်းမှု ဆိုသည်ကို မီလာနီ မမြင်စဖူး။ ရက်စက် ကြမ်းကြုတ်မှု ဆိုသည်ကို မီလာနီ မမြင်စဖူး။ ယခု ဆိုးယုတ်မှု၊ ရက်စက် ကြမ်းကြုတ်မှုကို မီလာနီ ပထမဆုံး မြင်ဖူးပြီ။ မီလာနီ မယုံနိုင်။ ရက် ဘတ်တလာသည် မကျန်းမမာ ဖြစ်နေရမည်။ အရက် မူးနေခြင်း ဖြစ်ရမည်။ မကျန်းမာသည့် ကလေးကို အလို လိုက်ရမည် မဟုတ်လော။

‘ကဲ၊ တိတ် တိတ်’ မီလာနီက ချော့သည်။ ‘တော်ပါတော့ မီလာနီ နားလည်ပါပြီ’



ရက် ဘတ်တလာက ခေါင်းကို ဆတ်ခနဲ မော့ပြီး နီရဲသော မျက်လုံးများဖြင့် သူ့ကို ကြည့်သည်။ မီလာနီ၏ လက်များကို

ဝုန်းခနဲ လွှတ်ချလိုက်၏။

‘မဟုတ်ဘူး၊ မီလာနီ နားမလည်ဘူး၊ မီလာနီ နားလည်း မလည်နိုင်ဘူး၊ မီလာနီက စိတ်ထား မြင့်မြတ်လွန်းတယ်၊

စိတ်သဘော ကောင်းလွန်းတယ်၊ ဒီတော့ ဒါတွေကို နားမလည်နိုင်ဘူး၊ ကျုပ် ပြောတာတွေကို မီလာနီ ယုံချင်မှ ယုံမှာ၊ ဒါပေမယ့် အဲဒါတွေဟာ အမှန်တွေချည်းပဲ၊ ကျုပ် ခွေးဖြစ်ပြီ၊ ကျုပ်ဟာ ခွေး၊ ဘာဖြစ်လို့ သူ့ကို ကျုပ် ဇွတ်ကျူးလွန်ခဲ့သလဲ၊ ကျုပ် ရူးနေတယ်၊ မနာလိုစိတ်နဲ့ ရူးနေတယ်၊ ကျုပ်ကို သူ ဂရုမစိုက်ဘူး၊ ဒီတော့ ကျုပ်ကို ဂရုစိုက်အောင် လုပ်နိုင်တယ်လို့ ကျုပ် ထင်ခဲ့တယ်၊ ဒါပေမယ့် အချည်းနှီးပဲ၊ သူ ကျုပ်ကို ဘယ်တော့မှ ဂရုမစိုက်ဘူး၊ ကျုပ်ကို မချစ်ဘူး၊ ဘယ်တုန်းကမှလည်း မချစ်ခဲ့ဘူး၊ သူ ချစ်တာက-’

480



ရီဝေ ပြင်းထန်သည့် သူ့ အကြည့်က မီလာနီ၏ အကြည့်နှင့် ဆုံမိသည်။ ရက် ဘတ်တလာ ရှေ့ဆက် မပြောတော့။

မည်သူ့ကို သူ ပြောနေကြောင်း ပထမဆုံး အကြိမ် သတိ ရသွားဟန်။ ပါးစပ် အဟောင်းသားဖြင့် ငေးနေသည်။ မီလာနီ၏ မျက်နှာက ဖြူရော် တင်းမာလျက် ရှိ၏။ သို့ရာတွင် မျက်လုံးများကမူ တည်ငြိမ် ချိုအေးလျက်။ သနားခြင်း၊ မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့်လျှမ်းလျက်။ မီလာနီ မျက်လုံးများထဲတွင် တောက်ပသည့် တည်ငြိမ် အေးချမ်းမှုကို မြင်ရသည်။ နူးညံ့ ညိုလဲ့သည့် မျက်လုံး အကြည်ဓာတ်ထဲတွင် ရိုးသား အပြစ်ကင်းမှုသည် အထင်းသား ပေါ်နေသည်။ သူ့ မျက်လုံးထဲက ရိုးသား အပြစ်ကင်းသည့် အကြည့်ကြောင့် ပါးကို ဖြန်းခနဲ အရိုက် ခံလိုက်ရသည့်နှယ် ရက် ဘတ်တလာ ခံစားလိုက်ရ၏။ သူ့ ဦးနှောက်ထဲမှ အရက်ရှိန်သည် လွင့်စဉ်သွား၏။

ရက် ဘတ်တလာက အရူး သဖွယ် ကရား ရေလွှတ် ပြောနေသည့် စကားများသည် လမ်းခုလတ်တွင် ရပ်တန့်သွားကြ၏။

ရက် ဘတ်တလာ၏ အသံသည် ညည်းတွားသံ အဖြစ် တိမ်ဝင်သွားသည်။ မျက်လွှာကို ချပြီးနောက် သတိ ပြန်ရရန် ကြိုးစားသည့်နှယ် မျက်တောင် တဖျပ်ဖျပ် ခတ်နေသည်။

‘ဟုတ်တယ်၊ ကျုပ်ဟာ လူဆိုး၊ လူသွမ်း၊ လူရမ်းကား’ ရက် ဘတ်တလာက သူ့ ခေါင်းကို မီလာနီ၏ ပေါင်ပေါ်သို့

ပြန်တင်လိုက်သည်။ ‘ဒါပေမယ့် သိပ်ပြီး ရမ်းကားတဲ့ လူရမ်းကားကြီး တစ်ယောက်တော့ မဟုတ်ပါဘူး၊ ကျုပ် ဆိုးခဲ့ မိုက်ခဲ့တာတွေကို ပြောရင် မီလာနီ မယုံဘူးနော်၊ မီလာနီလို စိတ်ကောင်း သဘောကောင်း ရှိတဲ့ မိန်းမ တစ်ယောက်ဟာ ကျုပ် ဆိုးခဲ့ မိုက်ခဲ့တာတွေကို မယုံပါဘူးနော်၊ ကျုပ် တစ်သက်မှာ မီလာနီလို တကယ် စိတ်ကောင်းရှိတဲ့ မိန်းမမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး၊ ကျုပ် ပြောတာတွေကို မီလာနီ တကယ် မယုံဘူးနော်၊ မယုံဘူး မဟုတ်လား’

‘မယုံပါဘူး ဗိုလ်ကြီး ဘတ်တလာရယ်’ မီလာနီက နှစ်သိမ့်၍ သူ့ ဆံပင်များကို ပွတ်သပ် ပေးနေသည်။

‘စကားလက်လည်း နေကောင်းလာမှာပါ၊ ကဲ တိတ်တော့ ဗိုလ်ကြီး ဘတ်တလာ၊ ငိုမနေနှင့်တော့၊ စကားလက် ပြန်ပြီး နေကောင်းလာမှာပါ’

481

၅၇



တစ်လ ကြာသောအခါ ရက် ဘတ်တလာသည် ဖျော့တော့ ပိန်ချုံးလျက် ရှိသော မိန်းမ တစ်ယောက်ကို ဂျုန်းဘာရိုသို့

ထွက်မည့် ရထားတစ်စီးပေါ်သို့ တင်ပေးလျက်ရှိ၏။ သူနှင့်အတူ လိုက်မည့် ဝိတ်ကလေးနှင့် အယ်လာတို့သည် ငြိမ်သက် ဖြူရော်နေသည့် သူတို့ မေမေ၏ မျက်နှာကို ကြည့်ကာ ငြိမ်ချက်သား ကောင်းနေကြသည်။ ကလေးနှစ်ယောက်က ပရဇ္ဇီ အနားသို့ တိုးထိုင်နေကြသည်။ သူတို့ အမေနှင့် ပထွေးအကြားမှ အေးစက်စိမ်းကားသည့် ဆက်ဆံရေးတွင် တစ်စုံတစ်ရာ ကြောက်စရာ တစ်ခု ဖြစ်ပေါ်ခြင်းကို ကလေးများပင် သိနေကြပြီ။

ဖျော့တော့ အားနည်းလျက် စကားလက် မြိုင်သာယာသို့ ပြန်ခဲ့ပြီ။ အတ္တလန်တာတွင် နောက်ထပ် တစ်ရက်

ဆက်နေရလျှင် အသက်ရှူ ကျပ်၍ သေလိမ့်မည်ဟု စကားလက် ထင်သည်။ ပင်ပန်း နွမ်းနယ်လျက်ရှိသော သူ့စိတ်သည် သူ တွေ့ကြုံနေရသည့် အရှုပ်အထွေးကြီးတွင်သာ ဆုံလည်နွားပမာ တစ်ရပ်ပတ်ပတ် အထပ်ထပ် အပြန်ပြန် လှည့်လျက် ရှိ၏။ ခန္ဓာကိုယ်လည်း နာမကျန်း ဖြစ်ခဲ့ရပြီ။ စိတ်လည်း မောပန်း နွမ်းနယ်လှပြီ။ သူ့ဘဝသည် တောကြီးမျက်မည်းတွင် လမ်းပျောက်သည့် ကလေးသူငယ် သဖွယ် ဖြစ်ခဲ့ရ၏။ လမ်းစကိုလည်း ရှာမတွေ့။ ထင်ရှားသည့် အမှတ်အသားကိုလည်း ကြည့်၍ မမြင်။

ကျူးကျော်ရေး စစ်တပ်ကြီး တစ်တပ် ရှေ့တွင် အတ္တလန်တာမှ တစ်ခါ ထွက်ပြေးခဲ့ရသည့် နည်းတူ ယခု

တစ်ကြိမ်တွင်လည်း အတ္တလန်တာမှ ပြေးခဲ့ရပြန်ပြီ။ စိတ်ညစ်စရာ ဟူသမျှကို စကားလက် ခေါင်းထဲတွင် ဖျောက်ပစ်လိုက်ပြီ။ ‘ဒီအကြောင်းကို ခု မစဉ်းစားသေးဘူး၊ ခု စဉ်းစားရင် ငါ ခံနိုင်အား မရှိဘူး၊ ဒီအကြောင်းကို မနက်ဖြန် မြိုင်သာယာ ရောက်မှ စဉ်းစားမယ်၊ တကယ်တော့ မနက်ဖြန်ဆိုတာ နေ့သစ် တစ်နေ့ပဲ မဟုတ်လား’ ဟု စကားလက် စဉ်းစားသည်။ စင်စစ် ဤစကားသည် ကမ္ဘာ့ လောကကြီးကို ခုခံ တိုက်ခိုက်ရာတွင် စကားလက်၏ လက်နက်ပင် မဟုတ်လော။ မြိုင်သာယာ၏ ရိပ်ငြိမ် အေးချမ်းခြင်းနှင့် ဝါခင်းစိမ်းစိမ်းတို့ကို မြင်ရလျှင် သူ့ ဒုက္ခများသည် ပပျောက်သွားလိမ့်မည်ဟု စကားလက် ထင်၏။ တစ်စစီ ပြိုကွဲသွားသည့် စိတ်ကူးများကို ပြန်၍ ဆက်စပ် ရနိုင်မည် ထင်သည်။

ရက် ဘတ်တလာက မြင်းကွင်းမှ မီးရထားကြီး ပျောက်ကွယ်သွားသည်အထိ ငေးကျန်ရစ်ခဲ့သည်။ သူ့မျက်နှာက

စဉ်းစား၍ နာကြည်းနေဟန်။ ညှိုးငယ်လျက်။ သက်ပြင်းကို ချ၍ မြင်းရထားကို ပြန်လွှတ်ပြီး စီးလာသည့် မြင်းပေါ်သို့ တက်သည်။ ထို့နောက် မီလာနီတို့ အိမ်ရှိရာ အိုင်ဗီလမ်း တစ်လျှောက် စီးလာသည်။

နံနက်ခင်း နေခြည်က နွေးနေသည်။ မီလာနီက စပျစ်နွယ်များများ တက်နေသည့် ဆင်ဝင်အောက်တွင် ထိုင်လျက်။

အပ်ချုပ် ပစ္စည်းများ ထည့်သည့် ခြင်းတောင်းကလေးထဲတွင် ခြေအိတ်များက တစ်ပုံတစ်ပင်။ ရက် ဘတ်တလာက မြင်ပေါ်မှ ဆင်းကာ အိမ်ရှေ့တွင် ကျောက်ရုပ်ကြီးလို ရပ်နေသည့် မြင်းထိန်း ကပ္ပလီသူငယ်လေးထံ ဇက်ကြိုးကို ပစ်ပေးလိုက်၏။ ရက် ဘတ်တလာကို မြင်သည့်အခါ၌ မီလာနီ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်သည့် အရိပ်အယောင် သမ်းလာသည်။ စကားလက် အသည်းအသန် ဖြစ်သည့်နေ့၊ သူ အရက် အလွန်အကျွံ အရက် မူးနေသည့်နေ့ နောက်ပိုင်းတွင် ရက် ဘတ်တလာနှင့် နှစ်ယောက်ချင်း တစ်ခါမျှ မဆုံတော့။ ဟုတ်သည်။ သူ အရက် မူးနေသည့်နေ့။ အရက် ဆိုသည့်စကားကိုပင် မီလာနီ

482

မကြားချင်။ စကားလက် နာလန်ထပြီးစဉ်က ရက် ဘတ်တလာနှင့် အမှတ်မထင် အာလာပ သလ္လာပ ပြောခဲ့ကြသည်။ ထိုစဉ်က သူ့မျက်လုံးများကို မီလာနီ မဆိုင်ရဲ။ သို့ရာတွင် ရက် ဘတ်တလာကမူ ဘာမျှ ဣနြေ္ဒ မပျက်။ ခါတိုင်းကဲ့သို့ ချိုသာမြဲ။ သူတို့ နှစ်ဦး သူ့ အခန်းထဲတွင် စကားပြောခဲ့ကြသည့် ကိစ္စမျိုး မရှိခဲ့ဖူးသည့်နှယ်။ အမူအရာဖြင့်လည်း မပြ။ စကားဖြင့်လည်း မပြ။ ယောက်ျားများသည် အရက် မူးသည့် အခါတွင် ပြောဆို ပြုမူခဲ့သည်များကို အမှတ်ရလေ့ မရှိကြဟု အက်ရှလေက အမှတ်မထင် ပြောခဲ့ဖူးရာ ဗိုလ်ကြီး ဘတ်တလာသည်လည်း ထိုအကြောင်းကို မမှတ်မိပါစေနှင့်ဟု မီလာနီ ကျိတ၍်​ ဆုတောင်းသည်။ ပြောခဲ့သည့် စကားများကို အမှတ်ရသည်ဟု သိရခြင်းထက် သေရသည်ကမှ တော်ဦးမည်ဟု မီလာနီ ထင်သည်။ ရက် ဘတ်တလာ သူ့ထံသို့ လျှောက်လာနေစဉ်တွင် မီလာနီ ကြောက်ရွံ့လျက် ရှက်အမ်းအမ်း ဖြစ်နေသည်။ သူ့ပါးပြင်တွင် နှင်းဆီးရောင် သမ်းလာ၏။ နီလာနှင့် ကစားရန် ဘိုဘိုကို ထည့်လိုက်ဖို့ လာပြောသည်လော မဆိုနိုင်။ ထိုနေ့က သူ့ကို ချော့မော့ နှစ်သိမ့်ခဲ့သည့်အတွက် ကျေးဇူးတင်စကား လာပြောခြင်းမူ မဖြစ်တန်ရာ။ ဗိုလ်ကြီး ဘတ်တလာသည် ဤမျှလောက် အလိုက်ကန်းဆိုး မသိ မဟုတ်တန်ရာ။

မီလာနီက သူ့ကို ထ၍ ဆီးကြိုသည်။ ကြီးခိုင်သည့် ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင် ပေါ့ပါးသွက်လက်သည်ကို

သတိပြုမိရာက တအံ့တဩ ဖြစ်လျက် ရှိ၏။

‘စကားလက် တောပြန်သွားပြီလား’



‘ပြန်သွားပြီ၊ ကောင်းပါတယ်၊ မြိုင်သာယာမှာ ဆိုတော့ စိတ်ချမ်းချမ်းသာသာ နေရတာပေါ့’



ရက် ဘတ်တလာက ပြုံး၍ ပြော၏။ ‘တစ်ခါတလေတော့ ကျုပ် တွေးမိတယ်၊ စကားလက်ဟာ ခေါမ ပုံပြင်ထဲက

အန္တိယ ဘီလူးမင်းလိုပဲလို့၊ အန္တိယဘီလူးမင်းဟာ မိခင် မြေကြီးကို ထိမှ ခွန်အားရှိတယ်မဟုတ်လား၊ စကားလက်ဟာလည်း သူ ချစ်တဲ့ မြိုင်သာယာက မြေနီနီနှင့် ကြာရှည် ခွဲနေလို့ မဖြစ်ဘူးထင်တယ်၊ ဝါပင်တွေ တရိပ်ရိပ်သန်လာတာကို မြင်ရတာက သူ့အဖို့ ဒေါက်တာမိရဲ့ အားဆေးတွေထက်တောင် အကျိုးရှိမယ် ထင်တယ်’

‘ထိုင်လေ ဗိုလ်ကြီး ဘတ်တလာ’



မီလာနီက ပြော၏။ သူ့လက်များက တုန်နေကြသည်။ ရက် ဘတ်တလာက ကြီးခိုင်သည်။ ယောက်ျားပီသသည်။

အလွန် ယောက်ျား ပီသသူများကို တွေ့လျှင် မီလာနီ ရှက်တတ် ကြောက်တတ်သည်။ ထိုသူများသည် ဓာတ်အား တစ်ခုကို လွှတ်နေသကဲ့သို့ ထင်ရ၏။ သူတို့၏ အရှိန်အဝါကြောင့် သူ့ကိုယ်သူ ခါတိုင်းထက် အားနွဲ့ သေးကွေးသွားသည်ဟုပင် မီလာနီ ထင်မိသေးသည်။ ရက် ဘတ်တလာက ညိုမှောင် ခံ့ညားနေသည်။ အဖြူရောင် ပတ္တူ ကုတ်အင်္ကျီထဲတွင် ရုန်းထနေကြသည့် ပခုံး ကြွက်သားကြီးများက ကြောက်စရာ။ ဤခွန်အား၊ ဤခံ့ထည်မှုကြီးသည် တရှုပ်ရှုပ် ငိုခဲ့ရသည် ဆိုခြင်းကို မီလာနီ မယုံနိုင်လောက်အောင် ဖြစ်လျက် ရှိ၏။ ထိုမျှမက သူ့ခေါင်းကိုပင် ပေါင်ပေါ်တွင် တင်ခဲ့သည် မဟုတ်လော။ ဤသည်ကို မီလာနီ မယုံနိုင်အောင် ဖြစ်နေသည်။

‘ဟင်း’



မီလာနီ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချ၏။ မျက်နှာက နီးမြန်းနေသည်။

483



‘ကျုပ် လာတာ အနှောင့်အယှက်များ ဖြစ်နေသလား မီလာနီ’ ရက် ဘတ်တလာက ကြင်နာစွာ မေးသည်။ ‘ကျုပ်

ပြန်သွားရမလား၊ ကိစ္စ မရှိပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်’

ဟုတ်ပြီ။ သူ အမှတ်ရနေဟန် တူသည်။ မိမိ မည်မျှ ရှက်နေသည်ကို ရိပ်မိသွားပုံရသည်။ မီလာနီ တွေးနေသည်။



မီလာနီက သူ့ကို မော့ကြည့်၏။ မီလာနီ၏ ရှက်စိတ် နောက်ကျိစိတ်တို့သည် ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ရက်

ဘတ်တလာ၏ မျက်လုံးများက တည်ငြိမ်သည်။ ကြင်နာဟန် ပေါ်သည်။ နားလည်သည့် သဘောကို ဆောင်သည်။ ထို့ကြောင့် သူ့ဘာသာသူ လိပ်ပြာမလုံ ဖြစ်နေခြင်းကို မီလာနီ အပြစ်တင်မိသေးသည်။ မျက်နှာက ပင်ပန်း နွမ်းနယ်သည့် မျက်နှာ။ ဝမ်းနည်းနေသည့်ဘက်သို့ လုနေသည့် မျက်နှာ။ ဤမျက်နှာကို ကြည့်၍ မီလာနီ အံ့အားသင့်နေသည်။ နှစ်ယောက်စလုံး မေ့ပစ်လိုက်ရမည့် ပြဿနာများကို ပြောလောက်အောင် အောက်တန်းကျလိမ့်မည်ဟု သူ့အပေါ် ထင်ခဲ့သဖြင့် မီလာနီ စိတ်မကောင်း။

‘ဪ သူ့ခမျာ သနားပါတယ်၊ စကားလက်အတွက် တော်တော်စိတ်ထိခိုက်နေဟန် တူရဲ့’ ဟု မီလာနီ တွေးကာ

အပြုံးတစ်ခုကို ကြိုးစား၍ ပြုံးသည်။

‘ထိုင်လေ ဗိုလ်ကြီး ဘတ်တလာ’



ရက် ဘတ်တလာက လေးလံစွာ ထိုင်ချပြီး ထိုးလက်စ ခြေအိတ်များကို ကောက်နေသည့် မီလာနီကို စိုက်ကြည့်နေ၏။



‘မီလာနီဆီကို အကူအညီ တစ်ခု တောင်းချင်လို့ လာတာ၊ ပြီးတော့’ ရက် ဘတ်တလာက ပြုံးသည်။ နှုတ်ခမ်းက

မဲ့ကျသွား၏။

‘ပြီးတော့

ကျုပ်ရဲ့လိမ်လည်မှုတစ်ခုမှာ

ကျုပ်ကို

ကူပြီး

လိမ်ပေးပါလို့

ပြောမလို့၊

မီလာနီကတော့

လန့်သွားမှာပဲထင်တယ်’

‘လိမ်လည်မှု ဟုတ်လား’



‘ဟုတ်တယ်၊ တကယ် ပြောနေတာပါ၊ ကျုပ် အလုပ်ကိစ္စလေးတစ်ခုနှင့် ပတ်သက်ပြီး ဆွေးနွေးချင်လို့’



‘မဟုတ်တာ ဗိုလ်ကြီး ဘတ်တလာရယ်၊ အက်ရှလေနှင့် ဆွေးနွေးတာက ဟုတ်တုတ်တုတ် ရှိဦးမယ်၊ မီလာနီက

အလုပ်ကိစ္စကို ဘာနားလည်တာ မှတ်လို့၊ စကားလက်လို ထက်ထက်မြက်မြက်ထဲကလည်း မဟုတ်’

‘စကားလက်က ထက်လွန်းတယ်၊ သူ့ ကိုယ်ကျိုးအတွက် သိလွန်းတယ်’ ရက် ဘတ်တလာက ပြောသည်။ ‘မီလာနီနှင့်

ဆွေးနွေးချင်တယ် ဆိုတဲ့ အလုပ်ကိစ္စကလည်း အဲဒီ ကိစ္စပါ၊ သူ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ဘယ်လောက် အသည်းအသန် ဖြစ်ခဲ့တယ်ဆိုတာ မီလာနီလည်း အသိပဲ၊ မြိုင်သာယာက ပြန်လာရင် သွားဟယ် လာဟယ်နှင့် ကုန်တိုက်လုပ်ငန်း၊ သစ်စက်လုပ်ငန်းတွေ ပြန်လုပ်ဦးမှာ၊ မတတ်သာလို့သာ၊ တတ်နိုင်ရင် အဲဒီ ကုန်တိုက်တွေ၊ သစ်စက်တွေကို ဖောက်ခွဲတောင် ပစ်ချင်တယ်၊ သူ့ ကျန်းမာရေးကို ကျုပ် စိုးရိမ်တယ် မီလာနီ’

‘ဟုတ်တယ်၊ စကားလက်က သိပ် အလုပ် လုပ်လွန်းတယ်၊ မလုပ်အောင် ဗိုလ်ကြီး ဘတ်တလာ တားရလိမ့်မယ်၊

သူ့ကို ဂရုစိုက်ရမယ်’

484



ရက် ဘတ်တလာက ရယ်သည်။



‘သူ ခေါင်းမာတာ မီလာနီလည်း သိသားပဲ၊ ကျုပ် သူနှင့် အငြင်းအခုံတောင် မလုပ်ဘူး၊ စကားလက်ဟာ ဇွတ်တရွတ်

ပေကတ်ကတ် ကလေးလေးနှင့် တူနေတယ်၊ ကျုပ် ဝင်ကူမယ် ပြောတာလည်း မရဘူး၊ ဘယ်သူ ဝင်ကူတာမှလည်း မကြိုက်ဘူး၊ သစ်စက်က သူ့အစုတွေကို ရောင်းပစ်လိုက်ဖို့ သူ့ကို ကျုပ် ပြောပြီးပြီ၊ ဒါပေမယ့် လက်မခံဘူး၊ ခု အလုပ် ကိစ္စ ရောက်ပါတော့မယ်၊ သူ့စက်က ကျန်တဲ့ အစုရှယ်ယာတွေကို အက်ရှလေ ဝယ်ရင်တော့ ရောင်းမှာပဲ၊ တခြားလူ ဝယ်လို့ကတော့ ရောင်းမှာ မဟုတ်ဘူး။ ဒီတော ဒီရှယ်ယာတွေကို အက်ရှလေ ဝယ်စေချင်တယ်’

‘အို ဟုတ်လား၊ ကောင်းတာပေါ့၊ ဒါပေမယ့်-’



မီလာနီက စကားကို ဆုံးအောင် မပြောဘဲ နှုတ်ခမ်းကို ကိုက်ထား၏။ သူတို့ ငွေရေး ကြေးရေး ကိစ္စကို လူစိမ်း

တစ်ယောက်အား မပြောချင်။ သစ်စက်တွင် အက်ရှလေ အလုပ်လုပ်နေသည့်တိုင် သူတို့ လင်မယားတွင် ငွေကြေးဖူလုံသည် ဟူ၍ တစ်ခါမျှ မရှိ။ စုမိဆောင်းမိ မရှိသဖြင့် မီလာနီ စိတ်ပူသည်။ ရသည့် ပိုက်ဆံတွေ မည်သို့ ကုန်သွားသည်ကို မီလာနီ မသိ။ အက်ရှလေက အိမ်စရိတ် ပေးသည့်တိုင် အခြား ပိုပိုလျှံလျှံ သုံးစရာ ပေါ်လာလျှင် သူတို့တွင် ပိုက်ဆံ မရှိတော့။ သူ့အတွက် ဆေးဖိုးဝါးခကလည်း အကုန်အကျ များသည်။ နယူးယောက်မှ အက်ရှလေ မှာသည့် ပရိဘောဂများ၊ စာအုပ်များကလည်း တန်ဖိုးကြီးသည်။ မြေတိုက်ခန်းတွင် အိပ်ကြသည့် လူလေ လူလွင့်များကိုလည်း ကျွေးရ မွေးရသေးသည်။ ရဲဘော်ဟောင်း တစ်ယောက်က ငွေလာချေးလျှင် အက်ရှလေကလည်း မည်သည့်အခါမျှ ငြင်းပယ်သည် ဟူ၍ မရှိ။ ထို့ပြင်

‘ကျုပ် ပိုက်ဆံ ချေးနိုင်ပါတယ် မီလာနီ’



ရက် ဘတ်တလာက ပြော၏။



‘စေတနာကို ယုံပါတယ် ဗိုလ်ကြီး ဘတ်တလာ၊ ဒါပေမယ့် မီလာနီတို့ ဘယ်လို လုပ်ပြီး ဆပ်နိုင်မလဲ’



‘ဆပ်ဖို့ မလိုပါဘူး မီလာနီ၊ ကျုပ်ကို စိတ်မဆိုးပါနှင့်၊ ကျုပ် ပြောတဲ့ အဓိပ္ပာယ်က ဒီလိုပါ၊ စကားလက် သစ်စက်ကို

နေ့တိုင်းမသွားရအောင်၊ မပင်ပန်းအောင် ကူညီတယ်ဆိုရင် ကျုပ်ကို အကြွေးဆပ်တာနှင့် အတူတူပါပဲ၊ ကုန်တိုက်လောက် ရှိရင် တော်ပါပြီ၊ သူလည်း အလုပ် ရှိမယ်၊ စိတ်လည်း ပျော်မယ်၊ မဟုတ်ဘူးလား’

‘ဟုတ်၊ ဟုတ်တော့ ဟုတ်ပါတယ်’



မီလာနီက မရေမရာ ဖြေသည်။



‘ဘိုဘိုလေးကို မြင်းလေး တစ်ကောင်လောက် ဝယ်မပေးတော့ဘူးလား၊ ဟားဗတ် တက္ကသိုလ်တို့၊ ဘယ်တို့ကို

မပို့တော့ဘူးလား၊ ဥရောပတို့၊ ဘယ်တို့ကို ခရီးမထွက်ခိုင်းတော့ဘူးလား’

‘ဘယ့်နှယ် ပြောလိုက်ပါလိမ့် ဗိုလ်ကြီး ဘတ်တလာရယ်’ ဘိုဘိုအကြောင်းပြောလျှင် ထုံးစံအတိုင်း မီလာနီ မျက်နှာသည်

ဝင်းထိန်လာသည်။ ‘ဆင်စီးလို့ မြင်းရံတာ မြင်ချင်တာပေါ့၊ ဒါပေမယ့် ဒီခေတ်ကြီးထဲမှာ စားဖို့ သောက်ဖို့မှ-’

485



‘တစ်နေ့ကျရင် ဒီသစ်စက်တွေက ငွေတွေ ထွက်လာမှာပေါ့ မီလာနီရဲ့’ ရက် ဘတ်တလာက ပြော၏။ ‘ကျုပ်ကတော့

ဘိုဘိုလေးကို သူနှင့် ထိုက်သင့်တဲ့ အကျိုးကျေးဇူးတွေကို ခံစားစေချင်တယ်လေ’

‘ကြည့်စမ်း၊ ဗိုလ်ကြီး ဘတ်တလာ သိပ်ဉာဏ်များတာပဲ’ မီလာနီက ပြုံး၍ ပြောလိုက်သည်။ ‘ကလေး အမေ

အကြိုက်ကို လျှောက်ပြောနေတယ်၊ ဗိုလ်ကြီး ဘတ်တလာကို အကဲခတ်ရတာ စာအုပ် တစ်အုပ်ကို ဖတ်ရတာထက်တောင် လွယ်သေးတယ်’

‘ဒီလောက်တော့လည်း မလွယ်ဘူးနော်’ ရက် ဘတ်တလာက ပြော၏။ သူ့ မျက်လုံးက ပထမဆုံးအကြိမ်

တောက်ပပြောင်လက်လာသည်။ ‘ကဲ ဘယ်လိုလဲ၊ ကျုပ်ကို ပိုက်ဆံ ထုတ်ချေးခွင့် ပေးမလား’

‘နေပါဦး၊ လိမ်လည်မှုဆိုတာကကော ဘာလဲ’



‘ကျုပ်တို့ နှစ်ယောက်ပေါင်းပြီး စကားလက်နှင့် အက်ရှလေကို လိမ်ကြမယ်လေ’



‘အို၊ မလုပ်ပါနှင့် ဗိုလ်ကြီး ဘတ်တလာ’



‘သူ့ နောက်ကွယ်မှာ သူ့ကို တစ်ခုခု ကြံစည်နေတယ်ဆိုရင် စကားလက်တော့ ဒေါပွမှာပဲ၊ သူ့ကောင်းကျိုး အတွက်

ကြံစည်တာ ဖြစ်ဦး၊ စိတ်မဆိုးဘဲ နေမှာမဟုတ်ဘူး၊ သူ့စိတ်ကိုလည်း မီလာနီ သိသားပဲ၊ ပြီးတော့ ကျုပ် ချေးတဲ့ ပိုက်ဆံကို အက်ရှလေ လက်မခံမှာလည်း စိုးတယ်၊ ဒီတော့ ဒီပိုက်ဆံ ဘယ်က ရသလဲဆိုတာ သူတို့နှစ်ယောက်စလုံး မသိမှ ဖြစ်မယ်’

‘အို၊

သေသေချာချာ

သဘောပေါက်အောင်

ပြောရင်

အက်ရှလေကလည်း

ငြင်းမှာမဟုတ်ပါဘူး၊

သူလည်း

စကားလက်ကို ခင်သားပဲ’

‘ခင်တယ်ဆိုတာတော့ ဟုတ်ပါတယ်’ ရက် ဘတ်တလာက ဣနြေ္ဒမပျက် ပြောသည်။ ‘ဒါပေမယ့် ငြင်းတော့ ငြင်းမှာပဲ၊

သေချာတယ်၊ အက်ရှလေတို့ ဝီလ်ကီမျိုးဟာ ဘယ်လောက် မာနကြီးသလဲဆိုတာ မီလာနီ သိသားပဲ’

‘ခက်တယ် ဗိုလ်ကြီး ဘတ်တလာ’ မီလာနီက စိတ်ပျက်လက်ပျက် ညည်းသည်။ ‘မီလာနီ ကိုယ့်ယောက်ျားကို

မလိမ်ချင်ဘူး’

‘စကားလက်ကို ကူညီတဲ့အနေနှင့်တောင် မလုပ်နိုင်ဘူးလား’ ရက် ဘတ်တလာ စိတ်ထိခိုက်သွားဟန်ဖြင့် ပြော၏။

‘စကားလက်ဟာ မီလာနီကို အလွန်သံယောဇဉ် ကြီးပါတယ် မီလာနီ’

မီလာနီ၏ မျက်လုံးတွင် မျက်ရည်တွေ ဝဲလာသည်။



‘စကားလက် အတွက်ဆိုရင် မီလာနီ ဘာဖြစ်ဖြစ် လုပ်ပါတယ် ဗိုလ်ကြီး ဘတ်တလာ၊ မီလာနီ့အပေါ် ပြုခဲ့ဖူးတဲ့

သူ့ကျေးဇူးတွေဟာ အလွန်များပါတယ်၊ တစ်သက်လုံး ပြန်ဆပ်ရင်တောင် တစ်ဝက်ကျေမှာ မဟုတ်ပါဘူး၊ ဒါကို ဗိုလ်ကြီး ဘတ်တလာ သိပါတယ်’

‘သိပါတယ်’ ရက် ဘတ်တလာ ခပ်တိုတို ဖြေသည်။ ‘မီလာနီ အပေါ်မှာ စကားလက် ကျေးဇူးပြုခဲ့တာတွေကို ကျုပ်

486

သိပါတယ်၊ ဒီတော့ ဒီပိုက်ဆံတွေကို မီလာနီရဲ့ ဆွေမျိုးတစ်ယောက်က သေတမ်းစာ ရေးပြီး ပေးခဲ့တာလို့ အက်ရှလေကို ပြောရင် မဖြစ်ဘူးလား’

‘မဖြစ်ဘူး ဗိုလ်ကြီး ဘတ်တလာ၊ သူ့ကို ထောက်ပံ့ဖို့ မီလာနီ့ ဆွေမျိုးထဲမှာ ချမ်းသာတဲ့လူ ဆိုလို့ တစ်ယောက်မှ

မရှိဘူး’

‘ဒါဖြင့် ဒီလို လုပ်မလား၊ ကျုပ်က အက်ရှလေဆီကို စာတိုက်ကနေပြီး ငွေပို့လိုက်မယ်၊ ပို့တဲ့လူကို အမည် မဖော်ဘူး၊

ဒီငွေတွေနှင့် သူ သစ်စက်ကို ဝယ်အောင် မီလာနီက တိုက်တွန်းပေး၊ အဲ ပြည်နယ် စစ်တပ် ဒုက္ခိတ ရဲဘော်တွေကို ထောက်ပံ့ရင်တော့ ဒုက္ခ’

ရက် ဘတ်တလာ၏ နောက်ဆုံး စကားများကြောင့် မီလာနီ စိတ်မကောင်းဖြစ်သွားသည်။ သူ့ စကားက အက်ရှလေကို

ဝေဖန် ရှုတ်ချသည့် သဘော သက်ဝင်နေသည်။ သို့ရာတွင် ရက် ဘတ်တလာက အလိုက်သိစွာ ပြုံးလိုက်သဖြင့် မီလာနီကလည်း ပြန်ပြုံးလိုက်၏။

‘ကောင်းပြီလေ၊ မီလာနီ တိုက်တွန်းပေးမယ်’



‘ဒါဖြင့် သဘောတူတယ်နော်၊ လျှို့ဝှက်တော့ လျှို့ဝှက်ထားရလိမ့်မယ်’



‘ဒါပေမယ့် မီလာနီဟာ ကိုယ့်ယောက်ျားကို ဘယ်တော့မှ လျှို့ဝှက်မထားတတ်ဘူးနော်’



‘ဒါကတော့ သိပြီးသားပါ’



မီလာနီက ရက် ဘတ်တလာကို ကြည့်နေသည်။ ရက် ဘတ်တလာနှင့် ပတ်သက်လျှင် မိမိ၏ အထင်သည် မှန်ကြောင်း၊

အခြားသူများ၏ ထင်မြင်ချက်များသည် မည်မျှ မှားနေကြောင်းကို မီလာနီ တွေးနေသည်။ ရက် ဘတ်တလာသည် ရက်စက် ကြမ်းကြုတ်သည်။ သရော်မော်ကား ပြုတတ်သည်။ အပြောအဆို အနေအထိုင် ရိုင်းစိုင်းသည်။ ရိုးသား ဖြောင့်မတ်ခြင်း မရှိ၊ စဉ်းလဲသည်ဟု လူများက ပြောကြသည်။ စိတ်ရင်းကောင်း ရှိသူ အများစုကမူ သူတို့ အထင်မှားခဲ့ကြသည်ဟု ယခု ဝန်ခံနေကြပြီ။ ရက် ဘတ်တလာထံမှ အကြင်နာဆုံးသော ယုယမှု၊ ကိုယ်ချင်းစာနာမှု၊ လေးစားမှု၊ နားလည်မှုတို့သာ မီလာနီ ရခဲ့ဖူးသည်။ ထို့ပြင် ရက် ဘတ်တလာသည် စကားလက်ကိုလည်း မည်မျှ ချစ်သနည်း။ စကားလက်အား ဝန်ထုပ်ဝန်ပိုးကြီးမှ ကင်းအောင် သွယ်ဝိုက် လုပ်ပေးပုံမှာ မည်မျှ သိမ်မွေ့သနည်း။

‘ကိုယ့်အပေါ်မှာ ဒီလောက်ကောင်းတဲ့ လင်မျိုးရတာ စကားလက် ကံကောင်းတယ် နော်’



မီလာနီက စိတ်ထဲတွင် ပေါ်လာသည်ကို မမျိုသိပ်နိုင်ဘဲ ရုတ်တရက် ပြောလိုက်သည်။



‘ဒါက မီလာနီရဲ့ အထင်ကိုး၊ ဒါပေမယ့် ကျုပ် ထင်ပါတယ်၊ ဒီစကားကို စကားလက် ကြားရင် လက်ခံမှာ မဟုတ်ပါဘူး၊

တစ်ခုတော့ ရှိပါတယ် မီလာနီ၊ မီလာနီ အပေါ်မှာလည်း ကျုပ်စိတ်ကောင်း ရှိချင်ပါတယ်၊ စကားလက်ကို ပေးတာထက် မီလာနီကို ကျုပ် ပိုပေးနေပြီပဲ’

487



‘မီလာနီကို ဟုတ်လား’ မီလာနီက နားမလည်ဟန်ဖြင့် မေးလိုက်၏။ ‘ဪ၊ ဘိုဘိုလေး အတွက် ပြောတာလား’



ရက် ဘတ်တလာက ဦးထုပ်ကို ကောက်ကိုင်၍ ထ၏။ အတန်ကြာ ရပ်နေပြီး နဖူးအလယ်သို့ စွန်းထွက်သည့် ဆံဦးစွန်း၊

လေးနက် တည်ငြိမ်သည့် မျက်လုံးနက်နက်များနှင့် တကွသော အရုပ်ဆိုးဆိုး အသည်းပုံ မျက်နှာကို ငုံ့ကြည့်နေသည်။ မီလာနီ၏ မျက်နှာက လောက အကြောင်းကို ဘာမျှ မသိသည့် မျက်နှာ။ လူ့ဘဝ၏ အခက်အခဲများကို ခုခံနိုင်စွမ်း မရှိသည့် မျက်နှာ။

‘ဟင့်အင်း၊ ဘိုဘိုလေး အတွက် မဟုတ်ပါဘူး၊ ဘိုဘိုကို ပေးတာထက် အဖိုးတန်တဲ့ အရာကို မီလာနီကို ပေးမလို့၊

စဉ်းစားကြည့်ပေါ့’

‘ဟင့်အင်း၊

မီလာနီ

မစဉ်းစားတတ်ဘူး’

မီလာနီက

စိတ်ရှုပ်ရှုပ်ဖြင့်

ပြော၏။

‘လောကကြီးမှာ

ဘိုဘိုထက်

အဖိုးတန်တာရယ်လို့ မီလာနီ အဖို့ မရှိပါဘူး၊ အက်… အက်ရှလေက လွဲရင်ပေါ့လေ’

ရက် ဘတ်တလာက မည်သို့မျှ မပြောဘဲ ငုံ့ကြည့်နေသည်။ ညိုမှောင်သည့် သူ့မျက်နှာက လှုပ်ရှားခြင်း မရှိ။



‘မီလာနီအတွက် လုပ်ပေးချင်တယ်ဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး ဘတ်တလာ၊ မီလာနီအပေါ်မှာ

ကောင်းတဲ့ အတွက်လည်း ဝမ်းသာပါတယ်၊ ဒါပေမယ့် မီလာနီ သိပ်ကံကောင်းပါတယ်၊ မိန်းမတစ်ယောက် အနေနှင့် မီလာနီမှာ အစစ အရာရာ ပြည့်စုံပါတယ်’

‘ကောင်းပါတယ်’ ရက် ဘတ်တလာ၏ မျက်နှာသည် ရုတ်တရက် သုန်မှုန်သွား၏။ ‘အစစ အရာရာ တစ်သက်လုံး ဒီလို

ပြည့်စုံတာကို မြင်ချင်ပါတယ်’

မြိုင်သာယာမှ ပြန်လာသည့်အခါ၌ စကားလက်၏ မျက်နှာပေါ်မှ ဖြူရော်သည့် သဏ္ဌာန်သည် ပျောက်ကွယ်သွားခဲ့ပြီ။

သူ့ပါးများက ပြည့်ဖောင်းလာကာ ပန်းနုရောင်ပြေပြေ သမ်းစပြုလာ၏။ သူ့မျက်လုံး စိမ်းစိမ်းများသည် ပြန်၍ ထက်သန် တောက်ပ လာကြသည်။ သူ၊ ဝိတ်ကလေးနှင့် အယ်လာတို့ကို ရက် ဘတ်တလာနှင့် နီလာတို့က ဘူတာကို လာကြိုသည့်အခါ၌ သီတင်းပတ် များစွာအတွင်း စကားလက် ပထမဆုံး ကျယ်လောင်စွာ ရယ်မိသည်။ ပျော်လည်း ပျော်သည်။ စိတ်လည်း ရှုပ်ရသည်။ ရက် ဘတ်တလာ၏ ဦးထုပ် အနားပေါ်တွင် ကြက်ဆင်တောင် နှစ်ချောင်း စိုက်ထား၏။ မီးရထား စိုက်ချိန်တွင် သားအဖ နှစ်ယောက် အိန္ဒိယ လူနီရိုင်းများနှင့် စစ်တိုက်တမ်း ကစားနေခြင်း ဖြစ်ဟန်တူသည်။ ရက် ဘတ်တလာ၏ မျက်နှာပေါ်က စိတ်ပျက်သည့် အမူအရာနှင့် ကြီးဒေါ်၏ မျက်နှာပေါ်မှ စိတ်တိုနေသည့် ဟန်ကို ထောက်၍ နီလာသည် သူ့ပါးကို ပါးရဲထိုးထားသည်တို့ကို အဖျက်ခံဟန်မတူဟု စကားလက် တွေးလိုက်၏။

‘ကြည့်စမ်း၊ သိပ်ဆိုးတဲ့ ကောင်မလေး’



စကားလက်က

နီလာကို

ပွေ့ဖက်

နမ်းကာ

ရက်

ဘတ်တလာ

နမ်းရှုပ်

နှုတ်ဆက်ရန်

သူ့ပါးတစ်ဖက်ကို

ထိုးပေးလိုက်သည်။ ဘူတာရုံထဲတွင် လူတွေ ရှိသဖြင့် ဟန်မပျက် နှုတ်ဆက်ပါရန် ပါးထိုးပေးခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ယခုကဲ့သို့ ဟန်ဆောင် ပန်ဆောင်ပင် ပါး ထိုးပေးမည် မဟုတ်။ နီလာ လုပ်လာပုံကြောင့် စကားလက် ရှက်ကိုး ရှက်ကန်း ဖြစ်နေသည့်တိုင် ဘူတာရုံထဲက ပရိသတ်ကမူ သားအဖ နှစ်ယောက်ကို ကြည့်၍ ပြုံးနေကြ၏။ လှောင်ပြောင် ရှုတ်ချသည့်

488

အပြုံးမျိုး မဟုတ်။ သူတို့ကို ကြည့်၍ အူရွှင်လာကြသဖြင့် ကြင်ကြင်နာနာ ပျော်ပျော်ရွှင်ရွှင် ပြုံးသည့် အပြုံးမျိုး ဖြစ်သည်။ စကားလက်၏ သမီးထွေး နီလာသည် ဖအေကြီးကို အလွန် နိုင်သည်။ ဤသည်ကို ကြည့်၍ အတ္တလန်တာ တစ်မြို့လုံးက သဘော ကျနေကြ၏။ ထောက်လည်း ထောက်ခံကြသည်။ ရက် ဘတ်တလာ သူ့ကလေးကို ချစ်တတ်ပုံကို ကြည့်ပြီးနောက် ရက် ဘတ်တလာ အပေါ်တွင် ထင်မြင်ချက် ကောင်းစ ပြုလာသည်။

အိမ်အပြန်

လမ်းတစ်လျှောက်တွင်

စကားလက်က

မြိုင်သာယာမှ

သတင်းများကို

ပြောလာသည်။

ပူပြင်း

ခြောက်သွေ့သည့် ရာသီဥတုကြောင့် ဝါထွက်ကောင်းကြောင်း၊ သို့ရာတွင် ယခုနှစ်တွင် ဝါဈေးများ ကျမည်ဟု ဝီလီက ပြောကြောင်း၊ ဆွီလင် နောက်ထပ် ကလေးတစ်ယောက် မျက်နှာ မြင်တော့မည်ဖြစ်ကြောင်း၊ (ဤနေရာတွင်မူ ကလေးတွေ မကြားအောင် စကားလက်က ခပ်တိုးတိုး ပြောသည်။) အယ်လာက ဆွီလင်၏ သမီးအကြီးကို ကုန်းကိုက်ကြောင်း၊ စင်စစ် ဤသို့ ကုန်း၍ ကိုက်ခြင်းမှာ အယ်လာ မလွန်ကြောင်း၊ ဤတွင် ဆွီလင်က မခံနိုင်သဖြင့် ကလေး ကိစ္စကြောင့် ညီအစ်မ နှစ်ယောက် ရန်ဖြစ်ခဲ့ရသေးကြောင်း၊ ဝိတ်ကလေးသည် ရေမြွေ တစ်ကောင်ကို သူ တစ်ယောက်တည်း သတ်နိုင်ခဲ့ကြောင်း၊ တာလက်တန် သမီး နှစ်ယောက် ကျောင်းဆရာမ လုပ်နေကြကြောင်း၊ ဤသည်မှာ ရယ်စရာ ပြောနေခြင်း မဟုတ်ကြောင်း၊ တာလက်တန် သမီး နှစ်ယောက်သည် စီအေတီ ကက်ကိုပင် မပေါင်းတတ်သည့်တိုင် စာပြ နေကြကြောင်း၊ ဘက်တီ တာလက်တန်မှာ မေတ္တာညွန့် ရွာမှ လက်တစ်ဖက်ပြတ် ယောက်ျားဝဝကြီး တစ်ယောက်နှင့် အိမ်ထောင်ကျကြောင်း၊ ဟက်တီနှင့် ဂျင်း တာလက်တန်တို့က သာယာကုန်းတွင် ဝါခင်းကြီး တစ်ခု စိုက်နေကြောင်း၊ မစ္စက် တာလက်တန်၏ မြင်းမကြီးတွင် မြင်းကလေး တစ်ကောင် သားကျကြောင်း၊ မြင်းသားပေါက်ကို သိန်းထီပေါက်သည့်နှယ် ဝမ်းသာနေကြောင်း၊ ကားလ်ဗတ်တို့ အိမ်ထောင်က ကပ္ပလီများ မပြောင်းကြသေးဘဲ ဆက်လက် နေထိုင်လျက် ရှိကြောင်း၊ အိမ်ကို သူတို့ ပိုင်သွားကြပြီ ဖြစ်ကြောင်း၊ လေလံတင်သည့်အခါတွင် ဝယ်လိုက်ကြကြောင်း၊ အိမ်ကြီးမှာ အိုမင်း ပျက်စီးနေပြီ ဖြစ်ကြောင်း၊ ကက်သလင်းနှင့် သူ့ ယောက်ျားမှာ မည်သို့ ပြောင်းသွားသည်ကို မသိရကြောင်း၊ အဲလက်မှာ သူ့အစ်ကို၏ မုဆိုးမ ဆယ်လီနှင့် ယူတော့မည် ဖြစ်ကြောင်း၊ တစ်အိမ်ထဲတွင် ဤမျှ ကြာကြာ အတူနေလျှင် မငြိစွန်းဘဲ နေမည်မဟုတ်ကြောင်း၊ အဲလက် မိန်းမ ယူတော့မည်ဖြစ်သဖြင့် ဒီမီတီမွန်ရိုးတစ်ယောက် ကျန်ရစ်ဖြစ်နေခဲ့ကြောင်း၊ ကျန်ရစ်လည်း ဖြစ်ထိုက်ကြောင်း၊ အဲလက်ကို စောင့်နေမည့်အစား ခပ်စောစောက ယောက်ျားတစ်ယောက် ကောက်ယူလိုက်လျှင် ကိစ္စ ပြီးနိုင်ကြောင်း။

စကားလက်က

မြိုင်သာယာမှ

သတင်းများကို

တတွတ်တွတ်

ပြောလာ၏။

သို့ရာတွင်

စိတ်မချမ်းသာစရာ

သတင်းများကိုမူ ပြောမပြဘဲ ချန်ပစ်ခဲ့သည်။ မြိုင်သာယာသို့ ရောက်စဉ် ဝီလီနှင့် အတူ လှည်း လျှောက်စီးကြသည်။ မြိုင်သာယာက မြေဩဇာ ကောင်းသည့် ဤ မြေနီရဲရဲသည် တစ်ခါက စိမ်းလန်းသည့် ဝါခင်းကြီးများ ဖြစ်ခဲ့ကြ၏။ ခု ဤသို့ မဟုတ်တော့။ တောဖုံးစပြုနေပြီ။ တံမြက်စည်းပင်များ၊ ဝက်သစ်ချရိုင်းများ၊ ထင်းရှူးပင်မျာသည် တိတ်ဆိတ်လျက် ရှိသော အိမ်ပျက်ကြီးများ အနီး တစ်ဝိုက်နှင့် ဝါခင်းများထဲတွင် မင်းမူနေကြပြီ။ ယခင်က ဧက တစ်ရာ စိုက်ခဲ့သည့် နေရာတွင် ယခု တစ်ဧကလောက်မျှသာ လုပ်နိုင်တော့သည်။ ကန္တာရကြီး တစ်ခုထဲသို့ ဖြတ်သွားနေရသည့်နှယ် ဖြစ်နေသည်။

‘ဒီနေရာဟာ နောင် အနှစ်ငါးဆယ်နှင့် အပင်ပြန်စိုက်လို့ ရမှာ မဟုတ်တော့ဘူး’ ဝီလီက ပြောသည်။ ‘ကျုပ်နှင့်

စကားလက်တို့ ကြိုးကြိုးစားစား လုပ်ခဲ့ကြလို့ မြိုင်သာယာဟာ ဒီနားတစ်ဝိုက်မှာ အကောင်းဆုံး ယာတောတော့ ဖြစ်လာပါရဲ့၊ ဒါပေမယ့် မြိုင်သာယာဟာ ယာတောလေးပဲ ဖြစ်မှာပဲ၊ လားနှစ်ကောင်နှင့် လုပ်တဲ့ ယာတောလေးပဲ ဖြစ်မှာပဲ၊ ခြံ စိုက်ခင်းကြီး တစ်ခုတော့ ဖြစ်မလာတော့ဘူး၊ တာလက်တန်တို့ ယာတောရယ်ပေါ့လေ၊ သူတို့ယာတောက သိပ်တော့ မထွက်ပါဘူး၊

489

ဒါပေမယ့် စားလောက် သောက်လောက်ရုံတော့ ရတာပေါ့လေ၊ ကျန်တဲ့ လူတွေနှင့် ကျန်တဲ့ ယာတောတွေကတော့-’

မတွေးချင်။ မြိုင်သာယာ တစ်ဝိုက် ကန္တာရကြီး ဖြစ်နေသည့် ကျန်ယာတောများ အကြောင်းကို စကားလက် မတွေးချင်။

ကြက်ပျံမကျ စည်ကားကာ ရုတ်ရုတ်သဲသဲ သွားလာ လှုပ်ရှားနေသည့် အတ္တလန်တာကို မြင်ရသည့်အခါ၌ ထိုအကြောင်းကို ပြန်တွေးရသည်မှာ ပို၍ပင် စိတ်မကောင်းစရာ ဖြစ်နေသည်။

‘ဒီမှာကော ဘာထူးသေးလဲ’



အိမ်ပြန်ရောက်၍

အိမ်ရှေ့ဆင်ဝင်တွင်

ထိုင်သည့်အခါ၌

စကားလက်က

မေးလိုက်သည်။

တစ်လမ်းလုံး

သူကချည်း စကားပြောလာခဲ့သည်။ စကား ပြတ်သွားကာ တစ်ယောက်နှင့်တစ်ယောက် ပြောစရာ မရှိဘဲ ငူငူကြီးတွေ ထိုင်လိုက်လာရမည်ကို စကားလက် စိုးရိမ်သည်။ လင်မယား ရန်ဖြစ်၍ လှေကားပေါ်မှ လိမ့်ကျခဲ့ပြီး နောက်မှစ၍ ရက် ဘတ်တလာနှင့် နှစ်ယောက်ချင်း စကား မပြောဖြစ်ကြတော့။ ယခုမူ ရက် ဘတ်တလာက မည်သို့ သဘောထားသည်ကို စကားလက် မသိ။ နာလန်ထစကမူ ရက် ဘတ်တလာသည် သူ့ကို ကြင်နာယုယစွာ ဆက်ဆံသည်။ သို့ရာတွင် သူ ကြင်နာ ယုယပုံက ဘာမျှမဆိုင်သည့် ဘေးလူတစ်ယောက်၏ ကြင်နာယုယပုံမျိုး။ စကားလက်၏ အလိုကို တတ်နိုင်သမျှ လိုက်သည်။ စကားလက်အား အနှောင့်အယှက် မဖြစ်အောင် ကလေးတွေကို ထိန်းသည်။ ကုန်တိုက်နှင့် သစ်စက်များကို ကြီးကြပ်သည်။ သို့ရာတွင် ဤသို့ ဖြစ်ရသည့်အတွက် ‘ဝမ်းနည်းပါတယ်’ ဟု တစ်ခွန်းမျှ မပြော။ တကယ်လည်း ဝမ်းနည်းခြင်း ဖြစ်မှ ဖြစ်ပါ၏လော မဆိုနိုင်။ ပျက်ကျသွားသည့် ကလေးသည် သူ့ကလေးမဟုတ်ဟု ယခုတိုင် ထင်နေသေးသလော။ ချိုသာ ညိုမှောင်သည့် သူ့မျက်နှာ နောက်ကွယ်က စိတ်ထဲတွင် မည်သို့ ရှိမည်ဟု စကားလက် မပြောတတ်။ သို့ရာတွင် ယဉ်ကျေး သိမ်မွေ့သည့် အမူအရာမျိုးကိုမူ ပြလာသည်။ ဤသည်မှာ သူတို့ အိမ်ထောင်သက်တမ်းတွင် ပထမဆုံးအကြိမ် ဖြစ်၏။ သူတို့ နှစ်ဦးကြားတွင် စိတ်မချမ်းသာစရာဟူ၍ တစ်ခုမျှ မဖြစ်ခဲ့ဟန် (သူတို့နှစ်ဦးကြားတွင် မည်သည့် ပြဿနာမျှ မရှိဟန်) ပြေပြစ်လိုသည့် သဘောကိုမူ ပြလာခဲ့သည်။ ဟုတ်သည်။ သူက ဤသို့ အဆင်ပြေလိုသည့် သဘောကို ပြလျှင် မိမိဘက်ကလည်း အဆင်ပြေအောင် နေပြနိုင်သည်။

‘ဒီမှာ အားလုံး အဆင်ပြေတယ်နော်’ စကားလက် ထပ်မေး၏။ ‘ကုန်တိုက်အမိုးအတွက် ပျဉ်အုတ်ကြွပ်ကော ရပြီလား၊

လားတွေကိုလည်း မောင် အသစ် လဲလိုက်ပြီနော်၊ မောင့် ဦးထုပ်ပေါ်က ငှက်တောင်ကြီးတွေ ချွတ်စမ်းပါဦးကွယ်၊ ကြည့်လို့ မကောင်းပါဘူး၊ ဒီငှက်တောင်ကြီးတွေ မဖြုတ်ဘဲ ဘူတာရုံထိအောင် လာကြိုသေးတယ်၊ တကတည်း ကလေးကျနေတာပဲ ဟွန်း’

‘ဟင့်အင်း၊ ဖြုတ်ရဘူး၊ ဖြုတ်ရဘူး’



နီလာက သူ့အဖေ ဦးထုပ်ကို ယူထားသည်။



‘အားလုံး ချောချောမောမောပါပဲ’ ရက် ဘတ်တလာက ပြော၏။ ‘နီလာနှင့်ကျုပ်တို့ သားအဖ နှစ်ယောက်တော့

ထင်တိုင်း ကြဲနေကြတာပဲ၊ မင်း သွားကတည်းက ခေါင်းဖြီးရအောင် ပြောလည်း တစ်ခါမှ မဖြီးဘူး၊ သမီးလေး ငှက်တောင်တွေကို ပါးစပ်နှင့် မကိုက်နှင့်လေ၊ ညစ်ပတ်တယ်၊ ပျဉ် အုတ်ကြွပ်လည်း မိုးပြီးပါပြီ၊ လားတွေလည်း ရောင်းပစ်လိုက်ပါပြီ၊ ဒိပြင်တော့ ဘာသတင်းမှ မထူးပါဘူး၊ ဒီလိုပါပဲ’

490



အတန်ကြာမှ အမှတ်ရလာဟန်ဖြင့် ရက် ဘတ်တလာက ဆက်ပြော၏။



‘ဪ မေ့နေတယ်၊ မနေ့ညက ဘုရား ဖြစ်မယ့် အုတ်ခဲကြီး အိမ်ကို ပေါက်လာတယ်လေ၊ အက်ရှလေရယ်၊

မင်း သစ်စက်နှင့် သစ်စက်ထဲက မင်း ရှယ်ယာတွေကို မင်းက ရောင်းမယ်လို့ ထင်သလားတဲ့၊ အဲဒါ ကျုပ် သိသလားလို့ လာမေးသွားတယ်’

စကားလက်က ကိုယ်ကို လှုပ်ယမ်းရင်း ကြက်ဆင်မွေးယပ်တောင်ဖြင့် ယပ်ခတ်နေသည်။ ယပ်ခတ်နေရာမှ ရုတ်တရက်

ရပ်လိုက်၏။

‘ရောင်းမလို့လားတဲ့၊ ဟုတ်လား၊ ရောင်းတော့ကော သူ့မှာ ဝယ်စရာ ပိုက်ဆံ ဘယ်မှာ ရှိလို့တဲ့လဲ၊ သူတို့မှာ ခြူးပြား

တစ်ပြားမှ မရှိတာ၊ ရသမျှ မီလာနီက သုံးပစ်နေတာ’

ရက် ဘတ်တလာက ပခုံးတွန့်သည်။



‘မီလာနီက ဒီလောက် အသုံးအဖြုန်း မကြီးပါဘူးကွယ်၊ ချွေချွေတာတာ နေတတ်သားပဲ၊ ဒါပေမယ့် မပြောနိုင်ဘူးလေ၊

ကျုပ်က သူတို့ အိမ်တွင်းရေးကို မင်းလောက် ခရေစေ့တွင်းကျ သိတာမှ မဟုတ်ဘဲ’

ဤအချက်ကမူ ရက် ဘတ်တလာ ယခင်က ပြောလေ့ ပြောထ ရှိသည့် ငေါ့ပုံမျိုး။ စကားလက်ကို ထိသွားသည်။

စကားလက် ထောင်းခနဲ ဖြစ်သွား၏။

‘သွားစမ်း သမီးရယ်၊ လာရှုပ်မနေစမ်းနှင့်’ စကားလက်က နီလာကို လှမ်းပြော၏။ ‘မေမေနှင့် ဖေဖေ စကား

ကောင်းကောင်း ပြောစမ်းပါရစေ’

‘ဟင့်အင်း မသွားဘူး’



နီလာက နှုတ်ခမ်းစူပြီး ရက် ဘတ်တလာ ပေါင်ပေါ်သို့ တက်ထိုင်၏။ စကားလက်က နီလာကို မျက်မှောင်ကုတ်

ကြည့်သည်။ နီလာကလည်း ပြန်၍ မျက်မှောင်ကုတ်သည်။ သူ့အဘို ဂျရယ် အိုဟာရာနှင့် ချွတ်စွပ်တူသဖြင့် စကားလက် သဘောကျ၍ ရယ်သည်။

‘နေချင်ရင် နေစမ်းပါကွယ်’ ရက် ဘတ်တလာက အလိုလိုက်သည်။ ‘ပိုက်ဆံတွေ ဘယ်က ရသလဲဆိုတဲ့ ကိစ္စကတော့

လူတစ်ယောက်က ပို့တယ် ထင်တယ်တဲ့၊ ကျောက်ကျွန်း အကျဉ်းစခန်းမှာတုန်းက ကျောက်ပေါက်တဲ့ လူတစ်ယောက်ကို မရွံမရှာ ပြုစုခဲ့ဖူးတယ်တဲ့၊ ခု အဲဒီလူက ပို့လိုက်တာ ထင်တယ်တဲ့၊ လူတွေဟာ မကောင်းတော့ဘူးလို့ ကျုပ် ထင်နေတာ၊ ခုလို ကျေးဇူး သိတတ်တဲ့ လူလည်း ရှိသေးတယ်ဆိုတော့ လူ့လောကကြီးဟာ ကျုပ် ထင်သလောက် မဆိုးသေးဘူးပေါ့’

‘ဘယ်သူတဲ့လဲ၊ စကားလက်တို့ အသိထဲကများလား’



‘စာက လက်မှတ် ထိုးမထားဘူး၊ ဝါရှင်တန်က ပို့လိုက်တာ၊ အက်ရှလေကိုယ်တိုင်လည်း ဘယ်သူက ပို့လိုက်မှန်း

မသိလို့ ခက်နေတာပေါ့၊ တစ်ခုတော့ ရှိပါတယ်လေ၊ အက်ရှလေရဲ့ မေတ္တာဓာတ်က ကမ္ဘာအနှံ့ပျံ့ပြီး ကောင်းတဲ့ အလုပ်တွေကို

491

လုပ်ခဲ့တာတွေက အများကြီးမဟုတ်လား၊ ဒီတော့ သူ ကျေးဇူးပြုဖူးတဲ့သူ အကုန်လုံးကို ဘယ်မှာ မှတ်မိနိုင်ပါ့မလဲ’

ရက် ဘတ်တလာ၏ စကားက ထေ့လုံး၊ လှောင်လုံး၊ ငေါ့လုံးကလေးတွေနှင့်။ အက်ရှလေနှင့် ပတ်သက်၍ သူတို့

လင်မယား ရန်ဖြစ်ရသည့် အဖြစ်မျိုးကို အဖြစ်မခံတော့ဟု မြိုင်သာယာတွင် ရှိစဉ်က စကားလက် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် အခု စကားကို ကြားလိုက်ရသည့်အခါတွင် စကားလက် ထောင်းခနဲ ဖြစ်သွား၏။ အက်ရှလေသည် မည်သူက ပို့မှန်းမသိသည့် ပိုက်ဆံတွေ ရသည် ဟူသော သတင်းကြောင့် အံ့ဩခြင်းသာ မဖြစ်လျှင် တစ်ချီတစ်မောင်း ရန်ဖြစ်ကြရဦးမည်။ ယခု အနေအထားက မရေရာ။ ရက် ဘတ်တလာ၊ အက်ရှလေနှင့် မိမိတို့ ပြဿနာသည် မည်သို့ဖြစ်မည် မသိသေး။ ထို့ကြောင့် စကားလက် မည်သို့မျှ မပြောဘဲ အသာ ငြိမ်နေလိုက်သည်။

‘စကားလက်ရဲ့ အစုရှယ်ရာတွေကို ဝယ်မယ်ဆိုတဲ့ သဘောပေါ့’



‘ဟုတ်တယ်၊ ဒါပေမယ့် ရောင်းမှာမဟုတ်ဘူးလို့ ကျုပ် ပြောလိုက်တယ်’



‘စကားလက် ကိစ္စကို စကားလက် ဘာသာ ဆုံးဖြတ်ပါရစေ၊ မောင် ဝင်မပါပါနှင့်’



‘ကျုပ်က စေတနာနှင့်ပါ၊ ဒီသစ်စက်တွေကို မင်း သံယောဇဉ် ကြီးတယ် မဟုတ်လား၊ မင်း သစ်စက်တွေကို မင်း

မခွဲနိုင်ပါဘူး၊ ကျုပ် သိပါတယ်၊ စကားလက် အကြောင်း ခင်ဗျားလည်းသိသားပဲ၊ စကားလက်က နေရာတကာ ဩဇာပေးချင်တာ၊ ခင်ဗျားကို သစ်စက်တွေရောင်းလိုက်ရင် ခင်ဗျားကို ဩဇာပေးနိုင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့ ရောင်းမယ် မထင်ဘူးလို့ ကျုပ် ပြောလိုက်တယ်’

‘စကားလက် အကြောင်း မောင် ဒီလိုပဲ ပြောလိုက်သလား’



‘ဟုတ်တယ်လေ၊ ကျုပ် ပြောတာ မမှန်ဘူးလား၊ ကျုပ် ထင်ပါတယ်၊ သူလည်း ကျုပ်နှင့် လှိုက်လှိုက်လှဲလှဲ

သဘောတူမှာပါ၊ ဒါပမေယ့် သူက လူကြီးလူကောင်းမို့လို့ ကျုပ်လို ဗြောင်ဖွင့်မပြောတာ တစ်ခုပါပဲ’

‘ဒါ သက်သက် ညာတာ၊ ရောင်းမယ်၊ သစ်စက်တွေ သူ့ကို ရောင်းပစ်လိုက်မယ်၊ ရှုပ်တယ်’



စကားလက်က ဒေါသတကြီး အော်၏။ ပြောမည့်သာ ပြောလိုက်ရသည်။ စောစောက အထိ သူ့သစ်စက်များကို

မခွဲနိုင်သေး။ စကားလက် ထိုသစ်စက်များကို မရောင်းချင်။ သစ်စက်များက အမြတ်အစွန်းတွေ အောတိုက်ရနေခြင်းကြောင့် မဟုတ်။ ရောင်းချင်သည်ဆိုလျှင် လွန်ခဲ့သည့်နှစ်များက ဈေးကောင်းကောင်း ရသည်။ သို့ရာတွင် လာဝယ်သူ မှန်သမျှကို စကားလက် ငြင်းလွှတ်လိုက်သည်။ ဤသစ်စက်များသည် သူ့ ကြိုးစားအားထုတ်မှု၏ အသီးအပွင့်များ ဖြစ်သည်။ မည်သူ့ အကူအညီမျှ မပါဘဲ တစ်ယောက်တည်း ကျားကုတ်ကျားခဲ ရှာခဲ့ရသည့် ပစ္စည်း။ ဤသစ်စက်များကို ကြည့်၍ စကားလက် ဂုဏ်ယူသည်။

သူ့ကိုယ်သူလည်း

ဂုဏ်ယူသည်။

ထို့ထက်

ထိုသစ်စက်များသည်

အက်ရှလေနှင့်

တွေ့နိုင်ဖို့အတွက်

တစ်ခုတည်းသော လမ်းဖြစ်သည်။ ဤသစ်စက်များ သူ့ဦးစီး အုပ်ချုပ်မှုအောက်တွင် မရှိတော့လျှင် အက်ရှလေနှင့် တွေ့စရာ အကြောင်းရှိတော့မည် မဟုတ်။ နှစ်ယောက်ချင်း တွေ့ဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့။ အက်ရှလေနှင့် နှစ်ယောက်ချင်းမူ တွေ့ချင်သေးသည်။ ဤအတိုင်း တစ်သမတ်တည်း ရေရှည် ဆက်မသွားနိုင်။ သူ့အပေါ်တွင် မည်သို့ သဘောထားသည်ကို သိချင်သေးသည်။ မွေးနေ့ ဧည့်ခံပွဲတွင် ရှက်စရာ အဖြစ်ကို ကြုံခဲ့ရပြီးနောက် သူ့အပေါ် အချစ် ပြယ် မပြယ် သိချင်သေးသည်။

492

သစ်စက် ရှိသေးလျှင် အလုပ် အကိုင်ကို အကြောင်းပြကာ အက်ရှလေနှင့် စကားပြောခွင့် ရနိုင်သည်။ မည်သူကမျှ ကလီကမာ ထင်မည် မဟုတ်။ အက်ရှလေကို အမိဖမ်းနေသည်ဟု ထင်မည် မဟုတ်။

‘ရောင်းမယ်၊ အကုန် ရောင်းပစ်မယ်’ စကားလက်က ဒေါသတကြီး အော်လိုက်သည်။ ‘မောင် ဘာပြောချင်သေးလဲ’



ရက် ဘတ်တလာ၏ မျက်လုံးတွင် အောင်မြင်မှုကြောင့် ကျေနပ်သည့် အရောင်းလွှမ်းနေသည်။ ငုံ့၍ နီလာ၏

ဖိနပ်ကြိုးကို ချည်ပေးနေသည်။

‘နောင်ကျမှ နောင်တရ မနေနှင့်နော်’



လွှတ်ခနဲပြောလိုက်မိသည့် စကားကြောင့် ယခုပင် စကားလက် နောင်တရနေပြီ။ ရောင်းမည်ဆိုသည့် စကားကို

ရက် ဘတ်တလာကိုသာ ပြောမိလျှင် စကားလက် ခပ်ပြောင်ပြောင်ပင် ပြန်ရုပ်သိမ်းမိလိမ့်မည်။ မည်သည့်အတွက်များ ဤသို့ လွှတ်ခနဲ ပြောလိုက်မိသနည်း။ စကားလက် ရက် ဘတ်တလာကို မျက်မှောင်ကုတ် ကြည့်သည်။ သူ့အား ယခင်ကဲ့သို့ ကြွက်တွင်းကို ချောင်းကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်နေသည်ကို မြင်ရ၏။ စကားလက် မျက်မှောက်ကုတ်နေသည်ကို မြင်သည့်အခါ၌ ရက် ဘတ်တလာက ရုတ်တရက် ရယ်လိုက်သည်။ ဖြူဖွေးသည့် သူ့သွားများက လက်နေကြ၏။ ရက် ဘတ်တလာသည် မိမိအား ဤအကွက်ကို ဝင်အောင် တမင် ဆင်ထားသလောဟု စကားလက် ထင်ချင်သည်။

‘သစ်စက်တွေ ရောင်းတော့ မောင်က ဘာလုပ်ချင်သေးလဲ’



‘ကျုပ်လား’ ရက် ဘတ်တလာက အံ့အားသင့်သွားဟန်ဖြင့် မျက်ခုံးကို ချီထားလိုက်သည်။ ‘ဒီလောက်ဆိုရင် ကျုပ်

အကြောင်းကို သိလောက်ရောပေါ့၊ ကျုပ်က သူများလို မေတ္တာဓာတ် ပွားများနိုင်တဲ့ လူမျိုးလည်းမဟုတ်ဘူး၊ ကောင်းတဲ့ အလုပ်ဆိုရင်လည်း ဘယ်တော့မှ မလုပ်ဘူး၊ ကောင်းတဲ့အလုပ်ဆိုရင်လည်း ဘယ်တော့မှ မလုပ်ဘူး၊ တတ်နိုင်သမျှ ရှောင်မယ်၊ မတတ်နိုင်လွန်းတော့မှ လုပ်တဲ့ လူမျိုးပဲ’

ထိုနေ့ည

စကားလက်သည်

သစ်စက်များနှင့်တကွ

၎င်းတို့နှင့်

ပတ်သက်သည့်

အကျိုးခံစားခွင့်အားလုံးကို

အက်ရှလေသို့ ရောင်းပစ်လိုက်သည်။ သို့ရာတွင် ရှုံးတော့ မရှုံး။ သူ အတတ်နိုင်ဆုံး ဈေးလျှော့ပေးသည်ကို အက်ရှလေက လက်မခံ။ ပေးဖူးခဲ့သမျှ ဈေးထက် အမြင့်ဆုံးဈေး ပေး၍ ယူသွားသည်။ စာချုပ်စာတမ်းများကို လက်မှတ်ထိုးပြီး သည့်နောက် အရောင်းအဝယ် ကိစ္စ ပြီးမြောက်သည့် အထိမ်းအမှတ် အဖြစ် မီလာနီက အက်ရှလေနှင့် ရက် ဘတ်တလာတို့ကို အရက်ချို တစ်ခွက်စီ ကမ်းပေးသည်။ ရောင်းပြီးမှ စကားလက် စိတ်မကောင်း။ သူ့ကလေး တစ်ယောက်ကို ရောင်းလိုက်ရသည့်နှယ် ဆွေးနေသည်။

သစ်စက်များသည် စကားလက်၏ အချစ်တော်။ စကားလက်၏ ဂုဏ်ယူစရာ။ သူ့ ဝီရိယ၏ အသီးအပွင့်။

သစ်ခွဲစက်ကလေး တစ်ခုဖြင့် သူ အစပြုခဲ့သည်။ ထိုစဉ်က အတ္တလန်တာသည် အပျက်အစီးပုံများ၊ ပြာပုံများကြားမှ ရုန်းကန်နေရဆဲ ဖြစ်၏။ ဤသစ်စက်များအတွက် စကားလက် ရုန်းကန်ခဲ့ရသည်။ ကြံစည်ခဲ့ရသည်။ စိတ်ကူးခဲ့ရသည်။ ကလေးကို ပြုစုသည့်နှယ် ပြုစု ထိန်းသိမ်းခဲ့ရသည်။ ယန်ကီတို့က သိမ်းမည်လောဟု အထိတ်ထိတ်အလန့်လန့်ဖြင့် လုပ်ခဲ့ရသည်။ ထိုစဉ်က ငွေကလည်း အလွန် ရှားသည်။ လူလည် လူနပ်များပင် ခွက်ခွက်လန်အောင် ရှုံးကာ အရောင်းအဝယ် ထိုင်းနေကြသည်။

493

ယခု အတ္တလန်တာသည် အမာရွတ်များကို ဖျက်ပြီးပြီ။ အဆောက်အဦးသစ်တွေ နေရာအနှံ့။ နေ့စဉ် လူသစ်တွေ မြို့သို့ ပြောင်းလာနေကြသည်။ ထိုအချိန်၌ စကားလက်တွင် သစ်စက် နှစ်စက်၊ သစ်ဆိုင် နှစ်ဆိုင်၊ လားအဖွဲ့ တစ်ဒါဇင် ရှိနေပြီ။ လုပ်ခ သက်သက်သာသာဖြင့် ရသည့် ထောင်ကျ အလုပ်သမားတွေ ရနေပြီ။ ဤစက်ရုံများကို ရောင်းပစ်လိုက်ခြင်းသည် သူ့အဖို့ သူ့ဘဝ၏ အစိတ်အပိုင်း တစ်ခုကို ထာဝစဉ် ပြည်ဖုံးကား ချလိုက်ရသည့်နှယ် ရှိသည်။ ထိုဘဝ အစိတ်အပိုင်းသည် သူ့အဖို့ ခါးသီး ပြင်းထန်သည် မှန်စေ ပြန်တွေးလျှင် စကားလက် လွမ်းသည်။ ကျေနပ်သည်။

သစ်စက် လုပ်ငန်းကို စကားလက် တဖြည်းဖြည်း တည်ဆောက်ခဲ့ပြီးနောက် ယခု ရောင်းပစ်လိုက်ရပြီ။ သူ ဦးစီးခြင်း

မပြုဘဲ အက်ရှလေ တစ်ယောက်တည်းသာ လုပ်လျှင် ရှုံးမည်မှာ မုချ။ သူ လုပ်ပေးခဲ့သမျှလေးတွေ အကုန်ပြုတ်မည်မှာ မြေကြီး လက်ခတ် မလွဲ။ ဤသည်ကို တွေးမိတိုင်း စကားလက် စိတ်မကောင်း။ အက်ရှလေက လူတိုင်းကို ယုံတတ်သည်။ လေးနှစ်ပျဉ်နှင့် ခြောက်ငါးမူး ပျဉ်ကိုပင် မခွဲခြားတတ်။ ယခု သူ့ကို စကားလက် အကြံပေးစရာ အကြောင်းမရှိတော့။ သူသည် နေရာတကာ ဆရာလုပ်ချင်သည်ဟုလည်း ရက် ဘတ်တလာက အက်ရှလေကို ပြောထားပြီးပြီ မဟုတ်လော။

‘ဒီလူကို ရှုပ်ပါတယ်’



စကားလက် စိတ်ထဲမှ တွေးကာ ရက် ဘတ်တလာကို ကြည့်သည်။ ဤကိစ္စသည် ဧကန္တ သူ့လက်ချက် ဖြစ်ရမည်ဟု

စကားလက် ထင်လာသည်။ မည်သို့မည်ပုံ ကုလားဖန်ထိုး လိုက်သည်ကိုမူ သူလည်း မသိ။ ရက် ဘတ်တလာက အက်ရှလေနှင့် စကားပြောလျက် ရှိ၏။ သူ့စကားများကြောင့် စကားလက် နားစွင့်ထားလိုက်သည်။

‘ထောင်ကျ အလုပ်သမားတွေကိုတော့ ဖြုတ်ပစ်လိုက်ပေါ့’



ထောင်ကျများကို

ဖြုတ်ပစ်တော့မည်

ဆိုပါတကား။

အဘယ့်ကြောင့်

ထောင်ကျအလုပ်သမားများကို

ဖြုတ်ပစ်ရမည်နည်း။ သစ်စက် ဤမျှ မြတ်နေရခြင်းမှာ ထောင်ကျ အလုပ်သမားများကို လုပ်ခ ပေါပေါနှင့် ရခြင်းကြောင့် ဖြစ်သည်ကို ရက် ဘတ်တလာ မသိ။ အက်ရှလေ မည်သို့ မည်ပုံ စီမံခန့်ခွဲရမည်ကို သူက အဘယ့်ကြောင့် ပိုင်စိုးပိုင်နင်း ဝင်၍ ပြောနေရသနည်း။ အက်ရှလေ အကြောင်းကို သူ ဘယ်လောက်များသိသနည်း။

‘ဟုတ်တယ်၊ သူတို့ကို ပြန်ပို့ဖို့ စိတ်ကူးပြီးသားပါ’



အက်ရှလေက ငေးကြည့်နေသည့် စကားလက်ကို မကြည့်ဘဲ ဖြေသည်။



‘ကြံကြံဖန်ဖန်၊ အစ်ကိုက ဘာစိတ်ကူးနှင့် ပြန်ပို့မလို့လဲ’ စကားလက်က အော်သည်။ ‘သူတို့ကို ပြန်ပို့ရင် အစ်ကို

ရှုံးမှာပေါ့၊ နောက်ထပ် ဘယ်လို အလုပ်သမားမျိုး ခေါ်မှာလဲ’

‘လွတ်လပ်တဲ့ ကပ္ပလီတွေကို ခေါ်မှာပေါ့’



‘ဘာ၊ လွတ်လပ်တဲ့ ကပ္ပလီ ဟုတ်လား၊ ကတ်သီးကတ်သတ်၊ လုပ်ခက ဘယ်လောက်များတယ် ထင်သလဲ၊ တစ်နေ့ကို

အသား သုံးခါ ကျွေးရတယ်၊ အုန်းဆံမွေ့ရာနှင့် ထားရမယ်၊ ဒီလို ထားမထား ယန်ကီတွေနှင့် လွတ်လပ်တဲ့ ကပ္ပလီ အစည်းအရုံးက စောင့်ကြည့်ဦးမယ်၊ ပျင်းတဲ့ ကပ္ပလီတွေကို ကျာပွတ်နှင့်များ ရိုက်မိရင် ယန်ကီတွေ အလုပ်သမား အစည်းအရုံးတွေက ဝင်လို့

494

ဟိုးလေးတကျော် ဖြစ်အောင် လုပ်ဦးမယ်၊ ပြီးတော့ ထောင်ထဲ အထည့်ခံရဦးမယ်၊ ထောင်ကျ အလုပ်သမားက အကောင်းဆုံး’

မီလာနီက ပေါင်ပေါ်တွင် လက်တင်ကာ လက်ချောင်းကလေးများကို ချိုးနေသည်။ အက်ရှလေက စိတ်ညစ်နေဟန်

ရှိသည့်တိုင် အလျှော့မပေး။ အတန်ကြာ စကား မပြောဘဲ တိတ်ဆိတ်နေသည်။ ထို့နောက် ရက် ဘတ်တလာကို လှမ်းကြည့်၏။ ရက် ဘတ်တလာ၏ အကြည့်တွင် အားကိုးရာ ရသည့်နှယ်။ ဤသည်ကို စကားလက်ကလည်း သတိပြုမိလိုက်သည်။

‘အစ်ကို ထောင်ကျတွေနှင့် အလုပ် မလုပ်ချင်ဘူး စကားလက်’



အက်ရှလေက ပြောသည်။



‘ရှင်’ စကားလက် အသက်ပင် မရှူနိုင်။ ‘ဘာဖြစ်လို့ မလုပ်ချင်ရတာလဲ၊ စကားလက်ကို ဝိုင်းပြောခဲ့ကြသလို

အစ်ကို့ကိုလည်း လူတွေက ဝိုင်းပြီး ပြောကြမှာစိုးလို့လား’

အက်ရှလေက မော့ကြည့်၏။



‘အစ်ကို မှန်တယ်လို့ ထင်ရင် လူတွ ဘာပြောပြော အစ်ကို ဂရုမစိုက်ပါဘူး၊ ထောင်ကျတွေကို အလုပ် လုပ်ခိုင်းတာဟာ

မှန်တယ်လို့ ဘယ်တုန်းကမှ အစ်ကို မထင်ခဲ့ဘူး’

‘ဒါဖြင့် ဘာဖြစ်လို့’



‘ဒုက္ခရောက်နေတဲ့ လူတွေကို အတင်း အဓမ္မခိုင်းပြီး အစ်ကို ပိုက်ဆံ မရှာချင်ဘူး စကားလက်’



‘အစ်ကို ငွေဝယ် ကျွန်တွေကို ပိုင်ခဲ့ဖူးတယ် မဟုတ်လား’



‘သူတို့က ဒုက္ခ မရောက်ပါဘူး၊ ပြီးတော့ ပြည်တွင်းစစ် ဖြစ်ဖြစ် မဖြစ်ဖြစ် ဖေဖေ ဆုံးရင် သူတို့ကို ငွေဝယ်ကျွန်အဖြစ်က

လွှတ်ဖို့ အစ်ကို စီစဉ်ပြီးသားပဲ၊ ထောင်ကျကို အလုပ် လုပ်ခိုင်းတာက အဲဒါနှင့် မတူဘူး စကားလက်၊ ထောင်ကျကို အလုပ် လုပ်ခိုင်းတဲ့ စနစ်ဟာ မတရားမှုတွေကို ဖြစ်ပေါ်စေတယ်၊ စကာလက်ကတော့ ဒါကို သိချင်မှ သိမယ်၊ ဒါပေမယ့် အစ်ကို သိတယ်၊ ဂျွန်နီ လက်ချက်နှင့် သေခဲ့ရတဲ့ အလုပ်သမားဟာ တစ်ယောက် မကတော့ဘူး၊ အစ်ကိုကောင်းကောင်း သိတယ်၊ ဒါပေမယ့် ထောင်ကျ ရာဇဝတ်ကောင် သေသွားတော့ ဘယ်သူကမှ အရေး မယူဘူး၊ ဘယ်သူကမှလည်း မသနားဘူး၊ ဘယ်သူကမှလည်း ဂရုမစိုက်ဘူး၊ ထွက်ပြေးဖို့ ကြိုးစားလို့ သတ်ပစ်လိုက်ရတယ်ပေါ့၊ လွယ်လွယ်ကလေးပဲ၊ ဒါပေမယ့် တကယ်က ဒီလို မဟုတ်ဘူး၊ အလုပ် မလုပ်နိုင်အောင် မကျန်းမမာ ဖြစ်နေတဲ့ လူတွေကိုလည်း အတင်း ခိုင်းတာပဲ၊ အစ်ကို့ကို အယူသီးတယ်လို့ ပြောချင် ပြောပါ၊ မျက်ရည်ပေါက် ကြီးငယ်ကျပြီးမှ ရတဲ့ ပိုက်ဆံကို အစ်ကို မလိုချင်ဘူး၊ သူတစ်ပါး ဆင်းရဲဒုက္ခကို အရင်းတည်ပြီး ရတဲ့ ပိုက်ဆံဟာ ပျော်ရွှင်မှုကို မပေးနိုင်ပါဘူး’

‘ကြံကြီးစည်ရာ

အစ်ကိုရယ်၊

ဘာလဲ၊

အစ်ကိုက

မွန်မြတ်

သန့်ရှင်းတယ်

ဆိုတာမျိုးကို

ပြောနေတာလား၊

မတရားနည်းနှင့်ရတဲ့ ပိုက်ဆံဟာ ဓမ္မိယလဒ္ဓ မဖြစ်ဘူးလို့ ဆရာတော် ဝေါလေ့ အာပေါက်အောင် ဟောတာတွေကို အစ်ကို တစ်လုံးမကျန် လိုက်နာတယ်ပေါ့’

495



‘အထူး လိုက်နာစရာ မလိုပါဘူး၊ ဆရာတော် မပြောခင်ကတည်းက အစ်ကို ယုံကြည်ပြီးသားပါ’



‘ဒါဖြင့် စကားလက် ရထားတဲ့ ပိုက်ဆံတွေဟာ မတော် မတရားနည်းနှင့် ရထားတာလို့ အစ်ကို ဆိုချင်သပေါ့’ စကားလက်

စိတ်တိုစ ပြုလာသည်။ ‘စကားလက် က ထောင်ကျ အလုပ်သမားကိုလည်း ခိုင်းတယ်၊ အရက်ဆိုင်လည်း ဖွင့်တယ်၊ ဒီတော့-’

စကားလက် မပြောနိုင်။ အက်ရှလေနှင့် မီလာနီတို့က ခပ်အမ်းအမ်း ဖြစ်နေကြ၏။ ရက် ဘတ်တလာက သွားတွေ

အဖွေးသားပေါ်အောင် ပြုံးနေသည်။ သူက ဘာကြောင့် ရယ်ရသနည်းဟု စကားလက် စိတ်ထဲ အခြောက်တိုက် ဒေါပွသည်။ သူ့ကို ဆရာ လိုက်လုပ်နေသည်ဟု ထင်သလော။ အက်ရှလေကလည်း ဤသို့ ထင်နေသလော။ သူတို့နှစ်ယောက်၏ ခေါင်းကို တစ်ဖက်တစ်ချက်စီ ကိုင်ကာ ကွဲသွားအောင် ဆောင့်ပစ်လိုက်ချင်သည်။ စကားလက်က ဒေါသကို ချုပ်၍ ဣနြေ္ဒဆည်သည်။ သို့ရာတွင် ဣနြေ္ဒဆည်၍ မရ။

‘စကားလက်အဖို့တော့ ဒါတွေဟာ ဘာမှ အရေးမကြီးဘူး’



‘အစ်ကိုက စကားလက်ကို ပြစ်တင် ဝေဖန်နေတာ မဟုတ်ပါဘူး၊ အစ်ကိုနှင့် စကားလက် ကြည့်ပုံ မြင်ပုံချင်း မတူတာကို

ပြောပြတာပါ၊ စကားလက်အဖို့ ကောင်းတာဟာ အစ်ကို့အတွက်ကျတော့ ကောင်းချင်မှ ကောင်းမှာပေါ့’

သူနှင့် နှစ်ယောက်တည်း ရှိလိုက်ချင်သည်။ ရက် ဘတ်တလာနှင့် မီလာနီကို ကမ္ဘာ အစွန်းသို့ ရောက်နေစေချင်သည်။

သူတို့ နှစ်ယောက်တည်းသာ ရှိလျှင် ‘အစ်ကို ကြည့်သလို မြင်သလို စကားလက် ကြည့်ချင် မြင်ချင်တယ် အစ်ကိုရေ့၊ အစ်ကို ဘယ်လို ကြည့်သလဲ မြင်သလဲ ဆိုတာ စကားလက် နားလည်အောင် ရှင်းရှင်း ပြောလိုက်စမ်းပါ၊ စကားလက် အစ်ကို့လို လိုက်ပြီး ကြည့်ပါ့မယ်’ ဟု အော်ပြောလိုက်ချင်သည်။

သို့ရာတွင် အနားတွင် မီလာနီ ရှိသည်။ အခြေအနေကို ကြည့်၍ တုန်တုန်ယင်ယင်။ အနားတွင် ရက် ဘတ်တလာ

ရှိသည်။ အေးအေးလူလူ ထိုင်ကာ သူ့ကို သဘောကျသည့်နှယ် ပြုံးလျက်။ ထို့ကြောင့် အနိုင်နိုင် ဣနြေ္ဒဆည်လျက် ဝတ်ကျေတမ်းကျေမျှသာ ပြန်ပြောရသည်။

‘ဒါတော့ အစ်ကို့ အလုပ်ကိစ္စပါလေ၊ ဘယ်လို လုပ်ရမယ်ဆိုတာ စကားလက်နှင့်တော့ မဆိုင်ပါဘူး၊ ဒါပေမယ့် အစ်ကို

ပြောတဲ့ စကားတွေနှင့် အစ်ကိုရဲ့ သဘောထားကိုတော့ စကားလက် နားမလည်ဘူး’

နှစ်ယောက်တည်းဆိုလျှင် ဤ ဝတ်ကျေတမ်းကျေ စကားမျိုးတွေကို မပြောချင်။ ဝတ်ကျေတမ်းကျေ စကားမျိုးကို

ပြောလျှင် အက်ရှလေလည်း စိတ်ကောင်းမည် မဟုတ်။

‘စကားလက် စိတ်မကောင်းအောင် အစ်ကို ပြောမိပြီ ထင်တယ်၊ အစ်ကိုက စိတ်မကောင်းအောင် ပြောတာ

မဟုတ်ပါဘူး၊ အစ်ကို့ကို ခွင့်လွှတ်ပါ၊ တကယ် ပြောတာပါ၊ အစ်ကို ပြောတဲ့ စကားထဲမှာ တခြား ဘယ် အဓိပ္ပာယ်မှ မပါပါဘူး၊ တချို့နည်းနှင့် ရတဲ့ ပိုက်ဆံတွေဟာ ပျော်ရွှင်မှုကို မပေးနိုင်ဘူးလို့ အစ်ကို ယုံတယ်ဆိုတဲ့ အကြောင်းကို ပြောချင်တာပါ’

‘အဲဒါ အစ်ကို မှားနေတာပေါ့’ စကားလက် နောက်ထပ် မချုပ်တည်းနိုင်တော့။ ‘စကားလက်ကို ကြည့်ပါ၊ စကားလက်

ဘယ်လို ပိုက်ဆံ ရှာခဲ့သလဲ၊ အရင်တုန်းက စကားလက် ဘယ်လောက် ဒုက္ခ ရောက်ခဲ့ရသလဲ၊ ဒါကို အစ်ကို သိပါတယ်၊

496

မြိုင်သာယာ ဆောင်းတွင်းတုန်းက စကားလက်တို့မှာ စောင်ခြုံစရာတောင် ကောင်းကောင်းမရှိခဲ့ဘူး၊ ကော်ဇောတွေဖြတ်ပြီး ခြေထောက်ကို ပတ်ခဲ့ကြရတယ်၊ ငတ်မသေရုံတစ်မည် စားခဲ့ကြရတယ်၊ ဝိတ်ကလေးနှင့် ဘိုဘိုတို့ ဘယ်လို ပညာသင်ပေးရမယ် ဆိုတာတောင် စဉ်းစားလို့ မရဘူး၊ ဒါကို အစ်ကို မှတ်မိ-’

‘မှတ်မိပါတယ်’ အက်ရှလေက ရင်မောမောဖြင့် ပြောသည်။ ‘ဒါပေမယ့် အစ်ကို ဒါတွေကို မေ့ပစ်ချင်တယ်’



‘အဲဒီတုန်းက စကားလက်တို့ ပျော်ခဲ့ကြသလား၊ မပျော်ခဲ့ကြဘူး၊ အားလုံး စိတ်ညစ်ခဲ့ရတယ်၊ ခု စကားလက်တို့ကို

ကြည့်၊ အစ်ကို့မှာ အိုးနှင့် အိမ်နှင့်၊ ရှေ့အလားအလာကလည်း ကောင်းတယ်၊ စကားလက် ဆိုရင်လည်း အိမ်ကြီးရခိုင်နှင့်၊ ဒီထက် သစ်လွင်တဲ့ အဝတ်အစား၊ ဒီထက် ကောင်းတဲ့ မြင်းတွေ၊ ရထားတွေ၊ အတ္တလန်တာ တစ်မြို့လုံး ဘယ်မှာ ရှိလို့လဲ၊ စကားလက်တို့ အိမ်မှာလောက် ဘယ်အိမ်မှာ ဟင်းကောင်း ထမင်းကောင်း စားနိုင်သလဲ၊ ဒီထက် သာတဲ့ ဧည့်ခံပွဲကြီးတွေ ဘယ်သူ လုပ်နိုင်သလဲ၊ ခု စကားလက်ရဲ့ သားသမီးတွေ ဆိုရင် သူတို့ လိုချင်တာ အကုန် ရနေပြီ၊ မရ မရှိစေရဘူး၊ ဒါတွေ လုပ်နိုင်အောင် ဒီအခြေအနေ ရောက်အောင် စကားလက် ဘယ်လို ပိုက်ဆံ ရှာခဲ့သလဲ၊ ဒီ ပိုက်ဆံတွေကို သစ်ပင်ပေါ်က ရတာ မဟုတ်ဘူး၊ အစ်ကိုရဲ့၊ ထောင်ကျ အလုပ်သမားတွေကို ခိုင်းနိုင်လို့၊ အရက်ဆိုင်တွေ ဖွင့်လို့၊ အိမ်ခန်းတွေ ငှားစားလို့’

‘ယန်ကီ စစ်သားကို သတ်ခဲ့လို့ ဆိုတာလည်း မမေ့နှင့်နော်’ ရက် ဘတ်တလာက ခပ်တိုးတိုး ဝင်ပြောသည်။ ‘တကယ်က

မင်း စပြီး ကြီးပွားတာ ယန်ကီ စစ်သားကို သတ်ပြီး ကတည်းက ကြီးပွားသွားတာ’

စကားလက်က ရက် ဘတ်တလာဘက်သို့ ဆတ်ခနဲ လှည့်လိုက်သည်။ ပြင်းထန်သည့် စကားလုံးများသည်

ပါးစပ်ဖျားသို့ ရောက်လာကြ၏။

‘ဒီတော့ အဲဒီ ပိုက်ဆံတွေနှင့် မင်း သိပ်ပျော် အလွန်ပျော် ဖြစ်နေတာပေါ့ ဟုတ်လား’



ရက် ဘတ်တလာ၏ အသံက ချိုသည်။ သို့ရာတွင် အဆိပ်ပြင်းသည်။



စကားလက် အရှိန်သတ်လိုက်၏။ ပါးစပ် အဟောင်းသားဖြင့် ကျန်သုံးယောက်ကို တစ်လှည့်စီ ကြည့်မိသည်။

မီလာနီက အနေရ ခက်သဖြင့် ငိုမဲ့မဲ့ ဖြစ်နေပြီ။ အက်ရှလေက စကား တစ်လုံးမျှ မပြော၊ ကုပ်နေသည်။ ရက် ဘတ်တလာက ဆေးပြင်းလိပ်ကို ခဲရင်း ကျေနပ် အားရဟန်ဖြင့် စကားလက်ကို ကြည့်နေသည်။ ‘ဟုတ်တယ်၊ အဲဒီ ပိုက်ဆံတွေနှင့် စကားလက် သိပ်ပျော်နေတယ်’ ဟု စကားလက်က ပြောမည် ပြု၏။

သို့ရာတွင် မပြောနိုင်။

497

၅၈



စကားလက် မကျန်းမမာ ဖြစ်ပြီးသည့် နောက်တွင် ရက် ဘတ်တလာ မူပြောင်းလာသည်ကို စကားလက် သတိ ပြုမိ၏။

ဤသို့ မူပြောင်းလာခြင်းကို သူ သဘောကျသည်လော၊ မကျသည်လော ဟူ၍မူ စကားလက် ဝေခွဲ မရ။ ရက် ဘတ်တလာသည် တည်ငြိမ်လာသည်။ စကား နည်းလာသည်။ တစ်စုံတစ်ရာကို တွေးနေဟန် ရှိ၏။ ညလယ်စာကို အပြင်ထွက် စားလေ့ မရှိတော့။ အိမ်တွင်သာ အစားများသည်။ အစေခံများကို ကြင်နာစွာ ဆက်ဆံသည်။ ဝိတ်ကလေးနှင့် အယ်လာတို့ကို ပို၍ ချစ်ခင် တွယ်တာလာသည်။ ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ သူတို့ လင်မယား ကြားက အတိတ် ပြဿနာများကို ပြန်၍ မကောက်တော့။ အစ ပြန်ဖော်ရန် စကားလက်ကို တိတ်ဆိတ်စွာ ဆွပေးနေ သကဲ့သို့ ဖြစ်နေသည့် တိုင်အောင် စကားလက်ကလည်း မပြော။ ဤသို့ နေခြင်းက ကောင်းသည်ဟု ယူဆကာ ခပ်အေးအေးပင် နေသည်။ သို့ဖြင့် သူတို့ ဘဝသည် အပေါ်ယံအားဖြင့် ချောမွေ့လျက် ရှိ၏။ စကားလက် နာလန်ထစမှ ယခုအချိန်ထိ တစ်လျှောက်လုံး သိမ်သိမ်မွေ့မွေ့ လေးလေးစားစား

ဆက်ဆံနေသည်။

စကားလက်ကို

နာသာခံခက်

ဖြစ်အောင်လည်း

မပြောတော့။

လှောင်ပြောင်

ရယ်မောခြင်းလည်း မပြု။ ယခင် အခါများက ပိဿာလေးဖြင့် ဘေးပစ်သည့်နှယ် ရှိအောင် ပြောခြင်း၊ စကားလက်က ရန်စွယ်နှင့်ငေါငေါ ပြန်ပြောအောင် ဆွတတ်ခြင်းမှာ သူ့ကို အလေးထား၍ ဖြစ်ကြောင်း စကားလက် သဘော ပေါက်လာသည်။ ယခုမူ ဤသို့ မပြောတော့။ ထို့ကြောင့် ရက် ဘတ်တလာသည် သူ လုပ်သမျှကို စိတ်ဝင်စား လေးစားခြင်းမှ ရှိပါသေး၏လောဟု စကားလက် သံသယ ဖြစ်လာသည်။ ရက် ဘတ်တလာသည် သူ့ အပေါ်တွင် ယဉ်ကျေး သိမ်မွေ့ နေသည်။ ဘာသိဘာသာ ဖြစ်နေသည်။ စကားလက် ဤသည်ကို မခံနိုင်ပြန်။ သူ့ကို လှောင်ပြောင်ခြင်း မပြုသည့်တိုင် ရက် ဘတ်တလာ၏ စိတ်ဝင်စားမှု၊ အလေးထားမှုကို ရချင်သည်။ ယခင်က ကတောက် ကဆတ် ဖြစ်ရခြင်း၊ စကား များရခြင်းတို့ကို ပြန်လွမ်းနေသည်။

ရက် ဘတ်တလာသည် စကားလက် အပေါ်တွင် ကြည်ကြည်သာသာ ဖြစ်နေသည်။ သူစိမ်း တစ်ယောက်နှယ် သူ့

မျက်လုံးများသည် စကားလက် နောက်သို့ လိုက်ကြည့်သည့် နည်းတူ ယခု နီလာ၏ နောက်သို့ အမြဲ လိုက်ကြည့်နေသည်။ သူ့ ဘဝ၏ လျင်မြန်သော ရေစီးကို ကျဉ်းမြောင်းသည့် မြောင်းငယ်ကလေး တစ်ခုထဲသို့ လွှဲပေးလိုက်သည့်နှယ် ရှိ၏။ ရက် ဘတ်တလာက သူ့ သမီး နီလာကို ယုယလွန်းသည်။ ရှုဆိတ်လွန်းသည်။ ဤတစ်ဝက်လောက်ကိုမျှ သူ့ကို ယုယလျှင်၊ ရှုဆိတ်လျှင် သူ့ ဘဝသည် အတိုင်းထက် အလွန် ဖြစ်လိမ့်မည်ဟု တစ်ခါတစ်ရံ စကားလက် တွေးမိ၏။ ‘ဗိုလ်ကြီး ဘတ်တလာ သူ့ သမီးကို ချစ်ပုံကတော့ လွန်ပါ့’ ဟု မိတ်ဆွေများက ပြောကြလျှင် စကားလက် ပြုံးပင် မပြုံးနိုင်။ သို့ရာတွင် မပြုံးပြန်လျှင်လည်း လူတွေက တစ်မျိုး ထင်ကြဦးမည်။ သမီးကို မနာလိုရာ ရောက်သည်ဟုလည်း ကိုယ့်ကိုယ်ကိုယ် အထင် မခံနိုင်။ ကိုယ့် အချစ်ဆုံး သမီးလေးကိုပင် မနာလို ဖြစ်ရသလောဟု (မည်သူ မသိသည် ဖြစ်စေ၊ သိသည် ဖြစ်စေ) ကိုယ့် ဘာသာ ကိုယ် အထင် မခံနိုင်။ စကားလက်က သူနှင့် နှီးနွယ်ရာ အသိုင်းအဝိုင်းတွင် သူ့ကို ပထမ ထားစေချင်သည်။ ပထမ နေရာကို လိုချင်သည်။ ယခုမူ ရက် ဘတ်တလာနှင့် နီလာတို့က သူ့ကို ဘေးဖယ်ကာ သူတို့ အချင်းချင်းသာ တစ်ယောက် တစ်ပြန်စီ ပထမ နေရာကို ထားနေကြသည်။

ယခုတလော၌ ရက် ဘတ်တလာသည် တော်တော် ညဥ့်နက်မှ အိမ်ပြန်ရောက်လာတတ်၏။ သို့ရာတွင် အရက်

မူးလာခြင်း မရှိ။ တစ်ခါတစ်ရံတွင် သူ့ အခန်း အနီးမှ ဖြတ်၍ ခပ်တိုးတိုး လေချွန်ကာ အိမ်ရှေ့ ခန်းမဆောင်ဆီသို့

498

ဆင်းသွားတတ်သည်။ တစ်ခါတစ်ရံတွင် ညဥ့်ကြီးသန်းခေါင် ရောက်မှ အိမ်သို့ ပြန်လာတတ်၏။ အပေါင်းအဖော်များ ပါလာတတ်ပြီး ထမင်းစားခန်းထဲတွင် ဘရန်ဒီ ဖန်ချိုင့်ကို အလယ်တွင် ချကာ စကား ကောင်းနေကြသည်။ ယခု သူ ပေါင်းနေသူများက

သူတို့

လက်ထပ်ပြီးခါစ

အရက်

အတူ

သောက်လေ့ရှိသည့်

အပေါင်းအသင်းများ

မဟုတ်ကြ။

ကော်ဇောအိတ်သမားများ၊ တောကြောင် ခေတ်ပျက် သူဌေးများ၊ ရီပါဘလီကန်များသည် ဖိတ်သည့်တိုင် သူတို့ အိမ်သို့ မလာကြတော့။ စကားလက်က ခြေဖျား ထောက်ကာ လှေကားထိပ်မှ နေ၍ သူတို့ စကားများကို နားထောင်သည်။ ရီနီ ပီကာ့ဒ်၊ ဟူးခ်ျ အယ်လဆင်း၊ ဆင်မွန် ညီအစ်ကို၊ အင်ဒီ ဆွန်နယ် စသူတို့၏ အမည်များကို မကြာ ခဏ ကြားရသဖြင့် စကားလက် အံ့သြနေသည်။ အိမ်သို့ လာသူများထဲတွင် ဦးလေး ဟင်နရီနှင့် ဘဘကြီး မယ်ရီဝယ်သာတို့လည်း ပါတတ်၏။ တစ်ခါတွင်မူ ဒေါက်တာမိ၏ အသံကိုပင် ကြားရသဖြင့် စကားလက် ပို၍ အံ့အား သင့်ရသည်။ ဤသူများသည် တစ်ခါက ရက် ဘတ်တလာအား မုန်းခဲ့ကြသူများ မဟုတ်လော။ ကြိုးပေး သတ်ခြင်းသည် ရက် ဘတ်တလာ အတွက် ကောင်းလွန်းသည်ဟု ပြောခဲ့ကြသူများ မဟုတ်လော။

ဤလူစုကို မြင်လျှင် ဖရင့်ကို စကားလက် အမှတ်ရသည်။ ရက် ဘတ်တလာ ညဥ့်နက် သန်းခေါင်ကျမှ ပြန်လာသည့်

ညများတွင်ဆိုလျှင်မူ ကပ္ပလီ ကွက်သစ်ကို ကေသုံးလုံးဂိုဏ်း ဝင်မတိုက်မီက ဖရင့် နောက်ကျ၍ ပြန်လာတတ်သည်ကို စကားလက် ပြေး၍ သတိရ၏။ သူ့ကို လူကောင်း စာရင်းသို့ သွင်းသည် ဆိုလျှင် သူ အလွန် မုန်းသည့် ကေသုံးလုံးဂိုဏ်းသို့ပင် ဝင်မည်။ သို့ရာတွင် ဘုရားသခင်သည် သူ့ စရိုက်များ အတွက် ဤမျှ ကြီးလေးသည့် ပြစ်ဒဏ်ကိုမူ မပေးတန်ရာဟု ရက် ဘတ်တလာက ပြောခဲ့ဖူးသည်။ စကားလက် ထိုစကားများကို အမှတ်ရနေသည်။ ရက် ဘတ်တလာသည် ဖရင့်ကဲ့သို့-။

တစ်ညတွင်မူ ရက် ဘတ်တလာ ခါတိုင်းထက် ညဥ့်နက်၍ အိမ်သို့ ပြန်ရောက်လာ၏။ စကားလက် မအောင့်နိုင်တော့။

တံခါးတွင် သော့ဖွင့်သံ ကြားသည်၌ ဝတ်စုံကို ကပိုကရို ရစ်ပတ်ကာ လက်ဆွဲ ဓာတ်မီး ထွန်းထားသည့် အပေါ်ထပ်ခန်းသို့ ထွက်လာ၏။ လှေကားထိပ်တွင် ရက် ဘတ်တလာနှင့် တွေ့သည်။ ရက် ဘတ်တလာ၏ အမူအရာက တစ်စုံတစ်ရာကို အလေးအနက် စဉ်းစားလာသည့် အမူအရာ။ လှေကားထိပ်တွင် ရပ်နေသည့် စကားလက်ကို တွေ့သည်တွင် အံ့အားသင့်လျက် ရှိ၏။

‘မောင်၊ မောင် ဟို ဟို ကေသုံးလုံး ဂိုဏ်းထဲများ ပါနေသလား ဟင်၊ ဒါကြောင့် အိမ်ပြန် ညဥ့်နက်နေတာလား ဟင်၊

စကားလက်ကိုလည်း အသိ ပေးပါဦး’

ထိန်နေသည့် လက်ဆွဲ ဓာတ်မီးရောင်တွင် စကားလက် မျက်နှာကို အတန်ကြာ ငေးကြည့်နေ၏။ ထို့နောက်

ပြုံးလိုက်သည်။

‘စကားလက်က အမြဲတမ်း ခေတ်နောက်ကျ နေတာကိုး’ သူက ပြောသည်။ ‘အတ္တလန်တာမှာ ကေသုံးလုံးဂိုဏ်း

မရှိတော့ဘူးလေ၊ ဂျော်ဂျီယာ ပြည်နယ် တစ်ခုလုံးမှာလည်း မရှိတော့ဘူး ပြောပါတော့၊ မင်းက မင်း မိတ်ဆွေ ကော်ဇောအိတ် သမားတွေနှင့် တောကြောင် ခေတ်ပျက် သူဌေးတွေကို ကေသုံးလုံး ဂိုဏ်းက ရက်ရက်စက်စက် လိုက်သတ်နေတယ် ဆိုတဲ့ သတင်းတွေကိုချည်း နားထောင်နေတယ် ထင်တယ်’

‘ဘာရယ်၊ ကေသုံးလုံးဂိုဏ်း မရှိတော့ဘူး ဟုတ်လား၊ စကားလက်ကို ညာပြီး ချော့နေတာလား’

499



‘မင်းကို

ဘယ်တုန်းက

ချော့ခဲ့ဖူးလို့လဲ၊

တကယ်ပါ၊

ကေသုံးလုံးဂိုဏ်း

မရှိတော့ဘူး၊

ကေသုံးလုံးဂိုဏ်းဟာ

ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေတယ်လို့ ကျုပ်တို့ ယူဆတယ်လေ၊ ကေသုံးလုံး ဂိုဏ်းကြောင့် ယန်ကီတွေမှာ ဖိနှိပ်ဖို့ အကြောင်းပြချက် ရနေတယ်၊ ကျုပ်တို့ မိတ်ဆွေကြီး ဘုရင်ခံ ဘူးလော့ အတွက် လံကြုပ် သတင်းတွေ ဖန်တီးဖို့ အခွင့်အရေး ပေးသလို ဖြစ်နေတယ်၊ ဂျော်ဂျီယာပြည်နယ်မှာ ဆူပူ သောင်းကျန်း နေပြီ။ ကေသုံးလုံးဂိုဏ်း သောင်းကျန်းနေပြီလို့ ပြည်ထောင်စု အစိုးရနှင့် ယန်ကီ သတင်းစာတွေ လက်ခံအောင် လုပ်နိုင်မှ သူ အာဏာ တည်မြဲမယ် မဟုတ်လား၊ ဒီတော့ သူ အာဏာ တည်မြဲအောင် ကေသုံးလုံးဂိုဏ်း သောင်းကျန်းနေပြီလို့ လျှောက်ဝါဒဖြန့်တာပေါ့၊ သစ္စာရှိ ရီပါဘလီကန်တွေကို သတ်နေပြီ၊ ကပ္ပလီတွေကို သတ်နေပြီလို့ သတင်း လွှင့်နေတာပေါ့၊ တကယ်ကတော့ တစ်ခုမှ မဟုတ်ဘူး၊ မရှိတဲ့ ပစ်မှတ်ကို ပစ်နေတာ၊ သူ့ဘာသာ သူ သိတာပေါ့၊ မင်း ကျုပ် အတွက် စိုးရိမ်ဖော်ရလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် အတ္တလန်တာမှာ တကယ် လှုပ်ရှားနေတဲ့ ကေသုံးလုံးဂိုဏ်း ရယ်လို့ မရှိတော့ပါဘူး၊ ကျုပ် တောကြောင် ခေတ်ပျက်သူဌေး ဘဝကို စွန့်ပြီး ဒီမိုကရက် တစ်ယောက် ဖြစ်လာကတည်းက ကေသုံးလုံး ဂိုဏ်းရယ်လို့ မရှိတော့ဘူး ဆိုပါတော့’

ဘုရင်ခံ ဘူးလော့နှင့် ပတ်သက်သည့် ရက် ဘတ်တလာ၏ စကားများသည် စကားလက် အဖို့ နားတစ်ဖက်မှ ဝင်၍

အခြား တစ်ဖက်မှ ထွက်သွားကြ၏။ အတ္တလန်တာတွင် ကေသုံးလုံးဂိုဏ်း မရှိတော့ ဟူသည့် စကားသာလျှင် စကားလက် စိတ်တွင် စွဲကျန်ရစ်ခဲ့သည်။ ရက် ဘတ်တလာသည် ဖရင့်ကဲ့သို့ သေဘေးမျိုးကို တွေ့တော့မည် မဟုတ်။ ကုန်တိုက်ကလေးကို လက်လွှတ်လိုက်ရတော့မည် မဟုတ်။ ရှိသည့် စည်းစိမ်ကလေး ဆုံးရတော့မည် မဟုတ်ဟု တွေးမိကာ စကားလက် စိတ်သက်သာရာ ရသွားသည်။ သို့ရာတွင် ‘ကျုပ်တို့’ ဆိုသည့် စကား တစ်လုံးကမူ ဆန်းနေသည်။ ‘ကျုပ်တို့’ ဆိုသည်မှာ ဝံသာနု လက်ဟောင်းကြီးများဟု သူ တစ်ခါက ခေါ်ခဲ့သူများကို ဆိုလိုခြင်း ဖြစ်ကြောင်း စကားလက် နားလည်လိုက်သည်။

‘ကေသုံးလုံးဂိုဏ်း ပျက်သွားတာဟာ မောင်တို့ကြောင့်တော့ မဟုတ်ပါဘူးနော်’



စကားလက်က ရုတ်တရက် မေးလိုက်၏။ ရက် ဘတ်တလာက သူ့ကို အတန်ကြာ စိုက်ကြည့်နေသည်။ သူ့

မျက်လုံးများသည် လှုပ်ရှား ထက်သန်လာကြ၏။

‘ကျုပ် ဖျက်ပစ်ခဲ့တာပေါ့၊ အဓိကကတော့ ကျုပ်နှင့် အက်ရှလေ ဆိုပါတော့’



‘ဘာ၊ အက်ရှလေနှင့် မောင် ဟုတ်လား’



‘ဟုတ်တယ်၊ ကြွားတယ်လို့တော့ ထင်စရာပဲ၊ ဒါပေမယ့် တကယ်ပါ၊ နိုင်ငံရေး ဆိုတာ တော်တော် ဆန်းတယ်၊ မတည့်တဲ့

လူချင်းပေမယ့် တစ်အိပ်ရာတည်း အိပ်တဲ့ လင်မယားလို ရင်းနှီးချင် ရင်းနှီးသွားတာ၊ ကျုပ်နှင့် အက်ရှလေဟာ လင်မယားလို ရင်းနှီးဖို့ မပြောနှင့် တစ်ယောက်နှင့် တစ်ယောက်တောင် သိပ် အခေါ်အပြော လုပ်ကြတာ မဟုတ်ဘူး၊ ဒါပေမယ့် အက်ရှလေဟာ အကြမ်းဖက်မှု အားလုံးကို ဆန့်ကျင်တယ်၊ ဒါကြောင့် ကေသုံးလုံး ဂိုဏ်းကို သူ မယုံကြည်ဘူး၊ ကျုပ်က ကေသုံးလုံး ဂိုဏ်းဟာ မိုက်မဲလွန်းတယ်၊ သူ လုပ်တဲ့ နည်းလမ်းဟာ ကျုပ်တို့ လိုချင်တဲ့ ရည်ရွယ်ချက်နဲ့ တစ်ခြားစီ ဖြစ်နေတယ်လို့ ထင်တယ်၊ ဒါကြောင့် ကျုပ်ကလည်း ကေသုံးလုံး ဂိုဏ်းကို မယုံကြည်ဘူး၊ ကေသုံးလုံးဂိုဏ်း လုပ်နေပုံတွေဟာ ကျုပ်တို့ လည်ပင်းကို ယန်ကီတွေက ကြိုးကွင်း စွပ်ပြီး ကောင်းကင်ဘုံကို ပို့ပေးအောင် လုပ်နေပုံတွေလို့ ကျုပ် ထင်တယ်၊ ည ညမှာ မျက်နှာဖုံး စွပ်ကြီးတွေ တပ်၊ ဝတ်ရုံဖြူကြီးတွေ ဝတ်၊ လက်ဝါးကပ်တိုင်တွေ ကိုင်ပြီး လျှောက်ရမ်းနေတာထက် စဉ်းစားတတ်တဲ့၊ စိတ်ရှည်တဲ့၊ အလုပ် လုပ်တဲ့

500

ခေါင်းတွေက ပိုပြီး ခရီး ရောက်တယ်လို့ ကျုပ်နှင့် အက်ရှလေတို့ နှစ်ယောက်လုံးက ယူဆကြတယ်’

‘ဒါဖြင့် ကေသုံးလုံး ဂိုဏ်းဝင်တွေက မောင့်အကြံဉာဏ်တွေကို လက်ခံတယ်ပေါ့၊ မောင့်လို-’



‘မောင့်လို မှောင်ခိုသမား၊ မောင့်လို တောကြောင်၊ မောင့်လို ယန်ကီ နောက်လိုက်လို့ မင်း ပြောချင်တာ မဟုတ်လား၊

ကျုပ်ဟာ ခု ဒီမိုကရက် တစ်ယောက် ဖြစ်နေပြီ မစ္စက် ရက် ဘတ်တလာ၊ ကျုပ်တို့ ချစ်တဲ့ ပြည်နယ်ကြီးကို ကျူးကျော် ဖျက်ဆီးသူတွေဆီက ပြန်ယူတဲ့ နေရာမှာ နောက်ဆုံး သွေးတစ်စက် ကျန်သည် အထိ ဦးလည်မသုန် တိုက်မယ့် လူ တစ်ယောက် ဖြစ်နေပြီ၊ ဒါကို မစ္စက် ရက် ဘတ်တလာ မေ့သွားပြီ ထင်တယ်၊ ကျုပ် ပေးတဲ့ အကြံဉာဏ်ဟာ ကောင်းတဲ့ အကြံဉာဏ်၊ ကောင်းတဲ့ အကြံဉာဏ်ကို သူတို့ ဘာဖြစ်လို့ မယူရမှာလဲ၊ ဒီပြင် နိုင်ငံရေး ပြဿနာတွေမှာလည်း ကျုပ် အကြံဉာဏ်ဟာ ဒီလောက် မဆိုးပါဘူး၊ ခု ဥပဒေပြု လွှတ်တော်ထဲမှာ ဒီမိုကရက် အမတ်က အများစု ရနေပြီ မဟုတ်လား၊ မင်း စောင့်ကြည့်ပါ၊ ကျုပ်တို့ရဲ့ မိတ်ဆွေဟောင်း ရီပါဘလီကန်ကြီးတွေ အားလုံးဟာ သံတိုင် နောက်ကို ရောက်ကုန်ကြမှာပါ၊ ဒီလူတွေ လုပ်ပုံက လောဘ ကြီးလွန်းတယ်၊ ဗြောင်ကျလွန်းတယ်’

‘မောင်က သူတို့ကို ထောင်ထဲ ထည့်မယ် ဟုတ်လား၊ မောင့် မိတ်ဆွေတွေပဲ မဟုတ်လား၊ မီးရထားလမ်း ဖောက်ဖို့

ကန်ထရိုက် ရအောာင် မောင့်ကို လုပ်ပေးတာ ဒီလူတွေပဲ မဟုတ်ဘူးလား၊ အဲဒီက အမြတ်တွေ ထောင်သောင်းချီပြီး ရခဲ့တယ် မဟုတ်လား’

ရက် ဘတ်တလာက ရုတ်တရက် ပြုံးလိုက်သည်။ ပြုံးနေကျ လှောင်ပြုံး။



‘ကျုပ် သူတို့ အပေါ်မှာ မကောင်းတဲ့ စိတ် မထားပါဘူး၊ ဒါပေမယ့် ကျုပ်နှင့် သူတို့နှင့် တစ်ဖက်စီ ဖြစ်သွားကြပြီလေ၊

သူတို့ လာခဲ့တဲ့ နေရာဟောင်းကို ပြန်ပို့တဲ့ နေရာမှာ ကျုပ် အကူအညီကို လိုရင် အကူအညီ ပေးရမှာပဲ၊ ဒီလို လုပ်ရင် ကျုပ် အတွက် ဘာ အကျိုးကျေးဇူး ရှိမလဲလို့ မင်းက မေးကောင်း မေးမယ်၊ ဘူးလော့နှင့် ရီပါဘလီကန်တွေ ပေါင်းပြီး ဘယ်လောက် ခြစားတယ် ဆိုတာ ခု ကျုပ်သိရပြီလေ၊ ဒီတော့ ဒီကောင်တွေ ခြစားတာကို ဥပဒေပြု လွှတ်တော်က စုံစမ်းရင် အကုန် ပေါ်တော့မယ်၊ ခုအတိုင်း ဆိုရင်တော့ သိပ်မကြာတော့ပါဘူး၊ နီးပါပြီ၊ မကြာခင်မှာ ဘူးလော့ကို စစ်တော့မယ်၊ ဖြစ်နိုင်ရင် ထောင်ချမှာပဲ၊ မင်း မိတ်ဆွေကြီး ဂျီးလတ်တို့ ဟွန်ဒန်တို့ကိုလည်း အတ္တလန်တာက အမြန်ဆုံး ထွက်သွားပါလို့ ပြောလိုက်ပါ၊ ဘုရင်ခံကို ထောင်ထဲ ဆွဲသွင်းရင် သူတို့ကိုလည်း ဆွဲပြီး ထောင်ထဲ ထည့်မှာပဲ’

မဖြစ်နိုင်။

ရက်

ဘတ်တလာ

ပြောနေပုံက

ပေါ့ပေါ့ကလေး။

ရီပါဘလီကန်များကို

ယန်ကီ

စစ်တပ်ကြီးက

တစ်လျှောက်လုံး ထောက်ခံခဲ့သည် မဟုတ်လော။ ဘုရင်ခံ ဘူးလော့ နောက်တွင် ယန်ကီ စစ်တပ်ကြီး ရှိနေသည်။ ဥပဒေပြု လွှတ်တော်သည် ဘုရင်ခံ ဘူးလော့ကို လက်ဖျားပင် မတို့ရဲ။ ထောင်ထဲသို့ ဆွဲသွင်းဖို့ ဆိုသည်မှာ ဝေလာဝေး။

‘ပြောပါဦး၊ ဒီတော့’



‘အကယ်၍ ထောင်မကျရင်လည်း ဘူးလော့ဟာ နောက်တစ်ခါ ဘုရင်ခံ ရွေးကောက်ပွဲမှာ နိုင်မှာ မဟုတ်တော့ဘူး၊

နောက်တစ်ခါကျရင် ဒီမိုကရက် ဘုရင်ခံ တစ်ယောက်ကို မဲပေးရမယ်၊ အပြောင်းအလဲပေါ့လေ’

‘ဒါဖြင့် ဒါတွေက မောင်နှင့် ဘယ်လို ပတ်သက်နေသလဲ၊ ဆိုင်လို့လား’

501



‘ဆိုင်တာပေါ့၊ သိပ်ဆိုင်တာပေါ့၊ ဒါကြောင့် ကျုပ် ည ညမှာ အိမ်ပြန် မိုးချုပ်နေတာပေါ့၊ ပင်ပန်းလိုက်တာ

မပြောပါနှင့်တော့၊ အနောက်ပိုင်း နယ်တွေကို ရွှေတွင်း သွားတူးတုန်းကထက်တောင် ပင်ပန်းသေးတယ်၊ ခု ရွေးကောက်ပွဲ ပြင်ဆင်ရေး အတွက် ရန်ပုံငွေ တော်တော် များများ ထည့်ပြီးပြီ၊ ပြည်နယ် အစိုးရ ရွှေတွေကို ဝှက်ထားတာဟာ မရိုးသားရာ ရောက်တယ်၊ ခိုးတာနှင့် အတူတူပဲလို့ မင်း ကျုပ်ကို တစ်ခါက ပြောဖူးတယ် မဟုတ်လား၊ ဖရင့်ရဲ့ ကုန်တိုက်ထဲမှာ ပြောတာလေ၊ ခု မင်းနှင့် ကျုပ် သဘော တူသွားပါပြီ၊ ပြည်နယ် အစိုးရ ရွှေတွေကို ပြည်နယ်ဘက်သားတွေ အာဏာရရေး အတွက် ကျုပ် အကုန် သုံးပစ်လိုက်တော့မယ်’

‘ဒါကတော့ ကြွက်တွင်းထဲ ငွေတွေ အရည်ဖျော် လောင်းတာနှင့် အတူတူ နေမှာပေါ့’



‘ဘာ၊ ဒီမိုကရက် ပါတီကို ကြွက်တွင်းလို့ ခေါ်တယ် ဟုတ်လား’ ရက် ဘတ်တလာ၏ မျက်လုံးများက သူ့ကို

လှောင်နေသည်။ ထို့နောက် ငြိမ်၍ ငေးနေ၏။ ‘ဒီ ရွေးကောက်ပွဲမှာ ဘယ်သူပဲ နိုင်နိုင် ကျုပ်အဖို့တော့ အရေးမကြီးပါဘူးကွယ်၊ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေ နိုင်အောင် ကျုပ် ဘယ်လောက် အလုပ် လုပ်ခဲ့တယ်၊ ရန်ပုံငွေ ဘယ်လောက် ထည့်ခဲ့တယ် ဆိုတာကသာ အရေးကြီတာပါ၊ ကျုပ် ဒီလို လုပ်ခဲ့တဲ့ အတွက် နောင် ကျုပ် သေတဲ့ အခါ သမီးလေး နီလာ မျက်နှာ ပွင့်တာပေါ့’

‘စောစောက မောင် ပြောတဲ့ စကားတွေကတော့ ဖြူးလို့၊ သိပ်နားထောင် ကောင်းတာပဲ၊ ရုတ်တရက် ကြည့်လိုက်ရင်

စိတ်များ ပြောင်းသွားပြီလားလို့ စကားလက်တောင် ထိတ်သွားတယ်၊ ဒါပေမယ့် နောက်ဆုံး ကျတော့ ဘာထူးသလဲ၊ အများ အတွက် လုပ်တာမှ မဟုတ်ဘဲ၊ ကိုယ့်သမီး လူပုံ အလယ်မှာ မျက်နှာပွင့်အောင် လုပ်တာပဲ၊ မောင် ဘယ်မှာ ရိုးသားမှု ရှိတော့လို့လဲ‘

‘စိတ်ပြောင်းသွားတာတော့ မဟုတ်ပါဘူး၊ အရေလဲသွားတဲ့ သဘောလောက်ပါ၊ ကျားသစ် တစ်ကောင်ရဲ့ အရေပေါ်က

အကွက်တွေကို ပွတ်တိုက်ပစ်လို့ ပျောက်ချင် ပျောက်မယ်၊ ဒါပေမယ့် စိတ်ကတော့ ကျားသစ်ဟာ ကျားသစ်ပါပဲ’

အိမ်ရှေ့ခန်းမှ စကားပြောသံ ကြားသဖြင့် နီလာလေး၏ တကြော်ကြော် အော်နေသံကို ကြားရ၏။ ‘ဖေကြီး’ ဟု ခေါ်သံ

ကြားသည်နှင့် ရက် ဘတ်တလာက အခန်းဘက်သို့ လှည့်လိုက်သည်။

‘ခဏလေး နေပါဦး မောင်၊ မောင့်ကို ပြောချင်တာ တစ်ခု ရှိသေးတယ်၊ ညဘက် နိုင်ငံရေး ဆွေးနွေးပွဲတွေကို သွားရင်

သမီးကို ခေါ်မသွားစေချင်ဘူး၊ ကြည့်လို့လည်း မကောင်းဘူး၊ ဒီလို နေရာမျိုးကို ကလေးမလေးကို ခေါ်သွားတယ် ဆိုတော့ ကောင်းလည်း မကောင်းဘူး၊ အစက ခေါ်သွားမှန်း မသိဘူး၊ ဦးလေး ဟင်နရီ ပြောမှ သိတယ်၊ သူကတော့ စကားလက် သိပြီးသား ထင်လို့ ပြောတာပါ၊ ပြီးတော့’

ရက် ဘတ်တလာက သူ့ဘက်သို့ ချာခနဲ လှည့်လိုက်၏။ သူ့ မျက်နှာက တင်းမာနေသည်။



‘ကျုပ် စကား ပြောနေတုန်း ကျုပ် ပေါင်ပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေတာပါကွယ်၊ ဒါ ဘာဖြစ်သလဲ၊ မင်း အနေနှင့်တော့

ကြည့်မကောင်းဘူး၊ ဒီလောက် သားသမီးရူး ရူးရမလားလို့ ထင်ကောင်း ထင်မှာပဲ၊ ဒါပေမယ့် ကျုပ်ကတော့ ဒီလို မမြင်ဘူး၊ ဒီပြည်နယ် ကနေပြီး ရီပါဘလီကန်တွေကို မောင်းထုတ်ဖို့ ကျုပ် တတ်အားသမျှ ကူညီတဲ့ နေရာမှာ နီလာလေးလည်း ကျုပ်နှင့် အတူ ပါတယ်လို့ လူတွေက နောင်မှာ ပြောစမှတ် ပြုစေချင်တယ်’ တင်းမာနေသည့် လက္ခဏာသည် သူ့ မျက်နှာပေါ်မှ

502

ပျောက်သွား၏။ လှောင်ပြောင်သည့် သဘော ပေါ်လာသည်။ ‘မင်းနှင့် ကျုပ် ဘယ်သူ့ကို ပိုချစ်သလဲလို့ လူတွေက မေးရင် သူ ဘယ်လို ဖြေတယ်လို့ ထင်သလဲ၊ ဖေဖေနှင့် ဒီမိုကရက်တွေကို ချစ်တယ်လို့ ဖြေတယ်၊ သိရဲ့လား၊ ဘယ်သူ့ အမုန်းဆုံးလဲ မေးရင် ခေတ်ပျက် သူဌေး တောကြောင်တွေလို့ ဖြေတယ်၊ လူတွေဟာ ဒါမျိုးကို သတိရတတ်ကြတယ် စကားလက်’

‘ဒီတော့ မောင်ကလည်း သမီးမေမေဟာ ခေတ်ပျက် သူဌေး တောကြောင်လို့ ပြောမှာပေါ့ ဟုတ်လား’



စကားလက်၏ အသံက ကျယ်သွားသည်။



‘ဖေကြီး လာ’



အသံ

သေးသေးကလေးက

စိတ်မရှည်နိုင်ဟန်

အော်သည်။

ရက်

ဘတ်တလာက

ရယ်ရင်း

နီလာဆီသို့

လျှောက်သွားသည်။

ထိုနှစ် အောက်တိုဘာလ၌ ဘုရင်ခံ ဘူးလော့ ရာထူးမှ နုတ်ထွက်ပြီး ဂျော်ဂျီယာမှ ထွက်ပြေးသွားသည်။ ပြည်သူ့

ငွေများကို အလွဲသုံးစား လုပ်မှု၊ ခြစားမှု၊ ဖြုန်းတီးမှု တို့သည် ၎င်း၏ အုပ်စိုးမှု အောက်တွင် မကြုံဖူးအောင် များလာ၏။ သို့ဖြင့် အဆောက်အအုံကြီးသည် သူ့ အလေးဒဏ်ဖြင့် သူ ဦးစောက် ကျွမ်းပြန် ပြိုကျ သွားသည်။ သူ့ ပါတီလည်း နှစ်ခြမ်း ကွဲသွားသည်။ ပြည်သူလူထု၏ အမျက်ဒေါသသည် အုံကြွ ထလာသည်။ ယခု အချိန်တွင် ဥပဒေပြု လွှတ်တော်ထဲ၌ ဒီမိုကရက် ပါတီက အများစု ရနေသည်။ ဤတွင် ဘုရင်ခံ ဘူးလော့အဖို့ နောက်ဆုံး အဆင့်သာ ကျန်တော့သည်။ သူ့ကို လွှတ်တော်က စုံစမ်း စစ်ဆေးတော့မည်။ ဘူးလော့ ထိုအချိန် အထိ မစောင့်တော့။ တိတ်တဆိတ် စခန်း ပြောင်းသွားသည်။ မြောက်ပိုင်း လုံခြုံရာသို့ ရောက်သည့် အချိန်ကျမှ သူ့ နုတ်ထွက်လွှာကို ပြည်သူသို့ ကြေညာရန် အစီအစဉ် လုပ်ပစ်ခဲ့သည်။

သူ ထွက်ပြေးပြီး တစ်ပတ် အကြာတွင် သူ နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။ အတ္တလန်တာ တစ်မြို့လုံး

အကြီးအကျယ် ပျော်နေသည်။ လမ်းမများပေါ်တွင် လူတွေ စုဝေးကာ ရယ်မောကြသည်။ တစ်ယောက်ကို တစ်ယောက် လက်ဆွဲ နှုတ်ဆက်ကြသည်။ အမျိုးသမီးများက တစ်ဦးကို တစ်ဦး နမ်းရှုပ် ကြသည်။ အိမ်တိုင်း အိမ်တိုင်း ဝမ်းသာသည့် အထိမ်းအမှတ် အဖြစ် ဧည့်ခံပွဲတွေ ကျင်းပကြသည်။ ကလေး သူငယ်များက မီးပုံပွဲများ ကျင်းပကြသည်တွင် မီးလောင်မှုများ အနှံ့အပြား ဖြစ်ပွားသဖြင့် မီးသတ်ဌာန တစ်ခုလုံး အလုပ်များရသည်။

လွတ်ပြီ။ ကျွတ်ပြီ။ တောကြီး မျက်မည်းထဲမှ လွတ်ပြီ။ ယန်ကီတို့၏ ပြန်လည် ထူထောင်ရေး ခေတ်ကြီး ကုန်ပြီ။ ခေတ္တ

ဘုရင်ခံမှာ ရီပါဘလီကန် တစ်ဦး ဖြစ်သည့်တိုင် ဒီဇင်ဘာလထဲတွင် ရွေးကောက်ပွဲ အသစ် ကျင်းပတော့မည်။ ထိုအခါကျလျှင် ရီပါဘလီကန်တွေ အရွေး ခံရတော့မည် မဟုတ်သည်မှာ သေချာနေပြီ။ သို့ဖြင့် ရွေးကောက်ပွဲ ကျင်းပသည့် အခါတွင် ရီပါဘလီကန်များ အသေအလဲ ကြိုးစားကြသည့်တိုင် အရေးနိမ့်သွားကြသည်။ ဂျော်ဂျီယာ ပြည်နယ်တွင် ဒီမိုကရက် ဘုရင်ခံ တစ်ဦး ပြန်တက်လာပြီ။

ထိုအခါတွင်လည်း ပျော်ကြသည်။ ဝမ်းသာကြသည်။ သို့ရာတွင် ဘူးလော့ ထွက်ပြေးစဉ်က ပျော်ပုံမျိုး မဟုတ်။ ပို၍

တည်ငြိမ် လေးနက်သည့် ပျော်ရွှင်မှုမျိုး၊ လှိုက်လှဲသည့် ပျော်ရွှင်မှုမျိုး၊ ကျေးဇူးတင် ဝမ်းသာသည့် ပျော်ရွှင်မှုမျိုး ဖြစ်သည်။ ပြည်နယ်ကို ကူညီ မှိုင်းမသည့် အတွက် သုဓမ္မာ ဇရပ်များတွင် ဘုန်းကြီးများ ပင့်၍ ကျေးဇူးတော် ချီးမွမ်း ပူဇော်ပွဲများ

503

ကျင်းပကြသည်။ ပျော်ရွှင် ဝမ်းမြောက်ရုံမျှမက ဂုဏ်လည်း ယူကြသည်။ ဝါရှင်တန်က အုပ်စိုးနေသည့်တိုင်၊ ယန်ကီ စစ်တပ်ကြီး ရှိသည့်တိုင်၊ ကော်ဇောအိတ်သမားများ၊ တောကြောင် ခေတ်ပျက် သူဌေးများ ရှိသည့်တိုင်၊ တိုင်းခြားသား ရီပါဘလီကန်များ ရှိသည့်တိုင် ဂျော်ဂျီယာ ပြည်နယ် ကိုယ့် အမျိုးသားများ၏ လက်ထဲသို့ ပြန်ရောက်သဖြင့် ဂုဏ်ယူကြသည်။

ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်က ဂျော်ဂျီယာ ပြည်နယ်ကို အသိမ်းပိုက်ခံ ပြည်နယ် အဖြစ် ဆက်လက်

ထားရန် ဖိနှိပ်ရေး ဥပဒေများကို ခုနစ်ကြိမ် ခုနစ်လီ ပြဋ္ဌာန်းခဲ့သည်။ ယန်ကီ စစ်တပ်က မြို့ပြ ဥပဒေ များကို သုံးကြိမ် သုံးခါ ရုပ်သိမ်းကာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ပြည်နယ် ဥပဒေပြု လွှတ်တော်တွင် ကပ္ပလီများ အူမြူး ချိုကြွခဲ့ကြသည်။ အခြား ပြည်နယ်သားများ လာ၍ ထင်တိုင်း အုပ်စိုးခဲ့ကြသည်။ ပြည်သူပိုင် ပစ္စည်းများဖြင့် ချမ်းသာ သွားကြသည်။ ဂျော်ဂျီယာသည် အားကိုးရာမဲ့ ဖြစ်ခဲ့ရသည်။ ဒုက္ခ ရောက်ခဲ့ရသည်။ နိုင့်ထက်စီးနင်း အလုပ်ခံခဲ့ရသည်။ ပြားပြား ဝပ်နေအောင် ဖိနှိပ်ခံခဲ့ရသည်။ သို့တိုင်အောင် ဂျော်ဂျီယာ ပြည်နယ်သည် ပြည်နယ် လူထု၏ ကြိုးပမ်း အားထုတ်မှုဖြင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရခဲ့ပြီ။

ဂျော်ဂျီယာတွင် ရီပါဘလီကန်တို့ ရုတ်တရက် ပြုတ်ကျသွားသည့် အတွက် မပျော်နိုင်သူများလည်း အများအပြား

ရှိသည်။ တောကြောင် ခေတ်ပျက် သူဌေးများ၊ ကော်ဇောအိတ်သမားများ၊ ရီပါဘလီကန် နောက်လိုက်များသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လျက်ရှိကြ၏။

ဘုရင်ခံ ဘူးလော့ နုတ်ထွက်ကြောင်း တရားဝင် ကြေညာခြင်း မပြုမီ ကတည်းက အခြေအနေကို ရိပ်မိသည့် ဂျီးလတ်တို့

တစ်သိုက်၊ ဟွန်ဒန်တို့ တစ်သိုက်သည် အတ္တလန်တာမှ ရုတ်တရက် ထွက်ခွာ သွားကြကာ သူတို့ လာရာ အညတရ ဘဝသို့ ပြန်ရောက်သွားကြ၏။

ကျန်ရစ်ခဲ့သည့် ကော်ဇောအိတ်သမားများနှင့် တောကြောင် ခေတ်ပျက် သူဌေးများသည် ကြံရာမရ ဖြစ်လျက်

ရှိကြသည်။ ကြောက်လန့်လျက် ရှိကြသည်။ စုစု စုစုဖြင့် အချင်းချင်း တိုင်ပင် နှီးနှောကြသည်။ ဥပဒေပြု လွှတ်တော်က မိမိတို့၏ ပစ္စည်းများကို စစ်ဆေး စုံစမ်းလျှင် မည်သို့ ဖြစ်မည်နည်းဟု တွေး၍ အထိတ်တလန့် ဖြစ်နေကြသည်။ ယခင်ကလို မောက်မာခြင်း မရှိတော့။ ထိတ်လန့် ကြောက်ရွံ့ကာ ဆောက်တည်ရာ မရ ဖြစ်နေကြသည်။

အမျိုးသမီးများက စကားလက်ထံ ရောက်လာကာ တိုင်ပင်ကြသည်။ အကြံ တောင်းကြသည်။ ရင်ဖွင့်ကြသည်။



‘ဒီလို အခြေအနေ ရုတ်တရက် ပြောင်းသွားလိမ့်မယ်လို့ ဘယ်သူ ထင်မလဲ၊ ဘုရင်ခံက သိပ်ပြီး အာဏာရှိတယ်လို့ပဲ

ထင်တာပေါ့၊ ဒီမှာ ဆက်ပြီး နေလိမ့်မယ်လို့ပဲ ထင်တာပေါ့၊ ဒီမှာ ဆက်ပြီး-’

အခြေအနေ ပြောင်းသွားသည့် အတွက် စကားလက်လည်း ကြံရာမရ ဖြစ်လျက်ရှိ၏။ အပြောင်းအလဲ ဖြစ်မည်ကို

ရက် ဘတ်တလာက ကြိုတင် သတိပေးခဲ့သည့်တိုင် ဤမျှလောက် မြန်ဆန်လိမ့်မည် မထင်။ ဘုရင်ခံ ဘူးလော့ ထွက်ပြေးပြီး ဒီမိုကရက်များ အာဏာ ရလာခြင်းကြောင့် စကားလက် ဝမ်းနည်းခြင်း မဟုတ်။ ယန်ကီ အုပ်စိုးမှု ပြိုလဲသွားသည်ကို စကားလက် ဝမ်းသာသည်။

ဤသည်ကို အခြားသူများက ယုံချင်မှ ယုံကြမည်။ ပြန်လည် ထူထောင်ရေး ခေတ်ဦးတုန်းက သူ ရုန်းကန်ခဲ့ရပုံ၊

ယန်ကီများနှင့် ကော်ဇောအိတ်သမားများက သူ့ပစ္စည်းတွေကို သိမ်းမည်လောဟု ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပုံတို့ကို စကားလက်

504

ကောင်းကောင်း အမှတ်ရ၏။ အားကိုးရာမဲ့ ဖြစ်ခဲ့ရပုံ၊ အားကိုးရာမဲ့ ဖြစ်သဖြင့် ဆောက်တည်ရာမရ ဖြစ်ခဲ့ရပုံ၊ တောင်ပိုင်းသို့ ကြောက်ဖွယ် စနစ်ကြီး တစ်ရပ် တင်သွင်းလာသဖြင့် ယန်ကီတို့အား မုန်းခဲ့ရပုံတို့ကို စကားလက် အမှတ်ရသည်။

ယန်ကီတို့ကို စကားလက် ယခင်ကလည်း မုန်းသည်။ သို့ရာတွင် သူ့ဘဝ လုံခြုံမှု ရရန်၊ သူ့ စီးပွားရေး အခြေအနေ

အကောင်းဆုံး ဖြစ်ရန် အတွက် စကားလက် ယန်ကီတို့နှင့် ပေါင်းခဲ့သည်။ သူတို့ကို မည်မျှ မုန်းသည် ဖြစ်စေ သူတို့နှင့် ရောခဲ့သည်။ မိတ်ဟောင်း ဆွေဟောင်းများနှင့် အဆက် ဖြတ်ခဲ့သည်။ ယခင်က အနေအထိုင်မျိုးကို ပြောင်းခဲ့သည်။

ယခု ယန်ကီတို့၏ အာဏာသည် နိဂုံးသို့ ရောက်ပြီ။ ဘူးလော့ အစိုးရ တည်မြဲလိမ့်မည်ဟု အထင်တကြီးဖြင့်

ပုံအောခဲ့သည်။ လောင်းခဲ့သည်။ ယခု သူ ရှုံးခဲ့ပြီ။

ဂျော်ဂျီယာ ပြည်နယ်တွင် ဆယ်နှစ် အတွင်း ပျော်စရာ အကောင်းဆုံး ဖြစ်သည့် ၁၈၇၁ ခု၊ နာတာလူး ပွဲတော်၌

သူ့ကိုယ်သူ စကားလက် ပြန်ကြည့်လိုက်သည့် အခါတွင် စကားလက်၏ စိတ်သည် ဗလောင် ဆူလျက် ရှိ၏။ အတ္တလန်တာတွင် လူတကာ အမုန်းခံရသည့် ရက် ဘတ်တလာသည် ယခု အချိန်တွင် ‘ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်’ ဖြစ်နေသည်။

ရက် ဘတ်တလာသည် သူ၏ ရီပါဘလီကန် အစွဲကို ရိုးသားစွာ စွန့်လွှတ်ခဲ့ပြီ။



ဂျော်ဂျီယာ ပြည်နယ် လွတ်လပ်ရေး အတွက် သူ့စည်းစိမ်၊ သူ့ အတွေး၊ သူ့ လုပ်အား၊ သူ့ အချိန်ကို ပေးလှူခဲ့ပြီ။



လမ်းတွင် ရက် ဘတ်တလာက နီလာလေးကို ရှေ့က တင်လျက် ဆလံတသသ အပြုံး တဝေဝေဖြင့် မြင်းစီးလာပြီ

ဆိုလျှင် အားလုံးက ပြန်ပြုံး ကြသည်။ အားတက်သရော စကား ပြောကြသည်။ နီလာလေးကို ချစ်ချစ်ခင်ခင် ကြည့်ကြသည်။

သို့ရာတွင် မိမိ စကားလက်ကို တွေ့လျှင်မူ-။



505

၅၉



နီလာလေးက အလွန်ဆိုးသည်။ ထို့ကြောင့် သူ့ကို ခပ်တင်းတင်းကလေး အုပ်ထိန်းသင့်သည်ဟု လူတိုင်းက

သဘောထားကြသည်။ သို့ရာတွင် လူတိုင်းက သူ့ကို ချစ်ကြသဖြင့် သူ့ကို မည်သူကမျှ ခပ်တင်းတင်း ကွပ်ညှပ်ခြင်း မပြုရက်ကြ။ သူ့ အဖေနှင့် ပထမဆုံး ခရီးတစ်ခေါက်ထွက်ပြီးကတည်းက နောက်တွင် နီလာသည် ပထမဆုံး ဆုံးမ မနိုင် ဖြစ်လာသည်။ သူ့အဖေသည် နယူးအော်လီယန်း၊ ချက်လက်စတန် စသည်တို့သို့ ရောက်သွားသည့်အခါတွင် ဖအေက အလွန် အလိုလိုက်သည်။ ညဆိုလျှင်လည်း သူ အိပ်ချင်သည့် အချိန်ကျမှ အိပ်ရသည်။ ဇာတ်ပွဲ၊ ပျော်ပွဲစားရုံ၊ ကစားဝိုင်း စသည်တို့သို့ အဖေနှင့် အတူ လိုက်သွားသည်။ အဖေ့ ရင်ခွင်ထဲမှာပင် အိပ်သည်။ ထို့နောက်တွင်မူ ရိုက်၍ အအိပ်မခိုင်းသမျှ အချိန်မှန် မအိပ်တော့။ မိဘ စကား နားထောင်သည့် အယ်လာနှင့် အတူ အိပ်ချိန်တန်လျှင် မအိပ် အိပ်အောင် အတင်း ခိုင်းယူရ၏။ သူ့ အဖေနှင့် လိုက်သွားစဉ် သူ ဝတ်ချင်သည့် အဝတ်ကို ဝတ်ခွင့်ပြုသည်။ ထိုနောက်တွင်မူ ကြီးဒေါ်က ဂါဝန်ကလေးများ၊ စလွယ်သိုင်း အင်္ကျီကလေးများ ဝတ်ပေးလျှင် မဝတ်တော့။ အပြာရောင် တာဖက်တာ အင်္ကျီမှ ဝတ်မည်၊ ဇာကော်လာတပ် အင်္ကျီမှ ဝတ်မည်ဟု ဆိုကာ တကျီကျီ လုပ်တတ်သည်။

ဖအေနှင့် လိုက်သွားပြီးသည့် နောက်နှင့် စကားလက် မြိုင်သာယာသို့ သွားနေပြီးသည့် နောက်တွင် ကလေးကို

ပြန်ပြင်၍ မရတော့။ လူမှန်း သိလာသည့် အရွယ်သို့ ရောက်လာသဖြင့် စကားလက်က သူ့ကို စည်းကမ်း လုပ်ပေးသည်။ ဇွတ်တရွတ် မလုပ်ရန်၊ နွဲ့ဆိုး မဆိုးရန် သွန်သင်သည်။ သို့ရာတွင် အကျိုးမထူး။ ရက် ဘတ်တလာက အမြဲတမ်း ကာဆီး ကာဆီး လုပ်သည်။ ကလေးက မည်မျှ ပူဆာသည် ဖြစ်စေ၊ မည်မျှ သောင်းကျန်းဆူပူနေသည် ဖြစ်စေ အလိုလိုက်သည်။ ကလေးကို မြှောက်ပေးသည်။ လူကြီးသူမ သဖွယ် ဆက်ဆံသည်။ ကလေးက ထင်ရာ ပြောသည်ကို အရေးတယူ လုပ်၍ နားထောင်သည်။ သူ့သဘောကျ လုပ်ပေးချင်ယောင် ပြုသည်။ သို့ဖြင့် နီလာသည် လူကြီးများကို ပြန်၍ ပြောတတ်လာသည်။ အဖေကို ကဏ္ဍကောစ လုပ်သည်။ အဖေကို အော်လား ငေါက်လား လုပ်သည်။ ရက် ဘတ်တလာက သဘောကျ၍ ရယ်သည်။ ဆုံးမသည့် အနေဖြင့် စကားလက်က လက်ဖဝါးဖြန့်၍ ရိုက်သည်ကိုပင် မကြိုက်။

‘ကလေးကို ကြပ်ကြပ် အလိုလိုက်၊ ကြီးရင် ခက်မယ်၊ ထိန်းလို့ ရမှာ မဟုတ်ဘူး’ ဟု စကားလက် စိတ်ပျက်လက်ပျက်ဖြင့်

တွေးသည်။ သူ့လို ဇွတ်တရွတ်စိတ်မျိုး ဖြစ်သဖြင့် စကားလက် စိတ်လည်းပျက်သည်။ ‘ကလေးက ဖအေကို ပိုချစ်ပုံရတယ်၊ ဖအေကလည်း သိပ် အလိုလိုက်တယ်၊ ဖအေ အလို မလိုက်ရင် ဒီလောက်ဆိုးမှာ မဟုတ်ဘူး’

သို့ရာတွင် ရက် ဘတ်တလာသည် သူ့သမီးကို ကွပ်ညှပ်ချင်ဟန် မတူ။ ကလေး လုပ်သမျှကို အကောင်းမြင်သည်။

လမင်းကို လိုချင်သည် ဆိုဦး၊ သူ တတ်နိုင်လျှင် တက်ယူပေးမည့် ပုံမျိုး။ သမီးချောကြောင်း၊ ပါးချိုင့်ကလေးတွေက ချစ်စရာ ကောင်းကြောင်း၊ ဆံပင်ကောက်ကလေးတွေ လှကြောင်း၊ အမူအရာက ချစ်စရာ ကောင်းကြောင်း ပြောလိုက်ရသည်မှာလည်း အမော။ ဂုဏ်ယူ၍ မဆုံး။ နီလာ သွက်လက်ပုံ၊ စကားတတ်ပုံ၊ ဖအေကို ချစ်တတ်ပုံတို့ကိုလည်း ရက် ဘတ်တလာ သဘောကျနေသည်။ နွဲ့ဆိုး ဆိုး၍ ဇွတ်တရွတ် လုပ်တတ်သည့်တိုင် နီလာလေးက ချစ်စရာကောင်းသဖြင့် သူ့ကို ရက် ဘတ်တလာက မကွပ်ညှပ်ရက်။ မသွန်သင်ရက်။ ရက် ဘတ်တလာသည် သမီးအဖို့ ဘုရားသခင် တစ်ပါး။

506

သူ့ကမ္ဘာကျဉ်းကျဉ်းကလေး၏ ဗဟိုချက်။ ဤသည်တို့ကို ရက် ဘတ်တလာ တန်ဖိုးထားသည်။ ကလေးကို ကွပ်ညှပ်လိုက်သဖြင့် ဤအခွင့်အရေး ဆုံးရှုံးသွားမည်ကို စိုးရိမ်သည်။

နီလာသည် သူ့နောက်တွင် အရိပ်ပမာ ထက်ကြပ်ပါသည်။ သူ့ကို နံနက် အစောကြီး နှိုးသည်။ စားပွဲတွင် သူ့ဘေး၌

ကပ်ထိုင်ကာ ဖအေ့ ပန်းကန်တစ်လှည့်၊ သူ့ပန်းကန် တစ်လှည့် နှိုက်စားသည်။ ရှေ့ကုန်းနှီးပေါ်တွင် မြင်းစီးလိုက်သည်။ အင်္ကျီလဲလျှင် အဖေ ကိုယ်တိုင် လဲပေးရမည်ဟု ပူဆာသည်။ သူ့ခုတင်ကြီး ဘေးက ခုတင်ကလေးပေါ်တွင် အဖေ ကိုယ်တိုင် သိပ်မှ အိပ်သည်။

သမီးက ဖအေကြီးကို နိုင်ချင်တိုင်း နိုင်နေသည်ကို မြင်ရသည့်အခါ၌ စကားလက် ရယ်ချင်သည်။ ကျေနပ်သည်။

ရက် ဘတ်တလာလို လူစားသည် ဤနှယ် ဖအေမျိုး ဖြစ်လိမ့်မည်ဟု မည်သူ ထင်မည်နည်း။ သို့ရာတွင် တစ်ခါတလေ၌မူ စကားလက် သမီးကို မနာလို ဝန်တို ဖြစ်မိ၏။ အသက် လေးနှစ်သာ ရှိသည့် သူ့ သမီးသည် ရက် ဘတ်တလာ အကြောင်းကို သူ့ထက် နားလည်ရသလော။ ဤသမီးလေးက ရက် ဘတ်တလာကို သူ့ထက် ကိုင်တွယ်နိုင်ရသလောဟု သဝန်တိုမိသည်။

နီလာ လေးနှစ်သမီး အရောက်တွင် ဖအေနှင့် အတူ ဒူးပေါ် ပေါင်ပေါ်ဖြင့် ကားယားခွ၍ မြင်းစီးလိုက်ရသလော။

မိန်းကလေးတန်မဲ့ ဤမျှ ဣနြေ္ဒမဲ့ရသလောဟုဆိုကာ ကြီးဒေါ် စိတ်ညစ်စ ပြုလာပြီ။ ရက် ဘတ်တလာက ကြီးဒေါ်၏ ထင်မြင်ချက် ဟူသမျှကို တလေးတစား နားထောင်သည့်နည်းတူ ယခု ထင်မြင်ချက်ကိုလည်း ဂရုစိုက် နားထောင်၏။ ကြီးဒေါ်၏ စကားကို လေးစားသောအားဖြင့် ရက် ဘတ်တလာက ရှက်တလင်းမျိုး အဖြူရောင် မြင်းပုကလေး တစ်ကောင် ဝယ်ပေးသည်။ မြင်းကလေးက လည်ဆံမွေး လှလှ။ အမြီးဖားဖား။ ငွေကွပ်သည့် မိန်းမစီး ကုန်းနှီးကလေး တစ်စုံနှင့် ဇက်ကြိုး တစ်စုံလည်း ဝယ်ပေးသည်။ ကလေးသုံးယောက်လုံးအတွက် ဝယ်ပေးခြင်း ဖြစ်၏။ ဝိတ်ကလေးအတွက်လည်း ယောက်ျားစီး ကုန်းနှီးတစ်စုံ ဝယ်ပေးသည်။ သို့ရာတွင် ဝိတ်ကလေးက မြင်းကို စိတ်မဝင်စား။ စိန့်ဘားနတ် ခွေးကြီးနှင့် အချိန်ကုန်သည်။ တိရစ္ဆာန်ဟူသမျှကို ကြောက်သည့် အယ်လာကမူ သူ့အနားကိုပင် မကပ်။ ထို့ကြောင့် မြင်းပုကလေးသည် နီလာတစ်ဦးတည်း အတွက်လို ဖြစ်လျက်ရှိ၏။ မြင်းနာမည်ကို ‘မစ္စတာ ဘတ်တလာ’ ဟု နာမည်ပေးထားသည်။ မြင်း ရလျှင် နီလာက ပျော်သည်။ သို့ရာတွင် သူ့ အဖေလို ကားယားခွ၍ မစီးတတ်သေး။ ထို့ကြောင့် နီလာ မကျေနပ်။ ရက် ဘတ်တလာက ကားယားခွ စီးရသည်ထက် တင်ပါးလွှဲစီးရသည်က ပိုခက်ကြောင်း ရှင်းပြသည်။ ထိုအခါကျမှ နီလာ ကျေနပ်သွားကာ တင်ပါးလွှဲ အစီး သင်သည်။ နီလာ မြင်းစီးပုံက လှသည်။ ဇက်ကိုင် ကောင်းသည်။ ရက် ဘတ်တလာ ဂုဏ်ယူပုံမှာ ဆိုဖွယ် မရှိတော့။

‘တောလိုက်တဲ့ အရွယ်ကျရင် ကြည့်ပါ’ ရက် ဘတ်တလာက ကြွားသည်။ ‘ဘယ်လို ကွင်းမျိုးမှာပဲ တောလိုက်ရ

လိုက်ရ သူ့ကို မီတဲ့ မိန်းကလေး ရှိမှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် ဗာဂျီးနီးယားဘက်ကို ခေါ်သွားရမယ်၊ အဲဒီကမှ တကယ် တောလိုက်လို့ ကောင်းတဲ့ နေရာ၊ ပြီးတော့ ကင်တပ်ကီကိုလည်း ခေါ်သွားရမယ်၊ ကင်တပ်ကီက မြင်းစီး ကောင်းတဲ့လူဆိုရင် တယ်သဘောကျတာပဲ’

မြင်းစီး ကျင့်သည့်အခါတွင် အဝတ်အစား လိုလာသည်။ ဤတွင် နီလာ အတွက် မြင်းစီး ဝတ်စုံချုပ်ရန်ပြင်သည်။

ထုံးစံအတိုင်း နီလာက အရောင် ဂျီးများသည်။ အပြာ အရောင်ကိုမှ ချုပ်ချင်သည်ဟု ဆိုသည်။

‘မဟုတ်ဘူး သမီးရဲ့၊ ကတ္တီပါ အပြာရောင်ကို မချုပ်ရဘူး၊ ကတ္တီပါ အပြာက ဧည့်ခံပွဲ ဝတ်တဲ့အစမျိုး၊ ပွဲတက် ဝတ်စုံတွေ

507

ဘာတွေ ချုပ်ရတယ်’ စကားလက်က ရယ်၍ ပြော၏။ ‘သမီးတို့လို ကလေးလေးတွေအတွက် မြင်းစီး ဝတ်စုံချုပ်ရင် အနက် ပတ္တူစကို ချုပ်ရတယ်’ နီလာက မျက်မှောင်ကုတ်ကြည့်သည်။ ‘ဟောဒီမှာ မောင်ရေ၊ မောင့် သမီးကို ကြည့်ပြောပါဦး၊ ကတ္တီပါ အပြာစ ဝတ်စုံ ချုပ်ချင်သတဲ့၊ ညစ်ပတ်ကုန်မှာပေါ့’

‘အို၊ ချုပ်ချင်တာ ချုပ်စမ်းပါစေကွာ၊ ညစ်ပတ်သွားတော့လည်း နောက်တစ်ထည် ချုပ်ပေးလိုက်တာပေါ့’



ရက် ဘတ်တလာ ပြောပုံက အလွယ်ကလေး။



နီလာ၏ ကတ္တီပါ အပြာစ ဝတ်စုံက မြင်းစီးလျှင် တွဲလွဲကျနေသည်။ ခေါင်းက ဦးထုပ်တွင် ငှက်တောင် အနီတစ်ချောင်း

စိုက်ထားသည်။ ဒေါ်လေး မီလာနီ ပြောသည့် ပုံပြင်ထဲက ဂျက်စတူးဝပ် ခေါင်းတွင် ငှက်တောင်နီတစ်ချောင်း စိုက်သည်ကို အားကျသဖြင့် ငှက်တောင် စိုက်ခြင်းဖြစ်၏။ ရာသီဥတု ကြည်လင်သည့် နေ့များ၌ မက်မုံပင်လမ်း တစ်လျှောက်တွင် မြင်းစီးသွားကြသည့် သားအဖ နှစ်ယောက်ကို တွေ့ရတတ်သည်။ ရက် ဘတ်တလာက မြင်းပုလေးနှင့် ယှဉ်လျက် သူ့ မြင်းနက်ကြီးကို ဇက်ဆွဲ၍ စီးသည်။ တစ်ခါတစ်ရံတွင် မြို့ထဲက လူရှင်းသည့် လမ်းများတွင် အပြေးစီးကြသဖြင့် ကြက်ကလေးတွေ၊ ခွေးတွေ၊ ကလေးတွေ လန့်ဖျပ်ကုန်ကြသည်။ နီလာက ဆံပင်လေး တလွင့်လွင့်ဖြစ်အောင်မြင်းကို ကြိမ်သွင်း၍ စီးတတ်၏။ ရက် ဘတ်တလာကမူ သူ့မြင်းကြီးကို အတင်းဇက်ဆွဲ၍ ခပ်နှေးနှေး စီးပြီး နီလာ့ မြင်းကြီးကို အနိုင်ပေးရသည်။

ကုန်းမြဲပြီ၊ ဇက်ကိုင်မြဲပြီ၊ ဒိုင်းစိုင်းရဲပြီဆိုသည့် အခါတွင် ရက် ဘတ်တလာက တန်းခုန် အစီးသင်ပေးသည်။

အိမ်နောက်ဖေး ကွက်လပ်တွင် တန်းတွေ စီရိုက်ပြီး ဦးလေး ပီတာ၏ တူ ကပ္ပလီ သူငယ်လေးကို တစ်နေ့ တစ်မတ်ပေးပြီး မြင်းအကျင့်ခိုင်းသည်။ မြေကြီးမှ နှစ်လက်မှ အမြင့်ကို စ၍ အခုန်သင်ပေးပြီး တဖြည်းဖြည်း တစ်ပေအမြင့် အထိ ခုန်နိုင်အောင် သင်သည်။

သို့ရာတွင် ဤအစီအစဉ်ကို ကပ္ပလီ သူငယ်လေး၊ နီလာနှင့် မြင်း ဟူသည့် သက်ဆိုင်သူ သုံးဦးက မကျေနပ်ကြ။ ကပ္ပလီ

သူငယ်လေးက မြင်း ဆိုလျှင် ကြောက်တတ်သည်။ တစ်နေ့ တစ်မတ် ရ၍သာ တန်းခုန် ကျင့်ပေးခြင်းဖြစ်သည်။ မြင်းကလည်း သူ့ အမြီး၊ သူ့ခွာ စသည်တို့အား နီလာ ကိုင်ဆွဲ လှုပ်ယမ်းသည်ကို သည်းခံနိုင်သည့်တိုင် ဘုရားသခင်သည် သူ့လို ပုပု ဝဝ မြင်းမျိုးကို တန်းခုန်ခြင်း ပြုရန် ဖန်တီးတော်မူခဲ့ခြင်း မဟုတ်ဟု ထင်သည့်နှယ် ကောင်းကောင်း မခုန်ချင်။ သူ့မြင်း သူများ စီးသည်ကို နည်းနည်းလေးမှ မရှူဆိတ်တတ်သည့် နီလာလည်း ကပ္ပလီ သူငယ်လေး ဤသို့ မြင်းတန်းခုန် ကျင့်နေသည်ကို မကြည့်ရက်။

ကောင်းကောင်း တန်းခုန်ပြီ၊ နီလာကို တင်ခုန်၍လည်း စိတ်ချရပြီဆိုသည့်အခါတွင် နီလာ ပျော်လိုက်သည့် ဖြစ်ခြင်း။

ပထမဆုံး ခုန်ကြည့်ရာတွင် ချောချောမောမော ခုန်နိုင်သည်။ သူ့ အဖေနှင့် ရိုးရိုး မြင်းစီးထွက်ရသည်ကိုပင် မလိုက်ချင်တော့။ ရိုးရိုးစီးရသည်က ပျင်းစရာ ကောင်းနေပြီ။ အဖေနှင့် သမီး ပီတိ ဖြစ်နေကြပုံကို ကြည့်၍ စကားလက် ရယ်မိသည်။ ခုန်တတ်စမို့ ခုန်ချင်နေခြင်း ဖြစ်သည်။ ရိုးသွားလျှင် နီလာ တန်းမြင့် ခုန်စီးတော့မည် မဟုတ်။ ထိုအခါကျမှ အိမ်နီးနားချင်းများလည်း နားချမ်းသာကြတော့မည်ဟု စကားလက် တွေးနေသည်။

သို့ရာတွင် ဤကစားနည်းက မရိုးနိုင်။ ပန်းရုံအစပ်မှ စ၍ စီးပြီး နောက်ဖေး ကွက်လပ် အဆုံးနားတွင် တန်းများ

ချထားသည်။ မနက်ဆိုလျှင် မြင်းစီး ကျင့်သည့် လမ်းများဆီမှ ညာသံများကို တစ်မနက်လုံး ကြားနေရသည်။ ၁၈၄၉ ခုနှစ်က

508

အမေရိကန်ပြည် အနှံ့ လျှောက်သွားခဲ့ဖူးသည့် ဘဘကြီး မယ်ရီဝယ်သာကမူ ညာသံများသည် အပက်ချီ လူရိုင်းတို့ စစ်ချီသံနှင့် တူသည်ဟုပင် ပြော၏။

တစ်ပတ်အကြာတွင် နီလာက တန်းကို မြှင့်ပေးဖို့ ပြောသည်။ တန်းက မြေကြီးမှ တစ်ပေခွဲ မြင့်သည်။



‘သမီလေး ခြောက်နှစ်ပြည့်မှ တစ်ပေခွဲ ခုန်ရမယ်’ ရက် ဘတ်တလာက ပြော၏။ ‘အဲဒါက အမြင့်ခုန်၊ အဲဒီအခါကျတော့

မြင်း ခပ်ကြီးကြီး တစ်ကောင်လည်း ဝယ်ပေးမယ်၊ ခု မြင်းက ခြေတိုမျိုး၊ ဒီလောက်မြင့်မြင့် မခုန်နိုင်သေးဘူး’

‘မဆိုးပါဘူး ဖေဖေရဲ့၊ ဒေါ်လေး ပစ်တီရဲ့ နှင်းဆီခြုံကြီးတောင် ခုန်ခဲ့ပြီ၊ နှင်းဆီခြုံကြီးက အမြင့်ကြီး’



‘မခုန်နှင့်ဦးကွယ်၊ ပြီးမှ ခုန်’



ရက် ဘတ်တလာက ပထမဆုံး အကြိမ် ငြင်းသည်။ အလို မလိုက်တော့ဘူး၊ သို့ရာတွင် နီလာက နားပူ နားဆာ

လုပ်သည်။ စူလိုက် ဆောင့်လိုက် လုပ်သည်။ ဤတွင် ရက် ဘတ်တလာက အလျှော့ ပေးရ၏။

‘ကဲ ဒါဖြင့် သဘော သဘော၊ လိမ့်ကျရင် မငိုနှင့်နော်၊ ဖေဖေ့ အပြစ် မဟုတ်ဘူး’



တစ်မနက်တွင် ရက် ဘတ်တလာက ရယ်၍ ပြော၏။ ဆေးဖြူ သုတ်ထားသည့် ကြက်ခြေခတ်တန်းကို ရွှေ့ခိုင်းသည်။

‘မေမေ’ နီလာက အိမ်အပေါ်ထပ် စကားလက် အိပ်ခန်း ပြတင်းဆီသို့ လှမ်း၍ အော်၏။ ‘မေမေ၊ ကြည့်နေ၊ ဖေဖေက သမီး ခုန်နိုင်ပြီတဲ့’

စကားလက် ခေါင်းဖြီးနေရာမှ ပြတင်းပေါက်သို့ ထလာပြီး ပြုံး၍ ငုံ့ကြည့်သည်။ ပေရေနေသည့် ကတ္တီပါ ဝတ်စုံအပြာကို

ဝတ်လျက် ပြုံးနေသည့် နီလာကို မြင်ရ၏။

‘မေမေ ကြည့်နေနော်’



‘ကြည့်နေပါတယ် သမီးရဲ့’



စကားလက်က ပြုံး၍ ပြော၏။



ရက် ဘတ်တလာက နီလာကို မြင်းပေါ်သို့ တင်ပေး၏။ နီလာ၏ ခါးက မတ်လျက်။ ခေါင်းက မော့လျက်။ သူ့သမီးလေးကို

ကြည့်၍ စကားလက် သွေးကြီးသွားသည်။

‘သမီလေးက သိပ်လှတာပဲဟေ့’



‘မေမေလည်း လှပါတယ်’



နီလာက လှမ်းပြောပြီး မြင်းကို ဖနောင့်ဖြင့် တို့သည်။ မြင်းက ပန်းချုံဆီသို့ ဒုန်းစိုင်း ပြေးလာသည်။



‘မေမေ ကြည့်နော်၊ ဒီတစ်ခါ ခုန်တာကြည့်’

509



နီလာက မြင်းလည်တံပေါ်တွင် အလိုက်သင့် ဝပ်၍ လှမ်းအော်သည်။



‘ကြည့်နော်၊ ဒီတစ်ခါ ခုန်တာကြည့်’



စကားလက် တစ်စုံတစ်ရာကို သွား အမှတ်ရကာ ထင့်ခနဲ ဖြစ်သွားသည်။ စကားလုံးများက နိမိတ်မကောင်း။ မည်သည့်

အဓိပ္ပာယ်နည်း။ မည်သည်ကို သွား၍ အမှတ်ရသနည်း။ အဘယ့်ကြောင့် ထင့်ခနဲ ဖြစ်သွားရသနည်း။ ဒုန်းပြေးနေသည့် မြင်းပေါ်တွင် ဝပ်လိုက်သွားသည့် သမီးကလေးကို ငုံ့ကြည့်နေ၏။ မျက်မှောင်တွန့်သွားကာ ရင်ထဲတွင် အေးခနဲဖြစ်သွားသည်။ မြင်းက ပန်းရုံဘက်မှ ပြန်လှည့်လာသည်။ ဆံခွေနက်နက်ကလေးများက လွင့်လျက်။ မျက်လုံးပြာပြာများက တောက်လျက်။

‘ဖေဖေရဲ့ မျက်လုံးတွေနှင့် သိပ်တူတာပဲ’ စကားလက် တွေးသည်။ ‘အိုင်းရစ်သွေးပါတဲ့ မျက်လုံးတွေ၊ ပြာလဲ့လဲ့

မျက်လုံးတွေ၊ အစစ အရာရာ ဖေဖေနှင့် တော်တော် တူတယ်’

ဖေဖေ့ကို တွေးမိသည့်အခါတွင် သူ စဉ်းစားနေသည့် တစ်စုံတစ်ရာကိုသွား၍ အစကောက်မိသည်။ မိုးဦးကျ

လျှပ်စီးလက်လိုက်သည့်အခါတွင်

မြင်လိုက်ရသည့်နှယ်

မြင်ကွင်းတစ်ခုကို

ပြက်ပြက်ထင်ထင်

မြင်လာသည်။

မြိုင်သာယာတစ်ဝိုက်တွင် လင်းထိန်တောက်ပနေသည်။ သီချင်းဆိုလာသည့် အိုင်းရစ်သံ ဝဲဝဲကို ကြားယောင်သည်။ မြိုင်သာယာ စားကျက်ကုန်းဆီမှ ဒုန်းစိုင်းလာသည့် မြင်းခွာသံများနှင့် အသံတစ်သံကို ကြားယောင်သည်။ အသံက သမီးလေး၏ အသံလို ပမာ မထားသည့် အသံ။ ကြောက်ရွံ့ခြင်း ကင်းသည့် အသံ။

‘ဟေ့ အယ်လင်၊ ကြည့်နော်၊ ဒီတစ်ခါ ခုန်တာ ကြည့်’



‘ဟင့်အင်း၊ မခုန်နှင့် မခုန်နှင့်၊ နီလာ သမီးလေး ရပ် ရပ်၊ မခုန်နှင့်’



စကားလက် ယောင်၍ အော်သည်။



ပြတင်းပေါက်မှ ခေါင်းပြူ အကြည့်လိုက်တွင် ကြောက်မက်ဖွယ် ဂျွမ်းခနဲ မြည်သံကြီးနှင့်အတူ တန်းကျိုးကျသွားသည်။

ရက် ဘတ်တလာ၏ အလန့်တကြားအော်သံ၊ ဖြောင်းဖြောင်း မြည်သော မြင်းခွာသံကို ကြားရသည်။ လွင့်ဝဲ ကျနေသော နီလာ၏ ကတ္တီပါ ဝတ်စုံ ပြာပြာကလေးကို မြင်လိုက်ရသည်။ ထို့နောက် မြင်းသည် ထရပ်ကာ ကုန်းနှီးတွင် စီးသူမဲ့လျက်က ဆက်၍ ပြေးနေသည်။

နီလာ ဆုံးပြီးသည့်နောက် တတိယမြောက် ည၌ ကြီးဒေါ်သည် မီလာနီတို့အိမ် မီးဖိုချောင် လှေကားကို ကွတ ကွတဖြင့်

တက်လာသည်။ တစ်ကိုယ်လုံး အနက်ဝတ်လျက်။ ယောက်ျားစီး ခြေစွပ် ဖိနပ်မှသည် ခေါင်းစည်းပဝါ အထိ တစ်ကိုယ်လုံး မည်းမှောင်လျက်။ မှုန်ရီသည့် သူ့မျက်လုံးများက နီရဲနေသည်။ သူ့ ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့်ကြီး တစ်ခုလုံးပေါ်တွင် သောက၏ အရိပ်သည် အထင်းသား ပေါ်နေသည်။ သူ့မျက်နှာက လူဝံအိုကြီးတစ်ကောင်နှယ် ရှုံ့မဲ့လျက်။ သို့ရာတွင် မေးရိုးကြီးများကမူ တစ်စုံတစ်ခုကို ပိုင်းဖြတ်ထားဟန် ထင်းထင်းကြီး ပေါ်လျက်။

ဒစ်လစီနှင့် ခပ်တိုးတိုး စကားပြောသည်။ သူတို့နှစ်ဦး စိတ်ကောက်နေရာမှ တိတ်တဆိတ် ကျေအေးသွားကြသည့်နှယ်

ဒစ်လစီက ခေါင်းတဆတ်ဆတ် ညိတ်နေသည်။ ဒစ်လစီ လက်တွင် ကိုင်ထားသည့် ညလယ်စာအတွက် ပန်းကန်များကို

510

စားပွဲပေါ်သို့ ချကာ ထမင်းစားခန်းဘက်သို့ ထွက်သွား၏။ ခဏကြာလျှင် မီးဖိုထဲသို့ မီလာနီ ပေါက်လာ၏။ လက်တွင် လက်သုတ်ပဝါကို ကိုင်လျက်။ မျက်နှာက စိုးရိမ်သည့် အမူအရာ။

‘စကားလက် ဘာဖြစ်’



‘ထုံးစံအတိုင်းပေါ့ မလေး၊ လဲပြန်ပြီ’ ကြီးဒေါ်က ခပ်လေးလေး ပြော၏။ ‘ညစာ စားနေကြသလား၊ စားကြပါ၊ ကြီးဒေါ်

ပြီးအောင် စောင့်နေပါ့မယ်၊ ကြီးဒေါ် စိတ်ထဲမှာ ပြောချင်တာလေး တစ်ခု ရှိလို့ လာတာ’

‘ရပါတယ်၊ သူတို့ဘာသာ သူတို့စားကြလိမ့်မပေါ့’ မီလာနီက ပြော၏။ ‘ဒစ်လစီရေ၊ ရှိတဲ့ လူကို အရင် ကျွေးလိုက်ဟေ့၊

ငါ နောက်မှ စားမယ်၊ လာ ကြီးဒေါ်’

မီလာနီ နောက်သို့ ကွတ ကွတဖြင့် လိုက်သွား၏။ ထမင်းစားခန်းနားသို့ ဖြတ်အသွား အက်ရှလေတို့ ညလယ်စာ

စားနေသည်ကို မြင်ရ၏။ အက်ရှလေက စားပွဲထိပ်တွင် ထိုင်လျက်။ ဘိုဘိုကို ဘေးတွင် ထားသည်။ မျက်နှာချင်းဆိုင်တွင် စကားလက်၏ ကလေးများဖြစ်သည့် ဝိတ်ကလေးနှင့် အယ်လာတို့ ထိုင်နေကြသည်။ သူတို့ကို ဒေါ်လေး မီလာနီ အိမ်သို့ ခပ်ကြာကြာ ပို့ထားလိုက်သဖြင့် ပျော်ပွဲစား ထွက်ရသည့်နှယ် ဖြစ်နေသည်။ ဒေါ်လေး မီလာနီက ယုယကြင်နာတတ်သည်။ အထူးသဖြင့် ယခုအချိန်တွင် ပို၍ ကြင်နာနေသည်။ အထွေးဆုံး ညီမငယ် နီလာ ဆုံးသွားသည့်တိုင် အထူးတလည် စိတ်ထိခိုက်ပုံ မရကြ။ နီလာလေး မြင်းပေါ်က လိမ့်ကျသည်။ ဖေဖေ အကြာကြီး ငိုသည်။ ဒေါ်လေး မီလာနီက သူ့အိမ်သို့ ခေါ်လာကာ နောက်ဖေး ကွက်လပ်တွင် ကလေးများနှင့် ကစားသည်။ မုန့်တောင်းလျှင် တောင်းတိုင်း ပေးသည်။ ဤမျှလောက်ကိုသာ သူတို့သိကြ၏။

မီလာနီက နံရံတွင် စာအုပ်တွေ တန်းစီထားသည့် ဧည့်ခန်းထဲသို့ ခေါ်သွားပြီး တံခါး ပိတ်လိုက်၏။ ကြီးဒေါ်ကို

ထိုင်ဖုံပေါ်တွင် ထိုင်ရန် အမူအရာ ပြသည်။

‘ညစာ စားပြီးရင် လာမယ်လို့ စိတ်ကူးနေတာ’ မီလာနီက ပြော၏။ ‘ခု ဗိုလ်ကြီး ဘတ်တလာရဲ့ အမေလည်း

ရောက်လာတယ် မဟုတ်လား၊ အသုဘက မနက်ဖြန် မနက်မှာ နော်’

‘အဲဒီ အသုဘ ကိစ္စပေါ့’ ကြီးဒေါ်က ပြောသည်။ ‘မလေးရေ၊ ကြီးဒေါ်တို့တော့ ဒုက္ခရောက်နေပြီ၊ ခု ခု မလေးဆီ လာပြီး

အကူအညီ တောင်းတာ၊ ကြီးဒေါ်လည်း တာဝန်ကြီးလှပြီ မလေးရေ၊ တာဝန်ကြီးလှပြီ’

‘ဘာဖြစ်လို့လဲ၊ စကားလက် မူးမေ့သွားလို့လား’ မီလာနီက စိုးရိမ်တကြီး မေး၏။ ‘နီလာလေး ကိစ္စဖြစ်ကတည်းက

အခန်းထဲကနေ အပြင် မထွက်တော့ဘူးဆို၊ ဗိုလ်ကြီး ဘတ်တလာကလည်း အိမ်မကပ်ဘူး ဆို’

ကြီးဒေါ်၏ မျက်နှာ မည်းမည်းပေါ်သို့ မျက်ရည်တွေ စီးကျလာကြ၏။ မီလာနီက သူ့ဘေးတွင် ဝင်ထိုင်ပြီး ကြီးဒေါ်၏

လက်မောင်းကို ပွတ်ပေးသည်။ ကြီးဒေါ်က အင်္ကျီလက်ဖြင့် မျက်ရည်သုတ်၏။

‘ကြီးဒေါ်တို့ကို မလေး ကူပါဦး၊ ကြီးဒေါ်လည်း အတတ်နိုင်ဆုံး ကြိုးစားတာပဲ၊ ဒါပေမယ့် မထူးပါဘူး’



‘စကားလက် ဘာဖြစ်-’

511



‘မလေးကလည်း၊ မလေးရဲ့ စကားလက် အကြောင်း သိသားပဲ၊ စကားလက်က တော်တော်တန်တန်ကို ခံနိုင်ရည်

ရှိပါတယ်။ ခုလည်း ဘုရားသခင် ပြုသမျှကို ခံနိုင်ပါတယ်၊ ခက်တာက ဗိုလ်ကြီး ဘတ်တလာ ရယ်’

‘ဗိုလ်ကြီး ဘတ်တလာကို မီလာနီ သိပ်တွေ့ချင်တာပဲ၊ ဒါပေမယ့် မီလာနီ ရောက်တိုင်း မတွေ့ရဘူး၊ မြို့ထဲ ထွက်ချင်ထွက်၊

မထွက်ရင်လည်း သော့ခတ်ပြီး အခန်းအောင်းနေတာချည်းပဲ၊ စကားလက် ကြည့်ရတာကလည်း ပိန်ချုံးနေပြီ၊ စကားလည်း မပြောဘူး၊ ကဲ မီလာနီကို မြန်မြန် ပြောစမ်းပါ၊ မီလာနီ ဘာလုပ်ပေးရမှာလဲ’

ကြီးဒေါ်က လက်ခုံဖြင့် နှာခေါင်းဖြင့် ပွတ်သည်။



‘စကားလက်က ဘုရားသခင် အလိုကျ ဘာကို ဖြစ်ဖြစ် ခံနိုင်တယ်၊ ဒုက္ခတွေ ရောက်ပေါင်း များလှပြီမဟုတ်လား၊

ဒါပေမယ့် ဗိုလ်ကြီး ဘတ်တလာက ခက်တယ်၊ သူက ခံနိုင်ရည် မရှိဘူး၊ ဘာကိုမှလည်း မခံခဲ့ရသေးဘူး၊ ခု သူ့ကိစ္စကြောင့် ကြီးဒေါ် လာတာ’

‘ဒါဖြင့်’



‘မလေး၊ ကြီးဒေါ်နှင့် အိမ်ကို ခဏ လိုက်ခဲ့ပါ’ ကြီးဒေါ်၏ အသံက အရေးတကြီး ဖြစ်သည့် အသံ ပေါ်နေသည်။ ‘ဗိုလ်ကြီး

ဘတ်တလာက မလေး ပြောရင် နားထောင်မှာပါ၊ မလေး စကားဆိုရင် သူ ဂရုစိုက်တတ်ပါတယ်’

‘ဘာဖြစ်တာလဲ ကြီးဒေါ်ရဲ့၊ ဘာကို ပြောတာလဲ’



ကြီးဒေါ်က ရင်ကို ကော့လိုက်၏။



‘ဗိုလ်ကြီး ဘတ်တလာ ရူး ရူးသွားပြီ ထင်တယ်၊ ခု ကလေးကို မသင်္ဂြိုဟ်ရဘူးလို့ ပြောနေတယ်’



‘ဘာ ရူးသွားပြီ ဟုတ်လား၊ မဟုတ်တာ ကြီးဒေါ်ရယ်’



‘ဟုတ်တယ် မလေး၊ ကလေးကို မမြှုပ်ရဘူးတဲ့၊ ဇွတ်လုပ်နေတယ်၊ ကြီးဒေါ်ကို သူ ကိုယ်တိုင် ပြောတာ၊

တစ်နာရီလောက်ပဲ ရှိသေးတယ်’

‘မမြှုပ်လို့ ဘယ်ဖြစ်မလဲ ကြီးဒေါ်ရဲ့။ သူလည်း ဒီလောက်-’



‘ဒါကြောင့် သူ ရူးနေပြီလို့ ပြောတာပေါ့’



‘ဒါပေမယ့် ဘာဖြစ်လို့-’



‘ဒီလို မလေးရေ၊ ဒီလို၊ အစကတော့ ဘယ်သူ့မှ မပြောဘူးလို့ပဲ၊ ဒါပေမယ့် မလေးကတော့ ကိုယ့်ဆွေမျိုးထဲက

ဆိုလည်း ဟုတ်တယ်၊ ကိုယ့် အိမ်သားဆိုလည်း ဟုတ်တယ်၊ ကြီးဒေါ်က မလေးမို့လို့ ပြောတာ၊ ကြီးဒေါ် အားလုံး ပြောပြမယ်၊ ဗိုလ်ကြီး ဘတ်တလာက ဒီသမီးလေးကို တော်တော်ချစ်တယ် မဟုတ်လား၊ ကြီးဒေါ်ဖြင့် သူ့လောက် ကလေး ချစ်တဲ့လူ ဆိုလို့ တစ်ယောက်မှ မတွေ့ဖူးသေးဘူး၊ လူဖြူထဲမှာလည်း မရှိဘူး၊ လူမည်းထဲမှာလည်း မရှိသေးဘူး၊ နီလာလေး မြင်းပေါ်က

512

ကျလို့ ကုပ်ကျိုးသွားတယ်လို့ ဒေါက်တာမိကလည်း ပြောရော၊ ဗိုလ်ကြီး ဘတ်တလာ တစ်ယောက် ရူးမတတ်ပဲ၊ တစ်ခါတည်း အိမ်ထဲက သေနတ် ဆွဲလာပြီး မြင်းကို ပစ်သတ်တာပဲ၊ သူ့ကိုယ်သူလည်း ပတ်သတ်တော့မယ် ထင်တာပဲ၊ ကြီးဒေါ်ကလည်း သူ့ကို ဂရုမစိုက်နိုင်ဘူး၊ မလေးက မူးမေ့သွားတော့ မလေး အနားမှာပဲ အလုပ် များနေတာပေါ့၊ ဗိုလ်ကြီး ဘတ်တလာနှင့် အိမ်နားနီးချင်းတွေက နီလာလေးကို ပွေ့လာတယ်၊ မျက်နှာတစ်ခုလုံးကလည်း အောက်က လမ်းခင်းတဲ့ ကျောက်စရာခဲတွေ စူးလို့၊ ရစရာ မရှိဘူး၊ ဒါနှင့် ကြီးဒေါ်က သူ့လက်ထဲက ကလေးကို ယူပြီး မျက်နှာက ဒဏ်ရာတွေ၊ သွေးတွေ ဆေးကြောပေးမယ် လုပ်တော့ ကလေးကိုလည်း မပေးဘူး၊ ဆေးကြောလည်း မပေးရဘူးတဲ့၊ ဒီတော့ ကြီးဒေါ်လည်း မလေး မြန်မြန် ပြန်ပြီး သတိရပါစေလို့ ဆုတောင်းနေရတာပေါ့၊ သူ သတိရရင်တော့ သူတို့ လင်မယား နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အားပေးနှစ်သိမ့်နိုင်မှာပဲပေါ့’

ကြီးဒေါ်၏ မျက်လုံးများမှ မျက်ရည်တွေ စီးကျလာကြပြန်သည်။ သို့ရာတွင် ကြီးဒေါ်က မျက်ရည်များကို သုတ်ခြင်း

မပြုတော့။

‘ဒါပေမယ့် သတိလည်း ပြန်ရလာရော၊ မချောက ဘာလုပ်တယ် ထင်သလဲ၊ ဗိုလ်ကြီး ဘတ်တလာက နီလာကို ပွေ့ပြီး

ထိုင်နေတဲ့ အခန်းထဲ ဇောင့်ဇောင့်နှင့် သွားထိုင်ပြီး ကျွန်မ ကလေးကို ရှင် သတ်တာ၊ ကျွန်မ ကလေးကို ပေးတဲ့’

‘အို ဒီလို ပြောသလား’



‘အသေအချာပေါ့၊ ကြီးဒေါ် နားနှင့် ဆတ်ဆတ်ကြားရတာ၊ ကလေးကို ရှင် သတ်ပစ်တာတဲ့၊ ကြီးဒေါ်ဖြင့် ဗိုလ်ကြီး

ဘတ်တလာကို သနားလိုက်တာလေ၊ မျက်ရည်တွေ ဘယ်က ဘယ်လိုကျလာမှန်း မသိဘူး၊ သူ့ခမျာ အမဲလိုက် ခွေးကြီးကို ကျာပွတ်နှင့် ရိုက်ထားသလိုပဲ၊ ဘာမှ မပြောဘူး၊ ကုပ်လို့၊ ဒီတော့ ကြီးဒေါ်က ကြားထဲက ဝင်ပြီး ပေးပေး၊ ကလေးကို ကြီးဒေါ်ကို ပေး၊ ကျုပ် ကလေးလေးကို ဒီတိုင်း ပစ်ထားလို့ မဖြစ်ဘူးဆိုပြီး ကြီးဒေါ်က ကလေးကို ကလေးထိန်းခန်းထဲ သယ်လာခဲ့ရတယ်၊ ဟိုရောက်တော့

မျက်နှာက

သွေးတွေကို

ရေနွေးနှင့်

ဆေးပေးတယ်၊

တစ်ဖက်ခန်းက

သူတို့နှစ်ယောက်ကလည်း

ရန်ဖြစ်နေကြတော့ ကြီးဒေါ်ဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး၊ ကလေးကို ဒီလောက် အမြင့်ကြီး ခုန်ခိုင်းရသလားတဲ့၊ ကလေးကို ရှင် သတ်ပစ်တာတဲ့၊ လူသတ်သမားတဲ့၊ မလေးက ဗိုလ်ကြီး ဘတ်တလာကို ပြောနေတယ်၊ ဒီတော့ ဗိုလ်ကြီး ဘတ်တလာကလည်း မင်းက နီလာလေးကို ဘယ်လောက်များ ဂရုစိုက်လို့လဲ တဲ့၊ မင်း ကလေးတွေကိုလည်း မင်း ဂရုမစိုက်ဘူးတဲ့’

‘တော်ပြီ ကြီးဒေါ်၊ မီလာနီကို နောက်ထပ် မပြောပါနှင့်တော့၊ မီလာနီကို ဒီအကြောင်းတွေကို မပြောပါနှင့်တော့’



မီလာနီက အော်သည်။ ကြီးဒေါ် ပြောသည့် စကားများကို မေ့ပျောက်ပစ်ရန် ကြိုးစား၏။



‘ဟုတ်ပါတယ်၊ အမှန်ကတော့ ကြီးဒေါ် မပြောသင့်ပါဘူး၊ ဒါပေမယ့် ကြီးဒေါ် ရင်ထဲမှာ မျိုသိပ်ထားရတာတွေ

များလှပြီ၊ မပြောဘဲ မနေနိုင်တော့ဘူး၊ ဒီလို ပြောပြီးတော့ ဗိုလ်ကြီး ဘတ်တလာက ကလေးလေး အလောင်းကို သူ ကိုယ်တိုင် သုဘရာဇာဆီ ထမ်းသွားတယ်၊ မလေးက အလောင်းကို ပြင်ပြီး အိမ်ရှေ့ခန်းမှာ ထားဖို့ ပြောတော့ မလေးကို အော်လိုက်တာ ကြောက်စရာကြီး၊ ပြီးတော့မှ လေသံ ခပ်တင်းတင်းနှင့် ကျုပ် အခန်းထဲမှာ ထားမယ် တဲ့၊ ပြီးတော့ ကြီးဒေါ် ကျုပ် အပြင် ခဏ သွားမယ်၊ ဒီ ကလေးရဲ့ အလောင်းကို ဘယ်မှ မရွှေ့ပါစေနှင့် တဲ့၊ ဘယ်သူမှ လက်ဖျားနှင့် မတို့ပါစေနှင့် တဲ့၊ ဒီလိုပြောပြီး

513

မြင်းတစ်စီးနှင့် ထွက်သွားလိုက်တာ မိုးကြီး စုပ်စုပ်ချုပ်မှ ပြန်ရောက်လာတယ်၊ အိမ်ပြန်လာတော့ အရက်တွေ မူးလို့၊ တော်တော်များများ သောက်လာပုံပဲ၊ ဒါပေမယ့် သိပ်တော့ ဣနြေ္ဒ မပျက်ဘူး၊ အိမ်ထဲကို တဒိုင်းဒိုင်းနှင့် ဝင်လာတာပဲ၊ အသုဘ လာမေးကြတဲ့ အမျိုးသမီးတွေလည်း ရှိတယ်၊ ဒေါ်လေး ပစ်တီလည်း ရှိတယ်၊ ဘယ်သူ့ကိုမှ စကားမပြောဘူး၊ မလေးကိုလည်း မပြောဘူး၊ ဒေါ်လေး ပစ်တီကိုလည်း မပြောဘူး၊ လှေကားပေါ် တဒုန်းဒုန်းနှင့် တက်သွားပြီး သူ့ အခန်းတံခါးကို ဖွင့်တယ်၊ ပြီးတော့ ကြီးဒေါ်ကို လှမ်းခေါ်တယ်၊ ကြီးဒေါ်လည်း အတင်း ပြေးတက်သွားတာပေါ့၊ အပေါ် ရောက်တော့ ခုတင်ဘေးမှာ ရပ်နေတယ်၊ အခန်းထဲမှာ မှောင်နေတော့ သဲသဲကွဲကွဲ မမြင်ရဘူး၊ ပြတင်းပေါက်တွေကလည်း ပိတ်ထားတာကိုး။

‘ဒီတော့ သူက ပြတင်းတွေ ဖွင့်ပေးပါတဲ့၊ ဒါနှင့် ကြီးဒေါ်လည်း လိုက်ဖွင့်ရတာပေါ့၊ သူ့ မြင်လိုက်တော့ ကြီးဒေါ်

လန့်သွားတယ်၊ ဒူးတွေ ဘာတွေ ညွှတ်ပြီး လဲကျမသွားအောင် မနည်း သတိထားလိုက်ရတယ်၊ မှန်အိမ်တွေ ထွန်းခဲ့စမ်းပါ တဲ့၊ တစ်ညလုံး အလင်းထွန်းပါ တဲ့၊ ကျုပ် သမီးလေးက အမှောင် ကြောက်တတ်တယ် တဲ့’

မီလာနီက အထိတ်တလန့်ဖြင့် ကြီးဒေါ်ကို ကြည့်သည်။ ကြီးဒေါ်က ခေါင်းညိတ်ပြလိုက်၏။



‘သမီးလေးက အမှောင် ကြောက်တတ်တယ် တဲ့၊ ဒီစကားချည့်ပဲ တဖွဖွ ပြောနေတာပဲ’



ကြီးဒေါ်က ထပ်ပြောသည်။ သူ့ တစ်ကိုယ်လုံး ကြက်သီးတွေ ထလာ၏။



‘ဒါနှင့် ကြီးဒေါ်လည်း ဖယောင်းတိုင် တစ်ဒါဇင်လောက် ထွန်းပေးရတယ်၊ မီးထွန်းပေးပြီးတော့ ကြီးဒေါ် သွားတော့ တဲ့၊

ပြီးတော့ အခန်းတံခါးကို အထဲက သော့ခတ်ပြီး သူတစ်ယောက်တည်း ကလေး အလောင်းနားမှာ ထိုင်နေတယ်၊ မလေးက တဗုန်းဗုန်းနှင့် ထုပြီး တံခါး ဖွင့်ခိုင်းတာလည်း ဖွင့်မပေးဘူး၊ ဒီလိုပဲ အခန်းထဲ တံခါးပိတ်ပြီး ထိုင်နေတာ နှစ်ရက်လုံးလုံးပါလား မလေးရဲ့၊ အသုဘ ကိစ္စအတွက် စီစဉ်ဖို့ ဘာဖို့လည်း တစ်ခွန်းမှ မပြောဘူး၊ မနက်လင်းတာနှင့် တစ်ပြိုင်နက် တံခါးကို သော့ခတ်ပြီး မြင်းတစ်စီးနှင့် ထွက်သွားတာပဲ၊ ညနေကျတော့ မူးပြန်လာပြီး အခန်းထဲ သော့ခတ်ပြီး ထိုင်နေတာပဲ၊ အစားလည်း မစားဘူး၊ အိပ်လည်း မအိပ်ဘူး၊ ခု ချာလက်စတန်က သူ့ အမေကြီးလည်း အသုဘအတွက် ရောက်လာပြီ၊ မြိုင်သာယာက ဆွီလင်တို့၊ ဝီလီတို့လည်း အသုဘကို လာကြတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ စကား မပြောဘူး မလေးရယ်၊ ကြီးဒေါ်တို့တော့ ဒုက္ခပဲ၊ အခြေအနေက ဆိုးသထက် ဆိုးလာပြီ၊ တော်တော်ကြာ ဘေးက ပြောစရာ ဖြစ်လာတော့မယ်’

ကြီးဒေါ်က ရပ်လိုက်ပြီး နှာခေါင်းကို သုတ်သည်။



‘ဒီနေ့ညနေတော့ သူလည်း အခန်းထဲ ဝင်ရော မလေးလည်း အတင်းကပ်ပြီး ဝင်လိုက်သွားတယ်၊ မနက်ဖြန် အသုဘ

ကိစ္စ ပြီးတော့မယ်လို့ ပြောတယ်၊ အသုဘကို မချရဘူးတဲ့၊ ချရင် မင်းကို အသတ်ပဲတဲ့’

‘အို၊ ဒါဖြင့် စိတ်များ နောက်သွားသလား ကြီးဒေါ်ရယ်’



‘အဲဒါကြောင့် ပြောတာပေါ့ မလေးရဲ့၊ ပြီးတော့ ခပ်တိုးတိုး ပြောနေကြလေရဲ့၊ ဘာပြောမှန်းတော့ ကြီးဒေါ်လည်း

မကြားရဘူး၊ ကျုပ် သမီးလေးက အမှောင် ကြောက်တတ်တယ် ဆိုတာပဲ ပြောသံ ကြားရတယ်၊ ခဏ ကြာတော့ မလေးက ကလေးကို သတ်ပြီး ခုမှ ကလေး အမှောင်ကြောက်တတ်တာတွေ ဘာတွေ ပြောမနေပါနှင့်တဲ့၊ မင်း မသနားဘူးလားတဲ့၊ ဒီတော့ ကလေးက ဘာဖြစ်လို့ သနားရမလဲ၊ ကျွန်မ နောက်ထပ်လည်း ကလေး မလိုချင်တော့ဘူး တဲ့၊ ကလေးလေးကို ရှင် သတ်ပြီး ခုမှ

514

ရှင် ဒီလောက် ဖြစ်နေရသလားတဲ့၊ တစ်မြို့လုံးက ရှင့်ကို ဘာပြောမယ် ထင်သလဲတဲ့၊ အိမ်မှာ မသာကြီး တန်းလန်းထားပြီး ရှင် တစ်နေ့လုံး အရက် ထွက်သောက်တယ်တဲ့၊ ပြီးတော့ ဘဲလ် ဝက်တလင်း ဆိုတဲ့ ကောင်မအိမ် သွားတယ်တဲ့၊ ကျွန်မ မသိဘူး ထင်နေသလားတဲ့’

‘အို ကြီးဒေါ်ရယ်၊ မဟုတ်ပါဘူး ထင်ပါတယ်’



‘ဟုတ်တယ် မလေး၊ မလေးကလည်း ဒီအတိုင်းပဲ ပြောတာပဲ၊ အမှန်လည်း အမှန်ပဲ၊ ကပ္ပလီတွေဆီကလည်း

အကုန်ကြားပြီးပြီ၊ ကပ္ပလီဆိုတာ တစ်မြို့လုံး ဘယ်နေရာ အပ်ကျတယ်ဆိုတာက အစ သိကြတယ် မဟုတ်လား၊ မလေး မပြောခင် ကတည်းက ကြီးဒေါ်လည်း ကြားပြီးသားပါ၊ ဒါပေမယ့် မလေးကို တစ်လုံးမှ ဖွင့်မပြောဘူး၊ မလေးက ဒီလို ပြောတော့ သူက ဘာပြောတယ် ထင်သလဲ၊ ဟုတ်တယ် ကျုပ် သွားတယ်၊ မင်းနှင့် ဘာမှ မဆိုင်ဘူးတဲ့၊ ဒီငရဲအိမ်ကြီးမှာ နေရတာထက်တော့ မကောင်းတဲ့အိမ် သွားနေရတာက စိတ်ချမ်းသာသေးတယ် တဲ့၊ ဘဲလ် ဝက်တလင်းဟာ ကမ္ဘာပေါ်မှာ ကြင်နာ သနားတတ်ဆုံး မိန်းမတစ်ယောက် တဲ့၊ ကျုပ် ကလေးကို ကျုပ် သတ်တယ်လို့ မင်းလို မဟုတ်မတရား မစွပ်စွဲဘူးတဲ့’

‘ဘုရား ဘုရား’



မီလာနီ ရင်ထဲတွင် နင့်ခနဲ ဖြစ်သွား၏။



မီလာနီ၏ ဘဝက သာယာသည်။ ဖြောင့်ဖြူးသည်။ လုံခြုံသည်။ သူက ချစ်ခင်သူများ၏ အယုအယကို ခံရသည်။

သူ့ကို ကြင်နာမည့်သူ ပတ်လည်ဝိုင်းနေသည်။ ထို့ကြောင့် ကြီးဒေါ်၏ စကားများကို ကြားရသည့်အခါ၌ မီလာနီ နားမလည်နိုင်။ မယုံကြည်နိုင်။ သို့ရာတွင် သူ့စိတ်ထဲတွင် သူ လျင်မြန်စွာ ဖျောက်ဖျက် ပစ်ခဲ့သည့် အရာတစ်ခု၊ မြင်ကွင်းတစ်ခုကို မီလာနီ ရုတ်တရက် သတိပြန်ရလိုက်သည်။ သူ့ပေါင်ပေါ်တွင် ခေါင်းတင်၍ ငိုခဲ့သည့် ညတုန်းက ဘဲလ် ဝက်တလင်း အကြောင်းကို ရက် ဘတ်တလာ ပြောခဲ့ဖူးသည်။ သို့ရာတွင် စကားလက်ကို ချစ်ကြောင်းဖြင့် ပြောခဲ့ဖူးသည်။ ဤနေ့ကို မီလာနီ မမေ့နိုင်။ စကားလက်ကလည်း ရက် ဘတ်တလာကို ချစ်သည်။ သို့ရာတွင် သူတို့ နှစ်ယောက်ကြား၌ မည်သည့် ပြဿနာမျိုး ရှိသနည်း။ လင်နှင့် မယားသည် ဓားထက်ထက်ဖြင့် တစ်ဦးအသည်းကို တစ်ဦး အဘယ့်ကြောင့် မွှန်းနေကြရသနည်း။

ကြီးဒေါ်က သူ့စကားကို ဆက်သည်။



‘ခဏကြာတော့ အိပ်ခန်းထဲက မလေး ပြန်ထွက်လာတယ်၊ မျက်နှာကဖြူလို့၊ ဒါပေမယ့် မျက်နှာထားက တော်တော်

တင်းနေတယ်၊ တံခါးဝကျတော့ ကြီးဒေါ် မနက်ဖြန်မှာ ကိစ္စပြီးမယ်၊ လုပ်စရာရှိတာ လုပ်ထားပါလို့ ပြောတယ်၊ ဒီတော့ ကြီးဒေါ်လည်း ဘာလုပ်ရမှန်း မသိဘူး၊ မလေးကလည်း ဇွတ်တရွတ်၊ ဗိုလ်ကြီး ဘတ်တလာကလည်း ဇွတ်တရွတ်၊ မနက်ဖြန် အသုဘချရင် မင်းကို အသတ်ပဲ တဲ့၊ သူကလည်း တကယ် လုပ်မှာ၊ ကြီးဒေါ် သိပ်စိတ်ညစ်နေပြီ၊ ကြီးဒေါ် ကြောက်လည်း ကြောက်တယ်၊ ပြီးတော့-’

‘အို၊ ကြီးဒေါ်ရယ်၊ ဒါက ကိစ္စ မရှိပါဘူး၊ ခုမှတော့-’



‘ကိစ္စရှိတယ် မလေး၊ သိပ် ရှိတယ်၊ အဲဒါကြောင့် ခက်နေတာ၊ ကြီးဒေါ်ကို သတ်ချင်လည်း သတ်ပါစေတော့၊ အသုဘချဖို့

ပြင်နေကြပြီလို့ ဗိုလ်ကြီး ဘတ်တလာကို သွားပြောရင် ကောင်းမယ်ဆိုပြီး သွားပြောတာပဲ၊ မလေးလည်း ထွက်သွားရော

515

သူ့တံခါး ပြန်မပိတ်ခင် ကြီးဒေါ် အခန်းထဲ စွတ်ဝင်သွားတာပဲ၊ ဗိုလ်ကြီး ဘတ်တလာ၊ ဗိုလ်ကြီး ဘတ်တလာကို ပြောစရာ ရှိလို့လို့လည်း ပြောရော ကြီးဒေါ်ဘက် လှည့်ပြီး ထွက်သွားတဲ့၊ ကြောက်လိုက်တာ မလေးရယ်၊ ကြီးဒေါ်ကို တုန်သွားတာပဲ၊ ကြီးဒေါ်လည်း မထူးဘူးဆိုပြီး ပြောတော့တာပေါ့၊ ဗိုလ်ကြီး ဘတ်တလာကို ကြီးဒေါ် ပြောပါရစေ၊ ကြီးဒေါ်ကို သတ်ချင်လည်း သတ်ပါ၊ ကြီးဒေါ်လည်း ကလေးကို အမှောင်ကြီးထဲမှာ မထားချင်ဘူး၊ ကလေးက အမှောင် ကြောက်တတ်တယ် မဟုတ်လားလို့ ပြောတယ်၊ ကြီးဒေါ်ကို ရိုက်ချင်လည်း ရိုက်၊ သတ်ချင်လည်း သတ်ပါစေတော့၊ ကြီးဒေါ် ခံမယ်ဆိုပြီး ခေါင်းထိုးပေးတယ်၊ ဒီတော့ သူ ဘာမှ မပြောဘူး၊ ကြီးဒေါ် ပြောတာ စိတ်မဆိုးပါနှင့်၊ ဒါပေမယ့် ခု ကလေးက ဘာမှ မကြောက်တော့ဘူး၊ အမှောင်ကိုလည်း မကြောက်တော့ဘူး၊ ည ည လူတွေ အိပ် ပျော်နေရင် ထထပြေးပြီး ဆော့နေတယ်၊ တစ်ခုခုနှင့် ခိုက်မိမှာ စိုးရတယ်၊ ပြီးတော့ အပြင်ဘက်မှာလည်း တစ္ဆေတွေ သရဲတွေ ရှိတယ်လို့ ပြောတာပေါ့။

‘ဒီတော့ ဘာလုပ်တယ် ထင်သလဲ မလေး၊ သူ့ မျက်နှာက ချိုသွားတယ်၊ ပြီးတော့ ကြီးဒေါ် လက်မောင်းကို ကိုင်တယ်၊

ကြီးဒေါ်ကို သူ ဒီတစ်ခါပဲ ဒီလို ကိုင်ဖူးသေးတယ်၊ ကြီးဒေါ်၊ ကျုပ်သမီးလေး သတ္တိမကောင်းဘူးလားဟင် တဲ့၊ ကျုပ် သမီးလေးက အမှောင်ကလွဲရင် အခြား ဘာကိုမှ မကြောက်တတ်ဘူးတဲ့၊ ဒီတင် ကြီးဒေါ်လည်း စိတ်မထိန်းနိုင်တော့ဘူး၊ ငိုတော့တာပဲ၊ ဒီတော့ သူက ကြီးဒေါ်ရဲ့လက်မောင်းကို ပွတ်ပြီး မငိုပါနှင့် ကြီးဒေါ်ရယ်တဲ့၊ ကြီးဒေါ် ခုလို ပြောဖော်ရတဲံ အတွက် ဝမ်းသာပါတယ်တဲ့၊ နီလာကို ကြီးဒေါ် ဘယ်လောက်ချစ်တယ်ဆိုတာ ကျုပ် သိပါတယ် တဲ့၊ ဒါကြောင့် ကြီးဒေါ် ဒီလိုပြောတာကို ကျုပ် စိတ်မဆိုးပါဘူး တဲ့၊ လူမှာ အရေးကြီးတာက စေတနာပါပဲ တဲ့၊ ဒီတော့ ကြီးဒေါ်လည်း နည်းနည်း ပြောအား ရှိသွားပြီး အသုဘ ကိစ္စကို ဘယ်လို စီစဉ်မလဲလို့ အရဲစွန့် မေးလိုက်တာပေါ့၊ မေးလည်း မေးလိုက်ရော လား လား၊ တစ်ခါတည်း လူသားစား လူရိုင်းကြီးလို ကြီးဒေါ်ကို စိုက်ကြည့်နေတယ်၊ ပြီးတော့မှ ကြီးဒေါ်ဟာ ကျုပ်ကို သူများတကာတွေထက် နားလည်မှု ရှိတယ်လို့ ထင်နေတာ တဲ့၊ ကျုပ် သမီးလေးက အမှောင်ကို သိပ်ကြောက်တတ်တယ် တဲ့၊ ဒီတော့ ဒီ ကလေးကို ဘယ့်နှယ်လုပ်ပြီး မြေတွင်းကြီးထဲ ချနိုင်ပါ့မလဲ တဲ့၊ ညတစ်ရေးနိုး မှောင်နေရင် ထ ပြီး အော်နေတာ ခုထက်ထိ ကျုပ် နားထဲက မထွက်ဘူး တဲ့၊ ခု ကျင်းထဲကျရင် မှောင်နေတော့မယ် တဲ့၊ ဒီတော့ ကျုပ် သမီးလေးကို ကျုပ် အမှောင်ထဲမှာ ဘယ်ထားရက်ပါ့မလဲ တဲ့၊ ကိုင်း၊ မလေးရေ၊ ကြီးဒေါ် အထင်တော့ ဗိုလ်ကြီး ဘတ်တလာဟာ စိတ်နောက်သွားပြီ ထင်တာပဲ၊ အရက်တွေ နင်းကန် သောက်ပြီး အစားလည်း မစားဘူး၊ မအိပ်လည်း မအိပ်ဘူး ဆိုတော့ ရူးသွားပြီထင်တယ်၊ ပြီးတော့ ကြီးဒေါ်ကို အခန်းပြင် တွန်းထုတ်ပြီး သွား သွား ဒီအခန်းထဲမှာ မနေနှင့် တဲ့’

‘ဒါနှင့်

ကြီးဒေါ်လည်း

အောက်ထပ်

ဆင်းလာခဲ့တာပေါ့၊

စိတ်ထဲကတော့

ဘယ်လို

ဖြစ်မလဲဟဲ့၊

ဘယ်လို

စီစဉ်မလဲဟဲ့နှင့်ပေါ့၊ မလေးကလည်း အသုဘကို မနက်ဖြန် ချမယ်၊ သူကလည်း မချရဘူး၊ ချရင် မလေးကို သတ်မယ်တဲ့၊ ခုတော့ အသုဘ လာမေးတဲ့ လူတွေရော အိမ်နားနီးချင်းတွေရော သိလို့ ပွစိပွစိ ပြောကုန်ကြပြီ၊ ဒါနှင့် မလေးကိုတော့ တိုင်ပင်ဦးမှပဲ ဆိုပြီး မလေးဆီ ပြေးလာတာပဲ၊ မလေး ကြီးဒေါ်တို့ကို ကူပါဦး’

‘မီလာနီ ဝင်ပြောလို့ ဘယ်ကောင်းမလဲ ကြီးဒေါ်ရယ်’



‘မလေးမှ မပြောရင် ဘယ်သူ ပြောမှာလဲ’



‘ဒါတော့ မလေးလည်း မသိဘူး ကြီးဒေါ်’

516



‘ကြီးဒေါ်တော့ မလေး ဝင်ပြောရင် ပြဿနာ ရှင်းမယ် ထင်တာပဲ၊ ဗိုလ်ကြီး ဘတ်တလာက မလေးပြောရင်

နားထောင်ချင် နားထောင်မှာပါ၊ မိန်းမမြတ်ဆိုလို့ မလေးတစ်ယောက်ပဲ တွေ့ဖူးသေးတယ်လို့ ခဏ ခဏ ပြောတတ်တယ်’

‘ဒါပေမယ့်-’



မီလာနီက ထိုင်ရာမှ ထသည်။ စိတ်ထဲတွင် နောက်ကျုလျက်။ ရက် ဘတ်တလာနှင့် မျက်နှာချင်းဆိုင်ရမည်ကို တွေး၍

တထိတ်ထိတ် ဖြစ်နေ၏။ ကြီးဒေါ် ပြောသည့်အတိုင်း ရူးမတတ် သောက ပရိဒေဝ တောက်လောင်နေသည့် လူတစ်ယောက်ကို ဖျောင်းဖျရမည်ဆိုသည့် ကိစ္စသည် မလွယ်။ တွေးတိုင်း လန့်စရာကောင်းသည်။ သူ ချစ်သည့် နီလာလေး၏ အလောင်းထားရာ မီးထိန်ထိန် ထွန်းထားသည့် အခန်းထဲသို့ ဝင်ရမည်ကို တွေးမိတိုင်း ရင်နာသည်။ သူ ဘာလုပ်ရမည်နည်း။ ရက် ဘတ်တလာ၏ ပရိဒေဝမီကို ငြိမ်းအေးအောင်၊ ခေါင်းအေးအောင် သူ မည်သို့ ပြောရမည်နည်း။ မီလာနီ ဝေခွဲ၍ မရ။ ပိတ်ထားသည့် ထမင်းစားခန်းဘက်ဆီမှ

ဘိုဘို၏

ရယ်သံစူးစူးကို

ကြားရ၏။

ဘိုဘိုကလေးများ

သေလျှင်ဟု

တွေးလိုက်မိသည်နှင့်

သူ့အသည်းကို ဓားဖြင့် မွှန်းလိုက်သည့်နှယ် ခံစားလိုက်ရသည်။ အကယ်၍ ဘိုဘိုလေးတစ်ယောက် အပေါ်ထပ် အိပ်ခန်းထဲက ခုတင်ပေါ်တွင် ပက်လက်ဖြစ်နေလျှင်၊ သူ့ ခန္ဓာကိုယ်ကလေး အေးစက်တောင့်တင်းနေပြီဆိုလျှင်၊ သူ့ ရယ်သံလွင်လွင်ကလေး တိတ်သွားပြီ ဆိုလျှင်

‘အို’



မီလာနီ အလန့်တကြားအော်မိ၏။ စိတ်ထဲတွင် ဘိုဘိုကို တအား ပွေ့ဖက်ထားမိသည်။ ရက် ဘတ်တလာ မည်သို့

ခံစားရမည်ကို မီလာနီ ကိုယ်ချင်းစာသည်။ အကယ်၍ ဘိုဘိုသာ သေလျှင် မိုးထဲ ရေထဲ မှောင်ထုထဲတွင် သူ တစ်ယောက်တည်း မည်သို့ ထားရပ်ပါမည်နည်း။

‘အင်း၊ ဗိုလ်ကြီး ဘတ်တလာ သနားပါတယ် နော်’ မီလာနီက ဆိုသည်။ ‘ကောင်းပြီလေ၊ မီလာနီ ခု လိုက်ခဲ့မယ်’



မီလာနီ ထမင်းစားခန်းထဲသို့ ခပ်သုတ်သုတ် ဝင်သွားကာ အက်ရှလေကို ခပ်တိုးတိုး တစ်ခွန်း နှစ်ခွန်း ပြော၏။ ဘိုဘိုကို

ရင်ခွင်တွင် တင်းကျပ်စွာ ပွေ့ကာ သူ့ ဆံခွေလေးများကို အငမ်းမရ နမ်းနေသည်။ ဘိုဘိုပင်လျှင် အံ့အားသင့်လျက် ရှိ၏။

အိမ်မှ ထွက်လာသည့်အခါတွင် ဦးထုပ်မျှပင် မပါ။ လက်သုတ်ပဝါကို လက်တွင် ကိုင်လျက်။ ရှေ့က သုတ်သုတ်

သုတ်သုတ် သွားသဖြင့် ကြီးဒေါ် မနည်း လိုက်ယူရသည်။ စကားလက်တို့အိမ် ဧည့်ခန်းသို့ ရောက်သည်တွင် အသုဘ လာမေးသည့် ပရိသတ်ကိုလည်းကောင်း၊ ထိတ်လန့်နေသည့် ဒေါ်လေး ပစ်တီကိုလည်းကောင်း၊ ဣနြေ္ဒ သိက္ခာဖြင့် ထိုင်နေသည့် ရက် ဘတ်တလာ၏ မိခင်ကြီးကိုလည်းကောင်း၊ ဝီလီနှင့် ဆွီလင်တို့ကိုလည်းကောင်း နှုတ်ဆက်သည် ဆိုရုံမျှ ခေါင်းကို ညိတ် နှုတ်ဆက်ပြီးနောက် အပေါ်ထပ်သို့ ခပ်သုတ်သုတ် တက်လာခဲ့သည်။ ကြီးဒေါ်က အသက် ပြင်းပြင်းရှူရင်း နောက်က တက်လိုက်လာ၏။ စကားလက်၏ ပိတ်ထာသည့် အခန်းရှေ့တွင် ခေတ္တ ရပ်လိုက်သည်။ ကြီးဒေါ်က လေသံကလေးဖြင့် ‘နေပေ့စေ မလေး၊ သူ့ဆီ မဝင်နှင့်’ ဟု သတိပေးသည်။

မီလာနီက အပေါ်ထပ် အိမ်ရှေ့ခန်းမကြီး တစ်လျှောက် ခပ်မြန်မြန် လျှောက်သွားပြီး ရက် ဘတ်တလာ၏ အခန်းရှေ့တွင်

ရပ်လိုက်၏။ မီလာနီ ခေတ္တ ရပ်၍ တွေနေသည်။ ပြန်လှည့်သွားရမည်လောဟု စိတ်ကူးသေးသည်။ ထို့နောက် စစ်မြေပြင်သို့

517

ချီတက်သည့် စစ်သားတစ်ဦးသဖွယ် အားတင်း၍ ရင်ကို ကော့၏။ တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်သည်။

‘ဗိုလ်ကြီး ဘတ်တလာ၊ ခဏ ဝင်ပါရစေ၊ မီလာနီပါ၊ နီလာလေးကို ကြည့်ချင်လို့ပါ’



လျင်မြန်စွာ တံခါး ပွင့်လာသည်။ ကြီးဒေါ်က အခန်းဝ အမှောင်ရိပ်တွင် အသာဝင်ကပ်လိုက်၏။ ဖယောင်းတိုင်

မီးတောက်များ နောက်ခံတွင် ဗိုလ်ကြီး ဘတ်တလာ၏ ခန္ဓာကိုယ်ကြီးက ကြီးမား၍ မည်းမည်းကြီး အရိပ်ပေါ်နေသည်။ ခန္ဓာကိုယ်က ခပ်ယိုင်ယိုင်။ သူ့ပါးစပ်က အရက်နံ့ တထောင်းထောင်း ထွက်နေသည်။

မီလာနီကို အတန်ကြာမျှ ကြည့်နေပြီး လက်မောင်းမှ ဆွဲ၍ အခန်းထဲသို့ သွင်းလိုက်ကာ အခန်းတံခါးကို လျင်မြန်စွာ

ပြန်ပိတ်လိုက်သည်။

ကြီးဒေါ်က အခန်းအပြင်ဘက် တံခါးဝဘေး အမှောင်ရိပ်ထဲတွင် ရှိသည့် ကုလားထိုင်တစ်လုံးတွင် မောမောဖြင့်

ထိုင်ချလိုက်၏။ ကုလားထိုင်ကြီး တစ်ခုလုံး သူ့ခန္ဓာကိုယ် ဝဝကြီးဖြင့် ပြည့်လျက် ရှိသည်။ မလှုပ်မယှက် ထိုင်ကာ တိတ်ဆိတ်စွာ ငိုရင်း ဆုတောင်းသည်။ ဝတ်စုံကို မ၍ မကြာ မကြာ မျက်ရည်သုတ်၏။ နားကို စွင့်၍ နားထောင်သည့်တိုင် အခန်းထဲမှ မည်သည့် စကားလုံးကိုမျှ မကြားရ။ ပြတ်တောင်းပြတ်တောင်း ပြောနေသည့် အသံ ခပ်တိုးတိုးကိုသာ ကြားရသည်။

အတော်ကြီး ကြာသည့်အခါကျမှ အခန်းတံခါး ဟလာသည်။ ဖြူဖပ်ဖြူရော် ဖြစ်၍ နွမ်းနယ် ပင်ပန်းနေဟန် ရှိသော

မီလာနီ၏ မျက်နှာ ပေါ်လာသည်။

‘ကြီးဒေါ်၊ ကော်ဖီ ကရားရယ်၊ ဆင်းဒွစ် နည်းနည်းရယ် မြန်မြန်လေး ယူပေးပါ’



စိတ်ညစ်စရာမရှိလျှင် ကြီးဒေါ်သည် ဆယ့်ခြောက်နှစ် သမီးလေးနှယ် ဖျတ်လတ်သွက်လက်သည်။ ရက် ဘတ်တလာ၏

အခန်းထဲသို့ မြန်မြန် ဝင်ချင်သဖြင့် ပို၍ သွက်နေ၏။ သို့ရာတွင် မီလာနီက တံခါးကို ဟသည်ဆိုရုံမျှ ဟကာ ကော်ဖီဗန်းကို လှမ်းယူလိုက်သဖြင့် ကြီးဒေါ် စိတ်ပျက်သွားသည်။

ကြီးဒေါ်သည် သူ့ နားရွက်များကို အတန်ကြာ စွင့်ထားသည်။ သို့တိုင်အောင် ဇွန်းသံ၊ ပန်းကန်သံနှင့် မီလာနီ၏

ခပ်တိုးတိုး

အသံမှအပ

မည်သည်ကိုမျှ

သဲသဲကွဲကွဲ

မကြားရ။

လေးလံသည့်

ခန္ဓာကိုယ်ကြီး

တစ်ခု

ခုတင်ပေါ်သို့

လှဲချလိုက်သည့်နှယ် တကျွီကျွီ မြည်သွားသံကို ကြားရ၏။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ဖိနပ် ချွတ်ချလိုက်သံကို ကြားရသည်။

ခဏ အကြာတွင် တံခါးဝသို့ မီလာနီ ပေါ်လာသည်။ ကြီးဒေါ် အားစိုက်၍ ကြည့်သော်လည်း မီလာနီကို မမြင်။ မီလာနီ၏

အမူအရာက နွမ်းနယ်နေသည်။ မျက်လုံးတွင် မျက်ရည်တွေ ဝဲနေသည်။ သို့ရာတွင် မျက်နှာကမူ တည်ငြိမ်လျက်။

‘ကြီးဒေါ်၊ စကားလက်ကို သွားပြောပါ၊ မနက်ဖြန် မနက်မှာ အသုဘ ကိစ္စ ပြီးအောင်လုပ်ဖို့ ဗိုလ်ကြီး ဘတ်တလာက

သဘောတူပါပြီလို့’

‘ဘာ’ ကြီးဒေါ်က အလန့်တကြား ထအော်သည်။ ‘မလေး ဘယ်လိုလုပ်-’



‘တိုးတိုး ကြီးဒေါ်၊ ခု အိပ်ပျော်သွားပြီ၊ စကားလက်ကိုလည်း ပြောလိုက်ပါ၊ မီလာနီ ဒီည ဒီအခန်းထဲမှာ စောင့်အိပ်မယ်လို့၊

518

မီလာနီဖို့လည်း ကော်ဖီ တစ်ကရားလောက် ဆွဲခဲ့ပါ၊ ဒီကို ယူခဲ့နော်’

‘ဒီအခန်းထဲကို ယူခဲ့ရမှာလား’



‘ဟုတ်တယ်လေ၊ သူ အိပ်ချင်ရင် အိပ်ပါစေ၊ မီလာနီ တစ်ညလုံး ကလေး အနားမှာ စောင့်နေပါ့မယ်လို့ ဗိုလ်ကြီး

ဘတ်တလာကို ကတိပေးထားလို့၊ ကဲ စကားလက်ကို မြန်မြန် သွားပြောစမ်းပါ၊ သိပ် စိတ်ပူနေလိမ့်မယ်’

အောက်ထပ် ခန်းမကြီးသို့ ကြီးဒေါ် ဆင်းလာခဲ့သည်။



သူ့ခန္ဓာကိုယ်ကြီး၏ အလေးချိန်ကြောင့် ကြမ်းပြင်သည် သိမ့်ခနဲသိမ့်ခနဲ လှုပ်သွား၏။ ဘုရားစာကို စိတ်ထဲက

ရွတ်လာသည်။ စကားလက်၏ တံခါးဝတွင် ခပ်ဆိုင်းဆိုင်း ရပ်လိုက်၏။ ကျေးဇူးတင်ခြင်း၊ သိလိုစိတ် ပြင်းပြခြင်း စသည်တို့ သူ့ရင်တွင် လွှမ်းနေသည်။

‘သူ နားဝင်အောင် မလေး မီလာနီ ဘယ်လိုများ ပြောသလဲ မသိဘူး၊ သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များက

မလေးကို မှိုင်းမကြဟန်တူရဲ့၊ မနက်ဖြန်မှာ အသုဘ ကိစ္စ ပြီးဖို့ သဘောတူတယ်ဆိုတာကို မလေးကို ပြောရမယ်၊ ဒါပေမယ့် မလေး မီလာနီ အလောင်းနားမှာ တစ်ညလုံး ထိုင်စောင့်နေမယ်ဆိုတာတော့ ပြောလို့ မကောင်းဘူးထင်တယ်၊ မလေးက ကြိုက်ချင်မှ ကြိုက်မှာ’

519

၆၀



လောကကြီးသည် တစ်စုံတစ်ရာ ဖောက်လွဲ ဖောက်ပြန် ဖြစ်နေပြီ။ ဖောက်လွဲ ဖောက်ပြန် ဖြစ်နေပုံက ကြောက်ဖို့ပင်

ကောင်းသည်။ မည်းမှောင်သည့် ဆီးနှင်း တိမ်တိုက်ကြီး ဖုံးအုပ်လာသည့်နှယ် စကားလက်၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် အဆင်မပြေမှုတွေ တစ်ခုပြီး တစ်ခု ဖုံးလာသည်။ ဤအဆင်မပြေမှုသည် နီလာလေး ဆုံးစဉ်ကထက်ပင် လေးနက်၍ ကြောက်ဖွယ် ကောင်းသည်။ ပထမဆုံး တွေ့ရသည့် ပရိဒေဝ သောကမီးသည် တဖြည်းဖြည်း ငြိမ်းစ ပြုလာသည်။ ဆုံးရှုံးခဲ့ရပြီဟု စကားလက် တရားနှင့် ဖြေသည်။ သို့တိုင်အောင် စကားလက်၏ စိတ်တွင် လေးနေသည်။ လေးလံ မည်းမှောင်သော အရာကြီး တစ်ခုသည် သူ့ ပခုံးပေါ်တွင် ရပ်နေသကဲ့သို့ ရှိ၏။ သူ့ ခြေထောက် အောက်က မြေကြီးသည် တအိအိ ကျွံကျကာ ညွှန်ဗွက်ကြီး တစ်ခုတွင် ရပ်နေရသည့်နှယ် ရှိသည်။

ဤ အကြောင်းမျိုးကို စကားလက် တစ်ခါမျှ မကြုံဖူးခဲ့။ သူ့ တစ်သက်တွင် စကားလက်သည် ပကတိဉာဏ်ဖြင့်

စဉ်းစား၍ လုပ်ခဲ့သည်ချည်း။ သူ ကြောက်ခဲ့သည့် အရာများသည် ယခင်က မြင်နိုင်၊ ထိတွေ့ ခံစားနိုင်သော အရာများသာ ဖြစ်ခဲ့ကြ၏။ ထိခိုက် နာကျင်ခြင်း၊ ငတ်မွတ်ခြင်း၊ ဆင်းရဲခြင်း၊ အက်ရှလေ၏ အချစ်ကို ဆုံးရှုံးခြင်း စသည့် အရာများသည် ယခင်က သူ ကြောက်ခဲ့သည့် အရာများ ဖြစ်သည်။ ယခု အကြောက်ကမူ မည်သည်ကို ကြောက်မှန်း သူ မသိ။ မည်သည်ကို ကြောက်သနည်းဟု စဉ်းစားသည့်တိုင် စဉ်းစားမရ။ အချစ်ဆုံး ရင်သွေးကို ဆုံးရှုံးခဲ့သည့်တိုင် သူ ခံနိုင်ခဲ့သည်။ အခြားသော ဆုံးရှုံးမှုများ နည်းတူ ကြိတ်မှိတ်၍ ခံခဲ့သည်။ စင်စစ် သူ့ ဘဝက ကျန်းကျန်းမာမာ။ ပိုက်ဆံ ဆိုသည်မှာလည်း လိုလေသေး မရှိ။ အတွေ့ နည်းသွားသည့်တိုင် အက်ရှလေကို မြင်နိုင် တွေ့နိုင်သေးသည်။ အက်ရှလေ၏ မွေးနေ့ ဧည့်ခံပွဲ ပြီးသည့် နောက်တွင် သူနှင့် အက်ရှလေတို့၏ ဆက်ဆံရေးသည် အနည်းငယ် တန်းသွားကြသည့်တိုင် ဤသည်ကို စကားလက် စိတ်မပူ။ အချိန်တန်လျှင် ပုံမှန် ပြန်ဖြစ်သွားမည်ကို စကားလက် သိသည်။ သူ့ အကြောက်သည် ဝေဒနာကို ကြောက်ခြင်းလည်း မဟုတ်။ ငတ်မွတ်မှုကို ကြောက်ခြင်းလည်း မဟုတ်။ ဤအရာများကို ကြောက်သည့် အကြောက်သည် ယခု အကြောက်လောက် ကြီးမားခြင်း မရှိ။ ယခု အကြောက်သည် လောကကြီး တစ်စုံ တစ်ရာ ဖောက်လွဲ ဖောက်ပြန် ဖြစ်နေပြီဟု ထင်၍ ပေါ်လာသည့် အကြောက် ဖြစ်သည်။ ဤအကြောက်သည် နှင်းထုကြီးထဲတွင် ပြေးရင်း ခိုလှုံရာကို လိုက်ရှာနေသည်ဟု မက်ခဲ့ဖူးသော ခြောက်အိပ်မက်ထဲက အကြောက်မျိုး ဖြစ်သည်။ တောကြီးမျက်မည်း အလယ်တွင် လမ်းပျောက်နေသည့် ကလေးငယ်၏ အကြောက်မျိုး ဖြစ်သည်။

ခါတိုင်း သူကြောက်လျှင် ရက် ဘတ်တလာက ရယ်ကာဖြင့် သူ့ကို အကြောက် ပြေစေသည်။ သူ့ ရင်အုပ်

ကျယ်ကျယ်ကြီးနှင့် သူ့ လက်မောင်းကြီးများ၏ အယုအယဖြင့် အကြောက် ပြေစေသည်။ ထို့ကြောင့် သီတင်းပတ် များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ရက် ဘတ်တလာကို အားကိုးတကြီးဖြင့် ကြည့်သည်။ ရက် ဘတ်တလာ ပြောင်းလဲသွားပုံကို မြင်သည်၌ စကားလက် ထိတ်လန့် တုန်လှုပ်ခြင်း ဖြစ်မိသည်။ ရက် ဘတ်တလာသည် သူ့ကို ကြည့်၍ ရယ်တော့မည် မဟုတ်။ သူ့ကို နှစ်သိမ့် ယုယခြင်း ပြုတော့မည် မဟုတ်။

နီလာလေး၏ ကိစ္စ ပြီးသည့်နောက် အတန်ကြာသည် အထိ ရက် ဘတ်တလာ အပေါ်တွင် စကားလက် စိတ်ဆိုးမပြေ။

520

သူ့ကိုယ်၌က ပရိဒေဝမီး တောက်နေသည့် အတွက် (အစေခံများ ရှေ့တွင်မှ အပ) သူ့ကို ယဉ်ကျေး သိမ်မွေ့စွာ ဆက်ဆံခြင်း မပြု။ တတောက်တောက် ပြေးနေသည့် နီလာလေး ခြေသံကို ကြားယောင်နေ၏။ ရယ်သံ လွင်လွင်ကလေးကို ကြားယောင် နေသည်။ သူပင် ဤမျှ ဖြစ်နေသည် ဆိုလျှင် ရက် ဘတ်တလာသည် သူ့ထက် ခံစားရလိမ့်မည်ဟု စကားလက် တွေးနေသည်။ ထိုရက်များ အတွင်း၌ သူတို့ နှစ်ဦး မျက်နှာချင်းဆိုင်မိ၍ စကား ပြောကြလျှင် ဟိုတယ် ခန်းမ တစ်ခုတွင် ရှောင်တခင် တွေ့သည့် လူစိမ်းများ သဖွယ် မေးထူး ခေါ်ပြောရုံလောက်မျှသာ ရှိကြသည်။ အမိုး တစ်မိုးတည်း အောက်တွင် အတူ နေကြ၍ ထမင်းစားဝိုင်းထဲတွင် အတူ စားကြသည့်တိုင် အတွေးများကမူ တစ်ယောက်နှင့် တစ်ယောက် မတူကြတော့။

ယခု စကားလက် ကြောက်သည်။ တိမ်းတိမ်းပွေပွေ ဖြစ်သည်။ ထို့ကြောင့် ဤသို့ ခပ်စိမ်းစိမ်း ဖြစ်နေကြသည်ကို

စကားလက် ကြာကြာ သည်းမခံနိုင်။ သူ တတ်နိုင်သမျှ ဤအတားအဆီးကို ကျော်ချင်သည်။ သို့ရာတွင် ရက် ဘတ်တလာက သူနှင့် ခပ်ကင်းကင်း နေသည်။ ရင်ထဲ အသည်းထဲတွင် ရှိသည့် စကားလုံးများကို ထုတ်မပြောချင်သည့် အရိပ်အယောင် ပြနေသည်။ ယခုမူ စကားလက် စိတ်ဆိုး ပြေပြီ။ နီလာ ယခုလို ဖြစ်ရခြင်း အတွက် ရက် ဘတ်တလာတွင် ဘာမျှ အပြစ် မရှိဟု ပြေရာ ပြေကြောင်း စကားလက် ပြောချင်သည်။ သူ့ ရင်ခွင်တွင် မျက်နှာအပ်၍ ငိုချင်သည်။ သူကိုယ်တိုင်လည်း နီလာ မြင်းစီးတော်ပုံကို ဂုဏ်ယူကြောင်း၊ အလို လိုက်ခဲ့မိကြောင်းကို ပြောချင်သည်။ မာန်ကို လျှော့ကာ အပူမီးကြောင့် ပြောမိ ပြောရာ ပြောမိကြောင်း ဝန်ချ တောင်းပန်ချင်သည်။ ဤသို့ ပြောခြင်းသည် မိမိ၏ အပူမီး ပြေရာ ပြေကြောင်း ဖြစ်မည်လော အထင်ဖြင့် ပြောမိခြင်း ဖြစ်ကြောင်း ဝန်ခံချင်သည်။ သို့ရာတွင် ဤသို့ ပြောဖို့ အခွင့်မရ။ နက်မှောင်၍ ဟာလာဟင်းလင်း ဖြစ်နေသည့် မျက်လုံးများဖြင့် လှမ်းကြည့်ကာ စကားလက်ကို စကား ပြောရန် အခွင့်မပေး။ တောင်းပန် စကား ဆိုသည်မှာ မြန်မြန် ပြောလျှင် ပြော၊ မပြောလျှင် ကြာလေ အပြောရ ခက်လေ ဖြစ်လာတတ်သည်။ သို့ဖြင့် နောက်ဆုံးတွင် မပြောဖြစ်သည့် အခြေသို့ ရောက်သွားတတ်သည်။

သူတို့ နှစ်ဦး ကြားတွင် မည်သည့်ကြောင့် ဤသို့ ဖြစ်နေရသည်ကို စကားလက် စဉ်းစား၏။ ရက် ဘတ်တလာသည် သူ့

ယောက်ျား။ တစ်အိပ်ရာတည်း အတူ အိပ်ခဲ့ကြသူ နှစ်ဦး။ ချစ်ရသည့် ကလေး တစ်ယောက်ကို မွေးထုတ်ခဲ့ကြသူ နှစ်ယောက်။ ထိုကလေးငယ် အမှောင်ကြီးထဲသို့ ပျောက်ကွယ် သွားခဲ့ကြသည်ကို မြင်ခဲ့ကြသူ နှစ်ဦး။ ထိုနှစ်ဦး၏ ကြားတွင် ချိုးဖြတ်၍ မရနိုင်သည့် သံယောဇဉ် နှောင်ကြိုး တစ်မျှင် ရှိသည်။ ထိုကလေးအဖေ၏ ရင်ခွင်တွင်သာလျှင် သူ့အဖို့ ဖြေသိမ့်ရာကို ရှာ၍ တွေ့နိုင်လိမ့်မည်။ အစတွင် နာကျင်သည့်တိုင် နောင်တွင် တဖြည်းဖြည်း ကျက်သွားသည့် သောက၏ ဒဏ်ရာများ၊ ရှေးဟောင်းနှောင်းဖြစ်များကို တစ်ဦးနှင့် တစ်ဦး ပြန်ပြောကြခြင်းဖြင့်သာလျှင် သူ့အဖို့ စိတ် သက်သာရာကို ရစေလိမ့်မည်။ ယခုမူ သူတို့ နှစ်ဦး၏ ဆက်ဆံရေးက ခပ်စိမ်းစိမ်း။ ခပ်တန်းတန်း။ လူစိမ်း တစ်ယောက်၏ ရင်ခွင်တွင် ပြေးဝင်ရတော့မည့်နှယ် ဖြစ်နေသည်။

ရက် ဘတ်တလာသည် အိမ်တွင် နေသည် မရှိ။ ညလယ်စာ စားရန် စားပွဲတွင် အတူ ထိုင်ကြချိန်၌ အရက်

မူးနေပြီ။ အရက် သောက်ပုံကလည်း ယခင်ကလို မဟုတ်တော့။ ယခင်က သူ အရက်မူးပြီ ဆိုလျှင် ပို၍ ယဉ်ကျေးလာသည်။ မခံချင်အောင် စတတ်သည်။ ရယ်စရာ လှောင်စရာများကို တခစ်ခစ် ရယ်ရအောင် ပြောတတ်သည်။ ယခု ဤသို့ မဟုတ်တော့။ အရက် မူးလာပြီ ဆိုလျှင် မျက်နှာကြီး မှုန်သိုးကာ စကား တစ်ခွန်းမျှ မပြော။ တိတ်ဆိတ်လျက်။ ညဥ့်နက်လေ အရက်ကို မူးအောင် သောက်လေ။ တစ်ခါတစ်ရံ နံနက် အရုဏ်တက်ကျမှ အိမ်သို့ ပြန်လာကာ နောက်ဖေးက အစေခံ တန်းလျား တံခါးကို တဝုန်းဝုန်း ထုနေတတ်သည်။ ပေါ့ကို နှိုးကာ နောက်ဖေး လှေကားမှ အိပ်ရာသို့ တွဲအတင်ခိုင်းသည်။ အိပ်ရာသို့

521

တွဲအပို့ခိုင်းသည် အထိ ဆိုလျှင် လွန်နေပြီ။ အရက် သောက်လျှင် သူများတွေ မူးလဲသည့်တိုင် ဣနြေ္ဒ မပျက် သောက်နိုင်သည့် ရက် ဘတ်တလာသည် အိပ်ရာသို့ တွဲ၍ အပို့ခိုင်းရသည် အထိ မူးနေပြီ ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့။

တစ်ခါက သပ်သပ်ရပ်ရပ် နေသလောက် ယခု သူ နေပုံက ကပျစ်ကညစ်။ ထမင်း စားခါနီးလျှင် ပေါ့ခမျာ သူ့ကို

အဝတ်လဲဖို့ ပြောရသည်မှာလည်း လျှာထွက်လုမတတ်။ အရက်၏ လက္ခဏာချက်များသည် မျက်နှာတွင် ပေါ်စပြုပြီ။ မေးရိုး ကားကားသည် ခပ်အစ်အစ်၊ ခပ်ဖောင်းဖောင်း အသားအောက်တွင် ပျောက်လု ပျောက်ခင် ဖြစ်နေပြီ။ နီရဲနေသည့် သူ့ မျက်လုံးအောက်တွင် မျက်လုံးအိမ်က ဖောင်းစ ပြုလာပြီ။ တောင့်တင်း ကြံ့ခိုင်သည့် သူ့ ခန္ဓာကိုယ်ကြီးသည် ပျော့တိ ပျော့ဖတ်။ ဗိုက်က တဖြည်းဖြည်း စူလာသည်။

အိမ်ပြန်မအိပ်သည့် ညများကလည်း မရေနိုင်။ အိမ်ပြန် မအိပ်ဟု အကြောင်းကြားဖော် ကလေးမျှပင် မရ။ အရက်ဆိုင်

တစ်ဆိုင် အပေါ်ထပ်တွင် မူးမူးနှင့် အိပ်ပျော်နေမည်လော မသိ။ သို့ရာတွင် အများအားဖြင့် ဘဲလ် ဝက်တလင်း၏ အိမ်တွင် ရောက်နေလိမ့်မည်ဟု စကားလက် ထင်သည်။ တစ်ခါက ဘဲလ် ဝက်တလင်းကို ကုန်တိုက် တစ်တိုက်တွင် စကားလက် တွေ့လိုက်သည်။ အောက်တန်း ကျကျ ခပ်ဝဝ မိန်းမ တစ်ယောက် ဖြစ်နေပြီ။ ယခင်ကလို ကြည့်၍ မကောင်းတော့။ သို့ရာတွင် နှုတ်ခမ်းနီ ပါးနီတွေ ခြယ်ကာ တောက်တောက်ပပ ဝတ်စားထားသည့်တိုင် ဖွံ့ဖြိုးဆဲ။ သားကောင်း မိခင်၏ အသွင်ကို ဆောင်ဆဲ။ အမျိုးကောင်း သမီးများနှင့် တွေ့လျှင် အခြား မိန်းမရွှင်များကဲ့သို့ မျက်လွှာကိုလည်း မချ၊ စူးစူးရဲရဲလည်း မကြည့်။ စကားလက်က စိုက်ကြည့်မှသာ သူက စိုက်ကြည့်တတ်သည်။ စကားလက်၏ မျက်နှာပေါ်တွင် တစ်စုံတစ်ရာကို ရှာဖွေသည့်ဟန် စူးစမ်း၍ သနားသည့် အကြည့်မျိုးဖြင့် ကြည့်တတ်သဖြင့် စကားလက် မျက်နှာတွေ ထူပူကာ မနေတတ် မထိုင်တတ်အောင် ဖြစ်ရသည်။

သို့ရာတွင် ယခု အချိန်၌ နီလာ သေရခြင်းသည် သူ့ကြောင့် ဖြစ်သည်ဟု ရက် ဘတ်တလာကို စွပ်စွဲခြင်း မပြုလိုတော့။

စိတ်မဆိုးချင်တော့။ သစ္စာမဲ့ရ ကောင်းလောဟု ဆိုကာ အရှက် မခွဲချင်တော့။ စွပ်စွဲခဲ့မိလေခြင်းဟု စကားလက် နောင်တ ရသည်။ ဝန်ချ တောင်းပန် လိုသည်။ စကားလက်သည် နောက်ကျူ ရှုပ်ပွေ စိတ်ထွေလျက် ရှိသည်။ ထို စိတ်နောက်ကျူမှုကို စကားလက် နားမလည်။ သူ့ တစ်သက်လုံးတွင် ဤမျှလောက် စိတ်နောက်ကျူခြင်း တစ်ခါမျှ မဖြစ်စဖူး။ သူ တစ်ယောက်တည်း အထီးကျန် စိတ်ကို ခံစားရသည်။ ဤမျှလောက်လည်း အထီးကျန် ဖြစ်ဖူးသည်ဟု စကားလက် မမှတ်မိ။ ယခင်က ဤသို့ အထီးကျန် ဖြစ်ရန် အချိန် မရ၍လော ဟူ၍ကား မဆိုနိုင်။ ယခု သူ အထီးကျန် ဖြစ်ရသည်။ ကြောက်ရွံ့ ထိတ်လန့်ခြင်း ဖြစ်ရသည်။ မီလာနီမှ အပ သူ့တွင် အားကိုးရာ မရှိတော့။ သူ့ လက်ရုံးကြီး ဖြစ်ခဲ့သည့် ကြီးဒေါ်ပင်လျှင် မြိုင်သာယာသို့ ပြန်ပြီ။ အပြီးအပိုင် ပြန်သွားခဲ့ပြီ။

ကြီးဒေါ်က မြိုင်သာယာသို့ ပြန်ရာတွင် မည်သည့်ကိုမျှ အကြောင်းမပြ။ ရထား စရိတ် တောင်းသည့် အခါတွင်

ကြီးဒေါ်၏ မှုန်မွဲသော မျက်လုံးများသည် စကားလက်ကို ဝမ်းနည်းစွာ ကြည့်နေကြသည်။ စကားလက်က မျက်ရည် လည်ရွဲဖြင့် မပြန်ရန် တား၏။ ‘မလေး မေမေက ခေါ်နေပြီလေ၊ ကြီးဒေါ်ကို မြိုင်သာယာကို ပြန်ခဲ့တော့တဲ့၊ ကြီးဒေါ် အလုပ် ပြီးပြီတဲ့၊ ဒါကြောင့် ကြီးဒေါ် ပြန်တော့မယ်’ ဟုသာ ပြောသည်။

ကြီးဒေါ်၏ စကားကို နားထောင်နေသည့် ရက် ဘတ်တလာက ပိုက်ဆံ ထုတ်ပေးကာ ကြီးဒေါ်၏ လက်မောင်းကို

ပွတ်သည်။

522



‘ဟုတ်တယ်၊ ကြီးဒေါ် ပြောတာ မှန်တယ်၊ ကြီးဒေါ်ရဲ့ အစ်မကြီး အယ်လင် ပြောတာလည်း မှန်တယ်၊ ဒီမှာ ကြီးဒေါ်ရဲ့

အလုပ် ပြီးပြီ၊ ကြီးဒေါ် ပြန်တော့၊ ကြီးဒေါ် အကူအညီ တစ်ခုခု လိုရင် ကျုပ် သိပါရစေ’ စကားလက်က ဝင်ပြောမည် အပြုတွင် ‘တိတ်၊ မင်း တော်တော် အသုံးမကျတဲ့ မိန်းမ၊ ပြန်ချင်တာ ပြန်ပါ့စေ၊ ဒီအိမ်မှာ ဘာလုပ်ဖို့ နေတော့မလဲ၊ ဘယ်သူ နေချင် တော့မှာလဲ’ ဟု ရက် ဘတ်တလာက အော်သည်။

ရက် ဘတ်တလာ၏ မျက်လုံးသည် ပြူးကြောင်၍ တဖျပ်ဖျပ် တောက်နေသည်။ သူ့ အော်သံကြောင့် စကားလက်

လန့်၍ ကုပ်နေသည်။

‘သူ သူ စိတ်နောက်သွားတာလား ဟင်၊ ဒေါက်တာမိ’



မတတ်သာသည့် အဆုံး ဒေါက်တာမိထံ သွား၍ အကူအညီ တောင်းရသည်။



‘မဟုတ်ပါဘူး၊ ကောင်းပါတယ်’ ဒေါက်တာမိက ပြောသည်။ ‘ဒါပေမယ့် အရက် သောက်တာ သိပ်များနေတယ်၊

ဒီလိုသာ သောက်သွားရင်တော့ သေမှာပဲ၊ သူ့ သမီးကို သူ သိပ်ချစ်တယ်၊ ဒီတော့ စိတ်ပြေ လက်ပျောက် အရက်ကို ဖိသောက်နေတာပေါ့၊ ဒီတော့ ဦးလေး အကြံ တစ်ခု ပေးမယ် ငါ့တူမကြီး၊ ဖြစ်နိုင်သမျှ မြန်မြန် ကလေး တစ်ယောက်သာ မွေးပေးပေတော့’

‘ဟင်း’



ဆေးတိုက်မှ အထွက်တွင် စကားလက် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း ချမိသည်။ ပြောရသည်က လွယ်သည်။

သို့ရာတွင် လက်တွေ့က မလွယ်။ ရက် ဘတ်တလာ၏ မျက်လုံးမှ ကြောက်ဖွယ် ပြိုးပြက်သည့် အရောင်ကို ပျောက်အောင် လုပ်နိုင်မည် ဆိုလျှင်၊ သူ့ နှလုံးသားက ဟာလာဟင်းလင်း ကွက်လပ်များကို ဖြည့်ပေးနိုင်မည် ဆိုလျှင် ကလေး တစ်ယောက်ကိုမျှမက ကလေး တစ်ဒါဇင်ကိုပင် စကားလက် ဝမ်းမြောက် ဝမ်းသာ မွေးပေးမည်။ ရက် ဘတ်တလာလို ခပ်ညိုညို ခပ်ချောချော သား ယောက်ျားလေး တစ်ယောက်နှင့် သမီး တစ်ယောက် မွေးပေးမည်။ သမီးလေးက အယ်လာလို နုံတုံတုံလေး မဖြစ်ရ။ ဘုရားသခင်သည် သူ့ သားသမီးထဲက တစ်ယောက်ယောက်ကို ခေါ်တော်မူလိုလျှင် မည်သည့် အတွက်ကြောင့် အယ်လာကို မခေါ်ရသနည်း။ နီလာ မရှိသည့် နောက်တွင် အယ်လာသည် သူ့အား နှစ်သိမ့်မှုကို မပေးနိုင်။ သို့ရာတွင် ရက် ဘတ်တလာကမူ မည်သည့် ကလေးကိုမျှ လိုချင်ပုံ မရတော့။ တံခါးကို သော့ဖွင့်လျှင် ဟထားသည့် တိုင်အောင် သူ့ အိပ်ခန်းသို့လည်း မလာတော့။ စကားလက်ကို ခေါင်းထဲတွင် ထည့်၍ပင် စဉ်းစားပုံ မရ။ အရက်နှင့် ဆံပင် နီနီ မိန်းမပျက်မှ အပ မည်သူ့ကိုမျှလည်း ဂရုစိုက်ဟန် မရှိတော့။

ယခင်ကလို လှောင်ပြောင်ခြင်း မပြုတော့ဘဲ ခါးသီးလာသည်။ ယခင်ကလို မထိတထိ ပြောခြင်းမျိုး မရှိတော့ဘဲ

ရက်စက် ရိုင်းပျလာသည်။ နီလာ ဆုံးပြီးသည့် နောက်တွင် သူနှင့် သူ့သမီးတို့ကို ကြည့်၍ သူ့ အပေါ်တွင် နားလည်မှု ရလာသည့် အမျိုးသမီးများက သူ့ကို ကြင်နာ သနားကြောင်း ပြလိုကြသည်။ လမ်းတွင် တွေ့လျှင် ရပ်၍ စိတ်မကောင်းကြောင်း ပြောကြသည်။ ခြံစည်းရိုးမှ လှမ်းနှုတ်ဆက်ကာ သူ့ကို နားလည်ကြောင်း ပြောကြသည်။ သို့ရာတွင် တစ်ခါက သူ ယဉ်ကျေး သိမ်မွေ့လာရခြင်းသည် နီလာကြောင့် ဖြစ်ရာ ယခု ထို သိမ်မွေ့ရခြင်း၏ အကြောင်းရင်း ပျောက်ကွယ် သွားသည်နှင့် တစ်ပြိုင်နက် သိမ်မွေ့မှုများသည်လည်း ပျောက်ကွယ်သွားကြပြီ။ အမျိုးသမီးများက သူ့ကို ဝမ်းနည်း စကား ပြောလျှင်လည်း

523

ဘာမျှ မပြောဘဲ ရိုင်းစိုင်းစွာ ချာခနဲ လှည့်ထွက်လာတတ်သည်။

သို့ရာတွင် ထူးဆန်းသည်မှာ အမျိုးသမီးများ ကလည်း စိတ်မဆိုးကြ။ ရက် ဘတ်တလာကို နားလည်ကြသည်။

နားလည်သည်ဟု

ထင်ကြသည်။

ညနေ

မှောင်တရီတွင်

အရက်မူးမူးဖြင့်

မြင်းစီး

ပြန်လာသည့်

အခါတွင်

သူ့ကို

နှုတ်ဆက်သူများအား မျက်မှောင်ကုတ် ကြည့်သွားသည်ကို မြင်လျှင် စိတ်မဆိုးကြ။ ‘သနားပါတယ်’ ဟု ဆိုကာ ယခင်ကထက်ပင် တိုး၍ ကြင်နာ သိမ်မွေ့ဟန် ပြကြသည်။ ရင်နင့်နင့်ဖြင့် အိမ်သို့ ပြန်ရသည့်တိုင် အိမ်ပြန်ရောက်လျှင် စကားလက်ထက် သာသည့် ဖြေသိမ့်စရာ ဘာမျှ မတွေ့ရ။

စကားလက် ရက်စက်ကြောင်း၊ အကြင်နာ ကင်းကြောင်းကို လူတိုင်း သိကြ၏။ နီလာ ဆုံးပြီး မကြာမီပင် အလွယ်တကူ

ပုံမှန် ပြန်ဖြစ်လာပုံရသည့် စကားလက်ကို ကြည့်၍ အံ့သြကြသည်။ ဤသို့ ပုံမှန် ဟန်မျိုး ပြန်ရောက်အောင် စကားလက် မည်သို့ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရကြောင်းကိုမူကား သဘောလည်း မပေါက်ကြ။ သဘော ပေါက်အောင်လည်း အားမထုတ်ကြ။ သဘော ပေါက်အောင်လည်း အားမထုတ်ကြ။ ရက် ဘတ်တလာကိုသာ တစ်မြို့လုံးက ဝိုင်း၍ သနား နေကြသည်။ ဤသည်ကိုမူ ရက် ဘတ်တလာ မသိ။ ဂရုလည်း မစိုက်။ စကားလက်ကိုမူ တစ်မြို့လုံးက ဝိုင်း၍ မုန်းကြသည်။ မိတ်ဆွေဟောင်းများကို ပထမဆုံး အကြိမ် စကားလက် ပြန်၍ တောင့်တမိသည်။

သို့ရာတွင် ဒေါ်လေး ပစ်တီ၊ မီလာနီနှင့် အက်ရှလေတို့မှ လွဲလျှင် မိတ်ဆွေဟောင်းများကလည်း သူ့အိမ်သို့

မလာကြတော့။ မိတ်သစ်များကသာ ရထားသစ် ကြီးများဖြင့် ရောက်လာကြကာ ဝမ်းနည်း စကား ပြောကြသည်။ စကားလက် စိတ်ဝင်စားခြင်း မရှိသော အခြား မိတ်ဆွေများ၏ အတင်းအဖျင်းများကို လာပြောခြင်းဖြင့် စကားလက်ကို အာရုံ ပြောင်းအောင် ကြိုးစားကြသည်။ ကြီးပေါင်းများ ဖြစ်သည့် ‘လူသစ်’ များ အားလုံးက ဤသို့ လာကြသည့်တိုင် ဤသူများသည် စကားလက်ကို မသိကြ။ နောင်လည်း သိကြမည် မဟုတ်။ မက်မုံပင် လမ်းပေါ်က နန်းတော်တမျှ ကြီးကျယ် ခမ်းနားသည့် အိမ်ကြီးတွင် ထည်ထည်ဝါဝါ မနေရမီက စကားလက် ဘဝသည် မည်သို့ ရှိခဲ့သည်ကို သူတို့ မသိခဲ့ကြ။ ကော်တောင့်နေသည့် ဖဲဝတ်စုံများ၊ ပိုးချည် ဝတ်စုံများကို မဝတ်ရမီ၊ ရထားကြီးကို မစီးရမီက သူတို့ မည်သို့ နေခဲ့ရပုံကိုလည်း ပြန်မပြောချင်ကြ။ စကားလက် ရုန်းကန် ကြိုးပမ်းခဲ့ရပုံများ၊ ဒုက္ခ ဆင်းရဲရောက်ခဲ့ပုံများ၊ ဤအိမ်၊ ဤဝတ်ကောင်းစားလှ၊ ဤငွေပန်းကန် ခွက်ယောက်၊ ဤ ဧည့်ခံပွဲများဖြင့် သားသားနားနား နေနိုင်အောင် မည်သို့ လုပ်ခဲ့ရသည်ကိုလည်း မသိကြ။ အပေါ်ယံ ပကာသနများလောက်ကိုသာ ကြည့်တတ်သူ၊ ပြည်တွင်းစစ်၊ ငတ်ပြတ်ခြင်း၊ စစ်တိုက်ရခြင်း စသည်တို့ကို မတွေ့ခဲ့ရဖူးသူ။ ဤမြေနီရဲရဲတွင် အခြေကျကျ မနေခဲ့ဖူးသူ၊ မည်သည့် မျိုးရိုး ဇာတိက လာမှန်း မသိသူ စသည့် ထိုလူ အပေါင်းသည် ဤအရာများကို သိလည်း မသိလိုကြ။

အထီးကျန် ဖြစ်ရသည့် အချိန်၊ ညနေခင်းများ၌ မေဘဲလ်၊ ဖန်နီ၊ မစ္စက် အယ်လဆင်း၊ မစ္စက် ဝှိုက်တင်းနှင့် ဝံသာနု

လက်ဟောင်း အမျိုးသမီးကြီး မစ္စက် မယ်ရီဝယ်သာ စသူတို့နှင့်သာ စကားလက် အချိန် ဖြုန်းရသည်။ သို့မဟုတ်လျှင်လည်း မစ္စက် ဆွန်နယ်၊ သို့မဟုတ် အခြား မိတ်ဟောင်းများနှင့် အချိန် ဖြုန်းရသည်။ သူတို့က စကားလက် အကြောင်းကို သိသည်။ သူတို့သည် စစ်ကို ကြုံခဲ့ရသည်။ ကြောက်ဖွယ် ကာလကို ဆုံခဲ့ရသည်။ မီးလျှံတိုက်သည်ကို မြင်ခဲ့ကြရသည်။ အချိန်မတိုင်မီ ချစ်ခင်သူတို့နှင့် ခွဲခွာခဲ့ကြရသည်။ ငတ်ခဲ့ကြဖူးသည်။ အစုတ်စုတ် အပြတ်ပြတ် နေခဲ့ကြဖူးသည်။ တံခါးဝတွင် ဝံပုလွေ ရောက်လာသည်ကို ကြုံခဲ့ကြရ ဖူးသည်။ စည်းစိမ် ဥစ္စာကို အပျက်အစီးပုံထဲမှ ပြန်၍ စုဆောင်း သိုမှီးခဲ့ကြရသည်။

မေဘဲလ်နှင့် အတူ ထိုင်ရင်း တိုက်ကြ ခိုက်ကြသည့် ကြား၌ သူ့ကလေးလေး တစ်ယောက် ဆုံးခဲ့ရပုံကို ပြန်၍

524

နားထောင်ရသည့် အတွက် စကားလက် စိတ် သက်သာရာ ရ၏။ ဖန်နီနှင့် အတူ ထိုင်၍ ကြောက်စရာ အုပ်ချုပ်ရေး ကာလတုန်းက လင်တစ်ယောက်စီ ဆုံးခဲ့ရသည်ကို ပြောခြင်းဖြင့် နှစ်သိမ့်ရသည်။ မစ္စက် အယ်လဆင်းနှင့် အတူ ထိုင်ရင်း အတ္တလန်တာ ကျသည့်နေ့က စစ်ထောက်ချုပ်ရုံးမှ ပစ္စည်းများကို လှည်းဖြင့် တင်လာပုံ၊ မြင်းကို တဗုန်းဗုန်း ရိုက်မောင်းရပုံ၊ ထိုစဉ်က မစ္စက် အယ်လဆင်း၏ မျက်နှာ မည်သို့ ရှိနေပုံတို့ စသည့် ရှေးဟောင်း နှောင်းဖြစ်ကို ပြော၍ ရယ်ရင်း စကားလက် စိတ်ဖြေရသည်။ ‘လက်နက် ချပြီးတော့ ဘယ်လောက် အခြေအနေ ဆိုးသလဲ၊ မှတ်မိသေးလား၊ ဖိနပ် စီးစရာ မရှိဘဲ ရှိတာလေးကို ချုပ်လိုက် ပြတ်လိုက် ချုပ်လိုက်နှင့် စီးနေကြရတာတွေ မှတ်မိသေးလား’ ဟု မစ္စက် မယ်ရီဝယ်သာနှင့် စစ်တွင်း အဖြစ်အပျက်တွေ ပြန်ပြောရင်း စကားလက် စိတ်ဖြေရသည်။

ဟုတ်သည်။ စိတ်ဖြေကောင်း ဖြေမည်။ ပြည်နယ် တပ်သား ရဲဘော်ဟောင်းကြီး နှစ်ယောက် တွေ့လျှင် တိုက်ပွဲ

အကြောင်း အမှတ်တရ တလွမ်းတဆွေး အဘယ်ကြောင့် ပြောကြသည်ကို စကားလက် ယခုမှ နားလည်လာသည်။ ထိုကာလများသည် သူတို့ နှလုံးသားကို ပင်ပန်းစေခဲ့သည် မှန်စေ ထိုပင်ပန်းမှုများကို ကျော်နိုင်ခဲ့ကြပြီ။ သူတို့သည် လူဟောင်းကြီးများ ဖြစ်သည်။ သူလည်း ဤဒုက္ခ သုက္ခတွေကို ခါးစည်း ခံခဲ့ရသည့် လူဟောင်း တစ်ဦး မဟုတ်လော။ သို့ရာတွင် သူ့ အနီး၌မူ တိုက်ပွဲဟောင်းများကို အတူ ပြန်တိုက်နိုင်မည့် လူဟောင်း တစ်ယောက်မျှ မရှိတော့။ ဤလို လူဟောင်းများထဲတွင် စကားလက် ပြန်နေချင်သည်။ မိမိနှင့် ဘဝတူများ ဖြစ်ခဲ့ကြ၍ မိမိနှယ် ဒုက္ခ သုက္ခကို ခံစားခဲ့ကြသူများ ကြားထဲသို့ ပြန်ရောက်ချင်သည်။ သူတို့သည် မိမိ ဘဝ၏ အစိတ်အပိုင်း ဖြစ်သည်။

သို့ရာတွင် ဤလူဟောင်းများသည် သူ့ကို ရှောင်ခွာကုန်ကြပြီ။ ဤသည်မှာ မိမိ၏ အပြစ် ဖြစ်သည်ဟု စကားလက်

သဘောပေါက်၏။

သူသည် ယခင်က ဤလူဟောင်းများကို အထင်သေးခဲ့သည်။ ပစ်ပယ်ခဲ့သည်။ ယခု နီလာ မရှိသည့် နောက်ကျမှသာလျှင်၊

အထီးကျန် ဖြစ်ကာ ကြောက်ရွံ့ စိုးရိမ်စိတ်များ ဝင်လာသည့် အခါကျမှာသာလျှင်၊ တောက်ပြောင်သည့် ထမင်းစား စားပွဲ တစ်ဖက်ထိပ်တွင် သူ့ မျက်စိအောက်၌ တဖြည်းဖြည်း ပြိုကွဲ ပျက်စီးလျက် အရက် အလွန်အကျွံ မူးလျက် ရှိသော အသား ခပ်ညိုညို လူစိမ်း တစ်ယောက်ကို မြင်သည့် အခါကျမှ သာလျှင် လူဟောင်းများကို စကားလက် တမ်းတမိတော့သည်။

525

၆၁



မာရီယက်တာသို့ စကားလက် ရောက်နေစဉ် ရက် ဘတ်တလာထံမှ အရေးတကြီး သံကြိုးတစ်စောင် ရောက်လာ၏။

နောက် ဆယ်မိနစ် အကြာတွင် အတ္တလန်တာသို့ ထွက်မည့် ရထားတစ်စီးရှိသဖြင့် စကားလက် ထိုရထားဖြင့် လိုက်ခဲ့သည်။ လက်ဆွဲအိတ်ကလေး တစ်လုံးမှအပ အခြား မည်သည့် ဝန်စည်စလယ်မျှ မပါ။ ဝိတ်ကလေးနှင့် အယ်လာကို ဟိုတယ်တွင် ပရဇ္ဇီနှင့် ထားပစ်ခဲ့သည်။

အတ္တလန်တာသည် မိုင်နှစ်ဆယ်ခန့်သာ ဝေးသည်။ သို့ရာတွင် မီးရထားက ဆောင်းဦးပေါက် ညနေခင်းတွင် တအိအိ

သွားနေသည်။ လမ်းတွင်လည်း ခဏ ခဏရပ်၏။ ရက် ဘတ်တလာ၏ ကြေးနန်းကြောင့် စကားလက် စိတ်ပူသည်။ မြန်မြန် ရောက်ချင်လှပြီ။ ရထား ရပ်တိုင်း စိတ်မရှည်နိုင်။ ဤမျှ ခဏ ခဏ ရပ်ရသည်လောဟု အော်ပစ်လိုက်ချင်သည်။ ရထား ရွက်ဟောင်းတို့ ကြွေစ ရွှေရောင် တောက်နေသည့် သစ်တောများကို ဖြတ်လာသည်။ မြေတူးထားသဖြင့် နီရဲနေသည့် တောင်ကမ်းပါးယံများကို မြင်ရ၏။ ပြည်တွင်းစစ် ဖြစ်စဉ်က ဆောက်ခဲ့သည့် ခံတပ်ဟောင်းကြီးများ၊ ပေါင်းမြက်တို့ ဖုံးနေသည့် ကတုတ်ကျင်းများကို ဖြတ်လာသည်။ ဤလမ်း တစ်လျှောက်မှနေ၍ ဗိုလ်ချုပ် ဂျွန်စတန်၏ တပ်များ ဆုတ်ခွာခဲ့ကြရခြင်း ဖြစ်၏။ ဘူတာရုံတိုင်း၊ လမ်းဆုံတိုင်းသည် တစ်ခါက တိုက်ပွဲ၏ အမည်များ ဖြစ်ခဲ့ဖူးသည်။ စစ်တလင်းများ ဖြစ်ခဲ့ဖူးသည်။ ခါတိုင်းဆိုလျှင် ဤအမည်များကို ကြားတိုင်း ပြည်တွင်းစစ်တုန်းက ရှေးဟောင်း နှောင်းဖြစ်များကို စကားလက် အမှတ်ရမြဲ။ ယခုမူ စကားလက် ထိုအကြောင်းများကို မစဉ်းစားနိုင်။

‘မီလာနီ မကျန်းမာ၊ အမြန်လာ’ ဟု ရက် ဘတ်တလာ၏ ကြေးနန်းတွင် ပါသည်။



အတ္တလန်တာ ဘူတာသို့ ရထားဆိုက်သည့် အချိန်၌ မှောင်စ ပြုနေပြီ။ မိုးဖွဲကလေးတွေ ကျနေသဖြင့် ပို၍ မှောင်နေသည်

ထင်ရ၏။ ဓာတ်တိုင်များမှ မီးရောင်များသည် နှင်းထဲတွင် ဝါကျင့်ကျင့် မှုန်ရီရီ။ ဘူတာတွင် မြင်းရထားဖြင့် လာကြိုနေသည့် ရက် ဘတ်တလာကို တွေ့ရသည်။ သူ့မျက်နှာကို ကြည့်ရသည်က သူ့ ကြေးနန်းစာကို ဖတ်ရသည်ထက်ပင် ကြောက်စရာ ကောင်းနေသည်။ ဤမျှလောက် ဟာလာဟင်းလင်း ဖြစ်နေသည့် မျက်နှာမျိုးကို တစ်ခါမျှ မမြင်ဖူးသေး။

‘သူ သူ ဘာမှ-’



စကားလက်က မေးသည်။



‘ဟင့်အင်း၊ အသက် ရှိပါသေးတယ်’ ရက် ဘတ်တလာက သူ့ကို မြင်းရထားဆီသို့ တွဲခေါ်သွား၏။ ‘ဟေ့၊ မီလာနီတို့

အိမ်ကို မောင်းကွာ၊ မြန်နိုင်သမျှ မြန်မြန်’

ရထားသမားကို လှမ်းပြောသည်။



‘ဘာဖြစ်တာလဲ ဟင်၊ ဘာသံ မကြား ညာသံ မကြားပါလား၊ အရင် တစ်ပတ် စကားလက် ထွက်သွားတုန်းက အကောင်း

ပကတိပဲ၊ ရထား တိုက်လို့လား၊ တော်တော် မကျန်းမာတာလား ဟင်၊ မောင် ပြောသလို-’

526



‘သေလိမ့်မယ် ထင်တယ်’ ရက် ဘတ်တလာ၏ အသံက မျက်နှာနည်းတူ ခြောက်သွေ့လျက်။ ‘မင်းကို တွေ့ချင်နေတယ်လို့

ပြောနေတယ်’

‘ဘာ သေလိမ့်မယ်၊ မဖြစ်နိုင်တာ၊ ဘာလို့ သေရမှာလဲ၊ ဘာဖြစ်လို့လဲ’



‘ကိုယ်ဝန် ပျက်ကျလို့’



‘ဘာ၊ ကိုယ်ဝန် ပျက်ကျလို့ ဟုတ်လား၊ မောင် ဘာတွေ လျှောက်-’



စကားလက် ဆက်မပြောနိုင်။ နဂိုက ထိတ်လန့်ရသည့်အထဲတွင် သူ့ စကားကြောင့် အသက်ရှူ မှားသွား၏။



‘ကိုယ်ဝန် ရှိနေတယ်ဆိုတာ မင်း မသိဘူး ထင်တယ်’



စကားလက် ခေါင်းပင် ယမ်းမပြမိ။



‘အေးလေ ဟုတ်တာပေါ့၊ ဘယ်သိမလဲ၊ ဘယ်သူ့မှ မပြောဘူးထင်တယ်၊ အားလုံး အံ့အားသင့်အောင် အသာကလေး

ဖုံးထားပုံ ရတယ်၊ ဒါပေမယ့် ကျုပ် သိပါတယ်’

‘ဘာ၊ မောင် သိတယ် ဟုတ်လား၊ မောင့်ကိုကော ပြောလို့လား’



‘ပြောစရာ မလိုပါဘူး၊ ကျုပ် သိတာပေါ့၊ ခု တစ်လ နှစ်လ အတွင်း သူ သိပ်ပျော်နေတယ်၊ ဒီလောက်ပျော်နေတာကို

ကြည့်ရင် ကိုယ်ဝန် ရှိတာပဲ ဖြစ်ရမယ်၊ ဒီပြင်ဟာ မဖြစ်နိုင်ဘူးဆိုတာ မှန်းလို့ ရတာပေါ့’

‘ဒါပေမယ့် နောက်ထပ် ကလေး ရှိရင် မခံနိုင်တော့ဘူးလို့ ဆရာဝန် ပြောထားတယ် မဟုတ်လား’



‘ခု မခံနိုင်တော့ဘူးလေ’ ရက် ဘတ်တလာက ပြောသည်။ ‘ဟေ့ မြန်မြန် မောင်းစမ်းပါကွာ’



‘ဒါပေမယ့် သူ မသေရဘူး မောင်၊ ဘာဖြစ်လို့ သေရမှာလဲ၊ စကားလက်၊ စကားလက်-’



‘သူက မင်းလို အားမရှိဘူး၊ ဘယ်တုန်းကမှလည်း အားမရှိခဲ့ဘူး၊ သူ့မှာ နှလုံးသားကလွဲလို့ တခြား ဘာမှလည်း

မရှိဘူး’

အိမ်ကုပ်ကုပ်ကလေး ရှေ့တွင် ရထားရပ်သည်။ ရက် ဘတ်တလာက သူ့ကို လက်ကမ်းပေး၏။ စကားလက် တုန်ယင်

ထိတ်လန့်နေသည်။ ရုတ်တရက် အားငယ်သွား၏။ ရက် ဘတ်တလာ၏ လက်မောင်းကို တွဲမှီလိုက်သည်။

‘မောင်ကော မဝင်တော့ဘူးလား’



‘ဟင့်အင်း၊ ကျုပ် မလိုက်တော့ဘူး’



စကားလက် လှေကားထစ်များကို ခုန်လွှားတက်လာကာ ဆင်ဝင်အောက်သို့ ဝင်သည်။ တံခါးကို ဖွင့်လိုက်၏။ မှိန်အိမ်

ဝါကျင့်ကျင့်အောက်တွင် အက်ရှလေ၊ ဒေါ်လေး ပစ်တီနှင့် အင်ဒီယာတို့ကို တွေ့လိုက်ရသည်။ ‘ဒီ အိမ်ကို ဘယ်တော့မှ

527

မလာနှင့်လို့ မီလာနီက ပြောထားတာ၊ အင်ဒီယာ ဘာလို့ ရောက်နေပါလိမ့်’ ဟု စကားလက် တွေးလိုက်သည်။ စကားလက်ကို မြင်သည့်အခါတွင် သုံးယောက်လုံး မတ်တတ်ထရပ်ကြသည်။ ဒေါ်လေး ပစ်တီက တုန်ယင်နေသည့် နှုတ်ခမ်းများကို ကိုက်ထားသည်။ အင်ဒီယာက သူ့ကို စိုက်ကြည့်နေ၏။ စိတ်ထိခိုက်လျက်။ သူ့ကို မုန်းထားဟန် မရှိတော့။ အက်ရှလေက အိပ်မက်

မက်၍

လမ်းလျှောက်နေသူပမာ

နားဝေတိမ်တောင်။

သူ့လက်မောင်းကို

လာကိုင်သည်။

အိပ်မက်ထဲတွင်

ယောင်ယမ်းနေသူပမာ သူ့ကို စကားပြောသည်။

‘စကားလက်ကို မေးနေတယ်၊ စကားလက်ကို မေးနေတယ်’



‘ခု ဝင်ကြည့်လို့ ရမလား ဟင်’



စကားလက်က တံခါး ပိတ်ထားသည့် မီလာနီ၏ အခန်းဆီသို့ လှမ်းကြည့်၏။



‘ခဏ နေဦး၊ အထဲမှာ ဒေါက်တာမိ ရှိတယ်၊ စကားလက် လာလို့ ဝမ်းသာတယ် စကားလက်’



‘စကားလက် ကြေးနန်း ရရချင်း ထလိုက်လာတာ’ စကားလက်က ခေါင်းမှ ဦးထုပ်နှင့် ဝတ်ရုံကို ချွတ်သည်။

‘ရထားကလည်း- သူ ဒီလောက် အခြေအနေမဆိုး- ဘယ့်နှယ်လဲ၊ ခု တော်တော်သက်သာသွားပြီနော်၊ ဟုတ်လား၊ စကားလက်ကို ပြောပြစမ်းပါဦး၊ ဘယ်လို ဖြစ်နေတာလဲ၊ အခြေအနေ ဒီလောက်-’

‘စကားလက်ကိုချည်း တစ်မေးတည်း မေးနေတယ်’



အက်ရှလေက ပြော၍ သူ့ကို ကြည့်သည်။ အက်ရှလေ၏ မျက်လုံးတွင် သူ မေးသည့် မေးခွန်း၏ အဖြေကို မြင်ရ၏။

စကားလက်၏ နှလုံးသည် ခေတ္တအခုန်ရပ်သွားသည်ဟု ထင်လိုက်သည်။ စိုးရိမ်ခြင်းထက် အားကောင်းသော၊ ပူဆွေးခြင်းထက် အားကောင်းသော ထူးဆန်းသည့် အကြောက် တစ်မျိုးသည် စကားလက်၏ ရင်ထဲတွင် ဘောင်ဘင်ခတ်စ ပြုလာသည်။ မမှားသော ဆေးသမား ဟူ၍ မရှိ။ ယခု ဒေါက်တာမိ စကားသည် မှားနေပြီ ထင်သည်။ ဒေါက်တာမိ၏ စကားကို သူ မယုံနိုင်။ မယုံချင်။ ယုံမိလျှင် အော်ငိုမိလိမ့်မည်။

‘မဖြစ်နိုင်ဘူး၊ မယုံနိုင်ဘူး’ စကားလက်က ဒေါသတကြီး အော်ကာ သူတို့သုံးယောက်၏ ချုံးကျနေသည့် မျက်နှာကို

ကြည့်သည်။ သူတို့ စကားများကို ဆန့်ကျင် လိုသည့်နှယ် အော်သည်။ ‘စကားလက်ကို မီလာနီ ဘာဖြစ်လို့ မပြောတာလဲ၊ သိရင် စကားလက် မာရီယက်တာကို ဘယ်သွားမလဲ’

အက်ရှလေ၏ မျက်လုံးများသည် လှုပ်ရှားလာကြ၏။ စိတ်သောက ရောက်နေဟန် ညှိုးငယ် နေကြသည်။



‘ဘယ်သူ့ကိုမှ မပြောဘူး စကားလက်၊ စကားလက်ကို သာတောင် မပြောသေးတယ်၊ သိရင် စကားလက် ဆူမှာ

ကြောက်လို့တဲ့၊ သုံးလ ကျော်လို့ စိတ်ချရတော့မှ ပြောမလို့တဲ့၊ အဲဒီတော့မှ ဆရာဝန်တွေ ပြောတိုင်း မဟုတ်ပါဘူးဆိုပြီး စကားလက်ကို ပြောပြမလို့တဲ့၊ ဒါကြောင့် သူ သိပ်ပျော်နေတာ၊ ကလေး လိုချင်တာကလည်း ရူးနေတာပဲ၊ မိန်းကလေး လိုချင်တယ်တဲ့၊ စောစောတုန်းကတော့ အားလုံး ချောချောမောမောပဲ။ နောက်ကျမှသာ-’

မီလာနီ၏

အခန်းတံခါးသည်

တိတ်ဆိတ်စွာ

ပွင့်လာသည်။

ဒေါက်တာမိက

တံခါးကို

နောက်ပြန်

ပိတ်ပြီး

528

အိမ်ရှေ့ခန်းဆောင်ထဲသို့ ထွက်လာသည်။ တံခါးဝတွင် အတန်ကြာ ရပ်နေ၏။ သူ့ခေါင်းဖြူဖြူကြီးက ရင်ဘတ်ပေါ်သို့ ငိုက်စိုက်ကျလျက်။ ရုတ်တရက် ငြိမ်ကျသွားကြသည့် သူတို့လေးယောက်ကို ကြည့်သည်။ သူ့မျက်လုံးများသည် စကားလက်၏ မျက်နှာပေါ်တွင် နားနေကြ၏။

စကားလက်ဆီသို့ လျှောက်လာသည့်အခါ၌ သူ့မျက်လုံးများသည် သောက၏ အရိပ်အယောင်ကို မြင်ရသည်။

ထိတ်လန့်နေသည့် စကားလက်၏ နှလုံးသားသည် မလုံမလဲ ဖြစ်လျက် ရှိ၏။

‘မင်း ရောက်လာပြီလား’



ဒေါက်တာမိက မေး၏။ စကားလက်က မည်သို့မျှ မဖြေရသေးမီ အက်ရှလေက အခန်းဘက်သို့ ခြေဦးလှည့်လိုက်သည်။



‘နေဦး နေဦး၊ မင်း မသွားနှင့်ဦး၊ စကားလက်ကို မေးနေတယ်၊ စကား ပြောချင်လို့တဲ့’



‘ဒေါက်တာမိ’ အင်ဒီယာက ဒေါက်တာမိ၏ အင်္ကျီလက်မောင်းကို လှမ်းဆွဲသည်။ သူ့အသံက ညင်းပျောင်းခြင်း

မရှိသည့်တိုင် သနားစရာ ကောင်းနေသည်။ ‘အင်ဒီယာ ခဏ တွေ့ပါရစေ၊ သူနှင့် တွေ့ချင်လို့ မနက် အစောကြီးတကည်းက လာစောင့်နေတာပါ၊ ဒါပေမယ့် သူက- ခဏလေး ဖြစ်ဖြစ် ကြည့်ပါရစေ၊ အင်ဒီယာ သူ့ကို ပြောစရာ ရှိလို့ပါ၊ အင်ဒီယာ မှားခဲ့တာ တစ်ခုနှင့်ပတ်သက်ပြီး သူ့ကို ပြောစရာလေး ရှိလို့ပါ’

အင်ဒီယာက အက်ရှလေကိုလည်း မကြည့်။ စကားလက်ကိုလည်း မကြည့်။ ဒေါက်တာမိကမူ စကားလက်ကို

ခပ်ထန်ထန် ကြည့်နေသည်။

‘ဦလေး ခဏ ကြည့်ဦးမယ်လေ’ ဒေါက်တာမိက ပြော၏။ ‘ဒါပေမယ့် ဟိုဟာ ဒီဟာတွေ လျှောက်ပြောနေလို့ မဖြစ်ဘူး၊

သိပ်မောနေလိမ့်မယ်၊ မင်း မှားတယ်ဆိုတာ သိပါတယ်၊ ခုနေ သွားတောင်းပန်နေရင် သူ စိတ်ထိခိုက်နေလိမ့်ဦးမယ်’

‘ဒေါက်တာ၊ ကျွန်မလည်း-’



ဒေါ်လေး ပစ်တီက မရဲတရဲ ပြောသည်။



‘ခင်ဗျားသွားလို့ ဘယ်ဖြစ်မလဲ၊ အထဲမှာ မူးမေ့ လဲနေရင် ဘယ့်နှယ် လုပ်မလဲ’



ဒေါ်လေး ပစ်တီက သူ့ခန္ဓာကိုယ် ဖိုင့်ဖိုင့်ကြီးကို မတ်၍ ဒေါက်တာမိကို ကြည့်နေသည်။ သူ့မျက်လုံးများက

ခြောက်သွေ့လျက်။ သူ့ ကိုယ်ခန္ဓာက ကြီးမားသည့် ဣနြေ္ဒ သိက္ခာကို ဆောင်လျက်။

‘အင်း တွေ့ရမယ်လေ၊ ခဏတော့ စောင့်ဦး’ ဒေါက်တာမိက သနားသွားပုံရသည်။ ‘ကဲ၊ စကားလက် လာ’



အိမ်ရှေ့ခန်းဆောင်ကြီးထဲမှ ခြေဖျား ထောက်၍ လာခဲ့ကြသည်။ တံခါးဝ အရောက်တွင် ဒေါက်တာမိ စကားလက်

ပခုံးကို ခပ်တင်းတင်း ဖိကိုင်လိုက်၏။

‘ဒီမှာ၊ ငါ့တူမကြီး’ ဒေါက်တာမိက ခပ်တိုးတိုး ပြောသည်။ ‘ငိုလား ယိုလား မလုပ်ပါနှင့်၊ ဟိုစကား ဒီစကားတွေလည်း

529

လျှောက်မပြောပါနှင့်၊ သေခါနီ လူဆီကို သွားပြီး ဖွင့်ဟ ဝန်ခံတာမျိုးတွေ ဘာတွေလည်း မလုပ်ပါနှင့်၊ ခုမှ ဦးကြီးစကားကို နားမလည်သလို လုပ်မနေပါနှင့်၊ ဒါတွေ ဦးကြီး သိပ် မပြောချင်ဘူး၊ ဒီလောက်ဆို တူမကြီး နားလည်ရောပေါ့၊ ခု မီလာနီ ညင်ညင်သာသာနှင့် အသက် ထွက်တော့မယ်၊ တူမကြီး စိတ်ပေါ့အောင် သံသရာကြွေး မပါအောင် ဆိုပြီး အက်ရှလေနှင့် ပတ်သက်တာတွေကို သွားပြော မနေပါနှင့်၊ ဦးကြီး ဘယ်အမျိုးသမီးကိုမှ အန္တရာယ် မပြုချင်သေးဘူး၊ အဲ ဦးကြီး ပြောတာကို တူမကြီး နားမထောင်ဘဲ သေမယ့်လူ အသေ မဖြောင့်အောင် ဟိုစကား ဒီစကားတွေ သွားပြောနေရင်တော့ တူမကြီးကို ဦးကြီး စိတ်ဆိုးရလိမ့်မယ်၊ ဒါပဲ’

စကားလက်

မည်သို့မျှ

မပြောရသေး။

ဒေါက်တာမိက

တံခါးကို

ဖွင့်ပေးလိုက်၏။

သူ့ကို

အခန်းထဲသို့တွန်းလွှတ်လိုက်သည်။ ထို့နောက် တံခါးကို ပြန်ပိတ်လိုက်၏။ အခန်းထဲတွင် ဝက်သစ်ချသား ခပ်ကြမ်းကြမ်းဖြင့် လုပ်ထားသည့် ပရိဘောဂ အချို့ ဖရိုဖရဲ။ အခန်းက မှောင်ရီရီ။ မှန်အိမ်ကို သတင်းစာ တစ်ရွက်ဖြင့် အုပ်ထား၏။ ခုတင် နိမ့်နိမ့်ကလေးတစ်လုံး။ ပင့်တင်ထားသည့် အနက်ရောင် ခြင်ထောင် တစ်လုံး။ ကြမ်းပေါ်တွင် ခင်ထားသည့် အရောင် နွမ်းနွမ်း ကော်ဇော သန့်သန့် တစ်ချပ်တို့သာ ရှိသည့် အခန်းကလေး။ ကျောင်းသူလေး တစ်ယောက်၏ အိပ်ခန်းလို သေးငယ်နေသည်။ ကနုတ်ပန်းနွယ်တို့ ထွင်းထားသည့် ပရိဘောဂများ၊ ပန်းနုရောင် ဖဲကြွခန်းဆီးများ၊ နှင်းဆီပွင့်ကြီးတွေ ဖော်ထားသည့် ကြမ်းခင်း ကော်ဇောကြီးများဖြင့် သားနားသည့် စကားလက်၏ အိပ်ခန်းနှင့် ကွာဘိခြင်း။

မီလာနီက အိပ်ရာပေါ်တွင် ပက်လက်။ သူ့ ခန္ဓာကိုယ်သည် သူငယ်မလေး တစ်ယောက်၏ ခန္ဓာကိုယ်နှယ်

ကျုံ့ဝင်ပြားချပ်လျက် ရှိ၏။ ဆံပင်ကို ကျစ်ဆံမြီး နှစ်ခွကျစ်ကာ ပခုံးပေါ်တွင် ချထားသည်။ မျက်ကွင်းညိုညိုများ အလယ်တွင် မှိတ်လျက်သား။ မျက်လုံးများက ချိုင့်ဝင်နေကြ၏။ မီလာနီကို မြင်လိုက်သည့် အခါ၌ စကားလက် လန့်ဖျပ်သွားသည်။ တံခါးကို မှီထားလိုက်ရ၏။ အခန်းထဲတွင် မှောင်ရီနေသည်။ မီလာနီ၏ ဖြူဖျော့လျက် ရှိသည့် မျက်နှာကိုမူ သေသေချာချာ မြင်ရ၏။ မျက်နှာတွင် သွေးမရှိတော့။ နှာခေါင်းရှုံ့တွနေပြီ။ ခပ်စောစော အထိ ဒေါက်တာမိ၏ စကားကို သူ မယုံခဲ့။ ယခု စကားလက် သိပြီ။ ပြည်တွင်းစစ်ကာလတုန်းက ဆေးရုံများတွင် ဤလို မျက်နှာများစွာကို သူ မြင်ခဲ့ဖူးပေါင်း များလှပြီ။ ဤမျက်နှာသည် မည်သည့် နိမိတ်ကို ဖော်ပြသည်ဟု မသိဘဲ နေ၍ မရတော့။

မီလာနီ သေတော့မည်။ သို့ရာတွင် စကားလက်၏ စိတ်သည် ထိုအချက်ကို လက်ခံရန် အတန်ကြာ ငြင်းဆန်လျက်

ရှိ၏။ မီလာနီ မသေနိုင်။ မီလာနီ သေရမည်ဆိုသည်မှာ မဖြစ်နိုင်။ ယခုလို အထီးကျန် ဖြစ်ကာ မိတ်ဆွေဟောင်းကို တောင့်တနေချိန်တွင် ဘုရားသခင်သည် မီလာနီကို သေခွင့်ပြုမည် မထင်။ မီလာနီကို သူ့ တစ်သက်တွင် ဤသို့ တစ်ခါမျှ တမ်းတခြင်း မဖြစ်စဖူး။ သို့ရာတွင် ယခု အဖြစ်မှန်ကို စကားလက် ပြက်ပြက်ထင်ထင် မြင်ရပြီ။ သူ့ ဝိညာဉ်၏ အနက်ဆုံး နေရာထိအောင် အဖြစ်မှန် တရားသည် ထိုးဖောက်သွားခဲ့ပြီ။ သူ့ကိုယ်သူ အားကိုးသည့်နှယ် မီလာနီကို အားကိုးခဲ့ကြောင်းကို ယခု သူ သဘောပေါက်ပြီ။ ယခု မီလာနီ သေတော့မည်။ မီလာနီ မရှိလျှင် နေ၍ မရကြောင်းကို စကားလက် သိသည်။ အငြိမ်ကြီး ငြိမ်နေသည့် သဏ္ဌာန်ဆီသို့ ခြေဖျားထောက်၍ လျှောက်လာခဲ့၏။ သူ့နှလုံးသားသည် ဆောက်တည်ရာ မရ ဖြစ်နေသည်။ မီလာနီသည် သူ့ဓား။ သူ့ ဒိုင်းလွှား။ မီလာနီသည် သူ့ ဖြေသိမ့်ရာ။ သူ့ ခွန်အား။ ဤသည်ကို စကားလက် သိပြီ။

‘ငါ သူ့ကို ဖက်ထားမယ်၊ သူ ထွက်မသွားရဘူး’ ဟု တွေးကာ ခုတင်ဘေးတွင် ထိုင်ချသည်။ ဝတ်စုံမှ အသံ မြည်သွား၏။

စောင်ပေါ်တွင် တင်ထားသည့် အရုပ်ကြိုးပြတ် လက်ကို လျင်မြန်စွာ ဆုပ်လိုက်သည်။ အေးစက်နေသဖြင့် စကားလက်

530

လန့်သွားသည်။

‘မီလာနီ၊ ကိုယ်လေ၊ စကားလက်လေ’



မီလာနီက မျက်လုံးကို အားယူ၍ ဖွင့်ကြည့်၏။ စကားလက် ကိုယ်တိုင် ဖြစ်သည်ဟု ကျေနပ်သွားဟန်ဖြင့် မျက်လုံးများကို

ပြန်မှိတ်လိုက်သည်။ ခဏ အကြာတွင် အသက်ကို အားစိုက် ရှူရင်း ခပ်သဲ့သဲ့ ပြော၏။

‘ကိုယ့်ကို ကတိ တစ်ခု ပေးပါ’



‘ပေးပါတယ်၊ ပြောပါ’



‘ဘိုဘိုကို၊ သားလေးကို၊ စောင့်ရှောက်လိုက်ပါ’



စကားလက် ခေါင်းကိုသာ ညိတ်နိုင်သည်။ လည်မျိုကို အညှစ်ခံရသည့်နှယ် တစ်ဆို့လျက် ရှိ၏။ ကတိပေးသည့်

အနေဖြင့် မီလာနီ၏ လက်ကို အသာဖိကိုင်လိုက်သည်။

‘ဘိုဘိုလေးကို မင်း မွေးပါနော်၊ ကိုယ် ပေးပါတယ်’ မီလာနီ၏ မျက်နှာပေါ်တွင် အပြုံးရိပ်ကလေး မျှင်မျှင် သန်းလာသည်။

‘တစ်ခါတုန်းက ဘိုဘိုလေးကို မင်းကို ပေးခဲ့ဖူးတယ်လေ၊ မှတ်မိလား၊ သူ မမွေးခင်တုန်းကလေ’

သူ

မှတ်မိသလောဟု

မေးနေပြီ။

မမှတ်မိဘဲ

ရှိပါမည်လော။

ကြောက်ဖွယ်

ထိုကာလကို

စကားလက်

ပြန်ရောက်သွားသည့်နှယ် ထင်လိုက်ရသည်။ စက်တင်ဘာလ နေ့လယ်ခင်း၏ တရှိန်ရှိန် ဖြစ်နေသည့် အပူငွေ့။ ယန်ကီ စစ်သားများကို ကြောက်နေရပုံ။ ဆုတ်ခွာသွားသည့် ပြည်နယ်တပ်များ၏ ခြေသံများ။ သူ သေသွားလျှင် သူ့ ကလေးလေးကို စောင့်ရှောက်ဖို့ မှာနေသည့် မီလာနီ၏ အသံ။ ထိုစဉ်က သူ မည်မျှ မီလာနီကို မုန်းခဲ့ပုံ။ သေရန် ဆုတောင်းခဲ့ပုံ။ ထိုအရာအားလုံးကို စကာလက် ပြန်အမှတ်ရနေသည်။

‘သူ့ကို ငါ သတ်တာ၊ ငါ့ကြောင့် သေရတာ’ စကားလက် စိတ်တွင် ဥပါဒါန် ဖြစ်နေသည်။ ‘ဟုတ်တယ်၊ သူသေပါစေလို့

ငါ ခဏ ခဏ ဆုတောင်းခဲ့တယ်၊ ဘုရားသခင်က ကြားပြီး ငါ့ကို ဒဏ်ခတ်နေတာ’

‘မီလာနီရယ်၊ ဒီစကားတွေ မပြောပါနှင့်၊ ဘာမှ မဖြစ်ပါဘူး၊ ဒီလောက်-’



‘ကတိ မပေးနိုင်ဘူးလား’



စကားလက် တံတွေးကို မျိုချသည်။



‘ပေးပါတယ် မီလာနီ၊ ကိုယ့်သား အရင်းလို ပြုစု စောင့်ရှောက်ပါ့မယ်၊ စိတ်ချပါ’



‘ကောလိပ်ရောက်အောင် သင်ပေးပါနော်’



မီလာနီက အသံသဲ့သဲ့ဖြင့် ပြောသည်။

531



‘အို ပို့မှာပေါ့ကွယ်၊ ဟားဗတ်တို့ ဘယ်တို့ကို ပို့မယ်၊ ဥရောပကို ပို့မယ်၊ လိုလေသေးမရှိ ထားမယ်၊ မြင်းလေးတွေရော

ဝယ်ပေးမယ်၊ ဂီတ သင်ခန်းစာလည်း သင်ပေးမယ်၊ ကဲပါကွယ်၊ ဒါတွေ ထားစမ်းပါဦး၊ အားတင်းစမ်းပါ’

တိတ်ဆိတ်သွားကြသည်။ မီလာနီ မျက်နှာပေါ်တွင် စကားပြောရန် အားယူနေသည့် လက္ခဏာကို မြင်ရ၏။



‘ပြီးတော့ မောင် မောင်’ မီလာနီက ပြောသည်။ ‘အက်ရှလေနှင့် မင်း’



မီလာနီ၏ အသံသည် တိမ်၍ တိတ်သွား၏။



အက်ရှလေ၏ အမည်ကို ကြားလိုက်ရသည့်အခါတွင် စကားလက်၏ နှလုံးသည် အခုန် ရပ်သွားသည် ထင်ရ၏။ သူ့

ခန္ဓာကိုယ်ထဲတွင် ကျောက်တုံးပမာ အေးစက်သွားသည်။ မီလာနီသည် သူတို့နှစ်ယောက်၏ အခြေအနေကို တစ်လျှောက်လုံး သိခဲ့ပါပကော။ စကားလက် မွေ့ရာခင်းပေါ်တွင် မျက်နှာအပ်၍ တစ်ချက် ရှိုက်လိုက်၏။ သို့ရာတွင် အသံထွက်မလာ။ ရက်စက် ကြမ်းကြုတ်သည့် လက်ကြီးတစ်ဖက်က သူ့လည်မျိုကို ညှစ်သွားပြီ။ မီလာနီ သိသွားပြီ။ စကားလက် မရှက်တော့။ မည်သည့် ခံစားချက်မျှ မရှိတော့။ မိမိသည် နူးညံ့၍ သဘောကောင်းသည့် မီလာနီကို တစ်သက်လုံး စိတ်ဆင်းရဲအောင် ပြုခဲ့ပါပကော ဟူသည့် ကြီးစွာသော နောင်တ သံဝေဂမှ အပ သူ့ ရင်ထဲတွင် မည်သည့် ခံစားချက်မျှ မရှိတော့။ သူတို့ကိစ္စကို မီလာနီ သိခဲ့ပြီ။ သိသွားပြီ။ သို့တိုင်အောင် မီလာနီသည် သူ့အပေါ်တွင် အခင်အမင် မပျက်။ သစ္စာ မပျက်။ တရား မပျက်။ မီလာနီ ဆက်၍ အသက်ရှည်နေသေးလျှင် ကောင်းလေစွဟု တောင့်တမိသည်။ မီလာနီသာ ရှိလျှင် အက်ရှလေကို မျက်လုံးဖြင့်ပင် ပြစ်မှားခြင်း မပြုတော့။

‘ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရား’ စကားလက် စိတ်ထဲမှ မြန်မြန် ဆုတောင်းသည်။ ‘မီလာနီ အသက်ရှင်ပါစေ

ဘုရား၊ တပည့်တော်မရဲ့ အပြစ်တွေကိုကျေအောင် ချေပရစေ ဘုရား၊ တပည့်တော်မရဲ့ ကြွေးကို ဆပ်ခွင့်ပေးတော်မူပါ ဘုရား၊ မီလာနီ အပေါ်မှာ တပည့်တော်မ စိတ်ကောင်းထားပါတော့မယ် ဘုရား၊သူသာ အသက်ရှင်ရင် တပည့်တော်မ သူ့ယောက်ျားကို စိတ်ဖြင့်ပင် မပြစ်မှားမိအောင် နေပါ့မယ် ဘုရား’

‘အက်ရှလေနှင့်’



မီလာနီက အသံ သဲ့သဲ့ကလေးဖြင့် ပြောကာ အိပ်ရာပေါ်တွင် မျက်နှာအပ်ထားသောကြောင့် စကားလက်၏

ခေါင်းကို လက်ချောင်းကလေးများဖြင့် လှမ်းထိသည်။ သူ့လက်ညှိုးနှင့် လက်ချောင်းက ကလေးငယ်လေး တစ်ယောက်၏ လက်လောက်ပင် အားမရှိတော့။ စကားလက် အဓိပ္ပာယ်ကို နားလည်သည်။ မီလာနီသည် သူ့ကို ခေါင်းမော့ စေချင်ကြောင်း စကားလက် သိသည်။ သို့ရာတွင် မီလာနီ၏ မျက်လုံးများကို သူ မကြည့်ရဲ။ မကြည့်ရက်။ မီလာနီ၏ မျက်လုံးထဲက အရိပ် နိမိတ်ကို သူ မကြည့်ရက်။

‘အက်ရှလေ’



မီလာနီက

ခပ်တိုးတိုးပြောပြန်သည်။

စကားလက်

တစ်ကိုယ်လုံး

တင်းကျပ်နေသည်။

သူ

ကိုယ်တိုင်

သေရမည်ဆိုလျှင်ပင် ယခုလောက် စိုးရိမ်ထိတ်လန့်ခြင်း ရှိမည် မဟုတ်။ စကားလက်၏ စိတ်သည် ညှိုးကျနေသည်။ သို့ရာတွင် ခေါင်းကို မော့လိုက်၏။

532



ချစ်ခင် ယုယတတ်သော မျက်လုံးနက်နက်များကိုမြင်ရသည်။ မျက်လုံးတို့ ချိုင့်ဝင်ကာ ပြာဝေစ ပြုနေပြီ။ ကြင်နာ

နူးညံ့သည့် နှုတ်ခမ်းအစုံသည် အသက်ရှူရန် အပန်းတကြီး အားထုတ်နေရ၏။ ထိုနှုတ်ခမ်းတွင် အပြစ်တင်ခြင်း မရှိ။ စွပ်စွဲခြင်း မရှိ။ ကြောက်လန့်ခြင်း မရှိ။ စကားပြောရန် အားမရှိသည်ကို စိုးရိမ်သည့် လက္ခဏာသာ ပေါ်လျက် ရှိ၏။

စကားလက် စိတ်သည် တွေဝေလျက် ရှိသည်။ သက်သာစရာကိုပင် မရှာတတ်။ ထို့နောက် မီလာနီ၏ လက်ကို ပို၍

တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို အောက်မေ့သည့်စိတ်၊ ကြည်ညိုသည့် စိတ်သည် ရင်ထဲ၌ အပြည့်ပေါ်လာ၏။ သူ့တစ်သက်တွင် ပထမဆုံး အကြိမ် ဦးချ မာန်လျှော့၍ ဆုတောင်းမိသည်။

‘အရှင်ဘုရား၏ ကျေးဇူးတော်အစုံ ဂုဏ်တော်အပေါင်းကို တပည့်တော်မ မာန်လျှော့ ကန်တော့ပါတယ် ဘုရား၊ မီလာနီ

မသေအောင် မှိုင်းမတော်မူပါ ဘုရား’

‘အက်ရှလေ၊ ဘာဖြစ်သလဲ ဟင်၊ မီလာနီ’



‘အက်ရှလေကိုလည်း စောင့်ရှောက်လိုက်ပါ နော်’



‘စောင့် စောင့်ရှောက်ပါ့မယ် မီလာနီ’



‘သူက သိပ် အအေးမိလွယ်တာ၊ အေးတာကို မခံနိုင်ဘူး’



အတန်ကြာ တိတ်ဆိတ်နေသည်။



‘သူ့ သူ့အလုပ်ကိုလည်း ကြည့်ပေးပါနော်၊ နားလည်တယ် မဟုတ်လား’



‘နားလည်ပါတယ်၊ ကြည့်ပေးပါ့မယ်’



မီလာနီ စကား ပြောရန် အားယူပြန်သည်။



‘အက်ရှလေက စိတ် စိတ်ကူးယဉ်တယ်၊ လက်တွေ့ မကျဘူး’



သေခါနီးသောကြောင့် အက်ရှလေ အကြောင်းကို ဟုတ်တိုင်းမှန်ရာ ဖွင့်ပြောခြင်း ဖြစ်ပုံရသည်။ သို့မဟုတ်လျှင်

ဤစကားမျိုးကို ပြောမည်မဟုတ်။

‘သူ့ကို ကြည့်လိုက်ပါနော်၊ ဒါပေမယ့် မင်း စောင့်ရှောက်တာကို သူ မသိပါစေနှင့်’



‘စောင့်ရှောက်ပါ့မယ် မီလာနီ၊ သူ့ကိုလည်း စောင့်ရှောက်ပါ့မယ်၊ သူ့ အလုပ်ကိုလည်း ကြည့်ပေးပါ့မယ်၊ မသိစေရဘူး၊

စိတ်ချပါ၊ မသိမသာ လုပ်မှာပါ’

မီလာနီက အားယူ၍ အပြုံးလဲ့လဲ့ကို ပြုံးသည်။ သို့ရာတွင် သူ့အပြုံးက အောင်နိုင်သည့် အပြုံး။ စကားလက်နှင့်

မျက်လုံးချင်း ဆိုင်မိကြ၏။ ရက်စက်ကြမ်းကြုတ်သည့် လောကကြီးမှာ အက်ရှလေကို အကာအကွယ်ပေးရေး ကိစ္စသည် မိန်းမ တစ်ယောက်ထံမှ အခြား မိန်းမတစ်ယောက် လက်သို့ ကူးပြောင်းသွားခဲ့ပြီ။ သူ၏ ယောက်ျား ဂုဏ်သိက္ခာကို မထိခိုက်စေခြင်းငှာ

533

သူ့ကို အသိမပေးဟူသော အပေးအယူ သဘောသည် သူတို့နှစ်ယောက်၏ အကြည့်တွင် ပေါ်နေကြသည်။

မီလာနီ၏

နွမ်းနယ်သော

မျက်နှာပေါ်မှ

ရုန်းကန်အားတင်းထားရသည့်

အသွင်သည်

ပျောက်ကွယ်သွား၏။

စကားလက်၏ ကတိကြောင့် စိတ်အေးသွားပုံရသည်။ သူ့ မျက်နှာသည် ကြည်လင်စ ပြုလာ၏။

‘စကားလက်၊ မင်းဟာ သိပ်တော်တယ် နော်၊ သတ္တိလည်း သိပ်ကောင်းတယ်၊ ကိုယ့်အပေါ်မှာလည်း တစ်သက်လုံး

ကောင်းခဲ့-’

ဤစကားများကို ကြားသည်၌ စကားလက် ရင်တွင် အလုံးကြီး ဆို့လာကာ အသံထွက် ရှိုက်မိလိုက်သည်။

စကားလက်က သူ့ပါးစပ်ကို သူ ပိတ်လိုက်၏။ ‘စကားလက်ဟာ စိတ်ကောင်းရှိတဲ့ မိန်းမ မဟုတ်ဘူး မီလာနီ၊ မီလာနီ အပေါ်မှာ ပြစ်မှားခဲ့မိတယ်၊ စိတ်ဆိုး စိတ်ယုတ် ထားခဲ့မိတယ်၊ တကယ်ကတော့ မီလာနီအတွက် စကားလက် ဘာမှ လုပ်မပေးခဲ့ဖူးဘူး၊ အက်ရှလေ အတွက် လုပ်ပေးခဲ့တာ၊ အက်ရှလေ အတွက်’ ဟု စကားလက် ကလေးလို အော်ပြောလိုက်ချင်သည်။ အော်ငိုလိုက်ချင်သည်။

စကားလက် ထိုင်ရာမှ ရုတ်တရက် ထလိုက်၏။ မငိုမိစေရန် လက်မကို သွားဖြင့် နာနာကိုက်ထားသည်။ ‘မီလာနီဟာ

မင်းကို တော်တော်ချစ်တယ်၊ မီလာနီ အချစ်ကို မင်း လက်ဝါးကပ်တိုင်လို ကိုးကွယ်ထားဖို့ ကောင်းတယ်’ ဟူသော ရက် ဘတ်တလာ၏ စကားကို စကားလက် အမှတ်ရသည်။ သူသည် မာယာ ပရိယာယ် အသွယ်သွယ်ဖြင့် အက်ရှလေကို လုယူရန် ကြိုးစားခဲ့ဖူး၏။ သို့ရာတွင် သူ့ကို တစ်သက်လုံး ပုံ၍ ယုံခဲ့သည့် မီလာနီသည် သေခါနီးဆဲဆဲတွင် ထိုအချစ်နှင့် ထိုယုံကြည်မှုကို ပေးခဲ့ပြီ။ ဤအဖြစ်ကမူ ရင်နာဖို့ ကောင်းသည်။ မပြောချင်တော့။ မပြောနိုင်တော့။ ‘အားတင်းစမ်းပါ မီလာနီရယ်’ ဟု မပြောရက်တော့။ မီလာနီတစ်ယောက် ညင်ညင်သာသာ သွားပါစေတော့။ အခက်အခဲ မရှိဘဲ သွားပါစေတော့။ မျက်ရည်မကျဘဲ သွားပါစေတော့။ ပူဆွေးခြင်း မရှိရဘဲ စိတ်ချလက်ချ သွားပါစေတော့။

တံခါး အသာ ပွင့်လာပြီး အခန်းဝတွင် ဒေါက်တာမိ ရပ်နေသည်။ သူ့ကို အမူအရာဖြင့် လှမ်းခေါ်နေ၏။ စကားလက်က

ငုံ့ကာ မျက်ရည်ကို အနိုင်နိုင် ထိန်းရင်း မီလာနီ၏ လက်တစ်ဖက်ကို မယူပြီး သူ့ပါးတွင် အပ်ထားသည်။

‘သွားတော့မယ် မီလာနီ’



သူ့အသံသည် သူ ထင်သည်ထက် တည်ငြိမ်အေးဆေးလျက် ရှိ၏။



‘ကတိ ပေးတယ်နော်’



မီလာနီ အသံက တိုးတိုးသာ ကျန်တော့သည်။



‘ပေးပါတယ် မီလာနီ၊ စိတ်ချပါ’



‘ဗိုလ်ကြီး ဘတ်တလာကိုလည်း ကြင်နာပါကွယ်၊ သူ့ခမျာ မင်းကို ချစ်ရှာပါတယ်’



ဗိုလ်ကြီး ဘတ်တလာ။ စကားလက် တွေသွားသည်။ ထိုအမည်သည် သူ့အဖို့ ဘာမျှ အဓိပ္ပာယ် မရှိ။

534



‘စိတ်ချပါ မီလာနီ’



စကားလက်က အလိုက်အထိုက် ပြောကာ သူ့လက်ကို ခပ်ဖွဖွ နမ်းပြီး ပြန်ချသည်။



‘အမျိုးသမီးတွေ မြန်မြန် လာခဲ့ကြပါလို့ ပြောလိုက်ပါ’



အခန်းဝသို့ အရောက်တွင် ဒေါက်တာမိက မှာလိုက်သည်။



ဒေါက်တာမိနှင့် အတူ နောက်မှ လိုက်လာသော အင်ဒီယာနှင့် ဒေါ်လေး ပစ်တီတို့ကို ဝိုးတိုးဝါးတား မြင်ရ၏။

အဝတ်ပွတ်သံများ မကြားစေရန် ဝတ်စုံများကို ကိုယ်တွင် လက်ဖြင့် ဖိ၍ လျှောက်လာကြသည်။ ဒေါက်တာမိက အခန်း တံခါးကို ပိတ်လိုက်၏။ အိမ်ကြီး တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ အက်ရှလေကို မမြင်ရ။ အအော် အငေါက် ခံရသည့် ကလေးတစ်ယောက် သဖွယ် စကားလက် ချောင်ထဲတွင် ကုပ်၍ နံရံကို ခေါင်းဖြင့် မှီထားသည်။ နာကျင်လျက် ရှိသည့် သူ့လည်ပင်းကို လက်ဖြင့် ပွတ်လျက် ရှိ၏။

တံခါး၏ နောက်ကွယ်တွင် မီလာနီသည် အသက် ကုန်ခါနီးနေပြီ။ မီလာနီနှင့်အတူ စကားလက် တစ်သက်လုံး

သူကိုယ်တိုင် မသိဘဲ လဲလျောင်း မှီခိုရာ ဖြစ်ခဲ့သည့် မီလာနီ၏ ခွန်အားတို့သည်လည်း ကုန်ခန်း သွားကြတော့မည်။ မီလာနီကို သူ ဤမျှ ချစ်ကြောင်း၊ ဤမျှ အားကိုးကြောင်းကို အဘယ့်ကြောင့် စောစောစီးစီး သဘော မပေါက်ခဲ့ရသနည်း။ အရုပ်ဆိုးဆိုး ခန္ဓာကိုယ် သေးသေးသွယ်သွယ်ဖြင့် မီလာနီသည် ခွန်အား အပေါင်းတို့ စုဝေးရာဟု မည်သူကလည်း ထင်မည်နည်။ သူစိမ်း ရှေ့တွင် မျက်ရည် ထွက်မတတ် အရှက် အကြောက်ကြီးသည့် မီလာနီ။ သူကိုယ်တိုင် ထင်မြင်ချက်ကို ကျယ်ကျယ်မျှ မပြောတတ်သည့် မီလာနီ။ သူတစ်ပါး အပြစ် ပြောခံရမည်ကို အလွန် ကြောက်တတ်သည့် မီလာနီ။ ငန်း တစ်ကောင်ကိုပင်လျှင် မအော်ရဲ မငေါက်ရဲသည့် မီလာနီ။ သို့တိုင်အောင်

မြိုင်သာယာက ပူပြင်းသည့် နွေလယ် တစ်နေ့ခင်းကို စကားလက် ပြန်အမှတ်ရ၏။ ထိုစဉ်က မီလာနီက အဝတ်

ပြာပြာကလေး ဝတ်လျက်။ ငွေရောင် ဆံနွယ်များက ပခုံးတွင် ဝဲကျနေသည်။ ချားလ်၏ ဓားလွယ်ကို ကိုင်၍ လှေကားထိပ်တွင် ရပ်နေသည်။ ထိုစဉ်က ‘ဓားလွယ်ကိုတောင် နိုင်အောင် မကိုင်နိုင်ဘဲနှင့် ဘာဖြစ်လို့ ယူလာတာလဲ’ ဟု စကားလက် ငြိုငြင်ခဲ့ဖူးသည်။ သို့ရာတွင် အရေးကြုံလာသည့် အခါတွင်မူ မီလာနီသည် ယန်ကီ စစ်သားကို သတ်ရန် လှေကားမှ ပြေးဆင်းလာခဲ့ဖူးသည်။ သူ ကိုယ်တိုင် အသတ်ခံရမည်ကိုလည်း မကြောက်ခဲ့။ ဤသတ္တိ၊ ဤခွန်အားကို ယခုမှ စကားလက် သဘောပေါက်ခဲ့ပြီ။

ဟုတ်သည်။ ထိုနေ့က မီလာနီသည် သူ့လက်ကလေး သေးသေးကလေးဖြင့် ဓားလွယ်ကြီးကို ကိုင်ကာ စကားလက်ကို

ကာကွယ်ရန် ပြေးဆင်းလာခဲ့သည်။ ယခု ဝမ်းပန်းတနည်းဖြင့် ပြန်တွေးသည့်အခါ၌ မီလာနီသည် သူ့အရိပ်ပမာ သူ့ဘေးတွင် ဓားလွယ်ကို ကိုင်၍ အမြဲ လိုက်ခဲ့ကြောင်း၊ သူ့ကို သစ္စာရှိကြောင်း၊ သူ့အတွက် ယန်ကီတို့နှင့်တကွ မီးဘေး၊ အငတ်ဘေး၊ ဆင်းရဲဒုက္ခဘေး၊ လူတကာ မေးငေါ့ကြသည့် ဘေး စသည့် ဘေးရန် အပေါင်းတို့ကို တိုက်ခိုက်ခဲ့ရုံမျှမက စကားလက် အတွက်ဆိုလျှင် သူ့ သွေးသား အင်ဒီယာကိုပင် ပြတ်ပြတ်သားသား ဆက်ဆံခဲ့ကြောင်းကို စကားလက် သိခဲ့ပြီ။

သူနှင့် ရန်လိုသော ကမ္ဘာလောကကြီး ကြားတွင် မီလာနီသည် ရှေ့မှ ကာခဲ့သည့် ဓားလွယ် တစ်စင်းဖြစ်၏။ ယခု

535

ဝင်းခနဲ လက်ခဲ့သည့် ဓားလွယ်သည် အစဉ် အမြဲ ဓားအိမ်ထဲသို့ ထည့်လိုက်ခဲ့ပြီးပြီ။ ဤသို့ တွေးမိသည့် အခါ၌ စကားလက် သတ္တိကောင်းလာသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသည်။

‘မီလာနီဟာ ငါ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပဲ’ စကားလက် မချိတင်ကဲ တွေးသည်။ ‘ငါ့ကို တကယ် ချစ်တဲ့ မေမေက

လွဲရင် မီလာနီဟာ ငါ့ရဲ့တစ်ဦးတည်းသော မိတ်ဆွေပဲ၊ မီလာနီဟာ မေမေ့လိုပဲ၊ သူ့အကြောင်းကို သိတဲ့လူဟာ သူ့ကို အရိပ်လို ခိုရတာပဲ’

တံခါး၏ နောက်ကွယ်တွင် ပက်လက်ဖြစ်နေသူသည် မီလာနီဟု မထင်၊ မေမေဖြစ်သည်ဟု စကားလက် ရုတ်တရက်

ထင်လာသည်။ မေမေသည် သူ့သမီးကို လောကကြီး အလယ်တွင် ဒုတိယအကြိမ် စွန့်ပစ်ခဲ့ပြန်ပြီဟု ထင်မိသည်။ မြိုင်သာယာသို့ ပြန်ရောက်သွားသည် မထင်ရ၏။ မြိုင်သာယာသို့ ပြန်ရောက်သွားသည် ထင်ရ၏။ အားနည်း၍ နူးညံ့ သိမ်မွေ့သည့် လူမျိုးတွင် ရဲရင့်သည့် ခွန်အားသတ္တိ တစ်မျိုး ရှိတတ်ကြောင်းကို သဘောပေါက်လာသည်။ ထိုသတ္တိမျိုး မရှိဘဲ လူ့ ဘဝကြီးကို ရင်မဆိုင်နိုင်။ ယခု စကားလက် ဤသဘောကို နားလည်ပြီ။

စကားလက်က အိမ်ရှေ့ခန်းမဆောင်ကြီးတွင် ရပ်နေသည်။ တွေဝေလျက်။ ထိတ်လန့်လျက်။ ဧည့်ခန်း မီးလင်းဖိုမှ

မီးတောက်များ၏ အရောင်တွင် ရှည်ရှည်မျောမျော အရိပ်များသည် နံရံပေါ်တွင် လာထင်နေကြသည်။ အိမ်ကြီး တစ်အိမ်လုံး တိတ်ဆိတ်လျက် ရှိ၏။ တိတ်ဆိတ်ခြင်းသည် အေးစက်သည့် မိုးပေါက်များပမာ သူ့ တစ်ကိုယ်လုံးကို ရွှဲနစ် စိမ့်ဝင်သွားသည်။ အက်ရှလေကော။ အက်ရှလေ အဘယ်မှာနည်း။

အအေးမိနေသည့် တိရစ္ဆာန် တစ်ကောင် မီးပုံကို လိုက်ရှာသည့်နှယ် ဧည့်ခန်းထဲသို့ ဝင်၍ အက်ရှလေကို လိုက်ရှာသည်။

သို့ရာတွင် ဧည့်ခန်းထဲတွင်လည်း မရှိ။ အက်ရှလေကို တွေ့အောင် ရှာရမည်။ မီလာနီ၏ ခွန်အားသတ္တိနှင့် ထိုခွန်အားပေါ်တွင် သူ အားကိုးအားထားပြုခဲ့ရသည့် အဖြစ်ကို အချိန်နှောင်းခါမှ သူ တွေ့ခဲ့ရသည်။ သို့ရာတွင် အက်ရှလေ မတွေ့သေး။ ဉာဏ် အမြော်အမြင်ရှိသော၊ သတ္တိကောင်းသော၊ ဖြေသိမ့်တတ်သော အက်ရှလေ ရှိသေးသည်။ အက်ရှလေနှင့် အက်ရှလေ၏ အချစ်တွင် သူ့ အားနည်းမှုကို မြှုပ်နှံရဦးမည်။ သူ့ အကြောက်ကို ဖြေရန် သတ္တိမွေးရဦးမည်။ ပူဆွေးမှုကို သက်သာအောင် လုပ်ရဦးမည်။

သူ

အခန်းထဲတွင်များ

ရှိမည်လောဟု

စကားလက်

တွေး၏။

ခန်းမဆောင်

တစ်လျှောက်

ခြေဖျားထောက်

လျှောက်လာကာ တံခါးကို အသာခေါက်သည်။ ထူးသံ မကြားရ။ ထို့ကြောင့် တံခါးကို တွန်းဖွင့်လိုက်သည်။ အက်ရှလေက ဗီရိုရှေ့တွင် ရပ်လျက် မီလာနီ၏ ဖာရာထေးရာ ပြည့်နေသည့် လက်အိတ်ကို ကိုင်ကြည့်နေသည်။ ပထမ တစ်ဖက်ကို ကောက်ယူကာ ယခုမှ မြင်ဖူးသည့်နှယ် ကြည့်နေသည်။ ထိုနောက် ဖန်ပစ္စည်း တစ်ခုသဖွယ် အသာ ပြန်ချသည်။ တစ်ဖန် နောက်တစ်ဖက်ကို ကောက်ကိုင်သည်။

‘အစ်ကို’



စကားလက်က အသံ တုန်တုန်ဖြင့် ခေါ်သည်။ အက်ရှလေက လှည့်၍ ကြည့်၏။ ပြာလဲ့သည့် သူ့မျက်လုံးများတွင်

မှုန်ငေးသည့် အကြည့် မရှိတော့။ ပြူးကျယ်ကာ ပကတိ သဘောကို ဆောင်နေသည်။ သူ့အကြောက်က ယိုးစွဲလိုက်သည့် အကြောက်မျိုး။ သူ့ ခိုကိုးရာမဲ့ အဖြစ်ထက် ပို၍ ခိုကိုးရာမဲ့သည့် အဖြစ်မျိုး။ သူ့ တစ်သက်တွင် ဤတစ်ခါသာ တွေ့ဖူးသေးသော

536

ဆောက်တည်ရာ မရ အဖြစ်မျိုးကို သူ့ မျက်လုံးများတွင် တွေ့ရ၏။ သူ့ မျက်နှာကို မြင်လိုက်သည့်အခါ၌ သူ့ အကြောက်သည် စောစောကထက် ကြီးမားလာသည်။ စကားလက် သူ့ထံသို့ လျှောက်လာ၏။

‘စကားလက် ကြောက်တယ် အစ်ကို’ စကားလက်က ပြော၏။ ‘အစ်ကို၊ စကားလက်ကို ဖက်ထားပါ၊ စကားလက်

ကြောက်တယ်’

အက်ရှလေက လှုပ်ရှားခြင်း မရှိ။ လက်အိတ်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူ့ကို မျက်လုံးအပြူးသားဖြင့်

ကြည့်နေသည်။ စကားလက်က သူ့လက်မောင်းကို ကိုင်၍ မေးသည်။ ‘ဒါ ဘာလဲ ဟင်’

အက်ရှလေ၏ မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။ သူ မတွေ့နိုင်သည့် အရာတစ်ခုကို သူ့မျက်နှာပေါ်တွင်

အလောတကြီး လိုက်ရှာနေသည်။ နောက်ဆုံး သူ စကားပြောသည့်အခါတွင် သူ့အသံက နဂိုသံ မဟုတ်။

‘စကားလက်ကို တွေ့ချင်နေတာ’ အက်ရှလေက ပြော၏။ ‘စကားလက်ဆီကို ပြေးလာမလို့၊ အားကိုးရာမဲ့တဲ့ ကလေးလို

ဖြစ်နေတယ်၊ ခုတော့ ကိုယ့်ထက် ကြောက်တဲ့လူနှင့် တွေ့နေပြီ’

‘ဟင့်အင်း၊ အစ်ကို ဘာလို့ ကြောက်ရမှာလဲ’ စကားလက်က အော်သည်။ ‘ကြောက်တာက စကားလက်ပါ၊ အစ်ကိုက

အစ်ကိုက အမြဲတမ်း သတ္တိကောင်းတဲ့ လူ’

‘အစ်ကို သတ္တိကောင်းတာက ပင်ကို ကောင်းတာမဟုတ်ဘူး၊ မီလာနီ ရှိနေလို့ ကောင်းတာ’ အက်ရှလေ၏ အသံက

ဆွေးမြည့် ကွဲအက်လျက် ရှိ၏။ လက်အိတ်ကို ငုံ့ကြည့်ကာ လက်ချောင်းကလေးများကို ဆွဲဆန့်နေသည်။ ‘ခုတော့ အစ်ကို့မှာ ရှိတဲ့ ခွန်အားတွေ သတ္တိတွေလည်း မရှိတော့ဘူး၊ မီလာနီနှင့် အတူ ပါသွားပြီ’

သူ့အသံက ခပ်တိုးတိုး။ စိတ်ပျက်အားငယ်သံပါနေသည်။ စကားလက် လန့်သွားကာ သူ့လက်မောင်းကို ကိုင်ထားရာမှ

လွှတ်သည်။ နောက်သို့ ဆုတ်လိုက်၏။ တိတ်ဆိတ်လျက် ရှိသည်။ အက်ရှလေကို သူ့တစ်သက်တွင် ပထမဆုံးအကြိမ် နားလည်လာသည်။

‘ဘာဖြစ်လို့ သတ္တိ မရှိရမှာလဲ ဟင်၊ အစ်ကိုဟာ အစ်ကိုဟာ မီလာနီကို ချစ်တယ် မဟုတ်လား’



အက်ရှလေက တမင် ကြိုးစား၍ ပြောသည်။



‘မီလာနီဟာ အစ်ကို့ရဲ့ အိပ်မက်၊ အသက် ရှင်နေတဲ့ အသက်ရှိနေတဲ့ တကယ့် အဖြစ်မှန်တွေ ရှေ့မှာလည်း

ပျောက်ကွယ်မသွားတဲ့ အစ်ကို့ရဲ့ အိပ်မက်ပါ’

‘ဘာ အိပ်မက် ဟုတ်လား’ စကားလက် စိတ်ပျက်သွားသည်။ အက်ရှလေသည် တစ်သက်လုံး အိပ်မက်တွေချည်း

မက်နေမည်လော။ အိပ်မက် ကမ္ဘာထဲတွင် နေတော့မည်လော။ အိပ်မက်မှ မနိုးတော့ပြီလော။ စဉ်းစား ဉာဏ်ဖြင့် တွေးခေါ်ရသည့် ဘဝမျိုးကို ပြန်မရောက်တော့ပြီလော။

စကားလက် နာကြည်းစိတ်ပျက်သံဖြင့် ပြောသည်။

537



‘အစ်ကိုဟာ တော်တော် စိတ်ကူး ယဉ်တာပဲ၊ တကယ်တော့ မီလာနီဟာ စကားလက်ထက် အဆတစ်သန်းမက

တန်ဖိုးရှိတယ်၊ ဒါကို အစ်ကို အိပ်မက်လို့ထင်တယ် ဟုတ်လား’

‘စကားလက်ရယ် ဒါတွေ မပြောပါနှင့်၊ မျှော်လင့်ချက် မရှိတော့ဘူးလို့ ဒေါက်တာမိက ပြောကတည်းက အစ်ကို

ဘယ်လောက် ခံစားရတယ်ဆိုတာ’

‘အစ်ကိုက ဘာများ ခံစားရလို့လဲ၊ စကားလက်က အစ်ကိုက-၊ အို ဒါတွေ ထားပါလေ၊ တကယ်တော့ အစ်ကိုဟာ

စကားလက်ကို ချစ်တာမဟုတ်ဘဲ မီလာနီကို ချစ်တယ်ဆိုတာ အစောကြီးကတည်းက ကိုယ့်ဘာသာ သိခဲ့ဖို့ ကောင်းတယ်၊ ဒါပေမယ့် အစ်ကို သိခဲ့သလား၊ မသိခဲ့ဘူး၊ အစ်ကိုသာ ဒီလို စောစောက သိခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး၊ ဒါမျိုးတွေ တွေ့ရမှာ မဟုတ်ဘူး၊ အစ်ကို စောစော သိခဲ့ဖို့ကောင်းတယ်၊ ခုတော့ အစ်ကိုဟာ ဂုဏ်သိက္ခာကို ထိန်းရတာပါ၊ စွန့်လွှတ်ရတာပါဆိုတဲ့ စကားမျိုးတွေ ပြောခဲ့တယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းတဲ့အနေနှင့် မီလာနီနှင့်ပဲ ဆက်နေရသယောင် စကားလက်ကိုပဲ တကယ် ချစ်သယောင်ယောင် လုပ်ခဲ့တယ်၊ စောစောတုန်းကသာ မီလာနီကို ချစ်တယ်၊ စကားလက်ကို ချစ်တာမဟုတ်ဘူးလို့ ပြောင်ပြောင် ပြောခဲ့ရင် ပြတ်ပြတ်သားသား ပြောခဲ့ရင် ရှင်းတယ်၊ အစ်ကို့ အချစ်ကို မရလို့ စကားလက် ရင်ကွဲ သေချင် သေမယ်၊ ဒါပေမယ့် ဒီ ဒုက္ခမျိုးတွေကို တွေ့ရမှာမဟုတ်ဘူး၊ ခုမှ မီလာနီ သေခါနီးမှ အစ်ကို ချစ်တဲ့သူဟာ စကားလက် မဟုတ်ဘူး၊ မီလာနီလို့ ပြောလိုက်တဲ့အခါကျတော့ ဘာလုပ်တော့မှာလဲ၊ ဘာမှ လုပ်လို့ မရတော့ဘူး၊ နောက်ကျပြီ၊ အစ်ကိုဟာ ယောက်ျားပါ၊ ယောက်ျားတစ်ယောက်ဟာ ကိုယ် ဘယ်သူ့ကို တကယ်ချစ်သလဲဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ် သိသင့်တာပေါ့၊ အစ်ကိုဟာ တစ်သက်လုံး မီလာနီကို ချစ်ခဲ့တယ်၊ စကားလက်ကိုတော့ ရက် ဘတ်တလာက ဝက်တလင်း ဆိုတဲ့ မိန်းမကို လိုချင်သလို သွေးသားတောင့်တမှု ပြေပျောက်ရုံ လိုချင်တာမျိုး ဆိုတာ အစ်ကို့ ဘာသာ ရှင်းရှင်းလင်းလင်း သိခဲ့ဖို့ ကောင်းတယ်’

အက်ရှလေက ကြိတ်မှိတ်၍ နားထောင်သည်။ သူ့မျက်လုံးများက စကားလက်ကို ကြည့်လျက်။ စကား မပြောရန်၊

နှစ်သိမ့်အားပေးရန်၊ တောင်းပန်နေသည့်နှယ်။ သူ့မျက်နှာပေါ်မှ အရေတွန့်တိုင်းက စကားလက် စကား မှန်ကြောင်းကို ဝန်ခံလျက် ရှိ၏။ သူ့ ရင်ထဲတွင် ဖြစ်နေသည့် နောင်တ သံဝေဂည် စကားလက်၏ စကားများထက် ပြင်းထန် လေးလံကြောင်းကို ပြသည့်နှယ် သူ့ပခုံးများသည် ကိုင်းညွှတ်ကျနေ၏။ သူ့ရှေ့တွင် တိတ်ဆိတ်စွာ ရပ်ရင်း နားလည်ခွင့်လွှတ်သည့် လက်အစုံကို ကိုင်သည့်နှယ် လက်အိတ်များကို ဆုပ်ကိုင်နေသည်။ တိတ်ဆိတ်လျက် ရှိစဉ် စကားလက်၏ ဒေါသသည် ပြေကျသွား၏။ စက်ဆုပ် အထင်သေးခြင်း စွက်သည့် သနား ကရုဏာသည် စကားလက်၏ ရင်ထဲတွင် အစား ဝင်ရောက်လာသည်။ သူ့ကိုယ်သူ စကားလက် မလုံမလဲ ဖြစ်လာသည်။ မိမိသည် အကာအကွယ်မဲ့ လဲကျသူ တစ်ဦးအား ခြေဖြင့် ကန်ကျောက်နေခြင်း မဟုတ်လော။ ရေနစ်သူ ဝါးကူ၍ နှစ်နေခြင်း မဟုတ်လော။ မိမိသည် အက်ရှလေကို ကြည့်ရှု စောင့်ရှောက်ပါမည်ဟု မီလာနီကို ကတိပေးခဲ့ပြီ မဟုတ်လော။

‘ကြည့်စမ်း၊ ငါ ခုတင် ကတိပေးခဲ့တယ်၊ ဘာမှ မကြာသေးဘူး၊ သူ့ကို ရက်ရက်စက်စက် ပြောခဲ့မိတယ်၊ တကယ်က

သူ့ကို ဘာပြောစရာ ရှိသလဲ၊ ဘယ်သူ့ကိုကော ပြောစရာ ရှိသလဲ၊ ဘယ်သူ့ကိုမှ ပြောစရာ မလိုဘူး၊ သူ့ဘာသာသူ မှားမှန်း သိနေတယ်၊ ဒီ စိတ်ကြောင့်ပဲ သူ သေရမှာ’ ဟု စကားလက် တွေးနေသည်။ ‘အက်ရှလေဟာ မရင့်ကျက်သေးဘူး၊ ကလေးပဲ ရှိသေးတယ်၊ ငါ့လိုပဲ ကလေးပဲ ရှိသေးတယ်၊ မီလာနီကို ဆုံးရှုံးရမှာ ကြောက်လန့်နေတယ်၊ မီလာနီဟာ သူ့အကြောင်းကို

538

ငါ့ထက် သိတာပဲ၊ ဒါကြောင့်မို့ သူနှင့် ဘိုဘိုလေးကို ကြည့်ရှုစောင့်ရှောက်ဖို့ မှာခဲ့တာပေါ့၊ အက်ရှလေဟာ ဘဝဒဏ်ကို မခံနိုင်ဘူး၊ ငါက ခံနိုင်တယ်၊ ငါက ဘယ်လိုအရာမျိုးကိုပဲ ဖြစ်ဖြစ် ခံနိုင်တယ်၊ ရှေ့လျှောက် ခံရဦးမယ်၊ ရင်ဆိုင်ရဦးမယ်၊ ဒါပေမယ့် သူကတော့ မီလာနီ မရှိရင် ဘာကိုမှ ခံနိုင်မှာ မဟုတ်တော့ဘူး’

‘စကားလက်ကို ခွင့်လွှတ်ပါ အစ်ကို’ စကားလက်က သူ့လက်ကို ဆွဲ၍ နူးညံ့စွာ ပြော၏။ ‘အစ်ကို ဘယ်လောက်

ခံစားနေရတယ်ဆိုတာ စကားလက် သိပါတယ်၊ ဒါပေမယ့် စကားလက်တို့ ကိစ္စကို မီလာနီ ဘာမှ မသိပါဘူး၊ ယုံမှား သံသယတောင် မရှိပါဘူး၊ အဲဒါကိုတော့ အစ်ကို ယုံပါ’

အက်ရှလေက ရှေ့သို့ တိုးလာကာ သူ့ကို ဖက်လိုက်၏။ စကားလက်က ခြေဖျား ထောက်ကာ သူ့ပါးဖြင့် လှမ်း၍

အပ်ထားသည်။ လက်တစ်ဖက်ဖြင့် သူ့ဆံပင်များကို ပွတ်သပ်ပေးနေသည်။

‘မငိုနှင့်နော် အစ်ကို၊ သူက အစ်ကို့ကို သတ္တိ ရှိစေချင်တယ် မဟုတ်လား၊ အစ်ကို့ကိုလည်း တွေ့ချင်မှာပဲ၊ အစ်ကို

သတ္တိရှိရမယ်နော်၊ အစ်ကို ငိုတာကို သူ မမြင်ပါစေနှင့်နော်၊ အစ်ကိုငိုတာ မြင်ရင် သူ စိတ်ဖြောင့်မှာ မဟုတ်ဘူး’

အက်ရှလေက သူ့ကို အတင်းဖက်လိုက်သဖြင့် အသက်ရှူပင် ကျပ်နေသည်။ တစ်ဆို့နေသည့် သူ့အသံက နားထဲသို့

ရောက်လာ၏။

‘အစ်ကို ဘယ်လို နေရမလဲ ဟင်၊ သူ မရှိရင် အစ်ကို မနေနိုင်ဘူး’



သူလည်း မနေနိုင်ဟု စကားလက် တွေးသည်။ မီလာနီ မရှိတော့သည့် အနာဂတ်ကို မြင်ရင်း ရင်ထဲတွင် တုန်သွား၏။

သို့ရာတွင် စကားလက် ချက်ချင်း ပြန်၍ သတိကို ထိန်းသည်။ အက်ရှလေသည် သူ့ကို မှီခို အားထားရတော့မည် မဟုတ်လော။ မီလာနီက အပ်ခဲ့ပြီ မဟုတ်လော။ မြိုင်သာယာတွင် ရှိစဉ် လရောင်ပြက်သည့် ညတစ်ညက အတွေးသည် သူ့ခေါင်းထဲသို့ လက်ခနဲ ရောက်လာ၏။ ထိုစဉ်က သူ ပင်ပန်းနေသည်။ အရက်လည်း မူးနေသည်။ ‘ဝန်ထုပ် ဝန်ပိုးဆိုတာ ဝန်ထုပ်ဝန်ပိုးကို ထမ်းနိုင်အောင် သန်မာတဲ့ ပခုံးတွေ အတွက်သာ ဖြစ်တယ်’ ဟု ထိုစဉ်က သူ တွေးခဲ့ဖူးသည်။ ဟုတ်သည်။ သူ့ပခုံးများသည် သန်မာသည်။ တောင့်တင်းသည်။ အက်ရှလေ၏ ပခုံးများက သန်မာတောင့်တင်းခြင်း မရှိ။ ဝန်ကို ထမ်းရန် စကားလက် ပခုံးကို မတ်သည်။ ပကတိ တည်ငြိမ်မှုမျိုးဖြင့် မျက်ရည်စိုစွတ်နေသည့် သူ့ပါးနှစ်ဖက်ကို နမ်းသည်။ တဏှာရမ္မက် မရှိ။ ပြင်းပြသည့် ဆန္ဒ မပါ။ တပ်မက်သည့် အာသာ မရော။ တည်ငြိမ် အေးဆေးသည့် နူးညံ့ခြင်းမျိုးဖြင့် နမ်းခြင်း ဖြစ်၏။

‘တစ်နည်းနည်းတော့ စီစဉ်ရမှာပေါ့ အစ်ကိုရယ်’



စကားလက်က ဖြေ၏။ ဖြုန်းခနဲ တံခါး ပွင့်လာကာ ဒေါက်တာမိက အရေးတကြီး လှမ်းခေါ်သည်။



‘အက်ရှလေ မြန်မြန် မြန်မြန်’



‘ဘုရား

ဘုရား

ဆုံးပြီထင်တယ်’

စကားလက်

တွေးလိုက်သည်။

‘အက်ရှလေခမျာ

နှုတ်ဆက်စကားလေးမှ

မပြောလိုက်ရရှာဘူး၊ ဒါပေမယ့်’

‘သွား သွား မြန်မြန်’ ကြောင်၍ ရပ်နေသဖြင့် စကားလက်က သူ့ကို တွန်းလွှတ်လိုက်သည်။ ‘မြန်မြန် သွားလေ’

539



စကားလက် တံခါးကို ဖွင့်ပေးလိုက်ပြီး အတင်းတွန်းလွှတ်လိုက်သည်။ အက်ရှလေ သတိရကာ ခန်းမဆောင်ထဲသို့

ပြေးဝင်သွားသည်။ လက်တွင် လက်အိတ်ကို ကိုင်လျက်။ ခပ်သွက်သွက် ပြေးသွားသည့် ခြေသံကို ကြားရပြီးနောက် တံခါး ပိတ်လိုက်သံကို ကြားရသည်။ အုပ်၏။

စကားလက်က ဘုရား တကာ အိပ်ရာဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့၏။ ထိုင်ချလိုက်၏။ ခေါင်းကို လက်နှစ်ဖက်ဖြင့် ရုတ်တရက်

အားကုန်သွားသည့်နှယ်

မောပန်းနေသည်။

သူ့တစ်သက်တွင်

ဤမျှလောက်

မပင်ပန်းစဖူး။

တံခါးပိတ်သံနှင့် အတူ တင်းခံထားသည့် ဇော၊ သူ့ကို ခွန်အား ပြည့်အောင် လုပ်ထားသည့် ဇောသည် ကုန်သွားပြီ။ တစ်ကိုယ်လုံး မောဟိုက်သွားကာ ခံစားချက် ဟူသမျှ စုပ်ယူပစ်လိုက်သည့်နှယ် ခန်းခြောက်သွားသည်။ သောကလည်း မဖြစ်။ နောင်တလည်း မရ။ ကြောက်ခြင်းလည်း မရှိ။ အံ့ဩခြင်းလည်း မထင်။ တစ်ကိုယ်လုံး မောပန်း နွမ်းနယ်နေသည်။ သူ့စိတ်သည် ဗီရိုပေါ်မှ နာရီ ချိန်သီးကဲ့သို့ ခပ်လေးလေး ခပ်မှန်မှန် လှုပ်ရှားနေသည်။

ဤကြားထဲမှ အတွေးတစ်ခု ပေါ်လာသည်။ အက်ရှလေသည် သူ့ကို မချစ်ခဲ့၊ မည်သည့်အခါကမျှ သူ့ကို တကယ်

မချစ်ခဲ့။ ထိုအသိသည် သူ့ကို ဘာမျှ ထိခိုက်နာကျင်စေခြင်းငှာ မတတ်နိုင်။ ထိခိုက် နာကျင်ဖို့ ကောင်းသည်မှာ အမှန်။ ရင်နာဖို့ ကောင်းသည်မှာ အမှန်။ အသည်းကွဲဖို့ ကောင်းသည်မှာ အမှန်။ နာကြည်ဖို့ ကောင်းသည်မှာ အမှန်။ ကံတရားကို ဆူပူ အော်ဟစ်ပစ်ဖို့ ကောင်းသည်မှာ အမှန်။ အချစ်ကို သူတစ်လျှောက်လုံး ယုံကြည်ကိုးစားခဲ့သည် မဟုတ်လော။ သူ့အချစ်ကြောင့် အမည်းမှောင်ဆုံး ဆိုသည့် နေရာများကိုပင် ဖြတ်သန်းခဲ့သည် မဟုတ်လော။ ယခု အမှန်ကို သိရပြီ။ အက်ရှလေသည် သူ့ကို မချစ်။ ဤသည့်အတွက် သူကလည်း ဂရုမစိုက်တော့။ သူကလည်း အက်ရှလေကို ဂရုမစိုက်။ အက်ရှလေကိုလည်း သူ မချစ်။ ထို့ကြောင့် အက်ရှလေ၏ အပြုအမူ၊ အက်ရှလေ၏ စကားများသည် သူ့ကို မည်သို့မျှ နာကျင် ထိခိုက်စေခြင်းငှာ မတတ်နိုင်။

အိပ်ရာပေါ်တွင် လှဲကာ မျက်နှာကို ခေါင်းအုံးတွင် မြှုပ်ထားလိုက်မိသည်။ ဤအတွေးကို ဖျောက်ပစ်သည့်တိုင်

ဖျောက်၍ မရ။ ‘ငါ့ သူ့ကို ချစ်တယ်၊ ငါ သူ့ကို တစ်သက်လုံး ချစ်ခဲ့တယ်၊ အချစ်ဟာ ဥပေက္ခာတရားအဖြစ် ချက်ချင်း ပြောင်းမသွားနိုင်ဘူး’ ဟု ကိုယ့်ကိုယ်ကိုယ် နှလုံးသွင်း၍လည်း ဘာမျှ အရာထင်တော့မည် မဟုတ်။

သို့ရာတွင် မေတ္တာသည် ဥပေက္ခာသို့ ပြောင်းနိုင်သည်။ ယခုပင် ပြောင်းခဲ့ပြီ မဟုတ်လော။



‘တကယ်ကတော့ အက်ရှလေဟာ ငါ့စိတ်ကူးထဲက ဖန်တီးတဲ့ ချစ်သူပဲ’ စကားလက် နွမ်းနယ်စွာ တွေးသည်။ ‘ငါဟာ

ငါ့ဘာသာ ငါ ဖန်တီးထားတဲ့ အရာတစ်ခုကို ချစ်ခဲ့တာ၊ မရှိတဲ့ အရာတစ်ခုကို ဖန်တီးပြီး ချစ်ခဲ့တာ၊ အရုပ်ကလေး တစ်ရုပ်ကို အဝတ်အစားတွ လှလှဆင်ပြီး ချစ်သလို ချစ်ခဲ့တာ၊ ငါဟာ အက်ရှလေကိုယ်ပေါ်မှာ အဝတ်အစားတွေ ဆင်ပေးခဲ့တယ်၊ သူနှင့် တော်သည် မတော်သည်ကို မကြည့်ခဲ့ဘူး၊ သူ့ နဂို အမှန်ကို မမြင်ခဲ့ဘူး၊ ငါ ဆင်ပေးထားတဲ့ အပေါ်ယံ အဝတ်အစား လှလှကလေးတွေကို ချစ်ခဲ့တာ၊ တကယ်က သူ့ကို ချစ်ခဲ့တာ မဟုတ်ဘူး’

အတိတ်ကို သူ ပြန်ကြည့်နိုင်ပြီ။ မြိုင်သာယာက နေခြည် ထွေးထွေးတွင် အစိမ်းရောင် ဝတ်စုံ လှလှကလေးကို

ဝတ်ထားသည့် သူ့ဘေး၌ ဝါလဲ့လဲ့ အက်ရှလေသည် သူ့ ကလေးဘဝ ရူးတုန်းမိုက်တုန်း အရွယ်က စိတ်ကူးဖြင့် ချစ်ခဲ့ရသူ တစ်ဦးသာ ဖြစ်သည်။ ထိုအချက်ကို စကားလက် ယခု အချိန်တွင် ပြက်ပြက်ထင်ထင် မြင်လာခဲ့ပြီ။ ငယ်ငယ်က ဖေဖေ့ထံ ကျောက်စိမ်း နားဆွဲ ပူဆာခဲ့ဖူးသည့် ကလေးစိတ်မျိုးထက် ပို၍ အရေးမကြီးသည့် စိတ်ရူးထခြင်းမျိုးသာဖြစ်သည်ဟု

540

မြင်လာခဲ့ပြီ။ ပိုက်ဆံမှ အပ အခြားအရာ ဟူသမျှသည် မပိုင်ခင်သာ တန်ဖိုးရှိသည် ထင်ရသော်လည်း လက်ဝယ်ရောက်သည်နှင့် တန်ဖိုးလျော့ကျသွားသည့်

နည်းတူ

သူ

ပူဆာ

တောင်းခဲ့သည့်

ကျောက်စိမ်း

နားဆွဲသည်လည်း

သူ့လက်ဝယ်

ရောက်သည့်အခါတွင် တန်ဖိုး လျော့ကျသွားခဲ့ပြီ။ အလားတူပင် သူ ငယ်ငယ်က အက်ရှလေကို မယူနိုင်ဟု သူ့အနေဖြင့် ငြင်းခွင့်ရခဲ့လျှင် သူ့ မခံချင်စိတ် ပြေမည်။ ကျေနပ်မှု ရမည်။ ထိုသို့သာ ရခဲ့လျှင် အက်ရှလေသည်လည်း ဘာမျှ တန်ဖိုး ရှိတော့မည် မဟုတ်။ အက်ရှလေသည် အခြား လူငယ်များ ဖြစ်ခဲ့သကဲ့သို့ သူမှ သူဟု တမ်းတမ်းစွဲ ဖြစ်ခဲ့လျှင်၊ မနာလို ဝန်တို ဖြစ်ခဲ့လျှင်၊ အောက်ကျ ခံခဲ့လျှင် ယခုကဲ့သို့ မိမိဘက်က အရူးအမူး ဖြစ်လိမ့်မည် မဟုတ်။ လွတ်သည့်ငါး ကြီးသည်ဟူသည့် အဖြစ်မျိုးကို ရောက်မည် မဟုတ်။ နေရောင်တွင် နှင်းပျောက်သည့် ပမာ သူ့တွင် နောက်ထပ် ချစ်သူတစ်ယောက် တွေ့လျှင် အက်ရှလေသည်လည်း အလွယ်တကူ ပျောက်ကွယ်သွားခဲ့လိမ့်မည်။

‘ငါ တော်တော် မိုက်တာပဲ’ ဟု စကားလက် နာကြည်းစွာ တွေးမိ၏။ ‘ခုတော့ ငါ့အပြစ်နှင့် ငါ ခံရတော့မယ်၊

ငါ ဆုတောင်းခဲ့တာတွေ ဖြစ်ပြီ၊ မီလာနီ သေပါစေလို့ ငါ ခဏ ခဏ ဆုတောင်းခဲ့တယ် မဟုတ်လား၊ ခု မီလာနီ သေပြီ၊ ငါ သူ့ကို လိုချင်ရင် ရပြီ၊ ဒါပေမယ့် ငါ မလိုချင်တော့ဘူး၊ လူလွတ်ဖြစ်လို့ သူ့ ဂုဏ်သိက္ခာတွေ ဘာတွေကို မငဲ့ရတော့ဘဲ ရက် ဘတ်တလာနှင့် ကွာပြီး သူ့ကို လက်ထပ်မလားလို့ မေးရင် ဘယ့်နှယ် လုပ်မလဲ။ လက်ထပ်မလား၊ အဝေးကြီး၊ ရွှေကလပ်ကြီးနှင့် တင်ပေးရင်တောင် သူ့ကို လက်မထပ်ဘူး၊ ဒါပေမယ့် တစ်သက်လုံးတော့ သူ့ကို စောင့်ရှောက် သွားရဦးမယ်၊ ငါ အသက်ရှင်နေသေးသမျှ သူ့ကို ကြည့်ရှုရဦးမယ်၊ သူ မငတ်အောင်၊ သူ့ကို လူတွေ မစော်ကားအောင် ကြည့်ရဦးမယ်၊ အက်ရှလေဟာ ငါ့ ဝတ်စုံကို ဆွဲလိုက်နေတဲ့ ငါ့ ဝမ်းမနာသားလို ဖြစ်နေဦးမှာပဲ၊ ငါ့မှာ ချစ်သူတစ်ယောက် ဆုံးရှုံးပေမယ့် ကလေး တစ်ယောက် တိုးလာပြီ၊ မီလာနီကို ကတိ မပေးခဲ့ရင်တော့ သူနှင့် နောက်ထပ် မတွေ့လည်း ဂရုစိုက်စရာ မလိုပါဘူး၊ ခုတော့ ငါ ကတိပေးခဲ့ပြီးပြီ’

541

၆၂



အပြင်ဘက်မှ တီးတိုး စကား ပြောသံများကို ကြားရ၏။ အခန်းဝသို့ သွားကြည့်သည့် အခါတွင် နောက်ဖေး

ခန်းမဆောင်ထဲ၌ ထိတ်လန့်တကြား ရပ်နေကြသော ကပ္ပလီများကို တွေ့ရသည်။ ဒစ်လစီက အိပ်ပျော်နေသည့် ဘိုဘိုကို ပွေ့ထား၏။ ဦးလေး ပီတာက ငိုလျက်။ ထမင်းချက် မိန်းမကြီးက သူ့မျက်နှာ ပြားပြားကြီးကို သုတ်၍ ငိုနေသည်။ သူတို့ သုံးယောက်က စကားလက်ကို ငေးကြည့်ကာ မည်သည်ကို လုပ်စရာ ရှိသနည်းဟု မေးကြသည်။ စကားလက်က ဧည့်ခန်းထဲသို့ လှမ်းကြည့်၏။ အင်ဒီယာနှင့် ဒေါ်လေး ပစ်တီက တစ်ယောက်ကို တစ်ယောက် တွဲ၍ ရပ်နေကြသည်။ အင်ဒီယာ၏ မျက်နှာသည် ခေါင်းမာသည့် အသွင်ကို မဆောင်တော့။ ကပ္ပလီ များကဲ့သို့ပင် သူတို့ နှစ်ယောက်ကလည်း သူ့ကို ညှိုးငယ်စွာ ကြည့်ကာ ညွှန်ကြားချက်ကို စောင့်နေကြသည်။ စကားလက်က ဧည့်ခန်းထဲသို့ ဝင်လာခဲ့၏။ သူတို့ နှစ်ယောက်က တံခါးကို ပိတ်လိုက်သည်။

‘စကားလက်၊ ဒေါ်လေးတို့ ဘာလုပ်’



ဒေါ်လေး ပစ်တီ၏ ပါးစုံ့ကြီးများသည် တုန်လျက် ရှိကြ၏။



‘စကားလက်ကို ဘာမှ မမေးနှင့် ဒေါ်လေး၊ စကားလက် အော်ငိုမိလိမ့်မယ်’



စကားလက်က ပြော၏။ အာရုံကြောတွေ တင်းနေသဖြင့် စကားလက်၏ အသံက စူးနေသည်။ မီလာနီ သေသည့်

အကြောင်း၊ အသုဘ တစ်ခုတွင် လုပ်ရမည့် ကိစ္စများ အကြောင်းကို စကားလက် မပြောချင်။ သူ့ လည်ပင်းသည် တစ်ဆို့နေသည်။

‘စကားလက် ဘာမှ နားမထောင်ချင်ဘူး’



တင်းမာသည့် စကားလက်၏ လေသံကြောင့် နှစ်ယောက်စလုံး ကုပ်သွားကြသည်။ စိတ်ပျက်သည့် အရိပ်အယောင်သည်

သူတို့ မျက်နှာများပေါ်တွင် ပေါ်လာ၏။ ‘သူတို့ ရှေ့မှာ ငါ မငိုဘူး၊ ငါက စငိုရင် သူတို့လည်း ငိုကြတော့မယ်၊ ကပ္ပလီတွေလည်း ငိုကြတော့မယ်၊ ငါ့ကိုယ်ငါ အားတင်းရမယ်၊ လုပ်စရာတွေ အများကြီး ရှိသေးတယ်၊ သုဘရာဇာတွေနှင့် တွေ့ရဦးမယ်၊ အသုဘ ကိစ္စကို စီစဉ်ရဦးမယ်၊ အိမ်ကို အရှင်း ခိုင်းရဦးမယ်၊ အသုဘ လာတဲ့ ပရိသတ်ကို ဧည့်ခံရဦးမယ်၊ ဒါတွေကို အက်ရှလေ လုပ်နိုင်မှာ မဟုတ်ဘူး၊ ဒေါ်လေး ပစ်တီနှင့် အင်ဒီယာကလည်း ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး၊ ငါပဲ လုပ်ရမှာ၊ အင်း ဝန်ထုပ် ဝန်ပိုးက ကြီးလှချည်ရဲ့၊ အမြဲတမ်း သူများ ဝန်ထုပ် ဝန်ပိုးကိုချည်း ထမ်းနေရတာပါလား’

စိတ်ပျက် လက်ပျက်ဖြင့် ကြောင်ငေးငေး ဖြစ်နေသည့် ဒေါ်လေး ပစ်တီနှင့် အင်ဒီယာတို့၏ မျက်နှာများကို ကြည့်မိသည်။

စကားလက် ရှုံ့မဲ့သွား၏။ မီလာနီသည် သူ့ကို ချစ်သူများအား မည်သည့်အခါမျှ တောက်တောက်ခါးခါး ပြောလေ့ မရှိ။

‘ခွင့်လွှတ်ပါ ဒေါ်လေး၊ စကားလက် စိတ်တို သွားတယ်’ စကားလက်က အားယူ၍ ပြော၏။ ‘စကားလက် စိတ်တို

သွားတာကို ခွင့်လွှတ်ပါ၊ စကားလက် ဆင်ဝင်ဘက် ခဏ ထွက်ကြည့်ဦးမယ်နော်၊ ချက်ချင်း ပြန်လာခဲ့မယ်၊ ပြန်လာတော့မှ

542

ကိစ္စဝိစ္စတွေ-’

စကားလက်က ဒေါ်လေး ပစ်တီ ကျောကို ပွတ်၍ အပြင်ဘက်သို့ ထွက်လာသည်။ ဤအခန်းထဲတွင် နောက်ထပ်

ကြာကြာ နေလျှင် ချုပ်တည်းထားရသဖြင့် ပွင့်အန်ကျတော့မည်။ သူ တစ်ယောက်တည်း ထွက်ငိုမည်။ စိတ်ရှိ လက်ရှိ ငိုပစ်လိုက်မည်။

မည်းမှောင်နေသည့် ဆင်ဝင်ဘက်သို့ ထွက်လာကာ တံခါးမကြီးကို ပြန်ပိတ်သည်။ စိုစွတ်သည့် ညဦး လေကြောင့်

အေးသွား၏။

စောစောက

မိုးဖွဲလေးများ

ရွာနေသော်လည်း

မိုးတိတ်သွားပြီ။

တံစက်မြိတ်မှ

မိုးရေစက်ကလေးများ

တဖြောက်ဖြောက် ကျသံကိုသာ ကြားရသည်။ တစ်လောကလုံးသည် ထူထဲသည့် နှင်းခြုံထည်ကြီးကို ခြုံထား၏။ နှစ်ဟောင်း ကုန်တော့မည့် အနံ့အသက်သည် နှင်းထဲတွင် ငွေ့ငွေ့ ပါလာသည်။ အိမ်တစ်အိမ်မှ အပ လမ်းတစ်ဖက်မှ အိမ်များ အားလုံး မည်းမှောင် တိတ်ဆိတ်လျက် ရှိ၏။ အိမ် တစ်အိမ် ပြတင်းပေါက်မှ မီးရောင်သည် အပြင်ဘက်သို့ ဖြာထွက်လာကာ နှင်းမှုန်ထုကြီးကို ဖောက်ထွင်းလျက် ရှိသည်။ အလင်းရောင်တန်းထဲတွင် ရွှေမှုန်ကလေးများသည် လွင့်မျောနေကြ၏။ ကမ္ဘာကြီး တစ်ခုလုံးသည် နှင်းထုကြီး အောက်တွင် ဝပ်နေသည်ဟု ထင်ရသည်။ ကမ္ဘာကြီး တစ်ခုလုံး တိတ်ဆိတ်လျက်။

ဆင်ဝင်တိုင်ကို နဖူး ထိ၍ မှီလိုက်ပြီး ငိုရန် ကြိုးစားသည်။ သို့ရာတွင် မျက်ရည် တစ်စက်မျှ မကျလာ။ ဤအဖြစ်သည်

မျက်ရည် ထွက်၍ မရအောင် ကြီးမားသည့် ကြောက်မက်ဖွယ်ကြီး ဖြစ်၏။ စကားလက် တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်လာသည်။ သူ့ ဘဝတွင် အဆောက်အအုံကြီး နှစ်ခု ပြိုကျသွားခဲ့သည်။ ယခုတိုင် ပဲ့တင်ထပ်လျက် ရှိသည်။ အတန်ကြာ ရပ်၍ သူ့ လက်သုံး ဂါထာကို နှလုံးသွင်းရန် အားထုတ်ကြည့်သည်။ ‘ဒါတွေကို မနက်ဖြန်ကျမှ စဉ်းစားမယ်၊ ခံနိုင်ရည် ရှိတဲ့အခါကျမှ စဉ်းစားမယ်’ ဟု နှလုံးသွင်းကြည့်၏။ သို့ရာတွင် သူ့ ဂါထာသည် မစွမ်းတော့။ ကိစ္စ နှစ်ခုကို ယခု လောလောဆယ် စဉ်းစားရတော့မည်။ ရွှေ့ဆိုင်း၍ မရ။ တစ်ခုက မီလာနီ အကြောင်း။ မီလာနီကို သူ မည်မျှ ချစ်၍ မည်မျှ အားကိုးသည့် အကြောင်း။ နောက် တစ်ခုက အက်ရှလေနှင့် အက်ရှလေ၏ နဂို ပကတိ ရုပ်ကို မမြင်ခဲ့သည့် သူ့ အဖြစ်။ ဤနှစ်ခုကို တွေ့လျှင် ယခုလည်း နာကျင်မည်။ မနက်ဖြန်တွင်လည်း နာကျင်မည်။ သူ့ ဘဝ တစ်လျှောက်လုံး၏ မနက်ဖြန် များတွင်လည်း နာကျင်နေမည်သာ။

‘အခန်းထဲ ဝင်ပြီး သူတို့နှင့် စကား ပြောလို့ မဖြစ်သေးပါဘူး’ ဟု စကားလက် စဉ်းစားနေသည်။ ‘ဒီနေ့ည

အက်ရှလေကိုလည်း မတွေ့ဘူး၊ သူ့ကိုလည်း အားပေးလို့ မဖြစ်သေးဘူး၊ ဒီနေ့ညတော့ ဘာမှ မပြောတော့ဘူး၊ မနက်ဖြန် မနက်ကျမှ စောစော လာပြီး လုပ်စရာ ရှိတာတွေကို လုပ်ပေးတော့မယ်၊ အဲဒီတော့မှပဲ အက်ရှလေကို အားပေး စကား ပြောတော့မယ်၊ ဒီနေ့ ညတော့ ငါလည်း ပြောလို့ ရမှာ မဟုတ်ဘူး၊ အိမ်ကိုပဲ ပြန်တော့မယ်-’

သူ့အိမ်က ငါးပြလောက်သာ ဝေးသည်။ ဦးလေး ပီတာကို ဘာဂီ အပြင် မခိုင်းချင်။ ဦးလေးလည်း ငိုနေလိမ့်မည်။

ဒေါက်တာမိ၏ မြင်းရထား ပြန်သည် အထိလည်း မစောင့်ချင်တော့။ ဦးလေး ပီတာ၏ မျက်ရည်ကိုလည်း သူမမြင်ချင်။ ဒေါက်တာမိ၏ စိတ်ထဲမှ ရှုတ်ချ ပြစ်တင်မှုကိုလည်း သူ မခံနိုင်။ အင်္ကျီလည်း မပါ။ ဦးထုပ်ကိုလည်း မယူတော့။ မည်းမှောင်သည့် အုတ်လှေကား အတိုင်း ဆင်းလာကာ လမ်းထောင့်ကို ကွေ့လိုက်၏။ မက်မုံပင်လမ်း ကုန်းတက် အတိုင်း လျှောက်ခဲ့သည်။ တိတ်ဆိတ် စိုစွတ်နေသည့် လောကကြီး တစ်ခုတွင် လျှောက်ခဲ့သည်။ အိပ်မက်ထဲမှာကဲ့သို့ သူ့ ခြေသံများသည်ပင် တိတ်ဆိတ်နေသည်။

543



ကုန်းထိပ်သို့ အရောက်၌ ငိုမရသော မျက်ရည်တို့ ပြည့်လျှမ်းနေသည့် သူ့ရင်သည် တင်းကျပ်လာ၏။ သဘာဝ

မကျသည့် ခံစားချက် တစ်ခု၊ တစ်ခါက ဤလို အေးမြနေသည့် မှုန်ရီရီ၊ ဝိုးဝါးဝါး နေရာ တစ်ခုသို့ ရောက်ခဲ့သည် ဟူသော ခံစားချက် တစ်ခု၊ တစ်ကြိမ် တစ်ခါမျှမက အခေါက်ခေါက် အခါခါ ရောက်ခဲ့သည် ဟူသော ခံစားချက် တစ်ခုသည် ရင်ထဲတွင် ဘွားခနဲ ပေါ်လာသည်။ မသက်မသာ တွေးမိရာက စကားလက် ခပ်သွက်သွက် လျှောက်သည်။ တင်းကျပ်နေသည့် သူ့ အာရုံကြောများက သူ့ကို ခြောက်လှန့်ကြသည်။ သို့ရာတွင် ထို ခံစားချက်သည် ပျောက်မသွား။ ရင်နှင့် အပြည့် လွှမ်းလာသည်။ သူ့ ဘေးပတ်ဝန်းကျင်ကို မလုံမလဲဖြင့် လှမ်းကြည့်၏။ ထိုခံစားချက်သည် ကြီးသည်ထက် ကြီးလာကာ အနံ့ကို ရလိုက်သည့် တိရစ္ဆာန် တစ်ကောင်နှယ် သူ့ ခေါင်းသည် ဆတ်ခနဲ မတ်လာ၏။ ပင်ပန်းလွန်း၍ ဤသို့ ဖြစ်သလောဟု ကိုယ့်ကိုယ်ကိုယ် အားတင်းကြည့်သည်။ ညက ကြောက်စရာ။ နှင်းတွေက မှုန်မှုန်။ ဤမျှ ဝေဆိုင်းသော နှင်းတို့ကို မမြင်စဖူး။ တစ်နေရာတွင်မှ အပ။ တစ်နေရာတွင်မှ အပ-။

စကားလက် မှတ်မိပြီ။ ထိတ်လန့်လာသည်။ ယခု သူသိပြီ။ အကြိမ် ရာပေါင်းများစွာ မက်ခဲ့သည့် ခြောက်အိပ်မက်ထဲတွင်

ဤလို နှင်းထု၊ ဤလို နှင်းမှုန်မှုန်ထဲတွင် ပြေးခဲ့ဖူးသည်။ ချောက်ချားစရာ ကန္တာရကြီးထဲတွင် လမ်းစ ရှာမတွေ့။ အမှတ်အသား ရှာမရ။ ကြည့်လေတိုင်းတွင် နှင်းမှုန်မှုန် ဝေဆိုင်းလျက်။ တစ္ဆေ သရဲတွေ၊ အရိပ်တွေ ပတ်ပတ်ဝိုင်းလျက်။ နောက်တစ်ခါ ခြောက်အိပ်မက် မက်နေသည်လော။ သို့တည်းမဟုတ် သူ့ အိပ်မက်သည် တကယ် ဖြစ်လာပြီလော။

စကားလက် ကိုယ့်ကိုယ်ကိုယ် သတိ မေ့သွားသည်။



ခြောက်အိပ်မက်ထဲတွင် ခံစားရပုံမျိုးသည် သူ့ကိုယ်အနှံ့ ပျံ့လာ၏။ ခါတိုင်းထက် ပီပြင်သည်။ ခါတိုင်းထက်

ကြောက်စရာ ကောင်းသည်။ သူ့ နှလုံးက တဆတ်ဆတ် ခုန်နေသည်။ သေခြင်း၊ တိတ်ဆိတ်ခြင်း အလယ်တွင် ရောက်နေပြီ။ မြိုင်သာယာတွင် အထီးတည်း ရပ်ခဲ့ရသည့် အဖြစ်မျိုး ပြန်ကြုံနေရပြီ။ လောကကြီးတွင် အရေးကြီးသည့် အရာတို့သည် မရှိကြတော့။ ဘဝသည် ပျက်စီးခဲ့ပြီ။ ဆောက်တည်ရာ မရ။ ကြောက်လန့်သော စိတ်သည် သူ့ နှလုံး သည်းပွတ် အတွင်း၌ လေပြင်းတိုက်သံနှယ် အော်မြည်နေလျက် ရှိ၏။ နှင်းမှုန်ထဲတွင် ရှိသည့် ကြောက်ဖွယ်နှင့် တကွ နှင်းမှုန်ထုကြီးသည် သူ့ကို ဖျစ်ညှစ် ဆုပ်ကိုင်နေပြီ။ စကားလက် ကြောက်ကြောက်ဖြင့် ပြေးသည်။ အိပ်မက်ထဲတွင် အကြိမ်ပေါင်း များစွာ ပြေးခဲ့ရသည့် နည်းတူ ယခုလည်း ပြေးနေရ ပြန်ပြီ။ အမျိုး အမည် မသိသည့် အကြောက် တစ်မျိုး နောက်မှ ထက်ကြပ် လိုက်လာသဖြင့် နှင်းမှုန်မှုန်ထဲတွင် ခိုလှုံရာကို လိုက်ရှာနေသည်။

မီးမှိန်မှိန် လက်နေသည့် လမ်း တစ်လျှောက် စကားလက် ပြေးလာခဲ့သည်။ ခေါင်းငုံ့လျက်။ နှလုံးက တူထုသည့်နှယ်

တဒိုင်းဒိုင်း မြည်လျက်။ ညဦးလေပြည်က နှုတ်ခမ်းကို ဆွတ်လျက်။ ခေါင်းပေါ်က သစ်ပင် သစ်ကိုင်းများက ခြောက်လှန့်လျက်။ စိုစွတ်သော တိတ်ဆိတ်မှုကြီးထဲတွင် စကားလက် တစ်နေရာရာသို့ အရောက် ပြေးရမည်။ ထိုနေရာတွင် သူ့ အတွက် ခိုလှုံရာ ရှိသည်။ ကုန်းအတက်ကို အသက် အနိုင်နိုင် ရှူ၍ ပြေးတက်ခဲ့၏။ စိုစွတ်နေသည့် ဝတ်စုံက ခြေထောက်များကို တုံ့ဆိုင်းစေသည်။ အဆုတ်တွေက ပေါက်ကွဲ ကုန်တော့မည် ထင်ရ၏။ ရှင်မီး အင်္ကျီ ဒေါက်များက သူ့ နံရိုးများကို နှလုံးသားနှင့် ကပ်နေအောင် ဖိတွန်း နေသည် ထင်ရသည်။

ထို့နောက် သူ့ ရှေ့တွင် အလင်းရောင် တစ်ခု ပေါ်လာသည်။ အလင်းရောင်တန်းများ ပေါ်လာသည်။ ခပ်မှုန်မှုန်။

မှိတ်တုတ် မှိတ်တုတ် လင်းလျက်။ သို့ရာတွင် တကယ် ဟုတ်ဟန် မတူ။ သူ့ ခြောက်အိပ်မက် များထဲတွင် အလင်းရောင်ကို

544

တစ်ခါမျှ မမြင်ဖူးခဲ့။ နှင်းမှုန်ထုကြီးသာ ရှိခဲ့သည်။ စကားလက် အလင်းရောင်ကို မှတ်သည်။ အလင်းရောင်သည် သူ့ အတွက် ခိုလှုံရာ။ မှီခိုရာ။ တကယ် အမှန် ရှိရာ။ စကားလက် ပြေးနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး လက်သီး ဆုပ်လိုက်သည်။ ကြောက်လန့်စိတ်ကို အတတ်နိုင်ဆုံး ကြိုးစား၍ ဖျောက်၏။ ဓာတ်တိုင်များကို စိုက်၍ ကြည့်သည်။ ခြောက် အိပ်မက် မဟုတ်။ တစ္ဆေ လောက မဟုတ်။ အတ္တလန်တာ မြို့က မက်မုံပင်လမ်း ဖြစ်ကြောင်း သတိ ရလာသည်။

ရထား ရပ်သည့် မှတ်တိုင် အဆောက်အအုံလေးတွင် မောမောဖြင့် ဝင်ထိုင်သည်။



‘ငါ ရူးများ ရူးနေသလား ဟင်၊ ဘာဖြစ်လို့ ပြေးနေရတာလဲ’ တဖြည်းဖြည်း အကြောက် ပြေလာသည့်တိုင် သူ့ကိုယ်က

တဆတ်ဆတ် တုန်နေဆဲ။ သူ့ နှလုံးသည် တဒိတ်ဒိတ် ခုန်နေဆဲ။ ‘ငါ ဘယ်ကို ပြေးနေတာလဲ၊ ဘယ်ကိုလဲ’

တဖြည်းဖြည်း

အသက်ရှူ

မှန်လာ၏။

လက်ကို

ပေါင်ပေါ်တွင်

တင်၍

မက်မုံပင်

လမ်းမ

တစ်လျှောက်ကို

မော့ကြည့်သည်။ ကုန်းထိပ်တွင် သူ့ အိမ်ကို လှမ်းမြင်ရ၏။ ပြတင်းတိုင်းတွင် မီးရောင်တွေ ထိန်လျက်။ နှင်းမှုန်နှင့် မီးရောင်တို့ ရောထွေးနေကြသည်။ ဟုတ်သည်။ သူ့အိမ်ကို မြင်ရပြီ။ အိပ်မက် မဟုတ်။ အမှန်ဖြစ်သည်။ အိမ်ကြီးကို ဝမ်းသာအားရ မျှော်ကြည့်သည်။ သူ့ စိတ်သည် တဖြည်းဖြည်း တည်ငြိမ်သွား၏။

ဟုတ်သည်။ သူ့ အိမ်ကို ရောက်တော့မည်။ ဤအိမ်သည် သူ သွားနေသည့် နေရာ။ ဦးတည် ပြေးနေသည့် နေရာ။

ရက် ဘတ်တလာ ရှိသည့် အိမ်။

လက်တွင် တုပ်နှောင်ထားသည့် သံကြိုးများသည် ပြုတ်ကျသွားသည့်နှယ် ပေါ့ပါးသွားသည်။ အတ္တလန်တာမှ

ထွက်ပြေးခဲ့ရပြီး

မြိုင်သာယာသို့

ရောက်သည့်



ကတည်းက

အိပ်မက်ထဲတွင်

တွေ့ခဲ့ရသည့်

အကြောက်သည်

ပျောက်သွားသည်။ မြိုင်သာယာသို့ ရောက်စဉ်က သူ့ ဘဝ လုံခြုံမှုသည် ပြိုကွဲလျက်။ ခွန်အား သတ္တိ ဟူသမျှ၊ ဉာဏ်အမြော်အမြင် ဟူသမျှ၊ ချစ်ခင် ယုယမှု ဟူသမျှ၊ နားလည် ခွင့်လွှတ်ခြင်း ဟူသမျှသည် ပျောက်ပျက်ခဲ့ပြီကို တွေ့လိုက်ရသည်။ သူ့အဖို့ ဘဝ၏ မှီခို အားထားရာ မေမေနှင့်တကွ မေမေ၏ အရည်အချင်း ဟူသမျှသည် ပျောက်ကွယ်ခဲ့ပြီကို တွေ့လိုက်ရသည်။ ထိုညမှ စ၍ နောက်တွင်မူ ရုပ်ဝတ္ထုအားဖြင့် လုံခြုံမှုကို ရခဲ့သည့်တိုင် အိပ်မက်ထဲတွင်မူ ကြောက်လန့်နေသည့် ကလေး တစ်ယောက် ဖြစ်နေသေးသည်။ ပျောက်ဆုံး သွားသော ကမ္ဘာကြီးမှ ပျောက်ဆုံးသွားသော လုံခြုံမှုကို လိုက်ရှာနေသည့် ကလေး တစ်ယောက် ဖြစ်နေသည်။

ယခု အိပ်မက်ထဲတွင် သူ လိုက်ရှာခဲ့ရသည့် ရိပ်မြုံကို တွေ့ပြီ။ နှင်းမှုန်ထဲတွင် ပျောက်ကွယ်နေသည့် နွေးထွေးသော

လုံခြုံမှုကို သူ တွေ့ရပြီ။ ထိုလုံခြုံမှု၊ ထို ရိပ်မြုံသည် အက်ရှလေ မဟုတ်။ အက်ရှလေ မဖြစ်နိုင်တော့။ အက်ရှလေထံမှ အနွေးဓာတ်သည် ကိုင်းတောများ ထိပ်တွင် ဝဲနေတတ်သည့် သရဲမီးမှ အနွေးဓာတ်ထက် ဘာမျှ မပို။ သူ့ထံမှ လုံခြုံမှုသည် သဲနုန်းပြင်တွင် ရပ်ရသည်ထက် ဘာမျှ ပိုမခိုင်။ သူ အားကိုးရာ၊ သူ လုံခြုံရာသည် ရက် ဘတ်တလာ။ သူ့ကို ထွေးပိုက်ပေးမည့် သန်မာသည့် လက်မောင်းများ ရှိသည့် ရက် ဘတ်တလာ။ သူ၏ မောပန်း နွမ်းနယ်နေသည့် ဦးခေါင်းကို မှီတွယ်ရာ ရင်အုပ်ကျယ်ကြီး ရှိသည့် ရက် ဘတ်တလာ။ သူ့ ပြဿနာများ၏ အဝေးအနီး၊ အကြီးအသေး မှန်အောင် လုပ်ပေးသည့် အနေဖြင့် လှောင်ပြောင်တတ်သည့် ရက် ဘတ်တလာ။ သူသာလျှင် စကားလက် အားကိုးရာ ရိပ်မြုံ ဖြစ်သည်။ ရက် ဘတ်တလာသာလျှင် သူ့ကို တကယ် နားလည်သူ။ သူ့လိုပင် ရက် ဘတ်တလာသည် အမှန်ကို အမှန် မြင်သည်။ ဂုဏ်သိက္ခာ၊

545

စွန့်လွှတ်မှု သို့မဟုတ် လူ့ သဘာဝကို သိနားလည်ခြင်း စသည့် အဓိပ္ပာယ် မရှိသည့် အရာများ၏ အနှောင်အဖွဲ့ကို မခံရဘဲ အရှိကို အရှိ အတိုင်း မြင်သည်။ ရက် ဘတ်တလာက သူ့ကို ချစ်သည်။ သူ့ကို လှောင်ပြောင် သရော်သည့်တိုင် သူ့ကို ရက် ဘတ်တလာ ချစ်ကြောင်း အဘယ်ကြောင့်များ မသိခဲ့ရသနည်း။ ဤအချက်ကို မီလာနီ မြင်ခဲ့သည်။ အသက် ထွက်ခါနီးမှာပင် ‘သူ့ကို ကြင်နာ ယုယပါ’ ဟု မှာသွားခဲ့သည်။

‘ဟုတ်တယ်၊ အက်ရှလေသာ အမှန်ကို မမြင်တာ မဟုတ်ဘူး၊ ငါလည်း အမှန်ကို မမြင်ခဲ့ဘူး’



ကျောက်ဆိုင် ကျောက်သားကို မှီခဲ့သည့် နည်းတူ နှစ်ပေါင်း များစွာ ရက် ဘတ်တလာ၏ အချစ်ကို သူ မှီတွယ်ထားခဲ့သည်။

မီလာနီ၏ အချစ်ကို သူ မှီတွယ်ခဲ့သည့် နည်းတူ ရက် ဘတ်တလာ၏ အချစ်ကို သူ မှီတွယ်ခဲ့သည်။ သို့ရာတွင် ဤသည်ကို သူ မမြင်ခဲ့။ ခွန်အား ရှိနေခြင်း၊ သတ္တိ ကောင်းနေခြင်းမှာ ပင်ကိုက သတ္တိ ကောင်းခြင်းကြောင့် ဖြစ်သည်ဟု သူ ထင်ခဲ့သည်။ ဘဝ အခက်အခဲများတွင် မီလာနီ သူ့ ဘေးတွင် ရှိနေသည့် အတွက် သူ သတ္တိ ကောင်းခဲ့ခြင်း ဖြစ်သည်ကို ညနေကမှ သဘော ပေါက်ခဲ့သည်။ ထိုနည်းတူ ယခုလည်း သူ့ကို ချစ်သော၊ သူ့ကို နားလည်သော၊ သူ့ကို ကူညီရန် အသင့် ဖြစ်နေသော ရက် ဘတ်တလာ သူ့နောက်တွင် ရှိနေသဖြင့် ဤမျှ သတ္တိ ကောင်းခဲ့ခြင်း ဖြစ်ကြောင်းကို စကားလက် သဘောပေါက်လာသည်။ နိဗ္ဗာန်ဈေးတွင် သူ့ကို စောင့်ကြည့်ကာ အယိုင်ကတွင် သူနှင့် အတူ ကခဲ့သော ရက် ဘတ်တလာ။ လင် သေ၍ ဝမ်းနည်း ပူဆွေးရချိန်တွင် သူ့ကို ကူညီခဲ့သည့် ရက် ဘတ်တလာ။ အတ္တလန်တာ ကျသည့် ညက မီးလျှံကြား၊ အမြောက်ဆန် ကြားမှာ သူ့ကို ခေါ်ထုတ်သွား ခဲ့သည့် ရက် ဘတ်တလာ။ သူ့ကို စီးပွားရေး နာလန်ထရန် ပိုက်ဆံ ချေးခဲ့သည့် ရက် ဘတ်တလာ။ ခြောက်အိပ်မက်ကြောင့် လန့်နိုးကာ ညတွင် ငိုယိုနေစဉ် သူ့ကို ချော့ခဲ့သည့် ရက် ဘတ်တလာ။ မိန်းမ တစ်ယောက်ကို အသည်းနင့်အောင် မချစ်ဘဲနှင့် မည်သည့် ယောက်ျားသည် ဤ အလုပ်များကို လုပ်မည်နည်း။

သစ်ပင်များ အပေါ်မှ နှင်းစက်များ တဖြောက်ဖြောက် ကျလျက် ရှိ၏။ သို့ရာတွင် စကားလက် သတိ မထားမိ။ သူ့

ဘေးပတ်ပတ်လည်တွင် နှင်းတွေ တဝေဝေ ကျနေသည်။ ဤသည်ကိုလည်း စကားလက် ဂရုမမူမိ။ ရက် ဘတ်တလာ၏ ညိုမှောင်သော မျက်နှာ၊ ဖြူဖွေး ဝင်းလက်သည့် သွားများနှင့် နက်မှောင်သည့် မျက်လုံးများကို တွေးရင်း စကားလက် တုန်ယင်နေသည်။

‘ဟုတ်တယ်၊ ငါ သူ့ကို ချစ်တယ်’ ကလေး တစ်ယောက် လက်ဆောင်ကို လက်ခံသည့် အခါတွင် တအံ့တသြ ဖြစ်သည့်

နည်းတူ စကားလက်သည်လည်း ထိုအမှန်တရားကို တအံ့တသြဖြင့် လက်ခံသည်။ ‘သူ့ကို ဘယ်တုန်းက စချစ်ခဲ့မှန်းတော့ မသိဘူး၊ ဒါပေမယ့် သူ့ကို ချစ်တာတော့ အမှန်ပဲ၊ အက်ရှလေသာ မရှိဘူး ဆိုရင် ငါ စောစောစီးစီး သဘော ပေါက်ခဲ့မှာပဲ၊ ငါဟာ ကမ္ဘာ လောကကြီးကို ဘယ်တော့မှ ကောင်းကောင်း မမြင်ရဘူး၊ ဘယ်မြင်ရမလဲ၊ ငါ့ ရှေ့မှာ အက်ရှလေက ရပ်နေတာကိုး’

စကားလက် သူ့ကို ချစ်သည်။ လူလေ လူလွင့်။ လူကြမ်း လူရမ်း။ ဟီရိသြတ္တပ္ပ ဟူ၍ မရှိ။ အနည်းဆုံး အက်ရှလေ

ပြောသည့် ဂုဏ်သိက္ခာမျိုး မရှိ။ ‘အက်ရှလေရဲ့ ဂုဏ်သိက္ခာ ဆိုတာတွေဟာ ဘာလုပ်ဖို့လဲ၊ အလာကား ဟာတွေ’ ဟု စကားလက် တွေးသည်။ ‘အက်ရှလေရဲ့ ဂုဏ်သိက္ခာ ဆိုတာတွေဟာ ငါ့ကို သက်သက် ဒုက္ခ ရောက်စေခဲ့တယ်၊ နှိပ်စက်ခဲ့တယ်၊ ဟုတ်တယ်၊ ငါ့ဆီကို ပထမဆုံး လာပြီး လူပျို လှည့်နေတုန်း ကတည်းက သူ့ အိမ်က သူ့ကို မီလာနီနှင့် လက်ထပ်မယ် ဆိုတာ သိပြီးသားပဲ၊ ဒါပေမယ့် ရက် ဘတ်တလာကတော့ ငါ့ကို စိတ်ဓာတ် ကျအောင် မလုပ်ခဲ့ဘူး၊ မနှိမ့်ချခဲ့ဘူး၊ တကယ်ဆို မီလာနီ လုပ်တဲ့ ဧည့်ခံပွဲတုန်းက ငါ့ကို လည်ပင်း ညှစ်သတ်ဖို့ ကောင်းတာ၊ ဒါပေမယ့် မလုပ်ခဲ့ဘူး၊ အတ္တလန်တာ ကျတဲ့ ညတုန်းက

546

ငါ ဘေးမသီ ရန်မခ ရောက်မယ်ဆိုတာ သူသိတယ်၊ ယန်ကီ အကျဉ်းစခန်းမှာ သူ့ဆီက ပိုက်ဆံ ချေးတုန်းက ငါ့ကို ပြောတဲ့ စကားတွေဟာ တကယ် ပြောတဲ့ စကားတွေ မဟုတ်ဘူး၊ ငါ့စိတ်ကို စမ်းနေတာ၊ သူဟာ ငါ့ကို တစ်လျှောက်လုံး ချစ်ခဲ့တယ်၊ ငါကသာ သူ့ကို မုန်းခဲ့တာ၊ သူ့ အပေါ်မှာ ဆိုးခဲ့တာ၊ ငါ သူ့ကို ခဏ ခဏ စိတ်ထိခိုက်အောင် လုပ်ခဲ့တယ်၊ ဒါပေမယ့် သူက မာန ကြီးလေတော့ စိတ်ထိခိုက်တယ် ဆိုတာ လူသိ မခံခဲ့ဘူး၊ နီလာ ဆုံးတော့ကော-၊ အို ငါ မိုက်တယ်၊ ငါ မှားတယ်’

စကားလက် မတ်တပ် ရပ်၍ ကုန်းပေါ်မှ အိမ်ကြီးကို လှမ်းကြည့်သည်။ သူ့တွင် ပိုက်ဆံမှအပ အစစ အရာရာ

ဆုံးရှုံးခဲ့ရပြီဟု လွန်ခဲ့သည့် တစ်နာရီလောက်က တွေးခဲ့မိသည်။ မေမေ၊ ဖေဖေ၊ နီလာ၊ ကြီးဒေါ်၊ မီလာနီနှင့် အက်ရှလေ စသည့် သူ့ဘဝကို နေချင်စဖွယ် ဖြစ်အောင် ဖန်တီး ပေးခဲ့သည့် အရာ ဆို၍ သူ့တွင် ဘာမျှ မရှိတော့။ ပိုက်ဆံမှအပ အစစ အရာရာ ဆုံးရှုံးခဲ့ရပြီဟု စကားလက် ထင်သည်။

ဤအရာများကို ဆုံးရှုံးခဲ့ရပြီး နောက်တွင် ရက် ဘတ်တလာကို သူ ချစ်သည်ဟု စကားလက် သဘောပေါက်ခဲ့ပြီ။



ရက် ဘတ်တလာက ခွန်အား ရှိသည်။ ဟီရိ သြတ္တပ္ပ ကင်းသည်။ ပြင်းထန်သည်။ သူ့လိုပင် မြေကြီး ဆန်သည်။

လက်တွေ့ကျသည်။ ထို့ကြောင့် ရက် ဘတ်တလာကို သူ ချစ်သည်။

‘ဟုတ်တယ်၊ ရက် ဘတ်တလာကို အကုန် ဖွင့်ပြောတော့မယ်’ ဟု စကားလက် တွေးသည်။ ‘ရက် ဘတ်တလာဟာ

ငါ့ကို နားလည်မှာပဲ၊ အရင်တုန်းကလည်း အမြဲ နားလည်ခဲ့တယ်၊ ငါ ဘယ်လောက် မိုက်ခဲ့တယ်၊ သူ့ကို ဘယ်လောက် ချစ်တယ် ဆိုတာကို ပြောရမယ်၊ အပြစ်တွေကို ငါ ကျေအောင် လုပ်ရမယ်’

စကားလက် ရုတ်တရက် ခွန်အား ပြည့်၍ ပျော်လာသည်။ အမှောင်ကိုလည်း မကြောက်။ နှင်းထုကိုလည်း

မကြောက်တော့။ နောင်တွင်လည်း မည်သည့် အခါမျှ ကြောက်မည် မဟုတ်။ အနာဂတ်တွင် သူ့ဘေး၌ နှင်းမှုန်တွေ မည်မျှ သိပ်သည်းစွာ ကျစေ သူ့ ခိုလှုံရာကို သူ သိပြီ။ စကားလက် ခြေလှမ်း ခပ်သွက်သွက်ဖြင့် အိမ်ဘက်သို့ လျှောက်သည်။ ခရီးက ဝေးလွန်းသည်ဟု ထင်မိ၏။ ဝတ်စုံကို စွန်တောင်ဆွဲကာ စကားလက် ပြေးသည်။ သို့ရာတွင် ဤတစ်ကြိမ် ပြေးခြင်းမှာ ကြောက်၍ ပြေးခြင်း မဟုတ်။ ခရီး အဆုံးတွင် ရက် ဘတ်တလာ၏ ရင်ခွင် ရှိ၍ ပြေးခြင်းသာ ဖြစ်သည်။

547

၆၃



အိမ်ရှေ့ တံခါးက ဟနေသည်။ စကားလက် အသက်ကိုမျှ မရှူနိုင်။ အိမ်ရှေ့ခန်းဆောင်ဆီသို့ ခပ်သုတ်သုတ် ဝင်လာခဲ့၏။

ဖန်တုံး မီးပဒေသာပွင့်များမှ သက်တံရောင်စုံ အလင်းကြောင့် တံခါးဝတွင် ခဏ ရပ်သည်။ လင်းထိန်နေသည့်တိုင် အိမ်ကြီးက တိတ်ဆိတ်လျက် ရှိ၏။ သို့ရာတွင် အိပ်မောကျ၍ တိတ်ဆိတ်ပုံမျိုး မဟုတ်။ စောင့်ကြည့်နေသည့်ပမာ တိတ်ဆိတ်နေခြင်းမျိုး ဖြစ်သည်။ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရက် ဘတ်တလာက ဧည့်ခန်းထဲတွင် မရှိ။ စာကြည့်ဆောင် ထဲတွင်လည်း မရှိ။ စကားလက် အားလျော့သွားသည်။ အပြင်သို့ ထွက်နေပြီလော။ ဘဲလ် ဝက်တလင်း အိမ်သို့ ရောက်နေပြီလော။ သို့မဟုတ် ညတိုင်း သူ သွားနေကျ နေရာ ပေါင်းစုံသို့ ရောက်နေပြီလော။ စကားလက် အကျယ် မတွေးတော့။

ထမင်းစားခန်း တံခါးကလည်း ပိတ်ထားသည်။ အပေါ်ထပ်တွင် ရှာရန် လှေကားကို တက်လာခဲ့သည်။ ထမင်းစားခန်း

တံခါး ပိတ်ထားသည်ကို မြင်သည့် အခါ၌ စကားလက် အနည်းငယ် ရှက်သွားသည်။ ဤနှစ် တစ်နွေလုံး ရက် ဘတ်တလာသည် ညနေတိုင်လျှင် ထမင်းစားခန်းကို ပိတ်၍ အရက်ကို မူးအောင် သောက်တတ်သည်။ ပေါ့က သူ့ကို အိပ်ခန်းသို့ တွဲပို့ရသည်။ ဤသည်မှာ သူ့ အပြစ်သာ ဖြစ်၏။ ဤအပြစ်ကို ပြင်ရမည်။ ပြောင်းရမည်။ ယခုအချိန်မှ စ၍ အစစအရာရာ အနေအထိုင် ပြောင်းတော့မည်။ ဘုရား သိကြား မ၍ ရက် ဘတ်တလာ ဤည အရက် မမူးပါစေနှင့်။ မူးနေလျှင် သူ ပြောသည့် စကားများကို တစ်လုံးမျှ ယုံမည် မဟုတ်။ လှောင်ပြောင် ရယ်မောပစ်လိမ့်မည်။ သို့ဆိုလျှင် သူ ရင်ကွဲရချိမ့်မည်။

စကားလက်က ထမင်းစားခန်း တံခါးကို အသာဟ၍ ချောင်းကြည့်သည်။ ရက် ဘတ်တလာက စားပွဲထိပ်

ကုလားထိုင်တွင် ထိုင်နေသည်။ သူ့ ရှေ့တွင် အရက်ဖန်ချိုင့်က အပြည့်။ အဖုံး မဖွင့်ရသေး၊ ဖန်ခွက်တွေကလည်း မှောက်လျက်။ အသုံး မပြုရသေး။ ကံကောင်းသည်။ ရက် ဘတ်တလာ ယနေ့ည အရက် မူးခြင်း မရှိ။ စကားလက် တံခါးကို ဖွင့်လိုက်သည်။ သူ့ ရင်ခွင်ထဲသို့ ပြေးဝင်ချင်စိတ်ကို မနည်း ချုပ်ထားရ၏။ သို့ရာတွင် မော့ကြည့်လိုက်သည့် အခါ၌ သူ့ မျက်လုံးထဲမှ တစ်စုံတစ်ရာက သူ့ကို တံခါးဝတွင် ဟန့်လိုက်သည်။ သူ့ စကားလုံးများကို နှုတ်ခမ်းဖျားတွင် ဟန့်လိုက်သည်။

ရက် ဘတ်တလာက နက်မှောင်သော မျက်လုံးဖြင့် တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။ မျက်လုံးများက မောပန်း

နွမ်းနယ်လျက်။ ခုန်ပျံနေသည့် အရောင် ဟူ၍ မရှိတော့။ စကားလက်၏ ဆံပင်များက ပခုံးပေါ်တွင် ဖရိုဖရဲ ဝဲကျနေသည်။ အသက်ရှူသံ ပြင်းပြင်းဖြင့် ရင်အုံက နိမ့်ချည် မြင့်ချည်။ သူ့ ဝတ်စုံတွင် ရွှံ့စက်တွေ ပေနေသည်။ သို့တိုင်အောင် ရက် ဘတ်တလာက အံ့သြဟန် မပြ။ မေးမြန်းခြင်း မပြု။ လှောင်ပြောင်သည့် ဟန်ဖြင့် မပြုံး။ ကုလားထိုင်ထဲတွင် မြှုပ်နေသည်။ ဝတ်စုံက စူထွက်စပြုသည့် ဝမ်းဗိုက်ပေါ်တွင် မသပ်မရပ် တွန့်ကြေနေသည်။ သူ့ ပုံပန်းက လှပ တောင့်တင်းသည့် ကိုယ်ခန္ဓာ တစ်ခု ပျက်စီးစပြုဟန်။ တစ်ခါက ကြည်လင် ပြတ်သားသည့် မျက်နှာက ထူအန်းအန်း၊ ဖောင်းပွပွ။ အရက်နှင့် အပျော်အပါး လိုက်စားမှုသည် ပိုက်ဆံပြားပေါ်က ခေါင်းရုပ်လို လှပသည့် သေသပ်မှုကို ပျက်စီး သွားစေသည်။ ယခုမူ အသစ်ကျပ်ချွတ် ဒင်္ဂါးပြားပေါ်က ပျိုရွယ်သည့် မင်းသား တစ်ပါး၏ ရုပ်သဏ္ဌာန်မျိုး မဟုတ်လော့။ သုံးဖန် များ၍ ပွန်းနေသည့် ကြေးပြားပေါ်က အိုမင်း ယိုယွင်းစ ပြုနေသော ဘုရင် တစ်ပါး၏ ရုပ်သဏ္ဌာန် ပေါ်နေသည်။ ရင်ဘတ်ပေါ်တွင် လက်ဖိ၍ ရပ်နေသည့် စကားလက်ကို တိတ်ဆိတ် ကြင်နာစွာ ကြည့်လျက် ရှိ၏။ သူ တိတ်ဆိတ် ကြင်နာစွာ ကြည့်နေပုံကို စကားလက် လန့်နေသည်။

548



‘လာလေ ထိုင်’ သူက ပြော၏။ ‘ဆုံးသွားပြီလား’



စကားလက်က ခေါင်းညိတ်ပြ၏။ သူ့ဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာသည်။ သူ့ မျက်နှာပေါ်က အမူအရာသစ်ကို

စိတ်ထဲက မရေမရာ မှတ်သားနေသည်။ ရက် ဘတ်တလာက ထိုင်ရာမှ မထ။ ခြေထောက်ဖြင့် ကုလားထိုင် တစ်လုံးကို ထိုးပေးသဖြင့် စကားလက် ထိုင်ချလိုက်သည်။ ရောက်ရောက်ချင်း မီလာနီ အကြောင်းကို မမေးပါစေနှင့်ဟု စကားလက် ဆုတောင်းမိသည်။ စကားလက် သူ့ အကြောင်းကို ယခု မပြောချင်။ လွန်ခဲ့သည့် တစ်နာရီခန့်က ခံစားခဲ့ရသည့် သောကကို အသစ် ပြန်မဖြစ်စေချင်။ ရှေ့တွင် တစ်သက်လုံး မီလာနီ အကြောင်းကို ပြောချိန် ရသေးသည်။ သို့ရာတွင် ယခုမူ ‘မောင့်ကို စကားလက် ချစ်တယ်’ ဟု အော်ပြောချင်သည်။ သူ့ ရင်ထဲတွင် ရှိသည်ကို ရက် ဘတ်တလာအား ပြောရန် ဤတစ်ည၊ ဤ တစ်နာရီ၊ ဤတစ်ချိန်သာ ကျန်တော့သည်ဟု စကားလက် ထင်သည်။ သို့ရာတွင် ရက် ဘတ်တလာ၏ အမူအရာက ထိုစကားကို မပြောရန် ဟန့်တားနေသယောင်ယောင်။ မီလာနီ အလောင်း ပူပူနွေးနွေးကြီး ရှိစဉ် အချစ် အကြောင်းကို သူ မပြောချင်။ ပြောရမည်ကို ရှက်နေသည်။

‘အင်း ကောင်းရာမွန်ရာ ရောက်ပါစေ’ ရက် ဘတ်တလာက ခပ်ဆိုင်းဆိုင်း ပြော၏။ ‘ကျုပ် တွေ့ဖူးသမျှ လူတွေထဲမှာ

အကြင်နာဆုံး၊ စိတ်သဘော အပြည့်ဆုံး’

‘မောင်’ စကားလက်က ဝမ်းပန်းတနည်း ခေါ်လိုက်သည်။ ရက် ဘတ်တလာ၏ စကားကို ကြားရသည့် အခါ၌

သူ့ အပေါ်တွင် မီလာနီ ကြင်နာ ယုယခဲ့ သမျှကို စကားလက် ပြက်ပြက်ထင်ထင် မြင်ယောင်လာသည်။ ‘မောင် လိုက်ခဲ့ဖို့ ကောင်းတာ၊ စကားလက် ကြောက်လိုက်တာ၊ အနားမှာ မောင် သိပ်ရှိစေချင်တာပဲ’

‘ကျုပ် မကြည့်ရက်ဘူး’ ရက် ဘတ်တလာက ဤမျှသာ ပြောသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိ၏။ ထို့နောက်

အားယူ၍ ခပ်တိုးတိုး ပြောသည်။ ‘တကယ့် မိန်းမကောင်း၊ တကယ့် မိန်းမမြတ်’

သူ၏ တည်ငြိမ် လေးနက်သည့် အကြည့်သည် စကားလက်ထံမှ တခြားသို့ ရောက်သွား၏။ အတ္တလန်တာ ကျသည့်

ညက ထိုအကြည့်မျိုးကို သူ့ မျက်လုံး များထဲတွင် စကားလက် မြင်ခဲ့ဖူးပြီ။ ထိုညက သူသည် စစ်ရှုံးနေသည့် စစ်တပ်ထဲသို့ လိုက်မည်ဟု စကားလက်ကို ပြောခဲ့ဖူး၏။ သို့ပြောစဉ်က သူ့ မျက်လုံးမှ အကြည့်ကို မီးတောက်များမှ အရောင်ဖြင့် စကားလက် မြင်ခဲ့ရသည်။ ကိုယ့် အကြောင်း ကိုယ် သိသူ တစ်ယောက်။ သို့တိုင်အောင် အရေးကြုံလာလျှင် ပြည်နယ်ချစ်စိတ်၊ မခံချင်စိတ်တို့ ဘွားခနဲ ပေါ်လာကာ ကိုယ့်ကိုယ်ကိုယ် အံ့သြနေသူ တစ်ယောက်၊ ကိုယ့်ကိုယ်ကိုယ် ရှာဖွေ တွေ့ရှိသွားကာ ကိုယ့်ကို ပြန်၍ လှောင်ပြောင်နေသူ တစ်ယောက်၏ အကြည့်မျိုး ဖြစ်သည်။ ယခု ဤ အကြည့်မျိုးကို သူ့ မျက်လုံးတွင် စကားလက် မြင်ရပြန်ပြီ။

မှုန်ငေးသည့်

သူ့

မျက်လုံးများက

စကားလက်

ပခုံးပေါ်မှ

ကျော်ကာ

အခန်းထဲမှ

တံခါးဆီသို့

မီလာနီ

ဖြတ်လျှောက်သွားသည့်နှယ် လိုက်ကြည့်နေသည်။ သူ၏ နှုတ်ဆက်သည့် အကြည့်၌ ဝမ်းနည်းသည့် အရိပ်အယောင် မရှိ။ နာကျင်သည့် လက္ခဏာ မရှိ။ သူ့ကိုယ်သူ တအံ့အသြ စဉ်းစားနေဟန်၊ ငယ်ငယ် ကတည်းက ပျောက်ကွယ်သွားသည့် ခံစားချက်များကို ပြန်၍ စဉ်းစား နေဟန်သာ ရှိ၏။

‘တကယ့် မိန်းမကောင်း မိန်းမမြတ် တစ်ဦး’

549



ရက် ဘတ်တလာက ထပ်ပြောသည်။ စကားလက် တစ်ကိုယ်လုံး တုန်သွား၏။ မျှော်လင့်တကြီးဖြင့် အိမ်သို့

ပြန်လာခဲ့သည်။ နွေးထွေး လှိုက်လှဲစွာဖြင့် ခြေတွင် အတောင် တပ်ထားသည့်ပမာ အိမ်သို့ ပြေးလာခဲ့သည်။ ယခု ရက် ဘတ်တလာက ကမ္ဘာပေါ်တွင် သူ အလေးထားဆုံး ပုဂ္ဂိုလ် တစ်ဦးကို နောက်ဆုံး နှုတ်ဆက်သည့် အခါတွင် သူ့ စိတ်ထဲ၌ မည်သို့ ရှိသည်ကို စကားလက် တစ်ဝက်တစ်ပျက် နားလည်လိုက်သည်။ မျှော်လင့်ချက် ဆုံးရှုံးပြီ ဆိုသည့် အသိဖြင့် စကားလက် အားငယ်သွားသည်။ ရက် ဘတ်တလာ၏ ရင်ထဲတွင် မည်သို့ ခံစား နေရသည်ကို စကားလက် အပြည့်အစုံ နားမလည်။ အပြည့်အစုံ မပိုင်းခြားတတ်။ သို့ရာတွင် သူ့အနားမှ ဝတ်စုံ ထိပွတ်သံ၊ သူ့ ခန္ဓာကိုယ်ကို နောက်ဆုံး ပွေ့ဖက် နှုတ်ဆက်သွားသည့် အထိအတွေ့တို့ကို စကားလက် ကြားလိုက် ခံစားလိုက်ရသည်ဟု ထင်မိ၏။ ရက် ဘတ်တလာ၏ မျက်လုံးမှ တစ်ဆင့် တစ်စုံ တစ်ခု မှေးမှိန် ပျောက်ကွယ်သွားသော တစ်စုံတစ်ခုသည် မီလာနီ ဆိုသော မိန်းမ တစ်ယောက် မဟုတ်။ သင်္ကေတ တစ်ခု။ နူးညံ့ သိမ်မွေ့၍ ကိုယ်ကျိုး စွန့်တတ်သော်လည်း သံမဏိ ကျောရိုး ရှိသည့် တောင်ပိုင်း အမျိုးသမီး၏ သင်္ကေတ တစ်ခု။ ပြည်တွင်းစစ်တွင် တောင်ပိုင်း ပြည်နယ်ကြီး ပြန်လည် တည်ဆောက်ရာ ရင်ခွင် တစ်ခု။ စစ်ရှုံးလာသည့် အခါတွင် တောင်ပိုင်း ပြည်နယ်ကြီးကို ဂုဏ်ယူ ဝင့်ကြွားစွာ တယုတယ ကြိုဆိုခဲ့သည့် ရင်ခွင် တစ်ခု ဖြစ်သည်။ ယခု တောင်ပိုင်း အမျိုးသမီးတို့၏ ထို သင်္ကေတ၊ တောင်ပိုင်း အမျိုးသမီးတို့၏ ထိုရင်ခွင်သည် မီလာနီနှင့် အတူ မှေးမှိန် ပျောက်ကွယ်သွားပြီ။ ရက် ဘတ်တလာ၏ မျက်လုံးများကို ကြည့်၍ စကားလက် ဤသို့ ခံစားရသည်။

ရက် ဘတ်တလာ၏ မျက်လုံးများသည် သူ့ထံသို့ ပြန်၍ ရောက်လာကြ၏။ အသံက ပြောင်းသွားပြီ။ သူ့ အသံသည်

သွက်လက်၍ တည်ငြိမ်လျက် ရှိသည်။

‘အင်း၊ သူ ဆုံးပြီပေါ့၊ သူ ဆုံးသွားတော့ မင်းအတွက် ကောင်းသွားတာပေါ့လေ၊ မဟုတ်ဘူးလား’



‘မောင်ရယ်၊

ဘယ်လို

ပြောလိုက်တာလဲ’

စကားလက်

ရင်ထဲတွင်

နင့်ခနဲ

ဖြစ်သွားရာမှ

အော်လိုက်သည်။

မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာကြ၏။ ‘မီလာနီကို စကားလက် ဘယ်လောက် ချစ်တယ်ဆိုတာ မောင် သိသားပဲ’

‘ဟင့်အင်း၊ ကျုပ် မပြောတတ်ဘူး၊ တစ်ခုတော့ ရှိတယ်၊ အောက်တန်းစား တောကြောင်တွေကို အထင်ကြီးတတ်တဲ့

မင်းလို မိန်းမမျိုးက သူ့ကို လေးစားတယ် ဆိုတာကတော့ တော်တော် အံ့သြစရာ ကောင်းတယ်’

‘မောင်ရယ် ဒီလို မပြောပါနှင့်၊ ဟုတ်တယ်၊ စကားလက်ဟာ မီလာနီကို လေးစားတယ်၊ မြတ်နိုးတယ်၊ မီလာနီကို

စကားလက် သိသလောက် မောင် မသိပါဘူး၊ မောင်ဟာ မီလာနီကို နားမလည်နိုင်ဘူး၊ မီလာနီ ဘယ်လောက် စိတ်သဘောထား ပြည့်ဝတယ် ဆိုတာလည်း-’

‘သြော် ဟုတ်လား၊ ထားပါလေ၊ ကျုပ် နားမလည်ဘူးပဲ ထားပါ’



‘မီလာနီဟာ ကိုယ်ကျိုးဆိုလို့ ဘာကိုမှ မကြည့်ဘူး၊ သူတစ်ပါး အကျိုးပဲ ကြည့်တယ်၊ ဆုံးခါနီးမှာတောင် မောင့်

အကြောင်းကို တဖွဖွ ပြောတုန်းပဲ’

‘ဘာတွေ ပြောသွားသလဲ’



‘နောက်ကျမှ အေးအေးဆေးဆေး ပြောပြမယ် မောင်’

550



‘ပြောပါ’



သူ့ အသံက အေးဆေး တည်ငြိမ်သည်။ သို့ရာတွင် လက်ကောက်ဝတ်ကို ဖျတ်ခနဲ လှမ်းဆွဲလိုက်ပုံက ကြမ်းတမ်းသည်။

နာကျင်စေသည်။ စကားလက် မပြောချင်။ မိမိ သူ့အပေါ် မည်မျှ ချစ်ကြောင်း ပြောရမည့် ကိစ္စတွင် ဤစကားများဖြင့် အစ မပျိုးချင်။ သို့ရာတွင် ရက် ဘတ်တလာ၏ လက်က သူ့ လက်ကောက်ဝတ်ကို ဖျစ်ညှစ်ထားသည်။

‘သူက သူက ဗိုလ်ကြီး ဘတ်တလာ အပေါ်မှာလည်း ကြင်ကြင်နာနာ ဆက်ဆံပါတဲ့၊ သူ့ခမျာ မင်းကို ချစ်ရှာပါတယ်တဲ့’



ရက်

ဘတ်တလာက

သူ့ကို

စိုက်ကြည့်နေ၏။

လက်ကောက်ဝတ်ကို

လွှတ်ချလိုက်သည်။

မျက်လုံးများကို

မှိတ်ထားလိုက်သည်။ သူ့ မျက်နှာသည် ညိုမှောင်၍ ဟာလာဟင်းလင်း ဖြစ်လျက် ရှိ၏။ ရုတ်တရက် ထကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ ခန်းဆီးများကို ဆွဲဖယ်ပြီး တစ်စုံတစ်ခု မြင်ရလို မြင်ရငြား နှင်းမှုန်ထုကြီးကို ငေးကြည့်နေ၏။

‘ဒီပြင်ကော ဘာပြောသေးသလဲ’



ရက် ဘတ်တလာက လှည့်မကြည့်ဘဲ မေးသည်။



‘ဘိုဘိုကလေးကိုလည်း စောင့်ရှောက် လိုက်ပါတဲ့၊ ဒီတော့ စကားလက်က ကိုယ့်သား အရင်းလို စောင့်ရှောက်ပါ့မယ်လို့

ပြောလိုက်တယ်’

‘ပြီးတော့ကော’



‘ပြီးတော့ အက်ရှလေ-၊ အက်ရှလေကိုလည်း ကြည့်ရှု စောင့်ရှောက်လိုက်ပါတဲ့’



ရက် ဘတ်တလာက အတန်ကြာ ငြိမ်နေသည်။ ထို့နောက် ခပ်တိုးတိုး ရယ်လိုက်၏။



‘မယားကြီးရဲ့ ခွင့်ပြုချက် ရတော့ ကောင်းတာပေါ့၊ မဟုတ်ဘူးလား’



‘မောင် ပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ’



ရက် ဘတ်တလာက သူ့ဘက်သို့ လှည့်လိုက်၏။ သူ့ မျက်နှာတွင် လှောင်ပြောင်သည့် အမူအရာကို မတွေ့ရသဖြင့်

စိတ်ရှုပ်နေသည့် အမူအရာကို မတွေ့ရသဖြင့် စိတ်ရှုပ်နေသည့် ကြားထဲမှပင် စကားလက် တအံ့တသြ ဖြစ်နေသည်။ ပျော်စရာ မကောင်းသည့် ဟာသဇာတ် နောက်ဆုံး အခန်း တစ်ခန်းကို ကြည့်နေသူ တစ်ဦး၏ မျက်နှာတွင် စိတ်ဝင်စားမှု တစ်စုံတစ်ရာကို မတွေ့ရသကဲ့သို့ သူ့ မျက်နှာတွင်လည်း စိတ်ဝင်စားမှု တစ်စုံတစ်ရာကို မတွေ့ရ။

‘ကျုပ် ပြောတဲ့ အဓိပ္ပာယ်က ရှင်းပါတယ်၊ မီလာနီလည်း သေပြီ၊ ကျုပ်နှင့် ကွာရှင်း ပြတ်စဲချင်တဲ့ ဆန္ဒလည်း မင်းမှာ ရှိပြီ၊

ကွာရှင်းတဲ့ အတွက် ဂုဏ်သိက္ခာတွေ ဘာတွေ ထိခိုက်မှာလည်း မစိုးရိမ်ရတော့ဘူး၊ မင်းမှာ ထိခိုက်စရာ အရှက် သိက္ခာလည်း မရှိတော့ဘူး၊ ကုန်နေပြီ၊ သာသနာပိုင်ကလည်း ဝင်စွက်မှာ မဟုတ်တော့ဘူး၊ မင်းက ဘာသာရေးကို စွန့်လွှတ် ပြီးသလောက် ရှိနေပြီ၊ ဒီတော့ ဘာလို့သေးသလဲ၊ အက်ရှလေနှင့် နေရတော့မှာပေါ့၊ မီလာနီရဲ့ကောင်းမှုကြောင့် မင်း အိပ်မက်တွေ အကောင်အထည် ပေါ်ပြီပေါ့၊ ဒါပဲပေါ့’

551



‘ဘာ၊ ကွာရှင်းရမယ် ဟုတ်လား’ စကားလက်က အော်၏။ ‘မကွာဘူး၊ ဘာလို့ ကွာရမှာလဲ’ စကားလက် စကားကို

အစီအစဉ် ကျအောင် မပြောနိုင်။ ထခုန် ပြေးကာ သူ့လက်မောင်းကို ဖမ်းဆွဲ ထားသည်။ ‘မောင် မှားနေပြီ၊ မောင် ထင်တာတွေ အားလုံး မှားနေပြီ၊ စကားလက် မကွာဘူး၊ ကွာလည်း မကွာချင်ဘူး၊ စကားလက် စကားလက်-’

စကားလက် ရှေ့ဆက် မပြောနိုင်။ စကားလည်း ရှာမရ။



ရက် ဘတ်တလာက သူ့မေးကို ဆွဲယူကာ မျက်နှာကို အလင်းရောင်သို့ အသာ မော့ယူသည်။ သူ့ မျက်လုံးများကို

အတန်ကြာ စိုက်ကြည့်လျက် ရှိ၏။ စကားလက်ကလည်း သူ့ကို မော့ကြည့်သည်။ သူ့ နှလုံးသားထဲတွင် ဖြစ်ပျက်နေသမျှသည် မျက်လုံးတွင် လာ၍ အရိပ် ထင်နေကြ၏။ စကား ပြောရန် ကြိုးစားလျက် ရှိသဖြင့် သူ့ နှုတ်ခမ်းသည် တုန်နေသည်။ သို့ရာတွင် စကားလုံး ရှာ၍ မရ။ အဖြေ ပေးမည့် သူ့ ခံစားချက်၊ မျှော်လင့်ချက် အလင်းရောင်၊ ကြည်နူးမှု စသည်တို့ကို သူ့ မျက်နှာပေါ်တွင် လိုက်ရှာ ကြည့်နေ မိသဖြင့် စကားလုံးများကို ဖွဲ့စည်း၍ မရ။ ယခုလောက် ဆိုလျှင် သူ့ သဘောကို ရက် ဘတ်တလာ သိလောက်ပြီ။ သို့ရာတွင် မျက်လုံးများဖြင့် အငမ်းမရ လိုက်ရှာသည့်တိုင် သူ မျှော်လင့်သည့် ခံစားချက်ကို မတွေ့။ မည်သည့် အဓိပ္ပာယ်ဟု မကြာခဏ ဝေခွဲမရ ဖြစ်ရသည့် ညိုမှောင် ချောမွေ့၍ ဟာလာဟင်းလင်း ဖြစ်လျက် ရှိသော သူ့ မျက်နှာကိုသာ မြင်ရ၏။ ရက် ဘတ်တလာက သူ့ မေးကို ကိုင်ထားရာမှ လွှတ်လိုက်၏။ သူ့ ကုလားထိုင်ဆီသို့ ပြန်လှည့်သွားသည်။ ပင်ပန်း နွမ်းနယ်စွာ ထိုင်ချသည်။ ခေါင်းက ရင်တွင် ငိုက်လျက် တစ်စုံတစ်ရာကို စဉ်းစား နေသည့်နှယ်။ နက်မှောင်သော မျက်ခုံးများ အောက်မှ မျက်လုံးများဖြင့် သူ့ကို လှန်ကြည့်နေသည်။

စကားလက်က သူ့ ကုလားထိုင်နားသို့ လျှောက်သွားကာ လက်နှစ်ဖက်ကို ယှက်လိမ်၍ သူ့ ရှေ့တွင် ရပ်၏။



‘မောင် ထင်တာ မှားနေပြီ’ စကားလုံးကို ယခုမှ ရှာရသဖြင့် စကားလက်က စပြော၏။ ‘ဒီနေ့ည မောင့် အကြောင်းကို

စကားလက် နားလည်သွားပါပြီ၊ ဒီ အကြောင်းကို ပြောချင်လို့ စကားလက် အိမ်ကို ပြေးလာတာလေ၊ မောင် စကားလက်လေ-’

‘မင်း သိပ် ပင်ပန်းနေပြီ’ ရက် ဘတ်တလာက သူ့ကို ကြည့်ရင်း ပြော၏။ ‘အိပ်ပါတော့လား’



‘ဒါပေမယ့် စကားလက် မောင့်ကို ပြောရဦးမယ်’



‘စကားလက်’ ရက် ဘတ်တလာက ခပ်လေးလေး ခေါ်လိုက်သည်။ ‘ကျုပ် မကြားချင်ဘူး၊ မပြောပါနှင့်တော့’



‘စကားလက် ပြောမယ့် စကားကို မောင် မသိပါဘူး’



‘ကလေးမရယ်၊ မပြောပေမယ့် မင်း မျက်နှာ ကြည့်ရုံနှင့် သိပါတယ်၊ သနားစရာ အက်ရှလေဟာ မင်းလို မိန်းမမျိုး

အတွက်တောင် မစားကောင်းတဲ့ အသီး တစ်သီး ဖြစ်နေတယ် ဆိုတာ တစ်ခုခုကြောင့် မင်း သဘောပေါက်လာတယ် မဟုတ်လား၊ အဲဒီ တစ်ခုခုကြောင့် မင်း ကျုပ် အပေါ်မှာ ရုတ်တရက် အမြင် ပြောင်းသွားပြီး မဆိုးဘူးလို့ ထင်လာတယ် မဟုတ်လား’ ရက် ဘတ်တလာက သက်ပြင်း တစ်ချက် ချသည်။ ‘ဒါတွေ မပြောပါနှင့်တော့ကွယ်၊ အပိုပါပဲ’

စကားလက်

တအံ့တသြဖြင့်

သက်ပြင်းရှူသည်။

ဟုတ်သည်။

ရက်

ဘတ်တလာသည်

သူ့

သဘောကို

အလွယ်ကလေးဖြင့် သိသည်။ ယခင်ကမူ သူ့ စိတ်အထာကို ဤမျှ သိရသလောဟု စကားလက် ဒေါသထွက်သည်။

552

သို့ရာတွင် ယခုမူ သူ့ကို အကဲခတ်ရသည်မှာ ဤမျှ လွယ်ရသလောဟု အံ့အားသင့်မိသည့်တိုင် စကားလက် ဝမ်းသာသည်။ သူ့အကြောင်းကို ဤမျှ ရက် ဘတ်တလာ သိသည် ဆိုလျှင်၊ နားလည်သည် ဆိုလျှင် သူ့အဖို့ လွယ်ပြီ။ ဤ စကားများကို ပြော၍ အချည်းနှီးဟု ရက် ဘတ်တလာက ပြောသွားသည်။ သူ့ကို ကြာရှည်စွာ ပစ်ပယ်ထားခြင်းကြောင့် စိတ်ဆိုး နေသည်လော။ ရုတ်တရက် သူ စိတ်ပြောင်းသွားသဖြင့် သံသယ ဖြစ်နေခြင်းလော။ ကြင်နာစွာ ပြုစု ယုယကာ သူ့ဘက် ပါအောင် သိမ်းသွင်း ယူရမည်။ အချစ်များစွာဖြင့် သူ့ကို သဘောပေါက်အောင် လုပ်ရမည်။ သို့ဆိုလျှင် မည်မျှ ပျော်စရာ ကောင်းမည်နည်း။

‘မောင့်ကို စကားလက် အကုန် ဖွင့်ပြောပါ့မယ်’ စကားလက်က ကုလားထိုင် လက်တင်ပေါ်တွင် လက်ထောက်၍

သူ့ကို ငုံ့ကြည့်သည်။ ‘စကားလက် မှားခဲ့တယ်၊ မှားခဲ့တယ်’

‘နောက်ထပ် မပြောပါနှင့်တော့ စကားလက်၊ ကျုပ် ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဒီလောက် မနှိမ့်ချပါနှင့်၊ ကျုပ်

မကြည့်ရက်ဘူး၊ ကျုပ်တို့ အိမ်ထောင်ရေး ကိစ္စ အကြောင်းကို ဘာမှ မပြောပဲ ဣနြေ္ဒမပျက် နေသွားတာပဲ ကောင်းပါတယ်၊ ဒီ နောက်ဆုံး အခွင့်အရေးကိုတော့ ပေးပါ’

စကားလက် ရုတ်တရက် မတ်လိုက်သည်။ ဤနောက်ဆုံး အခွင့်အရေးဟု ပြောနေပြီ။ ‘ဤ နောက်ဆုံး အခွင့်အရေး’

ဆိုသည်မှာ အဘယ်နည်း။ နောက်ဆုံး ဆိုပါတကား။ သူ့ အမြင်တွင်မူ ယခုမှ ပထမ ရှိသေးသည်။ အစ ရှိသေးသည်။

‘ဟင့်အင်း၊ စကားလက် ပြောရဦးမယ်’ သူ့ ပါးစပ်ကို လက်ဖြင့် ပိတ်မည် စိုးရိမ်သည့်နှယ် စကားလက်က

ခပ်သွက်သွက် ပြောလိုက်သည်။ ‘မောင်ရယ်၊ မောင့်ကို စကားလက် သိပ်ချစ်ပါတယ်၊ တကယ်က စကားလက် မောင့်ကို ချစ်ခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် စကားလက်ဟာ အနုံ အအ၊ မောင့်ကို ဘယ်လောက် ချစ်တယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး၊ တကယ်ပြောတာပါ၊ မောင် ယုံပါ’

ရက် ဘတ်တလာက ရှေ့တွင် ရပ်နေသည့် စကားလက်ကို အတန်ကြာ ကြည့်နေသည်။ စကားလက်၏ စိတ်ကို

ထိုးဖောက် ကြည့်နေသည့်နှယ် အကြာကြီး စိုက်ကြည့်လျက် ရှိ၏။ သူ့ မျက်လုံးများက စကားလက်၏ စကားများကို ယုံကြည်သည့်ဟန်။ သို့ရာတွင် စိတ်ဝင်စားဟန် မရှိ။ ဤလို အချိန်မျိုးတွင်ပင် ရက် ဘတ်တလာသည် သူ့ကို နှိပ်စက်ကလူ ပြုနေပြီလော။ သူ့နည်းဖြင့် သူ့ကို ပြန်ကလဲ့စား ချေနေပြီလော။

‘ကျုပ် ယုံပါတယ်’ နောက်ဆုံးတွင် ရက် ဘတ်တလာက ပြော၏။ ‘ဒါပေမယ့် အက်ရှလေကကော’



‘အက်ရှလေ ဟုတ်လား’ စကားလက်က ပြောကာ စိတ်မရှည်သည့်နှယ် လက်ကို ဝှေ့ယမ်း ပြလိုက်သည်။

‘အက်ရှလေကို စကားလက် စိတ်မဝင်စားခဲ့တာ ကြာ ကြာပါပြီ မောင်ရယ်၊ တကယ်ကတော့ စကားလက် သူ့ အပေါ်မှာ ငယ်ငယ် အပျိုပေါက် ကလေး ဘဝတုန်းက စွဲလမ်းခဲ့မိတာပါ၊ ဒါ အကျင့်ပါပြီး သူ့ကို စွဲလမ်းသယောင်ယောင် ဖြစ်ခဲ့တာပါ၊ သူ့ နဂို စရိုက်ကိုသာ စကားလက် သေသေချာချာ သိရင် ဒီလောက် ဖြစ်ခဲ့မှာတောင် မဟုတ်ပါဘူး၊ အက်ရှလေဟာ ကိုယ့်ကိုယ်ကိုယ် အားမကိုးတတ်တဲ့ လူ၊ စိတ်ဓာတ် ပျော့ညံ့တဲ့ လူ၊ ပါးစပ်ကတော့ ပြောတာပဲ၊ သစ္စာ တရားတို့၊ ဂုဏ်သိက္ခာတို့၊ ပြီးတော့-’

‘မဟုတ်သေးပါဘူး၊ သူ့ နဂို စရိုက်ကို မင်း တကယ် အမှန် ကြည့်ချင်ရင် သူ့ကို တည့်တည့် ကြည့်ရမယ်၊ တကယ်က

အက်ရှလေဟာ လူကြီး လူကောင်း တစ်ယောက်ပါ၊ သူနှင့် အံဝင် ခွင်ကျ မဖြစ်တော့တဲ့ ခေတ်ကြီးထဲမှာ ချောင်ပိတ်မိနေတဲ့ လူ

553

တစ်ယောက်၊ ခေတ်ဟောင်းက စည်းကမ်းဟောင်း နည်းလမ်းဟောင်းတွေနှင့် ခေတ်သစ်ကြီးထဲမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရင်း ကျဆုံးနေတဲ့ သနားစရာ လူတစ်ယောက်’

‘ကဲပါ မောင်ရယ်၊ သူ့ အကြောင်း မပြောကြပါစို့နှင့်နော်၊ သူဟာ စကားလက်တို့အဖို့ ဘာမှ အရေး မကြီးပါဘူး၊ မောင်

ဝမ်းမသာဘူးလား ဟင်၊ မောင့်ကို စကားလက် ဘယ်လောက် ချစ်-’

သူ၏ ပင်ပန်း နွမ်းနယ်လျက် ရှိသည့် မျက်လုံးများနှင့် ဆုံမိသဖြင့် စကားလက် စကားကို ဆုံးအောင် မပြောနိုင်။

ပထမဦးဆုံး ရည်းစားသည်နှင့် တွေ့ရသည့် အပျိုပေါက်ကလေးလို ရှက်နေသည်။ သူ့ကို ရက် ဘတ်တလာက ဆီးကြို ပွေ့ယူလျှင် မည်မျှ ကောင်းမည်နည်း။ သို့ဆိုလျှင် သူ့ ရင်ခွင်ထဲ ပြေးဝင်ကာ ရင်ခွင်တွင် ပါးအပ်ထားမိလိမ့်မည်။ ရက် ဘတ်တလာ၏ နှုတ်ခမ်းများပေါ်သို့ ရောက်သွားသည့် သူ့နှုတ်ခမ်းများသည် ဆွံ့အနေသော စကားလုံး များစွာထက် အရာ ရောက်လိမ့်မည်။ သို့ရာတွင် ရက် ဘတ်တလာက ပွေ့ယူ ထွေးပိုက်ခြင်း မပြု။ သူ့ကို ကျီစယ်လို၍ ဤစကားမျိုးကို ပြောနေခြင်း မဟုတ်။ အတည် ပြောနေခြင်း ဖြစ်ကြောင်းကို စကားလက် သတိပြုမိသည်။ ရက် ဘတ်တလာကို ကြည့်ရသည်က ခံစားချက်တွေ ကုန်ခန်း သွားသည့်နှယ်။ သူ ပြောနေသည့် စကားများကို တစ်လုံးမျှ မကြားသည့်နှယ်။

‘ဘာ ဝမ်းသာစရာ ရှိလို့လဲ’ ရက် ဘတ်တလာက မေးသည်။ ‘ဟိုတုန်းက ဆိုရင်တော့ ဒီစကားမျိုး ကြားရတာ

သိပ်ဝမ်းသာမှာပဲ၊ ဒါပေမယ့် ခုတော့ ဘာမှ အရေးမကြီးတော့ပါဘူး’

‘အရေးမကြီးတော့ဘူး ဟုတ်လား၊ မောင် ဘာတွေ ပြောနေတာလဲ ဟင်၊ ဘယ့်နှယ် ပြောလိုက်တာလဲ မောင်ရယ်၊

အရေးကြီးတာပေါ့၊ မောင် ဝမ်းသာပါတယ်၊ ဝမ်းသာတယ် မဟုတ်လား၊ မောင် ဝမ်းသာမှာပါ၊ မီလာနီ ကလည်း ပြောတယ်၊ ဒီလိုဆိုရင် မောင် သိပ် ဝမ်းသာမှာပဲတဲ့’

‘အင်း၊ သူပြောတာလည်း မှန်သင့်သလောက် မှန်ပါတယ်၊ သူက ဒီလောက်ပဲ သိတာကိုး၊ ဒါပေမယ့် စကားလက်၊

မကျေပြုန်းနိုင်တဲ့ အချစ် ဆိုတာမျိုးတောင် ကြာတော့ ကုန်ခန်း ကျေပြုန်းသွားတယ် ဆိုတာ မင်း ကြားဖူးတယ် မဟုတ်လား’

စကားလက် မည်သို့မျှ မပြောနိုင်ဘဲ သူ့ကို ငေးကြည့်နေသည်။ သူ့ နှုတ်ခမ်းက ဝိုင်းစက်၍ ဝလုံး သဏ္ဌာန်

ဖြစ်သွားသည်။

‘ကျုပ် စိတ်ဟာ ကုန်ခန်းသွားပြီ’ ရက် ဘတ်တလာက ဆက်ပြောသည်။ ‘အက်ရှလေ အပေါ်မှာလည်း ကုန်ခန်းသွားပြီ၊

လိုချင်ပြီ ဆိုရင် မရအရ ဇွတ်လုပ်တတ်တဲ့ မင်းရဲ့ ဇွတ်တရွတ် လုပ်တတ်တဲ့ စိတ်အပေါ်မှာလည်း ကုန်ခန်းသွားပြီ၊ ကျုပ် စိတ်ဟာ ကုန်ခန်းသွားပြီ’

‘ဒါပေမယ့် အချစ်ဟာ မကုန်ခန်းနိုင်ပါဘူး မောင်’



‘ခုပဲ အက်ရှလေကို ချစ်တဲ့ မင်း အချစ်ဟာ ကုန်ခန်းသွားပြီ မဟုတ်လား’



‘ဟင့်အင်း၊ အက်ရှလေကို စကားလက် ဘယ်တုန်းကမှ တကယ် မချစ်ဘူး’



‘ဒါဖြင့် မင်း တကယ် ချစ်ဟန်ဆောင် ခဲ့တာပေါ့ ဟုတ်လား၊ ဒီနေ့ည အထိတော့ ချစ်ဟန်ဆောင် ခဲ့တာပဲ

554

မဟုတ်လား၊ ဒီမှာ စကားလက်၊ မင်းကို ကျုပ် အပြစ် တင်နေတာ မဟုတ်ဘူး၊ စွဲချက် တင်နေတာလည်း မဟုတ်ဘူး၊ မြည်တွန် တောက်တီးနေတာလည်း မဟုတ်ဘူး၊ ဒီလို လုပ်ရမယ့် အချိန်က လွန်ခဲ့ပြီ၊ ဒီတော့ ကျုပ်ကို ထုချေချက်တွေ၊ ရှင်းလင်းချက်တွေလည်း ပေးမနေပါနှင့်တော့၊ ကျုပ် ပြောတာကို အေးအေးဆေးဆေး ခဏတစ်ဖြုတ် နားထောင်နိုင်မယ် ဆိုရင် ကျုပ် ဆိုလို ချင်တဲ့ သဘောကို ကျုပ် ရှင်းပြမယ်၊ တကယ်ကတော့လည်း အကျယ်တဝင့် ရှင်းပြနေစရာတောင် မလိုပါဘူး၊ ရှင်းနေတဲ့ ကိစ္စပါ’

စကားလက် ကုလားထိုင်တွင် ဝင်ထိုင်သည်။ ထိန်လင်းသည့် လက်ဆွဲ မီးရောင်သည် ဝေခွဲ မရဟန် ရှိသည့်

သူ့ မျက်နှာပေါ်သို့ ထိုးကျလျက် ရှိ၏။ သူ ကောင်းကောင်း သိ၍ ကောင်းကောင်း နားမလည်သော ရက် ဘတ်တလာ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။ အသံ အေးအေးဖြင့် ပြောနေသည့် သူ့ စကားများကို နားထောင်သည်။ ပထမသော် စကားလက် နားမလည်။ ဤသို့ သူ့ကို တည်တည်ငြိမ်ငြိမ် ပြောဖူးသည်မှာ ဤ အကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်၏။ လူလူချင်း စကား ပြောသည့်နှယ် ပြောသည်။ အခြား သူများကို ပြောသကဲ့သို့ ပြောသည်။ လှောင်ပြောင်ခြင်း မရှိ။ သရော်သံ မပါ။ ပဟေဠိ မဆန်။

‘ယောက်ျား တစ်ယောက်က မိန်းမ တစ်ယောက်ကို ချစ်နိုင်သလောက် ကျုပ် မင်းကို ချစ်ခဲ့တယ် ဆိုတာ မင်း

စဉ်းစားမိဖူးရဲ့လား၊ မင်းကို ကျုပ် လက်မထပ်ခင် ပဝေသဏီ ကတည်းက ချစ်ခဲ့တယ် ဆိုတာကိုကော မင်း သိရဲ့လား၊ ပြည်တွင်းစစ်တုန်းက ကျုပ် တခြားကို ထွက်သွားပြီး မင်းကို မေ့ပစ်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ကျုပ် မေ့လို့ မရဘူး၊ ကျုပ် မင်းရှိရာကို ပြန်ရောက်လာတာချည်းပဲ၊ ပြည်တွင်းစစ် ပြီးတော့လည်း ကျုပ်ကို ဖမ်းချင် ဖမ်းဆိုပြီး မင်းဆီကို ပြန်လာခဲ့တယ်၊ မင်းကို တွေ့ချင် မြင်ချင်လို့ လာခဲ့တယ်၊ မင်းကို ကျုပ် ဘယ်လောက် ချစ်သလဲ သိရဲ့လား၊ ဖရင့်သာ အဲဒီတုန်းက မသေခဲ့ရင် ဖရင့်ကို သတ်ပြီးတောင် မင်းကို ယူမိလိမ့်မယ် ထင်တယ်၊ အဲဒီလောက် အထိပဲ၊ မင်းကို ကျုပ် ချစ်ခဲ့တယ်၊ ဒါပေမယ့် ကျုပ် ချစ်တာကို မင်း အသိ မခံနိုင်ဘူး၊ မင်းက မင်းကို ချစ်တဲ့ လူတွေ အပေါ်မှာ သိပ် ရက်စက်တတ်တယ် မဟုတ်လား၊ မဟုတ်ဘူးလား စကားလက်၊ မင်းက အဲဒီ လူတွေရဲ့ အချစ်ကို ယူတယ်၊ သူတို့ ခေါင်းပေါ်မှာ ကျာပွတ် ဝဲပြီး ခြိမ်းခြောက်သလို အဲဒီ အချစ်နှင့် သူတို့ကို ခြိမ်းခြောက်ပြီး အနိုင်ယူတယ်’

နားထောင်၍သာ နားထောင် နေရသည်။ သူ့စကား အားလုံးကို စကားလက် နားမလည်။ သူ့ကို ချစ်သည် ဆိုသည့်

အချက် တစ်ချက်ကိုသာ စကားလက် မှတ်မိ၏။ သူ့ အသံတွင် ရမ္မက်၏ ပဲ့တင်သံ သဲ့သဲ့ ပါလာသဖြင့် စကားလက် ပျော်သည်။ ကျေနပ်သည်။ စကားလက် အသက်ကိုမျှ မရှူနိုင်။ သူ့ စကားလုံးများကို နားစွင့်သည်။

‘လက်ထပ်တုန်းက ကျုပ်ကို မင်း မချစ်ဘူး ဆိုတာ ကျုပ် သိပါတယ်၊ အက်ရှလေ အကြောင်းကိုလည်း ကျုပ် သိသားပဲ၊

ဒါပေမယ့် ကျုပ် ဆိုတဲ့ကောင်က ဘယ်လောက် မိုက်သလဲ ဆိုရင် မင်း ချစ်လာအောင် ကျုပ် လုပ်နိုင်တယ်လို့ ကျုပ်ကိုယ် ကျုပ် ထင်ခဲ့တယ်၊ မင်း ရယ်ချင် ရယ်ပါ၊ ဒါပေမယ့် ကျုပ်ကတော့ မင်းကို ချစ်ချင်တယ်၊ ယုယချင်တယ်၊ မင်း လိုချင်တဲ့ အရာ မှန်သမျှကို ပေးချင်တယ်၊ မင်းကို ကျုပ် လက်ထပ်ချင်တယ်၊ အကာအကွယ် ပေးချင်တယ်၊ မင်း ပျော်သလို ကြိုက်သလို ပျော်ပျော်ကြီး နေစေချင်တယ်၊ သမီးလေး နီလာကို ပျော်ပျော်ကြီး ထားချင်သလို မင်းကိုလည်း ပျော်ပျော်ကြီး နေစေချင်တယ်၊ မင်းမှာ ရုန်းခဲ့ ကန်ခဲ့ရတာတွေ များလှပြီ မဟုတ်လား၊ မင်း ဘယ်လောက် ဒုက္ခ ရောက်ခဲ့ရတာ ရုန်းကန်ခဲ့ရတာ ကျုပ် အသိဆုံးပါ၊ ဒီတော့ မင်း ကိုယ်စား ကျုပ် ရုန်းကန်ပေးမယ်လို့ စိတ်ကူးခဲ့တယ်၊ မင်းကို ကျုပ် ကလေးလေး တစ်ယောက်လို ဆော့နေစေချင်တယ်၊

555

လွတ်လွတ်လပ်လပ် ကစား နေစေချင်တယ်၊ တကယ်ကတော့ မင်းကလည်း ကလေးလေးပဲ မဟုတ်လား၊ သတ္တိ ကောင်းတဲ့ ကလေးလေး၊ ထိတ်လန့်နေတဲ့ ကလေးလေး၊ ဇွတ်တရွတ်နိုင်တဲ့ ကလေးလေး၊ ဟုတ်တယ်၊ မင်းဟာ ခုထိ ကလေးလေးပဲ ရှိသေးတယ်၊ ဒီလောက်တောင် ဇွတ်တရွတ်လုပ်၊ ဒီလောက်တောင် ထုံပေပေ လုပ်တာဟာ ကလေးမို့လို့ပေါ့၊ ကလေး မဟုတ်ရင် ဘယ် ဒီလို ခေါင်းမာမလဲ၊ ဇွတ်တရွတ် လုပ်မလဲ’

သူ့ အသံက တည်ငြိမ်ပြီး ပင်ပန်း နွမ်းနယ်နေသည်။ သို့ရာတွင် ထိုအသံထဲ၌ တစ်စုံတစ်ရာ ပါသည်။ စကားလက်၏

အတိတ် တစ္ဆေကို ပြန်၍ အသက်သွင်း ပေးနေသည်။ ဤ အသံမျိုးနှင့် ခပ်ဆင်ဆင် အသံမျိုးကို သူ တစ်ခါက ကြားဖူးသည်။ သူ့ ဘဝကို အကျပ်အတည်း တွေ့စဉ်က ဖြစ်သည်။ အဘယ်မှာနည်း။ ခံစားချက် မပါ၊ မျှော်လင့်ချက် မပါ၊ စိတ်မပါဘဲ သူ့ကိုယ်သူ ရင်ဆိုင် နေရသည့် လူတစ်ယောက်၊ လောကကြီးကို ရင်ဆိုင်နေရသည့် လူတစ်ယောက်၏ အသံ ဖြစ်သည်။

စကားလက် မှတ်မိပြီ။ ဆောင်းရာသီ တစ်နေ့။ မြိုင်သာယာက လေတဟူးဟူး တိုက်နေသည့် သစ်သီးခြံထဲတွင်

ဤအသံမျိုးဖြင့် သူ့ကို အက်ရှလေ ပြောခဲ့ဖူးသည် မဟုတ်လော။ ထိုစဉ်က အက်ရှလေက ဘဝသည် အရိပ် ပြပွဲနှင့် တူသည်ဟု တည်ငြိမ် နွမ်းလျသည့် အသံဖြင့် ပြောခဲ့သည် မဟုတ်လော။ ထိုအသံသည် နာကြည်းသံထက် အားကောင်းသည်။ ခါးသီးစွာ ပြောလိုက်သည့် အသံထက် အရှိန် ကောင်းသည်။ ထိုစဉ်က အက်ရှလေ၏ စကားများကို နားထောင်ရင်း သူ နားမလည်သည့် ဘဝ၏ ကြောက်စရာများကြောင့် စကားလက် တစ်ကိုယ်လုံး အေးစက် နေခဲ့သည်။ ယခုလည်း ထိုနည်းတူ ရက် ဘတ်တလာ၏ စကားများကို နားထောင်ရင်း စကားလက် စိတ်ပျက်လျက် ရှိ၏။ သူ့ စကားများ၏ အဓိပ္ပာယ်ထက် သူ့ အသံ၊ သူ့အမူအရာသည် စကားလက်ကို နောက်ကျူစေ၏။ လွန်ခဲ့သည့် တစ်ခဏက ပျော်ခဲ့ မြူးခဲ့သည်မှာ အပျော် စောသွားပြီဟု စကားလက် သဘာ ပေါက်လာသည်။ တစ်ခုခုမူ မှားနေပြီ။ အကြီးအကျယ် မှားနေပြီ။ မည်သို့ မှားနေပြီကိုမူ စကားလက် မသိ။ သို့ရာတွင် စကားလက် စိတ်ပျက်လက်ပျက်ဖြင့် နားထောင်သည်။ မျက်လုံးများက သူ၏ ညိုမှောင်သော မျက်နှာပေါ်သို့ ရောက်နေသည်။ သူ့ အကြောက်ကို ပြေစေမည့် စကားလုံးများကို နားစွင့်သည်။

‘ကျုပ်တို့ နှစ်ယောက်က တစ်ယောက် ရှိမှ တစ်ယောက်က နေနိုင်တယ် ဆိုတာ ရှင်းပါတယ်၊ မင်းနှင့် မင်း အကျင့် မင်း

စရိုက်တွေကို သိတာတောင် မင်းကို ချစ်နေနိုင်သေးတဲ့ လူဟာ မင်း အသိတွေထဲမှာ ကျုပ် တစ်ယောက်ပဲ ရှိတယ် ထင်တယ်၊ မင်းဟာ အသည်း မာတယ်၊ လောဘကြီးတယ်၊ ဟီရိသြတ္တပ္ပ နည်းတယ်၊ ကျုပ်နှင့် အတူတူပါပဲ၊ မင်းရဲ့ ဒီလို မကောင်းတဲ့ စရိုက်တွေ သိရက်သားနှင့်တောင် ကျုပ် မင်းကို ချစ်နိုင်သေးရင် ကျုပ်တို့ နှစ်ယောက်ဟာ တစ်ယောက် ရှိမှ တစ်ယောက် နေလို့ ရတယ် ဆိုတာ ရှင်းပါတယ်၊ ကျုပ် မင်းကို ချစ်တယ်၊ ဒါကြောင့် အခွင့်ရတာနှင့် တစ်ပြိုင်နက် မင်းကို ယူခဲ့တယ်၊ ကျုပ်နှင့် လက်ထပ်ပြီးတဲ့ အခါကျတော့ အက်ရှလေဟာ မင်းခေါင်းထဲက တဖြည်းဖြည်း ပျောက်သွားလိမ့်မယ် လို့ ထင်ခဲ့တယ်၊ ဒါပေမယ့်’

ရက် ဘတ်တလာက ပခုံး တွန့်သည်။



‘ဒီလို ပျောက်သွားအောင်လည်း ကျုပ် တတ်သမျှ မှတ်သမျှ နည်းမျိုးစုံနှင့် ကြိုးစားခဲ့တယ်၊ ဒါပေမယ့် အလကားပဲ၊

ပျောက်အောင် လုပ်လို့ မရပါဘူး၊ မင်းကို ကျုပ် ဒီလောက် အထိ ချစ်ခဲ့တာပါ စကားလက်၊ အဲဒီတုန်းက မင်းသာ ကျုပ်ကို ချစ်ခွင့်ပြုခဲ့ရင် ယောက်ျား တစ်ယောက်က မိန်းမ တစ်ယောက်ကို ချစ်တဲ့ ပုံစံအတိုင်း မင်းကို ကြင်ကြင်နာနာ ယုယုယယနှင့် ချစ်ခဲ့မှာပဲ၊ ဒါပေမယ့် ဒါကို ကျုပ်က မင်း အသိမခံရဲဘူး၊ ဘာဖြစ်လို့လဲ သိလား၊ ကျုပ်ကို လူပျော့လို့ ထင်ပြီး ကျုပ် အချစ်ကို

556

အသုံးချပြီး ကျုပ်ကို မင်း အနိုင်ကျင့်မှာစိုးလို့၊ မင်း စိတ်ထဲမှာ အမြဲတမ်း အက်ရှလေမှ အက်ရှလေ ဖြစ်နေတယ်၊ ဒါကို မြင်တော့ ကျုပ် မခံနိုင်ဘူး၊ ရူး မတတ်ပဲ၊ ညစာ စားဖို့ ထမင်းစားပွဲ ထိပ်မှာ ကျုပ် ထိုင်နေတာဟာ ကျုပ် မဟုတ်ဘဲ အက်ရှလေ ဖြစ်ပါစေတော့လို့ ဆုတောင်းမှာစိုးလို့ မင်းနှင့် ထမင်းလက်ဆုံတောင် မစားခဲ့ဘူး၊ ည မင်းကို ပွေ့ရင်လည်း ကျုပ် မဟုတ်ဘဲ အက်ရှလေပဲ ဖြစ်ပါစေလို့ ဆုတောင်းမှာ စိုးလို့ ကျုပ် မင်းကို လက်ဖျားနှင့်တောင် မတို့ဘူး၊ အေးလေ ဒါတွေ ထားပါတော့၊ ခု အရေးမကြီးတော့ပါဘူး၊ ဘာကြောင့် ကျုပ် ဒီလောက် စိတ်ထိခိုက်ရသလဲ ခံပြင်းရသလဲလို့ပဲ ကျုပ် ပြန်စဉ်းစားတော့တယ်၊ ဒါကြောင့် ကျုပ် ဘဲလ် ဝက်တလင်းဆီ သွားနေတာ၊ ကိုယ့်ကို ချစ်တဲ့၊ လေးစားတဲ့၊ လူကြီး လူကောင်း တစ်ယောက်လို သဘောထားတဲ့ မိန်းမ တစ်ယောက်ဆီ သွားနေတာဟာ ခွေးတစ်ကောင် ပြာပုံ ဝပ်ရသလို စိတ်ချမ်းသာမှု ရစေတာတော့ အမှန်ပဲ၊ ဒီမိန်းမဟာ စာတစ်လုံးမှ မတတ်တဲ့ မိန်းမရွှင် တစ်ယောက် ဖြစ်ချင် ဖြစ်မယ်ပေါ့လေ၊ ဒါပေမယ့် အနည်းဆုံး ကျုပ်ရဲ့ ယောက်ျား မာနကိုတော့ နှစ်သိမ့်မှု ပေးတာ အမှန်ပဲ၊ မင်းဟာ အဲဒီ မိန်းမလောက်မှ ကျုပ်ကို နှစ်သိမ့်မှု မပေးနိုင်ခဲ့ဘူး စကားလက်’

‘မောင်ရယ်’



ဘဲလ် ဝက်တလင်း၏ အမည်ကို ကြားရသဖြင့် စကားလက်က စိတ်ပျက်လက်ပျက် ညည်းသည်။ တစ်စုံ တစ်ရာ

ပြောမည်အပြု ရက် ဘတ်တလာက လက်ပြ၍ စကားကို ဆက်၏။

‘အဲ၊ မင်းကို လှေကားပေါ် ပွေ့ချီခေါ်သွားတဲ့ ညကတော့ ကျုပ် အပေါ်မှာ မင်း အချစ် လည်လာလိမ့်မယ်လို့ ကျုပ်

ထင်ခဲ့တယ်၊ မျှော်လင့်ခဲ့တယ်၊ နောက်တစ်နေ့ မနက်ကျတော့ ကျုပ် မင်းကို မျက်နှာချင်း မဆိုင်ရဲဘူး၊ ကြောက်နေတယ်၊ ကျုပ် စော်ကား ရိုင်းပျရာ ရောက်သွားပြီ၊ ကျုပ်ကို ချစ်တော့မှာ မဟုတ်ဘူးလို့ တွေးပြီး စိုးရိမ်နေတယ်၊ ကျုပ်ကို မင်း ရယ်ပြီး လှောင်မှာကို လန့်နေတယ်၊ ဒါကြောင့် ကျုပ် အပြင်ထွက်ပြီး အရက်တွေ မူးအောင် သောက်လာတယ်၊ ပြန်လာတော့ ကျုပ် မဝင်ရဲဘူး၊ ဒူးတွေ တုန်နေတယ်၊ တကယ်လို့သာ အဲဒီတုန်းက မင်း ကျုပ်ကိုသာ တံခါးဝက ဆီးကြိုဖော် ရရင်၊ ကျုပ်ကို နွေးနွေးထွေးထွေး ကြိုခဲ့ရင် ကျုပ်ဟာ မင်း ခြေဖမိုး အစုံကိုတောင် ငုံ့ပြီး နမ်းမိလိမ့်မယ် ထင်တယ်၊ ဒါပေမယ့် မင်း မကြိုခဲ့ဘူး’

‘မောင်ရယ်၊ အဲဒီတုန်းကလည်း မောင့်ကို စကားလက် လိုချင်တာပါပဲ၊ ဒါပေမယ့် မောင်က သိပ်ရမ်းနေတော့

စကားလက် ကြောက်တယ်၊ အဲဒီတုန်းကလည်း စကားလက် မောင့်ကို လိုချင်ပါတယ်၊ ဟုတ်တယ်၊ မောင့်ကို စကားလက် ချစ်နေပြီ ဆိုတာ သိတာဟာ အဲဒီတုန်းကပဲလို့ ထင်တယ်၊ ဒီကိစ္စ ပြီးတဲ့ နောက်မှာ စကားလက် အက်ရှလေ၊ အက်ရှလေကိုလည်း စိတ် မဝင်စားတော့ပါဘူး၊ ဒါပေမယ့် အဲဒီတုန်းက မောင်က သိပ်ရမ်းနေတော့’

‘ဟုတ်တယ်’ ရက် ဘတ်တလာက ပြော၏။ ‘အဲဒီတုန်းကတော့ ကျုပ်တို့ နှစ်ယောက်ဟာ တစ်လမ်းစီ သွားနေပြီလို့

ထင်ခဲ့ကြတာကိုး၊ မဟုတ်ဘူးလား၊ ဒါပေမယ့် ခုတော့ အရေးမကြီးတော့ပါဘူးလေ၊ ဒါတွေကို မင်း နားမလည်မှာစိုးလို့ ကျုပ် ပြန်ပြော နေတာပါ၊ လှေကားပေါ်က လိမ့်ကျပြီး မင်း မကျန်းမာ ဖြစ်ရတာဟာလည်း တကယ်တော့ ကျုပ် အပြစ်ပါ၊ မင်း တံခါး အပြင်ဘက်က ရပ်ပြီး မင်းကများ ခေါ်လေမလားလို့ ကျုပ် စောင့်ခဲ့တယ်၊ ဒါပေမယ့် မင်း မခေါ်ခဲ့ဘူး၊ ဒီတော့မှ ကျုပ်ဟာ တော်တော် ရူးတဲ့ မိုက်တဲ့ ကောင် ဆိုတာ ကိုယ့်ဘာသာ ကိုယ် သိလာတယ်၊ ကျုပ်တို့နှစ်ယောက် အဖို့ တကယ် ဝေးကြပြီ ဆိုတာ ကျုပ်သိလာတယ်’

557



ရက် ဘတ်တလာက စကား ဖြတ်၍ စကားလက်ကို စိုက်ကြည့်သည်။ နောက် အဝေးသို့ မျှော်ကြည့်၏။ စကားလက်

မမြင်နိုင်သည့် အရာကို ကြည့်နေဘိသကဲ့သို့ မျှော်ကြည့်သည်။ အက်ရှလေ ကြည့်ပုံမျိုးနှင့် တူသည်။ ရက် ဘတ်တလာ၏ မှုန်ငေးငေး မျက်နှာကို ငေးစိုက်ကြည့်ရင်း စကားလက် ဆွံ့နေ၏။

‘ဒီနောက် သမီးလေး နီလာကို မွေးတယ်၊ နီလာကို မွေးတော့ ဘာဖြစ်ဖြစ် ကျုပ်တို့ နှစ်ယောက်ဟာ မဝေးကြသေးဘူး

ဆိုတာ ကျုပ် သိလာတယ်၊ ကျုပ် စိတ်ထဲမှာ နီလာဟာ မင်းပဲ၊ မင်း ကလေး ဘဝကို ပြန်ရောက်သွားတာပဲလို့ ထင်ခဲ့တယ်၊ ပြည်တွင်းစစ် ဒုက္ခတွေ၊ ဆင်းရဲ ငတ်ပြတ်တာတွေကို မတွေ့ရသေးခင်က မင်းနှင့် တစ်ထေရာတည်းလို့ ကျုပ် အောက်မေ့ထားတယ်၊ ဟုတ်တယ်၊ သမီးလေးဟာ မင်းနှင့် တော်တော် တူတယ်၊ မင်းလို ဇွတ်တရွတ်နိုင်တယ်၊ သတ္တိ ကောင်းတယ်၊ အပူအပင် ကင်းတယ်၊ ပျော်ပျော် နေတတ်တယ်၊ ဒီတော့ မင်းကို ကျုပ် အလိုလိုက်ချင်သလို သူ့ကို ကျုပ် အလိုလိုက်ခဲ့တယ်၊ ဖျက်ဆီးခဲ့တယ်၊ ဒါပေမယ့် မင်းနှင့် သူ မတူတာ တစ်ခုတော့ ရှိတယ်၊ အဲဒါက ဘာလဲ ဆိုတော့ သူက ကျုပ်ကို ချစ်တယ်၊ မင်းက မချစ်ဘူး၊ တစ်ခုတော့ ကောင်းတာပေါ့လေ၊ မင်း မလိုချင်တဲ့ ကျုပ် အချစ်ကို သူ့ တစ်ယောက်တည်း အပေါ် ပုံပေးနိုင်တာ ပေါ့၊ မဟုတ်ဘူးလား၊ အဲ သူလည်း ဆုံးရော ကျုပ် ဘဝက အရာရာဟာ သူနှင့် ပါသွားတာပဲ’

စကားလက် သူ့ကို ရုတ်တရက် သနားသွားသည်။ သူ့ အကြောက်ကိုပင် မေ့ပျောက်သွား၏။ ရက် ဘတ်တလာကို

အသနားကြီး သနားသွားသည်။ လူတစ်ယောက်အား အထင်သေးခြင်း မပါဘဲ သနားမိခြင်းမှာ စကားလက်၏ ဘဝတွင် ဤအကြိမ်သည် ပထမ အကြိမ် ဖြစ်သည်။ ရက် ဘတ်တလာက ထက်မြက် ပါးနပ်သည်။ ခေါင်းမာသည်။ မာနကြီးသည်။ သူ့ကို အနိုင်ကျင့်မည် စိုးသဖြင့် ချစ်သည်ဟု ထုတ်မပြော။ ဖွင့်၍ ဝန်မခံ။ ဤနေရာတွင်မူ ရက် ဘတ်တလာသည် သူနှင့် အတူတူ။ ယခု ရက် ဘတ်တလာကို စကားလက် နားလည်ပြီ။

‘မောင်ရယ်’ စကားလက်က ရှေ့သို့ တိုးလာသည်။ ရက် ဘတ်တလာက သူ့ကို ဆီးပွေ့ကာ ရင်ခွင်တွင်

သွင်းထားလိမ့်မည်ဟု စကားလက် ထင်သည်။ ‘စကားလက်ကြောင့် မောင် စိတ်ထိခိုက်ခဲ့ရတဲ့ အတွက် စကားလက်ရဲ့ အပြစ်တွေကို စကားလက် ကျေအောင် လုပ်ပါ့မယ် မောင်၊ ခု စကားလက်တို့ဟာ တစ်ယောက်ကို တစ်ယောက် နားလည်ကြပြီ၊ အမှန်ကို သိကြပြီ၊ စကားလက်တို့ ပျော်ပျော် နေကြစို့နော် မောင်၊ ဒီမှာ မောင်၊ စကားလက်ကို ကြည့်စမ်း၊ စကားလက် ကလေးတွေ မွေးပေးနိုင်ပါသေးတယ် မောင်ရဲ့၊ နီလာလေးလို မဟုတ်သည့်တိုင်’

‘တော်ပြီ စကားလက်၊ ကျေးဇူးတင်ပါတယ်’ ပေါင်မုန့် တစ်ချပ်ကို လှမ်းပေးသည့် အခါတွင် ငြင်းပုံမျိုးဖြင့် ရက်

ဘတ်တလာက ငြင်း၏။ ‘ကျုပ် နောက်တစ်ခါ အသည်း မကွဲပါရေစေနှင့်တော့၊ ဒီတစ်ခါနှင့် ဆိုရင် သုံးခါ ရှိတော့မယ်’

‘ဒီလို စကားတွေ မပြောပါနှင့် မောင်ရယ်၊ စကားလက် မောင် နားလည်အောင် ဘယ်လို ပြောရမလဲ ဟင်၊ စကားလက်

မောင့်ကို ဘယ်လောက် သနားတယ်၊ ချစ်တယ်၊ မောင့် အတွက် ဘယ်လောက် ဝမ်းနည်း-’

‘ဒီမှာ ကလေးမ၊ မင်းဟာ တကယ့် ကလေးလေးပဲ ရှိသေးတယ်၊ ဝမ်းနည်းတယ်လို့ ပြောရုံကလေးနှင့် အတိတ်က

အမှားတွေ၊ အတိတ်က အပြစ်တွေကို လွယ်လွယ်နှင့် ဖျောက်လို့ ရမယ် ထင်သလား၊ ဒဏ်ရာဟောင်းက အဆိပ်တွေ တစ်ခါတည်း ပြေသွားလိမ့်မယ် ထင်သလား၊ ရော့ ကျုပ် လက်ကိုင်ပဝါကို ယူထား၊ မင်း ဘဝမှာ ဒုက္ခတွေ တွေ့ခဲ့ပေါင်း များလှပြီ၊ လက်ကိုင်ပဝါ ဆောင်ထားတာ တစ်ခါမှ မတွေ့ဖူးသေးဘူး’

558



စကားလက်က သူ့ လက်ကိုင်ပဝါကို ယူ၍ မျက်ရည် သုတ်သည်။ ကုလားထိုင်ပေါ်တွင် ပြန်ထိုင်၏။ သေချာပြီ။

ရက် ဘတ်တလာသည် သူ့ကို လက်နှစ်ဖက်ဖြင့် ဆန့်တန်း ဆီးကြိုကာ ထွေးပိုက်ခြင်းပြုမည် မဟုတ်တော့။ သူ့ကို ချစ်သည်ဟု ပြောသော ရက် ဘတ်တလာ၏ စကားများသည် ဘာမျှ အဓိပ္ပာယ် ထင်မည် မဟုတ်တော့။ သူတို့ နှစ်ဦး ကြားက အဖြစ်အပျက်များသည် ရှေးလွန်လေပြီးသော အခါက အဖြစ်အပျက်မျှသာ ဖြစ်၏။ သို့ရာတွင် ရက် ဘတ်တလာသည် ထို အဖြစ်အပျက်ကို ယခုမှ စဖြစ်သည့် အဖြစ် အပျက်သဖွယ် ကြည့်မြင်နေသည်။ ဤအဖြစ်သည် ကြောက်စရာ ကောင်းနေသည်။ ရက် ဘတ်တလာက သူ့ကို ကြင်နာစွာ ကြည့်၏။ သူ့ မျက်လုံးများသည် မှုန်ငေးနေကြသည်။

‘ကလေးမ အသက် ဘယ်လောက် ရှိပြီလဲ၊ ကျုပ်ကို တစ်ခါမှာ မပြောဖူးသေးဘူး’



‘နှစ်ဆယ့်ရှစ်နှစ်’



စကားလက်က လက်ကိုင်ပဝါဖြင့် ပါးစပ်ကို ပိတ်ထားရင်း အသံ ထွေးထွေးဖြင့် ဖြေ၏။



‘အင်း အသက် သိပ်မကြီးသေးပါဘူး၊ ငယ်ငယ်လေး ရှိသေးတာပဲ၊ လောကကြီးကို အနိုင် ယူပြီး ကိုယ့်ကိုယ်ကိုယ်

အရှုံးပေးဖို့၊ ဒုစရိုက်တွေကို ကျူးလွန်ဖို့၊ ကိုယ့် ဝိညာဉ်ကို အဆုံးခံဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်၊ ဘာလဲ၊ ဒီလို ပြောလိုက်လို့ လန့်သွားသလား၊ မလန့်ပါနှင့်၊ ငရဲနှင့် ခြောက်ပြီး မင်းနှင့် အက်ရှလေတို့ ကိစ္စကို ကျုပ်က ဝင်စွက်မလို့ မဟုတ်ပါဘူး၊ ကျုပ်က တင်စားပြီး ပြောနေတာပါ၊ ကျုပ် မင်းကို သိကတည်းက မင်းမှာ ဆန္ဒ နှစ်ခုပဲ ရှိတယ်၊ တစ်ခုက အက်ရှလေ၊ နောက်တစ်ခုက လောကကြီးကို အရွဲ့တိုက် ပြနိုင်အောင် ပိုက်ဆံ ချမ်းသာချင်တဲ့ စိတ်၊ ဒီစိတ် နှစ်ခုပဲ ရှိတယ်၊ ကဲ ဒီတော့ ခု မင်း စိတ်တိုင်းကျလည်း ချမ်းသာပြီ၊ လောကကြီးကို အရွဲ့တိုက်ပြခဲ့ပြီးပြီ၊ ပြီးတော့ မင်း လိုချင်သေးတယ် ဆိုရင် အက်ရှလေကိုလည်း ရပြီ၊ ဒါတောင်မှ မင်းကို ကြည့်ရတာ ကျေနပ်ပုံ မရသေးပါလား ဟင်’

စကားလက် လန့်လာသည်။ ငရဲကို ကြောက်ခြင်း မဟုတ်။ ‘ရက် ဘတ်တလာဟာ ငါ့ ဝိညာဉ်ပဲ၊ ခု ဒီ ဝိညာဉ်ကို

ဆုံးရှုံးရတော့မယ်၊ သူ့ကို ဆုံးရှုံးပြီ ဆိုရင် ကျန်တာတွေဟာ ငါ့အဖို့ အလကားပဲ၊ မိတ်ဆွေ အပေါင်းအသင်းတွေ၊ ပိုက်ဆံတွေ၊ စည်းစိမ် ဥစ္စာတွေ အားလုံးဟာ အလကားပဲ၊ ရက် ဘတ်တလာနှင့်သာ နေရရင် ပြန်ပြီး မွဲသွားလည်း ငါ အရေးမကြီးပါဘူး၊ အအေးဒဏ် ခံရတာတွေ၊ ငတ်ပြတ်တာတွေလည်း အရေး မကြီးတော့ပါဘူး၊ ဒါပေမယ့် ရက် ဘတ်တလာဟာ ငါ့ကို ရက်စက်တော့မှာပဲ၊ မဖြစ်နိုင်ဘူး၊ သူ ဒီလောက် မရက်စက်နိုင်ဘူး’ ဟု စကားလက် တွေးနေသည်။

စကားလက်က မျက်ရည်များကို သုတ်၍ ရေးကြီးသုတ်ပျာ ပြောလိုက်သည်။



‘မောင်ဟာ စကားလက်ကို တစ်ခါက ဒီလောက် ထိအောင် ချစ်ခဲ့ဖူးတယ် ဆိုရင် ဒီလောက်တော့ ကုန်ခန်း မသွားနိုင်ဘူး၊

နည်းနည်းပါးပါးတော့ ကျန်ရစ်ဦးမှာပေါ့’

‘ကျုပ် အချစ်ဟာ ကုန်ခန်းသွားပြီ စကားလက်၊ အဲဒီအချစ်ရဲ့ အနည် အဖြစ် နှစ်ခုပဲ ကျန်တော့တယ်၊ အဲဒီ နှစ်ခုကလည်း

မင်း အလွန် မုန်းတဲ့ အရာ နှစ်ခု၊ တစ်ခုက သနားတာ၊ တစ်ခုက ကြင်နာတာလို့ ခေါ်ကြတဲ့ ထူးဆန်းတဲ့ ခံစားချက်’

သနားခြင်းနှင့် ကြင်နာခြင်း ဆိုပါ တကား။ စကားလက် စိတ်ပျက်လက်ပျက်ဖြင့် ဟင်းချမိသည်။ သနားခြင်းနှင့်

ကြင်နာခြင်း ဆိုသည့် အရာ နှစ်ခုမှ လွဲလျှင် တော်သေးသည်။ တစ်ယောက်ယောက် အတွက် ဤ ခံစားချက် နှစ်ခု သူ့ ရင်ထဲတွင်

559

ပေါ်လာပြီ ဆိုလျှင် စက်ဆုပ် အထင်သေးခြင်းက ပါလာတတ်သည်။ ရက် ဘတ်တလာသည် မိမိအား စက်ဆုပ် အထင်သေး နေပြီလော။ ဤ ခံစားချက် နှစ်ခုနှင့် စာလျှင် ပြည်တွင်စစ် ကာလတုန်းကလို မထီမဲ့မြင် ဥပေက္ခာပြုခြင်း လုပ်သည်ကမှ တော်သေးသည်။ လှေကားပေါ်သို့ ပွေ့တင်သွားသည့် ညကလို မူးမူးနှင့် ရမ်းကားခြင်းကမှ တော်သေးသည်။ ထိုညကလို သူ့ ကိုယ်လုံးကို ကုတ်ခြစ်ခြင်း၊ အခံရ ခက်အောင် ပြောခြင်းတို့ကမှ တော်သေးသည်။ ဤသည်ကို နာကြည်းခြင်းဖြင့် ပြသော အချစ်ဟု သဘော ပေါက်နိုင်သေးသည်။ သူ့ မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသည့် ဥပေက္ခာ ဆောင်သော ကြင်နာခြင်းမျိုးကမူ အခံရ ခက်သည်။

‘ဒါဖြင့် ဒါဖြင့် မောင့် အချစ်ကို စကားလက် ဖျက်ဆီးခဲ့ပြီ ဆိုတဲ့ သဘောပေါ့၊ ကုန်ခန်းအောင် လုပ်ပစ်ခဲ့ပြီ

ဆိုတဲ့သဘောပေါ့၊ စကားလက်ကို မချစ်တော့ဘူး ဆိုတဲ့ သဘောပေါ့၊ ဟုတ်လား’

‘ဟုတ်တယ်’



‘ဒါပေမယ့်’ ဆန္ဒ တစ်ခုကို ထုတ်ဖော် ပြောဆိုခြင်းသည် ထိုဆန္ဒကို ရခြင်းနှင့် အတူတူ ဖြစ်သည်ဟု ထင်သည့်

ကလေးငယ် တစ်ယောက်ပမာ စကားလက်က ပြော၏။ ‘ဒါပေမယ့် မောင့်ကို စကားလက် ချစ်တယ်’

‘ဒါ မင်းအဖို့ ကြမ္မာဆိုး ဝင်တာပဲ’



သူ့ကို လှောင်နေခြင်းလော ဟု စကားလက် ဆတ်ခနဲ မော့ကြည့်၏။ လှောင်ပြောင်နေခြင်း မဟုတ်။ အတည်ပေါက်

ပြောနေခြင်း ဖြစ်သည်။ အမှန် ပြောနေခြင်း ဖြစ်သည်။ သို့ရာတွင် ဤ အမှန်စကားကို စကားလက် မယုံသေး၊ မယုံနိုင်သေး။ စိတ်ပျက် အားလျော့မှ၊ ဇွတ်တရွတ်နိုင်မှုတို့ ဝင်းဝင်းတောက်နေသည့် မျက်လုံး စွေစွေများဖြင့် သူ့ကို ကြည့်သည်။ နုထွေးသော ပါးပြင်တွင် ထင်းခနဲ ပေါ်လာသည့် မေးရိုးများကမူ ဖေဖေ့ မေးရိုးကြီးများနှင့် အတူတူ။

‘မောင် အရူး မထစမ်းပါနှင့်၊ စကားလက်ရဲ့ အပြစ်ကို ချေ’



ရက်

ဘတ်တလာက

လှောင်ပြောင်၍

ကြောက်ဟန်

လုပ်ပြသည်။

သူ့

မျက်ခုံးများသည်

ယခင်ကကဲ့သို့

လှောင်ပြောင်လိုသည့် ဟန်ဖြင့် အထက်သို့ ချီသွားကြ၏။

‘ဇွတ်တရွတ် မလုပ်စမ်းပါနှင့် စကားလက်ရယ်၊ မင်းကို ကျုပ် ကြောက်ပါပြီ၊ မင်း အချစ်ကို အက်ရှလေ ဆီက နေပြီး

ကျုပ်ဆီကို လွှဲမပေးပါနှင့်တော့၊ အချစ် မခံပါရစေနှင့်တော့၊ ကျုပ်ဘာသာ ကျုပ် လွတ်လွတ် လပ်လပ် အေးအေးဆေးဆေး နေပါရစေ၊ ကံဆိုးသူ အက်ရှလေ အလိုက်ခံရသလို ကျုပ်လည်း အလိုက် မခံရပါစေနှင့်တော့၊ ကျုပ်လည်း တခြားကို သွားတော့မယ်’

စကားလက်၏ မေးရိုးများသည် တုန်လာကြ၏။ အံကို ကြိတ်ထားလိုက်ရသည်။ သွားတော့မည် ဆိုပါတကား။ မဖြစ်နိုင်။

သွား၍ မဖြစ်။ ရက် ဘတ်တလာ မရှိလျှင် သူ့ ဘဝ မည်သို့ ရှိမည်နည်း။ လူတိုင်း သူ့ကို စွန့်ခွာ သွားကြပြီ။ ရက် ဘတ်တလာ မသွားရ။ သို့ရာတွင် မသွားအောင် မည်သို့ လုပ်ရမည်နည်း။ အေးစက် ပြတ်သားသည့် ရက် ဘတ်တလာ၏ ဆုံးဖြတ်ချက် ရှေ့တွင် စကားလက် အားကိုးရာ မဲ့နေသည်။

560



‘ကျုပ် တခြားကို သွားမယ်၊ မင်း မယ်ရီယက်တာက ပြန်လာ ကတည်းက ပြောမလို့ လုပ်နေတာ’



‘စကားလက်ကို စွန့်သွားပြီပေါ့’



‘သနားစရာ လင်ပစ်မလေး တစ်ယောက်လို လုပ်မနေစမ်းပါနှင့် ကလေးမရယ်၊ ဒီအခန်းက မင်းနှင့် မလိုက်ပါဘူး၊

မင်းက တရားဝင် ကွာရှင်းတာမျိုးလည်း မလိုချင်ဘူး၊ ကွဲနေတာမျိုးကိုလည်း အဲဒီတုန်းက မလိုချင်ဘူး မဟုတ်လား၊ ဒီတော့ လူတွေ အတင်း မပြောရအောင် ဣနြေ္ဒမပျက် ကျုပ် မကြာ မကြာ ပြန်လာမှာပေါ့’

‘အတင်း ပြောတာတွေ ဘာတွေ ဂရုမစိုက်ပါဘူး’ စကားလက်က ခပ်ဆောင့်ဆောင့် ပြောသည်။ ‘စကားလက်

ဂရုစိုက်တာက မောင်ပါ၊ စကားလက်ကိုလည်း ခေါ်ပါ၊ စကားလက် လိုက်မယ်’

‘ဟင့်အင်း မဖြစ်ဘူး’



ရက် ဘတ်တလာက ပြော၏။ သူ့ အသံက ယတိပြတ် အဖြေပေးသည့် အသံ။ စကားလက် ကလေးလို စိတ်ရှိ

လက်ရှိ ငိုပစ်လိုက်ချင်သည်။ ကြမ်းပေါ်သို့ ပစ်လှဲချပြီး ကျိန်ဆဲပစ်လိုက်ချင်သည်။ အော်ဟစ်ပစ် လိုက်ချင်သည်။ ကြမ်းပြင်ကို ခြေဖြင့် တဒုန်းဒုန်း ဆောင့်၍ ငိုပစ်လိုက်ချင်သည်။ သို့ရာတွင် ပကတိ ဉာဉ်နှင့် မာနကြောင့် ချုပ်တည်းထားလိုက်ရ၏။ ဤသို့ လုပ်လျှင် ရက် ဘတ်တလာသည် သူ့ကို ရယ်လိမ့်မည်။ သို့မဟုတ် ကြည့်နေလိမ့်မည်။ ဤသို့ မငိုနိုင်။ အောက်မကျို့နိုင်။ သူ အထင်သေးမည့် အမူအရာမျိုးကို မလုပ်နိုင်။ မချစ်သည့်တိုင် သူ လေးစားအောင်မူ နေပြရဦးမည်။

စကားလက် ခေါင်းမော့၍ တိုးတိတ်စွာ မေးသည်။



‘မောင် ဘယ်ကို သွားမှာလဲ’



ရက် ဘတ်တလာ၏ မျက်လုံးထဲတွင် သူ့ကို မြတ်နိုးသည့် အရိပ်အယောင်ပျပျ မြင်ရ၏။



‘ဘိလပ် ဖြစ်ဖြစ်၊ ဒါမှ မဟုတ် ပါရီကို ဖြစ်ဖြစ်ပေါ့၊ ဒါမှ မဟုတ်ရင်လည်း ချာလက်စတန်ကို ပြန်ပြီး ကျုပ်

အပေါင်းအသင်းတွေနှင့် ငြိမ်းချမ်းရေး လုပ်ဖို့ ကြိုးစားရဦးမယ်’

‘ဒါပေမယ့် မောင်က ချာလက်စတန်က လူတွေကို မုန်းတယ်ဆို၊ စကားလက် ကြားဖူးတာကတော့ အဲဒီ လူတွေကို

ကြည့်ပြီး မောင်က ရယ်တယ်ဆို၊ ပြီးတော့-’

ရက် ဘတ်တလာက ပခုံးတွန့်သည်။



‘ခုလည်း ရယ်တုန်းပါပဲ၊ ဒါပေမယ့် ကျုပ် ဆောက်တည်ရာ မရ လျှောက်သွားခဲ့တာ ကြာလှပြီလေ၊ ခု ရပ်ဖို့ ကောင်းပြီ၊

ကျုပ် အသက် လေးဆယ့်ငါးနှစ် ရှိပြီ စကားလက်၊ ဒီအရွယ်ဟာ လူတစ်ယောက် အဖို့ သူ ငယ်ငယ်က ပေါ့ပေါ့ဆဆနှင့် စွန့်ပစ်ခဲ့တဲ့ အရာတွေကို ပြန်ပြီး တန်ဖိုးထားဖို့ အစပြုရမယ့် အရွယ်ပဲ၊ မိဘ ဆွေမျိုးတို့၊ ဂုဏ်သိက္ခာတို့၊ လုံခြုံမှုတို့၊ နောက်ပြီး ခြေခြေမြစ်မြစ် လေးလေးနက်ကန် ရှိတဲ့ အရာတွေ အားလုံးပေါ့လေ၊ ဒီလို ပြောတဲ့အတွက် ကျုပ်ဟာ ကျုပ် ပြောခဲ့တာတွေ အားလုံးကို ပြန်ရုပ်သိမ်းသွားပြီလို့ ဆိုလိုတာ မဟုတ်ဘူး၊ ကျုပ် မှားပြီလို့ ပြောတာ မဟုတ်ဘူး၊ ကျုပ် လုပ်ခဲ့တာတွေ

561

အတွက် ကျုပ် ဘယ်တော့မှ နောင်တ မရဘူး၊ ကျုပ် ဘဝမှာ ကျုပ် လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ၊ ပျော်ချင်တိုင်း ပျော်ခဲ့ပြီးပြီ၊ ပျော်ရလွန်းလို့ ကျုပ် ငြီးငွေ့သွားပြီ၊ ခု ကျုပ် အသစ်အဆန်းကိုပဲ လိုချင်တယ်၊ အပေါ်ယံအားဖြင့် ကျုပ် ပြောင်းလဲကောင်း ပြောင်းလဲမယ်၊ ဒါပေမယ့် စိတ်ကတော့ မပြောင်းပါဘူး၊ ကျုပ် သိခဲ့ဖူးတဲ့ အပေါ်ယံတွေကို ကျုပ် ပြန်တောင့်တ နေတယ်၊ ကျုပ် အတွက် တောင့်တာတာတော့ မဟုတ်ပါဘူး၊ တခြား လူတွေ အတွက်ပါ၊ ဥပမာ ဂုဏ်သိက္ခာတို့၊ ငြိမ်းချမ်းခြင်းတို့၊ ဂုဏ်ကျက်သရေတို့၊ ကုန်လွန်သွားတဲ့ ခေတ်ဟောင်းရဲ့ ချစ်စရာ ကောင်းတဲ့ ထုံးတမ်းစဉ်လာတို့၊ အဲဒါတွေကို ပြန်လိုချင်နေတယ်၊ ငယ်ငယ်တုန်းကတော့ ဒီအရာတွေကို လှမှန်း ချစ်စရာ ကောင်းမှန်း မသိခဲ့ဘူးပေါ့’

စကားလက်၏ စိတ်၌ မြိုင်သာယာ သစ်သီးခြံထဲတွင် ပြောသွားသည့် အက်ရှလေ၏ စကားများကို အမှတ်

ရလာပြန်သည်။ ထိုစဉ်က အက်ရှလေ၏ မျက်လုံး များတွင် အကြည့် တစ်မျိုးကို တွေ့ရသည့် နည်းတူ ရက် ဘတ်တလာ၏ မျက်လုံးတွင်လည်း ခပ်ဆင်ဆင် အကြည့်မျိုးကို တွေ့ရ၏။ သူ့ နားထဲတွင် အက်ရှလေ၏ စကားများကို ကြားယောင်နေသည်။ ရက် ဘတ်တလာနှင့် စကား ပြောနေသည်ဟု မထင်။ အက်ရှလေ၏ စကားများကို စကားလက် ကြက်တူရွေး ရွတ်သလို ရွတ်နေသည်။

‘တောက်ပတဲ့ ဘဝ၊ ပြည့်စုံတဲ့ ဘဝ၊ ခေါမ ကျောက်ရုပ် တစ်ရုပ်လို အချိုးအဆစ် ပြေပြစ်တဲ့ ဘဝ’



‘ဒီစကားလုံးတွေကို ဘာလို့ ပြောနေတာလဲ’



‘ဟုတ်တယ်၊ အဲဒါ ကျုပ် ပြောချင်တဲ့ ဘဝပဲ၊ ကျုပ် လိုချင်တဲ့ ဘဝပဲ’



‘သြော် အက်ရှလေ ပြောဖူးတဲ့ စကားတွေပါ၊ ခေတ်ဟောင်းနှင့် ပတ်သက်လို့ အက်ရှလေက စကားလက်ကို ဒီအတိုင်း

ပြောဖူးတယ်’

ရက် ဘတ်တလာက ပခုံး တွန့်သည်။ သူ့ မျက်လုံးမှ အလင်းရောင်သည် ပျောက်သွား၏။



‘မင်းမှာလည်း အက်ရှလေ မပါရင် မပြီးတော့ ပဲကိုး’ ရက် ဘတ်တလာက ပြောကာ အတန်ကြာ တိတ်ဆိတ်နေသည်။

‘အေးလေ၊ မင်း အသက် လေးဆယ့်ငါးနှစ်လောက် ရောက်ရင် ကျုပ် ပြောတာတွေကို နားလည် လာမှာပါ၊ အဲဒီကျတော့ မင်းလည်း အထက်တန်းလွှာကို အတုခိုး ချင်တာ၊ အပေါစား ဟန်ဆောင်တာ၊ အပေါစား အမူအရာ လုပ်တာတွေကို ငြီးငွေ့သွားမှာပါ၊ ဒါပေမယ့် ကျုပ် နည်းနည်းတော့ သံသယ ဖြစ်တယ်၊ တကယ်ကတော့ မင်းဟာ တကယ့် ရွှေ အစစ်ထက် အရောင် တလက်လက် ထွက်တာကို အမြဲတမ်း သဘောကျနေလိမ့်မယ်လို့ ထင်တယ်၊ အေးလေ၊ အဲဒီအချိန်မှာ မင်း ဘယ်လိ နေမလဲ ဆိုတာကို ကြည့်ရအောင် ကျုပ်လည်း စောင့်ချင်မှ စောင့်နိုင်မှာပါ၊ ကျုပ်က သိပ်စောင့်တတ်တဲ့ လူမျိုး မဟုတ်ဘူး၊ စောင့်ရတာကို စိတ်မရှည်ဘူး၊ ခု ကျုပ် ရှေးက ရှိခဲ့တဲ့ တောမြို့ဟောင်းတွေကို လျှောက်လည်မယ်၊ ရှေး မြို့ဟောင်းတွေ၊ ယာတောဟောင်းတွေကို လျှောက်သွားမယ်၊ အဲဒီမှာ ခေတ်ဟောင်းရဲ့ အရိပ် လက္ခဏာတွေကိုတော့ တွေ့လိမ့်ဦးမယ် ထင်ပါရဲ့၊ ကျုပ်လည် စိတ်ကူးယဉ်တတ် တယ်နော်၊ အတ္တလန်တာက ကျုပ် အဖို့ ရိုင်းလွန်းနေတယ်၊ သစ်လွန်းနေတယ်’

‘တော်ပါတော့ မောင်ရယ်’



စကားလက်က ရုတ်တရက် အော်လိုက်သည်။ သူ ပြောသည့် စကားများကို စကားလက် ကောင်းကောင်း မကြား။သူ့

562

စိတ်သည် ရက် ဘတ်တလာ၏ စကားများကို စွဲမှတ်ခြင်း မရှိ။ သို့ရာတွင် အချစ် မပါသော အခါ ၌ စကားလက် သူ့ အသံကို ကြာကြာ နားထောင်နိုင်သည့်အား မရှိ။

ရက် ဘတ်တလာက စကား ဖြတ်၍ သူ့ကို ထူးထူးဆန်းဆန်း ကြည့်သည်။



‘ဘာလဲ၊ ကျုပ် ပြောတဲ့ သဘောကို နားလည်ပြီလား’ ရက် ဘတ်တလာက မေးရင်း ထိုင်ရာမှ ထသည်။



စကားလက်က တောင်းခံသည့် သဘောဖြင့် လက်ဝါးကို လှန်၍ လက်နှစ်ဖက်ကို သူ့ထံသို့ ဆန့်တန်းသည်။ သူ့

နှလုံးသားမှ အရိပ်သည် မျက်နှာပေါ်တွင် လာထင်နေသည်။

‘ဟင့်အင်း၊ စကားလက် ဒါတွေ နားမလည်ဘူး’ စကားလက်က အော်သည်။ ‘စကားလက် သိတာက မောင်ဟာ

စကားလက်ကို မချစ်ဘူး ဆိုတာပဲ သိတယ်၊ စကားလက်ကို ပစ်ပြီး မောင် ထွက်သွားတော့မယ် ဆိုတာပဲ သိတယ်၊ မောင် သွားရင် စကားလက် ဘယ်လို နေရမလဲဟင်၊ ဘာလုပ်ရမလဲ’

ရက် ဘတ်တလာက တွေနေသည်။ ညှာတာသည့် အနေဖြင့် လိမ်ပြောခြင်းသည် အမှန် ပြောခြင်းလောက် ရေရှည်တွင်

ညှာတာရာ ရောက်ပါမည်လောဟု စဉ်းစား နေပုံရ၏။ ထို့နောက် ပခုံးကို တွန့်လိုက်သည်။

‘ဒီမှာ စကားလက်၊ ကျုပ်ဟာ ကျိုးပဲ့ ပျက်စီးသွားတဲ့ အပိုင်းအစ ကလေးတွေကို တစ်စစီလိုက်ကောက်ပြီး စိတ်ရှည်

လက်ရှည် ပြန်ဆက်တတ်တဲ့ လူမျိုး မဟုတ်ဘူး၊ ဒီလို ပြန်ဆက်ပြီး ပြန်ဆက်ထားတဲ့ ပစ္စည်းဟာ အသစ်လို အကောင်း ပကတိ ဖြစ်တယ်လို့ ကျုပ် ကိုယ် ကျုပ် မညာချင်ဘူး၊ ကျိုးပဲ့သွားတာ ကျိုးပဲ့သွားတာပဲ၊ ပြန်ဆက်စပ်ပြီး ပြင်ထားတာထက် သူ့နဂို ကျိုးပဲ့ပြီးသားကို ဒီအတိုင်း ထားတာက ကောင်းတယ်လို့ ထင်တယ်၊ တစ်ခုတော့ ရှိတယ်ပေါ့လေ၊ ကျုပ်က ငယ်ငယ်ရွယ်ရွယ် ဆိုရင်လည်း-’

ရက် ဘတ်တလာက သက်ပြင်းချသည်။



‘ဒါပေမယ့် ကျုပ် အရွယ် ထောက်လာပြီ၊ သင်ပုန်း ချေတာတို့၊ အစက ပြန်စတာတို့ ဆိုတဲ့ စိတ်ကူး ယဉ်တာမျိုးတွေကို

ကျုပ် မယုံတော့ဘူး၊ အဖြစ်မှန်တွေကို မမြင်ချင်ယောင်ပြုပြီး ထာဝစဉ် လိမ်နေရတာမျိုးကို ကျုပ် မလုပ်ချင်တော့ဘူး၊ ကျုပ် အရွယ်ဟာ ဒီလို လုပ်ဖို့ အရွယ် မဟုတ်တော့ဘူး၊ ကျုပ် မင်းနှင့် အတူ ဆက်နေပြီး ချစ်သလို ဟန်မျိုးနှင့် မင်းကို မလိမ်ချင်ဘူး၊ ကျုပ်ကိုယ် ကျုပ်လည်း မလိမ်ချင်ဘူး၊ ရှေ့မှာ ဆက်လိမ်ဖို့ မပြောနှင့်၊ ခုတောင် ကျုပ် မင်းကို မလိမ်နိုင်ဘူး၊ မင်း ဘာတွေ လုပ်တယ်၊ ဘယ်ကို သွားတယ် ဆိုတာတွေကို ကျုပ် အရေး ထားချင်ပါတယ်၊ စိတ်ဝင်စားချင်ပါတယ်၊ ဒါပေမယ့် စိတ်ဝင်စားလို့ မရတော့ဘူး’

ရက် ဘတ်တလာက ပင့်သက် တစ်ချက် ရှိုက်၍ ခပ်တိုးတိုး ပြောသည်။



‘ကျုပ် စကားထဲမှာ ကျိန်ဆဲတဲ့ စကားတွေတော့ မပါပါဘူးနော် ကလေးမ’



အပေါ်ထပ်သို့ တက်သွားသည့် ရက် ဘတ်တလာကို စကားလက် တိတ်ဆိတ်စွာ ငေးကြည့်နေသည်။ လည်ချောင်းတွင်

တစ်ဆို့လျက် ရှိ၏။ အပေါ်ထပ် ခန်းမဆောင်တွင် တဖြည်းဖြည်း ဝေး၍ ပျောက်သွားသည့် ရက် ဘတ်တလာ၏ ခြေသံနှင့်

563

အတူ လောကကြီးတွင် သူ့အဖို့ အရေးကြီးသည့် နောက်ဆုံး အရာ တစ်ခုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။ အေးအေး ဆေးဆေး စဉ်းစားပြီးမှ ဆုံးဖြတ်သည့် ရက် ဘတ်တလာ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် တောင်းပန်၍လည်း ရတော့မည် မဟုတ်။ ကျိုးကြောင်းဖြင့် နားချ၍လည်း ရတော့မည် မဟုတ်။ ဤသည်ကို စကားလက် သိပြီ။ ရက် ဘတ်တလာသည် အချို့ စကားများကို ခပ်ပေါ့ပေါ့ ပြောသွားသည့်တိုင် သူ ပြောသည့် စကားအတိုင်း တကယ် လုပ်တော့မည်။ ဤသည်ကိုလည်း စကားလက် သိပြီ။

အက်ရှလေထံတွင် ရှာကြည့်ခဲ့သော်လည်း စကားလက် မတွေ့ခဲ့သည့် နောက်ပြန် မဆုတ်ခြင်း၊ အလျှော့ မပေးခြင်း၊

ပြတ်သား ခိုင်မာခြင်း စသည့် အရည်အချင်းများကို ရက် ဘတ်တလာထံတွင် တွေ့နေရပြီ။ ထို့ကြောင့် မသွားရန် ရက် ဘတ်တလာကို ဖျောင်းဖျ၍လည်း မရ၊ တောင်းပန်၍လည်း မရ။ ဤသည်ကို စကားလက် သိပြီ။

သူ ချစ်ခဲ့သည့် ယောက်ျား နှစ်ယောက်ကို စကားလက် နားမလည်ခဲ့။ ထို့ကြောင့် နှစ်ယောက်စလံးကို ဆုံးရှုံးခဲ့ရပြီ။

အကယ်၍သာ အက်ရှလေကို သူ နားလည်ခဲ့လျှင် အက်ရှလေကို မည်သည့် အခါမျှ သူ ချစ်ခဲ့မိမည် မဟုတ်။ အလားတူပင် ရက် ဘတ်တလာကို သူ နားလည်ခဲ့လျှင် ရက် ဘတ်တလာကို မည်သည့် အခါမျှ သူ ဆုံးရှုံးမည် မဟုတ်။

စကားလက် ခပ်ရေးရေး သဘောပေါက် လာသည်။ လောကကြီးတွင် သူ နားလည်ခဲ့သူမှ ရှိပါသေး၏လော ဟူ၍ပင်

စကားလက် သံသယ ရှိချင်သည်။

သူ့စိတ်သည် သနားစဖွယ် ထုံထိုင်းနေသည်။ အသားမျှင်များသည် ခွဲစိတ် ဆရာဝန်၏ ဓားကြောင့် ပထမတွင်

လန့်ဖျပ် ထုံထိုင်း သွားကြကာ နောက်မှ နာကျင်ခြင်း ဖြစ်ရသည့် နည်းတူ စကားလက်၏ စိတ်မှ ထုံထိုင်းမှုသည်လည်း မကြာမီ နာကျင်ခြင်းသို့ ရောက်ရတော့မည်ကို အတွေ့အကြုံ အရ စကားလက် သိခဲ့ပြီ။

‘ဒါတွေကိုငါ ခု မစဉ်းစားသေးဘူး’ စကားလက် သူ့ ဂါထာဟောင်းကို ပြန်၍ ရွတ်ရင်း တွေးသည်။ ‘သူ့ကို ဆုံးရှုံးရတာကို

ခု စဉ်းစားရင် ငါ ရူးလိမ့်မယ်၊ မနက်ဖြန်ကျမှ စဉ်းစားတော့မယ်’

‘ဒါပေမယ့် ငါ သူ့ကို သွားခွင့် မပြုနိုင်ဘူး၊ သူ မသွားအောင် လုပ်နိုင်တဲ့ နည်းလမ်း တစ်ခုတော့ ရှိရမယ်’



စကားလက် နှလုံးသားက သူ့ ဂါထာကို ဘေးဖယ်၍ စောဒကတက်သည်။



‘ဒါတွေကို ငါ ခု မစဉ်းစားသေးဘူး’ စကားလက်က သူ့ စိတ်ကို မျိုသိပ်ကာ အသံ ထွက်၍ ရွတ်သည်။ ‘မနက်ဖြန်ကျရင်

အိမ်ကို ပြန်တော့မယ်၊ မြိုင်သာယာကို ပြန်တော့မယ်’

တစ်ခါက အဆုံးအရှုံး အလန့်တကြားဖြင့် မြိုင်သာယာသို့ စကားလက် ပြန်ခဲ့ဖူးသည်။ မြိုင်သာယာ၏ အေးချမ်းသည့်

ရိပ်မြုံတွင် ခိုလှုံပြီးနောက် ခွန်အား ပြည့်ကာ လူ့ဘဝကို အနိုင်ရအောင် တိုက်ခဲ့ဖူးသည်။

သူ တစ်ခါက လုပ်ခဲ့သည့် နည်းတူ ယခုလည်း ဘာကြောင့် မလုပ်နိုင်ရမည်နည်း။ မည်သို့ လုပ်မည်နည်း။ ဤသည်ကို

သူ မသိ။ ယခု မစဉ်းစားချင်။ ယခု သူ လိုချင်သည်မှာ နားနေရာ နေရာ တစ်ခု၊ သူ့ဒဏ်ရာများကို လျှာဖြင့် လျက်ရန် တိတ်ဆိတ် ငြိမ်သက်သည့် ချောင်တစ်ချောင်၊ သူ့ရှေ့ အစီအစဉ်ကို စီမံကိန်း ချရန် ရိပ်မြုံ တစ်ခုသာ ဖြစ်၏။ ထိုအရာကိုသာ

564

သူ လိုချင်သည်။

စကားလက် မြိုင်သာယာကို တွေးကြည့်သည်။ ထိုသည်နှင့် တစ်ပြိုင်နက် သူ့နှလုံးပေါ်တွင် နူးညံ့ အေးမြသည့်

လက်တစ်ဖက် လာတင်သည့်နှယ် ခံစားရသည်။ နီမောင်းသည့် နွေနှောင်း သစ်ရွက်ရော်ရီများ ကြားမှ သူ့ကို ဆီးကြိုနေသည့် အိမ်ဖြူဖြူကြီးကို မြင်ရတော့မည်။ ကောင်းချီး မင်္ဂလာ တစ်ပါးကဲ့သို့ သူ့ကို ရစ်ပတ် ထွေးခြုံပေးမည်။ ကျေးလက် ဆည်းဆာ၏ ရိပ်ငြိမ်မှုကို ထိတွေ့ရတော့မည်။ ဝါပွင့် ဖြူဖြူဖွေးဖွေးတို့ ပြောက်တိ ပြောက်ကျား စွက်နေသည့် တောမြမြ စိမ်းစိမ်းတို့ အပေါ်သို့ နှင်းစက်တို့ ကျသံကို ကြားရတော့မည်။ မြေနီရဲရဲမှ နီလွင်လွင် အရောင်နှင့် တောင်ကုန်းပေါ်မှ ထင်းရှူးပင်များ၏ ညိုမှိုင်းမှိုင်း အလှကို မြင်ရတော့မည်။

စကားလက်

စိတ်သက်သာရာ

ရသွားသည်။

မြိုင်သာယာ၏

ပန်းချီကားကို

မြင်ယောင်၍

အားရှိသွားသည်။

စိတ်ထိခိုက်ခြင်း၊ နောင်တရခြင်းတို့သည် ပျောက်ကွယ်သွားကြ၏။ မတ်တတ် ရပ်လျက် အသေးစိတ် ရှုခင်းကို မှန်းကြည့်သည်။

မြိုင်သာယာ အဝင် လမ်းမမှ တောင်တမာပင်တန်းများ၊ စံပယ်ပန်းရုံများ၊ ဖြူဖွေးသည့် အုတ်တိုက် နောက်ခံပေါ်မှ

အစိမ်းရင့်ရင့် တိုက်ကပ်နွယ်များ၊ တဖျပ်ဖျပ် လွင့်နေသည့် ခန်းဆီးစများကိုမြင်ယောင်သည်။ ကြီးဒေါ်နှင့်လည်း တွေ့ရတော့မည်။

စကားလက် ကြီးဒေါ်ကို ရုတ်တရက် လွမ်းလာသည်။ သူ ငယ်ငယ်က လွမ်းပုံမျိုးဖြင့် ကြီးဒေါ်၏ ရင်ခွင် ကျယ်ကျယ်ကြီးကို

လွမ်းသည်။ ကြီးဒေါ်၏ ရင်ခွင် ကျယ်ကျယ်ကြီးတွင် ခေါင်းမှီ၍ အမော ဖြေမည်။ ကြီးဒေါ်၏ အကြောပြိုင်းပြိုင်း လက်မောင်း မည်းမည်းကြီးများက သူ့ ဆံပင်ကို ပွတ်သပ် ပေးလိမ့်မည်။ ကြီးဒေါ်သည် ခေတ်ဟောင်း၏ နောက်ဆုံး ကွင်းဆက် ဖြစ်သည်။

မြိုင်သာယာ တစ်ဝိုက်က လူထုများသည် မည်သည့် အခါမျှ အရှုံး မပေးကြ။ ဆုံးရှုံးမှုနှင့် ရင်ဆိုင်တိုး နေသည့်တိုင်

ဆုံးရှုံးမှုကို လက်မခံကြ။ ဤ လူထု၏ စိတ်ဓာတ်များဖြင့် စကားလက် ခေါင်းကို မော့သည်။ ရက် ဘတ်တလာကို သူ့ထံ ပြန်ရောက်အောင် လုပ်ရမည်။ လုပ်နိုင်သည်ဟုလည်း သူ ယုံသည်။ သိမ်းသွင်းနိုင်အောင် လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် သူ မသိမ်းသွင်းနိုင်သည့် ယောက်ျား ဟူ၍ တစ်ယောက်မျှ မရှိ စဖူး။

‘အို၊ ဒါတွေကို မနက်ဖြန် မြိုင်သာယာ ရောက်မှ စဉ်းစားတော့မယ်၊ အဲဒီ အခါကျရင် ငါလည်း ခံနိုင်ရည် ရှိလာတော့မှာပါ၊

သူ့ကို ပြန်ပြီး သိမ်းသွင်းနိုင်တဲ့ နည်းလမ်းတွေကို မနက်ဖြန်ကျမှ စဉ်းစားတော့မယ်၊ တကယ်တော့ မနက်ဖြန်ဟာ နေ့သစ် တစ်နေ့ပဲ မဟုတ်လား’



ပြီး။

565

Lay Yuu Thone Thone(2).pdf

Page 3 of 565. 3. ခွင့်ပြုချက်. စာမူ - ၆၆၆/၉၆ (၁၁). မျက်နှာဖုံး. - ၃၅၉/၉၉ (၆၆). ထုတ်ဝေသူ. မောင်ညွန့်လှိုင်(၀၁၆၄၁).

2MB Sizes 0 Downloads 186 Views

Recommend Documents

Lay Yuu Thone Thone(1).pdf
536. Loading… Page 1 of 536. 1. Typing - polay1011. alaster. thanthannaing. Proof & PDF - rhythm. wannar. Page 1 of 536. Page 2 of 536. 2. မြသန်းတင့်.

Lay low.pdf
... Darren Bailey (Août 2015). Descriptions : 32 temps, 4 murs, line-dance country, novices – 1 TAG 1 RESTART. Musique : " Lay Low " de Josh Turner. Départ : 4 ...

Irregular Verbs: Lay and Lie -- Rules
Using the verbs lay and lie correctly is a big challenge. Without a doubt, they are the two most difficult irregular verbs. The problem is that when we speak, we ...

Lay Me Down sam.pdf
Cloud uke lay me down samsmith ukulele chords. Sam. smith lay me down youtube. Samsmith lay me down lyrics letra subtitulada español. Lay me. down todd ...

as i lay dying.pdf
Page 1 of 7. Student Hint: This book report is provided to give you a basic idea of what is expected for the PRT. 3310 Book/Video Report Assignment. You may ...

Irregular Verbs: Lay and Lie -- Rules
During a commercial break, Quentin laid his sleeping son Jeremy on the bed ... Jack always lays the cordless telephone where no one can find it; only the.

Lay Ministry Winter Calendar 11-17-14.pdf
Page 1 of 2. Mass Ministry Dec Jan Feb. Sat 5:00 PM Lector Kristina Bernskoetter Judy Hudson Kay Scott. Sat 5:00 PM Lector Michael Berendzen Millie Aulbur Mary Beth Hoey. Sat 5:00 PM Sacristan Leslie Jeffries Carolyn Even Michael Berendzen. Sat 5:00

(5th Edition) By David C. Lay, Steven R.
Jan 6, 2015 - Mathematical Society, the Canadian Mathematical Society, the International Linear .... Edition) By David C. Lay, Steven R. Lay, Judi J. McDonald by online and after ... including customized versions for individual schools, and ...

lay me down sam smith single.pdf
Loading… Page 1. Whoops! There was a problem loading more pages. Retrying... lay me down sam smith single.pdf. lay me down sam smith single.pdf. Open.

How to lay out a web page with CSS
much easier time browsing pages built with CSS because the code is ... 9. Click once outside the new div to deselect it. A thin black line appears around the div.

Europe and the Nation in Lay discourse in Hungary
processes and secondly as a system of norms that regulate (public) behaviour. Interviewees generally claim that the ..... I primarily associate to Europe as a geographical entity. Although the image of the Union has .... as Germany, France and Hungar

An overview of clinical research the lay of the land.pdf
contraceptive use—and follows women for a few years to. measure outcomes—eg, ovarian cancer—then it is deemed. a cohort study. Cohort studies can be either concurrent or. non-concurrent. By contrast, if the analytical study begins. with an outc

pdf-1835\choy-lay-fut-kung-fu-the-dynamic-art-of-fighting-by-koon ...
pdf-1835\choy-lay-fut-kung-fu-the-dynamic-art-of-fighting-by-koon-hung-lee.pdf. pdf-1835\choy-lay-fut-kung-fu-the-dynamic-art-of-fighting-by-koon-hung-lee.pdf.

pdf-0720\a-lay-ministers-guide-to-the-book-of-common-prayer-by ...
... you worthless. It will certainly provide a lot more perks. Page 3 of 6. pdf-0720\a-lay-ministers-guide-to-the-book-of-common-prayer-by-clifford-w-atkinson.pdf.