Typing



1

မြသန်းတင့် လေရူးသုန်သုန် ပထမတွဲ

2


ထုတ်ဝေသူ မောင်ညွန့်လှိုင် (၀၁၆၄၁) စာချစ်သူ စာစဉ် အမှတ် ၄၀၊ ဆရာမှတ်ကြီးလမ်း ရန်ကုန်။

ပုံနှိပ်သူ ဒေါ်တင်တင်ဌေး (၀၅၂၄၀) သင်းလဲ့ဝင်း ပုံနှိပ်တိုက် ၁၊ ဗိုလ်ရာညွန့်လမ်း ဒဂုံ မြို့နယ်၊ ရန်ကုန်။

မျက်နှာဖုံးရိုက် ဒေါ်ရွှေ (၀၂၀၇၉) သုခပုံနှိပ်တိုက် ၁၂၈၊ ၄၆ လမ်း၊ ရန်ကုန်။

မျက်နှာဖုံး ပန်းချီ တင်မောင်မြင့်

3

ပုံနှိပ်ခြင်း အုပ်ရေ ၅၀၀ ဒုတိယ အကြိမ်၊ ၁၉၉၉၊ နိုဝင်ဘာ ပထမ အကြိမ်၊ ၁၉၇၈၊ ဉာဏ်လင်း စာအုပ်တိုက်

တန်ဖိုး ၅၀၀၀ ကျပ်

ဘ၀တက္ကသိုလ် စာပေ

4

မြန်မာပြန်သူ၏ တင်ပြချက် ၁

ပထမအားဖြင့် ဤဝတ္ထု၏ အမည်အကြောင်းကို ကျွန်တော်ပြောလိုပါသည်။

`လေရူးသုန်သုန်’ 

နန္ဒ၏ 

ဝတ္ထုတစ်ပုဒ်မှ အမည် ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီက နန္ဒက အမေရိကန် စာရေးဆရာမ မာဂရက်

မစ်ချယ်၏ 

  ဆိုသည့် အမည်သည် ကျွန်တော်၏ 

Gone With The Wind 

ကိုယ်ပိုင် အမည် မဟုတ်ပါ။ စာရေးဆရာ

  ဝတ္ထုကို လေရူးသုန်သုန် အမည်ဖြင့် မြန်မာ ဇာတ်အိမ်ဖွဲ့၍ ရေးခဲ့ဖူးသည်။ 

သူ့ ဝတ္ထုကို မြန်မာ့အလင်း သတင်းစာတွင် အခန်းဆက် ဝတ္ထုရှည်ကြီး အဖြစ် သုံးလခန့် ရေးခဲ့သည်။ စစ်ပြီးသည့် နောက် ၁၉၅၂ ခုနှစ်လောက်တွင်လည်း ထိုဝတ္ထုကို လုံးချင်းစာအုပ် အဖြစ် ရိုက်နှိပ် ထုတ်ဝေခဲ့ဖူးသည်။ မူရင်း ဝတ္ထုမှာ အမေရိကန် ပြည်တွင်းစစ်ကို နောက်ခံထား၍ ရေးထားသည်။ နန္ဒ၏  မြန်မာ ဇာတ်အိမ် မှီးသည့် ဝတ္ထုတွင်မူ သာယာဝတီ သူပုန်ကြီးကို နောက်ခံထား၍ ရေးထားသည်။ သို့တိုင်အောင် နန္ဒ အမှီးကောင်းသဖြင့် ထိုဝတ္ထုသည် နိုင်ငံခြား ဝတ္ထုဟု မထင်ရ။ တကယ့် မြန်မာ ဝတ္ထုကောင်းကြီး တစ်ပုဒ် ဖြစ်နေသည်။ ကျွန်တော်သည် ငယ်စဉ်က နန္ဒ၏ ဝတ္ထုကို စွဲလမ်းခဲ့ဖူးသည်။ မြန်မာ့အလင်း သတင်းစာကို နေ့စဉ် စောင့်ဖတ်ကာ အဆုံးသတ်ကို မျှော်ရသည်ကလည်း အမော။ ထိုဝတ္ထုထဲက ဇာတ်လိုက် ကိုဘမောင်နှင့် လှနွယ် (?) တို့၏ ဇာတ်လမ်း မည်သို့ မည်ပုံ အဆုံးသတ်မည်ကို သူငယ်ချင်းတွေနှင့် ငြင်းရသည်ကလည်း အကြိမ်ပေါင်း မရေမတွက်နိုင်။

ကြီးလာသည်အထိ နန္ဒ၏ ဝတ္ထုသည် ကျွန်တော့်ရင်ထဲတွင် စွဲကျန်ရစ်ခဲ့သည်။ ယခု ထိုဝတ္ထုကြီးကို မြန်မာပြန်မည်

ပြုသောအခါ အခြားသော အမည်များကို ကျွန်တော် စဉ်းစားပါသည်။ သို့ရာတွင်  ကျွန်တော့် စိတ်ကြိုက် တစ်ခုမျှ မတွေ့ပါ။ ထို့ကြောင့် ကျွန်တော် ငယ်ငယ်က စွဲလမ်းခဲ့သော နန္ဒ၏  ဝတ္ထုကို ဂုဏ်ပြုသောအားဖြင့် ထိုဝတ္ထု၏  အမည်ကို ယူလိုက်ပါသည်။ စာဖတ် ပရိသတ်နှင့် တကွ  စာရေးသူ နန္ဒတို့က ဤအတွက် ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

ဒုတိယ ပြောလိုသည့် အချက်မှာ `လေရူးသုန်သုန်’   ဝတ္ထုသည် မြန်မာ စာဖတ် ပရိသတ် အဖို့ အသစ်အဆန်းမဟုတ်

ဆိုသည့် အချက် ဖြစ်သည်။ စစ်မဖြစ်မီတုန်းက နန္ဒက မြန်မာ ဇာတ်အိမ်ဖွဲ့၍ ရေးခဲ့ဖူးသည်။ ၁၉၅ဝ ခု တစ်ဝိုက်တွင် ကလပ် ဂေဘယ်၊ လက်စလီ ဟောင်းဝါ့ဒ်နှင့် ဗီဗီယန်လေးတို့ ပါဝင်သည့် ရုပ်ရှင်လည်း ရန်ကုန်တွင် ပြခဲ့ဖူးသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကျော်အတွင်းကလည်း တင်ထွေးက `မိုးနှင့်လေနှင့်မုန်တိုင်းနှင့်’ ဟူသော အမည်ဖြင့် မြန်မာလို အကျဉ်း ပြန်ဆို ထုတ်ဝေခဲ့ဖူးသည်။ ထို့ကြောင့် `လေရူးသုန်သုန်’ ဝတ္ထု ဇာတ်လမ်းသည် မြန်မာ စာဖတ် ပရိသတ်နှင့် ရင်းနှီးပြီးသား ဇာတ်လမ်း ဖြစ်ပါသည်။           `လေရူးသုန်သုန်’   ဝတ္ထုကြီးကို ကျွန်တော် မြန်မာ ဘာသာဖြင့် အပြည့်အစုံ ပြန်ချင်နေသည်မှာ ကြာပါပြီ။ ဝတ္ထု တစ်ပုဒ် အနေဖြင့် သဘောကျသည့် အတွက်ကြောင့် တစ်ကြောင်း၊ မြန်မာ ဘာသာဖြင့် ရှိထိုက်သည့် ခေတ်သစ် ဂန္ထဝင် ဝတ္ထု တစ်ပုဒ် ဖြစ်သည့် အတွက်ကြောင့် တစ်ကြောင်း၊ မြန်မာ ပြန်လိုခြင်း ဖြစ်ပါသည်။ သို့ရာတွင် အကြောင်းကြောင်းကြောင့် တော်တော်နှင့်

5

မပြန်ဖြစ်ခဲ့။ မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့သည်။

 ၁၉၇၇ ခု မိုးရာသီ တစ်နေ့တွင် ထို ဝတ္ထုကြီးကို ကျွန်တော် တစ်ခေါက် ပြန်ဖတ်မိသည်။ ထိုအခါတွင် ထိုဆန္ဒသည်

ပြန်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်မူ အချိန် မဆွဲဖြစ်တာ့ဘဲ ချက်ချင်း ကောက်ပြန်ဖြစ် သွားသည်။ စိတ်ပါနေတုန်း ဖြစ်သည့် အတွက် သိပ် မကြာလိုက်ပါ။ သုံးလ ကျော်ကျော်လောက် အတွင်း ပြီးသွားပါသည်။ မြန်မာ ပြန်ရာတွင် တွေ့ရသည့် အခက်အခဲမှာ သစ်ပင်များ၊ ပန်းများနှင့် ပတ်သက်သည့် ဝေါဟာရများ အမည်များ ဖြစ်သည်။ ဝတ္ထု မူရင်းတွင် ပါသည့် သစ်ပင်များ၊ ပန်းပင်များ၏  အမည်များမှာ အမေရိကန် တောင်ပိုင်း ပြည်နယ်များတွင် ရှိသည့် သစ်ပင်များ ပန်းပင်များ၏ အမည်များ ဖြစ်သည်။ အချို့ အပင်များမှာ ကျွန်တော်တို့ဆီတွင် ရှိပြီး အချို့ အပင်များမှာ ကျွန်တော်တို့ဆီတွင် မရှိကြ။ ရုက္ခဗေဒ အဘိဓာန်များတွင် လိုက်ရှာကြည့်သည့် အခါ၌ မြန်မာနှင့် ဆင်ဆင် တူသော ပန်းများကို လည်းကောင်း၊ မျိုးစိတ်ချင်း မတူသော်လည်း မျိုးရင်းချင်း တူသည့် ပန်းများ အပင်များကို လည်းကောင်း သွားတွေ့သည်။ ထို့ကြောင့် ထို အဘိဓာန်များက ပေးသော မျိုးရင်းချင်း တူနေသည် ဆိုလျှင် မျိုးစိတ်ချင်း မတူသည့်တိုင် နီးစပ်ရာ အမည်ကို ကျွန်တော် ယူပါသည်။ ကွဲလွဲချက် မှားယွင်းချက် ရှိသည် ဆိုလျှင် ကျွန်တော့် တာဝန်သာ ဖြစ်သည်။ ၂



နောက် ပြောလိုသည့် အချက်မှာ မူရင်း `လေရူးသုန်သုန်’   ဝတ္ထု အကြောင်း ဖြစ်သည်။ `လေရူးသုန်သုန်’   ဝတ္ထုသည်

အမေရိကန် စာရေးဆရာမ မာဂရက် မစ်ချယ်၏ ဝတ္ထု ဖြစ်သည်။ သူ၏ တစ်အုပ်တည်းသော စာအုပ်လည်း ဖြစ်သည်။ မာဂရက် မစ်ချယ်သည် ထိုဝတ္ထုကြီးကို ပုံနှိပ် ထုတ်ဝေရန်လည်း ရည်ရွယ်ချက် မရှိ။ ရေးပြီး သိမ်းဆည်းထားခဲ့သည်။ တစ်နေ့တွင် သူ့ မိတ်ဆွေ ထုတ်ဝေသူ တစ်ယောက်နှင့် စကားစပ်မိသည်တွင် ထုတ်ဝေသူက သူ့ဝတ္ထုကို ဖတ်ကြည့်ရန် တောင်းသည်။ မာဂရက် မစ်ချယ်က မပေးချင်။ သူ့ဝတ္ထုသည် အဆင့်အတန်း မီမည်ဟု မထင်သဖြင့် မပေးဟု ငြင်းသည်။ ထုတ်ဝေသူက အတင်း တောင်းသဖြင့် နောက်ဆုံးတွင် ထုတ်ပေးလိုက်ရသည်။ ရက် အနည်းငယ် ကြာသည့် အခါတွင် သူ့ ဝတ္ထုသည်  အလွန် ကောင်းသည့် ဝတ္ထု တစ်ပုဒ် ဖြစ်ကြောင်း၊ ထို့ကြောင့် ရိုက်နှိပ် ထုတ်ဝေရန် စီစဉ်နေကြောင်းဖြင့် အကြောင်း ပြန်သည်။ ထိုဝတ္ထု ထွက်လာသည့် အခါတွင် ဝတ္ထုသည် မျှော်လင့်သည်ထက် အောင်မြင်သွားသည်။ အကြိမ်ပေါင်း များစွာ ရိုက်နှိပ်ခဲ့ရသည်။ ဘာသာပေါင်း များစွာသို့ ပြန်ဆိုခဲ့ရသည်။        ရုပ်ရှင် ရိုက်ရာတွင် ထိုရုပ်ရှင်သည် အော်စကာ ၁ဝ ဆု ရခဲ့သည်။ ဘာလင် မြို့တော်တွင် သုံးနှစ် ဆက်တိုက် ပြသဖြင့် ရုပ်ရှင်ရုံ အလုပ်သမားများက သပိတ်မှောက်သည် အထိ ဖြစ်ခဲ့သည်။ ရုပ်ရှင် ရိုက်ပြီးသည့်နောက် အနှစ် လေးဆယ် အတွင်း ကမ္ဘာပေါ်တွင် ထိုရုပ်ရှင် မပြသည့် ရက် ဟူ၍ တစ်ရက်မျှ မရှိသေး။ ကမ္ဘာ့ တစ်နေရာရာတွင် အမြဲ ပြနေရသည် ဟု ရုပ်ရှင် စာစောင်များက ရေးကြသည်။

မာဂရက် မစ်ချယ်မှာ ၁၉၄၉ ခုနှစ်က ကွယ်လွန်ခဲ့သည်။ သူ မကွယ်လွန်မီတွင် `လေရူးသုန်သုန်’   ကို ဆက်လက်

ရေးရန် စာဖတ် ပရိသတ်များက တိုက်တွန်းကြသည်။ သို့ရာတွင် မရေးဖြစ်။ သူ ကွယ်လွန်ပြီး နောက်တွင်လည်း ထိုဝတ္ထုကို ဆက်ရေးခွင့် ပြုရန် စာရေးဆရာများက မာဂရက် မစ်ချယ်၏  ဆွေမျိုးများထံ အခွင့် တောင်းကြသည်။ သို့ရာတွင် ဆွေမျိုးများက ဆက်၍ ရေးခွင့် မပေးကြ။ ရုပ်ရှင် ကုမ္ပဏီများကလည်း သူတို့ဘာသာ ဇာတ်လမ်း ဆင်၍ ထိုဝတ္ထုကို ရုပ်ရှင် ဆက်ရိုက်ခွင့်

6

တောင်းကြသည်။ သို့ရာတွင် ဆွေမျိုးများက ခွင့်မပြုခဲ့ကြ။

၁၉၇၇ ခုနှစ်တွင်မူ မာဂရက် မစ်ချယ်၏ ဦးလေးတော်သူ တစ်ဦးက ထိုဝတ္ထုကို ဆက်ရေးရန် စာရေးဆရာမ တစ်ဦးကို

ခွင့်ပြုလိုက်သည်။ နောက်ရေးမည့် ဝတ္ထု အမည်မှာ `လေရူးသုန်သုန်၏ အဆက်’ (Continuation of The Gone With The Wind) ဟူ၍ ဖြစ်သည်။ ထိုဝတ္ထုကို မကြာမီတွင် အမေရိကန်ပြည်၌ ပုံနှိပ်မည်ဟု ခန့်မှန်းရသည်။

`လေရူးသုန်သုန်’ ဝတ္ထုကြီးသည် အမေရိကန် ပြည်တွင်းစစ်ကို နောက်ခံ ပြုထားသည့် လူမှုရေးနှင့် နိုင်ငံရေး ဝတ္ထုကြီး

ဖြစ်သည်။ အမေရိကန် ပြည်သူများသည် ဗြိတိသျှ ကိုလိုနီဝါဒသမားတို့ အောက်မှ လက်နက်ကိုင်၍ တော်လှန်ခဲ့ကြသည်။ သမိုင်းတွင် ထိုတော်လှန်ရေးကို အမေရိကန် လွတ်လပ်ရေးစစ်ပွဲဟု ခေါ်ကြသော်လည်း စင်စစ် ထိုစစ်ပွဲသည် အမေရိကန် ပြည်သူတို့၏ အမျိုးသား လွတ်လပ်ရေး တော်လှန်ရေးကြီး တစ်ရပ်သာ ဖြစ်သည်။ အမေရိကန် တော်လှန်ရေးကြီးသည် အရင်းရှင် ကုန်လုပ်စွမ်းအားစုများကို ယူဆောင် လာခဲ့ပြီးနောက် မြေရှင် ပဒေသရာဇ် ကုန်လုပ် ဆက်ဆံရေးဟောင်းကို ဖျက်ဆီးခဲ့သည်။

တစ်နည်းပြောရလျှင်

အမေရိကန်

တော်လှန်ရေးကြီးသည်

အရင်းရှင်

တော်လှန်ရေး

ဖြစ်သည်။

လူမည်းများအား ကျွန်ကုန် ကူးသည့်စနစ်ကို ပယ်ဖျက်ကာ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထူထောင်ပေးခဲ့သည်။ ကုန်သွယ်ရေးတွင် လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို အားပေးခဲ့သည်။ စိုက်ပျိုးရေးတွင် စက်မှု တပ်ဆင်ခဲ့သည်။ နိုင်ငံရေးတွင် ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်သည့် စနစ်ကို ကျင့်သုံးခဲ့ပြီး သမ္မတဖြင့် အုပ်ချုပ်သော ပြည်ထောင်စု စနစ်ကို ထူထောင်ခဲ့သည်။ ဤသည်တို့နှင့် အတူ လူမှုရေး ကျင့်ဝတ်များ၊ ထုံးစံ ဓလေ့များ၊ အတွေးအခေါ်များလည်း ပြောင်းလဲ လာခဲ့သည်။

အမေရိကန် မြောက်ပိုင်းတွင် သမ္မတ လင်ကွန်း တက်လာသည့်အခါတွင် ကျွန်ကုန်ကူးသည့် စနစ်နှင့် မြေရှင် စနစ်ကို

ဖျက်သိမ်းလိုက်သည်။ ဤတွင် မြေရှင်များ ကြီးစိုးသည့် အမေရိကန် တောင်ပိုင်း ပြည်နယ် ၁၁ နယ်တို့က အမေရိကန် ပြည်ထောင်စုမှ ခွဲထွက်ရန် ပုန်ကန်ကြသည်။ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကျွန်ကုန်ကူးသည့် စနစ် ဖျက်သိမ်းမှု၊ မြေရှင် စနစ်ကို ဖျက်သိမ်းရေး စသည့် မြောက်ပိုင်း၏ အယူအဆများကို ဆန့်ကျင်ကာ တောင်ပိုင်းသားတို့က လက်နက်ကိုင်၍ ပြည်ထောင်စု အစိုးရကို တိုက်ကြသည်။ သို့ဖြင့် အမေရိကန် မြောက်ပိုင်းနှင့် တောင်ပိုင်း ပြည်နယ်များသည် ပြည်တွင်းစစ် ဖြစ်လာခဲ့ကြသည်။ အမေရိကန် ပြည်တွင်းစစ်သည် ပေါ်ထွန်းစ အရင်းရှင် စနစ်ကို ကိုယ်စားပြုသည့် မြောက်ပိုင်းနှင့် မြေရှင် ပဒေသရာဇ် စနစ်ကို ဆက်လက် ထိန်းသိမ်းထားလိုသည့် တောင်ပိုင်းတို့ ဖြစ်ကြသည့် ပြည်တွင်းစစ်ပွဲ ဖြစ်သည်။ တစ်နည်း ပြောရလျှင် ပေါ်ထွန်းစ အရင်းရှင် စနစ်နှင့် ချုပ်ငြိမ်းနေသည့် ပဒေသရာဇ် စနစ်တို့ တိုက်ကြသည့် စစ်ပွဲ ဖြစ်သည်။

`လေရူးသုန်သုန်’ ဝတ္ထုကြီးသည် ဤသမိုင်း နောက်ခံတွင် ရေးထားသည့် ဝတ္ထုကြီး ဖြစ်သည်။ `လေရူးသုန်သုန်’

ဝတ္ထုကြီးထဲမှ ဇာတ်ဆောင် မင်းသား ရက် ဘတ်တလာသည် လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်လိုသည့် မှောင်ခို ကုန်သည် တစ်ယောက် ဖြစ်သည်။ တောင်ပိုင်းက ပဒေသရာဇ် စနစ်ကြီး ကျဆုံး ပျက်စီး နေသည်ကို ကြည့်၍ ဟားတိုက် ရယ်မော နေသူ ဖြစ်သည်။ ပဒေသရာဇ် စနစ်၏ လူမှုရေး အစဉ်အလာများ၊ ထုံးစံဓလေ့များကို ပြောင်လှောင်သူ ဖြစ်သည်။

ပဒေသရာဇ် စနစ်က အထွတ်အမြတ် ထားသော ကျင့်ဝတ်များကို မဲ့ရွဲ့ ချိုးဖောက်သူ ဖြစ်သည်။ ပဒေသရာဇ်

စနစ် အမြင်ဖြင့် ကြည့်လျှင် ကိုယ်ကျင့်တရား မရှိသူ ဖြစ်သည်။ (အရင်းရှင် လူတန်းစား၏ အမြင်ဖြင့် ကြည့်လျှင်မူ သူ့အပြုအမူများသည် ဘာမျှ ကိုယ်ကျင့်တရား ချိုးဖောက်ရာ မရောက်။) ပြည်နယ် ခွဲထွက်ပြီး ပဒေသရာဇ် စနစ်ကို ဆက်လက် ထိန်းသိမ်းလိုသည့် တောင်ပိုင်းသားတို့၏ အရေးတော်ပုံကို အရေးနိမ့်နေသည့် အရေးတော်ပုံဟု ပြက်ရယ်ပြုသူ ဖြစ်သည်။

7



`လေရူးသုန်သုန်’ မှ အဓိက ဇာတ်ဆောင် မင်းသမီး စကားလက် အိုဟာရာကမူ မြေရှင် ပဒေသရာဇ် စနစ်ကို

ဆက်လက် ထိန်းသိမ်းလိုသည်။ ကျွန်ကုန်ကူးသည့် စနစ်ကို ထားချင်သည်။ မြောက်ပိုင်းသားတို့၏ အမူအကျင့်များသည် အောက်တန်း ကျသည်။ ယန်ကီ ဆန်သည်၊ အကျင့်ပျက်သည်ဟု မြင်သည်။

ဤတွင် ရက် ဘတ်တလာ၏ လူ့ စရိုက် အဖွဲ့နှင့် စကားလက် အိုဟာရာတို့၏ စရိုက် အဖွဲ့သည် ပဋိပက္ခ ဖြစ်လာကြသည်။

သူတို့ နှစ်ဦး၏ ပဋိပက္ခသည် ဇာတ်လမ်း၏ ကျောရိုး ဖြစ်သည်။ သူတို့ နှစ်ယောက်၏ လူ့စရိုက် အဖွဲ့ နှစ်ခုသည် ဇာတ်လမ်းတွင် အားပြိုင်နေသည်။ ထို အားပြိုင်မှုသည်ပင် ဇာတ်လမ်း၏ အသက် ဖြစ်သည်ဟု ဆိုချင်တော့သည်။

စကားလက်နှင့် တကွ စကားလက်၏ အဖေ ဂျရယ် အိုဟာရာ၊ စကားလက်၏ အမေ အယ်လင်၊ စကားလက်၏

မိတ်ဆွေ အသိုင်းအဝိုင်းများ အားလုံးသည် `လေရူးသုန်သုန်’ တွင် မြေရှင် ပဒေသရာဇ် စနစ်ကို ကာကွယ်ထိန်းသိမ်းသူများ အဖြစ် စာရေးဆရာက ပြထားသည်။ အများအားဖြင့် ဤဝတ္ထုထဲတွင် ပါဝင်သည့် ဇာတ်ဆောင်များ အားလုံးလောက်သည် အမေရိကန် တောင်ပိုင်းက မြေရှင် စနစ်ကို ကာကွယ်သူ၊ အမေရိကန် ပြည်ထောင်စုမှ ပြည်နယ်များကို ခွဲထွက်လိုသူ၊ ပေါ်ထွန်းလာသည့် ယန်ကီ အရင်းရှင် စနစ်ကို ရွံမုန်းသူ၊ အုပ်ချုပ်ရေး စနစ်သစ်ကို မလိုလားသူများသာ ဖြစ်ကြသည်။ သူတို့ အသိုင်းအဝိုင်းကြီး တစ်ခုလုံးနှင့် ဆန့်ကျင်သူ၊ ဇာတ်လမ်းတွင် ကျန်ဇာတ်ဆောင်များနှင့် စရိုက် သဘာဝ ကွဲလွဲနေသူ၊ မြေရှင် စနစ်ကို ဆန့်ကျင်၍ လွတ်လပ်သည့် ကုန်သွယ်မှုကို သဘောကျသူမှာ အဓိက ဇာတ်ဆောင်တစ်ဦး ဖြစ်သည့် ရက် ဘတ်တလာ တစ်ဦးတည်းသာ ရှိသည်။ သို့ဖြင့် ဇာတ်ဆောင် ရက် ဘတ်တလာသည် ဤဝတ္ထုကြီးထဲတွင် အများနှင့် ခြားနားနေသော သိုးမည်း တစ်ကောင် ဖြစ်နေသည်။ လူ့ အဖွဲ့အစည်းကြီးကို ဆန့်ကျင် အန်တုနေသည့် သူပုန် တစ်ယောက် ဖြစ်နေသည်။ ရက် ဘတ်တလာသည် လူ့ အဖွဲ့အစည်းကြီးကို ဆန့်ကျင် အန်တုနေသည့် သူပုန် တစ်ယောက်ဖြစ်သကဲ့သို့ ဇာတ်ဆောင် အမျိုးသမီး ဖြစ်သည့် စကားလက် အိုဟာရာသည်လည်း သူ့အိမ် ပတ်ဝန်းကျင်၊ မိဘ သြဇာ၊ သူတို့ လူတန်းစား သတ်မှတ်ချက်များကို သူ့နည်းနှင့်သူ ဆန့်ကျင်နေသည့် သူပုန် တစ်ယောက် ဖြစ်နေသည်ကို တွေ့ရသည်။ ဤတစ်ချက်တွင်မူ ရက် ဘတ်တလာနှင့် စကားလက် အိုဟာရာတို့ အသွင် တူသည်ကို တွေ့ရသည်။

တောင်ပိုင်း ပြည်နယ်များသည် သူတို့၏ ရှေး အမေရိကန် အစဉ်အလာများကို ကာကွယ်ကြသည်။ မြောက်ပိုင်း

ပြည်နယ်များကမူ အရင်းရှင် ခေတ်သစ် အစဉ်အလာများကို တည်ထောင် လိုကြသည်။ ထို သမိုင်းရေး ပဋိပက္ခကို စာရေးဆရာက ရက် ဘတ်တလာနှင့် စကားလက် အိုဟာရာတို့တွင် ထင်ဟပ်ပြထားသည်။

နောက်ဆုံးအားဖြင့် ပြောလိုသည်မှာ ဤဝတ္ထုကြီးကို ပုံနှိပ်ရာတွင် ကူညီခဲ့ကြသည့် မိတ်ဆွေများ၊ ဤဝတ္ထုကြီး၏

မျက်နှာဖုံးကို စိတ်အား ထက်သန်စွာ ဆွဲပေးခဲ့ကြသည့် ပန်းချီ ဆရာကြီးများ၊ ဤဝတ္ထုကြီး ရိုက်နှိပ်စဉ် စာမူကြမ်းများကို ဖတ်ရှုပေးသော စာရေးဆရာကြီး ရန်အောင်၊ ဤဝတ္ထုကြီး မြန်မာပြန်ကို ရိုက်နှိပ် ထုတ်ဝေသည့် ဉာဏ်လင်း စာအုပ်တိုက်နှင့် အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ပါကြောင်း ဆိုသည့် အချက် ဖြစ်ပါသည်။ မြသန်းတင့် ၁၃၃၉ ခု၊ တော်သလင်း လဆုတ်၊ ၄ ရက်။ ၁၉၉၇ ခု၊ အောက်တိုဘာလ၊ ၁ ရက်။

8

အပိုင်း တစ်





9





စကားလက် အိုဟာရာသည် အချောအလှကြီး မဟုတ်။ သို့ရာတွင် သူ့ညှို့ဓာတ်ဖြင့် အဖမ်းစားခံရပြီ ဆိုလျှင်မူ

တာလက်တန် အမြွှာ ညီအစ်ကို နှစ်ယောက် ကဲ့သို့ စကားလက် လှသည် မလှသည်ကို မည်သူမျှ သတိ မထားမိကြတော့။ သူ့ မျက်နှာက အထက်တန်းလွှာ ပြင်သစ်နွယ် အမေ၏ နုနယ်သည့် သဏ္ဌာန်နှင့် ခပ်ကြမ်းကြမ်း အိုင်းရစ်နွယ် အဖေ၏ ကြီးခိုင်သည့် အဆက်အပေါက်တို့ အထင်းသား ပေါင်းစပ်ထားသည့် မျက်နှာမျိုး။ သို့တိုင်အောင် သူ့မျက်နှာက ဆွဲငင်အား ကောင်းသည်။ မေးက သွယ်သွယ်။ မေးရိုးက ကားကား။ မျက်လုံးများတွင် အစိမ်းနုရောင် ဖျော့ဖျော့ သမ်းနေသည်။ ညိုလဲ့လဲ့ အရောင်ဆို၍ တစ်စက်မျှ မရှိ။ ရှည်လျားသည့် မျက်ဝန်းပေါ်တွင် ကော့သွယ်သည့် မျက်တောင်များက ဝဲကျနေကြသည်။ နက်မှောင်သည့် မျက်ခုံးထူထူများက ကော့ပျံလျက်။ တတိုင်းမွှေး ပွင့်ဖတ်လို ဖြူဝင်းသည့် အသားပေါ်တွင် ပီပြင် ထင်ရှားလျက် ရှိ၏။ တောင်ပိုင်းသူ အမျိုးသမီးတို့ အလွန် အမြတ်တနိုး ထားကြသည့် အသားအရေ။ ပူပြင်းသည့် ဂျော်ဂျီယာ နေရောင် မထိစေရန် ဦးထုပ်များ၊ မျက်နှာဖုံးများ၊ လက်အိတ်များဖြင့် တယုတယ မွေးထားရသည့် အသားအရေ။

၁၈၆၁ ခု နေခြည် ဝင်းပသည့် ဧပြီလ တစ်ညနေ၌ သူ့အဖေ၏ `မြိုင်သာယာ’ ယာတောက အိမ်ဆင်ဝင်ရိပ်တွင်

စတူးဝပ်နှင့် ဘရင့် အမြွှာ ညီအစ်ကိုနှစ်ဦးနှင့် သူ ထိုင်၍ စကားပြောနေပုံသည် ပန်းချီကား တစ်ချပ်နှယ် ကြည့်ကောင်းနေသည်။ တင်ပါး အောက်ခံ ခွေပေါ်တွင် လှိုင်းကြီးတွန့် တွန့် ချုပ်ထားသည့် ဆယ့်နှစ်ကိုက်ကုန် အစိမ်းပွင့်ရိုက် ပိတ်ပါး ဝတ်စုံသည် အစိမ်းရောင် ခုံနိမ့် ဆိတ်ကလေး သားရေ ဖိနပ်နှင့် ပနံရလျက် ရှိ၏။ ဤဖိနပ်ကို အဖေ အတ္တလန်တာမှ အပြန်တွင် ဝယ်ခဲ့ခြင်း ဖြစ်သည်။ အနီးတစ်ဝိုက်တွင် အသေးဆုံးခါးဟု ဆိုကြသော ဆယ့်ခုနစ်လက်မရှိ သူ့ခါးကျဉ်ကျဉ်တွင် ဤဝတ်စုံသည် လှချင်တိုင်း လှနေသည်။ ခပ်ကျပ်ကျပ် ရင်စည်းက အသက် ဆယ့်ခြောက်နှစ်ရွယ်နှင့် မလိုက်အောင် ဖွံ့သော သူ့ရင်ဖြိုးဖြိုးကို ပို၍ ပေါ်လွင်စေသည်။ ပုံရိုးရိုး ဝတ်စုံ ဖားဖားက ဣနြေ္ဒရသည်။ ဆံပင်ကို သေသပ်စွာ ဖြီးထားပြီး နောက်တွဲ ထုံးထားပုံက တည်ကြည်သည့် အသွင် ဆောင်သည်။ သေးငယ် ဖြူဖွေးသည့် လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်ထားဟန်က ဗိုင်းကောင်း ကျောက်ဖိ သဏ္ဌာန် အပြည့်။ သို့ရာတွင် ထိုဣနြေ္ဒသည် စကားလက်၏ ပင်ကို စိတ်ထားကိုမူ ဖုံးကွယ်နိုင်ခြင်း မရှိ။ တမင် ချိုပြုံး နေရသည့် မျက်နှာပေါ်က မျက်လုံး စိမ်းစိမ်းများသည် မဟုတ်မခံသည့် သဘောကို ဆောင်သည်။ ဇွတ်တရွတ် နိုင်ဟန်ကို ပြသည်။ ဘဝကို ခုံမင် တွယ်တာသည့် အသွင် ရှိသည်။ ယဉ်ကျေး သိမ်မွေ့သည့် အမူအရာနှင့် နည်းနည်းမျှ လိုက်လျောခြင်း မရှိ။ အမူအရာများက မေမေ၏ သာယာ ညင်းပျောင်းသည့် အဆုံးအမနှင့် ကလေး ထိန်းရသည့် ကြီးဒေါ်၏ တင်းကျပ်သည့် စည်းကမ်း အရှိန်အဝါ အောက်က အမူအရာ။ မျက်လုံးများကမူ သူ၏ ကိုယ်ပိုင် မျက်လုံး။

သူ့ဘေး တစ်ဖက်တစ်ချက်တွင် စတူးဝပ်နှင့် ဘရင့်တို့ အမြွှာ ညီအစ်ကိုက ကုလားထိုင် ကိုယ်စီဖြင့် ထိုင်နေကြရင်း

ရယ်လိုက် မောလိုက်ဖြင့် စကားပြောနေကြ၏။ အစိမ်းရောင် မှန်ကူကွက်များမှ နေရောင်ဖြာကျလျက် ရှိသဖြင့် မျက်လုံးများကို မှေးထားကြသည်။ ဒူးဆစ် အထိ မြင်းစီး ဖိနပ်ရှည် စွပ်ထားပြီး ကုန်းနှီး ကြွက်သားများ အပြိုင်းပြိုင်း ထနေသည့် ခြေတံရှည်ရှည်များကို လျော့ရိလျော့ရဲ ချိတ်ထားကြသည်။ အသက် ဆယ့်ကိုးနှစ်၊ အရပ် ခြောက်ပေ နှစ်လက်မစီ၊ အရိုးအဆစ် ကြီးကြီး၊ ကြွက်သား တင်းတင်း၊ နေလောင်ထားသည့် မျက်နှာများနှင့် ညိုညို ဝါဝါ ဆံပင် ကိုယ်စီဖြင့်။ သူတို့ မျက်လုံးများက

10

ရွှင်ပျ မြူးထူးစွာ မည်သူ့ကိုမျှ ထီမထင်သည့် ဟန်။ အပြာရောင် ကုတ်အင်္ကျီ၊ မုံညင်းစေ့ရောင် မြင်းစီး ဒူးကျပ် ဘောင်းဘီ ကိုယ်စီ ဝတ်ထားသဖြင့် ဝါသီးတောင့် နှစ်တောင့်လို ရုတ်တရက် ခွဲ၍ မရချင်။

အပြင်ဘက်တွင် ဝင်လုဆဲ နေခြည်သည် စွေစောင်း ဖြာကျနေသည်။ စိမ်းလွင်သော သစ်ရွက်နောက်ခံတွင်

ဖွေးဖွေး လှုပ်အောင် ပွင့်နေကြသည့် တောင်တမာပွင့်များသည် နေခြည်တွင် ဝင်းလက်လျက် ရှိကြ၏။ အမြွှာ ညီအစ်ကို နှစ်ယောက်၏ မြင်းများကို ဝင်းအဝင် လမ်းဘေးက ချည်တိုင်များတွင် ချည်ထားသည်။ မြင်းကြီးများက အလုံးအဖန် ထွားထွား။ သူတို့သခင်များ၏ ဆံပင်ရောင် မြင်းနီကြီးတွေ။ မြင်းများကြားတွင်မူ အမြွှာ ညီအစ်ကို သွားလေရာ ပါသည့် ကိုယ်လုံး သွယ်သွယ်ကျစ်ကျစ် တောလိုက် ခွေးတစ်အုပ်။ တစ်ကောင့် တစ်ကောင် မဲလျက်။ ခပ်လှမ်းလှမ်းတွင် မျိုးကောင်း မျိုးသန့် ရထားခွေးကြီး တစ်ကောင် ရှေ့လက်များပေါ်တွင် နှုတ်သီးတင်၍ ဝပ်ရင်း သခင် နှစ်ဦး အိမ်အပြန်ကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းလျက် ရှိကြသည်။

တောလိုက်

ခွေးများ၊

မြင်းများနှင့်

အမြွှာ

ညီအစ်ကိုတို့

အကြားတွင်

အပေါင်းအဖော်

သဘောမျှသာမက

ဆွေမျိုးရင်းချာသဖွယ် တူညီချက်လည်း ရှိနေသည်။ ၎င်းတို့ အားလုံး သန်သန်မာမာ။ တစ်ရှူးထိုး လုပ်မည့် ငယ်ငယ်ရွယ်ရွယ် သတ္တဝါတွေချည်း ဖြစ်ကြသည်။ ကျစ်လျစ် သေးသွယ်ဆဲ၊ ကြည့်ကောင်းဆဲ၊ ရွှင်လန်း ဖျတ်လတ်ဆဲ။ စီးသူများကလည်း သူတို့ စီးသည့် မြင်းကြီးများကဲ့သို့ ကြွပ်ဆတ်ကြသည်။ စိတ်မြန်ကြသည်။ အကိုင် မတတ်လျှင် အန္တရာယ် ကြီးသလောက် အကိုင်အတွယ် တတ်လျှင် သဘောကောင်းကြသည်။

ဆင်ဝင်ရိပ်တွင် ထိုင်နေသည့် သူတို့ သုံးယောက် စလုံးသည် ခြေမွေး မီးမလောင်၊ လက်မွေး မီးမလောင်

သက်တောင့်သက်သာ ကြီးပြင်းလာကြသူများ ဖြစ်ကြသည့်တိုင် သူတို့ မျက်နှာများက လေးလံ ထိုင်းမှိုင်းခြင်း မရှိ။ ပျော့ဖတ် နုနယ်ခြင်း မရှိ။ တစ်သက်လုံး လေကောင်း လေသန့်ရရာ ကွင်းပြင်တွင် ကြီးပြင်းလာခဲ့ကြသူ၊ စာအုပ်များထဲက ငြီးငွေ့စရာ အကြောင်းများဖြင့် ခေါင်းရှုပ် မခံကြသူ။ တောသူ တောင်သားများကဲ့သို့ပင် ဖျတ်လတ်ကြသည်။ အားကောင်း မောင်းသန် ရှိကြသည်။ ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်း ကလေတန် ခရိုင်သည် နေရာသစ် ဖြစ်သည်။ သြဂတ်စတာ၊ ဆဗာနာ၊ ချာလက်စတန် စသည်တို့နှင့် ယှဉ်လျှင် ရိုင်းနေသေးသည်။ အနည်ထိုင်၍ ရှေးကျသော တောင်ပိုင်းသားများက ဂျော်ဂျီယာနယ် မြောက်ပိုင်းကို အထင်သေးဟန်ဖြင့် ကြည့်ကြသည့်တိုင် ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်းတွင်မူ ဂန္ထဝင် စာပေတွင် နှံ့စပ်ခြင်း မရှိသည်ကို ရှက်စရာ ကောင်းသည်ဟုလည်း ယူဆခြင်း မပြုကြ။ သူတို့ အရေးတကြီး ထားသည့် ကိစ္စများတွင် နှံ့စပ် ကျွမ်းကျင်လျှင် ထိုလူသည် လူ့အဖိုးတန် ဖြစ်နေပြီ။ သူတို့ အရေးတကြီး ထားသည့် ကိစ္စများမှာလည်း အခြား မဟုတ်။ အထွက် ကောင်းအောင် ဝါကောင်းကောင်း စိုက်တတ်ခြင်း၊ မြင်း ကောင်းကောင်း စီးတတ်ခြင်း၊ သေနတ်ပစ် လက်ဖြောင့်ခြင်း၊ ပေါ့ပါး သွက်လက်စွာ ကတတ်ခြင်း၊ အမျိုးသမီးများကို ဣနြေ္ဒသိက္ခာ ရှိရှိ စောင့်ရှောက်တတ်ခြင်း၊ လူကြီး လူကောင်း တစ်ယောက် သဖွယ် အရက်သောက်တတ်ခြင်း စသည်တို့ ဖြစ်သည်။

ဤနေရာတွင်မူ စတူးဝပ်နှင့် ဘရင့် အမြွှာ ညီအစ်ကိုကို မီသူ ရှိမည်မထင်။ စာအုပ် အဖုံး နှစ်ဖက်ကြားက စာများကို

လေ့လာမှု ညံ့ဖျင်းခြင်း အရာတွင်လည်း သူတို့ အမြွှာ ညီအစ်ကို နှစ်ယောက်ကို မီသူ ရှိမည် မထင်။ သူတို့ မိသားစုသည် ဤအနီးတစ်ဝိုက်တွင် သူတကာထက် မြင်းပိုင်၊ ကျွန်ပိုင် များသည်။ သို့ရာတွင် လူဖြူ ဆင်းရဲသားလောက်မျှ သဒ္ဒါ မနိုင်၊ စာမပိုင်။

11



ထို့ကြောင့်ပင်လျှင် ဧပြီလ ထိုညနေ၌ သူတို့ အမြွှာ ညီအစ်ကို နှစ်ယောက်သည် မြိုင်သာယာ ဆင်ဝင်ရိပ်တွင်

အေးအေးလူလူ ရောက်နေကြခြင်း ဖြစ်သည်။ သူတို့ ညီအစ်ကို နှစ်ယောက်စလုံး ဂျော်ဂျီယာ တက္ကသိုလ်မှ ကျောင်းထုတ် ခံခဲ့ရသည်။ နှစ်နှစ် အတွင်း လေးကြိမ်မြောက် ကျောင်းထုတ် ခံခဲ့ကြရခြင်း ဖြစ်သည်။ သူတို့ ကျောင်းထုတ် ခံရသည့် အခါတွင် အစ်ကိုကြီး နှစ်ယောက်ဖြစ်သည့် တွမ်နှင့် ဘွိုက်တို့ကလည်း ထိုကျောင်းတွင် ဆက်မနေလိုဟု ဆိုကာ ထွက်လာခဲ့ကြသည်။ စတူးဝပ်နှင့် ဘရင့်တို့က သူတို့ ကျောင်းမှ ထုတ်ခံရသည့် ကိစ္စကို ရယ်စရာ သဖွယ် သဘောထားကြသည်။ မနှစ်က ဖာယက်တီဗီးလ်

မိန်းကလေးကျောင်းမှ

ထွက်လာခဲ့ပြီးနောက်

စာတစ်အုပ်ကိုမျှ

စိတ်ပါ

လက်ပါ

မဖတ်ဖူးသည့်

စကားလက်ကလည်း ထိုကိစ္စကို သူတို့ နည်းတူ ပေါ့ပေါ့တန်တန် ယူဆသည်။

`ကိုလေးတို့ နှစ်ယောက်ကတော့ ကျောင်းက ထွက်ရတာကို သိပ်ဂရုစိုက်မှာ မဟုတ်ပါဘူး၊ ကိုလတ်တွမ်ကလည်း

ဒီလိုပဲ နေမှာပါ’ စကားလက်က ပြောသည်။ `ဒါပေမယ့် ကိုကြီး ဘွိုက်ကတော့ သိပ်ဆွေးသွားမှာပဲ၊ သူက သိပ် ပညာသင်ချင်တာ မဟုတ်လား၊ ခုတော့ ကိုလေးတို့ကြောင့် သူ့ခမျာ ဗာဂျီးနီးယား တက္ကသိုလ်ကရော အယ်လာဘားမားနှင့် ကာရိုးလိုင်းနား တက္ကသိုလ်တွေကရော ထွက်ခဲ့ရပြီ၊ ခုလည်း ဂျော်ဂျီယာ တက္ကသိုလ်က ထွက်ရပြန်ပြီ၊ ဒီနှုန်းနှင့်သာ သွားနေရရင်တော့ ကိုကြီးလည်း ဘယ်တော့မှ ဘွဲ့ရတော့မှာ မဟုတ်ဘူး’

`အို အရေးမကြီးပါဘူးကွာ၊ သူ နေချင်တယ် ဆိုရင် ဖာယတ်တီဗီးလ်မှာ ရှေ့နေ သင်တန်း တက်ရင်လည်း ရတာပါပဲ၊

ထွက်ရတော့ကော ဘာဖြစ်သေးလဲ၊ ကိုယ်က မထွက်လည်း စာသင်နှစ် မကုန်ခင် အိမ်ပြန်လာရမှာပဲ’

ဘရင့်က အရေးမကြီးသည့်ဟန် ပြော၏။



`ဘာဖြစ်လို့’



`စစ်ဖြစ်တော့မယ်လေ၊ နေ့ဖြစ်မလား ညဖြစ်မလား တစ်ခုခုပဲ၊ စစ်ဖြစ်ပြီး တိုင်းပြည်ကြီး ဗရုတ်ဗရက် ဖြစ်နေရတဲ့ အထဲ

တို့က ကောလိပ်ကျောင်း တက်နေရဦးမှာလား’

`ဘယ်ကလာ ဖြစ်ရမှာလဲ၊ အဝေးကြီး’ စကားလက်က စိတ်မရှည်ဟန်ဖြင့် ပြောသည်။ `အလကား ပြောနေကြတာပါ၊

ဝါရှင်တန်မှာ ရောက်နေတဲ့ စကားလက်တို့ ဘက်က ကိုယ်စားလှယ်တွေက လင်ကွန်းနှင့် စေ့စပ် ဆွေးနွေးလို့ သဘောတူညီချက် ရပြီတဲ့၊ ပြည်ထောင်စုကြီး ဖွဲ့တော့မယ်တဲ့၊ တလောကတင် အက်ရှလေနှင့် သူ့အဖေက ဖေဖေ့ကို ပြောသွားတယ်၊ ပြီးတော့ ဒီ ယန်ကီတွေဟာ စကားလက်တို့ကို မတိုက်ရဲပါဘူး၊ သတ္တိမှ မရှိတာ၊ ဘယ် စစ်လာတိုက်ရဲပါ့မလဲ၊ စကားလက်တော့ နားရှိလို့သာ ကြားနေရတယ်’

`ဘာလို့ စစ်မဖြစ်ရမှာလဲ’



ညီအစ်ကို နှစ်ယောက်စလုံး အလန့်တကြား အော်လိုက်ကြသည်။ စတူးဝပ်က



`စစ်ကတော့ ဖြစ်မှာပဲ၊ ဟုတ်တယ်၊ ယန်ကီတွေဟာ ကိုလေးတို့ကို ကြောက်ချင် ကြောက်မယ်၊ ဒါပေမယ့် တမြန်နေ့က

ဆွန်တာ ခံတပ်ကို ဗိုလ်ချုပ် ဗျူရီဂါ့က အမြောက်နှင့် ထုတယ်လေ၊ ဒီတော့ ယန်ကီတွေအဖို့ ခံတိုက်မလား၊ ကမ္ဘာ့အလယ်မှာ လူကြောက်တွေ အဖြစ်ခံမလား၊ တစ်ခုခုတော့ ရွေးရတော့မယ်၊ ပြီးတော့ ပြည်ထောင်စုကလည်း’

12



စကားလက်က စိတ်ပျက် ငြီးငွေ့ဟန်ဖြင့် ပါးစပ်ကို ရွဲ့ပြ၏။



`တော်ပြီ၊ စစ်ဆိုတဲ့ စကားလုံးကို ကိုလေးတို့ ဘာသာ ပြောချင် ပြောကြ၊ စကားလက်တော့ နားမထောင်ချင်ဘူး၊

သွားမယ်၊ စစ်ဆိုတဲ့ စကားကို ကြားကို မကြားချင်တော့ဘူး၊ ခွဲထွက်ပါလား၊ ဘာဖြစ်လို့ စစ်တိုက်နေရဦးမှာလဲ၊ ဖေဖေ ဆိုလည်း မနက် အိပ်ရာထကစပြီး အိပ်ရာဝင် အထိ စစ်အကြောင်း ပြောနေတာပဲ၊ အိမ်လာတဲ့ ဧည့်သည်တွေကလည်း တစ်ခါလာ ဆွန်တာ ခံတပ်၊ တစ်ခါလာ ပြည်နယ် အခွင့်အရေး၊ တစ်ခါလာ လင်ကွန်း၊ ကြာတော့ နားကို ငြီးနေတာပဲ၊ ယောက်ျားလေးတွေကလည်း ဒီအကြောင်း၊ ပြည်နယ် တပ်မတော်ဟောင်း အကြောင်းချည်း ပြောနေကြတာပဲ၊ ဒီနှစ် နွေမှာ ဧည့်ခံပွဲတွေကလည်း ပျော်စရာ မကောင်းတော့ဘူး၊ ဘယ် ပျော်စရာ ကောင်းတော့မလဲ၊ ပါတီတွေမှာလည်း ယောက်ျားလေးတွေက ဒါပဲ ပြောနေကြတာကိုး၊ နာတာလူး ပွဲပြီးမှ ပြည်နယ် ခွဲထွက်လို့ တော်သေးတာပေါ့၊ နာတာလူး မတိုင်ခင်ကသာ ပြည်နယ် ခွဲထွက်ရင် နာတာလူး ပွဲတော်လည်း ပျော်စရာ ကောင်းတော့မှာ မဟုတ်ဘူး၊ ဒါပဲနော်၊ စစ် အကြောင်း နောက်ထပ် မပြောကြနှင့်တော့၊ ပြောရင် အိမ်ထဲ ဝင်သွားမှာ သိလား’

စကားလက်၏ အမူအရာက သူ ပြောသည့်အတိုင်း ထသွားတော့မည့် ပုံ။ စကားလက်သည် သူ့အကြောင်းကို

ပြောလျှင်ပြော၊ မပြောလျှင် မည်သည့် စကားဝိုင်းကိုမျှ ကြာကြာ နားမထောင်ချင်။ ပြောမည့်သာ ပြောရသော်လည်း သူ့မျက်နှာက ပြုံးနေသည်။ ပါးချိုင့်ကလေးတွေ အထင်းသား ပေါ်လာကြ၏။ မျက်တောင်ကော့များက လိပ်ပြာ တောင်ပံ ခတ်သလို တဖျပ်ဖျပ် ခတ်နေကြသည်။ အမြွှာ ညီအစ်ကို နှစ်ယောက် ကလည်း စကားလက်၏ အပြောကလေးတွေကြောင့် အပျင်း ပြေကြရသည်။ စကားလက်ကို ငြီးငွေ့အောင် လုပ်မိသည့် အတွက် ပျာပျာသလဲ တောင်းပန်ကြသည်။ သူတို့ စကားကို စိတ်မဝင်စားရကောင်းလောဟု စကားလက်ကို အထင်သေးခြင်း မရှိ။ မသေးရုံမျှမက အထင်ပင် ကြီးလိုက်သေးသည်။ စင်စစ် စစ်ဆိုသည်မှာ မိန်းမတို့၏ အလုပ် မဟုတ်။ ယောက်ျားတို့၏ အလုပ်သာ ဖြစ်သည်။ စကားလက်က စစ်ကို စိတ်မဝင်စားခြင်းသည် မိန်းမပီသသော လက္ခဏာကို ပို၍ ထင်ရှားစေသည်ဟု ထင်ကြသည်။

စကားလက်က ငြီးငွေ့စရာ ကောင်းသည့် အကြောင်းမှ သူတို့ အမြွှာ ညီအစ်ကို နှစ်ယောက်၏ အကြောင်းသို့

စကားလမ်းကြောင်း ပြောင်းသည်။ 

`ကျောင်းက အထုတ် ခံရတော့ ကိုလေးတို့ မေမေက မဆူဘူးလား’



လွန်ခဲ့သော သုံးလက သူတို့ကို ဗာဂျီးနီးယား တက္ကသိုလ်မှ ထုတ်ပစ်၍ အိမ် ပြန်လာစဉ် အမေ ဒေါသူပုန် ထခဲ့ပုံကို

ပြန်၍ အမှတ်ရသည်။

`အင်း ခုထိတော့ ဘာမှ ပြောချိန်မရသေးဘူး၊ ကိုလတ်ကတော့ မေမေ မနိုးခင် မနက် အစောကြီး ကတည်းက

ထွက်သွားပြီ၊ ဖွန်တိန်တို့ ခြံဘက်ကိုတဲ့၊ ကိုလေးတို့ နှစ်ယောက်ကတော့ စကားလက်တို့ ခြံကို လာတာပေါ့’

စတူးဝပ်က ပြောသည်။



`မနေ့ညကကော’



`မနေ့ညက ကံကောင်းသွားတယ်၊ ကိုလေးတို့လည်း အိမ်ပြန်ရောက်ရော ကင်တပ်ကီမှာတုန်းက မေမေ ဝယ်လာတဲ့

13

မြင်းကြီး ရောက်လာလို့ တစ်အိမ်လုံး အလုပ် များသွားကြတယ်၊ မြင်းကြီးက နည်းတဲ့ ကောင်ကြီး မဟုတ်ဘူး၊ စကားလက်တို့ ဖေဖေကို ပြောလိုက်ပါ၊ မြင်းကြီးကို လာကြည့်ပါဦးလို့၊ မြင်းကြီးကို ယူလာတော့ သူ့ မြင်းထိန်းလည်း လက် အကိုက်ခံရတယ်၊ ရထားပေါ်က ချတော့ မေမေ့ ကပ္ပလီ နှစ်ယောက်လည်း အကန် ခံရတယ်၊ ကိုလေးတို့ အိမ်ပြန် မရောက်ခင် မြင်းဇောင်းထဲ သွင်းတုန်းကလည်း အကုန် လျှောက်ကန် လို့တဲ့၊ ဇောင်းထဲက မေမေ့ရဲ့ စထရော်ဘယ်ရီ ဆိုတဲ့ မြင်းကြီး ကံကောင်းလို့ မသေတာပေါ့၊ ကိုလေးတို့ အိမ်ပြန်ရောက်တော့ မေမေက ဇောင်းထဲ ဆင်းပြီး မြင်းကြီးကို သကြား ကျွေးနေတယ်၊ သကြား ကျွေးလိုက်တော့မှ ကိုယ်တော်ချော ငြိမ်သွားတယ်၊ ကပ္ပလီတွေက ကြောက်လို့ ဘယ်ကပ်ရဲမလဲ၊ ဇောင်း ပြင်ဘက်က ရပ်ကြည့်ရင်း မျက်လုံး ပြူးနေကြတာပေါ့၊ အမယ် မေမေကတော့ အေးအေးဆေးဆေးပဲဟေ့၊ မြင်းကြီးကို စကားလေး ပြောလိုက်၊ သကြားလေး ကျွေးလိုက်နှင့်၊ မြင်းကြီးကလည်း ဘာမှ မလုပ်ဘူး၊ လက်ထဲက သကြားတွေကို စားနေတယ်၊ မေမေက မြင်းအကိုင် သိပ်ကောင်းတယ်၊ ကိုလေးတို့ မြင်တော့မှ နင်တို့ လေးယောက်လုံး အိမ် ပြန်လာကြ ပြန်ပလားတဲ့၊ ကာလနာကလေးတွေတဲ့၊ ကိုလေးတို့ကို မြင်တော့ မြင်းကြီးက တရှူးရှူး ဖြစ်လာပြန်တယ်၊ ဟဲ့ ကောင်လေးတွေ၊ မြင်းက ဆိုးတယ်၊ သူ့အနား မလာကြနှင့်၊ သွား၊ မနက်ကျမှ နင်တို့ လေးယောက် ကိစ္စကိုပြော ဆိုလို့ ကိုလေးတို့လည်း အိပ်ရာထဲ ဝင်ခွေ ကြတာပေါ့၊ မနက်လည်း လင်းရော ကိုလေးတို့လည်း လစ်ထွက်ကြတာပေါ့၊ အိမ်မှာတော့ ကိုကြီး ကျန်ရစ်ခဲ့တယ်၊ သူ့ ဘာသာ သူ ကြည့်ရှင်းလိမ့်မယ်’

`ကိုကြီးတော့ အရိုက်ခံထိလိမ့်မယ် ထင်တယ်’



သူတို့ အမေ မစ္စက် တာလက်တန်သည် လူပျို ဖားဖားကြီးတွေ ဖြစ်သည့်တိုင် သူ့သားများကို မြင်းကြိမ်ဖြင့် ရိုက်ဆဲ

ရှိသေးသည်။ ဤသည်ကို သိ၍ စကားလက်က မေးခြင်း ဖြစ်၏။

သူတို့အမေ မစ္စက် (ဘီးထရစ်) တာလက်တန်သည် အလွန် အလုပ်များသည့် မိန်းမ ဖြစ်သည်။ သူ့တွင် ဝါခင်းတွေ

ရှိသည်။ ငွေဝယ်ကျွန် ကပ္ပလီကလည်း တစ်ရာလောက် ရှိသည်။ ကလေးကလည်း ရှစ်ယောက်။ ထိုမျှမက ဂျော်ဂျီယာနယ်တွင် အကြီးဆုံး မြင်းမွေးသည့် ခြံလည်း ရှိသည်။ မစ္စက် တာလက်တန်က ဒေါသ ကြီးသည်။ သား လေးယောက်ကြောင့် မကြာခဏ စိတ်ဆိုးရသည်။ စိတ်ဆိုးလာပြီ ဆိုလျှင် သူ့ သားတွေကို မြင်းကြိမ်ဖြင့် ခပ်စပ်စပ် ရိုက်လေ့ ရှိသည်။

`ဟင့်အင်း၊ မရိုက်ပါဘူး၊ ကိုကြီးကို တစ်ခါမှ မရိုက်ဖူးဘူး၊ ကိုကြီးက မွေးချင်းထဲမှာ ဂျပုကလေး မဟုတ်လား’

စတူးဝပ်က ခြောက်ပေ နှစ်လက်မ ရှိသည့် သူ့အရပ်အမောင်းကို ဂုဏ်ယူ ဝင့်ကြွားဟန်ဖြင့် ပြောသည်။ `ဒါကြောင့် ကိုကြီးကို ပြဿနာရှင်းဖို့ အိမ်မှာ ချန်ပစ်ခဲ့တာပေါ့၊ မေမေကလည်းကွာ ဒီအရွယ်ကြီး ရောက်မှတော့ တို့ကို ရိုက်ဖို့ မကောင်းတော့ပါဘူး၊ ကိုလေးတို့ နှစ်ယောက်ဆိုရင် ၁၉နှစ်စီ၊ ကိုလတ် ဆိုရင် ၂၁ နှစ်၊ ခုတော့ တို့က ခြောက်နှစ်သား ကလေးတွေ ကျနေတာပဲ’

`မနက်ဖြန် ဝီလ်ကီတို့ ကောင်လုံးကင် ပျော်ပွဲစားကို ကိုလေးတို့ မေမေ မြင်းသစ် စီးသွားမယ် ထင်တယ်’



`မေမေကတော့ စီးသွားချင်တယ်၊ ဖေဖေက မစီးနှင့်တဲ့၊ ဒီကောင်က ဆိုးတယ်တဲ့၊ ပြီးတော့ သမီးတွေကလည်း

စီးခွင့်ပေးမှာ မဟုတ်ပါဘူး၊ ဧည့်ခံပွဲကို သူတို့ အမေ သွားရင် မိန်းမပီပီ သွားစေချင်တယ်တဲ့၊ မြင်းရထားလေး ဘာလေးနှင့်ပေါ့လေ’

`မနက်ဖြန် ကျရင်တော့ မိုးရွာမယ် မထင်ပါဘူးနော်၊ ဒီတစ်ပတ်လုံး နေ့တိုင်းလို မိုးရွာနေတာပဲ၊ ကောင်လုံးကင် ပွဲကို

အိမ်ထဲ လုပ်ရတာလောက် စိတ်ပျက်စရာ ကောင်းတာ မရှိဘူး’

14



`အမယ်လေး၊ မနက်ဖြန်ကျရင် နေသာမှာပါ၊ တော်သလင်း နေကတောင် အရှုံးပေးရလိမ့်ဦးမယ်၊ နေဝင်တာကို

ကြည့်ပါလား၊ တိမ်တွေကို ရဲနေတာပဲ၊ နေဝင်တာကို ကြည့်ရင် ရာသီဥတုကို မှန်းလို့ ရပါတယ်’

စတူးဝပ်က ပြော၏။



သူတို့ သုံးဦးသည် စကားလက်၏ ဖခင် ဂျရယ် အိုဟာရာ၏ ဝါခင်းများဆီသို့ လှမ်းကြည့်မိကြသည်။ ဝါခင်းတွေက

ထွန်ယက်ပြီးခါစ။ နီရဲသည့် မိုးကုပ်စက်ဝိုင်း အထိ မျှော်မဆုံးနိုင်။ နေမင်းက ဖလင့်မြစ် တစ်ဖက်ကမ်း တောင်တန်းများ နောက်ကွယ်မှ ကြက်သွေးရောင် ကောင်းကင်ထဲတွင် ဝင်စပြုနေပြီ။ တန်ခူးလေရူးက တသုန်သုန် တိုက်လာကာ နွေးရာမှ အေးစ ပြုလာသည်။

ထိုနှစ်က နွေဦးသည် အဝင် စောသည်။ ပူနွေးသည့် မိုးပြေးကလေး တစ်ဖြိုက်လောက် ရွာပြီးသည်နှင့် ပန်းနုရောင်

မက်မုံပွင့်များ တစ်ပင်လုံး ဝေနေသည်။ အဝေးက တောင်တန်းများနှင့် မြစ်ဘေး စိမ့်တောများတွင် ကြယ်ဖြူများလို ဖွေးနေအောင် အပွင့်တွေ ဝေနေသည့် တောင်တမာပင်များကို ပြောက်တိ ပြောက်ကျား မြင်နေ ရသည်။ ဂျော်ဂျီယာနယ်တွင် ထွန်ယက်ကြပြီးပြီ။ ဆည်းဆာ နေခြည် ရဲရဲများကြောင့် ဂျော်ဂျီယာနယ်က မြေစေး နီနီပေါ်မှ ထွန်ရေးကြောင်း များသည် ပို၍ ရဲနေကြသည်။ ဝါစေ့လေးများကို မျှော်နေကြသည့် စိုစွတ် ဆာလောင်နေသော မြေကြီးသည် ထွန်ရေးကြောင်းများ ထိပ်တွင် ပန်းနုရောင် ပြေးလျက်ရှိပြီး အရိပ် ထိုးကျရာ မြောင်းများထဲတွင်မူ ဟင်္သာ ပြဒါးရောင်၊ ကြက်သွေးရောင်၊ ဇော်ဂျီရောင် စသဖြင့် အရောင်စုံ ပြေးနေကြသည်။ ဝါခင်းထဲမှ အုတ်တိုက် ဖြူဖြူကလေးသည် ပင်လယ်နီကြီးထဲတွင် ကျွန်းကလေး တစ်ကျွန်းနှင့် တူနေသည်။ ထွန်ရေးကြောင်းကြီးများက လှိုင်းလုံးများသဖွယ် ကောက်လျက်၊ ကွေ့လျက်။ တွန့်လျက်၊ လိမ်လျက်။ ဂျော်ဂျီယာ အလယ်ပိုင်းက ကျစ်မြေဝါများ၊ ပင်လယ် ကမ်းစပ်က မြေဆီ မည်းမည်းများမှာကဲ့သို့ ဤနေရာတွင် ထွန်ရေးကြောင်း ဖြောင့်ဖြောင့်ကို မြင်ရခဲဘိခြင်း၊ ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်းက တော တောင် ကုန်းကျင်း ထူသည်။ ထို့ကြောင့် ထွန်လျှင် ဖြောင့်ဖြောင့် ထွန်၍ မရ။ ကွေ့ကောက် ဝေ့ဝိုက်၍ ထွန်ရသည်။

မြေသားက ရဲရဲနီနေသည်။ မိုးတစ်ဖြိုက်လောက် ရွာပြီးလျှင် သွေးလို ခြင်းခြင်းနီသည်။ မိုး မရွာလျှင် အုတ်နီခဲရောင်။

ကမ္ဘာပေါ်တွင် ဝါစိုက်ရန် အကောင်းဆုံး ဖြစ်လိမ့်မည်။ အိမ်ဖြူဖြူကလေးများ၊ ငြိမ်သက်သည့် ထွန်ပြီးစ လယ်တောများ၊ တငြိမ့်ငြိမ့် စီးနေသည့် ဝါကျင့်ကျင့် မြစ်များ ပေါသည့်နေရာ ဖြစ်သည်။ နေခြည် စူးစူးရဲရဲနှင့် တောရိပ် မှိုင်းမှိုင်း စသည့် ဆန့်ကျင်ဘက်တို့ ရှိသည့် နေရာလည်း ဖြစ်သည်။ မျှော် မဆုံးနိုင်သည့် ဝါခင်းကြီးများသည် နွေးထွေးသော နေမင်းကို မော့၍ ပြုံးပြနေသယောင် ထင်ရသည်။ ဝါခင်းများ ဆုံးလျှင် ပင်ပေါက်ကလေးများ ဝေနေသည့် တောစပ်သို့ ရောက်သည်။ မွန်းတည့်ချိန်မှာပင် တောထဲတွင် စိမ့်၍ အေးနေသည်။ ကြောက်စဖွယ် လိုလို။ ထိတ်စရာ လိုလို။ အပင်အိုကြီးများက စိတ်ရှည် လက်ရှည် စောင့်ကာ `သတိ ထားကြကုန်၊ သင်တို့ကို ငါတို့ တစ်ခါက ပိုင်ခဲ့ပြီ၊ နောက်တစ်ကြိမ်လည်း ပိုင်ဆိုင်နိုင်သေးသည်’ ဟု ဆိုနေသကဲ့သို့ ရှိ၏။

ဆင်ဝင်ရိပ်တွင် ထိုင်နေသည့် သူတို့ သုံးယောက်သည် မြင်းခွာသံ၊ ချူသံနှင့် ကပ္ပလီ တစ်သိုက်၏ ရယ်သံစူးစူးကို

ကြားလိုက်ရသည်။ ဝါခင်းမှ ပြန်လာသော သူရင်းမှားများ ဖြစ်သည်။ အိမ်ထဲမှ စကားလက်၏ အမေ အယ်လင် အိုဟာရာ၏ အသံကိုလည်း ကြားရသည်။ သော့တွဲ သိမ်းသည့် ကပ္ပလီမလေးထံ သော့တွဲ တောင်းနေခြင်း ဖြစ်၏။

15



`လာပြီ၊ မေမေကြီး’



ကပ္ပလီမလေး၏ အသံစူးစူး ပေါ်လာကာ ခြေသံသည် နောက်ဖေး မီးဖိုဆောင်ဘက်သို့ ရောက်သွားသည်။ အလုပ် ပြီး၍

ပြန်လာသော သူရင်းငှားများကို ထမင်း ကျွေးရန် ဖြစ်သည်။ မြိုင်သာယာ ထမင်းချက် အဘိုးကြီး ပေါ့က ထမင်းပွဲ ပြင်နေသဖြင့် ဇွန်းသံ၊ ပန်းကန်သံများကို ကြားနေရသည်။

ထိုအခါတွင်မှ အိမ်ပြန်ဖို့ တော်ပြီဟု အမြွှာ ညီအစ်ကို နှစ်ယောက် သတိထားမိကြသည်။ သို့ရာတွင် အိမ်ပြန်လျှင်

အမေကို တွေ့ရမည်။ အမေ့ကို မတွေ့ချင်။

ဆင်ဝင်ရိပ်တွင် ထိုင်ရင်း စကားလက်က ညစာစား ခေါ်မည်လောဟု စောင့်နေမိကြသေးသည်။



`ဒါထက် စကားလက်ရေ၊ မနက်ဖြန် ကောင်လုံးကင် ပျော်ပွဲစား ကျရင်တော့ တို့နှင့် ကမယ်နော်၊ ဘယ်သူနှင့် တွဲကဖို့

ချိန်းထားပြီးပြီလဲ’

ဘရင့်က မေးလိုက်သည်။



`ချိန်းပြီးပြီ ကိုလေးရဲ့၊ ကိုလေးတို့ အိမ်ပြန်လာမယ် ဆိုတာ ဘယ်သိပါ့မလဲ၊ ကိုလေးတို့ နှစ်ယောက် စောင့်ရင်း

စကားလက်က ငေါင်စင်းစင်းကြီး ထိုင်နေရမှာလား’

ညီအစ်ကို နှစ်ယောက်က သဘောကျ၍ ရယ်သည်။



`မရဘူးကွ၊ ပထမ ကိုလေးနှင့် ဝေါ့ဇ် တစ်ချီလောက် ကရမယ်၊ စတူးဝပ်နှင့် နောက်ဆုံး တစ်ချီ ကရမယ်၊ ပြီးတော့

ကိုလေးတို့နှင့်အတူ ညစာ စားရမယ်၊ ပြီးတော့ မနှစ်တုန်းက ကပွဲမှာလို ကိုလေးတို့က လှေကား ထိပ်မှာ ထိုင်ပြီး ကြီးဒေါ် ဂျင်နေကြီးကို ဗေဒင် ဟောခိုင်းရမယ်၊ မဟုတ်ဘူးလား’

`တော်စမ်းပါ၊ ကြီးဒေါ် ဂျင်နေကြီး ဟောတဲ့ ဗေဒင်ကို စကားလက် မကြိုက်ပါဘူး၊ စကားလက် အိမ်ထောင်ကျရင်

ဆံပင်နက်နက် လူတစ်ယောက်နှင့် အိမ်ထောင် ကျမယ်တဲ့၊ အဲဒီလူက နှုတ်ခမ်းမွေးလည်း ရှိတယ်တဲ့၊ စကားလက်ကလည်း ဆံပင်နက်နက် လူဆိုရင် အရမ်း မုန်းတာပဲ’

`ဘာဖြစ်လို့လဲ၊ ဆံပင်နီနီနှင့်မှလား’ ဘရင့်က ပြုံး၍ မေးသည်။ `ကဲ ကိုလေးတို့နှင့် ဝေါ့ဇ် ကမယ်ဆိုတာရယ်၊ ညစာ

စားမယ် ဆိုတာရယ် ကတိပေးပါ၊ ဘယ့်နှယ်လဲ’

`ကိုလေးတို့ကို ကတိ ပေးရင် လျှို့ဝှက်ချက် တစ်ခုကို ပြောပြမယ်လေ’



စတူးဝပ်က ဝင်ပြောသည်။



`ဘာလဲ’



စကားလက်က ကလေးငယ် တစ်ယောက်လို စူးစမ်းဟန်ဖြင့် မေးသည်။

16



`မနေ့က အတ္တလန်တာက ကြားခဲ့ရတဲ့ သတင်းကို ပြောတာလား စတူးဝပ်၊ ဘယ်သူမှ မပြောပါဘူး ဆိုတာ

ကတိပေးခဲ့ရတာနော်’

`ဒေါ်လေး ပစ်တီက ကိုလေးတို့ကို ပြောလိုက်တာ’



`ဒေါ်လေး ဘယ်သူ’



`အတ္တလန်တာမှာ နေတဲ့ အက်ရှလေ ဝီလ်ကီရဲ့ အစ်မ ဝမ်းကွဲလေ၊ မစ္စပစ်တီ ဟယ်မီလ်တန်တဲ့၊ ချားလ်တို့

မီလာနီတို့ရဲ့ အဒေါ်ပေါ့’

`သိသားပဲ၊ အပျိုကြီး၊ ဇီဇာက ကြောင်ပါဘိသနဲ့၊ သူ့လိုဟာမျိုး တွေ့ပဲ တွေ့ဖူးပေါင်’



`မနေ့က ကိုလေးတို့ အတ္တလန်တာကနေပြီး ပြန်ဖို့ မီးရထား စောင့်နေကြတုန်း သူကလည်း ဘူတာကို မြင်းရထားနှင့်

ဆင်းအလာ တွေ့သွားတာပေါ့၊ မနက်ဖြန် အက်ရှလေ ဝီလ်ကီတို့ အိမ်က ကပွဲမှာ စေ့စပ်ကြောင်းလမ်း မင်္ဂလာ လုပ်မယ်တဲ့’

`အမယ်လေး၊ ဒါများ အထူးအဆန်း လုပ်လို့ သိပြီးသားပါ’ စကားလက်က စိတ်ပျက် လက်ပျက်ဖြင့် ပြောသည်။

`သူ့တူ ချားလ် ဟယ်မီလ်တန်နှင့် ဟန်နီဝီလ်ကီ စေ့စပ် ကြောင်းလမ်းမှာ မဟုတ်လား၊ တစ်နေ့ ဒီလို ညားလိမ့်မယ် ဆိုတာ အစောကြီး ကတည်းက လူတိုင်း မသိချင် အဆုံး၊ ယောက်ျားလေးဘက်ကတော့ သိပ် စိတ်ပါတော့ဟန် မတူပါဘူး၊ လူကလည်း အူကြောင်ကြောင်နှင့်၊ မိန်းမလျာလို ဘာလိုလို’

`ဘာ အူကြောင်ကြောင်နှင့် ဟုတ်လား’ ဘရင့်က မေးသည်။ `နာတာလူး ပွဲတုန်းကဖြင့် သူ့အနားမှာချည်းပဲ

ရပ်နေတာ’

`ဒါကတော့ သူ့ဘာသာသူ ရပ်ချင်လို့ ရပ်တာ၊ စကားလက်နှင့် ဘာဆိုင်တာ မှတ်လို့၊ လူပုံကလည်း မိန်းမလျာ’



`ဟေ့ မဟုတ်လည်း အဟုတ်ပဲ ရမ်းတုတ်နေတာ၊ မနက်ဖြန် စေ့စပ်မှာက သူတို့ မဟုတ်ဘူး ခင်ဗျားလေးရဲ့၊

အက်ရှလေနှင့် ချာလီရဲ့ နှမ မီလာနီနှင့် စေ့စပ်မှာ’

စတူးဝပ်က အောင်မြင်သည့် ဟန်ဖြင့် ပြောလိုက်သည်။



စကားလက်၏ မျက်နှာသည် အမူအရာ မပြောင်း။ သို့ရာတွင် သူ့နှုတ်ခမ်းများသည် ဖြူလျော်သွားကြသည်။

မမျှော်လင့်သော သတင်းကို ကြားလိုက်ရသဖြင့် ကြက်သေ သေသည့်နှယ် ဖြစ်သွားသည်။ သူ့ မျက်လုံးများက စတူးဝပ်ကို စိုက်ကြည့် နေကြသည်။ လူကဲခတ်ညံ့သည့် စတူးဝပ်ပင်လျှင် စကားလက်၏ အခြေအနေကို သတိထားမိလိုက်မိ၏။ ဧကန္တ စကားလက် စိတ်ဝင်စားနေပြီ။ တအံ့တသြ ဖြစ်နေပြီ။

`အစတုန်းကတော့ ဒီလောက် မြန်မြန်ဆန်ဆန် လုပ်ဖို့ အစီအစဉ် မရှိဘူးတဲ့၊ နောင်နှစ်လောက်ကျမှ လုပ်မလို့တဲ့၊

မီလာနီက သိပ် မကျန်းမာဘူး မဟုတ်လား၊ ဒါပေမယ့် တိုင်းပြည်ကြီးက ခုပဲ ပြည်တွင်းစစ် ဖြစ်တော့မလိုလို၊ နေ့လား ညလား ဖြစ်နေတော့ နှစ်ဖက်စလုံးကပဲ ကိစ္စ မြန်မြန် ပြီးချင်ကြသတဲ့၊ ဒါကြောင့် နက်ဖြန် ပျော်ပွဲစား ညစာ စားပွဲမှာ စေ့စပ်

17

ကြောင်းလမ်းမယ်တဲ့၊ ဒေါ်လေး ပစ်တီက ပြောလိုက်တယ်၊ ကဲ ဘယ်လိုလဲ စကားလက်၊ တို့ လျှို့ဝှက်ချက်ကိုတော့ ပြောပြီးပြီ၊ မနက်ဖြန် တို့နှင့် အတူ လိုက်မယ် မဟုတ်လား’

`လိုက်တာပေါ့’



စကားလက်က အမှတ်မထင် ပြောလိုက်သည်။



`ကပွဲကော’



`ကတာပေါ့’



`ဒါမှ တို့ ညီမကွ၊ တခြား ကောင်တွေတော့ ဆွေ့ဆွေ့ခုန်နေမှာပဲ’



`ခုန်ချင် ခုန်ပေါ့ကွ’ ဘရင့်က ဝင်ပြောသည်။ `ဒီငနဲတွေကို တို့ နှစ်ယောက် ထိန်းနိုင်ပါတယ်၊ ပြီးတော့ မီးပုံပွဲကျရင်လည်း

တို့ အနားမှာ ထိုင်ရမယ်နော်’

`ဘာ’



စတူးဝပ်က ပြန်ပြောပြသည်။



`ရပါတယ်’



စတူးဝပ်နှင့် ဘရင့်တို့ ညီအစ်ကို နှစ်ယောက် မျက်နှာ ဝင်းထိန် သွားကြသည်။ အံ့အားလည်း သင့်နေကြသည်။

စကားလက်ကို

ပိုးသူများထဲတွင်

သူတို့

ညီအစ်ကို

နှစ်ယောက်သည်

မျက်နှာသာ

အရဆုံး

ဖြစ်သည့်တိုင်

ယခု

အခွင့်အရေးမျိုးကိုမူ ဤမျှ လွယ်လွယ်ကူကူ ရလိမ့်မည်ဟု မထင်ခဲ့ကြ။ ခါတိုင်း ဆိုလျှင် စကားလက်သည် သူတို့ တဖွဖွ နားပူနားဆာ လုပ်နေကြသည်ကို ယတိပြတ် အဖြေ ပေးလေ့ မရှိ။ သူတို့ စိတ်ဆိုးသည်ကို ကြည့်၍ ရယ်နေတတ်သည်။ သူတို့ အလွန်အမင်း ဒေါပွပြီ ဆိုလျှင် မထုံတတ်သေး နေပြတတ်သည်။ ယခုမူ မနက်ဖြန် အစီအစဉ် အားလုံးကို သူတို့ သဘောကျ လိုက်လျောလိုက်ပြီ။ မီးပုံပွဲတွင် အတူ ထိုင်မည်။ ညစာ အတူ စားမည်။ တက္ကသိုလ်မှ ကျောင်းထုတ် ခံရကျိုး နပ်ပြီ။ 

ညီအစ်ကို နှစ်ယောက်စလုံး မြူးလျက် စကားဖောင်နေကြသည်။ မနက်ဖြန် ကောင်လုံးကင် ပျော်ပွဲစား အကြောင်း၊

ကပွဲ အကြောင်း၊ အက်ရှလေနှင့် မီလာနီတို့ အကြောင်းကို တစ်ယောက် တစ်ပေါက် ပြောကြသည်။ ရယ်စရာ လုပ်၍ ပြောင်ကြသည်။ သူတို့ကသာ စကားတွေ ဖောင်နေသော်လည်း စကားလက်က သိပ်စကားမပြောတော့။ ငြိမ်နေသည်။ စောစောက ရွှင်မြူးစရာ ကောင်းသော ပတ်ဝန်းကျင်သည် မသိမသာ ပျောက်ကွယ်သွားသည်။ စကားလက်သည် မေးတစ်ခွန်း ဖြေတစ်ခွန်း ပြောနေရသော်လည်း သူတို့ စကားများကို စိတ်ဝင်စားပုံ မရ။ ထိုအခါတွင်မှ ညီအစ်ကို နှစ်ယောက်သည် အခြေအနေကို အကဲခတ်ကာ မထချင် ထချင် ထကြ၏။ နာရီကို ငုံ့ကြည့်ကြသည်။

နေလုံးက ထွန်ပြီးစ ယာတောစပ်သို့ ငုပ်ဆင်းသွားပြီ။ မြစ် တစ်ဖက်ကမ်းက သစ်ပင် မြင့်မြင့်ကြီးများသည် အဝေးတွင်

ရေးရေးရိပ်ရိပ် ပေါ်နေသည်။ ကွင်းပြင်ထက်တွင် ပျံလွှားတွေ အိပ်တန်း တက်ကုန်ကြပြီ။ ကြက်များ၊ ဘဲများ၊ ကြက်ဆင်များသည်

18

ယာတောဘက်မှ အုပ်လိုက် ပြန်လာကြသည်။

`ဂျင်းရေ ပြန်မယ် ဟေ့’



စတူးဝပ်က လှမ်းအော်လိုက်သည်။ သူတို့ အရွယ်လောက်သာ ရှိဦးမည့် ကပ္ပလီ သူငယ်ကလေး တစ်ယောက်

နောက်ဘက်မှ လှန်ထားသော မြင်းများဆီသို့ ပြေးထွက်သွားသည်။ ဂျင်းကား သူတို့ နောက်တော်ပါ ခွေးအုပ်လို သူတို့ ညီအစ်ကို သွားရာ တကောက်ကောက် လိုက်ရသည့် ကျွန်ယုံ ဖြစ်သည်။ ငယ်ငယ်က သူတို့ ညီအစ်ကိုနှင့် ကစားဖက်။ သူတို့ ညီအစ်ကို နှစ်ယောက် ၁ဝ နှစ်မြောက် မွေးနေ့တွင် အဖေနှင့် အမေက ဂျင်းကို မွေးနေ့ လက်ဆောင် အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။ ဂျင်းကို မြင်သည်၌ မြေနီထဲတွင် ဝပ်နေသည့် ခွေးများကလည်း လူးလဲထကာ သခင် နှစ်ဦးကို စောင့်ကြသည်။ စတူးဝပ်နှင့် ဘရင့်သည် စကားလက်ကို ဦးညွှတ် လက်ဆွဲ နှုတ်ဆက်ပြီးနောက် မနက်ဖြန် ပျော်ပွဲစားပွဲသို့ စောစော လာရန် မှာသည်။ ထိုနောက် ပြေးဆင်းလာကာ မြင်းပေါ်သို့ ခုန်တက်ပြီး တောင် တမာပင်များ တစ်ဖက်တစ်ချက် ပေါက်နေသည့် လမ်းကလေး အတိုင်း ဒုန်းစီး သွားကြသည်။ ဦးထုပ်ကို ချွတ်ပြရင်းက အော်ဟစ် နှုတ်ဆက် သွားကြသည်။ သူတို့ ကျွန်ယုံ ဂျင်းက နောက်က မြင်းတစ်စီးဖြင့်။

ရှေ့က ဖုန်ထူထူ လမ်းကလေးကို ချိုးလိုက်သည့် အခါတွင် မြိုင်သာယာကို မမြင်ရတော့။ ဘရင့်က မြင်းဇက် သတ်ကာ

တောင်တမာပင် အုပ်အုပ် အောက်တွင် ရပ်လိုက်သဖြင့် စတူးဝပ်ကလည်း ရပ်လိုက်သည်။ ဂျင်းကလည်း ခပ်လှမ်းလှမ်းတွင် သူ့မြင်းကို ဇက်သတ်၍ ရပ်သည်။ မြင်းများက ဇက်လျှော့လိုက်သဖြင့် လည်ကို ဆန့်ထုတ်ကာ နွေဦး မိုးတစ်ပြိုက် အကျတွင် ခေါင်းပြူလာကြသည့် မြက်နုကလေးများကို တဖြုတ်ဖြုတ် ဝါးနေကြသည်။ ခွေးအုပ်ကလည်း မြေနီ သိပ်သိပ်ထဲတွင် ဝပ်ကာ ဆည်းဆာထဲတွင် လူးလာ ပျံဝဲ နေသည့် ပျံလွှားအုပ်များကို ငေးကြည့်နေသည်။ ဘရင့်၏ ထက်မြက်သည့် မျက်နှာသည် မှုန်မှိုင်းသွား၏။ စိတ်တိုနေပုံ ရသည်။

`ကိုလေး မင်း ကောင်မလေး လုပ်ပုံ မြင်ရဲ့လား၊ တို့ကို ညစာစားလေးတောင် မဖိတ်ဘူး၊ သိလား’



`အေး ငါလည်း ဖိတ်မယ်လို့ ထင်နေတာ၊ ဒါပေမယ့် မဖိတ်ဘူးကွ၊ မင်း ဘယ်လို သဘောရသလဲ’



စတူးဝပ်က ပြောသည်။



`ဒါကတော့ ဘယ်သိမလဲကွ၊ ဒီတစ်ခေါက် ပြန်ရောက်မှ သူတို့ အိမ်ကို ဒီတစ်ခါပဲ အလည် ရောက်သေးတာ၊

စကားတောင် ကောင်းကောင်း မပြောရသေးဘူး’

`တို့ လာလည်တာကိုတော့ တော်တော် ဝမ်းသာ ပုံပဲ’



`အင်း ဝမ်းသာပုံတော့ ရတာပဲ’



`ဒါပေမယ့် ပြန်ခါနီးမှာ ဘာ ဖောက်သွားမှန်း မသိဘူး၊ မချော သိပ်စကား မပြောတော့ဘူး၊ သူ့ ကြည့်ရတာကလည်း

တစ်မျိုးပဲ’

`အေး ငါလည်း သတိထားမိတယ်၊ ဘာကြောင့်လို့ ထင်သလဲ’

19



`မသိဘူးလေ၊ စိတ်မကောင်းစရာ ဘာများ တို့ ပြောမိလို့လဲ’



ညီအစ်ကို နှစ်ယောက်သည် အတန်ကြာ စဉ်းစားနေကြ၏။



`ငါတော့ မပြောမိဘူး ထင်တာပဲ၊ ဒါပေမယ့် သူ စိတ်ဆိုးရင် သိသာပါတယ်၊ တချို့ မိန်းကလေးတွေလို ဖုံးကွယ်

မထားဘူး’

`ဟုတ်တယ်၊ ငါလည်း အဲဒါကို သဘောကျတာပဲ၊ စိတ်ဆိုးရင်လည်း ရှင်းရှင်းပဲ၊ ဒါပေမယ့် မချော စိတ်ခုသွားတာကတော့

တစ်ခုခုကြောင့်ပဲကွ၊ တို့ပဲ စကားပြော မှားသွားသလား မသိဘူး၊ စောစောတုန်းကတော့လည်း ကောင်းကောင်းမွန်မွန် ရွှင်ရွှင် ပျပျပဲ၊ ထမင်းစားပဲ ဖိတ်တော့ မလိုလို’

`တို့ ကျောင်းထုတ် ခံရလို့များ စိတ်မကောင်း ဖြစ်သွားသလားမှ မသိတာ’



`ကြံကြံဖန်ဖန်၊ တို့ ပြောပြတော့ ရယ်တောင် နေသေးတာပဲ၊ ပြီးတော့ သူကလည်း ဒီလို ကျောင်းစာတွေ ဘာတွေ

အထင်ကြီးတာ မဟုတ်ပါဘူး၊ တို့လိုပါပဲ’

ဘရင့်က နောက်သို့ လှည့်၍ ဂျင်းကို လှမ်းခေါ်လိုက်သည်။



`ဂျင်းရေ၊ တို့နှင့် စကားလက် ပြောနေတဲ့ စကားတွေ ကြားမိသလား’



`မကြားဘူး ကိုလေး၊ ဘာလဲ ကိုလေးတို့ လူဖြူတွေ စကားပြောတာကို ကျွန်တော် ချောင်းနားထောင် နေတယ်လို့

ထင်လို့လား’

`ဟာ ဘယ်က ဟုတ်ရမှာလဲကွ၊ မင်းတို့ လူမည်းတွေဟာ နေရာတကာ သိတယ် မဟုတ်လား၊ အဲဒီတော့ ငါ့ကို

မညာနှင့်၊ ဆင်ဝင်အောက် နံရံနားက စံပယ်ရုံနားမှာ မင်း ထိုင်နေတယ် မဟုတ်လား၊ ပြောစမ်း၊ တို့ပြောတဲ့ စကားတွေထဲမှာ စကားလက် စိတ်ဆိုးစရာ စကားများ ပါသလား’

ဂျင်းက ကျေနပ်သွားဟန်ဖြင့် မျက်ခုံးကို တွန့်ထာလိုက်ရင်း



`ဟင့်အင်း၊ ကိုလေးတို့ ပြောတဲ့ စကားထဲမှာ သူ စိတ်ဆိုးစရာ စကား မပါပါဘူး၊ ကြည့်ရတာတော့ ကိုလေးတို့ကို

တွေ့ရလို့ ဝမ်းသာနေပုံပဲ၊ အဲ တစ်ခုတော့ ရှိတယ်၊ ကိုလေးတို့က အက်ရှလေနှင့် မီလာနီတို့ လက်ထပ်တော့မယ်လို့ ပြောတုန်းကတော့ နည်းနည်း ငိုင်ကျသွားသလိုပဲ’

ညီအစ်ကို နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ် ပြလိုက်ကြ၏။



`အေး ဟုတ်တယ်၊ ငါလည်း သတိထားလိုက်မိတယ်’ စတူးဝပ်က ပြောသည်။ `ဒါပေမယ့် ဘာငိုင်စရာ ရှိလို့လဲ၊

အက်ရှလေနှင့် သူနှင့်လည်း ရိုးရိုးပဲ ခင်ကြတာ မဟုတ်လား၊ ဒီငနဲကို ဂရုစိုက်တာ မဟုတ်ပါဘူး။ တို့ကိုမှ ဂရုစိုက်သေးတယ်’

ဘရင့်က ခေါင်းညိတ်သည်။

20



`အက်ရှလေက သူ့ကို ကြိုမပြောလို့ စိတ်ဆိုးတာကော မဖြစ်နိုင်ဘူးလား၊ လူချင်း ဒီလောက် ရင်းနှီးရက်သားနှင့်

ဒီကိစ္စကို ကြိုပြောသင့်တယ်လို့ ထင်ချင် ထင်မှာပေါ့၊ မိန်းကလေးတွေက ဒီလို ကိစ္စမျိုးကို ကြိုတင် သိရင် သိပ်ဂုဏ်ယူချင်ကြတယ် မဟုတ်လား’

`မသိဘူးလေ၊ ဒါပေမယ့်ကွာ မပြောရုံကလေးနှင့် ဘာဖြစ်လို့ ဒီလောက် ဖြစ်ရမှာလဲ၊ တကယ်တော့လည်း သူ

ပြောချင်မှ ပြောမှာပေါ့၊ လူတစ်ယောက်မှာ သူ့ကိစ္စကို သူ မပြောဘဲ နေခွင့် ရှိတာပဲ၊ လူတွေ အံ့အားသင့်သွားအောင် တမင် လျှို့ဝှက်ထားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့၊ တို့တောင်မှ ဒေါ်လေး ပစ်တီ ပြောလို့ သိတာ မဟုတ်လား၊ အက်ရှလေဟာ မီလာနီကို လက်ထပ်မယ် ဆိုတာ စကားလက်လည်း သိပြီးသား ဖြစ်မှာပါ၊ တို့တောင် အစောကြီး ကတည်းက ကြိုသိ နေတာပဲ မဟုတ်လား၊ သူတို့ အမျိုးတွေက မောင်နှမ တစ်ဝမ်းကွဲချင်း လက်ထပ်တဲ့ အမျိုးတွေ၊ မီလာနီရဲ့ မောင် ချားလ်ကလည်း အက်ရှလေ့ နှမ ဟန်နီကို လက်ထပ်မှာပဲ’

`ထားပါလေ၊ တို့ ကိစ္စမှ မဟုတ်တာ၊ စကားလက်က တို့ကို ညစာစား မဖိတ်တာတော့ နည်းနည်း အောင့်တယ်ကွ၊

ခုအချိန် အိမ်ပြန်ရင်လည်း ကျောင်းထုတ်ခံရတဲ့ ကိစ္စကို မေမေက ဆူဦးမယ်’

`ဒီလောက်ဆို ကိုကြီး ချော့ထားပြီးလောက် ပါပြီကွ၊ ကိုကြီးက ညက်တယ် မဟုတ်လား၊ ကိုကြီး ချော့လိုက်ရင် မေမေ

ပျော့သွားတာချည်းပဲ’

`ဟုတ်တော့ ဟုတ်တာပေါ့၊ ဒါပေမယ့် မေမေ စိတ်ညစ်ပြီး အရှူံးပေးအောင် ဟိုက လှည့်ပြော၊ ဒီက လှည့်ပြောနှင့်

ကိုကြီးတော့ မလွယ်ဘူး၊ မေမေကလည်း သူ့မြင်း ဝယ်လာလို့ မြင်းကိစ္စ ပြီးရင် ကိုကြီးနှင့် ထမင်းဝိုင်းမှာ တွေ့မှာပဲ၊ ကိုကြီးနှင့် တွေ့လို့ အကြောင်းစုံ သိရရင် ရှူးရှူးရှားရှားနှင့် ဒေါပွမှာပဲ၊ ဒါပေမယ့် ကိုကြီးက ပြောမှာ မဟုတ်သေးဘူး၊ ည ဆယ်နာရီလောက် မေမေ စိတ်နည်းနည်း ငြိမ်သွားတော့မှ တစ်လုံးသွင်း နှစ်လုံးသွင်း ပြောမှာ၊ တက္ကသိုလ် အုပ်ချုပ်ရေးမှူးက တို့ကို ဘယ်လောက် ပစ်ပစ်ခါခါ ပြောလိုက်တယ်၊ ဘာတယ်နှင့် တအိအိ ပြောမှာပဲ၊ အဲ သန်းခေါင်လောက်လည်း ကျရော မေမေလည်း တို့ဘက် ပါလာရော၊ နင်တို့ အုပ်ချုပ်ရေးမှူးက ဒီလောက်တောင် ပြောရင် သေနတ်နှင့် ပစ်ခဲ့ဖို့တောင် ကောင်းတယ်လို့ ပြောမှာ အမှန်ပဲ၊ ရှူပ်တယ်ကွာ၊ သန်းခေါင်ကျမှ အိမ်ပြန်မယ်၊ ဘယ့်နှယ်လဲ’

ညီအစ်ကို

နှစ်ယောက်သည်

တစ်ယောက်ကို

တစ်ယောက်

အကဲခတ်နေကြ၏။

သူတို့

နှစ်ယောက်သည်

မြင်းရိုင်းများကိုလည်း မကြောက်။ ရန်ဖြစ်၍ တစ်ယောက်ကို တစ်ယောက် ပစ်လား ခတ်လား လုပ်ကြရမည်ကိုလည်း မမှု။ ခြံနားနီးချင်းတွေ စိတ်ဆိုးမည်ကိုလည်း အရေးမစိုက်။ သို့ရာတွင် တုတ်ထိုး အိုးပေါက ပြောတတ်သော အမေ့ ပါးစပ်နှင့် နေရာမရွေးသော မြင်းကြိမ်ကိုမူ ကြောက်သည်။

`ဒါဖြင့် အက်ရှလေတို့ ခြံဘက် သွားမယ်ကွာ၊ ကြုံရင်လည်း အဲဒီမှာပဲ ညစာ စားမယ်၊ အက်ရှလေနှင့် သူ့နှမတွေကတော့

ဝမ်းသာမှာပဲ’

စတူးဝပ်က စိတ်မသက်သာ ဟန်ဖြင့်



`မသွားပါနှင့်ကွာ၊ မနက်ဖြန် ပျော်ပွဲစား ဆိုတော့ အလုပ် များနေမှာပေါ့၊ ပြီးတော့’

21



`သြော် ဟုတ်သားပဲ၊ ငါ မေ့သွားတယ်’



သူတို့နှစ်ယောက် မြင်းများကို ဆက်စီးလာကြ၏။ အတန်ကြာ စကားမပြောမိကြ။ စတူးဝပ်၏ ခပ်ညိုညို ပါးပြင်သည်

ရှက်သွေးရောင် ဖျန်းနေသည်။ စတူးဝပ်သည် အက်ရှလေ၏ ညီမ အင်ဒီယာကို ပိုးခဲ့ဖူးသည်။ နှစ်ဖက် မိဘများကလည်း သဘောတူခဲ့ကြသည်။ တစ်နယ်လုံးကလည်း သိကြသည်။ အင်ဒီယာက အေးဆေးသည်။ စည်းကမ်းကြီးသည်။ အင်ဒီယာသည် စတူးဝပ်ကို ငြိမ်အောင် ထိန်းနိုင်လိမ့်မည်ဟု အားလုံးက ထင်ကြသည်။ စတူးဝပ်နှင့်လည်း ရှေ့သွားနောက်လိုက် ညီသည်။ သို့ရာတွင် ဘရင့်က သဘောမကျ။ သူငယ်ချင်း တစ်ယောက် အနေဖြင့် ကြည့်လျှင် အင်ဒီယာကို သဘောမကျစရာ မရှိ။ သို့ရာတွင် အင်ဒီယာက အကျည်းတန်သည်။ ယဉ်ကျေး သိမ်မွေ့လွန်းသည်။ စတူးဝပ်၏ ကြင်ဖက် အနေဖြင့် သူ သဘောမတူနိုင်။ ထိုအကြိမ်သည် အမြွှာ ညီအစ်ကို နှစ်ယောက် ပထမဆုံး အကြိမ် အကြိုက်ချင်း ကွဲပြားခြင်း ဖြစ်သည်။ ဘာမဟုတ်သည့် မိန်းကလေး တစ်ယောက်အတွက် ဤမျှ ဖြစ်ရမည်လောဟုပင် ဘရင့် စိတ်ဆိုး မိသေးသည်။

လွန်ခဲ့သည့် နွေရာသီကမူ ဂျုန်းဘာရိုက ဝက်သစ်ချ တောထဲတွင် ကျင်းပသည့် နိုင်ငံရေး ဟောပြောပွဲ တစ်ခု၌

သူတို့နှစ်ယောက် စကားလက် အိုဟာရာကို အမှတ်မထင် တွေ့ခဲ့ကြသည်။ စကားလက်ကို သိခဲ့သည်မှာ ကြာပြီ။ ကလေး ဘဝ ကတည်းက ဖြစ်သည်။ ကစားဖော် ကစားဖက် ဖြစ်ခဲ့ကြသည်။ စကားလက်က သူတို့လို မြင်းစီးနိုင်သည်။ သစ်ပင် တက်နိုင်သည်။ ယခု ပြန်တွေ့လိုက်သည့် အခါ၌ စကားလက်သည် အပျိုကြီးဖားဖား ဖြစ်နေပြီ။ ကမ္ဘာပေါ်တွင် ချစ်စရာ အကောင်းဆုံး မိန်းမ တစ်ဦး ဖြစ်နေပြီ။

စကားလက်၏ မျက်လုံးစိမ်းစိမ်းများက ရွှန်းလဲ့ နေကြသည်။ ရယ်လိုက်လျှင် ပါးချိုင့်ကလေးတွေက ထင်းခနဲ

ပေါ်လာကြသည်။ လက်နှင့် ခြေထောက်များကလည်း သေးငယ် လှပကြသည်။ ခါးက သေးသွယ်သည်။ ဤသည်ကို ယခုမှ သတိပြုမိကြသည်။ သူတို့ ညီအစ်ကို နှစ်ယောက်က သူ့အလှကို ပြောပြသည်တွင် စကားလက်က အသံထွက်အောင် တခစ်ခစ် ရယ်သည်။ သူတို့ အမြွှာ ညီအစ်ကို နှစ်ယောက်ကို စကားလက်က ပြန်၍ ချီးမွမ်းခန်း ဖွင့်သည့် အခါ၌ သူတို့ကလည်း တဟားဟား ရယ်ကြသည်။

ထိုနေ့သည် သူတို့ အမြွှာ ညီအစ်ကို အတွက် ထူးခြားသည့်နေ့ ဖြစ်သည်။ စကားလက်၏ အလှကို ယခင်က

အဘယ့်ကြောင့် သတိမပြုမိရသနည်း။ ထိုနေ့က အကြောင်းကို ပြန်ပြောမိကြတိုင်း ထို မေးခွန်းကို မေးမိကြသည်။ သို့ရာတွင် အဖြေ ရှာ၍ မရ။ စကားလက် ကိုယ်တိုင်က ထိုနေ့ကျမှ သူတို့ သတိ ထားမိအောင် အလှ ပြသည်ကို သူတို့ မသိကြ။ စကားလက်သည် ယောက်ျားလေး တစ်ယောက်က မိန်းကလေး တစ်ယောက်အား ချစ်သည်ကို မြင်လျှင် မနာလို ဖြစ်တတ်သည်။ ထိုနေ့က အင်ဒီယာနှင့် စတူးဝပ်တို့ တတွဲတွဲ လုပ်နေကြသည်ကို မြင်သည့် အခါတွင် သူ့ရင်ထဲက မနာလိုစိတ်သည် အုံကြွလာသည်။ ဤသို့ဖြင့် စကားလက်သည် ထိုနေ့က စတူးဝပ်ကိုသာမက ဘရင့်၏ နှလုံးသားကိုပါ ခါယမ်းပစ်လိုက်သည်။

ယခု ညီအစ်ကို နှစ်ယောက်စလုံးက စကားလက်ကို ချစ်နေကြပြီ။ စတူးဝပ်သည် အင်ဒီယာကို စွဲလမ်းခြင်း

မရှိတော့။ ဘရင့်သည်လည်း သူ တစ်ခါက စိတ်မပါ့တပါ ပိုးခဲ့ဖူးသည့် လက်တီမွန်ရိုးကို မေ့လိုက်ပြီ။ စကားလက်က သူတို့ နှစ်ယောက်အနက် တစ်ယောက်ယောက်ကို လက်ခံခဲ့လျှင် ကျန်တစ်ယောက်က မည်သို့ လုပ်မည်နည်း။ ဤအကြောင်းကိုမူ သူတို့ နှစ်ယောက် မပြောကြ။ ဤလမ်း လျှောက်လျှင် ဤတံတားကိုမူ ဖြတ်ရတော့မည်။ ယခု လောလောဆယ်တွင်မူ

22

မိန်းကလေး တစ်ယောက်ကို အတူတူ ချစ်မိသည့်အတွက် သူတို့ ကျေနပ်သည်။ သူတို့ အချင်းချင်းကြားတွင် မနာလို ဝန်တိုမှု ဟူ၍ မရှိ။ ခြံနီးချင်းများကလည်း ဤအချက်ကို စိတ်ဝင်စားနေကြသည်။ စကားလက်ကို သဘောကျပုံ မရသည့် အမေကမူ ဤကိစ္စအတွက် စိတ်ညစ်နေသည်။

`ကောင်မလေးက တစ်ယောက်ယောက်ကို လက်ခံလိုက်လို့ တစ်ယောက်က ရှောင်ပေးရင် ကောင်းတာပေါ့၊ ဒီလိုမှ

မဟုတ်ဘဲ နင်တို့ နှစ်ယောက်လုံးကို လက်ခံရင်လည်း နှစ်ယောက်လုံး ပြောင်းသွားကြပေါ့၊ စိုးရိမ်တာက ဟိုက ကောင်မလေးက မျက်နှာများများ၊ ဒီကောင်မလေး အတွက် နင်တို့ ညီအစ်ကို နှစ်ယောက် မနာလို တိုရှည်ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် ပစ်လား ခတ်လားတွေ ဖြစ်ကုန်မှာ သိပ်စိုးရိမ်တာပဲ၊ ဒီလောက်တောင် ဖြစ်ရင်လည်း ဖြစ်ကြပေါ့ဟယ်၊ ကောင်းတာပေါ့’

အမေက ပြောသည်။



စကားလက်နှင့် နိုင်ငံရေး တရားပွဲတွင် တွေ့ပြီးသည့် နောက်မှစ၍ စတူးဝပ်သည် အင်ဒီယာ ရှေ့တွင် အနေရ

ခက်နေသည်။ စတူးဝပ် တစ်ယောက် မူပျက်နေသည်ကို အင်ဒီယာက ရိပ်မိ၍ မဟုတ်။ စကားနာ ထိုး၍ မဟုတ်။ အင်ဒီယာက ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးမျိုး။ သူက မည်သို့မျှ မပြောသည့်တိုင် စတူးဝပ်သည် အင်ဒီယာ ရှေ့တွင် အနေရ ခက်နေသည်။ သူသည် အင်ဒီယာ၏ အချစ်ကို တောင်းခံခဲ့သည်။ အင်ဒီယာကလည်း သူ့ကို ပြန်ချစ်ခဲ့သည်။ ယခုတိုင်လည်း ချစ်နေသည်။ ဤလို မိန်းကလေး တစ်ယောက်အပေါ် သစ္စာမဲ့ခြင်းသည် ယောက်ျား မပီသရာ ရောက်သည်ဟု စတူးဝပ် ထင်သည်။ အင်ဒီယာ၏ မျိုးရိုးကို သူ လေးစားသည်။ အင်ဒီယာ၏ စာပေ နှံ့စပ်မှုကိုလည်း သူ လေးစားသည်။ ထိုမျှမက အင်ဒီယာ၏ အရည်အချင်း မှန်သမျှကို သူ သဘောကျသည်။ သို့ရာတွင် စကားလက်နှင့် ယှဉ်သည့် အခါ၌မူ အင်ဒီယာသည် ငြီးငွေ့စရာ။

စကားလက်က

သွက်လက်သည်။

ချက်ချာသည်။

စိတ်အပြောင်းအလဲ

မြန်သည်။

ဤသည်ကပင်

ချစ်စရာ

ကောင်းနေသည်။ အင်ဒီယာနှင့် ဆိုလျှင် ရှေ့ အနာဂတ် ဘာဖြစ်မည်ကို ကြိုပြော၍ ရသည်။ စကားလက်ကမူ ကြိုပြော၍ ရသည့် အစားမျိုး မဟုတ်။ ဤ အရည်အချင်းသည် ယောက်ျား တစ်ယောက်ကို သွက်သွက် လည်စေနိုင်သည်။ သို့ရာတွင် စွဲမက်ဖွယ် ကောင်းသည်။

`ဒါဖြင့် ကိတ်ကာလ်ဗတ်တို့အိမ် သွား ညစာ စားရအောင်ကွာ၊ ကက်သလင်းလည်း ချာလက်စတန်က ပြန်ရောက်ပြီတဲ့၊

စကားလက်က ပြောတယ်၊ ဆွန်တာ ခံတပ် အကြောင်း သတင်းလေး ဘာလေး ကြားရတာပေါ့’

`ကက်သလင်းက ဒါတွေ ဘာမှ သိမှာ မဟုတ်ပါဘူးကွာ၊ သူ သိရင် ကပွဲ အကြောင်း၊ သူ့ အလှအပ ပစ္စည်းတွေ

အကြောင်းလောက်ပဲ သိမှာပေါ့’

`ဘာပဲဖြစ်ဖြစ် အပျင်းပြေပေါ့ကွ၊ သန်းခေါင် မတိုင်ခင် အချိန်ဖြုန်းရတာပေါ့’



`သွားလေ၊ ချာလက်စတန်က အတင်းအဖျင်းတွေ ကြားရတာပေါ့၊ ရက်တို့ အကြောင်းလေး ဘာလေးလည်း နည်းနည်း

သိရတာပေါ့၊ ဒါပေမယ့် သူ့မိထွေး ယန်ကီမကြီး လာထိုင်နေရင်တော့ ဂြိုဟ်ပဲ’

`ယန်ကီမကြီးက မဆိုးပါဘူးကွ’

23



`ဆိုးတော့ မဆိုးပါဘူး၊ သနားဖို့ ကောင်းပါတယ်၊ ဒါပေမယ့် ငါက သနားစရာကောင်းတဲ့ လူမျိုးကို သိပ်မကြိုက်ဘူး၊

တို့ ရောက်သွားရင် ပျာပျာသလဲနှင့် ဧည့်ခံရှာပါတယ်။ ဒါပေမယ့် သူ ပျာပျာသလဲ လုပ်လေ စိတ်ပျက်စရာ ကောင်းလေပဲ၊ ပြီးတော့ အဘွားကြီးက တို့ တောင်ပိုင်းသားတွေဟာ လူရိုင်းတွေတဲ့၊ တောင်ပိုင်းသားဆိုရင် ကြောက်တယ်တဲ့ မေမေ့ကို ပြောလိုက်တယ်၊ တို့ ရောက်သွားရင်တောင် လန့်နေတဲ့ ပုံမျိုး၊ ကြည့်ရတာ ကြက်မကြီး ကုလားထိုင်ပေါ် တက်ဝပ်နေသလိုပဲ၊ ချွတ်ခနဲ အသံ ကြားလိုက်တာနှင့် လန့်ပြီး ကတော် ကတော် အော်နေမယ့် ပုံမျိုး’

`ဒါကတော့ သူ လန့်တာ မပြောနှင့်လေ၊ မင်းက ကိတ် ခြေထောက်ကို သေနတ်နှင့် ပစ်ခဲ့တာလည်း ကြည့်ဦးမှာပေါ့’



`အဲဒီတုန်းကတော့ မူးနေတာကိုးကွ၊ မမူးရင် ဘယ်ပစ်ပါ့မလဲ’ စတူးဝပ်က ပြောသည်။ `ကိတ်က ဘယ်လိုမှ

မအောက်မေ့ပါဘူး၊ ကက်သလင်းတို့ ဆာရာဖို့တို့ကလည်း ဒီလိုပါပဲ၊ သူတို့ အဖေကြီးကလည်း ဘာမှ မပြောပါဘူး၊ သူတို့ မိထွေး ယန်ကီမကြီးကသာ ငါတို့ တောင်ပိုင်းသားတွေထဲမှာ နေတာ ကြောက်စရာ ကောင်းသလေး ဘာလေးနှင့် ပြောတာပေါ့’

`ဒါကတော့ကွာ၊ သူ့ကိုလည်း အပြစ်တင်လို့ ဘယ်ကောင်းမလဲ၊ သူက မြောက်ပိုင်းသူ ယန်ကီ ဆိုတော့ သိပ်လည်း

မယဉ်ကျေးဘူးပေါ့၊ ပြီးတော့ သူ့ လင်ပါသားကိုလည်း မင်းက သေနတ်နှင့် ပစ်ထားတာကိုးကွ’

`ဘာဆိုင်လဲကွ၊ သူ့လင်ပါသားကို သေနတ်နှင့် ပစ်တာနှင့် ငါ့ကို စော်ကားရမှာလား၊ မင်းက မေမေ့ သားအရင်း

ခေါက်ခေါက်ပါ၊ တိုနီတဖွန်တိန်က မင်း ခြေထောက်ကို သေနတ်နှင့် ပစ်တုန်းက မေမေ ဘာလုပ်သလဲ၊ သူ့လိုပဲ တစ်ဖက်သားကို မှိုချိုးမျှစ်ချိုး ပြောသလား၊ မပြောပါဘူး၊ တိုနီ အဖေ ဆရာဝန်ကို ခေါ်ပြီး ဆေးထည့် ခိုင်းတယ်၊ သူ့အဖေကို တိုင်တယ်၊ တိုနီ တစ်ယောက် လက် မတည့်ဘူးတဲ့၊ အရက်ကြောင့် သေနတ်ပစ် လက်မဖြောင့်တော့ဘူးတဲ့၊ လူပစ်တာ ခြေထောက် ထိတယ် ဆိုတော့ တော်တော် အခြေအနေ ဆိုးနေပြီတဲ့၊ သာသာကလေးနှင့် နှက် လွှတ်လိုက်တယ်၊ တိုနီ ဆွေ့ဆွေ့ ခုန်နေတာပဲ’

ညီအစ်ကို နှစ်ယောက် သဘောကျ၍ ရယ်လိုက်ကြသည်။



`မေမေကတော့ မိန်းမထဲမှာ ရှာမှ ရှားတဲ့ မိန်းမကိုးကွ’ ဘရင့်က သူ့ မေမေကို ချီးကျူးသည်။ `မေမေ လုပ်ရင်

စိတ်ချရတယ်၊ ဘယ်တော့မှ မမှားဘူး၊ လူရှေ့ သူရှေ့ ဆိုရင်လည်း ဘယ်တော့မှ ကိုယ့် သားသမီးကို အရှက် ရအောင် မလုပ်ဘူး’

`အေး မင်းကသာ ပြောနေ၊ ဒီနေ့ည အိမ်ပြန် ရောက်ရင်သာ ဖေဖေနှင့် မမတို့ ရှေ့မှာ တို့နှစ်ယောက် အရှက်မကွဲရင်

ကံကောင်းပေါ့’ စတူးဝပ်က မျက်မှောင်ကုပ်ပြီး ပြောသည်။ `ကျောင်းက ထုတ်ခံရရင် နင်တို့ကို ငါ ဥရောပကို အလည် မလွှတ်တော့ဘူးလို့ ပြောတာ မှတ်မိသေးလား’

`အို မသွားရလည်း နေပေါ့ကွာ၊ ဥရောပမှာသာ ကြည့်စရာ ရှိတာ မှတ်လို့၊ တို့ ဂျော်ဂျီယာ နယ်ထက် ဘာမှ ပိုထူးမှာ

မဟုတ်ပါဘူး။ မြင်းတွေကလည်း တို့ဆီက မြင်းတွေလောက် ကောင်းမှာ မဟုတ်ဘူး၊ ကောင်မလေးတွေကလည်း တို့ဆီက ကောင်မလေးတွေလောက် ချောမှာ မဟုတ်ပါဘူး၊ သေချာပါတယ်၊ ပြောင်းအရက်ဆိုလည်း ဖေဖေ့ ပြောင်းအရက်ကို မမီပါဘူး’

`အက်ရှလေက ပြောတော့ ရှုခင်းတွေက သိပ်လှတာပဲတဲ့၊ ဂီတကလည်း တော်တော် အဆင့်အတန်း မြင့်တယ်တဲ့၊

အက်ရှလေကတော့ ဥရောပကို သဘောကျတယ် ဆရာ့’

24



`အက်ရှလေတို့ မိသားစု အကြောင်း မင်း သိသားပဲ၊ သူတို့က စာပေတို့၊ ဂီတတို့၊ ရှုမျှော်ခင်းတို့ကို သိပ်ဝါသနာ ပါတာ၊

မေမေက ပြောတော့ အက်ရှလေတို့ အဘိုးဟာ ဗာဂျီးနီးယား နယ်သားတဲ့၊ ဗာဂျီးနီးယား နယ်သားတွေဟာ ဒီလိုပဲတဲ့’

`တို့ကတော့ ဝါသနာ မပါဘူးဟေ့၊ စီးဖို့ မြင်း ကောင်းကောင်းရယ်၊ သောက်ဖို့ အရက် ကောင်းကောင်းရယ်၊ ပိုင်ဖို့

ကောင်မလေး ချောချောရယ်၊ ပျော်ဖို့ ခပ်ရမ်းရမ်း ကောင်မလေးရယ် ရှိရင် တော်ပြီ၊ သူတို့ ဥရောပတွေ ဘာတွေ မလိုချင်ဘူး၊ ဥရောပ မသွားရတော့ကော ဘာဖြစ်သလဲ၊ ခုနေ ဥရောပ ရောက်နေတုန်း ပြည်တွင်းစစ် ဖြစ်လာရင် ဘယ့်နှယ့် လုပ်မလဲ၊ အိမ်ကို ပြန်ချင်လို့လည်း မပြန်ရ၊ ဥရောပ သွားတာထက် စစ်တိုက်ရတာက ပိုကောင်းတာပေါ့ကွ’

`အင်း တစ်နေ့နေ့တော့ တိုက်ရမှာပေါ့ကွ၊ ဟေ့ ဘရင့်၊ ဒီည ညစာ သွားစားရမယ့် နေရာ ငါ စဉ်းစားလို့ ရပြီကွ၊

စိမ့်တောထဲက ဖြတ်ပြီး အေဘယ် ဝင်ဒါတို့ အိမ် သွားမယ်၊ တို့ ညီအစ်ကို လေးယောက်စလုံး စစ်သင်တန်း တက်မယ်လို့ သွားပြောမယ်’

`ကောင်းတယ်ဟေ့’ ဘရင့်က စိတ်အား ထက်သန်စွာ ပြောသည်။ `တောင်ပိုင်း တပ်မတော် သတင်းလည်း

သိရတာပေါ့၊ တပ်မတော် အတွက် ဘယ် ယူနီဖောင်း ရွေးသလဲ ဆိုတာ သိရမှာပဲ’

`ပြင်သစ် ယူနီဖောင်းလို ဆိုရင်တော့ ဂြိုဟ်ပဲကွ၊ ဘောင်းဘီ အနီ ပွပွကြီးတွေနှင့် ဆိုရင် မိန်းမလျာနှင့် တူတော့မှာပဲ၊

ငါ့စိတ်ထဲတော့ မိန်းမ ဂါဝန်နှင့် သိပ်တူတာပဲ’

`ကိုလေးတို့ အေဘယ်တို့ အိမ်ကို သွားမလို့လား’ ဂျင်းက လှမ်းမေးသည်။ `သူတို့ဆီ သွားလို့ကတော့ ညစာ

ကောင်းကောင်း စားရမှာ မဟုတ်ဘူး ခင်ဗျ၊ အရင် ထမင်းချက်ကြီးက သေသွားပြီ၊ နောက်ထပ်လည်း ထမင်းချက် မဝယ်ရသေးဘူး၊ မိန်းမ ထမင်းချက် တစ်ယောက် ငှားထားတယ်၊ သူတို့ ယာတောက ကပ္ပလီ သူရင်းငှားတွေ ပြောတော့ အဲဒီ ထမင်းချက် မိန်းမကြီးက အလွန် ညံ့သတဲ့’

`ဘာဖြစ်လို့ ထမင်းချက် အသစ် မဝယ်တာ တဲ့လဲကွ’



`သူတို့လို အနုပ်စုတ် ကုပ်စုတ် လူဖြူ ဆင်းရဲသားက ဘယ်မှာ ကပ္ပလီကျွန် ဝယ်နိုင်မလဲ ကိုလေးရ၊ သူတို့ ဝယ်နိုင်ရင်

တစ်ယောက် နှစ်ယောက်ပေါ့၊ ဒီထက် ဘယ်တော့မှ ပိုမဝယ်နိုင်ဘူး’

ဂျင်း၏ လေသံက လှောင်ပြောင် အထင်သေးသည့် လေသံ။ ဂျင်းသည် ကပ္ပလီ ကျွန်တစ်ရာ ပိုင်သည့် တာလက်တန်

မိသားစု၏ ငွေဝယ်ကျွန် ဖြစ်၏။ ထို့ကြောင့် သူ့နောင်ရေးသည် ဘာမျှ ပူစရာ မရှိ။ လယ်သမား လူချမ်းသာများ၏ ငွေဝယ်ကျွန်များပီပီ ဂျင်းသည် ကျွန်ပိုင် အနည်းငယ်သာ ရှိသည့် လယ်သမားများကို အထင်သေးတတ်သည်။

`ဟေ့ကောင် အရေဆုတ်ခံချင်သလား’ စတူးဝပ်က ကြောက်စဖွယ် ဟိန်းလိုက်သည်။ `အေဘယ်ဝင်ဒါကို အနုပ်စုတ်

ကုပ်စုတ်လို့ မပြောပါနှင့်ကွ၊ ဆင်းရဲပေမယ့် အနုပ်စုတ် ကုပ်စုတ်လို့တော့ မထင်လိုက်နှင့်၊ ဒီ နယ်တစ်ဝိုက်မှာ လူဖြူထဲက ဖြစ်ဖြစ်၊ လူမည်းထဲက ဖြစ်ဖြစ် သူ့ထက် သာတဲ့လူ တစ်ယောက်မှ မရှိဘူး မှတ်ပါ၊ သူ့ထက် သာတဲ့လူ ရှိရင် တို့ တပ်မတော်က သူ့ကို ဘာဖြစ်လို့ ဗိုလ်အဖြစ် ရွေးမလဲ’

25



ဂျင်းက သူ့သခင် မျက်မှောင် ကုတ်နေသည်ကို ပမာမပြု။



`သြော် ဟုတ်တယ်၊ ဒါကို မစဉ်းစားမိဘူး၊ ကျွန်တော်က စစ်ဗိုလ် ဆိုတာ လူချမ်းသာချည်း အောက်မေ့နေတာ၊

အနုပ်စုတ် ကုပ်စုတ်တွေကိုတော့ ခန့်မှာ မဟုတ်ဘူးလို့’

`လာပြန်ပြီလား အနုပ်စုတ် ကုပ်စုတ်၊ စလက်တာရီတို့လို လူဖြူ အစုတ်တွေများ အောက်မေ့နေသလား၊ ဟုတ်တယ်

အေဘယ်က မချမ်းသာဘူး၊ ကိုယ့်ဟာကိုယ် ထွန်တဲ့ ယာသမားကလေး၊ ခြံသမားကြီးတော့ မဟုတ်ဘူး၊ သူ့ကို လူတွေက သဘောကျလို့ စစ်ဗိုလ်အဖြစ် ရွေးရင် မင်းတို့ ကပ္ပလီတွေ ဘာမှ စော်ကား မော်ကား ပြောဖို့ မလိုဘူး၊ တို့ တပ်မတော်ဟာ ကိုယ့်အကြောင်း ကိုယ် သိတယ်’

လွန်ခဲ့သည့် သုံးလလောက်က မြင်းတပ်ကို ဖွဲ့စည်းခဲ့၏။ ထိုနေ့မှာ ပြည်ထောင်စုထဲက ဂျော်ဂျီယာ ပြည်နယ်

ခွဲထွက်သည့်နေ့

ဖြစ်သည်။

တပ်သားသစ်များသည်

စစ်တိုက်ရန်

သွေးကြွနေကြသည်။

တပ်မတော်

ယူနီဖောင်းကို

ယခုထက်တိုင် မသတ်မှတ်ရသေး။ ယူနီဖောင်းနှင့် စပ်လျဉ်း၍ တစ်ယောက် တစ်မျိုးစီ ထင်မြင်ချက်တွေ ပေးကြသည်။ အရောင်တွေ ရွေးကြသည်။ ပုံစံတွေ ထုတ်ကြသည်။ နာမည်တွေ ပေးကြသည်။ အချို့က `တောကြောင်’ ဟု အမည် ပေးကြသည်။ `မီးလျှံ ဂျော်ဂျီယာ မြင်းသည်တော်’၊ `ပြည်တွင်း သေနတ်ကိုင်’၊ `မိုးကြိုး’၊ `သွေးသောက်’ စသဖြင့် တပ်အမည်ကို အမျိုးမျိုး ပေးကြသည်။ ယခုထက်ထိ အတည်တကျ မရွေးကြရသေး။ ထို့ကြောင့် `တပ်မတော်’ ဟု အများက ခေါ်နေကြ၏။ နောက်ဆုံးတွင် နာမည်တွေ ကြီးကြီးကျယ်ကျယ် ပေးသည့်တိုင် လူထုကမူ `တပ်မတော်’ ဟုသာ ခေါ်မြဲ ခေါ်ကြသည်။

တပ်မတော် ဗိုလ်များကို တပ်သားများက ရွေးကောက် ကြရသည်။ ဂျော်ဂျီယာ ပြည်နယ်တွင် စစ်သားဟောင်းကြီး

တချို့က လွဲလျှင် စစ် အတွေ့အကြုံ ရှိသူဟူ၍ မရှိကြ။ တာလက်တန်၏ သား စတူးဝပ်တို့ ညီအစ်ကို လေးယောက်နှင့် ဖွန်တိန်၏ သား သုံးယောက်ကို တပ်သားများက သဘောကျ ကြသည်။ သို့ရာတွင် စတူးဝပ်တို့ ညီအစ်ကို လေးယောက်က အရက် မူးတတ်သည်။ ရမ်းကားတတ်သည်။ ဖွန်တိန်တို့ ညီအစ်ကို သုံးယောက်ကမူ စိတ်ထက်လွန်းသည်။ တစ်ဆိတ် ရှိလျှင် သေနတ်ဖြင့် ပစ်ချင်သည်။ ထို့ကြောင့် သူတို့ကို ရွေးချယ်ခြင်း မပြု။ အက်ရှလေကို ဗိုလ်ကြီး အဖြစ် ရွေးလိုက်ကြသည်။ အက်ရှလေက သူတို့နယ်တွင် မြင်းစီး ကျွမ်းသည်ဟု နာမည် ကြီးသည်။ ခေါင်းအေးအေး ထားတတ်သဖြင့် တပ်ကိုလည်း စည်းကမ်းတကျ ထိန်းနိုင်မည်ဟု ယူဆကြသည်။ ရေးဖို့ ကားလ်ဗတ်ကို ဗိုလ်အဖြစ် ရွေးလိုက်သည်။ အဖေက ယာခုတ်၍ သူကိုယ်တိုင်က ကိုယ့်ယာ ကိုယ်လုပ်သည့် ယာသမား တစ်ဦး ဖြစ်သူ အေဘယ် ဝင်ဒါကို ဒုဗိုလ် အဖြစ် ရွေးကြသည်။

အေဘယ်က အကင်း ပါးသည်။ အလုံးအဖန် ထွားသည်။ စာမတတ်သော်လည်း ကြင်နာတတ်သည်။ သူတို့

လူငယ် တစ်သိုက်ထဲတွင် အသက် အကြီးဆုံး ဖြစ်သည့်တိုင် မိန်းမပျိုများ ရှေ့တွင် သူတို့လိုပင် ယဉ်ကျေးဖွယ်ရာသည်။ တပ်မတော်ထဲတွင် ဂုဏ် ပကာသနကို အရေးမထား။ သူတို့ အဖေများ၊ အဘိုးများသည် ယာသမား ဘဝမှ ချမ်းသာ လာသူတွေချည်း ဖြစ်သဖြင့် အတန်းအစား အထူး ခွဲခြားခြင်း မရှိ။ အေဘယ်လ်သည် သေနတ်ပစ်လည်း အလွန် ဖြောင့်သည်။ ၇၅ ကိုက် အကွာမှနေ၍ ရှဥ့်မျက်လုံးကို မှန်အောင် ပစ်နိုင်သည်။ တောတောင်ကို ကျွမ်းကျင်သည်။ မိုးရွာထဲတွင် မည်သို့ မီးမွှေးရမည်ကို သိသည်။ အမဲလိုက် ကောင်းသည်။ ရေရှာတတ်သည်။ ထို့ကြောင့် တပ်သားများက သူ့ကို သဘောကျကာ တပ်ဗိုလ် အဖြစ် ရွေးကြခြင်း ဖြစ်သည်။ အေဘယ်ကလည်း သူတို့ ယုံစားသည်ကို ဘဝင်မမြင့်။ သို့ရာတွင် ယာတော ပိုင်ရှင်ကြီးများ၏ သမီးများ၊ သူတို့ ငွေဝယ်ကျွန်များကမူ အေဘယ်ကို အထင်မကြီးကြ။ လူကုံထံသား မဟုတ်ဟု ဆိုကာ

26

အထင်သေးကြသည်။

တပ်မတော်သည်

မူလက

ယာတော

ပိုင်ရှင်ကြီးများ၏

သားများကိုသာ

တပ်သားအဖြစ်

စုဆောင်းခဲ့သည်။

တပ်သားသစ်များက မြင်း၊ လက်နက် အသုံးအဆောင်၊ ယူနီဖောင်းနှင့် အစေခံ တစ်ယောက်စီ ယူလာခဲ့ကြရသည်။ သို့ရာတွင် ကလေတန် ခရိုင်က လူချမ်းသာ နည်းသည်။ ထို့ကြောင့် လူချမ်းသာ သားတွေချည်း စစ်တပ် တစ်တပ် ပြည့်အောင် ဖွဲ့ရန် မလွယ်ကူ။ ယာသမားကလေးများ၊ မုဆိုးများ၊ တောခုတ်သမားများ၏ သားများကိုပါ လက်ခံရသည်။

လူချမ်းသာများ ကဲ့သို့ပင် သူတို့လည်း ပြည်တွင်း စစ်ဖြစ်လာလျှင် မြောက်ပိုင်းက ယန်ကီများကို တိုက်ချင်ကြသည်။

သို့ရာတွင် ခက်သည်မှာ ငွေရေးကြေးရေး ပြဿနာ ဖြစ်သည်။ ယာသမားကလေးများတွင် ကိုယ်ပိုင် မြင်း မရှိကြ။ ယာထွန်လျှင် လားဖြင့် ထွန်ကြရသည်။ လားပင်လျှင် များများစားစား မရှိ။ အများဆုံး ရှိသူ ဆိုလျှင် လေးကောင်ထက် မပို။ တပ်မတော်က မြင်း မလုံလောက်သဖြင့် လားများကို လက်ခံနေသည့်တိုင် တပ်မတော်ကို မပေးနိုင်။ မုဆိုးများနှင့် တောခုတ်သူများ ဆိုလျှင် လားပင်လျှင် တစ်ကောင်မျှ မရှိကြ။ မြေလွတ်ကလေးက စိုက်ရသမျှနှင့် တောကောင် ရသမျှကလေးကို အမှီ ပြုနေကြရသည်။ ကုန်ဖလှယ်သည့် စနစ်ဖြင့် အရောင်းအဝယ် လုပ်ကြသည်။ တစ်နှစ်ပြည့်၍ ငါးဒေါ်လာလောက်ကိုပင် မမြင်ဖူးကြ။ သူတို့တစ်တွေ အဖို့ တပ်မတော်သို့ မြင်း ယူ၍ လာရမည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်။ သို့ရာတွင် ယာတော ပိုင်ရှင်ကြီးများက ချမ်းသာသည့် အတွက် ဂုဏ်ယူကြသလို သူတို့ကလည်း ဆင်းရဲသည့် အတွက် မာန ကြီးကြသည်။ လူချမ်းသာတို့ ပေးကမ်းသည်ကို ဘယ်တော့မျှ လက်ဖြန့် မခံကြ။ ဤတွင် တပ်မတော် အတွက် လူပြည့်ရန် အစီအစဉ် တစ်ရပ်ကို လုပ်ကြရတော့သည်။

စကားလက်၏ အဖေ ဂျရယ် အိုဟာရာ၊ ဂျွန် ဝီလ်ကီ၊ ဘတ်မွန်ရိုး၊ ဂျင်း တာလက်တန်၊ ဟူးခ်ျ ကားလ်ဗတ် စသည့်

ခြံပိုင်ရှင်ကြီးများက တပ်မတော် အတွက် မြင်း၊ ဝတ်စုံ စသည်တို့ ဝယ်ရန် ရန်ပုံငွေ ထည့်ကြသည်။

တပ်မတော် တပ်ဖွဲ့ဝင်များကို ဂျုန်းဘာရိုတွင် တစ်ပတ်လျှင် နှစ်ကြိမ် စစ်ရေးပြသည်။ လိုသည့် မြင်းအရေအတွက်

မပြည့်သေးသည့်တိုင် မြင်း ရပြီးသူများက မြင်းတပ် တိုက်ပွဲ လေ့ကျင့်ခန်း ဆင်းကြသည်။ စစ်သင်တန်း ဆင်းသည့်နေ့တွင် ရုံးနောက်ဘက် ကွင်းပြင်ထဲ၌ ဖုန်လုံးကြီးတွေ အလိပ်လိုက် ထနေတတ်သည်။ လည်ချောင်းကို ညှစ်၍ အော်သံကြီးတွေ ဆူညံနေတတ်သည်။ ဓားရောင်တွေ တဖွေးဖွေး လက်နေတတ်သည်။ မြင်း မရှိသေးသူများက ဘူးလက် ကုန်စုံဆိုင်ထောင့်တွင် ထိုင်ကုာ ဆေးငုံရင်း၊ စကား ပြောရင်း သူတို့ ရဲဘော်များ စစ်လေ့ကျင့်ခန်း ဆင်းသည်ကို ကြည့်နေ တတ်ကြသည်။ သို့မဟုတ်လျှင် စက်ကွင်း ပစ်နေတတ် ကြသည်။ သူတို့ အားလုံး သေနတ်နှင့် ယဉ်ပါး နေကြသည်။ ငယ်ငယ်ကလေး တည်းက အမဲလိုက်လာ ခဲ့ကြသဖြင့် လက်ဖြောင့်သူတွေချည်း ဖြစ်သည်။

တပ်မတော်သို့ လှူသည့် သေနတ်တွေကလည်း အမျိုး စုံသည်။ ခြံပိုင်ရှင်များ၏ ယာတောများမှ သေနတ်မှ

အစ စိမ့်တောရှိ သစ်လုံးတဲများက သေနတ်များ အထိ အကုန် ပါသည်။ အလယ် ဂင်နီ တောင်တန်းကို ကျော်ဖြတ်ကာ နယ်သစ် ဖွင့်ပွဲတုန်းက သုံးခဲ့သည့် ပြောင်းရှည် ရှဥ့်ပစ် သေနတ်များလည်း ပါသည်။ ဂျော်ဂျီယာ ပြည်နယ်ကို တည်တုန်းက သုံးခဲ့သည့် နောက်ပွင့် သေနတ်များလည်း ပါသည်။ မက္ကဆီကို စစ်ပွဲတုန်းက သုံးခဲ့သည့် မြင်းပစ် သေနတ်များလည်း ပါသည်။ နှစ်ယောက်ချင်း ချိန်းသတ်ပွဲများတွင် သုံးသည့် ငွေ လက်ကိုင်ရိုးတပ် မော်ဇာ သေနတ်များလည်း ပါသည်။ အိတ်ဆောင် သေနတ်လည်း ပါသည်။ အမဲလိုက်သည့် နှစ်လုံးပူး သေနတ်လည်း ပါသည်။ ဒင်က ပါလစ်ရောင် တလက်လက် တောက်နေသည့် နောက်ဆုံးပေါ် အင်္ဂလိပ် ရိုင်ဖယ် သေနတ်လည်း ပါသည်။

27



စစ်လေ့ကျင့်ခန်း

ပြီးလျှင်

ဂျုန်းဘာရိုက

အရက်ဆိုင်များထဲသို့

ရောက်ကုန်ကြသည်။

ညမှောင်လာလျှင်

ရန်ဖြစ်လိုက်ကြသည်မှာလည်း တရုန်းရုန်း၊ ရန်သူ ယန်ကီတွေ မလာခင် ကိုယ့်အချင်းချင်း ဒဏ်ရာ အနာတရ ဖြစ်မကုန်အောင် တပ်မတော် ဗိုလ်တွေက မနည်း ထိန်းယူကြရသည်။ တစ်ခါက စတူးဝပ်က ကိတ်ကို သေနတ်ဖြင့် ပစ်ခြင်း၊ တိုနီဖွန်တိန်က ဘရင့်ကို သေနတ်ဖြင့် ပစ်ဖူးခြင်းမှာ ဤသို့ စစ်သင်တန်း ဆင်းပြီး အပြန် အရက်ဆိုင် တစ်ဆိုင်တွင် အရက် သောက်ခဲ့စဉ်က ဖြစ်သည်။ ထိုစဉ်က အမြွှာ ညီအစ်ကို နှစ်ယောက်သည် ဗာဂျီးနီးယား တက္ကသိုလ်မှ ကျောင်းထုတ်ခံရသဖြင့် အိမ်ပြန်ရောက်စဉ် တပ်မတော်က စစ်သား စုသဖြင့် စစ်တပ်ထဲသို့ စာရင်း သွင်းခဲ့ကြသည်။ သို့ရာတွင် လွန်ခဲ့သည့် နှစ်လခန့်က သေနတ် ပစ်သည့် ကိစ္စ ပေါ်ပြီးသည့် နောက်တွင် အမေက သူတို့ကို ဂျော်ဂျီယာ တက္ကသိုလ်သို့ ပို့လိုက်သည်။ တက္ကသိုလ်မှ ပြန်မလာရဟုလည်း အမိန့် ထုတ်လိုက်သည်။ စစ်လေ့ကျင့်ခန်း ဆင်းရသည့် အရသာကို မတွေ့ရတော့။ သူတို့ ရဲဘော်များနှင့် မြင်းစီးရခြင်း၊ အော်ဟစ်ရခြင်း၊ သေနတ် ပစ်ရခြင်း စသည်တို့နှင့် စာသော် ပညာ သင်ကြားခြင်း ဟူသည် သူတို့အဖို့ ဘာမျှ အဓိပ္ပာယ် မရှိ။ ပျော်စရာ မကောင်း။

`အေး အေဘယ်တို့ တောဘက်ကို သွားချင် သွားလေကွာ၊ ကောင်းသားပဲ၊ အိုဟာရာတို့ ယာတောစပ်က

ချောင်းရိုးကလေးကို ဖြတ်ကွာ၊ ပြီးတော့ ဖွန်တိန်တို့ စားကျက်ထဲကို ဝင်၊ ဒါမှ နီးမှာ’

`ဘာမှတော့ ကောင်းကောင်း စားရမှာ မဟုတ်ဘူး ခင်ဗျ၊ ပဲနှင့် ဟင်းရွက်ပြုတ်ပဲ ရှိမှာပဲ’



ဂျင်းက ပြောသည်။ စတူးဝပ်က ရယ်လျက်။



`မင်း စားချင်လို့လည်း မစားရပါဘူးကွ၊ မင်း အိမ်ပြန်နှင့်တော့၊ ညစာ မစားတော့ဘူးလို့ မေမေ့ကို ပြောလိုက်’



`မပြန်ဘူးဗျ၊ ကျွန်တော်တော့ ကိုလေးတို့နှင့် လိုက်မှာပဲ၊ အိမ်ပြန်ရင် ကျွန်တော်လည်း အမေကြီးက ဆူမှာပဲ၊ ဘာဖြစ်လို့

နင် သူတို့နှင့် လိုက်မသွားရတာလဲဆိုပြီး ဆူမယ်၊ ပြီးတော့ ဘာဖြစ်လို့ ပြန်ခေါ်မလာရတာလဲ ဆိုပြီး ဆူဦးမယ်၊ ကျွန်တော်ပါ ကြိမ်နှင့် အချခံရမယ်၊ ကိုလေးတို့ ပါမလာရင် ကျွန်တော့် ခေါင်းပေါ်မှာ တာဝန်ကျမှာပဲ၊ အေဘယ်တို့ အိမ်ထဲကို ကိုလေးတို့ မခေါ်ချင်ရင်လည်း နေ၊ ကျွန်တော် တစ်ညလုံး တောထဲမှာ စောင့်အိပ်နေမှာပဲ၊ တစ်ညလုံး လင်းချင် လင်းပေ့စေ၊ အမေကြီး ရိုက်တာတော့ တစ်ယောက်တည်း မခံဘူး’

အမြွှာ ညီအစ်ကို နှစ်ယောက်သည် ဇွတ်တရွတ် နိုင်လှသော ဂျင်းကို လှည့်ကြည့်လိုက်ကြ၏။



`တော်တော် ခက်တဲ့ ကောင်ပဲ၊ အဲဒီ ကပ္ပလီ ဆိုတဲ့ ကောင်တွေဟာ တော်တော် ဒုက္ခပေးတဲ့ ကောင်တွေ၊

တစ်ခါတလေတော့ ငွေဝယ်ကျွန် စနစ်ကို ဖျက်တဲ့ လူတွေ ပြောတာ မှန်သလိုလိုပဲ’

`အေးကွာ၊ တို့တောင် မေမေနှင့် မျက်နှာချင်း မဆိုင်ချင်လို့ ရှောင်နေသေးရင် သူလည်း ဒီလိုနေမှာပေါ့၊ ဟေ့ကောင်

တစ်ခုတော့ ပြောထားလိုက်မယ်နော်၊ အေဘယ်တို့ အိမ်က ကပ္ပလီတွေနှင့် တွေ့ရင် တို့အိမ်က ကပ္ပလီတွေက ကြက်ကြော်တို့၊ ဝက်ပေါင်ခြောက်တို့ချည်း စားရတယ်၊ မင်းတို့ ဆီကတော့ ပဲနှင့် ယုန်သားပဲ စားရတယ်လို့ လျှောက်ကြွားမနေနှင့်၊ ကြွားရင် မေမေ့ကိုလည်း တိုင်မယ်၊ စစ်တပ်ထဲလည်း မခေါ်တော့ဘူး၊ သိလား’

`ဘာ ကျွန်တော်က ဒီ အနုပ်စုတ် ကုပ်စုတ်တွေကို အရေးလုပ်ပြီး ကြွားရမယ် ဟုတ်လား၊ ကျွန်တော်လည်း ဣနြေ္ဒနှင့်

28

နေတတ်ပါတယ် ကိုလေးရ၊ အမေကြီးက သင်ထားပြီးသားပဲ’

`အင်း မေမေကတော့ တို့ သုံးယောက်လုံးကို လူဆိုးစာရင်းထဲ ထည့်ထားရော့မယ်၊ ကဲ သွားမယ်ကွာ’



စတူးဝပ်က သူ့မြင်းနီကြီးကို သံဆူးဖြင့် တို့ကာ သံတန်း ခြံစည်းရိုးကို အသာ ကျော်၍ အိုဟာရာတို့ ယာထဲက

မြေပျော့ပျော့ပေါ်သို့ ခုန်ဝင်သည်။ ဘရင့်နှင့် ဂျင်းတို့၏ မြင်းများကလည်း ခုန်၍ ဝင်ခဲ့ကြသည်။ ဂျင်းကမူ မြင်းလည်ဆံကို ဆုပ်၍ လိုက်လာသည်။

ဂျင်းသည် မြင်းဖြင့် ခြံစည်းရိုးတန်း ခုန်ရမည်ကို အလွန်ကြောက်သည်။ သို့ရာတွင် သူ့ သခင်များနှင့် ရင်ပေါင်တန်း

လိုက်လိုသည့် အတွက် ခုန်ဝင်ခဲ့ရခြင်း ဖြစ်၏။ 

ထွန်ရေးကြောင်းတွေ ထနေသည့် နီစွေးနေသော ယာတောကို ဖြတ်ကာ ဆင်ခြေလျောကလေး အတိုင်း ချောင်းရိုး

အစပ်သို့ ဆင်းခဲ့ကြသည်။ 

ဆည်းဆာက တဖြည်းဖြည်း နက်ရှိုင်းစ ပြုလာနေပြီ။



`ဟေ့ ကိုလေးရေ၊ စကားလက်က ညစာစားဖိတ်ဖို့ မကောင်းဘူးလား’



ဘရင့်က စတူးဝပ်ကို အော်ပြောသည်။



`ဟုတ်တယ်ကွ၊ ငါ့စိတ်ထဲမှာလည်း ဖိတ်မယ်လို့ပဲ ထင်နေတယ်၊ မင်းကော ဘာဖြစ်လို့ ဒီလို ထင်တာလဲ’



စတူးဝပ်က ပြန်အော်သည်။

29





စတူးဝပ်နှင့် ဘရင့်တို့ အမြွှာ ညီအစ်ကို မြိုင်သာယာမှ ပြန်သွားသည့် အခါတွင် စကားလက် ဆင်ဝင် ဝရန်တာတွင်

ရပ်ကျန်ရစ်ခဲ့သည်။ မြင်းခွာသံများ တဖြည်းဖြည်း ဝေး၍ ပျောက်ကွယ်သွားသည့် အခါ ကျမှ အိပ်မက်ထဲတွင် လမ်းလျှောက် နေသူသဖွယ် သူ့ ကုလားထိုင်သို့ သူ ပြန်လာသည်။ ဝေဒနာ တစ်ရပ်ကို ခံစားနေရသည့်နှယ် သူ့မျက်နှာသည် တင်းမာနေသည်။ ပါးစပ်ကမူ အမြွှာ ညီအစ်ကို မရိပ်မိအောင် ဟန်ဆောင်ပြုံး ပြုံးနေရသဖြင့် အကြောအခြင်တွေ ညောင်းနေပြီ။ စကားလက်သည် ကုလားထိုင်တွင် ခြေတင်၍ ကျုံ့ကျုံ့ ထိုင်နေသည်။ စိတ် ပင်ပန်းလွန်းသဖြင့် သူ့နှလုံးသားသည် ရောင်အန်း ပွတက် လာသည်ဟု ထင်ရ၏။ သူ့ရင်နှင့်အမျှ ကြီးလာသည် ထင်ရသည်။ နရီမမှန် စည်းမမှန် ခုန်နေသည်။ သူ့ လက်ဖျားများက အေးစက်နေသည်။ ဆုံးရှုံးမှုကြီး တစ်ခုကို တွေ့ရလေပြီ ဟူသော အသိက ဖုံးနေသည်။ သူ့မျက်နှာပေါ်တွင် နာကျင်ခြင်း၊ နောက်ကျိ ရှုပ်ထွေးခြင်း စသည့် သဏ္ဌာန်တို့ ပေါ်နေကြသည်။ တစ်သက်လုံး လိုတရခဲ့ပြီးနောက် ပထမဆုံး အကြိမ် အလို ဆန္ဒ မပြည့် ဖြစ်ရသော နွဲ့ဆိုး ဆိုးတတ်သည့် ကလေး တစ်ယောက်၏ နောက်ကျိ ရှုပ်ထွေးခြင်းမျိုး ဖြစ်သည်။

အက်ရှလေ တစ်ယောက် မီလာနီ ဟယ်မီလ်တန်နှင့် လက်ထပ်တော့မည်။



မဖြစ်နိုင်။ လုံးဝ မဖြစ်နိုင်။ ဧကန္တ စတူးဝပ်တို့ အမြွှာ ညီအစ်ကို တလွဲ ပြောခြင်း ဖြစ်ရမည်။ အက်ရှလေသည် မီလာနီကို

မချစ်နိုင်။ မည်သည့် နည်းနှင့်မျှ မချစ်နိုင်။ မီလာနီလို ထုံထိုင်းထိုင်း မိန်းကလေးမျိုးကို မည်သူမျှ မချစ်နိုင်။ မီလာနီက ပိန်ခြောက်ခြောက် ကလေးလေးလို ပုံပန်း မရှိ။ မျက်နှာကလည်း စုတ်ချွန်းချွန်း မျက်နှာသေ။ ထိုမျှမက အကျည်းတန်သည် ဟုပင် စကားလက် ထင်မိသေးသည်။ အက်ရှလေနှင့် မီလာနီ မတွေ့သည်မှာ ကြာလှပြီ။ မနှစ်က အက်ရှလေတို့၏ ဝက်သစ်ချမြိုင်တွင် အိမ်တက် မင်္ဂလာ လုပ်ပြီးနောက် အက်ရှလေ တစ်ယောက် အတ္တလန်တာသို့ နှစ်ခေါက်သာ ရောက်သေးသည်။ မဖြစ်နိုင်။ အက်ရှလေသည် မီလာနီကို မည်သို့မျှ မချစ်နိုင်။ အက်ရှလေသည် သူနှင့် ချစ်နေကြပြီ မဟုတ်လော။ ဤအကြောင်းကို အခြားသူများ မသိလျှင် ရှိစေ၊ သူ သိသည်။ လောကတွင် အက်ရှလေ တကယ်အမှန် ချစ်သူသည် သူ တစ်ယောက်သာ ရှိသည်။ ဤသည်ကို စကားလက် သိသည်။

အိမ်ထဲမှ ကြီးဒေါ်၏ ခြေသံ တရှပ်ရှပ်ကို ကြားရသည်။ စကားလက် ခြေကို ပြန်ချကာ မျက်နှာထားကို ပြင်လိုက်သည်။

သူ တစ်ခုခု ဖြစ်နေသည်ကို ကြီးဒေါ် အသိမခံနိုင်။ ကြီးဒေါ်သည် သူ့ကိုယ်သူ အိုဟာရာ မိသားစု တစ်ဦးဟု ထင်သည်။ အိုဟာရာ မိသားစု၏ လျှို့ဝှက်ချက်သည် သူ့ လျှို့ဝှက်ချက်ဟု ယူဆသည်။ သင်္ကာယနံ့ မကင်းစရာ တစ်ခုကို မြင်သည်နှင့် အမဲလိုက် ခွေးလို ရေဆုံးရေဖျား လိုက်တော့သည်။ မသင်္ကာစရာ တစ်ခု တွေ့၍ သူ အစဖော် မရလျှင် ကြီးဒေါ်သည် မေမေ့ဆီ အရောက် သယ်သွားတတ်ကြောင်း အတွေ့အကြုံ အရ စကားလက် သိပြီး ဖြစ်သည်။ မေမေ့ထံ ရောက်လျှင် ဖုံးထားသမျှ

30

အကုန် ပေါ်တော့သည်။ သို့မဟုတ်လျှင်လည်း ယုတ္တိ ယုတ္တာဖြင့် လိမ်ပြောရသည်။ 

ကြီးဒေါ်က ဆင်ဝင်သို့ ထွက်လာသည်။ ခန္ဓာကိုယ်ကြီးက ကြီးခိုင်သလောက် မျက်လုံးများက ဆင့်မျက်လုံးလို

သေးငယ်စူးရှသည်။ ကြီးဒေါ်သည် ကပ္ပလီ စစ်စစ်ကြီး ဖြစ်၏။ အိုဟာရာ မိသားစု အပေါ်တွင် နောက်ဆုံး သွေးတစ်စက် အထိ သစ္စာ စောင့်မည့်သူ ဖြစ်သည်။ မေမေ၏ လက်ရုံးကြီး ဖြစ်၍ စကားလက်တို့ ညီအစ်မ သုံးယောက်က စိတ်ညစ်ရလောက်အောင် နေရာတကာ လိုက်၍ ချုပ်ချယ်သူ ဖြစ်သည်။ တစ်အိမ်လုံးရှိ အစေခံများက ကြောက်ရသူ ဖြစ်သည်။ လူမည်း ဖြစ်သည့်တိုင် အပြောအဆို၊ အနေအထိုင်တွင် မာနကြီးရာတွင် သခင်များကပင် အရှုံး ပေးရလောက်သည်။ ငယ်ငယ်ကတည်းက ရိုဘီးလာဒ် (စကားလက်တို့ အဘွား) ထံတွင် လက်တို လက်တောင်း လုပ်ခဲ့ဖူးသည်။ စကားလက်တို့ အဘွားက နှာခေါင်း ချွန်ချွန် ပြင်သစ်မကြီး ဖြစ်၍ စည်းကမ်းကြီးသည်။ အနေအထိုင် သိမ်မွေ့သည်။ အနေအထိုင် မတတ်လျှင် သားသမီးများကို ဖြစ်စေ၊ အစေခံများကို ဖြစ်စေ မညှာမတာ ဆုံးမတတ်သည်။ ငယ်ငယ်က အယ်လင် (စကားလက်တို့ အမေ) ၏ နို့ထိန်း ဖြစ်ပြီး မေမေ အိမ်ထောင်ကျသည့် အခါတွင် ဆဗာနာမှ လိုက်လာခဲ့သည်။ ကြီးဒေါ် ချစ်ပြီ ဆိုလျှင် မသက်သာတော့။ နေရာတကာ လိုက်၍ ကွပ်ညှပ်သည်။ ကြီးဒေါ်သည် သူတို့အထဲတွင် စကားလက်ကို အချစ်ဆုံးဖြစ်ရာ အချစ် ခံရသည့် စကားလက်အဖို့ နေစရာ မရှိတော့။

`ဟဲ့ ကလေးတွေ ပြန်သွားကြပြီလား၊ ညစာစား မခေါ်လိုက်ဘဲကိုး၊ ပေါ့ကို ပန်းကန် နှစ်ချပ်တောင် အထုတ်ခိုင်းပြီးပြီ၊

ကြည့်ပါဦး၊ ထမင်းစားလေးတောင် မခေါ်ဘူး၊ ဘယ်ကောင်းမလဲ’

`အို ကြီးဒေါ်ကလည်း၊ တစ်ညနေလုံး စစ်အကြောင်း ပြောနေတာ နားကို ငြီးနေတာပဲ၊ ထမင်းဝိုင်း ကျရင်လည်း

ဒီအကြောင်းကို ပြောကြဦးမယ်၊ ဖေဖေနှင့် တွေ့ရင် သာပြီးတောင် ဆိုးဦးမယ်၊ ပြောလိုက်ကြမယ့် စစ်အကြောင်း၊ လင်ကွန်း အကြောင်း’

`အို ဘယ်လို ပြောလိုက်တာလဲ ကလေးမရဲ့၊ ကြီးဒေါ်နှင့် မေမေ ဒီလောက် ပြောနေတဲ့ ကြားထဲကတောင်

ရိုင်းတုန်းပါလား၊ ဟောတော့၊ ကြည့်ပါဦး၊ ခြုံစောင်လည်း မပါဘူး၊ အေးလာပြီတော့်၊ ည လေစိမ်းတိုက်ရင် အေးတတ်တယ် ဆိုတာ တဖွဖွ ပြောပေမယ့်လည်း အလကားပဲ၊ ခြုံစောင်လည်း မပါဘူး၊ အအေး မိတော့မှာပဲ၊ လာ လာ အထဲ ဝင်တော့’

စကားလက်က အရေးမစိုက်ဟန်ဖြင့် မျက်နှာ လွှဲလိုက်သည်။ ကြီးဒေါ်က ခြုံစောင် ကိစ္စကို အရေးတကြီး ထားနေသဖြင့်

သူ့မျက်နှာက အပူရုပ်ကို သတိ မထားမိသည့်အတွက် တော်သေးသည်ဟု အောက်မေ့ ရသည်။

`ဟင့်အင်း၊ စကားလက် ဒီနားမှ ခဏ ထိုင်ဦးမယ်၊ နေဝင်တာကို ကြည့်ချင်လို့၊ နေလုံးကြီး ဝင်သွားတာ သိပ်ကြည့်လို့

ကောင်းတာပဲ၊ စကားလက် ခြုံစောင်လေးကို ယူပေးနော် နော်၊ ဖေဖေ ပြန်လာတဲ့ အထိ ဒီနားမှာ ထိုင်ဦးမယ်နော်’

`ကြည့်စမ်း၊ အသံကလည်း အအေးမိသံကြီး၊ အအေးများ မိနေပြီလား’



ကြီးဒေါ်က စိုးရိမ်တကြီး ပြောသည်။



`မမိပါဘူး ကြီးဒေါ်ရဲ့၊ စကားလက်ကို ခြုံစောင်သာ ယူပေးစမ်းပါ’

31



စကားလက်က စိတ်မရှည်နိုင်တော့။



ကြီးဒေါ်က လှုပ်လှုပ် လှုပ်လှုပ်ဖြင့် အိမ်ထဲသို့ ပြန်ဝင်သွားသည်။ အပေါ်ထပ်က အစေခံ မိန်းမဖော်ထံ ခြုံစောင်

လှမ်းတောင်းနေသံကို ကြားရသည်။

`ဟဲ့ ရိုဇာ၊ မလေးရဲ့ ခြုံစောင် ယူခဲ့စမ်း၊ ဟဲ့ ကောင်မ၊ ခိုင်းလိုက်ရင် မြန်မြန် လုပ်စမ်းပါ၊ ငါ ကိုယ်တိုင် တက်ယူတာက

မြန်ဦးမယ်’

အိမ်ပေါ်သို့ တက်သွားသံကို စကားလက် ကြားရသည်။ စကားလက် ထိငု ရ်ာမှ အသာ ထသည်။ ကြီးဒေါ် ပြန်ဆင်းလာလျှင်

စကားလက် ဧည့်ဝတ် မကျေသည့် အတွက် ဆူပူ မာန်မဲဦးမည်။ စိတ်ညစ်နေချိန်တွင် အသေးအဖွဲကလေးတွေနှင့် ပတ်သက်၍ နားငြီး မခံနိုင်။ သူ့စိတ်ညစ်စရာတွေ ပြေပျောက်သွားသည် အထိ ဘယ်ဆီ ဘယ်ဒေသသို့ သွား၍ ပုန်းနေရမည်နည်းဟု မတ်တတ် ရပ်လျက်က စဉ်းစားနေသည်။ ဤတွင် အကြံ တစ်ချက် လက်ခနဲ ပေါ်လာသည်။ ဖေဖေ တစ်ယောက် အက်ရှလေ ဝီလ်ကီတို့၏ ဝက်သစ်ချမြိုင်သို့ မြင်းတစ်စီးဖြင့် ညနေစောင်းကတည်းက ထွက်သွားသည် မဟုတ်လော။ သူ့အိမ်က ထမင်းချက်ကြီး ပေါ့၏ မယား ဒစ်လစီ ဆိုသည့် ကပ္ပလီမ ဝဝကြီးကို ဝယ်ဖို့ စကား ပြောရန် ထွက်သွားခဲ့သည် မဟုတ်လော။ ဒစ်လစီမှာ ဝက်သစ်ချမြိုင်တွင် မိန်းမစိုး ဖြစ်သည်။ ဝမ်းဆွဲသည်လည်း ဖြစ်သည်။ လွန်ခဲ့သည့် ခြောက်လ လက်ထပ်ပြီးခါစ ကတည်းက ပေါ့သည် သူ့ မယား ဒစ်လစီနှင့် အတူ နေချင်လှချည့် ဆိုကာ ဒစ်လစီကို ဝယ်ပေးရန် သူ့သခင်ကို နားပူ နားဆာ လုပ်ခဲ့သည်။ ယနေ့ညတွင်မူ ဂျရယ် အိုဟာရာ (စကားလက်တို့ အဖေ) သည် နောက်ထပ် ခုခံနိုင်စွမ်း မရှိတော့။ သူ့ကျွန် အလိုကျ ဒစ်လစီကို ဝယ်ရန် မြင်းတစ်စီးဖြင့် ဝက်သစ်ချမြိုင်သို့ ထွက်သွားခဲ့သည်။

အက်ရှလေတို့ သတင်းကို ဖေဖေ သိကောင်း သိနိုင်သည်ဟု စကားလက် တွေးမိသည်။ အကယ်၍ ဤသတင်းကို

သူကိုယ်တိုင် နားဖြင့် ဆတ်ဆတ် မကြားခဲ့သည့်တိုင် တစ်စုံတစ်ခု ထူးထူးခြားခြားကို သတိပြုမိခဲ့ဟန် ကောင်းသည်။ အက်ရှလေတို့ အိမ်သားများ ထူးထူးခြားခြား ဖြစ်နေမည်ကို ရိပ်မိခဲ့တန် ကောင်းသည်။ ညစာ မစားခင် ဖေဖေ့ကို မေးရလျှင် အမှန်ကို သိကောင်းသည်။ စင်စစ် ထိုသတင်းသည် စတူးဝပ်တို့ အမြွှာ ညီအစ်ကို အကျီစားသန်ခြင်းသာ ဖြစ်ရမည်။

ယခု ဖေဖေ ပြန်ရောက်ဖို့ ကောင်းပြီ။ လမ်းဆုံသို့ သွားစောင့်လျှင် ဖေဖေနှင့် နှစ်ယောက်ချင်း စကားပြောခွင့် ရမည်မှာ

သေချာသည်။ စကားလက်သည် လှေကားထစ်များအတိုင်း ဆင်းလာခဲ့သည်။ အပေါ်ထပ် ပြတင်းပေါက်မှ နေ၍ ကြီးဒေါ် စောင့်ကြည့်နေမည်လောဟု တွေးမိသဖြင့် သမင်လည်ပြန် လှည့်ကြည့်သည်။ မျက်နှာသုတ်ပဝါကြီး ခေါင်းပေါင်းထားသည့် မျက်နှာမည်းမည်းကြီးကို ခန်းဆီးကြားတွင် မတွေ့တော့မှ စကားလက်သည် အစိမ်းပွင့်ရိုက် ဂါဝန်ကို မကာ ဝင်းဝသို့ ခြေကုန်သုတ်၍ ပြေးလာခဲ့၏။ ဇာနားတပ် ဆိတ်ကလေးရေ ဖိနပ်လေး ကပ်ပါလာသည် အထိ တအား ပြေးလာခဲ့သည်။

ဝင်းဝသို့

ထွက်သည့်လမ်းက

ကျောက်စရစ်

ခဲလုံးကလေးတွေ

ခင်းထားသည်။

ဘေးတစ်ဖက်တစ်ချက်ရှိ

တောင်တမာပင်များက ခေါင်းပေါ်သို့ မိုးယှက်နေကြ၏။ ဝင်းဝသို့ ထွက်သည့် လမ်းသည် ဥမင်လေး တစ်ခုသဖွယ် မှောင်ပိန်းလျက် ရှိ၏။ တောင်တမာပင် အုပ်အုပ်တွေအောက် ရောက်တော့မှ စိတ်ချသွားကာ ပြေးလာသည့် အရှိန်ကို လျှော့သည်။ စကားလက် မောဟိုက်နေပြီ။ ဖိနပ်ကြိုးက တင်းတင်း ချည်ထားသဖြင့် ဝေးဝေး မပြေးနိုင်။ သို့တိုင်အောင် မြန်နိုင်သမျှ မြန်မြန် ဆက်လျှောက်လာခဲ့သည်။ ခဏကြာလျှင် ဝင်းဝသို့ ရောက်လာကာ ပေတစ်ရာ လမ်းမကြီးပေါ်သို့

32

တက်မိ၏။ သို့ရာတွင် စကားလက် မရပ်သေး။ ပေတစ်ရာကြီး အတိုင်း ဆက်လျှောက် လာခဲ့သည်။ မြိုင်သာယာသည် လမ်းကွေ့ တောအုပ်များ နောက်တွင် ပျောက်ကွယ် ကျန်ရစ်ခဲ့ပြီ။

စကားလက် အသက်ပြင်းပြင်း ရှုရင်း သစ်ငုတ်တစ်ခုပေါ်တွင် ထိုင်ကာ ဖေဖေ ပြန်အလာကို စောင့်သည်။ ထိုအချိန်

ဆိုလျှင် ဖေဖေ ပြန်လာချိန် တန်ပြီ။ သို့ရာတွင် ဖေဖေ ပြန်မလာသေးသည့် အတွက် စကားလက် ဝမ်းသာမိသေးသည်။ ဖေဖေ သင်္ကာမကင်း မဖြစ်စေရန် မျက်နှာထားကို ပြင်ချိန် ရသည်။ သူ့နားထဲတွင် မြင်းခွာသံ ဖြိုးဖြိုးဖြောက်ဖြောက် ကြားသယောင်။ မျက်စိထဲတွင် မြင်းကြီးကို ဒုန်းစီးကာ ကုန်းထိပ်သို့ တက်လာသည်ကို မြင်မိသယောင် ရှိသည်။ သို့ရာတွင် အချိန်သာ ကုန်သွားသည်။ ဖေဖေ တစ်ယောက် မပေါ်လာသေး။ စကားလက်သည် ရင်ထဲတွင် တင်းကျပ် လာလျက်က ပေတစ်ရာ လမ်းမကို မျှော်ကြည့်သည်။

`မဖြစ်နိုင်ဘူး၊ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ဘူး၊ ဖေဖေကလည်းနော်၊ ဘာဖြစ်လို့ ဒီလောက် ကြာနေရပါလိမ့်’



စကားလက် တွေးသည်။



သူ့ မျက်လုံးများသည် ကွေ့ကောက် နေသော ပေတစ်ရာကို မျှော်ကြည့်သည်။ မိုးရွာပြီးစ ဖြစ်၍ ပေတစ်ရာ

လမ်းမကြီးသည် သွေးရောင်လို နီရဲနေသည်။ သူ့ စိတ်သည် ပေတစ်ရာ အတိုင်း လိုက်သွားကာ တောင်ကုန်းပေါ်မှ ငြိမ်သက်စွာ စီးနေသော ဖလင့် မြစ်ကမ်းသို့ ရောက်သွားသည်။ ပေါင်းမြက်တို့ ထနေသည့် စိမ့်တောကို ဖြတ်၍ တစ်ဖက် တောင်ကုန်းပေါ်က ဝက်သစ်ချမြိုင်သို့ ရောက်သွားသည်။ ဝက်သစ်ချမြိုင်တွင် အက်ရှလေ ရှိသည်။ သူ့အဖို့ ဤလမ်းသည် အက်ရှလေ ထံသို့ သွားသည့်လမ်း ဖြစ်သည်။ ခေါမဝတ်ကျောင်း တစ်ဆောင် သဖွယ် တောင်ကုန်းထိပ်ကို သရဖူ ဆောင်းထားသည့် အိမ်ဖြူဖြူကြီးသို့ သွားရာလမ်း ဖြစ်သည်။

`အက်ရှလေရယ်’ ဟု စိတ်ထဲက ညည်းမိသည်။ သူ့ရင်သည် ပို၍ ခုန်လာ၏။



စတူးဝပ်တို့ ညီအစ်ကိုထံမှ ထိုသတင်းကို ကြားလိုက်စဉ်က စကားလက် ဝေခွဲမရ။ စိတ်ပျက် လက်လျှော့ ဖြစ်ခဲ့ရသည်။

ယခု ဝေခွဲမရခြင်း၊ စိတ်ပျက်ခြင်း နေရာတွင် ဇောဝင်လာသည်။ ထိုဇောသည် သူ့ကို နှစ်နှစ် လုံးလုံး ပူးကပ်ခဲ့သည့် အချစ်ဇော ဖြစ်သည်။

ဆန်းတော့ ဆန်းသည်။ သူ အရွယ်ရောက်လာချိန် အထိ အက်ရှလေကို တစ်ခါမျှ စိတ်မဝင်စားမိခဲ့။ ငယ်ငယ်တုန်းက

အိမ်တွင် ဝင်ထွက် သွားလာ နေခဲ့သော်လည်း ယောင်၍ပင် စိတ်ကူး မထည့်စဖူး။ သို့ရာတွင် လွန်ခဲ့သည့် နှစ်နှစ်ကမူ အက်ရှလေသည် ဥရောပတွင် သုံးနှစ် လျှောက်လည်ပြီး ပြန်လာကာ သူ့ကို လာ နှုတ်ဆက်သည်။ သူ့ကို ထိုစဉ်က စ၍ ချစ်ခဲ့မိခြင်း ဖြစ်သည်။ ထိုစဉ်ကမူ အဖြစ်အပျက်က ရိုးရိုးကလေး။

သူက အိမ် အောက်ထပ် ဆင်ဝင် လှေကား ထိပ်တွင် ရပ်နေသည်။ အက်ရှလေက တောင်တမာပင်တွေ

အုပ်ဆိုင်းနေသည့် ဝင်းဝ အထွက်လမ်း အတိုင်း မြင်းစီး၍ ဝင်လာ၏။ မီးခိုးရောင် ဝတ်စုံကို ဝတ်ထားပြီး ကင်းခြေ လိုက်ထားသည့် ရှပ်အင်္ကျီပေါ်တွင် လိပ်ပြာတောင် အင်္ဂလိပ် လည်စည်း အပြားကြီးကြီးကို စည်းထား၏။ အက်ရှလေ ဝတ်စားထားပုံကို ယခုတိုင် အသေးစိတ် မှတ်မိနေသေးသည်။ မြင်းစီး ဖိနပ်ရှည်ရှည်က တဖိတ်ဖိတ် လက်နေသည်။ လိပ်ပြာတောင် လည်စည်းတွင်

33

မေဓုဇ နတ်သားခေါင်းရုပ် ထွင်းထားသည့် ရင်ထိုး တစ်ချောင်း တပ်ထား၏။ စကားလက်ကို မြင်သည်တွင် ဆောင်းလာသည့် ပနားမား ဦးထုပ်ပြားကို ချွတ်၍ နှုတ်ဆက်သည်။ မြင်းပေါ်မှ ဆင်းကာ မြင်းဇက်ကို ကပ္ပလီ သူငယ်လေး တစ်ယောက်ထံ ပစ်ပေးလိုက်ပြီးနောက် လှေကားရင်းမှ နေ၍ သူ့ကို မော့ကြည့်နေသည်။ ရီဝေသော မျက်လုံးပြာပြာများက ပြုံးနေကြ၏။ နေခြည်ထိုးသဖြင့် သူ့ဆံပင် နုနုဝါဝါများသည် ငွေသရဖူ ဆောင်းထားသည့်ပုံ ဖြစ်နေသည်။

`စကားလက်တောင် တော်တော် ထွားလာပါကလား ဟေ့’



အက်ရှလေက လှေကားထစ်များကို တက်လာကာ သူ့လက်ခုံကို ငုံ့၍ နမ်းသည်။ အက်ရှလေ၏ အသံသည် ဆွဲဆောင်မှု

အပြည့် ရှိနေသည်။ လေးပင်သည်။ သြဇာ ရှိသည်။ ဂီတ ဆန်သည်။ သူ့အသံကို ကြားလိုက်ရသဖြင့် ရင်တထိတ်ထိတ် ခုန်ခဲ့ရသည်ကို စကားလက် မည်သည့်အခါမျှ မေ့မည် မဟုတ်။

ထိုအချိန်မှစ၍

စကားလက်သည်

အက်ရှလေကို

စွဲလမ်းခဲ့သည်။

တမ်းတခဲ့သည်။

စားဖို့

အစားအစာကို

တမ်းတသည့်နှယ်၊ စီးဖို့ မြင်းကောင်းကောင်းကို တမ်းတသည့်နှယ်၊ အိပ်ဖို့ နူးညံ့ အိစက်သည့် အိပ်ရာ ကောင်းကောင်း တစ်ခုကို တမ်းတသည့်နှယ် အရူးအမူး တမ်းတခဲ့မိသည်။

ထို နှစ်နှစ်အတွင်း အက်ရှလေသည် သူ သွားလေရာ ပါသည်။ ကပွဲ သွားလျှင်လည်း ပါသည်။ ငါးမျှား သွားလျှင်လည်း

ပါသည်။ ပျော်ပွဲစား ထွက်လျှင်လည်း ပါသည်။ စတူးဝပ်တို့ ညီအစ်ကိုနှင့် ကိတ်ကားလ်ဗတ်တို့လို အားအားယားယား ရှိတိုင်းလည်း မလာ။ ချားလ်ဖွန်တိန်တို့ တစ်တွေလို ကြုံတိုင်းလည်း မဝင်။ သို့ရာတွင် မြိုင်သာယာသို့ အက်ရှလေ ရောက်မလာသည့် သီတင်းပတ်ဟူ၍ မရှိ။

အက်ရှလေသည် စကားလက်ကို ချစ်ကြောင်း တစ်ခွန်းမျှ မပြော။ အခြား ယောက်ျားပျိုများ၏ မျက်လုံးတွင်

တွေ့ရတတ်သည့် အချစ်၏ အရိပ်အယောင်ကိုလည်း ရီဝေသော မျက်လုံးပြာပြာများတွင် မတွေ့ရ။ သို့ရာတွင် အက်ရှလေ သူ့ကို ချစ်နေပြီ ဆိုသည်ကိုမူ စကားလက် သိသည်။ ဘယ်နည်းနှင့်မျှ မမှားနိုင်။ အက်ရှလေ သူ့ကို ချစ်နေပြီ ဆိုသည်ကို စဉ်းစား ဆင်ခြင်မှုနှင့် ဗဟုသုတတို့ထက် ခိုင်မာသည့် မိန်းမတို့၏ ပကတိ ဉာဏ်ဖြင့် စကားလက် အလိုလို သိနေပြီ။ မကြာ မကြာ သူ့မျက်လုံးများသည် ခါတိုင်းလို ရီဝေခြင်း မရှိ။ သူ့ကို တမ်းတ ကြေကွဲဟန်ဖြင့် လှမ်းကြည့်နေသည်ကို မြင်ရသည့် အခါတွင် စကားလက် နားမလည်နိုင်အောင် ဖြစ်ရသည်။ အက်ရှလေ သူ့ကို ချစ်နေပြီ ဆိုခြင်းကို စကားလက် သိသည်။ အက်ရှလေသည် ဘာကြောင့်များ ဖွင့်မပြောသနည်း။ ဤအချက်ကို စကားလက် နားမလည်နိုင်။ သို့ရာတွင် အက်ရှလေနှင့် ပတ်သက်၍ သူ နားမလည်သည့် အရာတွေ အများကြီး ရှိသေးသည် မဟုတ်လော။

အက်ရှလေက အမြဲတမ်း ရည်မွန်သည်။ သို့ရာတွင် တသီးတခြား နေတတ်သည်။ အနေဝေးသည်။ သူ မည်သည်ကို

စဉ်းစားနေသည်ကို မည်သူမျှ မပြောနိုင်။ စကားလက်လည်း မသိ။ စိတ်ထဲက ရှိသမျှကို ပွင့်ပွင့်လင်းလင်း ပြောတတ်ကြသော ပတ်ဝန်းကျင်တွင် အက်ရှလေ၏ ခပ်ကင်းကင်း အနေအထိုင်သည် စိတ်ညစ်စရာ ကောင်းနေသည်။ အက်ရှလေသည် သူတို့ နယ်တစ်ဝိုက်က လူငယ်များ နည်းတူ တောလိုက်ခြင်း၊ ပိုကာ ကစားခြင်း၊ ကပွဲ သွားခြင်း၊ နိုင်ငံရေး လုပ်ခြင်း စသည်တို့ကိုမူ ဝါသနာ ပါသည်။ လုပ်လည်း လုပ်သည်။ သို့ရာတွင် တစ်ခု ထူးခြားသည်။ ဤအပျော်အပါး ကိစ္စများသည် လူ့ဘဝ၏ အဆုံးစွန် ရည်မှန်းချက် မဟုတ်ဟု သူ ယူဆသည်။ ဤအချက်တွင်မူ အခြားသူများနှင့် ကွာသည်။ စာပေ၊ ဂီတတို့နှင့် ပျော်မွေ့သူ၊ ကဗျာ

34

ဝါသနာပါသူ ဆို၍ ဤတစ်ဝိုက်တွင် သူ တစ်ယောက်သာ ရှိသည်။

အက်ရှလေက ဆံပင် ဝါဝါ၊ အသား ဝါဝါဖြင့် ခန့်ချော ချောသည်။ ယဉ်ကျေး သိမ်မွေ့သော်လည်း ဣနြေ္ဒကြီးသည်။ ဥရောပ

အကြောင်း၊ စာပေ၊ ကဗျာ၊ ဂီတ အကြောင်း စသည့် ငြီးငွေ့စရာ အကြောင်းတွေကို ပြောသည့်တိုင် နားထောင်ကောင်းအောင် ပြောတတ်သည်။ ဆင်ဝင်ရိပ်က တစ်ဝက်တစ်ပျက် အမှောင်ထဲတွင် နှစ်ယောက် အတူ ထိုင်စကားပြော ပြီးနောက် အက်ရှလေ ပြန်သွား၍ အိပ်ရာထဲ ရောက်သည့်အခါတိုင်း စကားလက်သည် တလူးလူး တလှိမ့်လှိမ့်ဖြင့် သူ့အကြောင်းကို တွေးမိလျက် ဖြစ်နေတတ်သည်။ နောက်တစ်ခါ တွေ့လျှင် သူ့ကို ဖွင့်ပြောတော့မည်ဟု နှစ်သိမ့် စောင့်စားခဲ့သည်။ သို့ရာတွင် နောက်တစ်ခါ တွေ့သည့်အခါ၌လည်း အက်ရှလေသည် မည်သို့မျှ မပြော။ ထုံးစံ အတိုင်း အာလာပ သလ္လာပ လျှောက်ပြောပြီး ပြန်သွားတတ်သည်။ စကားလက် ရင်ထဲတွင် ဗလောင်ဆူ ကျန်ရစ်ခဲ့သည်။

စကားလက် အက်ရှလေကို ချစ်သည်။ တမ်းတသည်။ သို့ရာတွင် သူ့ကို နားမလည်။ စကားလက်၏ စိတ်သည်

မြိုင်သာယာ တစ်ဝိုက်နှင့် ယာတောကို ကွေ့ပတ် စီးနေသည့် မြစ်ဝါဝါ တစ်ဝိုက်တွင် တိုက်သော လေပမာ ဖြောင့်စင်းသည်။ အဆန်းတကြယ်၊ အရှုပ်အထွေး၊ အကွေ့အကောက်ကို သူ နားမလည်။ ယခု သူ့ဘဝတွင် ပထမဆုံး အကြိမ် အဆန်းအကြယ် တစ်ခုကို တွေ့နေရပြီ။   

အက်ရှလေက အားလျှင် အလုပ် တစ်ခုကို ကောက်လုပ်ရသည်ထက် စဉ်းစား တွေးတောရသည်ကို နှစ်ခြိုက်သည်။

ရောင်စုံပြက်နေသည့် အိပ်မက်များကို ရက်ဖောက်နေချင်သူ ဖြစ်သည်။ သူ့စိတ်ကူး ကမ္ဘာသည် ဂျော်ဂျီယာပြည်နယ်က ရှုခင်းတွေထက် လှသည်ဟု သူ ထင်သည်။ ထို စိတ်ကူး လောကမှ သူ ပြန် မထွက်ချင်။ သူသည် လူများကို ငုံ့ကြည့်ရုံသာ ကြည့်သည်။ ချစ်စိတ်လည်း မဝင်။ မုန်းစိတ်လည်း မရှိ။ လူ့ဘဝကို ငုံ့ကြည့်သည်။ ဝမ်းသာ ရွှင်လန်းခြင်းလည်း မရှိ။ စိတ်ပျက် အားငယ်ခြင်းလည်း မဖြစ်။ သူသည် အနန္တ စကြဝဠာကြီးကို အရှိအတိုင်း မြင်၍ စကြာဝဠာကြီးထဲက သူ့ နေရာကလေးကိုလည်း အမှန်အတိုင်း မြင်သည်။ ထို့ထက် ဘာမျှ မပို၊ မလျော့။ ဤသို့ ကြည့်မြင်ပြီးနောက် ပခုံး တစ်ချက်ကို တွန့်ကာ ဂီတ၊ စာပေနှင့် သူ့ကိုယ်ပိုင် စိတ်ကူး ကမ္ဘာထဲသို့ ဝင်ကာ ထိုကမ္ဘာထဲတွင် ပျော်မွေ့သည်။

အက်ရှလေ၏ စိတ်ကို စကားလက် နားမလည်နိုင်။ သို့ဖြစ်လျှင် မည်သည့်အတွက် အက်ရှလေကို ဤမျှ စွဲစွဲလမ်းလမ်း

ဖြစ်နေရသနည်း။ ဤသည်ကိုလည်း စကားလက် မသိ။ သော့မပိတ်၊ သော့ခလောက် မခတ်သော တံခါး တစ်ချပ်ကို ဖွင့်ကြည့်ချင်သလို လျှို့ဝှက် ဆန်းကြယ်သော အက်ရှလေ၏ အကြောင်းကို သိလိုစိတ် ပြင်းပြနေသည်။ သူနှင့် ပတ်သက်၍ နားမလည်နိုင်စရာတွေ များလွန်း၍ပင် သူ့ကို ပိုချစ်ရသေးသည်။ ဟန်ဆောင်ကာ ကြိတ်မှိတ် ချုပ်တည်း နေပုံရသော သူ့အပြုအမူကို မြင်တိုင်း မချင့်မရဲ ဖြစ်ရသည်။ စကားလက်က ငယ်လည်း ငယ်သေးသည်။ မွေးလာကတည်းက အလိုလိုက် ခံရသဖြင့် ဆန္ဒ မပြည့်သည့်အခါ ဟူ၍လည်း တစ်ခါမျှ မရှိဖူးသေး။ ထို့ကြောင့် တစ်နေ့တွင် အက်ရှလေသည် သူ့ကို မုချ ဖွင့်ပြောရမည်ဟု စကားလက် ကျိန်းသေပေါက် တွက်ထားသည်။ ယခုမူ မမျှော်လင့်သည့် သတင်းကို မိုးကြိုး ထစ်ချုန်းသည့်နှယ် ကြားလိုက်ရပြီ။ အက်ရှလေနှင့် မီလာနီ လက်ထပ်ကြတော့မည်။ မဖြစ်နိုင်။ လုံးဝ မဖြစ်နိုင်။

လွန်ခဲ့သည့် တစ်ပတ်ခန့်က မှုန်ပြာပြာ ဆည်းဆာတွင် သူတို့ နှစ်ယောက် ကုန်းသာမှ မြင်းစီး၍ ပြန်ခဲ့ကြစဉ်က

ပြောခဲ့သည့် စကားများကို စကားလက် ပြန်၍ အမှတ်ရသည်။

35



`စကားလက်ကို အရေးကြီးတဲ့ စကား တစ်ခွန်း ပြောစရာ ရှိတယ်၊ ဒါပေမယ့် ဘယ်လို ပြောရမလဲ မသိဘူး’



စကားလက်က ဘာမျှ ပြန်မပြောဘဲ မျက်လွှာ ချထားသည်။ သူ ကြားချင်နေသည့် စကားများကို ကြားရတော့မည်

ဟူသော အတွေးဖြင့် ပီတိ ဖြစ်နေသည်။ သူ့နှလုံးသည် ပို၍ လျင်မြန်စွာ ခုန်နေသည်။

`ဒါပေမယ့် ခု မပြောတော့ပါဘူးလေ၊ အိမ်နား ရောက်တော့မယ်၊ ပြောချိန် မရတော့ဘူး၊ အေးလေ ကိုယ်ကိုက သတ္တိ

ကြောင်လွန်းပါတယ်’

အက်ရှလေက မြင်းကို သံဆူးဖြင့် တို့ကာ စကားလက်ကို မြိုင်သာယာ အရောက် ပို့ပြီး ပြန်သွားသည်။



စကားလက်သည် သစ်ငုတ်တိုကြီး ပေါ်တွင် ထိုင်ရင်း ထိုစကားများကို အမှတ်ရလျက် ရှိ၏။ ဖေဖေကလည်း ယခုထိ

ပြန်မလာသေး။ ပေတစ်ရာ လမ်းပေါ်တွင် အရိပ်အယောင်ကိုမျှ မမြင်ရ။

နေလုံးကြီးက မိုးကုပ်စက်ဝိုင်း အောက်ခြေသို့ ရောက်နေပြီ။ မိုးကုပ်စက်ဝိုင်း အစွန်က တိမ်နီတို့က ပန်းနုသွေးရောင်

ဖျော့စ ပြုနေပြီ။ ကောင်းကင်ပြာပြာသည် သပိတ်လွယ် ငှက်ဥရောင် စိမ်းပြာရိပ် သမ်းစ ပြုလာ၏။ ဆည်းဆာ၏ သိပ်သည်းသော တိတ်ဆိတ်မှုသည် စကားလက်၏ အနီးတွင် ဝန်းရံစ ပြုလာသည်။ အဝေးက ရှုခင်းများပေါ်သို့  ဆည်းဆာရိပ် မှိုင်းမှိုင်းသည် တဖြည်းဖြည်း တွားတက်လာသည့်နှယ် ထင်ရသည်။ နီစွေးသော ထွန်ရေးကြောင်းများနှင့် ပေတစ်ရာ လမ်းနီနီသည် သွေးရောင်လွင်လွင် မတောက်တော့။ မှိုင်းစ ပြုလာ၏။ လမ်းတစ်ဖက် စားကျက်ထဲမှ မြင်းများ၊ လားများ၊ နွားများသည် ခြံစည်းရိုးတန်းကို ခေါင်းတင်ကာ ခြံသွင်းမည့်သူကို စောင့်နေကြသည်။ ခြံစည်းရိုးက ချုံနွယ်ရိပ် မည်းမည်းများကို သူတို့ မကြိုက်။ သူတို့ အနီးတွင် လူသား တစ်ဦး ရှိနေခြင်းကို သဘောကျသည့်နှယ် စကားလက် ရှိရာသို့ နားစွင့်ထားကြသည်။ 

နေခြည်တွင် စိုစိမ်းနေခဲ့ကြသည့် မြစ်ကမ်းမှ ထင်းရှူးပင် မြင့်မြင့်ကြီးများသည် မှုန်ရီရီ တစ်ဝက် အလင်းရောင်ထဲ၌

ရေးရေးရိပ် ပေါ်နေကြသည်။ မြစ်တစ်ဖက်ကမ်း တောင်ကုန်းပေါ်ရှိ ဝက်သစ်ချမြိုင်မှ မီးခိုးခေါင်းတိုင်ဖြူများသည်လည်း ဝက်သစ်ချပင်အုပ်များနှင့်

ရောထွေးကာ

မှုန်မှုန်ရေးရေးမျှသာ

မြင်ရတော့သည်။

မီးရောင်တန်းကလေးများကြောင့်သာ

အိမ်ရှိမှန်း သိရခြင်း ဖြစ်သည်။ နွေဦး လေနွေးနွေးထဲတွင် မြေသင်းနံ့၊ သစ်ရွက်ခြောက်နံ့တို့ မွှေးထုံနေသည်။

စကားလက် အဖို့ ဤနွေဦး။ ဤဆည်းဆာ၊ ဤပုရစ်ဖူး နုနုတို့သည် အဆန်း မဟုတ်တော့။ နွေ၏ အလှသည် သူ

နေ့စဉ် ရှူရှိုက်သည့် လေ၊ နေ့စဉ် သောက်သုံးသည့် ရေလို ရိုးနေပြီ။

အလှအပ ဟူ၍ စကားလက် အဖို့ မိန်းမတို့၏ မျက်နှာ အလှ၊ မြင်း အလှ၊ ပိုးအင်္ကျီ အလှ စသည်တို့ လောက်ကိုသာ

သတိ ပြု၍ ကြည့်ဖူးသေးသည်။ သို့ရာတွင် မြိုင်သာယာ တစ်ဝိုက်က ဆွတ်ပျံ့ ကြည်နူးဖွယ် မှုန်ပြာပြာ ဆည်းဆာ အလှကမူ စကားလက်၏ နောက်ကျိ ရှုပ်ထွေးနေသည့် စိတ်ကို ကြည်လင်စေသည်။

ကိုယ် သတိမထားမိသည့်တိုင် စကားလက်သည် ဤမြေကြီးကို ချစ်ခင်သည်။ တွယ်တာသည်။ ဆီမီး မှိန်မှိန်တွင်

ဘုရားဝတ်ပြုနေသော မေမေ့ မျက်နှာက်ု မြတ်နိုးသည့်နှယ် ဤမြေကြီးကိုလည်း စကားလက် မြတ်နိုးသည်။

လူသူ ရှင်းနေသော ပေတစ်ရာပေါ်တွင် ဖေဖေ့ အရိပ်အယောင်ကို မမြင်ရသေး။ ထို့ထက် ပို၍ စောင့်လျှင် ကြီးဒေါ်

36

လိုက်ရှာတော့မည်။ တွေ့လျှင် ဆူပူ ကြိမ်းမောင်းကာ အိမ်ပြန်ခေါ်တော့မည်။ ထိုအခိုက် မှောင်ရီ ဖုံးနေသော စားကျက်ကုန်း အောက်ဘက် ပေတစ်ရာဆီမှ မြင်းခွာသံများကို ကြားရသည်။ စားကျက်ထဲရှိ မြင်းများ၊ နွားများလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ သူ့ဖေဖေ (ဂျရယ် အိုဟာရာ) သည် ယာခင်းများကို ဖြတ်ကာ မြင်းကို ဒုန်းစိုင်း၍ လာနေပြီ။

ဖေဖေသည် တောလိုက် မြင်းကြီးကို စီးကာ စားကျက်ကုန်းပေါ်သို့ တက်လာသည်။ သူ့မြင်းက ခြေတံ လက်တံ

ရှည်ရှည်။ ကိုယ်လုံးဖီးဖီး။ သူငယ်ကလေး တစ်ယောက် မြင်းကြီးကို စီးလာသည့်နှယ် မတန်တဆ ကွာနေသည်။ ဖေဖေ့ ဆံပင် ဖြူဖြူများက နောက်တွင် လွင့်နေကြသည်။ ဖေဖေက မြင်းကို ကြိမ်သွင်းသည်။ ပါးစပ်ကလည်း အော်သည်။

စကားလက်သည် မြင်းစီး ကောင်းသည့် သူ့ဖေဖေကို ငေးကြည့်နေသည်။



`ဖေဖေဟာ အရက်မူးလာရင် မြင်းကို ကောင်းကောင်း မစီးတော့ဘူး၊ ခြံစည်းရိုးတွေကို အခုန်ခိုင်းပြီး စီးတော့တာပဲ၊

ဘာများ အရသာ ရှိလို့ပါလိမ့်’ စကားလက် တွေးသည်။ `မနှစ်ကလည်း မူးမူးနှင့် ခုန်စီးအလာ ဒီနားတစ်ဝိုက်မှာ လိမ့်ကျလို့ ဒူးတစ်ဖက် ကျိုးပြီးပြီ၊ အမှတ်လည်း ရှိမှာ မဟုတ်ပါဘူး၊ နောက် မြင်းစီးရင် ခြံစည်းရိုး မခုန်တော့ပါဘူးလို့ မေမေ့ ရှေ့မှာ သစ္စာ ဆိုထားတာပဲ၊ ဒါကြောင့်များ မခုန်ဘဲ နေပါမှ’

စကားလက်သည် ဖေဖေ့ကို နည်းနည်းမျှ မကြောက်။ ဖေဖေနှင့်ဆိုလျှင် ညီအစ်မတွေ အချင်းချင်းထက်ပင်

ရင်းနှီးသေးသည်။ သူငယ်ချင်းပမာ နောက်လား၊ ပြောင်လား နေ၍ရသည်။ ဖေဖေ အဖို့ မေမေ မသိအောင် တိတ်တဆိတ် မြင်း ခုန်စီးရခြင်းသည် သူငယ်ကလေး တစ်ယောက် လူကြီးမိဘ မသိအောင် တိတ်တဆိတ် လုပ်သည့်နှယ် ပျော်သည်။ ကြီးဒေါ်ကို ညာပြောသည့် အခါတွင် မိမိ ပျော်သည့်နှယ်မျိုး ဖြစ်မည်ဟု စကားလက် တွေးမိသဖြင့် ဖေဖေနှင့် ဆိုလျှင် ပို၍ ရင်းနှီးသည်။ စကားလက်က သစ်ငုတ်ပေါ်မှ ထ၏။

မြင်းကြီးက ခြံစည်းရိုးနား အရောက်တွင် အားယူကာ ငှက်ကလေး တစ်ကောင်သဖွယ် ပေါ့ပါးစွာ ခုန်လိုက်သည်။

ဖေဖေကလည်း ကြိမ်ကို ဝှီးခနဲ နေအောင် လေထဲတွင် ဝှေ့ရင်း အော်သည်။ သစ်ပင်ရိပ်တွေ အောက်တွင် ရောက်နေသည့် စကားလက်ကို မမြင်သေး။ ပေတစ်ရာပေါ် ရောက်သည်တွင် ဇက်ကို သတ်ကာ သူ့မြင်းကြီး၏ လည်ဆံကို ပွတ်၍ ချော့နေသည်။

`ဒါမှ ဖေ့သားကြီးကွ၊ ဖေ့သားကြီးလို မြင်းမျိုး တစ်ကောင်မှ မရှိဘူး၊ ဟုတ်လား’



ဖေဖေက သူ့မြင်းကြီးကို ဂုဏ်ယူ၍ ပြောသည်။ အမေရိကန်ပြည်သို့ ရောက်သည်မှာ သုံးဆယ့်ကိုးနှစ် ရှိပြီ

ဖြစ်သော်လည်း အိုင်းရစ်သံ မပျောက်သေး။

ဖေဖေက သူ့မြင်းကို ခေတ္တ ရပ်ပြီးနောက် ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်သည်။

နားအောက်သို့ ရောက်နေသည့် လိပ်ပြာတောင် လည်စည်းကို ပြန်ပြင်သည်။ တွန့်ကြေ နေသော အင်္ကျီကို ဆွဲဆန့်သည်။ ဤသည်မှာ အိမ်ပြန်လာလျှင် မယားရှေ့တွင် ကောင်းကောင်းမွန်မွန် ဣနြေ္ဒရရ ပြန်လာသည်ဟု သက်သေပြနိုင်ရန် ပြင်ခြင်း ဖြစ်သည်။

စကားလက်က

အသံထွက်အောင်

ရယ်သည်။

ရုတ်တရက်

ဖြစ်၍

ဖေဖေ

လန့်သွား၏။

စကားလက်မှန်း

သိသွားသည့်အခါတွင် လူမိသဖြင့် ရှက်အမ်းအမ်း ဖြစ်နေသော အမူအရာ၊ ပမာမထားသည့် အမူအရာတို့သည် မျက်နှာပေါ်တွင်

37

ဒွန်တွဲ ပေါ်လာကြသည်။ ဒူးတောင့်နေသဖြင့် မြင်းပေါ်မှ ခက်ခက်ခဲခဲ ဆင်းကာ ဇက်ကို ဆွဲရင်း သူ့အနားသို့ လျှောက်လာသည်။

`အလို ဘယ်လိုလဲဟေ့’ ဖေဖေက စကားလက် ပါးကို လိမ်လိုက်သည်။ `ဘာလဲ၊ ဖေဖေ့ကို လာချောင်း နေတာပေါ့

ဟုတ်လား၊ အရင် အပတ်တုန်းလည်း ညည်း ညီမ ဆွီလင် လာချောင်းနေတယ်၊ ခုလည်း ညည်း လာချောင်းတယ်၊ ညည်း အမေကို ပြန်ပြောမယ်ပေါ့လေ’

ဖေဖေ၏ အက်တက်တက် အသံထဲတွင် ဒေါသသံရော၊ ချစ်စနိုးသံပါ ရောနေသည်။ စကားလက်က ပြောင်စနဲ့နဲ့ဖြင့်

စုတ်ထားကာ ရွဲ့စောင်းနေသည့် လိပ်ပြာတောင် လည်စည်းကို နေရာတကျ ပြင်ပေးသည်။ ဖေဖေ့ ပါးစပ်မှ ဘာတွန် ဝီစကီနံ့နှင့် ပင်စိမ်းနံ့ တသင်းသင်း ထွက်လာသည်။ ထိုအနံ့များနှင့် အတူ ဆေးငုံသည့် ပါးစပ်မှ ဆေးရွက်ကြီးနံ့၊ ဆီသုတ်သည့် သားရေနံ့၊ မြင်းချွေးနံ့တို့လည်း ရောထွက်လာသည်။ ဤအနံ့များကို ရလျှင် ဖေဖေ့ကို သတိရမြဲ။ တခြားသော ယောက်ျားများထံမှ ရလျှင် စကားလက် သဘောကျမြဲ။ ယောက်ျား ပီသသည့် အနံ့။ ယောက်ျားနံ့။

`အံမာ၊ ဖေဖေကလည်း စကားလက်က ဆွီလင့်လို ကုန်းမချောတတ်ပါဘူး’



စကားလက်က သူ့ဖေဖေ အဝတ်အစား သပ်ရပ်ခြင်း ရှိမရှိကို ခပ်လှမ်းလှမ်းမှ ခွာကြည့်သည်။



(စကားလက်တို့ အဖေ) ဂျရယ် အိုဟာရာက လူ ဖလံကလေး ဖြစ်သည်။ အရပ်က ငါးပေကျော်ရုံ ကလေး။ သို့ရာတွင်

ဝဝဖိုင့်ဖိုင့် လည်ပင်း တုတ်တုတ်ခိုင်ခိုင် ရှိသဖြင့် ထိုင်နေလျှင် ဧရာမ လူထွားကြီး တစ်ယောက် ထင်ရသည်။ တင်ပါးကြီးကြီး၊ ခြေထောက် တုတ်တုတ်နှင့် ဖြစ်သည်။ ဖိနပ်စီးလျှင် အကောင်းစား သားရေ ဖိနပ်ရှည်ကြီးကိုမှ စီးလေ့ ရှိသည်။ သားရေ ဖိနပ်ရှည် စီးထားသည့် ခြေထောက် တုတ်တုတ် နှစ်ချောင်းကို ခွဲ၍ ရပ်နေလျှင် တကယ့် လူငယ်ကလေး တစ်ယောက်၏ ခြေထောက်များနှင့် တူသည်။ လူဖလံ ကလေးများ ဟန်ထုတ်ပြီ ဆိုလျှင် အလွန် ရယ်စရာ ကောင်းသည်။ သို့ရာတွင် စပါးကျီက ကြက်တိန်ညင်သည်လည်း သူ့တောတွင် ဘုရင်ဖြစ်သည့် နည်းတူ သူတို့ ဖေဖေသည်လည်း သူ့ပလ္လင်တွင် မင်းဖြစ်သည်။ လူဖလံကလေး ဆိုပြီး ဂျရယ် အိုဟာရာကို မည်သူမျှ အထင်မသေးရဲကြ။

ဂျရယ် အိုဟာရာသည် အသက် ၆ဝ ရှိပြီ။ သူ့ဆံပင် ရွရွကောက်ကောက် ကလေးများတွင် ငွေရောင် သမ်းနေပြီ။ သို့ရာတွင်

ထက်မြက် အကင်းပါသည့် သူ့ မျက်နှာတွင် အရေ မတွန့်သေး။ သူ၏ စူးရှ တင်းမာသော မျက်လုံးပြာပြာများသည်လည်း ပိုကာဝိုင်းတွင် ဖဲ ဘယ်နှစ်ချပ် ဝေရမည်လောက်က လွဲ၍ အခြား ဘာကိုမျှ အလေးအနက် စဉ်းစားခြင်း ပြုလေ့မရှိသူ တစ်ဦး၏ အပူအပင် ကင်းသော နုပျိုခြင်းဖြင့် တောက်ပ နုပျိုဆဲ ရှိသေးသည်။ သူ့ မျက်နှာပေါက်က သူ စွန့်ခွာခဲ့ရာ ဇာတိ အိုင်ယာလန်ပြည် အနှံ့အပြားတွင် တွေ့ရတတ်သည့် မျက်နှာပေါက်မျိုး။ မျက်နှာ ဝိုင်းဝိုင်း၊ အသား နီစပ်စပ်၊ နှာယောင် တိုတို၊ ပါးစပ်ပြဲပြဲ၊ မှုန်သိုးသိုး။

မျက်နှာက မှုန်သိုးသည့်တိုင် ဂျရယ် အိုဟာရာသည် သဘော ကောင်းသည်။ စိတ်ထား နူးညံ့သည်။ ငွေဝယ်ကျွန်

တစ်ယောက်ကို ဆူပူ ကြိမ်းမောင်းသံ၊ ကြောင် တစ်ကောင် ညည်းနေသံ၊ ကလေး ငိုသံတို့ကိုပင် မကြားချင်သူ ဖြစ်သည်။ သို့ရာတွင် ဂျရယ် အိုဟာရာသည် သူ၏ အားနည်းချက်ကို လူသိမည် အလွန်စိုးသည်။ သူ့ စိတ်သဘော ကောင်းကြောင်း၊ စိတ်ထား နူးညံ့ကြောင်းကိုမူ သူနှင့် ငါးမိနစ်လောက် စကား ပြောဖူးသူတိုင်း သိနေကြပြီ။ အားနည်းချက်ကို တစ်ပါးသူ တွေ့သွားပြီဟု သိသည်နှင့် တစ်ပြိုင်နက် ဂျရယ် အိုဟာရာ စိတ်ဆင်းရဲရသည်။ သူက အော်ကျယ် ဟစ်ကျယ် အမိန့်ပေးလျှင်

38

လူတိုင်းက ပြားပြားဝပ်ဝပ် ကြောက်ကြရသည်ဟု သူ့ဘာသာသူ ထင်နေသည်။ သူ့ယာတောတွင် သူ့အမိန့်သည် ဘာမျှ အရာမရောက်။ သူ့မိန်းမ အယ်လင်၏ အမိန့်သာလျှင် အတည် ဖြစ်သည်ကိုလည်း ဂျရယ် အိုဟာရာ လုံးဝ မရိပ်စားမိ။ သူ့မိန်းမ အင်လင်မှ အစ အထုံထိုင်းဆုံး သူရင်းငှား အထိ အားလုံးကပင် သူ့အမိန့်ကို ဥပဒေသဖွယ် လိုက်နာယောင် ပြုနေကြသည့်အတွက် နောင်တွင်လည်း ဘယ်တော့မျှ ရိပ်စားမိတော့မည် မထင်။

စကားလက်ကမူ

သူ့ဖေဖေ

အကြောင်းကို

ကောင်းကောင်းကြီး

သိသည်။

စိတ်ဆိုးလျှင်လည်း

မကြောက်။

အော်ဟစ်ခြင်း ပြုလျှင်လည်း မလန့်။ စကားလက်သည် မွေးချင်းထဲတွင် အကြီးဆုံး ဖြစ်သည်။ သား ယောက်ျားလေး သုံးယောက် ဆုံးပြီးနောက် နောက်ထပ် သားယောက်ျား ရစရာလည်း မရှိတော့ကြောင်းကို သိသဖြင့် ဖေဖေက သမီးကြီး စကားလက်ကို ယောက်ျား အချင်းချင်း ဆက်ဆံသည့်နှယ် တန်းတူ ထား၍ ဆက်ဆံသည်။ စကားလက်ကလည်း သဘောကျသည်။ စကားလက်က ကျန်ညီအစ်မ နှစ်ယောက်ထက် ဖအေနှင့် ပို၍ တူသည်။ အလတ်မ ကာရင်းက နူးညံ့ သိမ်မွေ့သည်။ စိတ်ကူး ယဉ်သည်။ အငယ်မ ဆွီလင်က အသန့်အရှင်း ကြိုက်သည်။ အပျိုကြီးဂိုက် ဖမ်းသည်။

ထိုမျှမက စကားလက်နှင့် သူ့ဖေဖေတို့ နှစ်ဦး ကြားတွင် တစ်ယောက် အပြစ်ကို တစ်ယောက် ဖုံးကွယ် ပေးစတမ်း

ဆိုသည့် တိတ်တဆိတ် သဘောတူညီချက် တစ်ခုလည်း ရှိသည်။ စကားလက် တစ်ယောက် လမ်းအတိုင်း မသွားဘဲ ထိုခြံစည်းရိုး ဤခြံစည်းရိုး ကျော်တက်သည်ကို မိလျှင် သို့မဟုတ် ကောင်လေး တစ်ယောက်နှင့် ဆင်ဝင်အောက်တွင် ညဥ့်နက်သန်းခေါင် ထိုင်စကားပြောနေသည်ကို မိလျှင် ဖေဖေက သူ ကိုယ်တိုင် အော်လျှင် အော်မည်။ ကြိမ်းလျှင် ကြိမ်းမည်။ သို့ရာတွင် မေမေနှင့် ကြီးဒေါ်ကိုမူ ဘယ်တော့မျှ ပြောလေ့ မရှိ။ ထို့အတူ ဖေဖေ တစ်ယောက် အရက်မူးမူးဖြင့် ခြံစည်းရိုးကို ခုန်၍ မြင်းစီးသည်ကို မိလျှင်၊ ပိုကာ ရှုံးလာသည်ကို သိလျှင် စကားလက်က ထမင်းဝိုင်းတွင် ဘယ်တော့မှ မပြော။ ဤအကြောင်းတွေကို မေမေ့အား သွားပြောလျှင် မေမေ စိတ်ထိခိုက်ရုံသာ ရှိမည်ဟု နှစ်ဦး သဘောတူထားကြသည်။

မှောင်ရီစ ပြုနေသော အလင်းရောင်ထဲတွင် စကားလက်သည် ဖေဖေ့ကို ကြည့်နေသည်။ မည်သည်ကြောင့် မသိ။

သူ့အနားတွင် ဖေဖေရှိလျှင် အားရှိသည်။ ဖေဖေ ခပ်ကြမ်းကြမ်း နေပုံ၊ ခွန်တိုက် အားတိုက် လုပ်တတ်ပုံ၊ လက်တွေ့ကျပုံတို့ကို စကားလက် သဘောကျသည်။ သူကိုယ်တိုင်တွင် ဤအရည်အချင်းများ ရှိနေသောကြောင့် ဤသို့ သဘောကျနေခြင်း ဖြစ်ကြောင်းကိုမူ စကားလက် မသိ။ စကားလက်သည် လူကဲခတ် ကောင်းသူ တစ်ယောက် မဟုတ်။

`ဖေဖေ့ ပုံက ခုမှပဲ တော်တော့တယ်၊ စောစောကများ ဖြစ်နေလိုက်တာ၊ ကိုးရိုးကားရား’ စကားလက်က ပြောသည်။

`ဖေဖေ ကိုယ်တိုင်က ပြန်မပြောရင် ဖေဖေ ခြံခုန်စီးတာကို ဘယ်သူမှ ရိပ်မိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဖေဖေကလည်း ဖေဖေပဲ၊ မနှစ်က ဒီခြံစည်းရိုးကို ခုန်လို့ ဒူးကျိုးခဲ့ပြီးပြီ၊ ခုလည်း ဒီခြံစည်းရိုးပဲ’

`သြ ဘယ်ခြံကို ခုန်စီးရမယ်၊ ဘယ်ခြံကို မခုန်ရဘူးလို့ ကျုပ်သမီး ပြောတာကို နားထောင်ရမယ်ပေါ့၊ ဟုတ်လား’

ဖေဖေက ခပ်ကျယ်ကျယ် ပြောကာ စကားလက် ပါးကို တစ်ချက် ဆွဲလိမ်လိုက်ပြန်သည်။

`နေစမ်းပါဦး၊ ခင်ဗျားက ဒီအချိန်ကြီးမှာ ဒီနား ဘာလာလုပ်နေတာလဲ၊ ကြည့်စမ်း ခြုံစောင်လည်း မပါဘူး’



စကားလက်က ဖေဖေ့ လက်မောင်းကြားထဲသို့ လက်သွင်းလိုက်၏။

39



`ဖေဖေ့ကို ကြိုနေတာပေါ့ ဖေဖေရဲ့၊ ဖေဖေ စောစော ပြန်လာမယ် ထင်နေတာ၊ ဒစ်လစီကိုရော ဝယ်ခဲ့ ပြီးပြီလား ဟင်

ဖေဖေ’

`ဝယ်ခဲ့ပါပြီကွာ၊ ငါတော့ ကျွန်ဖိုးနဲ့ မွဲရချည်ရဲ့၊ ဒစ်လစီတင် မကဘူးဗျ၊ သူ့သမီး ပရဇ္ဇီ ဆိုတဲ့ ကောင်မလေးကိုလည်း

အဆစ် ဝယ်ခဲ့ရသေးတယ်၊ ဝီလ်ကီကတော့ အလကား ပေးမလို့ပါပဲ၊ ဒါပေမယ့် ဖေဖေက မလိုချင်ဘူး၊ လူချင်း ခင်တာ ခင်တာ တခြား အရောင်းအဝယ်က တခြားပဲ၊ သူတို့ နှစ်ယောက်ကို သုံးထောင် ပေးခဲ့ရတယ်’

`သုံးထောင် ဟုတ်လား၊ ဖေဖေက ပရဇ္ဇီကို ဘာဖြစ်လို့ ဝယ်ခဲ့တာလဲ၊ လိုမှ မလိုတာ’



`အေး ညည်းတို့ ဝင်ပြီး ဆရာ လုပ်ကြဦးပေါ့အေ၊ ပရဇ္ဇီက သိပ်တော့’



`ပရဇ္ဇီကို သမီး သိပါတယ်၊ လိမ်လည်း လိမ်တတ်တယ်၊ ထိုင်းလည်း ထိုင်းတယ်၊ ဒစ်လစီက ဝယ်ပါဆိုတာနှင့်

ဖေဖေကလည်း ဝယ်လာခဲ့တာပေါ့ မဟုတ်ဘူးလား’

စကားလက်က အချက်ကျကျ ပြောလိုက်သည်။ ဖေဖေက ခေါင်းငိုက်စိုက် ကျလျက် ပြန်မပြောနိုင်တော့။ စကားလက်က

အရှုံးပေး လွယ်သည့် ဖေဖေ့ကို ကြည့်၍ ရယ်နေသည်။

`မဝယ်လို့ ဖြစ်မလား သမီးရဲ့၊ ဒစ်လစီကို ဝယ်လာပြီး ကောင်မလေး အတွက် တမှိုင်မှိုင် ဖြစ်နေရင် ဘာသုံးလို့

ရတော့မှာလဲ၊ တော်ပြီကွာ၊ နောက်ဆိုရင် ဒီကပ္ပလီတွေကို မိန်းမ တောင်းမပေးတော့ဘူး၊ တယ် ပိုက်ဆံကုန်တာပဲ၊ ကဲ ပြန်ကြစို့၊ ဆာလှပြီ’

အမှောင်ရိပ်များက တဖြည်းဖြည်း ထူထပ်လာနေပြီ။ ကောင်းကင်တွင် ပြာလဲ့လဲ့ အရောင်ကလေးပင် မရှိတော့။

လေက နွေးရာမှာ စိမ့်စ ပြုလာသည်။ သို့ရာတွင် စကားလက် အဖို့ ကိစ္စမပြီးသေး။

ဖေဖေ မရိပ်မိအောင် အက်ရှလေတို့ အခြေအနေကို မသိမသာ တီးခေါက် ကြည့်ရဦးမည်။ ခက်တော့ ခက်သည်။

စကားလက်က ပရိယာယ် မတတ်။ ပြောစရာ ရှိလျှင် ဟောဟောဒိုင်းဒိုင်း ပြောချလိုက် ချင်သည်။ ဖေဖေကလည်း သူ့လိုပင် သွယ်ဝိုက် မပြောတတ်။

`ဝက်သစ်ချမြိုင်မှာကော ဘာထူးသေးလဲ’



`မထူးပါဘူး၊ ခါတိုင်းလိုပေါ့၊ ကိတ်လည်း ရောက်နေတယ်၊ ဒစ်လစီ အရောင်းအဝယ် ကိစ္စပြီးတော့ ဧည့်ခန်းမှာ ထိုင်ပြီး

အရက်ကလေး ဘာလေး သောက်ကြတာပေါ့၊ ကိတ်က အတ္တလန်တာက လာတာ၊ အဲဒီမှာ လှုပ်လှုပ်ပဲတဲ့၊ ပြည်တွင်းစစ် ဖြစ်တော့မလိုလို ပြောနေကြသတဲ့’

စကားလက်က သက်ပြင်းချ၏။ သူ့ဖေဖေ ပြည်တွင်း စစ်အကြောင်း၊ သီးခြား ပြည်နယ် ခွဲထွက်ရေး အကြောင်း

ပြောမိလျှင် တော်တော်နှင့် ဆုံးတော့မည် မဟုတ်။ ဖေဖေ စကား မဆက်မီ ကိုယ်က အရင် စကားဆက်ရသည်။

`မနက်ဖြန် ကောင်လုံးကင် ပျော်ပွဲစား အတွက် ဘာပြောသံကြားသေးလဲ’

40



`ဟင့်အင်း၊ ဘာမှ ထူးထူးထွေထွေ ပြောသံ မကြားပါဘူး၊ ဟိုကောင်မလေး ဘယ်သူတဲ့ကွယ်၊ သူ့ နာမည် မေ့နေပြီ၊

အက်ရှလေတို့နှင့် ဝမ်းကွဲတော်တဲ့ ကောင်မလေး၊ အဲ ဟုတ်ပြီ၊ မီလာနီတဲ့၊ အဲ မီလာနီနှင့် သူ့မောင် ချားလ်တို့တော့ အတ္တလန်တာက ရောက်လာကြတယ်’

`သြော် မီလာနီရော ပါသလား’



`အင်း ကောင်မလေးက ချစ်စရာကလေး၊ ရိုးရိုး အေးအေးကလေးရယ်၊ စကားကလည်း သိပ် နည်းတာပဲ၊

မိန်းကလေးဆို ဒီလိုမှပေါ့၊ ကဲ သွားကြစို့၊ မေမေ မျှော်လှရော့မယ်’

စကားလက် ရင်ထဲတွင် နင့်ခနဲ့ ဖြစ်သွားသည်။ မီလာနီသည် အတ္တလန်တာတွင် ရှိလိမ့်မည်ဟု သူ ထင်ခဲ့သည်။

မီလာနီကို ရိုးရိုးအအ ဟု သူက ထင်သော်လည်း ဖေဖေကမူ ရိုးရိုးအေးအေး ချစ်စရာကလေးဟု ပြောသွားသည်။ စကားလက် မအောင့်နိုင်တော့။

`အက်ရှလေကော ရှိလား’



`ရှိတာပေါ့’ ဖေဖေက စကားလက်၏ လက်မောင်းကို ဆွဲယူလှည့်လိုက်ပြီး မျက်နှာကို စိုက်ကြည့်၏။ `သမီးက

ဒါကြောင့် ဖေဖေ့ကို လာစောင့်တာကိုး၊ စောစောက ပြောပါတော့ သမီးရယ်၊ ဘာဖြစ်လို့ သွယ်ဝိုက်နေရတာလဲ’

စကားလက် မည်သို့ ဖြေရမှန်း မသိ။ မျက်နှာတွေ ထူပူ ဖိန်းရှိန်းနေသည်ကိုမူ သတိပြုမိသည်။



`ပြောလေ ဘယ့်နှယ်လဲ’



စကားလက်က ဘာမျှ မပြော။ ဖေဖေ့ကို ကိုင်လှုပ်ကာ နောက်ထပ် မမေးအောင် အော်ငေါက် ပစ်လိုက်ချင်သည်။



`သမီးကို မေးလိုက်ပါတယ်၊ မနက်ဖြန် ပျော်ပွဲစားကို လာဖြစ်အောင် လာပါတဲ့၊ သူ့ညီမတွေကလည်း မှာလိုက်တယ်၊

သမီးကလည်း သွားမှာပဲ မဟုတ်လား၊ ကဲ ပြောစမ်းပါဦး၊ သမီးနှင့် အက်ရှလေတို့ အကြောင်း’

`ဘာမှ ပြောစရာ မရှိပါဘူး ဖေဖေ၊ ပြန်ကြစို့’



စကားလက်က ဖေဖေ့ လက်မောင်းကို လှမ်းကိုင်သည်။



`ဘာလဲ ခုတော့ သမီးက ပြန်ချင်မှာပေါ့၊ ဖေဖေကတော့ မပြန်ချင်သေးဘူး၊ သမီး ပြောတာကို နားထောင်ပြီးမှ

ပြန်မယ်၊ ခုတလော သမီးကို ကြည့်ရတာ နည်းနည်း ထူးခြားနေတယ်လို့ ဖေဖေ ထင်တယ်၊ ဘာလဲ၊ အက်ရှလေက သမီးကို အရူး လုပ်သွားသလား၊ သမီးကို လက်ထပ်ဖို့ ပြောဖူးသလား’

`ဟင့်အင်း’



စကားလက်က ခပ်တိုတို ဖြေသည်။



`ဖေဖေလည်း မထင်ပါဘူး’

41



စကားလက် ရင်ထဲက မီးတောက်နေပြီ။ ဖေဖေက လက်ကာပြလိုက်၏။



`နေဦး၊ ဖေဖေ ပြောဦးမယ်၊ အက်ရှလေနှင့် မီလာနီတို့ လက်ထပ် ကြတော့မယ်လို့ အက်ရှလေ့ အဖေက

ပြောလိုက်တယ်၊ မနက်ဖြန်မှာ စေ့စပ်ကြမယ်တဲ့’

စကားလက်၏ လက်သည် ဖေဖေ့ လက်မောင်းကို ကိုင်ထားရာမှာ ပြုတ်ကျသွားသည်။ သူ ကြားသည့်အတိုင်း

မှန်နေပြီ။ 

သူ့နှလုံးသည် အစွယ် တစ်ခုဖြင့် အထိုးခံလိုက် ရသည့်နှယ် နာကျင် နေသည်။ ဖေဖေ့ မျက်လုံးများက သူ့ကို

ကြည့်နေမှန်း စကားလက် သိသည်။ ဖေဖေသည် သူ့သမီးကို သနားလည်း သနားသည်။ သူ မဖြေရှင်းနိုင်သည့် ကိစ္စ တစ်ရပ်ကို ဖွင့်ပြောလိုက်ရသဖြင့် စိတ်ထဲကလည်း မချမ်းသာ။ ဖေဖေသည် စကားလက်ကို ချစ်သည်။ သို့ရာတွင် သူတို့ ကလေးချင်း ပြဿနာကို သူလည်း မရှင်းတတ်။ အယ်လင် ဆိုလျှင် ဖြေရှင်း တတ်မည်လော မဆိုနိုင်။ သူ့မေမေကို ဖွင့်ပြောလျှင် ကောင်းမည်လောဟု ဖေဖေ စဉ်းစားသည်။

`ဘာလဲ၊ သမီးက လူပုံလယ် အရှက်အကွဲ ခံမလို့လား’ ဖေဖေက သူ့ထုံးစံအတိုင်း ခပ်ကျယ်ကျယ် မေးလိုက်သည်။

`ကိုယ့်ကို မချစ်တဲ့ ယောက်ျား တစ်ယောက်အတွက် ဒီလောက် စိတ်ထိခိုက်ရင် ဘယ်ကောင်းတော့ မလဲ၊ ယောက်ျားတွေ ပေါပါတယ်၊ ပေါလွန်းလို့ ကြိုက်တာကို ခေါင်းခေါက်ယူနိုင်တယ်’

ဒေါသနှင့် မာနကြောင့် စိတ်ထိခိုက်နေသည်တို့ ပျောက်သွားကြ၏။



`သမီး ဘာမှ မဖြစ်ပါဘူး၊ အံသြတာ တစ်ခုပါပဲ’



`မညာပါနှင့်ကွယ်’ ဖေဖေက ညှိုးငယ်နေသည့် သူ့မျက်နှာကို ငုံ့ကြည့်ရင်း ကြင်နာစွာ ပြောသည်။ `ဖေဖေလည်း

စိတ်မကောင်းပါဘူး၊ သမီးလည်း ငယ်သေးတာပဲ၊ လောကမှာ ယောက်ျားတွေ အများကြီးပါ’

`ဖေဖေ့ကို လက်ထပ်တော့ မေမေ အသက် တစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်၊ ခု သမီးက တစ်ဆယ့်ခြောက်နှစ် ရှိပြီ

ဖေဖေ’

`မေမေ့ ကိစ္စက တစ်မျိုးပါကွယ်၊ မေမေတို့ ခေတ်တုန်းက သမီးတို့လို လွတ်လွတ်လပ်လပ် နေရတာ မဟုတ်ဘူး။

မိဘက သိပ် ကြပ်မတ်တာ၊ ကဲပါကွယ်၊ ဒါတွေ တွေးမနေပါနှင့်၊ နောက်အပတ်ဆို ဒေါ်လေး ယူလာလီတို့ဆီ သမီးကို အလည်လိုက်ပို့မယ်၊ ဟိုကျရင် ဆွန်တာ ခံတပ်အကြောင်းတွေ ဘာတွေ ကြားရလိမ့်မယ်၊ ဒီတော့ သမီးလည်း စိတ်ပြေ လက်ပျောက် ဖြစ်သွားမှာပါ’

`ဖေဖေဟာ ငါ့ကို သူငယ်နှပ်စား ကလေးများ အောက်မေ့နေသလား မသိဘူး။ သူက ငါ့ကို ကစားစရာ

အရုပ်သစ်ကလေး တစ်ရုပ် ဝယ်ပေးပြီး ဒဏ်ရာကို မေ့ခိုင်းတာမျိုး ကျနေတာပဲ’ ဟု စကားလက် တွေးနေသည်။

`ကဲ ဖေဖေ့ကို ကြည့်မနေနှင့်လေ၊ သမီးသာ စဉ်းစားတတ်ရင် စတူးဝပ်ကို ဖြစ်ဖြစ်၊ ဘရင့်ကို ဖြစ်ဖြစ် စဉ်းစားဖို့

ကောင်းတယ်၊ သူတို့အထဲက တစ်ယောက်ယောက်နှင့် ဟန်ကျရင် ယာတော နှစ်ခုကိုလည်း တစ်ခုတည်း ပေါင်းပြီးသား

42

ဖြစ်ရော၊ ပြီးတော့ ဖေဖေတို့ ခမည်းခမက်ကလည်း သမီးတို့ကို ဟိုဘက်က ထင်းရှုးတောစပ်မှာ အိမ်ကောင်းကောင်း တစ်ဆောင်’

`တော်တော့ ဖေဖေ၊ သမီးဟာ သူငယ်နှပ်စား ကလေး မဟုတ်ဘူး၊ သူတို့ အမြွှာ ညီအစ်ကိုကို သမီး စိတ်မဝင်စားဘူး၊

စိတ်ကူးထဲလည်း မထည့်ဘူး၊ သမီးက ... သမီးက’

ဖေဖေက ကြားဖြတ်၍ ပြောလိုက်သည်။ စကားလက် ဝင်ချိန် မရလိုက်။



`သမီးက အက်ရှလေကိုမှ သဘော ကျတာ မဟုတ်လား၊ သူနှင့်တော့ မဖြစ်နိုင်တော့ဘူးလေ၊ သူက သမီးကို

ယူပါ့မယ်လို့ ကမ်းလှမ်းလာသည့်တိုင် ဖေဖေ့အနေနှင့် ပြောရင် သဘောမကျဘူး၊ ဖေဖေနှင့် သူ့မိဘတွေဟာ ခင်ပါတယ်။ ဒါပေမယ့် ခင်တာက တခြားပဲ၊ ဖေဖေဟာ ဖေဖေ့ သမီးကို ပျော်စေချင်တယ်၊ စိတ် ချမ်းသာစေချင်တယ်၊ ဒါပေမယ့် အက်ရှလေနှင့် ဆိုရင် သမီး စိတ်ချမ်းသာမှာ မဟုတ်ဘူး’

`ဘာဖြစ်လို့’



`စိတ်မချမ်းသာလို့ပေါ့၊ အိမ်ထောင်ရေး ဆိုတာ အသွင် တူမှ စိတ်ချမ်းသာကြတာ’



စကားလက်သည် စိတ်ရှိ လက်ရှိ ငိုပစ်လိုက် ချင်သည်။ `ဖေဖေနှင့် မေမေကော အသွင် မတူဘဲနှင့် ဘာဖြစ်လို့

စိတ်ချမ်းသာနေကြရသလဲ’ ဟု မေးလိုက် ချင်သည်။ သို့ရာတွင် မမေးမိ။

ဖေဖေက စကားလုံးများကို ရွေး၍ ပြောသည်။



`ဖေဖေတို့နှင့် အက်ရှလေတို့ မိသားစုဟာ အသွင် မတူကြဘူး၊ ဖေဖေတို့နှင့်တင် မကပါဘူးလေ၊ ဒီနား တစ်ဝိုက်က

မိသားစုတွေနှင့်လည်း မတူဘူး၊ ဖေဖေသိတဲ့ မိသားစုတွေ အားလုံး တစ်ခုနှင့်မှ မတူဘူး၊ သူတို့က ခပ်ဆန်းဆန်း၊ ဒီတော့ သူတို့ အမျိုးချင်း လက်ထပ်ကြတာပဲ ကောင်းတယ်၊ သူတို့ အချင်းချင်း ဆိုတော့ ဘာမှ ပြဿနာ မပေါ်တော့ဘူး’

`ဘာဖြစ်လို့လဲ ဖေဖေ၊ အက်ရှလေက’



`အက်ရှလေကို ဖေဖေ ဘာမှ အထူးအထွေ ပြောစရာ မရှိဘူး၊ သူတို့ မိသားစုဟာ ခပ်ဆန်းဆန်းပဲလို့ ဖေဖေ ပြောတဲ့

အဓိပ္ပာယ်က ဟော့ရမ်းတယ်၊ ရမ်းကားတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ကိတ်တို့လို ရှိသမျှ မြင်းလောင်းနေတာမျိုးလည်း မဟုတ်ဘူး၊ စတူးဝပ်တို့လို အရက်သောက်တာမျိုးလည်း မဟုတ်ဘူး၊ ဖွန်တိန်တို့လို ထစ်ခနဲရှိ သေနတ်နှင့် ပစ်ချင်တဲ့ လူရမ်းကားတွေလို့ ဆိုလိုတာလည်း မဟုတ်ဘူး၊ သူတို့လို လူမျိုးတွေကို နားလည်ဖို့ မခက်ပါဘူး၊ လွယ်ပါတယ်၊ ဖေဖေ့မှာလည်း သူတို့လို ချွတ်ယွင်းချက်ကလေးတွေ အနည်းနှင့် အများ ရှိတာပါပဲ၊ ဒီတော့ မဆန်းပါဘူး၊ အက်ရှလေဟာ ကိုယ့်မိန်းမ အပေါ် သစ္စာ မရှိတဲ့ ယောက်ျားမျိုး၊ ကိုယ့်မယားကိုယ် ပစ်ပြီး နောက်မိန်းမ တစ်ယောက်နှင့် ထွက်ပြေးမယ့် လူစားမျိုး၊ ဒါမှမဟုတ် မိန်းမကို နှမချင်းမစာ ရိုက်လား နှက်လား လုပ်မယ့် လူစားမျိုးလို့လည်း ဖေဖေ ပြောလိုတာ မဟုတ်ဘူး၊ အက်ရှလေတို့ မိသားစု ခပ်ဆန်းဆန်းတွေ ဆိုတာ ဒီလို ဆန်းတာမျိုး မဟုတ်ဘူး၊ နားလည်လို့ မရတဲ့ ဆန်းနည်းမျိုး၊ ဖေဖေ့ အနေနှင့် ပြောရရင် အက်ရှလေကို ဖေဖေ သဘောကျတယ်၊ ဒါပေမယ့် သူပြောတဲ့ စကားတွေကို ဖေဖေ တစ်လုံးမှ နားမလည်ဘူး၊ ကဲ ဖေဖေ

43

မေးမယ်၊ သမီးကော သူပြောတဲ့ စကားတွေကို နားလည်ရဲ့လား၊ စာပေတဲ့၊ ကဗျာတဲ့၊ ဂီတတဲ့၊ ပန်းချီတဲ့၊ ဖေဖေတော့ ဘာမှန်းမှ မသိဘူး’

`အို ဖေဖေရယ်၊ ဒါကတော့ မိန်းမ အပေါ်မှာ တည်တာပေါ့၊ မိန်းမက ပြုပြင်ပေးရမှာပေါ့’



ဖေဖေက စကားလက်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် စိတ်ဆိုးသည့် လေသံဖြင့် ပြော၏။



`ပြင်နိုင်လိမ့်မယ်၊ အဝေးကြီး၊ ယောက်ျားတွေ အကြောင်း သမီး မသိပါဘူး၊ မိန်းမ တစ်ယောက်ဟာ လင်ယောက်ျား

တစ်ယောက်ကို ဘယ်တော့မှ ပြင်လို့ မရဘူး မှတ်ထား၊ အက်ရှလေတို့ လူမျိုးကိုတော့ မပြောနှင့်တော့၊ သူတို့ မိသားစု တစ်ခုလုံး ဒီလိုချည်းပဲ၊ အရင်တုန်းကလည်း ဒီလိုပဲ၊ နောက်လည်း ဒီလိုပဲ နေမှာပဲ၊ သူတို့ဟာ မွေးကတည်းက ခပ်ဆန်းဆန်းတွေ မွေးလာကြတာ၊ သမီး စဉ်းစားကြည့်လေ၊ ပိုက်ဆံတွေ အကုန်ခံပြီး နယူးယောက်တို့၊ ဘော့စတွန်တို့ သွားပြီး အော်ပရာဇာတ်တွေ ကြည့်သတဲ့၊ ပန်းချီ ပြတိုက်တွေ လျှောက်သွားသတဲ့၊ ပြီးတော့ ယန်ကီတွေဆီက ဂျာမန် စာအုပ်တွေ၊ ပြင်သစ် စာအုပ်တွေကို သေတ္တာကြီးတွေနှင့် မှာပြီး ဖတ်သတဲ့၊ ဖေဖေတော့ မကြားဖူးပေါင်၊ ပြီးတော့ တစ်နေကုန် ထိုင်ပြီး စာအုပ်တွေ ဖတ်၊ အရေ မရ အဖတ်မရတွေ လျှောက်စဉ်းစား၊ တကယ်ဆို ဒိပြင် ကောင်လေးတွေလို တောလိုက်ပါလား၊ ပိုကာ ကစားပါလား’

ဖေဖေ ပြောနေပုံမှာ အက်ရှလေ တစ်ယောက် မိန်းမလျာကလေး တစ်ယောက်သဖွယ် ဖြစ်သွားသည်။ စကားလက်က

မခံချင်စိတ်ဖြင့် ပြော၏။ 

`ဒီနား တစ်ဝိုက်မှာတော့ အက်ရှလေထက် မြင်းစီးကောင်းတဲ့လူ တစ်ယောက်မှ မရှိသေးဘူး မဟုတ်လား ဖေဖေ၊

သူ့ထက် သာတာ ဆိုလို့ သူ့အဖေ တစ်ယောက်ပဲ ရှိတယ်၊ ပိုကာ ကစားတာ ကျတော့ကော၊ ဖေဖေတောင် အရင်အပတ်က သူနှင့် ကစားတာ ငွေ နှစ်ရာ ရှုံးခဲ့ပြီ မဟုတ်လား’

`အက်ရှလေဟာ ဖေဖေ့လို အကောင်းဆုံး မြင်းစီးသမားနှင့် ပြိုင်ပြီး စီးနိုင်တယ်၊ ဖေဖေ့လို အကောင်းဆုံး

ပိုကာသမားနှင့်လည်း တစ်ဝိုင်းတည်း ထိုင်နိုင်တဲ့ အရည်အချင်း ရှိတယ် ဆိုတာ ဟုတ်ပါတယ်။ ဖေဖေ မငြင်းချင်ပါဘူး။ ဒါတွေ အားလုံး သူ မလုပ်နိုင်ဘူးလို့ ဖေဖေ ပြောနေတာ မဟုတ်ဘူး၊ သူက ဒါမျိုးတွေကို ဝါသနာ မပါဘူးလို့ ပြောနေတာ၊ ဒါကြောင့် ခပ်ဆန်းဆန်းတွေလို့ ဖေဖေ ပြောတာ’

စကားလက် တိတ်သွားသည်။ ရင်ထဲတွင်လည်း လှိုက်လာသည်။ ဤအချက်ကမူ ဖေဖေ မှန်သည်။ သူ မငြင်းနိုင်တော့။

အက်ရှလေသည် သူ ကျွမ်းကျင်သည့် အပျော်ကိစ္စများကို တစ်ခုမျှ စိတ်ဝင်စားဟန် မရှိ။ ထို အလုပ်များကို လုပ်သည် ဆိုလျှင် အပေါင်းအသင်းကို အားနာ၍ လောကဝတ် သဘောဖြင့် လုပ်ခြင်းမျှလောက်သာ ရှိသည်။

ဖေဖေက

သူ့စကားကို

စကားလက်

မငြင်းနိုင်ကြောင်း

သတိပြုမိသည်။

စကားလက်၏

လက်မောင်းကို

လှမ်းဆွဲလိုက်သည်။

`ဖေဖေ ပြောတာ ဟုတ်တယ် မဟုတ်လား သမီး၊ ဒီတော့ အက်ရှလေလို လူမျိုးကို လင်လုပ်ရတာ ဘာအဓိပ္ပာယ်

ရှိဦးမှာလဲ၊ အက်ရှလေတို့ တစ်အိမ်လုံးဟာ ခပ်ကြောင်ကြောင်တွေချည်းပဲ၊ စောစောက စတူးဝပ်တို့ အကြောင်း ပြောသွားလို့ စတူးဝပ်တို့လို လူတွေကိုလည်း ဖေဖေ သဘောကျတယ်လို့ မထင်လိုက်နှင့်ဦး၊ ဖေဖေ့ သဘောကတော့ ကိတ်ကို သဘော

44

အကျဆုံးပဲ၊ ဖေဖေ မရှိတော့ရင် မြိုင်သာယာဟာ သမီးနှင့် ကိတ်တို့’

`အို တော်စမ်းပါ၊ ဖေဖေ့ ကိတ်အကြောင်း လာပြီး ချီးမွမ်းခန်း ဖွင့်မနေစမ်းပါနှင့်၊ ဖေဖေ့ မြိုင်သာယာ ကိုလည်း သမီး

မမက်ပါဘူး၊ ဘယ်ယာတောကိုမှလည်း မမက်ဘူး၊ လောကကြီးမှာ ယာတောဟာ ဘာမှ အရေးမကြီးပါဘူး၊ အရေးကြီးတာက’

`အရေးကြီးတာက ကိုယ့်ချစ်သူပါ’ ဟု စကားလက် ပြောချင်သည်။ သို့ရာတွင် စကားလက် စကားမဆုံး။ ဖေဖေက

သူ့ယာတောကို ထိလျှင် ဆတ်ဆတ်ထိ မခံနိုင်။ လောကကြီးတွင် ဖေဖေသည် မေမေက လွဲလျှင် သူ့ယာတောကို အတွယ်တာဆုံး ဖြစ်သည်။

`ဘာ၊ ယာတောဟာ ဘာမှ အရေးမကြီးဘူး ဟုတ်လား’ ဖေဖေက ဟိန်းသွားအောင် အော်လိုက်သည်။ `ဒီစကား

မပြောနှင့်၊ လောကမှာ အရေးအကြီးဆုံးဟာ မြေ၊ သိရဲ့လား၊ မြေဟာ လောကမှာ အရေးအကြီးဆုံးပဲ၊ လောကမှာ မပျောက်မပျက် တည်ရှိတဲ့ အရာဟာ မြေကြီး တစ်ခုပဲ ရှိတယ်၊ ဒါကို ဘယ်တော့မှ မမေ့နှင့်၊ ဒီ မြေကြီး အတွက် အလုပ် လုပ်နေကြတာ၊ ဒီ မြေကြီး အတွက် စစ်တိုက်နေကြတာ၊ ဒီ မြေကြီး အတွက် အသေ ခံနေကြတာ’

`ဖေဖေ့ စကားက အိုင်းရစ်ဇာတိ သိပ်ပြတာပဲ’



`ဟုတ်တယ်၊ အိုင်းရစ် လူမျိုး ဇာတိ ပြတာကို ဖေဖေက ဘာဖြစ်လို့ ရှက်ရမှာလဲ၊ မရှက်တဲ့ပြင် အိုင်းရစ် ဖြစ်ရတာကို

ဖေဖေ ဂုဏ်ယူတယ်၊ သမီးလည်း အိုင်းရစ်သွေး ပါတယ် ဆိုတာ မမေ့နှင့်၊ အိုင်းရစ်သွေး တစ်ဝက်ပါတဲ့ လူတစ်ယောက်အဖို့ သူနေတဲ့ မြေကြီးဟာ သူ့ အမေပဲ၊ ခု သမီးတို့ကို ဖေဖေက ကမ္ဘာမှာ အလှဆုံးဆိုတဲ့ မြေကြီးကို ပေးတယ်၊ သမီးက ဘာလုပ်သလဲ၊ နှစ်ပြား မတန်သယောင် သမီး ပြောတယ်’

ဖေဖေက ပြောရင်း အရှိန်ရလာသည်။ စကားလက်၏ ညှိုးငယ်နေသော မျက်နှာပေါ်မှ တစ်စုံတစ်ရာကို မြင်သည့်

အခါကျမှ စိတ်ပြေသွားသည်။

`သမီးတို့က ငယ်သေးတယ်၊ ဘာမှ မသိသေးဘူး၊ သမီး ကြီးလာရင် မြေကြီးကို တွယ်တာတတ်လာ လိမ့်မယ်၊ သမီးမှာ

အိုင်းရစ်သွေး ပါရင် မြေကြီးကို မချစ်ဘဲ မနေနိုင်ဘူး၊ ခု သမီးတို့က ငယ်သေးတော့ ကလေးတွေးပဲ တွေးကြမှာပဲ၊ ကြီးလာရင် ဒီမြေကြီးဟာ ဘယ်လောက် အဖိုးတန်သလဲ ဆိုတာ သမီးတို့ သိလာကြလိမ့်မယ်’

ဖေဖေသည် စကားရှည်ရှည် ပြောလိုက်ရသဖြင့် မောသွားဟန်တူသည်။ ထိုမျှမက ဤနယ် တစ်ဝိုက်က လူငယ်များကို

ရွေးပေးပြီး မိမိ အချစ်ဆုံး မြိုင်သာယာကို လက်ဖွဲ့မည် ဆိုသည့်တိုင် စကားလက် စိတ်ဝင်စားဟန် မပြသည့် အခါတွင် ကြီးစွာ စိတ်မကောင်းခြင်းလည်း ဖြစ်ရသည်။ စကားလက် ဝမ်းမြောက်ဝမ်းသာ ဖြစ်လိမ့်မည်ဟု ထင်သော်လည်း သူ ထင်သလို မဖြစ်။

`ကဲ ဒါတွေ သိပ် စဉ်းစား မနေပါနှင့်ဦးလေ၊ ဘယ်သူ့ကိုပဲ လက်ထပ် လက်ထပ် အရေးမကြီးပါဘူး၊ သူက သမီးကို

ချစ်တယ်၊ လူကောင်း တစ်ယောက်လည်း ဖြစ်တယ်၊ တောင်ပိုင်းသားလည်း ဖြစ်တယ်၊ ကိုယ့်မာနနှင့်ကိုယ် နေတတ်တဲ့ သူလည်း ဖြစ်တယ်ဆိုရင် ပြီးတာပါပဲ၊ မိန်းမ တစ်ယောက်အဖို့ ချစ်တယ်ဆိုတာ အိမ်ထောင်ကျပြီးမှ ဖြစ်လာတာမျိုးပါ’

`ဒါက ရှေးတုန်းက အယူအဆပါ ဖေဖေ’

45



`ဘယ်တုန်းက အယူအဆပဲ ဖြစ်ဖြစ် ကောင်းတဲ့ အယူအဆ ဆိုရင် လက်ခံရမှာပေါ့၊ အမေရိကန်တွေ ကတော့ အချစ်

အတွက် လက်ထပ်ကြသတဲ့၊ ဒါမျိုးတွေက အစေခံတွေ၊ ယန်ကီတွေ လုပ်တာပါကွယ်၊ အကောင်းဆုံး၊ အဆင်ပြေဆုံးကတော့ လူကြီး ပေးစားတာကို ယူတာ အကောင်းဆုံးပဲ၊ သမီးတို့လို ရူးရူး မိုက်မိုက် အရွယ်တွေဟာ လူဆိုးနှင့် လူကောင်းကို ဘယ်မှာ ခွဲခြားတတ်ဦးမှာလဲ၊ အက်ရှလေ ဝီလ်ကီတို့ ဆွေမျိုးတွေကို ကြည့်လေ၊ သူတို့ ဆွေမျိုးစုရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ထိန်းခဲ့ကြသလဲ၊ သူတို့နှင့် အသွင် တူတဲ့သူ အချင်းအချင်း လက်ထပ်ခဲ့ကြတယ်၊ လူကြီး မိဘတွေ သဘောကျ ဝမ်းကွဲချင်း လက်ထပ်ခဲ့ကြတယ်’

`အို ဖေဖေရယ်’



စကားလက်က ခေါင်းကို ငုံ့လိုက်သည်။ သူ့ရင်ထဲက ခံစားချက်သည် အသစ် ပြန်ဖြစ်လာ၏။ ဖေဖေက စကားလက်၏

မျက်နှာကို ဆွဲမော့သည်။ 

`သမီး ငိုနေသလား’



`ဟင့်အင်း၊ သမီး မငိုပါဘူး’



စကားလက်က မျက်နှာ လွှဲထားသည်။



`မညာပါနှင့်ကွယ်၊ သမီး ငိုနေတာပါ၊ သမီးမှာ မာန ရှိတယ်၊ ဒီမာန အတွက် ဖေဖေ ဂုဏ်ယူတယ်၊ မနက်ဖြန်ကျရင်လည်း

ပျော်ပွဲစားကို ခပ်တည်တည်သာ သွား၊ သမီး မလာရင် ကိုယ့်ကို စိတ်ကူးထဲ မထည့်တဲ့ လူတစ်ယောက် အတွက် ဆွေးနေလို့ မလာတာ ဆိုပြီး အတင်း ပြောကြလိမ့်မယ်၊ သွား ရဲရဲသွား’

`သမီးကို စိတ်ကူး မထည့်တာ မဟုတ်ပါဘူး ဖေဖေ၊ စိတ်ကူး ထည့်တယ် မထည့်ဘူး ဆိုတာ သမီး သိပါတယ်၊

ဒါပေမယ့် သူတို့ ဆွေမျိုးတွေဟာ ဆွေမျိုးချင်းသာ လက်ထပ်ကြရမယ်လို့ ထင်နေကြလို့ပါ၊ နို့မို့ရင်’

ဖေဖေက စကားလက်၏ လက်တစ်ဖက်ကို ဆွဲယူ၍ လက်မောင်းကြားထဲတွင် ညှပ်ထားလိုက်၏။



`ကဲ ပြန်ကြစို့၊ အိမ်က မျှော်လှရော့မယ်၊ ဒီ ကိစ္စကို ဘယ်သူ့မှ မပြောနှင့် နော်၊ မေမေ့ကိုလည်း မပြောနှင့်၊

ဖေဖေကလည်း မပြောဘူး၊ သမီး မျက်ရည်တွေ သုတ်လိုက်စမ်းပါဦး’

စကားလက်က တွန့်ကြေနေသည့်

လက်ကိုင်ပဝါကလေးဖြင့်

မျက်ရည်

သုတ်သည်။

သားအဖ နှစ်ယောက်

မှောင်မည်းနေသော ဝင်းအဝင် လမ်းအတိုင်း လက်တွဲ၍ လျှောက်ခဲ့ကြသည်။ မြင်းကြီးက သူတို့နောက်က ဖြည်းညင်းစွာ လိုက်လာသည်။ အိမ်နား အရောက်တွင် ဆင်ဝင်မှ ထွက်မျှော်နေသော မေမေ့ကို မြင်လိုက်ရသည်။ မေမေက ဦးထုပ်ကို ဆောင်းကာ ခြုံစောင် ခြုံထားသည်။ ကြီးဒေါ်က နောက်တွင် ရပ်နေသည်။ မျက်နှာက ညိုမှိုင်းလျက်။ လက်ထဲတွင် ဆေးထည့်သည့် သားရေအိတ် အနက်ကြီးကို ကိုင်ထားသည်။ အယ်လင် အိုဟာရာ (စကားလက်၏ အမေ) သည် ကပ္ပလီ ငွေဝယ်ကျွန်များ တစ်ခုခု ဖြစ်လျှင် ဤဆေးအိတ်ကို ကိုင်၍ ပြုစုပေးနေကျ။ ကြီးဒေါ်၏ နှုတ်ခမ်းထူထူကြီးများသည် အောက်သို့ တွဲကျနေကြသည်။ စိတ်ဆိုးလျှင် အောက်နှုတ်ခမ်း ထူထူကြီးသည် ထို့ထက် နှစ်ဆ ရှည်ထွက်လာ တတ်သည်။ ယခု ကြီးဒေါ်၏

46

အောက်နှုတ်ခမ်းသည် ခါတိုင်းထက် နှစ်ဆ ပိုထွက် နေပြီ။ သို့ဆိုလျှင် ကြီးဒေါ် တစ်ခုခုကို စိတ်တိုင်းမကျ ဖြစ်နေမည်မှာ သေချာပြီ။

`အဖေကြီး’ မေမေက လှမ်း၍ ခေါ်လိုက်သည်။ မေမေသည် သားသမီး ခြောက်ယောက် မွေးပြီး၍ အိမ်ထောင်သက်

တစ်ဆယ့် ခုနစ်နှစ် ရှိသည့်တိုင် သူ့ ယောက်ျား၏ နာမည်ကို ဘယ်အခါမှ တရင်းတနှီး ခေါ်လေ့ မရှိ။ ရှေးခေတ် ထုံးစံအတိုင်း သူစိမ်းတစ်ရံ သဖွယ် ခေါ်တတ်သည်။ `စလက်တာရီတို့ အိမ်မှာ နေမကောင်းလို့တဲ့၊ အင်မီ မျက်နှာမြင်တာ ကလေးက အခြေအနေ သိပ် မကောင်းဘူးတဲ့၊ ကြီးဒေါ်နှင့် ကျွန်မ သွားကြည့်လိုက်ဦးမယ်’

မေမေ၏ အသံက ဖေဖေ့ထံမှ အတည်ပြုချက် တောင်းသည့် အသံမျိုး ဖြစ်သည်။ ဤသည်မှာ မေမေ၏ ဝသီဖြစ်၏။

မေမေသည် သူ လုပ်ချင်ပြီ ဆိုလျှင် ဖေဖေ တားသည့်တိုင် လုပ်ဖြစ်အောင် လုပ်တတ်သော်လည်း ထုံးတမ်းစဉ်လာ တစ်ခု အနေဖြင့် ဖေဖေ့ အတည်ပြုချက်ကို တောင်းတတ်သည်။

`အိုကွာ၊ ထမင်းစားတော့မယ့် ဆဲဆဲကြီး၊ ဘာလို့ သွားနေဦးမှာလဲ၊ ဒီလို လူဖြူမျိုးတွေကို သိပ် ဂရုတစိုက်

လုပ်မနေနိုင်ပါဘူး၊ ပြီးတော့ အတ္တလန်တာက အခြေအနေကိုလည်း မင်း ပြောပြရဦးမယ်၊ ပြည်တွင်းစစ် ဖြစ်တော့မလိုလို ဖြစ်နေပြီ၊ တိုင်းပြည်ကြီး ဘာဖြစ်မယ်မှန်း မသိ ဘာမသိနှင့်၊ အေးအေး ကိုယ့်အိမ်မှာ ကိုယ် အိပ်နေစမ်းပါ’

`အယ်လင် အိပ်လို့ ပျော်မှာ မဟုတ်ဘူး တော့်၊ အိုဟာရာ မိန်းမက ဒါမျိုးဆိုရင် သူကိုယ်တိုင် လိုက်ကြည့်ရမှ

ကျေနပ်တာ’

ကြီးဒေါ်က လေသံ တစ်ဆက်တည်းဖြင့် ပြောကာ အောက်သို့ ဆင်းသွားသည်။ မြင်းရထားက အဆင်သင့် ဖြစ်နေပြီ။



`အို ကျွန်မ လိုက်သွားမှ ဖြစ်မှာပါ၊ သမီးက ထမင်းဝိုင်းမှာ မေမေ့ နေရာ ဝင်လိုက်’



မေမေက လက်အိတ် စွပ်ထားသည့် လက်ဖြင့် စကားလက်၏ ပါးကို တို့သည်။ ဆို့နင့် နေသည့် ကြားထဲတွင်

မေမေ၏ အတွေ့အထိ၊ မေမေ၏ ပိုးအင်္ကျီမှ ဆောင်တော်ကူး နံ့သာအိတ် မွှေးမွှေးတို့၏ အနံ့ကို ထိတွေ့ ရှူရှိုက်လိုက်ရသည်မှာ အမောပြေသွား မယောင် ထင်ရ၏။ စကားလက် အဖို့ မေမေသည် အားကိုးရာ၊ နှစ်သိမ့်ရာ၊ မြတ်နိုးရာ၊ တွယ်တာရာ။

ဖေဖေက မေမေ့ကို တွဲ၍ ရထားပေါ်သို့ တင်ပေးသည်။ လမ်းတွင် ဂရုတစိုက် မောင်းရန် ရထားသမားကို

အမိန့်ပေးသည်။ ဖေဖေ၏ မြင်းများကို အနှစ် နှစ်ဆယ်ကျော် ကိုင်လာခဲ့သည့် ရထားသမား တိုဘီသည် သူ့အလုပ်ကို ဝင်၍ ဆရာ လုပ်ရပါမည်လောဟု ဆိုသည့် သဘောဖြင့် နှုတ်ခမ်းကြီး စူနေသည်။ သူ့ဘေးတွင် ထိုင်လိုက်လာသည့် ကြီးဒေါ်ကလည်း နှုတ်ခမ်း စူစူ။ တိုဘီကလည်း နှုတ်ခမ်းစူစူ။

`စလက်တာရီတို့က ဖေဖေတို့ ကြည့်ရှုလာခဲ့လို့ ဒီအခြေအနေကို ရောက်လာတာပါ၊ ခုတော့ သူတို့က ဘာမှ သုံးမရတဲ့

မြစ်ဘေးက စိမ့်မြေတွေကို ဖေဖေတို့ ရောင်းချင်လို့တဲ့၊ ဝယ်လိမ့်မယ် အားကြီး’ ဖေဖေက စိတ်ဆိုးဆိုးဖြင့် ပြောနေသည်။ `လာဟေ့ သမီး၊ ပေါ့ကို သွားစချေရအောင်၊ ဒစ်လစီကို ပြန်ရောင်းပစ်ခဲ့ပြီလို့ ပေါ့ကို စချေရအောင်’

ဖေဖေက လက်တွင် ကိုင်ထားသည့် ဇက်ကြိုးကို ကပ္ပလီ သူငယ်လေးထံ ပစ်ပေးလိုက်သည်။ ယခု အချိန်၌

47

စကားလက်၏ ကိစ္စကို ဖေဖေ အမှတ်မရ တော့ပြီ။ သူ့စိတ်သည် ထမင်းချက်ကြီး ပေါ့ကို စဖို့လောက်သာ အာရုံ စောသည်။ စကားလက်က လေးလံသော ခြေလှမ်းများဖြင့် လှေကားထစ်များကို တက်လာခဲ့သည်။

ဖေဖေနှင့် မေမေတို့ အတွဲသည် တော်တော် ဆန်းသည်။ တစ်ယောက်နှင့် တစ်ယောက် သဘာဝချင်း မတူကြ။

ဖေဖေက အာကျယ်ကျယ်။ ခပ်ကြမ်းကြမ်း။ မေမေနှင့် မည်သို့ ညားလာသည်မသိ။ ဇာတိချင်းလည်း မတူ။ စရိုက်ချင်းလည်း မတူ။ စိတ်ချင်းလည်း မတူ။ ဖေဖေနှင့် မေမေတို့ပင် လက်ထပ်နိုင် ကြသေးလျှင် သူနှင့် အက်ရှလေတို့ကော အဘယ်ကြောင့် လက်မထပ်နိုင်ရမည်နည်း။

48





(စကားလက်၏ မေမေ) အယ်လင် အိုဟာရာသည် အသက် သုံးဆယ့်နှစ်နှစ်သာ ရှိသေးသည်။ ထိုခေတ်က

သတ်မှတ်ချက် အတိုင်း ဆိုလျှင် ကလေး ခြောက်ယောက် မွေးပြီး သုံးယောက် ပျက်စီးခဲ့သည့် လူလတ်ပိုင်း အရွယ်ဟု ပြောရလိမ့်မည်။ အရပ် ရှည်ပြီး သူ့ယောက်ျားထက် ခေါင်းတစ်လုံး ပိုမြင့်သည်။ သို့ရာတွင် လမ်းလျှောက်ပုံက သိမ်မွေ့သဖြင့် အရပ် ရှည်သည်ဟု မထင်ရ။ တာဖက်တာ ပိုးနက် အင်္ကျီထဲမှ တိုးထွက်နေသည့် သူ့ လည်ပင်းသည် သေးသွယ် ကြော့ရှင်းကာ နို့နှစ်ရောင် ဖွေးနေသည်။ ဆံပင် ကောင်းကောင်း။ ပိုက်အုပ်၍ နောက်တွဲ ထုံးထားသဖြင့် ခေါင်းက နောက်သို့ အနည်းငယ် လန်နေသည်။ ၁၉၁၇ ခုတွင် ပြင်သစ် တော်လှန်ရေးကြောင့် သူ့မိဘများသည် ဟေတီကျွန်းသို့ ထွက်ပြေး လာခဲ့ကြသည်။ မျက်လုံး နက်နက်၊ မျက်ခုံး ထူထူ၊ ဆံပင် နက်နက်တို့မှာ ပြင်သစ် အမေထံမှ ရလိုက်သည့် အမွေ ဖြစ်သည်။ အဖေက နပိုလီယန် စစ်တပ်ထဲတွင် လိုက်ဖူးသည်။ ဖြောင့်စင်းသည့် နှာတံ၊ မေးရိုးကားကားနှင့် ထိုမေးရိုးကားကားကို ပြေအောင် လုပ်ပေးထားသည့် ပါးသွယ်သွယ်တို့ကို အဖေ့ထံမှ ရခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် တည်ကြည်သော မျက်နှာထား၊ မာနကြီးသော မျက်နှာထား၊ စဉ်းစား တွေးတောနေသော မျက်နှာထားကိုမူ လူ့ဘဝမှ ရခဲ့ခြင်း ဖြစ်သည်။

မေမေ့ မျက်လုံးများက ယခုထက် ရွှန်းလဲ့ပြီး အပြုံးက ယခုထက် လှိုက်လှိုက်လှဲလှဲ ရှိမည် ဆိုလျှင် မေမေသည်

တော်တော် ချောမည့် မိန်းမ တစ်ယောက် ဖြစ်သည်။ အိမ်သားများကို ဖြစ်စေ၊ အစေခံများကို ဖြစ်စေ စကားပြောလျှင် မေမေ့ အသံသည် နူးညံ့ ချိုသာသည်။ မေမေသည် ဂျော်ဂျီယန်သံ ဝဲဝဲဖြင့် သရသံများကို ဝါး၍ ပြောတတ်သည်။ ဗျည်းသံများကို ပြင်သစ်သံ မပါဘဲ ပီပီသသ ပြောတတ်သည်။ မေမေသည် ကလေးများကို၊ အစေခံများကို မည်သည့် အခါမျှ အော်ငေါက်လေ့ မရှိ။ တိုးတိတ် ညင်သာသော လေသံဖြင့် မြိုင်သာယာကို အုပ်ချုပ်သည်။ ဖေဖေက အော်ကြီးဟစ်ကျယ် ဆူလား ပူလား လုပ်သည့်တိုင် အစေခံများကလည်း ဖေဖေ့ကို မကြောက်ကြ။ မေမေ့ကိုသာ ကြောက်ကြသည်။

စကားလက် မှတ်မိသလောက် မေမေသည် ဘာမျှ ပြောင်းလဲခြင်း မရှိ။ အပြစ်တင်သည့် အခါတွင် ဖြစ်စေ၊

ချီးမြှောက်သည့် အခါတွင် ဖြစ်စေ မေမေ့ အသံက တိုးတိတ် ချိုသာမြဲ။ အိမ်တွင် မည်မျှ အရေးတကြီး ဖြစ်ဖြစ် မေမေက ခါတိုင်းလို စေ့စပ်မြဲ။ ဣနြေ္ဒရရဖြင့် အလုပ် လုပ်မြဲ။ မေမေ၏ စိတ်သည် အမြဲ တည်ငြိမ်ကာ သူ့ခါးသည် အမြဲ မတ်နေသည်။ သား သုံးယောက် ဆုံးစဉ်ကလည်း ထိုအတိုင်းပင်။ မေမေ ကုလားထိုင် နောက်မှီကို မှီထိုင်သည်ကို တစ်ခါမျှ မမြင်စဖူး။ ထမင်း စားချိန်မှ အပ လူမမာ ပြုစုချိန်၊ စာရင်း တွက်ချိန်များ၌ လက်တွင် တက်တင်းဇာအပ် မပါဘဲ ထိုင်နေသည့် အခါ ဟူ၍လည်း တစ်ခါမျှ မတွေ့စဖူး။ ဧည့်သည် စောင်သည်နှင့် စကားပြောလျှင် ကတ္တီပါ ရွှေခြည် ထိုးသည်။ ဧည့်သည် မရှိလျှင် ဖေဖေ့ အစုတ် အပြဲများကို ချုပ်သည်။ ကလေးတွေ အတွက် အင်္ကျီ ချုပ်သည်။ သို့မဟုတ်လျှင်လည်း ကပ္ပလီ ကျွန်တွေ အတွက် အင်္ကျီ ချုပ်ပေးသည်။ ရွှေ အပ်ချုပ် လက်စွပ် ဝတ်ကာ တရွရွ လှုပ်ရှားနေကြသော မေမေ့ လက်ချောင်း ကလေးများကို စကားလက် အမြဲ မြင်နေသည်။ ကပ္ပလီမကလေးက ယင်းတိုက်နှစ်သား အပ်ချုပ်သေတ္တာကို ယူပေးကာ အနားတွင် ထိုင်၍ အပ်ချည်ထွေးများကို ရှင်းပေးတတ်သည်။ မေမေသည် မီးဖိုချောင် ကိစ္စ၊ သန့်ရှင်းရေး ကိစ္စ၊ အချုပ်အလုပ် ကိစ္စများဖြင့် အမြဲတမ်း အလုပ်များနေတတ်သည်။

49



မေမေ ဣနြေ္ဒ ပျက်လောက်အောင် ပျာယီးပျာယာ အလုပ်လုပ်သည်ကိုလည်း စကားလက် တစ်ခါမျှ မမြင်စဖူး။

ကိစ္စ ရှိလျှင် နေ့နေ့ညည အချိန်မရွေး အလုပ်လုပ်တတ်သည်။ ကပွဲသို့ လည်းကောင်း၊ ဧည့်ခံပွဲသို့ လည်းကောင်း၊ သို့မဟုတ် ဂျုန်းဘာရို ကဇာတ်ပွဲသို့ လည်းကောင်း သွားမည်ဆိုလျှင် မေမေ့အတွက် ပြင်ဆင်စရာ အချိန်များများ မလို။ နှစ်နာရီ အတွင်းတွင် အားလုံး ကိစ္စပြီးနိုင်သည်။ ကြီးဒေါ်နှင့် ကပ္ပလီ ကျွန်မ နှစ်ယောက်က ဝိုင်းပြင်ပေးသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း ဤမျှ မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်သည်မှာ အံ့သြစရာ ကောင်းနေသည်။

စကားလက်၏ အခန်းမှာ မေမေ့ အိပ်ခန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိ၏။ ငွေဝယ်ကျွန် ကပ္ပလီများ၏ တန်းလျားတွင်

သာရေး နာရေး ကိစ္စပေါ်လျှင် နံနက် မလင်းသေးမီ ခြေကို ဖွနင်းကာ မေမေ့ကို လာနှိုး၍ အကူအညီ တောင်းသံများကို ကြားရတတ်သည်။ ပျဉ်းကတိုး ကြမ်းပြင်ပေါ်တွင် လျှောက်လာသည့် ထို ခြေသံများကို စကားလက် ငယ်ငယ်ကတည်းက မှတ်မိနေပြီ။ စကားလက်သည် ခြေဖျားထောက်၍ ထကာ ကလေးပီပီ တံခါး ကြားမှ ချောင်းကြည့်တတ်သည်။ ဖေဖေက မနိုးဘဲ တခေါခေါ အိပ်ပျော်နေစဉ် မေမေ့ လက်တစ်ဖက်က ဆေးသေတ္တာ၊ လက်တစ်ဖက်က ဖယောင်းတိုင်ကို ကိုင်၍ အိမ်ခန်းထဲမှ ထွက်လာတတ်သည်။ အိပ်ရာထဲက ထလာသဖြင့် မေမေ့ အဝတ်အစားများသည် ဖိုသီဖတ်သီ ဖြစ်သည်ဟူ၍ မရှိ။ သပ်ရပ် နေသည်။ ဆံပင်ကလည်း ပုံပန်း မပျက်။ အင်္ကျီ ကြယ်သီးများကလည်း အပြည့်တပ်လျက်။

မေမေ့ စကားသံက တိုးတိတ်သော်လည်း ကြင်နာသည်။ ပီသသည်။ လှေကားဘက်သို့ ခြေဖျားထောက် ထွက်သွားရင်း

`တိုးတိုး တိုးတိုး၊ အစ်ကိုကြီး အိပ်နေတယ်၊ နင်တို့ လူမမာက ဒီလောက်လည်း မဟုတ်သေးပါဘူး’ ဟု ပြောသံ ကြားရသည်မှာ စကားလက် ရင်ထဲတွင် စိုးရိမ် ပူပန်နေသမျှတွေ ချက်ချင်း အေးငြိမ်းသွားသည်ဟု ထင်ရသည်။

မှန်သည်။ မေမေ ပါသွားလျှင် ချောချောမောမော ဖြစ်မည်ဟု စကားလက် ယုံကြည်သည်။ ဤ အတွေးဖြင့် အိပ်ရာထဲ

ပြန်ဝင်ခွေရသည်ကလည်း ကြည်နူးစရာ ကောင်းသည်။

ညက သာရေး နာရေး ကိစ္စများတွင် အိပ်ရေးပျက်ခဲ့သည့်တိုင် နံနက် လင်းသည်နှင့် နံနက်စာ စားပွဲသို့ မေမေ

မပျက်မကွက် ဆင်းလာမြဲ။ အိပ်ရေး ပျက်သဖြင့် နက်မှောင်သော မေမေ့ မျက်လုံးများသည် နွမ်းနေဟန် ရှိ၏။ သို့ရာတွင် အသံနှင့် ပြုမူ လှုပ်ရှားပုံများကမူ အိပ်ရေး ပျက်ခဲ့သည်ဟု နည်းနည်းမျှ မထင်ရ။ အိမ်တွင် သြဇာ ညောင်းသော မေမေ၏ ခံ့ညား တင့်တယ်သည့် နူးညံ့ ချိုသာမှုထဲတွင် သံမဏိ သဖွယ် ခိုင်မာသော အရည်အချင်း တစ်မျိုး ရှိသည်ဟု ထင်ရသည်။ ဖေဖေကမူ အိမ်တွင် မေမေ သြဇာ ညောင်းသည် ဆိုခြင်းကို ဘယ်ခါမျှ ဝန်မခံ။ အသေသာ ခံချင်ခံမည်၊ ဤအချက်ကိုမူ ဘယ်တော့မျှ အသိအမှတ် မပြု။

တစ်ခါတစ်ရံ

အိပ်ရာဝင်ခါနီး

ခြေဖျားထောက်ကာ

မေမေ့

ပါးမို့မို့ကို

နမ်းရှုပ်

နှုတ်ဆက်သည့်အခါများ၌

စကားလက်သည် မေမေ၏ နှုတ်ခမ်းကို သတိထား ကြည့်မိသည်။ မေမေ့ အပေါ်နှုတ်ခမ်းက တော်တော် ပါးသည်။ မေမေ့ နှုတ်ခမ်းများသည် ငယ်ငယ်က မိန်းမငယ်တို့ ဘာသာဘာဝ စောင်းမြောင်း မဲ့ရွဲ့ ခဲ့ဖူးပါ၏လော၊ မိန်းမဖော် သူငယ်ချင်း အချင်းချင်း လျှို့ဝှက်ချက်များကို ဖွင့်ဟ တိုင်ပင်ခဲ့ဖူးပါ၏လောဟုပင် စကားလက် စဉ်းစားမိသေးသည်။ မေမေသည် သူတို့ မွေးလာပြီးသည့် နောက်တွင် ဘာမျှ ပြောင်းလဲခြင်း မရှိ။ အားမာန် ရှိမြဲ။ အသိဉာဏ် ရှိမြဲ။ ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိမြဲ။

သို့ရာတွင် ဤသည်မှာ စကားလက်၏ အထင်မျှသာ ဖြစ်၏။ ငယ်ငယ်တုန်းက ဆဗားနားမြို့သူ သူ့အမေ

50

အယ်လင်သည်လည်း

အပျိုဘော်ဝင်စ

ဆယ့်ငါးနှစ်

သမီးလေးများ

နည်းတူ

ခိုးခိုးခစ်ခစ်

ရယ်ခဲ့ဖူးသည်။

ညတွင်

သူငယ်ချင်းများနှင့် အတူ တစ်ယောက်၏ အတွင်းရေးများကို တစ်ယောက် ပြောခဲ့ကြဖူးသည်။ ဖလှယ်ခဲ့ကြဖူးသည်။

ထိုစဉ်မှာပင် သူ့ထက် အသက် နှစ်ဆယ့်ရှစ်နှစ် ကြီးသော ဂျရယ် အိုဟာရာနှင့် ပထမဆုံး တွေ့ခဲ့ရသည်။ ထိုနှစ်မှာပင်

သူ၏ အပျိုစင် ဘဝကို စွန့်လွှတ်ခဲ့ရသည်။ ထိုနှစ်မှာပင် ခပ်ရမ်းရမ်း နေတတ်သော မျက်လုံး နက်နက်ဖြင့် သူ့ဝမ်းကွဲ အစ်ကို ဖိလစ်သည် ဆဗားနားမှ အပြီးအပိုင် ထွက်သွားခဲ့သည်။ ဖိလစ်သည် အယ်လင်၏ အသည်းနှလုံးကို နှုတ်ယူသွားကာ သူ့ကို လက်ထပ် ယူခဲ့သည့် ဂျရယ် အိုဟာရာ ဆိုသော ခြေခွင်ခွင် အရပ်ပုပု အိုင်းရစ် လူမျိုး တစ်ယောက် အဖို့ နူးညံ့ သိမ်မွေ့သည့် အပေါ်ယံ ဥခွံကလေးကိုသာ ထားပစ်ခဲ့သည်။

ဂျရယ် အိုဟာရာလို ခပ်ကြမ်းကြမ်း လူမျိုးအတွက် အယ်လင်သည် အလွန် သိမ်မွေ့သည့် ဥခွံကလေး တစ်ခွံသဖွယ်

ဖြစ်နေသည်။ သို့ရာတွင် အယ်လင်လို မိန်းမမျိုးကို ရသည့်အတွက် ဂျရယ် ပျော်သည်။ အယ်လင်လို မိန်းမမျိုးကို လက်ထပ် ရသဖြင့် သူ့တွင် ဘာမျှ ဆုံးရှုံးစရာ မရှိ။ ဆွေမျိုး အင်အားလည်း မရှိ။ ပစ္စည်း အင်အားလည်း မရှိသည့် သူ့လို အိုင်းရစ် လူမျိုး တစ်ယောက် အဖို့ ဂျော်ဂျီယာ ကမ်းခြေ တစ်ဝိုက်တွင် အချမ်းသာဆုံး၊ မာန အကြီးဆုံး ဆွေမျိုးထဲမှ မိန်းမ တစ်ယောက်ကို ရဖို့ဆိုသည်မှာ ကြုံတောင့် ကြုံခဲ အဆန်းတကြယ်ကြီး ဖြစ်သည်။ ဂျရယ် အိုဟာရာသည် ကိုယ့်ထူး ကိုယ်ချွန် လုပ်ခဲ့ရသူ တစ်ယောက် ဖြစ်သည်။

ဂျရယ်သည် အသက် နှစ်ဆယ့် တစ်နှစ်တွင် အိုင်ယာလန်မှ အမေရိကန်သို့ ရောက်လာခဲ့သည်။ အခြားသော

အိုင်းရစ်များကဲ့သို့ပင် အဝတ် တစ်ထည် ကိုယ် တစ်ခုဖြင့် ကသုတ်ကရက် ရောက်လာခဲ့ခြင်း ဖြစ်၏။ သူ့တွင် ခရီးစရိတ် နှုတ်ပြီးလျှင် နှစ်သျှီလင် မျှသာ ကျန်သည်။ သူ့ကို အင်္ဂလိပ် အစိုးရက ဆုငွေလည်း ထုတ်ထားလိုက်သေးသည်။ သူ ကျူးလွန်သည့် ပြစ်မှုနှင့် စာလျှင် သူ့ အပေါ်တွင် ထုတ်ထားသည့် ဆုငွေကလည်း များလွန်းသည်ဟု ဂျရယ် ထင်သည်။ အမေရိကန်တွင်မူ သူ့ကို ဗြိတိသျှ အစိုးရထံ အပ်ကာ ဆုငွေ ပေါင် တစ်ရာ ထုတ်ယူသည့်သူလည်း မရှိ။ ဂျရယ်သည် သူတို့ လယ်တွင် သီးစားခ လာတောင်းသော အင်္ဂလိပ် မြေရှင် တစ်ယောက်၏ ကိုယ်စားလှယ်နှင့် စကားများသည်။ မြေရှင် ကိုယ်စားလှယ်ကို သူက `အင်္ဂလိပ်နှင့် ရတဲ့ ဖာသည်သား’ ခေါ်သည်။ မြေရှင် ကိုယ်စားလှယ်က ပုလိပ်ကို တိုင်သဖြင့် ဖမ်းမည် ပြုသည်။ ဤတွင် ဂျရယ် ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

အိုင်းရစ်နှင့် အင်္ဂလိပ်တို့ ဖြစ်ခဲ့ကြသော ဘွိုင်းစစ်ပွဲ ပြီးသည်မှာ အနှစ်တစ်ရာ ကျော်ပြီ။ သို့ရာတွင် အိုဟာရာနှင့် သူတို့

နယ်တစ်ဝိုက်က အိုင်းရစ် လယ်သမားများ အဖို့မူ မနေ့ တစ်နေ့က ကဲ့သို့ပင် ထင်နေသည်။ စတူးဝပ် ကိုယ်တော်လေးနှင့် ဝီလျံ အော့ဖ် အောရိန်းတို့ စစ်ဖြစ်ကြရာတွင် အိုင်းရစ် လယ်သမားများသည် စတူးဝပ်ကို နန်းတင်ရန် အတွက် စတူးဝပ် ကိုယ်တော်လေး ဘက်မှ ပါခဲ့ကြသည်။ စတူးဝပ် ကိုယ်တော်ကလေး အရေးနိမ့်၍ ထွက်ပြေးသော အခါတွင် အိုင်းရစ် လယ်သမားတို့၏ မျှော်လင့်ချက်များ၊ စိတ်ကူးများသည် ပြိုကွဲခဲ့ရသည်။ အိုင်းရစ် လယ်သမားတို့၏ မြေယာများ၊ ပစ္စည်းများသည် ဆုံးရှုံးခဲ့ရသည်။ လိမ္မော်ရောင် မောက်တို ဆောင်းထားသည့် ဝီလျံအော့ဖ် အောရိန်း ဘုရင်၏ စစ်သားများသည် စတူးဝပ် ကိုယ်တော်လေး၏ နောက်လိုက်များကို ရက်စက်စွာ သတ်ဖြတ်ခဲ့ ကြသည်။

ဂျရယ်တို့ မိသားစုသည် နဂိုကမှ သူပုန့်သွေး အပြည့်ရှိသူများ ဖြစ်ရာ အင်္ဂလိပ် မြေရှင် ကိုယ်စားလှယ်က မတရား

သီးစားခ တောင်းသည်ကို ခုခံခဲ့ ကြသည်။ အစကမူ ထိုပြဿနာသည် ဤမျှ ကြီးလာလိမ့်မည်ဟု မထင်ခဲ့။ အိုဟာရာ

51

မိသားစုသည် အစိုးရကို ဆန့်ကျင် ဆူပူရန် ကြံစည်နေကြသည် ဆိုသည့် သတင်းသည် အင်္ဂလိပ် အစိုးရ ပုလိပ်ဘက်တွင် သတင်းကြီး နေသည်။ သူတို့ မွေးချင်းထဲတွင် ဤသို့ ရာဇဝတ် ဘေးကြောင့် ပြေးခဲ့ရသူမှာ ဂျရယ် တစ်ယောက်တည်း မဟုတ်။ သူ့ အစ်ကိုကြီးများ ဖြစ်သည့် ဂျိမ်းနှင့် အင်ဒရူး သည်လည်း ဝရမ်းပြေးခဲ့ကြသည်။ ထိုစဉ်က ဂျရယ် ငယ်ငယ်ကလေး ရှိသေးသည်။ သူတို့ ရုပ်ကိုပင် ကောင်းကောင်း မမှတ်မိတော့။ ခေါင်းတုံးဆံတောက် တိုတိုကလေးတွေ ညှပ်ထားသည်ကိုသာ မှတ်မိတော့သည်။ ညီအစ်ကို နှစ်ယောက် ညကြီး မင်းကြီး ပေါက်လာလျှင် အမေက စိုးရိမ်တကြီး အိမ်ထဲ ခေါ်သွင်းကာ အစာရေစာ ကျွေးသည်။ နောက်ရက် အတန်ကြာ ပျောက်သွားကြပြန်သည်။ သူတို့ ဝက်ခြံထဲတွင် သေနတ်များ မြှုပ်ထားသည်ကို တွေ့သွားသည့် အခါတွင် သူ့အစ်ကို နှစ်ယောက်သည် အိုင်းရစ် မြေပေါ်တွင် နေ၍ မရတော့။ အမေရိကန်ပြည်သို့ ထွက်ပြေး လာခဲ့ကြသည်။ ယခုမူ သူတို့ နှစ်ယောက်သည် ဆဗားနားတွင် အောင်မြင်သည့် ကုန်သည်ကြီးတွေ ဖြစ်နေပြီ။ (ဆဗားနားကို အမေက ဘယ်နေရာတွင် ရှိမှန်းမသိ။) `ဘုရားသခင်သာ သိတော်မူတဲ့ နေရာ’ ဟု ပြောလေ့ ရှိသည်။ ဤသို့ဖြင့် ဂျရယ်သည် သူ့ အစ်ကို နှစ်ယောက် ရှိရာ ဆဗားနားသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူ အိမ်မှ ထွက်ခါနီးတွင် အမေက သူ့ပါးကို တစ်ချက် နမ်းကာ ဆုတောင်းသည်။ အဖေက `ဘယ်တော့မှ

ကိုယ့်အမျိုးကို နာမည် မဖျက်နှင့်၊ ဘယ်သူ့ကိုမှ မတရား မလုပ်နှင့်’ ဟု သြဝါဒ ပေးသည်။ အရပ် ရှည်ရှည် သူ့အစ်ကို ငါးယောက်က ဂုဏ်ယူသော အပြုံးများဖြင့် နှုတ်ဆက်သည်။ သို့ရာတွင် သူတို့ အပြုံးက မွေးချင်းထဲတွင် အငယ်ဆုံး၊ အညှက်ဆုံး ဖြစ်သည့် ဂျရယ်ကို စိတ်မချသည့် သဘော ဆောင်နေသည်။

သူ့အဖေနှင့် သူ့အစ်ကို ငါးယောက်စလုံး အလုံးအဖန် ထွားထွား၊ အရပ် ခြောက်ပေကျော်တွေချည်း ဖြစ်သည်။

သို့ရာတွင် အသက် နှစ်ဆယ့်တစ်နှစ် ရှိသည့်တိုင် ငါးပေ လေးလက်မက မတက်တော့သည့် ဂျရယ်ကမူ ဤအရပ်အမောင်းသည် ဘုရားသခင်က ပေးသနားသည့် အတိုင်းဟု သဘောထားလိုက်တော့သည်။ သို့ရာတွင် သူ အရပ်ပုသည့် အတွက် ဂျရယ် ဝမ်းမနည်း။ အရှုံး မပေး။ လုပ်ချင်ပြီ ဆိုလျှင် ဂျရယ်သည် ဇွတ်အတင်း လုပ်တတ်သည်။ ခပ်ကျစ်ကျစ် လူဖလံလေး ဖြစ်သောကြောင့် ဤအခြေအနေသို့ ရောက်လာသည်ဟု ဂျရယ် တွေးမိသည်။ လူဖလံလေးတို့ မည်သည် အလုံးအဖန် ကြီးသည့် လူတွေကို ပခုံးချင်း ယှဉ်နိုင်ဖို့ အတွက် အကြမ်းပတမ်း ခံနိုင်ဖို့ လိုသည်ဟု ဂျရယ် သင်ခန်းစာ ရခဲ့သည်။ တကယ်လည်း အကြမ်းပတမ်း ခံနိုင်သည်။

သူ့အစ်ကိုများက မှုန်ကုပ်ကုပ်နှင့် စကားနည်းသည်။ မကျေနပ်လျှင်ပင် ဖွင့်မပြော မြုံထားကြသည်။ အကယ်၍သာ

ဂျရယ်သည် သူတို့လို လူကောင်ထွားထွား ဆိုလျှင် သူ့ဘိုးဘေးများလို သူပုန်ထဲ ရောက်နေတော့မည်။ သို့ရာတွင် သူက အရပ်ပုသည်။ သူ့အမေ ပြောသည့်အတိုင်း ပြောရလျှင် `အာကျယ်’ သည်။ `နွားရူး ဆူးတိုး’ လုပ်တတ်သည်။ စိတ်ဆက်သည်။ လက်ယဉ်သည်။ ထစ်ခနဲရှိလျှင် လက်သီး ပါလာသည်။ ဘိုးဘေးများ၏ သူပုန်သွေး အပြည့်ရှိသည်။ တလင်းပြင်က စစ်တကောင်း ကြက်ကြီးတွေ ကြားတွင် တိန်ညင်က အတောင် တဖျပ်ဖျပ် ခတ်ကြွားသလို ဂျရယ်ကလည်း အရပ် ထောင်ထောင်မောင်းမောင်း အစ်ကိုတွေ ကြားတွင် ခပ်ကြွားကြွား နေသည်။ အစ်ကိုတွေက သူ့ကို ချစ်ကြသည်။ ဂျရယ် အော်ကြီး ဟစ်ကျယ် ဒေါပွအောင် စကြသည်။ လူကြီးတွေထဲ ဝင်ရှုပ်ရမည်လောဟု လက်သီးဖြင့် ထိုးတတ်ကြသည်။

အမေရိကန်ပြည်သို့ ထွက်လာသည့် အခါတွင် ဂျရယ်၌ မည်သည့် ကျောင်းစာမျှ မတတ်။ ဤသည်ကို သူကိုယ်တိုင်လည်း

မသိ။ သိသည့် တိုင်အောင်လည်း ဂရုစိုက်မည် မဟုတ်။ အမေက သူ့ကို အရေးအဖတ် သင်ပေးပြီးပြီ။ ဂျရယ်သည် ဝလုံး

52

ရေးရာတွင် အလွန် တော်သည်။ ဤတွင် သူ၏ ကျောင်းပညာရေးသည်လည်း နိဂုံးကမ္ပတ်သို့ ရောက်သည်။ လက်တင် ဘာသာဆိုလျှင် ဘုရားရှိခိုးထဲတွင် ပါသည့် လက်တင် ဘာသာထက် ပို၍ ဘာမျှမသိ။ သမိုင်း ဆိုလျှင် အိုင်ယာလန်ပြည် ဆင်းရဲသည် ဆိုသည်မှအပ အခြား ဘာမျှ နားမလည်။ ကဗျာ ဆိုလျှင်လည်း ရှေးလွမ်းချင်း တစ်ပုဒ် နှစ်ပုဒ်လောက်သာ ရသည်။ ဂီတဆိုလျှင်လည်း ရှေးက အိုင်ယာလန် ကျေးတောတွင် ဆိုခဲ့ကြသည့် တောသီချင်း များလောက်ကိုသာ ကြားဖူးသည်။ ဂျရယ်သည် သူ့ထက် အတန်းပညာ တတ်သူများကို လေးစားသော်လည်း သူတို့လို မတတ်လေခြင်း ဟူ၍ နည်းနည်းမျှ ဝမ်းမနည်းမိ။ စိမ့်တောထဲတွင် ဓားမဦးချ လုပ်လာခဲ့သည့် တောခုတ်သမားတိုင်း လိုလိုပင် သူဌေးဖြစ်သည့် တိုင်းပြည်မျိုးတွင် ကျောင်းစာတတ်ဖို့ ဘာလိုသေးသနည်း။ လူတစ်ယောက်တွေ့လျှင် ကိုယ်ခန္ဓာ ကြံ့ခိုင်ခြင်း ရှိမရှိ၊ အလုပ် လုပ်ရမည်ကို ကြောက်ခြင်း ရှိမရှိလောက်ကိုသာ ကြည့်သည့် တိုင်းပြည်မျိုးတွင် ထိုအရာတွေ ဘာလိုသေးသနည်း။

ဆဗားနားတွင်

ရောက်နေသည့်

သူ့အစ်ကို

နှစ်ယောက်

ဖြစ်သည့်

ဂျိမ်းနှင့်

အင်ဒရူးကလည်း

သူတို့ညီ

စာမတတ်သည်ကို ဝမ်းမနည်းကြ။ ဂျရယ်က လက်ရေး လက်သား ကောင်းသည်။ ဂဏန်းကို မှန်အောင် ရေးတတ်သည်။ အရောင်းအဝယ်တွင် လာဘ် မြင်သည်။ ဤမျှလောက် ဆိုလျှင် လုံလောက်ပြီ။ စာပေ၊ ဂီတ စသည်တို့ကို နားလည်နေလျှင် ဤတိုင်းပြည်တွင် အထင် သေးစရာ ဖြစ်ချင် ဖြစ်နေဦးမည်။ ဆယ့်ကိုး ရာစုနှစ် အစ အမေရိကန်ပြည်သည် အိုင်းရစ် လူမျိုးတို့နှင့် ကံစပ်သည်ဟု ဆိုရလိမ့်မည်။ ဂျိမ်းနှင့် အင်ဒရူးတို့ ညီအစ်ကိုက ဆဗားနားမှ ဂျော်ဂျီယာ ပြည်နယ် အတွင်း မြို့များသို့ လှည်းတန်း ရှည်ကြီးများဖြင့် ကုန်ကူးရင်း ကြီးပွားလာခဲ့ကြသည်။ သူတို့နှင့် အတူ ဂျရယ်လည်း ကြီးပွားလာခဲ့သည်။

ဂျရယ်သည် အမေရိကန် တောင်ပိုင်းပြည်နယ်များကို သဘောကျသည်။ သူ့ကိုယ်သူ တောင်ပိုင်းသားဟု ထင်သည်။

သူ နားမလည်သည့် တောင်ပိုင်းသားတို့၏ ဓလေ့ထုံးစံများ ရှိကောင်း ရှိမည်။ သို့ရာတွင် သူ နားလည်သည့် ထိုထုံးစံ ဓလေ့များကိုမူ သူ နားလည်သလို လိုက်နာနိုင်သမျှ လိုက်နာသည်။ ပိုကာဆွဲခြင်း၊ မြင်းစီးပြိုင်ခြင်း၊ ကျွန်အရောင်းအဝယ် လုပ်ခြင်း၊ ဝါခင်း စိုက်ခြင်း၊ ဆင်းရဲသည့် လူဖြူများကို အထင်သေးခြင်း၊ အမျိုးသမီးများအား အလွန်အကျူး ယဉ်ကျေးပြခြင်း စသည့် ထုံးစံဓလေ့များ၊ စရိုက်များကို လက်ခံလာခဲ့သည်။ ယခု ဆိုလျှင် ဆေးရွက်ကြီး ငုံသည့် အကျင့်ကိုပင် ရနေပြီ။ ဝီစကီ သောက်သည့် အကျင့်ကိုကား အထူး လေ့ကျင့်စရာ မလိုတော့။ မွေးကတည်းက ဝီစကီ ပုလင်း လက်ထဲကိုင် မွေးလာသည့် အိုင်းရစ် လူမျိုး မဟုတ်လော။

သို့ရာတွင် ဂျရယ်သည် ဂျရယ်သာ ဖြစ်၏။ အနေအထိုင်နှင့် အတွေးအခေါ်များ ပြောင်းသွားသော်လည်း အပြုအမူ

ပြောင်းလဲခြင်း မရှိ။ ပြောင်းလဲ၍ ရသည့်တိုင် မပြောင်းလဲချင်။ လှပ ပြောင်ချောသည့် မျိုးသန့် မြင်းကြီးများကို စီးကာ ဆဗားနားသို့ မကြာခဏ လာတတ်ကြသည့် စကားဝဲဝဲ လူချမ်းသာ လယ်ရှင်များ၊ ဝါခင်းရှင်များကို ဂျရယ် သဘောကျသည်။ သူတို့နောက်က ဇနီး သားသမီးများက အကျအန ဝတ်စားကာ မြင်းရထားများဖြင့် လိုက်လာခဲ့ကြသည်။ ကျွန်များက လှည်းများဖြင့် လိုက်လာကြသည်။ သို့ရာတွင် ဂျရယ်သည် သူတို့ ခံ့ညားမှုကို အတုခိုး၍ မရ။ သံရှည်ဆွဲ၍ ခပ်ဝဲဝဲ ရှိသော သူတို့ စကားပြောသံသည် နားထောင်ကောင်းသော်လည်း သူတို့နှယ် ပြော၍ မရ။ အိုင်းရစ်သံ ဝဲဝဲနှင့် ဆတ်တောက်တောက် လေသံသည် ကျန်မြဲ ကျန်နေသည်။ မြေပိုင်ရှင်များ ဖဲကစားကြရာတွင် ကျွန်များ၊ ဝါခင်းများ၊ လယ်များကို အလောင်းအစား လုပ်ကြသည်။ သူတို့ကို ကြည့်ရသည်မှာ နိုင်လျှင်လည်း အရေးမကြီး၊ ရှုံးလျှင်လည်း ပမာမထားသည့် အမူအရာကို ဆောင်နေကြသည်။ အပြုံးမပျက်၊ ဣနြေ္ဒမပျက်။ ရှုံးလျှင်လည်း ပြုံးကာ ရယ်ကာဖြင့် လျော်လိုက်ကြသည်။ နိုင်လျှင်လည်း ပြောင်ကာ ပြက်ကာ စားလိုက်ကြသည်။ မြင်းဇက်ဆွဲသည့် မြင်းထိန်း ကပ္ပလီလေး တစ်ယောက်ကို စွန့်ကြဲသည်နှင့် ဘာမျှ

53

မခြား။ ဖဲကစားရာတွင် သူတို့ မှင်ကောင်းပုံ၊ ဣနြေ္ဒ ကောင်းပုံကို ဂျရယ် အားကျသည်။ သို့ရာတွင် ဂျရယ်သည် ဆင်းရဲသည်ကို ကြုံခဲ့ဖူးပြီ။ အပြုံး မပျက်၊ ဣနြေ္ဒမပျက်ဘဲ ဖဲရှုံးရသည့် အတတ်ပညာကိုမူ သင်၍ မရ။

ပင်လယ်ကမ်းစပ်မှ ဂျော်ဂျီယာ ပြည်နယ်သားများသည် အလွန် နှစ်လိုဖွယ် ကောင်းသူများ ဖြစ်သည်။ စကားပြော

ညင်သာသည်။ စိတ်တိုလွယ်သည်။ အပြောင်းအလဲ မြန်သည်။ ထိုအရည်အချင်းများကို ဂျရယ် သဘောကျသည်။ သို့ရာတွင် သူက အိုင်းရစ် ဇာတိ။ စိုစွတ်သည့် အေးမြသည့် လေတဟူးဟူး တိုက်ရာ နှင်းဝေသော စိမ့်မြေများတွင် ငှက်ဖျား အန္တရာယ် ကင်းဝေးရာ ဒေသမှ ရောက်ခါစ ဂျရယ်လို အိုင်းရစ် လူငယ်လေး တစ်ယောက်၏ စိတ်ဓာတ်သည် သမပိုင်း ဇုန် ရာသီဥတုနှင့် ငှက်ဖျား ပေါသည့် စိမ့်မြေများမှ အေးအေးလူလူ နေတတ်သည့် ဂျော်ဂျီယာ နယ်သား များနှင့် စရိုက်ချင်း ဓလေ့ချင်း ကွဲနေသည်။ သူက ဖျတ်လတ်သည်။ ခွန်တိုက် အားတိုက် လုပ်တတ်သည်။ စိတ်ဆတ်သည်။ 

ဂျရယ်သည် ဂျော်ဂျီယာ ပြည်နယ်သားများထံမှ မိမိအတွက် အသုံးဝင်သည့် စရိုက်များကို လိုက်နာ၍ အသုံးမဝင်သည့်

ဓလေ့များကို ပယ်သည်။ တောင်ပိုင်းသားများ၏ ဓလေ့များအနက် ပိုကာကစားခြင်းနှင့် ဝီစကီ သောက်ပြီး မမူးတတ်ခြင်းသည် အလွန် အသုံးဝင်သည့် ဓလေ့ဟု ဂျရယ် ထင်သည်။ ဂျရယ်တွင် သူ အမြတ်နိုးဆုံး ပစ္စည်း သုံးခုရှိရာ နှစ်ခုမှာ သူ့ထမင်းချက် ကျွန်ယုံကြီး ပေါ့နှင့် ဝါခင်းကြီး ဖြစ်သည်။ သူ ဖဲကစား မက်ခြင်း၊ ပယင်းရောင် ယစ်ရွှေရည်ကို ကြိုက်ခြင်းကြောင့် ဤနှစ်ခုကို သူ ရခဲ့ခြင်း ဖြစ်သည်။ ကျန်တစ်ခုမှာ ဇနီးသည် အယ်လင် ဖြစ်သည်။ အယ်လင်ကို ရခဲ့ခြင်းမှာကား ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ပင် ဆိုရတော့မည်။

ဂျရယ်၏ ထမင်းချက်ကြီးမှာ ပေါ့ ဆိုသည့် ကပ္ပလီကြီး ဖြစ်သည်။ အသားက မည်းပြောင်နေသည်။ ခံ့ညားသည်။

အချက်အပြုတ် ကျွမ်းကျင်သည်။ ပေါ့ကို ရခဲ့ခြင်းမှာ စိန့်ဆိုင်မွန်ကျွန်းက ဝါခင်း ပိုင်ရှင် တစ်ယောက်နှင့် ညလုံးပေါက် ပိုကာ ဆွဲရာတွင် ပိုကာဝိုင်းမှ အနိုင်ရခဲ့ခြင်း ဖြစ်၏။ ပေါ့၏ ပိုင်ရှင်ဟောင်းသည် ပိုကာ ကစားရာတွင် ဂျရယ်နှင့် ရိုးစွဲ ကစားနိုင်သော်လည်း နယူးအော်လီယန်း ပြည်နယ်က ရမ်အရက်ကို ပြိုင်သောက်ရာတွင်မူ ဂျရယ်ကို မမီ။ ဤတွင် အရက် မူးမူးဖြင့် ပိုကာ ရှုံးခဲ့ရခြင်း ဖြစ်သည်။ ပေါ့၏ ပိုင်ရှင်ဟောင်းက သူ့ကျွန်ယုံကြီးကို နှစ်ဆ ပေး၍ ပြန်ဝယ်သေးသည်။ သို့ရာတွင် ဂျရယ်က ပြန်မရောင်း။ ပေါ့သည် သူ၏ ပထမဆုံး ငွေဝယ်ကျွန် ဖြစ်သည်။ ဤနယ် တစ်ဝိုက်တွင် အချက်အပြုတ်လည်း ကောင်းသည်။ ထို့ကြောင့် ကျွန်ပိုင် မြေပိုင် ဖြစ်ချင်သည့် ဂျရယ်သည် ဦးဦးဖျားဖျား လာဘ် တိုက်ထားသည့် ပေါ့ကို ပြန် မရောင်းတော့။

ဂျရယ်သည် သူ့အစ်ကို နှစ်ယောက်လို တစ်သက်လုံး အရောင်းအဝယ် လုပ်မနေချင်။ ညတွင် ဖယောင်းတိုင် မီးလေးဖြင့်

စာရင်း တွက်မနေချင်။ အရောင်းအဝယ် လုပ်ငန်းသည် လိမ်ရ ညာရသည်။ ထို့ကြောင့် ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ထင်သည်။ ဂျရယ်က ခြံပိုင်ရှင် ဖြစ်ချင်သည်။ ဝါခင်းပိုင်ရှင် ဖြစ်ချင်သည်။ အိုင်းရစ် လူမျိုးသည် မြေကို အလွန် တွယ်တာသည်။ ဂျရယ်သည် သူတို့ တစ်ခါက ပိုင်ခဲ့၊ တောလိုက်ခဲ့သည့် မြေပေါ်တွင် နှစ်ပေါင်းများစွာ သီးစား လုပ်ခဲ့ဖူးသူပီပီ သူပိုင်လယ်တွေ မျှော်မဆုံးအောင် စိမ်းညို့နေသည်ကို မြင်လိုသည်။ သူ့ ကိုယ်ပိုင်အိမ်၊ သူ့ကိုယ်ပိုင် စိုက်ခင်း၊ သူ့ကိုယ်ပိုင် မြင်း၊ သူ့ကိုယ်ပိုင် ကျွန်တို့ဖြင့် အကျနေချင်သည်။ အမေရိကန်ပြည်တွင် မြေခွန် အတွက်လည်း မပူရ။ အစိုးရက သိမ်းမည့် အန္တရာယ်လည်း မရှိ။ ဤလို နေရာမျိုးတွင် မြေတွေ ယာတွေ ပိုင်ချင်သည်။ သို့ရာတွင် စိတ်ကူး မျှော်မှန်းချက်နှင့် စိတ်ကူး မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရေး ဆိုသည်မှာ နီးမယောင်နှင့် ဝေးသည်။ တူမယောင်နှင့် ကွဲသည်။ ဤအချက်ကို အတွေ့အကြုံအရ ဂျရယ် သိလာခဲ့သည်။ ဂျော်ဂျီယာ ပြည်နယ်တွင် မြေရှင် လူတန်းစားက လက်ဝါးကြီး အုပ်ထားသည်။ သူတို့ထဲတွင် ဝင်တိုးဖို့

54

ဆိုသည်မှာ မလွယ်။

ထိုနောက်တွင်မူ ကံကြမ္မာနှင့် ပိုကာ၏ ကျေးဇူးကြောင့် နောင်တွင် မြိုင်သာယာ ဟု သူ အမည်ပေးခဲ့သည့်

ယာတောကြီးကို ပိုင်ခဲ့သည်။ ဤတွင် ဂျရယ်သည် ကမ်းခြေမှ ပြည်နယ် မြောက်ဘက် အတွင်းပိုင်းသို့ ရွှေ့ခဲ့သည်။

ပူအိုက်သည့် နွေဦး ညတစ်ည၌ ဆဗားနားရှိ အရက်ဆိုင် တစ်ဆိုင်ထဲတွင် ဂျရယ် အရက် ထိုင်သောက်နေသည်။

ထိုစဉ် သူနှင့် မလှမ်းမကမ်းမှ လူတစ်ယောက်၏ စကားကြောင့် ဂျရယ် နားရွက်ထောင် လာသည်။ ထိုလူမှာ ဆဗားနားမြို့သား ဖြစ်ပြီး ဂျော်ဂျီယာနယ် အတွင်းပိုင်းတွင် ဆယ့်နှစ်နှစ်လောက် နေပြီး ပြန်ရောက်လာသူ ဖြစ်၏။ ဂျရယ် အမေရိကန်သို့ မရောက်မီ တစ်နှစ်လောက်က အလယ်ပိုင်း ဂျော်ဂျီယာ ပြည်နယ်ကို အိန္ဒိယ လူနီများက အမေရိကန် အစိုးရသို့ ပေးခဲ့သည်။ အစိုးရက ထိုမြေရိုင်းများကို လုပ်နိုင်ရန် မြေယာထီ ဖွင့်သည်။ ထိုလူသည် မြေယာထီ ပေါက်ကာ အတွင်းပိုင်းတွင် သွား၍ အခြေစိုက်သည်။ သို့ရာတွင် မီးလောင်သဖြင့် ဝါခင်းရော လူနေအိမ်ပါ မီးထဲ ပါသွားသည်။ ဤတွင် ထိုလူက `ခိုက်သည်’ ဆိုကာ ထိုမြေကို ပြန်ရောင်းချင်နေသည်။

ဂျရယ်သည် ထိုလူ၏ စကားများကို စိတ်ဝင်စားနေသည်။ မြေပိုင် ယာပိုင် ဖြစ်ချင်နေသည်။ ဤတွင် သူ့ကိုယ်သူ

မိတ်ဆက်ကာ အကျိုးအကြောင်း စုံစမ်းသည်။ ထိုနယ် တစ်ဝိုက်တွင် ကာရိုလိုင်းနားနှင့် ဗာဂျီးနီးယားမှ လူသစ်များ ပြောင်းနေကြကြောင်းဖြင့် သိရသည်။ ဂျော်ဂျီယာ ပင်လယ်ကမ်းနားက ဆဗားနားတွင် နေခဲ့သည်မှာ ကြာပြီ။ ကျန်အတွင်းပိုင်း ဒေသများက မလုံခြုံ။ လူနီများ၏ ရန်ကို ကြောက်ရကြောင်း၊ ချုံတွေနား ဖြတ်သွားလျှင် မြားနှင့် ပစ်မည်လောဟု တထိတ်ထိတ် ဖြစ်ရကြောင်းဖြင့် ကြားဖူးသည်၊ ဂျရယ်သည် အစ်ကိုများ၏ အရောင်းအဝယ် ကိစ္စဖြင့် ဆဗားနား မြစ်အတိုင်း မိုင်တစ်ရာလောက် ဆန်တက်ခဲ့ဖူးသည်။ ကောင်းသေးသည်။

မြစ်ကမ်းမှ ထိုလူက

တက်ကာ

သူ့ယာမှာ

အတွင်းပိုင်း ဆဗားနား

မြို့များသို့

သွားခဲ့ဖူးသည်။

အနောက်မြောက်

အတွင်းဘက်

ဤအထိ မိုင်

အခြေအနေမဆိုး။

နှစ်ရာ့ငါးဆယ်လောက်

ဝေးသေးကြောင်း၊ တောင်ဘက်တွင် ချာတာဟူချီမြစ်နှင့် မဝေးတော့ကြောင်းဖြင့် ပြောပြသည်။ ထိုမြစ်ရိုး တစ်ဝိုက်တွင် ချီရိုကီ လူနီရိုင်းများ ရှိသေးသည်။ သို့ရာတွင် ထိုလူကမူ ထိုတစ်ဝိုက်တွင် အိန္ဒိယ လူနီများ မရှိတော့ကြောင်း၊ မြို့သစ်များ လယ်မြေသစ်များ ပေါ်ထွန်းနေပြီ ဖြစ်ကြောင်းဖြင့် ရယ်မောပြောပြသည်။

နာရီဝက်ခန့် ကြာ၍ စကားပြတ်သွားသည့် အခါ၌ ဂျရယ်က ပိုကာ ကစားရန် ပရိယာယ်ဖြင့် ဆွယ်သည်။

ညဥ့်နက်သည်ထက်

နက်လာကာ

အရက်ကလည်း

ထွေသည်ထက်

ထွေလာကြပြီ။

အခြားသူများက

ဘေးထွက်

ထိုင်ကုန်ကြသည်။ ဂျရယ်နှင့် ထိုလူ နှစ်ဦးသာ ကျန်တော့သည်။ ထိုလူက ရှေ့တွင် ရှိသမျှ ငွေကို ပုံအောကာ သူ့မြေယာ စာချုပ်ကိုလည်း လောင်းကြေး ထပ်သည်။ ဂျရယ်လည်း ရှေ့တွင် ရှိသမျှ ပုံအောရုံမျှမက ပါလာသည့် သားရေအိတ်ကို ထပ်၍ တိုးသည်။ ရှုံးလျှင်လည်း အစ်ကိုများ ပြောရာ ခံတော့မည်။ ယခုမူ ရှိသမျှ ပုံအော လိုက်ပြီ။ ဂျရယ်သည် သူ လိုချင်သည့် အရာကို သူ သိသည်။ သူ လိုချင်ပြီ ဆိုလျှင် ရှည်ရှည်ဝေးဝေး မစဉ်းစား။ ရသည့်နည်းဖြင့် မရအရ ယူတတ်သည်။ ထိုမျှမက ဂျရယ်သည် ဖဲကစားရာတွင်လည်း သူ့ကံကို သူ ယုံသည်။ ယုံကြည်သည့် အတိုင်းလည်း နိုင်လိုက်သည်။

`ဒီယာတောကြီး ခင်ဗျား ရပေမယ့် အမြတ် မထွက်ပါဘူး၊ ကျုပ်ကလည်း ဒီယာတောကြီး ရှိလို့ စိတ်ညစ်နေတာ၊

ခုတော့ ကျုပ်လည်း မြေခွန် ဆောင်စရာ မလိုတော့ဘူးပေါ့’ ထိုလူက စာချုပ်ကို လက်မှတ်ထိုးရင်း ပြောသည်။ `အိမ်ကတော့ မီးလောင်သွားတာ တစ်နှစ်လောက် ရှိပြီဗျ၊ ယာတောလည်း ပေါင်း တော်တော် ထနေပြီ၊ အေးလေ ဘာပဲဖြစ်ဖြစ် ခင်ဗျား

55

နိုင်တော့ ခင်ဗျား မြေပေါ့’

ထိုနေ့ညက ဂျရယ်သည် ဖဲနိုင်ကာ မူးမူးဖြင့် အိမ်ပြန်လာသည်။ ကပ္ပလီ ကျွန်ယုံကြီး ပေါ့က အိပ်ရာသို့ တွဲပို့ရ၏။ 



`ဟေ့ ပေါ့၊ အိုင်းရစ် ခေါင်ရေကို မစုပ်ဖူးရင် ဖဲနှင့် အရက်ကို ဘယ်တော့မှ အတူမတွဲနှင့်ကွ၊ မှတ်ထား’ ဟု ပြောသည်။

သခင်၏ အတုကို ယူသည့် သူ့ ကျွန်ယုံကြီးကလည်း သခင် ပြောသည့် အိုင်းရစ် လေသံ တစ်ဝက် သူ့မူရင်း ကပ္ပလီသံ တစ်ဝက်ဖြင့် ထောက်ခံသည်။ သူ့စကားကို သူတို့နှစ်ယောက်သာ နားလည်ကြသည်။

ဂျရယ်၏ ယာတော ဘေးတွင် နောက်ကျိကျိ ဖလင့်မြစ် စီးနေသည်။ ယာတော တစ်ဖက်တွင် ထင်းရှူးတောများ

ရှိ၍ တခြားဘက်တွင် ချုံနွယ်တွေ ယှက်နေသော ဝက်သစ်ချ တောကြီး ရှိသည်။ ဂျရယ်သည် မီးလောင်သွားသည့် အိမ်ရှိရာ ကမူကလေးပေါ်မှ မျှော်၍ သူ့ယာတောကို ကြည့်ကာ ကျေနပ်နေသည်။ ဝက်သစ်ချ တောကြီးနှင့် ထင်းရှူးတောကြီးကို သူ့ယာ၏ နယ်နိမိတ် စည်းရိုး အဖြစ် မြင်သည်။ မီးလောင်ထားသည့် အုတ်ခုံပေါ်တွင် ရပ်၍ သစ်ပင်များကို လှမ်းကြည့်သည်။ ဝမ်းသာလွန်းသဖြင့် ပျစ်ပျစ်နှစ်နှစ် ရေရွတ်သည်။ ယခု ဤယာတောကြီးသည် သူ့ယာတော ဖြစ်ပြီ။ ဖွေးဖွေး လှုပ်အောင် ပွင့်နေကြသည့် တတိုင်းမွှေးပင်များ အောက်တွင် ခါးတစ်ဝက် ရောက်အောင် ပေါင်းမြက်တို့ ဖုံးနေသော မြေကြီးသည် သူ့မြေကြီး ဖြစ်ပြီ။ မြေက မြေရိုင်း။ ထင်းရှူးပင်ပျိုတို့ ကျိုးကျဲ ပေါက်နေကြသည်။ ပေါင်းမြက်တို့ ထနေကြသည်။ စွေးစွေး နီသော မြေကြီးက မျှော်မဆုံးနိုင်အောင် တစ်ဝန်းတစ်လျားကြီး ရှိနေသည်။ ဤမြေသည် သူ့မြေ။ ဂျရယ် အိုဟာရာ၏ မြေ။ မည်မျှ သောက်သောက် မမူးတတ်သည့် အိုင်းရစ် လူမျိုး၏ ခေါင်းနှင့် ဖဲတစ်လက်ပေါ်တွင် ဘဝ တစ်ခုလုံးကို ပုံအောရဲသည့် သတ္တိမျိုးမှ ရနိုင်သည့် မြေ။

ဂျရယ်သည် တိတ်ဆိတ်နေသော တောရိုင်းမြေ အလယ်တွင် ရပ်၍ မျက်လုံးများကို မှိတ်လိုက်သည်။ သူ့ဇာတိ၊

သူ့ရပ်ရွာ၊ သူ့လယ်တော၊ သူ့အိမ်သို့ ပြန်ရောက်သည့်နှယ် ထင်မိသည်။ ဤမြေကြီးပေါ်တွင် အိမ်တစ်အိမ် ဆောက်ရမည်။ လမ်းဘေးတွင် သံ ခြံစည်းရိုး ခတ်ရမည်။ ကျွဲတွေ၊ နွားတွေ၊ မြင်း မျိုးကောင်းတွေ မွေးရမည်။ တောင်စောင်းမှ မြစ်ကမ်းစပ် အထိ နိမ့်ဆင်းသွားသော မြေနီ ရဲရဲသည် ဧကပေါင်း များစွာ ကျယ်သော ဝါခင်းများဖြင့် နေခြည်တွင် ဖွေးနေတော့မည်။ ဂျရယ် အိုဟာရာတို့ ကံထပြီ။

ဂျရယ်တွင် ခပ်အင်အင် ဖြစ်နေသည့် အစ်ကိုများ ထံမှ ချေးလာခဲ့သည့် ငွေကလေး ရှိသည်။ မြေကို ပေါင်ထားသည့်

ငွေတော်တော်များများ ရှိသည်။ ထိုငွေများဖြင့် လူငှားကာ မြိုင်သာယာသို့ ထွက်လာခဲ့သည်။ အခန်း လေးခန်း ရှိသည့် လက်သမား အိမ်ကလေးတွင် တစ်ယောက်တည်း နေသည်။

မြေကြီးကို ရှင်း၍ ဝါစိုက်သည်။ အစ်ကို နှစ်ယောက်ထံမှ ငွေချေးကာ ကျွန်ဝယ်သည်။ အိုဟာရာ မျိုးသည် ဆွေစိတ်

မျိုးစိတ် အလွန်ကြီးသည့် အမျိုး ဖြစ်သည်။ ဆင်းရဲ ဒုက္ခကို အေးအတူ ပူအမျှ ခွဲဝေ ခံစား တတ်ကြသည်။ ဆွေမျိုးချင်း သံယောဇဉ် ကြီးလွန်း၍ မဟုတ်။ လောကဓံကို ဆွေစဉ်မျိုးဆက် မပြတ် ရင်ဆိုင်နိုင်မှ မျိုးရိုး တစ်ခုသည် မတိမ်မကော အရှည် တည်နိုင်သည်ကို အတွေ့အကြုံအရ သိကြရသောကြောင့် ဖြစ်သည်။ အစ်ကိုများက ဂျရယ် လိုသည့် ငွေကို ချေးလိုက် ကြ၏။ ဂျရယ်ကလည်း နောင်တွင် အတိုးဖြင့် ပြန်ဆပ်သည်။ ဂျရယ်သည် အနား ပတ်ဝန်းကျင်တွင် ရှိသည့် မြေများကို ဝယ်၍ ချဲ့သည်။ သို့ဖြင့် ဂျရယ်၏ ဝါခင်းသည် တဖြည်းဖြည်း ကြီးကျယ်လာသည်။ သူ စိတ်ကူးခဲ့သည့် အတိုင်း အိမ်တစ်လုံးလည်း

56

ဆောက်ဖြစ်လိုက်သည်။

အိမ်ကို ငွေဝယ်ကျွန်များက ဆောက်ပေးခြင်း ဖြစ်သည်။ မြစ်ကမ်းသို့ ပြေ လျှော ဆင်းသွားသည့် ကမူထိပ်တွင်

ဆောက်ထားသည်။ အဆောက်အအုံက ရှည်ရှည်မျောမျော။ ပုံပန်း သိပ်မကျချင်။ သို့တိုင်အောင် သူ့အိမ်ကို ကြည့်၍ ဂျရယ် ပီတိဖြစ်သည်။ အသစ် ဖြစ်သည့်တိုင် သမနိရှည်ခဲ့သော အိမ်ကြီး တစ်အိမ်နှင့် သဏ္ဌာန် တူသည်။ အိမ်ကြီးဘေးတွင် သက်ရင့် ဝက်သစ်ချ ပင်အိုကြီးများက မိုးယှက်ကာ အရိပ် ဝေနေသည်။ ပေါင်းရှင်းထားသည့် မြက်ခင်းတွင် ကပ်စေးနဲပင်များနှင့် ဆင်ငိုမြက်များ ပေါက်နေကြသည်။ ဂျရယ်က သူ့မြက်ခင်းကို ပေါင်းရှင်း မရှင်း အမြဲ ကြည့်သည်။ တောင်တမာပင်များ အုပ်ဆိုင်း ထားသည့် ဝင်းအဝင် လမ်းမှ အစ အစေခံ တန်းလျားများ အထိ ခိုင်ခံ့ခြင်း၊ တည်မြဲခြင်း၊ ခိုင်မာခြင်း စသည့် မြိုင်သာယာ၏ ဂုဏ်ဒြပ်များသည် အထင်းသား ပေါ်နေကြသည်။ ခရီးသွားရာမှ မြင်းကို ဒုန်းစီးပြန်အလာ ပေတစ်ရာကို တွေ့လိုက်၍ စိမ်းစိမ်းမြမြ သစ်ကိုင်းတွေကြားမှ သူ့အိမ်ကို လှမ်းမြင် လိုက်ရသည်နှင့် သူ့အိမ်ကို ယခုမှ မြင်ဖူးသည့်နှယ် ဂျရယ် ဝမ်းသာနေတတ်သည်။

ဤအရာများ အားလုံးသည် လူဖလံကလေး ဂျရယ်၊ အာကျယ်သည့် ဂျရယ်၊ ခေါင်းမာသည့် ဂျရယ် ကိုယ်တိုင်

တည်ဆောက်ခဲ့ရသည့် အရာများ မဟုတ်လော။

ဂျရယ်သည် မက်ကင်တော့ရှ်နှင့် စလက်တာရီတို့ ခြံမှအပ အနီးက ခြံရှင်များ အားလုံးနှင့်လည်း အဆင်ပြေသည်။



သူ့ယာခင်း လက်ဝဲဘက် ယာတောတွင် နေသည့် မက်ကင်တော့ရှ်က စကော့အိုင်းရစ် ကပြား ဖြစ်သည်။

သူတို့ အမျိုးက ဝီလျံအော့ဖ်အောရိန်း ဘုရင်ကို သဘောကျသူများ ဖြစ်သည်။ ဂျော်ဂျီယာတွင် နေလာခဲ့သည်မှာ အနှစ် ခုနစ်ဆယ်လောက် ရှိပြီ။ ယခင်က ကာရိုလိုင်းနား နယ်တွင် နေခဲ့ဖူးသည်။ သို့ရာတွင် အမေရိကန်သို့ ရောက်လာသည့် သူတို့ အမျိုးသည် သူပုန်များကို နှိပ်ကွပ်သည့် အလားစကား နယ်ဘက်မှ လာသူများ ဖြစ်ရာ ဤနယ်က လာသူ ဆိုရုံမျှဖြင့်ပင် ဂျရယ် စိတ်ကုန် နေပြီ။

မက်ကင်တော့ရှ်တို့ အမျိုးက စခန်းကြီးသည်။ အပေါင်းရ ခက်သည်။ မည်သူနှင့်မျှ အဆက်အဆံ မရှိ။ သူတို့

ဆွေမျိုးထဲတွင်သာ လက်ဆက်ကြသည်။ သူတို့ကို မကြိုက်သူမှာ ဂျရယ် တစ်ဦးတည်း မဟုတ်။ ဤတစ်ဝိုက်မှ လူများက ရိုင်းပင်းကြသည်။ ဤအရည်အချင်းမျိုး မရှိသူ ဆိုလျှင် အရောတဝင် မနေတတ်ကြ။ ငွေဝယ်ကျွန် စနစ် ဖျက်သိမ်းရေးကို လိုလားသည်ဟု ပြောကြသည့်တိုင် သူတို့ကို ခင်ခင်မင်မင် မရှိကြ။ ငွေဝယ်ကျွန် စနစ်ကို မလိုလားဟု ဆိုသည့်တိုင် မက်ကင်တော့ရှ်သည် ကျွန်တစ်ယောက်ကိုမျှ ဘေးမဲ့ မလွှတ်စဖူး။

ထိုမျှမက သူ့ ကပ္ပလီကျွန် အချို့ကိုပင် ကျွန် ကုန်သည်များထံ ရောင်းခဲ့သေးသည်။ သို့တိုင်အောင် ငွေဝယ်ကျွန် စနစ်

ဖျက်သိမ်းရေးကို လိုလားသည် ဟူ၍ကား သတင်းကြီးမြဲ ကြီးလျက် ရှိသည်။

`အင်း သူတို့က ငွေဝယ်ကျွန် စနစ်ကိုတော့ ဖျက်ချင်ပါရဲ့၊ ဒါပေမယ့် စကော့ လူမျိုးဗျ၊ စကော့ လူမျိုးဟာ

ကပ်စေးနှဲတာနှင့် မူ နှစ်ခုအနက် ဘယ်သင်းကို ရွေးမလဲဆိုရင် ကပ်စေးနှဲတာကို ရွေးတတ်တယ်ဗျ’ ဟု ဂျရယ်က ဝီလ်ကီကို ပြောဖူးသည်။

စလက်တာရီတို့ အမျိုးကမူ တစ်ဘာသာ ဖြစ်သည်။ သူတို့ အမျိုးက လူဖြူဖြစ်သော်လည်း ဆင်းရဲသည်။ သူတို့ကိုမူ

57

အနားပတ်ဝန်းကျင်က မက်ကင်တော့ရှ်တို့ကို လေးစားသလောက်ပင် လေးစားခြင်း မရှိကြ။ စလက်တာရီတွင် မြေကွက်ကလေး နည်းနည်းပါးပါး ရှိသည်။ ဂျရယ်နှင့် ဝီလ်ကီတို့က သူ့မြေများကို ဝယ်သော်လည်း မရောင်း။ ကြံရည် ဖန်ရည်လည်း မရှိ။ သူ့မိန်းမက ဆံပင် လိမ်လိမ်ကောက်ကောက်၊ ပိန်ပိန်ချည့်ချည့်။ လူမမာရုပ် ပေါက်နေသည်။ မျက်နှာ မှုန်ကုပ်ကုပ်ဖြင့် ယုန်ကလေးတွေလို စုတ်ချွန်းချွန်း ကလေးတွေကို တစ်နှစ် တစ်ယောက် မှန်မှန် မွေးနေသည်။ သူ့တွင် ငွေဝယ်ကျွန် မရှိ။ ဝါဧက အနည်းငယ်တွင် အကြီး နှစ်ယောက်နှင့်အတူ နေထွက်မှ နေဝင် ဝါစိုက်သည်။ မိန်းမနှင့် တခြား ကလေးများက ခြံကလေး စိုက်သည်။ သို့ရာတွင် ဝါကလည်း နှစ်တိုင်း အောင်သည် ဟူ၍ မရှိ။ ခြံကလည်း သူ့မိန်းမ ကလေး မွေးနေရသဖြင့် အိမ်သား စားဖို့ပင် လုံလုံလောက်လောက် မထွက်။

အိမ်နီးချင်းတွေထံ ဝါမျိုးစေ့ လိုက်တောင်းနေသည့် စလက်တာရီကို မကြာခဏ တွေ့ရသည်။ တစ်ခါတစ်ရံ

ဝက်ပေါင်ခြောက် အနားသားကလေး ဘာလေး လိုက်တောင်းနေသည်ကို တွေ့ရတတ်သည်။ သူ့ကို အထင်သေးသည့် အိမ်နားနီးချင်းများကိုလည်း စလက်တာရီက မုန်းသည်။ အထူးသဖြင့် လူချမ်းသာ အိမ်များက ကပ္ပလီများကို ပို၍ မုန်းသည်။ လူချမ်းသာ အိမ်က ကပ္ပလီများသည် သူတို့ကိုယ် သူတို့ ဆင်းရဲသည့် လူဖြူများထက် သာသည်ဟု ထင်နေကြသည်။ သူတို့က သူ့ကို အထင်သေးသည်ကို မြင်ရသည့်အခါတွင် စလက်တာရီသည် ပျားတုပ် ခံလိုက်ရသည့်နှယ် အခံရ ခက်သည်။ သူတို့ ပြည့်ပြည့်စုံစုံ နေရသည်ကိုလည်း မနာလိုဝန်တို ဖြစ်သည်။ သူ့ဘဝနှင့် စာလျှင် လူချမ်းသာ အိမ်က ကပ္ပလီများက ကောင်းကောင်း စားရသည်။ ကောင်းကောင်း ဝတ်ရသည်။ မကျန်းမာသည့် အခါ၊ အသက်ကြီးသည့် အခါတွင်လည်း မကြောင့်မကြ နေရသည်။ သူတို့သခင် အရှိန်ကို မှီ၍ မာနကြီးကြသည်။ စိန်နားတောင်းရောင်ဖြင့် ပါးပြောင်ကြသည်။ သူကမူ လူတကာ နင်းဖတ်။ လူတကာ အထင်သေး ခံရသည့် ဘဝ။

သူ့မြေကို ပြန်ရောင်းမည် ဆိုလျှင် တန်ဖိုးထက် သုံးဆ ပေးဝယ်မည့် သူတွေ တစ်ပုံတစ်ပင်။ ပိုက်ဆံ ဘယ်လောက်

ပေးရပေးရ သူတို့အနားတွင် ဤလို ကျက်သရေ ကင်းသည့် အိမ်မျိုး မရှိလျှင် တော်ပြီဟု သဘောထားကြပုံ ရသည်။ သို့ရာတွင် စလက်တာရီကလည်း မရောင်း။ တစ်နှစ် ရောင်းရသည့် ဝါဂွမ်း တစ်ထုပ်စာကလေးဖြင့် ဖြစ်သလို စားနေရလျှင် ကျေနပ်လှပြီ။

ဂျရယ်သည် ဤအိမ် နှစ်အိမ်မှ အပ ကျန် အိမ်နီးချင်းများ အားလုံးနှင့် ခင်မင် ကျွမ်းဝင်သည်။ ဝီလ်ကီ မိသားစု၊

ကားလ်ဗတ် မိသားစု၊ တာလက်တန် မိသားစု၊ ဖွန်တိန် မိသားစု စသည်တို့ အားလုံးနှင့် အဆင်ပြေသည်။ သူတို့ အိမ်သို့ ဂျရယ်တစ်ယောက် မြင်းဖြူကြီး ဒုန်းစီး၍ အလည် လာလျှင် ဝမ်းသာကြသည်။ ဖန်ခွက်ကြီးတွေ ထုတ်လာကာ ဘာဘွန် ဝီစကီတွင် သကြား တစ်ဇွန်း၊ ပင်စိမ်းမှုန့် ဆီးစေ့ခန့် ထည့်မွှေ၍ ဧည့်ခံ ပြုစုကြသည်။ ဂျရယ်ကလည်း ခင်စရာ ကောင်းသည်။ ကပ္ပလီကလေးနှင့် ခွေးကလေးတို့သည် အရာဝတ္ထု တစ်ခုကို မြင်သည်နှင့် အကောင်းအဆိုး ချက်ချင်း ခွဲခြားတတ်ကြရာ ထိုနည်းတူ ဂျရယ်၏ အသံသြသြနှင့် ဖျတ်လတ်သည့် အမူအရာ၏ နောက်ကွယ်၌လည်း ကြင်နာသော နှလုံးသား တစ်ခု၊ အလိုက်သိ၍ သည်းခံတတ်သော နားရွက် တစ်စုံနှင့် အလွယ်တကူ ပွင့်တတ်သော ပိုက်ဆံအိတ် တစ်လုံး ရှိကြောင်းကို အိမ်နီးနားချင်းများကလည်း အချိန်အတန်ကြာတွင် သိလာကြသည်။

ဂျရယ် လာပြီ ဆိုလျှင် တောလိုက် ခွေးတွေ ဟောင်သံ၊ ကပ္ပလီကလေးတွေ အော်ဟစ် ဆီးကြိုသံ၊ ဂျရယ်က

ရယ်ရယ်မောမော ဆဲဆိုနေသည့် ကြားမှ သူ့မြင်းကို ထိန်းရန် ကလေး တစ်သိုက် လုယက် ရန်ဖြစ်နေကြသံကို ကြားရမြဲ ဖြစ်၏။ လူဖြူကလေးများက သူ့ပေါင်ပေါ်သို့ အလုအယက် တက်ထိုင်ကြ၏။ ကလေးတွေ ဆော့သူဆော့၊ တက်ခုန်သူ

58

ခုန်ဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် ကြားတွင် ဂျရယ်ကလည်း ယန်ကီ နိုင်ငံရေးသမားတွေ ညံ့ဖျင်းပုံကို လူကြီးတွေနှင့် လှမ်းပြောမိအောင် ပြောတတ်သည်။ သူ့မိတ်ဆွေ၏ သမီးများက သူတို့ အတွင်းရေးများကို ဖွင့် တိုင်ပင်တတ်ကြသည်။ အဖေကို ကြောက်ရသည့် အနီး တစ်ဝိုက်မှ လူငယ်များက သူတို့ အခက်အခဲကို ဖွင့်ပြောကာ အကူအညီ တောင်းတတ်ကြသည်။ ပိုက်ဆံ ချေးတတ်ကြသည်။

`ဟေ့ ကြမ်းပိုးလေး၊ မင်း အကြွေး တင်နေတာ တစ်လလောက် ရှိပြီပေါ့ ဟုတ်လား၊ စောစောက ဘာဖြစ်လို့

မပြောတာလဲကွ’ ဟု ဂျရယ်က အော်ကြီး ဟစ်ကျယ် မေးတတ်သည်။

ဂျရယ်သည် အော်ကျယ်ဟစ်ကျယ် နှုတ်ကြမ်း လျှာကြမ်း ဖြစ်သော်လည်း သူ့အကြောင်းကို သိကြသဖြင့် ဗွေမယူတော့။

လူငယ်များက ခပ်ရှက်ရှက်ဖြင့် ပြုံးကာ `ဦးလေးကို ဒုက္ခပေးရာ ရောက်နေမလားလို့ပါ၊ ပြီးတော့ အဖေကလည်း’

`မင်း အဖေက လူကောင်းတော့ လူကောင်းပါကွ၊ ဒါပေမယ့် စည်းကမ်း ကြီးလွန်းတယ်၊ ရော့ ရော့ ယူသွား၊

နောက်တော့ ဒါမျိုး မကြားရပေ့စီနှင့် နော်’ ဟု ပြောပြောဆိုဆို ထုတ်ပေးလိုက်တတ်သည်။

ခြံပိုင်ရှင်များ၏ ဇနီးများမှာ သူ့ကို တော်တော်နှင့် နားမလည်ကြ။ တစ်ညနေ ဂျရယ် တစ်ယောက် မြင်း တစ်စီးဖြင့်

သူတို့အိမ်သို့ အလာ ဝင်းဝအရောက်တွင် ဝီလ်ကီ၏ ဇနီးက `အာကြမ်း လျှာကြမ်းပေမယ့် လူတော့ လူကောင်းပါ’ ဟု သူ့ယောက်ျားအား လှမ်းပြောသံကို ဂျရယ် ကြားလိုက်ရသည်။ ဤနည်းဖြင့် ဂျရယ်သည် သူ့ပတ်ဝန်းကျင်တွင် ခင်မင်စရာ လူတစ်ယောက် ဖြစ်လာခဲ့သည်။

ဂျရယ်သည် ဆယ်နှစ်လောက်ကြာမှ ပတ်ဝန်းကျင်တွင် ဤအနေအထားမျိုးကို ရလာခဲ့ခြင်းဖြစ်သည်။ သို့ရာတွင်

ဤသည်ကို ဂျရယ် သတိ မထားမိ။ သူ ရောက်စတုန်းက သူ့အား အိမ်နီးနားချင်းများက တစေ့တစောင်း အကဲခတ် နေကြသည်ကိုလည်း သူ ဂရုမစိုက်။ သူ့စိတ်ထဲတွင်မူ မြိုင်သာယာသို့ ပြောင်းလာကတည်းက သူတို့ကို ရပ်ဆွေ ရပ်မျိုးဟု သဘောထားခဲ့သည် ဟု ထင်သည်။

ဂျရယ် လေးဆယ့်သုံးနှစ်ထဲ ရောက်ပြီ။ ခန္ဓာကိုယ်ကလည်း ဝဝဖိုင့်ဖိုင့် ဖြစ်လာသည်။ မျက်နှာကလည်း ဖောင်းပွပွ

ဖြစ်လာသည်။ ပုံသဏ္ဌာန်သည် တောလိုက်၍ အေးအေးလူလူ နေသည့် မြေပိုင်ရှင် တစ်ယောက်နှင့် တူနေသည်။ သူသည် မြိုင်သာယာကို တွယ်တာသည်။ အိမ်နီးနားချင်းများနှင့်လည်း သဟဇာတ ဖြစ်သည်။ သို့ရာတွင် လောကကြီးသည် ဤမျှနှင့် မလုံလောက်။ မယား တစ်ယောက် လိုနေပြီ။

မြိုင်သာယာကလည်း သခင်မ တစ်ယောက်ကို တောင်းဆိုနေပြီ။ ယာအလုပ်သမား ဘဝမှ မီးဖိုချောင်ထဲသို့

ရောက်လာသည့် ထမင်းချက် ကပ္ပလီ ဝဝကြီးသည် အချိန်မှန်မှန် ထမင်းပွဲရှေ့ရောက် မကျွေးနိုင်။ ယာထဲသို့ ခေါ်ထားသည့် အိမ်ဖော် ကပ္ပလီကလည်း အိမ်ကို ကောင်းကောင်း လှည်းကျင်းလေ့ မရှိ။ ထို့ကြောင့် အိမ်တွင် ဧည့်သည် လာတော့မည် ဆိုလျှင် မနည်းကြီး လှည်းကျင်း သုတ်သင်ရသည်။ အိမ်တွင်း ကျွန်ယုံ ဖြစ်သည့် ကပ္ပလီကြီး ပေါ့သည် အခြားသော အစေခံများကို စီမံ ခန့်ခွဲ တတ်သည့်တိုင် ဂျရယ်၏ ပစ်စလက်ခတ် နေထိုင်ပုံကြောင့် အကျင့်ပါသွားကာ သူပင်လျှင် လျော့ရိလျော့ရဲ ဖြစ်နေပြီ။ ကျွန်ယုံ တစ်ယောက် အနေဖြင့် ပေါ့သည် ဂျရယ်၏ အိပ်ရာကို လှည်းကျင်းခြင်း ပြုပါ၏။ ဘဏ္ဍာစိုး တစ်ယောက် အနေဖြင့် စားကောင်း သောက်ဖွယ်တို့ကို စီစဉ်ပါ၏။ သို့ရာတွင် အခြား ကိစ္စများကိုမူ ပေယျာလကန် ပြုတတ်နေပြီ။

59



ဂျရယ်သည် ကျယ်လောင်သော ဟောင်သံကိုသာ ပြုတတ်သော်လည်း ကိုက်တတ်ခြင်း မရှိကြောင်းကို ကပ္ပလီတို့၏

ထက်မြက်သော ပကတိဉာဏ်ဖြင့် ကပ္ပလီ အစေခံများ အားလုံးက သိကြသည်။ ဤအချက်ကို အခွင့်ကောင်း ယူကြသည်။ ဂျရယ်သည် ကျွန်ကုန်သည်များထံ ရောင်းပစ်မည်၊ ကြိမ်ဖြင့် ခပ်စပ်စပ် ရိုက်မည်ဟု ကြိမ်းမောင်းခြင်း ပြုသော်လည်း မြိုင်သာယာမှ ကျွန်တစ်ယောက်ကိုမျှ ရောင်းဖူးသည် မရှိသေး။ တစ်ယောက်မှ လွဲ၍ ကြိမ်ဖြင့် ရိုက်ဖူးခြင်း မရှိသေး။ ဤသည်မှာလည်း တစ်နေ့လုံး တောလိုက် ပြန်လာသည့် သူ့အချစ်တော် မြင်းကြီးကို အစာရေစာ မကျွေးသောကြောင့် ရိုက်ခြင်း ဖြစ်သည်။

သူ့အိမ်နီးချင်း မြင်းတွေ မည်သို့ အစာရေစာ ဝလင်ကြောင်း၊ ကြော့နေအောင် အလှပြင်ထားကြသည့် အိမ်ရှင်မများက

အိမ်ကို မည်သို့ စီမံအုပ်ချုပ်ကြောင်းကို ဂျရယ်၏ စူးရှသည့် မျက်လုံးပြာပြာများက သတိ ပြုမိကြသည်။ ထိုအိမ်ရှင်မများအဖို့ ထမင်း ချက်ခြင်း၊ ကလေး ထိန်းခြင်း၊ အပ်ချုပ် အလုပ်လုပ်ရခြင်း၊ လျှော်ဖွတ် ရခြင်း စသည့် အလုပ်များကို အရုဏ်တက်မှ ညဥ့်နက် သန်းခေါင်အထိ မည်သို့ မည်ပုံ ဖတ်ဖတ်မောအောင် စီမံခန့်ခွဲရသည်ကို ဂျရယ် မသိ။ ဂျရယ်သည် အပြင်ပန်းကိုသာ မြင်၍ ထိုအပြင်ပန်းကိုသာ အားကျနေခြင်း ဖြစ်သည်။

တစ်နေ့နံနက် မြို့သို့ သွားရန် မှန်ရှေ့ ရပ်၍ အဝတ်အစား လဲနေရင်း မိန်းမယူမှ ဖြစ်တော့မည်ဟု ဂျရယ်

ပြက်ပြက်ထင်ထင် သဘောပေါက်လာခဲ့သည်။ ဘဏ္ဍာစိုးကြီး ပေါ့က သူ အနှစ်သက်ဆုံး အင်္ကျီကို ယူလာသည်။ အင်္ကျီက တွန့်ကြေနေသည်။ အိမ်ဖော် ကပ္ပလီမ ချုပ်ထားသည်ကလည်း ဝတ်ချင်စရာ မရှိ။ သူ့ဘဏ္ဍာစိုးကြီး ပေါ့ ဝတ်ဖို့သာ ကောင်းတော့သည်။ ဂျရယ် အကြီးအကျယ် ဒေါပွသည်။

ပေါ့က အင်္ကျီကို တရိုတသေ လှမ်းပေးရင်း



`အစ်ကိုကြီး မိန်းမတော့ ယူသင့်ပြီ ခင်ဗျ၊ မိန်းမမှာ ကပ္ပလီ အိမ်စေတွေ ပါလာရင် အတော်ပဲ’



သူ့ကို ဤသို့ ပြောရပါမည်လောဟု ဂျရယ် ဒေါပွသည်။ သို့ရာတွင် စဉ်းစားကြည့်လျှင် ပေါ့၏ စကားသည်

သွေးထွက်အောင် မှန်သည်။ သူ့အဖို့ မိန်းမ တစ်ယောက် လိုနေပြီ။ သားတွေ သမီးတွေ လိုနေပြီ။ အချိန်အရွယ်ရောက်မှ မယူလျှင် အချိန် နှောင်းတော့မည်။ သို့ရာတွင် တွေ့ရာ မိန်းမကို သူ ကောက် မယူနိုင်။ ကိတ် ဆိုလျှင် မိတဆိုး ကလေးတွေကို စာသင်ပေးသည့် ဆရာမကို ကောက်ယူလိုက်သည်။ သူ ယူမည့် မိန်းမသည် အမျိုးကောင်းသမီး ဖြစ်ရမည်။ သူ့မိတ်ဆွေ ဝီလ်ကီ၏ မိန်းမကဲ့သို့ ဆွေကြီး မျိုးကြီးထဲက ဖြစ်ရမည်။ အိမ်ထောင်ထိန်း ကောင်းရမည်။ စီမံ ခန့်ခွဲတတ် ရမည်။

သို့ရာတွင် သူ့အတွက် အခက်အခဲ နှစ်ခု ရှိသည်။ တစ်ခုက လက်ထပ်နိုင်လောက်အောင် အရွယ်ရောက်သည့် မိန်းမ

ရှားပါးခြင်း ဖြစ်သည်။ နောက် တစ်ချက်က ဤနယ် တစ်ဝိုက်တွင် နေလာသည်မှာ ဆယ်နှစ် ကျော်လာသည့်တိုင် `လူသစ်’ ဖြစ်နေခြင်း၊ နိုင်ငံခြားသား တစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။ မည်သူမျှ သူ့ဆွေမျိုးမိဘ အကြောင်းကို မသိကြ။ ဂျော်ဂျီယာ အတွင်းပိုင်း နယ်များသည် ကမ်းခြေ နယ်များလောက် အစွဲ မကြီးသည့်တိုင် ဆွေမျိုး မိဘ နောက်ခံ အကြောင်းကိုမျှ မသိရသည့် လူတစ်ယောက်နှင့် ကိုယ့်သမီးကို မပေးစားချင်ကြ။

ဂျရယ်သည် ဤ တစ်ဝိုက်က အိမ်နီးနားချင်း များနှင့် အမဲလိုက်ခြင်း၊ အရက်သောက်ခြင်း၊ နိုင်ငံရေး စကား

ပြောခြင်း စသည့် အမှုများကို ပြုလေ့ရှိ၍ သူတို့နှင့် ရင်းနှီးသည့်တိုင် သူတို့တွင် သူနှင့် လက်ထပ်လောက်သည့် သမီးပျိုဟူ၍

60

တစ်ယောက်မျှ မမြင်။ သူ့သမီးကို ဂျရယ်က လာပိုးသော်လည်း လှန်ထုတ်လိုက်သည်ဟု ထမင်းဝိုင်းတွင် အဖေများ အတင်း ပြောသည့် အဖြစ်မျိုးကိုလည်း ဂျရယ် မခံနိုင်။ ဤသို့ သိသည့်တိုင် ဂျရယ်သည် သိမ်ငယ်စိတ် မဝင်။ ဂျရယ်သည် သူ့ ကိုယ်သူ သူများထက် သိမ်ငယ်သည် ဟူသော စိတ်မျိုး မည်သည့်အခါမျှ မရှိ။ ဤအရပ်က မိန်းမပျိုများသည် တောင်ပိုင်းတွင် အနှစ် နှစ်ဆယ်ကျော်လောက် နေလာသူမျိုးကိုမှ လက်ထပ် ကြသည်မှာ ထုံးစံကြီး တစ်ရပ် ဖြစ်နေပြီး မြေ ရှိသူ၊ ကျွန်ပိုင် ရှိသူ၊ ထိုအချိန်က ခေတ်စားသည့် အတိုင်း အသောက်အစား အပျော်အပါးကလေး ရှိသူကိုမှ လက်ထပ်ကြသည်မှာ ထုံးစံ ဖြစ်နေပြီ။

`ဟေ့ ပေါ့၊ မြန်မြန်လုပ်ဟေ့၊ ဆဗားနားကို သွားမယ်၊ ခွေးသား အချိန်တန်လို့မှ ပြင်ဆင် မပြီးရင် မင်းကို ကျွန်ကုန်သည်ဆီ

ရောင်းပစ်မယ်’

ဂျရယ်က သူ့ဘဏ္ဍာစိုးကြီးကို လှမ်းကြိမ်းသည်။



သူ့အစ်ကို ဂျိမ်းနှင့် အင်ဒရူးသည် ဤကိစ္စတွင် သူ့ကို အကြံပေးနိုင်လိမ့်မည် ထင်သည်။ သူ ကြိုက်သည့် အရည်အချင်း

ရှိ၍ သူ့ကိုလည်း လက်ခံနိုင်သည့် သမီးပျိုများ အစ်ကိုများ၏ မိတ်ဆွေများထဲတွင် ရှိတန် ကောင်းသည်။ ဂျိမ်းနှင့် အင်ဒရူးသည် သူ့စကားများကို နားထောင်ကြ၏။ သို့ရာတွင် အားတက်သရော မရှိလှ။ အစ်ကို နှစ်ယောက်က အမေရိကန်ပြည်သို့မလာခင် ကတည်းက အိမ်ထောင် ကျခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ဆဗားနားတွင် အကူအညီ တောင်းစရာလည်း မမြင်။ သူတို့ မိတ်ဆွေများ၏ သမီးများကလည်း အစောကြီး ကတည်းက အိမ်ထောင် ကျကုန်ကြကာ သားတစ်ဖျာခန့် ရလောက်ပြီ။

`မင်းက သူဌေးမှ မဟုတ်ဘဲ၊ ဆွေကြီးမျိုးကြီးတွေ လိုက်မှန်း မနေပါနှင့်ကွာ’ ဟု အစ်ကိုကြီး ဂျိမ်းက ဆိုသည်။



`ကျွန်တော် ပိုက်ဆံ ရအောင် ရှာတယ်၊ ရတယ်၊ ဒီတော့ ဆွေကြီး မျိုးကြီးပဲ ရွေးရမှာပဲ၊ တွေ့ရာ မိန်းမတော့

ကောက်မယူနိုင်ဘူး’

`တော်တော် ဘဝင်မြင့်တဲ့ ကောင်’ ဟု အင်ဒရူးက မှတ်ချက်ချသည်။



သို့ရာတွင်

အစ်ကို

နှစ်ယောက်သည်

ညီအတွက်

အတတ်နိုင်ဆုံး

ကြိုးစားရှာကြသည်။

သူတို့

ညီအစ်ကို

နှစ်ယောက်သည် ဆဗားနားတွင် သြဇာတိက္ကမ ရှိသူများ ဖြစ်ကြသည်။ အသိမိတ်ဆွေ ပေါသည်။ အစ်ကို နှစ်ယောက်သည် သူတို့ ညီကို တစ်လလုံးလုံး တစ်အိမ်ပြီး တစ်အိမ် အလည်ခေါ်သွားသည်။ ကပွဲများ၊ ညစာစားပွဲများ၊ ပျော်ပွဲစားများသို့ ခေါ်သွားသည်။

`ကျွန်တော် သဘောကျတာတော့ တစ်ယောက် တွေ့ပြီဗျ၊ ခပ်ငယ်ငယ်ပဲ၊ ကျွန်တော် အမေရိကန် ရောက်ပြီးမှ မွေးပုံ

ရတယ်။’

`ဘယ်သူလဲကွ’



`အယ်လင်ရယ်၊ အယ်လင် ရိုဘီးလတ်ရယ်’



ဂျရယ်က အရေးမကြီးဟန် ဆောင်၍ ပြောသည်။ အယ်လင်က မျက်လုံး ကောင်းကောင်း၊ ခပ်ငြိမ်ငြိမ်။ တစ်ဆယ့်ငါးနှစ်

သမီးကလေး တစ်ယောက်တွင် တွေ့ရခဲသည့် အမူအရာမျိုးဖြင့်။ သို့တိုင်အောင် အယ်လင်က သူ့ကို ဖမ်းစားထားပြီ။

61

ဘာကြောင့်မှန်း မသိ။ ဂျရယ်၏ အသည်းနှလုံးသည် အယ်လင်နှင့် တွေ့လိုက်သည်၌ အရည်ပျော်ကျ သွားသည်ဟု ထင်ရ၏။ မည်သူ့အပေါ်တွင်မျှ မရှိခဲ့ဖူးသေးသော နူးညံ့ ကြင်နာသည့် စိတ်တွေ ဝင်လာသည်။

`ကိုယ့်သမီးလောက် ဟာလေးပါကွာ’



`ကျွန်တော် အသက်က ဘာကြီးသေးလို့လဲ၊ ခုမှ လူ့ဘဝမှာ နေကောင်းတုန်း အရွယ်’



ဂျိမ်းက ဖျောင်းဖျသည်။



`ဒီမှာ ဂျရယ်၊ ဆဗားနားမှာ ဒိပြင် မိန်းကလေးတွေကို မင်း ရချင်ရမယ်၊ သူ့ကိုတော့ မလွယ်ဘူး၊ သူ့ အဖေက ပြင်သစ်၊

အလွန် မာနကြီးတယ်၊ အမေကလည်း ဆွေကြီးမျိုးကြီး’

`ဘာဖြစ်ဖြစ်ဗျာ၊ သူ့အမေ မရှိတော့ဘူး၊ အဘိုးကြီးကလည်း ကျွန်တော့်ကို သဘောကျတယ်’



ဂျရယ်က အလောတကြီး ပြော၏။



`လူတစ်ယောက် အနေနှင့် ဆိုရင် ကြိုက်တယ်၊ သမက် တစ်ယောက် အနေနှင့် မကြိုက်ဘူးပေါ့ကွ’



`ကောင်မလေးက မင်းကိုလည်း ယူမှာ မဟုတ်ပါဘူး’ အင်ဒရူးက ဝင်ပြောသည်။ `သူ့အစ်ကို ဝမ်းကွဲ တစ်ယောက်နှင့်

ကြိုက်နေတယ်၊ ဖိလစ်တဲ့၊ တစ်နှစ်လောက် ရှိပြီ၊ တစ်အိမ်လုံးက ဝိုင်းဖျက်နေတာတောင် မရဘူး’

`ခု ဒီကောင် လူဝီဇီးယားနားကို ထွက်သွားပြီဗျ’



`မင်းက ဘယ်လိုလုပ်သိတာလဲ’



`ဒီလိုပဲ သိတာပေါ့’



ဤသတင်းကို သူ့ဘဏ္ဍာစိုးကြီး ပေါ့ထံမှ သိရခြင်း ဖြစ်သည်။ သို့ရာတွင် မည်သူ့ထံမှ ရသည်ဟု ထုတ်မပြောချင်။

ထိုမျှမက ဖိလစ်သည် ဆွေမျိုးများ၏ တိုက်တွန်းချက်ဖြင့် အနောက် နယ်များသို့ ထွက်သွားရခြင်း ဖြစ်ကြောင်းကိုလည်း ဂျရယ်ကမူ ထုတ်မပြော။

`ကောင်မလေးက ဖိလစ် ဆိုတဲ့ ကောင်ကို တမ်းတမ်းစွဲ ဖြစ်လောက်အောင်လည်း မဟုတ်ပါဘူးဗျ၊ တစ်ဆယ့်ငါးနှစ်

ဆိုတော့ ဒီလောက်လည်း စွဲစွဲလမ်းလမ်း မဖြစ်သေးပါဘူး’

`ဘာပြောပြော ပေးစားခြင်း ပေးစားရင် မင်းနှင့် ဘယ်ပေးစားမလဲ၊ ဟိုကောင်လေးနှင့် ပေးစားမှာပေါ့’



အယ်လင်က ဂျရယ်ကို လက်ထပ်တော့မည် ဆိုသောအခါတွင် အများတကာကဲ့သို့ သူတို့ နှစ်ယောက်ကလည်း

တအံ့တသြ ဖြစ်နေကြသည်။ ဆဗားနားတွင် ဤအကြောင်းကို ပြောနေကြသည်။ ဖိလစ်က ခပ်ရမ်းရမ်း။ ခပ်မိုက်မိုက်။ ဖိလစ် ကြားလျှင် မည်သို့ ရှိမည်နည်းဟု မေးကြသည်။ ညီအစ်မထဲတွင် အလှဆုံး၊ အချောဆုံး အယ်လင်သည် အာကျယ်ကျယ်၊ အသား နီစပ်စပ်၊ ကိုယ့်လောက်တောင် အရပ် မရှည်သည့် တောသားကို မည်သည့် စိတ်ကူးဖြင့် လက်ထပ်သနည်းဟု စဉ်းစား

62

မရနိုင်အောင် ဖြစ်နေကြသည်။

ဂျရယ်

ကိုယ်တိုင်ကလည်း

သူ့ကို

အယ်လင်က

လက်ထပ်လိမ့်မည်ဟု

မမျှော်လင့်။

ဘုရား

မခြင်းဟုသာ

အောက်မေ့လိုက်သည်။ `ကျွန်မ ကျွန်မ အစ်ကိုကြီးကို လက်ထပ်ပါ့မယ်’ ဟု အယ်လင်က မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့် သူ့လက်မောင်းပေါ်သို့ လက်တစ်ဖက် တင်၍ ပြောလိုက်သည့် အခါတွင် ဂျရယ်သည် သူ့တစ်သက်တွင် ပထမဆုံး အကြိမ် ကြည်နူးခြင်း ဖြစ်ရသည်။

အယ်လင်တို့ ဆွေမျိုးတစ်သိုက် ကိုယ်၌ကလည်း အယ်လင့် အဖြေကို အံ့အားသင့်နေကြသည်။ သို့ရာတွင် ဘာကြောင့်

ဤသို့ ဆုံးဖြတ်ရသည် ဆိုသည်ကိုမူ အယ်လင်နှင့် ကြီးဒေါ် နှစ်ဦးသာ သိကြသည်။ ထိုညက ကြီးဒေါ်နှင့် အယ်လင် တစ်ညလုံး အိပ်မပျော်။ အယ်လင်သည် ရင်ကွဲနာ ကျသော ကလေးငယ် တစ်ယောက်လို မိုးစင်စင် လင်းသည်အထိ ရှိုက်ငိုမိသည်။ နံနက် လင်းခါနီး အိပ်ပျော်ရာမှ နိုးလာသော အခါတွင်မူ စိတ်နှလုံးကို ဒုန်းဒုန်းချပြီးသော မိန်းမကြီး တစ်ယောက် ဖြစ်လာခဲ့လေပြီ။

ထိုနေ့က ကြီးဒေါ်သည် အယ်လင် အတွက် အထုပ် တစ်ထုပ် ယူလာခဲ့သည်။ နယူးအော်လီယန်း ပြည်နယ်မှ

ပို့လိုက်ခြင်းဖြစ်၍ ခပ်ဆန်းဆန်း လက်ရေးဖြင့် လိပ်တပ်ထားသည်။ အထုပ်ကို ဖြေလိုက်သည်၌ အယ်လင်၏ ဓာတ်ပုံနှင့် ဖိလစ်သို့ ပေးခဲ့သည့် သူ့စာ လေးစောင်ကို တွေ့ရသည်။ နယူးအော်လီယန်းရှိ ဘုန်းတော်ကြီး တစ်ပါးထံမှလည်း စာလေး တစ်စောင် ပါလာသည်။ သူ့အစ်ကို ဝမ်းကွဲ သူ့ချစ်သူ ဖိလစ်သည် အရက်ဆိုင် တစ်ခုတွင် ရန်ဖြစ်ရာမှ သေသွားပြီဟု စာက ဆိုသည်။

အယ်လင်သည် ယောင်ယမ်း အော်ကာ အထုပ်ကို လွှတ်ချလိုက်မိသည်။



`သူတို့ နှင်ထုတ်လို့ ဒီလို ဖြစ်ရတာ၊ သူတို့ နှင်ထုတ်လိုက်ကြလို့၊ ဖေဖေရယ်၊ ဒေါ်လေး ပေါ်လင်းရယ်၊ ဒေါ်လေး

ယူလာလီရယ် နှင်ထုတ်လိုက်ကြတာ၊ သူတို့ နှင်မထုတ်ရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး၊ အယ်လင် သူတို့ကို မုန်းတယ်၊ သူတို့ မျက်နှာတွေကို မကြည့်ချင်တော့ဘူး၊ အယ်လင် တခြားကို ထွက်သွားတော့မယ်၊ သူတို့ မရှိတဲ့နေရာ သူ့ကို မေ့လို့ ရနိုင်တဲ့ တစ်နေရာကို သွားတော့မယ်’

ကြီးဒေါ်သည် အယ်လင်ကို ကြည့်၍ မျက်ရည် မဆည်နိုင်။ အယ်လင်နှင့် ရော၍ အားရပါးရ ငိုသည်။ အားရအောင်

ငိုပြီးတော့မှ  `ဘယ်ဖြစ်မလဲ ကလေးရယ်၊ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ’ ဟု ဆိုသည်။

`ဖြစ်တယ်၊ အယ်လင် သွားမယ်၊ တကယ်တော့ အစ်ကိုဟာ လူကောင်း၊ အယ်လင် တစ်နေရာရာ ရင်လည်း သွားမယ်၊

ဒါမှမဟုတ်ရင်လည်း ချာလက်စတန် သွားပြီး သီလရှင် ဝတ်တော့မယ်’

အယ်လင်က သီလရှင် ဝတ်တော့မည် ဆိုသည့် အခါတွင် ဖေဖေသည် လန့်သွား၏။ ဖေဖေ၏ မိသားစုက ဗရင်ဂျီ

ဘာသာဝင် ဖြစ်သော်လည်း ဖေဖေ ကိုယ်တိုင်ကမူ စကော့တလန် ခရစ်ယာန် ဂိုဏ်းဝင် ဖြစ်သည်။ ဗရင်ဂျီ သီလရှင် ဝတ်သည်နှင့်စာလျှင် ဂျရယ် အိုဟာရာနှင့် ပေးစားလိုက်သည်က တော်သေးသည်ဟု ယူဆသည်။

ဂျရယ်သည် ဆွေကြီးမျိုးကြီးထဲက မဟုတ်သည်က လွဲလျှင် အခြား ဘာမျှ သဘော မတူစရာ မရှိ။

63



သို့ဖြင့် အယ်လင်သည် ဆဗားနားမှ ထွက်လာခဲ့သည်။ နောက်ထပ် ပြန်မရောက်တော့။ ကိုယ့်ထက် အသက်ကြီးသည့်

လင်တစ်ယောက်၊ ကြီးဒေါ် ကပြား၊ ကပ္ပလီ အိမ်ကျွန် နှစ်ဆယ်နှင့် အတူ မြိုင်သာယာသို့ လာခဲ့သည်။

နောက် တစ်နှစ်တွင် သမီးဦးကို မွေးသည်။ ဂျရယ် အမေ၏ နာမည်ကိုယူကာ ကေတီ စကားလက်ဟု မှည့်သည်။

သားယောက်ျား လိုချင်သည့် ဂျရယ် စိတ်ပျက်ရသည်။ သို့တိုင်အောင် ဆံပင် နက်နက်နှင့် သမီးဦးလေးကို ဂျရယ် မချစ်ဘဲ မနေနိုင်။ ဝမ်းသာ လွန်းသဖြင့် မြိုင်သာယာရှိ ကပ္ပလီ ငွေဝယ်ကျွန် မှန်သမျှကို ရမ်အရက် ကောင်းကောင်း တိုက်သည်။ သူ ကိုယ်တိုင်လည်း မူးအောင် သောက်ပစ်လိုက်သည်။

အယ်လင်သည် ဂျရယ်ကို လက်ထပ်ဖို့ ဆုံးဖြတ်သည့်အတွက် နောင်တ ရသည် မရသည်ကို မည်သူမျှ မပြောနိုင်။

ဂျရယ်ကမူ အယ်လင်ကို ကြည့်၍ သူ့ကိုယ်သူ ဂုဏ်ယူသည်။ အယ်လင်သည် ဆဗားနားက အတိတ်ဘဝကို လုံးလုံး မေ့ထားလိုက်ပြီ။ ပင်လယ်ကမ်းဘေးက မြို့ကလေးကို မေ့ပစ်လိုက်ပြီ။ မြိုင်သာယာသို့ ရောက်သည်နှင့် ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်းကို သူ့ဇာတိ အဖြစ် သဘောထားလိုက်ပြီ။

ဆဗားနားမှ သူတို့ အိမ်သည် မိန်းမပျို တစ်ယောက်၏ ခန္ဓာကိုယ်လို တင့်တယ် ပြေပြစ်သည်။ ရွက်ကုန် လွှင့်လာသည့်

ရွက်လှေကြီး တစ်စင်းလို လှသည်။ ရှေး ပြင်သစ် ပုံစံဖြင့် ဆောက်ထားသည့် ပန်းနုရောင် ဖျော့ဖျော့ အိမ်မြင့်ကြီး ဖြစ်သည်။ လှေကားများက ကွေ့ကောက် ရစ်ပတ်နေသည်။ လက်ရန်းများက ဇာပန်း ဇာမြိတ်လို နုနုကလေးတွေ ထုထားသည့် ကနုတ်ပန်းတို့ဖြင့် ခတ်ထားသည်။ အိမ်ကြီးက ကျက်သရေ ရှိသည်။ မှိုင်းမှိုင်းမှုန်မှုန်။

အယ်လင်သည် ဖေဖေနှင့် အိမ်ကြီးကို အပြီး စွန့်ခွာခဲ့သည်။ အိမ်ကြီး နောက်ကွယ်က ထုံးစံဟောင်း တို့ကိုလည်း

စွန့်ခဲ့သည်။ ဂျရယ် နောက်သို့ လိုက်လာခြင်းသည် ရေသစ်၊ မြေသစ်၊ နေရာသစ် တစ်နေရာသို့ လိုက်လာရသကဲ့သို့ ရှိသည်။

ဂျော်ဂျီယာ ပြည်နယ် မြောက်ပိုင်းက တောတောင် ထူထပ်သည်။ လူတွေကလည်း ခပ်ကြမ်းကြမ်း။ မှုန်ပြာရီ

တောင်ရိုး

အခြေရှိ

တောင်နှာမောင်းပေါ်မှ

လှမ်းကြည့်လျှင်

ကြည့်လေရာရာတွင်

လှိုင်းတွန့်သလို

တွန့်နေကြသော

တောင်တန်းနီနီကြီးများကို မြင်ရသည်။ ထင်းရှူးပင်မြင့်ကြီးတွေ ကြားမှ နှမ်းဖတ် ကျောက်သားများကို တစ်ကွက်စီ လှမ်းမြင် နေရသည်။ ပင်လယ် ကမ်းခြေ ကျွန်းများက အုန်းတော ညိုညိုများ၊ သဲသောင် ဖြူဖြူများကိုသာ မြင်နေကျ ဖြစ်သည့် သူ့မျက်လုံးများအဖို့ ဤတော ဤမြေသည် ရိုင်းနေသည်။

ဤနေရာတွင် ဆောင်း ဆိုလျှင်လည်း အလွန် အေးသည်။ နွေ ဆိုလျှင်လည်း အလွန် ပူသည်။ လူတွေကလည်း

ခွန်အား ကောင်းကောင်း၊ ဒေါင်းတိ မောင်းတိကြီးတွေ ဖြစ်နေသဖြင့် အမြင်ဆန်းနေသည်။ ကြင်နာ သနားတတ်ကြသည်။ ယဉ်ကျေးသည်။ ရက်ရောသည်။ သဘော ကောင်းသည်။ သို့ရာတွင် စိတ်နေ စိတ်ထား ကြမ်းတမ်းသည်။ ဒေါသထွက် လွယ်သည်။ ထစ်ခနဲရှိလျှင် ပစ်လား ခတ်လား၊ ခုတ်လား ထစ်လားဖြင့် အကြမ်းပတမ်း နိုင်သည်။ ဆဗားနားက လူများက သိမ်သိမ် မွေ့မွေ့။ အေးအေး ဆေးဆေး။ ဤနေရာက လူများက ဆူဆူပူပူ။ အော်လား ဟစ်လား ပြောတတ် ဆိုတတ်သည်။

ဆဗားနားတွင် ဆိုလျှင် လူတွေ အားလုံး တစ်ပုံစံတည်း။ တွေးပုံ ခေါ်ပုံ မခြားနားကြ။ ဤတွင်မူ လူတွေက တစ်ယောက်

တစ်မျိုးစီ။ စရိုက်ပေါင်းစုံ။ အကျင့်ပေါင်းစုံ။ ကာရိုလိုင်းနား၊ ဗာဂျီးနီးယား၊ ဥရောပ စသည့် နေရာစုံမှ လာသူတွေ ဖြစ်၍ လူမျိုးလည်း စုံသည်။ တချို့က ဂျရယ်လို လက်ဖဝါး ခြေဖဝါးမှ ထ၍ ကြီးပွား လာကြသူတွေ ဖြစ်သည်။ တချို့က အယ်လင်လို

64

ဆွေကြီးမျိုးကြီးမှ ထွက်ကာ ဘဝဟောင်းကို စွန့်ပစ်ပြီး အတည်တကျ လာနေသူတွေ ဖြစ်သည်။ တစ်ရွာ မပြောင်းလျှင် မနေတတ်သည့် သူတို့ ဘိုးဘေးများ၏ သွေးများ၊ သွေးကြောထဲတွင် မကုန်သေးသဖြင့် အကြောင်းမဲ့သက်သက် အခြေချ လာနေသူတွေကလည်း တစ်ပုံတစ်ပင်။

နယ်ပေါင်းစုံမှ လူပေါင်းစုံ လာနေကြသဖြင့် စည်းကမ်း ကလနားဟူ၍လည်း မရှိကြတော့။ အယ်လင်အဖို့ အားလုံး

အသစ်အဆန်း ဖြစ်နေသည်။ ဆဗားနားက လူတွေဆိုလျှင် အကဲခတ်ရ လွယ်သည်။ သို့ရာတွင် ဂျော်ဂျီယာ၌ လူတစ်ယောက်ကို အကဲခတ်၍ မလွယ်။

ထိုအထဲတွင် ဂျော်ဂျီယာ ပြည်နယ်က စီးပွားလမ်း ဖြောင့်နေပြန်သဖြင့် လူတွေကို ပို၍ အကဲခတ်ရ ခက်သည်။ ထိုစဉ်က

ဝါဈေး ကောင်းနေသည်။ ဂျော်ဂျီယာက ဝါထွက် ကောင်းသည်။ ဝါသည် ဂျော်ဂျီယာ၏ နှလုံးခုန်သံ ဖြစ်၍ ဝါစိုက်ခြင်းနှင့် ဝါခူးခြင်းသည် မြေနီနီ၏ အတက် အကျ သွေးခုန်မှတ် ဖြစ်သည်။ ကွေ့ကောက်သော ထွန်ရေးကြောင်းများထဲမှ ငွေပင်တွေ ပေါက်လာသည်။ ငွေပင်များနှင့်အတူ မာနပင်တွေလည်း ပေါက်လာသည်။ ဝါကြောင့် မိမိ မျိုးဆက် တစ်ဆက် ကြီးပွား ချမ်းသာသွားလျှင် နောင် မျိုးဆက်များ အဖို့ ဆိုဖွယ် မရှိတော့။

ဂျော်ဂျီယာက လူများသည် ဤအနာဂတ် မျှော်လင့်ချက်ဖြင့် ထက်သန် ပြင်းပြနေကြသည်။ ဘဝကို ပျော်ပျော်ကြီး

နေကြသည်။ သူတို့တွင် ငွေ ရှိသည်၊ ကျွန်တွေ ရှိသည်၊ ပျော်ချိန် ပါးချိန် ရှိသည်။ အပျော်အပါးကိုလည်း ဝါသနာ ထုံကြသည်။ ငါးမျှားဖို့၊ တောလိုက်ဖို့၊ မြင်းပြိုင်ဖို့ဆိုလျှင် အလုပ်များသည်ဟူ၍ မရှိ။ အလုပ်ကို တန်းလန်းထားပြီး ထလိုက်လာခဲ့ကြသည်။ ကပွဲ၊ ပျော်ပွဲ မရှိသည့် သီတင်းပတ် ဆို၍ မရှိသလောက် ရှားသည်။

အယ်လင်သည် သူတို့နှင့် စရိုက်ချင်း မတူ။ သဟဇာတ မဖြစ်။ သို့ရာတွင် သူတို့ကို လေးစားသည်။ သူတို့၏ ပွင့်လင်းမှု၊

ဖြောင့်မတ်မှုကို သဘောကျသည်။ ထိမ်ဝှက်ထားခြင်း မရှိ။ အရှိကို အရှိအတိုင်း ပြောကြသည်။

အယ်လင်ကို ခြံနားနီးချင်းများက ခင်ကြသည်။ အယ်လင်က စေ့စပ် သေချာသည်။ သနားတတ်သည်။ မိခင်ကောင်း

တစ်ယောက်၊ မယားကောင်း တစ်ယောက်လည်း ဖြစ်သည်။ မိမိ၏ သားသမီးများနှင့် လင်ယောက်ျားကို အဘက်ဘက်မှ မလစ်ဟင်းရအောင် ပြုစု စောင့်ရှောက်သည်။

စကားလက် အခါလည် အရောက်တွင် ဒုတိယ သမီး ဆွီလင်ကို မွေးသည်။ ထိုနောက် ကာရင်းကို မွေးသည်။

သူတို့နောက်တွင် ယောက်ျားလေး သုံးယောက် ဆက်တိုက် မွေးသည်။ ယောက်ျားလေး သုံးယောက်က သက်ဇိုး မရှည်ကြ။ မတ်တတ် မပြေးခင် ဆုံးသွားကြသည်။ သူတို့ကို အိမ်ကြီးနှင့် ကိုက်တစ်ရာလောက် ဝေးသည့် တောင်တမာပင်ကြီးများ အောက်တွင် မြှုပ်ထားသည်။

အယ်လင် ရောက်လာသည့် နေ့မှစ၍ မြိုင်သာယာသည် အသွင် ပြောင်းသွားသည်။ အသက် ဆယ့်ငါးနှစ်သာ

ရှိသေးသော်လည်း အယ်လင်သည် အိမ်ကြီးရှင် သခင်မအဖြစ် အိမ်၏ တာဝန်ကို ကောင်းကောင်း ထိန်းနိုင်သည်။ မိန်းကလေး ဆိုသည်မှာ အိမ်ထောင် မကျမီ ချစ်စရာ ကောင်းရမည်။ ချောရမည်။ လှရမည်။ အိမ်၏ အဆင်း တန်ဆာ ဖြစ်ရမည်။ သို့ရာတွင် အိမ်ထောင် ကျပြီးသည်နှင့် အိမ်တွင်းမှုတွင် စေ့စပ် သေချာရမည်။ အိမ်ထောင်ကို အုပ်ချုပ်နိုင်ရမည်။ ဤ အယူအဆဖြင့် မိဘများက မိန်းကလေးများကို သွန်သင် ပေးလိုက်ကြသည်။

65



အယ်လင်သည် အမျိုးကောင်းသမီး ပီသစွာ ထိုသြဝါဒ အောက်တွင် ကြီးပြင်း လာခဲ့ရခြင်း ဖြစ်သည်။ သူ၏ ကပ္ပလီ

နို့ထိန်းဖြစ်သည့် ကြီးဒေါ်ကလည်း သူ့ကို ဆုံးမ သွန်သင်သည်။ ကြီးဒေါ်သည် သစ်ငုတ်လို မလှုပ်မရှားနေသော ကပ္ပလီ တစ်ယောက်ကို ကောက်ကာ ငင်ကာ အလုပ်လုပ်ချင်လာအောင် လုပ်နိုင်စွမ်း ရှိသည်။

အယ်လင်သည် ဂျရယ် အိုဟာရာ၏ အိမ်ကို စနစ်ကျအောင်၊ လှပအောင်၊ ကျက်သရေ ရှိအောင် လုပ်နိုင်စွမ်း ရှိသည်။

သူ့ကြောင့် မြိုင်သာယာသည် ယခင်ထက် ကျက်သရေ ရှိလာခဲ့သည်။

မြိုင်သာယာကို ဆောက်စဉ်က အိမ်ပုံစံ စနစ်တကျ မရှိ။ လိုလျှင် လိုသလို အခန်းပိုများကို ထပ်၍ ချဲ့လာရာမှ

အိမ်ကြီး တစ်ဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အယ်လင် ရောက်လာသည့် အခါတွင်မူ အိမ်ပုံစံ မရှိဘဲ ဖြစ်ကတတ်ဆန်း ဆောက်ထားခဲ့သည့် အိမ်ကြီးသည် သူ့လက်ရာကြောင့် ပို၍ လှလာသည်။ အိမ်မှ ဝင်းဝသို့ ထွက်သည့် တောင်တမာပင်များ (ဂျော်ဂျီယာ ခြံပိုင်ရှင်များ၏ အိမ် အဝင် လမ်းတွင် တောင်တမာပင်တန်းများ ရှိမြဲ ဖြစ်သည်။) က အရိပ် တဝေဝေ။ စိမ်းညို့နေသော အခြား ပင်စောက်ကြီးများ နောက်ခံတွင် တောင်တမာပင်တန်းက အစိမ်းရောင် နုလွင်နေသည်။ ဝရန်တာတွင် တွယ်တက်နေသည့် တိုက်တန်းပြာပြာတို့က ဆေးဖြူ သုတ်ထားသည့် နံရံတွင် ထင်းထင်းပေါ်နေသည်။ တိုက်ပန်းပွင့်များသည် တံခါးဝက ပန်းနုသွေးရောင် ရွက်လှချုံများ၊ တတိုင်းမွှေး ပွင့်ဖြူဖြူများနှင့် ရောသွားကာ ပုံပန်း မကျသည့် အိမ်ကို ဖုံးကွယ်ထားသည်။

နွေဦးနှင့် နွေနှောင်းသို့ ရောက်လျှင် အိမ်ရှေ့က ဘာမျူဒါ မြက်များနှင့် ဆင်ငိုမြက်များကလည်း တောထကာ

စိမ်းနေသည်။ မြက်ပင် စိမ်းစိမ်းများကြောင့် အိမ်နောက်ဖေးတွင် ကျက်စားလေ့ ရှိသည့် ကြက်ဆင်များနှင့် ငန်းဖြူဖြူများသည် အုပ်လိုက် ရောက်လာတတ်ကြသည်။ မြက်ခင်းစိမ်းစိမ်း၊ စံပယ်ငုံ ဖွေးဖွေး၊ ဒေါင်းဖန်ဝါပန်း ဝါဝါတို့ အမြှူ အချော့ကြောင့် ကြက်ဆင်မကြီးများနှင့် ငန်းမကြီးများသည် အိမ်ရှေ့သို့ မရဲတရဲ ထွက်လာတတ်ကြသည်။ ကပ္ပလီ သူငယ်လေး တစ်ယောက်က မျက်နှာသုတ်ပဝါ တစ်ထည်ဖြင့် စောင့်၍ မောင်းရသည်။ ကပ္ပလီ သူငယ်ကလေးမှာ မျက်နှာသုတ် ပဝါစုတ် တစ်ထည်ဖြင့် စောင့်ခြောက်ရုံမှအပ ကြက်များ၊ ငန်းများကို တစ်ခါမျှ မစားရရှာ။

အယ်လင်သည် ကပ္ပလီ သူငယ်လေးများကို ကြက်မောင်း၊ ငန်းမောင်းသည့် အလုပ်ဖြင့် စ၍ တာဝန်ပေးသည်။

ဤအလုပ်သည် မြိုင်သာယာက ကပ္ပလီ သူငယ်ကလေးများ ပထမဆုံး တာဝန်ယူရသည့် အလုပ် ဖြစ်သည်။ ဆယ်နှစ်ကျော်လျှင် သူတို့ကို မြိုင်သာယာမှ ဖိနပ်ချုပ်သမားကြီးထံ ပို့၍ အလုပ် သင်စေသည်။ သို့မဟုတ်လျှင်လည်း လှည်းနောက်မီးချသည့် ပန်းဘဲဆရာနှင့် လက်သမားဆရာ အာမို့စ်ထံ ပို့သည်။ သို့မဟုတ်လျှင် နွားခြံ ထိန်းရသည့် ဖိလစ်ထံ ပို့သည်။ သို့မဟုတ်လျှင်လည်း လားခြံထိန်း ကပ်ဖီထံ ပို့သည်။ ဤအလုပ်များကို လုပ်၍ ဝါသနာ မပါလျှင် ဝါခင်းထဲတွင် အလုပ်လုပ်ရန် ပို့သည်။ ဝါခင်းထဲ အပို့ခံရသူများသည် ငွေဝယ်ကျွန်များထဲတွင် ဓားမနောက်ပိတ် ခွေး ဖြစ်ရတော့သည်။

အယ်လင်၏ ဘဝသည် ချောချောမွေ့မွေ့ မဟုတ်။ ပျော်စရာ မဟုတ်။ သူကိုယ်တိုင်ကလည်း မိန်းမတို့၏ ဘဝသည်

ချောချောမွေ့မွေ့ သာသာယာယာ မဟုတ်ဟု ယူဆသည်။ လောကကြီးသည် ယောက်ျားတို့က အသာစီးရသည့် လောကကြီး ဖြစ်သည်ဟု ယူဆသည်။ ဥစ္စာပစ္စည်း ဟူသည် ယောက်ျားတို့ပိုင် ပစ္စည်း ဖြစ်၍ မိန်းမများမှာ ဥစ္စာ ပစ္စည်းကို စီမံ ခန့်ခွဲရုံမျှသာ ဖြစ်သည်ဟု သူ ယူဆသည်။ အအုပ်ချုပ် ကောင်းလျှင် ယောက်ျားတို့သာ နာမည်ကောင်း ရကြသည်။ မိန်းမကလည်း သူ့ကျွမ်းကျင် လိမ္မာမှုကို ချီးကျူးရသည်။ ယောက်ျားသည် လက်တွင် ငြောင့် စူးလျှင် ကျွဲလို နွားလို အော်၍ မိန်းမများမှာ

66

သားဖွားသည့်တိုင် ယောက်ျား စိတ်အနှောင့်အယှက် မဖြစ်အောင် ကျိတ်၍ ညည်းရသူ ဖြစ်သည်။ ယောက်ျားသည် အပြောအဆို ကြမ်းတမ်း၍ မကြာခဏ အရက် မူးတတ်သည်။ မိန်းမက သူ အော်ဟစ် ကြိမ်းမောင်းသမျှကို မကြားယောင်ပြုကာ အမူးသမားကို အိပ်ရာသို့ ချော့မော့ တွဲပို့ရသည်။ ယောက်ျားများသည် ရိုင်းစိုင်း၍ စိတ်ထဲ ရှိသမျှကို ဖွင့်ပြောတတ်သည်။ မိန်းမများက သနား ကြင်နာရသည်။ ခွင့်လွှတ် ရသည်။ ဣနြေ္ဒ ရှိရသည်။

အယ်လင်သည် ဗိုင်းကောင်း ကျောက်ဖိ ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ အိမ်ထောင်ကို မည်သို့ မည်ပုံ ထိန်းသိမ်းအပ်ကြောင်း၊

မိန်းမတို့၏ အလှကို မည်သို့ မည်ပုံ ထိန်းသိမ်းအပ်ကြောင်း စသည်တို့ကို နာယူခဲ့ ရသည်။ သူ့သမီး သုံးယောက်ကိုလည်း အမျိုးကောင်း သမီးပီပီ ဗိုင်းကောင်း ကျောက်ဖိ ဖြစ်ရန် သွန်သင်မည်ဟု စိတ်ကူး ခဲ့သည်။ သမီးငယ်များက အယ်လင် စိတ်တိုင်းကျ ဖြစ်ခဲ့သည်။ ဆွီလင်က လှချင် ပချင်သည်။ ထို့ကြောင့် အမေ့ စကားကို မြေဝယ်မကျ နားထောင်သည်။ ကာရင်းက ရှက်တတ် ကြောက်တတ်သည်။ သူ့ကိုလည်း အလွယ်တကူ ဆုံးမ၍ ရသည်။ စကားလက်ကမူ ဖအေတူ သမီးပီပီ ဆုံးမ၍ မရချင်။

ကစားလျှင်လည်း အေးအေးဆေးဆေး နေတတ်သည့် ညီမများနှင့် ကစားလေ့ မရှိ။ လိမ္မာရေးခြား ရှိသည့် ဝီလ်ကီတို့

ညီအစ်မ တစ်တွေနှင့်လည်း ကစားလေ့ မရှိ။ ဝါခင်းထဲက ကပ္ပလီ သူငယ်ကလေးများ၊ ခြံနားနီးချင်းက ယောက်ျားလေးများနှင့် ကစားသည်။ သူတို့နှင့် အတူ သစ်ပင် တက်သည်၊ ထွေခင်းသည်။ ကြီးဒေါ် တားသည့်တိုင် ကြီးဒေါ် စကားကို နည်းနည်းမျှ ဂရုမစိုက်။ အယ်လင့် သမီး ဖြစ်လျက် ဤသို့ အပိုး မကျိုးသည်ကို မြင်ရသည့် အခါတွင် ကြီးဒေါ် စိတ်ညစ်သည်။ လိမ္မာရေးခြား ရှိရန် ပိပိပြားပြား နေရန် တတွတ်တွတ် သွန်သင်သည်။ သို့ရာတွင် အယ်လင်ကမူ အရှည်ကို ကြည့်သည်။ ကလေးဘဝက ကစားဖော်များသည် ကြီးပြင်းလာသည့် အခါများတွင် တစ်ဦးနှင့် တစ်ဦး ငြိစွန်းသွားကြသည်ကို သူ တွေ့ဖူးသည်။ မိန်းကလေး တစ်ယောက်အဖို့ ပထမဆုံး တာဝန်သည် လင်ကောင်း သားကောင်း ရရေး ဖြစ်သည်။ ကလေး ဟူသည် ပျော်ချင် ပါးချင်သည်။ လွတ်လွတ်လပ်လပ် နေချင်သည်။ ကြီးလာလျှင် စကားလက်သည် မိန်းမ ပီသလာလိမ့်မည်ဟု သူ့ကိုယ်သူ ဖြေသိမ့်သည်။

အယ်လင်နှင့် ကြီးဒေါ်သည် စကားလက် တစ်ယောက် မိန်းမ ပီသရေးအတွက် ကြိုးစားခဲ့ကြသည်။ စကားလက်ကလည်း

အကင်းပါးသည်။ အရွယ် ရောက်လာသည်နှင့် မိန်းမတို့ တတ်အပ်သည့် အတတ်ပညာများကို ကောင်းစွာ တတ်ခဲ့သည်။ စကားလက် အတွက် စာပြဆရာမ တစ်ယောက်ပြီး တစ်ယောက် ပြောင်းကာ အနီးရှိ မိန်းကလေးကျောင်း တစ်ကျောင်းတွင် ပညာ သင်ခဲ့သော်လည်း ပညာ ကောင်းကောင်း မတတ်။ သို့ရာတွင် အက ပြိုင်ကြစို့ ဆိုလျှင်မူ ဤအနီးတစ်ဝိုက်တွင် သူ့ကို မီသူ တစ်ယောက်မျှ မရှိ။ သူ့ပါးချိုင့်ကလေးတွေ ခုန်ပျံတက်လာသလို ရှိအောင် မည်သို့ ပြုံးရမည်ကို စကားလက် ကောင်းကောင်း သိသည်။ ဂါဝန် ဖားဖားကလေး ဝေ့အောင် ခိုမလေးများ သဖွယ် မည်သို့ လမ်းလျှောက်ရမည်ကို စကားလက် ကောင်းကောင်း သိသည်။ ယောက်ျားလေး တစ်ယောက်၏ မျက်နှာကို မည်သို့ မော့ကြည့်ပြီး မျက်လွှာကို မည်သို့ ချကာ ရှက်စနိုးဟန်ကလေးဖြင့် မျက်တောင်လေး တဖျပ်ဖျပ် ခတ်လျက် မည်သို့ အမူအရာ လုပ်ရမည်ကို စကားလက် ကောင်းကောင်း သိသည်။ ထို့ထက် ကလေးငယ်၏ မျက်နှာလို ချိုသာ နူးညံ့သော မျက်နှာကလေး နောက်ကွယ်တွင် မိန်းကလေးတို့၏ အကင်းပါးသော ပကတိဉာဏ်ကို ယောက်ျားလေးတွေ မသိအောင် မည်သို့ ဖုံးကွယ်ထားရမည်ကို စကားလက် ကောင်းကောင်း သိသည်။

အယ်လင်က လေသံအေးအေးဖြင့် သာယာ ညင်းပျောင်း ဆုံးမသည်။ ကြီးဒေါ်က ဆူဆူပူပူဖြင့် သွန်သင်သည်။ ဤသို့ဖြင့်

မေမေနှင့် ကြီးဒေါ်သည် စကားလက်အား အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်အောင် အဘက်ဘက်မှ ပြုပြင်ပေးခဲ့ကြသည်။

67



`သမီးကြီးဟာ နူးညံ့ သိမ်မွေ့ရမယ်၊ ဣနြေ္ဒ သိက္ခာ ရှိရမယ်’ အယ်လင်က စကားလက်ကို ပြောသည်။ `ဧည့်ကောင်း

စောင်ကောင်းတွေ စကား ပြောနေတုန်းမှာ ကြားထဲက ဖြတ်မပြောရဘူး၊ သူတို့ ပြောတာ မှားနေသည့်တိုင် နားထောင်နေရမယ်၊ လူကြီး လူကောင်း ဆိုတာ ပျံတန်တန် မိန်းကလေးတွေကို မကြိုက်ကြဘူး။

`တချို့ ကောင်မလေးတွေ ရှိတယ် မဟုတ်လား၊ သူများ စကားပြောရင် မဲ့ရွဲ့ပြလိုက် မေးငေါ့ပြလိုက်နှင့် လုပ်ကြတာ၊

ပြောတော့လည်း အင်းတဲ့၊ ဟင့်အင်းတဲ့၊ ရိုင်းလိုက်ကြတာ၊ အဲဒီလို ကောင်မလေးတွေ ကြည့်ပါလား၊ ဘယ်တော့မှ လင်ကောင်း သားကောင်း မရဘူး’

ကြီးဒေါ်က မျက်နှာထားဖြင့် ပြောသည်။ `မိန်းကလေး ဆိုတာ မျက်လွှာကလေး ချပြီး ယဉ်ယဉ် ကျေးကျေး

ပြောရတယ်၊ ဟုတ်ကဲ့ ရှင့်၊ ကောင်းပါပြီ ရှင့်’

မေမေနှင့် ကြီးဒေါ်က အမျိုးကောင်းသမီးလေး တစ်ယောက် ပီသအောင် တိုးတိုးတိတ်တိတ် ကျိတ်၍ ဆုံးမကြသည်။

သို့ရာတွင် စကားလက်သည် အပေါ်ယံ နူးညံ့ သိမ်မွေ့မှုကိုသာ သင်၍ ရသည်။ ထိုအပေါ်ယံ သိမ်မွေ့မှုတို့ ပေါ်ထွက်ရာ အတွင်းစိတ်၏ နူးညံ့ သိမ်မွေ့မှုကို သင်၍မရ။ သင်ယူစရာလည်း မလိုဟု ယူဆသည်။ အပြင်ပန်း သဏ္ဍာန် နူးညံ့ သိမ်မွေ့မှုကို ရလျှင် တော်လောက်ပြီ။ သူ ပေါ်ပြူလာ ဖြစ်နေခြင်း မှာလည်း အပြင်ပန်း သဏ္ဍာန်ကြောင့်သာ မဟုတ်လော။ ဖေဖေကမူ သူ့သမီး စကားလက်သည် အနီးတစ်ဝိုက်က ပြည်နယ် ငါးခုတွင် အလှဆုံး၊ အချောဆုံး ဖြစ်သည်ဟု ကြွားလေ့ရှိ၏။ အနီးအနား တစ်ဝိုက်တွင် စကားလက်ကို ရည်းစား စကား မပြောဖူးသည့် ယောက်ျားဆို၍ တစ်ယောက်မျှ မရှိဟုလည်း ကြွားတတ်သည်။ အတ္တလန်တာနှင့် ဆဗားနားမှပင် လာ၍ ပိုးပန်းသူတွေ ရှိသည်ဟုလည်း ပြောတတ်သည်။ ဟုတ်သလောက်လည်း ဟုတ်သည်။

အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် မေမေနှင့် ကြီးဒေါ် ကျေးဇူးကြောင့် စကားလက်သည် ချစ်စရာ

ကောင်းသည်။ ဆွဲငင်အား ကောင်းသည်။ ယဉ်ကျေးဖွယ်ရာ ရှိသည်။ သို့ရာတွင် ထင်ရာ လုပ်တတ်သည်။ စဉ်းစားဉာဏ် နည်းသည်။ ခေါင်းမာသည်။ အဖေ၏ အိုင်းရစ်သွေးကြောင့် စိတ်လှုပ်ရှား လွယ်သည်။ မေမေလို သည်းခံစိတ်၊ ငဲ့ညှာစိတ်မျိုး ဆို၍ နည်းနည်းကလေးမျှ မရှိ။ စကားလက်သည် မေမေနှင့် တွေ့လျှင် မျက်နှာကို အတတ်နိုင်ဆုံး ချိုထားသည်။ သဘောကောင်းဟန် ဆောင်တတ်သည်။ မေမေက သူ့သမီးကြီး ဟန်ဆောင်သည်ကို နည်းနည်းမျှ မရိပ်မိ။

သို့ရာတွင် ကြီးဒေါ်က ရိပ်မိသည်။ မေမေ့ထက် အကင်းပါးသည်။ ကြီးဒေါ်ကို ကြာကြာလိမ်၍ မရ။ မေမေနှင့်

ကြီးဒေါ်သည် စကားလက် ပျော်ပျော် နေတတ်ပုံ၊ သွက်လက်ချက်ချာပုံ၊ ချစ်စရာ ကောင်းပုံ တို့ကို ကြည့်၍ သဘောကျသည်။ ဤအရည်အချင်း များသည် တောင်ပိုင်းက အမျိုးသမီးများ ဂုဏ်ယူသည့် အရည်အချင်းများ ဖြစ်သည်။ သို့ရာတွင် ဖအေလို ခေါင်းမာခြင်း၊ စိတ်ဆတ်ခြင်း စသည်တို့ အတွက်မူ စိုးရိမ်ကြသည်။ တစ်ခါတစ်ရံတွင်မူ စကားလက်၏ ဤချွတ်ယွင်းချက်များကို လင်ကောင်းသားကောင်း မရမီ သူတို့ ဖုံးမှ ဖုံးနိုင်ပါမည်လောဟုပင် တွေးမိကြသည်။ သို့ရာတွင် စကားလက်သည် အက်ရှလေနှင့် ချစ်ကြသည်။ ချစ်ကြပြီ ဆိုသည့်အခါတွင်မူ စကားလက်သည် သိမ်သိမ်မွေ့မွေ့၊ နူးနူးညံ့ညံ့၊ နမော်နမဲ့ နေတတ်သည်။ ယောက်ျားများက ဤသို့နေမှ သဘော ကျသည် ဆိုလျှင် စကားလက်ကလည်း နေပြတတ်သည်။ ယောက်ျားများသည် ဤသို့ အရည်အချင်းမျိုးကို ဘာကြောင့် ကြိုက်ကြသည် ဆိုသည်ကိုမူ စကားလက် မစဉ်းစားတတ်။ ယောက်ျားလေးတွေ သဘောကျသည်ကမူ သေချာသည်။ ဘာ့ကြောင့် သဘောကျသည်ကိုမူ သူ မစဉ်းစား။ လူ့စိတ် အကြောင်းကို စကားလက် ဘာမျှ မသိ။ သူ့စိတ်ကိုပင် သူ နားမလည်။ သူက ဤသို့ ပြောလျှင် ယောက်ျားလေးတွေက သူ ပြောသည့်အတိုင်း လိုက်၍

68

ခေါင်းညိတ်သည်ကိုမူ သူ သိသည်။ ဤသည်မှာ သင်္ချာ တွက်နည်း တစ်ခုလို အလွန် သေချာသည့်နည်း ဖြစ်သည်။ စကားလက်လို ကျောင်းတုန်းက သင်္ချာ ထူးချွန်သူ တစ်ဦး အတွက် ဤတွက် နည်းသည် ဘာမျှ မခက်။

ယောက်ျားတို့ အကြောင်းကို စကားလက် သိသင့်သလောက် သိသော်လည်း မိန်းမတွေ အကြောင်းကိုမူ စကားလက်

ကောင်းကောင်း မသိ။ မိန်းမများကိုလည်း သူ စိတ်မဝင်စား။ သူ့တွင် မိန်းကလေး သူငယ်ချင်း ဆို၍ တစ်ယောက်မျှ မရှိ။ ရှိဖို့ လိုသည်ဟုလည်း စကားလက် မထင်။ စကားလက် အဖို့၌ သူ့ညီမ နှစ်ဦး အပါအဝင် မိန်းမ ဟူသမျှသည် ယောက်ျားတည်း ဟူသော သားကောင်ကို လိုက်ရှာရာတွင် အကြံတူ ရန်သူများသာ ဖြစ်သည်ဟု ထင်သည်။

ထိုအထဲတွင် မေမေ တစ်ယောက်ကိုသာ ခြွင်းချက် ထားသည်။



မေမေ့ကိုမူ

သီးခြား

စဉ်းစားရလိမ့်မည်။

စကားလက်သည်

မေမေ့ကို

မြတ်နိုးသည်။

ကမ္ဘာ

လောကကြီးမှ

သတ်သတ် ခွဲထုတ်ထားသည်။ ငယ်ငယ်တုန်းက ဆိုလျှင် သူ့စိတ်ထဲတွင် မေမေ့ကို မယ်တော် မာရီနှင့် အတူတူဟုပင် အောက်မေ့မိခဲ့သေးသည်။ ကြီးလာသည့်တိုင်လည်း ဤသဘောထားကို မပြောင်းလဲ။ မေမေသည် ဘုရားသခင်နှင့် မိခင် တစ်ယောက်ကသာ ပေးစွမ်းနိုင်သည့် မေတ္တာ၏ သင်္ကေတ ဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ စသည်တို့၏ တည်ရာ ဖြစ်သည်။

စကားလက်သည် မေမေနှင့် အလွန် တူချင်သည်။ သို့ရာတွင် ခက်သည်က မေမေ့လို မကြင်နာနိုင်။ မေမေ့လို

ကိုယ်ကျိုး မစွန့်နိုင်။ မေမေ့လို မမှန်ကန်နိုင်။ မှန်ကန်ခြင်း၊ ကြင်နာခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းတို့ကိုသာ လိုက်၍ လုပ်နေရလျှင် လောကတွင် ဘာမျှ ပျော်စရာ မရှိတော့။ မည်သည့် ယောက်ျား ကလေးကမျှလည်း ကြိုက်မည် မဟုတ်တော့။ လူ့ဘဝ ဆိုသည်မှာ တိုတိုကလေး ဖြစ်သည်။ ဤဘဝ တိုတို ကလေးတွင် အရသာ ချိုချိုကလေးတွေကို မစွန့်နိုင်။ အက်ရှလေနှင့် လက်ထပ်ပြီး ဆံဖြူသွားကြွေ ပါးရေ တွန့်လိပ်သည့် အဘွားအိုကြီး ဘဝသို့ ရောက်လျှင် ထို အရာများ အတွက် အချိန်ရလျှင်မူ မေမေ့လို ဖြစ်ချင်သည်။ ယခုအထိမူ ...

69





ထိုနေ့ည ထမင်းဝိုင်းတွင် မေမေ မရှိသဖြင့် စကားလက်က မေမေ့ နေရာတွင် ထိုင်သည်။ သို့ရာတွင် စိတ်က

ဂနာမငြိမ်။ အက်ရှလေနှင့် မီလာနီတို့ သတင်းကြောင့် ယောက်ယက်ခတ်နေသည်။ စလက်တာရီတို့ အိမ်မှ မေမေ ပြန်လာစေချင်လှပြီ။ မေမေ ရှိလျှင် တော်သေးသည်။ မေမေ မရှိလျှင် စကားလက် မနေတတ်တော့။ ရင်ထဲတွင် ဟာနေသည်။ မေမေကလည်း မဆီမဆိုင် သူများတကာ နေမကောင်းတိုင်း လိုက်၍ ပြုစုနေရသည်လောဟု စကားလက် အောက်မေ့မိသည်။ စလက်တာရီတို့ကလည်း ခဏခဏ နေမကောင်းနိုင်ရန်ကောဟု အပြစ်တင်မိသည်။

စကားလက်သည် ထမင်းဝိုင်းတွင် ထိုင်နေရသော်လည်း စိတ်မပါ။ ဖေဖေက အော်ကျယ်ဟစ်ကျယ်ဖြင့် စကားကို

ဖောင်အောင် ပြောနေသည်။ ဖေဖေသည် ညနေတုန်းက သူနှင့် ပြောခဲ့သည့် စကားများကို မှတ်မိပုံ မရတော့။ ဆွန်တာ ခံတပ် အကြောင်း နောက်ဆုံး သတင်းများကို ပြောနေသည်။ ပါးစပ်ကသာ မဟုတ်။ တစ်ချက် တစ်ချက်တွင်လည်း စားပွဲကို လက်သီးဖြင့် ထုလိုက်သေးသည်။ ထမင်းဝိုင်း ရောက်ပြီဆိုလျှင် ဖေဖေ တစ်ယောက် အလွန် စကားများသည်။ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေသည့် စကားလက်ကလည်း သူ့စကားများကို မကြားယောင် ပြုနေတတ်သည်။ သို့ရာတွင် ယနေ့ည၌မူ စကားလက်သည် ဖေဖေ့ စကားကို မကြားယောင် ပြု၍ မရ။ နားက မေမေ ပြန်လာမည့် မြင်းရထားသံကို နားစွင့်နေသည့်တိုင် ဖေဖေ့ အသံသာလျှင် ထမင်းဝိုင်းကို လွှမ်းနေသည်။

မေမေ့ကို မျှော်မည့်သာ မျှော်ရသည်၊ စင်စစ် သူတို့အကြောင်းကို မေမေ့ ပြန်ပြော၍ မဖြစ်။ သူတို့ အကြောင်းကို

မေမေများ ကြားလျှင် သူ့ သမီးသည် လက်ထပ်တော့မည့် ယောက်ျား တစ်ယောက် အတွက် ဤမျှ ဖြစ်ရသလောဟု ရင်ကွဲလိမ့်မည်။ သို့ရာတွင် မေမေ့ကို ပြန်ပြော၍ မဖြစ်သည့်တိုင် သူ့အနားတွင် မေမေ ရှိစေချင်သည်။ ဤကိစ္စသည် သူ့ဘဝတွင် ပထမဆုံး စိတ်ထိခိုက်စရာ အဖြစ်အပျက်ကြီး ဖြစ်ရာ ဤအချိန်တွင် အနား၌ မေမေ ရှိစေချင်သည်။ အနားတွင် မေမေ ရှိလျှင် အလိုလို အားရှိနေသည်။ မေမေသာ အနားမှာ ရှိသည်ဆိုလျှင် လောကကြီး၌ တော်တော်တန်တန် အဆိုးကို ရင်ဆိုင်ရဲသည်။

ဝင်းဝမှ မြင်းရထားသံကို ကြားရသည်။ စကားလက်က ထိုင်ရာမှ ထသည်။ မြင်းရထားက နောက်ဖေးသို့ ကွေ့သွားသံ

ကြားသဖြင့် စကားလက်သည် ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ မေမေ မဖြစ်နိုင်။ မေမေ ဆိုလျှင် အိမ်ရှေ့ ဆင်ဝင်တွင် ဆင်းသံကြားရမည်။ နောက်ဖေးတန်းလျားဆီမှ ကပ္ပလီ ကျွန်များ စကားပြောသံ၊ ရယ်သံများကို ကြားရသည်။ ပြတင်းမှ လှမ်းကြည့် လိုက်သည်တွင် ဖေဖေ၏ ဘဏ္ဍာစိုးကြီး ပေါ့ကို စကားလက် မြင်ရသည်။ ပေါ့က ထင်းရှူးသား မီးတုတ်ကြီးကို ကိုင်ထားပြီး မြှောက်ပြနေသည်။ ပေါင်းမိုးတပ်ထားသည့် လှည်းပေါ်မှ ဆင်းလာသည့် သဏ္ဌာန်များက ဝိုးတိုးဝါးတား။ မှောင်မည်းသည့် ညလေအေးထဲတွင် ကပ္ပလီများ၏ စကားပြောသံများသည် နီးလာလိုက်၊ ဝေးလိုက် ဖြစ်နေသည်။ သူတို့ အသံများက ပျော်နေသည့် အသံတွေ၊ အပူအပင် ကင်းသည့် အသံတွေ။ အနည်းငယ် သြသော်လည်း ပျော့ပျောင်းသည်။ စူးသည်။ ထို့နောက် နောက်ဖေးဆောင် လှေကားမှ တက်လာကာ အိမ်မကြီးဆီသို့ လာနေသည့် ခြေသံများကို စင်္ကြံလမ်း

70

တစ်လျှောက်မှ ကြားနေရသည်။ ထမင်းစားခန်းနားသို့ ရောက်သည့် အခါတွင် ခြေသံများသည် တန့်သွားကြ၏။ တီးတိုး စကားပြောသံများကို ကြားရပြီးနောက် ဘဏ္ဍာစိုးကြီး ပေါ့ ဝင်လာသည်။ ခါတိုင်းလို ဣနြေ္ဒရရ မျက်နှာထား တည်တည် မဟုတ်တော့။ မျက်လုံးကြီးများက ပြူးလျက်။ သွားတွေ အဖွေးသား ပေါ်အောင် ပြုံးလာသည်။

`ဆရာကြီး ဆရာကြီး၊ မိန်းမ အသစ် ရောက်လာပါပြီ ဆရာကြီး’



`ဟေ မိန်းမ အသစ် ဟုတ်လား၊ ငါက ဘယ်မှာ မိန်းမ အသစ် ဝယ်လို့လဲ’



ဂျရယ် အိုဟားရားက မသိချင်ယောင် ပြုကာ ပြူးတူးပြဲတဲဖြင့် မေး၏။



‘ဆရာကြီး ဝယ်ခဲ့တာလေ၊ ခု ဆရာကြီးကို နှုတ်ဆက်မလို့ ရောက်နေပါပြီ ဆရာကြီး’



ပေါ့က ရယ်၍ ပြောသည်။



‘ကဲ ကဲ၊ ဒါဖြင့် ခေါ်ခဲ့’



ပေါ့က သူ့ဇနီး အသစ်စက်စက်ကို လက်ယပ်၍ လှမ်းခေါ်သည်။ မြိုင်သာယာသို့ အသစ်ရောက်လာသည့် ကပ္ပလီ

ကျွန်မကြီး ဒစ်လစီ ဖြစ်သည်။ ဒစ်လစီ အခန်းထဲသို့ ဝင်လာသည့် အခါတွင် သူ့ တစ်ဆယ့်နှစ်နှစ် သမီးငယ်က ဂါဝန်ကို ဆွဲ၍ လိုက်လာသည်။

ဒစ်လစီက အရပ် မြင့်မြင့်။ တောင့်တောင့်တင်းတင်း။ ကြေးနီရောင် ပေါက်နေသော သူ့မျက်နှာတွင် အသားအရေ

တင်းနေသည်။ ပါးရေတွန့်ခြင်း မရှိ။ အသက် သုံးဆယ်နှင့် ခြောက်ဆယ်ကြား အရွယ် ဖြစ်သည်။ သူ့ အချိုးအဆက်က ကပ္ပလီ ပုံပန်းသဏ္ဍာန် ပေါ်နေသည်။ အသားက နီနီ။ နဖူး ကျဉ်းကျဉ်း မောက်မောက်။ မေးရိုးကားကား။ နှာခေါင်း ကောက်ကောက်ကြီးက ထူထဲနေသည့် ကပ္ပလီ နှုတ်ခမ်းကြီးပေါ်တွင် ပြားဆင်းသွားသည်။ အိန္ဒိယ လူနီသွေးနှင့် ကပ္ပလီသွေး နှစ်ခု ရောစပ်ထားသည့် သဏ္ဍာန် ပေါ်သည်။ လမ်းလျှောက်လျှင် ခါးမတ်၍ ရင်ကော့ထားသည်။ ကြီးဒေါ်ထက်ပင် ကြည့်၍ ကောင်းသည် ထင်ရသည်။ ကြီးဒေါ်က ဣနြေ္ဒကြီးအောင် တမင် လုပ်ယူ နေရသေးသည်။ ဒစ်လစီကမူ တမင် လုပ်ယူရခြင်း မဟုတ်။ နဂို အရှိအတိုင်း ဖြစ်ပုံရသည်။

စကားပြောလျှင် အခြား ကပ္ပလီများလို အသံ မဝဲ။ ပီပီသသ ပြောကာ စကား တစ်လုံးကို စဉ်းစဉ်းစားစား

ပြောတတ်သည်။

`မင်္ဂလာပါ မလေး၊ မင်္ဂလာပါ သခင်ကြီး၊ ထမင်း စားနေတုန်း အနှောင့်အယှက် ပေးတယ်လို့ မအောက်မေ့ပါနှင့်၊

သခင်ကြီးတို့ကို ကျေးဇူးတင်လွန်းလို့ပါ၊ တချို့က ကျွန်မကို ဝယ်ချင်ကြပေမယ့် ကလေးမလေးကိုတော့ မလိုချင်ကြဘူး၊ သခင်ကြီးတို့ကျတော့ ကျွန်မ သမီးလေးပါ ဝယ်လိုက်တဲ့ အတွက် ကျွန်မတို့ သားအမိ အတူ နေရပါပြီ။ သခင်ကြီးတို့ ကျေးဇူးကို မမေ့ပါဘူး’

ဖေဖေက လည်ချောင်း ရှင်းလိုက်သည်။ သူ့ကို အထူးတလည် ကျေးဇူးတင်စကား ပြောနေသဖြင့် အနေရ အထိုင်ရ

ခက်နေပုံလည်း ရ၏။

71



ဒစ်စလီက စကားလက် ဘက်သို့ လှည့်၍ ပြုံးပြလိုက်သည်။



`မလေး ပူဆာတဲ့အတွက် ကျွန်မတို့ သားအမိ နှစ်ယောက်စလုံးကို ဝယ်တာလို့ ပေါ့က ပြောပါတယ်၊ ကျွန်မ သမီးကို

မလေး သဘောကျ ခိုင်းပါ’

ဒစ်လစီက

သူ့ဂါဝန်

နောက်တွင်

ပုန်းနေသည့်

သူငယ်မလေးကို

ရှေ့သို့

ဆွဲခေါ်သည်။

ကပ္ပလီမလေးက

သေးသေးညှက်ညှက်။ ခြေထောက် ကလေးတွေက ကျီးကန်း ခြေထောက်လို သေးသေးကလေးတွေ။ ဆံပင်က ခေါင်းတွင် ပိပြားနေကာ ကျစ်ဆံမြီး အထပ်ထပ် ကျစ်ထားသည်။ မျက်လုံးများက တောက်ပ စူးရှသည်။

`ကျေးဇူးတင်တယ် ဒစ်လစီ၊ သူ့ကို စကားလက် ခိုင်းဖို့ မခိုင်းဖို့ကတော့ ကြီးဒေါ်နှင့် ပြောပါ၊ စကားလက်

မွေးလာကတည်းက ကြီးဒေါ်ပဲ သွန်သင် ဆုံးမခဲ့တာ’

စကားလက်က ပြန်ပြောသည်။



`ကြီးတော်က အသက် ကြီးပြီလေ၊ ကြီးဒေါ်က ကောင်းတော့ ကောင်းမှာပါ၊ ဒါပေမယ့် မလေးက ငယ်ငယ်

ဆိုတော့ အစေခံ ကောင်းကောင်း လိုမယ် မဟုတ်လား၊ ကျွန်မ သမီးက ဟိုမှာတုန်းကလည်း မလေးအင်ဒီယာ အတွက် လုပ်ပေးခဲ့ဖူးပါတယ်၊ ဆံပင်လည်း ထုံးတတ်တယ်’

ဒစ်လစီက တိုက်တွန်းသဖြင့် ကပ္ပလီမလေးက ဦးညွှတ်၍ အရိုအသေပြုကာ ပြုံးပြ၏။ စကားလက်ကလည်း ပြန်၍

ပြုံးလိုက်ရသည်။

`ကျေးဇူးတင်တယ် ဒစ်လစီ၊ မေမေ ပြန်လာတော့မှ ဒီကိစ္စကို ပြောကြသေးတာပေါ့’



ဒစ်လစီတို့ သားအမိ နှုတ်ဆက် ပြန်သွားသည်။ ထမင်းဝိုင်းမှ ပန်းကန်များကို သိမ်းပြီးပြီ။ ဖေဖေက စကားအမျှင်

မပြတ်သေး။

မကြာမီ

ပြည်တွင်းစစ်

ဖြစ်လာနိုင်ကြောင်း၊

တောင်ပိုင်းသားများသည်

ယန်ကီတို့၏

စော်ကားမှုများကို

သည်းမခံနိုင်တော့ကြောင်းဖြင့် အော်ကြီး ဟစ်ကျယ် ပြောနေသည်။ စကားလက် စိတ်ပျက်လှပြီ။ တအင်းအင်းဖြင့် အင်းလိုက် နေရသော်လည်း ငြီးငွေ့လှပြီ။ မှန်အိမ်ကြီး အောက်ရှိ ထိုင်ဖုံ တစ်ခုပေါ်တွင် ထိုင်နေသည့် ကာရင်းက အလွမ်းဝတ္ထု တစ်ပုဒ်ကို ဖတ်နေသည်။ ဝတ္ထုဖတ်ရင်း မျက်ရည်တွေ လည်နေသည်။ ဆွီလင်က တက်တင်းထိုးရင်း မနက်ဖြန် ပျော်ပွဲစား အတွက် စတူးဝပ်ကို သူ့အစ်မ စကားလက် အပါးမှ မည်သို့ ခွဲထုတ်ရမည်ကို စဉ်းစားခန်း ထုတ်နေသည်။ စကားလက်ကမူ အက်ရှ်လေ အကြောင်းကို တွေးသည်။

ဖေဖေသည် ဆွန်တာ ခံတပ် အကြောင်းကို ဘာကြောင့် ဤမျှ ပြောနေရသနည်း။ သူ ရင်နင့်အောင် ခံစားနေရသည်ကို

သိပါလျက် ယန်ကီတွေ အကြောင်းကို ဘာကြောင့် ဤမျှ ပြောနေရသနည်း။ လူတွေသည် သူ ရင်နင့်အောင် ခံစားနေရသည်ကို လျစ်လျူရှုလွန်းသည်ဟု တစ်ဖက်သတ် စဉ်းစားမြဲ ဖြစ်သော ငယ်ရွယ်သူတို့ ဓမ္မတာ စကားလက် တွေးနေသည်။

သူ့ရင်ထဲတွင်

လေပွေလှိုင်းကြီးတစ်ခု

ဖြတ်သန်းနေသည့်နှယ်

ထင်ရသည်။

သို့ရာတွင်

သူတို့

ထိုင်နေရာ

ထမင်းစားခန်းကြီး ခါတိုင်းလို ငြိမ်သက်နေပုံ ရသည်။ သူ့စိတ်ထဲတွင် ဆန်းနေသည်။ မဟော်ဂနီ စားပွဲကြီးနှင့် ဗီရိုကြီးများသည်

72

လည်ကောင်း၊ ငွေ ပန်းကန်များ၊ ငွေခွက်များ၊ ငွေဇွန်းများသည် လည်းကောင်း၊ တောက်ပ ပြောင်လက်နေသည့် ကြမ်းပြင် ပေါ်က အရောင်စိုစိုနှင့် အမွှေးပွ ကော်ဇောကြီးများသည် လည်းကောင်း ဘာမျှ မဖြစ်သကဲ့သို့ သူ့နေရာတွင် သူ နေရာတကျ ရှိမြဲ ရှိနေသည်။ ထမင်းစားခန်းက နွေးနွေးထွေးထွေး ရှိသည်။ ချမ်းမြေ့ဖွယ် ကောင်းသည်။ ခါတိုင်းဆိုလျှင် ထမင်းစားပြီး သားအမိ သားအဖတစ်တွေ ဝိုင်းထိုင် စကားပြောရသည်ကို စကားလက် ပျော်သည်။ သို့ရာတွင် ယနေ့ည၌မူ ဤထမင်းစားခန်းကြီးကို မကြည့်ချင်၊ မမြင်ချင်။ ဖေ့ဖေ့ကိုသာ မကြောက်ရလျှင် ထမင်းစားခန်းထဲက အသာ လစ်ထွက်သွားကာ အောက်ထပ် မေမေ့အခန်းထဲက ထိုင်ဖုံ အဟောင်းကြီးပေါ်တွင် ပစ်လှဲပြီး စိတ်ရှိ လက်ရှိ ငိုပစ်လိုက်ချင်သည်။

တစ်အိမ်လုံးတွင် ဤအခန်းကို စကားလက် အနှစ်သက်ဆုံး။ နံနက်တိုင်း မေမေသည် ဤအခန်းထဲက သူ့စားပွဲမြင့်မြင့်၌

ထိုင်ကာ ဝါခင်းကိစ္စ၊ စာရင်းအင်း ကိစ္စများကို လုပ်ကိုင်နေကျ။ စာရင်းဒိုင်ကြီး ဂျိုနာ၏ သတင်းပို့ချက်များကို နားထောင်နေကျ။ မေမေက

ငှက်တောင်တပ်

ကလောင်

တစ်ချောင်းဖြင့်

လယ်ဂျာ

စာအုပ်များထဲတွင်

တဂျစ်ဂျစ်

စာရင်းမှတ်နေစဉ်

ကျန်မိသားစုများက ဝိုင်းထိုင်နေကျ ဖြစ်သည်။ ဖေဖေက လှုပ်ကုလားထိုင်ကြီး ပေါ်တွင် ထိုင်လျက်။ သူတို့ ညီအစ်မတစ်တွေက စုတ်ပြဲနေသော ထိုင်ဖုံ အဟောင်းကြီးပေါ်တွင် ထိုင်လျက်။ စကားလက်သည် ထိုအခန်းထဲသို့ ဆင်းသွားကာ မေမေနှင့် နှစ်ယောက်တည်း ထိုင်နေချင်သည်။ မေမေ့ ရင်ခွင်ထဲ တိုးဝင်ကာ စိတ်ရှိ လက်ရှိ ငိုပစ်လိုက်ချင်သည်။ မေမေက လာခဲလှချည့်။

ထိုစဉ်

ကျောက်စရစ်

ခဲလုံးကလေးများ

ပေါ်တွင်

ဘီးလိမ့်လာသံနှင့်

မရှေးမနှောင်း

ရထားသမားအား

ပြန်လွှတ်နေသည့် မေမေ၏ ခပ်အုပ်အုပ် အသံကို ကြားရ၏။ အခန်းထဲက မျက်လုံးများသည် ခပ်သုတ်သုတ် ဝင်လာသော မေမေ့ထံ ရောက်သွားကြသည်။ မေမေ့ မျက်နှာက ပင်ပန်း နွမ်းနယ်ပြီး စိတ်မကောင်းသည့် သဏ္ဍာန်။ မေမေနှင့် အတူ သူ့ပိုးအင်္ကျီအိတ်ထဲတွင် အမြဲဆောင်သည့် နံ့သာအိတ်မှ ဆောင်တော်ကူး ပန်းပေါင်းနံ့ကလည်း သင်းပျံ့လာသည်။ စကားလက် စိတ်ထဲတွင် မေမေနှင့် ဆောင်တော်ကူး ပန်းနံ့ကို ခွဲ၍မရ။ ကြီးဒေါ်က ဆေးအိတ်ကို ကိုင်၍ ခပ်လှမ်းလှမ်းမှ လိုက်လာသည်။ မျက်လွှာကို ချထား၏။ အောက်နှုတ်ခမ်း ထူထူကြီးက ရှေ့သို့ ထိုးထွက်နေသည်။ ကြီးဒေါ်သည် လျှောက်လာရင်း ပါးစပ်က ခပ်တိုးတိုး ရွတ်လာသည်။ သူ့အဖို့သာ အသံတိုးသော်လည်း သူ့အသံကို အားလုံး ကြားနေရသည်။

`စားပြီးကြပြီလား၊ နောက်ကျသွားတယ်’



မေမေက

သူ့ပုခုံးပေါ်မှ

ရေခဲခြည်စောင်ကို

စကားလက်သို့

လှမ်းပေးလိုက်ပြီးနောက်

စကားလက်၏

ပါးကို

ပွတ်လိုက်သည်။

ဖေဖေ၏ မျက်နှာသည် မေမေ့ကို မြင်သည်၌ ချက်ချင်း လင်းထိန်သွား၏။



`နှစ်ခြင်း မင်္ဂလာ လုပ်ပေးခဲ့သေးလား’



`အင်း၊ နှစ်ခြင်း မင်္ဂလာတော့ ပြီးသွားပါတယ်၊ ဒါပေမယ့် ကလေးလေးက အဖတ် မတင်ဘူး။ စိတ်မကောင်း လိုက်တာ၊

မအေလည်း ရှင်ပါ့မလား မသိဘူး။ ပိုးစိုးပက်စက်တော့ ဖြစ်တန်မယ် မထင်ပါဘူးလေ’

စကားလက်တို့ ညီအစ်မ တစ်သိုက်သည် မေမေ့ကို လှမ်းကြည့်လိုက်ကြသည်။ သူတို့ မျက်နှာများတွင် ထိတ်လန့်

စိုးရမ်သည့် အမူအရာ ပေါ်နေသည်။ ဖေဖေက အလေးအနက် စဉ်းစားဟန်ဖြင့် ခေါင်းကို ဖြည်းညင်းစွာ ရမ်းလိုက်၏။

73



`အေးလေ၊ သေသွားတော့လည်း တစ်နည်း ကောင်းတာပေါ့၊ ဒါမှမဟုတ်ရင် ဖအေကလည်း ဘယ်သူမှန်း’



`ကျွန်မတို့ ရောက်တော့ အခြေအနေ မကောင်းတော့ပါဘူး။ ဘုရားစာ ရွတ်ရုံလောက်ပဲ တတ်နိုင်တော့တာပါ’



မေမေက ပါးနပ်စွာ ကြားဖြတ်၍ ပြောလိုက်သည်။ မေမေ့ အကြောင်းကို သိသည့် စကားလက် တစ်ယောက်သာ

မေမေ လိမ္မာ ပါးနပ်စွာ ကြားဝင် ပြောခြင်းကို ရိပ်မိလိုက်သည်။

အင်မီ စလက်တာရီ၏ ကလေးငယ်မှာ မည်သူနှင့် မွေးသည်ဟု မသိရ။ မေမေကမူ မည်သည့် အခါမျှ ဖွင့်ပြောမည်

မဟုတ်။ စကားလက်က ဂျိုနာနှင့် မွေးသည်ဟု ထင်သည်။ ဂျိုနာနှင့် အင်မီတို့ နှစ်ယောက်ကို ညမှောင်ရီ ဖျိုးဖျတွင် တပူးပူး တတွဲတွဲ တွေ့ရတတ်သည်။ ဂျိုနာက မြောက်ပိုင်းသား ယန်ကီဖြစ်၍ လူပျို ဖြစ်သည်။ သူ့အလုပ်က ခြံထဲတွင် လက်သမား လုပ်ရသဖြင့် အပြင်က မိန်းကလေးများနှင့် အဆက်အသွယ် သိပ်မရှိလှ။ သူနှင့် အဆင့်အတန်း တူသည့် လူဖြူမိန်းကလေး ဆို၍လည်း ဤအနီးတစ်ဝိုက်တွင် တစ်ယောက်မျှ မရှိ။ သူ့တွင် အပေါင်းအသင်း လုပ်စရာဆို၍ ဤအနီးတဝိုက်ထဲက လူဖြူတွေထဲတွင် စလက်တာရီတို့လို အခြေအနေမဲ့သူများသာ ရှိသည်။ သူက စလက်တာရီတို့ထက် နည်းနည်း အဆင့်အတန်း မြင့်သဖြင့် ညနေ ဆည်းဆာတွင် အင်မီနှင့် ဘယ်နှစ်ခေါက် လျှောက်လျှောက် အင်မီ စလက်တာရီကိုမူ လက်ထပ်ချင်ဟန် မတူ။

စကားလက် သက်ပြင်းချ၏။ စကားလက်က အစစအရာရာ သိချင်သည်။ မေမေသည် ဤအဖြစ် အပျက်များကို

သိသည့်တိုင် ဥပက္ခာ ပြုထားသည်။ သူ့အမြင်တွင် ဣနြေ္ဒ သိက္ခာ မရှိဟု ယူဆသည့် အရာမှန်သမျှကို လျစ်လျူ ပြုတတ်သည်။ သူ့ပုံ စိတ်တိုင်းကျ ပုံစံ ထွက်လာရန် စကားလက်ကို သွန်သင် ဆုံးမသည်။ သို့ရာတွင် မေမေ ထင်သလောက် မအောင်မြင်။

မေမေသည် ဘုရားဆောင်သို့ ဝင်ကာ ငွေပန်းခက် မြှုပ်ထားသည့် ကြုတ်ကလေးထဲမှ ပုတီးကို ယူ၍ ပုတီးစိပ်ရန်

ပြင်သည်။

`မမကြီး ပုတီး မစိပ်ခင် တစ်ခုခု စားဦးလေ။ ညစာမှ မစားရသေးတာ’



`ကျေးဇူးတင်တယ် ကြီးဒေါ်။ ကျွန်မ မဆာတော့ဘူး’



`အို၊ ဘယ်ဖြစ်မလဲ။ စားဦးမှပေါ့။ ကျွန်မ ကိုယ်တိုင် သွားပြင်လိုက်မယ်။ ပေါ့ရေ၊ တော့် ထမင်းချက်တွေကို ပြောဦး။

ဟင်းတွေ ပြန်နွှေးလိုက်လို့၊ မမကြီး ပြန်လာပြီ’

ကြီးဒေါ်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးအောက်တွင် ကြမ်းပြင်သည် တုန်ခါလျက် ရှိ၏။ အိမ်ရှေ့မှ အော်ပြောနေသော

သူ့အသံသည် တဖြည်းဖြည်း ထမင်းစားခန်းနားသို့ ရောက်လာသည်။

`အစကတည်းက ကျွန်မ ပြောသားပဲ။ စလက်တာရီတို့ကို ကူညီ စောင်မလို့ ဘာမှ မထူးပါဘူး။ သင်းတို့က ကူညီလို့

ကူညီမှန်း သိတတ်တဲ့ ဟာမျိုးတွေ မဟုတ်ဘူး။ ကျေးဇူးတို့ ဘာတို့လည်း နည်းနည်းလေးမှ မသိတတ်ဘူး။ မမကြီးတို့လို ဟာမျိုးမို့လို့ သင်းတို့အတွက် ဒီလောက် စိတ်ပန်း လူပန်းခံတာ၊ တကယ်ကတော့ သူတို့လို ဟာမျိုးကို ဒီလောက် ဂရုတစိုက် လုပ်ဖို့ နည်းနည်းလေးမှ မကောင်းဘူး’

74



ကြီးဒေါ်၏ အသံသည် နောက်မှ ကပ်၍ ပါသွားသည်။ စင်္ကြံမှ တစ်ဆင့် မီးဖိုချောင်ဘက်သို့ ရောက်သွားသည်။

ဤနည်းဖြင့် ကြီးဒေါ်သည် သူ့ အလုပ်၊ သူ့နေရာကို သခင်တွေကို သိအောင် ပြတတ်သည်။ သူလို ကပ္ပလီမက ဤကိစ္စကလေးလောက်ကို သခင်တွေထံ သွားပြောလျှင် ဂရုတစိုက် နားထောင်ကြမည် မဟုတ်။ သူ့တစ်ကိုယ်တည်း ညည်းသလိုလို ပြောသွားခြင်း အားဖြင့် မိမိ ဝတ္တရား ကျေကြောင်းကို သခင်လည်း သိစေသည်။ ကပ္ပလီ အစေခံများကိုလည်း မြည်တွန်ပြီးသား ဖြစ်စေသည်။

ဘဏ္ဏာစိုးကြီး ပေါ့သည် ပန်းကန်ပြား၊ ဓား၊ ဇွန်း၊ ခက်ရင်းတို့ကို ကိုင်၍ အခန်းထဲသို့ ဝင်လာသည်။ သူ့နောက်က

ဂျက် ဆိုသည့် ဆယ်နှစ်သား ကပ္ပလီကလေး လိုက်လာသည်။ လက်တစ်ဖက်က အပေါ်အင်္ကျီ ကြယ်သီးကို တပ်လာပြီး အခြား တစ်ဖက်က ကျူရိုး လက်ကိုင်တွင် သတင်းစာ စက္ကူစ မျှင်မျှင်လေးများကို ပန်းပွားသဖွယ် တပ်ထားသည့် ယင်ရိုက် တစ်ချောင်းကို ကိုင်လာသည်။ မေမေ့တွင် လှပသည့် ဒေါင်းမြီးယပ် တစ်ချောင်းလည်း ရှိသည်။ သို့ရာတွင် အထူးကိစ္စ ရှိမှ ထုတ်၍ သုံးသည်။ ဘဏ္ဏာစိုးကြီး ပေါ့၊ ကပ္ပလီ ထမင်းချက်ကြီးနှင့် ကြီးဒေါ်တို့က ဒေါင်းမြီးများသည် နိမိတ် မရှိဟု ယူဆသဖြင့် သူတို့နှင့် အကျောက်အကန် ပြောပြီးမှ သုံးရသည်။

ဖေဖေက ပေးသည့် ကုလားထိုင်တွင် မေမေ ဝင်ထိုင်လိုက်သည်နှင့် ဖေဖေနှင့် သမီး သုံးယောက်က တစ်ယောက်

တစ်ခွန်း ဝိုင်း၍ ပြောကြသည်။

`မေမေ သမီး ပွဲတက်ဝတ်စုံ ဇာနားက ပြုတ်နေပြီ၊ မနက်ဖြန် ဝက်သစ်ချမြိုင် ပျော်ပွဲစား သွားတော့ ဝတ်ချင်တယ်။

အဲဒါ ဇာနားလေး ပြန်တပ်ပေးပါ’

`မေမေ မနက်ဖြန် ကပွဲမှာ သမီး ညလုံးပေါက် နေရမလားဟင်။ သမီး ဆယ့်သုံးနှစ်ထဲ ရောက်နေပြီပဲ’



`မေမေ မမရဲ့ ပွဲတက်ဝတ်စုံက လှတယ်နော်။ သမီး ဝတ်စုံက လှလည်း မလှဘူး။ ပန်းရောင် ရဲရဲကြီး။ ရိုင်းလိုက်တာ။

သမီး ပန်းရောင် ဝတ်စုံကို သူ့ပေးပြီး သူ့ဝတ်စုံ အစိမ်းကို သမီး ဝတ်မယ်နော်။ သူက ပန်းရောင်နှင့် ဆိုရင် သိပ်လှတာ’

`ဟယ် နေကြစမ်းပါဦး။ တစ်ယောက် တစ်ပေါက်၊ ဆူနေတာပဲ။ ဒီမှာ အယ်လင်၊ မနက်က အတ္တလန်တာမှာ ကိတ်နှင့်

တွေ့ခဲ့တယ်။ နေကြစမ်းပါဦး ဟဲ့။ နင်တို့ ပြောနေတာနှင့် ကိုယ့်အသံတောင် ကိုယ်ပြန် မကြားရတော့ဘူး။ အတ္တလန်တာမှာတော့ အခြေအနေ ဆိုးနေပြီတဲ့။ လူတွေက ပြည်တွင်းစစ် အကြောင်း စစ်တပ် ဖွဲ့ဖို့အကြောင်း၊ စစ်ပညာ သင်ဖို့ အကြောင်း ပြောနေကြတာပဲတဲ့။ မြောက်ပိုင်းသာ ယန်ကီတွေ စော်ကားတာကို မခံတော့ဘူးတဲ့’

`အေးလေ သူတို့က ဒီလို သဘောထားရင် ကျွန်မတို့ကလည်း ဒီလိုပဲ သဘောထားရမှာပေါ့’ မေမေက ဖေဖေ့ကို

ဦးဦးဖျားဖျား လှည့်ပြောသည်။ ပြီးမှ ဝတ်စုံ လဲဝတ်ပေးရန် ပူဆာနေသည့် ကာရင်းဘက်သို့ လှည့်သည်။

`နေဦးလေ၊ သမီးက ငယ်သေးတယ် မဟုတ်လား။ တစ်နှစ်လောက် စောင့်ဦး။ နောက်နှစ်ကျတော့မှ ကပွဲကို

ညလုံးပေါက် တက်ပြီး လူကြီးဝတ်တဲ့ ပွဲတက် ဝတ်စုံကို ဝတ်ရမယ်။ နှုတ်ခမ်း မစူနှင့်လေ။ သမီးက ငယ်သေးတယ်။ မနက်ဖြန် ပျော်ပွဲစားကိုတော့ သွားရမယ်။ ဒါပေမယ့် ကပွဲကိုတော့ ဆယ့်လေးနှစ် မပြည့်မချင်း မတက်ရသေးဘူး။ ကဲ သမီးကြီး စကားလက်ရဲ့ ဂါဝန်ရော။ မေမေ့ကို ပေး။ ပုတီးစိပ်ပြီးရင် မေမေက ဇာနား တပ်ပေးမယ်။ သမီးလတ် ဆွီလင် ဒီလို မပြောနှင့်၊

75

မေမေ မကြိုက်ဘူး။ သမီးရဲ့ ပန်းရောင် ပွဲတက် ဝတ်စုံက သမီးရဲ့ အသားနှင့် လိုက်တယ်။ ချစ်စရာကလေး။ အစိမ်းရောင် ဝတ်စုံက စကားလက်နှင့်မှ လိုက်တာ။ ဒါပေမယ့် မနက်ဖြန် ညမှာ သမီး ဝတ်ချင်တယ်ဆိုရင် မေမေရဲ့ ဂေါ်မုတ် ဘယက်ကို ဆွဲသွား’

မေမေ့ နောက်တွင် ထိုင်နေသည့် ဆွီလင်က အောင်ပြီဆိုသည့် သဘောဖြင့် စကားလက်ကို နှာခေါင်း ရှုံ့ပြလိုက်၏။

မေမေ့ ဘယက်ကို တောင်း၍ ဆွဲမည်ဟု စိတ်ကူးထားသည့် စကားလက်အဖို့ နောက်ကျသွားပြီ။ စကားလက်က လျှာထုတ်၍ ပြသည်။ ဆွီလင်က သူ့ဖို့ကိုသာ သူ ကြည့်တတ်သည်။ နားပူ နားဆာ လုပ်တတ်သည်။ မေမေ ရှိနေသဖြင့် စကားလက် ငြိမ်နေလိုက်ရသည်။ မေမေသာ မရှိလျှင် ဆွီလင့် နားရွက်ကို ဆွဲလိမ် ပစ်လိုက်ချင်သည်။

`ကဲ အစ်ကိုကြီး၊ ကြားခဲ့တဲ့ သတင်းတွေ ပြောစမ်းပါဦး’



စင်စစ် မေမေသည် ပြည်တွင်းစစ် အကြောင်း၊ နိုင်ငံရေး အကြောင်းများကို နည်းနည်းမျှ စိတ်ဝင်စားခြင်း မရှိ။

ထိုအလုပ်များသည် ယောက်ျားများ၏ အလုပ်ဖြစ်သည်။ မိန်းမများ၏ အလုပ် မဟုတ်ဟု မေမေ ထင်ကြောင်း စကားလက် ကောင်းကောင်း သိသည်။ သို့ရာတွင် ဖေဖေက ပြောချင်လွန်း အားကြီးသဖြင့် ဖေဖေ့အလိုကျ အလိုက်အထိုက် ပြန်ပြောနေခြင်း ဖြစ်သည်။

ဖေဖေက သူ ကြားခဲ့သည့် သတင်းများကို ဖောက်သည်ချနေစဉ် ကြီးဒေါ်က မေမေ့ ရှေ့တွင် ပန်းကန် တစ်ချပ် လာချကာ

ဘီစကွတ်မုန့်များ၊ ကြက်ကလေး ရင်အုပ်ကြော် တစ်ပွဲနှင့် အငွေ့ တထောင်းထောင်း ထနေသည့် ပိန်းဥပြုတ် ပူပူနွေးနွေး တစ်ပန်းကန်ကို ချလာသည်။ ထောပတ် လှိမ့်ထားသဖြင့် ထောပတ်နံ့က သင်း၍ အရောင်က ဝင်းနေသည်။ ကြီးဒေါ်က ဂျက်ကို ဆိတ်လိုက်သဖြင့် ငေးကြည့်နေသော ဂျက်က မေမေ့ နောက်မှနေ၍ ယင် ခြောက်ပေးနေသည်။ ကြီးဒေါ်သည် စားပွဲဘေးမှ ရပ်ကာ မေမေ စားသည်ကို ငေးကြည့်နေသည်။ မေမေ အစားလျော့သွားလျှင် မေမေ့ လည်ချောင်းထဲသို့ အတင်း ထိုးသွင်း ထည့်ပေးတော့မည့် ပုံမျိုး။ မေမေက ကြိုးစား၍ စားနေရသော်လည်း ပင်ပန်းနေသဖြင့် မြိန်မြိန်ယှက်ယှက် ရှိပုံ မရ။ ကြီးဒေါ်ကို အားနာ၍ စားနေဟန် တူသည်။

မေမေ စားပြီးသည့် အခါတွင် ဖေဖေက ကပ္ပလီ လူမည်းတွေကို ငွေဝယ်ကျွန် စနစ်က လွတ်အောင် လုပ်ချင်သည့်

ယန်ကီတွေ မကောင်းကြောင်း ပြော၍ ကောင်းဆဲ ရှိသေးသည်။ အယ်လင်က စားပွဲမှ ထသည်။

`သြော်၊ တို့တစ်တွေ ဘုရား ဝတ်ပြုကြရဦးမှာ မဟုတ်လား’



ဖေဖေက မေးသည်။



`သြော် ဟုတ်သားပဲ၊ တော်တော်တောင် ညဥ့်နက်သွားပြီ။ ဆယ်နာရီ ထိုးနေပြီ။ ခါတိုင်းဆို သမီးထွေးတောင်

အိပ်ပျော်လောက်ပြီ။ ပေါ့ရေ ကျွန်မ မီးအိမ် ယူခဲ့ပါ။ ကြီးဒေါ်က ဘုရား စာအုပ် ရှာပေးပါဦး’

ကြီးဒေါ်၏ အမိန့်ဖြင့် ဂျက်သည် ယင်ရိုက်ကို ချကာ ပန်းကန်များကို သိမ်းသည်။ ကြီးဒေါ်က နံရံကပ် ဗီရိုအံဆွဲကို

ထုတ်ကာ မေမေ့ ဘုရားရှိခိုး စာအုပ် ခပ်ဟောင်းဟောင်း ကလေးကို စမ်းရှာနေသည်။ ပေါ့က ခြေဖျားထောက်၍ ချိတ်တွင် ချိတ်ထားသည့် မှန်အိမ်ကို ဖြုတ်လိုက်ပြီး မှန်အိမ်ကို အောက်သို့ ချလိုက်သည်။ မီးအိမ်ကို အောက်သို့ နှိမ့်လိုက်သဖြင့်

76

မျက်နှာကြက်သည် အမှောင်ရိပ်ထဲသို့ ရောက်သွားသည်။ မေမေက ဝတ်စုံကို သိမ်းကာ ကြမ်းပြင်တွင် ဒူးထောက် ထိုင်သည်။ ဘုရားရှိခိုး စာအုပ်ကို ရှေ့က စားပွဲတွင် တင်သည်။ ဖေဖေကလည်း ဘေးတွင် ဒူးထောက်၍ ထိုင်သည်။ စကားလက်နှင့် ဆွီလင်ကလည်း သူတို့ ထိုင်နေကျ နေရာတွင် ဝင်ထိုင်သည်။ ကြမ်းပြင်တွင် ကြာကြာ ဒူးထောက် ထားရသဖြင့် ဒူးမနာစေရန် ဂါဝန်စကို ဒူးအောက်တွင် ဆွဲ၍ ခင်းထား လိုက်ကြသည်။ ကာရင်းကမူ အငယ်ဆုံးဖြစ်၍ ဒူးထောက် ထိုင်သည့်အခါတွင် စားပွဲကို မမီ့တမီ ဖြစ်နေသည်။ ထို့ကြောင့် ကုလားထိုင် တစ်လုံးရှေ့တွင် ဒူးထောက်ထိုင်ကာ ကုလားထိုင်တွင် တံတောင် ထောက်ထားသည်။ ဤသို့ ထိုင်ရသည်ကို ကာရင်း သဘောကျသည်။ ဘုရား ရှိခိုးနေစဉ် အိပ်ငိုက်၍ ကောင်းသည့် အနေအထားမျိုး ဖြစ်သည်။ အိပ်ငိုက်လျှင်လည်း မေမေ မမြင်နိုင်။

အိမ်စေ ကျွန်များကလည်း တံခါးဝတွင် ဒူးထောက် ထိုင်ကြသည်။ ကြီးဒေါ်က သူ့ ခန္ဓာကိုယ်ကြီးကို မနိုင့်တနိုင် အရှိန်

သတ်ရင်း တညည်းညည်း တညူညူဖြင့် ထိုင်သည်။ ပေါ့က ကြိမ်တုတ် တစ်ချောင်းလို မတ်မတ် ထိုင်သည်။ ရိုဇာ၊ လီနာနှင့် အခြား အိမ်စေကျွန်များက ရောင်စုံ သမ်းနေသည့် သရက်ထည် ဂါဝန်ကြီးတွေကို ဖြန့်၍ ထိုင်ကြသည်။ ထမင်းချက် မိန်းမကြီးက ဖြူဖွေးနေသော မျက်နှာသုတ် ပဝါကြီး ခေါင်းပေါင်းလျက် ထိုင်သည်။ အိပ်ငိုက်နေသည့် ဂျက်က ကြီးဒေါ် အဆိတ်ခံရမည် စိုးသဖြင့် ကြီးဒေါ်နှင့် ဝေးရာတွင် ထိုင်သည်။ ကပ္ပလီကျွန်များ၏ မျက်လုံးများသည် တောက်ပနေကြသည်။ သူတို့ အဖို့မူ လူဖြူ သခင်များနှင့် အတူ ဘုရား ဝတ်တက်ရခြင်းသည် အခွင့်ထူးကြီး တစ်ရပ် ဖြစ်နေသည်။ ကပ္ပလီများသည် ဘုရားရှိခိုး၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားမလည် ကြသော်လည်း စိတ်သက်သာရာ ရစေသည်။ ဘုရား ရှိခိုးသည့် အခါတွင် သူတို့၏ ခန္ဓာကိုယ်များသည် ယိမ်းထိုးနေတတ်ကြသည်။

မေမေက မျက်လုံးများကို မှိတ်၍ ဘုရားရှိခိုး ရွတ်သည်။ မေမေ့ အသံသည် နိမ့်ချည် မြင့်ချည်။ နှစ်သိမ့်ဖွယ် အေးမြမှုကို

ဖြစ်စေသည်။ မေမေက ဘုရားသခင်၏ ကျေးဇူးတော် အမွှန်းကို ရွတ်နေစဉ် ခေါင်းများသည် အောက်သို့ ကျနေကြသည်။

မေမေက အမျှအတန်း ဝေ၍ မေတ္တာပို့သည်။ ခုနစ်ရက် သားသမီးကို မေတ္တာပို့ပြီးနောက် မြိုင်သာယာမှ မိမိ၏ မိဘနှစ်ပါး၊

ညီမများ၊ ဆုံးသွားသည့် သားသုံးယောက်နှင့် တကွ အပါယ်လေးဘုံမှ သတ္တဝါများကို အမျှအတန်း ဝေသည်။ မေမေသည် လက်ချောင်း သွယ်သွယ်များဖြင့် ဖြူဖွေးသည့် ပုတီးစေ့များကို စိပ်နေသည်။ လေပြည် လေညင်းလေး ဝေ့ဝိုက်လာသည့်နှယ် ကပ္ပလီ ကျွန်များ၏ ဆုတောင်းသံများသည် ငြိမ့်ငြိမ့် လေးလေး ပေါ်ထွက်လာသည်။

`အို၊ မြင့်မြတ်တော်မူသော မယ်တော် မာရီ။ ဒုစရိုက်ကောင် တပည့်တော်တို့အား ကယ်တင် စောင်မ တော်မူပါ ဘုရား’



အက်ရှလေတို့ ကိစ္စကြောင့် စကားလက် ရင်ထဲတွင် နင့်နေသည်။ မျက်ရည်တွေကို အနိုင်နိုင် ထိန်းထားရသည်။

သို့တိုင်အောင် ဤအချိန်၊ ဤနေရာတွင် ဘုရား၏ ရှေ့တော်မှောက်သို့ ရောက်၍ ဘုရား ရှိခိုးသံကို ကြားလိုက်ရသည်၌ သူ့ရင်သည် အေးမြသွားသည်။ ငြိမ်သက်သွားခဲ့သည်။ နေ့လယ်က စိတ်ညစ်ခဲ့ရသည် တို့လည်း မရှိတော့။ မနက်ဖြန် အတွက် ပူပင်နေရသည်တို့လည်း မကျန်တော့။ လွင့်ပျောက်ကာ သူ့ရင်တွင် မျှော်လင့်ချက်တို့ဖြင့် ပြည့်လာသည်။ သို့ဖြစ်ရခြင်းမှာ မိမိ၏ စိတ်နှလုံးသည် ဘုရားထံတွင် မာန်လျှော့ကာ ရိုကျိုး ညွတ်နူး သွားခြင်းကြောင့် မဟုတ်။ သူ့အဖို့ ဘာသာတရားသည် လျှာဖျားပေါ်တွင် ရှိသည်။ ထိုထက် ဘာမျှ ပို၍ လေးနက်ခြင်း မရှိ။ သို့ဖြစ်ရခြင်းမှာ ဘုရားစင်ရှေ့တွင် မော့လျက်ရှိသော မေမေ့၏ အေးမြ ငြိမ်းချမ်းသော မျက်နှာကို မြင်ရခြင်းကြောင့်သာ ဖြစ်သည်။ ဘုရားထံ မေမေ ဆုတောင်းပြီ ဆိုလျှင် မေမေ့ ဆုတောင်းသံသည် ဘုရားသခင်ထံ ရောက်လိမ့်မည်ဟု စကားလက် ထင်နေသည်။

77



မေမေက ပုတီးစိပ်၍ ပြီးသွားပြီ။ ဖေဖေကမူ ပုတီးစေ့ကို တစ်လုံးပြီး တစ်လုံး မနည်း စမ်းနေရဟန် တူသည်။

ယခုမှ ဆယ်လုံးလောက်သာ ကျသေးသည်။ ဘုရား ရှိခိုးနေရင်း စကားလက်၏ အတွေးများသည် ဆောက်တည်ရာ မရ လွင့်နေကြသည်။ ဘုရားဝတ်ပြုပြီ ဆိုလျှင် မိမိ၏ သီလကို ပြန်စစ်ဆေးရမည်ကို စကားလက် သိသည်။ တစ်နေ့ကုန်လျှင် မိမိ သီလကို မိမိ ပြန်စစ်ဆေးသင့်သည်ဟု မေမေကလည်း မကြာခဏ သွန်သင်ဖူးသည်။ မိမိ၏ ဒုစရိုက်တို့ကို ဝန်ခံကာ ဘုရားသခင်ထံ ခွင့်လွှတ်တော်မူရန် ခွင့်ပန်ရမည်ဟုလည်း မေမေက ထပ်တလဲလဲ ဆုံးမဖူးသည်။ သို့ရာတွင် စကားလက်သည် ဤအလုပ်ကို မလုပ်နိုင်။ သူ့စိတ်သည် ပျံ့လွင့်နေသည်။

စကားလက်သည် သူ့မျက်နှာကို မေမေ မမြင်အောင် ခေါင်းငုံ့ထားလိုက်သည်။ သူ့အတွေးများသည် အက်ရှလေထံသို့

ရောက်နေသည်။ အက်ရှလေသည် မိမိကို တကယ် ချစ်သည်။ သို့ချစ်လျက်နှင့် အဘယ့်ကြောင့် မီလာနီကို လက်ထပ်ဖို့ လုပ်ရသနည်း။ သူ့အသည်းကို ဘာ့ကြောင့် ခွဲခဲ့ရသနည်း။

ထိုစဉ် အတွေး တစ်ခုသည် သူ့ခေါင်းထဲသို့ ကြယ်တံခွန် ပြက်သလို လက်ခနဲ လင်းလာသည်။



`အို၊ ဟုတ်သားပဲ။ ငါက သူ့ကို ပြန်ချစ်နေတယ်ဆိုတာ အက်ရှလေက ဘယ်လိုလုပ်ပြီး သိဦးမှာလဲ’



စကားလက် စိတ်ထဲက ဆိုမိသည်။ မမျှော်လင့်ဘဲ လက်ခနဲ ဝင်လာသော အတွေးကြောင့် အသက်ပင် အနိုင်နိုင်

ရှူမိသည်။ သူ့စိတ်အလျဉ်သည် သွက်ချာပါဒ လိုက်သွားသည့်နှယ် ခေတ္တ ရပ်သွားပြီး နောက်မှ ဆက်၍ စီးဆင်းသွားသည်။

`ငါက ပြန်မပြောသေးတော့ သူ့ကို ချစ်နေတယ် ဆိုတာ သူ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ပြီးတော့ ငါနေပုံကလည်း

ခပ်တန်းတန်း ဆိုတော့ သူ့ကို မိတ်ဆွေ တစ်ယောက်ထက် မပိုဘူးလို့ပဲ ထင်မှာပေါ့။ လက်စသတ်တော့ သူက ဒါကြောင့် ဖွင့်မပြောတာကိုး။ သူ့အချစ်ဟာ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်နေပုံ ရတယ်။ ဒါကြောင့်သာ သူ သူ’

အက်ရှလေနှင့် သူ တွေ့ဆုံ စကားပြောခဲ့သည်များကို စကားလက် ပြန်သတိရသည်။ သူ၏ ပြာလဲ့လဲ့ မျက်လုံးများသည်

သူ့ အတွေးများကို ဖုံးကွယ်သည့်နှယ် ရှိသည်။

`ငါ့ကို စတူးဝပ်၊ ဘရင့်၊ ကိတ် တစ်ယောက်ယောက်နှင့်များ ထင်နေသလား မသိဘူး။ ဒါကြောင့် သူ ခပ်မှိုင်မှိုင်

ဖြစ်နေတာ ဖြစ်မှာပေါ့။ ငါ့ကို မရတော့တဲ့ အတူတူ မိဘ စိတ်ချမ်းသာအောင် မီလာနီကို ယူလိုက်ရတာ ဖြစ်မှာပဲ။ ဒါပေမယ့် သူ့ကို ချစ်နေတယ် ဆိုတာ သူသိရင်’

စကားလက်၏ အပြောင်းအလဲ မြန်သော စိတ်သည် နောက်ကျိ ရှုပ်ပွေရာမှ တစ်မဟုတ်ချင်း လန်းဆန်း လာပြန်သည်။

အက်ရှလေ ခပ်မှိုင်မှိုင် ဖြစ်နေခြင်းမှာ ဤအကြောင်း ကြောင့်ပင် ဖြစ်ရမည်။ သူ့ကို ပြန်ချစ်နေသည် ဆိုသည်ကို အက်ရှလေ မသိ။ စကားလက် စိတ်တွင် ထိုအတိုင်း ထင်ချင်သည်။ အစဉ်းစားဉာဏ် နည်းသူပီပီ ထင်လာလျှင် ယုံပစ်လိုက်သည်။ သူက ချစ်နေသည်ကို သိလျှင် အက်ရှလေသည် သူ့ဘက်သို့ ပါလာမည် မုချ။ သူကသာ ဖွင့်ပြောဖို့ လိုသည်။

`အို၊ သိပ် အ တာပဲ။ ဘာဖြစ်လို့ ဒါကို ခုမှ စဉ်းစား မိရတာလဲ။ ငါက ချစ်နေတယ်ဆိုတာ သူ သိအောင် လုပ်ရမယ်။

သူသိရင် မီလာနီကို လက်ထပ်မှာ မဟုတ်ဘူး။ သေချာတယ်’

78



စကားလက်က နဖူးကို လက်ချောင်းများဖြင့် ထောက်၍ စဉ်းစားနေသည်။



ဖေဖေ

ပုတီးစိပ်၍

ပြီးသွားပြီ။

မေမေက

သူ့ကို

ကြည့်နေကြောင်း

စကားလက်

သတိထားလိုက်မိသည်။

စကားလက်သည် ပုတီးကို ဆယ်ပတ်ပြည့်အောင် မြန်မြန် စိပ်သည်။ ကြီးဒေါ်က သူ ပုတီးစိပ်နေပုံကို မျက်စောင်းကြီး ထိုး၍ ကြည့်နေသည်။ သူ ပြီးလျှင် ဆွီလင်နှင့် ကာရင်းတို့ကလည်း ဆယ်ပတ်စီ စိပ်ကြသည်။ စကားလက်ကမူ သူ့စိတ်ကူးနှင့်သူ တွေးနေ ငေးနေဆဲ။

ပြောမည်ဆိုလျှင် အချိန် ရှိသေးသည်။ နောက် မကျသေး။ တချို့များ ဆိုလျှင် လက်ထပ်ခါနီး ဆဲဆဲမှာပင်

ထွက်ပြေးကြသေးသည်။ ယခု အက်ရှလေတို့ ကိစ္စကမူ စေ့စပ် ကြောင်းလမ်းခြင်းပင် မပြုရသေး။ အချိန် ရှိသေးသည်။

လူကြီးခြင်း သဘောတူရုံသာ ရှိသေးလျှင်၊ သူတို့ နှစ်ဦး မချစ်ကြသေးလျှင် အက်ရှလေ အဖို့ ဘာအခက်အခဲမှ မရှိ။

သူ့ကို လက်ထပ် နိုင်သေးသည်။ သူ့ကို ပြန်ချစ်နေကြောင်း သိလျှင် အက်ရှလေသည် သူ့ကို မုချ လက်ထပ် လိမ့်မည်ဟုလည်း စကားလက် ယုံကြည်သည်။ အရေးကြီးသည်က အက်ရှလေ သိအောင် လုပ်ဖို့သာ ဖြစ်သည်။

စကားလက်သည် သူ့ အိပ်မက်မှ ရုတ်တရက် နိုးလာသည်။ မေမေက သူ့ကို မနှစ်သက်ဟန်ဖြင့် ကြည့်နေသည်ကို

သူ သတိမပြုမိ။ စကားလက်သည် မျက်လုံးကို ဖွင့်ကာ အခန်းပတ်ပတ်လည်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဒူးထောက်နေသည့် လူပုံ သဏ္ဍာန်များ၊ ခပ်မှိန်မှိန် လင်းနေသည့် မီးရောင်၊ ကပ္ပလီ ကျွန်များ၏ အရိပ်များ စသည့် လွန်ခဲ့သည့် တစ်နာရီလောက်က သူ ငြီးငွေ့ ရွံ့မုန်းခဲ့သည့် အရာများသည် လှပ တင့်တယ်လာသည်ဟု ထင်ရ၏။ ဤ အခိုက်အတန့် ကလေးကို စကားလက် ဘယ်တော့မျှ မေ့တော့မည် မဟုတ်။

မေမေက မယ်တော်မာရီ အမွှန်းကို ရွတ်သည်။ မယ်တော် မာရီ အမွှန်းကို ရွတ်လျှင် စကားလက်၏ ဘဝင်သည်

ချမ်းမြေ့နေတတ်သည်။ မယ်တော်မာရီ အမွှန်းသည် ခရစ်တော်၏ မယ်တော်ကို မွှန်သည့် အမွှန်းဟု မထင်။ သူ့မေမေကို မွှန်းသည့် အမွှန်းဟု ထင်သည်။ မနှိုင်းကောင်းရာကို နှိုင်းသဖြင့် ဘုရားဂိုဏ်း သင့်ကောင်း သင့်မည်။ သို့ရာတွင် စကားလက်၏ စိတ်ထဲတွင်မူ မျက်စိ မှိတ်၍ မယ်တော် မာရီ၏ ရုပ်ပုံကို အာရုံပြုလိုက်သည်နှင့် မယ်တော်မာရီ၏ ရုပ်ပုံကို မမြင်။ မေမေ့ ရုပ်ပုံကိုသာ မြင်နေသည်။ မယ်တော်မာရီ အမွှန်းတွင် ပါသည့် ‘နာမကျန်းသူတို့၏ ကျန်းမာခြင်း၊ ဉာဏ်အလင်းရောင် ကွန့်မြူးရာ၊ အပြစ်ရောက်သူတို့ ခိုလှုံရာ၊ လျှို့ဝှက်အပ်ရာ နှင်းဆီ’ စသည့် မယ်တော်မာရီ၏ ဂုဏ်တော်ကို ဖွင့်သည့် စကားလုံးများသည် မေမေ၏ ဂုဏ်သတင်းကို ဖော်ပြသည့် စကားလုံးများဟု ထင်မိသည်။

ယနေ့ည၌မူ သူ့စိတ်သည် ရွှင်လန်းလျက် ရှိသဖြင့် တိုးတိတ် သာယာသော ဘုရားရှိခိုးသံသည်လည်းကောင်း၊

အာမဘန္တေ လိုက်သံသည်လည်းကောင်း ခါတိုင်းထက် ပို၍ သာယာ နာပျော်ဖွယ် ရှိသည်ဟု ထင်ရ၏။

ဘုရားရှိခိုး ပြီးသည့်အခါတွင် အားလုံး နေရာမှ ထကြသည်။ ကြီးဒေါ်က သူ့ခန္ဓာ ကိုယ်ကြီးကို သူ မနိုင်သဖြင့် ရိုဇာနှင့်

လီနာတို့က တွဲထူရသည်။ ပေါ့က စင်ပေါ်မှ မီးစာ ရှည်ရှည် တစ်ခုကို ဆွဲကာ မှန်အိမ်မှ မီးကူးပြီးနောက် ခန်းမဆောင်သို့ ရှေ့ဆုံးမှ ဆင်းလာခဲ့သည်။ တစ်ဆစ်ချိုး လှေကားကြီးနှင့် မျက်နှာချင်းဆိုင်တွင် သစ်ကြားသာ ဗီရိုကြီး တစ်လုံး ရှိသည်။ ထမင်းစားခန်း အတွက် ကြီးလွန်းသဖြင့် ဤနေရာသို့ ပို့ထားရခြင်း ဖြစ်သည်။ ဗီရိုကြီး ပေါ်တွင် မှန်အိမ်များနှင့် ဖယောင်းတိုင် စိုက်ထားသည့် ဖယောင်းတိုင်ခုံများ တင်ထားသည်။ ပေါ့က မှန်အိမ် တစ်လုံးနှင့် ဖယောင်းတိုင် သုံးတိုင်ကို မီးညှိသည်။ ဘုရင့်

79

သလွန်ခန်းသို့ ဧကရာဇ် တစ်ပါးနှင့် ဧကရီ တစ်ပါးကို လမ်းပြ ခေါ်လာသည့် အိပ်ဖန်စောင့် မှူးကြီး၏ ဣနြေ္ဒမျိုးဖြင့် မှန်အိမ်ကို ခေါင်းပေါ်သို့ မြှောက်ကာ အိမ်သူ အိမ်သားများကို လှေကားမှ အိမ်ပေါ်သို့ ခေါ်လာသည်။ မေမေက ဖေဖေ့ လက်မောင်းကို လှမ်းကိုင်ကာ နောက်မှ တက်လိုက်လာသည်။ ညီအစ်မ တစ်သိုက်က ဖယောင်းတိုင်များကို ကိုယ်စီ ကိုင်ကာ နောက်မှ တက်လိုက် လာခဲ့ကြသည်။

စကားလက်သည် သူ့အခန်းထဲသို့ ဝင်လာကာ ဖယောင်းတိုင်ကို ဗီရိုတစ်လုံးပေါ်သို့ တင်သည်။ ဇာနား တပ်ရသည့်

ပွဲတက်ဝတ်စုံကို အဝတ်ဗီရို အံဆွဲတွင် စမ်းရှာသည်။ ဝတ်စုံကို လက်မောင်းပေါ်တွင် ခပ်ပွပွ တင်ကာ စင်္ကြံ ခန်းမကို တိတ်တဆိတ် ဖြတ်လာခဲ့သည်။ ဖေဖေနှင့် မေမေတို့ အခန်း တံခါးက ဟနေသည်။ စကားလက်က တံခါးခေါက်မည် အပြု မေမေ့ အသံကို ကြားလိုက်ရသည်။ မေမေ့ အသံက ခပ်တိုးတိုး ဖြစ်သော်လည်း မာနေသည်။

`အစ်ကိုကြီး ဂျိုနာကို အလုပ်က ထုတ်လိုက်တော့’



ဖေဖေက ပြန်အော်သည်။



`ငါ့မှာ ဒီလို လက်သမားမျိုး ဘယ်က ရှာရမှာလဲ။ ဒီကောင်လို ရိုးတဲ့ကောင်မျိုး ထမင်းထုတ်နှင့် လိုက်ရှာတောင်

မတွေ့ဘူး။ ဘာမှ မခိုးဘူး၊ စိတ်ချရတယ်’

`မနက်ဖြန် ကျရင်သာ သူ့ကို ထုတ်ပစ်လိုက်ပါ။ ဆမ် ရှိတယ်။ သူ့အစား ဝင်လုပ်လိမ့်မယ်။ နောက်တစ်ယောက်

ရှာရတဲ့ အထိ ဆမ်ကိုပဲ ခိုင်းရမှာပဲ’

`နေစမ်းပါဦး၊ ဂျိုနာက ဘာအပြစ် ရှိလို့လဲ’



`ကျွန်မ မပြောချင်ဘူး။ ထုတ်လိုက်ပါတော့လို့ပဲ ပြောချင်တယ်’



`အင်း ဂျိုနာဟာ အင်မီစလက်တာရီကို အပျော်ကြံလို့ မေမေ စိတ်ဆိုးနေပုံ ရတယ်။ အေးလေ မေမေကလည်း

ဘာဖြစ်လို့ ဒီလောက်တောင် ဖြစ်နေရတာလဲ။ ယန်ကီ တစ်ယောက်နှင့် စလက်တာရီလို လူမျိုးသမီး ကိစ္စကို အရေးလုပ်လို့’

စကားလက်က တွေးနေသည်။



ဖေဖေ၏ အသံကို ကြားနေရသည်။ စကားလက်က ဖေဖေ့ အသံစဲအောင် စောင့်ပြီး တံခါးကို ခပ်ဖြည်းဖြည်း ခေါက်ကာ

ဇာနားတပ်ဖို့ ဝတ်စုံကို မေမေ့ထံ လှမ်းပေးလိုက်သည်။

အဝတ်အစား လဲပြီး ဖယောင်းတိုင်ကို ငြိမ်းလိုက်သည့် အခါတွင်မူ မနက်ဖြန် ကပွဲအတွက် အစီအစဉ်တွေ အားလုံး

ပြီးသွားပြီ။ ဖအေ့သမီးပီပီ စကားလက်သည် ရည်ရွယ်ချက် တစ်ခုကို ခိုင်ခိုင်ထားသည်။ ထိုရည်ရွယ်ချက် အောင်မြင်ရေး အတွက် လုပ်စရာ ရှိသည်ကို လုပ်သည်။

မနက်ဖြန် ကပွဲအတွက် သူ့ အစီအစဉ်၊ သူ့ ရည်ရွယ်ချက်က ဘာမျှ အဆန်းမပါ။



ပထမ၊ မနက်ဖြန် ဝက်သစ်ချမြိုင် ကပွဲသို့ ရောက်လျှင် ဖေဖေ ပြောထားသည့် အတိုင်း ‘ကိုယ့်မာနဖြင့်’ ကိုယ်

80

နေပြရမည်။ ဝက်သစ်ချမြိုင်သို့ ရောက်လျှင် မည်သို့မျှ မဖြစ်သည့်နှယ် အရွှင်ပျနိုင်ဆုံး နေပြရမည်။ အက်ရှလေနှင့် မီလာနီတို့ ကိစ္စကြောင့် ဘာမျှ မဖြစ်သည့်ဟန် အများက ထင်အောင် နေပြရမည်။ ကပွဲသို့ လာသမျှ ယောက်ျားလေးတိုင်းနှင့် တွဲပြရမည်။ အက်ရှလေကို ရက်စက်ရာ ရောက်သည်မှာ မှန်သည်။ သို့ရာတွင် ဤသို့ တွဲပြခြင်းဖြင့် အက်ရှလေကို ပိုဆွေး စေလိမ့်မည်။ သူ့ကို ပို၍ တမ်းတလာလိမ့်မည်။ ဆွီလင်၏ အဆက် ဖရင့်မှ အစ၊ မီလာနီ၏ မောင် ခပ်ရှက်ရှက် လူပျိုပေါက်ကလေး ချားလ် ဟယ်မီတန် အထိ ယောက်ျားလေး မှန်သမျှနှင့် ပရောပရည် လုပ်ပြလိုက်မည်။ ပျားအုံ အနီးတွင် ပျားတွေ ဝဲနေသည့်နှယ် သူ့ အနားတွင် ယောက်ျားပျိုလေးတွေ ဝိုင်းဝိုင်းလည် နေရမည်။ ဤသို့ဆိုလျှင် အက်ရှလေသည်လည်း မီလာနီ အနားမှ ခွာကာ သူ့အနားသို့ ရောက်လာလိမ့်မည်။ ထိုအခါတွင် သူနှင့် အက်ရှလေ နှစ်ယောက်တည်း စကားပြောရအောင် ခေါ်ထုတ်မည်။ ဤနည်းသည် အကောင်းဆုံး ဖြစ်သည်ဟု သူ ထင်သည်။ အက်ရှလေက စ၍ မပြောလျှင် သူက စ၍ ပြောမည်ဟု စကားလက် စိတ်ကူးထားသည်။

သူတို့ နှစ်ယောက်တည်း ရှိသည့် အခါတွင် အက်ရှလေသည် သူ့မျက်နှာ ရှေ့တွင် ယောက်ျားပျိုလေးတွေ

ဝိုင်းဝိုင်းလည်နေသည့် မိမိကို ပို၍ တန်ဖိုးထားလာလိမ့်မည်။ သူ့ကို ကြည့်၍ နှမြောတသ ယူကျုံးမရ ဖြစ်လိမ့်မည်။ ထိုအခါကျမှ သူ့ကို ယောက်ျားတွေက ဝိုင်းဝိုင်းလည် နေသည့်တိုင် ကမ္ဘာပေါ်တွင် သူ့အချစ်ဆုံး သူသည် အက်ရှလေ ဖြစ်ကြောင်း ပြောပြလိုက်မည်။ သို့ရာတွင် ကိုယ်က စပြောသည့်တိုင် မိန်းမတို့ ဣနြေ္ဒ မပျက်စေရ။ အထင်မသေးစေရ။ သူလည်း နားလည်အောင် ကိုယ်လည်း သိက္ခာ မပျက်အောင် ပြောရလိမ့်မည်။ သူ့ကို ချစ်သည်ဟု ပြောင်ပြောင်တင်းတင်းကြီး ပြော၍မဖြစ်။ သို့ရာတွင် သူ နားလည်အောင် မည်သို့ ပြောမည် ဆိုသည့် ကိစ္စကို စကားလက် အသေးစိတ် မတွေးတော့။ ဤလို စကားမျိုးကို ပြောခဲ့ဖူးပြီ။ ယခုအကြိမ်သည် ဒုတိယ အကြိမ်သာ ဖြစ်သည်။

လရောင်သည် အိပ်ရာပေါ်တွင် လှဲနေသည့် စကားလက် အပေါ်သို့ ဖြာကျနေသည်။ စကားလက်သည် သူ့စိတ်ထဲတွင်

ရှုခင်းကို မြင်ယောင်နေသည်။ ကိုယ်က သူ့ကို ချစ်ကြောင်း ပြလိုက်သည့် အခါတွင် ရုတ်တရက် အံ့သြသွားသည့် အက်ရှလေ၏ မျက်နှာ၊ ပျော်နေသည့် အက်ရှလေ၏ မျက်နှာကို မြင်ယောင်နေသည်။ သူ့ကို ချစ်တင်း ဆိုသည့် အက်ရှလေ၏ စကားကို ကြားယောင်နေသည်။

ဤတွင် စေ့စပ် ကြောင်းလမ်းပြီး ဖြစ်သည့် ယောက်ျား တစ်ယောက်ကို လက်မထပ်နိုင်ကြောင်း ပြောရတော့မည်။

ထိုအခါတွင် အက်ရှလေက ဇွတ်ပြောမည်။ ကိုယ်ကလည်း လိုက်လျောလိုက်မည်။ နှစ်ယောက်သား ထိုနေ့ညတွင် ဂျုန်းဘာရိုသို့ ထွက်ပြေးကြမည်။

မနက်ဖြန်ည ဤအချိန်ဆိုလျှင် မိမိသည် အက်ရှလေ၏ ဇနီး ဖြစ်ရတော့မည်။



စကားလက်သည် ဒူးနှစ်လုံးကို ဖက်ကာ အိပ်ရာတွင် ထိုင်သည်။ အက်ရှလေ၏ ဇနီး အဖြစ် စိတ်ကူးယဉ်ခဲ့သည်။

သို့ရာတွင် သူ့တွက်ကိန်း အတိုင်း ဖြစ်လျှင် ကိစ္စမရှိ။ သူ့ တွက်ကိန်း အတိုင်း မဖြစ်လာခဲ့လျှင် မည်သို့နည်း။ ဥပမာ အက်ရှလေက သူ့ကို ခိုးပြေးဖို့ မပြောလျှင် မည်သို့နည်း။ စကားလက်သည် ထိုအတွေးကို ကြာကြာ လက်မခံ။ မောင်းထုတ် ပစ်လိုက်သည်။

`ဟင့်အင်း၊ ဒါတွေကို ခု မတွေးသေးဘူး။ ခု တွေးနေရင် ဦးနှောက် ခြောက်တယ်။ ငါထင်တဲ့ အတိုင်းသာ ဖြစ်ရမှာပေါ့။

81

ငါကလည်း ချစ်တယ်၊ သူကလည်း ချစ်တယ်ဆိုရင် ဘာကြောင့် မဖြစ်ရမှာလဲ။ အို သူက ချစ်တာလည်း သေချာပါတယ်’

စကားလက်က လရောင်ကို မော့ကြည့်သည်။ မျက်ဝန်း နက်နက်များသည် လရောင်တွင် ရွှန်းလဲ့နေကြ၏။

လောကတွင် စိတ်အလို ဆန္ဒနှင့် စိတ်အလိုဆန္ဒ ပြည့်ဝခြင်းသည် တခြားစီ ဖြစ်သည် ဟူသော အချက်ကိုမူ မေမေက မသင်ခဲ့။

စကားလက်သည် ငွေလရောင်ရိပ်တွင် လှဲကာ ဆယ့်ခြောက်နှစ်ရွယ် မိန်းမငယ်များ ထုံးစံ စိတ်ကူး ယဉ်နေသည်။ သူတို့

အရွယ်သည် လောက အကြောင်းကို မသိကြသေး။ အရှုံးကို မတွေ့ဖူးကြသေး။ အဝတ်အစား လှခြင်းနှင့် ရုပ်ချောခြင်းသည် ကံကြမ္မာကို တိုက်ခိုက်ရာတွင် လက်နက်ကောင်းကြီးများဟု ထင်နေကြသေးသည်။

82





နံနက် ၁ဝ နာရီ ထိုးပြီ။ ဧပြီလ ဆိုသော်လည်း ရာသီဥတုက နွေးနေသည်။ နေရောင်ခြည်များသည် ခန်းဆီးပြာများ

ကြားမှ စကားလက်၏ အခန်းတွင်းသို့ ဖြာကျ လာကြသည်။ နို့နှစ်ရောင် နံရံများသည် အလင်းရောင်ကြောင့် လင်းနေကြ၏။ မဟော်ဂနီ ကုလားထိုင် စားပွဲများသည် သပြေသီးမှည့်ရောင် တောက်နေကြသည်။ ကြမ်းပြင်ကလည်း ပြောင်လက် နေသည်။ ကြမ်းခင်း ကော်ဇောများ ခင်းထားသည့် နေရာတွင် အရောင်စုံ လက်နေသည်။

လေထဲတွင် နွေ၏ အငွေ့အသက် ပါလာသည်။ နွေဦး၏ ရနံ့များသည် တဖြည်းဖြည်း ပြယ်စပြုကာ ဂျော်ဂျီယာ နွေကို

နေရာ ဖယ်ပေးစ ပြုနေပြီ။ မွှေး၍ နွေးသော လေညင်းညံ့ညံ့သည် စကားလက် အခန်းထဲသို့ ဝေ့ဝိုက် ဝင်လာသည်။ လေသည် ပန်းရနံ့၊ ပုရစ်ဖူးတို့၏ ရနံ့၊ ထွန်ပြီးစ မြေသင်းနံ့တို့ဖြင့် မွှေးနေသည်။ စကားလက်၏ အခန်းမှ လှမ်းကြည့်လျှင် အိမ်အဝင် ကျောက်စရစ်လမ်း တစ်ဖက်တစ်ချက်တွင် စီတန်း စိုက်ထားသည့် နှင်းဆီပန်း ဖြူဖြူများနှင့် စံပယ်ချုံများကို မြင်ရ၏။ သူ့ ပြတင်းပေါက် အောက်က တတိုင်းမွှေးရုံထဲတွင် အသိုက် လုပ်နေကြသော မြေလူးငှက်နှင့် ဗွတ်ကလုံတို့၏ တစီစီ မြည်သံများကို ကြားနေရသည်။ ဗွတ်ကလုံတို့၏ အသံက စီညံသည်။ စူးသည်။ မြေလူးငှက်များ၏ အသံက ချိုသာသည်။ တိုးတိတ်သည်။

ဤလို လှပသည့် နံနက်ခင်းတွင် စကားလက်သည် ပြတင်းပေါက် ပေါင်တွင် လက်နှစ်ဖက် ထောက်၍ ရပ်ကာ

မြိုင်သာယာ၏ ရနံ့များကို ရှုရှိုက်မြဲ။ အသံများကို နားထောင်မြဲ။ သို့ရာတွင် ယနေ့ နံနက်တွင်မူ ဤအရာများကို စကားလက် စိတ်မဝင်စားမိ။ သူ့ စိတ်ကူးနှင့် သူ အလုပ်များနေသည်။ မိုးမရွာဘဲ နေသာသည့် အတွက် ဝမ်းသာသည်။ အိပ်ရာပေါ်တွင် သစ်တော်သီးစိမ်းရောင် ပိုးသား ပျော့ပျော့ ပွဲတက် ဝတ်စုံက လှပသည့် သေတ္တာဖြင့် အဆင်သင့် ဖြစ်နေပြီ။ အဝါနုရောင် ဇာနားလည်း တပ်ပြီးပြီ။ ကပွဲ မစခင် ဝက်သစ်ချမြိုင်သို့ ရောက်အောင် ပို့ရန်သာ လိုတော့သည်။ စကားလက်သည် ပွဲတက် ဝတ်စုံကို ကြည့်၍ ပခုံးကို ကျုံ့လိုက်သည်။ သူ့အကြံအစည် အောင်လျှင် ဤပွဲတက် ဝတ်စုံကြီးကို ဤည ဝတ်စရာ မလိုတော့။ ကပွဲ မစခင်မှာပင် သူနှင့် အက်ရှလေတို့ ဂျူန်းဘာရိုသို့ ရောက်နေကြတော့မည်။ နံနက်ပိုင်း ပျော်ပွဲစားတွင် ဝတ်ရမည်လောဟု စကားလက် စဉ်းစားမိသေးသည်။ 

မည်သည့် အဝတ်အစားသည် သူနှင့် အလိုက်ဆုံးနည်း။ အက်ရှလေ စွဲသွားအောင် မည်သည့် အဝတ်အစားကို

ဝတ်ရမည်နည်း။ နံနက် ရှစ်နာရီ ထိုးကတည်းက အဝတ် တစ်စုံပြီး တစ်စုံ ရွေး၍ ဝတ်ကြည့်နေသည့်တိုင် စိတ်တိုင်း မကျသေး။ စိတ်တိုင်း မကျသဖြင့် ဘေးတွင် ပုံချထားသည့် အဝတ်အစားတွေကလည်း ကြမ်းပြင်ပေါ်တွင် ပုံနေပြီ။ အိပ်ရာပေါ်၊ ကုလားထိုင် တွေပေါ်လည်း အနှံ့။ အသွေးစုံ အရောင်စုံ အဝတ်တွေ ပြန့်ကြဲလျက်။ ဖဲကြိုးတွေက တိုးလို့တွဲလောင်း။

ပန်းနုရောင် ခါးစည်း ရှည်ရှည်နှင့် နှင်းဆီနီ အော်ဂန်ဒီ ဝတ်စုံက သူနှင့် အလိုက်ဆုံး ဖြစ်သည်။ သို့ရာတွင် မနှစ်က

မီလာနီ ဝက်သစ်ချမြိုင်သို့ အလည်လာစဉ်က သူ ဝတ်ခဲ့ဖူးပြီ။ နောက်ထပ် မဝတ်ချင်တော့။ ဤတစ်ကြိမ် ထပ်ဝတ်သွားလျှင် မီလာနီက မှတ်မိမှာ သေချာသည်။ မှတ်မိကြောင်းများ စကား စပ်မိ၍ ပြောသွားလျှင် အရှက် ကွဲရချည့်။ လက်ဝ ကျယ်ကျယ် ဇာနား တပ်သည့် ပိုးဇာ အင်္ကျီ အနက်ကမူ သူ့ အသား ဖြူဖြူဝင်းဝင်းနှင့် လိုက်သည်။ သို့ရာတွင် ဤဝတ်စုံက နည်းနည်း

83

ရင့်သည်။ စကားလက်သည် တစ်ဆယ့်ခြောက်နှစ်ရွယ် သူ့မျက်နှာ နုနုကလေးတွင် ပါးရေတွန့်များ၊ မေးတွဲများ ရှိသလောဟုပင် စိုးရိမ်ကာ မှန်ကြည့်လိုက်မိသေးသည်။ မီလာနီက ခပ်ငယ်ငယ်။ သူ့လို မိန်းကလေးမျိုး ရှေ့တွင် ကိုယ်က လူကြီးလိုလို တည်တည်ကြီး နေ၍မဖြစ်။ မရမ်းနုရောင် စပ်ထားသည့် ပိုးဖျင်အင်္ကျီက ဇာပေါက်ကလေးတွေ၊ ဇာပန်းကလေးတွေဖြင့် ကြည့်လှသည်။ သို့ရာတွင် ဤဝတ်စုံကလည်း သူနှင့် မလိုက်။ ကာရင်းလို နုနု နယ်နယ်၊ လှုပ်လီလှုပ်လဲ့ အမူအရာကလေးနှင့် ဆိုလျှင် လိုက်ကောင်း လိုက်မည်။ သို့ရာတွင် သူသာ ဤဝတ်စုံကို ဝတ်လျှင် ကျောင်းသူလေးနှင့် တူနေသည်။ မီလာနီက အပျိုဂိုက် အပြည့် ဖမ်းနေချိန်တွင် သူက ကျောင်းသူ ပေါက်စလေးလို ဝတ်သွား၍ မဖြစ်သေး။ အစိမ်းရောင် ဖဲဝတ်စုံ ရှိသေးသည်။ ဖဲတွန့်ကလေးတွေ တပ်ထားပြီး ဖဲတွန့်တိုင်းတွင် ကတ္တီပါစိမ်း ကွပ်ထားသည်။ သူနှင့် အလိုက်ဆုံး။ သူကလည်း အကြိုက်ဆုံး။ ဤဖဲဝတ်စုံစိမ်းကို ဝတ်လိုက်လျှင် သူ့မျက်လုံးများသည်ပင် စိမ်းညို့ လာတတ်ကြသည်။ သို့ရာတွင် ခက်သည်က ရှေ့တည့်တည့်တွင် ဆီကွက် တစ်ကွက် စွန်းနေသည်။ ကိစ္စမရှိ။ စွန်းနေသော ဆီကွက်ပေါ်တွင် ရင်ထိုး တစ်ချောင်းထိုးပြီး ဖုံးသွား နိုင်သည်။ သို့ရာတွင် မီလာနီက မျက်စိ လျင်သည်။ ထိုနောက်တွင်ကား များများစားစား ရွေးစရာ မရှိတော့။ ပွဲပြီးသွားလျှင် သိပ်ဝတ်လေ့ဝတ်ထ မရှိသည့် ရောင်စုံ ဖျင်ဝတ်စုံများ၊ ပွဲတက် ဝတ်စုံများနှင့် မနေ့က ဝတ်ခဲ့သည့် အစိမ်းရောင် ပိတ်ပါး ဝတ်စုံသာ ရှိတော့သည်။ ဝတ်မည်ဆိုလျှင် အသစ်စက်စက် ရှိသေးသည်။ သို့ရာတွင် ဤအဝတ်က ညနေခင်း ဝတ်သည့် ဝတ်စုံ ဖြစ်သည်။ နံနက်ခင်း ပျော်ပွဲစားတွင် ဝတ်သည့် ဝတ်စုံမျိုး မဟုတ်။ လက်ကလည်း ဖောင်းလွန်းသည်။ လည်ပင်းကလည်း ဟိုက်လွန်းသည်။ ဤအင်္ကျီဖြင့် သွား၍မဖြစ်။ တခြား ရွေးစရာ မရှိသည့်အတူ ထိုအင်္ကျီကိုပင် ဝတ်ရတော့မည်။ စင်စစ် သူသည် လည်တံ လှသူ၊ လက်မောင်း လှသူ၊ ရင်လှသူ မဟုတ်လော။

စကားလက်က မှန်ရှေ့တွင် ရပ်ကာ ကိုယ်ကို ဘေးစောင်း လှည့်ကြည့်သည်။ သူ့ခန္ဓာကိုယ်တွင် ပြောစရာ မရှိ။

လည်တံက အနည်းငယ် တိုသည့်တိုင် ကြော့ရှင်းသည်။ လက်မောင်းက ပြည့်ဖြိုး ချောမွတ်သည်။ ရင်က ချီနေသည်။ သူနှင့် ရွယ်တူ မိန်းကလေးတွေ ပိုးစတွေ အထပ်ထပ် တွန့်ချုပ်ပြီး ဘော်လီအောက်က ခံဝတ်ရသည်။ သူက သူတို့တစ်တွေလို အခုအခံတွေ မလို။ မေမေ့လိုပင် သူ့လက်များက သေးသွယ် ဖြောင့်စင်းကာ ခြေထောက်များက သေးငယ်သည်။ မေမေ့လို အရပ် ရှည်ချင်သည်။ သို့ရာတွင် ယခု အရပ် အမောင်းကိုလည်း သူ ကျေနပ်သည်။ မေမေ့လို အရပ် ရှည်လျှင်မူ ဂါဝန်ကလေးကို စွန်တောင် မကာ သူ့ ခြေထောက် လှလှ ကလေးများကို ပြချင်သည်။ သူ့ ခြေသလုံးက ပြည့်ပြည့်ဝန်းဝန်း၊ သေးသေးသွယ်သွယ်၊ ဖြောင့်ဖြောင့်စင်းစင်း။ မိန်းကလေး ကျောင်းမှ သူငယ်ချင်းများကပင် သူ့ခြေသလုံးတွေ လှပုံကို ဝန်ခံကြရသည်။ သူ့ခါးကမူ ပြောစရာပင် မလိုတော့။ ဤအနီး တစ်ဝိုက်တွင် သူ့လောက် ခါးကျ လှသူ တစ်ယောက်မျှ မရှိ။ သူ့လို ခါးသေးသေး ကျင်ကျင်ကလေးနှင့် မိန်းကလေး တစ်ယောက်မျှ မရှိ။

ခါးအကြောင်းကို တွေးမိရာမှ ကိစ္စ တစ်ခုကို သတိရလာပြန်သည်။ သူ ဝတ်မည့် အစိမ်းနု ပိတ်ပါး ဝတ်စုံက

ခါး ၂၇ လက်မ ရှိသည်။ ကြီးဒေါ်က ၁၈ လက်မ ဇာခါးစည်း တပ်ပေးထားသည်။ အမှန်က ထို့ထက် ခပ်ကျပ်ကျပ်ကလေး တပ်ပေးရမည်။ သို့မှ သူ့ခါးနှင့် တော်မည်။ စကားလက်က တံခါးကို တွန်းဖွင့်ကာ အောက်ထပ် ခန်းမထဲက ကြီးဒေါ်၏ ခြေသံ ပြင်းပြင်းကို နားထောင်သည်။ ကြီးဒေါ်ကို ခပ်ကျယ်ကျယ် အော်ခေါ်သည်။ နောက်ဖေး မီးဖိုဆောင်တွင် မေမေက စီမံစရာ ရှိသည်ကို စီမံနေသည်။ မေမေ မရှိမှန်း သိသဖြင့် စကားလက်က တမင် အော်ခေါ်ခြင်း ဖြစ်သည်။

`လာပြီဟဲ့ လာပြီ၊ တကတည်း ခေါ်နေလိုက်တာ’

84



ကြီးဒေါ်က သူ့ခန္ဓာကိုယ်ကြီး အနိုင်နိုင်သယ်၍ လှေကားမှ တက်လာသည်။ အပေါ် အရောက်၌ အသက်ရှူသံ

ပြင်းနေသည်။ သူ့မျက်နှာက စစ်ပွဲ တစ်ပွဲကို တိုက်ရန် စောင့်မျှော်နေသည့် စစ်သူကြီး တစ်ယောက်၏ မျက်နှာထားမျိုး။ သူ့လက်ထဲက လင်ဗန်းထဲတွင် အငွေ့ တထောင်းထောင်းနှင့် စားစရာများ ပါလာသည်။ ထောပတ် သုတ်ထားသည့် မျောက်ဥပြုတ် နှစ်လုံး၊ သကြားရန် ဆမ်းထားသည့် မုန့် သုံးလေးယှက်။ ဝက်ပေါင်ခြောက်ကင် ကြီးကြီး တစ်ချပ်။

ကြီးဒေါ်၏ ပစ္စည်းများကို မြင်သည်တွင် စကားလက်၏ မျက်နှာသည် စိတ်ရှုပ်သော အမူအရာမှ စိတ်ပျက်သည့်

အမူအရာသို့ ပြောင်းသွားသည်။ တစ်မနက်လုံး အဝတ်အစား ကိစ္စကို စဉ်းစားနေရသည်နှင့် ကြီးဒေါ်၏ စည်းကမ်းများကို စကားလက် အမှတ်မရတော့။ ဧည့်ခံပွဲ တစ်ခုသို့ သွားလျှင် စားစရာရှိသည်ကို အိမ်မှ ဝအောင် စားသွားရမည်။ ဧည့်ခံပွဲသို့ ရောက်လျှင် နည်းနိုင်သမျှ နည်းနည်း စားရမည်ဟု ကြီးဒေါ်က သံမဏိ စည်းကမ်း ထုတ်ထားသည်။

`ဟင့်အင်း၊ စကားလက် မဆာဘူး၊ ကြီးဒေါ်ဟာတွေကို ကြီးဒေါ် ပြန်ယူသွားတော့’



ကြီးဒေါ်က စားစရာ လင်ဗန်းကို စားပွဲပေါ်သို့ တင်လိုက်ပြီး ခြေနှစ်ဖက်ကို ချဲရပ်ကာ ခါးထောက်သည်။



`အလိုတော်၊ ဘယ်နှယ့် ပြန်ယူရမှာလဲ၊ အရင် တစ်ပတ် ပျော်ပွဲစား သွားတုန်းက တွေ့ရာတွေ စားလာလို့

အိမ်ရောက်တော့ နေထိုင်မကောင်း ဖြစ်ပြီ မဟုတ်လား၊ ညည်း မစားမချင်း ကျုပ် စားစရာတွေကို ပြန်မယူနိုင်ဘူး၊ ဒါတွေကိုတော့ ကုန်အောင် စားသွားရမယ်၊ ဒါပဲ’

`မစားချင်ပါဘူးလို့ ဆိုနေ၊ လာစမ်းပါ၊ ဇာနား တွယ်ပေးစမ်းပါ၊ စကားလက်တို့ နောက်ကျနေတော့မယ်၊ အိမ်ရှေ့မှာ

မြင်းရထားတောင် ရောက်နေပြီ ထင်တယ်’

ကြီးဒေါ် အသံက ချိုသွားသည်။



`စားပါ သမီးရယ်၊ နည်းနည်းဖြစ်ဖြစ် စားသွားမှပေါ့၊ ဆွီလင်နှင့် ကာရင်းတောင် စားပြီးကြပြီ’



`အို သူတို့ဘာသာ သူတို့ စားချင် စားပေါ့၊ သူတို့သာ ကြီးဒေါ် ချော့လို့ ရတာ၊ စကားလက်ကိုတော့ မရဘူး၊ မစားဘူးဆို

မစားဘူး၊ တစ်ခါ ကားလဗတ်တို့ အိမ်က ဧည့်ခံပွဲ သွားတုန်းကလည်း ကြီးဒေါ် အတင်း ကျွေးလွှတ်လိုက်လို့ စားသွားရပြီ၊ ဟိုမှာ ရေခဲမုန့် ကျွေးတာ မစားနိုင်တော့ဘူး၊ တစ်ဇွန်းတောင် မနည်း စားယူ ရတယ်၊ ဒီတစ်ခါတော့ ဟို ရောက်ရင် အားရပါးရ စားရမယ်၊ ကြီးဒေါ်ဟာတွေ မစားနိုင်ဘူး’

စကားလက်၏ နှုတ်လှန်ထိုးသံကြောင့် ကြီးဒေါ်၏ မျက်ခုံးကြီး နှစ်ဖက်သည် အောက်သို့ ကျသွားသည်။ စိတ်လည်း

တိုသွားပုံ ရသည်။ ကြီးဒေါ်၏ အမြင်တွင် အမျိုးကောင်း သမီးကလေး တစ်ယောက်အဖို့ လုပ်သင့်သည့် အရာနှင့် လုပ်ချင်သည့် အရာသည် အဖြူနှင့် အမည်းလို တခြားစီ ဖြစ်သည်။ ဤနှစ်ခုကြားတွင် အလယ်လမ်း မရှိ။ ဆွီလင်နှင့် ကာရင်းတို့ နှစ်ယောက်သည် သူ့သြဇာကို နာခံရသည်။ သူလိုရာကို ပုံသွင်း၍ ရသည့် ရွှံ့ရုပ်ကလေးများ ဖြစ်ကြသည်။ သို့ရာတွင် စကားလက်က ဤသို့ မဟုတ်။ ခေါင်းမာသည်။ တစ်ဇွတ်ထိုး လုပ်ချင်သည်။ စကားလက်ကို တော်တော်နှင့် အနိုင်မရ။ သူတို့ လူဖြူတွေ မသိသည့် နည်း ပရိယာယ်တွေကို သုံးပြီးမှသာ အနိုင်ရတတ်သည်။

85



`အေး၊ သမီးက လုပ်ချင်ရာ လုပ်လို့ ဘေးက အပြစ် ပြောရင် ကျုပ်က ကြားထဲက နာရသတော့၊ မခံနိုင်ဘူး၊ ဧည့်ခံပွဲမှာ

စကားလက် တစ်ယောက် ပြောစရာ ဆိုစရာ ဖြစ်လာပြီဆိုရင်လည်း ကျုပ်က မခံနိုင်ဘူး၊ မိန်းကလေး တစ်ယောက် ဣနြေ္ဒ ရှိမရှိ ဆိုတာ သူ စားတာ သောက်တာကို ကြည့်ပြီး ဆုံးဖြတ်ကြတာ၊ ကျုပ်လည်း ညည်းကို ခဏ ခဏ ပြောဖူးသားပဲ၊ သူများ အိမ်သွားပြီး တနင့်တပိုး စားတာ ကျုပ် ခွင့်မပြုနိုင်ဘူး၊ ဒါပဲ၊ ဒီက စားနိုင်သလောက် စားသွား’

`အမယ်၊ မေမေကလည်း သူများအိမ်မှာ စားတာပါပဲ’



စကားလက်က ဆင်ခြေတက်သည်။



`ဟဲ့ သူက လူကြီး ဖြစ်ပြီ၊ ညည်းလို အပျိုကလေး မဟုတ်တော့ဘူး၊ ညည်းတို့ အရွယ်တုန်းက ဆိုရင် သူများအိမ်

သွားပြီး ဘယ်စားမလဲ၊ အဝေးကြီး၊ အပြင်ထွက်ရင် ဘယ်တော့မှ အစား မစားတော့ဘူး၊ သူတင် မဟုတ်ဘူး၊ ညည်း ဒေါ်လေး ပေါ်လင်းတို့၊ ဒေါ်လေး ယူလာလီတို့လည်း ဒီလိုပဲ၊ အိမ်ထောင်ကျပြီး လူကြီး ဖြစ်တော့မှ စားကြတာ၊ အစားအသောက် ပက်စက်တဲ့ မိန်းကလေးဟာ ဘယ်တော့မှ လင်ကောင်း သားကောင်း မရဘူး’

`မဆိုင်လိုက်တာ၊ စကားလက်လည်း တစ်ခါတလေ မစားပါဘူး၊ အက်ရှလေက ပြောဖူးတယ်၊ အစားအသောက်

အားရပါးရ စားတဲ့ မိန်းကလေးမျိုးကို သိပ် သဘောကျတာပဲတဲ့’

ကြီးဒေါ်က စိတ်ပျက် လက်ပျက်ဖြင့် ခေါင်းယမ်းသည်။



`ဒီမှာ ယောက်ျားလေး ဆိုတာ ဒီလိုချည်းပဲ၊ သူတို့ စိတ်ထဲမှာ ရှိတာက တစ်မျိုး၊ ပါးစပ်က ပြောတော့ တစ်မျိုး၊ တခြားစီ၊

အက်ရှလေ ကြည့်ရတာကလည်း သမီးကို သဘောကျသလိုလို၊ ဘာလိုလို’

စကားလက်က မျက်မှောင်ကုတ်သည်။ တစ်စုံ တစ်ရာ ပြောမည်ပြုပြီး သူ့ကိုယ်သူ အရှိန်သတ်လိုက်သည်။

ကြီးဒေါ်နှင့် သူ အချင်း မများချင်။ အလျှော့ ပေးပုံ မရသည့် စကားလက်၏ အမူအရာကို မြင်သည်တွင် ကြီးဒေါ်ကလည်း ဗန်းကို ကောက်ကိုင်ကာ ကပ္ပလီများ ထုံးစံ မျက်နှာကို ချိုထားလိုက်ပြီး ပရိယာယ် တစ်မျိုး ပြောင်းလိုက်သည်။ တံခါးဘက်သို့ လှည့်ထွက်ရင်း သက်ပြင်းချသည်။

`မစားဘူးဆိုလည်း သမီး သဘောပေါ့၊ မနက်စာ ပြင်နေတုန်း ကတည်းက စားမှာ မဟုတ်ပါဘူးအေလို့ ထမင်းချက်

မိန်းမကြီးကို ပြောခဲ့သားပဲ၊ ဒါဖြင့် ဧည့်ခံပွဲတွေမှာ အစား မစားတဲ့ မိန်းကလေး ဆိုလို့ မီလာနီ တစ်ယောက်ပဲ တွေ့ဖူးသေးတယ်၊ ဟို အရင် တစ်ခါ အက်ရှလေတို့အိမ် လာတုန်းက ဘာမှ ကောင်းကောင်း မစားဘူးလို့ ပြောသားပဲ၊ သူတို့က အတင်း အပို့လွှတ်လို့’

စကားလက်က ကြီးဒေါ်ကို သင်္ကာမကင်း ကြည့်သည်။ ကြီးဒေါ် မျက်နှာက ပကတိ ရိုးသားဟန်။ သူ့ သမီးလို ချစ်သော

စကားလက်က မီလာနီလို မိန်းကလေးမျိုး မဟုတ်သည့် အတွက် စိတ်မကောင်းသည့် ဟန်။

`ကဲပါ၊ စကားများလိုက်တာ၊ ထားခဲ့၊ အကုန် စားပစ်မယ်၊ စကားလက် ခါးက ဇာကိုသာ တင်းတင်း တပ်ပေး၊ ခုနေ

စားထားရင် ခါးစည်းချောင်မှာ စိုးလို့ မစားသေးဘူး၊ ပြီးတော့ စားမယ်’

86



စကားလက်က စိတ်မရှည်ဟန် ပြောသည်။



ကြီးဒေါ်က သူ အောင်ပွဲ ရလိုက်သည်ကို မသိလိုက် မသိဘာသာ နေလိုက်ကာ ဗန်းကို ပြန်ချသည်။



`သမီးက ဘယ်ဟာကို ဝတ်မှာလဲ’



`ဒီမှာ’



စကားလက်က ရွရွကလေး ပုံထားသည့် အစိမ်းနုပွင့်ရိုက် ဝတ်စုံကို ပြသည်။ ကြီးဒေါ်က ချက်ချင်း ကောက်၍

ဇာတပ်သည်။

`ဒါက မကောင်းပါဘူးကွယ်၊ မနက်ခင်းကြီး ဝတ်လို့ ဘယ်ကောင်းပါ့မလဲ၊ အင်္ကျီက လက်ပြတ်၊ လည်ကလည်း

သိပ်ဟိုက်နေတယ်၊ မှတ်ထား၊ ညနေ သုံးနာရီ မကျော်မချင်း ဒီလို အင်္ကျီမျိုးကို မဝတ်နှင့်၊ အသား နေလောင်ပြီး မှဲ့ခြောက်တွေ ပေါက်လိမ့်မယ်၊ သမီး အသားက နို့နှစ်လို ဖွေးပြီး ချောနေတာ၊ မနှစ် နွေတုန်းက ဆဗားနား ကမ်းခြေသွား နေပူခံတာ နေလောင်လာလို့ တစ်ဆောင်းတွင်းလုံး အသားချောအောင် လုပ်ပေးခဲ့ရပြီးပြီ၊ ဒါကို ဝတ်သွားရင် မေမေ့ကို တိုင်ပြောရလိမ့်မယ်’

`ကြီးဒေါ် သွားပြောရင် စကားလက်က ကြီးဒေါ် ကျွေးတာ ဘာတစ်ခုမှ မစားဘူး သိလား၊ ကြီးဒေါ်ကို ဆိုမှာကြောက်ရင်

စကားလက် အဝတ်အစား လဲပြီးမှ ပြောချင် ပြော၊ လဲပြီးမှ ပြောတော့ ပြန်လဲချိန် မရလို့ မေမေက အတင်း လဲခိုင်းတော့မှာ မဟုတ်ဘူး’

ကြီးဒေါ်က အရှုံးပေးသည့်ဟန် သက်ပြင်းချ လိုက်သည်။ နံနက်ခင်း ပျော်ပွဲစားတွင် ညနေဝတ်စုံ ဝတ်သည်က ကိစ္စမရှိ။

အစာ မစားလျှင် ဆိုးလိမ့်မည်။ ထို့ကြောင့် သူ ဝတ်ချင်ရာ ဝတ်ပေ့စေ၊ အစာ စားလျှင် တော်ပြီဟု အလျှော့ပေး လိုက်သည်။

`ကဲ အသက် အောင့်ထား’



ကြီးဒေါ်က အမိန့်ပေးသည်။ စကားလက်က ခုတင်တိုင်ကို ကိုင်၍ အသက်ကို တစ်ဝရှူပြီး အောင့်ထားလိုက်သည်။

ကြီးဒေါ်က စကားလက် ခါးကို ဇာနားတပ် ခါးစည်း ပတ်ကာ ခပ်တင်းတင်း ဆွဲလိုက်သည်။ စကားလက်၏ ခါးသေးသေးကလေးက ပို၍ သေးသွားသည်။ စကားလက်၏ ခါးကျဉ်ကျဉ်ကလေးကို ကြည့်၍ ကြီးဒေါ်၏ မျက်လုံးတွင် ဂုဏ်ယူ နှစ်သက်သည့် အရိပ်အယောင် လွှမ်းနေသည်။

`သမီးလောက် ခါးလှတဲ့ မိန်းကလေး တစ်ယောက်မှ မရှိဘူး၊ ဆွီလင်ရဲ့ ခါးဆိုရင် လက်မ နှစ်ဆယ်အောက်

ရောက်အောင် ဘယ်တော့မှ စည်းလို့ မရဘူး၊ လက်မ နှစ်ဆယ်အောက် ရောက်အောင် စည်းရင် အသက်ရှူလို့ကို မရတော့ဘူး၊ တစ်ခါဟာ မူးလဲ သွားလို့’

`အား၊ စကားလက်တော့ တစ်ခါမှ မူးလဲတာတို့ ဘာတို့ မဖြစ်ဘူးပေါင်’



စကားလက်က ထွက်သက်ကို ဖြည်းဖြည်း ပြန်ထုတ်ရင်း ခက်ခက်ခဲခဲ ပြောသည်။



`သမီးကတော့ မူးလဲမှာမျိုး မဟုတ်ပါဘူး၊ တစ်ခါ တစ်ခါ ကြမ်းလို့တောင် ခက်နေတယ်၊ သမီးက မြွေတို့၊ ကြွက်တို့

87

မြင်ရင်လည်း မကြောက်တတ်ဘူး၊ အိမ်မှာတော့ ဘယ်လိုပဲ နေနေ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် လူတော သူတောထဲမှာတော့ မိန်းကလေးပီပီ နုနုနယ်နယ် ကလေး ...’

`ကဲ မြန်မြန်လုပ်စမ်းပါ၊ စကားကလည်း များလိုက်တာ၊ ဘယ်လိုပဲဖြစ်နေနေ ယောက်ျား တစ်ယောက်တော့ ရမှာပါ၊

နုနုနယ်နယ်လေး မနေဘဲ ကြမ်းကြမ်းတမ်းတမ်း နေလည်း လင်တစ်ယောက်တော့ ရမှာပါ၊ ဘော်လီကလည်း ကျပ်လိုက်တာ၊ ကဲ ဝတ်စုံ ဝတ်ပေး စမ်းပါဦး’

ကြီးဒေါ်က ရှည်လျားလှသော အစိမ်းနုပွင့်ရိုက် ဝတ်စုံကြီးကို အောက်ခံ အထပ်ထပ်ပေါ်မှ စွပ်ပေးပြီး အတွင်းခံ

ကျောနိမ့် ဘော်လီ အင်္ကျီရှည် နောက်တွင် တွယ်ပေးလိုက်သည်။

`နေပူထဲ ထွက်ရင် ပခုံးမှာ ခြုံစောင် ခြုံထားနော်၊ အိုက်တယ် ဆိုပြီး ဦးထုပ်ကို ချွတ်မထားနှင့်၊ နို့မို့ရင် အသားတွေ

နေလောင်ပြီး ညိုကုန်လိမ့်မယ်၊ ရော့ စားသွားလိုက်ဦး၊ ဖြည်းဖြည်းလည်း စား၊ ပြန်လာ လာချင်းလည်း စားလို့ ကောင်းမှာ မဟုတ်ဘူး’

စကားလက်က စားစရာ ထည့်သည့် ဗန်းရှေ့တွင် ထိုင်သည်။ ခါးကို တင်းတင်း စည်းထားသည့် အထဲတွင် အစာတွေ

စားလျှင် သူ့ဗိုက်ထဲတွင် နေရာမှ ရှိပါတော့မည်လော မဆိုနိုင်။ အသက် ရှူ၍မှ ရပါဦးမည်လော မသိ။ ကြီးဒေါ်က လက်သုတ်ခုံမှ မျက်နှာသုတ် ပဝါကြီး တစ်ထည်ကို ယူလာကာ စကားလက်၏ လည်တွင် ဂရုတစိုက် ချည်ပေးပြီး ဖြူဖွေးနေသည့် ပဝါကို ပေါင်ပေါ်တွင် ဖြန့်ချပေးသည်။ စကားလက် ဝက်ပေါင်ခြောက်ကို စနှိုက်သည်။ ဝက်ပေါင်ခြောက်ကို အကြိုက်ဆုံး ဖြစ်သည်။

စကားလက်သည် ထောပတ် နိုင်နိုင်သုတ်ထားသည့် မျောက်ဥကို စားလိုက်၏။



`စကားလက်

မြန်မြန်

ယောက်ျား

ရရင်လည်း

အကောင်းသား၊

ယောက်ျား

ရရင်

စိတ်မပါဘဲ

အပိုတွေ

လျှောက်လုပ်စရာလည်း မလိုတော့ဘူး၊ ဒါတွေ လုပ်ရတာ ငြီးငွေ့လှပြီ၊ စားတော့လည်း ဝဝ မစားရဘူး၊ ဟန်လုပ်ပြီး ကြောင်ကလေးလောက် စားနေရတယ်၊ ပြေးချင်လည်း ပြေးလို့ မရ၊ ခြေတစ်လှမ်းကို ကုဋေ တစ်သန်း ဟန်မျိုးနှင့် လျှောက်နေရတယ်၊ ကပွဲ တစ်ပွဲလောက် ပြီးရင်လည်း ကချင်ရက်သားနှင့် ပင်ပန်းပြီ ဘာပြီ ဆိုပြီး ဟန်လုပ် ပြောနေရတယ်၊ တကယ်က

စကားလက်က

ကနိုင်သားပဲ၊

နှစ်ရက်လောက်တောင်

မအိပ်ဘဲ

မစားဘဲ

ကနိုင်သေးတယ်၊

ပြီးတော့

စကားလက်လောက် ဉာဏ်မရှိတဲ့ ယောက်ျားတွေကို သိပ်တော်တာပဲ၊ သိပ်အံ့သြဖို့ ကောင်းတာပဲနှင့် အရူး လုပ်ပြီး ပြောနေရတာမျိုးကိုလည်း

စိတ်ကုန်လှပြီ၊

စကားလက်

မသိတာတွေကို

သိချင်ယောင်

ဆောင်နေရတာမျိုးကိုလည်း

စိတ်ပျက်လှပြီ၊ ယောက်ျားတွေကလည်း သူတို့ကို အထင်ကြီးအောင် သူတို့ ပြောချင်ရာတွေ လျှောက်ပြောတိုင်း နားမလည်ဘဲ တအင်းအင်း လိုက်ရတာမျိုးကိုလည်း ငြီးငွေ့လှပြီ၊ အင်း ဗိုက်တောင် ပြည့်သွားပြီ၊ တော်ပြီ ကြီးဒေါ်’

`ကိတ်မုန့် ပူပူနွေးနွေးလေး တစ်လုံးလောက် စားလိုက်ပါဦး’



ကြီးဒေါ်က တိုက်တွန်းသည်။



`ဘာဖြစ်လို့ ယောက်ျားတွေက အ တဲ့ န တဲ့ မိန်းကလေးတွေကို ကြိုက်တာလဲဟင် ကြီးဒေါ်’

88



`ယောက်ျား ဆိုတာ ဘာမှ သိတဲ့ သတ္တဝါမျိုးတွေ မဟုတ်ဘူး၊ ကိုယ် ဘာလိုချင်တယ် ဆိုတာကိုတောင် ကိုယ့်ဘာသာ

ကိုယ် သိကြတာ မဟုတ်ဘူး၊ သူတို့သာ သိတယ်၊ သူတို့သာ တတ်တယ်လို့သာ ထင်နေကြတာ၊ သူတို့ဘာသာ သူတို့ ထင်ရာ လုပ်ကြည့်စမ်းပါလား၊ ဒုက္ခတောင် ရောက်သေးတယ်၊ သူတို့ လိုချင်တဲ့ မိန်းမမျိုးက ဘယ်လို မိန်းမမျိုးလဲ၊ ချောရမယ်၊ လှရမယ်၊ ကြွေရုပ်ကလေးလို နုရမယ်၊ အသိဉာဏ် ရှိဖို့၊ ပညာတတ်ဖို့ မလို၊ သူတို့ထက် ပညာတတ်ရင်၊ အသိဉာဏ် ရှိရင် အဲဒီ မိန်းကလေးကို မယူချင်ကြတော့ဘူး’

`လက်ထပ်ပြီးတော့ ကိုယ့်မိန်းမဟာ ကိုယ့်ထက် အသိဉာဏ် ရှိနေတယ်ဆိုတာ တွေ့ရင်ကော ဘယ့်နှယ် လုပ်မလဲ’



`နောက်ကျသွားပြီလေ၊

လက်ထပ်

ပြီးနေတော့

ဘာတတ်နိုင်တော့မှာလဲ၊

ကိုယ့်မယား

ဖြစ်တော့လည်း

အထိုက်အလျောက် အသိဉာဏ် ရှိစေချင်လာတာပေါ့’

`စကားလက်ကတော့ မရဘူး၊ ကိုယ် မှန်တယ် ထင်ရင် ပြောမှာပဲ၊ ကောင်းတယ် ထင်ရင် လုပ်မှာပဲ၊ လူတွေက

မကြိုက်လည်း နေပေါ့၊ ဘယ်တတ်နိုင်မလဲ’

`အမယ်လေး၊ ကြီးဒေါ် အသက် ရှင်နေတုန်းတော့ မလုပ်လိုက်ပါနှင့်ကွယ်၊ ကြီးဒေါ် သေမှ ကြိုက်သလို နေချင်နေပါ၊

ကဲ ကိတ်မုန့် စားလိုက်ဦး၊ အချိုရည်လေးလည်း နှစ်ပြီးစား’

`ယန်ကီ အမျိုးသမီးတွေကတော့ တစ်မျိုးပဲနော်၊ မနှစ်က ဆာရာတိုဂါကို သွားတုန်းက ယန်ကီမတွေနှင့် တွေ့ခဲ့တယ်၊

သူတို့ကတော့ ခပ်တင်းတင်းပဲ၊ ယောက်ျားတွေ ရှေ့မှာလည်း သူတို့ အသိဉာဏ် ရှိကြောင်းပြတာပဲ’

ကြီးဒေါ်က နှာခေါင်းရှုံ့သည်။



`ယန်ကီမတွေက သွားတုနေလို့ ဘယ်ဖြစ်မလဲ၊ ဒါကြောင့် ဆာရာတိုဂါက ယန်ကီမတွေ အပျိုကြီးတွေ ဖြစ်နေတာပေါ့’



`ဒီလိုလည်း မဟုတ်ပါဘူး ကြီးဒေါ်ရယ်၊ ယောက်ျား ရပြီး ကလေးတွေ မွေးနေတဲ့ ယန်ကီမတွေလည်း အပုံပါ’



`ဒါက ယောက်ျားတွေက ချစ်လို့ ယူတာ မဟုတ်ပါဘူး၊ သူတို့ ပိုက်ဆံကို လိုချင်လို့ပါ’



စကားလက်က ကိတ်မုန့်ကို အချိုရည်ထဲ နှစ်၍ စားသည်။ ကြီးဒေါ် ပြောသည့် စကားများသည် မှန်သင့်သလောက်

မှန်လိမ့်မည်။ မေမေကလည်း ဤအတိုင်း ပြောဖူးသည်။ ကြီးဒေါ်က ပွင့်ပွင့်လင်းလင်း ပြောသည်။ မေမေက သွယ်သွယ်ဝိုက်ဝိုက် ပြောသည်။ ဤမျှသာ ကွာသည်။ သူ သိသလောက် ဆိုလျှင် သူ့ သူငယ်ချင်းများ အားလုံးလောက်၏ အမေများသည် သူတို့ သမီးများကို ယောက်ျားများ ရှေ့တွင် အားနွဲ့ဟန် ဆောင်ရမည်။ နုနယ်သည့်အသွင် ပေါက်ရမည်။ ချိုးငှက်ကလေးလို အပြစ်ကင်းသည့် သတ္တဝါကလေး သဏ္ဌာန် ဆောင်ရမည်ဟု သင်ကြားပေးကြသည်။ ဤလို နုနယ် အားနွဲ့ဟန် ဆောင်ရသည့် ကိစ္စသည် တကယ် မလွယ်။ လေ့ကျင့်မှ ရနိုင်သည့် အတတ်ပညာမျိုး ဖြစ်သည်။ သူက ခပ်လှုပ်လှုပ်။ ခပ်ပျံပျံ။ စိတ်မြန် လက်မြန် ရှိသည်။ ဤအကြောင်းကို အက်ရှလေနှင့်ပင် ဆွေးနွေး ဖူးသေးသည်။ သိမ်သိမ်မွေ့မွေ့ နုနုကလေး နေသည့် မီလာနီကို ခွာကာ မြင်းစီးခြင်း၊ လမ်းလျှောက်ခြင်း စသည့် ကိစ္စတွေကို ဝါသနာပါသည့် သူ့နောက်သို့ အက်ရှလေ ပါလာခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်နိုင်သည်။ ယခုမှ ပြန်၍ သိမ်မွေ့ပြနေလျှင် အက်ရှလေက မည်သို့ ထင်မည်နည်း။

89

သူကိုယ်တိုင်ကလည်း တခြား မိန်းကလေးတွေလို ကနွဲ့ကလျ လုပ်ပြီး အက်ရှလေကို မမြှူချင်။ ဤသို့ မြှူမှ နွဲ့မှ အက်ရှလေက ကြိုက်သည် ဆိုလျှင် အက်ရှလေကိုပင် အထင် မကြီးချင်တော့။ အနွဲ့ကြိုက်၊ အညုကြိုက်၊ အချွဲကြိုက်သည့် နလပိန်းတုံး ယောက်ျားမျိုးကိုလည်း မလိုချင်။ ခက်သည်က ယောက်ျား ဆိုသည်ကလည်း ဤသည်မျိုးကိုမှ ကြိုက်တတ်ကြသည်။

အကယ်၍ မိမိသည် အက်ရှလေနှင့် ဆက်ဆံရာတွင် ပရိယာယ် များခဲ့သည် ဆိုလျှင် ထိုပရိယာယ်ကို အတိတ်တွင်

စွန့်ပစ်ခဲ့တော့မည်။ ယခုတွင်မူ ပရိယာယ်သစ် သုံးရလိမ့်မည်။ အက်ရှလေကို သူချစ်သည်။ အက်ရှလေနှင့် သူ့ကံကြမ္မာကို ဆုံးဖြတ်ရန် အချိန် များများ မရှိ။ နာရီပိုင်းကလေးသာ ရှိသည်။ မူမှ နွဲ့မှ အက်ရှလေနှင့် နီးမည်ဆိုလျှင် မူလိုက်မည်။ တာမှ ခရာမှ ညုမှ နီးမည်ဆိုလျှင် တာရမည်၊ ညုရမည်၊ ခရာရမည်။ အသိဉာဏ်တရား မရှိသူမျိုးကို အက်ရှလေ ကြိုက်သည်ဆိုလျှင် အသိဉာဏ် မရှိဟန် ဆောင်ရမည်။ ပျံတံတံမှ ကြိုက်သည်ဆိုလျှင် ပျံတံတံ လုပ်ပြရမည်။ ကလက်သည်ကိုမှ ကြိုက်သည် ဆိုလျှင်လည်း ကလက်ပြရမည်။ ဤနေ့သည် သူ့ဘဝကို အဆုံးအဖြတ် ပေးမည့်နေ့ ဖြစ်သည်။ နောက်ထပ် အချိန် မရှိတော့။

စင်စစ် စကားလက် အဖို့ မည်သည့် ဟန်အမူအရာကိုမျှ လုပ်စရာ မလို။ ပင်ကို ကိုက ချစ်စရာ ကောင်းပြီးသား

ဖြစ်သည်။ ဟန်အမူအရာ လုပ်သည်ထက် ပင်ကိုက ပို၍ ဆွဲငင်အား ကောင်းသည်။ သို့ရာတွင် ဤအချက်ကို စကားလက် သိအောင် မည်သူကမျှ မပြောကြ။ ပြောပြသည် ဆိုလျှင်လည်း စကားလက် သဘောကျကောင်း ကျမည်။ သို့ရာတွင် ယုံမည် မဟုတ်။ စကားလက် မွေးဖွား ကြီးပြင်းရာ ယဉ်ကျေးမှုကြီး တစ်ခုလုံးကလည်း ယုံကြည်မည် မထင်။ မိန်းမတို့၏ ပင်ကို သဘာဝကို ယခင်ကလည်း တန်ဖိုး မထားခဲ့။ ယခုလည်း တန်ဖိုး မထားကြ။

မြင်းရထားက ဝက်သစ်ချမြိုင်သို့ သွားသည့် လမ်းနီနီပေါ်တွင် ပြေးနေသည်။ ပျော်ပွဲစားသို့ မေမေနှင့် ကြီးဒေါ်

မလိုက်လာသည့် အတွက် စကားလက် ကျိတ်၍ ဝမ်းသာသည်။ ပျော်ပွဲစားတွင် သူ့ကို မျက်မှောင်ကုတ် ကြည့်မည့်သူ၊ နှုတ်ခမ်း စူမည့်သူ မရှိတော့။ မနက်ဖြန် ဆိုလျှင် ဆွီလင်က သူ့အကြောင်းကို အိမ်သို့ ပြန်ပြောကောင်း ပြောလိမ့်မည်။ သို့ရာတွင် အရေးမကြီး။ သူ့ အကြံအစည် အောင်လျှင် ခိုးရာသို့ပင် လိုက်ပြေးပြီ ဖြစ်သဖြင့် ဤမျှလောက်ကလေး အတွက် ဘာမျှ ပူစရာ မလိုတော့။ မေမေ တစ်ယောက် မပါသည်ကပင် သူ့အဖို့ အကွက်ကောင်း ပေါ်နေပြီ။

ယနေ့နံနက်တွင် ဖေဖေသည် ဘရန်ဒီကလေး ထွေထွေဖြင့် လက်သမား ဂျိုနာကို အလုပ်မှ ထုတ်လိုက်၏။

မေမေသည် အိမ်တွင် နေရစ်ခဲ့ရကာ ဂျိုနာ မထွက်ခင် စာရင်းအင်းတွေကို လွှဲယူဖို့ ဝါခင်းထဲသို့ ဆင်းသွားရသည်။ ရုံးခန်းလေးထဲက သူ့စားပွဲမြင့်မြင့်ကြီးတွင် အလုပ်များနေသာ မေမေ့ကို စကားလက် နမ်းရှုပ် နှုတ်ဆက်သည်။ ဂျိုနာက ဦးထုပ်ကို လက်တွင် ကိုင်၍ ရပ်နေသည်။ သူ့မျက်နှာက ဝါကျင့်ကျင့်။ လက်သမားဆရာ အဖြစ်မှ အထုတ်ခံရသည့် အတွက် မကျေမနပ် ဖြစ်နေပုံရသည်။ ဘာမှ မဖြစ်လောက်သည့် မိန်းမ ကိစ္စဖြင့် အထုတ်ခံရခြင်းကြောင့် ပို၍ အခံရ ခက်သည်။ အင်မီ မွေးသည့် ကလေးသည် သူ့ကလေး ဟုတ်ချင်မှ ဟုတ်မည် ဖြစ်ကြောင်း၊ အခြား ယောက်ျား တစ်ဒါဇင်လောက် အနက်က တစ်ယောက်ယောက်နှင့်လည်း ဖြစ်နိုင်ကြောင်းဖြင့် ဖေဖေ့ကို အထပ်ထပ် ရှင်းပြပြီးပြီ။ ဖေဖေကလည်း သဘောတူသည်။ သို့ရာတွင် မေမေက ဝင်စွက်လာသည့် အခါတွင် ဖေဖေလည်း ဘာမျှ မတတ်နိုင်။ ဂျိုနာသည် တောင်ပိုင်းသားဆိုလျှင် မုန်းသည်။ သူ့ကို အထင်သေးဟန် ဆက်ဆံကြသဖြင့် သူတို့ကို စက်ဆုပ်သည်။ မေမေ့ကို ပို၍ မုန်းသည်။ မေမေက တောင်ပိုင်းသူ အစွဲ အပြည့် ရှိသည်။

မေမေ အလုပ်များသည့် အတွက် ကြီးဒေါ်လည်း ပျော်ပွဲစားသို့ မလိုက်နိုင်။ မေမေနှင့် အတူနေခဲ့ရသည်။ ရထားသမား

90

တိုဘီနှင့် အတူ ဒစ်လစီ လိုက်လာသည်။ ညီအစ်မ သုံးယောက်တို့၏ ပွဲတက် ဝတ်စုံများကို ဂျပ်သေတ္တာဖြင့် ထည့်၍ ကိုင်လာသည်။ ဖေဖေက သူ့တောလိုက် မြင်းကြီးကို စီး၍ ဘေးက လိုက်လာသည်။ အရက်ကလေးက ခပ်ထွေထွေ။ ဂျိုနာ ကိစ္စကို မြန်မြန် ရှင်းပစ်လိုက်ရသဖြင့် စိတ်လက်လည်း ပေါ့ပါးနေသည်။ ယခု ထိုကိစ္စကို မေမေ့ ပုခုံးပေါ် လွှဲပစ်ခဲ့ပြီးပြီ။ ပျော်ပွဲစား မလိုက်ရခြင်း၊ မိတ်ဆွေများနှင့် မတွေ့ရခြင်းကြောင့် မေမေ တစ်ယောက် စိတ်ပျက်သည် မပျက်သည်မှာ သူ့ ကိစ္စ မဟုတ်။ သူ့အတွက် အရေးမကြီး။ သူ့အဖို့မူ ဤသို့သော နေ့များတွင် အပြင်မထွက်ဘဲ မနေနိုင်။ ထိုနေ့မှာ သာယာသည့် နွေဦး တစ်နေ့ ဖြစ်သည်။ သူ့ဝါခင်းများသည် လှနေသည်။ ငှက်တို့က တေးသီနေကြသည်။ ဖေဖေ၏ စိတ်သည် နုပျို လန်းဆန်းနေသည်။ ဤလိုနေ့များတွင် ခေါင်းရှုပ်စရာ တစ်ခုမှ မတွေးချင်။ တစ်ခါတစ်ရံတွင် ဖေဖေသည် သီချင်း တစ်ပုဒ်ကို ညည်းသည်။ တစ်ခါ တစ်ခါ သူ ငယ်ငယ်က ရခဲ့သည့် အိုင်းရစ် ကျေးလက် သီချင်းများကို ဆိုလာသည်။

ဖေဖေ ပျော်နေသည်။ ယန်ကီတွေ အကြောင်း၊ ပြည်တွင်းစစ် အကြောင်း စပြောရဦးမည်။ ငြင်းရ ခုံရဦးမည် ဟူသော

အတွေးဖြင့် ကြည်နူးနေသည်။ ဇာနားတပ် ပိုးထီးလေးတွေ ဆောင်းကာ တောက်တောက်ပပ ဂါဝန် ပွပွဖားဖားကြီးတွေ ဝတ်ထားသည့် သမီးချော သုံးယောက် အတွက် ဂုဏ်ယူသည်။ မနေ့ ညနေက စကားလက်နှင့် ပြောခဲ့သည့် စကားများကို အမှတ် မရတော့။ မေ့သွားပြီ။ စကားလက်က ချောသည်။ သူ့အတွက် ဂုဏ်တစ်ရပ် ဖြစ်သည်။ စကားလက်၏ မျက်လုံးများသည် အိုင်ယာလန်က တောတောင်များကဲ့သို့ စိမ်းနေသည် ဆိုသည့် အချက်လောက်ကိုသာ ဖေဖေ တွေးမိသည်။ သို့တွေးမိရာက သူ့ဘာသာသူ ကျေနပ်လာကာ `မြမြသာ စိမ်းတော့တယ်’ ဆိုသည့် တေးသီချင်းကို သမီးတွေ ကြားလောက်အောင် ဟစ်ဆိုသည်။ သို့ရာတွင် အသံက မမှန်။

စကားလက်က သူ့ဖေဖေကို အပြစ်တင်သည့် အမူအရာမျိုးဖြင့် ကြည့်၏။ မိခင်က အဆော့လွန်သော သားငယ်ကို

ကြည့်သည့် ချစ်စနိုးဖြင့် အပြစ် တင်သော အမူအရာမျိုး ဖြစ်သည်။ ဤအချိုးအတိုင်း သွားလျှင် ညနေ စောင်းလျှင် သူ့အဖေ ဒေါင်ချာ စိုင်းအောင် မူးတော့မည်မှာ သေချာသည်။ အပြန် မှောင်တရီတွင် ဝက်သစ်ချမြိုင်မှ မြိုင်သာယာ ကြားရှိ ခြံစည်းရိုးတိုင်ကို ခုန်၍ မြင်းစီးတော့မည်မှာလည်း သေချာသည်။ ဘုရားကလည်း စောင်မ၍ သူ့မြင်းကြီးကလည်း လိမ္မာမည် ဆိုလျှင်မူ ကုပ်ကျိုးသည့် အဖြစ်မျိုးနှင့် လွဲတန် ကောင်းသည်။ ပြန်လျှင် ဖေဖေသည် တံတားကို ဖြတ် မစီးတော့ဘဲ ချောင်းရေထဲတွင် မြင်းချ၍ တစွက်စွက် စီးတော့မည်။ အိမ်ကို မူးမူးနှင့် ပြန်ရောက်မည်။ ရုံးခန်းထဲက ဆိုဖာကြီးပေါ်တွင် အိပ်တော့မည်။ ဘဏ္ဍာစိုးကြီး ပေါ့ တစ်ယောက် မှန်အိမ် တစ်လုံးနှင့် အလုပ် များဦးတော့မည်။

ဖေဖေ ဝတ်လာသည့် ဝတ်စုံ အသစ် ပေရေ ညစ်ပတ်ကုန်တော့မည်။ မနက်လင်းလျှင် မှောင်သဖြင့် တံတားပေါ်မှ

မြင်းချော်ကျကြောင်း မေမေ့ကို ကျိန်တွယ် ပြောကာ ရှင်းချက်ထုတ်သံ ကြားရဦးတော့မည်။ သူ ရှင်းသည်ကို မည်သူကမျှ မယုံသည့်တိုင် လက်ခံ ရဦးတော့မည်။ ထိုအခါတွင် ဖေဖေသည် သူ့ကိုယ်သူ လူပါးကြီး လူလည်ကြီးဟု ထင်ကာ ကျေနပ်နေဦးမည်။

`ဖေဖေဟာ သူ လုပ်ချင်ရာ လုပ်နေတာပဲ၊ ဘာကိုမှ မစဉ်းစားဘူး၊ ဒါပေမယ့် ချစ်စရာတော့လည်း အကောင်းသားပဲ’

ဟု စကားလက် တွေးသည်။ ယနေ့တွင် စကားလက်၏ စိတ်သည် ပေါ့ပါးနေသည်။ ကြည်လင်နေသည်။ ယနေ့ နံနက်တွင် ဖေဖေ အပါအဝင် မြင်သမျှကို ချစ်ခင်နေသည်။ စကားလက်သည် သူ့အလှကို သူ သိသည်။ ဤနေ့ည မကုန်မီ အက်ရှလေကို သူ ပိုင်ရတော့မည်။

91



နေခြည်နုနုက နွေးနေသည်။ သူ့မျက်စိရှေ့တွင် ဂျော်ဂျီယာ နွေဦးသည် အလှပြနေသည်။ လမ်းဘေး တစ်ချက်က

ဆီးခလောက် ချုံများသည် ဆောင်းမိုး တစ်ပြိုက် အကျတွင် ပေါ်လာခဲ့ကြသော ရိုးပေါက်ကလေးများကို စိမ်းစိုသော အခက်အလက်ဖြင့် ဖုံးထားကြသည်။ မြေနီနီမှ ထိုးထွက်၍ မားမားရပ်နေကြသော စကျင် ကျောက်တုံးကြီးတွင် တောနှင်းဆီများ တက်ပွင့် နေကြသည်။ နှင်းဆီပွင့်များ ဘေးတွင် ခေါင်းလောင်းပွင့် ကလေးများ ရံထားသည်။ မြစ်တစ်ဖက်ကမ်း တောင်ရိုးပေါ်တွင် လက်ခုပ်ပွင့်တွေ ဖွေးနေအောင် ပွင့်နေကြသည်။ ပန်းသီးချဉ်ပင်များမှာ အဖူးအပွင့် ဝေစ ပြုပြီ။ ပန်းသီးချဉ်ဖူးကလေးများက ဆွတ်ဆွတ်ဖြူရောင်မှ ပန်းနုသွေးသို့ လုနေကြသည်။ နေခြည်သည် သစ်ရွက်ကြားမှ မြေကြီးပေါ်သို့ ကွက်တိကွက်ကျား ကျနေသည်။ မြက်ရှည်ပင်များ ကြားမှ ပျားရည်စုပ်ပန်းများက ခရမ်းရောင်၊ လိမ္မော်ရောင်၊ နှင်းဆီရောင် ပန်းကော်ဇောကြီးကို ခင်းထားသည့်နှယ် ရှိသည်။ လေထဲတွင် ပန်းနံ့သည် ချိုသင်းနေသည်။ တစ်လောကလုံး မွှေးနေသည်။

`ဒီနေ့ကိုတော့ သေတောင် မေ့မှာ မဟုတ်ဘူး။ ဒီနေ့ဟာ ငါ မင်္ဂလာဆောင်တဲ့ နေ့လည်း ဖြစ်ချင် ဖြစ်မှာ’ စကားလက်

တွေးသည်။

သူ့အကြံ အောင်လျှင် သူနှင့် အက်ရှလေတို့ ညနေတွင် ပန်းတွေ ခင်းသော လမ်းမှ သွားကြရတော့မည်။ ညဆိုလျှင်

လကလေး သာသာ၌ ဂျုန်းဘာရိုသို့ သွားမည်။ လက်ထပ်ပေးမည့် သင်းအုပ်ဆရာ တစ်ယောက်ကို ရှာရမည်။ အတ္တလန်တာ ရောက်လျှင် တရားဝင် လက်ထပ်ရဦးမည်။ သို့ရာတွင် သူတို့အတွက်မူ ဘာမျှ အရေး မဟုတ်။ ဤကိစ္စများကို ဖေဖေတို့ မေမေတို့ စဉ်းစားကြလိမ့်မည်။ သူ့သမီးသည် စေ့စပ်ပြီး ယောက်ျား တစ်ယောက်နှင့် ထွက်ပြေးပြီဟု သိလျှင် မေမေ မည်သို့ ရှိမည်နည်း။ သူ ပျော်သည်ကို မြင်လျှင် မေမေ ခွင့်လွှတ် လိမ့်မည်ဟု ထင်သည်။ ဖေဖေက ဆူပူမည်။ ကြိမ်းမောင်းမည်။ သို့ရာတွင် သူ့သမီးနှင့် ဝီလ်ကီ၏သား အက်ရှလေတို့ လက်ထပ်ကြသည်ကိုမူ ကျေနပ်လိမ့်မည်ဟု စကားလက် ထင်သည်။

`အို၊ ဒါတွေက လက်ထပ်ပြီးမှ စဉ်းစားရမယ့် ကိစ္စတွေပါ’ စကားလက်က စိတ်ညစ်စရာ အတွေးကို မောင်းထုတ်ပစ်သည်။



နေခြည်နွေးနွေး နွေဦးသစ်သစ်တွင် တောတန်းများ အလယ်မှ ထိုးထွက်နေသော ဝက်သစ်ချမြိုင်က အဆောက်အအုံ

ဖြူဖြူတွေကို မြင်နေရပြီ။ ဤအချိန်တွင် ဘာကိုမျှ မတွေးနိုင်။ မတွေးချင်။ စကားလက် ဝမ်းသာလွန်း၍ ရင်တဒိတ်ဒိတ် ခုန်နေပြီ။

`တစ်သက်လုံး ဝက်သစ်ချမြိုင်မှာ နေမယ်၊ ဒီလို နွေဦးမျိုးကို အကြိမ် ငါးဆယ်လောက် နေမယ်၊ အို ဒီထက် ပိုနေမယ်၊

ပြီးတော့ သားသမီးတွေ မြေးတွေကို ဒီနွေဦး ဘယ်လောက် သာယာကြောင်း၊ လှကြောင်း ပြောရမယ်’

စကားလက်က သူ့အတွေးနှင့်သူ ကြည်နူးသဖြင့် ဖေဖေနှင့် အတူလိုက်၍ သီချင်းဆိုသည်။



`မမ တစ်ယောက် ဘာလို့များ ဒီလောက် မြူးနေရသလဲ မသိဘူး’



ဆွီလင်က မျက်စောင်း တစ်ချက် ထိုး၍ ပြောသည်။ သူ့စိတ်ထဲတွင် စကားလက်၏ အစိမ်းရောင် ပွဲတက် ဝတ်စုံကို

မဝတ်ရသဖြင့် စိတ်ဆိုး မပြေချင်သေး။ စကားလက်သည် သူ့အဝတ်အစားကို သူများ မဝတ်စေချင်။ အလွန် နှမြောသည်။ မေမေကလည်း သူနှင့် အစိမ်းရောင် မလိုက်ဟု စကားလက် ဘက်က ထောက်ခံခဲ့သည်။

`အက်ရှလေနှင့် မီလာနီ ဒီနေ့ညမှာ စေ့စပ်မယ်လို့ ဖေဖေက ပြောတယ်၊ မမတို့တော့ ကျန်ရစ်ဖြစ်ပြီ’

92



`ညည်းက ဒါလောက်ပဲ သိတာကိုး’



စကားလက်က အပြုံးမပျက်။ လျှာကလေး တစ်လစ် ထုတ်၍ပင် ပြောင်ပြလိုက်သေးသည်။ မနက်ဖြန် နံနက်

ဤအချိန်ဆိုလျှင် ဆွီလင် တစ်ယောက် တအံ့တသြ ဖြစ်နေတော့မည်။

`ဟုတ်လိမ့်မယ် အားကြီး၊ မမက ဘရင့်ကို သဘောကျနေတာ’



ကာရင်းက ပြောသည်။ စကားလက်၏ ပြုံးရယ်နေသော မျက်လုံး စိမ်းစိမ်းများသည် ညီမငယ်ဆီသို့ ရောက်သွားကြ၏။

ဆယ့်သုံးနှစ်သာ ရှိသေးသည့် ကာရင်းသည် ဘရင့်ကို သဘောကျနေသည်။ ဤသည်ကို တစ်အိမ်လုံးက သိကြ၏။ ဘရင့်က သူ့ကို ကလေးလောက် သဘောထားသည်။ မေမေ မရှိလျှင် အစ်မ နှစ်ယောက်က သူ့ကို ဝိုင်း၍ စကြမြဲ။

`ဘရင့်ကို ငါ စိတ်မဝင်စားပါဘူး၊ သူကလည်း ငါ့ကို စိတ်မဝင်စားပါဘူး၊ ညည်း ကြီးလာအောင် စောင့်နေတာပါ’



ကာရင်း၏ မျက်နှာဝိုင်းဝိုင်း ကလေးတွင် ပန်းနုရောင် စို့သွားသည်။



`တကယ်’



`မမနော်၊ ကလေးကို ဘာတွေ လျှောက်ပြော နေတာလဲ၊ ဒီအရွယ်မှာ ဒါမျိုးတွေ မပြောရဘူးလို့ မေမေက

ပြောထားတယ် မဟုတ်လား၊ ကလေးကို မဟုတ်တရုတ် အကြံတွေ သွားပေး မနေနှင့်’

`ဟုတ်တာ ပြောတာပဲ၊ ကာရင်းက နောက် တစ်နှစ်လောက် ဆိုရင် လှမှာ ဆိုတော့ ဘယ်မှာ နာလို ပါ့မလဲ’



`ဟေ့၊ ကောင်မလေးတွေ၊ စကားများကြ ပြန်ပြီလား၊ အရိုက်ခံချင်ပြီ ထင်တယ်၊ နားထောင်စမ်း၊ မြင်းခွာသံတွေ

မဟုတ်လား၊ တာလက်တန်တို့လား မသိဘူး’

ရှေ့တွင်

ရွေးကြီးပင်စုမှ

လာသော

လမ်းဆုံ

ရှိသည်။

မြင်းခွာသံများ၊

ရထားဘီးသံများ၊

မိန်းမတွေ

စကားပြောလာသံများကို ကြားရ၏။ သစ်ပင်တွေ ကွယ်နေသဖြင့် မမြင်ရသေး။ ဖေဖေက ရှေ့မှ မြင်းစီး သွားကာ လမ်းဆုံ ရောက်လျှင် ရပ်ရန် ရထားသမား တိုဘီကို လက်ကာပြသည်။

`တာလက်တန်တို့ အိမ်သားတွေဟ’ ဖေဖေက လှမ်းပြောသည်။ ဖောင်းအစ်အစ် သူ့မျက်နှာသည် ဝင်းထိန်သွားသည်။

ဤတစ်ဝိုက်တွင် ဖေဖေသည် မေမေကလွဲလျှင် ဆံပင်နီနီနှင့် မစ္စက် တာလက်တန်ကို သဘော အကျဆုံး။ `အမယ်၊ မစ္စက် တာလက်တန် ကိုယ်တိုင် ရထား မောင်းလာပါကလားဟေ့၊ ကြည့်စမ်း၊ ဇက်ကြိုးတွေ ဘာတွေ ကိုင်ပုံက အဟုတ်၊ ညည်းတို့ တစ်ယောက်မှ မစွံဘူး၊ ကာရင်းက မြင်း ကြောက်တယ်၊ ဆွီလင် ကျတော့လည်း မြင်းဇက် ကိုင်ရင် တောင့်တောင့်ကြီး၊ မီးညှပ်ကြီးလိုပဲ၊ စကားလက် ကျတော့’

`အမယ်၊ သမီး မြင်းပေါ်က တစ်ခါမှ မကျဖူးသေဘူး၊ ဒေါ်ကြီး တာလက်တန်က မြင်းပေါ်က ခဏ ခဏ လိမ့်ကျတယ်

မဟုတ်လား’

စကားလက် မခံချင်။

93



`ညှပ်ရိုး သွင်သွင် ကျိုးသွားတာတောင် သတိ မလစ်ဘူး၊ တစ်ချက် မညည်းဘူး၊ ဒါတော့ ထည့် မပြောဘဲကိုး၊ ကဲ ကဲ

တော်ပါတော့ ဟိုမှာ လာနေပြီ’

ဖေဖေက ခြေနင်းကွင်းပေါ်တွင် ရပ်၍ ဦးထုပ်ချွတ် နှုတ်ဆက်လိုက်သည်။ မစ္စက် တာလက်တန်၏ မြင်းလှည်းက

အနီးသို့ ရောက်လာသည်။ မြင်းလှည်း  တစ်စီးလုံး အဝတ်အစား တောက်တောက်ပပ ပိုးထီး ကိုယ်စီဖြင့် မိန်းကလေးတွေ ပြည့်နေသည်။ မစ္စက် တာလက်တန်က ရထားသမား ထိုင်ခုံတွင် ထိုင်လျက်။ လှည်းပေါ်တွင် သမီးလေးယောက်၊ ပွဲတက် ဝတ်စုံထည့် ဂျပ်သေတ္တာများကို ကိုင်လာသည့် အိမ်ဖော်မကြီး တစ်ယောက်နှင့် ပြည့်နေပြီ။ ရထားသမား အတွက် ထိုင်စရာ မရှိတော့။ မစ္စက် တာလက်တန်ကလည်း သူ့လက် ကောင်းနေလျှင် ကိုယ်တိုင် ရထားမောင်းရမှ ကျေနပ်သည်။ မည်သူ့ကိုမျှ ခွင့်မပြု။ မစ္စက် တာလက်တန်က ပိန်ပိန်ပါးပါး။ အရိုး အဆက် ပြေပြေ။ အသား ဖြူဖြူ။ သူ့ဆံပင်နီနီများသည် မျက်နှာပေါ်က အသွေး အရောင် တွေကို စုပ်ယူ ထားလေသလော အောက်မေ့ ရသည်။ လူကသာ ပိန်သော်လည်း အားကောင်း မောင်းသန် ဖြစ်သည်။ အပင်ပန်း ခံနိုင်သည်။ မစ္စက် တာလက်တန်သည် ကလေး ရှစ်ယောက် မွေးခဲ့ပြီးပြီ။ သူ့လို ဆံပင်နီနီ ခပ်ကြမ်းကြမ်း သားတွေ သမီးတွေကို လူလားမြောက်အောင် မွေးမြူခဲ့ပြီးပြီ။ သားသမီးတွေကို အလိုလိုက်၍ စည်းကမ်း တင်းသည့် နေရာတွင် တင်းသည်။ သူ့မြင်းတွေကို မွေးသလို စနစ်တကျ မွေးသည်ဟု အနီးတစ်ဝိုက်က ပြောစမှတ် ပြုကြသည်။ `သင်းတို့ကို ကြပ်ကြပ်မတ်မတ် ကွပ်ညှပ်ပေးရမယ်၊ ဒါပေမယ့် စိတ်ဓာတ်ကိုတော့ ချိုးမပစ်ပါနှင့်’ ဟု မစ္စက် တာလက်တန်က ပြောတတ်သည်။

မစ္စက် တာလက်တန်က မြင်း ချစ်တတ်သည်။ မြင်း အကြောင်း ပြောရလျှင် မောသည် မရှိ။ အချို့ ယောက်ျားများထက်

မြင်းအကြောင်းကို သိသည်။ မြင်းကိုင် ကျွမ်းကျင်သည်။ ကုန်းမြင့်ပေါ်က သူ့အိမ်သည် သူ့ကလေးတွေဖြင့် ပြည့်နေသလို မြက်ခင်း စိမ်းစိမ်း ထနေသည့် သူ့ခြံဝင်းသည်လည်း မြင်းပေါက်ကလေးများ၊ တောလိုက ခွေးများဖြင့် ပြည့်နေသည်။ ဝါခင်းသို့ သွားလျှင် သူ့ ခွေးတွေက နောက်က တစ်အုပ်ကြီး ပါလာကြသည်။ မစ္စက် တာလက်တန်က သူ့ မြင်းများကို အလွန် ဂုဏ်ယူသည်။ အထူးသဖြင့် မြင်းနီမကြီး နယ်လီကို ပို၍ ဂုဏ်ယူသည်။ မြင်းနီမကြီး နယ်လီက လူ့စကား နားလည်သည်။ အခြား ကိစ္စဖြင့် အလုပ်များ နေလျှင် မစ္စက် တာလက်တန်က ကပ္ပလီ သူငယ်ကလေးတစ်ယောက်ကို ခေါ်၍ သကြား ကျွေးခိုင်းသည်။ သကြားခွက်ကို ပေးရင်း `ရော့၊ နယ်လီကို ပြောလိုက်၊ ငါ ချက်ချင်း လာခဲ့မယ်လို့’ ဟု ပြောတတ်သည်။

တစ်ခါတစ်ရံမှအပ မစ္စက် တာလက်တန် နံနက်တိုင်း မြင်းစီးကျင့်သည်။ နေပူပူ မိုးရွာရွာ အိပ်ရာက နိုးသည်နှင့်

တစ်ပြိုင်နက် နယ်လီကို ကုန်းတင်ကာ အိမ်ရှေ့တွင် လမ်းလျှောက်ခိုင်းသည်။ အလုပ် အားလျှင် မြင်းစီးကျင့်ရန် အဆင်သင့် ပြင်ထားစေသည်။ သို့ရာတွင် မစ္စက် တာလက်တန်တို့၏ ကုန်းသာယာ တောသည် အလုပ် ရှုပ်သည်။ အချိန်ပို များများ မရ။ နယ်လီကလည်း သူ့သခင်မ မစီးဘဲ ကြာကြာ လမ်းမလျှောက်။ မစ္စက် တာလက်တန်က သူ့ထုံးစံအတိုင်း အင်္ကျီလက်ကို ပင့်ကာ ဖိနပ်ရှည်ကြီး ပေါ်အောင် ဂါဝန်ကို တိုတို ဝတ်၍ အလုပ်များနေလျှင် နယ်လီကလည်း လမ်းကြာကြာ မလျှောက်တော့။

ယနေ့တွင် မစ္စက် တာလက်တန်သည် ပုံရိုးရိုး ဂါဝန်ပေါ်တွင် ပိုးပြောက်အနက် အင်္ကျီကို ဝတ်ထားသည့်တိုင်

ခါတိုင်း မြင်းစီး သွားနေကျ သဏ္ဌာန်နှင့် သိပ်မကွဲလှ။ သူ့အင်္ကျီက မြင်းစီးအင်္ကျီဆန်ဆန် ချုပ်ထားသဖြင့် ခါတိုင်းပုံစံအတိုင်း ဖြစ်နေသည်။ ဦးထုပ်ကလည်း အနက်။ ဦးထုပ်တွင် စိုက်ထားသည့် ငှက်တောင်ကလည်း အနက်။

ဖေဖေ့ကို မြင်သည်တွင် မစ္စက် တာလက်တန်က ကြိမ်ကို ဝှေ့ပြသည်။ ကြွနေသည့် မြင်းနီကြီး နှစ်ကောင်ကို

94

ဇက်သတ်လိုက်သည်။ ရထားပေါ်မှ မိန်းကလေး လေးယောက်ကလည်း ခေါင်းပြူကာ ဆူဆူညံညံ အော်ဟစ် နှုတ်ဆက်ကြသည်။ စင်စစ် သူတို့ မတွေ့သည်မှာ နှစ်ရက်လောက်သာ ရှိသေးသည်။ သို့ရာတွင် အကြောင်းမသိသူ အဖို့မူ သူတို့ နှုတ်ဆက်ပုံက နှစ်ပေါင်းများစွာ ကွဲကွာနေကြသူများဟု ထင်ရသည်။ မစ္စက် တာလက်တန်တို့ မိသားစုက အပေါင်းအသင်း ဆံ့သည်။ ဖော်ရွေသည်။ အိမ်နီးချင်းများကို ခင်သည်။ ဂျရယ် အိုဟာရာ၏ သမီးများကို ခင်သည်။ အထူးသဖြင့် ဆွီလင်နှင့် ကာရင်းကို ခင်သည်။ စကားလက်ကိုမူ ဤမျှ မဟုတ်။ စင်စစ် ဤနယ် တစ်ဝိုက်တွင် ကက်သလင်း ကားလ်ဘတ် တစ်ယောက်က လွဲလျှင် စကားလက်ကို လှိုက်လှိုက်လှဲလှဲ ခင်သူ ဟူ၍ သိပ်မရှိလှ။

နွေ ရောက်လျှင် ဤတစ်ဝိုက်တွင် တစ်ပတ် တစ်ခါလောက် ပျော်ပွဲစား ထွက်ဖြစ်ကြသည်။ ကပွဲ လုပ်တတ်ကြသည်။

သို့ရာတွင် ပျော်ပျော် နေတတ်သည့် မစ္စက် တာလက်တန် မိသားစု အဖို့မူ ပျော်ပွဲတိုင်း ကပွဲတိုင်းသည် တစ်သက်တွင် ပထမဆုံး တွေ့ရသည့်နှယ် မရိုးနိုင်အောင် ဖြစ်နေသည်။ မစ္စက် တာလက်တန်၏ သမီး လေးယောက်က လုံးကြီးပေါက်လှ မိန်းမချော ကလေးတွေချည်း ဖြစ်သည်။ ရထားထဲတွင် သူတို့ လေးယောက်ဖြင့် ပြည့်နေကာ ထိုင်လိုက်သည်နှင့် သူတို့ ဂါဝန်ဖားဖားကြီးတွေ တစ်ထည့် တစ်ထည် ထပ်ကုန်သည်။ ပိုးထီးချင်း ထိနေသည်။ အနား ကျယ်ကျယ် ဦးထုပ်ပြား နှုတ်ခမ်းချင်း ထိကုန်သည်။ ဦးထုပ်များပေါ်တွင် နှင်းဆီပွင့် စိုက်ထားပြီး မေးသိုင်း ဖဲကြိုးနက်များက အောက်သို့ ပုံနေသည်။ ဦးထုပ်များ အောက်မှ သိုးကာ သီကာမျှ အသွေးကွာသည့် ဆံပင် နီနီများကို မြင်ရသည်။ ဟက်တီ၏ ဆံပင်က နီနီရဲရဲ။ ကင်မီလာ၏ ဆံပင်က စထရော်ဘယ်ရီရောင်။ ရင်ဒါ၏ ဆံပင်က ကြေးနီ ဖျော့ဖျော့။ အငယ်ဆုံးမ ကယ်ရီ၏ ဆံပင်က မုန်လာဥမြစ်ရောင်။

`သမီးတွေကတော့ သမီးချောတွေချည်းပဲ ဗျို့၊ ဒါပေမယ့် မအေကိုတော့ မမီသေးဘူး’



ဖေဖေက သူတို့ ရထားဘေးတွင် မြင်းယှဉ်၍ စီးရင်း လှမ်းပြောသည်။ မစ္စက် တာလက်တန်က မျက်လုံး ညိုညိုများကို

ကလယ် ကလယ် ဖြစ်အောင် ပြလိုက်ကာ သူ့စကားကို သဘောကျဟန်ဖြင့် အောက်နှုတ်ခမ်းကို အထဲသို့ သွင်း၍ ခပ်နောက်နောက် လုပ်ပြသည်။

`မေမေ မရဘူးနော်၊ ဖေဖေ့ကို တိုင်ပြောမယ်’



`ဦးကြီးက ချောတော့ မေမေတောင် ဖောက်လာပြီ’



သမီးတွေက ဝိုင်းနောက်ကြပြန်သည်။ စကားလက်က သူတို့နှင့်အတူ ရော၍ ရယ်သည်။ သို့ရာတွင် အမေကို

ဆက်ဆံရာတွင် ဤမျှ အရောတဝင် လုပ်သည်ကိုမူ စကားလက် အံ့သြသည်။ သူတို့ အမေကို သူတို့ ဆက်ဆံပုံက သူငယ်ချင်း အရွယ်၊ ဆယ့်ခြောက်နှစ်က တစ်ရက် မစွန်းသည့် မိန်းမချင်းသဖွယ် ရင်းနှီးလွန်းသည်ဟု ထင်သည်။ စကားလက် အဖို့မူ ဤ စကားမျိုး မေမေ့ကို မပြောရဲ။ အမေကို မခန့်လေးစား လုပ်ရာ ရောက်သည်ဟု မြင်သည်။ သို့တိုင်အောင် သားအမိ တစ်တွေ ဆက်ဆံပုံကို ကြည့်ရသည်က ပျော်စရာ ကောင်းသည်။ အမေကို နောက်ကြ၊ ပြောင်ကြ၊ စကြသည့်တိုင် ချစ်မြဲ၊ မြတ်နိုးမြဲ ရှိပုံရသည်။ သူ့မေမေလို အမေမျိုးကို မစ္စက် တာလက်တန်လို မလဲနိုင်သည့်တိုင် သူတို့လို အမေနှင့် ထွေးလုံး ရစ်ပတ် ရယ်လား မောလား စကားလက် နေချင်သည်။ မေမေကမူ ဤလို အတွေးမျိုးကိုပင် လက်ခံမည် မဟုတ်။ ရှက်စရာ ထင်လိမ့်မည်။ ရထားထဲတွင် ထိုင်နေသည့် ဆံပင်နီနီနှင့် ခေါင်းလေးလုံးထဲတွင် စိတ်ညစ်စရာ ဟူ၍ တွေးမိဖူးပုံ မရ။ စကားလက်သည် သူနှင့် စရိုက်ချင်း မတူသည့် မိန်းကလေးတွေကို တွေ့တိုင်း ဖြစ်ရိုး ထုံးစံအတိုင်း သူနှင့် သူတို့တစ်တွေကို

95

နှိုင်းကြည့်ပြီး စိတ်ရှုပ်နေသည်။

စကားလက်က စဉ်းစားဉာဏ် မရင့်သန်။ သို့ရာတွင် အကင်းပါးသည်။ ချက်ဆို နားခွက်က မီးတောက်သူ ဖြစ်သည်။

ထို့ကြောင့် မစ္စက် တာလက်တန်၏ သမီး လေးယောက်သည် မြင်းပေါက် ကလေးတွေလို ဆော့၍ နွေဦးပေါက် တောယုန်များလို မြူးနေတတ်သည့်တိုင်

စိတ်မညစ်တတ်သည့်

စရိုက်ကိုမူ

အဖေ

အမေထံမှ

အမွေရလိုက်ကြသည်ဟု

စကားလက်

သတိထားမိလိုက်သည်။ သူတို့ အဖေရော အမေရော ဂျော်ဂျီယာ နယ်သူ နယ်သားများ ဖြစ်ကြသည်။ သူတို့ကိုယ် သူတို့ ယုံကြည်မှု ရှိသည်။ သူတို့ ပတ်ဝန်းကျင်ကို သံယောဇဉ် ကြီးသည်။ သူတို့ အကြောင်းကို သူတို့ သိသည်။ စကားလက် ရင်ထဲမှာလို ပဋိပက္ခများ မရှိ။ စကားလက်တွင်မူ ယဉ်ကျေး သိမ်မွေ့၍ အထက်တန်းကျသည့် အမေ့သွေးနှင့် ခပ်ရမ်းရမ်း ခပ်ကြမ်းကြမ်း နေတတ်သည့် အဖေ့ အိုင်းရစ်သွေးတို့ ရောနေသည်။ စကားလက်သည် အမေကို ရုပ်တု တစ်ခုလို ကိုးကွယ်ချင်သည်။ ကြည်ညိုချင်သည်။ တစ်ပြိုင်နက်တည်းမှာပင် အမေ့ ဆံပင်တွေကို ဖွကာ အမေ့ကို ကျီစယ်ချင်သည်။ ကလူချင်သည်။ ဤသို့ဖြင့် စကားလက်၏ ရင်တွင် ပဋိပက္ခ ဖြစ်နေသည်။ ထိုပဋိပက္ခကြောင့်ပင် စကားလက်သည် ယောက်ျားလေးတွေနှင့် တွေ့လျှင် နုနယ် သိမ်မွေ့သည့် အထက်တန်းစား အမျိုးကောင်း သမီးဟန် ဆောင်ချင်သည်။ တစ်ပြိုင်နက်တည်းမှာပင် ခပ်ရမ်းရမ်း၊ ခပ်ပျံပျံ မိန်းကလေး တစ်ယောက်လိုလည်း နေချင်နေသည်။

`အစ်ကိုကြီး အယ်လင် မပါလာဘူးလား’



မစ္စက် တာလက်တန်က မေး၏။



`ခြံက လက်သမားဆရာကို အလုပ်က ထုတ်လိုက်လို့ အိမ်မှာ အလုပ်များ ကျန်ရစ်ခဲ့တယ်၊ နေစမ်းပါဦး၊ မောင်တော်နှင့်

သားတွေကကော’

`သွားနှင့်ကြပြီလေ၊

အရက်စုံ

စပ်ထားတာ

ကောင်းမကောင်း

မြည်းကြမလို့တဲ့၊

စောစောကတည်းက

ထွက်သွားကြတယ်၊ တစ်နေ့လုံး မသောက်ရတော့မယ့် အတိုင်းပဲ၊ မစ္စတာ ဝီလ်ကီကို ပြောထားရတယ်၊ အိမ်က လူကို မြင်းဇောင်းမှာပဲ သိပ်သိပ် တစ်ညတော့ သိပ်ထားစမ်းပါ၊ ပြန်မလွှတ်ပါနှင့်လို့၊ ဖအေရော သား လေးယောက်ရော မူးလာမှဖြင့် ကျွန်မ ဒုက္ခ ရောက်ရချည်ရဲ့၊ သုံးယောက်လောက် ဆိုရင်တော့ နိုင်အောင်’

ဖေဖေက တခြား စကားကို လွှဲ၍ ပြောသည်။ မနှစ် ဆောင်းဦးပေါက် ဝက်သစ်ချမြိုင် ပျော်ပွဲစားတွင် မူး၍

အိမ်ပြန်လာခဲ့ဖူးသည်။ ဤအကြောင်းကို သူ့သမီးတွေက သူ့နောက်ကွယ်တွင် ပြောနေကြမည် စိုးရသည်။

`ဒီနေ့ ဘာဖြစ်လို့ မြင်း မစီးတာလဲ၊ ခင်ဗျား မြင်းမကြီး နယ်လီ မပါတော့ ကြည့်ရတာတောင် တစ်မျိုးကြီး၊ ခင်ဗျားကတော့

ကြေးရုပ်တုပဲ’

`ရုပ်တုပဲ ပြောပါရှင်၊ ကြေး မပါပါရစေနှင့်၊ ကြေးက ကြေးစည်လုပ်တာပါ’



`ကြေးရုပ်တုပဲ ဖြစ်ဖြစ်၊ ရုပ်တုပဲ ဖြစ်ဖြစ်ဗျာ၊ အတူတူပါပဲ၊ ခင်ဗျား စကားပြောကိုက ကြေးစည်သံ ပေါက်နေတာ’



`ဟုတ်တယ် ဟုတ်တယ်၊ တောလိုက်လို့ မြေခွေး တစ်ကောင် တွေ့ရင် မေမေ့ အော်သံက ကြေးစည်သံလို ဆူနေတာပဲ၊

96

ဟက်တီ ပြောတာ မဟုတ်ဘူးလား’

ဟက်တီက ဝင်ပြောသည်။



`အမယ်လေး၊ ငါ့အသံက ညည်းတို့ကို ကြေးတွန်းပေးရင် ညည်းတို့ အော်တဲ့ အသံလောက် မကျယ်ပါဘူး၊ ဒီနေ့

နယ်လီကို စီးလို့ မရဘူး၊ ဒီနေ့ မနက် သားကျတယ်’

`ဟုတ်လား’ ဖေဖေက စိတ်ဝင်စားစွာ မေးသည်။ အိုင်းရစ် လူမျိုးပီပီ ဖေဖေကလည်း မြင်းဆိုလျှင် စိတ်ဝင်စားသည်။

ဤတွင် မေမေနှင့် မစ္စက် တာလက်တန် တို့၏ ကွာခြားချက်ကို သတိပြုမိလိုက်ပြန်သည်။ မေမေက မြင်း သားပေါက်သည်ကိုလည်း နားမလည်။ နွားကလေး မွေးသည်ကိုလည်း စိတ်မဝင်စား။ ကြက် ဥသည်ကိုလည်း မသိ။ ထိုကိစ္စမျိုးကို လုံးဝ ဝါသနာ မပါ။ မစ္စက် တာလက်တန်ကမူ ထိုကိစ္စမျိုးတွင် အလွန် ဝါသနာ ကြီးသည်။

`မြင်းမလေးလား’



`အထီးကလေး ရှင့်၊ ခြေနှစ်ချောင်းကိုက လေးပေ ရှိတယ်၊ အားရင် လာကြည့်လှည့်ပါဦး၊ ကျွန်မ မြင်းလို့ မပြောရဘူး၊

ဟက်တီ ဆံပင်လို နီနီကလေး’

`ဟက်တီနှင့် အားလုံး တူတယ်’



ကင်မီလာက ပြောင်သဖြင့် ဟက်တီက ဆွဲဆိတ်သည်တွင် အော်သံ၊ ရုန်းရင်းဆန်ခတ် ဖြစ်သံ၊ ရယ်သံများကို

ကြားရသည်။

`ကျွန်မ မြင်းမလေးတွေ၊ အက်ရှလေနှင့် အတ္တလန်တာက သူ့နှမဝမ်းကွဲ စေ့စပ်တယ်လို့ ကြားကတည်းက ကျွန်မ

မြင်းမတွေ မြူးနေတာ၊ နေစမ်းပါဦး၊ ကလေးမ နာမည်က ဘယ်သူ၊ မီလာနီတဲ့လား၊ ကောင်မလေးက ချစ်စရာလေးလို့ပြောတယ်၊ ကျွန်မကတော့ နာမည်လည်း မေ့နေပြီ၊ ရုပ်လည်း ကောင်းကောင်း မမှတ်မိဘူး၊ ကျွန်မတို့ အိမ်က ထမင်းချက် မိန်းမကြီးက ဝီလ်ကီတို့ အိမ်က ဘဏ္ဍာစိုးကြီးရဲ့ မိန်းမလေ၊ ဒီည စေ့စပ်မယ်ဆိုတာ သူပြောလို့ သိရတာပေါ့၊ ကျွန်မ သမီးတွေကတော့ ဝမ်းသာနေကြတယ်၊ ဘာဖြစ်လို့လဲ မဆိုနိုင်ဘူး၊ တစ်နေ့နေ့မှာ အက်ရှလေက ဒီကောင်မလေးနှင့် လက်ထပ်လိမ့်မယ် ဆိုတာ သိနေကြတာပဲ၊ သူတို့က ဆွေထဲ မျိုးထဲမှာ လှည့်ယူနေကြတာ မဟုတ်လား၊ ဟန်နီ ဝီလ်ကီကို ကြည့်ပါလား၊ မီလာနီနှင့်တောင် လက်ထပ်ဦးမှာပဲ၊ နေစမ်းပါဦး အစ်ကိုကြီးရဲ့၊ မသိလို့ မေးပါရစေဦး၊ အဲဒီ ဝီလ်ကီတို့ မိသားစုဟာ အပြင်လူနှင့် လက်မထပ် ကောင်းတော့ဘူး တဲ့လား၊ တကယ်လို့သာ’

ရယ်ရွှန်းဖတ်ရွှန်း

ပြောလိုက်သည့်

နောက်စကားလုံးများကို

စကားလက်

မကြားရတော့။

နေလုံးသည်

တိမ်ညိုအောက်သို့ ရောက်သွားသည့် အခါတွင် ရှုခင်းသည် အုံ့မှိုင်းသွားကာ အသွေးအရောင်တွေ ပျောက်ကွယ်သွားသည့်နှယ် ဖြစ်သည်။ တောင်တမာပင် အုပ်များက ညို့သွားကြသည်။ ပန်းသီးချဉ်ပွင့် ပန်းရောင် နုနုကလေးများက မှိန်သွားကြသည်။

စကားလက်သည် မှီအုံး အပျော့တပ် ရထားထိုင်ခုံကို လက်ချောင်းများဖြင့် ဖိထားလိုက်သည်။ သူ့လက်ထဲက

ပိုးထီးက ယိုင်လျက်။ အက်ရှလေ တစ်ယောက် စေ့စပ်ပြီး ဖြစ်ကြောင်း သူ သိပြီးသား။ သို့ရာတွင် သိပြီးသား ဖြစ်သည်က

97

တခြား။ သူများ ပြောသံ ကြားရသည်က တခြား။ သူများ ပြောသံကို ကြားရသည်တွင် စကားလက် နားခါးသည်။ မကြားချင်။ ခဏကြာမှ စိတ်တည်ငြိမ်သွားကာ သူ့မျက်စိထဲတွင် ရှုခင်း ကြည်လာသည်။ အက်ရှလေသည် သူ့ကို ချစ်သည်။ ဤသည်ကို သူ သိသည်။ သေချာသည်။ ယနေ့ည စေ့စပ်ကြောင်းလမ်းပွဲ မလုပ်ဖြစ်ခဲ့လျှင်၊ သူတို့ နှစ်ယောက် ထွက်ပြေးဖြစ်ကြလျှင် မစ္စက် တာလက်တန် တစ်ယောက် မည်မျှ အံ့သြနေမည် မသိ။ သူတို့တစ်တွေ မီလာနီနှင့် အက်ရှလေတို့ အကြောင်း ပြောစဉ် စကားလက် တစ်ယောက် ခပ်တည်တည် ထိုင်နေသေးကြောင်း၊ ဘာကြောင်း ညာကြောင်း စသဖြင့် မစ္စက် တာလက်တန်က သူ့ အိမ်နီးချင်းတွေ ပြန် ဖောက်သည် ချမည်ကို စကားလက် မြင်ယောင်သေးသည်။

စကားလက်က သူ့အတွေးဖြင့် သူ သဘောကျကာ ပါးချိုင့်ကလေး ပေါ်အောင် ပြုံးသည်။ အမေ့စကားကို

နားထောင်ရင်း စကားလက်၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်နေသည့် ဟက်တီက နားမလည်နိုင်သလို မျက်မှောင်ကလေး ချီ၍ ကြည့်၏။

`အေးလေ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ ဝမ်းကွဲချင်း လက်ထပ်တာ မကြိုက်ဘူး၊ အထူးသဖြင့် အက်ရှလေ

ဘက်က နာတာပေါ့၊ အက်ရှလေ နှမ ဟန်နီက ချားလ်ကို ယူတယ် ဆိုရင်တော့’

`ချားလ်ကိုမှ မယူရင် ဟန်နီ တစ်ယောက် ဘယ်တော့မှ ယောက်ျား ရတော့မှာ မဟုတ်ဘူး’ ဟု ရင်ဒါက

ယောက်ျားလေးများ ကြားတွင် ပေါ်ပြူလာ ဖြစ်သူပီပီ ရက်ရက်စက်စက် ပြောချသည်။ `သူ့မှာ ယောက်ျားလေး မိတ်ဆွေဆိုလို့ တစ်ယောက်မှ မရှိဘူး၊ ဒါတောင် ချားလ်ကလည်း ကြိုက်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် သေချာအောင် စေ့စပ်ထားတာပေါ့၊ မင်း မှတ်မိသေးလား စကားလက်၊ မနှစ်တုန်းက ချားလ် မင်းကို လာရစ်နေတာ’

`ဟဲ့ သမီး၊ ဘာတွေ ပြောနေတာလဲ၊ ဝမ်းကွဲချင်း ဆိုရင် နှစ်ဝမ်းကွဲတောင် မယူသင့်ဘူး၊ အမျိုးညံ့ တတ်တယ်၊

မြင်းတို့ ဘာတို့ကတော့ တစ်မျိုးပေါ့၊ မြင်းများ ကျရင်တော့ တစ်မိပေါက်ချင်း ဖြစ်ဖြစ် အဖေနှင့် သမီး ဖြစ်ဖြစ် အရေးမကြီးဘူး၊ အမျိုးတောင် ကောင်းသေးတယ်၊ ဒါပေမယ့် လူကျတော့ မကောင်းတော့ဘူး၊ မျိုးရိုးတော့ မတိမ်ကောဘူးပေါ့၊ ဒါပေမယ့် အရည်အသွေး ညံ့တတ်တယ်၊ ပြီးတော့’

`မီလာနီတို့ ဘက်ကနေ ကြည့်တော့လည်း ဝီလ်ကီတို့ မိသားစု အပြင် ဘယ်သူများ စဉ်းစားစရာ ရှိသေးလို့လဲ၊

ပြီးတော့ သူတို့ ဘိုးဘွား လက်ထက် ကတည်းက ဆွေမျိုးချင်း ပေးစားခဲ့ကြတာပဲဟာ’

`အဲဒါကြောင့်မို့ပေါ့၊ ဟိုတုန်းကဟာတော့ ပြီးပြီးသား ထားတော့၊ ခု ရပ်ဖို့ ကောင်းပြီ၊ ခု ဆွေမျိုးချင်း လက်ဆက်ဖို့

ဇာတိ ပြလာပြီ မဟုတ်လား၊ အက်ရှလေကတော့ ထားပါတော့၊ မဆိုးပါဘူး၊ ရုပ်ရော စိတ်သဘောထားရော၊ ဒါပေမယ့် သူ့နှမ နှစ်ယောက် ကျတော့ ဘာဖြစ်သလဲ၊ ရုပ်ကလေးတွေကတော့ မဆိုးပါဘူး၊ စိတ်ဓာတ်ကျတော့ အလကားပဲ၊ မီလာနီကို ကြည့်ဦးမလား၊ ဝါးခြမ်းပြားလေး ထောင်ထားတဲ့ အတိုင်းပဲ၊ လေတိုက်ရင် လဲတော့မယ်၊ စိတ်ကလည်း ပျော့လိုက်တာ၊ သူကိုယ်ပိုင် ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ မအေ မှာ မှာတဲ့အတိုင်းပဲ၊ ကျွန်မ ပြောတာ သဘောပေါက်မလား မသိဘူး၊ မိသားစု တစ်စု၊ ဆွေမျိုးစု တစ်ခုမှာ သွေးသစ် လိုတယ်၊ အားကောင်းတဲ့ သွေးကောင်း သွေးသန့် လိုတယ်၊ ကျွန်မ သမီးတွေလို အစ်ကိုကြီး သမီး စကားလက်လို ဟာမျိုးတွေ လိုတယ်၊ ကျွန်မက ဝီလ်ကီတို့ အမျိုးကို ရှုတ်ချ ပြောနေတာ မဟုတ်ပါဘူး၊ မျိုးရိုး အနေနှင့် ဘာမှ ပြောစရာ မရှိပါဘူး၊ ခင်လည်း ခင်ပါတယ်၊ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူတို့က သူတို့ ဆွေမျိုးမှ သူတို့

98

ဆွေမျိုး ဖြစ်နေတယ်၊ မဟုတ်ဘူးလား၊ သွားရိုး သွားစဉ် လမ်းအတိုင်း ဆိုရင်တော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် လမ်းသစ် ထွင်ရပြီ၊ မိုးထဲ ရေထဲကျပြီ ဆိုရင်တော့ မလွယ်ဘူး၊ ကိုယ့်အမျိုးမှ ကိုယ့်အမျိုး ဆိုပြီး ဆွေမျိုးချင်း လက်ဆက်ကြတော့ စိတ်ဓာတ်က ညံ့သွားပြီ၊ တော်တော့ အခက်အခဲကို ရင်မဆိုင်နိုင်တော့ဘူး၊ ရာသီဥတု ကောင်းတုန်းပဲ သုံးလို့ ရတယ်၊ ကျွန်မ လိုချင်တာက ဆယ့်နှစ် ရာသီ သုံးလို့ရတဲ့ မြင်းမျိုး၊ ဗွက် ရုန်းရ ရုန်းရ၊ တောင်တက် ရုန်းရ ရုန်းရ ဆိုတာမျိုး၊ ခု သူတို့ ဆွေမျိုးချင်းပဲ လက်ဆက်တဲ့ အခါကျတော့ ဒီနား တစ်ဝိုက်က လူတွေနှင့် တစ်ဘာသာ ဖြစ်နေပြီ၊ ကြည့်လိုက်ရင် စန္ဒရားလေး တီးလိုက်၊ ဗျပ်စောင်းကလေး ခတ်လိုက်၊ စာအုပ်ကလေး ဖတ်လိုက်နှင့် ဒါမျိုးတွေချည်းပဲ ဖြစ်ကုန်ပြီ၊ အက်ရှလေကတော့ စာအုပ် ဖတ်မယ့် အစား တောလိုက်ကလေး ဘာလေး ဝါသနာ ပါကောင်းပါရဲ့၊ ကြည့်ပါလား၊ သူတို့ ကြည့်ရင် သေးသေးသွယ်သွယ် နုနုဖတ်ဖတ် ကလေးတွေချည်းပဲ၊ သူတို့ ဆွေမျိုးထဲမှာ လိုနေတာက တကယ် မိုးထဲ ရေထဲ တိုးနိုင်မယ့်ဟာမျိုး ရှင့်၊ မိုးထဲ ရေထဲ တိုးနိုင်မယ့် ဟာမျိုး’

`အင်း’



ဖေဖေက အာလုတ်သံဖြင့် ဆိုသည်။ သူတို့ ပြောနေသည့် စကားများကြောင့် လိပ်ပြာမလုံ ဖြစ်လာသည်။ သူတို့နှစ်ဦး

ပြောသည့် စကားများသည် သူ စိတ်ဝင်စား၍ သူနှင့် လိုက်သည့် စကားမျိုး ဖြစ်သည်။ မေမေနှင့် မလိုက်။ မေမေကမူ သမီးတွေ ရှေ့တွင် ဤမျှ ပွင့်ပွင့်လင်းလင်း ပြောကြရသလောဟု ရင်ဘတ် စည်တီး ဖြစ်လိမ့်မည် ထင်သည်။ သို့ရာတွင် မြင်းမွေး၊ လူမွေး ဝါသနာ ပါသည့် မစ္စက် တာလက်တန်က ဝါသနာ ပါသည့် အကြောင်းကို ပြောရမည် ဆိုလျှင် မမောနိုင်။ အခြားသူ မည်သို့ရှိရှိ သူ ပြောချင်ရာကိုမူ ပြီးအောင် ပြောသည်။

`ကျွန်မက သိတာပေါ့၊ ကျွန်မတို့ အမျိုးထဲမှာ ဝမ်းကွဲချင်း လက်ထပ်တဲ့ဟာတွေ ရှိတာကိုး၊ သားတွေ သမီးတွေ

ပျော့တိ ပျော့ညံ့ ဖြစ်ကုန်တာပဲ၊ ကျွန်မကို လူကြီးတွေက ဝမ်းကွဲ တစ်ယောက်နှင့် လက်ထပ်ဖို့ ပြောတုန်းကများ ဘာရမလဲ၊ ကျွန်မက မြင်းမ သောင်းကျန်းသလို သောင်းကျန်းပစ်တာပေါ့၊ မဖြစ်ဘူး၊ ကျွန်မ သားသမီးတွေ ခွာနာ လျှာနာ အပေါက် မခံနိုင်ဘူး၊ မြင်း မဟုတ်ဘူးလို့ ကျွန်မ အကျောက်အကန် ပြောတာပဲ၊ အမေ ဆိုတာများ ဒီလို ပြောရမလား ဆိုပြီး မူးမေ့တောင် သွားတယ်၊ ဒါပေမယ့် ဘယ် လျှော့မလဲ၊ အဘွားကလည်း ကျွန်မဘက်က ပါတယ်၊ မြင်းအကြောင်း သိတာကိုး၊ အိမ်က လူနှင့် ထွက်ပြေးနိုင်တာ အဘွားကူလို့ ချောမောတာပေါ့၊ ကြည့်လေ၊ ကျွန်မ သားသမီးတွေ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းချည်းပဲ၊ ရှူနာ ရှိုက်ကုန်း တစ်ယောက်မှ မပါဘူး၊ ဘွိုက် တစ်ယောက်ပဲ ငါးပေ ဆယ်လက်မ ဆိုတော့ အရပ် ပုတယ်လို့ ခေါ်နိုင်တယ်၊ ဝီလ်ကီ သားသမီးတွေ ကြည့်ပါဦး’

`အင်း ဟုတ်တာပေါ့’



ဖေဖေက စကားလမ်း လွှဲရန် ကြိုးစားသည်။ ကာရင်းက သူတို့ ပြောသည့် စကားကို နားထောင်ရင်း တအံ့တသြ

ဖြစ်နေပြီ။ ဆွီလင် မျက်နှာကလည်း တစ်မျိုး ဖြစ်နေသည်။ သူတို့ နှစ်ယောက် အိမ် ပြန်ရောက်၍ မေမေ့ကို မေးခွန်းတွေ လျှောက်မေးနေလျှင် မိမိ အအုပ်အထိန်း ညံ့သလောဟု အပြစ်တင် ခံရတော့မည်။ စကားလက်ကမူ သူ့ အတွေးနှင့်သူ ရှိနေပုံ ရသည်။

ဟက်တီ အသံကြောင့် ဖေဖေ အသက်ရှူချောင်သွားသည်။

99



`မေမေရေ၊

စကား ကောင်းနေလိုက်တာ၊ သွားကြစို့၊ နေပူလှပြီ၊ တော်တော်ကြာ ဟက်တီ

မှဲ့ခြောက်တွေ

ပေါက်ကုန်တော့မှာပဲ’

ဟက်တီက နှုတ်ခမ်းစူသည်။



`သြော်၊ ဒါထက် တပ်မတော် အတွက် မြင်းတွေ ရောင်းဖို့ကိစ္စ စဉ်းစားပြီးပြီလား၊ ပြည်တွင်းစစ်ကတော့ ဖြစ်မှာ

သေချာနေပြီ၊ လူငယ်တွေကလည်း သွေးဆူ နေကြပြီ၊ ကျွန်တော်တို့က ကလေတန် ခရိုင် တပ်စုအတွက် ဆိုတော့ ကလေတန် နယ်ပေါက် မြင်းတွေကို လိုချင်တယ်၊ လုပ်ပါဦး၊ တပ်မတော် အတွက် မြင်း ရောင်းပါဦး’

`ပြည်တွင်းစစ် မဖြစ်ပါဘူး အစ်ကိုကြီးရဲ့’



မစ္စက် တာလက်တန်က ခပ်အေးအေး ဖြစ်သွားသည်။ ခပ်စောစောက ဝီလ်ကီတို့ ဆွေမျိုးစု လက်ထပ်ရေး ကိစ္စကို

ပြောစဉ်ကလောက် အာဝဇ္ဇန်း မရွှင်တော့။

`အလို၊ ဘာကြောင့်’



`မေမေတို့ မြင်းကိစ္စကို ဟိုရောက်မှ ပြောလို့ မဖြစ်တော့ဘူးလား’



ဟက်တီက နားပူပြန်သည်။



`ခဏလေးပါကွာ၊ တစ်မိနစ်လောက်ကလေးပါ၊ ဝက်သစ်ချမြိုင် ရောက်ရင် ရှိသမျှသူက မြင်းကိစ္စကို ဆီးမေးမှာ၊

ဒါကြောင့် ဒီကတည်းက မေးသွားရတာ၊ သမီးတို့ မေမေကတော့ သူ့မြင်းတွေကို နည်းနည်းလေးမှ အထိမခံဘူး၊ သူ့မြင်းတွေနှင့် ပတ်သက်လာရင် သိပ်ကပ်စေးနဲတာပဲ၊ ကဲ မစ္စက် တာလက်တန်၊ ခင်ဗျားမှာ မျိုးချစ်စိတ်ကလေး နည်းနည်းမှ မရှိတော့ဘူးလား၊ သီးခြား ပြည်နယ် ရတော့မှာ ဆိုတာကို နည်းနည်းမှ ဝမ်းမသာဘူးလား’

`ဟောဒီမှာ မေမေ၊ ရင်ဒါရယ် သမီး အပေါ် တက်ထိုင်နေတယ်၊ အင်္ကျီတွေ ကြေကုန်ပြီ’



ဟက်တီက အော်၍ တိုင်သည်။



`တွန်းလိုက်ပေါ့ သမီးရယ်၊ နေစမ်းပါဦး အစ်ကိုကြီးရဲ့၊ ကျွန်မကို သီးခြား ပြည်နယ်နှင့် ကိုင်ပေါက်နေတာပေါ့

ဟုတ်လား၊ သီးခြား ပြည်နယ် ရရေးကို အစ်ကိုကြီး အားပေးသလို ကျွန်မလည်း အားပေးပါတယ်၊ အားပေးလို့ သား လေးယောက်စလုံးကိုတောင် ခရိုင်တပ်ထဲ စာရင်း ပေးပြီးပြီ၊ အစ်ကိုကြီးက သား တစ်ယောက်များ စာရင်း သွင်းလို့လား၊ ကျွန်မ သားတွေက သူတို့ကိုယ် သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်၊ ဒါပေမယ့် ကျွန်မ မြင်းတွေက သူတို့ကိုယ် သူတို့ မထိန်းသိမ်းတတ်ဘူး ရှင့်၊ ကျွန်မ သိတဲ့ ကောင်လေးတွေ စီးမယ်ဆိုရင် ကျွန်မ မြင်းတွေကို ရောင်းတောင် မရောင်းပါဘူး၊ အလကား လှူလိုက်ပါ့မယ်၊ ဒါပေမယ့် လားလောက်ကိုသာ စီးဖူးတဲ့ လူတွေ လက်ထဲတော့ ကျွန်မ မြင်းတွေကို မအပ်နိုင်ဘူးရှင့်၊ ကျွန်မ မြင်းတွေကို ကောင်းကောင်းလည်း မကျွေး၊ ကောင်းကောင်းလည်း မသုတ်သင်ဘဲ ပစ်ထားမှာတို့၊ ကုန်းပေါက်လျက်ကြီးနဲ့ ဇွတ်စီးမှာတို့ တွေးတိုင်း အိပ်လို့ မပျော်ဘူး၊ ကျွန်မက မြင်းတွေကို တွေ့ကရာလူ လျှောက်စီးတာ၊ ရိုက်တာ၊ နှက်တာတွေကို မကြည့်နိုင်ဘူးရှင့်၊ မဖြစ်ပါဘူး အစ်ကိုကြီးရယ်။’

100



`အစ်ကိုကြီးကလည်း ကျွန်မ မြင်းတွေကိုချည်း ရန်ရှာ နေတာပဲ၊ အတ္တလန်တာဘက် သွားပြီး ဝယ်ပါလား၊ သူတို့က

မြင်းမျိုးကောင်းတွေ ဘာတွေလည်း သိမှာ မဟုတ်ဘူး၊ ဘယ်မြင်းရရ မြင်း ဆိုရင် ပြီးတာပဲ မဟုတ်လား’

`မေမေ သွားမယ်၊ မေမေကသာ မေမေ့ မြင်းတွေကို မပေးဘူး ပြောနေတာ၊ ဖေဖေနှင့် ကိုကိုတို့ တောင်းရင်

ပေးလိုက်ရမှာပဲ’

`အမယ်လေး၊ မပေးပေါင်၊ ကျုပ် မြင်းတွေတော့ မထိကြနှင့်’



မစ္စက် တာလက်တန်က ဇက်ကြိုးကို လှုပ်ပြီး မြင်းများကို ကြာပွတ်ဖြင့် အသာတို့သည်။ မြင်းရထားက တစ်ဟုန်ထိုး

ထွက်သွားသည်။

ဖေဖေက ဦးထုပ်ကို ပြန်ဆောင်းကာ အိမ်က မြင်းရထားနှင့် ယှဉ်၍ စီးလာသည်။



`အာဂ မိန်းမပဲ ဟေ့၊ တိုဘီရေ မောင်းဟေ့၊ သူ့ဆီက မြင်းတွေတော့ မရရအောင် ယူရမှာပဲ၊ အင်း၊ သူပြောတာလည်း

ဟုတ်သလောက်တော့ ဟုတ်တာပဲ၊ ယောက်ျား ဖြစ်လျက်နဲ့ မြင်းအကြောင်း နားမလည်ရင် အဲဒီ လူဟာ ယောက်ျား မပီသဘူး၊ ဒီလို လူမျိုးကို ခြေလျင်တပ် ပို့ရမှာပဲ၊ တို့ နယ်မှာလည်း ခရိုင်တပ်ဖွဲ့ဖို့ လူကောင်းကောင်း မရှိဘူး၊ ဘာပြောတယ် သမီး’

`ဖေဖေ ရှေ့က သွားရင်လည်း သွား၊ နောက်က လိုက်ရင်လည်း လိုက်ပါ၊ ဖေဖေ့ မြင်းလုပ်ပုံက ဖုန်တွေကို လုံးနေတာပဲ၊

မွန်းနေပြီ’

စကားလက်က လှမ်းပြောသည်။ ဖေဖေ ပြောနေသည့် ကိစ္စများကို သူ နားမထောင်ချင်တော့။ နားငြီးလှပြီ။ ဖေဖေ့

စကားကြောင့် သူ့ကိစ္စကို ဖြောင့်ဖြောင့် မစဉ်းစားနိုင်။

ဝက်သစ်ချမြိုင် ရောက်လျှင် ပြောရမည့်စကား၊ ထားရမည့် မျက်နှာထား၊ လုပ်ရမည့် အစီအစဉ်တွေကို ဖြောင့်ဖြောင့်

မတွေးနိုင်။ ဖေဖေက ဇက်ကို ဆွဲကာ တာလက်တန်တို့ ရထားနောက် ဖုန်လုံး နီနီထဲတွင် နေရစ်ခဲ့သည်။ မစ္စက် တာလက်တန်နှင့် မြင်းစကား ဆက်၍ ပြောရဦးမည်။

101





မြစ်ကို ဖြတ်ပြီးနောက် မြင်းရထားသည် တောင်ကို တက်စပြုသည်။ ဝက်သစ်ချမြိုင်ကို မမြင်ရသေးသည့်တိုင် သစ်ပင်

ထိပ်ဖျားတွင် ဝေ့ဝိုက်နေသော မီးခိုးများကို မြင်နေရပြီ။ မင်းတောသား ထင်းတုံးကို မီးလောင်သည့် အနံ့၊ ဝက်သားနှင့် သိုးသားကင်နံ့သည် လေထဲတွင် မွှေးနေသည်။

ကောင်လုံးကင်သည့် ကျင်းများတွင် မနေ့ည ကတည်းက မီးဖိုထားသဖြင့် ယခုလောက် ဆိုလျှင် ကျင်းထဲတွင် မီးကျီးတွေ

ရဲနေလောက်ပြီ။ ကောင်လုံးကင်များကို တံစို့တွင် ထိုး၍ လှည့်ပေးသဖြင့် အဆီများက တစက်စက် ကျကာ မီးဖိုထဲတွင် တရှဲရှဲ မြည်နေသည်။ အိမ်နောက်ဖေး ဝက်သစ်ချတောထဲမှ လာခြင်း ဖြစ်သည်ဟု စကားလက် ထင်သည်။ အက်ရှလေတို့ အဖေ ဂျွန် ဝီလ်ကီသည် ကောင်လုံးကင် ပျော်ပွဲစား လုပ်လျှင် နှင်းဆီခြံသို့ ဆင်းသည့် တောင်စောင်းကလေးတွင် လုပ်တတ်သည်။ ထိုနေရာက ရှုခင်းလည်း လှသည်။ အရိပ်လည်း ကောင်းသည်။ ကိတ်ကားလ်ဗတ်တို့ ပျော်ပွဲစား လုပ်သည့် နေရာထက် သာသည်။ ကိတ်အမေ မစ္စက် ကားလ်ဗတ်က ကောင်လုံးကင် ပျော်ပွဲစားမျိုးကို ဝါသနာ မပါ။ ကောင်လုံးကင်နံ့သည် အိမ်တွင် ရက် အတန်ကြာ မပျောက်ဘဲ စွဲနေသည်ဟု ပြောတတ်သည်။ ထို့ကြောင့် ကောင်လုံးကင် ပျော်ပွဲစား လုပ်လျှင် အိမ်နှင့် မိုင်ဝက်သာသာလောက် ဝေးသည့် ကွင်းပြင်ကြီး ထီးထီးကြီးမှာ လုပ်ရသည်။ ပျော်ပွဲစား လာသူတွေ နေပူထဲတွင် ချွေးတလုံးလုံး ဖြစ်နေသည်။ အက်ရှလေတို့ အဖေ ဂျွန် ဝီလ်ကီကမူ ဤအနီးတစ်ဝိုက်တွင် ဧည့်ဝတ်ကျေသည်ဟု နာမည်ကြီးသည်။ ကောင်လုံးကင် ပျော်ပွဲစားကို စနစ်ကျအောင် လုပ်တတ်သည်။

အရိပ် ကောင်းကောင်းတွင် စားပွဲခင်း လှလှ ဖုံးထားသည့် ပျော်ပွဲစားသုံး စားပွဲရှည်ကြီးများ ချထားသည်။ ခုံရှည်တွင်

မထိုင်ချင်လျှင် သစ်ပင်ရိပ်များ အောက်တွင် ထိုင်ဖုံများ၊ ခေါက်ကုလားထိုင်ကြီးများ၊ ပုခက်များ ချထားသည်။ ဧည့်သည်များထံ မီးခိုး မလာနိုင်လောက်သည့် ခပ်လှမ်းလှမ်း တစ်နေရာ၌ ကောင်လုံးကင်သည့် မီးဖို ကျင်းကြီးများ ရှိသည်။ အနီးရှိ သံမဏိ အိုးကြီးများထဲတွင် ကောင်လုံးကင်နှင့် စားရသည့် ခရမ်းချဉ် အနှစ်ရည်အနံ့၊ ဟင်းချိုနံ့များက သင်းနေသည်။ မစ္စတာ ဝီလ်ကီ၏ ကပ္ပလီကျွန် တစ်ဒါဇင်လောက်က မီးဖိုနှင့် ဧည့်သည်များ အကြား ဗန်းတွေကို ကိုင်ကာ လူးလာခတ်နေကြသည်။ စပါးကျီ နောက်ဖေးတွင် အိမ်စေများ၊ ရထားသမားများ၊ ဧည့်သည်များ၏ အိမ်ဖော်များ အတွက် သတ်သတ် လုပ်ပေးထားသည့် ကောင်လုံးကင် မီးဖိုကျင်း တစ်ကျင်း ရှိသေးသည်။ ကိတ်မုန့်၊ မျောက်ဥပြုတ်၊ ဝက်အူဟင်းနှင့် ကပ္ပလီများ ကြိုက်တတ်သည့် ဝက်သည်း ဝက်ဆုတ် ဟင်းများ ရှိသည်။ ရာသီချိန်ဆိုလျှင် ဖရဲသီးများလည်း ချပေးထားသည်။

ကြွပ်ရွ နေသည့် ဝက်သားကင်နံ့က မွှေးနေသည်။ စကားလက်က ဆာလာသဖြင့် နှာခေါင်းကို ရှုံ့၍ အနံ့ခံသည်။

ကျက်လောက်ချိန် ဆိုလျှင် အနေတော် ဖြစ်သည်။ အားပါးတရ စားလိုက်မည်ဟု တွက်ထားသည်။ အိမ်တုန်းက ကြီးဒေါ် ကောင်းမှုကြောင့် အဝအပြဲ စားကာ ခါးကို တင်းတင်း ချည်လာခဲ့သဖြင့် လေချဉ် မတက်အောင် မနည်း သတိထားနေရသည်။ လူတွေ ကြားထဲတွင် တအေ့အေ့ လေချဉ်တက်နေမှဖြင့် ဒုက္ခ။ အဘိုးကြီးများနှင့် အဘွားကြီးများသာ လူတော သူတောတွင် တအေ့အေ့ လေချဉ် တက်လေ့ ရှိကြသည်။

102



တောင်ပေါ်သို့ ရောက်လျှင် အချိုးအစား ကျသည့် အက်ရှလေတို့ အိမ်ဖြူဖြူကို လှမ်းမြင်ရသည်။ အိမ်ရှေ့ ဆင်ဝင်က

မြင့်မြင့်၊ ဝရန်တာ ကျယ်ကျယ်၊ အမိုး ပက်ပက်။ မိမိ၏ ရက်ရောမှု၊ ဖော်ရွေမှုကို နားလည်သော မိန်းမ တစ်ယောက်သည် ကျက်သရေ ရှိနေသကဲ့သို့ အက်ရှလေတို့ အိမ်ကြီးသည်လည်း ကျက်သရေ ရှိနေသည်။ စကားလက်သည် ဝက်သစ်ချမြိုင်ကို မြိုင်သာယာထက်ပင် သဘောကျသေးသည်။ ဝက်သစ်ချမြိုင်က ခံ့ညား တည်ငြိမ်သည်။ ရင့်ကျက်သည်။

အိမ်အဝင် လမ်းကျယ်ကြီး တစ်လျှောက်တွင် ကုန်းတင်ထားသည့် မြင်းများ၊ မြင်းရထားများဖြင့် ပြည့်နေသည်။

အချို့က မြင်းရထားမှ ဆင်းဆဲ။ တစ်ဦးနှင် တစ်ဦး လှမ်း၍ နှုတ်ဆက်ကြဆဲ။ ဧည့်ခံပွဲ တစ်ပွဲတွင် တွေ့ရမြဲ ထုံးစံအတိုင်း သွားတွေ ဖြဲထားသည့် ကပ္ပလီ ကျွန်များက မြင်းများကို စပါးကျီ နောက်ဖေးသို့ ဆွဲသွားကြသည်။ ကပ္ပလီနှင့် လူဖြူကလေး တစ်သိုက်က စိမ်းနေသည့် မြက်ခင်းပေါ်တွင် အော်ဟစ် ခုန်ပေါက်ကာ ဖန်ခုန်တမ်း ကစားနေကြသည်။ ပျော်ပွဲစားတွင် မည်မျှ စားမည်ဟု ပြိုင်နေကြသည်။ အိမ်ရှေ့မှ နောက်ဘက်ထိ တိုးလျှိုပေါက်သည့် ခန်းမကြီးထဲတွင် ဧည့်သည်တွေ ပြည့်နေပြီ။ စကားလက်တို့ မြင်းရထား အိမ်ရှေ့တွင် ရပ်လိုက်သည့် အခါတွင် လိပ်ပြာ ကလေးတွေလို တောက်ပနေကြသည့် မိန်းမငယ်များသည် တစ်ယောက်ခါးကို တစ်ယောက် ဖက်ကာ အိမ် အပေါ်ထပ် အောက်ထပ် ကူးလူး နေသည်ကို စကားလက် မြင်ရသည်။ တချို့က ပွတ်လုံး လှေကား ထိပ်မှ ရပ်၍ အောက်က လူငယ်များကို လှမ်းနှုတ်ဆက် နေကြသည်။

လူကြီးများက ဧည့်ခန်းတွင် ထိုင်ကာ ယပ်ခတ်ရင်း သား အကြောင်း သမီး အကြောင်း ပြောနေကြသည်ကို

ပြတင်းပေါက်ကျယ်ကြီးမှ လှမ်း၍ စကားလက် မြင်လိုက်ရ၏။ အက်ရှလေတို့ အိမ်က ဘဏ္ဍာစိုးကြီး တွမ်က ငွေလင်ဗန်းကို လက်ဝါးတွင် တင်ကိုင်ကာ ခန်းမများထဲတွင် လျှောက်သွားနေသည်။ ဦးညွှတ် နှုတ်ဆက်ရ ပြုံး၍ နှုတ်ဆက်ရနှင့် သူ့ခမျာ အားရသည် မရှိ။ သမင်ရောင်၊ မီးခိုးရောင် စသည့် ဝတ်စုံများကို ဝတ်ထားသည့် လူငယ်များက ဖန်ခွက်ရှည်ကြီးများကို လှမ်းပေးနေသည်။

နေခြည်ထိုးနေသည့် ဝရန်တာတွင်လည်း ဧည့်သည်တွေ ပြည့်နေသည်။ တစ်နယ်လုံးများ ဖိတ်ထားလေသလောဟု

ထင်ရသည်။ မစ္စတာ တာလက်တန်နှင့် သူ့သား လေးယောက်က အိမ်ရှေ့ ဆင်ဝင်တိုင်ကြီးကို မှီထိုင်နေကြသည်။ အမြွှာ ညီအစ်ကို ဖြစ်သည့် စတူးဝပ်နှင့် ဘရင့်က ခါတိုင်းလို ရွေးမရအောင် ဆင်တူ ဝတ်လျက်။ ဘွိုက်နှင့် တွမ်က သူတို့အဖေ မစ္စတာ ဂျိမ်း တာလက်တန်နှင့် ထိုင်လျက်။ မစ္စတာ ကားလ်ဗတ်က မြောက်ပိုင်းသူ ဇနီးနှင့် ထိုင်လျက်။ သူ့ဇနီး ယန်ကီမသည် ဂျော်ဂျီယာတွင် ဆယ့်ငါးနှစ်လောက် နေပြီးသည့်တိုင် အသားမကျသေး။ သူ့ခမျာ လူစိမ်း ဖြစ်နေသဖြင့် လူတိုင်းက သူ့ကို ဂရုစိုက်ကြသည်။ မစ္စတာ ကားလ်ဗတ်၏ သား နှစ်ယောက် ဖြစ်သည့် ရေးဖို့နှင့် ကိတ်တို့က ခပ်ပျံပျံ သူတို့နှစ်မ ကက်သလင်းနှင့် အတူထိုင်ကာ ဂျိုး ဖွန်တိန်နှင့် သူ့ရည်းစား ဆယ်လီ မွန်ရိုးကို စ နေကြသည်။ အဲလက်နှင့် တိုနီ ဖွန်တိန်တို့က ဒီမီတီ မွန်ရိုး အနီးသို့ ကပ်၍ တွတ်ထိုးနေကြသည်။ ဘာတွေ ပြောနေမှန်း သူ မသိ။ ဒီမီတီက တခစ်ခစ် ရယ်လျက်။

ဆယ်မိုင်လောက် ဝေးသည့် သာယာကုန်းက ဧည့်သည်လည်း လာသည်။ ဖေယက်တီဗီးလ်ကလည်း လာသည်။

ဂျုန်းဘာရိုကလည်း လာသည်။ အတ္တလန်တာနှင့် မာကွန်က ဧည့်သည်ပင် ပါသေးသည်။ သူတို့ ဘေးတွင် ဟန်နီ ဝီလ်ကီက နားထောင်ရင်း တခစ်ခစ် ရယ်နေသည်။ တစ်ခါ တစ်ခါတွင် ဧည့်သည်များကို လှမ်းနှုတ်ဆက်သည်။

ဟန်နီက ဂနာမငြိမ်။ ခပ်ကြောင်ကြောင်။ သူ့အဖေ မစ္စတာ ဝီလ်ကီက ဣနြေ္ဒရသလောက် သမီးက ဣနြေ္ဒ နည်းသည်။

မစ္စက် တာလက်တန် ပြောသလို ဆွေမျိုးချင်း သွေးနှော၍ ဤသို့ ဖြစ်သည်လော မဆိုနိုင်။ ဂျွန် ဝီလ်ကီနှင့် အက်ရှလေ ဝီလ်ကီတို့

103

ညီ အစ်ကိုက မျက်တောင်မွေး ကြိုးကြဲ။ ဖန်နီကျတော့ ယုန်များလို မျက်တောင်မွေးပင် ကောင်းကောင်း မရှိ။ အင်ဒီယာကမူ အရုပ်ဆိုးသည်ဟုပင် ပြောနိုင်သည်။

အင်ဒီယာ တစ်ယောက်ကို မတွေ့ရသေး။ ဧကန္တ မီးဖိုထဲတွင် အစေခံများကို ညွှန်ကြားချက်တွေ ပေးနေလိမ့်မည်ဟု

စကားလက် ထင်သည်။ အင်ဒီယာ ခမျာ သနားစရာ။ မနှစ်က မအေ ဆုံးပြီး ကတည်းက အိမ်မှုကိစ္စတွေကို စီမံရသည်။ စိတ်မကူးအား။ စတူးဝပ် တစ်ယောက်နှင့်သာ ရင်းရင်းနှီးနှီး ဆက်ဆံဖူးသည်။ စတူးဝပ်က သူ့ကို မရွေးဘဲ မိမိကို ရွေးလျှင် မတတ်နိုင်။ မိမိက သူ့ထက် ရုပ်သာသောကြောင့်သာ ဖြစ်လိမ့်မည် ဟု စကားလက် တွေးနေသည်။

ဂျွန် ဝီလ်ကီက လှေကားမှ ဆင်းလာကာ စကားလက်ကို ဆွဲခေါ်သည်။ ဆွီလင်က လူအုပ်ထဲတွင် သူ့အဆက် ဖရင့်

ကင်နဒီကို လိုက်ကြည့်နေသည်။

ဖရင့်က ဆွီလင်ကို တွဲခေါ်ရန် ရထားဆီသို့ ခပ်သုတ်သုတ် လျှောက်လာသည်။ ဆွီလင်က စွေ့ခနဲ နေအောင်

ရထားပေါ်မှ ခုန်ဆင်းကာ ဖရင့် လက်မောင်းကို ချိတ်လျက် ကြော့ကြော့ကလေး ပါသွားသည်။ ဆွီလင် လုပ်ပုံက မခံချင်စရာ။ စကားလက်သည် စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွား၏။ ဆွီလင့် ပါးကို တစ်ချက်လောက် ရိုက်ချင်စိတ် ပေါ်လာသည်။ ဤနည် တစ်ဝိုက်တွင် ဖရင့်သည် သူများတကာထက် မြေပိုင် ယာပိုင် ပေါကောင်း ပေါမည်။ စိတ်ကောင်း နှလုံးကောင်းလည်း ရှိကောင်း ရှိမည်။ သို့ရာတွင် သူ့ဘာသာ သူ ရှိကာမှရှိရော လူက ကြီးလှပြီ။ အသက် လေးဆယ်လောက် ရှိပြီ။ လူက ခပ်ကြောင်ကြောင်။ မုတ်ဆိတ်ကလည်း နီကျင့်ကျင့်။ ကြည့်တော့လည်း ပျာယီးပျာယာ။ အဘွားကြီးဂိုက် ပေါက်နေသည်။ စကားလက်က အထင်သေးသည့်ဟန် မျက်နှာ တစ်ချက် ရှုံ့လိုက်သည်။ သို့ရာတွင် ဤသည်က အရေးမကြီး။ ကိုယ့်ကိစ္စကို ကိုယ် လုပ်ရဦးမည်။ ထို့ကြောင့် မျက်နှာထား ပြင်ကာ ဖရင့်ကို အလိုက်အထိုက် ပြုံး၍ နှုတ်ဆက်ရသည်။ ဆွီလင်ကို တွဲခေါ်ရင်း ကျေနပ်သွားသည့်ဟန် စကားလက်ဘက်သို့ ပြုံးကြည့်လိုက်သည်။

စကားလက် မျက်လုံးများက လူအုပ်ထဲတွင် အက်ရှလေကို ရှာနေသည်။ ဂျွန်နှင့် စကား ပြောနေ ရသည့်တိုင်

မျက်လုံးများက အငြိမ်မနေ။ ခက်သည်က အက်ရှလေကို ဆင်ဝင်ဝတွင် ရှာမတွေ့။ နှုတ်ဆက်သံများကို ကြားရပြီး စတူးဝပ်နှင့် ဘရင့် သူ့ဆီသို့ ပြေးလာကြသည်။ မွန်ရိုး ညီအစ်မက ထလာကာ သူ့ဝတ်စုံကို ချီးမွမ်းသည်။ ဤသို့ဖြင့် စကားလက်သည် အားလုံး၏ အာရုံ စူးစိုက်ရာ ဖြစ်လာသည်။ သို့ရာတွင် အက်ရှလေ ဘယ်မှာနည်း။ မီလာနီတို့ မောင်နှမကော။ စကားလက် ဣနြေ္ဒမပျက် ဟန်ဆောင်ကာ ခန်းမထဲသို့ ဝင်လာသည်။

ရောက်သည်နှင့် ဧည့်သည်များနှင့် စကားပြောရင်း၊ ရယ်ရင်း မောရင်း၊ နောက်ရင်း ပြောင်ရင်း စကားလက်၏

မျက်လုံးများသည် လူစိမ်း တစ်ယောက်ကို လှမ်းမြင်လိုက်သည်။ ထိုလူက ခန်းမဆောင် အလယ်တွင် တစ်ယောက်တည်း ရပ်ရင်း စကားလက်ကို ရွှန်းရွှန်းစားစားကြီး ကြည့်နေ၏။ သူ ကြည့်ပုံက ရိုင်းစိုင်းသည်။ ယောက်ျား တစ်ယောက်ကို ဆွဲငင်နိုင်စွမ်း ရှိသည့် အတွက် မိန်းမတို့ သဘာဝ သူ့ ကိုယ်သူ စကားလက် ကျေနပ်သည်။ သို့ရာတွင် သူ့အင်္ကျီက လည်ဟိုက်လွန်းသဖြင့် ရှက်ရွံ့ရွံ့လည်း ဖြစ်သည်။ ထိုလူက အသက် ကြီးပုံရသည်။ အနည်းဆုံး သုံးဆယ့်ငါးနှစ်လောက်တော့ ရှိပြီ။ အရပ် မြင့်မြင့်။ ဗလ ကောင်းကောင်း။ သူ့လောက် ပခုံးကျယ်သူကို စကားလက် တစ်ခါမျှ မမြင်စဖူး။ ကြွက်သားတွေက ဖုထစ်နေသည်။ အထက်တန်းစား တစ်ယောက်အတွက် ကြီးခိုင်လွန်း နေသည်။ စကားလက်နှင့် မျက်လုံးချင်း ဆိုင်မိသည့်အခါတွင် ထိုလူက ပြုံးလိုက်သည်။ ခပ်တိုတို ဖြတ်ထားသည့် နှုတ်ခမ်းမွေး နက်နက် အောက်မှ ခိုင်မာ ဖြူဖွေးသည့် သွားများ အဖွေးသား

104

ပေါ်လာသည်။ အသားညိုညို။ ညိုသည်မှ ပင်လယ်ဓားပြ တစ်ယောက်၏ နေလောင် ထားသည့် အသားမျိုး။ မျက်လုံးများက နက်နက်။ ကြည့်ပုံကလည်း စူးစူးရဲရဲ။ ဖောက်ခွဲ နှစ်မြှုပ်ပစ်တော့မည့် သင်္ဘော တစ်စင်း၊ သို့မဟုတ် ဗလက္ကာရ ပြုတော့မည့် မိန်းမပျို တစ်ယောက်ကို ကြည့်သည့် ပင်လယ်ဓားပြ တစ်ယောက်၏ အကြည့်မျိုး။ သူ့မျက်နှာထားက သွေးအေးအေးဖြင့် ရက်စက်မည့်ပုံ။ သူ့အပြုံးက တစ်ဖက်သားကို ပမာမခန့် ပြုသည့်ဟန်။ သူ့ကို စကားလက် မသိ။ သို့ရာတွင် ညိုရောင်သမ်းသည့် သူ့မျက်နှာက အထက်တန်းစား ဆွေကောင်း မျိုးကောင်းမှ လာသည့် မျက်နှာမျိုး။ သေးသွယ် ဖြောင့်စင်းသည့် နှာတံ၊ နီရဲ ပြည့်ဝသည့် နှုတ်ခမ်း၊ ကျယ်လွင့်သည့် နဖူးပြင်နှင့် ပြူးကျယ် ကြည်လင်သည့် မျက်လုံးများက မျိုးရိုးကို ဖော်ပြနေကြသည်။

စကားလက်က ပြန်၍ ပြုံးခြင်း မပြုဘဲ မျက်လုံးကို တခြားသို့ လွှဲလိုက်သည်။



`ဗျို့ ရက်၊ ရက် ဘတ်တလာ၊ လာလေဗျာ၊ ခင်ဗျားကို အသည်း အမာဆုံး ဂျော်ဂျီယာသူ တစ်ယောက်နှင့်

တွေ့ပေးရဦးမယ်’

အသံ တစ်သံက ခေါ်လိုက်သည်၌ ထိုလူက လှည့်ကြည့်လိုက်သည်။



ရက် ဘတ်တလာ ဆိုပါကလား။ ဤနာမည်ကို သူ ကြားဖူးသည် ထင်သည်။ သို့ရာတွင် အကောင်း ကြားဖူးခြင်း

မဟုတ်။ မကောင်းသတင်း ဖြစ်သည်။ သူ့စိတ်က အက်ရှလေထံသို့ ရောက်နေသဖြင့် ချက်ချင်း မေ့ပျောက် ပစ်လိုက်သည်။

စတူးဝပ်နှင့် ဘရင့်က သူ့ကို လူအုပ်ထဲမှ ဆွဲထုတ်ခေါ်နေသည်။



`အိမ်ပေါ် တက်ပြီး ဆံပင်လေး ဘာလေး ပြင်ရဦးမယ်ဟ၊ ခဏ စောင့်ကြဦး၊ ဒိပြင်ဟာမတွေနှင့် ပါမသွားနှင့်ဦးနော်၊

ပါသွားရင်တော့ အသိပဲ’

ယနေ့ တခြား ယောက်ျားလေး တစ်ယောက်ယောက်နှင့် တွဲပြလျှင် စတူးဝပ် ရမ်းတော့မည်မှာ သေချာသည်။

စတူးဝပ်က အရက် တော်တော် ဝင်ပြီးပြီ။ သူ့ မျက်နှာထားက မည်သို့မျှ အရေး မထားသည့် မျက်နှာထား။ ရန်ဖြစ်ချင်သည့် မျက်နှာထား။ ဤအခြေအနေမျိုးတွင် စကားလက်က သူ့ကို ချောင်ထိုးထားလျှင် တစ်ခုခုဖြစ်မည် မူချ။ စကားလက် အတွေ့အကြုံ ရှိပြီးပြီ။ ခန်းမထဲတွင် ခေတ္တရပ်ကာ သူငယ်ချင်းတွေကို နှုတ်ဆက်သည်။ ဆံပင် ဖရိုဖရဲ ချွေးတွေ သံတွေဖြင့် မီးဖိုခန်းထဲမှ ထွက်လာသော အင်ဒီယာကို နှုတ်ဆက်သည်။ အင်ဒီယာခမျာ သနားစရာ။ ဆံပင် ကျိုးကျဲ။ မျက်တောင်မွေး ကျိုးကျဲ။ စုတ်ချွန်းချွန်း။ အသက် နှစ်ဆယ် မကျော်သေးခင်ကပင် အဘွားကြီးရုပ် ပေါက်နေရှာပြီ။ စတူးဝပ်ကို သူ့ဆီက လုယူသွားရမည်လော ဟု အင်ဒီယာကများ စိတ်ဆိုးသွားမည်လော မဆိုနိုင်။ အင်ဒီယာနှင့် စတူးဝပ်တို့ အဆက် ဖြစ်နေကြဆဲဟု ပြောသံ ကြားရသည်။ သို့ရာတွင် ဝီလ်ကီတို့ မိသားစုက သိုဝှက်တတ်သည်။ ဟန်ဆောင် ကောင်းသည်။ စိတ်ဆိုးသည်ကို မျက်နှာတွင် မပေါ်စေရ။ အကယ်၍ သူ့ကို စိတ်ဆိုးသည့်တိုင် အင်ဒီယာသည် မျက်နှာတွင် မပေါ်အောင် ဖုံးထားတတ်သည်။ ခါတိုင်းကဲ့သို့ပင် ဣနြေ္ဒ မပျက်။ ဖော်ဖော်ရွေရွေ နှုတ်ဆက်သည်။

စကားလက်က သူ့ကို နှုတ်ဆက်ပြီး တစ်ဆစ်ချိုး လှေကားကျယ်ကြီးကို တက်လာသည်။ လှေကား တစ်ဝက်

အရောက်မှ မရဲတရဲ ခေါ်သံကို ကြားရသည်။ လှည့်ကြည့်လိုက်တော့ ချားလ် ဟယ်မီတန်။ ချားလ်က သူနှင့် မတိမ်းမယိမ်း။ ကြည့်ကောင်းသည်။ ဖြူဖွေးသော နဖူးပေါ်တွင် ညိုလဲ့လဲ့ ဆံပင်တို့ ဝဲကျနေသည်။ မျက်လုံးများကလည်း ညိုလဲ့လဲ့။

105

သပ်သပ်ရပ်ရပ်။ နူးနူးညံ့ညံ့။ သိုးကျောင်းသည့် ခွေးလိမ္မာကလေးနှင့် တူသည်။ ဝတ်စုံ မုန်ညင်းစေ့ရောင် ပေါ်တွင် ကုတ် အင်္ကျီနက် ဝတ်ထားသည်။ ရှပ်အင်္ကျီစင်းပေါ်တွင် ယခု ခေတ်စားနေသည့် လိပ်ပြာတောင် လည်စည်း အနက် တပ်လျက်။ ချားလ်က မိန်းကလေးတွေ ရှေ့ဆိုလျှင် ရှက်တတ်သည်။ စကားလက်က လှည့်ကြည့်သည့် အခါတွင် သူ့မျက်နှာသည် နီရဲသွားသည်။

ရှက်တတ်သော

ယောက်ျားကလေးများ

ထုံးစံ

စကားလက်လို

စကားများများ

ခပ်ပျံပျံ

ခပ်မြူးမြူး

မိန်းကလေးများကို သဘော ကျသည်။ စကားလက်က သူ့ကို သာမန် ဝတ်ကျေ တန်းကျေလောက်သာ ဆက်ဆံဖူးသည်။ ယခု စကားလက်က မျက်နှာ တစ်ခုလုံး ဝင်းထိန်သွားအောင် ပြုံးကာ လက်နှစ်ဖက် ဆန့်တန်းလိုက်သည့် အခါတွင် အသက်ရှူ မှားမတတ် ဖြစ်နေသည်။

`အစ်ကိုတို့က ဒီလိုဆိုတော့ ပျံနေတာပဲ၊ ဘာလဲ၊ စကားလက် အသည်းကို ခွဲမယ် ဆိုပြီး အတ္တလန်တာက

လိုက်လာတာပေါ့ ဟုတ်လား’

ချားလ်က ရင်တဒိတ်ဒိတ် ခုန်နေပြီ။ စကားလက်၏ လက်ဖဝါး နွေးနွေးကလေးများကို ဆုပ်ကာ ပြုံးရယ်နေသည့်

မျက်လုံးစိမ်းစိမ်းများကို

စိုက်ကြည့်သည်။

သူ့တစ်သက်တွင်

ဤလို

ရင်းရင်းနှီးနှီး

တစ်ခါမျှ

အပြော

မခံရဖူးသေး။

မိန်းကလေးတွေက သူ့ကို ယောက်ျားပျိုကလေးများလို တရင်းတနှီး ဆက်ဆံ ကြသည့်တိုင် သူ့ကို ဤသို့ မဆက်ဆံစဖူး။ သူ့ကို ကြင်ကြင်နာနာ ဆက်ဆံကြသည့်တိုင် ချာတိတ် တစ်ယောက်လို သဘောထားကြပုံ ရသည်။ နောက်ပြောင်ခြင်း မပြုကြ။ သူ့လောက် ရုပ်မဖြောင့်သည့် ယောက်ျားလေးများ၊ ဥစ္စာပစ္စည်း မက်လောက်စရာ မရှိသည့် ယောက်ျားပျိုများကိုပင် မိန်းကလေးတွေက ပလူးပလဲ လုပ်ကြသေးလျှင် ချားလ်ကလည်း သူတို့လို ပလူးပလဲ အလုပ်ခံချင်သည်။ သို့ရာတွင် ဤသို ပလူးပလဲ လုပ်လာကြပြီ ဆိုလျှင်လည်း ဘာမျှ ပြန်မပြောတတ်။ ကြောင်တက်တက်ဖြင့် ရှက်နေတတ်သည်။ ညကျမှ မျက်လုံး အကြောင်သားဖြင့် မိန်းကလေးများနှင့် တရင်းတနှီး စကား မပြောခဲ့ရကောင်းလောဟု နောင်တရနေတတ်သည်။ သို့ရာတွင် နောက်တစ်ခေါက် ဤအခွင့်အရေးမျိုး မကြုံတော့။ တစ်ခါ နှစ်ခါလောက် ဆုံပြီး သူ့အကြော သိသည်နှင့် သူ့ကို ခွာသွားတတ်ကြသည်။

နောက် ဆောင်းဦး ရောက်လျှင် ဟန်နီနှင့် လက်ထပ်ရန် လူကြီးချင်း စကား ထည့်ထားကြပြီ။ ဤသည်ကို သူတို့

နှစ်ယောက်လုံး သိသည်။ သို့တိုင်အောင် ချားလ်သည် ဟန်နီနှင့် ကောင်းကောင်း စကား မပြောရဲ။ ရှက်ရွံ့ရွံ့ ဖြစ်နေသည်။ ဟန်နီက ကလက်သည်။ ယောက်ျားလေးတွေနှင့် ပရောပရည် လုပ်ချင်သည်။ မျက်နှာ များသည်။ ဤသည်ကို ချားလ်မကြိုက်။ ဟန်နီနှင့် လက်ထပ်ရမည် ဆိုသည့် အတွက် သူ့စိတ်ထဲတွင် ထူးထူးခြားခြား ဘာမျှမဖြစ်။ ဟန်နီက သူဖတ်နေကျ ဝတ္ထု စာအုပ်ထဲက ဇာတ်လိုက် မင်းသမီးမျိုး မဟုတ်။ စိတ်ကူးယဉ်စရာ မကောင်း။ သူ ကြိုက်သည်က မိန်းကလေး ချောချောလှလှ။ ခပ်ပျံပျံ။ ခပ်ရဲရဲ။

ယခု စကားလက်က သူ့အသည်းကို မခွဲနှင့်ဟု စနေပြီ။



ချားလ်က ပြန်ပြောမည်ပြုသော်လည်း စကားလုံး ရှာမရ။ ရှာ၍ ရသည့်တိုင် သူလည်း ပြောခွင့်ရမည် မဟုတ်။

စကားလက်က တသွင်သွင် ပြောနေသဖြင့် တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

`ဒီမှာ စောင့်နေဦးနော်၊ ခု ပြန်ဆင်းလာခဲ့မယ်၊ ဒီနေ့ ပျော်ပွဲစားမှာ အစ်ကိုနှင့် အတူ ထိုင်မယ်၊ ဒိပြင်ဟာမတွေကိုလည်း

106

သွားပြီး ရစ်မနေနှင့်ဦး၊ သဝန်ကြောင်တတ်တယ်’

ပါးချိုင့်ကလေး နှစ်ခု ဝဲနေသည့် နှုတ်ခမ်းနီနီမှ မယုံနိုင်စရာ စကားလုံးတွေ ထွက်လာသည်။ နက်မှောင်နေသည့်

မျက်တောင်ကော့ကော့များက မျက်လုံးစိမ်းများပေါ်တွင် တဖျပ်ဖျပ် ခတ်နေသည်။

`မရစ်ပါဘူး’



ချားလ်က

အနိုင်နိုင်

အားယူ၍

ပြောသည်။

သူ့ကို

သားသတ်သမား

အလာ

စောင့်သည့်

နွားကလေး

တစ်ကောင်လောက်သာ စကားလက်က သဘောထားသည်ကို ရိပ်မိပုံ မရ။

စကားလက်က လက်တွင် ခေါက်ကိုင်ထားသည့် ယပ်တောင်ဖြင့် သူ့လက်မောင်းကို အသာ တို့ပြီး လှေကားသို့

ပြန်တက်ရန် လှည့်လိုက်၏။ သူ့ မျက်လုံးများသည် ရက် ဘတ်တလာ ဆိုသည့် လူထံ ရောက်သွားကြပြန်သည်။

ရက် ဘတ်တလာက ချားလ်နှင့် မလှမ်းမကမ်းတွင် တစ်ယောက်တည်း ရပ်လျက်။ သူတို့ နှစ်ယောက် စကားများကို

ကြားသည့် ဟန်ဖြင့် သူ့ကို ပြုံးပြကာ စိုက်ကြည့်သည်။ သူ့အကြည့်က ခုန်အုပ်ရန် ချောင်းနေသည့် ကြောင်ပါး တစ်ကောင်၏ အကြည့်။ သူ့ မျက်လုံးများက စကားလက်ကို ခြေဆုံး ခေါင်းဆုံး သိမ်းကျုံး ကြည့်နေသည်။ မိန်းကလေး တစ်ယောက် ရှက်ရွံ့သွားမည်ကို စိုးရိမ်သဖြင့် ညှာညှာတာတာ ကြည့်ပုံမျိုး မဟုတ်။

`ဟွန်း ဘယ်လို လူကြီးမှန်းလဲ မသိဘူး။ သူ့ ကြည့်ပုံကြီးက ငါ့ကို ရှင်မီး အင်္ကျီ မပါဘဲနှင့် မြင်ဖူးတာ ကျနေတာပဲ’



စကားလက်က စိတ်ဆိုးဆိုးဖြင့် ခပ်တိုးတိုး ရွတ်သည်။ မျက်လုံးကို ဖျတ်ခနဲ လွှဲ၊ ခေါင်းကို ချာခနဲ လှည့်ကာ

လှေကားအတိုင်း တက်လာခဲ့သည်။

အပေါ်ထပ် အိပ်ခန်းထဲတွင် ကက်သလင်း ကားလ်ဗတ် တစ်ယောက် မှန်ရှေ့တွင် ရပ်၍ အလှပြင်နေသည်။

နှုတ်ခမ်းတွေ ပန်းနုသွေးသမ်းလာအောင် နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်နေ၏။ ရင်ဘတ်တွင် နှင်းဆီပွင့် လန်းလန်း တစ်ပွင့် ထိုးထားသည်။ နှင်းဆီရောင် ပါးပြင်နှင့် လိုက်သည်။ ပြောင်းပွင့်ရောင် မျက်လုံး ပြာပြာများက ပြုံးနေကြသည်။

`ကက်သလင်းရေ၊ လှေကားရင်းမှာ ရပ်နေတဲ့ ရက် ဘတ်တလာ ဆိုတဲ့ လူကြီးက ဘယ်သူလဲ၊ လူကြီးက ဘယ်လို

လူကြီးမှန်းလဲ မသိဘူး’

စကားလက်က အောက်သို့ လျှောကျနေသည့် ဘော်လီကြိုးကို ဆွဲတင်ရင်း မေးသည်။



`အလို၊ မင်း မသိဘူးလား’ ကက်သလင်းက ဝီလ်ကီတို့ ညီအစ်မ တစ်တွေနှင့် ဒစ်လစီတို့ ရှိရာ တစ်ဖက်ခန်းသို့

တစ်ချက် လှမ်းကြည့်ရင်း ခပ်တိုးတိုး ပြောသည်။ `အက်ရှလေတို့ အဖေ အဘိုးကြီးက ဘာကြောင့်များ ဒီလူကြီးကို ဖိတ်သလဲ မဆိုနိုင်ဘူး။ သူက ဂျုန်းဘာရိုက ကင်နဒီတို့ အိမ်မှာ တည်းနေတာ၊ ဝါ လာဝယ်တာ ဆိုလား၊ ဘာလား၊ အေးလေ ကင်နဒီ တစ်အိမ်လုံးကို ဖိတ်တော့မှလည်း ခေါ်လာ ခဲ့ရတော့ မှာပေါ့၊ ထားခဲ့ပြီး ထွက်လာလို့ ဘယ်ဖြစ်မလဲ’

`သူက ဘာဖြစ်လို့လဲ’

107



`သူ့ကို ဘယ်သူကမှ ဆေးဖော် ကြောဖက် မလုပ်ကြဘူး၊ ဝိုင်းပယ်ထားကြတာ’



`တကယ်’



`တကယ်ပေါ့’



စကားလက်က ကက်သလင်း စကားများကို စဉ်းစားနေသည်။ ဝိုင်းပယ်ခံထားသည့် လူတစ်ယောက်နှင့် အမိုး

တစ်ခုတည်း အောက်တွင် တစ်ခါမှ မတွေ့စဖူး စိတ်ဝင်စားစရာ ကောင်းနေသည်။

`သူက ဘာလုပ်လို့လဲ’



`အို၊ မင်း မသိဘူးလား၊ သိပ် နာမည် ပျက်တာပဲ၊ သူ့နာမည် က ရက် ဘတ်တလာတဲ့၊ ချာလက်စတန်မှာ နေတယ်၊

ဆွေကောင်း မျိုးကောင်းထဲကပါပဲ၊ ဒါပေမယ့် ဆွေမျိုးတွေကတောင် စကား မပြောကြဘူး၊ မနှစ် နွေတုန်းက ကိုယ့်ကို ကာရိုးရက်က ပြောသွားတာ၊ သူနှင့်တော့ ဆွေမျိုး မတော်ပါဘူး၊ ဒါပေမယ့် ကာရိုးက သူ့အကြောင်း ကောင်းကောင်း သိတယ်၊ စစ်တက္ကသိုလ်က အထုတ်ခံရတာသာ ကြည့်တော့၊ ပြီးတော့ ကာရိုး မသိတဲ့ ပြစ်ချက်တွေကိုက မနည်းဘူးတဲ့၊ မိန်းကလေး တစ်ယောက်ကိုလည်း လက်မထပ်ဘဲနှင့် ဖျက်ဆီးခဲ့ဖူးသတဲ့’

`အင်း၊ ပြောစမ်းပါဦး’



`မင်းက ဘာမှ မသိဘဲကိုး၊ ကိုယ်လည်း မနှစ် နွေတုန်းက ကာရိုး ပြောသွားလို့ သိရတာ၊ ကာရိုး အမေက သမီးတွေကို

ဒီလူ့အကြောင်း ဆိုရင် ပြောတောင် မပြောရဘူးတဲ့၊ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာ အဲဒါသာ ကြည့်ပေတော့၊ အဲဒီ လူကြီးက ချာလက်စတန်က ကောင်မလေး တစ်ယောက်ကို ခေါ်ပြီး ဘာဂီ လျှောက်စီးသတဲ့၊ ဘယ်သူလဲတော့ ကိုယ်လည်း မသိဘူး၊ ဒါပေမယ့် ကိုယ် ထင်နေတာ တစ်ယောက်တော့ ရှိတယ်၊ ထားပါလေ၊ အဲဒီ အမျိုးသမီးနှင့် တစ်ညလုံး လျှောက်လည်ပြီး ပြန်တော့ ခြေကျင် ပြန်လာကြသတဲ့၊ မြင်းက ဗွေဖောက်ပြီး ကြမ်းလို့ ရထားလည်း မှောက်သွားပြီး တောထဲမှာ တစ်ညလုံး မျက်စိ လည်နေသတဲ့၊ မင်းပဲ စဉ်းစားကြည့်တော့ပေါ့ကွာ’

`ကိုယ် ဘယ်စဉ်းစားတတ်မလဲကွ၊ ပြောမှပေါ့’



စကားလက် မဟုတ်တရုတ် ကြားရတော့မည်ကို သိလျက်နှင့် မေးသည်။



`နောက်တစ်နေ့ကျတော့ အမျိုးသမီးကို မယူနိုင်ဘူးလို့ ငြင်းသတဲ့’



`အို ဟုတ်လား’



မျှော်လင့်သည့် စကားများကို မကြားရသဖြင့် စကားလက် စိတ်ပျက်သွားသည်။



`သူက အမျိုးသမီးနှင့် ဘာမှ မဖြစ်ပါဘူးတဲ့၊ ဒါကြောင့် ယူလည်း မယူနိုင်ဘူးလို့ ပြောသတဲ့၊ ဒါနှင့် အမျိုးသမီး အစ်ကိုက

သူ့ကို သွားပြီး စိန်ခေါ်တာပေါ့၊ ဒီတော့ အဲဒီလူကြီးက ဒီလောက် မိုက်မဲတဲ့ မိန်းမမျိုး ကိုတော့ မယူနိုင်ဘူး၊ သူ့ကို သတ်ချင် သတ်လို့ ပြောသတဲ့၊ ဒါနှင့် သူတို့ နှစ်ယောက်ချင်း ချိန်းသတ်ကြတယ်လေ၊ အဲဒီလူကြီးရဲ့ သေနတ် ဒဏ်ရာနှင့် အမျိုးသမီးရဲ့

108

အစ်ကို သေပါရောလားကွ၊ ဒါနှင့် သူလည်း ချာလက်စတန်က ထွက်သွားရတာပဲ၊ ခုတော့ သူ့ကို ဘယ်သူကမှ အခေါ်အပြော မလုပ်ကြဘူး’

ကက်သလင်းက အောင်မြင်စွာ နိဂုံးချုပ်သည်။ အနေတော်ပင် ပွဲတက် ဝတ်စုံများကို ထုတ်ရန် ဒစ်လစီ အခန်းထဲသို့

ရောက်လာသည်။

`အမျိုးသမီးကော ကလေး မရဘူးတဲ့လား’



စကားလက်က တိုးတိုးမေးသည်။ ကက်သလင်းက ခေါင်းကို သွက်သွက် ယမ်းလိုက်ပြီး လေသံလေးဖြင့် ပြန်ပြောသည်။



`အမျိုးသမီးလည်း ပျက်စီးသွားတာပေါ့’



အက်ရှလေ သူ့ကို လိုက်လျောတန် ကောင်း၏ဟု စကားလက် ရုတ်တရက် တွေးလိုက်သည်။ အက်ရှလေသည်

အမျိုးကောင်းသားပီပီ သူ့ကို ယူတန်ကောင်း၏ ဟုလည်း စကားလက် တွေးသည်။ သို့ရာတွင် အသိဉာဏ် ခေါင်းပါးသည့် မိန်းကလေး တစ်ယောက်ကို လက်မထပ်နိုင်ဟု ငြင်းသည့် ရက် ဘတ်တလာကိုမူ စကားလက် ရင်ထဲက လေးစားမိသည်။

စကားလက်က အိမ်နောက်ဘက် ဝက်သစ်ချ ပင်ကြီး၏ အရိပ်ရှိ နှင်းဆီသား ထိုင်ဖုံကြီးပေါ်တွင် ထိုင်သည်။ ဂါဝန်

ဖားဖားကြီးက သူ့ဘေးတွင်သာမက ဆိတ်ကလေးရေ ဖိနပ် စိမ်းစိမ်းကလေး အထက်နား အထိ လျှောကျနေသည်။ လက်ထဲက စားစရာ ပန်းကန် တို့ကိုပင် မတို့ရသေး။ သူ့ဘေးတွင် လူငယ် ခုနစ်ယောက်ခန့် ဝိုင်းနေသည်။ ပျော်ပွဲစား ထွက်သူများ အရှိန်ရနေကြပြီ။ ရယ်သံ၊ စကားပြောသံတွေ သောသော ညံနေသည်။ ကြွေပန်းကန်နှင့် ငွေဓား၊ ငွေဇွန်း၊ ငွေခက်ရင်းတို့ ထိခတ်သံ၊ အသားကင်နံ့နှင့် မွှေးနေသော ဟင်းချိုနံ့ စသည်တို့က လေထဲတွင် ရောထွေး ပျံ့နေသည်။ လေသင့်သည့် အခါတွင် ကောင်လုံးကင် မီးဖိုကျင်းဘက်ဆီမှ မီးခိုးများ ဝေ့လာသည်။ အမျိုးသမီးများ ဆီမှ စိတ်ပျက်သည့်ဟန် နောက်ပြောင် ညည်းညူသံများနှင့် တောင်ထန်းရွက် ခေါက်ယပ်တောင် ပိတ်သံများ ပေါ်လာသည်။

မိန်းကလေး အများစုက ခုံရှည်ကြီးများတွင် ကိုယ့်အတွဲနှင့် ကိုယ် မျက်နှာချင်းဆိုင် ထိုင်ကြသည်။ ခုံရှည်ပေါ်တွင်

ထိုင်လျှင် ကိုယ့်ဘေး တစ်ဖက် တစ်ချက်တွင် ယောက်ျားလေး တစ်ယောက်စီသာ ထိုင်နိုင်သည်။ ဤသည်ကို သတိထားမိသည့် စကားလက်က သူများလို ခုံတန်းရှည်တွင် မထိုင်ဘဲ ဝက်သစ်ချရိပ်ထဲက နှင်းဆီသား ထိုင်ဖုံကြီးတွင် ထိုင်သည်။ ထို့ကြောင့် သူ့ဘေး ပတ်ဝန်းကျင်တွင် လာချင်သလောက် လာနိုင်သည်။ လေးဖက်လေးတန်က ဝိုင်းနိုင်သည်။

ပန်းပေါင်းကူး အောက်တွင်မူ အိမ်ထောင်ရှင် အမျိုးသမီးများ ထိုင်ကြသည်။ သူတို့ အဝတ်အစားက အရောင် မှိုင်းမှိုင်း။

ပတ်ဝန်းကျင်က အရောင် လွင်လွင်၊ ရယ်သံလွင်လွင် စကားသံလွင်လွင် ကြားတွင် ဣနြေ္ဒ ရနေသည်။ အဘွားကြီးများက မျက်လုံး တောက်တောက်ပပ၊ ရယ်သံလွင်လွင် မိန်းကလေးများနှင့် သူတို့ အတွဲများ ဝေးရာတွင် ထိုင်သည်။ အဘွား ဖွန်တိန်က အသက် ဆယ့်ခုနစ်နှစ် အရွယ် ကိုယ်ဝန်ဆောင် မိန်းမငယ် အဲလစ် မွန်ရိုးနှင့် စကားပြောရင်း သူ့အသက် ကြီးသည်ကို အခွင့်ကောင်း ယူကာ တအေ့အေ့ လေချဉ်တက် နေသည်။ အဲလစ်မှာ ပထမဆုံး ကိုယ်ဝန်ဖြစ်၍ ပျို့ချင်ရသည့် အထဲတွင် အဘွားကြီး၏ လေချဉ် တက်သံကြောင့် အန်ချင်စိတ်ကို မနည်း မျိုသိပ် ထားရသည်။ သူတို့ နှစ်ယောက်သည် ခေါင်းချင်း ဆိုင်ကာ မီးဖွားသည့် ကိစ္စ ဝိစ္စများကို ပြောနေကြခြင်း ဖြစ်၏။ ပျော်ပွဲတွင် ဤလို ကိစ္စကလေးများကိုလည်း ပြောရ ဆိုရသည်

109

ကလည်း အရသာ တစ်မျိုး မဟုတ်လော။

စကားလက်က သူတို့ကို စိတ်ပျက်လက်ပျက် လှမ်းကြည့်သည်။ ကျီးကန်း ထွားထွား တစ်အုပ်နှင့် တူသည်ဟု

ထင်မိသေးသည်။ အိမ်ထောင်ရှင် အမျိုးသမီးများက ရယ်လား မောလား၊ ပျော်လား ပါးလား နေလေ့ မရှိကြ။ အက်ရှလေနှင့် ရလျှင် သူလည်း အရောင်မှိုင်းမှိုင်း ရင့်ရင့် ဝတ်တတ်ကြသည့် အိမ်ရှင်မ တစ်သိုက်နှင့်အတူ ပန်းပေါင်းကူး အောက်တွင်သော် လည်းကောင်း၊ ဧည့်ခန်းတွင်သော် လည်းကောင်း ရောက်နေရတော့မည်။ သူတို့ ကြည့်ရသည်က ပျင်းစရာ။ ဣနြေ္ဒကြီးတွေ တစ်ခွဲသား။ ရယ်လည်း မရယ်ကြ။ ပြုံးလည်း မပြုံးကြ။ သို့ရာတွင် အပျိုပေါက်တို့ ထုံးစံ သူ့စိတ်ကူးများသည် ချစ်စ၊ ခင်ကြ၊ ကြင်နာစလောက် ကိုသာ တွေးမိသည်။ ကျန်အိမ်ထောင်ရေး ဒုက္ခများကို မတွေးမိ။

စကားလက်က မျက်လွှာကိုချကာ သူ့ ပန်းကန်ပြားကို ကြည့်သည်။ ဘီစကွတ် တစ်ခုကို လှလှကလေး ကိုင်ကာ

ရွရွကလေး ကိုက်သည်။ ဘာမျှ အရသာ မရှိ။ ကြီးဒေါ်ကမူ သဘောကျ လိမ့်မည်။ သူ့ အနီးတွင် ယောက်ျားလေးတွေ ဝိုင်းဝိုင်း လည်နေသည့်တိုင် စိတ်ထဲက မကြည်။ သူ နားမလည်နိုင်သော အကြောင်းများကြောင့် အက်ရှလေနှင့် ပတ်သက်သော အစီအစဉ်

ဟူသမျှလည်း

ပျက်ကုန်ပြီ။

သူ့အနားတွင်

ယောက်ျားပျိုလေးတွေ

တစ်ဒါဇင်လောက်

ဝိုင်းနေသည့်တိုင်

သူ့အနားတွင် အက်ရှလေ မရှိ။ မနေ့ညနေက စိုးရိမ်စိတ်မျိုး ဝင်လာသည်။ သူ့နှလုံးသည် အခုန်မမှန်။ နှေးချည် တစ်လှည့် မြန်ချည် တစ်ခါ။ သူ့မျက်နှာသည်လည်း အနေမမှန်။ နီရဲချည် တစ်လှည့် ဖြူရော်ချည် တစ်ခါ။

အက်ရှလေက သူ့အနားမှ ယောက်ျားပျိုလေးများနှင့် မရော။ ရောက်ကတည်းက နှစ်ယောက်ချင်း စကားပြောခွင့်

မကြုံသေး။ နှုတ်ဆက်ပြီးနောက်မှ စ၍ စကားပင် ပြောချိန် မရ။ အိမ်နောက်ဖေး ပန်းခြံထဲ ဆင်းလာစဉ်ကမူ အက်ရှလေ လာ၍ နှုတ်ဆက်သည်။ သို့ရာတွင် မဏ္ဍပ်တိုင် တက်ပြသည့်နှယ် မီလာနီက သူ့လက်မောင်းကို တွဲချိတ်လျက်။ အရပ်က ပုပုကလေး။ အက်ရှလေ၏ ပခုံးကိုပင် မမီချင်။

မီလာနီက သေးညှက်ညှက် ရှူ နာ ရှိုက် ကုန်း ကလေး။ အမေ့ဝတ်စုံကို ဝတ်ထားသည့် ကလေးငယ် တစ်ယောက်နှင့်

တူနေသည်။ အမူအရာက ရှက်ရွံ့ရွံ့။ အဆမတန် ပြူးကျယ်သည့် မျက်လုံး ညိုညိုများက အထိတ်တလန့်ဟန် ပေါက်နေသည်။ ထိုအခါမျိုးတွင် လူကြီး အဝတ်အစား ဝတ်ထားသည့် ကလေးမှ တကယ့် ကလေးလေး။ နက်မှောင်သော ဆံပင် တွန့်တွန့်များကို ပိုက်ဖြင့် အတင်း ဖိအုပ်ထားသည်။ ဆံပင် တစ်စတလေမျှ မထောင်ရ။ ဆံပင်နက်နက်က နဖူး အလယ်ကောင် တည့်တည့်တွင် ဦးစွန်းဆံပင် ထွက်နေသဖြင့် သူ့မျက်နှာ ချွန်းချွန်းသည် အသည်းပုံ ပေါက်နေသည်။ မေးရိုးက ကားလွန်းသည်။ မေးက ချွန်းလွန်းသည်။ ချိုသာ နူးညံ့သည့် အသွင် ရှိသော်လည်း အကြည့်ရ ဆိုးသည်။ အကျည်းတန်မှုကို ဖုံးလွှမ်း သွားစေမည့် အခြား ဆွဲငင်ဓာတ်လည်း မရှိ။ ရိုးရိုး စင်းစင်း၊ ပါးပါး လှပ်လှပ်။ အရုပ်ဆိုး၍ သေးညှက်သည့်တိုင် အမူအရာက ဣနြေ္ဒရသည်။ တစ်ဆယ့်ခုနစ်နှစ် ဟု မထင်ရ။ ရင့်နေသည်။

မီးခိုးရောင်

အော်ဂန်ဒီ

ဝတ်စုံကို

ဝတ်၍

ချယ်ရီရောင်

ခါးစည်းကြိုးကို

စည်းထားသည်။

အတွန့်

များများ

ပွပွဖားဖား ဝတ်စုံကို ဝတ်ထားသဖြင့် ဖွံ့ဖြိုးခြင်း မရှိသော သူ့ခန္ဓာကိုယ်ကိုမူ မမြင်ရ။ ချယ်ရီရောင် ဖဲကြိုးတပ် ဦးထုပ်ဝါကို ဆောင်းထားသောကြောင့် သူ့အသားသည် ပို၍ ဖြူဖွေးနေသည်ဟု ထင်ရသည်။ ရွှေကွပ်နားဆွဲရှည်ရှည်များက ဆံပင် အခွေအလိပ်များအောက်မှ ထိုးထွက် ဝဲနေကြသည်။ တစ်ခါတစ်ခါတွင် မျက်လုံးညိုညိုများ အနီးအထိ ရောက်လာသည်။ မျက်လုံးများကမူ အညိုမှ တကယ့် အညိုရောင်။ သစ်ရွက် ညိုညို ဝါဝါတို့ ငြိမ်သက်နေသည့် ရေပြင်တွင် ထင်နေကြသည့်

110

ဆောင်းရာသီ တောအုပ်ထဲက ရေအိုင်လို ညိုညိုမောင်းမောင်း။

စကားလက်ကို နှုတ်ဆက်လျှင် မရဲတရဲ ပြုံးပြုံးတတ်သည်။ စကားလက်၏ အစိမ်းနု ပွင့်ရိုက် ဝတ်စုံကို ချီးမွမ်းသည်။

စကားလက်ကမူ စကားရော ဖောရောပင် ပြန်မပြောမိ။ သူ့စိတ်ထဲတွင် အက်ရှလေနှင့် နှစ်ယောက်တည်း စကား ပြောဖို့လောက်သာ တွေးနေသည်။ ထိုနောက်တွင်ကား အက်ရှလေသည် မီလာနီ၏ ကုလားထိုင် ခြေရင်း ခွေးခြေ တစ်လုံးပေါ်တွင် ထိုင်ကာ တွတ်ထိုး နေသည်။ မည်သည့် ဧည့်သည်နှင့်မျှ မရော။ စကားလက် သဘောကျသည့် မပွင့်တပွင့် အပြုံးကို မကြာခဏ ပြုံးလျက်။ ပို၍ မခံချင်စရာ ကောင်းသည်မှာ သူ့အပြုံးကြောင့် မီလာနီ မျက်လုံးများက ပို၍ တောက်ပလာကြကာ ပို၍ လှပခြင်း ဖြစ်သည်။ မီလာနီ၏ အရုပ်ဆိုးသော မျက်နှာသည် အတွင်း မီးလျှံ၏ ထွန်းညှိပေးခြင်းကြောင့် ဝင်းလဲ့နေသည်။ ချစ်တတ်သော နှလုံးသား တစ်ခုသည် မျက်နှာပေါ်တွင် အရိပ် ထင်နိုင်စွမ်း မရှိ။ ယခု မီလာနီ၏ နှလုံးသားသည် မီလာနီ မျက်နှာ ပေါ်တွင် အရိပ် ထင်နေပြီ မဟုတ်လော။

စကားလက်က သူတို့ နှစ်ယောက်ထံမှ မျက်လုံးလွှဲရန် ကြိုးစားသည်။ သို့ရာတွင် လွှဲ၍ မရ။ သူတို့ နှစ်ယောက်ကို

လှမ်းကြည့်ပြီးသည့် အခါတိုင်း စကားလက် ပို၍ မြူးလာသည်။ သူ့အနီးတွင် ရှိသည့် ယောက်ျားပျိုလေးများနှင့် ပို၍ ပလူးပြသည်။ စကားကို ခပ်ကျယ်ကျယ် ပြောသည်။ နားဆွဲတွေ လှုပ်နေအောင် ခေါင်းကို ယမ်းသည်။ ကူချွဲသံကို တမင်လုပ်သည်။ ယောက်ျားတို့ စကားကို မယုံနိုင်ဟု ဆိုသည်။ သို့ရာတွင် အက်ရှလေက သူ့ကို သတိပြုမိပုံ မရ။ အက်ရှလေသည် မီလာနီကိုသာ ကရား ရေလွှတ် တတွတ်တွတ် ပြောနေသည်။ မီလာနီက သူ့ကို ငုံ့ကြည့်နေသည်။ သူ့မျက်နှာက ဝင်းထိန်လျက်။

စကားလက် စိတ်ပျက်ပြီ။



အပြင်ပန်း ကြည့်လျှင် စိတ်ပျက်စရာ နည်းနည်းမျှ မရှိ။ ပျော်ပွဲစားတွင် သူ အချောဆုံး၊ အပျံဆုံး၊ ယောက်ျားတွေ

ဝိုင်းဝိုင်း အလည်ဆုံး၊ မိန်းကလေးများက မနာလိုလောက်သည်။ သာမန် အချိန်မျိုး ဆိုလျှင် ကျေနပ်စရာ၊ ပျော်စရာ။

စကားလက်က ချားလ်ကို အရေးတယူ လုပ်ပြသည်။ ဤတွင် ချားလ်က ရဲလာကာ သူ့ညာဘက် ဘေးတွင်

ဝင်ထိုင်သည်။ မခွာတော့။ စတူးဝပ်နှင့် ဘရင့်တို့ အမြွှာ ညီအစ်ကို နှစ်ယောက်က ပထုတ်သည်ကိုပင် မရတော့။ ချားလ်က သူ့ကို ကြည့်နေသည့် ဟန်နီကို မျက်လုံးချင်း မဆိုင်မိအောင် ရှောင်သည်။ ကိတ်က စကားလက်၏ ဘယ်ဘက်တွင် ထိုင်ပြီး ဂါဝန်စကို ဆွဲနေသည်။ စတူးဝပ်နှင့် ဘရင့် ညီအစ်ကိုက ခပ်မှုန်မှုန် ကြည့်သည်။ ညီအစ်ကို နှစ်ယောက် စကား များလိုက် ကြသေးသည်။ ဖရင့်က ကြက်သားအုပ်မ တစ်ကောင်လို ပျာယာခတ်ကာ စကားလက်နှင့် အချို အချဉ် စားပွဲကြားတွင် ခေါက်တုန့်ခေါက်ပြန် ကူးနေသည်။ အစေခံတွေ တစ်ပုံကြီး ရှိလျက်နှင့် စကားလက် အတွက် စားစရာတွေကို ကိုယ်တိုင် သယ်ပေးနေသည်။ ဆွီလင် ဣနြေ္ဒ မဆည်နိုင်တော့။ သူ့လူ ဖြစ်နေပုံကို ကြည့်၍ ဒေါသ ထွက်နေသည်။ စကားလက်ကို မျက်စောင်း တထိုးထိုး ဖြစ်နေသည်။ ကာရင်းကမူ အော်၍ပင် ငိုချင်လှပြီ။ ဘရင့်က သူ့ကို နှုတ်ဆက်ရုံမှ အပ လှည့်ပင် မကြည့်တော့။ သူ့ခေါင်းက ဖဲပြားကလေးကို ဆွဲလှုပ်ပြီး ချက်ချင်း စကားလက် ဘက်သို့ လှည့်သွားသည်။ ခါတိုင်းဆိုလျှင် ဤသို့ မဟုတ်။ ခါတိုင်းဆိုလျှင် ဘရင့်က သူ့ကို ဂရုစိုက်သည်။ သူနှင့် ရယ်လား မောလား စကား ပြောသည်။ ကာရင်းပင် သူ့ကိုယ်သူ အပျိုကြီး တစ်ယောက်သဖွယ် ထင်လာသည်။ ကြီးလာလျှင် ဘရင့်နှင့် တွဲမည်ဟု စိတ်ကူးယဉ်ခဲ့သည်။ ယခု စကားလက်က ဦးသွားပြီ။ ဖွန်တိန် ညီအစ်ကိုက သူတို့ အနားမှ ထွက်သွားသဖြင့် မွန်ရိုး ညီအစ်မ စိတ်ပျက် နေကြသည်။ စကားလက် အနားတွင် နေရာ လွတ်လျှင် ဝင်ထိုင်ရန် ပြင်နေကြသော တိုနီနှင့် အဲလက်ကို ကြည့်၍ စိတ်တိုနေကြသည်။

111



စကားလက် ဖြစ်နေပုံကို ကြည့်၍ မွန်ရိုး ညီအစ်မက ဟက်တီဘက် လှည့်၍ မျက်စ ပစ်ပြ၏။ မွန်ရိုး ညီအစ်မနှင့်

ဟက်တီက သူတို့ ဇာပိုးထီးကလေးတွေကို ကောက်ကိုင်သည်။ စား၍ သောက်၍ ဝပြီဟု ဆိုသည်။ ကျေးဇူးတင်စကား ပြောသည်။ အနီးတွင် ရှိသည့် ယောက်ျားပျိုလေး သုံးယောက်၏ လက်မောင်းကို ခပ်ဖွဖွ ကိုင်ကာ နှင်းဆီခြံထဲက စမ်းချောင်းဘက်ဆီသို့ ဆင်းသွားကြသည်။ အောင်မြင်စွာ ဆုတ်ခွာ သွားကြခြင်း ဖြစ်သည်။

စကားလက်က သူတို့ ထွက်သွားသည်ကို ကြည့်၍ တခစ်ခစ် ရယ်သည်။ ထို့နောက် အက်ရှလေကို လှမ်းကြည့်သည်။

အက်ရှလေက မီလာနီ၏ ခါးစည်းကြိုး အဖျားကို လက်ဖြင့် ဆွဲယူ ကစားနေသည်။ စကားလက် စိတ်ထဲတွင် နင့်ခနဲ ဖြစ်သွားသည်။ ဆင်စွယ်နှစ်လို ဖြူဖွေးနေသည့် မီလာနီ၏ အသားကို သွေးပေါက်ပေါက် ကျအောင် ကုတ်ဖဲ့ပစ်လိုက်ချင်သည်။

သူ့ မျက်လုံးများသည် မီလာနီမှ တစ်ဆင့် ရက် ဘတ်တလာ ဆီသို့ ရောက်သွားကြ၏။ ရက် ဘတ်တလာက

လူအုပ်ထဲတွင် မရှိ။ ခပ်လှမ်းလှမ်းတွင် ရပ်ကာ ဂျွန် ဝီလ်ကီနှင့် စကားပြောနေသည်။ ရက် ဘတ်တလာသည် တစ်ချိန်လုံး စကားလက်ကို ကြည့်နေသည်။ စကားလက်က လှမ်းကြည့် လိုက်သည့်အခါတွင် ရက် ဘတ်တလာက ရယ်လိုက်သည်။ သူ့အသိုင်းအဝိုင်းမှ အပယ်ခံထားရသည့် ရက် ဘတ်တလာ တစ်ယောက်သာလျှင် သူ၏ ခပ်မြူးမြူး ခပ်နော့နော့ အမူအရာကို အဓိပ္ပာယ် ကောက်တတ်သည်ဟု စကားလက် ထင်သည်။ စကားလက်သည် သူ့ကိုလည်း ကုတ်ဖဲ့ ပစ်လိုက်ချင်သည်။

`နေ့လယ် အထိ နေမယ်၊ နေ့လယ် တခြားလူတွေ အိမ်အပေါ်ထပ် တက်ပြီး တရေးတမော အိပ်တုန်းမှာ အက်ရှလေနှင့်

စကားပြောရမယ်၊ ငါ ပေါ်ပြူလာ ဖြစ်နေတာကို သူလည်း မြင်သားပဲ၊ မီလာနီကို ဂရုစိုက်တာကတော့ ဝမ်းကွဲ နှမလည်း တော်နေတယ်၊ ပြီးတော့ မီလာနီက ပေါ်ပြူလာလည်း မဖြစ်ဘူး၊ သူသာ ဂရုမစိုက်ရင်လည်း မီလာနီ ကြောင်တက်တက် ဖြစ်နေမှာပဲ’

စကားလက်က စိတ် သက်သာရအောင် တစ်ဖက်လှည့် တွေးသည်။



ဤသို့တွေးပြီး ချားလ်ဘက်သို့ လှည့်၍ စကား ပြောနေပြန်သည်။ ချားလ်၏ မျက်လုံးညိုညိုများက သူ့ကို

စိုက်ကြည့်နေသည်။ စကားလက်ကို တမ်းတမ်းစွဲ ဖြစ်နေပြီ။ ဟန်နီကို အမှတ်မရတော့။ ဟန်နီက အသံ စူးစူးဖြင့် အော်သည့် စာကလေး။ စကားလက် အသံက ချိုချိုလွင်လွင်နှင့် မြည်သည့် တေးဆိုငှက်။ စကားလက်က ချားလ်ကို စသည်။ မျက်နှာသာ ပေးသည်။ မေးခွန်းတွေ မေးပြီး သူကိုယ်တိုင် ဖြေသည်။ ချားလ်ကို မျက်နှာသာ ပေးလွန်းသဖြင့် တခြား ယောက်ျားကလေး များကပင် ဇဝေဇဝါ ဖြစ်ကုန်သည်။ ချားလ်က အရှက်အကြောက် ကြီးသည်။ စကားကိုပင် လေလုံးကွဲအောင် ပြောသူ မဟုတ်။ စကားလက် ဤမျှ အရေးပေးသည်ကို ဆွေ့ဆွေ့ ခုန်နေကြသည်။ မကောင်းတတ်၍သာ ဟန်ဆောင်နေကြခြင်း ဖြစ်၏။ အားလုံး မခံချင် ဖြစ်ကုန်ကြပြီ။ ယောက်ျားလေးတွေ ဤသို့ ဖြစ်လျှင် စကားလက် အဖို့ အောင်ပွဲရခြင်း ဖြစ်သည်။ အက်ရှလေ တစ်ယောက်ကိုမူ ဖမ်းမမိသေး။

အသားကင် စားပြီးနောက်တွင် နားချိန်တန်ပြီ။ အင်ဒီယာ ထသည်ကို မြင်လိုက်သည်နှင့် မိန်းကလေးတွေ အိမ်ပေါ်ထပ်

တက်၍ နားချိန်တန်ပြီဟု စကားလက် ထင်လိုက်သည်။ နေ့လယ် နာရီပြန် နှစ်ချက် ထိုးနေပြီ။ နေကလည်း ကျဲကျဲတောက် ပူနေသည်။ ပျော်ပွဲစား အတွက် သုံးရက်လုံး ပြင်ဆင် ခဲ့ရသဖြင့် ခြေကုန် လက်ပန်းကျနေသည့် အင်ဒီယာလည်း ပန်းရုံ ပေါင်းကူး အောက်တွင် အေးအေးဆေးဆေး နားချင်သည်။

112



ပရိသတ်လည်း ဗိုက်လေးစ ပြုလာပြီ။ ကပ္ပလီများက စားပွဲများကို ရှင်းနေကြသည်။ စောစောကလောက် ရယ်သံ၊

မောသံ၊ စကားပြောသံ ဆူညံခြင်း မရှိတော့။ တဖြည်းဖြည်း တိတ်ဆိတ်စ ပြုလာသည်။ အိမ်ရှင်မက နံနက် အစီအစဉ်ပြီးကြောင်း ကြေညာသည့် အသံကို စောင့်နေကြသည်။ တောင်ထန်းရွက် ခေါက်ယပ်တောင် ခတ်သံကလည်း လေးလာသည်။ နေကလည်း ပူ၊ ဗိုက်ကလည်း လေးသဖြင့် အိပ်ငိုက်ချင်လာ ကြသည်။ နံနက်ခင်း ပျော်ပွဲစားပြီးပြီ။ နေပူပူတွင် နားချိန် ရောက်နေပြီ။

နံနက်ခင်း ပျော်ပွဲစားနှင့် ည ကပွဲကြား ဤအချိန်တွင် သူတို့အားလုံး ငြိမ်သွားကြသည်။ ဆူဆူညံညံ လုပ်မည့်သူ ဆို၍

လူငယ်များလောက်သာ ကျန်သည်။ လူငယ်အုပ်က မကွဲသေး။ အုပ်စုကလေးတွေ ဖွဲ့ကာ စကားပြောကြသည်။ ငြင်းကြသည်။ မြင်းလားပေါက် ကလေးများကဲ့သို့ သွေးဆူမြဲ၊ လှမြဲ၊ အန္တရာယ် ရှိမြဲ။ နေ့လယ်ခင်း၏ တိတ်ဆိတ် ငြိမ်သက်ခြင်းသာ ကြီးစိုးနေသည်။ ထိုငြိမ်သက်ခြင်း အောက်တွင် တစ်ခဏအတွင်း သတ်ပွဲပုတ်ပွဲ အထိ ဖြစ်လာနိုင်သော လူ့စိတ်သည် ပုန်းကွယ် ခိုအောင်းနေသည်ဟု ထင်ရသည်။ ယောက်ျားပျိုများနှင့် မိန်းမပျိုများ အားလုံးက ချောသည်။ ရိုင်းသည်။ ယဉ်ကျေး သိမ်မွေ့မှု၏ နောက်ကွယ်တွင် ပြင်းထန် တက်ကြွသည့် စိတ်သည် ပုန်းကွယ်နေသည်။

ခဏကြာတွင် နေပြင်းစ ပြုလာပြီ။ စကားလက်တို့ တစ်သိုက် အင်ဒီယာ၏ အရိပ်အခြည်ကို ကြည့်နေ ကြသည်။ ဤသို့

ခပ်အေးအေး ဖြစ်နေကြစဉ် ဝက်သစ်ချပင်ရိပ်မှ ဒေါသတကြီး ငြင်းခုံနေသော ဖေဖေ့ အသံကို ကြားလိုက်ရ၏။ ပျော်ပွဲစား စားပွဲများနှင့် ခပ်လှမ်းလှမ်းတွင် ရပ်ရင်း ဂျွန် ဝီလ်ကီနှင့် ငြင်းနေခြင်း ဖြစ်သည်။

`ဘာဗျ၊ မြောက်ပိုင်းသား ယန်ကီတွေနှင့် စေ့စပ် ဆွေးနွေးရေး လုပ်ရမယ် ဟုတ်လား၊ ငြိမ်းချမ်းရေး လုပ်ရမယ်

ဟုတ်လား၊ ကျုပ်တို့ကို စော်ကားနေတာကို ငုံ့ခံမနေနိုင်ဘူးဗျ၊ တောင်ပိုင်းသားဟာ စော်ကားတိုင်း မခံဘူး ဆိုတာကို လက်နက်နှင့် ပြရမယ်၊ သူတို့က သီးခြားပြည်နယ် ခွဲထွက်ခွင့်ပေးမှ ကျုပ်တို့က ခွဲထွက် ရမှာလား၊ ကျုပ်တို့ ခွဲထွက်ချင်ရင် ခွဲနိုင်တယ်၊ ပြည်ထောင်စုထဲမှာ ကျုပ်တို့ နေချင်နေမယ်၊ သီးခြား ခွဲထွက်ချင် ခွဲထွက်မယ်၊ ဒါ ကျုပ်တို့ အခွင့်အရေး’

`ဒုက္ခပါပဲ၊ ဖေဖေ ငြင်းပြန်ပြီ၊ ညသန်းခေါင် အထိ ပြီးတော့မှာ မဟုတ်ဘူး’ စကားလက် တွေးသည်။



ပရိသတ် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ယောက်ျားများက ထကာ တစ်ယောက် တစ်ခွန်း အချင်းချင်း ထင်မြင်ချက်

ပေးနေကြသည်။

မစ္စတာ ဝီလ်ကီက အမျိုးသမီးများကို အားနာသောအားဖြင့် နိုင်ငံရေး စကား မပြောရန် မေတ္တာ ရပ်ထားသည်။

ထို့ကြောင့် တစ်မနက်လုံး နိုင်ငံရေးစကားပြောသံ မကြားရ။ ပြည်တွင်းစစ် အကြောင်း ပြောသံ မကြားရ။

ယခု ဖေဖေက စဖောက်သည်တွင် ယောက်ျား တစ်သိုက် အိမ်ရှင်၏ မေတ္တာရပ်ခံချက်ကို မေ့သွားကြပြီ။



`ဒီကောင်တွေကို ရိုက်ရမယ်ဗျ’၊ `ယန်ကီ သူခိုးတွေ’၊ `တစ်လ အတွင်း အပြတ် ချမယ်’၊ `တောင်ပိုင်းသား

တစ်ယောက်ကို ယန်ကီ အယောက် နှစ်ဆယ်နှင့် လဲပစ်မယ်’၊ `ဒီကောင်တွေကို မှတ်မှတ်ရရ ရှိအောင် သင်ခန်းစာ ပေးရမယ်’၊ `ဘာငြိမ်းချမ်းရေးလဲ၊ သူတို့ကကော ငြိမ်းချမ်းရေး ရအောင် လုပ်လို့လား’၊ `ကြည့်စမ်း၊ လင်ကွန်းက ကျုပ်တို့ ခေါင်းဆောင်တွေကို ဘယ်လောက် စော်ကားသလဲ’၊ `သူတို့က ချရင် ကျုပ်တို့ကလည်း ချရမှာပဲ’

ဖေဖေ့ အသံချည်း ကြားနေရသည်။ ဖေဖေ စိတ်အား ထက်သန်နေသလောက် စကားလက် စိတ်ဓာတ် ကျနေသည်။

113



သီးခြားပြည်နယ် ခွဲထွက်ရေး၊ ပြည်တွင်းစစ် ဆိုသည့် စကားများကို စကားလက် ကြားရလှပြီ။ ငြီးငွေ့လှပြီ။ ယခုမူ

ထိုအသံများကို ကြားပင် မကြားချင်တော့။ သူတို့တစ်တွေ ထိုင်ငြင်းနေကြလျှင် သူ့အဖို့ အက်ရှလေကို တွေ့ဖို့ မလွယ်တော့။ ပြည်တွင်းစစ်က မဖြစ်သေး။ သို့ရာတွင် ယောက်ျားတွေက ထိုအကြောင်းကို ပြောကာ ထိုအကြောင်းကို ကြားချင်နေကြသည်။

ချားလ်က စကားဝိုင်းထဲသို့ မဝင်။ သူနှင့် စကားလက် နှစ်ယောက်တည်း ကျန်ခဲ့သည်တွင် စကားလက်ကို ငုံ့ကြည့်၍

ခပ်တိုးတိုး ပြောသည်။

`ပြည်တွင်းစစ် ဖြစ်ရင်တော့ ကိုယ်လည်း တပ်ထဲ လိုက်မှာပဲ၊ ကာရိုလိုင်းနားမှာ မြင်းတပ် စုနေတယ်လို့ ပြောတယ်၊

မြင်းတပ်ဗိုလ်က ဖေဖေ့ သူငယ်ချင်း’

စကားလက် အံ့အားသင့်သွားသည်။ သူ ထင်သည်က တခြား၊ ပြောသည်က တခြား။ သူ့ကိုပင် ချီးကျူးရမည်လော။

စကားလက်က ဘာမျှ မကြားနိုင်ဘဲ ချားလ်ကို စိုက်ကြည့်သည်။ ယောက်ျား ဆိုသည့် သတ္တဝါသည် ဤကိစ္စမျိုးကို မိန်းမတွေ စိတ်မဝင်စား ဆိုသည် မျှလောက်ကိုပင် မသိတတ်သော သတ္တဝါ တစ်မျိုးသာဟု တွေးလိုက်မိသည်။ ချားလ်က မရိပ်မိသေး။ သဘောကျ၍သာ စကားလက်က သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်သည်ဟု ထင်သည်။ ထို့ကြောင့် ပို၍ ပို၍ အာသွက်လာသည်။

`ကိုယ် လိုက်သွားရင် စကားလက် လွမ်းနေမှာလား’



`ညတိုင်း ခေါင်းအုံး မျက်နှာအပ်ပြီး ငိုနေမှာ’



စကားလက်က နောက် ရွှတ်ရွှတ် ပြောသည်။ သို့ရာတွင် ချားလ်က အတည်ပေါက် ထင်ကာ မျက်နှာတွေ နီရဲသွားသည်။

ဝတ်စုံကြားထဲတွင် ဖုံးထားသည့် စကားလက်၏ လက်ကို လှမ်းဆွဲပြီး ညှစ်လိုက်သည်။ သူ အတင့်ရဲပုံနှင့် စကားလက် ငြိမ်နေပုံကို အံအားသင့်နေသည်။

`ကိုယ့်အတွက် ဆုတောင်းပေးမယ်နော်’



`ပေါကြောင်ကြောင် နိုင်လိုက်တာ’ ဟု စကားလက်က စိတ်ထဲမှ တွေးကာ စကား လမ်းကြောင်း ပြောင်းရန်

ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်သည်။

`ဆုတောင်းပေးမယ် မဟုတ်လား’



`တောင်းပေးမှာပေါ့၊ တစ်ညကို ပုတီး သုံးပတ်ပြည့်အောင် စိပ်မယ်’



ချားလ်က

ဘေးကို

တစ်ချက်

လှမ်းကြည့်သည်။

အသက်ကို

တစ်ဝရှူလိုက်ပြီး

ဝမ်းဗိုက်

ကြွက်သားများကို

တင်းထားလိုက်၏။ သူတို့ နှစ်ယောက်တည်းသာ ရှိသည်။ ဤအခွင့်အရေးမျိုး ရဖို့မလွယ်။ ကံကောင်း၍ နောက်တစ်ကြိမ် ရသည့်တိုင် သူ့သတ္တိက ယခုလောက် ကောင်းချင်မှ ကောင်းတော့မည်။

`စကားလက်ကို ပြောစရာ ရှိတယ်၊ ကိုယ် ကိုယ် စကားလက်ကို ချစ်တယ်’



`အင်’

114



စကားလက်က ငြင်းခုံနေကြသည့် လူအုပ်ကြားမှ အက်ရှလေ ဘက်သို့ လှမ်းကြည့်သည်။ အက်ရှလေက မီလာနီ

ခြေရင်းတွင် ထိုင်နေဆဲ။

`ဟုတ်တယ်၊ စကားလက်ကို ကိုယ် ချစ်တယ်’



ချားလ် ကြည်နူးနေသည်။ ရည်းစား စကားပြောလျှင် မိန်းကလေးတွေ မူမေ့သွားလိမ့်မည်၊ ရယ်လိမ့်မည်၊ အလန့်တကြား

အော်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ ယခု မူးမေ့ခြင်းလည်း မရှိ။ ရယ်လည်း မရယ်။ အော်လည်း မအော်။ `စကားလက်ကို ကိုယ် ချစ်တယ်၊ စကားလက်ဟာ ... စကားလက်ဟာ ကိုယ် သိတဲ့ မိန်းကလေးတွေထဲမှာ အချောဆုံး၊ အကြင်နာဆုံး၊ ချစ်စရာ အကောင်းဆုံးပဲ၊ စကားလက် နေတာ ထိုင်တာကိုက ချစ်စရာ ကောင်းနေတယ်၊ ဒါကြောင့် ကိုယ် ချစ်တယ်၊ စကားလက်က ကိုယ့်လိုလူကို ပြန် ချစ်နိုင် မချစ်နိုင်တော့ ကိုယ် မသိဘူး၊ ဒါပေမယ့် စကားလက် ကိုယ့်ကို ချစ်လာအောင် ကိုယ် ဘာဖြစ်ဖြစ် လုပ်ပြပါ့မယ်၊ ပြီးတော့’

ချားလ် ရှေ့ဆက်၍ စကားရှာ မရ။ သူ့အချစ်ကို စကားလက် ယုံအောင် မည်သို့ သက်သေ ပြရမည်ကို သူ မပြောတတ်။



`ပြီးတော့ ကိုယ် စကားလက်ကို လက်ထပ်မယ်၊ ယူမယ်’



သူ့စကားကြောင့် စကားလက် လန့်သွားသည်။ သူ စိတ်ကူးနေသည်က အက်ရှလေ၊ အက်ရှလေနှင့် ထွက်ပြေးဖို့

ကိစ္စ။ လက်ထပ်ဖို့ ကိစ္စ။ စကားလက်က စိတ်ရှုပ်သည့် ဟန်ဖြင့် သူ့ကို ကြည့်သည်။ နဂိုကမှ ကိုယ့်ကိစ္စနှင့် ကိုယ် ဦးနှောက်ခြောက်ရသည့် အထဲတွင် ဤ ခပ်ကြောင်ကြောင် မိန်းမလျာ ဘာတွေ လာပြော နေသနည်း။ စကားလက်က အသနားခံနေသော သူ့မျက်လုံး ညိုညိုများကို ကြည့်သည်။ အရှက်အကြောက် ကြီးသည့် လူပျိုကလေး တစ်ဦး၏ ပထမဆုံး အချစ်ကိုလည်း သူ မမြင်။ အကောင်အထည် ပေါ်လာမည့် မျှော်မှန်းချက် တစ်ခု အတွက် ကြည်နူးနေသည်ကိုလည်း သူ ဂရုမစိုက်။ ချားလ်၏ ကိုယ်တွင်းတွင် မီးလျှံ တစ်ခုလို တောက်နေသော အချစ်ကိုလည်း သူ သတိ မထားမိ။ သူ့ထက် အဆ ရာထောင်မက ရုပ်ဖြောင့်သည့် ယောက်ျားပျိုများက သူ့ကို ရည်းစားစကား ပြောခဲ့ဖူးလှပြီ။ သူ့ထက် မိန်းမကျမ်း ကြေသည့် ယောက်ျားပျိုများက သူ့ကို စကား ပြောခဲ့ဖူးလှပြီ။ ချားလ်သည် နှစ်ဆယ်ထဲ ရောက်နေပြီ။ သို့တိုင်အောင် ခပ်ကြောင်ကြောင်။ ခပ်ရွံ့ရွံ့။ စကားလေး တစ်ခွန်းလောက် ပြောမည့် အရေး မျက်နှာတွေ နီနေရသည်။ ကြောင်လှချည့်ဟု ပြောချ လိုက်ချင်သည်။ သို့ရာတွင် ဤလို ကိစ္စမျိုးတွင် မေမေ သွန်သင်ခဲ့သည့် စကားများကို အမှတ်ရလာသည်။ ထို့ကြောင့် မသိမသာ မျက်လွှာချ၍ ပြောသည်။

`အစ်ကိုက ဒီလို ပြောတဲ့ အတွက် ကျေးဇူး တင်ပါတယ်၊ ဂုဏ်လည်း ယူပါတယ်၊ ဒါပေမယ့် မမျှော်လင့်ဘဲနှင့်

ကြားလိုက်ရတော့ စကားလက် ဘယ်လို ဖြေရမည် ဆိုတာတောင် မသိတော့ဘူး’

ဤသည်မှာ ယောက်ျားလေး တစ်ယောက်ကို ချွေးသိပ်ရာတွင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။ သူ့ကို

ကြိုးရှည်ဖြင့်လည်း လံထားနိုင်သည်။ ချားလ်ကမူ ဝမ်းသာလှပြီ။ သူ့တစ်ယောက်တည်းသာ ဤစကားမျိုးကို ရသည်ဟု ထင်နေသည်။

`အို ကိုယ် တစ်သက်လုံး စောင့်မယ်၊ စကားလက် စဉ်းစားပြီးမှ ပြောပါ၊ ရပါတယ်၊ ဒီအတိုင်းဆို ကိုယ် မျှော်လင့်ချက်

115

ရှိတာပေါ့ ဟုတ်လား’

`အင်’



စကားလက်က ပြောသည်။ သူ့မျက်လုံးများက မီလာနီ အနီးမှ မခွာသေး။ မီလာနီကို ပြုံး၍ မော့ကြည့်နေသည်။

သူ့အနားက ခပ်ကြောင်ကြောင် ငနဲက ရည်းစား စကား လာမပြောလျှင် အက်ရှလေတို့ နှစ်ယောက် ပြောနေသည့် စကားကို ကြားရမည်။ အက်ရှလေ မျက်လုံးက ဤမျှ ထက်သန်နေရလောက်အောင် မီလာနီက ဘာတွေများ ပြောနေသနည်း။

စကားလက်က နားကို စွင့်ထားသည်။ သို့ရာတွင် ချားလ်က စကားတွေ ပြောနေသဖြင့် သဲသဲကွဲကွဲ မကြားရ။



`ရှူး ရှူး’



စကားလက်က သူ့လက်ကို တို့၍ ပြောသည်။ မျက်လုံးများက အက်ရှလေတို့ ဘက်သို့ ရောက်နေသည်။



စကားလက်က ဟန့်လိုက်သဖြင့် ချားလ် ရှက်သွား၏။ မျက်နှာ နီရဲသွားသည်။ စကားလက်က သူ့နှမ မီလာနီကို

စိုက်ကြည့်နေသဖြင့် ချားလ်က ပြုံးလိုက်သည်။ ဧကန္တ သူ့စကားတွေကို မီလာနီ ကြားမည် စိုးသဖြင့် ဟန့်တားခြင်း ဖြစ်ရမည်။ မိန်းကလေးဆိုတော့ သူ့ကို ရည်းစားစကား လာပြောနေသည်ကို တခြားလူ ကြားသွားလျှင် ရှက်လိမ့်မည်။ သူ့တစ်သက်တွင် မိန်းကလေး တစ်ယောက်ကို ရှက်အမ်းအမ်း ဖြစ်အောင် ဤတစ်ခါသာ လုပ်ရဖူးသေးသည်။ ဤသို့ တစ်ခါမျှ မတွေ့ဖူးသေးသည့် အတွက် ယောက်ျားကွဟုပင် စိတ်ထဲက ဆို၍ ဘဝင်မြင့်ရသေးသည်။ မိန်းကလေး တစ်ယောက်ကို ရည်းစား စကား ပြောရသည့် အရသာက သည်းထိတ် ရင်ဖိုစရာ။ ဤတွင် ချားလ်က အရေး မကြီးသည့်ဟန် ပြင်လိုက်သည်။ မိန်းကလေး တစ်ယောက် ရှက်သွားလျှင် ဤသို့ အရေးမကြီးသည့်ဟန် ပြရမည် မဟုတ်လော။ ဤလောက်တော့ မိမိလည်း သိပါသည် ဟူသည့် သဘောဖြင့် စကားလက်ကို ပြန်တို့လိုက်သည်။

စကားလက်က သူ တို့သည်ကိုပင် မသိ။ မီလာနီ၏ အသံလွင်လွင်ဖြင့် ပြောသံကို နားစွင့်ထားသည်။



`သက္ကားရေးရဲ့ ဝတ္ထုနှင့် ပတ်သက်လို့တော့ အစ်ကိုနှင့် မီလာနီ သဘောမတူဘူး၊ သက္ကားရေးက လောကကြီးကို

သရော်ချင် အားကြီးတယ်၊ မီလာနီက ဒစ်ကင်းလို စာရေးဆရာမျိုးမှ ကြိုက်တာ၊ လောကကို မဲ့ရွဲ့ မကြည့်ဘူး၊ စာနာစိတ်နှင့် ကြည့်တယ်’

အမယ်လေးဟဲ့လေး၊ ယောက်ျားပျိုလေး တစ်ယောက်ကို ပြောသည့် စကားတဲ့။ စကားလက်က စိတ်သက်သာရာ

ရသွားကာ တခစ်ခစ် ရယ်လိုက်သည်။ လက်စသတ်တော့ မီလာနီက စာရူး ကဗျာရူး မိန်းကလေး တစ်ယောက်။ စာရူး ကဗျာရူး ဖြစ်ပြီဆိုလျှင် ယောက်ျားလေးတွေက မည်သို့ သဘောထားကြသနည်း အားလုံး အသိ။ ယောက်ျားလေး တစ်ယောက် စိတ်ဝင်စား လာအောင် လုပ်ချင်လျှင် သူ့ အကြောင်းကို ပြောပေးရမည်။ သူ့အကြောင်း ပြောရင်း မသိမသာ ကိုယ့်အကြောင်း ထည့်ပြောရမည်။ နောက်ဆုံးတွင် ကိုယ့် အကြောင်းကိုချည်း ပြောပေးရမည်။ မီလာနီ ပြောနေသည့် စကားက စာကြောင်း ပေကြောင်းတွေ။ ဤ စကားတွေ မဟုတ်ဘဲ `အစ်ကိုက သိပ်အံ့သြဖို့ ကောင်းတာပဲ’ ဟူသော စကားဖြစ်လျှင် စကားလက် အထိတ်တလန့် ဖြစ်မိလိမ့်မည်။ ယခုမူ သူပြောသည့် စကားက ဥပုသ် ဇရပ်တွင် ပြောသည့် စကားမျိုးတွေ။ စကားလက် အလားအလာ ကောင်းနေပြီ။ ဝမ်းသာလွန်းသဖြင့် မျက်နှာ ဝင်းထိန်လာသည်။ ချားလ်ကို ပြုံး၍ လှည့်ကြည့် လိုက်သည်။

116

ချားလ်က သူ့ကို ပြုံးသည် ထင်သဖြင့် စကားလက် လက်ထဲမှ ယပ်တောင်ကို ဆွဲကာ ယပ်ခတ်ပေး၏။ စကားလက်၏ ဆံပင်များသည် နဖူးပေါ်သို့ ဝဲကျနေကြသည်။

`ဟေ့၊ အက်ရှလေ လာစမ်းပါဦး၊ မင်း ထင်မြင်ချက် ပြောစမ်းပါဦး’



နိုင်ငံရေး စကားဝိုင်းမှ ဂျင် တာလက်တန်က အက်ရှလေကို လှမ်းအော် ပြောသည်။ အက်ရှလေက မီလာနီထံ

ခွင့်တောင်း၍ ထသည်။ သူ ရပ်လိုက်ပုံ၊ သူ့ ရွှေရောင် ဆံပင်မွေးနှင့် နှုတ်ခမ်းမွေးပေါ်သို့ နေခြည်ဖြာကျ နေပုံတို့ကြောင့် အက်ရှလေသည်

ပို၍

ကြည့်ကောင်းနေသည်ဟု

စကားလက်

ထင်သည်။

လူကြီးများကပါ

အက်ရှလေ

စကားကို

နားစွင့်နေကြသည်။

`ကျွန်တော်တို့ ပြည်နယ်က တိုက်ရင် ကျွန်တော်လည်း တိုက်မှာပေါ့ဗျ၊ မတိုက်ရဘဲနှင့်တော့ တပ်ထဲ ဘာဖြစ်လို့

ဝင်မလဲ’ အက်ရှလေ၏ မျက်လုံးများက တောက်ပ လာကြသည်။ `ဒါပေမယ့် ကျွန်တော် ထင်ပါတယ်၊ မြောက်ပိုင်းသား ယန်ကီတွေဟာ ကျွန်တော်တို့ကို အတင်းအကျပ် လုပ်မယ် မထင်ပါဘူး၊ သူတို့ ငြိမ်းချမ်းရေး ကမ်းလှမ်းလာရင် ဘာတိုက်စရာ လိုသေးသလဲ၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့က ယန်ကီတွေရဲ့ နေရာ ရောက်ပြီး သူတို့က သီးခြားပြည်နယ် ခွဲထွက်မယ် ဆိုရင် ကျွန်တော်တို့ ဘာလုပ်မလဲ၊ သူတို့လိုပဲ လုပ်ရမှာပဲ၊ မတတ်နိုင်ဘူး’

`ကြည့်စမ်း၊ အက်ရှလေဟာ သူတစ်ဖက်သား နေရာက စဉ်းစားတတ်တယ်၊ ကိုယ်ချင်း စာတတ်တယ်’ စကားလက်က

တွေးနေသည်။ ပြဿနာ တစ်ခုကို တစ်ဖက်တည်း ကြည့်၍ မဖြစ်။

`သိပ်လည်း သွေးဆူမနေကြပါနှင့်၊ ပြည်တွင်းစစ်လည်း မတိုက်ကြပါနှင့်၊ စစ်ပွဲတွေကြောင့် ကမ္ဘာကြီးမှာ ဒုက္ခတွေ

ရောက်လှပါပြီ၊ စစ်ပြီးသွားတော့လည်း လူတွေ ဒုက္ခရောက်ပြီး ကျန်ရစ်ခဲ့ကြပြီ’

စကားလက်က နှာခေါင်းရှုံ့သည်။ အက်ရှလေက သတ္တိကောင်းသည်။ ပြောရဲသည်။ သို့မဟုတ်လျှင် ဝိုင်း၍

ဆူပူကန့်ကွက်လိုက်ကြမည့် ဖြစ်ခြင်း။ ယခုပင် အက်ရှလေ၏ အယူအဆကို ကန့်ကွက်သံ၊ ဆူပူသံ၊ မကျေနပ်သံတွေကို ကြားနေရပြီ။

ပန်းပေါင်းကူး အောက်မှ နားလေး အဘိုးကြီးက အင်ဒီယာကို မေးနေသည်။



`ဘာတွေ ပြောနေကြတာလဲဟဲ့’



`ပြည်တွင်းစစ် အကြောင်း ပြောနေကြတာ ဘဘရဲ့၊ ယန်ကီတွေကို တိုက်ကြမလို့တဲ့’



အင်ဒီယာက လက်နှစ်ဖက်ကို ပါးစပ်တွင် အပ်၍ အော်ပြောသည်။



`ဘာ၊ ပြည်တွင်းစစ် ဟုတ်လား မှန်းစမ်း၊ မှန်းစမ်း၊ သူတို့ကို စစ်အကြောင်း ပြောရဦးမယ်၊ ငါက စစ်တိုက်ဖူးပြီ’



အဘိုးကြီးက တုတ်ကောက်ကို စမ်းကာ ကုလားထိုင်မှ ထ၏။ ခါတိုင်းထက် သွက်သည်။ သွက်သွက်လက်လက်

မရှိသည်မှာ ကြာပြီ။ စစ်ပွဲ အကြောင်း မပြောရသည်မှာလည်း ကြာပြီ။

117



အဘိုးကြီးက တုတ်ကောက်ကို ထောက်၍ ငြင်းခုံ နေကြရာသို့ ထသွားသည်။ တုတ်ကောက်ကို ယမ်းပြ၍ အော်သည်။

မကြာမီ လူလယ်ကောင်တွင် ရောက်နေသည်။

`ဟဲ့ကောင်တွေ နားထောင်ကြစမ်း၊ ဘာဖြစ်လို့ စစ်တိုက်ရမှာလဲ၊ ငါက စစ်တိုက်ခဲ့ဖူးလို့ စစ်အကြောင်း သိတယ်၊

ဘင်မီနီလီ စစ်ပွဲတုန်းကလည်း ပါတယ်၊ ခပ်မိုက်မိုက် ဆိုတော့ မက္ကဆီကို စစ်ပွဲတုန်းကလည်း ပါတယ်၊ စစ်အကြောင်းကို မင်းတို့ ဘာမှ မသိဘူး၊ မင်းတို့က စစ်တိုက်တာကို မြင်းအလှ စီးတာ ထင်နေကြတယ်၊ ရည်းစားက ပန်းပွင့်ကလေးနှင့် ပေါက်တာလို့ ထင်နေကြတယ်၊ ပြန်လာတော့ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းကြီး ထင်လို့၊ ဒီလို မဟုတ်ဘူးကွ၊ စစ်တိုက်တယ် ဆိုတာ မြင်းအလှ စီးတာ မဟုတ်ဘူး၊ ရည်းစားက ပန်းနှင့် ပေါက်တာ မဟုတ်ဘူး၊ စစ်တိုက်တယ် ဆိုတာ အငတ်ခံရတာ၊ ရွှံ့တွေ ရေတွေထဲ အိပ်ရတာ၊ ရောဂါ ဝေဒနာ ခံရတာ၊ အဆုတ် အအေးမိပြီး သေချင် သေမယ်၊ ငှက်ဖျား ဖျားပြီး သေချင် သေမယ်၊ ဒါတွေ ဘာမှ မဖြစ်ဘူး ထားဦး၊ မင်းတို့ ဖင်က မနေဘူး၊ မင်းတို့ ဖင်က သွေးဝမ်း တစစ်စစ် ကိုက်မှာ’

အမျိုးသမီးများက မျက်နှာတွေ နီရဲသွားကြသည်။ အဘိုးကြီးက ရှေးအဘိုးကြီး၊ အဘွား ဖွန်တိန် လူလယ်ကောင်တွင်

တအေ့အေ့ လေချဉ်တက်သလို လူရှေ့မရှောင် ပြောတတ်သည်။ ရှေးလူကြီးများ၏ ဆုံးမစကားက ပရိယာယ် မရှိ။

`ဟဲ့ သမီး သွားသွား၊ နင့် ဘိုးဘိုးကို သွားခေါ်ချည်စမ်း၊ အဘိုးကြီးက အသက်ကြီးတော့ ခက်တာပဲ၊ ပြောချင်ရာ

စွတ်စွတ် ပြောတော့တာပဲ၊ မနက်ကလည်း မြေးအလတ်မ တစ်ဆယ့်ခြောက်နှစ် သမီးကို ပြောလိုက်တာ’

အဘိုးကြီး၏ သမီးဖြစ်ဟန် တူသူ အမျိုးသမီးက အနီးမှ အမျိုးသမီး နားနားသို့ ကပ်ပြောလိုက်သည်။ အနားတွင်

ရှိသည့် သမီးငယ်အား အဘိုးကို အခေါ် ခိုင်းနေခြင်းဖြစ်၏။ သမီးငယ်က သူ့အဘိုးကို ခေါ်ရန် ထွက်သွားသည်။

သစ်ပင်ရိပ်ထဲတွင် အားလုံး ကိုယ့်အစုဖြင့်ကိုယ်။ မိန်းမပျိုများက ပြုံးရယ်လျက်။ ယောက်ျားများက ငြင်းလျက်

ခုံလျက်။ မရောမနှော၊ မပြုံးမရယ်၊ မငြင်းမခုံသူဆို၍ တစ်ယောက်တည်းသာ ရှိသည်။ စကားလက်၏ မျက်လုံးများက ရက် ဘတ်တလာဆီသို့ ရောက်သွားကြ၏။ ရက် ဘတ်တလာက သစ်ပင် တစ်ပင်ကို မှီ၍ ရပ်နေသည်။ လက်နှစ်ဖက်ကို ဘောင်းဘီ အိတ်ထဲသို့ နှိုက်ထားသည်။ မစ္စတာ ဝီလ်ကီ မရှိတော့သဖြင့် တစ်ယောက်တည်း ကျန်ခဲ့သည်။ ငြင်းခုံ နေကြသည်ကို တစ်လုံးမျှ ဝင်မပြော။ ခပ်တိုတို ညှပ်ထားသည့် နှုတ်ခမ်းမွေး နက်နက်အောက်မှ နီရဲသည့် နှုတ်ခမ်းများက မည်းနေသည်။ သူ့မျက်လုံးများက လှောင်ပြောင် သရော်သည့် မျက်လုံး။ ကလေးတွေ စကားပြောသည်ကို နားထောင် နေသည့်နှယ် အထင်သေးသည့်ဟန်။ ပြုံးပုံကြီးကိုက မုန်းစရာ။ ရက် ဘတ်တလာက စတူးဝပ် တာလက်တန် ပြောနေသည်ကို နားထောင်နေသည်။ စတူးဝပ် တာလက်တန်၏ မျက်လုံးများက တောက်နေသည်။ ဆံပင်နီနီက နဖူးပေါ် ဝဲကျလျက် ရှိ၏။

`မရဘူး၊ ဒီကောင်လေးတွေကို တစ်လ အတွင်း ချရမှာပဲ။ ကျွန်တော်တို့ လူကြီးလူကောင်း သားသမီးတွေ၊ ကြမ်းပိုး

သူခိုးတွေ ထက်တော့ စစ်တိုက်တတ်တယ်။ တစ်လ အတွင်း အပြတ်ပဲ’

`ကျွန်တော် နည်းနည်း ပြောချင်ပါတယ်’



ရက် ဘတ်တလာက အသံဝဲဝဲဖြင့် ပြောလိုက်သည်။ နဂိုပုံသဏ္ဌာန် အတိုင်း သစ်ပင်ကို မှီလျက်။ ဘောင်းဘီအိတ်ထဲတွင်

လက်နှိုက်လျက်။

118



`ပြောရမလား ခင်ဗျာ’



မျက်နှာထားက ပမာမခန့်ပြုသည့် မျက်နှာထား။ အကြည့်ကလည်း ပမာမခန့်သည့် အကြည့်။ သို့ရာတွင် တတ်နိုင်သမျှမူ

ယဉ်ကျေး သိမ်မွေ့အောင် ကြိုးစားထားပုံရသည်။

အားလုံး သူ့ဘက်သို့ လှည့်ကြည့်ကြသည်။ လူစိမ်း တစ်ယောက် ဖြစ်သဖြင့် ငြိမ်နေလိုက်ကြသည်။



`ကျွန်တော်တို့ တောင်ပိုင်းပြည်နယ်မှာ အမြောက်စက်ရုံ တစ်ရုံမှ မရှိသေးဘူး ခင်ဗျ၊ သံရည်ကျို ဆိုလို့လည်း ဘာမှ

မပြောပလောက်သေးဘူး၊ ဒါတွေ မရှိလို့ သိုးမွေးစက်တို့၊ ချည်မျှင်စက်တို့၊ သားရေနယ်စက်တို့ ရှိပြီလား ဆိုတော့လည်း မရှိသေးဘူး ခင်ဗျ၊ ဒါကို မိတ်ဆွေတို့ စဉ်းစားမိပုံ မရကြဘူး၊ ခု ကျွန်တော်တို့မှာ စစ်သင်္ဘော တစ်စင်းမှ မရှိဘူး၊ ယန်ကီ ရေတပ်က ကျွန်တော်တို့ ဆိပ်ကမ်းတွေကို တစ်ပတ်အတွင်း အသာလေး ပိတ်ပစ်နိုင်တယ် ခင်ဗျ၊ ဒီလို ပိတ်လိုက်ရင် ကျွန်တော်တို့ ဒါတွေ ဘယ်သွားရောင်းမလဲ၊ မိတ်ဆွေတို့လည်း ဒါတွေကို စဉ်းစားပြီးလောက်ရောပေါ့’

`ပြောပုံက တစ်ဖက်လူတွေကို သူငယ်နှပ်စား ကလေးတွေ ကျနေတာပဲ’ ဟု စကားလက် ဒေါသ ထွက်နေသည်။

သူ့ပါးပြင်သည် နီရဲလာ၏။

သူသာ မဟုတ်။ လူငယ်များကလည်း ဤအတိုင်း ခံစားမိကြပုံ ရသည်။ ယောက်ျားလေးများ၏ မေးရိုးများသည်

တင်းသွားကြကာ မျက်နှာထား တည်သွားကြသည်။ ဂျွန် ဝီလ်ကီက သူ့အနားသို့ မသိမသာ ခပ်သုတ်သုတ် လျှောက်သွား၏။ သူ့ဧည့်သည် ဖြစ်ကြောင်း၊ အမျိုးသမီးများလည်း ရှိနေကြောင်း လူငယ်များကို အရိပ်ပြသည့် သဘော ဖြစ်သည်။

`ကျွန်တော်တို့ တောင်ပိုင်းသားတွေက တော်တော်တော့ ခွကျတယ် ခင်ဗျ’ ရက် ဘတ်တလာက ဆက်ပြော၏။



`ဘယ်မှလည်း နှံ့နှံ့စပ်စပ် ခရီးမသွားဖူးဘူး၊ သွားဖူးပြန်ရင်လည်း ဘာမှ ဗဟုသုတ မယူတတ်ကြဘူး၊ ဒီက

မိတ်ဆွေများကတော့ ခရီး တော်တော် သွားဖူးတဲ့လူတွေ ထင်ပါရဲ့၊ ဒါပေမယ့် ဘာတွေများ ကြည့်ခဲ့ကြသလဲ၊ ဥရောပတို့၊ နယူးယောက်တို့၊ ဖီလာဒယ်ဖီယာတို့ကို ရောက်ဖူးကြမှာပဲ၊ အမျိုးသမီးတွေ ဆိုရင်လည်း (သူက ပန်းပေါင်းကူး အောက်သို့ လှည့်၍ ခေါင်းကို မသိမသာ ညွှတ်ပြသည်။) ဆာရာတိုဂါတို့၊ ဘယ်တို့ကို ရောက်ဖူးကြမှာပဲ၊ ဟိုတယ်ကြီးတွေ၊ ပြတိုက်ကြီးတွေ၊ ကပွဲကြီးတွေ၊ ကစားဝိုင်းကြီးတွေကို မြင်ခဲ့ကြမှာပဲ၊ ပြန်လာတော့ ငါတို့ တောင်ပိုင်းလောက် ကောင်းတဲ့ နေရာ ကမ္ဘာမှာ မရှိဘူးလို့ ထင်ခဲ့ကြမှာပဲ၊ ကျွန်တော်ကတော့ ဒီလို မမြင်ဘူး ခင်ဗျ၊ ကျွန်တော်က ချာလက်စတန် ဇာတိပေမယ့် မြောက်ပိုင်းမှာ တော်တော် ကြာကြာလေး နေခဲ့ရဖူးတယ်’

ရက် ဘတ်တလာက ဖြူဖွေးသော သွားများပေါ်အောင် ပြုံးသည်။ ပရိသတ်က သူ ချာလက်စတန်တွင် ဘာကြောင့်

မနေတော့သည်ကို သိပြီး ဖြစ်သည်ဟု သဘောပေါက်သဖြင့် ပြုံးလိုက်ခြင်း ဖြစ်သည်။ သိသည့်တိုင် အရေးမကြီး ဆိုသည့် သဘောလည်း ပါသည်။

`မိတ်ဆွေတို့ မမြင်ဖူးတာတွေကို ကျွန်တော် မြင်ခဲ့ဖူးပြီဗျ၊ အစားလေး တစ်လုတ်နှင့် ငွေစလေး မဖြစ်စလောက် အတွက်

ယန်ကီတွေဘက်က စစ်တိုက်ပေးကြတဲ့ နယ်သစ်သားကိုလည်း ကျွန်တော် မြင်ခဲ့ဖူးပြီ၊ စက်ရုံတွေ၊ သံရည်ကျိုရုံကြီးတွေ၊ သင်္ဘောကျင်းကြီးတွေ၊ သံတွင်းတွေ၊ ကျောက်မီးသွေး တွင်းတွေကိုလည်း ကျွန်တော် မြင်ခဲ့ဖူးပြီ၊ ကျွန်တော်တို့မှာ ဒါမျိုး

119

တစ်ခုမှ မရှိဘူး၊ ကျွန်တော်တို့မှာ ရှိတာက ဝါဂွမ်းရယ်၊ ကပ္ပလီ ကျွန်တွေရယ်၊ ဘဝင်မြင့်တာရယ်၊ ဒါပဲ ရှိတယ်၊ ဒီအတိုင်း ဆိုရင် တစ်လ အတွင်း သူတို့ မပြုတ်ဘဲ ကျွန်တော်တို့ ပြုတ်မှာ ခင်ဗျ’

အားလုံး တိတ်နေကြသည်။ ရက် ဘတ်တလာက ကုတ်အင်္ကျီ အိတ်ထဲမှ အချောစား လက်ကိုင်ပဝါ တစ်ထည်ကို

ထုတ်ကာ အင်္ကျီလက်ပေါ်မှ ဖုန်မှုန့်များကို မခါချင့် ခါချင် ခါနေသည်။ ပရိသတ်ထဲမှ ပွစိ ပွစိ ဖြစ်လာ၏။ တုတ်နှင့် ထိုးခံရသည့် ပျားအုံမှ ပျားကောင်တို့ ထပျံသလို ပန်းပေါင်းကူးအောက်မှ အမျိုးသမီး တစ်ယောက်ထံမှလည်း အသံ ထွက်လာသည်။ စကားလက်က သူ့စကားနှင့် သူပြောပုံကို မခံချင်။ ခံပြင်းလှပြီ။ သို့ရာတွင် သူ့စကား မှန်ကြောင်းကိုမူ လက်တွေ့ကျကျ စဉ်းစားတတ်သည့် စကားလက်၏ စိတ်က ထောက်ခံနေသည်။ သူ့စကားက ရှင်းသည်။ ရိုးရိုးကလေး။ မှန်သည်။ စကားလက် ကိုယ်တိုင် စက်ရုံ တစ်ရုံကို မမြင်ဖူးသေး။ မြင်ဖူးသူကိုလည်း မတွေ့ဖူးသေး။ သို့ရာတွင် သူ ပြောသည့် အတိုင်း မှန်သည် ထားပါဦး။ အားလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေသည့် ဧည့်ခံပွဲ တစ်ခုတွင် ဤစကားမျိုး မပြောသင့်။ လူကြီးလူကောင်း မပီသ။

စတူးဝပ်က မျက်မှောင်ကုတ်၍ ရှေ့ထွက်လာသည်။ သူ့နောက်က ဘရင့်လည်း ပါလာသည်။ သူတို့ အမြွှာ ညီအစ်ကိုက

ရည်ရည်မွန်မွန် ကလေးတွေ။ စိတ်ဆိုးသည့်တိုင် ပျော်ပွဲစားတွင် ရန်ဖြစ်တတ်သူမျိုး မဟုတ်ကြ။ ရန်ပွဲကို တွေ့ခဲမြင်ခဲသည့် အမျိုးသမီးများမှာ သူတို့ နှစ်ယောက် ရှေ့ထွက်လာသည်ကို မြင်လျှင် ရင် တထိတ်ထိတ် ဖြစ်နေကြပြီ။ ရန်ပွဲ တွေ့ရတော့မည်။

`လူကြီးမင်း ခင်ဗျား’ စတူးဝပ် အသက်ရှူသံက ပြင်နေသည်။ `နောင်ကြီးရဲ့ စကားက ဘာကို ဆိုလိုတာပါလဲ’



ရက် ဘတ်တလာက သူ့ကို ယဉ်ကျေးစွာ ကြည့်သည်။ သို့ရာတွင် သူ့အကြည့်က နောက်ပြောင်သည့် အကြည့်။



`ကျုပ် ပြောချင်တာက နပိုလီယန် ပြောခဲ့သလိုပဲ၊ နပိုလီယန်ကိုတော့ ကျုပ်ညီ ကြားဖူးမှာပေါ့နော်၊ ဘုရားသခင်ဟာ

အင်အား အကြီးဆုံး စစ်တပ်ဘက်မှာ ရှိတယ်တဲ့’ ရက် ဘတ်တလာက ဂျွန်ဝီလ်ကီ ဘက်သို့ လှည့်၍ လှိုက်လှဲ ယဉ်ကျေးစွာ လှည့်ပြောသည်။ `ဒါထက် ဦးရဲ့ စာကြည့်ခန်းကို ပြမယ်ဆို၊ ခုနေ ကြည့်ခွင့်ပေးပါလား၊ ကျွန်တော့်မှာ အလုပ်လေးတွေ တန်းလန်းနှင့် ဆိုတော့ ဒီနေ့ ညနေ စောစော ဂျုန်းဘာရိုကို ပြန်ရလိမ့်မယ်’

ရက် ဘတ်တလာက ကိုယ်ကို ချာခနဲ လှည့်ကာ ပရိတ်သတ်ဘက်သို့ မျက်နှာ မူလိုက်၏။ နောက် ဖနောင့်ချင်း ရိုက်ကာ

အကသင် ဆရာ တစ်ဦးသဖွယ် ဦးညွှတ်သည်။ သူ ဦးညွှတ်ပုံက ကြီးခိုင်သည့် ခန္ဓာကိုယ်ကြီးနှင့် မလိုက်အောင် ကျက်သရေ ရှိသည်။ ပါးကို လှမ်းရိုက်သကဲ့သို့ ပမာမခန့် အမူအရာလည်း ပါသည်။ ထို့နောက် ဂျွန်ဝီလ်ကီနှင့် အတူ အိမ်ဘက်သို့ လျှောက်သွားသည်။ သူ့ခေါင်းက မော့လျက်။ မရယ်ချင့် ရယ်ချင် ရယ်သံသည် ပရိသတ် ဘက်သို့ လွင့်လာသည်။

ရုတ်တရက် တိတ်ဆိတ် နေကြပြီးမှ တီးတိုးသံများ ထွက်လာသည်။ အင်ဒီယာက ပန်းရုံ ပေါင်းကူးအောက်မှ

လေးလံစွာထကာ စိတ်ဆိုးနေသည့် စတူးဝပ်ဆီသို့ လျှောက်လာသည်။ စတူးဝပ်အား မည်သို့ ဖြေလိုက်သည်ကိုမူ စကားလက် မကြား။ သို့ရာတွင် စတူးဝပ်ကို ကြည့်နေသော အင်ဒီယာ၏ မျက်လုံးများကမူ ရှက်စရာ ငမ်းငမ်းတက်နေသည့် မျက်လုံးမျိုး။ အက်ရှလေကို ပိုင်စိုးပိုင်နင်း ကြည့်နေသည့် မီလာနီ၏ အကြည့်မျိုး။ အင်ဒီယာ စတူးဝပ်ကို ချစ်နေပြီ။ လွန်ခဲ့သည့် တစ်နှစ်က နိုင်ငံရေး တရားပွဲ တစ်ခုတွင် စတူးဝပ်နှင့် တွေ့ကာ စတူးဝပ်နှင့် ပလူးပလဲ မနေမိခဲ့လျှင် ယခု အချိန်လောက်ဆိုလျှင် သူတို့နှစ်ယောက် ညားပြီးသား ဖြစ်လောက်ပြီဟု စကားလက် တွေး၏။ သို့ရာတွင် တခြားမိန်းကလေးများက သူတို့လူ သူတို့ ထိန်းနိုင်အောင် ထိန်း၊ မထိန်းနိုင်လျှင် သူ့အပြစ် မဟုတ်ဟု တွေးကာ စကားလက် စိတ်သက်သာရာ ရသွားသည်။

120



နောက်ဆုံးတွင် စတူးဝပ်က စိတ်မပါ့တပါ ပြုံး၍ အင်ဒီယာကို ခေါင်းညိတ်ပြ၏။ ရက် ဘတ်တလာ နောက်သို့

လိုက်မသွားရန် ပြောနေခြင်း ဖြစ်နိုင်သည်။ ပရိသတ်များက ပေါင်မုန့် အစအနတွေကို ကိုယ်ပေါ်မှ ခါချကာ ထိုင်ရာမှ ထကြသဖြင့် လှုပ်လှုပ်ရွရွ အသံများ ပေါ်လာသည်။ အိမ်ရှင်မများက သူတို့ ကလေးများနှင့် ကလေးထိန်းများကို လှမ်းခေါ်ကြသည်။ အချို့က ပြန်ရန် ပြင်ကြသည်။ မိန်းကလေး တစ်သိုက်က ရယ်ကာမောကာဖြင့် အိမ်ပေါ်ထပ်သို့ တက်သွားကြသည်။ အပေါ်ထပ်တွင် တစ်ရေးတစ်မော အိပ်ဦးမည်။ အတင်းအဖျင်းလေး ပြောရဦးမည်။

သစ်ပင်ရိပ်နှင့် ပန်းပေါင်းကူး နားတွင် အမျိုးသမီး ဆို၍ တာလက်တန် တစ်ယောက်သာ ကျန်ခဲ့သည်။ စကားလက်တို့

ဖေဖေနှင့် မစ္စတာ ကားလ်ဗတ်က ခရိုင်တပ်သို့ မြင်းရောင်းရန် ကိစ္စ အတွက် ဆွဲထားသဖြင့် ကျန်နေခဲ့ခြင်း ဖြစ်သည်။

အက်ရှလေက ချားလ်နှင့် စကားလက် ထိုင်နေရာသို့ လျှောက်လာသည်။ သူ့အတွေးနှင့်သူ ပီတိဖြစ်ကာ ပြုံးလျက်။



`တော်တော် ဘဝင်မြင့်တဲ့ လူ’ အက်ရှလေက ရက် ဘတ်တလာကို ကြည့်၍ ပြောလိုက်သည်။ `ဘော်ဂျာရဲ့

အမျိုးများလား မသိဘူး’

စကားလက်က ဘော်ဂျာ ဆိုသည့် အမည်ကို စဉ်းစားသည်။ စဉ်းစားမရ။ ဤနာမည်မျိုး ဂျော်ဂျီယာ တွင်လည်း မရှိ။

အတ္တလန်တာတွင်လည်း မရှိ။ ဆဗားနားတွင်လည်း မရှိ။

`ဟင့်အင်း၊ စကားလက် မသိဘူး၊ ဘော်ဂျာ ဆိုတာ ဘယ်သူလဲ ဟင်’



ချားလ်၏ မျက်နှာက ခပ်အမ်းအမ်း ဖြစ်သွားသည်။ ဤလောက်ကိုမျှ မသိရသလောဟု ရှက်သည်။ သို့ရာတွင်

အရှက်နှင့် အချစ် လွန်ဆွဲနေသည်။ နောက်ဆုံး အချစ်က နိုင်သွားသည်။ မိန်းကလေး တစ်ယောက်အဖို့ ချောရမည်။ ချစ်စရာ ကောင်းရမည်။ ယဉ်ကျေးရမည်။ ဤမျှလောက် ဆိုလျှင် တော်ပြီ။ အခြား ဗဟုသုတ ရှိဖို့မလို။

`ဘော်ဂျာ ဆိုတာ ရှေးခေတ် အီတလီက အဓိပတိ နိုင်ငံရေး ခေါင်းဆောင်ကြီးကို ပြောတာပါ’



`သြော်၊ ဒီလိုလား’



စကားလက် စိတ်မဝင်စားတော့။ စကားလက်သည် အက်ရှလေကို အလှဆုံး ပြုံးပြလိုက်သည်။ သို့ရာတွင် ဘာကြောင့်

မသိ။ အက်ရှလေက သူ့ကို မကြည့်။ ချားလ်ကို ကြည့်နေသည်။ သူ့မျက်နှာတွင် နားလည် သွားသည့်ဟန်၊ သနားသည့်ဟန် ပေါ်နေသည်။

စကားလက်က လှေကားထိပ်တွင် ရပ်ကာ လက်ရန်း ပွတ်လုံးများ ကြားမှ အောက်ထပ် ခန်းမကြီးကို လှမ်းကြည့်သည်။

ခန်းမ တစ်ခုလုံး ဟာလာဟင်းလင်း။ အပေါ်ထပ် အိပ်ခန်းဆီမှ တီးတိုး တီးတိုး ပြောနေသံများကို ကြားနေသည်။ တိုးသွားလိုက်၊ ကျယ်သွားလိုက်။ တစ်ခါတစ်ခါတွင် ကျိတ်၍ ရယ်သံများကို ကြားရ၏။ `တကယ်’ `ဒီတော့ သူက ဘာပြောသလဲ’ စသည့် အသံများကိုလည်း ကြားရသည်။ အပေါ်ထပ် အိပ်ခန်းကျယ်ကြီး ခြောက်ခန်းထဲတွင် မိန်းကလေးများ အနား ယူနေကြသည်။ အဝတ်အစားများကို ချွတ်လျက်။ ရင်စည်းကို လျှော့လျက်။ ဆံပင်ကို ဖြေလျက်။ ဂျော်ဂျီယာ နယ်တွင် နေ့လယ် နေ့ခင်း တစ်ရေး တစ်မော အိပ်လေ့ ရှိကြသည်။ မနက် စောစောက စပြီး ည ကပွဲ အထိ ပါသည့် ဧည့်ခံပွဲမျိုး ဆိုလျှင် နေ့လယ်နေ့ခင်း မအိပ်၍

121

လုံးဝ မဖြစ်။ တစ်နာရီခွဲခန့် ရယ်လိုက် စကား ပြောလိုက်။ အစေခံများက တရုတ်ကပ်များကို ဆွဲစေ့ပြီးသည့်နောက်တွင်မူ မိန်းကလေးများ၏ အသံများသည် တဖြည်းဖြည်း တိုးသွား၏။ ခဏကြာလျှင် မှန်မှန်လေးလေး အသက် ရှူသံ ပေါ်လာသည်။ အသက် ရှူသံမှ အပ အခြား ဘာသံမျှ မကြားရတော့။

စကားလက် အိပ်ခန်းမှ တိတ်တဆိတ် ထွက်လာသည်။ အောက်ထပ်သို့ ဆင်းသည်။ ဤအချိန် ဆိုလျှင် မီလာနီ

တစ်ယောက် ဟန်နီတို့၊ ဟက်တီတို့နှင့် အိပ်နေတော့မည်။ လှေကားထိပ် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် ပန်းရုံ ပေါင်းကူး အောက်တွင် ဖန်ခွက် ရှည်ရှည်ကြီးများဖြင့် ဝိုင်းဖွဲ့ သောက်နေသည့် ယောက်ျား ပရိသတ်ကို မြင်ရသည်။ ဤဝိုင်းက တော်တော်နှင့် လူစုကွဲမည် မဟုတ်။ စကားလက်က အက်ရှလေကို ရှာကြည့်သည်။ သို့ရာတွင် ထိုစကားဝိုင်းတွင် မရှိ။ နားစွင့်ကြည့်လိုက်သည့်အခါတွင် အက်ရှလေ၏ အသံကို ကြားရသည်။ သူထင်သည့် အတိုင်း အက်ရှလေ တစ်ယောက် အိမ်ရှေ့ ဆင်ဝင်အောက်တွင် ရပ်လျက် အိမ်ပြန်မည့် ဧည့်သည်များကို နှုတ်ဆက်နေသည်။

စကားလက်က ရင် တဒိတ်ဒိတ်ဖြင့် လှေကားမှ ဆင်းလာခဲ့သည်။ အက်ရှလေတို့ ဖေဖေ မစ္စတာ ဂျွန်ဝီလ်ကီနှင့်

တွေ့လျှင် ဒုက္ခ။ တခြား မိန်းကလေးတွေ တစ်ရေးတစ်မော အိပ်နေကြစဉ် သူ့ကို တွေ့သွားလျှင် မည်သို့ ပြောရမည်နည်း။ မတတ်နိုင်။ တွေ့ကာမှ တွေ့ရော၊ စွန့်ရတော့မည်။

အောက်ဆုံး လှေကားထစ် အရောက်တွင် ကပွဲအတွက် နေရာပြင်ရန် အစေခံများကို ညွှန်ကြားနေသည့် ဘဏ္ဍာစိုး၏

အသံကို ထမင်းစားခန်း ဘက်ဆီမှ ကြားရ၏။ အောက်ထပ် ခန်းမဆောင်ကြီး၏ တစ်ဖက်တွင် စာကြည့်ခန်း ရှိသည်။ တံခါးက ပွင့်နေသည်။ စကားလက်သည် ခြေသံ မကြားအောင် ပြေးလာကာ စာကြည့်ခန်း ထဲသို့ ဝင်လိုက်သည်။ အက်ရှလေ ဧည့်သည်တွေ နှုတ်ဆက်ပြီး အိမ်ထဲ ပြန်ဝင်လာအောင် စောင့်ရဦးမည်။ အက်ရှလေ ဝင်လာလျှင် လှမ်းခေါ်ရမည်။

ခန်းဆီးများကို ဆွဲချထားသဖြင့် စာကြည့်ခန်းက ခပ်မှောင်မှောင်။ စာအုပ် မည်းမည်းကြီးတွေ စီထားသည်မှာ နံရံနှင့်

အပြည့်။ စာကြည့်ခန်းထဲ ရောက်တော့ စကားလက် စိတ်တွေ ထိုင်းမှိုင်းသွားသည်။ ချစ်သူနှင့် ချိန်းတွေ့ဖို့ ကောင်းသည့် နေရာမျိုး မဟုတ်။ စာအုပ်တွေ အများကြီး ဖတ်သူကို မကြိုက်သလို စာအုပ်တွေ အများကြီး မြင်ရသည့်အခါတွင် စကားလက် စိတ်ရှုပ် သွားသည်။ စာအုပ်တွေ အများကြီး ဖတ်သူ ဆိုလျှင် အက်ရှလေ တစ်ယောက်မှအပ ကျန်လူများကို စကားလက် ဘဝင်မကျ။ မှုန်ပျပျ အလင်းရောင်ထဲတွင် ထုထည် ကြီးသည့် ပရိဘောဂတွေ အပြည့်။ နောက်မှီ မြင့်မြင့် လက်တင် ကျယ်ကျယ် ကုလားထိုင်ကြီးတွေက အရပ် မြင့်သည့် ယောက်ျားတွေ ထိုင်ဖို့။ ကတ္တီပါ စွပ်ထားသည့် ထိုင်ခုံ နိမ့်နိမ့်တွေက မိန်းကလေးတွေ ထိုင်ဖို့ ဖြစ်သည်။ စာကြည့်ခန်းထိပ် မီးလင်းဖို ရှေ့တွင် အက်ရှလေ ထိုင်တတ်သည့် ခြေခုနစ်ချောင်းတပ် ထိုင်ဖုံကြီး ရှိသည်။ နောက်မှီ မြင့်မြင့်။ အိပ်ပျော်နေသည့် သတ္တဝါကြီး တစ်ကောင်နှင့် တူသည်။

စကားလက် တံခါးကို အသာ ဟထားလိုက်ပြီး တဒိတ်ဒိတ် ခုန်နေသော ရင်ကို အခုန် သက်သာအောင် ကြိုးစားသည်။

အက်ရှလေကို ပြောဖို့ မနေ့ညက စိတ်ကူးထားသည့် စကားများကို ပြန်စဉ်းစားသည်။ သို့ရာတွင် တစ်လုံးမျှ မမှတ်မိတော့။ ဘာတွေ ပြောဖို့ စဉ်းစားခဲ့သနည်း။ သို့မဟုတ် အက်ရှလေကို ဘာတွေ မေးရ မည်နည်း။ သူ စဉ်းစား၍ မရ။ ဘာမျှ မမှတ်မိတော့။ စကားလက်သည် သူ့အဖြစ်ကို သူ ထိတ်လန့်သွားသည်။ နှလုံးခုန်သံ နှေးသွားလျှင်မူ ပြောမည့် စကားကို စဉ်းစားရကောင်း ရမည်။ သို့ရာတွင် အက်ရှလေ၏ နောက်ဆုံး နှုတ်ဆက်သံနှင့် ခန်းမထဲသို့ ပြန်ဝင်လာသံကို ကြားရသည့် အခါတွင် နှလုံးခုန်သံက ပိုကျယ်လာသည်။ ပို မြန်လာသည်။

122



သူ ဘာမျှ မမှတ်မိ။ အက်ရှလေကို ချစ်သည်။ ခေါင်းကို မော့ထားပုံမှ အစ သေးသွယ်ဖြောင့်စင်းသည့် ကိုယ်ခန္ဓာ

တစ်ခုလုံးကို ချစ်သည် ဆိုသည်ကို သိသည်။ သူ့ရယ်ပုံ၊ အသိရခက်စွာ စကားမပြောဘဲ နေပုံက အစ ချစ်သည် ဆိုသည်ကို သူ သိသည်။ အက်ရှလေ ဝင်လာကာ သူ့ကို ပွေ့ထားလျှင် မည်မျှ ကောင်းမည်နည်း။ စကား အထူးအထွေပင် ပြောစရာ လိုမည် မဟုတ်တော့။ အက်ရှလေ ဝင်လာပါစေဟု မျက်လုံးမှိတ်၍ ဆုတောင်းမိသည်။

`ဟင် စကားလက်’



အက်ရှလေ၏ အသံကို ကြားလိုက်ရသည်တွင် တစ်ကိုယ်လုံး မွှန်ထူသွားသည်။ အက်ရှလေက ခန်းမဆောင်ထဲတွင်

ရပ်ကာ ဟထားသည့် တံခါးမှ လှမ်းကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် အသိရ ခက်သည့် အပြုံး ယှက်သန်းလျက်။

`ဘယ်သူ့ကို လာပုန်းနေတာလဲ၊ ချားလ်ကိုလား၊ စတူးဝပ်တို့ ညီအစ်ကိုလား’



စကားလက်က တံတွေးကို မျိုချသည်။ သူ့အနီးတွင် ယောက်ျားပျိုလေးတွေ ဝိုင်းဝိုင်း လည်နေသည်ကို အက်ရှလေ

သိနေပြီ။ သူ မူပျက်နေသည်ကို သိပုံ မရသေး။

သူ ရပ်နေပုံကိုက ချစ်စရာ။ မျက်လုံးတွေက တောက်တောက်ပပ။ စကားလက် ဘာမျှ မပြောနိုင်။ အက်ရှလေကို

အခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ အက်ရှလေက ဘုမသိ ဘမသိနှင့် ဝင်လာသည်။ စကားလက်ကို ကြည့်ရသည်က မူပျက်နေသည်။ မျက်လုံးများက လက်နေကြသည်။ ပါးတွင် နှင်းဆီရောင် ပြေးနေသည်ကို မှောင်ပျပျထဲမှာပင် မြင်နိုင်သည်။ အက်ရှလေသည် တံခါးကို အမှတ်တမဲ့ ပိတ်ပြီး စကားလက်၏ လက်ကို ကိုင်လိုက်သည်။

`ဘာလဲ ဟင်’



အက်ရှလေက တိုးတိုးကလေး မေး၏။



အက်ရှလေက သူ့လက်ကို ကိုင်သည်၌ စကားလက် တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူ စိတ်ကူးခဲ့ သည့်အတိုင်း၊ သူ

မျှော်လင့်သည့်အတိုင်း အခွင့်ကောင်းကို ရပြီ။ အဆက်အစပ် မရှိသော အတွေး ရာ ထောင် တို့ သူ့စိတ်ထဲတွင် ပေါ်လာကြသည်။ စကားလုံး တစ်လုံးအဖြစ် ဖော်ပြရန် ထိုအတွေးကို ဖမ်း၍ မရ။ စကားလက်က အက်ရှလေ၏ ပခုံးကို ကိုင်လှုပ်ကာ မျက်နှာကို မော့ကြည့်သည်။ ဘာကြောင့်များ ငူငူကြီး ရပ်နေရသနည်း။

`ဘာလဲ ဟင်၊ လျှို့ဝှက်ချက်လား’



စကားလက် စကား ရှာရပြီ။ နှစ်ပေါင်း များစွာ မေမေ သင်ကြားခဲ့သည့် သြဝါဒတွေ လွင့်စဉ် သွားကာ ဒိုးဒိုးဒေါက်ဒေါက်

ပြောတတ်သည့် အိုင်းရစ်သွေး အဖေ့သမီး၏ နှုတ်ခမ်းမှ စကားလုံးတွေ အစီအရီ ထွက်လာသည်။

`ဟုတ်တယ်၊ လျှို့ဝှက်ချက်၊ အစ်ကို့ကို စကားလက် ချစ်တယ်’



နှစ်ယောက်သားစလုံး

တိတ်ဆိတ်

သွားသည်။

နှစ်ယောက်စလုံး

အသက်ကိုပင်

ရှူမိသည်

မထင်လိုက်ကြ။

စကားလက် တုန်ယင်ခြင်း မရှိတော့။ ကြည်နူးခြင်း၊ ဂုဏ်ယူခြင်းတို့ အစား ဝင်လာသည်။ ဘာကြောင့် စောစောကတည်းက

123

မပြောခဲ့မိသနည်း။ ပြောချင်လျှင် အလွယ်ကလေး။

စကားလက်က အက်ရှလေ၏ မျက်လုံးများကို ကြည့်သည်။



အက်ရှလေ၏ အမူအရာက မယုံနိုင်သည့် အမူအရာ။ ထိုအမူအရာတွေထက်လည်း ပိုသည်။ သို့ရာတွင် စကားလက်

မပြောတတ်။ အချစ်တော် တောလိုက် မြင်းကြီး ခြေကျိုးသွားသဖြင့် ပစ်သတ်လိုက်သည့် နေ့က ဖေဖေ့ မျက်နှာပေါ်တွင် စကားလက် မြင်လိုက်ရသည့် အမူအရာမျိုး။ အရေးထဲတွင် စကားလက် ဤရှုခင်းကို ဘာကြောင့် အမှတ်ရနေသနည်း။ ဘာဆိုင်သနည်း။ အက်ရှလေကကော ဘာကြောင့် စကား တစ်ခွန်းမျှ မပြောဘဲ ငူငူကြီး ရပ်နေရသနည်း။ ထို့နောက် စွပ်နေကျ မျက်နှာဖုံး တစ်ခုကို ကောက်စွပ်လိုက်သည့်နှယ် အက်ရှလေက သဘောထားကြီးစွာ ပြုံးလိုက်သည်။

`ဒီနေ့ တစ်နေ့လုံး ယောကျာ်းလေးတွေရဲ့ အသည်းတွေကို လိုက်ပြီး စုဆောင်းနေတာ မလုံလောက် သေးဘူးလား’

အက်ရှလေ၏ အသံတွင် ခါတိုင်းလို ကျီစယ်သံ၊ ချော့မြှူသံ ပါနေသည်။

`ဘာလဲ၊ ယောက်ျားတွေရဲ့ အသည်းတွေ အားလုံးကို လိုချင်နေသလား၊ စကားလက် သိပါတယ်ကွယ်၊ ကိုယ့်

အသည်းကို အမြဲတမ်း စကားလက်ကို ပေးထား ခဲ့တာပါ၊ စကားလက်ကသာ ကိုယ့်အသည်းကို ဒဏ်ရာ ရအောင် လုပ်ခဲ့တာပါ’

တစ်ခုခု မှားနေသည်လော။ သို့မဟုတ် အားလုံးပင် မှားနေပြီလော။ သူ စိတ်ကူးထားသည့် အတိုင်း ဖြစ်မလာ။

စကားလက် ခေါင်းထဲတွင် ရစ်ပတ် ရှုပ်ထွေးနေသည့် အတွေးများ အနက် အတွေး တစ်ခု ပေါ်စ ပြုလာသည်။ အကြောင်း တစ်ခုခုကြောင့် အက်ရှလေက သူ့ကို ယုံကြည်ပုံမရ။ သက်သက် ပရောပရည် လာလုပ်နေသည်ဟု ထင်နေသည့် အမူအရာမျိုး။ သို့ရာတွင် အက်ရှလေသည် မသိချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ရမည်။ အကြောင် ရိုက်နေခြင်း ဖြစ်ရမည်။

`အစ်ကို၊ အစ်ကို၊ စကားလက်ကို မနောက်ပါနှင့်ကွယ်၊ ဘယ်မှာ အစ်ကို့ အသည်းကို စကားလက် ရဖူးလို့လဲ၊ အစ်ကို၊

အိုကွယ် စကားလက် အစ်ကို့ကို သိပ်ချစ်’

အက်ရှလေက

စကားလက်

ပါးစပ်ကို

လှမ်းပိတ်လိုက်၏။

စောစောက

စွပ်ထားသည့်

ပြုံးတုံ့တုံ့

မျက်နှာဖုံး

ကျွတ်ကျသွားပြီ။

`ဒီစကားတွေကို ပြောဖို့ မကောင်းတော့ပါဘူး စကားလက်၊ ဒါတွေကို ပြောမိတဲ့အတွက် တစ်နေ့မှာ မင်းကိုယ်မင်း

မုန်းလာလိမ့်မယ်၊ နားထောင်တဲ့ ကိုယ့်ကိုလည်း မုန်းမိလိမ့်မယ်’

စကားလက်က ခေါင်းကို ရုန်းထွက်သည်။ သူ့ တစ်ကိုယ်လုံး ထူပူနေပြီ။



`အစ်ကို့ကို စကားလက် မမုန်းဘူး၊ အစ်ကို့ကို ချစ်တယ်၊ ချစ်တယ်လို့ ပြောတယ်၊ ဘာဖြစ်သလဲ၊ စကားလက်ကို

အစ်ကို ဂရုစိုက်တယ်ဆိုတာ စကားလက် သိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့’ စကားလက် ရပ်လိုက်သည်။

ဤမျှ စိတ်ဆင်းရဲနေသည့် မျက်နှာကို ဘယ်မှာမှ မမြင်စဖူး။



`အစ်ကို၊ စကားလက်ကို ဂရု မစိုက်ဘူးလား ဟင်၊ ဂရုစိုက်တယ်နော်’

124



`စိုက်ပါတယ်ကွယ်’



အက်ရှလေက ခပ်အင်အင် ပြောသည်။ သူ ပြောပုံကို စကားလက် မကျေနပ်။ မုန်းသည်ဟု ပြောလိုက်သည်မှ

ကောင်းဦးမည်။ စကားလက်က ဘာမျှ မပြောနိုင်ဘဲ သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။

`စကားလက်၊ အစ်ကိုတို့ တစ်နေရာရာ သွားပြီး ဒီ စကားတွေကို မေ့ပစ်လိုက်ကြရင် ကောင်းမယ်’



`ဟင့်အင်း၊ မမေ့နိုင်ဘူး၊ ဘာဖြစ်လို့ မေ့ရမှာလဲ၊ စကားလက်ကို လက်မထပ်နိုင်ဘူးပေါ့ ဟုတ်လား’



`မီလာနီနှင့် လက်ထပ်တော့မယ်လေ’



စကားလက်က ကတ္တီပါ ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အက်ရှလေက ကတ္တီပါ ခြေတင်ခုံ နိမ့်နိမ့်လေးပေါ်တွင်

ထိုင်နေသည်။ သူ့လက်နှစ်ဖက်ကို တင်းကျပ်စွာ ကိုင်ထားသည်။ သူက စကားတွေ ပြောနေသည်။ စကားတွေက ဘာမျှ အဓိပ္ပာယ် မရှိ။ စကားလက်၏ စိတ်သည် ဟာလာဟင်းလင်း ဖြစ်နေသည်။ သူ့ ခေါင်းထဲတွင် စောစောက ပြည့်ကျပ်နေသည့် အတွေးတွေ ဘာမျှ မရှိတော့။ အက်ရှလေ၏ စကားလုံးများသည် မှန်ပြတင်း လာရိုက်သည့် မိုးစက်သံများလို ဘာမျှ အဓိပ္ပာယ် မရှိ။ သူ့စကားများကို စကားလက် ဘာမျှ မကြား။ စကားသံက အဆက်မပြတ်။ နူးညံ့ ချိုသာသည်။ ကရုဏာသဘော ပါသည်။ ခိုက်မိသော ကလေး တစ်ယောက်ကို လူကြီးက ချော့နေသည့် အသံမျိုး။

အက်ရှလေက မီလာနီ၏ အမည်ကို ပြောသွားသံကို ကြားလိုက်ရသဖြင့် ပြာလဲ့ ကြည်လင်သော သူ့ မျက်လုံးများကို

စကားလက် ကြည့်လိုက်သည်။

ခါတိုင်းလို တစ်ဦးနှင့် တစ်ဦး ကွာဝေးသည့် သဘော။ သူ့ကိုယ်သူ မုန်းတီးသည့် လက္ခဏာ။



`ဒီနေ့ညမှာ အစ်ကိုတို့ စေ့စပ် ကြောင်းလမ်း ကြမယ်၊ မကြာခင် လက်ထပ်ကြရမယ်၊ စကားလက်ကို ပြောဖို့ပဲ၊ ဒါပေမယ့်

သိလိမ့်မယ် ထင်လို့ မပြောခဲ့တာ၊ အားလုံးကလည်း သိပြီးကြပြီးသား ပါလေ၊ မင်းက ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေတော့ မင်းဟာ ကိုယ့်ကို၊ မင်းဟာ စတူးဝပ်ကို’

စကားလက် ယခုမှ သတိပြန်ရသည်။ သူ ပြောသည့် စကားများကို ယခုမှ ကြားတော့သည်။



`ဒါပေမယ့် စကားလက်ကို ဂရုစိုက်တယ်လို့ ခုပဲ အစ်ကို ပြောခဲ့တယ် မဟုတ်လား’



အက်ရှလေက သူ့လက်ကို ညှစ်လိုက်သည်။



`စကားလက် စိတ်ထိခိုက်မယ့် စကားမျိုးတွေကို အစ်ကို မပြောချင်ဘူးကွယ်’



စကားလက်က တိတ်ဆိတ်နေသည်။



`စကားလက် စိတ်ထိခိုက်မယ့် စကားကို အစ်ကို မပြောချင်ဘူး။ စကားလက်က ငယ်သေးတယ်၊ မစဉ်းစား

တတ်သေးဘူး၊ အိမ်ထောင်ရေး အကြောင်းကို မသိသေးဘူး’

125



`စကားလက် သိတာက အစ်ကို့ကို ချစ်တာပဲ သိတယ်’



`အစ်ကိုနှင့် စကားလက်ဟာ အသွင် မတူကြဘူး၊ ဒီလို အသွင်မတူတဲ့ လူနှစ်ဦးအဖို့ အချစ် တစ်ခုတည်းနှင့်

အဆင်ပြေတဲ့ အိမ်ထောင်ရေး ဖြစ်မလာနိုင်ဘူး၊ စကားလက်ရဲ့ အချစ်က လူတစ်ယောက်ကို လုံးဝ ဥဿုံ ပိုင်ဆိုင်ချင်တဲ့ အချစ်မျိုး၊ ခန္ဓာကိုယ်လည်း ပိုင်ချင်တယ်၊ အသည်းနှလုံးကိုလည်း ပိုင်ချင်တယ်၊ ဝိဉာဉ်ကိုလည်း ပိုင်ချင်တယ်၊ စိတ်ကိုလည်း ပိုင်ချင်တယ်၊ ဒါတွေ အားလုံးကို မပိုင်ရရင် စကားလက် စိတ်ဆင်းရဲမယ်၊ အစ်ကိုကလည်း စကားလက်ကို ဒါတွေ အားလုံး မပေးနိုင်ဘူး၊ စကားလက်တင် မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ အစ်ကို မပေးနိုင်ဘူး၊ စကားလက်ဆီကလည်း စိတ်ရော ကိုယ်ရော၊ ဝိဉာဉ်ရော အကုန် မလိုချင်ဘူး၊ အဲဒီအခါကျရင် စကားလက် စိတ်ထိခိုက်မယ်၊ နာကြည်းမယ်၊ ဒီတော့ အစ်ကို့ကို မုန်းလာလိမ့်မယ်၊ အစ်ကိုက စကားလက်ကိုချည်း အချိန် မပေးနိုင်ဘူး၊ အစ်ကို ဝါသနာ ပါတဲ့ စာအုပ်တွေ ရှိသေးတယ်၊ ဂီတ ရှိသေးတယ်၊ ဒီအခါမှာ စကားလက်ဟာ အစ်ကို ချစ်တဲ့ စာအုပ်တွေ၊ ဂီတတွေကိုလည်း မုန်းလာလိမ့်မယ်၊ ပြီးတော့ အစ်ကိုကလည်း’

`အစ်ကို သူ့ကို ချစ်သလား’



`သူက အစ်ကိုနှင့် တူတယ်၊ အစ်ကိုနှင့် သွေးလည်း တူတယ်၊ တစ်ယောက်ကို တစ်ယောက် နားလည်တယ်၊ မိန်းမနှင့်

ယောက်ျားဟာ အသွင် မတူကြရင် အိမ်ထောင် တစ်ခုဟာ ဘယ်နည်းနှင့်မှ အဆင်မပြေနိုင်ဘူး စကားလက်’

`အသွင် မတူ အိမ်သူ မဖြစ်’ ဟု ကြားဖူးသည်။ မည်သူက ပြောခဲ့သည် မသိ။ ဤစကားကို ကြားဖူးခဲ့သည်မှာ အနှစ်

သိန်းသန်း ရှိတော့မည်။ သို့ရာတွင် ထို စကားသည် စကားလက် အဖို့ ဘာမှ အဓိပ္ပာယ် မရှိ။

`အစ်ကိုက စကားလက်ကို ဂရုစိုက်တယ်ဆို’



`အမှန်က အစ်ကို ဒီလိုတောင် မပြောသင့်ဘူး’



စကားလက် ရင်ထဲတွင် ဆူလာသည်။ ဒေါသကို မထိန်းနိုင်တော့။



`ဒါဖြင့် ဘာဖြစ်လို့ တစ်ဖက်သားကို လှည့်စား ရသေးသလဲ’



အက်ရှလေ မျက်နှာသည် ဖြူရော်သွားသည်။



`ဟုတ်ပါတယ်၊ မီလာနီနှင့် ယူတော့မယ့် အချိန်မှာ ဒီစကားကို ပြောတာဟာ အစ်ကို မိုက်တယ်၊ လှည့်စားရာ

ရောက်တယ်၊ အစ်ကိုဟာ စကားလက်ကိုလည်း လှည့်စားတယ်၊ မီလာနီကိုတော့ ပိုပြီးတောင် လှည့်စားသလို ဖြစ်နေတယ်၊ အစ်ကို့ စကားကို စကားလက် နားလည်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီစကားကို အစ်ကို မပြောသင့်ဘူး၊ ဒါပေမယ့် စကားလက်ကို ဂရုစိုက်တယ် ဆိုတာကတော့ အမှန်ပဲ၊ စကားလက်က ကိုယ့်ထက် လူ့ဘဝကို ခုံမင်တယ်၊ မြတ်နိုးတယ်၊ ဒီအရည်အချင်းက ကိုယ့်ထက် သာတယ်၊ ဒီတော့ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းကို ပိုင်တဲ့ စကားလက်ကို အစ်ကို ဂရုမစိုက်ဘဲ မနေနိုင်ဘူး၊ စကားလက်က ချစ်ရင်လည်း နှစ်နှစ်ကာကာ ချစ်နိုင်တယ်၊ မုန်းရင်လည်း ပစ်ပစ်ခါခါ မုန်းနိုင်တယ်၊ ဒီလို အရည်အချင်းမျိုး ကိုယ့်မှာ မရှိဘူး၊ စကားလက်ဟာ ရေတို့၊ မြေတို့၊ လေတို့၊ မီးတို့ စတဲ့ သဘာဝ ဓာတ်ကြီးတွေလိုပဲ၊ အရိုင်း သက်သက်၊ ပင်ကို

126

သက်သက်၊ အစ်ကိုက’

စကားလက် စိတ်ထဲတွင် မီလာနီကို မြင်ယောင်လာသည်။ သူ့မျက်လုံးများက ရီဝေဝေ၊ ညိုညိုမှိုင်းမှိုင်း။ အဝေး

တစ်နေရာသို့ မျှော်ငေးနေသည့် ဟန်။ သူ့ လက်ချောင်း သေးသေးသွယ်သွယ်များက အနက်ရောင် ဇာလက်အိတ် စွပ်လျက်။

စကားလက် ဒေါသ ထွက်လာပြန်သည်။ လူသတ်ခဲ့ဖူးသည့် သူ့အဖေ ဒေါသမျိုး။ စက်တိုင်သို့ တက်သွားရသည့် သူ့

အိုင်းရစ် ဘိုးဘွား သူပုန်တို့၏ ဒေါသမျိုး။ သည်းခံတတ်သော ရိုဘီးလာဒ်မျိုး၏ သွေး မရှိတော့။

`ဒါဖြင့် ဘာဖြစ်လို့ ဒီလို စကားမျိုး ပြောရတာလဲ၊ ရှင်ဟာ တော်တော် သူရဲဘောကြောင်တဲ့ လူ၊ ကျွန်မကို

လက်မထပ်ရဲဘဲနှင့် ဒီစကားမျိုး ပြောတာ အံ့သြတယ်၊ ကောင်းပါတယ်၊ ခေါင်းညိတ်တတ်တဲ့ မိန်းမမျိုးနဲ့ပဲ ရှင်နှင့် တော်တယ်၊ မီလာနီလို စကား မပြောတတ်တဲ့ အအမနှင့်သာ တန်တယ်၊ ဘာဖြစ်လို့’

`မီလာနီနှင့် ပတ်သက်လို့ မပြောပါနှင့်’



`ပြောရမယ်၊ ဘာဖြစ်လို့ မပြောရမှာလဲ၊ မပြောပါနှင့်လို့ ကျွန်မကို တားရအောင် ရှင်က ဘာမို့လို့လဲ၊ ရှင်ဟာ

လူကြောက်၊ လူယုတ်မာ၊ ကျွန်မကို လက်ထပ်မယောင်ယောင်နှင့် လှည့်စားခဲ့တယ်’

`တစ်ဖက်သတ် မပြောပါနှင့်ကွယ်၊ အစ်ကိုက မင်းကို’



အက်ရှလေက လေပျော့ဖြင့် ပြောသည်။



အက်ရှလေ ပြောသလို သူကချည်း တစ်ဖတ်သတ် ပြောနေသည်မှာ မှန်သည်။ သို့ရာတွင် မပြောဘဲ မနေနိုင်။ စင်စစ်

အက်ရှလေသည် သူ့ကို မိတ်ဆွေ သူငယ်ချင်း သဘောထက် ပို၍ ဘာမှ မပြောခဲ့စဖူး။ ဤသည်ကို တွေးမိတိုင်း ပို၍သာ ဒေါသထွက်ရသည်။ မိန်းမတို့၏ မာန်ကို လာထိသဖြင့် ခံလည်း ခံပြင်းသည်။ သူက အက်ရှလေ နောက်သို့ လိုက်သော်လည်း အက်ရှလေက သူ့ကို ရှောင်ပြေးသည်။ မီလာနီလို မျက်နှာ ဖြူဖပ်ဖြူရော် လူမမာမျိုးကိုမှ ရွေးသွားသည်။ မေမေနှင့် ကြီးဒေါ်တို့၏ အဆုံးအမအတိုင်း ကိုယ့်သိက္ခာနှင့် ကိုယ် နေခဲ့လျှင် အကောင်းသား။ သူ့ကို သေမတတ် ကြိုက်သည့်တိုင် ကိုယ့်ဘာသာကိုယ် နေခဲ့လျှင် အကောင်းသား။ ယခု သူ အရှက်ကွဲရပြီ။

စကားလက်က မတ်တတ် ထသည်။ လက် နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အက်ရှလေကလည်း

ထလိုက်သည်။ သူ့အရပ်ကြီးက စကားလက်ကို မိုးနေသည်။ သူမ မျက်နှာက ကြိတ်မှိတ် ခံစားနေရသည့်ဟန် ပေါက်သည်။

`ရှင်ဟာ လူယုတ်မာ၊ ကြမ်းပိုး၊ တေလေ၊ ရှင့်ကို ကျွန်မ မုန်းတယ်၊ ဘယ်တော့မှ မကျေဘူး’



စကားလက်က ထို့ထက် ပြင်းပြင်းထန်ထန် ပြောချင်သည်။ သို့ရာတွင် စကားလုံး ရှာမရ။



`ဒီမှာ စကားလက်၊ ခဏ’



အက်ရှလေက လက်ကမ်းပေးလိုက်သည်။ စကားလက်က အက်ရှလေ၏ ပါးကို တအားကုန် လွှဲ၍ ရိုက်လိုက်၏။

တိတ်ဆိတ်နေသော အခန်းထဲတွင် ရိုက်သံသည် ကြာပွတ်သံလို မြည်ဟည်းသွားသည်။ ပြီးပြီ။ ဒေါသ ပြေသွားပြီ။

127



အက်ရှလေ၏ နွမ်းနယ်နေသော မျက်နှာမှာ ပါးပြင်တွင် လက်ငါးချောင်း အရာကြီး ထင်နေသည်။ အက်ရှလေက

ဘာမျှ မပြော။ ထုံကျဉ်နေသည့် စကားလက်၏ လက်ကို မယူကာ လက်ခုံကို နမ်းလိုက်သည်။ စကားလက်က ဘာမျှ ပြန်မပြောရသေးမီ အခန်းအပြင်သို့ ရောက်သွားသည်။ တံခါးက တိတ်တဆိတ် ပိတ်သွားသည်။

အခန်းမကြီး အတိုင်း အဝေးသို့ ထွက်သွားသည့် ခြေသံကို ကြားရသည်။ ခြေသံက တဖြည်းဖြည်းနှင့် ဝေးသွားပြီ။

ထိုအခါကျမှ စကားလက် သူ့အဖြစ်ကို သူ ပြန်တွေးမိသည်။ ဤတစ်သက်တွင် အက်ရှလေကို ဆုံးရှုံးလိုက်ရပြီ။ သူ့ကို အက်ရှလေ မုန်းသွားပေတော့မည်။ သူ့ မြင်တိုင်း သူ ပါးရိုက်ခဲ့သည်ကို သတိ ရနေတော့မည်။

`ငါဟာ ဟန်နီလို ဖြစ်နေပြီ’ စကားလက် ရုတ်တရက် အမှတ်ရလာသည်။ ဟန်နီကို ရဲတင်းလွန်းသည်။ အရှက်

နည်းလွန်းသည်ဟု လူတိုင်းက ထင်ကြသည်။ သူက သာ၍ပင် မေးငေါ့ခဲ့သေးသည်။ ဟန်နီက ယောက်ျားလေး တစ်ယောက်၏ လက်မောင်းကို ဆွဲချိတ်၍ ကိုယ်ကို တမင် နွဲ့လျှောက်ရင်း တွတ်တီး တွတ်တာ ညုတတ်၊ ခရာတတ်သည်။ သူ့ အကြောင်းကို တွေးမိရာက ကိုယ့်ကိုယ်ကိုယ် ဒေါသ ထွက်သည်။ အက်ရှလေကိုလည်း ဒေါသ ထွက်သည်။ ကမ္ဘာကြီး တစ်ခုလုံးကိုလည်း ဒေါသ ထွက်သည်။ သူ့ကိုယ်သူ မုန်းသည့် အတွက် အားလုံးကို မုန်းသည်။ မုန်းသည်မှ တစ်ဆယ့် ခြောက်နှစ်ရွယ် မိန်းမပျိုလေး၏ အမုန်းမျိုးဖြင့် မုန်းသည်။ စင်စစ် သူ့အချစ်တွင် နူးညံ့ သိမ်မွေ့ခြင်း ဟူ၍ မရှိ။ အလှဂုဏ် မောက်ခြင်း၊ ကိုယ့်အလှ အတွက် မာန ကြီးခြင်း စသည်တို့ ရောနေသည့် အချစ်မျိုး ဖြစ်သည်။ ယခု သူ ရှုံးပြီ။ ရှုံးသည်က အရေးမကြီး။ လူတကာ တံတွေးခွက်တွင် ပက်လက် မျောရတော့မည်။ ဟန်နီလို လူသိ ရှင်ကြား ဖြစ်ရပြီလော။ သူ့ကို ဝိုင်းကဲ့ရဲ့နေကြပြီ လော။ စကားလက်သည် ထိုအတွေးများကို လှုပ်ခါ ချလိုက်သည်။

သူ့လက်က ဘေးက စားပွဲ သေးသေး တစ်လုံးပေါ်သို့ ရောက်သွားသည်။ မြားနတ်မောင် ရုပ်ကလေး နှစ်ရုပ်

ရုပ်ကြွ ဖော်ထားသည့် ကြွေနှင်းဆီအိုးကို လက်ချောင်းကလေးများဖြင့် စမ်းကြည့်နေသည်။ တစ်ခန်းလုံးက အတိတ်ကြီး တိတ်နေသည်။ အော်ဟစ်၍ တိတ်ဆိတ်ခြင်းကို ဖျက်ဆီး ပစ်လိုက်ချင်သည်။ တစ်ခုခု လုပ်ရမည်။ သို့မဟုတ်လျှင် သူ ရူးလိမ့်မည်။ စကားလက်က နှင်းဆီပန်းအိုးကို မီးဖိုဆီသို့ လွှင့်ပစ် ကိုင်ပေါက်လိုက်သည်။ ပန်းအိုးက ထိုင်ဖုံနောက်မှီ မြင့်မြင့်ကြီးကို သွားမှန်၏။ ကြမ်းပြင်ပေါ်သို့ ကျပြီး ချွမ်ခနဲ အစိတ်စိတ် အမြွှာမြွှာ ကွဲသွားသည်။

`ဒါကတော့ လွန်တာပေါ့’



ထိုင်ဖုံနောက် အမှောင်ရိပ်မှ အသံ တစ်သံ ပေါ်လာသည်။



စကားလက် တုန်သွားသည်။ ဘာမျှ မပြောနိုင်။ ဒူးညွှတ်၍ ခွေကျသွားမည် အပြုတွင် ကုလားထိုင် နောက်မှီကို

ဖမ်းကိုင် ထားလိုက်ရသည်။ ကြည့်လိုက်သည့် အခါတွင် အခြားသူ မဟုတ်။ ရက် ဘတ်တလာ။ ထိုင်ဖုံကြီးပေါ်တွင် အိပ်နေရာမှ ထလာသည်။ သူ့ကို တမင် ယဉ်ကျေးပြသည့် ဟန်ဖြင့် ဦးညွှတ် နှုတ်ဆက်သည်။

`မလွယ်ပါလားကွယ့်၊ နေ့လယ် နေ့ခင်း တစ်ရေး တစ်မော အိပ်မယ် စိတ်ကူးပါတယ်၊ မကြားချင်တာတွေ

လာကြားနေတယ်၊ ပြီးတော့ မဆီမဆိုင် ကျုပ် အသက်ကိုလည်း ဘာဖြစ်လို့ ရန်ရှာရတာလဲ’

လူမှ လူအစစ်၊ တစ္ဆေ ခြောက်ခြင်း မဟုတ်။ ခက်သည်က သူတို့ ပြောသည့် စကားများကို ဤလူကြီး အကုန်

128

ကြားသွားပြီ။ စကားလက်က ခပ်တည်တည်ဖြင့် ပြန်ပက်သည်။

`ရှင် ရှင် ရောက်နေတာ ဘာဖြစ်လို့ အသိ မပေးရတာလဲ’



`အသိ ပေးရမယ် ဟုတ်လား’ သူ့သွားများက အဖွေးသား ပေါ်လာကြသည်။ စူးရဲ နက်မှောင်သည့် မျက်လုံးများက

သူ့ကို လှောင်နေသည်။ `နေစမ်းပါဦးကွယ့် သူငယ်မရဲ့၊ ဒီ အခန်းထဲကို ဘယ်သူက ကျူးကျော်ပြီး လာတာလဲ၊ ပန်းခြံထဲက လူအုပ်က ကျုပ်ကို လိုလိုလားလား မရှိဘူး ထင်လို့ ကင်နဒီကို စောင့်ရင်း ကျူပ်ဘာသာ ကျုပ် အေးအေးဆေးဆေး လာနေတုန်း မင်း ကျူးကျော်လာတာ မဟုတ်လား၊ ကျုပ်ကို သိပ် မလိုလားဘူး ထင်လို့ ကျုပ်ဘာသာ ကျုပ် အေးအေးဆေးဆေး လာနေတာတောင် အပြစ် ဖြစ်နေပါလား ကွယ်ရို့ဟင်၊ မလွယ်ပါလား’

သူက ပခုံး တွန့်ပြပြီး ခပ်အုပ်အုပ် ရယ်သည်။ စကားလက် မခံချင်တော့။ ဤလူက ရိုင်းပျသည်။ ရည်မွန်ခြင်း မရှိ။ ယခု

သူ့စကားတွေကို တစ်လုံးမကျန် ကြားပြီးပြီ။

`ရှင်ဟာ သူများ စကားပြောတာကို ချောင်း နားထောင်တဲ့ လူ’



စကားလက် ဒေါသ ထွက်နေပြီ။



`တစ်ခါတလေကျတော့ ချောင်းနားထောင်ရတာ တော်တော် ပျော်စရာ ကောင်းတယ်၊ ဗဟုသုတကလည်း ရတယ်’

သူက ပြုံးလိုက်သည်။ `ကျုပ် ချောင်းနားထောင် ခဲ့ဖူးတဲ့ အတွေ့အကြုံအရ ပြောရရင်’

`ရှင် ရှင် လူကြီး လူကောင်း မဟုတ်ဘူး’



`အင်း မင်းထင်တာ မဆိုးပါဘူး၊ လူကဲခတ် ကောင်းသားပဲ’ သူက ခပ်လှောင်လှောင် ပြောသည်။ `ဒါပေမယ့်

မင်းလည်း ဂုဏ်သရေရှိ အမျိုးသမီး ဟုတ်ပုံ မရဘူး၊ ကျုပ် ကြားလိုက်ရတဲ့ စကားတွေကို ထောက်ရင် မင်းဟာ ဘယ်နည်းနှင့်မှ ဂုဏ်သရေရှိ အမျိုးသမီး မဖြစ်နိုင်ဘူး၊ အတော်ပဲ၊ ကျုပ်ကလည်း ဂုဏ်သရေရှိ အမျိုးသမီး ဆိုရင် သိပ်စိတ်မဝင်စားချင်ဘူး၊ ဂုဏ်သရေရှိ အမျိုးသမီးတွေဟာ သတ္တိ မရှိဘူး၊ ကိုယ့်စိတ်ထဲ ရှိတာကို ပွင့်ပွင့်လင်းလင်း မပြောရဲဘူး၊ စိတ်ပျက်စရာ တော်တော် ကောင်းတယ်၊ ဒါပေမယ့် မင်းကတော့ စိတ်ဝင်စားစရာ ကောင်းတယ်ကွယ့်၊ မင်းလို စိတ်ဓာတ်မျိုး ရှားပါတယ်၊ မင်းစိတ်ဓာတ်ကို ကျုပ် ချီးကျူးပါတယ်၊ တစ်ခုတော့ ရှိတယ်၊ မင်းလို စိတ်ဓာတ် ပြင်းထန်တဲ့ ကလေးမ တစ်ယောက်က အက်ရှလေလို လူမျိုးကို ဘာများ သဘောကျနေသလဲ ဆိုတာတော့ ကျုပ် နားမလည်ဘူး၊ တကယ်ကတော့ သူက မင်းရှေ့မှာ ဒူးထောက်ဖို့ ကောင်းတာ၊ သူလို စိတ်ဓာတ် ပျော့တဲ့ လူမျိုးက မင်းလို အသည်းမာတဲ့ ကလေးမမျိုးကို’

`ရှင် ရှင် ဘာစကား ပြောတာလဲ၊ တကယ်က ရှင်လို လူမျိုးဟာ သူ့ ဖိနပ်ကို တိုက်ပေးဖို့တောင် မကောင်းဘူး’



စကားလက်က စိတ်ဆိုးဆိုးဖြင့် အော်သည်။



`သြော် ကလေးမနှယ် ဘယ်လို ဖြစ်သွားတာလဲ၊ ခုနကတော့ မင်းပဲ သူ့ကို တစ်သက်လုံး မုန်းတော့မယ်ဆို’



ရက် ဘတ်တလာက ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ရင်း ရယ်နေသည်။

129



အားမတန်၍သာ။ ဖြစ်နိုင်လျှင် သူ့ကို သတ်ပစ် ချင်သည်။ သို့ရာတွင် ဘာမျှ မတတ်နိုင်။ စကားလက်က ဆောင့်ကြီး

အောင့်ကြီးဖြင့် တံခါးကို ဂျိမ်းခနဲ မြည်အောင် ပိတ်၍ ထွက်လာခဲ့သည်။

စကားလက် လှေကားမှ ခပ်သုတ်သုတ် တက်လာခဲ့သည်။ အိမ်ပေါ်ထပ်သို့ အရောက်တွင် မိုက်ခနဲ ဖြစ်သွားသည်။

ထို့ကြောင့် ခဏ ရပ်ပြီး လှေကား လက်ရန်းကို ဆုပ်ထားလိုက်ရသည်။ သူ့နှလုံးသည် တူ ထုနေသည့်နှယ် တဒုန်းဒုန်း မြည်နေသည်။ ဒေါသမာနနှင့် အပြေး တက်လာခဲ့ရသည်တို့ စုပေါင်းကာ သူ့ရင်ဘတ် ပွင့်တော့မယောင် ထင်ရသည်။ အသက် ပြင်းပြင်း ရှူကြည့်သော်လည်း မရ။ ကြီးဒေါ်က ခါးကို ကျပ်နေအောင် စည်းပေးလိုက်သည် မဟုတ်လော။ ဤနေရာတွင် မူးလဲသွားသည်ကို တွေ့ပါက မည်သို့ ထင်ကြ မည်နည်း။ ထင်ချင်ရာ ထင်ကြတော့မည်။ အက်ရှလေကရော၊ လူဆိုး လူရမ်း ရက် ဘတ်တလာနှင့် သူ့ကို မနာလို ဝန်တို ဖြစ်နေသည့် မိန်းကလေးတွေကပါ အမနာပ ထင်ကြ ပြောကြတော့မည်။ တခြား မိန်းကလေးတွေလို အမူးပြေဆေး တစ်တို့လောက် သူ့တစ်သက်တွင် ပထမဆုံး အကြိမ် ရှူလိုက်ချင်သည်။ သို့ရာတွင် သူ့တွင် ရှူဆေး ပုလင်းပင် မရှိ။ တစ်ခါမျှ ရှူခဲ့ဖူးခြင်း မရှိသည်ကို သူ အမြဲ ဂုဏ်ယူခဲ့သည်။ ယခုမှ ဘာကြောင့် မူးမေ့ သွားရမည်နည်း။

တဖြည်းဖြည်း သက်သာ သွားသည်။ ခဏအတွင်း ပြန်ကောင်းသွားသည်။ စကားလက်သည် အင်ဒီယာ အခန်းနှင့်

ကပ်လျက် အဝတ်လဲခန်း ကလေးထဲသို့ အသာ ဝင်လာခဲ့သည်။ ရင်စည်းကို ဖြေ၊ ခါးစည်းကို လျှော့ကာ အနီးရှိ ခုတင်လွတ် တစ်လုံးပေါ်တွင် လှဲလိုက်သည်။ နှလုံးကို ငြိမ်အောင်၊ မျက်နှာထား မပျက်အောင် ဣနြေ္ဒ ဆည်သည်။ ဤပုံအတိုင်း မြင်သွားကြလျှင် သူ့ကို တစ်မျိုး ထင်ကြတော့မည်။ အနားက တစ်ယောက်ယောက် နိုးလာလျှင် သူ့ အခြေအနေကို ရိပ်မိ ကြတော့မည်။ သူ့အကြောင်းကို မည်သူမျှ အသိမခံနိုင်။ သိ၍ မဖြစ်။

သစ်ပင်ရိပ်နှင့် ပန်းပေါင်းကူးအောက် ကုလားထိုင်ပေါ်တွင် ထိုင်၍ စကား ပြောနေကြသည့် ယောက်ျား ပရိသတ်ကို

ပြတင်းပေါက်မှ လှမ်းမြင်ရသည်။ ယောက်ျားတွေကို စကားလက် မနာလိုချင်။ ယောက်ျားလေးသာ ဖြစ်လိုက်ချင်သည်။ ယောက်ျားလေး ဖြစ်လျှင် ယခုလို အဖြစ်မျိုးလည်း ကြုံစရာ မလို။ ထိုသို့ စကားလက် ကြည့်နေစဉ် ဝင်းဝဘက်သို့ ထွက်သည့် လမ်းပေါ်မှ ခပ်သွက်သွက် ကျလာသော မြင်းခွာသံများ၊ ကျောက်စရစ် ခဲလုံးကလေး လွင့်စဉ် သွားသံများနှင့် ကပ္ပလီ တစ်ယောက်ကို အရေးတကြီး မေးမြန်းနေသည့် အသံ တစ်သံကို စကားလက် ကြားလိုက်ရ၏။ ကျောက်စရစ် ခဲလုံးကလေးများ လွင့်သွားသံ ပေါ်လာပြီးနောက် သစ်ပင်ရိပ် အောက်ရှိ ယောက်ျား ပရိသတ် ဆီသို့ လူတစ်ယောက် မြက်ခင်းကို ဖြတ်၍ မြင်း ဒုန်းစီးသွားသည်ကို မြင်လိုက်ရသည်။

နောက်ကျ၍ ရောက်လာသည့် ဧည့်သည် တစ်ဦး ဖြစ်ပုံရသည်။ သို့ရာတွင် အင်ဒီယာ တသသ လုပ်ထားသည့်

မြက်ခင်းကို ဘာကြောင့် မြင်း ဖြတ်စီးရသနည်း။ စကားလက် သူ့ကို မမှတ်မိ။ ထိုလူက မြင်းပေါ်မှ ခုန်ဆင်းကာ ဂျွန် ဝီလ်ကီ၏ လက်မောင်းကို ဖမ်းဆုပ် လိုက်သည့် အခါတွင် အမူအရာက ရေးကြီးသုတ်ပျာ ဖြစ်နေသည်ကိုမူ စကားလက် မြင်လိုက်ရသည်။ ယောက်ျား ပရိသတ်က အရက် ဖန်ခွက်တွေ ကိုင်ထားရင်း သူ့အနားသို့ ဝိုင်းအုံလာကြသည်။ အနည်းငယ် လှမ်းသည့်တိုင် ဆူညံစွာ ပြောနေသံများကို ကြားနေရသည်။ မေးမြန်းနေသံ၊ တစ်ယောက်ကို တစ်ယောက် လှမ်းခေါ်နေသံတို့ကို ကြားရသည်။ အုတ်အုတ် ကျက်ကျက် အသံတွေ ကြားထဲမှ စတူးဝပ်၏ အော်သံကိုလည်း ကြားရ၏။ စတူးဝပ်၏ အသံက တောလိုက်ရာတွင် တောကောင် ခြောက်သည့် အသံမျိုး။

စတူးဝပ်တို့ ညီအစ်ကို လေးယောက်နှင့် ဖွန်တိန် ညီအစ်ကို တစ်သိုက် မြင်းဇောင်းထဲသို့ ပြေးသွားကြသည်ကို

130

စကားလက် မြင်ရသည်။

`ဟေ့ ဂျင်းရေ၊ မြင်းတွေကို ကုန်းတင်စမ်းဟေ့’ ဟု အော်သံလည်း ကြားရ၏။



`ဘယ်များ မီးလောင်သွားလို့လဲ မသိဘူး’ ဟု စကားလက် တွေးသည်။ မီး လောင်သည် ဖြစ်စေ၊ မလောင်သည် ဖြစ်စေ

သူ့အလုပ် မဟုတ်။ သူ့အလုပ်က မည်သူမျှ မတွေ့မီ ခုတင်ပေါ်သို့ ရောက်နေဖို့သာ ဖြစ်သည်။

ရင်ခုန်တာ နည်းနည်း သက်သာသွားပြီ။ ထို့ကြောင့် လှေကားကို ခြေဖျားထောက်၍ တက်လာကာ တိတ်ဆိတ်နေသော

ခန်းမဆောင်ထဲသို့ ဖြတ်လျှောက် လာခဲ့သည်။ အိမ်ကြီး တစ်အိမ်လုံးသည် အိပ်မော ကျနေသည့်နှယ် တိတ်ဆိတ်နေသည်။ ညတွင်မူ အိမ်ကြီးသည် ဖယောင်းတိုင် မီးရောင်များ၊ ဂီတသံများဖြင့် အစွမ်းကုန် လှပလာသည်။ စကားလက်သည် အဝတ်လဲခန်းကို အသာ ဖွင့်ကာ အထဲသို့ ဝင်ခဲ့၏။ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ တံခါး လက်ကိုင်ဘုကို ကိုင်ထားသည်။ ထိုစဉ် အိပ်ခန်းထဲမှ ခပ်တိုးတိုး ပြောနေသော ဟန်နီ၏ အသံကို ကြားလိုက်ရသည်။

`စကားလက်တို့ကတော့ ဒီနေ့ မြင်မြင်သမျှ ယောက်ျားလေးတွေကို ကြာပစ်သွားတာပဲ’



စကားလက်၏ ရင်သည် အခုန်မြန်လာ၏။ သူ့ လက်များသည် မသိမသာ ရင်အုံကို ဖိမိလျက်သား ဖြစ်နေသည်။

`တစ်ခါတလေမှာ ချောင်း နားထောင်ရတဲ့ အတွက် ဗဟုသုတ တိုးတာတွေ ရှိတယ်’ ဆိုသည့် ရက် ဘတ်တလာ၏ စကားများကို သွားအမှတ်ရသည်။ စကားလက် ရှောင်ထွက်သွားရမည်လော။ သို့မဟုတ် ခပ်တည်တည် ဝင်သွားကာ ဟန်နီကို ကြောင်အမ်းအမ်း ဖြစ်သွားအောင် အမိဖမ်းလိုက်ရမည်လော။ သို့ရာတွင် နောက်အသံ တစ်သံကြောင့် စကားလက် တန့်သွားသည်။ အသံက မီလာနီ အသံ။

`ဟန်နီရယ်၊ ဒီလို မပြောပါနှင့်၊ ရိုးရိုးသားသား ပျော်လို့ ဖျတ်ဖျတ်လတ်လတ် ဖြစ်နေတာပါ၊ စကားလက်က ဒီလို

ဖျတ်ဖျတ်လတ်လတ် ဆိုတော့ ပိုပြီးတောင် ချစ်စရာ ကောင်းလာတယ်’

စကားလက်သည် သူ့ရင်ညွန့်ကို လက်ဖြင့် ထပ်ဖိလျက်သား ဖြစ်သွားသည်။



`အမယ်၊ ဒီဟာမကများ ငါ့အတွက် ရှေ့နေ လိုက်ပေးရသေးတယ်၊ ဟွန်း’ စကားလက် စိတ်ထဲက ရွတ်သည်။



ဟန်နီ့စကားကမှ နားခံသာသေးသည်။ ပွင့်လင်း သေးသည်။ စကားလက်သည် မည်သည့် မိန်းမကိုမျှ မယုံ။ မေမေမှ

လွဲလျှင် ကျန်မိန်းမ မှန်သမျှသည် ကိုယ်ကျိုးမှ အပ အခြား မည်သူ့ အကျိုးကိုမျှ မကြည့်။ အက်ရှလေကို သူ စိတ်ချလက်ချ ပိုင်ပြီဟု မီလာနီ သိသည်။ ထို့ကြောင့်သာ သဘောထား ကြီးကြောင်း အပေါ်စီးကြီးဖြင့် ပြခြင်း ဖြစ်ရမည်။ မီလာနီက သူ အောင်ပွဲရပြီ ဆိုသည်ကိုလည်း ပြချင်သည်။ တစ်ပြိုင်နက်တည်းတွင် သဘောထား ကြီးကြောင်းကိုလည်း ပြချင်သည်။ တခြား မိန်းကလေးတွေ အကြောင်းကို ယောက်ျားလေးများအား ပြောပြရာတွင် ဤနည်းကို စကားလက် သုံးခဲ့ဖူးပြီ။ ယောက်ျား ဆိုသည့် ထုံထိုင်းထိုင်း သတ္တဝါ များကလည်း စကားလက် သဘောထား ကြီးလေဟန်၊ ကိုယ်ကျိုး မငဲ့လေဟန် ထင်သွားတတ်ကြသည်။

`အမယ်လေး၊ ဒီလောက် ဖြစ်နေတာကိုတောင် မင်း မမြင်ဘူးလား’ ဟန်နီက ခပ်ကျယ်ကျယ် ပြောလိုက်သည်။



`ဟန်နီကလည်း တိုးတိုးပြောပါ၊ မင်း ပြောတာက တစ်အိမ်လုံး ကြားမတတ်ပဲ’ ဆယ်လီမွန်ရိုး၏ အသံ ဖြစ်သည်။

131



ဟန်နီက အသံကို နှိမ့်၍ ဆက်ပြောသည်။



`မင်းလည်း မြင်သားပဲကွ၊ လာသမျှ ယောက်ျားလေးတွေနှင့် ပလူးနေတာ၊ သူ့ညီမ အဆက် ကင်နဒီ ကိုတောင်

မရှောင်ဘူး၊ ဒါလောက် ကဲတာမျိုး တွေ့ဖူးပေါင်၊ သူက ချားလ်ကို ကျနေတာ၊ ချားလ်နှင့် ကိုယ်က’

ဟန်နီက အောင်မြင်စွာ ရယ်လိုက်သည်။



`တကယ်’



တီးတိုး မေးသံများကို ကြားရသည်။



`ဟေ့ မိန်းမတွေ၊ ဘယ်သူ့မှတော့ မပြောနှင့်နော်၊ ခုထက်ထိ ဘာမှတော့’



တခစ်ခစ်

ရယ်သံများကို

ကြားရ၏။

ခုတင်မှ

စပရိန်များ

တကျွီကျွီ

မြည်သံကို

ကြားရသည်။

ဟန်နီကို

တစ်ယောက်ယောက်က ဖက်ထားဟန် တူသည်။ ဟန်နီ တစ်ယောက် သူ့ယောက်မ ဖြစ်ရတော့မည့်အတွက် ဝမ်းသာကြောင်း ပြောနေသည့် မီလာနီ၏ အသံကို ကြားရ၏။

`ကိုယ်တော့ စကားလက်ကို ယောက်မ မတော်ချင်ဘူး ဆရာ့၊ ဒါလောက် ပျံတဲ့ဟာမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်’

ဟက်တီ တာလက်တန်၏ အသံ ဖြစ်သည်။ `ဒါပေမယ့် စတူးဝပ်နှင့်တော့ ကြည်နေတာပဲ၊ ဘရင့်ကတော့ စတူးဝပ်နှင့် မဟုတ်ပါဘူးတဲ့၊ ဒါပေမယ့် ဘရင့်ကလည်း စကားလက်ကို ရစ်နေတာပဲ’

`ဟေ့၊ ဟေ့၊ ဒီမှာ၊ မင်းတို့ ပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူး’ ဟန်နီက သူ့စကား ခိုင်မာစေရန် အရေးကြီးသည့်

ဟန်ဖြင့် ပြောလိုက်သည်။ `သူ ဂရုစိုက်တာ တစ်ယောက်ပဲ ရှိတယ်၊ ဘယ်သူလဲ သိရဲ့လား၊ အက်ရှလေကွ’

တီးတိုးသံများသည် ရောထွေးသွားကြသည်။ မေးခွန်း ထုတ်သံ၊ ကြားဖြတ် ဝင်ပြောသံတို့ကို ကြားရသည်။ စကားလက်

တစ်ကိုယ်လုံး အေးစက်နေသည်။ ရှက်လည်း ရှက်သည်။ ဟန်နီက ယောက်ျားတွေနှင့် ပတ်သက်လျှင် ဘာမျှ နားလည်သူ မဟုတ်။ နလပိန်းတုံးမှ တကယ့် နလပိန်းတုံး။ သို့ရာတွင် မိန်းမတို့၏ ပကတိဉာဏ်ဖြင့် မိန်းမချင်း အကဲခတ်ရာတွင်ကား စကားလက်ထက် သာသည်။ စာကြည့်ခန်းထဲတွင် အက်ရှလေနှင့် လည်းကောင်း၊ ရက် ဘတ်တလာနှင့် လည်းကောင်း ဖြစ်ခဲ့သည့် ကိစ္စသည် ယခု သူတို့ ပြောနေသည့် စကားများနှင့် စာလျှင် ဘာမျှ မဟုတ်။ အပ်ခြစ်ရာကလေးလောက်သာ ရှိသည်။ ယောက်ျား ဆိုသည့် လူမျိုးက တော်တော်တန်တန် ကိစ္စကို နှုတ်လုံသည်။ စိတ်ချရသည်။ ရက် ဘတ်တလာလို လူမျိုးပင်လျှင် စိတ်ချရသည်။ သို့ရာတွင် ဟန်နီက စကားများသည်။ ဟန်နီ ပါးစပ်သို့ ရောက်လျှင် မောင်းခတ်သည်ထက် ဆိုးလိမ့်မည်။ ညနေ မိုးမချုပ်မီ တစ်နယ်လုံး မသိချင် အဆုံး။ သူ့သမီးကို လူတကာ အပြောမခံနိုင်ဟု ဖေဖေက မနေ့ညတုန်းကပင် ပြောခဲ့သေးသည်။ ယခု လူတကာ ပြောစရာ ဖြစ်ရတော့မည်။ စကားလက် တစ်ကိုယ်လုံး ချွေးတွေ ပြန်လာသည်။ စေးထန်းသည့် ချွေးများက ချိုင်းမှ နံရိုးပေါ်သို့ စီးသွားကြသည်။

တစ်လုံးချင်း ပြောသည့် မီလာနီ၏ အသံ ပေါ်လာသည်။



`ဟန်နီကလည်း ကွယ်၊ ဒီလို မဟုတ်ပါဘူး၊ တစ်ဖက်သားကို ဒီလို မပြောပါနှင့်’

132



`အို ဟုတ်သမှ ဟိုဘက်တောင် လွန်သေး၊ အေး မင်းကတော့ ဘုရားလောင်းမကြီး လုပ်နေ၊ တွေ့သမျှ လူကို ယုံ၊

လူတိုင်းကို အကောင်းထင်၊ တကယ်က လူတွေက ကောင်းတာ မဟုတ်ဘူး၊ နောက်တော့ မင်း သိမယ်၊ မဟုတ်ဘူးဆိုရင် ကိုယ်တို့က ဝမ်းသာပါတယ်၊ စကားလက် ဝင်လာရင် ပြဿနာ ပေါ်တာ ချည်းပဲ၊ သူများ အဆက်ကို လုသွားတာချည်းပဲ၊ ကြည့်ပါလား၊ စတူးဝပ်ကို အင်ဒီယာ လက်က လုသွားပြီးပြီ၊ တကယ်လည်း ချစ်တာ မဟုတ်ဘူး၊ ဒီနေ့ ဆိုရင်လည်း ကင်နဒီ ကိုရော၊ အက်ရှလေကိုရော၊ ချားလ်ကိုရော’

`ငါ အိမ်ပြန်မှ ဖြစ်မယ်၊ အိမ်ပြန်တော့မယ်’ စကားလက် တွေးသည်။



စကားလက်သည်

အတောင်

ပေါက်ကာ

မြိုင်သာယာသို့

ချက်ချင်း

ပြန်ရောက်သွားချင်သည်။

မေမေနှင့်

နှစ်ယောက်တည်း မေမေ့ မျက်နှာကို ကြည့်ကာ မေမေ့ အင်္ကျီကို ဆွဲကာ ဖြစ်ကြောင်း ကုန်စင် ပြောပြကာ သူ့အမေ့ ရင်ခွင်ထဲ တိုးဝင် ငိုချလိုက်ချင်သည်။ နောက်တစ်ခွန်းကိုသာ ဆက်နားထောင်မိလျှင် အခန်းထဲ ပြေးဝင်၍ ဟန်နီကို ဆံပင် ဆွဲပြီး ပါးရိုက်မိလိမ့်မည်။ သူ့ကိုယ်သူ သူတော်ကောင်းမကြီး လုပ်နေသည့် မီလာနီ၏ မျက်နှာကို တံတွေးဖြင့် ထွေးမိလိမ့်မည်။ သို့ရာတွင် ယနေ့ တစ်နေ့လုံး ကဏ္ဋကောစ ဖြစ်ခဲ့ရသည်မှာ များလှပြီ။ အောက်တန်းစားတွေလို စကားများခဲ့ပြီ။ ဤ စိတ်ကြောင့် သူ ဒုက္ခ ဖြစ်ခဲ့ရပေါင်း များလှပြီ။

စကားလက်က သူ့အင်္ကျီကို ဖိ၍ သပ်ချသည်။ အင်္ကျီကို မတွန့်အောင် သပ်ရပ်စေပြီးမှ တိရစ္ဆာန် တစ်ကောင်သဖွယ်

ပေါ့ပါးစွာ အပြင်သို့ ပြန်ထွက်ခဲ့သည်။ ပိတ်ထားသော အခန်းများ၊ တိတ်ဆိတ် ငြိမ်သက်နေသော အခန်းများကို ဖြတ်၍ ခန်းမဆောင် တစ်လျှောက် ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ အိမ် ပြန်တော့မည်။ အိမ်ပြန်မှ ဖြစ်တော့မည်။

ဆင်ဝင်ရှေ့သို့ ရောက်သောအခါတွင် ခေါင်းထဲသို့ လက်ခနဲ အတွေးတစ်ခု ဝင်လာသည်။ အိမ်ပြန်၍ မဖြစ်သေး။

ထွက်ပြေး၍ မဖြစ်သေး။ ပြီးသည် အထိ နေဦးမည်။ သူတို့ကို အရွဲ့တိုက်၍ နေပြလိုက်ဦးမည်။ ထွက်ပြေးလျှင် အရှုံးပေးရာ ရောက်မည်။ သူတို့ကို လက်နက်ပေးရာ ရောက်မည်။

စကားလက် လက်သီးကို ဆုပ်၍ သူ့ဘေးက ကျောက်သားတိုင်ကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။ ဟာကျူလီလို

အားရှိချင်သည်။ သူ့လို အားရှိလျှင် ဝက်သစ်ချမြိုင် အိမ်ကြီးကို ဖြိုချကာ အိမ်ရှိ လူကုန်ကို ဖျက်ဆီးပစ်လိုက်ချင်သည်။ သူတို့ကို အနိုင်ယူချင်သည်။ သူ့အကြောင်းကို ပြလိုက်ချင်သည်။ သို့ရာတွင် မည်သို့ ပြရမည် မသိ။ သူ့စိတ် ထိခိုက်သည်ထက် နှစ်ပြန် ထိခိုက်အောင် သူတို့ကို လုပ်ပြရဦးမည်။

ယခုအချိန်တွင် အက်ရှလေကိုလည်း အက်ရှလေဟု မထင်တော့။ သူ ချစ်သည့် အရပ်မြင့်မြင့်၊ မှုန်ငေးငေး

အက်ရှလေ မဟုတ်တော့။ ဝက်သစ်ချမြိုင်က ဝီလ်ကီ မိသားစုထဲက တစ်ယောက်၊ သူ့ကို လှောင်ပြောင် ရယ်မောခဲ့ကြသည့် ပတ်ဝန်းကျင်က လူတစ်ယောက် အဖြစ် သဘောထား လိုက်ပြီ။ အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် မာနသည် အချစ်ထက် အားကြီးသည်။ သူ့ အသည်းနှလုံးတွင် အမုန်းမှ အပ အခြား အရာများ အတွက် နေရာ မရှိတော့။

`အိမ် မပြန်ဘူး၊ အိမ် ဘာလို့ ပြန်ရမှာလဲ’ စကားလက် တွေးသည်။ `ဒီမှာ ဆက်ကို နေဦးမယ်၊ သင်းတို့

စိတ်ဆင်းရဲအောင်ကို လုပ်ပြဦးမယ်၊ မေမေ့ကိုလည်း မပြောဘူး၊ ဘယ်သူ့ကိုမှလည်း မပြောဘူး’

133



စကားလက် အားတင်းကာ အိမ်ထဲသို့ ပြန်ဝင်သည်။ အပေါ်ထပ် တက်ပြီး အိပ်ခန်း တစ်ခန်းထဲသို့ ဝင်အိပ်မည်။



ဆင်ဝင်ဘက်မှ ခန်းမကြီးထဲသို့ ပြန်အလှည့်တွင် ခန်းမ တစ်ဖက်ထိပ်မှ ပေါ်လာသော ချားလ်ကို မြင်လိုက်၏။

ချားလ်က ခပ်သုတ်သုတ် လျှောက်လာသည်။ သူ့ဆံပင်က ဖရိုဖရဲ။ မျက်နှာ ပျက်ပျက်။

`ကြားပြီးပြီလား’ ချားလ်က အနား မရောင်ခင် လှမ်းပြောသည်။ `ဂျုးန်ဘာရိုက ပေါ ဝီလ်ဆန် သတင်း ပို့လာတယ်’



အနား

ရောက်သည့်

အခါတွင်

အသက်ရှူပင်

မမှန်ချင်။

စကားလက်က

ဘာမျှ

မပြောဘဲ

သူ့မျက်နှာကို

စိုက်ကြည့်နေသည်။

`မြောက်ပိုင်း ခေါင်းဆောင် လင်ကွန်းက စစ်တပ်ဖွဲ့ဖို့ ကြေညာချက် ထုတ်လိုက်ပြီတဲ့၊ အပျော်တမ်း တပ်သားတွေတဲ့၊

ခုကို ခုနစ်သောင်း ငါးထောင် ရပြီတဲ့’

လာပြန်ပြီ လင်ကွန်း။ ယောက်ျားများသည် ထို့ထက် အရေးကြီးသော ကိစ္စများကို မစဉ်းစားတတ် တော့ပြီလော။

လင်ကွန်းက စစ်သားစုလျှင် သူလည်း ထိတ်ထိတ်ပျာပျာ ဖြစ်လိမ့်မည်ဟု ထင်သော လူ့ငနွား တစ်ယောက်ကို တွေ့နေရပြန်ပြီ။

ချားလ်က သူ့ကို စိုက်ကြည့်သည်။ စကားလက် မျက်နှာက စက္ကူလို ဖြူနေသည်။ မျက်လုံးကျဉ်းကျဉ်းများက

မြရောင် တောက်နေသည်။ ဤမျှ တင်းမာနေသော မျက်နှာကို ဘယ် မိန်းကလေးတွင်မျှ ချားလ် မတွေ့စဖူး။ ဤမျှ အရောင် တောက်နေသည့် မျက်လုံးမျိုးကိုလည်း မမြင်စဖူး။

`ကိုယ် မှားသွားတယ် စကားလက်၊ အေးအေး ဆေးဆေး ပြောဖို့ ကောင်းတာ၊ မိန်းမသားတွေ ထိတ်လန့်တတ်တာကို

မေ့သွားတယ်၊ စကားလက်ကို အနှောင့်အယှက် ပေးမိတဲ့ အတွက် ဝမ်းနည်းပါတယ်၊ ရေတစ်ခွက်လောက် သောက်လိုက်ပါလား’

`ဟင့်အင်း’



စကားလက်က မဲ့ပြုံး ပြုံးသည်။



`ဒါဖြင့် တစ်နေရာရာ သွားထိုင်ရအောင်လေ’



ချားလ်က သူ့လက်မောင်းကို ဆွဲသည်။ စကားလက်က ခေါင်းညိတ်ပြ၏။ ချားလ်က သူ့ကို လှေကား အဆင်းတွင်

တယုတယ တွဲခေါ်ကာ မြက်ခင်းကို ဖြတ်ပြီး အကြီးဆုံး ဝက်သစ်ချပင်ကြီး အောက်က သံခတုံ န်းလျားကလေးဆီသို့ ခေါ်သွားသည်။ မိန်းမသား ဆိုသည်မှာ နုနယ်သည်။ သတင်းလေး တစ်ခုကို ပြောရုံမျှဖြင့် သွေးလန့်ကာ မူးမေ့မတတ် ဖြစ်တတ်ရှာသည်ဟု ချားလ် တွေးသည်။ ဤအတွေးကြောင့် သူ့ကိုယ်သူ ယောက်ျားပီသ လာသည်ဟု ထင်လာကာ ထိုင်ခုံသို့ အရောက်တွင် စကားလက်ကို နှစ်ဆ တိုး၍ ယုယသည်။ စကားလက်ကို ကြည့်ရသည်က ခါတိုင်းနှင့် မတူ။ မျက်နှာ ဖြူရော်နေပုံကလေးကပင် ခပ်ရိုင်းရိုင်း လှနေသည်။ သူ စစ်ထဲ လိုက်သွားမည်ကို စိုးရိမ် ပူပန် နေခြင်းလော။ ဤမျှလောက်အထိမူ မဖြစ်နိုင်။ သို့ဖြစ်လျှင် အဘယ်ကြောင့် သူ့ ဣနြေ္ဒ ပျက်နေရသနည်း။ ပိုးဇာ လက်ကိုင်ပဝါကလေးကို ကိုင်ထားသည့် လက်ချောင်းကလေးများက ဘာကြောင့် တုန်တုန်ယင်ယင် ဖြစ်နေရသနည်း။ မှောင်မင်စွဲသည့် မျက်တောင်ကော့ကြီးများကကော။ သူ ဖတ်ဖူးသည့် အချစ်ဝတ္ထုများ ထဲက ဇာတ်လိုက် မင်းသမီးများလို ကြောက်ရွံ့ခြင်းနှင့် အချစ်ကြောင့် တဖျပ်ဖျပ်။

134



ချားလ်က လည်ချောင်းကို သုံးကြိမ် ရှင်းကာ စကားပြောဖို့ ကြိုးစားသည်။ သို့ရာတွင် ပြော၍ မရ။ သူ့မျက်လုံး

စိမ်းစိမ်းများက သူ့ကို ကြောင်ကြောင်ကြီး ကြည့်နေသဖြင့် ချားလ်က မျက်လွှာ ချလိုက်သည်။

`ချားလ်က ပိုက်ဆံ ပေါတယ်’ စကားလက် ခေါင်းထဲတွင် စီမံကိန်း တစ်ခု ပေါ်လာသည်။ `သူနှင့် ဆိုရင်

ယောက္ခမတို့ ဘာတို့ ဆိုတဲ့ ပြဿနာမျိုးလည်း မပေါ်တော့ဘူး၊ နေတော့လည်း အတ္တလန်တာမှာ၊ သူ့ကို ခု ယူပြလိုက်ရင် အက်ရှလေကိုလည်း ဂရုမစိုက်ဘူး ဆိုတာ ပြပြီးသား ဖြစ်ရော၊ ဟန်နီကိုလည်း အကြောင်းပြပြီးသား ဖြစ်ရော၊ ချားလ်ကိုသာ ငါ ယူလိုက်ရင် ဟန်နီ ဆိုတဲ့ ကောင်မ နောက်ထပ် ကြိုက်မယ့်သူလည်း ရှိမှာ မဟုတ်တော့ဘူး၊ လူတကာ တံတွေးခွက်မှာလည်း ပက်လက် မျောမှာပဲ၊ မီလာနီ ကလည်း သူ့မောင်ကို သိပ်ချစ်တော့ ငါ ယူလိုက်ရင် သူလည်း စိတ်ထိခိုက်မှာပဲ၊ စတူးဝပ်နှင့် ဘရင့် ညီအစ်ကိုလည်း ကျန်ရစ်ကြီးတွေ ဖြစ်မယ်၊ ငါက ရထားကြီးနှင့် ဂျော်ဂျီယာကို လာပြီး ရွှေတွဲလွဲ ငွေတွဲလွဲ ဝတ်လို့၊ သူတို့ ညီအစ်ကိုတော့ ဆွေးနေမှာပဲ၊ ငါ့ကိုလည်း အထင် သေးရဲကြတော့မှာ မဟုတ်ဘူး’

`ပြည်တွင်းစစ်ကတော့ ဖြစ်မှာပဲ’ အကြိမ်ပေါင်း များစွာ ကြိုးစားပြီးနောက် ချားလ်ထံမှ တစ်ခွန်း ထွက်လာသည်။

`ဒါပေမယ့် စိတ်မပူပါနှင့်၊ တစ်လလောက် တိုက်ရင် ပြည်တွင်းစစ် ပြီးသွားပြီး ကိုယ်တို့ပဲ နိုင်မှာပါ၊ ကိုယ်လည်း တပ်ထဲ လိုက်သွားရမယ်၊ ဒီနေ့ည တပ်တွေ ဂျုန်းဘာရိုမှာ စုမှာ ဆိုတော့ ကပွဲတောင် သိပ်စည်မယ် မထင်ဘူး၊ စတူးဝပ်တို့ ညီအစ်ကို တစ်သိုက် လိုက်ပြီး အကြောင်းကြား နေကြတယ်၊ အမျိုးသမီးတွေကတော့ စိတ်ကောင်းကြမှာ မဟုတ်ဘူး’

`အို’



စကားလက်က ဝတ်ကျေ တန်းကျေ ပြောလိုက်သည်။



စကားလက် စိတ် ငြိမ်သွားပြီ။ ဣနြေ္ဒ ဆည်နိုင်ပြီ။ သူ့ ခံစားချက်များသည် နှင်းဖုံးသည့်နှယ် အေးစက်သွားကြပြီ။

သူ့ခံစားချက်များသည် နွေးထွေးလာစရာ အကြောင်း မရှိတော့။ ချားလ်ကို သူ ဘာကြောင့် မယူရ မည်နည်း။ သူလည်း တခြား ယောက်ျားလေးတွေနှင့် ဘာမျှ မထူး။ မည်သူ့ကိုမျှ ဂရုစိုက်စရာ မလို။ မည်သူ့ကိုမျှ မည်သည်ကိုမျှ ဂရုမစိုက်တော့။ အသက် ကိုးဆယ် နေရသည့်တိုင် မည်သည့် အရာကိုမျှ ဂရု မစိုက်တော့။

`ဝီလ်ဟန်ပတန်ရဲ့ ကာရိုလိုင်နား ပြည်နယ် တပ်နှင့် လိုက်ရမလား၊ အတ္တလန်တာ မြို့စောင့်တပ်နှင့် လိုက်ရမလား

မသိသေးဘူး’

`အို’ ဟု စကားလက်က နောက်တစ်ကြိမ် ဆိုသည်။ ချားလ်က မျက်တောင် တဖျပ်ဖျပ် ခတ်လျက် ရှိ၏။



`စကားလက် ကိုယ့်ကို စောင့်မယ် မဟုတ်လား ဟင်၊ ကိုယ် ရှေ့တန်း စစ်မြေပြင် သွားတုန်း စကားလက်

စောင့်မယ်ဆိုရင် သိပ်ကောင်းမှာပဲ’

ချားလ်က

ပြုံးနေသော

စကားလက်၏

နှုတ်ခမ်းများကို

ငေးကြည့်နေသည်။

သူ့နှုတ်ခမ်းကလေးတွေကို

နမ်းလိုက်ရလျှင်ဟု ပထမဆုံး အကြိမ် စိတ်ကူး ရလာသည်။ လက်ဆီပြန်သဖြင့် စေးထန်းထန်း ဖြစ်နေသည့် စကားလက်၏ လက်ဖဝါးသည် သူ့လက်ထဲသို့ ရောက်လာသည်။

135



`စကားလက် မစောင့်ချင်ဘူး’



စကားလက် မျက်လုံးတွင် မျက်ရည်တွေ ဝဲနေသည်။



ချားလ်က သူ့လက်ကို ဆုပ်ထားရင်း ပါးစပ် အဟောင်းသား ဖြစ်နေသည်။ မျက်တောင်ကော့ကြီးများ အောက်မှ

ချားလ်ကို ကြည့်သည်။ တုတ်ချက် မိထားသည့် ဖားတစ်ကောင်နှင့် တူသည်ဟု အောက်မေ့မိသည်။ ချားလ်က ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် ပြောမည့် စကားကို မပြောနိုင်သေးဘဲ ဆွံ့နေသည်။ နောက် မျက်နှာ နီရဲလာသည်။

`ကိုယ့်ကို ချစ်နိုင်မလား ဟင်’



စကားလက်က ဘာမျှ မပြော။ သူ့ရင်ခွင်ကို ငုံ့ကြည့်သည်။ ချားလ်က ဝမ်းလည်း သာသည်။ ရှက်လည်း

ရှက်နေသည်။ မိန်းကလေး တစ်ယောက် အနေဖြင့် အဖြေရ ခက်ကောင်း ခက်မည်။ မိန်းကလေး တစ်ယောက်ကို တစ်ခါမျှ ဤသို့ မပြောဖူးခဲ့။ ယခု ပထမဆုံး အကြိမ် ပြောဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ချားလ် မနေတတ် မထိုင်တတ် ဖြစ်နေသည်။ ချားလ် ထ၍ ခုန်လိုက်ချင်သည်။ ပွေ့ဖက် နမ်းရှုပ် ပစ်လိုက်ချင်သည်။ အိမ်မှ ခုန်ဆင်းပြေးကာ တွေ့သမျှလူကို သူ့အကြောင်း ပြောပြချင်သည်။ သို့ရာတွင် မလုပ်ဖြစ်။ စကားလက်၏ လက်ကို တအား ဖျစ်ညှစ်နေမိသည်။ စကားလက်၏ လက်စွပ်သည် သူ့အသားထဲ စူးဝင် သွားသည်။

`ကိုယ့်ကို မကြာခင် လက်ထပ်တော့မယ်ပေါ့၊ ဟုတ်လား စကားလက်’



`ဟင်’    



စကားလက်က အင်္ကျီပေါ်မှ ခေါက်တွန့်စလေး တစ်ခုကို စမ်းရင်း ပြောသည်။



`နှစ်မင်္ဂလာ ဆောင်ရင်ရော၊ ကိုယ်နှင့် စကားလက်က တစ်တွဲ၊ အက်ရှလေနှင့် မီလာနီနှင့်က’



`ဟင့်အင်း’



စကားလက်က ကောက်ကာ ငင်ကာ ငြင်းလိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ တစ်ချက် မှားသွားပြီဟု ချားလ်

သိလိုက်၏။ မင်္ဂလာ ဆိုသည်မှာ မိန်းကလေးများအဖို့ တစ်သက်တွင် တစ်ခါသာ တွေ့ရသည့် ကိစ္စ ဖြစ်သည်။ သူများတွေနှင့် အရောရော အနှောနှော လုပ်ချင်ဟန်မတူ။ စကားလက်က သူ့ အမှားကို ခွင့်လွှတ်ဖော်ရသည်။ အမှောင်ထဲမှာသာဆိုလျှင် အမှောင် အားကိုးဖြင့် စကားလက်ကို နမ်းကာ ရင်ထဲက စကားတွေ ပြောလိုက်ချင်သည်။

`မိဘတွေကို ဘယ်တော့လောက် လာပြောရမလဲ ဟင်’



`မြန်လေ ကောင်းလေပဲ’



စကားလက်က ပြောလိုက်သည်။ သူ့လက်ကို ဖျစ်ညှစ်ထားသည်မှာလည်း နာလှပြီ။ လွှတ်စေချင်လှပြီ။



ချားလ်က ရုတ်ခနဲ ထသည်။ ထို့နောက် စကားလက်ကို ရွှန်းရွှန်းစားစား ငုံ့ကြည့်နေသည်။ ဖြူစင်သည့် သူ့နှလုံးသား

136

အရိပ်သည် သူ့မျက်လုံးတွင် လာထင် နေသည်။ ယခင်က သူ့ကို မည်သည့် ယောက်ျား ကလေးမျှ ဤသို့ မကြည့်စဖူး။ နောက်တွင်လည်း ဤသို့ အကြည့် ခံရတော့မည် မဟုတ်။ သို့ရာတွင် သူ့စိတ်ထဲတွင်မူ ချားလ်သည် နွားသူငယ်ကလေး တစ်ကောင်နှင့် တူနေသည်ဟု ထင်သည်။

`ဒါဖြင့် စကားလက်တို့ ဖေဖေကို လိုက်ရှာမယ်လေ၊ ကိုယ်လည်း မစောင့်ချင်ဘူး၊ သွားပြောမယ်နော်’



`သွားလေ၊ စကားလက် ဒီနားမှာ စောင့်နေမယ်၊ ဒီနေရာက အေးအေးဆေးဆေး ရှိတယ်’



ချားလ်သည် မြက်ခင်းကို ဖြတ်ကာ အိမ်ကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ သစ်ရွက်တို့ လှုပ်နေသည့်

ဝက်သစ်ချပင်ကြီး အောက်တွင် စကားလက် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ မြင်းဇောင်းများ ဘက်ဆီမှ မြင်းစီး၍ ထွက်သွားကြသော ယောက်ျား ပရိသတ်ကို မြင်ရ၏။ ကပ္ပလီ များကလည်း မြင်းကိုယ်စီဖြင့် သူတို့ သခင် အသီးသီး နောက်မှ ပါသွားကြသည်။ မွန်ရိုး ညီအစ်ကို၊ ဖွန်တိန် ညီအစ်ကိုနှင့် ကားလ်ဗတ် ညီအစ်ကို။ သူတို့ ဦးထုပ်ချွတ်၍ ဝှေ့ယမ်းပြကာ ခြံပြင်သို့ သွားကြသည်။ တာလက်တန် ညီအစ်ကိုက မြက်ခင်းကို ဖြတ်၍ သူ့အနားမှ စီးသွားကြသည်။ ဘရင့်ကမူ `စကားလက်ရေ၊ မေမေက သူ့မြင်းတွေ ခရိုင်တပ်ကို ပေးလိုက်ပြီဟေ့’ ဟု အော်သွား၏။ မြက်ပင်ကလေးများ ကြေကျန်ရစ်ခဲ့ကြသည်။ ခဏ အကြာတွင် ဝက်သစ်ချပင် အောက်တွင် စကားလက် တစ်ယောက်ထီးတည်း။

အိမ်ဖြူဖြူကြီးသည် သူ့မျက်စိထဲတွင် သူနှင့် ဝေးသွားသည်ဟု ထင်ရ၏။ သူ့အိမ် မဖြစ်တော့။ အက်ရှလေသည်

ဤအိမ်ကြီးသို့ သူ့ကို သတို့သမီး အဖြစ် မည်သည့် အခါမျှ ခေါ်ရတော့မည် မဟုတ်။ အက်ရှလေ၊ အက်ရှလေ။ စကားလက် ထင်ရာတွေ လုပ်လိုက်မိပြီ။ နာကြည်းသည့် မာနနှင့် လက်တွေ့ကျသည့် သဘောထား နောက်ကွယ်တွင် တစ်စုံတစ်ရာသည် နာကျင်စွာ လှုပ်ရှားနေသည်။ မာနထက် လည်းကောင်း၊ ကိုယ်ကျိုး ကြည့်ခြင်းထက် လည်းကောင်း ခွန်အားကောင်းသည့် လူကြီးစိတ်၊ လူကြီး ခံစားချက်သည် မွေးဖွားလာသည်။ အက်ရှလေကို သူ ချစ်သည်။ ဤသည်ကို အက်ရှလေလည်း သိသည်။ သူလည်း သိသည်။

ကျောက်စရစ် ခဲလေးတွေ ခင်းထားသည့် လမ်းကွေ့ ကလေးတွင် ချားလ် ပျောက်ကွယ် သွားသည့် အခါ၌ စကားလက်

ရင်ထဲတွင် ဘောင်ဘင် ခတ်နေသည်။ တစ်သက်တွင် ဤမျှလောက် တစ်ခါမျှ စိတ် မဆင်းရဲစဖူး။

137





သီတင်း နှစ်ပတ် အတွင်း စကားလက် အိမ်ထောင်ရှင် ဖြစ်ခဲ့သည်။ နှစ်လကျော်ကျော် အတွင်း မုဆိုးမ ဖြစ်ခဲ့ရသည်။

အိမ်ထောင်ပြုစဉ်က အလေးအနက် မစဉ်းစားခဲ့။ အလျင်စလို လုပ်ခဲ့သည်။ မုဆိုးမ ဖြစ်ချင်တော့လည်း ဘာမျှ မကြာလိုက်။ သို့ရာတွင် အပျိုစင် ဘဝတုန်းက အပူအပင် ကင်းမဲ့သည့် လွတ်လပ်မှုမျိုးကိုကား ပြန်မရတော့။ လက်ထပ်ပြီးနောက် မကြာခင် မုဆိုးမ ဖြစ်ပြီး မကြာမီ ကလေး တစ်ယောက် အမေ ဖြစ်ခဲ့ရသည်။

၁၈၆၁ ခု ဧပြီလ ကုန်ခါနီး ထိုအချိန်ကို နောက်ပြန် စဉ်းစားသော အခါတွင် အသေးစိတ်ကို စကားလက် မမှတ်မိတော့။

အချိန်နှင့် အဖြစ်အပျက်များသည် ကျိုးကြောင်း ညီညွတ်ခြင်း မရှိသည့် ခြောက်အိပ်မက်များ သဖွယ် ရောထွေးကုန်ကြသည်။ သေသည် အထိ ထိုအချိန် အဖြစ်အပျက် အသေးစိတ်တို့ကို သူ မှတ်မိမည် မထင်။ သူ့မှတ်ဉာဏ်ထဲတွင် ကွက်လပ်ကြီး ဖြစ်နေလိမ့်မည် ထင်သည်။ အထူးသဖြင့် ချားလ်၏ အချစ်ကို လက်ခံလိုက်ချိန်နှင့် မင်္ဂလာဆောင်သည့်ချိန်၊ ကြားက ကာလကို သူ မမှတ်မိတော့။ နှစ်ပတ်မျှသာ ကြာသည်။ တိုင်းပြည် ငြိမ်းချမ်းသည့် ကာလဆိုလျှင် နှစ်ပတ်သည် အလွန် တိုတောင်းသည်။ ခြောက်လတန်သည် တစ်နှစ်တန်သည် လူမြင်ကောင်းအောင် စေ့စပ် ထားရလိမ့်ဦးမည်။ သို့ရာတွင် ထိုစဉ်က တောင်ပိုင်းတွင် ပြည်တွင်း စစ်မီး တောက်နေပြီ။ လေပြင် မုန်တိုင်းကြီး တိုက်သလို အဖြစ်အပျက်များသည် လျင်မြန်စွာ ပေါ်ပေါက် လာခဲ့ကြသည်။ ခေတ်ဟောင်းတုန်းကလို နှေးနှေးကွေးကွေး လုပ်၍ မရတော့။

မေမေက သူ့ လက်နှစ်ဖက်ကို ဆုပ်ကာ ဆိုင်းရန် ပြောသေးသည်။ အချိန် ယူ၍ စဉ်းစားရန် အကြံပေးသေးသည်။

သို့ရာတွင် မေမေ့ စကားကို စကားလက် နားမထောင်ခဲ့။ လက်ထပ်မည် ဇွတ်လုပ်ခဲ့သည်။ နှစ်ပတ်အတွင်း ကိစ္စ ပြီးခဲ့သည်။

အက်ရှလေနှင့် မီလာနီတို့ မင်္ဂလာဆောင်ကို ဆောင်းဦးပေါက် အစား မေလ တစ်ရက်နေ့သို့ ရွှေ့လိုက်သည်။

ခရိုင်တပ်က ခေါ်လျှင် အလွယ်တကူ လိုက်သွားနိုင်ရန် ဖြစ်သည်။ ဤသည်ကို သိသည့် အခါတွင် စကားလက်က သူ့မင်္ဂလာကို တစ်ရက်စော၍ လုပ်ရန် သတ်မှတ်သည်။ မေမေက ကန့်ကွက်သည်။ သို့ရာတွင် ချားလ်ကပါ ဝင်ပြောသည်။ ကာရိုလိုင်းနားပြည်နယ် တောင်ပိုင်းရှိ စိန့်ဟင်ပတန်၏ တပ်သို့ သွားရတော့မည်။ မသွားခင် ကိစ္စပြီးသွားချင်သည်ဟု ဆို၏။ သူတို့ နှစ်ယောက်ကို ဖေဖေကလည်း ထောက်ခံသည်။ ဖေဖေသည် နိုင်ငံရေး အခြေအနေကြောင့် စိတ် လှုပ်ရှားနေသည်။ စကားလက် ယောက်ျားရ ကံကောင်းသည်ဟုလည်း ဆိုသည်။ ပြည်တွင်းစစ် ဖြစ်နေချိန်တွင် ကလေးတွေ၏ အိမ်ထောင်ရေး ကိစ္စကို မိမိတို့က အတားအဆီး မပြုသင့်ဟုလည်း ပြောသည်။ နောက်ဆုံးတွင် အမေများ ထုံးစံ မေမေက အလျှော့ပေးလိုက်သည်။ သူတို့၏ ကမ္ဘာကလေးသည် ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ရသည်။ ဆုတောင်းသံများ အကြံ ပေးချက်များသည် အင်အား ကြီးမားသည့် အင်အားစုကြီး၏ အရှိန်ကို ခုခံခြင်း မပြုနိုင်တော့။

တောင်ပိုင်း ပြည်နယ် တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ တိုက်ပွဲ တစ်ပွဲပြီးလျှင် ပြည်တွင်းစစ် ပြီးလိမ့်မည်ဟု

လူတိုင်းက ထင်နေကြသည်။ ထို့ကြောင့် လူငယ်များက ပြည်တွင်းစစ် မပြီးခင် အလုအယက် စစ်တပ်ထဲ ဝင်နေကြသည်။ ယန်ကီတို့ကို မတိုက်ခင် ကိုယ့် ရည်းစားများကို လက်ထပ် သွားကြသည်။ ဂျော်ဂျီယာပြည်နယ်တွင် စစ်တွင်း မင်္ဂလာဆောင်တွေ

138

ဒုနှင့်ဒေး။ ခွဲခွာခါနီး ဝမ်းနည်းနေချိန်၊ လွမ်းနေချိန် မရကြ။ အားလုံး အလုပ်များ နေကြသည်။ အမျိုးသမီးတွေက စစ်ဝတ်စုံ ချုပ်ကြ၊ ခြေအိတ်ထိုးကြ၊ ပတ်တီးလိပ်ကြ။ အမျိုးသားတွေက စစ်လေ့ကျင့်ခန်း ဆင်းကြ၊ စက်ကွင်း ပစ်ကြ။ စစ်သားတင် မီးရထားများသည် နေ့စဉ် ဂျုန်းဘာရိုကို ဖြတ်ကာ မြောက်ပိုင်း အတ္တလန်တာနှင့် ဗာဂျီးနီးယား ပြည်နယ်များသို့ ထွက်သွား နေကြသည်။ အချို့တပ်များက မရမ်းရောင်၊ အစိမ်းနုရောင်၊ အစိမ်းပုပ်ရောင် စသည့် ဝတ်စုံများကို ဝတ်ထားကြသည်။ အချို့တပ်များက လက်ရက်ချည် ဝတ်စုံများနှင့် ချည်ဦးထုပ် ဖျော့များကို ဆောင်းထားကြသည်။ အချို့က စစ်ဝတ်စုံပင် မရှိ။ အရပ်ဝတ် အရပ်စားဖြင့် အားလုံး စစ်လေ့ကျင့်ခန်း တစ်ဝက်တစ်ပျက်။ လက်နက် မပြည့် မစုံ။ ပျော်ပွဲစား ထွက်သည့်နှယ် အော်ဟစ်လျက်။ သီချင်း ဆိုလျက်။ ဤစစ်တပ်များကို မြင်သည့်အခါတွင် ပြည်တွင်းစစ် ချက်ချင်း ပြီးတော့မည်ဟု ထင်ကာ တပ်ထဲသို့ မဝင်ရသေးသည့် လူငယ်များက အလုအယက် စာရင်း ပေးကြသည်။

ဤ ရုတ်ရုတ်သဲသဲထဲတွင် စကားလက်တို့ မင်္ဂလာဆောင်ကို စီစဉ်ရခြင်း ဖြစ်၏။ စကားလက်က မေမေ၏

မင်္ဂလာပွဲထိုင် အဝတ်အစား၊ မေမေ့ ဇာမျက်နှာဖုံးကို တပ်ကာ မြိုင်သာယာ အိမ်ကြီး၏ လှေကားမှ ဖေဖေ့ လက်မောင်းကို တွဲ၍ ဆင်းလာသည်။ အိမ်ကြီး တစ်အိမ်လုံး ပရိသတ်တွေ ပြည့်နေသည်။ ထို့နောက် အိပ်မက်ထဲမှာလို နံရံတွင် ထွန်းညှိထားသည့် ရာပေါင်း များစွာသော ဖယောင်းတိုင်များကို လည်းကောင်း၊ မေမေ့ မျက်နှာကို လည်းကောင်း မြင်ရ၏။ မေမေ့ မျက်နှာက ဝမ်းသာ ဝမ်းနည်းသည့် အမူအရာ။ ပါးစပ်က တရွရွ လှုပ်၍ ဆုတောင်းလျက်။ ဖေဖေက ဘရန်ဒီကလေး ခပ်ထွေထွေ။ သူ့သမီး၏ ခင်ပွန်းလောင်းက ဂုဏ်လည်းရှိ၊ ပစ္စည်းလည်းပေါ၊ ဆွေမျိုးလည်း ကောင်းသည့်အတွက် ဂုဏ်ယူလျက်။ ထို့နောက် အက်ရှလေက မီလာနီကို လက်မောင်းတွင် ချိတ်ကာ လှေကားရင်းတွင် ရပ်လျက်။

အက်ရှလေ မျက်နှာကို မြင်သည်၌ စကားလက် တွေးမိသည်။



`ဒီဟာ တကယ် ဖြစ်နေတာမှ ဟုတ်ရဲ့လား။ မဖြစ်နိုင်ဘူး၊ တကယ် မဖြစ်နိုင်ဘူး။ အိပ်မက် မက်နေတာ၊ ထမင်းလုံး

တစ္ဆေခြောက်နေတာ။ အိပ်ရာက နိုးသွားရင် ဒါတွေဟာ ခြောက်အိပ်မက်တွေ ဆိုတာ သိရတော့မှာ။ အို ဒါတွေကို ငါ ခု မစဉ်းစားချင်ဘူး။ ခု စဉ်းစားရင် ဒီလူတွေ ရှေ့မှာ ငါ အော်ငိုမိလိမ့်မယ်။ ခု မစဉ်းစား နိုင်ဘူး။ နောင် အေးအေးဆေးဆေး ရှိတော့မှ ခံနိုင်ရည် ရှိတော့မှ ဒါတွေကို ပြန်စဉ်းစားရမယ်။ သူနှင့် ငါ တွေ့ကြတော့မှ အေးအေးဆေးဆေး ပြန်စဉ်းစားတော့မယ်’

သူ့စိတ်ထဲတွင် အိပ်မက်နှင့် တူနေသည်။ ဘေးက စီတန်းနေသည့် မင်္ဂလာ ပရိသတ်ကြားတွင် သူတို့ လျှောက်လာ

ခဲ့ကြ၏။ ချားလ် မျက်နှာက နီရဲကာ စကား ထစ်ငေါ့လျက်။ သူက ဘာမှ မဖြစ်သည့်နှယ် အေးဆေး တည်ငြိမ်လျက်။ ချီးကျူး နှုတ်ဆက်သံ၊ ဆုတောင်းသံ၊ နမ်းရှုပ်သံ၊ ကခုန်သံ။ အရာအားလုံး အိပ်မက်ပမာ ဖြစ်နေသည်။ သူ့ပါးကို နမ်းသည့် အက်ရှလေ၏ အနမ်း။ ခု ကိုယ်တို့ တကယ့် ညီအစ်မတွေ ဖြစ်ကြပြီနော်ဟူသော မီလာနီ၏ အသံ။ ထိုအရာ အားလုံးသည် တကယ် မဟုတ်သလို ဖြစ်နေသည်။ ချားလ်၏ ဝဝတုတ်တုတ် အပျို အဒေါ်ကြီး ပစ်တီပက် တက်နေကျ တက်သွားသဖြင့် လှုပ်လှုပ်ရွရွ ဖြစ်သွား ကြပုံသည်ပင် တကယ် မဟုတ်သလို သူ့စိတ်တွင် ထင်နေသည်။

သို့ရာတွင် အရုဏ် ပျို့၍ ကပွဲ ပြီးပြီ။ မြိုင်သာယာက မင်္ဂလာဆောင်သို့ လာသည့် အတ္တလန်တာလာ ဧည့်သည်များလည်း

အိမ်ထဲတွင် တချို့၊ လက်သမားရုံတွင် တချို့၊ ထိုင်ဖုံများပေါ်တွင် တချို့ အိပ်ကုန်ကြပြီ။ တချို့လည်း နက်ဖြန်တွင် ပြုလုပ်မည့် ဝက်သစ်ချမြိုင်က လက်ထပ်ပွဲ အတွက် ပြင်ဆင်ရန် ထွက်သွားကြပြီ ဆိုသည့် အခါတွင်မူ အိပ်မက်သည် ဖန်စမှန်စတွေလို လွင့်စဉ် ကွဲကြေသွားကာ အစစ်အမှန် ပေါ်လာသည်။ တကယ့် အစစ်အမှန်က ထိုအရာများ မဟုတ်။ အဝတ်လဲခန်းမှ ညဝတ်

139

အင်္ကျီဖြင့် ရှက်အန်းအန်း ထွက်လာသည့် ချားလ်။ သူ့မျက်နှာကို မကြည့်ရဲသဖြင့် မျက်လုံးကို လွှဲလျက်။

လင်ရယ် မယားရယ် ဖြစ်လာပြီ ဆိုသည့်အခါတွင်မူ တစ်အိပ်ရာတည်းတွင် အိပ်ရစမြဲ။ ဤသည်ကို စကားလက်

သိသည့်တိုင် ထိုကိစ္စကို စကားလက် တစ်ခါမျှ ကြိုတင် မစဉ်းစားခဲ့။ ဖေဖေနှင့် မေမေ တစ်ခုတင်တည်း အိပ်ကြသည်မှာ သဘာဝ ကျသည်။ သို့ရာတွင် သူ့ကိစ္စတွင်မူ ထိုပြဿနာ မပေါ်ခဲ့။ အက်ရှလေတို့ အိမ်က ပျော်ပွဲစားတွင် သူလုပ်ခဲ့သည့် အလုပ်၊ သူ့ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်သည် သူ့အဖို့ မည်သည့် အဓိပ္ပာယ် ဆောင်ကြောင်းကို ယခုမှ ပထမဆုံး အကြိမ် စဉ်းစားမိတော့သည်။ သူ တကယ် မချစ်သည့် လူစိမ်း တစ်ယောက်နှင့် အတူ တစ်အိပ်ရာတည်း အတူ အိပ်ဖို့ ရှေ့လောကြီး ဆုံးဖြတ်ခဲ့မိသည့် အတွက် နောင်တကြောင့် စိတ်ဆင်းရဲနေရချိန်၊ အက်ရှလေကို တစ်သက်လုံး ဆုံးရှုံးရသည့် အတွက် ဆွေးနေရချိန်တွင် သူနှင့် တစ်အိပ်ရာတည်း အိပ်ရမည် ဆိုသည်မှာ မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်။ သည်းမခံနိုင်။ ချားလ်က အသံ ခပ်အက်အက်ဖြင့် ခပ်တိုးတိုး ပြောကာ ခုတင် နားသို့ မရဲတရဲ ကပ်လာသည်။

`ရှင် စကားလက် အနားကို မလာနှင့်နော်။ လာရင် အော်မှာပဲ၊ တစ်အိမ်လုံး ကြားအောင်ကို အော်မှာ။ သွား

ကျွန်မအနား မလာနှင့်။ ကျွန်မကိုလည်း မထိနှင့်။ ထိရဲ ထိကြည့်စမ်း’

သို့နှင့် ချားလ်သည် မင်္ဂလာဦးညကို အခန်းထောင့်က ထိုင်ဖုံပေါ်တွင် ကုန်ဆုံးခဲ့ရသည်။ သို့ရာတွင် ချားလ် စိတ်မပျက်။

သူ့ဇနီးလောင်း အရှက်ကြီးပုံ၊ ဣနြေ္ဒ အလွန်ကြီးပုံကို သူ သိသည်။ သူ သိသည်ဟု ထင်သည်။ သူ့အရှက်အကြောက် ပြေမည့် အချိန်ကို သူ စောင့်သည်။ ချားလ်က ထိုင်ဖုံပေါ်တွင် ကိုယ်ကို စောင်းရင်း သက်ပြင်း ချသည်။ မကြာမီ တပ်နှင့် လိုက်ရတော့မည်။

သူ့မင်္ဂလာဆောင်သည် ခြောက်အိပ်မက် ဆန်သကဲ့သို့ အက်ရှလေ၏ မင်္ဂလာဆောင်သည်လည်း စကားလက်အဖို့

ခြောက်အိပ်မက် သဖွယ် ဖြစ်နေသည်။ ပို၍ပင် ဆိုးသေးသည်။ စကားလက်က သစ်တော်သီး စိမ်းရောင် ဝတ်စုံဝတ်၍ ဝက်သစ်ချမြိုင် ဧည့်ခန်းတွင် ထိုင်နေသည်။ မနေ့ညကလို ဖယောင်းတိုင် မီးတွေ လင်းထိန်လျက်။ ပရိတ်သတ်တွေ ကြိတ်ကြိတ်တိုးလျက်။ အရုပ်ဆိုးသည့် မီလာနီ၏ မျက်နှာသည် ယနေ့ညတွင် လှနေသည်။ အက်ရှလေကို တစ်သက်လုံး စွန့်လိုက်ရပြီ။ ကိုယ့်ပစ္စည်း မဟုတ်တော့။ သူ့ပစ္စည်း ဖြစ်သွားပြီ။ ကိုယ့်ပစ္စည်းကော ဖြစ်မှ ဖြစ်ခဲ့ပါ၏လော။ သူ့စိတ်ထဲတွင် ရောထွေး ရှုပ်ပွေနေသည်။ ပင်ပန်းလှပြီ။ စိတ် နောက်လှပြီ။ သူ့ကို ချစ်သည်ဟု အက်ရှလေက ပြောခဲ့ဖူးသည်။ ချစ်လျှင် ဘာကြောင့် သူနှင့် မညား ခဲ့ကြသနည်း။ သူ မမှတ်မိတော့။ အတင်းအဖျင်း စကားတွေ ရပ်သွားအောင် ချားလ်ကို ကောက်ယူပစ်လိုက်ခြင်း

ဖြစ်သည်။

သို့ရာတွင်

ယခု

ဘာဖြစ်နေပြီနည်း။

အက်ရှလေကို

မပိုင်ရတော့။

သူ

မချစ်

မနှစ်သက်သူမျှမက သူ အထင်သေးသည့် လူတစ်ယောက်ကို လက်ထပ်ခဲ့မိပြီ။

စကားလက် နောင်တရ၍ မဆုံး။ ရှက်လွန်း၍ မျက်နှာကို ဓားနှင့် လှီးပစ်ချင်သည် ဆိုသည့် စကား ဥပမာကို သူ

ကြားခဲ့ဖူးသည်။ ယခု သူ့အဖို့မူ စကား ဥပမာမျှ မကတော့။ တကယ် လှီးပစ်လိုက်ချင်သည်။ ချားလ်နှင့် ကင်းကင်းရှင်းရှင်း ဖြစ်လိုစိတ်၊ မြိုင်သာယာသို့ ပြန်သွားချင်စိတ်၊ အပျိုစင် မိန်းကလေး တစ်ယောက် ပြန်ဖြစ်လိုစိတ်တို့သည် သူ့ရင်ထဲတွင် လှိုင်း ခတ်နေသည်။ ကိုယ့်ကိုယ်ကိုမှ တစ်ပါး မည်သူမျှ အပြစ်တင်ဖွယ် မရှိ။ မေမေက တားခဲ့သေးသည် မဟုတ်လော။ သို့ရာတွင် မေမေ့ စကားကို သူ နားမထောင်ခဲ့။

သို့ဖြင့် စကားလက်သည် မင်္ဂလာဦး ညက ရောယောင်၍ တစ်ညလုံး ကခဲ့သည်။ စိတ် မပါ့တပါ ပြောကာ စိတ် မပါ့တပါ

140

ပြုံးခဲ့ရသည်။ သူ့ကို ချစ်စခင်စ ကြင်နာစ ဇနီးအဖြစ် ထင်နေကြသူများအား မိုက်မဲရန်ကော၊ သူ အသည်းကွဲနေသည်ကို မသိကြရန်ကောဟု မဆီမဆိုင် သွား၍ အပြစ်တင်မိသည်။

ထိုညက အိမ်ပြန်ရောက်သည့် အခါ၌ ကြီးဒေါ် အဝတ်အစား လဲပေးပြီး ထွက်သွားသည်တွင် အဝတ်အစား လဲခန်းမှ

ချားလ် ရှက်ကို ရှက်ကန်းဖြင့် ထွက်လာသည်။ ဒုတိယ ညတွင်လည်း မြင်းမွေး ထိုင်ဖုံကြီးပေါ်တွင် အိပ်ရမည်လော မသိ။ စကားလက် မချုပ်တည်းနိုင်။ ချုံးပွဲချ၍ ငိုမိသည်။ ချားလ်က ခုတင်တွင် ထိုင်၍ သူ့ကို ချော့၏။ စကား မပြောနိုင်တော့သည်အထိ အားပါးတရ ငိုပစ်လိုက်သည်။ နောက်ဆုံး ချားလ်၏ ရင်တွင် ခေါင်းအပ်၍ ရှိုက်ငိုမိသည်။

ပြည်တွင်းစစ်သာ မဖြစ်ခဲ့လျှင် သူတို့ မင်္ဂလာဦး ဇနီးမောင်နှံ နှစ်စုံအတွက် ကပွဲများ၊ ပျော်ပွဲစားများဖြင့် နှစ်ပတ်လောက်

ခြိမ့်ခြိမ့်သဲ ကျင်းပကြဦးမည်။ ထို့နောက် ဆာရာတိုဂါသို့ ဖြစ်စေ ရေပူစမ်းသို့ ဖြစ်စေ မင်္ဂလာဦး ခရီး ထွက်ကြမည်။ ပြည်တွင်းစစ် မဖြစ်လျှင် သူတို့အတွက် ကျင်းပကြသည့် ဧည့်ခံပွဲများသို့ တစ်ပတ်လောက် ဆက်တိုက် တက်နေဦးမည်။ သို့ရာတွင် ယခုမူ ဧည့်ခံပွဲများလည်း မရှိ။ မင်္ဂလာဦး ခရီးလည်း မထွက်နိုင်။ လက်ထပ်ပြီး တစ်ပတ်အကြာတွင် ချားလ်က ဗိုလ်မှူးကြီး စိန့်ဟင်ပတန်၏ တပ်သို့ သွားရသည်။ နှစ်ပတ် အကြာတွင် အက်ရှလေက ရှေ့တန်းသို့ သွားရသည်။

ဤနှစ်ပတ်အတွင်း စကားလက်သည် အက်ရှလေနှင့် နှစ်ယောက်ချင်း တစ်ခါမျှ မတွေ့ဖြစ်။ နှစ်ယောက်ချင်း တစ်ခါမျှ

စကား မပြောဖြစ်။ ဘူတာသို့ အသွား မြိုင်သာယာတွင် ဝင်နှုတ်ဆက်သည့် အခါ၌လည်း နှစ်ယောက်ချင်း ပြောချိန်မရ။ ဦးထုပ်ကို ဆောင်း၊ ခြုံစောင်ကို ခြုံထားကာ အသစ်စက်စက် ဇနီးသည်၏ ဟန်အပြည့်ဖြင့် မီလာနီက လက်မောင်းကို ချိတ်၍ ပါလာသည်။ မြိုင်သာယာကလည်း ကပ္ပလီ အစေခံများပါ မကျန် အက်ရှလေကို ထွက်နှုတ်ဆက်ကြသည်။

`မောင် စကားလက်ကို နမ်းပြီး နှုတ်ဆက်ဦးလေ၊ စကားလက်က မီလာနီရဲ့ ယောက်မ မဟုတ်လား မောင်ရဲ့’



မီလာနီက ပြောသည်။ အက်ရှလေက ငုံ့၍ အေးအေးစက်စက် နှုတ်ခမ်းများဖြင့် စကားလက် ပါးကို ထိသည်။

သူ့မျက်နှာက ချောင်ကျနေသည်။ သူ့နှုတ်ခမ်း အနမ်းကို စကားလက် ဝမ်းလည်း မသာ။ သူ့ရှေ့တွင် အသားယူ၍ ခိုင်းပြသည့် မီလာနီကို ခပ်အောင့်အောင့်။ သွားခါနီး မီလာနီက သူ့ကို ပွေ့ဖက် နှုတ်ဆက်၍ ချော့သွားသည်။

`အတ္တလန်တာ ရောက်ရင် ကိုယ်နှင့် အန်တီ ပစ်တီဆီကို အလည် လာရမယ်နော်။ လာမယ် မဟုတ်လား။ ယောက်မ

လာရင် သိပ်ပျော်မှာပဲ ယောက်မရယ်။ ကိုယ့်မောင်ရဲ့ မိန်းမ ဆိုတော့ ရင်းရင်းနှီးနှီး နေချင်တာပေါ့’

တစ်လ ကျော်သွားသည်။ ထိုအတွင်း ကာရိုလိုင်းနားက ချားလ်ဆီမှ စာတွေ တဖွဲဖွဲ ရောက်နေသည်။ သူ့စာတွေက

မရဲတရဲ။ မည်မျှ ပျော်ကြောင်း၊ မည်မျှ ကြည်နူးကြောင်း၊ မည်မျှ ချစ်ကြောင်း၊ ပြည်တွင်းစစ် ပြီးလျှင် နေရေး ထိုင်ရေးကို မည်သို့ စီစဉ်ထားကြောင်း၊ ဇနီးအတွက် သူရဲကောင်း ဖြစ်အောင် ကြိုးစားမည် ဖြစ်ကြောင်း၊ သူ့တပ်မှူး ဗိုလ်မှူးကြီး စိန့်ဟင်ပတန်ကို မည်မျှ လေးစား ကြည်ညိုကြောင်း။

ချားလ်ထွက်သွားပြီး ခုနစ်ပတ်မြောက်တွင် ဗိုလ်မှူးကြီး စိန့်ဟင်ပတန်ထံမှ ကြေးနန်းတစ်စောင် ရောက်လာသည်။

ထို့နောက် စာနာကြောင်း ဝမ်းနည်းသဝဏ်လွှာ တစ်စောင် ရောက်လာသည်။ ချားလ်တစ်ယောက် ကျဆုံးသွားပြီ။ ဗိုလ်မှူးကြီးက စောစောကတည်းက ကြေးနန်းရိုက်ဖို့ စိတ်ကူးသည်။ သို့ရာတွင် ချားလ်က သူ မကျန်းမာသည်မှာ အာဂန္တုမျှသာ ဖြစ်ကြောင်း

141

စိတ်ပူနေကြမည် စိုး၍ အသိ မပေးလိုကြောင်း ပြောသဖြင့် အကြောင်းမကြားခဲ့ရ။ ချားလ်သည် ကံဆိုးသည်။ အချစ်ပွဲတွင် သူ နိုင်သည်ဟု ထင်ခဲ့သော်လည်း အညာခံရသည်။ စစ်ပွဲတွင် သူရဲကောင်း ပီသစွာ တိုက်မည်ဟု မျှော်မှန်းခဲ့သော်လည်း မှန်းချက် လွဲခဲ့ရသည်။ ဝက်သက် ပေါက်ပြီးနောက် အဆုတ် အအေးမိ ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ ယန်ကီတို့နှင့် တိုက်ရဖို့ မပြောနှင့်၊ ကာရိုလိုင်းနား တပ်စခန်း အပြင်သို့ပင် မထွက်လိုက်ရ။

အချိန်စေ့လျှင် ချားလ်အတွက် သားကလေး တစ်ယောက် မွေးသည်။ ပြည်တွင်းစစ် ကာလအတွင်း မွေးသည့်

ကလေးများကို သူတို့ တပ်မှူးများ၏ နာမည်ကို မှည့်လေ့ရှိကြသည်။ ထို့ကြောင့် ချားလ်၏ ကလေးကို ဝိတ် ဟင်ပတန်ဟု မှည့်သည်။ သူ ကိုယ်ဝန် ရှိပြီဟု သိရသည့် အခါတွင် စကားလက်သည် စိတ်ပျက် လက်ပျက် ငိုမိ၏။ ဖြစ်နိုင်လျှင် သေပစ်လိုက်ချင်သည်။ သို့ရာတွင် စကားလက် သက်သက်သာသာ ကိုယ်ဝန်လွယ်ကာ အလွယ်တကူ မွေးခဲ့သည်။ ကျန်းကျန်းမာမာ မီးထွက်ခဲ့သည်။ ဆင်းရဲသားလို ကလေးမွေး လွယ်လွန်းသည်။ ဂုဏ်သရေရှိ အမျိုးသမီးပီပီ ခက်ခက်ခဲခဲ မွေးဖို့ ကောင်းသည်ဟု ကြီးဒေါ်ကပင် နှစ်ယောက်ချင်း ကျိတ်ပြောခဲ့သေးသည်။ စကားလက်သည် ကလေးကို သိပ် မခင်။ ကလေး မလိုချင်။ ယခုမူ မွေးလာပြီ။ သို့တိုင် သူ့ကလေး သူ့သွေးဟု မထင်။

ဝိတ်ကို မွေးပြီးနောက် လူတကာက မေးငေါ့ရလောက်အောင် အချိန် တိုတိုကလေး အတွင်း စကားလက်

ကျန်းမာလာသည်။ စိတ်ဓာတ်ကမူ တိမ်းတိမ်းပွေပွေ။ နောက်နောက်ကျုကျု။ သူ့စိတ်သည် ထိုင်းမှိုင်းနေသည်။ တစ်အိမ်လုံးက သူ့ကို စိတ်လက် ကြည်လင်အောင် ထားသော်လည်း ကြည်ကြင်လင်လင် မရှိ။ မေမေက သူ့အတွက် အမြဲ စိုးရိမ်ပူပန်နေသည်။ ဖေဖေက သူ့အတွက် ဂျုန်းဘာရိုမှ လက်ဆောင်တွေ ဝယ်ဝယ်လာတတ်သည်။ ဒေါက်တာ ဖွန်တိန်က ကန့်၊ သကာရည်နှင့် ပရဆေးများကို အားဆေး ဖော်၍ ပေးသည့်တိုင် ဘာမျှမထူး။ သူကိုယ်တိုင် စိတ်ရှုပ်နေသည်။ စကားလက် တစ်ယောက် ဤမျှလောက် စိတ်တိုကာ ငေးငေးငိုင်ငိုင် ဖြစ်နေရခြင်းမှာ စိတ်ကြောင့် ဖြစ်သည်ဟု ဒေါက်တာ ဖွန်တိန်က မေမေ့ကို နှစ်ဦးချင်း ဖွင့်ပြောခဲ့သည်။ သို့ရာတွင် ထိုထက် ပိုသည်ဟု စကားလက် ပြောလိုက်ချင်၏။ စကားလက် ငြီးငွေ့နေသည်။ ကလေးအမေ ဖြစ်ရသည်ကို စိတ်ပျက်သည်။ ထို့ထက် အက်ရှလေကို စွန့်လွှတ်ရသည့် အတွက် ရင်နာသည်။ ထိုအရာများ အားလုံး စုပေါင်း ဖိစီးကြခြင်း ဖြစ်သည်။ ဤသည်ကို သူ့ဘာသာသူ သိသည်။ သို့ရာတွင် စကားလက် မည်သူ့ကိုမျှ ဖွင့်မပြော။

စကားလက်သည် အမြဲတမ်း ငြီးငွေ့နေသည်။ ပြည်တွင်းစစ် ဖြစ်ကတည်းက သူတို့ နယ် တစ်ဝိုက်တွင် ပျော်ပွဲ ရွှင်ပွဲ၊

ကပွဲ ခုန်ပွဲ ဟူ၍လည်း မရှိတော့။ စိတ်ဝင်စားစရာ လူငယ် လူရွယ် ဆို၍လည်း ဤအနီး တစ်ဝိုက်တွင် မရှိတော့။ အဘိုးကြီးများ၊ ဒုက္ခိတများနှင့် အမျိုးသမီးများသာ ကျန်ခဲ့သည်။ သူတို့က ရှေ့တန်းအတွက် ဝတ်စုံချုပ်ခြင်း၊ ခြေအိတ် ထိုးခြင်း၊ ဝါ ပိုထွက်အောင် ပြောင်း ပိုထွက်အောင် လုပ်ခြင်း၊ စစ်တပ်အလိုက် ဝက်များ၊ သိုးများ၊ နွားများ မွေးခြင်းဖြင့် အလုပ် များနေကြသည်။ ဆွီလင်၏ အဆက် ဖရင့်ကင်နဒီက သူ့တပ်စုကလေးဖြင့် တစ်လ တစ်ခါ လာ၍ ရိက္ခာ သိမ်းတတ်သည်။ ယောက်ျား ဆို၍ ထိုအချိန်လောက်မှသာ မြင်ရသည်။ ကျန်အချိန်များတွင် ယောက်ျားဆိုလျှင် အရုပ် ရေးကြည့်ရမလောက် ရှားနေသည်။ ရိက္ခာစုလာသည့် တပ်သားများကလည်း စိတ်ဝင်စားစရာ မရှိ။ ဖရင့်က ဆွီလင်ကို ပိုးပုံကလည်း မရွံ့မရဲ။ တစ်ခါတွင်မူ စိတ်ချဉ်ပေါက်သည်နှင့် စကားလက် ခပ်ပြတ်ပြတ် ပြောချလိုက်သည်။ သူတို့ နှစ်ယောက် မည်သို့ သဘောထားမည် မသိ။

ရိက္ခာ လာစုသည့် တပ်သားများက စိတ်ဝင်စားစရာ ကောင်းသည် ထားဦး။ စကားလက်ကို မကယ်နိုင်။ သူက

မုဆိုးမ။ သူ့နှလုံးသားကို မြေကြီးထဲ မြှုပ်နှံခဲ့ရပြီးပြီ။ တကယ် ဟုတ်သည် မဟုတ်သည် အပထား။ လူတွေကမူ စကားလက်၏

142

နှလုံးသားသည် မြေပုံထဲတွင် ပါသွားပြီဟု ထင်ကြလိမ့်မည်။ သို့ဆိုလျှင် သူတို့ အထင်နှင့် ညီအောင် မိမိဘက်က အနေအတိုင် ဆင်ခြင်ရလိမ့်မည်။ သို့ရာတွင် ခက်သည်က သူတို့ ထင်သလို စကားလက် အသည်းနှလုံးသည် မြေပုံထဲတွင် ပါမသွား။ ချားလ်၏ ရုပ်ပုံသည်ပင် မှုန်ဝါးဝါး ဖြစ်နေပြီ။ မည်သို့ဖြစ်စေ မုဆိုးမ ဆိုလျှင်မူ လူတကာ အပြစ် မဆိုသာအောင် နေရလိမ့်မည်။ အပျိုတွေကို လိုက်တုနေ၍ မဖြစ်။ ဣနြေ္ဒ သိက္ခာ ရှိရလိမ့်မည်။ ကင်းကင်းရှင်းရှင်း နေရလိမ့်မည်။ တစ်ခါတွင် ဖရင့်နှင့် ပါလာသည့် စစ်ဗိုလ်ကလေးက ပန်းခြံထဲတွင် စကားလက်ကို ဒန်းလွှဲပေးသည်။ စကားလက်က အော်၍ ရယ်သည်။ မေမေ သိသဖြင့် ဆူလိုက်သည့် ဖြစ်ခြင်း။ ဆူရုံမက အနေအထိုင် ဆင်ခြင်ဖို့ အကျယ်တဝင့် ဆုံးမဖူးသည်။ မုဆိုးမ ဆိုလျှင် လူတွေက မျက်စိ ဒေါက်ထောက်၍ ကြည့်နေကြကြောင်း၊ တစ်ချက် မမှားလိုက်နှင့်  မှားလိုက်သည်နှင့် ရစရာ မရှိအောင် ပြောတတ်ကြကြောင်း မေမေက ပြောသည်။ မုဆိုးမ တစ်ယောက်၏ အနေအထိုင်သည် ကျောင်းအုပ် ဆရာမကြီး တစ်ယောက်၏ အနေအထိုင်ထက် နှစ်ဆလောက် ဣနြေ္ဒကြီးမှ တော်ကာကျသည်။

`သေလိုက်ပါတော့ဟယ်’ မေမေ တိုးတိုးတိတ်တိတ် ဆုံးမသည်ကို နားထောင်ရင်း စကားလက် တွေးမိသည်။



`ကျောင်းအုပ် ဆရာမကြီး ဆိုတာ ဣနြေ္ဒကြီး တစ်ခွဲသားလောက်နှင့် နေရတာ၊ ပျော်ချင်လို့မှ မပျော်ရဘူး။ ဒီလိုသာ

နေရရင် မုဆိုးမတွေ သေ သေရချည့်ရဲ့’

မုဆိုးမ ဖြစ်လာလျှင် အဝတ်အစားက အစ အရောင် ရင့်ရင့်မှိုင်းမှိုင်း ဣနြေ္ဒရသည့် အဆင်ကို ဝတ်ရမည်။

ကလက်တက်တက် ပေါ့ပျက်ပျက် အဆင်မျိုး မဝတ်ရ။ ပန်း မပန်ရ။ ဖဲကြိုး မစည်းရ။ ဇာ မဝတ်ရ။ ရွှေ ငွေပင် မဝတ်သင့်။ ဝတ်ချင်လျှင် ဣနြေ္ဒရသည့် မဟူရာ ရင်ထိုးကလေးလောက်၊ သွားလေသူ၏ ဆံပင်ကို ထည့်ထားသည့် လော့ကတ်သီး ကလေးလောက်ကိုသာ ဝတ်ဖို့ ကောင်းသည်။ ဦးထုပ်ပြားပေါ်က အနက်ရောင် ပိုးပျော့ မျက်နှာဖုံးဆိုလျှင် ဒူးဆစ်အထိ ရှည်ရှည် ချရသည်။ ယောက်ျားသေပြီး သုံးနှစ်ကျော်မှ ပခုံးအထိ ပြန်ထားရသည်။ မုဆိုးမ ဟူသည် ဟေးလား ဝါးလား စကား မပြောရ။ ဟားတိုက် မရယ်ရ။ ပြုံးလျှင်ပင် ပြုံးသည် ဆိုရုံမျှ ပူပုံပန်း ဟန်ကလေးဖြင့် ပြုံးရမည်။ အထူးသဖြင့် ယောက်ျားများနှင့် ရောရောနှောနှော

မနေရ။

ယောက်ျားများအား

စိတ်ဝင်စားသည့်

အရိပ်အယောင်မျိုး

လုံးဝ

မရှိစေရ။

ယောက်ျား

တစ်ယောက်ယောက်က စိတ်ဝင်စားဟန် ပြလာလျှင် သွားလေသူကို သိက္ခာရှိရှိ ရည်ညွှန်း၍ သူ့ စိတ်ဝင်စားမှုကို ရပ်တန်းက ရပ်အောင် လုပ်ရမည်။ သို့ရာတွင် အိုကြီးအိုမ နောက် အိမ်ထောင်ထူသည့် မုဆိုးမတွေလည်း ဒုနှင့်ဒေး ရှိသည်ဟု စကားလက် တွေးသည်။ လူတွေ မျက်စိ ဒေါက်ထောက် ကြည့်နေကြသည့် ကြားထဲက မည်သို့မည်ပုံ ဖြစ်သွား ကြသည်ကိုမူ စကားလက် အသိ။ များသောအားဖြင့်မူ ကလေးတွေ တစ်ဒါဇင်လောက် ရှိပြီး ချမ်းသာသည့် မုဆိုးဖိုကြီးတွေနှင့် ရတတ်သည်။

အိမ်ထောင်သားမွေး ကိစ္စကြီးကိုက တော်တော်ဆိုးနေပြီ။ ထိုအထဲတွင် မုဆိုးမ ဖြစ်ရပြီဆိုလျှင် လူ့ဘဝတွင် ဘာများ

အကောင်းကျန်တော့သနည်း။ သားလေးတစ်ယောက် ကျန်ရစ်သဖြင့် ဖြေစရာ ရှိသည်ဟု သူတို့ ပြောရက်ကြသည်။ သို့ရာတွင် စကားလက် စိတ်တွင်မူ ဤအတွေးမျိုး တစ်ခါမျှ မပေါ်မိ။ စကားလက်သည် သားငယ် ဝိတ် ဟင်ပတန်ကို စိတ်မဝင်စား။ တစ်ခါတစ်ရံ ကိုယ့်ရင်သွေးဟုပင် မထင်ချင်။

နံနက်

အိပ်ယာနိုးလာလျှင်

သူ့ကိုယ်သူ

အပျိုကလေးဟု

ထင်နေမိသည်။

အပြင်ဘက်

ပြတင်းအောက်မှ

တတိုင်းမွှေးရုံများပေါ်တွင် နေခြည်နုနုက ဝင်းနေသည်။ မြေလူးငှက်များက စိုးစိုးစီစီ မြည်နေကြသည်။ အောက်ထပ် မီးဖိုဆောင်ဘက်မှ

ဝက်ပေါင်ခြောက်ကြော်နံ့က

သင်းနေသည်။

အပျိုဘဝတုန်းကလို

အပူအပင်

ကင်းမဲ့ကာ

နုပျို

143

လန်းဆန်းနေသည်။ ထိုစဉ်တွင် ဆာသဖြင့် ကျယ်ကျယ်လောင်လောင် ငိုသံကို ကြားလိုက်ရသည်။ ‘အင်း၊ ဒီအိမ်မှာ ကလေးတစ်ယောက် ရှိနေပါလား’ဟု တွေးမိသည်။ ထိုအခါကျမှ ကလေးကို အမှတ်ရသည်။ ထိုအခါတွင် စကားလက် စိတ်နောက်ရပြန်သည်။

သူ တမ်းတသူက အက်ရှလေ။ သူ့တစ်သက်တွင် မြိုင်သာယာကို ပထမဆုံအကြိမ် ငြီးငွေ့မိသည်။ တောင်ကမူမှ

မြစ်ကမ်းသို့ ဆင်းသွားသော လမ်းနီနီကို မုန်းမိသည်။ နွေဝါကြီးတို့ စိမ်းနေသည့် ဝါခင်း မြေနီနီများကို မုန်းမိသည်။ မြေ တစ်လက်မတိုင်း၊ သစ်ပင်တိုင်း၊ စမ်းချောင်းတိုင်း၊ လမ်းသွယ်တိုင်း၊ မြင်းစီးလမ်းတိုင်းသည် အက်ရှလေကို အမှတ်ရအောင် သူ့ကို သတိပေး နေသကဲ့သို့ ရှိ၏။ ယခု အက်ရှလေကို သူ မပိုင်တော့။ တခြား မိန်းမတစ်ယောက်က ပိုင်သွားပြီ။ အက်ရှလေတစ်ယောက် ရှေ့တန်းသို့ ရောက်နေပြီ။ သို့တိုင်အောင် သူ့အရိပ်သည် ဆည်းဆာ မှောင်ရိပ် လမ်းများပေါ်တွင် တစ္ဆေခြောက်နေသေးသည်။ ဆင်ဝင် အမှောင်ရိပ်များထဲမှ သူ၏ ပြာလဲ့လဲ့ မျက်လုံးများသည် သူ့ကို ပြုံးကြည့်နေကြသည်။ ဝက်သစ်ချမြိုင် ဘက်မှ လာသည့် လမ်းပေါ်က မြင်းခွာသံများကို မကြားရတော့။

တစ်ခါက ဝက်သစ်ချမြိုင်ကို စကားလက် သံယောဇဉ် တွယ်ခဲ့သည်။ ဝက်သစ်ချမြိုင်ကိုလည်း မုန်းပြီ။ သို့ရာတွင်

စိတ်ဝင်စားမှု မပျောက်သေး။ ဝီလ်ကီ မိသားစုထံမှ အက်ရှလေ၏ သတင်းများကို ကြားနေရသေးသည်။ သူတို့ စကားများကို မကြားချင်သည့်တိုင် နားထောင်နေရသေးသည်။ အက်ရှလေ့ နှမ လည်ပင်းတုတ်တုတ်နှင့် အင်ဒီယာကို သဘောမကျ။ စကား မာမာပြောသည့် ဟန်နီကို သူ မကြိုက်။ သူတို့ကလည်း သူ့ကို သဘောမကျမှန်း စကားလက် သိသည်။ သို့ရာတွင် သူတို့နှင့် ကင်းကွာပြီး သူ မနေနိုင်။ ဝက်သစ်ချမြိုင်မှ ပြန်လာတိုင်း ခုတင်ပေါ်တွင် ခြေပစ် လက်ပစ် ဖြစ်မိသည်။ ထမင်းဟင်းပင် မစားနိုင်တော့။

သူ ထမင်း မစားလျှင် မေမေနှင့် ကြီးဒေါ်တို့ စိတ်ပူကြသည်။ ကြီးဒေါ်က စားကောင်း သောက်ဖွယ်တို့ကို တစ်မျိုးပြီး

တစ်မျိုး ယူလာသည်။ ကြိုက်သလောက် စားနိုင်ပြီ။ အပျိုတုန်းကလို ဝမှာ ခါးတုတ်မှာ မပူရတော့ဟု ကြီးဒေါ်က ပြောသည်။ သို့ရာတွင် စကားလက် အရသာ မတွေ့။

မိန်းမတွေ မကြာခဏ စိတ် ထိခိုက်ဖန် များလျှင် တခြား ကျန်းမာရေးလည်း ချွတ်ယွင်း ပျက်ပြားလာကာ တရှောင်ရှောင်

ဖြစ်တတ်သည်ဟု ဒေါက်တာ ဖွန်တိန်က မေမေ့ကို ပြောသည့် အခါတွင် မေမေ့ မျက်နှာ ဖြူရော်သွားသည်။ သူကိုယ်တိုင်လည်း ဤသို့ ထင်နေသည်။

`ဒီပြင် နည်းလမ်း မရှိတော့ဘူးလား၊ ဒေါက်တာ’



`အကောင်းဆုံးကတော့ ရေပြောင်း မြေပြောင်း တခြားသွားနေနိုင်ရင် အကောင်းဆုံးပဲ’



သို့ဖြင့် စကားလက်သည် သားငယ်နှင့် အတူ ဖေဖေနှင့် မေမေတို့ ဆွေမျိုးများ ရှိရာ ဆဗားနားသို့ ထွက်လာခဲ့သည်။

စိတ်ကမူ မပါလှ။ ထိုမှ မေမေ့ အစ်မများ ဖြစ်သည့် ပေါ်လင်းနှင့် ယူလာဗီတို့ ရှိရာ ချာလက်စတန်သို့ လာခဲ့သည်။ သို့ရာတွင် ဘာမျှ မကြာလိုက်။ တစ်လ မပြည့်ခင် ပြန်ရောက်လာသည်။ မမျှော်လင့်ဘဲ မည်သည့်အတွက်ကြောင့် ပြန်လာသည်ကို မေမေ့အားလည်း ပြောမပြ။ ဆဗားနားတွင် နေ၍ထိုင်၍ ကောင်းသည်မှာ မှန်သည်။ သူတို့ကလည်း ဧည့်ဝတ်ကျေကြသည်။ သို့ရာတွင် ဖေဖေ့ အစ်ကိုများ ဖြစ်သည့် ဦးကြီးဂျိမ်းနှင့် ဦးကြီး အင်ဒရူးက အသက် ကြီးကြလှပြီ။ သူတို့ဘဝကို သူတို့ ကျေနပ်ကာ

144

ရှေးဟောင်း နှောင်းဖြစ်တွေကို ပြန်ပြောကြသည်။ သူတို့ စကားတွေကို စကားလက် စိတ်မဝင်စားနိုင်။ မေမေ့ဘက်က ဆွေမျိုးတွေကလည်း ထို့အတူ။

ကြီးကြီး ပေါ်လင်း၏ ယောက်ျားက ကြီးကြီးထက် အသက်ကြီးသည်။ ယခုခေတ်နှင့် အံမဝင်တော့။ နေရာကလည်း

မြစ်ကမ်းဘေးက ဝါခင်းတွင် ဖြစ်သည်။ မြိုင်သာယာထက်ပင် ချောင်ကျသေးသည်။ အနီးဆုံး ယာတောက မိုင်နှစ်ဆယ် ကွာသည်။ ဝက်သစ်ချတော စိမ့်တောကြီးကို ဖြတ်သွားရသည်။ ရေညှိတွေ အလိမ်းလိမ်း ကပ်နေသည့် ဝက်သစ်ချ တောကြီးထဲသို့ ဖြတ်လျှင် စကားလက် ကြက်သီး ထသွားသည်။ ဖေဖေပြောသည့် သရဲခြောက်သည် ဆိုသော အိုင်ယာလန်က သစ်တောကြီးများကို သွား၍ အမှတ်ရမိ သေးသည်။ တစ်နေ့လုံး ဘာမျှ လုပ်စရာ မရှိ။ နေ့လယ်တွင် တက်တင်းထိုးကာ ညဆိုလျှင် ဦးကြီးကာရေ စာဖတ်ပြသည်ကို နားထောင်ရသည်။

ကြီးကြီး ယူလာလီကမူ ချာလက်စတန် အမြောက်ကုန်းက အိမ်ကြီး တစ်လုံးတွင် နေသည်။ ဘေးပတ်ပတ်လည်တွင်

အုတ်ဝင်းထရံ မြင့်မြင့်ကြီး ကာထားသည်။ သူ့အိမ်ကလည်း ပျင်းစရာ။ ကွင်းပြင်ထဲတွင် နေခဲ့ရသည့် စကားလက်အဖို့ ကြီးကြီး ယူလာလီ၏ အိမ်သည် အကျဉ်းထောင်ကြီးနှင့် တူနေသည်။ ကြီးကြီး ပေါ်လင်းတို့ ယာတောနှင့် စာလျှင် စည်စည်ကားကား ရှိသည်။ သို့ရာတွင် လူတွေက ဟန်များသည်။ ရှေးဆန်သည်။ ဆွေဂုဏ် မျိုးဂုဏ် တင်လွန်းသည်။ သူ့ကို မတူမတန်သည့် စုံဖက်မှုမှ ပေါက်ဖွားလာသူဟု ထင်ပုံရသည်။ သူတို့ အမျိုးထဲက ဖေဖေ့လို အိုင်းရစ်လူမျိုး တစ်ယောက်ကို ယူရပါမည်လောဟု မေမေ့ကို အထင်သေးပုံ ရသည်။ ကြီးကြီး ယူလာလီသည် သူ့ကွယ်ရာတွင် သူ့အတွက် တောင်းပန်ပေးမည်ဟု စကားလက် ထင်သည်။ ထို့ကြောင့် စကားလက် ခံပြင်းသည်။ သူ့အဖို့ ကိုယ့်မိဘကသာ အရေးကြီးသည်။ ဆွေဂုဏ် မျိုးဂုဏ် ဆိုသည်မှာ ဘာမျှ အရေးမကြီး။ ကိုယ့်ထူးကိုယ်ချွန် ကြီးပွားလာသည့် ဖေဖေ့အတွက် စကားလက် ဂုဏ်ယူသည်။

ချာလက်စတန် မြို့သူမြို့သားတွေက ဆွန်တာ ခံတပ်ကို သိမ်းခဲ့သည့် အတွက်လည်း ဘဝင် မြင့်ကြသည်။ သူတို့

မသိမ်းခဲ့လျှင် တခြားလူကကော မသိမ်းနိုင်ပြီလော။ ဤမျှလောက်ကိုပင် သူတို့ မစဉ်းစားမိ ကြပြီလော။ ဂျော်ဂျီယာသံက ခပ်သွက်သွက်။ ယခု သူတို့ စကားသံက ခပ်လေးလေး။ ခပ်အောအော။ နားထောင်၍ မရ။ တမင်လုပ် ပြောသည်နှင့် တူသည်။ ဧည့်ခံပွဲ တစ်ခုတွင် ဖေဖေ့ အိုင်းရစ်အသံကို အတုခိုး၍ ပြောမိသည်တွင် ကြီးကြီးက မဲ့သည်ရော ရွဲ့သည်ရော လုပ်သည်။ ဤတွင် စကားလက် မြိုင်သာယာသို့ ပြန်ခဲ့သည်။ ချာလက်စတန်တွင် နေရသည်နှင့် စာလျှင် မြိုင်သာယာသို့ ပြန်နေရသည်က တော်သေးသည်။ အက်ရှလေ အတွက် ရင်ကွဲနာ ကျခါမှ ကျရော မတတ်နိုင်။

ပြန်ရောက်တော့ မေမေ တစ်ယောက် သီးခြားပြည်နယ် စစ်တပ် အတွက် အားတိုက် ခွန်တိုက် ရိက္ခာ စုပေးနေသည်။

မျက်တွင်း ဟောက်ပက် ဖြူဖပ်ဖြူရော် ပိန်ချုံးလာသည့် စကားလက်ကို မြင်သည်တွင် မေမေ စိုးရိမ်နေသည်။ ရင်ကွဲနာ ကျသည်ကို သူကိုယ်တိုင် တွေ့ခဲ့ဖူးပြီ။ ညဆိုလျှင် တခေါခေါ ဟောက်သည့် ဖေဖေ့ဘေးတွင် မျက်လုံး အကြောင်သား ဖြစ်ကာ စကားလက် အတွက် ရတတ်မအေး ဖြစ်ရသည်။ ချားလ်၏ အဒေါ် ပစ်တီက စကားလက်ကို စိတ်ပြေလက်ပျောက် အတ္တလန်တာသို့ လွှတ်လိုက်ရန် မေမေ့ထံ မကြာခဏ စာရေးဖူးသည်။ ယခုမူ စကားလက်ကို လွှတ်မှ ဖြစ်တော့မည်။ ဤအတိုင်းထား၍ မဖြစ်တော့။

`အိမ်မှာ ယောက်ျားဆိုလို့ တစ်ယောက်မှ မရှိဘူး။ ကျွန်မနှင့် မီလာနီပဲ ရှိတယ်။ ချားလ်လည်း မရှိတော့

အိမ်မှာ ခြောက်သွေ့နေတာပဲ။ ကျွန်မမောင် ဟင်နရီတော့ ရှိပါရဲ့။ ဒါပေမယ့် သူကလည်း အိမ်ကို ကပ်တယ်လို့ မရှိဘူး။

145

သူ့အကြောင်းတော့ စာထဲ ထည့်မရေးတော့ဘူး။ လူချင်းတွေ့မှပဲ ပြောပြတော့မယ်။ စကားလက်သာ လာနေရင် ကျွန်မရော မီလာနီရော သိပ်ဝမ်းသာမှာပဲ။ မိန်းမသား သုံးယောက်ဆိုရင် နှစ်ယောက်တည်း ရှိတာထက်တော့ တော်သေးတာပေါ့။ မီလာနီက ဒဏ်ရာရတဲ့ ကျွန်မတို့ တပ်သားတွေကို ဆေးရုံသွားပြီး စေတနာ့ ဝန်ထမ်း ပြုစုပေးနေတယ်။ စကားလက်လည်း စိတ်ပြေလက်ပျောက် ဝင်လုပ်ချင်ရင် လုပ်နိုင်တာပေါ့။ ကလေးကိုလည်း တွေ့ချင်တယ်’

ဒေါ်လေး ပစ်တီက စာတွင် ထိုသို့ ရေးသည်။



စကားလက် သေတ္တာကို ပြင်သည်။ သားငယ် ဝိတ်ဟင်ပတန်၊ ကလေးထိန်း ပရဇ္ဇီနှင့်အတူ အတ္တလန်တာသို့

ထွက်လာသည်။ မေမေနှင့် ကြီးဒေါ်က အနေအထိုင် ဆင်ခြင်ဖို့ တဖွဖွ မှာလိုက်ကြသည်။ ဖေဖေက သီးခြား ပြည်နယ်သုံး ငွေတွေ ပေးလိုက်သေးသည်။ စကားလက် အထူးဖြင့် အတ္တလန်တာသို့ ပို၍ မသွားချင်။ ဒေါ်လေး ပစ်တီက ဇီဇာကြောင်လွန်းသည်။ အိမ်တစ်အိမ်တည်းတွင် အက်ရှလေ၏ မိန်းမနှင့် တွဲနေရမည်ကို စက်ဆုပ်သည်။ သို့ရာတွင် မြိုင်သာယာတွင်လည်း ကြာရှည်နေ၍ မဖြစ်။ အပြောင်းအလဲ တစ်ခုခုရအောင် သွားရတော့မည်။

146

အပိုင်း နှစ်

147





၁၈၆၂ ခု မေလ နံနက်ခင်း တစ်ခု၌ မီးရထားသည် မြောက်ဘက်သို့ ဦးတည် ခုတ်နေသည်။ စကားလက်က

ရထားပေါ်တွင် ထိုင်လိုက်လာရင်း တွေးနေသည်။ အတ္တလန်တာသည် ဆဗားနားတို့၊ ချာလက်စတန်တို့လောက်မူ ငြီးငွေ့စရာ ကောင်းမည် မထင်။ ဒေါ်လေး ပစ်တီ၊ မီလာနီ စသူတို့နှင့် မနေချင်သော်လည်း အတ္တလန်တာကို မြင်ချင်စိတ် စောနေသည်။ ပြည်တွင်းစစ် မဖြစ်မီ တစ်ဆောင်းက အတ္တလန်တာကို တစ်ခေါက် ရောက်ခဲ့သေးသည်။ ထိုအတောအတွင်း မည်မျှ ပြောင်းနေပြီနည်း။

တခြား မြို့များထက် အတ္တလန်တာကို စကားလက် စိတ်ဝင်စားသည်။ သူနှင့် အတ္တလန်တာသည် အသက်ချင်း

အတူတူဖြစ်သည်ဟု သူ ငယ်ငယ်တွင် ဖေဖေက ပြောဖူးသည်။ သို့ရာတွင် ကြီးလာသည့်အခါတွင်မူ ဖေဖေ့စကား နည်းနည်း ပိုသွားကြောင်း

စကားလက်

တွေ့ရသည်။

နားထောင်ကောင်းအောင်

သာသာ

ထိုးထိုးကလေး

ပြောတတ်သည်မှာ

ဖေဖေ့ဝါသနာ ဖြစ်သည်။ စင်စစ် အတ္တလန်တာသည် သူ့ထက် ကိုးနှစ် ကြီးသည်။ သို့တိုင်အောင် အခြား မြို့များနှင့်စာလျှင် အတ္တလန်တာက မြို့သက် ငယ်သည်။ ဆဗားနားနှင့် ချာလက်စတန် မြို့များက မြို့သက် ရင့်လှပြီ။ ဆဗားနားဆိုလျှင် မြို့သက် အနှစ် နှစ်ရာ။ ချာလက်စတန်ဆိုလျှင် မြို့သက် အနှစ် သုံးရာ။ စကားလက်တို့ ခေတ်လူငယ် မျက်စိတွင်မူ ထိုမြို့များသည် နေပူပူတွင် ယပ်တောင်လေး တစ်ချောင်းကို တဖျပ်ဖျပ် ယပ်နေသည့် အဘွားအရွယ် ရောက်ကုန်ကြပြီ။ အတ္တလန်တာကမူ သူတို့နှင့် ရွယ်တူမြို့။ ခေတ်လူငယ်၏ ကြမ်းတမ်း မာဆတ်မှုမျိုးဖြင့် ကြမ်းတမ်း မာဆတ်နေသော မြို့။ သူ့လို ခေါင်းမာ၍ သူ့လို စိတ်ဆတ်သော မြို့။

ဖေဖေ့စကားက မှန်သင့်သလောက် မှန်သည်။ သူနှင့် အတ္တလန်တာသည် တစ်နှစ်တည်း ကင်ပွန်း တပ်ခဲ့ကြသည်။

သူ မမွေးမီ ကိုးနှစ်လောက်တုန်းက အတ္တလန်တာကို တာဦးမြို့ဟု ခေါ်ခဲ့သည်။ ထို့နောက် မာသာဗီးလ်ဟု တွင်သည်။ သူ့ မွေးသည့် နှစ်ကျမှ အတ္တလန်တာဟု အမည်တွင်လာခြင်း ဖြစ်သည်။

ဂျော်ဂျီယာသို့ ဖေဖေ ပြောင်းလာစဉ်တုန်းက အတ္တလန်တာတွင် ဘာဆိုဘာမျှ မရှိသေး။ ရွာပင် မတည်သေး။

တောကြီးမျက်မည်း ဖြစ်သည်။ ထို့နောက် နှစ် ၁၈၃၆ ခုတွင် အစိုးရက အနောက်မြောက် ဒေသသို့ မီးရထားလမ်း ဖောက်သည်။ တာအဆုံးက သေချာသည်။ သို့ရာတွင် တာထွက်ဖြစ်သည့် ဂျော်ဂျီယာပြည်နယ်တွင်မူ မည်သည့် နေရာက စဖောက်ရမှန်း မသိ။ နောက် တစ်နှစ်တွင် အင်ဂျင်နီယာ တစ်ဦးက မီးရထားလမ်း စဖောက်မည့် နေရာကို မှတ်တိုင်စိုက်လိုက်သည်။ ဤသို့ဖြင့် မူလက တာဦးမြို့ဟု ခေါ်သော အတ္တလန်တာမြို့ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။

ထိုခေတ်က ဂျော်ဂျီယာပြည်နယ် မြောက်ပိုင်းတွင် မီးရထားလမ်း ဟူ၍ မရှိသေး။ တခြားနေရာများတွင်လည်း

အနည်းအကျဉ်းမျှသာ ရှိသေးသည်။ သို့ရာတွင် ဖေဖေနှင့် မေမေ လက်ထပ်ပြီး မကြာမီ မြိုင်သာယာနှင့် ခရီးတစ်သောင်းလောက် အကွာတွင် အိမ်စုကလေး တစ်စု ပေါ်လာသည်။ ထို့နောက် ရွာကြီး ဖြစ်လာသည်။ မီးရထားလမ်းကိုလည်း မြောက်ပိုင်းသို့ ဆက်၍ ဖောက်သွားသည်။ ထိုအချိန်တွင် မီးရထားလမ်းတွေ လှိုင်လှိုင်ဖောက်နေပြီ။ ဒုတိယ မီးရထားလမ်း တစ်လမ်းကို

148

သြဂတ်စတာမှ ဖောက်ပြန်သည်။ အတ္တလန်တာမှ တစ်ဖန် စတုတ္ထလမ်း ခွဲထွက်သည်။

မီးရထားလမ်း

နှင့်အတူ

မွေးလာသည့်

အတ္တလန်တာသည်

မီးရထားလမ်းများ

ရှည်လာသည်နှင့်အမျှ

စည်ကားလာသည်။ လမ်းလေးခွဆုံတွင် ရှိသဖြင့် အရပ်လေးမျက်နှာသို့ သွား၍ ရသည်။ လမ်းဆုံက မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့သည်။ သို့ဖြင့် ကာလကြာသည်တွင် မီးရထား လမ်းဗိုလ်တစ်ဦး မြေကြီးထဲသို့ ထိုးစိုက်ခဲ့သည့် မှတ်တိုင်ကလေး တစ်တိုင်သည် လူတစ်သောင်း ရှိသည့် မြို့ငယ်ကလေး ဖြစ်လာသည်။ အချက်အချာ နေရာ ဖြစ်လာသည်။ မြို့သက်ရင့်သော မြို့ကြီးများက လူနေ အိမ်ခြေတွေ တရိပ်ရိပ် တိုးတက်နေသာ မြို့သစ်ကလေးကို ဘဲကလေး ဝပ်မိသည့် ကြက်မကြီး အကြည့်မျိုးဖြင့် ကြည့်ကြသည်။ အတ္တလန်တာက ဘာကြောင့်များ ထူးထူးခြားခြား စည်ကား နေရသနည်း။ ဘာကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ကြီးထွားလာသနည်း။ အကြောင်း ရှာမရကြ။ မီးရထားလမ်းများကြောင့်နှင့် လောဘကြီးသလောက် အားသွန်ခွန်စိုက် လုပ်တတ်ကြသူများကြောင့်သာ ဖြစ်ရလိမ့်မည်။

တာဦးမြို့၊ မာသာဗီးလ်မြို့၊ အတ္တလန်တာမြို့ဟု အစဉ်တစိုက် ခေါ်ခဲ့ကြသည့် ထိုဒေသက လူများသည် အလွန်

အလုပ်လုပ်သူများ ဖြစ်သည်။ အငြိမ်နေသူများ ဟူ၍ မရှိ။ အနယ်နယ်မှ ရောက်လာကြကာ အခြေအကျ လာနေကြသည်။ အိမ်သစ်များ ဆောက်ကြသည်။ သူတို့မြို့သစ်အတွက် ဂုဏ်ယူကြသည်။ ကြွားကြသည်။ ဤလို မြို့သစ်ကို တည်နိုင်သူများ အဖြစ် သူတို့ကိုယ် သူတို့ ဝင့်ကြွားကြသည်။ အတ္တလန်တာကို မည်သူက မည်သို့ ခေါ်ကြစေ။ အတ္တလန်တာက ဂရုမစိုက်။

စကားလက်ကမူ အတ္တလန်တာကို သဘောကျသည်။ ဆဗားနား၊ သြဂတ်စတာ စသည့် မြို့များက အတ္တလန်တာကို

မနှစ်သက်သည့် အတွက်ကြောင့် စကားလက် အတ္တလန်တာကို သဘောကျနေပြီ။ အတ္တလန်တာက သူနှင့် တူသည်။ အသစ်နှင့် အဟောင်းကို ပေါင်းထားသည်။ အသစ်က တဇွတ်ထိုး နိုင်သည်။ ခွန်အားရှိသည်။ အသစ် ဝင်လာသည်တွင် အဟောင်းက နေရာ ဖယ်ပေးရသည်။ ထိုမျှမက သူနှင့်အတူ တစ်နှစ်တည်း ကင်ပွန်းတပ်ခဲ့သည့် မြို့လည်း ဖြစ်သည်။ ထို့ကြောင့် အတ္တလန်တာကို စကားလက် ပုဂ္ဂလဓိဋ္ဌာန် အစွဲရှိသည်။ စိတ်ဝင်စားသည်။

မနေ့ညက

မိုးသည်းသည်း

ရွာ၍

လေပြင်းလည်း

တိုက်သည်။

သို့ရာတွင်

စကားလက်

အတ္တလန်တာသို့

ရောက်သည့်နေ့တွင်မူ နေသာသဖြင့် နွေးနွေးထွေးထွေး ရှိသည်။ မနေ့ညက ရွာထားသော မိုးရေကြောင့် ရွှံ့ပြင်တွေ ဖြစ်နေသော အတ္တလန်တာ လမ်းများကို နေမင်းက သွေ့ခြောက်အောင် လုပ်ပေးနေသည်။ မြို့လယ်ကောင် ကွက်လပ်တွင်မူ ယာဉ်သွား ယာဉ်လာ ထူထပ်သဖြင့် ဗွက်ပေါက်ကာ ဝက်လူးအိုင်သဖွယ် ဖြစ်နေသည်။ တချို့နေရာများတွင် ရွှံ့တွေက လှည်းပုံတောင်းထိ နစ်သည်။ စစ်ရထားများ၊ လူနာတင် ရထားများဖြင့် သယ်လာသော ရိက္ခာများ၊ စစ်သားများကို သယ်ချ နေကြသည်။ ထို့ကြောင့် တမြို့လုံး ရွှံ့ဗွက်တွေချည်း ဖြစ်နေသည်။ ရထားသမားများက အော်ဟစ် ဆဲဆိုလျက်။ လားများက ရုန်းလျက်။ ရွှံ့များ စဉ်လျက်။

စကားလက်က မီးရထား လှေကား အောက်ထစ်တွင် ရပ်နေသည်။ ဝတ်စုံနက်ကို ဝတ်ထားပြီး ဇာနက် မျက်နှာဖုံးက

ဖနောင့်အထိ ဝဲနေသည်။ ဖိနပ်နှင့် ဝတ်စုံအဖျားကို ရွှံ့ပေမည် စိုးသဖြင့် အောက်သို့ ဆင်းသင့် မဆင်းသင့် ချိန်နေသည်။ ရှုပ်ထွေးနေသော ပေါင်းမိုးတပ် မြင်းလှည်းများ၊ ရထားများ၊ ပက်လက် ဘာဂီများ ကြားတွင် ဒေါ်ဒေါ် ပစ်တီကို လှမ်းရှာနေသည်။ ပါးဖောင်းဖောင်းနှင့် ဒေါ်ဒေါ်ပစ်တီကို ကြည့်၍ မမြင်။ ထိုစဉ် ဆံပင်ဖြူဖြူ ဥပဓိရုပ် ကောင်းကောင်းနှင့် အသက်ကြီးကြီး ကပ္ပလီကြီး တစ်ယောက် ရွှံ့ထဲတွင် တစွက်စွက် လျှောက်လာသည်။ ဦးထုပ်ကို လက်တွင် ကိုင်ထားသည်။

149



`ဒီက မလေးက မစ္စ စကားလက်လား။ ဦးလေးက ဒေါ်ဒေါ်ပစ်တီရဲ့ ရထားသမား ဦးလေး ပီတာပါ။ အို အို၊ ရွှံ့ထဲကို

မဆင်းနှင့်လေ’ စကားလက်က ဝတ်စုံကို မကာ ဆင်းရန် ပြင်လိုက်သဖြင့် သူက ပြောလိုက်ခြင်း ဖြစ်သည်။ `မလေးကလဲ ပစ်တီလို စိတ်မြန်တာကိုး။ ခြေထောက်တွေ ရေစိုရင် အအေးမိမှာပေါ့ကွယ့်။ တယ်ခက်တာကိုး။ လာ လာ၊ ဦးလေး တွဲပေးမယ်’

သူ့ပုံက ပိန်ပိန်ပါးပါး အသက်ကြီးကြီး ဖြစ်သော်လည်း စကားလက်ကို စွေ့ခနဲ ကောက်ပွေ့ကာ ရွှံ့လွတ်ရာသို့

ချပေးလိုက်သည်။ စင်္ကြံတွင် ကလေးချီ၍ ရပ်နေသည့် ကလေးထိန်း ပရဇ္ဇီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ `ဒါက မလေးရဲ့ ကလေးနှင့် အိမ်ဖော်လား။ အလိုလေးလေး ကလေးထိန်းက ငယ်လှချည်လား။ ကဲ ကဲ၊ နောက်မှ စကား ပြောရအောင်။ ဟေ့ သူငယ်မ၊ ဦးလေး နောက်က လိုက်ခဲ့။ ကလေးလည်း လွတ်ကျဦးမယ်နော်’

စကားလက်က ဦးလေး ပီတာ မချီရာသို့ အသာ လိုက်သွားရသည်။ ရောက်ရောက်ချင်း သူနှင့် ပရဇ္ဇီတို့အား ဆုံးမ

သွားသည်ကိုလည်း ငြိမ်နေလိုက်ရသည်။ ပရဇ္ဇီက နှုတ်ခမ်းကြီး စူနေကာ ရွှံ့ရေထဲတွင် တစွက်စွက် လိုက်လာသည်။

စကားလက်က ဦးလေးပီတာနှင့် ပတ်သက်၍ ချားလ် ပြောဖူးသည့် စကားများကို သွား၍ အမှတ်ရနေသည်။

`ဦးလေး ပီတာက ဖေဖေနှင့်အတူ မက္ကစီကို စစ်ပွဲမှာ တစ်လျှောက်လုံး ပါခဲ့ဖူးတယ်။ ဖေဖေ ဒဏ်ရာရတော့ သူပဲ ပြုစု စောင့်ရှောက်ခဲ့တာပဲ။ တကယ်ကတော့ ဖေဖေ့ အသက်ကို သူကယ်ခဲ့တာပါလေ။ ကိုယ်နှင့် မီလာနီတို့ မောင်နှမကိုလည်း သူပဲ မွေးလာခဲ့တာ။ ဖေဖေနှင့် မေမေဆုံးတော့ ကိုယ်တို့ မောင်နှမ နှစ်ယောက်က ငယ်ငယ်လေးတွေပဲ ရှိသေးတယ်။ နောက်တော့မှ ဒေါ်လေးပစ်တီက ကိုယ်တို့နှင့် နေတာ။ ဒေါ်လေး ပစ်တီက သဘောကောင်းတဲ့ ကလေးကြီးလိုပဲ၊ ဘာမှ စီမံတတ်တာ မဟုတ်ဘူး။ သူ့ကိုလည်း ဦးလေး ပီတာကပဲ အုပ်ချုပ်ရတာ။ ဦးလေး ပီတာကတော့ ပြောမနေနှင့်တော့၊ ကိုယ်တို့ နေရေး ထိုင်ရေး၊ ပညာရေးကအစ စီမံတာပဲ။ ကိုယ့် အသက် တစ်ဆယ့်ငါးနှစ် ရောက်တော့ လစဉ် အသုံးစရိတ် ဘယ်လောက် သုံးရမယ် ဆိုတာကအစ ဘယ်ကျောင်းတက်ရမယ် ဆိုတာမျိုးအထိ သူပဲ စီစဉ်သွားတာပဲ။ ဦးလေး ဟင်နရီက ကိုယ့်ကို အတ္တလန်တာ တက္ကသိုလ်မှာပဲ တက်စေချင်တယ်။ ဦးလေး ဟင်နရီဆိုတာ မေမေ့မောင် အငယ်လေ။ ဒါပေမယ့် ဦးလေး ပီတာက ဟားဗတ်ကို ပို့တယ်။ ဟားဗတ်ကို သွားရမယ်တဲ့။ မီလာနီကို ဘယ်အရွယ်ရောက်မှ ဆံပင်ရှည် ထားရမယ်။ ဘယ်အရွယ်ကျမှ ဧည့်ခံပွဲတို့ ကပွဲတို့ တက်ရမယ် ဆိုတာလည်း သူပဲ ဆုံးဖြတ်တာပဲ။ ဒေါ်လေး ပစ်တီကိုတောင် အေးရင် အပြင်မထွက်ရဘူး၊ ဧည့်ခံပွဲ မသွားရဘူး ဆိုတာကအစ သူ စီမံတာပဲ။ တစ်ခါတလေ အေးတုန်း အနွေးထည်တို့ ခြုံစောင်တို့ မပါရင် ဆူလိုက်တာ မပြောနှင့်တော့။ ကပ္ပလီထဲမှာ သူ့လောက် သစ္စာရှိပြီး သူ့လောက်တော်တဲ့ ကပ္ပလီ တစ်ယောက်မှ မတွေ့ဖူးသေးဘူး။ ခက်တာက ကိုယ်တို့ မောင်နှမနှင့် ဒေါ်လေး ပစ်တီကို သူက ပိုင်နေတယ်။ ဒါကို သူကလည်း သိတယ်’

ဦးလေးပီတာ ရထားပေါ်သို့ တက်၍ ကြာပွတ်ကို ကိုင်လိုက်သည်နှင့် ချားလ် ပြောသည့် စကား မှန်ကြောင်း စကားလက်

သိလိုက်ပြီ။

`ဒေါ်လေးပစ်တီက သူကိုယ်တိုင် လာမကြိုရလို့ စိတ်မကောင်း ဖြစ်နေတယ်။ ဦးလေးကပဲ ကိစ္စမရှိဘူး မလိုက်ခဲ့နှင့်လို့

ပြောခဲ့တယ်။ အဝတ်အစား အသစ်တွေနှင့် လိုက်လာရင် ရွှံ့တွေစဉ်ပြီး ပျက်စီးကုန်မှာပေါ့။ မလေးရေ၊ ကလေးကို ကိုယ်တိုင် ခေါ်ထားဟေ့။ ကောင်မလေးကို စိတ်ချ မနေနှင့်’

စကားလက်က ပရဇ္ဇီကို လှမ်းကြည့်ပြီး သက်ပြင်း ချလိုက်သည်။ သူ ပြောမည်ဆိုလျှင်လည်း ပြောစရာ။ ပရဇ္ဇီက ကလေး

150

ကောင်းကောင်း မထိန်းတတ်သေး။ ယခင်က ဂါဝန်တိုတို ကျစ်ဆံမြီးကလေးနှင့် တောက်တိုမယ်ရ ခိုင်းသည့် အိမ်ဖော်မလေး ဖြစ်သည်။ ယခုမှ သရက်ထည် ဝတ်စုံရှည် မီးပူတိုက် ခေါင်းပေါင်းဖြင့် ကလေးထိန်း ရာထူးသို့ တက်လာခါစ ဖြစ်သည်။ ပြည်တွင်းစစ်သာ မဖြစ်လျှင် ဤအဆင့်သို့ တော်တော်နှင့် ရောက်ဦးမည် မဟုတ်။ မြိုင်သာယာတွင် စစ်တပ် နောက်ပိုင်း ထောက်ပံ့ရေးအတွက် အားသွန်ခွန်စိုက် လုပ်နေကြသဖြင့် မေမေက ကြီးဒေါ်ကိုလည်း ထည့်၍မဖြစ်။ ဒစ်လစီကိုလည်း မထည့်နိုင်။ ရိုဇာတို့ လီနာတို့ကိုလည်း မထည့်နိုင်။ ထို့ကြောင့် ပရဇ္ဇီ ပါလာခြင်း ဖြစ်သည်။ ပရဇ္ဇီက ဘယ်ကိုမျှ မရောက်စဖူး။ မြိုင်သာယာနှင့် ဝက်သစ်ချမြိုင်မှ တစ်မိုင်ကျော် ဝေးသည့် နေရာသို့ပင်လျှင် မရောက်ဖူး။ မီးရထား စီးရခြင်း၊ ကလေးထိန်း ရာထူး တိုးရခြင်း စသည်တို့သည် သူ့အဖို့ ဘဝင်မြင့်စရာ၊ ပျော်စရာ။ ဂျုန်းဘာရိုမှ အတ္တလန်တာအထိ မိုင်နှစ်ဆယ် မီးရထား ခရီးစဉ်တွင် ပရဇ္ဇီသည် ကလေးကို မကြည့်။ တစ်လမ်းလုံး ငေးလာသဖြင့် စကားလက်က ကလေး ထိန်းခဲ့ရသည်။ ယခု လူတွေ၊ အဆောက်အအုံတွေကို မြင်တော့ ပရဇ္ဇီ ပိုဆိုးနေပြီ။ ရထား ပြတင်းပေါက်မှ ဘယ်ဘက် ကြည့်လိုက်၊ ညာဘက်ကြည့်လိုက်၊ ဟိုလက်ညှိုးထိုးလိုက်၊ သည်လက်ညှိုးထိုးလိုက်။ တလှုပ်လှုပ် တရွရွ ဖြစ်နေသဖြင့် ကလေး ကသိကအောက်ဖြစ်ကာ တကျီကျီ ငိုတော့သည်။

စကားလက် ကြီးဒေါ်ကို ပြေး၍ သတိရသည်။ ကြီးဒေါ်က လက်သာသည်။ ကလေးကို သူ ကောက်ကိုင်လိုက်ရုံဖြင့်

ကလေး အငိုတိတ်သွားတတ်သည်။ သို့ရာတွင် ကြီးဒေါ်က မြိုင်သာယာတွင် ကျန်ရစ်ခဲ့ပြီ။ စကားလက် ဘာမျှ မတတ်နိုင်။ ကလေးကို ပရဇ္ဇီထံက လှမ်းယူသော်လည်း ကလေးက အငိုမတိတ်။ အာခေါင်ခြစ်၍ ငိုနေသည်။ ခေါင်းက ဖဲကြိုးကို လှမ်းဆွဲသည်။ အဝတ်အစားတွေ တွန့်ကြေကုန်သည်။ ထို့ကြောင့် ဦးလေးပီတာ၏ စကားကို မကြားချင်ယောင် ပြုနေသည်။

ရထားက ဘူတာနားက ရွှံ့ဗွက်တွင် ရုန်းနေရသဖြင့် ယိမ်းလှုပ်နေသည်။



`အင်း နောက်ကျတော့ ကလေး အကြောင်း သိလာမှာပါ။ ဒါပေမယ့် ငါက ကလေး မထိန်းချင်ဘူး’



စကားလက် တွေးလာသည်။ ကလေးက ငိုလိုက်သည်မှာ တစ်ကိုယ်လုံး ပြာနေပြီ။



`ပရဇ္ဇီ၊ ကလေးက နို့ဆာလို့ ငိုနေတာ ထင်တယ်။ နင့် အိတ်ထဲမှာ ချိုလိမ်လေး ပါတယ် မဟုတ်လား။ အဲဒါလေး

ပေးလိုက်စမ်း၊ ခုတော့ ငါလည်း နို့တိုက်လို့ မရသေးဘူး’

ပရဇ္ဇီက ကြီးဒေါ် ထည့်ပေးလိုက်သည့် ချိုလိမ်ကို တပ်ပေးသည်တွင်မှ အငိုတိတ် သွားသည်။ ကလေး အငိုတိတ်ပြီး

အဆောက်အအုံသစ်တွေကို ကြည့်လိုက်ရသည့် အခါတွင်မှ စကားလက် စိတ်အေးသွားသည်။ ဦးလေးပီတာက ရထားကို ရွှံ့ဗွက်တွေထဲမှ မောင်းထွက်လာပြီးနောက် မက်မုံပင် လမ်းမကြီး တစ်လျှောက် မောင်းလာခဲ့သည်။ ယခုမှ စကားလက် စိတ်တွင် ကာလ အတန်ကြာမျှ ပျောက်ကွယ်နေသော စူးစမ်းလိုစိတ် ပြန်ပေါ်လာသည်။ မြို့က တော်တော် ပြောင်းသွားပြီ။ သူ နောက်ဆုံး ရောက်ခဲ့သည်မှာ အခါလည်ပင် မကျော်တတ်သေး။ ဤမျှလောက် မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသဖြင့် စကားလက် အံ့သြရသေးသည်။

လွန်ခဲ့သည့်နှစ် တစ်နှစ်လုံး စကားလက် တစ်ယောက် ကိုယ့်အပူနှင့်ကိုယ် ဗျာများ နေခဲ့ရသည်။ ပြည်တွင်းစစ် အတွင်း

အတ္တလန်တာမြို့ ပြောင်းလဲသွားသည်ကို စကားလက် သတိမပြုမိခဲ့။ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာ ဖြစ်ခဲ့သော မီးရထား လမ်းဆုံများသည် ပြည်တွင်းစစ်တွင် စစ်ရေးအရ အရေးကြီးသော နေရာများ ဖြစ်လာခဲ့သည်။ အတ္တလန်တာက

151

ရှေ့တန်း စစ်မျက်နှာနှင့် ဝေးသည့်တိုင် သီးခြားပြည်နယ်၏ တပ်မတော် နှစ်ခုကို ဆက်သွယ်ပေးရာတွင် အချက်အခါ ဖြစ်နေသည်။ တပ်မတော်တစ်ခုက ဗာဂျီးနီးယား ပြည်နယ်တွင်ရှိ၍ တစ်ခုက တင်နဆီ ပြည်နယ်တွင် ရှိသည်။ ထိုတပ်မတော် နှစ်ခုအတွက် တောင်ပိုင်းက ရိက္ခာများကိုလည်း အတ္တလန်တာကို ဖြတ်၍ သယ်ရသည်။ ယခု တစ်ဖန် ပြည်တွင်းစစ်ကြောင့် အတ္တလန်တာသည် ကုန်ပစ္စည်းများ ထုတ်လုပ်ရာ၊ စစ်ဆေးရုံ အခြေခံ စခန်းစိုက်ရာ၊ ရှေ့တန်းတပ်များအတွက် ရိက္ခာပစ္စည်းများ စုဆောင်းရာ ဖြစ်လာသည်။

စကားလက်က သူ မြင်ဖူးခဲ့သည့် နေရာဟောင်းများကို ရှာကြည့်သည်။ မရှိကြတော့။ သူ ယခု မြင်နေရသည့် မြို့သည်

နေ့ချင်းညချင်း ကြီးလာသည့် ကလေးငယ်တစ်ယောက်နှင့် တူနေသည်။

တစ်မြို့လုံး

ပျားပန်းခတ်မျှ

ဖြစ်နေသည်။

သီးခြားပြည်နယ်အတွက်

အချက်အချာ

ကျနေပုံကို

ဂုဏ်ယူနေ

သကဲ့သို့ ရှိသည်။ လယ်ယာ စိုက်ပျိုးရေးကို စက်မှုတပ်ဆင်ရန်အတွက် နေ့ရောညပါ လုပ်နေကြသည်။ စစ်ဖြစ်မီတုန်းက ချည်စက်၊ သိုးမွှေးစက်၊ လက်နက်ပြင်ရုံ အနည်းငယ်သာ ရှိသည်။ သူတို့ တောင်ပိုင်းက နိုင်ငံရေးသမားတွေ၊ ဆရာဝန်တွေ၊ ကဗျာဆရာတွေ၊ ရှေ့နေတွေ ထွက်သည်။ သို့ရာတွင် အင်ဂျင်နီယာတွေ၊ စက်ပြင်ဆရာတွေ မထွက်။ ယန်ကီတို့ကမူ ထို အလုပ်မျိုးကို အောက်တန်းကျသည်ဟု ဆိုကြသည်။ သို့ရာတွင် သူတို့ မည်သို့ဆိုစေ တောင်ပိုင်းတွင် ဤလို လူတွေ လိုသည်။ ယခု ယန်ကီ စစ်သင်္ဘောများက တောင်ပိုင်း ဆိပ်ကမ်းမြို့များကို ပိတ်လိုက်ကြသည်တွင် နိုင်ငံခြားမှ ကုန်ပစ္စည်း မလာနိုင်တော့။ တောင်ပိုင်းသည် စစ်ပစ္စည်းတွေကို ကိုယ့်ဘာသာ ထုတ်ဖို့ ကြိုးစား လာခဲ့ရသည်။ မြောက်ပိုင်းအဖို့ စစ်သားတွေ၊ စစ်ပစ္စည်းတွေကို တစ်ကမ္ဘာလုံးမှ ရနိုင်သည်။ ဂျာမနီနှင့် ဥရောပ တိုင်းပြည်များက ပြည်ထောင်စုကို ထောက်ပံ့နေသည်။ တောင်ပိုင်းအဖို့ မည်သူကိုမျှ အားကိုးစရာ မရှိ။

အတ္တလန်တာတွင် ဆိုလျှင် စက်ပြင်ရုံများက စက်နှင့် ပစ္စည်း အနည်းငယ်ကို ဖျစ်ညှစ်ထုတ်နေရသည်။ တကယ်

ဖျစ်ညှစ်ထုတ်ရခြင်း ဖြစ်သည်။ တောင်ပိုင်းတွင် စက်ပုံစံ ထုတ်နိုင်သည့် စက်ပြင်ရုံမျိုး တစ်ခုမျှ မရှိ။ ဘီးကလေး၊ ခွေးသွားစိပ်ကလေးကအစ အင်္ဂလန်မှ လာသည့် ပုံစံများကို ယူလုပ်နေရသည်။ ဤပုံစံကိုပင် လွယ်လွယ်ရခြင်း မဟုတ်။ ယန်ကီတို့ ပိတ်ဆို့သည့်ကြားက ခက်ခက်ခဲခဲ ရခြင်း ဖြစ်သည်။ ယခု အတ္တလန်တာ လမ်းတွေပေါ် ကြည့်လိုက်လျှင် မျက်နှာစိမ်းတွေချည်း မြင်ရသည်။ လွန်ခဲ့သည့်

တစ်နှစ်လောက်တုန်းက အနောက်နယ်သံ ဝဲဝဲဖြင့် စကားပြောလျှင်

အထူးအဆန်း။ ယခုမူ ဥရောပသံ အမျိုးမျိုး၊ ဥရောပ စကား အမျိုးမျိုးကို ကြားနေရပြီ။ ပိတ်ဆို့သည့် ကြားထဲက ဖောက်ထွက်ကာ သီးခြား ပြည်နယ် အတွက် စက်ရုံများ၊ လက်နက်ရုံများ လာဆောက်ပေးနေကြခြင်း ဖြစ်သည်။ သူတို့ မရှိလျှင် သီးခြား ပြည်နယ်တွင် ပစ္စတိုများ၊ ရိုင်ဖယ်များ၊ အမြောက်များ၊ ယမ်းမှုန့်များ ရှိမည်မဟုတ်။

နေ့ရောညပါ

အလုပ်

လုပ်နေရသဖြင့်

အတ္တလန်တာ၏

သွေးခုန်သံကို

နေ့ရော

ညပါ

ကြားနေရသည်။

မီးရထားလမ်းများဖြင့် စစ်ပစ္စည်းများကို ရှေ့တန်းသို့ ပို့နေရသည်။ မီးရထားများက နာရီနှင့်အမျှ ထွက်လိုက် ဝင်လိုက်ဖြင့်။ စက်ရုံသစ်များမှ ကြပ်ခိုးများသည် အိမ်ဖြူဖြူများပေါ်သို့ ဝဲပျံနေကြသည်။ ညဆိုလျှင် သံရည်ကျို မီးဖိုများက မီးတွေ ရဲနေကာ တူထုသံများကို ကြားနေရသည်။ ယခင် တစ်နှစ်လောက်က ကွက်လပ်ကြီးများတွင် စက်ရုံသစ်များ ပေါ်လာကာ ကုန်းနှီးများ၊ မြင်း ကကြိုးများ၊ ဖိနပ်များကို ထုတ်နေကြသည်။ လက်နက်ရုံများက ရိုင်ဖယ်များ၊ အမြောက်များကို ထုတ်နေကြသည်။ သံရည်ကျိုရုံများက သံလမ်းများ၊ ရထားတွဲများကို ထုတ်နေကြသည်။ အခြား စက်ရုံမျိုးစုံက ခါးပတ်ကွင်းများ၊ ဖနောင့်သံဆူးများ၊

152

မြင်းဇက်များ၊ ရွက်ထည်တဲများ၊ ကြယ်သီးများ၊ ပစ္စတိုများ၊ ဓားလွယ်များကို ထုတ်နေကြသည်။ ယခု သံရည်ကျိုရုံများတွင် နောက်ထပ် သံရိုင်း မရှိတော့။ ယန်ကီတို့က ဆိပ်ကမ်းများကို ပိတ်ထားသဖြင့် နိုင်ငံခြားက မလာနိုင်တော့။ အယ်လာဘားမားရှိ သံတွင်းများတွင်လည်း အလုပ်သမားများက ရှေ့တန်းသို့ ရောက်နေသဖြင့် ပိတ်ထားရပြီ။ အတ္တလန်တာတွင် သံဝင်းထရံ၊ သံတံခါး၊ ကြေးရုပ်တု၊ ကြေးတံခါး စသည်တို့ မရှိတော့။ သံရည်ကျို အိုးများထဲသို့ စောကြီးက ရောက်ကုန်ကြပြီ။

မက်မုံပင် လမ်းမကြီး တစ်လျှောက်နှင့် အနီးတစ်ဝိုက် လမ်းများတွင် စစ်ဘက်က ရုံးတွေ၊ ဌာနတွေ ပြည့်နေသည်။

ရုံးတိုင်းတွင် ယူနီဖောင်း ဝတ်ထားသည့် စစ်ဗိုလ် စစ်သားများ၊ တပ်ထောက်များ၊ အချက်ပြ ဆက်သွယ်ရေး တပ်များ၊ ချောစာပို့ တပ်များ၊ ရထားပို့ဆောင်ရေး တပ်များနှင့် တပ်ရေးချုပ်ရုံး စသည်တို့ ရှိသည်။ မြို့စွန်တွင် မြင်းတပ်များ ရှိသည်။ အသစ် စုဆောင်းလာသည့် မြင်းများ၊ လားများကို ခြံကြီးများဖြင့် လှောင်ထားသည်။ လမ်းမြှောင်များထဲတွင် ဆေးရုံများ ရှိသည်။ ဦးလေးပီတာ ပြောသည့်အတိုင်း ဆိုလျှင် အတ္တလန်တာသည် ဒဏ်ရာရ တပ်သားများ၏ မြို့တော်ကြီး ဖြစ်နေသည်။ အထွေထွေ ဆေးရုံ၊ ကူးစက်ရောဂါ ဆေးရုံ၊ အနားယူ ဆေးရုံ စသည်တို့ မရေမတွက်နိုင်အောင် ရှိနေသည်။ ဒဏ်ရာရသူ၊ နားမကျန်းဖြစ်သူများ မီးရထားဖြင့် နေ့တိုင်း တသောသော ရောက်နေကြသည်။

အတ္တလန်တာသည် မြို့ငယ်ကလေး၏ အသွင်မရှိတော့။ နေ့ချင်းညချင်း ကြီးထွားနေသော မြို့သည် နေ့ရော ညပါ

အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ တိတ်ဆိတ်၍ လေကောင်းလေသန့် ရသည့် ကျေးလက်မှ လာခဲ့ရသည့် စကားလက်အဖို့ မြင်ကွင်းအားလုံးကို မြင်ရသည်မှာ အသက်ရှု ကျပ်သည်။ သို့ရာတွင် စကားလက် သဘောကျသည်။ လှုပ်ကြ ရှုားကြ၊ သွားကြ လာကြသည်ကို မြင်သဖြင့် အားအင် တိုးလာသည်ဟု ထင်ရသည်။ သူ့ အသည်းနှလုံးသည် အတ္တလန်တာ၏ အသည်းနှလုံးနှင့် အတူ ခုန်နေသည်ဟု ထင်ရသည်။

ရထားက ရွှံ့ဗွက် ထူသည့် မြို့လယ်ကောင် လမ်းမကြီးအတိုင်း တအိအိ မောင်းလာသည်။ အဆောက်အအုံသစ်၊

လူသစ်များကို မြင်ရသည်။ လမ်းဘေး စင်္ကြံများတွင် ယူနီဖောင်းဝတ် စစ်ဗိုလ် စစ်သားတွေ ပြည့်နေသည်။ ရာထူး တံဆိပ် အမျိုးမျိုး၊ တပ်တံဆိပ် အမျိုးမျိုး။ လမ်းကျဉ်းကလေးများက ယာဉ်ပေါင်းစုံဖြင့် ပြည့်နေသည်။ ရထား၊ ဘာဂီ၊ လူနာတင်လှည်း၊ ရွက်ဖျင်ဖုံးထားသည့် စစ်ရထား အမျိုးမျိုး။ ရထား မောင်းသူများက တအိအိ ရုန်းနေသည့် လားများကို ကြိမ်ဖြင့် ရိုက်လျက်။ အော်ဟစ် ဆဲဆိုလျက်။ ဝတ်စုံပြာ ဝတ်ထားသည့် တပ်လုလင်များက အမိန့်စာများ၊ ကြေးနန်းများကို တစ်ရုံးမှ တစ်ရုံးသို့ ပို့လျက်။ နာလန်ထစ လူမမာများက ချိုင်းထောက်များဖြင့် လမ်းလျှောက်လျက်။ သူတို့ဘေးက စိုးရိမ်သည့် အမူအရာဖြင့် အမျိုးသမီး တစ်ဦး တွဲပါလျက်။ စစ်ရေးပြကွင်းမှ ခရာသံ၊ ဘင်သံနှင့် စစ်မိန့်ပေးသံများက ဆူညံလျက်။ ပြည်နယ် တပ်သားများက လှံစွပ်ဖြင့် ချိန်ကာ ယန်ကီ ယူနီဖောင်း ဝတ်ထားသည့် တပ်စု တစ်ခုကို သုံ့ပန်း စခန်းသို့ ခေါ်သွားကြသည်။ ဦးလေးပီတာက ကြာပွတ်ဖြင့် သူတို့ဘက်သို့ ထိုးပြသည်။ စကားလက် တစ်သက်တွင် ယန်ကီယူနီဖောင်းကို ပထမဆုံးအကြိမ် မြင်ရဖြင်း ဖြစ်သည်။

‘ဒီမှာ

အသစ်အဆန်းတွေချည်းပဲ

မြင်နေရတယ်။

ပျော်စရာကြီး’

စကားလက်

တွေးသည်။

ဝက်သစ်ချမြိုင်

ပျော်ပွဲစားပြီးသည့် နောက်တွင် ပထမဆုံး အကြိမ် ရွှင်လန်းခြင်း ဖြစ်မိသည်။

အတ္တလန်တာက သူ သိသည်ထက် စည်ကားသည်။ အရက်ဆိုင်တွေက မှိုလိုပေါက်နေသည်။ စစ်တပ်နှင့်အတူ

ပါလာသည့် ပြည့်တန်ဆာများက မြို့လုံးပတ်လည် အနှံ့။ ပြည့်တန်ဆာ အိမ်များကလည်း သွားလေရာ ရှောင်၍ မလွတ်။ သာသနာရေးဘက် ဆိုင်ရာ ပုဂ္ဂိုလ်များအဖို့ ပြဿနာ ဖြစ်နေသည်။ ဟိုတယ်များ၊ တည်းခိုခန်းများ၊ အိမ်များတွင်လည်း

153

ဧည့်သည်တွေ ပြည့်နေသည်။ ဒဏ်ရာ ရသဖြင့် ဆေးရုံတက်နေရသည့် တပ်သားများထံ လာသည့် ဆွေမျိုးသားချင်းများ ဖြစ်သည်။ အပတ်စဉ် ကပွဲများ၊ ပျော်ပွဲများဖြင့် ခြိမ့်ခြိမ့်သညံနေသည်။ စစ်တွင်း မင်္ဂလာဆောင် တွေကလည်း မရေတွက်နိုင်။ သတို့သားများက မီးခိုးရောင်ဝတ်စုံ ဝတ်ကာ ရွှေတံဆိပ်တွေ ချိတ်ဆွဲလျက်။ သတို့သမီးများက ပိတ်ဆို့ထားသည့် ကြားက ရှားရှားပါးပါး ဝင်လာသော နိုင်ငံခြား အဝတ်အထည်များကို ဝတ်ကြကာ တပ်သားများ၏ ဓားလွယ် ကြက်ခြေခတ်များ အောက်က ဖြတ်လျှောက် လာကြသည်။ ရှန်ပိန် အရက် စီးသံ၊ ခွက်မြှောက် ဆုတောင်းသံ၊ မျက်ရည် လည်ရွှဲနှင့် နှုတ်ဆက်သံ။

ညတွင် လမ်းမက ကခုန်သံ၊ ဧည့်ခန်းများမှ စန္ဒယားသံ၊ အဆိုတော်တို့၏ တေးသံ၊ စစ်သားများ၏ ဝိုင်းဖွဲ့ သီချင်းဆိုသံ။



ရထားက ရွှံ့တစွက်စွက်ဖြင့် မြို့လယ် လမ်းမတစ်လျှောက် မောင်းလာသည်။ စကားလက်က သိချင်သည်ကို မေး၍

ဦးလေးပီတာက ဖြေသည်။ ကြာပွတ် တယမ်းယမ်းဖြင့် ထိုးပြသည်။ သူ့ ဗဟုသုတကို ဂုဏ်ယူပုံ ရသည်။

`အဲဒါတွေက လက်နက်ရုံတွေကွယ့်၊ သေနတ်တွေ လုပ်တာပေါ့။ ဒါတွေလား၊ ဒါတွေက ရုံးတွေ မဟုတ်ဘူး မလေးရဲ့။

ပိတ်ဆို့ရေး ရုံးတွေ၊ သြော် ပိတ်ဆို့ရေးရုံးဆိုတာ မလေး မသိသေးဘူးထင်တယ်။ ယန်ကီတွေက ပိတ်ဆို့ထားတဲ့ ကြားကနေပြီး တို့သီးခြားပြည်နယ်က ဝါဂွမ်းတွေကို ဝယ်ပြီး သူတို့က နိုင်ငံခြားပို့၊ နိုင်ငံခြားက ယမ်းမှုန့်တွေကို ပြန်သွင်းပေးကြတာ သူတို့ပေါ့။ ဟင့်အင်း ဘာလူမျိုးတွေမှန်းတော့ ဦးလေး မသိဘူး။ ဒေါ်လေးပစ်တီ ပြောတာတော့ အင်္ဂလိပ်တွေတဲ့။ ဒါပေမယ့် သူတို့ ပြောတဲ့ စကားတွေကိုတော့ တို့များ တစ်လုံးမှ နားမလည်ဘူး။ ဟုတ်ပါ့ကွယ်၊ မီးခိုးတွေက သိပ်များတာပဲ။ ကြပ်ခိုးမှုန်တွေလွင့်လို့ ဒေါ်လေးပစ်တီရဲ့ ခန်းဆီးတွေဖြင့် ခဏခဏ လျှော်နေရတာပဲ။ သံရည်ကျိုရုံက မီးခိုးတွေလေ။ သောက်ကျိုးနည်း ညညလည်း ဆူလိုက်တဲ့ စက်သံတွေကွယ်။ တဝုန်းဝုန်းနှင့် နေတာပဲ၊ ဘယ်သူမှ ကောင်းကောင်း မအိပ်ရဘူး။ ကြည့်ချင်ရင် ဦးလေး တစ်ပတ်လောက် လှည်းမောင်းပေးမယ်လေ။ အိမ်ကို တိုက်ရိုက် ခေါ်လာမယ်လို့ ဦးလေး ပြောမထားခဲ့ပါဘူး။ ဟော မလေးရေ၊ နှုတ်ဆက်လိုက်ဦးကွယ့်။ မယ်ရီ ဝယ်သာနှင့် အယ်လဆင်းက မလေးကို နှုတ်ဆက်နေကြတယ်’

အမျိုးသမီး နှစ်ဦး၏ အမည်ကို စကားလက် ခပ်ရေးရေး အမှတ်ရလာသည်။ အတ္တလန်တာမှ မြိုင်သာယာအထိ

သူ့မင်္ဂလာဆောင်သို့ လာကြသည့် အမျိုးသမီးကြီး နှစ်ဦး ဖြစ်သည်။ ဒေါ်လေး ပစ်တီ၏ မိတ်ဆွေများ ဖြစ်သည်ကိုလည်း စကားလက် အမှတ်ရသည်။ ထို့ကြောင့် ဦးလေးပီတာ ညွှန်ပြရာသို့ ဦးညွှတ် နှုတ်ဆက်လိုက်ရသည်။ အမျိုးသမီးကြီး နှစ်ဦးက အထည်ဆိုင် တစ်ဆိုင်ရှေ့တွင် ရပ်ထားသည့် မြင်းရထားထဲတွင် ထိုင်နေကြသည်။ ဆိုင်ရှင်နှင့် ဆိုင်ထိုင် နှစ်ယောက်က စင်္ကြံမှ ရပ်ကာ အထည်စတွေ တစ်ပွေ့တစ်ပိုက်ကြီးကို ပြနေကြသည်။

မစ္စက် မယ်ရီ ဝယ်သာက အရပ်မြင့်မြင့်၊ ခပ်တောင့်တောင့်။ ရင်စည်းကို တင်းကျပ်နေအောင် စည်းထားသဖြင့် သူ့

ရင်အစုံသည် သင်္ဘောဦးလို ရှေ့သို့ ချွန်နေသည်။ သံရောင် သူ့ဆံပင် အဖျားတွင် ခပ်ညိုညို ဆံပင်တု အခွေများ တပ်ထားသည်။ ဆံပင်တုမှ အရောင်နှင့် ပင်ကိုယ် ဆံပင်က တခြားစီ။ သူ့မျက်နှာက ဝိုင်းဝိုင်း၊ အသားနီနီ။ ရိုးသားဟန်၊ ပါးနပ် ထက်မြက်ဟန်၊ သြဇာပေးလိုဟန်တို့ တစ်ပြိုင်တည်း ပေါ်နေကြသည်။ မစ္စက် အယ်လဆင်းက သူ့ထက် ငယ်သည်။ ပိန်ပိန်ပါးပါး။ တစ်ခါက မိန်းမချော တစ်ဦး ဖြစ်ပုံရသည်။ ညှိုးနွမ်းစ ပြုနေသော လန်းဆန်းမှုကို ယခုတိုင် တွေ့ရသေးသည်။

ဤအမျိုးသမီးကြီး နှစ်ဦးနှင့် မစ္စက် ဝှိုက်တင်းဆိုသည့် အမျိုးသမီးတို့က အတ္တလန်တာတွင် မြို့မျက်နှာဖုံးများ

ဖြစ်ကြသည်။ သုဓမ္မာဇရပ် သုံးဆောင်ကို သူတို့ သုံးယောက်က ကြီးကြပ်ကြသည်။ နိဗ္ဗာန်ဈေး ခင်းလျှင်လည်း သူတ။ို့ အချုပ်အလုပ်

154

သင်တန်းထောင်လျှင်လည်း သူတို့။ ကပွဲတို့ ပျော်ပွဲစားတို့ လုပ်၍ မိန်းကလေးတွေကို အုပ်ထိန်းလိုက်လာလျှင်လည်း သူတို့။ နေရာတကာ သူတို့လက် သူတို့ခြေချည်း ဖြစ်သည်။ မည်သူ့သမီးနှင့် မည်သူ့သားကဖြင့် အစုံအဖက် ညီသည် မညီသည်ကို သိကြသည်။ မည်သူကဖြင့် အရက် ခွက်ပုန်း သောက်သည်၊ မည်သူက ကိုယ်ဝန် ဘယ်နှစ်လ ရှိသည် စသည်တို့ကိုလည်း သိကြသည်။ ကာရိုလိုင်းနား၊ ဂျော်ဂျီယာက ဆွေကြီးမျိုးကြီးတိုင်း၏ ဆွေစဉ် မျိုးဆက်တိုင်းကို ဆွေမျိုး စပ်ပြတတ်သည်။ ထိုပြည်နယ် သုံးနယ် အပြင်ဘက်က လူများကိုမူ သူတို့က စာရင်းထဲ ထည့်မတွက်။ ထိုပြည်နယ် သုံးနယ်သား မဟုတ်လျှင် ဆွေကြီး မျိုးကြီးဟု မယူဆသောကြောင့် ဖြစ်သည်။ မည်သည့် အနေအထိုင်မျိုးက မိကောင်းဖခင် သားသမီး အနေအထိုင် ပီသသည်၊ မပီသသည်ကိုလည်း သူတို့ သိကြသည်။ အတင်းအဖျင်း ပြောစရာ တွေ့လာပြီ ဆိုလျှင် မည်သည့် အခါမျှ မပြောဘဲ မနေကြ။ မစ္စက် မယ်ရီဝယ်သာက ကျယ်လောင် ကျယ်လောင်ဖြင့် ပြောတတ်သည်။ မစ္စက်အယ်လဆင်းက လေအေးအေးဖြင့် ပြောတတ်သည်။ မစ္စက် ဝှိုက်တင်းက ဤလိုကိစ္စမျိုးကို မပြောချင်ကြောင်း မတတ်သာ၍ ပြောရကြောင်း အစချီကာ စိတ်မကောင်းဟန် တတွတ်တွတ်ဖြင့် ပြောတတ်သည်။ အမျိုးသမီးကြီး သုံးယောက်သည် ရောမခေတ် ပထမ တြိကဋုတ်ပုဂ္ဂိုလ် သုံးဦးပမာ တစ်ယောက်နှင့် တစ်ယောက် သိပ်မတည့်ကြ။ တစ်ယောက်ကို တစ်ယောက်လည်း မယုံကြ။ ထို့ကြောင့်ပင်လျှင် သူတို့သုံးယောက် မဟာမိတ် ဖြစ်နေကြသလော မဆိုနိုင်။

`ပစ်တီကိုတော့ ပြောပြီးပြီဟေ့။ ငါ့တူမကြီးကို ဆေးရုံမှာ စေတနာ ဝန်ထမ်း လာလုပ်ဖို့ ခေါ်ရဦးမယ်’ မစ္စက်

မယ်ရီဝယ်သာက ပြုံး၍ လှမ်းပြောသည်။ `မစ္စက်မိနှင့် မစ္စက် ဝှိုက်တင်းကို သွားပြီး အသိမပေးလိုက်နှင့်ဦးနော်’

`ဟုတ်ကဲ့ မပေးပါဘူး ဒေါ်ဒေါ်’ မစ္စက် မယ်ရီဝယ်သာ မည်သည်ကို ဆိုလိုမှန်း စကားလက် ကောင်းကောင်း မသိ။

သို့ရာတွင် သူ့ကို အရေးတယူ နှုတ်ဆက်ကာ လိုလိုချင်ချင် ရှိကြသည်ဆိုလျှင် ဝမ်းသာနေပြီ။ `နောက်မှ တွေ့ဦးမယ်နော် ဒေါ်ဒေါ်’

ရထားက

ဆက်မောင်းလာသည်။

တစ်ပွေ့တစ်ပိုက်ကြီးဖြင့်

အမျိုးသမီးကြီး

လမ်းဖြတ်ကူးနေသည့်

အတွက်

နှစ်ယောက် ရထားကို

ရွှံ့စပ်စပ်

ခေတ္တ

လမ်းပေါ်တွင်

ရပ်ပေးလိုက်ရသည်။

ပတ်တီးတွေ စကားလက်၏

မျက်လုံးများသည် စင်္ကြံပေါ်က အဝတ်အစား တောက်တောက်ပပ မိန်းမ တစ်ဦးထံ ရောက်သွားကြသည်။ အဝတ်အစားက တောက်ပ ပြိုးပြက်လွန်းသည်။ လမ်းမတွင် ဝတ်ဖို့ မကောင်း။ အမြိတ်တွေ ဖနောင့်ထိအောင် ဝဲကျနေသည့် ခြုံစောင်ကြီး တစ်ထည်ကို ခြုံထားသည်။ အရပ် မြင့်မြင့် ရုပ်ချောချာ။ မျက်နှာက ခပ်ပြောင်ပြောင်။ ဆံပင်ကလည်း နီလိုက်သည်မှ ရဲပတောင်း ထနေသည်။ ဆံပင် ထုံးထားသည့် မိန်းမ တစ်ယောက်ကိုလည်း စကားလက် ဤတစ်ကြိမ်သာ မြင်ဖူးသေးသည်။ စကားလက် ထိုမိန်းမကို ငေးကြည့်နေသည်။

`ဦးလေးပီတာ၊ သူက ဘယ်သူလဲ ဟင်’



စကားလက်က ခပ်တိုးတိုး မေးသည်။



`ဦးလေး မသိဘူးကွယ့်’



`အမယ်လေး၊ ဒီမြို့ကလူပဲ၊ ဦးလေး သိမှာပါ။ ဘယ်သူလဲ’

155



`ဝက်တလင်းတဲ့’



ဦးလေးပီတာက အောက်နှုတ်ခမ်းကြီးကို ထော်ပြ၍ ပြောသည်။ ဦးလေးပီတာက နာမည်ရှေ့တွင် မစ္စက်ဟု

လည်းကောင်း၊ မစ္စစ်ဟု လည်းကောင်း ထည့်ပြောမသွားသည်ကို စကားလက် သတိထားလိုက်မိသည်။

`သူက ဘာလဲ’



`ဒီမှာ မလေး’ ဦးလေးပီတာက မြင်းကို ကြာပွတ်ဖြင့် အသာ လှမ်းပုတ်လိုက်သည်။ `ကိုယ်နှင့် မဆိုင်တာတွေ

လျှောက်မေး နေတာကို ဒေါ်လေး ပစ်တီက မကြိုက်ဘူး။ ဒီမြို့မှာ သူတို့လို ဟာတွေက သိပ် အရေးမကြီးပါဘူး။ သူတို့ အကြောင်းတွေ ပြောလို့ ဘာထူးမှာလဲ’

‘ဧကန္တ မကောင်းတဲ့ မိန်းမ ဖြစ်မှာပဲ’ စကားလက် စိတ်ထဲက တွေးလိုက်မိသည်။



မကောင်းသည့် မိန်းမ ဆိုသည်ကို စကားလက် တစ်ခါမျှ မမြင်ဖူးသေး။ စကားလက်က သမင်လည်ပြန် လှည့်ကြည့်ရင်း

လူအုပ်ထဲတွင် ပျောက်ကွယ်သွားသည် အထိ ထိုမိန်းမကို လှမ်းကြည့်နေသည်။

ကုန်စုံဆိုင်ကြီးများနှင့်

စစ်ဘက်

အဆောက်အအုံများက

တဖြည်းဖြည်း

ကျဲသွားကြပြီ။

တချို့နေရာများတွင်

တိုက်အိမ်တွေ မဆောက်ရသေး။ ကွက်လပ်ကြီးတွေ ရှိသေးသည်။ မြို့လယ် အရောင်းအဝယ် ရပ်ကွက်ကို ကျော်ကာ လူနေ ရပ်ကွက်များသို့ ရောက်လာသည်။ စကားလက်က သူသိသည့် အိမ်များကို လှမ်းကြည့်လာသည်။ ကြီးကျယ် ခန်းနားသည့် လေဒင်တို့ အိမ်။ အုတ်တိုင် ဖြူဖြူကြီးနှင့် ခန်းဆီးစိမ်း တပ်ထားသည့် ဆွန်နယ်တို့အိမ်။ အုတ်နီနီတွေဖြင့် ဆောက်ထားသည့် မက်လျူးဝါးတို့အိမ်။ အိမ်များမှ အသိမိတ်ဆွေများက ထွက်နှုတ်ဆက်ကြသဖြင့် ရထားကို ခပ်ဖြည်းဖြည်း မောင်းလာရသည်။ တချို့မှာ သိရုံသာ သိ၍ တချို့မှာ မျက်မှန်းတန်းမိရုံသာ ရှိသည်။ သို့ရာတွင် အများအားဖြင့်မူ သူ မသိသူတွေသာ များသည်။ ဒေါ်လေး ပစ်တီက သူလာမည့်အကြောင်းကို မောင်းခတ်ပြီးပြီ။ ကလေးကို ကြည့်ချင်သဖြင့် မြှောက်ပြရသည်ကလည်း အမော။ သူတို့ အချုပ်အလုပ် အသင်းသို့ ဝင်ရမည်၊ ဆေးရုံ ကော်မတီထဲ ပါရမည်၊ သက်သာ ချောင်ချိရေး အဖွဲ့ထဲ ဝင်လုပ်ရမည် စသည်ဖြင့် တစ်ယောက် တစ်ပေါက် လှမ်းအော်ကြသည်။ စကားလက်ကလည်း ညာဘက်လှည့်လိုက်၊ ဘယ်ဘက် လှည့်ပြောလိုက်ဖြင့် ကတိပေးခဲ့ရသည်။

သစ်သားအိမ် စိမ်းစိမ်း တစ်လုံးရှေ့သို့ ရောက်လာကြသည်။ အိမ်ရှေ့တွင် ရပ်နေသည့် ကပ္ပလီ သူငယ်လေး

တစ်ယောက်က ‘ဟော လာပြီ လာပြီ’ဟု အော်သည်။ အိမ်ထဲမှာ ဒေါက်တာမိနှင့် သူ့ဇနီး ဒေါ်ဒေါ်မိ၊ အသက် ဆယ့်သုံးနှစ်သား ဖိလစ်တို့ ထွက်လာကာ သူ့ကို နှုတ်ဆက်ကြသည်။ သူ မင်္ဂလာဆောင်တုန်းက သူတို့ တစ်တွေလည်း လာကြသည်ဟု စကားလက် မှတ်မိသည်။ ဒေါ်ဒေါ်မိက ရထားခုံပေါ်မှ ရပ်၍ စကားလက်၏ ကလေးကို ငုံ့ကြည့်သည်။ ဒေါက်တာမိကမူ ရွှံ့တွေ ရေတွေထဲမှ တစွက်စွက် ဖြတ်လာကာ ရထားဆီသို့ လျှောက်လာသည်။ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး၊ သံရောင်မုတ်ဆိတ် ခပ်ချွန်ချွန်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားက ပွယောင်းယောင်း။ လေမုန်တိုင်းထဲ ပါလာကာ သူ့ကိုယ်ပေါ်တွင် ကပ်နေသည်နှင့် တူသည်။ အတ္တလန်တာ တစ်မြို့လုံးက သူ့ကို လေးစား ကြည်ညိုကြသည်။ လေးစားမည် ဆိုလျှင် လေးစားလောက်သည်။ စကား ကြီးကြီးကျယ်ကျယ် ပြောတတ်၍ ဟန်များတတ်သည့်တိုင် သဘောကောင်းသည်။

156



စကားလက်ကို လက်ဆွဲ နှုတ်ဆက်၍ ဝိတ်ကလေး ဗိုက်ကို ပွတ်သပ်ပြီးနောက် စကားလက် တစ်ယောက် ဒေါ်ဒေါ်မိ၏

ပတ်တီးလိပ် အဖွဲ့တွင် ပါရမည်ဖြစ်ကြောင်း၊ သူ့ကို ဤအဖွဲ့ဆီသို့ ဆက်ပေးမည်ဟု ဒေါ်လေးပစ်တီက ကတိပေးပြီး ဖြစ်ကြောင်းဖြင့် ပြောပြသည်။

`စကားလက် ကတိပေးခဲ့တာ လူတစ်ထောင်လောက် ရှိရော့မယ်’



စကားလက်က ပြောသည်။



`မစ္စက် မယ်ရီဝယ်သာ၊ ဒါပဲနော်၊ ကျွန်မ အဖွဲ့ထဲမှာ ထည့်ရမှာ’



`စကားလက်က ဘာမှ မသိဘူးလေ။ တွေ့တဲ့လူက သူ့အဖွဲထဲ ပါပါ ဆိုတော့ ကတိပေးခဲ့တာပေါ့။ ဆေးရုံ

ကော်မတီတွေက ဘယ့်နှယ်လဲ’

စကားလက်က မေးသည်။



ဆရာဝန်ဒေါက်တာမိနှင့် ဆရာဝန်ကတော်သည် စကားလက် ဘာမျှ မသိသေးသည်ကို ကြည့်၍ အံ့သြသွားသည်။



`အေးလေ၊ စကားလက်ကတော့ ဘယ် သိဦးမလဲ’ ဆရာဝန် ကတော်က ပြောသည်။ `ဆေးရုံတွေအတွက်

စောင့်ရှောက်ရေး ကော်မတီတွေ ဖွဲ့ထားကြတယ်ကွယ့်။ တပ်သားတွေကို သူနာပြု လုပ်ပေးတယ်။ ဆရာဝန်တွေကို အကူအညီပေးတယ်။ တပ်သားတွေ နေကောင်းတော့ သူတို့ကို အိမ်တွေမှာ ခေါ်ပြီး နာလန်ထသည်အထိ ပြုစုကြတယ်။ ဆေးရုံမှာ နေစရာ သိပ်မရှိဘူး မဟုတ်လား။ ပြီးတော့ ဒဏ်ရာရတဲ့ တပ်သားတွေရဲ့ ဆင်းရဲတဲ့ အိမ်ထောင်တွေကိုလည်း စောင့်ရှောက်တယ်။ ငါ့တူမတို့ ဦးလေးက ဆေးကျောင်း ဆေးရုံမှာလေ။ ဒေါ်ဒေါ်ကလည်း အဲဒီ ဆေးရုံကော်မတီမှာ လုပ်တာပေါ့။ တူမတို့ ဦးလေး အလုပ် လုပ်ပုံကတော့ကွယ် လူတိုင်းက’

`ဟေ့၊ ဟေ့’ ဆရာဝန်က သဘောကျ၍ ပြောသည်။ `လူတွေရှေ့မှာ ငါ့အကြောင်းကို မင်းကချည်း သိပ်အကောင်း

မပြောနှင့်ကွ။ ငါ လုပ်ပေးတာဟာ ဘာမှ မဟုတ်သေးဘူး။ မင်းက ငါ့ကို ရှေ့တန်း သွားခွင့် မပြုဘဲ’

`နောင်နှစ်ဆိုရင် ကျွန်တော် သွားမယ် ဖေဖေ’ သူတို့သား ဖိလစ်က အော်ရင်း ခုန်ပြေးလာသည်။ `ကျွန်တော် ဘင်တီး

သင်နေတယ်။ ခု တီးပြရမလားဟင် မေမေ’

`နေပါဦးကွယ်၊ သားကလည်း’ ဆရာဝန် ကတော်က သားငယ်ကို အနီးသို့ ဆွဲယူလိုက်သည်။ `နောင်နှစ်

ဘယ်ဖြစ်ဦးမလဲ။ အဲဒီနောက် တစ်နှစ်လောက်ကျမှပေါ့’

`အဲဒီတော့ စစ်ပြီးတော့မှာပေါ့ မေမေရဲ့။ အစတုန်းကတော့ လိုက်ရမယ်လို့ မေမေပဲ ပြောပြီး’



ဖိလစ်က

မေမေ့လက်ထဲမှ

ရုန်းထွက်လိုက်သည်။

အဖေနှင့်

အမေ

တစ်ယောက်ကို

တစ်ယောက်

လှန်းကြည့်လိုက်ကြသည်ကို စကားလက် သတိပြုလိုက်မိသည်။ သူတို့ သမီး ဒါစီမိက ဗာဂျီးနီးယားတွင် ရောက်နေသဖြင့် ဤသားလေးကိုပင် တွယ်တာနေရသည်။

157



ဦးလေးပီတာက ချွဲရှင်းလိုက်သည်။



`ကဲ ဒေါ်လေးပစ်တီ မျှော်လှရော့မယ်။ သွားကြဦးစို့’



`ကဲ သွားပေတော့။ ညနေကျမှ လျှောက်လာခဲ့ဦးမယ်။ ဦးလေးပီတာ၊ ပစ်တီကို ပြောလိုက်ပါ။ စကားလက်ကို ကျွန်မ

ကော်မတီထဲ မထည့်ရင် အသိပဲလို့’

ရထားက ရွှံ့ဗွက်တွေထဲ ဆက်မောင်းလာသည်။ စကားလက်သည် ရထား နောက်မှီတွင် မှီ၍ ပြုံးလိုက်မိသည်။

အတ္တလန်တာက လူတွေ အုတ်အုတ်ကျက်ကျက်။ စိတ်သဘောထား အမျိုးမျိုး ရှိသည့် အတ္တလန်တာ။ ပျော်စရာတော့ ကောင်းသည်။ ချာလက်စတန် ထက်လည်း ပျော်စရာ ကောင်းသည်။ ဆဗားနားထက်လည်း ပျော်စရာကောင်းသည်။ သူ ချစ်သည့် မြိုင်သာယာထက်ပင် ပျော်စရာ ကောင်းနေသေးသည်။

အတ္တလန်တာက တောင်းကုန်းနီနီတွေ ကြားထဲတွင် တည်ထားသည့် မြို့ဖြစ်သည်။ လမ်းတွေက ကျဉ်းသည်။

ရွှံ့ထူသည်။ စကားလက်၏ ပင်ကို စိတ်လို ခပ်ရိုင်းရိုင်း ခပ်ဆတ်ဆတ် အသွင် ပေါ်နေသည်။ သူက တည်ငြိမ် တိတ်ဆိတ်နေသည့် မြို့များတွင် မပျော်။ အတ္တလန်တာလို လှုပ်ရှားတက်ကြွနေသည့် မြို့မျိုးနှင့် ကိုက်သည်။

အိမ်တွေ တစ်စ တစ်စ ကျဲစ ပြုလာသည်။ ရထား ပြတင်းမှ လှမ်းကြည့်လိုက်သည်တွင် အုတ်ရောင်နီနီ

သင်ပုန်းကျောက်မိုးနှင့် ဒေါ်လေးပစ်တီ၏ အိမ်ကြီးကို မြင်နေရပြီ။ ဒေါ်လေးပစ်တီ၏ အိမ်သည် မြို့မြောက်ဘက် အစွန်ဆုံးအိမ် ဖြစ်သည်။ ထိုမှ လွန်လျှင် မက်မုံပင်လမ်းသည် တဖြည်းဖြည်း ကျဉ်းသွားကာ သစ်ပင် အုပ်အုပ်တွေ ကြားထဲတွင် ပျောက်သွားသည်။ အိမ်ရှေ့က သစ်သား ဝင်းထရံကို ဆေးဖြူ အသစ် သုတ်ပြီးကာစ ရှိသေးသည်။ အိမ်ရှေ့ မြက်ခင်းတွင် နေကြာပွင့် ဝါဝါတို့ ပွင့်နေကြသည်။ အိမ်ရှေ့ လှေကားရင်းတွင် အဝတ်နက် ဝတ်ထားသည့် မိန်းမ နှဏ်ယောက် ရပ်နေသည်။ သူတို့ နောက်တွင် အသားညိုညို မိန်မကြီး တစ်ယောက်။ လက်နှစ်ဖက်ကို ခါးစည်း ရေခံ အဝတ်ထဲ ထည့်သွင်းကာ သွားအဖွေးသား ပေါ်အောင် ပြုံးနေသည်။ ဒေါ်လေးပစ်တီက ခပ်ဝဝ။ လက်တစ်ဖက်က ရင်ကို ဖိထားသည်။ ခဏကြာတော့ သူ့ဘေးတွင် မီလာနီ လာရပ်သည်ကို စကားလက် သိလိုက်သည်။ အတ္တလန်တာတွင် ပျော်စရာ ကောင်းသမျှ ဤတစ်ကွက်ဖြင့် ပျက်ရပြီ။ ဆွမ်းဆန်ထဲ ကြက်ချေး ရောသကဲ့သို့ ဖြစ်ရပြီ။

တောင်ပိုင်းသား တစ်ယောက် အထုပ်အပိုး ပြင်၍ ခရီး ထွက်ကြပြီ ဆိုလျှင် ထိုခရီးသည် တစ်လလောက်တော့

ကြာတတ်သည်။ အများအားဖြင့် ထို့ထက် ပိုကြာတတ်သည်။ တောင်ပိုင်းသားက သူများဆီ အလည်သွားလေ့ ရှိသည့်နည်းတူ သူ့အိမ် ရောက်လျှင်လည်း အလွန် ဧည့်ဝတ်ကျေသည်။ ထို့ကြောင့် တချို့ ဆွေမျိုးများ နာတာလူး အလည်လာသည်ဟု ပြောကြပြီး ဇူလိုင်လအထိ နေသွားလျှင်လည်း အဆန်းမဟုတ်တော့။ လက်ထပ်ပြီး ဇနီးမောင်နှံ မင်္ဂလာဦး ခရီးထွက်ကာ ဆွေမျိုးသားချင်း အိမ်တွင် တည်းပြီဆိုလျှင် ဒုတိယ ကလေး မွေးပြီးမှ ပြန်သွားတတ်ကြခြင်းမျိုးကလည်း တစ်ပုံတစ်ပင်။ အသက်ကြီးသည့် ဦးကြီး၊ ဒေါ်ကြီးတို့ တနင်္ဂနွေနေ့ ညစာစားဟု ဆိုကာ လာတတ်ကြလျှင်လည်း တော်တော်နှင့် မပြန်။ တချို့ နှစ်ပေါင်းများစွာကြာ၍ ဤအိမ်မှာပင် ခေါင်းချသွားသည့် ကိစ္စမျိုးကလည်း မရှား။ ဧည့်သည်လာလျှင်လည်း ဧည့်သည်အဖို့ အားမနာရ။ အိမ်ကြီးတွေက ကျယ်သည်။ အစေခံတွေကလည်း ပေါသည်။ ပါးစပ် တစ်ပေါက်မျှမက ပါးစပ်ပေါက် အများကြီး ကျွေးထားရလျှင်လည်း မထောင်းတာလှ။ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို ခရီးသွားကြသည်။ မင်္ဂလာဦး ခရီးထွက်သူလည်း

158

ရှိသည်။ နာလန်ထစ အပန်းဖြေ သွားနေကြသူများလည်း ရှိသည်။ စိတ်လက်မကောင်း၍ သွားနေကြသူများလည်း ရှိသည်။ မိဘ သဘောမတူသည့် ယောက်ျားလေးနှင့် ညားသွားမည် စိုးသည့်အတွက် ပို့ထားသည့် မိန်းကလေး၊ လင်ကောင်းသားကောင်း ရရန် ဆွေမျိုးများထံ ပို့ထားသည့် မိန်းကလေး စသည်တို့လည်း ပါသည်။ အေးချမ်း ငြိမ်သက်သည့် တောင်ပိုင်းသားတို့၏ ဘဝတွင် ဧည့်သည် ရောက်လာလျှင် ဝမ်းသာကြစမြဲ။ ဧည့်ဝတ် ကျေပွန်မြဲ။ 

ဤသို့ဖြင့် စကားလက် အတ္တလန်တာသို့ ရောက်လာခြင်း ဖြစ်သည်။ မည်ရွေ့ မည်မျှ ကြာမည် မသိသေး။ ဆဗားနားတို့

ချာလက်စတန်တို့လို ပျင်းစရာ ကောင်းလျှင် တစ်လလောက် ကြာမည်။ ထိုထက် ပိုပျော်လျှင် ပျော်သလောက် နေမည်။ သို့ရာတွင်  ရောက်ပြီး မကြာမီ ဒေါ်လေးပစ်တီနှင့် မီလာနီတို့က အတ္တလန်တာတွင် အခြေချရန် သူ့ကို ဆွယ်ကြသည်။ အကြောင်း အမျိုးမျိုး ပြကြသည်။ စကားလက်ကို ခင်သဖြင့် နေစေချင်ကြသည်။ အိမ်ကျယ်ကြီးထဲတွင် သူတို့ချည်း ရှိသည်။ စကားလက်က သတ္တိကောင်းသည်။ ရဲရင့်သည်။ စကားလက်ကို မြင်လိုက်ရသည်နှင့် အလွမ်းပြေသွားကြသည်။ သူတို့အဖို့ ချားလ် မရှိတော့။ တူအစား၊ အစ်ကိုအစား၊ တူမ၊ ယောက်မနှင့် မြေးကလေး၊ တူကလေးကို အစားထိုးနိုင်သည်။ ထိုမျှမက ချားလ်၏ သေတမ်းစာ အရ အိမ်ကြီးကိုလည်း စကားလက် တစ်ဝက်ပိုင်သည်။ ထိုမျှမက သီးခြား ပြည်နယ်တွင် စက်ချုပ်၊ သိုးမွေးထိုး၊ ပတ်တီးလိပ်၊ သူနာပြု စသည့် လုပ်ငန်းများ အတွက်လည်း လူလိုနေသည်။ ထို့ကြောင့် အတ္တလန်တာတွင် အခြေချစေချင်ကြသည်။

ချားလ်၏ ဦးလေး ဟင်နရီ ဟယ်မီတန်က လူပျိုကြီး ဖြစ်သည်။ အတ္တလန်တာ မြို့လယ်ကောင် ဟိုတယ် တစ်ခုတွင်

နေသည်။ ဦးလေး ဟင်နရီကလည်း ထိုအတိုင်း ပြောသည်။ ဦးလေး ဟင်နရီက အရပ်ပုပု ဗိုက်ရွှဲရွှဲ။ မျက်နှာ နီနီ၊ ငွေရောင် ဆံပင်များက ဝဲကျနေကြသည်။ စိတ်တိုတတ်သည်၊ မိန်းမတွေ ကြောက်သည်။ စကားများသည်ကို နည်းနည်းမျှ စိတ်မရှည်။ ထိုကြောင့် သူ့ညီမ ပစ်တီနှင့် မတည့်ကြခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်က ငယ်ငယ်ကတည်းက စိတ်ချင်း မတူ။ စရိုက်ချင်း မတူ။ ချားလ်အား အဒေါ်ပစ်တီ ဆုံးမ သွန်သင်ပုံကို မကြိုက်။ မိန်းမလျာလေး ဖြစ်မှာဟု ဆိုသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က သူ့ကို စော်ကားရမည်လောဟု ဆိုကာ ဒေါ်လေးပစ်တီက ဦးလေး ဟင်နရီကို လုံးဝ စကား မပြောတော့။ သူ့အကြောင်း ပြောလျှင်လည်း လူမကြားအောင် တိုးတိုး တိတ်တိတ်မျှသာ ပြောသည်။ အကြောင်း မသိသူ လူစိမ်းဆိုလျှင် ဦးလေး ဟင်နရီကို လူသတ်သမားကြီး ထင်ရလောက်အောင် ပြောတတ်သည်။ စင်စစ် ကိစ္စက ဘာမျှ မကြီးကျယ်။ ဒေါ်လေး ပစ်တီ သူ့ဘဏ်စုငွေ ငါးရာ ထုတ်စရာ ရှိသည်။ ဦးလေး ဟင်နရီက ထိုငွေများကို သိမ်းရသည်။ ငွေငါးရာက မတူးရသေးသည့် ရွှေတွင်း တစ်တွင်းတွင် အစု ထည့်ဝင်ရန် ဖြစ်သည်။ ဦးလေး ဟင်နရီက သဘော မတူ။ ဘာမျှ ဦးနှောက်မရှိ၊ ကြမ်းပိုးလောက်မျှ စဉ်းစားဉာဏ် မရှိဟု ဆိုသည်ရော ကြိမ်းသည်ရော လုပ်သည်။ ဤနောက်မှစ၍ ဒေါ်လေး ပစ်တီ၊ ဦးလေး ဟင်နရီနှင့် စကား မပြောတော့။ တစ်လ တစ်ခါ ကိစ္စရှိသည့် အခါကျမှသာ ထုံးစံအတိုင်း သွားသည်။ ဤသည်မှာလည်း အိမ်စရိတ် သွားတောင်းခြင်းသာ ဖြစ်သည်။ တစ်ခေါက် သွားပြီးတိုင်း ဒေါ်လေး ပစ်တီတစ်ယောက် လူမမာကြီး ဖြစ်ပြန်လာသည်။ အိမ်ရောက်လျှင် ရှုဆေးဘူး တစ်ဘူးကို ကိုင်ကာ မျက်ရည်လည်ရွှဲဖြင့် အိပ်ရာထဲ လဲနေတတ်သည်။ မီလာနီနှင့် ချားလ်က စိတ်ပြေအောင် အမျိုးမျိုး ချော့ကြသော်လည်း မရ။ သေခန်း ရှင်ခန်း ပြတ်ပြီဟု ဆိုသည်။ ကြာတော့လည်း ချားလ်တို့ မောင်နှမ မပြောတော့။ ဒေါ်လေး ပစ်တီသည် ဤသို့ စိတ်ဆိုးရသည်ကို ကျေနပ်ပုံ ရသည်ဟု ယူဆလိုက်ကြသည်။ သူ့ဘဝတွင် အပျင်းဖြေစရာ ဆို၍ ဤတစ်ခုသာ ရှိသည် မဟုတ်လော။

ဦးလေး ဟင်နရီက စကားလက်ကို ခင်သွားသည်။ စကားလက်သည် ဟန်ဆောင်တတ်သည့်တိုင် အသိဉာဏ်

159

ရှိသည်ဟု ဦးလေး ဟင်နရီက ပြောသည်။ ဦးလေး ဟင်နရီက ဒေါ်လေး ပစ်တီနှင့် မီလာနီတို့၏ ပစ္စည်းများကို သာမက စကားလက် အတွက် ချားလ် ကျန်ရစ်သည့် ပစ္စည်းများကိုလည်း ထိန်းရသည်။ သူဌေးမလေး တစ်ယောက် ဖြစ်သွားသဖြင့် စကားလက်ပင် သူ့ကိုယ်သူ အံ့သြရသေးသည်။ ချားလ်၏ အမွေအဖြစ် ဒေါ်လေးပစ်တီတို့ နေသည့် အိမ်ကြီး တစ်ဝက်အပြင် ယာမြေများနှင့် မြို့ပေါ်က အိမ်တွေ၊ မြေတွေလည်း ကျန်ရစ်ခဲ့သေးသည်။ မြို့လယ်ကောင် ဘူတာရုံအနီး တစ်ဝိုက်က ကုန်လှောင်ရုံများ၊ စတိုးဆိုင်များလည်း ကျန်သေးသည်။ ပြည်တွင်းစစ် ဖြစ်ပြီးနောက် ဈေးတွေ တက်လာသည့် အတွက် ကာလ တန်ဖိုးဖြင့် တွက်လျှင် နည်းသည့် ငွေမဟုတ်။ ဦးလေး ဟင်နရီက သူပိုင်သည့် ပစ္စည်းစာရင်းကို ထုတ်ပြရင်း အတ္တလန်တာတွင် အခြေချရန် တိုက်တွန်းခြင်း ဖြစ်သည်။

`ဝိတ်ကလေး အရွယ်ရောက်လာရင် သူဌေးလေး ဖြစ်မှာပဲ။ အတ္တလန်တာက ဒီအတိုင်း စည်နေပုံနှင့်ဆိုရင် နောက်

အနှစ် နှစ်ဆယ်လောက် ကြာရင် ပိုပြီး တန်ဖိုး ရှိလာမှာပဲ။ ကလေးကို သူ့ပစ္စည်းနှင့် ခွဲမထား သင့်ဘူးလို့ ဦးလေး ထင်တယ်။ ဒါမှ သူ့ပစ္စည်းကို သူ ထိန်းသိမ်း တတ်လာမှာပေါ့။ သူ ရှိတော့ မီလာနီနှင့် ပစ်တီတို့ အတွက်လည်း ကောင်းတာပေါ့။ ဦးလေးတို့ အမျိုးထဲမှာ ယောက်ျားဆိုလို့ သူတစ်ယောက်ပဲ ရှိတော့မှာ။ ဦးလေးကလည်း ဒီမှာ ကြာကြာနေဖို့ စိတ်မကူးဘူး’

ဦးလေးပီတာကမူ စကားလက် တစ်ယေက် အတ္တလန်တာတွင် အခြေတကျ နေရန် ရောက်လာခြင်း ဖြစ်သည်ဟု

ယူဆသည်။ စကားလက်က ဦးလေးပီတာတို့ ပြောသမျှကို ပြုံး၍သာ နားထောင်သည်။

အတ္တလန်တာအကြောင်း၊

ယောက်မအကြောင်း၊

ယောက်ျား၏

အဒေါ်အကြောင်းကို

မသိသေးဘဲ

မည်သို့မျှ

မဖြေချင်သေး။ စကား မလွန်ချင်သေး။ သူ နေမည်ဆိုလျှင် မေမေတို့ သဘောပေါက်အောင် နားချရဦးမည်။ ထို့ပြင် ယခုအထိလည်း မြိုင်သာယာကို လွမ်းမြဲလွမ်းနေသည်။ မြိုင်သာယာက မြေနီနီများ၊ ဝါခင်းများနှင့် တိတ်ဆိတ်ငြိမ်သက်သော ဆည်းဆာချိန်များကို အမှတ်ရနေသေးသည်။ သူ့သွေးထဲတွင် မြေကို ချစ်သည့် သွေးပါသည်ဟူသော ဖေဖေ့စကားကို ပထမဆုံးအကြိမ် စကားလက် ရေးရေး သဘောပေါက်လာသည်။

ထို့ကြောင့် လောလောဆယ်တွင် စကားလက် ဘာမျှ မပြောသေး။ မည်မျှ ကြာဦးမည် ဆိုသည်ကိုလည်း ဝေ့လည်

ကြောင်ပတ် ဖြေကာ ဒေါ်လေး ပစ်တီ၏ အုတ်တိုက်နီနီကြီးတွင် အလိုက်အထိုက် ကြည့်နေခဲ့သည်။

ချားလ်၏ ဆွေမျိုးများကို တွေ့၍ သူ မွေးဖွားကြီးပြင်းရာ အိမ်ကြီးကို ရောက်တော့မှ သူ့ကို အိမ်ထောင်ရှင်မ၊ မုဆိုးမ၊

သားသည်အမေ စသည့် ဘဝများသို့ လျင်မြန်စွာ ပို့ခဲ့သည့် ချားလ်ဘဝကို သူပို၍ နားလည်လာသည်။ ချားလ်တစ်ယောက် မည်သည့်အတွက် ဤမျှ အရှက်အကြောက် ကြီးရကြောင်း၊ မည်သည့်အတွက် ရိုးအ ရကြောင်း၊ မည်သည့်အတွက် စိတ်ကူးယဉ်ရကြောင်းကို စကားလက် ယခုမှ ပို၍ သဘောပေါက်လာသည်။ သူ့အဖေက ခက်ထန်သည်။ သတ္တိရှိသည်၊ စိတ်မြန်သည်။ အဖေ့၏ အရည်အချင်းများကို ချားလ် အမွေရလိုက်သည် ဆိုလျှင် ထိုအရည်အချင်းများသည် သူ့ကို မွေးမြူပေးလိုက်သည့် အဒေါ် အပျိုကြီး၏ ပတ်ဝန်းကျင်တွင် ငယ်ငယ်ကတည်းက ပျောက်သွားလောက်ပြီ။ ချားလ်တွင် တွယ်တာ အားကိုးစရာဆို၍ ကလေးနှင့်တူသော အပျိုကြီး ဒေါ်လေး ပစ်တီသာ ရှိသည်။ မီလာနီနှင့် ဆိုလျှင်လည်း ညီအစ်ကိုထက်ပင် ရင်းနှီးကြသည်။ ဒေါ်လေး ပစ်တီနှင့် မီလာနီတို့လောက် ချိုသာ၍ စိတ်ကူးယဉ်သည့် အမျိုးသမီးဆို၍ ရှိတော့မည် မထင်။

160



ဒေါ်လေး ပစ်တီက နာမည်ရင်း မဟုတ်။ ကွန်ခဲ့သည့် အနှစ်ခြောက်ဆယ် သူ့ ငယ်နာမည်က ဆာရာဂျိမ်း ဟယ်မီတန်

ဖြစ်သည်။ သို့ရာတွင် အလိုလိုက်တတ်သည့် သူ့အဖေက စကားများကာ ပျာရှပ်ရှပ် လုပ်တတ်သည်ကို အကြောင်းပြု၍ ပစ်တီဟု ခေါ်ခဲ့သည်။ ထိုအချိန်က စ၍ ပစ်တီဟု ခေါ်ခဲ့ကြသည်။ နာမည်ရင်းကို မည်သူမျှ မခေါ်ကြတော့။ ဒုတိယ နာမည်ပေးပြီး နောက်နှစ်အတွင်းတွင် ပစ်တီဆိုသည့် နာမည်နှင့် မလိုက်အောင် ပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့သည်။ ငယ်ငယ်က နွဲ့ဆိုး ဆိုးတတ်သည့် ကလေးမလေး ပစ်တီ၏ နာမည်နှင့် လိုက်သည့် အရာဆို၍ သူ့ခန္ဓာကိုယ်နှင့် လိုက်သည့် ခြေထောက် သေးသေးကလေး တစ်စုံနှင့် စကား ဗလစ်ဗလစ် ပြောသည့် အလေ့လောက်သာ ကျန်တော့သည်။ ယခု ဒေါ်လေး ပစ်တီက ခပ်ဝဝ။ ပါး ပန်းနုရောင်၊ ဆံပင် ငွေရောင်နှင့်။ ရှင်မီး ကျပ်ကျပ်ကို ဝတ်ထားသဖြင့် အသက်ရှူ၍ ကောင်းကောင်း မဝချင်တော့။ ခြေထောက်ကလေးတွေက သေးသဖြင့် တစ်ပြ သာသာထက် ပို၍ လမ်းမလျှောက်နိုင်။ နှလုံးကလည်း ကောင်းကောင်း မကောင်း။ ထိတ်လန့်စရာ တွေ့လျှင် ရင်တလှပ်လှပ် ခုန်တတ်သည်။ စိတ်ထိခိုက်စရာ ရှိလျှင် မူးမေ့ လဲသွားတတ်သည်။ စင်စစ် သူမူးမေ့ လဲတတ်ခြင်းမှာ နူးနူးညံ့ညံ့ အမျိုးကောင်း သမီး ပီသအောင် တမင် လုပ်ခြင်း ဖြစ်သည်။ သို့ရာတွင် သူ့ကို ချစ်ခင်ကြသဖြင့် မည်သူကမျှ ဟန်ဆောင်သည်ဟု မပြောကြ။ လူတိုင်းက သူ့ကို ချစ်ကြသည်။ ကလေး တစ်ယောက်လို အလို လိုက်ကြသည်။ သူ့စကားကို အလေးအနက်လည်း မထားကြ။ သို့ရာတွင် ထိုအထဲတွင်မူ သူ့အစ်ကို ဟင်နရီ မပါ။

ဒေါ်လေး

အရာဖြစ်သည်။

ပစ်တီသည် စားကောင်း

အတင်းအဖျင်း ပြောရခြင်းကို နှစ်ခြိုက်သည်။ ကမ္ဘာပေါ်တွင် သည်းခြေအကြိုက်ဆုံး သောက်ဖွယ်များထက်ပင်

ကြိုက်သေးသည်။

အပြောခံရသူလည်း

ထိခိုက်

နစ်နာခြင်း

မရှိရလေအောင် သူတစ်ပါး အကြောင်းကို ပြောရမည်ဆိုလျှင် နာရီပေါင်း များစွာ ပြောနိုင်သည်။ ဒေါ်လေး ပစ်တီက လူနာမည်၊ နေရာ၊ ရက်စွဲ စသည်တို့ကိုလည်း မေ့တတ်သည်။ ပြဇာတ်ကြည့်လျှင် ပြဇာတ် တစ်ခုက ဇာတ်လိုက်မင်းသား၊ မင်သမီးနှင့် အခြား ပြဇာတ်တစ်ခုက မင်းသမီး၊ မင်းသားကို မကြာခဏ အရောရော အထွေးထွေး ဖြစ်တတ်သည်။ ဒေါ်လေး ပစ်တီ ဤသို့ ပြောလျှင် မမှား။ သူပြောသည့် စကားကို ပြောင်းပြန် အဓိပ္ပာယ်ကောက်၍ ယူရသည်။ သူပြောသမျှကို အလေးအနက် ထားခြင်းမပြု။ အလန့်တကြား ဖြစ်စရာ သတင်း၊ အရှက်တကွဲ အကျိုးနည်းစရာ သတင်းများကို မည်သူကမျှလည်း သူ့အား ပြောမပြကြ။ အသက် ခြောက်ဆယ် ရှိပြီဖြစ်သည့်တိုင် အပျိုကြီးတို့၏ စိတ်နေ သဘောထားကို မထိခိုက်စေအောင် ကာကွယ်ပေးကြသည်။ သူ့ကို ကလေးကြီး တစ်ယောက်ပမာ ကြင်ကြင်နာနာ သဘောထား ကြသည်။

မီလာနီသည့် သူ့အဒေါ်နှင့် နေရာ တော်တော်များများတူသည်။ အဒေါ်လို ရှက်တတ်၊ ကြောက်တတ်သည်။

ဣနြေ္ဒကြီးသည်၊ အရေပါးသည်။ သို့ရာတွင် စဉ်းစားဉာဏ်တော့ ရှိသည်။ ဤအချက်ကိုမူ စကားလက် မနာလိုသည့်တိုင် ဝန်ခံရလိမ့်မည်။ ဒေါ်လေး ပစ်တီကဲ့သို့ မီလာနီသည် ကြင်နာခြင်း၊ ယုယခြင်း၊ ပိုက်ထွေးခြင်း၊ ချစ်ခင်ခြင်း စသည်တို့မှ လွဲလျှင် တခြား ဘာကိုမျှ မသိသည့် ကလေး တစ်ယောက်။ ကြမ်းတမ်း ရိုင်းပျမှုနှင့် ဆိုးယုတ်မှုတို့ကို တစ်ခါမျှ မမြင်ဖူးသည့် ကလေး တစ်ယောက်နှင့် တူနေသည်။ သူ့ဘဝ တစ်လျှောက်လုံး စိတ်ညစ်စရာ ဟူ၍ မရှိ။ ပျော်နေသူ ဖြစ်သည်။ သူ့ပတ်ဝန်းကျင် အပေါင်းအသင်းကိုလည်း သူ့လိုပင် ပျော်စေချင်သည်။ အေးချမ်း စေချင်သည်။ ထို့ကြောင့် လူတိုင်းကို အကောင်းမြင်ကာ ကြင်နာသည့် စကားကိုသာ ဆိုတတ်သည်။

သူ့အမြင်၌ သခင်က ယုံကြည် စိတ်ချမှုကို ပြန်၍ ရုတ်သိမ်းရလောက်အောင် မိုက်မဲ ညံ့ဖျင်းသည့် အစေခံဆို၍

တစ်ယောက်မျှ မရှိ။ ကိုယ့်စိတ် အလှကို ရှာမတွေ့နိုင်လောက်အောင် အရုပ်ဆိုး အကျည်းတန်သည့် မိန်းကလေး ဆို၍လည်း တစ်ယောက်မျှ မရှိ။ မျှော်လင့်စရာ မရှိလောက်အောင် ထုံထိုင်း၍ တန်ဖို့မဲ့သည့် ယောက်ျား ဆို၍လည်း တစ်ယောက်မျှ မရှိ။

161



မီလာနီ၏ အရည်အချင်းများသည် ရက်ရော သဘောထားကြီးသည့် နှလုံးသားမှ အလိုအလျောက် ရိုးသားစွာ

ပေါ်ပေါက်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အနားတွင် အပေါင်းအသင်းတွေ ဝိုင်းအုံနေကြခြင်း ဖြစသည်။ မိမိ ကိုယ်တိုင်ပင် မသိသော မိမိ၏ နှစ်သက်စရာ အရည်အချင်းများကို ရှာတွေ့သူ တစ်ဦးအား မည်သူ မခင်မင်ဘဲ နေမည်နည်း။ မီလာနီသည် အတ္တလန်တာတွင် မိတ်ဆွေ သူငယ်ချင်း အများဆုံး မိန်းကလေး တစ်ဦး ဖြစ်သည်။

မီလာနီ၏ အမူအရာသည် ဘာမှ မဆန်း၊ တောင်ပိုင်းက မိန်းကလေးများကို မိဘများက ငယ်ငယ်ကတည်းက

သင်ကြား ပေးခဲ့သည့် အတိုင်း လုပ်ခြင်းမျှသာ။ ဤသည်မှာ အခြားမဟုတ်။ မိမိပတ်ဝန်းကျင်တွင် ရှိသူများကို သူတို့ကိုယ် သူတို့ ကျေနပ်အောင် နှစ်သိမ့်ပေးခြင်း ဖြစ်သည်။ တောင်ပိုင်းသားတို့၏ ချစ်စရာ ကောင်းသည် ဆိုခြင်းမှာ မိန်မများက ဤသို့ ဖန်တီးပေးနိုင်ခြင်းကြောင့် ဖြစ်သည်။ ယောက်ျားများအဖို့ ကိုယ့်ဘဝကိုယ် နှစ်သိမ့် ကျေနပ်လျှင်၊ သူတို့ကို ကဏ္ဍကောစ မလုပ်လျှင်၊ သူတို့၏ မာနကို ထိခိုက်မည့် အပြုအမူများကို ရှောင်လျှင် ထိုနေရာသည် မိန်းမများအဖို့လည်း နေချင့်စဖွယ် ကောင်းလာသည်။ ဤအချက်ကို မိန်းမတွေ ကောင်းကောင်းသိသည်။ ထို့ကြောင့် တောင်ပိုင်းက မိန်းမများသည် သူတို့ တစ်သက်လုံး ယောက်ျားများကို ကျေနပ်အောင် ပြုစုကြသည်။ နှစ်သိမ့်ကြသည်။ သူတို့ ယောက်ျားပီသပုံ၊ စိတ်သဘောထား ကြီးပုံတို့ကို ရက်ရက်ရောရော ချီးကျူးကြသည်။ စင်စစ် ယောက်ျား ဆိုသည့် သတ္တဝါကလည်း မိန်းမသည် ဉာဏ်ရှိသည် ဟူသော ဂုဏ်ဒြပ်မှအပ အခြား အရာ မှန်သမျှကို မိန်းမကို ပေးဖို့ ဝန်မလေးကြ။ စကားလက်က မီလာနီ ကဲ့သို့ပင် သူ့အသိုင်းအဝိုင်းတွင် ချစ်စရာ ကောင်းသည်။ သို့ရာတွင် ပို၍ ကျွမ်းကျင်သည်။ ပို၍ ပရိယာယ် များသည်။ သို့ရာတွင် သူတို့ နှစ်ယောက်ကြားတွင် ခြားနားချက်တော့ ရှိသည်။ မီလာနီက ယာယီမျှ ဖြစ်စေ လူတစ်ယောက်ကို စိတ်ကျေနပ်အောင် သာယာမှု ရအောင် ချီးမွမ်း ပြောဆိုတတ်သည်။ စကားလက်က ဤသို့မဟုတ်။ လူတစ်ဖက်သား စိတ်ချမ်းသာအောင် ဘယ်အခါမျှ မပြော။ သူ့ကိုယ်ကျိုး၊ သူ့ရည်ရွယ်ချက် အောင်မြင်ရေးအတွက်သာ ပြောသည်။ ချားလ်သည် အချစ်ဆုံး အဒေါ်နှင့် အစ်မထံမှ ကြမ်းတမ်းသည့် အဆုံးအမမျိုးကို မရ။ ရိုင်းစိုင်းသည့် သြဝါဒမျိုးကို မကြားခဲ့ရ။ ချားလ် မွေးဖွား ကြီးပြင်းခဲ့ရာ အိမ်သည် ငှက်ငယ်၏ သိုက်မြုံကလေးတစ်ခု သဖွယ် နူးညံ့ သိမ်မွေ့သည်။ မြိုင်သာယာနှင့် စာလျှင် သူတို့ အိမ်က တိတ်ဆိတ် ငြိမ်သက်သည်။ ရှေးဆန်သည်။ နူးညံ့သည်။ စကာလက် အမြင်တွင်မူ သူတို့အိမ်တွင် ယောက်ျားဆန်သော အနံ့များ လိုနေသည်။ ဘရန်ဒီနံ့၊ ခေါင်းလိမ်းဆီနံ့တို့ လိုနေသည်။ အသံသြကြီးများဖြင့် တစ်ခါတစ်ရံ ကျိန်ဆဲသံ လိုနေသည်။ သေနတ်တို့၊ ကုန်းနှီးတို့၊ မြင်းဇက်တို့ လိုနေသည်။ ခြေရင်းတွင် ဝပ်နေသည့် တောလိုက် ခွေးတွေရှိဖို့ လိုနေသည်။ မြိုင်သာယာမှာလို တစ်ခါတစ်ရံ ရန်ဖြစ်သံတို့ကို စကားလက် ကြားချင်သည်။ မြိုင်သာယာတွင် မေမေ မရှိသည်နှင့် တစ်ပြိုင်နက် ကြီးဒေါ်နှင့် ထမင်းချက်ကြီး ပေါ့တို့ ရန်ဖြစ်သံ။ ရိုဇာနှင့် လီနာတို့ ရန်ဖြစ်သံ၊ သူနှင့် ဆွီလင်တို့၏ ရန်ဖြစ်သံ၊ ဖေဖေ၏ ကြိမ်းမောင်းသံတို့ကို ကြားရသည်။ ဤလိုအိမ်မျိုးတွင် ကြီးပြင်းလာသည့် ချားလ်တစ်ယောက် မိန်းမလျာလေး တစ်ယောက်သဖွယ် ဖြစ်နေသည်မှာ စင်စစ် ဘာမျှ အံ့သြစရာ မဟုတ်။ ဤအိမ်တွင် စိတ်လှုပ်ရှားစရာ ဆို၍ ဘာမျှ မရှိ။ စကားကိုလည်း မည်သည့် အခါမျှ ကျယ်ကျယ်လောင်လောင် ပြောသံ မကြားရ။ တစ်ယောက်ကို တစ်ယောက်လည်း ရိုသေလေးစားကြသည်။ မီးဖိုဆောင်ထဲက ထမင်းချက် ကပ္ပလီ အဖိုးကြီးကလည်း သူ့နေရာတွင် ဘုရင် တစ်ဆူ။ ကြီးဒေါ် လက်မှ လွတ်၍ လွတ်လွတ်လပ်လပ် နေရလိမ့်မည်ဟု စကားလက် ထင်ခဲ့သော်လည်း ဦးလေးပီတာ သတ်မှတ်သည့် အမျိုးကောင်း သမီး ပီသရေးစံက ကြီးဒေါ်၏ စံထက်ပင် တင်းကျပ်နေသေးသည်။ ထို့ကြောင့် စကားလက် စိတ်ပျက်သည်။

ဤလို အိမ်မျိုးတွင် စကားလက်သည် သူ့နဂို ပုံမှန်သို့ ပြန်ရောက်လာသည်။ သူ့ စိတ်ဓာတ်သည် ပြန်လည် ရွှင်လန်းစ

162

ပြုလာသည်။ စကားလက်သည် ယခုမှ တစ်ဆယ့် ခုနစ်နှစ်သာ ရှိသေးသည်။ ကျန်းမာတုန်း၊ ရွှန်းစိုတုန်း ရှိသေးသည်။ ချားလ်၏ ဆွေမျိုးများသည် စကားလက် ပျော်အောင် အတတ်နိုင်ဆုံး ထားကြသည်။ မပျော်လျှင် ဤသည်မှာ သူတို့ အပြစ်ကြောင့် မဟုတ်။ အက်ရှလေ၏ အမည်ကို ကြားရတိုင်း ရင်နင့်ရသည့် အဖြစ်ကို မည်သူမျှ ကုစားခြင်းငှာ မတတ်နိုင်တော့ကြောင့်သာ ဖြစ်သည်။ အရေးထဲတွင် မီလာနီကလည်း အက်ရှလေ နာမည်ကို တဖွဖွ ပြောတတ်သဖြင့် ခက်နေသည်။ သို့တိုင်အောင် ဒေါ်လေး ပစ်တီနှင့် မီလာနီက စကားလက်သည် ချားလ်အတွက် စိတ်မကောင်း ဖြစ်နေရရှာသည်ဟု ထင်ကာ အတတ်နိုင်ဆုံး နှစ်သိမ့်ကြသည်။ စကားလက် ပို၍ ထိခိုက်မည် စိုးသဖြင့် သူတို့ ပူဆွေးမှုကိုပင် တတ်နိုင်သမျှ ဖုံးထားကြသည်။ စကားလက် အတွက်ဆိုလျှင် ပျာပျာသလဲ ဂရုစိုက်ကြသည်။ အစားအသောက် ကောင်း မကောင်း၊ အိပ်ရေး ဝ မဝကအစ ရထားဖြင့် လေညင်းခံထွက်ဖို့ ကိစ္စအထိ လိုလေသေး မရှိအောင် ဂရုစိုက်ကြသည်။ စကားလက်ကို ဖူးဖူးမှုတ်ထားမတတ် ချစ်ကြသည်။ စကားလက်၏ ထက်မြက်သော စိတ်ဓာတ်၊ စကားလက်၏ ကိုယ်ဟန်အလှ၊ စကားလက်၏ လှပသေးငယ်သည့် ခြေထောက်များနှင့် လက်များ၊ စကားလက်၏ ဖြူဝင်းသည့် အသားအရေ စသည်တို့ကို ချစ်ကြသည်။ ပါးစပ်ကလည်း ထုတ်ပြောကြသည်။ ပွေ့ဖက်ခြင်း၊ နမ်းရှုပ်ခြင်း၊ ပွတ်သီးပွတ်သပ် နေခြင်းဖြင့်လည်း သူတို့ စကားများကို အလေးအနက် ပြုကြသည်။

သူတို့ ယုယ နှစ်သိမ့်ကြသည်ကို စကားလက် ဂရုမစိုက်။ သို့ရာတွင် ချီးကျူး ပြောဆို ကြသည်ကိုမူ သာယာသည်။

မြိုင်သာယာတွင် သူ့ကို ဤသို့ ပြောမည့်သူ တစ်ယောက်မျှ မရှိ။ ကြီးဒေါ်ဆိုလျှင် စကားလက်အား မာန ကျိုးစေမည့် စကားလောက်ကိုသာ ပြောတတ်သည်။ သူ့အဖို့ သားငယ် ဝိတ်ကလေးသည်လည်း အနှောင့်အယှက် မဟုတ်တော့။ တစ်အိမ်လုံး

ပတ်ဝန်းကျင်

တစ်ခုလုံးက

သူ့ကို

ဝိုင်းချစ်ကြရုံမျှမက

သူချီမည်

ငါထိန်းမည်ဟု

တစ်ဦးနှင့်

တစ်ဦး

လုနေကြသည်မှာလည်း အမော။ မီလာနီက သူ့ကို အထူး အလိုလိုက်သည်။ အာခေါင် ခြစ်၍ အော်ငို နေသည့်တိုင် မီလာနီက စိတ်ရှည်သည်။ ‘သားလေးရယ် မငိုပါနှင့်ကွယ်။ ငါ့သားလေး ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ’ဟု တဖွဖွ ဆိုတတ်သည်။

တစ်ခါတစ်ရံတွင်လည်း သူတို့ တူဝရီး နှစ်ယောက် အပေါ် သူ ထားသည့် သဘောထားကို စကားလက် မဝေခွဲတတ်။

ဒေါ်လေးပစ်တီသည် စိတ်ပျက်စရာ ကောင်းသည့် အဘွားကြီး တစ်ယောက်ဟု ထင်ဆဲ။ လေသံလေးနှင့် စကားပြောသံ မရေမရာ ဝိုးတိုးဝါးတား စဉ်းစားဟန်တို့ကို စိတ်ပျက်သည်။ မီလာနီကိုလည်း မနာလို ဝန်တိုဖြစ်ဆဲ ရှိသေးသည်။ တစ်ခါတစ်ရံ မီလာနီက ပြုံးလျက် ဂုဏ်ယူလျက်ဖြင့် အက်ရှလေ အကြောင်းကို ပြောကာ အက်ရှလေ၏ စာများကို ကျယ်လောင်စွာ ဖတ်ပြလျှင် အခန်းထဲမှ ဖြုန်းခနဲ ထွက်လာတတ်သည်။ သို့ရာတွင် ခြုံကြည့်လျှင်မူ အတ္တလန်တာက သူ့ဘဝသည် ကျေနပ်စရာ၊ ပျော်စရာ။ အတ္တလန်တာသည် ဆဗားနားထက် လည်းကောင်း၊ ချာလက်စတန်ထက် လည်းကောင်း၊ မြိုင်သာယာထက် လည်းကောင်း စိတ်ဝင်စားစရာ ကောင်းသည်။ တွေးစရာ၊ ငေးစရာ အချိန်မရ။ စစ်တွင်း လုပ်ငန်းများဖြင့် မအားလပ်အောင် ဖြစ်နေသည်။ သို့ရာတွင် တစ်ခါတစ်ရံတွင်မူ ဖယောင်းတိုင် မီးကို ငြှိမ်းကာ ခေါင်းအုံးသို့ မျက်နှာ အပ်လိုက်မိသည်နှင့် ‘အက်ရှလေသာ လက်မထပ် ဖြစ်ခဲ့ရင်လည်း အကောင်းသား၊ ဒီဆေးရုံထဲမှာ ဝင်ပြီး လုပ်အား မပေးခဲ့မိရင်လည်း အကောင်းသား’ဟု တွေးမိသည်။

စကားလက်သည်

သူနာပြု

လုပ်ငန်းကို

ချက်ချင်း

စိတ်ပျက်လာသည်။

သို့ရာတွင်

ရှောင်၍

မရ။

သူ့ကို

ဆရာဝန်ကတော်၏ ကော်မတီတွင်ရော မစ္စက် မယ်ရီဝယ်သာ၏ ကော်မတီတွင်ပါ ထည့်ထားကြသည်။ တစ်ပတ်လျှင် လေးရက် ဆေးရုံသို့ သွားရသည်။ နံစော်နေသည့် ဆေးရုံကြီးထဲတွင် ဆံပင်ကို စည်းကာ တစ်ကိုယ်လုံး အဝတ်ဖြူကြီး

163

လွှမ်းပြီး လူနာတွေကို ပြုစုရသည်။ အတ္တလန်တာက အမျိုးသမီး သူနာပြုများက စိတ်အား ထက်သန်ကြသည်။ အမှောင့် ပယောဂများ ဝင်နေကြသလောဟုပင် စကားလက် ထင်သည်။ စကားလက်ကိုလည်း သူတို့လို မျိုးချစ်စိတ် ထက်သန်သူ တစ်ဦးဟု ထင်ကြသည်။ ပြည်တွင်းစစ် အကြောင်းကို စကားလက် စိတ်ဝင်စားခြင်း မရှိကြောင်းကိုများ သိကြလျှင် မည်မျှ အံ့အားသင့်ကြမည် မသိ။ စကားလက်၏ စိတ်တွင် အက်ရှလေ တစ်ယောက် တိုက်ပွဲတွင် ကျမည်လော ဟူသည့် စိုးရိမ်မှု တစ်ခုသာ ရှိသည်။ ဤစိုးရိမ်မှုမှ လွဲလျှင် ပြန်တွင်းစစ်ကို စကားလက် နည်းနည်းမျှ စိတ်ဝင်စားခြင်း မရှိ။ သူနာပြု ဝင်လုပ်ခြင်းမှာ ဤ စိုးရိမ်မှု ပြေပျောက်အောင် စိတ်ပြေ လက်ပျောက် ဝင်လုပ်ခြင်း မျှသာ ဖြစ်သည်။

စင်စစ် သူနာပြု အလုပ်ဆိုသည်ကလည်း ဘာမျှ သာယာစရာ ကောင်းသည့် အလုပ် မဟုတ်။ သူနာပြု လုပ်ငန်းက

ညည်းညူသံ၊ အော်ဟစ်သံ၊ ယောင်ယမ်းသံတို့ကို အဖော်ပြုရသည့် ဘဝ။ အနံ့အသက်များနှင့် သေမင်းကို ရင်ဆိုင်ရသည့် ဘဝ။ ဆေးရုံ ဆိုသည်မှာလည်း ညစ်ပတ် နံစော်၍ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး ဗရပျစ်နှင့် ယောက်ျားတွေ စုဝေးရာ အရပ်။ သူတို့ကိုယ်က ရောဂါပိုး အလိမ်းလိမ်း။ အနံ့အသက်က ပုပ်ဟောင်လျက်။ ကိုယ်ပေါ်က ဒဏ်ရာကြီးတွေကို မြင်ရရုံဖြင့် မူးမေ့ချင်စရာ။ ဆေးရုံ တံခါးဝသို့ ရောက်သည်နှင့် သွေးအဆိပ်တက်သည့် အနံ့ကြီးက နှာခေါင်းသို့ စူးဝင်လာသည်။ အော်ဂလီဆန်စရာ အနံ့ကြီးတွေက လက်တွေ့။ ဆံပင်တွေတွင် စွဲကာ ညအိပ်မက်ထဲ အထိ လိုက်၍ ခြောက်လှန့်တတ်သည်။ ဆေးရုံ အဆောင်များထဲတွင် ခြင်က တဝီဝီ။ ယင်က တလောင်းလောင်း။ ပုရွက်ဆိတ်တွေက တရွရွ။ သူ့လက်တွင် ခြင်ပိန့်တွေ ပြည့်နေသည်။ ထန်းရွက်ခေါက် ယပ်တောင်ဖြင့် ခြင် ခြောက်ရလွန်းသဖြင့် လက်မောင်းတွေ အောင့်နေသည်။

သို့ရာတွင် မီလာနီကမူ ဤအရာများကို ဂရုမမူ။ ပုပ်ဟောင်ဟောင် အနံ့တွေ၊ ဒဏ်ရာတွေ၊ ကိုယ်လုံးတီးတွေကို

အမှုမထား။ အရှက်အကြောက် ကြီးသည့် မီလာနီလို မိန်းကလေးမျိုးက ဤသို့ အရေးမထားဟန် ပြသဖြင့် စကားလက် အဖို့ ထူးဆန်းနေသည်။ ဒေါက်တာမိက သွေးဆိပ်တက်နေသော အသားများကို လှီးထုတ်နေသည့် အခါတွင် မီလာနီက လက်ဆေးခွက်၊ ခွဲစိတ်ဓား စသည်တို့ကို ကိုင်ပေးသည်။ ထိုအခါမျိုးတွင် မီလာနီ၏ မျက်နှာသည် ဖြူရော်နေသည်။ ဤလို ခွဲစိတ်မှုမျိုး တစ်ခု ပြီးစဉ်က အဝတ်လဲခန်းတွင် မျက်နှာသုတ်ပဝါ အုပ်၍ တိတ်တဆိတ် အော့အန် နေသည့် မီလာနီကို စကားလက် မြင်ရဖူးသည်။ သို့ရာတွင် ဒဏ်ရာရသူ လူနားများ ရှေ့တွင်မူ မီလာနီ ဣနြေ္ဒမပျက်။ ခါတိုင်းလို နူးညံ့မြဲ၊ သိမ်မွေ့မြဲ၊ သနားတတ်မြဲ၊ ရွှင်လန်းမြဲ။ ထို့ကြောင့် လူမမာများက သူ့ကို ကရုဏာ ရှင်မလေးဟုပင် ခေါ်ကြသည်။ စကားလက်လည်း ထိုသို့ အခေါ်ခံချင်သည်။ သို့ရာတွင် ထိုသို့ အခေါ်ခံရအောင် လုပ်ရသည်က မလွယ်။ သန်းမကြီးတွေ တက်နေသော လူနာများ၏ ခန္ဓာကိုယ်ကို မရွံမရှာ ကိုင်ရသည်။ သတိလစ်နေသော လူနာများ၏ လည်ချောင်းထဲတွင် ဆေးလုံးတွေ တစ်ဆို့နေခြင်း ရှိမရှိ စမ်းရသည်။ ငုံးတိကြီး ဖြစ်နေသော ခြေပြတ် လက်ပြတ်များကို ပတ်တီး စည်းပေးရသည်။ အနာများတွင် လောက်တက် နေလျှင် လောက်များကို ဖယ်ရှား ပစ်ရသည်။ မဖြစ်။ သူနာပြု အလုပ်ကို စကားလက် နည်းနည်းမျှ မနှစ်သက်။

အကယ်၍များ ခွင့်ပြုချက် ရလျှင် သူ့ရုပ်ရည် သူ့အလှဖြင့် နာလန်ထစ လူမမာများကို စိတ်ကြည်ကြည် လင်လင်

ရှိအောင် လုပ်ပါဆိုက လုပ်နိုင်လိမ့်ဦးမည်။ သူနာပြု အလုပ်ကိုကား လုပ်နိုင်မည် မထင်။ သို့ရာတွင် ရုပ်ကို ဗန်းပြ၍ လူနာတွေ စိတ်ကြည်လင်အောင် လုပ်ရမည့် ကိစ္စကလည်း သူ့လို မုဆိုးမ တစ်ယောက် အဖို့ မတင့်တယ်။ ဆေးရုံ ကော်မတီက မြို့ထဲမှ အပျိုအရွယ် မိန်းကလေး ငယ်ငယ်များကို သူနာပြု လုပ်ငန်းသို့ မပို့ဘဲ နာလန်ထစ လူမမာ အဆောင်များသို့ တာဝန်ခွဲပေးထားသည်။ မိန်းကလေး ငယ်ငယ်တို့ မမြင်အပ်သည်ကို မမြင်အောင် ယခုကဲ့သို့ ပို့ထားခြင်း ဖြစ်သည်။ အရွယ်က အပျိုအရွယ် ကလေးတွေ။ အိမ်ထောင် မရှိ။ လင်သား မရဖူးကြသေး။ သူတို့ကို နာလန်ထ လူမမာဆောင်များသို့

164

ပို့လိုက်သည်တွင် စွံသူတွေ စွံသွားကြသည်။ ရုပ်ချောချော မိန်းကလေးများ မပြောနှင့် သာမန် ရွက်ကြမ်း ရေကျို မိန်းကလေးများပင်လျှင် စွံကြသည်။

စကားလက်မှာ လူနာဆောင်တွင် တာဝန်ကျသည်။ အပြင်းအထန် နာမကျန်း ဖြစ်နေသူ၊ ဒဏ်ရာရသူများမှ အပ

စကားလက်၏ ပတ်ဝန်းကျင်တွင် မိန်းမတွေချည်း ဖြစ်နေသည်။ ထို့ကြောင့် စကားလက် ငြီးငွေ့သည်။ စကားလက်သည် မိန်းမချင်း ဆိုလျှင် သိပ် အပေါင်းအသင်း မလုပ်ချင်။ ယုံလည်း မယုံချင်။ သို့ရာတွင် ယခုအထိမူ တစ်ပတ်လျှင် သုံးရက်မျှ အချုပ်အလုပ် လုပ်ငန်း၊ ပတ်တီးလိပ်သည့် လုပ်ငန်း စသည်တို့တွင် မီလာနီ၏ သူငယ်ချင်းများနှင့်အတူ ဝင်လုပ်နေရသည်။ မိန်းကလေးများက ချားလ်၏ မိတ်ဆွေ သူငယ်ချင်းတွေချည်း ဖြစ်သည်။ ထို့ကြောင့် သူ့ကို ဂရုစိုက်ကြသည်။ အရေးတယူ လုပ်ကြသည်။ အထူးသဖြင့် ဖန်နီ အယ်လဆင်းနှင့် မေဘယ် မယ်ရီဝယ်သာတို့က သူ့ကို ဂရုစိုက်ကြသည်။ သို့ရာတွင် သူတို့ ဂရုစိုက်ပုံက အနေရ ခက်သည်။ သူ့ကို လူကြီးလို တလေးတစား လုပ်ကြသည်။ အအို စာရင်းထဲ သွင်းကြသည်။ သူတို့ အဆက်အကြောင်း၊ ကပွဲတွေ အကြောင်း တတွတ်တွတ် ပြောသံ ကြားရသည်ကိုလည်း စကားလက် မနာလို ဝန်တို ဖြစ်မိသည်။ မုဆိုးမ ဖြစ်၍ ဤအကြောင်းများကို မပြောရလေခြင်းဟု တွေးကာ စိတ်မကောင်း ဖြစ်ရသည်။ စင်စစ် သူသည် ဖန်နီနှင့် မေဘယ်တို့ထက် သုံးဆမက ချောသည်။ သို့ရာတွင် ယခု သူ ချောသမျှ လှသမျှ အလကား ဖြစ်ရပြီ။ လောကသည် နည်းနည်းမျှ မကောင်း။ နည်းနည်းမျှ မတရား။ သူ့နှလုံးသားသည် မြေကြီးထဲ ရောက်သွားရပြီဟု တွေးကာ ရင်နာသည်။ သူ့နှလုံးသားသည် မြေကြီးအောက် မရောက်သေး။ မသေသေး။ ဗာဂျီးနီးယားတွင် အက်ရှလေနှင့် အတူ ရှိနေသည်။ ဤသည်ကို သူတို့ မသိ။

သို့ရာတွင် ဤ စိတ်မချမ်းသာစရာတွေ ရှိသည့်တိုင် အတ္တလန်တာကို စကားလက် ကျေနပ်သည်။ သို့ဖြင့် ရက်တွေ

တစ်ရက်ပြီး တစ်ရက် ကုန်သွားကာ စကားလက် အတ္တလန်တာတွင် အနေကြာသွားသည်။

165





နွေလယ်

တစ်နေ့

နံနက်တွင်

စကားလက်သည်

သူ့အိပ်ခန်း

ပြတင်းပေါက်တွင်

ထိုင်ရင်း

မက်မုံပင်

လမ်းတစ်လျှောက်တွင် ဥဒဟို သွားလာနေကြသည့် ဝန်တင်လှည်းများ၊ မြင်းရထားများကို ငေးကြည့်နေသည်။ ရထားတွေ လှည်းတွေပေါ်တွင် စစ်သားတွေ၊ မိန်းကလေးတွေ၊ မိန်းကလေးများ၏ အဖော် မိန်းမကြီးတွေ ပြည့်လျက်။ ညနေတွင် ဆေးရုံ ရန်ပုံငွေ အတွက် နိဗ္ဗာန်ဈေး ဖွင့်မည် ဖြစ်သဖြင့် ဆိုင်ခန်းများ အလှပြင်ရန် မြို့ပြင်ဘက်သို့ ပန်းခူး ထွက်ကြခြင်း ဖြစ်သည်။ နေခြည်သည် သစ်ရွက်များ ကြားမှ ပြောက်တိ ပြောက်ကျား ထိုးကျနေသည်။ လမ်းနီနီ တစ်လျှောက်တွင် တချို့ နေရာက အရိပ် မိုးလျက်။ တချို့နေရာက နေရောင် ဝင်းလျက်။ မြင်းလှည်းများ နောက်တွင် မြေနီ ဖုန်လုံးကြီးတွေ တလိပ်လိပ်ထ ကျန်ရစ်ခဲ့ကြသည်။ ရှေ့ဆုံးမှ လှည်းတစ်စီးပေါ်တွင် သန်သန်မာမာ ကပ္ပလီကြီး လေးယောက်က ပုဆိန်ကြီးတွေကို တစ်ယောက်စီ ထမ်းဆောင်၍ ပါသွားကြသည်။ ထင်းရှူးကိုင်းများ၊ နွယ်ပန်းများ ခုတ်ရန် ဖြစ်သည်။ လှည်းနောက်ပိုင်း ဝက်သစ်ချသား နှီးကြောဖြင့် ရက်ထားသည့် ခြင်းတောင်းများထဲတွင် နေ့လယ်စာ အတွက် စားသောက် ဖွယ်ရာများ၊ ဖရဲသီးများကို အဝတ်ကြီးများဖြင့် အုပ်ထည့်လာသည်။ ကပ္ပလီကြီး နှစ်ယောက်က ဘင်ဂျိုနှင့် ပါးစပ် ဘာဂျာကို ကိုင်လျက်။ စစ်ချီ သီချင်း တစ်ပုဒ်ကို တီးမှုတ် လာကြသည်။ သူတို့နောက်က ဆူညံ အော်ဟစ် နောက်ပြောင် နေကြသည့် လှည်းတန်းကြီးပေါ်တွင် မိန်းကလေးများက ပန်းရိုက်ချည် ဝတ်စုံများ၊ ရှောစောင် ပါးပါးများ၊ ဦးထုပ်များ၊ လက်အိတ်များကို ဝတ်လျက်။ ခေါင်းပေါ် ပိုးထီး ဆောင်းလျက်။ မိန်းမကြီးများက နောက်ပြောင် ဆူညံနေသည့် ကြားတွင် ခပ်ပြုံးပြုံး ဣနြေ္ဒရရ။ ဆေးရုံမှ ဆင်းပြီးစ စစ်သားများ မိန်းကလေးများနှင့် အဖော် မိန်းမကြီးများ ကြားတွင် ထိုင်လျက်။ စစ်ဗိုလ်များက လှည်းများနောက်တွင် မြင်းစီး လိုက်လာကြသည်။ လှည်းဘီးသံ၊ ဖနောင့်သံ၊ ဆူးသံ ဆူညံလျက်။ ရွှေရင်ထိုးများက လက်လျက်။ ပိုးထီးများက ဝဲလျက်။ ကပ္ပလီများက သီချင်းဆိုလျက်။ မက်မုံပင် လမ်းမကြီးပေါ်တွင် လူတိုင်း ပန်းခူး သွားနေကြသည်။ သူ တစ်ယောက်မှ လွဲလျှင် လူတိုင်းဟု စကားလက် တွေးသည်။

ပြတင်းပေါက်တွင် ထိုင်နေသည့် စကားလက်ကို မြင်သည်၌ လက်ဝှေ့ယမ်း ပြကြသည်။ လှမ်းခေါ် ကြသည်။

စကားလက်ကလည်း ဣနြေ္ဒမပျက် ပြန်နှုတ်ဆက်ရန် ကြိုးစားသည်။ သို့ရာတွင် မလွယ်။ နာကျင်သော ဝေဒနာတစ်ခုသည် နှလုံးသားမှ စတင်ကာ လည်ချောင်းဆီသို့ တက်လာသည်။ လည်ချောင်းသို့ ရောက်လျှင် အစိုင်အခဲ ဖြစ်သွားသည်။ ထို့နောက် အစိုင်အခဲသည် မျက်ရည်များ ဖြစ်သွားကြသည်။ သူမှအပ အားလုံး ပန်းခူးသွားကြပြီ။ သူမှအပ ညနေ ဆိုလျှင် လူတိုင်း နိဗ္ဗာန်ဈေးသို့ သွားကြမည်။ ကပွဲသို့ သွားကြမည်။ ဒေါ်လေး ပစ်တီ၊ မီလာနီနှင့် သူတို့မှအပ အားလုံး ပျော်ပွဲသို့ သွားကြတော့မည်။ ဒေါ်လေး ပစ်တီနှင့် မီလာနီတို့က မသွားရ၍လည်း ကိစ္စ မရှိ။ ဤလို ပွဲများကို သွားလည်း မသွားချင်။ သို့ရာတွင် စကားလက်က သွားချင်သည်။

နည်းနည်းကလေးမျှ မတရား။ စကားလက်သည် နိဗ္ဗာန်ဈေး အတွက် အားတက်သရော ကူညီ လုပ်ခဲ့သည်။

အခြား မိန်းကလေးများထက် နှစ်ဆလောက် ပိုလုပ်ခဲ့သည်။ ခြေအိတ် ထိုးခဲ့သည်။ ကလေး သိုးမွေး ဦးထုပ် ထိုးခဲ့သည်။ ခေါင်းစွပ်ရှည်ကြီးတွေ၊ လည်စည်းတွေ ထိုးခဲ့သည်။ တက်တင်း ထိုးခဲ့သည်။ ဆေးလိပ်ပြာခံ ကြွေခွက်တွင် အရုပ်ကလေးတွေ

166

ခြယ်ပေးခဲ့သည်။ သီးခြား ပြည်နယ် အလံဖြင့် ထိုင်ဖုံ အဖုံးများ ထိုးပေးခဲ့သည်။ မနေ့က ဆိုလျှင် လက်နက်တိုက် နောက်ဖေးက စပါးကျီဟောင်းကြီးထဲတွင် ဈေးဆိုင် နဖူးစည်းများ အတွက် တစ်နေကုန် စာလုံး ထိုးပေးခဲ့သည်။ စာလုံးက အဝါရောင်၊ ပန်းနုရောင်၊ အစိမ်းရောင်။ ဆေးရုံ အမျိုးသမီး ကော်မတီ ဦးဆောင်မှု အောက်တွင် ဤအလုပ်များကို လုပ်ရသည်မှာ တကယ် ပင်ပန်းသည်။ မစ္စက် မယ်ရီဝယ်သာ၊ မစ္စက် အယ်လဆင်း၊ မစ္စက် ဝှိုက်တင်း တို့လို အမျိုးသမီးကြီးတွေ အောက်တွင် လုပ်ရသည်မှာ ယား၍မျှ မကုတ်အား။ ကပ္ပလီတွေကို ခိုင်းသလို ရက်ရက်စက်စက် ခိုင်းကြသည်။ သူတို့ သမီးတွေ မည်မျှ စန်းပွင့်ကြောင်း ကြွားကြသည်ကို နားထောင်ရသည်။ မုန့်ဖုတ်ရာတွင် ဒေါ်လေး ပစ်တီကို ကူသည်၌ လက်ကို မီးလောင်ခဲ့သေးသည်။

မနေ့က တစ်နေ့လုံး လုပ်ခဲ့ရသဖြင့် သူများတွေ ပျော်ချိန် ပါးချိန်တွင် စကားလက် နားရတော့မည်။ ကလေး တစ်ယောက်

အမေ မုဆိုးမ ဘဝဖြင့် သူတကာ ပျော်သည်ကိုမှ မပျော်နိုင်။ ဘေးက ထိုင်၍ ကြည့်နေရသည့် အဖြစ်သည် နည်းနည်းမျှ မတရား။ လွန်ခဲ့သည့် တစ်နှစ်လောက်တုန်းက ဆိုလျှင် ယခုလို အဆင်ရင့်ရင့် အရောင်မှိုင်းမှိုင်းတွေကို ယောင်၍မျှ မဝတ်ခဲ့။ အဝတ်အစား တောက်တောက်ပပဖြင့် ကပွဲတိုင်းသို့ ရောက်ခဲ့သည်။ တစ်ပြိုင်နက်တည်းတွင် ယောက်ျားလေး သုံးယောက်ကို ကြိုးရှည်ရှည်ဖြင့် လှန်၍ ကစားနိုင်ခဲ့သည်။ ယခုမှ စကားလက် တစ်ဆယ့် ခုနစ်နှစ်သာ ရှိသေးသည်။ သူ့ခြေထောက်များက ကချင်နေဆဲ။ မတရား။ လောကသည် နည်းနည်းမျှ မတရား။ ယခု ဘဝသည် သူ့ရှေ့တွင် ဖြတ်သန်းသွားပြီ။ အရိပ် ဝေဝေနှင့် နွေရာသီ လမ်းတစ်လျှောက်တွင် ဖြတ်သန်းသွားပြီ။ မီးခိုးရောင် စစ်ဝတ်စုံများ၊ ဖနောင့်သံဆူးမှ ခေါင်းလောင်းသံများ၊ ပန်းရိုက် အော်ဂန်ဒီစများ စသည့် အဝတ်အစား မျိုးစုံ၊ အရောင် မျိုးစုံ ဝတ်စား ဆင်ယင်ထားသည့် လူ့ဘဝ တစ်ခုသည် သူ့ရှေ့မှာ ဖြတ်သန်းသွားပြီ။ စကားလက်သည် သူတို့ကို ကြည့်၍ မပြုံးမိအောင် ကြိုးစားသည်။ သူနှင့် ရင်းနှီးသည့် ယောက်ျား မိတ်ဆွေများကို ဝမ်းသာအားရ လက်ဝှေ့ယမ်း မပြမိအောင် အောင့်အည်းထားသည်။ သို့ရာတွင် သူ့ပါးမှ ပါးချိုင့် ကလေးများသည် ထင်းခနဲ ပေါ်လာကြသည်။ သူ့ရုပ်က သူ့အသည်းနှလုံးသည် မြေကြီးအောက်တွင် မြှုပ်နှံခံထားရပြီးသူ၏ ရုပ်မျိုး နည်းနည်းမျှ မပေါ်။

စကားလက်က ခေါင်းညိတ်ပြလိုက်၊ လက်ယမ်းပြလိုက်ဖြင့် နှုတ်ဆက်နေစဉ် ဒေါ်လေး

ပစ်တီ

အခန်းထဲသို့

ရောက်လာသည်။ လှေကားကို တက်လာရသဖြင့် အသက်ရှူသံ ပြင်းနေသည်။ စကားလက်က ချက်ချင်း လှည့်ကြည့်လိုက်သည်။

`အို အို စကားလက်၊ ဘယ့်နှယ် အိပ်ခန်းထဲက နေပြီး ယောက်ျားလေးတွေကို လက်တပြပြ လုပ်နေ ရတာလဲ၊

ကျားသားမိုးကြိုးတော်၊ ဒုက္ခပါပဲ၊ မေမေက ဘယ်လို ပြောမလဲ ဟင်’

`စကားလက်ရဲ့ အိပ်ခန်း ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ပါဘူး ဒေါ်လေးရဲ့’



`အလို ဒါဟာ စကားလက် အိပ်ခန်းပဲလို့ ထင်ကြမှာပေါ့၊ ဒီလို မလုပ်ရဘူးကွယ်၊ တော်တော်ကြာ စကားလက်ကို

ပျံတံတံ ဆိုပြီး လူတွေက ပြောကုန်ကြ လိမ့်မယ်၊ ဘယ်သူ မသိသိ မစ္စက် မယ်ရီ ဝယ်သာက သိတယ်၊ ဒီအခန်းဟာ စကားလက် အိပ်တဲ့ အခန်း ဆိုတာ’

`ဒီ ကြောင်အိုမကြီးကတော့ ယောက်ျားလေးတွေကို အကုန် လျှောက်ပြောချင် ပြောမှာပါ’



`အို အို ဘယ့်နှယ် ပြောလိုက်တာလဲ ငါ့တူမရယ်၊ ဒီလို မပြောပါနှင့်၊ မယ်ရီဝယ်သာက ဒေါ်လေး မိတ်ဆွေရင်းကြီး’

167



`အို ကြောင်အိုမကြီးနှင့် ဘာထူးလို့လဲ၊ အဲလေ ယောင်လို့၊ စကားလက်ကို ခွင့်လွှတ်ပါ ဒေါ်လေး၊ စကားလက်

မေ့သွားလို့ပါ၊ နောက်ဆိုရင် စကားလက် သတိထားပါ့မယ်၊ စကားလက် ကြည့်ချင်တာနှင့် ထကြည့်မိတာပါ၊ လိုက်ချင်တဲ့ စိတ်လည်း ပေါ်လာလို့ပါ’

`စကားလက်’



`ဟုတ်ပါတယ်၊ စကားလက် အိမ်မှာ နေရတာ ကြာတော့ ပျင်းလာတာနှင့် လိုက်ချင်လို့ ကြည့်တာပါ’



`စကားလက် နောက်ကို ဒီလို မပြောပါနှင့်၊ ဒေါ်လေးကို ကတိပေးပါ၊ လူပြောစရာ ဖြစ်နေလိမ့်မယ်၊ ချားလ် မျက်နှာကို

မထောက်ဘူးလို့ လူတွေက ပြောကြလိမ့်မယ်’

`မငိုပါနှင့် ဒေါ်လေး၊ စကားလက် သတိထားပါ့မယ်’



`အေးလေ၊ ငါ့တူမကြီးကို ဒေါ်လေး စိတ်မကောင်းအောင် လုပ်မိပြီ’



ဒေါ်လေး ပစ်တီက ရှိုက်သည်။ နောက် အိတ်ထဲမှ လက်ကိုင်ပဝါကို စမ်းရှာနေသည်။



နှလုံးသားထဲက စလာသည့် ဝေဒနာသည် နောက်ဆုံးတွင် စကားလက် လည်ချောင်းထဲသို့ ရောက်လာသည်။

စကားလက်က အသံ ထွက်အောင် ငိုပစ် လိုက်သည်။ သို့ရာတွင် ဒေါ်လေး ပစ်တီ ထင်သလို ချားလ်ကို လွမ်း၍ ငိုခြင်းမဟုတ်။ ပန်းခူး ထွက်ကြသည့် ရထားဘီးသံများ၊ ရယ်သံများ ပျောက်ကွယ်သွားသောကြောင့် ငိုမိခြင်း ဖြစ်သည်။ မီလာနီက သူ့အခန်းထဲမှ ကူးလာသည်။ သူ့နဖူးရေက တွန့်နေသည်။ စိတ်ရှုပ်သည့်ဟန် မျက်မှောင်ကုတ်ထားသည်။ လက်ထဲတွင် ဝက်မှင် ဘီးတစ်ချောင်း ကိုင်ထားပြီး ဆံပင် ရှင်းနေသည်။ နက်မှောင်သည့် ဆံပင်များကို ပိုက်ကွန်အုပ် ထားခြင်း မရှိ။ ဆံနွယ်ကလေးများသည် သူ့နဖူးသို့ ဝဲကျနေကြသည်။

`စကားလက်၊ ဘာဖြစ်လို့လဲ ဟင်’



`ချားလ်၊ ချားလ်ကို သတိရလို့’



ဒေါ်လေး ပစ်တီက ယခုမှ အားရပါးရ ငိုချကာ မီလာနီ၏ ပခုံးပေါ်သို့ ခေါင်းတင် ထားလိုက်သည်။ မီလာနီက သူ့မောင်

ချားလ်၏ အမည်ကို ကြားလိုက်ရသဖြင့် နှုတ်ခမ်းကလေးတွေ တဆတ်ဆတ် တုန်လာသည်။

`အို၊ စိတ်တင်းထားစမ်းပါ စကားလက်ရယ်၊ ဘာလို့ ငိုရမှာလဲ’



စကားလက်သည် ခုတင်ပေါ်တွင် ပစ်ထိုင်လိုက်ကာ အားရပါးရ ရှိုက်ငိုလိုက်သည်။ အပျိုဘဝကို ဆုံးရှုံးခြင်း၊ အပျိုဘဝ၏

ပျော်ရွှင်စရာများကို ဆုံးရှုံးခြင်းကြောင့် ငိုရှိုက်မိသည်။ ငိုလျှင် မိမိ တောင်းသည့် အရာကို ရခဲ့သော တစ်ယောက်သည် ယခုအချိန်တွင် ငိုရုံဖြင့် မိမိ လိုချင်သည့် အရာကို မရမှန်း သိလာသော အခါတွင် ဝမ်းပန်းတနည်းဖြင့် ငိုကြွေးသည့် နည်းတူ စကားလက်သည်လည်း ပြန်၍ မရနိုင်သော အပျိုဘဝ အတွက် ဝမ်းပန်းတနည်းဖြင့် ငိုရှိုက်မိသည်။ စကားလက်သည် မျက်နှာကို ခေါင်းအုံးသို့ အပ်ပြီးနောက် နံရံကို ခြေထောက်ဖြင့် ကန်၍ ငိုသည်။

168



`သေတာ ကောင်းပါတယ်၊ စကားလက် သေတာပဲ ကောင်းပါတယ်’



စကားလက် ဝမ်းပန်းတနည်း ငိုသည်ကို မြင်သည်တွင် မျက်ရည် လွယ်သည့် ဒေါ်လေး ပစ်တီက အငို ရပ်သွားသည်။

စကားလက်ကို သူ့ယောက်မက ပြေးပွေ့သည်။

`စကားလက် မငိုနှင့်လေ၊ ချားလ်ကို လွမ်းရင် ချားလ်က ကိုယ့်အပေါ်မှာ ဘယ်လောက် ချစ်ခဲ့သလဲ ဆိုတာ

ပြန်စဉ်းစားပြီး စိတ်ကို ဖြေပေါ့၊ သားလေးကို ကြည့်ဖြေပေါ့’

သူ ဖြစ်သည်က တစ်မျိုး။ သူတို့ ထင်သည်က တလွဲ။ ဤသို့ သူတို့က တလွဲထင်လေလေ စကားလက်

စိတ်ဆိုးလေလေ။ အများတကာနှင့် ရော၍ မပျော်နိုင်သည့် သူ့ဘဝကို အမှတ်ရကာ နာကြည်းလေလေ စကား မပြောနိုင်ဘဲ တစ်ဆို့နေလေလေ။ စကား မပြောနိုင်သည့် အတွက် ကံကောင်းသည်ဟုပင် ဆိုရမည်။ စကား ပြောနိုင်လျှင် ဖေဖေ့လို ရင်ထဲရှိသမျှကို ဟောဟောဒိုင်းဒိုင်း ဖွင့်ပြောလိုက်ချင်သည်။ မီလာနီက သူ့ကျောကို ပွတ်၍ ချော့သည်။ ဒေါ်လေး ပစ်တီက ခန်းဆီးများကို ဆွဲချပေးကာ ခြေဖျား ထောက်၍ ထွက်သွားသည်။

`ခန်းဆီးတွေကို ဘာဖြစ်လို့ ဆွဲချခဲ့ရပြန်တာလဲ မသိဘူး’ စကားလက် ခေါင်းအုံးမှ မျက်နှာကို ခွာ၍ အော်လိုက်သည်။

သူ့မျက်လုံးများက မို့မောက် နီရဲနေကြသည်။ `စကားလက် သေတာပဲ ကောင်းတယ်၊ သေမှ ခန်းဆီးတွေ ပြန်ဆွဲချပြီး မှောင်ထဲမှာ ထားကြ၊ သေတာပဲ ကောင်းတယ်’

စကားလက်က မျက်နှာကို ခေါင်းအုံးထဲတွင် ပြန်၍ မြှုပ်လိုက်သည်။ ဒေါ်လေး ပစ်တီနှင့် မီလာနီသည် တိုးတိုး

တိုးတိုး ပြောပြီးနောက် ထွက်သွားကြသည်။ အခန်း အပြင်ဘက် အရောက်တွင် မီလာနီ၏ ခပ်တိုးတိုး အသံကို စကားလက် ကြားနေရသည်။

`ဒေါ်လေးကလည်း

သိပ်ခက်တာပဲ၊

သူ့ရှေ့မှာ

ချားလ်

အကြောင်း

မပြောပါနှင့်လို့

ပြောထားရက်သားနှင့်၊

သွားပြောပြန်ပြီ၊ ချားလ် အကြောင်း ပြောရင် သိပ်ပြီး စိတ်ထိခိုက်တတ်တယ်၊ ကြည့်ပါလား၊ မျက်နှာကို ကြည့်ရတာ ငိုချင်စိတ်ကို တမင် ကြိတ်မှိတ် ထားရတဲ့ ပုံမျိုး၊ သူ စိတ်အနှောင့်အယှက် ဖြစ်အောင် မလုပ်ပါနှင့် ဒေါ်လေး၊ အပြောအဆို သတိထားမှ ဖြစ်မယ်’

စကားလက်က စိတ်ဆိုးဆိုးဖြင့် စောင်ကို ဆောင့်ကန်ပစ်လိုက်သည်။ နောက် စိတ်ရှိလက်ရှိ ငိုပစ် လိုက်သည်။

ထိုအခါကျမှ နေသာ ထိုင်သာ ရှိသွားသည်။ မီလာနီ၏ အသက်က ယခုမှ ဆယ့်ရှစ်နှစ်။ ဤအရွယ်တွင် မည်သို့ အိမ်တွင်း ပုန်းနေနိုင်သနည်း။ မောင် အတွက် ဤမျှ သောက ဖြစ်နေရသလော။ မီလာနီသည် ပျော်ပါးမှုများကို စိတ်ဝင်စားဟန် မတူ။ သိလည်း သိဟန်မတူ။

`သူကတော့ နေနိုင်မှာပေါ့၊ ရုပ်ကိုက ဝါးခြမ်းပြား ထောင်ထားသလိုကိုး၊ ငါ့လို ရေပန်း မစားတော့ ဒီလို အရသာမျိုးကို

သူ ဘယ်မှာ ခံဖူးမလဲ၊ ပြီးတော့ အက်ရှလေ တစ်ယောက်လုံးကိုလည်း ရထားပြီးပြီ၊ ငါ့မှတော့ ဘယ်သူမှ မရှိဘူး’

ဤသည်ကို တွေးလိုက်မိသည်နှင့် စကားလက် ငိုမိပြန်သည်။

169



ထိုနေ့ ညနေစောင်း အထိ စကားလက် အိပ်ခန်း ထဲမှ မထွက်တော့။ ထင်းရှူးကိုင်းများ၊ နွယ်ပန်းများ၊ တောပန်းများ

တစ်ပွေ့တစ်ပိုက် ခူးပြန်လာကြသည့် ပန်းခူးသူများကို မြင်ရသည့် အခါတွင်လည်း ရွှင်လန်းခြင်း မဖြစ်တော့။ ပန်းခူး ပြန်လာသူများက မောမောပန်းပန်းဖြင့် သူ့ကို လက်ပြ နှုတ်ဆက်သွားကြသည်။ စကားလက်ကလည်း စိတ် မပါ့တပါ လက်ပြသည်။ လောကသည် ဘာမျှ မျှော်လင့်ချက် မရှိ။ နေချင့်စဖွယ် နည်းနည်းမျှ မကောင်း။

ထိုနေ့ညစာ စားပြီး၍ တစ်ရေးတစ်မော အိပ်ပြီးသည့် နောက်တွင်မူ စကားလက် စိတ်အနည်းငယ် ကြည်လင်လာသည်။

မစ္စက် မယ်ရီဝယ်သာနှင့် မစ္စက် အယ်လဆင်းတို့ မြင်းလှည်းဖြင့် ရောက်လာကြသည်။ အချိန်မတော် ပေါက်လာသည့် ဧည့်သည်များကြောင့် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ဆံပင်ကို ပြန်ထုံးကာ အပေါ်အင်္ကျီ ကောက်စွပ်ပြီး ဧည့်ခန်းသို့ ခပ်သုတ်သုတ် ဆင်းလာခဲ့ကြသည်။ 

`မစ္စက် ဘွန်နယ်ရဲ့ ကလေးတွေ ဝက်သက် ပေါက်လို့’



မစ္စက် မယ်ရီဝယ်သာက ဆိုင်းမဆင့် ဗုံမဆင့် ပြောသည်။ သူ့ ကြည့်ရသည်က မစ္စက် ဘွန်နယ်၏ ကိုယ်ရေးကိုယ်တာ

ကိစ္စများကို သူသာလျှင် စီမံခန့်ခွဲခွင့် ရှိသည် ဟူသော အမူအရာမျိုးကို ဆောင်နေသည်။

`မက်ကလျူးရဲ့ သမီးတွေလည်း ဗာဂျီးနီးယားကို လိုက်သွားကြသတဲ့’ မစ္စက် အယ်လဆင်းက လက်ထဲက

ယပ်တောင်ကို ဖြန့်၍ ခတ်ရင်း ပြောသည်။

`သူတို့မောင် ဒါးလတ် တစ်ယောက် ဒဏ်ရာ ရလို့တဲ့’



`အို ဖြစ်မှ ဖြစ်ရလေ’ ဒေါ်လေး ပစ်တီနှင့် မီလာနီက ပြောလိုက်သည်။ `ဒါဖြင့် ဒါးလတ် တစ်ယောက်’



`သိပ်မများပါဘူးတဲ့၊ ပခုံး ရှပ်မှန်သွားတာပါတဲ့’ မစ္စက် မယ်ရီဝယ်သာက ခပ်သွက်သွက် ဝင်ပြောသည်။ `ဒါပေမယ့်

ဒီအချိန်ကြီးမှာဖြင့် ဒဏ်ရာရတာ ကတော့ ဆိုးတာပေါ့၊ ခု အစ်မတွေက သူတို့မောင်ကို မြောက်ပိုင်းကို ခေါ်သွားတော့မယ်တဲ့၊ တောင်ပိုင်းကို ပြန်မလာရတော့ဘူးတဲ့၊ ဒါထက် ကျွန်မတို့မှာ စကားပြောဖို့ အချိန် မရှိဘူး၊ လက်နက်ရုံဘက် သွားရဦးမယ်၊ လက်နက်ရုံ ရှေ့က ဆိုင်တွေ ဘာမှ မပြင်ရသေးဘူး၊ ကဲ ဒီနေ့ည မစ္စက် ဘွန်နယ်နှင့် မက်ကလျူး ညီအစ်မတွေ အတွက် ပစ်တီတို့ တူဝရီး နှစ်ယောက် ဒီနေ့ည လူစား ဝင်ကြဦး၊ ဒါကြောင့် လာခေါ်တာ’

`ဒီနေ့ညတော့ မဖြစ်ဘူး ထင်တယ်’



`ဟေ့ ပစ်တီ၊ ကိုယ် ခေါ်ရင် မငြင်းရဘူးနော် ဒါပဲ’ မစ္စက် မယ်ရီဝယ်သာက ဇွတ်ခေါ် နေသည်။ `လိုက်ခဲ့ပါ၊ သိပ်

အလုပ် မများပါဘူး၊ ကပ္ပလီတွေ စားစရာ သောက်စရာ ချပေးတာကို ကြီးကြပ်ပေးရုံ ကလေးပါ၊ အမှန်က မစ္စက် ဘွန်နယ်ရဲ့ တာဝန်လေ၊ မီလာနီ ကတော့ မက်ကလျူး ညီအစ်မတစ်တွေ ရောင်းတဲ့ ဆိုင်ကို ဝင်ထိုင်ပေးပါကွယ်နော်’

`မဖြစ်ပါဘူးကွယ်၊ ချားလ် ဆုံးပြီးတာဖြင့် မကြာသေးဘူး၊ ပျော်ပွဲ ရွှင်ပွဲတွေ ထွက်တော့’



`ကိုယ် သိပါတယ် ပစ်တီရယ်၊ ကိုယ်လည်း စိတ်ထိခိုက်တာပေါ့၊ ကိုယ်တို့ သီးခြားပြည်နယ် အရေးတော်ပုံ အတွက်

ဒီလို စွန့်လွှတ်တာ ကိုယ်တို့လည်း ဂုဏ်ယူပါတယ်၊ ခုလည်း အရေးတော်ပုံ အတွက် တတ်နိုင်သလောက် ပါဝင်ကြဖို့’

170



မစ္စက် အယ်လဆင်းက ခပ်တိုးတိုး ဝင်ပြောသည်။



`မီလာနီတို့ ကူညီချင်ပါတယ် ဒေါ်ဒေါ်၊ ဒါပေမယ့် နိဗ္ဗာန်ဈေးဆိုင်မှာ ရောင်းဖို့ကတော့ တခြား မိန်းကလေးတွေ

ရှိပါလိမ့်မယ်’

မစ္စက် မယ်ရီဝယ်သာက နှုတ်ခမ်းကြီး စူသည်။



`အို အခြား မိန်းကလေးတွေ အကြောင်းတော့ မပြောစမ်းပါနှင့်၊ ခုခေတ် လူငယ်တွေကို ဒေါ်ဒေါ်ဖြင့် ကြည့်လို့ မရဘူး၊

တာဝန် သိတတ်တဲ့စိတ် ဆိုလို့လည်း နည်းနည်းကလေးမှ မရှိကြဘူး၊ မိန်းကလေးတွေတော့ ရှိပါတယ်၊ ဒါပေမယ့် သူတို့ကလည်း နိဗ္ဗာန်ဈေးက ဆိုင်မှာ မထိုင်ချင်ကြဘူး၊ အကြောင်း အမျိုးမျိုး ပြပြီး ရှောင်နေကြတယ်၊ နိဗ္ဗာန်ဈေး ရောင်းဖို့ထက် စစ်ဗိုလ်တွေနှင့် တွဲကဖို့လောက် စိတ်ကူး နေကြတယ်လေ၊ နိဗ္ဗာန် ဈေးဆိုင်မှာ ထိုင်နေရတော့ ရခါစ အဝတ်သစ် အစားသစ်တွေနှင့် ရှိုးထုတ်ချိန် မရဘူး မဟုတ်လား၊ ဒီ အဝတ် အထည်သစ်တွေ ရောက် မလာရင်လည်း အကောင်းသား၊ ရန်သူ စစ်ကြောင်းကို ဖောက်ထွက်ပြီး ကုန်တွေ သွင်းလာတဲ့ မောင်မင်းကြီးသားကြောင့် မိန်းကလေးတွေ ဒီလို ဖြစ်ကုန်တာ၊ အဲဒီ သူငယ် နာမည်က ဘယ်သူ’

`ဗိုလ်ကြီး ဘတ်တလာ တဲ့’



မစ္စက် အယ်လဆင်းက ဖြေသည်။



`အဲဒီ မောင်မင်းကြီးသား ဗိုလ်ကြီး ဘတ်တလာကြောင့် ဒီလို ဖြစ်ကုန်တာပေါ့၊ တကယ်ဆို ဒီ မိန်းမ အဝတ်အစားတွေ

အစား ဆေးရုံ ပစ္စည်းတွေ၊ ဆေး ပစ္စည်းတွေ သွင်းခဲ့ရင် ဘယ်လောက် ကောင်းမလဲ၊ သူ သွင်းလာတဲ့ အဝတ်သစ် အစားသစ်တွေ ဝတ်ထားတဲ့ မိန်းကလေးတွေ တစ်မြို့လုံး ပြည့်နေတာပဲ၊ ရှောင်လို့ မလွတ်ဘူး၊ ဗိုလ်ကြီး ဘတ်တလာတဲ့၊ နာမည် ကြားရတာကိုက နှလုံးနာတယ်၊ ကဲ ပစ်တီ၊ သိပ်အချိန် မရှိဘူး၊ သူငယ်ချင်းတို့ တူဝရီး နှစ်ယောက် လာရမယ်၊ အားလုံးက နားလည်ပါတယ်၊ ဘယ်သူမှလည်း မြင်မှာ မဟုတ်ပါဘူး၊ ဆိုင်နောက်ခန်းထဲ ထိုင်ပြီး စီမံရုံပါ၊ ပြီးတော့ ခု မက်ကလျူး ညီအစ်မတစ်တွေ ရောင်းရမယ့် ဆိုင်ကလည်း ပွဲဈေးတန်း အဆုံးမှာပါ၊ တော်တော့် လူလည်း ဒီထိအောင် ရောက်မှာ မဟုတ်ပါဘူး’

`ဒီလောက်တောင် ခေါ်မှဖြင့်ရင်လည်း သွားသင့်တယ်လို့ စကားလက် ထင်တာပဲ’ စကားလက်က လိုက်ချင်လှပြီ။

သို့ရာတွင် လိုက်ချင်မှန်း လူမသိအောင် မနည်း ဣနြေ္ဒ ဆည်ထားရသည်။ `ဆေးရုံ အတွက် လုပ်တာပဲ၊ စကားလက်တို့ အတတ်နိုင်ဆုံး လုပ်ပေးသင့်တာပေါ့’

ဧည့်သည် နှစ်ယောက်က စကားလက်ကို တစ်ခွန်းမျှ မခေါ်။ စကားလက်က ဝင်လိုက်သည်တွင် ဆတ်ခနဲ

လှည့်ကြည့်လိုက်ကြသည်။ ဤမျှ အရေးတကြီး လူလို နေသည့်တိုင် အခါလည်တောင် မပြည့်တတ်သေးသည့် မုဆိုးမ အသစ်စက်စက် တစ်ယောက်ကို ပျော်ပွဲ ရွှင်ပွဲသို့ ခေါ်ရန် မသင့်ဟု ယူဆထားကြသည်။ စကားလက်က ဘာမျှ မသိသည့်နှယ် မျက်နှာသေကလေးဖြင့်။

`စကားလက်တော့ လိုက်ကူသင့်တယ် ထင်တာပဲ၊ ကိစ္စ မရှိပါဘူး၊ စကားလက်လည်း လိုက်ပါ့မယ်၊ စကားလက်နှင့်

171

မီလာနီက ဆိုင်နောက်ဖေးခန်းထဲကနေ စီစဉ်ပေးမယ်လေ၊ နှစ်ယောက် ဆိုတော့ သိပ်လည်း အပန်း မကြီးဘူးပေါ့၊ မဟုတ်ဘူးလား မီလာနီ’

`သဘောပဲလေ’



မီလာနီ ဘာမျှ မပြောနိုင်တော့။ နှစ်တစ်ပတ် မလည်မီ ပျော်ပွဲ ရွှင်ပွဲသို့ သွားသည်ဟူ၍ သူ တစ်ခါမျှ မကြားဖူးသေး။

မီလာနီ စိတ်ရှုပ်နေသည်။

`ဟုတ်တယ်၊ စကားလက် ပြောတာ မှန်တယ်’ မစ္စက် မယ်ရီဝယ်သာက ထောက်ခံသည်။ နောက်ထိုင်ရာမှ ထကာ

ဝတ်စုံကို ပြင်သည်။ `ငါ့တူမကြီးတို့ နှစ်ယောက်ရော အားလုံး လာရမယ်၊ ကဲ ပစ်တီ၊ သိပ် အကြောင်း အမျိုးမျိုး ပြပြီး ရှောင်မနေနှင့်၊ ဆေးရုံတွေ အတွက် ရန်ပုံငွေ လိုနေတယ်၊ စောင် မရှိဘူး၊ ခုတင် မရှိဘူး၊ ဆေး မရှိဘူး၊ ချားလ်ဟာ အရေးတော်ပုံ အတွက် အသက် ပေးသွားတာ၊ သူ အသက် ပေးလှူသွားတဲ့ အရေးတော်ပုံ အတွက် ဘာဖြစ်လို့ မကူညီရမှာလဲ’

`အေးလေ၊ လူပြောစရာ မဖြစ်ရင်တော့ အရေး မကြီးပါဘူး’



နောက်က တွန်းပေးနေသူ ရှိလျှင် ဒေါ်လေး ပစ်တီက သူ့ထုံးစံအတိုင်း ပါလာသည်။



စကားလက်က

သူတို့

ထိုင်ရမည့်

ဈေးဆိုင်ထဲသို့ ဝင်လိုက်သည်။

ဈေးဆိုင်ကို

အဝါရောင်နှင့်

ပန်းနုရောင်

ခြယ်ထားသည်။ စကားလက် သူ့ကိုယ်သူ မယုံနိုင်။ တစ်နှစ်နီးပါး အိမ်တွင်း အောင်းနေပြီး ပျော်ပွဲသို့ ထွက်လာရသည့် အတွက် ပျော်နေသည်။ အိမ်ကြီးထဲတွင် စကားကို တိုးတိုးသက်သာ ပြောကာ ပျင်းရိစဖွယ် ခြောက်ကပ်ကပ် နေခဲ့ရာမှ ပျော်ပွဲ ရွှင်ပွဲ တစ်ခုသို့ ရောက်လာပြီ။ ပျော်ပွဲ ရွှင်ပွဲကလည်း တကယ့်ပွဲ။ အတ္တလန်တာတွင် ဤလိုပွဲမျိုး တစ်ခါမျှ မရှိဖူးသေး။ လူတွေ၊ မီးရောင်တွေ၊ ဂီတသံတွေ၊ ပိတ်ဆို့ထားသည့် ရန်သူ့ စစ်ကြောင်းကို ဖြတ်သန်း၍ သွင်းလာသည့် နိုင်ငံခြား ဇာများ၊ အဝတ်အထည်များကို ရောင်းသည့် အရောင်းဆိုင်ခန်းလည်း ပါသေးသည်။ ထို နိုင်ငံခြား အဝတ်အထည်များကို ကိုယ်တိုင် ကြည့်ရတော့မည်။ ရန်သူစစ်ကြောင်းကို ဖြတ်၍ သွင်းလာသူက နာမည်ကျော် ဗိုလ်ကြီး ဘတ်တလာ။

စကားလက်က နိဗ္ဗာန်ဈေး ဆိုင်ခန်းထဲရှိ ခွေးခြေလေး တစ်လုံးပေါ်တွင် ထိုင်ကာ နိဗ္ဗာန်ဈေး ခင်းရာ ရုံကြီးကို

လှမ်းကြည့်လိုက်သည်။ ယခင်က ဒရိမ်းပြသည့် ရုံကြီး။ အရုပ်ဆိုးဆိုး။ ယခုမူ ထင်းရှူးကိုင်းတွေ၊ ပန်းအိုးတွေ၊ ပန်းကိုင်းတွေနှင့် တစ်နေ့လုံး အလှပြင်ထားသဖြင့် တစ်မျိုး လှနေသည်။ တစ်မြို့လုံးက ရှိသမျှ ဖယောင်းတိုင်များ၊ ဖယောင်းတိုင် ခုံများ အားလုံး ဤ ခန်းမဆောင်ထဲတွင် ရောက်နေပြီလော မဆိုနိုင်။ အမြိတ် အသွယ်သွယ် ချထားသည့် ငွေဖယောင်းတိုင် ခုံများ၊ ပန်းခက်များ၊ နွယ်များ၊ မြားနတ်မောင်ရုပ်များ အောက်ခံထားသည့် ကြွေဖယောင်းတိုင်များ၊ ခံ့ညား၍ ကျက်သရေ ရှိသည့် ရှေးသုံး ကြေးဝါ ဖယောင်းတိုင် ခုံကြီးများ ပြည့်နေသည်။ ဖယောင်းတိုင်ကလည်း အရွယ် အစားစား။ အရောင် အမျိုးမျိုး။ အမွှေးနံ့ အသွယ်သွယ်။ ခန်းမကြီး အလယ်က ပန်းအိုး စိုက်ထားသည့် စားပွဲများ ပေါ်တွင် လည်းကောင်း၊ နိဗ္ဗာန်ဈေး ဆိုင်ခုံများပေါ်တွင် လည်းကောင်း၊ ပြတင်းပေါက် ပေါင်များပေါ်တွင် လည်းကောင်း၊ သေနတ်စင်များပေါ်တွင် လည်းကောင်း ဖယောင်းတိုင်တွေ ပြည့်နေသည်။ ပူနွေးသည့် နွေဦးလေပြည် အသုတ်တွင် မီးတောက်များသည် ပို၍ လင်းလာကြသည်။

ခန်းမဆောင် အလယ်ကောင်တွင် မီးအိမ်ကြီး တစ်အိမ်ကို သံချေး တက်နေသည့် သံကြိုးများဖြင့် မျက်နှာကြက်မှာ

172

ဆွဲထားသည်။ ထိုမီးအိမ်ကြီးက တစ်မျိုး ကြည့်ကောင်းနေသည်။ စွယ်တော်ပန်းများ၊ တိုက်ပန်းနွယ်များ ဆင်ယင်ထားသည်။ ပန်းပွင့်လေးတွေက အပူရှိန်ကြောင့် ညှိုးနေကြပြီ။ နံရံတွင် ထင်းရှူးပင်များကို ထောင်ထားသည်။ ထင်းရှူးနံ့က တသင်းသင်း။ မိန်းကလေးများ အဖော် မိန်းမကြီးများ ထိုင်ရန် ပန်းရုံကလေးများ သဖွယ် ဖြစ်နေသည်။ မျက်နှာကြက်တွင် ပန်းပွင့်များကို ကြိုးများဖြင့် ဆိုင်းထားသည်။ နံရံတွင် အလံလေးတွေ တလူလူ လွင့်နေသည်။ သစ်ကိုင်းများက အစိမ်းရောင်။ တံခွန်များ၊ ကုက္ကားများမှ တောက်တောက်ပပ အရောင်များ ကြားတွင် သီးခြား ပြည်နယ်၏ အလံကြီးသည် ခံ့ညားစွာ လွင့်နေသည်။ အနီနှင့် အပြာ နောက်ခံတွင် ကြယ်ပွင့်တွေ အစီအရီဖြင့်။

တူရိယာ ဝိုင်းအတွက် စီစဉ်ထားသည့် စင်မြင့်ကလည်း အနုပညာ မြောက်သည်။ စင်မြင့်ပေါ်တွင် ပန်းအိုးတွေ

ပတ်ပတ်လည် ချထားသည်။ ခြောက်လပန်း၊ ရေမွှေးပန်း၊ နွယ်သာကီပန်း၊ ပိန်းရွက်လှပန်း။

မစ္စက် အယ်လ်ဆင်း ဂုဏ်ယူသည့် သူ့အိမ်က တောင်ထန်းပင် စိုက်ထားသည့် ပန်းအိုးကြီး လေးအိုးက စင်ထောင့်တွင်

ဝင့်ကြွားစွာ ဂုဏ်ယူလျက်။

စင်မြင့်နှင့် မျက်နှာချင်းဆိုင် ခန်းမကြီး တစ်ဖက် ထိပ်တွင် အမျိုးသမီးများ ထွက်ချည် ဝင်ချည် အလုပ်များနေကြသည်။

နံရံပေါ်တွင် သီးခြားပြည်နယ် သမ္မတ နှစ်ဦး၏ ရုပ်ပုံကြီး နှစ်ပုံကို ချိတ်ထားသည်။ ရုပ်ပုံကြီး အထက် ကြီးမားသည့် သီးခြား ပြည်နယ် အလံကြီးအောက် စားပွဲရှည်ကြီးပေါ်တွင်မူ တစ်မြို့လုံးက အိမ်စေ့လှူကြသည့် ပန်းပွင့်များ ရှိသည်။ နှင်းဆီနီ၊ နှင်းဆီဖြူ၊ နှင်းဆီဝါများ၊ သစ္စာပန်းဝါဝါများ၊ ရောင်စုံ တောက်နေသည့် တောမုန်လာပန်းများ၊ ကြက်သွေးရောင်နှင့် အဖြူရောင် ရောထားသည့် ပန်းချဉ်ပေါင်များ စသဖြင့် ပန်းတောကြီး ဖြစ်နေသည်။ ပန်းပွင့်များ ကြားတွင် ဖယောင်းတိုင် မီးတောက်များသည် တရား ပလ္လင်မှ မီးရောင်များသဖွယ် တည်ငြိမ်စွာ လင်းတောက် နေကြသည်။

နိဗ္ဗာန်ဈေးခင်းရေး ကိစ္စတွင် တာဝန်ယူရသည့် ကော်မတီဝင် အမျိုးသမီးကြီးများသည် ရွက်စုံ တက်စုံ ဖွင့်ထားသည့်

လှေကြီးများ

သဖွယ်

ခန်းမဆောင်ကြီးထဲတွင်

လူးလာခတ်နေကြသည်။

နောက်ကျ၍

ရောက်လာသည့်

တာဝန်ခံ

အမျိုးသမီးများ၊ တခစ်ခစ် ရယ်နေသည့် မိန်းမငယ်များကို ဆိုင်ရာ ဈေးဆိုင်ခန်းထဲသို့ တွန်းထိုး ပို့နေကြသည်။ ထို့နောက် အဖျော်ယမကာများ ထားရာ နောက်ဖေးခန်းသို့ ဝင်သွားကြသည်။ ဒေါ်လေး ပစ်တီသည် အသက် ဖိုလှိုက် ဖိုလှိုက် ရှူရင်း သူတို့နောက်က လိုက်သွားသည်။

ဂီတဆရာများက စင်မြင့်ပေါ်သို့ တက်လာကြသည်။ အသားက မည်းမည်း။ သွားတွေက တဖွေးဖွေး။ သူတို့

ပါးဖောင်းဖောင်းကြီးတွေက

ချွေးပြန်သဖြင့်

ပြောင်နေသည်။

တူရိယာများကို

ကြိုးညှိနေကြသည်။

အရေးတကြီး

ဟန်အမူအရာများဖြင့် ဘိုးတံများကို ဆွဲကာ အသံ ဖမ်းနေကြသည်။ တူရိယာဝိုင်း ခေါင်းဆောင်မှာ မစ္စက် မယ်ရီဝယ်သာ၏ ရထားသမားကြီး လေဗီ ဖြစ်သည်။ အတ္တလန်တာက မင်္ဂလာဆောင်၊ ကပွဲ၊ ပွဲနေ ပွဲထိုင်၊ အခမ်းအနား မှန်သမျှ တူရိယာဝိုင်းကို လေဗီ ခေါင်းဆောင်ရသည်။ နိဗ္ဗာန်ဈေး တာဝန်ခံ အမျိုးသမီးများမှအပ ပရိသတ် မစုံသေး။ သို့ရာတွင် အားလုံးက လေဗီကို ကြည့်နေကြသည်။ လေဗီက ဘိုးတံဖြင့် တဒေါက်ဒေါက် ခေါက်၍ အချက်ပေး လိုက်သည်။ တူရိယာများက `လော်ရီနာ’ သီချင်းကို အနှေးတီးသည်။ ကပွဲ မစသေး။ ကပွဲက နိဗ္ဗာန်ဈေး ခင်းပြီးမှ စမည်။ စကားလက်သည် ငြိမ့်ညောင်းသည့် ဝေါ့ဇ်တေးသံတွင် ရင်ခုန်နေသည်။

173



လှလိုက်သည့် တေးသွား။ စကားလက်သည် မျက်လုံးမှိတ်ကာ လက်ကို ဆန့်ရင်း ငြိမ့်ညောင်းသည့် တေးသွား အလိုက်

ကိုယ်ကို လှုပ်ယမ်း နေမိသည်။ `လော်ရီနာ’ တေးသွားက လွမ်းစရာ။ သီချင်းထဲက `လော်ရီနာ’ လို သူ့အချစ် ဆုံးခဲ့ရပြီ။ စကားလက် ရင်ထဲတွင် ဆို့လာသည်။

ထိုစဉ် လမ်းမ တစ်ဖက်ဆီမှ မြင်းခွာသံများ၊ ရထား ဘီးသံများ၊ ရယ်သံများကို ကြားရသည်။ မြင်းချည်ဖို့

နေရာလုနေကြသည့် ကပ္ပလီများ၏ အသံများ ကိုလည်း ကြားရသည်။ လှေကားဆီမှ တခစ်ခစ် ရယ်သံ၊ မိန်းကလေးများ၏ အသံလွင်လွင်ဖြင့် စကားပြောသံ၊ အဖော် မိန်းမကြီးများ၏ ခပ်ကြီးကြီး အသံ၊ နှုတ်ဆက်သံ၊ ကျီစယ်သံများကို ကြားရသည်။

ခန်းမဆောင်ကြီး တစ်ခုလုံး အသက်ဝင်လာသည်။ တစ်ခန်းလုံး မိန်းကလေးတွေချည်း ပြည့်နေသည်။ လိပ်ပြာတောင်လို

အရောင်အသွေး

လွင်လွင်

ဝတ်စုံတွေ၊

ခါးသေး၍

တင်ပါးတွင်

ခွေခံထားသဖြင့်

ဖောင်းပွနေသည့်

ဂါဝန်ကြီးတွေ၊

ဇာနားတပ် ဝတ်စုံတွေဖြင့် လမ်းသလား နေကြသည်။ ပခုံးသွယ်သွယ် ဖြူဖြူကလေးတွေကို ဗလာ ကျင်းထားကြသည်။ ဇာနားများ အထက်မှ ရင်အုံများက ရေးရေးရိပ်ရိပ် ပေါ်နေကြသည်။ ဇာခြုံစောင်များကို လက်မောင်းတွင် လျော့ရိလျော့ရဲ ချိတ်ထားကြသည်။ ဒေါင်းမြီးယပ်၊ ငန်းမွေးယပ်များကို ကတ္တီပါ ကြိုးကွင်း တပ်ကာ လက်ကောက်ဝတ်တွင် စွပ်ထားကြသည်။ နက်မှောင် ပြောင်လက် နေသည့် ဆံပင်တို့ကို နားရွက် နောက်မှ သိမ်းကာ ဆံထုံးကြီးကြီး ထုံးထားသဖြင့် ခေါင်းနောက်သို့ လှန်ကာ မျက်နှာကလေးတွေ မော့နေကြသည်။ လည်တံတွင် ရွှေဘယက်များကို ဆွဲထားကြသည်။ ရွှေကွပ် ပုလဲ နားဆွဲ ကလေးတွေက သူတို့ ဆံစလေးများနှင့် အတူ သူတို့ ပါးပေါ်တွင် ကခုန် လှုပ်ရှားနေကြသည်။ ဖဲထည်၊ ဖဲပြား။ ထိုအရာများ အားလုံးကို ရန်သူ ပိတ်ဆို့ထားသည့် စစ်ကြောင်းကို ဖောက်၍ သွင်းလာရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အဝတ်အစားများက ပို၍ အဖိုးတန်နေသည်။ ဂုဏ်ယူစရာ ဖြစ်နေသည်။ ယန်ကီတို့ အပေါ်တွင် အောင်ပွဲခံခဲ့သည့် အထိမ်းအမှတ်သဖွယ် ဖြစ်နေသည်။

သီးခြား ပြည်နယ် သမ္မတ နှစ်ဦး၏ ရုပ်ပုံများ တွင်သာ ပန်းတွေ ဝေဆာနေသည် မဟုတ်။ မိန်းကလေးတို့၏

ခေါင်းတွင်လည်း အမွှေးဆုံး၊ အလှဆုံး ပန်းတွေ ဝေနေသည်။ ပန်းနုသွေး နားရွက်များ နောက်တွင် ကြက်ရုံးပွင့်တွေက ဝေလျက်။ နှင်းဆီဖူးနှင့် စံပယ်ကုံးတို့က ဘေးက ဆံယဉ်စလေးများပေါ်တွင် ဝဲလျက်။ ထို ပန်းပွင့်ကလေးများသည် နံနက် မလင်းမီ မီးခိုးရောင် စစ်ဝတ်စုံ အိတ်များထဲသို့ ရောက်နေကြတော့မည်။ စစ်ဗိုလ်ကလေးများ အတွက် အမှတ်တရ ပစ္စည်းများ ဖြစ်နေကြတော့မည်။ ပရိသတ်ထဲတွင် စစ်ဝတ်စုံ အမျိုးမျိုးကို မြင်ရသည်။ စကားလက် သိသူတွေထဲပင်လျှင် စစ်ဝတ်စုံ အမျိုးမျိုး ဝတ်လာကြသည်။ ဆေးရုံ ခုတင်ပေါ်တွင် သူ တွေ့ခဲ့ဖူးသူတွေ၊ လမ်းပေါ်တွင် မြင်ခဲ့ဖူးသူတွေ၊ စစ်ရေးပြကွင်းတွင် သူ မြင်ခဲ့ဖူးသူတွေ၊ အားလုံး စစ်ဝတ်စုံကို ဝတ်လာကြသည်။ စစ်ဝတ်စုံတွေက သပ်သပ်ရပ်ရပ်။ သစ်သစ်လွင်လွင်။ ကြယ်သီးတွေက ပြောင်လက်နေသည်။ လက်ဖျားနှင့် ကော်လာတွင် ရွှေကြိုးတွေ တပ်ထားသည်။ ဘောင်းဘီတွင် တပ်အသီးသီး အလိုက် အနီစင်း၊ အပြာစင်း၊ အဝါစင်း ခွဲထားသည်။ မီးခိုးရောင် အောက်ခံတွင် အစင်းများသည် ထင်းနေကြသည်။ စလွယ်က ကြက်သွေးရောင်၊ ရွှေရောင်။ ဓားလွယ်များက တဖိတ်ဖိတ် တောက်နေသည့် ဖိနပ်ရှည်ကြီးများနှင့် သွားရိုက်နေကြသည်။ ဖနောင့် သံဆူးများက တချွင်ချွင် မြည်နေကြသည်။

စကားလက် စိတ်တွင် သူတို့ အားလုံး ခံ့ညား နေသည်။ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြ၊ လက်ပြကြ။

အမျိုးသမီးကြီးများ၏ လက်ခုံကို ငုံ့နမ်း၍ နှုတ်ဆက်ကြသဖြင့် ကြည့်၍ ကောင်းနေသည်။ သူတို့အားလုံး ငယ်ငယ်ရွယ်ရွယ်။

174

မုတ်ဆိတ်မွေး ဝါဝါ ညိုညို နက်နက်တို့ဖြင့် ခံ့ညား နေကြသည်။ မည်သူ့ကိုမျှ ဗိုလ်မထားသည့် ဟန်က အပြည့်။ တချို့က လက်ကို ပတ်တီးဖြင့် သိုင်းလျက်။ တချို့က ခေါင်းတွင် ပတ်တီး စည်းလျက်။ နေလောင်ထားသည့် အသားညိုညိုပေါ်တွင် ဖြူဖွေးနေသည့် ပတ်တီးများသည် ထင်းနေကြသည်။ တချို့က ချိုင်းထောက်ကြီးတွေ ထောက်၍ လာကြသည်။ သူတို့နှင့် တွဲလာသည့် မိန်းကလေးများက ဂုဏ်ယူသည့်ဟန်။ သူ့ဘေးတွင် ပါလာသည့် ချိုင်းထောက်နှင့် စစ်ဗိုလ်အတွက် စိုးရိမ်မကင်း ဖြစ်ဟန်။ အလွန်အမင်း ဂရုစိုက်ဟန်ကို ပြလျက်။ မိန်းကလေး အဝတ်အစားတွေထက် အရောင်တောက်သည့် စစ်ဝတ်စုံ တစ်မျိုး ရှိသေးသည်။ လူဝီဇီးယားနား ပြည်နယ်က တပ်သားများ၏ ဝတ်စုံ ဖြစ်သည်။ ဘောင်းဘီ အပြာတွင် ဘေး အဖြူကြား ဖြစ်သည်။ အင်္ကျီက အနီရောင် ကိုယ်ကျပ်။ ရှေ့ရင်ဖုံးက ကြက်ဥနှစ်ရောင်ဖြင့် ကြည့်၍ လှသည်။ ထိုဝတ်စုံ ဝတ်ထားသည့် စစ်ဗိုလ်က လက်တွင် ကျည်ထိသဖြင့် ပိုးနက်စဖြင့် လက်မောင်းကို သိုင်းထားသည်။ မေဘယ် မယ်ရီဝယ်သာ၏ အဆက် ရီနီပီးကပ် ဖြစ်သည်။ ကြည့်ရသည်က နိဗ္ဗာန်ဈေးသို့ ဆေးရုံ တစ်ရုံလုံး လာကြသည့်ဟန် တူသည်။ လမ်းလျှောက်နိုင်သူ အားလုံး ရောက်လာကြပုံ ရသည်။

ထိုမျှမက အားလပ်ရက် ရနေကြသည့် တပ်သားများ၊ မီးရထားလမ်း လုံခြုံရေး တာဝန်ကျ တပ်များ၊ ဆက်သွယ်ရေး

တပ်များ၊ ဆေးရုံနှင့် သိုလှောင်ရေးဌာန တပ်များလည်း လာကြသည်။ ဆေးရုံ ကော်မတီဝင်တွေ မည်မျှ ဝမ်းသာကြမည် မသိ။ ရန်ပုံငွေ တော်တော် ရမည်ဟု ခန့်မှန်းရသည်။

လမ်းမဘက်မှ ဘင်ခရာ တီးသံများကို ကြားရသည်။ စည်းချက် မှန်မှန်ဖြင့် ချီတက် လာသံများကို ကြားရသည်။

ရထားသမားများ၏ သြဘာသံကိုလည်း ကြားရသည်။ ခရာ မှုတ်ပြီးနောက် အသံ သြသြဖြင့် တန်းဖြုတ်ရန် အမိန့် ပေးသံ ပေါ်လာသည်။ ခဏကြာလျှင် မြို့စောင့်တပ်နှင့် မြို့ပြ ကာကွယ်ရေး တပ်သားများ လှေကားပေါ်သို့ တက်လာကြသည်။ နှုတ်ဆက်ကြ၊ အလေးပြုကြနှင့် ရှုပ်ယှက်ခတ်နေသည်။ မြို့စောင့်တပ်တွင် လူငယ်ကလေးတွေ အများကြီး ပါသည်။ ရှေ့နှစ်တွင် ရှေ့တန်းသွားရမည် ဖြစ်သည့် အတွက် ဝမ်းသာ ဂုဏ်ယူနေကြဟန် ရှိသည်။ မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးကြီးများကလည်း ရှေ့တန်းသို့ ရောက်နေသည့် သူတို့သားများ အတွက် အားကျ ဂုဏ်ယူနေကြသည်။ မြို့ပြ ကာကွယ်ရေးတပ်တွင်မူ လူလတ်တွေ များသည်။ တချို့ လူလတ်များကမူ အဘိုးကြီးတွေကဲ့သို့ လည်းကောင်း၊ လူငယ်များကဲ့သို့ လည်းကောင်း အကြီးအကျယ် ဂုဏ်ယူဟန် မရှိကြ။

စောစောက ကျယ်ပြန့် ကြီးမားသည်ဟု ထင်ရသော ခန်းမဆောင်ကြီး တစ်ခုလုံး ပြည့်သွားပြီ။ ပူနွေးသည့်

နွေဦးလေပြည်ထဲတွင် သားရေနံ့၊ ခေါင်းလိမ်းဆီနံ့၊ ဖယောင်းတိုင်နံ့၊ ပန်းနံ့တို့ သင်းထုံနေသည်။ ဖုန်နံ့လည်း ရောထွက်လာသည်။ တစ်ယောက်နှင့် တစ်ယောက် စကားပြောသံ သဲသဲကွဲကွဲ မကြားရ။ အုတ်အုတ် ကျက်ကျက် အသံတွေ ရောထွေးနေသည်။ လေဗီ၏ တီးဝိုင်းက `အလံပြာ’ သီချင်းကို တီးလိုက်သည်။

တချို့က လိုက်ဆိုကြသည်။ မြို့စောင့်တပ် ခရာမှုတ်သမားက စင်မြင့်ပေါ် ခုန်တက်၍ ဝင်ဆိုသည်။ သူ၏ အသံ

မြင့်မြင့်သည် အားလုံး ဝိုင်းဆိုနေသည့် ကြားထဲက စူး၍ ထွက်လာသည်။ သီချင်းက ကြက်သီး ထလောက်သည်။

ဒုတိယပိုဒ်သို့ ရောက်တော့ စကားလက်လည်း လိုက်ဆိုသည်။ သူ့နောက်က အသံစူးစူးဖြင့် ဆိုနေသော မီလာနီ၏

အသံကို ကြားရသည်။ မီလာနီ၏ အသံက ကြည်လင်သည်။ ဆိုပေါက် မှန်သည်။ ခရာသံလို တုန်ခါနေသည်။

175



လှည့်ကြည့်လိုက်သည်တွင် လက် နှစ်ဖက်ကို ပိုက်ကာ မျက်လုံးမှိတ်၍ ဆိုနေသည့် မီလာနီကို တွေ့ရသည်။

မျက်ရည်များက မျက်လုံးထောင့်တွင် သီးနေကြသည်။ သီချင်း ဆုံးတော့ မီလာနီက သူ့ကို ပြုံးပြသည်။ လက်ကိုင်ပဝါဖြင့် မျက်ရည်များကို သုတ်ရင်း တောင်းပန်သည်။

`သိပ်ဝမ်းသာတာပဲ စကားလက်ရယ်၊ တပ်သားတွေကို ကြည့်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ ဘယ်လို ကျလာမှန်း

မသိဘူး’

မီလာနီ၏ မျက်လုံးက အရောင် တလက်လက် ထွက်နေသည်။ သူ့မျက်လုံးမှ အရောင်ကြောင့် အရုပ်ဆိုးသော

သူ့မျက်နှာသည် ဝင်းထိန် လှပလာသည်ဟု ထင်ရသည်။

အမျိုးသမီးများ အားလုံး၏ မျက်နှာပေါ်တွင်လည်း ဤအတိုင်း တွေ့ရသည်။ ပါးပြင်များ ပေါ်တွင် ဂုဏ်ယူ ဝင့်ကြွားသည့်

မျက်ရည်ဥတို့ တွဲလွဲခိုနေသည်။ နှုတ်ခမ်းများပေါ်တွင် အပြုံး ယှက်သန်း နေသည်။ မျက်လုံးတွင် အရောင် တလက်လက် ပြေးနေသည်။ သူတို့ အားလုံး အလှကြီး လှနေကြသည်။ အားကိုး ရှိပြီဆိုလျှင် ချစ်မိပြီ ဆိုလျှင် အရုပ်ဆိုးဆုံး မိန်းမသည်ပင် လှလာစမြဲ ဖြစ်သည်။

ဤမိန်းကလေးများသည် သူတို့ ချစ်သူများကို ချစ်သည်၊ ယုံသည်၊ အားကိုးသည်။ သူတို့ ရှေ့တွင် ချစ်သူတွေက

စစ်ဝတ်စုံ ဝတ်၍ ကာကွယ် ပေးကြသည်ဆိုလျှင် ယန်ကီတို့ကို မဆိုထားနှင့်၊ မည်သည့် အန္တရာယ်မျိုးကိုမျှပင် မှုစရာ မလိုတော့။ သူတို့ လူတွေက သူရဲကောင်း ပီသသည်။ ရဲစွမ်းသတ္တိ ရှိသည်။ စွန့်စားသည်။ သနား ကြင်နာတတ်သည်။ ကမ္ဘာဦး ကတည်းက ဤလို ယောက်ျားမျိုးတွေ ရှိခဲ့လျှင် မည်မျှ ကောင်းမည်နည်း။ သူတို့ အရေးတော်ပုံကဲ့သို့ တရား မှန်ကန်သည့် အရေးတော်ပုံကြီး တစ်ခုမှ အောင်ပွဲ မရလျှင် မည်သည့်အရာ အောင်ပွဲ ရဦးမည်နည်း။ ဤ မိန်းကလေးများသည် သူတို့ ချစ်သူများကို ယုံသကဲ့သို့ ဤအရေးတော်ပုံကြီးကို ယုံသည်။ သူတို့ ချစ်သူများကို ချစ်သည့် နည်းတူ ဤအရေးတော်ပုံကြီးကို ချစ်သည်။ ဤအရေးတော်ပုံကြီးကို သူတို့၏ လုပ်အား၊ ဉာဏ်အားဖြင့် အလုပ်အကျွေး ပြုခဲ့ကြသည်။ ဤ အရေတော်ပုံကြီး အကြောင်းကို ပြောခဲ့ကြသည်။ တွေးခဲ့ကြသည်။ မျှော်မှန်း ခဲ့ကြသည်။ လိုအပ်လျှင် အရေးတော်ပုံကြီး အတွက် ကိုယ့် ချစ်သူကိုပင် စွန့်လွှတ်တန် စွန့်လွှတ်မည်။ တပ်သားသည် အလံကို ရဲရဲကိုင်စွဲသည့် နည်းတူ ဤ စွန့်လွှတ်မှုကိုလည်း သူတို့ ဂုဏ်ယူ ဝင့်ကြွားစွာ ကိုင်စွဲမည်။

ဤအချိန်သည် စိတ်ဓာတ် တက်ကြွနေချိန် ဖြစ်သည်။ သီးခြား ပြည်နယ် အောင်ပွဲ ရနေချိန် ဖြစ်သည်။ နောက်ဆုံး

အောင်ပွဲရဖို့ နီးနေပြီ။ သီးခြား ပြည်နယ် ဗိုလ်ချုပ် ဂျက်ဆန်၏ တပ်များက အောင်ပွဲ ရနေခြင်း၊ ခုနစ်ရက်ကြာ စစ်ပွဲတွင် ယန်ကီတို့ အရေး နိမ့်သွားခြင်းတို့ကို ကြည့်လျှင် သိနိုင်သည်။ မိမိတို့ ဘက်မှာ ဗိုလ်ချုပ် လီးနှင့် ဗိုလ်ချုပ် ဂျက်ဆန်တို့လို ခေါင်းဆောင်များ ရှိလျှင် အောင်ပွဲ မရဘဲ အဘယ်မှာ ရှိမည်နည်း။

နောက်ထပ် တစ်ပွဲလောက် နိုင်လိုက်လျှင် ယန်ကီတို့ ဒူးထောက်ကာ ငြိမ်းချမ်းရေး ကမ်းလှမ်းလာမည် မုချဖြစ်သည်။

သို့ဆိုလျှင် သူတို့ စစ်မြေပြင်မှ ပြန်လာကြရတော့မည်။ ရယ်သံတွေ၊ အနမ်းတွေ ပြည့်လျှံ နေပေတော့မည်။ နောက်ထပ် တစ်ပွဲ နိုင်လျှင် ပြည်တွင်း စစ်ကြီး ပြီးတော့မည်။

စစ်ပြီးလျှင်

မုဆိုးမတွေ

ကျန်ရစ်မည်။

အဖမဲ့

သားသမီးတွေ

ကျန်ရစ်မည်။

ဗာဂျီးနီးယား

ပြည်နယ်က

176

စမ်းချောင်းကလေးများတွင် လည်းကောင်း၊ တင်နဆီနယ်က မှိုင်းပြာပြာ တောင်ရိုးများပေါ်တွင် လည်းကောင်း အမည်မသိ စစ်သည်တို့၏

မြေပုံကလေးများ

ကျန်ရစ်

ခဲ့လိမ့်မည်။

သို့ရာတွင်

ဤအရေးတော်ပုံကြီး

အောင်မြင်ရေး

အတွက်

ဆိုလျှင် ဤမျှလောက်သော တန်ဖိုးသည် ဘာမျှ မဖြစ်လောက်။ ပြည်တွင်း စစ်ကြောင့် တောင်ပိုင်း ပြည်နယ်များတွင် အဝတ်အထည် ရှားသည်။ သကြား ရှားသည်။ လက်ဖက်ခြောက် ရှားသည်။ သို့ရာတွင် ဤမျှလောက်သည် ဘာအရေးနည်း။ ရဲရင့်သည့် တောင်ပိုင်းသားများသည် ယန်ကီတို့ ပိတ်ဆို့ထားသည့် စစ်ကြောင်းများကို ဖောက်ထွက်ကာ ထိုပစ္စည်းများကို သွင်းလာနိုင်ခဲ့ကြသေးသည် မဟုတ်လော။ ထို့ကြောင့်ပင် ဤ ပစ္စည်းများကို သူတို့ ဂုဏ်ယူ၍ အမြတ်တနိုး သုံးစွဲနေကြသည် မဟုတ်လော။ မကြာမီ ဗိုလ်ချုပ်ဆင်းနှင့် သီးခြား ပြည်နယ် ရေတပ်မတော်က ယန်ကီ စစ်သင်္ဘောများကို တိုက်ထုတ်ကာ ဆိပ်ကမ်းမြို့များကို ပြန်ဖွင့်တော့မည်။ အင်္ဂလန်သည် တောင်ပိုင်းမှ ဝါဂွမ်း မရသည့် အတွက် အထည်စက်များကို ပိတ်ထားရသည်။ ထို့ကြောင့် အင်္ဂလိပ်ကလည်း ဤ ပြည်တွင်းစစ်တွင် တောင်ပိုင်းဘက်မှ ကူညီရန် သေချာ နေပြီ။ ဗြိတိသျှ မင်းစိုးရာဇာ လူတန်းစားသည် တောင်ပိုင်းသား မင်းစိုးရာဇာ လူတန်းစားကို ကူညီမည် မုချ။ ဒေါ်လာ မျက်နှာလောက်ကိုသာ ကြည့်သည့် မြောက်ပိုင်းသား ယန်ကီတို့ အနိုင်ရသည်ကို လက်ပိုက် ကြည့်နေမည် မဟုတ်။ ယန်ကီများသည် ဒေါ်လာ ချစ်သည့် လူမျိုး ဖြစ်သည်ကို အင်္ဂလိပ် ကောင်းကောင်း သိသည်။

သို့ဖြင့် အမျိုးသမီးများသည် ပိုးဝတ်စုံ တရွှမ်းရွှမ်း၊ ရယ်သံ တသောသောဖြင့် သူတို့လူများကို ကြည့်၍ ဝမ်းသာသည်။

ဂုဏ်ယူသည်။ အန္တရာယ် အသွယ်သွယ် ကြားက ချစ်ရသော အချစ်သည် သာမန် အချစ်ထက် ပို၍ ချိုမြိန်သည်။ ပို၍ စိတ်လှုပ်ရှားဖွယ် ကောင်းသည်။

ပရိသတ်ကို မြင်လိုက်ရသည့် တစ်ခဏတွင် စကားလက်၏ စိတ်သည် လှုပ်ရှားနေသည်။ ရင်တဒိတ်ဒိတ် ခုန်နေသည်။

ပျော်ပွဲရွှင်ပွဲ တစ်ခုသို့ ရောက်ရခြင်းထက် ပို၍ စိတ်လှုပ်ရှားရသည်။ သို့ရာတွင် သူ့ဘေး ပတ်ဝန်းကျင် ပရိသတ်၏ မျက်နှာပေါ်တွင် ဘဝင်မြင့်သော အမူအရာကို မြင်လိုက် ရမိသည့် အခါတွင်မူ စကားလက် ထင်သလောက် မပျော်တော့။ အမျိုးသမီးများ ဝမ်းအသာကြီး သာနေကြသည်ကို သူ နားမလည်နိုင်။ သူတို့ကို ကြည့်၍ စကားလက် စိတ်ပျက်သည်။ စိတ်ရှုပ်သည်။ ထိုအခါတွင် ခန်းမဆောင်ကြီးကလည်း မလှတော့။ မိန်းကလေးတွေကလည်း ချစ်စရာ မကောင်းတော့။ သူတို့ တဖွဖွ ပြောနေသည့် အရေးတော်ပုံကြီး ဆိုသည့် ကိစ္စသည်လည်း ဤမျှ စိတ်ဝင်စားစရာ မကောင်းတော့။ မည်သည့် အတွက်ကြောင့် မသိ။ ဤအရေးတော်ပုံကြီးသည် မှန်ကန်ခြင်း မရှိဟု စကားလက် ထင်လာသည်။

သူတို့ ဂုဏ်ယူသလို မယူချင်။ သူတို့ စွန့်လွှတ်ချင်သလိုလည်း မစွန့်လွှတ်ချင်။ အရေးတော်ပုံကြီးကို သူတို့

ယုံကြည်သလိုလည်း စကားလက် မယုံကြည်ချင်။ ထူးဆန်းသည်။ အံ့သြစရာလည်း ကောင်းသည်။

`အို ငါ့နှယ် ဘယ်လို အတွေးတွေ ဝင်လာတာလဲ၊ ဒီ အတွေးဟာ မကောင်းတဲ့ အတွေးတွေ၊ မှားတဲ့ အယူအဆတွေ’



စကားလက်က သူ့ အတွေးများကို မောင်းထုတ်ပစ်သည်။ စင်စစ် ဤအရေးတော်ပုံကြီးသည် သူ့အတွက် ဘာမျှမထူး။

ဤအကြောင်းကို စိတ်ဝင်စားစွာ ပြောရသည်မှာလည်း ငြီးငွေ့လှပြီ။ သူ့အဖို့ ဤ အရေးတော်ပုံကြီးသည် ကြီးမြတ်သော အရေးတော်ပုံကြီး တစ်ရပ် မဟုတ်။ ဤ ပြည်တွင်းစစ်သည် ကြီးမြတ်သော လက္ခဏာကို မဆောင်။ လူတွေ အဓိပ္ပာယ် မရှိ သေရသည်။ ငွေတွေ သောက်သောက်လဲ ကုန်ရသည်။ အစားအသောက်၊ အဝတ်အထည် အစစအရာရာ ရှားပါးရသည်။ သိုးမွေး ထိုးရ၊ ခြေအိတ် ထိုးရ၊ ပတ်တီး လိပ်ရ စသည့်ကိစ္စတွေကို စကားလက် မုန်းလှပြီ။ ဆေးရုံတွေကိုလည်း စိတ်ပျက်လှပြီ။

177

ဆေးရုံနှင့် သွေး ညှီနံ့များနှင့် ချိုင့်ဝင် ချုံးကျနေသော မျက်နှာ စသည်တို့ကိုလည်း အော်ဂလီ ဆန်လှပြီ။

ဤသို့တွေးရင်း ပတ်ဝန်းကျင်ကို စကားလက် မသိမသာ လှမ်းကြည့်လိုက်သည်။ သူ့အတွေးများကို ရိပ်မိမည်လောဟု

စိုးရိမ်သွားသည်။ အခြား အမျိုးသမီးများလို ဘာကြောင့် မယုံကြည်နိုင်သနည်း။ အခြား အမျိုးသမီးများက အရေးတော်ပုံကြီးကို ရိုးသားစွာ ယုံကြည်ကြသည်။ ၎င်းအတွက် ပေးလှူကြသည်။ စွန့်လွှတ်ကြသည်။ အနစ်နာခံကြသည်။ အရေးတော်ပုံကို ယုံကြည်ကြသည်။ ယုံကြည်သည့် အတိုင်းလည်း တကယ် လုပ်ကြသည်။ သူ့အတွေးများကို ရိပ်မိသွားကြပြီလော။ မဖြစ်နိုင်။ မရိပ်မိနိုင်။ သူများလို စိတ်အား ထက်သန်ဟန် ဆောင်ရဦးမည်။ သူတကယ် မယုံသော အရေးတော်ပုံကြီးကို ယုံကြည်လေဟန် ဆောင်ရဦးမည်။ စင်စစ် သူသည် သီးခြား ပြည်နယ် တပ်မတော် အရာရှိ တစ်ဦး၏ မုဆိုးမ တစ်ဦး မဟုတ်လော။ သူ့ အတွက်ပါ ဆွေးနေဟန် ပြုနေရသူ မဟုတ်လော။ အသည်းနှလုံးကို မြေမြှုပ် သင်္ဂြိုဟ် ပြီးဟန် ဆောင်နေရသူ တစ်ဦး မဟုတ်လော။ အရေးတော်ပုံကြီး အတွက် အသက်စွန့်သွားသော လင်ယောက်ျား၏ ဂုဏ်ကို ဆယ်နေရသူ မဟုတ်လော။

မိမိသည် ဤအမျိုးသမီးများနှင့် မတူ။ အဘယ်ကြောင့် ခြားနားနေရသနည်း။ စကားလက် တစ်သက်တွင် သူတို့လို

ကိုယ်ကျိုးမငဲ့ဘဲ ဘယ်အရာကိုမျှ မချစ်ဖူးခဲ့။ ဘယ်အရာကိုမဆို မစွန့်လွှတ်နိုင်ခဲ့။ ယခု အရေးတော်ပုံကြီး အတွက် အားတက်သရော လုပ်ကြသည့် လူအုပ်ကြားထဲတွင် စကားလက်သည် အထီးတည်း ဖြစ်နေသည်။ ဤမျှလောက် အထီးတည်း ဖြစ်ခြင်းမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့။ ပထမသော် စကားလက်သည် သူ့အတွေးများကို ကြိုးစား၍ ဖျောက်ကြည့်သည်။ သို့ရာတွင် မရ။ စကားလက်က ရိုးလွန်းသည်။ ဖုံးကွယ်ခြင်း မပြုတတ်။ ဟန်ဆောင်ခြင်း မပြုတတ်။ သို့ဖြင့် နိဗ္ဗာန်ဈေး ဖွင့်သည့် တစ်ချိန်လုံး၊ သူတို့ ဆိုင်သို့ ပရိသတ်တွေ တဖွဲဖွဲ လာနေသည့် တစ်ချိန်လုံး စကားလက် တစ်ယောက် သူ့အတွေးနှင့် သူ ချာချာလည်နေသည်။

အမျိုးသမီးများက မျိုးချစ်စတိ ဓ်ာတ် ထက်သန်ပ၊ုံ အရေးတော်ပြုံ ကီး ကြီးမြတ်ပတုံ က့ို ပြောနေကြသည်။ အမျိုးသားများက

တိုက်ပွဲ အကြောင်း၊ ပြည်နယ် ခွဲထွက်ခွင့် အကြောင်းကို ပြောနေကြသည်။ ထိုအကြောင်းကို မပြောသူဆို၍ ခေါင်းမာသည့် အိုင်းရစ်သွေး ပါသော စကားလက် တစ်ယောက်သာ ရှိမည် ထင်သည်။ သူတို့ ပြောသည့် အရေးတော်ပုံကိုလည်း စကားလက် မယုံနိုင်။ သူ့စိတ်ထဲတွင် ရှိသည်ကိုလည်း ဖွင့်ပြော၍ မဖြစ်။ စကားလက်က လက်တွေ့ကျကျ တွေးတတ်သည်။ ထို့ကြောင့် သူ့အဖြစ်ကို မည်သူမျှ ရိပ်မိမည် မဟုတ်။ သူ့စိတ်ထဲတွင် ရှိသမျှကိုသာ ဖွင့်ပြောလိုက်ရလျှင် နိဗ္ဗာန်ဈေးကြီး တစ်ခုလုံး မည်သို့ ဖြစ်သွားမည်နည်း။ စင်မြင့်ပေါ် တက်ပြီး ပြည်တွင်းစစ်ကို ရပ်သင့်ပြီ ဖြစ်ကြောင်း၊ လူတိုင်း ကိုယ့်အိမ် ကိုယ် ပြန်ကာ အေးအေးဆေးဆေး နေသင့်ကြောင်း၊ ကိုယ့်ဝါခင်းထဲတွင် ကိုယ် ပြန်၍ အေးအေးဆေးဆေး နေသင့်ကြောင်း၊ နိုင်ငံခြားဖြစ် ဝတ်စုံလှလှကလေးတွေ ဝတ်ကာ ကိုယ့်ရည်းစားနှင့် ကိုယ် ကပွဲ သွားနေသင့်ကြောင်း စသည်တို့ကို ပြောလိုက်ရလျှင် မည်သို့ ရှိမည်နည်း။

စကားလက်သည် ကိုယ့် အတွေးဖြင့် ကိုယ် စိတ်လက် ပေါ့ပါးနေသည်။ သို့ရာတွင် နိဗ္ဗာန်ဈေး ခင်းထားရာ ခန်းမကြီးကို

မနှစ်သက်ဟန်ဖြင့် ကြည့်နေမိသည်။ မစ္စက် မယ်ရီဝယ်သာ ပြောသည့် အတိုင်း သူတို့အစား ထိုင်ပေးရသည့် မက်ကလျူး ညီအစ်မ တစ်သိုက်၏ ဆိုင်ခန်းက မထင်မရှား။ အလုပ်ကလည်း မများလှ။ ဆိုင် လူပြတ်သွားသည့် အခါများတွင် အပျော်ကြီး ပျော်နေကြသည့် လူအုပ်ကို ကြည့်၍ စကားလက် မနာလို ဝန်တို ဖြစ်မိသည်။

စကားလက် ခပ်တွေတွေ ဖြစ်နေပုံကို မီလာနီ သတိပြု လိုက်မိသည်။ ချားလ်ကို အမှတ်ရ၍ စိတ်မကောင်း ဖြစ်နေဟန်

178

တူသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် စကား မပြောဘဲ တိတ်တိတ်သာ နေလိုက်သည်။ ဆိုင်ခန်းထဲက ပစ္စည်းများကို ရောင်းပန်း လှအောင် ပြင်နေလိုက်သည်။ စကားလက်ကမူ မျက်နှာ မကြည်မသာဖြင့် ခန်းမဆောင် ပတ်ပတ်လည်ကို ကြည့်နေသည်။ ပြည်နယ် ခေါင်းဆောင် နှစ်ဦး၏ ရုပ်ပုံအောက်က နှင်းဆီပန်းခိုင်များပင် သူ့အမြင်တွင် လှပခြင်း မရှိ။

`ဟင်း လုပ်ထားလိုက်ကြတာ ဘုရားစင်ကျနေတာပဲ’ စကားလက်က နှာခေါင်း ရှုံ့သည်။ `ဒီ ခေါင်းဆောင်

နှစ်ယောက်ကို ကိုးကွယ်လိုက်ကြတာ ဘုရားထက်တောင် ဆိုးလိမ့်ဦးမယ်’

စကားလက်သည် မတော်တရော် တွေးမိသည့် အတွက် ကိုယ့်ဘာသာကိုယ် လန့်သွားသည်။ သို့ရာတွင် သူ

မကျေနပ်ချက်ကို မချုပ်တည်းနိုင်။

`ဟုတ်တယ်၊ လူတိုင်းက သူတို့ကို ဘုရားလို ကိုးကွယ်နေကြတယ်၊ သူတို့က ဘာတွေမို့လို့လဲ၊ လူတွေပဲ မဟုတ်ဘူးလား၊

လူလူချင်း ဒီလောက်တောင် ဖြစ်နေကြရသလား၊ လူတောင်မှ ဥပဓိရုပ် ခံ့ခံ့ညားညား ရှိတဲ့ ရုပ်မျိုးတွေ မဟုတ်ဘူး’

စကားလက် ထင်မည်ဆိုလည်း ထင်စရာ။ ပြည်နယ် ခေါင်းဆောင် စတီဖင်၏ ပုံက ဥပဓိရုပ် မကောင်း။ စတီဖင်သည်

တစ်လျှောက်လုံး လူမမာ ဖြစ်ခဲ့ရသည်။ ဒေဗီ၏ ရုပ်က ဘဝင်မြင့်ဟန် ပေါက်သည်။ အထူးသဖြင့် သူ့မေးက မုတ်ဆိတ် တိုတိုကလေးကို စကားလက် မုန်းသည်။ ယောက်ျား ဆိုလျှင် ပါးမြိုင်းမွေး ဖားဖား ထားလျှင် ထား၊ သို့မဟုတ် သပ်သပ်ရပ်ရပ် ရိတ်လျှင် ရိတ်မှ စကားလက် သဘောကျသည်။ မုတ်ဆိတ် နှုတ်ခမ်းမွေး တိုနန့်နန့်မျိုးကိုမူ စကားလက် မုန်းသည်။

မပျော်။ စကားလက် နည်းနည်းလေးမျှ မပျော်၊ ပထမတုန်းကမူ လူအုပ်ထဲ ရောက်သွားရသဖြင့် ပျော်သယောင်ယောင်

ရှိသည်။ သို့ရာတွင် လူအုပ်ထဲ ရောက်လျှင် ဘာဖြစ်သနည်း။ ဘာမျှ မဖြစ်။ ဘာမျှ ပျော်စရာ မရှိ။ နိဗ္ဗာန်ဈေးသို့ ရောက်နေသော်လည်း စကားလက်သည် နိဗ္ဗာန်ဈေး အငွေ့အသက်နှင့် မရောမိ။ တခြားစီ ဖြစ်နေသည်။ မည်သူကမျှလည်း သူ့ကို အမှတ်မထားကြ။ နိဗ္ဗာန်ဈေး တစ်ခုလုံး အတွဲ မရှိသည့် မိန်းမငယ် ဆို၍ သူတစ်ယောက်သာ ရှိလိမ့်မည်။ သူ့ဘဝ တစ်လျှောက်လုံး စကားလက် စန်းပွင့်ခဲ့သည်။ ရေပန်းစားခဲ့သည်။ ယခု သူ့ကို မည်သူကမျှ ဂရု မထားကြတော့။ စကားလက် အသက်သည် ယခုမှ တစ်ဆယ့် ခုနစ်နှစ်သာ ရှိသေးသည်။ သူ့ခြေထောက် များသည် ကြမ်းပြင်ကို ရှပ်တိုက် နေကြသည်။ ချက်ချင်း ထခုန်၍ ကပစ်လိုက်ချင်စည်။ သူ့ယောက်ျားသည် အုတ်ကလင်း စစ်သင်္ချိုင်းတွင် ရောက်နေပြီ။ သားငယ်က အိမ်က ပုခက်ထဲမှာ ကျန်ရစ်ခဲ့ပြီ။ ဘေးက ကြည့်လျှင် သူ့ဘဝတွင် မကျေနပ်စရာ မရှိ။ သာယာနေသည်ဟု ထင်ရသည်။ စကားလက် ရင်ညွန့်က ဖွေးနေသည်။ ခါးသေးသည်။ ခြေထောက်များက နုနယ် သေးငယ်သည်။ သူ့လို မိန်းကလေးမျိုး ဤခန်းမဆောင်ထဲတွင် တစ်ယောက်မျှ ရှိမည် မထင်။

စကားလက် အဖို့ ကပြီး ယောက်ျားတွေနှင့် ပလူးခြင်း မပြုနိုင်တော့။ အခြား အမျိုးသမီးများနှင့် အတူ ကပွဲကို

ထိုင်ကြည့် ဝေဖန်ခြင်း မပြုနိုင်တော့။ စင်စစ် သူ့အရွယ်သည် မုဆိုးမ ဖြစ်ထိုက်သေးသည့် အရွယ်လည်း မဟုတ်။ မုဆိုးမ ဆိုသည်မှာ အသက် ကြီးရမည်။ က ချင် ခုန်ချင်စိတ် မရှိသည့် အရွယ်မျိုး ဖြစ်ရမည်။ ယောက်ျားလေးတွေနှင့် ပရောပရည် မလုပ်ချင်တော့သည့် အရွယ် ဖြစ်ရမည်။ စကားလက် ထိုအတိုင်း နားလည်ထားခဲ့သည်။ ယခုမူ ဤသို့မဟုတ်။ အသက်ကလေး တစ်ဆယ့်ခုနစ်နှစ် အရွယ်တွင် အမျိုးသမီးကြီးတွေနှင့် ရောထိုင်ကာ မုဆိုးမကြီးဟန် တစ်ခွဲသားဖြင့် သူများ က သည်ကို ကြည့်ရမည် ဆိုခြင်းမှာ နည်းနည်းမျှ ဟန်မကျ။ ဆိုင်ခန်းသို့ ယောက်ျား ဈေးဝယ်များ လာလျှင် စကားကို တိုးတိုး ပြောရမည်

179

ဆိုသည်မှာလည်း နည်းနည်းကလေးမျှ မတရား။

အတ္တလန်တာက မိန်းကလေး ဟူသမျှ ယောက်ျားပျိုတွေ ဝိုင်းဝိုင်း လည်နေသည်။ အကျည်းတန်ဆုံး မိန်းကလေးပင်လျှင်

မိန်းမချော မိန်းမလှတွေလို စန်းပွင့်နေသည်။ သူတို့ အဝတ်အစားတွေက နိုင်ငံခြားဖြစ် သစ်သစ်လွင်လွင်တွေ။

စကားလက်ကမူ ဤသို့ မဟုတ်။ အနက်ရောင် တာဖက်တာ ဝတ်စုံဖြင့် ကျီးကန်း တစ်ကောင် သဖွယ် ဖြစ်နေသည်။

အင်္ကျီကို လည်ပင်း အထိ ကြယ်သီးတပ် ထားသည်။ ဇာနားကလေးမျှပင် မတပ်။ မေမေ ပေးသည့် မဟူရာ ရင်ထိုးမှအပ အခြား လက်ဝတ်တန်ဆာ ဆို၍ ဘာမျှမရှိ။ စကားလက်သည် ယောက်ျားပျိုများ၏ လက်မောင်းတွင် ဆွဲချိတ် လိုက်ပါလာသည့် မိန်းမပျိုများကို ငေးကြည့်နေသည်။ ချားလ် တစ်ယောက် စစ်မြေပြင်တွင် ယောက်ျားပီပီ သေသွားသည် ဆိုလျှင်လည်း ကြွားနိုင်သေးသည်။ ယခုတော့ ဤသို့မဟုတ်။ ချားလ်က ဝက်သက်ပေါက်၍ သေရသည်။

စကားလက်သည်

မခံချင်စိတ်ဖြင့်

ဆိုင်ခန်း

ကောင်တာပေါ်တွင်

တံတောင်ထောက်၍

ပရိသတ်ကို

လှမ်းကြည့်လိုက်သည်။ မိန်းကလေး ဆိုသည်မှာ စားပွဲပေါ် ခုံတန်းပေါ်တွင် တံတောင်ဆစ် မထောက်ရ။ မိန်းကလေး တံတောင်ဆစ် ထောက်သည်ကို ကြည့်ရသည်မှာ အရုပ်ဆိုးသည်။ ထိုမျှမက တံတောင်ဆစ်က အရေတွေ ပွန်းကာ တွန့်ကုန်တတ်သည်ဟု ကြီးဒေါ်က ကြပ်မတ်ဖူးသည်။ ကြီးဒေါ်၏ အဆုံးအမကိုလည်း စကားလက် ဂရုမစိုက်နိုင်တော့။ တံတောင်ဆစ်တွေ အရုပ် ဆိုးတော့ ဘာဖြစ်သနည်း။ သူ့တံတောင်ဆစ်တွေ လှတော့ကော ဘာ အကျိုးထူးသေး သနည်း။ ပြရမည့်သူ မည်သူ ရှိသေး သနည်း။ သူ့အနားက ဖြတ်၍ သွားသည့် ဝတ်စုံတွေ၊ ထောပတ်ရောင် ပိုးဝတ်စုံတွေ၊ နှင်းဆီဖူး ပန်းကုံးတွေ၊ ကတ္တီပါ အနားတွင် ဖဲကြိုး တပ်သည့် အတွန့်ပါ ပန်းနုရောင် ဖဲဝတ်စုံတွေ၊ အပြာရောင် တာဖက်တာ ဝတ်စုံတွေ၊ ဇာနားတပ် ကိုက်နှစ်ဆယ်ချုပ် ဝတ်စုံတွေ၊ အထက်ပိုင်း ဟင်းလင်း ဖွင့်ထားသည့် ရင်အုံတွေ၊ ပန်းပွင့်တွေကို စကားလက် ကြည့်နေမိသည်။ မေဘယ် မယ်ရီဝယ်သာက သူ့အဆက်၏ လက်မောင်းကို တွဲကာ ကပ်လျက် ဆိုင်ခန်း တစ်ခန်းသို့ ရောက်လာသည်။ သစ်တော်သီးစိမ်းရောင် ဝတ်စုံ ဝတ်ထားသဖြင့် သူ့ခါးသည် သေးသေးကလေး ဖြစ်နေသည်။ ချာလက်စတန်မှ ရန်သူ စစ်ကြောင်းကို ဖြတ်၍ သွင်းလာသည့် နို့နှစ်ရောင် ဇာနား တပ်ထားသည်။ မေဘယ့် ပုံက ဤဇာနားမျိုးကို ဗိုလ်ကြီး ဘတ်တလာ မဟုတ်ဘဲ သူကိုယ်တိုင် ရန်သူ စစ်ကြောင်းကို ကျော်ဖြတ် သွင်းလာသည့် ပုံမျိုး။ ခပ်ကြွားကြွား။ ခပ်မော့မော့။

`ငါသာ ဝတ်လိုက်ရရင် ဘယ်လောက် လှမလဲ’ စကားလက်က မနာလို ဝန်တိုစိတ်ဖြင့် တွေးသည်။ `သူ့ခါးကြီးက

တုတ်လိုက်တာ နွားမကြီး ကျနေတာပဲ၊ သူ့အစိမ်းရောင်က ငါနှင့် သိပ်လိုက်တဲ့ အရောင်၊ ငါ့မျက်လုံးတွေက အရောင်၊ ဆံပင်ဝါနှင့် မိန်းမတွေဟာ ကိုယ်နှင့် မလိုက်တဲ့ အစိမ်းရောင်ကို ဘာကြောင့် ဝတ်ချင်ကြသလဲ မသိဘူး၊ သူ့အသားက လှလည်း မလှဘူး၊ ပြာနှမ်းနှမ်းနှင့်၊ ချဉ်နေတဲ့ ဒိန်ခဲရောင်၊ တော်ပြီ တော်ပြီ၊ ဒီအစိမ်းရောင်ကို လူတိုင်း ဝတ်နေကြတာ၊ နောင်ဆိုရင် အစိမ်းရောင်ကို မဝတ်တော့ဘူး၊ နောက်တစ်ခါ ယောက်ျားရတောင် ဒါမျိုး မဝတ်တော့ဘူး၊ အဲဒီ အခါကျရင် မီးခိုးရောင်တို့ အညိုရောင်တို့ မရမ်းနုရောင် ဖျော့ဖျော့တို့ ဒါမျိုးတွေပဲ ဝတ်တော့မယ်’

စကားလက်သည် လောကကြီးကို ကျိတ်၍ စိတ်နာသည်။ တရားမျှတခြင်း မရှိဟု ထင်သည်။ သူ့အဖို့ လောကသည်

ပျော်ချိန် ပါးချိန်၊ စားချိန် သောက်ချိန်၊ ကချိန် ခုန်ချိန် တိုတောင်းလွန်းလှသည်။ ခဏလေးသာ ပျော်လိုက်ရသည်။ ဘာမျှ မကြာလိုက်။ အိမ်ထောင်ကျရသည်။ အရောင်ရင့်ရင့်တွေကို ဝတ်ရသည်။ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးရသည်။ ကလေး မွေးပြီးသည်နှင့် ခါးအလှပျက်ပြီ။ ကပွဲများတွင် အခြား အမျိုးသမီးကြီးတွေနှင့် အတူ ဣနြေ္ဒရရ ထိုင်၍

180

ကြည့်ရတော့သည်။ တစ်ခါတစ်ရံ သူများ ယောက်ျားနှင့်သော် လည်းကောင်း၊ အဘိုးကြီးများနှင့်သော် လည်းကောင်း တွဲကရသည်။ အဘိုးကြီးတွေက မကတတ် ကတတ် ကကြသဖြင့် မကြာခဏ ခြေထောက်ကို တက်၍ အနင်းခံရတတ်သည်။ ဤသို့မှ မကပြန်လျှင်လည်း အခြား အမျိုးသမီးကြီးများက မေးငေါ့ ကြဦးမည်။ အထင် သေးခံရဦးမည်။ ရိုင်းသည်ဟု အပြောခံရဦးမည်။ ယောက်ျားတွေ စွဲမက်အောင်၊ လင်ကောင်း သားကောင်း ရအောင် အပျိုဘဝ တစ်လျှောက်လုံး ကြိုးစားခဲ့ရသည်။ လင်ရပြီး တစ်နှစ် နှစ်နှစ်လောက်သာ အသုံးချ လိုက်ရသည်။ ထို့နောက်တွင် ထိုအတတ်ပညာများသည် ဘာမျှ အသုံးမကျတော့။ ဤမျှလောက်ကလေး အတွက် အပျို ဘဝ တစ်လျှောက်လုံး အချိန်ကုန်ခံ ကြိုးစားခဲ့သည်မှာ အချိန်တွေကို နှမြောဖို့ ကောင်းသည်။ စကားလက်သည် ဤအတတ်ပညာများကို မေမေနှင့် ကြီးဒေါ်တို့ထံမှ ရခဲ့သည်။ မေမေနှင့် ကြီးဒေါ်တို့၏ သွန်သင်မှုက စေ့စပ်သည်။ အချည်းနှီး မဖြစ်။ လူတွေ တစ်သက်လုံး စွဲမက် သွားစေလိုလျှင် လိုက်နာရမည့် ဥပဒေသတွေ ရှိသည်။ ဤဥပဒေသများကို လိုက်နာလျှင် သေချာပေါက် အောင်မြင်သည်။

မေမေနှင့် ကြီးဒေါ်တို့၏ သွန်သင်ချက် အရ အမျိုးသမီးကြီးများနှင့် ဆက်ဆံလျှင် ချိုသာရသည်။ ဟန်မဆောင်ရ။

တတ်နိုင်မျှ ရိုးသားဟန် ပြရမည်။ အဘွားကြီး ဆိုသည်က အလွန် မြင်တတ်သည်။ မိန်းကလေးတွေကို ကြည့်လျှင် မနာလို ဝန်တိုစိတ်နှင့် ကြည့်တတ်သည်။ ပြောစရာ အကွက် မတွေ့လိုက်နှင့် တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကြွက်ကို ကြောင် ခုန်အုပ်သလို ပျော့ကွက်ကို ခုန်အုပ်ကာ အပေါ်စီး ယူတတ်သည်။ အဘိုးကြီးများနှင့် ဆက်ဆံလျှင် ရဲတင်းရမည်။ သွက်ရမည်။ ချက်ချာရမည်။ သို့ရာတွင် ကလက်သည့် အဆင့်၊ နန့်သည့် အဆင့်သို့ မရောက်စေရ။ ဤအဆင့်သို့ ရောက်လျှင် အဘိုးကြီး ဖြစ်၍ သူတို့နှင့် ဆက်ဆံရာတွင် ဤသို့ ရဲတင်းခြင်း ဖြစ်သည်ဟု သူတို့ မာနကို သွားထိကာ အန္တရာယ် ပြုလာနိုင်သည်။ ကာလသားစိတ် ဖောက်လာကာ ပါးတို့ ခါးတို့ လုပ်လာတတ်သည်။ `ပျံတံတံ’ ဟု ပြောလာလိမ့်မည်။ ထိုအခါမျိုးတွင် ကိုယ်ကလည်း ရှက်ဟန် ပြရမည်။ ဤသို့ မပြလျှင် ပို၍ ကဲတတ်သည်။ အနည်းဆုံး `ထသည်’ ဟု ကိုယ့်ကွယ်ရာတွင် သူတို့ သားများကို ပြန်ပြောလိမ့်မည်။

မိန်းကလေး ငယ်ငယ်နှင့် အိမ်ထောင်ရှင် မိန်းကလေး ငယ်ငယ်များနှင့် ဆက်ဆံလျှင်မူ မျက်နှာကို သကာလူးသည့်နှယ်

ချိုထားရမည်။ တစ်နေ့လျှင် အခါတစ်ရာ တွေ့နေသည့်တိုင် တွေ့တိုင်း နမ်းရှုပ်၍ နှုတ်ဆက်ရမည်။ သူ့ခါးကို ဖက်၍ ဖက်လှဲတကင်း နေရမည်။ ကိုယ် မကြိုက်သည့်တိုင် ကိုယ့်ခါးကို သူတို့ ဖက်ချင်လာအောင် လုပ်ရမည်။ သူတို့ အဝတ်အစား အဆင်အပြင်ကို ချီးမွမ်းရမည်။ သူတို့ သားသမီးတွေ ချောကြောင်း၊ လှကြောင်း၊ လိမ္မာရေးခြား ရှိကြောင်း ပြောရမည်။ ရယ်လျှင် ဣနြေ္ဒရရ ရယ်ရမည်။ ကိုယ်က သူတို့လောက် မလှဟု ဝန်ခံရမည်။ ထိုမျှမက မည်သည့် ကိစ္စတွင်မဆို ကိုယ့်စိတ်ထဲ ရှိသည်ကို ရှိသည့်အတိုင်း မပြောရ။

ရွယ်တူ အိမ်ထောင်ရှိ ယောက်ျားများကိုမူ ခပ်ခွာခွာ ပေါင်းရမည်။ ကိုယ့်အဆက် ဖြစ်ခဲ့ဖူးသူ ဖြစ်စေ၊ သို့မဟုတ် မည်မျှ

ရုပ်ချောသူပင် ဖြစ်စေ၊ အိမ်ထောင်ရှိ ယောက်ျားများကို အပေါင်းအသင်း သိပ်မလုပ်ရ။ သူတို့နှင့် အရောတဝင် လုပ်လျှင် သူတို့ မိန်းမများက ကိုယ့်ကို `ထသည်၊ ရွသည်’ ဟု ပြောလာကြလိမ့်မည်။ နာမည် ပျက်လိမ့်မည်။ အထူးသဖြင့် ကိုယ့် အဆက်ဟောင်း ဆိုလျှင် ဝေးစွာ ရှောင်ရမည်။

သို့ရာတွင် ယောက်ျားပျိုကလေးများ ဆိုလျှင်ကား တစ်မျိုး ဆက်ဆံရလိမ့်မည်။ သူတို့နှင့် တွေ့လျှင် တိုးတိုး ရယ်ပြရမည်။

ဘာကြောင့် ရယ်ရသနည်း ဟု မေးလာလျှင် မပြောနှင့်။ ပို၍ ရယ်ပြရမည်။ ကိုယ် ရယ်ရသည့် အကြောင်းကို သိချင်စိတ်ဖြင့်

181

ကိုယ့် အနားတွင် တဝဲလည်လည် ဖြစ်နေလိမ့်မည်။ ဤသို့ဖြင့် သူတို့ကို ကိုယ့်အနားတွင် ကြာရှည် ထိန်းထားရမည်။ ကိုယ်နှင့် နှစ်ယောက်တည်း စကားပြောရန် ယောက်ျားလေးဘက်က ကြိုးစားလာအောင် မျက်လုံး အမူအရာ ပြရမည်။ နှစ်ယောက်တည်း တွေ့၍ သူက နမ်းရန် ကြိုးစားလျှင် အလွန့် အလွန် စိတ်နာသယောင် သို့မဟုတ် အလွန့် အလွန် စိတ်ဆိုးသယောင် ပြရမည်။ သူ့အမှား အတွက် သူ တောင်းပန်လာအောင် လုပ်ရမည်။ တောင်းပန်လာလျှင် ကိုယ်က အနူးအညွတ် ခွင့်လွှတ်ရမည်။ ဤသို့ အနူးအညွတ် ခွင့်လွှတ်လျှင် သူက ကိုယ့်အနားတွင် တရစ်ဝဲဝဲ လုပ်ကာ ဒုတိယ အကြိမ် နမ်းဖို့ ကြိုးစား လိမ့်မည်။ တစ်ခါတစ်ရံ (သို့ရာတွင် မကြာခဏ မဟုတ်) သူ နမ်းသည်ကို မသိလိုက် မသိဘာသာ ခွင့်ပြုလိုက်ရမည်။ (ဤအချက်မှာ မေမေနှင့် ကြီးဒေါ်၏ သင်ခန်းစာများတွင် မပါ။ သို့ရာတွင် ထိရောက်ကြောင်းကို စကားလက် ကိုယ်တွေ့အရ သိပြီး ဖြစ်သည်။) ထိုအခါတွင် ကိုယ်က ငိုပြရမည်။ ကိုယ့်ကို အထင်သေးသွား တော့မည် စိုးကြောင်း ပြောရမည်။ ထိုအခါတွင် သူက မျက်ရည် သုတ်ပေးလိမ့်မည်။ ချစ်ရေး ဆိုလိမ့်မည်။ ထို့နောက်တွင်မူ...

ထို့နောက်တွင်မူ ယောက်ျားပျိုလေးများနှင့် ဆက်ဆံပုံ နည်းလမ်းတွေ တစ်ပုံကြီး ရှိသည်။ ထို နည်းလမ်း အားလုံးကို

စကားလက် သိပြီး ဖြစ်သည်။ မျက်လုံးကလေး စွေကြည့်ရမည်။ ယပ်တောင်ကလေး ကွယ်၍ ပြုံးသည် ဆိုရုံကလေး ပြုံးရမည်။ ခါးကို နွဲ့ကာ တင်ပါးကို လှုပ်၍ လျှောက်ပြရမည်။ မျက်ရည် ကျဟန် ပြဖို့ လိုသည့် အခါတွင် မျက်ရည် ကျပြရမည်။ ရယ်တန်သည့် အခါ အသံ လွင်လွင်ကလေးဖြင့် ရယ်ပြ ရမည်။ မြှောက်ပြောတန် ပြောရမည်။ ဤပရိယာယ် များကို သုံးလျှင် အမြဲတမ်း အောင်မြင်သည်။ အက်ရှလေ တစ်ယောက်နှင့် ကျမှသာ အရှုံးပေါ်ဖူးသည်။

မဖြစ်နိုင်။ ဤမာယာ ပရိယာယ်တွေကို တစ်လျှောက်လုံး သင်ခဲ့ရပြီး ခဏလေး အသုံးချကာ တစ်သက်လုံး

စွန့်ပစ်လိုက်ရသည်မှာ ဟန်မကျ။ ယောက်ျား မယူဘဲ ဝတ်စုံလှလှဝတ်ကာ တစ်သက်လုံး ယောက်ျားတကာ ပိုးပန်းသည်ကို ခံနေရလျှင် မည်မျှ ကောင်းမည်နည်း။ ဟု

သို့ရာတွင် ဤသို့ချည်း တစ်သက်လုံး နေသွား၍လည်း မဖြစ်သေး။ အင်ဒီယာလို အပျိုကြီး ဖြစ်သွားကာ `သနားစရာ’ အပြောခံရလိမ့်ဦးမည်။

အကောင်းဆုံးကမူ

အိမ်ထောင်လည်း

ကျရမည်။

ယောက်ျားလေးတွေနှင့်

ပရောပရည်

မလုပ်နိုင်တော့သည့်တိုင် ဆက်၍ အပိုး အပန်း ခံရသည့် အဖြစ်မျိုးလည်း ဖြစ်ရမည်။ သို့ဆိုလျှင် အတိုင်းထက် အလွန် ဖြစ်လိမ့်မည်။

လူ့ဘဝသည် ရှုပ်သည်။ ယောက်ျားတွေ တစ်လှေကြီးထဲက ချားလ်လို လူမျိုးကို ဘာကြောင့် လက်ထပ်ခဲ့မိသည်

မသိ။ အသက် တစ်ဆယ့်ခြောက်နှစ်တွင် ဘာကြောင့် အပျိုဘဝ အဆုံးခံခဲ့ရသည် မသိ။

စကားလက် စိတ်ဆိုးဆိုးဖြင့် ဤသို့ တွေးနေစဉ် ခန်းမကြီးထဲက ပရိသတ်တွေ ဘေးသို့ ရှဲကာ နံရံဘက်သို့

ကပ်သွားကြသည်ကို မြင်လိုက်ရသည်။ စကားလက် လှမ်းကြည့်လိုက်သည်တွင် မြို့ပြ ကာကွယ်ရေးတပ် ဗိုလ်ကြီး စင်မြင့်ပေါ် တက်လာသည်ကို မြင်လိုက်ရသည်။ သူက အမိန့် ပေးလိုက်သည်တွင် မြို့ပြ ကာကွယ်ရေး တပ်ခွဲ တန်းစီသည်။ တပ်ခွဲသည် မိနစ် အတန်ကြာမျှ စစ်ရေးပြ နေသည်။ တပ်သားများ နဖူးတွင် ချွေးတွေ သီးနေသည်။ ပရိသတ်က သြဘာပေးကြသည်။ စကားလက်က ဝတ်ကျေတမ်းကျေ အများနှင့် လိုက်၍ လက်ခုပ်တီးသည်။ တပ်သားများက တန်းဖြုတ်ပြီး အရက်ဆိုင်ခန်း၊ အဖျော်ယမကာ ဆိုင်ခန်း များသို့ သွားကြသည်။ စကားလက်က အရေးတော်ပုံကို ယုံကြည်ဟန် ပြသင့်သည်ဟု တွေးသည်။ ထို့ကြောင့် မီလာနီ ဘက်သို့ လှမ်းကြည့်၏။

182



`သိပ်ကြည့်လို့ ကောင်းတာပဲနော်’



မီလာနီက ခုံတန်းပေါ်မှ သိုးမွေးထည်များကို ပြင်ဆင် ခင်းကျင်းနေသည်။



`မီးခိုးရောင် စစ်ဝတ်စုံ ဝတ်ပြီး ရှေ့တန်းစစ်မြေပြင်ကို သွားရင် ဒီထက်တောင် ကြည့်ကောင်းဦးမှာ’



မီလာနီက ခပ်ကျယ်ကျယ် ပြော၏။



အနားတွင် မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ဝင် လူငယ်များ၏ အမေများ ရှိသည်။ မီလာနီ၏ စကားများကို ကြားလိုက်ကြသည်။

အနားတွင်ရှိသည့် မစ္စက် ရှီလင်၏ မျက်နှာသည် ရဲသွားသည်။ ထိုနောက် ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ အသက် အစိတ် ရှိသည့် သူ့သားက မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ဝင် ဖြစ်သည်။

မီလာနီ၏ စကားကြောင့် စကားလက်လည်း အံ့အားသင့်နေသည်။



`ဘာဖြစ်လို့လဲ မီလာနီ’



`စကားလက်ပဲ

စဉ်းစားကြည့်ပေါ့ကွယ်၊

သူငယ်နှပ်စားလေးတွေနှင့်

အဘိုးကြီးတွေ

ဆိုရင်

မီလာနီ

ဘာမှ

မပြောလိုပါဘူး၊ ခုတော့ သန်သန်မာမာကြီးတွေ၊ ရိုင်ဖယ်တစ်လက်တော့ ထမ်းနိုင်တဲ့ လူချည်းပဲ၊ တကယ်ဆို  ဒီအချိန်မှာ ရှေ့တန်းကို ရောက်နေဖို့ ကောင်းပြီ’

ဤပြဿနာကို စကားလက် တစ်ခါမျှ မစဉ်းစားဖူးသေး။ မစ္စက်ရှီလင်၏ သားက သူ အတ္တလန်တာတွင် ကျန်ရစ်ခဲ့သည့်

အကြောင်းနှင့် ပတ်သက်၍ ပြောဆိုသည့် စကား တစ်ခွန်းကို စကားလက် သွား၍ သတိရသည်။

`ဒါပေမယ့် နောက်ပိုင်းမှာလည်း ကျန်ရစ်ခဲ့ဖို့ လိုတယ် မဟုတ်လား၊ ပြည်နယ်ကို တခြားက လာတိုက်ရင် ဘယ့်နှယ်

လုပ်မလဲ’

`ဒီကို ဘယ်သူကမှလည်း လာတိုက်မှာ မဟုတ်ပါဘူး’ မီလာနီက မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်စုကို လှမ်းကြည့်ရင်း

အေးစက်စက်ဖြင့် ပြောသည်။ `ကျူးကျော်သူကို တိုက်ချင်တယ် ဆိုရင် ရှေ့တန်း လိုက်သွားပြီး ယန်ကီတွေကို တိုက်ပါလား၊ ဒီထက် ကောင်းတဲ့နည်း ဘယ်ရှိတော့မလဲ၊ ခုတော့ ကပ္ပလီတွေ သူပုန်ထမှာ စိုးလို့ နောက်ပိုင်းမှာ နေရစ်ခဲ့ရသလေး ဘာလေးနှင့် အကြောင်း အမျိုးမျိုး ပြနေကြတယ်။ မဟုတ်တရုတ် ဆင်ခြေတွေ ပေးတာ အမုန်းဆုံးပဲ၊ ဘာဖြစ်လို့ ကပ္ပလီတွေက သူပုန်ထရမှာတဲ့လဲ၊ ကိုယ် သူရဲဘော ကြောင်ရင် ကြောင်တယ်လို့ ပြောပါလား၊ ခုတော့ အကြောင်းပြစရာ မရှိ အမျိုးမျိုး လျှောက်ပြ နေကြတာပဲ၊ သူတို့သာ လိုက်သွားရင် ယန်ကီတွေကိုလည်း တစ်လတည်းနှင့် အပြုတ်တိုက်နိုင်တယ်’

`အို၊ မီလာနီ၊ ဘယ်လို ပြောလိုက်တာလဲ’



စကားလက်က မျက်လုံးပြူး မျက်ဆံပြူးဖြင့် ကြည့်နေသည်။ မီလာနီ၏ နူးညံ့ နက်မှောင်သည့် မျက်လုံးများက အရောင်

တလက်လက် ထွက်နေကြသည်။

`မီလာနီရဲ့ ယောက်ျားဟာ ရှေ့တန်းကို ရဲရဲ ရင့်ရင့် လိုက်သွားခဲ့တယ်၊ စကားလက်ရဲ့ ယောက်ျားလည်း အတူတူပဲ၊

183

ဒီမှာ ကျန်ရစ်ခဲ့တာ ထက်တော့ တိုက်ပွဲမှာ ကျတာက ကောင်းသေးတယ်၊ အို စကားလက်ရယ်၊ မီလာနီ ပြောမိတာ နည်းနည်း ရိုင်းသွားတယ်၊ စိတ်မဆိုးပါနှင့်’

မီလာနီက စကားလက်၏ လက်မောင်းကို ချော့မြှူ ပွတ်သပ်နေသည်။ စကားလက်က သူ့မျက်နှာကို စိုက်ကြည့်နေ၏။

သို့ရာတွင် စကားလက်သည် ကွယ်လွန်သူ ချားလ်ကို အမှတ်မရ။ အက်ရှလေကို အမှတ် ရနေသည်။ အက်ရှလေများ တိုက်ပွဲတွင် ကျခဲ့လျှင် ရင်ကွဲရချည့်။ စကားလက်သည် သူတို့ ဆိုင်ခန်းဘက်သို့ လျှောက်လာသည့် ဒေါက်တာမိကို လှမ်းမြင်လိုက်သဖြင့် ပြုံးပြလိုက်သည်။

`ဘယ့်နှယ်လဲ ငါ့တူမတွေ၊ ငါ့တူမတွေ လာတာ ဦး သိပ်ဝမ်းသာတာပဲ၊ ဒီနေ့ည ဆိုင်ကူထွက် ပေးတဲ့ အတွက်လည်း

သိပ်ကျေးဇူးတင်တယ်၊ သြော် တူမတို့ကို တစ်ခု ပြောရဦးမယ်၊ ဆေးရုံ ရန်ပုံငွေ ပိုရအောင် ဒီနေ့ည အစီအစဉ် တစ်ခု တိုးထားတယ်၊ တချို့ အမျိုးသမီးတွေကတော့ လက်မှ ခံပါ့မလား မသိဘူး’

ဒေါက်တာ မိက မုတ်ဆိတ်ကို ပွတ်၍ ရယ်နေသည်။



`အို ဟုတ်လား၊ ဘယ်လို အစီအစဉ်လဲ ဦး’



`စောစောကတော့ တူမကြီးတို့ကို ဖွင့်ပြောမလို့ပဲ၊ ခု မပြောတော့ပါဘူး၊ တူမတို့ဘာသာ တွေးယူကြပေတော့၊

ဒါပေမယ့် အစီအစဉ်ကို လုပ်ရပါ့မလား ဆိုပြီး ဘာသာရေး ဘက်က ပုဂ္ဂိုလ်တွေက ဦးကို ဒီမြို့က နှင်ထုတ်ရင်တော့ တူမတို့က ဦးဘက်က ရပ်ပေးရမယ်နော်၊ ဦး လုပ်တာက ဆေးရုံ ရန်ပုံငွေ တိုးအောင် လုပ်တာပါ၊ ကိစ္စ ရှိမယ် မထင်ပါဘူး၊ နောက်တော့ တူမတို့လည်း သိမှာပေါ့လေ၊ အတ္တလန်တာမှာ ဒီလို တစ်ခါမှ မလုပ်ဖူးသေးဘူး’

ဒေါက်တာမိသည်

အခန်းထောင့်

တစ်နေရာတွင်

စုထိုင်နေသည့်

အပျိုရံ

မိန်းမကြီးများထံသို့

ခပ်မော့မော့

ထွက်သွားသည်။ စကားလက်နှင့် မီလာနီက ဒေါက်တာမိ၏ အစီအစဉ်သစ် အကြောင်းကို မှန်း၍ စဉ်းစားရင်း ကျန်ရစ်ခဲ့ကြ၏။ ထိုစဉ် အဘိုးကြီး နှစ်ယောက် ရောက်လာကာ တက်တင်းဇာ လာဝယ်သည်။ အဘိုးကြီးတွေက အာဂ အဘိုးကြီးတွေ။ ဘာကြောင့်များ တက်တင်းဇာ ဝယ်ရသနည်းဟု စကားလက် တွေးမိသည်။ စကားလက်က တက်တင်းဇာအုပ်ကို ကိုင်၍ တိုင်းထွာပြီး ဖြတ်ပေးလိုက်သည်။ အဘိုးကြီး နှစ်ယောက် အဖျော်ယမကာ ဆိုင်ဘက်သို့ ထွက်သွား ကြသည်။ သူတို့ဆိုင်က အရောင်းအဝယ် သိပ်မကောင်းလှ။ မေဘယ် မယ်ရီဝယ်သာ ဆိုင်တွင် ဆိုလျှင် မေဘယ်၏ တဟင့်ဟင့် ရယ်သံ၊ ဖန်နီ၏ တခစ်ခစ် ရယ်သံ၊ ဝှိုက်တင်း ညီအစ်မ၏ ဆိုးဆိုးဆတ်ဆတ် ပြောသံကြောင့် လူစည်သည်။ ပျော်စရာ ကောင်းသည်။ သူတို့ဆိုင်တွင်မူ ဤသို့ မဟုတ်။ မီလာနီက ယောက်ျားသုံး ပစ္စည်းများကို တကယ့် ဈေးသည်ကြီးပမာ ဣနြေ္ဒရရဖြင့် ရောင်းနေသည်။ စကားလက်ကလည်း သူ့ကို အတု ခိုး၍ ရောင်းသည်။

သူတို့ဆိုင်မှအပ

အခြား

ဆိုင်ခန်းများ

အားလုံးတွင်

လူတွေ

ကြိတ်ကြိတ်တိုးနေသည်။

ယောက်ျားပျိုများက

ဈေးဝယ်နေကြသည်။ မိန်းမပျိုများက စကား တတွတ်တွတ် ပြောနေကြသည်။ သူတို့ဆိုင်သို့ လာသူများမှာ အက်ရှလေနှင့် တက္ကသိုလ်တွင် အတူ နေခဲ့ဖူးကြောင်း၊ ရှေ့တန်းတွင် တိုက်ရည် ခိုက်ရည် တော်ကြောင်း စသည်တို့လောက်ကိုသာ ပြောကြသည်။ သို့မဟုတ်လျှင်လည်း ချားလ်အတွက် အတ္တလန်တာတွင် လူတော် လူကောင်း တစ်ယောက် ဆုံးရှုံး ရကြောင်း စသည်တို့လောက်ကိုသာ ပြောကြသည်။

184



ထို့နောက် တူရိယာ ဝိုင်းမှ `ဂျွန်နီ ဘွတ်ကား’ သီချင်းကို ခပ်မြူးမြူး တီးသည်။ စကားလက် ထ က လိုက်ချင်သည်။

ကြမ်းပြင်ကို လှမ်းကြည့်ပြီး ခြေထောက်ဖြင့် စည်းလိုက်သည်။ သူ့မျက်လုံး စိမ်းစိမ်းများသည် တောက်ပလာကြ၏။ ခန်းမထိပ် တံခါးဝတွင် ယခုမှ ရောက်လာဟန် ရှိသည့် လူတစ်ယောက် သူတို့ကို မြင်သွားသည်။ သူ့ မျက်လုံးများက ပမာမခန့် ပြုသည့် စကားလက် မျက်နှာကို စိုက်ကြည့်နေသည်။ ထို့နောက် သူ့ဘာသာသူ ပြုံးလိုက်သည်။ ယောက်ျား မှန်လျှင် နားလည်သည့် အမူအရာကို ထိုလူမြင်သွားပြီ။

ထိုလူက အရပ် ထောင်ထောင် မောင်းမောင်း။ သူ့အနီးတွင် ရပ်နေသည့် လူများထဲတွင် မားမားကြီး ဖြစ်နေသည်။

ပခုံးက ကျယ်ပြီး ခါးတွင် သွယ်သွားသည်။ ခြေတံ ဖြောင့်ဖြောင့်တွင် ဖိတ်ဖိတ်တောက်နေသည့် ဖိနပ်ကို စီးထားသည်။ အနက်ရောင် ဝတ်စုံ၊ အကောင်းစား ရှပ်အင်္ကျီနှင့် ခြေသလုံးတွင် ကပ်နေသည့် ဘောင်းဘီ စသည့် အဆင်အပြင်က သူ့အဆက်အပေါက်၊ သူ့မျက်နှာနှင့် လိုက်လျောခြင်း မရှိ။ သူ့ခန္ဓာကိုယ်ကြီးက ကြီးခိုင် ထွားကျိုင်းသည်။ ပျင်းတိပျင်းတွဲ ရပ်နေသော်လည်း အရေးရှိလျှင် လျင်မြန် ဖျတ်လတ်မည့် သဏ္ဌာန် ပေါ်နေသည်။ ဤခန္ဓာကိုယ်မျိုးတွင် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဟန်ကျပန်ကျ ဝတ်ထားသောအခါ တစ်မျိုး ဖြစ်နေသည်။ သူ့ဆံပင်က မည်းနက် နေသည်။ စေ့ထားသည့် နှုတ်ခမ်းပေါ်က နှုတ်ခမ်းမွေး ကလည်း ခပ်ရေးရေး။ အနီးတွင် ရပ်နေသည့် မုတ်ဆိတ် ဖားဖား မြင်းတပ်သားများနှင့် ယှဉ်လျှင် နိုင်ငံခြားသား ဟန် ပေါက်နေသည်။ သူ့ကြည့်ရသည်က လုပ်ပြီ ဆိုလျှင် မည်သည်ကိုမျှ ရှက်ကြောက်ခြင်း မရှိ။ တစ်ဇွတ်ထိုး လုပ်မည့်ဟန်။ သူ့ကိုယ်သူ ယုံကြည် စိတ်ချသည့်ဟန်။ ဗိုလ် မထားသည့်ဟန်။ စကားလက်ကို စူးစိုက် ကြည့်နေသော သူ့မျက်လုံးများကလည်း ဆင်ကြံ ကြံနေသည့် မျက်လုံးမျိုး။ တစ်ဖက်သားကို ဂရုထားဟန် မရှိ။

စကားလက် စိတ်ထဲတွင် ထိုလူကို မြင်ဖူးသည် ဟု ထင်သည်။ သို့ရာတွင် ကောင်းကောင်း မမှတ်မိ။ ယခုတလော

အတွင်း သူ့ကို စိတ်ဝင်စားဟန် ပြသူ ဆို၍ ဤတစ်ယောက်သာ တွေ့ဖူးသေးသည်။

စကားလက်က ခပ်မြူးမြူး ပြုံးပြ လိုက်သည်။ သူက ဦးညွှတ ပြလိုက်သည်တွင် စကားလက်ကလည်း ခေါင်းညိတ်၍

ပြလိုက်သည်။ ထိုလူသည် ခါးကို ဆန့်ကာ အိန္ဒိယ လူနီရိုင်း တစ်ယောက်ပမာ သွက်လက် ဖျတ်လတ်သော ဟန်ဖြင့် သူ့ထံ လျှောက်လာသည်။ စကားလက်သည် ယောင်၍ မအော်မိရန် သူ့ ပါးစပ်ကို လက်ဖြင့် အုပ်မိသည်။ ထိုလူကို စကားလက် မှတ်မိပြီ။

ထိုလူက လူအုပ်ထဲမှ တိုးဝှေ့ကာ သူ့ထံ လျှောက်လာနေစဉ် စကားလက်သည် မင်တက်မိသူလို ဖြစ်နေသည်။

စကားလက်သည်

နောက်သို့

လှည့်ကာ

နောက်ဘက်က

အဖျော်ယမကာ

ဆိုင်တန်းဘက်သို့

ခပ်သုတ်သုတ်

ရှောင်ပြေးလာခဲ့သည်။ အရေးထဲ ဝတ်စုံက တံခါးမှ သံချောင်းနှင့် ငြိနေသည်။ စကားလက် ဖြုတ်သည်။ မရ။ စိတ်ဆိုးဆိုးဖြင့် ဆောင့်ရုန်းလိုက်သည်။ အင်္ကျီ ဗြိခနဲ ပြဲသွားသည်။ ထိုစဉ် ထိုလူက မားမားကြီး သူ့ဘေးတွင် ရောက်နေပြီ။

`နေ နေ ကျုပ် ဖြုတ်ပေးမယ်’ ထိုလူက ကုန်း၍ ဝတ်စုံကို သံချောင်းမှ ဖြုတ်ပေးသည်။ `မင်း ကျုပ်ကို မှတ်မိသားပဲ၊

မှတ်မိလိမ့်မယ်လို့ နည်းနည်းမှ မထင်ဘူး’

သူ့အသံက တစ်မျိုး နားထောင်ကောင်းသည်။ လူကြီး လူကောင်း တစ်ယောက်၏ အသံနေ အသံထားမျိုး။

ဣနြေ္ဒရသည်။ တည်ကြည်သည်။ ဝဲသံလေး နည်းနည်းတော့ ပါသည်။

185



စကားလက်က သူ့ကို ရှက်ရှက်ဖြင့် မော့ကြည့်သည်။ သူနှင့် ပထမဆုံး တွေ့ခဲ့ရပုံကို တွေးမိကာ မျက်နှာတွေ

နီရဲလာ၏။ သူ့မျက်လုံးများက နက်မှောင် နေသည်။ ဤမျှ မည်းနက်သည့် မျက်လုံးများကို စကားလက် တစ်ခါမျှ မတွေ့ဖူးသေး။ မျက်လုံးများက ရက်စက်သည့် မျက်လုံး အကြင်နာ ကင်းမဲ့သည့် မျက်လုံး။ စကားလက် စိတ်ပျက်သွားသည်။ နိဗ္ဗာန်ဈေးသို့ လူတွေ အသင်္ချေ အနန္တ လာကြသည့် အထဲတွင် ဤလူနှင့်မှ လာတွေ့ရသည်။ သူနှင့် အက်ရှလေတို့ နှစ်ယောက် အကြောင်းကို သိသွားသူ။ ကြောက်စရာ ကောင်းသူ။ မိန်းကလေးတွေကို ဖျက်ဆီးခဲ့သဖြင့် ဝိုင်းပယ်ခံထားရသည့် လူဆိုး။ သူ့ကို အမျိုးကောင်း သမီး မဟုတ်ဟု အချက်ကျကျ ပြောသွားသူ။ ရွံမုန်းစရာ ကောင်းသူ။ ယခု ထိုလူနှင့် လာတွေ့နေရပြီ။

သူ့အသံကို ကြားသဖြင့် မီလာနီက လှည့်ကြည့် လိုက်သည်။ စကားလက်သည် သူ့ယောက်မ မီလာနီကို ပထမဆုံး

အကြိမ် ကျေးဇူးတင်မိသည်။

`ဟင် မစ္စတာ ဘတ်တလာ ပါလား’ မီလာနီက လက်ကမ်း ပေးလိုက်သည်။ `ဗိုလ်ကြီးကို နောက်ဆုံး တွေ့တာက’



`မီလာနီတို့ စေ့စပ် ကြောင်းလမ်းတဲ့ ပျော်စရာ မင်္ဂလာ ပွဲမှာလေ’ သူက လက်ဆွဲ နှုတ်ဆက်ရင်း ဝါကျကို

ဆက်ပေးလိုက်သည်။ `မှတ်မိတဲ့ အတွက် ကျေးဇူး တင်ပါတယ်’

`ချာလက်စတန်မှာ မဟုတ်လား၊ ဗိုလ်ကြီး ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ’



`ငြီးငွေ့စရာကောင်းတဲ့ အရောင်းအဝယ် ကိစ္စကြောင့် ဆိုပါတော့၊ ရှေ့ဆိုရင်တော့ မင်းတို့ မြို့ကို ခဏ ခဏ

ရောက်နေမှာပါ၊ ကုန်တွေ မှောင်ခို သွင်းလာရုံတင် မကဘူး၊ ရောင်းတဲ့ ကိစ္စကိုပါ လိုက်ကြည့်နေရတယ်’

`မှောင်ခိုကုန် သွင်းလာတယ် ဟုတ်လား’ မီလာနီက မျက်မှောင်ကုတ်ပြီး နောက်မှ ပြုံးလိုက်သည်။ `သြော်

လက်စသတ်တော့ ရန်သူ့စစ်ကြောင်းကို ဖြတ်ပြီး မှောင်ခိုကုန်တွေ သွင်းလာတယ်ဆိုတဲ့ ဗိုလ်ကြီး ဘတ်တလာ ဆိုတာ ရှင်ကိုး၊ အတ္တလန်တာက မိန်းကလေးတွေကတော့ ဗိုလ်ကြီး သွင်းလာတဲ့ အဝတ်အစားတွေ ဝတ်နေကြရတာပဲ၊ ဟင် စကားလက် ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား ဟင်၊ မူးသလား၊ ထိုင်လေ’

စကားလက် ခွေးခြေပေါ်တွင် ထိုင်နေလိုက်သည်။ အသက်ရှူ မြန်လာသည်။ ရင်က ခုန်နေသည်။ ရှင်မီး ရင်စည်း

အင်္ကျီသည် ပြုတ်ထွက်တော့မည်လော ထင်ရသည်။ ဤလူကို ဤတစ်သက်တွင် နောက်ထပ် တွေ့ရတော့မည် မထင်။ ယခု ထိုလူနှင့် လာတွေ့ရပြီ။ သူက ခုံတန်းပေါ်မှ စကားလက်၏ ပိုးယပ်တောင်နက်ကို ကောက်ကာ စိုးရိမ်တကြီး ယပ်ခတ်ပေးသည်။ သူ့ မျက်နှာသည် တည်သွားသည်။ သူ့မျက်လုံးများက မြူးနေကြသည်။

`ဒီနေရာက သိပ်ပူတယ်၊ ဒီတော့ မစ္စ အိုဟာရာ ခေါင်းမူးမှာပေါ့၊ ပြတင်းနား သွားချင်ရင် ကျုပ် တွဲပို့ပေးမယ်လေ’



`မလိုပါဘူး’  



စကားလက်၏ အသံကြောင့် မီလာနီ တအံ့တသြ ဖြစ်နေသည်။



`သူက မစ္စ အိုဟာရာ မဟုတ်တော့ဘူးလေ ဗိုလ်ကြီး၊ မစ္စက် ဟယ်မီတန် ဖြစ်နေပြီ၊ မီလာနီရဲ့ ယောက်မ ဖြစ်နေပြီ’

186



မီလာနီက စကားလက်ကို ချစ်စနိုး ကြည့်၍ ပြောသည်။ ဗိုလ်ကြီး ဘတ်တလာ၏ အသား ခပ်ညိုညို၊ ပင်လယ်ဓားပြ

မျက်နှာပေါ်တွင် အံ့သြသည့် အရိပ်အရောင် လွှမ်းသွားသည်။

`သြ ဒီလိုဆိုမှတော့ သမီးယောက်မ နှစ်ယောက်စလုံး ကံကောင်းတာပေါ့၊ နှစ်ယောက်လုံး အချောတွေချည်းပဲ’ ရက်

ဘတ်တလာက ကိုယ်ကို အနည်းငယ် ညွှတ်၍ ပြောလိုက်သည်။ သူ့စကားက ဘာမျှ မဆန်း။ ယောက်ျားတကာ ပြောကြသည့် စကားမျိုးသာ ဖြစ်သည်။ သို့ရာတွင် ရက် ဘတ်တလာက ပြောလိုက်သည့် အခါတွင်မူ အဓိပ္ပာယ် ပြောင်းပြန်ထွက်သည်ဟု စကားလက် ထင်လိုက်သည်။

`ဒါဖြင့် ဒီနေ့ညလို ပျော်ပွဲ ရွှင်ပွဲမျိုးမှာ ခင်ပွန်းတွေလည်း ပါကြမှာပေါ့၊ ခင်ပွန်းတွေနှင့် တွေ့ရရင် သိပ် ဝမ်းသာမှာပဲ’



`မီလာနီ ခင်ပွန်းက ရှေ့တန်း စစ်မြေပြင်မှာပါ’ မီလာနီက ခေါင်းမော့၍ ခပ်ကြွားကြွား ပြောလိုက်သည်။ `ဒါပေမယ့်

ချားလ်... ချားလ်ကတော့’

`ရှေ့တန်း ဆေးရုံမှာ ရောဂါနှင့် ဆုံးတာပါ’



စကားလက်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ စကားလုံးများက အလိုလို ထွက်သွားကြသည်။ ဤသတ္တဝါသည်

မသွားနိုင်တော့ပြီလော။ မီလာနီက အလန့်တကြားဖြင့် သူ့ကို ကြည့်သည်။ ရက် ဘတ်တ်လာက သူ့ကိုယ်သူ အပြစ်တင်ဟန် အမူအရာ ပြသည်။

`အို ကျွတ်ကျွတ်၊ ဖြစ်မှ ဖြစ်ရပလေ၊ ကျုပ်ကို ခွင့်လွှတ်ကြနော်၊ ဒါပေမယ့် ကိုယ့်အမျိုးနှင့် တိုင်းပြည် အတွက်

အသက် သေရခြင်းဟာ ထာဝရ အသက်ရှင်ခြင်းနှင့် အတူတူပါပဲ၊ လူစိမ်း တစ်ယောက်ပေမယ့် ဒီ နှစ်သိမ့် စကားလေးတော့ ပြောခွင့်ပြုပါနော်’

မီလာနီက မျက်ရည်များ ကြားမှ သူ့ကို ပြုံးကြည့်သည်။ စကားလက်ကမူ ဒေါပွလှပြီ။ ရင်တွင်းက ဗလောင်ဆူလှပြီ။

ဤလူကြီးကို မုန်းလှပြီ။ ရက် ဘတ်တလာက ထုံးစံအတိုင်း အားပေး နှစ်သိမ့်စကား ပြောသည်။ သို့ရာတွင် စေတနာဖြင့် ပြောနေခြင်း မဟုတ်။ သူ့ကို လှောင်နေခြင်း ဖြစ်သည်ဟု စကားလက် ထင်သည်။ ချားလ်ကို သူ မချစ်မှန်း ရက် ဘတ်တလာ သိသည်။ မီလာနီသည် အ လေခြင်း။ ဤသဘောကိုမျှ မသိရသလော။ ဘုရား သိကြား မ၍ သူ့အကြောင်းကို မည်သူမျှ မသိပါစေနှင့်။ စကားလက် အလန့်တကြား ဆုတောင်းမိသည်။ ရက် ဘတ်တလာသည် သူ့အကြောင်းကို တခြားသူများ လျှောက်ပြော လေမည်လော။ ဤလူက လူကြီးလူကောင်း မဟုတ်။ ယောက်ျားများ လူကြီးလူကောင်း မဟုတ်တော့လျှင် ထင်ရာ ပြောတတ်သည်။ သူတို့ကို ယုံ၍ မဖြစ်။ စကားလက်က မော့၍ ကြည့်လိုက်သည်။ သူ့ပါးစပ်က မဲ့ပြုံးလိုလို။ လှောင်ပြုံးလိုလို။ ယပ်တောင်ခတ်ရင်း သနားသလိုလို။ သူကြည့်ပုံကို စကားလက် နည်းနည်းမျှ မကျေနပ်။ စကားလက် စိတ်သည် ထောင်းခနဲ ဖြစ်သွားသည်။ စကားလက်က သူ့လက်ထဲမှ ယပ်တောင်ကို ဖျတ်ခနဲ ဆွဲယူလိုက်သည်။

`ကျွန်မ နေကောင်းပါတယ်၊ ယပ်ခတ်ပေးစရာ မလိုပါဘူး၊ ဆံပင်တွေ ပျက်ကုန်ပါ့မယ်’



`အို စကားလက်၊ ဘယ်လို ပြောလိုက်တာလဲ ဟင်၊ ဗိုလ်ကြီး ဘတ်တလာ စကားလက်ကို ခွင့်လွှတ်ပါနော်၊

ချားလ်အကြောင်း ပြောရင် ဒီလိုပဲ စိတ်ထိခိုက် တတ်တယ်၊ မီလာနီကိုက ဆတ်ဆော့ပါတယ်၊ ဒီနေ့ည နိဗ္ဗာန်ဈေးကို မလာခဲ့ရင်

187

အကောင်းသား၊ မီလာနီတို့က ချားလ် ဆုံးလို့ ဘယ်မှ မထွက်ဘဲ နေတာ ကြာလှပြီ၊ ခုလို ပွဲလမ်းတွေ၊ အကအခုန်တွေနဲ့ ဆိုတော့ စကားလက် စိတ်ထိခိုက်သွားတယ် ထင်တယ်’

`ကျုပ် နားလည်ပါတယ်’ ရက် ဘတ်တလာက တမင် လုပ်ထားသည့် အလေးအနက် ဟန်ဖြင့် ပြောလိုက်သည်။

သို့ရာတွင် မီလာနီကို လှမ်းကြည့်လိုက်၍ မီလာနီ၏ မျက်လုံးများကို မြင်လိုက်သည်နှင့် မျက်နှာထား ပြောင်းသွားသည်။ ညိုမှောင်သော သူ့မျက်နှာပေါ်တွင် စိတ်မပါ့တပါ လေးစားဟန်နှင့် နူးညံ့ သိမ်မွေ့ဟန် ပေါ်လာသည်။ `မီလာနီကတော့ တကယ် သတ္တိ ကောင်းတယ်နော်’

`ကြည့်စမ်း၊ ငါ့ကိုတော့ စကားထဲတောင် ထည့် မပြောဘူး’ စကားလက် တွေးနေသည်။ မီလာနီက သဘောကျ၍

ပြုံး၏။

`ဒီလောက်လည်း မဟုတ်သေးပါဘူး ဗိုလ်ကြီး ဘတ်တလာ၊ ဆေးရုံ ကော်မတီက မီလာနီတို့ကို နောက်ဆုံး လာပြီး

အကူအညီ တောင်းတာနှင့်- ဘာ အလိုရှိပါသလဲရှင်၊ သြော် ခေါင်းအုံးစွပ်လား ရပါတယ်၊ ဟောဒီမှာ ပြည်နယ်အလံ ထိုးထားတဲ့ ခေါင်းအုံးစွပ်ကလေး’

ဆိုင်ရှေ့တွင်

မြင်းတပ်သား

သုံးယောက်

ရောက်လာသဖြင့်

မီလာနီက

ရှေ့သို့ထွက်သွားသည်။

ဗိုလ်ကြီး

ဘတ်တလာသည် လူတကာတွေ ပြောသလောက် မဆိုးဟု မီလာနီ တွေးမိသည်။ ဆိုင်ရှေ့တွင် ရပ်နေသည့် မြင်းတပ်သား သုံးယောက်က ဆေးငုံထားရာမှ ထွေးခံထဲသို့ တပျစ်ပျစ် ထွေးနေသည်။ ထွေးခံက မီလာနီ ရပ်နေရာနှင့် မဝေးလှ။ ထို့ကြောင့် မီလာနီ စိတ်ညစ်နေသည်။ ဗိုလ်ကြီး ရက် ဘတ်တလာကိုလည်း သတိ မရတော့။ စကားလက်ကိုလည်း သတိ မရတော့။ နောက်ထပ် ဈေးဝယ်တွေ ရောက်လာပြန်သဖြင့် အလုပ်ရှုပ်နေသည်။

စကားလက်က ခွေးခြေပေါ်တွင် ထိုင်ကာ ယပ်ခတ်နေသည်။ ရက် ဘတ်တလာကို မကြည့်ရဲ။ ပြန်သွားစေချင်လှပြီ။



`ခင်ပွန်း ဆုံးတာ ကြာပြီလား’



`ကြာပြီ၊ တစ်နှစ်လောက် ရှိပြီ’



`ကပ်ကမ္ဘာကြီး တစ်ခုလောက် ကြာပြီပေါ့’



ကပ်ကမ္ဘာ ဆိုသော စကားလုံးကို စကားလက် နားမလည်။ သို့ရာတွင် သူ့အသံက မခံချင်အောင် ဆွသည့် အသံမျိုး

ပါနေသည်။ ထို့ကြောင့် စကားလက်က ဘာမျှ မပြောဘဲ ငြိမ်နေလိုက်သည်။

`လက်ထပ်တာကော ကြာပြီလား၊ ကျုပ် မေးတာ စိတ်မဆိုးပါနှင့်။ ကျုပ် ဒီမှာ မရှိတာ တော်တော် ကြာပြီ’



`နှစ်လလောက်ပဲ ပေါင်းလိုက်ရတယ်’



စကားလက်က စိတ်မပါ့တပါ ဖြေသည်။



`အင်း စိတ်မကောင်းစရာကြီး’

188



သူ့အသံက ခပ်ပေါ့ပေါ့။ ခပ်လွင်လွင်။



`အလကားလူ’ စကားလက် စိတ်က ဆိုမိသည်။ တခြား ယောက်ျားသာ ဆိုလျှင် စကားမပြောဘဲ တခြားသို့ မောင်းထုတ်

ပစ်မိလိမ့်မည်။ သို့ရာတွင် ခက်သည်က အက်ရှလေ အကြောင်း၊ ချားလ်ကို မချစ်သည့် အကြောင်းကို သူသိနေသည်။ သူ့ကို ချည်ပြီး တုပ်ပြီး ဖြစ်နေသည်။ စကားလက် ဘာမျှ မပြောဘဲ ယပ်တောင်ကို ငုံ့ကြည့်နေသည်။

`ဒါဖြင့် ပျော်ပွဲရွှင်ပွဲကို ပထမဆုံး အကြိမ် လာတာပေါ့’



`မလာသင့်ဘူး ဆိုတာ စကားလက် သိပါတယ်’ စကားလက်က ရှင်းချက် ထုတ်သည်။ `ဒါပေမယ့် ဒီဆိုင်ခန်းကို

တာဝန်ကျတဲ့ မက်ကလျူး ညီအစ်မတွေက တခြားမှာ ကိစ္စရှိတော့ လူ လိုနေတယ်၊ ဒါနှင့် စကားလက်နှင့် မီလာနီ လာပြီး’

`ကူညီ ကောင်းပါတယ်၊ အရေးတော်ပုံ အတွက် ကိုယ်ကျိုးစွန့်ရတယ် ဆိုတာ လိုတယ်လို့ မရှိပါဘူး’



လာပြန်ပြီ ဤစကား။ မစ္စက် အယ်လဆင်း ကလည်း ထိုအတိုင်း ပြောဖူးသည်။ သို့ရာတွင် မစ္စက် အယ်လဆင်း

ပြောစဉ်က ဤအဓိပ္ပာယ်မျိုး မထွက်။ စကားလက် ပါးစပ်က လွှတ်ခနဲ ပြန်ပြောလိုက်မိမည် ပြုပြီးမှ ချုပ်တည်း ထားလိုက်ရသည်။ စင်စစ် သူ ဤ နိဗ္ဗာန်ဈေးသို့ လာခြင်းမှာ အရေးတော်ပုံ အတွက် မဟုတ်။ အိမ်တွင်း အောင်းနေရသည်ကို ငြီးငွေ့သောကြောင့် ဖြစ်သည်။

`ကျုပ် စဉ်းစားမိတယ်၊ လင်ယောက်ျား သေတဲ့အတွက် ကျန်ရစ်ခဲ့တဲ့ မိန်းမက တစ်သက်လုံး သူ့ယောက်ျား

အပေါ် သစ္စာ ရှိရမယ်၊ ပျော်ပွဲရွှင်ပွဲတွေကို ရှောင်ရမယ်ဆိုတဲ့ ဓလေ့ဟာ တော်တော် ခေတ်နောက်ကျတဲ့ အယူအဆပဲ၊ ဟိန္ဒူ ဆပ်တီးနှင့် ဘာထူးသေးသလဲ’

`ဆပ်တီး ဟုတ်လား’



ရက် ဘတ်တလာက ရယ်လိုက်သည်။ သူ ဗဟုသုတ ခေါင်းပါးသည့် အတွက် စကားလက် ရှက်နေသည်။ သူ

နားမလည်သည့် စကားလုံးတွေ သုံးသူကို စကားလက် မုန်းနေသည်။

`အိန္ဒိယက ဟိန္ဒူတွေရဲ့ အယူသီးတဲ့ ထုံးစံကို ခေါ်တာ၊ အိန္ဒိယမှာ လူတစ်ယောက် သေရင် မြေ မမြှုပ်ဘူး၊

မီးသင်္ဂြိုဟ်တယ်၊ သူ့မိန်းမက မီးသင်္ဂြိုလ်တဲ့ ထင်းပုံပေါ် တက်ပြီး သေသူနှင့်အတူ မီးရှို့ခံရတယ်’

`ဟင် ကြောက်စရာကြီး၊ ဘာဖြစ်လို့ ဒီထုံးစံကို လိုက်လုပ်နေကြတာလဲ၊ ပုလိပ်တွေကကော မတားဘူးလား’



`မတားပါဘူး၊

ယောက်ျားနှင့်အတူ

မီးသင်္ဂြိုဟ်

မခံရင်

အဲဒီ

မိန်းမကို

လူ့အဖွဲ့အစည်းက

ကြဉ်ကြတယ်၊

အမျိုးကောင်းသမီး မပီသဘူးပေါ့၊ ဒီနေ့ည မင်း အဝတ်အစား တောက်တောက်ပပ ဝတ်ပြီး အရိုင်ကပွဲမှာ ဝင်ကရင်တော့ ဟိုထောင့်က အမျိုးသမီးကြီးတွေက မင်းကို မေးငေါ့ကြမှာပဲ၊ အဲဒီလိုပေါ့၊ ကျုပ်အမြင် အရ ပြောရရင်တော့ ကျုပ်တို့ တောင်ပိုင်း ထုံးစံနှင့် စာရင် ဟိန္ဒူတွေရဲ့ ဆပ်တီးက တော်သေးတာပေါ့၊ ကျုပ်တို့ တောင်ပိုင်းက မုဆိုးမတွေက အရှင် လတ်လတ် မြေမြှုပ်ခံထားရတာနှင့် ဘာထူးသေးသလဲ’

189



`စကားလက်ဟာ အရှင်လတ်လတ် မြေမြှုပ် ခံထားရတယ်လို့ ပြောချင်တာပေါ့’



`မိန်းမတွေဟာ တော်တော် ခက်တယ်၊ သူတို့ ကိုယ်ကို တုပ်နှောင်ထားတဲ့ သံကြိုးကို အတင်း လိုက်ဆွဲနေကြတယ်၊

ဟိန္ဒူတွေရဲ့ ဆပ်တီးကိုတော့ ခေတ် နောက်ကျတယ်လို့ မင်း ထင်တယ်၊ ဒါပေမယ့် မင်း ကိုယ်တိုင်ကျတော့လည်း ဒီလို အနှောင်အဖွဲ့မျိုးတွေက ရုန်းထွက်ရဲတဲ့ သတ္တိ မရှိဘူး၊ မဟုတ်ဘူးလား၊ တကယ်လို့သာ ပြည်နယ် ကိစ္စလို အရေးတကြီး ကိစ္စမပေါ်ရင် ဒီလို ပျော်ပွဲမျိုးကို မင်း မလာဘူး မဟုတ်လား၊ မလာရဲဘူး မဟုတ်လား’

စကားလက် အငြင်းအခုံ မလုပ်ချင်။ ငြင်းရ ခုံရသည်ကို စိတ်ပျက်သည်။ သူ့စကားက မှန်သင့်သလောက် မှန်သည်။

သို့ရာတွင် မည်သို့ ဖြစ်စေ ပြောတိုင်း လိုက်၍ ခေါင်းမညိတ်နိုင်။ သူ့အကြောင်း သိအောင် ပြရမည်။

`ဟုတ်တယ်၊ ကျွန်မ လာစရာ အကြောင်း မရှိဘူး၊ လာရင် ကျွန်မ ခင်ပွန်းကို မလေးစားရာ၊ မချစ်ရာ’



ရက် ဘတ်တလာက သူ့စကားများကို စောင့်၍ နားထောင်သည်။ သူ့မျက်လုံးများက လှောင်ပြောင်သည့်ဟန်

ပေါ်နေသည်။ ထို့ကြောင့် စကားလက် ရှေ့ဆက် မပြောနိုင်။ ချားလ်ကို သူ မချစ်ကြောင်း ဤလူကြီး ကောင်းကောင်း သိသည်။ ယခုမှ ချားလ်ကို ချစ်ဟန် ဆောင်ပြလျှင် ဤလူကြီးက ဤအတိုင်း နားထောင်နေမည် မဟုတ်။ လူကြီး လူကောင်း ဆိုလျှင် ကိစ္စမရှိ။ မိန်းမသား တစ်ယောက်က လိမ်ပြောနေမှန်း သိသည့်တိုင် ယုံကြည်ဟန် ဆောင်ကာ နားထောင်နေ လိမ့်မည်။ ဤသည်မှာ တောင်ပိုင်းသားတို့၏ ထုံးစံ ဖြစ်သည်။ လူကြီး လူကောင်း ဆိုသည်မှာ ရှေးထုံးစံကို အမြဲ လိုက်နာသည်။ သင့်တင့်လျောက်ပတ်သည့် စကားကို ဆိုတတ်သည်။ မိန်းမသား တစ်ယောက်ကို ငဲ့ညှာသည်။ သို့ရာတွင် ဤလူကြီးကမူ ရှေးထုံးစံကိုလည်း ဂရုစိုက်ဟန် မတူ။ သူတကာတွေ မပြောသည့် စကားများကို လူရှေ့ သူရှေ့ မရှောင် ပြောတတ်သည်။

`ကျုပ် စောင့်နားထောင်နေပါတယ်’



`ရှင်ဟာ တော်တော် ကြောက်စရာ ကောင်းတယ်’



စကားလက်က အလျှော့ ပေးရသည်။ သူ့ကို မကြည့်ဘဲ မျက်လွှာ ချလိုက်သည်။



ရက် ဘတ်တလာက ဆိုင်ခန်း ခုံတန်းပေါ်တွင် လက်ထောက်၍ ရှေ့သို့ ကုန်းလိုက်သည်။ သူ့ပါးစပ်က စကားလက်

နားနှင့် ကပ်နေသည်။ သူက နား နားသို့ ကပ်ကာ ဇာတ်ပွဲထဲက လူကြမ်းများလို သွားကြား လေသံဖြင့် ခပ်တိုးတိုး ပြောသည်။

`မကြောက်ပါနှင့် မိန်းကလေးရဲ့၊ မင်း လျှို့ဝှက်ချက်ကို ဘယ်သူ့မှ မပြောပါဘူး’



`ဘာ’ စကားလက်က တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောသည်။ `ရှင် ရှင် ဘာတွေ လျှောက်ပြောနေ’



`မင်း စိတ်မချမ်းမသာ ဖြစ်နေမှာ စိုးလို့ပါ၊ ဘာ ပြောစေချင်လို့လဲ၊ တုလွတ်ကျွန်းလျှင်၊ ချစ်ကျွမ်း ဝင်လော့၊ အချစ်မဝင်၊

အပြစ်မြင်က၊ သင်၏ ဖြစ်ပျက်၊ လျှို့ဝှက်ချက်ကို၊ ငါ ဖွင့်ဆိုအံ့ လို့ ပြောစေချင်သေး လို့လား’

စကားလက်သည် စိတ် မပါ့တပါဖြင့် သူ့ မျက်လုံးများကို ဆိုင်လိုက်သည်။ သူ့မျက်လုံးများက သူငယ်လေး

တစ်ယောက်၏ မျက်လုံးများလို ခပ်လှောင်လှောင်။ စကားလက် ရုတ်တရက် ရယ်သည်။ သူ့ ဖြစ်နေပုံက ရယ်စရာ၊ စိတ်ညစ်စရာ။

190

သူကလည်း ရယ်သည်။ သူ့ရယ်သံက ကျယ်သွားသဖြင့် ခန်းမဆောင်တွင် ထိုင်နေသည့် အပျိုရံ မိန်းမကြီးများက ဆတ်ခနဲ လှည့်ကြည့်ကြသည်။ ချားလ်၏ မုဆိုးမသည် သူစိမ်း တစ်ယောက်နှင့် ရယ်လား မောလား လုပ်နေသည်ကို ကြည့်ကြခြင်း ဖြစ်သည်။ မနှစ်သက်ဟန်ဖြင့် တစ်ဖက်သို့ လှည့်သွားကြသည်။

ဘင်တီးသံများ ကြားရပြီးနောက် တိတ်ဆိတ်စွာ နေရန် အချက်ပေးသံများ ပေါ်လာသည်။ ဒေါက်တာမိက စင်မြင့်ပေါ်

တက်လာကာ တိတ်ဆိတ်စွာ နေရန် လက်ကာ ပြသည်။

`ကျွန်တော်တို့

နိဗ္ဗာန်ဈေးဟာ

စီးပွားရေးအရ

အောင်မြင်ရုံသာ

မကဘူး၊

စစ်ရေးပြတဲ့

ခန်းမဆောင်ကြီးကို

အချောအလှတွေ စုဝေးရာ၊ နှင်းဆီ အဖူးအငုံတို့ ပွင့်ရာ ပန်းဥယျာဉ်ကြီး တစ်ခုအဖြစ် ရောက်အောင်လည်း လုပ်နိုင်ခဲ့တယ် ခင်ဗျ၊ ဒါကြောင့် မမောနိုင် မပန်းနိုင် မျိုးချစ်စိတ် ထက်သန်စွာနှင့် လာရောက် ကူညီကြတဲ့ အမျိုးသမီး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်’

အားလုံးက လက်ခုပ်တီးကြသည်။



`အမျိုးသမီးများဟာ နိဗ္ဗာန်ဈေးကြီး အောင်မြင်စွာ ခင်းကျင်းနိုင်ဖို့ အတွက် အချိန်ပေးခဲ့ကြတယ်၊ လုပ်အားလည်း

ပေးခဲ့ကြတယ်၊ ဒီနိဗ္ဗာန်ဈေးမှာ ခင်းကျင်း ပြသထားတဲ့ ပစ္စည်းများဟာ ချစ်စရာ ကောင်းတဲ့ ကျွန်တော်တို့ တောင်ပိုင်းသူ အမျိုးသမီး အချောအလှများရဲ့ လက်နှင့် ပြုလုပ်ခဲ့ကြတဲ့ ပစ္စည်းတွေ ဖြစ်တဲ့ အတွက် နှစ်ဆတိုးပြီး လှနေပါတယ်’

သဘောကျ၍ အော်သံများ ပေါ်လာသည်။ စကားလက် ဘေးတွင် ခုံတန်းကို မှီ၍ ရပ်နေသည့် ရက် ဘတ်တလာက

`တော်တော်ကြွားတဲ့ ဆိတ်သိုးကြီး’ ဟု ခပ်တိုးတိုး ပြောသည်။

ဒေါက်တာမိသည် အတ္တလန်တာ တစ်မြို့လုံးက ဂုဏ်ယူရသည့် မြို့မျက်နှာဖုံး ဖြစ်သည်။



ဤလို ပုဂ္ဂိုလ် တစ်ယောက်ကို ရက်ရက်စက်စက် ပြောသဖြင့် စကားလက် လန့်သွားကာ သူ့ကို လှမ်းကြည့်လိုက်သည်။

ပြောမည် ဆိုလျှင်လည်း ပြောစရာ။ ဒေါက်တာမိက ဆိတ်မုတ်ဆိတ်နှင့်၊ တကယ့် ဆိတ်သိုးကြီး တစ်ကောင်နှင့် တူနေသည်။ စကားလက် မချုပ်တည်းနိုင်တော့။ ကျိတ်၍ ရယ်သည်။

`ဒါပေမယ့် ဒါတွင် မကသေးပါဘူး၊ ဆေးရုံ ကော်မတီဝင် အမျိုးသမီးများဟာ ခြစ်ခြစ်တောက် ပူနေတဲ့ လူနာတွေရဲ့

နဖူးပြင်တွေကိုလည်း အေးမြတဲ့ လက်နုနုနယ်နယ် ကလေးတွေနှင့် စမ်းသပ် ယုယခဲ့ကြ ပါတယ်၊ ကျွန်တော်တို့ရဲ့ ဂုဏ်ပြောင်တဲ့ အရေးတော်ပုံကြီး အတွင်းမှာ ဒဏ်ရာရကြတဲ့ ရဲစွမ်းသတ္တိ ရှိတဲ့ သားကောင်းများကိုလည်း သေမင်း ခံတွင်းက ဆွဲထုတ် ပေးခဲ့ကြပါတယ်၊ ဒါကို ကျွန်တော် အကျယ်ချဲ့ မပြောတော့ပါဘူး၊ ကျွန်တော်တို့မှာ အင်္ဂလန်က ဆေးဝါးပစ္စည်းတွေ ဝယ်ဖို့ ငွေလိုပါတယ်၊ ပြီးခဲ့တဲ့ တစ်နှစ် လုံးလုံး ရန်သူ စစ်ကြောင်းတွေကို ဖောက်ထွက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို သွင်းလာတဲ့ ရဲရင့်တဲ့ နာမည်ကျော် ဗိုလ်ကြီးဟာလည်း ဒီနေ့ည ဒီနိဗ္ဗာန်ဈေးကို ရောက်လာပါတယ်၊ ကျွန်တော်တို့ လိုတဲ့ ဆေးဝါး ပစ္စည်းတွေကို ဒီ ဗိုလ်ကြီးကပဲ ရန်သူ စစ်ကြောင်းထဲက ဖောက်ထွက်ပြီး သွင်းလာမှာ ဖြစ်ပါတယ်၊ အဲဒီ ဗိုလ်ကြီးကတော့ တခြားသူ မဟုတ်ပါဘူး၊ ဗိုလ်ကြီး ရက် ဘတ်တလာပဲ ဖြစ်ပါတယ်’

ရက် ဘတ်တလာသည် မမျှော်လင့်ဘဲ ကြားလိုက်ရသည့် အတွက် အံ့အားသင့်သွားသည်။ ယဉ်ကျေးစွာ ဦးညွှတ်၍

191

ပြလိုက်၏။ တမင် အလေးအနက် ပြု၍ ယဉ်ကျေးဟန် ဆောင်နေသည်ဟု စကားလက် ထင်သည်။ နိဗ္ဗာန်ဈေးသို့ ရောက်လာ သူများကို အထင်သေးသဖြင့် တမင် ယဉ်ကျေးဟန် ပြုနေပုံ ပေါ်သည်။ ရက် ဘတ်တလာက ဦးညွှတ်ပြလိုက်သည်တွင် သြဘာ လက်ခုပ်သံတွေ ဟိန်းထွက်လာသည်။ အမျိုးသမီးများက သူ့ကို လှမ်းကြည့်ကြသည်။ ချားလ်၏ မုဆိုးမ ကလေးနှင့် စကားပြောနေသူဟု သိသွားကြသည်။ ချားလ် ခမျာ သနားစရာ။ သေသည်မှာ တစ်နှစ်ပင် မပြည့်တတ်သေး။

`ကျွန်တော်တို့မှာ ရွှေ လိုတယ်၊ ဒါကြောင့် ခင်ဗျားတို့ကို ကျွန်တော် မေတ္တာ ရပ်ခံနေရတာ’ ဒေါက်တာ မိက

ဆက်ပြောသည်။

`ခင်ဗျားတို့ဆီက စွန့်လွှတ် အနစ်နာခံမှုကို ကျွန်တော် တောင်းဆိုနေခြင်း ဖြစ်တယ်၊ ဒါပေမယ့် ခင်ဗျားတို့ရဲ့ စွန့်လွှတ်

အနစ်နာခံမှုဟာ ရဲရင့် ပြောင်မြောက်တဲ့ ရှေ့တန်း စစ်မျက်နှာ တပ်သားတွေရဲ့ စွန့်လွှတ်မှုနှင့်စာရင် ဘာမှ မပြောပလောက်ပါဘူး၊ ရယ်စရာတောင် ကောင်းပါသေးတယ်၊ အမျိုးသမီးများ ခင်ဗျား၊ ခင်ဗျားတို့ရဲ့ လက်ဝတ် ရတနာတွေကို ကျွန်တော် လိုချင်ပါတယ်၊ ကျွန်တော် လိုချင်တယ်လို့ ပြောတာထက် ကျွန်တော်တို့ရဲ့ သီးခြား ပြည်နယ် အရေးတော်ပုံကြီးက လိုချင် နေပါတယ်၊ လက်ဝတ် ရတနာတွေကို အရေးတော်ပုံကြီးက တောင်းဆိုနေပါတယ်၊ ရက်ရက် ရောရော လှူဒါန်းကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့် ပါတယ်၊ လှပတဲ့ လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ ကျောက်မျက် ရတနာဟာ လှပါတယ်၊ မျိုးချစ် အမျိုးသမီးများရဲ့ ရင်အုံပေါ်က ရင်ထိုးများဟာလည်း လှပါတယ်၊ ဒါပေမယ့် ဒီ ရွှေငွေ ရတနာတွေ အားလုံးထက် စွန့်လွှတ် အနစ်နာခံမှုက ပိုလို့ လှပါတယ်၊ အလှူခံလို့ ရတဲ့ ရွှေတွေကို အရည် ကျိုပြီး ကျောက်မျက် ရတနာ များကို ရောင်းချပါ့မယ်၊ အဲဒီ ရတဲ့ ငွေတွေနှင့် ဆေးရုံသုံး ပစ္စည်းတွေ၊ ဆေးဝါးတွေ ဝယ်မှာ ဖြစ်ပါတယ်၊ အခု ကြွလာတဲ့ အမျိုးသမီးများ ခင်ဗျား၊ ရှေ့တန်း စစ်မြေပြင်မှာ ဒဏ်ရာ ရခဲ့တဲ့ ရဲစွမ်း သတ္တိနှင့် ပြည့်စုံတဲ့ ရဲဘော် နှစ်ဦးက ပရိသတ်များ ကြားမှာ ဆင်းပြီး အလှူခံပါလိမ့်မယ်၊ ပြီးတော့’

ဒေါက်တာမိ၏ နိဂုံးချုပ် စကားများသည် လက်ခုပ် သြဘာသံတွေထဲတွင် ပျောက်သွားသည်။



မုဆိုးမ အဖြစ် စကားလက် တစ်ယောက် ရွှေ ငွေတွေကို မဝတ်ဖြစ်တော့။ သူ အလွန် နှစ်သက်သည့် နားဆွဲကို

လည်းကောင်း၊ ဘွားဘွား ထံမှ ရလိုက်သည့် နှစ်ထပ် ဆွဲကြိုးကြီးကို လည်းကောင်း၊ ရွှေကြိုးပျော့ လက်ကောက်များကို လည်းကောင်း၊ မဟူရာ ရင်ထိုးကို လည်းကောင်း မဆင်ဖြစ်တော့။ ထို့ကြောင့် ဒေါက်တာ မိက အလှူခံလိုက်သောအခါ ဝမ်းသာနေသည်။ ဗိုလ်လေး တစ်ယောက်က ဒဏ်ရာ မရသည့် လက်ဖြင့် ဝက်သစ်ချ ပွေးခွက်ကြီးကို ပိုက်၍ သူတို့ ဆိုင်တန်းဘက်သို့ ဆင်းလာသည်။ အမျိုးသမီး ကြီးငယ်များက လက်ကောက်များ၊ ဆွဲကြိုးများ၊ နားဆွဲများ၊ ဇာညှပ်သည့် ရွှေကလစ်များ၊ ရွှေရင်ထိုးများကို ဖြုတ် လှူ ကြသည်။ ရယ်သံ၊ နောက်ပြောင် ကျီစယ်သံများက ဆူညံနေသည်။ လက်ကောက်သံ တချွင်ချွင်ကို ကြားရသည်။ `ဟော ဟော ခုမှ ဖြုတ်လို့ရတယ်၊ နေပါဦး၊ ယူသွားပါဦး’ ဟူသော အသံများကိုလည်း ကြားရသည်။ မေဘယ် မယ်ရီဝယ်သာက နှစ်ထပ် ရွှေလက်ကောက်ကို ဖြုတ်ပေးသည်။ ဖန်နီ အယ်လ်ဆင်းက `မေမေ လှူလိုက်တော့မယ်နော်’ ဟု ပြော၍မှ စကားမဆုံးမီ ဘိုးဘွား လက်ထက် ကတည်းက ပိုင်လာသော ပုလဲ ဆံညှပ်ကို ဖြုတ်ပြီးသား ဖြစ်နေသည်။ အလှူခံ ခွက်ထဲသို့ ပစ္စည်း တစ်ခု ရောက်သွားတိုင်း လက်ခုပ် သြဘာသံတွေ လျှံနေသည်။

ယခု စကားလက်တို့ ဆိုင်တန်းဘက်သို့ လှည့်လာပြီ။ ခွက်က ပစ္စည်းတွေ ပြည့်နေသဖြင့် လေးလှပြီ။ ရက်

ဘတ်တလာက ရွှေဆေးလိပ်ဘူးကို အရေးမကြီးသည့်ဟန် ပစ်ထည့်လိုက်သည်။ စကားလက်က ခေါင်းကို ယမ်းကာ

192

လက်နှစ်ဖက်ကို မြှောက်၍ ခါပြလိုက်သည်။ သူ့တွင် လှူစရာ ဘာမျှမပါ ဆိုသည့် သဘော ဖြစ်သည်။ အလှူ မထည့်သူ ဆို၍ သူတစ်ယောက်သာ ရှိသဖြင့် စကားလက် ခွကျ နေသည်။ ချက်ချင်း သူ့လက်မှ လက်ထပ် ရွှေလက်စွပ်ကို စကားလက် မြင်လိုက်သည်။

စကားလက် မျက်စိထဲတွင် ချားလ်၏ မျက်နှာကို မြင်လာသည်။ လက်စွပ်ကို ဝတ်ပေးစဉ်က ချားလ်၏ ရှက်အမ်းအမ်း

မျက်နှာ။ သို့ရာတွင် ချားလ် အကြောင်းတွေ့လျှင် ခဏသာ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက် သွားလေ့ရှိသည့်အတိုင်း ယခုလည်း ချားလ်၏ မျက်နှာသည် မှုန်ဝါးသွားသည်။ ချားလ်၊ သူ့ကြောင့် သူ့ဘဝ ဆုံးခဲ့ရသည်။ မုဆိုးမ ဖြစ်ခဲ့ရသည်။ အအို ဖြစ်ခဲ့ရသည်။

စကားလက်က လက်စွပ်ကို ဆွဲချွတ်လိုက်သည်။ သို့ရာတွင် ထစ်နေသည်။ အလှူခံက မီလာနီ ရှေ့သို့ ရောက်သွားပြီ။



`ခဏ ခဏ အလှူ ထည့်ချင်လို့’



စကားလက်က လှမ်းအော်သည်။ လက်စွပ်ကို ချွတ်၍ ထည့်လိုက်သည်။ ခွက်ထဲတွင် ဆွဲကြိုး၊ နာရီ၊ လက်စွပ်၊ ကလစ်၊

လက်ကောက်၊ အမျိုးစုံနေသည်။ လက်စွပ်ကို ထည့်ရင်း ရက် ဘတ်တလာသို့ လှမ်းကြည့်လိုက်ရာ မျက်လုံးချင်း ဆုံနေကြသည်။ ရက် ဘတ်တလာက မသိမသာ ပြုံးနေသည်။ စကားလက်က မသိဟန်ပြုကာ လက်စွပ်ကို ခွက်ထဲသို့ ထည့်လိုက်သည်။

`အို စကားလက်ရယ်’ မီလာနီက လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။ သူ့မျက်လုံးများက ဂုဏ်ယူခြင်း၊ စကားလက်ကို

အထင်ကြီးခြင်း စသည်တို့ကို ဖော်ပြနေသည်။

`စကားလက် သိပ်တော်တာပဲကွယ်၊ သိပ် သတ္တိ ကောင်းတာပဲ၊ ဒီမှာ ဗိုလ်လေး ပီကာ့၊ ခဏ ခဏ၊ ကျွန်မ တစ်ခု

ကျန်သေးလို့’

မီလာနီက သူ့ လက်ထပ် လက်စွပ်ကို ချွတ်သည်။ ထိုလက်စွပ်ကို အက်ရှလေက ဝတ်ပေးပြီးသည့် နောက်တွင်

မီလာနီ တစ်ခါမျှ မချွတ်စဖူး။ မီလာနီသည် လက်စွပ်ကို ခက်ခက်ခဲခဲ ချွတ်ကာ လက်ဖဝါးထဲတွင် အတန်ကြာ ဆုပ်ထားသည်။ ထို့နောက် ကျောက်မျက် ရတနာပုံပေါ်သို့ အသာ တင်လိုက်သည်။ သူတို့ နှစ်ယောက်သည် အမျိုးသမီးကြီးများ ဘက်သို့ သွားနေသော အလှူခံ ရဲဘော်ကို ငေးကြည့်နေကြသည်။ စကားလက်က အရေး မကြီးသည့် အမူအရာ။ မီလာနီက သနားစရာ့ အမူအရာ။ သူတို့ နှစ်ယောက်စလုံး၏ အမူအရာကို အနီးတွင် ရှိသည့် ရက် ဘတ်တလာ သတိ ထားလိုက်မိသည်။

`စကားလက်ကြောင့် ထည့်ဖြစ်တာ၊ စကားလက်သာ သတ္တိကောင်းကောင်းနှင့် မလှူဖြစ်ရင် မီလာနီလည်း လှူဖြစ်မှာ

မဟုတ်ဘူး’

မီလာနီက စကားလက် ခါးကို လျှိုဖက်၍ ညှစ်လိုက်သည်။ စကားလက်သည် သူ့လက်ကို ဆွဲဖြုတ် ပစ်လိုက်ချင်သည်။

ဖေဖေ စိတ်ဆိုးလျှင် အော်သလို စိတ်ရှိ လက်ရှိ အော်ပစ်လိုက်ချင်သည်။ သို့ရာတွင် ရက် ဘတ်တလာနှင့် အကြည့်ချင်း ဆုံနေသဖြင့် ခပ်မဲ့မဲ့ ပြုံးပြလိုက်သည်။ သူ လုပ်သမျှကို မီလာနီက ပြောင်းပြန် နားလည်နေသဖြင့် စကားလက် စိတ်ပျက်သည်။ သို့ရာတွင် သူ့စိတ်ရင်းကို မသိသည်က ပို ကောင်းသည်ဟု စကားလက် ထင်သည်။

193



`လုပ်လိုက်ပုံကလေးက သိပ်လှတာပဲနော်’



ရက် ဘတ်တလာက ခပ်တိုးတိုး ပြောလိုက်သည်။



`ဒီစေတနာမျိုးလေး တွေကြောင့် ရှေ့တန်းက ရဲဘော်တွေ အားတက်ကြရတာပေါ့’



စကားလက် ပါးစပ်က လွှတ်ခနဲ ပြောလိုက်မည် ပြုပြီးမှ ချုပ်ထား လိုက်ရသည်။ သူ ပြောသည့် စကားလုံးတိုင်းက

လှောင်သံ ပါနေသည်။ စကားလက် သူ့ကို တော်တော် မြင်ပြင်းကတ်နေပြီ။ ပိုင်စိုးပိုင်နင်း ထိုင်ခုံတန်းကို လက်ထောက်၍ မှီနေလိုက်သေးသည်။ သို့ရာတွင် သူက စိတ်ဝင်စားစရာ။ ဆွဲငင်ဓာတ် ရှိသယောင်ယောင်။ စိတ်တန်ခိုး ကြီးမားသယောင်ယောင်။ စကားလက် ကိုယ်ထဲက အိုင်းရစ်သွေးသည် သူ့ မျက်လုံး နက်နက်များကို စိန်ခေါ်နေသည်။ ဤလူကြီးကို တစ်ချီ နှစ်ချီလောက် ခပ်စပ်စပ်ကလေး တွယ်လိုက်ဦးမည်ဟု စကားလက် တေးထားလိုက်သည်။ ခက်သည်က ကိုယ့် လျှို့ဝှက်ချက်ကို သူ သိနေသဖြင့် သူက တစ်ပန်းသာ နေသည့် အနေအထား ရအောင် ယူရဦးမည်။ သူ့ကို မည်မျှ မုန်းကြောင်း၊ အထင်သေးကြောင်း ပြောလိုက်ချင်သည်။ သို့ရာတွင် မဖြစ်သေး။ ယင် ဖမ်းချင်လျှင် အချဉ်ရည်ထက် သကြားက ပို၍ ဖမ်းမိသည်ဟု ကြီးဒေါ်က မကြာခဏ သင်ဖူးသည်။ သူက ဤယင်ကောင်ကို ဖမ်း၍ နှိမ်ထားချင်သည်။ သကြား သုံးမှ ဖြစ်မည်။ နောင်တွင် သူ့ကို ခြောက်လှန့်ခြင်း မပြုနိုင်အောင် လုပ်ရမည်။

`ဟုတ်ကဲ့၊ ကျေးဇူး တင်ပါတယ်’



စကားလက်က သူ လှောင်သည်ကို တကယ် မသိဟန်ဆောင်ကာ အသံ ချိုချို ထား၍ ပြောလိုက်သည်။ `ဗိုလ်ကြီး

ဘတ်တလာလို နာမည်ကျော် ပုဂ္ဂိုလ် တစ်ယောက်က ချီးမွမ်းတဲ့ အတွက် အများကြီး ဝမ်းသာပါတယ်’

ရက်

ဘတ်တလာက

ခေါင်းကို

နောက်လှန်ကာ

တဟားဟား

ရယ်သည်။

တိုးတိုးတိတ်တိတ်

မဟုတ်။

လွတ်လွတ်လပ်လပ်ကြီး ရယ်နေသဖြင့် စကားလက် မျက်နှာ တစ်ခုလုံး ရဲတက်လာသည်။

`မင်း စိတ်ထဲက တကယ် ရှိတာကို ဘာဖြစ်လို့ မပြောတာလဲ ကလေးမရဲ့’ သူက အသံကို နှိမ့်လိုက်သဖြင့် လူသံတွေ

ကြားတွင် နှစ်ကိုယ်ကြား စကားပြောသံ အဖြစ်သို့ ရောက်သွားသည်။ `ကျုပ် လူကြီး လူကောင်း မဟုတ်ဘူး၊ လူဆိုး တစ်ယောက်လို့ ဘာဖြစ်လို့ မပြောသလဲ၊ ထွက်သွားရင် သွား၊ မသွားရင် ရဲဘော် တစ်ယောက်ကို ခေါ်ပြီး ဆွဲထုတ် ရမယ်လို့ ဘာဖြစ်လို့ မပြောတာလဲ’

စကားလက် ပြတ်ပြတ်တောင်းတောင်း ပြောချလိုက်ချင်သည်။ သို့ရာတွင် ချုပ်တည်းလျက်



`အို ဘယ်လို ပြောတာလဲ ဗိုလ်ကြီး၊ ရန်သူ စစ်ကြောင်းကို စွန့်စွန့်စားစား ဖောက်ထွက်လာတဲ့ ဗိုလ်ကြီးလို နာမည်ကျော်

ပုဂ္ဂိုလ် တစ်ယောက်ကို’

`တော်ပြီ၊ ကျုပ် မင်းကို စိတ်ကုန်သွားပြီ’



`စိတ်ကုန်သွားတယ် ဟုတ်လား’

194



`ဟုတ်တယ်၊ စ တွေ့တုန်းက မင်းကို ကျုပ် တော်တော် အထင်ကြီးခဲ့တယ်၊ မင်းဟာ ရုပ်လည်း ချောတယ်၊ သတ္တိလည်း

ကောင်းတယ်လို့ ကျုပ် ထင်ခဲ့တယ်၊ ခုတော့ ကျုပ် မှားသွားပြီ၊ မင်းမှာ ရုပ်ကလေး ချောတာပဲ ရှိတယ်’

`ဒါဖြင့် ကျွန်မက သတ္တိ မရှိဘူးပေါ့’



စကားလက် စိတ်တိုလာသည်။



`ဟုတ်တာပေါ့၊ မင်း စိတ်ထဲ ရှိတာကို ထုတ်ပြောရဲတဲ့ သတ္တိမျိုးမှ မရှိဘဲ၊ တွေ့စတုန်းကတော့ ကျုပ် ထင်တယ်၊ မင်းဟာ

တစ်သန်းမှာ တစ်ယောက်ယောက်သာ ရှိတဲ့ မိန်းကလေးမျိုး၊ အမေ ပြောတာကို မြေဝယ်မကျ နားထောင်တဲ့ နလပိန်းတုံး ကလေးမမျိုးလေး မဟုတ်ဘူး၊ ကိုယ့်စိတ်ထဲ ရှိတာကို ဖုံးကွယ်ပြီး စကား ချိုချိုလေးတွေကို ဟန်ဆောင် ပြောတတ်တဲ့ ခပ်ထိုင်းထိုင်း ကလေးမျိုးလေး မဟုတ်ဘူး၊ မှန်တယ် ထင်တာကို ပြောရဲ လုပ်ရဲတဲ့ ကလေးမ တစ်ယောက်လို့ အထင်ကြီးခဲ့တယ်၊ စကားလက် ဆိုတဲ့ ကလေးမရဲ့ စိတ်ဓာတ်မျိုးဟာ ရှာမှ ရှားလို့ ထင်ခဲ့တယ်၊ သူ လိုချင်တာကို သူ နားလည်တယ်၊ သူ့စိတ်ထဲ ရှိတာကို ပြောရဲတယ်၊ ပြီးတော့ ပန်းအိုးနှင့်လည်း ပေါက်ရဲတယ် ဆိုပြီး အထင်ကြီးခဲ့တယ်၊ ခုတော့’

`သြော် ဒီလိုလား’ စကားလက် စိတ်ဆိုးလာသည်။ `ကောင်းပြီ၊ ကျွန်မ စိတ်ထဲ ရှိတာကို ပြောပြမယ်၊ ရှင်ဟာ မိသား

ဖသားစစ်ရင် ကျွန်မဆီကို လာပြီး ဒီလို မဟုတ်တရုတ်တွေ လာပြောနေမှာ မဟုတ်ဘူး၊ ရှင့်ကို မျက်နှာချင်း မဆိုင်ချင်ဘူး ဆိုတာ ရှင်သိတယ်၊ ရှင်ဟာ လူကြီး လူကောင်း မဟုတ်ဘူး၊ လူဆိုး လူယုတ်မာ၊ မိမစစ် ဖမစစ်က မွေးတာ၊ ယန်ကီတွေ စစ်ကြောင်းကို ဖြတ်ပြီး ကုန်တွေ သွင်းလာနိုင်လို့ ရှင်က ရှင့်ကိုယ်ရှင် ဟုတ်လှပြီလို့ ထင်နေတယ်၊ အသေခံ တိုက်တဲ့ ရဲဘော်တွေ၊ အရေးတော်ပုံ အတွက် စွန့်လွှတ် အနစ်နာခံတဲ့ အမျိုးသမီးတွေကို စော်ကားနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ရှင့်ကိုယ်ရှင်’

`တော်ပါတော့၊ တော်ပါတော့’ သူက ပြုံး၍ ပြောသည်။ `မင်း စကားပြောပုံကလေးက သိပ်မဆိုးပါဘူး၊ စိတ်ထဲ

ရှိတာကိုလည်း ပြောရဲသားပဲ၊ ဒါပေမယ့် အရေးတော်ပုံ အကြောင်းကိုတော့ မပြောပါနှင့်၊ တောင်းပန်ပါရစေ၊ အရေးတော်ပုံ ဆိုတဲ့ အကြောင်းကို ကြားရတာ နားငြီးလွန်းလို့ပါ၊ ကျူပ် ထင်ပါတယ်၊ မင်းလည်း ကျုပ်လိုပဲ နားငြီး’

`ရှင် ရှင် ဘာစကား’



စကားလက် ပါးစပ်မှ လွှတ်ခနဲ ထွက်သွားသည်။ သို့ရာတွင် ချက်ချင်း သတိထားလိုက်သည်။ သူ့ ထောင်ချောက်ထဲသို့

ဝင်သွားသည့် သူ့ကိုယ်သူလည်း မကျေမနပ် ဖြစ်နေသည်။

`စောစောက ကျုပ် တံခါးဝမှာ ရပ်ပြီး မင်းကို ကြည့်နေတယ်၊ တခြား မိန်းကလေးတွေကိုလည်း ကြည့်နေတယ်၊

သူတို့ အားလုံးရဲ့ မျက်နှာတွေက တစ်ပုံစံတည်းပဲ၊ ဒါပေမယ့် မင်းမျက်နှာက သူတို့နှင့် မတူဘူး၊ မျက်နှာက အကဲခတ်ရတာ လွယ်ပါတယ်၊ မင်း လုပ်နေတာကို မင်း စိတ်မဝင်စားပါဘူး၊ အရေးတော်ပုံနှင့် ဆေးရုံ ကိစ္စတွေကိုလည်း မင်း စဉ်းစားနေတာ မဟုတ်ပါဘူး၊ ကျုပ် ပြောရဲတယ်၊ မင်း မျက်နှာကို ကြည့်ရတာက သိပ်ပြီး ကချင်နေတဲ့ မျက်နှာ၊ သိပ်ပျော်ချင်နေတဲ့ မျက်နှာ၊ ဒါပေမယ့် မကရ မပျော်ရလို့ မချင့်မရဲ ဖြစ်နေတဲ့ မျက်နှာ၊ ကဲ ပြောလေ၊ ကျုပ် ပြောတာ မဟုတ်ဘူးလား’

`ကျွန်မ ဗိုလ်ကြီးကို နောက်ထပ် ဘာမှ မပြောလိုဘူး’ စကားလက် ဣနြေ္ဒဆည်ကာ အသံကို အတတ်နိုင်ဆုံး

တည်ငြိမ်အောင် ကြိုးစား၍ ပြောသည်။ `ရန်သူ စစ်ကြောင်းကို ဖောက်လာနိုင်တာနှင့် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီ၊

195

အမျိုးသမီးတွေကို စော်ကား ပိုင်ခွင့် ရှိပြီလို့တော့ မထင်လိုက်နှင့်’

`ဘာ ရန်သူစစ်ကြောင်းကို ဖောက်ထွက်လာတဲ့ လူ ဟုတ်လား၊ တကယ့် ပြက်လုံးပဲ၊ အချိန်ရရင်တော့ ကျုပ်ကို

နည်းနည်းလေး စကားပြောခွင့်ပြုပါ၊ သီးခြား ပြည်နယ်နှင့် ပတ်သက်လို့ ကျုပ် လုပ်ခဲ့တာလေးတွေကို မင်း တစ်မျိုး နားလည်နေတယ်၊ အဲဒါကလေးကိုတော့ နည်းနည်း ရှင်းခဲ့ပါရစေ’

`ရှင့် ကြွားလုံးတွေကို ကျွန်မ နားထောင်မနေနိုင်ဘူး’



`ရန်သူ စစ်ကြောင်းကို ဖောက်ပြီး ကုန်ပစ္စည်းတွေ သွင်းလာတယ်ဆိုတာ ကျုပ်က ပြည်နယ်ကြီးကို ချစ်လွန်းလို့

အရေးတော်ပုံကြီးကို ယုံကြည်လွန်းလို့ လုပ်နေတာ မဟုတ်ဘူး၊ အဲဒါလေးတော့ မင်း သိထား စေချင်တယ်၊ ဒီအလုပ်ဟာ ကျုပ်အဖို့ စီးပွားရေး လုပ်ငန်း၊ ပိုက်ဆံ ရှာတဲ့ လုပ်ငန်း၊ ပိုက်ဆံ မလိုချင်တော့ဘူး ဆိုတဲ့ တစ်နေ့မှာ ကျုပ်လည်း ဒီအလုပ်ကို မလုပ်တော့ဘူး၊ ဒီတော့ မင်း ဘာထင်သလဲ’

`ဘယ်လို ထင်ရမှာလဲ၊ ဒီအတိုင်းဆိုရင် ရှင်ဟာ တကယ့် ကြေးစား လူမိုက်ပဲ၊ ယန်ကီတွေနှင့် ဘာထူး သေးလို့လဲ’



`ဟုတ်တယ်၊ ဘာမှ မထူးဘူး’ သူက ရယ်သည်။ `ယန်ကီတွေက ကျုပ်ကို ပိုက်ဆံရအောင် အကူအညီ ပေးတယ်၊

ဒါကြောင့်မို့ မနှစ်တုန်းက ဆိုရင် ကျုပ် စက်လှေကို နယူးယောက် ဆိပ်ကမ်း အထိ မောင်းသွားပြီး ကုန်တွေ တင်လာနိုင်တာပေါ့’

`ဟင်’ စကားလက် ဣနြေ္ဒ မဆည်နိုင်တော့။ တအံ့တသြ ဖြစ်နေသည်။ `ရှင့် စက်လှေကို အမြောက်နှင့်

မပစ်ကြဘူးလား’

`ခက်လိုက်ပါဘိ မိန်းကလေးလေး၊ ဘာလို့ ပစ်ရမှာလဲ၊ ကျုပ်တို့ ပြည်နယ်ကို ကုန်တွေ ရောင်းပြီး ပိုက်ဆံရှာနေတဲ့

ယန်ကီ မျိုးချစ် ပုဂ္ဂိုလ်ကြီးတွေလည်း ပြည်ထောင်စုဘက်မှာ ရှိတာပေါ့၊ ကျုပ် စက်လှေကို နယူးယောက် ဆိပ်ကမ်းမှာ ဝင်ကပ်တယ်၊ ယန်ကီ ကုန်တိုက်က ပစ္စည်းတွေကို ဝယ်တယ်၊ ဒါပေမယ့် တစ်ခါတလေ ကျတော့လည်း နာဆောက ပြည်ထောင်စု ဘက်သား ယန်ကီ မျိုးချစ် ပုဂ္ဂိုလ်ကြီးတွေဆီ သွားပြီး ယမ်းမှုန့် ဝယ်တယ်၊ အင်္ဂလန် သွားဝယ်ရတာနှင့် စာရင် အများကြီး သက်သာတာပေါ့၊ တစ်ခါတလေ ကျတော့လည်း အခက်အခဲလေးတွေ တွေ့သပေါ့လေ၊ ဒါပေမယ့် မီးသေအောင် ရွှေစလေး ဘာလေး ပေးရတာပေါ့’

`ယန်ကီတွေဟာ လူဆိုးတွေ ဆိုတာတော့ သိတယ်၊ ဒါပေမယ့်’



`သူတို့ဘာသာ သူတို့ ကောင်းရောင်း ကောင်းဝယ် လုပ်စားနေတာကို ဘာဖြစ်လို့ မကောင်း ပြောချင်ရတာလဲ

ကလေးမရယ်၊ နောက် အနှစ် တစ်ရာလောက် ကြာရင် ဒီကိစ္စဟာ အသေးအဖွဲကလေး ဖြစ်သွားတော့မှာပေါ့၊ သီးခြား ပြည်နယ်ဟာ နောက်ဆုံးမှာ သူတို့လက် ပြန်ရောက်မယ် ဆိုတာ သိပြီးသားပဲ၊ ဘာဖြစ်လို့ သီးခြား ပြည်နယ်နှင့် ကုန်မကူးရမှာလဲ၊ သူတို့ဘက်ကနေ ကြည့်ရင် ဒီလိုပဲ လုပ်ရမှာပေါ့’

`သူတို့လက်ထဲကို ပြန်ရောက်မယ် ဟုတ်လား’



`ဟုတ်တယ်၊ ပြန်ရောက်မယ်’

196



`ရှင် ထွက်သွားရင် ကောင်းမယ် ထင်တယ်၊ ဒါမှမဟုတ်ရင်လည်း ကျွန်မ ရထားခေါ်ပြီး အိမ်ပြန်မယ်’



`တော်တော် ခေါင်းမာတဲ့ သူပုန်မလေးပဲ’



ရက် ဘတ်တလာက ရုတ်တရက် ပြုံးသည်။ ထို့နောက် ဦးညွှတ် နှုတ်ဆက်၍ ဆောင့်ကြွားကြွားဟန်ဖြင့် ထွက်သွားသည်။

စကားလက် စိတ်ဆိုးလွန်းသဖြင့် အသက်ကို အနိုင်နိုင်ရှူရသည်။ သူ့ရင်အုံသည် နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။ စိတ်ပျက် အားငယ်ခြင်း ဖြစ်မိသည်။ မည်သည်ကို စိတ်ပျက်သည် ဟူ၍ ခွဲခြားမရ။ အစစ်အမှန်ဟု ထင်ထားခဲ့သည့် အရာတစ်ခု ပျက်စီး ပြိုလဲသွားသော အခါတွင် ခံစားရသည့် ကလေးငယ် တစ်ယောက်၏ စိတ်ပျက် အားငယ်ခြင်းမျိုး ဖြစ်သည်။ ရန်သူစစ်ကြောင်းကို စွန့်စွန့်စားစား ဖြတ်၍ ကုန်ပစ္စည်း သွင်းလာသူများကို ရစရာ မရှိအောင် ပြောသွားသည်။ သီးခြား ပြည်နယ် အရေးတော်ပုံသည် ကျဆုံးမည်ဟု ပြောသွားခဲ့သည်။ သစ္စာဖောက် တစ်ယောက် အနေဖြင့် ပစ်သတ်ဖို့ ကောင်းနေပြီ။ စကားလက်သည် ခန်းမဆောင်ထဲက ပရိသတ်များကို လှမ်းကြည့်သည်။ သူတို့ မျက်နှာက ဂုဏ်ယူသည့် မျက်နှာ။ အရေးတော်ပုံကို ယုံကြည်သည့် မျက်နှာ။ သေချာပေါက် အောင်ပွဲရမည်ဟု စိတ်ချသည့် မျက်နှာ။ သို့ရာတွင် သူ့ရင်ထဲတွင်မူ မယုံမရဲ။ အရေးတော်ပုံ ကျဆုံးမည်ဟု သူက ပြောသွားသည်။ မဖြစ်နိုင်။ ဤအတွေးမျိုးသည် မတွေးစကောင်း။

`စကားလက်တို့ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ’ ဈေးဝယ်သူတွေ ပါး၍ သွားချိန်တွင် မီလာနီက မေးသည်။

`စကားလက်တို့ နှစ်ယောက် စကားပြောနေတုန်း မစ္စက် မယ်ရီဝယ်သာက တစ်ချိန်လုံး လှမ်းကြည့်နေတယ်၊ ဒီမိန်းမကြီး အကြောင်း စကားလက်လည်း သိသားပဲ’

`အို အလကား လူပါကွယ်၊ လူက တော်တော် ရိုင်းတဲ့လူပဲ၊ မစ္စက် မယ်ရီဝယ်သာ ပြောတာကိုတော့ စကားလက်

ဂရုမစိုက်ပါဘူး၊ ပြောချင်တာ ပြောပေ့စေပေါ့၊ စကားလက်လည်း ကပ္ပလီ ကျွန်မလေးလို သူ ခိုင်းရာ လုပ်ရတာ စိတ်ပျက်လှပြီ’

`အို စကားလက်ကလည်း’



`ရှူး ရှူး၊ ဒေါက်တာမိ ဘာကြေညာ မလို့လဲ မသိဘူး’



ဒေါက်တာမိက လက်ဝတ်ရတနာများ လှူဒါန်းသည့် အမျိုးသမီးများကို ကျေးဇူးတင်ကြောင်း ပြောနေသည်။ ပရိသတ်က

ငြိမ်နေသည်။

`ဂုဏ်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများ ခင်ဗျား၊ အစီအစဉ်သစ် တစ်ရပ်ကို ကျွန်တော် ကြေညာပါ့မယ်၊

ဒီအစီအစဉ် ကြားရတော့ တချို့က အလန့်တကြား ဖြစ်ကောင်း ဖြစ်သွားပါ့မယ်၊ ဒါပေမယ့် သည်းခံကြပါ၊ ဒီအစီအစဉ်ဟာ ဆေးရုံအတွက်၊ အိပ်ရာပေါ် ပက်လက် လဲနေကြတဲ့ ကျွန်တော်တို့ ရဲဘော်တွေ အကျိုး အတွက် ဖြစ်ပါတယ်’

အားလုံး စူးစိုက်၍ နားထောင် နေကြသည်။ ဣနြေ္ဒ သိက္ခာကြီးသည့် ဒေါက်တာမိလို ပုဂ္ဂိုလ်မျိုးက ကြေညာမည့်

အလန့်တကြား ဖြစ်လောက်သည့် အစီအစဉ် ဆိုသည်မှာ မည်သို့နည်းဟု သိချင်နေကြသည်။

`မကြာခင်မှာ ကပွဲ စပါတော့မယ်၊ ကပွဲကို အယိုင်အကနှင့် ဖွင့်ပါမယ်၊ နောက် ဝေါ့ဇ် ကပါ့မယ်၊ ပြီးတော့ ပိုလ်ကာ အက၊

စကော့ အက၊ မာဇူကာ အကတို့ အစီအစဉ် အလိုက် ဝင်ပါ့မယ်၊ ကြားထဲမှာ အယိုင် ကကွက်ကလေးတွေ ညှပ်သွားပါ့မယ်၊

197

အယိုင်ကကို စဖွင့်တဲ့ နေရာမှာ’

ဒေါက်တာမိက နဖူးက ချွေးကို သုတ်၍ အခန်းထောင့်သို့ လှမ်းကြည့်သည်။ အခန်းထောင့်တွင် ဆရာဝန် ကတော်သည်

အပျိုရံ မိန်းမကြီးများနှင့် ထိုင်နေသည်။

`လူကြီးမင်း ခင်ဗျား၊ ကြိုက်နှစ်သက်ရာ အမျိုးသမီးနှင့် တွဲပြီး အယိုင်ကကို ဖွင့်ချင်ရင် အဲဒီ အမျိုးသမီးနှင့် ကဖို့

လေလံဆွဲရပါ့မယ်၊ ကျွန်တော်က လေလံ တင်ပါ့မယ်၊ ရတဲ့ငွေကို ဆေးရုံ ရန်ပုံငွေ အဖြစ် ထားပါ့မယ်’

ယပ်တောင် ခတ်သံများ ရပ်သွားကာ အခန်းထဲတွင် တီးတိုးသံများ ပေါ်လာသည်။ အပျိုရံ မိန်းမကြီးများ ထိုင်နေသည့်

နေရာ တစ်ဝိုက်တွင် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ ဆရာဝန် ကတော်သည် ဤအစီအစဉ်ကို မကြိုက်သော်လည်း သူ့ယောက်ျား၏ အစီအစဉ် ဖြစ်သဖြင့် သဘာတူရမည် အခက်၊ ကန့်ကွက်ရမည် အခက် ဖြစ်နေသည်။ မစ္စက် အယ်လဆင်းနှင့် မစ္စက် မယ်ရီဝယ်သာတို့က မျက်နှာတွေ နီရဲနေကြသည်။

ထိုအခိုက် မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ သြဘာသံတွေ ပေါ်လာသည်။ အခြား တပ်သားများကလည်း

ထောက်ခံကြသည်။ မိန်းကလေးများကလည်း လက်ခုပ် သြဘာပေးကြသည်။

`ဟို ဟိုဒင်း၊ ကပ္ပလီ ကျွန်တွေကို လေလံပစ်တာနှင့် မတူဘူးလားဟင်’



မီလာနီက ခပ်တိုးတိုး မေးသည်။ ဒေါက်တာမိကို စောစောက အထင်ကြီးသော်လည်း မီလာနီ စိတ်ပျက်နေပြီ။



စကားလက်ကမူ မည်သို့မျှ မပြော။ သို့ရာတွင် သူ့မျက်လုံးများက တလက်လက် တောက်နေကြသည်။ နှလုံးသားက

နာကျင်လာသည်။ သူသာ မုဆိုးမ တစ်ယောက် မဟုတ်ခဲ့လျှင်၊ မစ္စ စကားလက် အိုဟာရာ ဆိုသည့် အပျိုလေး တစ်ယောက် ဖြစ်ခဲ့လျှင် သစ်တော်သီးစိမ်းရောင် ဝတ်စုံ၊ ရင်တွင် ကတ္တီပါ ဖဲကြိုး၊ ခေါင်းတွင် နှင်းဆီပန်းက တဝေဝေဖြင့် ရှေ့သို့ ထွက်လာကာ အယိုင်ကကို ပထမဆုံး ကမိလိမ့်မည်။ သူနှင့် ကချင်သည့် ယောက်ျားလေးတွေ တစ်ပုံကြီး။ ဒေါက်တာ မိလည်း ရန်ပုံငွေ တော်တော်များများ ရမည်။ ယခုမူ ငူငူကြီး ထိုင်ရင်း မေဘယ်နှင့် ဖန်နီတို့ အယိုင်က ထွက်သည်ကို ကြည့်နေရသည်။

`မေဘယ် မယ်ရီဝယ်သာနှင့် ကမယ် ခင်ဗျာ၊ ဒေါ်လာ နှစ်ဆယ်’



အသံဗလံတွေ ကြားထဲက ဗိုလ်လေး ပီကာ့၏ အသံဝဲဝဲနှင့် ပြောသံ ပေါ်လာသည်။



မေဘယ်က ဖန်နီ၏ ပခုံးကို မှီကာ မျက်နှာကို ဝှက်ထားလိုက်သည်။ မိန်းကလေး နှစ်ယောက် တစ်ယောက် မျက်နှာကို

တစ်ယောက် ဝှက်၍ တခစ်ခစ် ရယ်နေကြသည်။ တခြား မိန်းကလေးများ၏ အမည်များကို အော်ခေါ်သံ၊ လေလံကြေး ပေးသံများကို ကြားရသည်။ ဆေးရုံ ကော်မတီ အမျိုးသမီးကြီးများက ဆူညံ ဆူညံ လုပ်နေကြသည်။ ဒေါက်တာမိက ထိုအသံများကို မကြားယောင်ပြု၍ ပြုံးလိုက်၏။

ပထမတွင် မစ္စက် မယ်ရီဝယ်သာက သူ့သမီးကို ဤအစီအစဉ်မျိုးတွင် ပါဝင်ခွင့် မပြုနိုင်ဟု အော်ကျယ် ဟစ်ကျယ်

လုပ်နေသည်။ သို့ရာတွင် မေဘယ်၏ နာမည်ကို တကြော်ကြော် ခေါ်ကာ လေလံကြေးက ခုနစ်ဆယ့်ငါး ဒေါ်လာ အထိ ရောက်လာသည်။ ဤတွင် မစ္စက် မယ်ရီဝယ်သာ၏ လေသံ ပျော့သွားသည်။ စကားလက်သည် ခုံတန်းပေါ်တွင် တံတောင်ဆစ်

198

ထောက်ကာ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် ပရိသတ်ကို ကြည့်နေသည်။ သူတို့ လက်ထဲတွင် ပြည်နယ် အစိုးရ ထုတ် ငွေစက္ကူများကို ကိုင်ထားသည်။

ခဏကြာလျှင် အားလုံး အယိုင်ကရန် အဆင်သင့် ဖြစ်နေကြပြီ။ သူနှင့် အမျိုးသမီးကြီးများသာ ကျန်တော့သည်။

သူမှအပ မိန်းကလေးတိုင်း ပျော်နေကြသည်။ ဒေါက်တာမိ၏ ရှေ့စင်မြင့် အောက်တွင် ရပ်နေသော ရက် ဘတ်တလာကို မြင်လိုက်ရ၏။ စကားလက်က မျက်နှာထားကို ပြင်လိုက်မည် ပြုကာရှိသေး ရက် ဘတ်တလာက သူ့ကို မြင်သွားသည်။ သူ့ နှုတ်ခမ်း တစ်ဖက်က အောက်သို့ ကွေးသွားပြီး မျက်ခုံး တစ်ဖက်က အထက်သို့ တက်သွားသည်။ စကားလက်က ဆတ်ခနဲ မေးထိုးကာ မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်သည်။ ထိုစဉ် သူ့နာမည် ခေါ်သံကို ရုတ်တရက် ကြားလိုက်သည်။ အသံက ခပ်ဝဲဝဲ။ ချက်လက်စတန်သံ။ အခြား အသံများ ဖုံးသွားသည်။

`မစ္စက် ချားလ် ဟယ်မီတန်နှင့် ကချင်တယ် ခင်ဗျ၊ ဒေါ်လာ တစ်ရာ့ငါးဆယ်၊ ရွှေနှင့် ပေးမယ်’



နာမည်နှင့် ကြေးခေါ်သံကြောင့် တစ်ခန်းလုံး တိတ်သွားသည်။ စကားလက် လန့်သွားသည်။ လှုပ်ရှားခြင်းပင် မပြုနိုင်။

မေးကို လက်ဝါး နှစ်ဖက်ဖြင့် ထောက်ထားကာ မျက်လုံး အဝိုင်းသား ဖြစ်နေသည်။ လူတွေက သူ့ကို လှမ်းကြည့်နေကြသည်။ ဒေါက်တာမိက အောက်သို့ ငုံ့ကြည့်ကာ ရက် ဘတ်တလာကို တစ်စုံတစ်ရာ လှမ်းပြောလိုက်သည်။ လင် ဆုံးပြီးစ ဖြစ်၍ ဝင်ကမည် မဟုတ်ဟု ပြောနေခြင်းလော။ ရက် ဘတ်တလာက ပခုံးကို တွန့်ပြသည်။

`တခြား တစ်ယောက်ကို ရွေးပါ ခင်ဗျား’



ဒေါက်တာမိက ပြောသည်။



`မရွေးဘူး ခင်ဗျ၊ မစ္စက် ဟယ်မီတန်ပဲ’



ရက် ဘတ်တလာက ဂရုမစိုက်ဟန်ဖြင့် ပရိသတ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။



`မဖြစ်နိုင်ပါဘူး ခင်ဗျာ၊ မစ္စက် ဟယ်မီတန်က ကမှာ မဟုတ်’



စကားလက်၏ စိတ်ထဲတွင် အသံ တစ်သံကို ကြားလိုက်ရသည်။ ထိုအသံ မည်သူ့အသံ ဖြစ်မှန်း သူ ရုတ်တရက်

သတိမထားမိ။

`ရပါတယ်၊ ကပါတယ်’



စကားလက် မတ်တတ် ရပ်လိုက်သည်။ သူ့နှလုံးသည် တူထုသည့်နှယ် ပြင်းစွာ ခုန်နေသည်။ ကောင်းကောင်းပင်

မရပ်နိုင်။ လူအားလုံးက ဂရုစိုက် အကြည့်ခံရသူ ပြန်ဖြစ်နေသဖြင့် ရင်တဒိတ်ဒိတ် ခုန်နေသည်။ ကပွဲတွင် ပွဲတောင်းခံရပြန်ပြီ။ ပြန်ကရတော့မည်။

`ပြောချင်ရာ ပြောကြပေါ့၊ ဂရု မစိုက်ပါဘူး’ စကားလက် စိတ်ထဲမှ ရွတ်နေသည်။ စကားလက်က ခေါင်းကို ယမ်း၍

ဆံပင်ကို ပင့်တင်ကာ ဆိုင်ခန်းထဲမှ ထွက်လာသည်။ အနက်ရောင် ပိုးသား ယပ်တောင်ကို ဖြန့်ကိုင်လာသည်။ မီလာနီက

199

သူ့ကို တအံ့တသြ ကြည့်နေသည်။ အပျိုရံ မိန်းမကြီးများက မဲ့နေသည်။ ရွယ်တူ မိန်းကလေးများက နှုတ်ခမ်း စူနေသည်။ တပ်သားများက သြဘာပေးကြသည်။

စကားလက် အလယ်ကောင် ကြမ်းပြင်ပေါ်သို့ ရောက်နေပြီ။ ရက် ဘတ်တလာက ဘေး တစ်ဖက် တစ်ချက်

စီတန်းနေသည့် လူတန်းကြီးကြားမှ လျှောက်လာသည်။ မုန်းစရာ လှောင်ပြုံး ပြုံးလျက်။ သို့ရာတွင် စကားလက် ဂရုမစိုက်။ ရက် ဘတ်တလာ သာမက လင်ကွန်း ကိုယ်တိုင် လာစေတော့ စကားလက် ဂရုမစိုက်။ စကားလက် ပြန်ကရတော့မည်။ အယိုင်က ကပွဲကို သူတို့ အတွဲက ခေါင်းဆောင် ရတော့မည်။ စကားလက်က ယဉ်ကျေးသမဥ အနေဖြင့် ပြုံး၍ နှုတ်ဆက်သည်။ ရက် ဘတ်တလာက လက်တစ်ဖက်ကို ရင်တွင် ထိ၍ ဦးညွှတ် နှုတ်ဆက်လိုက်သည်။ တူရိယာဝိုင်း ခေါင်းဆောင် လေဗီသည် အံ့အားသင့်နေသည်။ ခဏကြာမှ တီးဝိုင်းစရန် အချက် ပြလိုက်သည်။

တီးဝိုင်းမှ အယိုင်က တီးလုံးဖြစ်သည့် `ဒစ်က္ကဇီ’ ကို တီးသည်။



`ဗိုလ်ကြီး ဘတ်တလာ၊ ရှင် လုပ်တာနှင့် ကျွန်မ သိပ်ထူးခြားနေပြီ’



`မင်း ကိုယ်တိုင်လည်း ထူးထူးခြားခြား ဖြစ်ချင်နေတယ် မဟုတ်လား’



`လူတွေရှေ့မှာ ဘာဖြစ်လို့ ကျွန်မကို ရွေးခေါ် ရတာလဲ’



`ဒါတော့ မင်း မကချင်ရင် ငြင်းနိုင်သားပဲ’



`ကျွန်မက ... ကျွန်မက အရေးတော်ပုံကို ယုံကြည်တာကိုး၊ ရှင်က ရွှေတွေ တင်ပြီးခေါ်တော့ ကျွန်မ ဘယ်လို

ဖြစ်သွားမှန် မသိဘူး၊ သိပ်ရယ်မနေပါနှင့်၊ လူတွေ ကြည့်နေတယ်’

`သူတို့ကတော့ ကြည့်မှာပဲ၊ ရန်ပုံငွေကြောင့် ကသလေး ဘာလေးနှင့် ကျုပ်ကို ပြောမနေပါနှင့်၊ မင်း ကချင်နေတယ်

မဟုတ်လား၊ ဒီတော့ ကျုပ်ကလည်း နည်းလမ်း ရှာပေးရတာပေါ့၊ သီချင်း ဆုံးတော့မယ် ထင်တယ်၊ ဒါ နောက်ဆုံး အလှည့်လား’

`ဟုတ်တယ်၊ ကျွန်မ ထွက်ထိုင်တော့မယ်’



`ဘာဖြစ်လို့လဲ၊ မင်း ခြေထောက်ကို တက်နင်းမိလို့လား’



`ဟင့်အင်း၊ မဟုတ်ပါဘူး၊ ကျွန်မကို ကဲ့ရဲ့ ကြလိမ့်မယ်’



`မင်းက ကဲ့ရဲ့မှာ ကြောက်တတ်လို့လား’



`အင်း’



`ဘာကြောက်စရာ ရှိသလဲ၊ ရာဇဝတ်မှု ကျူးလွန်နေတာမှ မဟုတ်ဘဲ၊ ကျုပ်နှင့် ဝေါ့ဇ် တစ်ချီလောက် ကဦးမလား’



`မေမေ သိရင်တော့ ဒုက္ခပဲ’

200



`အမေ့ ထဘီနားကို ခုထက်ထိ ဆွဲလိုက်နေ တုန်းလား’



`ရှင့် ပါးစပ်ထဲ ရောက်မှဖြင့် ကျင့်ဝတ်သိက္ခာတို့ ဘာတို့ ဆိုတာတွေဟာ အလကား ဖြစ်ကုန်တာပဲ နော်’



`ကျင့်ဝတ်ဆိုတာ အလကား ဟာတွေပဲ မဟုတ်လား၊ ဘာလဲ မင်းက လူတွေ ပြောမှာကို ဂရုစိုက် သလား’



`ဂရုတော့ မစိုက်ပါဘူး၊ ဒါပေမယ့် ဒါပေမယ့် ကဲပါ ဒီအကြောင်း တော်ပါတော့၊ ဟော ဝေါ့ဇ်တောင် စနေပြီ၊ အယိုင်က

ကရတာ သိပ်မောတာပဲ’

`ကျုပ် မေးတာကို ဖြေပါ၊ စကား လွှဲမပစ်ပါနှင့်၊ ဒိပြင် မိန်းမတွေ ပြောတာကို မင်း ဂရုစိုက် သလား’



`အတင်း မေးတာပဲနော်၊ သိပ်ခက်တာပဲ၊ မစိုက်ပါဘူး၊ ဒါပေမယ့် မိန်းကလေး ဆိုတော့ ဂရုစိုက်ဟန် ဆောင်ရတာပေါ့၊

ဒီနေ့ည ကတာလည်း ပြောကြမှာပဲ၊ ဒါပေမယ့် ဂရုမစိုက်ပါဘူး’

`အေး၊ ဒီလိုမှပေါ့၊ ကိုယ့် အကြောင်းကို သူများတွေ တွေးခွင့် မပေးဘဲ ကိုယ့်ဘာသာကိုယ် တွေးတတ်လာပြီ၊ မဆိုးဘူး၊

တော်တော် ပညာရှိလာပြီ’

`ဒါပေမယ့်’



`ကျုပ်လိုသာ လူတွေ အထင်သေးတာ၊ ကဲ့ရဲ့တာကို ခံခဲ့ရဖူးရင် မင်းလည်း ဒါတွေကို ဒီလောက် ဂရုစိုက်တော့မှာ

မဟုတ်ပါဘူး၊ ချာလက်စတန်မှာ ဆိုရင် ကျုပ်ကို ဘယ်အိမ်ကမှ မလာစေချင်ကြဘူး၊ အရေးတော်ပုံ အတွက် ကျုပ် ကူညီခဲ့တာတောင် ကျုပ်ကို အကောင်း မပြောကြဘူး’

`ဒါတော့ ဆိုးတာပေါ့’



`အရေးမကြီးပါဘူး၊ ဂုဏ်သိက္ခာ ဆိုတာ ဝန်ထုပ် ဝန်ပိုးကြီးတွေ ထမ်းနေရသလိုပဲ၊ ဂုဏ်သိက္ခာ မရှိတော့ နေရတာ

ပေါ့ပါးတယ်၊ လွတ်လပ်တယ်၊ ဂုဏ် သိက္ခာ မရှိတဲ့ အခါကျတော့ မင်း ဒါတွေကို နားလည်လာ လိမ့်မယ်’

`ရှင် ပြောတာတွေက ကြောက်စရာပါလား’



`ကြောက်စရာတော့ ကောင်းတယ်၊ ဒါပေမယ့် အဲဒါ အမှန်ပဲ၊ မင်းမှာ သတ္တိ ရှိတယ် ပိုက်ဆံ ရှိတယ် ဆိုရင် ဂုဏ်သိက္ခာ

ဆိုတာ မလိုပါဘူး’

`ပိုက်ဆံနှင့် ဝယ်လို့ မရတာတွေ ရှိသေးတယ်လေ’



`မင်းကို ဘယ်သူက ဒီလို ဆုံးမထားသလဲ၊ မင်းဘာသာ မင်းတော့ တွေးတတ်မှာ မဟုတ်ပါဘူး၊ ကဲ၊ ပြောစမ်းပါဦး၊

ပိုက်ဆံနှင့် ဝယ်လို့ မရတာ ဘာ ရှိလို့လဲ’

`ဟင့်အင်း၊ ဒါတော့ ကျွန်မ မပြောတတ်ဘူး၊ စိတ်ချမ်းသာမှုတို့ အချစ်တို့ ဖြစ်မှာပေါ့’

201



`ဝယ်လို့ ရပါတယ်ကွယ်၊ ဝယ်လို့ မရတဲ့အခါ ကျတော့လည်း အဲဒီဟာတွေကို အစားထိုးနိုင်တဲ့ တခြားက ပစ္စည်းတွေကို

ဝယ်တာပေါ့’

`ရှင်က ဘယ်လောက်များ ပိုက်ဆံ ရှိလို့လဲ ဗိုလ်ကြီး ဘတ်တလာ’



`မင်း မေးခွန်းက တော်တော် ဗြောင်ကျတဲ့ မေးခွန်းပဲ၊ ကျုပ်တောင် ကြောင်သွားတယ်၊ ကျုပ်လား ရှိတာပေါ့၊ ကျုပ်

ငယ်ငယ်တုန်းက ကျုပ် လက်ထဲမှာ ပိုက်ဆံဆိုလို့ တစ်ပြားမှ မရှိဖူးဘူး၊ အဲဒီ ဘဝနှင့် စာရင် ကျုပ်မှာ ခု ပိုက်ဆံတွေ အများကြီး ရှိတာပေါ့၊ ပိတ်ဆို့မှုကို ဖောက်ပြီး မှောင်ခို ကုန်ကူးတာနှင့်ချည်းပဲ ကျုပ် တစ်သန်းလောက် ရပြီ’

`တကယ်’



`တကယ်ပေါ့၊ ခေတ် တစ်ခေတ် ထူထောင်ရင် လူတွေ ကြီးပွားကြသလို ခေတ် တစ်ခေတ် ပျက်ရင်လည်း

ကြီးပွားကြတာပဲ၊ ဒါကို လူတွေ သဘောမပေါက်ကြဘူး’

`ရှင် ဘာကို ဆိုလိုတာလဲ’



`ရှင်းပါတယ်၊ ဒီနေ့ည ဒီကိုလာကြတဲ့ လူတွေ မင်းရော၊ ကျုပ်ရော အပါအဝင် လာသမျှ လူတွေဟာ တောရိုင်းကို

ခုတ်ထွင်ပြီး ခေတ်သစ်ကြီး တစ်ခုကို ထူထောင်ရင်း ကြီးပွားလာကြတဲ့ လူတွေ မဟုတ်ဘူးလား၊ တိုင်းပြည် တည်ဆောက်ချိန်မှာ လူတွေ ကြီးပွားလာကြတာပဲ၊ ဒါပေမယ့် တိုင်းပြည် ပျက်ချိန်က ပိုပြီး ကြီးပွားလွယ်တယ်’

`ဘယ်ခေတ်ကို ရှင် ပြောနေတာလဲ’



`ကျုပ်တို့ ခုနေတဲ့ ခေတ်ကြီးပေါ့၊ တောင်ပိုင်းသားတွေရဲ့ ခေတ်ကြီး၊ သီးခြား ပြည်နယ်တွေ ခွဲထွက်တဲ့ ခေတ်ကြီး၊

ဝါဂွမ်း အင်ပိုင်ယာကြီးပေါ့၊ ခု အဲဒီခေတ်ဟာ ပြိုလဲပျက်စီးနေပြီ၊ နလပိန်းတုံးတွေကတော့ ဒီခေတ်ကြီး ပြိုလဲပျက်စီးနေတာကို မမြင်ကြဘူး၊ ခေတ်ကြီး ပျက်နေတာကို ဝင်ပြီး အခွင့်ကောင်း မယူတတ် ကြဘူး၊ ကျုပ်က ခု အဲဒီ ခေတ်ပျက်ကြီးကို မှီပြီး အခွင့်ကောင်း ယူနေတယ်၊ ချမ်းသာအောင် လုပ်နေတယ်’

`ဒါဖြင့် ကျွန်မတို့ သီးခြား ပြည်နယ်တွေဟာ တကယ် ရှုံးတော့မှာပေါ့’



`ဒါပေါ့၊ ဘာဟန်ဆောင်နေစရာ လိုသေးလဲ’



`ဟင့်အင်း၊ ကျွန်မ ဒါတွေ နားမလည်ဘူး၊ စိတ်လည်း မဝင်စားဘူး၊ စိတ်ချမ်းသာစရာကို မပြောတတ် တော့ဘူးလား

ဗိုလ်ကြီး ဘတ်တလာ’

`မင်း မျက်လုံးတွေက စိမ်းကြည်နေတဲ့ ရေ အပြည့် ထည့်ထားတဲ့ ရွှေငါးကန်လေး နှစ်ကန်နှင့် တူတယ်၊ ခုလို

ရွှေငါးကလေး နှစ်ကောင် ရေပေါ်တက်ပြီး မြူးနေတဲ့ အခါကျတော့ မင်းဟာ သိပ်ချစ်စရာ ကောင်းတယ်၊ ကဲ အဲဒီလို ပြောတယ်ဆိုရင် မင်း စိတ်ချမ်းသာ မလား’

`ဟင့်အင်း၊ ကျွန်မ ဒါမျိုးတွေ မကြားချင်ဘူး၊ ဂီတဝိုင်းက တော်တော် ကောင်းတယ်နော်၊ ဒီလို ဝိုင်းမျိုးနှင့် ဆိုရင် ဝေါ့ဇ်

202

ချည်းပဲ ကနေချင်တော့တာပဲ၊ ဒါမျိုး မကရတာ ကြာလှပြီ’

`ကျုပ်နှင့် တွဲကသူတွေထဲမှာတော့ မင်းလောက် အက ကောင်းတာ တစ်ယောက်မှ မရှိသေးဘူး’



`ဗိုလ်ကြီး ဘတ်တလာ၊ ကျွန်မကို သိပ်ဖက် မထားနှင့်လေ၊ လူတွေ ကြည့်နေတယ်’



`ဘယ်သူမှ မကြည့်ဘူး ဆိုရင်ကော’



`ရှင့်ကိုယ် ရှင် မေ့သွားပြီ ထင်တယ် ဗိုလ်ကြီး ဘတ်တလာ’



`ဟင့်အင်း၊ မမေ့ပါဘူး၊ ကျုပ် ရင်ခွင်ထဲမှာ မင်း ရှိနေရင် ကျုပ်ကိုယ်ကျုပ် ဘယ်မေ့နိုင်ပါ့မလဲ၊ တေးသွားက ဘာလဲ၊

အသစ်လား’

`ဟုတ်တယ်၊ သိပ်ကောင်းတဲ့ သီချင်းနော်၊ ယန်ကီတွေဆီက ရတဲ့ သီချင်းလေ’



`သီချင်း နာမည်က’



`ပြည်တွင်းစစ် ပြီးသောအခါ တဲ့’



`စာသားတွေကကော ဘာတဲ့လဲ၊ ကျုပ်ကို ဆိုပြပါ့လား’

XX ကိုယ်တို့ နှစ်ယောက် နောက်ဆုံး တွေ့ချိန် ကိုကွယ် XX မှတ်မိသေးတယ် XX ကိုယ့်ရှေ့မှာ ထိုင်ပြီးတော့ ရင်ကို ဖွင့်ခဲ့တယ် XX မောင်ရပ်ပြန်တော့ XX ယောက်ျား ပီသ ခံ့ညားလှတယ် XX မေတ္တာ မပျက်ပါဘူးတဲ့ သစ္စာပန္နက် ရိုက်ခဲ့တယ် XX ပြည်တွင်းစစ် ပြီးသောအခါဝယ် XX ကိုယ်တို့ နှစ်ယောက် ပြန်လည် ဆုံတွေ့ကြမယ် XX

`ရှင်က ဝေါ့ဇ် တော်တော် အက ကောင်းသားပဲ၊ ဒီတစ်ခါ ပြီးရင် နောက်တော်တော်နှင့် ကဖြစ်ဦးမှာ မဟုတ်တော့ဘူး’



`အို နောက်တစ်ချီ ကဦးမှာပေါ့၊ မင်းကို နောက် အယိုင်ကမှာ ကျုပ် လေလံဆွဲဦးမယ်၊ နောက် တစ်ချီ ပြီးတော့

နောက်တစ်ချီ’

`ဟင့်အင်း၊ ကျွန်မ မကနိုင်တော့ဘူး၊ လူတွေက သိက္ခာ မရှိဘူးလို့ ပြောကြလိမ့်မယ်’



`ကျစရာ သိက္ခာလည်း မင်းမှာ မရှိတော့ပါဘူးကွယ်၊ ခုလည်း စုတ်ပြတ်နေပါပြီ၊ ဒီတော့ ဘာထူးသေးလဲ၊ နောက်တစ်ချီ

ဆက်ကပေါ့၊ ကျုပ်နှင့် ငါးခါ ခြောက်ခါလောက် ကပြီးရင် ဒီပြင်လူတွေ အလှည့်ပေးမယ်၊ ဒါပေမယ့် နောက်ဆုံး အလှည့်ကျရင် ကျုပ်နှင့် ကရမယ်’

`သဘောပဲလေ၊ ကျွန်မ လုပ်ပုံက သိပ်တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်မ ဂရုမစိုက်ပါဘူး၊ ဘယ်သူတွေ ဘာပြောပြော

ကျွန်မ ဂရုမစိုက်ဘူး၊ ကျွန်မ အိမ်တွင်း အောင်းနေရတာ ငြီးငွေ့လှပြီ၊ ဟုတ်တယ်၊ ကမှာပဲ၊ ကမယ်’

`အနက်ကြီးလည်း မဝတ်ပါနှင့်၊ ကျုပ်ကလည်း အဲဒီ အဝတ်ကြီးကို သိပ်မုန်းတာပဲ’

203



`ဟင့်အင်း၊ ဒါတော့ မဖြစ်သေးဘူး၊ လူတွေ ပြောကြလိမ့်မယ်၊ အို သိပ်မဖက်နှင့်လေ ဗိုလ်ကြီး ဘတ်တလာ၊

သိပ်ဖက်ရင် စိတ်ဆိုးရလိမ့်မယ်’

`မင်း စိတ်ဆိုးရင် ပိုပြီး ကြည့်လို့ကောင်းတယ်၊ မင်း တကယ် စိတ်ဆိုး မဆိုး သိရအောင် ကျုပ် ဖက်ပစ်လိုက်မယ်လေ၊

ဝက်သစ်ချမြိုင်မှာ မင်း စိတ်ဆိုးတုန်းက သိပ်ကြည့်လို့ ကောင်းတာပဲ၊ ပန်းအိုးနှင့် ပေါက်’

`တော်ပါတော့၊ ဒီအကြောင်းကို မမေ့သေးဘူးလား’



`ဟင့်အင်း၊ မမေ့ဘူး၊ ကျုပ် တစ်သက်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ မြင်ကွင်းပဲ၊ နူးနူးညံ့ညံ့ တောင်ပိုင်းက အပျိုမလေး

အိုင်းရစ်သွေး ဆူပြီး ဒေါပွ နေတဲ့ပုံ၊ မင်းဟာ တကယ် အိုင်းရစ်ဆန်တယ်’

`ဟော သီချင်းဆုံးနေပြီ၊ ဒေါ်လေး ပစ်တီတောင် နောက်ခန်းထဲက ထွက်လာပြီ၊ မစ္စက် မယ်ရီဝယ်သာ သွားပြောတယ်

ထင်တယ်၊ လာ လာ ပြတင်းပေါက်နား ရှောင်နေရအောင်၊ ခုတွေ့လို့ မဖြစ်သေးဘူး၊ သူ့မျက်လုံးကြီးတွေက ပြူးလို့၊ စိတ်ဆိုးနေပြီ’

204

၁၀    

နောက်တစ်နေ့ နံနက် လက်ဖက်ရည်ပွဲတွင် ဒေါ်လေး ပစ်တီ မျက်ရည်စမ်းစမ်းနှင့် ဖြစ်နေသည်။ မီလာနီက

တိတ်ဆိတ်လျက်။ စကားလက် မကျေမနပ် ဖြစ်နေသည်။

`ပြောချင်တာ ပြောကြပစေပေါ့၊ စကားလက် ဂရုမစိုက်ပါဘူး၊ ဆေးရုံ ရန်ပုံငွေ အတွက် ဒိပြင် မိန်းကလေးတွေထက်

စကားလက် ငွေ ပိုရှာပေးခဲ့တယ်၊ နိဗ္ဗာန်ဈေး ရောင်းရတဲ့ ငွေထက်တောင် များသေးတယ်’

`ပိုက်ဆံက ဘာ အရေးလဲ စကားလက်ရယ်’ ဒေါ်လေး ပစ်တီက ညည်းသည်။ `ဒေါ်လေးဖြင့် ကိုယ့် မျက်စိတောင်

ကိုယ် မယုံနိုင်ဘူး၊ ချားလ် ဆုံးပြီးတာ ဘယ်လောက်များ ကြာသေးလို့လဲ၊ ပြီးတော့ တွဲကတဲ့ လူကလည်း တကယ့်လူ၊ ဗိုလ်ကြီး ဘတ်တလာနှင့်တဲ့၊ တကယ့် ကြောက်စရာ လူနှင့်မှ သွားပြီး ကတယ်၊ ချာလက်စတန်က ပြန်လာတဲ့ လူတွေဆီက သူ့အကြောင်း အကုန် ကြားပြီးပြီ၊ မျိုးရိုးကတော့ မဆိုးပါဘူး၊ ဒါပေမယ့် သူတို့ အမျိုးထဲမှာ တကယ့် လူဆိုး၊ ချာလက်စတန်မှာလည်း သူ့ကို ဘယ်သူကမှ အဆက်အဆံ မလုပ်ကြဘူး၊ သိပ်နာမည် ပျက်တာပဲတဲ့၊ ပြီးတော့ မိန်းကလေး တစ်ယောက်ကိုလည်း ဖျက်ဆီးခဲ့ သတဲ့၊ သူ ဆိုးပုံကတော့ ပြောလို့တောင် မကောင်းဘူးတဲ့’

`ဒီလောက်တော့ ဆိုးပုံ မရပါဘူး’ မီလာနီက ဝင်ပြောသည်။ `ကြည့်ရတာကတော့ လူကြီး လူကောင်း တစ်ယောက်ပါ၊

ပိတ်ဆို့မှုကိုလည်း သူပဲ သတ္တိကောင်းကောင်းနှင့် ဖောက်ထွက်ခဲ့တာပဲ’

`ဒီလောက်လည်း သတ္တိမကောင်းပါဘူး’ စကားလက်က ကန့်လန့်ပြောပြီး မုန့်ယှက်ပေါ်သို့ အချိုရည် ဆမ်းနေသည်။

`သူ ဒီလို ဖောက်ထွက်တာ ပိုက်ဆံ လိုချင်လို့တဲ့၊ ပိုက်ဆံ အတွက် လုပ်တာတဲ့၊ စကားလက်ကို ပြောပြတယ်၊ သီးခြား ပြည်နယ်တို့ ဘာတို့ ဆိုတာလည်း သူ ဂရုမစိုက်ဘူးတဲ့၊ စကားလက်တို့ သီးခြား ပြည်နယ်လည်း ရှုံးမှာပဲတဲ့၊ အက ကတော့ သိပ်ကောင်းတာပဲ’

ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ နှစ်ယောက် တိတ်သွားသည်။



`အိမ်တွင်း အောင်းရတာကို စကားလက် ငြီးငွေ့လာပြီ၊ နောက်ထပ် မအောင့်နိုင်တော့ဘူး၊ မနေ့ညက ကိစ္စကို

ဝိုင်းပြောနေကြပြီ ဆိုတော့ စကားလက် အဖို့ သိက္ခာ ပျက်စရာ မကျန်တော့ပါဘူး၊ သူတို့ ပြောချင်ရာ ပြောကြပစေ့ပေါ့’

ဤလို အတွေးမျိုးသည် ရက် ဘတ်တလာ၏ အတွေးဟု မထင်။ သူ့အတွေး သူ့သဘောထားနှင့် တစ်ထပ်တည်း

ဖြစ်နေသည်။

`စကားလက် မေမေများ ကြားရင် ဘယ်လို ပြောမလဲ၊ ဒေါ်လေးကိုလည်း ဘယ်လို ထင်မလဲ’



သူ့သမီး အကြောင်း မေမေ ကြားလျှင် မည်သို့ ရှိမည်နည်း။ ထိုအခါကျမှ စကားလက် မေမေ့ကို အမှတ်ရသည်။

205

သို့ရာတွင် အတ္တလန်တာနှင့် မြိုင်သာယာက နှစ်ဆယ့်ငါးမိုင် ဝေးသည်။ ဒေါ်လေး ပစ်တီကလည်း မေမေ့ကို ပြောမည် မဟုတ်။ ပြောလျှင် မိန်းကလေး တစ်ယောက်ကို မထိန်းနိုင်ရကောင်းလောဟု သူ့အပေါ်ပင် တာဝန်ကျမည်။ ဒေါ်လေး ပစ်တီက မပြောလျှင် မေမေ့ကို မည်သူမျှ ပြောမည့်သူ မရှိ။

`ဒေါ်လေး စိတ်ကတော့ ဦးလေး ဟင်နရီဆီကို စာရေးချင်တယ်၊ တကယ်တော့ သူနှင့်လည်း သိပ် အဆက်အဆံ

မလုပ်ချင်ပါဘူး၊ ဒါပေမယ့် ဒေါ်လေးတို့ ဆွေမျိုးထဲမှာ ယောက်ျား ကြီးကြီးမားမား ဆိုလို့ သူပဲ ရှိတာ၊ ဒီတော့ သူ့ဆီ စာရေးပြီး ဗိုလ်ကြီး ဘတ်တလာကို နောက် ဒီလို မလုပ်ဖို့ အပြောခိုင်းရမလား မသိဘူး၊ ချားလ်သာ ရှိရင် ဒီလို လူမျိုးနှင့် ဘယ်တော့မှ စကားပြောရမှာ မဟုတ်ဘူး’

မီလာနီက လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်၍ တိတ်ဆိတ်စွာ ထိုင်နေသည်။ စားပွဲပေါ်က မုန့်ကို တစ်ချပ်မျှ

မနှိုက်ရသေး။ မီလာနီက ထလာကာ စကားလက်ကို နောက်မှ သိုင်းဖက်လိုက်သည်။

`စကားလက်ရယ်၊ ဒီလောက်လည်း စိတ်ထိခိုက် မနေပါနှင့်၊ မီလာနီ နားလည်ပါတယ်၊ တကယ်တော့ မနေ့ညက

စကားလက် လုပ်လိုက်တာဟာ ရဲရင့်တဲ့ အပြုအမူ တစ်ရပ်ပါ၊ ဒီလို လုပ်လိုက်တဲ့အတွက် ဆေးရုံ ရန်ပုံငွေတွေ အများကြီး တိုးသွားတယ်၊ စကားလက်ကို မကောင်း ပြောကြစမ်းပါစေ၊ မီလာနီ ရှေ့က ရပ်မယ်၊ အပြော မခံဘူး၊ ဒေါ်လေးကလည်း ငိုမနေစမ်းပါနှင့်၊ ဟုတ်သားပဲ၊ ဘယ်မှ မသွားရဘဲ အိမ်ခေါင်းထဲမှာချည်း ဘယ် အောင်းနေနိုင်ပါ့မလဲ၊ ခုမှ ငယ်ငယ်ကလေး ရှိသေးတာ’

မီလာနီက စကားလက်၏ ဆံပင် နက်နက်များကို ပွတ်သပ်ပေးနေသည်။



`ဟုတ်တယ်၊ တစ်ခါတလေတော့ ပျော်ပွဲတို့ ဧည့်ခံပွဲတို့ကို သွားပေးရမယ်၊ စစ်ဖြစ်နေချိန် ဆိုတော့ သာမန် အချိန်မှာလို

အိမ်ထဲ ကုပ်မနေနိုင်ဘူး၊ ပြည်နယ် အတွက် တတ်နိုင်တဲ့ ဘက်က ဝိုင်း လုပ်ပေးရမှာပေါ့၊ ကိုယ့်ကိစ္စကြောင့် အိမ်ထဲ ကုပ်နေရင် မီလာနီတို့လောက် ကိုယ်ကျိုးကြည့်တာ ဘယ်မှာ ရှိတော့မလဲ၊ ကိုယ့် ကိစ္စလေးကိုသာ အရေးတကြီး ထားနေသလို ဖြစ်နေမှာပေါ့၊ တချို့ စစ်သား ရဲဘော်တွေ ဆိုရင် သားမယား ဆွေမျိုးနှင့် ခွဲပြီး တစ်ရပ်တစ်ကျေးမှာ လာနေကြရတယ်၊ လည်စရာ အသိ မိတ်ဆွေတောင် မရှိဘူး၊ တချို့ ရဲဘော်တွေ ဆိုရင်လည်း ဆေးရုံပေါ်မှာ ဒဏ်ရာကြီးတွေနှင့် ပက်လက် နေရတယ်၊ ဒီအချိန်မှာ မီလာနီ တို့က ချားလ် ဆုံးတာကို အကြောင်းပြုပြီး ပြည်နယ် ကိစ္စတွေထဲ မပါဘဲ ရှောင်နေရင် ဘယ်တရားမလဲ၊ ဒီပြင် အိမ်တွေမှာ စစ်သား လူနာ နာလန်ထတွေကို ခေါ်ပြီး တင်ထားကြတယ်၊ မီလာနီတို့ အိမ်ကို စစ်သား ရဲဘော် သုံးယောက် ခေါ်ထားမယ်၊ တနင်္ဂနွေနေ့တိုင်း ရဲဘော်တွေကို ဖိတ်ပြီး ညစာတို့ ဘာတို့ ကျွေးတဲ့အခါ ကျွေးမယ်၊ ကဲ၊ စကားလက် စိတ်ရှုပ်မနေနှင့်၊ အကြောင်း သိလာတဲ့ အခါကျတော့ လူတွေကလည်း ပြောတော့မှာ မဟုတ်ပါဘူး၊ ချားလ်ကို စကားလက် ဘယ်လောက် ချစ်တယ် ဆိုတာ မီလာနီတို့ သိတယ်’

စကားလက်က သူ ထင်သလို စိတ်မရှုပ်။ မီလာနီက သူ့ခေါင်းကို ဖွနေသဖြင့် သူ့လက်ထဲမှ ခေါင်းကို ယမ်း၍

ရုန်းထွက်လိုက်ချင်သည်။ မီလာနီက သူ့ဘက်က ရပ်၍ ကာကွယ်မည်ဟု ဆိုသည်။ မီလာနီ ကာကွယ်ပေးသည်ကို သူ မလိုချင်။ ကျေးဇူးတင်ပါသည်။ သို့ရာတွင် သူ့ဘာသာသူ ကာကွယ်နိုင်သည်။ သူ လုပ်ပုံကို ကြောင်အိုမကြီးတွေ သဘော မကျလျှင်လည်း နေပါစေ။ ကိစ္စ မရှိ။ ကြောင်အိုမကြီးတွေ မရှိတော့ ဘာအရေးနည်း။ ကမ္ဘာပေါ်တွင် ယောက်ျားတွေ တစ်ပုံကြီး။

206



ဒေါ်လေး ပစ်တီက မျက်ရည်တွေကို သုတ်နေသည်။ ထိုစဉ် ပရဇ္ဇီ ဝင်လာကာ စာတစ်စောင် လာပေးသည်။



`မမ မီလာနီဖို့တဲ့၊ ကပ္ပလီ သူငယ်လေး တစ်ယောက် ပေးသွာတယ်’



`ငါ့ဖို့ ဟုတ်လား’



မီလာနီက စာအိတ်ကို ဖွင့်ဖတ်သည်။ စကားလက်က မုန့်ပွဲကို ဆက်စားနေသဖြင့် မီလာနီကို သတိ မထားမိ။ မီလာနီ၏

ငိုသံကို ကြား၍ မော့ကြည့်လိုက်သည်။ ဒေါ်လေး ပစ်တီက သူ့ရင်ကို ဖိထားသည်။

`အက်ရှလေ ကျသွားပြီတဲ့’



ဒေါ်လေး ပစ်တီက ငို၍ ပြောသည်။ သူ့လက် နှစ်ဖက်သည် အရုပ်ကြိုးပြတ်သည့်နှယ် တွဲလောင်း ကျနေသည်။



`ဘုရား ဘုရား’



စကားလက် တစ်ကိုယ်လုံး ရေခဲတုံးကြီးပမာ အေးစက်သွားသည်။



`မဟုတ်ပါဘူး ဒေါ်လေး၊ ဘယ်က ဟုတ်ရမှာလဲ’ မီလာနီက အော်သည်။ `ဟဲ့ ပရဇ္ဇီ၊ လာစမ်းပါ၊ မြန်မြန် မြန်မြန်၊

ဒေါ်လေး ဒေါ်လေး သတိရတယ် နော်၊ အသက် မှန်မှန်ရှူ၊ မဟုတ်ပါဘူး ဒေါ်လေးရဲ့၊ မီလာနီ ဝမ်းသာလွန်းလို့ ငိုတာပါ၊ ဒေါ်လေးကလည်း ရမ်းသန်းပြီး လန့်နေတာပဲ’

မီလာနီက ဆုပ်ထားသည့် လက်ထဲမှ အရာတစ်ခုကို နှုတ်ခမ်းသို့ ကပ်လိုက်သည်။ စကားလက် လှမ်းကြည့်လိုက်သည်။

ရွှေလက်စွပ်ကလေး တစ်ကွင်း။

`ဖတ်ကြည့်လေ စကားလက်၊ သိပ်သိတတ်တဲ့ လူ၊ ကိုယ်ချင်းစာတတ်တဲ့လူ’



မီလာနီက စာကို ထိုးပေးသည်။ ပီသ ဝိုင်းစက်သော လက်ရေးများဖြင့် ရေးထားသည့် စာကို စကားလက်

ဖတ်ကြည့်သည်။

`သီးခြား ပြည်နယ်သည် ပြည်နယ် အမျိုးသားများ၏ အသက်သွေးကို လိုကောင်း လိုပါလိမ့်မည်။ သို့ရာတွင်

အမျိုးသမီးများ၏ နှလုံးသွေးကို မလိုသေးပါ။ သင်၏ ရဲစွမ်းသတ္တိကို လေးစားသည့် အထိမ်းအမှတ် အဖြစ် ဤအမှတ်တရ ပစ္စည်းကို လက်ခံစေလိုပါသည်။ ဤသို့ ပေးသည့် အတွက် သင်၏ စွန့်လွှတ်မှုသည် အချည်းနှီးဟု မမှတ်စေလိုပါ။ ဤလက်စွပ်ကို တန်ဖိုးထက် ဆယ်ဆ ပေး၍ ရွေးယူခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ကြီး ဘတ်တလာ’

မီလာနီက လက်စွပ်ကို ဝတ်လိုက်ပြီး အမြတ်တနိုး ကြည့်နေသည်။



`ဒီလူဟာ လူကြီး လူကောင်းပါလို့ မီလာနီ မပြောဘူးလား’ မီလာနီက ဒေါ်လေး ပစ်တီ ဘက်သို့ လှည့်၍

ပြောလိုက်သည်။ သူ့အပြုံးသည် မျက်ရည်များ ကြားမှ ဝင်းပနေသည်။ `လက်ထပ် လက်စွပ်ကို လှူရတာ ဘယ်လောက် စိတ်ထိခိုက်သလဲ ဆိုတာ ကိုယ်ချင်းစာ တတ်တဲ့ လူကြီး လူကောင်းမို့လို့ နားလည်နိုင်တာပေါ့၊ ကိစ္စ မရှိဘူးလေ၊ မီလာနီရဲ့

207

ရွှေဆွဲကြိုးကို ပြန်လှူလိုက်မယ်၊ ဒေါ်လေး သူ့ဆီကို စာရေးပြီး တနင်္ဂနွေနေ့ညမှာ ထမင်းလာစားဖို့ ဖိတ်ပေးပါနော်’

ဗိုလ်ကြီး ဘတ်တလာသည် စကားလက်၏ လက်ထပ် လက်စွပ်ကို ပြန်ရွေးပေးခြင်း မပြု။ ဤသည်ကိုမူ ဒေါ်လေး

ပစ်တီနှင့် မီလာနီတို့ သတိထားမိ ကြဟန် မတူ။ သို့ရာတွင် စကားလက် သတိထားမိသည်။ မီလာနီ၏ လက်ထပ် လက်စွပ်ကို ပြန်ရွေးပေးခြင်းမှာ ဗိုလ်ကြီး ဘတ်တလာ ကိုယ်ချင်းစာတတ်၍ မဟုတ်။ လူကြီး လူကောင်း ပီသခြင်းကြောင့်လည်း မဟုတ်။ ဒေါ်လေး ပစ်တီ၏ အိမ်မှ ထမင်းစား ဖိတ်စေချင်သောကြောင့် ဖြစ်သည်။ ဤသို့ လုပ်လျှင် ထမင်းစား ဖိတ်လိမ့်မည် ကိုလည်း ရက် ဘတ်တလာ တွက်ပြီးသား ဖြစ်သည်။

ထို့ကြောင့် သူ့လက်စွပ်ကို ရွေးမပေးဘဲ မီလာနီ လက်စွပ်ကို ရွေးပေးခြင်း ဖြစ်သည်ကို စကားလက် သိလိုက်သည်။



`သမီး လုပ်ပုံတွေကို ကြားတော့ မေမေ တော်တော် စိတ်မကောင်း ဖြစ်ရတယ်’ မေမေ၏ စာက ဤသို့ အစ ချီထားသည်။

စားပွဲတွင် စာထိုင်ဖတ်နေသည့် စကားလက်က မျက်မှောင်ကုတ်သည်။ မကောင်း သတင်း ဆိုသည်မှာ ပြန့်လွယ်သည်။ တောင်ပိုင်းသားများ အနက် အတ္တလန်တာက လူများသည် သူများတကာထက် ထူး၍ အတင်း ပြောတတ်သည်၊ သူများ ကိစ္စကို စပ်စုတတ်သည်ဟု စကားလက် ကြားခဲ့ဖူးသည်။ ယခု စကားလက် ယုံသည်။ နိဗ္ဗာန်ဈေးက တနင်္လာနေ့ညက ခင်းသည်။ ကြာသပတေးနေ့ ရှိသေးသည်။ မည်သည့် ကြောင်အိုမကြီးကများ မေမေ့ထံ သွား၍ စာရေးလိုက်သနည်း။ ရုတ်တရက်သော် ဒေါ်လေး ပစ်တီပင် ဖြစ်သည်ဟု ထင်လိုက်သည်။ သို့ရာတွင် မဖြစ်နိုင်။ ဒေါ်လေး ပစ်တီသည် သူ အပြစ်တင်ခံရမည်ကို စိုးရိမ်နေပြီ။ သူ မဖြစ်နိုင်။ ဧကန္တ မစ္စက် မယ်ရီဝယ်သာ ဖြစ်ရမည်။

`သမီးဟာ မိကောင်းဖခင် သားသမီး ဖြစ်တယ်ဆိုတာ မေ့သွားပြီ ထင်တယ်၊ မေမေတော့ ယုံတောင် မယုံနိုင်ဘူး၊

မုဆိုးမ ဖြစ်တာ မကြာသေးဘူး ဒီလို လုပ်တယ် ဆိုတော့ သမီးပဲ စဉ်းစားကြည့်ပေါ့၊ ဆေးရုံ ရန်ပုံငွေ အတွက် စေတနာ ထက်သန်လို့ ဒီလိုလုပ်တာပဲလို့ မေမေ ယူဆတယ်၊ ဒါပေမယ့် သမီး တွဲကတဲ့ လူကလည်း ဗိုလ်ကြီး ဘတ်တလာ ဆိုတော့ သမီး လုပ်ပုံကို စဉ်းစားကြည့်ဦး၊ သူ့ အကြောင်းက မကြားချင် အဆုံး လူတိုင်း သိနေကြတယ်၊ ဒီလူဟာ နာမည် သိပ်ပျက်တဲ့ လူ၊ ချာလက်စတန်က ဆိုရင် တစ်မြို့လုံးက အပေါင်းအသင်း မလုပ်ကြဘူး၊ သူ့ကို ဆက်ဆံတဲ့ လူဆိုလို့ သူ့အတွက် စိတ်သောက ဖြစ်နေရတဲ့ သူ့ အမေကြီး တစ်ယောက်ပဲ ရှိတယ်၊ အရင်အပတ် စာထဲမှာ သူ့အကြောင်းကို ပေါ်လင်းက မေမေ့ဆီ ရေးလိုက်သေးတယ်၊ ဒီလူဟာ အကျင့် စာရိတ္တ နည်းနည်းလေးမှ မကောင်းဘူး၊ သမီးလို မလိမ္မာအရွယ် ကလေးကို လူ ပြောစရာ ဖြစ်အောင် လုပ်မှာ မေမေ စိုးရိမ်တယ်၊ ဒီလိုသာ ဖြစ်ရင်တော့ မေမေ အရှက်ကွဲရတော့မှာပဲ၊ ဒေါ်လေး ပစ်တီကလည်း ဒီလောက်မှ ကြည့် မထိန်းနိုင်ဘူး တဲ့လား’

စကားလက်က မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဒေါ်လေး ပစ်တီကို လှမ်းကြည့်လိုက်သည်။ ဒေါ်လေး ပစ်တီက

မေမေ့ လက်ရေးကို မှတ်မိသည်။ သူ့ ပူဖောင်းဖောင်း ပါးများသည် တုန်နေကြသည်။ အမေ ရိုက်မည်ကို ကြောက်သဖြင့် ငိုတော့မည့် ကလေးကြီးလို ဖြစ်နေသည်။

`သမီးဟာ မေမေ ဆုံးမ သွန်သင် ခဲ့သမျှကို ဒီလောက် မြန်မြန်ဆန်ဆန် မေ့တယ် ဆိုတော့ မေမေ ဝမ်းနည်းလို့

မဆုံးဘူး၊ ဖေဖေက ဘာပြောမလဲ မသိသေးဘူး၊ သမီး ဖေဖေလည်း ဗိုလ်ကြီး ဘတ်တလာနှင့် တွေ့ပြီး စကား ပြောဖို့ သောကြာနေ့လောက်မှာ အတ္တလန်တာကို လာလိမ့်မယ်၊ ပြန်ခေါ်မယ် ဆိုရင်တော့ သမီး သူနှင့်အတူ လိုက်လာခဲ့ဖို့ပဲ၊

208

သမီး ဖေဖေကတော့ တော်တော် စိတ်ဆိုးနေတယ်၊ မေမေ ပြောပေမယ့် မရဘူး၊ ဒီလောက် ရဲတင်းတဲ့ အလုပ်မျိုးကို လုပ်တာဟာ သမီးက ငယ်ပြီး ရှေ့ရေး နောက်ရေးကို မစဉ်းစား တတ်လို့ပဲလို့ မေမေ ယူဆတယ်၊ ပြည်နယ် အရေးတော်ပုံကို မေမေလည်း ယုံပါတယ်၊ တတ်နိုင်သမျှလည်း ထောက်ခံပါတယ်၊ မေမေ့လောက် စိတ်အား ထက်သန်တဲ့လူ တော်တော် ရှားလိမ့်မယ်လို့တောင် မေမေ ထင်တယ်၊ မေမေ့ သမီးတွေလည်း မေမေ့လိုပဲ အရေးတော်ပုံကြီးကို ယုံကြည်စေချင်တယ်၊ ဒါပေမယ့် ကိုယ့် ဆွေမျိုးဂုဏ်ကိုတောင် မထောက်ဘဲ’

မေမေ့ စာက သူ့ကို မြည်တွန် တောက်တီး ထားသည်။ စကားလက် ဆက်မဖတ်တော့။ စကားလက်သည် သူ့အပြုအမူ

အတွက် ပထမဆုံး အကြိမ် ထိတ်လန့်ခြင်း ဖြစ်မိသည်။ ပမာမခန့် မပြုရဲတော့။ အာမခံရဲတော့။ ဆယ်နှစ်သမီးလောက်တုန်းက ဆွီလင်ကို ထောပတ်တွေ သုတ်ထားသည့် မုန့်ဖြင့် ပေါက်ခဲ့စဉ်ကလို ကိုယ့်အပြစ်ကို မလုံမလဲ ဖြစ်နေသည်။ နူးညံ့ သိမ်မွေ့သည့် မေမေကပင် ဤမျှ ပြင်းပြင်းထန်ထန် ရေးပြီး ဖေဖေ ကိုယ်တိုင် အတ္တလန်တာသို့ ရောက်လာပြီး ဗိုလ်ကြီး ဘတ်တလာနှင့် စကားပြောဦးမည် ဆိုလျှင် မည်သို့ ဖြစ်ကုန်မည်နည်း။ စကားလက် မတွေးရဲ။ သူ င်္ဂြိုဟ်မွှေသဖြင့် ပြဿနာတွေ ရှုပ်ကုန်ပြီ။ ဖေဖေ ရောက်လာလျှင် မသက်သာ။ ဖေဖေ့ ပေါင်ပေါ် တက်ထိုင်၍ မရိုက်အောင်၊ မဆူအောင် တီတီတာတာ ချွဲ၍ ရသည့် အရွယ်လည်း မဟုတ်တော့။

`ဘာထူးသလဲ၊ သတင်းကောင်းလား၊ သတင်းဆိုးလား’



ဒေါ်လေး ပစ်တီက တုန်တုန်ယင်ယင်ဖြင့် မေးသည်။



`မနက်ဖြန်ကျရင် ဖေဖေ လိုက်လာမယ် တဲ့၊ စကားလက်ကိုတော့ ဆူတော့မှာပဲ’



စကားလက်က ခပ်အင်အင် ပြောလိုက်သည်။



`ပရဇ္ဇီရေ၊ ငါ့ရှူဆေးဘူး ယူခဲ့စမ်း၊ မူးလိုက်တာ ရိပ်ရိပ် ရိပ်ရိပ်နှင့်’



ဒေါ်လေး ပစ်တီက တုန်တုန်ယင်ယင်ဖြင့် ကုလားထိုင်ကို နောက်သို့ တွန်း၍ ထလိုက်သည်။ ညစာကိုပင် မစားနိုင်တော့။



`ဒေါ်လေးရဲ့ အိတ်ကပ်ထဲမှာ မဟုတ်လား’



စကားလက်

နောက်တွင်

ရပ်နေသည့်

ပရဇ္ဇီက

ပြောလိုက်သည်။

ပရဇ္ဇီသည်

ကြားရသည့်

သတင်းကို

စိတ်ဝင်စားနေသည်။ သူ့သခင် မစ္စတာ ဂျရယ် အိုဟာရာ ဒေါသ ထွက်ပြီ ဆိုလျှင် ကြည့်၍ ကောင်းသည်။ ဒေါ်လေး ပစ်တီက အိတ်ကပ်ထဲက ရှူဆေးဘူးကို ယူ၍ ရှူနေသည်။

`ဖေဖေ လာရင် ဒေါ်လေးရော မီလာနီရော စကားလက် အနားမှာပဲ နေကြနော်၊ ဖေဖေက ဒေါ်လေးတို့ နှစ်ယောက်ကို

သိပ်ခင်တယ်၊ ဒေါ်လေးတို့ ရှိရင် စကားလက်ကို သိပ်ဆူမှာ မဟုတ်ဘူး’

`အမယ်လေးတော်၊ မလုပ်ပါနှင့်’ ဒေါ်လေး ပစ်တီက ထလိုက်သည်။ `ကျုပ် သိပ်နေမကောင်းချင်ဘူး၊ မနက်ဖြန်ကျရင်

တစ်နေ့လုံး အခန်းထဲက မထွက်တော့ဘူး၊ ညည်းသာ ကြည့်ပြောလိုက်ပေတော့’

209



`ဒါကတော့ ဒေါ်လေးက ကိုယ်လွတ်ရုန်းတာပဲ’



စကားလက်က အော်သည်။ မီလာနီကမူ သူနေမည်ဟု ဆိုသည်။ သို့ရာတွင် သူလည်း ဒေါသကြီးသည့် မစ္စတာ ဂျရယ်

အိုဟာရာကို ခပ်လန့်လန့်။

`မီလာနီ နေပါ့မယ်၊ ဆေးရုံ ရန်ပုံငွေ အတွက် ဆိုတာ မီလာနီလည်း ရှင်းပြပါ့မယ်၊ ဦးကလည်း နားလည်မှာပါ’



`အမယ်လေး၊ မထင်နှင့်’ စကားလက်က ပြောသည်။ `စကားလက် သေချင်တယ်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်ပြီး

မြိုင်သာယာကို ပြန်ရမှာ၊ စကားလက် သေချင်တယ်’

`အို ဘာဖြစ်လို့ မြိုင်သာယာကို ပြန်ရမှာလဲ၊ မပြန်ရဘူး’ ဒေါ်လေး ပစ်တီက မျက်ရည်စမ်းစမ်းဖြင့် ပြောသည်။



`ညည်း ပြန်ရင် ဟင်နရီနှင့် အတူတူ မနေနိုင်ဘူး၊ ကျုပ်နှင့် မီလာနီ နှစ်ယောက်တည်းလည်း မနေရဲဘူး၊ မြို့ထဲမှာ

လူပေါင်းစုံ ရောက်နေတဲ့ ကာလကြီး၊ ညည်းက သတ္တိကောင်းလို့ ကျုပ်တို့ နေရဲတာ၊ ညည်း ရှိလို့ နေရဲတာ’

`အို ဦးကလည်း ပြန်ခေါ်မှာ မဟုတ်ပါဘူး၊ ဒီအိမ်က စကားလက်လည်း ဆိုင်နေပြီပဲ၊ စကားလက် မရှိဘဲ မီလာနီတို့

ဘယ်လိုလုပ် နေမှာလဲ’

`အင်း ငါ သူတို့အပေါ် ဘယ်လို သဘောထားသလဲ ဆိုတာ သိရင် ငါ မြန်မြန် သွားပါစေလို့ ဆုတောင်းမှာ’ ဟု စကားလက်

တွေးမိသည်။ ဖေဖေ ရောက်လာလျှင် မီလာနီ အစား တစ်ယောက်ယောက် ရှိပါက မည်မျှ ကောင်းမည်နည်းဟုလည်း တွေးမိသည်။ သူ မနှစ်မြို့သည့် မီလာနီက သူ့အတွက် ကာကွယ်ပေးမည် ဆိုသည်မှာ စိတ်ပျက်စရာ ကောင်းသည်။

`ဗိုလ်ကြီး ဘတ်တလာကို ထမင်းစား ဖိတ်ထားတာ ဖျက်လိုက်ရရင် မကောင်းဘူးလား’



ဒေါ်လေး ပစ်တီက မေးသည်။



`အို ဖြစ်မလား ဒေါ်လေးရဲ့၊ သိပ်ရိုင်းရာ ရောက်သွားမှာပေါ့’



`ငါ့ကို အိပ်ရာပေါ် ရောက်အောင် ပို့ပေးကြစမ်းပါ၊ ငါ နေမကောင်း ဖြစ်ချင်လာပြီ၊ စကားလက် ဂြိုဟ်မွှေတာ၊

ငါ့ခေါင်းပေါ် တာဝန်ကျတော့မှာပဲ’

နောက်တစ်နေ့ည ဖေဖေ ရောက်လာသည့် အခါတွင် ဒေါ်လေး ပစ်တီသည် အခန်းထဲက မထွက်တော့။ နေထိုင်

မကောင်း ဖြစ်နေသည်။ ဒေါ်လေး ပစ်တီက အောက်ထပ်သို့ မဆင်းနိုင်သဖြင့် ခွင့်လွှတ်ရန် အပြောခိုင်းသည်။ ထိုနေ့ည ထမင်းစားပွဲတွင် စကားလက်နှင့် မီလာနီတို့ နှစ်ယောက်ကို ဖေဖေနှင့် ဆိုင်ပေးပစ်ခဲ့သည်။ ဖေဖေက စကားလက်ကို နမ်း၍ နှုတ်ဆက်သည်။ မီလာနီကိုလည်း ချစ်ချစ်ခင်ခင် ဆက်ဆံသည်။ သို့ရာတွင် စကား တစ်လုံးမျှ မပြော။ နှစ်ယောက်သား လန့်နေကြပြီ။ ဖေဖေက စကား တစ်လုံးမျှ မပြောဘဲ နေလေလေ အနေရ ခက်လေလေ၊ ဆဲဆို ကြိမ်းမောင်းလိုက်သည်ကမှ တော်ဦးမည်။ မီလာနီသည် သူ့ကတိ အတိုင်း စကားလက် အနားမှာ တစ်ဖဝါးမျှ မခွာ။ ကပ်လိုက်နေသည် ဖေဖေကလည်း စကားလက်ကို မီလာနီ ရှေ့တွင် ကြိမ်းမောင်း ဆူပူခြင်း မပြု။ ဤတစ်ချီတွင်မူ မီလာနီ လုပ်ပုံက ပိရိသည်။ ဘာမျှ

210

မသိဟန်ဆောင်ကာ သေသေသပ်သပ် လုပ်သွားသဖြင့် စကားလက်ပင် အံ့သြရသေးသည်။ ညစာ စားပွဲတွင် မီလာနီသည် ဖေဖေ့ကို စကားတွေ ဖောင်လောက်အောင် ပြောကာ ထိန်းထားသည်။

`တောမှာ ဘာတွေ ထူးသလဲ ဦး၊ အင်ဒီယာတို့ ဟန်နီတို့များ နေနိုင်လိုက်တာ၊ စာလေး တစ်စောင်လောက်တောင်

ပေးဖော် မရဘူး၊ ဦးကတော့ အဲဒီနား တစ်ဝိုက်က အကြောင်းတွေ အကုန် သိမှာပဲနော်၊ ဖွန်တိန်တို့ မင်္ဂလာဆောင်ကော တော်တော် စည်ရဲ့လား ဦး’

ဖေဖေက သူ့ကို မြှောက်ပြောသဖြင့် ကျေနပ်သွားသည်။ ဖွန်တိန်တို့ မင်္ဂလာဆောင်က လူသိပ်မစည်၊ သူတို့

မင်္ဂလာဆောင်များလို မဟုတ်ဟု ပြောပြသည်။ ဂျိုးဖွန်တိန်က ခွင့်မရသဖြင့် စည်စည်ကားကား မလုပ်နိုင်။ သတို့သမီး ဆယ်လီမွန်ရိုးက လှသည်။ ထိုနေ့က သတို့သမီး အဝတ်အစားကို သူ မမှတ်မိ။ သို့ရာတွင် မင်္ဂလာဦးခရီး မထွက်ဖြစ်ဟု ကြားရသည်။

`ဟင် မင်္ဂလာဦး ခရီး မထွက်ဖြစ်ဘူး ဟုတ်လား’



`ဒါပေါ့ ထွက်ချိန်မှ မရဘဲ’



ဖေဖေက ပြောရင်း ရယ်သည်။ ဤစကားမျိုးကို မိန်းကလေးတွေ ရှေ့တွင် မပြောကောင်းဟု သတိရသွားသည်။

ဖေဖေ့ ရယ်သံကို ကြားရသဖြင့် စကားလက် အားတက်သွားသည်။ မီလာနီ၏ ပရိယာယ်ကိုလည်း ချီးကျူးမိသည်။

`နောက်တစ်နေ့မှာ ဂျိုးက ရှေ့တန်းကို ပြန်သွားရတယ်လေ၊ ဘယ်မှ သွားချိန်မရဘူး၊ စတူးဝပ်နှင့် ဘရင့် အမြွှာ

ညီအစ်ကိုကတော့ ခွင့်နှင့် အိမ်ပြန်ရောက် နေကြလေရဲ့’

`ဟုတ်ကဲ့၊ မီလာနီတို့လည်း ကြားပါတယ်၊ ခုကော သူတို့ ဒဏ်ရာ ဘယ့်နှယ် နေပါသေးသလဲ’



`ဒဏ်ရာက သိပ်မကြီးပါဘူး၊ စတူးဝပ်က ဒူးမှာ ဒဏ်ရာရတယ်၊ ဘရင့်က ပခုံး ရှပ်မှန်သွားတယ်၊ သူတို့ သူရ သတ္တိ

အတွက် ပြန်တမ်းထဲမှာ ဂုဏ်ပြုထားတာ မင်းတို့လည်း တွေ့မှာပေါ့’

`ဟင့်အင်း၊ မတွေ့သေးပါဘူး ဦး’



`ဒီကောင်တွေက ရမ်းတယ်၊ အိုင်းရစ်သွေး ပါပုံရတယ်’ ဖေဖေက ကျေနပ်နေသည်။ `ဘယ်လိုမှန်းတော့ မသိဘူး၊

ဘရင့်ကတော့ ဗိုလ်ဖြစ်နေပြီ’

သူတို့ စွန့်စားခန်းများကို ကြားရသည့် အတွက် စကားလက် ကျေနပ်သွားသည်။ စကားလက်သည် အဆက်ဟောင်း

တစ်ယောက်ကို မည်သည့် အခါမျှ မမေ့။ သူ့အဆက် ဖြစ်ဖူးလျှင် သူလည်း ဆိုင်သည်ဟု ယုံကြည်နေသည်။ သူ့အဆက်ဟောင်း အတွက် ဂုဏ်ယူသည်။

`အေး သတင်းထူး တစ်ခုတော့ ပြောလိုက်ရဦးမယ်’ ဖေဖေက ပြောသည်။ `စတူးဝပ်က ဝက်သစ်ချမြိုင်က

တစ်ယောက်ယောက်ကို ချိတ်နေသတဲ့’

211



`ဘယ်သူ့ကိုလဲ၊ ဟန်နီကိုလား၊ အင်ဒီယာကိုလား’



မီလာနီက စိတ်အား ထက်သန်စွာ မေးသည်။ စကားလက်က စိတ်တိုနေသည်။



`အင်ဒီယာကို ဖြစ်မှာပေါ့၊ ဟောဒီ ကောင်မလေးနှင့် တွဲနေကတည်းက အင်ဒီယာက စတူးဝပ်ကို သဘောကျနေတာ

မဟုတ်လား’

`အို ဦးကလည်း’



မီလာနီက ဖေဖေ ပွင့်ပွင့်လင်းလင်း ပြောတတ်ပုံကို ကြည့်၍ ရှက်နေသည်။



`ပြီးတော့ အငယ်ကောင် ဘရင့်ကလည်း မြိုင်သာယာကို လာရစ်နေပြန်ပြီ’



စကားလက် စကား မပြောနိုင်တော့။ သူ့အဆက်များက သူ့ကို စာရင်းထဲ မထည့်ကြတော့သည်ကို တွေ့ရသောအခါ

ခံပြင်းသည်။ ချားလ်ကို လက်ထပ်တော့မည် ပြောစဉ်က သူတို့ ညီအစ်ကို ဖြစ်နေပုံများကို အမှတ်ရသည်။ စတူးဝပ်ကမူ ချားလ်ကိုရော၊ စကားလက်ကိုရော၊ သူ့ကိုယ်သူရော ပစ်သတ်မည်ဟု ပြောခဲ့သည်။ ထိုစဉ်က စိုးရိမ်လိုက်ရသည့် ဖြစ်ခြင်း။

`ဘယ်သူ့ကိုလဲ၊ ဆွီလင်ကိုလား’ မီလာနီက ပြန်၍ မေးလိုက်သည်။ `မီလာနီကတော့ ဖရင့် ကင်နဒီလို့ ထင်တယ်’



`သူလား၊ လူလေးက ပျော့ပျော့ကလေး၊ မိန်းမလျာလေးလိုပဲ၊ ကိုယ့်အရိပ် ကိုယ်တောင် လန့်နေတာ၊ ခုထိတော့

ဘာမှ ဖွင့်မပြောသေးဘူး၊ သူက မပြောရင်တော့ မေးရမှာပဲ’

`ကာရင်းကကော’



`ကာရင်းက ငယ်ပါသေးတယ်၊ ကလေးပဲ ရှိသေးတာ’



စကားလက်က ဝင်ပြောလိုက်သည်။



`အမယ်လေး မငယ်ပါဘူး၊ သမီး လက်ထပ်တုန်းက သူ့ထက် တစ်နှစ်တည်း ကြီးတာပဲ၊ ဘာလဲ အဆက်ဟောင်းနှင့်မို့

မနာလိုဘူးလား’

မီလာနီက ဖေဖေ့ စကားကြောင့် မျက်နှာ နီရဲသွားသည်။ သမီးနှင့် အဖေ ဤမျှ ပွင့်ပွင့်လင်းလင်း ပြောကြသည်ကို

မီလာနီ တစ်ခါမျှ မကြားစဖူး။ မီလာနီက အားလူးမုန့် ယူလာရန် ဦးလေး ပီတာကို အချက်ပြလိုက်သည်။ စိတ်ထဲကလည်း ဖေဖေ့အား ကိုယ်ရေး ကိုယ်တာ ကိစ္စ၊ မိသားစု ကိစ္စများကို မပြောတော့ဘဲ တခြား ကိစ္စများသို့ စကားလမ်းကြောင်း ပြောင်းရန် စဉ်းစားနေသည်။ သို့မှသာ လာရင်းကိစ္စကို တခြားသို့ လမ်းလွှဲပေးနိုင်လိမ့်မည်။ ဖေဖေက နားထောင်မည့်သူ ရှိလျှင် အလွန် စကားပြောသည်။ စကား ပြောရမည်ဆိုလျှင် တော်တော့် ကိစ္စကို သတိမရတော့။ သို့ဖြင့် ဖေဖေသည် တပ်ထောက်ချုပ်ရုံးတွင် ပစ္စည်းတွေ အပျောက်အရှ များကြောင်း၊ ခိုးမှုများသဖြင့် တပ်ထောက် ဌာနကို ယခင်ကထက် ငွေပိုသုံးနေရကြောင်း၊ ယန်ကီတို့ ဘက်မှ အိုင်းရစ် လူမျိုးတွေ ဝင်တိုက်ပေးသဖြင့် အိုင်းရစ် လူမျိုး အစား ရှက်မိကြောင်း စသည်တို့ကို ပြောနေသည်။

212



စားပွဲသို့ အရက်ချိုပုလင်း ချသည့် အခါတွင် မိန်းကလေး နှစ်ယောက်သည် ထိုင်ရာမှ ထလိုက်ကြသည်။ ဖေဖေက

မျက်မှောင်ကြီး ကုတ်ထားရာမှ စကားလက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စကား ပြောစရာ ရှိသဖြင့် ခဏလောက် နေခဲ့ရန် အမိန့်ပေးသည်။ စကားလက်က အားကိုးတကြီးဖြင့် မီလာနီကို လှမ်းကြည့်လိုက်သည်။ သို့ရာတွင် မီလာနီလည်း ဘာမျှ မတတ်နိုင်။ လက်ထဲက လက်ကိုင်ပဝါကို လုံးချေကာ အသာ ထွက်လာခဲ့ရသည်။ ဆွဲတံခါးကို အသံ မမြည်အောင် စေ့ပစ်ခဲ့သည်။

`ကဲ ဆိုစမ်းပါဦး၊ ဘာပြောချင်သေး သလဲ၊ လုပ်ပုံက နည်းနည်းမှ မဟုတ်ဘူး၊ မုဆိုးမ ဖြစ်တာဖြင့် ဘာမှ မကြာသေးဘူး၊

ခု နောက်လင် ထောင်နေပြန်ပြီ’

`တိုးတိုး ဖေဖေ တိုးတိုး၊ အစေခံတွေ’



`အမယ်လေး၊ ကြားတော့ ဘာဖြစ်သလဲ၊ အားလုံး သိပြီးသား၊ ဟိုးလေး တကျော်ကျော် ဖြစ်နေပြီ၊ တော်တော် တော်တဲ့

သမီး၊ မိဘ မျက်နှာ အိုးမဲ သုတ်တယ်၊ မအေလည်း သူ့စိတ်ကြောင့် အိပ်ရာထဲ လဲရပြီ၊ ငါ့ကိုလည်း ခေါင်း မဖော်ရဲအောင် လုပ်တယ်၊ ထွီ၊ သိပ် ရှက်စရာ ကောင်းတာပဲ၊ ဒီတစ်ခါတော့ ငါ့ကို မျက်ရည်ခံ မထိုးနှင့်၊ ဒါပဲ’

ဖေဖေက ဒေါသတကြီး ပြောနေသည်။ အသံက တုန်နေသည်။ စကားလက် မျက်ရည်တွေ ဝဲလာကာ ငိုချင်လာသည်။



`နင့်အကြောင်းကို ငါ သိတယ်၊ လင်သေတာဖြင့် မကြာသေးဘူး၊ မဟုတ်က ဟုတ်က သတင်း ကြားရပြီ၊ ငိုမနေနှင့်၊

ဒီနေ့ စကား ပြောချိန် မရဘူး၊ ဗိုလ်ကြီး ဘတ်တလာ ဆိုတဲ့ ကောင်ဆီကို သွားရဦးမယ်၊ ငါ့သမီးရဲ့ ဂုဏ်သိက္ခာကို ဖျက်တဲ့ကောင်၊ မနက်ကျမှ ထပ်ပြောမယ်၊ အလကားပဲ၊ ဘာမှ အသုံး မကျဘူး၊ မနက်ဖြန် မြိုင်သာယာကို ပြန်လိုက်ရမယ်၊ အဆင်သင့် ပြင်ထား၊ ဒီမှာ ကြာကြာထားရင် ဒီထက်ပိုပြီး အရှက်ကွဲမှာ၊ ငိုမနေနှင့်၊ နင်ဟာ ငါ့ကို တော်တော် ဒုက္ခ ပေးတယ်၊ အိမ်မှာ ကိစ္စ များရတဲ့အထဲ သူ့ကိစ္စကြောင့် ဒီအထိ လိုက်လာရတယ်၊ တော်ပြီ၊ တော်ပြီ၊ ငိုမနေနှင့်’

မီလာနီနှင့် ဒေါ်လေး ပစ်တီက အစောကြီး အိပ်ပျော်နေပြီ။ ပူနွေးသည့် အမှောင်ထုထဲတွင် စကားလက် အိပ်မပျော်နိုင်။

ရင်ထဲက လေးနေသည်။ ယခုမှ အတ္တလန်တာတွင် ပျော်ပျော်ပါးပါး နေရမည် ကြံကာ ရှိသေး မြိုင်သာယာကို ပြန်ရတော့မည်။ မေမေ့ကို မျက်နှာ ပြရတော့မည်။ ခေါင်းအုံးပေါ်တွင် မျက်နှာအပ်၍ စကားလက် လူးလှိမ့်နေမိသည်။ ထိုစဉ် တိတ်ဆိတ်သော လမ်းမဘက်ဆီမှ အသံ တစ်သံကို ကြားရသည်။ သဲကွဲခြင်း မရှိသော်လည်း သူ ကြားနေကျ အသံ။ စကားလက်သည် အိပ်ရာမှ ထလာကာ ပြတင်းဝတွင် ရပ်သည်။ အဝင်လမ်းမသည် သစ်ပင်အုပ်များ အောက်တွင် မှောင်နေသည်။ ကောင်းကင်တွင် ကြယ်တို့က ခပ်မှိန်မှိန် လက်နေကြ၏။ အသံက တဖြည်းဖြည်း နီးလာသည်။ ရထားဘီးသံများနှင့် တဖြောက်ဖြောက် မြည်သော မြင်းခွာသံများ ဖြစ်သည်။ စကားပြောသံများကိုလည်း ကြားရသည်။ စကားလက် ရုတ်တရက် ပြုံးလိုက်မိသည်။ အသံသြသြ မူးမူးနှင့် သီချင်း ဆိုလာသည့် ဖေဖေ့ အသံကို ကြားရသည်။ ထုံးစံအတိုင်း ဖေဖေ မူးလာပြီ။

အမိုးပက်လက်

ဘာဂီ

ရထားသည်

အိမ်ရှေ့

ဆင်ဝင်တွင်

ရပ်လိုက်သည်။

ရထားပေါ်မှ

ဆင်းလာသည့်

မည်းမည်းသဏ္ဌာန်များကို မြင်ရ၏။ ဖေဖေ တစ်ယောက်တည်း မဟုတ်။ အဖော် တစ်ယောက် ပါလာသည်။ တံခါးဖွင့်သံနှင့် ဖေဖေ့ အသံကို ကြားရသည်။

213



`ခု ရောဘတ်အင်မက် သီချင်း ဦး ဆိုပြမယ်၊ ဒီသီချင်းကိုတော့ ငါ့တူကြီး ရဖို့ ကောင်းတယ်ကွ၊ ဒီ သီချင်းကို ဦးလေး

တက်ပေးမယ်’

`ဟာ သိပ်ကောင်းတာပေါ့ ဦးရ’ အဖော်က ခပ်အုပ်အုပ် ရယ်ရင်း ပြောသည်။ အသံက ခပ်ဝဲဝဲ။ `ဒါပေမယ့် ခု

မဆိုပါနှင့်ဦး ဦး၊ နောက်ကျမှ ဆိုပြပါ’

`ဟောတော့၊ ဗိုလ်ကြီး ရက် ဘတ်တလာ့ အသံပါလား၊ ဒုက္ခပဲ’ စကားလက် လန့်သွားသည်။ သို့ရာတွင် ချက်ချင်း

အားတင်း လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် သေနတ်ဖြင့် မပစ်ခဲ့ကြသည့် အတွက် တော်သေးသည်။ အရက်မူးမူးဖြင့် အိမ်သို့ နှစ်ယောက် အတူ ပြန်လာကြပုံကို ထောက်လျှင် အဆင်ပြေ လာကြပုံ ရသည်။

`အို မရဘူး၊ ခု ဆိုပြမယ်၊ ငါ့တူကြီးလည်း နားထောင် ရမယ်၊ နားမထောင်ရင် အော်ရိန်း နယ်သားတော့ သေနတ်နှင့်

ပစ်အသတ်ပဲ’

`အော်ရိန်း နယ်သား မဟုတ်ပါဘူး ဦးရဲ့၊ ချာလက်စတန် နယ်သားပါ’



`အတူတူပဲ၊ ချာလက်စတန် နယ်သားက သာပြီးတောင် ဆိုးသေးတယ်၊ ချာလက်စတန်မှာ ငါ့ ခယ်မ နှစ်ယောက်

ရှိတယ်၊ ချာလက်စတန်သားလည်း ဆိုးတာပဲ’

စကားလက် တထိတ်ထိတ် ဖြစ်နေသည်။ စကားလက်က အပေါ်ရုံ အင်္ကျီပါးပါးကလေး ခြုံလိုက်သည်။ သူ

ဘာလုပ်ရမည်နည်း။ ဘာမျှ မတတ်နိုင်။ ဤအချိန်ကြီးတွင် အိမ်အောက် ဆင်းကာ သူ့အဖေကို တွဲခေါ်၍လည်း မဖြစ်။

ဖေဖေက အိမ်ထဲ မဝင်။ ဝင်းဝ ခြံစည်းရိုးတိုင်ကို ကိုင်၍ ရပ်ရင်း အသံသြသြကြီးဖြင့် သီချင်း ဆိုနေသည်။

အိမ်နီးပါးချင်းတွေ သိလျှင် ဒုက္ခ။ စကားလက်က ပြတင်းပေါက်ပေါင်တွင် လက်ထောက်၍ အရိပ်အခြည်ကို ကြည့်သည်။ ဖေဖေက ဆိုပေါက် မမှန်။ ဆိုပေါက် မှန်မှန်၊ အသံမှန်မှန်နှင့် ဆိုလျှင် တော်တော် နားထောင်ကောင်းမည့် သီချင်း ဖြစ်သည်။ ဤသီချင်းကို စကားလက်လည်း ကြိုက်သည်။ xx အချစ် သူရဲကောင်း အိပ်ပျော်ရာ နယ်မြေ xx မိန်းမလှကလေး တစ်ယောက်ရဲ့ အထီးကျန် ဘဝပေ xx ချစ်သူတို့က သူ့အနီးမှာ ငိုည်းကာ သက်ပြင်း ချရှာပေ xx

စကားလက်က လွမ်းစရာ တေးကို စိတ်ထဲက လိုက်၍ ညည်းနေသည်။ ထိုစဉ် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့၏

အခန်းထဲမှ လှုပ်လှုပ်ရွရွ အသံများကို ကြားရသည်။ သူ့အဖို့က ကိစ္စမရှိ။ ဖေဖေ့ အကြောင်းကို သိပြီးသား။ ဖေဖေ မူးလာလျှင် ဤသို့ သီချင်းဆိုမြဲ။ အော်ကျယ် ဟစ်ကျယ် လုပ်မြဲ။ သို့ရာတွင် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ အဖို့မူ အသစ်အဆန်း။ ဖေဖေ့လို ရိုင်းရိုင်းကြမ်းကြမ်း ယောက်ျားကြီးမျိုးကို မတွေ့ဖူးသေး။ ယခု အဖြစ်ကို သိလျှင် လန့်ဖျပ်၍ မူမေ့ကုန် ကြမည်လော မဆိုနိုင်။

သဏ္ဌာန် နှစ်ခုသည် ပူးသွားကြကာ ဆင်ဝင် လှေကားသို့ တက်လာသည်။ တံခါးကို ခပ်အုပ်အုပ် ခေါက်သံ

ပေါ်လာသည်။

`ငါ ဆင်းသွားမှပဲ ထင်တယ်၊ အဖေ ဖြစ်နေတော့ ငါပဲ ဆင်းမှ ကောင်းမှာ၊ ဒေါ်လေး ပစ်တီသာ ဆိုရင်တော့ ဖေဖေ့ဆီ

214

မရောက်ခင် တက်သေမှာ’

စကားလက် တွေးနေသည်။ အစေခံတွေ သိ၍ မကောင်း။ ဖေဖေ ဖြစ်လာပုံကို အစေခံတွေ မသိစေချင်။ ဦးလေး

ပီတာက အိပ်ရာသို့ တွဲပို့လျှင် သူ့ကို အရက်မူးသမား ထင်၍ တွဲပို့ကြသလော စသဖြင့် ဆူဆူပူပူ လုပ်ဦးမည်။ ဖေဖေ့ကို ကိုင်တွယ်တတ်သူ ဆို၍ မြိုင်သာယာက ဘဏ္ဍာစိုးကြီး ပေါ့ တစ်ယောက်သာ ရှိသည်။

စကားလက်က ညဝတ် အင်္ကျီရှည်ကို လည်ပင်းထိအောင် ကြယ်သီး တပ်လိုက်ပြီး ဖယောင်းတိုင် တစ်တိုင်ကို

မီးညှိကာ အောက်ထပ် ခန်းမထဲသို့ ဆင်းလာခဲ့သည်။ ဖယောင်းတိုင်ကို ခုံပေါ်တွင် စိုက်ပြီးနောက် ခန်းမကြီး တံခါးကို ဖွင့်လိုက်သည်။ မှုန်ရီရီ အလင်းရောင်ထဲတွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသည့် ရက် ဘတ်တလာကို မြင်ရ၏။ အရပ် ပုပု၊ ဗလ ကောင်းကောင်း သူ့အဖေကို တွဲထားသည်။ စောစောက သီချင်းသံမှာ သတိ မမေ့ခင် နောက်ဆုံး သီချင်း ဖြစ်ဟန် တူသည်။ ရက် ဘတ်တလာ၏ ပခုံးကို သိုင်းလျက်။ ဦးထုပ်လည်း မပါတော့။ လည်စည်းက နားရွက်နား ရောက်နေပြီ။ ရှည်လျား ဖြူဖွေးသည့် ဆံပင်များက ဖရိုဖရဲ။ ရှပ်အင်္ကျီပေါ်တွင် အရက်တွေ စွန်းထင်းလျက်။

`မင့်အဖေ ဟုတ်လား’



ဗိုလ်ကြီး ဘတ်တလာ၏ ခပ်ညိုညို မျက်နှာပေါ်က မျက်လုံးများက ခပ်လှောင်လှောင်။ ရက် ဘတ်တလာက ဖရိုဖရဲ

ဝတ်ထားသည့် စကားလက်ကို တစ်ချက် လှမ်းကြည့်သည်။ သူ့ အကြည့်သည် ညဝတ် အင်္ကျီရှည်ကို ဖောက်သွားသည်ဟု ထင်ရ၏။

`အထဲ ခေါ်ခဲ့လေ’



စကားလက်က ခပ်တိုးတိုး ပြောသည်။ သူ့ အဝတ်အစားကြောင့် ရှက်နေသည်။ ဤလူက သူ့ကို လှောင်တော့မည်။

ဤလူနှင့်မှ ပြန်လာရသည်ဟု ဖေဖေ့ကိုလည်း စိတ်ဆိုးသည်။

ရက် ဘတ်တလာက ဖေဖေ့ကို ရှေ့သို့ တွန်းပို့သည်။



`အပေါ်ထပ်ကို တွဲပို့ ပေးရမလား၊ မင်း တစ်ယောက်တည်း မနိုင်ဘူး၊ သူ့ကိုယ်ကြီးက သိပ်လေးတယ်’



ရဲတင်းလှသည့် ရက် ဘတ်တလာ၏ စကားများကြောင့် စကားလက် အံ့အားသင့်နေသည်။ ရက် ဘတ်တလာသာ

အိမ်ပေါ်ထပ်ထိ တက်လိုက်လာလျှင် အခန်းထဲတွင် တုန်နေကြသည့် ဒေါ်လေး ပစ်တီနှင့် မီလာနီ မည်သို့ ရှိမည်နည်း။

`ဟင့်အင်း နေပေ့စေ၊ ဧည့်ခန်းက ဆက်တီ ပေါ်မှာပဲ ထားခဲ့’



`ဆက်တီလား၊ ဆတ်တီးလား’



`အရေးထဲ နောက်မနေစမ်းပါနှင့်ရှင်၊ ကဲ ချ ချ ဒီပေါ်မှာ ချ’



`ဖိနပ်တွေ ချွတ်ပေးရဦးမလား’

215



`နေပေ့စေ၊ သူ ဒီလိုပဲ အိပ်တတ်တယ်’



ရက် ဘတ်တလာက ဖေဖေ့ ခြေထောက်များကို ဆိုဖာပေါ်သို့ တင်ပေးရင်း ခပ်တိုးတိုး ရယ်သည်။



စကားလက်သည် သူ့စကားကြောင့် သူ့ နှုတ်ခမ်းကို ပြတ်ထွက်သွားအောင် ကိုက်ပစ်လိုက်ချင်သည်။



`ကဲ ကျေးဇူးတင်ပါတယ်၊ ပြန်ပါတော့’



ရက် ဘတ်တလာက ခပ်မှိန်မှိန် ခန်းမဆောင်ထဲမှ ပြန်ထွက်သွားသည်။ ပြတင်းပေါက် ပေါင်တွင် တင်ပစ်ခဲ့သည့်

ဦးထုပ်ကို ကောက်ယူလိုက်၏။

`တနင်္ဂနွေနေ့ ညစာ လာစားတော့ တွေ့ကြ သေးတာပေါ့’



ရက် ဘတ်တလာက တံခါးကို အသံ မမြည်အောင် နောက်ပြန်ပိတ်၍ ထွက်သွားသည်။



နောက်ဖေး တန်းလျားက အစေခံတွေ လာ၍ နံနက်စာ မပြင်မီ နံနက် ငါးနာရီခွဲတွင် စကားလက် အိပ်ရာမှ ထသည်။

တိတ်ဆိတ်နေသည့် အိမ်အောက်ထပ်သို့ အသာ ဆင်းလာခဲ့၏။ ဖေဖေ နိုးနေပြီ။ ကျည်ဆန် ထိပ်ဖူးလို ချွန်နေသော သူ့ခေါင်းကို လက် နှစ်ဖက်ဖြင့် ဖျစ်ညှစ်ပွတ်ရင်း ထိုင်ဖုံတွင် ထိုင်နေသည်။ စကားလက် ဆင်းလာသည့် အခါတွင် လှမ်းကြည့်သည်။ မျက်ရိုးတွေ ကိုက်နေသည်။

`ဖေဖေ လုပ်ပုံ ကောင်းသေးရဲ့လား’ စကားလက်က ခပ်တိုးတိုး ကြိမ်းသည်။ `ဘယ်အချိန်ကျမှ ပြန်လာသလဲ၊

ပြန်လာတော့လည်း အေးအေးဆေးဆေး မဟုတ်ဘူး၊ အရက်မူးပြီး သီချင်းတွေ ဆိုလာတယ်၊ အိမ်နီးနားချင်းတွေ အကုန်လုံး နိုးကုန်တာပဲ’

`သီချင်း ဆိုတယ် ဟုတ်လား’



`ဒါပေါ့၊ ဆူညံနေတာပဲ’



`ဖေဖေတော့ ဘာမှ မမှတ်မိတော့ဘူး’



`အင်း၊ ဖေဖေကသာ မမှတ်မိတယ်၊ အိမ်နားနီးချင်းတွေကတော့ သေတောင် မေ့မှာ မဟုတ်ဘူး၊ ဒေါ်လေးနှင့်

မီလာနီတို့ကကော ဘယ်လို ထင်ကြမလဲ’

`ဒုက္ခပဲ’ ဖေဖေက လျှာလေးကြီးဖြင့် ပြောကာ ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို လျက်လိုက်သည်။ `ဖေဖေကတော့

ကစားတာပဲ မှတ်မိတယ်၊ ဒီနောက် ဘာဖြစ်မှန်း မသိတော့ဘူး’

`ကစားတယ် ဟုတ်လား’



`ဘတ်တလာ ဆိုတဲ့ သတ္တဝါပေါ့၊ သူက ဒီနားမှာ သူ့လောက် ပိုကာ ကစားကောင်းတဲ့လူ တစ်ယောက်မှ မရှိဘူးလို့

ကြွားတာနှင့် မခံချင်လို့ ကစားတာ’

216



`ဘယ်လောက် ရှုံးခဲ့သလဲ’



`ဘယ်ရှုံးမလဲ၊ ဖေဖေပဲ နိုင်တာပေါ့၊ အရက်ကလေး တစ်ခွက် နှစ်ခွက်လောက် သောက်ပြီးသာ ကစားရရင် ဖေဖေ

ဘယ်တော့မှ ပိုကာ မရှုံးဘူး’

`ဖေဖေ့ ပိုက်ဆံအိတ်လည်း ကြည့်ပါဦး’



ဖေဖေက ခက်ခဲပင်ပန်းစွာ လှုပ်ရှားကာ အင်္ကျီအိတ်ထဲက သားရေအိတ်ကို ဖွင့်ကြည့်၏။ သားရေအိတ်ထဲတွင်

တစ်ပြားမှ မရှိ။ ဖေဖေသည် စိတ်ပျက် လက်ပျက်ဖြင့် ပိုက်ဆံအိတ်ကို ကြည့်နေသည်။

`ဟင်၊ ငွေငါးရာ မရှိတော့ပါလား၊ သမီး မေမေဖို့ ပိတ်ဆို့မှုကို ဖြတ်ပြီး ရောက်လာတဲ့ မှောင်ခို နိုင်ငံခြား ပစ္စည်းတွေ

ဝယ်ဖို့ ယူလာတာ၊ ပြန်စရိတ်တောင် မကျန်တော့ဘူး’

စကားလက်က ဟာလာဟင်းလင်း ဖြစ်နေသည့် သားရေအိတ်ကို ကြည့်ရင်း စိတ်ကူး တစ်ခု ပေါ်လာသည်။



`ဒီမြို့မှာ သမီးတော့ ခေါင်းဖော် ရဲတော့မှာ မဟုတ်ဘူး၊ ဖေဖေ လုပ်တာနှင့် အားလုံး အရှက်ကွဲ ကုန်ပြီ’



`တော်တော့ကွယ်၊ မပြောပါနှင့်တော့၊ ခေါင်းကိုက်ရတဲ့ အထဲ’



`ဗိုလ်ကြီး ဘတ်တလာလို လူမျိုးနှင့် အရက်မူးပြီး အိမ်ပြန်လာတယ်၊ ပြီးတော့ ခုနစ်သံ တင်ပြီး သီချင်းတွေ ဆိုလာတယ်၊

ပါလာတဲ့ ပိုက်ဆံလည်း အကုန် ဖဲရှုံးပစ်တယ်’

`ဒီကောင်ဟာ ပိုကာဆွဲ သိပ်ကောင်းတာပဲ၊ ဒီလောက် ဖဲရိုက်တော်တဲ့ ကောင်ဟာ လူကြီးလူကောင်း မဖြစ်နိုင်ဘူး၊

ပြီးတော့’

`မေမေ ကြားရင် ဘာပြောမလဲ’



ဖေဖေက မော့ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ထိတ်လန့်သည့် အရိပ်အယောင် ပေါ်နေသည်။



`သမီး မေမေကတော့ စိတ်ထိခိုက်မှာပဲ’



`ဒါတော့ ဖေဖေပဲ စဉ်းစားကြည့်ပေါ့၊ သမီးဟာ မိဘမျက်နှာကို အိုးမဲ သုတ်တယ်လို့ ဖေဖေပဲ မနေ့ညက ပြောခဲ့တယ်၊

တပ်သားတွေ ရန်ပုံငွေ အတွက် ဝင်ကတာလေးကို အကြီးအကျယ် လုပ်ပြောလိုက်ကြတာ၊ စကားလက် ရှက်တယ်၊ ငိုမိလိမ့်မယ်’

`ကဲ တော်ပါကွယ်၊ မပြောပါနှင့်တော့၊ ခေါင်းကိုက်လှပြီ၊ ဒါတွေ ဆက်ပြောနေရင် ဖေဖေ့ ခေါင်း ကွဲထွက်လိမ့်မယ်’



`ဖေဖေပဲ ပြောတယ် မဟုတ်လား၊ သမီးဟာ’



`ကဲ တော်ပါတော့ဗျာ၊ ကျုပ် တောင်းပန်ပါတယ်၊ ကျုပ် ပြောမိတာ မှားပါတယ်၊ တော်ပါတော့၊ စကားလက် အိုဟာရာ

217

ဆိုတဲ့ မိန်းကလေးဟာ မျိုးချစ်စိတ် ရှိတဲ့ မိန်းကလေး၊ ဗိုင်းကောင်းကျောက်ဖိပါတဲ့’

`သမီးကို အရှက်တကွဲ ဖြစ်အောင် အိမ်ပြန် ခေါ်ဦးမှာလား’



`မခေါ်ပါဘူးကွယ်၊ အစကတည်းက ခေါ်ဖို့ စိတ်မကူးပါဘူး၊ စ တာပါ၊ ဖေဖေ ဖဲရှုံးတာကိုလည်း မေမေ့ကို

သွားမပြောလိုက်ပါနှင့်၊ အကုန်အကျ များရလို့ စိတ်ညစ်နေတာ’

`ဒီမှာ ဆက်နေခွင့် ပြုရမယ်၊ ပြီးတော့ သမီးကိစ္စဟာ ဘာမှ မဟုတ်ဘူး၊ အဘွားကြီးတွေ အတင်းပြော ဆိုတာ မေမေ့ကို

ပြောရမယ်၊ ဒီလိုဆိုရင် သမီးကလည်း မပြောဘူး’

ဖေဖေက သူ့သမီးကို စိတ် မချမ်းမသာဖြင့် ကြည့်သည်။



`ဖေဖေ့ကို ခြိမ်းခြောက်နေတာလား’



`မနေ့ညက ဖေဖေ့ လုပ်ပုံဟာ အရှက်တကွဲ ဖြစ်စရာ မဟုတ်ဘူးလား’



`ကဲ ကဲ၊ ဒါတွေ အားလုံး သင်ပုန်းချေလိုက်၊ နေစမ်းပါဦး၊ ဒေါ်လေး ပစ်တီတို့ အိမ်မှာ ဘရမ်ဒီလေး ဘာလေး

မထားဘူးလား၊ ဖေဖေ သိပ်ခေါင်းကိုက်’

စကားလက်က ခြေဖျားထောက်၍ ထွက်သွားသည်။ ခန်းမကြီးထဲမှ တစ်ဆင့် ထမင်းစားခန်းထဲသို့ ဝင်ကာ ဘရမ်ဒီ

ပုလင်းကို ယူလာသည်။ သူနှင့် မီလာနီတို့က ဘရမ်ဒီကို `အမူးပြေ’ ဆေးဟု ခေါ်သည်။ ဒေါ်လေး ပစ်တီ တစ်ယောက် ရင်တလှပ်လှပ် ခုန်၍ မူးလျှင်၊ သို့မဟုတ် မူးသည်ဟု ထင်လျှင် တစ်ကျိုက်လောက် သောက်တတ်သည်။ သူ့မျက်နှာက အောင်ပွဲရသည့် မျက်နှာ။ ဖေဖေ့ကို အာခံခဲ့ရသည့် အတွက် ရှက်ဟန် မရှိ။ မေမေ့ဆီ မည်သူတွေ မည်သို့ရေးရေး ဂရုစိုက်စရာ မလိုတော့။ သူ့ဘက်က ဖေဖေ ရှိနေပြီ။ အတ္တလန်တာတွင် နေရစ်ခဲ့ရတော့မည်။ သူ ကြိုက်သလို နေရတော့မည်။ ဒေါ်လေး ပစ်တီ ဆိုသည်ကလည်း မှုလောက်စရာ မဟုတ်။ စကားလက်သည် ဗီရိုကို လှပ်ကာ ဘရမ်ဒီ ပုလင်းကို ရင်မှာ ပိုက်ထားသည်။

မက်မုံပင် ချောင်းဘေးတွင် ပျော်ပွဲစား ထွက်ကြမည်။ ကျောက်တောင်တွင် ကောင်လုံးကင် ပျော်ပွဲစား သွားကြမည်။

ဧည့်ခံပွဲများ၊ ကပွဲများသို့ သွားရတော့မည်။ ညကပွဲများသို့ သွားရတော့မည်။ ဘာဂီဖြင့် လေညင်းခံ ထွက်မည်။ တနင်္ဂနွေနေ့ ညစာ စားပွဲများသို့ သွားရတော့မည်။ အတ္တလန်တာတွင် သူသည် ယောက်ျားပျိုတွေ ဝိုင်းဝိုင်းလည်နေမည်။ ဗဟိုချက်မတွင် ရောက်နေမည်။ ဆေးရုံ သွားပြီး နည်းနည်းပါးပါး လုပ်ပြလိုက်လျှင် ယောက်ျားပျိုတွေကလည်း သဘောကျ ကြသည်။ ဆေးရုံကို စိတ်မပျက်တော့။ မြိုင်သာယာက သစ်တော်ခြံတွင် အပင်ကို လှုပ်လိုက်သည်နှင့် ပင်မှည့်တွေ တဖြုတ်ဖြုတ် ကြွေကျကြသကဲ့သို့ စကားလက်လို အမျိုးသမီး လက်ထဲသို့ ယောက်ျားလေးတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာရမည်။

စကားလက်က ဘရမ်ဒီ ပုလင်းကို ဖေဖေ့ထံ ယူလာသည်။ မနေ့ညက ဖေဖေ မူးခဲ့သည့် အတွက် ဘုရားကိုပင် ကျေးဇူး

တင်ရဦးမည်။ ရက် ဘတ်တလာ ကမူ မည်သို့ ပြောမည် မသိ။

218

၁၁



နောက်တစ်ပတ် တစ်ညနေတွင် ဆေးရုံမှ စကားလက် ပြန်ခဲ့သည်။ ပင်လည်း ပင်ပန်းသည်။ ဒေါသလည်း

ထွက်နေသည်။ တစ်မနက်လုံး တမတ်တတ်တတ်ဖြင့် မနားရ။ ထိုအထဲတွင် စစ်သားတစ်ယောက်၏ အိပ်ရာတွင်ထိုင်ပြီး သူ့လက်မောင်းကို ပတ်တီးစည်းပေးမိသည့်အတွက် မစ္စက် မယ်ရီဝယ်သာက အကြီးအကျယ်ဆူသည်။ ဒေါ်လေး ပစ်တီနှင့် မီလာနီက သူ့သားငယ် ဝိတ်၊ ကလေးထိန်း ပရဇ္ဇီနှင့်အတူ ဆင်ဝင်အောက် ရောက်နေသည်။ ထုံးစံအတိုင်း မိတ်ဆွေများထံ အလည်သွားရန် ဖြစ်သည်။ စကားလက်က ပင်ပန်း၍ မလိုက်တော့ဟု အကြောင်းပြကာ အပေါ်ထပ် သူ့အခန်းသို့ တက်လာခဲ့သည်။

ရထားဘီးသံက တဖြည်းဖြည်း ဝေးသွားသည်။ သူတို့ တော်တော်ဝေးဝေး ရောက်ပြီဟု စိတ်ချရတော့မှ မီလာနီ

အိပ်ခန်းဘက်သို့ ကူးလာကာ အခန်းတံခါးကို သော့ဖွင့်၍ ဝင်ခဲ့သည်။ အခန်းက သပ်ရပ် သန့်ရှင်းသည်။ အပျိုလေး တစ်ယောက်၏ အိပ်ခန်းနှင့်ပင် တူသည်။ တိတ်ဆိတ်ငြိမ်သက်၍ ညနေခင်း နေခြည်သို့ ဖြာကျနေသဖြင့် နွေးနေသည်။ ကြမ်းပြင်က တဖိတ်ဖိတ်တောက်နေသည်။ အချို့နေရာတွင်သာ ကြမ်းခင်းကော်ဇော ခင်းထားသည်။ ဖြူဖွေးသည့် နံရံပေါ်တွင် မည်သည့် ရုပ်ပုံမျှ ချိတ်ဆွဲထားခြင်း မရှိ။ အခန်းထောင့်တစ်နေရာတွင်သာ မီလာနီက ဘုရားစင် ပြင်ထားသလို ပြင်ထားသည်။

အခန်းထောင့်တွင် သီးခြားပြည်နယ် အလံကြီးတစ်ခု ချိတ်ထားသည်။ ထိုအောက်တွင် အနှောင့် ရွှေကွပ်နှင့်

ဓားလွယ်တစ်ချောင်းဆွဲထားသည်။ မက္ကဆီကို စစ်ပွဲတွင် မီလာနီ အဖေ ကိုင်ခဲ့သော ဓားလွယ်ဖြစ်၏။ ပြည်တွင်းစစ်တွင် ချားလ်တစ်ယောက် ရှေ့တန်း သွားစဉ်ကလည်း ကိုင်ခဲ့ဖူးသည်။ ချားလ်၏ စလွယ်နှင့် သားရေအိတ်ထဲတွင် ထည့်ထားသည့် ပစ္စတို ခါးပတ်လည်း ချိတ်ထားသည်။ ဓားလွယ်နှင့် ပစ္စတိုကြားတွင် ချားလ်၏ ပုံတူပန်းချီကား ရှိသည်။ မီးခိုးရောင် ဝတ်စုံဝတ်လျက်။ ကိုယ်ကို မတ်မတ်ရပ်လျက်။ ညိုလဲ့သော သူ့မျက်လုံးများက ပန်းချီကား ပေါင်ထဲတွင် တောက်ပနေသည်။ နှုတ်ခမ်းပေါ်တွင် ရှက်ရွံ့ရွံ့အပြုံးဖြင့်။

စကားလက်က ရုပ်ပုံကို မော့၍ပင် မကြည့်မိ။ တစ်ယောက်အိပ် ခုတင်ဘေး စားပွဲပေါ်၌ ရင်းတိုက်နှစ်သား လေးထောင့်

စာသေတ္တာကလေးဆီသို့ ခပ်သုတ်သုတ်လျှောက်လာခဲ့သည်။ သေတ္တာထဲမှ ဖဲကြိုးပြားနှင့် စည်းထားသည့် စာအိတ်တစ်ထပ်ကို ကောက်ယူ၏။ မီလာနီထံ ပေးသည့် အက်ရှလေ၏ စာများဖြစ်သည်။ အပေါ်ဆုံးတွင် ယနေ့နံနက်မှ ရောက်လာသည့် စာတစ်စောင်ရှိသည်။ စကားလက်က ထိုစာကို ဖွင့်ဖတ်သည်။

သူ့စာတွေကို စကားလက် ပထမဆုံး ခိုးဖတ်စဉ်က စကားလက် လိပ်ပြာမလုံ။ သိများသိသွားမည်လောဟု

တထိတ်ထိတ်ဖြစ်ရသည်။ စာအိတ်ကိုပင် ကောင်းကောင်းမဖွင့်ရဲ။ ယခုမူ နဂိုကတည်းက ဂုဏ်သိက္ခာကို အလေးမထားသော စကားလက်၏ စိတ်သည် ဤအမှုကို ကျူးလွန်ရဖန် များသဖြင့် ထုံသွားပြီ။ သိသွားမည်ကိုပင် စိုးရိမ်ခြင်း မဖြစ်တော့။ တစ်ခါတစ်ရံတွင်မူ ‘မေမေ သိရင် ဘယ်လိုများပြောမလဲ’ ဟု စဉ်းစားမိသေးသည်။ မေမေက ဤလို အောက်တန်းကျသည့် အလုပ်များကို

နည်းနည်းမျှမကြိုက်။

သူ့သမီးကို

ဤကိစ္စမျိုးကြောင့်

အပြောမခံနိုင်။

သေသည်ကိုမှ

ကြည့်ချင်

219

ကြည့်နိုင်ဦးမည်။ ထို့ကြောင့် ပထမတွင် စကားလက် စိတ်မကောင်းဖြစ်မိသေးသည်။ ယခုထိတော့ စကားလက် မေမေနှင့် နေရာတကာ တူချင်သည်။ သို့ရာတွင် စာဖတ်ချင်သည့် စိတ်က များနေပြီ။ မနေနိုင်တော့။ ထို့ကြောင့် မေမေ့ကို ခေါင်းထဲမှ ဖျောက်ပစ်လိုက်သည်။

စိတ်မချမ်းသာစရာ

အတွေးများကို

ဖျောက်တတ်သည့်

အကျင့်ရနေပြီ။

‘စိတ်ညစ်စရာဆိုရင်

ခုမစဉ်းစားသေးဘူး၊ နက်ဖြန်ကျမှ စဉ်းစားမယ်’ ဟု တွေးတတ်နေပြီ။ မနက်ဖြန်ရောက်လျှင်လည်း ထိုစိတ်ညစ်စရာသည် ပျောက်သွားပြီ။ သို့မဟုတ် မနေ့ကလောက် စိတ်ညစ်စရာကြီး မဟုတ်တော့ဘဲ သေးငယ်သွားပြီ။ ထို့ကြောင့် အက်ရှလေ၏ စာများကို ခိုးဖတ်သည့်ကိစ္စတွင်လည်း စကားလက် မရှက်တတ်တော့။

အက်ရှလေ၏ စာများနှင့် ပတ်သက်လျှင် မီလာနီက သဘောထားကြီးသည်။ ဒေါ်လေး ပစ်တီနှင့် စကားလက်တို့ကို

တစ်စိတ်တစ်ပိုင်း ဖတ်ပြတတ်သည်။ သို့ရာတွင် စကားလက် စိတ်ထိခိုက်စရာမျိုး ပါလျှင်မူ ဖတ်ပြလေ့မရှိ။ ထို့ကြောင့် စကားလက်သည် သူ့ယောက်မစာများကို ခိုးဖတ်နေရခြင်းဖြစ်သည်။ အက်ရှလေသည် သူ့ဇနီး မီလာနီကို ချစ်သည်လောဟု သူသိချင်နေသည်။ ချစ်ယောင်ဆောင်နေသည်လောဟု သိချင်သည်။ ကြင်ကြင်နာနာ ယုယုယယ ရှိ၏လောဟု သိချင်သည်။ မည်မျှ သူ့အပေါ် နွေးထွေးသနည်း။

စကားလက်က စာရွက်ကို ဂရုတစိုက်ဖွင့်သည်။



အက်ရှလေ၏

လက်ရေးကလေးတွေက

သေးသေး

ကလေးတွေ။

ညီညီညာညာ

ရှိသည်။

ဖတ်ရင်း

စာလုံးကလေးများသည် စာရွက်ထဲမှ ခုန်ထွက်လာသည်ဟု ထင်ရသည်။

‘ချစ်ဇနီး’



စကားလက် စိတ်သက်သာရာ ရသွားသည်။ ‘အချစ်’ ဟု မခေါ်။ ‘ချိုသဲ’ ဟု မခေါ်။



‘ချစ်ဇနီး၊ ကိုယ်က မင်း အပေါ်မှာ ဖုံးကွယ်ထားမှာ စိုးရိမ်တယ်လို့ မင်းက ရေးပေးလိုက်တယ်၊ ဘာတွေများ

တွေးနေသလဲလို့လည်း မေးလိုက်တယ်’

‘ဘုရားရေ သူ့အပေါ်မှာ ဖုံးကွယ်ထားမှာ စိုးရိမ်တယ်တဲ့၊ မီလာနီက အက်ရှလေ စိတ်ကိုများ သိနေသလား၊

ငါ့စိတ်ကိုကော သိနိုင်သလား၊ ငါနှင့် အက်ရှလေကိုများ သင်္ကာမကင်းဖြစ်နေသလား’ ဟု စကားလက် အထိတ်တလန့် တွေးမိသည်။

သူ့လက်သည် တုန်နေသည်။ နောက်တစ်ပိုဒ်ကို ဖတ်လိုက်သည်တွင်မှ စိတ်သက်သာရာ ရသွား၏။



‘ချစ်ဇနီး၊ မင်းအပေါ်မှာ ဘာမှ ဖုံးကွယ်စရာ မရှိပါဘူး၊ ဖုံးကွယ်ခဲ့ရင်လည်း မင်း စိတ်မကောင်းမှာ စိုးလို့ ဖုံးကွယ်တာမျိုးပဲ

ရှိပါတယ်။ မင်းမှာ ကိုယ့်အတွက် ပူရ ပင်ရတာတွေ များတော့ တချို့ကိစ္စတွေမှာ ကိုယ့်အတွက် ဝန်မတက်စေချင်ဘူး။ ဒါပေမယ့် ခုထက်ထိ မင်းအပေါ်မှာ ကိုယ် ဘာမှ ဖုံးကွယ်မထားခဲ့သေးဘူး။ မင်းလည်း ကိုယ့်အကြောင်းကို အားလုံးသိပြီးသားပဲ၊ မစိုးရိမ်ပါနှင့်၊

ဘေးမသီ

ရန်မခ

ရှိပါတယ်။

နေလို့လည်း

ကောင်းတယ်၊

စားစရာလည်း

ရှိတယ်၊

တစ်ခါတလေ

အိပ်ရာလေးနှင့်လည်း ကောင်းကောင်းမွန်မွန် အိပ်ရပါတယ်၊ စစ်သားတစ်ယောက်အဖို့ ဒိထက် ဘာလိုသေးလို့လဲ၊ ဒါပေမယ့် မီလာနီရေ တစ်ခါတလေကျတော့လည်း ရင်ထဲမှာ တစ်မျိုးကြီးပဲ၊ လေးနေတယ်၊ မင်းကိုတော့ ဖွင့်ပြောရမှာပဲ’

220



‘နွေညတွေမှာ ဆိုရင် ကိုယ် အိပ်လို့မပျော်တော့ဘူး၊ စခန်းတစ်ခုလုံးက တိတ်လို့၊ ကောင်းကင်မှာ တလက်လက်

ဖြစ်နေကြတဲ့ ကြယ်ပွင့်တွေကို ကြည့်ပြီး တွေးမိတယ်၊ အက်ရှလေ၊ မင်း ဒီကို ဘာဖြစ်လို့ ရောက်နေတာလဲ၊ ဘာ့အတွက်ကြောင့် စစ်တိုက်နေတာလဲလို့ ကိုယ့်ဘာသာ ကိုယ် ပြန်မေးမိတယ်။

‘ဂုဏ်သိက္ခာ အတွက်၊ ကျော်စောမှုအတွက် တိုက်နေတာ မဟုတ်တာကတော့ သေချာပါတယ်၊ စစ်ဆိုတာ အင်မတန်

ဆိုးယုတ်တဲ့ အလုပ်ကြီးပဲ၊ ကိုယ်က ဆိုးယုတ် ညစ်ပတ်တာကို မကြိုက်ဘူး၊ ကိုယ်က စစ်သားမဟုတ်ဘူး၊ အမြောက်ဝမှာ ထိုင်ပြီး ရေပွက်ပမာဖြစ်တဲ့ ကျော်စောမှု၊ နာမည်ကြီးမှု ဆိုတာတွေကိုလည်း ကိုယ် မလိုချင်ဘူး၊ တကယ်တော့ ကိုယ်ဟာ စာနှင့် ပေနှင့် အေးအေးဆေးဆေး နေချင်တဲ့ တော လူကုံထံကလေးတစ်ယောက်ပါ၊ ဒါပေမယ့် ခုတော့ စစ်မြေပြင်မှာ ရောက်နေရပြီ၊ စစ်ခရာသံကို

ကြားရလို့လည်း

ကိုယ်သွေးမဆူဘူး၊

ဘင်သံ

ကြားရလို့လည်း

ခြေထောက်တွေ

မြောက်မလာပါဘူး၊

ကိုယ်တို့ဟာ အလိမ်ခံရပြီ၊ သစ္စာဖောက်ခံရပြီလို့ပဲ ကိုယ်ထင်နေတယ်၊ ဘယ်သူက လိမ်တယ်ထင်သလဲ၊ ဘဝင်မြင့်တဲ့ ကိုယ်တို့ရဲ့တောင်ပိုင်းသား စိတ်ဓာတ်က လိမ်တယ်၊ သစ္စာဖောက်တယ်လို့ ကိုယ် ထင်တယ်၊ တောင်ပိုင်းသားတစ်ယောက်ဟာ ယန်ကီ တစ်ဒါဇင်လောက်ကို အလွယ်ကလေးနှင့် နိုင်နိုင်တယ်လို့ ကိုယ်တို့ အထင်ကြီးခဲ့ကြတယ်၊ ကမ္ဘာမှာ ဝါဂွမ်း အင်ပိုင်ယာကြီးက အုပ်စိုးရမယ်လို့ အထင်ကြီးခဲ့တယ်၊ ရာထူးကြီးတွေ ယူထားတဲ့ လူတွေရဲ့ပါးစပ်က နိုင်ငံရေး စကားလုံးတွေ၊ သူတို့ မိန့်ခွန်းတွေ၊ သူတို့ရဲ့တစ်ဖက်သတ် ပြောစကားတွေကို ကိုယ်တို့ အဟုတ်ထင်ခဲ့ကြတယ်၊ ကိုယ်တို့ လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ စကားတွေကို နားထောင်ခဲ့ကြတယ်၊ ဝါဂွမ်းအင်ပိုင်ယာတဲ့၊ ကျေးကျွန်စနစ်တဲ့၊ ပြည်နယ် အခွင့်အရေးတဲ့၊ မိစ္ဆာယန်ကီတဲ့။

‘မြေကြီးပေါ်မှာ စောင်လေးခင်းပြီး အိပ်ရင်း ကြယ်တွေကို မော့ကြည့်မိတယ်၊ အက်ရှလေ၊ မင်း ဘာ့အတွက်

စစ်တိုက်နေတာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်၊ ပြည်နယ်အခွင့်အရေးအတွက်လား၊ ဝါဂွမ်း အင်ပိုင်ယာကြီး ထူထောင်ဖို့လား၊ ကပ္ပလီတွေ အတွက်လား၊ ဒါမှမဟုတ် ကိုယ်တို့ တစ်သက်လုံး မုန်းခဲ့တဲ့ ယန်ကီတွေကို ချေမှုန်းဖို့လား၊ ဒါတွေ တစ်ခုအတွက်ကြောင့်မှ မဟုတ်ဘူး၊ လက်စသတ်တော့ ကိုယ်တို့ တိုက်နေတာဟာ ဒါတွေအတွက် မဟုတ်ဘူးဆိုတာ သိလာတယ်၊ ကိုယ့် မျက်စိထဲမှာ ဝက်သစ်ချမြိုင်ကို မြင်လာတယ်၊ လရောင်က ဝင်းလို့၊ လရောင်အောက်မှာ တတိုင်းမွှေး ပန်းတွေက ဖွေးဖွေးလှုပ်အောင် ပွင့်လို့၊ နွယ်နှင်းဆီတွေက တိုက်နံရံမှာ တွယ်တက်လို့၊ ပူအိုက်တဲ့ နေ့လယ်တွေမှာတောင် နွယ် နှင်းဆီရိပ်ကြောင့် ကိုယ်တို့ တိုက်ဟာ အေးနေတယ်၊ ကိုယ် ငယ်ငယ်တုန်းက မေမေက အဲဒီအရိပ်မှာထိုင်ပြီး အပ်ချုပ်လို့၊ ညနေ မှောင်ရီပျိုးပြီဆိုရင် ကပ္ပလီတွေ ဝါခင်းက ပြန်လာကြပြီ၊ ပင်ပင်ပန်းပန်းနှင့်၊ ဒါပေမယ့် ပင်ပန်းရမှန်းမသိဘူး၊ သီချင်း တကြော်ကြော်နှင့်၊ ရေတွင်းက မောင်းလက်သံကလည်း တကျွီကျွီနှင့်၊ အိမ်ပေါ်ကနေ ကြည့်လိုက်ရင် ဝါခင်းကြီးတွေကို မြင်ရတယ်၊ ဝါခင်းကုန်းတွေအောက်မှာ မြစ်က တငြိမ့်ငြိမ့် စီးလို့၊ ဆည်းဆာရောက်လို့ လျှိုကြားတွေထဲ လှမ်းကြည့်လိုက်ရင် မြူတွေက ဆိုင်းနေတယ်၊ လက်စသတ်တော့ သေမှာတို့၊ ဆင်းရဲမှာတို့၊ ကျော်စောမှုတို့ကို မခုံမင်တဲ့ ကိုယ်ဟာ ဒါတွေကြောင့်မို့ စစ်မြေပြင်ကို ရောက်နေတာကိုး၊ ဒါကိုပဲ မျိုးချစ်စိတ်ဓာတ်လို့ ခေါ်ကြတာမဟုတ်လား၊ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်ဟာ မျိုးချစ်စိတ်ဓာတ်မဟုတ်လား၊ ဒါပေမယ့် မီလာနီရေ၊ ဒါတွေဟာ ဒီထက် လေးနက်တယ်၊ ခုနက ကိုယ်ပြောခဲ့တဲ့ အရာတွေဟာ တကယ်တော့ သင်္ကေတတွေပဲ၊ ကိုယ်တို့ ခုံမင်တဲ့အရာတွေရဲ့သင်္ကေတတွေပဲ၊ ကိုယ် ချစ်တဲ့ လူ့ဘဝရဲ့ သင်္ကေတတွေပဲ၊ တကယ်တော့ ကိုယ်ဟာ ရှေးက ခေတ်ဟောင်း၊ ရှေးက ကာလအတွက် တိုက်နေတာ၊ ကိုယ်ချစ်တဲ့ ရှေးခေတ်က ထုံးစံဓလေ့တွေအတွက် တိုက်နေတာ၊ ဒါပေမယ့် အဲဒီခေတ်မျိုးဟာ ပြန်မလာတော့ပါဘူး၊ ဒီစစ်ပွဲမှာ နိုင်နိုင် ရှုံးရှုံး

221

အဲဒီခေတ်မျိုးကတော့ ကိုယ်တို့ ပြန်မရနိုင်တော့ဘူး။

‘ကဲ၊ ဒီစစ်မှာ ကိုယ်တို့ နိုင်ပါပြီတဲ့၊ ဝါဂွမ်းအင်ပိုင်ယာကြီးကို ထူထောင်ပါပြီတဲ့၊ ဒီလိုကျတော့လည်း ကိုယ်တို့ ရှုံးတာပါပဲ၊

ကိုယ်တို့ဟာ အရင်က လူတွေမဟုတ်တော့ဘူး၊ ရှေးအစဉ်အလာတွေဟာ ကျန်ရစ်ခဲ့တော့မှာမဟုတ်ဘူး၊ ကမ္ဘာကြီးက ကိုယ်တို့ တောင်ပိုင်းက ဝါဂွမ်းတွေကို လိုချင်လှပြီ၊ ကိုယ်တို့ တောင်းတဲ့ဈေးကို ပေးရတော့မယ်၊ ဒီတော့ ကိုယ်တို့လည်း ကိုယ်တို့ လှောင်ပြောင်ခဲ့တဲ့ ယန်ကီတွေလို ဒေါ်လာနောက် လိုက်သူတွေ၊ စီးပွားရေးသမားတွေ၊ ဝိသမ လောဘသမားတွေ ဖြစ်ကုန်ကြတော့မှာပဲ၊ ရှုံးတယ်ဆိုရင်တော့ မပြောနှင့်တော့။

‘ကိုယ်လေ ခု ဘယ်အန္တရာယ်ကိုမှ မကြောက်တော့ဘူး၊ သုံ့ပန်းဖြစ်မှာလည်း မကြောက်ဘူး၊ ဒဏ်ရာရမှာလည်း

မကြောက်ဘူး၊ သေရမှာလည်း မကြောက်ဘူး၊ ကိုယ် ကြောက်တာ တစ်ခုပဲ ရှိတယ်၊ စစ်ပြီးသွားရင် ခေတ်ဟောင်းကို ဘယ်တော့မှ ပြန်မရောက်တာကို အကြောက်ဆုံးပဲ၊ ကိုယ်က ခေတ်ဟောင်းကို ပြန်သဘောကျတဲ့လူ၊ လောဘတွေ၊ ဒေါသတွေနှင့် သတ်ကြ ဖြတ်ကြတဲ့ ခု ခေတ်သစ်ကြီးကို ကိုယ် မကြိုက်ဘူး၊ အဲဒီ အနာဂတ် ခေတ်သစ်မှာ ကိုယ်ဟာ အံဝင်ခွင်ကျ ဖြစ်မှာမဟုတ်ဘူး၊ မီလာနီလည်း ဒီလိုပဲ၊ မင်းနှင့်ကိုယ်ဟာ ဘယ်လိုနေမယ်ဆိုတာတော့ ကိုယ်မသိဘူး၊ ဒါပေမယ့် အတိတ်ခေတ်လို လှပတင့်တယ်မှာမဟုတ်ဘူး၊ ပျော်စရာကောင်းမှာ မဟုတ်ဘူး ဆိုတာကတော့ သေချာတယ်။

‘ကိုယ့်ဘေးမှာ

အိပ်နေတဲ့

ရဲဘော်လေးတွေကို

လှမ်းကြည့်လိုက်မိတယ်၊

စတူးဝပ်တို့

အမြွှာညီအစ်ကိုတို့၊

ကိတ်တို့လည်း ဒီအတိုင်းပဲ တွေးနေကြလားမသိဘူး၊ သူတို့ကတော့ အရေးတော်ပုံအတွက် တိုက်နေကြတယ်လို့ ထင်မှာပဲ၊ ဒါပေမယ့် တကယ်ကတော့ ကိုယ်တို့အရေးတော်ပုံဟာ ပထမဆုံး သေနတ် တစ်ချက်ဖောက်လိုက်ကတည်းက ရှုံးနေပြီ၊ ကိုယ်တို့ အရေးတော်ပုံဟာ တခြားမဟုတ်ဘူး၊ ကိုယ်တို့ရဲ့ရှေးခေတ်ကြီး၊ ရှေး နေထိုင်မှု စနစ်ကြီး ပြန်ထူထောင်ရေးပဲ၊ ဒီခေတ်ကြီး ဒီစနစ်ကြီးဟာ ခုမရှိတော့ဘူး၊ သူတို့ကတော့ ဒီအထိ တွေးမိချင်မှ တွေးမိကြမယ်၊ မတွေးမိတာပဲ ကောင်းပါတယ်၊ မီလာနီကို လက်ထပ်ဖို့ ကိုယ်ပြောခဲ့တုန်းက ဒါတွေကို ကိုယ် မစဉ်းစားခဲ့မိဘူး၊ လက်ထပ်ပြီးရင် ဝက်သစ်ချမြိုင်မှာ အေးအေးဆေးဆေး ခါတိုင်းလိုပဲ နေကြမယ်လို့ စိတ်ကူးခဲ့တယ်၊ ကိုယ်နှင့် မီလာနီက အေးအေးချမ်းချမ်း ဘဝကို ကြိုက်တယ်၊ အသွင်တူတယ်၊ ခါတိုင်းလို အပြောင်းအလဲမရှိ၊ အေးအေးဆေးဆေးနေပြီး စာတွေဖတ်ကြမယ်၊ ဂီတကို နားထောင်ကြမယ်လို့ မျှော်မှန်းခဲ့တယ်၊ ဒါပေမယ့် ဒါတွေ တစ်ခုမှ မလုပ်ရတော့ဘူး၊ ခေတ်ဟောင်းကို ဖျက်ကြ၊ သတ်ကြ ဖြတ်ကျ၊ မုန်းကြ၊ ရန်စကြနှင့်

အချိန်ကုန်နေရတာပါကလား၊

မီလာနီရေ၊

ပြည်နယ်အခွင့်အရေးတို့၊

ဝါဂွမ်း

အင်ပိုင်ယာတို့၊

ကျေးကျွန်

စနစ်တို့ဆိုတာ အလကားပါကွယ်၊ ဒါတွေအတွက် ဒီလောက်တောင် တစ်ဖက်နှင့်တစ်ဖက် သတ်ကြ ဖြတ်ကြ၊ စစ်ခင်းကြ မဖြစ်သင့်ပါဘူး၊ ဒါတွေ အတွက်ကြောင့်တော့ ဒီလောက် မဖြစ်သင့်ပါဘူး၊ ယန်ကီတွေသာ ကိုယ်တို့ကို အနိုင်ရသွားရင်တော့ မတွေးဝံ့လောက်အောင်ပဲ၊ သူတို့ပဲ နိုင်မှာပါပဲ။

‘တကယ်တော့ ကိုယ်ဟာ ဒါတွေကို မရေးသင့်ဘူး၊ တွေးတောင် မတွေးသင့်ဘူး၊ ဒါပေမယ့် ကိုယ့်ရဲ့ရင်ထဲမှာ

ဘာတွေရှိသလဲလို့ မေးလို့ ရေးလိုက်ရတာ၊ ကိုယ်တို့ ရှုံးမှာပဲဆိုတဲ့အတွေးဟာ လူတိုင်း ခေါင်းထဲမှာ ရောက်နေတယ်၊ မှတ်မိသေးလား၊

ကိုယ်တို့

လူတစ်ယောက်လာတယ်လေ၊

စေ့စပ်ကြောင်းလမ်းတဲ့နေ့

ကောင်လုံးကင်

ချာလက်စတန်

အသံခပ်ဝဲဝဲနှင့်

နယ်သား၊

ပျော်ပွဲစားမှာ

ဘတ်တလာ

တောင်ပိုင်းသားတွေ

ပညာ

ဆိုတဲ့ ဗဟုသုတ

ခေါင်းပါးတယ်လို့ သူက ပြောလို့ စကားများပြီး သတ်မယ် ပုတ်မယ်တောင် ဖြစ်သေးတယ်လေ၊ ကိုယ်တို့မှာ သံရည်ကျိုရုံတွေ

222

မရှိဘူး၊ သင်္ဘောတွေ မရှိဘူး၊ လက်နက်ရုံတွေ မရှိဘူး၊ စက်တည်ဆောက်ရေး စက်ရုံတွေ မရှိဘူးလို့ သူက ပြောလို့ စတူးဝပ် အမြွှာညီအစ်ကိုက မခံမရပ်နိုင်ဖြစ်ပြီး သေနတ်နှင့် ပစ်ပါ့မယ် တကဲကဲ လုပ်သေးတယ်လေ၊ ယန်ကီ သင်္ဘောတွေက ပိတ်ထားလို့ ကိုယ်တို့ ဝါဂွမ်းတွေ ဘယ်ကိုမှ မပို့နိုင်ဘူးလို့ သူက ပြောခဲ့သေးတယ်လေ၊ သူ ပြောတာမှန်တယ် မီလာနီ၊ ကိုယ်တို့ဟာ ယန်ကီတွေရဲ့ ရိုင်ဖယ် အသစ်တွေကို ခေတ်ဟောင်းက တူမီးသေနတ်တွေနဲ့ တိုက်နေရတာ၊ ပိတ်ဆို့မှုက ကျပ်သည်ထက် ကျပ်လာပြီ။ မကြာခင် ဆိုရင် ဆေးပစ္စည်းတွေတောင် သွင်းလို့ရတော့မှာ မဟုတ်ဘူး၊ ရက်ဘတ်တလာဟာ လောကကြီးရဲ့ အမြီးအမောက် မတည့်မှုတွေကို လှောင်ချင်နေတဲ့ လူ၊ ဒါပေမယ့် ဒီလူဟာ ကိုယ့်အခြေအနေကို ကောင်းကောင်းသိတယ်၊ စကားပြောတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေထက် ကိုယ့်အခြေအနေကို ကိုယ်သိတဲ့ ရက်ဘတ်တလာလို လူမျိုးတွေရဲ့ စကားတွေကို ကိုယ်တို့ အရေးတယူ စဉ်းစားရမယ်၊ စစ်တိုက်ဖို့အတွက် တောင်ပိုင်းမှာ လက်နက်ဆိုလို့ ဝါဂွမ်းနှင့် အခြောက်တိုက် ဘဝင်မြင့်မှုပဲ ရှိတယ်တဲ့၊ တခြားဘာမှမရှိဘူးတဲ့၊ သူက ပြောဖူးတယ်၊ ကိုယ်တို့ ဝါဂွမ်းကလည်း တကယ်တော့ ဘာမှ အဖိုးမတန်ပါဘူး၊ ဒီတော့ ကိုယ်တို့ပိုင်တဲ့ လက်နက်ဆိုလို့ ဘဝင်မြင့်တာပဲ ရှိတော့တယ်၊ ဒါပေမယ့် ဒီဘဝင်မြင့်မှုကို သတ္တိလို့ ခေါ်ရတော့မယ် ထင်တယ်၊ တကယ်လို့’

စကားလက် ဆက်၍ မဖတ်တော့။ စာကို ဂရုတစိုက် ပြန်ခေါက်ကာ စာအိတ်ထဲသို့ ပြန်ထည့်သည်။ နောက်ထပ်

မဖတ်ချင်တော့။ ငြီးငွေ့သွားပြီ။ သူ့စာက အကောင်း တစ်ကွက်မျှ မပါ။ စိတ်ပျက်စရာတွေချည်း ဖြစ်နေသည်။ မီလာနီ့ စာကို ခိုးဖတ်ခြင်းမှာ အက်ရှလေ၏ စိတ်ဝင်စားစရာ မကောင်းသည့် အတွေးတွေကို သိလို၍ မဟုတ်။ ဤအတွေးများ၊ ဤအယူအဆများကို သိပြီးပြီ။ မြိုင်သာယာတွင် နှစ်ယောက်တွေ့ကြတိုင်း ဤအကြောင်းကို ပြောခဲ့ကြလှပြီ။ နားထောင်ခဲ့ပေါင်း များလှပြီ။

သူ သိချင်သည်က အက်ရှလေ တစ်ယောက် သူ့မိန်းမကို ဘယ်ရွေ့ ဘယ်မျှ ချစ်သည့် အကြောင်းဖြစ်သည်။

ယခုအထိမူ ဤအကြောင်းတွေ မပါသေး။ သေတ္တာလေးထဲက စာမှန်သမျှကို သူ ဖတ်ပြီးပြီ။ ရေးသမျှစာထဲတွင် မောင် တစ်ယောက်က နှမ တစ်ယောက်ထံ ရေးသည့် စာမျိုးထက် ဘာမျှမပို၊ ဘာမျှ မထူး။ အရေးအသားက နူးနူးညံ့ညံ့၊ စုံစုံလင်လင်။ သို့ရာတွင် ချစ်သူတစ်ယောက်၏ စာမျိုးမဟုတ်။ အချစ်၏ ရသအပြည့်ပါသည့် ရည်းစားစာပေါင်းများစွာကို စကားလက် ရခဲ့ဖူးပြီ။ အက်ရှလေ၏ စာတွင် အချစ်၏ ရသဆို၍ တစ်စက်မျှ မပါ။ အက်ရှလေသည် သူ့ကို မိတ်ဆွေတစ်ယောက်လို ချစ်ခင်ခြင်းမျိုးသာ ဖြစ်ကြောင်း မီလာနီ မသိလေရော့သလားဟု စကားလက် အထင်သေးမိသည်။ မီလာနီသည် သူ့ယောက်ျား၏ စာထဲတွင် တစ်စုံတစ်ရာ လိုနေသည်ကို သတိထားမိပုံလည်း မရ။ နှိုင်းယှဉ်ကြည့်ရအောင်လည်း မည်သည့် ယောက်ျားပျိုထံကမှ ရည်းစားစာ မရဖူးခဲ့။

‘အက်ရှလေ စာတွေကလည်း ကြောင်လိုက်တာ’ ဟု စကားလက် တွေးသည်။ ‘ငါ့ယောက်ျားကသာ ဒီလို မဟုတ်က

ဟုတ်ကတွေ ရေးရင် ငါတော့ အော်ပစ်လိုက်မှာပဲ၊ ချားလ်ကမှ သူ့ထက် ရေးတတ်သေးတယ်’

စကားလက်က

စာအိတ်ထပ်များကို

လှန်ကြည့်လိုက်ပြီး

နေ့စွဲများကို

ကြည့်လိုက်သည်။

စာပါအကြောင်းအရာများကိုလည်း ပြန် စဉ်းစားနေသည်။ ထိုစာများထဲတွင် စစ်တပ်များ စခန်းချကြပုံ၊ တိုက်ပွဲဖြစ်ပွားပုံ စသည်တို့ကို ရေးထားခြင်းမရှိ။ ဒေါက်တာမိ၏သား ဒါစီမိ၊ ဒါးလတ်စ် မက်ကလျူး စသူတို့က တိုက်ပွဲအကြောင်းများကို ရေးတတ်သည်။ သူတို့အိမ်က မိဘတွေက ထိုစာများကို အော်ကျယ်ဟစ်ကျယ်ဖတ်ပြတတ်သည်။ မီလာနီထံ လာသည့်

223

အက်ရှလေ၏ စာများက ဤသို့ ဝိုင်းဖွဲ့၍ ဖတ်စရာ အကြောင်း ဘာမျှ မပါ။

အက်ရှလေသည်

စစ်အကြောင်းကို

လုံးဝ

မေ့ပျောက်ထားဟန်

တူသည်။

ပြည်တွင်းစစ်ကြီး

ဖြစ်ပွားခြင်း

မရှိသည့်နှယ် စစ်အကြောင်း အရိပ်အငွေ့မျှ မပါ။ သူတို့နှစ်ဦးဖတ်ဖူးသည့် စာအုပ်များအကြောင်း၊ သီချင်းများအကြောင်း၊ မိတ်ဆွေများအကြောင်း၊ ဥရောပသို့ သူလျှောက်လည်ခဲ့စဉ်က တွေ့ခဲ့ရပုံများ အကြောင်း စသည်တို့လောက်သာ ပါသည်။ သူ့စာတွေက ဝက်သစ်ချမြိုင်ကို လွမ်းသည့်အကြောင်းတွေ၊ တောလိုက် ထွက်သည့်အကြောင်းတွေ၊ နှင်းမှုန်မှုန် ဆောင်းည ကြယ်ရိပ်များအောက် တိတ်ဆိတ်သော တောလမ်း တစ်လျှောက်တွင် မြင်းစီးသည့် အကြောင်းတွေ၊ ငါးမျှားထွက်သည့် အကြောင်းတွေ၊ လရောင် ဝင်းပသည့် ညအကြောင်းတွေ။

စကားလက်သည် စောစောက ဖတ်သည့် စာထဲက စာလုံးများကို ပြန် အမှတ်ရနေသည်။ လူနေမှု စနစ်အသစ်ကို သူ

မလိုချင်။

‘ပြည်တွင်းစစ်ကြီး ဖြစ်နေတာကို စိတ်မချမ်းမသာ ဖြစ်နေပုံရတယ်၊ အက်ရှလေဟာ စိတ်မချမ်းသာတာကို နည်းနည်းမှ

မခံနိုင်ဘူး၊ ဥပမာ ငါ့ကို ဆိုပါတော့၊ ငါ့ကို သူချစ်တယ်၊ ဒါပေမယ့် ငါ့ကို သူ မယူရဲဘူး၊ ငါ့ကို ယူရင် သူ တွေးပုံတွေးနည်း မြင်ပုံ မြင်နည်း နေပုံနေနည်းတွေ လုံးဝ ပြောင်းသွားမယ်မဟုတ်လား၊ ကြောက်တယ်လို့တော့ မပြောနိုင်ပါဘူးလေ၊ အက်ရှလေဟာ လူကြောက်တစ်ယောက်တော့ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ သူ ရွပ်ရွပ်ချွံချွံ တိုက်ခဲ့တာကို ဗိုလ်မှူးကြီး ဆလုံးကတောင် ချီးကျူးရပေတာပဲ၊ အက်ရှလေဟာ တစ်ခုခုကို လုပ်တော့မယ်လို့ စိတ်ပိုင်းဖြတ်ပြီးရင် ဘယ်တော့မှ နောက်မဆုတ်ဘူး၊ သူများတကာထက် ပိုပြီး ပြတ်တယ်၊ သတ္တိရှိတယ်၊ ဒါပေမယ့် ခက်တာက အက်ရှလေဟာ လောကကြီးထဲ လူတွေထဲမှာ မနေဘူး၊ သူ့အတွေး ဥခွံကလေးထဲမှာပဲ အောင်းနေတတ်တယ်၊ အို ဘယ်လိုလဲ မသိပါဘူးလေ၊ သူ့အကြောင်းကို ငါ စောစောစီးစီး သိခဲ့ရင် သူနှင့် ငါနှင့် ယူဖြစ်ခဲ့ကြမှာ’

စကားလက်က စာထုပ်ကို ရင်တွင် ကပ်ထားရင်း အတန်ကြာ ရပ်နေ၏။ အက်ရှလေ၏ အကြောင်းကို တွေးနေမိသည်။

အက်ရှလေ အပေါ်တွင် သူ အချစ်မပြယ်သေး။ သူ့အချစ်သည် လန်းဆန်းနေဆဲ ဖြစ်သည်။ သူ တစ်ဆယ့်လေးနှစ် သမီးတုန်းက အက်ရှလေ တစ်ယောက် မြင်းဖြင့် မြိုင်သာယာကို လာစဉ်ကကဲ့သို့ပင် သူ့ ခံစားချက်များသည် မပြောင်းလဲသေး။ သူ့အချစ်သည် မိမိ နားမလည်နိုင်သည့် လူတစ်ယောက်၊ မိမိတွင် မရှိသော်လည်း မိမိမြတ်နိုးသော အရည်အချင်းများရှိသည့် လူတစ်ယောက်ကို မြတ်နိုးမိသည့် အပျိုပေါက်ကလေးတစ်ယောက်၏ အချစ်မျိုးပင် ဖြစ်နေဆဲ ဖြစ်သည်။ အက်ရှလေသည် အပျိုပေါက်ကလေး ဖြစ်နေသေးသည်။ သူ့စိတ်ကူးထဲတွင် အက်ရှလေ၏ အချစ်ကို သူ တောင့်တသည်။ ထို့ထက် ဘာမျှ မပို။

စာများကို ဖတ်ပြီးနောက် အက်ရှလေသည် မီလာနီကို လက်ထပ်ခဲ့ရသည့်တိုင် သူ့ကို ချစ်နေဆဲဖြစ်သည်ဟု

စကားလက် စိတ်ချလက်ချ ယုံသွားသည်။ ဤသို့ စိတ်ချ လက်ချ ယုံချင်နေသည်မှာ ကြာပြီ။ စကားလက်၏ စိတ်သည် ယခုတိုင် နုပျိုနေသေးသည်။ အပျိုစင်စိတ် ဖြစ်နေသေးသည်။ လရောင် ရွှန်းလဲ့သည့် ညများတွင် ချားလ်နှင့် အတူ နေရသည့်တိုင် ကြည်နူးခြင်း မဖြစ်မိ။ သူ့ကို ရင့်ကျက်လာအောင် မစွမ်းဆောင်နိုင်။ ချားလ်သည် သူနှင့် စိတ်ဓာတ်အရ လည်းကောင်း၊ ကိုယ်ခန္ဓာအရ လည်းကောင်း တကယ် ရင်းနှီးပူးပေါင်းမိလာအောင် မစွမ်းဆောင်နိုင်ခဲ့။ သူ့စိတ်တွင် စွဲလမ်းအောင် မတတ်နိုင်ခဲ့။ သူ့စိတ်တွင် ရမ္မက်မီးလျှံကို ထိန်ညီးအောင် မတတ်နိုင်ခဲ့။

224



အိမ်ထောင်ပြုမိသည့် နောက်တွင်မူ စကားလက်သည် ကိုယ့်ယောက်ျားကို ရမ္မက်ဖြင့် ချစ်လိုသည်။ ကိုယ့်ကိုလည်း

ရမ္မက်ဖြင့် ချစ်စေလိုသည်။ အိမ်ထောင်ရေးတွင် ရမ္မက်ရှိရမည်။ ရမ္မက် မရှိလျှင် ထိုအိမ်ထောင်ရေးသည် ဘာမျှ အဓိပ္ပာယ်မရှိ။ အိမ်ထောင်သားမွေးကိစ္စဟူသည် မိန်းမတို့အဖို့ ဣနြေ္ဒသိက္ခာ၊ ရဲစွမ်းသတ္တိတို့ဖြင့် ရင်ဆိုင်ရသည့် ကိစ္စမျိုးဖြစ်သည်ဟု မေမေက သွန်သင်ဖူးသည်။ ယခုမူ သူ့ အိမ်ထောင်ရေးလည်း ပျက်ပြီ။ ရမ္မက်လည်း မရှိတော့ပြီ။

အိမ်ထောင်ရေး ပျက်သွားပြီဖြစ်သော်လည်း စကားလက်၏ အချစ် မပျက်သေး။ အက်ရှလေကို ချစ်သည့် သူ့အချစ်က

ထူးခြားသည်။ အက်ရှလေကို ချစ်သည့် သူ့အချစ်တွင် ရမ္မက်မရှိ။ အိမ်ထောင်သားမွေး ကိစ္စလည်း မရှိ။ အက်ရှလေကို ချစ်သည့် သူ့အချစ်သည် မြင့်မြတ်သည်။ လှပသည်။

စကားလက်က စာထုပ်ကို ဖဲကြိုးဖြင့် ပြန်စည်းရင်း သက်ပြင်းချသည်။ အက်ရှလေသည် သူ့အချစ်ကို မည်သို့

နားလည်လေသနည်းဟု အကြိမ်တစ်ထောင်မြောက် စဉ်းစားမိသည်။ သို့ရာတွင် အဖြေ ရှာမရ။ စကားလက် စာထုပ်ကို သေတ္တာလေးထဲသို့ ပြန်ထည့်ကာ ပြန်ပိတ်လိုက်သည်။ ထို့နောက် ဗိုလ်ကြီး ရက်ဘတ်တလာ အကြောင်းကို ရေးထားသည့် စာပိုဒ်ကို အမှတ်ရကာ မျက်မှောင်ကုတ်လိုက်သည်။ ရက် ဘတ်တလာဆိုသည့် လူဆိုး လူရမ်းကားတစ်ယောက် လွန်ခဲ့သည့် တစ်နှစ်လောက်က ပြောခဲ့သည့် စကားကို ဘာကြောင့် အက်ရှလေက ရေးကြီးခွင်ကျယ် လုပ်၍ ပြောနေရသနည်း။ ရက်ဘတ်တလာက တကယ့် လူဆိုး လူရမ်းကား။ ထို့ကြောင့်ပင် သီးခြားပြည်နယ်နှင့် ပတ်သက်၍ မည်သူမျှ မပြောသော စကားများကို ပြောသွားပြီ မဟုတ်လား။

စကားလက်က မှန်ရှေ့သို့ လျှောက်လာကာ သူ့ဆံပင်များကို တယုတယ ပွတ်သပ်သည်။ ဖြူဝင်းသော သူ့အသားနှင့်

စိမ်းလဲ့သော သူ့မျက်လုံးများကို မြင်ရသည့်အတွက် ခါတိုင်းကဲ့သို့င် စကားလက် အားတက်လာသည်။ ပါးချိုင့်ကလေးများ ပေါ်လာအောင် စကားလက် ပြုံးကြည့်၏။ အက်ရှလေက သူ့ပါးချိုင့်လေးများကို သဘောကျသည်။ စကားလက်သည် သူ့ ရုပ်ကို ပြန်ကြည့်ရင်း ရက် ဘတ်တလာကို စိတ်ထဲတွင် ဖျောက်ပစ်လိုက်သည်။ အခြား မိန်းမတစ်ယောက်၏ လင်ကို ချစ်မိခြင်း၊ သူတစ်ပါးစာကို ခိုးဖတ်ခြင်း အတွက် နောင်တဖြစ်ခြင်း၊ ရှက်ခြင်းမရှိတော့။ သူ၏ နုပျိုခြင်း၊ ချစ်စရာကောင်းခြင်း၊ အက်ရှလေက သူ့ကို ချစ်နေသေးသည်ဟု ယုံကြည်ခြင်း စသည်တို့အတွက် ဖြစ်ရသော ကြည်နူးမှုသည် သူ့ရင်ထဲတွင် တဖွားဖွား ပေါ်လာသည်။

စကားလက်သည်

တံခါးကို

ပိတ်၏။

မှောင်ရီရီတစ်ဆစ်ချိုး

လှေကားအတိုင်း

အောက်ထပ်သို့

ရွှင်လန်းစွာ

ဆင်းလာခဲ့သည်။ လှေကားတစ်ဝက်တွင် ‘ပြည်တွင်းစစ် ပြီးသောအခါ’ ဆိုသည့် သီချင်းကို ညည်းလာသည်။

225

၁၂



ပြည်တွင်းစစ်က ဆက်ဖြစ်နေသည်။ တိုက်ပွဲများတွင်လည်း ပြည်နယ်ဘက်က နိုင်သည်။ သို့ရာတွင် `တစ်ပွဲနိုင်ရင်

စစ်ပြီးတော့မယ်’

ဟူ၍ကား

မပြောကြတော့။

ယန်ကီကိုလည်း

သူရဲဘောနည်းသူဟု

မပြောကြတော့။

ယန်ကီတို့က

သူရဲဘော မနည်းသည့် အပြင် သူတို့ကို တော်တော်နှင့် နိုင်ဖို့ မလွယ်ကြောင်း သိလာကြသည်။ သို့ရာတွင် တင်နက်ဆီ ပြည်နယ်တွင် ဗိုလ်ချုပ် အော်ဂင်နှင့် ဗိုလ်ချုပ် ဖောရက်တို့က ယန်ကီများကို နိုင်လိုက်ခြင်း၊ ချားလ်ရန်းတွင် ဒုတိယအကြိမ် တိုက်ပွဲကို နိုင်လိုက်ခြင်းတို့ကြောင့် တောင်ပိုင်းသားတို့ ကြွားစရာ ဖြစ်နေသည်။ သို့တိုင်အောင် လွယ်လွယ်နှင့် အနိုင် ရခဲ့ခြင်း မဟုတ်။ ပြည်နယ်တပ်များက တန်ဖိုး ကြီးကြီး ပေးခဲ့ကြရသည်။ အတ္တလန်တာက ဆေးရုံများတွင် နာမကျန်းသူ၊ ဒဏ်ရာ ရသူတို့ ပြည့်နေသည်။ ပြည်နယ်များတွင် မုဆိုးမ ဦးရေ များလာသည်။ အုတ်ကလင်း စစ်သင်္ချိုင်းမှ စစ်သားများ၏ သင်္ချိုင်း မြေပုံများသည် တစ်နေ့ထက် တစ်နေ့ တိုးလာသည်။

ပြည်နယ် ငွေစက္ကူ တန်ဖိုးက လန့်စရာ ကောင်းလောက်အောင် ထိုးကျနေသည်။ တစ်ဖက်တွင် အစား အသောက်

ဈေးနှုန်းနှင့် အဝတ်အထည်တွေ ဈေးနှုန်းက မြင့်လာသည်။ စားကုန် သောက်ကုန် ဈေးနှုန်း ကြီးသဖြင့် အတ္တလန်တာ မီးဖိုချောင်များတွင် တဖြည်းဖြည်း ရှားပါးလာသည်။ ဂျုံမှုန့်က ရှားပြီး ဈေးကြီးသည်။ ဘီစကွတ်၊ ပေါင်မုန့်လုံးနှင့် ဝေဖာ အစား ပြောင်းပေါင်မုန့်ကို အစားထိုးရသည်။ အမဲသား ဆိုင်များတွင် အမဲသား ရောင်းစရာ မရှိ။ သိုးသားကလည်း လောက်ငအောင် မရ။ ရပြန်သည်တွင် ဈေးကြီးသဖြင့် လူချမ်းသာများသာ စားနိုင်ကြသည်။ သို့ရာတွင် ဝက်သား ပေါသည်။ ကြက်သားနှင့် ဟင်းသီး ဟင်းရွက်လည်း သိပ်မရှားလှသေး။

ယန်ကီတို့က

ပြည်နယ်

ဆိပ်ကမ်း

မြို့များကို

တင်းကျပ်သည်ထက်

တင်းကျပ်စွာ

ပိတ်ဆို့လာသည်။

လက်ဖက်ခြောက်၊ ကော်ဖီ၊ ပိုးထည်၊ ဝေလငါးရိုး ရှင်မီး အင်္ကျီထောက်၊ ရေမွှေး၊ ဖက်ရှင် မဂ္ဂဇင်းနှင့် စာအုပ် စသည့် ဇိမ်ခံ ပစ္စည်းများက ရှား၍ ဈေးကြီးသည်။ အပေါဆုံး ဆိုသည့် ချည်ထည်ပင်လျှင် ဈေးနှုန်းက ခေါင်ခိုက်နေသည်။ အမျိုးသမီးများမှာ အဝတ်အစားဟောင်းများကို ပြန်ဝတ်နေကြရသည်။ ဖုန်အလိမ်းလိမ်း တက်နေသည့် ရက်ကန်းစင်များကို ထပ်ခိုးမှ ချကာ ပြန်ဆင်ကြရသည်။ ဧည့်ခန်းဆောင်ထဲတွင် ခန်းဆီး၊ စားပွဲခင်း၊ ကုလားထိုင်စွပ် စသည်တို့မှာ ပြည်တွင်းဖြစ် တွေချည်း ဖြစ်နေသည်။ စစ်သား၊ အရပ်သား၊ အမျိုးသမီး၊ ကလေး၊ ကပ္ပလီ စသည် လူတိုင်း လူတိုင်း ပြည်တွင်းဖြစ်ကိုသာ ဝတ်ကြရသည်။ ပြည်နယ် တပ်များလည်း မီးခိုးရောင် ဝတ်စုံကို မဝတ်နိုင်တော့။ ပြည်တွင်းဖြစ် ထောပတ်သီးရောင် ဝတ်စုံကို ဝတ်နေကြရသည်။

ဆေးရုံများတွင်လည်း ဆေးဝါး ရှားနေသည်။ ကွီနိုင်၊ ကာလိုမင်း၊ ဘိန်း၊ ကလိုရိုဖောင်း၊ အိုင်အိုဒင်း စသည်တို့

ရှားနေသည်။ ပိတ်ပါးနှင့် ချည်ပတ်တီးလိပ် ရှားလွန်းသဖြင့် သုံးပြီးလျှင် လွှင့်မပစ်နိုင်။ ဆေးရုံတွင် လုပ်အားပေးနေသည့် အမျိုးသမီးများက သွေးတွေ စွန်းနေသော ပတ်တီးစများကို ခြင်းတောင်းဖြင့် ထည့်ကာ အိမ်သို့ ယူလာပြီး လျှော်ရသည်။ မီးပူတိုက်ရသည်။ ထို့နောက် ဆေးရုံ သုံးရန် ပြန်ယူလာကြရသည်။

သို့ရာတွင် မုဆိုးမ ဘဝတည်း ဟူသော ပိုးတုံးလုံး ဘဝ အခွံမှ ထွက်လာခဲ့သည့် စကားလက် အဖို့ကား ပြည်တွင်းစစ်သည်

226

ပျော်စရာ စိတ်လှုပ်ရှားစရာတွေချည်း ဖြစ်နေသည်။ အဝတ်အထည်နှင့် အစားအသောက် ရှားပါးခြင်းကိုပင်လျှင် စကားလက် စိတ်မညစ်။ ကမ္ဘာလောကကြီးထဲသို့ အသစ် ပြန်ဝင်ရသဖြင့် ပျော်နေသည်။ 

ပြီးခဲ့သည့် နှစ်ဆိုလျှင် ငြီးငွေ့စရာ။ တစ်နေ့နှင့် တစ်နေ့ ဘာမျှ ထူးခြားမှု မရှိ။ မနှစ်ကနှင့် စာလျှင် သူ့ဘဝသည်

ယုံနိုင်စရာ မရှိသော နှုန်းဖြင့် မြန်ဆန် နေသည်။ နေ့တိုင်းသည် စိတ်လှုပ်ရှားစရာတွေ ပြည့်နေသည်။ လူသစ်တွေကို နေ့တိုင်း တွေ့ရသည်။ သူ့ကို လှသည်ဟု ချီးကျူးသူက ချီးကျူးကြသည်။ သူ့အတွက် သတ်ရဲသည် သေရဲသည်ဟု ဆိုသူက ဆိုကြသည်။ နောက်ဆုံး ထွက်သက် အထိ အက်ရှလေကို သူ ချစ်သည်။ သို့တိုင်အောင် အခြား ယောက်ျားပျိုများနှင့် ပရောပရည် မလုပ်ဘဲ စကားလက် မနေနိုင်။

ပြည်တွင်းစစ်ကြောင့် ပေါင်းသင်း ဆက်ဆံရေး ကိစ္စများတွင် ပြုရိုးပြုစဉ် အစဉ်အလာများ ထုံးစံဓလေ့ များကို

လိုက်လုပ်မနေနိုင်ကြတော့။ ဤတွင် ရှေးလူကြီးများက ရှေးဓလေ့တွေ ပျက်ကုန်ပြီဟု အလန့်တကြား ဖြစ်ကုန်ကြသည်။ မျက်နှာစိမ်းတွေ ရောက်လာကာ သမီးများအား လာ၍ ပိုးကြ ပန်းကြသည်ကို အမေတွေ တအံ့တသြ ဖြစ်နေကြသည်။ မိတ်ဆက်ပေးမည့်သူလည်း မရှိ။ မျိုးရိုး ဇာတိလည်း မသိ။ သမီးတွေက ထိုလူစိမ်းများနှင့် တရင်းတနှီး ဆက်ဆံ ကြသည်ကို မြင်သည်တွင် အမေတွေ ရင်တမမ ဖြစ်ကုန်ကြသည်။ မစ္စက် မယ်ရီဝယ်သာ ဆိုလျှင် သူ့ ယောက်ျားကို လက်ထပ်မင်္ဂလာ အခမ်းအနား ပြီးမှ နမ်းဖူးသည်။ ယခု သူ့သမီး မေဘယ်က ဗိုလ်လေး ပီကာ့အား နမ်းနေသည်ကို တွေ့ရသည်တွင် သွေးလေ ချောက်ချားကုန်သည်။ ဗိုလ်လေး ပီကာ့က လက်ထပ်ရန် ကတိပေးထားပြီး ဖြစ်သည့်တိုင် မစ္စက် မယ်ရီဝယ်သာ ထင်သည်။ ထိုအတိုင်းလည်း မကြာခဏ ပြောသည်။ အခြား သမီးရှင် အမေများကလည်း သူနှင့် သဘောတူသည်။ ပြည်တွင်းစစ်ကြောင့်ဟု ဆိုကာ ပြည်တွင်းစစ်ကို အပြစ်ဖို့ကြသည်။

သို့ရာတွင် ယောက်ျားပျိုများ ဘက်က ကြည့်လျှင်မူ သူတို့ ရှေ့ရေးက မသေချာ။ တစ်ပတ် အတွင်းလည်း သေနိုင်သည်။

တစ်လ အတွင်းလည်း တိုက်ပွဲ ကျသွားနိုင်သည်။ ထို့ကြောင့် ရှေးခေတ်ကကဲ့သို့ သုံးနှစ် သုံးမိုး ပိုးမနေနိုင်။ ရှေးကလို လျှောက်ပြန်သံပေး ခြေအေး ဝမ်းယောင် စသည့် ပိုးနည်းတွေကို လုပ်နေချိန် မရ။ သုံးလေးလ အတွင်း တွေ့၊ သိ၊ ကြိုက်၊ ညား စသဖြင့် ကိစ္စပြီးအောင် မြန်မြန် လုပ်ရသည်။ အမျိုးကောင်း သမီး ဆိုသည်မှာ ရည်းစားစကား သုံးကြိမ် ပြောသည်အထိ ငြင်းရမည် ဟူသော ရှေးထုံးကို မိန်းကလေးများ သိကြသည်။ သို့ရာတွင် သုံးကြိမ်တိုင်အောင် မစောင့်ကြတော့။ ပထမအကြိမ် ကတည်းက လက်ခံ လိုက်ကြသည်။

ပြည်တွင်းစစ် အတွင်းက ဤ အပြောင်းအလဲ များကြောင့် စကားလက် ပျော်နေသည်။ ဆေးရုံတွင် သူ လုပ်အား

မပေးရလျှင်၊ ပတ်တီးတွေကိုသာ မလျှော်ရလျှင် ပြည်တွင်းစစ် ကြာချင်သလောက် ကြာပါစေ စကားလက် အဖို့ အရေးမကြီး။ သို့ရာတွင် ယခုမူ ဆေးရုံ လုပ်အားပေး လုပ်ငန်းကိုလည်း သူ ပျော်နေပြီ။ ဆေးရုံသည် သူ့အဖို့ ပျော်စရာ အမဲလိုက်ကွင်းကြီး ဖြစ်နေသည်။

ဒဏ်ရာရ

လူနာများသည်

သူ့

အလှညွှတ်ကွင်းသို့

အလွယ်တကူ

ဝင်လာတတ်ကြသည်။

သူတို့ကို

ပတ်တီးစည်းပေးခြင်း၊ မျက်နှာသစ်ပေးခြင်း၊ ခေါင်းအုံး လဲပေးခြင်း၊ ယပ်ခတ်ပေးခြင်းမျှလောက် ကလေး လုပ်ရုံဖြင့် သူ့ကို ချစ်လာကြသည်။ မနှစ်ကနှင့် စာလျှင် ယခုဘဝသည် သူ့အဖို့ လောကနိဗ္ဗာန် ဖြစ်နေသည်။

ယခု ချားလ်နှင့် လက်မထပ်မီ အပျိုစင် ဘဝမျိုးကို စကားလက် ပြန်ရောက်ပြီ။ ချားလ်နှင့် လက်ထပ် ခဲ့ဖူးသည်ဟုပင်

သူ့ကိုယ်သူ မထင်တော့။ ချားလ် ကွယ်လွန်သည်ကို သတိမရတော့။ သားငယ် ဝိတ် ကလေးကို မွေးဖူးသည်ဟု မထင်တော့။

227

ပြည်တွင်းစစ်၊ အိမ်ထောင်ကျခြင်း၊ ကလေးမွေးခြင်း စသည်တို့သည် စကားလက်ကို ဘာမျှ မထိခိုက်။ စကားလက်သည် အပျို ဘဝတုန်းကလိုပင် ပြောင်းလဲခြင်း မရှိ။ သူ့တွင် ကလေးတစ်ယောက် ရှိသည့်တိုင် ထိုကလေးကို တစ်နေ့ နေ၍မျှ တစ်ခါ မချီမိ။ အုတ်တိုက် နီနီကြီးထဲတွင် ကလေးထိန်းမည့်သူတွေ အများကြီး။ ထို့ကြောင့် ကလေးကို မေ့ထားနိုင်သည်။ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ စကားလက် အိုဟာရာ ဆိုသည့် အပျိုကလေး တစ်ယောက်ဟု ထင်နေသည်။ သူ့အတွေးများ၊ အပြုအမူ များသည် ယခင်ကကဲ့သို့ပင် မပြောင်းလဲ။ အပေါင်းအသင်းကမူ စုံလာသည်။ ဒေါ်လေးပစ်တီ၏ မိတ်ဆွေတွေက မေးငေါ့ကြသည်ကို စကားလက် ဂရုမစိုက်။ အပျိုတုန်းကလိုပင် ပျော်ပျော်ပါးပါး နေသည်။ ဧည့်ခံပွဲများသို့ သွားသည်။ ကပွဲ တက်သည်။ စစ်သားများ နှင့်အတူ ဘာဂီဖြင့် လေညင်းခံ ထွက်သည်။ ဝမ်းနည်းသည့် အထိမ်းအမှတ်ဆို၍ အနက်ရောင် ဝတ်စုံ တစ်ခုသာ ကျန်တော့သည်။ ဝတ်စုံ အနက်ကို မဝတ်၍ မဖြစ်။ ဤလောက်ကိုမျှ မလုပ်လျှင် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ သည်းခံနိုင်တော့မည် မဟုတ်။

လွန်ခဲ့သည့် တစ်လလောက်က ငြီးငွေ့ ပျင်းရိနေသော စကားလက် တစ်ယောက် ယခု ပျော်နေပြီ။ အဆက်တွေ

တစ်ယောက်ပြီး တစ်ယောက် တွဲနေပြီ။ သူ့အလှကို ချီးကျူးသံများ ကြားတွင် ယစ်မူးနေပြီ။ အက်ရှလေ မီလာနီနှင့် ရတော့ကော ဘာအရေးနည်း။ သူ စစ်မြေပြင် သွားရလျှင်ကော ဘာအရေးနည်း။ ဤသို့ နေခြင်းကြောင့် အက်ရှလေ တစ်ယောက်ကို သူ မပိုင်တော့ပြီ ဆိုသည့် အတွေးကို မေ့ပျောက်ထားနိုင်သည်။

သို့ဖြင့်

သူနာပြုခြင်း၊

ကပွဲသွားခြင်း၊

လေညင်းခံခြင်း၊

ပတ်တီးလိပ်ခြင်း

စသည့်

လုပ်ငန်းများဖြင့်

၁၈၆၂

ဆောင်းဦးပေါက်သည် လျင်မြန်စွာ ကုန်ဆုံး သွားသည်။ မြိုင်သာယာကိုပင် အလည် မသွားဖြစ်။ အလည်လည်း မသွားချင်။ အလည် သွားရလျှင် စကားလက် စိတ်ပျက်သည်။ မေမေနှင့် အေးအေးဆေးဆေး စကားပြောခွင့် မရ။ မေမေက အပ်ချုပ်ရင်း၊ အိတ်ထဲမှ ဆောင်တော်ကူး ပန်းပေါင်းထုပ်ကို ထုတ်၍ ရှူရင်း မေမေ စကားပြောသည်ကို နားထောင်ချိန် မရ။ မေမေ၏ နူးညံ့သော လက်များဖြင့် သူ့ပါးပြင်အား ယုယ ပိုက်ထွေးသည်ကို ခံယူချိန် မရ။

မေမေ့ကို ကြည့်ရသည်က ပိန်နေသည်။ တမတ်တတ်တတ်ဖြင့် တစ်နေကုန် အားသည်ဟူ၍ မရှိ။ နံနက် မှသည်

ညနက်သန်းခေါင်ထိ အလုပ် များနေသည်။ ပြည်နယ်တွင် အစစ ရှားပါးနေသဖြင့် မြိုင်သာယာက ကောက်နှံ ပိုထွက်အောင် လုပ်နေရသည်။ နှစ်အတန်ကြာ အလုပ်မလုပ်ဘဲ နေသည့် ဖေဖေပင်လျှင် မအား။ ထုတ်ပစ်လိုက်သည့် စာရင်းကိုင် ဂျိုနာ နေရာတွင် လူစား ရှာမရသဖြင့် ယာတောတွင် ဖေဖေ ကိုယ်တိုင် ဆင်း၍ ကြီးကြပ်နေရသည်။ မေမေ ဆိုသည်မှာလည်း အိပ်ခါနီးမှသာ တွေ့ရသည်။ ဖေဖေကလည်း ယာတောတွင် တစ်နေကုန်သည်။ သို့ဖြင့် မြိုင်သာယာသည် ပျင်းစရာ ကောင်းနေသည်။ သူ့ညီမ နှစ်ယောက်လည်း အတွဲတွေ ကိုယ်စီဖြင့်။ ဆွီလင်က ဖရင့် ကင်နဒီနှင့်။ ကာရင်းက ဘရင့် တာလက်တန်နှင့်။

မြိုင်သာယာတွင် စကားလက် အနေကြာလျှင် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့က ပြန်လာရန် မကြာခဏ စာရေးကြသည်။

မေမေက သက်ပြင်း ချသည်။ သမီးကြီးနှင့် တစ်ဦးတည်းသော မြေးငယ် ပြန်တော့မည် ဆိုလျှင် စိတ်မကောင်း ဖြစ်တတ်သည်။

`အေးလေ၊ မေမေတို့ စိတ်ချမ်းသာဖို့လောက် ကြည့်ပြီး သမီးကို ဒီမှာချည်းပဲ အနေခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ၊

အတ္တလန်တာမှာလည်း ဆေးရုံ အလုပ်တွေ ရှိသေးတယ် မဟုတ်လား၊ မေမေလည်း သမီးနှင့် စကားပြောချိန်ကို မရဘူး၊ ကိုယ့်သမီး ဆိုပြီး ကြင်ကြင်နာနာ မနေလိုက်ရဘူး’

228



`သမီးဟာ မေမေ့ သမီးပါပဲ မေမေရယ်’ စကားလက်က မေမေ့ ရင်ခွင်တွင် မျက်နှာ အပ်ထားသည်။ သူ့ရင်ထဲတွင်

မလုံမလဲ ဖြစ်နေသည်။ သြော် မေမေက သူ့သမီးလေး ဆေးရုံ လုပ်ငန်းများကြောင့် အတ္တလန်တာသို့ ပြန်ချင်နေသည်ဟု ထင်နေရှာသည်။ ပြည်နယ် အရေးတော်ပုံကြောင့်ဟု ထင်ရှာသည်။ စင်စစ် ဤကိစ္စ များကြောင့် မဟုတ်။ အတ္တလန်တာတွင် ပျော်ပွဲ ရွှင်ပွဲတွေ ရှိသည်။ ကပွဲတွေ ရှိသည်။ အဆက်တွေ ရှိသည်။ ထို့ကြောင့် အတ္တလန်တာသို့ ပြန်လိုခြင်း ဖြစ်သည်။ ယခင်ကဆိုလျှင် စကားလက်သည် မေမေ့ကို လုံးဝဥဿုံ ဖွင့်ပြောသည်။ ယခု စကားလက် မပြောတော့။ မေမေ့ကို သူ ဖွင့်မပြောသည့် ကိစ္စတွေ အများကြီး ရှိသည်။ အထူးသဖြင့် ရက် ဘတ်တလာ တစ်ယောက် ဒေါ်လေး ပစ်တီ အိမ်သို့ မကြာခဏ အလည် လာတတ်သည် ဆိုသည့် အချက်ကိုမူ ထိပ်တန်း လျှို့ဝှက်ချက် အဖြစ် မေမေ မသိအောင် လျှို့ဝှက် ထားရသည်။

နိဗ္ဗာန်ဈေး ပြီးသည့်နောက်မှ စ၍ အတ္တလန်တာသို့ ရောက်တိုင်း ရက် ဘတ်တလာသည် စကားလက်ထံ အလည်

ရောက်တတ်၏။ ဘာဂီဖြင့် လေညင်းခံ ခေါ်တတ်သည်။ ပွဲဈေးများ၊ ကပွဲများသို့ လိုက်ပို့တတ်သည်။ ဆေးရုံ တာဝန် ပြီးချိန်တွင် ဆေးရုံရှေ့မှ စောင့်ကာ ဘာဂီဖြင့် အိမ်သို့ လိုက်ပို့တတ်သည်။ ရက် ဘတ်တလာသည် သူ့လျှို့ဝှက်ချက်ကို လျှောက်ပြောမည်လောဟု စိုးရိမ် ထိတ်လန့်ခြင်း မရှိတော့။ သို့ရာတွင် အက်ရှလေကို သူ ငမ်းငမ်းတက် ဖြစ်ခဲ့ပုံ၊ မရှက်နိုင် မကြောက်နိုင် ဖွင့်ပြောခဲ့ပုံတို့ကို သူ သိသည် ဟူသော အတွေးကမူ စကားလက်၏ ရင်တွင် ပုန်းခိုနေဆဲ။ ထို အသိကြောင့်ပင် သူ မခံချင်စရာ ပြောသမျှကို စကားလက် အောင့်အည်း ခံခဲ့ရခြင်း ဖြစ်သည်။ ရက် ဘတ်တလာကလည်း မကြာခဏ သူမခံချင်အောင် ပြောတတ်သည်။

ရက် ဘတ်တလာက အသက် သုံးဆယ်ကျော်လောက် ရှိပြီ။ သူ ထားခဲ့ဖူးသည့် အဆက်တွေထက် အသက်ကြီးသည်။

ယခင် အဆက်တွေတုန်းက ရွယ်တူ တန်းတူ ဖြစ်သဖြင့် သူက အနိုင်ရခဲ့သည်။ အရုပ်ကလေးများလို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။ သို့ရာတွင် ရက် ဘတ်တလာကိုမူ သူ မကိုင်တွယ်နိုင်။ ရက် ဘတ်တလာနှင့် စာလျှင် သူက ကလေး ဖြစ်နေသည်။ လောကကြီးတွင် မည်သည့် အရာကမျှ သူ့ကို တအံ့တသြ ဖြစ်အောင် မလုပ်နိုင်။ ရယ်မောအောင် မလုပ်နိုင်ဟု ရက် ဘတ်တလာ ထင်နေပုံ ရသည်။ စကားလက် စကား မပြောနိုင်အောင် စိတ်ဆိုးသည့် အခါများတွင်မူ သူစိတ်ဆိုးသည်ကို ကြည့်၍ ပျော်နေဟန် တူသည်။ ရက် ဘတ်တလာက သူများ မခံချင်အောင် ခနိုးခနဲ့ ပြောတတ်သည်။ သူ ခနိုးခနဲ့ ပြောပြီဆိုလျှင် စကားလက် ဒေါပွတတ်သည်။ ဖေဖေ၏ အိုင်းရစ်သွေးနှင့် မေမေ့ဆီက အမွေရသည့် မျက်နှာထား ချိုချိုတို့ကြောင့် စကားလက် ဒေါပွပြီ ဆိုလျှင် ကြည့်ကောင်းသည်ဟု ရက် ဘတ်တလာ ထင်ပုံရသည်။ ယခင်တုန်း ကမူ မေမေ တစ်ယောက်က လွဲလျှင် စကားလက် မည်သူ့ကိုမျှ ငုံ့မခံ။ ဆတ်ဆတ်ကြဲ။ စိတ်ထဲက ရှိသမျှကို ဟောဟောဒိုင်းဒိုင်း ဖွင့်ပြောတတ်သည်။ ယခု ရက် ဘတ်တလာ ရှေ့တွင်မူ မပြောရဲ။ သူ ဒေါပွသည်ကို ရက် ဘတ်တလာက လှောင်ပြောင်မည် စိုးရိမ်သည်။ သူ ဒေါပွလာအောင် လုပ်နိုင်မှ ကိုယ်က အနိုင် ရမည်။ သို့မဟုတ်လျှင် ကိုယ့်ဘက်က အရှုံးချည်း ဖြစ်နေသည်။

ရက် ဘတ်တလာက ကသိကအောက် ပြောလျှင် ကိုယ့်ဘက်ကချည်း အမြဲတမ်း ရှုံးနေသည်။ ကိုယ်ကချည်း

စိတ်ဆိုးမိသည်။ ဤသို့ ဖြစ်ပြီးတိုင်း ရက် ဘတ် တလာသည် လူကြီး လူကောင်း မဟုတ်၊ အမျိုးကောင်းသား မဟုတ်၊ နောင်တွင် သူနှင့် ဘယ်တော့မျှ အပေါင်းအသင်း မလုပ်တော့ဟု စကားလက် ပိုင်းဖြတ်မိသည်။ သို့ရာတွင် မကြာမီ ရက် ဘတ်တလာ တစ်ယောက် အတ္တလန်တာသို့ ပြန်ရောက်လာကာ ဒေါ်လေး ပစ်တီထံ အလည်လာသလိုလိုဖြင့် သူတို့အိမ် လာလည်တတ်သည်။ နာဆောက ဝယ်လာသည့် နိုင်ငံခြား ချောကလက် သေတ္တာကို စကားလက်အား လက်ဆောင် ပေးသွား တတ်သည်။ စကားလက်ကို အလွန် အကျူး ယုယ ကြင်နာဟန် ပြတတ်သည်။ ဂီတဆည်းဆာ ပွဲတော် တစ်ခုသို့

229

ခေါ်သွားတတ်သည်။ ဤအခါမျိုးတွင် ရက် ဘတ်တလာ၏ ခနိုးခနဲ့ ပြောပုံကလေးတွေကို သဘောကျကာ တခစ်ခစ် ရယ်တတ်သည်။ နောက် တစ်ကြိမ် ကသိကအောက် မဖြစ်ခင်အထိ အတိတ်က သူ လှောင်ပြောင် သရော်ခဲ့သည်များကို မေ့သွားပြန်သည်။

ရက် ဘတ်တလာ၏ အရည်အချင်းတွေက တစ်ကွက်မျှ အကောင်း မရှိ။ သူနှင့် အပေါင်းအသင်း လုပ်ရသည်က

စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သို့ရာတွင် သူ အလည်မလာပြန်လျှင် စကားလက် လည် တဆန့်ဆန့်ဖြင့် မျှော်မိပြန်သည်။ ရက် ဘတ်တလာတွင် သူ နား မလည်နိုင်သည့် စိတ်ဝင်စားစရာ အရည်အချင်း တစ်ခု ရှိသည်ဟု စကားလက် ထင်သည်။ သူ သိခဲ့ဖူးသည့် ယောက်ျားများနှင့် လားလားမျှ မတူ။ ကြီးခိုင်သည့် သူ့ခန္ဓာကိုယ်က အံ့သြစရာ ကောင်းလောက်အောင် ကျက်သရေ ရှိသည်။ အခန်း တစ်ခန်းထဲသို့ သူ ဝင်လာလျှင် ထိုခန္ဓာကိုယ်က အရှိန်အဝါ တစ်မျိုးကို လွှတ်နေသည် ထင်ရသည်။ နက်မှောင်သည့် သူ့မျက်လုံး များထဲက နူးညံ့ သိမ်မွေ့သော လှောင်ပြောင်သည့် အကြည့်၊ မခိုးမခန့်ပြုသည့် အကြည့်သည် စကားလက်၏ စိတ်ကို အနိုင်ယူနေသကဲ့သို့ ရှိသည်။

`ငါ သူ့ကိုများ ချစ်နေပြီလား၊ အို မဖြစ်နိုင်ပါဘူး၊ ငါ မသိဘူး၊ ငါ နားမလည်ဘူး’



စကားလက်၏ စိတ်သည် ဝေခွဲမရ ဖြစ်နေသည်။



သို့ရာတွင် ရက် ဘတ်တလာနှင့် တွေ့တိုင်း သူ့ရင်သည် ခုန်မြဲ။ သူ အလည်လာလျှင် သူ၏ ယောက်ျား ပီသမှုကြောင့်

ဒေါ်လေး ပစ်တီ၏ တည်ကြည် ခံ့ညားသော အိမ်ကြီးသည် သေးငယ်သွားသည်ဟု ထင်ရသည်။ အရောင်အဝါ မှိန်သွားသည်ဟု ထင်ရသည်။ သူ ရောက်လာလျှင် စကားလက် တစ်ယောက်သာ မနေတတ် မထိုင်တတ် ဖြစ်သည် မဟုတ်။ ဒေါ်လေး ပစ်တီလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေတတ်သည်။

သူ့သမီးထံ ရက် ဘတ်တလာ မကြာခဏ ဝင်ထွက်နေသည်ကို မေမေ သိလျှင် မေမေသည် မည်သည့်နည်းနှင့်မျှ

သဘောကျမည် မဟုတ်။ ဤသည်ကို ဒေါ်လေး ပစ်တီ သိသည်။ ထိုမျှမက ချာလက်စတန်ရှိ ယဉ်ကျေးသော အသိုင်းအဝိုင်းက သူ့အား ဝိုင်းပယ် ထားကြသည့် ကိစ္စကိုလည်း ခပ်ပေါ့ပေါ့ သဘောထား၍ မရ။ ဤသည်ကိုလည်း ဒေါ်လေး ပစ်တီ စဉ်းစားမိသည်။ သို့ရာတွင် ရက် ဘတ်တလာက သူ့ကို အထူးတလည် ယဉ်ကျေး သိမ်မွေ့စွာ ဆက်ဆံသည့်အခါ၊ သူ့လက်ကို တယုတယ နမ်းရှုပ် နှုတ်ဆက်သည့် အခါတွင် ဒေါ်လေး ပစ်တီ မခုခံနိုင်တော့။ သကာအိုးကို ယင်ကောင် မတွန်းလှန်နိုင်သကဲ့သို့ ရက် ဘတ်တလာ၏ ယဉ်ကျေး ပျူငှာသော အပြုအမူကို ဒေါ်လေး ပစ်တီ မခုခံနိုင်။ ထိုမျှမက ရက် ဘတ်တလာက ဒေါ်လေး ပစ်တီဖို့လည်း လက်ဆောင်တွေ ဝယ်လာတတ်သည်။ ဒေါ်လေး အတွက် အထူး ဝယ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်သူ ပိတ်ဆို့မှု ကြားမှ သက်စွန့်ဆံဖျား ယူလာခဲ့ခြင်း ဖြစ်ကြောင်း ရွှန်းရွှန်း ဝေအာင် ပြောတတ်သည်။ လက်ဆောင်များက အပ်ချိတ်များ၊ ကြယ်သီးများ၊ အပ်များ၊ ပန်းထိုး ပိုးချည်လုံးများ၊ ဆံညှပ်များ စသည်တို့ ဖြစ်သည်။ ဤပစ္စည်းများမှာ အတ္တလန်တာတွင် ဝယ်မရ။ အလွန် ရှားနေသည်။ အတ္တလန်တာက အမျိုးသမီးများမှာ ဆံညှပ် ကောင်းကောင်း မထိုးနိုင်။ လက်လုပ် သစ်သား ဆံညှပ်တွေကို သုံးနေရသည်။ ဝက်သစ်ချသီးကို အဝတ် အုပ်ချုပ်ကာ ကြယ်သီး အဖြစ် သုံးနေရသည်။ ဒေါ်လေး ပစ်တီသည် ထိုလက်ဆောင်များကို ငြင်းပယ်နိုင်သည့် စိတ်ဓာတ်ခွန်အား မရှိ။ လက်ဆောင် အထုပ်ကလေးတွေ ရသည်ကို ကလေးလေးလို ပျော်တတ်သည်။ လက်ဆောင်ထုပ်ကလေးတွေ ရလျှင် ဖွင့်မကြည့်ဘဲ မနေနိုင်။ ဖွင့်၍ ပစ္စည်းများကို မြင်လိုက်သည်နှင့် သဘောကျနေပြီ။ မငြင်းနိုင်တော့။ သူ့လက်ဆောင်ကို လက်ခံပြီးသည့် နောက်တွင်လည်း သူ့လို နာမည်ပျက် ရှိသည့်

230

လူတစ်ယောက်က အမျိုးသမီးတွေချည်း နေသည့် အိမ်သို့ မကြာခဏ အလည် မလာသင့်ဟု ထုတ်မပြောရက်တော့။ သို့ရာတွင် ရက် ဘတ်တလာ အိမ်အလည်လာတိုင်း သူတို့ကို အကာအကွယ် ပေးမည့် ယောက်ျား မားမားမတ်မတ် တစ်ယောက်တော့ ရှိသင့်သည်ဟု ဒေါ်လေး ပစ်တီ ယူဆသည်။

`အင်း၊

ဒီသူငယ်ဟာ

တော်တော်

နားလည်ရ

ခက်တဲ့

သူငယ်ပဲ၊

မစဉ်းစားတတ်အောင်

ဖြစ်နေပြီ၊

အမျိုးသမီးတွေကိုတော့လည်း လေးလေးစားစား ဆက်ဆံ တတ်သားပဲ၊ ထင်သလောက် မဆိုးပါဘူး၊ ရုပ်ကလည်း ရုပ်ချောပဲ’

ဒေါ်လေး ပစ်တီ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း ချမိသည်။



မီလာနီကမူ သူ့လက်ထပ် လက်စွပ်ကို ပြန်ရွေးပေးပြီး ကတည်းက ရက် ဘတ်တလာကို ယဉ်ကျေး သိမ်မွေ့သည့်

ရှားပါးသော လူကြီး လူကောင်း တစ်ယောက်ဟု ဆုံးဖြတ်လိုက်ပြီ။ ထို့ကြောင့် ဒေါ်လေး ပစ်တီ၏ စကားကို မကျေမနပ် ဖြစ်နေသည်။ ရက် ဘတ်တလာက သူ့ကို ယဉ်ကျေးစွာ ဆက်ဆံသည်။ သို့ရာတွင် မီလာနီက သူ့ကို ခပ်ကြောက်ကြောက်။ သူ့ သဘာဝကိုက ငယ်ငယ် ကတည်းက ပေါင်းဟောင်း သင်းဟောင်း မဟုတ်ခဲ့သည့် ယောက်ျားလေး ဆိုလျှင် ရှက်တတ်သည်။ မီလာနီသည် ရက် ဘတ်တလာကို စိတ်ထဲက ကျိတ်၍ သနားနေသည်။ သူ့အား သနားသည်ကို သိလျှင် ရက် ဘတ်တလာက အားရပါးရ ရယ်လိမ့်မည် ထင်သည်။ ဧကန္တ သူ့ဘဝတွင် ရင်နာစရာ တစ်ခုတော့ ကြုံခဲ့ရမည်။ အသည်းကွဲခဲ့ဖူးရမည်။ ထို့ကြောင့်သာ ရက် ဘတ်တလာသည် မာဆတ်ကာ လောကကို ခါးသီး နာကြည်းနေခြင်း ဖြစ်ရမည်။ မိန်းမ တစ်ယောက်၏ အချစ်ကို ရလျှင် ခါးသီး နာကြည်းမှုသည် ပျောက်သွားလိမ့်မည်။ ရိပ်ငြိမ် အေးချမ်းသည့် သူ့ဘဝ တစ်လျှောက်တွင် မီလာနီသည် ဆိုးယုတ်ခြင်း ဟူသည်ကို မတွေ့ဖူးခဲ့။ ရှိသည်ဟုလည်း မထင်ခဲ့။ ရက် ဘတ်တလာနှင့် ချာလက်စတန်က မိန်းကလေးတို့ ကိစ္စနှင့် ပတ်သက်၍ တီးတိုး ကောလာဟလများကို ကြားရသည့် အခါတွင် မီလာနီသည် အသည်းတုန် အူတုန် ဖြစ်မိသည်။ မယုံနိုင်အောင် ဖြစ်မိသည်။ မီလာနီ ထိုကိစ္စကြောင့် ရက် ဘတ်တလာကို ဝိုင်းပယ်ခြင်း မပြု။ သူ့အပေါ်တွင် မတရား သက်သက် တစ်ဖက်သတ် ပြောကြသည်ဟု ယူဆသည်။ ထို့ကြောင့် ဆက်ဆံမြဲ ဆက်ဆံသည်။ သို့ရာတွင် စိတ်ထဲကမူ ကြောက်သလို ရွံ့သလို ဖြစ်မိသည်။

စကားလက်ကမူ ဒေါ်လေး ပစ်တီနှင့် တူသည်။ ရက် ဘတ်တလာသည် မီလာနီ တစ်ယောက်မှ အပ မည်သည့်

မိန်းမကိုမျှ အထင်ကြီးဟန် မရှိ။ လေးစားဟန် မရှိ။ ရက် ဘတ်တလာက သူ့တစ်ကိုယ်လုံးကို ခြေဆုံး ခေါင်းဆုံး ကြည့်တိုင်း စကားလက် ရင်ဖိုရသည်။ သူက ဘာမျှပြော၍ မဟုတ်။ ပြောလျှင် စကားလက်ကသာ ပိုးစိုးပက်စက် ပြောတတ်သည်။ စကားလက် ရင်ဖိုရသည်မှာ သူ့မျက်လုံးများကြောင့် ဖြစ်သည်။ ခပ်ညိုညို မျက်နှာပေါ်မှ သူ့မျက်လုံးများက အကြည့်ရဲသည်။ သရော်မော်ကား နိုင်သည်။ မိန်းမ မှန်သမျှ သူပိုင် ပစ္စည်း၊ သူ အသုံးချချင်သည့် အချိန်တွင် အသုံးချ၍ ရနိုင်သည်ဟူသော အကြည့်မျိုး။ ဤ အကြည့်မျိုးဖြင့် သူ မကြည့်သည့် မိန်းမဆို၍ မီလာနီ တစ်ယောက်သာ ရှိသည်။ မီလာနီကို ကြည့်လျှင်မူ သူ့မျက်လုံးများတွင် ဇိမ်ခံကြည့်သည့် အေးစက်စက် အကြည့်မျိုး မရှိတော့။ လှောင်ပြောင်သည့် အကြည့်မျိုး မရှိတော့။ မီလာနီနှင့် စကားပြောလျှင်လည်း သူ့ အသံက တစ်မျိုး ထူးခြားနေသည်။ ယဉ်ကျေး သိမ်မွေ့သည့် အသံ။ လေးစားသည့် အသံ။ မီလာနီကို ကူညီလိုသည့် အသံ။

`ရှင်ဟာ စကားလက်ထက် မီလာနီ အပေါ်မှာ ပိုပြီး ဘာဖြစ်လို့ အရေးတယူ လုပ်နေရသလဲ၊ စကားလက် နားမလည်ဘူး’

231



တစ်ညနေတွင် ရက် ဘတ်တလာနှင့် နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်တွင် စကားလက်က မကျေမနပ်နှင့်

ပြောသည်။ ဒေါ်လေး ပစ်တီနှင့် မီလာနီတို့က နေ့လယ် နေ့ခင်း အိမ်  အပေါ်ထပ် တက်၍ တစ်ရေး တစ်မော အိပ်နေကြသည်။

စောစောက တစ်ချိန်လုံး ရက် ဘတ်တလာသည် မီလာနီ အနားတွင် အလုပ် များနေသည်။ မီလာနီက တက်တင်းထိုးရန်

ဇာချည် ရစ်နေစဉ် ရက် ဘတ်တလာက ချည်ခင်ကို ကိုင်ပေးထားသည်။ မီလာနီက အက်ရှလေ အကြောင်း၊ အက်ရှလေ ရာထူး တက်သည့် အကြောင်းကို တတွတ်တွတ် ပြောနေစဉ်ကလည်း ရက် ဘတ်တလာ တည်တည်ငြိမ်ငြိမ် နားထောင်နေသည်။ စင်စစ် ရက် ဘတ်တလာသည် အက်ရှလေကို နည်းနည်းမျှ အထင်မကြီး။ အက်ရှလေ ဗိုလ်မှူး ဖြစ်သွားသည်ကိုလည်း ဂရုမစိုက်။ ဤသည်ကို စကားလက် ကောင်းကောင်း သိသည်။ သို့တိုင်အောင် မီလာနီက အက်ရှလေကို ချီးမွမ်းခန်း ဖွင့်နေစဉ်တွင် ရက် ဘတ်တလာသည် ယဉ်ကျေး သိမ်မွေ့စွာ နားထောင်သည်။ အက်ရှလေ စွန့်စားပုံကို ပြန်ပြောသည့်အခါ အမှား ပါလျှင် ဝင်ထောက်၍ ပေးတတ်သေးသည်။

သို့ရာတွင် စကားလက်က အက်ရှလေ၏ နာမည်ကို ထုတ်ပြောလျှင်မူ ရက် ဘတ်တလာ မျက်ခုံးကို ပင့်ကာ သူသိသည်

ဟူသော သဘောဖြင့် မခိုး မခန့် လှောင်သလို ပြုံးတတ်သည်။

`တကယ်တော့ စကားလက်က သူ့ထက် ပိုလှတာပဲ၊ ဘာဖြစ်လို့ သူ့ကို ဒီလောက် အရေးပေး နေရတာလဲ’



`မင်း မနာလို ဝန်တို ဖြစ်နေတယ်လို့ ကျုပ် ထင်ရမလား’



`အို မဆိုင်ပါဘူး၊ ဘာလို့ မနာလို ဖြစ်ရမှာလဲ’



`အင်း ဒီလိုဆိုရင်တော့ ကျုပ် မျှော်လင့်ချက် တစ်ခု ပြိုလဲသွားပြန်ပြီပေါ့၊ ကျုပ်ဟာ မီလာနီကို အရေးပေးနေတယ်ဆိုရင်

ပေးသင့်လို့ ပေးတာပေါ့၊ မီလာနီလို မိန်းမမျိုးက ရှားတယ်၊ မီလာနီက ရိုးသားတယ်၊ အနစ်နာခံတယ်၊ ကျုပ် သိတဲ့ လူတွေထဲမှာ ဒါမျိုး တော်တော် ရှားတယ်၊ ဒါပေမယ့် မင်းတော့ သတိထားချင်မှ ထားမိမှာပေါ့၊ ဒါ့တွင်မကဘူး၊ ဒီ အသက် ဒီအရွယ်မှာ ဒီလောက် အမျိုးကောင်း သမီး ပီသတဲ့ မိန်းကလေးမျိုးကို ကျုပ် တစ်ခါမှ မတွေ့ဖူးသေးဘူး’

`ဒါဖြင့် စကားလက်ကတော့ အမျိုးကောင်း သမီး မဟုတ်ဘူးလို့ ဆိုလိုချင်တယ်ပေါ့’



`ဘယ်မှာ ဟုတ်လို့လဲ၊ မင်း အမျိုးကောင်း သမီး မဟုတ်ဘူး ဆိုတာ မင်းနှင့် ကျုပ် ပထမဆုံး တွေ့တုန်းကတည်းက

နှစ်ဦး သဘောတူ လက်ခံခဲ့ကြပြီးပြီ မဟုတ်လား’

`ဒီအကြောင်း ပြောပြန်ပြီလား၊ ရှင်ဟာ တော်တော် ရိုင်းတယ်၊ မုန်းဖို့လည်း ကောင်းတယ်၊ ဘာဖြစ်လို့ ကလေးလေးလို

စကားလက်ကို အထအန ကောက်နေရတာလဲ၊ ဒါက ဟို ငယ်ငယ်တုန်းက ကြာလှပြီ၊ ခု စကားလက် လူကြီး ဖြစ်လာပြီ၊ ရှင်သာ ပြန်ပြီး ပြောမနေရင် စကားလက်တောင် မေ့သလောက် ဖြစ်နေပြီ’

`ဒါ အထအန ကောက်တာ မဟုတ်ပါဘူး၊ မင်းလည်း ဘာမှ မပြောင်းလဲပါဘူး၊ အရင်တုန်းကလိုပါပဲ၊ အရင်တုန်းကလို

စိတ်မထင်ရင် ပန်းအိုးနှင့် ကောက်ပေါက်မယ့် ပုံမျိုးပဲ၊ ဒါပေမယ့် ခုတော့ စိတ် ကျေနပ်သွားပြီ မဟုတ်လား၊ ပန်းအိုးတွေ ခွဲဖို့ မလိုတော့ပါဘူး’

232



`ကြည့်ပါလား၊ လာပြန်ပြီ၊ စကားလက် ယောက်ျားလေး ဖြစ်လိုက်ချင်တယ်၊ ယောက်ျားလေးသာ ဆိုရင် ရှင့်ကို’



`ဘာလဲ၊ ကျုပ်ကို သတ်ချင်တယ်ပေါ့ ဟုတ်လား၊ ကျုပ်က ပိုက်ဆံပြား တစ်ပြားကို ကိုက်ငါးဆယ်ကနေ မှန်အောင်

ပစ်နိုင်တယ်နော်၊ ဒီတော့ မင်းလည်း ကိုယ့်လက်နက်ကို မြဲမြဲ ကိုင်ထား၊ မင်း လက်နက်က ပါးချိုင့်လေးတွေရယ်၊ ပန်းအိုးတွေရယ်’

`ရှင်ဟာ လူဆိုး၊ လူရမ်းကား’



`သြ၊ ဒီလိုပြောရင် ကျုပ် စိတ်ဆိုးမယ်လို့ ထင်သလား၊ ဒီိလို ဆိုရင်တော့ မင်း မှားသွားပြီ၊ မင်း ကျုပ်ကို ဘယ်လိုပဲ

ခေါ်ခေါ် ကျုပ် စိတ်မဆိုးပါဘူး၊ ဟုတ်သားပဲ၊ ကျုပ်က လူဆိုး လူရမ်းကား လူယုတ်မာ၊ ဘာ ငြင်းစရာ ရှိသလဲ၊ ဒီတိုင်းပြည်က လွတ်လပ်တဲ့ တိုင်းပြည်၊ လူတစ်ယောက်ဟာ သူ့ဘာသာသူ လူဆိုး ဖြစ်ချင် ဖြစ်နိုင်တာပဲ၊ ကျုပ်က စိတ်မဆိုးတတ်ပါဘူး၊ မင်းတို့လို သူတော်ကောင်းယောင် ဆောင်နေတဲ့ လူတွေ၊ စိတ်သဘောထား ပုပ်ပြီး လူတွေ ရှေ့ကျတော့ ဟန်ဆောင် နေတတ်တဲ့ လူတွေသာ အမှန်ကို အမှန် အတိုင်း ပြောရင် အနာပေါ် တုတ်ကျ ဖြစ်တတ်တာ’

သူက ခပ်ပြုံးပြုံး။ သူ၏ တည်ငြိမ်သည့် အပြုံးရှေ့တွင် စကားလက် လည်စင်းခံနေရသည်။ သူ့ တစ်သက်တွင် ဤမျှ

အကြောင်တိုက်သည့် လူမျိုးကို တစ်ခါမျှ မတွေ့စဖူး။ သရော်ခြင်း၊ အေးတိအေးစက် ဆက်ဆံခြင်း၊ ပက်ပက်စက်စက် ပြောခြင်း စသည့် စကားလက်၏ လက်နက်များသည် ဘာမျှ အသုံးမဝင်တော့။ မည်သို့ပြောပြော ရှက်ခြင်းလည်း မရှိ။ လိမ်သူသည် သူ မလိမ်ကြောင်းကို အပြောဆုံး ဖြစ်သည်။ အောက်တန်းကျသူသည် သူ အထက်တန်း ကျကြောင်းကို အပြောဆုံး ဖြစ်သည်။ သိက္ခာကို အမွှမ်းအတင်ဆုံး ဖြစ်သည်။ ဤသို့ စကားလက် ကြားဖူးသည်။ သို့ရာတွင် ရက် ဘတ်တလာက ဤသို့ မဟုတ်။ သူ့ကို မည်သို့ပြောပြော ဖုံးကွယ်ခြင်း မရှိ။ ဝန်ခံသည်။ ရယ်ပစ်သည်။ ပြောခါမှ ပို၍ အရွဲ့တိုက် ပြသည်။

ထိုလများအတွင်း ရက် ဘတ်တလာသည် ဗြုန်းစားကြီး ရောက်လာတတ်ပြီး နှုတ်မဆက်ဘဲ ပြန်သွားတတ်၏။

အတ္တလန်တာသို့ မည်သည့်ကိစ္စဖြင့် လာသည်ကို စကားလက် မသိ။ တခြား ကုန်သည်များ ဆိုလျှင် အတ္တလန်တာထိအောင် လာလေ့ မရှိကြ။ ဆိပ်ကမ်းမြို့များတွင် ကုန်တွေကို ချပြီး ပြန်ကြသည်။ ဆိပ်ကမ်းမြို့များတွင် ကုန်သည်တွေ တစ်ပုံ။ ပိတ်ဆို့မှုကို ဖြတ်၍ သွင်းလာသည့် နိုင်ငံခြား ကုန်များကို ဝယ်လှောင်သူတွေ မရေတွက်နိုင်။ သူ့ကို တွေ့ချင်၍ အတ္တလန်တာသို့ လာသည် ဆိုလျှင်မူ စကားလက် အကျေနပ်ကြီး ကျေနပ်မည်။ သို့ရာတွင် ရက် ဘတ်တလာသည် ဤလို လူစားမျိုး မဟုတ်။ သူ့ကြောင့် အတ္တလန်တာသို့ လာခြင်း မဖြစ်နိုင်။ အကယ်၍ ရက် ဘတ်တလာက သူ့ကို ချစ်ကြောင်း ဖွင့်ပြောခဲ့လျှင်၊ သူ့ဘေးပတ်ပတ်လည်တွင် ဝိုင်းဝိုင်းလည်နေကြသော ယောက်ျားများကို မနာလို ဝန်တို ဖြစ်သည်ဆိုလျှင်၊ လက်ကို ကိုင်လျှင်၊ သို့မဟုတ် ဓာတ်ပုံတောင်းလျှင်၊ သို့မဟုတ် အမြတ်တနိုး ထားဖို့ လက်ကိုင်ပဝါ တောင်းလျှင် ရက် ဘတ်တလာသည် သူ့အလှ ညွှတ်ကွင်းတွင် မိနေပြီဟု စကားလက် အသား ယူမိမည်။ သို့ရာတွင် ဆိုးသည်က စကားလက် ပရိယာယ် မှန်သမျှကို ကြိုသိနေပုံရခြင်းပင် ဖြစ်သည်။

သူ အတ္တလန်တာသို့ ရောက်လျှင် အတ္တလန်တာက အမျိုးသမီး လောကတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေတတ်သည်။

ရန်သူ ပိတ်ဆို့မှုကို ဖောက်ထွက်၍ နိုင်ငံခြား ကုန်တွေကို တင်လာသည့် ခပ်ရမ်းရမ်း လူတစ်ယောက်၊ သူရဲကောင်း တစ်ယောက် အဖြစ် စိတ်ဝင်စားကြသည်။ ထို့ပြင် ဆိုးသည်၊ ရမ်းသည်၊ အပေါင်းအသင်း မလုပ်သင့်ဟု ပြောကြသဖြင့်လည်း အထူးအဆန်း ဖြစ်နေကြသည်။ အတ္တလန်တာက မိန်းမကြီးတွေ စုပြီး အတင်း ပြောကြတိုင်း သူ့မကောင်းသတင်းက ကြီးသည်ထက်

233

ကြီးလာသည်။ သူ့မကောင်းသတင်းကြီးလာသည်နှင့် အမျှ မိန်းကလေးတွေ အဖို့ စိတ်လှုပ်ရှားစရာ ဖြစ်နေသည်။ မိန်းကလေး အများစုက သူ့အကြောင်းကို ကောင်းကောင်း သိကြသည် မဟုတ်။ `မိန်းမနှင့် ပတ်သက်လျှင် အကျင့်မကောင်း’ ဆိုသည်ထက် ဘာမျှ ပိုမသိကြ။ `အကျင့်မကောင်း’ ဆိုသည်မှာလည်း မည်သို့ ရှိသည်ကို ကောင်းကောင်း နားမလည်။ သူနှင့်တွေ့လျှင် မည်သည့် မိန်းကလေးကိုမျှ ချမ်းသာမပေးဟု တီးတိုး ပြောသံကို ကြားရဖူးသည်။ ဤမျှလောက် နာမည်ပျက် ရှိသည့်တိုင် အတ္တလန်တာသို့ ရောက်လာကတည်းက မည်သည့် အပျိုလက်ကိုမျှ နမ်းရှုပ် နှုတ်ဆက်သည်ဟု မကြားဖူးသေး။ အအိုများ၏ လက်များကိုသာ နမ်း၍ နှုတ်ဆက်ဖူးသေးသည်။ ဤတွင် ရက် ဘတ်တလာသည် မိန်းကလေးများ အမြင်တွင် ပို၍ လျှို့ဝှက် နက်နဲလာကာ ပို၍ စိတ်ဝင်စားစရာ ကောင်းနေပြန်သည်။

စစ်တပ် သူရဲကောင်းများက လွဲလျှင် ရက် ဘတ်တလာသည် အတ္တလန်တာ တစ်မြို့လုံးတွင် အထင်ရှားဆုံး

အကျော်ကြားဆုံးသူ ဖြစ်နေသည်။ အရက်မူးပြီး မိန်းမနှင့် ပတ်သက်သော ကိစ္စ တစ်ခုကြောင့် သူ စစ်တက္ကသိုလ်မှ အထုတ်ခံခဲ့ရပုံကို လူတိုင်း သိနေသည်။ သူနှင့် ငြိစွန်းခဲ့သည် ဆိုသည့် ချာလက်စတန်က မိန်းကလေးနှင့် သူ သတ်ပစ်ခဲ့သည့် မိန်းကလေး၏ အစ်ကို အကြောင်းကိုလည်း တစ်မြို့လုံးက သိနေကြသည်။ ရက် ဘတ်တလာ၏ အဖေသည် လူကြီး လူကောင်း တစ်ယောက် ဖြစ်ကြောင်း၊ စိတ်ကြီးကြောင်း၊ ဆုံးမ  မနိုင် ဆိုနိုင်ခက်ခဲသော သူ့သားကို အသက် နှစ်ဆယ်က စ၍ သေခန်း ဖြတ်ထားကြောင်း၊ မိသားစုသုံး သမ္မာကျမ်း စာအုပ်မှ သူ့နာမည်ကို ဖျက်ပစ်လိုက်ပြီ ဖြစ်ကြောင်းဖြင့် ချာလက်စတန်မှ မိတ်ဆွေများထံမှလည်း သိရသည်။ အဖေက နှင်ထုတ်ခံရပြီးနောက် ရက် ဘတ်တလာသည် ၁၈၅၉ ခုတွင် ကာလီဖိုးနီးယားသို့ ရွှေတူးလိုက်သွားကြောင်း၊ ထိုနောက် တောင် အမေရိကနှင့် ကျူးဘားသို့ ရောက်သွားကြောင်း၊ ထို ဒေသများတွင်လည်း သူ့သတင်းသည် မကောင်းလှကြောင်းဖြင့် သိရသည်။ မိန်းမနှင့် ရှုပ်ပွေသည်၊ သေနတ် ပစ်မှု ခဏ ခဏ ဖြစ်သည်။ တောင်အမေရိက သူပုန်များကို လက်နက် ရောင်းသည်၊ ဖဲရိုက်စားသည့် ကစားသမား ဖြစ်သည် စသဖြင့် သူ့သတင်းသည် အတ္တလန်တာတွင် မကြားချင့်အဆုံး ဖြစ်နေသည်။

ဂျော်ဂျီယာက မိသားစုတိုင်းတွင် ကစားသမား တစ်ယောက်တော့ ရှိကြစမြဲ။ ပိုက်ဆံ မရှိလျှင် အိမ်ပေါင်  ကစားသူ၊

မြေပေါင်ကစားသူ၊ ကျွန်ကို ပေါင်၍ ကစားသူ တစ်ယောက်တော့ ရှိတတ်သည်။ လူတစ်ယောက်သည် သူ့ဘာသာသူ အိမ်ရှုံးရှုံး၊ မြေရှုံးရှုံး၊ သူ ကစားချင်လျှင် ကစားနိုင်သည်။ ကိစ္စမရှိ။ ကစားသည့်တိုင် လူကြီး လူကောင်း တစ်ယောက် ဖြစ်မြဲ ဖြစ်နေသေးသည်။ သို့ရာတွင် ရက် ဘတ်တလာက ဤလူများနှင့် မတူ။ တကယ့် ကစားသမား။ ဖဲရိုက်၍ စားသော ကြေးစား ကစားသမား။ သူ့လို ကြေးစား ကစားသမားကိုမူ မည်သူကမျှ လူကြီး လူကောင်းဟု အသိအမှတ် ပြုမည် မဟုတ်။ လူ့အဖွဲ့အစည်းမှ ဝိုင်းပယ်ခံရမည်သာ ဖြစ်သည်။

ပြည်တွင်းစစ်ကြောင့် အခြေအနေတွေ ကပြောင်းကပြန် ဖြစ်နေခြင်းကြောင့် လည်းကောင်း၊ သီးခြား ပြည်နယ်ကိစ္စတွင်

တတ်အားသမျှ ပါဝင် ကူညီခြင်းကြောင့် လည်းကောင်း ရက် ဘတ်တလာကို အတ္တလန်တာက လက်ခံခြင်း ဖြစ်သည်။ ဤသို့သာ မဟုတ်လျှင် ရက် ဘတ်တလာ တစ်ယောက် အတ္တလန်တာ မြေကိုပင် နင်းခွင့်ရမည် မထင်။ သို့ရာတွင် ယခုမူ အလွန် အယူသီးသူများပင် ပြည်နယ်ချစ်စိတ်၊ မျိုးချစ်စိတ်ကြောင့် အမြင်ကျယ်စ ပြုလာကြသည်။ သဘောထား ကြီးလာကြသည်။ အချို့ အတွေးခေါင်သူများကမူ ရက် ဘတ်တလာသည် သူ့အမှားများ အတွက် နောင်တ ရလာကာ အပြစ်ကျေအောင် လုပ်သည့် သဘောဖြင့် ယခုကဲ့သို့ ပြည်နယ်၏ အကျိုးကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟုပင် ပြောကြသည်။ ထို့ကြောင့်လည်း အမျိုးသမီးများက ရန်သူ ပိတ်ဆို့မှုကို ရဲတင်းစွာ ထိုးဖောက်၍ ပြည်နယ်တွင် အသုံးလိုနေသည့် ကုန်ပစ္စည်းများကို သွင်းလာသည့်

234

ရက် ဘတ်တလာကို အထူးတလည် စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။ ပြည်နယ် အရေးတော်ပုံ အောင်မြင်ရေးသည် ရှေ့တန်း စစ်မျက်နှာ တပ်သားများ အပေါ်တွင် တည်သကဲ့သို့ ယန်ကီ သင်္ဘောများ ပိတ်ဆို့မှုကို ဖောက်ထွက်၍ ကုန်ပစ္စည်းများ သယ်လာနိုင်သည့် ပြည်နယ် ကုန်တင် စက်လှေများ အပေါ်တွင်လည်း တည်နေသည်ကို လူတိုင်း သိကြသည်။

ကောလာဟလများအရ ဗိုလ်ကြီး ဘတ်တလာသည် တောင်ပိုင်းတွင် စက်လှေမောင်း ကျွမ်းကျင်ဆုံး လူတစ်ယောက်

ဖြစ်သည်ဟု ဆိုကြသည်။ အမောင်းရမ်းသည်။ သတိ ကောင်းသည်။ ချာလက်စတန်တွင် ကြီးပြင်းလာခဲ့သဖြင့် ကာရိုလိုင်းနား ကမ်းခြေ တစ်ဝိုက်က ချောင်းငယ်၊ မြောင်းငယ်၊ စည်းတိမ်၊ ကျောက်ဆောင် စသည်တို့ကို သိသည်ဟု ဆိုကြသည်။ ဝီလ် မင်တန် အနီးက ပင်လယ်ပြင် တစ်ဝိုက်ကိုလည်း ကောင်းကောင်း နှံ့စပ်သည်ဟု ဆိုကြသည်။ သူ့ကြောင့် စက်လှေ မှောက်ဖူးသည်ဟု တစ်ခါမျှ မရှိ။ ကုန်ပစ္စည်းများကို စက်လှေပေါ်မှ ပစ်ချခဲ့ရသည်ဟူ၍ တစ်ခါမျှ မရှိ။ ပြည်တွင်းစစ် ဖြစ်စတွင် ရက် ဘတ်တလာသည် စက်လှေ တစ်စင်းကို ဝယ်သည်။ ပိတ်ဆို့မှု ကြားက ကုန်ပစ္စည်းတွေ တင်သွင်းလာနိုင်သည့် အခါတွင် ကုန်ပစ္စည်း တစ်ခုကို အမြတ် ရာခိုင်နှုန်း နှစ်ထောင် မြတ်သည်။ ယခုဆိုလျှင် စက်လှေ လေးစင်း ပိုင်နေပြီ။ သူ့ စက်လှေ ပဲ့နင်းများ ကလည်း ကျွမ်းကျင်ကြသည်။ သူကလည်း လခ ကောင်းကောင်း ပေးသည်။ သူ့ စက်လှေများသည် ညအမှောင်တွင် ရန်သူ ပိတ်ဆို့မှုကို ဖောက်ထွက်ခဲ့ကြကာ ဝါဂွမ်းများကို ပြည်ပသို့ ထုတ်ယူခဲ့ကြသည်။ အင်္ဂလန်၊ ကနေဒါ၊ နာဆော စသည်တို့သို့ သွားရောင်းကြသည်။ ထိုစဉ်က အင်္ဂလန်သို့ ဝါဂွမ်း သွားရောင်းနိုင်လျှင် ကြိုက်ဈေးရသည်။ ရက် ဘတ်တလာ၏ စက်လှေများသည် သီးခြား ပြည်နယ်များက ဝါဂွမ်းကို ပြည်ပသို့ ပို့ပေးပြီး ပြည်နယ် အတွက် လက်နက်များကို သွင်းလာနိုင်ခဲ့သည်။ ဤသို့ ရဲရင့်သည့် လူ တစ်ယောက်၏ အပြစ်များကို အမျိုးသမီးတွေက ခွင့်လွှတ်နိုင် မေ့ပျောက်နိုင်သည်။

ရက် ဘတ်တလာ၏ ရုပ်ကိုက ခပ်ရမ်းရမ်း ခပ်ကြွားကြွား ရုပ်မျိုး။ လူတွေက သူ့ကို မြင်လျှင် နောက်တစ်ခါ

ပြန်ကြည့်ရသည့် လူစားမျိုး။ ပိုက်ဆံကို ရေလို သုံးသည်။ သူ စီးသည့် မြင်းကြီးက အနက်ရောင် စစ်မြင်းကြီး ဖြစ်သည်။ အဝတ်အစားကလည်း နောက်ဆုံးပေါ် ပုံစံ။ အကျအန ချုပ်ထားသည့် ဝတ်စုံမျိုး။ အဝတ်အစားကပင်လျှင် လူတွေ ပြန်လှည့်ကြည့်ချင်စရာ ဖြစ်နေပြီ။ စစ်သားတွေ ဝတ်စုံက ညစ်ပတ် ပေရေလျက်။ စုတ်ပြတ်လျက်။ အကျအန ဝတ်ထားသည့် အရပ်သား ဝတ်စုံပင်လျှင် ဖာရာထေးရာတွေနှင့် ခပ်နွမ်းနွမ်း။ ဤအချိန်မျိုးတွင် ရက် ဘတ်တလာ ဝတ်သည့် ဘောင်းဘီက အကောင်းစား။ ပုံကျပုံန ကောင်းကောင်း။ သမင်ရောင်။ သိုးကျောင်းသားတွေ ပတ်သည့် ရှောစောင် အပြောက်ကို လည်တွင် ရစ်လျက်။ ခါးပြတ် အင်္ကျီတွေကလည်း အကောင်းစား ပိုးဖျင် အဖြူရောင်။ ရင်ဘတ်တွင် နှင်းဆီဖူးလေးကို ပန်းထိုးချည်ဖြင့် ထိုးထားသည်။ ဤမျှ ကောင်းသည့် အဝတ်အစားကို ဝတ်ရာတွင် သူ့ အမူအရာက ဤအဝတ်အစားကောင်းများကို ဂရုမစိုက်သည့် ဟန်။

ရက် ဘတ်တလာနှင့် ဆက်ဆံဖူးသည့် အမျိုးသမီး မှန်သမျှ သူ့ဥပဓိရုပ်၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်။ နောက်ဆုံး

မစ္စက် မယ်ရီဝယ်သာပင်လျှင် တနင်္ဂနွေနေ့တွင် ညစာစား ဖိတ်ရသည် အထိ ဖြစ်လာသည်။

ဗိုလ်လေး ပီကာ့ နောက်တစ်ကြိမ် ခွင့်ရလျှင် မစ္စက် မယ်ရီဝယ်သာ၏ သမီး မေဘယ် ဝယ်သာနှင့် လက်ထပ်တော့မည်။

မေဘယ်က လက်ထပ်ဝတ်စုံ အဖြစ် ဖဲသား အဖြူဝတ်စုံ တစ်စုံ လိုချင်သည်။ သို့ရာတွင် သီးခြားပြည်နယ်တွင် ဖဲသား အဖြူ မရှိ။ မည်သူ့ဆီမှလည်း ငှားမရ။ ဖဲဝတ်စုံ ရှာမရသဖြင့် မေဘယ် မကြာခဏ ငိုရသည်။ သူ့အမေ ဝံသာနု အမျိုးသမီး မစ္စက် မယ်ရီဝယ်သာက သမီးကို ဆူပူသည်။ ပြည်နယ် သတို့သမီးသည် ပြည်နယ်ထွက် ဝတ်စုံကို ဝတ်ရမည်ဟု သွန်သင်သည်။

235

သို့ရာတွင် မေဘယ်က လက်မခံ။ ဖဲဝတ်စုံကိုမှ လိုချင်သည်။ ဆံထိုးတွေ၊ ဆံညှပ်တွေ၊ ကြယ်သီးတွေ၊ ဖိနပ်လှလှတွေ မဝတ်ဘဲ နေနိုင်သည်။ လက်ဖက်ရည်လည်း မသောက်ဘဲ နေနိုင်သည်။ သို့ရာတွင် မင်္ဂလာပွဲ ဝတ်ဖို့ ဖဲဝတ်စုံ တစ်စုံတော့ လိုချင်သည်။

ဤသတင်းကို မီလာနီထံမှ ရက် ဘတ်တလာ ကြားဖူးသည်။ ရက် ဘတ်တလာ အင်္ဂလန်မှ တစ်ခေါက် ပြန်လာသည့်

အခါတွင် အဖြူရောင် ဖဲစတွေ ကိုက်ပေါင်းများစွာ ဝယ်လာသည်။ သတို့သမီး မျက်နှာဖုံးဖို့ ဇာများလည်း ဝယ်လာသည်။ ထိုပစ္စည်းများကို မေဘယ်အား မင်္ဂလာလက်ဖွဲ့အဖြစ် ပေးသည်။ ဤမျှ အဖိုးတန်တွေကို ရက် ဘတ်တလာ လက်ဆောင် ပေးပုံက ဘူးသီး ခရမ်းသီးနှယ်။ ဘာမျှ အရေးတကြီး ထားဟန် မရှိ။ မေဘယ်ကမူ ဝမ်းသာ၍ မဆုံး။ ကျေးဇူးတင်၍ မဆုံး။ ဤမျှလောက် အဖိုးတန်ကြီးကို ပေးသဖြင့် မစ္စက် မယ်ရီဝယ်သာ အယူရ ခက်သော်လည်း မငြင်းနိုင်။ ထိုမျှမက ရက် ဘတ်တလာကကလည်း ပြည်နယ် သူရဲကောင်း တစ်ယောက်၏ သတို့သမီး တစ်ယောက် အဖို့ ဤဝတ်စုံသည် ဘာမျှ အဖိုးမတန်ဟု မြှောက်လုံး ပင့်လုံးတွေနှင့် ပြောသည်။ ဤတွင် မစ္စက် မယ်ရီ ဝယ်သာက သူ့ကို ညစာ ဖိတ်ကျွေးသည်။ သူက ညစာစား ဖိတ်သည်ကို လက်ခံခြင်းသည်ပင် မစ္စက် မယ်ရီဝယ်သာ အဖို့ ဂုဏ်ယူစရာ ဖြစ်နေသည်။

ရက် ဘတ်တလာက မင်္ဂလာဝတ်စုံကိုသာ လက်ဆောင် ပေးရုံမျှမက ဝတ်စုံချုပ်လျှင် မည်သည့်ပုံ ချုပ်သင့်သည်ကိုလည်း

အကြံပေးသည်။

ယခု အချိန်တွင် ပါရီ၌ ဝတ်စုံ အောက်ခံ ကွင်းများကို ခပ်ကျယ်ကျယ် လုပ်ကြကြောင်း၊ ခါး တွင် အတွန့်တွေ

မထည့်ကြတော့ကြောင်းဖြင့် ပါရီက ဖက်ရှင်များကို ပြောပြသည်။

ပါရီ အထည်ဆိုင်များတွင် မိန်းမဝတ် အောက်ခံ ဘောင်းဘီများ ရောင်းသည်ကို မမြင်ခဲ့ရကြောင်း၊ ထို့ကြောင့် ပါရီ

အမျိုးသမီးများသည် အောက်ခံ ဘောင်းဘီ ဝတ်ကြတော့သည်ဟု မထင်ကြောင်းဖြင့်လည်း ပြောပြသည်။

အကယ်၍သာ သိသမျှ ပြောစမ်းပါဟု ဆိုလျှင် ရက် ဘတ်တလာသည် ပါရီသူများ မည်သည့် ရှင်မီး အင်္ကျီကို

ဝတ်သည်က အစ ပြောလိမ့်မည် ထင်သည်ဟု နောက်တွင် မစ္စက် မယ်ရီဝယ်သာက မစ္စက် အယ်လဆင်းကို ပြောပြသည်။

ရက်

ဘတ်တလာသည်

မိန်းမ

အသုံးအဆောင်၊

အဝတ်အထည်၊

ဆင်ယင်ထုံးဖွဲ့မှု၊

ဆံပင်

အပြင်အဆင်

စသည်တို့ကိုလည်း အသေးစိတ် နားလည်သည်။ အကယ်၍သာ ယောက်ျား ပီသခြင်း မရှိလျှင် ဤမျှလောက် သိသူကို မိန်းမလျာဟုပင် ခေါ်ဖို့ ကောင်းတော့သည်။ ယောက်ျား ရင့်မကြီးကို မိန်းမ အသုံးအဆောင်တွေ အသေးစိတ် မေးရသည်မှာ အတော် ခွကျသည်။ သို့ရာတွင် အတ္တလန်တာက အမျိုးသမီးများသည် ထိုအကြောင်းကို မမေးဘဲ မနေနိုင်။ သူတို့ ဘဝက သင်္ဘောပျက်သည့် သင်္ဘောသားများလို ကမ္ဘာကြီးနှင့် အဆက်ပြတ်နေသည်။ ဖက်ရှင် မဂ္ဂဇင်းတို့ ဘာတို့ ဆိုသည်ကလည်း ကောင်းကောင်း မရောက်။ ရက် ဘတ်တလာ နိုင်ငံခြားက တစ်ခေါက် ပြန်လာလျှင် သူ့ ဘေးတွင် အမျိုးသမီးတွေ ဝိုင်းအုံကာ နိုင်ငံခြား ဖက်ရှင်တွေ အကြောင်း မေးကြ မြန်းကြသည်။ ယခု နှစ်တွင် အလှဆောင်း မိန်းမ ဦးထုပ်များ ဝယ်လာကြောင်း၊ ဦးထုပ်တွင် ပန်းပွင့်များ မထိုးတော့ဘဲ ငှက်တောင်များ ထိုးကြကြောင်း၊ ပြင်သစ် ဧကရီ ဘုရင်မကြီး ဆိုလျှင် ညနေ ဧည့်ခံပွဲများတွင် ဘီးကြော့ပတ် မထုံးတော့ဘဲ ထိပ်တွင် ဆံထုံး ထုံးလာကြောင်း၊ ညနေ ဝတ်စုံများမှာ လည်ပင်း ပို၍ ဟိုက်လာကြောင်း စသည်တို့ကို ရက် ဘတ်တလာက စုံစုံလင်လင် ပြောပြတတ်သည်။

သို့ဖြင့် ရက် ဘတ်တလာသည် နာမည်ပျက် ရှိသည့်တိုင် အတ္တလန်တာတွင် လူသိ အများဆုံး ပုဂ္ဂိုလ် တစ်ယောက်

236

ဖြစ်နေသည်။ ကုန်လှောင်သည်၊ မှောင်ခို ကုန်ကူးသည်ဟု ဆိုကြသည့်တိုင် စိတ်ဝင်စားစရာ အကောင်းဆုံး လူတစ်ယောက် ဖြစ်နေသည်။ မလိုသူများကမူ ရက် ဘတ်တလာ အတ္တလန်တာသို့ တစ်ခေါက် ပြန်လျှင် ကုန်ဈေးနှုန်းတွေ တစ်ခါ တက်လာသည်ဟု ပြောကြသည်။ သို့တိုင်အောင် ရက် ဘတ်တလာသည် အတ္တလန်တာတွင် သူ့ကိုယ်သူ `ပေါ်ပြူလာ’ ဖြစ်ချင်သည် ဆိုလျှင် ဖြစ်အောင် လုပ်နိုင်သေးသည်။ သို့ရာတွင် ရက် ဘတ်တလာက နားလည်ရခက်သည်။ အတ္တလန်တာက အထက်တန်းလွှာ မျိုးချစ် ပုဂ္ဂိုလ်များ၏ လေးစားမှုကို ရနေသည့်တိုင် တစ်ခါ တစ်ခါ ဖောက်လာကာ သူ ဤသို့ ပိတ်ဆို့မှုကို ဖြတ်၍ မှောင်ခိုကုန်တွေ သွင်းနေခြင်းမှာ မျိုးချစ်စိတ် ရှိ၍ မဟုတ်ကြောင်း၊ ပိုက်ဆံ လိုချင်၍ ဖြစ်ကြောင်း စသည်ဖြင့် ကန့်လန့် ပြောတတ်သည်။

ရက် ဘတ်တလာသည် တောင်ပိုင်းသား မှန်သမျှ၊ တောင်ပိုင်းက အရာ မှန်သမျှကို အထင်သေးပုံ ရသည်။

ပြည်နယ်များကို အထင်သေးသည်။ ဤသို့ အထင်သေးကြောင်းလည်း ဖုံးကွယ်ထားခြင်း မပြု။ ဗြောင်ဖွင့်ပြောသည်။ ထို့ကြောင့်ပင် အတ္တလန်တာက လူများက သူ့ကို အစတွင် ကောင်းကောင်း နားမလည်ကြ။ နားလည်လာသည့် အခါတွင် အေးစက်စက် ဆက်ဆံလာကြသည်။ ထို့နောက် ဒေါသဖြင့် ဆက်ဆံကြသည်။ ဧည့်ခံပွဲများသို့ သူ ရောက်လာလျှင် အမျိုးသားတွေက တရှောင်ရှောင် လုပ်ကြသည်။ အမျိုးသမီးကြီးများက သမီးပျိုများကို အနားကို ခေါ်ထားကြသည်။

ရက် ဘတ်တလာသည် ပြည်နယ် အရေးတော်ပုံကို ရိုးရိုးသားသား ယုံကြည်သည့် အတ္တလန်တာက လူများအား

လှောင်ပြောင် သရော်ရုံမျှမက တစ်ခါတစ်ရံ သူ့ကိုယ်သူလည်း ရစရာ မရှိအောင် ပြောတတ်သည်။ အချို့ ပုဂ္ဂိုလ်များက သူ့အား ရန်သူ ပိတ်ဆို့မှုကို ရဲရင့်စွာ ဖောက်ထွက်နိုင်သည့် အတွက် ချီးကျူးကြသည်။ ထိုအခါတွင် ရက် ဘတ်တလာက သူသည် အန္တရာယ် ကြုံလာလျှင် အလွန် ကြောက်တတ်သူ ဖြစ်ကြောင်း၊ သူ့လိုပင် ရှေ့တန်းက သူရဲကောင်းများလည်း ကြောက်တတ်ကြောင်းဖြင့် ရယ်ကာမောကာ ပြောတတ်သည်။ ဤအခါတွင် တစ်ဖက်သားမှာ စွေ့စွေ့ ခုန်မတတ် ခံပြင်းရသည်။ ရက် ဘတ်တလာက ရှေ့တန်း စစ်သားများအား `ကျွန်တော်တို့ သူရဲကောင်းများ’ `အာဇာနည်များ’ ဟု ခေါ်လေ့ရှိသည်။ ဤသို့ ခေါ်ပြီးမှ ကြောက်တတ်သည်ဟု ပြောလိုက်သည့်အခါ သူ့ ခေါ်ပုံသည် သက်သက် စော်ကားသည့်နှယ် ဖြစ်နေသည်။ တချို့ ခပ်ရဲရဲ ခပ်ပျံပျံ မိန်းကလေးများက သူ့ကို သူရဲကောင်း တစ်ယောက် အဖြစ် ချီးကျူးကြသည်။ ထိုအခါတွင် ရက် ဘတ်တလာက သူတို့ ထင်သည့်အတိုင်း မဟုတ်ကြောင်း၊ ပိုက်ဆံ ရမည်ဆိုလျှင် ယန်ကီ အမျိုးသမီးများ အတွက်လည်း ကာကွယ်ပေးမည် ဖြစ်ကြောင်းဖြင့် ဦးညွှတ်၍ ပြောတတ်သည်။

အတ္တလန်တာတွင် နိဗ္ဗာန်ဈေး ခင်းသည့် ည စကားလက်နှင့် တွေ့စဉ်ကတည်းက ရက် ဘတ်တလာသည်

စကားလက်ကို ဤအတိုင်း ပြောခဲ့သည်။ ယခု အခါတွင်မူ စကားလက် တစ်ယောက်ကိုသာမက လူတိုင်းကို ဤသို့ ပြောနေပြီ။ သီးခြားပြည်နယ် အတွက် သူ့ဆောင်ရွက်ပုံများကို ချီးကျူးပြောလျှင် ရန်သူ ပိတ်ဆို့မှုကို ဖောက်ထွက်၍ ပစ္စည်း သွင်းခြင်းမှာ သူ့အဖို့ စီးပွားရေး လုပ်ငန်း တစ်ခုမျှသာ ဖြစ်သည်ဟု ပြောတတ်သည်။ အစိုးရထံမှ ကန်ထရိုက်များ ရလျှင် သူသည် အန္တရာယ်များလှသော မှောင်ခိုကုန်ကူးခြင်းကို စွန့်ကာ ပိုက်ဆံ များများရသည့် ကန်ထရိုက် အလုပ်ကို လုပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်များကို အညံ့စား အဝတ်အထည်များ၊ သဲရောသော သကြားများ၊ ပိုးထိုး ဂျုံမှုန့်များ၊ သားရေပုပ်များကိုသာ ရောင်းမည် ဖြစ်ကြောင်းဖြင့် အစိုးရ ကန်ထရိုက် ရသူများကို ပြောင်ပြောင် ကြည့်၍ ပြောတတ်သည်။

သူပြောသည့် အတိုင်းလည်း ဟုတ်သည်။ ပြည်နယ် အစိုးရထံမှ ကန်ထရိုက် ရသူများသည် အစိုးရထံ ကုန်ပစ္စည်း

237

အညံ့စားများကို သွင်းနေကြသည်။ ရှေ့တန်း စစ်မျက်နှာ တပ်များကို ထုတ်ပေးသည့် ဖိနပ်များသည် တစ်ပတ်အတွင်း စုတ်ပြတ်သွားကြောင်း၊ ယမ်းမှုန့်များမှာ မီးမကူးကြောင်း၊ မြင်းဇက်ကြိုးများက နည်းနည်းလေး ဆွဲလိုက်သည်နှင့် ပြတ်ထွက် ကုန်ကြောင်း၊ အမဲသားများက အပုပ်များ ဖြစ်ကြောင်း၊ ဂျုံမှုန့်တွေက ပိုးထိုးနေကြောင်း စသဖြင့် တိုင်စာများ တဖွဲဖွဲ ရောက်နေကြသည်။ အစိုးရထံ ဤသို့ ပစ္စည်း အပျက်တွေ ရောင်းသည့် ကန်ထရိုက်များသည် သူတို့ ဂျော်ဂျီယာ ပြည်နယ်မှ မဖြစ်နိုင်။ ဂျော်ဂျီယာ ပြည်နယ်သားများသည် မျိုးကောင်း ဆွေကောင်းမှ ဆင်းသက်လာကြသူများ ဖြစ်သည်ဟု ထင်နေကြသည်။ ဤ ကန်ထရိုက်များ ညစ်ပတ်ကြပုံများကို လူတွေက ကောင်းကောင်း မမြင်ကြသေး။ ထို့ကြောင့် ဤစကားများကို ရက် ဘတ်တလာက ပြောလာသောအခါ သူ့အပြစ် ဖြစ်နေသည်။ စိတ်ကောင်း မထားသူဟု ပြောစရာ ဖြစ်လာသည်။

ထိုမျှမက ပြည်နယ် အာဏာပိုင် ခေါင်းဆောင်များ၏ ချွတ်ယွင်းချက်များ၊ ရှေ့တန်း စစ်မျက်နှာမှ တပ်သားများ၏

ပျော့ကွက်များကို ထုတ်၍ ပြောတတ်သဖြင့် တစ်မြို့လုံးက ခံပြင်းနေကြသည်။ မြို့မျက်နှာဖုံး ဂုဏ်သရေရှိ လူကြီး လူကောင်းများကိုလည်း လှောင်ပြောင်တတ်သည်။ ကလေးငယ် တစ်ဦးသည် ပူဖောင်းကို အပ်ဖြင့် မဖောက်ဘဲ မနေနိုင်။ သည်နည်းတူ ရက် ဘတ်တလာသည်လည်း သူ့ ပတ်ဝန်းကျင်တွင် မြင်တွေ့ နေရသည့် ဘဝင်မြင့်မှု၊ ဟန်ဆောင်မှု၊ မျိုးချစ် စိတ်ဓာတ် ရှိလေဟန် ကြွားဝါမှု စသည်တို့ကို မလှောင်ဘဲ မနေနိုင်။ ရက် ဘတ်တလာသည် အကြွားသန်သူကို အရှက်ကွဲအောင် လုပ်သည်။ အယူသန်သူကို ဖွင့်ချသည်။ သူ့ လုပ်ပုံက ယဉ်သည်။ ညင်သာသည်။ သာသာကလေးနှင့် နာအောင် နှက်သည်။ လုံးလုံး အရှက်တကွဲ အကျိုးနည်း ဖြစ်တော့မှ သူတို့ သိတော့သည်။

အတ္တလန်တာ တစ်မြို့လုံးက သူ့ကို လက်ခံနေချိန် အထိ စကားလက်သည် ရက် ဘတ်တလာကို မယုံကြည်။

အလွန်အကျွံ သဘောထား ကြီးဟန်ပြခြင်း၊ ယဉ်ကျေးဟန် ဆောင်ပြခြင်း စသည်တို့သည် ရိုးရိုးသားသား မဟုတ်၊ တမင် လုပ်နေခြင်း ဖြစ်သည်ကို စကားလက် ရိပ်မိသည်။ ခပ်ရမ်းရမ်း ခပ်ကြွားကြွား၊ မျိုးချစ်စိတ် ရှိသည့် မှောင်ခိုကုန်သည်အဖြစ် ဟန်ဆောင်နေခြင်းမှာ သက်သက်မဲ့ အပျော် လုပ်နေခြင်း ဖြစ်သည်ဟု စကားလက် ထင်သည်။ တစ်ခါတလေတွင် ရက် ဘတ်တလာသည် တစ်ဖက်သားကို နာနာကြည်းကြည်း ဖြစ်အောင် ကျီစားတတ်သည်။ ဤနေရာတွင်မူ စကားလက်၏ ငယ်က သူငယ်ချင်းများ ဖြစ်သည့် စတူးဝပ်တို့ အမြွှာ ညီအစ်ကိုနှင့် တူသည်ဟု စကားလက် ထင်သည်။ တစ်ဖက်သားကို အနှောင့်အယှက်ပေးသည့် နေရာ၊ ကသိကအောက် ဖြစ်အောင် လုပ်သည့်နေရာတွင် ဖွန်တိန်တို့ ညီအစ်ကိုနှင့် တူသည်။ တစ်ဖက်သားကို တစ်ညလုံး ထိုင်၍ ချောက်တွန်းတတ်သော ကားလ်ဗတ်တို့ ညီအစ်ကိုနှင့်လည်း တူသည်။ တစ်ခုသာ ထူးခြားသည်။ ယင်းမှာ အခြားမဟုတ်။ သူငယ်ချင်းများက ရိုးရိုးသားသား နောက်ပြောင်ကြခြင်းသာ ဖြစ်၍ ရက် ဘတ်တလာ၏ နောက်ပြောင်မှုကမူ

ရန်ငြိုးသိုသည့်

သဘော၊

တစ်ဖက်သားကို

ထိထိခိုက်ခိုက်

နာကျင်

စေလိုသည့်

သဘောတို့

သက်ရောက်နေခြင်းပင် ဖြစ်သည်။

စကားလက်သည် ရက် ဘတ်တလာ၏ မရိုးသားမှုကို သတိပြုမိသည်။ စကားလက်က ရက် ဘတ်တလာကို သူရဲကောင်း

ဆန်သည့် ပိတ်ဆို့မှု ဖောက်ထွက်သူ ဖြစ်စေချင်သည်။ သို့ဆိုလျှင် သူနှင့် ပေါင်းသင်း ဆက်ဆံရသည့် အတွက် မည်သူကမျှ အပြစ်ဆိုမည် မဟုတ်တော့။ ထို့ကြောင့် ရက် ဘတ်တလာက သူ့ကိုယ်သူ သူရဲကောင်း မဟုတ်၊ ပြည်နယ် ချစ်သူ မဟုတ်၊ ပိုက်ဆံ ရ၍ လုပ်နေသည့် စီးပွားရေးသမား တစ်ယောက်သာဖြစ်သည်ဟု အတ္တလန်တာ တစ်မြို့လုံးကို ကဏ္ဍကောစအလုပ်၍ ပြောလာသည့် အခါတွင် စကားလက် အကြီးအကျယ် စိတ်ပျက်မိသည်။ ဤသို့ လျှောက်ပြောနေခြင်းသည် မိုက်မဲရာလည်း ရောက်သည်။ သူ့အပေါ် မကောင်းသမျှကို စကားလက်လည်း ကြားထဲက ဝင်ခံနေရသည်။ ထို့ကြောင့် စကားလက်

238

စိတ်ပျက်သည်။

တစ်ညနေတွင် မစ္စက် အယ်လဆင်းက စစ်သား နာလန်ထ လူမမာများ အတွက် ဂီတဆည်းဆာ ပွဲတော် တစ်ခု

ကျင်းပသည်။ ဤပွဲတွင် ရက် ဘတ်တလာနှင့် အတ္တလန်တာ မြို့သားတို့ နောက်ဆုံး လမ်းလွဲကြသည်။ ထိုနေ့ ညနေက မစ္စက် အယ်လဆင်း၏ အိမ်တွင် ခွင့်ဖြင့် ပြန်လာသည့် စစ်သားများ၊ ဆေးရုံမှ စစ်သား လူနာများ၊ မြို့စောင့် တပ်ဖွဲ့ဝင်များ၊ မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးများ၊ တိုက်ပွဲကျ ရဲဘော်များ၏ မုဆိုးမ ဇနီးသည်များ၊ မိန်းကလေးများဖြင့် စည်ကားနေသည်။ အိမ်တစ်အိမ်လုံး ထိုင်စရာပင် မရှိ။ လှေကားပေါ်မှာပင် ထိုင်ကြရသည်။ အိမ်ပေါက်ဝတွင် ချထားသည့် ဖန်တုံး အလှူခံခွက်ကြီးမှာ အလှူငွေတွေ ပြည့်သဖြင့် နှစ်ကြိမ်ပင် သိမ်းပြီးပြီ။ ထိုစဉ်က ငွေသား ဒေါ်လာ တစ်ဒေါ်လာလျှင် ပြည်နယ် ငွေစက္ကူ ဒေါ်လာ ခြောက်ဆယ်နှုန်း ဖြစ်နေသည့် အတွက် ရန်ပုံငွေ လိုသည်ထက်ပင် ကျော်နေပြီ။

ပျော်ပွဲ ရွှင်ပွဲများတွင် ပါလေ့ပါထ မရှိသည့် မိန်းကလေးများပင် သီချင်းဆိုသူ ဆိုကြသည်။ စန္ဒရား ဝင်တီးသူ

တီးကြသည်။

ဂီတဆည်းဆာတွင် သရုပ် ဆောင်သူများကို မကြာခဏ သြဘာပေးကြသည်။



စကားလက်သည် သူ့ကိုယ်သူ ကျေနပ်နေသည်။ ထိုနေ့ ညနေက သူနှင့် မီလာနီတို့ နှစ်ယောက်တွဲ သီချင်း

ဆိုကြသည်။ သီချင်းက `ပန်းပွင့်ပေါ်က နှင်းစက်များ’ ဆိုသည့် သီချင်း။ ပရိသတ် ပွဲတောင်းသဖြင့် ခဏ ခဏ ထပ်ဆိုရသည်။ နောက်ဆုံး အခန်းတွင် စကားလက်သည် `အမိ ပြည်နယ်’ အဖြစ် သရုပ်ဆောင် ရသည်။

စကားလက် တစ်မျိုး လှနေ၏။ ရှေးဟောင်း ခေါမ ဝတ်စုံကြီးကို ဝတ်ကာ ခါးစည်းကြိုး အနီနှင့် အပြာကို စည်းထားသည်။

လက်တစ်ဖက်တွင် ပြည်နယ် အလံကြီးကို ကိုင်ထားပြီး အခြားတစ်ဖက်တွင် ချားလ်တို့ ဘိုးစဉ်ဘောင်ဆက် ကိုင်ခဲ့သည့် အနှောင့် ရွှေကွပ် ဓားလွယ်ကြီးကို ဆန့်ကိုင်ထားသည်။ သူ့ဘေး ဓားလွယ်အောက်တွင် ရန်သူ ယန်ကီ စစ်ဗိုလ် တစ်ယောက် ဒူးထောက်လျက်။

သရုပ်ပြခန်း ပြီးသွားသည့် အခါတွင် စကားလက်သည် ရက် ဘတ်တလာကို လှမ်းရှာနေမိသည်။ ရက် ဘတ်တလာသည်

သူ့သရုပ်ဆောင်ပုံကို သဘောကျမှ ကျပါမည်လောဟု သူ သိချင်နေသည်။ စကားလက် စိတ်ပျက်သွားသည်။ ရက် ဘတ်တလာက သူ့ကို မမြင်။ တစ်စုံတစ်ရာ ငြင်းခုံနေသည်။ သူ့ဘေးတွင် ဝိုင်းအုံနေသူများကို ကြည့်ခြင်းဖြင့် ရက် ဘတ်တလာ ပြောသည့် စကားများကြောင့် ဒေါသ ထွက်နေသည်ကို စကားလက် ခန့်မှန်းနိုင်သည်။

စကားလက်က လူတွေ ကြားထဲက ဖြတ်ကာ သူတို့ဘက်သို့ လာခဲ့သည်။ ဧည့်ခံပွဲတစ်ခုတွင် တစ်ခါတစ်ရံ ဖြစ်နေကျ

ထုံးစံ တိတ်ဆိတ်နေစဉ် မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ ဝတ်စုံကို ဝတ်ထားသည့် ဝီလီ၏ အသံကို သူ ကြားလိုက်ရသည်။

`ဒါဖြင့် ကျွန်တော်တို့ သူရဲကောင်းတွေ အသေခံတိုက်သွားတဲ့ အရေးတော်ပုံကြီးဟာ ကြီးမြတ်တဲ့ အရေးတော်ပုံကြီး

မဟုတ်ဘူးလို့ ဆိုလိုချင်တာလား’

`ခင်ဗျားဟာ မီးရထား အတိုက်ခံပြီး သေသွားရင် ခင်ဗျားသေတဲ့ အတွက်ကြောင့် မီးရထား ကုမ္ပဏီကြီးဟာ ကြီးကျယ်

မြင့်မြတ်သွားပါသလား၊ ကျွန်တော် မသိလို့ မေးပါရစေ’

239



သူ့အသံက တည်ငြိမ်သည်။ တကယ် မသိ၍ မေးနေပုံမျိုး ဖြစ်သည်။



`ဒီမှာ မိတ်ဆွေ၊ ဒီနေရာမှာ မဟုတ်ဘဲ တခြား နေရာမှာသာ ဆိုရင်’



ဝီလီ၏ အသံသည် တုန်နေသည်။



`ဘာဖြစ်မလဲဆိုတာ မတွေးရဲလောက်အောင်ပဲ ခင်ဗျ’ ရက် ဘတ်တလာက သူ့စကားကို ဆက်၍ ပြောလိုက်သည်။

`ခင်ဗျား သတ္တိကောင်းတယ် ဆိုတာ လူတိုင်း သိတယ် မဟုတ်လား၊ ဒီတော့ ဘယ် တွေးရဲပါ့မလဲဗျာ’

ဝီလီ၏ မျက်နှာသည် နီရဲသွား၏။ အားလုံး တိတ်သွားသည်။ မှင်တက်မိနေကြသည်။ ဝီလီက ကာယဗလ

ကောင်းကောင်း၊ သန်သန်မာမာ။ စစ်မှုထမ်း အရွယ် ရောက်ပြီ။ သို့ရာတွင် စစ်မြေပြင်ကို မသွားဖူးသေး။ စစ်တပ်ထဲသို့ မဝင်သေး။ တစ်ဦးတည်းသော သား ဖြစ်၍ စစ်ထဲ မလိုက်ခြင်း ဖြစ်သလော မသိ။ မြို့ပြ ကာကွယ်ရေး တပ်ထဲသို့မူ မပါ မနေရသဖြင့် ပါနေရသည်။ ရက် ဘတ်တလာက ဝီလီ သတ္တိ ကောင်းသည်ဟု ပြောလိုက်သည့် အခါတွင် နာလန်ထစ စစ်သား လူမမာများက ရယ်ကြသည်။

`အို ဒီလူကြီးက တော်တော် ခက်တာပဲ၊ ဘာဖြစ်လို့ အေးအေး ပါးစပ်ပိတ် မနေတာလဲ မသိဘူး၊ သက်သက်

ပွဲဖျက်နေတာ’

စကားလက် သူ့ကို ဒေါပွနေသည်။ ဒေါက်တာ မိက မျက်မှောင်ကြီး ကုတ်နေသည်။



`ဒီမှာ သူငယ်၊ မင်း အဖို့တော့ မြင့်မြတ်တဲ့ အရာ ဆိုလို့ ဘာမှ ရှိမှာ မဟုတ်ဘူး၊ ဒါပေမယ့် ကျုပ်တို့ တောင်ပိုင်းက

မျိုးချစ်စိတ်ဓာတ် ရှိတဲ့ အမျိုးသား အမျိုးသမီးတွေမှာတော့ လောကမှာ မြင့်မြတ်တဲ့ အရာတွေ အများကြီး ရှိတယ်ဗျ၊ ကျုပ်တို့ ပြည်နယ်ကို ကျူးကျော်သူတွေရဲ့ လက်က လွတ်မြောက်ရေးဟာ မြင့်မြတ်တဲ့ အရေးတော်ပုံကြီး ဖြစ်တယ်၊ နောက် ကျုပ်တို့ အထွတ်အမြတ် ထားတဲ့ အရာကတော့ ပြည်နယ် အခွင့်အရေး’

ရက် ဘတ်တလာသည် ငြီးငွေ့သွားပုံ ရသည်။ သူ့အသံက ခပ်ပျော့ပျော့။ ခပ်အေးအေး။



`ဒါကတော့ စစ်ပွဲတိုင်းဟာ စစ်တိုက်နေသူ အတွက် မြင့်မြတ်တာချည်းပါပဲ ခင်ဗျာ၊ စစ်ပွဲ စတိုက်တယ် ဆိုကတည်းက

စစ်ကို စတင်တဲ့ သူတွေဟာ သူတို့ စစ်ပွဲကို ကြီးမြတ်တဲ့ ကိစ္စကြီး၊ မှန်ကန်တဲ့ စစ်ပွဲကြီးလို့ ထင်အောင် လုပ်ခဲ့ကြတာချည်းပဲ၊ ဒီလိုမှ မလုပ်ရင် ဘယ်သူက အသေခံ တိုက်မလဲ ခင်ဗျာ၊ ဒါပေမယ့် ခေါင်းဆောင်တွေက စစ်တိုက်တဲ့ လူဖျင်း လူမိုက်တွေကို ဘယ်လိုပဲ မိန့်ခွန်းတွေ ခြွေခြွေ၊ စစ်ပွဲတွေဟာ ဘယ်လောက်ပဲ ကြီးမြတ်တယ်၊ မှန်ကန်တယ်လို့ ပြောပြော စစ်ပွဲ ဟူသမျှမှာ စစ်တိုက်ရတဲ့ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ် ခင်ဗျ၊ တခြား မရှိဘူး၊ အဲဒါကတော့ ပိုက်ဆံရဖို့ ရည်ရွယ်ချက်ပဲ၊ တကယ်က စစ်ပွဲ ဟူသမျှဟာ ပိုက်ဆံ ကိစ္စကြောင့် ဖြစ်တဲ့ ရန်ပွဲတွေချည်းပဲ၊ ဒါပေမယ့် ဒါကို လူတွေက သဘောမပေါက်ကြဘူး၊ သူတို့ နားထဲမှာ စစ်ခရာသံတွေ၊ ဘင်သံတွေ၊ အိမ်မှာ ဇိမ်နှင့် ထိုင်နေတဲ့ အပြောသမားတွေရဲ့ စကားတွေချည်းပဲ နားထောင်ရဖန် များတော့ နားယောင်လာကြတယ်။ တစ်ခါတလေကျတော့ ခရစ်တော်ရဲ့ သင်္ချိုင်းကို မိစ္ဆာတွေ လက်က ကယ်ယူဖို့ စစ်တိုက် ကြသတဲ့၊ တစ်ခါတလေကျတော့ ပုပ်ရဟန်းမင်းကြီးကို ဖြုတ်ချဖို့ စစ်တိုက်သတဲ့၊ တစ်ခါတလေကျတော့ လွတ်လပ်ရေးအတွက် တိုက်ကြသတဲ့၊ တစ်ခါတလေကျတော့ ဝါဂွမ်း၊ ကျွန်စနစ်နှင့် ပြည်နယ် အခွင့်အရေး အတွက် တိုက်ကြသတဲ့’

240



`ပုပ်ရဟန်းမင်းတွေ ဘာတွေကို ဆွဲထည့်နေပြန်ပြီ၊ ခက်တော့တာပဲ’



စကားလက် တွေးသည်။ စကားလက်က ဒေါသ ထွက်နေသည့် လူတစ်စုနား ရောက်သွားသည့် အခါတွင် ရက်

ဘတ်တလာသည် လူအုပ်များကြားမှ ဖြတ်ကာ တံခါးမကြီးဆီသို့ ခပ်မော့မော့ဖြင့် လျှောက်သွားနေသည်။ စကားလက်က သူ့နောက်သို့ လိုက်မည် အပြု မစ္စက် အယ်လဆင်းက လှမ်းဆွဲ ထားလိုက်၏။

ထို့နောက် တိတ်ဆိတ်နေသည့် အခန်း တစ်ခန်းလုံး ကြားအောင် မစ္စက် အယ်လဆင်းက လှမ်းပြောလိုက်သည်။



`သွားပေ့စေ၊ လိုက်ဆွဲမနေနှင့်၊ သွားပေ့စေ၊ ဒီလူဟာ သစ္စာဖောက်၊ အမြတ်ကြီးစား၊ သူ ရှိရင် မြွေပွေး ခါးပိုက်

ပိုက်ထားရတာနှင့် ဘာမှ မထူးဘူး’

ရက် ဘတ်တလာက ဦးထုပ်ကို လက်တွင် ကိုင်၍ ခန်းမလယ်တွင် ရပ်နေသည်။ သူ မျှော်လင့်သည့် အတိုင်း

ဤစကားများကို ကြားရပြီ။ ရက် ဘတ်တလာသည် နောက်သို့ လှည့်ကာ အခန်းကို ခဏမျှ ကြည့်နေသည်။ ထို့နောက် မစ္စက် အယ်လဆင်း၏ ပြားချပ်ချပ် ရင်ကို စိုက်ကြည့်ပြီး ရုတ်တရက် ပြုံးကာ ဦးညွှတ်၍ ထွက်သွားသည်။

မစ္စက် မယ်ရီဝယ်သာသည် အပြန်တွင် ဒေါ်လေး ပစ်တီ၏ ရထားနှင့် လိုက်လာသည်။ ရထားပေါ် ရောက်ရောက်ချင်း

မစ္စက် မယ်ရီဝယ်သာက ဒေါသတကြီးဖြင့် လှမ်းပြော၏။

`ကဲ ဘယ့်နှယ် ရှိစ ဒေါ်ပစ်တီ၊ ကျေနပ်ပြီ မဟုတ်လား’



`ဘာကို ကျေနပ်ရမှာလဲကွယ့်’



`မင်း ကာကွယ် ပေးနေတဲ့ လူရမ်းကား ရက် ဘတ်တလာ လုပ်သွားပုံလေ’



ဒေါ်လေး ပစ်တီ ရင်တလှပ်လှပ် ခုန်လာသည်။ ရက် ဘတ်တလာကို ထမင်း ဖိတ်ကျွေးကာ ဝင်ခွင့် ထွက်ခွင့် ပြုခဲ့သူမှာ

သူတစ်ယောက်တည်း မဟုတ်။ မစ္စက် မယ်ရီဝယ်သာလည်း ပါသည်။ သို့ရာတွင် ယခု သူ အစွပ်စွဲခံနေရပြီ။ ဤသည်ကို စကားလက်နှင့် မီလာနီလည်း ရိပ်မိလိုက်ကြသည်။ သို့ရာတွင် လူကြီးတွေထဲတွင် ဝင်မပြောသာသဖြင့် အသာ ငြိမ်နေလိုက် ရသည်။ သူတို့ နှစ်ယောက်စလုံး ဇာလက်အိတ် စွပ်ထားသည့် လက်များကို ငုံ့ကြည့်နေကြ၏။

`ကိုယ်တို့ အားလုံးကို စော်ကားတာ၊ ပြည်နယ် အရေးတော်ပုံကိုလည်း စော်ကားတာ’



မစ္စက် မယ်ရီဝယ်သာက ပြောသည်။ တောင့်တင်းသည့် သူ့ရင်အုံကြီးသည် တောက်တောက်ပပ လည်ဆွဲ တန်ဆာများ

အောက်တွင် ပိန်လိုက် ဖောင်းလိုက် ဖြစ်နေသည်။

`ကြည့်စမ်းပါဦး၊ ပြောရက်လိုက်တာ၊ တို့ တိုက်နေတာဟာ ပိုက်ဆံအတွက် တိုက်နေတာတဲ့၊ တို့ ခေါင်းဆောင်တွေက

တို့ကို ညာနေတာတဲ့၊ ဒီ သတ္တဝါကို ထောင်ထဲ ထည့်ထားဖို့ ကောင်းတယ်၊ တကယ်ပဲ၊ ထောင်ထဲ ထည့်ထားအောင် ဒေါက်တာမိကို ပြောရဦးမယ်၊ အိမ်ကလူသာ ရှိရင် ဒီလို စော်ကားတာ ဘယ်ခံမလဲ၊ တော်ပြီ၊ တော်ပြီ၊ ဒီမှာ ပစ်တီ၊ နောက် ဒီ ကလေကချေ အကောင်ကို အိမ် အလာမခံနှင့်’

241



`ဟင်း’



ဒေါ်လေး ပစ်တီက သက်ပြင်းကြီး ချလိုက်၏။ သေချင်စိတ်ပင် ပေါက်နေပြီ။ ဒေါ်လေး ပစ်တီက မိန်းကလေး

နှစ်ယောက်ဘက်သို့ လှမ်းကြည့်၏။ မိန်းကလေး နှစ်ယောက်က မျက်လွှာချကာ ခေါင်းငုံ့ထားကြသည်။ ထို့ကြောင့် ခပ်မတ်မတ် ထိုင်နေသည့် ဦးလေး ပီတာကို လှမ်းကြည့်သည်။ ဦးလေး ပီတာသည် သူတို့ စကားများကို စိတ်ဝင်စားစွာ နားထောင်နေသည်။ အရေးရှိလျှင် သူ့ဘက်က ဝင်ပြောလေ့ ရှိသည့်အတိုင်း ဤ အကြိမ်တွင်လည်း နောက်ပြန်လှည့်ကာ ဝင်ပြောလိမ့်မည်ဟု ဒေါ်လေး ပစ်တီ မျှော်လင့်သည်။ သို့ရာတွင် ဦးလေး ပီတာကလည်း တုတ်တုတ်မျှ မလှုပ်။ သူ ကိုယ်တိုင်ကလည်း ရက် ဘတ်တလာကို မနှစ်သက်။

`အေးလေ၊ ဒါတော့ မင်းက ဒီလို ထင်ရင်လည်း’



ဒေါ်လေး ပစ်တီက လှမ်းပြောလိုက်သည်။



`ဟုတ်တယ်၊ ဒီလိုပဲ ထင်တယ်၊ ဘာစိတ်ကူးနှင့်များ ဒီလိုလူကို လက်ခံသလဲ မသိဘူး၊ တို့ အိမ်လည်း မလာစေနှင့်တော့’



စကားလက် ရင်ထဲက ဗလောင်ဆူနေပြီ။ ဇက်ကြိုးကို အကိုင်ကြမ်းကြမ်း အကိုင် ခံလိုက်ရသည့် မြင်းတစ်ကောင်လို

ကြမ်းပစ် လိုက်ချင်သည်။ သို့ရာတွင် မပြောရဲ။ မစ္စက် မယ်ရီဝယ်သာက မေမေ့ထံ နောက်ထပ် စာတစ်စောင် ရေးလျှင် ပြဿနာ တက်နေဦးမည်။

`အလကား ဟာမကြီး’ စကားလက် စိတ်ထဲက ဆိုမိသည်။ `သူက ကြီးကြီးကျယ်ကျယ် လုပ်လို့၊ သူ့ အကြောင်းများ

မသိရင် ခက်မယ်’

`ကိုယ့်ကို

မုန်းရင်

ပါးရိုက်သွားတာ

ခံနိုင်သေးတယ်၊

တကယ်ပဲ၊

အရေးတော်ပုံကို

စော်ကားတာမျိုးတော့

မယ်ရီဝယ်သာတို့က နည်းနည်းမှ မခံနိုင်ဘူး၊ အရေးတော်ပုံကို မမှန်ဘူး မကောင်းဘူး ပြောတဲ့လူကို ကြိုးစင် တင်ပစ်ရမယ်၊ မိန်းကလေး နှစ်ယောက်ကိုလည်း ပြောလိုက်ပါပေရဲ့၊ နောက် ဒီလူနှင့် အဆက်အဆံ လုပ်တယ်လို့ မကြားပါရစေနှင့်၊ ဟောတော့ မရွှေ မီလာနီက ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား’

မီလာနီ၏ မျက်နှာက ဖြူကာ မျက်လုံးကြီးတွေက ပြူးနေကြသည်။



`မီလာနီ သူ့ကို ပြောပါ့မယ်၊ သူ့ အပေါ် ဒီလောက် ရိုင်းဖို့တော့ မကောင်းပါဘူး’



မီလာနီက ခပ်တိုးတိုး ပြောသည်။



မစ္စက်

မယ်ရီဝယ်သာသည်

အရှိုက်ကို

အထိုးခံရသူလို

အသက်ရှူ

မှားသွားသည်။

ဒေါ်လေး

ပစ်တီ၏

ပါးဖောင်းဖောင်းကြီးများသည် ချွန်တက်လာကြ၏။ ဦးလေး ပီတာက နောက်ပြန် လှည့်ကြည့်သည်။

`အို ငါ့နှယ်၊ ငါက ပြောရမှာ ဘာဖြစ်လို့ မပြောလိုက်မိပါလိမ့်’ စကားလက် စိတ်ထဲက တွေးသည်။ မီလာနီကိုလည်း

ချီးကျူးမိသည်။ မနာလို ဝန်တိုလည်း ဖြစ်မိသည်။ `ကြည့်စမ်း၊ ယုန်ကလေးလို ကြောက်တတ်တဲ့ မီလာနီတောင် ဒီအဘွားကြီးကို

242

ခံ ပြောရဲသေးရင် ငါက ဘာဖြစ်လို့ မပြောရဲရမှာလဲ’

မီလာနီ လက်က တုန်နေသည်။ မီလာနီသည် တန့်သွားလျှင် ပြောရဲသည့် သတ္တိ ကုန်သွားမည် စိုးသည့်နှယ်

ဆက်တိုက် ပြောနေသည်။

`ဟုတ်တယ်၊ မီလာနီ သူ့အပေါ်မှာ ရိုင်းရိုင်း စိုင်းစိုင်း မဆက်ဆံနိုင်ဘူး၊ သူ ပြောတာ အော်ကြီး ဟစ်ကျယ်

ပြောတဲ့အတွက် ရိုင်းကောင်း ရိုင်းမယ်၊ ဒါပေမယ့် သူ ပြောတာ အမှန်ပါ၊ အက်ရှလေကလည်း ဒီအတိုင်းပဲ ယူဆတာပဲ၊ ကျွန်မ ယောက်ျားနှင့် အယူအဆ တူတဲ့လူ တစ်ယောက်ကို ကျွန်မအိမ် မလာနှင့်လို့ မောင်းမထုတ်ရက်ဘူး၊ မတရားဘူး’

မစ္စက် မယ်ရီဝယ်သာသည် အသက် ပြန်ရှူလာနိုင်သည်။



`ဒီမှာ မီလာနီ၊ ဒေါ်ဒေါ့် တစ်သက်မှာ ဒီလို မဟုတ်တရုတ် စကားမျိုး တစ်ခါမှ မကြားဖူးဘူး၊ ဘယ့်နှယ့်တော်၊

အက်ရှလေ သူရဲဘော ကြောင်သတဲ့’

`အက်ရှလေ သူရဲဘော ကြောင်တဲ့ သဘောမျိုး မီလာနီ စကားထဲမှာ တစ်ခွန်းမှ မပါပါဘူး၊ အက်ရှလေဟာ ဗိုလ်ကြီး

ဘတ်တလာနှင့် အယူအဆ အတူတူပဲ လို့သာ ပြောတာပါ၊ ပြောပုံ ပြောနည်းပဲ ကွာတယ်၊ သဘောကတော့ အတူတူပဲ၊ သူက လူထဲမှာ ချပြောတယ်၊ အက်ရှလေက စာထဲမှာ ထည့်ရေးတယ်’

စာ ခိုးဖတ်ထားသည့် စကားလက်က သူဖတ်ခဲ့သည့် အက်ရှလေ၏ စာများကို ပြန်စဉ်းစားသည်။ သို့ရာတွင်

ဖတ်ပြီးသည့်နောက် ဘာမျှ မမှတ်မိတော့။

`အက်ရှလေ

စာထဲမှာ

ပါတယ်၊

မီလာနီတို့ဟာ

ယန်ကီတွေကို

စစ်မတိုက်သင့်ဘူးတဲ့၊

ခေါင်းဆောင်တွေ၊

အပြောသမားတွေ သွေးထိုးရာ နောက်ကို မီလာနီတို့ ယောင်မှား လိုက်နေကြတာတဲ့၊ ပြည်တွင်းစစ်ကို တိုက်လို့ မီလာနီတို့မှာ ဘာမှ အကျိုးထူးမှာ မဟုတ်ဘူးတဲ့၊ လူတွေ ဆင်းရဲဒုက္ခ ရောက်ရုံပဲ နေမှာပဲတဲ့’

`အို မဖြစ်နိုင်ဘူး၊ ညည်း နားလည်မှု လွဲတာ ဖြစ်ရမယ်’



`အက်ရှလေကို မီလာနီ အမြဲ နားလည်ပါတယ်’ မီလာနီက တည်ငြိမ်စွာ ပြောလိုက်သည်။ `ကောင်းကောင်းကြီး

နားလည်ပါတယ်၊ သူ ပြောတာနှင့် ဗိုလ်ကြီး ဘတ်တလာ ပြောတာဟာ အတူတူပဲ၊ အက်ရှလေက သူ့လို ပြောင်ပြောင် မပြောတာဘဲ ရှိပါတယ်’

`ညည်းနှယ်အေ ရက်စက်လိုက်တာ၊ ဒီလောက် တော်တဲ့ သူငယ် တစ်ယောက်ကို ဘတ်တလာလို လူယုတ်မာနှင့်မှ

နှိုင်းရက်ပလေ၊ ညည်းလည်း အရေးတော်ပုံကို တကယ် ယုံကြည်ဟန် မတူပါဘူး’

`ကျွန်မ ကျွန်မ ယုံသလား မယုံသလားတော့ ကျွန်မ မသိဘူး’ မီလာနီ လေသံ ပျော့သွားသည်။ ပွင့်ပွင့်လင်းလင်း

ပြောမိသည့် အတွက်လည်း နောင်တ ရနေပုံ ရသည်။ `ဒါပေမယ့် အရေးတော်ပုံ အတွက် အက်ရှလေ သေမယ်ဆိုရင် ကျွန်မလည်း သေရဲပါတယ်၊ ဒါပေမယ့် နိုင်ငံရေးတွေ ဘာတွေကို ကျွန်မ ကောင်းကောင်း နားမလည်ဘူး၊ ဒါတွေက ယောက်ျားတွေ အလုပ်’

243



`ကျားသား မိုးကြိုးတော်၊ ကျုပ်ဖြင့် ဒီတစ်ခါပဲ ကြားဖူးတယ်၊ ရပ်ဦးတော်၊ ကျုပ် အိမ်ကို လွန်လာပြီ’



နောက်က စကားများကို နားထောင်လာသဖြင့် ဦးလေး ပီတာက အိမ်ကို လွန်လာသည်။ မစ္စက် မယ်ရီဝယ်သာက

ရထားပေါ်မှ ဆင်းသည်။ သူ့ ဦးထုပ် ကြားမှ ဖဲကြိုးများသည် တလူလူ လွင့်နေကြ၏။

`အေး၊ ညည်း နောက်ကျတော့ စိတ်မကောင်း ဖြစ်ရလိမ့်မယ်’



ဦးလေး ပီတာက မြင်းကို ကြာပွတ်ဖြင့် တို့လိုက်သည်။



`မလေးတို့ စကားပြောရင် ကြည့်ပြောကြနော်၊ ဒေါ်လေး ပစ်တီ နေထိုင်မကောင်း ဖြစ်နေဦးမယ်’



ဦးလေး ပီတာက ပြောသည်။



`အမယ်၊ ငါက ဘာဖြစ်လို့ နေထိုင်မကောင်း ဖြစ်ရမှာလဲ၊ မီလာနီ ဒီတစ်ချီတော့ ငါ့တူမကို ဒေါ်လေး ချီးမွမ်းရမယ်၊

မယ်ရီကို ညည်း ပြောလိုက်တာ သိပ် အချက်ကျတာပဲ၊ တော်တော် ဘဝင်မြင့်နေတာ၊ ငါ့တူမက ဘယ်ဆိုးလို့လဲ၊ သတ္တိ အရှိသားပဲ၊ ဒါပေမယ့် အက်ရှလေက ဒီလို သဘောရှိတယ် ဆိုတာ ပြောလိုက်တာကတော့ မကောင်းဘူး ထင်တယ်’

`မီလာနီက အမှန်ကို ပြောတာပဲ ဒေါ်လေးရဲ့၊ အက်ရှလေမှာ ဒီလို အယူအဆ ရှိတယ်လို့ ပြောတာ ဘာရှက်စရာ

ရှိသလဲ၊ ပြည်တွင်းစစ် ဖြစ်ရတာဟာ မှားတယ်လို့ ထင်တယ်၊ ဒါပေမယ့် ဖြစ်လာရင် ပြည်နယ်အတွက် အသေခံဖို့ အဆင်သင့် ရှိတယ်၊ ဒါက ကိုယ် မှန်တယ်ထင်လို့ တိုက်ရတယ် ဆိုတာမျိုးထက် ပိုပြီး သတ္တိရှိရာ မရောက်ဘူးလား’

မီလာနီ၏ အသံက ငိုသံပါလာသည်။



`ဟေ့ မလေး၊ လမ်းမှာ မငိုနှင့်၊ ငိုချင်ရင် အိမ်ရောက်မှ ငို’



ဦးလေး ပီတာက မြင်းကို အသော့နှင်သည်။



စကားလက်က ဘာမျှ မပြော။ မီလာနီက အားပေး နှစ်သိမ့်ရန် သူ့လက်ထဲသို့ လက်လာထည့်သည်ကိုပင် ဆုပ်နယ်

ဖျစ်ညှစ်ခြင်း မပြုမိ။ အက်ရှလေ၏ စာများကို သူ ခိုးဖတ်ခဲ့ခြင်းမှာ ဤအကြောင်းများကို သိလို၍ မဟုတ်။ အက်ရှလေသည် သူ့ကို ယခုထက်တိုင် ချစ်သည် မချစ်သည်ကို သိလိုသောကြောင့် ဖြစ်သည်။ ယခုမူ အက်ရှလေ၏ စာတွင် သူမမြင်ခဲ့သော အချက်များကို မီလာနီက ထုတ်ဖော် ပြောဆိုသွားခဲ့ပြီ။ အက်ရှလေလို အဘက်ဘက်က ပြောစရာ မရှိသူ တစ်ဦး၏ အတွေးများသည် လူဆိုး လူရမ်းကား ရက် ဘတ်တလာ၏ အတွေးများနှင့် ကိုက်ညီလျက်ရှိခြင်းကို တွေ့ရသည့် အခါတွင် စကားလက် တအံ့တသြ ဖြစ်နေသည်။

`သူတို့ နှစ်ယောက်စလုံးဟာ ဒီပြည်တွင်းစစ် အပေါ်မှာ အမြင်ချင်း တူကြတယ်၊ ဒါပေမယ့် အက်ရှလေက

ပြည်တွင်းစစ်မှာ အသက် စွန့်ဖို့ ပိုင်းဖြတ်ထားပြီး ရက် ဘတ်တလာကတော့ အသက် မစွန့်နိုင်ဘူး၊ ရက် ဘတ်တလာက ဉာဏ် ရှိတယ်၊ တစ်နည်းပြောရရင် ရက် ဘတ်တလာက ရဲရဲ ရင်ဆိုင်ပြီး ရဲရဲ ပြောရဲတယ်၊ အက်ရှလေက ရဲရဲ ရင်မဆိုင်ရဲဘူး’

စကားလက် စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

244

၁၃



မစ္စက် မယ်ရီဝယ်သာ၏ တိုက်တွန်းချက်ကြောင့် ဒေါက်တာမိသည် သတင်းစာတိုက်သို့ စာတစ်စောင်ရေးလိုက်သည်။

ရက် ဘတ်တလာ၏ အမည်ကို ဖော်ပြခြင်းမပြုသော်လည်း ရက် ဘတ်တလာကို ဆိုလိုခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။ အယ်ဒီတာက ထိုစာကို သတင်းစာ မျက်နှာဖုံး အတွင်းဘက်တွင် ထည့်သွင်းဖော်ပြပေးသည်။ စင်စစ် ဤစာမျက်နှာတွင် အယ်ဒီတာထံ ပေးစာ အခန်းကို ဖော်ပြလေ့မရှိ။ ကျွန် အရောင်းအဝယ်၊ လား အရောင်းအဝယ်၊ မသာခေါင်း အရောင်းအဝယ်၊ အိမ် အရောင်းအဝယ် ကြော်ငြာများ၊ ကာလသားရောဂါဆေး ကြော်ငြာများ၊ ပဋိသန္ဓေ တားဆေး ကြော်ငြာများနှင့် အသေအညှိုး ရောဂါဆေးကြော်ငြာများသာ ပါလေ့ရှိသည်။

ဆရာဝန် ဒေါက်တာမိ၏ စာသည် ငွေ ဈေးကစားသူ၊ အမြတ်ကြီးစားသူ၊ အစိုးရ ကန်ထရိုက်ရသူများကို ပထမဆုံး

ပြင်းပြင်းထန်ထန် တိုက်ခိုက်သည့်စာဖြစ်သည်။ ချာလက်စတန် ဆိပ်ကမ်းကို ယန်ကီ စစ်င်္ဘောများက လုံးဝ ပိတ်ဆို့ထားလိုက်ပြီ။ ထို့ကြောင့် တောင်ပိုင်းမှ ကုန်သည်များအဖို့ ချာလက်စတန်သို့ သွား၍ မရတော့။ ဝီလ်မင်တန်သို့ သွားကြရသည်။ ငွေထုပ်ပိုက်၍ ဝီလ်မင်တန်သို့ ရောက်လာကြကာ ကုန်များကို စက်လှေအစင်းလိုက်ဝယ်ပြီး သိုလှောင်ထားကြသည်။ ဈေးကစားကြသည်။ ကုန်ပစ္စည်းများ

ရှားပါးလာသည့်အတွက်

ကုန်ဈေးနှုန်းက

တရိပ်ရိပ်တက်လာသည်။

အရပ်သားများမှာ

ပစ္စည်းများကို

မဝယ်နိုင်ကြ။ ဝယ်လျှင်လည်း မတန်တဆဈေးဖြင့် ဝယ်ကြရသည်။ ဆင်းရဲသားများနှင့် လူလတ်တန်းစားများမှာ စားဝတ်နေရေး ပြဿာနာတက်နေသည်။ ကုန်ဈေးနှုန်း တက်သဖြင့် ပြည်နယ် ငွေတန်ဖိုးကလည်း ဒလဟော ကျသွားသည်။ ပိုက်ဆံရှိသူတို့က ဇိမ်ခံ ပစ္စည်းများကို အလုအယက် ဝယ်ကြသည်။ ယခင်က ပိတ်ဆို့မှုကို ဖြတ်၍ ကုန်ကူးသူများက အခြေခံစားသုံးကုန်များကို အဓိကထား သွင်းကာ ဇိမ်ခံ ပစ္စည်းများကို အရံအဖြစ် တင်သွင်းရန် ပြည်နယ်အစိုးရက ကန့်သတ်ထားသည်။ သို့ရာတွင် ယခုမူ ကုန်သည်များက အခြေခံ ကုန်ပစ္စည်းများကို မသွင်းကြတော့ဘဲ ဈေးကောင်းရသည့် ဇိမ်ခံ ပစ္စည်းများကိုသာ သွင်းကြသည်။ ပိုက်ဆံရှိသူတို့က ငွေတန်ဖိုးကျမည်၊ ကုန်ဈေးနှုန်း ထို့ထက် ပိုတက်လာလိမ့်မည်ဟု ယူဆကာ ရှိသမျှ ပိုက်ဆံဖြင့် ဇိမ်ခံ ပစ္စည်းများကို ဝယ်သိမ်းကြသည်။

ပို၍ဆိုးသည်မှာ

အားကိုးနေရခြင်းဖြစ်သည်။

ဝီလ်မင်တန်မှ ဂျုံမှုန့်အိတ်များ၊

ရစ်ချမွန်သို့

မီးရထားလမ်း

ဝက်ပေါင်ခြောက်

အဆက်အသွယ်

သေတ္တာများသည်

တစ်ခုတည်းကိုသာ

ပို့ဆောင်ရေးအခက်အခဲကြောင့်

လမ်းဘူတာများတွင် ပုံနေကာ ပျက်စီးကုန်သည်။ ဝိုင်အရက်၊တာဖက်တာ အထည်စများ၊ ကော်ဖီများကို တင်လာသည့် ကုန်သည်များကမူ ဝီလ်မင်တန်သို့ သင်္ဘောဆိုက်ပြီး နှစ်ရက်အကြာတွင် ရစ်ချမွန်သို့ ရောက်လာကြသည်။

ရက် ဘတ်တလာသည် သူ့စက်လှေ တစ်စင်းအပြည့်တင်လာသည့် ကုန်များကို မတန်တဆ ဈေးတင်သည်။ အခြား

စက်လှေများမှ ပစ္စည်းများကိုလည်း ချုပ်ဝယ်ကာ မကြားဖူးသည့် ဈေးနှုန်းများဖြင့် ရောင်းနေသည်ဟု သတင်းဖြစ်နေသည်။ စောစောက ဤသတင်းကို တိုးတိုးတိတ်တိတ်သာ ပြောကြသော်လည်း ယခု ပြောင်ပြောင်တင်းတင်း ပြောလာကြ၏။ ရက် ဘတ်တလာသည် ဒေါ်လာ တစ်သန်းလောက် အရင်းဖြင့် မှောင်ခိုကုန်များကို လှောင်ကာ မတန်တဆဈေးဖြင့် ရောင်းသည်ဟု သတင်းများက ဆိုသည်။

245



‘ပြည်နယ်၏ အကျိုးစီးပွား အတွက် ရန်သူပိတ်ဆို့မှုကို ဖောက်ထွက်ကာ အရေးကြီးသော ကုန်ပစ္စည်းများကို

တင်သွင်းလာသည့် ရဲရင့်သော မျိုးချစ်ကုန်သည် အများအပြား ရှိပါသည်’

ဒေါက်တာမိ၏ အယ်ဒီတာထံ ပေးစာက ဆိုသည်။



‘၎င်းတို့မှာ သီးခြားပြည်နယ်၏ အကျိုးအတွက် မိမိတို့၏ အသက်နှင့်စည်းစိမ်ကို ပဓာနမပြုဘဲ ဆောင်ရွက်နေသည့်

ကိုယ်ကျိုးမငဲ့သော

ပုဂ္ဂိုလ်များဖြစ်ပါသည်။

ဤသို့သော

မျိုးချစ်ပုဂ္ဂိုလ်များကို

ကျွန်ုပ်တို့

တောင်ပိုင်းသားများက

လေးစားကြပါသည်။ ၎င်းတို့ စွန့်စွန့်စားစား တင်သွင်းလာသည့် ကုန်များအတွက် မဖြစ်လောက်သော အမြတ်ကလေး အနည်းငယ်ယူသည်ကို မည်သို့မျှ ပြောစရာ မရှိပါ။ ၎င်းတို့မှာ ကိုယ်ကျိုးမကြည့်သော လူကြီးလူကောင်းများ ဖြစ်သည့်အလျောက် ကျွန်ုပ်တို့က ဂုဏ်ပြုပါသည်။ ၎င်းတို့ကို ကျွန်ုပ် ရည်ရွယ်ပြောဆိုခြင်း မဟုတ်ပါ။ သို့ရာတွင် မိမိ၏ ကိုယ်ကျိုးစီးပွား အတွက် မျိုးချစ် ကုန်သည်ကြီးများ ဖြစ်လေဟန်ဆောင်နေကြသည့် လူဆိုး လူယုတ်မာများ ရှိပါသည်။ ဤလူယုတ်မာများကိုမူ ပြည်သူများက ပြင်းပြင်းထန်ထန် တိုက်ဖျက် ချေမှုန်းပစ်ရန် လိုပါသည်။ ကျွန်ုပ်တို့၏ တရားမျှတဆုံးသော

အရေးတော်ပုံကြီး

အောင်မြင်ရေးအတွက်

တိုက်ခိုက်နေကြသည့်

ရဲဘော်အများအပြား

ကွီနိုင်

စသည့် ဆေးဝါးများ ချို့တဲ့သဖြင့် အတုံးအရုံး သေဆုံးနေကြချိန်တွင် ထိုသူများသည် ပိုးဖဲ၊ ကတ္တီပါ၊ ဇာစသည်တို့ တင်သွင်းကြပါသည်။ 

ကျွန်ုပ်တို့ ရဲဘော်များအတွက် ထုံဆေးများ လိုနေချိန်တွင် ထိုသူများသည် လက်ဖက်ခြောက်နှင့်

ဝိုင်အရက်များကို တင်သွင်းနေကြသည်။ ဤ လူယုတ်မာများသည် လူသားစား လင်းတများဖြစ်ပါသည်။ ရဲဘော်များ၏ အသွေးအသားကို စုပ်ယူ စားမျိုနေသည့် ဤလူယုတ်မာများ၊ ပိတ်ဆို့မှု ကုန်တင်သွင်းသူများ အားလုံးကို နာမည်ပျက်အောင် လုပ်နေသည့် ဤလူယုတ်မာများကို ဖော်ထုတ် ချေမှုန်းဖို့ လိုလာပါပြီ။ ကျွန်ုပ်တို့ ရဲဘော်များက စစ်မြေပြင်တွင် ဖိနပ်မျှ စီးစရာ မရှိဘဲ တိုက်နေရချိန်တွင် ဤ လူယုတ်မာများသည် မင်းပရိသတ်အလယ်တွင် ဘွတ်ဖိနပ် အပြောင်သားဖြင့် လမ်းသလားနေကြသည်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် လက်ပိုက်ကြည့်နေကြရမည်နည်း။ ရဲဘော်များက ရှေ့တန်းစခန်း မီးပုံများဘေးတွင်

ခိုက်ခိုက်တုန်အောင်

ချမ်းအေးကာ

မှိုတက်သည့်

ဝက်ပေါင်ခြောက်များကို

စားနေရချိန်တွင်



လူယုတ်မာများက ရှန်ပိန်ကို သောက်၍ ဂျာမနီမှ တင်သွင်းသည့် ဝက်အူချောင်းဘူးများကို စားကာ စည်းစိမ်ယစ်နေကြသည်ကို ကျွန်ုပ်တို့ အဘယ့်ကြောင့် သည်းခံနေကြရမည်နည်း။ ဤလူယုတ်မာများအား သီးခြားပြည်နယ်ကို သစ္စာရှိသူတိုင်းက ဝိုင်းပယ်ကြရန် ကျွန်ုပ် နှိုးဆော်အပ်ပါကြောင်း’

ဒေါက်တာမိ၏ ဤပေးစာကို အတ္တလန်တာတစ်မြို့လုံး ဖတ်ရသည်။ စည်ကြီးက မြည်ပြီ။ စည်ကြီး မြည်လျှင်

သီးခြားပြည်နယ်ကို သစ္စာရှိသူများပီပီ ရက်ဘတ်တလာကို ဝိုင်းပယ်ကြသည်။

၁၈၆၂ ခုနှစ် ဆောင်းဦးပေါက်တုန်းက သူ့ကို လက်ခံခဲ့သည့် အိမ်များအနက် ၁၈၆၃ ခု နှစ်ဦးတွင် သူ့ကိုလက်ခံသည့်

အိမ်ဆို၍ ဒေါ်လေး ပစ်တီ၏ အိမ်တစ်အိမ်သာ ကျန်တော့သည်။ ဤသည်မှာလည်း မီလာနီကြောင့်သာ ဖြစ်သည်။ ဒေါ်လေး ပစ်တီကမူ ရက် ဘတ်တလာ အတ္တလန်တာသို့ ရောက်သည်ဟု ကြားလျှင်ပင် ဖျားချင်သလို နာချင်သလို ဖြစ်နေပြီ။ သူ့ကို လက်ခံလျှင် သူ့မိတ်ဆွေတွေက မည်သို့ မေးငေါ့ကြမည်ကို ဒေါ်လေး ပစ်တီ ကောင်းကောင်းသိသည်။ သို့ရာတွင် သူ့ကို မလာနှင့်ဟု တောက်တောက်ခါးခါး မပြောရက်။ ရက် ဘတ်တလာ အတ္တလန်တာသို့ ရောက်လာသည်ဟု ကြားတိုင်း ဒေါ်လေး ပစ်တီသည် သူ့ ပါးစုန့်ဖောင်းဖောင်းကြီး နှစ်ဖက်ကို စူကာ ရက် ဘတ်တလာ လာလျှင် တံခါးဝသို့ သူကိုယ်တိုင် ထွက်ပြီး

246

မလာရန်ပြောမည်ဟု မိန်းကလေး နှစ်ယောက်ကို ပြောတတ်သည်။ သို့ရာတွင် ရက် ဘတ်တလာ ရောက်လာပြီး သူ့ဖို့ လက်ဆောင် ပစ္စည်းတစ်ခု နှစ်ခုကို မြင်ရ၍ အရွယ်တင်သော သူ့ရုပ်ကို ချီးကျူးသည့် စကားတစ်ခွန်း နှစ်ခွန်းကို ကြားပြီးသည့် နောက်တွင်မူ ဒေါ်လေး ပစ်တီ မပြောရက်တော့။ အရည် ပျော်ကျသွားပြီ။

‘ခက်တာပဲ၊ ငါတော့ ဘယ်လို လုပ်ရမယ်မှန်းကို မသိတော့ဘူး’ ဒေါ်လေး ပစ်တီက ညည်းသည်။ ‘ငါနှင့်လည်း

မျက်လုံးချင်း ဆိုင်မိရော ငါကများ မလာနှင့်ပြောလိုက်ရင် ငါ့များ ဘယ်လိုလုပ်သွားမလဲလို့ တထိတ်ထိတ် ဖြစ်နေတယ်၊ သူငယ်က ခပ်ရမ်းရမ်း မဟုတ်လား၊ ငါ့ကိုတော့ ရိုက်သွားမယ် မထင်ပါဘူးနော်၊ ချားလ် ရှိရင်လည်း အကောင်းသား၊ ကဲ စကားလက်ရယ်၊ နောက် မလာပါနှင့်လို့ ညည်းပဲ နားဝင်အောင် ကြည့်ပြောပေးပါ၊ ပြောလို့သာ ပြောရတာ၊ ညည်းကလည်း အလိုတူ အလိုပါပါ၊ တစ်မြို့လုံးကလည်း ပြောကြလှပြီ၊ ညည်း အမေသာ ကြားရင်တော့ ငါ့ကို ဘယ်လောက် ပြောလိုက်မလဲ မသိဘူး၊ မီလာနီ သိပ်အရောတဝင် မလုပ်နှင့်နော်၊ ခပ်မှန်မှန် ခပ်တန်းတန်းပဲ နေ၊ ခက်ပါတယ် အေ၊ အဲဒီ သူငယ်ကို ကြည့်ပြောပါဦး၊ ညည်း ဦးလေး ဟင်နရီဆီ စာရေးရမလား မသိပါဘူး’

‘ဟင့်အင်း၊ မီလာနီ မပြောနိုင်ဘူး၊ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံချင်ဘူး၊ လူတွေက သက်သက် သူ့ကို

မကောင်းပြောနေကြတာပဲလို့ ထင်တယ်၊ တကယ်က ဗိုလ်ကြီး ဘတ်တလာဟာ ဒေါက်တာမိတို့၊ ဒေါ်ကြီး မယ်ရီတို့ ပြောသလောက် မဆိုးပါဘူး၊ ငတ်ပြတ်နေတဲ့လူတွေကို သူပဲ ရိက္ခာတွေ ရှာပေးခဲ့တယ်မဟုတ်လား၊ မိဘမဲ့ကလေးတွေ အတွက် မီလာနီတို့ဆီမှာ ဒေါ်လာ တစ်ရာတောင် ရန်ပုံငွေ ထည့်ခဲ့သေးတယ်မဟုတ်လား၊ သူလည်း မီလာနီတို့လို မျိုးချစ်စိတ် ရှိသလောက်တော့ ရှိတာပါပဲ၊ သီးခြားပြည်နယ်အပေါ်မှာ မီလာနီတို့ သစ္စာရှိသလောက်တော့ ရှိတာပါပဲ၊ ဘယ်သူ ဘာထင်ထင် ဂရုမစိုက်ဘူး၊ သူ တတ်နိုင်သမျှ လုပ်ပေးနေတာ လူတိုင်းသိတယ်ဆိုတဲ့ သဘောနှင့် ဒေါက်တာမိရဲ့စာကို ပြန်မချေပတာ ဖြစ်မှာပါ၊ ယောက်ျားဆိုတာ ဒေါသထွက်ရင် ခေါင်းမာတတ်ကြတယ် မဟုတ်လား’

ယောက်ျားတွေအကြောင်းကို

ဒေါ်လေးပစ်တီ

မသိ။

သူတို့

ဒေါပွလျှင်

မည်သို့

ဖြစ်သည်ဆိုသည်ကိုလည်း

သူနားမလည်။ ဒေါ်လေ ပစ်တီသည် သူ့ ဝဝဖောင်းဖောင်း လက်ကလေးများကို စိတ်ပျက်လက်ပျက် ဝှေ့ယမ်းပြရုံသာ တတ်နိုင်တော့သည်။ ဒေါ်လေ ပစ်တီသည် ဘာကိုမျှ မသိ၊ နားမလည်။ သူ သိသည်မှာ ရက် ဘတ်တလာ နာဆောက ဝယ်လာသည့် လက်ဆောင်ပစ္စည်းများနှင့် ရက် ဘတ်တလာ၏ ချီးကျူးစကားများသာဖြစ်သည်။ မီလာနီက လူတိုင်းတွင် တစ်ခုကောင်းတော့ ရှိသည်ဟု ဆိုတတ်သည်။ ယခု စကားလက်လည်း မီလာနီလို မြင်တတ်နေပြီ။ မီလာနီက ရိုးလွန်းသည်။ သို့ရာတွင် သူ ရိုးသည်ကို မည်သူမျှ ပြင်မရနိုင်။

ရက် ဘတ်တလာသည် မျိုးချစ်စိတ် ရှိသူမဟုတ်။ ဤသည်ကို စကားလက် ကောင်းကောင်းသိသည်။ သို့ရာတွင်

စကားလက်အဖို့ မျိုးချစ်စိတ် ရှိ မရှိက အရေးမကြီး။ သူ့အဖို့ အရေးကြီးသည်မှာ ရက်ဘတ်တလာ နာဆောမှ ဝယ်လာသည့် လက်ဆောင်ပစ္စည်းများနှင့် ရက် ဘတ်တလာ၏ ချီးကျူးမြှောက်ပင့်သည့် စကားများသာ ဖြစ်သည်။ ယခုကဲ့သို့ အစစအရာရာ ရှားပါးကာ ကုန်ဈေးနှုန်းတွေ ခေါင်စိုက်နေချိန်တွင် တွယ်ချိတ်များ၊ သကြားလုံးများ၊ ဆံညှပ်များ ဘယ်က ရနိုင်မည်နည်း။ ရက် ဘတ်တလာကို မလာရန် သူ မပြောချင်။ ဒေါ်လေး ပစ်တီ ပြောလိမ့်မည်။ ဒေါ်လေး ပစ်တီက အိမ်ထောင်ဦးစီး မဟုတ်လော။ အပျိုရံ မဟုတ်လော။ ကျင့်ဝတ်ကို စောင့်ထိန်းသူ မဟုတ်လော။ ရက် ဘတ်တလာ သူတို့အိမ်သို့ ဝင်ထွက်နေခြင်းကြောင့် တစ်မြို့လုံးက အတင်းပြောကြသည်ကိုလည်း စကားလက် သိသည်။ သူ့အတင်း ပြောကြသည်ကိုလည်း စကားလက်သိသည်။

247

သို့ရာတွင် မီလာနီကိုမူ မည်သူကမျှ မပြောကြ။ မီလာနီကို မြို့က အထင်ကြီးကြသည်။ မီလာနီကသာ ရက် ဘတ်တလာ ဝင်ထွက်နေသည်ကို ခုခံပြောနိုင်လျှင် နောက်ထပ် အတင်းပြောကြတော့မည် မဟုတ်။

သို့တိုင်အောင် ရက် ဘတ်တလာက သူ့အယူအဆတွေကို စွန့်လျှင် ပို၍ အဆင်ပြေလိမ့်မည်။ သို့ဆိုလျှင် မက်မုံပင်

လမ်းမပေါ်တွင် ရပ်၍ ရက်ဘတ်တလာနှင့် စကားပြောနေဦး ဘာမျှ အရေးမကြီး။ အတင်းပြောခံရမည် မဟုတ်တော့။

‘ရှင့်စိတ်ထဲ ရှိတာတွေကို ဘာဖြစ်လို့ လျှောက်ပြောနေရတာလဲ၊ အသာပဲ နေလိုက်ပါလား၊ ရှင် တွေ့ရာတွေ

လျှောက်မပြောရင် ဒီလောက် အခြေအနေ ဆိုးမှာမဟုတ်ဘူး’

စကားလက်က ရက် ဘတ်တလာကို ကြိမ်းသည်။



‘ဒါက မင်း အမြင်ကိုး၊ ကြောင်သူတော်ဆိုတာ ဒီအတိုင်းပဲ မြင်မှာပေါ့၊ အင်း၊ စကားလက် စကားလက်၊ ကျုပ်က မင်းဟာ

ဒိထက် သတ္တိကောင်းမယ်ထင်နေတာ။ အိုင်းရစ်လူမျိုးများဟာ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်လို့ ထင်တာ၊ ဒီလောက်ကြာကြာ မြုံထားရတာ မင်း ရင်ထဲမှာ ဘယ့်နှယ် နေသလဲ၊ ပေါက်ကွဲ မထွက်ချင်ဘူးလား’

‘ဟုတ်တော့ ဟုတ်တာပေါ့’ စကားလက်က စိတ် မပါ့တပါ ဝန်ခံသည်။ ‘တစ်နေ့လုံး အရေးတော်ပုံ အကြောင်းချည်းပဲ

ပြောနေတာ နားတော့ ငြီးတာပေါ့၊ ဒါပေမယ့် ရှင် စဉ်းစားကြည့်လေ၊ စကားလက် စိတ်ထဲရှိတာတွေ အကုန်လျှောက်ပြောရင် စကားလက်ကို ဘယ်သူကမှလည်း စကားပြောမှာမဟုတ်တော့ဘူး၊ ဘယ်ယောက်ျားလေး ကမှလည်း စကားလက်နှင့် တွဲကတော့မှာမဟုတ်ဘူး’

‘အေး၊ ဒါတော့ ဟုတ်တယ်၊ မိန်းကလေးတစ်ယောက်အဖို့ တွဲကမယ့်လူ မရှိလို့တော့ မဖြစ်ဘူး၊ ကိုယ့်စိတ် ကိုယ်

ချုပ်တည်းနိုင်တဲ့ အတွက် မင်းကို ကျုပ် ချီးကျူးပါတယ်၊ ဒါပေမယ့် ကျုပ်တော့ ချုပ်တည်းလို့မရဘူး၊ မျိုးချစ် ပုဂ္ဂိုလ်ကြီး ဟန်ဆောင်ရတာ စားတော့စားသာပါရဲ့၊ ဒါပေမယ့် ကျုပ်က ဟန်မဆောင်တတ်ဘူး၊ လူမိုက် မျိုးချစ်တွေကတော့ ရှိသမျှ ပိုက်ဆံကို ပိတ်ဆို့မှု ကုန်ကူးရင် အရှုံးခံ ရောင်းကြတယ်၊ ပြည်တွင်းစစ်လည်း ပြီးရော ကုန်းကောက်စရာ ကျန်မှာတောင် မဟုတ်တော့ဘူး၊ သူတို့ကတော့ ကျုပ်ကို ဘယ်ကြိုက်မလဲ၊ ကျုပ်က သူတို့လို မျိုးချစ်ပုဂ္ဂိုလ် စာရင်းထဲလည်း အပါမခံနိုင်ဘူး၊ ပြည်တွင်းစစ်ပြီးရင် သူတောင်းစားဘဝလည်း အရောက်မခံနိုင်ဘူး၊ ဒီတော့ သူတို့ဘာသာ သူတို့ သူရဲကောင်းကြီးတွေ လုပ်ချင်ရင် လုပ်ကြပေါ့၊ ကျုပ်ကတော့ မလုပ်နိုင်ဘူး၊ တကယ်ကျတော့လည်း သူရဲကောင်း အဖြစ် သူတို့ နာမည်ကြီးတာတွေဟာ ဘယ်လောက်များ ကြာကြာခံမှာလဲ၊ အလွန် တစ်နှစ် နှစ်နှစ်ပေါ့၊ ကြာရင် ဘယ်သူက အမှတ်ရကြဦးမှာတဲ့လဲ’

‘ရှင် တွေးတာတွေက အပျက်ဘက် များလွန်းတယ်၊ ရှင် ထင်သလောက်တော့လည်း မဆိုးသေးပါဘူး၊ အင်္ဂလန်တို့

ပြင်သစ်တို့ကလည်း ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး၊ စကားလက်တို့ဘက်က ဝင်ပြီး’

‘ဪ ကလေးမက သတင်းစာတွေကို ဖတ်ပြီး အဟုတ်ထင်နေဟန်တူတယ်၊ တော်တော် အံ့ဩဖို့ကောင်းတဲ့

ကလေးမပဲ၊ သတင်းစာတွေကို ဘယ်တော့မှ မဖတ်နဲ့၊ အလကားပဲ၊ သတင်းစာတွေကို ဖတ်ရင် မင်း ဦးနှောက်ကလေး ချာချာလည်သွားမယ်၊ ကျုပ် အင်္ဂလန်က ပြန်လာတာ မကြာသေးဘူး၊ တစ်လလောက်ပဲ ရှိသေးတယ်၊ မင်း သိထားဖို့က အင်္ဂလန်ဟာ ကျုပ်တို့ သီးခြားပြည်နယ်ကို ဘယ်တော့မှ မကူဘူး မှတ်ထား၊ အင်္ဂလိပ်ဟာ ရှုံးမယ့် မြင်းကို ဘယ်တော့မှ

248

မလောင်းဘူး၊ ဒါကြောင့်မို့ အင်္ဂလိပ် လူမျိုးဖြစ်နေတာပေါ့၊ ပြီးတော့ ဒတ်ခ်ျ ရာဇပလ္လင်ပေါ်မှာ တက်ထိုင်နေတဲ့ မိန်းမ ဝဝကြီးကလည်း ဘာသာတရား ကိုင်းရှိုင်းလွန်းတယ်၊ ကျွန်စနစ်ကို ထောက်ခံမှာ မဟုတ်ဘူး၊ အင်္ဂလိပ်ချည်စက်တွေမှာ ဝါဂွမ်း မရှိလို့ အင်္ဂလိပ် အလုပ်သမားတွေ ဘယ်လောက်ပဲ ငတ်နေနေ အင်္ဂလိပ်ဟာ ကျုပ်တို့ပြည်နယ်က ကျွန်စနစ်ကို သဘောမကျဘူး၊ ပြင်သစ်ကို ကြည့်ဦးမလား၊ နပိုလီယန်ကို လိုက်အတုခိုးနေပေမယ့် သူ့ခမျာ အတုခိုးလို့ မရဘဲ မက္ကဆီကိုမှာ အလုပ်များနေတယ်၊ ကျုပ်တို့ကို ကူဖို့ မပြောနှင့် သူ့ဘာသာ သူတောင် ယားလို့မကုတ်အားဘူး၊ တကယ်ကတော့ ကျုပ်တို့ ပြည်တွင်းစစ်ဖြစ်နေတာကို ပြင်သစ်က ခပ်ကြိုက်ကြိုက်ပဲ၊ ဒါမှ မက္ကဆီကိုမှာ သူထင်တိုင်း ခြယ်လှယ်နိုင်မှာပေါ့၊ ကျုပ်တို့ ရန်ကို မစိုးရိမ်ရတော့ဘူး၊ ဒီမှာ စကားလက်၊ နိုင်ငံခြားက ကျုပ်တို့ကို ဝင်ကူမယ် ဘာမယ်တွေ ရေးတာတွေဟာ သတင်းစာတွေရဲ့ ထွင်လုံးတွေ၊ ကျုပ်တို့ သီးခြားပြည်နယ်သမားတွေ စိတ်ဓာတ်ကျမှာစိုးလို့ လုပ်ကြံရေးတဲ့ ထွင်လုံးတွေ၊ ကျုပ်တို့ သီးခြားပြည်နယ် ရှုံးမှာ သေချာတယ်၊ ကျုပ်တို့မှာ အင်အားမရှိဘူး၊ ကုလားအုတ်မှာ အားဆိုလို့ ဘို့တစ်ခုပဲ ရှိသလို ကျုပ်တို့မှာလည်း စိတ်ဓာတ်ကလေးပဲ ရှိတယ်၊ ဒါပေမယ့် ဒီစိတ်ဓာတ်ဟာလည်း ဘယ်လောက်များခံနိုင်မှာလဲ၊ ပိတ်ဆို့မှု ကုန်တွေကို သွင်းတဲ့ အလုပ်ကို လုပ်လာတာ ခြောက်လကျော်ကျော်လောက် ရှိပြီ၊ ခုတော့ ကျုပ် မလုပ်တော့ဘူး၊ အန္တရာယ်ကြီးလွန်းတယ်၊ ကျုပ် စက်လှေတွေကို အင်္ဂလိပ် လူမိုက်တစ်ယောက်ကို ရောင်းလိုက်တော့မယ်၊ ပိတ်ဆို့မှုကို ဖောက်နိုင်သေးတယ်လို့ သူက ထင်နေသေးတာကိုး၊ လုပ်ကြည့်ပစေပေါ့၊ ကျုပ်အဖို့ကတော့ ပိတ်ဆို့မှုကို ဖောက်နိုင်သည်ဖြစ်စေ မဖောက်နိုင်သည်ဖြစ်စေ ဒီအလုပ်ကို မလုပ်ချင်တော့ဘူး၊ ကျုပ် လိုချင်တဲ့ ပိုက်ဆံလည်းရပြီ၊ အင်္ဂလိပ်ဘဏ်တွေမှာ ရွှေဝယ်ပြီး အပ်ထားပြီးပြီ၊ ဘာမှ အသုံးမကျတဲ့ ပြည်နယ်စက္ကူတွေ ဘာလုပ်မှာလဲ’

ရက် ဘတ်တလာက စကားပြောလျှင် သူ့ထုံးစံအတိုင်း ယုတ္တိ ယုတ္တာရှိရှိ ပြောတတ်သည်။ သူများကြားလျှင်

သစ္စာဖောက်စကားဟု

ထင်ကြလိမ့်မည်။

သို့ရာတွင်

စကားလက်ကမူ

မှန်သည်ဟု

ထင်သည်။

ဉာဏ်အမြော်အမြင်

ရှိသည်ဟု ထင်သည်။ အမှန်အားဖြင့် စကားလက်အနေဖြင့် ဤသို့မထင်သင့်။ သူ့စကားများကိုကြားလျှင် အလန့်တကြား ဖြစ်ဖို့ကောင်းသည်။ ဒေါသထွက်ဖို့ကောင်းသည်။ ယခု မည်သို့မျှ မခံစားရ။ သို့ရာတွင် စကားလက်က ဟန်ဆောင်ကောင်းသည်။ ဟန်ဆောင် ပန်ဆောင်သည်ဖြစ်စေ ခုခံပြောမှ အမျိုးကောင်းသမီးပီသရာ ရောက်မည်ဟု ထင်သည်။

‘ရှင်နှင့် ပတ်သက်လို့ ဒေါက်တာမိ ရေးတဲ့ စာဟာ မှန်တယ်လို့ စကားလက် ထင်တယ် ဗိုလ်ကြီး ဘတ်တလာ၊

ရှင့်သိက္ခာကို ရှင် ပြန်ဆယ်ချင်ရင် စက်လှေတွေကို ရောင်းပြီးတဲ့ အခါကျတော့ စစ်တပ်ထဲ ဝင်ပေါ့၊ ရှင်လည်း စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ယောက်ပဲဟာ’

‘မင်းကို စစ်သားစုဆောင်းရေး အရာရှိ ခန့်ဖို့ ကောင်းတယ်၊ ကဲ ဆိုပါတော့၊ ကျုပ် သိက္ခာကို ပြန်မဆယ်ချင်ဘူး ဆိုပါတော့၊

မင်း ဘာပြောမလဲ၊ ပြီးတော့ ကျုပ်ကို ဝိုင်းပယ်ထားတဲ့ စနစ်ကြီး တည်မြဲဖို့အတွက် ကျုပ်က ဘာဖြစ်လို့ ဝင်ဝင်တိုက်ပေးရမှာလဲ၊ ဒီစနစ်ကြီး မြန်မြန်ပျက်လေ ကောင်းလေ မဟုတ်ဘူးလား’

‘ဘာစနစ်ကို ပြောတာလဲ၊ စကားလက် မသိဘူး’



‘မသိဘူး ဟုတ်လား၊ သနားစရာ ကောင်းလိုက်ပါဘိတော့ ကလေးမလေး၊ ခု ကျုပ်တို့ မင်းတို့ လက်ခံကျင့်သုံးနေတဲ့

စနစ်ကြီးပေါ့၊ ကျုပ် ပြောရဲပါတယ်၊ မင်းလည်း ဒီ စနစ်ကြီးကို မကြိုက်ပါဘူး၊ ကျုပ်ဟာ ကျုပ်မိသားစုထဲမှာ ဘာဖြစ်လို့ သိုးမည်တစ်ကောင် ဖြစ်ခဲ့ရတယ်ထင်သလဲ၊ ကျုပ်တို့ သီးခြားပြည်နယ် ခွဲထွက်ရေး စနစ်ကြီးကို လက်မခံလို့ ကျုပ်

249

သိုးမည်းဖြစ်ရတာ၊

တခြား

ဘာကြောင့်မှမဟုတ်ဘူး၊

သီးခြားပြည်နယ်

စနစ်ကြီးတစ်ခုလုံးကို

ချာလက်စတန်က

ထောက်ခံကြတယ်၊ ကျုပ်က မထောက်ခံဘူး၊ ထောက်လည်း မထောက်ခံနိုင်ဘူး၊ ချာလက်စတန်ဟာ တောင်ပိုင်းလူနေမှု စနစ်ကြီး အထွန်းဆုံးနေရာပဲ၊ အဲဒါကို ကျုပ် စိတ်အပျက်ဆုံးပဲ၊ အရာကိစ္စ တော်တော်များများမှာ ရှေးတုန်းက လုပ်ခဲ့ကြလို့ ထုံးစံရှိလို့ ဆိုပြီး လိုက်လုပ်နေကြတယ်၊ တချို့ကိစ္စတွေဆိုရင် လုပ်သာနေကြရတယ်၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ မင်းလည်း ကြားဖူးပြီးသား

ဖြစ်ချင်

ဖြစ်မှာပဲ၊

ကျုပ်ကို

လူ့အဖွဲ့အစည်းက

ဝိုင်းပယ်

ထားတာဟာ

မိန်းကလေးတစ်ယောက်ကို

လက်မထပ်ခဲ့တဲ့ ကိစ္စကလေးတစ်ခုကြောင့် မဟုတ်ပါဘူး၊ မင်း စဉ်းစားကြည့်လေ၊ ဒီ မိန်းကလေးတစ်ယောက်ကို မတော်တဆ အိမ်ပြန်ပို့ဖို့ နောက်ကျသွားရုံကလေးနှင့် ကျုပ် မကြိုက်ဘဲနှင့် ယူရတော့မှာလား၊ သူ့အစ်ကိုက ကျုပ်ကို သေနတ်နှင့် ပစ်တာကို သူ့ထက် ဆယ်ဆ လက်ဖြောင့်တဲ့ ကျုပ်က လည်စင်းပြီး ခံရမှာလား၊ ဟုတ်ပါတယ်၊ ကျုပ်က လူကြီးလူကောင်းဆိုရင်တော့ သူ့သေနတ် ပြောင်းဝရှေ့မှာ ရင်ကော့ပေးပြီး ကျုပ်မိသားစုရဲ့ အစွန်းအထင်းကို သွေးနှင့် ဆေးပစ်ရမှာပေါ့၊ ဒါပေမယ့် ကျုပ်က လူကြီးလူကောင်း မဟုတ်ဘူး၊ ကျုပ် လူ့ဘဝမှာ အသက်ရှင်နေချင်တယ်၊ ပျော်ပျော်နေချင်တယ်၊ နေလည်း နေခဲ့တယ်၊ ကျုပ် အစ်ကိုကို ကြည့်ပြီး ကျုပ် တရားကျတယ်၊ ကျုပ်အစ်ကိုဟာ ချာလက်စတန်က လူ သူတော်ကောင်းတွေထဲ နေ၊ လယ်ကလေး လုပ်၊ ဘုရားရှိခိုးကျောင်း သွား၊ ဒါနှင့် သေသွားရတယ်၊ ကျုပ် ဒီလို မနေနိုင်ဘူး၊ ဒီစနစ်ကြီးကို ဆန့်ကျင်ရင် ကျုပ်ကို ဝိုင်းပယ်ကြမယ်ဆိုတာ ကျုပ်သိသားပဲ၊ ဒါပေမယ့် ဒီစနစ်ကြီးကို ကျုပ် မကြိုက်ဘူး၊ ဒီမှာ ကလေးမ၊ ကျုပ်တို့ တောင်ပိုင်းသားတွေရဲ့ လူနေမှုစနစ်ကြီးဟာ ဟောင်းနွမ်းနေပြီ၊ ဥရောပအလယ်ခေတ်က ပဒေသရာဇ် စနစ်လို နောက်ကျကျန်ရစ်ခဲ့ပြီ၊ ကျုပ်တို့ လူနေမှုစနစ်ကြီးဟာ ပျက်စီးတော့မယ်။ ခုလည်း ပျက်စီးနေပြီ၊ ဒါတောင် ဒေါက်တာမိတို့လို လူတွေ ပြောတဲ့စကားကို ကျုပ်က လိုက်နာလိမ့်မယ်လို့ မင်း မျှော်လင့်နေတယ်၊ တူမီး သေနတ်ကိုင်ပြီး စစ်မြေပြင်သွားမယ်လို့ ထင်နေတယ်၊ ဘာလဲ၊ မင်း ကျုပ်ကို နလပိန်းတုံး အောက်မေ့နေသလား၊ ဒီမှာ မိန်းကလေး၊ ကျုပ်က ကျုပ် လာရိုက်တဲ့ ကြိမ်ကို  ကောက်နမ်းတဲ့ လူမျိုးမဟုတ်ဘူး၊ နင်းချိုးပစ်တဲ့ လူမျိုး၊ မင်း မြဲမြဲမှတ်ထား၊ ကျုပ်ဟာ တောင်ပိုင်းနှင့် ပခုံးချင်းယှဉ်နိုင်ပြီ၊ တစ်ခါတုန်းက ကျုပ် မွေးပါ အခွင့်အရေး ဆုံးရှုံးခဲ့တယ်၊ ခု ဒါအတွက် လျော်ကြေး ပြန်ရပြီ၊ တောင်ပိုင်းသားတွေရဲ့ ဒုက္ခ သုက္ခတွေ၊ ပျက်စီးဆုံးရှုံးမှုတွေထဲက ကျုပ် အမြတ်တွေ အများကြီး ရခဲ့ပြီးပြီ၊ အဲဒါ ကျုပ် မွေးပါ အခွင့်အရေး ပိတ်ခဲ့လို့ တောင်ပိုင်းသားတွေဆီက ကျုပ် ပြန်တောင်းတဲ့ လျော်ကြေးပဲ’

‘ရှင်ဟာ ကြေးစား သိပ်ဆန်တာပဲ၊ သိပ်ယုတ်မာတာပဲ’



စကားလက်က ပြောသည်။ သို့ရာတွင် ပါးစပ်မှ အလိုလို ထွက်သွားခြင်းသာ ဖြစ်၏။ သူ ပြောသည့် စကားများကမူ

ခေါင်းထဲတွင် စွဲသွားပြီ။ သူ ပြောသည့် စကားထဲတွင် အမှန်တွေ အများကြီးပါသည်။ လူကြီးလူကောင်း ဆိုသူများသည် အဓိပ္ပာယ်မရှိသည့် အရာတွေကို လုပ်နေကြသည်။ သူ့ကိုယ်သူ ပြန်ကြည့်လျှင် တွေ့နိုင်သည်။ ချားလ်ကို တစ်စက်ကလေးမျှ မလွမ်းသည့်တိုင် လွမ်းဟန်ဆောင်နေရသည်။ နိဗ္ဗာန်ဈေးတွင် ကမိရုံကလေးဖြင့် သူ့ကို ရစရာမရှိအောင် ပြောကြသည်။ အခြား မိန်းကလေးများထက် တစ်ခုခု ထူးခြား၍ လုပ်မိလျှင်၊ ပြောမိလျှင် မေးငေါ့ကြသည်။ သို့တိုင်အောင် သူကိုယ်တိုင် မကျေနပ်သည့် ရှေးထုံးစံများကို ရက် ဘတ်တလာက တိုက်ခိုက် ဝေဖန်လာသည့်အခါတွင် စကားလက် နားမထောင်ဝံ့သကဲ့သို့ ဖြစ်နေသည်။ သူပင်လည်း အရိုးရင့်နေပြီလော မဆိုနိုင်။

‘ကြေးစားတော့ မဟုတ်ပါဘူး ကွယ်၊ အမြင်ကျယ်တာ ဖြစ်ပါလိမ့်မယ်၊ အေးလေ အမြင်ကျယ်တာကို ကြေးစားလို့

ခေါ်ချင်လည်း ခေါ်ပေါ့၊ ကျုပ်လို အမြင်မကျယ်တဲ့ လူတွေကတော့ ဒီလိုပဲ ခေါ်ကြမှာပေါ့၊ ကျုပ်လို ၁၈၆၁ ခုနှစ်တုန်းက

250

လက်ထဲမှာ ဒေါ်လာတစ်ထောင်လောက်ရှိရင် အဲဒီ ပြည်နယ်ချစ် မျိုးချစ်ပုဂ္ဂိုလ်ဆိုတဲ့လူတွေဟာ ကျုပ်လုပ်ခဲ့သလို ဘာဖြစ်လို့ မလုပ်ခဲ့ကြသလဲ၊ လုပ်နိုင်သားပဲ၊ ဒါပေမယ့် သူတို့ မလုပ်ခဲ့ကြဘူး၊ မင်းတို့က ကြေးစားလို့ ခေါ်တဲ့လူတွေကပဲ လုပ်ခဲ့ကြတယ်၊ ကျုပ် ဥပမာပြမယ်၊ ဆွန်တာ ခံတပ်ကျပြီးစ ယန်ကီ ပိတ်ဆို့မှု မလုပ်ခင်ကလေးမှာ ပြည်နယ်က ဝါဂွမ်း တော်တော်များများကို ကျုပ် ဈေးပေါပေါနှင့် ဝယ်ပြီး အင်္ဂလန်ကို ယူသွားတယ်၊ ခုထက်ထိ လီဗာပူက ဂိုဒေါင်တွေထဲမှာ ရှိသေးတယ်၊ မရောင်းသေးဘူး၊ အင်္ဂလိပ် အထည်စက်တွေ ဝါဂွမ်းပြတ်ပြီး ကျုပ် တောင်းတဲ့ ဈေးကို ပေးတဲ့အထိ လှောင်ထားဦးမှာပဲ၊ ဝါဂွမ်း တစ်ပေါင်ကို တစ်ဒေါ်လာလောက် ရမှ ရောင်းမယ်’

‘တစ်ပေါင်ကို တစ်ဒေါ်လာ တဲ့၊ ရလိမ့်မယ် အားကြီး၊ သစ်ပင်ပေါ်မှာ ငှက်တွေ မပေါက်ဘဲ ဆင်တွေတက်ပြီး

အသိုက်လုပ်ချင် လုပ်မယ်၊ ဒီဈေးတော့ ရမှာမဟုတ်ဘူး’

‘ရပါတယ်၊ ခုတောင် ဝါဂွမ်း တစ်ပေါင်ကို ခုနှစ်ဆယ့်နှစ်ဆင့် ဈေး ရှိနေပြီ မဟုတ်လား၊ ဒီမှာ စကားလက်၊ ဒီ ပြည်တွင်းစစ်

ပြီးရင် ကျုပ် သူဌေးဖြစ်တော့မယ်၊ ဘာဖြစ်လို့လဲ သိလား၊ အမြင်ကျယ်လို့၊ အဲလေ ကြေးစား ဆန်လို့ မှတ်ထား၊ နောက်ထပ် ကျုပ် ပြောဦးမယ်၊ လူတစ်ယောက်အတွက် သူဌေးဖြစ်ဖို့ အချိန် နှစ်ချိန်ရှိတယ်၊ တစ်ချိန်က တိုင်းပြည်တည်ဆောက်တဲ့အချိန်၊ နောက်တစ်ချိန်က တိုင်းပြည်ပျက်တဲ့အချိန်၊ တိုင်းပြည် တည်ဆောက်နေတုန်းမှာ သူဌေးဖြစ်ဖို့ နှေးတယ်၊ တိုင်းပြည် ပျက်တုန်းမှာ သူဌေးဖြစ် မြန်တယ်၊ အဲဒါ မင်း မြဲမြဲ မှတ်ထား၊ တစ်နေ့ မင်းအဖို့ အသုံးကျချင် ကျမလား မသိဘူး’

‘အကြံကောင်း ဉာဏ်ကောင်းတွေပေးလို့ ကျေးဇူးတင်ပါတယ် ရှင်’ စကားလက်က အားတင်း၍ ခပ်လှောင်လှောင်

ပြောလိုက်သည်။ ‘ဒါပေမယ့် ရှင့် အကြံဉာဏ်ကို စကားလက် မလိုပါဘူး၊ ဖေဖေဟာလည်း ဆင်းရဲသားတစ်ယောက် မဟုတ်ပါဘူး၊ ကျွန်မ တစ်သက်မှာ ဘာမှ ပူစရာ မလိုပါဘူး၊ ချားလ်ရဲ့အမွေတွေလည်း ကျန်ရစ်ပါတယ်’

‘ပြင်သစ် တော်လှန်ရေး မဖြစ်ခင်တုန်းက ပြင်သစ် မင်းစိုးရာဇာတွေကလည်း သူတို့ကိုယ် သူတို့ ဒီလိုပဲ ထင်ကြတာပဲ၊

နောက်ဆုံးကျမှသာ အမှိုက်ကျုံးတဲ့ လှည်းပေါ် တက်ရတာ’

စကားလက်သည်

ပျော်ပွဲရွှင်ပွဲများသို့

သွားနေသည်။

သို့တိုင်

ခင်ပွန်းဆုံးသည့်

အထိမ်းအမှတ်

အဖြစ်

အဝတ်အနက်တွေကို ဝတ်ဆင်နေရဆဲ ဖြစ်၏။ ဤသည်မှာ ရှေ့နောက် ညီညွတ်ခြင်းမရှိဟု ရက် ဘတ်တလာက မကြာခဏ ထောက်ပြတတ်သည်။ ရက် ဘတ်တလာက အရောင်လွင်လွင် တောက်တောက်ပပကို သဘောကျသည်။ စကားလက် အရောင် ရင့်ရင့်မှိုင်းမှိုင်းတွေ ဝတ်လျှင် ကြည့်၍မရ။ ရယ်ချင်သည်။ စကားလက်ကမူ အရောင် ရင့်ရင့်မှိုင်းမှိုင်းတို့ကို ဝတ်မြဲ ဝတ်သည်။ အရောင် တောက်တောက်ပပတွေ ဝတ်လျှင် တစ်မြို့လုံးက သူ့ကို ဤထက်မက ဝိုင်း၍ လက်ညှိုးထိုးကြတော့မည်။ မေမေကလည်း ဆူဦးမည်။

အနက်ရောင်ကို ဝတ်လျှင် ကျီးကန်းနှင့်တူသည်၊ ဆယ်နှစ်လောက် ရင့်သွားသည် ထင်ရသည်ဟု ရက်ဘတ်တလာက

ပြောင်ပြောင် ပြောသည်။ စကားလက်သည် အလိုက်အထိုက် မပြောတတ်သော ရက် ဘတ်တလာ၏ စကားကြောင့် သူ့ကိုယ်သူ မှန်ရှေ့တွင် ရပ်၍ ကြည့်မိသည်။ သူသည် ဆယ့်ရှစ်နှစ်ရွယ်နှင့် မတူတော့ဘဲ အသက် နှစ်ဆယ့်ရှစ်နှစ် အရွယ်လောက်နှင့် တူနေပြီလော။

‘မင်းက မင်းကိယု မ် င်း မစ္စက် မယ်ရဝီ ယ်သာနှင့် တူအောင် လုပန် ငို တ်ာကို ဂုဏယ်ူနေတယ် ထင်တယ်’ ရက် ဘတ်တလာက

251

မခံချင်အောင် ဆွသည်။ ‘ပြီးတော့ မင်းကိုယ်မင်းလည်း တကယ် မပူဆွေးဘဲနှင့် ပူဆွေးနေတဲ့ မုဆိုးမတစ်ယောက်ပါ ဆိုတာ တော်တော် ကြော်ငြာချင်ပုံ ရတယ်၊ မင်း ဒီအဝတ်ကြီးတွေ မဝတ်စမ်းပါနှင့်ကွယ်၊ နောက်တစ်ခေါက် ကျုပ် ပါရီက ပြန်လာရင် နောက်ဆုံးပေါ် ဝတ်စုံတွေ ဝယ်ခဲ့ပါ့မယ်၊ ဝတ်ကြည့်စမ်းပါ’

‘ဟင့်အင်း၊ စကားလက် ဒါတွေ မဝတ်ချင်ဘူး၊ နောက် ဒီအကြောင်းကို မပြောပါနှင့်’ စကားလက်က ချားလ်အကြောင်းကို

မပြောလိုသဖြင့် ပိတ်ပြောသည်။

ရက် ဘတ်တလာက ဘာမျှ မပြော။ ခပ်ပြုံးပြုံးဖြင့် လှည့်ထွက်သွားသည်။ မကြာမီ ဝီလ်မင်တန်သို့ ခရီးထွက်ရဦးမည်။



နောက် ရက်သတ္တပတ် အနည်းငယ် အကြာ နေခြည်ဝင်းသည့် နွေ တစ်မနက်တွင် ရက် ဘက်တလာ တစ်ယောက်

ပေါက်လာသည်။ သူ့လက်ထဲတွင် သပ်သပ်ရပ်ရပ် ထုပ်ထားသည့် ဂျပ်သေတ္တာတစ်လုံး ပါလာသည်။ အိမ်တွင် စကားလက် တစ်ယောက်တည်း

ရှိသည်ကို

သိသဖြင့်

ဧည့်ခန်းတံခါးကို

တွန်းဖွင့်လာခဲ့သည်။

ဂျပ်သေတ္တာထဲတွင်

အထပ်ထပ်

ရစ်ပတ်ထားသည့် မိန်းမဆောင်း ဦးထုပ် လှလှကလေး တစ်လုံး။

ဦးထုပ်ကလေးက ချစ်စရာ။ လှလှကလေး။ အဝတ်အစား သစ်သစ်လွင်လွင် လှလှပပကို မက်သည့် စကားလက်

လှမ်းယူမိသည်။ ဤလောက် လှသည့် ဦးထုပ်မျိုးကို တစ်ခါမျှ သူ မမြင်ဖူးသေး။ ဦးထုပ်က တာဖက်တာစ အစိမ်းရင့်ရောင်။ အနားက ကျောက်စိမ်းရောင်နုနု ကွပ်ထားသည့် အနား။ လက်တစ်ဝါးလောက် ရှိသည့် မေးသိုင်းကြိုးကလည်း အစိမ်းနုရောင်။ ဦးထုပ် ထိပ်ဖျားတွင် အစိမ်းနုရောင် ငှက်ကုလားအုပ်မွေး တစ်ချောင်း စိုက်လျက်။

‘ဆောင်းကြည့်စမ်း’



ရက် ဘတ်တလာက ပြုံး၍ ပြောသည်။



စကားလက်က တစ်ဖက် နံရံရှိ မှန်ရှေ့သို့ ပြေးကာ ဦးထုပ်ကို ခေါင်းပေါ်သို့ တင်ကြည့်လိုက်သည်။ နားသံသီးလေးတွေ

ပေါ်သွားသည်အထိ ဆံပင်ကို နားနောက်သို့ ပင့်လိုက်ပြီး မေးသိုင်းကြိုးကို ဆွဲချည်သည်။

‘လိုက်ရဲ့လား ဟင်’



စကားလက်က မြင်သာအောင် ခြေဖျားထောက်ကာ ခေါင်းကို ငဲ့ပြသည်။ ဦးထုပ်မှ ငှက်တောင်က လှုပ်နေသည်။

ရက် ဘတ်တလာက မည်သို့မျှ မပြောသေး။ သို့ရာတွင် သူနှင့် လိုက်ကြောင်းကို စကားလက် ကောင်းကောင်း သိသည်။ အစိမ်းနုရောင် ဦးထုပ်အနားသည် စကားလက်၏ မျက်လုံးစိမ်းစိမ်းမှောင်မှောင်များကို ပို၍ တောက်လာစေသည်။ စကားလက် ကြော့နေသည်။ ခါတိုင်းထက် လှနေသည်။

‘ဒါ ဘယ်သူ့ဖို့လဲဟင်၊ စကားလက် ဝယ်မယ်လေ၊ ရှင် ဆိုသလောက် ပေးပါ့မယ် ရှင်ရဲ့’



‘မင်းဖို့ပါ၊ ဒီဦးထုပ် အစိမ်းရောင်ကို ဒိပြင်လူ ဆောင်းရင် ဘယ်လှမလဲကွယ်၊ မင်းမျက်လုံးက အစိမ်းရောင်နှင့်

လိုက်အောင် ရွေးဝယ်ခဲ့တာ’

252



‘ဒါ စကားလက်ဖို့ ဝယ်လာတာ ဟုတ်လား’



‘ဟုတ်တယ်လေ’



စကားလက်သည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်၍ သဘောကျနေသည်။ နှစ်နှစ်အတွင်း ဦးထုပ်လှလှ ဆောင်းရသည်မှာ

ဤတစ်ကြိမ်သာ ရှိသေးသည်။ သို့ရာတွင် ဤဦးထုပ်ကို ဘယ်မှာ သွား၍ ဆောင်းရမည်နည်း။ စကားလက်၏ အပြုံးသည် မှိန်သွား၏။

‘သဘောကျသလား’



‘အို သိပ်ကြိုက်တာပဲ၊ ဒါပေမယ့် ဒီဦးထုပ်လှလှကလေးပေါ်ကို ဇာနက်ကြီး အုပ်ရမှာ နှမြောစရာ’



ရက် ဘတ်တလာက သူ့အနီးသို့ ခပ်သုတ်သုတ် လျှောက်လာကာ မေးသိုင်းကြိုးကို ကျွမ်းကျင်စွာ ဖြေလိုက်သည်။

ထို့နောက် ဦးထုပ်ကို ဂျပ်သေတ္တာထဲသို့ ပြန်ထည့်သည်။

‘ဟင် ဘာဖြစ်လို့ ပြန်ထည့်တာလဲ၊ စကားလက်ဖို့ဆို’



‘အစတုန်းကတော့ မင်းဖို့ ဝယ်လာတာပဲ၊ ဒါပေမယ့် ကျုပ် ဦးထုပ်လှလှကလေးကို မုဆိုးမ ဝတ်တဲ့ အဝတ်နက်ကြီးနှင့်

အုပ်တာမျိုးတော့ အဖြစ်မခံနိုင်ဘူး၊ ကျုပ် စေတနာကို လက်ခံတဲ့ မျက်လုံးစိမ်းစိမ်းနှင့် တခြားမိန်းကလေး တစ်ယောက်ကိုပဲ ရှာပေးတော့မယ်’

‘ဟင့်အင်း၊ မပေးရဘူး၊ စကားလက် ယူမယ်၊ စကားလက် ဝယ်ပါ့မယ်’



‘ဘာလုပ်ဖို့ ဝယ်မှာလဲ၊ မုဆိုးမ ဝတ်တဲ့ ဇာနက်ကြီး ဖုံးပြီး ဆောင်းမလို့လား’



စကားလက်က

ဂျပ်သေတ္တာကို

လုသည်။

ဤဦးထုပ်ကို

တခြားလူကို

မပေးနိုင်။

သူနှင့်

လိုက်သည်။

ဦးထုပ်ဆောင်းလိုက်လျှင် နုသွားသည်။ ရုတ်တရက် ဒေါ်လေး ပစ်တီ၊ မီလာနီနှင့် မေမေ့ကို သွား၍ သတိရသေးသည်။ သို့ရာတွင် ကြောက်မနေနိုင်။ လှချင်စိတ်သည် ကြောက်စိတ်ထက် အားကောင်းသည်။

‘ပိုးဇာနှင့် မအုပ်ပါဘူး၊ စကားလက် ဒီအတိုင်း ဆောင်းမှာပါ၊ စကားလက်ကို ပေးပါ’



ရက်

ဘတ်တလာက

ခပ်လှောင်လှောင်

အပြုံးဖြင့်

ဂျပ်သေတ္တာကို

သူ့ထံ

လှမ်းပေးသည်။

စကားလက်

ခေါင်းပေါ်တင်ဆောင်းသည်ကို ကြည့်နေသည်။

‘ဘယ်လောက်ပေးရသလဲ၊ ခုတော့ စကားလက်ရဲ့ လက်ထဲမှာ ငါးဆယ်ပဲရှိတယ်၊ လဆန်းရင်တော့’



‘ဒေါ်လာနှစ်ထောင်၊ ပြည်နယ် ငွေစက္ကူနှင့်’



စကားလက် ရုတ်တရက် လန့်သွားသည်။ ပြည်နယ်ငွေစက္ကူဖြင့် ဆိုမှ အလုံးကျသွားသည်။

253



‘စကားလက် ငါးဆယ်ပေးထားမယ်လေ၊ ကျန်တာတော့’



‘ကျုပ် ပိုက်ဆံ မယူပါဘူး၊ မင်းအတွက် လက်ဆောင်ပါ’



စကားလက်

အံ့အားသင့်သွားသည်။

ယောက်ျားတွေထံမှ

လက်ဆောင်

လက်ခံခြင်းနှင့်

ရင်းနှီးသော

ဆက်ဆံရေးအကြားတွင် စည်းကြောင်း သေးသေးကလေးသာ ကျန်တော့သည်။

‘ဒီမှာ

သမီး၊

အမျိုးသမီးတစ်ယောက်ဟာ

အယ်လ်ဘမ်စာအုပ်တို့လောက်ပဲ

ပန်းစည်းတို့၊

ယောက်ျားလေးတွေဆီက

သကြားလုံးတို့၊

လက်ဆောင်အဖြစ်

ကဗျာစာအုပ်တို့၊

လက်ခံရတယ်၊

ဓာတ်ပုံ

အဖိုးတန်ပစ္စည်းကို

ဘယ်တော့မှ လက်မခံရဘူး၊ ကိုယ့်ရည်းစားဆီကဖြစ်စေ လက်မခံရဘူး၊ အဝတ်အစားတို့၊ လက်ဝတ် ရတနာတို့၊ လက်အိတ်တို့၊ လက်ကိုင်ပဝါတို့ကိုလည်း လက်မခံရဘူး၊ ဒါမျိုးကို လက်ခံရင် ယောက်ျားတွေက အထင်သေးတတ်တယ်၊ ကိုယ့်အပေါ်မှာ ရဲတင်းလာလိမ့်မယ်’ ဟု မေမေက တစ်ခါက ပြောဖူးသည်။

‘ဟင့်အင်း၊ လက်မခံဘူးလို့ ငါ မပြောနိုင်ဘူး၊ မပြောရက်ဘူး၊ တော်တော်တန်တန် အတင့်ရဲတာလောက်ကတော့

ရဲပေ့စေ၊ ကိစ္စမရှိဘူး’

စကားလက်က မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်ရင်း တွေးသည်။ သို့တွေးမိသဖြင့် လန့်သွားကာ မျက်နှာ

နီရဲလာပြန်သည်။

‘စကားလက် ခု … ခု ငါးဆယ်ပေးထားမယ်နော်’



‘မင်း ပေးရင် ကျုပ်ကတော့ ရေထဲ လွှင့်ပစ်လိုက်မှာပဲ၊ ဒါမှမဟုတ်လည်း မင်းကို ရည်စူးပြီး အလှူအတန်းတွေ

လုပ်လိုက်မယ်၊ အလှူအတန်းတွေ ဘာတွေလုပ်ရင်လည်း မင်း ဝိညာဉ်ကတော့ ကျွတ်မှာမဟုတ်ပါဘူး’

စကားလက်က သူ့စကားကို သဘောကျ၍ ရယ်သည်။ အစိမ်းနု ဦးထုပ်နားအောက်က သူ့အပြုံးကို မှန်ထဲတွင်

မြင်ရ၏။

‘ရှင် စကားလက်ကို ဘာစိတ်ကူးနှင့် လက်ဆောင်ပေးတာလဲ’



‘မင်း ကလေးစိတ်ကလေးတွေ ပျောက်သွားအောင် ကျုပ် လက်ခုပ်ထဲက ရေ ဖြစ်အောင် လက်ဆောင်ပေးပြီး

ဖြားယောင်းတာလေ၊ သမီးရယ်၊ ယောက်ျားတွေဆီက ပန်းစည်းတို့၊ သကြားလုံးတို့လောက်ပဲ လက်ဆောင်ယူရတယ်လို့ ပြောတတ်ကြတယ် မဟုတ်လား’

ရက် ဘတ်တလာက သမီးရှင် အမေကြီးများ လေသံကို တု၍ ပြောင်ပြောလိုက်သဖြင့် စကားလက် တခစ်ခစ်

ရယ်လိုက်သည်။

‘ဗိုလ်ကြီး ဘတ်တလာ၊ ရှင်ဟာ တော်တော် တတ်နိုင်တယ်နော်၊ လည်လည်း လည်တယ်၊ ဆိုးလည်း ဆိုးတယ်၊

ကြည့်စမ်း ကျွန်မ မငြင်းနိုင်အောင် ဦးထုပ်လှလှကို ရွေးပြီး လက်ဆောင်ပေးတယ်’

254



သူ့အလှကို ကြည့်နေချိန်မှာပင် ရက် ဘတ်တလာ၏ မျက်လုံးများတွင် လှောင်ပြောင်သည့် အရိပ်အယောင်

ပေါ်နေသည်။

‘မင်း ဒေါ်လေး ပစ်တီကို ပြောပေါ့၊ တာဖက်တာစရယ်၊ အစိမ်းရောင် ပိုးစရယ် ပေးရတယ်၊ ဦးထုပ်ပုံလည်း ဆွဲပြရတယ်၊

ဒါတောင် ဒေါ်လာ ငါးဆယ်ပေးရသေးတယ်လို့ ပြောပြပေါ့’

‘ဟင့်အင်း၊ ဒေါ်လာ တစ်ရာတောင် ပေးလိုက်ရတယ်လို့ ပြောလိုက်မယ်၊ ဒါမှ သူက မြို့ထဲ လျှောက်ပြော၊ မြို့ထဲက

အမျိုးသမီးတွေက စကားလက် ပိုက်ဆံသုံးတာကို ကြည့်ပြီး မနာလို ဖြစ်ရော၊ မဟုတ်ဘူးလား၊ ဒါထက် ဗိုလ်ကြီး ဘတ်တလာ၊ နောက်ကို စကားလက် အတွက် ဒီလောက် အဖိုးတန်တဲ့ လက်ဆောင်တွေ ဝယ်မပေးပါနှင့်၊ ရှင်က စေတနာနှင့် ပေးတာပေမယ့် စကားလက် လက်မခံနိုင်ဘူး’

‘တကယ်လား၊ ကျုပ်ကတော့ ကျုပ်လည်း စိတ်ချမ်းသာမယ်ထင်ရင်၊ မင်းလည်း လှမယ် ထင်ရင် ပေးမြဲ ပေးနေမှာပဲ၊

နောက်တစ်ခါ သွားမှ ဒီဦးထုပ်နှင့် ဆင်တူ တရုတ်ပိုးဖျင် အစိမ်းစ တစ်စ ဝယ်ခဲ့ရဦးမယ်၊ ဝတ်စုံ ချုပ်ဖို့၊ တစ်ခုတော့ မင်းကို ပြောထားမယ်၊ ကျုပ်က စေတနာရှိလို့ ပေးတာ မဟုတ်ဘူးနော်၊ အဝတ်အစားတို့၊ လက်ဝတ်ရတနာတို့ ပေးပြီး မင်းကို ညွှတ်ကွင်းထဲ ရောက်အောင် မျှားခေါ်နေတာ၊ သိရဲ့လား၊ မင်း သိထားဖို့က ကျုပ်ဟာ အကြောင်း မရှိဘဲ အလုပ်တစ်ခုကို ဘယ်တော့မှ မလုပ်ဘူး၊ ကျုပ် အကျိုးရှိမှ လုပ်တာ၊ တန်ရာတန်ဖိုး မရဘဲနှင့် အလုပ်တစ်ခုကိုလည်း ဘယ်တော့မှ မလုပ်ဘူး၊ တန်ရာတန်ဖိုးတော့ ရအောင် ပြန်ယူတတ်တယ်၊ ဒါပဲ’

ရက် ဘတ်တလာ၏ မျက်လုံးနက်နက်များက သူ့မျက်နှာကို စိုက်ကြည့်နေသည်။ ထို့နောက် သူ့နှုတ်ခမ်းဆီသို့

ရောက်သွားကြသည်။ စကားလက်က မျက်လွှာချလိုက်၏။ ရင်တထိတ်ထိတ် ခုန်နေသည်။ မေမေပြောသည့်စကားက သွေးထွက်အောင် မှန်လေခြင်း။ ယခုပင် ရက် ဘတ်တလာသည် ဦးထုပ်တစ်လုံး လက်ဆောင်ပေးကာ အခွင့်အရေး ယူနေပြီ။ သူ့ကြည့်ရသည်က ယခုပင် ဆတ်ခနဲ ငုံ့နမ်းလိုက်မည့်ပုံမျိုး။ အနမ်းမခံလျှင် သူ့ခေါင်းပေါ်က ဦးထုပ်ကို ပြန်ယူသွားကာ တခြားတစ်ယောက်ကို ပေးတော့မည့် ပုံမျိုး။ အနမ်းခံလိုက်လျှင် နောက်တစ်ကြိမ် နမ်းဖို့ လက်ဆောင်တွေ ယူလာဦးမည်။ ဘာကြောင့်ဟု မသိ၊ ယောက်ျားများသည် တစ်ခါလောက် နမ်းမိလျှင် နောက်တစ်ခါ နမ်းချင်ကြသည်။ နမ်းခွင့်ရလိမ့်မည်ဟု မျှော်လင့်တတ်ကြသည်။ တစ်ခါလောက် နမ်းမိလျှင် မိန်းကလေးကို ချစ်သွားတတ်ကြသည်။ မိန်းကလေးက ပါးနပ်လျှင် နောက်တစ်ကြိမ် နမ်းခွင့်မပေးတော့ဘဲ ခပ်အင်အင် လုပ်ထားလျှင် ကိုရွှေယောက်ျားတို့ မနေနိုင် မထိုင်နိုင် ဖြစ်တတ်ကြသည်။ ရက် ဘတ်တလာလို လူတစ်ယောက်က သူ့ကိုချစ်ပါသည်ဟု ဖွင့်ဟဝန်ခံရသည့် အဖြစ် ရောက်အောင်၊ နောက်ထပ် တစ်ခါလောက် နမ်းခွင့် ပေးရန် တောင်းဆိုလာအောင် လုပ်ရလျှင် ပျော်စရာ ကောင်းလိုက်မည့် ဖြစ်ခြင်း။

ဟုတ်သည်။ တစ်ခါလောက်တော့ အနမ်းခံလိုက်ဦးမည်။



သို့ရာတွင် ကိုယ်တော်ချောက နမ်းရန် ကြိုးစားခြင်းမပြု။ စကားလက်က မျက်တောင်ကော့ကြီးများ အောက်မှ သူ့ကို

စွေကြည့်လိုက်သည်။

‘ဒါဖြင့် ရှင်က တန်ရာတန်ဖိုး ပြန်ရမှ ဆိုတော့ စကားလက်ဆီက ဘယ်လို တန်ရာတန်ဖိုးမျိုးကို ရမယ်ထင်လို့လဲ’

255



စကားလက်က မြှုဆွယ်သည့် အသံဖြင့် မေးသည်။



‘မပြောတတ်သေးဘူးလေ၊ ကြည့်ရဦးမှာပဲ’



‘ဦးထုပ်ကလေးတစ်လုံး လက်ဆောင်ပေးတဲ့အတွက် ကျွန်မက ရှင့်ကို လက်ထပ်မယ် လို့တော့ မထင်လိုက်နှင့်နော်၊

အဝေးကြီး’

စကားလက်က ခပ်ရှင်းရှင်း။ ခေါင်းကို တစ်ချက် စောင်းလိုက်သဖြင့် ဦးထုပ်မှ ငှက်တောင်က လှုပ်နေသည်။ ရက်

ဘတ်တလာက ဖြူဖွေးသော သွားများ ပေါ်အောင် ပြုံးလိုက်၏။

‘ဪ၊ ကလေးမက မင်းကိုယ်မင်း သိပ်အထင်ကြီးတာကိုး၊ ကျုပ်က မင်းကိုလည်း လက်မထပ်ပါဘူး၊ တခြား

ဘယ်မိန်းမကိုမှလည်း လက်မထပ်ဘူး၊ မင်း သိထားဖို့က ကျုပ်ဟာ မိန်းမကို လက်ထပ်ယူတဲ့ လူစားမျိုး မဟုတ်ဘူး၊ သိလား’

‘ဩ၊ စကားလက်ကတော့ ရှင့်ကို နသားဘာရား လုပ်ပြီး ဖက်နမ်းမယ်များ ထင်နေသလား’



‘ဒါဖြင့် မင်း နှုတ်ခမ်းက ဘာဖြစ်လို့ တပြင်ပြင် ဖြစ်နေတာလဲ’



‘ဘာ’

စကားလက်က

သူ့မျက်နှာကိုသူ

မှန်ထဲသို့

လှမ်းကြည့်မိလိုက်သည်။

ပြောမည်ဆိုလည်း

ပြောစရာ။

သူ့နှုတ်ခမ်းက အနမ်းခံတော့မည့် ဟန်။ စုစုကလေး။

‘ရှင် ဘာစကားပြောတာလဲ၊ ရှင်ဟာ တော်တော် ကြောက်ဖို့ကောင်းတဲ့လူ၊ ရှင်နှင့် မျက်နှာချင်း မဆိုင်တာဘဲ

ကောင်းတယ်’

‘ဒီလောက်တောင်ဖြစ်ရင်လည်း ကျုပ် ပေးတဲ့ လက်ဆောင်ကို လက်မခံနှင့်လေ၊ ခြေထောက်နှင့် နင်းခြေပစ်လိုက်ပေါ့၊

မင်းက စိတ်လည်း ဆိုးတတ်သားပဲ၊ စိတ်ဆိုးတော့လည်း တစ်မျိုးကြည့်ကောင်း ပြန်ရော၊ ကဲပါကွယ်၊ ကျုပ်အပေါ်ကို ဒီလောက် အထင်သေးနေရင်လည်း ကျုပ်ပေးတဲ့ လက်ဆောင်ကို ခြေထောက်နှင့် နင်းခြေပစ်လိုက်ပါ၊ ဟုတ်လား’

‘ရှင် ဒီပစ္စည်းကို မထိနှင့်နော်’



စကားလက် ဦးထုပ်ကို ကိုင်ကာ နောက်သို့ဆုတ်သွားသည်။ ရက် ဘတ်တလာက တစ်လှမ်းချင်း လိုက်လာသည်။

ခပ်တိုးတိုး ရယ်၍ စကားလက်၏ လက်ကို ဖမ်းဆုပ်လိုက်သည်။

‘မင်းက ငယ်လည်းငယ်တယ်၊ နုလည်း နုတယ်၊ ကျုပ် အသည်းကိုလည်း လှုပ်ယမ်းနိုင်တယ်၊ ဒီတော့ မင်း

မျှော်လင့်ထားတဲ့ အတိုင်း မင်းကို နမ်းရမယ်’ ရက် ဘတ်တလာက သူ့ကို ငုံ့ကြည့်သည်။ သူ့ နှုတ်ခမ်းမွေးများက ပါးပြင်သို့ လာပွတ်သွားသည်။ ‘ကဲ၊ မိန်းမတို့ သိက္ခာကို ဆည်တဲ့အနေနှင့် ကျုပ် ပါးကို ရိုက်ချင်သေးသလား၊ ရိုက်လေ’

စကားလက်က သူ့ကို မော့ကြည့်သည်။ သူ့မျက်လုံးနက်နက်များတွင် နောက်ပြောင်သည့် သဘောပေါ်နေသည်။

စကားလက် မချုပ်တည်းနိုင်တော့ဘဲ ရယ်လိုက်မိသည်။ ရက် ဘတ်တလာက အလွန် အကျီစားသန်သည်။ စိတ်ပျက်ဖို့ပင် ကောင်းသည်။ သူ့ကိုလည်း လက်ထပ် မယူချင်၊ နမ်းလည်း မနမ်းချင်ဟု ဆိုလျှင် သူ ဘာလိုချင်၍နည်း။ သူ့ကို မချစ်လျှင်

256

အဘယ့်ကြောင့် အိမ်သို့ ရေထွက်မတတ် လာနေသနည်း။ အဘယ့်ကြောင့် လက်ဆောင်တွေ ယူလာသနည်း။

‘ရိုက်လေ၊ ကျုပ်က မင်းကို ဂုဏ်သိက္ခာ ပျက်အောင်လုပ်တယ်ဆိုရင် မင်း ကျုပ်ကို ပြန်ရိုက်ဖို့ ကောင်းတာပေါ့၊ မင်း

ရိုက်ချင်ရင် ရိုက်ပေါ့၊ ကျုပ်က လူဆိုးပဲဟာ’

‘ရှင် တကယ်ဆိုးသလား’



‘မင်း မမြင်ဘူးလား၊ မင်းနှင့် ကျုပ် နိဗ္ဗာန်ဈေးမှာ တွေ့ကြတယ်၊ ကျုပ်နှင့် တွေ့လိုက်တဲ့ အတွက် မင်းဟာ လူပြောစရာ

မေးငေါ့စရာ ဖြစ်လာရတယ်။ ဒါဟာ ကျုပ်ကြောင့်ပဲပေါ့၊ မင်းကို ပွဲလာဖို့ ကျုပ်ပဲ ခေါ်ခဲ့တာမဟုတ်ဘူးလား၊ ကြီးမြတ်တဲ့ အရေးတော်ပုံကြီးကို မကြီးမြတ်ဘူးပြောအောင် ကျုပ်ပဲ မြှောက်ပေးခဲ့တာမဟုတ်ဘူးလား၊ သူများတွေ လေတစ်လုံး မိုးတစ်လုံး ပြောတိုင်း ဘုမသိ ဘမသိ အသေခံတဲ့ လူတွေဟာ နလပိန်းတုံးတွေလို့ပြောအောင် မင်းကို ကျုပ် သွေးထိုးပေးခဲ့တာ မဟုတ်ဘူးလား၊ မင်းအကြောင်းကို အမျိုးသမီးကြီးတွေ မကောင်းပြောအောင်ကော ဘယ်သူ မီးမွှေးပေးခဲ့တာလဲ၊ မင်းကို မုဆိုးမ အဝတ်တွေ မဝတ်ပါနှင့်တော့လို့ ပြောခဲ့တာ ဘယ်သူလဲ၊ ဘယ်အမျိုးကောင်းသမီးမှ လက်မခံတဲ့ လက်ဆောင်မျိုးကို လက်ခံအောင်ဖြားယောင်းသွေးဆောင်တာကကော ဘယ်သူလဲ၊ အားလုံး ကျုပ်ပဲ ဂြိုဟ်မွှေခဲ့တာ မဟုတ်ဘူးလား’

‘ဗိုလ်ကြီး ဘတ်တလာ၊ ရှင်ဟာ ရှင့်ကိုယ်ရှင် တော်တော် အထင်ကြီးတယ်နော်၊ ဒီလောက် လူပြောသူပြောခံရအောင်

စကားလက် ဘာတစ်ခုမှ မလုပ်ရသေးဘူး၊ ရှင် ပြောပြသွားတဲ့ စကားလက် လုပ်ခဲ့တာတွေဆိုတာလည်း ရှင်သွေးထိုးလို့။ ရှင် မြှောက်ပေးလို့ လုပ်တာမဟုတ်ဘူး၊ စကားလက် သဘောနှင့် စကားလက် လုပ်ခဲ့တာတွေချည်းပဲ’

‘ဒါတော့ မဖြစ်နိုင်ဘူး’ ရက် ဘတ်တလာက ပြောသည်။ သူ့မျက်နှာသည် ချက်ချင်း တည်သွားသည်။ ‘ကျုပ်နှင့်သာ

မတွေ့ရင် မင်းဟာ ခုထက်ထိ ပရိဒေဝမီးတောက်နေတဲ့ မုဆိုးမလေးပဲ ဖြစ်နေဦးမှာပဲ၊ ပြည်နယ်ချစ် အမျိုးသမီးလေး တစ်ယောက်အနေနှင့် နာမည်ကောင်း ရနေဦးမှာပဲ၊ ဒါပေမယ့်’

သို့ရာတွင် စကားလက် သူ့ စကားများကို မကြားတော့။ ဦးထုပ်ကို ဆောင်းကြည့်ကာ မှန်ကြည့်နေသည်။ ယနေ့

ညနေ ဆေးရုံသို့ သွား၍ ဒဏ်ရာရစစ်ဗိုလ်များကို ပန်းစည်းပေးမည်။ ဆေးရုံသွားလျှင် ဤဦးထုပ်ကို ဆောင်းသွားမည်။

ရက် ဘတ်တလာ၏ စကားသည် သွေးထွက်အောင်မှန်ကြောင်း စကားလက် မစဉ်းစားမိ။ ရက် ဘတ်တလာသည်

မုဆိုးမ ဘဝ ဆိုသည့် သူ့အကျဉ်းထောင်ကို ဖွင့်ပေးလိုက်သည်။ အပျို မိန်းကလေးများအလယ်တွင် အလှဘုရင်မ၏ သရဖူကို ဆောင်းပေးလိုက်သည်။ ဤသည်ကို စကားလက် သတိမထားမိ။ သူ့ဩဇာကြောင့် မေမေ၏ အဆုံးအမများကို လျစ်လျူရှုခဲ့ပြီ။ ဤသည်ကိုလည်း စကားလက် သတိမပြုမိ။ စကားလက် ပြောင်းလဲသွားပုံက နှေးကွေးသည်။ အစဉ်အလာတစ်ခုကို ချိုးဖျက်မိပြီ ဆိုလျှင် အခြား အစဉ်အလာတစ်ခုကို ချိုးဖျက်မိပြီဆိုလျှင် အခြား အစဉ်အလာတစ်ခုကိုလည်း အထင်သေးလာသည်။ ဤသဘောကိုလည်း စကားလက် မစဉ်းစားမိ။ ထိုသို့ ရှေးအစဉ်အလာများကို အထင်သေးခြင်းသည် ရက် ဘတ်တလာနှင့် ဆက်စပ်နေသည်ကိုလည်း သူ သတိမမူမိ။ သူ အားပေးအားမြှောက် ပြုသည့်အတွက် မိန်းမတို့ စောင့်စည်းအပ်သည့် ဣနြေ္ဒသိက္ခာများနှင့် ပတ်သက်သည့် မေမေ၏ တင်းကျပ်သော စည်းကမ်းများကိုလည်း ဘေးချိတ်ခဲ့ပြီ။ အမျိုးကောင်း သမီး ပီသရန် စောင့်ထိန်းရမည့် စည်းကမ်းများကိုလည်း မေ့ခဲ့ပြီ။ ဤသည်ကိုလည်း စကားလက် သဘောမပေါက်။

257



သူသိသည်မှာ ရက် ဘတ်တလာ ဝယ်လာသည့် ဦးထုပ်သည် လှကြောင်း၊ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနှင့်

ရလိုက်ကြောင်း၊ သူ ဝန်ခံသည်ဖြစ်စေ၊ ဝန်မခံသည်ဖြစ်စေ ရက် ဘတ်တလာသည် သူ့ကို ချစ်နေပြီ ဖြစ်ကြောင်း စသည်လောက်ကိုသာ စကားလက် စဉ်းစားမိသည်။ ရက် ဘတ်တလာကိုယ်တိုင်က ချစ်ပါသည်ဟူသော စကားမျိုး ထွက်လာအောင်တော့ နည်းလမ်းရှာရဦးမည်။

နောက်တစ်နေ့ နံနက်၌ စကားလက်သည် မှန်ရှေ့တွင် ရပ်နေသည်။ ဘီးကို လက်တွင် ကိုင်ထားပြီး ပါးစပ်တွင်

ဆံညှပ်များကို ကိုက်ထားလျက် ဆံပင်ပုံသစ် တစ်ခုကို ထုံးနေသည်။ ဆံပင်ပုံက ရစ်ခ်ျမွန်ရှိ သူ့ယောက်ျားထံ အလည်သွားရင်း မေဘယ် ရလာခဲ့သည့်ပုံဖြစ်သည်။ ရစ်ခ်ျမွန်တွင် ခေတ်စားနေသည့်ပုံ ဖြစ်သည်ဟု ဆိုသည်။ ဆံပင်ပုံကို ‘ကြောင်ဆံထုံး’ ဟု ခေါ်ကြသည်။ ဆံပင်ကို အလယ်က ခွဲချလိုက်ပြီး တစ်ဖက်တစ်ချက်တွင် ဘုလုံး သုံးခုစီ ဆွဲချလိုက်ပြီး တစ်ဖက်တစ်ချက်တွင် ဘုလုံး သုံးခုစီ ကြီးစဉ်ငယ်လိုက် ထုံးထားသည်။ ထိပ်က ဆံထုံးအကြီး၊ နောက်က အသေး။ ထိပ်က အကြီးဆုံး ဆံထုံးကို ‘ကြောင်’ ဟု ခေါ်သည်။ ဒုတိယဆံထုံးကို ‘ကြွက်’ ဟုေါ်သည်။ ‘ကြောင်’ နှင့် ‘ကြွက်’ ကို ထုံးရသည်မှာ မခက်။ သို့ရာတွင် နောက်ဆုံး ဆံထုံးဖြစ်သည့် ‘ကြွက်ဝမ်းဖြူ’ ကို ထုံးရသည်မှာ လက်ဝင်သည်။ ဆံညှပ်မမိဘဲ မကြာခဏ ပျက်သွားသည်။ သို့ရာတွင် စကားလက် စိတ်မပျက်။ ကြိုးစား၍ ထုံးသည်။ ယနေ့ည ရက် ဘတ်တလာကို ညစာစား ဖိတ်ထားသည် မဟုတ်လော။ ရက် ဘတ်တလာက ဆံပင်ထုံးဖွဲ့ပုံကို သတိပြုမိတတ်သည်။ နောက်ဆုံးပေါ် ဆံပင် ထုံးဖွဲ့ပုံများကို ဝေဖန်တတ်သည်။

စကားလက် ဆံပင်က ထူသည်။ ဆံခွေများက သန်သည်။ ဆံထုံးထုံးရင်း စကားလက် တစ်ယောက် ချွေးပြန်လာသည်။

အောက်ထပ် လှေကားဆီမှ ခပ်သုတ်သုတ် တက်လာသော ခြေသံများကို ကြားရသဖြင့် မီလာနီ ဆေးရုံမှ ပြန်လာကြောင်း သိရသည်။ မီလာနီ ခြေသံက တစ်လှမ်းချင်းမဟုတ်။ လှေကားကို တစ်ထစ်ကျော်၍ တက်လာသည့် ခြေသံ။ စကားလက်သည် လက်ထဲတွင် ဆံညှပ်ကို ကိုင်ရင်း ခြေသံကို နားစွင့်နေမိသည်။ မီလာနီသည် အမြဲတမ်း ခြေတစ်လှမ်းကို ကုဋေတစ်သန်း တန်သည် ဆိုရမလောက် ဣနြေ္ဒရရ လမ်းလျှောက်တတ်သည်။ ယခု ကသောကမျော တက်လာပုံကို ထောက်လျှင် တစ်ခုခုတော့ ဖြစ်လာပြီ။ မီလာနီသည် တံခါးကို ဖြုန်းခနဲ ဖွင့်ဝင်လာသည်။ မျက်နှာက နီရဲလျက်။ ထိတ်လန့် တုန်လှုပ်သည့် အမူအရာ ပေါ်နေသည်။

ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျနေသည်။ ဦးထုပ်က ခေါင်းပေါ်တွင် မရှိတော့။ ကုပ်ပေါ်သို့ လန်ကျနေသည်။

ဖဲကြိုးများက ပရမ်းပတာ။ လက်ထဲတွင် တစ်စုံတစ်ရာကို ဆုပ်ကိုင်လာသည်။ သူ့ကိုယ်မှ အပေါစား ရေမွှေးနံ့ ထွက်နေ၏။

‘စကားလက်’ မီလာနီက တံခါးကို ပိတ်လိုက်ပြီး ခုတင်ပေါ်တွင် ထိုင်သည်။ ‘ဒေါ်လေးကော ဟင်၊ အိမ်မှာ ရှိသလား၊

မရှိဘူး မဟုတ်လား၊ အမယ်လေး တော်ပါသေးရဲ့ကွယ်၊ မီလာနီဖြင့် ထိတ်လိုက်တာ၊ ရင်တွေ ဘယ်လိုဖြစ်နေမှန်း မသိဘူး၊ ဦးလေး ပီတာက ဒေါ်လေးကို တိုင်ပြောမယ်လို့ ပြောနေတယ်’

‘ဘာကို တိုင်ပြောမှာလဲ’



‘မီလာနီလေ၊ ဟို ဟို’ မီလာနီက ရုတ်တရက် မပြောနိုင်။ သူ့မျက်နှာကို လက်ကိုင်ပဝါဖြင့် ယပ်ခတ်နေသည်။ ‘အို

ဆံပင်နီနီနှင့် မိန်းမ ဘဲလ် ဝက်တလင်းနှင့် စကားပြောခဲ့မိလို့’

‘ဟင် ဘယ်လိုကြောင့်လဲ’

258



စကားလက်လည်း လန့်သွားသည်။



ဘဲလ် ဝက်တလင်းမှာ သူ အတ္တလန်တာသို့ ရောက်သည့်နေ့က လမ်းပေါ်တွင် တွေ့ခဲ့ရသည့် ဆံပင်နီနီနှင့်

အမျိုးသမီးဖြစ်သည်။ တစ်မြို့လုံးက သူ့အကြောင်းကို သိကြသည်။ စစ်သားတွေ ရောက်လာပြီးနောက် အတ္တလန်တာတွင် ပြည့်တန်ဆာတွေ များလာသည်။ ထိုအထဲတွင် ဘဲလ် ဝက်တလင်းက အထင်ရှားဆုံး။ ဆံပင်က ရဲရဲနီနေသည်။ အဝတ်အစားက တောက်တောက်ပပ။ ခေတ်ဆန် လိုက်သည်မှာလည်း ဆိုစရာ မရှိတော့။ ထို့ကြောင့် ပြည့်တန်ဆာများထဲတွင် ဝက်တလင်းက အထင်ရှားဆုံး ဖြစ်နေသည်။ မက်မုံပင် လမ်းမပေါ်တွင် တွေ့ခဲ့ရသော်လည်း လမ်းတွင် သူ့ကို မြင်လျှင် အမျိုးသမီးများက ဝေးဝေးမှ ရှောင်ကြသည်။ ယခု မီလာနီက ထိုမိန်းမနှင့် စကားပြောလာပြီ။ ဦးလေး ပီတာ စိတ်ဆိုးလိုက်သည့်ဖြစ်ခြင်း။

‘ဒေါ်လေး သိရင်တော့ ဒုက္ခပဲ၊ ငိုသရော ရယ်သရော လုပ်ပြီး မီလာနီ သိက္ခာ မရှိတော့ဘူးလို့ တစ်မြို့လုံးကို

လျှောက်ပြောတော့မှာ၊ မီလာနီလည်း ပြောချင်လို့ ပြောရတာ မဟုတ်ပါဘူးကွယ်၊ ဒါပေမယ့် သူက လိုက်ပြောတော့ ဘယ့်နှယ်လုပ်မလဲ၊ ထွက်ပြေးလို့လည်း မဖြစ်ဘူး၊ လက်ခံ စကားမပြောရင်လည်း သိပ်ရိုင်းရာရောက်မှာပေါ့၊ သနားပါတယ်ကွယ်၊ သူ့ကို သနားမိလို့ မီလာနီ မမှားပါဘူးနော်၊ ဘယ်လိုထင်သလဲ ဟင် စကားလက်’

စကားလက်က မှားသည် မှန်သည်ကို မစဉ်းစားမိ။ အပြစ်ကင်းသည့် အမျိုးကောင်း သမီးလေးများ ထုံးစံအတိုင်း

ပြည့်တန်ဆာများ အကြောင်းကို သိချင်နေသည်။

‘သူက ဘာလိုက်ပြောတာလဲ၊ ဘာတဲ့လဲ’



‘စကားတောင် သဒ္ဒါ

ဝါကျ

မှန်အောင်

မပြောတတ်ရှာပါဘူးကွယ်၊ ကြိုးစားတော့ ပြောရှာပါတယ်၊ မီလာနီ

စိတ်မကောင်းလိုက်တာ၊ မီလာနီ ဆေးရုံက ဂျူတီပြီးလို့ ပြန်တော့ ဦးလေး ပီတာလည်း မတွေ့ဘူး၊ ရထားလည်း မတွေ့ဘူး၊ ဒါနှင့် လမ်းလျှောက်ပြန်မယ်လေဆိုပြီး ပြန်လာတယ်၊ မာတင်တို့ အိမ်နားရောက်တော့ သူက ခြံစည်းရိုးနောက်မှာ ပုန်းနေတယ်၊ သူက ကျွန်မ စကား တစ်ခွန်းလောက် ပြောပါရစေတဲ့၊ မီလာနီ့ နာမည်ကိုလည်း ခေါ်တယ်၊ ဘယ်လိုလုပ်ပြီး သိမှန်းတော့ မသိဘူး၊ အမှန်ကတော့ အပြောမခံဘဲ ထွက်ပြေးခဲ့ဖို့ ကောင်းတာပေါ့၊ ဒါပေမယ့် သူ့မျက်နှာက ညှိုးနေတယ်၊ ပြီးတော့ အသနားခံတဲ့ မျက်နှာ၊ အဝတ်အစားကလည်း အပေါ် အနက်၊ အောက် အနက်နှင့်၊ နှုတ်ခမ်းနီ ပါးနီတို့လည်း ဆိုးမထားဘူး၊ ဆံပင်ရဲရဲနီနေတာ တစ်ခုက လွဲရင် တကယ့် မိန်းမကောင်းတစ်ယောက်လိုပဲ၊ ဣနြေ္ဒရရ ဝတ်လို့၊ သူက ခုလို လိုက်ပြောဖို့တော့ မကောင်းပါဘူးတဲ့၊ ဒါပေမယ့် မစ္စက်အယ်လဆင်း ဆိုတဲ့ ကြက်မကြီးကို သွားပြောတော့ အပြောမခံဘူးတဲ့၊ ဆေးရုံထဲက မောင်းထုတ်တယ်တဲ့’

‘မစ္စက် အယ်လဆင်းကို ကြက်မကြီးတဲ့လား’



စကားလက်က သဘောကျ၍ ရယ်လိုက်သည်။



‘နေစမ်းပါဦးကွယ်၊ မရယ်စမ်းပါနှင့်၊ ကြည့်ရတာ ဆေးရုံမှာ မနက်တိုင်း လာပြီး သူနာပြုပေးမယ်လို့ သွားပြောတော့

မစ္စက် အယ်လဆင်းက မောင်းထုတ်လိုက်သတဲ့၊ သူဟာ ပြည်နယ် အတွက် တစ်ခုခု လုပ်ပေးချင်တယ်တဲ့၊ သူလည်း ကိုယ်တို့လို ပြည်နယ်ချစ်စိတ်ရှိပါတယ်တဲ့၊ မီလာနီ တော်တော် စိတ်မကောင်းဖြစ်သွားတယ်၊ သူ့စေတနာကိုလည်း လေးစားသွားတယ်၊ ပြည်နယ်အကျိုးကို ဆောင်ရွက်ချင်တယ် ဆိုတော့ မဆိုးပါဘူးနော်၊ မီလာနီ ထင်တာ မှန်ရဲ့လားဟင်’

259



‘အို မှန်မှန် မှားမှား ဘယ်သူ့ကို ဘာဂရုစိုက်စရာ ရှိသလဲ၊ ပြီးတော့ကော သူက ဘာပြောသေးသလဲ’



‘ဆေးရုံကိုသွားပြီး လုပ်အားပေးတဲ့ အမျိုးသမီးတွေကို သူ စောင့်ကြည့်နေတယ်တဲ့၊ မီလာနီကတော့ သဘောကောင်းပုံ

ပေါ်တာနှင့် မီလာနီကို လိုက်ပြီး ပြောတာတဲ့။ သူ့မှာ ပိုက်ဆံ နည်းနည်းပါးပါးလည်း ရှိတယ်တဲ့၊ အဲဒါ ဆေးရုံကို လှူပေးစေချင်တယ်တဲ့၊ ဘယ်သူက လှူတယ်ဆိုတာ မပြောပါနှင့်တဲ့၊ သိသွားရင် မစ္စက် အယ်လဆင်းတို့က လက်မခံမှာ စိုးလို့ပါတဲ့၊ မီလာနီလည်း ဝမ်းသာတာရော ဝမ်းနည်းတာရော တစ်မျိုးကြီးဖြစ်ပြီး သူ့ကို ကောင်းကောင်းတောင် စကား မပြောနိုင်တော့ဘူး၊ သူ့လက်ထဲက ဟောဒီ လက်ကိုင်ပဝါနှင့် အထုပ်ကလေး အတင်းထည့်လိုက်တာပဲ ကြည့်ပါလား၊ ရေမွှေးနံ့တောင် ရှိသေးတယ်’

မီလာနီက ယောက်ျားကိုင် လက်ကိုင်ပဝါတစ်ထည်ကို ပြသည်။ လက်ကိုင်ပဝါက ပေရေ ညစ်ပတ်နေပြီ။ အထဲတွင်

အကြွေများကို ထုပ်၍ ချည်ထားသည်။

‘ဒီလိုနှင့် သူက အပတ်တိုင်း လာလာပြီး လှူမယ့် အကြောင်းပြောနေတုန်း ဦးလေး ပီတာ ရထားအနား ရောက်လာတာပဲ’

မီလာနီက မျက်ရည်တွေ စီးကျလာကာ မျက်နှာကို ခေါင်းအုံးတွင် အပ်လိုက်သည်။ ‘မီလာနီနှင့် သူ စကားပြောနေတာလည်း မြင်ရော ဦးလေး ပီတာက အော်တော့တာပါပဲ၊ ဖအေ မအေတောင် မီလာနီကို ဒီလိုတစ်ခါမှ မအော်ဖူးဘူး၊ လာ ရထားပေါ်ခုတက်လို့ ခေါ်ပြီး တစ်လမ်းလုံး ဆူလာလိုက်တာ၊ ပြီးတော့ ဒေါ်လေးကိုလည်း တိုင်ပြောမယ်တဲ့၊ ဒေါ်လေးကို မပြောဖို့ ဦးလေး ပီတာကို စကားလက် သွားပြောပေးပါကွယ်နော်၊ စကားလက် ပြောရင် ရမှာပါ၊ ဒီ သတင်းသာ ဒေါ်လေး ကြားရင်တော့ တက်သေမယ်တောင် ထင်တယ်၊ နော် သွားပြောပေးနော်’

‘ပြောတာပေါ့၊ နေပါဦး၊ ပိုက်ဆံ ဘယ်လောက်လဲလို့ ကြည့်ရအောင်၊ လေးတော့ အလေးကြီးပဲ’



စကားလက်က အထုပ်ကို ဖြေလိုက်သည်။ ရွှေဒင်္ဂါးပြားများ အိပ်ရာပေါ်သို့ ထွက်ကျလာ၏။



‘ဒေါ်လာ ငါးဆယ် ရှိတယ်၊ ရွှေဒင်္ဂါးချည်းပဲ’ မီလာနီက ရွှေဒင်္ဂါးပြာများကို ရေရင်း ပြောသည်။ ‘ရှေ့တန်းစစ်သားတွေ

အတွက် ဒီလို ပိုက်ဆံမျိုးကို သုံးလို့ ကောင်းပါ့မလား ဟင်၊ စကားလက် ဘယ်လိုထင်သလဲ၊ ဒီပိုက်ဆံဟာ ဒုစရိုက်အလုပ်နှင့် ရတဲ့ ပိုက်ဆံဖြစ်ပေမယ့် ဆေးရုံကို လှူတဲ့အခါကျတော့ သန့်ရှင်း သွားမှာပါနော်၊ ဆေးရုံကလည်း ငွေလိုနေတယ် မဟုတ်လား’

မီလာနီက တတွတ်တွတ် ပြောနေသည်။ သို့ရာတွင် သူ့စကားများကို စကားလက် မကြား။ စကားလက်သည်

ညစ်ပတ်ပေရေသည့် လက်ကိုင်ပဝါကို ကြည့်ရင် ဒေါသအမျက်ခြောင်းခြောင်း ထွက်နေသည်။ ရှက်လည်း ရှက်နေသည်။ လက်ကိုင်ပဝါ

ထောင့်စွန်းတွင်

ပိုးချည်ဖြင့်

ထိုးထားသည့်

အတိုကောက်

စားလုံးများကို

မြင်လိုက်ရသည်။

ရက်

ဘတ်တလာ၏ အမည်ကို အတိုကောက် ရေးထားသည်။ သူ့ဗီရို အံဆွဲထဲတွင် ဤစာလုံးမျိုး ထိုးထားသည့် လက်ကိုင်ပဝါ တစ်ထည်ပင်ရှိသေးသည်။ မနေ့က တောပန်းများ ခူးခဲ့ကြစဉ် ပန်းပွင့်များကို စည်းရန် ရက် ဘတ်တလာက ပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ ညစာစားလာမှ ပြန်ပေးရန် လျှော်ဖွပ်၍ သိမ်းထားခဲ့သည်။

ရက် ဘတ်တလာသည် မည်သူ့ကိုမျှ မရှောင်။ ဤမိန်းမကိုလည်း ပိုက်ဆံတွေ ပေးနေသည်။ လက်စသတ်တော့

ဆေးရုံကို လှူသည့် ပိုက်ဆံသည် ရက် ဘတ်တလာ၏ ပိုက်ဆံ။ ဒေါ်လာပြားတွေ။ ယန်ကီတို့ထံမှ ပိတ်ဆို့မှုကို ဖြတ်၍

260

ယူလာသည့် ရွှေဒင်္ဂါးပြားတွေ။ ရက် ဘတ်တလာသည် ဤလို မိန်းမပျက်နှင့် ပျော်ပါးပြီးနောက် အမျိုးကောင်းသမီးတွေ မျက်နှာကို စေ့စေ့ ကြည့်ရဲသူ။ သူ့ကိုပင် ချစ်နေသေးသည်ဟု စကားလက် ထင်လိုက်မိသေးသည်။ မဖြစ်နိုင်။ ရက် ဘတ်တလာ သူ့ကို ချစ်နေသည်ဆိုခြင်းမှာ မဖြစ်နိုင်။

မကောင်းသော မိန်းမများနှင့် တကွ သူတို့နှင့် ထွေးရော ယှက်တင် နေတတ်သူများ အကြောင်းကို စကားလက်

နားမလည်။ ယောက်ျားများက ဤလို မကောင်းသော မိန်းမများကို ပိုက်ဆံကြေးငွေ ထောက်ပံ့နေခြင်းမှာ အကြောင်းမဲ့ မဟုတ်။ အမျိုးကောင်းသမီးတို့ မပြောအပ်သော၊ ပြောလျှင်လည်း သွယ်သွယ်ဝိုက်ဝိုက်ဖြင့် တိုးတိုးသာ ပြောအပ်သော အကြောင်းများကြောင့်သာ ဖြစ်ရမည်။ သာမန် အောက်တန်းစား လူပေ လူတေများသာ ဤလို မိန်းမများထံ သွားကြသည်ဟု စကားလက် ထင်ခဲ့သည်။ အိမ်ကောင်းများတွင် လူကောင်းများနှင့် တွေ့၍ သူနှင့်အတူ ကခဲ့သည့် လူများကမူ ဤအရာမျိုးကို လုပ်ကြလိမ့်မည်ဟု စကားလက် နည်းနည်းမျှ မထင်ခဲ့။ ယခုမူ ယောက်ျားတို့ အကြောင်းကို စကားလက် သိပြီ။

ယောက်ျားဟူသည် ကြောက်စရာတွေချည်း ဖြစ်သည်။ ယောက်ျားအားလုံး ဤကိစ္စနှင့် ကင်းရှင်းဟန် မတူ။

ယောက်ျားဆိုသည့် သတ္တဝါမျိုးသည် အိမ်က မယားနှင့်ပင် ကျေနပ်တင်းတိမ်ဟန် မရှိ။ အောက်တန်းစား မိန်းမတွေကို ကြေးပေး၍ ပျော်ပါးလိုက်ကြသေးသည်။ မကောင်း။ ဘယ်ယောက်ျားမျှ မကောင်း။ ထိုအထဲတွင် အဆိုးဆုံးက ရက် ဘတ်တလာ ဆိုသည့်လူ။

စကားလက်သည် ဤလက်ကိုင်ပဝါဖြင့် ရက် ဘတ်တလာ၏ မျက်နှာကို ပစ်ပေါက်ပြီး အိမ်ထဲမှ နှင်ထုတ်ပစ်ချင်သည်။

သူနှင့် တစ်ခါတည်း အဆက်ဖြတ်ပစ်လိုက်ချင်သည်။ သို့ရာတွင် သူ မလုပ်နိုင်။ မိန်းမပျက်တွေထံ ရက် ဘတ်တလာ သွားတတ်ကြောင်းကို မဆိုထားနှင့် မိန်းမပျက်များ ရှိကြောင်း သူသိသည်ဆိုသည်ကိုပင် ရက် ဘတ်တလာ အသိ မခံနိုင်။ အမျိုးကောင်းသမီး တစ်ယောက်အနေဖြင့် မလုပ်နိုင်။

‘အင်း၊ ငါက မိန်းကလေးတစ်ယောက် မဟုတ်ဘဲ ယောက်ျားလေး ဆိုရင်တော့လည်း အကောင်းသား၊ ယောက်ျားလေး

ဆိုရင်လည်း ဒီ တေလေကြမ်းပိုးကို ရစရာ မရှိအောင် ပြောပစ်လိုက်ပါတယ်’

စကားလက်က လက်ကိုင်ပဝါကို လက်ထဲတွင် ဆုပ်ချေရင်း ဦးလေးပီတာကို ရှာရန် အောက်ထပ် မီးဖိုဆောင်သို့

ဆင်းလာခဲ့သည်။ မီးဖိုနား အရောက်တွင် လက်ကိုင်ပဝါကို မီးတောက်ထဲသို့ ပစ်ထည့်လိုက်သည်။ လက်ကိုင်ပဝါကလေး လောင်ကျွမ်းပြာကျသွားသည်ကို ဒေါသဖြင့် ကြည့်နေမိသည်။

261

၁၄



၁၈၆၃ ခု နှစ်ဦးသို့ အရောက်တွင် တောင်ပိုင်းသားများ အားလုံး စိတ်ဓာတ် တက်ကြွနေကြသည်။ အခက်အခဲများ၊

အကျပ်အတည်းများ ရှိသည်။ အစားအသောက် ရှားပါး၍ ကုန်ဈေးနှုန်းတွေ ကြီးသည်။ အသေအပျောက် များ၍ ရောဂါ ထူပြောသည်။ လူတိုင်း ဒုက္ခ ရောက်ကြရသည်။ သို့တိုင်အောင် တောင်ပိုင်းသားတို့ စိတ်ဓာတ်မကျ။ မနှစ် နွေကထက်ပင် စိတ်ဓာတ် အခြေအနေ ကောင်းနေသည်။ နောက်ထပ် အောင်ပွဲ တစ်ပွဲလောက် ရလျှင် ပြည်တွင်းစစ် ပြီးတော့မည်ဟု ယုံကြည်နေကြသည်။ ယန်ကီများသည် အခွဲရ ခက်သော သစ်သီးများ ဖြစ်သည်။ သို့ရာတွင် မည်သို့ အခွဲရ ခက်ခက် ကွဲအက်စ ပြုနေပြီ။

၁၈၆၂ ခု နာတာလူး ပွဲတော်သည် အတ္တလန်တာ အဖို့ ပျော်စရာ ကောင်းသည်။ တောင်ပိုင်း ပြည်နယ်များ အတွက်လည်း

ထို့အတူပင် ဖြစ်သည်။ သီးခြား ပြည်နယ်တပ်များက ဖရက်ဒရစ်ဘတ်တွင် လျှမ်းလျှမ်းတောက် အောင်ပွဲ တစ်ပွဲ ရလိုက်သည်။ ယန်ကီ အကျအဆုံးမှာ ထောင်နှင့်ချီ၍ ရှိသည်။ နာတာလူး ပွဲတော်သည် အစဉ်အလာအရကိုက ပျော်စရာ ကောင်းသည်။ အောင်ပွဲနှင့် တိုက်ဆိုင်နေသည့် အခါတွင်မူ ပို၍ ပျော်စရာ ကောင်းလာသည်။ သီးခြား ပြည်နယ် တပ်မတော်သည် တိုက်စွမ်းရည် ကောင်းသည့် စစ်တပ်ကြီး တစ်တပ် ဖြစ်နေပြီ။ စစ်ဗိုလ်ချုပ်များကလည်း သူတို့ အရည်အချင်းကို ကောင်းကောင်း ပြနိုင်ခဲ့ပြီ။ နွေဦးပေါက် ထိုးစစ် ပြန်စလျှင် ယန်ကီတို့ ဗုန်းဗုန်းလဲ ကျဆုံးတော့မည်။

နွေဦး အရောက်တွင် တိုက်ပွဲများ ပြန်စသည်။ မေလထဲတွင် သီးခြား ပြည်နယ်တပ်များက ချယ်ဆယ်လာဗီးလ်တွင်

နောက်ထပ် အောင်ပွဲကြီး တစ်ပွဲ ရလိုက် ပြန်သည်။ တောင်ပိုင်းသားတို့ သွေးကြွနေကြသည်။

ဂျော်ဂျီယာ နယ်ထဲသို့ ထိုးဖောက် ဝင်လာသည့် ပြည်ထောင်စု မြင်းတပ် တစ်တပ်ကို တွန်းလှန် မောင်းထုတ်

နိုင်ခဲ့သည်။ `ဗိုလ်ချုပ် ဖောရက်နှင့် တွေ့ရင် ဒီကောင်တွေ ဘာခံနိုင်မှာလဲဗျာ’ ဟု တစ်ယောက်ကို တစ်ယောက် ဝမ်းသာအားရ ပြောကြသည်။ ဧပြီလကုန်တွင် ဗိုလ်မှူးကြီး စထရိုက် ကွပ်ကဲသည့် တပ်သား တစ်ထောင့် ရှစ်ရာပါ ပြည်ထောင်စု မြင်းတပ် တစ်တပ်က ဂျော်ဂျီယာ ပြည်နယ်ထဲသို့ အလစ် ဝင်တိုက်သည်။ ရည်မှန်းချက်မှာ အတ္တလန်တာနှင့် မိုင်ခြောက်ဆယ်သာ ကွာသည့် ရောမ ဆိုသည့် မြို့ငယ်ကလေးကို သိမ်းရန်၊ ထိုမှ အတ္တလန်တာနှင့် တင်နဆီ မီးရထားလမ်းကို ဖြတ်တောက်ရန်၊ ထိုနောက် တောင်ဘက် အတ္တလန်တာသို့ ဆင်းလာကာ စက်ရုံများ၊ စစ်လက်နက်ရုံများကို ဖျက်ဆီးရန် ဖြစ်သည်။

ပြည်ထောင်စု တပ်၏ ထိုးစစ်က အတင့်ရဲလွန်းသည်။ ဗိုလ်ချုပ် ဖောရက်သာ မရှိလျှင် တောင်ပိုင်းတပ်များ ခုခံရန်

မလွယ်။ ဗိုလ်ချုပ် ဖောရက်သည် ရန်သူထက် သုံးပုံ တစ်ပုံမျှသာ ရှိသည့် အင်အားဖြင့် ရောမ မရောက်ခင် လမ်းမှဆီး၍ ခုခံ တိုက်ခိုက်သည်။ နေ့ရော ညပါ ရန်သူကို အနှောင့်အယှက် ပေးသည်။ သို့ဖြင့် နောက်ဆုံးတွင် ရန်သူတပ် တစ်တပ်လုံးကို ဖမ်းမိခဲ့သည်။

ထိုသတင်းသည် ချန်ဆယ်လာဗီးလ်တွင် အောင်ပွဲ ရသည့် သတင်းနှင့်အတူ အတ္တလန်တာသို့ ရောက်လာသည်။

262

တစ်မြို့လုံး ပျော်နေကြသည်။ စိတ်အား တက်ကြွ နေကြသည်။ ချန်ဆယ်လာဗီးလ် အောင်ပွဲသည် အရေးကြီးသော အောင်ပွဲ ဖြစ်သော်လည်း ဗိုလ်မှူးကြီး စထရိုက်၏ ယန်ကီ မြင်းတပ် တစ်တပ်လုံးကို ဖမ်းမိလိုက်ခြင်းကြောင့် ပို၍ ပျော်ကြသည်။

`ဗိုလ်ချုပ် ဖောရက်ကို ဒီလို လာစမ်းလို့ ဘယ်ရမလဲဗျာ’ ဟု အတ္တလန်တာ မြို့သူ မြို့သားများက ဝမ်းပန်းတသာ

ပြောကြသည်။ ထိုအကြောင်းကို ထပ်ခါတလဲလဲ ပြောကြသည်။

သီးခြား ပြည်နယ်က အသာစီး ရနေပြီ၊။ ဒီရေကြီး တက်နေပြီ။ အတ္တလန်တာ မြို့သူ မြို့သားများသည် ဒီရေတွင် ကူးခတ်

ပျော်မြူး နေကြသည်။ မှန်သည်။ ဗိုလ်ချုပ် ဂရန့် ကွပ်ကဲသည့် ယန်ကီတပ်များက တစ်လလောက် ကတည်းက ဗစ်စဘတ်ကို ဝိုင်းထားကြသည်။ မှန်သည်။ ချန်ဆယ်လာဗီးလ်တွင် တောင်ပိုင်း ဗိုလ်ချုပ် ဂျက်ဆန် ဒဏ်ရာရခဲ့သည်။ ဟုတ်သည်။ ဖရက်ဒရစ်ဘတ်တွင် တောင်ပိုင်း ဗိုလ်ချုပ် ကော့ပ် ကျခဲ့သည်။ သို့ရာတွင် ယန်ကီတို့ နောက်ထပ် အရှုံး မခံနိုင်တော့။ သို့ရာတွင် ယန်ကီတို့သည် နောက်ထပ် ဗစ်စဘတ်၊ နောက်ထပ် ချန်ဆယ်လာဗီးလ် တိုက်ပွဲမျိုးကို မတိုက်နိုင်ကြတော့။ အရှုံး ပေးရတော့မည်။ မကြာမီ ကြောက်မက်ဖွယ် ပြည်တွင်းစစ်ကြီး ပြီးတော့မည်။

သို့ဖြင့် ဇူလိုင် လဆန်းသို့ ရောက်လာသည်။ တောင်ပိုင်း ဗိုလ်ချုပ် လီးသည် ပင်ဆယ်ဗေးနီးယား ပြည်နယ်ထဲသို့

ထိုးဖောက် ဝင်သွားပြီ ဟူသော သတင်းများ ထွက်လာသည်။ ရန်သူ နယ်မြေကို စီးမိပြီ။ ဤ တိုက်ပွဲသည် ပြည်တွင်းစစ် အဆုံးသတ် တိုက်ပွဲ ဖြစ်လိမ့်မည်။

အတ္တလန်တာ

တစ်မြို့လုံး

ပျော်နေသည်။

လှုပ်လှုပ်

ရွရွ

ဖြစ်နေသည်။

ရန်သူကို

လက်စားချေလိုစိတ်

ပြင်းထန်နေသည်။ ပြည်တွင်းစစ်ကို တိုက်ရခြင်းသည် မည်မျှ ဆိုးကြောင်း ယန်ကီတို့ ကောင်းကောင်း သိကြ တော့မည်။ လယ်မြေများ ကောခဲ့ရသည်။ ကျွဲ နွား တိရစ္ဆာန်များ ပျက်စီးခဲ့ရသည်။ အိမ်ခြေ ယာခြေတွေ မီးလောင်ခဲ့ရသည်။ ယောက်ျားများ အကျဉ်းထောင်ထဲသို့ ရောက်ကြရသည်။ အမျိုးသမီးများနှင့် ကလေးများ ငတ်ပြတ်ကြရသည်။ ဤသို့ ဖြစ်ရခြင်းသည် မည်မျှ ဆိုးရွား ရက်စက်ကြောင်းကို ယန်ကီတို့ နားလည်ကြတော့မည်။

မစ်ဇိုရီ၊ ကင်တပ်ကီ၊ တင်နဆီနှင့် ဗာဂျီးနီးယားနယ်တို့တွင် ယန်ကီတို့ သောင်းကျန်းခဲ့ကြပုံကို လူတိုင်း သိသည်။

သူတို့

သိမ်းပိုက်ပြီး

နယ်မြေတွင်

ယန်ကီတို့

အနိုင်ကျင့်ကြပုံကို

ကလေးများပင်

ဒေါသ

အမျက်ခြောင်းခြောင်းဖြင့်

ပြန်ပြောနိုင်ကြသည်။ အတ္တလန်တာတွင် တင်နဆီနယ်မှ ပြေးလာသည့် စစ်ပြေး ဒုက္ခသည်တွေ ပြည့်နေသည်။ သူတို့ထံမှ ယန်ကီတို့ အနိုင်ကျင့်ကြပုံကို အရင်းအတိုင်း ကြားရသည်။ ထိုဒေသတွင် ပြည်နယ် ခွဲထွက်ရေး ထောက်ခံသူမှာ အနည်းစု ဖြစ်သည်။ ထိုအနည်းစုကို ညှဉ်းပန်းကြသည်။ အိမ်နီးချင်း အချင်းချင်း တစ်ယောက်ကို တစ်ယောက် သတင်းပေး ကြသည်။ ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် သတ်ကြသည်။ ထို့ကြောင့် ပင်ဆယ်ဗေးနီးယား ပြည်နယ်ကို မုန်းနေကြသည်။ မီးဟုန်းဟုန်း တောက်၍ ပြာကျ သွားစေချင်ကြသည်။ အနူးညံ့ဆုံး ဆိုသည့် အဘွားအိုကြီးများပင်လျှင် ပင်ဆယ်ဗေးနီးယား ပြည်နယ် ဒုက္ခရောက်သည်ကို အပြုံးဖြင့် ကြည့်ချင်ကြသည်။

သို့ရာတွင် ပင်ဆယ်ဗေးနီးယား ပြည်နယ်တွင် မည်သည့် ကိုယ်ပိုင် ပစ္စည်းကိုမျှ လက်ဖျားဖြင့် တို့ထိခြင်း မရှိစေရ။

လုယက်လျှင် သေဒဏ် ပေးမည်။ ပြည်နယ် တပ်မတော်သည် သိမ်းယူရသည့် ပစ္စည်းတိုင်းကို တန်ရာတန်ဖိုး ပေးမည်ဟု ပြည်နယ် ဗိုလ်ချုပ် လီးက ကြေညာသည် ဟူသော သတင်း ထွက်လာသည်။ ဗိုလ်ချုပ် လီးကို တောင်ပိုင်းသားတွေက

263

မကျေနပ်ကြ။ လေးစားမှုကြောင့်သာ ဤမျှ ခံခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဗိုလ်ချုပ် လီးကို မည်သူကမျှ ကြိုက်ကြတော့မည် မဟုတ်။ ပင်ဆယ်ဗေးနီးယား ပြည်နယ်လို ပစ္စည်းပေါသည့် ပြည်နယ်တွင်မှ မယူရလျှင် မည်သည့် နေရာက ပစ္စည်းတွေ ယူရမည်နည်း။ ဗိုလ်ချုပ် လီး မည်သို့ စိတ်ကူး ပေါက်သွားသနည်။ ပြည်နယ် တပ်များတွင် အဝတ်အထည်၊ ဖိနပ်၊ မြင်း စသည်တို့ လိုနေသည် မဟုတ်လော။

ဤအကြောင်းကို ဒေါက်တာမိထဲ ရေးလိုက်သည့် သူ့သား ဒါစီမိ၏ ထံမှ သိရခြင်း ဖြစ်သည်။ သူ့စာကို ဖတ်၍

အတ္တလန်တာ တစ်မြို့လုံး ဒေါသ ထွက်နေကြသည်။

`ကျွန်တော်တို့ ဖိနပ်ရှည် တစ်ရန်လောက် ပို့မပေး နိုင်ဘူးလား ဖေဖေ၊ ဖိနပ် မစီးရတာ နှစ်ပတ်ကျော်ကျော်လောက်

ရှိနေပြီ၊ နောက်ထပ် ဖိနပ် တစ်ရန် ရဖို့လည်း အလားအလာ မရှိသေးဘူး၊ ကျွန်တော့် ခြေထောက်က ကြီးတော့ သူများတွေလို ယန်ကီ စစ်သား အလောင်းက ဖိနပ်တွေကို ချွတ်စီးလို့လည်း မရသေးဘူး၊ ယန်ကီတွေထဲမှာ ကျွန်တော့်လောက် ခြေထောက် ကြီးတာ တစ်ယောက်မှ မတွေ့သေးဘူး၊ ရရင် စာတိုက်က မပို့ပါနှင့်၊ လမ်းက ဖြတ်ခိုးလိမ့်မယ်၊ ခိုးတဲ့သူကိုလည်း ကျွန်တော် အပြစ်မတင်ပါဘူး၊ ဖိလစ်ကို ရထားနှင့် တင်လွှတ်ပြီး အပို့ခိုင်းလိုက်ပါ၊ နောက် နေရာသစ် ရောက်ရင် စာရေးပါဦးမယ်၊ ဘယ်ကို ရောက်မယ်လို့တော့ မပြောနိုင်သေးဘူး၊ ခုတော့ မေရီလင်း ပြည်နယ်ထဲမှာပဲ ရှိသေးတယ်၊ တပ်သားတွေကတော့ ပင်ဆယ်ဗေးနီးယား ပြည်နယ်ဘက်ကို သွားရမယ်လို့ ပြောနေကြတာပဲ။

`ဖေဖေ၊ ကျွန်တော်တို့ကတော့ ယန်ကီတွေကို သူတို့ ဖော်တဲ့ဆေး ပြန်တိုက်ချင်တယ်၊ ဒါပေမယ့် ဗိုလ်ချုပ်က

မလုပ်ရဘူးတဲ့၊ ကျွန်တော့် သဘောကတော့ ပစ်သတ်ချင် ပစ်သတ်ပေ့စေ၊ ယန်ကီ အိမ်တွေကို မီးတိုက်ပစ်ချင်တာပဲ၊ ဒီနေ့ ပြောင်းခင်းကြီး တစ်ခင်းထဲက ချီတက်ခဲ့ရတယ်၊ ကောင်းလိုက်တဲ့ အနှံကြီးတွေ၊ ကျွန်တော်ဖြင့် တစ်ခါမှ မမြင်ဘူးသေးဘူး၊ ကျွန်တော်တို့ ဘက်မှာလည်း မရှိဘူး၊ ဒါနှင့် ကျွန်တော်တို့လည်း ဘယ်နေနိုင်မလဲ၊ ငတ်ပြတ်လည်း နေတော့ နည်းနည်း ပါးပါး ယူစားကြတာပေါ့၊ ဗိုလ်ချုပ်တော့ မသိဘူး၊ ဒါပေမယ့် ဖေဖေရေ၊ ပြောင်းဖူးတွေက မနိပ်ဘူး၊ အဲဒါတွေ စားပြီး ဝမ်းကိုက်ကြလို့၊ ရဲဘော်တွေ တော်တော် ဒုက္ခ ရောက်ကြတယ်၊ ဝမ်းကိုက်ရင်း ချီတက်ရတာနှင့် စာရင် ခြေထောက်မှာ ဒဏ်ရာနှင့် ချီတက်ရတာက တော်သေးတယ်၊ ဖေဖေ ကျွန်တော် မှာတဲ့ ဖိနပ်ရှည်ကို ပို့ဖြစ်အောင် ပို့ပေးပါ၊ ကျွန်တော် ဗိုလ်ကြီး ဖြစ်ပြီ၊ ဝတ်စုံ အသစ် ပခုံး တံဆိပ် အသစ် မရတောင် ဖိနပ်တော့ ပါမှ ကောင်းမယ် မဟုတ်လား’

သို့ရာတွင် ယခု ပြည်နယ်တပ်များက ပင်ဆယ်ဗေးနီးယား ပြည်နယ်ကို သိမ်းပြီးကြပြီ။ ဘာမျှ ပူစရာ မလိုတော့။

နောက်ထပ် အောင်ပွဲ ရလျှင် ပြည်တွင်းစစ်ကြီး ပြီးတော့မည်။ ဒါစီမိလည်း သူ လိုချင်သည့် ဖိနပ်ရှည်ကြီးတွေ ရတော့မည်။ စစ်သားတွေ အိမ်ပြန် ကြရတော့မည်။ ပျော်ကြရတော့မည်။ ဆရာဝန် ကတော် ဒေါ်ဒေါ်မိသည် သူ့သား စစ်သားကြီး အိမ်ပြန်လာသည်ကို မြင်ယောင်ရင်း မျက်ရည်တွေ ဝဲနေသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် မြောက်ပိုင်းမှ လာသည့် ကြေးနန်းများ အားလုံး တိတ်နေသည်။ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ်

အထိ ဘာသတင်းမျှ မရ။ မွန်းလွဲကျမှ အတ္တလန်တာ ဌာနချုပ်သို့ သတင်းအချို့ ရောက်လာသည်။ ပင်ဆယ်ဗေးနီးယား ပြည်နယ် ဂက်တီစဘတ် မြို့ကလေး အနီးတွင် တိုက်ပွဲ အပြင်းအထန် ဖြစ်နေသည်ဟု ကြားရသည်။ ဗိုလ်ချုပ် လီး၏ စစ်တပ် တစ်တပ်လုံး ထိုနေရာသို့ ရောက်နေသည်။ သတင်းက မသေချာ။ ရန်သူ နယ်မြေထဲတွင် တိုက်ပွဲ ဖြစ်နေသဖြင့် သတင်း အပို့ရ ခက်သည်။ ပထမ မေရီလင်း ပြည်နယ်သို့ ပို့ရသည်။ ထိုမှ ရစ်ခ်ျမွန်း၊ ထိုမှတဆင့် အတ္တလန်တာသို့ ပို့ရသည်။

264



အားလုံး တထိတ်ထိတ် ဖြစ်နေ ကြရသည်။ နောက်ဆုံးတွင် သတင်းဆိုးများသည် အတ္တလန်တာသို့ တဖြည်းဖြည်း

ရောက်လာကြသည်။ လုံးဝ သတင်း မကြားရသည်နှင့် စာလျှင် တော်သေးသည်။ ရှေ့တန်း စစ်မျက်နှာတွင် ကိုယ့်တူ ကိုယ့်သား ရှိသူများက သူတို့ တူတွေ သားတွေ ပင်ဆယ်ဗေးနီးယား စစ်မြေပြင်သို့ မရောက်ရန် ဆုတောင်းကြသည်။ သို့ရာတွင် ဒါစီမိနှင့် အတူ သူတို့ တူသားများ ပင်ဆယ်ဗေးနီးယားတွင် ရောက်နေသည်ဟု သိရသည့် မိသားစုများကမူ ယန်ကီတို့ကို အဆုံးသတ် ချေမှုန်းသည့် တိုက်ပွဲတွင် ပါရသဖြင့် ဂုဏ်ယူဖို့ ကောင်းသည်ဟု အံတကြိတ်ကြိတ်ဖြင့် ပြောကြသည်။

ဒေါ်လေး ပစ်တီ၏ အိမ်တွင် မိန်းမသား သုံးယောက် တစ်ယောက်ကို တစ်ယောက် စိုးရိမ်တကြီး လှမ်းကြည့်မိကြသည်။

မဖုံးဖိနိုင်။ အက်ရှလေက ဒါစီမိ၏ တပ်ရင်းတွင် ရှိသည် မဟုတ်လော။

ဇူလိုင်လ ၅ ရက်နေ့တွင် သတင်းဆိုးများကို အနောက်ဘက် စစ်မြေပြင်မှ ကြားရသည်။ ဗစ်စဘတ်မြို့ ကျသွားပြီ။

ယန်ကီတို့ ဝိုင်းထားသဖြင့် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး ကျသွားခြင်း ဖြစ်သည်။ စိန့်လူးဝစ်မှ နယူးအော်လီယန် အထိ မစ္စစပီမြစ်ဝှမ်း တစ်ခုလုံးကို ယန်ကီတို့က သိမ်းသွားသည်။ သီးခြား ပြည်နယ်ကို အလယ်မှ ထက်ပိုင်းဖြတ်၍ သိမ်းထားသည်။ သာမန် အချိန်တွင် ဆိုလျှင် ထိုသတင်းကြောင့် အတ္တလန်တာ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေမည် မုချ။ သို့ရာတွင် ပင်ဆယ်ဗေးနီးယားတွင် အပြင်းအထန် တိုက်နေရသည့် ဗိုလ်ချုပ် လီး၏ တပ်များကို အာရုံ စူးစိုက်နေရသဖြင့် အနောက်ဘက် စစ်မြေပြင်က သတင်းကို စိတ်မဝင်စားနိုင်။ အရှေ့ပိုင်းတွင် ဗိုလ်ချုပ် လီး နိုင်လျှင် အနောက်ပိုင်း ဗစ်စဘတ်မြို့ ကျသည်က ဘာမျှ အရေးမကြီး။ အရှေ့ပိုင်းတွင် နိုင်လျှင် ဖီလာဒယ်ဖီယား၊ နယူးယောက်၊ ဝါရှင်တန် စသည်တို့ကို ဆက်တိုက် သိမ်းနိုင်သည်။ သို့သိမ်းနိုင်လျှင် မြောက်ပိုင်း တစ်ခုလုံး သွက်ချာပါဒ လိုက်သွားတော့မည်။ ဤသို့ဆိုလျှင် မစ္စစပီ မြစ်ဝှမ်းကို သူတို့ ရှုံးသည့်တိုင် အရေးမကြီးတော့။

သို့ဖြင့် နာရီတွေ ကုန်ဆုံး သွားခဲ့သည်။ အတ္တလန်တာ မြို့ပေါ်တွင် မည်းမှောင်သည့် အရိပ်ကြီး တစ်ရိပ်

ထိုးကျနေသည်ဟု ထင်ရသည်။ မော့ကြည့်လိုက်၍ တိမ်ညို တိမ်မည်း ဟူ၍ ကြက်မ တစ်ဝပ်စာမျှ မရှိဘဲ ပကတိ ကြည်လင် ပြာလဲ့သော ကောင်းကင်ကြီးကို မြင်သည်တွင်မှ အလန့်တကြား ဖြစ်ကုန်ကြသည်။ ဆင်ဝင်အောက်တွင် လည်းကောင်း၊ လမ်းဘေး စင်္ကြံတွင် လည်းကောင်း၊ လမ်းလယ်တွင် လည်းကောင်း အမျိုးသမီးများသည် အစုလိုက်၊ အစုလိုက် စစ် သတင်း အကြောင်းကို ပြောနေကြသည်။ တစ်ယောက်ကို တစ်ယောက် အားပေးကြသည်။ ဣနြေ္ဒမပျက် ဟန်ဆောင်ကြသည်။ သို့ရာတွင် ဗိုလ်ချုပ် လီး ကျသွားပြီ၊ တိုက်ပွဲ ရှုံးသွားပြီ၊ အကျအဆုံး စာရင်းတွေ ရောက်လာပြီ ဟူသော ကောလာဟလများ ပေါ်လာသည့် နောက်တွင်မူ တိတ်ဆိတ်သော လမ်းမများပေါ်တွင် လင်းနို့များသဖွယ် လူးလာ ခတ်နေကြသည်။ မဖြစ်နိုင်ဟု အားတင်းကြသော်လည်း အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ မြို့လယ်သို့ သွားကြသည်။ သတင်းစာတိုက်သို့ သွားကြသည်။ စစ်ရုံးချုပ်သို့ သွားသူက သွားနေကြသည်။ သတင်း လိုချင်သည်။ သိချင်သည်။ သတင်းဆိုးပင် ဖြစ်စေ သိရလျှင် တော်ပြီ။

ဘူတာရုံတွင် လူတွေ ပြည့်နေသည်။ နောက် ဝင်လာမည့် ရထားများမှ သတင်းများ ပါလာနိုင်သည်။ ကြေးနန်းရုံးတွင်

ပြည့်လျက်။ အလုပ်များနေသော စစ်ရုံးချုပ်ရှေ့တွင်လည်း ဖွေးဖွေး လှုပ်နေသည်။ သတင်းစာတိုက်တွင်မူ လူများ၍ တိုက်ကို သော့ခတ်ထား ရသည်။ လူအုပ်သာ ကြီးသော်လည်း အသံဗလံ ဆူညံခြင်း မရှိ။ တိတ်တိတ်ဆိတ်ဆိတ်။ ငြိမ်ငြိမ် သက်သက်။ စကားပြောသံ မကြားရ။ တစ်ခါတစ်ရံတွင် သတင်း ထူး မထူး မေးသည့် အဘိုးအို တစ်ယောက်၏ အသံ တုန်တုန်ကို

265

ကြားရတတ်သည်။ `ဘာကြေးနန်းမှ မလာသေးဘူး၊ တိုက်ပွဲ ဖြစ်နေတယ် ဆိုတာပဲ ပါတယ်’ ဟု ပြောသံကို မကြာခဏ ကြားရသည်။ အမျိုးသမီးများကလည်း ရထားနှင့် တစ်မျိုး၊ ခြေကျင် တစ်ဖုံ လာကြသည်။ လူအုပ်က များသည်ထက် များလာကာ ဖုန်တွေ တလုံးလုံး ဖြစ်နေသဖြင့် မွန်းကျပ်နေသည်။ အမျိုးသမီးများက စကား တစ်ခွန်းမျှ မပြောကြ။ သို့ရာတွင် ဖြူရော် ညှိုးငယ်၍ တိတ်ဆိတ်နေသော သူတို့ မျက်နှာများသည် အသံထွက်၍ ငိုသည်ထက်ပင် စိတ်ထိခိုက်စရာ ကောင်းနေသည်။

စစ်မြေပြင်သို့ သား၊ မောင်၊ အဖေ၊ ချစ်သူ၊ လင် စသည်တို့ စစ်မထွက်သည့် အိမ်ဆို၍ အတ္တလန်တာ၌ တစ်အိမ်မျှ

မရှိ။ သူတို့အိမ်သို့ သေမင်း ရောက်လာပြီ ဆိုသည့် သတင်းကိုသာ စောင့်နေကြရသည်။ သေမင်းကို စောင့်နေကြရသည်။ ရှုံးမည် ဟူ၍ကား မထင်ကြ။ ထိုအတွေး ပေါ်လာလျှင် မောင်းထုတ်ကြသည်။ သူတို့ တပ်သားများသည် ပေါင်းမြက်တို့ ထူသည့် ပင်ဆယ်ဗေးနီးယား ပြည်နယ် တောင်ကုန်းများ ပေါ်တွင် ကျဆုံးကောင်း ကျဆုံး ကုန်ကြမည်။ မိုးသက်မုန်တိုင်း အကျတွင် ကောက်ပင်တို့ ပြိုလဲသကဲ့သို့ အတုံးအရုံး ပြိုလဲကောင်း ပြိုလဲကုန်ကြမည်။ သို့ရာတွင် သူတို့ တိုက်နေသည့် အရေးတော်ပုံကြီးသည် ရှုံးနိမ့်မည်ဟု မထင်ကြ။ ထောင်ပေါင်းများစွာ ကျဆုံးလျှင်လည်း ကျဆုံးမည်။ နဂါးစက်သီးများ ခြွေချလိုက်သည့်နှယ် တဖြုတ်ဖြုတ် ကြွေကျကောင်း ကြွေကျမည်။ သို့ရာတွင် သူတို့နေရာ၌` အားကောင်း မောင်းသန် စစ်သည်တွေ အစား ရောက်လာလိမ့်မည်ဟု ယူဆကြသည်။ ထို စစ်သားများသည် မည်သည့် နေရာက ရောက်လာမည် ဆိုသည်ကိုမူ မည်သူမျှ မစဉ်းစားမိကြ။ ကောင်းကင်ဘုံတွင် တရားမျှတ၍ ဒဏ်ခတ်တော် မူတတ်သော ဘုရားသခင် ရှိသည်ဟု ယုံကြည်သကဲ့သို့ ဗိုလ်ချုပ် လီး သည်လည်း မသေနိုင်၊ ဗာဂျီးနီးယား စစ်တပ်သည်လည်း မရှုံးနိမ့်နိုင်ဟု ယုံကြည်နေကြသည်။

စကားလက်၊ မီလာနီနှင့် ဒေါ်လေး ပစ်တီသည် `သမာဓိ နေ့စဉ် သတင်းစာ’ တိုက်ရှေ့ရှိ ရထားပေါ်၌ ထိုင်နေကြသည်။

သုံးယောက်စလုံး ပိုးထီး ကိုယ်စီ ဆောင်းထားကြသည်။ စကားလက်၏ လက်သည် တုန်နေသည်။ သူ့ခေါင်းပေါ်က ထီးကိုပင် မတ်မတ် မကိုင်နိုင်။ ဒေါ်လေး ပစ်တီ၏ မျက်နှာ ဖောင်းဖောင်းကြီးပေါ်က နှာခေါင်းသည် ယုန်နှာခေါင်းလို ပွစိပွစိ ဖြစ်နေ၏။ မီလာနီကမူ ကျောက်ရုပ်လို တုတ်တုတ်မျှ မလှုပ်။ မျက်လုံးများကသာ တဖြည်းဖြည်း ပြူးကျယ် လာကြသည်။ စကားလည်း မပြော။ နှစ်နာရီအတွင်း စကား တစ်ခွန်းသာ ပြောသေးသည်။ ဝတ်စုံအိတ်ထဲမှ ရှူဆေးဘူးကို ယူ၍ ဒေါ်လေး ပစ်တီကို လှမ်းပေးသည်။ သူ့တစ်သက်တွင် ဒေါ်လေး ပစ်တီကို ဤတစ်ကြိမ်သာ အယုအယဆုံး၊ အကြင်နာဆုံး စကား ပြောဖူးသေးသည်။

`ရော့ ဒေါ်လေး၊ မူးရင် ဒါလေး ရှူလိုက်နော်၊ သိပ်မူးရင်လည်း ဦးလေး ပီတာ အိမ်ပြန်ပို့ပေးလိမ့်မယ်၊ မီလာနီကတော့

ဘာသတင်းမှ မကြားရမချင်း အိမ် မပြန်သေးဘူး၊ ထိုင်စောင့်နေဦးမှာ၊ စကားလက်က မပြန်နှင့်ဦးနော်၊ မီလာနီနှင့် နေခဲ့ဦးနော်’

စကားလက် ကိုယ်တိုင်ကလည်း အိမ်ပြန်ဖို့ စိတ်မကူးသေး။ အက်ရှလေနှင့် ပတ်သက်သည့် သတင်းကို မကြားရမချင်း

အိမ်သို့ မပြန်နိုင်သေး။ ဒေါ်လေး ပစ်တီ တစ်ယောက် မူးလဲ၍ သေသွားသည့်တိုင် ဤနေရာမှ မပြန်ချင်သေး။ အက်ရှလေ တစ်ယောက် စစ်မြေပြင် တစ်နေရာတွင် တိုက်နေရပြီလော။ ကျဆုံး သွားပြီလော။ ဤသတင်းကို ရနိုင်သော နေရာမှာ သတင်းစာတိုက်သာ ဖြစ်သည်။

စကားလက်က လူအုပ်ကို လှမ်းကြည့်သည်။ အသိ မိတ်ဆွေများကို လှမ်းကြည့်သည်။ ဆရာဝန်ကတော် ဒေါ်ဒေါ်မိသည်

ဦးထုပ်ကို တစောင်း ဆောင်းကာ တစ်ဆယ့်ငါးနှစ်သား ဖိလစ်ကို ဖက်ထားသည်။ မက်ကလျူ ညီအစ်မ တစ်သိုက်က ခေါနေသည့် သွားများကို အပေါ် နှုတ်ခမ်းစဖြင့် ကြိုးစား ဖုံးနေကြသည်။ မစ္စက် အယ်လ်ဆင်းက ကိုယ်ကို မတ်မတ် ထား၍

266

ထိုင်ကာ ငွေရောင်သမ်းနေသည့် ဆံပင်များကို ဆွဲချရင်း သူ့စိတ်ကို ငြိမ်အောင် ကြိုးစားနေသည်။ သူ့သမီး ဖန်နီက လူသေလို ဖြူရော်လျက်။ (သူ့အစ်ကို အတွက် စိုးရိမ်ခြင်း မဟုတ်။ သူ့အဆက် အတွက် စိုးရိမ်ခြင်း ဖြစ်သည်။) မစ္စက် မယ်ရီဝယ်သာက ရထားထဲတွင် ထိုင်ကာ သူ့သမီး မေဘယ်၏ ကျောကို ပုတ်ပေးနေသည်။ မေဘယ်က ကိုယ်ဝန်ပင် ထွက်စပြုနေပြီ။ လူထဲ ထွက်ဖို့ မကောင်းတော့။ ရှောစောင်ကို ခြုံထားသည့်တိုင် ဗိုက်က ထွက်မြဲ။ မည်သည့်အတွက် ဤမျှ စိတ်ပူ နေရသနည်း။ သူ့အဆက် ဗိုလ်လေး ပီကာ့က လူဝီဇီးယားနား တပ်တွင် မဟုတ်လော။ သူတို့ တပ်များ ပင်ဆယ်ဗေးနီးယား စစ်မျက်နှာသို့ ရောက်သည်ဟု မကြားရသေး။ အမွေးအမှင် ထူထူနှင့် ဗိုလ်လေး ပီကာ့ တစ်ယောက် ရစ်ခ်ျမွန်တွင် ဘေးမသီ ရန်မခ ရှိနေလိမ့်မည်ဟု ထင်သည်။

ထိုစဉ်

လူအုပ်ကြီး၏

အစွန်ဘက်ဆီမှ

လှုပ်လှုပ်ရွရွ

ဖြစ်သွားသံ

ကြားရသည်။

မတ်မတ်

ရပ်နေသူများက

လမ်းဖယ်ပေးလိုက်သည်တွင် မိမိတို့ ရထားဆီသို့ မြင်းကို ခပ်ဖြည်းဖြည်း စီးလာနေသည့် ရက် ဘတ်တလာကို မြင်လိုက်ရသည်။ သူ့ကို ကြည့်၍ စကားလက် အံ့သြနေသည်။ လူအုပ်ကြီးက သူ့ကို ဒေါသ ထွက်ကာ ဝိုင်းဝန်း ရိုက်နှက်ပစ်နိုင်သည်။ သူ စီးလာသည့် မြင်းကြီးက မျိုးကောင်း မျိုးသန့် မြင်းချောကြီး ဖြစ်သည်။ ဖိနပ်ရှည်ကြီးက တဖိတ်ဖိတ် လက်နေသည်။ ဝတ်စုံက ဖြူဖွေး သန့်ရှင်းနေသည်။ ရက် ဘတ်တလာကို ကြည့်ရသည်မှာ တသွေးတမွေး ဖြူဖြူစင်စင် ဝဖြိုးနေသည်။ ပါးစပ်တွင် ဈေးကြီး ပေးရသည့် ဆေးပြင်းလိပ် တစ်လိပ်ကို ခဲထားသည်။ ဤအချိန်တွင် အက်ရှလေနှင့်တကွ ရဲဘော်များက စစ်မြေပြင် ထွက်၍ တိုက်နေကြရသည်။ ဖိနပ် မရှိ။ နေပူကျဲကျဲ ဆာလောင် မွတ်သိပ်လျက်။ ရောဂါတွေ စွဲကပ်လျက်။

ရက် ဘတ်တလာက သတင်းစာတိုက် ဆီသို့ မြင်းကို တစ်လှမ်းချင်း စီးလာစဉ် ပရိသတ်က သူ့ကို စိတ်ဆိုးမာန်ဆိုးဖြင့်

ကြည့်ကြသည်။ အဘိုးကြီးများက မုတ်ဆိတ်မွေး တလှုပ်လှုပ်ဖြင့် ကျိန်ဆဲကြသည်။ ခပ်စွာစွာ မစ္စက် မယ်ရီဝယ်သာကမူ ရထားပေါ်မှ ထ၍ `သွေးစုပ်ကောင် အမြတ်ကြီးစား’ ဟု လူကြားလောက်အောင် လှမ်းပြောလိုက်သည်။ ရက် ဘတ်တလာက မည်သူ့ကိုမျှ ဂရုမစိုက်။ ဦးထုပ်ကို ချွတ်၍ ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ကို နှုတ်ဆက်သည်။ ထို့နောက် စကားလက် အနားသို့ မြင်းဇက်ကို သတ်၍ ရပ်ကာ ခပ်တိုးတိုးဖြင့်

`မျိုးချစ် ပုဂ္ဂိုလ်ကြီး ဒေါက်တာမိ တစ်ယောက် အောင်ပွဲ ခံတော့မယ်ဆိုပြီး လေလုံး မထွားနိုင်ရှာတော့ဘူးနော်’



စကားလက်၏

အာရုံကြောများသည်

တင်းနေသည်။

စကားလက်က

ကြောင်မ

တစ်ကောင်လို

ဆတ်ခနဲ

လှည့်ကြည့်လိုက်သည်။ ပြင်းထန်သည့် စကားလုံးများသည် ပါးစပ်ဖျားသို့ ရောက်လာကြ၏။ ရက် ဘတ်တလာက လက်ပြ၍ တားလိုက်သည်။

`အမျိုးသမီးတွေကို ပြောစရာ ရှိလို့ လာတာ၊ ခုလေးတင် စစ်ရုံးချုပ်က ပြန်လာတယ်၊ အကျအဆုံး စာရင်းတွေ

ရောက်လာပြီတဲ့’

ရက် ဘတ်တလာက ခပ်ကျယ်ကျယ် ပြောသည်။ သူ့စကားကြောင့် ပရိသတ်ထဲတွင် တီးတိုးသံများ ပေါ်လာသည်။



ပရိသတ်က စစ်ရုံးချုပ်ဘက်သို့ သွားရန် ပြင်သည်။



`သွားမနေကြနှင့်တော့’ ရက် ဘတ်တလာက ခြေနင်းကွင်းထဲတွင် မတ်တပ် ရပ်၍ လက်မြှောက်ပြသည်။

267



`သတင်းစာတိုက်ကို ရောက်လို့ ခု ပုံနှိပ်နေပြီ၊ ဒီမှာပဲ စောင့်ကြ’



`သိပ်ကျေးဇူးတင်တာပဲ ဗိုလ်ကြီး ဘတ်တလာရယ်’ မီလာနီက မျက်ရည်စမ်းစမ်းဖြင့် ပြောသည်။ `ဗိုလ်ကြီး

ဘတ်တလာ လာပြောပေလို့ပဲ၊ စာရင်းက ဘယ်တော့ ကပ်မှာတဲ့လဲ’

`ခုပဲ ကပ်တော့မှာ၊ သတင်းစာတိုက်ကို ရောက်တာ နာရီဝက်လောက် ရှိပြီ၊ တာဝန်ကျ စစ်ဗိုလ်က အားလုံး ပုံနှိပ်

မပြီးမချင်း မကပ်ပါနှင့်၊ လူတွေ နင်းကန်တိုးပြီး ဖတ်ရင် ထိန်းမရမှာ စိုးတယ် ပြောလို့ ပုံနှိပ်ပြီးအောင် စောင့်နေရတာ၊ ဟော ပြောရင်း ဆိုရင်း ကပ်တော့မယ် ထင်တယ်’

သတင်းစာတိုက် ဘေးပြတင်းပေါက် တံခါး ပွင့်လာကာ လက်တစ်ဖက် ထွက်လာသည်။ လက်ထဲတွင် ဂယ်လီပရု

စာရွက်ရှည်ရှည် တစ်ထပ်။ မင်တို့ဖြင့် စွန်းထင်းလျက်။ စာလုံးတွေက မည်းခနဲ ပေါ်နေသည်။ လူအုပ်ကြီးက ပြတင်းပေါက်သို့ ပြေးကပ်ကာ စာရွက်များကို လုယူကြသည်။ အချို့ စုတ်ပြဲကုန်သည်။ ရလာသူများက နောက်သို့ ပြန်ဆုတ်လာကြပြီး မရသေးသူများက ရှေ့သို့ အတင်းတိုးနေကြသည်။

`မြင်းဇက်ကို ခဏ ကိုင်ထားစမ်း’



ရက် ဘတ်တလာက မြေကြီးပေါ် ခုန်ဆင်းကာ မြင်းဇက်ကို ဦးလေး ပီတာသို့ လှမ်းပေးလိုက်သည်။ လူအုပ်ထဲတွင်

မိုးနေသည့် သူ့ပခုံးကျယ်ကျယ်ကြီးကို လှမ်းမြင်နေရသည်။ ရက် ဘတ်တလာက လူတွေကို အတင်း တွန်းထိုး ဖယ်ရှားကာ ရှေ့ရောက်သွားသည်။ ခဏ ကြာတော့ စာရွက် တစ်ထပ်ကို ယူပြန်လာသည်။ မီလာနီထံသို့ စာရွက် လှမ်းပေးလိုက်ပြီး ကျန်စာရွက်များကို အနီးရှိ ရထားများပေါ်မှ အမျိုးသမီးများအား လိုက်၍ ဝေနေသည်။ မက်ကလျူ ညီအစ်မ၊ ဆရာဝန်ကတော် ဒေါ်ဒေါ်မိ၊ မစ္စက် မယ်ရီဝယ်သာ၊ မစ္စက် အယ်လဆင်း။

`ကြည့်စမ်းပါ မီလာနီ၊ မြန်မြန် ကြည့်စမ်း’



စကားလက် အသံက ဆို့နေသည်။ မီလာနီ လက်များက တုန်နေသည်။ စာရွက်ကို ကောင်းကောင်း ကိုင်၍ မရ။



`ရော့ ရော့’ မီလာနီက စကားလက်ကို လှမ်းပေးသည်။ အဘယ်မှာနည်း။ အ၊ အာ၊ အိ၊ အီ၊ အက် ဘယ်မှာ။ အရေးထဲမှာ

ရှာမတွေ့။

`အို မီလာနီရေ၊ ဒဏ်ရာရ ကျဆုံး စာရင်းမှာ အက်ရှလေ နာမည် မပါဘူး၊ ဘုရား သိကြား မလို့ပေါ့၊ ဒေါ်လေး၊ အို

မီလာနီ ဒေါ်လေးကို ရှူဆေးဘူး ပေးပါဦး၊ တွဲထားစမ်းပါ’

မီလာနီ

ဝမ်းသာလွန်း၍

ငိုနေသည်။

ငိုက်ကျနေသော

ဒေါ်လေး

ပစ်တီ၏

ခေါင်းကို

ဖေးမကာ

နှာဝတွင်

ရှူဆေးဘူး တေ့ပေးသည်။ စကားလက်က ဒေါ်လေး ပစ်တီ၏ ခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့်ကြီးကို တစ်ဖက်က ထိန်းထားရသည်။ ဝမ်းသာလွန်းသဖြင့် သူ့နှလုံးက တဒိတ်ဒိတ် ခုန်နေသည်။ အက်ရှလေ မသေ။ ဒဏ်ရာ မရ။

ငိုသံ ကြားသဖြင့် လှည့်ကြည့်လိုက်သည်တွင် သူ့အမေ ရင်တွင် မျက်နှာအပ်၍ ငိုနေသည့် ဖန်နီကို မြင်လိုက်ရသည်။

ဒဏ်ရာရ ကျဆုံး စာရင်း စာရွက်သည် အောက်သို့ လွင့်ကျသွားသည်။ မစ္စက် အယ်လဆင်း၏ ပါးလွှာသော နှုတ်ခမ်းများသည်

268

တုန်နေကြသည်။ သမီးကို ပွေ့ထားရင်း ရထားသမားကို အိမ်သို့ ပြန်အမောင်းခိုင်း နေသည်။ စကားလက်က စာရင်းစာရွက်ကို ကြည့်သည်။ ဖန်နီ၏ အစ်ကို နာမည်ကို စာရင်းတွင် မတွေ့ရ။ ဖန်နီအဆက် ဖြစ်ရမည်။ ဧကန္တ တိုက်ပွဲတွင် ကျသွားဟန် တူသည်။ ပရိသတ်က မစ္စက် အယ်လဆင်းတို့ ရထားကိုလည်း လမ်းဖယ် ပေးကြသည်။ သူတို့ရထား နောက်က မက်ကလျူ ညီအစ်မ တစ်သိုက်၏ ရထား။ အကြီးမက ရထားကို ကိုယ်တိုင် မောင်းလာသည်။ သူ့မျက်နှာက ကျောက်သားလို ဖြစ်နေသည်။ ခေါနေသည့် သွားများကို အပေါ် နှုတ်ခမ်းဖြင့် ဖုံးလာသည်။ အငယ်မက ဘေးတွင် ထိုင်ကာ သူ့အစ်မ၏ ဝတ်စုံကို ဆွဲလိုက်လာသည်။ သူတို့ နှစ်ယောက်စလုံး အဘွားကြီးများ ပမာ ရင့်ရော်သွားကြသည်။ သူတို့ မောင် အထွေးဆုံး ဒါးလတ်ကို သူတို့ အချစ်ဆုံး။ တစ်ဦးတည်းသော မောင်။ ယခု မရှိတော့။

`ဟေး မီလာနီ မီလာနီ၊ ရီနီ နာမည် မပါဘူးကွ၊ အက်ရှလေ နာမည်လည်း မတွေ့ဘူး’



မေဘယ်၏ ပခုံးပေါ်မှ ခြုံစောင်သည် လျှောကျသွားသည်။ သူ့ကိုယ်ဝန်သည် အထင်းသား ပေါ်လာ၏။ သို့ရာတွင်

အမေကရော သမီးကပါ ဂရုမစိုက် မိတော့။

`ဒေါ်ဒေါ်မိ၊ ရီနီလေ ရီနီ၊ ဟင် မီလာနီ ဒေါ်ဒေါ်မိ ကြည့်ရတာ မဟန်ဘူး၊ ဒါစီမိ တစ်ယောက်’



ဆရာဝန်ကတော် ဒေါ်ဒေါ်မိသည် အောက်သို့ ငုံ့ကြည့်နေသည်။ သူ့ကို လှမ်းခေါ်သည့်တိုင် ခေါင်း မမော့တော့။

သို့ရာတွင် သူ့ဘေးက သားငယ် ဖိလစ်၏ မျက်နှာကို ကြည့်လျှင် အခြေအနေကို အကဲခတ်၍ ရပြီ။

`မေမေ ခေါ်နေတယ်လေ’



ဖိလစ်က ပြောသည်။ ဒေါ်ဒေါ်မိ၏ မျက်လုံးများသည် မီလာနီ၏ မျက်လုံးများနှင့် သွားဆိုင်နေကြသည်။



`အင်း ဒေါ်ဒေါ့် သားလေး ဖိနပ် မရှိဘူး ဆိုလို့ ပို့လိုက်တာ၊ စီးတောင် မစီးလိုက်ရတော့ပါလားကွယ့်’



`ဟင် ဒေါ်ဒေါ်’



မီလာနီက ရှိုက်လိုက်သည်။ ဒေါ်လေး ပစ်တီကို စကားလက်၏ ရင်ခွင်ထဲတွင် မှီပစ်ခဲ့ကာ ရထားမှ ဆင်းပြီး

ဆရာဝန်ကတော် ဒေါ်ဒေါ်မိတို့ ရထားဆီသို့ လျှောက်လာခဲ့သည်။

`ကျွန်တော် ရှိပါသေးတယ် မေမေရ’ သူ့ ဘေးက ထိုင်နေသည့် မျက်နှာ ဖြူဖပ်ဖြူရော်နှင့် အမေကို ဖိလစ်က

အားပေးသည်။ `မေမေ ခွင့်ပြုရင် ကျွန်တော် စစ်ထဲ လိုက်မယ်၊ ယန်ကီတွေကို သတ်ပစ်မယ်’

ဆရာဝန်ကတော် ဒေါ်ဒေါ်မိက ဖိလစ် လက်ကို ဖမ်းဆုပ်ကာ `မသွားရဘူး၊ မသွားရဘူး’ ဟု အော်သည်။ သူ့အသံက

ကွဲအက် တစ်ဆို့နေသည်။

`ဖိလစ်ရေ မောင်လေး၊ မပြောနှင့်ဦး၊ မပြောနှင့်ဦး’ မီလာနီက ရထားပေါ်သို့ တက်လာကာ ဆရာဝန်ကတော်ကို

ဖက်ထားသည်။ `တော်တော်ကြာ သိပ် စိတ်ထိခိုက်နေလိမ့်မယ်၊ ကဲ ကဲ အိမ်ကို မောင်း’

ဖိလစ် ဇက်ကို မြှောက်လိုက်သည်။ မီလာနီက စကားလက် ဘက်သို့ လှည့်ကာ

269



`စကားလက်ရေ၊ ဒေါ်လေးကို အိမ်ပြန်ပို့ပြီးရင် ဒေါ်ဒေါ်မိတို့အိမ် လိုက်ခဲ့နော်၊ ဗိုလ်ကြီး ဘတ်တလာ၊ ဒေါက်တာမိကို

အကြောင်းကြားပေးပါလား၊ ဆေးရုံမှာ ရှိတယ်’

ရထားက ကွဲစပြုနေသည့် လူအုပ်ကြားထဲက ဖြတ်မောင်းလာသည်။ အမျိုးသမီး တချို့က ဝမ်းသာ၍ ငိုကြသည်။

သို့ရာတွင် အများစုမှာ ကြားရသည့် သတင်းဆိုးကြောင့် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။ စကားလက်က လက်ထဲက စာရွက်ကို ငုံ့ကြည့်သည်။ အသိ မိတ်ဆွေများ၏ နာမည်များကို လိုက်ရှာသည်။ စာရင်းက တော်တော်နှင့် မဆုံးနိုင်။ အကျ အဆုံး တော်တော် များပုံ ရသည်။

ဘုရား၊ ဘုရား။ ရေးဖို့ဒ် ကားလဗတ်-ငယ်ငယ် သူနှင့် နှစ်ယောက်သား အိမ်မှ ထွက်ပြေးကြသည်ကို ချက်ချင်း

သတိရလာသည်။ ညမှောင်တော့ ဆာလည်းဆာ၊ မှောင်လည်း မှောင်သဖြင့် နှစ်ယောက်သား အိမ်သို့ ပြန်လာခဲ့ကြသည်။

ဂျိုးဇက်ဖွန်တိန်-တပ်သား။ စိတ်တိုတတ်သည့် ဂျိုးဇက် တစ်ယောက် မရှိတော့။ သူ့မိန်းမ တယ်လီက မွေးပြီးသည်မှာ

မကြာသေး။

လာဖေးယက် မွန်ရိုး-ဗိုလ်ကြီး။ ကက်သလင်း ကားလဗတ်နှင့် စေ့စပ်ပြီးသည်မှာ မကြာသေး။ ကက်သလင်း ခမျာ

သနားစရာ။ အစ်ကိုလည်း ဆုံးရသည်။ ရည်းစားလည်း ဆုံးရသည်။ သို့ရာတွင် တယ်လီက ပိုဆိုးသည်။ မောင်နှင့် လင်။

စကားလက် ရှေ့ဆက် မဖတ်ချင်တော့။ မဖတ်ရဲတော့။ ဒေါ်လေး ပစ်တီက တရှူးရှူး အသက်ရှူကာ သူ့ကိုယ်ပေါ်သို့

ပိကျလာသည်။ စကားလက်သည် စိတ်တိုတိုဖြင့် ဒေါ်လေး ပစ်တီ၏ ကိုယ်ကြီးကို ရထား ထိုင်ခုံ ထောင့်သို့ တွန်းရွှေ့လိုက်ကာ စာရင်းကို ဆက်ဖတ်သည်။

ဟုတ်ပြီ။ ဟုတ်ပြီ။ စာရင်းထဲတွင် တာလက်တန် သုံးယောက် မရှိနိုင်။ စာစီသမားက အလောတကြီးဖြင့် မှားသွားဟန်

တူသည်။ မဟုတ်။ မမှား။ တာလက်တန် အမည် သုံးယောက်။ ဘရင့် တာလက်တန်-ဗိုလ်။ စတူးဝပ် တာလက်တန်-တပ်ကြပ်။ တောမက် တာလက်တန်-တပ်သား။ တာလက်တန် ညီအစ်ကို တစ်တွေ မရှိကြတော့။ ပြည်တွင်းစစ် စဖြစ်တုန်းက အကြီးဆုံး ဘွိုက် ကျသွားသည်။ တောမတ်၊ ထို့နောက် အပျင်းထူထူ ခြေတံရှည်ရှည် အမြွှာ ညီအစ်ကို။ သူများ အတင်း ပြောတတ်သည်။ အကျီစား သန်သည်။ ဘွိုက်က အကသင် ဆရာ တစ်ယောက်လို ကြည့်၍ ကောင်းသည်။ ပိုးစိုးပက်စက် ပြောတတ်သည်။

စကားလက် နောက်ထပ် ဆက်မဖတ်နိုင်တော့။ သူနှင့် ကစားဖော် ကစားဖက်၊ ကဖော် ကဖက်၊ သူ့ကို ပရောပရည်

လုပ်ခဲ့ဖူးသူ ယောက်ျားလေး မိတ်ဆွေတွေ ဘယ်နှစ်ယောက် ပါသွားပြီနည်း။ သူ့ လည်ပင်းကို သံလက်ချောင်းကြီးများက လာ၍ ဖျစ်ညှစ်နေသည်ဟု သူ ထင်သည်။ ကျပ်နေသည်။ အကျပ် သက်သာအောင် အော်ငိုပစ်လိုက်ချင်သည်။

`စိတ်မကောင်းပါဘူး စကားလက်ရယ်’ ရက် ဘတ်တလာက ပြောသည်။ စကားလက် မော့ကြည့်သည်။ ရက်

ဘတ်တလာ တစ်ယောက် သူ့အနား ရှိနေသည်ကိုပင် စကားလက် သတိ မရတော့။ `မင်း သူငယ်ချင်းတွေ အများကြီး ပါသွားပြီနော်’

စကားလက် ခေါင်းညိတ်ပြကာ မနည်းကြိုးစား၍ ပြောရသည်။

270



`မြိုင်သာယာ တစ်ဝိုက်က အိမ်တိုင်းလောက်ပဲ၊ တာလက်တန်တို့ အိမ်ကတော့ သုံးယောက်စလုံး’



ရက် ဘတ်တလာ၏ မျက်နှာက တည်ငြိမ် တင်းမာနေသည်။ သူ့မျက်လုံးတွင် လှောင်ပြောင်သည့် အရိပ်အယောင်တို့

မရှိကြတော့။

`ဒါ အစပဲ ရှိသေးတယ်၊ စာရင်းတွေက နောက်ထပ် ရောက်နေတုန်းပဲ၊ မစုံသေးဘူး၊ မနက်ဖြန်ဆိုရင် ဒီထက်များမယ်’

ရက် ဘတ်တလာက အနားက ရထားများမှ မကြားနိုင်ရန် အသံကို နှိမ့်လိုက်သည်။ `ကျုပ် အထင်တော့ ဗိုလ်ချုပ် လီး ရှုံးလာပြီ ထင်တယ်၊ မေရီလင်း နယ်ထဲကို ဆုတ်လာခဲ့တယ်လို့ စစ်ရုံးချုပ်က ကြားခဲ့ရတယ်’

စကားလက်က ထိတ်လန့် စိုးရွံ့သော မျက်လုံးများဖြင့် သူ့ကို မော့ကြည့်သည်။ ဗိုလ်ချုပ် လီး ရှုံးသည်က သူ့အဖို့

အရေးမကြီး။ မနက်ဖြန် ကျဆုံး ဒဏ်ရာရ စာရင်းတွေ လာဦးမည် ဆိုသည့် စကားက အရေးကြီးသည်။ မနက်ဖြန်။ အက်ရှလေ၏ နာမည် မတွေ့သဖြင့် သူ ဝမ်းသာခဲ့သည်။ သို့ရာတွင် မနက်ဖြန်ကို ထည့်မစဉ်းစားမိ။ မနက်ဖြန်။ ဘာကြောင့်များ ယခု ချက်ချင်း မသိရသနည်း။ ကျသွားပြီဟု ယခု ချက်ချင်း သိရသည်က တော်သေးသည်။ မနက်ဖြန် အထိ စောင့်ရဦးမည် ဆိုတော့ စကားလက် မောလှပြီ။

`ဘာဖြစ်လို့များ စစ်ဆိုတာတွေ ရှိနေရတာလဲ ဗိုလ်ကြီး ဘတ်တလာ၊ ယန်ကီတွေက ကပ္ပလီကျွန်တွေကို ငွေနှင့်

ဝယ်လိုက်ရင် ကိစ္စ မပြီးနိုင်ဘူးလား၊ ကျွန်မတို့ တောင်ပိုင်းသားတွေကလည်း ကပ္ပလီတွေကို အလကား ပေးလိုက်ရင် ဘာဖြစ်မှာမို့လဲ၊ ဘာဖြစ်လို့ ဒီစစ်ကို တိုက်နေကြရတာလဲဟင်’

`ကပ္ပလီတွေကြောင့် စစ်တိုက်ကြတာ မဟုတ်ပါဘူး ကလေးမရယ်၊ ကပ္ပလီတွေကြောင့် ဆိုတာ သက်သက် အကြောင်း

ပြတာပါ၊ စစ် ဆိုတာတွေဟာ နောက်မှာလည်း ရှိနေကြဦးမှာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ယောက်ျားတွေက စစ်တိုက်ရတာကို သဘောကျကြတာကိုး၊ မိန်းမတွေက စစ်ကို မုန်းတယ်၊ မချစ်ဘူး၊ ဒါပေမယ့် ယောက်ျားတွေကတော့ စစ်ကို ချစ်တယ်၊ မိန်းမကို ချစ်တာထက်တောင် ပိုတယ်’

ရက် ဘတ်တလာ၏ နှုတ်ခမ်းများတွင် လှောင်ပြုံးကလေး ပေါ်လာသည်။ သူ့မျက်နှာပေါ်မှ လေးနက် တည်ကြည်မှုသည်

ပျောက်သွား၏။ ရက် ဘတ်တလာက အနားပတ်ကြီးကြီး မြက်ဦးထုပ်ပြားကြီးကို မြှောက်လိုက်သည်။

`ကဲ ကျုပ်သွားမယ်၊ ဒေါက်တာမိကို လိုက်ရှာပြီး သွားပြောရဦးမယ်၊ သူ့သား ကျတယ်ဆိုတဲ့ သတင်းကို သူ

အင်မတန် မုန်းတဲ့ ကျုပ်က သွားပြောရတာ တော်တော်တော့ ခွကျတယ်၊ ဒေါပွမှာပဲ၊ အာဇာနည် တစ်ယောက် ကျဆုံးတာကို သွေးစုပ်ကောင် အမြတ်ကြီးစား တစ်ယောက်က လာပြောတယ် ဆိုတော့ သနတယ်လို့ ထင်မှာပေါ့၊ ဒါပေမယ့် ကြာရင်တော့ မေ့ပစ်လိုက်တန် ကောင်းပါရဲ့’

စကားလက်သည် ဒေါ်လေး ပစ်တီကို အိပ်ရာပေါ်တွင် တင်ကာ အားဆေး တစ်ခွက် တိုက်၏။ ပရဇ္ဇီနှင့် ထမင်းချက်

မိန်းမကြီးကို အစောင့် ခိုင်းခဲ့ပြီး ဒေါက်တာမိတို့ အိမ်ဘက်သို့ ထွက်လာခဲ့သည်။ ဒေါ်ဒေါ်မိနှင့် သူ့သား ဖိလစ်က အိမ်အပေါ်ထပ်တွင် ဒေါက်တာမိ ပြန်အလာကို စောင့်နေကြသည်။ မီလာနီက ဧည့်ခန်းတွင် ထိုင်ကာ သတင်း လာမေးသည့် အိမ်နီးနားချင်းများအား ခပ်တိုးတိုး ပြောပြနေသည်။ ကတ်ကြေးများ၊ အပ်များဖြင့် ဝမ်းနည်းသည့် အထိမ်းအမှန် ဝတ်ရန်

271

ပြင်ဆင်နေသည်။ အိမ် တစ်အိမ်လုံး ဆိုးဆေး အနက် ကျိုသည့် အနံ့ ထောင်းထောင်းထနေသည်။ ထမင်းချက် မိန်းမကြီးက တအီအီ ငိုရင်း ဆရာဝန်ကတော် ဒေါ်ဒေါ်မိ၏ အဝတ်များကို အိုးကြီး တစ်လုံးတွင် ထည့်ကာ ဆေးနက် ဆိုးနေသည်။

`ဒေါ်ဒေါ်မိ၊ ဘယ့်နှယ် နေသေးသလဲ’



စကားလက်က ခပ်တိုးတိုး မေးသည်။



`မငိုဘူး၊ မိန်းမတွေ မငိုနိုင်ဘဲဖြစ်ရင် သိပ် မကောင်းဘူး၊ ယောက်ျားတွေဟာ ဘာဖြစ်လို့ မငိုဘဲ နေနိုင်ကြသလဲ

မသိဘူး၊ မီလာနီတို့ မိန်းမသားတွေထက် သတ္တိ ကောင်းလို့ပဲလား၊ ခွန်အား ကောင်းလို့ပဲလားတော့ မပြောတတ်ဘူး၊ သူ့သား အလောင်းကို သူ ကိုယ်တိုင် သွားယူမယ်တဲ့၊ ဦးလေးကလည်း ဆေးရုံကို ပစ်ထားခဲ့လို့ မဖြစ်ဘူး မဟုတ်လား’

`သူ သွားလို့ ဖြစ်ပါ့မလား၊ ဖိလစ် သွားယူရင်ကော’



`သူ့သားကို စိတ်မချဘူး၊ တစ်ယောက်တည်း လွှတ်လိုက်ရင် တပ်ထဲ ဝင်သွားမှာ စိုးလို့တဲ့၊ ကောင်လေးက ထွားတယ်

မဟုတ်လား၊ ဆယ့်ခြောက်နှစ်လို့ ပြောရင် ယုံမှာပေါ့’

သတင်း မေးလာသူတွေက တစ်ယောက်ပြီး တစ်ယောက် ပြန်သွားကြသည်။ ဆရာဝန် ဒေါက်တာမိ ပြန်လာသည်ကို

မျက်နှာချင်း မဆိုင်ချင်။ နောက်ဆုံး စကားလက်နှင့် မီလာနီတို့ နှစ်ယောက်တည်းသာ ဧည့်ခန်းထဲတွင် အပ်ချုပ်ရင်း ကျန်ရစ်ခဲ့ကြသည်။ မီလာနီကို ကြည့်ရသည်မှာ စိတ်ကောင်းပုံ မရ။ သို့ရာတွင် တည်တည်ငြိမ်ငြိမ်။ အဝတ်စကို ကိုင်ထားသည့် လက်ပေါ်သို့မူ မျက်ရည်ပေါက်တွေ ကျနေသည်။ ဤအချိန်တွင် တိုက်ပွဲ ဖြစ်နေပြီလော။ ဤသည်ကို မီလာနီ တွေးမိပုံမရ။ စကားလက်သည် ကိုယ့်အတွေးဖြင့် ကိုယ့်ဘာသာ ကိုယ် လန့်သွားသည်။ မနက်ဖြန်တွင် ဒဏ်ရာရ ကျဆုံး စာရင်းတွေ လာဦးမည် ဆိုသည့် ရက် ဘတ်တလာ၏ စကားများကို မီလာနီအား အသိ ပေးရမည်လော။ နောက်ဆုံးတွင် မပြောဘဲ နေရန် စကားလက် ပိုင်းဖြတ်သည်။ အက်ရှလေ အတွက် ကိုယ်က ဤမျှ ပူရန်ကောဟု မီလာနီ သိသွားမည်ကို စိုးရိမ်သည်။ မနက်က အက်ရှလေ အတွက် သူ မည်မျှ စိုးရိမ် ပူပန်ခဲ့ရသည်ကို သူတို့ မသိကြသေး။ သူတို့ ကိစ္စဖြင့် သူတို့ အလုပ် များနေကြသဖြင့် သူ့အား အကဲခတ်ချိန်မရ ဖြစ်နေသည်ကို ကျေးဇူးတင်ရသေးသည်။

နှစ်ယောက်သား အတန်ကြာမျှ အပ်ချုပ်နေကြသည်။ ထိုစဉ် အပြင်ဘက်မှ ခြေသံများ ကြားရသဖြင့် ခန်းဆီးကို

ဖယ်ကြည့်လိုက်ကြသည်။ မြင်းပေါ်မှ ဆင်းနေသော ဒေါက်တာမိကို မြင်ရသည်။ သူ့ ပခုံးများက ကိုင်းနေသည်။ ခေါင်း ငိုက်စိုက် ကျနေသဖြင့် ဖြူဖွေးသော မုတ်ဆိတ်များသည် ရင်ဘတ်ပေါ်တွင် ယပ်တောင် သဖွယ် ဝဲနေကြသည်။ ဒေါက်တာမိသည် အိမ်ထဲသို့ တိတ်ဆိတ်စွာ ဝင်လာပြီး ဦးထုပ်နှင့် ဆေးအိတ်ကို ချသည်။ သူတို့ နှစ်ယောက် ပါးကို တိတ်ဆိတ်စွာ နမ်း၍ နှုတ်ဆက်သည်။ ထို့နောက် လေးကန်သည့် ခြေလှမ်းများဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ ခဏကြာလျှင် ဖိလစ် ဆင်းလာသည်။ လက်တံ ရှည်ရှည် ခြေတံ ရှည်ရှည် ကလန်ကလားဖြင့်။ သူတို့ နှစ်ယောက်က သူတို့ဆီသို့ လာထိုင်ရန် လှမ်းကြည့်သည်။ သို့ရာတွင် ဖိလစ်က ဆင်ဝင်ခန်းသို့ ထွက်သွားကာ လှေကားထိပ်တွင် ထိုင်နေသည်။ မေးကို လက်ဝါး နှစ်ဖက်ဖြင့် ထောက်လျက်။

မီလာနီက သက်ပြင်းချသည်။

272



`ယန်ကီတွေကို မတိုက်ရလို့ ကောင်လေး မကျေနပ် ဖြစ်နေပုံ ရတယ်၊ ခုမှ ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်၊ ဒီလို

သားမျိုးလေး ရရင် သိပ်ဟန်ကျမှာပဲ နော်’

စကားလက်က ဒါစီမိကို အမှတ်ရသဖြင့် ပြတ်တောင်းတောင်း မေးလိုက်သည်။



`တိုက်ပွဲမှာ ကျချင်လည်း ကျပေါ့ကွယ်၊ တစ်ယောက်မှ မမွေးတာနှင့်စာရင် ဒီလို သားမျိုး ရတာက တော်သေးတာပေါ့’

မီလာနီက တံတွေးကို မျိုချလိုက်သည်။ `အေးလေ၊ စကားလက်က ဘယ်မှာ နားလည် နိုင်ပါ့မလဲ၊ စကားလက်မှာ သားလေး ရှိတာကိုး၊ ကိုယ့်မှာသာ... ကိုယ်လေ ကိုယ် ကလေး သိပ်လိုချင်တာပဲ၊ ဗြောင် ဖွင့်ပြောရတာ ကောင်းတော့ မကောင်းဘူး၊ ဒါပေမယ့် တကယ်ပဲ မိန်းမတိုင်း သားသမီး လိုချင်တာပေါ့ စကားလက်ရယ်၊ မင်း သိပါတယ်’

စကားလက် နှာခေါင်း မရှုံ့မိရန် မနည်း သတိ ထားရသည်။



`မပြောကောင်း မဆိုကောင်း၊ အက်ရှလေသာ သုံ့ပန်းအဖြစ် အဖမ်းခံရရင် ကိုယ့်စိတ်ကိုယ် ချုပ်တည်း နိုင်ပါတယ်၊

ဒါပေမယ့် သေပြီ ဆိုရင်တော့ ကိုယ်လည်း လိုက်သေမိလိမ့်မယ် ထင်တယ်၊ သူ သေသွားတောင် သူ့အစား အလွမ်း ဖြေစရာ ကလေးလေး တစ်ယောက် မရှိတော့ ပိုဆိုးတာပေါ့၊ မင်းက ကံကောင်းပါတယ်ကွာ၊ ချားလ်ကို ဆုံးရှုံးခဲ့ရပေမယ့် သူ့ သားလေး ကျန်ရစ်ခဲ့ပါသေးတယ်၊ ကိုယ့်မှာသာ အက်ရှလေ မရှိတော့ရင် ဘယ်သူမှ အလွမ်း ဖြေစရာ မကျန်ရစ်တာ၊ တစ်ခါတလေ ကျတော့ ကိုယ်လေ မင်းကို မနာလိုတောင် ဖြစ်မိတယ် သိလား’

`စကားလက်ကို မနာလိုဘူး ဟုတ်လား’



စကားလက်က သူ့စိတ်ကူးနှင့်သူ ဖြစ်၍ လန့်သွားသည်။



`စကားလက်မှာ သားလေး တစ်ယောက် ရှိပြီး ကိုယ့်ကျတော့ ဘယ်သူမှ မရှိဘူး မဟုတ်လား၊ ကလေး ငတ်လွန်းတော့

တစ်ခါတလေ ဝိတ်ကလေးဟာ ကိုယ့်သားလေးလို့တောင် ထင်မိတယ်’

စကားလက်

ယခုမှ

သက်ပြင်း

ချနိုင်သည်။

စကားလက်သည်

မျက်နှာကလေး

ရဲရဲဖြင့်

အပ်ချုပ်နေသော

မီလာနီ၏ ခန္ဓာကိုယ် ပိန်ပိန်ကလေးကို လှမ်းကြည့်လိုက်သည်။ မီလာနီက ကလေး လိုချင်သည်။ သို့ရာတွင် ကလေး မွေးနိုင်လောက်သည့် ပုံပန်း မရှိ။ သူ့ အရပ်က တစ်ဆယ့်နှစ်နှစ် သမီးကလေး သာသာ။ တင်ပါးရိုးများကလည်း ကလေး တင်ပါး သာသာ ခပ်ကျဉ်းကျဉ်းကလေး။ ရင်က ပြားချပ်လျက်။ စိတ်ကူးထဲတွင် မီလာနီကို ကလေး မွေးကြည့်တိုင်း စကားလက် စိတ်ပျက်ရသည်။ ဤသို့ တွေးမိလျှင် စကားလက် ရင်ထဲတွင် ဗလောင်ဆူရသည်။ မီလာနီတွင် အက်ရှလေ၏ ရင်သွေး ရခဲ့ပါက သူ့ထံမှ တစ်စုံတစ်ခုကို နုတ်ယူသွားသလို စကားလက် ခံစားရသည်။

`ဝိတ်ကလေး အကြောင်း ပြောလို့ စိတ်မဆိုးနှင့် နော် စကားလက်၊ ဝိတ်ကလေးကို ကိုယ် သိပ်ချစ်တာပဲ၊ ကိုယ့်ကို

စိတ်မဆိုးနှင့်နော်’

`အိုကွယ် မီလာနီကလည်း၊ ဘာဖြစ်လို့ စိတ်ဆိုး ရမှာလဲ၊ အိမ်ရှေ့ ဆင်ဝင်အောက် သွားပြီး ဖိလစ်နှင့် စကားပြောချည်ဦး၊

ဟိုမှာ ငိုနေပြီ’

273

၁၅



ဗာဂျီးနီးယား

ပြည်နယ်ထဲသို့

ဆုတ်လာခဲ့ရသည့်

ပြည်နယ်တပ်မတော်သည်

ရာမီဒန်တွင်

ဆောင်းခိုသည်။

ဂက်တီစဘတ်တွင် အရေးနိမ့်ပြီးကတည်းက ပြည်နယ်စစ်တပ်သည် ပင်ပန်းနွမ်းနယ်ကာ ချည့်နဲ့နေပြီ။ နာတာလူးပွဲတော်တွင် အက်ရှလေသည် ခွင့်ဖြင့် အိမ်သို့ပြန်ရောက်လာ၏။ နှစ်နှစ်အတွင်း စကားလက် ပထမဆုံး အကြိမ် ရင်နင့်ရသည်။ ဝက်သစ်ချမြိုင် သူတို့မင်္ဂလာဆောင်သို့ ရောက်စဉ်က သူ့ရင်ထဲတွင် နင့်နေသည်။ ထိုမျှလောက် ရင်နင့်သည့် အဖြစ်မျိုးသည် သူ့တစ်သက်တွင် နောင် ဖြစ်တော့မည်မဟုတ်ဟု စကားလက် ထင်ခဲ့သည်။ သို့ရာတွင် ထိုစဉ်က ခံစားချက်သည် ကစားစရာအရုပ်ကို လုယူခံလိုက်ရသည့် နွဲ့ဆိုးဆိုးသော ကလေးငယ်တစ်ယောက်၏ ခံစားချက်မျိုးသာဖြစ်သည်။ ယခု ခံစားချက်ကမူ စိတ်ကူး မျှော်မှန်းချက်ဖြင့် ပို၍ ထက်သန်လာခဲ့ကြသည်။ ကြိတ်မှိတ် မျိုးသိပ် ထားရသဖြင့် ပို၍ ထုထည်ကြီးလာသည်။

အက်ရှလေ။ သူ ချစ်ရသော အက်ရှလေ။ စစ်ဝတ်စုံက အရောင်ဖျော့ကာ ဖာရာ ထေးရာတွေ ပြည့်နေပြီ။ ဝါလဲ့သော

သူ့ဆံပင်သည် နေပူထဲတွင် နေခဲ့ရဖန် များသဖြင့် ဖြူဖျော့နေပြီ။ ပြည်တွင်းစစ် မဖြစ်ခင်တုန်းက သူ ချစ်ခဲ့ရသော မျက်လုံး ရီဝေဝေဖြင့် သက်သက်သာသာ နေခဲ့ရသည့် အက်ရှလေ မဟုတ်တော့။ ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။ အသားက ကြေးနီရောင် ပေါက်ကာ ကိုယ်ခန္ဓာ ကျစ်လျစ်တောင့်တင်းနေသည်။ ယခင်ကလို နွဲ့နွဲ့နောင်းနောင်းကလေး မဟုတ်တော့။ ရွှေရောင် နှုတ်ခမ်းမွေးက မြင်းတပ်သားတို့ ထုံးစံ နှုတ်ခမ်းပေါ်သို့ ဝဲကျနေမည်ဆိုလျှင် တကယ့်စစ်သားရင့်မကြီး ဂိုက်အပြည့် ပေါက်နေလိမ့်မည်။

အက်ရှလေက စစ်ဝတ်စုံ အဟောင်းကို ဝတ်ကာ စစ်သားလို တောင့်တောင့်မတ်မတ် ရပ်နေသည်။ ပစ္စတိုကို ခါးတွင်

ချိတ်ထားသည်။ ဓားရှည်က လမ်းလျှောက်တိုင်း ဖိနပ်ရှည်ကြီးကို လာ၍ တဖတ်ဖတ်ရိုက်နေသည်။ ဖနောင့်သံဆူးများက တပြောင်ပြောင်။ ပြည်နယ် တပ်မတော်က ဗိုလ်မှူး အက်ရှလေ ဖြစ်နေပြီ။ သူ့ ကြည့်ရသည်က အမိန့်ပေးသည့် အကျင့်ပါနေသည်။ ကိုယ့်ကိုယ်ကိုယ် စိတ်ချ ယုံကြည်စိတ်၊ အမိန့်အာဏာသုံးလိုသည့် အမူအရာတို့ ပေါ်နေသည်။ နှုတ်ခမ်းက မပြုံးချင့် ပြုံးချင် ပြုံးတတ်လာပြီ။ လေးထောင့်စပ်စပ် ပခုံးများနှင့် အေးစက်တောက်ပသည့် မျက်လုံးများက တစ်မျိုးထူးခြားနေသည်။ ယခင်က ပျင်းတွဲလေးကန်ခဲ့သလောက် ယခု ကြွက်ချောင်းသည့် ကြောင်တစ်ကောင်လို ဖျတ်လတ်နေသည်။ တယောကြိုးများလို အာရုံကြောတွေ အမြဲတင်းနေသည့် လူတစ်ယောက်၏ ဖျတ်လတ်ပုံမျိုးဖြစ်သည်။ မျက်လုံးက တစ်စုံတစ်ရာကို မသင်္ကာသလို အမြဲတမ်း

လှုပ်ရှားနေသည်။

နေလောင်ထားသည့်

အသားအရေက

ပါးရိုးများပေါ်တွင်

ထင်းနေသည်။

ယခင်ကလို

ခံ့ညားချောမောနေသည့် အက်ရှလေပင် ဖြစ်သည်။ သို့ရာတွင် အမူအရာ၊ အပြောအဆိုများကမူ လုံးဝ ခြားနားသွားကြပြီ။

နာတာလူး ပွဲတော်တွင်းတွင် မြိုင်သာယာသို့ ပြန်မည်ဟု စကားလက် စိတ်ကူးထားသည်။ သို့ရာတွင် အက်ရှလေ

ပြန်လာမည်ဆိုသည့် ကြေးနန်းကို ရတော့ စကားလက်ကို အတ္တလန်တာမှ ထွက်ခွာအောင် မည်သူမျှ လုပ်၍ မရတော့။ မေမေက ခေါ်သည်ကိုပင် စကားလက် မသွား။ အက်ရှလေ ဝက်သစ်ချမြိုင်သို့သွားလျှင်မူ သူနှင့်နီးရာ မြိုင်သာယာသို့ စကားလက် ပြန်ကောင်းပြန်မိမည်။ သို့ရာတွင် မိဘဆွေမျိုးများကို အတ္တလန်တာသို့ လိုက်လာရန် စာရေးထားသဖြင့် ဝက်သစ်ချမြိုင်က အက်ရှလေ၏ အဖေ၊ ညီမ အင်ဒီယာနှင့် ဟန်နီတို့ အတ္တလန်တာသို့ပင် ရောက်နေကြပြီ။ နှစ်နှစ်လုံးလုံး

274

မတွေ့ရသော အက်ရှလေကို ရှောင်၍ မြိုင်သာယာကို မပြန်နိုင်။ သူ့ရင်ကို တဒိတ်ဒိတ် ခုန်စေသည့် အက်ရှလေ၏ အသံကို မကြားဘဲမနေနိုင်။ သူ့ကို မမေ့သေးဟူသော အကြည့်ဖြင့် ကြည့်သည့် အက်ရှလေ၏မျက်လုံးများကို ရင်မဆိုင်ဘဲ မနေနိုင်။ မေမေမျှသာမက တစ်ကမ္ဘာလုံးက အမေတွေက စာရေး၍ ခေါ်သည့်တိုင် စကားလက် မသွားနိုင်။

နာတာလူး ပွဲတော်မတိုင်မီ လေးရက်အလိုတွင် အက်ရှလေ အတ္တလန်တာသို့ ရောက်လာသည်။ သူနှင့်အတူ

နာတာလူး အားလပ်ခွင့်ဖြင့် ပြန်လာသည့် ငယ်သူငယ်ချင်းများကိုလည်း တွေ့ရ၏။ သူတို့အထဲတွင် ကိတ် ကားလ်ဗတ်လည်း ပါသည်။ ပိန်ပိန် ရှည်ရှည် ချောင်းကလေး တဟွတ်ဟွတ်ဖြင့်။ ပထမဆုံးအားလပ်ရက် ရသဖြင့် အစွမ်းကုန်ပျော်နေကြသည့် မွန်ရိုးညီအစ်ကို။ မဟားတရား အရက်မူးကာ ဆူဆူညံညံ ရန်ဖြစ်တတ်သော ဖွန်တိန်တို့ ညီအစ်ကိုလည်း ပါကြသည်။ သူတို့ တစ်သိုက်က ဘူတာရုံတွင် နှစ်နာရီလောက် ရထားစောင့်ကြရဦးမည်။ ဖွန်တိန်တို့ ညီအစ်ကို နှစ်ယောက် ဘူတာရုံတွင် မူး၍ ရန်ဖြစ်နေမည်စိုးသဖြင့် မမူးသူများက ချော့မော့နေရသည့်အတွက် အက်ရှလေက သူတို့နှစ်ယောက်ကို ဒေါ်လေး ပစ်တီ အိမ်သို့ ခေါ်လာခဲ့ရသည်။

‘ဗားဂျီးနီးယားမှာတွင်

ရန်ဖြစ်လို့

ပြီးပြီထင်နေတာ’

ကိတ်

ကားလ်ဗတ်က

တိုက်ကြက်ဖကြီး

နှစ်ကောင်လို

စောင်နေကြသည့် ဖွန်တိန် ညီအစ်ကိုကို လှမ်းကြည့်သည်။ သူတို့ညီအစ်ကို နှစ်ယောက်က ဒေါ်လေး ပစ်တီကို သူ အရင်နမ်း၍ နှုတ်ဆက်မည်ဟု စကားများနေကြသည်။ ‘မပြီးဘူးခင်ဗျ၊ ရစ်ခ်ျမွန် ရောက်တော့လည်း အမြဲမူးနေကြတာပဲ၊ ဟိုကျတော့ စစ်ပုလိပ်က ဆီးဖမ်းတာပဲ၊ အက်ရှလေ ဝင်ပြောပေးလို့ပေါ့၊ နို့မို့ရင် ဒီကောင်တွေ နာတာလူးပွဲတော်မှာ ထောင်ထဲရောက်နေပြီ’

သို့ရာတွင် စကားလက်က သူ့စကားများကို မကြား။ အက်ရှလေနှင့် တစ်ခန်းတည်း ရောက်နေသည့် အတွက်

ပီတိဖြစ်နေသည်။

ဤနှစ်နှစ်အတွင်း

သူသည်

အခြား

ယောက်ျားများကို

အဘယ့်ကြောင့်

စိတ်ဝင်စားခဲ့မိသနည်း။

ကမ္ဘာပေါ်တွင် အက်ရှလေ တစ်ယောက်လုံးရှိပါလျက် သူများတွေ ရည်းစားစကား ပြောကြသည်ကို အဘယ့်ကြောင့် လက်ခံနားထောင်ခဲ့မိသနည်း။ ယခု အက်ရှလေ ပြန်ရောက်ပြီ။ သူနှင့် မဝေးတော့။ သူနှင့် ဧည့်ခန်းခင်း ကော်ဇော တစ်ချပ်သာ ခြားတော့သည်။ သူနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ တစ်ဖက်တွင် မီလာနီ ထိုင်နေပြီး တစ်ဖက်တွင် အင်ဒီယာ ထိုင်နေသည်။ ဟန်နီက နောက်မှနေ၍ လည်ပင်းကို သိုင်းဖက်ထားသည်။ အက်ရှလေကို ကြည့်ရင်း ပျော်လွန်းသဖြင့် မျက်ရည်မကျအောင် ကိုယ့်ကိုယ်ကိုယ် မနည်းတင်ထားရသည်။ အက်ရှလေ လက်မောင်းကို တွဲ၍ သူ့ဘေးတွင် ထိုင်ခွင့်ရလျှင် မည်မျှ ကောင်းမည်နည်း။ တကယ် ပြန်ရောက် မရောက် သေချာအောင် သူ့အင်္ကျီ လက်မောင်းကို ပွတ်ခွင့်ရလျှင် မကြာခဏ ပွတ်နေချင်သည်။ သူ့လက်ကို ဆုပ်ထားရင်း သူ့လက်ကိုင်ပဝါဖြင့် မိမိ၏ ပြုံးမျက်ရည်များကို သုတ်ပစ်လိုက်ချင်သည်။ ယခု မီလာနီက ထိုအလုပ်များကို ခပ်ပြောင်ပြောင် လုပ်နေပြီ။ မီလာနီသည် ရှက်လည်း မရှက်နိုင်၊ ဟန်လည်း မဆောင်နိုင်တော့ဘဲ သူ့ယောက်ျားနောက်က တကပ်ကပ် လိုက်နေသည်။ မျက်လုံးဖြင့်လည်းကောင်း၊ အပြုံးဖြင့်လည်းကောင်း၊ မျက်ရည်ဖြင့် လည်းကောင်း မဏ္ဍပ်တိုင် တက်ပြနေသည်။ စကားလက်တစ်ယောက် ပျော်လွန်းသဖြင့် ဒေါသထွက်ရမှန်းလည်း မသိ။ ဝမ်းသာလွန်းသဖြင့် မနာလို ဖြစ်ရမှန်းလည်း မသိ။ အက်ရှလေကို မပိုင်ရသည့်တိုင် အက်ရှလေ အိမ် ပြန်ရောက်ပြီ။ အနည်းဆုံး အက်ရှလေကို မြင်နေရပြီ။

စကားလက်သည် အက်ရှလေ နမ်းခဲ့ဖူးသည့် ပါးကို မကြာခဏ စမ်းမိသည်။ သူ့ နှုတ်ခမ်းများ၏ အတွေ့အထိကို

ယခုထက်ထိ ခံစားနေရဆဲ။ စကားလက်က အက်ရှလေကို ပြုံးကြည့်သည်။ အက်ရှလေသည် စကားလက်ကို ပထမဆုံးနမ်း၍

275

နှုတ်ဆက်ခြင်းမပြု။ မီလာနီက ရင်ခွင်ထဲ အတင်းတိုးဝင်ကာ ငိုသည်ရော ရယ်သည်ရောဖြင့် လွတ်ထွက်သွားမည်ကို စိုးရိမ်သည့်နှယ် အတင်းဖက်ထားသည်။ နောက် အင်ဒီယာနှင့် ဟန်နီက ဝင်ဖက်ကြပြန်သည်။ မီလာနီ လက်ထဲက လုကြသည်။ ထို့နောက် သူ့အဖေကို နမ်း၍ နှုတ်ဆက်သည်။ ဣနြေ္ဒရရ ကြင်ကြင်နာနာ ပွေ့ဖက်ကြသည်။ သားအဖ နှစ်ဦး၏ တည်ငြိမ်ခိုင်မာသော ခံစားချက်ကို ဖော်ကြသည့် ပွေ့ဖက်ပုံမျိုး ဖြစ်သည်။ ထို့နောက် ခြေထောက်သေးသေးကလေးများဖြင့် ဝမ်းသာအားရ

ခုန်နေသော

ဒေါ်လေး

ပစ်တီကို

နှုတ်ဆက်သည်။

နောက်ဆုံးကျမှ

ယောက်ျားပျိုလေးတွေ

ပတ်ပတ်လည်ဝိုင်းနေသည့် စကားလက်ကို နှုတ်ဆက်သည်။ ‘စကားလက်ကတော့ လှတုန်းပဲနော်’ ဟု ဆိုကာ သူ့ပါးကို တစ်ချက်နမ်းသည်။

ဤအနမ်း တစ်ခုဖြင့် စကားလက် ရင်ထဲတွင် ပြောမည်ဟု ရည်ရွယ်ထားသည့် စကားလုံးတွေ အတောင်ပေါက်

ပျံကုန်ကြပြီ။ အချိန်အတော်ကြာမှ အက်ရှလေသည် သူ့နှုတ်ခမ်းကို နမ်းရှုပ်သွားခြင်း မဟုတ်ပါတကားဟု စကားလက် သဘောပေါက်လာသည်။

နှစ်ယောက်ချင်းတွေ့လျှင်မူ

အက်ရှလေသည်

သူ့

နှုတ်ခမ်းကို

နမ်းမည်လော

မဆိုနိုင်။

သူ့ခန္ဓာကိုယ်ကို ညွှတ်ကာ သူ့ကိုယ်လေးကို ခြေဖျားထောက် မြောက်ပါလာအောင် ဆွဲယူလိုက်ပြီး အကြာကြီး အကြာကြီး ဖက်ထားမည်လော မပြောတတ်။ စကားလက်က သူ နမ်းလိမ့်မည်ဟု ယုံသည်။ ဤသို့ ယုံရလျှင်ပင် စိတ်က ပျော်နေပြီ။ သို့ရာတွင် တစ်ပတ် အချိန် ရှိသေးသည်။ နှစ်ယောက်ချင်းတွေ့အောင် ကြံဖန်ပြီး ‘တောမှာ မြင်းစီးကြတာတွေ မှတ်မိသေးလား၊ မြိုင်သာယာတုန်းက လသာသာ တစ်ညမှာ အစ်ကို ကဗျာရွတ်ပြတာ မှတ်မိသေးလား၊ (အရေးထဲတွင် ကဗျာခေါင်းစဉ်ကို မေ့နေသည်၊) စကားလက် ခြေပွတ်တိုင်လည်သွားလို့ ညနေ မှောင်ရီရီမှာ အစ်ကိုက ပွေ့ပြီး အိမ်ပြန်သယ်လာရတာကို မှတ်မိသေးလား’ စသည့် မေးခွန်းတွေကို မေးလိုက်ချင်သည်။

အို မေးစရာတွေ အများကြီး။ ‘မှတ်မိသေးရဲ့လား’ ဟု နိဒါန်းချီပြီး မေးရမည့် မေးခွန်းတွေချည်း။ အပူအပင်ကင်းသော

ကလေးငယ်များလို တောထဲ လျှောက်လည်ခဲ့ကြသည့် လှပသော နွေရက်များ။ သူတို့ကြားထဲသို့ မီလာနီ ရောက်မလာမီ ပျော်စရာ

နေ့ရက်များအကြောင်းကို

ပြောစရာတွေ

အများကြီး

ရှိသည်။

အက်ရှလေနှင့်သာ

ဤအကြောင်းတွေကို

နှစ်ယောက်ချင်း စကားပြောခွင့်ရလျှင် သူ့ ခံစားမှုများကို သူ့မျက်လုံးများထဲတွင် အကဲခတ်နိုင်သည်။ အိမ်ထောင်ရှင်ယောက်ျား ဟူသော မျက်နှာဖုံးနောက်က တကယ့်ခံစားမှုကို စောင့်ကြည့်နိုင်သည်။ အကယ်၍များ အက်ရှလေက သူ့ကို ချစ်သည်ဟု အတိအလင်း ဖွင့်ပြောခဲ့လျှင် မည်သို့ လုပ်မည်နည်း။ ဤသည်ကိုမူ စကားလက် မတွေးမိ။ သူ့အဖို့ အရေးကြီးသည်ဟုလည်း မထင်။ ချစ်သည်ဆိုသည့် စကားကို ကြားရလျှင် ကျေနပ်ပြီ။ လုံလောက်ပြီ။ သေပျော်ပြီ။ သို့ရာတွင် အချိန်စောင့်ရဦးမည်။ ယခုအထိမူ မီလာနီ တစ်ယောက် သူ့လင်ကို သူ ပိုင်ပိုင် ချစ်ပေစေဦး။ ပိုင်ပိုင် နွဲ့ပေစေဦး။ တာပေစေဦး။ တစ်နေ့တွင် သူ့အလှည့် ရောက်ရမည်။ သူ ပိုင်ရမည်။ စင်စစ် မီလာနီလို မိန်းကလေးသည် အချစ်အကြောင်းကို ဘာမျှ နားမလည်။ ဘာမျှ မသိ။

‘မောင်ကလည်းကွယ်၊ မောင့် ကြည့်ရတာ စုတ်ပြတ်နေတာပဲ’ မီလာနီက ပြောသေးသည်။ ‘မောင့် ဝတ်စုံတွေကို

ဘယ်သူ ဖာထေးပေးတာလဲ၊ အပြာစကြီးတွေနှင့် ဘာဖြစ်လို့ ဖာရတာတဲ့လဲ’

‘ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ကြမ်းကြမ်းတမ်းတမ်း စစ်သားကြီး ဂိုက်ပေါက်တယ် ထင်တာပဲ’ အက်ရှလေက

သူ့အသွင် သဏ္ဌာန်ကို ပြန်စဉ်းစားရင်း ပြောသည်။ ‘ဟိုကောင်တွေနှင့် ယှဉ်ကြည့်ပါလား၊ ကိုယ့်ဝတ်စုံကို ချုပ်ပေးတာက မိုး

276

ဆိုတဲ့ ရဲဘော်လေး၊ သူ့လက်ရာ မဆိုးပါဘူး၊ ပြည်တွင်းစစ် မဖြစ်ခင်တုန်းက အပ်တောင် ကိုင်ဖူးတာ မဟုတ်ဘဲ၊ ဒီလောက်ပဲ ဖြစ်မှာပေါ့၊ အပြာစနှင့် ဖာတာကတော့ ရှိတဲ့အစနှင့်ပဲ ဖာရတာကိုး၊ ဖမ်းမိတဲ့ ယန်ကီ သုံ့ပန်းတွေရဲ့ ဝတ်စုံစတွေလေ၊ အပေါက်အပြဲတွေနှင့် ဝတ်မယ့်အတူ ရှိတဲ့အစကိုပဲ သုံးကြရတာပဲ၊ စုတ်ပြတ်နေတာတော့ မပြောနှင့်၊ အိမ်ကို ဖိနပ်မပါဘဲ ပြန်မလာရတာ ကံကောင်း၊ ကိုယ့် ဖိနပ်ရှည်တွေက အရင်အပတ်ကပဲ စုတ်သွားပြီ၊ ဒီဖိနပ်က ယန်ကီ ကင်းထောက် နှစ်ယောက်ကို ပစ်သတ်ပြီး ယူလာရတာ၊ နို့မို့ရင် ခြေထောက်တွေကို အဝတ်စုတ်ပတ်ပြီး ပြန်လာရမှာ၊ တစ်ရန်က ကိုယ်နှင့် တော်ပေလို့’

အက်ရှလေက ခြေတံရှည်များကို ဆန့်ကာ စုတ်ပြဲနေသည့် ဖိနပ်ရှည်ကြီးကို ပြသည်။



‘တခြား ကင်းထောက် တစ်ယောက်ရဲ့ ဖိနပ်က ကိုယ်နှင့် မကိုက်ဖူးကွ၊ နည်းနည်း ငယ်နေတယ်၊ စီးမယ့်သာ စီးရတာ

ခြေထောက်ကို နာနေတာပဲ၊ ဒါပေမယ့် အိမ်ရောက်အောင်တော့ ဒါပဲ စီးပြန်ရမှာပဲ’

‘ဒီကောင်က ကိုယ်တို့ကို မပေးဘူး၊ သိပ် ညစ်တာပဲ’ တိုနီက ဝင်ပြောသည်။ ‘ဖွန်တိန်ရဲ့ ခြေထောက်နှင့်ဆိုရင်

အတော်ပဲ၊ ခုတော့ အိမ်ပြန်ရင် ရှူးဖိနပ်စီးပြန်ရမှာ၊ ပြည်တွင်းစစ် မဖြစ်ခင်တုန်းက ဆိုရင် အိမ်မှာ ကပ္ပလီတွေကိုတောင် ဒီလို ဖိနပ်မျိုး စီးခွင့် မပေးဘူး’

‘အမလေး၊ ဒီလောက်လည်း ပူမနေပါနှင့်’ အဲလက်က ကိတ် ဖိနပ်ကို ကြည့်၍ ပြောသည်။ ‘ရထားပေါ်ကျရင် ချွတ်ပြီး

လွှင့်ပစ်ခဲ့ပေါ့၊ အိမ်ပြန်ရင် ခြေအိတ်ပေါက်နှင့်ပဲ ပြန်ပေါ့၊ ဟီဟီ ကိုယ်ကတော့ အဆက်ရှေ့မှာ ခြေအိတ်စုတ်ကြီးနှင့် ပြန်ရမှာကို အရှက်သား၊ ခြေချောင်းတွေက တစ်လစ်ထွက်လို့’

‘ဟေ့ကောင် အဲဒါ ငါ့ ဖိနပ်နော်၊ ငါ အရင် ရတာ’ တိုနီဖွန်တိန်က မျက်နှာထားကြီးဖြင့် သူ့ညီကို လှမ်းပြောသည်။

ဖွန်တိန် ညီအစ်ကို နှစ်ယောက် ထုံးစံအတိုင်း ရန်ဖြစ်ကြတော့မည်။ မီလာနီက ရင် တထိတ်ထိတ်ဖြင့် ကြားထဲ ဝင်ဖျန်ရသည်။

‘ကိုယ့် မုတ်ဆိတ်ကို ပြရဦးမယ်’ အက်ရှလေက သူ့မေးကို ပွတ်ရင်း ပြောသည်။ မေးတွင် သင်တုန်းဓား

ရှသည့် ဒဏ်ရာတွေ ကောင်းကောင်း မပျောက်သေး။ ‘ကိုယ့်ဟာကိုယ်မို့လို့ ပြောတာမဟုတ်ဘူး၊ ကိုယ့် မုတ်ဆိတ်က တော်တော်ကြည့်ကောင်းတယ်၊ ဒါပေမယ့် ရစ်ခ်ျမွန် ရောက်တော့ ဟို သတ္တဝါ နှစ်ကောင်က သူတို့ မုတ်ဆိတ်တွေ ရိတ်ရုံနှင့် မကျေနပ်ဘူး၊ ကိုယ့် မုတ်ဆိတ်ပါ ရိတ်ရမယ်ဆိုပြီး တစ်ခါတည်း လူကို ချုပ်ပြီး မုတ်ဆိတ် ရိတ်တော့တာပဲ၊ ကံကောင်းလို့ ခေါင်းတုံးမဖြစ်တာ၊ ကိတ်နှင့် အီဗန် ဝင်ပြောလို့ ကိုယ့် မုတ်ဆိတ် အရိတ်မခံရတာ’

‘ဒီမှာ မီလာနီ၊ ကျွန်တော်တို့ကို ကျေးဇူးတင်၊ ခင်ဗျား ယောက်ျားသာ မုတ်ဆိတ် ရိတ်လိုက်ရင် လူမှားပြီး အိမ်ထဲတောင်

အဝင်ခံမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကို ကွာတားမကျအောင် ကယ်ခဲ့လို့ သူ့ကိုလည်း မုတ်ဆိတ် ရိတ်မခံရအောင် ပြန်ကယ်ရတာ၊ မီလာနီ မကျေနပ်ဘူးဆိုရင် သူ့ကို ခု မုတ်ဆိတ် ရိတ်ပေးလိုက်မယ်နော်’

‘တော်ပါပြီရှင်၊ တော်ပါပြီ၊ မုတ်ဆိတ်မွေး ပါတော့ ကျွန်မ ယောက်ျားက ပိုပြီးတောင် ချစ်စရာကောင်းသေးတယ်၊ နော်

မောင် ဟုတ်လား’

မီလာနီက

အက်ရှလေ၏

လက်ကိုဆွဲ၍

ပျာပျာသလဲ

ပြောလိုက်သည်။

ညီအစ်ကိုနှစ်ယောက်က

တကယ်

277

ရိတ်ပေးမည့်ပုံ။

‘ချစ်တာတွေ၊ ချစ်တာတွေ’



ဖွန်တိန် ညီအစ်ကို နှစ်ယောက်က ဝင်အော်သည်။



မီးရထားချိန် နီးသဖြင့် ဒေါ်လေး ပစ်တီ၏ မြင်းရထားဖြင့် အက်ရှလေက ဘူတာရုံသို့ လိုက်ပို့ရန် ပြင်သည်။



မီလာနီက စကားလက်၏ လက်မောင်းကို လှမ်းဆွဲကာ



‘ဒီ

ဝတ်စုံကြီးနှင့်တော့

မကောင်းပါဘူး

နော်၊

ကိုယ်

ချုပ်ထားတဲ့

ကုတ္အက်ႌကို

ထုတ်ပေးလိုက်ရင်တော့

အံ့အားသင့်သွားမှာပဲ၊ အေးကွယ်၊ ဘောင်းဘီပါ ချုပ်လောက်အောင် အစရရင် သိပ်ကောင်းမှာ’

ဤကုတ်အင်္ကျီ ကိစ္စကို စကားလက် မကျေမနပ်ဖြစ်နေသည်။ စင်စစ် ဤကုတ်အင်္ကျီကို အက်ရှလေအား နာတာလူး

လက်ဆောင်ပေးရန် ချုပ်ပေးချင်နေသည်။ ကုတ်အင်္ကျီက သိုးမွေး မီးခိုးရောင်။ ယခုအချိန်တွင် သိုးမွေး ကုတ်အင်္ကျီဆိုသည်မှာ ပတ္တမြားထက် ရှားသေးသည်။ အက်ရှလေက မီးခိုးရောင်ဝတ်စုံကြီးကို ဝတ်နေသည်။ တချို့စစ်သားများမှာ ဤဝတ်စုံကိုပင် ဝတ်စရာ မရှိ။ ဖမ်းမိသည့် ယန်ကီ ဝတ်စုံများကို အညိုရင့်ရောင် ဖြစ်အောင် သစ်ချသီးခွံဖြင့် ပြုတ်ဆိုး၍ ဝတ်နေကြရသည်။ မီလာနီမှာ ကံကောင်းသဖြင့် ကုတ်အင်္ကျီအတိုတစ်ထည်စာ မီးခိုးရောင် သိုးမွေးစ တစ်စ ရလာသည်။ ဆေးရုံတွင် မီလာနီ ပြုစုပေးနေသည့် ချာလက်စတန်မှ စစ်သားကလေးတစ်ယောက် သေသွားသည်။ မီလာနီက စစ်သားလေး၏ ဆံပင်ကို ဖြတ်ကာ သူ့အမေထံ ပို့ပေးသည်။ စစ်သားလေး အင်္ကျီအိတ်ထဲက တွေ့ရသည့် ပစ္စည်းကလေးများကိုလည်း ပို့ပေးသည်။ အကျိုးအကြောင်းကိုလည်း စာရေးလိုက်သည်။ ဤတွင် နှစ်ယောက် စာအဆက်အသွယ် ဖြစ်သွားကြသည်။ မီလာနီ၏ ယောက်ျား စစ်မြေပြင်တွင် ရှိသည်ကို သိရသည်တွင် စစ်သားအမေက သူ့သားအတွက် ဝယ်ထားသည့် မီးခိုးရောင် သိုးမွေးစ တစ်စနှင့် ကြေးဝါ ကြယ်သီးများကို မီလာနီထံသို့ လက်ဆောင်ပို့ပေးလိုက်သည်။ သိုးမွေးစက အကောင်းစား။ ခပ်ထူထူ၊ ခပ်နွေးနွေး။ အရောင်ပြေးကလေးဖြင့်။ ဧကန္တ မှောင်ခိုကုန် ဖြစ်ရမည်။ တန်ဖိုး ကြီးရမည်။ ယခု စက်ဆိုင်တွင် အပ်ထားရာ နာတာလူး ပွဲတော် မနက်ကျမှ ရမည်။ စကားလက်က ကျန်ဝတ်စုံများကို ချုပ်ပေးချင်နေသည်။ သို့ရာတွင် အတ္တလန်တာတွင် သူ လိုချင်သည့်အစမျိုး မရ။

စကားလက်တွင်လည်း အက်ရှလေ အတွက် နာတာလူး လက်ဆောင်တစ်ခုရှိသည်။ သို့ရာတွင် မီလာနီ၏ မီးခိုးရောင်

ကုတ်အင်္ကျီနှင့်စာလျှင် သူ့လက်ဆောင်က မျက်နှာငယ်နေသည်။ သူ့လက်ဆောင်က ဖလန်နယ်စဖြင့် ချုပ်ထားသည့် ‘အိမ်ရှင်မသုံး အချုပ်အလုပ် ပစ္စည်းကလေးများ’ ဖြစ်သည်။ တပ်ထဲတွင် အသုံးကျမှန်းသိ၍ စကားလက်က သူ့စိတ်ကူးဖြင့် သူ စုဆောင်းပေးခြင်း ဖြစ်သည်။ သူ့အဖို့ နာဆောမှ ရက် ဘတ်တလာ ဝယ်လာသည့် အပ်ထုပ် တစ်ထုပ်၊ လက်ကိုင်ပဝါစ သုံးထည်၊ အပ်ချည်လုံး နှစ်လုံးနှင့် ကတ်ကြေး သေးသေး တစ်လက်တို့ဖြစ်သည်။ စကားလက် ထို့ထက်မက လက်ဆောင်ပေးချင်သည်။ မိန်းမတစ်ယောက်က ကိုယ့်ယောက်ျားကို ပေးတတ်သည့် ရှပ်အင်္ကျီ၊ ခြေစွပ်၊ ဦးထုပ် စသည်တို့ တစ်ခုခု ပေးချင်သည်။ ဦးထုပ် ပေးရလျှင် အကောင်းဆုံးဖြစ်မည်။ အက်ရှလေ ဆောင်းထားသည့် မြင်းစီး ဦးထုပ်က ကြည့်၍မကောင်း။ သို့ရာတွင် ခက်သည်က အတ္တလန်တာတွင် သက္ကလပ် ဦးထုပ် ကောင်းကောင်း မရှိ။ ဖြစ်ကတတ်ဆန်း ချုပ်ထားသည့် သိုးမွေးဦးထုပ်များသာ ရှိသည်။ ထိုဦးထုပ်များကမူ အက်ရှလေ ဆောင်းနေသည့် မြင်းစီး ဦးထုပ်ထက်ပင် ညံ့သေးသည်။

278



ဦးထုပ်အကြောင်းတွေးလျှင်

ရက်

ဘတ်တလာကို

စကားလက်

သတိရသည်။

ရက်

ဘတ်တလာတွင်

ဦးထုပ်တွေအများကြီးရှိသည်။ နွေရာသီဆောင်း မြက်ဦးထုပ်၊ ပွဲနေ ပွဲထိုင် ဆောင်းသည့် ဖျံရေ ဦးထုပ်မြင့်မြင့်၊ တောလိုက် ဦးထုပ်၊ သက္ကလတ် ဦးထုပ်ပျော့ စသဖြင့် စုံသည်။ အက်ရှလေ ခမျာ မိုးရေထဲ သွားနေရသည်။ ရက် ဘတ်တလာ အဖို့ ဤလောက် ဦးထုပ်များများ မလို။

‘ရက် ဘတ်တလာဆီက သက္ကလတ် ဦးထုပ်အနက်ကို တောင်းဦးမှပဲ၊ အဲဒီဦးထုပ် အနားပတ်ကို ဖဲကြိုး မီးခိုးရောင်

တပ်မယ်၊ ပန်းပွင့်ကလေး တစ်ပွင့်ထိုးပေးမယ်၊ သိပ် ကြည့်ကောင်းမှာပဲ’

စကားလက် တွေးမိသည်။ သို့ရာတွင် စကားလက် ပြန်တွေးတော့ ဦးထုပ်ကို တောင်းဖို့မလွယ်။ အကျိုးအကြောင်း

ပြောပြရဦးမည်။ အက်ရှလေ အတွက် လိုချင်သည်ဟု ရက် ဘတ်တလာကို ဖွင့်ပြော၍ မဖြစ်။ အက်ရှလေ၏ အမည်ကို ထုတ်ပြောတိုင်း မျက်ခုံးကို ပင့်ကာ ခပ်လှောင်လှောင် ကြည့်တတ်သည့် ထုံးစံအတိုင်း ယခုလည်း သူ့ကို ကြည့်ဦးမည်။ ပေးလိမ့်မည်ဟုလည်း

စကားလက်

မထင်။

ဆေးရုံက

အသုံးလိုသည့်

စစ်သားကလေးတစ်ယောက်

အတွက်ဟု

ညာပြောရတော့မည်။ ဤသို့ဆိုလျှင် ရက် ဘတ်တလာ သိမည်မဟုတ်။

ထိုနေ့ည တစ်ညနေလုံး အက်ရှလေနှင့် နှစ်ယောက်ချင်းဆုံရန် စကားလက် ချောင်းနေသည်။ ခဏကလေးပင်ဖြစ်စေ

တွေ့ရလျှင် တော်ပြီ။ သို့ရာတွင် မီလာနီက သူ့ယောက်ျားအနားက တစ်ဖဝါးမျှ မခွာ။ အင်ဒီယာနှင့် ဟန်နီကလည်း သူတို့အစ်ကိုကို အရိပ် တကြည့်ကြည့် ဖြစ်နေကြသည်။ သူ့သားအတွက် ဂုဏ်ယူနေသည့် သူ့အဖေ မစ္စတာ ဝီလ်ကီသည်ပင် သားနှင့် နှစ်ယောက်ချင်း စကားပြောရန် အခွင့်အရေး မရ။

ထမင်းဝိုင်းတွင်လည်း

ပြည်တွင်းစစ်အကြောင်းကို

တစ်ယောက်တစ်ပေါက်

ဝိုင်းမေးကြသည်။

ပြည်တွင်းစစ်။

ဤ ပြည်တွင်းစစ် အကြောင်းကို မည်သူက အရေးတကြီး ထားချင်မည်နည်း။ အက်ရှလေ ကိုယ်တိုင် အရေးတကြီး ထားချင်မည်နည်း။ အက်ရှလေ ကိုယ်တိုင်လည်း ဤ ပြည်တွင်းစစ် အကြောင်းကို စိတ်ဝင်စားသည်ဟု စကားလက် မထင်။ အက်ရှလေသည် စကားတွေ အများကြီးပြောသည်။ မကြာ မကြာ ရယ်သည်။ စကားဝိုင်း တစ်ဝိုင်းလုံးကို လွှမ်းထားသည်။ ယခင်က ဤမျှ စကား ပြောသည်ကို စကားလက် မမြင်ဖူးခဲ့။ သို့ရာတွင် အက်ရှလေ၌ စကားများများ ပြောစရာ ရှိဟန်မတူ။ အက်ရှလေသည် မိတ်ဆွေများနှင့် ပတ်သက်သည့် ရယ်စရာ အဖြစ်အပျက်များကို ပြောပြသည်။ တပ်စခန်း ချကြပုံ၊ မည်မျှ ဆင်းရဲပုံ၊ မိုးရေထဲတွင် မည်သို့ ချီတက်ရပုံ၊ ဂက်တီစဘတ်မှ ဆုတ်ခွာခဲ့ရသည့် အခါတွင် ဗိုလ်ချုပ်လီး မည်သို့ ဆုတ်ခွာလာပုံ၊ ‘ဟေ့၊ မင်းတို့ ဂျော်ဂျီယာ ပြည်နယ် တပ်တွေလားကွ၊ ဂျော်ဂျီယာ ပြည်နယ်တပ် မပါရင်တော့ စစ်တိုက်လို့ မဖြစ်ဘူးကွ’ ဟု ပြောသွားပုံ စသည်တို့ကို ပြောပြနေသည်။

အက်ရှလေကို ကြည့်ရသည်မှာ သူ မဖြေချင်သော မေးခွန်းများကို မမေးနိုင်အောင် စကားကို အဆက်မပြတ်

ပြောနေခြင်း ဖြစ်သည်ဟု စကားလက် ထင်သည်။ သူ့အဖေ၏ မှုန်ငေးငေး အကြည့်ကို ရင်ဆိုင်မိသည်၌ အက်ရှလေ၏ မျက်လုံးများသည် မျက်လုံးချင်း မဆိုင်ရဲသည့်နှယ် အဝေးသို့ လွှဲသွားတတ်ကြသည်။ ဤသည်ကို စကားလက် သတိပြုမိသည်။ အက်ရှလေ၏ ရင်ထဲတွင် မည်သည့် လျှို့ဝှက်ချက်မျိုး ရှိလေသနည်းဟု စကားလက် တွေးမိကာ စိုးရိမ်သွားသည်။ သို့ရာတွင် ထိုစိုးရိမ်မှုသည် ခဏ အကြာတွင် ပျောက်သွား၏။ အက်ရှလေနှင့် နှစ်ယောက်ချင်း တွေ့လိုစိတ်၊ တွေ့လျှင် မည်မျှ ပျော်မည်နည်းဟု ကြည်နူးစိတ်တို့ လွှမ်းနေသဖြင့် စိုးရိမ်စိတ်အတွက် နေရာမရှိတော့။

279



မီးလင်းဖိုကြီး ဘေးတွင် စကား ထိုင်ပြောနေကြရာမှ အားလုံး သမ်းဝေစ ပြုလာနေကြပြီ။ အက်ရှလေ့ အဖေနှင့်

ညီမနှစ်ယောက်က သူတို့ တည်းခိုရာ ဟိုတယ်သို့ပြန်သည်။ အိမ်သားများဖြစ်သည့် အက်ရှလေ၊ မီလာနီ၊ ဒေါ်လေး ပစ်တီနှင့် စကားလက်တို့လည်း အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ ဦးလေး ပီတာက လှေကားတွင် ဖယောင်းတိုင် ထွန်းပေးထားသည်။ ထိုအခါ၌ စောစောက စကားလက် ရင်တွင်းတွင် ကြီးစိုးနေခဲ့သည့် ကြည်နူးမှုသည် ပျောက်ကွယ်သွားလေပြီ။ သွေးအေးသွားပြီ။ ထိုနေ့ညနေ တစ်ညနေလုံး အက်ရှလေနှင့် နှစ်ယောက်ချင်း စကားမပြောခဲ့ရသည့်တိုင် အိမ်ပေါ်ထပ်သို့ မတက်မီအထိ အက်ရှလေသည် သူ၏ အက်ရှလေ ဖြစ်ခဲ့သည်။ သို့ရာတွင် အပေါ်ထပ် ကိုယ့်အခန်းသို့ ဝင်ကြမည်ပြု၍ နှုတ်ဆက်ကြသည့်အခါ၌ မီလာနီ၏ မျက်နှာသည် ရုတ်တရက် နီရဲသွားကာ တုန်ယင်နေသည်ကို စကားလက် မြင်လိုက်ရသည်။ မီလာနီက ကြမ်းခင်း ကော်ဇောကို ငုံ့ကြည့်နေသည်။ သူ့ကို ကြည့်ရသည်မှာ ရှက်ခြင်း၊ ကြည်နူးခြင်းတို့ လွှမ်းနေသည်။ အက်ရှလေက အိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်တိုင် မီလာနီသည် မော့မကြည့်ဘဲ အိပ်ခန်းထဲသို့ ဝင်ပြေးသည်။ အက်ရှလေကလည်း စကားလက်ကို ချက်ချင်း နှုတ်ဆက်သည်။ စကားလက်၏ မျက်လုံးများကို မကြည့်တော့။

အခန်းတံခါးသည်

ပိတ်သွား၏။

စကားလက်တစ်ယောက်တည်း

ပါးစပ်

အဟောင်းသားဖြင့်

ကျန်ရစ်ခဲ့သည်။

အက်ရှလေသည် သူ့ အက်ရှလေ မဟုတ်တော့။ မီလာနီ၏ အက်ရှလေ ဖြစ်သွားပြီ။ သူ အသက်ရှင်နေသမျှ မီလာနီသည် အက်ရှလေနှင့် အတူ အခန်းထဲသို့ ဝင်နိုင်ခွင့် ရှိနေဦးမည်။ တံခါး ပိတ်နိုင်ခွင့် ရှိနေဦးမည်။ ကျန်ကမ္ဘာလောကကြီး တစ်ခုလုံးကို တံခါးပိတ်ထားခွင့် ရှိနေလိမ့်ဦးမည်။

ယခုဆိုလျှင်

အက်ရှလေ

ရှေ့တန်းသို့

ပြန်သွားပြီ။

မိုးထဲ

ရေထဲတွင်

ချီတက်နေရပြီ။

နှင်းခဲ

တောထဲက

တပ်စခန်းများတွင် ငတ်မွတ်နေရပြီ။ အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်နေရပြီ။ ဝါလဲ့သော သူ့ဆံပင်များနှင့် ကျစ်လျစ် သွယ်ပျောင်းသော သူ့ ခန္ဓာကိုယ်ကို  စွန့်လွှတ်ရန် စစ်မြေပြင်သို့ ထွက်သွားရပြီ။ နမော်နမဲ့ နိုင်သော ခြေဖဝါး အောက်သို့ ရောက်ရသည့် ပုရွက်ဆိတ် တစ်ကောင် အဖြစ်မျိုးသို့ ရောက်သွားရပြီ။ အိပ်မက်ဆန်သော အလှနှင့် ပျော်ရွှင်ဖွယ်တို့ ပြည့်လျှမ်းရာ သီတင်းပတ်သည် အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။

သီတင်းတစ်ပတ်သည် အိပ်မက်ပမာ လျင်မြန်စွာကုန်သွားခဲ့သည်။ ထင်းရှူးရွက်နံ့၊ နာတာလူးပွဲတော် သစ်ပင်နံ့တို့ဖြင့်

သင်းထုံနေသော အိပ်မက်။ ဖယောင်းတိုင် မီးတောက်များ၊ ဆီမီးတောက်များဖြင့် လင်းထိန်နေသော အိပ်မက်။ နှလုံးခုန်နှုန်းလို လျင်မြန်စွာ ပြေးလွှားနေသော အိပ်မက်တို့သည် အတိတ်ထင် ကျန်ရစ်ခဲ့ကြပြီ။ ထိုသီတင်းပတ် အတွင်း တွေ့ခဲ့၊ ကြုံခဲ့၊ မြင်ခဲ့ရသမျှကို စကားလက် မမေ့နိုင်။ နောင် လွမ်းတိုင်း ပြန်တွေးကြည့်လျှင် ကြည်နူးစရာတွေချည်း ဖြစ်နေသည်။ ကကြ၊ ဆိုကြ၊ ရယ်ကြ၊ မောကြ။ အက်ရှလေကို ဝိုင်း၍ ယုယကြ။ သူ့ စိတ်ဆန္ဒကို ဖြည့်စွမ်းကြ။ သူ ပြုံးလျှင် ပြုံးကြ။ သူ စကားပြောလျှင် နားထောင်ကြ။ သူ၏ တောင့်တင်းသော ကိုယ်ခန္ဓာ၊ သူ မျက်ခုံးချပုံ၊ သူ ပြုံးပုံတို့ကို မှတ်မိအောင် သူ့ကို ကြေးမုံထဲက ရုပ်သွင်ပမာ လိုက်ကြည့်ကြဖြင့် လျင်မြန်စွာ ကုန်ဆုံးသွားကာ ပြည်တွင်းစစ်ကြီးသာလျှင် မကုန်ဆုံးနိုင်ဘဲ ဆက်လက်ဖြစ်ပွားနေသည်။

စကားလက်က ဧည့်ခန်းဆောင်ထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ အက်ရှလေက မီလာနီကို နှုတ်ဆက်နေသည်။

အက်ရှလေ အောက်ထပ်သို့ ဆင်းလာလျှင် တစ်ခဏလေး ဖြစ်ဖြစ် နှစ်ယောက်ချင်း စကားပြောခွင့်ရရန် စိတ်ထဲက ကျိတ်၍ ဆုတောင်းနေသည်။ စကားလက်သည် အပေါ်ထပ်က ဆင်းလာမည့် ခြေသံကို နားစွင့်ထောင်သည်။ သို့ရာတွင်

280

အိမ်ကြီးတစ်အိမ်လုံး ငြိမ်ချက်သား ကောင်းလျက် ရှိ၏။ ဒေါ်လေ ပစ်တီက အက်ရှလေကို ကြိုကြိုတင်တင် နှုတ်ဆက်ပြီး အခန်းထဲ ဝင်ငိုနေသည်။ မီလာနီ အခန်းဘက်ဆီမှ တီးတိုးသံ၊ ငိုသံ စသည်တို့ကိုလည်း မကြားရ။ မီလာနီကို နှုတ်ဆက်ဖို့ အခန်းထဲ ဝင်သွားသည်မှာ ကြာလှချည့်ဟု စကားလက် အောက်မေ့မိသည်။ အက်ရှလေက အခန်းထဲ ကြာလေလေ စကားလက် ဒေါသထွက်လေလေ။ အချိန် သိပ်မရှိတော့။

ထိုသီတင်းတစ်ပတ်လုံး အက်ရှလေအား ပြောမည့်စကားများကို စကားလက် စဉ်းစားခဲ့သည်။ သို့ရာတွင် ပြောခွင့်မရ။

ဤစကားများကို နောက်တွင်လည်း မည်သည့်အခါမျှ ပြောခွင့်ရမည် မထင်တော့။

‘အစ်ကို ကျန်းမာရေးကို ဂရုစိုက်နော်’ ‘ခြေထောက်တွေကို ရေမစိုပေ့စေနှင့်၊ အစ်ကိုက ခဏ ခဏ အအေးမိတတ်တယ်’

‘ရှပ်အင်္ကျီ ဝတ်ရင် ရှေ့ရင်ဘတ်မှာ သတင်းစာ စက္ကူတစ်ရွက် အမြဲခံဝတ်၊ ဒါမှ လေကွယ်တယ်’ ဟူသော သိမ်ဖျင်းသေးနုပ်သည့် စကားမျိုးကို စကားလက် မပြောချင်။ စကားလက်ပြောချင်သည့် စကားက ထိုအရာတွေထက် အရေးကြီးသည်။ သူ့ထံက ကြားလိုသည့် စကားများကလည်း အရေးကြီးသည်။ သူ့ပါးစပ်က မပြောလျှင်လည်း သူ့မျက်လုံးက ပြောမည့် စကားတွေက အရေးကြီးသည်။

ပြောစရာတွေက အများကြီး။ သို့ရာတွင် အချိန် သိပ်မရှိတော့။ မီလာနီ အောက်အထိ ဆင်းလိုက်လာလျှင် ကျန်သည့်

အချိန်ကလေးပင် အပြည့်ရတော့မည် မဟုတ်။ ပြီးခဲ့သည့် တစ်ပတ်လုံး ဤအခွင့်အရေးကို သူ ဘာကြောင့် မယူခဲ့မိသနည်း။ သို့ရာတွင် မီလာနီက သူ့ဘေးတွင် အမြဲရှိကာ လင်တော်မောင်ကို အရိပ်တကြည့်ကြည့် ရှိနေသည်။ မနက်မှ ညအထိ အိမ်နီးချင်း မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ အမြဲရှိနေသည်။ ညကျလျှင်လည်း အခန်းထဲတွင် မီလာနီနှင့် ရောက်နေသည်။ ထိုတစ်ပတ်လုံး အက်ရှလေက

အမူအရာဖြင့်သော်လည်းကောင်း၊

စကားဖြင့်သော်လည်းကောင်း

ဘာမျှ

အမှားအယွင်းမရှိ။

အစ်ကို

တစ်ယောက်က ညီမတစ်ယောက်အား ပြသည့် ချစ်ခင်မှုမျိုး၊ မိတ်ဆွေတစ်ယောက်ကို ပြသည့် ချစ်ခင်မှုမျိုးလောက်ကိုသာ ပြသည်။ အက်ရှလေသည် မိမိကို ယခုတိုင် ချစ်သေးသလော။ ဤအချက်ကို စကားလက် သိချင်နေသည်။ မသိလိုက်ရဘဲ သွားခွင့်မပြုနိုင်။ သူ သေသွားသည့်တိုင် အက်ရှလေသည် သူ့ကို တိတ်တဆိတ် ချစ်နေသေးသည်ဟု သိရလျှင် စကားလက် သေပျော်ပြီ။

သို့ဖြင့် အက်ရှလေကို စောင့်နေရသည်မှာ စကားလက် အဖို့ ဆယ်ကမ္ဘာလောက် ကြာမည် ထင်ရသည်။ အပေါ်ထပ်မှ

အက်ရှလေ၏ ဖိနပ်သံနှင့် တံခါးဖွင့်သံ ပိတ်သံများကို ကြားရသည်။ ထို့နောက် လှေကားမှ ဆင်းလာသံကို ကြားရသည်။ စကားလက်

ကံကောင်းသည်။

အက်ရှလေ

တစ်ယောက်တည်း။

မီလာနီက

စိတ်မကောင်းသဖြင့်

အောက်ထပ်သို့

ဆင်းမလာတော့။ အခန်းထဲတွင် နေရစ်ခဲ့သည်။ အလွန် အဖိုးတန်သည့် အချိန်ကလေးတွင် နှစ်ယောက်ချင်း တွေ့ရတော့မည်။

အက်ရှလေက လှေကားမှ ဖြည်းညင်းစွာ ဆင်းလာသည်။ ဖိနပ်သံဆူးက တချွင်ချွင် မြည်လျက် ရှိ၏။ ဓားလွယ်နှင့်

ဖိနပ်ရှည်ကြီး ရိုက်သံကို ကြားရသည်။ ဧည့်ခန်းဆောင်ထဲသို့ ရောက်သည့်အခါတွင် သူ့မျက်လုံးများက တည်တည်ငြိမ်ငြိမ်။ ပြုံးရန် ကြိုးစားသော်လည်း သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ အတွင်း ဒဏ်ရာ တစ်ခုက သွေးယိုစီး ထွက်နေသူတစ်ဦးနှင့် တူသည်။ အက်ရှလေ ဝင်လာသည့်အခါတွင် စကားလက် မတ်တတ် ထလိုက်သည်။ သူ တွေ့ဖူးသမျှ စစ်သားများထဲတွင် အခံ့ညားဆုံး ဥပဓိရုပ် အကောင်းဆုံးဟု စကားလက် ထင်သည်။ ခါးပတ်နှင့် သေနတ်အိတ်က တောက်ပနေသည်။ ဖိနပ်မှ ငွေသံဆူးများနှင့် ဓားအိမ်က ပြောင်လက်နေသည်။ ဦးလေး ပီတာက ကျကျနန တိုက်ချွတ်ပေးထားခြင်းကြောင့် ဖြစ်သည်။

281

ကုတ်အင်္ကျီကမူ ကောင်းကောင်း မလိုက်။ စက်ဆိုင်က အမြန် ချုပ်ပေးလိုက်ရသဖြင့် ချုပ်ရိုးများက သေသပ်ခြင်း မရှိ။ တောက်ပ ပြောင်လက်သည့် မီးခိုးရောင် ကုတ်အင်္ကျီသည် ဟောင်းနွမ်း၍ ဖာရာတွေပြည့်နေသည့် စစ်ဘောင်းဘီ၊ သားရေတွေ ကွာနေသည့် ဖိနပ်ရှည် စသည်တို့နှင့် တခြားစီ ဖြစ်နေသည်။ သို့ရာတွင် စကားလက် စိတ်ထဲတွင်မူ ငွေကိုယ်ကျပ် အင်္ကျီကို ဝတ်ထားစေဦး၊ ဤမျှလောက် ကြည့်ကောင်းလိမ့်မည် မထင်။

‘အစ်ကို ဘူတာရုံကို စကားလက် လိုက်ပို့မယ်လေ’



‘မလိုက်နှင့်လေ၊ ဖေဖေနှင့် ညီမလေးတို့ ဘူတာရုံက စောင့်နေကြလိမ့်မယ်၊ ပြီးတော့ ဘူတာမှာ အေးလည်းအေးတယ်၊

ဒီမှာ နှုတ်ဆက်ရင် တော်ပါပြီကွယ်၊ အတူတူပဲပေါ့’

ဘူတာ လိုက်ပို့ဖို့ အကြံကို စကားလက် လက်လျှော့လိုက်ရသည်။ သူက အင်ဒီယာတို့ ဟန်နီတို့နှင့် ကောင်းကောင်း

လေပေး မဖြောင့်။ သူတို့ ရောက်နေလျှင် အက်ရှလေနှင့်လည်း စကားပြောချိန် ရမည်မဟုတ်။

‘ဒါဖြင့်လည်း လိုက်မပို့တော့ဘူးလေ၊ ရော့ အစ်ကိုဖို့ လက်ဆောင်’



စကားလက်က ရှက်ရွံ့ရွံ့ဖြင့် အထုပ်လေးကို ဖြေ၍ ပေးလိုက်သည်။ အဝါရောင် ခါးစည်းကလေးတစ်ခု။ တရုတ်ပိုးဖျင်

ထူထူဖြင့် ချုပ်ထားပြီး အနားတွင် ပိုးဇာချည်ဖြင့် ကင်းခြေ လိုက်ထားသည်။ လွန်ခဲ့သည့် သုံးလေးလလောက်က သူ့ဖို့ ရက် ဘတ်တလာ ဟာဗားနားမှ ဝယ်လာသည့် ရှောစောင်ကလေး ဖြစ်သည်။ အပြာရောင်၊ အစိမ်းရောင်တို့ဖြင့် ငှက်ရုပ် ပန်းရုပ်ကလေးတွေ ထိုးထားသည်။ ထိုးထားသည့် ပန်းရုပ် ငှက်ရုပ်တွေကို သီတင်း တစ်ပတ်လုံး စိတ်ရှည်လက်ရှည် ပြန်ဖြုတ်ကာ အလယ်သား ကောင်းကောင်းကို ကိုက်ယူပြီး ခါးစည်းကြိုး ချုပ်ထားခြင်း ဖြစ်သည်။

‘ဟာ သိပ်လှတာပဲ၊ စကားလက် ကိုယ်တိုင် ချုပ်တာလား၊ ဒီလိုဆို အစ်ကို့အတွက် ပိုပြီး တန်ဖိုး ရှိတာပေါ့၊ ကဲ အစ်ကို့

ခါးကို စည်းပေးလိုက်လေ၊ ကုတ်အင်္ကျီသစ်၊ ခါးစည်းကြိုးသစ်နှင့် ဆိုတော့ ဟိုကောင်တွေကတော့ မနာလို ဝန်တိုဖြစ်ကြမှာပဲ’

စကားလက်က ခါးစည်းကြိုး အသစ်ကလေးကို ခါးပတ် အထက် ခါးသေးသေးတွင် စည်းပေးလိုက်ပြီး အဖျား

နှစ်ဖက်ကို လိပ်ပြာထုံး ထုံးပေးလိုက်သည်။ မီလာနီလို ကုတ်အင်္ကျီ ချုပ်မပေးလိုက်နိုင်သည့်တိုင် ဤ ခါးစည်းကြိုးကလေးကို ပေးလိုက်နိုင်သဖြင့် စကားလက် ကျေနပ်သည်။ တိုက်ပွဲတွင် ဤ ခါးစည်းကြိုးကလေးသည် အဆောင်လက်ဖွဲ့ ဖြစ်နေလိမ့်မည်။ ဤခါးစည်းကြိုးကို ငုံ့ကြည့်တိုင်း သူ့ကို အမှတ်ရနေလိမ့်မည်။ စကားလက်က နောက်သို့ ဆုတ်ကာ အက်ရှလေကို အမြတ်တနိုး ကြည့်သည်။ သူ့လောက် ယောက်ျား ပီသသည့် စစ်သား၊ သူ့လောက်ရဲရင့်သည့် သူရဲကောင်းဟူ၍ ကမ္ဘာတွင် ရှိမည် မထင်တော့။

‘လှတယ်နော်’ အက်ရှလေက အနားလိုက်ထားသည့် ကင်းခြေကြောင်းများကို လက်ဖြင့် စမ်းကြည့်သည်။



‘ရှောစောင်ကို ဖျက်ချုပ်တာလား၊ ဝတ်စုံကို ဖျက်ချုပ်တာလား မသိဘူး၊ နောက် ဒီလို ဖျက်မချုပ်ပါနှင့်ကွယ်၊

နှမြောစရာကြီး၊ ခုခေတ်မှာ ဒါမျိုး ရှားက ရှားပါဘိသနှင့်’

‘အစ်ကို့ အတွက်ဆိုရင်’

282



စကားလက် တန့်သွားသည်။ ‘စကားလက် အသည်းကို ဖြတ်လွှာပြီး ချုပ်ပေးဆိုရင်လည်း ပေးပါတယ်’ ဟု စကားလက်

ပြောလိုက်ချင်သည်။ ‘ဘာပဲဖြစ်ဖြစ် လုပ်ပေးပါတယ်’

‘တကယ်လား’ အက်ရှလေက မေးသည်။ သူ့မျက်နှာတွင် စောစောကလို မှုန်မှိုင်းခြင်း မရှိတော့။ ‘ဒီလိုဆိုရင်

အစ်ကို့အတွက် စကားလက် လုပ်ပေးနိုင်တာ တစ်ခုရှိတယ်၊ စကားလက် လုပ်ပေးမယ်ဆိုရင်တော့ အစ်ကို စိတ်ချ လက်ချ သွားနိုင်မှာပဲ’

‘ဘာလဲ အစ်ကို’



စကားလက်က ဝမ်းသာအားရ မေးသည်။



‘အစ်ကို့အစား မီလာနီကို ကြည့်ပေးမလားဟင်’



‘မီလာနီကို ကြည့်ပေးရမယ် ဟုတ်လား’



စကားလက် ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားသည်။ အက်ရှလေက ပြောနေပြီ။ စကားလက် ရင်ထဲတွင် ထောင်းခနဲ

ဖြစ်သွားသည်။

ဤအချိန်ကလေးသည်

အက်ရှလေနှင့်

နောက်ဆုံး

နှစ်ယောက်ချင်း

တွေ့ရသည့်

အချိန်ဖြစ်သည်။

သူတို့အနားတွင် မီလာနီ မရှိသည့်တိုင် မီလာနီ၏ အရိပ်သည် သူတို့ကြားထဲတွင် အမြဲရောက်နေပြီ။

ရက်စက်ပါပေ့ အစ်ကိုရယ်။ သွားခါနီးမှာ မီလာနီ နာမည်ကို ပြောရက်ပါပေ့။ သူ့ကို ခိုင်းရက်ပါပေ့။



အက်ရှလေက စကားလက်၏ အခြေအနေကို မရိပ်မိ။ သူ့မျက်လုံးများသည် အဝေးသို့ ငေးကြည့်နေကြသည်။

စကားလက်ကို မြင်ဟန်မတူ။

‘ဟုတ်တယ်၊ သူ့ကိုကြည့်ပြီး ဂရုစိုက်လိုက်ပါ၊ သူ့ဘာသာသူသာ မသိတာ သူ သိပ်အားနည်းနေတယ်၊ ဒီအတိုင်းသာ

သူနာပြု၊ ဒီအတိုင်း အလုပ်တွေ ဆက်လုပ်နေရင် သူ လဲမယ်၊ ခု သူ့ကြည့်ရတာ သိပ်နုပြီး သိပ်ကြောက်တတ်နေတယ်၊ ဒေါ်လေး ပစ်တီရယ်၊ ဦးလေး ဟင်နရီရယ်၊ စကားလက်ရယ်က လွဲရင် သူ့မှာ ဆွေမျိုးရင်းချာရယ်လို့ မရှိပါဘူး၊ ဒေါ်လေး ပစ်တီဆိုတာကတော့ စကားလက်သိတဲ့အတိုင်း ကလေးကြီးလို မဟုတ်လား၊ ဦးလေး ဟင်နရီကလည်း အသက်ကြီးပြီ၊ စကားလက်ကို ညီမ အရင်းလို ချစ်ရှာပါတယ်၊ တကယ်လို့များ အစ်ကို ကျသွားရင် မီလာနီ ဘယ်လိုဖြစ်မယ်ဆိုတာ အစ်ကို မတွေးရဲဘူး၊ သူ့မှာ အားကိုးအားထား တစ်ယောက်မှ ရှိတာမဟုတ်ဘူး၊ အစ်ကို့ကို ကတိပေးမယ်နော် ဟုတ်လား’

အက်ရှလေ၏ နောက်ဆုံးစကားများကို စကားလက် မကြားမိ။ ‘အစ်ကို ကျခဲ့ရင်’ ဆိုသည့် နိမိတ်မရှိသည့် စကားကြောင့်

စကားလက် ရင်တုန်နေသည်။

ကျဆုံး ဒဏ်ရာရ စာရင်းများကို စကားလက် နေ့တိုင်းဖတ်သည်။ ရင်တမမ ဖြစ်ရသည်။ အက်ရှလေသာ ကျသွားလျှင်

သူ့အဖို့ ကမ္ဘာကြီး ပြိုလဲ ပျက်စီးသွားရတော့မည်။ သို့ရာတွင် ပြည်နယ်စစ်တပ်ကြီး တစ်ခုလုံး ချေမှုန်း ခံလိုက်ရသည့်တိုင် အက်ရှလေ တစ်ယောက်ကမူ ကျန်ရစ်နေလိမ့်မည်ဟု စကားလက် ယုံနေသည်။ ယခု အက်ရှလေက ဤစကားကို ပြောနေပြန်ပြီ။ စကားလက် တစ်ကိုယ်လုံး ကြက်သီးတွေ ထလာသည်။ သူ့တစ်ကိုယ်လုံး အေးစက်သွားသည်။ အဓိပ္ပာယ်မရှိ

283

တွေးကြောက်နေခြင်းကို မဖြေဖျောက်နိုင်။ စကားလက်သည် အိုင်းရစ်သွေးပါသူ ပီပီ အတိတ်နိမိတ်ကို ယုံသည်။ အထူးသဖြင့် မကောင်းသည့် အတိတ်နိမိတ်ကို ပို၍ ယုံသည်။ ယခု အက်ရှလေ၏ မျက်လုံးတွင် အလွန်အမင်း စိတ်ထိခိုက်နေသည့် အရိပ်အယောင်ကို စကားလက် သတိပြုလိုက်မိ၏။ သေတော့မည့် လူတစ်ယောက်၏ ကြည့်ပုံမျိုးနှင့် တူသည်ဟု စကားလက် ထင်လိုက်မိသည်။

‘အစ်ကိုကလည်း ဘယ့်နှယ် သေစကားတွေ လျှောက်ပြောနေရတာလဲ၊ နိမိတ် မရှိ နမာ မရှိ၊ ဖွ လွဲပါစေ၊ ပယ်ပါစေ’



‘အစ်ကို ဘေးမသီ ရန်မခ ရှိအောင် စကားလက် ဆုတောင်းပေးနော်၊ ဘုရားမှာလည်း ဆီမီးလေး ဘာလေး ပူဇော်ပေးပါ’



အက်ရှလေက အားယူ၍ ပြုံးရင် ပြော၏။



သို့ရာတွင် စကားလက် မည်သို့မျှ မပြောနိုင်။ သူ့မျက်စိထဲတွင် နိမိတ်မရှိသည့် အရာတွေကိုချည်း မြင်နေသည်။

ဗာဂျီးနီးယားပြည်နယ်က နှင်းခဲပြင်ပေါ်တွင် လဲကျနေသည့် အက်ရှလေ၏ ပုံသဏ္ဌာန်ကိုချည်း မြင်နေသည်။ အက်ရှလေက စကားတွေ တတွတ်တွတ်ပြောနေသည်။ သူ့အသံက ဆို့နင့်နေသည့် အသံ။ ဝေးကွာနေသည့် အသံ။ စကားလက် စိတ်တိုနေသည်တို့ ပျောက်ကာ စိုးရိမ်လာသည်။

‘အစ်ကို အပါအဝင် အစ်ကိုတို့တစ်တွေ အားလုံး ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး၊ ဒါကြောင့် စကားလက်ကို

မှာနေတာပေါ့၊

အဆုံးသတ်ရင်

အစ်ကိုဟာ

တခြားကို

ရောက်ချင်

ရောက်နေမှာ၊

အစ်ကို

မသေဘဲ

အသက်ရှင်

ကျန်နေတယ်ထားဦး။ မီလာနီ အနားမှာ ရှိမှာ မဟုတ်ဘူး’

‘အဆုံးရောက်ရင် ဟုတ်လား’



‘ပြည်တွင်းစစ် တိုက်ပွဲတွေ အဆုံးရောက်ရင်၊ ပြီးတော့ ကမ္ဘာကြီး အဆုံးရောက်ရင်’



‘ဒါပေမယ့် ယန်ကီတွေဟာ စကားလက်တို့ကို နိုင်အောင် မတိုက်နိုင်ဘူးလို့ အစ်ကို ထင်သလား၊ ဗိုလ်ချုပ်လီးရဲ့တပ်တွေ

ဘယ်လောက် အတိုက်အခိုက်တော်ကြောင်း အစ်ကိုပဲ ပြောခဲ့တယ်လေ၊ ခု တစ်ပတ်လုံးလုံး ဒါပဲ ပြောနေတာမဟုတ်လား’

‘ခု တစ်ပတ်လုံးလုံး အစ်ကိုပြောတဲ့စကားတွေဟာ မုသားတွေချည်းပဲ၊ ခွင့်နှင့်ပြန်လာတဲ့ စစ်သားဆိုတာ ဒီလိုပဲ

ပြောရတာပဲ၊ သတင်းအမှန်တွေ မပြောဘဲနှင့်တောင် ဒေါ်လေး ပစ်တီနှင့် မီလာနီတို့ ကြောက်နေကြပြီ မဟုတ်လား၊ အမှန်တွေ လျှောက်ပြောရင် ပိုဆိုးကုန်မှာပေါ့၊ ရှင်းရှင်းပြောရရင်တော့ အစ်ကိုတို့ ရှုံးမှာပဲ စကားလက်၊ ဂက်တီစဘတ် တိုက်ပွဲဟာ အစ်ကိုတို့အဖို့ အဆုံးရဲ့အစပဲ၊ ဒီမှာနေတဲ့ လူတွေကတော့ မသိကြဘူးပေါ့၊ ရှေ့တန်းမှာ ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာ ဘယ်သိနိုင်မလဲ၊ ဒါပေမယ့် အစ်ကိုတို့ တပ်သား တော်တော်များများမှာ ဖိနပ် မရှိကြဘူး၊ ရှေ့တန်းမှာက ရေခဲပြင်ချည်းပဲ။ တချို့ ရဲဘော်တွေဟာ ခြေထောက်ကို အဝတ်စုတ်တွေ ဂုန်နီအိတ်တွေနှင့် ပတ်ထားကြရတယ်၊ တချို့ ခြေချောင်းလေးတွေ ကြွေပြတ်ကျပြီး ရေခဲပြင်ပေါ်မှာ ဆိုရင် သွေးကွက်တွေချည်းပဲ၊ ဒါတွေကို မြင်ရတော့ အစ်ကို စိတ်မချမ်းသာဘူး၊ ဒီကြားထဲမှာ အစ်ကိုက ဖိနပ်ရှည်ကြီး စီးထားလို့ ဘယ်ကောင်းမလဲ၊ ဒါကြောင့် အစ်ကိုလည်း ဖိနပ် မစီးတော့ဘူး၊ တစ်ယောက်ယောက်ကို ပေးပစ်ချင်ပြီ’

284



‘အို အစ်ကိုကလည်း ဘာဖြစ်လို့ ပေးရမှာလဲ၊ ဘယ်သူ့မှ ပေးမပစ်နှင့်နော်’



‘အစ်ကို့တို့ဘက်က

အခြေအနေနှင့်

ယန်ကီတွေရဲ့အခြေအနေတွေကို

မြင်ရတော့

အစ်ကို့တို့

အခြေအနေ

မကောင်းဘူးဆိုတာ အစ်ကို သိလာတယ်၊ စကားလက် စဉ်းစားကြည့်လေ၊ ယန်ကီတွေ ဘက်မှာ ဥရောပက စစ်သားတွေ ငှားထားတယ်၊ အစ်ကိုတို့ ဖမ်းမိတဲ့ သုံ့ပန်းတွေကို ကြည့်ရင် တစ်ယောက်မှ အင်္ဂလိပ် စကား မပြောတတ်ကြဘူး၊ ဂျာမန်တွေ ပါတယ်၊ ပိုလန်တွေ ပါတယ်၊ အိုင်းရစ် တောင်ပေါ်သားတွေ ပါတယ်၊ ဒါပေမယ့် အစ်ကိုတို့ ဘက်မှာ စစ်သားတစ်ယောက်ကျရင် အစားထိုးစရာ မရှိဘူး၊ ဖိနပ် ကုန်သွားရင်လည်း နောက်ထပ် ဖိနပ် ထုတ်ပေးစရာမရှိဘူး၊ အကျပ်အတည်းတော့ တွေ့နေပြီ စကားလက်၊ အစ်ကိုတို့က တစ်ဦးတည်း၊ သူတို့ဘက်မှာက ကမ္ဘာတစ်ခုလုံး၊ အစ်ကိုတို့ဟာ ကမ္ဘာကြီး တစ်ခုလုံးကို ခံမတိုက်နိုင်ဘူး’

စကားလက် အားတင်းသည်။ ပြည်နယ်ကြီးတစ်ခုလုံး ဖုန်မှုန့်ထဲ ပြိုကျသွားစေဦး၊ ကမ္ဘာကြီး တစ်ခုလုံး ပြိုလဲ ပျက်စီး

သွားစေဦး၊ အက်ရှလေ မသေရ။ မသေနိုင်။ အက်ရှလေ မရှိလျှင် သူ အသက် မရှင်နိုင်။

‘အစ်ကို ပြောတာတွေကို ဘယ်သူ့မှ မပြောနှင့်နော် စကားလက်၊ ဒိပြင်လူတွေ အထိတ်တလန့် ဖြစ်ကုန်လိမ့်မယ်၊

ဒီအခြေအနေတွေကို မြင်လို့ မီလာနီကို ဂရုစိုက်လိုက်ပါလို့ အစ်ကို မှာခဲ့တာပေါ့၊ မီလာနီရဲ့ ကျန်းမာရေးအခြေအနေ သိပ် မကောင်းဘူး၊ သိပ်အားနည်းနေတယ်၊ အစ်ကို တစ်စုံတစ်ခု ဖြစ်သွားရင် သူ့အနားမှာ စကားလက် ရှိနေတယ်ဆိုတော့ အစ်ကို စိတ်ချတယ်၊ ဂရုစိုက်လိုက်ပါနော် စကားလက်’

‘စိတ်ချပါ အစ်ကိုရယ်’ စကားလက်က ကတိပေးသည်။ ရှေ့ရေး မရေရာသော ဘဝ။ ဤအချိန်တွင် စကားလက်

သူ့အတွက် တတ်နိုင်သမျှ လုပ်ပေးရမည်။ ‘အစ်ကိုရယ်၊ မသွားလို့ရရင်လည်း မသွားဘဲ နေပါ့မလား၊ ခွဲရတာ တစ်မျိုးကြီးပဲ’

‘အားတင်းမှပေါ့ စကားလက်ရယ်’ အက်ရှလေ အသံက တိုးတိတ် ညင်သာသည်။ သူ့ရင်တွင်းမှ တစ်စုံတစ်ရာက

စေခိုင်းသည့်နှယ် စကားလုံးများကို ခပ်သွက်သွက် ပြောချလိုက်သည်။ ‘စကားလက်က အားမတင်းရင် အစ်ကို ဘယ့်နှယ် လုပ်မလဲ’

စကားလက်က သူ့မျက်နှာကို ဝမ်းသာအားရ လှမ်းကြည့်လိုက်၏။ သူ့စကားတွေက အဓိပ္ပါယ်မည်သို့နည်း။ သူလည်း

မိမိလို ခွဲရမည်ကို ရင်နာသည်ဟု ဆိုလိုသလော။ သူ့မျက်နှာသည် မီလာနီကို နှုတ်ဆက်ပြီး ဆင်းလာစဉ်ကလို ညှိုးသွားသည်။ သို့ရာတွင် မျက်လုံးများ၌ မည်သည့် အဓိပ္ပာယ်မျှ ရှာမတွေ့။ အက်ရှလေက ငုံ့ကာ သူ့မျက်နှာကို မော့ယူလိုက်ပြီး နဖူးကို နမ်းသည်။

‘စကားလက်၊

စကားလက်ဟာ

သတ္တိကောင်းတယ်၊

ရဲရင့်တယ်၊

စိတ်ဓာတ်

ခိုင်မာတယ်၊

လှတယ်၊

စကားလက်ရဲ့မျက်နှာကသာ လှတာ မဟုတ်ဘူး၊ စကားလက်ရဲ့ကိုယ်ခန္ဓာ၊ စကားလက်ရဲ့စိတ်ဓာတ်၊ စကားလက်ရဲ့ဝိညာဉ်၊ အို အားလုံးပဲ’

အက်ရှလေ၏ စကားများနှင့် နဖူးကို လာထိသည့် အတွေ့ကြောင့် စကားလက် ရင်တလှိုက်လှိုက် ဖြစ်လာသည်။



‘အစ်ကို တစ်ယောက်ပဲ၊ အစ်ကိုကလွဲရင် ဘယ်သူ့ကိုမှ’

285



‘အစ်ကို နားလည်ပါတယ်၊ စကားလက်ကို တခြားလူတွေထက် အစ်ကို ပိုနားလည်တယ်၊ တခြားလူတွေ မမြင်တဲ့

စကားလက်ရဲ့ အလှကို အစ်ကို မြင်တယ်လို့ ထင်တယ်’

အက်ရှလေက စကားပြောရပ်လိုက်ပြီး မျက်နှာကို မော့ကိုင်ထားရာမှ လွှတ်လိုက်၏။ သို့ရာတွင် သူ့မျက်လုံးများက

စကားလက် မျက်လုံးများကို စိုက်ကြည့်နေသည်။ စကားလက် အသက်ပင် မရှူနိုင်။ ခြေဖျားလေး ထောက်ကာ သူ့ပါးစပ်မှ ထွက်လာမည့် စကားကလေး နှစ်လုံးကို နားစွင့်သည်။ သို့ရာတွင် သူ ကြားချင်သည့်စကားလေး နှစ်လုံးက ထွက်မလာ။ စကားလက်က စိုးရိမ်တကြီးဖြင့် သူ့မျက်နှာကို မော့ကြည့်သည်။ အက်ရှလေက နောက်ထပ် ဘာမျှ မပြောတော့။

သွားပြီ။ သူ့ မျှော်လင့်ချက်တို့ ပြိုကွဲသွားပြီ။ စကားလက်သည် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်သည်။

သူ့မျက်လုံးတွင် မျက်ရည်တွေ ဝဲလာသည်။ ထိုစဉ် အဝင် လမ်းမဘက်ဆီမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ မြင်းခွာသံများက ကျယ်လောင်သည်။ အက်ရှလေ ရောက်လာစဉ်က စီးလာခဲ့သည့် မြင်းခွာသံများထက် ကျယ်လောင်သည်ဟု စကားလက်

ထင်သည်။

လူသူ

မရှိသည့်

ကျွန်းတစ်ကျွန်းက

ကျောက်ဆောင်ကို

ရိုက်နေသည့်

ရေလှိုင်းသံများကို

နားထောင်ရသည်ထက် ချောက်ချားစရာ ကောင်းသည်။ ဦးလေး ပီတာက စောင်ကြီးခြုံကာ အက်ရှလေကို ဘူတာရုံသို့ ပို့ရန် လာနေပြီ။

‘သွားမယ် စကားလက်’



အက်ရှလေက ရက် ဘတ်တလာထံမှ သူ တောင်းပေးထားသည့် သက္ကလပ် ဦးထုပ်ကို စားပွဲပေါ်မှ ကောက်ယူကာ

မှောင်မည်းနေသည့် အိမ်ရှေ့ဆင်ဝင်ဘက်သို့ ထွက်သွား၏။ တံခါးလက်ကိုင်ဘုကို လှမ်းကိုင်ရင်း သူ့ကို ပြန်လှည့်ကြည့်သည်။ သူ့တစ်ကိုယ်လုံးပေါ်မှ

အမူအရာ၊

သူ့မျက်နှာ

တစ်ပြင်လုံးမှ

အမူအရာ

အသေးစိတ်တိုင်းကို

မျက်စိထဲတွင်

သယ်ဆောင်သွားလိုဟန် တူသော ငေးစင်းသည့် အကြည့်။ စကားလက်သည် မျက်ရည်တွေ ကြားမှ သူ့မျက်နှာကို လှမ်းကြည့်သည်။ သူ့ရင်ထဲ၌ နာကျင်နေသည်။ အက်ရှလေ တစ်ယောက် သူ့အယုအယနှင့် ဝေးရာ၊ ချမ်းမြေ့ရိပ်မြုံ ဖြစ်သည့် ဤအိမ်ကြီးနှင့် ဝေးရာသို့ ထွက်သွားနေပြီ။ သူ့ဘဝ၊ သူ့လောကမှ ဝေးရာသို့ ထွက်သွားနေပြီ။ သူ့ဘဝ၊ သူ့လောကမှ ဝေးရာသို့ သွားနေပြီ။ ထာဝရ ခွဲခွာသွားခြင်းလည်း ဖြစ်နိုင်သည်။ သူ ကြားလိုသည့် စကားလေး နှစ်ခွန်းကိုမျှ မကြားလိုက်ရ။ အချိန်သည် ရေရဟတ်လို တအိအိ သွားနေသည်။ ယခု အချိန်မရှိတော့။ နောက်ကျသွားပြီ။ စကားလက်သည် ဧည့်ခန်းကို ဖြတ်ကာ ဆင်ဝင်ဘက်သို့ ပြေးလိုက်လာခဲ့ပြီး ခါးစည်းကြိုးလေးကို လှမ်းဆွဲလိုက်၏။

‘အစ်ကို အစ်ကို၊ စကားလက်ကို မနမ်းတော့ဘူးလား၊ ဟင်၊ နှုတ်မဆက်တော့ဘူးလား’



အက်ရှလေက သူ့ခါးကို ညင်သာစွာ ဖက်လိုက်သည်။ မျက်နှာကို ငုံ့သည်။ အက်ရှလေ၏ နှုတ်ခမ်းများက

သူ့နှုတ်ခမ်းကို လာထိသည်နှင့် စကားလက်သည် သူ့လည်ပင်းကို တအား သိုင်းဖက်လိုက်သည်။ လျင်မြန်သော တစ်ခဏ၌ အက်ရှလေက သူ့ ကိုယ်လုံးလေးကို ဆွဲယူလိုက်သည်။ ထို့နောက် လက်က ဦးထုပ်ကို ကြမ်းပေါ်သို့ လွှတ်ချလိုက်ပြီး သူ့ကို ဖက်ထားသည့် စကားလက်၏ လက်များကို ဆွဲဖြုတ်နေသည်။

‘တော်ပြီ စကားလက်၊ တော်ပြီ’

286



အက်ရှလေက သူ့ လက်ကောက်ဝတ်များကို ညှစ်၍ လက်ကို ဖြုတ်နေသည်။



‘စကားလက် အစ်ကို့ကို ချစ်တယ်၊ ဟိုတုန်းကလည်း ချစ်ခဲ့တယ်၊ ခုလည်း ချစ်တယ်၊ အစ်ကို့ကို ချစ်သလောက်

ဘယ်သူ့ကိုမှ မချစ်ဖူးသေးဘူး၊ ချားလ်ကို လက်ထပ်ခဲ့တာက အစ်ကို့ကို မခံချင်လို့ လုပ်ပြခဲ့မိတာပါ၊ အစ်ကို့ကို စကားလက် ချစ်တယ်၊ အစ်ကိုသွားရာကို လိုက်ချင်တယ်၊ အစ်ကို့အတွက် ထမင်းချက်ပေးမယ်၊ ဖိနပ် တိုက်ပေးမယ်၊ မြင်းထိန်းဆိုရင်လည်း ထိန်းပေးမယ်၊ ချစ်တယ်လို့သာ အစ်ကိုက တစ်ခွန်းပဲ ပြောလိုက်စမ်းပါ။ စကားလက် သေပျော်ပါပြီ’

အက်ရှလေက

ဦးထုပ်ကို

ကုန်းကောက်လိုက်၏။

သူ့မျက်နှာကို

တစ်ချက်

မြင်လိုက်ရသည်။

သူ

တွေ့ဖူး

မြင်ဖူးသမျှတွေထဲတွင် မကြည်သာဆုံး မျက်နှာ၊ မသာယာဆုံး မျက်နှာ။ ထိုမျက်နှာပေါ်တွင် သူ့ကို ချစ်သည့်အချစ်နှင့် သူ့အချစ်ကို

ရသည့်အတွက်

ပျော်ရွှင်ဝမ်းသာခြင်းတို့

ပေါ်နေသည်။

ထိုနှင့်အတူ

စိတ်ပျက်ခြင်းနှင့်

ရှက်ခြင်းတို့က

အားပြိုင်နေကြသည်။

‘သွားတော့မယ်’



အက်ရှလေက ဆို့နင့်နေသံဖြင့် ပြော၏။



တံခါးသည် ချက်ခနဲ ပွင့်သွားကာ အပြင်က လေအေးသည် အိမ်ထဲသို့ ဝင်လာသည်။ ခန်းဆီးများသည် တဖျပ်ဖျပ်

လွင့်နေကြ၏။

ရထားဆီသို့ ပြေးဆင်းသွားသော သူ့သဏ္ဌာန်ကို စကားလက် ငေးကြည့် ကျန်ရစ်ခဲ့သည်။ ဓားအိမ်က ဖျော့တော့သည့်

ဆောင်းနေခြည်တွင် ပြောင်လက်လျက်။ ခါးစည်းကြိုး အဖျားနှစ်ခုက ကခုန် ဝှေ့ယမ်းလျက်။

287

၁၆



၁၈၆၄ ခု၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများ ကုန်သွားပြီ။ မိုးက လေပြင်းကလည်း တိုက်သည်။ ညှိုးငယ်ခြင်း၊

မည်းမှောင်ခြင်းတို့ ကြီးစိုးနေသည်။ ဂက်တီစဘတ်နှင့် ဗစ်စဘတ်တို့ ကျပြီးနောက် တောင်ပိုင်း ဗဟိုစစ်ကြောင်းသည် နှစ်ဖက်မှ

ညှပ်ပိတ်

ခံနရေသည်။

တင်နဆီပြည်နယ်

တစ်ခုလုံးလောက်ကို

ပြည်ထောင်စုတပ်များက

သိမ်းထားပြီ။

သို့တိုင်အောင် တောင်ပိုင်းပြည်နယ်များသည် စိတ်ဓာတ်ပြိုကွဲခြင်း မရှိသေး။ မျှော်လင့်ချက် နေရာတွင် သေသေကျေကျေ တိုက်မည် ဟူသော ပိုင်းဖြတ်မှုကို ရင်ဝယ်ပိုက် ထားကြသည်။ သို့ရာတွင် အများကမူ မည်းမှောင်သည့် တိမ်တိုက်တွင် ငွေနားကို ရှာတတ်ကြသေးသည်။ ကံအားလျော်စွာပင် တင်နဆီပြည်နယ်ကို သိမ်းပြီး ဂျော်ဂျီယာပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်လာသည့် ရန်သူများကို တွန်းလှန်နိုင်ခဲ့သည်။

ဂျော်ဂျီယာပြည်နယ် အနောက်မြောက် အစွန်ရှိ ချူကာအော်ဂါတွင် ဖြစ်ပွားသည့် တိုက်ပွဲသည် ပြည်တွင်းစစ်

ဖြစ်သည့်နောက် ဂျော်ဂျီယာပြည်နယ်တွင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ယန်ကီတို့က ချူကာအော်ဂါကို သိမ်းပြီးနောက် တောင်ကြားလမ်းများကို

ဖြတ်ကာ

ဂျော်ဂျီယာပြည်နယ်ထဲသို့

ထိုးဝင်လာသည်။

သို့ရာတွင်

အကျအဆုံးများစွာဖြင့်

ဆုတ်ခွာသွားခဲ့ကြရသည်။

ဤတိုက်ပွဲတွင် အတ္တလန်တာက မီးရထားလမ်းဆုံများသည် အရေးကြီးသည့် အချက်အချာ နေရာများ ဖြစ်ခဲ့ကြသည်။

ဗိုလ်ချုပ် လောင်းစထရိ၏ တပ်များကို ဗားဂျီးနီးယားမှ အတ္တလန်တာ၊ ထိုမှ တင်နဆီ စစ်မြေပြင်သို့ အမြန်ပို့ခဲ့ရသည်။ တောင်ပိုင်းတွင် ရှိသမျှ သံလမ်းများကို ဖြုတ်ကာ ထိုလမ်းကို ဖောက်ခဲ့ကြရသည်။

စစ်သားတင် ရထားများသည် အတ္တလန်တာမှ တစ်စင်းပြီးတစ်စင်း စစ်မြေပြင်သို့ ထွက်ခွာနေကြသည်။ ရထားက

အမျိုးစုံသည်။ ခရီးသည်တင် ရထားတွဲများ၊ ကုန်တွဲများ၊ ပက်လက်တွဲများ စသည်တို့ပေါ်တွင် အော်ဟစ်သီချင်းဆို နေကြသည့် စစ်သားတွေ အပြည့်။ သူတို့တွင် အိပ်စက်ခြင်း မရှိ။ ရိက္ခာ မပါ။ မြင်း မပါ။ သူနာတင် ရထားနှင့် ရိက္ခာရထား မပါ။ နားနေချိန် မရ။ ရထား တစ်စင်းမှ တစ်စင်းသို့ အပြေးအလွှားပြောင်းစီးပြီး စစ်မြေပြင်သို့ ထွက်သွားကြသည်။ ထို့နောက်တွင် ယန်ကီများကို ဂျော်ဂျီယာ ပြည်နယ်ထဲသို့ တင်နဆီပြည်နယ်ထဲသို့ တွန်လှန် မောင်းထုတ်လိုက်ကြသည်။

ဤတိုက်ပွဲသည် ပြည်တွင်းစစ် တစ်လျှောက်လုံးတွင် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်၏။ မိမိတို့ မြို့က မီးရထား လမ်းဆုံ

အချက်အချာ ဖြစ်ခဲ့သဖြင့် အတ္တလန်တာသားတို့ ဂုဏ်ယူကြသည်။

သို့ရာတွင် ချူကာအော်ဂါမှ သတင်းများကမူ အားတက်စရာ မရှိလှ။ ယန်ကီများသည် စစ်တိုက်ကောင်းရုံမျှမက သူတို့

ဗိုလ်ချုပ်များကလည်း ဗိုလ်ချုပ်ကောင်းများဖြစ်သည်ကို မငြင်းနိုင်ကြတော့။ ယန်ကီ ဗိုလ်ချုပ် ဂရန့်သည် အောင်ပွဲရမည်ဆိုလျှင် သူက ရက်ရက်စက်စက် တိုက်ကာ အောင်ပွဲကို မရအရ ရယူသူဖြစ်သည်။ ဗိုလ်ချုပ် ရှရီဒန် ဆိုလျှင် တောင်ပိုင်းတပ်တို့ ဖိန့်ဖိန့်တုန်အောင်

ကြောက်ကြသည်။

ဗိုလ်ချုပ်

ရှားမင်း

ဆိုသည့်လူက

နာမည်ကြီးသည်။

တင်နဆီတိုက်ပွဲတွင်

နာမည်ကြီးလာကာ အတိုက်အခိုက် ရဲရင့်သူ၊ ပြတ်သားသူဟု ထင်ရှားနေသည်။

288



သို့တိုင်အောင် သူတို့သည် တောင်ပိုင်းဗိုလ်ချုပ်လီးကို မယှဉ်သာဟု အများက ထင်နေကြသည်။ ဗိုလ်ချုပ်လီးနှင့်

ပြည်နယ် တပ်မတော်ကို ယုံကြည်နေကြဆဲဖြစ်သည်။ အသေအပျောက်၊ အထိအခိုက်၊ အရှအနာ များလှပြီ။ ဒုက္ခိတဦးရေ၊ မုဆိုးမဦးရေ၊ မိဘမဲ့တွေ များဦးမည်။

ပို၍ ဆိုးသည်မှာ ပြည်သူများက ခေါင်းဆောင်များကို ယုံကြည်မှု လျော့နည်းလာခြင်း ဖြစ်သည်။ သတင်းစာများက

တောင်ပိုင်းပြည်နယ် သမ္မတ ဒေးဗီးစ်ကိုလည်းကောင်း၊ စစ်ပွဲတွင် ကွပ်ကဲ လမ်းညွှန်ပုံကို လည်းကောင်း ပြောင်ပြောင်တင်းတင်း ဝေဖန်လာကြသည်။ ပြည်နယ်အစိုးရ အဖွဲ့ထဲတွင် သဘောကွဲလွဲမှုများ ပေါ်ပေါက်လာသည်။ သမ္မတ ဒေးဗီးစ်နှင့် သူ့ ဗိုလ်ချုပ်များ အချင်းချင်း အယူအဆ ကွဲနေသည်။ ငွေတန်ဖိုး ဒလဟော ကျဆင်းနေသည်။ စစ်တပ်အတွက် ဖိနပ်နှင့် အဝတ်အထည် ရှားပါးနေသည်။ လက်နက်များနှင့် ဆေးဝါးက ပို၍ ရှားသည်။ မီးရထား တွဲသစ်များ လိုနေသည်။ ယန်ကီတို့ကြောင့် သံလမ်းများ ပျက်စီးသဖြင့် သံလမ်းများ လိုနေသည်။ ရှေ့တန်းတွင် ရောက်နေသည့် ဗိုလ်ချုပ်များက တပ်ကူများ ပို့ရန် အပူတပြင်း တောင်းနေသည်။ တပ်ကူကလည်း များများ မပို့နိုင်တော့။ အဆိုးဆုံးမှာ အချို့ပြည်နယ် ဘုရင်ခံ ဘရောင်းက မြို့ပြကာကွယ်ရေးတပ်များနှင့် လက်နက်များကို မိမိနယ်စပ် အပြင်ဘက်သို့ မပို့နိုင်ဟု ငြင်းဆိုကြခြင်း ဖြစ်သည်။ အချို့သော ပြည်နယ်များတွင် တိုက်စွမ်းရည်ပြည့်သည့် တပ်များ ရှိသေးသည်။ ပြည်နယ် ပေါင်းစု အစိုးရထံ ဗဟို အစိုးရက အကူအညီ တောင်းသည်ကို မပို့နိုင်ဟု ငြင်းကြသည်။

ငွေတန်ဖိုး ကျသည်တွင် ကုန်ဈေးနှုန်းများက ထပ်တက်လာပြန်သည်။ အမဲသား၊ ဝက်သားနှင့် ထောပတ်က

တစ်ပေါင်လျှင် သုံးဆယ့်ငါး ဒေါ်လာဈေး ရှိသည်။ ဂျုံ တစ်အိတ်လျှင် ဒေါ်လာ တစ်ထောင့်လေးရာ။ ဆိုဒါ တစ်ပေါင်လျှင် ဒေါ်လာ တစ်ရာ၊ လက်ဖက်ခြောက် တစ်ပေါင် ဒေါ်လာ ငါးရာဖြစ်နေသည်။ အနွေးထည်ဈေးမှာ ဆိုစရာ မရှိတော့။ အတ္တလန်တာက အမျိုးသမီးများသည် အနွေးထည် ဟောင်းများပေါ်တွင် ထပ်ချုပ်ရသည်။ မလုံလောက်သဖြင့် လေဒဏ်ခံနိုင်ရန် အတွင်းက သတင်းစာ စက္ကူတွေ ခေါက်ခံရသည်။ ဖိနပ်တစ်ရန်လျှင် ကပ်စက္ကူမှ သားရေစစ် အထိ အမျိုးအစားကိုလိုက်၍ တစ်ရန်လျှင် ဒေါ်လာ နှစ်ရာမှ ရှစ်ရာအထိ ရှိသည်။ အမျိုးသမီးများမှာ ကော်ဇောစုတ်များနှင့် သိုးမွေးထည် ဟောင်းများကို ချုပ်၍ ကြိုးသိုင်း စီးကြသည်။ ဖိနပ် အောက်ခံခုံကို သစ်သားဖြင့် လုပ်ရသည်။

စင်စစ် မြောက်ပိုင်းသည် တောင်ပိုင်းပြည်နယ်များကို လေးဖက် လေးတန်မှ ဝိုင်းပိတ်ထားခြင်းဖြစ်သည်။ သို့ရာတွင်

အများက သဘော မပေါက်ကြသေး။ ဆိပ်ကမ်းများတွင် ယန်ကီ အမြောက် သင်္ဘောများက ကွန်ဖြန့်သလို ဖြန့်ထားသည့် ပိတ်ဆို့မှုကို တဖြည်းဖြည်း စုယူလာသည်။ ထိုပိတ်ဆို့မှုကို ဖောက်ထွက်နိုင်သည့် တောင်ပိုင်းက စက်လှေဟူ၍ သိပ်မရှိတော့။

တောင်ပိုင်း ပြည်နယ်များသည် ဝါဂွမ်း ရောင်းပြီး မိမိတို့နယ်များတွင် မထွက်သည့် ကုန်များကို တင်သွင်းရသည်။ ယခုမူ

ဝါဂွမ်းလည်း မရောင်းနိုင်။ ပြည်ပ ကုန်များကိုလည်း တင်သွင်းခြင်း မပြုနိုင်။ စကားလက်၏ ဖေဖေတွင် သုံးနှစ်စာ ဝါဂွမ်းများ ရှိသည်။ မြိုင်သာယာတွင် ရှိသည့် ဝါဖတ်စက် အနီးက တဲကြီးများတွင် လှောင်ထားခဲ့သည်။ သို့ရာတွင် အရောင်းအဝယ် မဖြစ်။ အင်္ဂလန် ဆိပ်ကမ်းတွင်သာ ဆိုလျှင် ဝါဂွမ်းများ၏ တန်ဖိုးသည် ဒေါ်လာ ငါးသောင်းဖိုးခန့် တန်လိမ့်မည်။ သို့ရာတွင် အင်္ဂလန်သို့ မည်သို့ ပို့ရမည်နည်း။ ဖေဖေသည် လူချမ်းသာ တစ်ယောက်အဖြစ်မှ တစ်မုဟုတ်ချင်း လျှောကျသွားကာ မိသားစုနှင့် ကပ္ပလီ ကျွန်းများ၏ နေထိုင်စားသောက်မှု အတွက် စိတ်ညစ်နေရပြီ။

တောင်ပိုင်းပြည်နယ်များရှိ

ဝါခင်းရှင်များ

အားလုံး

ဤသို့ဖြစ်နေကြသည်။

ပိတ်ဆို့မှု

တင်းကျပ်လာသဖြင့်

289

တောင်ပိုင်းပြည်နယ်များသည် ငွေရသီးနှံကို အင်္ဂလန် ဈေးကွက်များသို့ မပို့နိုင်တော့။ ဝါဂွမ်းမှ ရသည့် ငွေများဖြင့် စားသုံးကုန် ပစ္စည်းများကိုလည်း တင်သွင်းခြင်း မပြုနိုင်တော့။ စက်မှု ဖွံ့ဖြိုးသည့် မြောက်ပိုင်းနှင့် စစ်ပြိုင်နေရသည့် လယ်ယာ စိုက်ပျိုးရေး ထွန်းကားရာ တောင်ပိုင်းသည် ငြိမ်းချမ်းသည့် ကာလများတွင် ဝယ်ယူဖို့ စိတ်မကူးမိသည့် အရာများက အစ အဘက်ဘက်က ချို့တဲ့နေပြီ။

ဤအချိန်သည်

အမြတ်ကြီးစားများ၊

ကုန်လှောင်သူများအတွက်

အချိန်ကောင်းဖြစ်သည်။

၎င်းတို့ကလည်း

အခွင့်အရေးကို အမိအရ ယူကြသည်။ အစားအသောက်နှင့် အဝတ်အထည်များ ပို၍ ရှားလာကာ ဈေးနှုန်းများ ပို၍ ကြီးလာသည်နှင့်အမျှ

ကုန်လှောင်သူများ၊

အမြတ်ကြီးစားများကို

ဆန့်ကျင်

ကန့်ကွက်သည့်

အသံများသည်

ပို၍

ကျယ်လောင်လာသည်။ ပို၍ ပြင်းထန်လာသည်။ ၁၈၆၄ ခု နှစ်ဦးပိုင်းတွင် သတင်းစာတိုင်းက ကုန်လှောင်သူများ၊ အမြတ်ကြီးစားသူများအား လင်းတများ၊ သွေးစုပ်ကောင်များ။ မျှော့များ စသဖြင့် ခေါင်းကြီးပိုင်းမှ အပြင်းအထန် ဝေဖန် တိုက်ခိုက်ကြသည်။ ၎င်းတို့ကို ပြတ်သား တင်းမာစွာ ကိုင်တွယ်ရန် အစိုးရကို တိုက်တွန်းကြသည်။ အစိုးရကလည်း အတတ်နိုင်ဆုံး ကြိုးစားသည်။ သို့ရာတွင် ဘာမျှ အရာမရောက်။ အစိုးရတွင်လည်း ပြဿနာပေါင်းစုံ ရင်ဆိုင်နေရသည်။

မည်သူမျှ

ရက်

ဘတ်တလာလောက်

အမုန်းမခံရ။

ပိတ်ဆို့ကုန်

မှောင်ခိုများကို

သွင်းရသည့်

ကိစ္စ

အန္တရာယ်ကြီးလာသည့်အခါတွင် ရက်ဘတ်တလာသည် သူ့စက်လှေများ အားလုံးကို ရောင်းပစ်ခဲ့သည်။ ယခုအချိန်တွင် ရက် ဘတ်တလာသည် စားကုန်သောက်ကုန်များကို သိမ်းဝယ်ကာ အတိအလင်း လှောင်ထားသည်။ ရစ်ခ်ျမွန်နှင့် ဝီလ်မင်တန်မှ အတ္တလန်တာသို့ ရောက်လာသည့် ရက် ဘတ်တလာ၏ သတင်းများကြောင့် သူနှင့် ဆက်ဆံခဲ့ဖူးသူများမှာ ရှက်နေကြသည်။

အတ္တလန်တာတွင် ယခင်က လူဦးရေ တစ်သောင်းသာရှိသည်။ စား ရေ ရိက္ခာ ရှားပါးနေသည့်တိုင် အတ္တလန်တာ

လူဦးရေသည် တိုးနေသည်။ ယခင်ကထက် နှစ်ဆလောက် ဖြစ်နေသည်။ ယန်ကီ ပိတ်ဆို့မှုကြောင့် အတ္တလန်တာ မြို့သည် ဗဟိုချက်မ ဖြစ်နေသည်။ ယခင်က တောင်ပိုင်းပြည်နယ်များကို ဆိပ်ကမ်းမြို့များက အစစ အရာရာ ချုပ်ချယ်ခဲ့သည်။ ယခု ဆိပ်ကမ်းမြို့ အချို့ပိတ်ကာ အချို့မြို့များ အဝိုင်းခံ အပိတ်ခံထားရသည်။ တောင်ပိုင်း ပြည်နယ်များအဖို့ ကိုယ့်အားကိုယ်ကိုး ရတော့မည်။ ပြည်တွင်းစစ်ကို အနိုင်တိုက်ချင်လျှင် အတွင်းပိုင်း ပြည်နယ်များသည် ကိုယ့်ကိုယ်ကိုယ် အားကိုးရတော့မည်။ ထိုအထဲတွင် အတ္တလန်တာသည် ဗဟိုချက်မ ဖြစ်နေသည်။ အတ္တလန်တာမြို့သူ မြို့သားများသည် အခက်အခဲများ၊ ဆင်းရဲ ဒုက္ခများကို ရင်ဆိုင်နေကြရသည်။ ရောဂါ ထူပြောသည်။ အသေအပျောက် များသည်။ သို့ရာတွင် အတ္တလန်တာသည် ပြည်တွင်းစစ်ကြောင့် ထိခိုက်ဆုံးရှုံးရသည်ထက် အကျိုးအမြတ်က များနေသည်။ ပြည်နယ်ပေါင်းစုံ၏ ဗဟိုချက်မဖြစ်သော အတ္တလန်တာသည် ကြက်ပျံမကျ စည်ကားနေသည်။ အသက်သွေးကြောများဖြစ်သည့် ရထားလမ်းများပေါ်တွင် လက်နက်များ၊ ရိက္ခာများ အဆက်မပြတ် စီးဆင်းနေသည်။

ယခင်က ဆိုလျှင် စကားလက်သည် အဝတ်အစား အစုတ်အပြတ်၊ ဖိနပ် အဟောင်းအနွမ်းတို့ ဝတ်ရသည်ကို ရှက်သည်။

ယခုမူ ထိုအရာများကို စကားလက် ဂရုမစိုက်တော့။ သူ အရေးတကြီး ထားသူသည် အတ္တလန်တာတွင် မရှိတော့။ ယခု နှစ်လ အတွင်းတွင် စကားလက်သည် ယခင် နှစ်ပေါင်းများစွာက ပျော်သည်ထက် နှစ်ဆတိုး ပျော်နေသည်။ အက်ရှလေက သူ့ခါးကို ပွေ့ဖက်စဉ်က အက်ရှလေ၏ နှလုံးခုန်သံကို သူ ကြားခဲ့ရပြီ မဟုတ်လော။ စကားလုံး အရာတစ်ထောင်ထက် တာသွားသော သူ့မျက်နှာပေါ်က အရိပ်အယောင်ကို မြင်ခဲ့ရပြီ မဟုတ်လော။ အက်ရှလေသည် သူ့ကို ချစ်နေပြီ။ ယခု သေသေချာချာ

290

သိရပြီ။ ထိုယုံကြည်ချက်ကြောင့် စကားလက်သည် မီလာနီ အပေါ်တွင် မနာလို ဝန်တိုခြင်း မဖြစ်တော့။ မီလာနီကိုပင် သနားလိုက်မိသေးသည်။ ယခု မီလာနီအတွက် စိတ်မကောင်း။ မီလာနီ၏ ရိုးအပုံ၊ ညံ့ဖျင်းပုံ၊ ထုံထိုင်းပုံကို ကြည့်၍ စကားလက် စိတ်မကောင်း။

‘ပြည်တွင်းစစ် ပြီးရင်၊ ပြည်တွင်းစစ် ပြီးရင်’ ဟု စကားလက် တွေးမိသည်။



တစ်ခါတစ်ရံတွင်လည်း တွေးရင်း လန့်သွားတတ်သည်။ ‘ပြည်တွင်းစစ် ပြီးရင် ဘာဖြစ်မလဲ’ ဟု တွေးမိသည်။

သို့ရာတွင် ထိုအတွေးကို စကားလက် ကြာကြာလက်မခံ။ မောင်းထုတ်ပစ်သည်။ ပြည်တွင်းစစ်ပြီးလျှင် အစစ အရာရာ ပြေလည်သွားလိမ့်မည်။ အက်ရှလေသည် သူ့ကို တကယ် ချစ်ရိုးမှန်လျှင် မီလာနီကို မည်သည့်နည်းနှင့်မျှ ဆက်လက် ပေါင်းသင်းနိုင်မည် မဟုတ်။

သို့ရာတွင် ကွာရှင်းဖို့ ကိစ္စက မဖြစ်နိုင်။ ဖေဖေနှင့် မေမေက ဗရင်ဂျီဘာသာဝင် စစ်စစ်ကြီးများ ဖြစ်သည်။ ထို့ကြောင့်

သူတို့ သမီးကို တစ်ခုလပ် တစ်ယောက်နှင့် မည်သို့မျှ သဘောတူဖွယ် မရှိ။ မိမိသည်လည်း ဗရင်ဂျီဘာသာမှ ထွက်ရလိမ့်မည်။ စကားလက်သည် ထိုကိစ္စကို စဉ်းစားကာ ဆုံးဖြတ်ချက်ချသည်။ အက်ရှလေနှင့် ဘာသာတရားကို ယှဉ်ရွေးကြစတမ်းဆိုလျှင် အက်ရှလေကိုသာ

ရွေးရလိမ့်မည်။

အရပ်ကမူ

မေးငေါ့ကြလိမ့်မည်။

ကဲ့ရဲ့ကြလိမ့်မည်။

တစ်ခုလပ်ဆိုသည်မှာ

ဘာသာတရားကလည်း ကြဉ်သည်။ လူ့အဖွဲ့အစည်းကလည်း ကြဉ်သည်။ မည်သည့် တစ်ခုလပ်ကိုမျှ ဆက်ဆံကျွမ်းဝင်လေ့ မရှိကြ။ သို့ရာတွင် အက်ရှလေနှင့်သာ ဆိုလျှင် လောကကြီး တစ်ခုလုံးကို စကားလက် ရင်ဆိုင်ရဲသည်။ အက်ရှလေအတွက် အစစ အရာရာကို စွန့်လွှတ်နိုင်သည်။

ပြည်တွင်းစစ်ကြီး

ပြီးသွားလျှင်မူ

ထိုပြဿနာသည်

အလိုလို

ရှင်းသွားလိမ့်မည်။

အက်ရှလေသည်

သူ့ကို

တကယ်ချစ်သည်ဆိုလျှင် နည်းလမ်းရှာလိမ့်မည်။ သူကလည်း ကူရှာမည်။ သို့ဖြင့် နေမြင့်လေ အရူးရင့်လေ ဆိုသကဲ့သို့ စကားလက်သည် သူ့အတွေးဖြင့် သူ သေချာနေသည်။ ယန်ကီများကို အောင်မြင်ပြီးလျှင် ပြဿနာ ဖြေရှင်းနိုင်လိမ့်မည်။ ယန်ကီများသည် သူတို့ကို နိုင်လိမ့်မည်ဟု အက်ရှလေက ပြောဖူးသည်။ ဤစကားကို စကားလက် မယုံ။ ထိုစကား ပြောစဉ်က အက်ရှလေသည် ပင်ပန်းနွမ်းနယ်ကာ စိတ်ပျက်နေသည်။ သို့တိုင်အောင် ယန်ကီတို့ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ စကားလက်အဖို့ အရေးမကြီး။ သူ့အတွက် အရေးကြီးသည်မှာ ပြည်တွင်းစစ် မြန်မြန်ပြီး၍ အက်ရှလေ မြန်မြန်ပြန်လာရန်ပင် ဖြစ်သည်။

မတ်လ မိုးနှင်းကလေးများက တဖွဲဖွဲ ကျနေသည်။ မည်သူမျှ အပြင်သို့ မထွက်ကြ။ ထိုစဉ်တွင် စကားလက်အဖို့

မိုးကြိုးသံကို ကြားလိုက်ရသည်။ မီလာနီက ဝမ်းသာအားရဖြင့် သူ့ဆီ ပြေးလာသည်။ ခေါင်းကို သူ့ရင်ခွင်တွင် ဝှက်ကာ ကိုယ်ဝန်ရှိနေပြီဟု လာပြောသည်။

‘ဒေါက်တာမိက ပြောတော့ ဩဂုတ်လကုန် စက်တင်ဘာ လဆန်းလောက်လို့ ပြောတာပဲ’ မီလာနီက ပြောသည်။

‘ကိုယ်လည်း ထင်တော့ အထင်သား၊ ဒါပေမယ့် စိတ်ထဲမှာ သိပ် မသေချာဘူး၊ ပျော်စရာကြီးနော် စကားလက်၊ ကိုယ်လေ စကားလက်ကို သိပ် မနာလိုတာပဲ၊ ဝိတ်ကလေးလို သားလေး တစ်ယောက် လိုချင်နေတာ ကြာလှပြီ၊ ရမှ ရပါတော့မလားလို့ စိုးရိမ်နေတာ၊ ခုတော့ ရပြီနော် စကားလက်၊ ကိုယ်လေ ကလေးတွေ တစ်ဒါဇင်လောက် လိုချင်တယ်’

291



မီလာနီ ရောက်ချိန်တွင် စကားလက်သည် ခေါင်းဖြီးရင်း အိပ်ရာခင်းနေချိန် ဖြစ်သည်။ မီလာနီ၏ စကားကို

ကြားလိုက်သည်၌ စကားလက်သည် ခေါင်းကို မဖြီးမိဘဲ ဘီးကို လက်ထဲတွင် တန်းလန်း ကိုင်ထားမိသည်။

‘အို၊ ဟုတ်လား’



စကားလက်က သူ့နားများကို သူ မယုံ။ အံ့အားသင့်နေသည်။ ထိုနောက် မီလာနီ၏ ပိတ်နေသော အခန်းတံခါးကြီးကို

သွားမြင်သည်။ ဓားဖြင့် စိုက်လိုက်သည့်နှယ် မီလာနီ၏ စကားများသည် သူ့ ကိုယ်တွင်းသို့ စူးဝင်သွားသည် အက်ရှလေသည် သူ့ယောက်ျားဖြစ်၍ သူ့ယောက်ျား၏ သစ္စာမဲ့ပုံကို ကြားလိုက်ရသည့်နှယ် နာကျင်နေသည်။ အက်ရှလေတွင် ကလေးလေး တစ်ယောက် ရတော့မည်။ သူ မယုံနိုင်။ သူ့ကို ချစ်ပါလျက် မီလာနီနှင့် ကလေးတစ်ယောက် ရတော့မည်ဆိုသည့် အဖြစ်ကို သူ မယုံနိုင်။

‘စကားလက်ကတော့ အံ့ဩနေမှာပဲ’ မီလာနီက တတွတ်တွတ် ပြောနေသည်။ ‘ပျော်စရာ မကောင်းဘူးလားဟင်

စကားလက်၊ အက်ရှလေဆီကို ဘယ်လို စာရေးရမှန်းတောင် မသိတော့ဘူး၊ သူ့ဆီ ရေးလို့ ကောင်းမှ ကောင်းပါ့မလား၊ ရှက်စရာကြီးများ ဖြစ်နေမလား၊ ဒါမှမဟုတ် သူ့ဘာသာသူ တဖြည်းဖြည်း သိတာက ပိုကောင်းမလား ဟင်’

‘ဟင်’



စကားလက်က

ကြောင်နေသည်။

ဘီးကို

ချကာ

ယိုင်လဲ

မသွားအောင်

မှန်တင်ခုံ

ကျောက်ဖြူ

စားပွဲကို

လှမ်းကိုင်ထားလိုက်ရ၏။

‘စကားလက်ရယ်၊ ဒီလောက်လည်း စိတ်မထိခိုက်ပါနှင့်၊ ကလေး မွေးရတယ်ဆိုတာ ဒီလောက် မဆိုးဘူးဆိုတာ

စကားလက်လည်း သိသားပဲ၊ စကားလက် ကိုယ်တိုင်ပဲ ပြောခဲ့သေးတယ် မဟုတ်လား၊ ကိုယ့်အတွက် ဒီလောက်လည်း မစိုးရိမ်ပါနှင့်၊ ဒေါက်တာမိကတော့ ပြောတာပဲ၊ ကိုယ်က ကိုယ်က’

မီလာနီက ထစ်နေသည်။



‘ကိုယ်က တင်ပါးဆုံရိုး ကျဉ်းတယ်တဲ့၊ ကိစ္စတော့ မရှိဘူး ထင်ပါရဲ့နော် စကားလက်၊ စကားလက်တုန်းကကော

ဝိတ်ကလေး

ကိုယ်ဝန်ရှိတုန်းက

ချားလ်ကို

အကြောင်းကြားသေးလား

ဟင်၊

ဒါမှမဟုတ်

စကားလက်

မေမေက

အကြောင်းကြားတာလား၊ မီလာနီ့ မေမေသာ ရှိရင် သိပ်ကောင်းမှာပဲနော်၊ ပြီးတော့ ကိုယ်က’

‘တော်ပါတော့’



စကားလက်က ပြောလိုက်သည်။



‘အို ဟုတ်သားပဲ၊ ချားလ် အကြောင်း သွားပြောမိပြန်ပြီ၊ ဆောရီးကွယ်၊ ပျော်နေတဲ့ လူများဟာ သိပ်တစ်ကိုယ်ကောင်း

ဆန်ကြတာပဲ၊ မီလာနီ အဲဒါကို မေ့သွားတယ်၊ ချားလ်အကြောင်း ပြောရင်’

‘တော်တော့ မီလာနီ၊ မပြောနှင့်တော့’

292



စကားလက် မျက်နှာ မပျက်အောင် မနည်း ဣနြေ္ဒဆည်နေရသည်။ ရင်ထဲက ဝေဒနာကိုလည်း ချုပ်တည်း ထားရသည်။

မီလာနီ သံသယ အဖြစ်မခံနိုင်။

အလိုက်မသိတတ်သော မီလာနီသည် ချားလ်အကြောင်းကို စကားလက် ရှေ့တွင် သွားပြောမိသဖြင့် စိတ်မကောင်း

ဖြစ်ကာ မျက်ရည်တွေ လည်လာသည်။ ဝိတ်ကလေးကို ချားလ်ဆုံးပြီး မကြာခင် မွေးခဲ့ခြင်းဖြစ်ရာ ယခု ထိုအကြောင်းကို သွားစမိပြီ။ မဆင်မခြင် ပြောမိလေခြင်းဟု မီလာနီ နောင်တရနေသည်။

‘ကဲ ကဲ၊ စကားလက် အိပ်တော့၊ အဝတ်အစားတွေကို မီလာနီ ကူချွတ်ပေးမယ်၊ ခေါင်းကိုက်ရင်လည်း ဇက်ကြော

ဆွဲပေးမယ်လေ’

‘ရပါတယ်၊ နေပါစေတော့’



စကားလက်၏ မျက်နှာသည် ကျောက်ရုပ်လို ဖြစ်နေသည်။ မီလာနီက သူ့စကားအတွက် စိတ်မကောင်းဖြစ်ကာ

အခန်းထဲမှ ထွက်သွားသည်။ စကားလက်က မျက်ရည်တစ်စက်မျှ မထွက်။ သူ့ရင်ထဲတွင် ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။ မီလာနီကို မနာလို ဝန်တို ဖြစ်နေသည်။

အက်ရှလေ၏ ကိုယ်ဝန်ကို လွယ်ထားရသည့် မိန်းမတစ်ယောက်နှင့် တစ်အိမ်တည်းတွင် နေ၍မဖြစ်တော့။ သူ့ဇာတိ

မြိုင်သာယာသို့ ပြန်မှ ဖြစ်တော့မည်ဟု စကားလက် တွေးမိ၏။ မီလာနီနှင့် မျက်နှာချင်းလည်း မဆိုင်ချင်တော့ပြီ။ သူ့ လျှို့ဝှက်ချက်ကိုလည်း မီလာနီ မသိစေချင်တော့။ နောက်တစ်နေ့ နံနက်စာစားအပြီးတွင် အထုပ်အပိုး ပြင်၍ ပြန်တော့မည်ဟု ပိုင်းဖြတ်လိုက်သည်။ နောက်တစ်နေ့ နံနက် လက်ဖက်ရည်ပွဲတွင် ဝိုင်းထိုင်ကြသည်။ စကားလက်က တိတ်ဆိတ် သုန်မှုန်လျက်။ ဒေါ်လေ ပစ်တီက စိတ်ရှုပ်လျက်။ မီလာနီက စိတ်မကောင်းဖြစ်လျက်။

ထိုစဉ် ကြေးနန်းစာ တစ်စောင် ရောက်လာသည်။



ကြေးနန်းက အက်ရှလေ၏ တပည့်ကျော် မိုး ထံမှ ဖြစ်၍ မီလာနီ့ထံ လိပ်တပ်ထားသည်။



‘အနှံ့ လိုက်ရှာပြီးပြီ၊ မတွေ့၊ အိမ်ကို ပြန်လာသင့် မလာသင့် အကြောင်းပြန်’



မည်သူမျှ အဓိပ္ပာယ်ကို ကောင်းကောင်း နားမလည်ကြ။ သူတို့ သုံးယောက်သည် တစ်ယောက်မျက်နှာကို တစ်ယောက်

အလန့်တကြား လှမ်းကြည့်မိကြသည်။ အိမ်ပြန်ဖို့ကိစ္စကိုပင် စကားလက် မေ့သွားပြီ။ နံနက်စာကို ပြီးအောင်ပင် မစားနိုင်ကြဘဲ အက်ရှလေ၏ တပ်မှူးထံ ကြေးနန်းရိုက် စုံစမ်းရန် ကြေးနန်းရုံးသို့ လာခဲ့ကြသည်။ ကြေးနန်းရုံးသို့ အရောက်တွင် အက်ရှလေ၏ တပ်မှူးထံမှ ကြေးနန်းတစ်စောင် ရောက်နေသည်။

‘ဗိုလ်မှူး အက်ရှလေ လွန်ခဲ့သည့် သုံးရက် ကင်းထောက်ထွက်ပြီး ပျောက်နေသည်၊ နောက်ထပ် အကြောင်းကြားမည်’



အိမ်အပြန်တွင် ဒေါ်လေး ပစ်တီက လက်ကိုင်ပဝါအုပ်ကာ တရှုံ့ရှုံ့ ငိုလာသည်။ မီလာနီက မျက်နှာ ဖြူဖပ်ဖြူရော်ဖြင့်

မတ်မတ်ကြီး ထိုင်လိုက်လာသည်။ စကားလက်က ရထားထောင့်ကို မှီ၍ ခွေလိုက်လာသည်။ အိမ်ရောက်သည်နှင့် စကားလက် တစ်ယောက် သူ့အိပ်ခန်းသို့ ပြေးတက်လာခဲ့ကာ ဘုရား ရှိခိုးသည်။ စားပွဲပေါ်က ပုတီးကို ကောက်ကိုင်၍ စိပ်သည်။ သို့ရာတွင်

293

ပုတီးစိပ်၍ မရ။ ဘုရား ရှိခိုး၍ မဖြောင့်။ မိမိ၏ ဒုစရိုက်အတွက် ဘုရားသခင်သည် အက်ရှလေကို ဒဏ်ခတ်လေပြီလောဟု စကားလက် စိုးရိမ်မိသည်။ မိမိသည် သူများ ယောက်ျားကို ချစ်ခဲ့မိသည် မဟုတ်လော။ သူ့မယားထံမှ သူ့လင်ကို လုယူရန် ကြံခဲ့သည်

မဟုတ်လော။

စကားလက်

ဘုရားရှေ့တွင်

ဆုတောင်းချင်သော်လည်း

မတောင်းနိုင်။

ငိုချင်သော်လည်း

မျက်ရည်မထွက်။ မျက်ရည်များသည် မျက်လုံးအပြင်သို့ ထွက်မလာတော့ဘဲ ရင်ထဲတွင် ပြည့်လျှံနေသည်ဟု ထင်ရသည်။ ပူလောင်၍ ရင်ကို လောင်ကျွမ်းစေသည့် မျက်ရည်များဖြစ်သည်။ သို့ရာတွင် အပြင်သို့ မထွက်။

တံခါးပွင့်လာကာ မီလာနီ ဝင်လာသည်။ ဆံပင်နက်နက်အောက်က သူ့မျက်နှာသည် စက္ကူတစ်ခုမှ ဖြတ်ထားသည့်

အသည်းနှလုံးပုံ တစ်ခုနှင့် တူနေသည်။ သူ့မျက်လုံးများက အမှောင်ထဲတွင် ရောက်နေသည့် ကလေးငယ်တစ်ယောက်၏ မျက်လုံးများ ပမာ ပြူးကျယ်နေကြသည်။

‘စကားလက်’ မီလာနီက သူ့ပခုံးပေါ် လက်တင်လိုက်သည်။ ‘မနေ့က ကိုယ် ပြောခဲ့တဲ့စကားကို ဗွေမယူပါနှင့်နော်၊ ခု

ကိုယ့်မှာ စကားလက် တစ်ယောက်ပဲ ကျန်တော့တယ်၊ ကိုယ်သိပါတယ်၊ သူ မရှိတော့ပါဘူး၊ ကိုယ် သိပါတယ်’

မီလာနီသည် စကားလက် ရင်ခွင်ထဲသို့ ရောက်သွားသည်။ သေးငယ်သော သူ့ရင်မြွှာ အစုံသည် ရှိုက်သဖြင့်

နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။ သူတို့နှစ်ယောက်သည် အိပ်ရာပေါ်တွင် လှဲကာ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာ ဖက်ထားကြသည်။ စကားလက်ကလည်း မီလာနီကို ပါးချင်းအပ်၍ ငိုနေသည်။ တစ်ယောက်၏ မျက်ရည်က တစ်ယောက်ပါးကို လာစိုနေသည်။ ငိုရသည်က ပင်ပန်းလှသည်။ သို့ရာတွင် မငိုဘဲ နေရခြင်းထက် သက်သာသည်။ အက်ရှလေ သေပြီ။ သူ ချစ်ခဲ့မိသဖြင့် အက်ရှလေ သေရပြီ။ သူ့ကြောင့် အက်ရှလေ သေရခြင်း ဖြစ်သည်ဟု စကားလက် ထင်သည်။ စကားလက်က ထပ်၍ ရှိုက်လိုက်၏။ မီလာနီက ငိုလိုက်ရသဖြင့် ပေါ့ပါးသွားကာ စကားလက်၏ လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။

‘အနည်းဆုံး သူ့ကိုယ်စား ကလေးလေး ကျန်ရစ်ခဲ့တော့ တော်သေးတာပေါ့’



မီလာနီက ခပ်တိုးတိုး ပြောသည်။



‘ငါ့မှာတော့ သူ့ကိုယ်စား ဘာမှ မကျန်ရစ်ခဲ့ဘူး၊ ဘာမှ မကျန်ရစ်ခဲ့ဘူး’ စကားလက် တွေးသည်။ ‘ခွဲခါနီးတုန်းက

နှုတ်ဆက်သွားတဲ့ သူ့ရုပ်က လွဲလို့ ငါ့မှာ ဘာမှ မကျန်ရစ်ခဲ့တော့ဘူး’

ပထမ သတင်းများ၌ ‘ပျောက်ဆုံးနေသည်၊ ကျဆုံးပြီဟု ယူဆရသည်’ ဟု ပါသည်။ သို့ဖြင့် ထိခိုက်ကျဆုံး စာရင်းတွင်

အက်ရှလေ၏ နာမည် ပါလာသည်။ မီလာနီက တပ်ရင်းမှူးထံ ကြေးနန်း တစ်ဒါဇင်လောက် ရိုက်၍ မေးသည်။ နောက်ဆုံးတွင် တပ်ရင်းမှူးထံမှ ဝမ်းနည်းကြောင်း စာတစ်စောင် ရောက်လာ၏။ အက်ရှလေနှင့် တပ်စု တစ်စု မြင်းဖြင့် ကင်းထောက် ထွက်သွားကြကြောင်း၊ ပြန် မရောက်လာတော့ကြောင်းဖြင့် စာတွင် ဖော်ပြထားသည်။ ယန်ကီ စစ်ကြောင်းများနောက်တွင် တိုက်ပွဲများ ဖြစ်နေသည်ဟု ကြားရသည်။ တပည့်ကျော် မိုးက စစ်ကြောင်းများ ကြားမှ သက်စွန့်ဆံဖျား ဖောက်ထွက်ကာ သူ့ဆရာ အက်ရှလေကို လိုက်ရှာသည်။ အလောင်းကို တွေ့ရလို တွေ့ရငြား ရှာခြင်းဖြစ်သည်။ သို့ရာတွင် ဘာမျှ မတွေ့။ မီလာနီသည်

အံ့ဩစရာ

ကောင်းလောက်အောင်

တည်ငြိမ်သွားသည်။

မိုးထံ

ကြေးနန်းဖြင့်

ငွေပို့ကာ

ပြန်လာရန်

အကြောင်းကြားသည်။

294



စစ်တပ် ပြန်တမ်းတွင် ‘ပျောက်ဆုံးနေသည်၊ ကျဆုံးပြီဟု ယူဆရသည်’ ဟု ပါစဉ်က စိတ်မကောင်း ဖြစ်နေသည့်

ကြားမှပင် မျှော်လင့်ချက်ကလေး ထား၍ ရသေးသည်။ မီလာနီ ဆိုလျှင် ကြေးနန်းရုံးက မပြန်တော့။ စာပါမည်လောဟု ရထားဆိုက်တိုင်း ဘူတာရုံ သွားစောင့်ရသည်ကလည်း အမော။ ယခုမူ အားလျော့စပြုလာသည်။ ကိုယ်ဝန်ကလည်း ရင့်လာသဖြင့် ယခင်ကလောက် လှုပ်လှုပ်ရှားရှား မလုပ်နိုင်တော့။ သို့တိုင်အောင် အိပ်ရာထဲတွင် လှဲ၍ ငြိမ်သက်စွာ နေရမည်ဟု ဒေါက်တာမိက ညွှန်ကြားထားသည်ကို လိုက်နာခြင်း မပြု။ ပြင်းထန်သော ခွန်အား တစ်မျိုးသည် သူ့ကို ပူးဝင်ကာ သူ့ကို မနားမနေ ရအောင် လှုံ့ဆော်နေသည်။ ညဆိုလျှင် စကားလက် အိပ်ရာသို့ ဝင်ပြီး အချိန်အတော်ကြာ အထိ တစ်ဖက်ခန်းမှ တရှပ်ရှပ် လမ်းလျှောက်နေသံကို ကြားနေရသည်။

တစ်ညနေတွင် မီလာနီသည် မြို့ထဲမှ အိမ်သို့ ပြန်လာခဲ့၏။ ဦးလေး ပီတာက ရထားမောင်း၍ ရက်ဘတ်တလာက

သူ့ကို တွဲလာသည်။ ကြေးနန်းရုံးတွင် မူးမေ့ လဲကျသွား၍ လူတွေ ဝိုင်းအုံ နေကြသည်တွင် ထိုနေရာသို့ ရောက်လာသည့် ရက် ဘတ်တလာက တွေ့သဖြင့် အိမ်သို့ ပြန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ရက် ဘတ်တလာက သူ့ကို အပေါ်ထပ်သို့ ပွေ့တင်လာသည်။ တစ်အိမ်လုံး အထိတ်ထိတ် အလန့်လန့် ဖြစ်ကာ အုတ်ခဲပူ ရှာသူရှာ၊ စောင် ထုတ်သူထုတ်၊ ဝီစကီ ပုလင်း ရှာသူရှာဖြင့် အလုပ်များနေကြသည်။ ရက် ဘတ်တလာက မီလာနီကို အိပ်ရာပေါ်တွင် တင်ကာ ခေါင်းအုံးဆင့်၍ မှီထားသည်။

‘မီလာနီ မျက်နှာမြင်ခါနီးပြီ မဟုတ်လား’



ရက် ဘတ်တလာက ရုတ်တရက် မေးလိုက်သည်။



မီလာနီ မူးမေ့နေ၍သာ တော်တော့သည်။ သို့မဟုတ်လျှင် သူ့မေးခွန်းကြောင့် မီလာနီ မူးမေ့ လဲသွားလိမ့်မည် ထင်သည်။

မီလာနီက အရှက် အကြောက် ကြီးသည်။ ဤကိစ္စမျိုးနှင့် ပတ်သက်၍ မိန်းမချင်း ပြောရသည်ကိုပင် ရှက်လှပြီ။ ဒေါက်တာမိထံ သွားပြရသည်မှာလည်း မလွှဲသာ၍ သွားရခြင်းဖြစ်သည်။ သွားတိုင်း စိတ်ဆင်းရဲရသည်။ ယောက်ျားတစ်ယောက် အထူးသဖြင့် ရက် ဘတ်တလာလို လူမျိုးတစ်ယောက်က ဤမေးခွန်းမျိုးကို မေးသည့်အခါတွင် မီလာနီအဖို့ ပြောဖွယ် မရှိတော့။ မီလာနီက ခေါင်းကို အသာညိတ်ပြရုံသာ ညိတ်ပြနိုင်သည်။ ခေါင်းညိတ် ပြလိုက်ပြီးသည့် နောက်တွင်မူ ဤမျှ ရှက်စရာ မကောင်းတော့ဟု မီလာနီ ထင်သည်။ ရက် ဘတ်တလာက ကြင်နာသည်။ စိုးရိမ်တတ်သည်။

‘ဒီလိုဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှပေါ့၊ ဟိုသွား ဒီသွား ဟိုတွေး ဒီတွေး လျှောက်လုပ်နေရင် မကောင်းဘူး၊

ကလေးကိုလည်း ထိခိုက်နိုင်တယ်၊ မီလာနီက ခွင့်ပြုမယ်ဆိုရင် သူ့အကြောင်းကို ဝါရှင်တန်က ကျုပ် အဆက်အသွယ်တွေဆီ လှမ်းပြီး စုံစမ်းပေးမယ်လေ၊ သုံ့ပန်း အဖြစ် အဖမ်းခံရတယ်ဆိုရင် ပြည်ထောင်စုအစိုးရရဲ့ ပြန်တမ်းထဲမှာ ရှိရမယ်၊ အဲဒီမှာ မပါဘူးဆိုရင်လည်း သေသေချာချာ သိရတာပေါ့၊ ဘာမသိ ညာမသိနှင့် နေရတာနှင့်စာရင် အဲဒါက ကောင်းသေးတယ်၊ ဒါပေမယ့် ကျုပ်ကို ကတိ တစ်ခုတော့ ပေးရမယ်၊ မီလာနီ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ့မယ် ဆိုတဲ့ ကတိ မပေးရင်တော့ ကျုပ် မပေးနိုင်ဘူး’

‘ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး ဘတ်တလာ၊ ဗိုလ်ကြီး ဘတ်တလာက တစ်ဖက်သား အပေါ်မှာ ကြင်နာတတ်ရဲ့သားနှင့်

လူတွေက ဘာကြောင့် ဗိုလ်ကြီး ဘတ်တလာကို အကောင်း မပြောကြတာလဲမသိဘူးနော်’

မီလာနီက လွှတ်ခနဲ ပြောလိုက်သည်။ နောက်မှ ဘွင်းဘွင်းကြီး ပြောလိုက်မိသဖြင့် အားနာနေသည်။ သူ့ကိုယ်ဝန်ကိစ္စကို

295

ပြောမိသဖြင့်လည်း ရှက်နေသည်။ မီလာနီသည် အသံသဲ့သဲ့ဖြင့် ငိုနေသည်။ စကားလက်က မီးဖုတ်ထားသည့် အုတ်ခဲပူပူကို ဖလန်နယ်စ တစ်စဖြင့် ပတ်၍ တက်လာသည်။ ရက် ဘတ်တလာက မီလာနီကို ပွတ်သပ်နေသည်ကို စကားလက် မြင်လိုက်ရသည်။

ရက် ဘတ်တလာက သူ့ကတိအတိုင်း သတင်းရအောင် စုံစမ်းပေးသည်။ ဤသတင်းကို ရအောင် မည်သည့်

ခလုတ်ကို နှိပ်၍ မည်သည့် ကြိုးကို ဆွဲမှန်း မသိ။ ယန်ကီတွေနှင့် နီးနီးစပ်စပ် အဆက်အသွယ်ရှိမည် ထင်သည်။ ထို့ကြောင့် ဘာမျှ မစပ်စုဝံ့။ တစ်လ အကြာတွင် အက်ရှလေ၏ သတင်းကို ကြားရသည်။ အစတွင်မူ ဤသတင်းကို ကြားရသဖြင့် ဝမ်းသာကြသည်။ ပျော်ကြသည်။ သို့ရာတွင် နောက် စိုးရိမ်လာကြသည်။

အက်ရှလေ မသေ။ ဒဏ်ရာ ရပြီး အဖမ်းခံရသည်။ အီလီနွိုက်ပြည်နယ် ကျောက်ကျွန်း အကျဉ်းစခန်းတွင် ရှိသည်ဟု

သိရသည်။ သတင်းကြားစကမူ မသေသေးသဖြင့် အကြီးအကျယ် ဝမ်းသာကြသည်။ သို့ရာတွင် ဝမ်းသာပြီးသည့် နောက်တွင်မူ တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်မိကြသည်။ ‘ငရဲမှာ’ ဟု ပြောသည့် လေသံမျိုးဖြင့် ‘ကျောက်ကျွန်းမှာတဲ့’ ဟု ပြောမိကြသည်။ မြောက်ပိုင်းသားများ အဖို့ အင်ဒါဆင်ဗီးလ်သည် ကြောက်စရာ ကောင်းသကဲ့သို့ အကျဉ်းခံနေရသူများ၏ တောင်ပိုင်းသား ဆွေမျိုးများ၏ အဖို့လည်း ကျောက်ကျွန်းသည် ကြောက်စရာ ကောင်းနေသည်။

သုံ့ပန်းချင်း လဲရန် ကမ်းလှမ်းချက်ကို ပြည်ထောင်စုသမ္မတလင်ကွန်းက ပယ်ချခဲ့သည်။ ပြည်နယ်အစိုးရ လက်ထဲတွင်

ပြည်ထောင်စု သုံ့ပန်းများ ရှိနေသည်။ ၎င်းတို့ကို ကျွေးရ မွေးရသည့် အတွက် ပြည်နယ်အစိုးရတွင် တာဝန်ကြီးနေသည်။ သုံ့ပန်းချင်း လဲလိုက်လျှင် ပြည်နယ်အစိုးရ တာဝန်ပေါ့သွားလိမ့်မည်။ ဤတွက်ကိန်းဖြင့် သမ္မတ လင်ကွန်းက သုံ့ပန်းချင်းလဲရန် ငြင်းဆိုလိုက်ခြင်း

ဖြစ်သည်။

ဂျော်ဂျီယာပြည်နယ်

အင်ဒါဆင်ဗီးလ်တွင်

ပြည်ထောင်စုသုံ့ပန်းတွေ

ထောင်ချီရှိသည်။

ပြည်နယ်တွင် ကိုယ့်အတွက် ရိက္ခာကို ခွဲတမ်းချပေး နေရသည်။ မိမိတို့ လူနာများ၊ ဒဏ်ရာရ စစ်သားများအတွက်ပင် ဆေးဝါး လုံလုံလောက်လောက် မရှိ။ ပတ်တီး လုံလုံလောက်လောက် မရှိ။ သုံ့ပန်းများကို ခွဲမပေးနိုင်။ သုံ့ပန်းများကို ရှေ့တန်းက စစ်သားများအား ကျွေးသည့် ဝက်ဆီနှင့် စားတော်ပဲခြောက်ကိုသာ ကျွေးနိုင်သည်။ ယန်ကီ အများအပြား ယင်ကောင်တွေလို သေကုန်ကြသည်။ တစ်ခါတစ်ရံတွင် တစ်နေ့တည်းမှာပင် လူ တစ်ရာလောက် သေသည်။ ဤသတင်းများကို ကြားသည်၌ မြောက်ပိုင်းပြည်ထောင်စု အစိုးရက ဒေါသထွက်ကာ ပြည်နယ်သုံ့ပန်းများကိုလည်း ကြမ်းတမ်းစွာ ပြုမူဆက်ဆံသည်။ ကျောက်ကျွန်းအကျဉ်းစခန်း အခြေအနေမှာ အဆိုးဆုံး ဖြစ်သည်။ အစားအသောက်ကလည်း မဝရေစာ။ စောင် တစ်ထည်ကို လူသုံးယောက် ခြုံရသည်။ ကျောက်ကြီး ရောဂါ၊ အဆုတ်ရောင် ရောဂါနှင့် အူရောင် ငန်းဖျားရောဂါတို့ကြောင့် အသေအပျောက် များသည်။ ကျောက်ကျွန်းစခန်းသို့ အပို့ခံရသည့် သုံ့ပန်း လေးပုံသုံးပုံမှာ အသက်ရှင်၍ လွတ်မလာကြတော့။

ယခု ဤ နာမည်ကျော် ကျောက်ကျွန်း အကျဉ်းစခန်းသို့ အက်ရှလေ ရောက်နေပြီ။ အသက် မသေသော်လည်း

ဒဏ်ရာ အနာတရ ဖြစ်ကာ ကျောက်ကျွန်းသို့ ရောက်နေပြီ။ သူ ဖမ်းမိချိန်က အီလီနွိုက်စ်တွင် ရေခဲချိန်ဖြစ်သည်။ ရက် ဘတ်တလာ စုံစမ်းပြီးသည့် နောက် အက်ရှလေသည် ဒဏ်ရာကြောင့် သေပြီလော။ ကျောက်ကြီးကြောင့် သေပြီလော။ ခြုံစရာ စောင်ကလေး တစ်ထည်မျှပင် မရှိဘဲ အဆုတ်ရောင် ရောဂါကြောင့် ငန်းသန္နိပါတ် လိုက်နေပြီလော။

‘ဗိုလ်ကြီး ဘတ်တလာ စဉ်းစားစမ်းပါဦး၊ ဗိုလ်ကြီးရဲ့အဆက်အသွယ်တွေနှင့် သူ့ကို သုံ့ပန်းချင်း လဲထုတ်လို့

မရနိုင်ဘူးလား ဟင်’

296



မီလာနီက မေးသည်။



‘သမ္မတ လင်ကွန်းဟာ သနားကြင်နာတတ်ပါတယ်၊ တရားမျှတမှုလည်း ရှိပါတယ်။ သူ ငယ်ငယ်တုန်းက ကလေး

လေးငါးယောက် ငတ်ပြတ်နေတာတွေ့တော့ မျက်ရည် ပေါက်ပေါက်ကျအောင် ငိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲ၊ ဒါပေမယ့် အင်ဒါဆင်ဗီးလ်မှာ ရာလိုက်  ထောင်လိုက် သေနေတဲ့ ယန်ကီစစ်သားတွေအတွက်တော့ မျက်ရည်ကျစရာ တစ်စက်မျှ ရှိပုံမရတော့ဘူး ထင်တယ် ခင်ဗျာ’ ရက် ဘတ်တလာက နှုတ်ခမ်းကို မဲ့ပြလိုက်သည်။ ‘တတ်နိုင်လို့ သူတို့အားလုံး သေလည်း ဂရုစိုက်မှာ မဟုတ်ဘူး၊ အမိန့် ထွက်ပြီးပြီ၊ သုံ့ပန်းအလဲအလှယ် မလုပ်ဘူးတဲ့၊ မီလာနီကိုတော့ ကျုပ် မပြောဖူးသေးဘူး၊ မီလာနီ ယောက်ျားဟာ စခန်းက လွတ်ဖို့ အခွင့်အရေး ရတယ်၊ ဒါပေမယ့် သူက မထွက်ဘူးလို့ ငြင်းလိုက်တယ်’

‘အို မဟုတ်တာ’



မီလာနီ မယုံနိုင်။



‘ဟုတ်တယ် ခင်ဗျ၊ ယန်ကီတွေက အနောက်နယ်စပ်တွေမှာ အိန္ဒိယ လူနီတွေကို တိုက်ဖို့အတွက် နယ်ခြားတပ်သားတွေ

စုနေတယ်၊ ပြည်နယ်စစ်တပ်က သုံ့ပန်းတွေကိုလည်း ခေါ်တယ်၊ ပြည်ထောင်စုကို သစ္စာခံပြီး နယ်ခြားတပ်မှာ နှစ်နှစ် အမှုထမ်းမယ်လို့ လက်မှတ်ထိုးရင် ထောင်က လွှတ်ပြီး နယ်ခြားကို ပို့ပေးတယ်။ အဲဒါကို အက်ရှလေက ငြင်းလိုက်တယ်’

‘အို ဘာလို့ ငြင်းရတာလဲ’ စကားလက်က အော်သည်။ ‘လက်မှတ်ထိုး ဆိုလည်း ထိုးလိုက်ပေါ့၊ ထောင်က လွတ်တော့

နယ်ခြားတပ်ထဲကို မလိုက်ဘဲ အိမ်ကို ထွက်ပြေးခဲ့ပေါ့’

မီလာနီက သူ့ကို ဒေါသတကြီး လှမ်းကြည့်လိုက်သည်။



‘အို၊ စကားလက်ကလည်း ဒါမျိုး ဘာလို့ လုပ်ရမှာလဲ။ အက်ရှလေဟာ ဒါမျိုးကို ဘယ်တော့မှ မလုပ်ဘူး၊ ပြည်နယ်ကို

သစ္စာဖောက်ပြီး ပြည်ထောင်စုကို ဘယ်တော့မှ သစ္စာမခံဘူး၊ သစ္စာခံပြီးမှ ထွက်ပြေးတာမျိုးလည်း ဘယ်တော့မှ မလုပ်ဘူး၊ ကောင်းပါတယ်၊ ကျောက်ကျွန်း စခန်းမှာ သေသွားတယ်လို့ပဲ ကြားချင်တယ်၊ ပြည်ထောင်စုကို သစ္စာခံတယ် ဆိုတာမျိုးတော့ မကြားပါရစေနှင့်၊ ဒါမျိုး ကြားရမယ့်အစား ထောင်ထဲမှာ သွားတယ်ဆိုရင် မီလာနီ ဂုဏ်ယူတယ်၊ ပြည်ထောင်စုကို သစ္စာခံပြီး လက်မှတ်ထိုး ထွက်လာရင်တော့ သူ့မျက်နှာကို မီလာနီ ဘယ်တော့မှ မကြည့်တော့ဘူး၊ ဘယ်တော့မှ မကြည့်ဘူး၊ ကောင်းတယ်၊ ခုလို ငြင်းရမယ်’

ရက် ဘတ်တလာကို တံခါးသို့ လိုက်ပို့သည့်အခါတွင်မူ စကားလက်က လေသံလေးဖြင့် မေးသည်။



‘ဒီနေရာမှာ ဗိုလ်ကြီး ဘတ်တလာဆိုရင် ဘာလုပ်မလဲဟင်၊ ထောင်ထဲမှာ အလကား အသေခံမယ့် အစား ယန်ကီတွေဆီ

သစ္စာခံပြီး နောက်ကျတော့ ပြေးမယ် မဟုတ်လား’

‘ဒါပေါ့ ထွက်ပြေးမှာပေါ့’



ရက် ဘတ်တလာက ပြောသည်။ နှုတ်ခမ်းမွေးအောက်မှ သွားဖွေးဖွေး ပေါ်လာ၏။

297



‘ဒါဖြင့် အက်ရှလေကကော ဘာဖြစ်လို့ ဒီလို မလုပ်တာလဲဟင်’



‘သူက လူကြီး လူကောင်းကိုး’



ရက် ဘတ်တလာက ပြောသည်။



ရက် ဘတ်တလာသည် ဂုဏ်ယူဖွယ် စကားလုံးကို အဘယ်ကြောင့် ဤမျှ လှောင်ပြောင်နိုင်လေသနည်း။ ရစရာ

မရှိအောင် ပြောရက်လေသနည်းဟု စကားလက် တွေးမိသည်။

298

အပိုင်း သုံး

299

၁၇



၁၈၆၄ ခုနှစ် မေလ ရောက်လာပြီ။ ဤနှစ် မေလက ပူပြင်း ခြောက်သွေ့သည်။ ပန်းကလေးများပင် အဖူးအငုံ ဘဝ

ကတည်းက ညှိုးရော် ကြွေကျ သွားကြသည်။ ဗိုလ်ချုပ် ရှားမင်း ကွပ်ကဲသည့် ယန်ကီ တပ်များက ဂျော်ဂျီယာ ပြည်နယ်ထဲသို့ နောက်တစ်ကြိမ် ထိုးဖောက် ဝင်လာကြသည်။ အတ္တလန်တာ အနောက်မြောက်ဘက် မိုင်တစ်ရာ ကျော်ကျော်လေးသာ ဝေးသည့် ဒါလ်တန် အထက်နားသို့ပင် ရောက်လာကြသည်။ ဂျော်ဂျီယာနှင့် တင်နဆီ ပြည်နယ် နှစ်နယ် အကြား နယ်စပ်တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားလိမ့်မည်ဟု သတင်း ဖြစ်နေသည်။ ယန်ကီတို့က အနောက်ဘက် နယ်စပ် တစ်လျှောက်နှင့် အတ္တလန်တာ ရထားလမ်းကို တိုက်ရန် တပ်များကို စုနေကြသည်။ ထိုရထားလမ်းမှာ လွန်ခဲ့သည့် ဆောင်းဦးပေါက်က ချူကာအော်ဂါကို သိမ်းရန် ပြည်နယ်တပ်များကို ပို့ခဲ့သည့် အဓိက ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည်။

သို့ရာတွင် အတ္တလန်တာကမူ ရှေ့တွင် ဖြစ်ပွားတော့မည့် ဒါလ်တန် အနီးက တိုက်ပွဲကြီးကြောင့် တုန်လှုပ်

ချောက်ချားခြင်း မရှိ။ အသွားအလာ အနေအထိုင် ပြောင်းလဲခြင်း မရှိ။ ယန်ကီတပ်များ စုနေသည့် နေရာမှာ ယခင်နှစ်က ချူကာအော်ဂါ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာ၏ အရှေ့တောင်ဘက် မိုင်အနည်းငယ် ကွာတွင် ဖြစ်သည်။ မနှစ်က ထိုဒေသကို ထိုးဖောက် ဝင်ရောက်ရန် ကြိုးစားခဲ့စဉ်က ယန်ကီတို့ တပ်လန်သွားခဲ့ဖူးပြီ။ ယခုလည်း နောက်တစ်ချီ ရှုံးဦးမည်။

ထိုနေရာက တောင်ပိုင်း ပြည်နယ်များ အတွက် အရေးကြီးသည်။ ဗိုလ်ချုပ် ဂျိုး ဂျွန်စတန် အဖို့ ဤနေရာ တစ်ဝိုက်တွင်

ယန်ကီတပ်များ တပ်စွဲနေသည်ကို ကြာရှည် ခွင့်မပြုနိုင်။ အထူးသဖြင့် ဒါလ်တန်၏ တောင်ဘက်သို့ ယန်ကီ စစ်သား တစ်ယောက်မျှ အလာ မခံနိုင်။ ဂျော်ဂျီယာ ပြည်နယ်ကို မိမိရရ သိမ်းနိုင်မှ မိမိတို့ အဖို့ အခြေအနေ ကောင်းမည်။ ဂျော်ဂျီယာ ပြည်နယ်က တောင်ပိုင်း အတွက် စပါးကျီ ဆိုလျှင်လည်း ဟုတ်သည်။ စက်ပြင်ရုံ ဆိုလျှင်လည်း မှန်သည်။ ကုန်လှောင်ရုံ ဆိုလျှင်လည်း ဆိုနိုင်သည်။ ပြည်နယ် စစ်တပ်အတွက် လက်နက်များ၊ ခဲယမ်း မီးကျောက်များကို ထုတ်ပေးသည်။ ဝါဂွမ်းနှင့် သိုးမွေးလည်း ထုတ်ပေးသည်။ အတ္တလန်တာနှင့် ဒါလ်တန်ကြားတွင် ရောမ ဆိုသည့် မြို့ငယ်ကလေး တစ်မြို့ ရှိသည်။ အမြောက်သွန်း စက်ရုံနှင့် အခြား စက်မှု လုပ်ငန်းများ ရှိသည်။ ရစ်ခ်ျမွန် တောင်ဘက်တင် သံရည်ကျိုရုံများ ရှိသည့် အက်တိုဝါးနှင့် အယ်လာတူးနားမြို့များ ရှိသည်။ အတ္တလန်တာတွင် ပစ္စတို စက်ရုံများ၊ ခဲယမ်းမီးကျောက် စက်ရုံများ ရှိသည်။ ထိုမျှမက တောင်ပိုင်းတွင် အကြီးဆုံး စက်ခေါင်းရုံများနှင့် မီးရထား စက်ခေါင်းပြင် ရုံကြီးများ၊ ဆေးရုံကြီးများလည်း ရှိသည်။ အတ္တလန်တာသည် မီးရထား လမ်းလေးသွယ် ဆုံရာ လမ်းဆုံမြို့ ဖြစ်သည်။ ပြည်နယ် တစ်ခုလုံး ဤလမ်းဆုံကို အမှီပြု နေရသည်။

ထို့ကြောင့် စစ်မြေပြင်သည် ဤအထိ ရောက်လာလိမ့်မည်ဟု မည်သူကမျှ မတွေးမိကြ။ ဒါလ်တန် ဆိုသည်ကလည်း

အတ္တလန်တာနှင့် အဝေးကြီး ရှိသေးသည်။ တင်နဆီ ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ သုံးနှစ် သုံးမိုး ရှိသွားပြီ။ ထို့ကြောင့် တင်နဆီ ပြည်နယ်ကို ဝေးလံသည့် ရှေ့တန်း စစ်မျက်နှာဟု ထင်နေကြပြီ။ ထို့ပြင် ယန်ကီ တပ်များနှင့် အတ္တလန်တာ ကြားတွင် ဗိုလ်ချုပ် ဂျွန်စတန်၏ ပြည်နယ် တပ်များ ရှိနေသေးသည်။ ဗိုလ်ချုပ်လီး ပြီးလျှင် ဗိုလ်ချုပ် ဂျွန်စတန်လောက်

300

တိုက်ရည်ခိုက်ရည် ရှိသည့် စစ်ဗိုလ်ချုပ် ဟူ၍ မရှိသလောက် ရှားသည်ကိုလည်း လူတိုင်း အသိ။

ပူအိုက်သည့် ထိုမေလ တစ်ညနေ ဒေါ်လေး ပစ်တီ၏ အိမ် ဆင်ဝင်တွင် ဝိုင်းထိုင်ကြရင်း ဒေါက်တာမိက စစ်ပွဲနှင့်

ပတ်သက်သည့် ထင်မြင်ချက်ကို ပြောပြသည်။ သူ့ ထင်မြင်ချက်သည် အရပ်သားများ၏ ထင်မြင်ချက်ကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။ အတ္တလန်တာမြို့ အတွက် စိုးရိမ်ဖွယ် မရှိကြောင်း၊ ဗိုလ်ချုပ် ဂျွန်စတန်သည် တောင်ရိုးများ တစ်ဝိုက်တွင် သံမဏိ တံတိုင်းကြီး သဖွယ် ကာကွယ်လျက် ရှိကြောင်းဖြင့် ဒေါက်တာမိက ပြောပြသည်။ နားထောင်သည့် ပရိသတ်သည် ကိုယ့်အတွေးဖြင့် ကိုယ် သူ့စကားများကို နားထောင် နေကြသည်။ သူတို့ အားလုံး ဆည်းဆာမှိန်မှန်တွင် တိတ်ဆိတ်စွာ ထိုင်ကာ ဆည်းဆာမှောင်ထဲတွင် လူးလာ ပျံနေကြသည့် ပိုးစုန်းကြူးများကို ငေးကြည့် နေကြသည်။ သူတို့ ရင်ထဲတွင် လေးနေသည်။ ဒေါ်ဒေါ်မိက သားငယ် ဖိလစ်ကို ဖက်ထားရင်း ဒေါက်တာမိ ပြောသည့် အတိုင်း မှန်ပါစေ ဟု ဆုတောင်းသည်။ အတ္တလန်တာနားသို့ စစ်မြေပြင် ရောက်လာလျှင် သားငယ် ဖိလစ်လည်း စစ်တပ်သို့ ဝင်ရတော့မည်။ ဖိလစ်မှာ အသက် တစ်ဆယ့်ခြောက်နှစ် ပြည့်သဖြင့် မြို့ပြ ကာကွယ်ရေး တပ်သို့ ဝင်ရပြီ။ ဂတ်တီစဘတ် တိုက်ပွဲ ကတည်းက ချုံးကျသွားခဲ့သည့် ဖန်နီက ပြီးခဲ့သည့် လများ အတွင်း ကြုံတွေ့ခဲ့ရသမျှကို ပြန်စဉ်းစားနေသည်။ ထိုရုပ်ပုံကို သူ့ မျက်စိထဲက မထွက်တော့။ သူ့ အဆက် ဗိုလ်ဒါးလက် မက်ကလျူကို ဒဏ်ရာကြီး ရလာသဖြင့် မိုးထဲ လေထဲတွင် နွားလှည်းကြီးဖြင့် သယ်လာခဲ့ရသည်။

ဗိုလ်ကြီး ကာရေ အက်ရှဘန်းသည် ဒေါက်တာ မိ၏ စကားကို နားထောင်ရင်း တစ်ဝက် ဖြတ်ထားရသည့် သူ့

လက်မောင်းက တစစ်စစ် ကိုက်လာသည်ဟု ထင်ရသည်။ စကားလက်ကို ပိုးသော်လည်း တိုးတက်မှု မရှိသဖြင့် စိတ်ဓာတ် ကျနေသည်။ ဗိုလ်ကြီး ကာရေ စကားလက်ကို ပိုးခဲ့သည်မှာ အက်ရှလေ သုံ့ပန်း အဖြစ် အဖမ်းခံရသည့် သတင်းကို ကြားပြီးချိန် ကတည်းက ဖြစ်သည်။ စကားလက်နှင့် မီလာနီကမူ ဒေါက်တာမိ၏ စကားများကို နားမဝင်။ ထုံးစံ အတိုင်း အက်ရှလေ အကြောင်းကို တွေးနေကြသည်။ အက်ရှလေ သေပြီလော။ သေပြီ ဆိုလျှင် သတင်း သန့်သန့်တော့ ကြားရမည်။ မီလာနီကမူ ထိုအတွေးမျိုး ဝင်လာတိုင်း `ဟင့်အင်း မဖြစ်နိုင်ဘူး၊ မသေနိုင်ဘူး၊ သူသေရင် ငါ သိရမယ်၊ ငါ့ကို တစ်ခုခု ပြရမယ်’ ဟု တွေးနေသည်။ ရက် ဘတ်တလာက အမှောင်ရိပ်ထဲတွင် အေးအေးလူလူ ထိုင်နေသည်။ အကောင်းစား ဖိနပ်ရှည်ကြီး စွပ်ထားသည့် ခြေတံ ရှည်ရှည်များကို ပျင်းတိပျင်းတွဲ ချိတ်ထားသည်။ ညိုမှောင်သည့် သူ့မျက်နှာက မည်သည့် ခံစားချက်ကိုမျှ ဖော်ပြခြင်း မရှိ။ ဟာလာဟင်းလင်း။ ဝိတ်ကလေးက သူ့ လက်မောင်းပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ သူ့ လက်သေးသေးကလေးထဲတွင် သန့်ရှင်းစွာ ဆေးထားသည့် ငှက် ရင်ပုံရိုးကို ကိုင်ထားသည်။ ရက် ဘတ်တလာ ရောက်လာလျှင် စကားလက်က ဝိတ်ကလေးကို ရက် ဘတ်တလာ ပေါင်ပေါ်တွင် ထိုင်စေသည်။ ဝိတ်ကလေးက ရက် ဘတ်တလာကို ခင်သည်။ မည်သည်ကြောင့် မသိ၊ ရက် ဘတ်တလာကလည်း ဝိတ်ကလေးကို ချစ်သည်။ သာမန်အားဖြင့် ဆိုလျှင် ဧည့်သည်တွေ လာတုန်း ဝိတ်ကလေး ဧည့်ခန်း ထွက်လာသည်ကို စကားလက် မကြိုက်။ သို့ရာတွင် ဝိတ်ကလေးက ရက် ဘတ်တလာ၏ လက်တွင် ဆိုလျှင် ငြိမ်ငြိမ်နေလေ့ ရှိသည်။ ဒေါ်လေး ပစ်တီကမူ ရင်ပြည့် ရင်ကယ် ဖြစ်နေသဖြင့် လေချဉ် တက်ရန် တပင်တပန်း ကြိုးစား နေသည်။ ထိုနေ့ည ထမင်းဝိုင်းတွင် စားခဲ့ရသည့် ကြက်က ရင့်သည်။ ထို့ကြောင့် ဒေါ်လေး ပစ်တီ အစာမကြေ ဖြစ်တတ်သည်။

ထိုနေ့ နံနက်က ဒေါ်လေး ပစ်တီသည် အိမ်က ကြက်ဖအိုကြီးကို သတ်ရန် စိတ်မကောင်း တကောင်းဖြင့်

ဆုံးဖြတ်ခဲ့သည်။ ကြက်ဖကြီးက အိုသေတော့မည်။ စောစီးစွာကပင် အိမ်သားများ၏ ဗိုက်ထဲသို့ ရောက်သွားကြပြီ ဖြစ်သော ကြက်မများကို လွမ်းဟန် တူသည်။ ယခုတလောတွင် ကြက်ကလေး ခြံနားသွားကာ ငိုင်နေတတ်သည်။ တွန်လည်း

301

မတွန်တော့။ ဦးလေး ပီတာက လည်လိမ်၍ ကိစ္စပြီးအောင် လုပ်ပြီးသည့် နောက်တွင်မူ သူတကာတွေ ကြက်သား မစားရသည့် အချိန်တွင် မိမိက ကြက်သားဟင်းနှင့် အမြိုင့်သား စားနေရမည်ကို စိတ်မကောင်း ဖြစ်နေသည်။ ထို့ကြောင့် မိတ်ဆွေ အချို့ကို ထမင်းစားဖိတ်သည်။ မီလာနီမှာ ကိုယ်ဝန် ငါးလထဲသို့ ရောက်လာသဖြင့် အပြင်သို့လည်း မထွက်တော့။ ဧည့်သည်များကိုလည်း လက်ခံ တွေ့ဆုံခြင်း မပြုတော့။ ဒေါ်လေး ပစ်တီက ဧည့်သည်များကို ညစာစား ဖိတ်သည်တွင် မီလာနီ တအံ့တသြ ဖြစ်ရသည်။ သို့ရာတွင် ဒေါ်လေး ပစ်တီက ဘူးဆိုလျှင် ဖရုံ သီးသူ မဟုတ်။ ကြက်သားဟင်းကို သူ တစ်ယောက်တည်း မစားချင်။ ကိုယ်ကျိုး ကြည့်သည်ဟု ထင်သည်။ မီလာနီက အပေါ်ဆုံး အောက်ခံခွေကို အထက်သို့ နည်းနည်း မြှင့်ပေး လိုက်လျှင် သူ့ကိုယ်ဝန် ပေါ်တော့မည် မဟုတ်။

ဒီအချိန်မှာ ဧည့်သည်တွေကို မတွေ့ချင်ဘူး ဒေါ်လေး၊ အက်ရှလေကလည်း’



`အို အက်ရှလေက ဘာဖြစ်သေးတာ မှတ်လို့’ ဒေါ်လေး ပစ်တီက တုန်တုန်ယင်ယင် ပြောလိုက်သည်။ ပြောမည့်သာ

ပြောရသည်။ သူ ကိုယ်တိုင်ကလည်း အက်ရှလေ မရှိတော့ဟု ထင်နေပြီ။ `အက်ရှလေ ရှိနေ သေးတာပဲ၊ လူတွေနှင့် တွေ့ရတော့ ညည်းလည်း စိတ်ပြေ လက်ပျောက် ဖြစ်တာပေါ့၊ ဖန်နီကိုလည်း ဖိတ်ရမယ်၊ သူ့အမေက သူ့သမီး စိတ်ထိခိုက်နေလို့ ကြံဖန်ပြီး အားလေး ဘာလေး ပေးစမ်းပါဦး ပြောနေတာနှင့်’

`ဘယ်ကောင်းမလဲ ဒေါ်လေးရယ်၊ သူ့ခမျာ ဒါးလတ်စ် တိုက်ပွဲမှာ ကျလို့ စိတ်မကောင်း ဖြစ်နေတုန်း ညစာစားပွဲ

လာရမယ်လို့ အတင်း ခေါ်ရင်’

`ကဲ မရွှေစာ တော်ပါတော့၊ ကျုပ် ငိုမိလိမ့်မယ်၊ တကယ်ပဲ ကျုပ်က ရာဇဝတ်မှုကြီး ကျူးလွန်တာ ကျနေတာပဲ၊ ကျုပ်က

ရှင့် အဒေါ်ပါ၊ ကျုပ် နားလည်ပါတယ်၊ မိတ်ဆွေတွေကို ထမင်း ကျွေးချင်လို့ပါ’

သို့ဖြင့် ဒေါ်လေးက မိတ်ဆွေများကို ညစာစား ဖိတ်သည်။ ညစာစားပွဲ ပြီးခါနီးတွင် ဒေါ်လေး ပစ်တီ မျှော်လင့်ခြင်းလည်း

မရှိ၊ လိုလားခြင်းလည်း မရှိသော ဧည့်သည် တစ်ယောက် ရောက်လာ၏။ တစ်အိမ်လုံး ကြက်ကင်နံ့ မွှေးနေစဉ်တွင် လူမသိ သူမသိ ခရီး ထွက်ရာမှ ပြန်ရောက်လာသည့် ရက် ဘတ်တလာ တံခါး လာခေါက်သည်။ သူ့ ချိုင်းကြားတွင် စက္ကူ ပတ်ထားသည့် သကြားလုံး သေတ္တာကြီးကို ပိုက်လာသည်။ ဒေါ်လေးကိုလည်း ဝမ်းသာ အားရ နှုတ်ဆက်သည်။ ဒေါက်တာမိတို့ လင်မယား နှစ်ယောက်က သူ့အပေါ် မည်မျှ နာကြည်း နေသည်ကို ဒေါ်လေး ပစ်တီ သိသည်။ အရေးတော် ပေါ်ချိန်တွင် တပ်ထဲသို့ မဝင်သော ယောက်ျား မှန်သမျှကို ဖန်နီ မည်မျှ မုန်းကြောင်းကိုလည်း ဒေါ်လေး ပစ်တီ သိသည်။ သို့ရာတွင် ရောက်လာမှတော့ သူ့ကိုလည်း မဖိတ်၍ မဖြစ်တော့။ ဒေါက်တာမိတို့ လင်မယားနှင့် ဖန်နီတို့က လမ်းတွင် သူ့ကို တွေ့လျှင် စကား မပြောကြ။ သို့ရာတွင် မိတ်ဆွေ တစ်ယောက်၏ အိမ်တွင် ပက်ပင်း တိုးနေသည့် အခါတွင် အခါတွင်မူ အထိုက်အလျောက် ဆက်ဆံရတော့မည်။ ရက် ဘတ်တလာသည် မီလာနီကိုလည်း အထူး ဂရုစိုက် စောင့်ရှောက်နေသည် မဟုတ်လော။ ရက် ဘတ်တလာက အက်ရှလေ အကြောင်းကို တမှတ်တရ စုံစမ်း ပေးပြီးသည့် နောက်တွင် ရက် ဘတ်တလာ တစ်ယောက် သူ့ အိမ်သို့ တံခါး မရှိ ဓား မရှိ ဝင်ထွက်နိုင်သည်။ ကြိုက်သလောက် နေနိုင်သည်။ မည်သူက မည်သို့ ပြောပြော ဂရုမစိုက်ဟု မီလာနီက လူသိရှင်ကြား ပြောခဲ့သည်။

ရက် ဘတ်တလာက ခါတိုင်းနှင့် မတူ။ ယဉ်ကျေး သိမ်မွေ့နေသည်။ ထိုအခါကျမှ ဒေါ်လေး ပစ်တီ ရင်ထဲက အလုံးကြီး

302

ကျသွားသည်။ ဖန်နီကို ဂရုတစိုက် ဆက်ဆံကာ စာနာ သနားသည့်ဟန် တလေးတစား ဆက်ဆံသဖြင့် ဖန်နီပင်လျှင် ကျေနပ်နေသည်။ သို့ဖြင့် ထမင်းဝိုင်းသည် အဆင် ပြေနေသည်။ ဟင်းလျာကလည်း စုံသည်။ အချိုအချဉ်ကလည်း မြိုင်သည်။ ဗိုလ်ကြီး ကာရေက ယန်ကီ စစ်သား တစ်ယောက်၏ ဆေးအိတ်ထဲက ရလာသည့် လက်ဖက်ခြောက်ကလေးကို ယူလာသည်။ ဆေးတံဆေးနံ့ မပျောက်သည့်တိုင် လက်ဖက်ရည်လေး တစ်ခွက်စီ သောက်ကြရသည်။ ကြက်ကင်ကလည်း တစ်ယောက် တစ်ဖဲ့စာစီလောက် စားရသည်။ ပြောင်းဖူးကြော်ကို ကြက်သွန်နီ ဆီသတ်၍ ဖြူးထားသည်။ စားတော်ပဲသီးကြော် တစ်ခွက်နှင့် ဆန်လှော် ဟင်းချိုလည်း ပါသည်။ ဟင်းချိုက ဂျုံမှုန့် မထည့်ရသဖြင့် အနည်းငယ် ကျဲသည်။ အချိုအချဉ်ပွဲ အဖြစ် ကန်စွန်းဥယို ရှိသည်။ ရက် ဘတ်တလာ ယူလာသည့် သကြားလုံးတွေ ရှိသည်။ ယောက်ျားများ အတွက် ထမင်းစား အပြီး ဇီးဝိုင်ဖြင့် မှိန်းရန် ဟာဗားနား ဆေးပြင်းလိပ် အစစ်ကို ရက် ဘတ်တလာက လိုက်ဝေသည်။ သို့ဖြင့် ညစာဝိုင်းသည် တကယ့် ထမင်းစားပွဲကြီးပမာ စည်ကား သိုက်မြိုက်နေသည်။

အမျိုးသားများက ဆင်ဝင်အောက်ရှိ အမျိုးသမီးများ ဝိုင်းသို့ ရောက်လာသည့် အခါတွင် ပြည်တွင်းစစ် အကြောင်းကို

စကား စပ်မိကြသည်။ ယခု အချိန်တွင် စကားဝိုင်းဖွဲ့လျှင် ပြည်တွင်းစစ် အကြောင်း မပါ၍ မပြီး။ ပြောသမျှ စကားများသည် ပြည်တွင်းစစ် ဆီသို့ ဦးတည်နေကြသည်။ စောစောက မပြောဖြစ်လျှင်လည်း နောက်ပိုင်းတွင် ပြန်ကောက်ကြသည်။ တစ်ခါ တစ်ရံ ရယ်စရာ၊ တစ်ခါတစ်ရံ စိတ်မကောင်းစရာ စသဖြင့် တစ်လှည့်စီ ရှိသော်လည်း အကြောင်းအရာက စစ်ပွဲ အကြောင်းသာ ဖြစ်သည်။ ပြည်တွင်းစစ် အချစ် ဇာတ်လမ်းများ၊ ပြည်တွင်းစစ် အိမ်ထောင်ရေး ဇာတ်လမ်းများ၊ ဆေးရုံနှင့် စစ်မြေပြင်မှ အနိဋ္ဌာရုံများ၊ စစ်ချီရာ စခန်းချရာတွင် တွေ့ရသည့် အဖြစ်အပျက်များ၊ သူရဲကောင်း ပီသမှုများ၊ သူရဲဘော ကြောင်မှုများ၊ ဝမ်းနည်းစရာများ၊ ဆင်းရဲ ဒုက္ခများ။ မျှော်လင့်ချက်ကမူ အမြဲတမ်း ရှိသည်။ နွေရာသီ မတိုင်မီက အရေး နိမ့်ခဲ့သည့်တိုင် မျှော်လင့်ချက် မကုန်ကြသေး။

ဗိုလ်ကြီးကာရေက အတ္တလန်တာမှ ဒါလ်တန်ရှိ ရှေ့တန်း စစ်တပ်သို့ တပ်ပြောင်း လျှောက်ကြောင်း ခွင့်ပြုချက်

ရကြောင်းဖြင့် ပြောသည့် အခါတွင် အမျိုးသမီးများက ငုံးတိတိ ဖြစ်နေသည့် သူ့ လက်မောင်းကို လှမ်းကြည့်ကြသည်။ မသွားသင့်ကြောင်း၊ ရှေ့တန်း ဆေးရုံများတွင် ပြုစုမည့် အမျိုးသမီးတွေ မရှိကြောင်းဖြင့် ဝိုင်းကန့်ကွက်ကြသည်။

ဗိုလ်ကြီး ကာရေ ကျေနပ်သွားသည်။ ဆရာဝန် ကတော် ဒေါ်ဒေါ်မိ၊ မီလာနီ၊ ဒေါ်လေး ပစ်တီ၊ ဖန်နီ စသူတို့က သူ့ကို

ဂရုတစိုက် ရှိကြသဖြင့် ဗိုလ်ကြီး ကာရေ ဝမ်းသာသည်။

`ဘာဖြစ်လဲ၊ ဟိုမှာ သိပ် ကြာကြာ နေရတော့မှာမှ မဟုတ်တာ’ ဒေါက်တာမိက ဗိုလ်ကြီး ကာရေ၏ ပခုံးကို ပုတ်ရင်း

ပြောလိုက်သည်။ `တိုက်ပွဲ တစ်ပွဲလောက် တိုက်ပြီးရင် ယန်ကီတွေ တင်နဆီ ပြည်နယ်ထဲ ပြန်ဆုတ် သွားတော့မှာပဲ မဟုတ်လား၊ ဟိုရောက်ရင် သူတို့ကို တို့ဗိုလ်ချုပ် ဖောရက်က ကောင်းကောင်း ဧည့်ခံလိမ့်မယ်၊ ယန်ကီတွေ ဒီနား ရောက်လာပြီ ဆိုပြီး ဒီလောက်လည်း စိုးရိမ်မနေကြပါနှင့်၊ ဗိုလ်ချုပ် ဂျွန်စတန်ရဲ့ တပ်က တကယ့် သံမဏိ တံတိုင်း၊ ဒီတံတိုင်းကို ဒီကောင်တွေ မကျော်နိုင်ပါဘူး၊ ယန်ကီ ဗိုလ်ချုပ် ရှားမင်း ဘယ်လောက်ပဲ တော်တော် တို့ဗိုလ်ချုပ် ဂျွန်စတန်ကို နိုင်အောင် မတိုက်နိုင်ပါဘူး၊ စိတ်ချပါ’

အမျိုးသမီးများက ကျေနပ်စွာ ပြုံးလိုက်ကြ၏။ ဒေါက်တာမိ၏ စကားများကို အဟုတ် ထင်နေကြသည်။ သို့ရာတွင်

ဤကိစ္စ၌ အမျိုးသားများက အမျိုးသမီးများထက် နားလည်ကြသည်။ ဗိုလ်ချုပ် ဂျွန်စတန်သည် သံမဏိ တံတိုင်းကြီးဟု ဆိုလျှင်

303

သူ တစ်ယောက်သာ ဖြစ်လိမ့်မည်။ ရက် ဘတ်တလာ တစ်ချိန်လုံး ဆိတ်နေသည်။ အမှောင်ထဲတွင် နှုတ်ခမ်းကို မဲ့၍ ထိုင်ရင်း သူတို့ ပြောသည့် စစ်ရေး စစ်ရာ စကားများကို နားထောင်နေသည်။ ဝိတ်ကလေးက သူ့ ပခုံးပေါ်တွင် အိပ်ပျော်လျက်။

`ဗိုလ်ချုပ် ရှားမင်း တပ်မှာ တပ်သား တစ်သိန်းလောက် ရှိတယ်လို့ ကောလာဟလ ဖြစ်နေတယ် ခင်ဗျ၊

နောက်ထပ်လည်း စစ်သားတွေ ရောက်ဦးမယ်လို့ ကြားနေရတယ်’

ဒေါက်တာမိက သူ့ကို ခပ်တိုတို ရှင်းပြသည်။ ရက် ဘတ်တလာ ရောက်လာ ကတည်းက ဒေါက်တာမိ စိတ်လက်

မကြည်မသာ ဖြစ်နေပြီ။ သူ အလွန် မုန်းသည့် ထိုလူသည် သူနှင့်အတူ ထမင်းစားဖိတ် ခံရသူ တစ်ယောက် ဖြစ်နေသည်ကို တွေ့ရသည့် အတွက် ဒေါက်တာမိ စိတ်ဆိုးနေသည်။ အိမ်ရှင် ဒေါ်လေး ပစ်တီကို အားနာသောကြောင့်သာ အထိုက် အလျောက် ဆက်ဆံနေရသည်။ သို့မဟုတ်လျှင် ထိုလူနှင့် မဆက်ဆံချင်။

`အင်း၊ ပြောပါဦး’



ဒေါက်တာမိက ခပ်တိုတို ပြန်ပြောသည်။



`ဗိုလ်ချုပ် ဂျွန်စတန်မှာ တပ်သား လေးသောင်းပဲ ရှိတယ်တဲ့၊ ဒါတောင် အောင်ပွဲရလို့ ပြန်ဝင်လာတဲ့ တပ်ပြေးတွေပါ

ထည့်တွက် ထားတာပဲ၊ စောစောက ဗိုလ်ကြီး ကာရေ ဒီလိုပဲ ပြောသွားတယ်လို့ ကျွန်တော် ထင်တယ် ခင်ဗျ’

`ဒီမှာ သူငယ်’ ဒေါ်ဒေါ်မိက ခပ်ဆတ်ဆတ် ပြောသည်။ `ပြည်နယ် တပ်မတော်မှာ တပ်ပြေး ဆိုတာ မရှိဘူး၊ သိရဲ့လား’



`အမိန့်ရှိပါ ခင်ဗျာ’ ရက် ဘတ်တလာက တမင် ပြောင်လှောင် နှိမ့်ချ၍ ပြောသည်။ `ကျွန်တော် ပြောတဲ့ တပ်ပြေး

ဆိုတာက ဒီလိုပါ၊ ခွင့်ယူပြီး တပ်ရင်းကို ပြန်ဖို့ မေ့နေတဲ့ လူတွေ၊ ဒဏ်ရာရလို့ ပြန်လာတယ် ဆိုပြီး အိမ်ကျတော့ သန်သန်မာမာနှင့် ကိုယ့် လုပ်ငန်းကို ပြန်လုပ်နေတဲ့ လူတွေ၊ ယာ ပြန်လုပ်နေတဲ့ လူတွေကို ပြောတာပါ။’

ရက် ဘတ်တလာ၏ မျက်လုံးများသည် တောက်ပြောင်လာကြ၏။ ဒေါ်ဒေါ်မိက နှုတ်ခမ်းကို ကိုက်လိုက်သည်။

ဒေါ်ဒေါ်မိ ခံလိုက်ရပြီ။ ဒေါ်ဒေါ်မိ မသက်မသာ ဖြစ်နေပုံကို ကြည့်၍ စကားလက် ရယ်ချင်နေသည်။ စစ်ပုလိပ်များက လိုက်ဖမ်းနေသည့်တိုင် တောင်ရိုးများ၊ တောများထဲတွင် တိမ်းရှောင်နေသည့် တပ်ပြေး ရာပေါင်း များစွာ ရှိနေသည်။ `ဤ ပြည်တွင်းစစ်သည် လူမွဲတွေ အသေခံ တိုက်ရသည့် လူချမ်းသာတို့၏ စစ်ပွဲ’ ဖြစ်သည်။ ထို့ကြောင့် မတိုက်လိုတော့ဟု ပြောနေကြသူတွေ ရှိသည်။ သို့ရာတွင် အများစုမှာ တပ်မှ ပြေးရန် ရည်ရွယ်ချက် မရှိဘဲ တပ်က တပ်ပြေးဟု ကြေညာ ခံထားရသူများ ဖြစ်ကြသည်။ တချို့မှာ ခွင့်မရသည်မှာ သုံးနှစ် ကျော်နေကြပြီ။ အိမ်ကလည်း သတ်ပုံ မမှန်မကန်ဖြင့် စာတွေ တဖွဲဖွဲ ရောက်နေကြသည်။ `ဒို့တတွေလဲ ငပ်ပျပ်ကုံပီ’ `ဒီနှစ် စဘားဒွက်လဲ မကောင်းဘူး၊ အိန်မှာ လယ်လုတ်မဲ့ သူလဲ မယှိဘူး’ `စစ်တပ်ကလဲ ရိတ်ခါတွေကို သိမ်းတယ်၊ မင်းဆီ ပို့စရာ ပိုက်ဆံတောင် မယှိဘူး၊ ပဲကို ပြုပ်စားရဒယ်’ ဆိုသည့် စာမျိုးတွေ လာနေသည်။

တပ်ကို ရောက်လာသည့် စာများကို ခြုံကြည့်လျှင် `တို့တစ်တွေလည်း ငတ်ပြတ်နေကြပြီ၊ မိဘတွေရော သားမယား

ဆွေမျိုးတွေရော အကုန်ပဲ၊ ဒီစစ်က ဘယ်တော့ ပြီးဦးမှာလဲ၊ တို့တစ်တွေ ငတ်လှပြီ၊ ပြတ်လှပြီ’ ဆိုသည့် အသံ လွှမ်းနေသည်။ စစ်တပ်က ခွင့်မပေးသည့် အခါတွင် အိမ်သို့ တိတ်တဆိတ် ပြန်လာကာ ကိုယ့်ယာကိုယ် ထွန်ကြသည်။ ကောက်နှံ

304

စိုက်ကြသည်။ အိမ် ပြင်ကြသည်။ ခြံစည်းရိုး ခတ်ကြသည်။ တပ်ရင်းမှူးများက ဤ အခြေအနေကို ရိပ်မိသည့် အခါတွင် တပ်သို့ ပြန်လာစေလိုကြောင်း၊ အရေးယူမည် မဟုတ်ကြောင်းဖြင့် အကြောင်းကြားကြသည်။ ဤတွင် မကြာခင် စစ်ပြီးတော့မည်ဟု ထင်ကာ ပြန်သွား ကြသူလည်း ရှိသည်။ အိမ်ပြန်၍ ခွင့်ယူကာ ယာထွန်ကြခြင်းမျိုးမှာ တပ်ပြေး သဘော မသက်ရောက်သည့်တိုင် စစ်တပ်ကို အင်အား နည်းစေသည်။

အတန်ကြာ တိတ်ဆိတ် နေကြသည်။ ဒေါက်တာမိက စပြော၏။ သူ့ အသံက ခပ်အေးအေး။



`ကျုပ်တို့ တပ်တွေနှင့် ယန်ကီ တပ်တွေ ကြားမှာ တပ်သား အရေအတွက် ဘယ်လိုပဲ ကွာခြား ကွာခြား ဒါက အရေး

မကြီးပါဘူး ဗိုလ်ကြီး ဘတ်တလာ၊ ကျုပ်တို့ ပြည်နယ် တပ်သား တစ်ယောက်ဟာ သူတို့ ဆယ်ယောက်နှင့် ညီပါတယ်’

အမျိုးသမီးများက ခေါင်းညိတ်သည်။ ဤ အချက်ကို လူတိုင်း သိသည်။



`ပြည်တွင်းစစ် အစမှာတုန်းကတော့ ဟုတ်ပါတယ်’ ရက် ဘတ်တလာက ပြောသည်။ `ခုအထိလည်း ဟုတ်ကောင်း

ဟုတ်ပါလိမ့်မယ်၊ အကယ်၍ ကျွန်တော်တို့ တပ်သားတွေရဲ့ သေနတ်ထဲမှာ ကျည်ဆန်တွေ ရှိနေရင်၊ ကျွန်တော်တို့ တပ်သားတွေရဲ့ ခြေထောက်မှာ ဖိနပ်တွေ ရှိနေရင်၊ ဗိုက်ထဲမှာ အစာတွေ ရှိနေရင်ပေါ့လေ၊ မဟုတ်ဘူးလား ဗိုလ်ကြီး ကာရေ’

ရက် ဘတ်တလာ၏ အသံက ချိုသာ နူးညံ့ကာ တမင် နှိမ့်ချသည့် အသွင်ကို ဆောင်နေသည်။ ဗိုလ်ကြီး ကာရေသည်

တော်တော် စိတ်မချမ်းမသာ ဖြစ်နေပုံရ၏။ ရက် ဘတ်တာကို မကြိုက်သူများထဲတွင် သူလည်း ပါသည်။ ဗိုလ်ကြီး ကာရေသည် ဒေါက်တာမိကို ထောက်ခံ ပြောလိုသည်။ သို့ရာတွင် မုသား မပြောချင်။ လက်တစ်ဖက် ပြတ်နေသည့်တိုင် ရှေ့တန်း စစ်မျက်နှာသို့ ပို့ရန် တောင်းဆိုရခြင်းမှာ မိမိတို့ ဘက်က အခြေအနေ မကောင်းသောကြောင့် ဖြစ်၏။ ဤအချက်ကို တပ်သားများ မရိပ်မိကြ။ ချိုင်းထောက်နှင့် လျှောက်ရသူများ၊ မျက်စိ တစ်ဖက် ပျက်နေသူများ၊ လက်ချောင်းကလေးတွေ ပြတ်နေသူများ၊ လက်တစ်ဖက် ပြတ်နေသူများ များစွာ ရှိသည်။ ၎င်းတို့ကို ဆေးရုံ တာဝန်၊ ချောပို့ တာဝန်၊ မီးရထားလမ်း လုံခြုံရေး တာဝန်များ ပေးထားသည်။ ယခု ဤလူများသည် မိခင် တပ်ရင်းများသို့ ပြန်ကြရသည်။ ဗိုလ်ချုပ် ဂျွန်စတန်တွင် လူလိုနေသည်ကို သူတို့ သိကြသည်။

ဗိုလ်ကြီး ကာရေက ဘာမျှ မပြော။ ဒေါက်တာမိက တဖြည်းဖြည်း စိတ်တိုလာပြီ။ ထို့ကြောင့် အားရပါးရ ပြောနေသည်။



`ဒီမှာ ကျုပ်တို့ လူတွေဟာ အရင်တုန်းကလည်း ဖိနပ် မပါ အစာ မစားဘဲ တိုက်ခဲ့ကြတာပဲဗျ၊ ရှုံးသလား၊ မရှုံးဘူး၊

အောင်ပွဲတွေ ရခဲ့တယ်၊ ခုလည်း ဒီအတိုင်း ဆက်တိုက်ပြီး အောင်ပွဲတွေ ရဦးမှာပဲဗျ၊ ကျုပ် ပြောမယ်၊ ဗိုလ်ချုပ် ဂျွန်စတန်ကို လွယ်လွယ်နှင့် တိုက်မရဘူး မှတ်ထားပါ၊ ရှေးပဝေသဏီထဲက တောင်ရိုးတွေ၊ တောအုပ်တွေဟာ အကျူးအကျော်ခံ လူမျိုးတွေရဲ့ ခံတပ်ကြီးတွေ ဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား၊ မောင်ရင်... မောင်ရင် သာမိုပလေး တိုက်ပွဲကို ကြည့်ပါလား’

စကားလက်က စဉ်းစားသည်။ သို့ရာတွင် သာမိုပလေး ဆိုသည်မှာ မည်သည့်အရာမှန်း စဉ်းစား၍ မရ။



`အဲဒီ သာမိုပလေးမှာ နောက်ဆုံး တပ်သားအထိ အားလုံး ဈာန်ကြွကုန် ကြတယ် မဟုတ်လား ခင်ဗျာ’



ရက် ဘတ်တလာက မေးလိုက်သည်။ သူ့ နှုတ်ခမ်းများသည် ရယ်ချင်စိတ်ကို မျိုသိပ်ထားရဟန် တွန့်နေကြ၏။



`ဘာလဲ သူငယ်၊ ကျုပ်ကို စော်ကားတာလား’

305



`မဟုတ်ပါဘူး ခင်ဗျာ၊ ကျွန်တော့်ကို အထင် မလွဲပါနှင့်၊ ကျွန်တော် တောင်းပန်ပါတယ်၊ မသိလို့ မေးတာပါ၊

ကျွန်တော်က ရှေးဟောင်း ရာဇဝင်ကို ကောင်းကောင်း မမှတ်မိတော့လို့ပါ’

`ဟုတ်တယ်၊ လိုအပ်ရင် ကျုပ်တို့ လူတွေဟာ တစ်ယောက်မကျန် အသေခံ တိုက်ကြမှာပဲ၊ ယန်ကီတွေကိုတော့

ဂျော်ဂျီယာ ပြည်နယ်ထဲကို အဝင် မခံဘူး၊ အဝင် မခံရုံတင် မကဘူး၊ တိုက်ပွဲ တစ်ပွဲတည်းနှင့် ဒီကောင်တွေကို ဂျော်ဂျီယာမြေပေါ်က မောင်းထုတ်မယ် သိလား’

ဒေါ်လေး ပစ်တီက ခပ်သုတ်သုတ် ထကာ စကားလက်ကို သီချင်း တစ်ပုဒ်လောက် စန္ဒရားဖြင့် ဆိုတီး တီးပြခိုင်းသည်။

စကားဝိုင်းသည် တဖြည်းဖြည်း လေးနက်လာကာ ပြင်းထန်လာခြင်းကို ဒေါ်လေး ပစ်တီ သိလိုက်ပြီ။ သူ့ ထမင်းပွဲသို့ ရက် ဘတ်တလာကို ဖိတ်မိလျှင် ပြဿနာ တစ်ခုခုတော့ ဖြစ်လိမ့်မည်ကို ဒေါ်လေး ပစ်တီ သိသည်။ သူ ရောက်လေရာရာတွင် ပြဿနာ ဖြစ်တတ်သည်။ ပြဿနာ ဖြစ်အောင် ရက် ဘတ်တလာ မည်သို့ မီး မွှေးသည်ကိုမူ ဒေါ်လေး ပစ်တီ မသိ။ စကားလက်သည် ဤလူကို ဘာများ သဘောကျနေသနည်း။ မီလာနီကရော သူ့ဘက်က အဘယ့်ကြောင့် ကာကွယ် ပေးနေသနည်း။

စကားလက်က

ဧည့်ခန်းဆောင်ထဲသို့

ထသွားသည်။

ဆင်ဝင်

အောက်တွင်

တိတ်ဆိတ်

ကျန်ရစ်ခဲ့သည်။

ထိုတိတ်ဆိတ်ခြင်းထဲတွင် ရက် ဘတ်တလာကို မုန်းသည့် အမုန်းသည် လွှမ်းမိုး ကြီးစိုးနေသည်ဟု ထင်ရ၏။ ဗိုလ်ချုပ် ဂျွန်စတန်၏ အနိုင်မခံသော စိတ်ဓာတ်ကို မည်သူ သံသယ ရှိသနည်း။ အရေးတော်ပုံကို ယုံကြည်ရမည် မဟုတ်လော။ သို့ ယုံကြည်ရေးသည် မဟာ တာဝန်ကြီး တစ်ရပ် မဟုတ်ပါလော။ မယုံကြည်သည် ထားဦး၊ သစ္စာ မစောင့်လိုသည် ထားဦး၊ အနည်းဆုံး လူကြီး လူကောင်း ပီသစွာ နှုတ်ပိတ် ရေငုံ လုပ်နေသည့်သည် မဟုတ်ပါလော။

စကားလက်က စန္ဒရားကို တို့လိုက်သည်။ သူ့အသံသည် ဧည့်ခန်းဆောင် ဘက်မှ ပျံ့လွင့်လာ၏။ သီချင်းက ထိုစဉ်က

ခေတ်စားသည့် သီချင်း။ အသံက ချိုချိုအေးအေး လွမ်းစရာ။ `ဖြူဖြူဖွေးတဲ့ ဆေးရုံခန်းမှာကွယ် xx ကျဆုံးသူ ဒဏ်ရာ ရသူများနှင့် လှံစွပ်တွေရယ် အမြောက်ဆန် ဗုံးဆန်တွေ ကြားထဲဝယ် xx ချစ်သူ မောင် တစ်ယောက် ရောက်လာခဲ့ရတယ် xx ။ `xx ငယ်ရွယ်တယ် x နုနယ်တယ် xx ရဲရင့်တယ် ဖြူဖျော့ချိုသာတဲ့ မျက်နှာပေါ်ဝယ် xx လုလင်ငယ် သွေးရဲ့ ကျက်သရေဟာကွယ် xx လန်းစွင့်လို့နေသေးတယ် မကြာခင် တစ်နေ့ဝယ် xx ဖုန်မှုန့်တွေ x ဖုံးလို့ ပျောက်ကွယ် xx ရှာတော့မယ်’

`ဒိပြင် သီချင်း တစ်ပုဒ် ဆိုရောပေါ့ ကွယ်’



ဖန်နီက ဆွေးမြည့် အက်ကွဲသည့် အသံဖြင့် လှမ်းပြောသည်။



စန္ဒရားသံသည် ရုတ်တရက် ရပ်သွား၏။ စကားလက်သည် သူ ဆိုမိသည့် သီချင်းကြောင့် စိတ်ရှုပ်သွားသည်။

ထို့ကြောင့် `မီးခိုးရောင် ဝတ်စုံ’ ဆိုသည့် သီချင်းကို ကောက်တီးလိုက်သည်။ သို့ရာတွင် ဤ သီချင်းကလည်း အလွမ်း သီချင်း။ ထို့ကြောင့် စကားလက် စန္ဒရား တီးရာမှ ရပ်လိုက်ပြန်သည်။ မည်သည့် သီချင်းကို တီးရမှန်းပင် မသိတော့။ တီးမိ ဆိုမိသည့် သီချင်းတွေက အလွမ်း သီချင်းတွေချည်း ဖြစ်နေသည်။ မင်္ဂလာ မရှိသည့် သီချင်းတွေချည်း ဖြစ်နေသည်။

306



ရက် ဘတ်တလာက ရုတ်ခနဲ ထကာ ဝိတ်ကလေးကို ဖန်နီလက်သို့ လှမ်းပေးပြီး ဧည့်ခန်းဆီသို့ လျှောက်လာသည်။



`ကိုယ့်ရပ်ဌာနီ ကင်တပ်ကီကို ရသလား စကားလက်၊ အဲဒါ တီးပါလား’ ရက် ဘတ်တလာက ခပ်တိုးတိုး

ပြောလိုက်သည်။ စကားလက် သူ့ကို ကျေးဇူး တင်သည်။ ယခုမှ သီချင်း ရှာရတော့သည်။ ရက် ဘတ်တလာက အသံ သြသြကြီးဖြင့် စကားလက်နှင့်အတူ လိုက်ဆိုသည်။ ဒုတိယပိုဒ်သို့ ရောက်မှ ဆင်ဝင်အောက်က လူများ သက်ပြင်း ချနိုင်တော့သည်။ သို့တိုင်အောင် ဤသီချင်းသည်လည်း ရွှင်လန်းစရာ သီချင်းစစ်စစ် မဟုတ်သေး။ `xx ဝန်ထုပ် ဝန်ပိုးတွေ x ဘယ်မျှ လေးလံပါစေ xx သည်ဝန်ထုပ်တွေကို ပစ်ချရမယ့် အချိန်ဟာ မဝေးတော့ပေ xx နောက်များ မကြာမီလေ ထထ လမ်းခရီး ဆုံးတော့ ကိုယ့်ရပ်ဌာနီ ကင်တပ်ကီရိပ်မြုံကိုလေ xx ရောက်တော့မှ မသွေ xx ကောင်းသော ညပါလို့ နှုတ်ဆက် လိုက်ပါသလေ xx’

ယခု အချိန်ထိမူ ဒေါက်တာမိ၏ စကားက မှန်နေသည်။ ဗိုလ်ချုပ် ဂျွန်စတန်သည် ဒါလ်တန်မြို့ မြောက်ဘက်က

တောင်ရိုးတွင် သံမဏိ တံတိုင်းကြီးလို ခံနေသည်။ အတ္တလန်တာမှ မိုင်တစ်ရာကျော်ခန့် ကွာသည်။ သူ အပြင်းအထန် ခုခံသဖြင့် ယန်ကီ ဗိုလ်ချုပ် ရှားမင်း အတ္တလန်တာဘက်သို့ ဆင်းမလာနိုင်တော့။ ပြန်ဆုတ်ကာ နည်းလမ်း ရှာရပြန်သည်။ ပြည်နယ် တပ်များကို ထိပ်တိုက် ဝင်တိုက်ပြီး မဖောက်ထွင်းနိုင်။ ညအမှောင်ကို ခိုကာ တောင်ကြားလမ်းကို စက်ဝိုင်းခြမ်း သဏ္ဌာန် ဝိုင်းပတ်လာကြသည်။ ဗိုလ်ချုပ် ဂျွန်စတန်၏ တပ် နောက်ဖျားကို ဝင်တိုက်ရန် ဒါလ်တန် တောင်ဘက် တစ်ဆယ့်ငါးမိုင် အကွာရှိ ရာဆီမောမြို့ကို သိမ်းကာ မီးရထား လမ်းကို ဖြတ်တောက်ရန်၊ ဤသို့ဖြင့် ဗိုလ်ချုပ် ဂျွန်စတန်ကို နောက်ပိုင်းမှ ပြန်တိုက်ရန် ဖြစ်သည်။

ဤမီးရထားလမ်းသည် တောင်ပိုင်းအဖို့ အချက်အချာ ဖြစ်သည်။ ပြည်နယ် တပ်များသည် ကတုတ်ကျင်းများမှ ထွက်ကာ

ကြယ်ရောင် မှုန်တိမှုန်မွှား အောက်တွင် ရာမောဆီသို့ ဖြတ်လမ်းမှ ချီတက်လာခဲ့ကြသည်။ ယန်ကီများက တောင်များပေါ်မှ ဆင်းလာကာ ရာဆီမောကို ဝင်တိုက်သည့် အခါတွင် ပြည်နယ် တပ်များက အဆင်သင့် ဖြစ်နေပြီ။ ကတုတ်ကျင်းများ တူးပြီးပြီ။ အမြောက်များ ဆင်ပြီးပြီ။ ဒါလ်တန်မှာတုန်းက ကဲ့သို့ပင် ရွပ်ရွပ်ချွံချွံ တိုက်ကြသည်။

ဒါလ်တန်မှ အတ္တလန်တာသို့ လူနာများ ရောက်လာသည့် အခါတွင် ဗိုလ်ချုပ် ဂျွန်စတန်သည် ရာဆီမောသို့

ဆုတ်လာရပြီဟု သတင်း ဖြစ်နေသည်။ အတ္တလန်တာ တစ်မြို့လုံး အံ့အားသင့်ကာ စိတ်မကောင်း ဖြစ်နေကြသည်။ မိုးကောင်းကင်တွင် မိုးသက်မုန်တိုင်း၏ ရှေ့ပြေး မိုးတိမ်ညိုညို တစ်လိပ်ကို လှမ်းမြင်လိုက်ရသည့်နှယ် ရှိသည်။ ဗိုလ်ချုပ် ဂျွန်စတန် မည်သို့ ဖြစ်သွားပြီနည်း။ အဘယ့်ကြောင့် ယန်ကီတို့ကို ဂျော်ဂျီယာ ပြည်နယ်ထဲသို့ တစ်ဆယ့် ရှစ်မိုင်ထိအောင် ထိုးဖောက် ဝင်ရောက်လာခွင့် ပြုရသနည်း။ တောင်တန်းများသည် သဘာဝ အတားအဆီးကြီးများ မဟုတ်လော။ ဤသည်ကို ဒေါက်တာမိလို ပုဂ္ဂိုလ်ပင် သိသည် မဟုတ်လော။ ဗိုလ်ချုပ် ဂျွန်စတန်သည် ယန်ကီတို့ကို တောင်တန်းများပေါ်မှ အဘယ့်ကြောင့် ခုခံခြင်း မပြုသနည်း။

ဗိုလ်ချုပ်

ဂျွန်စတန်သည်

ရေဆာကာတွင်

ယန်ကီတို့ကို

ပြင်းပြင်းထန်ထန်

ခုခံကာ

တွန်းလှန်နိုင်ခဲ့သည်။

သို့ရာတွင် ယန်ကီ ဗိုလ်ချုပ် ရှားမင်းက တောင်ပံ လှုပ်ရှားမှု သေနင်္ဂဗျူဟာကို သုံးကာ အလုံး အရင်းဖြင့် စက်ဝိုင်းခြမ်း သဏ္ဌာန် ပတ်လာပြန်သည်။ အူစတန် နော်လာမြစ်ကို ဖြတ်ကာ ပြည်နယ် စစ်ကြောင်း နောက်ပိုင်းရှိ မီးရထားလမ်းများကို

307

ဝင်တိုက်ပြန်သည်။ ဤတွင် ပြည်နယ် တပ်များကို ရေဆာကာမှ ပြန်ရွှေ့ကာ မီးရထား လမ်းများကို ကာကွယ်ရပြန်သည်။ ပြည်နယ် တပ်တွေ ပင်ပန်း နွမ်းနယ် ကုန်ကြပြီ။ ကောင်းကောင်း အိပ်စက်ခွင့် မရ။ အပြောင်းအရွှေ့နှင့် အတိုက်အခိုက်ကြောင့် အားကုန်နေကြပြီ။ ဆာလောင် မွတ်သိပ်နေကြပြီ။ ဤသို့ မောပန်း ငတ်ပြတ်လျက်ကပင် စစ်မြေပြင်သို့ ထွက်လာခဲ့ရသည်။ ရေဆာကာအောက် ခြောက်မိုင်ကွာ ကယ်လ်ဟွန် မြို့ကလေးသို့ ယန်ကီတို့ထက် ဦး၍ ရောက်ခဲ့ကြသည်။ ကတုတ်ကျင်းများ တူးကာ ယန်ကီ ထိုးစစ်ကို ခုခံရန် အဆင်သင့် ပြင်ခဲ့ကြသည်။ ယန်ကီတို့ လာတိုက်သည့် အခါတွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကာ ယန်ကီတို့ကို မောင်းထုတ်နိုင်ခဲ့သည်။ ပြည်နယ်တပ်များသည် လက်မောင်းကို ခေါင်းအုံး၍ လှဲကာ အနား ရရန် ဆုတောင်းကြသည်။ သို့ရာတွင် မနားရ။ ယန်ကီ ဗိုလ်ချုပ် ရှားမင်းသည် တစ်ထစ်ပြီး တစ်ထစ် ရှေ့သို့ တိုးလာကာ နောက်ထပ် ဝိုင်းပြန်သည်။ ဤသို့ဖြင့် ပြည်နယ်တပ်များသည် သူတို့ နောက်ကျောဘက်က မီးရထားလမ်းများကို ကာကွယ်ရန် နောက်သို့ ဆုတ်လာခဲ့ရပြန်သည်။

ပြည်နယ် စစ်တပ်များသည် ချီတက်ရင်း အိပ်ကြရသည်။ ဘာကိုမျှ မတွေးနိုင်တော့။ မောပန်း နွမ်းနယ်နေပြီ။ သို့ရာတွင်

သူတို့သည် ဗိုလ်ချုပ် ဂျွန်စတန်ကို ယုံကြည်သည်။ ဆုတ်ခွာနေရသည့်တိုင် သူတို့ မရှုံးဟု ယူဆကြသည်။ သူတို့တွင် ခံတပ်များကို ထိန်းသိမ်းထားရန် ဗိုလ်ချုပ် ရှားမင်း၏ တောင်ပံ လှုပ်ရှားမှုကို ချိုးပစ်ရန် အင်အား မရှိ၍သာ ခံနေရသည်ဟု ယူဆကြသည်။ ယန်ကီတို့ တိုက်လာတိုင်း ယန်ကီတို့ကို မောင်းထုတ်နိုင်သည်။ ယခု ဆုတ်ခွာ အပြီးတွင် အခြေအနေ မည်သို့ ရှိမည်ကို သူတို့ မသိကြ။ သို့ရာတွင် ဗိုလ်ချုပ် ဂျွန်စတန်သည် သူ လုပ်နေသည့် အလုပ်ကို သူ့ဘာသာ သူ ကောင်းကောင်း သိသည်။ ထို့ကြောင့် သူတို့ မသိလျှင် ရှိစေ၊ ဗိုလ်ချုပ် ဂျွန်စတန် သိလျှင် တော်ပြီဟု သူတို့ ယူဆကြသည်။ ဗိုလ်ချုပ် ဂျွန်စတန်သည် ဆုတ်ခွာမှုကို စနစ်တကျ ဖြစ်အောင် ထိန်းသိမ်းသည်။ ယန်ကီတို့ ဘက်တွင် အထိအခိုက်၊ အရှအန များသလောက် သူတို့ ဘက်တွင် အသေအပျောက် အလွန် နည်းသည်။ ရိက္ခာတင် လှည်းတစ်စီးမျှ ဆုံးရှုံးခြင်း မရှိ။ အမြောက် လေးလက်သာ ဆုံးခဲ့သည်။ နောက်ကျောဘက်က မီးရထားလမ်းကိုလည်း ထိန်းသိမ်း နိုင်ခဲ့သည်။ ဗိုလ်ချုပ် ရှားမင်းသည် ရင်ဆိုင် တိုက်ပွဲများ၊ မြင်းတပ် တိုက်ခိုက်မှုများနှင့် တောင်ပံ လှုပ်ရှားမှုတို့ကို လုပ်ခဲ့သည့်တိုင် မီးရထား လမ်းကို လက်ဖျားဖြင့်ပင် မထိနိုင်ခဲ့။

အတ္တလန်တာနှင့် ဆက်ထားသည့် မီးရထားလမ်း။ နေခြည်ဖြာသည့် လွင်ပြင် တစ်လျှောက် ကွေ့ကောက်နေသည့်

သံလမ်း သေးသေးကလေး နှစ်ချောင်း။ ဤ လမ်းကလေးသည် ယခုတိုင် သူတို့ ရထားလမ်း ဖြစ်နေသေးသည်။ တပ်သားများသည် ကြယ်ရောင်တွင် တလက်လက် တောက်နေသည့် သံလမ်းကို ခေါင်းအုံး အိပ်ကာ ဤသံလမ်းကို ကာကွယ်ကြသည်။ နေရောင်တွင် ပြောင်နေသည့် ဤ သံလမ်းကလေး အတွက် အသက်ကို စွန့်လွှတ်ခဲ့ကြသည်။

တပ်များ ဆုတ်လာသည့်အခါတွင် တပ်ရှေ့က စစ်ပြေး ဒုက္ခသည်အုပ်ကြီး အရင် သွားနှင့်သည်။ ဆင်းရဲသားများနှင့်

လယ်သမားများ။ ဆင်းရဲသူနှင့် ချမ်းသာသူ။ လူဖြူနှင့် လူမည်း။ အမျိုးသမီးများနှင့် ကလေးများ၊ လူအိုများ၊ ဒုက္ခိတများ၊ လူမမာများ၊ ဒဏ်ရာ ရသူများ၊ ကိုယ်ဝန်ဆောင်များသည် အတ္တလန်တာသို့ ထွက်သွားသော ရထားများပေါ်တွင် ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်နေသည်။ တချို့က ခြေကျင်၊ တချို့က မြင်းဖြင့်၊ တချို့က ရထားဖြင့်၊ တချို့က ကုန်တင်လှည်းဖြင့်။ ယာဉ်များပေါ်တွင် ပန်းကန် ခွက်ယောက်တွေ၊ ဝန်စည်စလည်တွေ ပြည့်မောက်လျက်။ ဆုတ်ခွာလျက် ရှိသည့် စစ်တပ်ကြီး၏ ရှေ့ငါးမိုင် အကွာတွင် စစ်ပြေး ဒုက္ခသည် တပ်ကြီးက တအိအိ သွားနေသည်။ ရေဆာကာ၊ ကယ်မွန်၊ ကင်စတန်တို့တွင် ရပ်နားကြသည်။ ရပ်နားတိုင်း ယန်ကီတို့ကို မောင်းထုတ်နိုင်ပြီ ဟူသော သတင်းကို နားစွင့် ကြသည်။ အိမ်ပြန်ရတော့မည်လောဟု တမျှော်မျှော် ဖြစ်နေကြသည်။ သို့ရာတွင် နေခြည်ဖြာသည့် ထိုလမ်းကို ပြန်သွားစရာ အကြောင်း မရှိတော့။ ပြည်နယ်

308

တပ်များသည် လူသူ ကင်းမဲ့သည့် အိမ်ကြီးများ၊ ခြောက်သွေ့ တိတ်ဆိတ်နေသည့် ယာတောများ၊ အထီးတည်း ရှိသည့် သစ်လုံး အိမ်ကလေးများ စသည်တို့ အနီးမှ ဖြတ်၍ ဆုတ်ခွာခဲ့ကြသည်။ တချို့ နေရာများတွင် အမျိုးသမီးကြီး တစ်ဦးတလေ ကျွန်များ ခြံရံ ထွက်လာကာ စစ်သားများကို သြဘာ ပေးကြသည်။ သို့ရာတွင် အများအားဖြင့်မူ နေခြည်ဖြာသည့် လွင်ပြင် တစ်လျှောက်သည် တိတ်ဆိတ်နေသည်။ လူသူ ကင်းမဲ့နေသည်။ ကောက်နှံများက ခြောက်သွေ့နေသည့် လယ်ကွက်များတွင် ညိုဝါလျက်။

ဗိုလ်ချုပ် ဂျွန်စတန်၏ တပ်များသည် ကယ်လ်တွန်တွင် အဝိုင်း ခံရပြန်သည်။ ထို့ကြောင့် အဒဲယားစ်ဗီးလ်သို့

ထပ်ဆုတ်ရပြန်သည်။ ထိုမှ တစ်ဖန် ကာတားဗီးလ်သို့ ထပ်ဆုတ်ရပြန်သည်။ နယူးဟုတ်တွင်မူ ပြည်နယ် တပ်များက နောက်ထပ် ဆုတ်မပေးတော့။ အပြင်း အထန် ခုခံကြသည်။ ယန်ကီတို့က ထုကြီးထည်ကြီးဖြင့် အတင်း ဝင်တိုက်သည်။ ခွေနေသည့် နဂါးကြီး တစ်ကောင် အရှိန်ယူ၍ ပေါက်လိုက်သည့်နှယ် အားကုန် တိုက်သည်။ ဒဏ်ရာ ရသွားလျှင် ပြန်ပြီး နောက်ဆုတ်သွားကာ ထို့ထက် ကြီးမားသည့် အရှိန်ဖြင့် ထပ်ပေါက်သည်။ နယူးဟုတ်တွင် ဆယ့်တစ်ရက်တိုင်တိုင် နေ့ရော ညပါ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားသည်။ ယန်ကီတို့၏ ထိုးစစ်တိုင်းကို တွန်းလှန် နိုင်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ် ဂျွန်စတန်၏ စစ်ကြောင်းသည် ပါးသည်ထက် ပါးလာခဲ့လေပြီ။

နယူးဟုတ်တွင် ပြည်နယ်တပ် အကျအဆုံး အရှအန များသည်။ ဒဏ်ရာရသူ များသည် အတ္တလန်တာသို့ ရထား

တစ်စင်းပြီး တစ်စင်း ရောက်လာကြသဖြင့် အတ္တလန်တာ တစ်မြို့လုံး ချောက်ချားစ ပြုလာသည်။ ဤမျှလောက် များပြားသော ဒဏ်ရာရ တပ်သားများကို မမြင်ဖူးကြသေး။ ချူကာအော်ဂါ တိုက်ပွဲ မှာတုန်းကပင် ဤမျှလောက် များပြားခြင်း မရှိ။ အတ္တလန်တာက ဆေးရုံတွေ အားလုံး လူနာ ထားစရာ မရှိတော့။ တချို့ကို ကုန်လှောင်ရုံ ကြမ်းပြင်များပေါ်တွင် ပစ်ထားရသည်။ တချို့ကို ဂိုဒေါင်ထဲက ဝါဂွမ်းထုပ်များပေါ်တွင် တင်ထားရသည်။ တည်းခိုရိပ်သာများ၊ အိမ်များတွင်လည်း ဒဏ်ရာရ လူနာတွေ တင်ပေး ထားရသည်။ ဒေါ်လေး ပစ်တီ၏ အိမ်တွင်လည်း စစ်သား လူနာ အချို့ တင်ထားရသည်။ မီလာနီက နေ့စေ့ လစေ့။ ဤအချိန်မျိုးတွင် လူစိမ်း သူစိမ်းတွေ အိမ်ပေါ် တင်ထားရခြင်း၊ ထိတ်စရာ လန့်စရာများကို မြင်ရခြင်းကြောင့် မီလာနီ၏ ကိုယ်ဝန်ကို ထိခိုက်စေသည်ဟု ဒေါ်လေး ပစ်တီက ကန့်ကွက်သေးသည်။ သို့ရာတွင် မရ။ ဒဏ်ရာရ စစ်သားတွေက အတင်း တက်နေကြသည်။ မီလာနီမှာလည်း သူ့ ကိုယ်ဝန်ကို လူ မမြင်စေရန် အင်္ကျီအောက်ခံခွေကို တစ်ထစ်တိုး၍ အထက်သို့ မြှင့်ရသည်။ ချက်ပြုတ်သံ၊ ရွှေ့သံ၊ လှုပ်ရှားသံ၊ ယပ်ခတ်သံ၊ အဝတ် လျှော်သံ၊ ပတ်တီးလိပ်သံ၊ ဝါဂွမ်းဖတ်သံ စသည်တို့ကို တစ်ဖက်ခန်းမှ အမြဲ ကြားနေရသည်။ တစ်ဖက်ခန်းမှ ကယောင်ကတမ်း ညည်းတွားသံ၊ ယောင်ယမ်း စကားပြောသံ များကြောင့် ပူအိုက်သည့် ညများတွင် မီလာနီ တစ်ယောက် အိပ်၍ မရတော့။ တစ်မြို့လုံး စစ်သား လူနာတွေ ပြည့်နေပြီ။ နောက်ထပ် လက်မခံနိုင်တော့။ ဤတွင် သြဂတ်စတာနှင့် မာကွန်က ဆေးရုံများသို့ ပို့ရပြန်သည်။

တစ်ယောက် တစ်မျိုးစီ သတင်း စကားတွေ ပြောကြသည်။ စစ်သား လူနာများ အစုလိုက် အပြုံလိုက် ရောက်နေခြင်း၊

ထိတ်လန့် တုန်လှုပ်လျက် ရှိသည့် စစ်ပြေး ဒုက္ခသည်များ တဖွဲဖွဲ ဆက်လက် ရောက်နေခြင်း စသည်တို့ကြောင့် အတ္တလန်တာ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ မိုးကုပ်စက်ဝိုင်းတွင် စောစောက မြင်ခဲ့ရသည့် မည်းမှောင် ညိုမှိုင်းသည့် တိမ်တိုက်ကလေးသည် တဖြည်းဖြည်းဖြင့် လေနီကြီး ဆင်စပြုလာပြီ။ အေးစိမ့်သည့် လေအေးကြီးပင် တိုက်စပြုလာပြီ။

ပြည်နယ် တပ်များ၏ တိုက်စွမ်းရည်ကို လူထုက အပြည့်အဝ ယုံကြည်လျက် ရှိသည့်တိုင် ဗိုလ်ချုပ် ဂျွန်စတန်ကိုမူ

309

အယုံအကြည် ကင်းမဲ့စ ပြုလာကြသည်။ နယူးဟုတ်က အတ္တလန်တာနှင့် သုံးဆယ့်ငါးမိုင်မျှသာ ဝေးသည်။ ဗိုလ်ချုပ် ဂျွန်စတန်သည် အဘယ့်ကြောင့် သုံးပတ် အတွင်း ခြောက်ဆယ့်ငါးမိုင်မျှ ဆုတ်ခွာ ပေးခဲ့ ရသနည်း။ အဘယ့်ကြောင့် တရစပ် ဆုတ်ခွာပေးရ သနည်း။ အဘယ့်ကြောင့် ကြံ့ကြံ့မခံသနည်း။ ဗိုလ်ချုပ် ဂျွန်စတန်သည် နလပိန်းတုံး ဖြစ်သည်။ နလပိန်းတုံး ထက်ပင် ဆိုးသေးသည်။ အတ္တလန်တာမှ မြို့စောင့် တပ်များနှင့် မြို့ပြ ကာကွယ်ရေး တပ်များက ဤ တိုက်ပွဲစဉ်တွင် သူတို့ ဝင်တိုက်လျှင် ဤမျှလောက် အခြေအနေ မဆိုးနိုင်။ ထို့ကြောင့် ဝင်တိုက်ခွင့် တောင်းသည်။ စားပွဲခင်းများပေါ်တွင် စစ်အင်္ဂါ အခင်းအကျင်းများကို ရေးပြကြသည်။ ဗိုလ်ချုပ် ဂျွန်စတန်က လက်မခံ။ စစ်ကြောင်းက တဖြည်းဖြည်း ပါးလာကာ တဆုတ်တည်း ဆုတ်နေရသည့် အခါတွင်မှ ပြည်နယ် ဘုရင်ခံ ဘရောင်းသည် ဗိုလ်ချုပ် ဒေးဗီးစ် တောင်းသည်ကို မပေးခဲ့လျှင် ဗိုလ်ချုပ် ဂျွန်စတန်က တောင်းသည့် အခါတွင်လည်း အဘယ့်ကြောင့် ပေးရမည်နည်း။

တိုက်လိုက် ဆုတ်လိုက်။ တိုက်လိုက် ဆုတ်လိုက်။ ပြည်နယ် တပ်များသည် နှစ်ဆယ့်ငါးရက်လုံးလုံး မနားမနေ

တိုက်ခဲ့ရသည်။ ခုနစ်ဆယ့်ငါးမိုင် ဆုတ်ခဲ့ရသည်။ နယူးဟုတ်ကို စွန့်လွှတ်ခဲ့ရပြီ။ သူတို့ စိတ်အာရုံတွင် ရေးရေး မှုန်မှုန်သာ ကျန်ခဲ့ပြီ။ နေပူရှိန်၊ ဖုန်မှုန့်၊ ငတ်ပြတ်ခြင်း၊ ပင်ပန်းခြင်း၊ မြေနီလမ်းပေါ်တွင် ဒရွတ်ဆွဲ လျှောက်ရခြင်း၊ မြေနီ ရွှံ့စေးများထဲတွင် တစွက်စွက် ဖြတ်သန်းရခြင်း၊ ဆုတ်ခွာရခြင်း၊ ကတုတ်ကျင်း တူးရခြင်း၊ တိုက်ရခြင်း၊ ဆုတ်ရခြင်း၊ ကတုတ်ကျင်း တူးရခြင်း၊ တိုက်ရခြင်း စသည်တို့သည် သူတို့ စိတ်အာရုံတွင် ဝိုးဝါး ရှုပ်ထွေးကုန်ပြီ။ နယူးဟုတ် တိုက်ပွဲသည် သူတို့အဖို့ ထမင်းလုံး တစ္ဆေ ခြောက်သည့်နှယ် ဖြစ်နေသည်။ ဘစ်ရှန်တီ တိုက်ပွဲသည်လည်း ထို့အတူပင်။ ဖုတ်ဝင် နေသူများလို အရမ်းကာရော တိုက်ကြသည်။ သို့ရာတွင် ယန်ကီတို့ကို အရှုံးပေး၍ မဖြစ်။ တိုက်ရမည်။ စစ်မြေပြင် တစ်ခုလုံး ယန်ကီ ဝတ်စုံပြာတွေ ဖုံးသွားသည် အထိ တိုက်ရမည်။ ယန်ကီတို့က တစ်သုတ်ပြီး တစ်သုတ် တိုက်ပွဲဝင်နေသည်။ ပထမ တစ်သုတ် ကျလျှင် နောက် တစ်သုတ် ဝင်လာသည်။ ပြည်နယ် အနောက်ပိုင်း မီးရထားလမ်းများ တစ်ဝိုက်၊ အတ္တလန်တာ တစ်ဝိုက်တွင်လည်း ဝတ်စုံပြာပြာနှင့် ယန်ကီ စစ်ကြောင်းများ ဝိုင်းပတ်လာသည်ကို မြင်နေရသည်။

အိပ်စက် နားနေခြင်း မပြုရသည့် ပြည်နယ် တပ်များသည် ဘစ်ရှန်တီမှ ကင်နက်ဆော ရိုးမသို့ ဆုတ်လာခဲ့ကြသည်။

ရိုးမ အခြေက မာရီယက်တာ ဆိုသည့် မြို့ကလေးသို့ အရောက်တွင် စစ်ကြောင်းများကို စက်ဝိုင်းခြမ်း သဏ္ဌာန် ဆယ်မိုင် ရှည်အောင် ဆန့်ထုတ်လိုက်သည်။ တောင်စောင်းတွင် ကတုတ်ကျင်းတွေ တူးကြသည်။ တောင်ထိပ်တွင် အမြောက်တွေ ဆင်ထားကြသည်။ ချွေးသံ အလိမ်းလိမ်း တပ်သားများသည် ဆဲရေး တိုင်းထွာလျက် အမြောက်ကြီးများကို တောင်စောင်းပေါ်သို့ ဆွဲတင်နေကြသည်။ ထို တောင်စောင်းများပေါ်သို့ လားဝန်တင်များ မဆွဲနိုင်သဖြင့် လူအားဖြင့် တင်ရခြင်း ဖြစ်သည်။ အတ္တလန်တာသို့ ရောက်လာသည့် ဆက်သားများ၊ လူနာများက အထိတ်ထိတ် အလန့်လန့် ဖြစ်နေသည့် အတ္တလန်တာ မြို့သူမြို့သားများအား စိတ်သက်သာစရာ သတင်းများကို ပြောကြသည်။ ကင်နက်ဆော တောင်ရိုးကို ရန်သူတို့ မည်သည့် နည်းနှင့်မျှ ထိုးဖောက်နိုင်မည် မဟုတ်။ အနားက ထင်းရှူး တောင်တန်းနှင့် အပျောက် တောင်တန်းတွင်လည်း ကတုတ်ကျင်းတွေ၊ ခံတပ်တွေ အသင့် ပြင်ထားပြီးပြီ။ တောင်ထိပ်မှ စီး၍ နေရသဖြင့် ဗိုလ်ချုပ် ဂျွန်စတန်၏ တပ်များကို ယန်ကီတို့ ညှပ်ပိတ် မဝိုင်းနိုင်တော့ဟု သူတို့က ပြောကြသည်။ ထိုအခါကျမှ အတ္တလန်တာ တစ်မြို့လုံး သက်ပြင်း ချနိုင်တော့သည်။

သို့ရာတွင် ကင်နက်ဆော ရိုးမက အတ္တလန်တာနှင့် ဘာမျှ မဝေး။ နှစ်ဆယ့်နှစ်မိုင်သာ ဝေးသည်။ ကင်နက်ဆော ရိုးမက

ဒဏ်ရာ ရသူများကို ပထမဆုံး သယ်လာသည့် နေ့က မစ္စက်မယ်ရီဝယ်သာ၏ ရထားသည် စောစောစီးစီး ဒေါ်လေး ပစ်တီ၏ အိမ်သို့ ရောက်လာသည်။ ရထားသမားက စကားလက်အား အဝတ်အစား အမြန် လဲကာ ဆေးရုံသို့ လိုက်ခဲ့ရန် ခေါ်သည်။

310

နံနက် စောစော အိပ်ရာထဲမှ ထလိုက်လာရသည့် ဖန်နီနှင့် ဆွန်နယ် ညီအစ်မသည် ရထားထဲတွင် တသမ်းသမ်း တဝေဝေဖြင့် ထိုင်နေကြသည်။ မစ္စက်အယ်လဆင်းက ရထားရှေ့ခုံတွင် မျက်နှာ မသာမယာဖြင့် ထိုင်နေသည်။ မီးပူ တိုက်ပြီးသား ပတ်တီးများကို ခြင်းတောင်း တစ်လုံး ထဲတွင် ထည့်ကာ ပေါင်ပေါ်တွင် တင်ထားသည်။ စကားလက် စိတ် မပါ့တပါဖြင့် လိုက်ခဲ့သည်။ ကောင်းကောင်း မအိပ်ရသေး။ မနေ့ညက မြို့ပြ ကာကွယ်ရေးတပ် ဧည့်ခံပွဲတွင် မိုးစင်စင် လင်းအောင် ကခဲ့ရသဖြင့် တစ်ကိုယ်လုံး ညောင်းညာနေသည်။ သူ ဆေးရုံ သွားလျှင် ဝတ်သည့် အကောင်းဆုံး သရက်ထည် ဝတ်စုံကို ပရဇ္ဇီက ကြယ်သီး တပ်ပေးနေသည်။ စေ့စပ်၍ အပတ်တကုတ် အလုပ်လုပ်သည့် မစ္စက် မယ်ရီဝယ်သာကို လည်းကောင်း၊ ဒဏ်ရာရ လူနာများကို လည်းကောင်း၊ တောင်ပိုင်း ပြည်နယ်များကို လည်းကောင်း စကားလက် စိတ်ထဲက ကျိန်ဆဲမိသည်။ စကားလက်သည် နံနက်ခင်း ကော်ဖီအစား ပြောင်းဖူးအရက် ခါးသက်သက်နှင့် ကန်စွန်းဥ ခြောက်ကြော်ကို ခပ်သုတ်သုတ် စားသောက်ပြီးနောက် သူတို့နှင့် အတူ လိုက်လာခဲ့သည်။

သူနာပြုရသည့် လုပ်ငန်းကို စကားလက် ငြီးငွေ့ လှပြီ။ မေမေက မြိုင်သာယာသို့ အလည် လာရန် စာရေး ခေါ်ထားသည့်

ကိစ္စကို မစ္စက် မယ်ရီဝယ်သာအား ပြောပြဦးမည်။ သို့ရာတွင် အကြောင်း မထူး။ မစ္စက် မယ်ရီဝယ်သာက အလွန် စေ့စပ် သေချာသည့် မိန်းမကြီး ဖြစ်သည်။ ကိုယ်ရုံ အင်္ကျီရှည်ကြီးကို လက်ပင့်၍ ဝတ်ပြီး သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

`ဒါပဲနော် မရွှေစာ၊ အိမ်ပြန်ချင်တယ် ဆိုတဲ့ စကားမျိုး နောက်ထပ် မကြားပါရစေနှင့်၊ ကျုပ် ဒီနေ့ ညည်းမေမေဆီကို

စာရေးလိုက်မယ်၊ ညည်းကို မလွှတ်နိုင်ဘူးလို့၊ ဒီမှာ အရေးကြီးနေတယ်လို့၊ ကျုပ် ရေးရင် ညည်းမေမေကလည်း ခွင့်ပြုမှာပဲ၊ ကဲ အဝတ်အစား လဲပြီး ဒေါက်တာမိဆီကို ပြေးချည်ဦး၊ ဟိုမှာ လူနာတွေ ဆေးထည့်နေရတယ်၊ သူ တစ်ယောက်တည်း မနိုင်ဘူး’

`သေလိုက်ပါတော့’ စကားလက် ညည်းမိသည်။ `ဒါမှ ဒုက္ခပဲ၊ မေမေ့ဆီကသာ ဆက်နေဦးလို့ စာပြန်လာရင် ငါတော့

ဒီအနံ့တွေ နံတာနှင့် သေတော့မှာပဲ၊ ငါသာ အသက်ကြီးကြီး မိန်းမ ဆိုရင် သိပ်ကောင်းမှာ၊ ကောင်မလေးတွေကို စီမံ ပေးနေရုံပဲ၊ ခုတော့ သူတို့ ခိုင်းသမျှကိုချည်း လုပ်နေရတာပဲ၊ ဒီ မစ္စက် မယ်ရီဝယ်သာ ဆိုတဲ့ ကြောင်အိုမကြီးကလည်း သေပဲ မသေနိုင်ဘူး’

ဟုတ်သည်။ စကားလက် ဆေးရုံကို ငြီးငွေ့နေပြီ။ အနံ့အသက်တွေက မကောင်း။ သန်းတွေက တဖွားဖွား။ လူနာတွေက

ညစ်ပတ် နံစော်လျက်။ လွန်ခဲ့သည့် တစ်နှစ်လောက်ကမူ သူနာပြုရသည်ကို ပျော်စရာလိုလို ထင်ခဲ့သည်။ အသစ်အဆန်း ဖြစ်၍ သဘောကျခဲ့သည်။ ထိုမျှမက ယခု ဒဏ်ရာ ရလာသူတွေက မနှစ်က ဆေးရုံတက်သည့် စစ်သား စစ်ဗိုလ်တွေလို သားသားနာနားတွေ မဟုတ်ကြ။ သူတို့ကလည်း စကားလက်ကို စိတ်ဝင်စားဟန် မပြကြ။ စစ်အကြောင်းထက် ဘာမှ ပို၍ မပြောတတ်။ `တိုက်ပွဲသတင်း ဘာ ကြားသေးသလဲ၊ ဗိုလ်ချုပ် ဂျွန်စတန် ဘယ်မှာ ရောက်နေသလဲ၊ ဗိုလ်ချုပ် ဂျွန်စတန် ကတော့ တကယ့်လူပဲ’ ဆိုသည့် စကားများ လောက်ကိုသာ ပြောတတ်ကြသည်။ စကားလက် အမြင်တွင်မူ ဗိုလ်ချုပ် ဂျွန်စတန်ကို တကယ့်လူဟု မမြင်။ ဗိုလ်ချုပ် ဂျွန်စတန်သည် ယန်ကီများကို ဂျော်ဂျီယာ နယ်ထဲသို့ မိုင်ရှစ်ဆယ်ကျော်မျှ ထိုးဖောက် ဝင်ရောက်ခွင့် ပေးခဲ့သူ မဟုတ်လော။ ယခု ရောက်လာသည့် လူနာတွေက စိတ်ပျက်စရာ။ နည်းနည်းမျှ စိတ်ဝင်စားစရာ မကောင်း။ တချို့က သေတော့မည်။ နေ့လား ညလား အခြေအနေမျိုး ရောက်နေကြပြီ။ အနာတွေက လှိုက်စားနေပြီ။ သွေးဆိပ် တက်နေပြီ။ အူရောင်ငန်းဖျား ရောဂါ၊ အဆုတ်ရောင် ရောဂါ စွဲလာကြသူများ ဖြစ်သည်။ ခုခံနိုင်သည့် စွမ်းအား မရှိတော့။

ရာသီဥတုက ပူပြင်းသည်။ ယင်ကောင်များသည် ပြတင်းပေါက်များမှ အုပ်လိုက် ဝင်လာကြသည်။ ဒဏ်ရာက

တော်တော်၊ ဤ ယင်ကောင်ကြီးတွေက စိတ်ဓာတ် ကျစရာ ကောင်းသည်။ သူ့ အနားတွင် အနံ့အသက်တွေ လှောင်နေသည်။

311

ရေနွေး ဇလုံ တစ်လုံးကို ကိုင်ကာ ဒေါက်တာမိ နောက်မှ လိုက်လာခဲ့သည်။ သူ့ တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေသည်။

ဒေါက်တာမိက ရိပုပ်နေသည့် အသားများကို ဓားထက်ထက်ဖြင့် လှီးထုတ်နေသည်။ အော်ဂလီဆန်လိုက်သည့်

ဖြစ်ခြင်း။ မအန်အောင် မနည်း ချုပ်တည်း ထားရသည်။ ခြေထောက်များ၊ လက်များ ဖြတ်ရာ ခွဲစိတ်ခန်းမှ စူးစူးရှရှ အော်လိုက်သည့် အသံနက်ကြီးကလည်း ကြောက်စရာ။ ဆရာဝန် သူတို့ဆီ အလာကို စောင့်ကြသူ၊ လက်ဖြတ် ခြေဖြတ်ခံရန် စောင့်နေကြသူ များ၏ ဖြူရော် ညှိုးငယ်သည့် မျက်နှာများကို မြင်ရသည့် အခါတွင် သနားသည့်တိုင် ဘာမျှ မတတ်နိုင်သည့် အဖြစ်။

ကလိုရိုဖောင်း မေ့ဆေး ရှားသဖြင့် အလွန် အခြေအနေ ဆိုးသည့် ကိစ္စများတွင်မှ အသုံးပြုရသည်။ ဘိန်းကလည်း

အဖိုးတန်သည်။

အနာ

သက်သာစေရုံမျှလောက်

အတွက်

မသုံးနိုင်။

အသက်ထွက်

ညင်သာအောင်

လုပ်သည့်

ကိစ္စများတွင်သာ အသုံးပြုရသည်။ ကွီနိုင်လည်း မရှိတော့။ တင်ချာ အိုင်အိုဒင်းလည်း မရှိတော့။ ထိုအရာများကို စကားလက် ငြီးငွေ့လှပြီ။ စိတ်ပျက်လှပြီ။ ထိုနေ့ နံနက်ကမူ အလုပ် မလုပ်ဘဲ နေရအောင် မီလာနီလို ကိုယ်ဝန် ရှိနေလျှင် ကောင်းလေစွ ဟုပင် စကားလက် တောင့်တမိသည်။ ထိုအချိန်က သူနာ မပြုရအောင် လူမှုရေး အရ လက်ခံနိုင်သည့် အကြောင်းပြချက်မှာ ထိုတစ်ချက်သာ ရှိသည်။

မွန်းတိမ်းလောက်၌ စကားလက်သည် အပေါ်ရုံ အင်္ကျီကို ချွတ်ကာ ဆေးရုံမှ တိတ်တဆိတ် ထွက်လာခဲ့သည်။ မစ္စက်

မယ်ရီဝယ်သာက တောင်ပေါ် လူမျိုးစု စစ်သား လူနာ တစ်ယောက် အတွက် စာရေး ပေးနေသည်။ စကားလက် ရှေ့လျှောက် ခံနိုင်စွမ်း မရှိတော့။ သူ့ အတွက် ကျိန်စာလို ဖြစ်နေသည်။ နေ့လယ် ရထားဖြင့် ဒဏ်ရာရ စစ်သားများ ထပ်ရောက်လာလျှင် သန်းခေါင် သန်းလွဲ အထိ နားချိန် ရတော့မည် မဟုတ်။ စားချိန် သောက်ချိန်ပင် ရတော့မည် မဟုတ်။

စကားလက်သည် နှစ်ပြ ကျော်ကျော်လောက် ဝေးသည့် မက်မုံပင် လမ်းမကြီးဆီသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။

ရင်စည်းကျပ်ကျပ် စည်းထားသည့် ကြားထဲက အနံ့အသက်တွေ ဖုံးနေသည့် လေကို တစ်ချက် နှစ်ချက် ရှိုက်၍ ရှိုက်၍ ရှူလိုက်သည်။ လမ်းဆုံသို့ ရောက်သည့် အခါတွင် ဝေခွဲမရဘဲ ရပ်နေမိသည်။ မည်သို့ သွားရမည်နည်း။ အိမ်သို့လည်း မပြန်ချင်။ ဆေးရုံက လစ်လာသည်ကို ဒေါ်လေး ပစ်တီတို့ သိမှာ ရှက်သည်။ ဆေးရုံသို့လည်း ပြန်မသွားချင်။

ထိုစဉ် ရထားဖြင့် ဖြတ်သွားသည့် ရက် ဘတ်တလာနှင့် သွားတိုးသည်။



`ဘယ်လိုလဲ ကလေးမ၊ မင်း ကြည့်ရတာ စဏ္ဍာလ သမီး ကျနေတာပဲ’



ရက် ဘတ်တလာက ဖာရာထေးရာတွေ ပြည့်နေသည့် လာဗင်ဒါ သရက်ထည် အင်္ကျီကို လှမ်းကြည့်၍ မေးသည်။

အင်္ကျီတွင် ချွေးတွေ ရွှဲရွှဲ စိုနေသည်။ ရေနွေး ဇလုံမှ ရေစဉ်သည့် အတွက် ရေတွေကလည်း စိုလျက်။ စကားလက် ရှက်သည်။ စိတ်လည်း တိုသွားသည်။ ဤလူကြီးသည် မိန်းမတွေ၏ အဝတ်အစားကို အဘယ့်ကြောင့် အမြဲတမ်း ဂရုစိုက် နေရသနည်း။ ညစ်ပတ် ပေရေ နေပုံကို အဘယ့်ကြောင့် ရိုင်းရိုင်းပျပျ မေးရသနည်း။

`ဒီမှာ ဗိုလ်ကြီး ဘတ်တလာ၊ ရှင် မေးတာတွေကို စကားလက် ဖြေချိန် မရဘူး၊ စကားလက်ကို ဘယ်သူမှ မတွေ့မယ့်

တစ်နေရာရာကို မောင်းပို့ ပေးစမ်းပါ၊ စကားလက်ကို လိုက်မရှာကြတော့ဘူး ဆိုရင် ဆေးရုံကို ပြန်မသွားချင်တော့ဘူး၊

312

ဒုက္ခပါပဲ၊ ဒီပြည်တွင်းစစ်ကြီး ဖြစ်ရတာ ကိုယ်နှင့်လည်း ဘာမှ မဆိုင်ဘဲနှင့် နေ့မအား ည မအား လုပ်နေရတယ်၊ တကယ်က စကားလက်နဲ့ ဘာဆိုင်တာ မှတ်လို့လဲ၊ မဟုတ်ဘူးလား’

`ကြီးမြတ်တဲ့ အရေးတော်ပုံကို သစ္စာဖောက်တဲ့ သစ္စာဖောက် တစ်ယောက် ဖြစ်သွားပြီပေါ့’



`တော်စမ်းပါ၊ ငပြူးက ပြဲပြ မနေစမ်းပါနှင့်၊ စကားလက်ကိုသာ တစ်နေရာရာ မောင်းပို့စမ်းပါ၊ ရှင် မောင်းချင်တဲ့ဆီကို

မောင်း၊ လေညင်းခံပေါ့ ရှင်’

ရက် ဘတ်တလာက မြင်းရထားပေါ်မှ ဖျက်လတ်စွာ ခုန်ဆင်းလာ၏။ အကောင်း ပကတိ ကျန်းမာနေသည့်

လူတစ်ယောက်။ ခြေလက် ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ အပြည့်အစုံ ရှိနေသော လူတစ်ယောက်။ ဒဏ်ရာကြောင့် ဖြူရော် မနေသည့် လူတစ်ယောက်။ ငှက်ဖျားကြောင့် အသားအရေ ဝါထိန်ကာ ဖောသွပ် ရောင်အမ်းခြင်း မရှိသည့် လူတစ်ယောက်ကို မြင်ရသည်မှာ မည်မျှ ကျက်သရေ ရှိသနည်းဟု စကားလက် ရုတ်တရက် တွေးလိုက်မိသည်။ အဝတ်အစားတွေကလည်း အကောင်းချည်း။

ကုတ်အင်္ကျီနှင့်

ဘောင်းဘီက

တစ်စတည်း။

တစ်သားတည်း။

သူ့ကိုယ်ခန္ဓာနှင့်

လိုက်ဖက်သည်။

ပွယောင်းခြင်းလည်း မရှိ။ အလှုပ်ရ အရှားရ ခက်အောင် ကျပ်ခြင်းလည်း မရှိ။ ညစ်ပတ်သည့် အသားအရေနှင့် အမွေးအမှင်တွေ ထူသည့် ခြေသလုံးကို မြင်ရသည့် အစုတ်အပြတ်တွေ မဟုတ်။ အသစ်စက်စက် တွေချည်း ဖြစ်သည်။ သူ့မျက်နှာက ကမ္ဘာ လောကကြီးတွင် စိုးရိမ် ပူပန်စရာ တစ်ခုမျှ မရှိသည့်နှယ်။ အခြား လူတွေက ညှိုးရော် စိတ်ရှုပ်ကာ စိုးရိမ် ပူပန်သည့် အမူအရာတွေ ဆောင်နေရချိန်တွင် သူ့ အမူအရာသည် အံ့သြစရာ ကောင်းနေသည်။ ညိုလဲ့လဲ့ မျက်နှာက ချိုသာသည်။ နှုတ်ခမ်းများက နီရဲနေသည်။ မိန်းမ တစ်ယောက်၏ နှုတ်ခမ်းလို ပုံသဏ္ဌာန် ပီပီသသ။ ရမ္မက်ကို လှုံ့ဆော်သည့် နှုတ်ခမ်းမျိုး။ စကားလက်ကို ရထားပေါ်သို့ ဆွဲတင်ရင်း အပူအပင် ကင်းစွာ ပြုံးလိုက်သည်။

ပုံကျကျ ချုပ်ထားသည့် သူ့ ဝတ်စုံထဲတွင် တောင့်တင်း ကျစ်လျစ်သည့် သူ့ ခန္ဓာကိုယ်မှ ကြွက်သားများသည်

တွန့်သွားကြသည်။ ဖြစ်မြဲ ထုံးစံ အတိုင်း ရထားထဲသို့ ရောက်လာ၍ အနီးတွင် ထိုင်လိုက်သည်နှင့် ကြီးခိုင်သော သူ့ ခန္ဓာကိုယ်၏ စွမ်းအား အရှိန်အဝါကို စကားလက် ထိတွေ့ ခံစားလိုက်ရသည်။ တောင့်တင်းသော ပခုံးသားများသည် အင်္ကျီအောက်တွင် ရုန်းကန် ခုံးထ နေကြသည်။ ရင်ဖိုစရာလိုလို၊ စွဲမက်ဖွယ် ကောင်းသလိုလို။ သူ့ ခန္ဓာကိုယ်သည် တောင့်တင်း ခိုင်မာသည်။ ရှင်သန်သော သူ့ စိတ်ဓာတ်လို တောင့်တင်း ခိုင်မာသည်။ သူ့ခန္ဓာကိုယ်က ကျစ်လျစ် ပေါ့ပါးသည်။ ကျက်သရေ ရှိသည်။ ခွန်အား ကောင်းသည်။ နေပူစာ လှုံနေသည့် ကျားသစ် တစ်ကောင်လို ပျင်းတိပျင်းတွဲ နိုင်သည်။ ထခုန်အုပ်ရန် အဆင်သင့် ရှိသော ကျားသစ် တစ်ကောင်လိုလည်း ဖျတ်လတ်သည်။

`မင်း တော်တော် ညာတတ်တဲ့ ကလေးမပဲ’ ရက် ဘတ်တလာက မြင်းမောင်းရင်း လှမ်းပြောသည်။ `စစ်သားတွေနှင့်

တစ်ညလုံး တွဲကတယ်၊ သူတို့ကို နှင်းဆီပန်းတွေ ဖဲကြိုးတွေ လက်ဆောင် ပေးတယ်၊ အရေးတော်ပုံ အတွက် အသေခံဖို့ အဆင်သင့် ရှိတယ်လို့ ပြောတယ်၊ ဒါပေမယ့် မဖြစ်စလောက် ဒဏ်ရာ ကလေးတွေ ပတ်တီး စည်းပေးရပြီး အင်္ကျီ သန်းရှာ ပေးရတာမျိုးကျတော့ မင်း မလုပ်ချင်ဘူး၊ ထွက်ပြေးတယ်’

`ဗိုလ်ကြီး ဘတ်တလာ၊ ဒိပြင် အကြောင်း ပြောစရာ မရှိတော့ဘူးလား၊ မရှိရင်လည်း မြန်မြန် မောင်းစမ်းပါ၊

တော်တော်ကြာ အဘိုးကြီး မယ်ရီဝယ်သာ မြင်သွားလို့ သူ့ အဘွားကြီးကို တိုင်ပြော နေရင် ကျွန်မ ဒုက္ခ ရောက်နေလိမ့်မယ်’

313



ရက် ဘတ်တလာက မြင်းနီမကြီးကို ကျာပွတ်ဖြင့် တို့လိုက်၏။ မြင်းနီမကြီးက သုံးချောင်းထောက် ခပ်သွက်သွက်

ပြေးကာ ငါးမြှောင့်ဆိုင်ကို ကျော်လာသည်။ ထိုနောက် မြို့ကို နှစ်ပိုင်း ပိုင်းထားသည့် မီးရထား သံလမ်းကို ကျော်လာခဲ့သည်။ ဘူတာရုံတွင် လူနာတင် ရထား ဆိုက်နေပြီ။ နေပူ ကျဲကျဲကြီးတွင် ထမ်းစင် အထမ်းသမားများ အလုပ် များနေကြသည်။ လူနာများကို သူနာတင် ရထားများ၊ ပေါင်းမိုးတပ် ရိက္ခာတင် လှည်းများပေါ်သို့ ရွှေ့ပြောင်း တင်နေကြသည်။ တိတ်တဆိတ် ဆေးရုံမှ ထွက်ပြေးခဲ့ရသည့်အတွက် စကားလက် နည်းနည်းမျှ နောင်တ မရ။ နည်းနည်းမျှ မရှက်။ သူ ထွက်ပြေးခဲ့မိသည့် အတွက် သက်သာရာ ရသွားသည်ဟု တွေးမိကာ ဝမ်းသာသွားသည်။

`ဒီဆေးရုံကြီး သွား သွားနေရတာကို စကားလက် ငြီးငွေ့လှပြီ’ စကားလက်က လေတိုးသဖြင့် ဖောင်းနေသည့်

ဝတ်စုံစကို ဆွဲဖိသည်။ ဦးထုပ် မေးသိုင်းကြိုးကို ပြင်ချည်သည်။ `လူနာတွေကလည်း လာလိုက်တာ၊ လူကို မောဟိုက်နေတာပဲ၊ တစ်နေ့မှ မပြတ်ဘူး၊ ဒါ ဗိုလ်ချုပ် ဂျွန်စတန် ညံ့လို့ပေါ့၊ တကယ်လို့သာ ဒါလ်တန်မှာ အပြင်းအထန် ခုခံခဲ့ရင်’

`သြော် ခက်လိုက်ပါဘိ ကလေးမလေး၊ ဗိုလ်ချုပ် ဂျွန်စတန် ခံတိုက်ရှာသားပဲကွယ့်၊ အဲဒီမှာ ဆက်ခံနေရင် ယန်ကီ

ဗိုလ်ချုပ် ရှားမင်းက ဝိုင်းညှပ်ပြီး သူ့ စစ်တောင်ပံ နှစ်ဖက်ကြားမှာ ညှပ်သတ်ပစ်လိုက်မှာပေါ့၊ ရထားလမ်းလည်း ကျသွားမှာပေါ့၊ ဗိုလ်ချုပ် ဂျွန်စတန် အဖို့ အရေးကြီးဆုံးက ရန်သူ့လက်ကို ရထားလမ်း မကျအောင် ထိန်းထားဖို့ပဲ’

`ဟင့်အင်း’ စကားလက်က စစ်ရေး စစ်ရာကို နားမလည်။ `စကားလက်ကတော့ သူ ညံ့လို့ ဒီလို ဖြစ်ရတယ် ထင်တာပဲ၊

ဘာဖြစ်ဖြစ် ခံတိုက်သင့်တာပေါ့၊ သူ့ကို ဖြုတ်ပစ်ရင် အကောင်းဆုံးပဲ၊ ဆုတ်မပေးဘဲ ဘာဖြစ်လို့ ခံမတိုက်တာလဲ’

`အင်း၊ မင်းကလည်း ဒိပြင် လူတွေလို ဗိုလ်ချုပ် ဂျွန်စတန် အပေါ် အပြစ် ပုံချနေတာကိုး၊ ဗိုလ်ချုပ် ဂျွန်စတန်က

မဖြစ်နိုင်တာကို ဘယ်လုပ်နိုင်မလဲ၊ ဒါလ်တန်မှာ နိုင်ခဲ့တုန်းကတော့ မင်းတို့က သူ့ကို သခင် ယေရှုပဲလို့ ပြောခဲ့ကြတယ်၊ ကင်နက်ဆော ရိုးမမှာ ရှုံးလာတဲ့ အခါကျတော့ သစ္စာဖောက် ယုဒလို့ ခေါ်တယ်၊ ခုနေ ယန်ကီတွေကို မိုင်နှစ်ဆယ်လောက် ပြန်ဆုတ် သွားအောင် တိုက်နိုင်ရင် မင်းတို့ သူ့ကို သခင် ယေရှုလို့ ခေါ်ကြဦးမှာပဲ၊ ဒီမှာ ကလေးမ၊ ဗိုလ်ချုပ် ရှားမင်းဟာ ဗိုလ်ချုပ် ဂျွန်စတန်ထက် အင်အား နှစ်ပြန်လောက် သာတယ်၊ ကျုပ်တို့ဘက်က တပ်သား တစ်ယောက်ကို သူ့ တပ်သား နှစ်ယောက်နှင့် လဲနိုင်တယ်၊ ကျုပ်တို့ဘက်က တစ်ယောက်ဆို တစ်ယောက် အရေးကြီးနေတယ်၊ အကျ မခံနိုင်ဘူး၊ ဗိုလ်ချုပ် ဂျွန်စတန်မှာ စစ်ကူ အရေးတကြီး လိုနေတယ်၊ ဒါပေမယ့် သူ ဘာရသလဲ၊ ဘုရင်ခံ ဘရောင်းရဲ့ အိမ်မွေး တိရစ္ဆာန်လေးတွေပဲ ရတယ်၊ ဒီမြို့ပြ ကာကွယ်ရေး တပ်တွေက ဘာလုပ်နိုင်မှာတုံး’

`ဟင်၊ မြို့ပြ ကာကွယ်ရေး တပ်တွေကို စစ်မြေပြင်ကို ပို့တော့မယ်လား၊ မြို့စောင့် တပ်တွေကိုရော ပို့တော့မယ်

ဟုတ်လား၊ စကားလက် မကြားသေးဘူး၊ ရှင် ဘယ်လိုလုပ် သိတာလဲ’

`မြို့ထဲမှာ ကောလာဟလတွေ ဖြစ်နေတာပဲ၊ ဒီနေ့ ရောက်လာတဲ့ ရထားမှာ ကောလာဟလတွေလည်း ပါတယ်လေ၊

မြို့ပြ ကာကွယ်ရေး တပ်တွေရော၊ မြို့စောင့် တပ်ဖွဲ့တွေကိုရော ဗိုလ်ချုပ် ဂျွန်စတန်ဆီ စစ်ကူ ပို့ပေးမယ်တဲ့၊ ကောင်းတာပေါ့၊ ဘုရင်ခံ ဘရောင်းရဲ့ အချစ်တော်တွေ ယမ်းနံ့ကို ရှူဖူးသွားတာပေါ့။ ကျုပ် ထင်တယ်၊ စစ်မြေပြင် ရောက်ရင်တော့ ငနဲတွေ ကြောင်တက်တက် ဖြစ်နေမှာပဲ၊ ဒီကောင်တွေ စစ်ပွဲကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား၊ သူတို့ ဘုရင်ခံကတော့ စစ်မြေပြင်ကို မသွားစေရဘူးလို့ ကတိ ပေးထားတယ်လေ၊ ခုတော့ ဒီငနဲတွေ ဂျောက်ကျနေတာပေါ့၊ သူတို့ကတော့ သူတို့ ကိုယ်ကို သူတို့

314

စစ်မြေပြင်ကို ဘယ်တော့မှ သွားရတော့မှာ မဟုတ်ဘူး၊ ဗိုလ်ချုပ် ဒေးဗီးစ်က ပို့ပေးဖို့ တောင်းတာတောင် သွားရတော့မှာ မသွားရဘူး၊ ဒါကြောင့် သူတို့ကိုယ် သူတို့ ဗုံးပြီး သေနတ်ပြီးတယ်လို့ ထင်နေကြတယ် မဟုတ်လား၊ ခုတော့ သူတို့ ပြည်နယ်ကို ကာကွယ်ဖို့ သွားရမယ်လို့ ပြောနေပြီလေ၊ သူတို့ အိမ်နောက်ဖေး ကွက်လပ်ဟာ စစ်မြေပြင် ဖြစ်မယ်လို့ ဘယ်သူမှ မထင်ကြဘူးပေါ့၊ ခုတော့ သူတို့ ပြည်နယ်အတွက် တကယ် တိုက်ရတော့မယ်လေ’

`ဗိုလ်ကြီး ဘတ်တလာရယ်၊ ရှင် ပြောပုံက ရက်စက်လှချည်လား၊ မြို့ပြ ကာကွယ်ရေး တပ်ထဲက လူကုံထံတွေ၊

လူငယ်လေးတွေရဲ့ မျက်နှာကိုလည်း ထောက်ပါဦး၊ ခုတော့ ကြည့်စမ်းပါဦး၊ ဖိလစ်တို့လို လူငယ်လေးတွေ၊ ဦးလေး ဟင်နရီတို့လို လူကြီးတွေ၊ မယ်ရီဝယ်သာတို့လို လူကြီးတွေကိုတောင် ရှင် ပြောလိုက်တာ ရစရာ မရှိတော့ဘူး’

`ကျုပ်က ရိုးရိုးသားသား လူငယ်လေးတွေနှင့် မက္ကစီကို စစ်ပွဲက တပ်သားဟောင်းကြီးတွေကို ဘာမှ မပြောလိုပါဘူး၊

ကျုပ် ပြောချင်တာက စစ်ဝတ်စုံ လှလှ ဝတ်ပြီး ဓားလွယ်ကြီးတွေကို ခပ်ကြွားကြွား ချိတ်ချင်တဲ့ ဝီလီရှင်နင်တို့လို သူရဲကောင်းကြီးတွေကို ပြောနေတာပါ’

`ဒီအထဲမှာ ရှင်ကော မပါဘူးလား’



`ဟင်း ဟင်း၊ ကျုပ်ကို ဒီလို ပြောလို့ သိပ်ခံပြင်းမယ်လို့ ထင်နေသလား၊ ဒီမှာ ကလေးမ၊ ကျုပ်က စစ်ဝတ်စုံလည်း

ဘယ်တုန်းကမှ မဝတ်ဘူး၊ ဓားလွယ်လည်း မချိတ်ဘူး၊ ပြည်နယ် ကြီးပွား ချမ်းသာရေးတို့၊ တိုးတက်ရေးတို့ ဆိုတာတွေကိုလည်း ကျုပ် စိတ်မဝင်စားဘူး၊ ဒီအတွက်ကြောင့်တော့ ကျုပ် အသေ မခံဘူး ခင်ဗျ၊ စစ်ရေးစစ်ရာ အကြောင်းတွေကို စစ်တက္ကသိုလ်မှာ နေတုန်းက ကျုပ် လေ့လာခဲ့ပြီးပြီ၊ နောက်ထပ် ကျုပ် ဒါတွေ အတွက် အချိန်ကုန် မခံနိုင်တော့ဘူး၊ အင်း၊ ဗိုလ်ချုပ် ဂျွန်စတန်ကြီးတော့ နိုင်စေချင်ပါတယ်၊ သူ့ခမျာ ဗိုလ်ချုပ်လီးဆီကလည်း စစ်ကူ မရနိုင်တော့ဘူး၊ ဗိုလ်ချုပ်လီး ကိုယ်တိုင် ဟိုမှာ သူ့ဟာသူ အလုပ်ရှုပ်နေပြီ၊ သူ့ခမျာ ဂျော်ဂျီယာက မြို့စောင့် တပ်တွေလောက်ပဲ စစ်ကူရတော့မှာ၊ တကယ်ကတော့ ဗိုလ်ချုပ် ဂျွန်စတန်ကို ဒီထက်မက အကူအညီ ပေးသင့်တယ် ဗျ၊ ဗိုလ်ချုပ် ဂျွန်စတန်ဟာ သေနင်္ဂဗျူဟာမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် တစ်ဦးပဲ၊ နယ်မြေတွေကို ရန်သူထက် ဦးအောင် သိမ်းနိုင်ခဲ့တာချည်းပဲ၊ မီးရထားလမ်းတွေကို ထိန်းထား ဖို့သာ သူ့ခမျာ အတင်း ဆုတ်လာခဲ့ရတာ၊ တစ်ခုတော့ ကျုပ် ပြောမယ်၊ ဗိုလ်ချုပ် ဂျွန်စတန်ဟာ တောင်ပေါ်က ဆင်းပြီး မီးရထားလမ်းတွေကို လိုက်ကာကွယ်နေရမယ် ဆိုရင်တော့ သူ မကြာခင် ဒုက္ခ ရောက်မှာပ၊ အမဲဖျက် ခံရမှာပဲ၊ အဲဒါကိုတော့ မင်း မြဲမြဲမှတ်ထား’

`ဒီနား တစ်ဝိုက်ကို ရောက်လာဦးမှာလို့ ဆိုလို ချင်တာလား’ စကားလက်က အော်သည်။ `ဒီနေရာကို ယန်ကီတွေ

ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ၊ ကြံကြံဖန်ဖန်’

`ကင်နက်ဆော ရိုးမဟာ ကျုပ်တို့နှင့် နှစ်ဆယ့် နှစ်မိုင်ပဲ ဝေးတယ် စကားလက်၊ ကျုပ် ပြောရဲတာက’



`ဗိုလ်ကြီး ဘတ်တလာ ကြည့်စမ်း၊ လူတွေ ဘာဖြစ်လာသလဲ မသိဘူး၊ စစ်သားတွေလည်း မဟုတ်ဘူး၊ ဟင်

ကပ္ပလီတွေ ကပ္ပလီတွေ’

လမ်းမဘက်ဆီမှ မြေနီ ဖုန်လုံးကြီးများ တလိပ်လိပ် တက်လာသည်။ ဖုန်လုံးထဲမှ ခြေသံများ၊ ကပ္ပလီများ၏ စကား

ပြောသံများကို ကြားရသည်။ အသံ သြသြဖြင့် သီချင်း တစ်ပုဒ်ကို ဆိုလာကြသည်။ ရက် ဘတ်တလာက လမ်းကွေ့တွင်

315

မြင်းဇက်ကြိုးကို ဆွဲကာ ရထား ရပ်လိုက်၏။ စကားလက်က ချွေးတွေ ဖုန်တွေ အလိမ်းလိမ်း ကပ်နေသည့် ကပ္ပလီများကို ငေးကြည့် နေသည်။ ပခုံးတွင် ပေါက်ပြားများ၊ ဂေါ်ပြားများကို ထမ်းထားကြသည်။ သူတို့ နောက်က ဆောက်လုပ်ရေး တပ်တံဆိပ် တပ်ထားသည့် တပ်စု တစ်စုနှင့် စစ်ဗိုလ် တစ်ယောက် လိုက်လာသည်။

`ဘာလုပ်တာလဲ မသိဘူးနော်’



သူ့ မျက်လုံးများသည် ရှေ့ဆုံးတန်းမှ သီချင်းဆို လိုက်လာသည့် ကပ္ပလီ တစ်ယောက်ကို သွား၍ မြင်လိုက်သည်။

ထို ကပ္ပလီကြီးက အရပ် ခြောက်ပေခန့် ရှိသည့် လူထွားကြီး။ အသားက မည်းပြောင်နေသည်။ အားကောင်းသော တိရစ္ဆာန် တစ်ကောင် ပမာ ပေါ့ပါး သွက်လက်စွာ လျှောက်လာသည်။ သီချင်း ဆိုသည့် အခါတွင် ဖြူဖွေးနေသည့် သွားများကို မြင်ရသည်။ သူတို့ မြိုင်သာယာက ယာကူလီ ခေါင်းကြီး ဆန်ကြီး ဖြစ်ရမည်။ ဆန်ကြီးလောက် အလုံးအထည် ကြီး၍ အသံ ပြာသည့် ကပ္ပလီကို စကားလက် မတွေ့ဖူးသေး။ သို့ရာတွင် ဆန်ကြီးသည် မည်သို့ မည်ပုံ ရောက်လာရသနည်း။ မြိုင်သာယာတွင် စာရင်းကိုင် မရှိသည့် ယခု အချိန်မျိုးတွင် ဖေဖေ၏ လက်ရုံး ဆန်ကြီး မည်သည့် အတွက် ဤသို့ ရောက်လာရသနည်း။

စကားလက်က ကိုယ်ကို ကြွကာ သေချာအောင် ကြည့်မည်အပြု ဆန်ကြီးက သူ့ကို မြင်သွားကာ မည်းကြုတ်

နေသည့် သူ့ မျက်နှာကြီး နှစ်ခြမ်း ကွဲသွားမတတ် ပြုံး၍ စကားလက်ကို နှုတ်ဆက်သည်။ ထို့နောက် ပေါက်ပြားကို ပုခုံးပေါ်မှ ချကာ သူ့ဆီသို့ လျှောက်လာသည်။

`ဟေ့ကောင် ဟိုမှာ မလေးရယ် မလေး’



ဆန်ကြီးက အနားက ကပ္ပလီ တစ်ယောက်ကို လှမ်းပြောသည်။



လူတန်းကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ရပ်တော့မည်လိုလို တုံ့သွားသည်။ ဆန်ကြီးနှင့် ကပ္ပလီ

သုံးယောက်က လမ်းကို ဖြတ်ကာ စကားလက်တို့ ရထားဆီသို့ ပြေးလာသည်။ နောက်က စစ်ဗိုလ်က အော်၍ လိုက်လာသည်။

`ဟေ့ကောင်တွေ၊ ဘယ် ထွက်ပြေးတာလဲ ပြန်လာခဲ့၊ မင်းတို့ကို၊ ဟင် စကားလက်ပါလား၊ ဘယ်လို ဖြစ်လာတာလဲ၊

ကြည့်စမ်းပါဦး စကားလက်၊ ဒီကောင်တွေကို တစ်မနက်လုံး ထိန်းလာရတာ ကျွန်တော်လည်း စိတ်ညစ်လှပြီ’

`ဗိုလ်ကြီး ရန်ဒယ်၊ ဒီ ကပ္ပလီတွေက စကားလက်တို့ ယာတောကပါ၊ ဟောဒါက စကားလက်တို့ ယာတောက

ကူလီခေါင်း ဆန်ကြီး၊ သူက အယ်လီဂျာတဲ့၊ မြိုင်သာယာကပါ၊ စကားလက်ကို ပြောစရာ ရှိလို့ ထင်ပါရဲ့၊ ကဲ ဘယ်လို ဖြစ်လာကြတာလဲ ဆန်ကြီး’

စကားလက်က

ကပ္ပလီ

သုံးယောက်ကို

လက်ဆွဲ

နှုတ်ဆက်သည်။

သူ့လက်

နုနု

ဖွေးဖွေးကလေးက

လက်မည်းမည်းကြီးတွေ ထဲတွင် ပျောက်နေသည်။ ကပ္ပလီများသည် သူတို့ သခင်မ ချောချောကလေးကြောင့် တစ်ကြောင်း၊ သူတို့ကို အရေးတယူ လက်ဆွဲ နှုတ်ဆက်သည့် အတွက်ကြောင့် တစ်ကြောင်း သူတို့ အဖော်များ ရှေ့တွင် ဂုဏ်ယူနေဟန် ရှိသည်။

`ဆန်ကြီးတို့ ဘာလာ လုပ်ကြတာလဲ ဟင်၊ ထွက်ပြေး လာကြတာလား၊ ထွက်ပြေးတော့ကော လွတ်မှာလား၊

316

နောက်က လိုက်မဖမ်းတော့ဘူးတဲ့လား’

စကားလက်က အထင်လွဲကာ မာန်မဲနေသဖြင့် ဆန်ကြီးတို့ တစ်သိုက်က ရယ်လိုက်ကြသည်။



`ဘယ်ကလာပြီး ထွက်ပြေးရမှာလဲ မလေးရဲ့၊ ကျွန်တော်တို့က မြိုင်သာယာမှာ အကောင်းဆုံး အသန်ဆုံး လူတွေ

ဆိုတော့ ကျွန်တော်တို့ကို လာခေါ်တာပေါ့၊ ဗိုလ်လေး ဖရင့်ကင်နဒီ ကိုယ်တိုင် လာခေါ်တာ’

`ဘာလုပ်ဖို့တဲ့လဲ’



`မလေး မကြားသေးဘူးလား၊ ယန်ကီတွေ ရောက်လာမှာမို့ ပုန်းကျင်းတွေ တူးရမယ်တဲ့၊ အဲဒါ ကျွန်တော်တို့ မြေတူး

လိုက်ရတယ်’

စကားလက်တို့ နှစ်ယောက်နှင့် ဗိုလ်ကြီး ရန်ဒယ်သည် ပုန်းကျင်း ဆိုသည့် စကားလုံးကို သဘောကျ၍ ရယ်လိုက်ကြ၏။

ကတုတ်ကျင်းများကို ပုန်းကျင်းဟု ဆန်ကြီး ပြောနေခြင်း ဖြစ်သည်။

`ကျွန်တော့်ကို မြေတူးလိုက်ဖို့ ခေါ်တော့ မလေးတို့ မေမေက လိုက်သွားတဲ့၊ ယာတောမှာ ကျွန်တော် မရှိရင်လည်း

ဖြစ်တယ်တဲ့၊ တို့ထက် ပြည်နယ် ကိစ္စက အရေးကြီးတယ်တဲ့၊ ကျွန်တော့်ကိုလည်း သူတို့ ခိုင်းတာ ကောင်းကောင်း လုပ်ပေးလိုက် ဆိုပြီး ဒေါ်လာ တစ်ပြား ပေးလိုက်သေးတယ်၊ ဒါကြောင့် လိုက်လာရတာ’

`ဒါ ဘာအဓိပ္ပာယ်လဲ ဗိုလ်ကြီး ရန်ဒယ်’



`ရှင်းရှင်းလေးပါ၊ အတ္တလန်တာ တစ်ဝိုက်မှာ ကတုတ်ကျင်း များများ တူးစရာ လိုနေတယ်၊ တပ်သားတွေကို အတူး

ခိုင်းချိန် မရဘူး၊ ရှေ့တန်းမှာ အရေးကြီး နေတယ်၊ ဒါကြောင့် တောက ကပ္ပလီတွေကို လိုက်ပြီး ချွေးတပ် ဆွဲရတာ’

`ဒါပေမယ့်’



စကားလက် ထိတ်ခနဲ ဖြစ်သွားသည်။ အတ္တလန်တာ ပတ်လည်တွင် ကတုတ်ကျင်းတွေ နောက်ထပ် တူးရဦးမည်။

အဘယ့်ကြောင့်

နောက်ထပ်

တူးရဦးမည်နည်း။

မနှစ်ကတင်ပင်

ပတ်ပတ်လည်တွင်

ကတုတ်ကျင်းများ၊

ခံတပ်များ၊

အမြောက်ပစ်စင်များကို တူးခဲ့၊ ဆောက်ခဲ့ပြီးပြီ မဟုတ်လော။ ထို ကတုတ်ကျင်းများသည် အတ္တလန်တာ ပတ်လည်တွင် ကွက်လပ် မရှိသလောက် ပွစာကျဲနေပြီ မဟုတ်လော။ ယခု ဘာကြောင့် တူးရဦးမည်နည်း။

`ဒါပေမယ့် စကားလက်တို့မှာ ကတုတ်ကျင်းတွေ အများကြီး တူးပြီးပြီ မဟုတ်လား၊ နောက်ထပ် တူးဖို့ လိုသေးလို့လား၊

ခုတောင် တူးပြီးသားတွေ အားလုံး မလိုလို့ ဒီအတိုင်း ထားရတယ် မဟုတ်လား၊ ဧကန္တ ဗိုလ်ချုပ် ဂျွန်စတန်က’

`ကျွန်တော်တို့ လက်ရှိ ကတုတ်ကျင်းတွေက မြို့နှင့် တစ်မိုင် ဝေးတယ်’ ဗိုလ်ကြီး ရန်ဒယ်က ပြောသည်။

`သိပ်နီးလွန်းတော့ လုံခြုံရေး အတွက် စိတ်မချရဘူး၊ ခုတူးမယ့် ကတုတ်ကျင်းတွေက အပြင်ဘက် ဝေးဝေးမှာ တူးမှာ၊ အပြင် စည်းကြောင်း ဆိုပါတော့၊ နောက်တစ်ခါ ဆုတ်ရရင် အတ္တလန်တာကိုပဲ ဆုတ်ရတော့မှာ’

စကားလက် မျက်လုံး ပြူးသွားသည်။ သူ့နောက်ဆုံး စကားကြောင့် ဗိုလ်ကြီး ရန်ဒယ် စိတ်မကောင်း ဖြစ်သွားသည်။

317



`ဒါပေမယ့်

နောက်ထပ်တော့

ဆုတ်ရတော့မှာ

မဟုတ်ပါဘူး၊

ကင်နက်ဆော

ရိုးမက

ခံစစ်ကြောင်းတွေက

စိတ်ချရပါတယ်၊ တောင်စောင်းတွေမှာလည်း အမြောက်တွေ ဆင်ပြီးပါပြီ၊ လမ်းတွေကို စီးပြီး နေရာ ယူထားတာပါ၊ ယန်ကီတွေ မလာနိုင်ပါဘူး’

ရက် ဘတ်တလာက သူ့ကို စိုက်ကြည့်လိုက်၏။ ဗိုလ်ကြီး ရန်ဒယ်က မျက်လုံးချင်း မဆိုင်။ မျက်လွှာ ချလိုက်သဖြင့်

စကားလက် စိုးရိမ်သွားသည်။ `ဗိုလ်ချုပ် ဂျွန်စတန်ဟာ ရိုးမက ဆင်းလာပြီး မြေပြန့်ကို ရောက်ရင် မသက်သာဘူး၊ ရေရေလည်လည် ခံရမှာပဲ’ ဆိုသည့် ရက် ဘတ်တလာ၏ စကားများကို ပြန်၍ အမှတ် ရသည်။

`ယန်ကီတွေ ဆင်းလာလိမ့်မယ်လို့’



`ဟင့်အင်း မလာနိုင်ပါဘူး၊ ကဲ ဒီလောက်လည်း စိုးရိမ် မနေပါနှင့်၊ စိတ် အေးအေး ထားပါ၊ ဗိုလ်ချုပ် ဂျွန်စတန်က

အားလုံး ပြင်ဆင်ပြီးပါပြီ၊ ဒါကြောင့်မို့ ခု ကျွန်တော်တို့ ကတုတ်ကျင်းတွေ တူးနေကြတာပေါ့၊ ကဲ စကားပြောချိန် မရဘူး၊ သွားဦးမယ်၊ စကားပြောလို့တော့ ကောင်းပါရဲ့၊ ဟေ့ကောင်တွေ မင်းတို့ မလေးကို နှုတ်ဆက်ခဲ့၊ သွားမယ်’

`ကဲ ဆန်ကြီးတို့ရေ သွားပေတော့၊ နေထိုင် မကောင်းရင် အဆင်မပြေရင် မလေးဆီကို အကြောင်းကြားလိုက်၊

မက်မုံပင်လမ်း အဆုံးက အိမ်ကြီးမှာ နေတယ်၊ သြော် ခဏနေဦး’ စကားလက်က ဝတ်စုံ အိတ်ထဲသို့ နှိုက်ကြည့်သည်။ `အမယ်လေး ဒုက္ခပဲ၊ အိတ်ထဲမှာ တစ်ပြားမှ ပါမလာဘူး၊ ဗိုလ်ကြီး ဘတ်တလာ စကားလက်ကို ပိုက်ဆံ နည်းနည်း ပေးပါ၊ ရော့ ဆန်ကြီး၊ မင်းတို့ ဆေးလိပ်ဖိုး၊ ကောင်းကောင်း နေနော်၊ ဗိုလ်ကြီး ရန်ဒယ် ပြောတာကို နားထောင်’

ကပ္ပလီတန်းကြီးသည် ဖုန်လုံးကြီးထဲတွင် ထွက်သွားသည်။ ဆန်ကြီးက သူ့အသံ သြသြကြီးဖြင့် သီချင်း ဆိုသွားသည်။



`ယောက်ျားတွေက မကောင်းဘူးနော် ဗိုလ်ကြီး ဘတ်တလာ၊ ကြည့်စမ်းပါဦး၊ ဗိုလ်ကြီး ရန်ဒယ် စကားလက်ကို

လိမ်ပြောသွားပြန်ပြီ၊ မိန်းမတွေ သိရင် အထိတ်တလန့် ဖြစ်ကုန်မှာ စိုးလို့ ထင်ပါရဲ့၊ အမှန်ကို မပြောဘူး၊ ညာပြော သွားတယ်၊ အန္တရာယ် မရှိဘူး ဆိုရင် ဘာဖြစ်လို့ ဒီ ကတုတ်ကျင်းသစ်တွေကို တူးနေ ရသေးသလဲ၊ ပြီးတော့ ပြည်နယ် တပ်မတော်မှာလည်း စစ်သား မရှိတော့ဘူးလား၊ ဘာဖြစ်လို့ ကပ္ပလီတွေကို ကတုတ်ကျင်း အတူး ခိုင်းနေရတာလဲ’

ရက် ဘတ်တလာက မြင်းကို မောင်းလိုက်သည်။



`စစ်တပ်မှာ လူသိပ်နည်းနေတယ်၊ ဘာဖြစ်လို့ မြို့စောင့်တပ်ဖွဲ့ကို မခေါ်သလဲ မသိဘူး၊ ကတုတ်ကျင်း တူးတာကတော့

လိုလိုမယ်မယ် တူးတာ နေမှာပါ၊ တကယ်လို့ မြို့ကို ဝိုင်းပိတ်ထားရင် ကတုတ်ကျင်းတွေဟာ အလွန် ထိရောက်တယ်၊ ကြည့်ရတာကတော့ ဗိုလ်ချုပ် ဂျွန်စတန်က အတ္တလန်တာက နေပြီး ခံမယ့် ပုံပဲ’

`မြို့ကို ပိတ်ဆို့ထားမယ် ဟုတ်လား၊ ဗိုလ်ကြီး ဘတ်တလာ၊ ပြန်လှည့်ပါ၊ စကားလက် အိမ်ပြန်ရမယ်၊ မြိုင်သာယာကို

ခုပြန်ရမယ်’

`ဘယ်လို ဖြစ်သွားတာလဲ’



`ဗိုလ်ကြီး ဘတ်တလာပဲ ပြောတယ် မဟုတ်လား၊ မြို့ကို ဝိုင်းပိတ် ထားမယ်ဆို၊ မြို့ကို ဝိုင်းပိတ်တဲ့ အကြောင်းတွေ

318

စကားလက် ကြားဖူးလှပြီ၊ ဖေဖေတောင် အဲဒါမျိုး တွေ့ဖူးသလား မဆိုနိုင်ဘူး၊ ဖေဖေ ပြောပြဖူးတယ်’

`ဘယ်လို ဝိုင်းပိတ်တာလဲ၊ ဘယ်မှာလဲ’



`ဒရော်ဂီဒါ စစ်ပွဲမှာလေ၊ ကရွမ်းဝဲက အိုင်းရစ် လူမျိုးတွေကို အကုန် ဝိုင်းပိတ် ထားတယ်တဲ့၊ မြို့ထဲက လူတွေ ဘာမှ

စားစရာ မရှိတော့ဘူးတဲ့၊ လူတွေ ငတ်ပြီး သေလိုက်တာ သောက်သောက်လဲပဲတဲ့၊ ဖေဖေက ပြောတယ်၊ အငတ် မခံနိုင်တော့ ကြောင်တွေ ကြွက်တွေကို သတ်စားရသတဲ့၊ နောက်ဆုံး ပိုးဟပ်တွေကိုတောင် ပြုတ်စားရသတဲ့၊ နောက်ဆုံးကျတော့ လူသားလည်း စားကြရတယ်တဲ့၊ ဖေဖေ ပြောဖူးတယ်၊ ကရွမ်းဝဲက မြို့ကို သိမ်းပြီး အမျိုးသမီးတွေကိုလည်း ဘုရား၊ ဘုရား၊ ဝိုင်းပိတ် ထားရင်တော့ ဒုက္ခ ရောက်ကုန်ကြတော့မှာပဲ’

`သြော်၊ ကလေးမကလည်း တော်တော် ခက်ပါလား၊ မင်းလောက် ဗဟုသုတ ခေါင်းပါးတဲ့ ကလေးမမျိုး ကျုပ် တစ်ခါမှ

မတွေ့ဖူးသေးဘူါ်၊ ဒရော်ဂီဒါ တိုက်ပွဲ ဆိုတာ ဆယ့်ခြောက်ရာစုက ဖြစ်တဲ့ စစ်ပွဲပါ ကွယ့်၊ မင်း ဖေဖေ မစ္စတာ အိုဟာရာ မွေးတောင် မမွေးသေးပါဘူး၊ ပြီးတော့ ယန်ကီ ဗိုလ်ချုပ် ရှားမင်းဟာလည်း ကရွမ်းဝဲ မဟုတ်ပါဘူး’

`အမယ်လေး၊ ကရွမ်းဝဲ ထက်တောင် ပိုပြီး ဆိုးသတဲ့၊ ပြီးတော့’



`ကြွက်သား စားရတယ် ဆိုတာကတော့ ဘာဆန်းတာ မှတ်လို့၊ တလောကလေးတွင် ဟိုတယ်မှာ ကြွက်သား

ကျွေးသေးတာပဲ၊ ပိုလို့တောင် ကောင်းသေး၊ ကျုပ် မကြာခင် ရစ်ခ်ျမွန်ကို ပြန်မယ်၊ ဟိုမှာတော့ အစားအသောက် ကောင်းကောင်း စားဖို့၊ ဇိမ်နှင့် နေဖို့လောက်ပဲ စိတ်ကူးနေတဲ့လူ’

`အစားအသောက် ကောင်းကောင်း စားရတာတို့ ဇိမ်နှင့် နေရတာတို့ထက် ကောင်းတဲ့ အချိန်ဖြုန်းနည်း မရှိဘူးလို့

ကျုပ် ထင်တာပဲ၊ ကျုပ် ဒီမှာ ကြာကြာ နေတာကတော့၊ အဲ ကျုပ်က စစ်ပွဲတွေမှာ မြို့တွေကို ဝိုင်းပိတ်ထားတဲ့ အကြောင်းတွေ တော်တော် များများ ဖတ်ဖူးလှပြီ၊ ဒါပေမယ့် ကိုယ်တွေ့ မကြုံသေးဘူး၊ ဒါကြောင့် ကိုယ်တွေ့ သိရအောင် ဆိုပြီး ဒီမှာ ကြာကြာ နေတာပဲ၊ ကျုပ်က ဘာ စိုးရိမ်စရာ ရှိသလဲ၊ စစ်သားမှ မဟုတ်ဘဲ၊ ဘယ်သူက ဘာလုပ်မှာလဲ၊ ပြီးတော့ အတွေ့အကြုံတို့ ဘာတို့လည်း လိုချင်တယ် ဆိုပါတော့၊ ဒီမှာ ကလေးမ၊ အတွေ့အကြုံသစ်ကို ဘယ်တော့မှ ရှောင်မပြေးနှင့်၊ အတွေ့အကြုံဟာ စိတ်ဓာတ်ကို ကြွယ်ဝ ရင့်သန်စေတယ်’

`စကားလက် စိတ်ဓာတ်က ရင့်သန်ပြီးသားပါ’



`မင်း သိပြီးသားများ ဖြစ်နေမလား မသိဘူး၊ ကျုပ်ကတော့ ပြောရဦးမယ်၊ နည်းနည်းတော့ ယောက်ျား မပီသရာ

ရောက်သပေါ့လေ၊ ကျုပ် ဒီမှာ ကြာကြာ နေတာက ဒီမြို့ကို ရန်သူ ဝိုင်းရင် မင်းကို ကယ်ဖို့များ ဖြစ်မလား မသိဘူး၊ ကျုပ် တစ်သက်မှာ ဒုက္ခ ရောက်နေတဲ့ မိန်းကလေး တစ်ယောက်ကို တစ်ခါမှ မကယ်ဖူး သေးဘူး၊ အတွေ့အကြုံသစ် တစ်ခု ရတာပေါ့လေ’

သူ့ကို နောက်ပြောင်နေခြင်း ဖြစ်ကြောင်း စကားလက် သိသည်။ သို့ရာတွင် စကားနောက် တရားပါ ဆိုသလို သူ့

စကားနောက်တွင် အဓိပ္ပာယ် ရှိသည်။ စကားလက်က ခေါင်းကို ပင့်၍ ယမ်းလိုက်သည်။

319



`အိုး၊ မလိုပါဘူး၊ စကားလက်က ရှင် ကယ်မှ ဖြစ်မှာလား၊ စကားလက် ဘာသာ စကားလက် ထိန်းသိမ်းနိုင်ပါတယ်၊

ကျေးဇူးတင်ပါတယ်’

`ဒီလို မပြောနှင့်လေ မိန်းကလေး၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တယ်လို့ ထင်ရင် မင်း စိတ်ထဲမှာပဲ မင်းထား၊

ယောက်ျား တစ်ယောက်ကိုတော့ သွားမပြော လိုက်လေနှင့်၊ ယန်ကီ မိန်းကလေးတွေ ဒါကြောင့် ဒုက္ခ ရောက်နေတာပေါ့၊ ယန်ကီ မိန်းကလေးတွေဟာ တော်တော် ချစ်စရာ ကောင်းတယ်၊ သူတို့ဘာသာ သူတို့ ထိန်းသိမ်းနိုင်တယ်လို့ ကြွားတာလေး တစ်ခုပဲ၊ သူတို့ ပြောတဲ့ အတိုင်း ဟုတ်သလောက်တော့လည်း ဟုတ်တာပေါ့လေ၊ ဒီတော့ ယောက်ျားတွေက အသာ ကြည့်နေ လိုက်တာပေါ့၊ သူတို့ ဘာတွေ ဖြစ်ကုန်သလဲ’

`ဗိုလ်ကြီး ဘတ်တလာ၊ တော်တော့’ စကားလက် ဒေါပွနေပြီ။ သူ့ကို ယန်ကီ မိန်းကလေးတွေနှင့် နှိုင်းသည့် အတွက်

ပို၍ ခံပြင်းနေသည်။ `ရှင် ပြောတာတွေကို စကားလက် တစ်ခုမှ မယုံဘူး၊ မြို့ကို ဝိုင်းမယ် ဆိုတာလည်း မယုံဘူး၊ ယန်ကီတွေ အတ္တလန်တာ ရောက်လာမယ် ဆိုတာလည်း မယုံဘူး’

`လောင်းလိုက်လေ၊ နောက် တစ်လ အတွင်း ရောက်ပြီတဲ့၊ ကျုပ် ရှုံးရင် ကျုပ်က သကြားလုံး တစ်သေတ္တာ ပေးမယ်၊

မင်း ရှုံးရင်’ သူ့ မျက်လုံး နက်နက်များက စကားလက်၏ နှုတ်ခမ်းကို လှမ်းကြည့်သည်။ `တစ်ခါ အနမ်း ခံရမယ်၊ ဘယ့်နှယ်လဲ’

စောစောက ယန်ကီတွေ ရောက်လာမည် ဆိုသဖြင့် စကားလက် အထိတ်တလန့် ဖြစ်နေသည်။ ယခု သူ့ စကားကြောင့်

ယန်ကီ ကြောက်သည့် စိတ်တွေ ဘယ်ရောက်ကုန်သည် မသိတော့။ ဤကိစ္စကမူ စစ်ရေး စစ်ရာ ကိစ္စတွေထက် စိတ်ဝင်စားစရာ ကောင်းသည်။ စကားလက် မပြုံးမိအောင် မနည်း ချုပ်တည်းနေရသည်။ သူ့ကို ဦးထုပ်စိမ်းကလေး လက်ဆောင် ပေးပြီးသည့် နောက်၌ ရက် ဘတ်တလာသည် သူ့ကို ချစ်နေသူ တစ်ဦး ထင်စေလောက်သည့် အပြုအမူမျိုး တစ်ခုမျှ မလုပ်ခဲ့။ ရက် ဘတ်တလာသည် ကိုယ်ရေးကိုယ်တာ ကိစ္စကို မည်သည့် အခါမျှ ပြောသူ မဟုတ်။ သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စကိုလည်း စကားစပ်၍မျှ ပြောလေ့ မရှိ။ ယခုမူ စကားလက်က ရေလာမြောင်းပေး မလုပ်ရဘဲ သူ့ဘာသာသူ ထိုကိစ္စမျိုးကို ပြောလာပြီ။

`ဒီလို

ကိုယ်ရေးကိုယ်တာ

အသေးအဖွဲ

ကိစ္စလေးတွေကို

စကားလက်

စိတ်မဝင်စားဘူး’

စကားလက်က

အေးစက်စက်ဖြင့် မျက်မှောင်ကုတ်၍ ပြောလိုက်သည်။ `စကားလက်က ရှင့်ကို နမ်းမယ့် အစား ဝက် တစ်ကောင် နမ်းမှာပေါ့’

`ဒါကတော့ အကြိုက် တစ်မျိုးစီပေါ့ကွယ်၊ ကျုပ် ကြားဖူးတယ်၊ အိုင်းရစ် လူမျိုးတွေဟာ ဝက်ကို သိပ်ချစ်ကြတာပဲတဲ့၊

အိပ်ရာ အောက်မှာတောင် ထားပြီး သိပ်သတဲ့ မင်းမှာ နမ်းမယ့်သူ တစ်ယောက် လိုနေတယ်၊ နမ်းမယ့်လူ မရှိလို့ ခုလို ဖြစ်နေတာ၊ ဘာဖြစ်လို့ မှန်းတော့ မသိဘူး၊ မင်း ထားဖူးခဲ့တဲ့ အဆက် မှန်သမျှက မင်းကို လန့်နေကြတယ်၊ တလေးတစား ဆက်ဆံနေကြတယ်၊ တချို့ကလည်း မင်းကို ကြောက်နေကြတယ်၊ မထိရဲ မတို့ရဲကြဘူး၊ ဒီတော့ ဘာဖြစ်သလဲ၊ မင်း စိတ်တိုလာတယ်၊ ကိုယ်ချင်းစာ တရား ခေါင်းပါး လာတယ်၊ သနားညှာတာစိတ် ကင်းလာတယ်၊ ဒီတော့ မင်း အနမ်းခံဖို့ လိုနေတယ်၊ ကောင်းကောင်း နမ်းတတ်တဲ့ လူ တစ်ယောက်က နမ်းတာကို ခံဖို့ လိုနေတယ်’

စကား ပြောရသည်က ချောချောမောမော မရှိ။ စကားနိုင် လုရသည့်နှယ် ဖြစ်နေသည်။ ရက် ဘတ်တလာနှင့် တွေ့လျှင်

ထိုအတိုင်းချည်း ဖြစ်နေသည်။ နှစ်ယောက်သာ စကားနိုင် လုလျှင် သူချည်း ရှုံးရသည်။

320



`အဲဒီလူဟာ ရှင်ပဲလို့ ရှင့်ကိုယ်ရှင် ထင်သပေါ့၊ ဟုတ်လား’



စကားလက်က လှောင်သည်။ စိတ်ထဲကမူ ခံပြင်း လှပြီ။



`ဟုတ်တာပေါ့၊ တကယ်လို့ ကျုပ်မှာ အပန်းမကြီးဘူး ဆိုရင်ပေါ့လေ၊ ကျုပ်ကို အနမ်း ကောင်းတယ်လို့တော့

ပြောကြတာပဲ’

`အို ရှင် ဘာတွေ လျှောက်ပြောနေတာလဲ’



ရက် ဘတ်တလာသည် နည်းနည်း စော်ကားလွန်းပြီ ထင်သည်။ သို့ရာတွင် သူ့ ကြည့်လိုက်တော့ သူက ခပ်ပြုံးပြုံး။

သူ့ မျက်လုံး နက်နက်များ ထဲတွင် တောမီးလျှံလို တောက်နေသည့် အရောင် တစ်ခုကို လျှပ်တစ်ပြက် မြင်လိုက်ရသည်။

`မင်းကို ဦးထုပ်ကလေး လက်ဆောင် ပေးတဲ့နေ့က ကျုပ် နမ်းလိမ့်မယ်လို့များ မထင်မိဘူးလား’



`ဘာလို့ ထင်ရမှာလဲ၊ ရှင် တော်ဆို တော်’



`ဒီလိုဆို မင်း တော်တော် ညံ့သေးတာပဲ၊ ကြားရတာ စိတ်မကောင်း လိုက်တာ၊ တကယ် တော်တဲ့ မိန်းကလေး ဆိုရင်

ဒီလူ ငါ့ကို ဘာကြောင့်များ မနမ်းသလဲလို့ စဉ်းစားမှာပဲ၊ တကယ် တော်တဲ့ မိန်းကလေး ဆိုတာ ယောက်ျား တစ်ယောက်ရဲ့ အနမ်းကိုလည်း ခံချင်တယ်၊ ကြောက်လည်း ကြောက်တယ်၊ နမ်းရင်လည်း စိတ်ဆိုးဟန် ဆောင်တတ်တယ်၊ အဲဒါ မင်း မြဲမြဲ မှတ်ထား၊ တစ်နေ့တော့ နမ်းမှာပေါ့ကွယ်၊ မင်းလည်း သဘောကျမှာပါပဲ၊ စိတ်မပျက်ပါနှင့်၊ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူး၊ စိတ်တော့ ရှည်ရှည်ထားပါ၊ ကျုပ် တောင်းပန်ပါတယ်’

သူ့ကို တမင်သက်သက် မခံချင်အောင် ပြောနေမှန်း စကားလက် သိသည်။ သို့ရာတွင် ထုံးစံအတိုင်း သူ့စကားက

အခံရ ခက်သည်။ သူ ပြောသည့် စကားထဲတွင် အမှန်တွေ ပါသည်။ ဤမျှ ပြောလိုက်ရလျှင် ကျေနပ်သွားပုံ ရသည်။ အကယ်၍သာ အတင့်ရဲလာလျှင် မိမိကလည်း အကြောင်း ပြလိုက်ရမည်ဟု စကားလက် တေးထားသည်။

`ကဲ ဗိုလ်ကြီး ဘတ်တလာ၊ ပြန်မောင်းပါ၊ ကျွန်မ ဆေးရုံ ပြန်ချင်တယ်’



`တကယ် ပြန်ချင်ပလား၊ ဒါဖြင့် ကျုပ် ပြောတာ နားထောင် ရတာထက် သန်းရှာရတာ အနာတွေ ပတ်တီး စည်းရတာကို

ပိုပြီး သဘောကျတယ် ဆိုပါတော့၊ ရပါတယ်၊ ကြီးမြတ်တဲ့ အရေးတော်ပုံကြီး အတွက် ထက်ထက်သန်သန် အလုပ် လုပ်ချင်တဲ့ လူတစ်ယောက်ကို ကျုပ်က ဆွဲထားလို့ ဘယ်ကောင်းပါ့မလဲ’

ရက် ဘတ်တလာက မြင်းရထားကို ပြန်လှည့်ပြီး ငါးမြှောင့်ဆိုင်ဆီသို့ မောင်းလာသည်။



`ကျုပ် ဘာဖြစ်လို့ ရှေ့ကို တစ်ဆင့် မတက်သလဲ ဆိုတော့’ ရက် ဘတ်တလာက စောစောက စကားကို ပြန်ဆက်သည်။

စကားလက်က ဤစကား ပြောချင် မပြောချင်ကို သူ စဉ်းစားဟန် မတူ။ `မင်းကို နည်းနည်း ကြီးလာအောင် စောင့်ချင်သေးလို့ပါ၊ ခုနေ မင်းကို နမ်းရရင် သိပ် အရသာ ရှိမှာ မဟုတ်သေးဘူး၊ ကျုပ်က တစ်ကိုယ်ကောင်း ဆန်တယ်၊ အရသာ ခံရင်လည်း ပြည့်ပြည့်ဝဝ အရသာ ခံချင်တယ်၊ သူငယ်နှပ်စားအရွယ် ကလေးလေးတွေကို နမ်းရတာ အရသာ မရှိဘူး’

321



ရက် ဘတ်တလာက ပြုံးသည်။ ဒေါပွသဖြင့် နိမ့်ချည် မြင့်ချည် ဖြစ်သော စကားလက်၏ ရင်အုံကို တစ်ချက် စွေ၍

ကြည့်လိုက်၏။

`ပြီးတော့

မင်း

စိတ်ထဲမှာ

အက်ရှလေ

ဆိုတဲ့

သနားစရာ

လူ

တစ်ယောက်ကို

မေ့မေ့

ပျောက်ပျောက်

ဖြစ်သွားအောင်လည်း အချိန် စောင့်ရဦးမယ်’

အက်ရှလေ၏ အမည်ကို ကြားရသည်၌ စကားလက် ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားသည်။ ပူနွေးသော မျက်ရည်များသည်

မျက်လုံးတွင် ဝဲလာကြ၏။ မေ့ပျောက်သည် အထိဟု ဆိုသည်။ မမေ့။ အက်ရှလေကို သူ ဘယ်တော့မှ မမေ့။ နောင် အနှစ် တစ်ထောင် ကြာသည် အထိ မမေ့။ ယခု အချိန် ဆိုလျှင် အက်ရှလေ တစ်ယောက် ယန်ကီ သုံ့ပန်း စခန်း တစ်ခုတွင် ဒုက္ခ ခံနေရရှာတော့မည်။ ခြုံစရာ စောင်မရှိ။ အနားတွင် ပိုက်ထွေး ယုယမည့်သူ မရှိ။ စကားလက်သည် သူ့ဘေးတွင် ထိုင်လိုက်လာသည့် ရက် ဘတ်တလာကို ရွံရှာ စက်ဆုပ်လာသည်။ စားကောင်း သောက်ဖွယ်တို့ကို စားလျက် ဝတ်ကောင်း စားလှကို ဝတ်ကာ စကားပြောလျှင် အထက်စီးကြီးဖြင့် ပြောတတ်သည့် ရက် ဘတ်တလာကို စက်ဆုပ်သည်။

စကားလက် စိတ်ဆိုးလွန်းသဖြင့် စကား မပြောနိုင်။ အတန်ကြာမျှ နှစ်ယောက်သား တိတ်ဆိတ် နေကြသည်။



`မင်းနှင့် အက်ရှလေ အကြောင်းကို ခု ကျုပ် အကုန် သိပါပြီ’ ရက် ဘတ်တလာက ဆက်ပြန်သည်။ `ဝက်သစ်ချမြိုင်

စာကြည့်ခန်းထဲမှာ မင်း မလှမပ ဖြစ်နေပုံကို မြင်ပြီးကတည်းက မျက်စိ ဒေါက်ထောက်ပြီး မင်းကို အကဲခတ်လာတာ၊ ဘာတွေ အကဲခတ်မိသလဲ ဆိုတာကော သိရဲ့လား၊ မင်းဟာ အပျိုပေါက် ကျောင်းသူမလေးလို အက်ရှလေကို စိတ်ကူးယဉ်ပြီး ချစ်နေတယ်၊ သူကလည်း သူ့ ဂုဏ်သိက္ခာက ခွင့်ပြုတဲ့ အတိုင်းအတာ အထိ မင်းကို ပြန်ချစ်တယ်၊ ဒီကြားထဲက မီလာနီ ခမျာကတော့ ဘာမှ မသိရှာဘူး၊ မင်းက မီလာနီကို ခပ်တည်တည်နှင့် တစ်ပတ်ရိုက် ခဲ့တယ်၊ ဒါတွေ ကျုပ် အကဲခတ်လို့ ရတာတွေပဲ၊ ကျုပ် အားလုံး သိတယ် ကလေးမ၊ ကျုပ် မသိတာ တစ်ခုပဲ ရှိတယ်၊ သိလည်း သိချင်နေတယ်၊ ဂုဏ်သရေရှိ လူကြီး လူကောင်း တစ်ယောက် ဖြစ်တဲ့ အက်ရှလေဟာ သူ့ ဂုဏ်သိက္ခာကို ဘေးချိတ်ပြီး မင်းကို နမ်းဖူးသလား၊ မနမ်းဖူးဘူးလား၊ အဲဒီ တစ်ခုတော့ ကျုပ် မသိဘူး’

စကားလက်က ဘာမျှ မပြော။ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။



`သြ၊ ဒါဖြင့် နမ်းဖူးတယ်ပေါ့၊ ဧကန္တ နာတာလူး အားလပ်ရက် ပြန်လာတုန်းက ထင်တယ်၊ ခုလောက် ဆိုရင် ဒီလူ

သေများ သေပလား မသိဘူး၊ မင်းတော့ ဆွေးကျန်ရစ်ခဲ့မှာပဲနော်၊ ဒါပေမယ့် ကြာတော့ မေ့သွားမှာပါကွယ်၊ သူ နမ်းတာကို မေ့လောက်တဲ့ အချိန်ရောက်တော့ ကျုပ်ကို ပြောပေါ့၊ အဲဒီတော့’

စကားလက် သူ့ဘက်သို့ လှည့်လိုက်သည်။



`ရှင် မိုက်ရိုင်းလှချည်လား ဟင်’ စကားလက်၏ မျက်လုံး စိမ်းစိမ်းများသည် အရောက် တလက်လက် ထွက်နေကြသည်။

`ဖယ်၊ ရှင့် ရထားနှင့် မလိုက်ဘူး၊ ခု ဆင်းမယ်၊ ရပ်ပေးပါ၊ မရပ်ရင် ကျွန်မ ခုန်ဆင်းပစ်လိုက်မယ်၊ ရှင်နှင့်လည်း စကား မပြောချင်တော့ဘူး၊ တော်ပြီ’

ရက် ဘတ်တလာက ရထားကို ရပ်ပေးလိုက်သည်။ သူက ဆင်း၍ တွဲမပေးခင် စကားလက်က ရထားပေါ်မှ

322

ခုန်ချလိုက်၏။ ဝတ်စုံက ဘီးနှင့် ငြိနေသဖြင့် အောက်ခံ ဝတ်စုံများ၊ ဘောင်းဘီတိုများဖြင့် မလှမပ ဖြစ်နေသည့် စကားလက်ကို လမ်းသွား လမ်းလာ များက ဝိုင်းကြည့် နေကြသည်။ ရက် ဘတ်တလာက လှမ်း၍ ဖြုတ်ပေးလိုက်၏။ စကားလက် ဆောင့်ကြီး အောင့်ကြီးဖြင့် ထွက်လာသည်။ ပြန်၍လည်း မကြည့်။ နှုတ်ဆက်ခြင်းလည်း မပြု။

ရက် ဘတ်တလာက ခပ်အုပ်အုပ် ရယ်ကာ မြင်းကို မောင်းသည်။

323

၁၈



ပြည်တွင်းစစ်တစ်လျှောက် အတ္တလန်တာမြို့တွင် အမြောက်သံ သေနတ်သံများကို ပထမဆုံး ကြားရခြင်းဖြစ်သည်။

မြို့သူ မြို့သားတို့ အိပ်ရာမှ မနိုးမီ ဝေလီ ဝေလင်းတွင် ကင်နက်ဆော ရိုးမဘက်မှ အမြောက်သံများကို သဲ့သဲ့ကြားရ၏။ အသံက သိပ်မကျယ်။ ရုတ်တရက် နားထောင်လျှင် မိုးဦး လေဦး မိုးချုန်းသံများနှင့်တူသည်။ မွန်းတည့်ချိန်လောက်တွင်မူ မြို့ထဲက ရထားသံ၊ မြင်းသံ၊ လူသံ စသည်တို့ကို လွှမ်းသွားအောင် ကျယ်လောင်စ ပြုလာ၏။ မြို့သူမြို့သားများက ဣနြေ္ဒမပျက်ဟန် ကြိုးစားကြသည်။ စကား ပြောကြသည်။ ရယ်ကြသည်။ ပြုမြဲ အလုပ်ကို လုပ်ကြသည်။ သူတို့နှင့် နှစ်ဆယ့်နှစ်မိုင် အကွာတွင် ဘာမျှ မဖြစ်သည့်ဟန် ဆောင်ကြသည်။ သို့ရာတွင် နားများကိုမူ စွင့်ထားကြသည်။ မြို့တစ်မြို့လုံး တစ်စုံတစ်ရာကို စောင့်မျှော်နေသကဲ့သို့ ရှိနေသည်။ ပြုမြဲ အလုပ်များကို လုပ်နေကြသည့်တိုင် တစ်နေ့လျှင် အကြိမ် တစ်ရာလောက် ရင်တမမ ဖြစ်ကာ နားတစွင့်စွင့် ဖြစ်နေကြသည်။ အမြောက်သံများသည် ပို၍ နီးလာပြီလော။ သို့မဟုတ် သူတို့စိတ်ကပင် ထင်နေခြင်းလော။ ဗိုလ်ချုပ် ဂျွန်စတန်သည် ဤတစ်ချီတွင် ခံနိုင်ပါဦးမည်လော။ ခံဦးမည်လော။

အပေါ်ယံ မျက်နှာပြင် အောက်တွင် ထိတ်လန့်ချောက်ချားနေကြသည်။ စစ်တပ်တွေ ဆုတ်ခွာလာရသည်နှင့်အမျှ

အာရုံကြောများသည်

တစ်နေ့ထက်

တစ်နေ့

တင်းလာကြသည်။

ကြောက်ရွံ့ထိတ်လန့်ကြောင်းကိုမူ

မည်သူမျှ

ထုတ်ဖော်ပြောဆိုခြင်း မပြုကြ။ ထိုအကြောင်းကို မပြောရန် တားမြစ်ထားသည့်နှယ် တညီတညွတ်တည်း နှုတ်ပိတ်ရေငုံ လုပ်နေကြသည်။ ဗိုလ်ချုပ် ဂျွန်စတန်ကို ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြသည့်တိုင် အာရုံကြောများသည် လျော့ပြေ သွားခြင်း မရှိ။ တင်းမြဲ တင်းနေသည်။ သွေးပူနေကြသည်။ ယန်ကီ ဗိုလ်ချုပ် ရှားမင်းသည် အတ္တလန်တာ တံခါးဝသို့ ရောက်နေပြီ။ နောက် တစ်ကြိမ် ဆုတ်ရလျှင် ပြည်နယ်တပ်တွေ မြို့ထဲသို့ ရောက်လာကြတော့မည်။

ဆုတ်ခွာခြင်း မပြုသည့် စစ်ဗိုလ်ချုပ် တစ်ယောက်ကို လိုချင်သည်။ ကြံ့ကြံ့ခံ၍ တိုက်မည့် စစ်ဗိုလ်ချုပ် တစ်ယောက်ကို

လိုချင်သည်။

အဝေးမှ အမြောက်သံများကို ကြားရသည်တွင် ‘ဘုရင်ခံ ဘရောင်း၏ အိမ်မွေး တိရစ္ဆာန်များ’ ဟု ခေါ်သည့်

မြို့စောင့် တပ်များသည် ချာတာဟူချီမြစ် ကူးတို့ဆိပ်များ၊ တံတားများမှ ထွက်သွားကြသည်။ ထိုနေ့က တိမ်ညိုတွေ ဖုံးကာ မှိုင်းအုံ့နေသည်။ ငါးမြှောင့်ဆိုင်ကို လွန်၍ မယ်ရှီလက်တာ လမ်းသို့ ရောက်လျှင် မိုးတဖွဲဖွဲ ကျစ ပြုလာသည်။ တစ်မြို့လုံးက လမ်းဘေးမှ ထွက်၍ နှုတ်ဆက်ကြသည်။ မက်မုံပင် လမ်းပေါ်ရှိ စတိုးဆိုင်ရှေ့ သစ်သားမိုးများ အောက်မှနေ၍ ကြွေးကြော် နှုတ်ဆက်ကြသည်။ ဆေးရုံမှ

စကားလက်နှင့် မေဘယ်တို့ နှစ်ယောက် စစ်မြေပြင်သို့ ထွက်သည့် မြို့စောင့် တပ်များကို ကြည့်ရန် ထိုနေ့က ခွင့်ရသည်။

ဦးလေး

ဟင်နရီနှင့်

ဘဘကြီး

မယ်ရီဝယ်သာတို့

မြို့ပြကာကွယ်ရေး

တပ်ထဲတွင်ပါသဖြင့်

နှုတ်ဆက်ခွင့်ရခြင်းဖြစ်သည်။ စကားလက်နှင့် မေဘယ်သည် ဆရာဝန်ကတော် ဒေါ်ဒေါ်မိနှင့် အတူ လူအုပ်ကြားထဲတွင် ရောက်နေသည်။ ခြေဖျား ထောက်၍ ကြည့်ရသည်။ တောင်ပိုင်းသား စိတ်ဓာတ်က ဣဋ္ဌာရုံကိုသာ မြင်ချင် ကြားချင်သည်။

324

စိတ်အေးသက်သာစရာကို တွေ့ချင် မြင်ချင်သည်။ စကားလက်သည် တောင်ပိုင်းသူပီပီ ဣဋ္ဌာရုံကို မြင်လို ကြားလိုသည့်တိုင် လူပေါင်းစုံ ပါသွားသည့် မြို့ပြကာကွယ်ရေး တပ်များကို ကြည့်ရင်း ရင်လေးနေသည်။ မြို့ပြတပ်ဆိုသည်မှာ ဘာမှ အားမကိုးလောက်။ ကလေးသာသာ လူငယ်ကလေးတွေလည်း ပါသည်။ အဘိုးကြီးတွေလည်း ပါသည်။ ဤတပ်မျိုးကို စစ်မြေပြင်သို့ ခေါ်ရပြီဆိုလျှင် အခြေအနေ ဆိုး၍သာ ဖြစ်ရမည်ဟု စကားလက် တွက်လိုက်သည်။ မြို့ပြကာကွယ်ရေး တပ်တွင် သန်သန်မာမာ လူငယ်လူရွယ်များ ပါသင့်သလောက် ပါသည်မှာမှန်သည်။ သို့ရာတွင် အဘိုးကြီးတွေ၊ လူမမည် ကလေးတွေက အများစုဖြစ်သည်။ သူတို့ကိုကြည့်၍ စကားလက် ရင်ထဲတွင် စိုးရိမ်စိတ်နှင့် သနားစိတ် ရောထွေးနေသည်။ အချို့ အဘိုးကြီးများက ဖေဖေ့ထက်ပင် အသက်ကြီးသေးသည်။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ဖွေးဖွေးဖြူနေပြီ။ စစ်ချီ စစ်တက် ဘင်ခရာသံနှင့်ညီအောင် ခြေလှမ်း လှမ်းရသည်တွင် ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်။ ဘဘကြီး မယ်ရီဝယ်သာက မစ္စက် မယ်ရီဝယ်သာ ပေးလိုက်သည့် ရေခဲချည် ရှောစောင်ကို ပခုံးတွင် စလွယ်သိုင်း၍ ပတ်ထားသည်။ စကားလက်တို့တစ်သိုက်ကို မြင်သည့်အခါတွင် ပြုံး၍ အလေးပြုသွားလိုက်သေးသည်။ စကားလက်တို့ တစ်သိုက်က လက်ကိုင်ပဝါ ဝှေ့ယမ်းပြ၍ နှုတ်ဆက်သည်။ သမီး မေဘယ်က စကားလက် လက်မောင်းကို ကိုင်ကာ ‘ဖေဖေတော့ ဒုက္ခပါပဲကွယ်၊ မိုးသည်းသည်းရွာရင် တစ်ခါတည်း ကိစ္စချောမှာ၊ သူက ဒူလာ ရောဂါနှင့်’ ဟု ဆိုသည်။

နောက် တစ်တန်းတွင် ဦးလေး ဟင်နရီကို တွေ့လိုက်ရ၏။ ကုတ်အင်္ကျီနက် ကော်လာကို နားရွက်အုပ်သည်ထိ

ထောင်ထားသည်။ မက္ကစီကို စစ်ပွဲတွင် ကိုင်ခဲ့သည့် ပစ္စတို နှစ်လက်ကို ခါးတွင် တစ်ဖက် တစ်ချက် ချိတ်ကာ လက်တွင် လက်အိတ်ကလေး တစ်လုံးကို ကိုင်ထားသည်။ သူ့ဘေးတွင် သူနှင့်ရွယ်တူလောက်ရှိမည့် သူ့ ဘဏ္ဍာစိုးကြီးလည်း ပါလာသည်။ ထီးကို မိုးပေးရင်း လိုက်လာသည်။ သူတို့အတန်းတွင် လူငယ်ကလေးတွေ လိုက်လာသည်။ အများအားဖြင့် အသ် ၁၆ နှစ်ထက် ကျော်ပုံ မရကြသေး။ ကျောင်းမှ လစ်ကာ မြို့ပြကာကွယ်ရေး တပ်ထဲသို့ လိုက်လာကြခြင်းဖြစ်၏။ တချို့က ဗိုလ်လောင်း ဝတ်စုံကို ဝတ်လျက်။ စစ်တက္ကသိုလ် ကျောင်းသားဝတ်စုံကို ဝတ်လျက်။ မိုးရေဖြင့် စိုရွှဲနေသည့် မီးခိုးရောင် ဦးထုပ်ပေါ်တွင် စိုက်ထားသည့် ကြက်တောင်နက်များက လှုပ်ယမ်းနေသည်။ ရင်တွင် စလွယ်သိုင်းထားသည့် ရွက်ဖျင်ကြိုးပြားကြီးများတွင်

ရေတွေ

စိုရွှဲနေသည်။

ထိုအထဲတွင်

ဒေါက်တာမိ၏

သား

ဖိလစ်လည်း

ပါလာသည်။

ကျဆုံးသွားသည့် သူ့အစ်ကို၏ ဓားလွယ်ကြီးကို ခပ်ကြွားကြွား လွယ်၍ မြင်းစီး ပစ္စတိုကို ခါးတွင် ထိုးထားသည်။ ဦးထုပ်ကို ခေါင်းပေါ်တွင် ဆောင်းထားသည်။ ဆရာဝန်ကတော် ဒေါ်ဒေါ်မိသည် မျက်စိအောက်မှ ပျောက်သွားသည်အထိ သူ့သားကို လက်ပြနှုတ်ဆက်သည်။ ထိုနောက်တွင်မူ အားကုန်သွားသည့်အလား စကားလက် ပခုံးပေါ်တွင် ခေါင်းကို မှီထားလိုက်သည်။

တပ်သားအများစုမှာ လက်နက်တပ်ဆင်ထားခြင်းမရှိ။ သူတို့ကို ထုတ်ပေးရအောင် ဆို၍လည်း ပြည်နယ်တွင်

ရိုင်ဖယ်သေနတ်များ၊ ခဲယမ်း မီးကျောက်များ မလုံလောက်။ ကျဆုံးဒဏ်ရာရသည့် ယန်ကီစစ်သားများထံမှ လက်နက်များကို ကိုင်ဆောင်ရလိမ့်မည်ဟု ထင်နေကြသည်။ အများအားဖြင့် ဘောင်ဝီဓားမြှောင်ကို ဖိနပ်ရှည်တွင် ပတ်ကာ လှံများကို ကိုင်လာကြသည်။

ကံကောင်းသူများက

တူမီးသေနတ်များကိုလွယ်ကာ

ယမ်းမှုန့်

ထည့်သည့်

ကျွဲချိုများကို

ခါးတွင်

ချိတ်ထားကြ၏။

ဗိုလ်ချုပ်

ဂျွန်စတန်၏

ဆုတ်စစ်တွင်

တပ်သားတစ်သောင်းလောက်

ကျဆုံးခဲ့သည်။

နောက်ထပ်

တပ်ကူတစ်သောင်းလောက် လိုနေသည်။ ယခု သူ ရသည့် စစ်ကူက အဘိုးကြီးတွေ၊ လူမမည်တွေသာပါသည့် မြို့စောင့်တပ်။

325



ဤသည်ကို တွေးမိသဖြင့် စကားလက် စိုးရိမ်နေသည်။



အမြောက်လှည်းကြီးများ

ဖြတ်အလာတွင်

ရွှံ့တွေစဉ်ကုန်သဖြင့်

လူအုပ်က

နောက်သို့

ဆုတ်ပေးကြသည်။

အမြောက်ကြီး တစ်ခုနှင့် ကပ်လျက် လားတစ်ကောင်ကို စီးလာသည့် ကပ္ပလီတစ်ယောက်ကို စကားလက် မြင်လိုက်ရ၏။ ကပ္ပလီလူငယ်ကလေး တစ်ယောက်။ သူ့မျက်နှာက တည်ငြိမ်လေးနက်သည်။

‘ဟိုမှာ မိုး မိုး၊ အက်ရှလေရဲ့ တပည့် မိုးရယ်၊ ဘယ်ကနေ ပါလာမှန်းမသိဘူး’ စကားလက်က ပြောပြောဆိုဆို

လူအုပ်ကြားဆီမှ ရှေ့သို့ တိုးသွားသည်။ ‘ဟေ့ မိုး မိုး၊ နေဦး နေဦး’

စကားလက်ကို မြင်သည်၌ ကပ္ပလီလူငယ်က ဇက်သတ်ပြီး လားပေါ်မှ ဆင်းရန်ပြင်သည်။ သူ့နောက်မှ တစ်ကိုယ်လုံး

ရွှဲရွှဲစိုနေသည့် တပ်ကြပ်ကြီးတစ်ယောက်က လှမ်းအော်သည်။

‘ဟေ့ကောင် အောက် မဆင်းနှင့်နော်၊ ပစ်ချလိုက်မယ်၊ တောင်ပေါ်တက်ရမှာ၊ အချိန် မရှိဘူး’



မိုး ဝေခွဲမရ ဖြစ်နေဟန်တူသည်။ တပ်ကြပ်ကြီးကို တစ်လှည့်၊ စကားလက်ကို တစ်လှည့် လှမ်းကြည့်နေသည်။

စကားလက် ရွှံ့တွေထဲမှ တစွက်စွက် ဖြတ်လျှောက်ကာ မိုး စီးလာသည့် လားက ဝမ်းပတ်ကြိုးကို ဆွဲထားသည်။

‘ခဏလေးပါ တပ်ကြပ်ကြီးရယ်၊ မိုး မဆင်းနှင့်၊ နေစမ်းပါဦး၊ ခု ဘယ်လိုက်သွားဦးမလို့လဲ’



‘ရှေ့တန်းကိုသွားမယ် မလေး၊ ဒီတစ်ခါတော့ ကိုလေး အက်ရှလေနှင့် မဟုတ်တော့ဘူး၊ ကိုလေး အက်ရှလေရဲ့ အဖေ

သခင်ကြီးနှင့်’

‘ဟင် ဦးကြီးနှင့် ဟုတ်လား’ စကားလက် တအံ့တဩ ဖြစ်နေသည်။ အက်ရှလေ၏ အဖေ မစ္စတာ ဂျွန် ဝီလ်ကီသည်

အသက် ခုနှစ်ဆယ်နား ကပ်နေပြီ။

‘ခု သူ ဘယ်မှာလဲ’



‘ဟို နောက်ဆုံးက အမြောက်လှည်းမှာ၊ ဟိုမှာ’



‘ကဲ၊ တော်လောက်ပြီ ခင်ဗျာ၊ ဟေ့ သွား ဟေ့’



စကားလက် ရပ်၍ ကျန်ရစ်ခဲ့သည်။ ရွှံ့တွေက ခြေကျင်းဝတ်သာသာ အထိ မြုပ်နေသည်။ အမြောက်လှည်းကြီးတွေက

သူ့အနီးမှ ဖြတ်၍ သွားကြသည်။ မဖြစ်နိုင်။ အက်ရှလေ၏ အဖေ မဖြစ်နိုင်။ မစ္စတာ ဂျွန်ဝီလ်ကီက အိုလှပြီ။ သူလည်း သူ့သား အက်ရှလေလို စစ်ကို ရွံမုန်းသူဖြစ်သည်။ စကားလက်သည် လမ်းဘေးသို့ ပြန်ဆင်းလာကာ ဖြတ်သွားသူများ၏ မျက်နှာများကို လျှောက်ကြည့်သည်။ နောက်ဆုံး အမြောက်တင် လှည်းများက ရွှံ့ဗွက်ထဲတွင် တကျွီကျွီမြည်၍ မောင်းလာသည်။ မစ္စတာ ဂျွန် ဝီလ်ကီကို မြင်ရသည်။ ပိန်ပိန်ပါးပါး။ ခါးမတ်မတ်။ ဖြူဖွေးသော ဆံပင်ရှည်မျာသည် မိုးရေဖြင့် ကုပ်ပေါ်တွင် ရွှဲရွှဲစိုနေသည်။ မန်ကျည်းစေ့ရောင် မြင်းနီမလေးကို စီးလာသည်။ မြင်းမလေးက ရွှံ့ဗွက်ထဲတွင် တစွက်စွက် ရုန်းလာသည်။ ဖဲကိုယ်ကျပ် အင်္ကျီ ဝတ်ထားသည့် အမျိုးသမီး လမ်းလျှောက်လာသည့်နှယ် လှုပ်လီလှုပ်လဲ့။ လက်စသတ်တော့ မြင်းနီမလေးက နယ်လီ။

326

မစ္စက် တာလက်တန်၏ မြင်းမကလေး နယ်လီ။ စတူးဝပ်တို့ အမြွှာ ညီအစ်ကို၏ အမေ့ အချစ်တော်မလေး နယ်လီ။

စကားလက်ကို မြင်သည်တွင် မစ္စတာ ဂျွန်ဝီလ်ကီသည် ဝမ်းသာအားရ ပြုံး၍ ဆင်းလာသည်။



‘အေး ငါ့တူမကို တွေ့လိမ့်မယ်လို့ ဦးကြီး ထင်သားပဲ’ သူက ပြုံးသည်။ အိုမင်းသော မျက်နှာပေါ်မှ အပြုံးက အက်ရှလေ၏

အပြုံးမျိုး။ ‘ဦးကြီးက စစ်မြေပြင်ကို ချီတက်ဖို့တော့ အိုပြီကွယ့်၊ ဒါပေမယ့် မြင်းမစီးနိုင်အောင် သေနတ် မပစ်နိုင်အောင်တော့ မအိုသေးပါဘူး။ ဦးကြီး ရှေ့တန်းသွားမယ်ဆိုတော့ မစ္စက်တာလက်တန်က သူ့အချစ်တော် နယ်လီကို ပေးလိုက်တယ်လေ၊ ဒါကြောင့်မို့ ဦးကြီး မြင်းတွေ ဘာတွေနှင့် အကျဖြစ်လာတာပေါ့၊ နယ်လီတော့ ဘေးမသီ ရန်မခဖြစ်ကောင်းပါရဲ့ကွယ်၊ နယ်လီ တစ်ခုခုဖြစ်ခဲ့ရင် ဦးကြီးတော့ မစ္စက် တာလက်တန်ကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး၊ သူ့ခမျာ မြင်းဆိုလို့ နယ်လီ တစ်ကောင်ပဲ ကျန်တော့တာ’

ဦးကြီး ဝီလ်ကီက ရယ်ရွှန်းဖတ်ရွှန်း ပြောနေသဖြင့် စကားလက်ပင် စိုးရိမ်စိတ်တွေ ပျောက်သွားသည်။



‘တူမတို့ အဖေရော၊ အမေရော၊ ညီအစ်မ တစ်တွေရော နေကောင်းတယ်ဟေ့၊ တွေ့ရင် ပြောလိုက်ပါလို့တောင်

မှာလိုက်သေးတယ်၊ တူမ ဖေဖေတောင် ဒီနေ့ ဦးကြီးတို့နှင့် ပါလာတော့မလို့’

‘အို ဟုတ်လား’ စကားလက် စိုးရိမ်သွားပြန်သည်။ ‘ဖေဖေ မပါဘူးပေါ့၊ ဖေဖေ ရှေ့တန်း လိုက်မလို့တဲ့လား၊ ဘယ်တော့

လိုက်မှာတဲ့လဲ’

‘မလိုက်တော့ပါဘူးကွယ်၊ စောစောတုန်းကတော့ လိုက်မလို့ပဲ၊ သူက ဒူးနာနေတော့ လမ်းများများ မလျှောက်နိုင်ဘူး

မဟုတ်လား၊ ဒါတောင် မြင်းစီးပြီး လိုက်မယ်တဲ့၊ ဒီတော့ တူမတို့ မေမေက ကဲ ဒီလောက်တောင် ဖြစ်ရင်လည်း လိုက်ပေတော့၊ ဒါပေမယ့် စားကျက်က ခြံစည်းရိုးကိုတော့ ခုန်နိုင်မှ ဖြစ်မယ်တဲ့၊ ဘာဖြစ်လို့လဲဆိုတော့ စစ်ထဲလိုက်ရင် ခပ်ကြမ်းကြမ်း မြင်းစီးရမှာတဲ့၊ တူမ အဖေက ဒီလောက်တော့ အပျော့လို့ ထင်တာပေါ့၊ ဒါနှင့် မြင်းစီးပြီး စမ်းတော့ မြင်းက စည်းရိုးနားလည်း ရောက်ရော ဗြုန်းဆို ရပ်လိုက်ရောဟေ့၊ ဒီတွင် တူမ ဖေဖေ မြင်းခေါင်းပေါ် ကျော်ပြီး ကျွမ်း တစ်ပတ်လည် ကျသွားတာပေါ့၊ ကံကောင်းလို့ ကုပ် မကျိုးတယ်၊ ဒါပေမယ့် မလျှော့သေးဘူး၊ နောက်တစ်ခါ စီးပြဦးမယ်ဆိုပြီး စီးပြန်ရော၊ သုံးခါ စီးတာ သုံးခါလုံး လိမ့်ကျလို့ မင်း မေမေနှင့် ပေါ့က အိပ်ရာထဲ တွဲပို့ရတယ်လေ၊ ဒေါပွလွန်းလို့လေ၊ မင်း အမေက မြင်းကို တစ်ခုခု သွားပြောထားလို့ ဒီလိုဖြစ်တာတဲ့၊ ခုပုံနှင့်ဆိုရင်တော့ ရှေ့တန်းကို တော်တော်နှင့် မလိုက်နိုင်သေးပါဘူး၊ အေးလေ၊ တူမကြီးကလည်း ဘာမှ ရှက်မနေနှင့်၊ လူတိုင်း စစ်တိုက်နေလို့ မဖြစ်သေးဘူး၊ စစ်တပ်အတွက် ထွန်ယက်စိုက်ပျိုးပေးမယ့် လူလည်း ရှိရသေးတယ်’

စကားလက် မရှက်။ ယခုမှ စိတ် သက်သာရာ ရသွားသည်။



‘ခု ဝက်သစ်ချမြိုင်မှာ အင်ဒီယာနှင့် ဟန်နီတို့လည်း မရှိကြဘူး၊ သူတို့အဒေါ်များ ရှိရာ မာကွန်ကို ပို့ထားတယ်၊

မြိုင်သာယာကိုရော ဝက်သစ်ချမြိုင်ကိုရော မင်း မေမေပဲ ကြည့်နေရတယ်၊ ကဲ သွားမယ် တူမရေ’

ဦးကြီး ဝီလ်ကီက သူ့ပါးကို တစ်ချက် နမ်း၍ နှုတ်ဆက်သည်။ ရင်ထဲတွင် ဆို့သွား၏။ ဦးကြီး ဝီလ်ကီကို သူချစ်သည်။

စကားလက်သည် သူ့ ချွေးမ ဖြစ်လိမ့်မည်ဟု တစ်ခါတုန်းက မျှော်လင့်ခဲ့ဖူးသည်။

327



‘ဒေါ်လေး ပစ်တီတို့၊ မီလာနီတို့ကိုလည်း နှုတ်ဆက်လိုက်ပါတယ်ကွယ်၊ မီလာနီကော နေကောင်းရဲ့လား’



‘ဟုတ်ကဲ့၊ ကောင်းပါတယ် ဦးကြီး’



‘အင်း’ ဦးကြီး ဝီလ်ကီက စကားလက်ကို လှမ်းကြည့်လိုက်သည်။ သူ ကြည့်ပုံက အက်ရှလေ ကြည့်ပုံနှင့်တူသည်။ အခြား

ကမ္ဘာတစ်ခုသို့ မျှော်မှန်းကြည့်နေသည့် ရီဝေပြာလဲ့သော မျက်လုံးများ ဖြစ်သည်။ ‘ဦးကြီးရဲ့ပထမဆုံး မြေးကလေးကိုတောင် မကြည့်လိုက်ရတော့ဘူး ထင်ပါရဲ့၊ ကဲ၊ သွားမယ် သွားမယ်’

ဦးကြီး ဝီလ်ကီက နယ်လီ့ ကျောပေါ်သို့ တက်ပြီး ခပ်သွက်သွက် စီးသွားသည်။ ဦးထုပ်ကို လက်တစ်ဖက်က

ကိုင်ထားသည်။ ဖြူဖွေးသည့် သူ့ခေါင်းပေါ်တွင် မိုးရေတွေ ရွှဲနေသည်။ စကားလက်သည် မေဘယ်နှင့် ဒေါ်ဒေါ်မိတို့ဆီသို့ မြန်မြန်လာခဲ့သည်။

တစ်ယောက်တည်း

ကြာကြာ

ရပ်မနေချင်။

တစ်ယောက်တည်း

နေလျှင်

ဦးကြီး

ဝီလ်ကီ

နောက်ဆုံးပြောသွားသည့် စကားများကို အကျယ်ချဲ့တွေးနေမိလိမ့်မည်။ စကားလက်သည် စိတ် မသန့်သဖြင့် လက်ယှက်၍ ဆုတောင်းလိုက်သည်။ ဦးကြီး ဝီလ်ကီ ပြောပုံက သူ ပြန်မလာရတော့မည့်ပုံမျိုး။ အက်ရှလေတုန်းကလည်း ထိုအတိုင်း ပြောဖူးသည်။ သေသည့်စကားကို စကားလက် မကြားချင်။ သေသည့် အကြောင်းကို ဘုရားသခင်သာ တွေးခွင့် ရှိသည်ဟု စကားလက် ထင်သည်။ သူတို့ သုံးယောက်သား မိုးရေထဲတွင် ဆေးရုံသို့ ပြန်လာခဲ့ကြ၏။

‘ဘုရား တရား မလို့ ဦးကြီး ဝီလ်ကီ ဘာမှ မဖြစ်ပါစေနှင့်၊ အက်ရှလေလည်း ဘာမှ မဖြစ်ပါစေနှင့်’



တစ်လမ်းလုံး စကားလက် ဆုတောင်းလာခဲ့သည်။



ဒါလ်တန်မှ

ကင်နက်ဆော

ရိုးမ

အထိ

ဆုတ်ခွာမှုသည်

မေလမှ

ဇွန်လလယ်

အထိ

ကြာသည်။

ဇွန်လ

ပူအိုက်စွတ်စိုသည့် ရက်များအတွင်းတွင် ယန်ကီ ဗိုလ်ချုပ် ရှားမင်းသည် ရွှံ့စေးတို့ဖြင့် ချောကျိသော ကမ်းပါးစောက်များမှ ပြည်နယ်တပ်များကို မောင်းမထုတ်နိုင်တော့။ ဤတွင် ပြည်နယ်တပ်များ အဖို့ မျှော်လင့်ချက်ကလေး ခေါင်းပြူ လာပြန်သည်။ တောင်ပိုင်းပြည်နယ်သားတို့ အားတက်လာပြန်ကာ ဗိုလ်ချုပ် ဂျွန်စတန်ကို ညှာညှာတာတာ ပြောလာကြသည်။ စိုစွတ်သည့် ဇွန်လ ကုန်ဆုံး၍ ပို၍ စွတ်စိုသော ဇူလိုင်လထဲသို့ ရောက်လာသည့်အခါတွင် ကတုတ်ကျင်း အခိုင်အမာတူး၍ ထားသည့် ပြည်နယ် တပ်များသည် ဗိုလ်ချုပ် ရှားမင်းကို အပြင်းအထန် ခုခံကြသည်။ ဗိုလ်ချုပ် ရှားမင်း အနားသို့ မသီနိုင်တော့။ ဤတွင် အတ္တလန်တာ တစ်မြို့လုံး အားတက် ရွှင်လန်း လာကြသည်။ မျှော်လင့်ချက်သည် စိမ်ရည်ပုလင်း ဖောက်လိုက်သည့်နှယ် အထက်သို့ တက်လာသည်။ ဧည့်ခံပွဲများ၊ ကပွဲများသည် ကူးစက်ရောဂါသဖွယ် တစ်မြို့လုံးပျံ့နှံ့နေသည်။ ရှေ့တန်းမှ စစ်သားများ ပြန်ရောက်လာတိုင်း သူတို့အတွက် ညစာ စားပွဲကြီးများ၊ ကပွဲကြီးများ ကျင်းပကြသည်။ တွဲကကြမည့် အပျိုတွေ ပေါလိုက်သည့်ဖြစ်ခြင်း။ စစ်သားတစ်ယောက်ကို ဆယ်ယောက်လောက် ရှိသည်။

အတ္တလန်တာတွင်

ဧည့်သည်များ၊

စစ်ပြေးဒုက္ခသည်များ၊

ဆေးရုံမှ

ဒဏ်ရာရသူများ၏

ဆွေမျိုးသားချင်းများ၊

ရှေ့တန်း ရိုးမတွင် တိုက်နေကြသည့် စစ်သားများ၏ မိခင်များ၊ ဇနီးများ စသည်တို့ဖြင့် ပြည့်နေသည်။ ထိုမျှမက အနီးတစ်ဝိုက် မြို့များက မိန်းမပျိုများလည်း အတ္တလန်တာသို့ တက်လာကြသည်။ သူတို့မြို့များတွင် ယောက်ျားဆို၍ အသက် တစ်ဆယ့်ခြောက်နှစ်အောက် လူမမည်များနှင့် အသက် ခြောက်ဆယ်ကျော် အဘိုးကြီးများသာ ကျန်တော့သည်။ ဤမိန်းမပျိုများ ရောက်လာသည့်ကိုမူ ဒေါ်လေး ပစ်တီက အပြစ်ဆိုသည်။ သက်သက်မယ့် လင်ဖမ်းရန် လာသည်ဟု ဒေါ်လေး

328

ပစ်တီ ထင်သည်။ ဤသည်ကို မြင်သည်တွင် ခေတ်ကြီး မည်သို့ဖြစ်နေပြီနည်းဟု ဒေါ်လေး ပစ်တီ တအံ့တဩ ဖြစ်ရသည်။ သူတို့ မြို့တက်လာကြသည်ကို စကားလက် သဘောမကျ။ ဘေး ပတ်ဝန်းကျင်ရှိ မြို့များမှ တက်လာသည့် မိန်းမပျိုကလေးများက ပါးမို့နီနီ။ အပြုံးလဲ့လဲ့။ အဝတ်အစား သစ်သစ်လွင်လွင်ဖြင့် ချစ်စရာ ကလေးတွေ။ သို့ရာတွင် သူတို့ အဝတ်အစားကိုလည်း စကားလက် ပြိုင်ရဲသည်။ ရက် ဘတ်တလာ နောက်ဆုံးအခေါက် ဝယ်လာသဖြင့် သူ့ အဝတ်အစားများက သူတို့ အဝတ်အစားထက် လှသည်။ ခေတ်ဆန်သည်။ သို့တိုင်အောင် သူက အသက်ကြီးပြီ။ တစ်ဆယ့်ကိုးနှစ်ကြီးများပင် ရှိနေပြီ။ ယောက်ျားဆိုသည့် သတ္တဝါက မလိမ်မိုး မလိမ္မာ ရူးရူးမိုက်မိုက် ကလေးတွေနောက်သို့ လိုက်တတ်သည်။

သူက ကလေးတစ်ယောက် အမေ။ မုဆိုးမ။ ဤတွင်လည်း အပျိုပေါက်ကလေးတွေထက် သူက တစ်ပန်း

ရှုံးနေပြန်သည်။ သို့ရာတွင် ထိုအချိန်ကမူ ကလေးတစ်ယောက်အမေ ဘဝနှင့် မုဆိုးမဘဝ ဆိုသည်ကို စကားလက် သိပ် မစဉ်းစားတော့။ နေ့လယ် ဆေးရုံဂျူတီ ဆင်းရ၊ ညတွင် ကပွဲများ၊ ဧည့်ခံပွဲများသို့ သွားရသဖြင့် ဝိတ်ကလေးနှင့်ပင် တစ်ရက်နေ၍ တစ်ခါ မတွေ့ဖြစ်။ တစ်ခါတစ်ရံတွင် ဝိတ်ကလေးကို လုံးလုံး သတိမရဘဲ မေ့နေတတ်သည်။

ပူနွေးစွတ်စိုသည့်

နွေရာသီညများတွင်

အတ္တလန်တာက

အိမ်များတွင်

စစ်သားတွေ

ပြည့်နေတတ်သည်။

ဝါရှန်တန်လမ်းမှ မက်မုံပင်လမ်း အထိ ရှိရှိသမျှ အိမ်ကြီး အိမ်ကောင်းများတွင် မီးရောင်တွေ တထိန်ထိန်ဖြင့် တပ်သားများအတွက် ကျင်းပသည့် ဧည့်ခံပွဲတွေ တခြိမ့်ခြိမ့် ဖြစ်နေသည်။ ဘင်ဂျိုသံ၊ စောင်းသံ၊ ကြမ်းပြင်ကို ရှပ်တိုက်၍ ကသံ၊ ရယ်မောသံများသည် ညဥ့်လေပြည်ထဲတွင် လွင့်ပျံနေသည်။ စန္ဒရားတွင် ဝိုင်းအုံကာ ‘ချစ်သူ့ သဝဏ်လွှာ’ သီချင်းကို ဆိုကြသည်။ စစ်သားများက ကြက်ဆင် ငှက်မွေး ယပ်တောင်များကို ကွယ်၍ ပြုံးနေကြသည့် မိန်းကလေးများကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်ကြသည်။ သူတို့ အကြည့်က လက်နှေးလျှင် နောက်ကျလိမ့်မည်ဟု သတိပေးနေသကဲ့သို့ ရှိသည်။ မိန်းကလေးများကလည်း လက်မနှေးကြပါ။ တစ်ယောက်ပြီး တစ်ယောက် စွံသွားကြသည်။ ဗိုလ်ချုပ် ဂျွန်စတန်က ကင်နက်ဆော ရိုးမတွင် ရန်သူများကို အပြင်းအထန် ခုခံ တိုက်ခိုက်နေသည့် ထိုလ အတွင်း၌ အတ္တလန်တာတွင် မင်္ဂလာဆောင်တွေ မှိုလို ပေါက်နေသည်။ သတို့သမီးတွေက ရနိုင်သမျှ စုဆောင်း ငှားလာသည့် သတို့သမီးဝတ်စုံကို ဝတ်လျက်။ သတို့သားက ဒူးတွင် ဓားလွယ် ဖာရာအပြည့် ဖြစ်နေသည့် ဘောင်းဘီကို ဝတ်၍ ဓားလွယ် လွယ်လျက်။ ပျော်စရာ ရွှင်စရာတွေ တစ်ပုံ။ ဧည့်ခံပွဲ တခြိမ့်ခြိမ့်။ သဲထိတ် ရင်ဖိုစရာတွေ အနန္တ။ အားမလျှော့ကြနှင့်။ ဗိုလ်ချုပ် ဂျွန်စတန်သည် အတ္တလန်တာမှ နှစ်ဆယ့်နှစ်မိုင် အကွာတွင် ယန်ကီတို့ကို ခံတိုက်နေပြီ မဟုတ်လော။

မှန်သည်။ ကင်နက်ဆော ရိုးမ တစ်ဝိုက်က ခံစစ်ကြောင်းများက ခိုင်ခံ့သည်။ ရက်ပေါင်း နှစ်ဆယ့် ငါးရက်တိုင်တိုင်

တိုက်ပြီးသည့် နောက်တွင် ယန်ကီ ဗိုလ်ချုပ် ရှားမင်း ကိုယ်တိုင် ဤအချက်ကို အသိအမှတ်ပြုလာသည်။ သူ့ဘက်တွင် တပ်သား အကျအဆုံး များနေသည်။ ဗိုလ်ချုပ် ရှားမင်းသည် ရင်ဆိုင်မတိုက်တော့ဘဲ တပ်ကို ဖြန့်၍ စက်ဝိုင်းသဏ္ဌာန် ဝိုင်းလိုက်ပြီး ကင်နက်ဆော ရိုးမမှ ပြည်နယ် တပ်များနှင့် အတ္တလန်တာကြားကို ဖြတ်တောက်ရန် ကြိုးစားသည်။ သူ့ သေနင်္ဂဗျူဟာ အောင်မြင်သည်။ ဗိုလ်ချုပ် ဂျွန်စတန်သည် သူ ကြံ့ကြံ့ခံရာ ကင်နက်ဆော ရိုးမကို စွန့်ကာ နောက်ပိုင်းသို့ ဆင်း၍ ကာကွယ်ရသည်။ ထိုတိုက်ပွဲတွင် တပ်သား သုံးပုံ တစ်ပုံ ကျဆုံးခဲ့သည်။ ကျန် တပ်သားများသည် မိုးထဲ ရေထဲတွင် ချာတာဟူချီ မြစ်ဘက်သို့ ဆုတ်ခဲ့ကြရသည်။ ပြည်နယ်တပ်များအဖို့ နောက်ထပ် စစ်ကူရစရာ မျှော်လင့်ချက် မရှိတော့။

ယန်ကီ ဗိုလ်ချုပ် ရှားမင်းကမူ တင်နဆီပြည်နယ်မှ တောင်ပိုင်း မီးရထားလမ်းများ အထိ သိမ်းပြီး ဖြစ်နေသဖြင့်

329

စစ်ကူများ၊ ရိက္ခာများကို နေ့စဉ် အလွယ်တကူ ရနိုင်သည့် အနေအထားတွင် ရှိနေသည်။

သို့ဖြင့် ပြည်နယ်တပ်များသည် ရွှံ့ဗွက် ထူထပ်သော လမ်းများ တစ်လျှောက် အတ္တလန်တာသို့ ဆုတ်လာခဲ့ကြရသည်။



သူတို့ အထင်ကြီးသည့် ခံတပ် ဆုံးရှုံးသဖြင့် အတ္တလန်တာ တစ်မြို့လုံး အထိတ်တလန့် ဖြစ်လာကြပြန်သည်။

လွန်ခဲ့သည့် နှစ်ဆယ့်ငါးရက် အတွင်းကမူ ကင်နက်ဆော ရိုးမက ခံစစ်ကြောင်းသည် မည်သည့်နည်းနှင့်မျှ မပြိုနိုင်ဟု ထင်ခဲ့ကြသည်။ ယခု ထို စစ်ကြောင်း ပြိုပြီ။ သို့ရာတွင် ဗိုလ်ချုပ် ဂျွန်စတန်သည် ယန်ကီတို့ကို မြစ်တစ်ဖက်ကမ်းမှ ခံမည်မှာ သေချာသည်။ မြစ်က အတ္တလန်တာနှင့် ခုနှစ်မိုင်သာ ဝေးတော့သည်။ ဤသည်ကိုမူ သူတို့ မစဉ်းစားမိကြ။

ထိုမြစ်ကမ်းတွင်လည်း ဗိုလ်ချုပ် ရှားမင်းက တောင်ပိုင်းပြည်နယ် တပ်များကို ဘေးနှစ်ဖက်မှ ဝိုင်းညှပ်သည်။ မောပန်း

နွမ်းနယ်လျက် ရှိသည့် ပြည်နယ်တပ်များသည် မြစ်ကို ဖြတ်၍ အလျင်အမြန် ဆုတ်ခဲ့ကြရသည်။ မြစ်နှင့် အတ္တလန်တာ ကြားမှ ခုခံသည်။ မြို့မြောက်ဘက် မက်မုံပင် ချောင်းစပ်တွင် ကတုတ်ကျင်းများ ခပ်တိမ်တိမ် တူးကြသည်။ အတ္တလန်တာတစ်မြို့လုံး ကသောင်းကနင်း ဖြစ်နေပြီ။

တိုက်လိုက် ရှုံးလိုက်။ တိုက်လိုက် ရှုံးလိုက်။ တစ်ခါဆုတ်တိုင်း ယန်ကီတို့ မြို့နှင့် တစ်ခါ နီးလာသည်။ မက်မုံပင်ချောင်းက

မြို့နှင့် ငါးမိုင်သာ ဝေးတော့သည်။ ဗိုလ်ချုပ် ဂျွန်စတန် ဘာလုပ်နေသနည်း။

စစ်တိုက်မည့် ဗိုလ်ချုပ် တစ်ယောက်ကို လိုသည်ဆိုသည့် တောင်းဆိုသံသည် ရစ်ခ်ျမွန် အထိ ရောက်လာသည်။

အတ္တလန်တာမြို့ကျလျှင် စစ်ရှုံးပြီဆိုသည်ကို ရစ်ခ်ျမွန် တစ်မြို့လုံးသိသည်။ ချာတာဟူချီမြစ်ကို ဖြတ်၍ ဆုတ်ခဲ့ပြီးသည့် နောက်တွင် ဗိုလ်ချုပ် ဂျွန်စတန်ကို တပ်မှူးချုပ် အဖြစ်မှ ဖြုတ်လိုက်ပြီး သူ့အောက်က တပ်မှူး တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ဟုဒ်ကို တပ်မှူးချုပ် ခန့်လိုက်သည်။ တစ်မြို့လုံး အသက်ရှူ ချောင်သွားကြသည်။ ဗိုလ်ချုပ် ဟုဒ်က ဆုတ်ပေးမည့် လူစား မဟုတ်။ ဗိုလ်ချုပ် ဟုဒ်က ကင်တပ်ကီ ပြည်နယ်သား။ မျက်လုံးကောင်းကောင်း၊ မုတ်ဆိတ် ပါးပါး၊ ခွေးဘီလူး ဟု နာမည်ကြီးသည်။ ယန်ကီများကို မက်မုံပင် ချောင်းစပ်မှ ပြန်မောင်းပစ်မည်။ မြစ်တစ်ဖက်ကမ်း အထိ လိုက်တိုက်မည်။ ရန်သူတို့ ဒါလ်တန် အထိ ပြန်ဆုတ်သွားကြရမည်။ သို့ရာတွင် စစ်တပ်က ‘ဗိုလ်ချုပ် ဂျွန်စတန်ကို ပြန်ခန့်ရမည်’ ဟု တောင်းဆိုသည်။ စစ်တပ်က ဗိုလ်ချုပ် ဂျွန်စတန်ကို သဘောကျသည်။ ဗိုလ်ချုပ် ဂျွန်စတန် တိုက်ရသည့် အခြေအနေ အခက်အခဲများကို နားလည်သည်။ ဤသည်ကို အရပ်သားများ နားမလည်။

ဗိုလ်ချုပ် ရှားမင်းက ဗိုလ်ချုပ်ဟုဒ်ကို ထိုးစစ်ဆင်ဖို့ အချိန်မပေး။ တပ်မှူး အပြောင်းအလဲ လုပ်သည်နေ့တွင် ဗိုလ်ချုပ်

ရှားမင်းက အတ္တလန်တာနှင့် ခြောက်မိုင်ကွာ ဒီကက်တော မြို့ကလေးကို အလျင်အမြန် တိုက်သိမ်းပစ်လိုက်သည်။ မီးရထားလမ်းကို ဖြတ်တောက်ထားလိုက်သည်။ ဤလမ်းမှာ အတ္တလန်တာနှင့် ဩဂတ်စတာကို ဆက်ထားသည်။ ဗိုလ်ချုပ် ရှားမင်းသည် တောင်ပိုင်းပြည်နယ်များကို မလှုပ်နိုင်အောင် ထိုးနှက်ပြီ။ အသေအလဲ တိုက်ရတော့မည်။ မီးကုန် ယမ်းကုန် တိုက်ရတော့မည်။ အတ္တလန်တာကလည်း တိုက်ဖို့ တောင်းနေပြီ။

ပူအိုက်သည့် ဇူလိုင်လ တစ်နေ့တွင် အတ္တလန်တာ ဆုတောင်းပြည့်သည်။ ဗိုလ်ချုပ် ဟုဒ်သည် အတတ်နိုင်ဆုံး

ခုခံသည်။ တန်ပြန် ထိုးစစ်လည်း ဆင်သည်။ မက်မုံပင် ချောင်းတွင် ယန်ကီတို့ကို ကြောက်မက်ဖွယ် ထိုးနှက် တိုက်ခိုက်သည်။ ကတုတ်ကျင်းထဲမှ ခုခံနေသည့် တပ်များကို ကျင်းပေါ်သို့ တင်သည်။ မိမိထက် နှစ်ဆများသော ဗိုလ်ချုပ် ရှားမင်း၏

330

စစ်ကြောင်းများထဲသို့ မိမိ တပ်များကို ဒလကြမ်း ပစ်သွင်းသည်။

ဗိုလ်ချုပ် ဟုဒ် တိုက်စစ်သည် ရန်သူတို့ကို မောင်းထုတ်နိုင်ပါစေဟု ဆုတောင်းကြသည်။ ငါးမိုင်အကွာ မက်မုံပင်ချောင်းမှ

တအုန်းအုန်း မြည်သော အမြောက်သံများ၊ တဖြောက်ဖြောက်မြည်သော ရိုင်ဖယ်သံများသည် ကျယ်လောင်မြည်ဟည်း နေကြသည်။

တစ်ပြလောက်တွင်

တိုက်ပွဲဖြစ်နေသလောဟု

ထင်ရသည်။

စိန်ပြောင်းများ

ကွဲသံကို

ကြားရသည်။

မီးခိုးလုံးကြီးများကို မြင်နေရသည်။ သို့ရာတွင် မည်သူမျှ တိုက်ပွဲအခြေအနေကို အတိအကျ မပြောနိုင်ကြ။

ညနေစောင်းတွင် ရှေ့တန်း စစ်မြေပြင်မှ သတင်းများရောက်လာသည်။ သို့ရာတွင် တိကျခြင်း မရှိ။ တိုက်ပွဲ

ခပ်စောစောပိုင်းက ဒဏ်ရာရ လူနာများဆီမှ တစ်ဆင့် သိရခြင်း ဖြစ်၍ တစ်ခုနှင့် တစ်ခု ဆန့်ကျင်နေသည်။ ဒဏ်ရာရ လူနာများသည် တစ်ယောက်ချင်းသော်လည်းကောင်း၊ အစုလိုက်သော် လည်းကောင်း ဒရွတ်ဆွဲ၍ မြို့ထဲသို့ ဝင်လာကြသည်။ လမ်း မလျှောက်နိုင်သူများကို တွဲခေါ်လာကြသည်။ ခဏကြာလျှင် ဒဏ်ရာရသူများသည် ရေစီးကြောင်းကြီး စီးဝင်လာသကဲ့သို့ မြို့ထဲသို့ အဆက်မပြတ် စီးဝင်လာကာ ဆေးရုံများတွင် ပြည့်ကျပ်သွားသည်။ သွေးတွေ ဖုတ်တွေ ယမ်းမှုန့်တွေ ပေနေသဖြင့် သူတို့မျက်နှာများသည် ကပ္ပလီများ၏ မျက်နှာများကဲ့သို့ မည်းနက်နေသည်။ ဒဏ်ရာတွေက ဟောင်းလောင်း။ သွေးတွေက စေးကပ်လျက်။ ယင်တွေက တလောင်းလောင်း။

ဒေါ်လေး ပစ်တီ၏ အိမ်က မြို့မြောက်ဘက်စွန်တွင် ရှိသည်။ စစ်မြေပြင်မှ ပြန်ဆုတ်လာကြသည့် တပ်သားများ

ပထမဆုံး ဦးတိုက်မိသည့် အိမ်များအနက် ဒေါ်လေး ပစ်တီ၏ အိမ်လည်း အပါအဝင်ဖြစ်သည်။ ဒဏ်ရာရ တပ်သားများသည် ဝင်းတံခါးဝသို့ ဒယီးဒယိုင် ရောက်လာကြကာ မြက်ခင်းပေါ်တွင် ထိုင်ချကြသည်။

‘ရေပေးပါ ရေ’



ထိုနေ့ တစ်နေ့လုံး ဒေါ်လေး ပစ်တီ၏ အိမ်သားများ အားလုံးသည် စစ်သားများအား ရေတိုက်ခြင်း၊ ပတ်တီး

စည်းပေးခြင်း၊ ဒဏ်ရာများကို ဆေးကြောပေးခြင်းဖြင့် နေပူကျဲကျဲတွင် အလုပ်များနေကြသည်။ ရှိသမျှ ပတ်တီးလည်း ကုန်ပြီ။ အိပ်ရာခင်းများ၊ ခန်းဆီးများ၊ မျက်နှာသုတ်ပဝါများလည်း ကုန်ပြီ။ သွေးမြင်လျှင် လန့်တတ်သော ဒေါ်လေး ပစ်တီသည် လန့်ရမည်ကိုပင်

သတိမရတော့။

သူ့ဖိနပ်

ကျပ်ကျပ်ကလေးတွင်

ခြေထောက်တွေ

ရောင်လာကာ

မတ်တတ်ရပ်၍

မဖြစ်တော့သည်အထိ ဒဏ်ရာရ စစ်သားများကို ဝိုင်းဝန်းပြုစုသည်။ ယခုအချိန်တွင် ကိုယ်လေးလက်ဝန်ကြီးဖြင့် မပေါ့မပါး ဖြစ်နေသည့် မီလာနီသည်လည်း ခါတိုင်းလို မရှက်နိုင်တော့။ စကားလက်၊ ပရဇ္ဇီ၊ ထမင်းချက် မိန်းမကြီး စသည်တို့နှင့်အတူ အားတက်သရော အလုပ်လုပ်သည်။ သူ့မျက်နှာက ဒဏ်ရာရ စစ်သားလူနာများ၏ မျက်နှာလို တင်းမာနေသည်။ နောက်ဆုံးတွင် မီလာနီ တစ်ယောက် မူးမေ့လဲကျသွားသဖြင့် သူ့ကို မီးဖိုဆောင် စားပွဲပေါ်တွင် တင်ထားရသည်။ တစ်အိမ်လုံးရှိ အိပ်ရာ၊ ကုလားထိုင်၊ ဆိုဖာ စသည်တို့တွင် စစ်သား လူနာတွေ ပြည့်နေသည်။

ရုတ်ရုတ်သဲသဲတွင်

အားလုံးက

မေ့နေကြသဖြင့်

ဝိတ်ကလေးသည်

အိမ်ရှေ့ဆင်ဝင်အောက်က

ဝရန်တာ

လက်ရန်းနားတွင် ငုတ်တုတ်ကလေး ထိုင်နေသည်။ လှောင်အိမ်ထဲ ရောက်နေသဖြင့် ထိတ်လန့်နေသည့် ယုန်ကလေး တစ်ကောင်ပမာ

အိမ်ရှေ့

မြက်ခင်းပြင်ကို

လှမ်းကြည့်နေသည်။

မျက်လုံးကလေးများက

ကြောက်လန့်တကြား

ပြူးကျယ်နေသည်။ လက်မကလေးကို ပါးစပ်ထဲတွင် ထည့်စုပ်ရင်း ကြို့ထိုးနေသည်။ ‘သွားစမ်း၊ နောက်ဖေး သွားကစားချည်’

331

ဟု စကားလက်က အော်ထုတ်လိုက်သော်လည်း ဝိတ်ကလေး မသွားနိုင်။ သူ့ရှေ့တွင် မြင်ရသည့် မြင်ကွင်းတွေကို ထိတ်လန့်တကြား ကြည့်နေသည်။

အိမ်ရှေ့မြက်ခင်းတစ်ခလုံး ပိုးလိုးပက်လက် ဖြစ်နေသည့် စစ်သား လူနာများဖြင့် ပြည့်နေသည်။ ရှေ့ဆက်သွားဖိက့ု လည်း

ပင်ပန်းလှပြီ။ လှုပ်ရှားဖို့ကလည်း ဒဏ်ရာတွေကြောင့် အားနည်းနေကြပြီ။ ဦးလေး ပီတာက လူနာများကို ရထားဖြင့် တစ်သုတ်ပြီး တစ်သုတ် ပို့သည်။ သို့ရာတွင် မြင်းအိုကြီးလည်း အမြှုပ် တစီစီ ထွက်၍ မဆွဲနိုင်တော့။ ဆရာဝန်ကတော် ဒေါ်ဒေါ်မိနှင့် မစ္စက် မယ်ရီဝယ်သာတို့က လူနာတင်ရန် သူတို့ရထားများကို လွှတ်လိုက်ကြသည်။ သူတို့ရထားများတွင်လည်း လူနာတွေ အပြည့်တင်ကာ အခေါက်ခေါက်အခါခါ ဆွဲကြသည်။

ညနေပိုင်း

မှောင်ရီရီတွင်မူ

စစ်မြေပြင်မှ

လူနာတင်

ရထားများနှင့်

ရိက္ခာလှည်းများ

ရောက်လာကြသည်။

လှည်းများကို ရွှံ့တွေ ပေရေနေသည့် ရွက်ဖျင်များဖြင့် ဖုံးထားသည်။ ထို့နောက် ဆေးတပ်ဖွဲ့က အသုံးပြုသည့် လယ်ယာသုံး လှည်းကြမ်းကြီးများ၊ နွားလှည်းများ၊ သိမ်းယူထားသည့် မြင်းရထားများ ရောက်လာကြသည်။ ဒေါ်လေး ပစ်တီ အိမ်ရှေ့ချိုင့်တွေ ကျင်းတွေ ပြည့်နေသည့် လမ်းတစ်လျှောက် တဂျုံးဂျုံးဖြင့် မောင်းလာကြသည်။ လှည်းပေါ်တွင် သေလုဆဲ လူနာတွေ၊ ဒဏ်ရာရ လူနာတွေ တင်လာသည်။ သွေးများက မြေနီနီပေါ်သို့ တစက်စက် ကျနေသည်။ ရေပုံးများ ရေဖတ်များ ကိုင်ထားသည့် အမျိုးသမီးများကို မြင်သည့်အခါတွင် ယာဉ်များသည် ရပ်တန့်သွားကြသည်။ လူနာများ၏ ပါးစပ်မှ သံပြိုင်တေးဆိုသည့်နှယ် အသံတစ်သံ ပြိုင်တူ ထွက်လာသည်။ သို့ရာတွင် အသံက သဲ့သဲ့မျှသာ။

‘ရေပေးပါ၊ ရေ ရေ’



စကားလက်က မခိုင်တော့သည့် ခေါင်းများကို ကိုင်ကာ ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို ရေခွက်ထိုးပေးသည်။ ဖုန်

အလိမ်းလိမ်း ကပ်နေသည့် ကိုယ်ပေါ်သို့ ရေလောင်းပေးသည်။ ဒဏ်ရာ သက်သာလို သက်သာငြား ဒဏ်ရာများထဲသို့ ရေစက် ချပေးသည်။ စကားလက်က ခြေဖျား ထောက်ကာ ရေဖတ် တိုက်ရန် ရေဆွတ်ထားသည့် အဝတ်များကို ယာဉ်မောင်းသူများအား လှမ်းပေးသည်။ ရေဖတ် လှမ်းပေးရင်း ‘ဘာထူးသလဲ ရဲဘော် ဟင်၊ အခြေအနေ ဘယ်လိုလဲ’ ဟု တဖွဖွ မေးမိသည်။

‘အတိအကျ မပြောနိုင်သေးဘူး’ ဟူသည့် အဖြေကိုသာ ထပ်တလဲလဲ ကြားရ၏။



ညရောက်တော့ ပူလောင်အိုက်စပ်နေသည်။ လေ တစ်ချက်မျှ မတိုက်။ ကပ္ပလီများ ကိုင်လာသည့် ထင်းရှူးသား

မီးတုတ် မီးစည်းများကြောင့် လေသည် ပို၍ ပူလောင်နေသည်။ စကားလက် နှာခေါင်းတွင် ဖုန်မှုန့်တွေ ဝင်နေသည်။ နှုတ်ခမ်းတွေ ခြောက်သွေ့နေသည်။ မနက်ခင်းကမှ မီးပူတိုက်၍ ဝတ်ခဲ့သည့် သရက်ထည် ပန်းပြောက် အင်္ကျီတွင် ချွေးတွေ၊ သွေးစက်တွေဖြင့် ညစ်ပတ်နေသည်။ စစ်တိုက်ခြင်း ဟူသည် ဂုဏ်ပြောင်သည့် အလုပ် မဟုတ်။ ညစ်ပတ် စုတ်ချာသည့် အလုပ်ဟု အက်ရှလေ ပြောခဲ့သည်ကို စကားလက် အမှတ်ရနေသည်။

ပင်ပန်းလျက် ရှိခြင်းကြောင့် မြင်ကွင်းတစ်ခုလုံးကို ကြည့်ရသည်မှာ ခြောက်အိပ်မက်သဖွယ် ဖြစ်နေသည်။ တကယ်

အစစ်အမှန် မဟုတ်နိုင်။ တကယ် အစစ်အမှန် ဖြစ်သည်ဆိုလျှင် ကမ္ဘာကြီးတစ်ခုလုံး ရူးသွပ်သွားပြီ။ ကမ္ဘာကြီး ရူးသွပ်ခြင်း မရှိဟုဆိုလျှင် မိမိသည် ဒေါ်လေး ပစ်တီ၏ အိမ်ဝတွင် ရပ်ကာ ယိမ်းထိုးနေသည့် မီးရောင်တွေကြားထဲ၌ သေလုမျောပါး လူနာများကို ပြုစု ယုယနေသည့်အဖြစ်သို့ မည်သည့်အတွက် ရောက်နေရသနည်း။ သူတို့အထဲတွင် သူ့ယောက်ျားလေး

332

မိတ်ဆွေတွေ

အများကြီး

ပါသည်။

သူ့ကိုမြင်သည့်အခါတွင်

ကြိုးစား၍

ပြုံးပြကြသည်။

မည်းမှောင်

ဖုတ်ထူသည့်

လမ်းမတစ်လျှောက်တွင် လူတွေ စုပြုံ ဆုတ်လာနေကြသည်။ သူ့ မျက်စိရှေ့တွင် အတုံးအရုံး လဲသေသွားကြသည်။ သူနှင့်အတူ တွဲကခဲ့ဖူးသူတွေ၊ ရယ်လား မောလား စကားပြောခဲ့ဖူးသူတွေ၊ သူ သီချင်း ဆိုပြခဲ့ဖူးသူတွေ၊ သူ စန္ဒရား တီးပြခဲ့ဖူးသူတွေ၊ နောက်ပြောင်ခဲ့ဖူးသူတွေ၊ နည်းနည်းပါးပါး ချစ်သလိုလို ဖြစ်ခဲ့ဖူးသူတွေ။

နွားလှည်း တစ်စီး၏ အောက်ဆုံးတွင် ခေါင်း၌ ကျည်ဆန် ထိလာသည့် ဗိုလ်ကြီး ကာရေကို တွေ့လိုက်ရသည်။

သတိပင် ကောင်းကောင်းမရတော့။ စကားလက် သူ့ကို ဆွဲထုတ်ဖို့ ကြိုးစားသေးသည်။ သို့ရာတွင် ဆွဲထုတ်၍ မရ။ သူ့အပေါ်က လူနာ ခြောက်ယောက်ရှိသေးသည်။ ထို့ကြောင့် ကမ္မသကာဟု သဘောထားကာ ဆေးရုံသို့ မောင်းသွားသည်ကို ကြည့်နေလိုက်ရသည်။ ဗိုလ်ကြီး ကာရေ တစ်ယောက် ဆေးရုံသို့ရောက်ပြီး မကြာခင် သေသွားသည်။ ဆရာဝန်ပင် လာ မကြည့်ရသေး။ သူ့အလောင်းကို တစ်နေရာတွင် မြှုပ်လိုက်ပြီဟု ကြားရသည်။ မည်သည့်နေရာဟု မည်သူမျှ တပ်အပ် မပြောနိုင်။ ထိုလ အတွင်း အုတ်ကလင်းသုသာန်တွင် စစ်သားများစွာကို ကျင်း ခပ်တိမ်တိမ်တူးကာ ပြီးစလွယ် မြှုပ်ခဲ့ရသည်။ ဘယ်လာဗားမားက သူ့အမေထံ ပို့ရန် ဗိုလ်ကြီး ကာရေ၏ ဆံပင်ကို ဖြတ် မယူလိုက်မိသည့်အတွက် မီလာနီ တဖွဖွ ဖြစ်နေသည်။

တဖြည်းဖြည်း ညဥ့်နက်လာပြီ။ စကားလက်တို့ တစ်သိုက် ခါးတွေ တောင့်ကာ ဒူးတွေ ညောင်းကုန်ပြီ။ စကားလက်နှင့်

ဒေါ်လေး

ပစ်တီသည်

ရောက်လာသူတိုင်းထံ

သတင်းစုံစမ်းသည်။

အချိန်ကြာလာသည်နှင့်အမျှ

နားမချမ်းသာစရာ

သတင်းတွေကိုချည်း ကြားရသည်။

‘ဆုတ်လာရပြီ’ ‘ဆုတ်ရဦးမှာပဲ’ ‘ရန်သူအင်အားက သိပ်များတယ်’ ‘ရန်သူက ဗိုလ်ချုပ် ရှီးလားရဲ့မြင်းတပ်ကို

ဝိုင်းထားတယ်’ ‘နောက်ထပ် ဆုတ်လာမယ့် တပ်တွေ အများကြီးပဲ’

စကားလက်နှင့် ဒေါ်လေး ပစ်တီသည် လဲကျမသွားရန် တစ်ယောက်လက်မောင်းကို တစ်ယောက် ဖမ်းဆုပ်

ထားလိုက်ကြသည်။

‘ယန်ကီတွေများ ရောက်လာဦးမှာလား’



‘လာတော့ လာမှာပဲ၊ ဒါပေမယ့် ဒီထိအောင်တော့ ရောက်မယ် မထင်ပါဘူး၊ သိပ်လည်း ချောက်ချားမနေကြနှင့်ဦး၊

အတ္တလန်တာကိုတော့ သိမ်းနိုင်မှာ မဟုတ်ပါဘူး’ ‘အို၊ အတ္တလန်တာ ပတ်လည်မှာ ကတုတ်ကျင်းတွေ ဒီလောက် တူးထားတာ၊ ဘယ့်နှယ်လုပ် သိမ်းနိုင်မှာလဲ’ ‘အတ္တလန်တာကို ငါ မထိန်းနိုင်တော့ဘူးလို့ ဗိုလ်ချုပ် ဂျွန်စတန်က ပြောသတဲ့’ ‘ဟေ့ ရဲဘော်၊ အမျိုးသမီးတွေ အထိတတ် လန်ြ့ ဖစ်ကန်ုအောင် ဘာတွေ လျှောက်ပြောနေတာလဲ’ ‘ယန်ကီတွေ အတ္တလန်တာကို မသိမ်းနုငိ ပ်ါဘူး၊ စိတ်ချပါ’ ‘ဟင်၊ အမျိုးသမီးတွေ ဒီမှာ ဘာလို့ နေနေကြတာလဲ၊ မာကွန်တို့ ဘာတို့ဘက်ကို ပြောင်းကြပါတော့လား၊ မာကွန်မှာ ဆွေမျိုးသားချင်း မရှိဘူးလား’ ‘အတ္တလန်တာကိုတော့ သိမ်းမှာမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီအချိန်မှာ အမျိုးသမီးတွေ နေဖို့တော့ မကောင်းဘူးဗျ’ ‘မြို့ကို အမြောက်နှင့် လှမ်းထုနိုင်တယ်’

နောက်တစ်နေ့တွင် မိုး တဖွဲဖွဲ ရွာနေသည်။ ဆုတ်ခွာနေသည့် စစ်တပ်ကြီးသည် အတ္တလန်တာ မြို့ထဲသို့ ထောင်ချီ၍

ဝင်လာသည်။ ဆာလောင်ခြင်း၊ ပင်ပန်းခြင်းတို့ကြောင့် အင်အား ကုန်ခန်းလျက်။ ခုနှစ်ဆယ့်ခြောက်ရက်ကြာ တိုက်ပွဲများ၊

333

ဆုတ်ခွာမှုများကြောင့် ချို့တဲ့အားနည်းလျက်။ မြင်းများက အစာရေစာပြတ်သဖြင့် စာခြောက်ရုပ်များသဖွယ် ဖြစ်နေကြသည်။ အမြောက်များ၊ ကျည်ဆန် သေတ္တာများကို ရရာ ကြိုးများဖြင့် ချည်နှောင်ကာ မြင်းရေ နွားရေတို့ ဖုံးထားကြသည်။ သို့တိုင်အောင် ဖရိုဖရဲ အအုပ်အစည်းပျက်၍ ဆုတ်ခွာလာကြခြင်း မဟုတ်။ စနစ်တကျ တန်းစီ ချီတက်လာကြခြင်းဖြစ်သည်။ သူတို့ အဝတ်အစားများက စုတ်ပြတ်နေသည့်တိုင် မာန်မလျှော့ကြသေး။ စုတ်ပြတ်နေသည့် အလံနီနီသည် မိုးရေထဲတွင် တလူလူ လွင့်နေသည်။ သူတို့သည် ဗိုလ်ချုပ် ဂျွန်စတန်၏ ကွပ်ကဲမှု အောက်တွင် စနစ်တကျ ဆုတ်ခွာလာခဲ့ကြသည်။

ဗိုလ်ချုပ် ဂျွန်စတန်က ချီတက်ရာတွင်သာမက ဆုတ်ခွာရာတွင်လည်း သေနင်္ဂဗျူဟာ မြောက်အောင် စနစ်တကျ

ဆုတ်ခွာတတ်သည်။ မုတ်ဆိတ်ထူထူဖြင့် စုတ်ပြတ်လျက် ရှိသည့် အဝတ်အစားများကို ဝတ်ထားသည့် စစ်သားတန်းကြီးသည် ‘ငါတို့ပြည်နယ်ကို အသက်ပေး ကာကွယ်မည်’ ဆိုသည့် သီချင်းကို ဆို၍ ချီတက်လာကြသည်။ တစ်မြို့လုံး ထွက်၍ ဩဘာပေးကြသည်။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ဤတပ်သားများသည် သူတို့ တူသား နောင်မယ်များ မဟုတ်လော။

မကြာသေးမီက စစ်ဝတ်စုံ ကော်အတောင့်သားဖြင့် ထွက်သွားကြသည့် မြို့ပြကာကွယ်ရေး တပ်များမှာလည်း

မှတ်မိနိုင်စရာ မရှိတော့။ စစ်မြေပြင်တွင် နှစ်ရှည်လများ နေခဲ့ရသည့် တပ်များသဖွယ် ညစ်ပတ်စုတ်ပြတ်နေကြပြီ။ သူတို့ မျက်လုံးများတွင် အကြည့်တစ်မျိုး ပေါ်နေသည်။ ယခင်က စစ်မြေပြင်ရောက် စစ်သား မဟုတ်သဖြင့် သူတို့တစ်တွေ မျက်နှာငယ်ခဲ့ရသည်။ ယခု ဤသို့ မဟုတ်တော့။ သူတို့၏ လုံခြုံသော ဘဝကို စစ်မြေပြင် အခက်အခဲများနှင့် လဲခဲ့ကြပြီ။ သက်သောင့်သက်သာ ဘဝကို ကြမ်းတမ်းသော သေခြင်းတရားနှင့် လဲခဲ့ကြပြီ။ ယခု သူတို့ တိုက်ပွဲဝင် တပ်သားဟောင်းကြီးတွေ ဖြစ်သွားကြပြီ။ တပ်သားဟောင်း ဆိုသည်မှာ ရင့်သည် နုသည် မဟူ အတူတူ မဟုတ်လော။ တပ်သားများသည် လူအုပ်ထဲတွင် သူတို့ အသိများကို လှမ်းရှာကာ ဂုဏ်ယူသည့် အကြည့်ဖြင့် ကြည့်ကြသည်။ ယခု သူတို့ ခေါင်းမော်နိုင်ပြီ။

မြို့စောင့်တပ်ဖွဲ့ဝင် အဘိုးကြီးများနှင့် လူငယ်များဖြတ်၍ ချီတက်သွားကြသည်။ အဘိုးကြီးများကမူ ခြေထောက်ကိုပင်

ကောင်းကောင်း မသယ်နိုင်ကြတော့။ လူငယ်ကလေးများ မျက်နှာကလည်း မောပန်း နွမ်းနယ်သည့် ကလေးမျက်နှာနှင့် တူနေသည်။ အရွယ် မရောက်ဘဲ လူကြီးတွေ ပြဿာနာမျိုးကို ရင်ဆိုင်နေရသည့် ကလေးငယ်များ၏ မျက်နှာမျိုးဖြစ်နေသည်။ ဖိလစ်၏ မျက်နှာကို လှမ်းမြင်လိုက်ရသည့်အခါတွင် စကားလက် သူ့ကို ကောင်းကောင်းမမှတ်မိတော့။ သူ့မျက်နှာက မီးခိုးတွေ၊ ယမ်းခိုးတွေ စွဲကာ မည်းနက်နေသည်။ ပင်ပန်းနွမ်းနယ်သဖြင့် မျက်နှာထား တင်းနေသည်။ ဦးလေး ဟင်နရီက ခြေ ထော့နဲ့ ထော့နဲ့ဖြင့် လိုက်လာသည်။ မိုးရေထဲတွင် ဦးထုပ်မပါ။ ခေါင်းကို မိုးကာစတစ်စဖြင့် ပတ်ထားသည်။ ဘကြီး မယ်ရီဝယ်သာက အမြောက်တင် ရထား တစ်စီးပေါ်တွင် တက်လိုက်လာသည်။ သူ့ ခြေထောက်များကို မွေ့ရာစုတ်များဖြင့် ပတ်ထား၏။ အက်ရှလေ၏ အဖေ ဦးကြီး ဝီလ်ကီကို စကားလက် ရှာကြည့်သည်။ ရှာ၍ မတွေ့။

ဗိုလ်ချုပ် ဂျွန်စတန်၏ တပ်သားများကမူ သုံးနှစ်သုံးမိုး အတွေ့အကြုံ ရပြီးဖြစ်၍ ဣနြေ္ဒမပျက်၊ ခြေလှမ်း မှန်မှန်

ပေါ့ပေါ့ပါးပါးဖြင့် ချီတက်လာကြသည်။ မိန်းကလေး လှလှမြင်လျှင် ပြုံး၍ပင် ပြသွားလိုက်ကြသေးသည်။ မြို့ပတ်ပတ်လည် တူးထားသည့် ကတုတ်ကျင်းများထဲသို့ ဝင်ရတော့မည်။ ကတုတ်ကျင်းများက ရင်ဆို့လောက် နက်သည်။ နှုတ်ခမ်းတွင် သဲအိတ်များတင်ထားကာ သစ်သားငြောင့်များ ကာထားသည်။ ကတုတ်ကျင်းများက မြို့နှင့် အတန်ကွာသည်အထိ အထပ်ထပ် တူးထားသည်။ မြေပုံနီနီတို့ ဝန်းရံထားသည့် မြေကျင်းနီနီကြီးတွေ။

အောင်ပွဲခံ၍ ပြန်လာသည့် တပ်ကို ကြိုသလို လူထုက တပ်သားများကို ကြိုကြသည်။ လူတိုင်း စိုးရိမ်ထိတ်လန့်

334

နေကြသော်လည်း ယခု အမှန်ကို သိပြီ။ အဆိုးဆုံးအခြေအနေသို့ ရောက်လာပြီ။ ပြည်တွင်းစစ်သည် သူတို့ အိမ်ရှေ့ ကွက်လပ်သို့ ရောက်လာပြီ။ မြို့ထဲတွင် ကြောက်လန့်တကြား ဖြစ်ခြင်း မရှိတော့။ ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း မရှိတော့။ စိတ်ထဲတွင် ရှိသမျှကို မျက်နှာတွင် ဖော်ပြခြင်း မပြုတော့။ တပ်သားများ၏ ရှေ့တွင် ရဲရင့်ယုံကြည်သည့် မျက်နှာမျိုးကို ဆောင်ထားကြသည်။ လူတိုင်းက ဗိုလ်ချုပ် ဂျွန်စတန် ပြောသလို ‘အတ္တလန်တာကို မကျအောင် ထိန်းနိုင်တယ်’ ဆိုသည့် အမူအရာမျိုး ဆောင်ထားကြသည်။

ယခု ဗိုလ်ချုပ် ဟုဒ်၏ တပ် ဆုတ်လာခဲ့ရပြီ။ တပ်သားများက ဗိုလ်ချုပ် ဂျွန်စတန် ပြန်လာစေချင်ကြသည်။

သို့ရာတွင် ထုတ်မပြောကြ။ ‘အတ္တလန်တာကို မကျအောင် ထိန်းမယ်’ ဆိုသည့် ဗိုလ်ချုပ် ဂျွန်စတန်၏ ဩဝါဒကိုသာ နှလုံး ပိုက်ထားကြသည်။

ဗိုလ်ချုပ် ဂျွန်စတန်၏ နည်းပရိယာယ်က ရေရှည်ဆွဲတိုက်သည့် ပရိယာယ်ဖြစ်သည်။ ဗိုလ်ချုပ် ဟုဒ်က ဤသို့မဟုတ်။

ဗိုလ်ချုပ် ဟုဒ်သည် အရှေ့ဘက်တွင် ယန်ကီများကို တရကြမ်း ဝင်တိုက်သည်။ အနောက်ဘက်တွင်လည်း အပြင်းအထန် ထိုးစစ် ဆင်သည်။ ယန်ကီ ဗိုလ်ချုပ် ရှားမင်းက ရန်သူကို ဖျစ်ညှစ် ဖမ်းရန် ကပ်လာသော နပမ်းသမားကဲ့သို့ ဝိုင်းပတ် ဖျစ်ညှစ်လာသည်။ ဗိုလ်ချုပ် ဟုဒ်က ရန်သူ တိုက်အောင် မစောင့်။ ရှေ့သို့ အတင်းတက်ကာ ရန်သူကို အတင်းဝင်တိုက်သည်။ ရက် အနည်းငယ်အတွင်းတွင် အတ္တလန်တာနှင့် အက်ဇရာဇရပ် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ ထိုတိုက်ပွဲ နှစ်ပွဲစလုံး ပြင်းထန်သည့် တိုက်ပွဲကြီးများ ဖြစ်ကြသည်။ ထိုတိုက်ပွဲနှင့် စာလျှင် မက်မုံပင်ချောင်း တိုက်ပွဲသည် အသေးအဖွဲ ကလေးသာ ဖြစ်နေသည်။

သို့ရာတွင် ယန်ကီများက နောက်ထပ် တိုက်စစ်တစ်ခု ဆင်လာပြန်သည်။ ယန်ကီ အများအပြား ကျဆုံးသည့်တိုင်

သူတို့က အကျအဆုံး ခံနိုင်သည်။ အတ္တလန်တာမြို့ကို အမြောက်များဖြင့် လှမ်းပစ်သည်။ အမိုးတွေ စုတ်ပြတ်ကုန်သည်။ လမ်းတွင် ချိုင့်တွေ ကျင်းတွေ ဖြစ်ကုန်သည်။ အမြောက်ဆန် မှန်၍ အများအပြားသေဆုံးကြသည်။ မြို့သူ မြို့သားများသည် မြေတိုက်များထဲသို့ ဆင်း၍ ပုန်းကြသည်။ မြေကျင်းများထဲသို့ ဝင်ကြသည်။ မီးရထားလမ်း တံတားအောက်တွင် ခိုကြသည်။ အတ္တလန်တာ မြို့သည် ရန်သူ အဝိုင်းခံနေရပြီ။

ဗိုလ်ချုပ် ဟုဒ် ကွပ်ကဲမှု တာဝန်ကို ယူပြီး ဆယ့်တစ်ရက်အတွင်း၌ အကျအဆုံးသည် ဗိုလ်ချုပ် ဂျွန်စတန်

ကွပ်ကဲမှုအောက် ခုနှစ်ဆယ့်လေးရက်အတွင်း ကျဆုံးခဲ့သည့် အရေအတွက်နှင့် ညီမျှနေသည်။ ရန်သူက အတ္တလန်တာကို သုံးဖက်မှ ဝိုင်းထားပြီ။

ဗိုလ်ချုပ် ရှားမင်းသည် အတ္တလန်တာမှ တင်နဆီကို သွားသည့် မီးရထားလမ်း တစ်လျှောက်ကို သိမ်းထားပြီးပြီ။

သူ့တပ်များက မီးရထားလမ်း အရှေ့ဘက်ကို ဖြတ်လာသဖြင့် အနောက်တောင်ဘက် အယ်လာဗားမား ပြည်နယ်သို့သွားသည့် မီးရထားလမ်း တစ်လမ်းသာ ပွင့်နေသည်။ မြို့တစ်မြို့လုံး စစ်သားတွေ ပြည့်နေသည်။ ဒဏ်ရာရသူတွေ ပြည့်နေသည်။ စစ်ပြေးဒုက္ခသည်တွေ ကျပ်နေသည်။ ဤ မီးရထားလမ်း တစ်လမ်းသာလျှင် အတ္တလန်တာအဖို့ ထွက်ပေါက် ရှိတော့သည်။ ဤလမ်းပွင့်နေသမျှ အတ္တလန်တာ ခံနိုင်သေးသည်။

ဤ မီးရထားလမ်း အရေးကြီးပုံကို သိလာသည့်အခါတွင် စကားလက် လန့်သွားသည်။ ဗိုလ်ချုပ်ရှားမင်းသည် ဤမျှ

335

အရေးကြီးသော မြို့ကို အတင်းတိုက်သိမ်းမည်မှာ သေချာသည်။ ဗိုလ်ချုပ် ဟုဒ်ကလည်း ကျားကုတ်ကျားခဲ ခုခံမည်သာ ဖြစ်သည်။ ဤရထားလမ်းသည် ဂျုန်းဘာရိုကို ဖြတ်သွားသည်။ ဂျုန်းဘာရို ဆိုသည်မှာ မြိုင်သာယာနှင့် မဝေးတော့။ ငါးမိုင်မျှသာ ဝေးတော့သည်။ အတ္တလန်တာနှင့်စာလျှင် မြိုင်သာယာသည် တကယ့်အေးချမ်းသည့် ရိပ်မြုံကလေး။ သို့ရာတွင် မြိုင်သာယာသည်ပင် ဂျုန်းဘာရိုနှင့် ငါးမိုင်မျှသာ ဝေးတော့သည်။

အတ္တလန်တာ

တိုက်ပွဲ

စဖြစ်သည့်နေ့က

စကားလက်နှင့်

အခြား

အမျိုးသမီးများသည်

စတိုးဆိုင်များက

ပြင်ညီ အမိုးပေါ်သို့ တက်ကာ တိုက်ပွဲကို လှမ်းကြည့်ကြသည်။ သို့ရာတွင် အတ္တလန်တာ မြို့ထဲသို့ အမြောက်ဆန်များ ကျလာသည့်အခါတွင်မူ သူတို့အားလုံး ဆင်းပြေးကြကာ မြေတိုက်တွင် ပုန်းနေကြရသည်။ ထိုနေ့ညနေမှစ၍ အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ မြို့မှ စတင် ထွက်ပြေးကြသည်။ အများစုက မာကွန်သို့ ပြေးသည်။ ထိုညက မီးရထားဖြင့် လိုက်သွားသူများ ဆိုလျှင် အတ္တလန်တာက ထွက်ပြေးသည်မှာ လေးငါးကြိမ် ရှိနေပြီ။ ယခုမူ ယခင်ကလို ဝန်စည်စလယ်တွေ မယူကြတော့။ ကော်ဇောစဖြင့် ချုပ်ထာသည့် ကော်ဇောအိတ်ကလေး တစ်အိတ်နှင့် ခေါင်းစည်း ပဝါဖြင့် ထုပ်ထားသည့် စားစရာ သောက်စရာကလေးတချို့သာ ပါလာသည်။ အချို့အစေခံများကမူ ငွေကရားများ၊ ဇွန်းများ၊ ခက်ရင်းများနှင့် မိသားစု ဓာတ်ပုံများကို ဖြုတ်ယူလာကြသည်။

မစ္စက် မယ်ရီဝယ်သာနှင့် မစ္စက် အယ်လဆင်းတို့ကမူ အတ္တလန်တာမှ မပြေးဟု ဆိုကြသည်။ ဆေးရုံတွင် သူတို့

လုပ်စရာတွေ အများကြီးရှိသည်။ ယန်ကီတို့ကို ဘာမျှ ကြောက်စရာမလို။ မည်သည့် ယန်ကီကမျှ သူတို့ကို အိမ်ထဲက မောင်းထုတ်နိုင်မည် မဟုတ်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောကြသည်။ သို့ရာတွင် ဖန်နီနှင့် မေဘယ်တို့ သားအမိကမူ မာကွန်သို့ ပြေးကြသည်။ ဆရာဝန်ကတော် ဒေါ်ဒေါ်မိသည် သူ့အိမ်ထောင်သက် တစ်လျှောက်တွင် လင်ယောက်ျား စကားကို ပထမဆုံး အကြိမ် ငြင်းဆန်ကာ အတ္တလန်တာမှ မထွက်ဟု ငြင်းသည်။ ဒေါက်တာမိ အနားတွင် သူ ရှိဖို့လိုသည်ဟု ဒေါ်ဒေါ်မိက အကြောင်းပြသည်။ ထို့ပြင် သားငယ် ဖိလစ်လည်း မြို့ပြင်ဘက် ကတုတ်ကျင်း တစ်ခုခုထဲတွင် ရှိနေသည် မဟုတ်လော။ သားနှင့်လည်း ဝေးဝေး မနေချင်။ တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင်။

သို့ရာတွင် မစ္စက် ဝှိုက်တင်းနှင့် စကားလက်၏ မိတ်ဆွေ အများအပြားကမူ အတ္တလန်တာမြို့မှ ထွက်ကြသည်။ ဗိုလ်ချုပ်

ဂျွန်စတန်၏ ဆုတ်ခွာရေး ပေါ်လစီကို ပထမဆုံး ပြစ်တင်ပြောဆိုသည့် ဒေါ်လေး ပစ်တီမှာ ပထမဆုံး အထုပ်အပိုးပြင်သူ ဖြစ်သည်။ အားနည်းသည့် သူ့ အာရုံကြောများသည် အမြောက်သံ၊ ဗုံးသံများ၏ ဒဏ်ကို မခံနိုင်ဟု ဒေါ်လေး ပစ်တီက အကြောင်းပြသည်။ အမြောက်ဆန် ကွဲလျှင် မြေတိုက်သို့ မရောက်ခင် မူးမေ့လဲကျသွားမည်ကို စိုးသည်။ ဒေါ်လေး ပစ်တီသည် သူ့ကိုယ်သူ မကြောက်ရန် အားတင်းသည်။ သို့ရာတွင် မရ။ မာကွန်သို့ သွားတော့မည်။ မာကွန်တွင် သူ့ဝမ်းကွဲ ညီမတော် မစ္စက်ဘား ဆိုသူ ရှိသည်။ စကားလက်တို့ တစ်တွေလည်း သူနှင့် လိုက်ရမည်။ 

စကားလက်က

မာကွန်သို့

မလိုက်ချင်။

ဗုံးသံ၊

အမြောက်သံများကို

ကြောက်သည့်တိုင်

အတ္တလန်တာတွင်

နေရစ်ခဲ့ချင်သည်။ မစ္စက်ဘားကို နည်းနည်းမျှ မျက်နှာကြော မတည့်။ တစ်ခါတုန်းက ဝက်သစ်ချမြိုင်မှ ဧည့်ခံပွဲ တစ်ခုတွင် သူ့သား ဝီလီနှင့် နမ်းနေသည်ကို မြင်သွားသည်၌ စကားလက်ကို ‘နန့်ကြောဆွဲသည်’ ဟု ပြောဖူးသည်။ ထို့ကြောင့် မာကွန်သို့ မလိုက်တော့။ မီလာနီ လိုက်လိမ့်မည်။ သူကမူ မြိုင်သာယာသို့ ပြန်မည်ဟု ဒေါ်လေး ပစ်တီကို ပြောလိုက်သည်။

သူ မလိုက်ဟု ဆိုသည်တွင် မီလာနီက ကျူကျူပါအောင် ငိုသည်။ ဒေါ်လေး ပစ်တီက ဒေါက်တာမိထံ ထိုကိစ္စတိုင်ပင်ရန်

336

ထွက်သွားသည့်အခါတွင် မီလာနီက စကားလက် လက်မောင်းကို ဖမ်းဆွဲကာ တောင်းပန်သည်။

‘မီလာနီကို တစ်ယောက်တည်း ထားပြီး မြိုင်သာယာကို မပြန်ပါနှင့်ကွယ်၊ စကားလက် မရှိရင် မီလာနီ ဘယ်လိုလုပ်

နေရစ်ခဲ့ရမလဲ ဟင်၊ မျက်နှာမြင်လို့ အနားမှာ စကားလက်မရှိရင် ကိုယ် သေလိမ့်မယ်၊ တကယ်ပဲ၊ ဒေါ်လေး ပစ်တီက သဘောတော့ ကောင်းပါရဲ့၊ ဒါပေမယ့် သူက အပျိုကြီး၊ ဘာမှ အားကိုးလို့ ရမှာ မဟုတ်ဘူး၊ သူ့ကြောင့် ပိုတောင် ဆိုးလိမ့်ဦးမယ်၊ ကိုယ့်ကို ပစ်မထားခဲ့ပါနှင့်နော် စကားလက်၊ စကားလက်ဟာ ကိုယ့်အဖို့ ညီအစ်မအရင်း တစ်ယောက်နှင့် အတူတူပါ၊ ပြီးတော့ ကိုယ့်ကို ကြည့်ရှုစောင့်ရှောက်ပါ့မယ်လို့ မောင့်ကိုလည်း ကတိပေးခဲ့တယ် မဟုတ်လား၊ မောင်က ကြည့်ရှု စောင့်ရှောက်ဖို့ စကားလက်ကို မှာခဲ့မယ်လို့ ပြောသွားတယ်’

စကားလက်သည် သူ့ကို တအံ့တဩ ကြည့်မိ၏။ မီလာနီကို နည်းနည်းကလေးမျှ သဘောမကျ။ မနှစ်သက်။

သို့တိုင်အောင် မီလာနီသည် သူ့ကို အဘယ့်ကြောင့် ဤမျှ ချစ်ရသနည်း။ ဘာ့ကြောင့် ဤမျှ သံယောဇဉ် တွယ်နေရသနည်း။ သူ့လင်ကို မိမိက ချစ်နေသည်ကို မရိပ်စားမိလောက်အောင်ပင် ထုံထိုင်းရသလော။ သူနှင့်အတူ နေခဲ့သည့် အတောအတွင်း မိမိသည် အက်ရှလေ သတင်းကို နားစွင့်၍ စိတ်ပူခဲ့ရသည်။ ဤသည်ကို မီလာနီ ဘာမျှ မသိ။ မီလာနီသည် လူတစ်ယောက်ကို သူ ချစ်ခင်မိပြီဆိုလျှင် ထိုလူတွင် အပြစ်ရှိသည်ဟု မမြင်တော့။ ဟုတ်သည်။ မီလာနီကို ကြည့်ရှုစောင့်ရှောက်မည်ဟု အက်ရှလေကို သူ ကတိပေးခဲ့သည်။ အက်ရှလေတစ်ယောက် ယခုလောက်ဆိုလျှင် မြေကြီးထဲသို့ ရောက်လောက်ပြီ။ ယခု အက်ရှလေကို ပေးခဲ့ဖူးသည့် ကတိသည် သူ့ကို ဖမ်းယူဖျစ်ညှစ် နေခဲ့ပြီ။

‘အင်း၊ ဟုတ်ပါတယ်’ စကားလက်က ပြောသည်။ ‘စကားလက် သူ့ကို ကတိပေးခဲ့ဖူးတယ်၊ စကားလက် ကတိကို

စကားလက် မဖျက်ပါဘူး၊ ဒါပေမယ့် မာကွန်ကို လိုက်ပြီး မစ္စက်ဘားဆိုတဲ့ ကြောင်အိုမကြီးနှင့်တော့ လိုက်မနေချင်ဘူး မီလာနီ၊ ကိုယ်နှင့် နည်းနည်းမှ တည့်မှာမဟုတ်ဘူး၊ ကိုယ် မြိုင်သာယာကို ပြန်မယ်၊ ဒီတော့ မြိုင်သာယာကို လိုက်ခဲ့ပါ၊ မေမေကလည်း မီလာနီကို ချစ်မှာပါ’

‘အို၊ သိပ်ကောင်းတာပေါ့၊ စကားလက် မေမေကလည်း သဘောကောင်းသားပဲ၊ ဒါပေမယ့် ကလေးမျက်နှာမြင်တုန်း

သူနှင့်အတူ မရှိရင် ဒေါ်လေး ပစ်တီသေလိမ့်မယ် ထင်တယ်၊ ပြီးတော့ မြိုင်သာယာက စစ်လမ်းနှင့် နီးတော့ သူကလည်း လိုက်ချင်မှာ မဟုတ်ဘူး၊ စိတ်ချရတဲ့ နေရာမျိုးမှာ နေချင်တာ’

ဒေါက်တာမိသည် ဒေါ်လေး ပစ်တီ ခေါ်သဖြင့် ရေးကြီးသုတ်ပျာ လိုက်လာ၏။ ဒေါ်လေး ပစ်တီ မောကြီးပန်းကြီး

လာခေါ်ပုံကို ထောက်လျှင် မီလာနီတစ်ယောက် အချိန်မကျဘဲ မွေးပြီဟု ထင်သည်။ သို့ရာတွင် ဤအိမ်ရောက်တော့ ဘာမျှမဟုတ်။

မီလာနီအား

မာကွန်သို့

လိုက်ရန်ပြောပေးဖို့

ဖြစ်ကြောင်းသိသည်တွင်

ဒေါက်တာမိ

အကြီးအကျယ်

ဒေါပွနေသည်။ သူ့ကို ဤကိစ္စကြောင့် ဆေးရုံသို့ အရေးတကြီး လာခေါ်သည့် အကြောင်းကို သိသည်တွင် ဒေါက်တာမိသည် တစ်ဖက်လူ စောဒက တက်စရာမရှိအောင် ပြဿနာကို အပြတ် ရှင်းပေးလိုက်သည်။

‘မီလာနီ မာကွန်ကို လိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ ဟိုမှာ တစ်ခုခု ဖြစ်ရင် ကျုပ်လည်း ဘာမှ တာဝန်မယူနိုင်ဘူး၊

ရထားတွေက လူတွေ ဒင်းကြမ်း၊ ထွက်ချင်တဲ့ အချိန်ကျမှ ထွက်တာ၊ အချိန်လည်း မှန်တာမဟုတ်ဘူး၊ လမ်းမှာ စစ်တပ်အတွက် အရေးတကြီး အသုံးလိုရင် လူတွေ ချပစ်ခဲ့ရသေးတယ်။ အဲဒါ ကျန်ခဲ့တဲ့ လူတွေ ရောက်ရာ တောအုံ ကနားမှာ အိပ်ရတာ၊

337

ဒီလိုအခါမျိုးမှာ မီလာနီကို ခေါ်သွားရင်’

‘စကားလက်နှင့်အတူ မြိုင်သာယာကို လိုက်သွားရင်ကော ဦးကြီး’



‘ဒီက ဘယ်မှ မသွားပါနှင့်၊ မြိုင်သာယာကိုလည်း မာကွန်သွားတဲ့ ရထားနှင့်ပဲ လိုက်ရမှာပဲ၊ လမ်းမှာဘာဖြစ်မယ်လို့

ဘယ်သူမှ မပြောနိုင်ဘူး၊ ပြီးတော့ ယန်ကီတွေ ဘယ်မှာ ရောက်နေတယ်ဆိုတာလည်း ဘယ်သူမှ တိတိကျကျ ပြောနိုင်တာ မဟုတ်ဘူး၊ လမ်းမှာ ယန်ကီတပ်နှင့် သွားတိုးနေရင် ဘယ့်နှယ် လုပ်မလဲ၊ ရထား တစ်စီးလုံးကိုတောင် သိမ်းထားလိုက်လိမ့်ဦးမယ်၊ ဂျုန်းဘာရို အထိ ချောချောမောမော ရောက်တယ်ပဲထားပါဦး၊ မြိုင်သာယာကို ငါးမိုင်လောက် သွားရဦးမယ်၊ လမ်းက လမ်းကြမ်းကြီး၊ ဒီလို ကိုယ်လေးလက်ဝန်ကြီးနှင့် သွားလို့ ဘယ်ဖြစ်မလဲ၊ ပြီးတော့ ဟိုမှာလည်း ဆရာဝန် တစ်ယောက်မှ မရှိဘူး၊ ဒေါက်တာ ဖွန်တိန်ကလည်း စစ်တပ်ထဲ ပါသွားပြီ’

‘ဝမ်းဆွဲသည်တွေတော့ ရှိပါတယ် ဦးကြီး’



‘ဦးကြီးက ဆရာဝန်ကို ပြောနေတာ၊ ဆရာဝန်မရှိဘူးလို့ ပြောနေတာ’ ဒေါက်တာမိက ခပ်ဆတ်ဆတ် ပြောလိုက်ပြီးနောက်

မီလာနီ၏ သေးသေးညှက်ညှက် ခန္ဓာကိုယ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ‘ဦးကြီးကတော့ ဆရာဝန်တစ်ယောက် အနေနှင့် သွားခွင့်မပြုနိုင်ဘူး၊ အန္တရာယ် ကြီးတယ်၊ ဘာလဲ၊ ငါ့တူမက ရထားပေါ်မှာ ကလေး မွေးချင်လို့လား၊ ဒါမှမဟုတ် ဘာဂီပေါ်မှာတင် ကလေး မွေးချင်လို့လား’

ဒေါက်တာမိက ဒဲ့ဒိုးကြီး ပြောချလိုက်သဖြင့် အမျိုးသမီးတစ်သိုက် မျက်နှာ နီရဲသွားကာ တိတ်သွားကြ၏။



‘ဒီမှာနေပါ၊ ဒါမှ ဦးကြီး ကြည့်နိုင်တော့မှာပေါ့၊ ဒီမှာ နေတာတောင် အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်နေပါ၊ အိမ်ပေါ်တက်လိုက်

မြေတိုက်ထဲ

ဆင်းလိုက်

သိပ်မလုပ်ပါနှင့်၊

အမြောက်ဆန်တွေ

အခန်းထဲ

ကျလာတောင်

ဘယ်မှ

မသွားပါနှင့်၊

ဒီလောက်တောင်လည်း အန္တရာယ် မရှိသေးပါဘူး၊ ယန်ကီတွေ ဆုတ်ရမှာပါ၊ ကဲ ပစ်တီ၊ မာကွန်ကို သွားချင်ရင် ခင်ဗျား ဘာသာ တစ်ယောက်တည်း သွား၊ သူတို့ကို ဒီမှာ ထားခဲ့’

‘မိန်းမ အဖော် မရှိဘဲနဲ့ ထားခဲ့ရမှာလား’



ဒေါ်လေး ပစ်တီက အထိတ်တလန့် မေးသည်။



‘သူတို့လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တဲ့ အမျိုးသမီးတွေပါလေ’ ဒေါက်တာမိက စိတ်မရှည်နိုင်ဟန်ဖြင့် ပြောသည်။

‘ကျုပ် မိန်းမလည်း နှစ်အိမ်ကျော်မှာ ရှိပါတယ်၊ မီလာနီ နေ့စေ့လစေ့ကြီး ဖြစ်နေချိန်မှာ ဘယ် ဧည့်သည်ကိုမှလည်း လက်ခံမှာ မဟုတ်ပါဘူး။ ကဲ ပစ်တီ၊ ဒါ စစ်ဖြစ်နေချိန်ပဲ၊ ဒီတော့ သိပ် ရှည်ရှည်ဝေးဝေး သွယ်သွယ် ဝိုက်ဝိုက်တွေ ပြောနေချိန် မရဘူး၊ ကျုပ် မီလာနီအတွက် ပြောနေတာ’

ဒေါက်တာမိက ချာခနဲ ဆင်ဝင်ဘက်သို့ လှည့်ထွက်သွားသည်။ စကားလက်က နောက်က လိုက်သွားသည်။



‘ငါ့ တူမကိုတော့ ဦးကြီး ရှင်းရှင်းပဲ ပြောရမှာပဲ’ ဒေါက်တာမိက ဖြူဖွေးသည့် မုတ်ဆိတ်များကို ပွတ်နေသည်။

338



‘ငါ့ တူမဟာ စဉ်းစားဉာဏ်ရှိတဲ့ မိန်းကလေးလို့ ဦးကြီး ယုံတယ်၊ ဒီတော့ နားနဲ့မနာ ဖဝါးနှင့်သာ နာပေတော့၊

မီလာနီ ပြောင်းဖို့ ရွှေ့ဖို့ ကိစ္စကို ဦးကြီးကို နောက်ထပ် မပြောစေချင်တော့ဘူး၊ ဒီလောက်ကြမ်းတမ်းတဲ့ ခရီးကြီးကို မီလာနီ မခံနိုင်ဘူးလို့ ဦးကြီးယူဆတယ်၊ ဒီလိုအချိန်မျိုး မပြောနှင့်၊ သာမန်အချိန်မျိုးမှာတောင် သူ့ကိစ္စက မလွယ်ဘူး၊ ငါ့ တူမလည်း သိမှာပဲ၊ သူ့ တင်ပါးဆုံရိုးက ကျဉ်းတယ်၊ မွေးရင် ညှပ်ဆွဲ ရမှာပဲ၊ ဒီတော့ တောက ကပ္ပလီ ဝမ်းဆွဲသည်နှင့် မွေးမယ်ဆိုရင် ဦးကြီး ဘယ်စိတ်ချနိုင်မလဲ၊ အမှန်ကတော့ မီလာနီလို မိန်းကလေးမျိုးဟာ ကလေးတောင် မွေးဖို့ကောင်းတာ မဟုတ်ဘူး၊ ခုတော့ အေးလေ ဘာပဲဖြစ်ဖြစ် ဒေါ်လေး ပစ်တီ မာကွန်ကို သွားချင်တယ်ဆိုရင် သွားပေ့စေပေါ့၊ သိပ်ကြောက်ရင် သူလည်း ဒီမှာ နေဖို့ မကောင်းပါဘူး၊ သူ့ကြောင့် မီလာနီတောင် ဒုက္ခရောက်နိုင်တယ်၊ ပြီးတော့’

ဒေါက်တာမိက စကားလက်ကို စိုက်ကြည့်လိုက်၏။



‘ပြီးတော့ ငါ့တူမလည်း မြိုင်သာယာကို မသွားစေချင်ဘူး၊ မီလာနီ မျက်နှာမြင်သည်အထိ သူနှင့် နေစေချင်တယ်၊

နေရဲပါ့မလား’

‘နေရဲပါတယ် ဦးကြီး’



စကားလက်က ခပ်တည်တည် ညာသည်။



‘အေး ဒါမှပေါ့၊ ဒီမှာ ငါ့တူမတို့ကို ဒေါ်ဒေါ်မိ စောင့်ရှောက်လိမ့်မယ်၊ ဘာမှ ကြောက်စရာ မလိုဘူး၊ ချက်ဖို့ ပြုတ်ဖို့ ကိစ္စ

အတွက်တော့ အိမ်က ထမင်းချက် မိန်းမကြီး ဘက်ဆီကို လွှတ်ပေးမယ်၊ သိပ် မကြာပါဘူး၊ ခဏ ဒုက္ခခံရမှာပါ၊ နောက်တစ်လ ကျော်ကျော်လောက်ဆိုရင် မွေးတော့မှာပဲ၊ ဒါပေမယ့် သားဦးဆိုတော့ ပြောရတာ ခက်တယ်၊ ပြီးတော့ အေးအေးချမ်းချမ်းကာ လလည်းမဟုတ်ဘူး၊ ဗုံးသံ အမြောက်သံတွေကလည်း ဆူလို့၊ ဒီတော့ အချိန်မစေ့ဘဲလည်း မွေးချင် မွေးနိုင်တယ်’

သို့ဖြင့် ဒေါ်လေး ပစ်တီသည် မျက်ရည်စက်လက်ဖြင့် မာကွန်သို့ ထွက်သွားသည်။ သူနှင့်အတူ ဦးလေးပီတာနှင့်

ထမင်းချက် မိန်းမကြီးကိုလည်း ခေါ်သွားသည်။ မျိုးချစ်စိတ် သန်သန်ဖြင့် မြင်းနှင့် ရထားကို ဆေးရုံသို့ အားတက်သရော လှူခဲ့မိသည့် အတွက်လည်း ချက်ချင်း ပြန်၍ နှမြောကာ ပို၍ မျက်ရည်စက်လက်ဖြစ်ရပြန်သည်။ အိမ်ကြီးတစ်အိမ်လုံးတွင် စကားလက်၊ မီလာနီ၊ ဝိတ်ကလေးနှင့် ပရဇ္ဇီတို့သာ ကျန်ရစ်ခဲ့ကြ၏။ အမြောက်သံတွေ ပို၍ ဆူညံနေသည့်တိုင် အိမ်ကြီးက ပို၍ တိတ်ဆိတ်နေသည်ဟု ထင်ရသည်။

339

၁၉



မြို့ကို ယန်ကီတို့ ဝိုင်းဝန်း ထားခါစ မြို့ပြင်တွင် တိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားနေချိန်တွင် အမြောက်သံ များကြောင့်

စကားလက် အကြီးအကျယ် လန့်နေသည်။ နားနှစ်ဖက်ကို လက်ဖြင့် ပိတ်ကာ ချောင်ထဲတွင် ကုပ်နေသည်။ အမြောက်ဆန် သူ့အပေါ် တည့်တည့် ကျလာလေမည်လောဟု တထင့်ထင့် ဖြစ်နေသည်။ အမြောက်ဆန်များက တရွှီရွှီ ဖြတ်၍ လာစဉ် စကားလက်သည် မီလာနီ အခန်းထဲသို့ စွတ်ပြေး ဝင်လာကာ မီလာနီ ဘေးတွင် အတင်း ပစ်လှဲ ချလိုက်မိသည်။ တစ်ယောက်ကို တစ်ယောက် ဖက်ကာ ခေါင်းကို ခေါင်းအုံးထဲတွင် မြှုပ်ထားရင်း ဘုရား တနေကြရသည်။ ပရဇ္ဇီနှင့် ဝိတ်ကလေးက မြေတိုက်သို့ ပြေးကာ ပင့်ကူ အလိမ်းလိမ်း ကပ်နေသည့် အမှောင်ထဲတွင် ကုပ်နေကြသည်။ ပရဇ္ဇီက အော်လျက်။ ဝိတ်ကလေးက ငိုရှိုက်ရင်း ကြို့ထိုးလျက်။

ကျည်ဆန်များက ခေါင်းပေါ်တွင် တရွှီရွှီ ပျံဝဲနေသည်။ စကားလက်သည် မျက်နှာကို ငှက်မွေး ခေါင်းအုံးတွင်

အပ်ထားသည်။ မီလာနီကြောင့် လွတ်ရာ ကျွတ်ရာကို မသွားနိုင်ဘဲ ဖြစ်ရသည်ဟု ဆိုကာ မီလာနီကို စိတ်ထဲက ကျိန်ဆဲမိသည်။ ဒေါက်တာမိက မီလာနီကို လမ်းလျှောက်ခွင့် မပေးသဖြင့် စကားလက်သည် မီလာနီ အနားတွင် စောင့်နေရသည်။ တစ်ဖက်က အမြောက်ဆန်တွေ ကျလာမည်လောဟု စိုးရိမ်ရသည်။ တစ်ဖက်ကလည်း မီလာနီ မည်သည့် အချိန်တွင် မျက်နှာ မြင်မည်နည်းဟု စိုးရိမ် နေရသည်။ ဤသို့ တွေးမိလိုက်တိုင်း စကားလက် ကိုယ်တွင် ချွေးတွေ ပြန်လာသည်။ ကျည်ဆန်တွေ မိုးသီး မိုးပေါက်ပမာ တဖြောက်ဖြောက် ကျနေချိန်တွင် ဒေါက်တာမိကို သူ သွား မခေါ်ရဲ။ မတတ်နိုင်။ မီလာနီ တစ်ယောက် ဘာ ဖြစ် ဖြစ် ဤအတိုင်းသာ ကြည့်နေတော့မည်။ သူကမူ ဆရာဝန် သွား၍ မခေါ်ရဲ။ ပရဇ္ဇီကို ခေါ်ခိုင်းဖို့ ဆိုတာကလည်း ပရဇ္ဇီက သူ့ထက်ပင် အကြောက် ကြီးသေးသည်။ ယခု အချိန်တွင် ဗိုက်နာလျှင် မည်သို့ လုပ်ရမည်နည်း။

တစ်ညနေတွင် မီလာနီ အတွက် ထမင်းပွဲ ပြင်ပေးကြရင်း ဤ အကြောင်းကို ပရဇ္ဇီနှင့် စကားစပ်မိကြသည်။ ပရဇ္ဇီ

စကားကြောင့် စကားလက် အနည်းငယ် စိတ်အေး သွားသည်။

`အမယ်လေး၊ ဆရာဝန် သွားမခေါ်နိုင်လည်း မပူပါနှင့်၊ ကျွန်မ လုပ်တတ်ပါတယ်၊ ကျွန်မ ကလေး မွေးပေးတတ်ပါတယ်၊

အမေက တောမှာ ဝမ်းဆွဲ လုပ်လာတာ မဟုတ်လား မလေးရဲ့၊ ကျွန်မကို ငယ်ငယ်လေးတည်းက သင်ပေးခဲ့တာ၊ ဒါအတွက်ကတော့ ကျွန်မ တာဝန်ထားပါ’

ပရဇ္ဇီလို အတွေ့အကြုံ ရှိသူများ အနားတွင် ရှိသဖြင့် စကားလက် အသက်ရှူ ချောင်သွားသည်။ သို့ရာတွင် မီလာနီ

မြန်မြန် မွေးစေချင်လှပြီ။ ကိစ္စ ပြီးစေချင်လှပြီ။ အမြောက်ဆန်တွေ တဝုန်းဝုန်း ပေါက်ကွဲနေသည့် နေရာမှ သွားချင်လှပြီ။ ရိပ်ငြိမ် ချမ်းမြေ့သည့် မြိုင်သာယာသို့ ပြန်ရောက်ချင်လှပြီ။ ထို့ကြောင့် ညအိပ်ရာဝင်တိုင်း မီလာနီ တစ်ယောက် မြန်မြန် မီးဖွားပါစေတော့၊ သူ့ ကတိ အတိုင်း ဆောင်ရွက်ပြီး အတ္တလန်တာမှ မြန်မြန် ထွက်ရပါစေတော့ဟု ဆုတောင်းမိသည်။

မြိုင်သာယာက ထို စိတ်ဆင်းရဲစရာတွေ ကင်းဝေးသည်။ ရိပ်ငြိမ် ချမ်းမြေ့သည်။

340



စကားလက် အိမ်ကို လွမ်းသည်။ မေမေ့ကိုလည်း လွမ်းသည်။ သူ့ တစ်သက်တွင် ဤမျှလောက် မည်သူ့ကိုမျှ

မည်သည့် အခါကမျှ မလွမ်းဖူးခဲ့။ မေမေသာ အနီးတွင် ရှိလျှင် ဘာကိုမျှ ကြောက်မည် မဟုတ်။ တစ်နေကုန် နားကွဲလုမတတ် မြည်ဟည်းသော အသံများကို ကြားပြီးနောက် အိပ်ရာဝင်တိုင်း မနက်ဖြန် ကျလျှင် မြိုင်သာယာကို ပြန်တော့မည်ဟု မီလာနီကို ဖွင့်ပြောတော့မည်။ မီလာနီ တစ်ယောက် ဆရာဝန် ကတော် ဒေါ်ဒေါ်မိတို့ အိမ်သို့ သွားနေရန် ပြောတော့မည်ဟု ဆုံးဖြတ်သည်။ သို့ရာတွင် ခေါင်းအုံးပေါ်သို့ ခေါင်းချ လိုက်တိုင်း နောက်ဆုံး မြင်လိုက်ရသော အက်ရှလေ၏ ရုပ်သွင်ကို မြင်ယောင် လာသည်။ သူ့မျက်နှာက ညှိုးရော်နေသည့် ကြားက ပြုံးနေသည်။ `စကားလက် မီလာနီကို ကြည့်ရှု စောင့်ရှောက်လိုက်ပါနော်၊ စကားလက်က သတ္တိ ကောင်းတယ် မဟုတ်လား၊ အစ်ကို့ကို ကတိ ပေးနော်’ ဟု ပြောသံကို ကြားယောင်နေသည်။ ထို့ကြောင့် သူကလည်း ကတိ ပေးခဲ့သည်။ တစ်နေရာတွင် အက်ရှလေ တစ်ယောက် ကျဆုံးခဲ့ရပြီ။ အက်ရှလေသည် သူ မည်မျှ ကတိ တည်ကြောင်းကို ရောက်လေရာ ဘဝမှ စောင့်ကြည့်လိမ့်မည်ဟု စကားလက် ထင်သည်။ အက်ရှလေ သေသေရှင်ရှင် အက်ရှလေအား ပေးခဲ့သည့် ကတိကို ချိုးဖျက်ခြင်း မပြုနိုင်။ ဤသို့ဖြင့် အတ္တလန်တာမှ မခွာဖြစ်တော့ဘဲ တစ်ရက်ပြီး တစ်ရက် ကုန်ခဲ့သည်။

မေမေက စာရေး၍ ပြန်လာရန် ခေါ်သည်။ ဤတွင် စကားလက်သည် အတ္တလန်တာတွင် စိုးရိမ်စရာ အခြေအနေ

မရှိလေဟန် လျှော့လျှော့ ပေါ့ပေါ့ ရေးပြီးနောက် မီလာနီ မီးဖွားလုဆဲ ဖြစ်ကြောင်း၊ မီလာနီ မီးဖွားပြီးလျှင် ပြန်လာခဲ့မည် ဖြစ်ကြောင်းဖြင့် စာပြန် လိုက်သည်။ မေမေက ဆွေမျိုး ဆိုလျှင် ကိုယ့်ဘက်မှ ဖြစ်စေ၊ သူ့ဘက်မှ ဖြစ်စေ ဆွေမျိုး သံယောဇဉ် အလွန် ကြီးသည်။ ထို့ကြောင့် အတ္တလန်တာတွင် ဆက်နေရန် စိတ် မပါ့တပါဖြင့် ခွင့်ပြုပြီးနောက် ဝိတ်ကလေးနှင့် ပရဇ္ဇီကို အမြန်ဆုံး လွှတ်လိုက်ရန် တိုက်တွန်းသည်။ ဤတွင် အသံ ဆူဆူညံ ကြားလျှင် ထိတ်ခနဲ လိပ်ပြာ လွင့်မတတ် ဖြစ်တတ်သော ပရဇ္ဇီကလည်း အကြိုက်တွေ့ သွားသည်။ မြေတိုက်ထဲတွင် နေကုန် နေခန်း ထိုင်၍ အမြောက်ကျည်ဆန် ရှောင်ရသည်ကို ငြီးငွေ့လှပြီ။

စကားလက်ကလည်း မေမေနှင့် သဘော တူသည်။ ဝိတ်ကလေးကို အတ္တလန်တာတွင် ဆက်မထား ချင်တော့။

ဝိတ်ကလေး၏ လုံခြုံရေး အတွက်မျှသာမက ဝိတ်ကလေး ကြောက်သည်ကို မြင်ရတိုင်း စိတ်မချမ်းမသာ ဖြစ်ရသဖြင့် သူ့ကို အတ္တလန်တာမှ တခြားသို့ ပို့ချင်သည်။ ဝိတ်ကလေးက အမြောက်သံ ကြားလျှင် စကားပင် မပြောနိုင်တော့။ အမြောက်သံ စဲသွားသည့်တိုင် အကြောက် မပြေနိုင်။ မအေ့ ဝတ်စုံကို ဆွဲ၍ တွယ်ကပ် နေတတ်သည်။ ငိုလည်း မငိုနိုင်။ ည ဆိုလျှင် အိပ်ရာ ဝင်ရမည်ကို ကြောက်နေသည်။ အမှောင်ကို ကြောက်နေသည်။ ယန်ကီတွေ လာပြီး သူ့ကို ဖမ်းတော့မည်ဟု ဆိုကာ ကောင်းကောင်း မအိပ်။ သူ မအိပ်ဘဲ ငိုပြီ ဆိုလျှင် စကားလက်လည်း အိပ် မရတော့။ စင်စစ် သူလည်း ဝိတ်ကလေးလို ကြောက်သည်။ ဝိတ်ကလေး၏ ချောင်ကျနေသည့် မျက်နှာကို မြင်ရလေလေ စိတ် မချမ်းမသာ ဖြစ်ရလေလေ။ ဟုတ်သည်။ မြိုင်သာယာသည် ဝိတ်ကလေး အတွက် အကောင်းဆုံး ဖြစ်သည်။ ပရဇ္ဇီနှင့် အတူ ပို့ထားလိုက်မည်။ မီလာနီ မျက်နှာမြင် ပြီးလျှင် သူလည်း လိုက်သွားတော့မည်။

သို့ရာတွင် သူတို့ နှစ်ယောက်ကို မြိုင်သာယာသို့ မပို့ရသေးမီ ယန်ကီများက အတ္တလန်တာ တောင်ဘက်မှ

ကွေ့ဝင်လာသဖြင့် အတ္တလန်တာနှင့် ဂျုန်းဘာရိုကြား ရထားလမ်း တစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်နေသည်ဟု ကြားရသည်။ ပရဇ္ဇီနှင့် ဝိတ်ကလေးတို့ စီးသွားသည့် မီးရထားကို ယန်ကီတို့က သိမ်းလိုက်လျှင် မည်သို့ ရှိမည်နည်း။ ဤသို့ တွေးမိလျှင် စကားလက်နှင့် မီလာနီတို့ နှစ်ယောက်စလုံး မျက်နှာတွေ ဖြူရော် သွားကြပြန်သည်။ ယန်ကီတို့က ရက်စက် ကြမ်းကြုတ်သည်ဟု

341

ပြောကြသည် မဟုတ်လော။ ထို့ကြောင့် ဝိတ်ကလေးကို ပြန်မပို့ဖြစ်တော့ဘဲ အတ္တလန်တာတွင်ပင် ဆက်ထားရ ပြန်သည်။ ဝိတ်ကလေးကို ကြည့်ရသည်မှာ သနားစရာ။ အမေ့ ဝတ်စုံကို ဆွဲကာ နောက်မှ တကောက်ကောက် လိုက်နေသည်။ ထိတ်လန့် တုန်လှုပ်နေသည်။ စကားလည်း တွတ်တီး တွတ်တာ မပြောတော့။

ယန်ကီတို့က ဇူလိုင်လ တစ်လလုံး မြို့ကို ဝိုင်းထားသည်။ နေ့တွင် တစ်နေ့လုံး အမြောက်ကြီးများဖြင့် ပစ်ခတ်ကာ

ညတွင် တိတ်ဆိတ် နေတတ်သည်။ ကြာသော် အတ္တလန်တာ မြို့သူ မြို့သားတို့ အဖို့ နေသားကျ သွားပြီ။ အဆိုးဆုံး ကြုံတွေ့ပြီး နောက်တွင် နောက်ထပ် မည်သည့် အရာကိုမျှ မကြောက်တော့သကဲ့သို့ ဖြစ်နေသည်။ ယခင်က ဝိုင်းဝန်း ပိတ်ဆို့မည်ကို ကြောက်ခဲ့ကြသည်။ ယခု အဝိုင်း ခံနေရပြီ။ စင်စစ် သူတို့ ထင်သလောက် မဆိုး။ ခါတိုင်းလို သွားမြဲ လာမြဲ၊ လုပ်မြဲ ကိုင်မြဲ ရှိနေကြသည်။ သူတို့သည် မီးတောင် ထိပ်ဝတွင် ထိုင်နေမှန်း သူတို့ ဘာသာ သူတို့ သိကြသည်။ သို့ရာတွင် ထို မီးတောင် မပေါက်မချင်း သူတို့ ဘာမျှ မလုပ်နိုင်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် စိတ်ဒုက္ခ ရောက်နေရဦးမည်နည်း။ ထိုမီးတောင်က ပေါက်ကွဲချင်မှလည်း ပေါက်ကွဲမည်။ ဗိုလ်ချုပ် ဟုဒ်သည် ယန်ကီတို့ကို မြို့ထဲသို့ မဝင်နိုင်အောင် ခုခံ ကာကွယ်နေသည် မဟုတ်လော။ မြင်းတပ်က မာကွန်သို့ သွားသည့် မီးရထားလမ်းကို ကာကွယ်နေသည် မဟုတ်လော။ ဗိုလ်ချုပ် ရှားမင်းသည် အတ္တလန်တာကို မည်သည့် နည်းနှင့်မျှ သိမ်းနိုင်ဖွယ် မရှိ။

သို့ရာတွင် တဝုန်းဝုန်း ပေါက်ကွဲ နေသည့် အမြောက်သံများနှင့် ရိက္ခာ ကျပ်တည်းမှုကို အပေါ်ယံအားဖြင့် ဂရုမမူ

ဆိုသည့်တိုင်၊ မိုင်ဝက် အကွာတွင် ရှိသည့် ယန်ကီတို့၏ ရန်ကို မမှုဟု ဆိုသည့်တိုင်၊ ကတုတ်ကျင်းများထဲက ပြည်နယ် တပ်များကို ယုံကြည်မှု ရှိသည် ဆိုသည့်တိုင် အတ္တလန်တာ မြို့သူ မြို့သား တို့၏ စိတ်၌ကား နောက်တစ်နေ့တွင် မည်သို့ ဖြစ်မည်နည်းဟု တထိတ်ထိတ် ဖြစ်နေကြသည်။ ထိတ်လန့် ရခြင်း၊ သောက ရောက်ရခြင်း၊ ဝမ်းနည်းရခြင်း၊ ငတ်မွတ်ရခြင်း၊ အားတက်လိုက် အားလျော့လိုက် ဖြစ်ရခြင်း စသည်တို့ကြောင့် စိတ်ဓာတ်ကား တဖြည်းဖြည်း လျော့ကျစ ပြုခဲ့လေပြီ။

စကားလက်သည် သတ္တိ ကောင်းသည့် သူ့ မိတ်ဆွေများ၏ မျက်နှာကို ကြည့်၍ တဖြည်းဖြည်း ရဲလာသည်။ ကုစား၍

မရနိုင်သည့် အခါမျိုးတွင် ကြိတ်မှိတ် ခံနိုင်သော အလေ့ကို ရလာမြဲ ဖြစ်သည့် သဘာဝ အတိုင်း အခြေအနေကို တဖြည်းဖြည်း ရင်ဆိုင် လာနိုင်ခဲ့သည်။ အမြောက်သံကို ကြားသည့် အခါတွင် ယောင်ယမ်း၍ ထခုန်မိသည့်တိုင် မီလာနီ အနီးသို့ အော်ဟစ် ပြေးလာကာ မျက်နှာကို ခေါင်းအုံးတွင် အပ်ထားခြင်းမျိုး မရှိတော့။ `အသံက နည်းနည်းတော့ နီးတယ် နော်’ ဟူ၍သာ အသံကလေး တုန်တုန်ဖြင့် ပြောတတ်သည်။

စကားလက်သည် ယခင်ကလောက်လည်း ကြောက်ရွံ့ခြင်း မရှိတော့။ သူ့အဖို့ ဘဝသည် အိပ်မက်လို ဖြစ်နေပြီ။

အိပ်မက်လို ဆန်းကြယ်နေပြီ။ သေခြင်းတရားကို မိနစ်နှင့် အမျှ နာရီနှင့် အမျှ ရင်ဆိုင် နေသည် ဆိုခြင်းမှာ ဟုတ်မှ ဟုတ်ပါ၏လော။ ငြိမ်သက် ပြေပြစ်သော သူ့ဘဝသည် ဤမျှ တိုတောင်းသော အချိန်ကလေး အတွင်းတွင် ဤမျှ ပြောင်းလဲသွားသည် ဆိုခြင်းမှာ ဟုတ်မှ ဟုတ်ပါ၏လော။

လဲ့လဲ့နုပြာသော နံနက်ဆည်းဆာ ကောင်းကင်သည် မကြာမီတွင် အမြောက် မီးခိုးများဖြင့် ညိုမည်း ညစ်မှောင်

သွားတတ်သည်မှာ တကယ်မှ ဟုတ်ပါ၏လော။ ပျားရည်စုပ် ပန်းများနှင့် နွယ်နှင်းဆီတို့၏ ရနံ့ဖြင့် ထုံမွှေးနေသည့် ပူနွေးသည့် နေ့လယ်ခင်းများသည် ဤမျှ ကြောက်ဖွယ် ကောင်းနေသည်မှာ တကယ်မှ ဟုတ်ပါ၏လော။ အမြောက်ဆန်များက တရွှီရွှီ မြည်ကာ လမ်းမပေါ်သို့ ကျလျက်။ ကမ္ဘာ အက်ကွဲသကဲ့သို့ ပေါက်ကွဲလျက်။ အမြောက်ဆန်များက လွင့်စဉ်လျက်။ လူများ

342

တိရစ္ဆာန်များကို အပိုင်းပိုင်း အစစ ဖြစ်စေလျက် ရှိသော အဖြစ်တို့သည် တကယ်မှ ဟုတ်ပါ၏လော။

နေ့လယ် နေ့ခင်းတွင် တိတ်ဆိတ် ငြိမ်သက်စွာ နားနေ အိပ်စက်၍ မဖြစ်တော့။ တစ်ခါတစ်ရံတွင် ပစ်သံ ခတ်သံများ

တိတ်ဆိတ် သွားကြသည့်တိုင် မက်မုံပင် လမ်းသည် နာရီမလပ် လှုပ်ရှား ဆူညံ နေတတ်သည်။ အမြောက် လှည်းများနှင့် လူနာတင် လှည်းများသည် တဝုန်းဝုန်း တဂျုန်းဂျုန်းဖြင့် မောင်းသွားကြသည်။ ဒဏ်ရာရ စစ်သားများသည် ကတုတ်ကျင်းထဲမှ ဒယီးဒယိုင် ထလာကြသည်။ စစ်သားများသည် ဖိနပ်သံ တဖြောင်းဖြောင်းဖြင့် အမြန် ချီတက် သွားကြသည်။ မြို့စွန် တစ်ဖက်မှ ရန်သူ အပြင်းအထန် တိုက်နေသည့် အခြား မြို့စွန် တစ်ဖက်သို့ စစ်ကူ သွားကြခြင်း ဖြစ်သည်။ ဆက်သားများက မြို့လယ်ရှိ စစ်ရုံးချုပ်သို့ အပြေးအလွှား သွားနေကြသည်။

ပူပြင်း အိုက်စပ်သော ညများကမူ တိတ်ဆိတ်နေသည်။ သို့ရာတင် ဤတိတ်ဆိတ်ခြင်းသည် မင်္ဂလာ မရှိသော

တိတ်ဆိတ်ခြင်း ဖြစ်နေသည်။ ညက တိတ်ဆိတ်မိပြီ ဆိုလျှင် အတိတ်ကြီး တိတ်နေသည်။ ခါတိုင်း နွေညများလို ဖားခုံညင်း၊ ပုရစ်နှင့် အိပ်တန်း တက်နေသည့် မြေလူးငှက်တို့ပင် ကြောက်ရွံ့ ထိတ်လန့် နေကြသည့်နှယ် အော်မြည်ခြင်း မပြုကြတော့။ တစ်ခါ တစ်ခါ တွင်မူ အဝေး ကတုတ်ကျင်းများ ဘက်ဆီမှ ပစ်လိုက်သော သေနတ်သံများသည် တိတ်ဆိတ်နေသော ညကို ဖျက်ဆီးပစ်လိုက်သည်။

ညဥ့်နက်၍ မီးများ ငြိမ်းကာ မီလာနီ အိပ်ပျော်သွားပြီး နောက်တွင် စကားလက် တစ်ယောက် မျက်လုံး အကြောင်သားဖြင့်

အိပ်မပျော်နိုင်။ အိမ်ဝင်း တံခါး ပွင့်သံနှင့် အိမ်ရှေ့ တံခါးကို အရေးတကြီးဖြင့် ခေါက်သံ ကြားရတတ်သည်။

ဆင်ဝင်အောက် အမှောင်ထဲတွင် စစ်သားများ ရောက်နေတတ်သည်။ မှောင်ထဲမှ အသံများကို ကြားရသည်။

တစ်ခါတစ်ရံတွင်လည်း `စိတ်မရှိပါနှင့် ဗျာ၊ ရေလေး တစ်ပေါက်လောက် သောက်ပါရစေ’ ဟု ယဉ်ယဉ်ကျေးကျေး ပြောသံမျိုးကိုလည်း ကြားရတတ်သည်။ တစ်ခါ တစ်ရံတွင် တောင်ပေါ် လူမျိုးစုသံ ဝဲဝဲဖြင့် စကား ပြောသံ၊ တစ်ခါတစ်ရံတွင် အောက်ပိုင်းမှ နှာခေါင်းသံဖြင့် စကား ပြောသံမျိုးကိုလည်း ကြားရသည်။

`ကျွန်တော့်မှာ လူနာ တစ်ယောက် ပါလာတယ်ဗျာ၊ ဆေးရုံထိအောင် သယ်သွားလို့လည်း မလွယ်တော့ဘူး၊ ဒီမှာ

ခဏ ထားခွင့်ပေးပါ’

`စားစရာလေး ဘာလေး ရှိရင်လည်း နည်းနည်းပါးပါး ကျွေးကြပါဗျာ’



`ကျွန်တော်တို့ ဆင်ဝင်ထဲမှာ တစ်ညလောက် တည်းမယ် ဗျာ၊ နွယ်နှင်းဆီနံ့လေးတွေနှင့် အိမ်ပြန် ရောက်နေသလိုပဲ’



ဤသို့ လူမျိုးစုံ အသံမျိုးစုံကို ကြားရတတ်သည်။



မဖြစ်နိုင်။ ဤညများသည် သူ့ဘဝ၏ ညများ မဖြစ်နိုင်။ ဤညများသည် ခြောက်အိပ်မက်များသာ ဖြစ်ရမည်။

ဤလူများသည်လည်း ခြောက်အိပ်မက်ထဲမှ လူများသာ ဖြစ်ရမည်။ မျက်နှာ မပါ၊ ခန္ဓာကိုယ် မပါဘဲ ပူနွေးသည့် အမှောင်ထုထဲ သူ့ကို လှမ်း စကားပြောနေသော နွမ်းနယ်နေသည့် အသံများ ဖြစ်သည်။ သူတို့ကို ရေ ခပ်ပေးရသည်။ အစာ ကျွေးရသည်။ အိပ်ရာ ထုတ်ပေးရသည်။ ဒဏ်ရာ စည်းပေးရသည်။ သေလုဆဲ လူမမာကို ပြုစုရသည်။ ဤညများသည် သူ့ ဘဝ၏ ညများ မဖြစ်နိုင်။

343



ဇူလိုင်လ တစ်ညတွင်မူ တံခါး ခေါက်သူမှာ ဦးလေး ဟင်နရီ ကိုယ်တိုင် ဖြစ်နေသည်။ ကိုင်နေကျ ထီး၊ ကော်ဇောအိတ်တို့

မပါတော့။ သူ့ ဗိုက်ပူပူကြီး မရှိတော့။ ပန်းနုရောင် မျက်နှာ အစ်အစ်ကြီးပေါ်က အရေးများသည် ခွေးဘီလူး၏ နားရွက်လို တွန့်ခေါက် ကျနေသည်။ ရှည်လျား ဖြူဖွေးသည့် သူ့ ဆံပင်များသည် ဖုတ်တွေ၊ ချွေးတွေဖြင့် ညစ်ပတ်နေသည်။ ဖိနပ် မပါ။ သန်းကြီးမတွေ တရွရွဖြင့်။ ဘာမျှ စားခဲ့ရဟန် မတူသေး။ စိတ်ဓာတ်ကမူ ပြင်းထန်ဆဲ။

`အလကား အဓိပ္ပာယ် မရှိတဲ့ စစ်၊ တို့လို အဘိုးကြီးတွေတောင် ဝင်တိုက်နေရပြီ’



ပြောမည့်သာ ပြောသည်။ ဦးလေး ဟင်နရီကို ကြည့်ရသည်မှာ ပျော်နေပုံရသည်။ အရေးတော်ပုံက သူ့ကို လိုသဖြင့်

သူလည်း လူငယ်များလို သေနတ် ကိုင်နေရပြီ။ ဦးလေး ဟင်နရီက ဘကြီး မယ်ရီဝယ်သာနှင့် မတူ။ လူငယ်များနှင့် ရင်ပေါင်တန်း လိုက်နိုင်သည်။ ဘကြီး မယ်ရီဝယ်သာကမူ ချွေးမ အငြူအစူ ခံရသည်ထက် တပ်ရင်းမှူး၏ ဆဲဆို ကြိမ်းမောင်းခြင်း ခံရသည်က တော်သေးသည်ဟု ဆိုသည်။ သူ့ချွေးမက ဘကြီး မယ်ရီဝယ်သာကို ဆေးရွက်ကြီး မငုံရန်၊ နေ့တိုင်း မုတ်ဆိတ် ရိတ်ရန် တဆူဆူ လုပ်တတ်သည်ကို ရည်ရွယ်ပြောခြင်း ဖြစ်သည်။

ဦးလေး ဟင်နရီသည် အိမ်တွင် ကြာကြာ မနေ။ လေးနာရီသာ ခွင့်ရသည်။ မြို့ပြင် ကတုတ်ကျင်း အသွားအပြန်

ခရီးက နှစ်နာရီ ကြာသည်။

`ကဲ ငါ့တူမကြီးတို့ကိုတော့ ဦးလေး တော်တော်နှင့် ဘာတွေ့နိုင်ဦးမှာ မဟုတ်သေးဘူးဟေ့၊ ဦးလေးတို့ တပ်ခွဲ မနက်ဖြန်

ထွက်ရမယ်’

ဦးလေး ဟင်နရီက မီလာနီ၏ အိပ်ခန်းထဲတွင် ထိုင်နေသည်။ ပွန်းပဲ့နေသည့် ခြေထောက်များကို ရေအေး စိမ်နေသည်။



`ဘယ်ကိုလဲ ဦးလေး ဟင်’



မီလာနီက သူ့ လက်မောင်းကို ဆုပ်၍ အလန့်တကြား မေးသည်။



`ဦးလေးကို မကိုင်နှင့်၊ ဦးလေး တစ်ကိုယ်လုံး သန်းကြီးမတွေ ချည်းပဲ၊ စစ်တိုက်တယ် ဆိုတာ ပျော်ပွဲစား ထွက်တာမှ

မဟုတ်ဘဲ၊ သန်းကြီးမ စွဲတာတို့ ဝမ်းကိုက်တာတို့ လောက်တော့ ရှိမှာပေါ့၊ ဘယ်သွားရဦးမလဲ ဆိုတာတော့ မသိသေးဘူးကွယ့်၊ ဦးလေး အထင်တော့ တောင်ဘက် ဂျုန်းဘာရိုကို သွားရမယ် ထင်တာပဲ’

`ဟင် ဂျုန်းဘာရိုဘက်ကို ဘာဖြစ်လို့ သွားရမှာလဲ’



`ဂျုန်းဘာရိုဘက်မှာ တိုက်ပွဲ ဖြစ်လိမ့်မယ် ထင်တယ်၊ ယန်ကီတွေက တောင်ဘက်ကို ကွေ့ဆင်းပြီး မီးရထားလမ်းကို

ဖြတ်လိမ့်မယ် ထင်တယ်၊ တောင်ဘက်က မီးရထားလမ်းကို သိမ်းမိရင်တော့ အတ္တလန်တာလည်း ကျမှာပဲ’

`ဟင် သိမ်းမယ်တဲ့လား’



`ဟဲ ဟဲ၊ ဦးလေး ရောက်သွားရင် မင်းတို့ ယန်ကီတွေ ဘယ် သိမ်းနိုင်မလဲကွ’ ဦးလေး ဟင်နရီက အလန့်တကြား

ဖြစ်နေသည့် သူတို့ မျက်နှာများကို ကြည့်၍ ရယ်သည်။ အတန်ကြာမှ သူတို့ မျက်နှာများကို ကြည့်၍ ရယ်သည်။ အတန်ကြာမှ

344

မျက်နှာ ပြန်တည် သွားသည်။ `တိုက်ပွဲ ပြင်းပြင်းထန်ထန်တော့ ဖြစ်လိမ့်မယ် ထင်တယ်၊ ဒီ တိုက်ပွဲမှာ ဦးလေးတို့ နိုင်မှ ဖြစ်မှာ၊ ယန်ကီတွေက မီးရထားလမ်း အားလုံးကို သိမ်းထားပြီ၊ မာကွန်ကို သွားတဲ့ လမ်း တစ်လမ်းပဲ ကျန်တော့တယ်၊ ပြီးတော့ ကျန်တဲ့ လမ်းတွေ အားလုံး လှည်းလမ်း၊ မြင်းလမ်း အားလုံးကိုလည်း သိမ်းထားကြပြီ၊ မက်ဒိုးနာလမ်းပဲ ကျန်တော့တယ်၊ အတ္တလန်တာကို

ပိတ်မိထားပြီ၊

ထွက်ပေါက်

ဆိုလို့

ဂျုန်းဘာရိုပဲ

ကျန်တော့တယ်၊

ဂျုန်းဘာရို

ရထားလမ်းကိုသာ

သိမ်းသွားရင်တော့ ဦးလေးတို့တော့ သူတို့ ပလိုင်းထဲက ဖား ဖြစ်တော့မှာပဲ၊ ဒါကြောင့် ဂျုန်းဘာရို ရထားလမ်းကို အကျ မခံနိုင်ဘူး၊ အဲဒါ ငါ့တူမတွေကို လာနှုတ်ဆက်ရင်း တူမကြီး စကားလက်လည်း မီလာနီနှင့် ရှိရဲ့လားလို့ ကြည့်ရင်း ခဏ လာတာ’

`စကားလက်ကတော့ မီလာနီ အနားမှာ အမြဲ ရှိပါတယ် ဦးလေး’ မီလာနီက ကျေနပ်စွာ ပြောလိုက်သည်။ `မီလာနီတို့

အတွက် စိတ်ချပါ ဦးလေး၊ ကိုယ့် ကိုယ်ကိုယ်သာ ဂရုစိုက်ပါ’

ဦးလေး ဟင်နရီက ရေစိုနေသည့် ခြေထောက်ကို ခြေသုတ်ခုံတွင် သုတ်ပြီးနောက် စုတ်ပြတ်နေသည့် ဖိနပ်ကို

ကောက်စွပ်နေသည်။

`ကဲ ဦးလေး သွားမယ်၊ ငါးမိုင်လောက် ခြေကျင် လျှောက်ရဦးမှာ၊ စကားလက်ရေ ဦးလေး လမ်းမှာ စားသွားဖို့ စားစရာ

တစ်ခုခု ထုပ်ပေးလိုက်ပါလား၊ ရှိတာပေါ့’

ဦးလေး ဟင်နရီသည် မီလာနီကို နှုတ်ဆက်ပြီးနောက် စကားလက် ရှိရာ မီးဖိုဆောင်ထဲသို့ လိုက်လာခဲ့သည်။

စကားလက်က ဦးလေး ဟင်နရီ အတွက် ပြောင်းဆန် မုန့်တစ်ချပ်နှင့် သစ်တော်သီး အချို့ကို လက်သုတ်ပဝါဖြင့် ထုပ်ပေးနေသည်။

`အခြေအနေက တော်တော်... တော်တော် အရေးကြီးနေသလား ဦးလေး ဟင်နရီ’



`အရေးကြီးတာပေါ့၊ သိပ်လည်း ကြောက်မနေနှင့်ဦး၊ ဒါ ဦးလေးတို့ နောက်ဆုံး ခုခံတာပဲ’



`ယန်ကီတွေ မြိုင်သာယာကိုတော့ မရောက်တန် ကောင်းပါဘူးနော်’



အရေးကြီးသော ပြဿနာကြီးများ ဖြစ်ပေါ်နေချိန်တွင် ကိုယ်ရေး ကိုယ်တာ ကွက်ကွက်ကလေးကို စဉ်းစားတတ်သည့်

မိန်းမတို့၏ သဘာဝကြောင့် ဦးလေး ဟင်နရီ စိတ်တိုသွားသည်။ သို့ရာတွင် စိုးရိမ် ထိတ်လန့် နေသည့် စကားလက်၏ မျက်နှာကို မြင်လိုက်သဖြင့် ချက်ချင်း စိတ်ပြေသွား၏။

`အင်း၊ မြိုင်သာယာကိုတော့ ရောက်မယ် မထင်ပါဘူး၊ မြိုင်သာယာက မီးရထားလမ်း အတွင်းဘက် ငါးမိုင်လောက်

ဝေးသေးတာပဲ၊ သူတို့က မီးရထားလမ်းကို လိုချင်တာ၊ အင်း ငါ့တူမကြီးကလည်း ပါးရည် နပ်ရည် ရှိသလိုလိုနှင့် တယ် အတာကိုး၊ ဒီနေ့ည ဦးလေး အိမ်ပြန်လာတာ ငါ့တူမတို့ကို နှုတ်ဆက်ရုံ သက်သက် ကလေး မဟုတ်ဘူး၊ မီလာနီ အတွက် သတင်း တစ်ခု ပါလာလို့၊ ဒါပေမယ့် မီလာနီ တွေ့တော့ ဦးလေး ပါးစပ်က မထွက်ရက်ဘူး၊ ဒီတော့ ငါ့ တူမကြီးကိုပဲ ပြောခဲ့ ရမှာပဲ၊ အခြေအနေ ကြည့်ပြီး ပြောသင့်ရင် ပြောပေတော့’

`ဟင် ဘာလဲ ဦးလေး၊ အက်ရှလေ သတင်းလား၊ ဦးလေး ကြားခဲ့သလား၊ သူ ကျသွားပြီဆို’

345



`မဟုတ်ပါဘူးကွယ်၊ ကတုတ်ကျင်းထဲမှာ နေရတဲ့ လူက ဘယ်မှာလာပြီး သူ့သတင်း ကြားစရာ ရှိလို့လဲ’ ဦးလေး

ဟင်နရီက စိတ်တိုလာသည်။ `အက်ရှလေ့ အဖေ အကြောင်းပါ၊ အက်ရှလေ့ အဖေ ကျသွားပြီ’

စကားလက်က ဦးလေး ဟင်နရီဖို့ စားစရာ ထုပ်ပေးရင်း ထိုင်ချလိုက်သည်။



`ကြည့်ပြောလိုက်ပါ၊ ပြီးတော့ ဟောဒီ ပစ္စည်းလေးတွေကိုလည်း ပေးလိုက်’



ဦးလေး ဟင်နရီက ဖဲကြိုး တပ်ထားသည့် ရွှေနာရီ တစ်လုံး၊ ကွယ်လွန်သူ မစ္စက် ဝီလ်ကီ၏ ဓာတ်ပုံ သေးသေးကလေး

တစ်ခုနှင့် ရွှေလက်ကြယ်သီး တစ်စုံကို အိတ်ထဲမှ ထုတ်ပေးသည်။ ဤနာရီကို ဂျွန်ဝီလ်ကီ၏ လက်တွင် ပတ်ထားသည်ကို စကားလက် မကြာခဏ မြင်ဖူးသည်။ ဤနာရီကို မြင်လိုက်သည့် အခါတွင်ကျမှ အက်ရှလေ၏ အဖေသည် တကယ် ကျဆုံးသွားပြီဟု စကားလက် သဘော ပေါက်လာသည်။ စကားလက် ငိုလည်း မငိုနိုင်။ စကားလည်း မပြောနိုင်။ ဦးလေး ဟင်နရီက စကားလက် မျက်လုံးမှ မျက်ရည်တို့ကို မကြည့်ရက်သဖြင့် မသိယောင်ပြုကာ ဖျစ်ညှစ်၍ ချောင်းဆိုးနေသည်။

`ဂျွန် ဝီလ်ကီဟာ တော်တော် သတ္တိ ကောင်းတယ်၊ မီလာနီကို ပြောပြလိုက်ပါ၊ ပြီးတော့ သူ့ သမီးတွေဆီကိုလည်း

စာရေးလိုက်လို့ ပြောပြလိုက်၊ တကယ် စစ်သား ပီသတဲ့ လူပဲ၊ အမြောက် ကျည်ဆန် တည့်တည့် မှန်ရော မြင်းပေါ်က လိမ့်ကျသွားတာပဲ၊ သူ့ မြင်းကြီးကို ဦးလေးပဲ ပစ်သတ်ခဲ့ရတာပဲ၊ သနားတော့ သနားသား၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ မြင်းနီမကြီးကို ပစ်သတ်လိုက်ရတဲ့ အကြောင်းလည်း မစ္စက် တာလက်တန်ဆီကို ငါ့တူမကြီး စာရေးလိုက်ပါ၊ သူ့ မြင်းမကြီးကို သူ သိပ် သံယောဇဉ် ကြီးရှာတာ၊ ကဲ ကဲ ဦးလေးဖို့ စားစရာ ထုပ်ပြီးပြီလား၊ ဦးလေး သွားမယ်၊ ဒီလောက်လည်း စိတ် မထိခိုက်ပါနှင့်လေ၊ အိုကြီး အိုမ စစ်တိုက် နေရတာနှင့် စာရင် ဒီလို သေသွားတာက ပိုကောင်းပါတယ်’

`အို အမှန်ကတော့ မသေသင့်သေးပါဘူး ဦးလေးရယ်၊ စစ်ထဲလည်း ဝင်တိုက်ဖို့ မကောင်းပါဘူး၊ အေးအေးဆေးဆေး

နေပြီး သူ့ မြေးလေး သူ ထိန်းရင်း အိပ်ရာပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း သေသွား သင့်တာပေါ့၊ ဦးကြီး ဝီလ်ကီကလည်း ဘာ စိတ်ကူးပေါက်လို့ စစ်ထဲ လိုက်သွားရသလဲ မသိဘူး၊ တကယ်က ပြည်နယ် ခွဲထွက်တာကိုရော စစ်တိုက်တာကိုရော သဘောကျတာ မဟုတ်ဘူး၊ ပြီးတော့လည်း’

`ဦးလေးတို့လည်း ဒီအတိုင်းပဲ ယူဆတာပဲ၊ ဒါပေမယ့် မတတ်နိုင်ဘူးလေ’ ဦးလေး ဟင်နရီက နှာခေါင်းမှ လေကို

မှုတ်ထုတ်လိုက်သည်။ `ဒီအသက် အရွယ်ကြီး ရောက်မှ ယန်ကီ ပစ်မှတ် ဖြစ်ရတာ ဦးလေးကော ပျော်နေတယ် ထင်သလား၊ ဒီခေတ်ကြီးမှာ လုပ်ရတော့မှာပဲ၊ မတတ်နိုင်ဘူး၊ ကဲ ဦးလေး အတွက်တော့ စိတ်မပူနှင့်၊ ဦးလေး ဒီ ပြည်တွင်းစစ်မှာတော့ သေဦးမှာ မဟုတ်သေးဘူး’

ဦးလေး ဟင်နရီက နှုတ်ဆက်ပြီး ထွက်သွားသည်။ စကားလက်သည် ဦးလေး ဟင်နရီ၏ ခြေသံ၊ ဝင်းတံခါး ဖွင့်သံကို

ကြားနေရသည်။ ဦးလေး ဟင်နရီ ပေးပစ်ခဲ့သည့် သူ့လက်ထဲမှ ပစ္စည်းများကို အတန်ကြာ ငေးကြည့် နေပြီးနောက် မီလာနီကို ပြောရန် အပေါ်ထပ်သို့ တက်လာခဲ့သည်။

ဇူလိုင်လကုန်တွင် ဦးလေး ဟင်နရီ ပြောသည့် အတိုင်း တောင်ဘက် ဂျုန်းဘာရိုသို့ ယန်ကီတို့ ဆင်းလာပြီ

ဆိုသည့် သတင်းဆိုးများကို ကြားရသည်။ ယန်ကီတို့က ဂျုန်းဘာရို တောင်ဘက် လေးမိုင် အကွာ မီး ရထားလမ်းကို

346

ဖြတ်တောက်လိုက်ကြသည်။ သို့ရာတွင် ၎င်းတို့ကို ပြည်နယ် မြင်းတပ်က မောင်းထုတ်လိုက်သည်။ ဆောက်လုပ်ရေး တပ်များက နေပူကျဲကျဲကြီးတွင် သံလမ်းများကို ပြန်ပြင်နေသည်။

စကားလက် စိုးရိမ်လှပြီ။ သုံးရက်လုံးလုံး ရင်တထိတ်ထိတ်ဖြင့် သတင်း နားထောင်သည်။ ထိုစဉ် ဖေဖေ့ထံမှ

စာတစ်စောင် ရောက်လာသဖြင့် စကားလက် စိတ်အေးသွားသည်။ ရန်သူတို့ မြိုင်သာယာဘက်သို့ ရောက်မလာကြသေး။ အမြောက်သံ၊ သေနတ်သံ များကို မီးရထား လမ်းဘက်ဆီမှ ကြားရသော်လည်း ယန်ကီ စစ်သားတို့ကို မမြင်ရသေး။

ဖေဖေ့စာက ယန်ကီများအား မီးရထားလမ်း တစ်ဝိုက်မှ မည်သို့ မောင်းထုတ် လိုက်ကြောင်းကို ခပ်ကြွားကြွား

ရေးထားသည်။ သူ့စာက သူကိုယ်တိုင် တစ်ယောက်တည်း ယန်ကီတို့ကို တိုက်ခဲ့သည့် ပုံမျိုး။ စာသုံးမျက်နှာလုံးလုံး ပြည်နယ်တပ်များ မည်မျှ သူရသတ္တိ ပြောင်မြောက်ပုံကို ရေးထားပြီး အဆုံးတွင် ကာရင်း တစ်ယောက် နေထိုင်မကောင်းကြောင်း ခပ်တိုတို ရေးထားသည်။ မေမေ၏ စာတွင်မူ ကာရင်း၏ ရောဂါမှာ အူရောင် ငန်းဖျား ရောဂါ ဖြစ်ကြောင်း၊ စိုးရိမ်စရာ မရှိကြောင်း၊ မီးရထားလမ်း လုံခြုံသည့်တိုင် မြိုင်သာယာသို့ စကားလက်တို့ သားအမိ ပြန်မလာသင့်ကြောင်း၊ မြိုင်သာယာသို့ စကားလက်တို့ သားအမိ ပြန်မလာသဖြင့် စိတ်အေးရကြောင်း၊ ဘုရား မှန်မှန် ရှိခိုးသင့်ကြောင်း၊ ကာရင်း တစ်ယောက် ကျန်းမာအောင် ရည်စူး၍ ပုတီးစိပ်သင့်ကြောင်းဖြင့် ဖော်ပြထားသည်။

ဤစာပိုဒ်ကို ဖတ်ပြီး စကားလက် လိပ်ပြာ မလုံ။ သုဓမ္မာ ဇရပ်သို့ မရောက်သည်မှာ ကြာလှပြီ။ တစ်ခါကမူ သုဓမ္မာ

ဇရပ်သို့ မှန်မှန် မရောက်လျှင် ဘုရား မှန်မှန် မရှိခိုးဖြစ်လျှင် ဧရာမ ဒုစရိုက်ကြီးဟု ထင်ခဲ့သည်။ သို့ရာတွင် ယခု ဤသို့ မထင်တော့။ မေမေ့စာ ရောက်လာတော့ စကားလက်သည် သူ့အခန်းသို့ တက်ကာ ခပ်သုတ်သုတ် ပုတီးစိပ်သည်။ ခါတိုင်း ဘုရား ရှိခိုး၍ ပုတီးစိပ်ပြီးလျှင် စိတ်ထဲတွင် ပေါ့ပါး အေးချမ်း၍ သွားသည်။ ယခု ဤသို့ မခံစားရတော့။ နေ့စဉ် လူပေါင်း များစွာ ဆုတောင်း ကြသော်လည်း ဘုရားသခင်သည် ပြည်နယ်ကို လည်းကောင်း၊ တောင်ပိုင်းသားများကို လည်းကောင်း၊ သူ့ကို လည်းကောင်း စောင်မ ကြည့်ရှုခြင်း ပြုဖော်မရတော့ဟု စကားလက် ထင်သည်။

ထိုနေ့ည၌ စကားလက်သည် အိမ်ရှေ့ ဆင်ဝင်တွင် ထိုင်ကာ ဖေဖေနှင့် မေမေ့ စာကို ရင်တွင် အပ်ထားမိသည်။

စာကို ရင်တွင် အပ်ရင်း ဖေဖေ မေမေနှင့် မြိုင်သာယာသည် သူနှင့် မကွဲမကွာ ရှိနေသည်ဟု ခံစားမိသည်။ ဧည့်ခန်းဆောင် ပြတင်းမှ မီးရောင်သည် ထင်းရှူးရိပ်တို့ မှောင်နေသည့် ဆင်ဝင်ထဲသို့ ဝိုးတိုးဝါးတား ဖြာကျနေ၏။ နံရံတွင် တွယ်တက်နေသည့် နွယ်နှင်းဆီများနှင့် ပျားရည်စုပ် ပန်းနံ့များက မွှေးနေသည်။ ညက တိတ်ဆိတ်နေသည်။ နေဝင် ကတည်းက သေနတ်သံ ဟူ၍ တစ်ချက်မျှ မကြားရတော့။ ကမ္ဘာ လောကကြီးသည် ဝေးကွာနေသည်။ မြိုင်သာယာမှ စာကို ဖတ်ပြီး ကတည်းက စကားလက် စိတ်တွင် နောက်ကျိနေသည်။ ဟာနေသည်။ သူ့အနားတွင် တစ်ယောက်ယောက် ရှိလျှင် ကောင်းလေစွဟု တောင့်တမိသည်။ မစ္စက် မယ်ရီဝယ်သာ ရှိလျှင်ပင် တော်သေးသည်။ သို့ရာတွင် မစ္စက် မယ်ရီဝယ်သာက ဆေးရုံ ည ဂျူတီ ဆင်းနေရသည်။ ဆရာဝန်ကတော် ဒေါ်ဒေါ်မိကလည်း ရှေ့တန်းမှ ခဏ ပြန်လာသည့် ဖိလစ် အတွက် မိတ်ဆွေများကို ဧည့်ခံ ကျွေးမွေးနေသည်။ မီလာနီကလည်း အိပ်နေပြီ။ ဧည့်သည် တစ်ယောက်တလေမျှပင် မလာ။ လာမည့်သူလည်း မရှိတော့။ လမ်းလျှောက်နိုင်သူ မှန်သမျှ မြို့ပြင် ကတုတ်ကျင်းများ ထဲတွင် ရောက်နေပြီ။ သို့မဟုတ် ဂျုန်းဘာရိုသို့ ရောက်နေကြပြီ။

ဤသို့ အထီးကျန် မဖြစ်စဖူး။ စကားလက် ဤသို့ အထီးကျန် မနေချင်။ တစ်ယောက်တည်း နေလျှင် တွေးစ

ရာများတတ်သည်။ တွေးစရာတွေကလည်း ဘာမျှ ကြည်နူးစရာ မကောင်း။ စကားလက်သည် သူများ ထုံးစံ အတိုင်း အတိတ်

347

အကြောင်းကို ပြန်တွေးသည်။ ကွယ်လွန်သူတို့ အကြောင်းကို တွေးသည်။

ယနေ့ညတွင်

အတ္တလန်တာ

တစ်မြို့လုံး

တိတ်ဆိတ်နေသည်။

စကားလက်သည်

မျက်လုံးကို

မှိတ်ကာ

မြိုင်သာယာက ရိပ်ငြိမ် ချမ်းမြေ့သည့် ဘဝကို ပြန်တွေးသည်။ အပြောင်းအလဲ မရှိသော ဘဝကို ပြန်စဉ်းစားသည်။ သို့ရာတွင် မြိုင်သာယာက ဘဝသည် ယခင်က ဘဝမျိုးတော့ မဟုတ်တော့။ တာလက်တန် ညီအစ်ကို လေးယောက်ကို စကားလက် အမှတ်ရသည်။ ဆံပင်နီနီ အမြွှာ နှစ်ယောက်နှင့် တွမ်နှင့် ဘွိုက်တို့ကို အောက်မေ့သည်။ တွေးမိတိုင်း စိတ်မကောင်း။ စတူးဝပ်နှင့် ဘရင့် တစ်ယောက်ယောက်နှင့် ဘာကြောင့်များ မရခဲ့သနည်း။ ပြည်တွင်းစစ် ပြီး၍ မြိုင်သာယာသို့ ပြန်လျှင် ဝင်းဝ တောင်တမာပင်တန်းတွေ ကြားက ပြေးလာကြသော သူတို့ ညီအစ်ကို နှစ်ယောက်၏ အော်သံ ဟစ်သံကို ကြားရတော့မည် မဟုတ်။ အက ကောင်းသော ရေးဖို့ ကားလ်ဗတ်နှင့်လည်း တွဲကရတော့မည် မဟုတ်။ မွန်ရိုး ညီအစ်ကို၊ ဂျိုးဖွန်တိန် စသူတို့ကိုလည်း တွေ့ရတော့မည် မဟုတ်။ ထိုနောက်

`အစ်ကို အက်ရှလေ၊ အစ်ကို မရှိတော့ဘူး ဆိုတာကို စကားလက် ဘယ်တော့မှ ယုံနိုင်မှာ မဟုတ်ဘူး’



စကားလက်က ရှိုက်၍ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။



ထိုစဉ် ကျွိခနဲ ဝင်းတံခါး မြည်သံ ကြားလိုက်ရသဖြင့် ခေါင်းကို ဆတ်ခနဲ မော့ကာ မျက်ရည်များကို သုတ်လိုက်သည်။

မြက်ဦးထုပ်ပြားကြီးကို ကိုင်၍ ခပ်သုတ်သုတ် လျှောက်လာသော ရက် ဘတ်တလာကို လှမ်းမြင် လိုက်ရ၏။ ဘာဂီ စီးရင်း စကားများကာ ငါးမြှောင့်ဆိုင်တွင် သူ ဒေါကြီး မောကြီးနှင့် ခုန်ဆင်းခဲ့သည့် နောက် ရက် ဘတ်တလာနှင့် တစ်ခါမျှ မတွေ့တော့။ ထိုစဉ်ကမူ နောင်တွင် ရက် ဘတ်တလာ ဆိုသည့် လူ၏ မျက်နှာကို ယောင်၍မျှပင် မကြည့်တော့ဟု ဆုံးဖြတ်ခဲ့သည်။ ထိုအတိုင်းလည်း ပြောခဲ့သည်။ သို့ရာတွင် ယခု စကား ပြောစရာ လူတစ်ယောက်၊ အက်ရှလေကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင် စကား ပြောရမည့် လူတစ်ယောက် ရောက်လာသဖြင့် စကားလက် ဝမ်းသာသွားသည်။ ဘာဂီ စီးစဉ်က ပြောခဲ့သည့် စကားများကိုလည်း မေ့ပျောက် ပစ်လိုက်သည်။ ရက် ဘတ်တလာ ကလည်း သူ့ စကားများကို မေ့ပျောက်သွားပြီလော၊ သို့မဟုတ် တမင် မေ့ဟန်ဆောင်နေသည်လော မပြောတတ်။ ဖြစ်ခဲ့သည့် ကိစ္စကို တစ်ခွန်းမျှ မပြောဘဲ ဆင်ဝင် လှေကားထက် ထိပ်ဆုံးတွင် ဝင်ထိုင်လိုက်သည်။

`မာကွန်ကို ပါမသွားဘူးလား၊ ဒေါ်လေး ပစ်တီ မာကွန်ကို ပြောင်းသွားပြီ ဆိုတော့ မင်းတို့လည်း ပါသွားမယ်လို့

ထင်နေတာ၊ အိမ်မှာ မီးရောင် မြင်တာနှင့် ဝင်လာတာ၊ ဘာဖြစ်လို့ နေရစ်ခဲ့တာလဲ’

`မီလာနီကို စောင့်ရှောက်ဖို့ နေရစ်ခဲ့တာ၊ ရှင် သိသားပဲ၊ မီလာနီက ဘယ်လိုလုပ်ပြီး သွားလို့ လာလို့ ဖြစ်မှာလဲ’



`ကြီးကျယ်လိုက်တာကွယ်’ ရက် ဘတ်တလာ မျက်မှောင် ကုတ်လိုက်သည်ကို မီးရောင်တွင် မြင်လိုက် ရသည်။

`ဒါဖြင့် မီလာနီလည်း ဒီမှာ ရှိနေသေးတယ်ပေါ့၊ တယ်မိုက်ကြတာကို၊ သူ့ အခြေအနေနှင့် ဒီမှာ ဆက်နေလို့ ဘယ်ဖြစ်မလဲ၊ အန္တရာယ် များပါဘိသနှင့်’

စကားလက်က အိုးတိုးအမ်းတမ်း ဖြစ်သွားကာ တိတ်ဆိတ် နေသည်။ မီလာနီ၏ အခြေအနေကို လူစိမ်းယောက်ျား

တစ်ယောက်နှင့် ပြောဖို့ မသင့်ဟု စကားလက် ယူဆသည်။ ရက် ဘတ်တလာက မီလာနီ ကိုယ်ဝန် ကိစ္စကို ရည်ညွှန်း

348

ပြောသည့် အခါတွင် စကားလက် ပို၍ အနေရ ခက်နေသည်။ ဤကိစ္စမျိုးကို ယောက်ျားပျို တစ်ယောက် သိဖို့မကောင်း။

`သြ၊ ရှင် ပြောပုံက စကားလက် အဖို့တော့ အန္တရာယ် မစိုးရိမ်ရတဲ့ အတိုင်းပဲ၊ တော်သားပဲ’



စကားလက်က

ဇောင့်အင့်အင့်

ပြောသည်။

ရက်

ဘတ်တလာ၏

မျက်လုံးများတွင်

လှောင်ပြောင်လိုသည့်

အရိပ်အယောင်ကို တွေ့လိုက်ရ၏။

`မင်း အတွက်တော့ မစိုးရိမ်ပါဘူး၊ ကျုပ် ရှိသားပဲ၊ ယန်ကီတွေလာရင် ကျုပ်က အကာအကွယ် ပေးမှာပေါ့’



`တော်စမ်းပါ၊ လောကွတ်တွေ လုပ်မနေစမ်းပါနှင့်’



`တကယ်ပါ၊ ခက်တာက မင်းဟာ ယောက်ျားတွေ ပြောတဲ့ စကားဆိုရင် လောကွတ်ချည်းပဲ အောက်မေ့ နေတာကိုး၊

ဘယ်တော့မှများ ဒီ အစွဲ ကျွတ်ပါ့မလဲ မသိဘူး’

`သေမှ ကျွတ်မှာ’



စကားလက်က ပြုံးလိုက်သည်။ လောကတွင် သူ့ကို လောကွတ် လုပ်မည့် ယောက်ျားတွေ ရှိနေဦးမည်ဟု တွေးမိကာ

ကျေနပ်သွားသည်။

`မာနတွေ မာနတွေ’ ရက် ဘတ်တလာက ညည်းသလိုလို ပြောလိုက်သည်။ `အေးလေ၊ အနည်းဆုံး မင်းက

ပွင့်ပွင့်လင်းလင်းတော့ ပြောတတ်သားပဲ’

ရက် ဘတ်တလာက ဆေးပြင်းလိပ် ဘူးထဲမှ ဆေးပြင်းလိပ် တစ်လိပ်ကို ထုတ်ယူပြီး နမ်းကြည့်သည်။ မီးခြစ် ခြစ်၍

ညှိပြီးနောက် တိုင်ကို မှီသည်။ လက်နှစ်ဖက်ကို ဒူးတွင် ပတ္တာဆက် ဆက်ထားပြီး တိတ်ဆိတ်စွာ ဆေးလိပ် သောက်နေသည်။ သူတို့

ဝန်းကျင်တွင်

ပူနွေးသည့်

ည၏

တိတ်ဆိတ်သော

အမှောင်ထုသည်

ချဉ်းကပ်

လာနေသည်ဟု

ထင်ရ၏။

နွယ်နှင်းဆီနှင့် ပျားရည်စုပ် ပန်းပင်တို့ကြားမှ မြေလူးငှက်က အိပ်ရာမှ လန့်နိုးကာ တစ်ချက် အော်လိုက်သည်။ ထို့နောက် ငြိမ်သက်သွားပြန်သည်။

ဆင်ဝင် အမှောင်ရိပ်ထဲမှ ရက် ဘတ်တလာက ရုတ်တရက် ခပ်တိုးတိုး ရယ်သည်။



`လက်စသတ်တော့ မင်းက မီလာနီနှင့် အတူ နေခဲ့တာကိုး၊ ကျုပ် တစ်သက်မှာ ဒါမျိုး ထူးထူး ဆန်းဆန်း ဒီတစ်ခါပဲ

တွေ့ဖူးသေးတယ်’

`ဘာများ ထူးဆန်းလို့လဲ’



သူ့ကို တစ်မျိုးတစ်မည် ပြောတော့မည်ဟု သိလိုက်သဖြင့် စကားလက်က သတိထား၍ မေးလိုက်သည်။



`သိပ် ထူးဆန်းတာပေါ့၊ ဟိုတုန်းက မင်းဟာ နည်းနည်းမှ ကိုယ်ချင်းမစာတတ်ဘူး၊ မီလာနီကို မင်း နည်းနည်းလေးမှ

မနာလိုဘူး၊ မီလာနီဟာ ထုံထိုင်းတယ် အ တယ်လို့ မင်း ထင်ခဲ့တယ်၊ သူ့ ပြည်နယ် ချစ်စိတ်တို့ ဘာတို့ ဆိုတာတွေကို မင်း

349

စိတ်ပျက်တယ်လို့ ကျုပ် ထင်ခဲ့တာ၊ ချွတ်ယွင်းချက်တို့၊ အားနည်းချက်တို့ကို မတွေ့လိုက်နှင့်၊ တွေ့လိုက်တာနှင့် တစ်ပြိုင်နက် နည်းနည်းလေးမှ အညှာမပေးဘူး၊ ရက်ရက်စက်စက် ပြောခဲ့တာပဲ၊ ဒီလို မိန်းကလေးမျိုး တစ်ယောက်က ကိုယ်ကျိုး မငဲ့ဘဲ အမြောက်ဆန်တွေ ဗုံးဆန်တွေ ကြားထဲမှာ သူ့ကို စောင့်ရှောက်ဖို့ နေရစ်ခဲ့တယ် ဆိုတော့ ကျုပ်အဖို့ သိပ်ထူးဆန်းနေတာပေါ့၊ ကဲ မင်း ဘာဖြစ်လို့ နေရစ်ခဲ့တာလဲ၊ ကျုပ်ကို မှန်မှန် ပြောစမ်း’

`ဘာဖြစ်လို့ မနေရစ်ရမှာလဲ၊ မီလာနီဟာ ချားလ်ရဲ့ ညီမ၊ စကားလက် အဖို့ ညီအစ်မ အရင်းဆိုရင်လည်း ဟုတ်တာပဲ’



စကားလက်က ဣနြေ္ဒမပျက် ပြောသည်။ သူ့မျက်နှာက ပူရှိန်းနေသည်။



`တစ်နည်း ပြောရရင် အက်ရှလေရဲ့ မုဆိုးမလည်း ဖြစ်လို့ ဆိုပါတော့’



စကားလက်က ဒေါသကို ချုပ်ကာ ထိုင်ရာမှ ထသည်။



`ရှင် စကားလက်ကို စော်ကားပေါင်း များလှပြီနော်၊ အရင် တစ်ခါတုန်းက အပြုအမူ အတွက် စကားလက် ရှင့်ကို

ခွင့်လွှတ်တော့မယ်လို့ ပိုင်းဖြတ်ထားတာ၊ ခုတော့ ခွင့်မလွှတ်နိုင်တော့ဘူး၊ နောင်လည်း ဒီအိမ်ကို မလာပါနှင့်တော့၊ စကားလက် စိတ်ညစ်နေတယ် သိလား၊ စိတ်များ မညစ်ရင်’

`ထိုင်ပါကွယ်၊ ဒီလောက်လည်း ဒေါသ မကြီးပါနှင့်’ ရက် ဘတ်တလာ၏ အသံက ပြောင်းသွားသည်။ ရက်

ဘတ်တလာက စကားလက်၏ လက်ကို လှမ်းဆွဲကာ ပြန်အထိုင်ခိုင်းသည်။

`ဘာဖြစ်လို့ စိတ်ညစ်နေတာလဲ’



`မြိုင်သာယာက စာလာလို့၊ ယန်ကီတွေ မြိုင်သာယာနား ရောက်နေကြပြီတဲ့၊ ပြီးတော့ ညီမလေး ကလည်း အူရောင်

ငန်းဖျား ဖြစ်နေတယ်တဲ့၊ စကားလက် အိမ်ကို သိပ်ပြန်ချင်တာပဲ၊ မေမေကလည်း ပြန်မလာရဘူးတဲ့၊ စကားလက်ကိုပါ ရောဂါ ကူးမှာ စိုးသတဲ့၊ အိမ်ပြန်ချင်တယ်၊ စကားလက် ဘယ်လို လုပ်ရမလဲ’

`မငိုပါနှင့် ကွယ်’ ရက် ဘတ်တလာ၏ အသံက ချိုသာစ ပြုလာသည်။ `ယန်ကီတွေက အတ္တလန်တာကို သိမ်းသည့်တိုင်

မြိုင်သာယာနှင့် စာရင် ဒီက စိတ်ချရတာပေါ့၊ ယန်ကီတွေက မင်းကို ဘာမှ အန္တရာယ် မပေးပါဘူး၊ အန္တရာယ် ပေးချင်းပေးရင် အူရောင် ငန်းဖျား ရောဂါကသာ ပေးမှာပါ’

`ဘာ ယန်ကီတွေက စကားလက်ကို ဘာမှ မလုပ်ဘူး ဟုတ်လား၊ စကားလက်ကို မလိမ်ပါနှင့်၊ မဖြစ်နိုင်တာ’



`တော်တော် ခက်ပါလား ကလေးမရယ်၊ ယန်ကီတွေဟာ ဘီလူးသဘက်တွေ မဟုတ်ပါဘူး၊ မင်း ထင်သလို

အဟိတ်တိရစ္ဆာန်တွေလည်း မဟုတ်ပါဘူး၊ ကျုပ်တို့ တောင်ပိုင်းသားတွေ လိုပါပဲ၊ အနေအထိုင် နည်းနည်း ကြမ်းတာရယ်၊ စကားပြော နည်းနည်း ဝဲတာရယ်၊ ဒါပဲ ကွာပါတယ်’

`ဒါဖြင့် ယန်ကီတွေက’



`ဘာလဲ၊ မင်းကို ဗလက္ကာရ လုပ်မယ် ထင်လို့လား၊ စိတ်ထဲကတော့ မပြောတတ်ဘူး၊ ဒါပေမယ့် ကိုယ်ထိ

350

လက်ရောက်တော့ ကျူးလွန်မယ် မထင်ပါဘူး’

`ရှင် ဒီလို စကားပြော ရိုင်းလာရင် စကားလက် အိမ်ထဲ ဝင်မယ်’



စကားလက်က မျက်နှာလေး နီရဲ လာရာက အော်လိုက်သည်။



`ပွင့်ပွင့်လင်းလင်း ပြောစမ်းပါကွယ်၊ မင်း ဒါကို တွေးကြောက်နေတာ မဟုတ်လား’



`မဟုတ်ပါဘူး’



`ဟုတ်ပါတယ်ကွယ်၊ မညာပါနှင့်၊ မင်း ရင်ထဲမှာ ဘာဖြစ်နေတယ် ဆိုတာကို သိလို့တော့ ကျုပ်ကို စိတ် မဆိုးပါနှင့်၊

ကျုပ်တို့ တောင်ပိုင်းသူတွေက သိမ်သိမ် မွေ့မွေ့ ယဉ်ယဉ် ကျေးကျေးနှင့် ကြီးပြင်း လာကြတာ မဟုတ်လား၊ ဒါမျိုးကို တွေးကြောက်တာ မင်း တစ်ယောက်တည်း မဟုတ်ပါဘူး၊ ဒီလို အခြေအနေမျိုးမှာ ဆိုတော့ တွေးပြီး ကြောက်မယ်ဆိုလည်း ကြောက်စရာပေါ့၊ ကျုပ် လောင်းရဲပါတယ်၊ မစ္စက် မယ်ရီဝယ်သာ တို့လို အဘွားကြီးတွေလည်း ကြောက်မှာပါပဲ’

စကားလက် ဘာမျှ ပြန်မပြောတော့။ တံတွေးကို မျိုချနေမိသည်။ ဤလို လက်ပြဲကြီးထဲတွင် အမျိုးသမီးတွေ

ဆုံမိတိုင်း ဗာဂျီးနီးယား၊ တင်နဆီ၊ လူဝီဇီယားနား ပြည်နယ်များတွင် ယန်ကီတို့ သောင်းကျန်းကြပုံများကို ပြောတတ်ကြသည်။ ယန်ကီများသည် အမျိုးသမီးများကို ဗလက္ကာရ ပြုကြကြောင်း၊ ကလေးငယ်များကို လှံစွပ်ဖြင့် ထိုးသတ်ကြကြောင်း၊ လူအိုများကို အိမ်ထဲတွင် ပိတ်လှောင်ကာ အိမ်များကို မီးရှို့လေ့ ရှိကြောင်း စသည်တို့ကို ပြောကြသည်။ လမ်းမတကာ လျှောက်၍ ပြောမနေသည့်တိုင် ဤအကြောင်းများကို လူတိုင်း သိကြသည်။ ရက် ဘတ်တလာသည် အကျင့် သိက္ခာ ရှိသူ ဖြစ်လျှင် ဤမျှ ပေါ့ပေါ့တန်တန် တွေးမည် မဟုတ်။ ဤအကြောင်းတွေကို သူနှင့် မပြောသည်က ကောင်းလိမ့်မည်။ ရယ်စရာ မောစရာ မဟုတ်။

ရက် ဘတ်တလာက ခပ်တိုးတိုး ကျိတ်၍ ရယ်နေသည်။ တစ်ခါတစ်ရံတွင် ရက် ဘတ်တလာသည် အလွန် မုန်းစရာ

ကောင်းသည်။ တစ်ခါတစ်ရံတွင် မဟုတ်။ များသောအားဖြင့် အလွန် မုန်းစရာ ကောင်းသည်။ မိန်းမတွေ တွေးသည့် အတွေး၊ မိန်းမတွေ ပြောသည့် စကားကို နှိုက်နှိုက်ချွတ်ချွတ် သိပြီ ဆိုလျှင် ထိုယောက်ျားသည် ကြောက်စရာ ကောင်းသည်။ သူ့ရှေ့တွင် အမျိုးသမီး တစ်ယောက် ဗလာကျင်း ပြရသည့်နှယ် ရှိသည်။ သို့ရာတွင် မည်သည့် ယောက်ျားမျှ မိန်းမတို့ အကြောင်းကို မိန်းမကောင်းများထံမှ မသိနိုင်။ စကားလက်သည် သူ့ စိတ်ကို ရက် ဘတ်တလာ သိနေသဖြင့် ဒေါသ ထွက်နေသည်။ ယောက်ျားတို့ အလယ်တွင် သူသည် လျှို့ဝှက် နက်နဲသည့် ပစ္စည်း တစ်ခု ဖြစ်နေချင်သည်။ သို့ရာတွင် ရက် ဘတ်တလာကမူ သူ့ကို စိတ်မှန်းဖြင့် ကြည့်သည့်နှယ် မသိချင် အဆုံး ဖြစ်နေပြီ။

`စကားစပ်မိလို့ ပြောရဦးမယ်၊ အိမ်ထဲမှာ မင်းတို့ချည်းပဲ မဟုတ်လား၊ မင်းတို့မှာ အကာအကွယ် ပေးမယ့်သူ

ရှိရဲ့လား၊ မိန်းမဖော် အစောင့်အရှောက်ကော ရှိရဲ့လား၊ မစ္စက် မယ်ရီဝယ်သာလို ဒေါ်ဒေါ်မိလို အမျိုးသမီးကြီးတွေ ဆိုပါတော့၊ သူတို့ကတော့ ကျုပ်ကို နည်းနည်းလေးမှ အကောင်း မထင်ကြဘူး၊ ကျုပ် လာရင် မကောင်းတဲ့ အကြံအစည် တစ်ခုခုနှင့် လာတာလို့ ထင်နေကြပုံ ရတယ်’

`ဒေါ်ဒေါ်မိ ညတိုင်း လာအိပ်ပါတယ်’ စကားလက်က စကားလမ်းကြောင်း ပြောင်းသွားသဖြင့် ဝမ်းသာ သွားသည်။

351

`ဒါပေမယ့် ဒီနေ့ ညတော့ လာနိုင်မှာ မဟုတ်ဘူး၊ သူ့သား အငယ်လေး အိမ်ပြန်ရောက် နေတယ်’

`ဒီလိုဆို မင်းကို နှစ်ယောက်ချင်း တွေ့ရတာ ကျုပ် ကံကောင်းတယ်လို့ ဆိုရမှာပေါ့နော်’



ရက် ဘတ်တလာက ခပ်တိုးတိုး ပြောသည်။ သူ့ အသံကြောင့် စကားလက်၏ ရင်သည် တဒိတ်ဒိတ် ခုန်လာ၏။

သူ့ မျက်နှာကလည်း နီရဲလာသည်ဟု ထင်ရသည်။ ယောက်ျားများက ဤအသံမျိုးဖြင့် ဤ စကားမျိုး ပြောလျှင် ဧကန္တ ချစ်ရေးဆိုဖို့ အစ ပျိုးခြင်း ဖြစ်ကြောင်း စကားလက် အတွေ့အကြုံ အရ သိပြီးပြီ။ မည်မျှ ပျော်စရာ ကောင်းသနည်း။ သူ့ကို ချစ်စကား ပြောလာလျှင် ရက် ဘတ်တလာ ဆိုသည့် လူကို ညှဉ်းထားလိုက်ဦးမည်။ သူ့ကို သုံးနှစ်လုံးလုံး ခနိုးခနဲ့ ပြောသလို ရက် ဘတ်တလာကိုလည်း မထိတထိကလေးတွေ ပြောကာ အခံရခက်အောင် လုပ်ထားလိုက်ဦးမည်။ အက်ရှလေနှင့် စကားများသည်ကို ရက် ဘတ်တလာ တွေ့သွားသဖြင့် ရက် ဘတ်တလာရှေ့ ရောက်တိုင်း သူ သိမ်ငယ်ခဲ့ရသည်။ ယခု ရက် ဘတ်တလာက လိုက်လာပြီ။ သူက ရှေ့က ပြေးပြပြီး ရက် ဘတ်တလာကို သိမ်ငယ်အောင် လုပ်ရဦးမည်။ လက်စား ချေလိုက်ဦးမည်။ ကြိုးရှည်ရှည်နှင့် လံပြီးသည့် အဆုံးကျမှ အစ်ကို တစ်ယောက်လို ရိုးရိုးသားသား ချစ်ပါသည်ဟု ပြောကာ ယဉ်ယဉ်ကလေး အနိုင်ယူလိုက်မည်။

စကားလက်က ကိုယ့် အတွေးဖြင့်ကိုယ် ပီတိဖြစ်ကာ ကျိတ်၍ ရယ်လိုက်သည်။



`မရယ်ပါနှင့်ကွယ်’



ရက် ဘတ်တလာက သူ့လက်ကို လှမ်းယူကာ သူ့ လက်ဖဝါးကို လှန်၍ နမ်းလိုက်၏။ သူ့ဆီမှ ခွန်အား ကောင်း၍

လျှပ်စစ်ဓာတ်လို ဆွဲငင်အား ရှိသည့်အရာ တစ်ခုသည် စကားလက် ကိုယ်ထဲသို့ ကူးစက် ပျံ့နှံ့သွား၏။ တစ်ကိုယ်လုံး သိမ့်ခနဲ တုန်သွားသည်။ ရက် ဘတ်တလာ၏ နှုတ်ခမ်းများသည် လက်ဖဝါးမှ လက်ကောက်ဝတ်ဆီသို့ ရောက်လာကြ၏။ တဒိတ်ဒိတ် တိုးနေသော သွေးတိုးနှုန်းကို ရက် ဘတ်တလာ ခံစားမိလိမ့်မည် ထင်သည်။ စကားလက်က လက်ကို ရုပ်ရန် ကြိုးစားသည်။ သို့ရာတွင် အတင်းအကျပ် မရုန်း။ စကားလက်သည် လက်များဖြင့် သူ့ ဆံပင်ကို ဖွ၍ ပွတ်သပ် ပေးလိုက်ချင်သည်။ သူ့ နှုတ်ခမ်းများကို စောင့်နေသည်။

သူသည် ရက် ဘတ်တလာကို မချစ်။ သူ ချစ်သည်က အက်ရှလေ ဖြစ်သည်။ သို့ရာတွင် သူက လက်ကို နမ်းသည်၌

အဘယ့်ကြောင့် သူ့ လက်တွေ တုန်ယင်ကာ ရင်ထဲတွင် အေးနေရသနည်း။ ရက် ဘတ်တလာက ခပ်တိုးတိုး ရယ်သည်။

`မကြောက်ပါနှင့်၊ ကျုပ် ကိုက်မစားပါဘူး’



`ဟင့်အင်း၊

စကားလက်က

ဘာဖြစ်လို့

ကြောက်ရမှာလဲ၊

စကားလက်

ရှင့်ကိုလည်း

မကြောက်ဘူး၊

ဘယ်ယောက်ျားကိုမှလည်း မကြောက်ဘူး’

စကားလက်၏ အသံရော လက်တွေရော တုန်နေသည်။



`စိတ်ဓာတ်ကလေးကတော့ ချီးကျူးစရာပဲ၊ ဒါပေမယ့် သိပ်တော့ မအော်ပါနှင့်ကွယ်၊ တိုးတိုး ပြောပါ၊ မီလာနီ

ကြားသွားပါ့မယ်၊ စိတ်လည်း တည်တည်ငြိမ်ငြိမ် ထားပေါ့’

352



စကားလက် ထိတ်ထိတ်ပျာပျာ ဖြစ်နေပုံကို ကြည့်၍ ရက် ဘတ်တလာက ရယ်သည်။



`ဒီမှာ ကလေးမ၊ မှန်မှန် ပြောစမ်း၊ မင်း ကျုပ်ကို မကြိုက်ဘူးလား’



မမျှော်လင့်သည့် စကားကြောင့် စကားလက် အံ့အားသင့်နေသည်။



`တစ်ခါတလေတော့ ကြိုက်ချင် သလိုလိုပဲ’ စကားလက် သတိထား၍ ဖြေသည်။ `ရှင် ကြမ်းပိုးတေလေလို မကျင့်တဲ့

အခါမျိုး ဆိုပါတော့’

ရက် ဘတ်တလာက ရယ်ကာ စကားလက်၏ လက်ဖဝါး နုနုလေးများကို သူ့ပါး ကြမ်းကြမ်းကြီးသို့ ကပ်လိုက်သည်။



`ကျုပ် အမြင်ကတော့ ကျုပ် တေလေကြမ်းပိုးလို နေလို့ကို မင်း ကျုပ်ကို သဘောကျနေတယ် ထင်တာပဲ၊ မင်း

ဘဝက အေးအေးချမ်းချမ်းကလေး၊ အဲဒီ အေးချမ်းတဲ့ ဘဝထဲမှာ မင်း တွေ့ဖူးတဲ့ တေလေ ကြမ်းပိုးတွေက တွေ့ရိုးတွေ့စဉ် တေလေကြမ်းပိုးတွေ၊ ကျုပ်က နည်းနည်း ထူးခြားတဲ့ တေလေကြမ်းပိုး ဆိုတော့ မင်း ဒါလေးကိုပဲ သဘောကျနေတာ မဟုတ်လား’

ဤစကားသည်လည်း သူ မျှော်လင့်သည့် စကား မဟုတ်။ စကားလက်က လက်ကို ဆောင့်ရုန်းသည်။ သို့ရာတွင် မရ။



`ဟင့်အင်း၊ စကားလက်က တေလေ ကြမ်းပိုးကို ဘာဖြစ်လို့ သဘော ကျရမှာလဲ၊ လူကောင်း သူကောင်း၊ အမြဲတမ်း

လူကြီးလူကောင်း ဖြစ်နေမယ့် လူကောင်းမျိုးကိုမှ သဘောကျတာ’

`အမြဲတမ်း မင်းက အနိုင်ကျင့်လို့ ရတဲ့ လူမျိုးလို့ ပြောပါကွယ်၊ သဘောက အတူတူပါပဲ၊ စကားလုံးသာ ကွာတာပါ’



ရက် ဘတ်တလာက သူ့ လက်ဖဝါး နုနုကလေးကို နောက်တစ်ကြိမ် နမ်းပြန်သည်။ စကားလက် တစ်ကိုယ်လုံး

ကြက်သီး ထသွား၏။

`ဘာပြောပြော မင်းကို ကျုပ် သဘော ကျတယ်၊ ကျုပ်ကို ချစ်ကော မချစ်နိုင်ဘူးလား ဟင်’



လာပြီ။ သူ ထင်သည့် အတိုင်း ဤစကား ထွက်လာပြီ။ သူ့ နယ်ထဲ ရောက်လာပြီဟု စကားလက်က အောင်မြင်စွာ

တွေးသည်။ စကားလက် ဣနြေ္ဒရရဖြင့် ဖြေသည်။

`ဟင့်အင်း စကားလက် မချစ်နိုင်ဘူး၊ ရှင့် အပြုအမူ အပြောအဆိုတွေ မပြောင်းသမျှ စကားလက် ရှင့်ကို မချစ်ဘူး’



`အဲဒါမှ ခွကျတာပဲ၊ ကျုပ်ကလည်း ကျုပ် အပြုအမူ အပြောအဆိုတွေကို ပြင်ဖို့ တစ်ခါမှ စိတ်မကူးမိဘူး၊ ဒီလိုဆို

မင်း ကျုပ်ကို မချစ်နိုင်တော့ဘူးပေါ့၊ အင်း ကျုပ် ထင်တဲ့ အတိုင်းပါပဲ၊ ကျုပ်ကလည်း မင်းကို ဒီ အတိုင်းပါပဲ၊ ကျုပ် မင်းကို တော်တော် သဘောကျတယ်၊ ဒါပေမယ့် မင်းကို မချစ်ဘူး၊ မင်းအဖို့လည်း ကျုပ်ကို မချစ်တာဘဲ ကောင်းပါတယ်၊ နို့မို့ရင် မင်း ဘဝမှာ တစ်ဖက်သတ် ချစ်ရတာ နှစ်ခါ ကြုံရတယ် ဆိုတော့ ရင်ကွဲဖို့ပဲ ရှိတော့တာပေါ့၊ မဟုတ်ဘူးလား ညီမ၊ ကျုပ် မင်းကို ညီမလို့ပဲ ခေါ်တော့မယ်နော်၊ ဟုတ်လား၊ မင်း ကြိုက်ကြိုက် မကြိုက်ကြိုက် ကျုပ် ဒီလိုပဲ ခေါ်ချင်တယ်၊ ယဉ်ကျေးသမှုပေါ့ကွယ် ဟုတ်လား’

353



`ရှင် ကျွန်မကို မချစ်ဘူးပေါ့’



`ဟင့်အင်း မချစ်ဘူး၊ ဘာလဲ ချစ်တယ်လို့ မင်း ထင်နေလို့လား’



`ရှင် တော်တော် ဟန်ဆောင် ကောင်းတယ်နော်’



`အင်း မင်းကို ချစ်နေတယ်လို့ မျှော်လင့်ရင်တော့ မင်း မှားပြီ၊ မင်း မျှော်လင့်တဲ့ အတိုင်း မဖြစ်တဲ့ အတွက်

ဝမ်းနည်းပါတယ်၊ တကယ်ကတော့ မင်း ထင်မယ်ဆိုရင်လည်း ထင်စရာကိုး၊ မင်းက ချစ်စရာ ကောင်းတယ်၊ လှတယ်၊ ဘာမှ အသုံးမကျတဲ့ အသေးအဖွဲကလေး ကိစ္စကလေးတွေမှာ တော်တယ်၊ ဒါပေမယ့် လောကမှာ မင်းလိုချော မင်းလို လှပြီး မင်းလို အသုံးမကျတဲ့ မိန်းမတွေလည်း အများကြီးပဲ၊ ကျုပ် မင်းကို မချစ်တော့ မချစ်ပါဘူး၊ ဒါပေမယ့် တော်တော်လေးတော့ သဘော ကျတယ်၊ မင်းက ဣနြေ္ဒတွေ သိက္ခာတွေကို မငဲ့ဘူး၊ တစ်ကိုယ်ကောင်း ဆန်တာကို ဖုံးကွယ် မနေဘူး၊ ပြီးတော့ အိုင်းရစ် တောသားရဲ့ သွေးပီပီ လည်တယ်၊ လက်တွေ့ကျတယ်၊ အဲဒါတွေကို ကျုပ် သဘော ကျတယ်’

အိုင်းရစ် တောသားတဲ့။ ရက် ဘတ်တလာသည် သူ့ကို စော်ကားနေပြန်ပြီ။ စကားလက်က ပြန်ပြောရန် ပြင်လိုက်၏။

ရက် ဘတ်တလာက လက်ကို ညှစ်လိုက်သည်။

`ကျုပ် ပြောတာ ဆုံးအောင် နားထောင်ဦးလေ၊ ကျုပ် မင်းကို သဘောကျတဲ့ အကြောင်းက ကျုပ်မှာ ရှိတဲ့ မကောင်းတဲ့

အရည်အချင်းတွေနှင့် မင်းမှာ ရှိတဲ့ မကောင်းတဲ့ အရည်အချင်းတွေ သွားတူနေလို့ သဘောကျတာ၊ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ဆိုတဲ့ စကား ရှိတယ် မဟုတ်လား၊ ကျုပ် ထင်ပါတယ်၊ မင်းဟာ ဘုရားလောင်းလို သဘော ကောင်းတဲ့ အက်ရှလေကို လွမ်းနေတုန်း မဟုတ်လား၊ ဒီလူဟာ ခုလောက်ဆို မြေကြီးထဲမှာ အရိုး ဆွေးလောက်ပြီ၊ ဒါပေမယ့် မင်း အသည်းနှလုံးထဲမှာ ကျုပ် အတွက် နေရာ ရှိရဦးမယ်၊ မရုန်းပါနှင့် ကလေးမရယ်၊ ကျုပ် မင်းကို ရင်ဖွင့်နေတာပါ၊ ဝက်သစ်ချမြိုင်တုန်းက သနားစရာ ချားလ်ကို မင်း အရူး လုပ်နေကတည်းက မင်းကို သဘောကျခဲ့ တာပါ၊ တွေ့စကတည်းက ဆိုပါတော့၊ ကျုပ် ဘယ် မိန်းမကိုမှ ဒီလောက် သဘော မကျခဲ့ဖူးဘူး၊ ဘယ်မိန်းမကိုမှလည်း ဒီလောက် ကြာကြာ မစောင့်ခဲ့ဖူးဘူး’

သူ့ စကားများကြောင့် စကားလက် အံ့အားသင့်နေသည်။ အသက်ကိုမျှ ကောင်းကောင်း မရှူနိုင်။ သူ့ကို

သရော်မော်ကား ပြောသည့်တိုင် ရက် ဘတ်တလာသည် သူ့ကို ချစ်နေပြီ။ ရက် ဘတ်တလာ ဆိုသည့် လူက အကဲခတ်ရ ခက်သည်။ ပွင့်ပွင့်လင်းလင်း ပြောချင်ပုံ မရ။ သူ့ကို လှောင်မည်စိုးဟန် တူသည်။ ယခု သူ့လက်ထဲ ရောက်နေပြီ။ သူ့ပညာကို ပြရတော့မည်။

`ရှင့်ကို လက်ထပ်ဖို့ ပြောနေတာလား’



ရက် ဘတ်တလာက လက်ကို လွှတ်ချလိုက်ပြီး ဝါးလုံးကွဲ ရယ်သည်။ စကားလက်ပင် လန့်သွားသည်။



`မင်း မေ့သွားပြီ ထင်တယ်၊ ကျုပ်က မိန်းမ တစ်ယောက်ကို လက်ထပ်ယူတဲ့ လူစားမျိုး မဟုတ်ဘူး ဆိုတာလေ’



`ဒါဖြင့် ရှင် ရှင် ဘာဖြစ်လို့’



ရက် ဘတ်တလာက ထိုင်ရာမှ ထ၏။ လက်တစ်ဖက်ကို ရင်တွင် ကပ်၍ နောက်ပြန် ဦးညွှတ်ဟန် ပြုလိုက်သည်။

354



`ဒီမှာ သူငယ်မ၊ မင်းကို ကျုပ် ဘာမှ သွေးဆောင် ဖြားယောင်းခြင်း မပြုဘူးနော်၊ ရိုးရိုး ရှင်းရှင်းလေး ပြောမယ်၊ မင်းကို

အပျော်မယား အဖြစ် ချီးမြှောက်မယ်လို့ ပြောနေတာ’

`အပျော် မယား’



ဘုရား။ ဘုရား။ စကားလက် စိတ်ထဲက ထို စကားလုံးကို အော်လိုက်မိသည်။ အစော်ကား ခံရလေခြင်းဟု အော်မိသည်။

ရှက်ခြင်းထက် သူ့ကို ဤမျှ အထင် သေးရသလော၊ အရူး လုပ်ရသလောဟု အကြီးအကျယ် ဒေါသ ထွက်နေသည်။ သူ ထင်သည်က သူ့ကို အကြင်လင်မယား အဖြစ် နေရန် ပြောလိမ့်မည်ဟု ထင်သည်။ သို့ရာတွင် ပြောမည့် ပြောတော့ ရက်ရက် စက်စက် အပျော်မယားဟု ပြောသည်။ ဤမျှ ပြောရအောင် သူ့ကို အရူးထင်သလော။ သူငယ်နှပ်စား ထင်သလော။ ဒေါသလည်း ထွက်သည်။ မာနကို အချိုး ခံလိုက်ရသဖြင့် ဆတ်ဆတ်ခါလည်း နာသည်။ စိတ်လည်း ပျက်သည်။ စကားလက် သူ့ကို အယဉ်အကျေး ပြန်ပြောမည်ဟု စိတ်ကူးမိသေးသည်။ သို့ရာတွင် မပြောနိုင်တော့။

`သြ၊ အပျော်မယား ဟုတ်လား၊ ရှင့် အပျော်မယား လုပ်ပြီး မိမစစ် ဖမစစ် ကလေးတွေ တပြွတ်ပြွတ် မွေးပေးရမယ်ပေါ့

ဟုတ်လား’

စကားလက် နှုတ်မှ အလိုလို ထွက်သွားသည်။ ပြောပြီးမှ သူ ပြောမိသည့် စကားများကို တွေးမိကာ ပါးစပ်

အဟောင်းသားဖြင့်

လန့်နေသည်။

ရက်

ဘတ်တလာက

သီးတော့မတတ်

အူလှိုက်သည်းလှိုက်

ရယ်ကာ

သူ့ကို

စိုက်ကြည့်နေသည်။ စကားလက်က ဆွံ့အကာ ပါးစပ်ကို လက်ကိုင်ပဝါဖြင့် အုပ်ထား၏။

`ကြိုက်သွားပြန်ပြီ၊ ဒါ့ကြောင့် မင်းကို ကျုပ် သဘော ကျတာပေါ့၊ မင်းလောက် ပွင့်လင်းတဲ့ မိန်းကလေးမျိုး ကျုပ်

မတွေ့ဖူးသေးဘူး၊ သိက္ခာတွေ၊ ဣနြေ္ဒတွေ ဘေးချိတ်ပြီး မင်းလို တဲ့တိုးပြောတဲ့ မိန်းကလေးမျိုးလည်း မတွေ့ဖူးသေးဘူး၊ တော်တော့် မိန်းမဆိုရင် ကျုပ် ပြောတဲ့ စကားတွေကြောင့် မူးမေ့သွားပြီး သတိ ပြန်ရတာနှင့် ကျုပ်ကို နှင်ထုတ်မှာပဲ’

စကားလက် ဖြုန်းခနဲ မတ်တတ် ရပ်လိုက်သည်။ ရှက်ခြင်းကြောင့် တစ်မျက်နှာလုံး နီရဲလျက် ရှိ၏။ ဤလူသည် မည်သည့်

စကားမျိုးတွေကို ပြောနေသနည်း။ မေမေ့ သမီး ပီပီ ဗိုင်းကောင်း ကျောက်ဖိ နေရန် ဆုံးမမှု အောက်တွင် ကြီးပြင်း လာရသည့် မိမိကလည်း အဘယ့်ကြောင့် မကြားဝံ့ မနာသာ စကားတွေ ထွက်သွား ရသနည်း။ စကားလက် စိတ်ရှိ လက်ရှိ အော်ဟစ် ပစ်လိုက်ချင်သည်။ မူးမေ့ လဲကျ သွားချင်သည်။ မျက်နှာကို တစ်ဖက်သို့ လွှဲကာ ဆင်ဝင်ခန်းထဲမှ ထွက်ပြေးသွားချင်သည်။ သို့ရာတွင် နောက်ကျခဲ့ပြီ။

`ရှင် ခု ထွက်သွားပါ’ စကားလက်က အော်လိုက်သည်။ မည်သူ ကြားကြား ဂရု မစိုက်နိုင်တော့။



`သွား ခုထွက်သွား၊ ရှင် တော်တော် စော်ကားတဲ့ လူ၊ တော်တော် ရိုင်းစိုင်းတဲ့ လူ၊ ရှင် ဒီစကားမျိုး ပြောရအောင်

ကျွန်မကို ဘာများ အောက်မေ့နေသလဲ၊ သွား နောက် ဘယ်တော့မှ အိမ်ရိပ်ကို မနင်းနှင့်၊ ဒီ တစ်ခါတော့ အပြတ်ပဲ၊ နောက် ဘာ လက်ဆောင်မှလည်း ယူမလာခဲ့နှင့်၊ ဖေဖေ့ကို ပြောမယ်၊ ဖေဖေ သိရင် ရှင့်ကို အသတ်ပဲ’

ရက် ဘတ်တလာက ဦးထုပ်ကို ကောက်၍ သူ့ကို ဦးညွှတ် နှုတ်ဆက်၏။ သူ့ နှုတ်ခမ်းမွေး အောက်တွင် သွားတွေ

အဖွေးသား ပေါ်အောင် ပြုံးနေသည်ကို မီးရောင်ဖြင့် မြင်လိုက်ရသည်။

355



ရက် ဘတ်တလာက နည်းနည်းမျှ ရှက်ပုံ မရ။ သူ ပြောလိုက်သည့် စကားများကို ပြုံး၍ပင် နားထောင်

နေလိုက်သေးသည်။ စကားလက်ကို စိုက်ကြည့်နေသည်။

မုန်းစရာ ကောင်းလိုက်သည့် လူ။ စက်ဆုပ်စရာ ကောင်းလိုက်သည့် လူ။ စကားလက်သည် ချာခနဲ လှည့်ကာ အိမ်ထဲသို့

ဝင်လာခဲ့သည်။ ဂျိန်းခနဲ မြည်အောင် ဆောင့်ပိတ်ရန် တံခါးကို လှမ်းဆွဲလိုက်၏။ သို့ရာတွင် တံခါး ချိတ်ထားသည့် ချိတ်ကြီးကို တော်တော်နှင့် ဖြုတ်၍ မရ။ စကားလက်က အသက် ပြင်းပြင်း ရှူရင်း ဖြုတ်နေသည်။

`ကျုပ် ကူဖြုတ် ပေးရမလား’



နောက်ထပ် တစ်မိနစ်မျှပင် နေ၍ မဖြစ်တော့။ ဤနေရာတွင် နောက်ထပ် တစ်မိနစ် နေရလျှင် သူ့ ခန္ဓာကိုယ်ထဲက

သွေးကြောတွေ ပေါက်ကွဲ ကုန်တော့မည်။

ထို့ကြောင့် စကားလက် အိမ်ပေါ်သို့ ပြေးတက် လာခဲ့သည်။ အပေါ်ထပ်သို့ရောက်လျှင် ဂျိန်းခနဲ မြည်အောင် တံခါး

ပိတ်ပေးသွားသံကို စကားလက် ကြားလိုက်ရသည်။

356

၂၀



ပူအိုက်

ဆူညံသည့်

ဩဂုတ်လ

ကုန်ခါနီးတွင်

ပစ်ခတ်သံများ

ရုတ်တရက်

ရပ်သွားသည်။

မြို့တစ်မြို့လုံး

ငြိမ်သက်တိတ်ဆိတ်သွာပုံက ထိတ်လန့်စရာ ကောင်းနေသည်။ အသိ မိတ်ဆွေချင်း လမ်းတွင် တွေ့ကြလျှင် တစ်ဦးကို တစ်ဦး မသက်မသာ လှမ်းကြည့်မိကြ၏။ မည်သည့် ကံကြမ္မာမျိုးနှင့် ကြုံမည်ကို မည်သူမျှ မပြောနိုင်။ အမြောက်သံတွေ မြည်ဟည်း ဆူညံနေသည့် ရက်များကုန်ဆုံးပြီးနောက် တိတ်ဆိတ်သွားသည့်တိုင် ထိုတိတ်ဆိတ်ခြင်းသည် တင်းနေသည့် အာရုံကြောများသည် ပို၍ တင်းလာသည်ဟု ထင်ရသည်။ ယန်ကီ အမြောက်များ အဘယ့်ကြောင့် တိတ်ဆိတ်သွားသည်ကို မည်သူမျှ မသိကြ။ မြို့ပတ်ဝန်းကျင်က ကတုတ်ကျင်းများမှ ပြည်နယ်တပ် အများအပြား ရုပ်သိမ်းသွားကာ မီးရထားလမ်းကို ကာကွယ်ရန် တောင်ဘက်သို့ ချီတက်သွားသည်ဆိုသည့် သတင်းမှ အပ အခြား ဘာမျှ မကြားရ။ တိုက်ပွဲ ဖြစ်နေသည်လော။ သို့ဖြစ်လျှင် အခြေအနေ မည်သို့ ရှိသနည်း။ မည်သည့်နေရာတွင် ဖြစ်ပွားနေသနည်း။ ဤသည်ကိုလည်း မည်သူမျှ မသိ။

ပါးစပ်သတင်းကိုသာ အားကိုးရတော့သည်။ စက္ကူမရှိ၊ မင်မရှိ၊ အလုပ်သမား မရှိတော့သဖြင့် မြို့ကို ယန်ကီတို့

ဝိုင်းပြီး နောက်တွင် သတင်းစာများလည်း ထုတ်ဝေခြင်း မပြုနိုင်တော့။ ကောလာဟလတွေကလည်း စုံနေသည်။ လူထုကြီးက ဗိုလ်ချုပ် ဟုဒ်၏ စစ်ရုံးကို ဝိုင်း၍ သတင်းထုတ်ပြန်ရန် တောင်းဆိုကြသည်။ ကြေးနန်းရုံး၊ ဘူတာရုံ စသည်တို့တွင် စုရုံးကာ သတင်းကောင်းကြားရမည်လောဟု စောင့်ကြသည်။ ယန်ကီ ဗိုလ်ချုပ်ရှားမင်း၏ အမြောက်များ တိတ်ဆိတ်သွားခြင်းမှာ ယန်ကီတို့

ဆုတ်ခွာသွားခြင်းကြောင့်

ဖြစ်သည်ဟု

ယူဆကြသည်။

ပြည်နယ်တပ်များက

၎င်းတို့ကို

ဒါလ်တန်အထိ

လိုက်တိုက်နေသည်ဟု ထင်ကြသည်။ ကြေးနန်းရုံးက တိတ်နေသည်။ တစ်ခုတည်းသော လမ်းဖြစ်သည့် တောင်ဘက်မှ လာသည့် မီးရထားလမ်းမှလည်း မီးရထားတစ်စီးမျှ မဆိုက်။ ချောပို့ လုပ်ငန်းလည်း မရှိတော့။

သို့ဖြင့် ဖုန် ထူ၍ နေပူသည့် နွေနှောင်းသို့ ရောက်လာသည်။ စိတ်မောနေသည့် မြို့သူမြို့သားများကို အပူဒဏ်က

နှိပ်စက်ပြန်သည်။ မြိုင်သာယာအကြောင်းကို စကားလက် ဘာမျှ မကြားရတော့။ ကြားချင်လှပြီ။ ဣနြေ္ဒ မပျက်အောင် မနည်း ဟန်ဆောင်ထားရသည်။ မြို့ကို ဝိုင်းထားသည်မှာ ဆယ်ကမ္ဘာလောက် ရှိပြီဟု စကားလက် စိတ်တွင် ထင်မိ၏။ စင်စစ် မြို့ကို ဝိုင်းထားကြသည်မှာ ဘာမျှ မကြာသေး။ ရက်ပေါင်း သုံးဆယ်မျှသာ ရှိသေးသည်။ သို့ရာတွင် ရက်သုံးဆယ် ပိတ်ဆို့မှုအတွင်း တွေ့ခဲ့ရသည်တို့က မေ့နိုင်ဖွယ် မရှိ။ မြို့တစ်မြို့လုံး ရဲရဲနီသည့် မြေနီ ကတုတ်ကျင်းတွေ ပြည့်နေသည်။ ဖုန်ထူသော လမ်းမများပေါ်တွင် လူနာတင်လှည်းများ နွားလှည်းများက လူနာများကို တင်လျက် ဆေးရုံများဆီသို့ မောင်းသွားကြ၏။ သွေးတွေက လှည်းများပေါ်မှ မြေကြီးပေါ်သို့ တစက်စက် ကျလျက်။ လူသေ မြှုပ်ရန် တာဝန်ကျသည့် တပ်များက ပူပူနွေးနွေးကြီး ရှိသေးသည့် အလောင်းများကို ဒရွတ်တိုက်ဆွဲလာကာ ကျင်းတိမ်တိမ်ကလေးများထဲသို့ သစ်လုံးများကို ပစ်ချသည့်နှယ် ပစ်ချလျက်။ အနိဋ္ဌာရုံတွေချည်း မြင်ရသည့် ပိတ်ဆို့မှု ရက်သုံးဆယ်။

ဒါလ်တန်မှ တောင်ဘက်သို့ ယန်ကီတို့ ဆင်းလာသည်မှာလည်း ဘာမျှ မကြာသေး။ လေးလမျှသာ ရှိသေးသည်။

သို့ရာတွင် စကားလက်အဖို့မူ ထိုလေးလသည် လေးလဟု မထင်။ ယခင် တစ်ဘဝတုန်းက အဖြစ်အပျက်များဟု ထင်သည်။ မဖြစ်နိုင်။ လေးလ မဖြစ်နိုင်။ တစ်ဘဝ ဖြစ်သည်။

357



လွန်ခဲ့သည့် လေးလတုန်းက ဒါလ်တန်၊ ရေဆာကာ၊ ကင်နက်ဆော ရိုးမ စသည့် အများများသည် စကားလက်အဖို့

ရထားလမ်းပေါ်က နေရာဒေသများသာ ဖြစ်ခဲ့သည်။ ယခု ထိုအမည်များသည် တိုက်ပွဲအမည်များ ဖြစ်နေပြီ။ ဗိုလ်ချုပ် ဂျွန်စတန် အတ္တလန်တာသို့ ဆုတ်ခွာလာခဲ့ရာတွင် တိုက်ခဲ့သည့် တိုက်ပွဲအမည်များ ဖြစ်နေပြီ။ မက်မုံပင်ချောင်း၊ ဒီကက်တော၊ အက်ဇရာဇရပ်၊ ဦးတိုင်ချောင်း စသည်တို့သည် ရှုခင်းလှလှ နေရာများ၏ နာမည်လှလှ ကလေးများ မဟုတ်ကြတော့။ တငြိမ့်ငြိမ့် စီးနေသည့် စမ်းချောင်းဘေးတွင် သူတို့ပျော်ပွဲစား ထွက်ခဲ့ဖူးသည်။ တိတ်ဆိတ် ငြိမ်သက်သည်။ စိမ်းစိမ်းစိုစို ရှိသည်။ ရွာသားတွေက သဘောကောင်းသည်။ ယခု ထိုနေရာများသည် စစ်တလင်းဖြစ်ခဲ့ရပြီ။ ဤအမည်များသည်လည်း တိုက်ပွဲအမည်များ ဖြစ်ခဲ့ကြပြီ။ သူတို့ ထိုင်ခဲ့ကြသည့် စိမ်းမြမြ မြက်ခင်းကလေးများသည် အမြောက်လှည်းဘီးရာများ၊ စစ်ဖိနပ်ရာများဖြင့် ရှု့ပ်ပွကာ ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီ။ တငြိမ့်ငြိမ့် စီးနေသည့် စမ်းချောင်းကလေးများသည် ဂျော်ဂျီယာ မြေစေးနီနီတွေကြောင့်ထက် သွေးများကြောင့် နီရဲခဲ့ရပြီ။ ယန်ကီတို့ ဖြတ်လာပြီး နောက်တွင် စိမ်းနေသည့် မက်မုံပင် ချောင်းရေသည် ကြက်သွေးရောင် ပေါက်လာသည်ဟုပင် ပြောကြ၏။ မက်မုံပင်ချောင်း၊ ဒီကက်တော၊ အက်ဇရာဇရပ်၊ ဦးတိုင်ချောင်း စသည့် နာမည်များ အားလုံးသည် နေရပ်ဒေသတို့၏ အမည် မဟုတ်တော့။ မိတ်ဆွေ သူငယ်ချင်းတို့ မြှုပ်နှံရာ သုသာန်တစပြင်၏ အမည်များ ဖြစ်ခဲ့ကြပြီ။

နောက်ဆုံးတွင် တောင်ဘက်မှ သတင်းများ ရောက်လာ၏။ သတင်းက ထိတ်စရာ လန့်စရာ။ စကားလက်အဖို့

ပို၍ ဆိုးသည်။ ဗိုလ်ချုပ် ရှားမင်းသည် မြို့၏ စတုတ္ထမျက်နှာကို ပိတ်ရန် အနောက် ဂျုန်းဘာရို ရထားလမ်းကို သိမ်းရန် တိုက်နေပြီဆိုသည့် သတင်းဖြစ်သည်။ ယခု ယန်ကီတပ် အမြောက်အမြား တောင်ဘက်တွင် စုရုံးနေကြပြီ။ တပ်က နည်းနည်းနောနော မဟုတ်။ ထုကြီး ထည်ကြီးဖြင့် စုရုံးနေခြင်းဖြစ်သည်။ မြို့၏ အခြား မျက်နှာစာများကို ကာကွယ်နေသည့် ပြည်နယ်တပ်များကို တောင်ဘက်သို့ ရွှေ့ယူရပြန်သည်။ ထို့ကြောင့် ထူးထူးခြားခြား တိတ်ဆိတ်နေခြင်း ဖြစ်သည်။

‘ဘာဖြစ်လို့များ ဂျုန်းဘာရိုကို တိုက်ရသလဲမသိဘူးနော်’ စကားလက် မြိုင်သာယာနှင့် နီးသဖြင့် စိုးရိမ်နေသည်။

‘တစ်ခါလာလည်း ဂျုန်းဘာရိုကိုပဲ တိုက်နေတော့တာပဲ၊ မီးရထားလမ်းကို သိမ်းချင်ရင် တခြားနေရာကို တိုက်ပြီး သိမ်းလို့ မရတော့ဘူးတဲ့လား’

တစ်ပတ်ခန့် မြိုင်သာယာမှ ဘာသတင်းမျှ မရ။ ဖေဖေ့ထံမှ ရသည့် စာတိုတိုလေးကြောင့် စကားလက် ပို၍

စိုးရိမ်လာသည်။ ကာရင်း အခြေအနေမှာ သိပ်မကောင်းကြောင်း၊ စိုးရိမ်ရကြောင်းဖြင့် ဖေဖေ့စာတွင် ပါသည်။ နောက်ထပ် တော်တော်နှင့် ချောစာ အသွားအလာတွေ ရှိဦးမည်မဟုတ်။ ကာရင်း၏ 

အခြေအနေကို စကားလက် သိချင်လှပြီ။

စောစောက မြိုင်သာယာသို့ ပြန်ခဲ့လျှင်လည်း အကောင်းသား။ ယခုမူ မီလာနီကြောင့် မပြန်ဖြစ်။ မီလာနီကို မငဲ့ဘဲ ပြန်ခဲ့လျှင် မည်မျှကောင်းမည်နည်း။ သူ့ဘာသာသူ မည်သို့ဖြစ်ဖြစ် ထားပစ်ခဲ့လျှင် ကောင်းမည်။

ဂျုန်းဘာရိုတွင် တိုက်ပွဲဖြစ်နေသည်ဆိုသည့် သတင်းလောက်ကိုသာ သိရသည်။ ထို့ထက် ဘာမျှ ပို၍ မသိရ။

ထိုအထဲတွင် ကောလာဟလ ပေါင်းစုံကလည်း ပျံ့နှံ့လျက် ရှိ၏။ နောက်ဆုံးတွင် ယန်ကီတို့ကို ဂျုန်းဘာရိုမှ မောင်းထုတ်လိုက်ပြီ ဆိုသည့် ဆက်သား သတင်းရောက်လာသည်။ သို့ရာတွင် ယန်ကီတို့က ဂျုန်းဘာရိုကို ထပ်တိုက်ကာ ဘူတာရုံကို မီးရှို့သည်။ ကြေးနန်း အဆက်အသွယ်များကို ဖြတ်သည်။ မီးရထားလမ်းကို သုံးမိုင်ခန့် ဖျက်သွားသည်။ ဆောက်လုပ်ရေး တပ်များက အပြင်းအထန် ပြန်၍ တည်ဆောက်ကြ၏။ မီးရထားလမ်းကို ပြင်သည်။ သို့ရာတွင် ယန်ကီတို့က ဇလီဖားတုံးများကို စုပုံ

358

မီးရှို့သည်။ သံလမ်းများကို မီးပုံပေါ်တွင် တင်ကာ ကြေးနန်းတိုင်များနှင့် ကလန့်၍ ကွေးပစ်ခဲ့ကြသည်။ ထို့ကြောင့် ပြန်၍ ပြင်ရသည်မှာ အချိန်ကြာသည်။ သံထည်များကို ပြန်၍ အစားထိုးရသည်မှာ ထိုခေတ်က အလွန် ခက်သည်။

ယခုအထိမူ ယန်ကီတို့ မြိုင်သာယာသို့ မရောက်ကြသေး။ ဗိုလ်ချုပ် ဟုဒ်ထံသို့ စာ လာပို့သည့် ဆက်သားက

ထိုအကြောင်းကို စကားလက်အား အသေအချာ ပြောပြသွားသည်။ တိုက်ပွဲအပြီး အတ္တလန်တာသို့ သူ ထွက်မလာမီ ကလေးတွင် ဖေဖေ့ကို တွေ့ခဲ့သည်။ ဖေဖေက ဤစာကလေးကို ပေးလိုက်ခြင်းဖြစ်သည်။

သို့ရာတွင်

ဖေဖေသည်

ဂျုန်းဘာရိုသို့

မည်သည့်ကိစ္စဖြင့်

ရောက်နေသနည်း။

စကားလက်၏

အမေးကို

ပြန်ဖြေသည့်အခါတွင် သူ့မျက်နှာက သိပ်မကောင်းလှ။ စစ်တပ်က ဆရာဝန်တစ်ယောက်ကို လာခေါ်ခြင်း ဖြစ်သည်ဟု သိရသည်။

ဆင်ဝင်ရှေ့ နေခြည်ထဲတွင် ရပ်ကာ ဆက်သားရဲဘော်လေး၏ စကားကို နားထောင်ရင်း စကားလက် ဒူးတွေ ပျော့ခွေ

ကျသွားတော့မည်လောဟု ထင်ရသည်။ စစ်တပ် ဆရာဝန် လာခေါ်ရလောက်အောင် ဖြစ်သည်ဆိုလျှင် ကာရင်းတစ်ယောက် အခြေအနေ

တော်တော်ဆိုးလိမ့်မည်။

ဆက်သား

ရဲဘော်လေး

မြင်းဖြင့်

ပြန်ထွက်သွားပြီးနောက်တွင်

စကားလက်

တုန်တုန်ယင်ယင်ဖြင့် ဖေဖေ့ စာကို ဖွင့်ဖတ်သည်။ ပြည်နယ်တွင် စက္ကူရှားပါးနေသဖြင့် ဖေဖေ့ထံ ပေးသည့် သူ့စာ အဟောင်းထဲက မျဉ်းကြောင်းများကြားတွင် ဖေဖေက စာရေးပေးလိုက်သဖြင့် မနည်း ဖတ်ယူရသည်။

‘သမီး၊ မေမေနှင့် ညီမနှစ်ယောက်လုံး အူရောင်ငန်းဖျား ရောဂါဖြစ်နေကြသည်၊ ရောဂါ တော်တော်လေး ပြင်းသည်၊

သို့ရာတွင် အကောင်းဆုံးကို ဖေဖေ မျှော်လင့်ထားသည်။ မေမေက သူ နေမကောင်းသည့် အချိန်ကတည်းက ဖေဖေ့ကို စာရေးခိုင်းနေသည်။ မြိုင်သာယာသို့ မည်သည့်နည်းနှင့်မျှ ပြန်မလာစေချင်ကြောင်း ပြောသည်၊ သမီးတို့သားအမိ နှစ်ယောက် ရောဂါ ကူးမှာကို စိုးရိမ်နေသည်။ ကျန်းမာအောင်နေပါ၊ သူ့အတွက် ဘုရားရှိခိုး ဆုတောင်းဖို့ မေမေက တဖွဖွ မှာသည်’

‘သူ့အတွက် ဆုတောင်းပါတဲ့’



စကားလက်သည် အပေါ်ထပ် သူ့အခန်းသို့ ပြေးတက်လာခဲ့ကာ အိပ်ရာဘေးတွင် ဒူးထောက် ထိုင်ချသည်။

ဤမျှလောက် စိတ်ပါလက်ပါ ဘုရား ရှိမခိုးခဲ့သည်မှာ ကြာပြီ။ ခါတိုင်းလို ပုတီးကို အစဉ်လိုက်ရွတ်၍ စိပ်မနေနိုင်။ ‘မေမေ တစ်ယောက် ကျန်းမာပါစေ၊ ချမ်းသာပါစေ’ ဟုသာ ထပ်တလဲလဲ ရွတ်မိသည်။

နောက်တစ်ပတ်လုံးလုံး စကားလက်သည် ဒဏ်ရာရသော တိရစ္ဆာန်တစ်ကောင်လို အိမ်အနှံ့ လျှောက်သွားကာ

သတင်းကို နားစွင့်သည်။ မြင်းခွာသံကို နားထောင်သည်။ စစ်သားတွေ တံခါးလာခေါက်လျှင် အောက်သို့ တရကြမ်း ဆင်းပြေးလာသည်။

သို့ရာတွင်

မြိုင်သာယာမှ

မည်သည့်

သတင်းကိုမျှ

မရ။

အတ္တလန်တာနှင့်

မြိုင်သာယာသည်

နှစ်ဆယ့်ငါးမိုင်သာ ဝေးသည့်တိုင် စကားလက် စိတ်တွင်မူ ပထဝီ တိုက်ကြီး တစ်တိုက် ခြားနေသည်ဟု ထင်မိသည်။

ချောစာကလည်း ကောင်းကောင်း အသွားအလာ မရှိသေး။ ပြည်နယ်တပ်များ၏ အခြေအနေကိုလည်း မသိရ။

ယန်ကီတို့၏ အကြောင်းကိုလည်း ဘာမျှ မကြားရ။ အတ္တလန်တာနှင့် ဂျုန်းဘာရို ကြားထဲတွင် စစ်တပ်ကြီး နှစ်တပ် ရှိနေသည်ဟုသာ သတင်းကြားရသည်။ မြိုင်သာယာမှမူ ဘာသတင်းမျှ မကြားရ။

359



အူရောင်ငန်းဖျား ဖြစ်သူများကို ဆေးရုံတွင် စကားလက် မြင်ခဲ့ဖူးလှပြီ။ ဤရောဂါကို တစ်ပတ်လောက် ခံလိုက်ရခြင်းသည်

မည်မျှ ကြောက်စရာကောင်းသည်ကို စကားလက် ကောင်းကောင်းသိသည်။ မေမေသည် နေမကောင်းဖြစ်ကာ သေလုမျောပါး ဖြစ်နေပြီလော။ သူက အတ္တလန်တာတွင် ကိုယ်ဝန်နေ့စေ့လစေ့ အမျိုးသမီး တစ်ယောက်နှင့်အတူ အားကိုးရာမဲ့ ဖြစ်လျက်ရှိပြီး သူနှင့် မြိုင်သာယာကြားတွင် စစ်တပ်ကြီးနှစ်တပ် ကာဆီးနေသည်။ မေမေ မကျန်းမမာ ဖြစ်နေပြီ။ သေလုမျောပါး ဖြစ်ကောင်း ဖြစ်နေပြီလော မဆိုနိုင်။ သို့ရာတွင် မဖြစ်နိုင်။ မေမေ မကျန်းမမာ မဖြစ်နိုင်။ မေမေ မကျန်းမမာဖြစ်သည်ကို တစ်ခါမျှ မတွေ့စဖူး။ မေမေ နေထိုင်မကောင်းဟု ကြားလိုက်ရသည့်အခါတွင် စကားလက် မယုံနိုင်။ မေမေ မရှိလျှင် သူ့ဘဝသည် လုံခြုံမှု မရှိတော့ဟု စကားလက် ထင်သည်။ လူတိုင်း နာမကျန်းဖြစ်သော်လည်း မေမေကမူ ဘယ်တော့မှ နာမကျန်းမဖြစ်။ သူတကာ နေထိုင်မကောင်း၍ မေမေပြုစုလျှင် ပြန်၍ နေကောင်းလာကြသည်ချည်း ဖြစ်သည်။ မေမေ နေမကောင်းဆိုသည်မှာ မဖြစ်နိုင်။ စကားလက် အိမ်ပြန်ချင်လှပြီ။ ထိတ်လန့် ကြောက်ရွံ့နေသော ကလေးငယ်တစ်ယောက် မိမိ သိသည့် တစ်ခုတည်းသော ရိပ်မြုံလေးကို တောင့်တသည့် ဆန္ဒမျိုးဖြင့် မြိုင်သာယာကို စကားလက် တောင့်တသည်။

မြိုင်သာယာ။ တဖျပ်ဖျပ် လွင့်နေသည့် ခန်းဆီး ဖြူဖြူများနှင့် အိမ်ဖြူဖြူကြီး။ ပျားတို့ တဝီဝီ ရစ်ဝဲနေသည့်

မြက်ခင်းပေါ်က ဆင်ငိုမြက်တောထူထူ။ ပန်းခင်းများထဲသို့ ဝင်ယက်ကြသည့် ဘဲများ၊ ကြက်ဆင်များကို ခြောက်လှန့်နေသည့် ကပ္ပလီသူငယ်လေး။ တည်ငြိမ်ရင့်ကျက်သည့် နီရဲရဲ ယာကွက်များ။ နေရောင်ခြည်တွင် ဖွေးဖွေးလှုပ်နေသည့် မဆုံးနိုင်သော ဝါခင်းများ။ သာယာလိုက်ပါသည့် မြိုင်သာယာ။

လူတကာ ထွက်ပြေးနေကြချိန် ဖြစ်သည့် ပိတ်ဆို့မှု အစကသာ မြိုင်သာယာကို ပြန်ခဲ့လျှင် ကောင်းလေစွဟု

စကားလက် နောင်တ ရမိသည်။ မီလာနီကိုလည်း ခေါ်သွားနိုင်ခဲ့မည်။

‘အို၊ သူကို ရှုပ်ပါတယ်၊ သူ့ကြောင့် ငါ နေရစ်ခဲ့ရတာ၊ ဒေါ်လေး ပစ်တီနှင့် မာကွန်ကို လိုက်သွားရင် ပြီးတာပဲ၊

ဟိုမှာ သူတို့ အမျိုးတွေ ရှိနေတာပဲဟာ၊ ငါ့မှာသာ ဆွေမျိုးမရှိတာ၊ ငါက သူတို့သွေးမှ မဟုတ်ဘဲ၊ ငါ့ကို ဘာဖြစ်လို့ ဒီလောက် တွယ်ကပ်နေရတာလဲ၊ သူ မာကွန်ကို လိုက်သွားရင် ငါလည်း မေမေ့ဆီ ပြန်နိုင်မှာ၊ ခုတောင် သူ ကလေး မွေးရင် မြိုင်သာယာကို ပြန်လို့ ဖြစ်သေးတယ်၊ ဗိုလ်ချုပ်ဟုဒ်ကို သွားပြောရင် ငါ့ကို အစောင့်နှင့် ပြန်ပို့ပေးမှာပဲ၊ ဗိုလ်ချုပ်ဟုဒ်က သဘောကောင်းပါတယ်၊ ငါ့ကို အစောင့်အဖွဲ့ တစ်ဖွဲ့ ပေးပြီး စစ်ဆိုင်းအလံနှင့် စစ်ကြောင်းတွေထဲကို ဖြတ်သွားခွင့်ပေးမှာပဲ၊ ဒါပေမယ့် ခက်တာက မီလာနီ ကလေး မွေးအောင် စောင့်ရဦးမှာ၊ ဘုရား သိကြားမလို့ မေမေ တစ်ယောက် ကျန်းမာပါစေရှင်၊ အရေးထဲ ဒီ ကလေးကလည်း မွေးပဲ မမွေးနိုင်ဘူး၊ ဒေါက်တာမိကို တွေ့ပြီး မြန်မြန်မွေးပေးလို့ မရဘူးလားလို့ မေးရမလား မသိဘူး၊ ဒေါက်တာမိကတော့ သူ ကလေးမွေးရတာ ခက်မယ်လို့ ပြောထားတာပဲ၊ သူ သေသွားရင်လည်း အကောင်းသား၊ သူ သေပြီး အက်ရှလေ အသက်ရှင်၊ အို၊ ငါ ဘာတွေ တွေးနေပါလိမ့်၊ ဘာဖြစ်လို့ မတွေးကောင်းတာတွေ တွေးနေရတာလဲ၊ အက်ရှလေ အကြောင်းကော၊ အို သူ့အကြောင်းကို မတွေးတာဘဲ ကောင်းပါတယ်၊ ခုဆို သေများ သေပြီလားမှ မသိတာ၊ မီလာနီကို စောင့်ရှောက်ကြည့်ပါမယ်လို့ ငါ သူ့ကို ကတိပေးခဲ့တယ် မဟုတ်လား၊ တကယ်လို့ ငါက ဂရုမစိုက်လို့ သူ သေသွားပြီး အက်ရှလေ မသေဘူးဆိုပါတော့၊ အို ငါ ဘာတွေ တွေးနေတာလဲ၊ မတွေးကောင်းပါဘူးဆိုမှ ဒါကိုချည်းပဲ သွားသွားတွေးနေမိတယ်၊ မေမေ့ကို ကျန်းမာအောင် လုပ်ပေးရင် ဘယ်သူ့အပေါ်မှ စေတနာဆိုး မထားတော့ဘူးလို့ ဘုရားမှာ သစ္စာဆိုပြီးပြီ မဟုတ်လား၊ မီလာနီ မျက်နှာမြင်ရင်တော့ သိပ်ကောင်းမှာပဲ၊ အတ္တလန်တာက ထွက်လို့ရပြီ၊ အိမ်ပြန်လို့ ရပြီ၊ အတ္တလန်တာမှာ မနေချင်တော့ဘူး၊ တစ်နေရာရာကို သွားချင်လှပြီ’

360



စကားလက်သည် သူ တစ်ခါက ပျော်ခဲ့၍ ယခု တိတ်ဆိတ်နေသည့် အတ္တလန်တာကို မုန်းနေပြီ။ အတ္တလန်တာသည်

သူချစ်သည့် သူတွယ်တာသည့် ပျော်စရာမြို့ကြီးမဟုတ်တော့။ ပလိပ်ကပ်ရောဂါ ကျနေသည့် မြို့သဖွယ် စက်ဆုပ်စရာမြို့ ဖြစ်နေပြီ။ ယန်ကီ ပိတ်ဆို့မှု ပြီးသည့်နောက်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီ။ အသံဗလံ ဆူညံနေစဉ်က အမြောက်ဆန် အန္တရာယ်တွေ ရှိစဉ်က လှုပ်ရှားခြင်း၊ ထက်သန်ခြင်း ရှိခဲ့သေးသည်။ တိတ်ဆိတ်နေစဉ်တွင်မူ ကြောက်ရွံ့ထိတ်လန့်ခြင်းသာ ကြီးစိုးနေတော့သည်။

အတ္တလန်တာသည်

ကြောက်ရွံ့ခြင်း

တစ္ဆေအခြောက်ခံနေရသည်။

မရေရာခြင်း

တစ္ဆေ

အခြောက်ခံနေရသည်။ အတိတ်တစ္ဆေ အခြောက်ခံနေရသည်။ လူအများ၏ မျက်နှာသည် ညှိုးချုံး ဟောက်ပက်နေသည်။ စကားလက် မြင်လိုက်ရသည့် စစ်သားများ၏ မျက်နှာသည် ရှုံးနေသော အပြေးပြိုင်ပွဲတစ်ခုကို အတင်း ဖျစ်ညှစ် ပြေးနေရသည့် အပြေးသမားများ၏ မျက်နှာများနှင့် တူနေသည်။

ဩဂုတ်လ ကုန်ခါနီးတွင် အတ္တလန်တာ တိုက်ပွဲပြီးသည့်နောက် အပြင်းထန်ဆုံးသော တိုက်ပွဲကြီး တစ်ပွဲဖြစ်နေသည်

ဟူသော သတင်းများ ရောက်လာ၏။ သတင်းက ယုံကြည်လောက်သည်။ အတ္တလန်တာ တောင်ဘက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

အတ္တလန်တာသည်

စစ်သတင်းများကို

နားစွင့်နေသည်။

ရယ်မောခြင်းလည်း

မပြုတော့။

နောက်ပြောင်

ကျီစယ်ခြင်းလည်း မပြုတော့။ လွန်ခဲ့သည့် နှစ်ပတ်ခန့်က စစ်သားများပြောခဲ့သည့်အတိုင်း အတ္တလန်တာသည် နောက်ဆုံး ကတုတ်ကျင်း ဖြစ်ကြောင်း၊ မာကွန်သွားသည့် မီးရထားလမ်းကျလျှင် အတ္တလန်တာလည်း ကျတော့မည်ဖြစ်ကြောင်း အားလုံး သိနေလေပြီ။

စက်တင်ဘာလ တစ်ရက်နေ့ နံနက်၌ စကားလက်သည် အလန့်တကြားဖြင့် အိပ်ရာမှ နိုးလာခဲ့သည်။ မနေ့ည

အိပ်ရာဝင်ကတည်းက တထင့်ထင့် ဖြစ်ခဲ့သည်။ ‘မနေ့ည ငါ ဘာတွေကို တွေးပြီး အိပ်ရာဝင်ခဲ့ပါလိမ့်၊ ဪ ဟုတ်ပြီ၊ တိုက်ပွဲ အကြောင်းတွေ စဉ်းစားပြီး အိပ်ရာဝင်ခဲ့တာကိုး၊ မနေ့က အတ္တလန်တာ တောင်ဘက် ရထားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့သတဲ့၊ ဘယ်သူများ နိုင်သလဲ မသိဘူး’ ဟု စကားလက် အိပ်မှုန်စုံမွှားဖြင့် တွေးသည်။ စကားလက်သည် မျက်လုံးများကို ပွတ်၍ အိပ်ရာမှ ထ၏။ နွမ်းနယ်နေသော သူ့စိတ်သည် မနေ့က အကြောင်းကိုပင် ပြန်စဉ်းစားမိပြန်သည်။

နံနက် နေထွက် တစ်ပြူပင် ရှိသေးသည့်တိုင် လေက ပူနေသည်။ နေကျဲကျဲတောက်ပူမည့် လက္ခဏာ ပြနေပြီ။

အိမ်ရှေ့လမ်းမသည် တိတ်ဆိတ်နေသည်။ ရထားသံ၊ လှည်းသံများကို မကြားရ။ စစ်သားများ ဖြတ်သန်း သွားလာသည်ကိုလည်း မတွေ့ရ။ မီးဖိုဆောင်ဘက်မှ ကပ္ပလီများ၏ လေးလေးတွဲ့တွဲ့ စကားပြောသံကိုလည်း မကြားရ။ ဒေါ်ဒေါ်မိနှင့် မစ္စက် မယ်ရီဝယ်သာ တို့မှအပ အိမ်နီးနားချင်း အားလုံး မာကွန်သို့ ပြောင်းသွားကြပြီ။ စတိုးဆိုင်များ ရုံးများလည်း သော့ခတ်ပိတ်လျက်သား ရှိနေကြသည်။ ရုံးအလုပ်သမားများအားလုံး မြို့ပြင် ရှေ့တန်း စစ်မျက်နှာတွင် သေနတ်ကိုင်၍ တိုက်ပွဲဝင်နေကြသည်။

သီတင်း တစ်ပတ်လုံး ထူးထူးခြားခြား တိတ်ဆိတ်နေခဲ့ရာ ယနေ့နံနက်သည် ခါတိုင်းထက်ပင် ပို၍ တိတ်ဆိတ်လျက်

ရှိ၏။ ကြောက်ဖွယ်ကောင်းသည်ဟု စကားလက်ထင်သည်။ စကားလက်သည် ခါတိုင်းလို အကြောအခြင်များကို ဖျစ်ညှစ် ဆန့်ထုတ်ခြင်းပင် မပြု။ ခပ်သုတ်သုတ် ထကာ ပြတင်းပေါက်ဆီသို့ လျှောက်လာသည်။ အိမ်နီးချင်း တစ်ဦးတလေများ တွေ့ရမည်လော။ အားတက်စရာ မြင်ကွင်းကို တွေ့ရမည်လော။ သို့ရာတွင် လမ်းမပေါ်၌ ဘာမျှ မတွေ့ရ။ ဟာလာဟင်းလင်း ဖြစ်လျက်။ သစ်ပင်များတွင် သစ်ရွက်တို့ စိမ်းလျက်ရှိသော်လည်း ခြောက်ကပ်ကာ မြေနီမှုန့်တွေ အလိမ်းလိမ်းကပ်နေသည်။ အိမ်ရှေ့ခြံထဲက ပန်းပင်များကလည်း ပြုစုမည့်သူ မရှိတော့သဖြင့် ခြောက်သွေ့ ညှိုးနွမ်းနေကြသည်။

361



ပြတင်းပေါက်မှ ဤသို့ ရပ်ကြည့်နေစဉ်တွင် အဝေးမှ အသံကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။ အဝေးမှ မိုးချုန်းသံလိုလို

အသံ။

မိုးရွာတော့မည်ဟု စကားလက် ပထမ ထင်လိုက်သည်။ ကျေးလက်တွင် မွေးခဲ့သူ ပီပီ မိုးသံကြားလျှင် ပျော်သည်။

သို့ရာတွင် ချက်ချင်း သတိ ပြန်ရလိုက်၏။ မိုးချုန်းသံ မဖြစ်နိုင်။ အမြောက်သံ ဖြစ်ရမည်။

စကားလက် ရင် တထိတ်ထိတ်ဖြင့် ပြတင်းအပြင်သို့ လှမ်းကြည့်သည်။ အဝေးမှ အသံကို နားစွင့်ကြည့်သည်။

မည်သည့်ဘက်က

လာသည့်

အသံမှန်း

မသိသေး။

အသံက

ဝေးသဖြင့်

ကောင်းကောင်းခန့်မှန်း၍

မရ။

‘မက်မုံပင်ချောင်းဘက်ကလား၊ ဒီကက်တော ဘက်ကလား၊ ဘုရားသိကြားမလို့ တောင်ဘက်က မဖြစ်ပါစေနှင့် ဘုရား’ ဟု ဆုတောင်းမိသည်။ ပြတင်းပေါက်ပေါင်ကို ဆုပ်ကာ နားစွင့်ကြည့်ပြန်သည်။ အမြောက်သံက တဖြည်းဖြည်း ကျယ်လာသည်။ အမြောက်သံက တောင်ဘက်မှ လာခြင်းဖြစ်သည်။

တောင်ဘက်က အမြောက်သံ။ တောင်ဘက်တွင် ဂျုန်းဘာရို ဘူတာ ရှိသည်။ မြိုင်သာယာ ရှိသည်။ ထိုနောက် ဖေဖေ

ရှိသည်။

ယန်ကီများသည်

မြိုင်သာယာကို

ရောက်နေကြပြီလော။

စကားလက်

နားစွင့်ကြည့်ပြန်သည်။

သို့ရာတွင်

သူ့နားကြောထဲသို့ သွေးတိုးသံကြောင့် အဝေးမှ မြည်ဟည်းသံများကို သဲသဲကွဲကွဲ မကြားရ။ အသံသည် ပို၍ ဝေးသွားကာ ပို၍ တိုးသွားသည်ဟု ထင်ရ၏။ ဂျုန်းဘာရို ရထားလမ်းတစ်လျှောက် ဆယ်မိုင်လောက် ဝေးလိမ့်မည် ထင်သည်။ ကျောက်စရစ်ကုန်း ဆိုသည့် ရွာကလေး တစ်ဝိုက်လောက်က ဖြစ်လိမ့်မည်။ သို့ရာတွင် ဂျုန်းဘာရိုက ကျောက်စရစ်ကုန်းနှင့် သိပ်မဝေးတော့။

တောင်ဘက်က အမြောက်သံသည် အတ္တလန်တာမြို့၏ မသာ ခေါင်းလောင်းသံ ဖြစ်နိုင်သည်။ သို့ရာတွင် မေမေ့အတွက်

စိုးရိမ်လျက် ရှိသည့် စကားလက်အဖို့မူ တောင်ဘက် ရထားလမ်း တစ်လျှောက်တွင် တိုက်ပွဲဖြစ်သည်ဆိုလျှင် မြိုင်သာယာ တစ်ဝိုက်တွင် တိုက်ပွဲဖြစ်ခြင်းနှင့် အတူတူပင် ထင်သည်။ စကားလက်သည် လက်နှစ်ဖက်ကို ဖျစ်ညှစ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ ပြည်နယ်စစ်တပ်သည် ပြိုလဲတော့မည်လောဟု ပထမအကြိမ် စဉ်းစားမိသည်။ ဗိုလ်ချုပ် ရှားမင်း၏ ယန်ကီတပ်များ မြိုင်သာယာတစ်ဝိုက်သို့ ရောက်နေပြီလောဟု တွေးမိသည်။ ဤအတွေး ဝင်လာသည်နှင့် စစ်ကို စကားလက် ပိုကြောက်လာသည်။ အတ္တလန်တာ မြို့ထဲသို့ အမြောက်များ ပစ်ခတ်နေသဖြင့် မှန်ပြတင်းများ ကွဲကျသံကို ကြားရခြင်း၊ အဝတ်အစား ချို့ငဲ့စွာ နေရခြင်း၊ လူတွေ အတုံးအရုံး သေသည်ကို မြင်ရခြင်းတိုပထက် ထိုအတွေးက ပို၍ ကြောက်စရာကောင်းသည်။ ဗိုလ်ချုပ် ရှားမင်း၏ ယန်ကီတပ်များသည် မြိုင်သာယာ တစ်ဝိုက်သို့ ရောက်နေကြပြီ။ ယန်ကီတို့ စစ်ရှုံး၍ ပြန်ဆုတ်သည့်တိုင် မြိုင်သာယာသည် စစ်လမ်းမှ ပြေးမလွတ်တော့။ မြိုင်သာယာကို ဖြတ်၍ ဆုတ်သည်ဆိုလျှင် ဖေဖေ တစ်ယောက် လူမမာ အမျိုးသမီး သုံးယောက်နှင့် မည်သည့်နေရာသို့ သွား၍ ပုန်းရှောင်ရမည်နည်း။

မြိုင်သာယာတွင် သူ ရှိလျှင်လည်း အကောင်းသား။ စကားလက် အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်သည်။

ဖိနပ် မပါ။ ညဝတ်အင်္ကျီ ဖိုးရိုးဖားရား။ လမ်းလျှောက်တော့လည်း ဂနာမငြိမ်။ အိမ်ကိုသာ ပြန်ချင်နေသည်။ မေမေ့ အနားတွင် ရှိနေချင်သည်။

အောက်ထပ် မီးဖိုဆောင်မှ ဇွန်းသံ၊ ပန်းကန်သံများကို ကြားရ၏။ ပရဇ္ဇီ နံနက်စာ ပြင်ဆင်နေခြင်း ဖြစ်သည်။ သို့ရာတွင်

362

ဒေါ်ဒေါ်မိ အိမ်က ပို့ထားသည့် ထမင်းချက် မိန်းမကြီး ဘက်ဆီ၏ အသံကို မကြားရ။ ပရဇ္ဇီက အသံ သေးသေးဖြင့် သီချင်း ဆိုနေသည်။ စကားလက်နားထဲတွင် သီချင်းသံသည် ခါးနေသည်။ ကြောက်စရာကောင်းနေသည်။ လွှာဖိနပ်ကို ကောက်စွပ်ကာ နောက်ဖေး လှေကားသို့ ထွက်ပြီး ‘ပရဇ္ဇီ၊ သီချင်းမဆိုစမ်းနှင့်’ ဟု လှမ်းအော်လိုက်သည်။

‘ဟုတ်ကဲ့ မလေး’



ပရဇ္ဇီ၏ ဇောင့်အင့်အင့် အသံ အပေါ်သို့ လွင့်လာ၏။



‘ဘက်ဆီကော’



‘မသိဘူး မလေး၊ ဒီနေ့ မလာဘူးထင်တယ်’



မီလာနီ အခန်းသို့ စကားလက် လျှောက်လာခဲ့သည်။ အသာဟပြီး နေရောင်ဖြင့် လင်းထိန်နေသည့် အခန်းထဲသို့

ချောင်းကြည့်လိုက်၏။ မီလာနီက ညဝတ်အင်္ကျီကို ဝတ်၍ ခုတင်ပေါ်တွင် လှဲနေသည်။ မျက်လုံးများက မှိတ်ထားလျက်။ မှိတ်ထားသော မျက်လုံးများပတ်လည်တွင် မျက်ကွင်းတွေ ညိုနေသည်။ အသည်းပုံ သူ့မျက်နှာသည် ဖောသွပ်သွပ် ဖြစ်လျက် ရှိ၏။ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးကလည်း ပုံပျက်နေသည်။ ဤ ပုံပျက်ပန်းပျက် ဖြစ်နေသည့် ခန္ဓာကိုယ်ကို အက်ရှလေ တစ်ယောက် မြင်စေချင်စမ်းဘိသည်ဟုပင် စကားလက် အဘိဇ္ဈာ ဖြစ်မိသေးသည်။ ကိုယ်ဝန်ဆောင်မိန်းမ များစွာကို စကားလက် မြင်ခဲ့ဖူးရာ မီလာနီ၏ သဏ္ဌာန်မှာ သူ မြင်ခဲ့ဖူးသည့် သူတို့အနက် အကြည့်ရအဆိုးဆုံး ဖြစ်သည်။ မီလာနီက မျက်လုံးကို ဖွင့်လိုက်၏။ သူ့ မျက်နှာသည် နူးညံ့ နွေးထွေးသည့် အပြုံးဖြင့် ဝင်းထိန်လာသည်။

‘လာလေ စကားလက်’ မီလာနီက မသက်မသာဖြင့် စောင်းလိုက်သည်။ ‘မနက် အစောကြီးကတည်းက နိုးနေတာ၊

ဟိုစဉ်းစား ဒီစဉ်းစားနှင့် လှဲနေတာ၊ စကားလက်ကို ကိုယ် တစ်ခု တောင်းပန်ချင်တယ်’

စကားလက် အခန်းထဲသို့ ဝင်လာကာ နေရောင်ဖြင့် လင်းနေသည့် အိပ်ရာပေါ်သို့ ဝင်ထိုင်သည်။ မီလာနီက

စကားလက်၏ လက်ကို လှမ်းဆွဲ၍ တယုတယ ပွတ်သပ် ဆုပ်နယ်နေသည်။

‘အမြောက်သံတွေ ကြားရတာ ရင်တုန်လိုက်တာကွယ်၊ ဂျုန်းဘာရိုဘက် ထင်တယ်၊ ဟုတ်လား’



‘အင်း’



ဤအကြောင်းကို တွေးမိသဖြင့် စကားလက်၏ နှလုံးသည် တဒိတ်ဒိတ် ခုန်လာပြန်သည်။



‘စကားလက်လည်း သိပ် စိတ်ပူနေမှာပဲနော်၊ ကိုယ့်ကြောင့် စကားလက် ဒုက္ခခံနေတာ၊ နို့မို့ရင် ဒေါ်လေး အယ်လင်

နေမကောင်းဘူးကြားကတည်းက စကားလက် ပြန်လောက်ပြီ နော်’

စကားလက်က စိုက်ကြည့်လိုက်သည်။ သူ့ကိုများ ချစ်သည်ဟု မီလာနီ ထင်သည်တဲ့။ ထင်မှ ထင်ရက်ပလေ။

မိုက်လိုက်သည့် အ လိုက်သည့် မီလာနီ။

‘ကိုယ်လေ အိပ်ရာပေါ် လှဲရင်း စကားလက်ဆီကို အကူအညီ တစ်ခု တောင်းမလို့ စဉ်းစားနေတာ’ မီလာနီက လက်ကို

363

ခပ်တင်းတင်း ဆုပ်လိုက်သည်။ ‘ကိုယ်များ သေသွားရင် ကိုယ့် ကလေးလေးကို မွေးပေးပါ လို့’

မီလာနီ၏ မျက်လုံးများသည် ပြူးကျယ်လာကာ နူးညံ့နေကြသည်။



‘ဘယ့်နှယ်လဲ စကားလက်’



စကားလက်က အလန့်တကြားဖြင့် လက်ကို ရုပ်လိုက်၏။



‘ဘာတွေ

လျှောက်ပြောနေတာလဲ

မီလာနီရယ်၊

မီလာနီက

ဘာဖြစ်လို့

သေရမှာလဲ၊

သားဦးဆိုရင်

ဒီလိုပဲ

ကိုယ့်ကိုယ်ကိုယ် သေလိမ့်မယ်လို့ ထင်တတ်ကြတာချည်းပဲ၊ ကိုယ့်တုန်းကလည်း ဒီလိုပဲ တွေးပြီး ကြောက်ခဲ့တာပဲ’

‘ဟင့်အင်း၊ စကားလက်နှင့် မတူဘူး၊ စကားလက်က မကြောက်တတ်ဘူး၊ သတ္တိကောင်းတယ်၊ ကိုယ့်ကို ကြိုးစားပြီး

အားပေး မနေပါနှင့်ကွယ်၊ ကိုယ် သိပါတယ်၊ ကိုယ်လေ သေရမှာ မကြောက်ပါဘူး၊ ဒါပေမယ့် ကလေးလေးကို ထားပစ်ခဲ့ရမှာတော့ သိပ် ကြောက်တာပဲ။ အက်ရှလေ ရှိရင်လည်း တော်သေးရဲ့၊ ခုတော့၊ ဘယ့်နှယ်လဲ စကားလက်၊ ကိုယ် သေသွားရင် ကိုယ့်ကလေးလေးကို ယူမွေးပေးပါနော်၊ စကားလက် ကတိပေးရင် ကိုယ် သေပျော်ပါပြီ ကွယ်၊ သေမှာ မကြောက်တော့ပါဘူး၊ ဒေါ်လေး ပစ်တီဆိုတာလည်း အသက်ကြီးပြီ၊ ကလေးတစ်ယောက်ကို ကြီးပြင်းလာအောင် သူ မွေးနိုင်တော့မှာ မဟုတ်ဘူး၊ အက်ရှလေ ညီမ အင်ဒီယာတို့ ဟန်နီတို့ကလည်း သဘောကောင်းပါတယ်၊ ဒါပေမယ့် ကိုယ့်ကလေးကို စကားလက်ကိုပဲ ပေးခဲ့ချင်တယ်၊ ကတိပေးပါနော် စကားလက်၊ သားလေးဖြစ်ရင် အက်ရှလေကို လူမျိုးဖြစ်အောင် မွေးပေးပါ၊ သမီးလေး ဆိုရင်လည်း စကားလက်လို မိန်းကလေးမျိုး ဖြစ်စေချင်တယ်’

‘တော်တော့ကွယ်’ စကားလက်က ခုတင်မှ ထလိုက်သည်။ ‘သေတဲ့ စကားတွေကို ဘာဖြစ်လို့ ဒီလောက်ပြောနေရတာလဲ၊

အလိုလိုကမှ စိတ်နောက်ရတဲ့ အထဲ’

‘စိတ်မဆိုးပါနှင့်ကွယ်၊ ဒါပေမယ့် ကိုယ့်ကိုတော့ ကတိပေးပါ၊ ဒီနေ့များ မွေးမလား မသိဘူး၊ ဒီနေ့ပဲ မွေးမှာပါ၊ ကိုယ့်ကို

ကတိပေးနော် စကားလက်’

‘ကဲ ကဲ၊ ပေးပါတယ်’



စကားလက်က စိတ်ရှုပ်ရှုပ်ဖြင့် ပြောသည်။



အက်ရှလေအား သူ တစ်ဖက်သတ် ချစ်နေသည်ကို မီလာနီ မသိရသလော။ မီလာနီသည် ဤမျှ အ သလော။ သို့မဟုတ်

အားလုံး သိပြီးသား ဖြစ်သည့်အတွက် စကားလက်သည် အက်ရှလေကို ချစ်သည့် စိတ်ကြောင့် အက်ရှလေ၏ ကလေးကို ပြုစု စောင့်ရှောက်မည် ထင်၍လော။ စကားလက်သည် ဤ မေးခွန်းများကို ပါးစပ်မှ ဖွင့်မေးလိုက်ချင်သည်။ သို့ရာတွင် မီလာနီက သူ့လက်ကို ဆုပ်၍ ပါးတွင် အုပ်ထားလိုက်သည့်ခဏ၌ ထိုစကားလုံးများသည် ပါးစပ်ဖျားတွင် ပျောက်ကွယ်သွားကြ၏။ စကားလက်၏ မျက်လုံးများသည် ပြန်၍ တည်ငြိမ်သွားကြသည်။

‘ဘာဖြစ်လို့ ဒီနေ့ မွေးမယ် ထင်သလဲ’

364



‘အရုဏ်တက်လောက်ကတည်းက ဗိုက်နာနေတာ၊ ဒါပေမယ့် သိပ်တော့ မနာသေးပါဘူး’



‘ဟင် ဗိုက်နာ နေပလား၊ ဒါဖြင့် ဘာဖြစ်လို့ စကားလက်ကို မခေါ်တာလဲ၊ ပရဇ္ဇီကို လွှတ်ပြီး ဒေါက်တာမိကို

အခေါ်ခိုင်းလိုက်မယ်လေ’

‘ဟင့်အင်း မခေါ်ပါနှင့်ဦး၊ ခုချိန်ဆိုရင် ဆေးရုံမှာ ဒေါက်တာမိ သိပ် အလုပ်များနေမှာ၊ ဒီနေ့ အရေးကြီးရင် အခေါ်

လွှတ်လိုက်မယ်လို့သာ အပြောခိုင်းလိုက်ပါ၊ ဒေါ်ဒေါ်မိကိုသာ အခေါ်ခိုင်းလိုက်ပါ၊ ဒေါ်ဒေါ်မိ ရှိနေရင် ဒေါက်တာမိကို ဘယ်အချိန် အခေါ်လွှတ်ရမယ်ဆိုတာ သေသေချာချာ မှန်းလို့ ရတာပေါ့’

‘အို၊ ကိုယ့်ကိစ္စ ကိုယ် စဉ်းစားစမ်းပါ၊ သူများတွေအတွက် လိုက်ပူတာတွေ၊ ကိုယ်ကျိုး စွန့်တာတွေ သိပ်

လုပ်မနေစမ်းပါနှင့်၊ မီလာနီလည်း ဆေးရုံက လူမမာတွေလို အရေးကြီးတာပဲ၊ ဆရာဝန်တစ်ယောက် ရှိဖို့ လိုတာပဲ၊ ဒေါက်တာမိကို ခု အခေါ် ခိုင်းလိုက်မယ်’

‘မလုပ်ပါနှင့်ကွယ်၊ မခေါ်ပါနှင့်၊ တစ်ခါတလေကျတော့ ချက်ချင်း မွေးချင်မှ မွေးတာ၊ တစ်နေ့လုံး ဗိုက်နာချင်

နာနေတတ်တာ၊

ဆေးရုံက

လူနာ

ရဲဘော်လေးတွေ

ပစ်ပြီး

ကိုယ့်အနားမှာ

ဆရာဝန်ကို

တစ်နေ့လုံး

ခေါ်ထားလို့

ဘယ်ကောင်းမလဲ၊ မီလာနီ ခေါ် မထားချင်ဘူး၊ ဒေါ်ဒေါ်မိကိုသာ အခေါ် ခိုင်းပေးစမ်းပါ၊ ဒေါ်ဒေါ်မိ သိပါတယ်’

‘သဘောပဲလေ’



စကားလက်က ပြော၏။

365

၂၁



မီလာနီ အတွက် နံနက် ထမင်း အပို့ခိုင်းလိုက် ပြီးနောက် စကားလက်သည် ပရဇ္ဇီကို ဒေါ်ဒေါ်မိထံ လွှတ်လိုက်သည်။

သူနှင့် ဝိတ်ကလေးတို့က နံနက်စာ စား ကျန်ရစ်ခဲ့ ကြသည်။ သို့ရာတွင် ခံတွင်း မတွေ့လှ။ မီလာနီ မျက်နှာမြင်တော့မည် ဟူသော စိုးရိမ်စိတ်နှင့် အမြောက်သံများကို မသိမသာ တထိတ်ထိတ် နားစွင့် နေမိခြင်းကြောင့် စကားလက် ဘာမျှ မစားနိုင်။ သူ့ ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသည်။ သူ့ နှလုံးသည် မှန်မှန် ခုန်နေရာမှ မြန်လာသည်။ တစ်ဖန် ပြန်နှေးသွားသည်။ သို့ဖြင့် ရင်ထဲတွင် ကတုန်ကယင် ဖြစ်နေသည်။ နို့ဂျုံစေ့ပြုတ်က လည်ချောင်းထဲတွင် ကော်လို စေးကပ် နေသည်။ ကော်ဖီနှင့် သောက်လေ့ရှိသည့် ပြောင်းဖူးမုန့်နှင့် ပလောပီနံ မုန့်က အန်ချင်စရာပင် ကောင်းနေသည်။ သကြား သို့မဟုတ် နို့ဆီ မပါလျှင် ထိုမုန့်က ခါးသက်သက် နိုင်သည်။ ချိုအောင် လူးဆတ် ထည့်ထားသော်လည်း အချည်းနှီး။ စကားလက်သည် တစ်ဖဲ့စား ပြီးနောက် ပန်းကန်ကို ဘေးသို့ တွန်းလိုက်သည်။ တခြား အကြောင်းများကို အပထား။ ကော်ဖီ၊ သကြားနှင့် နို့ဆီ မရအောင် လုပ်ထားသည်နှင့်ပင် ယန်ကီတို့ကို စကားလက် မုန်းလှပြီ။

ဝိတ်ကလေးက ခါတိုင်းထက် တိတ်ဆိတ်နေသည်။ သူ မကြိုက်သည့် နို့ဂျုံစေ့ပြုတ် အကြောင်းကိုပင် ခါတိုင်းလို

တိုင်တန်း ပြောဆိုခြင်း မပြုတော့။ စကားလက် ကျွေးသမျှကိုသာ တစ်ဇွန်းပြီး တစ်ဇွန်း စားကာ ရေဖြင့် မျှောချနေသည်။ သူ၏ ညိုလဲ့လဲ့ မျက်လုံးများက စကားလက် လှုပ်ရှားမှုများကို လိုက်ကြည့်နေသည်။ စကားလက်၏ ကြောက်စိတ်တို့ ကူးစက်သွားသည့်ပမာ ဝိုင်းစက် ပြူးကျယ်သည့် သူ့မျက်လုံးများသည် မှုန်မှိုင်းနေကြသည်။ စားသောက်ပြီးလျှင် နောက်ဖေး ကွက်လပ်တွင် ကစားဖို့ လွှတ်လိုက်သည်။ ဝိတ်ကလေးက ခြေလှမ်းလေး မခိုင့်တခိုင်ဖြင့် ထွက်သွားတော့မှ စကားလက် အသက်ရှူ ချောင်သွား၏။

စကားလက် ထိုင်ရာမှ ထကာ လှေကားရင်းတွင် ရပ်သည်။ အပေါ်ထပ်သို့ တက်၍ မီလာနီနှင့် သွားစကား

ပြောနေရမည်လောဟု စဉ်းစားသည်။ သို့ရာတွင် မသွားချင်။ လောကကြီးတွင် နေ့တွေ ရက်တွေ အများကြီး ရှိပါလျက် ဤနေ့ကိုမှ မျက်နှာမြင်ဖို့ ရွေးရလေခြင်း၊ သေစကားတွေ ပြောရလေခြင်းဟု စကားလက် စိတ်မကောင်း ဖြစ်နေသည်။

စကားလက်သည် လှေကား အောက်ဆုံးထစ်တွင် ထိုင်ရင်း သူ့စိတ်ကို သူ တည်ငြိမ်အောင် ကြိုးစားသည်။ မနေ့က

တိုက်ပွဲသည် မည်သို့ ရှိမည်နည်း။ ယနေ့ တိုက်ပွဲကော မည်သို့နည်း။ အနားတွင် စစ်ပွဲကြီး တစ်ပွဲ ဖြစ်ပွားနေပါလျက် ဘာမျှ မသိရသည်ကမူ ထူးဆန်းသည်။ မက်မုံပင် ချောင်းစပ်တွင် ပစ်သံ ခတ်သံတွေ တရစပ် ဆူညံနေပါလျက် ဤဘက် မြို့စွန်တွင် တိတ်ဆိတ် ငြိမ်သက် နေပုံကလည်း ထူးဆန်းသည်။ ဒေါ်လေး ပစ်တီ၏ အိမ်က အတ္တလန်တာမြို့ မြောက်ဖျားတွင် ရှိ၍ တိုက်ပွဲက မြို့တောင်ဘက် တစ်နေရာတွင် ဖြစ်ပွားနေသည်။ စစ်ကူတွေ ပို့လျှင် ဤလမ်းမှ ဖြတ်ပို့ရမည်။ စစ်မြေပြင်မှ ဒဏ်ရာရ လူနာတွေ သယ်လာလျှင်လည်း ဤလမ်းမှ သယ်ရမည်။ ဤမြင်ကွင်းများကို မမြင်ရသည့် အတွက် ဘုရားသခင်ကို စကားလက် ကျေးဇူးတင်သည်။ ဒေါက်တာမိတို့ လင်မယားနှင့် မစ္စက် မယ်ရီဝယ်သာတို့ပင် ရှိမှ ရှိပါသေး၏လော မဆိုနိုင်။ စကားလက် တစ်ယောက်တည်း အားငယ် နေသည်။ ဦးလေး ပီတာ ရှိလျှင်လည်း စစ်ရုံးချုပ်သို့ သွားကာ သတင်း စနည်း

366

နာရသေးသည်။ သူ မရှိသည့်တိုင် မီလာနီ အတွက် မပူရလျှင် သူ ကိုယ်တိုင် ချက်ချင်း သွား၍ စုံစမ်းနိုင်သေးသည်။ ယခုမူ ဒေါ်ဒေါ်မိ မလာမချင်း စောင့်ရဦးမည်။ ဒေါ်ဒေါ်မိက လာခဲလှချည့်။ ယခုထိ ဘာကြောင့်များ မလာရသနည်း။ ပရဇ္ဇီကော ဘာကြောင့် ဤမျှ ကြာနေသနည်း။

စကားလက် ထိုင်ရာမှ ထကာ အိမ်ရှေ့ ဆင်ဝင်အောက်သို့ ထွက်ပြီး ဒေါ်ဒေါ်မိနှင့် ပရဇ္ဇီကို မျှော်သည်။ ဒေါ်ဒေါ်မိတို့၏

အိမ်က လမ်းကွေ့ သစ်ပင်ရိပ် နောက်တွင် ပျောက်နေ၏။ ဘာကိုမျှ မမြင်ရ။ ခဏ ကြာလျှင် ပရဇ္ဇီ လမ်းမတွင် တအိအိ လာနေသည်ကို မြင်ရသည်။ သူ့ ကြည့်ရသည်က အေးတိ အေးစက်။ မရွှေချောက သူ့ ဝတ်စုံကို မကာ သူ့ကိုယ်သူ လှ မလှ ငုံ့၍များ ကြည့်လိုက်သေးသည်။

`လာစမ်းပါအေ မြန်မြန်၊ အေးတိ အေးစက်နှင့်၊ ဆောင်းတွင်း ထမင်းကြမ်းခဲကျနေတာပဲ’ စကားလက်က ဝင်းတံခါးကို

ဖွင့်ပေးရင်း ဆူသည်။ `ဒေါ်ဒေါ်မိက ဘာ ပြောလိုက်သလဲ၊ ဘယ်တော့ လာမယ် ပြောလိုက်သလဲ’

`အိမ်မှာ မရှိဘူး မလေး’



`ဒါဖြင့် ဘယ်သွားသတဲ့လဲ၊ အိမ် ဘယ်တော့ ပြန်လာမှာတဲ့လဲ’



ပရဇ္ဇီက သူ့စကား လေးနက်စေရန် ရုတ်တရက် မပြောသေးဘဲ အတန်ကြာ ဆိုင်းနေသည်။



`ထမင်းချက် မိန်းမကြီးက ပြောတော့ မနက် အစောကြီးက ထွက်သွားတယ်တဲ့၊ သူ့သား အငယ် ဖိလစ် တိုက်ပွဲမှာ

ဒဏ်ရာ ရလို့တဲ့၊ သူ ကိုယ်တိုင် ဘာဂီကို မြင်းတပ်ပြီး မောင်းသွားတယ်တဲ့၊ အိမ်ပြန်ယူ လာမယ်တဲ့၊ သူ့သား ဒဏ်ရာက ပြင်းလို့ ဒီကို လာနိုင်တော့မှာ မဟုတ်ဘူးတဲ့’

စကားလက်သည် ပရဇ္ဇီကို စိုက်ကြည့်ကာ ကိုင်လှုပ်ပစ်လိုက်ချင်သည်။ ဤကပ္ပလီများသည် မကောင်းသတင်း

ဆိုလျှင် အလွန် ခရေစေ့ တွင်းကျ ပြောတတ်သည်။

`ဒါဖြင့် သွား သွား၊ ဒီနားမှာ စာခြောက်ရုပ်ကြီးလို ရပ်မနေနှင့်၊ မစ္စက် မယ်ရီဝယ်သာကို သွားခေါ်ချေ၊ သူ

မလိုက်နိုင်ရင်လည်း သူ့အိမ်က ကပ္ပလီမကြီး တစ်ယောက်ကို လွှတ်ပေးပါလို့၊ မြန်မြန်လည်း ပြန်လာခဲ့ နော်’

`သူတို့လည်း အိမ်မှာ မရှိကြဘူး မလေး၊ အပြန် သူတို့ဘက်ကို လှည့်ဝင်ခဲ့တယ်၊ ကပ္ပလီမကြီးနှင့် တွေ့ခဲ့တယ်၊ အိမ်

တစ်အိမ်လုံး ပိတ်ထားတယ်၊ ဆေးရုံများ ရောက်နေကြသလား မသိဘူး’

`သြ၊ လက်စသတ်တော့ မရွှေချောက ဒါကြောင့် ကြာနေတာကိုး၊ ဒီမှာ နောက်ကို ငါ ခိုင်းတဲ့ နေရာပဲ သွားပါ၊ မခိုင်းတဲ့

နေရာကို ဘယ်တော့မှ မသွားပါနှင့်၊ လမ်းမှာလည်း ဘယ်သူနှင့်မှ ရပ်ပြီး စကား ကောင်း မနေပါနှင့်၊ သွား’

စကားလက်

ရပ်၍

စဉ်းစားသည်။

မြို့ထဲတွင်

မိတ်ဆွေတွေထဲက

မည်သူတွေ

ကျန်သေးသနည်း။

မစ္စက်

အယ်လဆင်းတော့ ရှိသည်။ မစ္စက် အယ်လဆင်းက သူ့ကို မျက်နှာကြော မတည့်သည့်တိုင် မီလာနီကိုမူ ချစ်သည်။

`သွား၊ ဒါဖြင့် မစ္စက် အယ်လဆင်း အိမ်ကို သွားချည်၊ ဒီက အခြေအနေကို ရေရေလည်လည် ပြောပြ၊ ပြီးတော့ ဒီကို

367

လိုက်ခဲ့ပါလို့ ပြော၊ ငါ ပြောတာ သေသေချာချာ နားထောင်သွားနော်၊ မီလာနီက မွေးလု ဆဲဆဲကြီး၊ ဒီမှာ ဘယ်သူမှ ရှိတာ မဟုတ်ဘူး၊ မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့၊ ဘယ်ကိုမှ ဝင်ပြီး စကားကြော ရှည်မနေနှင့်’

`ဟုတ်ကဲ့ မလေး’



ပရဇ္ဇီက ပက်ကျိ ခြေလှမ်းဖြင့် တလှုပ်လှုပ် ထွက်သွားသည်။



`မြန်မြန် သွားစမ်းပါဟဲ့ ကောင်မရဲ့’



`ဟုတ်ကဲ့ မလေး’



ပရဇ္ဇီ ခြေလှမ်း သွက်သွက် လှမ်းတော့မှ စကားလက် အိမ်ထဲသို့ လှည့်ဝင်ခဲ့သည်။ မီလာနီဆီသို့ သွားမည် အပြုတွင်

ခြေလှမ်းများက တုံ့သွားပြန်သည်။ ဒေါ်ဒေါ်မိ မလာနိုင်သည့် အကြောင်းကို ပြောရဦးမည်။ ပြောလျှင် ဖိလစ် တစ်ယောက် ဒဏ်ရာ အကြီးအကျယ် ရကြောင်းကို ပြောရဦးမည်။ သို့ဆိုလျှင် မီလာနီ စိတ်ထိခိုက်ဦးတော့မည်။ မတတ်နိုင်။ လိမ်ပြောရတော့မည်။

မီလာနီ၏ အခန်းထဲသို့ ဝင်လာသည့် အခါတွင် နံနက်စာကို တစ်တို့မျှ တို့ဟန် မတူသေး။ မီလာနီက တစောင်း

လှဲအိပ်နေသည်။ သူ့ မျက်နှာက ဖြူရော်လျက်။

`ဒေါ်ဒေါ်မိတော့ မတွေ့ခဲ့ဘူး၊ ဆေးရုံ ထွက်သွားတယ်တဲ့၊ ဒါပေမယ့် မစ္စက် အယ်လဆင်း လာပါလိမ့်မယ်၊ ဘယ်လို

နေသေးသလဲ၊ တော်တော် နာနေပလား’

`သိပ်တော့ မနာသေးပါဘူး၊ ဝိတ်ကလေးကို မွေးတုန်းက စကားလက် ဘယ်လောက် ကြာကြာ ဗိုက်နာသလဲဟင်’



`ဟင့်အင်း၊ သိပ် မကြာလိုက်ပါဘူး’ စကားလက်က ရွှင်လန်းဟန် ဆောင်ပြ၏။ `အိမ်ရှေ့ဆင်း လမ်းလျှောက်နေတုန်း

ဗိုက်နာလာတာနှင့် အိမ်ထဲ ပြန်ဝင်တာ အိမ်ထဲတောင် မရောက်လိုက်ဘူး၊ ကြီးဒေါ်က ပြောတော့ အပျို ဒီလောက် လွယ်တာ ရှက်စရာ ကောင်းတယ်တဲ့၊ ကပ္ပလီမတွေလိုပဲတဲ့’

`အမယ်လေး၊ ဒီလိုဆိုရင် မီလာနီလည်း ကပ္ပလီမ ဖြစ်ချင်လိုက်တာကွယ်’



မီလာနီက အားယူ၍ ပြုံးပြောလိုက်သည်။ သို့ရာတွင် ဗိုက်က တစ်ချက်ထိုး နာလိုက်သဖြင့် ချက်ချင်း ရှုံ့မဲ့သွား၏။



စကားလက်က သေးငယ်သည့် မီလာနီ၏ တင်ပါးကို စိတ်ပျက် လက်ပျက်ဖြင့် ငုံ့ကြည့်သည်။ သို့ရာတွင် ချက်ချင်း

အားတင်းကာ

`အို ဒီလောက်လည်း မဟုတ်ပါဘူး မီလာနီရယ်’



`မီလာနီက စကားလက်နှင့် မတူဘူး၊ ခက်မှာ၊ ပြီးတော့ သတ္တိလည်း ကောင်းတာ မဟုတ်ဘူး၊ မစ္စက် အယ်လဆင်းကော

မရောက်သေးဘူးလား’

`လာခါနီးပါပြီ၊ ရေအေးနှင့် ရေဖတ် တိုက်လိုက်ရင် ကောင်းမယ်၊ စကားလက် အောက်ဆင်းပြီး ရေ သယ်လိုက်ဦးမယ်၊

368

နေလည်း သိပ်ပူတာ’

စကားလက်သည် အောက်ထပ်တွင် အချိန်ဆွဲ၍ ရေခပ်သည်။ ပရဇ္ဇီ ပြန်လာပြီလောဟု အိမ်ဝသို့ ထွက်ကြည့်

ရသည်ကလည်း မကြာခဏ။ ပရဇ္ဇီ၏ အရိပ် အယောင်ကိုမူ မမြင်ရသေး။ ထို့ကြောင့် အပေါ်ထပ်သို့ ပြန်တက်လာ၏။ ချွေးတွေ စိုရွှဲနေသည့် မီလာနီကို ချွေးသုတ်ပေးကာ ရေဖတ် တိုက်ပေးသည်။ ရှည်လျား နက်မှောင်သည့် ဆံပင်များကို ရှင်းပေးသည်။

တစ်နာရီလောက်

အကြာတွင်

လမ်းမဘက်မှ

ရှပ်တိုက်၍

လာသည့်

ခြေသံကို

ကြားသဖြင့်

စကားလက်

ထွက်ကြည့်သည်။ ပရဇ္ဇီက စောစောကလို ခပ်နှေးနှေး။ တင်ပါးကို ယမ်းကာ သူ့ ကိုယ်သူ ငုံ့ကြည့်လိုက်၊ ပခုံးပေါ်မှ ကျော်ကာ သမင် လည်ပြန် သူ့ကိုယ်သူ ပြန်ကြည့်လိုက်ဖြင့် အလှမယ် ပြိုင်ပွဲဝင်သည့်နှယ် လျှောက်လာသည်။

`ကောင်မတော့ နေနှင့်ဦး၊ တစ်နေ့ကျမှ ခပ်စပ်စပ်ကလေး ရိုက်ပစ်ဦးမယ်’



စကားလက် ဒေါပွပွဖြင့် စိတ်ထဲက ကြိမ်းကာ အောက်ထပ်သို့ ခပ်သုတ်သုတ် ဆင်းလာခဲ့သည်။



`မတွေ့ခဲ့ဘူး မလေး၊ ဆေးရုံမှာတဲ့၊ မနက် စောစော ရထားနှင့် စစ်သား လူနာတွေ အများကြီး ရောက်လာလို့တဲ့၊

ထမင်းတောင် အိမ်ပြန်စားချိန် မရလို့ ဆေးရုံ လိုက်ပို့ဖို့ ထမင်းချက် အဘွားကြီးကို မှာသွားတယ်တဲ့၊ ပြီးတော့ ထမင်းချက် အဘွားကြီးက ပြောတယ်’

`သူ ပြောတာတွေ ငါ့ လာပြော မနေပါနှင့်၊ သွား အဝတ်အစား လဲပြီး ဆေးရုံကို သွားချည်စမ်း၊ ငါ ဒေါက်တာမိဆီကို

စာတစ်စောင် ရေးပေး လိုက်မယ်၊ ဒေါက်တာမိကို မတွေ့ရင် ဒေါက်တာ ဂျုံးကို ဖြစ်ဖြစ် ဆရာဝန် တစ်ယောက်ယောက်ကို ဖြစ်ဖြစ် ပေးခဲ့၊ ဒီ တစ်ခါ မြန်မြန် မလာရင်တော့ ညည်းကို အရေ ဆုတ်ပစ်မယ် သိလား’

`ဟုတ်ကဲ့ မလေး’



`ပြီးတော့ တိုက်ပွဲ သတင်းလေး ဘာလေးလည်း စုံစမ်းခဲ့၊ ဆေးရုံမှာ စုံစမ်းလို့ မရဘူး ဆိုရင် ဘူတာရုံကို သွား၊

ဒဏ်ရာရ လူနာတွေကို ဘယ်သူ သယ်လာသလဲလို့ ရုံပိုင်ကို မေးခဲ့၊ ဂျုန်းဘာရိုနားမှာ တိုက်ပွဲ ဖြစ်သလား ဆိုတာလည်း စုံစမ်းခဲ့၊ ကြားလား’

`ဟောတော့’ ပရဇ္ဇီက မည်းမှောင် နေသည့် မျက်နှာတွင် အံ့အားသည့်သည့် အရိပ်အယောင်တို့ ရုတ်တရက်

ပေါ်လာသည်။ `ယန်ကီတွေ မြိုင်သာယာနား ရောက်နေပလား ဟုတ်လား’

`မသိပါဘူး အေ၊ မသိလို့ ညည်းကို သတင်း စုံစမ်းခိုင်းနေတာပေါ့’



`ဘုရား၊ ဘုရား၊ ယန်ကီတွေများ မြိုင်သာယာ ရောက်ရင်တော့ ဒုက္ခပဲ’



ပရဇ္ဇီ တအိအိ ငိုသဖြင့် စကားလက် ပို၍ စိတ်ရှုပ်သွားသည်။



`ဟဲ့၊ ငိုမနေစမ်းပါနှင့်၊ အပေါ်ထပ်က မီလာနီ ကြားလိမ့်ဦးမယ်၊ သွား၊ အဝတ်အစားလဲချည်’

369



ပရဇ္ဇီ နောက်ဖေး တန်းလျားဘက်သို့ ခပ်သုတ်သုတ် ထွက်သွား၏။ စကားလက်က ဖေဖေ့ထံမှ နောက်ဆုံး

ရသည့် ပေးစာရွက် ဘေးသား ကွက်လပ်ပေါ်တွင် စာတစ်ကြောင်း နှစ်ကြောင်း ရေးသည်။ (အိမ် တစ်အိမ်လုံးတွင် စာရွက် ဆို၍ ဤစာရွက် တစ်ရွက်သာ ကျန်တော့သည်။) စကားလက်က သူ့စာကို အတွင်းဘက်မှာ ထား၍ ခေါက်လိုက်သည်။ အပြင်ဘက်တွင် ဖေဖေ့ လက်ရေးဖြင့် စာလုံး တစ်ဝက်တစ်ပျက်ကို မြင်ရ၏။ `မေမေကလည်း အူရောင်ငန်းဖျား၊ ဘယ် အခြေအနေမှာပဲ ဖြစ်ဖြစ် အိမ်ကို ပြန်လာဖို့’ ဆိုသည့် စာလုံးများ ဖြစ်သည်။ စကားလက် တစ်ချက် ရှိုက်လိုက်။ မီလာနီ ကိစ္စ မပေါ်လျှင် အိမ်သို့ ယခု ချက်ချင်း ပြန်မိမည်မှာ သေချာသည်။ ခြေကျင် လျှောက်ရ လျှောက်ရ ကိစ္စ မရှိ။

ပရဇ္ဇီက စာခေါက်ကို လက်တွင် ကိုင်ကာ ခပ်သုတ်သုတ် ထွက်သွားသည်။ အိမ်ပေါ်ထပ်သို့ တက်လာရင်း

မစ္စက်အယ်လဆင်း မရောက်လာသေးသည်ကို ယုတ္တိယုတ္တာနှင့် လိမ်ပြောရန် စဉ်းစားလာ၏။ သို့ရာတွင် မီလာနီက ဘာမျှ မေးမြန်းခြင်း မရှိ။ ပက်လက်လှန်၍ လှဲနေသည်။ သူ့မျက်နှာက တည်ငြိမ်၍ နူးညံ့ ချိုသာနေသည်။ သူ့ကို ကြည့်၍ စကားလက် စိတ်အေးသွား၏။

စကားလက်က ခုတင်တွင် ဝင်ထိုင်ကာ အရေးမကြီးသည့် စကားများကို လျှောက်ပြော နေသည်။ သို့တိုင်အောင်

မြိုင်သာယာ အကြောင်းနှင့် ယန်ကီတို့ မြိုင်သာယာကို သိမ်းလျှင် ဆိုသည့် အတွေးသည် သူ့ခေါင်းထဲတွင် မကြာခဏ ပေါ်လာသည်။ မပြောကောင်း မဆိုကောင်း မေမေမှ ရှိပါသေး၏လော။ ယန်ကီတို့ အတ္တလန်တာ မြို့ထဲသို့ ဝင်လာကာ မီးရှို့လား၊ သတ်လား၊ ဖြတ်လား လုပ်ကြမည်လောဟု တွေးနေသည်။ အဝေးမှ အမြောက်သံများကလည်း သူ့ရင်ထဲက ကြောက်စိတ်ကို လှိုင်းထစေသည်။ ကြာတော့ စကားလက် စကား မပြောနိုင်တော့။ ပူပြင်း ခြောက်သွေ့ကာ လူသူ ကင်းမဲ့နေသည့် လမ်းမနှင့် ဖုန်တွေ အလိမ်းလိမ်း ကပ်နေသည့် သစ်ရွက်များကို ပြတင်းပေါက်မှ ငေးကြည့် နေသည်။ မီလာနီကလည်း စကား မပြော။ တိတ်ဆိတ် နေသည်။ တစ်ခါတစ်ရံတွင် ဗိုက်နာသဖြင့် တည်ငြိမ်သော သူ့ မျက်နှာသည် ရှုံ့မဲ့သွားသည်။

ဗိုက်တစ်ချက် ထိုးနာပြီးတိုင်း `သိပ်တော့ မနာပါဘူး’ ဟု ပြောတတ်သည်။ မီလာနီ ညာပြောနေမှန်း စကားလက်

သိသည်။ တိတ်ဆိတ်စွာ ကြိတ်မှိတ် ခံနေရခြင်းထက် ကျယ်လောင်စွာ အော်ဟစ် ပစ်လိုက်ချင် သေးသည်။ စင်စစ် မီလာနီကို သူ ကိုယ်ချင်းစာ သင့်သည်။ သနား သင့်သည်။ ကရုဏာ ဖြစ်သင့်သည်။ သို့ရာတွင် ကိုယ်ချင်း စာနာစိတ် ပေါ်မလာ။ သူ့ ကိစ္စဖြင့် သူ၊ သူ့အပူဖြင့် သူ ဗျာများနေသည်။ တစ်ခါတွင်မူ ဝေဒနာတွေကြောင့် ရှုံ့မဲ့နေသည့် မီလာနီ၏ မျက်နှာကို ငေးကြည့်ရင်း ကမ္ဘာကြီးတွင် လူတွေ အများ ရှိပါလျက် ဤဗရုတ်ဗရက် ကာလကြီးတွင် မိမိ တစ်ယောက်တည်း ကံကွက်ကျားကာ အဘယ့်ကြောင့် မီလာနီနှင့် အတူ ဤနေရာတွင် ရောက်နေရသနည်းဟု စကားလက် စဉ်းစားမိသည်။ မိမိက မီလာနီနှင့် လားလားမျှ အသွင် မတူသူ။ မီလာနီကို မုန်းသူ။ မီလာနီ သေမည် ဆိုလျှင်ပင် ဝမ်းသာမည့် သူ။ မီလာနီသည် သူ့ကိုယ်သူ ထင်နေသည့် အတိုင်း ဆုံးပါး သွားလေမည်လော။ ဤနေ့တွင်ပင် တစ်ခုခု ဖြစ်သွားမည်လော။ ဤသို့ တွေးမိရာက စကားလက် သူ့ အတွေးကို သူ ပြန်၍ ထိတ်လန့်သွား ပြန်သည်။ လူ တစ်ယောက် သေစေလိုသော စေတနာမျိုး ထားခြင်းသည် ကျိန်စာ ထားသလိုပင် ကိုယ့် အတွက် ကံမကောင်း။ ကျိန်စာ ဆိုသည်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိတတ်သည်ဟု ကြီးဒေါ်က ပြောဖူးသည်။ စကားလက် စကားတွေ ပြောနေသည်။ ကိုယ် ပြောသည့် စကားကိုပင် ကိုယ် မမှတ်မိတော့။ နောက်ဆုံးတွင် မီလာနီက သူ့ လက်ကောက်ဝတ်ကို ချစ်ချစ်တောက် နေသော လက်ဖြင့် ကိုင်လိုက်၏။

`ရပါတယ်ကွယ်၊ သိပ်လည်း စကားတွေ ပြောမနေပါနှင့်၊ စကားလက် စိတ်ပူနေတယ် ဆိုတာ ကိုယ် သိပါတယ်၊

370

ကိုယ့်ကြောင့် စကားလက်လည်း တော်တော် ဒုက္ခ ရောက်နေပြီနော်’

စကားလက် တိတ်သွားသည်။ သို့ရာတွင် ငြိမ်ငြိမ် ထိုင်မနေနိုင်။ ဆရာဝန် သို့မဟုတ် ပရဇ္ဇီ အချိန်မီ ရောက်မလာလျှင် သူ

ဘာလုပ် ရမည်နည်း။ ပြတင်းပေါက်သို့ ထလာကာ လမ်းမကို ငုံ့ကြည့်သည်။ ထို့နောက် ပြန်လာကာ ခုတင်တွင် ပြန်ထိုင်သည်။ ထို့နောက် ထကာ ပြတင်းပေါက်သို့ လျှောက်သွားပြီး အပြင်ဘက်သို့ လှမ်းကြည့်နေသည်။

တစ်နာရီ ကြာသွားသည်။ ထို့နောက် တစ်နာရီ။ မွန်းလွဲချိန် ရောက်၍ နေက ကျဲကျဲတောက် ပူနေသည်။

လေတိတ်သဖြင့် ဖုန်အလိမ်းလိမ်း ကပ်နေသည့် သစ်ရွက်များက တစ်ချက်မျှ လှုပ်ရှားခြင်း မရှိ။ မီလာနီ တစ်ကိုယ်လုံး ချွေးတွေ နစ်နေပြီ။ စကားလက်က မျက်နှာကို ရေဖတ် တိုက်ပေးသည်။ ကြောက်စိတ်က အူတွေ ကလီစာတွေကို ကိုက်ဖြတ်နေသည် ထင်ရ၏။ အကယ်၍များ ဆရာဝန် မရောက်လာမီ ကလေး အပြင် ရောက်လာလျှင် ဒုက္ခ။ သူ မည်သို့ လုပ်ရမည်နည်း။ ဝမ်းဆွဲ ကိစ္စကို သူ ဘာမျှ နားမလည်။ သူ ကြိုတင်၍ စိုးရိမ်ခဲ့သည့် အတိုင်း ဖြစ်တော့မည်လော။ ဆရာဝန် မရှိလျှင် ပရဇ္ဇီကို အားကိုး ရတော့မည်ဟု စိတ်ကူးခဲ့ဖူးသည်။ ပရဇ္ဇီက ဝမ်းဆွဲ ကောင်းကောင်း လုပ်တတ်သည်။ သူ ကိုယ်တိုင်က မကြာခဏ ပြောဖူးသည်။ သို့ရာတွင် ပရဇ္ဇီရော။ ယခုတိုင် ဘာကြောင့် ပြန်မလာ သေးသနည်း။ ဆရာဝန်ကော ဘာ့ကြောင့် မလာသေးသနည်း။ စကားလက် ပြတင်းပေါက်သို့ ထလာကာ မျှော်ပြန်သည်။ သူ့စိတ်က ထင်၍လော တကယ်လော မသိ။ အဝေးမှ အမြောက်သံ တိတ်သွားသည်။ ထို့ထက် ဝေးလျှင် ဧကန္တ ဂျုန်းဘာရို တစ်ဝိုက်တွင် တိုက်ပွဲ ဖြစ်လောက်ပြီ။

နောက်ဆုံးတွင် ခပ်သုတ်သုတ် ပြန်လာသော ပရဇ္ဇီကို လှမ်းမြင်လိုက်ရသဖြင့် ပြတင်းပေါက် အပြင်သို့ ကိုယ်တစ်ပိုင်း

ထွက်ကြည့်သည်။ ပရဇ္ဇီက မော့ကြည့်ပြီး သူ့ကို မြင်သည်တွင် တစ်စုံတစ်ရာ လှမ်းအော်ရန် ပါးစပ် ပြင်လိုက်သည်။ ပရဇ္ဇီ၏ မည်းမှောင်သည့် မျက်နှာပေါ်က ထိတ်လန့် တုန်လှုပ်နေသည့် အမူအရာကို မြင်လိုက်သည်၌ လှမ်းအော်လျှင် မီလာနီ ကြားသွားမည်ကို စိုးရိမ်သွားသည်။ စကားလက်က နှုတ်ခမ်းကို ကပ်၍ လက်ညှိုး ထောင်ပြပြီး ပြတင်းပေါက်မှ လှည့်လာသည်။

`ရေအေးအေး သွားခပ်ချည်ဦးမယ် နော်’



မီလာနီ၏ မျက်ကွင်း ညိုညိုကို ငုံ့ကြည့်ကာ ကြိုးစား၍ ပြုံးပြောလိုက်သည်။ ထိုနောက် အခန်းထဲမှ ခပ်သုတ်သုတ်

လစ်ထွက်လာကာ တံခါးကို သေချာစွာ စေ့ပစ်ခဲ့သည်။

ပရဇ္ဇီသည် လှေကား အောက်ဆုံးထစ်တွင် ထိုင်ရင်း မောနေ၏။



`မလေး၊ ဂျုန်းဘာရိုမှာ တိုက်ပွဲတွေ ဖြစ်နေပြီတဲ့၊ ကျွန်မတို့ တပ်တွေ ရှုံးလာပြီတဲ့၊ ကျွန်မ အမေတော့ ဘယ်လို နေမယ်

မသိဘူး၊ ဒုက္ခပဲ၊ ယန်ကီတွေ ရောက်လာရင် ကျွန်မတို့ ဘယ့်နှယ် လုပ်ကြမလဲ ဟင် မလေး၊ ဘယ့်နှယ် လုပ်ကြမလဲ’

စကားလက်က သူ့ပါးကို တစ်ချက် ရိုက်လိုက်သည်။



`တိတ်စမ်း၊ ဒါတွေ ပြောမနေစမ်းနှင့်’



ဟုတ်တော့ ဟုတ်သည်။ ယန်ကီတွေ ရောက်လာလျှင် မည်သို့ လုပ်မည်နည်း။ မြိုင်သာယာသို့ ရောက်လျှင်

မည်သို့ ရှိမည်နည်း။ စကားလက် ထိုအတွေးကို မောင်းထုတ် လိုက်ကာ လောလောဆယ် ပြဿနာကို စဉ်းစားသည်။

371

ဤအကြောင်းများကို မတွေးချင်။ တွေးလျှင် အော်ဟစ် ငိုမိလိမ့်မည်။ ပရဇ္ဇီလို ငိုမိလိမ့်မည်။

`ဒေါက်တာမိကော တွေ့ခဲ့ရဲ့လား၊ ဘယ်တော့ လာမှာတဲ့လဲ’



`မတွေ့ခဲ့ဘူး မလေး’



`ဘာ’



`ဆေးရုံမှာ

မရှိဘူးတဲ့၊

မစ္စက်

မယ်ရီဝယ်သာနှင့်

မစ္စက်

အယ်လဆင်းတို့လည်း

မရှိကြဘူး၊

ဆရာဝန်က

ဂျုန်းဘာရိုက စစ်သား လူနာတွေ ရောက်လာလို့ ကုန်လှောင် ရုံထဲမှာ သွားကြည့် နေတယ်တဲ့၊ ကျွန်မလည်း ကုန်လှောင်ရုံကို လိုက်မသွားရဲတာနှင့် ပြန်ခဲ့တယ်၊ ကုန်လှောင်ရုံမှာ အလောင်းတွေချည်းပဲတဲ့၊ ကျွန်မ ကြောက်တယ် မလေး၊ ဟီး ဟီး’

`ဒိပြင် ဆရာဝန်တွေကော မတွေ့ဘူးလား’



`တွေ့ခဲ့တယ်၊ မလေးရဲ့ စာကိုတောင် အတင်းပြရတယ်၊ ဆေးရုံ တစ်ရုံလုံး ဆရာဝန်တွေ ပျာယာခတ် နေတာပဲ၊

ဆရာဝန် တစ်ယောက်ကတော့ သွား သွား လာရှုပ် မနေနှင့်တဲ့၊ ဒီမှာ လူတွေ သောက်သောက်လဲ သေနေရတဲ့အထဲ ကလေးမွေးတဲ့ ကိစ္စကို လိုက်ကြည့် မနေနိုင်ဘူးတဲ့၊ ဝမ်းဆွဲသည် တစ်ယောက်နှင့် မွေးတဲ့၊ ဒါနှင့် ကျွန်မလည်း မလေး မှာတဲ့ အတိုင်း သတင်း လျှောက်မေးကြည့်တယ် ရှင့်၊ ဂျုန်းဘာရိုမှာ တိုက်ပွဲတွေ ဖြစ်နေတယ်တဲ့၊ ပြီးတော့’

`နေစမ်းပါဦး၊ ဒေါက်တာမိက ကုန်လှောင်ရုံမှာ ဆိုတော့ ဘူတာရုံကို ပြောတာလား’



`ဟုတ်ကဲ့ရှင့်’



`ဒီမှာ ပရဇ္ဇီ၊ ငါ ပြောတာ သေသေချာချာ နားထောင်၊ ဒေါက်တာမိကို ငါ သွားခေါ်မယ်၊ နင် မီလာနီ အနားမှာ

ထိုင်စောင့်နေ၊ သူ ခိုင်းတာကို လုပ်ပေး၊ ဂျုန်းဘာရိုမှာ တိုက်ပွဲတွေ ဖြစ်နေတယ် ဘယ်တယ်နှင့် သွား မပြောနှင့်၊ ပြောရင်တော့ နင်နှင့် ငါနှင့် အသိပဲ၊ အဝတ်စုတ် ရောင်းသလို နင့်ကို ကျွန်ကုန်သည်တွေဆီ ရောင်းပစ်မယ် သိလား၊ ဒိပြင် ဆရာဝန်တွေ ဘာတွေလည်း မလာတော့ဘူးလို့ သွားပြော မနေနှင့်၊ ကြားရဲ့လား’

`ဟုတ်ကဲ့ မလေး’



`သွား မျက်ရည်တွေ သုတ်၊ ရေအေးအေး တစ်ဇလုံ ခပ်ပြီး အပေါ်ကို ယူသွား၊ မီလာနီကို ရေဖတ် တိုက်ပေးချည်၊

ငါ့ကို မေးရင် ဒေါက်တာမိကို သွားခေါ် နေတယ်လို့ ပြော’

`မွေးတော့မှာလား မလေး’



`ငါ မသိဘူး၊ နီးတော့ နီးပြီ၊ ဒါပေမယ့် ငါလည်း သိပ်သိတာ မဟုတ်ဘူး၊ နင် ပိုသိမှာပေါ့၊ သွား အပေါ်ထပ်ကို သွားချည်’



စကားလက်က မှန်တင်ခုံပေါ်မှ မြက်ဦးထုပ်ကို ကောက်ယူကာ ခေါင်းပေါ်တွင် စွပ်ချလိုက်သည်။ မှန်ထဲတွင်

ကြည့်လိုက်ပြီး ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်များကို သိမ်းလိုက်၏။ သို့ရာတွင် သူ့ရုပ်ကို သူ မှန်ထဲတွင် မမြင်။ သူ့ရင်ထဲက

372

ကြောက်စိတ်သည် လှိုင်းတွန့်များလို တစ်ကိုယ်လုံးကို ရိုက်ခတ်ကာ ပါးကို ကိုင်ထားသည့် လက်ချောင်းများ အထိ ရောက်လာ၏။ သူ့ တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်နေသည်။ စကားလက်သည် အိမ်ထဲမှ အပြင် နေပူကျဲကျဲသို့ ထွက်လာခဲ့သည်။ မက်မုံပင်လမ်း အတိုင်း လျှောက်လာစဉ် နေသည် မြေကြီးမှ အခိုးတွေ တလျှပ်လျှပ် ထအောင် ပူနေသည်။ နေပူရှိန်ကြောင့် ခေါင်းပင် ကိုက်လာသည်။ လမ်းထိပ်မှ အုတ်အုတ် ကျက်ကျက် အသံဗလံများကို ကြားရ၏။ မြို့လယ် ရောက်ခါနီးတော့ စကားလက် မောလာပြီ။ သူ့အင်္ကျီ ရင်စည်းက ကျပ်ကျပ် စည်းထားသဖြင့် အသက်ရှူ ကျပ်လာသည်။ သို့ရာတွင် စကားလက် ခြေလှမ်းကို မလျှော့။ ခပ်သွက်သွက် လျှောက်မြဲ လျှောက်သည်။ အသံဗလံ များက ပို၍ ကျယ်လောင်လာပြီ။

မြို့လယ်မှ ငါးမြှောင့်ဆိုင်လမ်း အထိ ကြားတွင်မူ တစ်လမ်းလုံး လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ ခြအုံ ပုရွက်ဆိတ်အုံ

ပျက်၍ လှုပ်လှုပ်ရှားရှား ဖြစ်နေပုံမျိုး။ ကပ္ပလီများက ထိတ်လန့်သော အမူအရာများဖြင့် ဟိုသည် ပြေးလွှား နေကြသည်။ ဆင်ဝင်ဝတွင် လူဖြူ ကလေးငယ်များက လူကြီး အစောင့်အရှောက် မပါဘဲ ထိုင်၍ တစာစာ ငိုနေကြသည်။ တစ်လမ်းလုံး စစ်ရထားများ၊ ရိက္ခာတင် လှည်းများ၊ လူနာတင် လှည်းများဖြင့် ပြည့်နေသည်။ ယာဉ်များပေါ်တွင် လူနာများ၊ သေတ္တာများ ပြည့်သိပ်လျက်။ အချို့က လမ်းကြားထဲမှ မြင်းကို တရကြမ်း စီးကား ဗိုလ်ချုပ် ဟုဒ်၏ စစ်ရုံးချုပ်ဘက်သို့ ဒုန်းစီးသွားကြသည်။ ဘွန်နယ်တို့ အိမ်ရှေ့တွင် ကပ္ပလီ အဘိုးကြီး တစ်ယောက် ရထားမြင်း ဇက်ကို ကိုင်ရင်း စကားလက်ကို လှမ်းနှုတ်ဆက်သည်။ သူ့ မျက်လုံးများက ပြူးတူးပြဲတဲ။

`ဟင်၊ မလေး၊ မသွားသေးဘူးလား၊ ကျုပ်တို့တောင် ပြောင်းတော့မလို့၊ အထုပ်အပိုးတွေ ပြင်နေကြပြီ’



`ဘယ်ကို သွားမှာလဲ’



`မသိသေးဘူး၊ တစ်နေရာရာပေါ့၊ ယန်ကီတွေ လာတော့မယ်’



စကားလက် သူ့ကိုပင် နှုတ်မဆက်နိုင်။ ခပ်သုတ်သုတ် ဆက်လာခဲ့၏။ ယန်ကီတွေ လာတော့မည်။ ဝက်စလေ သူဓမ္မာ

ဇရပ် အနီးတွင် ခဏ ရပ်၍ နားရသေးသည်။ နှလုံးက တူထုသည့်နှယ် ခုန်လှပြီ။ မနားလျှင် လမ်းတွင် ဗုန်းဗုန်း လဲကျလိမ့်မည်ဟု ထင်သည်။ စကားလက်က မီးတိုင် တစ်တိုင်ကို အားပြု၍ ရပ်နေသည်။ ထိုစဉ် ငါးမြှောင့်ဆိုင် လမ်းဘက်မှ မြင်းကို ဒုန်းစီး ထွက်လာသည့် စစ်ဗိုလ်လေး တစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ စကားလက် ဘာမျှ မစဉ်းစား။ လမ်းပေါ်သို့ တက်ကာ လှမ်း၍ လက်ပြသည်။

`ဗိုလ်လေး၊ ခဏ ခဏ’



စစ်ဗိုလ်လေးက မြင်းဇက်ကို ရုတ်တရက် ဆွဲရပ်လိုက်သဖြင့် မြင်းကြီးက ပတတ်ရပ်သွားသည်။ သူ့မျက်နှာက

ပင်ပန်းသည့် အသွင်၊ လွန်စွာ အရေးကြီးသည့် အသွင် ပေါ်နေသည်။ စုတ်ပြတ်နေသည့် ဦးထုပ်ကို ချွတ်လိုက်သည်။

`ပြောပါ’



`ဟို ဟို၊ ယန်ကီတွေ လာတော့မယ် ဆိုတာ ဟုတ်သလား ဟင်’



`လာမယ်လို့ ထင်တာပဲ’

373



`ရှင် တကယ် သိသလား ဟင်’



`သိတာပေါ့၊ လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ဂျုန်းဘာရိုက စစ်ရုံးချုပ်ကို သတင်း ရောက်လာတယ်’



`ဂျုန်းဘာရိုမှာ ဟုတ်လား၊ တကယ်လား ရှင်’



`တကယ်ပေါ့၊ ကျွန်တော်က ဘာလို့ ညာပြော နေရမှာလဲ၊ ဗိုလ်ချုပ် ဟာဒီးဆီက လာတာ၊ စစ်ရှုံးပြီတဲ့၊ ဆုတ်ခွာလာပြီတဲ့’



`ဘုရား ဘုရား’



စစ်ဗိုလ်က သူ့ကို ငုံ့ကြည့်သည်။ သူ့ မျက်နှာတွင် မည်သည့် ခံစားချက်မျိုးမှ မပေါ်။ ဦးထုပ်ကို ပြန်ဆောင်းပြီး ဇက်ကို

ကိုင်လိုက်သည်။

`ဒီမှာ ဗိုလ်လေးရယ်၊ ခဏလေးပါ၊ ကျွန်မတို့ ဘယ်လို လုပ်မှာတဲ့လဲ’



`ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး၊ တပ်ကတော့ မကြာခင် အတ္တလန်တာက ဆုတ်မှာပဲ’



`ကျွန်မတို့ကို ယန်ကီတွေလက်ထဲ ထားခဲ့တော့မယ်ပေါ့’



`မတတ်နိုင်ဘူး၊ ဝမ်းနည်းပါတယ်’



မြင်းက

သံပတ်

ပေးလိုက်သလို

တစ်ဟုန်ထိုး

ထွက်သွားသည်။

စကားလက်

တစ်ယောက်တည်း

လမ်း

အလယ်ကောင်တွင် ငေါင်းစင်းစင်း ကျန်ခဲ့သည်။ ဖုန် နီနီများက သူ့ခြေချင်းဝတ်ထိ မြုပ်လျက်။

ယန်ကီတို့က လာတော့မည်။ ပြည်နယ်တပ် ဆုတ်ခွာသွားတော့မည်။ ယန်ကီတို့ လာတော့မည်။ သူ မည်သို့

လုပ်ရမည်နည်း။ မည်သည့် နေရာသို့ ပြေးရမည်နည်း။ သူ ထွက်မပြေးရက်။ မီလာနီ ရှိသေးသည်။ အိပ်ရာပေါ်တွင် နေ့စေ့လစေ့ဖြင့် ကျန်ခဲ့သည်။ မိန်းမတို့သည် မည်သည့် အတွက် ကလေးမွေးသော အလုပ်ကို လုပ်ကြရလေသနည်း။ မီလာနီသာ မရှိလျှင် ဝိတ်ကလေးနှင့် ပရဇ္ဇီကို ခေါ်၍ ယန်ကီတို့ မတွေ့နိုင်ရာ တောထဲသို့ သွားပုန်းနိုင်သည်။ သို့ရာတွင် မီလာနီကို တောထဲသို့ ခေါ်သွား၍ မဖြစ်။ ယခု လောလောဆယ်တွင်မူ စိတ်ကူးထဲ ထည့်၍ပင် မရ။ မနေ့က ဖြစ်စေ မွေးဖြစ်ခဲ့လျှင် လှည်းတစ်စီး ခေါ်၍ လှည်းပေါ် တင်သွားကာ တစ်နေရာရာ သွားပြီး ပုန်းနိုင်သည်။ ယခုမူ ဒေါက်တာမိကို တွေ့အောင် ရှာရမည်။ သူနှင့်အတူ အိမ်သို့ အပါ ခေါ်ရမည်။ ဒေါက်တာမိ ရှိလျှင် မြန်မြန် မွေးအောင် တတ်နိုင်မည်လော မသိ။

စကားလက် ဝတ်စုံကို မ ကာ လမ်းမ အတိုင်း စွတ်ပြေးလာခဲ့သည်။ သူ့ ခြေသံများက `ယန်ကီတွေ လာပြီ၊ ယန်ကီတွေ

လာပြီ’ ဟု စည်းချက် လိုက်နေ သည့်နှယ် ရှိသည်။ ငါးမြှောင့်ဆိုင်တွင် လူတွေ ကြိတ်ကြိတ် တိုးနေကြသည်။ လှည်းတွေ၊ ရထားတွေ၊ နွားလှည်းတွေ ပြည့်နေသည်။ ဝန်စည်စလယ်တွေ အပြည့်။ ဒဏ်ရာ ရသူတွေ အပြည့်။ ကျောက်ဆောင်ကို လှိုင်းလုံး တစ်လုံး ရိုက်လိုက်သည့်နှယ် ဝေါခနဲ အသံကြီး လူအုပ်ထဲမှ ပေါ်လာသည်။

ထူးဆန်း၍ ပြေပြစ်ခြင်း မရှိသည့် မြင်ကွင်း တစ်ခုကို စကားလက် မြင်ရ၏။ မီးရထားလမ်းဘက်တွင် မိန်းမတစ်အုပ်

ဝက်ပေါင်ခြောက်တွေ ထမ်း၍ ပြေးလာကြသည်။ ကလေးတွေ နောက်က ပြေးလိုက်လာ ကြသည်။ သူတို့ ပခုံးပေါ်တွင် အငွေ့

374

တထောင်းထောင်း ထနေသည့် ကြံရည်ပုံးတွေကို ထမ်းထားသည်။ သူငယ်တစ်သိုက်က ပြောင်းဆန်အိတ်များ၊ အာလူး အိတ်များကို ဒရွတ်ဆွဲလာကြသည်။ အဘိုးကြီး တစ်ယောက် ဂျုံအိတ်ကြီး တစ်အိတ်ကို လက်တွန်းလှည်းဖြင့် မနိုင့်တနိုင် တွန်းလာသည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူဖြူ၊ လူမည်း အားလုံး အထုပ်များ၊ အိတ်များ၊ ရိက္ခာ သေတ္တာများကို ထမ်းပြေးလာကြသည်။ တစ်နှစ် အတွင်း ဤမျှလောက် များသည့် ရိက္ခာများကို စကားလက် မမြင်ဖူးသေး။ ထိုစဉ် မြင်းရထား တစ်စီး တရကြမ်း မောင်းဝင်လာသဖြင့် လူအုပ်က ဘေးသို့ ရှဲ၍ လမ်းဖယ် ပေးသည်။ မစ္စက် အယ်လဆင်းက သူ့ ဘုံပြတ် ဦးပိုင်းတွင် ရပ်၍ မောင်းလာသည်။ တစ်ဖက်က ဇက်ကို ကိုင်၍ တစ်ဖက်က ကျာပွတ်ကို ကိုင်ထားသည်။ ဦးထုပ် မပါ။ မျက်နှာက ဖြူရော်နေသည်။ ရှည်လျား ဖြူဖွေးသည့် ဆံပင်များက ကျောပေါ်တွင် လွင့်လျက်ရှိ၏။ မြင်းကို ကျာပွတ် တရွှမ်းရွှမ်း ရိုက်၍ မောင်းလာသည်။ ဘုံပြတ် နောက်ပိုင်းတွင် သူ့ အိမ်ဖော် ကပ္ပလီမကြီး မိလစ်စီက အဆီ တရွှဲရွှဲ ဖြစ်နေသည့် ဝက်ပေါင်ကြီး တစ်ခုကို ထိန်းကိုင်ကာ အခြား လက်တစ်ဖက်နှင့် ခြေထောက် အစုံက သူ့ ဘေးပတ်ပတ်လည်က အိတ်များ၊ သေတ္တာများကို ထိန်းကိုင်လာ၏။ စားတော်ပဲအိတ် ပေါက်ကျသဖြင့် လမ်းတစ်လျှောက်တွင် စားတော် ပဲစေ့တွေ ဖိတ်ကျန်ရစ်ခဲ့သည်။ စကားလက်က မစ္စက် အယ်လဆင်းကို ခေါ်သည်။ သူ့ အသံသည် အုတ်အုတ်ကျက်ကျက် အသံတွေ ကြားထဲတွင် မြုပ်သွားသည်။ မစ္စက် အယ်လဆင်း၏ ရထားသည် သူ့ အနီးမှ ဖြတ်သွား၏။

ရုတ်တရက်သော် ထိုအခြင်းအရာကို စကားလက် နားမလည်။ မီးရထားလမ်း ဘေးတွင် စစ်ရိက္ခာ ထောက်ပံ့ရေး

ကုန်လှောင်ရုံများ ရှိသည်ကို သတိရ လိုက်သည်။ စစ်တပ်က ကုန်လှောင်ရုံများကို ဖွင့်ပေးလိုက်ကြောင်း စကားလက် ချက်ချင်း သဘောပေါက် လိုက်၏။

စကားလက်က လူအုပ်ထဲသို့ အတင်း တိုးဝှေ့ ဝင်လာသည်။ လူအုပ်ကြီးက ငါးမြှောင့်ဆိုင် ထိပ်တွင် ပိတ်နေသည်။

စကားလက်သည် ဘူတာရုံ ရောက်အောင် အတင်း တိုးဝှေ့ လာရသည်။ ကုန်ရုံများ၊ ရထားတွဲများ ကြားတွင် အလုပ် များနေကြသည့် ဆရာဝန်များ၊ ထမ်းစင် သယ်သူများကို မြင်လိုက်ရသည်။ ဘုရားသခင်၏ ကျေးဇူးဖြင့် ဒေါက်တာမိကို တွေ့ရတော့မည်။ အတ္တလန်တာ ဟိုတယ်ကို တွေ့လိုက်ပြီး ဘူတာရုံနှင့် သံလမ်းများကို မြင်လိုက်ရသည့် တစ်ခဏ၌ စကားလက် ထိတ်လန့်လျက် ရှေ့ဆက် မတိုးရဲဘဲ ရပ်နေသည်။

ကျဲကျဲတောက်သည့် နေရောင် အောက်တွင် ဒဏ်ရာရ လူနာတွေ အစီအရီ။ ရထားလမ်းဘေး တစ်လျှောက် စင်္ကြံပေါ်နှင့်

ကုန်လှောင်ရုံများ ထဲတွင် မြင်၍ပင် မကောင်းတော့။ အချို့က ဆန့်ဆန့်ကြီးတွေ။ တချို့က နေပူထဲတွင် တွန့်လိမ်လျက်။ ခွေလျက်။ ညည်းတွားလျက်။ ယင်တွေက တလောင်းလောင်း။ သွေးစက်များ၊ ညစ်ပတ်နေသည့် ပတ်တီးစများ၊ ညည်းသံများ၊ ကျိန်ဆဲသံများ၊ ချွေးနံ့၊ သွေးနံ့၊ လူနံ့၊ အညစ်အကြေးနံ့ စသည်တို့သည် နေပူထဲတွင် ထောင်းထောင်း ထနေ၏။ ပုပ်ဟောင်ဟောင် အနံ့ကြီးကြောင့် ရင်ထဲတွင် ပျို့သွားသည်။ ပိုးလိုးပက်လက် ဖြစ်နေသည့် လူနာတွေ ကြားထဲတွင် သူနာပြုများကို တွေ့ရသည်။ အချို့က လူနာတွေကို တက်နင်းမိကြသည်။

စကားလက် နောက်သို့ ဆုတ်လိုက်သည်။ ပျို့အန်တော့မည် ပြုသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက် ရသည်။

ရှေ့ဆက် မသွားနိုင်။ ဆေးရုံတွင် ဒဏ်ရာရသည့် လူနာများကို မြင်ခဲ့ဖူးပြီ။ မက်မုံပင်ချောင်း တိုက်ပွဲ အပြီး ဒေါ်လေး ပစ်တီ၏ အိမ်ရှေ့ မြက်ခင်းတွင် ဒဏ်ရာ ရသူများကို တွေ့ခဲ့ဖူးပြီ။ သို့ရာတွင် ဤမျှလောက် များပြားသည်ကို တစ်ခါမျှ မတွေ့စဖူး။ နေပူကျဲကျဲ အောက်တွင် ပုပ်ဟောင် နံစော်ကာ သွေးစိမ်းရှင်ရှင် ယိုစီးနေသည့် ကိုယ်ခန္ဓာများကို မတွေ့စဖူး။ ငရဲဘုံကြီး

375

ဖြစ်နေပြီ။ ယန်ကီတွေ လာတော့မည်။ ယန်ကီတွေ လာတော့မည်။

စကားလက် ရင်ကော့ကာ လူနာတွေ ကြားထဲက ဖြတ်လျှောက်သည်။ ထိုးထိုးထောင်ထောင်၊ မိုးတိုး မတ်တတ်လူကို

မြင်တိုင်း ဒေါက်တာမိကို လှမ်းရှာသည်။ သို့ရာတွင် ဤသို့ ရှာနေ၍ မဖြစ်တော့။ သူ့ကို ဂရုတစိုက် ရှာနေရလျှင် အောက်က လူနာတွေကို တက်နင်းမိတော့မည်။ ရှေ့တွင် ထမ်းစင် ထမ်းနေသူ တစ်သိုက်ကို ညွှန်ကြားနေသည့် လူစုစုကို မြင်သဖြင့် စကားလက် လျှောက်လာခဲ့သည်။

သူ လျှောက်လာစဉ် ချစ်ချစ်တောက် ပူနေသည့် လက်များက သူ့ဝတ်စုံကို လှမ်းဆွဲကြသည်။ `ရေ ပေးပါ ဗျာ၊ ရေ

ရှာပေးပါ၊ အမလေး ဗျ၊ ရေသောက်ချင်တယ် ဗျ’ ဟု အော်နေကြသည်။

စကားလက်သည် သူ့ ဝတ်စုံကို ဆွဲထားသည့် လက်များကို မနည်း ဆွဲဖြုတ်ရ၏။ မျက်နှာပေါ်သို့ ချွေးတွေ

စီးကျလာသည်။ သူတို့ကို မနင်းမိအောင် ရှောင်ရသည်။ တက်နင်းမိလျှင် စကားလက် မူးမေ့ လဲကျ သွားလိမ့်မည် ထင်သည်။ လူသေကောင်များကို ကျော်သွားရသည်။ တချို့ ဗိုက်က ဒဏ်ရာကြီးများက သွေးတွေ ခြောက်ကာ ဝတ်စုံနှင့် ကပ်နေပြီ။ တချို့ မုတ်ဆိတ်တွေက သွေးတွေ ပေကာ စေးကပ်နေကြသည်။ တချို့က ပါးစပ်ကြီးတွေ ဟလျက် သေနေကြသည်။ တချို့က မသေမရှင် ဗလုံးဗထွေးဖြင့် ညည်းနေကြသည်။

ဒေါက်တာမိကို မြန်မြန် မတွေ့လျှင် စကားလက် ရူးသွပ်ကာ အော်ဟစ် ထွက်ပြေးမိ တော့မည်။ ကုန်လှောင်ရုံ အနီးတွင်

စုနေသည့် လူတစ်စုထဲသို့ ရောက်သွားကာ `ဒေါက်တာမိ ရှိပါသလား ရှင်၊ ဒေါက်တာမိ ရှိပါသလား’ ဟု လှမ်းမေးသည်။

လူစုထဲမှ တစ်ယောက် ထွက်လာကာ သူ့ကို လှမ်းကြည့်၏။ ဒေါက်တာမိ ဖြစ်သည်။ ကုတ္အက်ႌ မပါ။ အက်ႌ

လက်ရှည်ကို လက်မောင်းရင်း အထိ ပင့် တင်ထားသည်။ သူ့ ဘောင်းဘီနှင့် အင်္ကျီသည် သားသတ်သမား ဝတ်စုံကဲ့သို့ နီရဲ နေသည်။ သံရောင် မုတ်ဆိတ်မွေး အဖျားများတွင်ပင် သွေးတွေ ပေကျံကာ စေးကပ်နေသည်။ သူ့ မျက်နှာက ပင်ပန်းခြင်း၊ ဒေါသကို ချုပ်ထားရခြင်း၊ စိတ်ထိခိုက်ခြင်းတို့ကို ဖော်ပြ နေသည်။ မျက်နှာတွင် ဖုန်တွေ အလိမ်းလိမ်း ကပ်ကာ ချွေးတွေ ယိုစီးကျနေသည်။ သို့ရာတွင် သူ့ကို လှမ်းခေါ်သည့် ဒေါက်တာမိ၏ အသံက တည်ငြိမ်သည်။ ပြတ်သားသည်။

`ဘုရားရေ၊ ငါ့တူမလည်း ရောက်လာသကိုး၊ ဒီမှာတော့ ဘယ်သူ့ လက်မှ အအားထားလို့ မရဘူး ဟေ့’



စကားလက်က သူ့ကို ကြောင်ကြည့် နေသည်။ စိတ်ပျက် လက်ပျက်ဖြင့် မထားသည့် ဝတ်စုံကို လွှတ်ချလိုက်သည်။

သူ့ ဝတ်စုံများက ရှောင်လွှဲရန် ကြိုးစား နေသည့် ဒဏ်ရာရ လူနာ တစ်ယောက် မျက်နှာပေါ်သို့ ကျသွား၏။ ဒေါက်တာမိ၏ စကားက မည်သည့် အဓိပ္ပာယ်နည်း။ လူနာတင် ရထား တစ်စီး မောင်းသွားသဖြင့် ဖုန်မှုန့်တွေ နှာခေါင်းထဲ ဝင်ကုန်သည်။ အနံ့ တွေကလည်း ပုပ်ဟောင်နေသည်။

`မြန်မြန် လာဟေ့ ကလေးမ၊ လာ လာ’



စကားလက်က စွန်တောင် ဆွဲကာ လူနာတွေ ပေါ်မှ ကျော်ဖြတ်ပြီး ခပ်သုတ်သုတ် လျှောက်လာသည်။ သူ့

လက်မောင်းကို လှမ်းကိုင်သည်။ လက်က ပင်ပန်း သဖြင့် တုန်ယင်နေသည့်တိုင် သူ့မျက်နှာတွင် အင်အား ကုန်ခန်းသည့် အမူအရာမျိုး မရှိ။

376



`ဒေါက်တာ၊ ဒေါက်တာ လာမှ ဖြစ်မယ်၊ မီလာနီ မွေးတော့မယ်’



ဒေါက်တာမိက သူ့ စကားများကို မကြားသည့်နှယ် သူ့ကို စိုက်ကြည့်နေသည်။ စကားလက် ခြေရင်း ကျောပိုးအိတ်ကို

ခေါင်းအုံး၍ လှဲနေသည့် လူနာ တစ်ယောက်က စကားလက်ကို ပြုံး၍ ကြည့်လိုက်ကာ ခပ်ရွှင်ရွှင် ပြောလိုက်သည်။

`ဒါ ဆရာဝန်တွေ အလုပ်ပေါ့’



စကားလက်က ထိုလူကိုပင် ငုံ့ မကြည့်မိ။ ဒေါက်တာမိ လက်မောင်းကိုသာ ဆွဲခေါ်နေသည်။



`မီလာနီ မွေးတော့မယ် ဒေါက်တာ၊ ဒေါက်တာ လိုက်မှ ဖြစ်မယ်၊ သူ သူ’



ဤအချိန်သည် စကား အယဉ်အကျေးတွေ ပြောနေချိန် မဟုတ်။ သို့ရာတွင် လူစိမ်းတွေ ရှေ့တွင် ဖြစ်နေသဖြင့်

စကားလက် ပါးစပ် မရဲဘဲ ဖြစ်နေသည်။

`သူ သိပ်ဗိုက်နာ နေပြီ ဒေါက်တာ၊ ဒေါက်တာ လိုက်မှ ဖြစ်မယ် ထင်တယ်’



`ဘာ ကလေး မွေးမလို့ ဟုတ်လား’



ဒေါက်တာမိ အော်လိုက်သည်။ သူ့မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေသည်။ မည်သူ့ကိုမျှ ဒေါသထွက်ခြင်း

ဟုတ်ဟန်မတူ။ ဤလို ကိစ္စတွေ ရှုပ်ပွနေသည့် လောကကြီးကို ဒေါသ ထွက်နေခြင်း ဖြစ်ပုံရသည်။

`ငါ လိုက်လို့ ဘယ်ဖြစ်မလဲ၊ ဒီ လူနာတွေကို ဘယ့်နှယ်လုပ် ထားခဲ့ရမှာလဲ၊ ဒီမှာ လူတွေ ရာချီပြီး သေတော့မယ်၊

ကလေး တစ်ယောက် မွေးဖို့ ကိစ္စကို ငါ လိုက်နိုင်မှာ မဟုတ်ဘူး၊ အမျိုးသမီး တစ်ယောက်ယောက်ကို ခေါ်သွားပါ၊ ငါ့ မိန်းမ ရှိရင်လည်း ခေါ်သွား’

ဒေါ်ဒေါ်မိ မလာနိုင်သည့် အကြောင်းကို ပြောမည်ဟု ပါးစပ် ပြင်လိုက်သေးသည်။ သို့ရာတွင် ချက်ချင်း ပါးစပ်ကို

ပိတ်လိုက်သည်။ သူ့သား ဒဏ်ရာ ရလာသည်ကို သူကိုယ်တိုင် သိပုံ မရသေး။ သိလျှင် သူကိုယ်တိုင် ဤနေရာတွင် ဆက်နေနိုင်ပါဦးမည်လော မသိ။ အကယ်၍ ဖိလစ် တစ်ယောက် သေလုမျောပါး ဖြစ်နေသည့်တိုင် ဒေါက်တာမိသည် ဤနေရာတွင် ရှိနေဦးမည်၊ တစ်ယောက်ထက် အများကို ဦးစားပေးရလိမ့်မည်ဟု စကားလက် စိတ်ထဲမှ တစ်စုံတစ်ရာက ပြောနေသည်။

`မဖြစ်ဘူး ထင်တယ် ဒေါက်တာ၊ ဒေါက်တာ လိုက်ခဲ့ပါ၊ အမွေးရ ခက်မယ်လို့ ဒေါက်တာပဲ ပြောခဲ့တယ် မဟုတ်လား၊

ဒေါက်တာ မလာရင် သေလိမ့်မယ် ထင်တယ်’

ညည်းတွားသံများ ကြားတွင် ဤ မကြားဝံ့ မနာသာတွေ ပြောနေသူမှာ သူ ကိုယ်တိုင်မှ ဟုတ်ပါလေးစဟု စကားလက်

သံသယ ဖြစ်မိသည်။

ဒေါက်တာမိက လက်ခါ ပြလိုက်သည်။ သူ ပြောသည့် စကားကိုလည်း ကြားဟန် မတူ။ ကြားလျှင်လည်း နားလည်ဟန်

မရှိ။

377



`ဘာရယ် သေမယ် ဟုတ်လား၊ သူမှ မဟုတ်ဘူး၊ ဒီမှာလည်း သေမယ့် လူတွေ တစ်ပုံကြီး၊ ပတ်တီး မရှိဘူး၊ ကွီနိုင်

မရှိဘူး၊ မေ့ဆေး မရှိဘူး၊ ဘိန်း မရှိဘူး၊ သိပ်ဆိုးတဲ့ လူတွေ အတွက် ဘိန်း နည်းနည်း၊ မေ့ဆေး နည်းနည်း ရရင်လည်း အကောင်းသား၊ ခွေးသား ယန်ကီတွေကြောင့်၊ ခွေးသား ယန်ကီတွေကြောင့်’

`ခွေးသားတွေကို ငရဲပြည် ပို့ဗျာ’



ခြေရင်းတွင် လဲနေသူက အရေးထဲတွင် နောက်နေသေးသည်။



စကားလက် တစ်ကိုယ်လုံး တုန်ယင်လာသည်။ မျက်ရည်တွေ ပါးပြင်ပေါ်သို့ စီးကျလာ၏။ ဒေါက်တာမိ သူနှင့်

မပါတော့။ မီလာနီ သေအောင် သူ ဆုတောင်း ခဲ့ဖူးသည်။ ယခု တကယ် သေတော့မည် ထင်သည်။

`ဒေါက်တာရယ်၊ စကားလက် တောင်းပန်ပါတယ်၊ လိုက်ခဲ့ပါ’



ဒေါက်တာမိက နှုတ်ခမ်းကို ကိုက်သည်။ မေးရိုးကြီးတွေ ပေါ်လာကြ၏။



`ဒီမှာ ကလေးမ၊ ငါ ကြိုးစားမယ် ဟုတ်လား၊ ကတိတော့ မပေးနိုင်ဘူး၊ ဒါပေမယ့် လာနိုင်အောင် အတတ်နိုင်ဆုံး

ကြိုးစားမယ်၊ ဒီမှာလည်း လူနာတွေ ပြည့်လို့၊ မင်း မြင်တဲ့ အတိုင်းပဲ၊ ယန်ကီတွေ လာတော့မယ်၊ သူတို့ မလာခင် ဒီစစ်သား လူနာတွေကို မြို့ပြင် ရွှေ့ရမယ်၊ ခုထိ ဘယ်လို လုပ်ရမယ် မပြောနိုင်သေးဘူး၊ မီးရထားတွေလည်း မရှိတော့ဘူး၊ မာကွန် ရထားလမ်းလည်း ကျသွားပြီ၊ ဒါပေမယ့် အတတ်နိုင်ဆုံး ကြိုးစား ကြည့်မယ် ဟုတ်လား၊ သွား အိမ်မြန်မြန်ပြန်၊ ငါ့ကို စောင့်မနေနှင့်၊ ကလေးမွေးတယ် ဆိုတာ ဘာမှ မခက်ပါဘူး၊ ကလေး အပြင်ရောက်ရင် ချက်ကြိုးကို ထုံးပြီး အချင်းကို’

ဆေးတပ်သား တစ်ယောက်က သူ့လက်မောင်းကို လာဆွဲသဖြင့် ဒေါက်တာမိ စကား ပြတ်သွား၏။ ရန်သူကျည်

ကျမည့် နေရာများမှ လူနာများကို တခြားသို့ ရွှေ့ရန် ပြောနေသည်။ ခြေရင်းတွင် လဲနေသည့် စစ်သား လူနာသည် စကားလက်ကို သနားကရုဏာသက် ဟန်ဖြင့် ကြည့်နေ၏။ စကားလက် ပြန်လှည့် လာခဲ့သည်။ ဒေါက်တာမိသည် သူ့ကိစ္စကို မေ့သွားပြီ။

စကားလက်သည် လူနာများ ကြားမှ ဖြတ်လျှောက်ကာ မက်မုံပင် လမ်းပေါ်သို့ ပြန်ရောက်လာသည်။ ဆရာဝန် မလာနိုင်။

သူ ကိုယ်တိုင် လုပ်ရတော့မည်။ ပရဇ္ဇီက ဝမ်းဆွဲ အလုပ်ကို နားလည်သဖြင့် တော်သေးသည်။ နေပူကြောင့် ခေါင်းကိုက်ကာ တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေ၏။ သူ့ စိတ်သည် ထုံနေသည်။ ခြေထောက်များကလည်း ထုံနေ၏။ ခြောက်အိပ်မက်ထဲတွင် ပြေးဖို့ ကြိုးစားသော်လည်း မလှုပ်ရှားနိုင်ဘဲ ထုံနေသကဲ့သို့ ဖြစ်နေသည်။ အိမ်ပြန်ရမည့် ခရီးကြီးကို တွေး၍ မောသည်။

`ယန်ကီတွေ လာတော့မည်’ ဆိုသည့် စကားသည် ခေါင်းထဲသို့ ရောက်လာပြန်သည်။ နှလုံး တဒိတ်ဒိတ် ခုန်ကာ

ကိုယ်အင်္ဂါများ အသက် ပြန်ဝင်စ ပြုလာသည်။ ငါးမြှောင့်ဆိုင် အရောက်တွင် လူအုပ်ကြီးက အသွားတုန်းကထက် များနေသည်။ စကားလက် လူအုပ်ကြီးထဲသို့ တိုးလာခဲ့သည်။ စစ်သားတွေ တစ်တန်းကြီး။ ဖုန်တွေ ကပ်လျက်။ မုတ်ဆိတ်မွေး ဗရပျစ်။ ညစ်ပတ် ပေရေ နေကြသည်။ သေနတ်များကို ပခုံးတွင် လွယ်ထားကြသည်။ အမြောက်လှည်းများ ဖြတ်သွားကြသည်။ ယာဉ်မောင်းသူများက သားရေစိမ်း ကျာပွတ်များဖြင့် လား ပိန်ပိန်ချည့်ချည့်လေးကို တအား ရိုက်မောင်းကြသည်။ တာရပတ် အစုတ်များဖြင့် ဖုံးထားသည့် ရိက္ခာလှည်းများသည် ချိုင့်များ ကျင်းများထဲတွင် တဝုန်းဝုန်း မောင်းနေကြသည်။ မြင်းတပ် ဖြတ်စီးသွားသည်တွင် ဖုန်လုံးကြီးတွေ အလိပ်လိပ် ထကျန်ရစ်ခဲ့၏။ ဤမျှလောက် များသည့် စစ်သားများကို စကားလက်

378

တစ်ခါမျှ မမြင်ဖူး။ စစ်တပ်ကြီး ဆုတ်လာခဲ့ရပြီ။

လမ်းမတွင် စစ်သားတွေ ပြည့်နေသဖြင့် စကားလက် လမ်းဘေးမှ ဆင်းလျှောက်ရ၏။ အပေါစား ပြောင်းဆန်

အရက်နံ့က ထောင်းထောင်းထ နေသည်။ ဒီကက်တောလမ်း တစ်ဝိုက်က လူအုပ်ထဲတွင် မိန်းမများကို မြင်ရသည်။ အဝတ်အစား တောက်တောက်ပပတွေ ဝတ်ထားသည်။ မျက်နှာကို လိမ်းခြယ်ထားပုံ၊ ပြောင်ပြောင်လက်လက် ဝတ်ထားပုံတို့ကြောင့် အားလက်ရက် အသွင် ပေါက်ကာ မြင်ရသည်မှာ ကိုးရိုးကားရား ဖြစ်နေသည်။ အချို့က အရက် မူးနေကြ၏။ သူတို့ တွဲလာသည့် စစ်သားများကလည်း မူးနေကြသည်။ ထိုအထဲတွင် ဆံပင်နီနီနှင့် မိန်းမ ဘဲလ် ဝက်တလင်းကိုလည်း လှမ်းမြင်ရသည်။ အရက် မူးကာ အသံ စူးစူးဖြင့် ရယ်လျက်။ ဒယီးဒယိုင် ဖြစ်နေသည့် လက်တစ်ဖက်ပြတ် စစ်သား တစ်ယောက်နှင့် တွဲလာသည်။

လူအုပ်တွေ ကြားထဲ အတင်း တိုးဝှေ့ကာ ငါးမြှောင့်ဆိုင် လမ်းမှ တစ်ပြလောက် ကျော်ခဲ့သည်။ လူအုပ်က ပါးသွားပြီ။

စကားလက် စွန်တောင် ဆွဲကာ ပြေးလာခဲ့သည်။ ဝယ်စလေ သုဓမ္မာ ဇရပ်သို့ အရောက်တွင် အသက် မရှူနိုင်ဘဲ ခေါင်းထဲတွင် တရိပ်ရိပ် မူးလာသည်။ ရင်ထဲကလည်း အော်ဂလီဆန် လာသည်။ ရင်စည်း အင်္ကျီ အောက်ခံက အသားထဲ နစ်မြုပ်သွားတော့မည် ထင်ရ၏။ သုဓမ္မာ ဇရပ် လှေကားရင်းတွင် ထိုင်ကာ လက်နှစ်ဖက်ဖြင့် မျက်နှာကို အုပ်ပြီး အမောဖြေရသည်။ အသက် ဝဝ တစ်ချက်လောက် ရှူချင်သည်။ ရင်ထဲက တဒိုင်းဒိုင်း ခုန်နေသော နှလုံးကို ငြိမ်စေချင်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် ဤ အချိန်မျိုးတွင် အားကိုးအားထား တစ်ယောက်လောက် တွေ့ချင်သည်။

သူ့ တစ်သက်တွင် သူများ အတွက် မပြောနှင့် ကိုယ့် အတွက်ပင် ကိုယ် ဘာမျှ မလုပ်စဖူး။ သူ့အတွက် သူများက

လုပ်ပေးခဲ့သည်ချည်း ဖြစ်၏။ သူများက စောင့်ရှောက်သည်။ ကာကွယ်သည်။ သူ့ကို ကြည့်ရှုသည်။ သူ့ကို အလိုလိုက်သည်။ ယခု သူ့ကို လုပ်ပေးမည့်သူ တစ်ယောက်မျှ မရှိ။ သူ့ကို ကူညီမည့် မိတ်ဆွေ တစ်ဦး၊ အိမ်နားနီးချင်း တစ်ယောက်မျှ မရှိ။ ယခင်က သူ့တွင် ကူညီမည့် မိတ်ဆွေတွေ ရှိသည်။ အိမ်နားနီးချင်းတွေ ရှိသည်။ အခြွေအရံတွေ ရှိသည်။ ယခု လိုသည့် အချိန်တွင် တစ်ယောက်မျှ မရှိတော့။ မိဘ အိုးအိမ်နှင့် ဝေးရာတွင် တစ်ယောက်ထီးတည်း အထိတ်ထိတ် အလန့်လန့် နေရသည့် ဘဝသည် တွေးကြည့်လျှင် ယုံနိုင်စရာပင် မရှိ။

ဟုတ်သည်။ ယန်ကီတွေ လာသည် ဖြစ်စေ မလာသည် ဖြစ်စေ အိုးမကွာ အိမ်မကွာ နေချင်သည်။ မေမေ တစ်ယောက်

နေမကောင်းသည့်တိုင် အိမ်မှာ နေချင်သည်။ မေမေ၏ မျက်နှာချိုချို၊ ကြီးဒေါ်၏ လက်မောင်း သန်သန်များကို စကားလက် လွမ်းသည်။

စကားလက်သည် တရိပ်ရိပ် မူးရင်း ထိုင်ရာမှ ထကာ ဆက်လျှောက်လာသည်။ အိမ်ကို လှမ်းမြင်ရသည့် အခါတွင်

အိမ်ရှေ့ တံခါးဝ၌ ဒန်းစီးနေသည့် ဝိတ်ကလေးကို မြင်ရ၏။ သူ့ကို မြင်သော အခါ ဝိတ်ကလေး မျက်နှာ မဲ့သွားကာ ညစ်ပတ် ပေရေလျက် ခိုက်မိသွားသည့် လက်ချောင်းကလေး တစ်ချောင်းကို ဆုပ်၍ ငိုသည်။

`နာတယ် နာတယ်’



ဝိတ်ကလေးက ငိုနေသည်။



`ငိုမနေစမ်းနှင့်၊ အရိုက် ခံရလိမ့်မယ်၊ အိမ်နောက်ဖေး သွား ကစားချည်၊ ဘယ်မှ မသွားနှင့်’

379



`သားသား ဆာတယ်’



ဝိတ်ကလေးက ဒဏ်ရာ ရသည့် လက်ကို ဆုပ်နေသည်။



`ဆာရင် သေ၊ သွား နောက်ဖေးမှာ ကစားချည်’



မော့ကြည့်လိုက်သည်တွင် အပေါ်ထပ် ပြတင်းမှ ငုံ့ကြည့်နေသည့် ပရဇ္ဖီကို မြင်လိုက်ရသည်။ သူ့မျက်နှာက ထိတ်လန့်

စိုးရိမ်သည့် အမူအရာ။ သို့ရာတွင် စကားလက်ကို မြင်လိုက်သည့် အခါ၌ အားရှိသွားပုံ ရ၏။ စကားလက်က အောက်သို့ ဆင်းလာရန် လက်ယပ် ခေါ်ပြီး အိမ်ထဲသို့ ဝင်လာခဲ့သည်။ ဧည့်ခန်းဆောင်ထဲတွင် အေးနေသည်။ ခေါင်းမှ ဦးထုပ်ကို ချွတ်လိုက်ပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်၏။ နဖူးမှ ချွေးသီး ချွေးပေါက်များကို လက်မောင်းဖြင့် သုတ်သည်။ အပေါ်ထပ် တံခါး ပွင့်လာကာ ပြင်းပြစွာ နာကျင်သဖြင့် တအင်အင် ညည်းနေသံကို သဲ့သဲ့ ကြားရသည်။ ပရဇ္ဇီက လှေကားကို တစ်ထစ်ကျော်၍ ဆင်းပြေးလာ၏။

`ဆရာဝန် ပါလာသလား မလေး’



`ဟင့်အင်း မပါဘူး၊ မလိုက်နိုင်ဘူးတဲ့’



`အဲဒါမှ ဒုက္ခပဲ၊ မမက တော်တော် ဗိုက်နာ နေပြီ’



`ဆရာဝန်လည်း မလာနိုင်ဘူး၊ ဘယ်သူမှလည်း မလာနိုင်ဘူး၊ ညည်းပဲ မွေးပေးရမှာပဲ၊ ငါက ကူလုပ်ပေးမယ်’



ပရဇ္ဇီ ပါးစပ်သည် ဟသွားကာ လျှာတစ်လစ် ဖြစ်နေ၏။ စကားလက်ကို စွေကြည့်ကာ ခြေကို ရှပ်ပြီး ကိုယ်ကို

တွန့်လိမ်နေသည်။

`ဒါက ဘာဖြစ်တာလဲ၊ ရူးသလိုလို ပေါသလိုလိုနှင့်’



စကားလက်က စိတ်မရှည်နိုင်ဘဲ အော်လိုက်သည်။ ပရဇ္ဇီက လှေကားဘက်သို့ ပြန်လှမ်းလိုက်သည်။



`မလေး’



ကြောက်ဟန် ရှက်ဟန်ဖြင့် မျက်လုံး ပြူးနေသည်။



`ဘာလဲ’



`ကျွန်မတို့ ဆရာဝန် ခေါ်မှ ဖြစ်မယ် ထင်တယ်၊ ကျွန်မ... ကျွန်မ ကလေး မွေးမပေးတတ်ဘူး၊ ကျွန်မ အမေက ကလေး

မွေးတဲ့ဆီကို ဘယ်တော့မှ ခေါ်မသွားဖူးဘူး’

စကားလက် အဆုတ်ထဲမှ ရှိသမျှ လေတွေ တစ်ချက်တည်းဖြင့် အကုန် ထွက်သွားသည်ဟု ထင်ရ၏။ ပရဇ္ဇီက

လှေကားပေါ်သို့ တက်ပြေးမည် ပြုသည်။ စကားလက်က လှမ်းဆွဲလိုက်သည်။

380



`လာစမ်း ကမြင်းမ၊ ကပ္ပလီမ၊ ငါ့ကို ဘာလို့ မဟုတ်ဘဲနှင့် လိမ်ပြောရတာလဲ၊ နင်ပဲ ကလေး မွေးပေးတတ်တယ်ဆို၊

ဘာဖြစ်လို့ လိမ်ပြောရတာလဲ၊ ပြောစမ်း’

စကားလက်က သူ့ တစ်ကိုယ်လုံးကို ကိုင်လှုပ် ပစ်လိုက်သည်။ ပရဇ္ဇီ ခေါင်းသည် အရက်မူးသမား ခေါင်းလို ဘယ်ညာ

ယမ်းနေ၏။

`ကျွန်မ ညာပြောတာ ရှင့်၊ ဘာဖြစ်လို့မှ မဟုတ်ဘူး ရှင့်၊ ကလေး မွေးတာ တစ်ခါပဲ မြင်ဖူးတယ် ရှင့်’



စကားလက် သူ့ကို ဝင်းဝင်း တောက်သည့် မျက်လုံးများဖြင့် ကြည့်မိသည်။ ပရဇ္ဇီက ကုပ်နေသည်။ ပထမသော် သူ

ကြားသည့်စကားကို စကားလက် မယုံ။ သို့ရာတွင် ပရဇ္ဇီသည် ဝမ်းဆွဲ ကိစ္စကို သူ့ထက် ဘာမျှ ပိုမသိဟု သဘောပေါက်လာသည်၌ စကားလက် အကြီးအကျယ် ဒေါသ ထွက်လာသည်။ သူ့ တစ်သက်တွင် အိမ်ဖော် တစ်ယောက်၊ ကျွန် တစ်ယောက်ကို တစ်ခါမျှ မရိုက်စဖူး။ ပရဇ္ဇီ၏ ပါးကို တအား လွှဲ၍ ရိုက်ပစ်လိုက်၏။ ပရဇ္ဇီက ကြောက်ကြောက်ဖြင့် အော်သည်။ စကားလက် လက်မှ ရုန်းထွက်နေသည်။

ပရဇ္ဇီ၏ အော်သံကြောင့် အပေါ်ထပ်က ညည်းသံ ရပ်သွားသည်။ ခဏကြာလျှင် `စကားလက်၊ စကားလက် ရေ ခဏ၊

ခဏ’ ဟူသော မီလာနီ၏ ဖျော့တော့ တုန်ယင်သည့် အသံကို ကြားရ၏။

စကားလက် ပရဇ္ဇီကို လွှတ်လိုက်သည်။ ပရဇ္ဇီက နောက်က ရပ်နေသည်။ စကားလက်သည် ခဏရပ်ကာ

ပြန်ပေါ်လာသော ညည်းသံ သဲ့သဲ့ကို နားစွင့်သည်။ သူ့ ပခုံးပေါ်တွင် ထမ်းပိုးကြီး တစ်ချောင်း တပ်ကာ ဇက်ခွ၍ ဝန်တင်လှည်းတွင် တပ်လိုက်သည့်နှယ် လေးလာသည်။ ရှေ့တစ်လှမ်း လှမ်းလိုက်သည်နှင့် ထိုဝန်ထုပ်ကြီးကို ထမ်းရတော့မည်။

ဝိတ်ကလေးကို မွေးစဉ်က မေမေနှင့် ကြီးဒေါ် လုပ်ခဲ့သမျှကို စကားလက် ပြန်စဉ်းစား ကြည့်၏။ သို့ရာတွင် မီးဖွားရသည့်

ဝေဒနာကြောင့် ဘာကိုမျှ သဲကွဲအောင် မမှတ်မိ။ နှင်းမြူလို မှုန်ဝါးနေသည်။ 

မှတ်မိသမျှကို အစီအစဉ်ဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။



`သွား မီးမွှေး၊ ရေနွေးအိုး ဆူအောင်တည်၊ ရှိသမျှ မျက်နှာသုတ်ပဝါတွေရယ်၊ အပ်ချည်လုံးရယ် ယူခဲ့၊ ပြီးတော့

ကတ်ကြေးလည်း ရှာခဲ့၊ ရှာမတွေ့ဘူး မပြောနှင့်၊ ရအောင် ရှာပြီး မြန်မြန် ယူခဲ့ သွား’

ပရဇ္ဇီကို မီးဖိုဆောင်ဘက်သို့ တွန်းလွှတ်လိုက်သည်။



ထိုနောက် ရင်ကော့၍ လှေကားသို့ တက်လာသည်။ သူနှင့် ပရဇ္ဇီ မွေးပေးမည်ဟု မီလာနီကို ပြောရသည်ကမူ

ခပ်ခက်ခက်။

381

၂၂



ဤမျှလောက် ရှည်လျားသည့် ညနေခင်းဟူ၍ ရှိမည်မထင်။ ဤမျှ ပူလောင်သောနေ့ ဟူ၍လည်း ရှိမည်မဟုတ်။ ဤမျှ

ယင်ပေါသော စိတ်ပျက်စရာ နေ့လယ်ချိန်ဟူ၍လည်း မရှိဟုထင်သည်။ စကားလက်က တဖျပ်ဖျပ် ယပ်ခတ်ပေးနေသည့်တိုင် ယင်ကောင်များက မီလာနီ့ ကိုယ်ပေါ်တွင် နားနေကြသည်။ တောင်ထန်းရွက် ယပ်တောင်ကို တလှုပ်လှုပ် ယမ်းနေရသဖြင့် လက်မောင်းများပင် အောင့်နေပြီ။ သူ ယပ်ခတ်သမျှ အချည်းနှီး။ ချွေးတွေ ပြန်နေသည့် မီလာနီ့ မျက်နှာကို ခတ်လျှင် ယင်ကောင်များက အေးစက်ကြီးဖြစ်နေသည့် ခြေထောက်များပေါ်သို့ ရောက်သွားကြ၏။ မီလာနီက ဆတ်ခနဲ တွန့်ကာ ‘ခြေထောက်မှာ၊ လုပ်ပါဦး’ ဟု လေသံလေးဖြင့် ပြောသည်။

အိပ်ခန်းက မှောင်ပျပျ။ စကားလက်က အပူရှိန်နှင့် အလင်းရောင် မလာစေရန် ခန်းဆီးများကို ဆွဲချထားခြင်းကြောင့်

ဖြစ်သည်။ အပ်များကို သေးမျှင်သည့် နေရောင်များသည် ခန်းဆီး ဇာပေါက်များ ကြားမှ ထိုးကျလာသည်။ အခန်းတစ်ခန်းလုံး မီးဖိုကြီးလို ပူနေသည်။ ချွေးတွေ စိုနေသည့် စကားလက်အင်္ကျီမှာ မခြောက်တော့။ စိုသည်ထက် စိုလာကာ ကိုယ်နှင့် ကပ်၍ နေသည်။ ပရဇ္ဇီက ချောင်ထဲတွင် ကုပ်၍ နေသည်။ သူ့ တစ်ကိုယ်လုံးလည်း ချွေးတွေ စိုရွှဲလျက်။ သူ့ ချွေးနံ့ကလည်း နံလိုက်သည့်ဖြစ်ခြင်း။ ထွက်ပြေးမည် စိုး၍သာ သို့မဟုတ်လျှင် ပရဇ္ဇီကို အခန်းထဲမှ မောင်းထုတ်ပစ်မိမည်။ မီလာနီ အိပ်နေသည့် အိပ်ရာခင်းတွင်လည်း ချွေးတွေ ရွှဲနေသည်။

စကားလက် ရေဖိတ်သည့် နေရာတွင် အကွက်တွေ ထင်နေသည်။ မီလာနီသည် တလှုပ်လှုပ် ဖြစ်နေသည်။



တစ်ခါတစ်ရံတွင် ထထိုင်မည် ပြုသည်။ မထိုင်နိုင်ဘဲ ပြန်လှဲကာ ဟိုဘက် စောင်းချည် သည်ဘက် စောင်းချည်

ပြုသည်။ ပထမတွင် မီလာနီသည် မငိုအောင် ချုပ်တည်းထား၏။ နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားသည်။ စကားလက် သူ့ကို မကြည့်ရက်တော့။

‘မီလာနီ သိပ် အောင့်မထားနှင့်လေ၊ ညည်းချင်ရင် ညည်းပစ်လိုက်၊ အော်ချင်ရင် အော်ပစ်လိုက်၊ ဘယ်သူမှ

မကြားပါဘူး၊ ကိစ္စ မရှိပါဘူး’

ညနေ မိုးချုပ်လာသည့်အခါတွင် မီလာနီ မနေနိုင်တော့။ တဖြည်းဖြည်း ညည်းသံ ကျယ်လာသည်။ တစ်ခါတစ်ရံတွင်

အော်သည်။ မီလာနီ အော်လျှင် စကားလက် ခေါင်းငုံ့ကာ မျက်နှာကို အုပ်ထားမိသည်။ နားရွက်ကို ဆို့ထားမိသည်။ သူ ကိုယ်တိုင် သေသွားလျှင်လည်း အကောင်းသားဟု အောက်မေ့မိသည်။ ဤသို့သော ဝေဒနာမျိုးကို ဘာမျှ မတတ်နိုင်ဘဲ ငုတ်တုတ်ထိုင် ကြည့်နေရခြင်းထက် သူကိုယ်တိုင် သေသည်က တော်ဦးမည်။ ဤမျှလောက် အချိန်ကြာကြာ ကလေးမွေးနေသည်ကို စောင့်နေရခြင်းထက်

သေသည်ကမှ

တော်ဦးမည်။

ယန်ကီတို့က

ငါးမြှောင့်ဆိုင်လောက်

ရောက်နေချိန်တွင်

ဤသို့

စောင့်နေရသည်ထက် တစ်ခုခု ဖြစ်လိုက်သည်ကမှ တော်ဦးမည်။

ကလေးမွေးသည့် ကိစ္စကို အမျိုးသမီးတွေ တိုးတိုး တိုးတိုး ပြောကြစဉ်က ဂရုတစိုက် နားမထောင်ခဲ့မိလေခြင်းဟု

382

နောင်တ ရနေသည်။ နားထောင်ခဲ့ဖူးလျှင်၊ ဤကိစ္စမျိုးကို စိတ်ဝင်စားခဲ့လျှင် မီလာနီ မြန်မြန် မွေးမည်လော ကြာမည်လော ဆိုသည်ကို ခန့်မှန်းနိုင်ကောင်းသည်။ နှစ်ရက်လုံးလုံး ဗိုက်နာပြီး မမွေးနိုင်သဖြင့် သေသွားသည့် အမျိုးသမီး တစ်ယောက် အကြောင်း ဒေါ်လေး ပစ်တီ ပြောဖူးသည်ကို စကားလက် အမှတ်ရ၏။ မီလာနီများ သူ့လို နှစ်ရက်လုံးလုံး ဗိုက်နာနေလျှင် ခက်ရချည့်။ မီလာနီက နုနယ်သည်။ ဤဝေဒနာကြီးကို နှစ်ရက် မခံနိုင်။ မြန်မြန် မီးမဖွားလျှင် သေလိမ့်မည်။ အက်ရှလေ အသက်ရှင်နေသေးလျှင် အက်ရှလေကို မည်သို့ မျက်နှာပြရမည်နည်း။ မီလာနီ အကြောင်းကို မည်သို့ ပြောရမည်နည်း။ ကြည့်ရှု စောင့်ရှောက်ပါမည်ဟု ကတိပေးခဲ့သည် မဟုတ်လော။

ဝေဒနာ ပြင်းထန်လာကာ မီလာနီသည် စကားလက်ကို ကိုင်သည်ဆိုရုံမျှ ကိုင်ထား၏။ သို့ရာတွင် နာသည်ထက်

နာလာသောအခါ မီလာနီက သူ့လက်ကို တအား ဖျစ်ညှစ် ဆုပ်ကိုင်ထားသဖြင့် အရိုးတွေ ကျိုးကုန်ပြီထင်ရသည်။ စကားလက် လက်ကောက်ဝတ်တွင် ပွန်းပဲ့ ရောင်ရမ်းကာ ကောင်းကောင်းပင် မလှုပ်နိုင်တော့။ စကားလက်သည် မျက်နှာသုတ်ပဝါ ခပ်ကြီးကြီး နှစ်ထည်ကို ထုံးကာ မီလာနီ လက်ထဲသို့ ထည့်ပေးလိုက်၏။ မီလာနီက မျက်နှာသုတ်ပဝါကို အသက်ကယ်ကြိုးပမာ အတင်းဆွဲဆုပ်ထားသည်။ တစ်ညနေလုံး မီလာနီ၏ အသံသည် ညွှတ်ကွင်းတွင် မိ၍ အော်နေသည့် တိရစ္ဆာန် တစ်ကောင်၏ အသံနှင့်တူနေသည်။

တစ်ချီ

တစ်ချီတွင်

မျက်နှာသုတ်ပဝါကို

လွှတ်ချကာ

လက်ချင်း

ပွတ်နေ၏။

ဝေဒနာကြောင့်

ပြူးကျယ်နေသည့် မျက်လုံးများဖြင့် စကားလက်ကို မော့ကြည့်နေသည်။

‘စကားပြောစမ်းပါ စကားလက်ရယ်၊ စကားပြောစမ်းပါ’



မီလာနီက တီးတိုးပြောသည်။ စကားလက်က ပါးစပ်ထဲတွင် တွေ့ရာကို ပြောသည်။ မီလာနီက မျက်နှာသုတ်ပဝါထုံးကို

ကောက်ကိုင်ကာ တွန့်လိမ်နေသည်။

မှောင်ရီနေသည့် အခန်းထဲ၌ အပူရှိန်၊ ညည်းသံနှင့် တဝီဝီ မြည်သော ယင်ကောင်များသာ ကြီးစိုးနေသည်။ အချိန်က

ကုန်ခဲလှချည့်။ နံနက်ခင်းသည် အဝေးကြီးတွင် ကျန်ရစ်ခဲ့သည်ဟု ထင်ရသည်။ ပူလောင်အိုက်စပ်သည့် ဤအခန်းထဲတွင် ထိုင်နေရသည်မှာ တစ်ဘဝလောက် ကြာပြီဟု ထင်ရသည်။ မီလာနီ အော်တိုင်း စကားလက် အော်ချင်သည်။ နှုတ်ခမ်းကို ပြတ်ထွက် လုမတတ် ကိုက်ထားရ၏။

တစ်ခါတွင် ဝိတ်ကလေး ခြေဖျားထောက် တက်လာကာ အခန်းအပြင်ဘက်တွင် ငိုနေသည်။



‘သားသား ဆာလှပြီ’



စကားလက်က ထသွားမည် အပြု မီလာနီက ဆွဲထားလိုက်သည်။



‘စကားလက် ဘယ်သွားဦးမလို့လဲ၊ ကိုယ့်အနားမှာ နေပါ၊ စကားလက် ရှိရင် အားရှိတယ်’



စကားလက်က

ဟင်းနွှေးပြီး

ဝိတ်ကလေးကို

ထမင်းကျွေးရန်

ပရဇ္ဇီကို

အောက်ထပ်သို့

လွှတ်လိုက်သည်။

သူကိုယ်တိုင်ကမူ ညနေစာ စားချင်စိတ် မရှိတော့။

ဗီရိုပေါ်က

နာရီက

ရပ်နေသည်။

အချိန်ကို

မသိတော့။

သို့ရာတွင်

အခန်းထဲ၌

အပူရှိန်

လျော့သွားကာ

383

နေရောင်ခြည်မျှင်များက မှေးမှိန်စ ပြုသွား၏။ ခန်းဆီးများကို ဘေးသို့ဖယ်လိုက်သည်။ ညနေ တော်တော်စောင်းနေပြီ။ ကြက်သွေးရောင် ဘောလုံးကြီးပမာ နေမင်းက ကောင်းကင်အောက်ခြေသို့ လျောဆင်းနေသည်။ စကားလက်၏ စိတ်တွင်မူ ပူပြင်းအိုက်စပ်သည့် မွန်းတည့်ချိန်ဟုပင် ထင်နေသည်။

မြို့လယ်တွင်

အခြေအနေ

မည်သို့ရှိနေပြီနည်း။

စစ်တပ်များ

အားလုံး

ဆုတ်သွားကြပြီလော။

ယန်ကီတို့

ရောက်လာကြပြီလော။ ပြည်နယ်တပ်များသည် တိုက်ပွဲတစ်ပွဲမျှ မတိုက်ဘဲ ဆုတ်ခွာသွားကြပြီလော။ ပြည်နယ်တပ်က ဘာမျှ မရှိတော့။ ဗိုလ်ချုပ်ရှားမင်း၏ တပ်များက အင်အားကြီးသည်။ အစာ ရေစာ ဝလင်သည်။ ဤသည်ကို တွေးမိသည်တွင် စကားလက် အားလျော့သွားသည်။ နတ်ဆိုး၏ နာမည်ကို ကြားချင်သေးသည်။ ဗိုလ်ချုပ် ရှားမင်း၏ နာမည်ကို မကြားချင်။ သို့ရာတွင် ယခု ဤကိစ္စများကို တွေးချိန်မရှိ။ မီလာနီက ရေတောင်းသည်။ ရေအေးအေးဖြင့် ရေဖတ်တိုက်ပေးရန် ပြောသည်။ ယပ်ခတ် ခိုင်းသည်။ မျက်နှာပေါ်က ယင်တွေကို မောင်းခိုင်းသည်။

မိုးချုပ်သောအခါ ပရဇ္ဇီက တစ္ဆေမည်းမည်းတစ်ကောင်လို ပေါ်လာကာ မီးအိမ် တစ်အိမ် ထွန်းပေးသည်။



မီလာနီသည် တဖြည်းဖြည်း အားနည်းလာသည်။ အက်ရှလေကို တဖွဖွ တမ်းတနေသည်။ ကြာသောအခါ စကားလက်

ဤ နာမည်ကို ငြီးငွေ့လာ၏။ မီလာနီ အသံမထွက်နိုင်အောင် ပါးစပ်ကို ခေါင်းအုံးဖြင့် ဖိပိတ်ထားလိုက်ချင်သည်။ ဆရာဝန်များ လာမည်လော မဆိုနိုင်။ လာလျှင် မြန်မြန် လာပါစေဟု ဆုတောင်းမိသည်။ စကားလက် မျှော်လင့်ချက် ခေါင်းပြူလာပြန်ကာ ဒေါက်တာမိ အိမ်ဘက်သို့ ပရဇ္ဇီကို လွှတ်သည်။ ဒေါက်တာမိ ဖြစ်စေ၊ ဒေါ်ဒေါ်မိကို ဖြစ်စေ ခေါ်ခိုင်းသည်။

‘တကယ်လို့ ဒေါက်တာမိ မရှိရင် ဒေါ်ဒေါ်မိကို ဖြစ်ဖြစ် ထမင်းချက် မိန်းမကြီးကို ဖြစ်ဖြစ် ဘာလုပ်ရမလဲ မေးခဲ့၊

သူတို့ကိုလည်း ခေါ်ခဲ့’

ပရဇ္ဇီက

ဖိနပ်သံ

တရှပ်ရှပ်ဖြင့်

ထွက်သွားသည်။

စကားလက်သည်

ခါတိုင်းနှင့်မတူ

ပေါ့ပါးသွက်လက်စွာ

ထွက်သွားသည့် ပရဇ္ဇီကို ငေးကြည့်နေသည်။ အချိန်အတော်ကြီး ကြာမှ တစ်ယောက်တည်း ပြန်လာသည်။

‘ဒေါက်တာမိ တစ်နေ့လုံး ပြန်မလာဘူးတဲ့၊ စစ်တပ်တွေနှင့် လိုက်သွားတယ်တဲ့၊ ပြီးတော့ ဖိလစ်လည်း မရှိတော့ဘူးတဲ့’



‘ဘာ၊ သေပြီလား’



‘ဟုတ်ကဲ့ မလေး၊ ရထားသမားက ပြောလိုက်တယ်၊ ကျည်ဆန်က’



‘တော်ပါပြီ၊ မပြောပါနှင့်တော့’



‘ဒေါ်ဒေါ်မိကိုလည်း မတွေ့ခဲ့ဘူး မလေး၊ ယန်ကီတွေ ရောက်မလာခင် ဖိလစ်ကို သင်္ဂြိုဟ်ဖို့ အလုပ်များနေတယ်တဲ့၊

ထမင်းချက် မိန်းမကြီးကတော့ ပြောလိုက်တယ်၊ သိပ် ဗိုက်နာလာရင် မမိ အိပ်ရာအောက်ကို ဓား ထားရတယ်တဲ့၊ ဗိုက်နာတာကို ဓားက နှစ်ခြမ်းပြတ်သွားအောင် လုပ်ပေးနိုင်တယ်တဲ့’

စကားလက် ပရဇ္ဇီ၏ ပါးကို နောက်တစ်ချက်လောက် ရိုက်လိုက်ချင်သေးသည်။ သို့ရာတွင် မီလာနီက မျက်လုံး

မျက်ဆံပြူးနှင့် လှမ်းမေးလိုက်သဖြင့် အာရုံ ပြောင်းသွားသည်။

384



‘ယန်ကီတွေ ရောက်ပလားဟင် စကားလက်’



‘ဟင့်အင်း၊ မရောက်သေးဘူး၊ ဒီကောင်မဟာ ဒီလိုပဲ တွေ့ကရာ လျှောက်ပြောတတ်တယ်’



‘ဟုတ်တယ် မလေး၊ ကျွန်မ မညာပါဘူး’



‘အင်း၊ ယန်ကီတွေ လာကုန်ပြီနော်’



မီလာနီက ခပ်တိုးတိုး ညည်းပြီးနောက် မျက်နှာကို ခေါင်းအုံးသို့ အပ်လိုက်သည်။ သူ့အသံက မသဲမကွဲ။



‘ကိုယ့်ကလေးလေး ကံမကောင်းဘူးနော်၊ သိပ် ကံဆိုးတယ်’ အတန်ကြာ ငြိမ်သွားပြန်သည်။ ‘စကားလက် ဒီမှာ

မနေနှင့်တော့လေ၊ သွားတော့၊ ဝိတ်ကလေးကို ခေါ်ပြီး သွားတော့’

မီလာနီ ပြောသည့်အတိုင်း စကားလက်လည်း တွေးနေသည်။ သို့ရာတွင် စကားအဖြစ် ကြားလိုက်သည့်အခါတွင်

စကားလက် စိတ်ဆိုးသည်။ ရှက်သည်။ သူ့စိတ်ထဲက တိတ်တိတ်ပုန်း သူရဲဘောကြောင်သည်ကို မီလာနီ သိသွားပြီလော မဆိုနိုင်။

‘ဘာတွေပြောနေတာလဲကွယ်၊ စကားလက် မကြောက်ပါဘူး၊ စကားလက် မီလာနီကို ပစ်မသွားပါဘူး၊ စိတ်ချပါ’



‘နေပေစေတော့၊ မီလာနီကို ထားပစ်ခဲ့တော့၊ မီလာနီက သေမယ့်လူ’



မီလာနီသည် တအင်အင် ညည်းနေသည်။



စကားလက်သည်

မည်းမှောင်နေသော

လှေကားအတိုင်း

ဖြည်းညင်းစွာ

ဆင်းလာသည်။

အဘွားအိုကြီး

တစ်ယောက်ကဲ့သို့ လက်ရန်းကို ကိုင်ကာ စမ်းစမ်း စမ်းစမ်းနှင့် ဆင်းလာသည်။ ခြေထောက်များက လေးလံလျက် ရှိ၏။ ပင်ပန်းခြင်း၊ အားစိုက်ရခြင်းကြောင့် တုန်ယင်နေသည်။ သူ့တစ်ကိုယ်လုံး စိုရွှဲနေသည့် ချွေးစေးကြီးများကြောင့် ခိုက်ခိုက်တုန် ချမ်းနေသည်။ တုန်တုန်ချည့်ချည့်ဖြင့် အိမ်ရှေ့ဆင်ဝင်သို့ ထွက်လာကာ ထိပ်ဆုံးလှေကားပေါ်တွင် ထိုင်ချသည်။ ဆင်ဝင်တိုင် တစ်တိုင်ကို အားရပါးရ မှီကာ တုန်ယင်သော လက်များဖြင့် ရင်စည်းကို လျှော့လိုက်သည်။ ညသည် ပူနွေး နူးညံ့သည့် အမှောင်ထုထဲတွင် နစ်နေ၏။ နွားထုံကြီး တစ်ကောင်လို အမှောင်ထုကို ငေးစိုက် ကြည့်နေသည်။

ကိစ္စအားလုံး ပြီးသွားပြီ။ မီလာနီ မသေတော့။ ကြောင်ကလေးလို တစီစီ ငိုနေသည့် ကလေးငယ်ကို ပရဇ္ဇီက

ရေချိုးပေးနေသည်။ မီလာနီမှာ အိပ်ပျော်လျက် ရှိ၏။ နာကျင်းပြင်းပြသည့် ခြောက်အိပ်မက်။ ကူညီရာ ရောက်သည်ထက် နှိပ်စက်ရာ ရောက်နေသော သူတို့နှစ်ယောက်၏ ဝမ်းဆွဲ အတတ်ပညာတို့၏ ဒဏ်ကို လှလှကြီး ခံပြီးနောက်တွင် မီလာနီ မည်သို့များ အိပ်ပျော်နိုင်သနည်း။ အဘယ့်ကြောင့်များ မသေခဲ့သနည်း။ ဤသို့ ကြမ်းကြမ်းတမ်းတမ်း မွေးပုံမျိုးနှင့်သာ သူ မွေးရလျှင် သေလိမ့်မည်ဟု စကားလက် ထင်သည်။ သို့ရာတွင် မီလာနီကမူ မွေးပြီးပြီးချင်း ‘ကျေးဇူးတင်လိုက်တာကွယ်’ ဟု လေသံ သဲ့သဲ့ကလေးဖြင့် ပြောနိုင်သေးသည်။ ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွား၏။ မည်သို့ကြောင့်များ အိပ်ပျော်သွားနိုင်သနည်း။ ဝိတ်ကလေးကို မွေးပြီးနောက်တွင် သူလည်း အိပ်ပျော်သွားခဲ့သည်ကို စကားလက် အမှတ်ရသည်။ အားလုံးကို မေ့သွားသည်။ သူ့စိတ်သည် ဟာလာဟင်းလင်းကြီး ဖြစ်သွားသည်။ ကမ္ဘာကြီးသည်လည်း ထို့အတူ ဖြစ်သွားသည်။

385

မဆုံးနိုင်သော ဤနေ့၏ အရင်က ဘဝဟူ၍ ရှိသည်မထင်။ နောက်တွင်လည်း ရှိလိမ့်မည်မထင်။ အလွန်အမင်း ပူအိုက်သည့် ည၊ ပြင်းသည့် အသက်ရှူသံ၊ လက်ကတီးကြားမှ ခါးအထိ စီးကျနေသည့် ချွေးစေး ချွေးပေါက်၊ ခါးမှ ဒူးအထိ စီးကျနေသည့် စေးထန်း အေးစက်သည့် ချွေးသီး ချွေးပေါက်တို့သာ ရှိသည် ထင်မိသည်။

သူ့ အသက်ရှူသံသည် မှန်မှန်ကျယ်ကျယ်ဖြစ်နေရာမှ မြန်၍ ပြတ်တောင်းတောင်းဖြစ်လာသည်။ သို့ရာတွင် သူ့

မျက်လုံးများက ခြောက်သွေ့ ပူလောင်နေသည်။ ပူလောင်လိုက်သည်မှ နောင်တွင် မည်သည့်အခါမျှ မျက်ရည် မထွက်တော့ဘဲ အစတုံး ခန်းခြောက် သွားတော့မည်လောဟု ထင်ရ၏။ ဖြည်းညင်း ပင်ပန်းစွာဖြင့် အားယူ၍ အသက်ရှူလိုက်ပြီး ဝတ်စုံကို ပေါင်လယ်ရောက်အောင် မလိုက်သည်။ တစ်ပြိုင်နက်ထဲတွင် နွေးသည်ရော၊ အေးသည်ရော၊ စေးထန်းသည်ရော စုပြုံ ခံစားလိုက်ရသည်။ သူ့ကိုယ်ပေါ်သို့ လာ၍ ထိတွေ့သည့် လေသည် အေးမြ လန်းဆန်း နေ၏။ ဝတ်စုံကို ပေါင်လယ်ရောက်အောင် လှန်ကာ အိမ်ရှေ့ဆင်ဝင်တွင် ခြေပစ်လက်ပစ် ထိုင်နေသည်ကို ဒေါ်လေး ပစ်တီများ မြင်လျှင် မည်သို့ ပြောမည်နည်း။ ပြောချင်ရာ ပြောစေ၊ ဂရု မစိုက်နိုင်။ ဘာကိုမျှ ဂရုမစိုက်နိုင်။ အချိန်သည် ရွေ့လျားခြင်း မရှိ၊ ရပ်တန့်နေသည်ဟု ထင်ရ၏။ မှောင်ရီပျိုးစလည်း ဖြစ်နိုင်သည်။ သန်းခေါင်လည်း ဖြစ်နိုင်သည်။ စကားလက် မသိ။ သိအောင်လည်း ဂရုမထား။

အပေါ်ထပ်မှ ခြေသံများကို ကြားရသည်။ ပရဇ္ဇီကို ဒေါပွပွဖြင့် ကျိန်ဆဲရင်း မျက်ခွံများ လေးလံကာ အိပ်ငိုက်လာသည်။

မည်မျှ ကြာသွားသည်မသိ။ သူ့ဘေးတွင် ပရဇ္ဇီရောက်လာ၍ စကားတတွတ်တွတ် ပြောသံကြားမှ နိုးလာသည်။

‘မလေး၊ ကျွန်မတို့ လုပ်တာ မဆိုးဘူးနော်၊ ကျွန်မ အမေတောင် ကျွန်မတို့လောက် မွေးတတ်မယ် မထင်ဘူး’



အမှောင်ထဲမှနေ၍ သူ့ကို စကားလက် စိုက်ကြည့်သည်။ ပင်ပန်းလှပြီ။ ပရဇ္ဇီကို သူ ဆူပူကြိမ်းမောင်းခြင်း မပြုနိုင်တော့။

အပြစ် မတင်နိုင်တော့။ ပရဇ္ဇီ၏ အပြစ်များကို ဗွေမယူနိုင်တော့။ သူ ကလေး မမွေးတတ်ဘဲနှင့် ကြွားဝါ ပြောခဲ့ပုံ၊ ဣနြေ္ဒ မဆည်နိုင်အောင် ကြောက်လန့်နေပုံ၊ ကိုးရိုးကားရားတွေ လျှောက်ပြောပုံ၊ အရေးကိစ္စ ကြုံလာလျှင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပုံ၊ ကတ်ကြေး ရှာမရနိုင်အောင် ဖြစ်နေပုံ၊ အိပ်ရာပေါ်သို့ ရေတွေ ဖိတ်ကျပုံ၊ ကလေးကို မကိုင်တတ် ကိုင်တတ် ကိုင်သဖြင့် လွတ်ကျပုံတို့ကို စကားလက် မစဉ်းစားနိုင်တော့။ သို့တိုင်အောင် သူ မည်မျှ တော်ကြောင်း လာ၍ ကြွားနေပြန်ပြီ။

ယန်ကီများက ကပ္ပလီများကို ငွေဝယ်ကျွန်အဖြစ်မှ လွှတ်ပေးလိုသည်ဟု ပြောကြ၏။ သို့ဖြစ်လျှင် ကပ္ပလီများက

ယန်ကီတို့ကို သပြေပန်း ရေချမ်း ကမ်း၍ ကြိုကြလိမ့်မည်။

စကားလက်သည် တိုင်ကို မှီကာ တိတ်ဆိတ်နေသည်။ ပရဇ္ဇီက စကားလက် အရိပ်အခြည်ကို သိသဖြင့် ဆင်ဝင်

အမှောင်ထဲသို့ ခြေဖျားထောက် ထွက်သွား၏။ အချိန်အတော်ကြာမှ သူ့ အသက်ရှူသံသည် မှန်လာကာ စိတ်တည်ငြိမ်စ ပြုလာသည်။ လမ်းမဘက်ဆီမှ စကားပြောသံများကို သဲ့သဲ့ ကြားရ၏။ မြောက်ဘက်မှ လာသော ခြေသံများကို ကြားရ၏။ စစ်သားတွေများလော မသိ။ စကားလက်က ကိုယ်ကို မတ်ကာ ဝတ်စုံကို အောက်သို့ ပြန်ဆွဲဖုံးသည်။ အိမ်ရှေ့မှ မည်းမည်းသဏ္ဌာန်များ ဖြတ်သွားသည်တွင် စကားလက် လှမ်းအော်သည်။

‘ဒီမှာရှင့်၊ ဒီမှာ’



လူအုပ်ထဲမှ အရိပ်တစ်ခု ခွဲထွက်လာကာ ဝင်ပေါက်တွင် လာရပ်သည်။

386



‘ရဲဘော်တို့ မြို့က ဆုတ်ကြတော့မလို့လား၊ မြို့ကို စွန့်ခဲ့တော့မလို့လား’



အရိပ်သဏ္ဌာန်က ဦးထုပ်ချွတ်သည်။ မှောင်ရိပ်ထဲမှ တည်ငြိမ်သည့် အသံတစ်သံ ပေါ်လာသည်။



‘ဟုတ်တယ်၊ ဆုတ်ကြတော့မလို့၊ ရှေ့တန်းက ဆုတ်တဲ့ အထဲမှာ ကျွန်တော်တို့ နောက်ဆုံးပဲ၊ ဒီက မြောက်ဘက်

တစ်မိုင်လောက်က ဆုတ်လာတာ’

‘ဒါဖြင့် တကယ် ဆုတ်ပြီပေါ့’



‘ဟုတ်တယ်လေ၊ ယန်ကီတွေ လာကုန်ကြပြီ’



ယန်ကီတို့ လာနေကြပြီ။ ဤအချက်ကို စကားလက် မေ့နေသည်။ လည်ချောင်းသည် ကပ်သွားကာ စကားတစ်လုံးမျှ

မပြောနိုင်တော့။ အရိပ်သဏ္ဌာန်သည် အဝေးသို့ ထွက်သွားကာ အခြားသဏ္ဌာန်များနှင့် ရောသွား၏။ ခြေသံများသည် အမှောင်ထဲတွင် ဝေးသွားကြသည်။ ယန်ကီတို့ လာကုန်ကြပြီ။ ယန်ကီတို့ လာကုန်ကြပြီ။ သူတို့ ခြေသံများက ဤစည်းချက်လို မြည်နေကြ၏။ သူ့ နှလုံးကလည်း ဤ စည်းချက်အလိုက် မြည်နေသည်။ ယန်ကီတို့ လာနေကြပြီ။

‘ယန်ကီတွေ

လာကုန်ကြပြီတဲ့

မလေးရဲ့’

ပရဇ္ဇီက

သူ့အနားသို့

ပူးကပ်လာကာ

ငိုနေသည်။

‘ကျွန်မတို့ကို

သတ်ကြတော့မှာ မလေးရဲ့၊ ကျွန်မတို့ကို လှံစွပ်ကြီးတွေနှင့် ထိုးသတ်တော့မှာ၊ ပြီးတော့ ကျွန်မတို့ကို’

‘တိတ်စမ်းဟယ်’



ဤအကြောင်းကို

ကြောက်လာပြန်သည်။

စကားဖြင့်

ထုတ်မပြောဘဲ

ဘာလုပ်ရမည်နည်း။

စိတ်ဖြင့်

တွေးသည်ကပင်

မည်သည့်နေရာသို့

ကြောက်စရာကောင်းနေပြီ။

ထွက်ပြေးရမည်နည်း။

မည်သူ့ကို

ပြန်၍

အကူအညီ

တောင်းရမည်နည်း။ မည်သည့် မိတ်ဆွေမျှ မရှိတော့။

ချက်ချင်း ရက် ဘတ်တလာကို သတိရလိုက်သည်။ ထိုအခါတွင်မှ အကြောက် ပြေသွားသည်။ တစ်မနက်လုံး

ကြောက်လန့်နေစဉ်က မည်သည့်အတွက် သူ့ကို သတိမရခဲ့သနည်း။ စကားလက် သူ့ကို မုန်းသည်။ သို့ရာတွင် သူက သတ္တိရှိသည်။ ထက်မြက်သည်။ ယန်ကီတို့ကို နည်းနည်းမျှ ကြောက်လန့်ခြင်း မရှိ။ သူ မြို့ထဲမှာ ရှိနေသေးသည်။

ဟုတ်သည်။ သူ့ကို စကားလက် စိတ်ဆိုးသည်။ နောက်ဆုံးတွေ့စဉ်က သူ စော်ကားသွားခဲ့သည်။ ခွင့်မလွှတ်နိုင်သည့်

စကားတွေ ပြောသွားခဲ့၏။ သို့ရာတွင် ဤအချိန်မျိုးတွင် ဗွေ ယူနေ၍ မဖြစ်။

ရက် ဘတ်တလာတွင် မြင်းရော၊ ရထားရော ရှိသည်။ စောစောက သူ့ကို မည်သည့်အတွက်ကြောင့် အမှတ်

မရခဲ့သနည်း။

ဤငရဲမှ ယန်ကီတို့၏ အန္တရာယ်မှ လွတ်ရာ ကျွတ်ရာသို့ သူ ပို့ပေးနိုင်သည်။



စကားလက်က ပရဇ္ဇီဘက်သို့ လှည့်၍ အရေးတကြီး ပြော၏။

387



‘ဟဲ့ ပရဇ္ဇီ၊ နင် ဗိုလ်ကြီး ရက် ဘတ်တလာကို သိသလား ဟင်၊ အတ္တလန်တာ ဟိုတယ်မှာ နေတယ်လေ’



‘သိတယ် မလေး၊ ဒါပေမယ့်’



‘ကဲ ဒါဖြင့် သူ့ဆီ သွားချည်စမ်း၊ မြန်မြန်ပြေး၊ ငါက တွေ့ချင်တယ်လို့ ပြော၊ ခု လိုက်လာခဲ့ပါလို့၊ မြင်းရထားရော

ယူခဲ့ပါလို့၊ မြင်းရထားဆိုရင်လည်း လူနာတင်လှည်း ယူခဲ့ပါလို့၊ မီလာနီ မျက်နှာမြင်တာလည်း ပြောပြခဲ့၊ အတ္တလန်တာက ပြောင်းချင်လို့ ခု လိုက်ခဲ့ပါလို့ မှာလိုက်တယ်လို့ ပြော၊ သွား သွား၊ မြန်မြန်’

စကားလက်က ကိုယ်ကို ဆန့်ကာ ပရဇ္ဇီကို တွန်းလွှတ်လိုက်သည်။



‘ဟင်၊ မှောင်ကြီးမည်းမည်း၊ ကျွန်မတစ်ယောက်တည်း ဘယ်သွားရဲမလဲ မလေး၊ ယန်ကီတွေနှင့် တွေ့ရင် ဘယ့်နှယ်

လုပ်မလဲ’

‘ပြေးလိုက်သွားရင် စောစောက သွားတဲ့ ရဲဘော်တွေကို မီမှာပါ၊ သွားပါ မြန်မြန်’



‘ကြောက်တယ် မလေးရဲ့၊ ဟိုတယ်မှာ ဗိုလ်ကြီး ရက် ဘတ်တလာကို မတွေ့ရင်ကော’



‘ဘယ်မှာ ရှိသလဲလို့ မေးခဲ့ အေ၊ ဒါလောက်မှ မစဉ်းစား တတ်တော့ဘူးလား၊ ဟိုတယ်မှာ မရှိရင် ဒီကက်တော လမ်းက

အရက်ဆိုင်တွေဘက် လိုက်မေးပြီး ရှာခဲ့၊ ဒါမှမဟုတ်ရင် ဟို ဘဲလ် ဝက်တလင်းဆိုတဲ့ မိန်းမအိမ်ကို လိုက်သွား၊ တွေ့အောင် ရှာခဲ့၊ ညည်း ဒီလို လျှာရှည်နေတာနှင့် တော်တော်ကြာ ယန်ကီတွေ ရောက်လာလိမ့်မယ်၊ သွား’

‘အရက်ဆိုင်တွေ၊ ပြည့်တန်ဆာအိမ်တွေ သွားတာ အမေသိရင် ဂွမ်းဖတ်တဲ့ တုတ်နှင့် ကျွန်မကို ရိုက်တော့မှာပဲ’



စကားလက် မတ်တတ် ထသည်။



‘ကဲ ညည်း သွားမလား မသွားဘူးလား၊ ဒါပဲ၊ သွား အိမ်ထဲ မဝင်ချင်ရင် လမ်းမက အော်ခေါ်၊ ဒါမှမဟုတ်

တစ်ယောက်ယောက်ကို လှမ်းမေး၊ သွား မြန်မြန် သွား’

ပရဇ္ဇီက တဗျစ်တောက်တောက် ပြောနေသည်။ စကားလက်က ပရဇ္ဇီကို တွန်းလွှတ်လိုက်၏။ ကံကောင်း၍ လှေကားမှ

မကျခြင်း ဖြစ်သည်။

‘မသွားသေးဘူးလား၊ မသွားရင် ညည်းကို ငါ ရောင်းပစ်မယ်၊ ညည်း အမေကိုလည်း ဘယ်တော့မှ တွေ့ရလိမ့်မယ်

မထင်နှင့်၊ သွား ခု မြန်မြန် သွား’

‘ဒုက္ခပဲ၊ ဒီလိုဆိုရင်’



သခင်မ၏ အမိန့်ကြောင့် ပရဇ္ဇီ အောက်သို့ ဆင်းသွားသည်။ ဝင်းတံခါး ဖွင့်သံ ကြားရ၏။ စကားလက်က အော်သည်။



‘ဟဲ့ ကောင်မ၊ ပြေးပါလို့ဆို’

388



တဖုတ်ဖုတ် ပြေးသွားသော ပရဇ္ဇီ၏ ခြေသံကို ကြားရသည်။ ထို့နောက် ခြေသံသည် ဖုတ်တောထဲတွင် တဖြည်းဖြည်း

ဝေး၍ ပျောက်သွား၏။

389

၂၃



ပရဇ္ဇီ ထွက်သွားပြီးနောက် စကားလက်သည် အောက်ထပ် ဧည့်ခန်းထဲသို့ လေးကန်စွာ ဝင်ခဲ့သည်။ မီးအိမ်တစ်လုံးကို

ထွန်းသည်။ နေ့လယ်က အပူရှိန်ကို စုပ်ထားခြင်းကြောင့်လော မပြောတတ်။ တစ်အိမ်လုံး ပူလောင်အိုက်စပ်နေ၏။ စကားလက် ဆာလောင်စ ပြုလာသည်။ မနေ့ညကတည်းက နို့ဂျုံစေ့ပြုတ် တစ်ဇွန်းက လွဲ၍ ဘာမျှ မစားမိသေး။ မီးအိမ်ကို ကိုင်ကာ မီးဖိုဆောင်ဘက်သို့ ထွက်လာခဲ့သည်။ မီးဖိုထဲတွင် မီး မရှိတော့။ သို့တိုင်အောင် မွန်းကျပ် အိုက်နေသည်။ ကြောင်အိမ်ထဲတွင် ပြောင်းဆန်ပေါင်မုန့် တစ်ဝက်ကို တွေ့သဖြင့် အငမ်းမရ စားလိုက်သည်။ စားရင်း အခြား စားစရာများကို ရှာကြည့်၏။ အိုးထဲတွင် ဂျုံစေ့ပြုတ်တွေ ကျန်သေးသည်။ ဇွန်း ရှာမနေနိုင်။ ပန်းကန် ရှာမနေနိုင်။ ဟင်းခပ် ဇွန်းကြီးဖြင့် ကော်၍ စားနေမိသည်။ နို့ ဂျုံစေ့ပြုတ်က ဆား လုံးဝ မပါ။ သို့ရာတွင် ဆာသဖြင့် ဆားပင် မရှာတော့။ ဟင်းခပ် ဇွန်းကြီးနှင့်လေးဇွန်းလောက် ခပ်စားပြီးနောက် နောက်တွင်မူ မီးဖိုချောင်က ပို၍ ပူအိုက်လာသည်။ ထို့ကြောင့် လက်တစ်ဖက်က ပြောင်းဆန် ပေါင်မုန့်၊ လက်တစ်ဖက်က မီးအိမ်ကို ကိုင်ကာ အိမ်ရှေ့သို့ ပြန်လာခဲ့သည်။

အိမ်အပေါ်ထပ်သို့ တက်ကာ မီလာနီ ဘေးတွင် ထိုင်နေသင့်သည်။ တစ်ခုခု ကိစ္စရှိလျှင် မီလာနီ သူတို့ကို

လှမ်းခေါ်နိုင်မည် မဟုတ်။ သို့ရာတွင် ခြောက်အိပ်မက်ဆန်ဆန် နာရီပေါင်းများစွာ နေခဲ့ရသည့် အခန်းထဲသို့ စကားလက် ပြန်မဝင်ချင်။ ညက နူးညံ့ပူနွေးနေသည့်တိုင် ဤနေရာတွင် ထိုင်ရသည်က အေးအေးလူလူ ရှိသည်။ လှေကားထိပ် မီးအိမ်မှ ဖြာကျသည့် အလင်းရောင် ကွက်ကွက်ကလေးထဲတွင် ထိုင်ကာ ပြောင်းဆန်ပေါင်မုန့်ကို စားနေသည်။

အစာ စားပြီးသည့် နောက်တွင် အနည်းငယ် အားရှိလာ၏။ အားပြည့်လာသည်တွင် ကြောက်စိတ်လည်း ပိုလာသည်။

အဝေး လမ်းထိပ်ဆီမှ တဝီဝီ မြည်သံများကို ကြားရ၏။ မည်သည့် အသံဖြစ်သည်ကိုမူ ဝေခွဲ၍ မရ။ စကားလက် နားစွင့်၍ ထောင်ကြည့်သည်။ အားစိုက်၍ နားထောင်သဖြင့် ကြွက်သားတွေ တင်းလာသည်။ ယခု အချိန်၌ သူ အကြားလိုဆုံးမှာ မြင်းခွာသံများဖြစ်သည်။ အတွေ့လိုဆုံးမှာ သူ ကြောက်နေပုံကို မခိုးမခန့် ကြည့်၍ ရယ်နေသည့် ရက် ဘတ်တလာ၏ မျက်လုံးများ ဖြစ်သည်။ ရက် ဘတ်တလာသည် သူ့ကို တစ်နေရာရာသို့ ပို့ပေးလိမ့်မည်။ မည်သည့်နေရာဖြစ်စေ အရေးမကြီး။ ဤနေရာ မဟုတ်လျှင် ကျေနပ်ပြီ။

မြို့ဘက်သို့ လှမ်းကြည့်နေစဉ် သစ်ပင်ထိပ်ဖျားဆီမှ မီးရောင် တစ်ခုကို လှမ်းမြင်လိုက်ရ၏။ စကားလက် မစဉ်းစားတတ်။

ကြည့်နေရင်း မီးရောင်သည် ပို၍ ရဲလာသည်။ မည်းမှောင်သည့် ကောင်းကင်သည် ပန်းနုရောင် ပြေးလာသည်။ ထို့နောက် တဖြည်းဖြည်း နီရဲလာသည်။ ထို့နောက် သစ်ပင် ထိပ်များပေါ်သို့ တက်လာသည့် မီးတောက်တစ်ခုကို လှမ်းမြင်လိုက်ရ၏။ စကားလက် ရုတ်တရက် မတ်တတ် ထရပ်လိုက်သည်။ သူ့ နှလုံးသည် တဒိတ်ဒိတ် ခုန်လာသည်။

ယန်ကီတို့ လာကြပြီ။ ယန်ကီတို့ ရောက်လာကာ မြို့ကို မီးတင်ရှို့ခြင်း ဖြစ်ရမည်။ မီးတောက်က မြို့လယ်ကောင်

အရှေ့ဘက်ပိုင်းကဟု ခန့်မှန်းရသည်။ မီးတောက်က တဖြည်းဖြည်း မြင့်လာကာ ဘေးသို့ ကားလာသည်။ ရပ်ကွက် တစ်ခုလုံး မီးလောင်နေခြင်း ဖြစ်ရမည်။ လေပူထဲတွင် မီးခိုးနံ့ ပါလာသည်။

390



အိမ်ပေါ်ထပ် အခန်းသို့ တက်လာကာ ပြတင်းပေါက်ကို ဖွင့်ကြည့်သည်။ မီးတောက်များ အထက်ကောင်းကင်တွင်

မီးခိုးတွေ အလိပ်လိုက် အလိပ်လိုက်တက်နေသည်။ မီးခိုးနံ့က ပို၍ စူးလာ၏။ မကြာခင် မီးတောက်များသည် မက်မုံပင် လမ်းဘက်သို့ ကူးလာကာ ဤအိမ်လည်း ပါသွားနိုင်သည်။ ယန်ကီတွေ ရောက်လာကာ သူတို့ကို အနိုင်အထက် ပြုနိုင်သည်။ မည်သည့် နေရာသို့ ပြေးရမည်နည်း။ မည်သို့ လုပ်ရမည်နည်း။ သူ့ နားထဲတွင် ငရဲပြည်မှ ငရဲသားများ၏ အော်သံကို ကြားနေရသည်ဟု ထင်မိ၏။ ထိတ်လန့်တုန်လှုပ်ကာ လဲကျသွားမည် စိုးသဖြင့် ပြတင်းပေါက်ပေါင်ကို ကိုင်ထားလိုက်ရသည်။

‘ဘာလုပ်ရမလဲ၊ ငါ စဉ်းစားမှ၊ စဉ်းစားမှ’ ဟု စကားလက် စိတ်ထဲက တဖွဖွ ဆိုသည်။



သို့ရာတွင် ဘာကိုမျှ စဉ်းစား၍ မရ။ အတွေးများသည် ညွှတ်ကွင်းတွင် မိ၍ ကြောက်လန့်နေသည့် ငှက်အုပ်သဖွယ်

ဟိုသည် ပြေးလွှားကာ ယောက်ယက်ခတ်နေသည်။ ပြတင်းပေါက် ပေါင်ကို ကိုင်၍ ရပ်နေစဉ် နားကွဲမတတ် မြည်ဟည်းသော ပေါက်ကွဲသံကြီး တစ်ခုကို ကြားလိုက်ရ၏။ ကောင်းကင်တစ်ခုလုံး မီးတောက်တွေ ရဲနေပြီ။ နောက်ထပ် ပေါက်ကွဲသံများကို ကြားရသည်။ မြေကြီး တုန်သွားကာ သူ့ခေါင်းပေါ်က ပြတင်းမှန်များ မြည်သွားပြီး အောက်သို့ လွင့်စဉ်ကွဲကျလာကြသည်။

ပေါက်ကွဲသံများ၊ မီးတောက်များဖြင့် ရှုခင်းတစ်ခုလုံး ကြောက်စရာကောင်းနေသည်။ မီးပွားများ ကောင်းကင်သို့

ထိုးတက်သွားကာ တဖြည်းဖြည်း ပြန်ကျလာကြသည်။ တစ်ဖက်ခန်းမှ ခေါ်သံ သဲ့သဲ့ကို ကြားလိုက်ရသည်ထင်၏။ သို့ရာတွင် ဂရုမစိုက်နိုင်။ မီလာနီအတွက် အချိန် မပေးနိုင်။ မြင်နေရသည့် မီးတောက်များလို သူ့ သွေးကြောထဲတွင် လောင်မြိုက်နေသည့် ကြောက်စိတ်မှ အပ အခြား ဘာကိုမျှ သတိ မထားနိုင်တော့။ ကလေး တစ်ယောက်ပမာ ကြောက်စိတ် မွှန်နေသည်။ မေမေ့ ရင်ခွင်ထဲတွင် ခေါင်းဝှက်ထားချင်သည်။ အိမ်သို့ ပြန်ရောက်နေလျှင် မည်မျှ ကောင်းမည်နည်း။ မေမေ့ရင်ခွင်ထဲတွင် ခိုလှုံနေရလျှင် မည်မျှ ကောင်းမည်နည်း။

အသည်းတုန်

အူတုန်

ရှိသော

ဤအသံများကြားမှ

လှေကားထစ်များကို

ကျော်ကာ

ကြောက်ကြောက်ဖြင့်

ပြေးတက်လာသည့် ခြေသံများကို ကြားလိုက်ရ၏။ ဤသည်နှင့် အတူ သင်းကွဲသွားသော တောလိုက်ခွေးလို တကြော်ကြော် အော်လာသည့် အသံ တစ်သံကိုလည်း ကြားရသည်။ ပရဇ္ဇီ ပြေးဝင်လာကာ စကားလက်၏ လက်မောင်းကို ဆွဲလှုပ်နေသည်။

‘ယန်ကီတွေလား’



စကားလက်က မေးသည်။



‘မဟုတ်ဘူး မလေး၊ ကျွန်မတို့ ရဲဘော်တွေ’ ပရဇ္ဇီက အသက်ပင် မရှူနိုင်ဘဲ စကားလက် လက်မောင်းကို ဆွဲလှုပ်၍

အမောတကော ပြောသည်။ လက်သည်းကြီးတွေက စူးနေသည်။ ‘သံရည်ကျို ရုံရယ်၊ ရိက္ခာဂိုဒေါင်တွေရယ်၊ ကုန်လောင် ရုံတွေရယ်ကို မီးတင်ရှို့နေတယ်၊ အမြောက်ဆန်တွေ ယမ်းမှုန့်တွေ တင်လာတဲ့ မီးရထား ကုန်တွဲတွေကိုလည်း မီးရှို့နေတယ်၊ ကျွန်မတို့ အိမ်တွေတော့ လောင်ကုန်တော့မှာပဲ’

ပရဇ္ဇီက စကားလက်၏ လက်ကို ဖျစ်ညှစ်ကာ စူးစူးဝါးဝါး ငိုနေ၏။ လက်မောင်းက နာလာသဖြင့် စကားလက်က

အော်၍ သူ့လက်ကို ပုတ်ချလိုက်သည်။

ယန်ကီတို့ မရောက်လာကြသေး။ ထွက်ပြေးလျှင် အချိန်ရှိသေးသည်။ စကားလက်က အားတင်း၏။

391



‘ငါကပါ ကယောင်ချောက်ချား ဖြစ်ရင်တော့ ဒုက္ခရောက်တော့မှာပဲ’ စကားလက် တွေးသည်။ အရမ်းကာရော

ကြောက်နေသည့် ပရဇ္ဇီကိုကြည့်၍ စိတ်အနည်းငယ် ငြိမ်သွားသည်။ ပရဇ္ဇီကို ပခုံးမှ ကိုင်၍ လှုပ်ယမ်းပစ်ရင်း

‘ဟဲ့ကောင်မ၊ ထင်ရာတွေ စွတ်ပြောမနေနှင့်၊ သတိထားစမ်း၊ ယန်ကီတွေ မလာသေးဘူး၊ ဘာဖြစ်လို့ ဒီလောက်

ကြောက်နေရတာလဲ၊ ဗိုလ်ကြီး ဘတ်တလာကို တွေ့ခဲ့ရဲ့လား၊ ဘာပြောလိုက်သလဲ၊ လာမယ်တဲ့လား’

ပရဇ္ဇီ အငို ရပ်သွားသည်။ မေး တဆတ်ဆတ် တုန်နေ၏။



‘ဟုတ်ကဲ့ မလေး၊ တွေ့ခဲ့တယ်၊ မလေး ပြောတဲ့ အတိုင်း အရက်ဆိုင် တစ်ဆိုင်မှာ သူ့ကို တွေ့တော့’



‘ထားစမ်းပါ၊ ဘယ်မှာ တွေ့တွေ့ ဒါက အရေးမကြီးပါဘူး၊ ဘာပြောလိုက်သလဲ၊ လာခဲ့မယ်တဲ့လား၊ မြင်းရထားရော

ယူခဲ့ဖို့ ပြောသေးသလား’

‘သူ့မှာ မြင်းရထား မရှိတော့ဘူးတဲ့၊ လူနာတင်ဖို့ သူ့ မြင်းရထားကို စစ်တပ်က သိမ်းသွားပြီတဲ့’



‘အဲဒါမှ ဒုက္ခပဲ’



‘ဒါပေမယ့် သူ လာခဲ့မယ်တဲ့’



‘ပြီးတော့ကော ဘာပြောလိုက်သေးသလဲ’



ပရဇ္ဇီက အသက် မှန်မှန် ရှူသည်။ အနည်းငယ် ဣနြေ္ဒ ရသွားသည့်တိုင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသေးသည်။



‘မလေး ပြောတဲ့အတိုင်း လိုက်ရှာတော့ အရက်ဆိုင် တစ်ဆိုင်ထဲမှာ သွားတွေ့တယ်၊ ကျွန်မက အပြင်ကနေ

အော်ခေါ်တော့ သူ ထွက်လာတယ်၊ ကျွန်မကလည်း သူ့မြင်တော့ စစ်သားတွေ ဒီကက်တောလမ်းက ဆိုင်တွေကို မီးရှို့ကုန်ကြပြီလို့ ပြောတာပေါ့၊ ဒီတော့ သူက လာ ဆိုပြီး ကျွန်မ လက်မောင်းကို ဆွဲခေါ်ပြီး ငါးမြှောင့်ဆိုင် လမ်းဘက် ပြေးလာကြတယ်၊ ဘာကိစ္စလဲတဲ့၊ မြန်မြန် ပြောစမ်းတဲ့၊ ဒီတော့ မလေး ပြောတဲ့အတိုင်း ကျွန်မ ပြောတယ်၊ ဗိုလ်ကြီး ဘတ်တလာ မြန်မြန် လိုက်ခဲ့ပါ၊ မြင်းရထားလည်း ယူခဲ့ပါလို့၊ မမမီလာနီလည်း ကလေး မွေးနေပြီလို့၊ မလေးကလည်း မြို့ထဲက မြန်မြန် ထွက်ချင်တယ်လို့၊ ဒီတော့ သူက နင့် မလေးက ဘယ်သွားမှာလဲတဲ့၊ ဒီတော့ ကျွန်မက ကျွန်မလည်း မသိဘူး၊ ဒါပေမယ့် ယန်ကီတွေ ရောက်မလာခင် ဒီက ထွက်သွားချင်တယ်၊ ဗိုလ်ကြီး ဘတ်တလာ လိုက်ပို့စေချင်တယ်လို့ ပြောတယ်၊ ဒီတော့ သူက ရယ်ပြီး သူ့မှာ မြင်း မရှိတော့ဘူးတဲ့၊ စစ်တပ်က သိမ်းသွားပြီတဲ့’

မျှော်လင့်ချက် မရှိတော့။ စကားလက် ရင်သည် လေးနေသည်။ ညံ့လေခြင်း။ ဆုတ်ခွာလျက် ရှိသော စစ်တပ်ကြီး

တစ်တပ်သည် မြို့က တွေ့သမျှ ယာဉ်ရထား အားလုံးကို သိမ်းယူမည်ကို သူ မစဉ်းစားမိသလော။ ပရဇ္ဇီ ပြောနေသည့် စကားများကို စကားလက် ကောင်းကောင်း မကြား။ အတန်ကြာမှ အားယူ၍ နားထောင်သည်။

‘ပြီးတော့ သူက ပြောတယ်၊ အေးအေးဆေးဆေးနေပါလို့ နင့် မလေးကို ပြောလိုက်တဲ့၊ သူ စစ်တပ်ထဲက

မြင်းတစ်ကောင် ပြန်ခိုးယူလာခဲ့မယ်တဲ့၊ ပြီးတော့ ဒီနေ့ည မတိုင်ခင် တစ်ကောင်တော့ ရအောင် ခိုးမယ်တဲ့၊ ပစ်သတ်ချင်လည်း

392

ပစ်သတ်ပေ့စေတဲ့၊ ပြီးတော့ ရယ်ပြီး အိမ်ကို မြန်မြန် ပြန်တဲ့၊ ကျွန်မ ပြန်ခါနီးတော့ ဝုန်းခနဲ အသံကြီး ကြားလိုက်ရတော့ ကျွန်မလည်း လန့်သွားတာပေါ့၊ ဒီတော့ သူက ယန်ကီတွေ မယူနိုင်အောင် ခဲယမ်း မီးကျောက်တွေကို စစ်သားတွေက ဖောက်ခွဲ ပစ်နေတာတဲ့၊ ကိစ္စ မရှိပါဘူးတဲ့၊ ပြီးတော့’

‘သူ လာမှာလား၊ မြင်း ပါမှာတဲ့လား၊ သိချင်တာ မြန်မြန် ပြောစမ်းပါ’



‘ယူလာမယ် ပြောတာပဲ’



စကားလက် ယခုမှ အလုံးကြီး ကျသွားသည်။ မြင်း ရှိလျှင် ရက် ဘတ်တလာသည် မရအရ ယူမည်မှာသျောသည်။

ရက် ဘတ်တလာက ကြံရည်ဖန်ရည် ရှိသည်။ ဤအရှုပ်အထွေးမျိုးက ကယ်နိုင်လျှင် ရက် ဘတ်တလာကို ခွင့်လွှတ်နိုင်သည်။ ရက် ဘတ်တလာရှိလျှင် ဘာမျှ ကြောက်စရာ မလိုတော့။ သူတို့ကို ကာကွယ်မည် မုချ။ ရက် ဘတ်တလာကို ဘုရားမပါစေဟု ဆုတောင်းမိသည်။ စကားလက် တခြား ဘာမျှ မကြည့်နိုင်။ မိမိတို့ လုံခြုံရေးကိုသာ ကြည့်သည်။

‘သွား ဝိတ်ကလေးကို နှိုးပြီး အဝတ်အစား လဲပေးထား၊ တို့ အဝတ်အစား တချို့လည်း ထုပ်ထား၊ သေတ္တာ ခပ်သေးသေး

တစ်လုံးနှင့်ထည့်၊ ပြောင်းမယ် ရွှေ့မယ်ဆိုတာ မီလာနီကို ဘာမျှ မပြောနှင့်၊ ကြားလား၊ ကလေးလေးကို မျက်နှာသုတ် ပဝါ သုံးလေးထည်လောက် ပတ်ထား၊ သူတို့ အဝတ်အစား တချို့ကိုလည်း ထုပ်ထား’

ပရဇ္ဇီ မသွားသေး။ သူ့အနားတွင် တရစ်သီသီ လုပ်နေသည်။ သူ့မျက်လုံးများက မျက်သား အဖြူတွေ လွှမ်းနေသည်။

စကားလက်က တွန်းလွှတ်၏။

‘သွား မြန်မြန် လုပ်ချည်စမ်း’



ပရဇ္ဇီက ယုန်ကလေး တစ်ကောင်လို ထွက်သွားသည်။



မီလာနီထံသို့ သွား၍ အားပေးသင့်သည်။ ပြင်းထန်လာသည့် ပေါက်ကွဲသံများ၊ မီးရောင်များကြောင့် မီလာနီ

လန့်နေလိမ့်မည်။ အသံများက ကမ္ဘာပျက်သည့်နှယ် ဆူညံနေသည်။

သို့ရာတွင် ထိုအခန်းထဲသို့ စကားလက် ပြန်မသွားချင်သေး။ ဒေါ်လေး ပစ်တီ မာကွန်သို့ ယူမသွားဘဲ ချန်ပစ်ခဲ့သည့်

ပန်းကန် ခွက်ယောက်များ၊ ဇွန်းခက်ရင်းများကို ထုပ်ပိုးရန် စိတ်ကူးရသဖြင့် ထမင်းစားခန်းသို့ ဆင်းလာခဲ့၏။ ထမင်းစားခန်းသို့ ရောက်လျှင် လက်တွေ တုန်နေသဖြင့် ပန်းကန်သုံးချပ် ကွဲသွားသည်။ အသံဗလံများကို နားထောင်ရန် ဆင်ဝင်သို့ ထွက်လာပြီး တစ်ဖန် ထမင်းစားခန်းထဲသို့ ပြန်ဝင်လာပြန်သည်။ ဇွန်းတွေ ခက်ရင်းတွေ လွတ်ကျကာ ကြမ်းပြင်တွင် ပြန့်ကျဲနေသည်။ ဘာမျှ ကိုင်တွယ်၍ မရ။ အရေးထဲတွင် ခြေသုတ်ဖုံကို တိုက်မိ၍ လဲကျသွားသေးသည်။ နာကျင်သည်ကို ဂရုမစိုက်နိုင်။ ချက်ချင်း ပြန်ထသည်။ အပေါ်ထပ်တွင် ပရဇ္ဇီကလည်း တိရစ္ဆာန်ရိုင်း တစ်ကောင်လို တဒုန်းဒုန်း ပြေးသည်။

စကားလက် ဆင်ဝင်သို့ အကြိမ် တစ်ဒါဇင်မြောက် ထွက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ပန်းကန်ခွက်ယောက်များကို

ထုပ်ပိုးရန် ကြိုးစားခြင်း မပြုတော့။ စကားလက် ထိုင်သည်။ ဘာကိုမျှ ထုပ်ပိုးရန် မပြင်တော့။ ရင်တဒိတ်ဒိတ် ခုန်ရင်း ရက် ဘတ်တလာကို စောင့်ရန်မှအပ ဘာမျှ လုပ်၍ မဖြစ်တော့။ ရက် ဘတ်တလာက လာခဲလှသည်။ အတန်ကြာတွင် လမ်းထိပ်ဆီမှ

393

ဆီမထည့်သည့် လှည်းဝင်ရိုးသံ တကျွီကျွီနှင့် အသံမမှန်သော မြင်းခွာသံ ခပ်လေးလေးကို ကြားရ၏။ အဘယ့်ကြောင့် မြန်မြန် မမောင်းရသနည်း။ အဘယ့်ကြောင့် မြင်းကို နှေးနှေး မောင်းလာရသနည်း။

အသံက တဖြည်းဖြည်း နီးလာသည်။ မတ်တတ်ရပ်၍ ရက် ဘတ်တလာအမည်ကို ခေါ်ကြည့်၏။ လှည်း ခပ်သေးသေး

တစ်စီးပေါ်မှ ဆင်းသည်ကို မြင်ရပြီး ဝင်းတံခါး ဖွင့်သံကို ကြားရသည်။ သဲသဲကွဲကွဲ မြင်ရပြီ။ မီးရောင်တွင် သူ့ တစ်ကိုယ်လုံးကို မြင်ရပြီ။ ကပွဲ တစ်ပွဲသို့ သွားသည့်နှယ် ကျကျနန ဝတ်ထားသည်။ ပုံကျကျ ချုပ်ထားသည့် ကုတ်အင်္ကျီ အဖြူ၊ ဘောင်းဘီအဖြူ၊ မီးခိုးရောင်

ကင်းခြေလိုက်ထားသည့်

ခါးပြတ်အင်္ကျီဖြင့်။

အပြားကြီးကြီး

ပနားမား

မြက်ဦးထုပ်ကို

ခပ်စောင်းစောင်း

ဆောင်းထားသည်။ ခါးပတ်တွင် ဆင်စွယ် လက်ကိုင်တပ် ပြောင်းရှည် ပစ္စတို သေနတ်နှစ်လက်ကို ထိုးထားသည်။ ယမ်းတောင့်က ကုတ်အင်္ကျီအိတ် နှစ်ဖက် အပြည့်။

ရက် ဘတ်တလာက တောတွင်းသား လူရိုင်းတစ်ယောက်လို ပေါ့ပါး ဖျတ်လတ်စွာ လျှောက်လာ၏။ သူ့ခေါင်းက

လူရိုင်းဘုရင် တစ်ပါး၏ ခေါင်းလို မော့လျက်။ စကားလက်တို့တစ်တွေ တထိတ်ထိတ်ဖြစ်ရသည့် အန္တရာယ် အသွယ်သွယ်သည် သူ့အဖို့

ပျော်စရာ၊

အူရွှင်စရာ

ဆေးတစ်ခွက်ကဲ့သို့

ဖြစ်နေသည်။

ညိုမှောင်သော

သူ့မျက်နှာပေါ်တွင်

သတိထား

ချုပ်တည်းထားရသည့် ရက်စက် ကြမ်းကြုတ်မှု၊ အကြင်နာ ကင်းမှုတို့က အထင်းသား ပေါ်နေသည်။

ရုတ်ရုတ်သဲသဲ

ဖြစ်သည်ကို

ကျေနပ်အားရသည့်နှယ်

သူ့မျက်လုံး

နက်နက်များက

တောက်ပနေကြ၏။

ပေါက်ကွဲသံများနှင့် မီးတောက်များကို ကလေး ကစားစရာများ အောက်မေ့နေသည်လော မဆိုနိုင်။ လှေကားထစ်များကို တက်လာသည့် အခါတွင် စကားလက်က ထ၍ ကြိုသည်။ စကားလက် မျက်နှာက ဖြူရော်ကာ မျက်လုံး စိမ်းစိမ်းများက တောက်ပနေကြသည်။

‘မင်္ဂလာညပါနော်’ ဦးထုပ်ကို ဖျတ်ခနဲ ဟန်ပါပါ ဆွဲချွတ်၍ အသံဝဲဝဲဖြင့် နှုတ်ဆက်သည်။ ‘ရာသီဥတုကလည်း

အတော်ပဲ၊ ခရီးလေး ဘာလေး ထွက်ချင်လို့ဆို’

‘မနောက်နှင့် ရှင်၊ နောက်ရင် စကားလက် စကားမပြောချင်ဘူး’



စကားလက် အသံက တုန်နေသည်။



‘ကြောက်တယ်လို့တော့ မပြောနှင့်နော်’



ရက်

ဘတ်တလာက

အံ့အားသင့်ဟန်

ဆောင်၍

ပြုံးသည်။

စကားလက်

သူ့ကို

လှေကားထစ်ပေါ်က

တွန်းချလိုက်ချင်သည်။

‘ဟင့်အင်း၊ စကားလက် ကြောက်တယ်၊ ကြောက်လိုက်တာမှ သေမတတ်ပဲ၊ ရှင်လည်း စဉ်းစားဉာဏ်ရှိရင် ကြောက်မှာပဲ၊

ကဲ ရှင်၊ သိပ် စကားပြောချိန် မရဘူး၊ ကျွန်မတို့ ဒီက ရွှေ့မှ ဖြစ်မယ်’

‘ဒါတော့ ကလေးမ သဘောပေါ့၊ နေစမ်းပါဦး၊ ဒီက ရွှေ့မယ်ဆိုတော့ ဘယ်ကို သွားမယ်စိတ်ကူးလို့လဲ၊ ကျုပ် ဒီကို

လာတာ သက်သက်မယ့် လာစုံစမ်းတာ၊ မင်းတို့ ဘယ်သွားဖို့ စိတ်ကူးသလဲလို့ လာမေးတာ၊ မြောက်ဘက်ကို သွားလို့

394

မရဘူး၊ တောင်ဘက်ကို သွားလို့ မရဘူး၊ အရှေ့ဘက်နှင့် အနောက်ဘက်ကိုလည်း သွားလို့ မရဘူး၊ လေးဖက် လေးတန်မှာ ယန်ကီတွေ ရောက်နေပြီ၊ ယန်ကီတွေ မရောက်တဲ့ လမ်းဆိုလို့ တစ်လမ်းပဲ ကျန်တော့တယ်၊ အဲဒီ လမ်းမှာ ပြည်နယ်တပ်တွေ ဆုတ်နေတယ်၊ ဒီလမ်းကို တော်တော်နှင့် ဖွင့်ပေးမှာ မဟုတ်သေးဘူး၊ ဗိုလ်ချုပ်လီးရဲ့တပ်က ကျောက်စရစ်ကုန်း ရွာနားမှာ နောက်ဖျားတပ် တိုက်ပွဲတွေ

တိုက်ပေးပြီး ရန်သူကို

တားထားတယ်၊ ပြည်နယ်က

တပ်တစ်တပ်လုံး ဆုတ်မပြီးခင်

ဒီလမ်းကို ရန်သူသိမ်းမသွားအောင် ဆိုပါတော့၊ အဲဒီလမ်း အတိုင်းလိုက်ရင် စစ်တပ်က မင်း မြင်းရထားကို ဆီးသိမ်းမှာပဲ၊ မြင်းသိမ်းရုံလောက်ဆိုရင် ကိစ္စမရှိဘူး၊ ကျုပ် နောက်ထပ် တစ်ကောင် ခိုးပေးလို့ရသေးတယ်၊ ကဲ မင်း ဘယ်လိုလုပ် ထွက်မလဲ၊ ဘယ်သွားမလဲ’

စကားလက် တုန်နေသည်။ နားထောင်နေရသည့်တိုင် သူ့စကားများကို မကြား။ သို့ရာတွင် သူက မေးလိုက်သည့်အခါ၌

သူ သွားရမည့် နေရာကို စကာလက် ချက်ချင်း သတိရလိုက်၏။ သူ့အဖို့ သွားစရာ တစ်နေရာသာ ရှိသည် မဟုတ်လော။

‘စကားလက် အိမ်ကို ပြန်မယ်’



‘အိမ်ကို ဘယ်လဲ၊ မြိုင်သာယာကိုလား’



‘ဟုတ်တယ်၊ မြိုင်သာယာကိုပဲ ပြန်ရမှာပေါ့၊ မြန်မြန်လုပ်ပါ ဗိုလ်ကြီး ဘတ်တလာရယ်’



ရက် ဘတ်တလာက စိတ်ဖောက်ပြန်သွားသူကို ကြည့်သည့်နှယ် သူ့ကို ကြည့်၏။



‘မြိုင်သာယာကို ပြန်မယ် ဟုတ်လား၊ ကြံကြီးစည်ရာကွယ်၊ ကလေးမရယ်၊ ဂျုန်းဘာရိုမှာ တစ်နေ့လုံး တိုက်ပွဲတွေ

ဖြစ်နေတယ်၊ ကျောက်စရစ်ကုန်းက တောင်ဘက် ဆယ်မိုင် မြောက်ဘက် ဆယ်မိုင် တစ်လျှောက် စစ်တပ်တွေချည်းပဲ၊ ဂျုန်းဘာရို မြို့ထဲမှာတောင် တိုက်ပွဲတွေဖြစ်နေတာ၊ ခုအချိန်ဆိုရင် မြိုင်သာယာကိုတောင် ယန်ကီတွေ သိမ်းပြီးလောက်ပြီ၊ တစ်နယ်လုံး ဆိုပါတော့လေ၊ ဘယ်မှာ ရောက်နေတယ်လို့တော့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး၊ ဒါပေမယ့် အဲဒီနား တစ်ဝိုက်မှာ ရှိတာကတော့ သေချာတယ်၊ ဒီကြားထဲက မင်း ဘယ်လိုလုပ်ပြီး ပြန်လို့ဖြစ်မှာလဲ၊ ယန်ကီ စစ်တပ်ကြီး ကြားထဲက ဖြတ်သွားမလို့လား’

‘ဟင့်အင်း စကားလက် ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ်၊ မဖြစ်ဖြစ်အောင် ပြန်ရမယ်’



‘တော်တော် ရူးတဲ့ ကလေးမပဲ’ သူ့အသံက ခပ်မြန်မြန် ခပ်ပြတ်ပြတ်။ ‘အဲ့ဒီလမ်းက ဘယ့်နှယ်လုပ် ပြန်လို့ရမလဲ၊

ယန်ကီစစ်တပ်နှင့် မတိုးဘူးထား၊ တောထဲမှာ နှစ်ဖက်စစ်တပ်က တပ်ပြေးတွေ၊ သင်းကွဲလာတဲ့ တပ်သားတွေချည်းပဲ၊ ကျုပ်တို့ တပ်တွေလည်း ဂျုန်းဘာရိုက ဆုတ်လာကြရပြီ၊ ယန်ကီတွေနှင့် တွေ့တွေ့ ပြည်နယ်တပ်နှင့် တွေ့တွေ့ မင်း မြင်းကို သိမ်းမှာ သေချာတယ်၊ တစ်ခုတော့ ရှိတယ်၊ ဆုတ်သွားတဲ့ စစ်တပ်နောက်က နေပြီး မက်ဒိုးနားလမ်းအတိုင်း လိုက်သွားရင်တော့ ဖြစ်နိုင်တယ်၊ ဒါတောင် တော်တော် ခပ်လှမ်းလှမ်း မမြင်ရတဲ့ နေရာက လိုက်မှ၊ အမှောင်ကို ခိုပြီး လိုက်မှ ဖြစ်မှာ၊ မြိုင်သာယာကိုတော့ ပြန်လို့ ဖြစ်မှာမဟုတ်ဘူး၊ ဟိုရောက်ရင်လည်း မင်း ပြာပုံပဲ တွေ့ရမှာပဲ၊ ကျုပ်ကတော့ မင်းကို မပြန်စေချင်ဘူး၊ ပြန်ဖို့ စိတ်ကူးတာဟာ သက်သက်မယ့် အရူးထတာပဲ’

‘ဟင့်အင်း၊ စကားလက် ပြန်ရမယ်’ စကားလက်က ပြောသည်။ ‘အိမ်ကို ပြန်မယ်၊ စကားလက်ကို မတားနှင့်၊ ပြန်ရမယ်၊

395

မေမေ့ကို သွားကြည့်ရမယ်၊ စကားလက်ကို ရှင် တားရင် ရှင့်ကို အသတ်ပဲ၊ စကားလက်ကတော့ ရောက်အောင် ပြန်ရမှာပဲ’

ထိတ်လန့်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းတို့ကြောင့် မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျလာ၏။



‘မြင်းတို့ ရထားတို့ မရရင်လည်း ခြေကျင်ပြန်မှာပဲ’



စကားလက် သူ့ ရင်ခွင်ထဲသို့ ရောက်သွားသည်။ စိုစွတ်သည့် သူ့ပါးပြင်က ရက် ဘတ်တလာ၏ ရှပ်အင်္ကျီ ရင်ဘတ်တွင်

ကပ်နေသည်။ သူ့ရင်ကို လက်သီးဖြင့် ထုနေသည်။ ရက် ဘတ်တလာက ပွယောင်းနေသည့် စကားလက် ခေါင်းမှ ဆံပင်များကို တဖွဖွ ပွတ်သပ်ပေးနေသည်။ သူ့အသံက နူးညံ့ ချိုသာနေသည်။ နူးညံ့လွန်း၊ ချိုသာလွန်း၊ သရော်သံ ကင်းမဲ့လွန်းသဖြင့် ရက် ဘတ်တလာ၏ အသံဟု မထင်။ ဘရန်ဒီနံ့၊ ဆေးပြင်းလိပ်နံ့၊ မြင်းနံ့နှင့် ယောက်ျားနံ့ တစ်မျိုး ထွက်နေသည့် ရဲစွမ်းသတ္တိရှိသော အခြား လူစိမ်းတစ်ယောက်၏ အသံလောဟုပင် ထင်ရ၏။ ဤအနံ့များကြောင့် စကားလက် ဖေဖေ့ကို သွား၍ အမှတ်ရသည်။

‘ကဲ ကဲ၊ တိတ်ပါ ကလေးမရယ်၊ ငိုမနေပါနှင့်၊ တော်တော်ခေါင်းမာတဲ့ ကလေးမပဲ၊ အိမ်ပြန်ချင်တယ်ဆိုရင် ပြန်ရမှာပေါ့၊

စိတ်ချ၊ ပြန်ရစေ့မယ်၊ မငိုနှင့်တော့’

သူ့အသံက

တိုးတိတ်

ညင်သာသည်။

သူ့ဆံပင်ကို

တစ်ခုခု

ပွတ်သပ်သွားသည်ဟု

ထင်လိုက်ရ၏။

သူ့

နှုတ်ခမ်းများလော မပြောတတ်။ ရက် ဘတ်တလာက နူးညံ့နေသည်။ သိမ်မွေ့နေသည်။ သူ့ ရင်ခွင်ထဲတွင် တစ်သက်လုံး နေသွားလိုက်ချင်စိတ်ပင် ပေါက်လာသည်။ ဤမျှ သန်မာသည့် လက်ထဲတွင် တစ်သက်လုံး နေသွားလိုက်ချင်စိတ်ပင် ပေါက်လာသည်။ ဤမျှ သန်သည့် လက်မောင်းများဖြင့် သူ့ကို ပွေ့ထားမည်ဆိုလျှင် မည်သည့်အရာမျှ သူ့ကို အန္တရာယ် မပြုနိုင်တော့။

ရက် ဘတ်တလာက အိတ်ကပ်ကို စမ်းနှိုက်ပြီး လက်ကိုင်ပဝါကို ထုတ်၍ မျက်ရည် သုတ်ပေး၏။



‘ကဲ ကဲ၊ ကလေးလေးများလို နှပ်ကလေး ဘာလေး ညှစ်လိုက်စမ်းပါဦး’ မျက်လုံး ရီရီဖြင့် ပြော၏။ ‘ပြီးတော့ ဘာလုပ်စရာ

ရှိသလဲဆိုစမ်း၊ လုပ်စရာရှိတာ မြန်မြန်လုပ်ရမယ်၊ အချိန် မရှိဘူး’

စကားလက် သူ ခိုင်းသည့်အတိုင်း နှပ်ညှစ်သည်။ ကတုန်ကယင် ဖြစ်နေသဖြင့် သူ့ကို ဘာပြောရမှန်းမသိ။

နှုတ်ခမ်းများက လှုပ်ရွကာ သူ့ကို အားကိုးတကြီး မော်ကြည့်နေသည်ကို မြင်သည့်အခါတွင် ရက် ဘတ်တလာက စပြောသည်။

‘မီလာနီက ဒီနေ့ပဲ မျက်နှာမြင်ပြီးတာ မဟုတ်လား၊ သူ့ကိုတော့ ခေါ်လို့ မဖြစ်ဘူး ထင်တယ်၊ လမ်းခရီးက နည်းတဲ့ ခရီး

မဟုတ်ဘူး၊ နှစ်ဆယ့်ငါးမိုင်၊ လှည်းကလည်း လှည်းကြမ်းကြီး၊ သူ့ကို ဒေါ်ဒေါ်မိတို့နှင့် ထားခဲ့ရင်ကော’

‘ဒေါ်ဒေါ်မိတို့က အိမ်မှာ မရှိတော့ဘူး၊ စကားလက် သူ့ကို ထားခဲ့လို့ မဖြစ်ဘူး’



‘ဒါဖြင့်ရင်တော့ ဒီလှည်းနှင့်ပဲ တင်ပေါ့၊ ဟို ကပ္ပလီမလေးကော’



‘အပေါ်ထပ်မှာ၊ အဝတ်အစားတွေ သေတ္တာထဲ ထည့်နေတယ်’



‘သေတ္တာ၊ ဒီလှည်း သေးသေးကလေးပေါ် ဘယ့်နှယ်လုပ်ပြီး သေတ္တာတွေ တင်လို့ ရမှာလဲ၊ မင်းတို့တောင်

396

ကျပ်ကျပ်တည်းတည်း လိုက်ရမှာ၊ ဒီထဲ လှည်းဘီးက ကျွတ်လုကျွတ်ခင်ရယ်၊ ကပ္ပလီမလေးကို ခေါ်ပြီး ငှက်မွေးမွေ့ရာ သေးသေး တစ်ချပ် လှည်းပေါ်မှာ ခင်းခိုင်းပါ’

စကားလက် မလှုပ်။ ရက် ဘတ်တလာက သူ့ လက်မောင်းကို ဆွဲမလိုက်သည်။ သူ့ကိုယ်ထဲမှ ခွန်အားသည်

စကားလက် ကိုယ်ထဲသို့ ကူးစက်လာသည်ထင်ရ၏။ သူ့လို အေးဆေး တည်ငြိမ်စွာ နေနိုင်လျှင် မည်မျှ ကောင်းမည်နည်း။ ရက် ဘတ်တလာက သူ့ကို အိမ်ထဲသို့ သွားရန် ပြောသည်။ စကားလက်က သူ့ကို ရပ်ကြည့်နေ၏။ လှောင်ပြောင်သည့် အပြုံးသည် ရက် ဘတ်တလာ၏ နှုတ်ခမ်းတွင် ပေါ်လာသည်။

‘ဩ၊ မင်းကိုယ်မင်း သူရဲကောင်းမကြီး ဆို၊ ဘယ် ယောက်ျားကိုမှ မကြောက်ဘူး ဆို’



ရက် ဘတ်တလာက ရုတ်တရက် ရယ်ပစ်လိုက်ကာ သူ့လက်မောင်းကို လွှတ်ချ၏။ စကားလက် ခံပြင်းသွားသည်။



‘မကြောက်ပါဘူး’



‘အင်း၊ မကြောက်တာ မကြောက်တယ်၊ လူကတော့ မူးမေ့ပြီး လဲသွားတော့မယ်၊ ဒါပဲနော်၊ ကျုပ်မှာ ရှူဆေးဘူး မပါဘူး’



စကားလက် ခြေထောက်ကို ဆောင့်သည်။ တခြား လုပ်စရာ မရှိတော့။ စကား မပြောတော့ဘဲ မီးအိမ်ကို

ကောက်ကိုင်ကာ အပေါ်ထပ်သို့ တက်ရန် ပြင်၏။ ရက် ဘတ်တလာက နောက်က တက်လိုက်လာသည်။ တစ်ယောက်တည်း ခပ်တိုးတိုး ရယ်နေသံကို ကြားရသည်။ သူ့ ရယ်သံကြောင့် စကားလက် ကျောစိမ့်သွားသည်။ ဝိတ်ကလေး၏ အခန်းထဲသို့ ဝင်လာခဲ့သည်။ ပရဇ္ဇီ၏ ပေါင်ပေါ်တွင် ထိုင်လျက် ကြို့ထိုးနေသည်။ အဝတ်အစား မလဲရသေး။ ပရဇ္ဇီက တအီအီ ငိုလျက်။ ဝိတ်ကလေး၏ အိပ်ရာပေါ်က ငှက်မွေး မွေ့ရာက ငယ်သည်။ ထို့ကြောင့် ပရဇ္ဇီက ဝိတ်ကလေးကို ချကာ ငှက်မွေး မွေ့ရာကို အောက်သို့ သယ်သွား၏။ ဝိတ်ကလေးက နောက်က တကောက်ကောက် ပါသွားသည်။ အသစ်အဆန်း တစ်ခုကို တွေ့လိုက်ရသဖြင့် ကြို့ထိုးပျောက်သွားသည်။

‘လာလေ’



စကားလက်က မီလာနီ အခန်းဘက်သို့ ခေါ်သွားသဖြင့် ရက် ဘတ်တလာက သူ့နောက်က လိုက်လာသည်။

လက်တွင် ဦးထုပ်ကိုင်လျက်။

မီလာနီက လည်ပင်းအထိ စောင်ခြုံကာ အိပ်ရာပေါ်တွင် ငြိမ်သက်စွာ လှဲနေသည်။ မျက်နှာက လူသေလို

ဖြူရော်နေသည်။ သို့ရာတွင် ဟောက်ပက်၍ မျက်ကွင်းညိုလျက် ရှိသည့် မျက်လုံးများကမူ တည်ငြိမ်အေးချမ်းနေသည်။ သူ့ အိပ်ခန်းထဲတွင် ရက် ဘတ်တလာကို မြင်လိုက်ရသည့်အခါတွင် အံ့ဩဟန် မရှိ။ ဝင်နေကျ ထွက်နေကျ ဖြစ်သည့်နှယ် အေးအေးဆေးဆေး။ မီလာနီက ကြိုးစား၍ ခပ်ယဲ့ယဲ့ ပြုံးသည်။ သို့ရာတွင် အပြုံးသည် နှုတ်ခမ်းထောင့်သို့ မရောက်မီ လမ်းတွင် ပျောက်သွား၏။

‘စကားလက်တို့ မြိုင်သာယာကို ပြန်မယ် မီလာနီ’ စကားလက်က ခပ်သွက်သွက် ပြောသည်။ ‘ယန်ကီတွေ

ရောက်လာကြတော့မယ်၊ ဗိုလ်ကြီး ဘက်တလာက လိုက်ပို့ပေးလိမ့်မယ်၊ ခုတော့ ဒီ တစ်နည်းပဲ ရှိတော့တယ် မီလာနီ’

397



မီလာနီက အားယူ၍ ခေါင်းညိတ်ပြ၏။ ကလေးကို လက်ညှိုးထိုးပြသည်။ စကားလက်က ကလေးကို ကောက်ချီကာ

မျက်နှာသုတ်ပဝါ ထူထူဖြင့် ပတ်သည်။ ရက် ဘတ်တလာက ခုတင်အနားသို့ လျှောက်လာ၏။

‘မီလာနီ ဘာမှ မဖြစ်စေရဘူးနော်၊ စိတ်ချ’ သူက ခပ်တိုးတိုး ပြောကာ အောက်က အိပ်ရာခင်းကို မီလာနီ ကိုယ်ပေါ်သို့

ပတ်လိုက်သည်။ ‘ကျုပ် လည်ပင်းကို ဖက်နိုင်ပါ့မလား၊ ဖက်ကြည့်စမ်း’

မီလာနီက အားယူ၍ သူ့လည်ပင်းကို ဖက်၏။ သို့ရာတွင် လက်နှစ်ဖက်က ပြုတ်ကျလာသည်။ ရက် ဘတ်တလာက

ကိုယ်ကို ရှေ့သို့ ကိုင်း၍ ပခုံးအောက်နှင့် ဒူးအောက်ကို လက်တစ်ဖက်စီ လျှိုသွင်းပြီး အသာပွေ့ယူလိုက်သည်။ မီလာနီက ညည်းညူခြင်း မရှိ။ သို့ရာတွင် နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်ရင်း မျက်နှာပို၍ ဖြူရော်သွားသည်ကို စကားလက် မြင်လိုက်ရ၏။ စကားလက်က မီးအိမ်ကို မြှောက်ပြပြီး ရှေ့မှ ထွက်သည်။ ရက် ဘတ်တလာက နောက်က လိုက်မည်အပြု မီလာနီက နံရံဘက်ကို အားယူ၍ လက်ညှိုးထိုးပြ၏။

‘ဘာလဲ ဟင်’



ရက် ဘတ်တလာက နူးညံ့တိုးတိတ်စွာ မေးသည်။



‘ဟိုမှာ၊ ဟိုမှာ’ မီလာနီက အနိုင်နိုင် အားယူကာ လက်ညှိုးထိုးပြသည်။ ‘ချားလ်ရယ်’



ရက် ဘတ်တလာက မီလာနီကို ငုံ့ကြည့်သည်။ မီလာနီ ကယောင်ကတမ်း ပြောနေသည်ဟု ထင်လိုက်သည်။

စကားလက်က သူ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သဖြင့် စိတ်တိုသွားသည်။ ပစ္စတိုနှင့် ဓားလွယ်အောက်တွင် ချိတ်ထားသည့် ချားလ်၏ ဓာတ်ပုံကို ဖြုတ်ရန် ပြောနေခြင်း ဖြစ်ကြောင်း စကားလက် သိသည်။

‘ဓားလွယ်ရော ဖြုတ်ခဲ့ပါနော်’



‘ဖြုတ်ခဲ့မယ်၊ ဖြုတ်ခဲ့မယ်’



စကားလက်က ရက် ဘတ်တလာကို အောက်ထပ်ရောက်အောင် မီးပြပေးခဲ့ပြီးနောက် အိမ်ပေါ်သို့ ပြန်တက်လာကာ

ဓားလွယ်နှင့် ပစ္စတို ခါးပတ်ကို ဖြုတ်သည်။ သူ့လက်ထဲတွင် ကလေးရော၊ မီးအိမ်ရော၊ ဓားလွယ်ရော၊ ပစ္စတိုရော ရှုပ်နေတော့မည်။ ဪ မီလာနီ။ သေတွင်းက ထွက်ပြီးကာစ ယန်ကီတွေ ရောက်လာသည့်ကြားကပင် သူ့အစ်ကို ချားလ်၏ ပစ္စည်းများကို အမှတ်ရလိုက်သေးသည်။

ချားလ်၏ ဓာတ်ပုံကို ဖြုတ်ယူလာသည့်အခါတွင် ချားလ်၏ မျက်နှာကို ကြည့်မိသည်။ ချားလ်၏ ညိုလဲ့သည့်

မျက်လုံးများက သူ့ကို ကြည့်နေကြ၏။ စကားလက် ခဏ ရပ်၍ သူ့ကို ကြည့်နေကြ၏။ စကားလက် ခဏ ရပ်၍ သူ့ ရုပ်ပုံကို ကြည့်သည်။ တစ်ခါက သူ့လင်၊ သူ့ယောက်ျား ဖြစ်ခဲ့သူ။ သူ့ဘေးတွင် ညပေါင်း အနည်းငယ် ယှဉ်တွဲ အိပ်ခဲ့ဖူးသူ။ သူ့မျက်လုံးများကဲ့သို့ပင် ညိုလဲ့သော မျက်လုံးများ ရှိသည့် သားကလေး တစ်ယောက်ကို ပေးခဲ့သူ။ သူ့ကို စကားလက် မေ့သလို ဖြစ်နေပြီ။

လက်ထဲက ကလေးငယ်က လက်သီးဆုပ်ကလေးများကို ယမ်းကာ အူဝဲသံ တိုးတိုးဖြင့် ငိုသည်။ စကားလက် သူ့ကို

398

ငုံ့ကြည့်၏။ အက်ရှလေ၏ သားငယ်ဟု ပထမဆုံး အကြိမ် သဘောပေါက်လာသည်။ သူ့သားကလေး၊ သူနှင့် အက်ရှလေတို့၏ သားကလေး ဖြစ်ပါစေတော့ဟု ဆုတောင်းမိသည်။

လှေကားမှ ပြေးတက်လာသည့် ပရဇ္ဇီထံ ကလေးကို လှမ်းပေးလိုက်သည်။ ခပ်သုတ်သုတ် ဆင်းလာခဲ့ကြ၏။ မီးအိမ်မှ

အရောင်ကြောင့် နံရံတွင် အရိပ်တွေ လှုပ်နေကြသည်။ ဧည့်ခန်းဆောင်ထဲတွင် ဦးထုပ်ကလေး တစ်လုံးကို တွေ့သဖြင့် စကားလက်က ကောက်ဆောင်းကာ မေးသိုင်း ဖဲကြိုးများကို ခပ်သုတ်သုတ် ချည်လိုက်သည်။ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် မီလာနီဆောင်းသည့် ဦးထုပ်ကလေး ဖြစ်သည်။ ဦးထုပ်က စကားလက် ခေါင်းနှင့် မတော်။ သို့ရာတွင် ထိုအရာများကို မစဉ်းစားမိ။

အိမ်အပြင်သို့ ထွက်ကာ အောက်သို့ ဆင်းလာခဲ့သည်။ မီးအိမ်ကိုလည်း ကိုင်ရသည်။ ဓားလွယ်ကိုလည်း ခြေထောက်နှင့်

မရိုက်မိအောင် ဂရုစိုက်ရသည်။ မီလာနီက လှည်းနောက်ပိုင်းတွင် ဆန့်ဆန့်ကြီး အိပ်နေသည်။ သူ့ဘေးတွင် ဝိတ်ကလေးနှင့် မျက်နှာသုတ်ပဝါပတ်ထားသည့် ကလေးငယ်တို့ ရှိသည်။ ပရဇ္ဇီက လှည်းပေါ်တက်ပြီး ကလေးငယ်ကို ပွေ့ထားလိုက်၏။

လှည်းက တကယ့် သေးသေးကလေး။ ဘေးက လှည်းနံရံ တိုင်များကလည်း ခပ်နိမ့်နိမ့်ကလေး။ လှည်းဘီးများက

အထဲသို့ ပြန်ဝင်နေကာ လည်သည်နှင့် တစ်ပြိုင်နက် ကျွတ်ထွက်တော့မည့်ပုံ။ မြင်းကို တစ်ချက် လှမ်းကြည့်ပြီး စကားလက် အကြီးအကျယ် စိတ်ပျက်သွားသည်။ မြင်းက မြင်းပိန်ကလေး။ ခေါင်းက ရှေ့ခြေနှစ်ချောင်း ကြားထဲ ရောက်အောင် ငိုက်ကျနေသည်။ သူ့ကျောကုန်းက ကုန်းပေါက်သဖြင့် အနာတွေ ပြည့်နေသည်။ အသက်ရှူသံကလည်း မြင်း အသက်ရှူသံမျိုး မဟုတ်။

‘မြင်းကတော့ ဘုရားစူး မိုးကြိုးပစ် မြင်းပဲ’ ရက် ဘတ်တလာက ပြုံးသည်။ ‘ဇက်တပ်ပြီး မောင်းလိုက်ရင် လဲသေမယ့်ပုံပဲ၊

ဒါပေမယ့် တွေ့သမျှထဲမှာတော့ ဒီမြင်းက အကောင်းဆုံးပဲ၊ တစ်နေ့ကျမှ ဒီမြင်းကို ဘယ်က နေပြီး ဘယ်လို ခိုးလာရတယ်၊ သေနတ်နှင့် ဘယ်လို လှမ်းပစ်ပြီး ဘယ်လို ထွက်လာတယ်ဆိုတာလေး မင်းကို ပြောပြရဦးမယ်၊ ဒီ အသက်အရွယ်ရှိပြီ၊ ဘယ်တုန်းကမှ မြင်းသူခိုး မဖြစ်ခဲ့ဖူးဘူး၊ မင်းနှင့်ကျမှသာ ကျုပ်လည်း မြင်းသူခိုး ဖြစ်ရတာ၊ ခိုးလာရတဲ့ မြင်းကလည်း ကြည့်ပါဦး၊ တက် တက် ကျုပ် တင်ပေးမယ်’

ရက် ဘတ်တလာက သူ့လက်ထဲက မီးအိမ်ကို ယူ၍ မြေကြီးပေါ်သို့ ချလိုက်သည်။ လှည်းရှေ့တန်းခုံက သစ်သားတန်း

သေးသေးကလေး။ ရက် ဘတ်တလာက စကားလက်ကို ပွေ့ယူလိုက်ပြီး စွေ့ခနဲ တင်လိုက်သည်။ ယောက်ျားဖြစ်ရခြင်း၊ ရက် ဘတ်တလာလို သန်မာတောင့်တင်းသူ တစ်ယောက်ဖြစ်ရခြင်းကို စကားလက် အားကျနေသည်။ သူ့ဘေးတွင် ရက် ဘတ်တလာ ရှိလျှင် စကားလက် ဘာကိုမျှ မကြောက်။ မီးလျှံကိုလည်း မကြောက်။ အမြောက်ဆန်ကိုလည်း မကြောက်။ ယန်ကီကိုလည်း မကြောက်။

ရက် ဘတ်တလာက စကားလက် ဘေးထိုင်ခုံတွင် ဝင်ထိုင်ပြီး ဇက်ကြိုးကို ကိုင်သည်။



‘ခဏ ခဏ’ စကားလက်က အော်သည်။ ‘အိမ်ရှေ့ တံခါးကြီးကို သော့ မခတ်ခဲ့မိဘူး’



ရက် ဘတ်တလာက အားရပါးရ ရယ်သည်။ ထို့နောက် လက်ထဲတွင် ပိုနေသည့် ဇက်ကြိုးခေါက်ဖြင့် မြင်းကို

399

ရိုက်လိုက်သည်။

‘ဘာကို ရယ်တာလဲ’



‘မင်းကို ရယ်တာပေါ့၊ သော့ခတ် ထားတော့ ယန်ကီတွေက မဝင်တော့ဘူးတဲ့လား’



မြင်းက တအိအိဖြင့် ထွက်လာသည်။ လမ်းဘေးတွင် ချထားခဲ့သည့် မီးအိမ်ကလေးက တလက်လက် တောက်နေဆဲ။

အလင်းရောင်ကလေး သေးသေးမျှင်မျှင်။ ဝေးလာသည်နှင့်အမျှ အရောင်ကလေး တဖြည်းဖြည်း သေး၍ သေး၍ ကျန်ရစ်ခဲ့ပြီ။

မက်မုံပင် လမ်းမှ အနောက်ဘက်သို့ ချိုးလိုက်သည်။ ချိုင့်တွေ၊ ကျင်းတွေထဲတွင် လှည်းက တဂျုန်းဂျုန်း ဆောင့်နေသဖြင့်

နောက်ဘက် မီလာနီထံမှ ညည်းသံပေါ်လာ၏။ သူတို့အထက်တွင် လမ်းဘေးမှ သစ်ပင်များသည် အကိုင်းချင်း ယှက်နေကြ၏။ လမ်း တစ်ဖက်တစ်ချက်မှ အိမ်ကြီးများက တိတ်ဆိတ် မည်းမှောင်လျက်ရှိသည်။ အုတ်ဝင်း ထရံတိုင် ဖြူဖြူများသည် အမှောင်ထဲတွင် သင်္ချိုင်းလက်ဝါးကပ်တိုင်များလို ဖွေးနေသည်။ လမ်းက ကျဉ်းကျဉ်းကလေး။ လမ်းဘေးတွင် အုပ်ဆိုင်းနေသည့် သစ်ပင်များ ကြားမှ နီရဲသော ကောင်းကင်ကို မြင်ရသည်။ မီးရိပ်ကြီးများက တစ္ဆေများလို တစ်ခုနောက် တစ်ခု လိုက်နေကြ၏။ မီးခိုးနံ့က မွှန်သည်ထက် မွှန်လာပြီ။ မြို့လယ်ကောင်မှ အော်သံများ၊ မီးဝါးသံများ၊ စစ်ရထားများ တဂျုန်းဂျုန်း မောင်းသံများ စသည့် အသံမျိုးစုံသည် လေထဲတွင် မျောပါလာ၏။ ရက် ဘတ်တလာက မြင်းဇက်ကို ဆွဲကာ လမ်းတစ်ခုထဲ ချိုးလိုက်သည်။ ပေါက်ကွဲသံများသည် ပို၍ ဆူညံကာ မီးတောက်များက ကောင်းကင်သို့ ထိုးတက်နေကြ၏။

‘နောက်ဆုံး လက်နက်တင် ရထား ထင်တယ်’ ရက် ဘတ်တလာက အေးအေးဆေးဆေး ပြောသည်။ ‘တော်တော်

မိုက်တဲ့ ကောင်တွေပဲ၊ ဒီလက်နက်တင် ရထားတွေကို မနက် စောစောစီးစီးက ဘာဖြစ်လို့ ထုတ်မသွားသလဲ မသိဘူး၊ ခုတော့ ကျုပ်တို့ အဖို့ သိပ်မကောင်းဘူးပေါ့၊ ခု ကျုပ်တို့ မြို့လယ်ကို မဖြတ်ဘဲ ဘေးက ကွေ့လာတာ၊ မြို့လယ်ဖြတ်ရင် မီးတောက်နှင့် တိုးချင် တိုးမယ်၊ မူးရမ်းနေတဲ့ လူအုပ်နှင့် တိုးချင် တိုးနိုင်တယ်၊ မြို့လယ်ကို ကွေ့မောင်းရင် အနောက်တောင်ဘက်ကို လွတ်လွတ် ကျွတ်ကျွတ် ထွက်နိုင်မယ် ထင်တာပဲ၊ ဒါပေမယ့် တစ်နေရာရာမှာတော့ မာရီယက်တာလမ်းကို ဖြတ်ရမှာပဲ၊ ခု လက်နက်တွေ ပေါက်ကွဲနေတာက မာရီယက်တာ လမ်းတစ်ဝိုက်ကလား မသိဘူး’

‘ဒါဖြင့်၊ ဒါဖြင့်၊ မီးကြားထဲက ဖြတ်ရမှာပေါ့ နော်’



စကားလက် အသံ တုန်နေသည်။



‘မြန်မြန်မောင်းရင်တော့ လွတ်မှာပါ’



ရက် ဘတ်တလာက လှည်းပေါ်မှ ခုန်ဆင်းကာ လမ်းဘေး ကွက်လပ် အမှောင်ထုထဲတွင်ပျောက်သွားသည်။

ပြန်လာသည့်အခါတွင် သူ့လက်ထဲ၌ သစ်ကိုင်းတစ်ကိုင်း ပါလာ၏။ ရက် ဘတ်တလာက ကုန်းပေါက်နေသည့် မြင်းကို သစ်ကိုင်းဖြင့် မညှာမတာ ရိုက်သည်။ ဤတွင်မှ မြင်းက ခပ်သွက်သွက် ပြေးသည်။ အသက်ရှူသံက ပြင်းနေ၏။ လှည်းကလည်း တဂျုန်းဂျုန်း ဆောင့်သည်။ လှည်းပေါ်က လူတွေ အားလုံး ခွက်ထဲထည့်ခေါက်သည့် အန်စာတုံးများလို ဖြစ်နေသည်။ ကလေးငယ်က ငိုသည်။ ပရဇ္ဇီနှင့် ဝိတ်ကလေးကလည်း လှည်းရံတိုင်ဖြင့် ဆောင့်မိသဖြင့် အော်ကြသည်။ သို့ရာတွင် မီလာနီထံမှ ဘာသံမျှ မကြားရ။

400



မာရီယက်တာ

လမ်းနားသို့

ရောက်သောအခါ

သစ်ပင်တွေ

ပါးသွားသည်။

မီးတောက်ကြီးများကြောင့်

လမ်းမတစ်လျှောက်နှင့် အိမ်များပေါ်တွင် အလင်းရောင်ထိန်နေသည်။ နေ့ခင်းထက်ပင် လင်းနေ၏။ အရိပ်များသည် ပုံသဏ္ဌာန် အမျိုးမျိုးပေါ်နေကြသည်။ မုန်တိုင်းထဲက နစ်လုဆဲ သင်္ဘောတစ်စင်း၏ စုတ်ပြတ်နေသည့် ရွက်များသဖွယ် အရိပ်များသည် တွန့်ယှက်ပွေလိမ်နေကြသည်။

စကားလက် မေး တဆတ်ဆတ် တုန်နေသည်။ သို့ရာတွင် ကြောက်သဖြင့် ဆတ်ဆတ် တုန်နေသည်ကိုပင်

သတိမထားနိုင်။ ချမ်းလည်း ချမ်းလှပြီ။ မီးရှိန်ကြောင့် မျက်နှာတွေ ပူစပ်နေသည့်တိုင် တခိုက်ခိုက်တုန်နေသည်။ သူ မြင်ရသည့်မြင်ကွင်းက ငရဲပြည်။ သူ ယခု ငရဲပြည် ရောက်နေပြီ။ ဒူးသာ တုန်မနေလျှင် ဤလှည်းပေါ်မှ ခုန်ဆင်းကာ လာခဲ့သည့် လမ်းအတိုင်း ဒေါ်လေး ပစ်တီ၏ အိမ်သို့ ပြန်ပြေးချင်သည်။ စကားလက်က ရက် ဘတ်တလာ အနားသို့ တိုးကာ တုန်ယင်သည့် လက်များဖြင့် သူ့လက်မောင်းကို ကိုင်ထားမိသည်။ အကြောက်ပြေလို ပြေငြား၊ အားပေးစကား ကြားရလို ကြားရငြား သူ့မျက်နှာကို မော့ကြည့်မိသည်။ မီးတောက်မှ အရောင်များထဲတွင် သူ့ဘေးတစောင်း ပုံသဏ္ဌာန်သည် ရှေးဟောင်း ဒင်္ဂါးပြား တစ်ခုပေါ်မှ ခေါင်းရုပ် တစ်ရုပ်လို ကြည့်၍ လှသည်။

ရက်စက် တင်းမာနေသည်။ ပျက်စီး ယိုယွင်းနေသည်။ သူ့လက်မောင်းကို လာထိသဖြင့် ရက် ဘတ်တလာက

လှမ်းကြည့် လိုက်သည်။ သူ့မျက်လုံးက တောက်ပကာ မီးတောက်များလို ကြောက်စရာ ကောင်းနေသည်။ မြင်းကွင်းကို ကြည့်၍ ကျေနပ် အားရနေသည့်နှယ် သူတို့ရှေ့က ငရဲဘုံကြီးကို ဝမ်းသာအားရ ကြိုဆိုနေသည့်နှယ် ရက် ဘတ်တလာသည် ပျော်ရွှင်ကျေနပ်နေပုံ ရသည်။ စက်ဆုပ်နေပုံ ရသည်။

‘ရော့’ ရက် ဘတ်တလာက ခါးကြားထဲတွင် ထိုးလာသည့် ပြောင်းရှည် ပစ္စတို တစ်လက်ကို ကိုင်လိုက်၏။ ‘အနားကို

ဘယ်သူမှ မကပ်ပေ့စေနှင့်၊ လူဖြူဖြစ်ဖြစ် လူမည်းဖြစ်ဖြစ် မင်း ဘက်ကို ကပ်လာရင်၊ မြင်းဇက်ကို လာဆွဲရင် တစ်ခါတည်း ပစ်သာချလိုက်၊ နောက်ကျမှ ကြည့်ရှင်းမယ်၊ ကြောက်ကြောက်နှင့် မြင်းကိုလည်း ပစ်မိဦးမယ်နော်’

‘စကားလက်မှာ ပစ္စတို တစ်လက် ပါပါတယ်’



စကားလက်က သူ့ခါးကြားထဲက ပစ္စတိုကို စမ်းကြည့်သည်။ အရေးကြုံလာလျှင် မောင်းကိုပင် ဆွဲရဲမည် မဟုတ်ကြောင်း

သူ့ဘာသာသူ သိသည်။

‘ပါသလား၊ မင်း ဘယ်က ရလာတာလဲ’



‘ချားလ်ရဲ့ ပစ္စတိုပါ’



‘ချားလ်’



‘ဟုတ်တယ်၊ စကားလက် ယောက်ျား’



‘မင်းမှာ ယောက်ျားရယ်လို့ကော တကယ် ရှိခဲ့ဖူးလို့လား’



ရက် ဘတ်တလာက တိုးတိုးပြော၍ ရယ်သည်။ အတည် ပြောနေခြင်းလော။ နောက်နေခြင်းလော။

401



‘ဒါဖြင့် ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက်ကို မွေးလာတယ် ထင်လို့လဲ’



‘အို၊ ယောက်ျား မယူဘဲနှင့် ရနိုင်တဲ့ နည်းတွေ အများကြီးပဲ’



‘ကဲ မောင်းမှာ မောင်းပါ၊ စကားမပြောပါနှင့်’



သို့ရာတွင် ရက် ဘတ်တလာက လှည်းကို တုံ့ခနဲ ရပ်လိုက်သည်။ မာရီယက်တာ လမ်းနားသို့ ရောက်နေပြီ။ မီးထဲ

မပါသေးသည့် ကုန်လှောင်ရုံဘေး အမှောင်ထဲတွင် ရပ်လိုက်ခြင်း ဖြစ်၏။

‘အို၊ မောင်းလေ မြန်မြန်’



စကားလက် ပါးစပ်ထဲတွင် မြန်မြန် ဆိုသည့် စကားလုံးသာ ရှိတော့သည်။



‘ဟိုမှာ စစ်သားတွေ’



ရက် ဘတ်တလာက ပြောသည်။



မာရီယက်တာလမ်း မီးလောင်နေသည့် အဆောက်အအုံများကြားမှ တပ်စု တစ်စု ချီတက်လာသည်။ ပင်ပန်းနေကြပုံ

ရသည်။ ရိုင်ဖယ်များကို ထမ်းလျက် ခေါင်းငိုက်စိုက် ကျနေကြသည်။ ခပ်မြန်မြန် မလျှောက်နိုင်။ သူတို့အနီးတွင် မီးခိုးတွေ အလိပ်လိပ် ထနေသည်ကို ဂရုမစိုက်နိုင်။ ဘေး တစ်ဖက်တစ်ချက်တွင် အဆောက်အအုံတွေ မီးစွဲကာ တဂျွမ်းဂျွမ်း ပြိုကျနေသည်ကို သတိ မထားနိုင်။ အားလုံး စုတ်ပြတ်လျက်။ အရာရှိနှင့် တပ်သား ခွဲ၍ မရတော့။ အများစုက ဖိနပ်ပင် မပါကြ။ တချို့က ခေါင်းတွင် ပတ်တီး စည်းလျက်။ တချို့က လက်မောင်းတွင် စည်းလျက်။ ဝဲယာကိုလည်း မကြည့်။ ခြေသံများကြောင့်သာ လူမှန်းသိရသည်။ ခြေသံတို့သာ မကြားရလျှင် တစ္ဆေများနှင့်ပင် တူလိမ့်မည်။

‘သေသေချာချာ ကြည့်ထား’ ရက် ဘတ်တလာက လှောင်သံဖြင့် ပြောသည်။ ‘ကြီးမြတ်တဲ့ အရေးတော်ပုံ

တပ်မတော်ကြီး တိုက်ပွဲ ရှုံးလာတာကို မြင်ခဲ့ဖူးတယ်ဟေ့လို့ မင်း မြေးတွေကို ပြောနိုင်အောင်’

စကားလက် သူ့ကို ချက်ချင်း မုန်းလာသည်။ သူ့ကို မုန်းသည့် အမုန်းက ကြောက်စိတ်ကိုပင် ဖုံးသွားသည်။

အကြောက်သည် အမုန်းနှင့်စာလျှင် မပြောပလောက်အောင် သေးငယ်သွားသည်။ သူ့ လုံခြုံရေး၊ လှည်းပေါ်တွင် ပါလာသူများ၏ လုံခြုံရေးသည် ရက် ဘတ်တလာ အပေါ်တွင် တည်နေသည်ကို စကားလက် သိသည်။ သို့ရာတွင် အစုတ်စုတ်အပြတ်ပြတ် ဆုတ်လာခဲ့ရသည့် ရဲဘော်များအား လှောင်သည်ကိုမူ စကားလက် သည်းမခံနိုင်။ မုန်းသည်။ ကျဆုံးသွားခဲ့သည့် ချားလ်ကို အမှတ်ရသည်။ ကျဆုံးပြီဟု ယူဆရသည့် အက်ရှလေကို အမှတ်ရသည်။ ကျင်းများထဲတွင် အရိုးဆွေးစပြုနေပြီဖြစ်သည့် ကျဆုံးသွားသော

ပြည်နယ်၏

သားကောင်းလူငယ်များကို

အမှတ်ရသည်။

တစ်ခါက

သူကိုယ်တိုင်

ထိုသူများအား

အထင်သေးခဲ့ဖူးသည်ကိုပင် မေ့ပျောက်သွားသည်။ စကားလက် စကားမပြောနိုင်။ သို့ရာတွင် မုန်းတီးခြင်း၊ ရွံရှာခြင်း၊ စက်ဆုပ်ခြင်းတို့သည် ရက် ဘတ်တလာကို စိုက်ကြည့်နေသည့် သူ့ မျက်လုံးများထဲတွင် ဝင်းဝင်း တောက်နေသည်။

နောက်ဆုံး စစ်သား အုပ်ထဲတွင် ခပ်သေးသေး ညှက်ညှက် စစ်သားလေး တစ်ယောက် ပါလာသည်။ ရိုင်ဖယ်သေနတ်က

မြေကြီးပင် မလွတ်။ သေနတ်ဒင်သည် မြေကြီးတွင် ဒရွတ်တိုက် လာ၏။ ထိုစစ်သား သေးသေး ညှက်ညှက်ကလေးသည်

402

ရပ်၍ သူ့ရှေ့က တက်သွားသည့် စစ်သားများကို ငေးကြည့်နေသည်။ သူ့မျက်နှာက ပေရေ ညစ်ပတ်နေသည်။ ကိုယ်လုံး ကိုယ်ထည်က စကားလက်၏ ကိုယ်လုံးလောက်သာ ရှိသည်။ အရပ်အမောင်းကလည်း သေနတ်တောင် မလွတ်ချင်။ မျက်နှာတွင် မုတ်ဆိတ်မွေး မရှိ။ ပြောင်တင်းနေသည်။ အသက် ဆယ့်ခြောက်နှစ် လောက်မျှသာ ရှိဦးမည်။ မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးလော၊ စစ်ထဲ လိုက်ပြေးသည့် ကျောင်းသားလေး တစ်ဦးလော။ စကားလက် မဆီမဆိုင် တွေးမိသည်။

ကြည့်နေရင်း စစ်သားလေး၏ ဒူးသည် ပျော့ခွေသွားကာ မြေကြီးပေါ်သို့ လဲကျသွား၏။ ရှေ့ရောက်နေသည့်

စစ်သားနှစ်ယောက်က သူ့ကို လာဆွဲသည်။ တစ်ယောက်က ပိန်ပိန် ရှည်ရှည်၊ မုတ်ဆိတ်မွေးက ရင်ဘတ်ပေါ်သို့ ရောက်နေသည်။ ထိုလူက သူ့သေနတ်နှင့် စစ်သားလေး၏ သေနတ်ကို တစ်ယောက်သို့ လှမ်းပေးကာ စစ်သားလေးကို စွေ့ခနဲ ပါလာအောင် မြှောက်ပြီး ပခုံးပေါ် တင်လိုက်သည်။ စစ်သားလေးကို ထမ်း၍ နောက်က လိုက်သွားသည်။ စစ်သားလေးက ‘အောက်ချပါဗျ၊ ကျွန်တော် လမ်းလျှောက်နိုင်ပါတယ်ဗျ’ ဟု အသံ သဲ့သဲ့ဖြင့် အော်နေသည်။ လူကြီးတွေ အစ ခံရသည့် ကလေး တစ်ယောက်နှင့် တူနေသည်။

မုတ်ဆိတ်နှင့် လူက ဘာမျှ မပြော။ ထမ်းမြဲ ထမ်း၍ လိုက်သွားပြီး လမ်းကွေ့တွင် ပျောက်သွား၏။



ရက် ဘတ်တလာက ဇက်ကို လက်ထဲတွင် စုကိုင်ကာ မလှုပ်မယှက် ထိုင်ရင်း သူတို့ကို ငေးကြည့်နေ၏။ ညိုမှောင်သည့်

သူ့ မျက်နှာသည် စိတ်မကောင်းသည့် အသွင်ပေါ်နေ၏။ ထိုစဉ် ဂျိုးဂျိုး ဂျွမ်းဂျွမ်း မြည်သဖြင့် သစ်သားများ ကျိုးကျလာသံ ကြားရပြီး သူတို့ အရိပ်ခို၍ ရပ်သည့် ကုန်လှောင်ရုံ အမိုးမှ မီးတောက်ကြီးတစ်ခု ခေါင်မိုးပေါ်သို့ ထိုးတက်လာသည်။ မီးတောက်မီးလျှံများသည် သူတို့ခေါင်းပေါ်တွင် တံခွန် ကုက္ကားများသဖွယ် လွင့်နေကြသည်။ မီးခိုးတွေ နှာခေါင်းထဲ ပါးစပ်ထဲ ဝင်ကုန်သည်။ ဝိတ်ကလေးနှင့် ပရဇ္ဇီက မီးခိုး မွှန်သဖြင့် ချောင်း တဟွပ်ဟွပ်ဆိုးနေသည်။ ကလေးငယ်က တရွှီရွှီ မြည်နေသည်။

‘ဗိုလ်ကြီး ဘတ်တလာ၊ ဘာလုပ်နေတာလဲ၊ မြန်မြန် မောင်းလေ’



ရက် ဘတ်တလာက မည်သို့မျှ မပြော။ သစ်ခက်ဖြင့် မြင်းကို တအားလွှဲရိုက်လိုက်သည်။ မြင်းက ဆောင့်ခုန်ပြီး

ပြေးသည်။ မြင်းကို ဒုန်းရိုက်၍ မာရီယက်တာ လမ်းကို ဖြတ်ခဲ့ကြသည်။ သူတို့ရှေ့တွင် လမ်းမ တစ်ဖက်တစ်ချက်မှ အဆောက်အအုံများမှာ မီးဟုန်းဟုန်း တောက်လျက် ရှိပေပြီ။ လမ်းမတစ်လျှောက်သည် မီးတောက် နှစ်ဖက်ကြားတွင် မီး ဥမင်ကြီး သဖွယ် ဖြစ်လျက် ရှိ၏။ ဤ မီးနှစ်မီး ကြားမှ ဖြတ်မောင်းခဲ့ကြသည်။ နေ အစင်းပေါင်း တစ်ဒါဇင်၏ အလင်းရောင်ထက် ထိန်လင်းသော မီးရောင်များကြောင့် ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရ။ အပူရှိန်ကြောင့် သူတို့ တစ်ကိုယ်လုံး ပူလျက်ရှိ၏။ မီးဝါးသံ၊ မီးလောင်သံ၊ ဂျိုးဂျိုး ဂျွမ်းဂျွမ်း မြည်သံများသည် ဆူညံနေသည်။ မီးတောက် နှစ်ဖက်ကြားတွင် လှည်းကို ဖြတ်မောင်းနေရသည်မှာ တစ်ကမ္ဘာလောက် ကြာသည်ဟု ထင်ရ၏။ နောက်ဆုံးတွင် အမှောင်ထဲသို့ ရုတ်တရက် ရောက်လာကြသည်။

လမ်းမဆုံးလျှင် မီးရထားသံလမ်းကို ကျော်လိုက်သည်။ ရက် ဘတ်တလာကမူ တစ်လမ်းလုံး မြင်းကို သစ်ခက်ဖြင့်

တရွှမ်းရွှမ်း မြည်အောင် ရိုက်လာသည်။ သူ့မျက်နှာသည် တင်းမာခက်ထန်လျက် ရှိ၏။ ကျယ်ပြန့်သည့် ပခုံးကို ကျုံ့ကာ ရှေ့သို့ ကိုင်းထားသည်။ မေးရိုးကြီးများသည် ထင်းထင်း ပေါ်နေကြသည်။ မီးအပူရှိန်ကြောင့် ချွေးများသည် သူ့မျက်နှာပေါ်သို့ စီးကျနေကြ၏။ သို့ရာတွင် ချွေးများကို သုတ်ပစ်ခြင်း မပြု။

ရက် ဘတ်တလာက လှည်းကို လမ်းကြားလေး တစ်လမ်းထဲသို့ ချိုးကွေ့လိုက်သည်။ နောက်တစ်လမ်းကို ချိုးပြန်သည်။

403

သို့ဖြင့် လမ်းကျဉ်းကလေးများကို တစ်လမ်းပြီးတစ်လမ်း ကွေ့လာခဲ့လေရာ မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် စကားလက် မမှတ်မိတော့။ မီးဝါးသံများမှာ နောက်တွင် တဖြည်းဖြည်း ဝေး၍ ကျန်ရစ်ခဲ့လေပြီ။ ရက် ဘတ်တလာက စကားတစ်ခွန်းမျှ မပြောသေး။ မြင်းကို မှန်မှန် ကြိမ်ရိုက်၍ မောင်းလာသည်။ ကောင်းကင်မှ မီးရောင်လည်း တဖြည်းဖြည်း မှိန်သွားကာ လမ်းက မှောင်လာသည်။ မှောင်လွန်းသဖြင့် စကားလက် ကြောက်လန့်နေသည်။ အကြောက် ပြေလို ပြေငြား ရက် ဘတ်တလာ စကားပြောသံကို ကြားချင်နေသည်။ သရော်သည့် စကားမျိုးဖြစ်စေ၊ သူ့ကို လှောင်ပြောင်သည့် စကား၊ စော်ကားသည့်စကားပင် ဖြစ်စေကာမူ သူ့အသံကို ကြားရလျှင် အကြောက်ပြေလိမ့်မည်ဟု စကားလက် ထင်နေသည်။

သို့ရာတွင် စကားပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ ရက် ဘတ်တလာ ရှိနေသည့်အတွက်မူ အားရှိသည်။

သူ့အနားတွင် မားမားမတ်မတ် ယောက်ျားတစ်ယောက် ရှိနေခြင်း၊ မှီခို တွယ်တာစရာ ယောက်ျားတစ်ယောက် ရှိနေခြင်း၊ ကိုင်တွယ် အားထား စရာ ကျစ်လျစ် တောင့်တင်းသည့် လက်မောင်းများ ရှိသည့် ယောက်ျားတစ်ယောက် ရှိနေခြင်း အတွက် စကားလက် ဝမ်းသာသည်။ အန္တရာယ် အသွယ်သွယ်ကို ကာကွယ်ပေးမည်ဟု စကားလက် ယုံသည်။

စကားလက်က ရက် ဘတ်တလာ၏ လက်မောင်းကို ကိုင်လိုက်ရင်း



‘ဗိုလ်ကြီး ဘတ်တလာ ရှိပေလို့သာပဲ နော်၊ မရှိရင်တော့ ကျွန်မတို့ ဘယ်လိုများ ဖြစ်မလဲ မသိဘူး၊ ဒီလိုဆိုတော့လည်း

ရှင် စစ်တပ်ထဲ မဝင်တာ စကားလက်တို့ အဖို့ ခပ်ကောင်းကောင်း ဖြစ်နေတာပေါ့’

ရက် ဘတ်တလာက သူ့ကို လှည့်၍ ကြည့်သည်။ သူ့အကြည့်က ထူးဆန်းနေသည်။ ထို့ကြောင့် စကားလက်

သူ့လက်မောင်းကို ကိုင်ထားရာမှ လွှတ်ကာ အသာကုပ်နေသည်။ သူ့ မျက်လုံးများတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင် မရှိတော့။ တစ်စုံ တစ်ရာကို ဒေါသထွက် နာကြည်းနေဟန် ရှိသည်။ နှုတ်ခမ်းကို မဲ့ကာ တစ်ဖက်သို့ လှည့်သွားသည်။ တစ်လမ်းလုံး တိတ်ဆိတ်လာကြ၏။ ကလေးငယ်၏ ငိုသံနှင့် ပရဇ္ဇီ၏ တရှူးရှူးနှင့် အသက်ရှူသံကိုသာ ကြားရသည်။ စကားလက် တရှူးရှူးအသံကို နားကြားပြင်းကတ်လာသည်။ ထို့ကြောင့် စကားလက် နောက်သို့ လှည့်ကာ ဆွဲဆိတ်လိုက်သည်။ ပရဇ္ဇီသည် တစ်ချက်မျှ လန့်၍ အော်ပြီးနောက် တိတ်ဆိတ်သွား၏။

ရက် ဘတ်တလာက လမ်းကို ချိုးကွေ့လိုက်ကာ ပေတစ်ရာ လမ်းမကြီးပေါ်သို့ ပြန်တက်လိုက်၏။ အိမ်များသည်

အဝေးတွင် ကျန်ရစ်ခဲ့ကြသည်။ တောက တဖြည်းဖြည်း နက်လာကာ သစ်ပင်များသည် သူတို့တစ်ဖက်တစ်ချက်တွင် နံရံကြီးသဖွယ် ဖြစ်နေ၏။

‘မြို့ပြင်တော့ ရောက်လာပြီ’ ရက် ဘတ်တလာက ဇက်ကို ဆွဲရင်း ပြောသည်။ ‘ဒါ ကျောက်စရစ်ကုန်းဘက်ကို သွားတဲ့

ပေတစ်ရာပဲ’

‘အို၊ မရပ်နှင့်လေ၊ ဗိုလ်ကြီး ဘတ်တလာ၊ မြန်မြန် မောင်းမှပေါ့’



‘မြင်းလေး အမော ဖြေပါစေဦးကွယ်’ ရက် ဘတ်တလာက သူ့ဘက်သို့ လှည့်ပြီး တစ်လုံးချင်း ပြောနေသည်။ ‘နေပါဦး

စကားလက်၊ မင်း ဒီ မဟုတ်တယုတ်တွေကို တကယ် လုပ်တော့မှာလား’

‘ဘာကိုလဲ’

404



‘မြိုင်သာယာကို တကယ် ပြန်မှာလား၊ ပြန်ရင်တော့ မင်းလည်ပင်းကို မင်း ကြိုးကွင်း စွပ်တာနှင့် အတူတူပဲ၊ ရှေ့မှာ

ဗိုလ်ချုပ်လီးရဲ့ မြင်းတပ်ကြီးနှင့် ယန်ကီ စစ်တပ်ကြီး ရှိနေတယ်၊ မင်း မြိုင်သာယာကို ပြန်မရောက်ဘူး၊ စိတ်ချ’

ဘုရား ဘုရား။ ရက် ဘတ်တလာသည် သူ့ကို အိမ်သို့ ပြန်မပို့တော့ပြီလော။ တစ်နေကုန် အပင်ပန်းခံ၍ လိုက်လာပြီးမှ

တခြားသို့ သွားရတော့မည်လာ။

‘ပြန်ရမယ် ဗိုလ်ကြီး ဘတ်တလာ၊ စကားလက် မပြန်လို့ မဖြစ်ဘူး၊ မြန်မြန်မောင်းပါ၊ မြင်းက သိပ်မမောသေးဘူး

မဟုတ်လား’

‘နေပါဦးလေ၊ ဖြည်းဖြည်းပေါ့၊ ဒီလမ်းအတိုင်း ဂျုန်းဘာရိုကို သွားလို့ မရဘူး၊ ရထားလမ်းအတိုင်းလည်း လိုက်လို့

မဖြစ်ဘူး၊ ကျောက်စရစ်ကုန်း ရွာတောင်ဘက်က စပြီး မီးရထားလမ်း တစ်လျှောက်မှာ တစ်နေကုန် တိုက်ပွဲတွေ ဖြစ်နေတယ်၊ တခြားလမ်း သိသေးသလား၊ ဂျုန်းဘာရိုနှင့် ကျောက်စရစ်ကုန်းကို ကွင်းပြီး သွားတဲ့လှည်းလမ်းတို့ တောလမ်းတို့ ဆိုပါတော့’

‘သိတော့ သိတယ်’ စကားလက် စိတ်သက်သာရာ ရသွားသည်။ ‘ကျောက်စရစ်ကုန်းနား မရောက်ခင်မှာ ဂျုန်းဘာရို

သွားတဲ့ ပေတစ်ရာ လမ်းမကြီးက ခွဲထွက်သွားတဲ့ လှည်းလမ်းကလေး တစ်ခုရှိတယ်၊ ကွေ့ပတ်မောင်းပြီး တော်တော်ဝေးဝေးကျမှ ပေတစ်ရာနှင့် ပြန်ဆုံတယ်၊ ဖေဖေနှင့် စကားလက် မြင်းစီးနေကျ၊ မက္ကင်တော့တို့ ယာတောစပ် ရောက်တော့ ပေတစ်ရာနှင့် ပြန်ဆုံတယ်၊ အဲဒီ လမ်းဆုံနှင့်ဆိုရင် မြိုင်သာယာကို တစ်မိုင်လောက်ပဲ ဝေးတော့မယ်’

‘ကောင်းပြီလေ၊ ဒီလိုဆိုရင် မင်း ကျောက်စရစ်ကုန်းကို ကွေ့ပြီး မောင်းလို့ရနိုင်တယ်၊ ညနေစောင်းထိတော့

ဗိုလ်ချုပ်လီးရဲ့ တပ်တွေ ရှိသေးတယ်၊ ဆုတ်နေတဲ့ တပ်တွေအတွက် လမ်းကို ထိန်းပေးထားတယ်၊ ယန်ကီတွေတော့ ရောက်ဦးမယ် မထင်ပါဘူး၊ ဗိုလ်ချုပ်လီးရဲ့တပ်တွေက မင်း မြင်းလှည်း မသိမ်းရင် မင်း ဖြတ်သွားလို့ ရပါသေးတယ်’

‘ဘာ၊ စကားလက် ဖြတ်သွားရမယ် မဟုတ်လား’



‘ဟုတ်တယ်၊ မင်း ဖြတ်ရမှာ’



‘ဟင်၊ စကားလက်တို့ကို လိုက်မပို့တော့ဘူးလား’



‘မပို့တော့ဘူး၊ ကျုပ် ဒီမှာနေရစ်ခဲ့တော့မယ်’



စကားလက် မျက်လုံးပြူး မျက်ဆံပြူးဖြင့် မည်းမှောင်နေသည့် ကောင်းကင်ကို မော့ကြည့်သည်။ အကျဉ်းထောင်

နံရံကြီးများလို ကာဆီးထားသည့် လမ်းဘေးတစ်ဖက်တစ်ချက်က တောအုပ်ကြီးကို ကြည့်သည်။ ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်နေသည့် လှည်းနောက်ပိုင်းက ပရဇ္ဇီတို့ တစ်တွေကို ကြည့်သည်။ ထို့နောက် ရက် ဘတ်တလာကို ကြည့်သည်။ မိမိပင် ရူးသွားပြီလော။ သူ ပြောသည့်စကားကို တလွဲ ကြားနေသည်လော။

ရက် ဘတ်တလာက ပြုံးနေသည်။ ကြယ်ရောင် ဝိုးဝါး အောက်တွင် ဖြူဖွေးသည့် သူ့သွားများကို မြင်ရသည်။

လှောင်ပြောင် သရော်သည့် အရိပ်အယောင်သည် သူ့မျက်လုံးများတွင် ပြန်ပေါ်လာသည်။

405



‘စကားလက်တို့ကို ဒီမှာ ထားခဲ့မယ် ဟုတ်လား၊ ဒါဖြင့် ရှင်က ဘယ်သွားမှာလဲ’



‘ကျုပ် စစ်တပ်နှင့် လိုက်သွားတော့မယ်’



စကားလက် စိတ်ရှုပ်ရှုပ်ဖြင့် သက်ပြင်းချသည်။ ဤလို အချိန်တွင် ရက် ဘတ်တလာသည် အဘယ့်ကြောင့်

နောက်ပြောင်နေသနည်း။ စစ်တပ်ထဲသို့ လိုက်မည်ဟု ပြောနေပြီ။ စစ်သားဆိုသည်မှာ ခေါင်းဆောင်တို့ အပြောကောင်းသဖြင့် ကိုယ့်အသက်ကို အသေခံကြသည့် လူမိုက်များဟု သူပင် ပြောခဲ့သည် မဟုတ်လော။ သူလိမ္မာ ပိုက်ဆံရှာ၍ လူမိုက် စစ်တိုက်သည်ဟု သူ ပြောခဲ့သည် မဟုတ်လော။

‘စကားလက်ကို ခြောက်လှန့်မနေပါနှင့် ရှင်၊ မောင်းမှာ မောင်းစမ်းပါ’



‘ကျုပ် နောက်နေတာ မဟုတ်ဘူး ကလေးမ၊ တကယ်ပြောနေတာ၊ ပြည်နယ်အတွက် အသက်စွန့်ပါ့မယ်လို့

ပြောနေတာကို မလုပ်ပါနှင့်လို့ တားနေတာကတော့ ဘယ်ကောင်းမလဲ၊ မင်းပဲ ပြည်နယ်ချစ်စိတ် ရှိတယ်ဆို၊ ကြီးမြတ်တဲ့ အရေးတော်ပုံကြီးဆို၊ ခုတော့ မင်းရဲ့ ပြည်နယ်ချစ်စိတ် ဆိုတာတွေ ဘယ်ရောက်ကုန်ပြီလဲ၊ ကဲ ပြောလေ၊ ပြည်နယ်အကျိုးအတွက် ကျုပ် တာဝန်ယူရမှာလား မယူရဘူးလား မင်း ပြောရမယ့် အလှည့်ပဲ၊ ဒါပေမယ့် သိပ်တော့ အချိန် မရှိဘူးကွယ့်၊ မြန်မြန်ပြော၊ စစ်ထွက်မယ့် သူရဲကောင်း ကျုပ်ကလည်း စစ်ထွက် မိန့်ခွန်းလေး ဘာလေး ပြောရဦးမယ်၊ ဟဲဟဲ’

သူ့အသံ ဝဲဝဲက စကားလက် နားကို ကလိနေသည်။ ရက် ဘတ်တလာ သူ့ကို သရော်နေသည်။ သူ့ကိုယ်သူလည်း

ပြန်သရော်နေသည်ဟု စကားလက် ထင်သည်။ ရက် ဘတ်တလာ ဘာတွေ လျှောက်နေပြာနေသနည်း။ ပြည်နယ် ချစ်စိတ်၊ ပြည်နယ် အကျိုး၊ သူရဲကောင်းဆိုသည့် စကားတွေကို ပြောနေပြီ။ စိတ်ထဲက ရှိ၍ ပြောခြင်း မဖြစ်နိုင်။ မှောင်ကြီးမည်းမည်း တောလမ်းပေါ်တွင် သေလုမျောပါး မိန်းမတစ်ယောက်၊ မွေးကင်းစ ကလေးလေးတစ်ယောက်၊ ထူအ ထုံထိုင်းသည့် ကပ္ပလီမလေး

တစ်ယောက်၊

ထိတ်လန့်နေသည့်

ကလေးတစ်ယောက်နှင့်

သူ့ကို

ထားပစ်ခဲ့တော့မည်။

သူတို့ကို

စစ်မြေပြင်ထဲသို့ ဖြတ်၍ ခေါ်သွားရန် သူ့ကို ထားပစ်ခဲ့တော့မည်။ ယန်ကီတွေ၊ တပ်ပြေးတွေနှင့် အခြား မသိနိုင်သည့် အန္တရာယ် အသွယ်သွယ်များထဲတွင် ထားပစ်ခဲ့တော့မည်ဟု ပေါ့ပေါ့တန်တန် ပြောနေပြီ။ ကလေး ကစားသည့်နှယ် ပြောနေပြီ။ ဤသည်ကို စကားလက် မယုံနိုင်။

သူ ငယ်ငယ် ခြောက်နှစ်သမီးလောက်က သစ်ပင်ပေါ်မှ မှောက်လျက် လိမ့်ကျဖူးသည်။ ရင်အောင့်ကာ တော်တော်နှင့်

အသက်မရှူနိုင်။ ယခု ဤဝေဒနာမျိုးကို စကားလက် ခံစားနေရသည်။ စကားလက် ရက် ဘတ်တလာကို ကြည့်ရင်း အသက်မရှူနိုင်။ မူးဝေ နောက်ကျိကာ ရင်ထဲတွင် နင့်နေသည်။

‘ဗိုလ်ကြီး ဘတ်တလာ၊ ရှင် နောက်နေတာလား ဟင်’



စကားလက်က သူ့လက်မောင်းကို ကိုင်လှုပ်နေသည်။ မျက်ရည်ပေါက်များက သူ့လက် သူ့ လက်ကောက်ဝတ်ပေါ်သို့

ကျလာကြ၏။ ရက် ဘတ်တလာက သူ့လက်ကို မြှောက်ကာ နောက်သလိုလိုဖြင့် ရွှတ်ခနဲ နမ်းလိုက်သည်။

‘မင်းဟာ ခုထက်ထိ တစ်ကိုယ်ကောင်း ဆန်တုန်းပဲကိုး၊ မင်း ခန္ဓာကိုယ်ပေါ်က အရေပြားလေး ထိခိုက်မှာလောက်ကိုပဲ

ကြည့်တယ်၊ ပြည်နယ်အကျိုးကို ဘာမှ မကြည့်တော့ဘူး၊ ခုလို နောက်ဆုံးအချိန်မှာ ကျုပ် ရောက်သွားရင် ပြည်နယ်တပ်တွေ

406

ဘယ်လောက် အားတက်သွားကြမလဲ၊ မင်း စဉ်းစားကြည့်စမ်း’

သူ့အသံက လှောင်သံ ပါနေသည်။



‘ဗိုလ်ကြီး ဘတ်တလာ၊ ရှင် ဘယ်လို လုပ်တာလဲ ဟင်၊ ဘာဖြစ်လို့ တောကြီးမျက်မည်းထဲ ထားပစ်ခဲ့ရတာလဲ’



စကားလက် ငိုသည်။



‘ဘာဖြစ်လို့ရမလဲ’ ရက် ဘတ်တလာက ခပ်လှောင်လှောင် ရယ်လိုက်၏။ ‘တောင်ပိုင်းသား ပီပီ စိတ်ရူးပေါက်သွားလို့

ဖြစ်ချင် ဖြစ်မှာပေါ့၊ ဒါမှ မဟုတ်လည်း ကျုပ်ကိုယ်ကျုပ် ရှက်သွားလို့ ဖြစ်မှာပေါ့၊ ကျုပ်လည်း သေသေချာချာတော့ မသိဘူး’

‘ရှင့်ကိုယ်ရှင် ရှက်တယ် မဟုတ်လား၊ ဟုတ်တယ်၊ ရှင်ဟာ ရှက်တတ်ရင် ရှက်ပြီး လဲသေဖို့တောင် ကောင်းတယ်၊

စကားလက်တို့ မိန်းမသားတွေကို အားကိုးရာမဲ့ စွန့်ပစ်ထားခဲ့ပြီး’

‘ဒီမှာ မိန်းကလေး၊ မင်းမှာ အားကိုးရာမဲ့ မဟုတ်ပါဘူး၊ မင်းလောက် ခေါင်းမာပြီး မင်းလောက် တစ်ကိုယ်ကောင်းဆန်တဲ့

လူမျိုးဟာ ဘယ်တော့မှ အားကိုးရာမဲ့ မဖြစ်ဘူး၊ ယန်ကီတွေ မင်းကို ဖမ်းသွားရင် အဲဒီ ယန်ကီတွေ တော်လို့ မဟုတ်ဘူး၊ သူတို့ကို ဘုရားမလို့ ဖြစ်မှာ’

ရက် ဘတ်တလာက ရုတ်တရက် လှည်းပေါ်မှ ခုန်ဆင်းလိုက်၏။ စကားလက်က တအံ့တဩ သူ့ကို ကြည့်နေသည်။

ရက် ဘတ်တလာသည် လှည်းဦးမှ ကွေ့၍ စကားလက်ဘက်သို့ ရောက်လာသည်။

‘ကဲ ဆင်း’



သူက အမိန့် ပေး၏။ စကားလက် သူ့ကို စိုက်ကြည့်နေသည်။ ရက် ဘတ်တလာက စကားလက်ကို ခပ်ကြမ်းကြမ်း

လှမ်းဆွဲလိုက်ပြီး ချိုင်းနှစ်ဖက်မှ မကာ သူ့ကို အောက်သို့ ချလိုက်သည်။ ထို့နောက် လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲကာ လှည်းနှင့် ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားသည်။ ကျောက်စရစ်ခဲလေးတွေ ဖိနပ်ထဲ လာညပ်သဖြင့် စကားလက် ခြေထောက်တွေ နာကုန်သည်။ ညက တိတ်ဆိတ် ပူနွေး၍ မည်းမှောင်နေသည်။

‘မင်း ကျုပ်ကို စိတ်ဆိုးချင်ဆိုး မဆိုးချင် နေ၊ ကျုပ် ဘာမှ မပြောလိုဘူး၊ မင်း ကြိုက်သလို ထင်နိုင်တယ်၊ ကျုပ်

ဒီလိုလုပ်ရတာ ကျုပ်ကိုယ်တိုင် နားလည်း မလည်ဘူး၊ ခွင့်လည်း မလွှတ်နိုင်ဘူး၊ ဒါပေမယ့် ကျုပ် ဒီလိုပဲ လုပ်ရမှာပဲ၊ တကယ် အရေးကြီးလာတော့ ကျုပ် စိတ်ထဲမှာ ယားနေတယ်၊ ကျုပ်တို့ တောင်ပိုင်းမှာ ခု လူလိုနေတယ်၊ လူတိုင်း စစ်တိုက်ဖို့ လိုနေတယ်၊ ကျုပ်တို့ရဲ့ သူရဲကောင်း အာဇာနည်ကြီး ဘုရင်ခံ ဘရောင်းကလည်း ပြောခဲ့တယ် မဟုတ်လား၊ ထားပါလေ၊ ဒါက အရေးမကြီးပါဘူး၊ ကျုပ် ပြောချင်တာက ကျုပ် စစ်ထဲ လိုက်သွားတော့မယ် ဆိုတာပဲ’

ရက် ဘတ်တလာက ရုတ်တရက် ရယ်လိုက်၏။ သူ့ ရယ်သံသည် မည်းမှောင်နေသည့် တောအုပ်ထဲတွင်

ပဲ့တင်ထပ်သွားသည်။

‘ပြည်ထဲရေးထက် လွမ်းရေးခက်၏ ဆိုတဲ့ စကားရှိတယ်၊ တော်တော်လှတဲ့ စကားလေးပဲ၊ မလှဘူးလား၊ ကျုပ်အဖို့တော့

407

ဒီ စကားလေးဟာ သိပ် မှန်တာပဲ သိလား၊ အနည်းဆုံး ခု အချိန်ထိပေါ့လေ၊ ဟုတ်တယ်၊ ပြည်ထဲရေး ဘယ်လောက်ပဲ ခက်ခက် အချစ်ရေးလောက်တော့ မခက်ဘူး၊ ဒီစကားဟာ ခု အချိန်မှာ ကျုပ်အတွက် မှန်နေတယ်၊ ဘာဖြစ်လို့လဲ သိလား၊ ကျုပ် မင်းကို ချစ်နေလို့၊ ဆင်ဝင်အောက်မှာ တစ်ညတုန်းက ကျုပ် ဘယ်လိုပဲ ပြောခဲ့ ပြောခဲ့ တကယ်က ကျုပ် မင်းကို ချစ်နေတယ်၊ သိလား’

သူ့ အသံဝဲဝဲက နားထောင်ကောင်းသည်။ သူ့လက်များက ဟာလာဟင်းလင်း ဖြစ်နေသည်။ စကားလက်၏

လက်မောင်းများကို ပွတ်သပ်နေသည်။ လက်များက သန်မာ ပူနွေးနေသည်။

‘ကျုပ် မင်းကိုချစ်တယ်၊ မင်းနှင့်ကျုပ်က တော်တော်တူတယ်၊ နှစ်ယောက်စလုံး ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း၊ ခပ်မိုက်မိုက်

ခပ်ပေပေတွေချည်းပဲ၊ ပြီးတော့ နှစ်ယောက်လုံး တစ်ကိုယ်ကောင်း ဆန်တယ်၊ ကမ္ဘာကြီး တစ်ခုလုံး မီးလောင်နေပေ့စေ၊ ကိုယ် ချမ်းသာရင် ကိုယ်လွတ်ရင် ပြီးရော၊ ဂရုမစိုက်ဘူးဆိုတဲ့ လူမျိုးတွေ’

အမှောင်ထဲတွင် သူ့အသံကို တတွတ်တွတ်ကြားနေရသည်။ သို့ရာတွင် စကားလက် ကောင်းကောင်းနားမလည်။

သူ့ကို ရက် ဘတ်တလာက ထားပစ်ခဲ့တော့မည်ဆိုသည့် အချက်ကိုသာ တွေးနေသည်။ ‘သူ ငါ့ကို ထားပစ်ခဲ့တော့မယ်၊ ငါ့ကို ထားပစ်ခဲ့တော့မယ်’ ဟု စိတ်ထဲက ဆိုသည်။ မည်သည့် ခံစားချက်မျှ မရှိ။

သူ့လက်မောင်းများက သူ့ခါးနှင့် ပခုံးကို လာ၍ ရစ်ပတ်ကြ၏။ တောင့်တင်းသည့် သူ့ပေါင်သားများက သူ့ကိုယ်လုံးကို

ထိကာ သူ့အင်္ကျီကြယ်သီးက ရင်ညွန့်ထဲသို့ တိုးဝင်နေသည်။ ကြောက်စိတ်၊ မဝေခွဲနိုင်သည့်စိတ်သည် သူ့တစ်ကိုယ်လုံးကို လွှမ်းသွားကာ အချိန်၊ နေရာ၊ ပတ်ဝန်းကျင် စသည်တို့ကို မေ့သွား၏။ သူ့လက်ထဲတွင် စကားလက်သည် အဝတ်ရုပ်ကလေး တစ်ရုပ်သဖွယ် ပျော့ခွေ ကျသွားသည်။ သူ့ကို ပွေ့ကိုင်ထားသည့် လက်မောင်းများကြားတွင် သာယာနေသည်။

‘ဆင်ဝင်အောက် တစ်ည စကားပြောခဲ့တုန်းက ကျုပ် ပြောခဲ့တာ မှတ်မိသေးလား၊ အန္တရာယ်တို့ သေဘေးတို့ကို

ရင်ဆိုင်ရတာလောက် ပျော်စရာ ကောင်းတာမရှိဘူး ဆိုတာလေး၊ မင်း လက်ခံတယ် မဟုတ်လား၊ ကဲ ပြည်နယ် အကျိုးကို ကြည့်ပါကွယ်၊ စစ်မြေပြင်သွားပြီး သေရမယ့်စစ်သား တစ်ယောက်ကို ပျော်ပျော်သေရအောင် ကူညီတာဟာ ကုသိုလ် ရပါတယ်’

ရက် ဘတ်တလာက စကားလက်ကို နမ်းနေသည်။ မုတ်ဆိတ်မွေးတွေများက သူ့နှုတ်ခမ်းကို လာ၍ ကလိနေသည်။

ပူနွေးသော နှုတ်ခမ်းများဖြင့် နမ်းနေသည်။ သူ့ နမ်းပုံက တစ်ညလုံး အချိန်ရသည့်နှယ် စိမ်ပြေနပြေ။ အေးအေးဆေးဆေး။ ချားလ်ပင် ဤသို့ မနမ်းဖူးခဲ့။ ဘရင့်တို့ အမြွှာ ညီအစ်ကိုနှင့် ကိတ် ကားလ်ဗတ်တို့ နမ်းပုံကလည်း ဤသို့ သည်းဖို ရင်လှိုက် ဖြစ်ကာ ပျော့ခွေ တုန်ယင်နေအောင် နမ်းပုံမျိုး မဟုတ်။ ရက် ဘတ်တလာက စကားလက် ကိုယ်ကို နောက်သို့ တွန်းလိုက်ကာ လည်ပင်း တစ်လျှောက်ကို နမ်းသည်။ ထိုမှ ရင်ထိုးတွယ်ထားရာ ရင်ညွန့်အထိ ဆင်းလာသည်။

‘မွှေးလိုက်တာ၊ မွှေးလိုက်တာ’



ရက် ဘတ်တလာက ခပ်တိုးတိုး ရွတ်နေသည်။ အမှောင်ထဲတွင် လှည်းကို ခပ်ရေးရေး မြင်ရ၏။ ဝိတ်ကလေး၏

ငိုသံကို ကြားရသည်။

‘မေမေ၊ သားသား ကြောက်တယ်’

408



လှုပ်ရှား မည်းမှောင်နေသည့် သူ့စိတ်သည် တည်ငြိမ်လာကာ သူ့အခြေအနေကို သူ ပြန်သတိရလာသည်။

သူလည်း ကြောက်နေသည်။ ရက် ဘတ်တလာ သူတို့ကို ထားခဲ့တော့မည်။ လူဆိုး၊ လူယုတ်မာက သူတို့ကို ထားခဲ့တော့မည်။ ဤအန္တရာယ်တွေကြားထဲတွင် လမ်းလယ်ကောင် ရပ်ကာ သူ့ကို စော်ကား မော်ကား ပြောခဲ့သည်။ မုန်းတီးခြင်း၊ ဒေါသ ထွက်ခြင်း စသည်တို့သည် သူ့ရင်နှင့် အပြည့် ဖြစ်လာ၏။ စကားလက်က သူ့လက်ထဲမှ တစ်ချက်တည်း ဆောင့်ရုန်းထွက်လိုက်သည်။

‘ရှင် လူယုတ်မာ’



စကားလက် သူ့ကို ပက်ပက်စက်စက် ပြောရန် စကားလုံး ရှာသည်။ လင်ကွန်းကို ဖေဖေ ခေါ်သည့် နာမည်တွေ၊

လားတွေကို ဖေဖေ ဆဲသည့် စကားလုံးတွေကို စဉ်းစားကြည့်သည်။ သို့ရာတွင် ရှာမရ။

‘လူယုတ်မာ၊ တေလေကြမ်းပိုး၊ အလကားလူ’



ထိုစကားများဖြင့် မလုံလောက်။ သူ့ကို ထို့ထက် ထိခိုက်နာကျင်စေမည့် စကားလုံးများကို ရှာမရသည့် အဆုံးတွင်

စကားလက် လက်ကို လွှဲကာ သူ့ပါးကို အားကုန် ရိုက်ချလိုက်သည်။ သူက နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ပါးကို လက်ဖြင့် ပွတ်နေ၏။

‘အား’



သူက ခပ်တိုးတိုး အော်သည်။ တစ်ယောက်ကို တစ်ယောက် အမှောင်ထဲတွင် မျက်နှာချင်းဆိုင် ရပ်နေကြ၏။ သူ့

အသက်ရှူသံ ပြင်းပြင်းကို ကြားရသည်။ စကားလက် ကိုယ်တိုင်လည်း အဝေးကြီးက ပြေးလာသူလို အသက် မှန်မှန် မရှူနိုင်။

‘လူတွေ ပြောတာ သိပ်မှန်တာပဲ၊ ရှင်ဟာ လူကြီးလူကောင်း မဟုတ်ဘူး’



‘နည်းပါသေးတယ် ကွယ်၊ မလုံလောက်သေးပါဘူး’



ရယ်နေသည်ဟု စကားလက် ထင်သည်။ ထို့ကြောင့် ပို၍ စိတ်ဆိုးလာသည်။



‘သွား၊

ရှင်

မြန်မြန်

သွားတာကောင်းတယ်၊

ရှင့်မျက်နှာကိုလည်း

မကြည့်ချင်တော့ဘူး၊

အမြောက်ဆန်

တည့်တည့်ကျပါစေ၊ အစိတ်စိတ် အမြွှာမြွှာဖြစ် သေပါစေ၊ အသေဆိုးနှင့်’

‘မတော်သေးဘူးလား၊ ဒီလောက်ဆို မင်း စေတနာကို ကျုပ် သဘောပေါက်ပါပြီ၊ စစ်မြေပြင်မှာ ပြည်နယ်အတွက် ကျုပ်

သေသွားရင်သာ မင်း နောင်တ ရနေတာမျိုး မဖြစ်ပါစေနှင့်လို့ ဆုတောင်းပါတယ်’

လှည်းဆီသို့ လှည့်ထွက်သွားရင်း ရယ်သွားသံကို စကားလက် ကြားရ၏။ ရက် ဘတ်တလာက လှည်းဘေးတွင်

ရပ်ရင်း စကား ပြောနေသည်။ သူ့အသံက ပြောင်းသွားပြီ။ ယဉ်ကျေး သိမ်မွေ့ကာ လေးစားစွာ ပြောနေသည့် အသံ ဖြစ်သည်။ မီလာနီနှင့် စကားပြောလျှင် ဤသို့ ပြောမြဲ။

‘မီလာနီ’

409



ပရဇ္ဇီက လှည်းပေါ်မှ အလန့်တကြား ပြန်ထူးသည်။



‘ဗိုလ်ကြီး ဘတ်တလာ၊ မမ တစ်လမ်းလုံး သတိလစ်လာတယ်ထင်တယ်၊ မလှုပ်တော့ဘူး’



‘သေတော့ မသေပါဘူး ထင်ပါရဲ့၊ အသက် ရှူရဲ့လား’



‘ရှူပါတယ်’



‘နေပါစေ၊ ဒီအတိုင်းထားတာ ကောင်းတယ်၊ သတိရနေရင် ဒီလောက် ကြမ်းကြမ်းတမ်းတမ်းကို သူ ခံနိုင်မှာမဟုတ်ဘူး၊

ကောင်းကောင်း ဂရုစိုက်သွားနော် ပရဇ္ဇီ၊ ရော့ နင့်ဖို့ ပိုက်ဆံ၊ ဒီထက်လည်း မအနှင့်တော့၊ ဒီလောက်ဆို တော်ပြီ’

‘ဟုတ်ကဲ့ ဗိုလ်ကြီး၊ ကျေးဇူးတင်ပါတယ်’



‘သွားမယ် စကားလက်’



ရက် ဘတ်တလာက သူ့ဘက်လှည့်၍ ရပ်သည်။ စကားလက်က ဘာမျှ မပြော။ မုန်းတီး စက်ဆုပ်ခြင်းကြောင့်

ဆို့နေသည်။

ကျောက်စရစ်ခဲလေးများ

နင်းသွားသံကို

ကြားရ၏။

ခဏကြာလျှင်

ကျယ်ပြန့်သည့်

သူ့ပခုံးကြီးကို

အမှောင်တွင်မြင်ရသည်။ ထိုနောက် ပျောက်သွားသည်။ အတန်ကြာထိ သူ့ဖိနပ်သံကို ကြားရပြီးနောက် တဖြည်းဖြည်း ဝေး၍ ပျောက်သွားသည်။ စကားလက် လှည်းဆီသို့ လျှောက်လာခဲ့သည်။ ဒူးတွေ တဆတ်ဆတ် တုန်နေသည်။

ရက် ဘတ်တလာ အမှောင်ထဲသို့ အဘယ့်ကြောင့် သွားရသနည်း။ ရူးသွပ်နေသည့် ကန္တာရကြီး တစ်ခုထဲသို့

အဘယ့်ကြောင့် ထွက်သွားရသနည်း။ မိန်းမနှင့် အရက်တွင် ပျော်မွေ့သည့် ရက် ဘတ်တလာ။ စားကောင်းသောက်ဖွယ်နှင့် အိစက် ညက်ညောသည့် အိပ်ရာကို ကြိုက်တတ်သည့် ရက် ဘတ်တလာ။ အဝတ်အစား ကောင်းကောင်းနှင့် ဖိနပ် အကောင်းစားကို နှစ်သက်သည့် ရက် ဘတ်တလာ။ တောင်ပိုင်းကို မုန်း၍ တောင်ပိုင်းအတွက် စစ်တိုက်သူများကို လူမိုက်များဟု လှောင်ခဲ့သည့် ရက် ဘတ်တလာ။ ထို ရက် ဘတ်တလာသည် အဘယ့်ကြောင့် ထွက်သွားရသနည်း။ ယခု ပြောင်လက်သည့် အကောင်းစား ဖိနပ်ကို စီးကာ ငတ်ပြတ်ခြင်း၊ ဒဏ်ရာရခြင်း၊ ပင်ပန်းခြင်း စသည်တို့ ဝံပုလွေအုပ်များကဲ့သို့ သောင်းကျန်းရာ လမ်းမပေါ်သို့ လျှောက်သွားနေပြီ။ ထိုလမ်း၏ အဆုံးတွင် သေမင်းရှိသည်။ သူ သွားဖို့ မလို။ သူ့မှာ လုံလုံခြုံခြုံ ပြည့်ပြည့်ဝဝ။ မတောင့်မတ။ မပူမပင်။ သို့ရာတွင် ယခု ထွက်သွားပြီ။ သူနှင့် မြိုင်သာယာကြားတွင် ယန်ကီ စစ်တပ်ကြီး ခြားနေလျက် သူ့ကို မျက်ကန်း သဖွယ် အမှောင်ထုကြီးထဲတွင် ထားပစ်ခဲ့ပြီ။

သူ့ကို ပက်ပက်စက်စက် ခေါ်စရာ နာမည်များကို ယခုမှ စကားလက် သတိရလာ၏။ သို့ရာတွင် နောက်ကျသွားပြီ။

စကားလက်သည် ငုံ့နေသော မြင်းလည်တံပေါ်တွင် ခေါင်းတင်၍ ငိုမိသည်။

410

၂၄



သစ်ပင်ကြားမှ ဖြာကျလာသည့် နံနက်ခင်း၏ တောက်ပသော ရောင်ခြည်များကြောင့် စကားလက် အိပ်ရာမှ

နိုးလာသည်။ ခွေအိပ်ခဲ့သဖြင့် သူ တစ်ကိုယ်လုံး တောင့်တင်း နေသည်။ မည်သည့် နေရာကို ရောက်နေမှန်း စဉ်းစား၍ မရ။ နေရောင်ကြောင့် မျက်စိတွေ ကျိန်းနေသည်။ မာကျောသည့် လှည်း ကြမ်းခင်းများကြောင့် ကျော တစ်ပြင်လုံး အောင့်နေသည်။ ခြေထောက်ပေါ်တွင် အလေး တစ်ခု ရှိနေသည်။ ထထိုင်ရန် ကြိုးစား ကြည့်၏။ ထိုအခါ သူ့ ပေါင်ပေါ်တွင် ဝိတ်ကလေး ခေါင်းတင်၍ အိပ်နေသည်ကို တွေ့ရသည်။ မီလာနီ၏ ခြေထောက်က သူ့ခေါင်းပေါ် ရောက်နေသည်။ ထိုင်ခုံကြားတွင် ပရဇ္ဇီက ကြောင်နက် တစ်ကောင်လို ခွေအိပ်နေပြီး ကလေးငယ်ကို ပိုက်ထားသည်။

စကားလက် ပြန်မှတ်မိပြီ။ ထထိုင်ကာ ပတ်ပတ်လည်ကို ကြည့်သည်။ ဘုရားသခင် ကျေးဇူးကြောင့် ယန်ကီတို့ကို

မမြင်ရသေး။ သူတို့ ပုန်းသည့် နေရာကို မည်သူမျှ တွေ့ပုံမရ။ ရက် ဘတ်တလာ ပြန်သွားပြီးနောက် ကျောက်တုံးတွေ၊ ချိုင့်တွေ၊ ကျင်းတွေကို ဖြတ်ကာ တဂျုန်းဂျုန်း ဆက်မောင်း လာခဲ့ပုံ၊ လမ်းဘေး ချောက်ကြားထဲ လှည်းချော်ကျခဲ့ပုံ၊ သူနှင့် ပရဇ္ဇီတို့ နှစ်ယောက်သား လှည်းကို ကြောက်ကြောက်ဖြင့် လမ်းပေါ်သို့ ပြန်တင်ခဲ့ရပုံတို့ကို အမှတ်ရသည်။ (ရန်သူလော မိတ်ဆွေလော မသိ) စစ်သားတွေ အသံ ကြားတိုင်း ပေကတ်ကတ် မြင်းကို လယ်ကွင်းတွေ တောအုပ်တွေ ထဲသို့ အတင်း မောင်းခဲ့ရပုံ၊ ဝိတ်ကလေး၏ ငိုသံ၊ ကလေးငယ် ငိုသံ၊ ချောင်းဆိုးသံတို့ကို စစ်သားတွေများ ကြားမည်လောဟု တထိတ်ထိတ် ဖြစ်ခဲ့ပုံတို့ကိုလည်း အမှတ် ရသည်။

လမ်းက မှောင်မည်းလျက်။ လူတွေက တစ္ဆေ သရဲများလို စကားသံ မပေး။ ဖုတ်တောထဲတွင် ခြေသံ တရှပ်ရှပ်၊

မြင်းဇက်သံ တချွင်ချွင်၊ သားရေသံ တကျွီကျွီဖြင့် ဖြတ်သွားကြပုံ၊ သူတို့ အနီး အမှောင်ထဲမှ မြင်းတပ်များနှင့် အမြောက် လှည်းများ ဖြတ်သွားကြပုံ၊ လက်နှင့် လှမ်းဆွဲလိုက်လျှင်ပင် ထိတော့မလောက် ကပ်နေသဖြင့် အသက်ကိုမျှ ပြင်းပြင်း မရှူရဲဘဲ ကုပ်နေ ခဲ့ရပုံတို့ကို သတိရသည်။

ကျောက်စရစ်ကုန်း ရွာနားသို့ ရောက်သော အခါ စခန်း မီးပုံကလေးများကို တလက်လက် မြင်ရသည်။ ဗိုလ်ချုပ်

လီး၏ နောက်ဖျား တပ်များ ဆုတ်မိန့် စောင့်နေကြခြင်း ဖြစ်သည်။ ထိုအနီးသို့ အရောက်တွင် စကားလက်သည် လှည်းကို လယ်ကွက်ထဲ ချကာ တစ်မိုင်လောက်က ကွင်း၍ မောင်းခဲ့ရသည်။ ထိုနောက် လမ်း ရှာမတွေ့သဖြင့် ငိုသည်။ လမ်းတွေ့သော အခါ မြင်းက မောင်း၍ မရတော့ဘဲ မြေကြီးတွင် ဝပ်နေသည်။ ဆင်း၍ သူနှင့် ပရဇ္ဇီ နှစ်ယောက်သား ပါးချပ် ကြိုးကို ဆွဲသည့်တိုင် မထတော့။

ထို့ကြောင့် မြင်းကို ဖြုတ်ကာ လှည်းနောက်ပိုင်းတွင် ညောင်းညောင်းဖြင့် ဝင်အိပ်သည်။ အိပ်မပျော်ခင် ရေ

တောင်းနေသည့် မီလာနီ၏ အသံ သဲ့သဲ့ကို ကြားရသည်။

`စကားလက်၊ ရေသောက်ချင်တယ်၊ ရေ ဆာတယ်’

411



`မရှိဘူး’



စကားလက် စကားကိုပင် ဆုံးအောင် မထွက်နိုင်။ အိပ်ပျော်သွားသည်။



ယခု

မနက်

လင်းနေပြီ။

ကမ္ဘာ

လောကက

တိတ်ဆိတ်လျက်။

ငြိမ်းချမ်းလျက်။

စိမ်းစိုလျက်။

နေခြည်

ပြောက်ကျားကြောင့် ရွှေရောင် ဝင်းလျက်။ စစ်သား ဟူ၍ မမြင်ရ။ ဆာလည်း ဆာလှပြီ။ ရေလည်း ဆာသည်။ ကိုယ်လက်တွေ ကိုက်ခဲ နာကျင်နေသည်။ အနူးညံ့ဆုံး ငှက်မွေး အိပ်ရာပေါ်တွင် ကတ္တီပါစောင် ခြုံ၍ အိပ်ခဲ့သည့် စကားလက် အိုဟာရာ ဆိုသည့် မိမိသည် ယခု လယ်သူမ တစ်ယောက်လို သစ်သား ကြမ်းခင်းပေါ်တွင် အိပ်နေရပါပကော။

နေခြည်ထဲတွင် မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း မီလာနီကို လှမ်းကြည့်လိုက်သည်။ စကားလက် ပင့်သက် တစ်ချက်

ရှိုက်ကာ လန့်သွားသည်။ မီလာနီက တစ်ချက်မျှ မလှုပ်။ တစ်ကိုယ်လုံး ဖြူရော်လျက်။ အသက် မရှူတော့ဟုပင် စကားလက် ထင်လိုက်သည်။ လူသေနှင့် ဘာမျှ မခြားတော့။ အသက် ကင်းမဲ့နေသည့် အဘွားကြီး တစ်ယောက် သဏ္ဌာန်။ မျက်နှာက ရှုံ့မဲ့ကာ နက်မှောင်သည့် ဆံပင်များက မျက်နှာကို ဖရိုဖရဲ ဖုံးနေသည်။ မျှဉ်းမျှဉ်းကလေး အသက် ရှူနေသည်ကို မြင်သည့် အခါတွင်မှ စကားလက် သက်ပြင်း ချနိုင်တော့သည်။ မနေ့ညက ခရီးကိုတော့ မီလာနီ ကျော်ခဲ့ပြီ။

မျက်လုံးကို လက်ဖြင့် ကာ၍ ပတ်ဝန်းကျင်ကို စကားလက် ကြည့်သည်။ မနေ့ညက သူတို့ အိပ်ခဲ့သည့် နေရာသည်

ခြံဝင်း တစ်ဝင်း၏ရှေ့ သစ်ပင် တစ်ပင် အောက်တွင် ဖြစ်နေသည်ကို တွေ့ရ၏။ ကျောက်စရစ် လမ်းကလေး တစ်ခုက ကွေ့ကောက်၍ ဝင်းဝသို့ ဦးတည် နေသည်။

`ဟောတော့၊ မာလိုရီတို့ ယာတောပါလား’



စကားလက် ရုတ်တရက် ဝမ်းသာသွားသည်။ မိတ်ဆွေများကို တွေ့ရတော့မည်။ အကူအညီ ရနိုင်သည်။



သို့ရာတွင် ယာတော တစ်ခုလုံး သုသာန် တစ်စပြင်လို တိတ်ဆိတ်နေ၏။ အပင်များ၊ မြက်ခင်းများက စိစိညက်ညက်

ကြေနေသည်။ မြေကြီးပေါ်တွင် ခြေထောက်ရာ၊ မြင်းခွာရာ၊ လှည်းဘီးရာတွေ ရှုပ်ယှက်ခတ်၍ ပွာစာကြဲ နေသည်။ အိမ်ထဲသို့ စကားလက် လှမ်းကြည့်၏။ သူ မြင်နေကျ အိမ်ဖြူဖြူကြီးကို မမြင် ရတော့။ မည်းနက် လောင်ကျွမ်း နေသည့် နှမ်းဖတ်ကျောက် အုတ်ခုံကြီးနှင့် မီးလောင်ကျွမ်း ထားသဖြင့် အရွက် ကင်းမဲ့သော သစ်ပင်ခြောက်များထဲသို့ ထိုးထွက်နေသည့် မီးခိုး ခေါင်းတိုင်ကြီး နှစ်တိုင်ကိုသာ မြင်ရတော့သည်။

စကားလက်က ယောင်ယမ်း၍ အသက် ပြင်းပြင်း ရှူလိုက်သည်။ မြိုင်သာယာကိုလည်း ဤအတိုင်း တွေ့ရဦးမည်လော။

မီးလောင်မြေနှင့် သုသာန် တစပြင်လို တိတ်ဆိတ် ငြိမ်သက်ခြင်းမျိုးကို တွေ့ရမည်လော။

`အေးလေ၊ ဒါတွေ ခု မစဉ်းစားသေးပါဘူး’ စကားလက် စိတ်ထဲက ဆိုသည်။ `ဒါတွေကို မစဉ်းစားနိုင်သေးဘူး၊ ခု

စဉ်းစားလိုက်ရင် ကြောက်နေရုံပဲ ရှိမှာပဲ’

သို့ရာတွင် ရင်က တဒိတ်ဒိတ် ခုန်နေသည်။ `အိမ်ကို ပြန်တော့၊ မြန်မြန် ပြန်တော့’ ဟု နှလုံးက မြည်နေသည်။



အိမ် အရောက် ပြန်ရဦးမည်။ သို့ရာတွင် စားစရာနှင့် ရေ လိုသည်။ အထူးသဖြင့် ရေ လိုသည်။ စကားလက် ပရဇ္ဇီကို

412

လှုပ်နှိုးသည်။ ပရဇ္ဇီ နိုးလာကာ ပြူးတူးပြဲတဲဖြင့် ကြည့်နေသည်။

`ဟောတော့ မလေး၊ ကျွန်မက အိမ်ပြန်ရောက် နေပြီ ထင်နေတာ’



`ရောက်လိမ့်ဦးမယ် အားကြီး၊ အဝေးကြီး လိုသေးတယ်’



စကားလက်က ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်များကို လက်ဖြင့် သပ်ချနေသည်။ သူ့ မျက်နှာက အဆီတွေ ပြန်ကာ

တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေသည်။ တစ်ကိုယ်လုံး ပြန်ကာ စေးထန်း ညစ်ပတ်နေသည်။ နံစော်နေသည် ဟုပင် ထင်မိသည်။ အဝတ်အစားများကလည်း တွန့်ကြေ ညစ်ပတ်နေပြီ။ သူ့ တစ်သက်တွင် ဤမျှလောက် တစ်ခါမျှ မပင်ပန်းဖူးခဲ့ဟု ထင်သည်။ တစ်သက်လုံး လှုပ်ရှားခဲ့ခြင်း မရှိသည့် ကြွက်သားများသည် မနေ့ညက ဒဏ်ကြောင့် နာကျင် ကိုက်ခဲ နေကြ၏။ လှုပ်ပင် မလှုပ်ချင်တော့။

မီလာနီကို ငုံ့ကြည့်လိုက်သည့် အခါတွင် မျက်လုံး ဖွင့်နေသည်ကို တွေ့ရသည်။ မျက်လုံးများက လူသေ မျက်လုံးမျိုး။

ထူးထူးခြားခြား တောက်ပနေ ကြသည်။ မျက်ကွင်းတွေက ညိုမည်းလျက်။ ခြောက်သွေ့ အက်ကွဲနေသည့် နှုတ်ခမ်းများကို လှုပ်၍ ရေတောင်းသည်။

`ရေ၊ ရေသောက်ချင်တယ်’



`ဟဲ့ ပရဇ္ဇီ ထစမ်း၊ လာ ရေတွင်း သွားပြီး ရေခပ်ချည်ရအောင်’



`ကြောက်တယ် မလေး၊ စစ်သားတွေ ရှိမယ် ထင်တယ်၊ တွေ့ရင် ဘယ်နှယ်လုပ်မလဲ’



`ဟဲ့ ကောင်မ၊ လှည်းပေါ်က ဆင်းမလား မဆင်းဘူးလား ဟင်’



စကားလက် များများ စကား မပြောချင်။ လှည်းပေါ်မှ ထော့နင်း ထော့နင်းဖြင့် ဆင်းလိုက်သည်။



မြင်းကို ချက်ချင်း အမှတ် ရလိုက်သည်။ မနေ့ညကများ သေသွားပြီလော။ ထမ်းပိုးမှ ဖြုတ်လိုက် ကတည်းက

မြင်း အခြေအနေ သိပ် မကောင်းတော့။ စကားလက် လှည်းကို ကွေ့ကာ မြင်းကို သွားကြည့်သည်။ မြင်းက လဲနေသည်။ မြင်းသေသွားလျှင် သူလည်း ဘုရားသခင်ကို ကျိန်ဆဲကာ သေလိုက်တော့မည်။

လူတစ်ယောက် ဘုရားသခင်ကို ကျိန်ဆဲကာ သေသွားသည်ဟု သမ္မာ ကျမ်းစာထဲတွင် သူ ဖတ်ဖူးသည်။

ဘုရားသခင်ကို ကျိန်ဆဲပြီး သေသွားသည်။ ထိုလူကို စကားလက် ယခုမှ ကိုယ်ချင်းစာမိသည်။ သို့ရာတွင် မြင်းက မသေသေး။ အသက် ပြင်းပြင်း ရှူကာ မျက်လုံးများကို တစ်ဝက် မှိတ်ထားသည်။ မသေသေး။ ရေ တိုက်လိုက်လျှင် ထလာနိုင်သည်။

ပရဇ္ဇီက တကျွတ်ကျွတ် ညည်းကာ လှည်းပေါ်မှ မဆင်းချင် ဆင်းချင် ဆင်းလာပြီး စကားလက် နောက်မှ ခပ်ကုပ်ကုပ်

လိုက်လာသည်။ အဆောက်အအုံ သစ်ပင်အုပ်များ အောက်က အစေခံ တန်းလျားများကလည်း တိတ်ဆိတ်ကာ လူသူ ကင်းမဲ့နေသည်။ အစေခံ တန်းလျားနှင့် အုတ်ခုံပျက် ကြားတွင် ရေတွင်း တစ်တွင်း တွေ့ရ၏။ စက်သီးတွင် ကြိုးတန်းလန်းဖြင့် ရေပုံးက တွင်းထဲ ကျနေသည်။ သူတို့ နှစ်ယောက် ရေဆွဲကြသည်။ စကားလက်သည် အေးမြနေသည့် ရေကို တကျိုက်ကျိုက်

413

မြည်အောင် အငမ်းမရ သောက်သည်။ သူ့ တစ်ကိုယ်လုံးပေါ်သို့ ရေတွေ ရွှဲကျနေသည်။

သောက်လိုက်သည်မှာ တော်တော်နှင့် မဝ။



`မလေး၊ မဝသေးဘူးလား၊ ကျွန်မလည်း ရေငတ်လှပြီ၊ လုပ်ပါဦး’



ထိုအခါမှ အခြားသူအား အလှည့် ပေးရမည်ကို စကားလက် သတိရသည်။



`ရေပုံးကို စက်သီးက ဖြုတ်စမ်းအေ၊ ရေခပ်ပြီး မီလာနီတို့ကို တိုက်၊ ကျန်တာ မြင်းကို တိုက်လိုက်၊ မီလာနီကို ကလေး

နို့တိုက်ခိုင်းဦးမှ ထင်တယ်၊ တော်တော်ကြာ ကလေး ငတ်သေလိမ့်မယ်’

`အို၊ မလေးကလည်း၊ မမက နို့မှ မထွက်တာ၊ တစ်စက်မှတောင် မရဘူး’



`ညည်းက ဘယ့်နှယ်လုပ် သိတာလဲ’



`သူတို့ ကလေး အမေတွေ ကျွန်မ မြင်ဖူးတာ ပေါ့’



`တော်စမ်းပါအေ၊ လာပြန်ပြီလား မနေ့ကလည်း ကလေး မွေးတတ်သလေး ဘာလေးနှင့်၊ ဟုတ်တိပတ်တိ၊ သွား

ရေသွားတိုက်ချည်၊ ငါ စားစရာ တစ်ခု ရှာဦးမယ်’

အတော် ကြာမှ သစ်သီးခြံထဲတွင် ပန်းသီး အချို့ကို သွားတွေ့သည်။ စစ်သားတွေ စခန်း ချသွား သဖြင့် အပင်ပေါ်တွင်

တစ်လုံးမျှ မရှိတော့။ မြေကြီးပေါ်က ပန်းသီးများကလည်း အများအားဖြင့် ပုပ်နေကြပြီ။ ထိုအထဲမှ အကောင်းဆုံးကို ရွေးကောက်၍ ဝတ်စုံထဲသို့ ထည့်ပြီး ပြန်လာခဲ့သည်။ ဖိနပ် ကြားတွင် ကျောက်စရစ်ခဲလုံး ကလေးတွေ ညပ်နေသည်။ ဖိနပ် ကောင်းကောင်းကို မစီးခဲ့မိ။ ဦးထုပ် ကောင်းကောင်း မဆောင်းခဲ့မိ။ စားစရာ တစ်ခုခု ယူမလာခဲ့မိ။ အရူးလို လုပ်ခဲ့သည်။ ရက် ဘတ်တလာကို အားကိုးခဲ့မိပေသကိုး။

ရက် ဘတ်တလာ။ သူ့ နာမည်ကို ကြားရသည်မှာ နားခါးသည်။ ရွံသည်။ ထို့ကြောင့် စကားလက် တံတွေး

ထွေးလိုက်သည်။

သူ့ကို

စကားလက်

မုန်းသည်။

မည်မျှ

စက်ဆုပ်

ရွံရှာဖွယ်

ကောင်းသနည်း။

သို့တိုင်အောင်

လမ်းလယ်ကောင်တွင် ရပ်၍ သူ့အနမ်းကို ခံခဲ့သေးသည်။ သဘောကျခဲ့သလို ဖြစ်ခဲ့သေးသည်။ မနေ့ညက သူ အရူးထခဲ့သည်။ မုန်းစရာ ကောင်းသည့် လူ။ ရွံစရာ ကောင်းသည့် လူ။

လှည်းသို့ ပြန်ရောက်လျှင် ပန်းသီးကို ခွဲဝေပေးပြီး ကျန်ပန်းသီးများကို လှည်းနောက်ဘက်ထဲသို့ ပစ်လိုက်သည်။

မြင်းက ထရပ်နေပြီ။ ရေတိုက် ပြီးသည့်တိုင် လန်းလန်းဆန်းဆန်း ဖြစ်မလာသေး။ နေ့ခင်းတွင် ကြည့်ရသည်က ပိုဆိုး နေသည်။ တင်ပါးရိုးက နွားမ တင်ပါးရိုးလို ငေါထွက်နေ၏။ နံရိုများက ငြမ်းစင်လို အပြိုင်းပြိုင်း။ ကျောကုန်းကလည်း အနာတွေချည်း။ မြင်းကို ထမ်းပိုးတွင် တပ်ရင်း စကားလက် မတို့ချင်အောင် ဖြစ်နေသည်။ ဇက်ခွံ့ရန် ပါးစပ်ကို ဖြဲကြည့်တော့ သွား တစ်ချောင်းမျှ မရှိ။ တောင်ကုန်းများလို အိုမင်းလှပြီ။ ရက် ဘတ်တလာသည် မြင်း တစ်ကောင်ကို ခိုးလာသည့် အတူတူ အဘယ့်ကြောင့် မြင်းကောင်းကို မခိုးခဲ့သနည်း။

414



စကားလက်က ထိုင်ခုံတွင် တက်ထိုင်ကာ မြင်းနံပါးကို နဘူးကြိမ်ဖြင့် ရိုက်သည်။ မြင်းက တရှူးရှူး မြည်၍ ထွက်သည်။

လှုပ်လှုပ်ကလေး သွားနေသည်။ ခြေကျင် ဆင်းလျှောက်လျှင်ပင် သူ့ထက် မြန်လိမ့်မည် ထင်သည်။ မီလာနီ၊ ကလေးလေး၊ ဝိတ်ကလေးနှင့် ပရဇ္ဇီတို့သာ မပါလျှင် မည်မျှ ကောင်းမည်နည်း။ ခြေလျင် ဆင်းပြေးလိုက်ချင်သည်။ မြိုင်သာယာနှင့် မေမေ့ဆီသို့ အမြန် ဆင်းပြေးလိုက်ချင်သည်။

မြိုင်သာယာနှင့် ဆယ့်ငါးမိုင်လောက် ဝေးဦးမည်။ သို့ရာတွင် ဤနှုန်းဖြင့်သာ သွားရလျှင် တစ်နေ့လုံး မောင်းရလိမ့်မည်

ထင်သည်။ မြင်းကို မကြာမကြာ နားပေးရသည်။ နီရဲနေသည့် မြေကြီးနှင့် လှည်းလမ်းကြောင်း နက်နက်များကို စကားလက် ငုံ့ကြည့်မိသည်။ မြိုင်သာယာသည် ဤအတိုင်း ရှိပါဦးမည်လော။ မေမေသည်လည်း ရှိပါဦးမည်လော။ သိချင်လှပြီ။ တစ်နေကုန် သွားရဦးမည်။ ပူပြင်းသည့် စက်တင်ဘာလ နေပူထဲတွင် တစ်နေကုန် သွားရဦးမည်။

နေပူသဖြင့် မျက်လုံးကို မှိတ်လိုက်လာသည့် မီလာနီကို နောက်ပြန် လှည့်ကြည့်သည်။ စကားလက်က သူ့ခေါင်းက

ဦးထုပ်ကို ဖြုတ်ကာ ပရဇ္ဇီထံသို့ လှမ်းပစ်ပေးလိုက်သည်။

`မျက်နှာကို အုပ်ပေးလိုက်စမ်း၊ နေပူ သက်သာ တာပေါ့’



ဦးထုပ် မရှိတော့မှ နေ မည်မျှ ပူသည်ကို ပို သိလာသည်။ `အင်း၊ ငါလည်း ဒီ တစ်နေ မိတာနှင့် ယင်ကြီးဥတွေ

မှဲ့ခြောက်တွေ စွဲတော့မှာပဲ’ ဟု စကားလက် တွေးမိသည်။

သူ့ တစ်သက်တွင် ဦးထုပ်၊ ခေါင်းစည်းပဝါ စသည်တို့ မပါဘဲ နေပူထဲသို့ တစ်ခါမျှ မထွက်စဖူး။ ဖြူဖွေး နုနယ်သော

လက်များ ပွန်းရှခြင်း မရှိအောင် လက်အိတ် မပါဘဲ မည်သည့် အခါမျှ မြင်းဇက်ကို မကိုင်စဖူး။ ယခု လှည်းအို တစ်စီး၌ မြင်းအို တစ်စီးကို တပ်မောင်းကာ နေပူထဲတွင် သွားနေရပြီ။ ညစ်ပတ်လျက်၊ ချွေးသံ စိုရွှဲလျက်၊ ဆာလောင်လျက်။ လူသူ ကင်းသော ကန္တာရ ခရီးကြမ်းတွင် တလှုပ်လှုပ် သွားလျက်။ လုံလုံခြုံခြုံ အေးအေး ဆေးဆေး နေခဲ့ရပြီးနောက် ယခု အခြေသို့ ရောက်ခဲ့သည်မှာ မကြာသေး။ အတ္တလန်တာမြို့ မကျနိုင်ဟု ထင်ခဲ့ပြီးနောက် ဤအခြေသို့ ရောက်လာသည်မှာ မကြာသေး။ လွန်ခဲ့သည့် လေးလလောက်က အနောက်မြောက်ဘက် တစ်ခိုတွင် ပေါ်လာသည့် တိမ်တိုက်ကလေး တစ်ခုသည် လေပွေ လှိုင်းကြီး ဆင်လာကာ မုန်တိုင်းကြီး ဖြစ်လာခဲ့ပြီ။ သူ့ ကမ္ဘာလေးကို တိုက်ခတ်သွားပြီး လုံခြုံ အေးချမ်းသည့် ရိပ်မြုံကလေးမှ သူ့ကို တိုက်ထုတ်ပစ်လိုက်ပြီ။ ကန္တာရ အလယ်သို့ လွင့်သွားအောင် သယ်ဆောင်သွားခဲ့ပြီ။

မြိုင်သာယာသည် ရှိမှ ရှိပါသေး၏လော။ ဤ မုန်တိုင်းကြီးနှင့် အတူ မြိုင်သာယာသည် ပြိုလဲ ပျက်စီး သွားခဲ့ပြီလော။



စကားလက်သည် ခြေကုန်နေသည့် မြင်းကို ကြိမ်ဖြင့် တို့၍ မောင်းသည်။ တကျွီကျွီ မြည်သော လှည်းဘီးများက

အရက် မူးသည့်နှယ် ဒယီးဒယိုင်။ သူတို့ကို လှုပ်ယမ်း ခါပစ်နေသည်။

လေငြိမ်လျက် ရှိ၏။ ဆည်းဆာ နေခြည် ဖျော့ဖျော့တွင် လယ်ကွင်းများ၊ တောအုပ်များသည် စိမ်းစို ငြိမ်သက် နေကြသည်။

ငြိမ်သက် တိတ်ဆိတ်လွန်းသဖြင့် စကားလက် စိမ့်၍ ကြောက်လာသည်။ ထိုနေ့က သူတို့ ဖြတ်လာခဲ့သည့် ယာတဲမှန်သမျှ ကျည်ဆန်ရာတွေ ဗရပွ။ လူသူ ဟာလာဟင်းလင်း။ မီးခိုး ခေါင်းတိုင်တွေက အထီးတည်း။ မီးလောင်ကျွမ်းထားသည့် အပျက်အစီး များကို စန္ဒရီ စောင့်နေကြသည့်ပုံ။ ဤ ရှုခင်းများကြောင့် စကားလက် ပို၍ ကြောက်သွားသည်။ မနေ့ည

415

ကတည်းက အသက် ရှိသည့် လူ တစ်ယောက်မျှ မတွေ့ရသေး။ တိရစ္ဆာန် တစ်ကောင်မျှ မတွေ့ရသေး လူသေကောင်များ၊ မြင်းသေကောင်များ၊ လားသေကောင်များ ကိုသာ လမ်းဘေးတွင် တွေ့ခဲ့ရ၏။ ပုပ်ပွကာ ယင်မည်းကြီးများ အုံလျက်။ သို့ရာတွင် သက်ရှိ သတ္တဝါဆို၍ တစ်ခုမျှ မတွေ့ရသေး။ အုပ်ကွဲနေသည့် နွားအော်သံကို မကြားရ။ ငှက်မြည်သံ မရှိ။ ခြေကျနေသည့် သူတို့ မြင်းခွာသံ ခပ်ကျဲကျဲ။ ကလေးငယ်၏ ငိုသံ သဲ့သဲ့။ ဤအရာများသာ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းနေသည်။

တောတောင် ရှုခင်းသည် ကြောက်စရာ အလှကို ဆောင်နေသည်။ သေငယ်ဇော ပြန်ပြီးနောက် နောက်ဆုံးတွင် လှပ

ငြိမ်သက်သွားသည့် ကျွမ်းဝင် မြတ်နိုးရသော မိခင် တစ်ယောက်၏ မျက်နှာနှင့် တူသည်ဟု စကားလက် ကြောက်ကြောက်ဖြင့် တွေးမိသည်။ တစ်ခါက သူလည်ခဲ့ရာ တောများသည် တစ္ဆေသရဲ တောကြီး ဖြစ်နေလိမ့်မည် ထင်၏။ ဂျုန်းဘာရို တစ်ဝိုက် တိုက်ပွဲတွင် ထောင်ပေါင်းများစွာ ကျဆုံးခဲ့ကြသည် မဟုတ်လော။ လှုပ်ရှားခြင်း မရှိသည့် သစ်ရွက်များ ကြားမှ လျှောကျလာသည့် ဆည်းဆာ နေခြည် ပျပျ မှိုင်းမှိုင်း အောက်က တောအုပ်ထဲမှ တစေ သရဲ ထောင်ပေါင်း များစွာသည် သွေးနီနီ၊ မြေနီနီတို့ လူးလျက် ရှိသည့် မျက်လုံးကြီးများဖြင့် သူ့ လှည်းအိုကလေးကို ကြည့်နေကြလိမ့်မည်။

`မေမေရေ၊ မေမေ’



စကားလက် တိုးတိုး ဆိုမိသည်။ မေမေနှင့် တွေ့ချင်လှပြီ။ ကံကောင်း၍ မြိုင်သာယာသည် နဂို ပကတိ အတိုင်း

မပျက်မစီး ရှိနေသေးလျှင်၊ တောင်တမာပင်တန်းများ ကြားက မောင်း၍ အိမ်ထဲ ရောက်ပြီး မေမေ၏ ကြင်နာသော မျက်နှာကို မြင်လိုက်ရသည် ဆိုလျှင်၊ အကြောက် ဟူသမျှကို ဖယ်ရှားပေးမည့် မေမေ့လက် နူးနူးညံ့ညံ့ကို ကိုင်လိုက်ရလျှင်၊ မေမေ၏ ရင်ခွင်ကြားသို့ ပါးအပ်ထားလိုက်ရလျှင် စကားလက် အားရှိပြီ။ လုပ်ရမည့် အလုပ်ကို မေမေ သိသည်။ မေမေသည် မီလာနီတို့ သားအမိကိုလည်း အသေခံမည် မဟုတ်။ တစ္ဆေ သရဲ အားလုံးကို မောင်းထုတ်ပစ် လိမ့်မည်။ သို့ရာတွင် မေမေက နာမကျန်း ဖြစ်နေပြီ။ ရှိမှ ရှိပါဦးမည်လော မဆိုနိုင်။

စကားလက်က မြင်းတင်ပါးကို တစ်ချက် ရိုက်သည်။ မြန်မြန် ရောက်မှ ဖြစ်မည်။ ဤလမ်းကို တစ်နေကုန်

တလှုပ်လှုပ် လာရသည်မှာ ပင်ပန်းလှပြီ။ မကြာမီ မှောင်လာတော့မည်။ တစပြင်လို ကန္တာရထဲတွင် သူတို့ တစ်ဦးတည်းသာ ဖြစ်နေတော့မည်။ ပေါက်ပြဲနေသည့် လက်များဖြင့် ဇက်ကြိုးကို ခပ်တင်းတင်း ဆုပ်ကာ ကြိုးခေါက်ဖြင့် မြင်းကို ရိုက်သည်။ ကောင်းကောင်း မရိုက်နိုင်။ လက်ပြင်တွေ အောင့်လှပြီ။

သေအံ့ဆဲဆဲ မိန်းမ တစ်ယောက်၊ မွေးကင်းစ ကလေးငယ် တစ်ဦး၊ ဆာလောင်နေသည့် သူ့ ရင်သွေး ကလေး၊

ထိတ်လန့် တုန်လှုပ်နေသည့် ကပ္ပလီ သူငယ်မလေး တစ်ယောက်။ သူတို့ အားလုံး သူ့ကို အားကိုး နေကြရသည်။ သူ့ ဦးဆောင်မှုကို လိုက်နာနေကြရသည်။ သူ့ကို အဟုတ်ကြီး ထင်ကာ အားကိုးတကြီး လိုက်လာကြရသည်။ ဤသူများ အားလုံးကို သူ့ပခုံး သေးသေး ကလေးပေါ်တွင် ထမ်းလာ ရသည်မှာ လေးလှပြီ။ မြိုင်သာယာ၏ ရင်ခွင်၊ မေမေ့ ရင်ခွင်ထဲသို့ မြန်မြန် ရောက်ပြီး ဤ ဝန်ထုပ်ဝန်ပိုးကို ချလိုက်ချင်ပြီ။

ပင်ပန်း နွမ်းနယ်နေသည့် မြင်းက ကြိမ် ဘယ်မျှ ရိုက်ရိုက် ဇက်မည်မျှ ဆွဲဆွဲ တုံ့ပြန်ခြင်း မပြုတော့။ ခြေကို ဒရွတ်ဆွဲကာ

တလှုပ်လှုပ် သွားနေသည်။ ကျောက်တုံးကို တက်နင်းမိလျှင် ယိုင်သွားကာ လဲကျတော့မည်လော ထင်ရသည်။ နေဝင် ဖျိုးဖျတွင် ပန်းတိုင်နားသို့ ကပ်လာသည်။ လှည်း လမ်းကွေ့ တစ်ကွေ့ကို ကွေ့လိုက်သည်တွင် ပေတစ်ရာပေါ်သို့ ရောက်လာသည်။

416

မြိုင်သာယာသို့ တစ်မိုင်သာ လိုတော့သည်။

မက္ကင်တော့ ယာတောအစပ် ယာခရိုးကို မြင်ရပြီ။ အိမ်ဝသို့ ဝင်သည့် လမ်းထိပ်က ဝက်သစ်ချပင် အုပ်အုပ်သို့

မရောက်ခင် စကားလက်က ဇက်ကို ဆွဲ၍ ရပ်လိုက်သည်။ မှောင်ရီရီထဲတွင် ဝက်သစ်ချပင်အုပ်များ ကြားမှ သူတို့ အိမ်ဘက်သို့ လှမ်းကြည့်သည်။ တစ်အိမ်လုံး မှောင်ပိန်းလျက်။ မီးရောင် ဆို၍ လက်လက်မျှ မတွေ့ရ။ အမှောင်ထဲတွင် အားစိုက် ကြည့်လိုက်သော အခါ တစ်နေ့လုံး သူ မြင်ခဲ့ရသော မြင်ကွင်းမျိုးကို မြင်ရသည်။ မီးလောင်ကျွမ်းထားသော အိမ်ကို မိုးနေသည့် မီးခိုး ခေါင်းတိုင်ကြီး နှစ်တိုင်။ အိမ်ပြတင်းပေါက်များက မှောင်မည်းလျက်။ ကန်းနေသည့် မျက်လုံးကြီးများနှင့် တူနေသည်။

`အိမ်ရှင်တို့’ စကားလက်က အရဲစွန့်၍ အော်ခေါ်သည်။ `အိမ်ရှင်တို့ မရှိဘူးလား’



ပရဇ္ဇီက ကြောက်ကြောက်ဖြင့် သူ့ကို လက်ကုတ်သည်။ လှမ်းကြည့်လိုက်သည့် အခါတွင် မျက်လုံးပြူး မျက်ဆံပြူး

ဖြစ်နေသည်။

`အော်ခေါ် မနေနှင့်လေ မလေး’ ပရဇ္ဇီ အသံက တုန်နေသည်။ `အထဲမှာ ဘယ်သူ ရှိမှန်း မသိ ဘယ်ဝါ ရှိမှန်း မသိ’



`ဟုတ်သားပဲ’ ဟု စကားလက် တွေးသည်။ `ဟုတ်သားပဲ၊ တော်တော်ကြာ ဒိပြင်လူ တစ်ယောက်ယောက်

ထွက်လာမှဖြင့်’

စကားလက်က ဇက်ကြိုးဖြင့် ခေါက်ရိုက်ကာ မြင်းကို မောင်းသည်။ မက္ကင်တော့ အိမ်ကို မြင်လိုက်ရသဖြင့် စကားလက်

အားရှိလာသည်။ သူ မြင်ခဲ့ရသည့် ယာတဲများကဲ့သို့ မက္ကင်တော့၏ အိမ်ကလည်း မီးလောင်ကျွမ်း ပျက်စီးလျက်။ လူသူ ကင်းရှင်းလျက်။ မြိုင်သာယာသည် မိုင်ဝက်ခန့်သာ ဝေးတော့သည်။ စစ်လမ်း တည့်တည့် ကျနေသည့် မြိုင်သာယာသည်လည်း ပြာပုံအတိ

ဖြစ်နေပြီလော

မဆိုနိုင်။

မည်းနက်နေသည့်

နံရံများနှင့်

ကြယ်မြင်

လမြင်

ဖြစ်နေသည့်

ခေါင်မိုးတို့ကို

တွေ့ရတော့မည်လော။ ဖေဖေ၊ မေမေနှင့် ညီမ နှစ်ယောက်ကော ရှိမှ ရှိပါဦးမည်လော။ ကြီးဒေါ်ကော၊ ကပ္ပလီ ကျွန်များကော ရှိမှ ရှိကြပါသေး၏လော။ နေရာတကာ သုသာန်တစပြင်လို တိတ်ဆိတ်နေတော့မည်လော။

မိမိသည် မည်သို့ စိတ်ရူးပေါက် လာခဲ့မိလေသနည်း။ ဤသည်ကို အစက မစဉ်းစားခဲ့ သလော။ မီလာနီတို့ သားအမိကို

အဘယ့်ကြောင့် ခေါ်ရသနည်း။ တစ်နေကုန် နေပူစပ်ခါးထဲတွင် လှည်းအို တစ်စီးဖြင့် တလှုပ်လှုပ် လာပြီးမှ လူသူ ကင်းမဲ့သည့် မြိုင်သာယာတွင် လာသေရသည်ထက် အတ္တလန်တာတွင် သေရသည်က ပိုမကောင်းပါသလော။

သို့ရာတွင် အက်ရှလေက မီလာနီကို သူ့ထံ အပ်ခဲ့သည်။ ကြည့်ရှု စောင့်ရှောက်ရန် မှာခဲ့သည်။ နောက်ဆုံး မခွဲမီ

အက်ရှလေ နမ်းသွားသည့် နေ့ကို စကားလက် တစ်သက်တွင် မေ့နိုင်တော့မည် မဟုတ်။ မီလာနီကို စောင့်ရှောက်ရန် အက်ရှလေကို ကတိ ပေးခဲ့သည် မဟုတ်လော။ မိမိသည် အဘယ့်ကြောင့်များ ဤကတိကို ပေးခဲ့ရသနည်း။ ပင်ပန်းနေသည့် ကြားကပင် စကားလက် မီလာနီကို မုန်းနေသည်။ တအီအီ ငိုနေသည့် သူ့ကလေးလေးကို မုန်းသည်။ သို့ရာတွင် ကတိ ပေးခဲ့သည့် နောက်တွင် မီလာနီတို့ သားအမိကို သူ တာဝန် ယူရသကဲ့သို့ တာဝန် ယူရတော့မည်။ သူ အား ရှိသေးသမျှ အသက် ရှုနေသေးသမျှ သူတို့ကို ကာကွယ်ရတော့မည်။ သူတို့ သားအမိကို အတ္တလန်တာတွင် ထားပစ်ခဲ့မည် ဆိုက ဖြစ်နိုင်သည်။ ဆေးရုံတွင် ထိုးတင်ပစ်ခဲ့မည် ဆိုက ဖြစ်နိုင်သည်။ ပစ်ထားခဲ့မည် ဆိုက ဖြစ်နိုင်သည်။ သို့ရာတွင် ဤသို့ လုပ်ခဲ့မည် ဆိုက

417

အက်ရှလေကို ဤဘဝတွင် လည်းကောင်း၊ နောင် တမလွန်တွင် လည်းကောင်း မျက်နှာချင်း ဆိုင်ရဲတော့မည် မဟုတ်။ သူ့ မယားနှင့် ကလေးငယ်ကို သူစိမ်းတစ်ရံဆံတို့ အလယ်တွင် ပစ်ထားခဲ့သည်ဟု ပြောရဲမည် မဟုတ်။

အက်ရှလေ။ သူ့ မယားနှင့် ကလေးငယ်ကို ကြောက်စရာ ဤကန္တာရ တစ်လျှောက် ခေါ်လာခဲ့သည့် ယခု အချိန်တွင်

အက်ရှလေ တစ်ယောက် မည်သည့် နေရာသို့ ရောက်နေပြီနည်း။ အသက် ရှိပါသေး၏လော။ ကျောက်ကျွန်း အကျဉ်း စခန်းတွင် ရှိသည် ဆိုလျှင် သူ့ကို သတိမှ ရပါသေး၏လော။ ကျောက်ကြီး ရောဂါဖြင့် ကွယ်လွန်ကာ အခြား ပြည်နယ် တပ်သားများနှင့် အတူ မြေကြီး အောက်တွင် အရိုး ဆွေးနေပြီလော။

လမ်းဘေး ချုံတစ်ချုံထဲမှ ရုတ်တရက် ချွတ်ချွတ် မြည်သံကို ကြားလိုက်သဖြင့် စကားလက် လိပ်ပြာ လွင့်မတတ်

လန့်သွားသည်။ ပရဇ္ဇီက အလန့်တကြား အော်ကာ ကလေးငယ်ကို ပွေ့ပြီး ကြမ်းပြင်တွင် ဝပ်နေသည်။ မီလာနီက အားယူ၍ သူ့သားကို စမ်းသည်။ ဝိတ်ကလေးက မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ကုပ်နေသည်။ ကြောက်လွန်းသဖြင့် ငိုပင် မငိုရဲတော့။ သူတို့ လမ်းဘေး ချုံပုတ်ထဲမှ တဂျွမ်းဂျွမ်း မြည်သံနှင့် အတူ ခွာနှစ်ဖက် ပေါ်လာပြီးနောက် တဘဲဘဲ အော်သံကို ကြားရသည်။

`နွားမကြီးပါဟယ်’ စကားလက်က

အသံတုန်တုန်ဖြင့်

ပြောသည်။

`ပရဇ္ဇီလည်း

အရမ်း

ကြောက်နေတာပဲ၊

ကလေးလည်း အောက်မှာ ပိနေဦးမယ်၊ မီလာနီနှင့် ဝိတ်ကလေးလည်း လန့်ကုန်ပြီ’

`သရဲ၊ သရဲ’



ပရဇ္ဇီက ကြမ်းပြင်တွင် ဝပ်၍ ကုန်းအော် နေသည်။



စကားလက်သည် စိတ်ပေါက်ပေါက်ဖြင့် လက်ထဲက နဘူးကြိမ်ဖြင့် ကျောပြင်ကို ရိုက်ချလိုက်သည်။ သူ ကိုယ်တိုင်

ကြောက်ရသည့် အထဲ ဤမျှ အလန့်တကြား ဖြစ်နေသည်ကို စိတ် မရှည်တော့။

`ဟဲ့ကောင်မ ထ၊ ငါ ထပ်ရိုက်မိတော့မယ်’



ပရဇ္ဇီက ကြောက်ကြောက်ဖြင့် မော့ကာ လှည်းရံတိုင် ကြားမှ နေ၍ လှမ်းကြည့်လိုက်သည်။ ဟုတ်သည်။ နွားမကြီး

တစ်ကောင်။ အနီ စာဥပြောက် နွားမကြီး တစ်ကောင်။ သူတို့ကို ထိတ်လန့်သော မျက်လုံးများဖြင့် သနားစဖွယ် ကြည့်နေသည်။ နာကျင် နေသည့်နှယ် တဘဲဘဲ အော်နေသည်။

`နွားမ ဘာဖြစ်နေမှန်း မသိဘူး၊ ခါတိုင်း အော်သံမျိုး မဟုတ်ဘူး’



`နို့သက်လို့ ထင်တယ်၊ နို့ ညှစ်လိုက်ရင် ကောင်းမှာ’ ပရဇ္ဇီက ရဲလာသည်။ `မက္ကင်တော့တို့ နွားမ ထင်တယ်၊

ယန်ကီတွေ မတွေ့အောင် ဝှက်ထားရင်း အုပ်ကွဲ သွားသလားမှ မသိတာ’

`အဲဒီ နွားမကို ဆွဲလာခဲ့ဟယ်’ စကားလက်က ခပ်သွက်သွက် ပြောလိုက်သည်။ `ကလေးဖို့ နို့ရတာပေါ့’



`ဘယ့်နှယ်လုပ် ယူမလဲ မလေးရဲ့၊ နွားမ ဆိုတာ နို့ ရပေမယ့် ဘာမှ သုံးလို့ ရတာမှ မဟုတ်ဘဲ၊ ဒါကြောင့်မို့

ပစ်ထားတာပေါ့’

418



`အေး၊ ညည်းက နွားမ အကြောင်း၊ ကောင်းကောင်း သိတယ်၊ ညည်း အတွင်းခံ ချွတ်၊ ဖြဲထုတ် ကြိုးကျစ်ပြီး နွားမကို

လှည်းနောက်က ဆွဲခဲ့’

`မလေးကလည်း ကျွန်မ အတွင်းခံ မဝတ်တာ ကြာလှပြီ၊ တစ်ထည်လေး ရှိတာ နှမြောလို့ သိမ်းထားတာ၊ ခု ကျန်ခဲ့ပြီ၊

ဒီ နွားမကြီး ဘာလုပ်မှာလဲ၊ ကျွန်မက နွား ဆိုရင် ကြောက်လည်း ကြောက်တတ်တယ်’

စကားလက်က ဇက်ကြိုးကို ချကာ အပေါ်ဝတ်စုံကို လှန်လိုက်သည်။ အောက်ခံ ဝတ်စုံ ပေါ်လာသည်။ အောက်ခံ

ဝတ်စုံက ဇာနားတပ် ဝတ်စုံ။ လှလှ ကောင်းကောင်း အောက်ခံ ဆို၍ ဤ တစ်ထည်သာ ကျန်တော့သည်။ ခါးစည်းကို ဖြုတ်ကာ ခြေချင်းဝတ် ရောက်အောင် အောက်ခံကို ချွတ်ချလိုက်ပြီး လက်ထဲတွင် ခြေမွ၍ လိမ်ပစ်လိုက်၏။ ဤဇာနားတပ် ဝတ်စုံကို ရက် ဘတ်တလာ နာဆောမှ ဝယ်လာပြီး လက်ဆောင် ပေးခြင်း ဖြစ်သည်။ ထိုနောက် အဖျားကို သွားဖြင့် ကိုက်၍ ဖြဲလိုက်ပြီး အမြွှာလိုက် ဖြစ်အောင် ဆုတ်သည်။ ထို့နောက် တစ်စနှင့် တစ်စ ဆက်သည်။ ဤသို့ဖြင့် ကြိုး ခပ်ရှည်ရှည် တစ်ချောင်း ဖြစ်လာသည်။ သူ့လက် တစ်ခုလုံး ပေါက်ပြဲသည့် ဒဏ်ရာတွေက သွေးတွေ ထွက်နေပြီ။

`သွား၊ နွားချိုကို ချည်ခဲ့’



`ကျွန်မက နွားကြောက်တတ်တယ် မလေးရဲ့၊ နွားနားကို မကပ်ရဲဘူး၊ ကျွန်မက ယာကူလီ လုပ်တဲ့ ကပ္ပလီမ

မဟုတ်ဘူး၊ အိမ်စေ လုပ်တဲ့ ကပ္ပလီမျိုး’

`ညည်းက ဘယ်အမျိုးမှ မဟုတ်ဘူး၊ အရူး ကပ္ပလီမျိုး၊ ဖေဖေမို့ ညည်းကို ဝယ်ခဲ့တာ၊ ငါ့လိုဆို အလကား ပေးတောင်

မယူဘူး၊ ငါ လက်မောင်းတွေ အောင့်နေလို့၊ နို့မို့ဆိုရင် နင့်ကို ရိုက်မိဦးမှာ’

စကားလက် စိတ်ဆိုးရမည်ကိုပင် အားကုန်လှပြီ။



ပရဇ္ဇီကို `ကပ္ပလီအရူး’ ဟု ရိုင်းရိုင်း စိုင်းစိုင်း ပြောခဲ့သည်။ မေမေသာ ကြားလျှင် သူ့ကို ဆူလိမ့်မည်။



ပရဇ္ဇီက မျက်လုံး ကလယ် ကလယ်ဖြင့် သူ့ သခင်မ၏ မျက်နှာကို ကြည့်သည်။ ထို့နောက် တဘဲဘဲ မြည်နေသည့်

နွားမကို ကြည့်သည်။ စကားလက်က နွားမလောက် အန္တရာယ် ကြီးသည်ဟု သူ မထင်။ ထို့ကြောင့် လှည်းပေါ်မှ မဆင်းဘဲ လှည်းရံတိုင်ကို ကိုင်ထားသည်။ မဟုတ်။

စကားလက်က ကိုယ်လက်တွေ နာနေသည့် ကြားထဲက လှည်းပေါ်မှ ဆင်းသည်။ နွားကို ပရဇ္ဇီသာ ကြောက်သည် သူလည်း

ကြောက်သည်။

သဘော

ကောင်းသည့်

နွားမကိုပင်လျှင်

ကြောက်တတ်သည်။

သို့ရာတွင်

အကြောက်ကြီးတွေထဲ၌ ဤ အကြောက်ကလေးကို ဂရုစိုက် မနေနိုင်။ ကံအားလျော်စွာ နွားမကြီးက သဘော ကောင်းသည်။ ဒုက္ခ ရောက်နေစဉ် လူသား အဖော်ကို ရှာနေဟန် တူသည်။ စကားလက် အောက်ခံ ဝတ်စုံဖြင့် ကျစ်ထားသည့် ကြိုးကို ချိုတစ်ဖက်တွင် စွပ်လိုက်သည့် အခါတွင် အသာအယာပင် လိုက်လာသည်။ နွားမကို လှည်း  နောက်မြီးတွင် ချည်သည်။ ရှေ့လှည်း ထိုင်ခုံသို့ တက်မည်အပြု ပင်ပန်း လွန်းသောကြောင့် လဲကျမည်ပြုသဖြင့် လှည်းကို ဖမ်းကိုင် ထားလိုက်ရသည်။

မီလာနီက မျက်လုံးကို ဖွင့်ကြည့်သည်။ သူ့ဘေးတွင် ရပ်နေသည့် စကားလက်ကို မြင်သည်၌ လေသံ ကလေးဖြင့်

419



`အိမ်ရောက်ပြီလား၊ စကားလက်’



အိမ် ဆိုသည့် စကားလုံးကို ကြားသည်တွင် စကားလက် မျက်လုံးမှ ပူနွေးသည့် မျက်ရည်တွေ စီးဆင်းလာကြသည်။

အိမ်။ မီလာနီသည် အိမ် မရှိမှန်း မသိတော့။ ရူးသွပ်၍ လွင်တီးခေါင် ဖြစ်နေသည့် ကန္တာရကြီးထဲသို့ သူတို့ ရောက်နေသည်ကို မသိတော့။

`ဟင့်အင်း မရောက်သေးဘူး’ စကားလက်က အတတ်နိုင်ဆုံး ချိုသာစွာ ပြောသည်။ `ရောက်တော့မှာပါ၊ နွားမ

တစ်ကောင် တွေ့လို့ ဆွဲလာတာ၊ မီလာနီနှင့် သားလေး အတွက် နို့ညှစ်ပေးရမယ်’

`အင်း၊ သားလေး’



မီလာနီက တိုးတိုးပြောကာ သူ့သားဆီသို့ လက်လှမ်းသည်။ သို့ရာတွင် မရောက်။ စကားလက် ခက်ခက်ခဲခဲဖြင့်

ပြန်ထိုင်ပြီး ဇက်ကို ကောက်ကိုင်သည်။ မြင်းက ခေါင်းကို ငုံ့၍ ရပ်နေသည်။ မသွားတော့။ စကားလက်က ကြိမ်ဖြင့် တရွှမ်းရွှမ်း ရိုက်၏။ ပင်ပန်း နွမ်းနယ်နေသည့် တိရစ္ဆာန် တစ်ကောင်ကို ရိုက်သဖြင့် ဘုရားက ခွင့်လွှတ်နိုင်မည်ဟု ထင်သည်။ ခွင့်မလွှတ်လျှင်လည်း မတတ်နိုင်။ နောက်ထပ် မိုင် တစ်စိတ်လောက် သွားလျှင် မြိုင်သာယာကို ရောက်တော့မည်။ ထိုအခါ ကျမှ မြင်း သေလျှင်လည်း သေပေစေတော့။

အတန်ကြာမှ မြင်းက တစ်လှမ်းချင်း ဆွဲသည်။ လှည်းက တကျွီကျွီ။ နောက်က နွားမကလည်း တဘဲဘဲ။ သနားစဖွယ်

အော်လျက်။ နာကျင်နေသည့် နွားမ၏ အော်သံသည် စကားလက်၏ အာရုံကြောများကို တံစဉ်းဖြင့် တိုက်သကဲ့သို့ ရှိသည်။ စကားလက် လွှတ်ပစ်ခဲ့တော့မည် စိတ်ကူးသည်။ မြိုင်သာယာတွင် လူ မရှိတော့လျှင် ဤနွားမသည် ဘာ အသုံး ကျတော့မည်နည်း။ သူကလည်း နို့ညှစ် မပေးနိုင်။ ညှစ်နိုင်၍ ညှစ်ပေး လျှင်လည်း နာကျင်နေသည့် သူ့ နို့အုံကို လာဆွဲသူ မှန်သမျှအား ကန်ပစ်မည်သာ ဖြစ်သည်။ သို့ရာတွင် ကောက်လာရသည့် အတူတူ လွှတ်မပစ်ခဲ့ချင်။ သူ့တွင် ဤနွားမမှ လွဲ၍ အခြား ဘာမျှ ရှိတော့မည် မဟုတ်။

ကမူ အတက်ကလေး တစ်ခုသို့ ရောက်လာသည်။ ဤကမူ ကလေးကို ကျော်လျှင် မြိုင်သာယာကို မြင်ရတော့မည်။

စကားလက် မျက်ရည်တွေ ဝဲလာသည်။ စိတ်ဓာတ် ကျသွားသည်။ ဤမြင်းသည် ဤကမူကို တက်နိုင်ဖွယ် မရှိ။ ကမူက မတ်စောက်ခြင်း မရှိ။ ခပ်ပြေပြေ လျှောကလေးမျှသာ ဖြစ်၏။ သူ့ မြင်းမကြီးနှင့် စီးနေကျ ဖြစ်၍ သူသိသည်။ ယခုမူ သူ့ စိတ်ထဲတွင် ကမ်းပါးစောက်ကြီးဟု ထင်နေသည်။ ဤ မြင်းသည် ဤဝန်ကို ဆွဲနိုင်မည် မဟုတ်။ စကားလက် လှည်းပေါ်မှ ဆင်းကာ ရှေ့မှနေ၍ ဆွဲသည်။

`ပရဇ္ဇီ၊ အောက်ဆင်းစမ်း၊ ဝိတ်ကလေးလည်း ခေါ်ခဲ့၊ ချီရင်ချီ၊ လမ်းလျှောက်နိုင်ရင်လည်း လျှောက်ပါစေ၊ ကလေးကို

မီလာနီ့ဘေးမှာ ထားခဲ့’

ဝိတ်ကလေး ငိုနေသည်။ `မှောင်တယ်၊ သားသား ကြောက်တယ်’ ဟု အော်နေသည်။



`မလေး ကျွန်မ လမ်းလျှောက်လို့ မရဘူး မလေး၊ ခြေထောက်မှာ ဖိနပ် ပေါက်လို့ အနာတွေ ချည်းပဲ၊ ကျွန်မတို့ ကိုယ်က

ပေါ့ပေါ့လေးတွေပါ၊ ပြီးတော့’

420



`ဟဲ့ကောင်မ၊ သောက်စကား များမနေနှင့်၊ နင် မဆင်းရင် ငါ ဆွဲချပြီး တစ်ယောက်တည်း ထားပစ်ခဲ့မယ်၊ ဆင်း ခုဆင်း’



ပရဇ္ဇီက ညည်းနေသည်။ လမ်းဘေး တစ်ဖက် တစ်ချက်က သစ်ပင်အုပ် မှောင်မှောင်များကို ကြည့်သည်။ လှည်းပေါ်မှ

ဆင်းသည်နှင့် သစ်ကိုင်းကြီးတွေက သူ့ကို ဖမ်းဆွဲ လိုက်မည်လောဟု လန့်နေသည်။ သို့ရာတွင် မနေရဲ။ ကလေးကို မီလာနီ ဘေးသို့ ချပြီး လှည်းပေါ်မှ ဆင်းကာ ဝိတ်ကလေးကို ပွေ့ချသည်။ ဝိတ်ကလေးက ငို၍ ပရဇ္ဇီ အနား ကပ်နေသည်။

`တိတ်အောင် လုပ်စမ်းဟယ်၊ ငါ မကြားချင်ဘူး’ စကားလက်က ရှေ့မှ မြင်းဇက်ကို ဆွဲရင်း ပြောသည်။ `ဒီမှာ

သားသား၊ ယောက်ျား မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ငိုရတာလဲ၊ မငိုနှင့် တိတ်၊ နို့မို့ရင် မေမေ ရိုက်မိလိမ့်မယ်’

လမ်းမပေါ်မှ ကျောက်ခဲ တစ်လုံးကို ခလုတ် တိုက်မိသည်။ ကလေး ဆိုသည်မှာ ဘာမျှလည်း အသုံးမကျ။ ငို၍

လူကြီးကို အနှောင့်အယှက် ပေးဖော်သာ ရသည်။ အမြဲတမ်း ရှုပ်သည်။ အမြဲတမ်း အယုအယ ခံချင်သည်။ ဘုရားသခင်သည် အဘယ့်ကြောင့်

ကလေးတွေကို

ဖန်ဆင်းခဲ့ရသနည်းဟု

စကားလက်

စိတ်ဆိုးဆိုးဖြင့်

တွေးမိသည်။

ပင်ပန်းရသည့်

အထဲတွင် ပရဇ္ဇီ နောက်သို့ မလိုက်နိုင် လိုက်နိုင် ပြေးလိုက်နေသည့် သူ့ သားလေးကို မသနားနိုင်တော့။ သူ့ကို မွေးရသဖြင့် ဝမ်းရေစပ်သည်။ ချားလ်ကို မှား၍ လက်ထပ်ခဲ့မိသည်ဟု စိတ်ဆိုးဆိုးဖြင့် တွေးနေသည်။

`မလေး’ ပရဇ္ဇီက စကားလက်၏ လက်ကို လှမ်းဆွဲသည်။ `မြိုင်သာယာကို သွားလို့ မဖြစ်ဘူး ထင်တယ်၊ ခုလောက်

ဆိုရင် ဘယ်သူမှ ရှိမှာလည်း မဟုတ်တော့ဘူး၊ သေချင် သေကုန်ကြမှာ’

နဂိုကမှ စိတ်တထင့်ထင့် ဖြစ်နေရသည့် အထဲ သူ့ စကားကြောင့် စကားလက် ဒေါပွသွားသည်။



`ကောင်မ၊ နိမိတ် မရှိ၊ နမာ မရှိ မပြောစမ်းနှင့်၊ ဝိတ်ကလေးကို ငါ့ ပေးစမ်း၊ နင် ဒီမှာ နေရစ်ခဲ့၊ မလိုက်ခဲ့နှင့်’



`မလုပ်ပါနှင့် မလေး၊ ကြောက်ပါပြီ’



`ဒါဖြင့် တိတ်၊ စကား မများနှင့်’



မြင်းက နှေးနှေးကလေး သွားနေသည်။ နှာငွေ့က သူ့ လက်ပေါ်သို့ လာရိုက်သည်။ သူ့ စိတ်ထဲတွင် ရက်

ဘတ်တလာနှင့် အတူ ဆိုဖူးသည့် သီချင်း တစ်ပိုင်းတစ်စကို သွားအမှတ်ရသည်။

xx နေ့များ မကြာပေ xx သည်ဝန်ထုပ်ကို ချရတော့မှာ မသွေ xx



`မကြာတော့ပါဘူး’ ဟု သူ့ စိတ်ထဲတွင် ဆိုမိသည်။



ကမူထိပ် ရောက်သည့် အခါတွင် မြိုင်သာယာက ဝက်သစ်ချပင်ကြီးများကို လှမ်းမြင်နေရပြီ။ မှောင်ရီသည့် ကောင်းကင်

နောက်ခံတွင် မည်းမည်း ရိပ်ရိပ် ပေါ်နေကြသည်။ မီးရောင် မြင်ရမည်လောဟု စကားလက် လှမ်းကြည့်သည်။ မမြင်ရ။

`မရှိကြတော့ဘူး ထင်တယ်၊ သွားကုန်ကြပြီ’ စိတ်က ဆိုမိသည်။ သူ့ ရင်ထဲတွင် ခဲဆွဲထားသည့်နှယ် လေးနေသည်။



စကားလက်က ဝင်းဝသို့ ကွေ့ဝင် လာသည်။ လမ်းပေါ်တွင် မိုးနေသည့် တောင်တမာပင်များက ကိုင်းချင်း ယှက်နေသဖြင့်

421

ညသန်းခေါင်လို မှောင်ပိန်း နေသည်။ သစ်ပင်တန်း အမှောင်ထုထဲမှ လှမ်း၍ အားယူ ကြည့်သည်။ မြိုင်သာယာက အုတ်တိုက် ဖြူဖြူကို သဲကွဲစွာ မမြင်ရ။ ဝါးနေသည်။ အိမ် ပြန်ရောက်ပြီ။ သူ တွယ်တာသည့် နံရံဖြူဖြူတွေ၊ ခန်းဆီး တဖျပ်ဖျပ် လွင့်နေသည့် ပြတင်းပေါက်တွေ၊ ဝရန်တာ ကျယ်ကျယ်တွေ။ ရှိမှ ရှိပါသေး၏လော။ မက္ကင်တော့တို့ အိမ်လို ဖြစ်နေပြီ လော။

ဝင်းဝမှ အိမ်သို့ ဝင်သည့် လမ်းသည် သူ့စိတ်တွင် မိုင်ပေါင်း များစွာ ရှည်နေသည်ဟု ထင်ရ၏။ လက်မှ ဆွဲလာရသည့်

မြင်းကလည်း တဖြည်းဖြည်း နှေးလာသည်။ သူ့ မျက်လုံးများက အမှောင်ထုထဲတွင် အားစိုက်၍ လှမ်းကြည့်သည်။ အိမ်မိုးကို မြင်ရပြီ။ အပျက်အစီး ရှိပုံမရ။ ဟုတ်မှ ဟုတ်ပါ၏ လော။ မဖြစ်နိုင်။ စစ် ဆိုသည်မှာ မည်သူ့ကိုမျှ ချမ်းသာ မပေး။ မြိုင်သာယာကိုလည်း ချမ်းသာ ပေးမည် မဟုတ်။ အနှစ် ငါးရာ တည်အောင် ဆောက်ထားသည့် မြိုင်သာယာလည်း ခံနိုင်မည် မဟုတ်။ စစ်သည် မြိုင်သာယာကို ရှောင်ကွင်းသွားမည် မဟုတ်။

ရေးရေး မှုန်မှုန် ကောက်ကြောင်း သဏ္ဌာန် အဆောက်အအုံကို မြင်ရသည်။ မြင်းကို ခပ်သုတ်သုတ် ဆွဲလိုက်၏။

အမှောင်ထဲတွင် အုတ်တိုက် ဖြူဖြူကြီး ပေါ်လာပြီ။ မြိုင်သာယာ အကောင်း ပကတိ ရှိသေးသည်။ အိမ်ရောက်ပြီ။ စကားလက်သည် ဇက်ကြိုးကို ပစ်ချကာ ပြေးလာသည်။ အုတ်နံရံ ဖြူဖြူကြီးကို လက်ဖြင့် ထိရန် ခုန်ပေါက် ပြေးလာသည်။ အိမ်ရှေ့ ဝရန်တာသို့ ထွက်လာသည့် သဏ္ဌာန် တစ်ခုကို ခပ်ဝါးဝါး မြင်ရသည်။ မြိုင်သာယာတွင် လူ ရှိသေးသည်။ လူသူ မကင်းမဲ့သေး။

ပျော်လွန်းသဖြင့် အော်မည် ပြုသည်။ သို့ရာတွင် အသံက လည်ချောင်းထဲတွင် ပျောက်သွား၏။ အိမ်ကြီးက မှောင်မည်း

တိတ်ဆိတ် လွန်းသည်။ ထိုသဏ္ဌာန်က လှုပ်ရှားခြင်း မရှိ။ သူ့ကိုလည်း မခေါ်။ မည်သို့နည်း။ မြိုင်သာယာသည် အကောင်း ပကတိ ကျန်သေးသည့်တိုင် စစ်တလင်း ဖြစ်ခဲ့သည့် ပတ်ဝန်းကျင် နည်းတူ တိတ်ဆိတ်၍ ကြောက်စရာ ကောင်းနေသည်။ မည်းမည်း သဏ္ဌာန်က လှုပ်ရှားလာသည်။ ထိုသဏ္ဌာန်သည် မားမား မားမားဖြင့် အိမ်ရှေ့ လှေကားသို့ ခပ်ဖြည်းဖြည်း ဆင်းလာ၏။

`ဖေဖေ’ စကားလက်က အားရပါးရ ခေါ်လိုက်သည်။ ခေါ်မည့်သာ ခေါ်ရသည် ဖေဖေမှ ဟုတ်ပါ၏လောဟု သံသယ

ဖြစ်နေသည်။ `သမီးလေ၊ စကားလက်လေ၊ ပြန်လာပြီလေ’

ဖေဖေက သူ့ထံ လျှောက်လာ၏။ အိပ်ရင်း ယောင်ယမ်း၍ လမ်းလျှောက်သူ ကဲ့သို့ ခြေတစ်ဖက်က တောင့်တောင့်ကြီး

ဒရွတ်တိုက်လျက်။ အနား ရောက်လာသည်တွင် စကားလက်ကို စိုက်ကြည့်ရင်း ကြောင်နေသည်။ တစ္ဆေကို မြင်လိုက်ရသည့်နှယ် ဖြစ်နေသည်။ လက်ကို ဆန့်၍ စကားလက် ပခုံးကို ကိုင်သည်။ သူ့လက်က တုန်နေသည်။ ခြောက်အိပ်မက်မှ လန့်နိုးလာကာ ကယောင်ကတမ်း ဖြစ်နေသည့်နှယ် ရှိသည်။

`သမီး’ ဖေဖေက ဖျစ်ညှစ်၍ ခေါ်သည်။



`သမီး’



ထိုနောက် တိတ်ဆိတ်သွားသည်။



ဖေဖေသည် လူအိုကြီး တစ်ယောက် သဖွယ် ဖြစ်နေပြီ။ အဘယ့်ကြောင့်နည်း။

422



ဖေဖေ၏ ပခုံးက ကိုင်းနေသည်။ ရေးရေးမျှ မြင်ရသည့် သူ့ မျက်နှာပေါ်တွင် ယခင်က ဖေဖေ၏ ခွန်အား ကောင်းခြင်း၊

ဖျတ်လတ်ခြင်း၊ တက်ကြွခြင်း တို့ မရှိကြတော့။ သူ့ မျက်လုံးကို စိုက်ကြည့်နေသည့် ဖေဖေ့ မျက်လုံးများတွင်လည်း ဝိတ်ကလေး၏ မျက်လုံးများတွင် တွေ့ရတတ်သည့် ကြောက်ရွံ့ ထိတ်လန့်သည့် အကြည့်မျိုးကိုသာ တွေ့ရတော့သည်။ ဖေဖေသည် လူအိုကြီး တစ်ယောက် ဖြစ်သွားပြီ။ ကျသွားပြီ။

အမျိုးအမည်

မသိသော

အကြောက်မျိုးစုံသည်

အမှောင်ထုထဲမှ

ခုန်ထွက်လာကာ

စကားလက်ကို

ဖမ်းချုပ်ထားသည့်နှယ် ထင်ရ၏။ စကားလက်သည် ရပ်၍ ဖေဖေ့ကို စူးစိုက် ကြည့်သည်။ မေးခွန်း များစွာသည် ရေကြီးသလို လျှံတက်လာကာ နှုတ်ခမ်း အရောက်တွင် တန့်နေကြသည်။

လှည်းပေါ်မှာ တအင်အင် ညည်းသံကို ကြားရသည်။ ဖေဖေက အားယူ၍ လှမ်းကြည့်သည်။



`မီလာနီနှင့် သူ့ကလေးလေးလေ’ စကားလက်က တိုးတိုး ပြောသည်။ `တော်တော် မမာလာတယ်၊ သမီး အိမ်ကို

ခေါ်လာခဲ့တာ’

ဖေဖေက သူ့ လက်ကို ဖြုတ်လိုက်ပြီး ပခုံးကို ပြန်မတ်သည်။ လှည်းဆီသို့ လျှောက်သွားသည့် အခါတွင်မှ ဧည့်သည်

လာလျှင် ဆင်းကြိုတတ်သည့် ဖေဖေ့ နဂို ပုံသဏ္ဌာန် ခပ်ရေးရေး ပေါ်လာသည်။

`မီလာနီ ငါ့တူမလား’



မီလာနီထံမှ မသဲမကွဲ အသံ ထွက်လာသည်။



`ငါ့တူမ မီလာနီ၊ ဒါ ငါ့တူမ အိမ်ပဲ၊ ဝက်သစ်ချမြိုင်ကတော့ မီးလောင်သွားပြီ၊ ဦးကြီးတို့နှင့် နေပေတော့’



မီလာနီ၏ ဝေဒနာကို ယခုမှ သတိရကာ စကားလက် လုပ်စရာရှိသည်ကို လုပ်သည်။ ပစ္စုပ္ပန်သို့ ပြန်ရောက်သွားပြီ။

မီလာနီနှင့် ကလေးငယ်ကို အိပ်ရာ ကောင်းကောင်းတွင် တင်ပေးရဦးမည်။ သူ့ အတွက် လုပ်စရာ ရှိမည်တို့ကို လုပ်ရဦးမည်။

`သူ့ကို ပွေ့ခေါ်မှ ဖြစ်မယ်၊ လမ်း မလျှောက်နိုင်ဘူး’



ခြေသံ တရှပ်ရှပ် ကြားရပြီးနောက် ခန်းမဆောင် ဘက်မှ မည်းမည်း သဏ္ဌာန် တစ်ခု ပေါ်လာသည်။ ဘဏ္ဍာစိုးကြီး ပေါ့

လှေကားမှ ပြေးဆင်း လာလေသည်။

`မလေး မလေး ပြန်လာပြီ’



ပေါ့က ပြော၍ ငိုသည်။



စကားလက် သူ့ လက်မောင်းကို ဖမ်းကိုင်သည်။ မြိုင်သာယာ၏ တစ်စိတ်တစ်ဒေသ။ အုတ်နံရံများနှင့် အေးမြသော

ဝရန်တာများလို ဤ အိမ်ကြီးနှင့် ခွဲမရသည့် ဖေဖေ့ ဘဏ္ဍာစိုးကြီး ပေါ့။ ပေါ့၏ မျက်ရည်များက သူ့ လက်ပေါ်သို့ ကျလာသည်။

`မလေး ပြန်လာပြီနော်၊ ဝမ်းသာလိုက်တာ မလေးရယ်’

423



ပရဇ္ဇီကလည်း ပေါ့ကို ဝမ်းသာ အားရ နှုတ်ဆက်သည်။ ဝိတ်ကလေးက ရေငတ်သဖြင့် တစာစာ ရေတောင်းနေသည်။



စကားလက်က စီမံသည်။



`လှည်းပေါ်မှာ မီလာနီနှင့် ကလေးလေး ပါလာတယ်၊ ပေါ့ရေ၊ မီလာနီကို အသာ ပွေ့ပြီး အိမ်ပေါ် တင်ပေးပါလား၊

စကားလက် အခန်းနှင့် ကပ်လျက် အခန်းထဲမှာ ထား၊ ပရဇ္ဇီ၊ ကလေးနှင့် ဝိတ်ကလေးကို အိမ်ထဲ ခေါ်သွား၊ ဝိတ်ကလေးကိုလည်း ရေတိုက်လိုက်ဦး၊  ကြီးဒေါ်ကော ပေါ့၊ ကြီးဒေါ်ကို ခေါ်စမ်းပါဦး’

သခင်မ၏ အသံကြောင့် ပေါ့သည် လှည်းနားသို့ ကပ်လာကာ လှည်း နောက်ပိတ်ကို စမ်းဖွင့်နေသည်။ သူ နာရီပေါင်း

များစွာ လှဲလိုက်လာခဲ့သည့် လှည်းပေါ်မှ ပွေ့အယူတွင် မီလာနီက တအင်အင် ညည်းနေသည်။ မီလာနီသည် ပေါ့၏ သန်မာသော လက်မောင်းပေါ်သို့ ရောက်သွားသည်။ သူ့ ခေါင်းက ကလေး တစ်ယောက်၏ ခေါင်းလို ပေါ့၏ ရင်တွင် တစောင်း မှီနေသည်။ ပရဇ္ဇီက ကလေးငယ်ကို ပွေ့ကာ ဝိတ်ကလေးကို လက်မှ ဆွဲခေါ်ပြီး နောက်မှ တက်လိုက်သွား၏။

စကားလက်၏ သွေးထွက်နေသည့် လက်များက ဖေဖေ့ လက်ကို လိုက်စမ်းနေသည်။



`အားလုံး နေကောင်းပြီနော် ဖေဖေ’



`ညီအစ်မ နှစ်ယောက်က နာလန်ထနေပါပြီ’



တိတ်ဆိတ် သွားသည်။ တိတ်ဆိတ်ခြင်း ထဲ၌ စကားလုံးဖြင့် ဖော်ပြန်ရန် ခက်သည့် အတွေးတို့ ပေါ်လာကြသည်။

စကားလက် နှုတ်ခမ်းမှ မထွက်ရဲ။ မထွက်ရက်။ တံတွေးကို တစ်ချက်ပြီး တစ်ချက် မျိုချသည့်တိုင် လည်ချောင်း တစ်ခုလုံး ခြောက်နေသည်။ မြိုင်သာယာ တိတ်ဆိတ်နေခြင်းသည် အဘယ့်ကြောင့်နည်း။ ဤသည် အတွက်ကြောင့်လော။ သူ့ စိတ်ထဲတွင် မေးနေသည့် မေးခွန်းကို အဖြေပေးလိုက်သည့်နှယ် ဖေဖေက စပြော၏။

`မင်း မေမေတော့’



ဖေဖေက ရပ်နေသည်။



`ဟုတ်တယ်၊ မေမေကော’



`မင်း မေမေ မနေ့က ဆုံးတယ်’



ဖေဖေ့ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ကျယ်ပြန့် မည်းမှောင်သည့် ခန်းဆောင်ကြီး ထဲသို့ လိုက်လာခဲ့သည်။

မည်းမှောင်နေသည့်တိုင် သူ့ စိတ်ကို သူ သိသလို ခန်းမဆောင်ကြီးကို စကားလက် သိနေသည်။ ကျောမှီ မြင့်မြင့်ကြီးတွေနှင့် ကုလားထိုင်များ၊ ဟာလာဟင်းလင်း ဖြစ်နေသည့် သေနတ်စင်၊ ခြေတံ ရှည်ရှည်နှင့် ဗီရိုကြီး စသည်တို့ကို ရှောင်ကွင်း လာခဲ့သည်။ အိမ်နောက်ဘက် မေမေ ထိုင်နေကျ စာရင်း တွက်နေကျ အခန်းကလေးထဲသို့ အလိုလို ရောက်သွားသည်။ သူ ဝင်လာလျှင် မေမေသည် စာရင်း တွက်နေရာမှ ငှက်တောင်တပ် ကလောင်ကို ချကာ သူ့ကို မော့ကြည့်မြဲ။ ဆောင်တော်ကူးပန်း ပန်းပေါင်း နံ့သာနံ့ တသင်းသင်းဖြင့် သူ့ကို ဆီးကြိုမြဲ။ ဖေဖေ ပြောသည့်တိုင် မေမေ သေသည်ဟု စကားလက် မယုံကြည်။

424

ဖေဖေက တစ်ခွန်းသာ ပြောတတ်သည့် ကြက်တူရွေးလို `မေမေ မနေ့က ဆုံးတယ်’ ဟု တဖွဖွ ပြောနေသည့်တိုင် စကားလက် မယုံကြည်။

ခု ဘာမျှ ထူးထူးခြားခြား မခံစားရသည့် အတွက် ထူးဆန်း နေသည်။ ခြေထောက်တွင် သံခြေချင်း ခတ်ထားသည့်နှယ်

ရှိသော ပင်ပန်းခြင်း၊ ဒူး တဆတ်ဆတ် တုန်အောင် ပင်ပန်းခြင်းတို့က လွဲလျှင် ဘာမျှ မခံစားရ။ မေမေ့ အကြောင်းကို နောက်မှ စဉ်းစားတော့မည်။ ယခုမူ မေမေ့ကို ခေါင်းထဲမှ ခဏ ဖယ်ထားရဦးမည်။ သို့မဟုတ်လျှင်လည်း ဖေဖေ့လို လဲကျသွားကာ ဝိတ်ကလေးလို တစာစာ ငိုရုံသာ ရှိတော့သည်။

ပေါ့က လှေကားမှ ဆင်းလာကာ စကားလက် အနီးသို့ ခပ်သုတ်သုတ် ရောက်လာသည်။ မီးပုံနားသို့ ကပ်လာသည့်

အအေးမိလာသော သတ္တဝါ တစ်ကောင်နှင့် တူသည်။

`မီး မထွန်းဘူးလား ပေါ့၊ ဘာဖြစ်လို့ အမှောင်ကြီးထဲမှာ နေကြတာလဲ၊ ဖယောင်းတိုင်တွေ ယူခဲ့စမ်းပါ’



`ဖယောင်းတိုင်တွေ အားလုံး သူတို့ ယူသွားကြတယ် မလေး၊ အိမ်မှာ ပစ္စည်းလေး ဘာလေး ရှာရအောင် တစ်တိုင်ပဲ

ကျန်ခဲ့တယ်၊ ဒါတောင် တော်တော် တိုနေပြီ၊ ကြီးဒေါ်က ဝက်ဆီထဲ အဝတ်စိမ်၊ မီးထွန်းပြီး ဆွီလင်တို့ကို ပြုစုရတယ်’

`ဒါဖြင့် ကျန်တဲ့ ဖယောင်းတိုင်ပဲ ယူခဲ့ပါ၊ မေမေ့ အခန်းကလေးထဲ ယူလာခဲ့’



ပေါ့က ထမင်းစားခန်း ထဲသို့ ဝင်သွားသည်။ စကားလက်က နောက်က အခန်းကလေးထဲသို့ စမ်းဝင် လာခဲ့ကာ

ထိုင်ခုံတွင် ထိုင်ချ၏။ ဖေဖေ့ လက်မောင်းကို ဆုပ်ထားဆဲ။ ဖေဖေ့ လက်များက အားကိုးရာ ရှာနေသည့်နှယ် ပျော့ဖတ်နေသည်။ အလွန် ငယ်ရွယ်သူများနှင့် အလွန် အိုမင်းသူများ၏ လက်များတွင်သာ ဤအတွေ့မျိုးကို ခံစားရသည်။

`ဖေဖေ ဖေဖေ၊ သိပ် အိုသွားရှာပြီ၊ သိပ် ကျသွားရှာပြီ’ စကားလက် တွေးမိကာ ဖေဖေ့ကို မပြုစု ရလေခြင်းဟု

စိတ်မကောင်း ဖြစ်သွားသည်။

ပေါ့က တစ်ဝက်သာ ကျန်တော့သည့် ဖယောင်းတိုင်ကို ပန်းကန်ပြား တစ်ချပ်ပေါ်တွင် တင်၍ ထွန်းလာသည်။

မီးရောင်သည် အခန်းကျဉ်းကလေးထဲသို့ ယိမ်းယိုင် ဖြာကျလာ၏။ အခန်းကလေးသည် အသက် ပြန်ဝင်လာသည်။ သူတို့ ထိုင်နေသည့် ထိုင်ခုံ အဟောင်းကြီး၊ မေမေ ထိုင်လေ့ ရှိသည့် နောက်မှီ မြင့်မြင့်နှင့် ကုလားထိုင်၊ စာရေးသည့် စားပွဲကြီး၊ စာရွက်တွေ သူ့နေရာနှင့်သူ အကန့်လိုက် ထည့်ထားသည့် ခိုအိမ်ပေါက် စာထည့်ခုံ၊ မေမေ လက်ရေး လှလှဖြင့် ရေးထားသည့် စာရွက်များ၊ ဟောင်းနွမ်းနေသည့် ကြမ်းခင်း ကော်ဇော။ ထိုအရာများ အားလုံး ယခင်ကနှင့် ဘာမျှ မခြားနား။ မေမေ တစ်ယောက် မရှိတော့ခြင်းသာ ကွာခြားသည်။ လိမ္မော်နံ့ ဆောင်တော်ကူး ပန်းပေါင်းထုပ်ကို အမြဲဆောင်၍ မျက်ခုံးမွေး သေးသေး အောက်မှ ချိုသာသည့် အကြည့်ဖြင့် ကြည့်တတ်သော မေမေ တစ်ယောက်ကမူ မရှိတော့။ ဒဏ်ရာနက်နက် တစ်ခုကြောင့် ထုံသွားသော အကြော တစ်ခုသည် ပြန်၍ နာလာ သကဲ့သို့ စကားလက် နှလုံးသားတွင် နာကျင် လာသည်။ ဤ နာကျင်မှုကို စကားလက် ယခု မခံနိုင်သေး။ ရှေ့ဘဝ တစ်လျှောက်လုံး နာကျင်ရဦးမည်။ ယခုမူ နာကျင်သည့် ဒဏ်ကို မခံနိုင်သေး။

ဖေဖေ၏ ဝါထိန်နေသည့် မျက်နှာကို စကားလက် ကြည့်သည်။ ဖေဖေ မုတ်ဆိတ် မရိတ်သည်ကို သူ့ တစ်သက်တွင်

ဤ တစ်ကြိမ်သာ မြင်ဖူးသေးသည်။ တစ်ခါက ပြည့်ဖောင်းခဲ့သည့် ဖေဖေ့ ပါးတွင် ငွေရောင် မုတ်ဆိတ်မွေး ငုတ်တိုတို့

425

ပေါက်နေကြသည်။ ပေါ့က ဖယောင်းတိုင်ကို ခုံပေါ်သို့ တင်ထွန်းပြီး သူ့ အနား လာထိုင်သည်။ ပေါ့သည် ခွေးတစ်ကောင်သာ ဖြစ်လျှင် နှုတ်သီးကို သူ့ ပေါင်ပေါ် တင်ပြီး ယုယ ကြင်နာစွာ ပွတ်သပ်ခံလိမ့်မည် ထင်သည်။

`ပေါ့၊ စကားလက်တို့ ဆီမှာ ကပ္ပလီတွေ ဘယ်လောက် ရှိသေးသလဲ’



`ကျုပ်ရယ်၊ ကြီးဒေါ်ရယ်၊ ဒစ်လစီရယ် သုံးယောက်ပဲ ကျန်တော့တာပေါ့၊ ကြီးဒေါ်နှင့် ဒစ်လစီက မလေး ညီမတွေကို

ပြုစုရတယ်’

သုံးယောက်သာ ကျန်တော့သည်။ ယခင်က တစ်ရာ ရှိသည်။ စကားလက်က ခေါင်းကို အားယူ၍ မော့သည်။ အသံ

မတုန်အောင် ထိန်းပြောရလိမ့်မည်။ သို့ရာတွင် တမင် ထိန်းစရာ မလို။ ပြည်တွင်းစစ်ကြီးကို မတွေ့ခဲ့ရသည့်နှယ် သူ့ အသံသည် တည်ကြည် ငြိမ်သက်နေသည်။

`ပေါ့၊ စကားလက် ဆာတယ်၊ ဘာ စားစရာ ရှိသလဲ’



`မရှိတော့ဘူး မလေး၊ သူတို့ အကုန် ယူသွား ကြပြီ’



`ခြံထဲမှာကော’



`ခြံထဲမှာလည်း မကျန်တော့ဘူး၊ သူတို့ မြင်းတွေကို ခြံထဲ လွှတ်ထားကြတာ’



`ကန်စွန်းဥခင်းတွေကော’



ပေါ့၏ မျက်နှာတွင် ကျေနပ်သည့် အပြုံး ပေါ်လာသည်။



`ပလောပီနံ ဥတွေတော့ ရှိတယ် မလေး၊ ပလောပီနံ ဥတွေကို ယန်ကီတွေ ဖော်စားလိမ့်မယ် ထင်တာ၊ ဒီကောင်တွေက

ပလောပီနံဥကို မမြင်ဖူးတော့ မစားရတဲ့ အမြစ်တွေလို့ ထင်ပြီး’

`လထွက်ခါနီးပြီ၊ စကားလက်ဖို့ သွားတူးပြီး ပြုတ်ပေးပါလား၊ ပြောင်းဖူးတို့၊ စားတော်ပဲတို့၊ ကြက်တို့ကော’



`ဘာမှ မရှိတော့ဘူး မလေးရဲ့၊ သူတို့ မြင်းပေါ်က ဆင်းဆင်းချင်း တွေ့သမျှ ကြက်ကို သတ်စား ပစ်တာပဲ`



သူတို့၊ သူတို့၊ သူတို့။ သူတို့ ဆိုသည့် စကားလုံးက မကုန်နိုင်တော့ပြီလော။ သူတို့ လုပ်သမျှတွေကလည်း

မကုန်နိုင်တော့ပြီလော။ လူသတ်ရုံ၊ မီးရှို့ရုံဖြင့် အားမရတော့ပြီလော။ သူတို့ လုယက် ဖျက်ဆီးခဲ့သည့် နယ်မြေတွင် အမျိုးသမီးများ၊ ကလေးများ၊ ကပ္ပလီများကို အငတ်ငတ် အပြတ်ပြတ် ထားခဲ့တော့မည်လော။

`ပန်းသီး နည်းနည်းတော့ ရှိတယ် မလေး၊ ကြီးဒေါ် မြေကြီးထဲ မြှုပ်ပြီး ဝှက်ထားတာ၊ ကျုပ်တို့တော့ ဒီနေ့ တစ်နေ့လုံး

ပန်းသီးပဲ စားနေရတယ်’

`ကဲ သွားယူချည်၊ ကန်စွန်းဥကို နောက်မှ တူး၊ ပေါ့ရေ၊ စကားလက် နည်းနည်း မူးရိပ်ရိပ် ဖြစ်နေတယ်၊ အရက်ခန်းထဲမှာ

အရက်ချိုကလေး ဘာလေး မရှိဘူးလား၊ ဆီး အရက်ချို ဖြစ်ဖြစ်ပေါ့’

426



`အမယ်လေး၊ မပြောပါနှင့်တော့၊ အရက်ခန်း ကတော့ သူတို့ ပထမဆုံး ဝင်တဲ့ နေရာပဲ’



ဆာလောင်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ပင်ပန်းခြင်း တို့ကြောင့် စကားလက် မူးရိပ်ရိပ် ဖြစ်ကာ အော်ဂလီ ဆန်လာသည်။

ယင်းတိုက်နှစ်သား စားပွဲ ခြေထောက်ကို လှမ်းကိုင်လိုက်ရ၏။

`အရက်ချိုတောင် မရှိတော့ဘူးတဲ့’



စကားလက်က ညည်းသည်။ အရက်ခန်းထဲတွင် စီတန်းနေသည့် ပုလင်းများကို မြင်ယောင်နေသည်။



`စပျစ်ပင် အောက်မှာ ဝက်သစ်ချ စည်ကြီးနှင့် ဖေဖေ မြှုပ်ထားတဲ့ ပြောင်းဆန် အရက်ကော’



ပေါ့၏ နက်မှောင်သော မျက်နှာတွင် အပြုံးရောင် သမ်းလာပြန်သည်။ နှစ်သက်သည့် အပြုံး။ ကျေနပ်သည့် အပြုံး။



`မလေးကလည်း တယ်မှတ်မိတာကိုး၊ ကျုပ်လည်း အဲဒီ အရက်စည်ကြီးကိုတော့ အမှတ်ရသားပဲ၊ ဒါပေမယ့်

ပြောင်းဆန် အရက်က ဘယ်ကောင်းမလဲ မလေးရဲ့၊ စိမ်ထားတာလည်း တစ်နှစ်လောက် ရှိပြီ၊ ပြင်းမှာပေါ့၊ မိန်းကလေးတွေ ဘယ် သောက်လို့ ကောင်းပါ့မလဲ’

ကပ္ပလီ ဆိုသည့် လူမျိုးက ထုံသည်ဟု စကားလက် တွေးမိသည်။ မမေးဘဲနှင့် မည်သည့် အခါမျှ ထုတ်မပြော။ သို့တိုင်

ယန်ကီတို့က သူတို့ကို ကျွန်အဖြစ်မှ လွှတ်မည်ဟု ဆိုနေကြသေးသည်။

`စကားလက်နှင့် ဖေဖေ့ အတွက်တော့ ကောင်းပါတယ်၊ ကဲ စည်ကို သွားဖော်ပေးပါ၊ ဖန်ခွက် နှစ်လုံးရယ်၊ သကြားရယ်၊

ပူဒီနာရယ် ယူခဲ့၊ စကားလက် အရက်ချို ဖောက်မယ်’

ပေါ့၏ မျက်နှာက ကျေနပ်ပုံ မရ။



`မြိုင်သာယာမှာ သကြား မရှိတာ ဘယ်လောက် ကြာပြီလဲ၊ ပူဒီနာခင်းလည်း ယန်ကီ မြင်းတွေ အကုန်စားလို့

တက်တက် ပြောင်နေပြီ၊ သူတို့ မြင်းတွေကြောင့် မြက်တောင် မရှိတော့ဘူး’

လာပြန်ပြီ `သူတို့’ ဆိုသည့် စကား။ နောက်တစ်ခါ `သူတို့’ ဟု ပြောလျှင် စကားလက် အော်ဟစ် လိုက်မိတော့မည်။

ဤစကားလုံးကို နောက်ထပ် မကြားချင်တော့။

`ကဲ၊ ဒီလောက်တောင် ရှိလှတာ ပြောင်းဆန် အရက်ပဲ သွားယူတော့၊ ဒီအတိုင်း သောက်ပစ်မယ်၊ သြော် ပေါ့ရေ၊

ခဏ ခဏ၊ စကားလက် ခိုင်းစရာ ရှိသေးတယ်၊ စကားလက်မှာ မြင်းတစ်ကောင်နှင့် နွားမ တစ်ကောင် ပါလာတယ်၊ နွားမကို နို့ညှစ်ပေးပါ၊ ပြီးတော့ မြင်းကို ဖြုတ်ပြီး ရေတိုက်လိုက်ပါ၊ နွားမကိုတော့ ကြီးဒေါ်ပဲ နို့ညှစ်ခိုင်းလိုက်၊ တစ်နေရာရာမှာ ချည်ထားပါလို့၊ မီလာနီရဲ့ ကလေးလေးကို နို့တိုက် ဦးမှ၊ ဘာမှ မတိုက်ရသေးဘူး’

`မမ ကိုယ်တိုင်’



ပေါ့က မဝံ့မရဲ ပြောသည်။

427



`မီလာနီက နို့မထွက်ဘူး’



မေမေသာ ဤစကားမျိုး ပြောသံ ကြားလျှင် မူးလဲ လိမ့်မည် ထင်သည်။



`ကိစ္စ မရှိဘူးလေ မလေး၊ ဒစ်လစီ တိုက်လိမ့်မယ်၊ ဒစ်လစီလည်း ကလေးရလို့၊ နှစ်ယောက် တိုက်နိုင်ပါတယ်’



`သြော် ဒါဖြင့် ပေါ့လည်း ကလေး တစ်ယောက် အဖေ ဖြစ်ပြီပေါ့’



ကလေး၊ ကလေး၊ ကလေး။ ဘုရားသခင်သည် ကလေးတွေကို အဘယ့်ကြောင့် ဖန်ဆင်းခဲ့ရသနည်း။ မဟုတ်။

ဘုရားသခင်က ဖန်ဆင်းခြင်း မဟုတ်။ လူတွေက မွေးခြင်း ဖြစ်သည်။

`ဟုတ်တယ် မလေး၊ ယောက်ျားလေး မည်းမည်း ဝဝကြီး’



`ကဲ၊ ဒစ်လစီကို သွားခေါ်ချည်၊ ဆွီလင်တို့ကို စကားလက် ကြည့်လိုက်မယ်၊ မီလာနီရဲ့ ကလေးကို နို့တိုက်ပြီး မီလာနီ

လိုတာကို လုပ်ပေးလိုက်ပါလို့ ပြော၊ ကြီးဒေါ်ကိုတော့ နွားမကို နို့ညှစ်ပြီး မြင်းကို ဇောင်းထဲ သွင်းဖို့’

`သူတို့က မြင်းဇောင်း မထားဘူး မလေးရဲ့၊ သူတို့က မြင်းဇောင်းကို ဖျက်ပြီး ထင်းဆိုက်ပစ်တယ်’



ဒီမှာ ပေါ့၊ သူတို့ လုပ်တာတွေ စကားလက်ကို နောက်ထပ် မပြောပါနှင့်တော့၊ ဒစ်လစီကိုသာ သွားပြောချည်ပါ၊

ပြီးတော့ အရက်စည် ဖော်ပြီး ကန်စွန်းဥ တူးပေးပါ’

`မီးမှ မရှိဘဲ၊ ဘယ့်နှယ်လုပ် တူးမလဲ မလေး’



`ထင်းစနှင့် မီးဖိုပြီး တူးပေါ့’



`ထင်းလည်း မရှိတော့ဘူး မလေး၊ သူတို့’



`တော်ပြီ၊ ဖြစ်သလို တူး၊ သွား မြန်မြန် သွား တူးချည်’



စကားလက်က သံပြတ်ဖြင့် ပြောသဖြင့် ပေါ့ ခပ်သုတ်သုတ် ထွက်သွားသည်။ ဖေဖေနှင့် သူ နှစ်ယောက်တည်းသာ

ကျန်ရစ်သည်။ စကားလက်က ဖေဖေ့ ပေါင်ကို အသာ ပွတ်ပေးသည်။ တစ်ခါက ကြွက်သားတို့ တောင့်တင်း စူထွက်နေသည့် ပေါင်နှစ်ဖက်သည် ပျော့ဖတ် ရှုံ့တွ နေသည်ကို သတိပြုမိ၏။ ဖေဖေ ခုလို ယီးတီးယောင်တောင် ဖြစ်နေခြင်းကို ပျောက်အောင် လုပ်ရဦးမည်။ မေမေ့ အကြောင်းကို မေး၍ မဖြစ်သေး။ သူကိုယ်တိုင် ခံနိုင်ရည် ရှိချိန်ကျမှ မေးရတော့မည်။

`မြိုင်သာယာကိုတော့ ဘာဖြစ်လို့ မီးမရှို့သွားတာလဲ’



ဖေဖေက မကြားသလို သူ့ မျက်နှာကို စိုက်ကြည့်နေ၏။ စကားလက် ထပ်မေးသည်။



`အင်း’ ဖေဖေက စကားလုံး ရှာနေသည်။ `ဒီအိမ်ကို ဌာနချုပ် လုပ်ထားတာကိုး’



`ဒီအိမ်မှာ ဟုတ်လား’

428



မိမိ ချစ်သော အိမ်ကြီးသည် ညစ်နွမ်းရလေပြီဟု စကားလက် စိတ်မကောင်း ဖြစ်သွားသည်။ မေမေ နေခဲ့သော အိမ်။

-ခဲ့သော အိမ်၊ -ခဲ့သော အိမ် ဖြစ်၍ စကားလက် အမြတ်တနိုး ထားသည်။

`ဟုတ်တယ် သမီး၊ ဒီမှာ ဌာနချုပ် လုပ်သွားကြတယ်၊ ချောင်း တစ်ဖက်ကမ်း ဝက်သစ်ချမြိုင်ကို မီးရှို့ပြီးတော့ သူတို့

ဒီဘက်ကို ကူးလာခဲ့ကြတာပဲ၊ ဒါပေမယ့် အင်ဒီယာတို့ ဟန်နီတို့ကတော့ မရှိကြတော့ပါဘူး၊ မာကွန်ကို ရောက်နေပါပြီ၊ ဒါကြောင့် သူတို့ အတွက်လည်း စိတ်ပူစရာ မလိုပါဘူး၊ ဒါပေမယ့် ဖေဖေတို့ ကတော့ မာကွန်ကို ပြောင်းချိန် မရကြဘူး၊ ဆွီလင်တို့ ညီအစ်မ နှစ်ယောက်ကလည်း သိပ် အားနည်း၊ မေမေကလည်း အိပ်ရာထဲလဲ ဆိုတော့ မဖြစ်တော့ဘူး၊ ကပ္ပလီတွေကလည်း ဖေဖေတို့ လှည်းတွေ၊ လားတွေ ယူပြီး ထွက်ပြေးကြတယ်၊ ထွက်မပြေးတဲ့လူ ဆိုလို့ ကြီးဒေါ်ရယ်၊ ပေါ့ရယ်၊ ဒစ်လစီရယ် သုံးယောက်ပဲ ကျန်တယ်၊ ညီအစ်မရယ်၊ မေမေရယ်၊ ဖေဖေရယ် ကျန်ခဲ့တယ်’

သြော် ဟုတ်ပြီ၊ မေမေ့ အကြောင်းကို ဖေဖေ့ထံမှ မေး၍ မဖြစ်။ တခြား အကြောင်း မေးလျှင် ကိစ္စ မရှိ။ မေမေ၏

အခန်းထဲတွင် ဗိုလ်ချုပ် ရှားမင်း ကိုယ်တိုင် ဌာနချုပ် အဖြစ် အသုံးပြုသွားသည် ဆိုပါကလား။ ထိုနောက်ကော။

`ယန်ကီတွေက ရထားလမ်းကို သိမ်းဖို့ ဂျုန်းဘာရိုဘက်ကို တက်သွားကြတယ်၊ ချောင်းကနေ တက်လာလိုက်တာ

နည်းတဲ့ ယန်ကီတွေ မဟုတ်ဘူး၊ အမြောက်တွေရော၊ မြင်းတွေရော၊ သူတို့ လာတော့ ဖေဖေက အိမ်ရှေ့ ဆင်ဝင်ကို ထွက်တွေ့တယ်’

`ဖေဖေက ရဲသားပဲ’ စကားလက် တွေးမိသည်။ ဖေဖေသည် သူ့နောက်တွင် စစ်တပ်ကြီး တစ်တပ် ပါလာသည့်နှယ်

ရန်သူတို့ကို အိမ်ရှေ့သို့ ထွက်တွေ့သဖြင့် စကားလက် ဂုဏ်ယူသည်။

`ဖေဖေ့ကို ဒီအိမ်က ပြောင်းပေးပါတဲ့၊ အိမ်ကို မီးရှို့ မလို့တဲ့၊ ဒီတော့ ဖေဖေက ပြောင်းမပေးနိုင်ဘူး၊ ရှို့ချင်ရင် ကျုပ်ကိုပါ

ရှို့လို့ ပြောလိုက်တယ်၊ ဆွီလင်တို့ နှစ်ယောက်ရော၊ မေမေရော’

`အင်း ပြီးတော့ကော’ ဖေဖေသည် မေမေ့ကို ရည်ညွှန်းတိုင်း စကား ထစ်သွားတတ်သည်။



`ဒီတော့ ဖေဖေက အိပ်ရာထဲမှာ လူမမာတွေ ရှိတယ်၊ အူရောင် ငန်းဖျား ဖြစ်နေတယ်၊ ရွှေ့ရင် သေမှာပေါ့လို့

ပြောတယ်၊ ခင်ဗျားတို့ ရှို့ချင်ရင် ဒီအတိုင်း ရှို့ကြ၊ ကျုပ်တို့ပါ ရှို့ကြ၊ ဖယ်မပေးနိုင်ဘူးလို့ ပြောတယ်၊ မြိုင်သာယာက မခွာနိုင်’

ဖေဖေ့ အသံသည် တိမ်ဝင်သွားသည်။ အိမ်နံရံ ပတ်ပတ်လည်ကို ကြည့်နေသဖြင့် စကားလက် နားလည် လိုက်သည်။

ဖေဖေ၏ နောက်တွင် အိုင်းရစ် အမျိုးသား တို့၏ ဝိညာဉ် ရှိသည် မဟုတ်လော။ သူတို့ နေထိုင်ရာ၊ ထွန်ယက်ရာ၊ စိုက်ပျိုးရာ၊ သားသမီးတို့ကို မွေးမြူရာ မြေယာကို စွန့်မည့်အစား အသက် အသေခံ၍ တိုက်သွားကြသည့် အိုင်းရစ် လူမျိုးတို့၏ ဝိညာဉ် ရှိသည် မဟုတ်လော။

`အိမ်ကို မီးရှို့ချင်ရင် အဲဒီ လူမမာ အမျိုးသမီး သုံးယောက်ကိုလည်း မီးရှို့သွားကြ၊ ကျုပ်တို့ကတော့ ဖယ်မပေးဘူးလို့

ပြောတယ်၊ စစ်ဗိုလ်လေးက လူကောင်း ကလေး၊ တကယ့် လူကြီး လူကောင်း’

`ယန်ကီက လူကြီး လူကောင်း ဖြစ်သတဲ့လား ဖေဖေ’

429



`ဟုတ်တယ်၊ လူကြီး လူကောင်း၊ မြင်းနှင့် ထွက်သွားပြီး ခဏ ကြာတော့ ဆရာဝန် ဗိုလ်ကြီး တစ်ယောက် ခေါ်လာတယ်၊

ဆရာဝန်က ဆွီလင်တို့ နှစ်ယောက်ကို ကြည့်ပေးတယ်၊ သမီး မေမေကိုရော’

`ဒါဖြင့် ယန်ကီကောင်တွေ သူတို့ အခန်းထဲကို ဖေဖေ ဝင်ခွင့်ပြုတာပေါ့’



`ဆရာဝန်မှာ ဘိန်းပါတယ်၊ ဖေဖေတို့မှာ ဘာမှ မရှိဘူး၊ ညီအစ်မ နှစ်ယောက်ကို အဲဒီ ဆရာဝန် ကယ်တာ၊ ဆွီလင်

ဆိုရင် သွေးကြောပြတ်လို့ သွေးလျှံနေပြီ၊ ဆရာဝန်က သဘောလည်း ကောင်းတယ်၊ သူက ဒီအိမ်မှာ လူမမာတွေ ရှိတယ် ဆိုတာ အစီရင်ခံလို့ ဖေဖေတို့ အိမ်ကို မီးမရှို့တာ၊ ဒါနှင့် ဒီကို ဗိုလ်ချုပ် တစ်ယောက်ရယ်၊ သူ့လက်အောက်က ဗိုလ်တွေရယ် ပြောင်းပြီး ရုံးဖွင့်ကြတယ်၊ ဖေဖေတို့ အခန်းက လွဲရင် ကျန်အခန်းတွေ အကုန်လုံး သူတို့ နေတာပဲ၊ ပြီးတော့ စစ်သားတွေက’

ဖေဖေက စကားပြောရသည်ကို မောသည့်နှယ် ရပ်သည်။ မုတ်ဆိတ်မွေး ငုံးတိ ပေါက်နေသည့် မေးသည်

ရင်ဘတ်ပေါ်သို့ ကျနေ၏။ လည်ပင်းစောင်းတွင် အရေတွန့်တွေ အရစ်ရစ် ထနေသည်။ အားယူ၍ စကားကို ဆက်ပြော၏။

`အိမ်အနား တစ်ဝိုက်တွင် အကုန် သူတို့ချည်းပဲ၊ ဝါခင်းထဲမှာရော၊ ပြောင်းခင်းထဲမှာရော နှံ့နေတာပဲ၊ စားကျက်ထဲမှာ

ဆိုရင်လည်း အို ပြာနှမ်း နေတာပဲ၊ ရောက်တဲ့ ညက စခန်း မီးပုံတွေ ဖိုလိုက်ကြတာလည်း မနည်းဘူး၊ ခြံစည်းရိုးလည်း မနေရဘူး၊ မြင်းဇောင်းရော၊ စပါးကျီရော အကုန်လုံး ဖျက်ပြီး မီးဆိုက်ပစ်တာပဲ၊ နွားမတွေ၊ ဝက်တွေ၊ ကြက်တွေလည်း အကုန် သတ်စားတာပဲ၊ ဖေဖေ့ ကြက်ဆင်တွေရော ကုန်ပြီ’

ဖေဖေက သူ့ ကြက်ဆင်များကို အလွန် သံယောဇဉ် ကြီးသည်။ ယခု မရှိကြတော့။



`ပစ္စည်းဆိုလည်း အကုန် ယူတာပဲ၊ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ၊ ပရိဘောဂတွေ၊ ပန်းကန်ခွက်ယောက်တွေ’



`ငွေဇွန်းတွေ၊ ခက်ရင်းတွေကိုကော’



`ပေါ့နှင့် ကြီးဒေါ်က စောစောစီးစီး သိမ်းပြီး ဝှက်ထားကြတယ်၊ ရေတွင်းထဲ ချထားတယ် ထင်ပါရဲ့၊ ဖေဖေတောင်

ကောင်းကောင်း မသိပါဘူး’

ဖေဖေ့ အသံက တုန်လာသည်။



`ဒီကနေပြီး တိုက်ပွဲ စဖြစ်တော့တာပဲ၊ ပစ်သံ ခတ်သံတွေ ဆိုတာ ဆူညံနေတာပဲ၊ မြင်းတွေကလည်း တရုန်းရုန်းနေတာပဲ၊

နောက်တော့ ဂျုန်းဘာရိုဘက်က အမြောက်သံတွေ ကြားရတော့တာပဲ၊ မိုးချုန်းသံလိုလို ဘာလိုလို ဆွီလင်တို့တောင် ကြားရတယ်၊ ဖေဖေရယ် မိုးတွေကလည်း ချုန်းလှချည်လားလို့တောင် ခဏ ခဏ ပြောသေးတယ်’

`မေမေကော အိမ်မှာ ဌာနချုပ် လာဖွင့်တာ သိသွားသလား’



`ဟင့်အင်း၊ ဘာမှ မသိသွားဘူး’



`အင်း၊ တော်သေးတာပေါ့’

430



စကားလက်က ပြောသည်။ မေမေ ခမျာ သိ မသွားရသည့် အတွက် ကံကောင်းသည်ဟု ဆိုရမည်။ ဤအိမ်၊

ဤအခန်းများထဲသို့ ရန်သူတို့ ရောက်နေကြသည်ကို မေမေ သိမသွားရ။ ဂျုန်းဘာရိုက အမြောက်သံများကို မေမေ ကြားမသွားရ။ သူ့ နှလုံးသား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့် ဤမြေကြီးသည် ယန်ကီတို့၏ စစ်ဖိနပ်အောင်သို့ ရောက်ခဲ့ရသည်ကို မေမေ သိမသွားရ။

`ဖေဖေတောင် သူတို့နှင့် သိပ် မတွေ့ပါဘူး၊ အပေါ်ထပ်မှာ မေမေနှင့် သမီးတွေ အနားပဲ နေတာ များပါတယ်၊

ဆရာဝန်လေးနှင့်ပဲ အများဆုံး တွေ့တယ်၊ ဆရာဝန်လေးကတော့ တကယ် သဘော ကောင်းရှာပါတယ်၊ ဒဏ်ရာ ရလာတဲ့ စစ်သားတွေကို တစ်နေကုန် ကုပြီးရင် ပေါက်လာပြီး သူတို့ အနားမှာပဲ နေတာပဲ၊ ဆေးတွေတောင် ပေးခဲ့သေးတယ်၊ ကလေးမ နှစ်ယောက်ကတော့ ကောင်းသွားမှာပါပဲတဲ့၊ ဒါပေမယ့် သမီး မေမေကတော့ သိပ် အားနည်း နေတယ်တဲ့၊ ဒဏ်မခံနိုင်တော့ဘူးတဲ့၊ အပင်ပန်း ခံလွန်းလို့ အားကုန်သွားပြီတဲ့’

တိတ်ဆိတ်သွားသည့် အခိုက် သူ့ မေမေ ထိုစဉ်က အလုပ် များနေပုံကို စကားလက် မြင်ယောင်သည်။ မေမေက

ပိန်ပိန်ပါးပါး ဖြစ်သည့်တိုင် မြိုင်သာယာတွင် ရှိသမျှ အလုပ်ကို ဒိုင်ခံ လုပ်သည်။ အခြားသူတွေ သက်သာအောင် လူမမာ ပြုစုခြင်း၊ အလုပ် လုပ်ခြင်း စသည်တို့ကို မအိပ်မနေ မစားမသောက် ဒိုင်ခံ လုပ်သည်။

`နောက်တော့ သူ့တို့ စစ်တပ်တွေ တစ်တပ်ပြီး တစ်တပ် ဖြတ်သွားနေကြတာပဲ’



ဖေဖေက ငြိမ်သက်သွားကာ သူ့ လက်များကို စမ်းရှာနေသည်။



`သမီး ပြန်လာတာ ဖေဖေ ဝမ်းသာလိုက်တာ’



အိမ်ရှေ့ ဆင်ဝင်ဝမှ ဖိနပ်တွင် ဖုန်မပါအောင် ကြမ်းပြင်နှင့် ပွတ်သုတ်နေသံကို ကြားရ၏။ သနားစရာ ဘဏ္ဍာစိုးကြီး

ပေါ့။ အိမ်ထဲသို့ ဝင်တော့မည် ဆိုလျှင် ဖိနပ်ကို သုတ်ပြီးမှ ဝင်သည့် အလေ့ကို အနှစ် လေးဆယ် လုံးလုံး စွဲမြဲခဲ့သဖြင့် အကျင့်ပါနေပြီ။ ဤလို အချိန်အခါ တွင်ပင် ဖိနပ်သုတ် ဝင်ဖို့ ကိစ္စကို မေ့လျော့ခြင်း မရှိ။ ပေါ့က ဘူးသီးခြောက် နှစ်လုံးကို ဂရုတစိုက် ကိုင်လာသည်။ အရက် ခပ်ပြင်းပြင်း အနံ့က မွှေးနေသည်။

`အရက်ကတော့ အများကြီး ရှိတယ် မလေးရေ၊ ဘူးသီးခြောက် ဘူးပေါက်ကလေးထဲကို မနည်း ထည့်ယူ ရတယ်’



`ရပါတယ်၊ ကျေးဇူးပဲ ပေါ့ရေ’



စကားလက်က စိုနေသည့် ဘူးသီးခြောက်ကို လှမ်းယူသည်။ အရက်ပြင်း အနံ့ကြောင့် စကားလက် နှာခေါင်း

ရှုံ့လိုက်သည်။

`ရော့ ဖေဖေ၊ ဒါသောက်’



စကားလက်က

ဘူးသီးခြောက်ခွက်ကို

ဖေဖေ့လက်သို့

ထိုးပေးသည်။

ရေထည့်ထားသည့်

ဘူးသီးခြောက်ကို

ပေါ့ထံမှ လှမ်းယူသည်။ ဖေဖေက ကလေး တစ်ယောက်လို သူ့ အမိန့်ကို နာခံကာ အသံ မမြည်အောင် သောက်ချလိုက်၏။ စကားလက်က ရေ လှမ်းပေးသည်။ ဖေဖေက ခေါင်းယမ်း၏။

431



ဖေဖေ့ လက်မှ ခွက်ကို ယူ၍ စကားလက် နှုတ်ခမ်းတွင် တေ့သည်။ ဖေဖေက သူ့ကို ကြည့်နေသည်။ သဘောကျဟန်

မတူ။

`အမျိုးသမီး နုနုနယ်နယ်လေးတွေ အရက်ပြင်း မသောက်ရဘူး ဆိုတာ သိပါတယ် ဖေဖေ၊ ဒါပေမယ့် စကားလက်က

နုနုနယ်နယ် မဟုတ်တော့ဘူး၊ ဒီနေ့ည အလုပ် လုပ်စရာတွေ လုပ်ရဦးမယ်’

စကားလက်က ခွက်ကို မော့ကာ ခပ်သွက်သွက် သောက်ချလိုက်သည်။ သူ့လည်ချောင်းနှင့် ဝမ်းဗိုက်ထဲတွင်

ပူသွားသည်။ သီးသဖြင့် မျက်ရည်များ ကျလာသည်။ အသက် အောင့်ကာ နောက်တစ်ကြိမ် မော့ပြန်သည်။

`စကားလက်’ ဖေဖေ့ အသံက အာဏာသံ ပါသည်။ ပြန်ရောက်ပြီး ကတည်းက ဤအသံကို ပထမဆုံး အကြိမ်

ကြားရခြင်း ဖြစ်၏။ `တော်လောက်ပြီ၊ သောက်နေကျ မဟုတ်ဘဲနှင့် သောက်မနေနှင့်၊ မူးနေ လိမ့်မယ်’

`မူးမယ် ဟုတ်လား’ စကားလက်က အသံ အစ်အစ်ဖြင့် ရယ်သည်။ `မူးတော့ ဘာဖြစ်လဲ ဖေဖေရဲ့၊ စကားလက်

မူးအောင် သောက်ချင်နေတယ်၊ ဒါတွေကို မေ့သွားရင် ကောင်းတာပေါ့’

စကားလက် နောက်တစ်ခွက် သောက်သည်။ သူ့ သွေးကြောထဲတွင် အပူဓာတ်သည် တဖြည်းဖြည်း စီးဆင်းလာကာ

တစ်ကိုယ်လုံးသို့ ပျံ့သွားသည်။ နောက်ဆုံး လက်ဖျားထိပ်ကလေးများ အထိ ရောက်လာသည်။ နွေးလိုက်သည့် အပူဓာတ်။ မည်မျှ အရသာ ရှိသနည်း။ အေးစက်နေသည့် သူ့ နှလုံးသား တစ်ခုလုံး အထိ ပျံ့နှံ့ကာ တစ်ကိုယ်လုံး အားပြည့်လာသည် ထင်ရသည်။ ဖေဖေ့ မျက်နှာက စိတ်ရှုပ်နေပုံ ရသည်။ စကားလက်က ဖေဖေ့ ဒူးကို ပွတ်ကာ ဖေဖေ ချစ်သည့် အပြုံးမျိုးကို ပြုံးပြ၏။

`ဒီလောက်နှင့် သမီး မမူးပါဘူး ဖေဖေရဲ့၊ ဖေဖေ့ သမီးပဲ မူးပါ့မလား၊ ဒီလောက်နှင့် မူးရင် ရာဇဝင် ရိုင်းမှာပေါ့’



စကားလက်က နွမ်းနယ်နေသည့် မျက်နှာကို ပြုံးပြ၏။ ဖေဖေလည်း အရှိန်ကလေး ရလာဟန် တူသည်။ စကားလက်က

ဖေဖေ့ကို ခွက်ကမ်းသည်။

`ကဲ ဖေဖေ၊ ဒီ တစ်ခွက်တော့ သောက်လိုက်ပါဦး၊ ပြီးရင် ဖေဖေ့ကို အပေါ်ထပ် အိပ်ရာထိ ပို့ပေးမယ်။



စကားလက်က လန့်သွားသည်။ ဤစကားက ဝိတ်ကလေးကို ပြောနေကျ စကားမျိုး။ ဖေဖေ့ကို ဤသို့ မပြောသင့်။

မလေးစားရာ ရောက်သည်။ သို့ရာတွင် ဖေဖေက သတိပြုမိပုံ မရ။

`ကဲပါ ဖေဖေရယ် သောက်ပါ၊ သောက်ပြီး အိပ်တော့နော်၊ ဖေဖေ နားဖို့ လိုပြီ၊ သမီး ရောက်ပြီ၊ ဘာမှ

စိတ်ညစ်မနေနှင့်တော့၊ ကဲ သောက်ပါဦး ဖေဖေ’

ဖေဖေက သူ့စကားကို နားထောင်သည်။ စကားလက်က ဖေဖေ့ ချိုင်းကြားထဲသို့ လက်လျှို၍ ဆွဲသည်။



`ပေါ့ရေ’



ပေါ့က တစ်ဖက်က ဘူးသီးခြောက်ကို ကိုင်၍ တစ်ဖက်က ဖေဖေ့ကို ဆွဲသည်။ စကားလက်က ဖယောင်းတိုင်ကို

432

ကောက်ကိုင်သည်။ သူတို့ သုံးယောက်သည် မည်းမှောင်နေသည့် ခန်းဆောင်ထဲတွင် ခပ်ဖြည်းဖြည်း လျှောက်လာကာ တစ်ဆစ်ချိုး လှေကား အတိုင်း ဖေဖေ့ အခန်းသို့ တက်ခဲ့ကြသည်။

ဆွီလင်နှင့် ကာရင်းက ခုတင် တစ်လုံးပေါ်တွင် ညည်းတွား လူးလှိမ့် နေကြသည်။ ဝက်ဆီကို ပန်းကန်ထဲတွင်

ထည့်ကာ အဝတ်ကို ကျစ်၍ ထွန်းထားသဖြင့် တစ်ခန်းလုံး ညှော်နေသည်။ တံခါးကို ဖွင့်၍ ဝင်လိုက်သည်။ ပြတင်းပေါက်တွေ ပိတ်ထားသဖြင့် လူမမာနံ့၊ ဝက်ဆီနံ့ စသည်တို့ မွှန်နေ၏။ စကားလက် တရိပ်ရိပ် ဖြစ်လာသည်။ လူမမာခန်းထဲတွင် လေစိမ်း အတိုက် မခံရဟု ဆရာဝန်များက ပြောကောင်း ပြောကြမည်။ သို့ရာတွင် သူသာ ဤအတိုင်း နေရလျှင် သေရလိမ့်မည်ဟု စကားလက် ထင်သည်။ ပြတင်းပေါက် သုံးပေါက်ကို ဖွင့်သည်။ ဝက်သစ်ချရွက်နံ့နှင့် မြေနံ့ သင်းလာသည်။ သို့ရာတွင် အပြင်က လေကောင်း လေသန့်သည် အခန်းထဲတွင် သီတင်းပတ် များစွာ ပိတ်လှောင်နေသည့် အနံ့ အသက်များကို ပျောက်အောင် မတတ်နိုင်။

ဆွီလင်နှင့် ကာရင်းတို့ နှစ်ယောက်စလုံး ပိန်ချုံးကာ ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။ ကောင်းကောင်း အိပ်ပျော်ဟန်

မတူကြ။ စကားပြောသံ ကြားလျှင် နိုးလာကာ ပြူးကျယ်သော မျက်လုံးကြီးများဖြင့် လှမ်းကြည့်တတ်ကြသည်။ သူတို့ အိပ်နေသည့် ခုတင်ကြီးပေါ်တွင် ယခင်က သူတို့ နှစ်ယောက် တွတ်ထိုးနေကျ။ စကား ပြောနေကျ။ အခန်းထောင့်တွင် ခုတင် တစ်လုံး ရှိသည်။ ခြေထောက်နှင့် ခုတင် ခေါင်းရင်းတွင် ပန်းနွယ်တွေ ထွင်းထားသည့် ပြင်သစ်ပုံစံ ခုတင်ကြီး ဖြစ်၏။ ဆဗားနားမှ မေမေ သယ်လာခဲ့ခြင်း ဖြစ်သည်။ ဤခုတင်တွင် မေမေ အိပ်နေကျ။

စကားလက်က သူတို့ နှစ်ယောက် ဘေးတွင် ဝင်ထိုင်ပြီး ခပ်ငေးငေး ကြည့်နေသည်။ အစာ မရှိသည့် အတွက်

ပြောင်းဆန် အရက်က တန်ခိုးပြစ ပြုနေပြီ။ တစ်ခါတစ်ရံတွင် သူ့ညီမ နှစ်ယောက်သည် အဝေးကြီးတွင် ရောက်နေကာ ပိပိသေးသေးကလေးတွေ ဖြစ်နေကြသည်။ သူတို့ စကား ပြောသံက ပိုးမွှား အော်သံလို အဆက်အစပ် မရှိ ဖြစ်နေသည်။ တစ်ခါတစ်ရံ သူတို့ ပမာဏသည် ကြီးထွားလာကာ သူ့ဆီသို့ လျှပ်စီး အရှိန်ဖြင့် ပြေးလာနေကြသည် ထင်ရ၏။ စကားလက် ပင်ပန်းလှပြီ။ လှဲချကာ ရက်ပေါင်းများစွာ အိပ်ပစ်လိုက် ချင်သည်။

လှဲချ၍ အိပ်ပျော်ပြီးနောက် အိပ်ရာမှ အနိုးတွင် မေမေ့ အသံကို ကြားချင်သည်။ `သမီး နေမြင့်လှပြီ ထတော့ကွယ်၊

အပျင်း ထူမနေနှင့်’ ဟူသည့် အသံကို ကြားချင်သည်။ သို့ရာတွင် နောက် ကြားရမည် မဟုတ်တော့။ သို့ရာတွင် နောက် ကြားရမည် မဟုတ်တော့။ မေမေ့လို မှီခို အားထားစရာကို မည်သည့် နေရာတွင် သွားရှာရမည်နည်း။ မည်သူ့ ရင်ခွင်တွင် ခေါင်းတင်၍ အိပ်ရမည်နည်း။ မည်သူ့ ပခုံးတွင် မှီရမည်နည်း။

တံခါး ပွင့်လာကာ ဒစ်လစီ ဝင်လာသည်။ ရင်ခွင်တွင် မီလာနီ၏ သားလေးကို ပိုက်ထား၏။ လက်တစ်ဖက်က

အရက် ထည့်သည့် ဘူးခြောက်ကို ကိုင်ထားသည်။ မီးခိုး တလူလူ ထွက်နေသည့် ခပ်မှိန်မှိန် ဆီမီးခွက် အလင်းရောင်ထဲတွင် ခါတိုင်းထက် ပိန်နေသည် ထင်ရသည်။ ကပ္ပလီ ပုံပန်းသဏ္ဌာန်သည် ပို၍ ထင်ရှားလာသည်။ မေးရိုးများက ပို၍ ပေါ်သည်။ နှာခေါင်ူက ပို၍ ချွန်လာသည်။ ကြေးနီရောင် အသားက ပြောင်နေသည်။ အရောင်လွင့်စ ပြုနေသည့် သရက်ထည် အင်္ကျီကို ကြယ်သီးဖြုတ်ထားသဖြင့် ကြီးမားသည့် ကြေးနီရောင် ရင်အုံသည် အထင်းသား ပေါ်နေ၏။ မီလာနီ၏ သားလေးက ဖြူရော်သည့် နှုတ်ခမ်းကလေးဖြင့် နို့ကို အငမ်းမရ စို့နေသည်။ ကြောင်ကလေးလို လက်သီးဆုပ်ကလေးဖြင့် ရင်အုံကို ဆွဲထားသည်။

433



စကားလက်က ခပ်ယိုင်ယိုင် ထကာ ဒစ်လစီ၏ လက်မောင်းကို ကိုင်သည်။



`ဒစ်လစီ နေရစ်ခဲ့တယ်နော်’



`ဒီ အစုတ်ပလုပ် ကပ္ပလီတွေနှင့် လိုက်သွားလို့ ဖြစ်မလား မလေးရဲ့၊ သခင်ကြီးက ကျွန်မကိုရော ပရဇ္ဇီကိုရော

ငွေကုန်ကြေးကျခံ ဝယ်ထားတာ၊ ဘယ် လိုက်သွားပါ့မလဲ၊ ပြီးတော့ မလေးတို့ကလည်း သဘော ကောင်းတယ် မဟုတ်လား’

`ထိုင်လေ ဒစ်လစီ၊ ကလေးလေး နို့စို့ရဲ့လား၊ မီလာနီကော’



`ကလေးက ဆာလို့ ထင်ပါရဲ့၊ စို့လိုက်တာ မချွတ်တော့ဘူး၊ ဆာနေတဲ့ ကလေး တိုက်ရတာ ကုသိုလ် ရတာပေါ့၊

မမလည်း နေကောင်းပါတယ်၊ ဘာမှ စိုးရိမ် စရာ မရှိပါဘူး၊ ခရီး ပန်းပြီး အားနည်း နေတာရယ် ကလေး အတွက် စိုးရိမ်နေတာရယ်ကြောင့်ပါ၊ ဒီလောက် စိတ်မပူပါနှင့်၊ ကျွန်မ သူ့လို ကလေး အမေတွေ အဖြူရော အမည်းရော မြင်ခဲ့ဖူးပါပြီ၊ သူ့လည်း ပြောင်းဆန် အရက် ကျန်တာ နည်းနည်း တိုက်လိုက်တယ်၊ ခုတော့ အိပ်ပျော်သွားပြီ’

တစ်အိမ်လုံး

ပြောင်းဆန်

အရက်ကို

သောက်ကြဟန်

တူသည်။

ဝိတ်ကလေးကို

တိုက်ရလျှင်

ကြို့ထိုး

ပျောက်သွားမည်လောဟုပင် ကြံကြံဖန်ဖန် တွေးမိသေးသည်။ မီလာနီ မသေတော့။ အက်ရှလေ ပြန်လာလျှင် ပြန်လာခဲ့လျှင် တော်ပြီ။ ဤအကြောင်းကို နောက်မှ စဉ်းစားတော့မည်။ နောင်တွင် စဉ်းစားစရာ အချိန်တွေ အများကြီး ကျန်သေးသည်။ စဉ်းစားစရာတွေ အများကြီး ကျန်သေးသည်။ ဆုံးဖြတ်စရာတွေ အများကြီး ကျန်သေးသည်။ ထိုစဉ် တကျီကျီ ခပ်မှန်မှန် မြည်နေသည့် အသံ တစ်သံကို အပြင်မှ ကြားရသဖြင့် စကားလက် လှမ်းကြည့်လိုက်သည်။

`ဆွီလင်တို့ကို ရေဖတ် တိုက်ပေးဖို့ ကြီးဒေါ် ရေဆွဲတာလေ၊ ရေဖတ်တိုက်ရတာ ရေ သိပ်ကုန်တာ’



ဒစ်လစီက ဘူးသီးခြောက်ကို စားပွဲပေါ်က ဆေးပုလင်းများနှင့် ဖက်ခွက်များ ကြားတွင် မှီထောင်၍ ပြော၏။



စကားလက်က ရုတ်တရက် ရယ်သည်။ ငယ်ငယ် ကတည်းက တစ်လျှောက်လုံး ကြားခဲ့ရသည့် ရေတွင်းမှ

မောင်းလက်သံကိုပင် လန့်နေသည် ဆိုလျှင် သူ့ အာရုံကြောများသည် ချွတ်ယွင်းနေခြင်း ဖြစ်ရမည်။ ဒစ်လစီက စကားလက်ကို ကြည့်နေသည်။ စကားလက် ကုလားထိုင် အပေါ်တွင် ပြန်ထိုင်၏။ တင်းကျပ်နေသည့် ရင်စည်းကို ချွတ်ချင်လှပြီ။ သဲတွေ ကျောက်စရစ်ခဲတွေ ညပ်နေသည့် ဖိနပ်ကို ချွတ်ချင်လှပြီ။

မောင်းလက်က တကျွီကျွီ မြည်နေသည်။ မကြာခင် ကြီးဒေါ် လာတော့မည်။ မေမေ၏ ကြီးဒေါ်။ သူ့ ကြီးဒေါ်။

စကားလက် ဘာကိုမျှ မတွေးဘဲ တိတ်ဆိတ်စွာ ထိုင်နေသည်။ ကလေးက နို့ ကျွတ်သွားသဖြင့် တအီအီ ငိုနေသည်။ ဒစ်လစီက ကလေး ပါးစပ်ထဲသို့ နို့တပ်ပေးသည်။ စကား တစ်ခွန်းမျှ မပြော။ နောက်ဖေး ကွက်လပ်မှ ကြီးဒေါ်၏ ခြေသံကို စကားလက် နားထောင်နေစဉ် ဒစ်လစီက ကလေးကို ပွေ့သိပ်နေသည်။ ညက တိတ်ဆိတ်လျက်။ ချွတ်ချွတ် မြည်သံသည် သူ့ နားထဲတွင် မြည်ဟိန်းနေသည် ထင်ရ၏။

ကြီးဒေါ်က သူ့ ခန္ဓာကိုယ်ကြီးဖြင့် တလှုပ်လှုပ် တက်လာသဖြင့် အပေါ်ထပ် တစ်ခုလုံး လှုပ်နေသည် ထင်ရသည်။

ကြီးဒေါ်က ပခုံးတွင် သစ်သား ရေပုံးကို ထမ်းပိုးလျှို ထမ်း၍ ဝင်လာသည်။ ကြီးဒေါ်၏ မည်းမှောင်ကာ ကြင်နာတတ်သည့်

434

မျက်နှာသည် မျောက်တစ်ကောင်၏ မျက်နှာလို သနားစရာ ကောင်းနေသည်။

စကားလက်ကို မြင်သည်တွင် ကြီးဒေါ်၏ မျက်လုံးများသည် တောက်ပလာကြ၏။ ရေပုံးကို ချရင်း သွား အဖွေးသား

ပေါ်အောင် ပြုံးလိုက်သည်။ စကားလက်က ထပြေးလာကာ ကြီးဒေါ်၏ ကြီးမား ကျယ်ပြန့်သည့် ရင်အုံကြီးပေါ်သို့ ခေါင်းမှီ လိုက်သည်။ ဤရင်သည် တည်ငြိမ်ခြင်း၏ ပြယုဂ်။ မပြောင်းလဲသော ဘဝ၏ သက်သေ။ သို့ရာတွင် ကြီးဒေါ်၏ စကားများက သူ့ အထင်ကို ဖျက်လိုက်သည်။

`ကြီးဒေါ်သမီး အိမ်ပြန်လာပြီ၊ ခု သမီး မေမေ မရှိတော့ ကြီးဒေါ်တို့ ဘာလုပ်ကြမလဲ ဟင်၊ ကြီးဒေါ်လေ မမနှင့် လိုက်ပြီး

သေချင်လိုက်တာ၊ မမ မရှိရင် ကြီးဒေါ် ဘယ်လိုလုပ် နေရမှာလဲ၊ ခုတော့ ကြီးဒေါ် မပျော်တော့ဘူး၊ ပင်လည်း ပင်ပန်းလှပြီ’

ကြီးဒေါ်၏ ရင်အုံတွင် မှီရင်း စကားလေး သုံးလေးလုံးကို စကားလက် သတိထားမိသည်။ ပင်ပန်းလှပြီ။ ယနေ့

တစ်နေ့လုံး ဤစကားလေး သုံးလေးလုံးသည် သူ့ခေါင်းထဲတွင် ပဲ့တင် ထပ်နေသည်။ ယခု ဤစကားကို ကြားရပြန်ပြီ။ တစ်ဆက်တည်း သူနှင့် ရက် ဘတ်တလာ အတူ ဆိုခဲ့ကြသည့် `ကိုယ့် ရပ်ဌာနီ ကင်တပ်ကီ’ သီချင်းထဲက စာသားများကို သွား အမှတ်ရသည်။ ပင်ပန်းလှပြီလေ xx ဝန်ထုပ်ဝန်ပိုးကို ချရမယ့် ရက်ဟာလေ xx မဝေးတော့ပေ xx ဘယ်လောက်ပင် ပေါ့ပါးပါစေ xx 

`ဘယ်လောက်ပင် ပေါ့ပါးပါစေတဲ့’



စကားလုံးများကို စိတ်ထဲက ရွတ်မိသည်။ သူ့ ဝန်ထုပ်သည် ပေါ့ပါးပါဦးမည်လော။ မြိုင်သာယာသို့ ပြန်လာခြင်းသည်

အနားယူရန် မဟုတ်ဘဲ ပို၍ ကြီးသည့် ဝန်ထုပ် ဝန်ပိုးများကို ထမ်းရန်လော။ စကားလက် ကြီးဒေါ် လက်ထဲမှ ရုန်းထွက်ကာ အရေတွန့်နေသည့် ကြီးဒေါ်၏ ပါးကို ပွတ်နေသည်။

`ဟောတော့ သမီး လက်တွေက ဘာဖြစ်လို့လဲ’ ကြီးဒေါ်က သွေးခြည်ဥတွေ၊ အပေါက် အပြဲတွေ ဖြစ်နေသည့်

စကားလက်၏ လက်ကလေးကို ယူကြည့်သည်။ `အမျိုးကောင်း သမီး ဟုတ်မဟုတ် လက်ကို ကြည့်ရင် သိတယ်လို့ ကြီးဒေါ် ပြောခဲ့တယ်လေ၊ ခု ဘယ်လို ဖြစ်လာတာလဲ၊ မျက်နှာကလည်း နေလောင်ထားတာ ညိုနေတာပဲ’

သြော် သနားစရာ ကောင်းလိုက်ပါသည့် ကြီးဒေါ်။ စစ်ပွဲကြီး တစ်ပွဲလုံး သူ့ အနီးမှ ဖြတ်သွားသည့်တိုင် အရေးမကြီးသည့်

အသေးအဖွဲ ကလေးများတွင် စည်းကမ်း ကြီးနေဆဲ။ နောက်တစ်ခါ ဆိုလျှင် လက်ဖဝါး ကြမ်းကြမ်းနှင့် မျက်နှာတွင် ယင်ကြီးဥတို့ ရှိသည့် မိန်းမပျိုများ ယောကျာ်း ရတော့မည် မဟုတ်ဟုများ ပြောဦးမည်လော မသိ။

`ကြီးဒေါ်၊ မေမေ ဆုံးပုံကို စကားလက် သိချင်တယ်၊ ဖေဖေ ပြောတာကို စကားလက် နားမထောင်ရက်ဘူး’



ကြီးဒေါ်၏ မျက်လုံးမှ မျက်ရည်တွေ စီးကျ လာသည်။ ကြီးဒေါ်က ရေပုံးများကို ကောက်ယူသည်။ ခုတင်နားသို့

မသွားပြီး ဆွီလင်တို့ ညီအစ်မ နှစ်ယောက်၏ စောင်ကို ခွာသည်။ ညဝတ် အင်္ကျီကို ချွတ်သည်။ မှုန်မှုန်ရီရီ အလင်းရောင်တွင် သူ့ ညီအစ်မ နှစ်ယောက်ကို စကားလက် ကြည့်မိ၏။ ကာရင်း၏ ညဝတ် အင်္ကျီက ဖြူစင်သည့်တိုင် စုတ်ပြတ်နေပြီ။ ဆွီလင်က ညဝတ် အင်္ကျီ အဟောင်းကြီးကို ခြုံထားသည်။ အင်္ကျီက ပိုးပျော့ ချောကလက်ရောင်။ အနားတွင် အိုင်းရစ်ဇာ တပ်ထားသည်။

435

ကြီးဒေါ်က ပိန်ချုံးနေသည့် သူတို့ ညီအစ်မ နှစ်ယောက်ကို ရေဖတ် တိုက်ပေးရင်း ငိုနေသည်။ ခါးစည်း အဝတ်ဟောင်းကို ရေဖတ်တိုက် အဝတ် လုပ်ထားသည်။

`မမ သေရတာ စလက်တာရီတို့ကြောင့် သေရတာ မလေးရဲ့၊ ဒီ စလက်တာရီမျိုးဟာ နည်းနည်းမှ မကောင်းဘူး၊

သိပ် အောက်တန်းကျတယ်၊ မမကို သင်းတို့ သတ်တာ၊ မမက သိပ် သဘောကောင်းတယ် မဟုတ်လား၊ သင်းတို့ကို သွားပြီး လုပ်ပေးတယ်၊ ကြီးဒေါ်ကလည်း မလုပ်ပေးနှင့်လို့ သူ့ကို မပြောချင်ဘူး၊ မမက အကူအညီ လာတောင်းရင် ဘယ်တော့မှ မငြင်းဘူး၊ တတ်နိုင်သမျှ လုပ်ပေးတာပဲ’

`စလက်တာရီတို့နှင့် ဘာဆိုင်လို့လဲ ကြီးဒေါ်’



စကားလက်က မေး၏။



`သင်းတို့မှာ အူရောင် ငန်းဖျား ဖြစ်နေတာ၊ စလက်တာရီရဲ့ သမီးအကြီး အင်မီရယ်လေ၊ အဲဒါ သူ့ အမေကြီးက

သူ့ သမီးကို လာပြုစု ပေးပါဦးလို့ လာခေါ်တယ်၊ သူ့သမီး သူ့ဘာသာ ပြုစုပါလား၊ ဘာဖြစ်လို့ သူများ လာခေါ်ရတာလဲ၊ မမကလည်း သဘောကောင်းလိုက်တာ၊ လာခေါ်တော့ လိုက်သွားပြီး ပြုစုတာပေါ့၊ သွားသာ ပြုစုတာ သူကိုယ်တိုင်ကလည်း ဒီလောက် ကျန်းမာတာ မဟုတ်ဘူး၊ သရိုးသရီ ဖြစ်နေတာ ကြာလှပြီ၊ စစ်တပ်ကို ပေးရလို့ ဒီနား တစ်ဝိုက်မှာလည်း စားစရာ ကောင်းကောင်း မရှိဘူး မဟုတ်လား၊ စားတော့လည်း မမက ကြောင်စာရယ်၊ ကြီးဒေါ်က ဒီလောက်တောင် အပင်ပန်း ခံပြီး မပြုစုပါနှင့်လို့တော့ ပြောပါသေးတယ်၊ ဒါပေမယ့် သိတဲ့ အတိုင်းပဲ၊ ဒါမျိုး ပြောရင် သူက ဘယ်တုန်းက နားထောင်ဖူးလို့တုံး၊ ဟော သူ ပြုစုလို့ အင်မီလည်း ထူထူထောင်ထောင် ဖြစ်ကရော ကာရင်း လဲတော့တာပဲ၊ ကူးလာတာပေါ့၊ ပြီးတော့ ဆွီလင် လဲပြန်ရော၊ သူတို့ နှစ်ယောက်လည်း မမပဲ ပြုစုရတာပဲ။

`အဲဒီတုန်းကများ ရထားလမ်းမှာ တိုက်ပွဲတွေ ကလည်း ဖြစ်လို့၊ ယန်ကီတွေကလည်း ဒီဘက်ကို ရောက်လာကြပြီ၊

ကာလကြီးက ဘာမှန်း မသိ ညာမှန်း မသိနှင့်၊ ညဆိုလည်း ယာကူလီတွေ တစ်သုတ်ပြီး တစ်သုတ် ထွက်ပြေးနေကြတယ်၊ ကြီးဒေါ်ဖြင့် စိတ်ပူလိုက်တာလေ၊ မမကတော့ ဒီလောက် မဟုတ်ပေါင် ခပ်အေးအေးပဲ၊ ကာရင်းတို့ ညီအစ်မ အတွက် ဆေးဝါး ရှာမရမှာပဲ ပူတယ်၊ တစ်ည သူတို့ကို ရေဖတ် တိုက်ပြီးတော့ မမက ပြောတယ်၊ ကြီးဒေါ်ရယ်တဲ့ သမီးတွေက ကိုယ် သိပ် ပူတာပဲတဲ့၊ သမီးတွေ ခေါင်းပေါ် အုပ်ပေးဖို့ ရေခဲ လိုချင်လိုက်တာတဲ့။

`ခက်တာက သူက ဒီအခန်းထဲကို ဘယ်သူမှ အဝင် မခံဘူး၊ ရောဂါ ကူးမှာစိုးလို့တဲ့၊ သခင်ကြီးလည်း မဝင်ရဘူး၊

ရိုဇာလည်း မဝင်ရဘူး၊ လီနာလည်း မဝင်ရဘူး၊ ကြီးဒေါ်ကတော့ အူရောင်ငန်းဖျား ဖြစ်ပြီးသားတဲ့၊ ကိစ္စ မရှိဘူးတဲ့၊ သူကတော့ အရေး မကြီးဘူးတဲ့၊ နောက်ဆုံးတော့ သူ့ ကူးတော့တာပဲ’

ကြီးဒေါ်က ခါးစည်း အဝတ်ဖြင့် မျက်ရည် သုတ်နေသည်။



`မမ ရောဂါက သိပ်မြန်တာပဲ၊ ယန်ကီ ဆရာဝန်လေးလည်း ဘာမှ မတတ်နိုင်ဘူး၊ ဖြစ်ကတည်းက သတိလည်း

ကောင်းကောင်း မရတော့ဘူး၊ ကြီးဒေါ်သွားထိုင်လည်း မသိတော့ဘူး၊ မျက်လုံးကြီး ကြောင်ပြီး ကြည့်နေတာပဲ’

`စကားလက်ကို မမေးဘူးလား’

436



`ဟင့်အင်း၊ သူ့ ဘာသာသူ ဆဗားနား ပြန်ရောက်ပြီး ကလေးလေးလို ထင်နေပုံ ရတယ်၊ ဘယ်သူ့ နာမည်ကိုမှ

မခေါ်ဘူး’

ဒစ်လစီက အိပ်ပျော်သွားသည့် ကလေးငယ်ကို ဒူးပေါ် တင်ထားသည်။



`ခေါ်ပါတယ် ကြီးဒေါ်ရဲ့၊ နာမည် တစ်ခုကို ခေါ်တယ် မဟုတ်လား’



`ကောင်မက ညည်း ဘာသိလို့တုံး၊ ဝင်မရှုပ်နှင့်’



ကြီးဒေါ်က မျက်နှာထားကြီးဖြင့် ဒစ်လစီကို ငေါက်လိုက်သည်။



`ကဲ တော်စမ်းပါ ကြီးဒေါ်ရယ်၊ ဘယ်သူ့ နာမည်ကို ခေါ်သလဲ၊ ဖေဖေ့ကိုလား၊ ဒစ်လစီကိုလား’



`ဟင့်အင်း သခင်ကြီးကို မခေါ်ဘူး၊ အဲဒီ ညက ဝါတွေ မီးလောင်လို့ သခင်ကြီးလည်း မရှိဘူးလေ’



`ဟင်၊ ဝါတွေ မီးလောင်သွားပြီ ဟုတ်လား’



`ဟုတ်တယ်၊ စစ်သားတွေက မီးရှို့ပစ်တယ်၊ စခန်း မီးပုံပွဲ လုပ်မယ်ကွ ဆိုပြီး အော်လို့’



သုံးနှစ် သိုလှောင်ခဲ့ရသည့် ဝါဂွမ်းတွေ မရှိတော့။ တစ်သိန်းခွဲတန် ဝါဂွမ်းတွေ မီးတောက်ထဲတွင် ပါသွားပြီ။



`မီးတွေက လောင်လိုက်တာလေ၊ မီးကို ထိန်နေတာပဲ၊ နေ့ခင်းလား အောက်မေ့ရတယ်၊ အိမ်ဘက်များ ကူးမလားလို့

တထိတ်ထိတ်နှင့်၊ ဟောဒီ အခန်းကို ထိန်နေတာပဲ၊ မီးတွေကို မြင်တော့ မမဟာ တစ်ခါတည်း အိပ်ရာက ငုတ်တုတ်ထထိုင်ပြီး ဖိလစ်၊ ဖိလစ်နှင့် အော်တော့တာပဲ၊ ဘယ်သူ့ ခေါ်မှန်း မသိပါဘူး၊ ကြီးဒေါ်တော့ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ အသက်သာ ထွက်သွားရော အဲဒီ နာမည် ခေါ်ပြီး အသက် ထွက်သွားတာပဲ’

ကြီးဒေါ်က ဒစ်လစီကို ရပ်၍ တွေတွေကြီး ကြည့်နေသည်။ လှုပ်ရှားခြင်း မရှိ။ သို့ရာတွင် စကားလက်က မျက်နှာကို

လက်ဝါးဖြင့် အုပ်လိုက်သည်။ ဖိလစ်၊ ဖိလစ်။ ဖိလစ် ဆိုသူသည် မည်သူနည်း။ အသက် ထွက်ခါနီး အထိ တတမ်းတတ ခေါ်သွားရလောက်အောင် ဖိလစ် ဆိုသူသည် မေမေနှင့် ဘာဆိုင်သနည်း။

အတ္တလန်တာမှ မြိုင်သာယာသို့ သွားရသည့် လမ်းသည် ရှည်သည်။ ထိုလမ်းသည် မေမေ၏ ရင်ခွင်တွင် အဆုံးသို့

ရောက်ရမည်။ သို့ရာတွင် ယခု ထိုခရီးသည် ဟာလာဟင်းလင်း ဖြစ်သည့် အိမ်ကြီးတွင် အဆုံးသို့ ရောက်ခဲ့ပြီ။ ဖေဖေ့ အိမ်မိုးအောက်က မေမေ၏ မေတ္တာရိပ်တွင် စကားလက် မည်သည့် အခါမျှ ခိုလှုံ၍ မရတော့။ မေမေ့ မေတ္တာ စောင်ကို ခြုံရလျှင် နွေးထွေး လုံခြုံသည်။ ယခု မေမေ မရှိတော့။ လုံခြုံရာ ခိုလှုံရာ သိုက်မြုံ မရှိတော့။ ကျရောက်လာသည့် အဖြစ်ကို ရှောင်၍ မလွတ်တော့။ သူ့ ဝန်ထုပ် ဝန်ပိုးများကို လွှဲပြောင်းပေးစရာ ပခုံး မရှိတော့။ ဖေဖေလည်း အိုပြီ။ နမူးနထိုင်း ဖြစ်နေပြီ။ ညီအစ်မ နှစ်ယောက်က အိပ်ရာထဲ လဲလျက်။ မီလာနီကလည်း ဖျော့တော့ အားနည်း နေသည်။ ကလေး နှစ်ယောက်ကလည်း သူ့ တာဝန်။ မေမေ၏ သမီးသည် မေမေ့လို အားထား ရလိမ့်မည်ဟု အိမ်စေ ကပ္ပလီများကလည်း သူ့ကိုပင် အားကိုး နေကြ ရသည်။

437



အပြင်ဘက်တွင် ထွက်ပြူစ လသည် လဲ့လဲ့မှုန်မှုန် သာနေသည်။ လရောင်တွင် မျှော် မဆုံးနိုင်အောင် ရှိနေသည့်

မြိုင်သာယာ ယာတောကို ပြတင်းမှ မြင်နေရ၏။ လယ်ကူလီများ မရှိတော့။ မြေတို့ ကောကုန်ပြီ။ စပါးကျီတို့ မီးလောင်ကျွမ်းခဲ့ပြီ။ မြိုင်သာယာသည် မိမိ မျက်စိရှေ့တွင် သွေးယိုစီးနေသည့် ခန္ဓာကိုယ် တစ်ခုနှင့် တူတော့သည်။ အတ္တလန်တာမှ လာသည့် ခရီးသည် အဆုံးသို့ ရောက်ပြီ။ တုန်တုန်ယင်ယင် ဇရာဒုဗ္ဗလ၊ မကျန်းမာခြင်း၊ ဆာလောင်နေသည့် ပါးစပ်ပေါက်များ၊ သူ့ ဝတ်စုံကို ဆွဲနေကြသည့် ခိုကိုးရာမဲ့ လက်များကိုသာ ခရီး အဆုံးတွင် တွေ့ရသည်။ ဤ ခရီး အဆုံးတွင် ဘာမျှ မရှိတော့။ အသက် တစ်ဆယ့်ကိုးနှစ် အရွယ် ကလေး တစ်ယောက် အမေ စကားလက် အိုဟာရာ ဆိုသည့် မုဆိုးမကလေး တစ်ယောက်မှ အပ အခြား ဘာမျှ မရှိတော့။

သူ ဘာလုပ်ရမည်နည်း။ မီလာနီတို့ သားအမိကို မာကွန်က ဒေါ်လေး ပစ်တီနှင့် မစ္စက်ဘားတို့က စောင့်ရှောက်လိမ့်မည်။

ဆွီလင်တို့ နာလန်ထ လာလျှင် မေမေ့ ဆွေမျိုးများက စောင့်ရှောက်လိမ့်မည်။ သူနှင့် ဖေဖေကမူ ဆဗားနားမှ ဦးကြီး အင်ဒရူးတို့၊ ဦးကြီး ဂျိမ်းတို့နှင့် သွားရတော့မည်။

သူ့ ရှေ့မှ ပိန်ချုံးနေသည့် ညီအစ်မ နှစ်ယောက်ကို စကားလက် ကြည့်၏။ သူတို့ အနားမှ အိပ်ရာခင်းတွေ စိုရွှဲနေသည်။

ဆွီလင်ကို သူ သဘောမကျခဲ့။ ယခု သေသေချာချာ သိရပြီ။ ဆွီလင်ကို မည်သည့် အခါကမျှ သဘော မကျခဲ့။ ကာရင်းကိုလည်း သူ မချစ်။ စကားလက်က စိတ်ဓာတ် ပျော့ညံ့သူ ဆိုလျှင် မည်သူ့ကိုမျှ မချစ်။ သို့ရာတွင် သူတို့ နှစ်ယောက်သည် သူ့သွေးချင်း ဖြစ်သည်။ မြိုင်သာယာ၏ အစိတ်အပိုင်း ဖြစ်သည်။ သူတို့ ညီအစ်မ နှစ်ယောက်ကို အဒေါ်၏ အိမ်တွင် နွမ်းပါးသည့် ဆွေမျိုး အဖြစ် မှီခို ကပ်ရပ် နေရသည်ကိုမူ မကြည့်နိုင်။ အိုဟာရာမျိုးသည် သူများ ပေးစာ ကမ်းစာကို စားသောက် နေရသည့် အမျိုး မဟုတ်။ ဤသို့ အဖြစ် မခံနိုင်။

တခြား နည်းလမ်း မရှိတော့ပြီလော။ စကားလက်၏ ပင်ပန်း နွမ်းနယ်သည့် ဦးနှောက်သည် ဖျစ်ညှစ် စဉ်းစား၏။

ဆံပင်ကို လက်ဖြင့် ဖွသည်။ ဖန်ခွက်နှင့် ဆေးပုလင်း အကြားတွင် ထောင်ထားသည့် ဘူးခြောက်ကို ယူ၍ ကြည့်သည်။ ပြောင်းဆန် အရက် နည်းနည်း ကျန်သေးသည်။ အမှောင်ထဲမှာ ဖြစ်၍ မည်မျှ ကျန်သည်ကို သေချာစွာ မသိ။ ပြောင်းဆန် အရက်နံ့သည် သူ့နှာဝတွင် စူးရှခြင်း မရှိတော့။ ဘူးကို မော့၍ ခပ်ဖြည်းဖြည်း သောက်သည်။ ဤတစ်ကြိမ်တွင်မူ လည်ချောင်း ထဲတွင် ပူလောင်ခြင်း မရှိ။ ခပ်နွေးနွေး ခပ်ရှိန်ရှိန် မျှသာ ဖြစ်တော့သည်။

စကားလက်က ဘူးခြောက်ကို ပြန်ချကာ ပတ်ဝန်းကျင်ကို ကြည့်၏။ အိပ်မက်လို ဖြစ်နေသည်။ မီးခိုးတို့ မွှန်နေသည့်

မှောင်ရီရီ အခန်း။ အရိုးပေါ် အရေ တင်နေသည့် မိန်းကလေး နှစ်ယောက်။ ခုတင်ဘေးတွင် မားမားကြီး ထိုင်နေသည့် ကြီးဒေါ်။ မည်းနက်သော ရင်ခွင်တွင် ပန်းနုရောင် အသားတုံးကလေးနှင့် တူသည့် ကလေးကို သိပ်ရင်း ကြေးနီရုပ်လို ငုတ်တုတ် ထိုင်နေသည့် ဒစ်လစီ။ ထိုအရာများ အားလုံးသည် အိပ်မက်သဖွယ် ဖြစ်နေသည်။ မီးဖိုဆောင်ထဲမှ ဝက်ပေါင်ခြောက်ကြော်နံ့ကို ပြန်၍ သတိရနေသည်။ အသံသြသြနှင့် ရယ်တတ်သော ကပ္ပလီ ယာကူလီများ၏ အသံများကို ကြားယောင်နေသည်။ မေမေ၏ နူးညံ့သော အတွေ့အထိကို သတိရနေသည်။

ထိုနောက် သူ့ အခန်းသို့ ပြန်ရောက်သွားသည်ကို သူ သတိရသည်။ လရောင်က မှုန်ရီရီ သာလျက်။ ကြီးဒေါ်နှင့်

ဒစ်လစီက သူ့ကို အဝတ်အစား လဲပေး နေသည်။ ရင်စည်းများ မရှိတော့သဖြင့် အသက်ရှူ ချောင်သွား၏။ ပေါက်ပြဲနေသည့် ခြေထောက်ကို ရေဆေး ပေးရင်း တတွတ်တွတ် ပြောနေသော ကြီးဒေါ်၏ စကားများကို မသဲမကွဲ ကြားရ၏။ ရေက

438

အေးမြနေသည်။ နူးညံ့သည့် အိပ်ရာပေါ်တွင် ကလေးငယ် တစ်ယောက်လို အိပ်လိုက်ရသည်မှာ အရသာ ရှိဘိခြင်း။ စကားလက် သက်ပြင်းချ၍ အကြောအခြင်ကို လျှော့ချ လိုက်သည်။ တစ်နှစ်လော သို့မဟုတ် တစ်စက္ကန့်လောဟု ဝေခွဲမရသော အချိန်လေး အတွင်းတွင် အခန်းထဲ၌ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ လရောင်သည် သူ့ အိပ်ရာပေါ်သို့ ထိုးကျနေသဖြင့် အခန်းသည် ပိုလင်းလာ၏။

သူ မူးနေသည်ကို စကားလက် မသိ။ ပြောင်းဆန် အရက်နှင့် မောပန်းခြင်းကြောင့် စကားလက် မူးနေပြီ။ ပင်ပန်း

နွမ်းနယ်သည့် သူ့ကို ထားခဲ့ကြပြီ။ ကြီးဒေါ်တို့ ထွက်သွားကြပြီ ဆိုသည်ကိုသာ သူ သိသည်။ သူ့ ခန္ဓာကိုယ်သည် ဝေဒနာတို့ ကင်းဝေးရာ၊ ဒုက္ခတို့ ကင်းဝေးရာ တစ်နေရာဆီသို့ လွင့်မျောနေသည် ထင်ရ၏။ သူ့ ဦးနှောက်သည် အထူး ကြည်လင် လန်းဆန်းလျက် ရှိသည်။

အရာဝတ္ထုများကို မျက်လုံး အသစ်ဖြင့် မြင်နေရပြီ။ မြိုင်သာယာသို့ လာရာ ခရီးရှည်ကြီး တစ်လျှောက်တွင် သူသည်

သူ့ မိန်းကလေး ဘဝကို ထားခဲ့ပြီ။ ယခု သူသည် လိုရာကို ပုံသွင်း၍ ရသူ မဟုတ်တော့။ ရွှံ့စေးသည် မာလာခဲ့ပြီ။ အနှစ် တစ်ထောင်လောက် ကြာသည်ဟု ထင်ရသော ဤနေ့ တစ်နေ့ အတွင်း၌ ရွှံ့စေးသည် မာသွားခဲ့ပြီ။ ယနေ့ ညသည် ကလေး တစ်ယောက်ကဲ့သို့ နောက်ဆုံး အယုအယ ခံရသည့် ည ဖြစ်၏။ ယခု သူ မိန်းမကြီး ဖြစ်ပြီ။ ငယ်ရွယ် နုနယ်ခြင်း မရှိတော့ပြီ။

မဖြစ်နိုင်။ ဖေဖေ့ဘက်က ဆွေမျိုးကို လည်းကောင်း၊ မေမေ့ဘက်က ဆွေမျိုးကို လည်းကောင်း သူ အားမကိုးချင်။

အိုဟာရာမျိုးသည် သူများ ပေးစာ ကမ်းစာကို စားသည့် အမျိုး မဟုတ်။ သူများကို မှီခို ကပ်နေသည့် အမျိုး မဟုတ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးသည့် အမျိုး ဖြစ်သည်။ သူ့တာဝန်ကို သူ ထမ်းရမည်။ သူ့ပခုံးများသည် ဤဝန်မျှလောက်မူ ထမ်းနိုင်သည်ဟု သူ ထင်သည်။ သူ့ ဘဝတွင် အဆိုးဆုံးကို ကြုံတွေ့ခဲ့ရ ပြီးပြီ။ ယခု မည်သည့် ဝန်ထုပ် ဝန်ပိုးကို မဆို သူ ထမ်းနိုင်ပြီ။ ထမ်းရဲပြီ။ မြိုင်သာယာကို သူ မစွန့်ပစ်နိုင်။ ဤမြေကြီး နီနီများကို သူ ပိုင်သည်။ သူ့ ခြေထောက်များသည် ဝါပင် အမြစ်များလို ဤမြေဆီ ရဲရဲထဲတွင် အမြစ် တွယ်နေကြပြီ။ မြိုင်သာယာတွင် သူ နေမည်။ မြိုင်သာယာကို သူ ဦးစီး လုပ်မည်။ ဖေဖေနှင့် ညီမလေး နှစ်ယောက်ကို လည်းကောင်း၊ မီလာနီနှင့် အက်ရှလေ၏ သားငယ်ကို လည်းကောင်း၊ ကပ္ပလီများကို လည်းကောင်း သူ ရှာကျွေးမည်။ သူ ထိန်းသိမ်းမည်။ မနက်ဖြန်။ မနက်ဖြန်ကျလျှင် သူ့ ကုပ်ပိုးပေါ်တွင် ထမ်းပိုးတင်မည်။ မနက်ဖြန်တွင် သူ လုပ်စရာတွေ တစ်ပုံကြီး ရှိသည်။ ဝက်သစ်ချမြိုင်နှင့် မက္ကင်တော့တို့ ယာတောသို့ သွားကာ သူတို့ ခြံများထဲတွင် အပင်ကလေး ဘာလေး လိုက်ရှာဦးမည်။ ချောင်းဘေး ကိုင်းတောစပ်ကို ရှင်းကာ ဝက်မွေးဖို့၊ ကြက်မွေးဖို့ လုပ်မည်။ မေမေ ကျန်ရစ်ခဲ့သည့် လက်ဝတ်လက်စား ကလေးများကို ဂျုန်းဘာရိုသို့ သွား၍ ထုခွဲရဦးမည်။ ဂျုန်းဘာရိုတွင် စားစရာ သောက်စရာကလေး ဝယ်၍ ရနိုင်လောက်သည်။ မနက်ဖြန်။ မနက်ဖြန်။ သူ့ ဦးနှောက်သည် ရပ်တော့မည့် နာရီလို တဖြည်းဖြည်း နှေးလာသည်။ သို့ရာတွင် ကြည်လင်နေသည်။

သူ ငယ်ငယ်တုန်းက ကြားခဲ့ရသည့် ဖေဖေတို့ မေမေတို့ အကြောင်းများကို စကားလက် ရုတ်တရက် သတိ ရလာသည်။

ထိုစဉ်ကမူ ထိုအကြောင်းများ ကြားရသည်ကို သူ ငြီးငွေ့သည်။ စိတ်တိုသည်။ ဖေဖေသည် လက်ဖဝါး ခြေဖဝါးမှ ထကာ မြိုင်သာယာကို ပိုင်ခဲ့သည်။ မေမေသည် သူ့ ဘဝတွင် ရင်နာ စရာတွေ ကြားခဲ့ရသည်။ အဘိုး ရိုဘီးလာဒ်သည် နပိုလီယန် အကျတွင် ဂျော်ဂျီယာသို့ ထွက်ပြေးလာကာ ကြိုးကြိုး ကုတ်ကုတ် လုပ်ရင်း ကြီးပွားလာခဲ့ရသည်။ အဘေး ဖရိုဒွန်သည် ဟေတီကျွန်း တောကြီးမြက်မည်းထဲသို့ သွားကာ လုပ်ခဲ့ရသည်။ အိုင်ယာလန် လွတ်လပ်ရေး အတွက် တိုက်ခဲ့သည့်

439

စကားလက်တို့ အမျိုးများသည် စက်တိုင်သို့ တက်ခဲ့ကြရသည်။ မြေရှင်များကို ဆန့်ကျင်ကာ သူတို့ မြေယာ အတွက် အသက်ပေး တိုက်ခဲ့ကြသည်။

သူတို့ အားလုံးသည် ကြေမွ ပျက်စီးသွားတော့ မတတ် ဒုက္ခတွေ ရောက်ခဲ့ကြသည်။ သို့ရာတွင် ကြေမွ ပျက်စီး

မသွားခဲ့ကြ။ မင်းဆက်တွေ ပြုတ်ရုံဖြင့် သူတို့ မပြုတ်။ ပုန်ကန်မှု၊ စစ်၊ တော်လှန်ရေး စသည်တို့ကြောင့် သူတို့ ပျက်စီး ကြေမွ မသွားကြ။ ရက်စက်သည့် ကံတရားသည် သူတို့ လည်ကုပ်ကို ချိုးခဲ့သော်လည်း သူတို့ နှလုံးသားကို ကြေပြုန်းအောင် မတတ်နိုင်။ သူတို့သည် မညည်းညူကြ။ ကြံ့ကြံ့ ခံနိုင်ခဲ့ကြသည်။ သေသည့်တိုင် အားမတန်၍ သေခဲ့ကြရခြင်း ဖြစ်သည်။ စိတ်ဓာတ်ကမူ အရှုံးမပေး။ သူတို့၏ သွေးများသည် သူ့ အကြောထဲတွင် စီးဆင်း လှည့်ပတ် နေကြသည်။ သူတို့သည် လရောင် ရွှန်းလဲ့သည့် သူ့ အခန်းထဲတွင် တိတ်ဆိတ်စွာ လျှောက်နေကြသည်ဟု ထင်သည်။ သူ့ ဘိုးဘေးများသည် ကံပေးသမျှ အဆိုးကို အကောင်း ဖြစ်အောင် တူထု၍ ပုံသွန်းခဲ့ကြသည်။

ဤသည်တို့ကို စကားလက် မအံ့သြတော့။ မြိုင်သာယာသည် သူ့ ကံကြမ္မာ။ သူ့ဘဝ တိုက်ပွဲတွင် သူ အနိုင်

ရရပေမည်။

အိပ်ချင်မူးတူးဖြင့် ကိုယ်ကို တစ်ဖက်သို့ စောင်းသည်။ မည်းမှောင်သည့် အမှောင်ထုကြီးသည် သူ့ စိတ်ပေါ်သို့

ဖြည်းညင်းစွာ လျောကျ လာနေသည်။ သူတို့ ဘိုးဘေးများသည် သူ့ အနီးတွင် ရပ်ကာ ဤ အားပေး စကားများကို တကယ် ပြောနေကြသလော။ သို့မဟုတ် အိပ်မက် မက်နေခြင်းလော။

`တော်ပြီ၊ အိပ်တော့မယ်’



စကားလက်က အိပ်ချင် မူးတူးဖြင့် ညည်းသည်။

440

၂၅



နောက်တစ်နေ့ နံနက်တွင် မနေ့က လမ်းလျှောက်ရသည့် ဒဏ်၊ လှည်းဆောင့်သည့် ဒဏ်ကြောင့် စကားလက်

တစ်ကိုယ်လုံး ကိုယ် လက်တွေ နာနေသည်။ ကောင်းကောင်းပင် မလှုပ်နိုင်တော့။ သူ့ မျက်နှာသည် နေလောင်သဖြင့် နီရဲကာ လက်ဖဝါးက အပေါက်အပြဲများဖြင့် ကြမ်းရှနေသည်။ လျှာက အကြေးတွေ ထကာ လည်ချောင်းက ပူနေသည်။ ရေသောက်သည့်တိုင် ရေငတ် မပြေ။ ခေါင်းတွေ ကိုက်ပြီး မျက်လုံးတွေ စပ်နေသည်။ ကိုယ်ဝန် ရှိစတုန်းကကဲ့သို့ ပျို့အန်ချင်နေသည်။ စားပွဲပေါ်က နံနက်စာ ပြင်ထားသည့် ပလောပီနံဥပြုတ်ကို မစားချင်။ အနံ့ပင် မခံနိုင်။ ဖေဖေကမူ အရက် ပြင်းပြင်း သောက်စ ဤသို့ဖြစ်တတ်သည်ဟု ပြောလိမ့်မည်။ သို့ရာတွင် သူ့အခြေအနေကို ဖေဖေ ဘာမျှ သိပုံမပေါ်၊ စားပွဲထိပ်တွင် ထိုင်နေသည်။ သညာကင်းသော မျက်လုံးများဖြင့် တံခါးဆီသို့ လှမ်းကြည့်ကာ မေမေ့ ဝတ်စုံသံကို နားစွင့်နေပုံ ရသည်။ လိမ္မော်ဆောင်တော်ကူးပန်း နံ့သာခဲနံ့ကို ခံနေပုံ ရသည်။ တကယ့် လူအိုကြီး တစ်ယောက်သဖွယ် ဖြစ်နေလေပြီ။

စကားလက် စားပွဲသို့ ဝင်အထိုင်တွင် ‘နေဦး၊ မေမေ့ကို စောင့်ဦး၊ မေမေ မလာသေးဘူး’ ဟု ခပ်တိုးတိုး ပြောသည်။

စကားလက်က ခေါင်း တစစ်စစ် ကိုက်နေရာမှ သူ့ကို ဆတ်ခနဲ မော့ကြည့်၏။ ဖေဖေ့ ကုလားထိုင်နောက်တွင် ရပ်နေသည့် ကြီးဒေါ်က စကားလက်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်သည်။ ခပ်ယိုင်ယိုင်နှင့် ထလာကာ ဖေဖေ့ကို ငုံ့ကြည့်သည်။ ဖေဖေက သူ့ကို နဝေတိမ်တောင်ဖြင့် မော့ကြည့်၏။ လက်များက တုန်နေသည်။ ခေါင်းကလည်း မသိမသာ တုန်လျက်။

ထိုအခါကျမှ

သူ့လုပ်ငန်းတွင်

ဖေဖေ့ကို

အထင်တကြီးဖြင့်

မျှော်လင့်ခဲ့မိသည်မှာ

မှားပြီဟု

စကားလက်

သဘောပေါက်လာသည်။ သူ့အစီအစဉ်ကို ဖေဖေ့အား ဖွင့်၍ တိုင်ပင်မည်ဟု စိတ်ကူးခဲ့သည်။ မနေ့ညက ဖေဖေ့ကို ကြည့်ရသည်မှာ

ဤမျှ

မဆိုး။

ယခင်ကလို

ရွှင်လန်း

ဖျတ်လတ်ခြင်း

မရှိတော့သည့်တိုင်

စကား

အသွားအလာ

မှန်သေးသည်။ ယခုမူ မေမေသေပြီ ဆိုသည်ကိုပင် သတိမရတော့။ မြိုင်သာယာသို့ ယန်ကီတို့ ဝင်ရောက်လာခြင်းနှင့် မေမေ ကွယ်လွန်ခြင်းကြောင့် ဖေဖေ စိတ် ကယောက်ကယက် ဖြစ်ခဲ့ရပြီ။ စကားလက်က စကားပြောမည် အပြု ကြီးဒေါ်က ခေါင်းယမ်းပြီး မျက်ရည်သုတ်နေသည်။

‘ဖေဖေဟာ စိတ်ဖောက်ပြန်သွားပြီလား’ စကားလက် ခေါင်းပိုကိုက်လာသည်။ ‘မဟုတ်ပါဘူး ထင်ပါတယ်၊ စိတ်

ကယောက်ကယက် ဖြစ်ရုံလောက်ထင်ပါတယ်၊ ကြည့်ရတာ နေကောင်းပုံမရဘူး၊ ပျောက်တော့ ပျောက်သွားမှာပါ၊ မပျောက်ရင် ငါ ဘာလုပ်ရမလဲ၊ အို ခု မစဉ်းစားသေးဘူး၊ သူ့အကြောင်း၊ ဖေဖေ့အကြောင်း စိတ်မကောင်းစရာ အကြောင်းတွေကို ငါ ခု မစဉ်းစားသေးဘူး၊ ငါ့မှာ ဒါတွေကို စဉ်းစားနိုင်တဲ့ အားလည်းမရှိသေးဘူး၊ တခြားကိစ္စတွေ စဉ်းစားရဦးမယ်၊ ငါ မတတ်နိုင်တာတွေကို မစဉ်းစားသေးဘဲ တတ်နိုင်တာတွေလောက်ကိုပဲ စဉ်းစားဦးမယ်’

ဘာမျှ မစားတော့ဘဲ ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။ နောက်ဖေး ဆင်ဝင်သို့ အထွက်တွင် ဖိနပ်မပါဘဲ

လှေကားတွင် ထိုင်ရင်း စားတော်ပဲ အခွံ ချွတ်နေသည့် ပေါ့ကို တွေ့ရ၏။ ခေါင်းက တူဖြင့် ထုသည့်နှယ် တဒိုင်းဒိုင်း ကိုက်နေသည်။ တောက်ပသည့် နေရောင်ခြည်က မျက်စိပေါ်သို့ စူးကျလာ၏။ ကိုယ့်ကိုယ်ကိုယ် အားတင်း၍ ကိုယ်ကို မတ်မတ် ထားသည်။

441

စကားကို ခပ်တိုတိုပြောသည်။ ကပ္ပလီများနှင့် ဆက်ဆံရာတွင် မည်သို့မည်ပုံ သုံးနှုန်းရမည်ဟု မေမေ သင်ပြခဲ့သည်တို့ကို ဘေးချိတ်လိုက်ပြီ။

စကားလက်က သူလိုချင်သည်ကို မေးပြီးနောက် ခိုင်းစရာရှိသည်တို့ကို ခပ်ပြတ်ပြတ် ခိုင်းသည်။ ပေါ့က မျက်ခုံးကြီးပင့်၍

အံ့အားသင့်နေသည်။ မေမေသည် ဤသို့ စကားကို တိုတိုတောင်းတောင်း ပြောလေ့မရှိ။ ဖရဲသီး ခိုး၍ မိလာသူကိုပင် သာယာ ညင်းပျောင်းပြောတတ်သည်။ စကားလက်က ဝါခင်းများ အကြောင်း၊ ခြံအကြောင်း၊ သူ ယူလာသည့် မြင်းနှင့် နွားအကြောင်းကို မေးသည်။ သူ့မျက်လုံး စိမ်းစိမ်းများသည် တင်းမာတောက်ပြောင်လျက် ရှိ၏။ ဤအကြည့်မျိုးကို ပေါ့ တစ်ခါမျှ မမြင်စဖူး။

‘ဟုတ်တယ် မလေး၊ အဲဒီ မြင်းကြီးကို ချည်ပြီး စားခွက်ထဲ ရေထည့် တိုက်ပစ်ခဲ့တာ၊ စားခွက်ထဲ ခေါင်းစိုက်ပြီး

သေနေတာပဲ၊ ဟင့်အင်း နွားမကြီးကတော့ မသေဘူး၊ မနေ့ညက နွားလေး မွေးတယ်၊ ဒါကြောင့်မို့ သိပ်အော်နေတာပါ’

‘အင်း ပရဇ္ဇီ ဆိုတဲ့ ကောင်မကတော့ ပြောလိုက်ရင် တလွဲချည်းပဲ၊ ဝမ်းဆွဲသည် လုပ်ဖို့ကောင်းတယ်’ စကားလက်က

ခပ်လှောင်လှောင်ပြောသည်။ ‘နွားမကြီးက နို့ညှစ်ပေးမယ့်သူ မရှိလို့ အော်နေတာတဲ့’

‘နွားမွေးတဲ့ အကြောင်း သူ ဘာသိမှာတုံး’ ပေါ့က အလိုက်အထိုက် ပြန်ပြော၏။ ‘ခုတော့ ဟန်ကျတာပေါ့၊

မွေးတာကလည်း နွားမကလေး၊ ကလေးမတွေအတွက် နွားနို့ကောင်းကောင်း ရတာပေါ့၊ သူတို့ကို နွားနို့ ကောင်းကောင်း တိုက်ရမယ်တဲ့၊ ယန်ကီ ဆရာဝန်လေးကပြောသွားတယ်’

‘ဒိပြင် မြင်းတို့ နွားတို့ကော’



‘မရှိတော့ဘူး မလေး၊ ဝက်မကြီး တစ်ကောင်နှင့် ဝက်သားပေါက် ကလေးတွေပဲ ကျန်တော့တယ်၊ ယန်ကီတွေ

ရောက်လာတဲ့ နေ့က သူတို့ကို သတ်မှာစိုးလို့ ချောင်းစပ် ကိုင်းတောထဲ သွားလွှတ်ထားတာ၊ ခု ပြန်မလာဘူး၊ ရှာလို့လည်း မတွေ့ဘူး’

‘ဒါဖြင့် ခု သွားရှာချည်၊ ပရဇ္ဇီကို ခေါ်သွား’



ပေါ အံ့အားသင့်နေသည်။ ဒေါသလည်း ထွက်သည်။



‘ဒါက ယာကူလီတွေ လုပ်တဲ့ အလုပ်ပဲ မလေးရဲ့၊ ကျုပ်က အိမ်စေပဲ’



စကားလက်က မျက်လုံးပြူး၍ ကြည့်၏။



‘ရှင်နှင့် ပရဇ္ဇီ ဝက်မကြီးကို လိုက်ရှာပါ၊ မရှာချင်ရင် ဒီမှာ မနေနှင့်၊ ဒါပဲ’



ပေါ့၏ မျက်လုံးတွင် မျက်ရည်တွေ ဝဲလာသည်။ မေမေသာ ရှိလျှင် ဤသို့ ခိုင်းမည်မဟုတ်။ စကားလက်တို့ အမေ

သူ့သခင်မက သာယာညင်ပျောင်းပြောတတ်သည်။ ကပ္ပလီချင်း တူသည့်တိုင် ယာကူလီနှင့် အိမ်စေတို့၏ သဘောကို ခွဲခြားတတ်သည်။ သူ့စည်းနှင့်သူ ခိုင်းသည်။

‘ထွက်သွားရမယ်၊ ဘယ်ကို သွားရမှာလဲ မလေးရယ်၊ ဘယ်မှာ သွားစရာ ရှိလို့လဲ’

442



‘ဒါတွေ စကားလက် နားမလည်ဘူး၊ ဒါပေမယ့် ဒီမှာ နေတဲ့ လူတိုင်း ယာအလုပ် လုပ်ရမယ်၊ အလုပ်မလုပ်ချင်ရင်

ယန်ကီတွေနောက် လိုက်သွား၊ ဒိပြင်လူတွေကိုလည်း ဒီအတိုင်းပဲ ပြောလိုက်’

‘ဟုတ်ကဲ့ မလေး’



‘နေစမ်းပါဦး၊ ပြောင်းဖူးတွေနှင့် ဝါတွေကကော’



‘ပြောင်းဖူးကတော့

သူတို့

မြင်းတွေ

လွှတ်တာနှင့်

ပြောင်းခင်းတွေ

အားလုံး

ကုန်ပါရောလား၊

မြင်းစားလို့

မကုန်တာကိုလည်း သူတို့ အကုန်သယ်သွားတာပဲ၊ ဝါခင်းတွေဆိုတညလည်း အမြောက်လှည်းတွေ၊ ဝန်တင်လှည်းတွေ ဖြတ်မောင်းတာနှင့် ဖွတ်ဖွတ်ကို ကြေလို့၊ ချောင်းစပ်နားက ဝါခင်း တစ်ခုပဲ ကျန်တယ်၊ ဒါတောင် အဲဒီ ဝါခင်းကို သူတို့ တွေ့မသွားလို့ ကျန်တာ၊ အခင်းက အထွက်လည်း မကောင်းပါဘူး၊ တစ်နှစ်လုံး ထွက်လှရင် သုံးထုပ်ပေါ့’

ဝါဂွမ်း သုံးထုပ်။ မြိုင်သာယာ ဝါဂွမ်းများသည် အလွန် အထွက်ကောင်းသည်။ တစ်နှစ် တစ်နှစ် အထုပ်ပေါင်း မရေနိုင်။

ယခု သုံးထုပ်သာ ထွက်တော့သည်။ အမွဲဆုံး ဆိုသည့် စလက်တာရီတို့ထက် သာရုံကလေးရှိသည်။ ထိုအထဲတွင် ပြည်နယ်အစိုးရ အခွန်တော်က ရှိသေးသည်။ အစိုးရက ငွေအစား ဝါဂွမ်းကို အခွန်ကောက်သည်။ ဝါဂွမ်းသုံးထုပ်သည် မြေခွန်စရိတ်မျှပင် မရှိ။ ထိုမျှမက ထွက်သည့် သုံးထုပ်စာ ဝါဂွမ်းကလေးကို ဆွတ်ရန် ယာကူလီလည်း မရှိတော့။ ထွက်ပြေးကုန်ကြပြီ။

‘အို ဒါတွေ ခု မစဉ်းစားသေးဘူး၊ နောက်ကျမှ စဉ်းစားမယ်’ သူ့ ဘာသာသူ တွေးသည်။ ‘အခွန်အကောက် ကိစ္စ

ဆိုတာ မိန်းမတွေ အလုပ် မဟုတ်ဘူး၊ ဖေဖေ လုပ်လိမ့်မယ်၊ ဒါပေမယ့် ဖေဖေကလည်း၊ အို ဖေဖေ့ အကြောင်းလည်း ငါ အခု မစဉ်းစားချင်သေးဘူး၊ သူတို့ဘာသာ အခွန် ရချင်ရ မရချင်နေ၊ အရေးမကြီးဘူး၊ အရေးကြီးတာက တို့မှာ စားစရာ မရှိတာ’

‘ပေါ့၊ ယန်ကီတွေ ထွက်သွားပြီးမှ ဝက်သစ်ချမြိုင်တို့ မက္ကင်တော့ခြံတို့ကို ရှင် ရောက်သေးသလား၊ သူတို့ ခြံတွေထဲမှာ

ဘာတွေ စားစရာ ကျန်သလဲ’

‘မရောက်ဘူး မလေး၊ ကျုပ်က မြိုင်သာယာက ဘယ်မှ ခွာတာမဟုတ်ဘူး၊ ဟိုမှာ ယန်ကီတွေများ ရှိဦးမလား မသိဘူး’



‘ဒါဖြင့် မက္ကင်တော့ ခြံဘက်ကို ဒစ်လစီကို လွှတ်မယ်၊ အဲဒီမှာ စားစရာလေး ဘာလေး နည်းနည်းပါးပါးများ ရမလား

မသိဘူး၊ စကားလက် ဝက်သစ်ချမြိုင်ကို သွားမယ်’

‘ဘယ်သူနဲ့လဲ’



‘တစ်ယောက်တည်းပေါ့၊ ကြီးဒေါ်က လူမမာကြည့်ရမယ်၊ ဖေဖေ့ကိုလည်း ကြည့်ရမယ်’



ပေါ့က

အလန့်တကြား

အော်လိုက်၏။

ဝက်သစ်ချမြိုင်တွင်

ယန်ကီများ

ကပ္ပလီ

လူဆိုးများ

ရှိနိုင်သည်။

တစ်ယောက်တည်း သွား၍ မဖြစ်ဟု ပေါ့က ဆိုသည်။

‘ကိစ္စ မရှိပါဘူး၊ မက္ကင်တော့ ခြံကို သွားဖို့သာ ဒစ်လစီကို သွားပြောချည်၊ ရှင်နှင့် ပရဇ္ဇီက ဝက်မကြီးကို လိုက်ရှာကြ’



စကားလက်က ခပ်တိုတို ပြောကာ ချာခနဲ လှည့်ထွက်လာသည်။

443



ကြီးဒေါ်၏ ဦးထုပ်က ဟောင်းသော်လည်း သန့်သန့်ရှင်းရှင်း ရှိ၏။ နောက်ဖေး ဆင်ဝင်တွင် ချိတ်ထားသည့်

ထိုဦးထုပ်ကို စကားလက် ခေါင်းပေါ်သို့ စွပ်လိုက်သည်။ ရက် ဘတ်တလာ ပါရီက အပြန် ဝယ်လာသည့် ဖဲကြိုး စိမ်းစိမ်းနှင့် ဦးထုပ်ကလေးကို အမှတ်ရနေသည်။ ဝက်သစ်ချသားကို မျှင်မျှင် သပ်၍ ရက်ထားသည့် တောင်းတစ်လုံးကို ဆွဲပြီးနောက် နောက်ဖေးလှေကားမှ ဆင်းခဲ့သည်။ တစ်ကိုယ်လုံး နာနေသည်။ လှေကား တစ်ထစ် ဆင်းတိုင်း သူ့ ကျောရိုးသည် ခေါင်းခွံထဲသို့ ထိုးထွက်လာတော့မည် ထင်ရ၏။

မြစ်ဘက်သို့ ဆင်းသည့် လမ်းက နီရဲနေသည်။ ပျက်စီးနေသည့် ဝါခင်းများ ကြားတွင် ချစ်ချစ်တောက်နေသည်။

လမ်းတွင် သစ်ပင်ရိပ် တစ်ရိပ်မျှ မရှိ။ နေရောင်က ကြီးဒေါ်၏ ဦးထုပ်ပြားပေါ်သို့ အညှာအတာမရှိ ဖြာကျနေသည်။ သရက်ထည်ကို ဂွမ်းခံ ချုပ်ထား၍သာ တော်တော့သည်။ ပိုးဦးထုပ်ကလေး ဆိုလျှင် ဒုက္ခ။ ထောင်းထောင်းထနေသော ဖုတ်တွေကလည်း သူ့နှာခေါင်းတွေ လည်ချောင်းတွေထဲသို့ ဝင်ကုန်သည်။ စကားပြောလျှင် လည်ချောင်းတွေ ခြောက်သွေ့ အက်ကွဲကုန်တော့မည် ထင်ရသည်။ မြင်းများနှင့် အမြောက်လှည်းကြီးများ ဖြတ်သန်း ထားသောကြောင့် လှည်းလမ်းကြောင်း တစ်လျှောက် ဇောက်တွေ ဖြစ်ကုန်သည်။ ဘေးတစ်ဖက်တစ်ချက်က မြေနီနီ ကုန်းစောင်းများတွင်လည်း ဓားထစ်ထားသည့်နှယ် လှည်းဘီးရာ နက်နက်ကြီးတွေ ပေါ်နေသည်။ မြင်းတပ်နှင့် ခြေလျင်တပ်က ဝါခင်းများကို ဖြတ်၍ နင်းထားသဖြင့် ဝါခင်းတွေ အားလုံး စိစိညက်ညက် ကြေနေသည်။ လှည်းလမ်းပေါ်တွင် အမြောက်လှည်းတွေ တအိအိ သွားနေသဖြင့် မြင်းတပ်နှင့် ခြေလျင်တပ် ဝါခင်းတွေထဲကဖြတ်ချီခြင်း ဖြစ်ဟန်တူသည်။ လမ်းတစ်လျှောက်တွင် ခါးပတ်ကွင်းများ၊ မြင်းကုန်းနှီးများ၊ အမြောက်ခင်တိတ် လှည်းဘီးများ၊ သွေးစတွေ ပေကျံနေသည့် ပတ်တီးစများ စသည့် စစ်ချီနေသော စစ်တပ်ကြီး တစ်တပ်က လွှင့်ပစ်ခဲ့သည့် ပစ္စည်း အတိုအစတွေ ပြန့်ကျဲနေသည်။

စကားလက်က တောင်တမာပင် အုပ်အုပ်အောက်တွင် အုတ်တံတိုင်း ခတ်ထားသည့် ဝင်းကလေးကို မြှုပ်နှံခဲ့ရာ

သူတို့ မိသားစု သုသာန်ဖြစ်သည်။ ညီအစ်ကိုသုံးယောက် အနီးက မြေပုံ မို့မို့ အသစ်ကလေးကို စကားလက် စိတ်ထဲမှ ဖျောက်ပစ်သည်။ ဪ၊ မေမေ တစ်ယောက် မရှိတော့ပါတကား။ ဖုန်ထူထူလမ်းကလေး အတိုင်း တောင်ကုန်းပေါ်မှ ဆင်းခဲ့သည်။ စလက်တာရီတို့ အိမ်နေရာတွင် ထိုးထိုးထောင်ထောင် ဖြစ်နေသည့် မီးခိုးခေါင်းတိုင်နှင့် ပြာပုံများကိုသာ တွေ့ရ၏။ သူတို့ အမျိုး တစ်မျိုးလုံး မီးလောင်သည့် အထဲ ပါသွားပါစေဟု စကားလက် စိတ်နာနာဖြင့် ဆုတောင်းမိသည်။ စလက်တာရီတို့သာ မဟုတ်ခဲ့လျှင်၊ အင်မီကြောင့်သာ မဟုတ်လျှင် မေမေ သေချင်မှ သေမည်လော မသိ။

ခြေထောက်ပေါက်သည့် အနာကို ကျောက်ခဲရှသဖြင့် စကားလက် ညည်းသည်။ သူ ဘာလုပ်နေသနည်း။ ဤနား

တစ်ဝိုက်တွင် ကွမ်းတောင်ကိုင် အလှတစ်ဦး။ မြိုင်သာယာ၏ ကျက်သရေဆောင် ဖြစ်သည့် စကားလက် အိုဟာရာဆိုသည့် မိန်းကလေးသည် ဖိနပ် အစုတ်စုတ် အပြတ်ပြတ်ဖြင့် ဤခရီးကြမ်းကို အဘယ့်ကြောင့် သွားနေသနည်း။ သေးငယ်သည့် သူ့ ခြေထောက် လှလှကလေးများသည် ကသည့် ခြေထောက်ကလေးများဖြစ်သည်။ ထော့နဲ့ ထော့နဲ့ လျှောက်ရန်မဟုတ်။ သူ့ လွှာဖိနပ်ကလေးသည် တောက်တောက်ပပ ဂါဝန်အောက်မှ ထိုးထွက်အလှပြရန် ဖြစ်သည်။ ကျောက်စရစ်ခဲတွေ၊ ဖုန်တွေပေါ် လျှောက်ရန်မဟုတ်။ စကားလက်သည် နွဲ့ဆိုး ဆိုးရန် အလိုလိုက် ခံရရန် မွေးလာသူဖြစ်သည်။ ယခုမူ အစုတ်စုတ် အပြတ်ပြတ် အယိမ်းယိမ်း အယိုင်ယိုင် အငတ်ငတ် အပြတ်ပြတ်ဖြင့် သူတစ်ပါးခြံထဲသို့ သွားကာ စားစရာ ရှာနေရသည့် ဘဝသို့ ရောက်နေပြီ။

တောင်ကုန်း အောက်ခြေတွင် ချောင်းရှိသည်။ စိမ်းမြ ငြိမ်သက်သည့် သစ်ကိုင်းများက ရေပေါ်သို့ ငိုက်ကျနေကြ၏။

444

ကမ်းနဖူးတွင် စကားလက် ထိုင်သည်။ ခြေအိတ်နှင့် ဖိနပ်ကို ချွတ်ပြီးနောက် ပူလောင်နေသည့် ခြေထောက်များကို ရေအေးအေးထဲသို့ စိမ်သည်။ မြိုင်သာယာက ထွက်ပြေးကာ ဤနေရာတွင် နေကုန်နေခန်း လာထိုင်နေချင်သည်။ ဤနေရာတွင် သစ်ရွက်လှုပ်သံ၊ တသွင်သွင် ရေစီးသံမှအပ ဘာမျှ မကြားရ။ စိတ် မပါ့တပါဖြင့် ခြေစွပ်ကို ကောက်စွပ်ပြီး ဖိနပ်စီးသည်။ ယန်ကီတို့က ချောင်းကူးတံတားကို မီးရှို့ပစ်ခဲ့ကြသည်။ အောက် ကိုက်တစ်ရာ လောက်တွင် ချောင်းကျဉ်းကို ဖြတ်ထားသည့် သစ်တုံး တံတားကလေးကို သူသိသည်။ ထိုတံတားကို ခက်ခက်ခဲခဲ ဖြတ်ပြီး ဝက်သစ်ချမြိုင်ကို ကုန်းမော့မော့ကလေး အတိုင်း တက်လာခဲ့၏။ မိုင်ဝက်လောက် သွားရဦးမည်။

ဝက်သစ်ချပင် ဆယ့်နှစ်ပင်ကို လှမ်းမြင်နေရပြီ။ ရှေးရှေးက အတိုင်း ဝက်သစ်ချပင်ကြီးတွေက မားမားရပ်လျက်။

သို့ရာတွင် မီးဒဏ်ကြောင့် သစ်ရွက်တို့က ဝါညိုနေသည်။ သစ်ကိုင်းတွေက မီးလောင်ထားသဖြင့် တွန့်လိမ်နေကြ၏။ ဝက်သစ်ချပင် ဆယ့်နှစ်ပင်၏ အလယ်တွင်မူ ဦးကြီး ဝီလ်ကီ၏ အိမ်။ အက်ရှလေတို့ အိမ်။ မီးလောင်ကျွမ်း ပြာကျလျက်။ မျက်နှာစာ ကျောက်သား ဖြူဖြူကြီးများဖြင့် ကမူကို သရဖူဆောင်းထားသည့်နှယ် ရှိသည့် ခံ့ညားသော အိမ်ကြီး မရှိတော့။ မြေတိုက် နေရာ ဖြစ်သည့် ကျင်းဟောင်းဟောင်းကြီး၊ မည်းနက်နေသည့် အုတ်ခုံနှင့် မီးခိုးခေါင်းတိုင်ကြီး နှစ်ခုသာလျှင် အမှတ်အသားအဖြစ် ကျန်ရစ်သည်။ တစ်ဝက် တစ်ပျက် မီးလောင်ထားသည့်တိုင် ဖြူဖြူကြီး တစ်လုံးသည် မြက်ခင်းပေါ်သို့ လဲကျလျက် ရှိ၏။ ကြက်ရုံးပန်းရုံများက ထိုတိုင်ကြီး အောက်တွင် ပိနေသည်။

လဲကျနေသည့် တိုင်ကြီးပေါ်တွင် စကားလက်ထိုင်သည်။ ရှေ့ဆက်သွားရမည်ကိုပင် စိတ်မပါတော့။ ဤမျှလောက်

အထီးကျန် ဖြစ်သည့်နေရာကို စကားလက် မတွေ့ဖူးသေး။ ဂျွန်ဝီလ်ကီ မိသားစု၏ ဂုဏ်ကျက်သရေဆောင် မျက်နှာစာ တိုင်ကြီးသည် ဖုန်ထဲတွင် လဲကျနေပြီ။ သူ့ကို အမြဲတမ်း ကြိုဆိုခဲ့သည့် ဂေဟာကြီး စခန်းသိမ်းသွားပြီ။ အရှင်သခင်မ အဖြစ် သူ စိုးစံမည်ဟု စိတ်ကူးခဲ့သော အိမ်ကြီး မရှိတော့ပြီ။ ဤအိမ်ကြီးတွင် သူ ကခဲ့ဖူးသည်။ ထမင်း စားခဲ့ဖူးသည်။ ပလူးခဲ့ဖူးသည်။ မီလာနီက အက်ရှလေအား ပြုံးကြည့်နေသည်ကို နာကျင်၍ မနာလိုသော စိတ်ထားဖြင့် စောင့်ကြည့်ခဲ့ဖူးသည်။ ဤနေရာက အေးမြသော သစ်ရိပ်ဝေဝေ အောက်တွင် ချားလ်ကို သူ လက်ထပ်မည်ဟု ပြောခဲ့ဖူးသည်။ ချားလ်က ဝမ်းသာအားရဖြင့် သူ့ လက်နှစ်ဖက်ကို ဆုပ်ကိုင် ဖျစ်ညှစ်ခဲ့ဖူးသည်။

‘ဟင်း၊ အက်ရှလေ တစ်ယောက် ရှိတော့မှာ မဟုတ်ပါဘူး၊ ဒီလိုဖြစ်နေတာကို သူ မြင်မသွားရတာ ကောင်းပါတယ်’ ဟု

စကားလက် တွေးမိသည်။

အက်ရှလေသည် မီလာနီကို ဤနေရာတွင် လက်ထပ်ခဲ့သည်။ သို့ရာတွင် အက်ရှလေ၏ သားနှင့် မြေးများ အဖို့မူ

ဤအိမ်ကြီးသို့ သူတို့၏ သတို့သမီးများကို ခေါ်လာနိုင်မည်မဟုတ်တော့။ ဤအမိုးအောက်တွင် အကြင်လင်မယားကိစ္စ၊ လင်ယူ သားမွေးကိစ္စတို့ ရှိနိုင်မည်မဟုတ်တော့။ အိမ်ကြီး ပျက်စီးခဲ့ရပြီ။ စကားလက်အဖို့မူ ဤအိမ်ကြီးနှင့် အတူ ဝီလ်ကီတို့ မိသားစု အားလုံးသည်လည်း ပြာဖြစ်ခဲ့ကြပြီဟု ထင်နေသည်။

‘အို ဒါတွေကို ငါ ခု မစဉ်းစားသေးဘူး၊ ခု စဉ်းစားနိုင်တဲ့ ခွန်အား မရှိသေးဘူး၊ နောက်မှ စဉ်းစားမယ်’ စကားလက်

မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်၏။

အပျက်အစီး ပုံကြီးကို ကွေ့ပတ်ပြီး ဥယျာဉ်ဘက်သို့ လာခဲ့သည်။ အင်ဒီယာတို့ ညီအစ်မ တယုတယ စိုက်ထားသည့်

445

နှင်းဆီခင်းက ကြေမွနေပြီ။ နှင်းဆီခင်းကို ဖြတ်ကာ နောက်ဖေး ကြက်ခြံနှင့် စပါးကျီဘက်သို့ လာသည်။ အိမ်နောက်ဖေး ဟင်းရွက် စိုက်ခင်းကလေးက ခြံစည်းရိုး မရှိတော့။ စိုက်ခင်းထဲက ဟင်းသီး ဟင်းရွက်ပင် ကလေးများကလည်း ပြောင်သလင်း ခါနေပြီ။ မြေပျော့ပျော့ပေါ်တွင် မြင်းခွာရာများ၊ လှည်းဘီးရာများသာ ထင်နေကြသည်။ ဤနေရာတွင် သူ့အတွက် ဘာမျှ ယူစရာ မရှိ။

ဆေးဖြူ သုတ်ထားသည့် နောက်ဖေး အစေခံတန်းလျားဘက်သို့ ဆင်းလာခဲ့သည်။ စကားလက်က အသံပြု၍

အော်ကြည့်၏။ ပြန်ထူးသံ မကြားရ။ ခွေးဟောင်သံပင် မရှိ။ ဦးကြီး ဝီလ်ကီတို့၏ ကပ္ပလီ ကျွန်များသည် ထွက်ပြေးသွားကြပြီလော။ သို့မဟုတ် ယန်ကီတို့နှင့် ပါသွားကြပြီလော။ ကပ္ပလီများက ကိုယ့်မိသားစုအတွက် ကိုယ့်ဘာသာကိုယ် ဟင်းသီးဟင်းရွက် ခြံကလေးများ

စိုက်ထားကြသည်။

ထိုခြံကလေးများတွင်

ဟင်းသီးဟင်းရွက်

ကလေးများ

ကျန်ဦးမည်လောဟု

သွားရှာကြည့်သည်။

အချည်းနှီးမဖြစ်။ မုန်လာဥများနှင့် ဂေါ်ဖီထုပ်များကို တွေ့ရသည်။ သို့ရာတွင် မောလွန်းသဖြင့် ဝမ်းမသာနိုင်။

ရေကလည်း ငတ်လှပြီ။ ထောပတ်ပဲများ၊ ပဲလွန်းများကို တွေ့ရသည်။ စကားလက် မြေကြီးပေါ်တွင် ထိုင်ချကာ တုန်ယင်သော လက်များဖြင့် ပဲများကို ဖော်သည်။ သူ့ ခြင်းတောင်းထဲသို့ ထည့်သည်။ ပဲများနှင့် စားရန် အသား မရှိသည့်တိုင် ယနေ့ည မြိုင်သာယာတွင် ဟင်းကောင်းကောင်း စားရပြီ။ မီးထွန်းရန် ဒစ်လစီ စုထားသည့် ဝက်ပေါင်ခြောက် ဆီဖြင့် ပဲသနပ်လုပ်၍ပင် ရနိုင်သေးသည်။ မီးကို ထင်းရှူးတုံးများဖြင့် ထွန်းဖို့၊ ဆီချွေတာဖို့ ဒစ်လစီကို ပြောရဦးမည်။

သစ်လုံးအိမ်ကလေး အိမ်နောက်ခန်းထဲတွင် မုန်လာဥဝါများကို တွေ့သဖြင့် ချက်ချင်း ဆာလာသည်။ သူ့ပါးစပ်က

ဤလို အနံ့ပြင်းပြင်း ရှတတ အရာမျိုးကို စားချင်နေသည်။ စကားလက် မုန်လာဥဝါကို ခါးမှ အဝတ်ဖြင့် တစ်ချက်သာ သုတ်လိုက်ပြီး ဝါးမျိုချလိုက်သည်။ ခပ်ရှိန်းရှိန်း၊ ကြမ်းကြမ်းရှရှ။ မျက်ရည်တွေပင် ကျလာသည်။ ဗိုက်ထဲသို့ ရောက်သွားသည့် အခါတွင် ဗိုက်က လက်မခံ။ မြေကြီးပေါ်သို့ ထိုးအန်ပစ်လိုက်ရသည်။

နောက်ဖေးခန်းထဲက ကပ္ပလီနံ့ကြီးကြောင့်လည်း အော်ဂလီ ဆန်နေသည်။ စကားလက် ခေါင်းသည် တရိပ်ရိပ်

မူးလာသည်။ သစ်ပင်များ၊ သစ်လုံးအိမ်များသည် သူ့ခေါင်းထဲတွင် ချာချာလည်နေ၏။

စကားလက်သည် အချိန်အတော်ကြာမျှ ဝမ်းလျားမှောက်ကာ မျက်နှာကို မြေကြီးနှင့် အပ်ထားမိသည်။ သူ့အောက်က

မြေကြီးကို ငှက်မွေး မွေ့ရာထင်နေသည်လော မဆိုနိုင်။ သူ့စိတ်သည် ပျံ့လွင့်လျက်ရှိ၏။ စကားလက် အိုဟာရာ ဆိုသည့် မိမိသည် ကပ္ပလီသစ်လုံး အိမ်ကလေး တစ်လုံးနောက် အပျက်အစီးပုံကြီးထဲတွင် မှောက်လျက် လဲကျလျက်။ လှုပ်လည်း မလှုပ်ရှားနိုင်။ မည်သူမျှလည်း မသိ။ သူ့ တစ်သက်တွင် ဤအလုပ်မျိုးကို လုပ်ဖူးဖို့ မဆိုထားနှင့်၊ ကြမ်းပြင်တွင် သူ ကိုယ်တိုင် ချွတ်ပစ်ထားသည့် ခြေအိတ်ကိုသော်မျှ ကုန်း၍ မကောက်စဖူး။ သူ့ ဖိနပ် ဇာကြိုးကိုသော်မျှ ကိုယ်တိုင် မချည်စဖူး။ တစ်သက်လုံး သူ့အလိုကိုချည်း လိုက်ခဲ့ကြရသည်။ သူကလည်း နွဲ့ဆိုး ဆိုးခဲ့သည်။

မြေကြီးပေါ်တွင် မလှုပ်မရှားနိုင်။ ဝမ်းလျားမှောက်လဲရင်း ရှေးက ရွှေထီး ဆောင်းခဲ့ရသည်တို့ကို စကားလက်

ပြန်အမှတ်ရသည်။ ယခု တွေ့နေရသည့် ဒုက္ခ သုက္ခတွေကို စဉ်းစားမိသည်။ ခေါင်းပေါ်တွင် လင်းတ ဝဲသလို ထိုအတွေးများသည် သူ့စိတ်ကူးထဲတွင် တဝဲလည်လည် ဖြစ်နေကြသည်။ ‘ဖေဖေတို့ မေမေတို့ အကြောင်းကို ခု မစဉ်းစားချင်သေးဘူး၊

446

အက်ရှလေ အကြောင်းကိုလည်း မစဉ်းစားသေးဘူး၊ အပျက်အစီးတွေ၊ ဒုက္ခ သုက္ခတွေကိုလည်း ခု မစဉ်းစားသေးဘူး၊ စဉ်းစားနိုင်တဲ့ ခွန်အား ရှိတော့မှ စဉ်းစားမယ်’ ဟု မောင်းထုတ်သော်လည်း ပြန်၍ မောင်းထုတ်နိုင်သည့် ခွန်အား မရှိတော့။ စိတ်က မည်သို့ တင်းတင်း သူတို့ကို အမှတ်ရနေသည်။ ထိုအတွေးများသည် သူ့အနီးတွင် ဝဲကာ သူ့ကို ထိုးသုတ်ကြသည်။ ကျွမ်းထိုးဆင်းလာကာ ခြေသည်း ချွန်ချွန်ကြီးများဖြင့် ကုတ်ခြစ်ကြသည်။ အချိန် အကန့်အသတ်မရှိသော အချိန် တစ်ချိန်လုံး စကားလက် မြေကြီးပေါ်တွင် လဲနေသည်။ မျက်နှာက မြေကြီးတွင် အပ်လျက်။ နေရောင်က သူ့ကိုယ်ပေါ်တွင် ကျဲကျဲတောက် ပူလျက်။ မရှိတော့သော လူများ၊ အရာများကို အမှတ်ရနေသည်။ အတိတ်တွင် ကျန်ရစ်ခဲ့သည့် သူတို့ လူနေမှု ဘဝကို ပြန်၍ သတိရနေသည်။ သူ့ရှေ့က အနာဂတ်သည် မည်းမှောင်နေသည်။

လဲရာမှ အထတွင် ပျက်စီး ပြိုလဲနေသည့် ဝက်သစ်ချမြိုင်ကို မြင်ရသည်။ နုပျိုခြင်း၊ လှပခြင်း၊ ကြင်နာနူးညံ့ခြင်းတို့သည်

သူ့မျက်နှာမှ

ပျောက်ကွယ်သွားကြပြီ။

အတိတ်သည်

အတိတ်တွင်

ကျန်ရစ်ခဲ့ပြီ။

သေသူတို့သည်

သေခဲ့ကြပြီ။

ရွှေထီးဆောင်းခဲ့ရသည့် ဘဝသည် ပြန်မလာတမ်း ကုန်ဆုံးသွားခဲ့ပြီ။ စကားလက် ထထိုင်ကာ ခြင်းတောင်းကို လက်တွင် ပိုက်သည်။ သူ့စိတ်နှင့် သူ့ဘဝကို သူ ဆုံးဖြတ်ပြီးပြီ။

နောက်သို့ ပြန်သွားစရာ မရှိတော့။ ရှေ့သို့ ဆက်သွားရတော့မည်။



တောင်ပိုင်းတွင် နောင် အနှစ် ငါးဆယ်ကြာအထိ မိန်းမများသည် မျက်ရည်စမ်းစမ်းဖြင့် အတိတ်ကို ပြန်လွမ်းကြသည်။

ကုန်ဆုံးသွားသော

ခေတ်ကို

ပြန်၍

တမ်းတကြသည်။

ကွယ်လွန်သူများကို

အောက်မေ့ကြသည်။

အတိတ်က

ရွှေထီးဆောင်းခဲ့သည်များကို ပြန်၍ အမှတ်ရကြသည်။ သို့ရာတွင် စကားလက်ကမူ နောက်သို့ ပြန်လှည့်မကြည့်တော့။

မီးလောင်ကျွမ်း မည်းနက်နေသည့် အုတ်ခုံကြီးကို စကားလက် နောက်ဆုံးအကြိမ်ကြည့်သည်။ ဝက်သစ်ချမြိုင်သည်

တစ်ခါတုန်းကကဲ့သို့ ဂုဏ်ယူ ဝင့်ကြွားလျက်၊ စည်းစိမ်ချမ်းသာ ပြည့်စုံလျက် ရှိနေသည်ဟု မြင်သည်။ မျိုးနွယ်၏ ပြယုဂ်။ လူမူစနစ် တစ်ခု၏ သက်သေ။ ထို့နောက်တွင် စကားလက်သည် မြိုင်သာယာသို့ ပြန်လာခဲ့သည်။ လေးလံသော တောင်းကို ခါးထစ်တင်လျက် လာခဲ့သည်။

ဆာလောင် မွတ်သိပ်ခြင်း ဖြစ်တိုင်း စကားလက် အသံထွက်၍ ရွတ်သည်။



‘ငါ ယန်ကီတွေ သတ်လို့တော့ မသေသေးဘူး၊ ဒီပြည်တွင်းစစ်ကြီးထဲမှာ အသက်ရှင်ရဦးမယ်၊ ဒီတစ်ခါဆိုရင်တော့ ငါ

အငတ် မခံတော့ဘူး၊ ငါ့ သားနှင့် ငါ့ ဆွေမျိုးတွေလည်း မငတ်စေရဘူး၊ ခိုးတန် ခိုးမယ်၊ သတ်တန် သတ်မယ်၊ အငတ်တော့ မခံတော့ဘူး’

ထိုရက်များအတွင်း၌

တိတ်ဆိတ်ငြိမ်သက်ကာ

မြိုင်သာယာသည်

ကမ္ဘာလောကကြီးနှင့်

လူသူ

ကင်းမဲ့သည့်

အဆက်ပြတ်နေသည်။

ကျွန်းကလေး

တစ်ကျွန်းဖြစ်နေသည်။

ကမ္ဘာလောကကြီးသည်

ဘာမျှ

မဝေး။

မိုင်အနည်းငယ်မျှသာ ကွာသည်။ သို့ရာတွင် ဤကြားတွင် ပင်လယ်ကြီး ဆီးနေသည် ထင်ရသည်။ စကားလက် ယူလာခဲ့သည့် မြင်း မရှိတော့သဖြင့် သွားလာ သယ်ဆောင်ရာ ယာဉ်လည်း မရှိတော့။ မြေနီ ဖုတ်တောကြီးထဲတွင် ခြေကျင် လျှောက်ရန် အချိန်လည်း မရှိတော့။ ခွန်အားလည်း မရှိတော့။

447



စကားလက်သည် သူတို့ကို ကျွေးဖို့ စားစရာ သောက်စရာ ရှာရသည်။ လူမမာ မိန်းကလေး သုံးယောက်ကို

ပြုစုရသည်။ သူ့တွင် အလုပ်နှင့် လက် ပြတ်သည်ဟူ၍ မရှိ။ တကုပ်ကုပ် အလုပ်လုပ်ရင်းက ကပ္ပလီ သူငယ်ကလေးများ၏ ရယ်သံ၊ ယာခင်းဘက်ဆီမှ ဝါတိုက်သည့် လှည်းများ ပြန်လာသံ၊ ဖေဖေ့ မြင်းကြီး၏ ခွာသံ၊ ဝင်းဝမှ ကျောက်စရစ်ခဲပေါ်သို့ ရထားဘီးများ ကြိတ်သံ၊ ညနေခင်း ဧည့်သည်တို့လာ၍ စကားပြောသံများကို နားစွင့်ကြည့်မိသည်။ သို့ရာတွင် ဘာသံမျှ မကြားရ။ ပေတစ်ရာ တစ်လျှောက်တွင် တိတ်ဆိတ်ကာ လူသူ ကင်းမဲ့နေသည်။ ဖုတ်တထောင်းထောင်းထသည်ကိုပင် မမြင်ရတော့။ မြိုင်သာယာသည် မြေဆီရဲရဲနှင့် တောတောင်စိမ်းစိမ်း ပင်လယ်ကြီးထဲက ကျွန်းကလေး တစ်ကျွန်း ဖြစ်နေသည်။

မြို့တွင်မူ ကောင်းကောင်းစား၍ ကောင်းကောင်း အိပ်ကြရလိမ့်မည်။ အပျိုလေးတွေက သူတို့အဆက်တွေနှင့် ကွဲက

နေကြလိမ့်မည်။ တချို့နေရာများတွင် တိုက်သံ ခိုက်သံ၊ ပစ်သံ ခတ်သံ၊ မီးဝါးသံများကို ကြားနေရလိမ့်မည်။ တချို့နေရာများတွင် ဒဏ်ရာရ စစ်သားများသည် ဆေးရုံများတွင် သေငယ်ဇောနှင့် မြောနေကြလိမ့်မည်။ တချို့နေရာတွင် စစ်တပ်များသည် ချီတက်လျက်၊ တိုက်ခိုက်လျက်၊ အိပ်စက်လျက်၊ ဆာလောင်လျက်၊ ပင်ပန်းလျက် ရှိကြလိမ့်မည်။ တချို့နေရာများတွင် ဂျော်ဂျီယာ ပြည်နယ်တောင်ကုန်းများသည် ဝဝဖီးဖီး မြင်းချောကြီးများကို စီးနေသည့် ယန်ကီ တပ်များဖြင့် ပြာမှိုင်းနေလိမ့်မည်။ စစ်ပွဲနှင့်

မြိုင်သာယာ၏ အပြင်ဘက်တွင် စစ်ပွဲကြီးတစ်ခုရှိသည်။ ကမ္ဘာလောကကြီး တစ်ခုရှိသည်။ သို့ရာတွင် မြိုင်သာယာ၌မူ ကမ္ဘာလောကကြီးသည်

သူတို့

မှတ်ဉာဏ်ထဲတွင်သာ

ကျန်ရစ်ခဲ့တော့သည်။

ဤကမ္ဘာလောကကြီးသည်

ငတ်ပြတ်နေသည့် မြိုင်သာယာနှင့် အလှမ်းဝေးနေသည်။ မြိုင်သာယာက ဘဝသည် အစာ စားခြင်းနှင့် အစာကို ရအောင် ရှာခြင်းဆိုသည့် ကိစ္စနှင့်ခုဖြင့် လုံးလည်လိုက်နေသည်။

လူ၏ ဝမ်းဗိုက်သည် စိတ်ထက် အဘယ့်ကြောင့် အားကောင်းရသနည်း။ စိတ်ညစ်သည်ကို စကားလက် မျိုသိပ်နိုင်သည်။

သို့ရာတွင် ဆာလောင်မွတ်သိပ်ခြင်းကို မချုပ်တည်းနိုင်။ နံနက် အိပ်ရာက နိုးသည့်အခါတိုင်း မထနိုင်သေး။ ဝက်ပေါင်ခြောက် ကြော်သည့် အနံ့၊ မုန့်ဖုတ်သည့် အနံ့တို့ကို အမှတ်ရနေသည်။ တကယ် အနံ့ရလာသည်ဟု ထင်ကာ ထထိုင်မိသည်။

နံနက်လင်းလျှင် မြိုင်သာယာက နံနက်စာ စားပွဲ၌ ပန်းသီး၊ ပီလောပီနံဥ၊ စားတော်ပဲနှင့် နွားနို့တို့ ရှိသည်။ သို့ရာတွင်

ဤစားစရာကလေးပင် လုံလုံလောက်လောက် ရှိသည်မဟုတ်။ တစ်နေ့လျှင် သုံးကြိမ် ဤအစားအစာများကို မြင်တိုင်း စကားလက်သည် ရှေးက စားကောင်း သောက်ဖွယ်များကိ ပြန်၍ အောက်မေ့သည်။ ဖယောင်းတိုင်မီးတွေ တထိန်ထိန်၊ ဟင်းလျာတွေ အမြိုင့်သားဖြင့် ထမင်းဝိုင်းကို သတိရသည်။

ထိုစဉ်ကမူ စားစရာကို ဤမျှလောက် မက်မက်မောမော မရှိခဲ့ကြ။ ယခုမှ ထိုအရာများကို တွေး၍ နှမြောနေသည်။

ပေါင်မုန့်လုံး၊ ပြောင်းဆန် အစာသွတ်မုန့်၊ ဘီစကွတ်မုန့်ကြွပ်၊ ထောပတ် စသည်တို့ တစ်နပ်တည်းတွင် အလျှံပယ် ဖြစ်နေသည်။ ဝက်ပေါင်ခြောက်ကြော်၊ ကြက်ကြော်တို့က စားပွဲအစွန် တစ်ဖက်တွင် အခန့်သား။ ခရုကြော်က ဆီတွေ ရွှဲလျက်။ ပန်းနွယ်တွေ ခက်ထားသည့် တိုက်ပန်းကန်ပြားထဲတွင် ပဲသီးကြော်က တောင်လို ပုံနေသည်။ ခပ်သေးသေး လှီး၍ ဆီရွှဲရွှဲဖြင့် ကြော်ထားသည့် ဘူးသီးကြော်၊ ရုံးပတီသီးကြော်ချက်၊ ငရုတ်ချဉ်ရည် စပ်စပ် ထည့်ထားသည့် မုန်လာဥဝါသုတ်တို့ဖြင့် မြိုင်နေသည်။ အချို အချဉ်ပွဲလည်း ကြိုက်ရာ စားနိုင်ရန် သုံးပွဲလောက် ချပေးထားသည်။ ချောကလက်ရည် ပျစ်ပျစ် ဆမ်းထားသည့် ကိတ်မုန့်၊ မလိုင် ဆမ်းထားသည့် ကိတ်မုန့်ဝိုင်းနှင့် နံ့သာဖူးနံ့ထည့်ထားသည့် ထိုးမုန့်တို့ ပါတတ်သည်။ စကားလက်သည် ပြည်တွင်းစစ် အကြောင်းကို

တွေးလျှင်

မျက်ရည်မကျ။

စားကောင်း

သောက်ဖွယ်များ

အကြောင်းကို

တွေးလျှင်မူ

မျက်ရည်တွေ

448

လည်လာတတ်သည်။ ယခင်ကပင် စကားလက် အစားကြီးသဖြင့် ကြီးဒေါ်က မကြာခဏ မာန်မဲလေ့ ရှိသည်။ ယခုမူ ယခင်ကထက် အဆများစွာတိုး၍ ပင်ပင်ပန်းပန်း အလုပ် လုပ်ရသည့် ဆယ့်ကိုးနှစ် အရွယ် စကားလက်သည် ယခင်ကထက် ဆယ့်လေးဆလောက် စားနိုင်နေသည်။

မြိုင်သာယာတွင် စကားလက် တစ်ယောက်သာ အစားကောင်းသည်မဟုတ်။ မကြာမီက နာလန်ထခဲ့ကြသည့်

ဆွီလင်နှင့် ကာရင်းတို့ကလည်း အူရောင်ငန်းဖျား နာလန်ထများ ပီပီ ကြောက်ခမန်းလိလိ စားလာကြသည်။ ဝိတ်ကလေးကမူ ‘မေမေ သားသား ဆာတယ်၊ ပလောပီနံဥ မစားချင်ဘူး’ ဟု မကြာခဏ ပူဆာတတ်သည်။

အခြားသူများကလည်း သူနည်းနှင်နှင်။



‘မလေး၊ ဒီလောက်ကလေးသာ စားနေရရင် ကျွန်မ ဘယ့်နှယ်လုပ် ဒီကလေးတွေကို နို့တိုက်နိုင်တော့မလဲ’



‘မလေး၊ ဒီလောက်ကလေးသာ စားနေရရင် ကျုပ် ဘယ့်နှယ်လုပ် ထင်း ပေါက်နိုင်တော့မလဲ’



‘မလေး၊ ကျုပ်တော့ ဒီအတိုင်း စားလို့ မရတော့ဘူး’



‘သမီးရယ်၊ ဒီ ပလောပီနံဥတွေကိုပဲ ပြုတ်စားနေတော့မှာလား’



မညည်းညူသူ ဆို၍ မီလာနီ တစ်ယောက်သာ ရှိသည်။ မီလာနီသည် ပို၍ ချုံးကျလာကာ ပို၍ ဖြူရော်လာသည်။

အိပ်ပျော်နေဆဲမှာပင် သူ့ မျက်နှာသည် ဝေဒနာကြောင့် ရှုံ့မဲ့လျက် ရှိ၏။

‘ကိုယ်

ဒီလောက်

မဆာပါဘူး

စကားလက်ရယ်၊

ကိုယ့်အတွက်

နွားနို့ကို

ဒစ်လစီ

ပေးလိုက်ပါ၊

သူ့ခမျာ

ကလေးနှစ်ယောက်ကို နို့တိုက်နေရတယ်မဟုတ်လား၊ မကျန်းမာတဲ့ လူဆိုတာ သိပ်လည်း မဆာပါဘူး’

မီလာနီက ပျော့ပျော့ကလေးဖြင့် မာသည်။ ပါးစပ်က ထုတ်၍ ညည်းညူကြသူများ ကြောင့်ထက် သူ့ကြောင့် စကားလက်

ပို၍ စိတ်ညစ်ရသည်။ နားပူ နားဆာလုပ်နေသူကို စကားလက် အော်ထုတ်ပစ်နိုင်သည်။ အော်ထုတ်၍လည်း ပစ်သည်။ သို့ရာတွင် မီလာနီ ကိုယ်ကျိုး မငဲ့ပုံ၊ သူတစ်ပါးအတွက် အနစ်နာခံပုံကို တွေ့ရသည့်အခါတွင်မူ စကားလက် သူ့ကို အော်ငေါက်ပစ်၍လည်း မဖြစ်။ ဘာမျှ မတတ်နိုင်။ စိတ်အကြီးအကျယ် ညစ်ရသည်။ ယခုဆိုလျှင် ဖေဖေ၊ ကပ္ပလီများနှင့် ဝိတ်ကလေးတို့သည် မီလာနီ အနားတွင်သာ ဝိုင်းအုံနေကြသည်။ မီလာနီသည် သူ ကိုယ်တိုင်က မကျန်းမမာ ဖြစ်နေသည့်တိုင် သနားကြင်နာသည်။ ကိုယ်ချင်း စာသည်။ စကားလက်ကမူ ယခုတလောတွင် သနားကြင်နာမှုလည်း မရှိ။ ကိုယ်ချင်းစာနာစိတ်လည်း မရှိ။

အထူးသဖြင့် ဝိတ်ကလေးသည် မီလာနီ၏ အခန်းထဲတွင် အမြဲ ရောက်နေတတ်သည်။ ဝိတ်ကလေးကို ကြည့်ရသည်မှာ

တစ်ခုခု ဖြစ်နေပုံရ၏။ သို့ရာတွင် စကားလက် သူ့ကို ဂရုစိုက်ချိန် မရ။ ဝိတ်ကလေးတွင် သန်ကောင် ထိုးနေသည်ဟု ကြီးဒေါ်ကပြောသည်။ ထို့ကြောင့် ကပ္ပလီ ကလေးများကို မေမေက သန်ချပေးရာတွင် အသုံးပြုတတ်သည့် ဆေးမြစ်ခြောက်နှင့် သစ်ခေါက်များကို သုံးခွက်တစ်ခွက် ကျို၍ တိုက်သည်။ သို့ရာတွင် သန်မကျ။ ဆေးတိုက်သဖြင့် ကလေးသာ တစ်နေ့တခြား ကြုံလှီ ဖျော့တော့လာသည်။ ယခုတလော စကားလက်သည် ဝိတ်ကလေးကို လူတစ်ယောက်ဟု သဘောမထား။ ကျွေးရမည့် ပါးစပ် တစ်ပေါက်၊ စိတ်ညစ်စရာ အနှောင့်အယှက် တစ်ခုဟု ယူဆသည်။ အခြေအနေ ကောင်းသွားလျှင်မူ သူနှင့်ကစားမည်။

449

သူ့ကို ပုံပြောမည်။ ကကြီး ခခွေး သင်ပေးမည်ဟု စိတ်ကူးထား၏။ သို့ရာတွင် ယခုမူ အချိန် မရ။ စိတ်လည်း မပါ။ ပင်ပန်းနေစဉ် စိတ်ညစ်နေစဉ်တွင် အနှောင့်အယှက် ဖြစ်နေသဖြင့် မကြာခဏ မြည်တွန် တောက်တီးမိသည်။

သူက ဆူလိုက်၍ ဝိတ်ကလေး တစ်ယောက် မျက်လုံးကလေး ဝိုင်းကာ ကြောက်လန့်နေသည်ကို တွေ့ရသည့်အခါတွင်မူ

စိတ်မကောင်း

ဖြစ်ရပြန်သည်။

ထိတ်လန့်နေသည့်အခါတွင်

ဝိတ်ကလေးသည်

ပို၍

သနားစရာ

ကောင်းကာ

ပို၍

အပြစ်ကင်းနေသည်ဟု ထင်ရ၏။ ဝိတ်ကလေးသည် အစစ အရာရာ ကြောက်လန့်နေသည်ကို စကားလက် နားမလည်နိုင်။ ဝိတ်ကလေးသည် အမြဲတမ်း တစ်စုံတစ်ရာကို ထိတ်လန့်နေတတ်၏။ တစ်ခါတစ်ရံ ညတွင် အထိတ်တလန့် ထအော်တတ်သည်။ ချိုးချိုးချွတ်ချွတ် အသံကြားလျှင်၊ သူ့ကို မြည်တွန် တောက်တီးခြင်းပြုလျှင် တုန်နေတတ်သည်။ သူ့စိတ်၌ အသံဗလံများနှင့် အော်သံ ဟစ်သံများသည် ယန်ကီများနှင့် တွဲ၍ နေသည်။ ပရဇ္ဇီက ငေါက်သည်ထက် ယန်ကီတို့ကို ပို၍ ကြောက်သည်။

အတ္တလန်တာ မြို့ကို ယန်ကီတို့ ဝိုင်း၍ အမြောက်ကြီးများနှင့် တဂျိမ်းဂျိမ်း မပစ်မီ အထိ ဝိတ်ကလေး၏ ဘဝသည်

ပျော်စရာ။ ငြိမ်သက်အေးချမ်းသည့် ဘဝဖြစ်၏။ သူ့မေမေ စကားလက်က သူ့ကို ပစ်ထားသည့်တိုင် ချော့မြှူ ကြင်နာသည့် စကားလုံးများကိုသာ ကြားခဲ့ရသည်။ တစ်ညတွင် အမြောက်ဆန် ပေါက်ကွဲသံများကြောင့် အိပ်ရာမှ နိုးလာခဲ့သည်။ ကောင်းကင်တစ်ခုလုံး မီးတောက်များဖြင့် ရဲနေသည်။ ထိုနေ့ ညနှင့် နောက်တစ်နေ့တွင် ပထမဆုံးအကြိမ် မေမေ့၏ အရိုက်ခံရသည်။ အငေါက်ခံရသည်။ မက်မုံပင်လမ်းမှ အိမ်နီနီကြီးထဲက ဘဝသည် သူ သိသည့် တစ်ခုတည်းသော ဘဝဖြစ်၏။ ထိုဘဝသည် ဝိတ်ကလေး တစ်ယောက် မည်သည့်အခါမျှ ပြန်မရတော့။ အတ္တလန်တာမှ ထွက်ပြေးလာခဲ့ရသည့် အချိန်တွင် သူ့ကို ယန်ကီတို့ လိုက်ဖမ်းနေသည်ဆိုခြင်းမှ အပ ဘာကိုမျှ သူ နားမလည်။ ယခုတိုင် ယန်ကီများသည် သူ့ကို လာဖမ်းကာ အပိုင်းပိုင်းအပြတ်ပြတ်

ခုတ်ဖြတ်ပစ်လိမ့်မည်ဟု

တွေး၍

ကြောက်နေသေးသည်။

စကားလက်က

အော်ငေါက်သည့်

အခါများတွင် ဝိတ်ကလေးသည် ပထမဆုံးအကြိမ် အငေါက်ခံရစဉ်ကကဲ့သို့ ထိတ်လန့်ကြောက်ရွံ့နေသည်။ ယခုဆိုလျှင် ယန်ကီနှင့် အော်ငေါက်သံကို သူ့စိတ်ထဲတွင် အမြဲတွဲ၍ နားလည်နေပြီ။ မေမေ့ကိုလည်း ကြောက်နေပြီ။

ဝိတ်ကလေးသည်

သူ့အား

ရှောင်ဖယ်ဖယ်လုပ်နေခြင်းကို

စကားလက်

သတိပြုမိသည်။

အလုပ်အားသည့်

အချိန်များတွင် ဤအကြောင်းကို စဉ်းစားမိလျှင် စကားလက် စိတ်ညစ်ရသည်။ သူ့ ဝတ်စုံစကို ဆွဲ၍ လိုက်လျှင် သူ သည်းခံနိုင်သေးသည်။ ယခုမူ မီလာနီ အခန်းသို့ တစ်နေကုန် တစ်နေခန်း သွားကာ ငြိမ်သက်စွာ ကစားနေတတ်သည်။ သို့မဟုတ်လျှင်လည်း မီလာနီ ပြောသည့် ပုံပြင်များကို နားထောင်နေတတ်သည်။ ဝိတ်ကလေးက သူ့ ‘လေးလေး’ မီလာနီကို ချစ်သည်။ လေးလေး၏ အသံက တိုးတိတ်ချိုသာသည်။ မျက်နှာက အမြဲတမ်း ပြုံးနေတတ်သည်။ ‘တိတ်စမ်း၊ နင်ကို ရှုပ်တယ်’ ‘ငြိမ်ငြိမ်နေစမ်း၊ ကမြင်း မနေနှင့်’ ဟူသော စကားမျိုးကို မည်သည့်အခါမျှ ပြောလေ့ မရှိ။

စကားလက်သည် သူ့ကို ချော့မြှူချိန် မရ။ စိတ်လည်း မပါ။ သို့ရာတွင် မီလာနီက ဤသို့ ယုယနေသည်ကို မြင်ရသည့်

အခါတွင်မူ မနာလို ဝန်တိုခြင်း ဖြစ်မိသည်။ တစ်နေ့ မီလာနီ အိပ်ရာပေါ်တွင် ကျွမ်းထိုးရင်း မီလာနီ အပေါ်သို့ ကျသွားသည်ကို တွေ့ရသည့်အခါတွင် ဝိတ်ကလေးကို ရိုက်သည်။

‘ဟဲ့ကောင်လေး၊ နင့် လေးလေး နေမကောင်းနေတာ မသိဘူးလား ဟင်၊ ဒီလောက် ကမြင်းကြော ထရသလား၊ သွား

အောက်ဆင်း ကစားချည်၊ နောက် ဒီအခန်းထဲကို မလာခဲ့နှင့်’

450



မီလာနီက ဖျော့တော့ အားနည်းစွာဖြင့် လက်လှမ်းကာ တစာစာ ငိုနေသည့် ဝိတ်ကလေးကို ပွေ့ခေါ်သည်။



‘လာ လာ သားသား၊ သားသားက လေးလေးကို နှောင့်ယှက်တာ မဟုတ်ပါဘူးနော်၊ ဟုတ်လား၊ ကိစ္စ မရှိပါဘူးကွယ်

စကားလက်ကလည်း၊ မီလာနီနှင့် နေချင်တယ်ဆိုရင် နေပါစေ၊ မီလာနီ ကြည့်ထားပါ့မယ်၊ ခု နေမကောင်းနေတုန်း မီလာနီ လုပ်နိုင်တာ ဒီတစ်ခုပဲ ရှိတယ်မဟုတ်လား၊ စကားလက်မှာ ကိုယ့်အလုပ်နှင့်ကိုယ် မအားအောင် ဖြစ်နေတာ၊ မီလာနီ ကြည့်ပေးမှာပေါ့’

‘မဟုတ်ဘူး မီလာနီရဲ့’ စကားလက်က စိတ်ဆိုးမပြေသေး။ ‘ဒီကောင်လေးကို နည်းနည်းလွန်တယ်၊ မီလာနီက

ကောင်းကောင်း နေကောင်းသေးတာမဟုတ်ဘူး၊ မတော်လို့ ဗိုက်ပေါ် လဲကျသွားရင် ဘယ့်နှယ်လုပ်မလဲ၊ ဒီမှာ သား၊ နောက်တစ်ခါ လေးလေး အိပ်ရာပေါ် တက်ဆော့တာမြင်ရင် နင့်ကို အဆော်ပဲ၊ ငိုမနေနှင့်၊ ပြောလိုက်ရင် မျက်ရည်လေးက အရင်ကျတာပဲ၊ ယောက်ျား မဟုတ်ဘူးလား’

ဝိတ်ကလေးက ငိုကာ အိမ်အောက်သို့ ဆင်းသွား၏။ မီလာနီက နှုတ်ခမ်းကို ကိုက်ထားသည်။ မျက်ရည်တွေ

ကျလာ၏။ သူတို့ကို လှမ်းကြည့်နေသည့် ကြီးဒေါ်က မျက်မှောင်ကုပ်၍ သက်ပြင်းချသည်။ သို့ရာတွင် မည်သူမျှ စကားလက်ကို ပြန် မပြောရဲကြ။ စကားလက် ပါးစပ်ကို ကြောက်ကြသည်။ တစ်မျိုးဖြစ်နေသည့် စကားလက်ကို လန့်နေကြသည်။

စကားလက်သည် မြိုင်သာယာတွင် ဘုရင်မ ဖြစ်နေပြီ။ အခွင့်အာဏာကို ရုတ်ခြည်း ရလာသူများ ထုံးစံအတိုင်း

သူတစ်ပါး အပေါ်တွင် နိုင်လိုမင်းထက် လုပ်လိုသည့် ဗီဇသည် ဘွားဘွားကြီး ပေါ်လာသည်။ စကားလက်၏ ပင်ကိုစိတ်ထားက ရက်စက်၍ မဟုတ်။ အကြင်နာကင်း၍ မဟုတ်။ အခြားသူများက သူ့ ချွတ်ယွင်းချက်များကို မြင်ကာ သူ့အမိန့်အာဏာကို မလိုက်နာဘဲ နေလိမ့်မည်ဟု စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။ သူ့ကိုယ်သူ မယုံကြည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤမျှ အာဏာပြင်းနေခြင်း ဖြစ်၏။ မိမိက အော်လိုက် ငေါက်လိုက်လျှင် အခြားသူများ ကြောက်ရွံ့သွားကြသည်ကို ကြည့်၍လည်း စကားလက် ကျေနပ်သည်။ ဤသို့ အော်လိုက် ငေါက်လိုက်ရလျှင် တင်းကျပ်နေသည့် အာရုံကြောများ လျော့ပြေသွားကာ စိတ်သက်သာရာ ရသွားသည်။ သူ့ စိတ်နေသဘောထား ပြောင်းနေခြင်းကို သူ ကိုယ်တိုင်လည်း သတိပြုမိ၏။ တစ်ခါတစ်ရံတွင် မိမိက တိုတိုတောင်းတောင်း ပြောမိ၍ ပေါ့က နှုတ်ခမ်းစူသည့်အခါမျိုး၊ ကြီးဒေါ်က ‘ခုခေတ်မှာ အာဏာပါဝါတွေကလည်း ပြကြပါပေ့တော်’ ဟု မကြားနိုးနား ပြောသည့်အခါမျိုး၌ သူ ငယ်ငယ်က ယဉ်ကျေးသိမ်မွေ့ခဲ့သည်တို့ ဘယ်ပျောက်ကုန်မှန်း မသိတော့။ မေမေက သူ့သမီးကို သွတ်သွင်းပေးခဲ့သည့် နူးညံ့မှု၊ သိမ်မွေ့မှု၊ ယဉ်ကျေးမှုတို့သည် ဆောင်းဦးလေ အခြွေတွေ ကြွေလွင့်သွားသည့် သစ်ရွက်များပမာ လွင့်ပါး ပျောက်ကွယ်သွားကြသည်။

‘ကိုယ့်ထက် နိမ့်ကျသူတွေ အထူးသဖြင့် ကပ္ပလီတွေ အပေါ်မှာ တည်ကြည်ရမယ်၊ ဒါပေမယ့် နူးညံ့ရမယ်’ ဟု မေမေက

မကြာခဏ ဆုံးမဖူး၏။ သို့ရာတွင် စကားလက်က နူးညံ့ချိုသာနေလျှင် ကပ္ပလီများသည် မီးဖိုထဲတွင် အလုပ် မလုပ်ကြတော့။ တစ်နေကုန် စကားဖောင်ဖွဲ့ နေတတ်ကြသည်။ အိမ်စေက လယ်ကူလီအလုပ်ကို မလုပ်ရသည့် ရှေးခေတ် အကြောင်းကို ပြောနေကြသည်။

‘ကိုယ့် ညီမငယ်တွေကို ချစ်ရမယ်၊ ညှာတာရမယ်၊ နစ်နာသူကို သနားရမယ်၊ ဒုက္ခရောက်နေသူကို ကြင်နာရမယ်’ ဟု

မေမေ ပြောဖူးသည်။

451



ယခု စကားလက် သူ့ညီမငယ်တွေကို မချစ်တော့။ သူ့ပခုံးတွင် ဝန်ထုပ် ဝန်ပိုးကြီးတွေ ဖြစ်နေသည်။ သူတို့ကို

ညှာတာရမည် ဆိုသည့်အတိုင်း သူတို့ကို သူကိုယ်တိုင် ရေဖတ် တိုက်ပေးခဲ့ပြီ မဟုတ်လော။ ဆံပင် ရှင်းပေးသည် မဟုတ်လော။ ပြုစုသည် မဟုတ်လော။ မိုင်ပေါင်းများစွာ လျှောက်ကာ ရသမျှကို ရှာဖွေကျွေးမွေးနေသည် မဟုတ်လော။ နွားဝှေ့ခံရမည်ကို ကြောက်တတ်သည့်တိုင် သူ ကိုယ်တိုင် နွားနို့ညှစ်ကာ သူတို့ကို တိုက်ကျွေးခဲ့သည် မဟုတ်လော။ ကြင်နာရမည် ဆိုသည်ကမူ အချိန်ကုန်သည့်အလုပ်ဟု စကားလက်ထင်သည်။ သူတို့ကို ကြင်နာဟန်တွေချည်း ပြနေလျှင် သူတို့ တော်တော်နှင့် လူမမာ ခုတင်မှ ထမည်မဟုတ်တော့။ စကားလက် သူတို့ ညီအစ်မနှစ်ယောက်ကို မြန်မြန် နာလန်ထစေချင်သည်။ သို့မှသာ အလုပ် လုပ်စရာ လက်လေးဖက် တိုးလာမည်။

ညီအစ်မနှစ်ယောက်က နာလန်ထ နှေးသည်။ အရိုးပေါ် အရေတင်ကာ အိပ်ရာထဲတွင်ပင် ရှိကြသေးသည်။

အူရောင်ငန်းဖျားဖြင့် သူတို့ သတိလစ်နေချိန်တွင် ကမ္ဘာကြီးသည် ပြောင်းသွားခဲ့ပြီ။ ယန်ကီတို့ ရောက်လာကာ ကပ္ပလီတို့ ထွက်ပြေးကုန်ကြပြီ။

မေမေ

ကွယ်လွန်ခဲ့ပြီ။

ဤအဖြစ်အပျက်ကြီးများ

ဖြစ်နေသည်။

သူတို့စိတ်က

ထိုအချက်ကို

လက်မခံကြ။ တစ်ခါတစ်ရံတွင်မူ ထိုအဖြစ်အပျက်များသည် တကယ်ဖြစ်ခြင်းမဟုတ်။ သူတို့သာ ငန်းဖမ်း၍ ထင်မိထင်ရာ ထင်နေခြင်းဖြစ်သည်ဟု ထင်ကြသည်။ အထူးသဖြင့် စကားလက်က ယခင်နှင့်မတူ၊ လုံးဝ ပြောင်းလဲနေခြင်းကြောင့် သူတို့ သိမြင်နေရသည့် အခြင်းအရာများသည် တကယ်မှဟုတ်ပါ၏လောဟု သံသယ ဖြစ်မိကြ၏။ စကားလက်က ခုတင်ခြေရင်းမှ ရပ်ကာ နေကောင်းလာလျှင် သူတို့လုပ်ရမည့် အလုပ်များကို ပြောပြနေချိန်တွင် ညီအစ်မနှစ်ယောက်သည် စကားလက်ကို နတ်ဆိုးလို ကြည့်သလို ကြည့်နေကြသည်။ သူတို့တွင် အလုပ်လုပ်မည့် ကပ္ပလီ ကျွန်တစ်ရာ မရှိတော့ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်ကြသည်။ ဖေဖေ၏ သမီးများသည် နေပူမိုးရွာ မရှောင် အလုပ်ကြမ်းတွေ လုပ်ကြ ရတော့မည် ဆိုသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

‘ကာရင်း ဘယ်မှာ ထင်းခွဲနိုင်ပါ့မလဲ’ ကလေးလေးလို ချိုသာသော ကာရင်း၏ မျက်နှာသည် အံ့အားသင့်ဟန် ပေါ်နေ၏။

‘ကာရင်း လက်တွေ ပေါက်ပြဲပြီး အလှပျက်ကုန်မှာပေါ့’

‘ငါ့လက်တွေကိုလည်း ကြည့်ပါဦး’



စကားလက်က ကြောက်စရာ အပြုံးကို ပြုံး၍ ပေါက်ပြဲကာ အသားမာတက်နေသည့် သူ့လက်များကို ပြ၏။



‘မမ၊ နင် ကာရင်းနှင့် ငါ့ကို ဒီလို ခိုင်းရက်သလား၊ ဟုတ်လား’ ဆွီလင်က အော်သည်။ ‘နင် အလကား ညာပြောနေတာ၊

တို့ကို ခြိမ်းခြောက်နေတာ၊ မေမေသာရှိရင် တို့ကို ဒီလို ပြောရဲမှာမဟုတ်ဘူး၊ ကြည့်စမ်းပါဦး၊ ထင်းခွဲရမယ်တဲ့’

ဆွီလင်သည် သူ့မမကြီး စကားလက်ကို မကျေမနပ်ဖြင့် ကြည့်နေသည်။ စကားလက်သည် ဤစကားများကို သူတို့

စိတ်မကောင်းအောင် တမင်ပြောနေသည်ဟု ဆွီလင် ထင်သည်။ အူရောင်ငန်းဖျား ရောဂါကိုလည်း သေကောင်ပေါင်းလဲ ခံလိုက်ရသည်။ မေမေလည်း ဆုံးခဲ့ရသည်။ ထို့ကြောင့် ဆွီလင် အားငယ်နေသည်။ ယခုလို အချိန်တွင် အယုယ ခံချင်သည်။ သို့ရာတွင် ယခု ဤသို့မဟုတ်။ စကားလက်သည် ခုတင်ခြေရင်းတွင် နေ့တိုင်း လာရပ်ကာ သူတို့ အခြေအနေကောင်းလာပြီဟု ပြောနေသည်။ သူ့မျက်လုံးစိမ်းစိမ်းများက မုန်းစရာ တလက်လက် တောက်နေကြသည်။ ကိုယ့်အိပ်ရာ ကိုယ်တိုင်ခင်းရမည်၊ မီးဖိုဆောင် ဝင်ရမည်၊ ရေဆွဲရမည်၊ ထင်းခွဲရမည်ဟု တဖွဖွ ပြောနေသည်။ ဤနားမခံသာစရာတွေကို ပြောရသည့်အတွက်

452

စကားလက် ကျေနပ်နေပုံ ရသည်။

စင်စစ် စကားလက်ကလည်း ဤသို့ ပြောရသည်ကို ကျေနပ်နေသည်။ စကားလက်သည် ကပ္ပလီများကို နိုင်လိုမင်းထက်

ခိုင်းသည်။ ညီအစ်မနှစ်ယောက်၏ စိတ်ကို ကသိကအောက် ဖြစ်အောင် လုပ်သည်။ ဤသို့လုပ်ခြင်းမှာ စိတ်ညစ်ခြင်း၊ ပင်ပန်းခြင်း၊ အခြားအလုပ်များကို မလုပ်နိုင်အောင် ပင်ပန်းခြင်းကြောင့်လည်း ဖြစ်သည်။ လူ့ ဘဝနှင့် ပတ်သက်၍ မေမေ ပြောဆို ဆုံးမခဲ့သည်တို့ တလွဲ ဖြစ်နေသည်ကို တွေ့ရသဖြင့် ခါးသီး နာကြည်းခြင်းကြောင့်လည်း ဖြစ်သည်။

မေမေ ပြောဆို ဆုံးမခဲ့သမျှသည် ယခုအချိန်တွင် စကားလက်အဖို့ ဘာမျှ အသုံးမဝင်တော့။ ထိုအခါ၌ စကားလက်

နှလုံးသည် နာကျင်နေသည်။ ရှုပ်ထွေးနေသည်။ မေမေသည် အနာဂတ်ကို မည်သို့ ကြိုတင်မြင်နိုင်မည်နည်း။ ဤအချက်ကို စကားလက် မစဉ်းစားမိ။ မေမေသည် သူ့သမီးများကို သူ့ခေတ် ယဉ်ကျေးမှုနှင့် အညီ ဆုံးမသွန်သင်ခဲ့သည်။ သို့ရာတွင် ထိုယဉ်ကျေးမှုကြီးသည် ပြိုလဲ ပျက်စီး သွားခဲ့ပြီ။ မေမေသည် သူ့သမီးများကို သူ့ခေတ် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းများတွင် ဝင်ဆံ့အောင် အနာဂတ်သည်

သင်ကြားခဲ့သည်။

သို့ရာတွင်

သူတို့ခေတ်တုန်းကလို

ထိုလူ့အဖွဲ့အစည်း

အပြောင်းအလဲ

မရှိ

အသိုင်းအဝိုင်းများသည်

ချောမွေ့နေလိမ့်မည်ဟု

ကွယ်ပျောက်သွားခဲ့ကြပြီ။

မေမေထင်ခဲ့သည်။

ထို့ကြောင့်

သူ့သမီးများကို သိမ်မွေ့၍ ဣနြေ္ဒရှိရန်၊ သိက္ခာရှိ၍ ကြင်နာတတ်ရန်၊ တည်ကြည်၍ ဖြောင့်မတ်ရန် သင်ကြားခဲ့သည်။ ဤအချက်တို့ကို ပိုင်လျှင် မိန်းမကောင်း မိန်းမမြတ် ဖြစ်သည်ဟု မေမေ သင်ခဲ့သည်။ မေမေသည် သူ့ခေတ်စံများနှင့် သူ တိုင်းထွာ၍ သင်ခဲ့ခြင်းဖြစ်ရာ ခေတ်ကြီး ကမောက်ကမ ဖြစ်လာသည့်အခါတွင် မေမေ၏ သင်ခန်းစာများသည် အသုံး မကျတော့။ လက်တွေ့လုပ်၍ မဖြစ်တော့။

‘မေမေ သွန်သင်ဆုံးမတာတွေဟာ ငါ့အတွက် တစ်ခုမှ အသုံးမဝင်ပါလား၊ သနားကြင်နာရမယ်တဲ့၊ ဒီ ခေတ်ကြီးမှာ

သနားကြင်နာတော့ ဘာဖြစ်သလဲ၊ သိမ်မွေ့ရမယ်တဲ့၊ သိမ်မွေ့တော့ ဘာများ တန်ဖိုးရှိသေးလို့လဲ၊ ကပ္ပလီတွေလို ဝါ ခူးတတ်အောင်၊ ဝါ ဖတ်တတ်အာင်သင်ခဲ့ရင် အကောင်းသား၊ မေမေ မှားတယ်၊ မေမေ သင်ခဲ့တဲ့ သင်ခန်းစာတွေဟာ အလကားပဲ’ ဟု စကားလက်က တွေးသည်။

စနစ်

ဇယား

ကြီးသော

မေမေတို့

ခေတ်သည်

ကုန်သွားပြီ။ ယခုခေတ်က ရက်စက်နိုင်မှ

ပြတ်သားနိုင်မှ

တော်ကာကျသည်ဟု စကားလက် ထင်သည်။ ယခုခေတ်က တန်ဖိုးတွေ ပြောင်းနေပြီ။ သတ်မှတ်ချက်တွေ ပြောင်းနေပြီ။ စံတွေ ပြောင်းနေပြီ။ မေမေ မှားသည်ဟု စကားလက် မြင်သည်။ မြင်သည်ဟု ထင်နေသည်။

သို့ဖြင့် စကားလက်သည် ခေတ်သစ်ကြီးနှင့် အံဝင်ခွင်ကျဖြစ်ရန် သူ့ကိုယ်သူ အလျင်အမြန် ပြောင်းလဲရသည်။

ဤခေတ်ကြီးကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်ခဲ့။

453

၂၆



သူ စေတနာ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ မြိုင်သာယာနှင့် ထိုယာတောမှ လူများ၏ တာဝန်သည် အစိမ်းသက်သက်

ဖြစ်သည့် သူ့ လက်ထဲသို့ ရောက်လာပြီဟု စကားလက် သိပြီ။ ဖေဖေသည် အိပ်မက်ထဲမှ လူတစ်ယောက် ပမာ မလှုပ်မယှက် ထိုင်နေတတ်သည်။ စကားလည်း များများ မပြောတော့။ ဘာကိုမျှလည်း စိတ်ဝင်စားဟန် မရှိ။ ထိတ်လန့်ကာ စိတ်နုနေသည်။ စကားလက်က အကြံတောင်းသည့် အခါတွင် `သမီး ကောင်းမယ် ထင်သလို ကြည့်စီစဉ်ပေါ့’ ဟု ပြောတတ်သည်။ ဤသို့ ပြောသည်က တော်သေးသည်။ တစ်ခါတစ်ရံတွင်မူ `သမီးရဲ့ မေမေနှင့် တိုင်ပင် ကြည့်ဦးလေ’ ဟု ပြောတတ်သဖြင့် စကားလက် ရင်ကွဲပက်လက် ဖြစ်ရသည်။       

ဖေဖေ့ အခြေအနေက ဘာမျှ တိုးတက်ခြင်း မရှိ။ ဖေဖေသည် ဤသို့ဖြင့် မေမေ့ကို စောင့်ရင်း၊ မေမေ့ အသံကို နားစွင့်ရင်း

သေသွားတော့မည် ဟု စကားလက် သဘောပေါက်ပြီ။ ဤအချက်ကို တည်တည် ငြိမ်ငြိမ် လက်ခံလိုက်ပြီ။ ဖေဖေသည် အချိန် ရွေ့လျား ပြောင်းလဲခြင်း မရှိရာ တိုင်းပြည် တစ်ပြည်တွင် ရောက်နေကာ တစ်ဖက်ခန်းတွင် မေမေ အမြဲ ရှိနေသည်ဟု ထင်နေသည်။ မေမေ ကွယ်လွန်သည့် အခါ၌ ဖေဖေ့ ဘဝကို မောင်းနှင်နေသည့် မောင်းတံများသည် ပြုတ်ထွက်သွားခဲ့ကြပြီ။ ဤသည်နှင့် အတူ သူ့ ကိုယ် သူ စိတ်ချ ယုံကြည်မှု၊ အနားမနေ အားစိုက်မှု၊ ရဲတင်း ဖျတ်လတ်မှု စသည်တို့သည်လည်း မရှိကြတော့။ ဖေဖေ ပါဝင် ကပြသည့် ကျယ်လောင် ဆူညံလှသော ပြဇာတ်ကြီးတွင် မေမေသည် ပွဲကြည့် ပရိသတ် ဖြစ်၏။ ယခု ကန့်လန့်ကာကြီးသည် ထာဝရ ဖုံးအုပ်သွားခဲ့ပြီ။ မီးရောင်တို့ မှိန်ပြီ။ ပွဲကြည့် ပရိသတ်သည် ရုတ်တရက် ပျောက်သွားပြီ။ ယောင်တီး ယောင်တ ဖြစ်ရသော ဇာတ်ဆောင်အိုကြီးသည် ဟာလာဟင်းလင်း ဇာတ်ခုံ ရှေ့တွင် အထီးတည်း ကျန်ရစ်ခဲ့ကာ သူ့ အလှည့်ကို စောင့်နေသည်။ 

ထိုနေ့နံနက်က

တစ်အိမ်လုံး

တိတ်ဆိတ်လျက်

ရှိ၏။

စကားလက်၊

ဝိတ်ကလေးနှင့်

လူမမာ

မိန်းကလေး

သုံးယောက်မှအပ အားလုံး ချောင်းစပ် ကိုင်းတောထဲ ဆင်းသွားကြသည်။ ဝက်မကြီးကို ရှာရန် ဖြစ်သည်။ ဖေဖေပင်လျှင် အနည်းငယ် လန်းလန်းဆန်းဆန်း ဖြစ်လာကာ ဝက်အရှာ လိုက်သွားသည်။ လက်တစ်ဖက်က ပေါ့ လက်မောင်းကို ကိုင်၍ အခြား တစ်ဖက်က ကြိုးခွေကို ကိုင်ကာ ခယောင်းတောထဲတွင် တလှုပ်လှုပ် ပါသွားသည်။ ဆွီလင်နှင့် ကာရင်းတို့ကမူ ထုံးစံအတိုင်း မေမေ့ကို လွမ်းသည်ဟု ဆိုကာ နှစ်ကျော့လောက် ပြန်ငိုပြီး မောမောဖြင့် အိပ်ပျော်သွားကြ၏။ ပူဆွေးခြင်း၊ အားငယ်ခြင်းတို့ကြောင့် ဖြစ်သော မျက်ရည်တို့သည် သူတို့၏ ခွက်ဝင် ချုံးကျနေသည့် ပါးပြင်များပေါ်သို့ စီးကျနေ ကြ၏။ ထိုနေ့ နံနက်က ပထမဆုံး ထူထူထောင်ထောင် ဖြစ်လာသည့် မီလာနီသည် ကျောနောက်တွင် ခေါင်းအုံး နှစ်လုံးဆင့် မှီကာ ဖာရာတို့ ပြည့်နေသည့် စောင်တစ်ထည်ကို ခြုံထားသည်။ ကလေးငယ် နှစ်ယောက်က သူ့ဘေး တစ်ဖက်တစ်ချက်တွင် အိပ်နေကြသည်။ မွေး ဆံပင်နုနု အဖြူကလေးတွေ ဖုံးနေသည့် သားငယ်၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ပိုက်ထားသည်။ ဆံပင် နက်နက်ကလေးတွေ ပေါက်နေသည့် ဒစ်လစီ ကလေး၏ ခေါင်းကို အခြား လက်တစ်ဖက်ဖြင့် ပိုက်ထား၏။ ဝိတ်ကလေးက ခုတင် ခြေရင်းဘက်တွင် ထိုင်ကာ ပုံပြောသည်ကို နားထောင်လျက် ရှိ၏။

454



မြိုင်သာယာ ဤသို့ တိတ်ဆိတ် နေသည်ကို စကားလက် မကြည့်ရက်။ ဤသို့ တိတ်ဆိတ်နေခြင်းသည် အတ္တလန်တာမှ

မြိုင်သာယာသို့ လာခဲ့သည့် နေ့က သူ ဖြတ်သန်းခဲ့ရသော ကန္တာရ ခရီးကြမ်း၏ တိတ်ဆိတ် ငြိမ်သက်ခြင်းမျိုးနှင့် တူသည်။ လမ်းတွင် သူ ကောက်ရခဲ့သည့် နွား သားအမိကလည်း ချိုးချိုး ချွတ်ချွတ်မျှ မလှုပ်။ သူ့အခန်း ပြတင်းဘေးတွင်လည်း ငှက်တို့ စိုးစိုးစီစီ မြည်ခြင်း မရှိ။ တတိုင်းမွှေးရုံများ အကြား ရွက်ဖားဖားတွင် ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြသည့် ဘွတ်ကလုံတို့ပင် ထိုနေ့က တေးဆိုခြင်း မပြုကြ။ ကုလားထိုင် တစ်လုံးကို ပြတင်းပေါက် နားသို့ ဆွဲလာကာ အိမ်ရှေ့ ဝင်းဝ အဝင်လမ်းကို မျှော်ကြည့်၏။ လမ်းတစ်ဖက်က မြက်ခင်းနှင့် စားကျက်များကိုလည်း ကြည့်မိသည်။ ဝတ်စုံကို ဒူးဆစ်နား အရောက် မသည်။ ပြတင်းပေါက် ပေါင်တွင် လက်တင်၍ လက်ပေါ်တွင် မေးတင်ကာ ငေးကြည့်သည်။ သူ့ ခြေရင်းတွင် ရေပုံး တစ်ပုံးကို ချပြီး ပေါက်ပြဲနေသည့် ခြေထောက် အနာကို ရေစိမ်သည်။ စပ်သဖြင့် မျက်နှာက ရှုံ့နေသည်။

မေးကို လက်မောင်းပေါ်တွင် တင်သည်။ အလုပ်တွေ လုပ်စရာရှိသည့် အထဲတွင် ဤခြေထောက် အနာက လာ၍

ယဉ်းနေရပြန်ပြီ။ ဤကပ္ပလီတွေ ရှာပုံမျိုးဖြင့် ဝက်ကောင်ပေါက်ကို တွေ့မည် မဟုတ်။ ဝက်ကလေးကို တစ်ကောင်ပြီး တစ်ကောင် လိုက်ဖမ်း နေသည်မှာ တစ်ပတ်လောက် ကြာသည်။ ယခု သီတင်း နှစ်ပတ် ကျော်ပြီ။ ဝက်မကြီးကို ရှာမတွေ့သေး။ သူသာ သူတို့နှင့် အတူ ကိုင်းတောထဲ ပါသွားလျှင် ချက်ချင်း တွေ့မည်ဟု သူ ထင်သည်။

သို့ရာတွင် ဝက်မကြီးကို မိလျှင်ကော၊ ဝက်မကြီးနှင့် ဝက်ကလေးများကို သူတို့ စားပစ်လိုက်ကြပြီ ဆိုလျှင်ကော

နောက်ထပ် ဘာ စားစရာ ရှိသေးသနည်း။ ဆောင်းရာသီ ရောက်တော့မည်။ သီးပင် စိုက်၍ မကောင်းတော့။ အနား တစ်ဝိုက်က ခြံများတွင် ကျန်ခဲ့သည့် အသီးအရွက်ကလေးများပင် တုံးတော့မည်။ စားတော်ပဲခြောက်၊ တင်လဲရည်၊ ဆန်၊ ဂျုံ စသည်တို့ လိုဦးမည်။ နောက်နှစ် ရာသီတွင် စိုက်ရန် ပြောင်းဖူးစေ့နှင့် ဝါ မျိုးစေ့တို့ လိုဦးမည်။ ဝတ်စရာ အနွေးထည် လိုဦးမည်။ ဤပစ္စည်းများကို ဘယ်က ရမည်နည်း။ ပိုက်ဆံ ဘယ်က ရမည်နည်း။

ဖေဖေ၏ အိတ်ကပ်များနှင့် ပိုက်ဆံ သေတ္တာကို စကားလက် နှိုက်ကြည့်သည်။ ပြည်နယ် ငွေစု စာချုပ်များနှင့် ပြည်နယ်

ငွေစက္ကူ ဒေါ်လာ သုံးထောင်ကြီး များတောင် တွေ့သည်။ နည်းသည့်ငွေ မဟုတ်။ သူတို့ အားလုံး ထမင်း တစ်နပ်စာဖိုးတော့ ကောင်းကောင်း ရလိမ့်မည်ဟု စကားလက် တွေး၍ ပြုံးမိသေး၏။ ယခု အချိန်တွင် ပြည်နယ် ပိုက်ဆံသည် ဘာမျှ တန်ဖိုး မရှိတော့။ ပိုက်ဆံ ရှိ၍ စားစရာ ဝယ်ပြီးသည့်တိုင် မြိုင်သာယာသို့ ရောက်အောင် မည်သို့ ယူမည်နည်း။ ဘုရားသခင်သည် သူ့ မြင်းအိုမကို အဘယ့်ကြောင့် သေစေတော်မူခဲ့ပါသနည်း။ ရက် ဘတ်တလာ ခိုးလာခဲ့သည့် မြင်းအိုမလေး ရှိသေးလျှင်ပင် အလုပ် ဖြစ်နိုင်သေးသည်။ စားကျက်ထဲတွင် လွှတ်ထားနေကျ ဝဝဖီးဖီး လားများ၊ လှပသည့် ရထားမြင်းကြီးများ၊ သူ စီးသည့် မြင်းမကလေး၊ ကာရင်းတို့ တစ်တွေ စီးသည့် မြင်းကလေးများနှင့် ဖေဖေ၏ မြင်းကြီးများကို စကားလက် အမှတ်ရသည်။ အားလုံး ပြန်မရနိုင်သည့်တိုင် လားကလေး တစ်ကောင်လောက် ပြန်ရလျှင်ပင် တော်လောက်ပြီ။

သို့ရာတွင် မရလျှင်လည်း နေပါစေ။ ကိစ္စ မရှိ။ သူ့ ခြေထောက်က အနာ ပျောက်လျှင် ဂျုန်းဘာရိုကို ခြေကျင် သွားမည်။

သူ့ တစ်သက်တွင် အဝေးဆုံး လမ်းလျှောက်ဖူးခြင်း ဖြစ်မည်။ သို့တိုင်အောင် မတတ်နိုင်။ ခြေကျင်ပင် သွားရတော့မည်။ ယန်ကီတို့က မြို့ကို မီးရှို့ခဲ့သည့်တိုင် အနီးအနား တစ်ဝိုက်တွင် စားစရာ ဝယ်နိုင်သည်။ ဝိတ်ကလေး၏ ဆာလောင် မွတ်သိပ်နေသည့် မျက်နှာကို သူ မြင်ယောင်လာသည်။ ဝိတ်ကလေးက ပလောပီနံဥကို မကြိုက်ဟု ခဏ ခဏ ပြောဖူးသည်။ ဆန်ကလေး အစ၊ ဟင်းချက်စရာ အချိုရည်ကလေး အစ၊ ကြက်ခြေထောက်ရိုးကလေး အစ ဝယ်ရဦးမည်။

455



သူ့ မျက်လုံးတွင် မျက်ရည်တွေ ဝဲလာ၏။ တောက်ပသည့် နေရောင်ခြည်သည် မှုန်မှိုင်းသွားသည်။ စကားလက်

မျက်နှာကို လက်မောင်းပေါ် တင်ကာ မငို မိအောင် ကြိုးစားသည်။ ယခု အချိန်၌ ငိုနေ၍ ဘာမျှ အကျိုးမထူး။ ငို၍ အကျိုးထူးသည့် အချိန်မှာ ကိုယ့်အနီးတွင် ကိုယ့်အလိုကို လိုက်၍ ကိုယ့် အကြိုက်ကို ဆောင်မည့် ယောက်ျား တစ်ယောက် ရှိနေချိန်သာ ဖြစ်သည်။ စကားလက် သူ့မျက်လုံးများကို ဖျစ်ညှစ်ကာ မငိုရန် ကြိုးစားသည်။

ထိုစဉ် ခပ်သော့သော့ စီးလာသည့် မြင်းခွာသံ များကြောင့် စကားလက် လန့်သွားသည်။ သို့တိုင်အောင် ခေါင်းကို မော့

မကြည့်မိ။ မြိုင်သာယာသို့ ရောက်ပြီး သီတင်း နှစ်ပတ် အတွင်း၌ စကားလက် နားထဲတွင် မေမေ၏ ဝတ်စုံ တရွှမ်းရွှမ်း မြည်သံနှင့် မြင်းခွာသံ များကိုသာ မကြာခဏ ကြားနေတတ်သည်။ ထိုအသံ များကို ကြားယောင်လာလျှင် သူ့ရင်သည် တဒိန်းဒိန်း ခုန်လာတတ်သည်။ သူ့စိတ်က ကြားခြင်းကို မကြာခဏ တကယ် ထင်တတ်သဖြင့် သူ့ကိုယ်သူ မနည်း အားတင်းယူရသည်။

သို့ရာတွင် ဤတစ်ကြိမ်မှာမူ သူ့ စိတ်က ထင်ခြင်း မဟုတ်။ မြင်းခွာသံများသည် တဖြည်းဖြည်း နှေးသွားကာ

တစ်လှမ်းချင်း စီးလာသံကို ကြားရ၏။ မြင်းခွာနှင့် ကျောက်စရစ်ခဲကလေးများ ကြိတ်မိသံကို ကြားရသည်။ ဟုတ်သည်။ တကယ့် မြင်းခွာသံ။ တာလက်တန်တို့ တစ်တွေလော။ ဖွန်တိန်တို့ တစ်တွေလော။ စကားလက် ရုတ်တရက် မော့ကြည့်လိုက်သည်။

ယန်ကီ မြင်းတပ်သား တစ်ယောက်။ 



စကားလက်သည် ခန်းဆီး နောက်မှ ကွယ်၍ ချောင်းကြည့်လိုက်သည်။ စကားလက် အသက်ပင် မရှူနိုင်ဘဲ ပါးစပ်

အဟောင်းသားဖြင့် ဖြစ်နေသည်။

ယန်ကီ မြင်းတပ်သားက ကုန်းနှီးပေါ်တွင် ပျင်းရိ ပျင်းတွဲ ထိုင်လိုက်လာ၏။ တုတ်တုတ်ခိုင်ခိုင်။ ရုပ် ခပ်ကြမ်းကြမ်း။

ညစ်ပတ်သည့် မုတ်ဆိတ်မွေးများက ကြယ်သီး ဖြုတ်ထားသည့် အပြာရောင် ဝတ်စုံပေါ်တွင် ဝဲနေ၏။ နေရောင်ကြောင့် ဦးထုပ် ကြက်လျှာစွန်း အောက်မှ နေ၍ သေးငယ်သော မျက်လုံးများကို မှေးကာ အိမ်ကို လေ့လာ အကဲခတ်နေသည်။ မြင်းပေါ်မှ ဖြည်းညင်းစွာ ဆင်းကာ ဇက်ကြိုးကို ချည်တိုင်ထိပ်သို့ ပစ်စွက်လိုက်၏။ စကားလက် ထိုအခါကျမှ အသက်ရှူဖို့ သတိရလာသည်။ ခါးတွင် ပြောင်းရှည် ပစ္စတို သေနတ် တစ်လက်ကို ချိတ်ထားသည်။ သေနတ် တစ်လက်နှင့် ယန်ကီ တစ်ယောက် လာနေပြီ။ အိမ်တွင် မည်သူမျှ မရှိ။ လူမမာ မိန်းကလေး သုံးယောက်၊ ကလေး တစ်သိုက်နှင့် သူသာ ရှိသည်။

ယန်ကီ စစ်သားက ခါးက သေနတ်ကို လက်အုပ်၍ ကိုင်ကာ လျှောက်လာ၏။ သေးငယ်သည့် မျက်လုံးကလေးများက

ဝဲယာကို ကြည့်လာသည်။ သူ ကြားဖူးသည့် အဖြစ်အပျက်များကို စကားလက် အမှတ်ရလာသည်။ မိန်းမပျိုများကို ဗလက္ကာရ ပြုတတ်ကြောင်း၊ လည်ပင်းကို ညှစ်၍ သတ်တတ်ကြောင်း၊ အိမ်ကို မီးရှို့တတ်ကြောင်း၊ ကလေးများကို လှံစွပ်ဖြင့် ထိုးသတ်တတ်ကြကြောင်းဖြင့် ဒေါ်လေး ပစ်တီက ပြောဖူးသည်။ `ယန်ကီ’ဆိုသည့် စကားလုံး တစ်လုံးသည် သူ ကြားဖူးသည့် ကြောက်စရာများကို ခေါ်သည့် ဝေါဟာရ တစ်လုံး ဖြစ်နေသည်။

နောက်ခန်းက ခုတင် အောက်တွင် ပုန်းမည်။ ထိုနောက် နောက်ဖေး လှေကားမှ ဆင်းကာ ဖေဖေတို့ ရှိရာ ကိုင်းတောသို့

အော်ပြေးမည်ဟု စကားလက် စိတ်ကူး ရလိုက်သည်။ အိမ်ရှေ့ လှေကားမှ သတိထား၍ တက်လာသည့် ခြေသံကို ကြားရ၏။ ခန်းဆောင်ထဲသို့ ခြေသံကို ဖော့၍ ဝင်လာသည့် အခါတွင်မူ စကားလက် ထွက်ပြေး၍ မဖြစ်တော့။ ကြောက်သဖြင့် သူ့ တစ်ကိုယ်လုံး အေးစက်နေသည်။ ယန်ကီ စစ်သားက အောက်ထပ် အခန်းတွေကို တစ်ခန်းပြီး တစ်ခန်း လျှောက်ဝင်နေပုံ

456

ရသည်။ အိမ်တွင် လူတစ်ယောက်မျှ မရှိသည်ကို တွေ့ရသည်၌ သူ့ ခြေသံက ပို၍ ကျယ်လောင်လာကာ ရဲလာသည်။ ထမင်းစားခန်း ဘက်သို့ ရောက်နေပြီ။ မကြာမီ စားဖိုဆောင်ထဲသို့ ရောက်တော့မည်။

မီးဖိုဆောင်ကို တွေးမိသည်နှင့် စကားလက် သွေးဆူလာသည်။ သူ့ အသည်းကို ဓားနှင့် မွှန်းသလို ခံစားလိုက်ရသည်။

ဒေါသကြောင့် ကြောက်စိတ်တွေ လွင့်ကုန်သည်။ မီးဖိုချောင်ထဲတွင် အိုးနှစ်အိုး တည်ထားသည်။ တစ်အိုးက ပန်းသီးပြုတ်။ တစ်အိုးက ဝက်သစ်ချမြိုင်မှ ပင်ပင်ပန်းပန်း ခူးလာခဲ့သည့် အရွက် သဗ္ဗနာမ်ပေါင်းကို ကျိုထားသည့် အိုး။ လူ ကိုးယောက်စာ ဖြစ်သည်။ စင်စစ် လူနှစ်ယောက်ပင် ကောင်းကောင်း မစားနိုင်။ စကားလက် ဆာသည့်တိုင် လူစုံရောက်မှ စားမည်ဟု ဖေဖေတို့ အပြန်ကို စောင့်နေခြင်း ဖြစ်သည်။ သူတို့ ရှိစုမဲ့စုကလေးကို ယန်ကီ စစ်သား စားတော့မည်ဟု တွေးလိုက်တိုင်း ဒေါသတွေ ဆူပွက်လာသည်။

ယုတ်လိုက်သည့်

ယန်ကီတွေ။

ကျိုင်းကောင်အုပ်

ကျသည့်နှယ်

မြိုင်သာယာသို့

ရောက်လာကာ

ရှိသမျှကို

သိမ်းယူသွားကြသည်။ ယခု ကျန်သမျှလေးကို ခိုးရန် ရောက်လာပြန်ပြီ။ ဆာလောင်နေသည့် ဗိုက်က တကြုတ်ကြုတ် မြည်နေသည်။ ရသမျှ ပစ္စည်းလေးကို လာခိုးသည့် ယန်ကီ ဖြစ်ရမည်။

စကားလက် သူ့ ဖိနပ်စုတ်ကို ချွတ်ကာ ဖိနပ် မပါဘဲ ဗီရိုထဲသို့ လျှောက်လာခဲ့သည်။ ခြေထောက်က အနာကို အမှတ်

မရတော့။ အပေါ်ဆုံး အံဆွဲကို အသံ မမြည်အောင် ဖွင့်ဆွဲကာ အတ္တလန်တာမှ ယူလာခဲ့သည့် ပစ္စတိုကြီးကို ယူသည်။ ချားလ်၏ ပစ္စတို။ ချိတ်သာ ချိတ်သော်လည်း တစ်ခါမျှ မပစ်ရသေး။ နံရံ ဓားလွယ်အောက်တွင် ချိတ်ထားသည့် သားရေဘူးထဲသို့ စမ်းကာ ဦးထုပ် တစ်လုံး ထုတ်သည်။ တည်ငြိမ်သည့် လက်ဖြင့် ဦးထုပ်ကို ဆောင်းသည်။ လျင်မြန် တိတ်ဆိတ်စွာဖြင့် အပေါ်ထပ် ခန်းဆောင်ကို ဖြတ်ကာ လှေကား အတိုင်း ဆင်းလာခဲ့သည်။ လက်တစ်ဖက်ဖြင့် လှေကား လက်ရန်းကို ကိုင်ထားပြီး ပစ္စတိုကို ဝတ်စုံနောက် ပေါင်နားတွင် ကပ်၍ ကိုင်ထားသည်။

`ဟေ့ ဘယ်သူလဲ’



နှာခေါင်းသံ ပါပါနှင့် အော်လိုက်သံကြောင့် စကားလက် လှေကားလယ်တွင် ရပ်နေသည်။ နားထဲတွင် သွေး တဒိတ်ဒိတ်

တိုးနေသဖြင့် သူ အော်သံကို စကားလက် မကြား။ 

`ဟေ့ ရပ်၊ ပစ်ထည့်လိုက်ရမလား’



ယန်ကီ စစ်သားက အော်သည်။ သူက ထမင်းစားခန်းဝတွင် အဆင်သင့် ရပ်ကာ လက်တစ်ဖက်က ပစ္စတိုကို

ကိုင်ထား၏။ အခြား တစ်ဖက်က ယင်းတိုက် နှစ်သား အပ်ချုပ်ဘူးကို ကိုင်ထားသည်။ အထဲတွင် မေမေ အပ်ချုပ်ရာတွင် အသုံးပြုသည့် ရွှေအပ်ချုပ် လက်စွပ်၊ ရွှေလက်ကိုင်ကွင်းတပ် ကတ်ကြေး၊ ဝက်သစ်ချသီးပုံ ရွှေနားကွပ် မှတ်ကျောက်ကလေး တစ်လုံး ရှိသည်။ စကားလက် အောက်ပိုင်း တစ်ပိုင်းလုံး အေးစက်နေသော်လည်း မျက်နှာကမူ ဒေါသကြောင့် ပူလောင်နေသည်။ မေမေ၏ အပ်ချုပ် သေတ္တာကလေး သူ့ လက်ထဲတွင် ရောက်နေပြီ။ စကားလက် အော်ရန် ကြိုးစားသည်။ သို့ရာတွင် မအော်နိုင်။ လှေကား လက်ရန်းပေါ်မှ ကျော်ကာ သူ့ကို လှမ်းကြည့်နေသည်။ ယန်ကီ စစ်သား မျက်နှာက တင်းမာ ခက်ထန်နေရာမှ မထီလေးစားဟန် မျက်နှာချိုသွေးဟန်သို့ ပြောင်းလာသည်။

457



`လက်စသတ်တော့ အိမ်ထဲမှာ လူရှိတာကိုး’ ယန်ကီ စစ်သားက သူ့ သေနတ်ကို အိတ်ထဲသို့ ပြန်ထိုးထည့်လိုက်၏။

လှေကားအောက် သူ့ တည့်တည့်သို့ လျှောက်လာသည်။ `နင် တစ်ယောက်တည်းလား ဟဲ ဟဲ’

စကားလက် ဖျတ်ခနဲ သေနတ်ကို လက်ရန်းပေါ်သို့ တင်ကာ ထိတ်လန့်နေသည့် မုတ်ဆိတ်မွေး ထူထူ မျက်နှာကို

ချိန်လိုက်သည်။ ယန်ကီ စစ်သားက ခါးကြားက သေနတ်ကို စမ်း၍ ဆွဲသည်။ သို့ရာတွင် နောက်ကျသွားပြီ။ စကားလက်က မောင်းကို ဖြုတ်ချ လိုက်သည်။ ပစ္စတိုက ပြန်ကန်သဖြင့် စကားလက် ယိုင်သွားသည်။ သေနတ်သံနှင့် အတူ ယမ်းနံ့က နှာခေါင်းထဲသို့ စူးဝင်လာသည်။ ယန်ကီ စစ်သားသည် နောက်သို့ ပက်လက်လန် လဲကျသွား၏။ ကုလားထိုင်တွေ၊ စားပွဲတွေနှင့် တိုက်မိကာ ကြမ်းပြင်ပေါ်တွင် ကားရားကြီး ဖြစ်နေသည်။ လက်ထဲက အပ်ချုပ် သေတ္တာကလေး လွင့်စဉ် လွတ်ကျသွားသဖြင့် ပစ္စည်းတွ လွင့်စဉ်ကုန်သည်။ စကားလက် ပြေးဆင်းလာကာ သူ့ အနီးတွင် ရပ်ရင်း ငုံ့ကြည့်နေသည်။ နှုတ်ခမ်းမွေး အထက် နှာခေါင်း တည့်တည့် နေရာတွင် အပေါက်ကြီး ဖြစ်နေသည်။ မျက်လုံးများက ယမ်းမှုန့် လောင်သဖြင့် မည်းနေသည်။ မျက်လုံးများက ယမ်းမှုန့် လောင်သဖြင့် မည်းနေသည်။ ကြည့်နေရင်း ပြောင်လက်နေသည့် ကြမ်းပြင်ပေါ်သို့ သွေးကြောင်း နှစ်ကြောင်း စီးလာသည်။ တစ်ကြောင်းက သူ့ မျက်နှာမှ ဖြစ်၍ နောက်တစ်ကြောင်းက သူ့ နောက်စေ့မှ ဖြစ်သည်။

သေပြီ။ ယန်ကီ စစ်သား သေသွားပြီ။ လူ တစ်ယောက်ကို သူ သတ်ခဲ့ပြီ။



မီးခိုးများသည် မျက်နှာကြက်ဆီသို့ ဝေ့ဝိုက် တက်သွားသည်။ သွေးစီးကြောင်း နှစ်ကြောင်းက သူ့ ခြေထောက်နားသို့

ရောက်လာကြ၏။ ကာလ အပိုင်းအခြား မရှိဟု ထင်ရသော ခဏငယ် တစ်ခု ကြာမျှ စကားလက် ရပ်နေမိသည်။ တိတ်ဆိတ် ပူနွေးသည့် နံနက်ခင်း၌ အဆက်အစပ် မရှိသော အနံ့များ၊ အသံများသည် ပို၍ စူးရှ ကျယ်လောင်နေသည်ဟု ထင်ရ၏။ လျင်မြန်စွာ ခုန်ကာ စည်တို နှက်သကဲ့သို့ မြည်နေသော သူ့ နှလုံးခုန်သံ၊ တတိုင်းမွှေးရွက်များ ထိပွတ်သံ၊ ခပ်ဝေးဝေးမှ ရေကြက် တစ်ကောင်၏ တွန်သံ၊ ပြတင်းမှ ဝင်လာသည့် တတိုင်းမွှေးပန်းနံ့ သင်းပျံ့ပျံ့။

လူ တစ်ယောက်ကို သူ သတ်ခဲ့မိပြီ။ တောလိုက်လျှင်ပင် ယုန်ကို မသတ်ရဲ မသတ်ဝံ့သူ၊ ဝက်သတ်လျှင်

ဝက်အော်သံကိုပင် မကြားဝံ့သူ၊ ညွှတ်ကွင်း၌ မိသည့် ယုန်မြည်သံကိုပင် မကြားရဲသူ၊ ယခု လူတစ်ယောက်ကို သတ်လိုက်ပြီ။ မဖြစ်နိုင်။ သူ လူသတ်သည် ဆိုခြင်းမှာ မဟုတ်နိုင်။ အပ်ချုပ် သေတ္တာ အနီးတွင် ရောက်နေသည့် အမွေးထူထူ ပုတိုတို လက်ကို လှမ်းကြည့်လိုက်သည်။ ချက်ချင်း သူ သတိ ပြန်ဝင်လာသည်။ ရက်စက်သည့် ကျားသစ်၏ မြူးတူးခြင်းမျိုး ဝင်လာသည်။ နှာခေါင်းနေရာ ကျည်ဆန်ပေါက် ဒဏ်ရာကြီးကို ဖနောင့်ဖြင့် ဆောင့်ပေါက်ကာ သူ့ ခြေထောက်ကို သူ့သွေး ပူပူနွေးနွေးဖြင့် ဆေးပစ်လိုက်ချင်သည်။ မြိုင်သာယာ အတွက် တစ်ချက် လက်စားချေလိုက်ရပြီ။ မေမေ့ အတွက် တစ်ချက် လက်စားချေလိုက်ရပြီ။

အပေါ်ထပ်မှ ပြေးလာသည့် ခြေသံများကို ကြားရ၏။ ခဏ ရပ်သွားကာ နောက်ထပ် ပြေးလာသံ ကြားရပြန်သည်။

စောစောကလို မသွက်တော့။ အားနည်း ဖျော့တော့စွာ ဒရွတ်ဆွဲ ပြေးလာသည့် ခြေသံ။ ထို ခြေသံကို တချွင်ချွင် မြည်သည့် သတ္တုသံက ပုဒ်ဖြတ် ပေးနေသည်။ စကားလက် ယခုမှ သတိ ပြန်ဝင်လာသည်။ မော့ကြည့်လိုက်သည့် အခါတွင် လှေကားထိပ်မှ သူ့ကို ရပ်ကြည့် နေသည့် မီလာနီကို မြင်ရ၏။ ညဝတ် အင်္ကျီ အဖြစ် ဝတ်နေသည့် အစုတ်စုတ် အပြတ်ပြတ် ရှင်မီး အင်္ကျီကို ဝတ်လျက်။ လက်တစ်ဖက်တွင် ချားလ်၏ ဓားလွယ်ကို မနိုင့်တနိုင် ကိုင်ထားသည်။ မီလာနီ၏ မျက်လုံးများသည် အောက်ထပ်က မြင်ကွင်း တစ်ခုလုံးကို သိမ်းကျုံး မြင်လိုက်သည်။ သွေးအိုင်ထဲတွင် ဆန့်ဆန့်ကြီး လဲနေသည့် ဝတ်စုံပြာဝတ်

458

လူ တစ်ယောက်။ အဖုံးပွင့်ကာ ပစ္စည်းတွေ ပြန့်ကျဲနေသည့် အပ်ချုပ်သေတ္တာ။ ပစ္စတို သေနတ်ကို ကိုင်လျက် ဖိနပ် မပါဘဲ ရပ်နေသည့် စကားလက်။

စကားလက်နှင့် မျက်လုံးချင်း ဆုံမိကြသည်။ အမြဲတမ်း နူးညံ့ ချိုသာသည့် မီလာနီ့ မျက်နှာတွင် ရက်စက်သည့် မာန

ပေါ်နေသည်။ သြဘာ ပေးသည့် သဘော ပေါ်နေသည်။ သူ့ အပြုံးတွင် ကြမ်းကြုတ်သည့် ပျော်ရွှင်မှု ပေါ်နေသည်။ စကားလက် ရင်ထဲတွင် ဖြစ်နေသည့် ခံစားချက်နှင့် တစ်ထပ်တည်း ဖြစ်နေ၏။

`သူလည်း ငါ့လိုပဲ နေမှာပဲ၊ ငါ ခံစားရတာကို သူ နားလည်မှာပဲ၊ သူလည်း ငါ့လိုပဲ လုပ်မိမှာပဲ’ ဟု စကားလက်

တွေးမိသည်။

သူ မနှစ်သက်သည့်၊ သူ အထင်သေး ခဲ့သည့် ဒယီးဒယိုင် ပါးပါးလှပ်လှပ် မီလာနီကို ရင်တဖိုဖိုဖြင့် မော့ကြည့်သည်။

အက်ရှလေ၏ မိန်းမ အဖြစ် မီလာနီကို သူ မုန်းခဲ့သည်။ ယခု မီလာနီကို မြတ်နိုးစိတ်၊ အေးအတူ ပူအမျှ ခံစားလိုစိတ်၊ စာနာလိုစိတ်တို့ ဝင်ရောက် လာသည်။ မီလာနီကို သေးဖွဲသည့် ခံစားချက်ဖြင့် မကြည့်တော့။ မီလာနီ၏ နူးညံ့ ချိုသာသည့် အသံနှင့် ချိုးငှက်၏ မျက်လုံးလို အပြစ် ကင်းစင်သော မျက်လုံးများ နောက်ကွယ်တွင် သံမဏိလို မာကျော၍ ဓားသွားလို ထက်မြက်သည့် စိတ် ရှိခြင်းကို စကားလက် သိခဲ့ပြီ။ ငြိမ်သက် အေးဆေးစွာ အောင်လံ လွှင့်၍ စစ်တံပိုးသံနှယ် ရဲရင့်သော မီလာနီ၏ သတ္တိကိုလည်း စကားလက် သိခဲ့ပြီ။

`မမကြီး မမကြီး’



ပိတ်ထားသည့် လူမမာခန်းထဲမှ ဆွီလင်နှင့် ကာရင်းတို့ ခေါ်သံကို ကြားရသည်။ ထိတ်လန့်ကာ အသံ တုန်နေသည်။

`လေးလေး၊ လေးလေး’ ဟူသော ဝိတ်ကလေး၏ အော်သံကိုလည်း ကြားရငသည်။ မီလာနီက တိတ်တိတ်နေရန် အချက် ပြသည့် အနေဖြင့် လက်ညှိုးကို နှုတ်ခမ်းတွင် ကပ်၍ ထောင်ပြသည်။ ဓားလွယ်ကို လှေကားထိပ်တွင် ချခဲ့ပြီး အပေါ်ထပ် လူမမာခန်းဆီသို့ လျှောက်သွားသည်။

`ဘယ်လို ဖြစ်နေကြတာလဲဟင်၊ ဒါလောက် ကလေးများတောင် ကြောက်နေကြရသေးလား’ မီလာနီက နောက်သလို

ပြောင်သလို အသံကလေးဖြင့် ခပ်ရွှင်ရွှင်ကလေး ပြောသည်။ `ချားလ်ရဲ့ ပစ္စတိုကို မမကြီး ပြောင်းတိုက်ရင်း မတော်တဆ ကျည်ဆန် ထွက်သွားတာပါကွယ့်၊ ဒီလောက်လည်း မကြောက်ကြပါနှင့်ကွယ့်၊ သားသား ဝိတ်ကလေး၊ ဖေဖေ့ သေနတ်ကို မေမေ ပြောင်း တိုက်လို့ ကျည်ဆန် ထွက်သွားတာနော်၊ မကြောက်နှင့်နော်၊ သားသား ကြီးရင် မေမေက ပစ်ခွင့် ပေးမှာပေါ့ နော် ဟုတ်လား’

`တော်တော် ပိပိရိရိ လိမ်တတ်သားပဲ’ ဟု စကားလက် တွေး၍ ချီးမွမ်းနေသည်။ `ငါသာ ဆိုရင် ဒီလို ချက်ချင်း

အကြံရမှာ မဟုတ်ဘူး၊ ဒါပေမယ့် ဘာဖြစ်လို့ လိမ်ပြောနေရမှာလဲ၊ ဖွင့်ပြောလိုက် ပြီးတာပဲ’

ကြမ်းပေါ်က အလောင်းကြီးကို စကားလက် ငုံ့ကြည့်၏။ ဒေါသ ထွက်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ ပျောက်သွားကာ

ရွံရှာသည့်စိတ်

ပေါ်လာသည်။

ဒူးတွေ

တဆတ်ဆတ်

တုန်လာသည်။

မီလာနီက

ဒရွတ်ဆွဲကာ

လှေကားထိပ်သို့

ပြန်ရောက်လာ၏။ လှေကား လက်ရန်းကို ကိုင်၍ ဆင်းလာသည်။ ဖြူဖျော့သည့် အောက် နှုတ်ခမ်းကို ကိုက်ထား၏။

459



`အို မီလာနီ၊ အိပ်ရာပေါ် သွားနေလေ၊ ဘာဖြစ်လို့ ဆင်းလာရတာလဲ၊ သွေးလန့်သွားလိမ့်မယ်’ စကားလက်က

အော်သည်။ အဝတ်အစား မလုံ့တလုံ မီလာနီသည် အောက်ထပ် ခန်းမဆောင်ထဲသို့ ရောက်လာသည်။

`စကားလက်’ မီလာနီက ခပ်တိုးတိုး ခေါ်သည်။ `ဒီအလောင်းကြီးကို ဒီအတိုင်း ထားလို့ ဘယ်ဖြစ်မလဲ၊ မြှုပ်ပစ်ရမယ်၊

သူ တစ်ယောက်တည်း ဟုတ်ချင်မှ ဟုတ်မှာ၊ သူတို့ စစ်သားတွေ တွေ့သွားရင်’

မီလာနီက စကားလက် လက်မောင်းကို အားပြု၍ ရပ်သည်။



`တစ်ယောက်တည်း ထင်တာပဲ၊ အပေါ်ထပ် ကနေ ကြည့်နေတုန်းကတော့ တခြား ဘယ်သူမှ မပါဘူး၊ တပ်ပြေး

ထင်ပါရဲ့’

`သူ တစ်ယောက်တည်း ဖြစ်ဦး၊ ဒိပြင်လူ တွေ့သွားလို့ ဘယ်ဖြစ်မလဲ၊ ကပ္ပလီတွေ မြင်သွားပြီး လျှောက်ပြောရင် မင်းကို

လာဖမ်းကြလိမ့်မယ်၊ ဝက် လိုက်ရှာတဲ့ လူတွေ ပြန်မလာခင် ဒီအလောင်းကြီးကို မြန်မြန် ဖျောက်ဖျက်ပစ်မှ ဖြစ်မယ်’

မီလာနီက အလောသုံးဆယ် တိုက်တွန်းသည့် အခါတွင်မှ စကားလက် သတိရကာ လုပ်စရာ ရှိသည် တို့ကို

စဉ်းစားမိသည်။

`ခြံထောင့်က ပန်းရုံ အောက်မှာ မြှုပ်ရင် ဘယ့်နှယ် နေမလဲ၊ အဲဒီ နေရာက မြေကလည်း ပျော့တယ်၊ ပေါ့ ပြောင်းဆန်

အရက်စည်ကြီး ပြန်ဖော်ထားလို့ ကျင်းကြီးကလည်း အဆင်သင့်ပဲ၊ ဒါပေမယ့် ဒါကြီးကို ဘယ့်နှယ်လုပ် ရွှေ့ရမလဲ မသိဘူး’

`ကိုယ်နှင့် မင်းနှင့် ခြေထောက် တစ်ဖက်စီ ကိုင်ဆွဲမယ်လေ’



မီလာနီက ပြတ်သားစွာ ပြောသည်။ စကားလက် မီလာနီကို အထင်ကြီး လေးစားသွားပြန်သည်။



`မဖြစ်ပါဘူးကွယ်၊ မင်းက ကြောင်လေး တစ်ကောင်တောင် မဆွဲနိုင်တာ၊ ကိုယ့်ဘာသာ ကိုယ်ပဲ ဆွဲရင် ဒုက္ခ

ရောက်သွားလိမ့်မယ်၊ ကိုယ့်ကို မကူပါနှင့် ရပါတယ်၊ ကူရင် မီလာနီကို အတင်း အိမ်ပေါ် ပွေ့တင်ရလိမ့်မယ်’

မီလာနီ၏

ဖြူရော်သော

မျက်နှာပေါ်တွင်

နားလည်

ခွင့်လွှတ်သော

အပြုံးကလေး

တစ်ခု

ပေါ်လာသည်။

`စကားလက်က ကိုယ့်ကို သိပ်ညှာတာပဲနော်’ ဟု ဆိုကာ စကားလက်၏ ပါးကို နှုတ်ခမ်းဖြင့် အသာ ထိသည်။ စကားလက်က ဘာမျှ ပြန်မပြောရသေးမီ မီလာနီက ဆက်ပြောသည်။

`စကားလက် တစ်ယောက်တည်း ဆွဲသွားနိုင် ပါ့မလား၊ ဒီလိုဆို ကိုယ် ဒီက သွေးတွေ သုတ်ပစ်မယ်လေ၊

ကုလားထိုင်တွေ ဘာတွေ ပြန့်ကျဲနေတာ ပြန်လုပ်ဦးမှ၊ သူတို့ ပြန်လာလို့ တွေ့ရင် မကောင်းဘူး’

`လုပ်လေ’



`သူ့ ကျောပိုးအိတ်ထဲမှာ ကြည့်ရင် ကောင်းမယ် ထင်တယ်၊ စားစရာလေး ဘာလေးများ ပါလာမလား မသိဘူး’



`ကောင်းသားပဲ’ စကားလက်က ဤအချက်ကို စောစောက မတွေးမိသည့် အတွက် သူ့ ကိုယ်သူ မကျေမနပ်

460

ဖြစ်နေသည်။ `မီလာနီ ကျောပိုးအိတ်ထဲ ရှာကြည့်လေ၊ ကိုယ် သူ့ အိတ်ထဲမှာ နှိုက်ကြည့်မယ်’

စကားလက်က ခပ်ရွံ့ရွံ့ဖြင့် အလောင်းကြီး အပေါ် ငုံ့ကာ တပ်ထားသည့် ကြယ်သီးတွေကို ဖြုတ်ပြီး အိတ်တွေထဲသို့

နှိုက်ရှာနေသည်။

`ဘုရားရေ’

စကားလက်က

ပြည့်ဖောင်းနေသည့်

သားရေအိတ်

တစ်လုံးကို

ဆွဲထုတ်လိုက်သည်။

အိတ်ကို

လက်ကိုင်ပဝါစုတ် တစ်ထည်ဖြင့် ပတ်ထား၏။ `ပိုက်ဆံတွေ ထင်တယ်’

မီလာနီက ဘာမျှ မပြော။ ကြမ်းပေါ်တွင် ထိုင်ချလိုက်ကာ နံရံကို မှီနေသည်။



`စကားလက်ပဲ ရှာကြည့်ကွယ်၊ ကိုယ် နည်းနည်း မူးလာတယ်’



စကားလက်က လက်ကိုင်ပဝါစုတ်ကို ဖြေကာ သားရေအိတ်ကို ဖွင့်ကြည့်၏။



`ဟယ် မီလာနီ၊ ကြည့်စမ်း ကြည့်စမ်း’



မီလာနီက လှမ်းကြည့်သည်။ သူ့ မျက်လုံးများက ပြူးနေသည်။ အိတ်ထဲမှ ပြည်ထောင်စု အစိုးရထုတ် ငွေစက္ကူ

စိမ်းစိမ်းကြီး တစ်ထပ်ကို တွေ့ရ၏။ ပြည်နယ် ငွေစက္ကူတွေလည်း ပါသည်။ ငွေစက္ကူတွေ ကြားထဲတွင် ဆယ်ဒေါ်လာတန် ရွှေဒင်္ဂါးပြား တစ်ပြားနှင့် ငါးဒေါ်လာတန် ရွှေဒင်္ဂါး နှစ်ပြားကိုလည်း တွေ့ရသည်။

`ခု ရေမနေနှင့်လေ’ စကားလက်က ငွေစက္ကူ များကို ရေတွက်မည် ပြုသဖြင့် မီလာနီက ပြောသည်။ `အချိန် မရှိဘူး’



`ဒီပိုက်ဆံတွေ ရရင် စားစရာလည်း ဝယ်လို့ ရကောင်းပါရဲ့ နော်’



`ရပါတယ်ကွယ်၊ ဒါက အရေး မကြီးပါဘူး၊ အချိန် မရှိတော့ဘူး၊ ဒါကြီး မြှုပ်ရဦးမယ် မဟုတ်လား၊ ဒိပြင် အိတ်တွေ

နှိုက်ကြည့်စမ်းပါဦး၊ ကိုယ် ကျောပိုးအိတ်ကို ရှာမယ်’

သားရေအိတ်ကို စကားလက် မက်နေသည်။ တကယ့် ငွေစက္ကူကို ရပြီ။ ယန်ကီ စစ်သား၏ မြင်းလည်း ရပြီ။

စားစရာလည်း ရတော့မည်။ အားလုံး အဆင်ပြနေသည်။ မည်သူ မည်သို့ ပြောပြော ဘုရားသခင်က သူ့ကို တကယ် မပြီ။ စကားလက် ဆောင့်ကြောင့် ထိုင်ကာ သားရေအိတ်ကို ကြည့်၍ ပြုံးနေသည်။ စားစရာ ရတော့မည်။ မီလာနီက သားရေအိတ်ကို သူ့ လက်ထဲက ဆွဲယူလိုက်သည်။

`မြန်မြန်လုပ်၊ အချိန် မရှိဘူး’



ဘောင်းဘီအိတ်ထဲတွင် ဖယောင်းတိုင် အတို တစ်ချောင်း၊ မောင်းချဓား တစ်လက်၊ ဆေးရွက်ကြီး တစ်ထုပ်နှင့်

အပ်ချည်လုံး တစ်လုံး ထွက်လာသည်။ မီလာနီက ကျောပိုးအိတ်ထဲမှ ကော်ဖီမှုန့်ထုပ် တစ်ထုပ် တွေ့သည်။ အကောင်းဆုံး ရေမွှေးကို နမ်းသည့်နှယ် ကော်ဖီမှုန့်ထုပ်ကို နမ်းနေသည်။ ဘီစကွတ်မုန့်ကြမ်း တစ်ခု၊ ရွှေရေးပေါင် ကွပ်ထားသည့် မိန်းကလေး တစ်ယောက်၏ ဓာတ်ပုံ၊ မဟူရာ ရင်ထိုး တစ်ခု၊ ကြိုးပျော့ လက်ကောက် တစ်ရန်၊ ရွှေအပ်ချုပ် လက်စွပ် တစ်ကွင်း၊ ကလေးသုံး ငွေပန်းကန်လုံးလေး တစ်လုံး၊ ရွှေကွပ်ထားသည့် ကတ်ကြေး တစ်လက်၊ စိန်လက်စွပ် တစ်ကွင်း၊ သစ်တော်သီးပုံ စိန်နားဆွဲ

461

တစ်ရန် စသည် တို့ကို တွေ့ရသည်။

`ခိုးလာတာတွေ ထင်တယ်’



မီလာနီက အလောင်း အနီးမှ နောက်သို့ ဆုတ်သည်။



`ဟုတ်မှာပေါ့၊ ဒီကိုလည်း ခိုးဖို့ လာတာ ဖြစ်မှာပဲ’



`သတ်လိုက်မိတာ ကံကောင်းတာပေါ့’ မီလာနီ၏ နူးညံ့သည့် မျက်လုံးများသည် ခက်ထရော်လာကြ၏။ `ကဲ

စကားလက်၊ မြန်မြန် လုပ်ကွယ်၊ အလောင်းကြီးကို သယ်ဦး’

စကားလက်က ကုန်း၍ အလောင်းကို ခြေထောက်မှ ဆွဲသည်။ အလောင်းကြီးက လေးလိုက်သည့် ဖြစ်ခြင်း။ သူက

ပျော့ပျော့။ ဤအလောင်းကြီးကို ဆွဲမှ ဆွဲနိုင်မည်လော မသိ။ ထို့ကြောင့် အလောင်းကို ကျောပေးကာ ခြေနှစ်ချောင်းကြား ဝင်ပြီး ဖိနပ်ရှည် စွပ်ထားသည့် ခြေထောက် နှစ်ဖက်ကို ချိုင်းကြားတွင် တစ်ဖက်စီ ညှပ်၍ ဆွဲသည်။ အလောင်းက ရွေ့ပါလာသည်။ နောက်တစ်ချီ ဆောင့်၍ ဆွဲပြန်သည်။ စောစောက ထိတ်လန့် တုန်လှုပ်နေသဖြင့် ခြေထောက်က အနာကို သတိ မထားမိ။ သို့ရာတွင် ယခု နာလာပြီ။ ထို့ကြောင့် ဖနောင့်ကို အားပြု၍ ဆွဲရသည်။ အား စိုက်ရသဖြင့် နဖူးက ချွေးတွေ စီးကျလာသည်။ အလောင်း ဆွဲရာ တစ်လျှောက်တွင် သွေးကြောင်းတွေ ထင်နေရစ်ခဲ့သည်။

`အိမ်ပြင် ရောက်အောင် သွေးတွေ ထွက်နေရင်တော့ ဒုက္ခပဲ၊ ဖုံးလို့ ရမှာ မဟုတ်တော့ဘူး’ စကားလက်က မောမောဖြင့်

ပြောသည်။ `မီလာနီ၊ မင်း ရှင်မီး အင်္ကျီ ချွတ်ပေးပါလား၊ သူ့ ခေါင်းကို စည်းရအောင်’

မီလာနီ၏ ဖြူရော်သည့် မျက်နှာတွင် သွေးရောင် လျှမ်းသွားသည်။



`ရှက်မနေပါနှင့်ကွယ်၊ ကိုယ် မင်းကို မကြည့်ပါဘူး၊ မျက်နှာ လွှဲထားပါ့မယ်၊ ကိုယ့်မှာ အတွင်းခံလည်း မရှိတော့ဘူး၊

ဘာမှ မရှိတော့ဘူး၊ နို့မို့ရင်လည်း အတွင်းခံ ချွတ်ပြီး စည်းရသေးရဲ့’

မီလာနီက နံရံကို မှီ၍ ထိုင်ကာ သူ့ ရှင်မီးအင်္ကျီကို ခေါင်းမှ ချွတ်ပေးပြီး စကားလက်ဆီသို့ လှမ်းပစ် လိုက်သည်။

ရင်ကို လက်နှစ်ဖက်ဖြင့် ပိုက်၍ ဖုံးထား၏။

`အင်း ငါ ဒီလောက် မရှက်တတ်လို့ တော်သေးတာပေါ့’ စကားလက်က မီလာနီ အရှက် အကြောက်ကြီးပုံကို

တွေးနေသည်။ စုတ်ပြတ်နေသည့် ရှင်မီးအင်္ကျီဖြင့် အလောင်း မျက်နှာကို ပတ်နေသည်။

နားလိုက် ဆွဲလိုက်ဖြင့် စကားလက်သည် အလောင်းကြီးကို ခန်းမဆောင်မှ နောက်ဖေး ဆင်ဝင်ဘက်သို့ ဆွဲလာသည်။

တစ်ခါတစ်ရံတွင် နားကာ နဖူးမှ ချွေးများကို လက်ခုံဖြင့် သုတ်၏။ ဒူးနှစ်လုံးဖြင့် ရင်ကို ဖုံးကွယ်ပြီး ထိုင်နေသည့် မီလာနီကို ကြည့်သည်။ ဤအချိန်မျိုးတွင် ဤမျှ အရှက် အကြောက် ကြီးနေရသလောဟုလည်း မီလာနီကို စိတ်တိုသည်။ မီလာနီက ရှက်တတ် ကြောက်တတ်လွန်းသည်။ ယဉ်ကျေး သိမ်မွေ့လွန်းသည်။ ထို့ကြောင့်ပင် သူ့ကို စကားလက် မုန်းခဲ့ခြင်း ဖြစ်၏။ ယခု စကားလက် သူ့ကိုယ်သူ ပြန်ရှက်နေပြီ။ စင်စစ် မီလာနီသည် မျက်နှာမြင်ပြီး၍မှ မကြာသေးမီ အိပ်ရာမှ အနိုင်နိုင် ထလာခဲ့ရသည် မဟုတ်လော။ သူ့အဖို့ အလွန် လေးလံသည့် ဓားလွယ်ကြီးကို မနိုင့်တနိုင် ဆွဲကာ သူ့ကို ကူညီဖို့ ထလာခဲ့သည် မဟုတ်လော။

462

ဤသတ္တိကိုမူ စကားလက် ရိုးသားစွာ ဝန်ခံသည်။ ဤလို အလုပ်မျိုးကို တော်တော် သတ္တိဖြင့် မလုပ်နိုင်။ ဤသတ္တိမျိုး သူ့တွင် မရှိ။ မီလာနီ၏ သတ္တိသည် အမြင်သာ သေးသော်လည်း ကျစ်ပိုးလို ခိုင်သည့် သတ္တိမျိုး ဖြစ်သည်။ သံမဏိ နန်းကြိုးလို ခိုင်မာသည့် သတ္တိ ဖြစ်သည်။ ဤသတ္တိမျိုးကို အတ္တလန်တာ ကျသည့် ညက လည်းကောင်း၊ မြိုင်သာယာသို့ လာစဉ်က လည်းကောင်း စကားလက် မြင်ခဲ့ဖူးပြီ။ ဝီလ်ကီတို့ အမျိုး၏ သတ္တိသည် မမြင်ရသည့်၊ မထင်ရှားသည့် မီးခဲပြာဖုံး သတ္တိမျိုး ဖြစ်သည်။ ဤသတ္တိမျိုးကို စကားလက် နားမလည်သည့်တိုင် အားကျသည်။ လေးစားသည်။

`မီလာနီ ပြန် အိပ်တော့လေ’ စကားလက်က သမင် လည်ပြန် ကြည့်သည်။ `မင်း ကိုယ်မင်း သတ်နေတာလား၊

အအေးမိပြီး သေသွားလိမ့်မယ်၊ မြှုပ်ပြီးရင် သွေးစက်တွေ ကိုယ့်ဘာသာ ကိုယ် သုတ်လိုက်ပါ့မယ်’

`ခြေသုတ် ကော်ဇောနှင့် သုတ်လိုက်မယ်လေ ရပါတယ်’



မီလာနီက သွေးကွက်ကြီးကို စိတ်မသက်မသာဖြင့် ကြည့်သည်။



`သဘော သဘော၊ ကိုယ့်ကိုယ်ကိုယ် သတ်၊ မြှုပ်လို့ မပြီးခင် ဖေဖေတို့ ပြန်လာရင် ဒီဘက်ကို မလာပေ့စေနှင့်၊

အိမ်ထဲမှာ နေအောင် လုပ်ထား၊ ဘယ်က မြင်းလဲလို့ မေးရင် မသိဘူး၊ အိမ်ထဲ ဝင်လာလို့ ဖမ်းချည်ထားလိုက်တယ် ပြော၊ ကြားလား’

နံနက်ခင်း နေခြည်ထဲတွင် မီလာနီ ခိုက်ခိုက် တုန်နေသည်။ လှေကားထစ်ပေါ်မှ အောက်သို့ ဆွဲချသွားသည့် အခါတွင်

ယန်ကီ စစ်သား၏ ခေါင်းသည် အုတ်လှေကားထစ်တွင် တဒုတ်ဒုတ် မြည်နေသည်။ မီလာနီက မကြားရက်သဖြင့် နားကို ပိတ်ထား၏။

မြင်း မည်သို့ ရောက်လာသည်ကို မည်သူကမျှ မမေးကြ။ တိုက်ပွဲ ဖြစ်စဉ်က လွတ်လာသည့် မြင်း တစ်ကောင်

ဖြစ်လိမ့်မည်ဟုသာ ထင်ကြသည်။ မြင်းရ၍ ကျေနပ်နေကြသည်။ ယန်ကီကြီး၏ အလောင်းကို စပျစ်ပင် အောက်တွင် ကျင်းတိမ်တိမ် တူး၍ မြှုပ်ခဲ့သည်။ စပျစ်ပင်နွယ်တို့ကို ထောက်ထားသည့် ဒေါက်များက ဆွေးနေပြီ။ ထိုညတွင် စကားလက်က မီးဖိုထဲမှ ဓားမဖြင့် ဒေါက်များကို ခုတ်ပစ်သည်။ စပျစ်ရုံကြီး ပြိုကျကာ မြေပုံကို ဖုံးပြီးသား ဖြစ်သွား၏။ စပျစ်ရုံ အောက်က ဒေါက်များကို ပြင်လိမ့်မည်ဟု စကားလက် မစဉ်းစားမိ။

ရှည်လျားသည့် ညများတွင် ပင်ပန်းလွန်းသဖြင့် စကားလက် အိပ်မပျော်နိုင်။ သို့ရာတွင် မြေပုံ တိမ်တိမ် ကလေးထဲက

တစ္ဆေက သူ့ကို လာ၍ ခြောက်လှန့်ခြင်း မပြု။ ဤ ယန်ကီစစ်သားကို သတ်ခဲ့မိသည့် အတွက် နောင်တလည်း မရ။ ထိတ်လန့်ခြင်းလည်း မဖြစ်။ လွန်ခဲ့သည့် တစ်လလောက်က ဆိုလျှင် ဤအမှုမျိုးကို ကျူးလွန်ရဲမည် မဟုတ်။ အဘယ့်ကြောင့် လွယ်လွယ်

ကျူးလွန်ရဲသနည်းဟု

စကားလက်

စဉ်းစားသည်။

ပါးချိုင့်လေးတွေ

အထင်းသား၊

နားသံသီးလေးတွေ

အဝင်းသားဖြင့် ကနွဲ့ကလျ နေတတ်သည့် မုဆိုးမ လှလှကလေး စကားလက်သည် လူတစ်ယောက်၏ မျက်နှာကို စက္ကူချပ် တစ်ချပ်လို စုတ်ပြဲသွားအောင် ဖောက်ပစ်လိုက်ပြီး ကျင်းတိမ်တိမ်ကလေး တစ်ကျင်း ကပျာကယာ တူး၍ မြှုပ်ခဲ့သည်မှာ အံ့သြစရာ ကောင်းနေသည်။ သူ့အကြောင်းကို သိသူများသာ ဤအဖြစ်အပျက်ကို ကြားလျှင် တအံ့တသြ ဖြစ်နေ ကြလိမ့်မည်ဟု တွေးရင်း စကားလက် ခပ်မဲ့မဲ့ ပြုံးမိသည်။

463



`အို၊ ဒါတွေကို ခု မစဉ်းစားသေးဘူး၊ ပြီးခဲ့တာ ပြီးပြီပဲ၊ သူ့ကို မသတ်ရင် ငါဟာ ကပ္ပလီ မိန်းမလျာ ကလေး ဖြစ်နေမှာပေါ့၊

မြိုင်သာယာကို ပြန်ရောက်လာ ကတည်းက ငါ့ စိတ်တွေ တော်တော် ပြောင်းနေပြီ၊ နို့မို့ရင် ဒီအလုပ်မျိုးကို ဘယ်လုပ်ရဲပါ့မလဲ’

စကားလက် စိတ်ကို တုံးတုံး ချလိုက်သည်။ တစ်ခါတစ်ရံတွင် စကားလက် စိတ်ညစ်စရာတွေ၊ အခက်အခဲတွေကို

တွေ့ရသည်။ တွေ့ရသည့် အခါတိုင်း `ငါဟာ လူတောင် သတ်ခဲ့သေးတာပဲ၊ ဒါလေးကို ဘာကြောင့် မလုပ်နိုင်ရမှာလဲ၊ လုပ်နိုင်ရမှာပေါ့’ ဟု တွေးမိကာ အားတက်ရသည်။ သို့ရာတွင် တမင်တကာ တွေးယူခြင်း မဟုတ်။ သူ့စိတ်တွင် အလိုလို ပေါ်လာခြင်းသာ ဖြစ်သည်။

သူ ထင်သည်ထက် စကားလက် ပြောင်းလဲသွားပြီ။ ဝက်သစ်ချမြိုင်က အစေခံ တန်းလျား နောက်ဖေးတွင်

လဲကျသွားစဉ်က သူသည် လောကကြီးကို အံကြိတ်၍ ရင်ဆိုင်ရန် ကြိုးစားခဲ့သည်။

သူ့ အသည်းနှလုံး ပတ်လည်တွင် ကြမ်းတမ်း မာကျောခြင်း ဟူသော ဥခွံသည် အရည်တည်စ ပြုလာခဲ့သည်။ ယခုဆို

ဥခွံသည် တဖြည်းဖြည်း မာကျောကာ တဖြည်းဖြည်း ထူလာခဲ့ပြီ။

ယခု စကားလက်တွင် မြင်း တစ်ကောင် ရပြီ။ မြိုင်သာယာ အနီး တစ်ဝိုက်က အခြေအနေကို သူ ကိုယ်တိုင်

သွားကြည့်နိုင်ပြီ။ `ဒီအနား တစ်ဝိုက်မှာ တို့ချည်းပဲ ကျန်တော့သလား၊ ဒိပြင် ယာတောတွေ အားလုံး မီးလောင်ကုန်ကြပြီလား၊ သူတို့ အားလုံး မာကွန်ကို ထွက်ပြေးကုန်ကြပြီလား’ ဟု အိမ်ပြန်ရောက်တည်းက စကားလက် အကြိမ်ပေါင်း တစ်ထောင်မက စဉ်းစားမိသည်။

ဝက်သစ်ချမြိုင်၊ မက္ကင်တော့တို့ ယာတော၊ စလက်တာရီ တဲကုပ် စသည်တို့၏ အခြေအနေကို မြင်ခဲ့ချိန်မှ စ၍

ကျန်ခြံနီးနားချင်းတို့၏ အခြေအနေကို စကားလက် မတွေးရဲအောင် ဖြစ်နေသည်။ သို့ရာတွင် တွေး၍ ကြောက်နေသည်ထက် အဆိုးဆုံးကို သိ၍ ရင်ဆိုင်ရသည်က ပိုကောင်းလိမ့်မည်။ ဖွန်တိန်တို့ ယာတောသို့ ပထမဆုံး သွားကြည့်ရန် စကားလက်တို့ ဆုံးဖြတ်သည်။ ခြံချင်းလည်း အနီးဆုံး ဖြစ်သည်။ ထိုမျှမက ဒေါက်တာ ဖွန်တိန်ကိုလည်း တွေ့နိုင်သည်။ မီလာနီ အတွက် ဆရာဝန် တစ်ယောက် လိုချင်သည်။ မီလာနီ ပြန်၍ ထူထူထောင်ထောင် ဖြစ်လာချိန်တန်ပြီ။ သို့ရာတွင် ယခု အထိ အားရဖွယ် အခြေအနေ မရှိသေး။ ဖြူဖပ်ဖြူရော် ဖြစ်နေသည့် မီလာနီကို ကြည့်၍ စကားလက် စိုးရိမ်သည်။

ဖိနပ် စီး၍ ရအောင် ခြေထောက် အနာ ကျက်စ ပြုသည့် တစ်နေ့တွင် ယန်ကီ စစ်သားထံက ရသည့် မြင်းပေါ်သို့

စကားလက် တက်သည်။ ခြေထောက် တစ်ဖက်ကို တိုနေသည့် ခြေနင်းကွင်းတွင် စွပ်၍ အခြား တစ်ဖက်ကို ကုန်းပေါ်တွင် ကွေးကာ တင်ပါးလွှဲ ထိုင်စီးပြီး ဖွန်တိန်တို့ ယာတောရှိရာ ရွေးကြီးပင်စုသို့ ထွက်လာ၏။ မီးလောင်လိမ့်မည်ဟုလည်း တွက်လာခဲ့သည်။

ရွေးကြီးပင်များ ကြားတွင် ဝါကျင့်ကျင့် ခြေတံရှည် အိမ်ကြီးကို မပျက်မစီး တွေ့လိုက်ရသဖြင့် စကားလက် အံလည်း

အံ့သြသည်။ ဝမ်းလည်း သာသည်။ ဖွန်တိန် ညီအစ်မ တစ်သိုက်က သူ့ကို ထွက်၍ ဆီးကြိုကြသည့် အခါတွင် စကားလက် ဝမ်းသာသဖြင့် မျက်ရည်တွေ လည်လာ၏။

သို့ရာတွင် ဖက်လှဲတကင်း နှုတ်ဆက်ကြပြီး၍ ထမင်းစားခန်းထဲသို့ ဝင်လာကြသည့် အခါတွင်မူကား စကားလက်၏

464

စိတ်သည် အေးစက်သွားခဲ့လေပြီ။ ယန်ကီများသည် ရွေးကြီးပင်စု ယာတောသို့ မရောက်ခဲ့ကြ။ ရွေးကြီးပင်စုက ပေတစ်ရာ၏ အတွင်းဘက် ခပ်ဝေးဝေးတွင် ရှိသည်။ ထို့ကြောင့် ဖွန်တိန်တို့တွင် အခြေမပျက်။ စားရေရိက္ခာ အပြည့်အစုံ ရှိသည်။ သို့ရာတွင် မြိုင်သာယာကဲ့သို့ပင် ထူးဆန်းသည့် တိတ်ဆိတ် ငြိမ်သက်ခြင်းသည် ရွေးကြီးပင်စုတွင် ကြီးစိုးနေသည်။ အိမ်စေ ကပ္ပလီမ လေးယောက်မှအပ ယာကူလီများ အားလုံး ယန်ကီတို့ကို ကြောက်၍ ထွက်ပြေးကုန်ကြပြီ။ ရွေးကြီးပင်စုတွင် ယောက်ျား ကြီးကြီးမားမား ဆို၍ တစ်ယောက်မျှ မရှိတော့။ ခါးတောင်းကျိုက် ကလေး စည်းထားသည့် ဆယ်လီ၏ သားငယ်ကို စာရင်းထဲ ထည့်တွက်လျှင် ယောက်ျား ဆို၍ သူတစ်ယောက်သာ ရှိသည်။ အိမ်ကြီးထဲတွင် အသက် ခုနစ်ဆယ်ထဲ ရောက်နေသည့် ဘွားဘွား ဖွန်တိန်၊ အသက် ငါးဆယ်ရှိ ဂျိုး ဖွန်တိန်၏ မေမေနှင့် အသက် နှစ်ဆယ် မပြည့်တပြည့် ဂျိုးဖွန်တိန်၏ ဇနီးတို့သာ ရှိသည်။ သူတို့တွင် စောင့်ရှောက်မည့် ယောက်ျား ကြီးကြီးမားမားလည်း မရှိ။ အနီးအနားတွင် ခြံနီးချင်းလည်း မရှိ။ သူတို့ မျက်နှာများက ကြောက်ရွံ့ ထိတ်လန့်ပုံ မပေါ်ကြ။ ဆယ်လီတို့ သားအမိက ကြောက်တတ်သည့်တိုင် အဘွားကြီးကို ကြောက်ဟန် မပြရဲကြ။ စကားလက်လည်း ထိုအဘွားကြီးကို ကြောက်သည်။ အဘွားကြီးက မျက်စိ ရှင်သလောက် အပြော ပက်စက်သည်။ စကားလက် သူ့ အကြောင်းကို ကောင်းကောင်း သိခဲ့ပြီးပြီ။

ဤ မိန်းမ သုံးယောက်သည် သွေး မစပ်ကြ။ သားများနှင့် ပတ်သက်၍ တော်စပ်သည့် သမီး ယောက္ခမများ ဖြစ်သည်။

အသက်အားဖြင့်လည်း ကွာကြသည်။ သို့ရာတွင် သူတို့ သုံးယောက်က စိတ်ဓာတ်ချင်း တူကြသည်။ ဂျိုး ဖွန်တိန် ကျဆုံးသဖြင့် အိမ်တွင် ဆိုးသည့် အနက်ရောင် သစ်ခေါက်ဆိုး အဝတ်ကို ဝတ်ထားကြသည်။ ပိန်ချုံးကာ စိတ်မကောင်း ဖြစ်နေကြပုံ ရ၏။ ပါးစပ်က ထုတ်ဖော် ပြောဆိုခြင်း မပြုသည့်တိုင် သူတို့ မျက်နှာက လောကကြီးကို ခါးသီး နာကြည်း နေပုံ ရ၏။ သူတို့တွင် ယာကူလီတွေ မရှိတော့။ ပြည်နယ်သုံး ပိုက်ဆံတွေကလည်း သုံးမရတော့။ ဆယ်လီ၏ ယောက်ျား ဂျိုးဖွန်တိန်က ဂက်တီစတတ် တိုက်ပွဲတွင် ကျခဲ့ပြီ။ ဂျိုးဖွန်တိန် အဖေ ဒေါက်တာ ဖွန်တိန်မှာ ဗစ်စဘတ်တွင် ဝမ်းကိုက် ရောဂါဖြင့် ဆုံးခဲ့သည်။ အဲလက်နှင့် တိုနီတို့က ဗာဂျီးနီးယားတွင် စစ်တပ်ဖြင့် ရောက်နေသည်။ အဖေကြီး ဒေါက်တာ ဖွန်တိန်က ဗိုလ်ချုပ် ရွှီးလား၏ မြင်းတပ်ဖြင့် တစ်နေရာသို့ ရောက်နေသည်။

`ခေါင်းဖြူ စွယ်ကျိုးကြီးက လူငယ်တွေနှင့်သာ ပြိုင်နေတာ၊ အသက်က ခုနစ်ဆယ် ရှိနေပြီ၊ ဝက်များ အမွေးအမွား

ပေါသလို သူ့တစ်ကိုယ်လုံးလည်း ဒူလာ စွဲနေပြီ’

မေမေကြီးက သူ့ယောက်ျား ဘိုးဘိုးကြီး ဒေါက်တာ ဖွန်တိန် အတွက် ဂုဏ်ယူသည်။ စကားလုံးများက ရင့်သီးသလို

သူ့ မျက်လုံးများက တောက်နေကြ၏။

`အတ္တလန်တာ သတင်းလေး ဘာလေးများ မကြားဘူးလား၊ စကားလက်တို့ကတော့ မြိုင်သာယာမှာ ဆိုတော့ ဘာမှ

မကြားရဘူး’

စကားလက်က မေးသည်။ ထုံးစံ အတိုင်း မေမေကြီး ချွေးမက အတင်း ဝင်ပြော၏။



`တို့လည်း ညည်းတို့နှင့် ဘာထူးလို့လဲ အေ့၊ ယန်ကီ ဗိုလ်ချုပ် ရှားမင်းက မြို့ကို သိမ်းလိုက်ပြီ ဆိုတာလောက်ပဲ၊

ရတာပေါ့’

`ဟင်၊ ခု သိမ်းလိုက်ပြီတဲ့လား၊ ဒါဖြင့် ခု တိုက်ပွဲတွေက ဘယ်မှာ ဖြစ်နေတာတဲ့လဲ’

465



`အမယ်လေး၊ ဒီတောထဲ တောင်ထဲ ရောက်နေတဲ့ မိန်းမ သုံးယောက်ကို စစ်သတင်း လာမေးလို့ ဘာသိမှာလဲ အေ့၊

မရတာ ကြာလှပြီ’ မေမေကြီးက ဝင်ပြောသည်။ `ဒါတောင် တို့ဆီက ကပ္ပလီ တစ်ယောက်က ဂျုန်းဘာရိုက ပြန်လာတဲ့ ကပ္ပလီ တစ်ယောက်ဆီက တစ်ဆင့်ခံ ကြားလာရတာ၊ သူ ပြောတဲ့ အတိုင်းကတော့ ယန်ကီတွေက အတ္တလန်တာမှာ တပ်တွေ မြင်းတွေကို နားထားကြတယ်တဲ့၊ ဘယ်လောက် မှန်မမှန်တော့ မပြောတတ်ဘူး၊ ဒါလောက်ကလေး စစ်တိုက်ရတာများ အကြီးအကျယ် လုပ်ပြီး နားရသေးသတဲ့’ 

`စကားလက် မြိုင်သာယာ ရောက်နေတာ ကြာပြီနော်၊ ကြည့်စမ်း တို့ သိတောင် မသိဘူး’ ဆယ်လီက ဝင်ပြောသည်။

`တို့ မြင်းနှင့် လာကြည့်ရင်လည်း အကောင်းသား၊ ဒါပေမယ့်ကွယ် အိမ်မှာ ကပ္ပလီတွေ မရှိတော့ အားတယ်လို့ကို မရှိပါဘူး၊ ဗာဟီရတွေနှင့် ဆိုတော့ အလည် သွားချိန်ကို မရပါဘူး၊ တကယ်ကတော့ ဘယ်လောက်ပဲ အလုပ် များများ လာသင့်တာပေါ့၊ ဝက်သစ်ချမြိုင်တို့ မက္ကင်တော့ ယာတောတို့ မီးရှို့သွားသလို မြိုင်သာယာကိုလည်း မီးများ ရှို့သွားလေမလားလို့လည်း တွေးမိရဲ့၊ မင်းတို့ကတော့ မာကွန်ကို ပြေးမှာပဲလို့လည်း ထင်တာပေါ့၊ မြိုင်သာယာမှာ ရှိမယ်လို့ကို မထင်တော့ဘူး’

`သိပါဘူးအေ၊ ညည်းတို့ ကပ္ပလီတွေ လာပြီး မြိုင်သာယာတို့ မက္ကင်တော့ ယာတောတို့ မီးရှို့တော့မယ်လို့ မျက်လုံးပြူး

မျက်ဆံပြူးနဲ့ လာပြောတာကိုး၊ ဒီတော့ မီးရှို့ခံရတယ်ပဲ ထင်တာပေါ့’

မေမေကြီးက ပြော၏။



`ပြီးတော့ တို့ကလည်း’



ဆယ်လီက ပြောသည်။



`နေစမ်းပါအေ၊ စကား ပြောရင် အတင်း ဝင်ဝင် ပြောတာပဲ’ ကြီးကြီးက ဝင်ပြောသည်။ `သူတို့က ပြောတော့

မြိုင်သာယာ တစ်ခုလုံး ယန်ကီတွေ ပြည့်နေတာပဲတဲ့၊ ညည်းတို့လည်း မာကွန်ကို ပြေးကြမလို့တဲ့၊ အဲဒီ ညကပေါ့၊ မြိုင်သာယာဘက်က မီးတွေ လှမ်းမြင်ရတာ၊ နည်းတဲ့ မီးတောက်တွေ မဟုတ်ဘူး၊ ဒီတွင် အိမ်က ကပ္ပလီတွေလည်း အကုန် ထွက်ပြေးကြတော့တာပဲ၊ ဘာတွေ လောင်တာလဲ’

`ဝါတွေလေ ကြီးကြီး’



`စကားလက်တို့ ဝါတွေ တစ်သိန်းခွဲဖိုးလောက် ပါသွားတယ်’



`အိမ်မပါတော့ တော်သေးတာပေါ့အေ’ မေမေကြီးက မေးကို တောင်ဝှေးဖြင့် ထောက်ထားသည်။ `ဝါဂွမ်း ဆိုတာ

ပြန်စိုက်လို့ ရတယ်၊ အိမ် ဆိုတာ ပြန်စိုက်လို့ မရတော့ဘူး၊ နေပါဦး၊ ညည်းတို့ ဝါတွေ အားလုံး ဆွတ်ပြီးကုန်ပြီလား’

`မပြီးသေးပါဘူး မေမေကြီး’ စကားလက်က ဖြေသည်။ `ဝါခင်းထဲက ဝါကလည်း အကုန် ပျက်သလောက်ပါပဲ၊

ကျန်လှရင် သုံးထုပ်စာလောက် ကျန်မှာပေါ့၊ ဟိုချောင်းစပ်က အောက်ယာထဲမှာ အဝေးကြီး၊ ဒါနှင့် ဘာသွားလုပ်လောက်မှာလဲ၊ ဒါတောင် ယာကူလီတွေ ထွက်ပြေးကုန်လို့ ဝါဆွတ်မယ့်လူ မရှိဘူး’

`ဖြစ်မှ ဖြစ်ရပလေအေ၊ ဝါ ဆွတ်မယ့်လူ မရှိရဘူးလို့ပဲ’ မေမေကြီးက ခပ်လှောင်လှောင် ပြောလိုက်သည်။ `ညည်းတို့

466

လက်တွေက ဘာလုပ်ဖို့ ထားတာတုံး၊ လက်သည်း ချွန်ပြီး အလှ ကြည့်ဖို့လား၊ ညီမတွေလည်း ရှိသားနှင့်’

`စကားလက် ဘယ် ဝါဆွတ်တတ်မလဲ မေမေကြီးရဲ့၊ စကားလက်က အောက်တန်းစား လူဖြူတွေလို ဝါဆွတ်ရမှာလား၊

စလက်တာရီတို့လို လုပ်ရမှာလား’

စကားလက် စိတ်တိုတိုဖြင့် ပြောသည်။



`အလိုတော်၊ ဘယ်က အောက်တန်းစား လူဖြူ ရမှာလဲ၊ ညည်းတို့ ကာလ သားသမီးတွေကို နုလွန်းတယ်၊

ခြေတစ်လှမ်း ကုဋေ တစ်သန်းဆိုတာ ကျနေ တာပဲ၊ ငါ ပြောမယ်၊ တို့ ငယ်ငယ်တုန်းက အဖေက ကုန်ရှုံးတော့ ပိုက်ဆံ တစ်ပြားမှ မရှိတော့ဘူး၊ ဒီတော့ တို့ ကိုယ်တိုင် ယာထဲ ဆင်းပြီး လုပ်ရတာပဲ၊ ကိုယ်တိုင် ပေါက်တူး ပေါက်တယ်၊ ကိုယ်တိုင် ဝါဆွတ်တယ်၊ ကောင်းရောင်း ကောင်းဝယ် လုပ်တာ ဘာ ရှက်စရာ ရှိသလဲ၊ ဒီလို လုပ်ရင်း ငွေလေး ခြစ်ခြစ်ခြုတ်ခြုတ် စုပြီးမ ကပ္ပလီ ကျွန်တွေကို ပြန်ဝယ်နိုင်တာ၊ တို့များတော့ မရှက်ပေါင်တော်၊ လုပ်စရာ ရှိရင် ခုတောင် လုပ်လိုက် ချင်သေး၊ အောက်တန်းစား မကလို့ ဘယ်လိုပဲပြောပြော’

`အို၊ အမေကလည်း’ ချွေးမက လှမ်းပြောသည်။ စကားလက်နှင့် သူ့ ချွေးမ ဆယ်လီကိုလည်း အကူအညီ

တောင်းသည့် ဟန်ဖြင့် လှမ်းကြည့်၏။ `ဒါက အမေတို့ ခေတ်တုန်းကကို၊ ခုခေတ်က ဒီလို မဟုတ်တော့ဘူး၊ ပြောင်းနေပြီ’

`ဒီမယ် မရွှေစာ၊ ရိုးရိုးသားသား အလုပ်ကို လုပ်မယ် ဆိုရင် ခေတ်ပြောင်းတယ် ဆိုတာတွေ ဘာတွေ ဘယ်တော့မှ

မရှိဘူး၊ မှတ်ထား’ မေမေကြီးက လက်မခံ။ `ညည်းတို့ အမေ မျက်နှာကို ထောက်ကြဦး စကားလက်၊ ဘယ့်နှယ်တော် ကြည့်ပါဦး၊ ရိုးရိုးသားသား ကိုယ့်ခွန် ကိုယ့်အားနှင့် လုပ်တဲ့ အလုပ်ကို အောက်တန်းစား အလုပ်တဲ့၊ ကြားပဲ ကြားဖူးပေါင်၊ အာဒမ်က မြေတူး၍ ဧဝက ဗိုင်းငင်၏ ဆိုတဲ့ သမ္မာကျမ်းစာထဲက စာကို ညည်း မကြားဖူးဘူးလား’

စကားလမ်းကြောင်း ပြောင်းသွားရန် စကားလက်က မေးလိုက်သည်။



`ဒါထက် တာလက်တန်တို့ မိသားစုနှင့် ကားလ်ဗတ်တို့ မိသားစုကော၊ ဘာကြားသေးလဲ၊ သူတို့ အိမ်တွေလည်း မီးရှို့

ခံရသလား၊ သူတို့ကော မာကွန်ကို ပြောင်းကြမှာပေါ့’

`ယန်ကီတွေက

အဲဒီအထိ

မရောက်ပါဘူး၊

ပေတစ်ရာ

တစ်လျှောက်တွင်ပါ၊

ဒါပေမယ့်

ကားလ်ဗတ်တို့

ယာတောကိုတော့ ရောက်တယ်၊ ကောက်နှံတွေရော ကြက်တွေ ဝက်တွေရော ကုန်ပါရောလား၊ ကပ္ပလီ ကျွန်တွေကလည်း ယန်ကီတွေနှင့် လိုက်သွားကြသတဲ့၊ ပြီးတော့’

ဆယ်လီက ပြော၏။ မေမေကြီးက ကြား ဝင်သည်။



`လိုက်မှာပေါ့အေ့၊ ယန်ကီတွေက ကပ္ပလီ ကျွန်တွေကို ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်စေရမယ်။ အဝတ်အစား ကောင်းကောင်း

ဝတ်ရမယ်လို့ ပြောပြီး ခေါ်သွားတာကိုး၊ တချို့ ယန်ကီတွေက ဆိုရင် ကပ္ပလီတွေကို မြင်းပေါ်တောင် တင်ပြီး ခေါ်သွားသတဲ့၊ ကြာရင် ယန်ကီတွေနှင့် ညားပြီး ကပြားစပ် ပေါက်ကလေးတွေ မွေးကုန်မှာပေါ့’

`အို မေမေကလည်း’

467



`အမယ်လေး၊ မှန်တာပြောတာ ဘာ ရှက်စရာ ရှိသလဲ၊ တို့ အားလုံး အအိုတွေချည်းပဲ၊ အပျိုကလေး တွေမှ မဟုတ်ဘဲ၊

ကပ္ပလီစပ်လေးတွေ ငါလည်း မြင်ဖူးပါတယ်’

`ကားလ်ဗတ်တို့ အိမ်ကို ဘာဖြစ်လို့ မီး မရှို့တာတဲ့လဲ’



`ကားလ်ဗတ်ရဲ့ နောက်မိန်းမနှင့် သူတို့ ယာတောက ယန်ကီ စာရင်းဒိုင်ကြောင့်ပေါ့’



ကြီးကြီးက ဖြေသည်။ ကိတ် ကားလ်ဗတ်၏ ပထမ မယား သေသည်မှာ အနှစ် နှစ်ဆယ်လောက် ရှိပြီ။ ကြီးကြီးက

ကားလ်ဗတ်၏ နောက်မိန်းမကို နာမည်တပ် ခေါ်လေ့ မရှိ။ ကားလ်ဗတ်၏ နောက်မိန်းမဟုသာ ခေါ်လေ့ ရှိသည်။ သူ့ မိန်းမက ယန်ကီမ ဖြစ်သည်။

`ကျွန်မတို့က ပြည်ထောင်စုဘက်သားတွေပါလို့ နှာသံလေးနှင့် ပြောမှာပေါ့အေ’ မေမေကြီးက နှာသံကလေး

ပါအောင် ကားလ်ဗတ်၏ နောက်မိန်းမ ယန်ကီမဟန် တမင် လုပ်ပြောသည်။ `ကက်သလင်းက ပြောတော့ အဲဒီ ကားလ်ဗတ်ရဲ့ နောက်မယားနှင့် သူ့ စာရင်းဒိုင်က ယန်ကီတပ်တွေကို လမ်းထွက်ပြီး သွားကြိုသတဲ့တော်၊ သောက်ရှက် နည်းနည်းမှ မရှိဘူး၊ ယောက်ျားက ပြည်နယ်ဘက်က ဝင်တိုက်လို့ ကျသွားပြီ၊ လင်ပါသား ရေးဖို့က ကက်တီစဘတ်မှာ ကျသွားတယ်၊ ကိတ်က ဗာဂျီးနီးယားမှာ ကျသွားတယ်၊ ဒီ မျက်နှာတွေတောင် မထောက်ဘူး၊ ဒါကြောင့် ကက်သလင်းက ပြောတာပေါ့၊ အိမ်ကြီး မီးရှို့ သွားပါစေလို့ ဆုတောင်းမိသတဲ့၊ ကိတ်သာ အိမ်ပြန်လာလို့ ဒီ သတင်းတွေ ကြားရင် ရင်ကွဲမှာပဲတဲ့၊ ကားလ်ဗတ်က ယန်ကီမကို ယူတာကိုး၊ ဒီလိုပဲ ဖြစ်မှာပေါ့၊ ယန်ကီမ ဆိုတာ သိက္ခာ မရှိ။ ဣနြေ္ဒ မရှိ၊ သူတို့ အကျိုးလောက် သူတို့ ကြည့်ကြတာ၊ နေစမ်းပါဦး မြိုင်သာယာကို ဘယ်လို မီးရှို့သွားတာလဲ စကားလက်’

စကားလက်က ရုတ်တရက် မဖြေ။ စဉ်းစားနေသည်။ ဤအမေးကို ဖြေပြီးလျှင် `ညည်းတို့ အဖေ အမေကော နေကောင်း

ကြရဲ့လား’ ဟု မေးတော့မည်။ မေမေ ဆုံးကြောင်းကို သူ မပြောခင်။ မပြောရက်။ မေမေနှင့် ခင်သည့် ဤမိန်းမ တစ်သိုက်ရှေ့တွင် မေမေ ဆုံးကြောင်းကို ပြောမိလျှင် အနည်းဆုံး တွေးမိလျှင်ပင် ချုံးပွဲချ၍ ငိုမိလိမ့်မည်။ သူတို့ရှေ့တွင် စကားလက် မငိုချင်။ မျက်ရည် မကျချင်။ စင်စစ် အိမ်ပြန် ရောက်ကတည်းက စကားလက် စိတ်ရှိလက်ရှိ မငိုရသေး။ ဆည်ပေါက်ကို တစ်ခါ ဖွင့်မိလျှင် သူ ခဲခဲကုတ်ကုတ် စုထားရသည့် သတ္တိကလေးတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တော့မည်။ ဤသည်ကို စကားလက် ကောင်းကောင်း သိသည်။ စကားလက်သည် သူတို့ မျက်နှာများကို ငေးကြည့်နေမိသည်။ မေမေ ဆုံးကြောင်းကို သူတို့အား ပြောမပြလျှင်လည်း သူ့ကို မည်သည့်နည်းနှင့်မျှ ခွင့်လွှတ်ကြတော့မည် မဟုတ်။ အထူးသဖြင့် မေမေကြီးက မေမေ့ကို အလွန် သံယောဇဉ် ကြီးသည်။ ဤနား တစ်ဝိုက်တွင် မေမေကြီးက တော်တော်တန်တန် သူကို အဖက်မလုပ်။ မေမေ တစ်ယောက်ကိုသာ ခင်သည်။

`ဟဲ့ မေးနေတာ မကြားဘူးလား၊ နေကောင်းကြရဲ့လားလို့ မေးနေတာ’



မေမေကြီးက သူ့ကို စိုက်ကြည့်၍ မေးသည်။



`ဟုတ် ဟုတ်ကဲ့၊ စကားလက်က အတ္တလန်တာ တိုက်ပွဲ ပြီးမှ မြိုင်သာယာကို ပြန်ရောက်လာတာပါ မေမေကြီး’

စကားလက်က ခပ်သွက်သွက် ဖြေသည်။ `စကားလက် ပြန်ရောက်တော့ ယန်ကီတွေ မရှိတော့ပါဘူး၊ ဖေဖေက ပြောတော့

468

အိမ်ကို မီးမရှို့ပါနှင့်၊ အိမ်ထဲမှာ ကာရင်းတို့ ညီအစ်မက အူရောင်ငန်းဖျား ဖြစ်နေလို့ ဘယ်ကိုမှ ရွှေ့လို့ မရဘူးလို့ ယန်ကီတွေကို ပြောတယ်တဲ့၊ ဒါကြောင့် မီးမရှို့ခဲ့ဘူးတဲ့’

`အင်း ယန်ကီတွေ ကောင်းတာ လုပ်တာ ဒီ တစ်ခါပဲ ကြားဖူးသေးတယ်’ ယန်ကီတို့ အကြောင်း ကောင်းသတင်းကို

ကြားရသည့် အတွက် စိတ်မချမ်းသာ ဖြစ်ဟန်ဖြင့် ဆို၏။ `ကလေးမလေးတွေကော နေကောင်း သွားကြပြီလား’

`ဟုတ်ကဲ့၊ ကောင်းပါပြီ၊ နည်းနည်း အားနည်းနေတာ တစ်ခုပါပဲ’



စကားလက်က ဖြေသည်။ သူ ကြောက်သည့် မေးခွန်းက အဘွားကြီး နှုတ်ခမ်းပေါ်တွင် ဝဲနေသည်ကို သတိပြုမိသဖြင့်

တခြား စကားကို လွှဲ၍ ပြောသည်။

`စကားလက် လာတာက ဟို ဟို စားစရာလေး ဘာလေး ရှိရင် ချေးချင်လို့ လာတာ၊ စကားလက်တို့ ဆီမှာတော့

ယန်ကီတွေ ယူသွားလို့ ဘာမှ မကျန်ရစ် တော့ဘူး၊ ပိုပိုလျှံလျှံ ရှိမှပါ၊ နည်းနေရင် ကိစ္စ မရှိပါဘူး ရပါတယ်’

`ပေါ့ကို လှည်းနှင့် လွှတ်လိုက်၊ တို့ ရှိတာတော့ တစ်ဝက် ခွဲ ပေးမယ်၊ ဆန်ရယ် ဝက်ပေါင်ခြောက်ရယ်၊ ကြက်

နည်းနည်းပါးပါးရယ်’

မေမေကြီးက စကားလက်ကို ကြည့်၍ ပြော၏။



`အို များပါတယ် မေမေကြီးရယ်၊ စကားလက်က နည်းနည်းပါ’



`ယူပါ၊ အိမ်နီးချင်း ဆိုတာ မရှိတဲ့ အခါ ဒီလိုပဲ ဝေမျှ စားရတာပေါ့’



`ကျေးဇူး တင်လိုက်တာ မေမေကြီးရယ်၊ စကားလက်လည်း ပြန်မှပဲ၊ အိမ်က စိတ်ပူ နေလိမ့်မယ်’



မေမေကြီးက ရုတ်တရက် ထကာ စကားလက်၏ လက်မောင်းကို ကိုင်သည်။



`ဟေ့ ညည်းတို့ နှစ်ယောက် နေရစ်ခဲ့စမ်း၊ ငါ စကားလက်နှင့် နှစ်ယောက်ချင်း စကား ပြောစရာ ရှိတယ်၊ စကားလက်

မေမေကြီးကို လှေကားက တွဲချ ပေးစမ်း’

မေမေကြီးက ချွေးမနှင့် မြေးချွေးမကို နောက်ဖေး ဆင်ဝင်ဘက်သို့ တွန်းသည်။ ကြီးကြီးနှင့် ဆယ်လီက စကားလက်ကို

နှုတ်ဆက်။ သူတို့လည်း အလည် လာဦးမည်ဟု ဆိုသည်။ စကားလက်ကို မေမေကြီး မည်သည့် စကားတွေ ပြောမည်ကို သိချင်နေကြသည်။ သို့ရာတွင် မေမေကြီးကို ကြောက်သဖြင့် မလိုက်ရဲကြ။ အဘွားကြီးများ အလွန် ဇီဇာကြောင်သည်ဟု ကြီးကြီးက ဆယ်လီကို လှမ်းပြောပြီး အပ်ချုပ် ကျန်ရစ်ခဲ့ကြသည်။

စကားလက်က မြင်းဇက်ကို ကိုင်ထားသည်။ သူ့ရင်သည် လေးနေ၏။



`ကဲ ဆိုစမ်း’ မေမေကြီးက သူ့ မျက်နှာကို စိုက်ကြည့်သည်။ `မြိုင်သာယာက အခြေအနေကို ငါ သေသေချာချာ

သိချင်တယ်၊ ငါ့ကို ဘာ ဖုံးကွယ်ထားသလဲ၊ မှန်မှန် ပြောစမ်း’

469



စကားလက်က မေမေကြီး၏ စူးရှ တောက်ပြောင်ဆဲ မျက်လုံးများကို မော့ကြည့်သည်။ မငိုဘဲ ပြောနိုင်ပြီ။ မေမေကြီး

ရှေ့တွင် မည်သူမျှ မငိုရဲကြ။ ငိုဆိုမှ ငိုရဲကြသည်။

`မေမေ ဆုံးပြီ’



စကားလက်က တုံးတိကြီး ပြောသည်။ သူ့ လက်မောင်းကို ကိုင်ထားသည့် မေမေကြီး၏ လက်က သူ့ကို

ဖျစ်ညှစ်လိုက်သဖြင့် စကားလက် မနည်း အောင့်ခံနေရသည်။ မေမေကြီး၏ ဝါလဲ့သော မျက်လုံးများပေါ်မှ အရေတွန့်များက တုန်နေကြသည်။

`ယန်ကီ သတ်လို့လား’



`အူရောင်ငန်းဖျားနှင့် ဆုံးတာပါ မေမေကြီး၊ စကားလက် အိမ်ပြန်မရောက်ခင် တစ်နေ့က ဆုံးပါတယ်’



`တော်ပြီ၊ ဒီအကြောင်းတွေ သိပ်တွေး မနေနှင့်’ မေမေကြီးက ခပ်မာမာ ပြောသည်။ `ညည်း အဖေကော’



`ဖေဖေ... ဖေဖေက သိပ် မကောင်းဘူး’



`ဘာဖြစ်တာလဲ၊ ရှင်းရှင်း ပြောစမ်းပါ၊ မမာ ဘူးလား’



`သိပ် စိတ်ထိခိုက်ပြီး ကြည့်ရတာ တစ်မျိုးကြီးပဲ၊ ပြီးတော့’



`ငါ့ကို သွယ်ဝိုက် ပြောမနေစမ်းပါနှင့် အေ၊ ရှင်းရှင်း ပြောစမ်းပါ၊ ရူးသွားတယ် မဟုတ်လား’



အမှန်ကို ဤသို့ တိတိကျကျ ပွင့်ပွင့်လင်းလင်း ကြားလိုက်ရသဖြင့် စကားလက် စိတ်သက်သာရာ ရသွားသည်။

မေမေကြီးက သူ့ကို စိတ်မကောင်းဟန်တွေ မပြသဖြင့် စကားလက် ကျေးဇူးတင်သည်။ သို့မဟုတ်လျှင် စကားလက် ငိုမိလိမ့်မည်။

`ဟုတ်ပါတယ်’ စကားလက်က ခပ်လေးလေး ပြောသည်။ `စိတ်နောက် သွားပါတယ်၊ သွားရင် လာရင်လည်း

နားဝေတိမ်တောင်နှင့်၊ တစ်ခါတလေ ငူငူကြီး ထိုင်နေတာပဲ၊ ဘယ်သူ့မှ စကား မပြောဘူး၊ မေမေ ဆုံးတယ် ဆိုတာကို သတိရပုံ မပေါ်ဘူး၊ မေမေ ပြန်လာလိမ့်မယ် ဆိုပြီး တစ်နေကုန် ထိုင်စောင့်နေတယ်၊ စကားလက် ဖေဖေ့ကို ကြည့်ပြီး စိတ်မချမ်းသာဘူး၊

စိတ်ကလည်း

သိပ်တိုတာပဲ၊

ကလေးလေး

ကျနေတာပဲ၊

တစ်ယောက်တည်းထိုင်

နားကြီးစွင့်ပြီး

မေမေ့ ခြေသံကို နားထောင်နေတယ်၊ ပြီးတော့ ဝုန်းခနဲ ထပြီး မေမေ့ မြေပုံ ရှိရာကို ဆင်းပြေးတော့တာပဲ၊ ပြန်လာတော့ လေးတိလေးကန်၊ မျက်ရည်တွေနှင့်၊ စကားလက် ညည်း အမေ သေပြီ၊ သိရဲ့လား၊ ညည်း အမေ မရှိတော့ဘူးတဲ့၊ ငိုသံကြားနှင့် ပြောတယ်၊ သူ အဲဒီလို ပြောရင် စကားလက် အော်ငိုပစ်လိုက်ချင်တယ်။ တစ်ခါတလေ ကျတော့လည်း တစ်ညလုံး မအိပ်ဘူး၊ မေမေ့ နာမည်ကို ခေါ်ပြီး တတွတ်တွတ် စကားတွေ ပြောနေတာပဲ၊ စကားလက်က အိပ်ရာက ထပြီး မေမေ ရှိတယ်၊ နောက်ဖေးမှာ ကပ္ပလီ ကလေးလေး တစ်ယောက် နေမကောင်းလို့ သွားကြည့်နေတယ်လို့ ညာပြောရတယ်၊ ဒီလို ပြောရင် သူတော်ကောင်းမကြီးက ဒီလောက် လိုက် ဆေးကု ပေးနေရသလား၊ လူတွေ အားလုံးကို သူ တစ်ယောက်တည်း ကယ်လို့ ရမှာတဲ့လား ဆိုပြီး ပြောနေပြန်ရော၊ ပြန်အိပ်အောင် မနည်း လုပ်ယူရတယ်၊ ကလေးကြီးလိုပဲ၊ ဒေါက်တာ ဖွန်တိန် ရှိရင်လည်း

470

အကောင်းသား၊ ဖေဖေ့ အတွက် တစ်ခုခု လုပ်ပေး နိုင်တာပေါ့၊ ပြီးတော့ မီလာနီ အတွက်လည်း ဆရာဝန် တစ်ယောက် လိုချင်တယ်၊ မျက်နှာမြင်ပြီး ဒီအချိန် ဆိုရင် ထူထူထောင်ထောင် ဖြစ်ဖို့ ကောင်းပြီ၊ ဒါပေမယ့် ခုထက်ထိ ပြန်မထူဘူး’

`မီလာနီက မျက်နှာမြင်ပြီလား၊ ညည်းတို့ဆီမှာလား’



`ဟုတ်ပါတယ် မေမေကြီး’



`မီလာနီက ညည်းနှင့် ဘာဖြစ်လို့ လိုက်လာရတာလဲ၊ သူ့ အဒေါ်နှင့် မာကွန်ကို လိုက်မသွားဘူးလား၊ ဟိုမှာ သူ့

ဆွေမျိုးတွေလည်း ရှိနေတာပဲဥစ္စာ၊ ညည်းကလည်း ညည်းယောက်မပေမယ့် သူ့ကို သိပ် သဘောမကျဘူး မဟုတ်လား၊ ကဲ ပြောစမ်းပါဦး၊ သူက ဘယ့်နှယ်လုပ်ပြီး မြိုင်သာယာကို ပါလာတာလဲ’

`ပြောရရင် အရှည်ကြီးပဲ မေမေကြီး၊ အိမ်ထဲ ဝင်ပြီး ထိုင်ပါလား’



`ရပါတယ်အေ၊ ငါ ရပ်နိုင်ပါတယ်’ မေမေကြီးက ခပ်ပြတ်ပြတ် ပြောသည်။ `ဒီပြင်လူတွေရှေ့ ပြောရင် ညည်းကို

သနားနေကြလိမ့်ဦးမယ်၊ ညည်းကလည်း သူများ သနားတာ ခံချင်တာမျိုး မဟုတ်ဘူး၊ ကဲ ပြောစမ်း’

စကားလက်က မီလာနီ မျက်နှာမြင်ခါနီး ဆဲဆဲ အတ္တလန်တာကို ရန်သူတွေ ဝိုင်းပုံကို ခပ်လေးလေး ပြောသည်။

သို့ရာတွင် မေမေကြီး၏ တောက်ပ စူးရှသည့် မျက်လုံးရှေ့တွင် ပြောရင်း ပြောရင်း စကားလက် စိတ်ပါလာပြီ။ ခွန်အား ရှိသည့် စကားလုံး၊ ကြောက်ဖွယ် စကားလုံးများကို တွေ့နေပြီ။ မီလာနီ မျက်နှာမြင်သည့် နေ့က တွေ့ကြုံခဲ့ရသည့် ဒုက္ခ သုက္ခ။ အထိတ်ထိတ် အလန့်လန့် ဖြစ်ခဲ့ရခြင်း၊ မီးကြားထဲက ထွက်ပြေး ခဲ့ရခြင်း၊ ရက် ဘတ်တလာက တောကြီးမြက်မည်းထဲတွင် ထားပစ်ခဲ့ခြင်း စသည်တို့ကို အသစ်တစ်ဖန် ပြန်တွေ့ ရသည့်နှယ် ဖြစ်နေသည်။ အမှောင်ထု မည်းမည်း တောကြီးမြက်မည်းထဲတွင် ထားပစ်ခဲ့ခြင်း စသည်တို့ကို အသစ်တစ်ဖန် ပြန်တွေ့ ရသည့်နှယ် ဖြစ်နေသည်။ အမှောင်ထု မည်းမည်း တောကြီးထဲတွင် ကြောက်စရာ ကောင်းပုံ၊ ရန်သူလော မိတ်ဆွေလောမှ မသိရသည့် စစ်သားများ၏ မီးပုံ စခန်းများကို ရှောင်ကွင်းခဲ့ရပုံ၊ မက္ကင်တော့တို့ အိမ်တွင် မီးခိုး ခေါင်းတိုင် မည်းမည်းကြီး နှစ်တိုင်သာ ကျန်ရစ်ခဲ့ပုံ၊ လမ်း တစ်လျှောက်တွင် လူသေ အလောင်းများ၊ မြင်းသေကောင်များကို တွေ့ခဲ့ရပုံ၊ ဘာမျှ မစားရခဲ့ဘဲ တောထဲတွင် ထမင်း ငတ်ခဲ့ပုံ၊ မြိုင်သာယာ မီးထဲ ပါသွား ပြီလောဟု တထိတ်ထိတ် ဖြစ်ခဲ့ရပုံတို့ကို ပြောပြ၏။

`အိမ်ပြန်ရောက်လို့ မေမေနှင့် တွေ့ရင် မေမေက အားလုံး စီမံသွားပြီး အေးအေးဆေးဆေး ဖြစ်သွားမှာပဲ၊

စကားလက်လည်း ဝန်ထုပ်ဝန်ပိုးကြီးတွေကို ချနိုင် တော့မှာပဲလို့ ထင်ခဲ့တာ၊ လမ်း တစ်လျှောက်လုံး တွေ့ရတဲ့ ဒုက္ခတွေဟာ ငါ့ ဘဝမှာ အဆိုးဆုံးပဲ၊ ဒိထက် ဆိုးတဲ့ ဒုက္ခတော့ ရှိမှာ မဟုတ်တော့ဘူးလို့ ထင်ခဲ့တာ၊ အိမ်ရောက်တော့မှ အဆိုးဆုံး ဒုက္ခကို တွေ့ရတော့တာပဲ’

စကားလက် မျက်လွှာကို ချ၍ မေမေကြီး၏ စကားကို နားစွင့်နေသည်။ တိတ်ဆိတ်မှုက အတိုင်းအဆ မရှိ

ရှည်ကြာသည်။ မေမေကြီးသည် သူ ပြောခဲ့သည့် ဒုက္ခ သုက္ခတွေကို နားမှ လည်ပါ၏လောဟု ထင်လိုက်မိသည်။ အတန်ကြာမှ မေမေကြီးက လူအိုသံဖြင့် စကား ပြော၏။ သူ့အသံက နူးညံ့ ကြင်နာသည်။ မေမေကြီး ပါးစပ်မှ ဤမျှ နူးညံ့ ကြင်နာသည့် အသံကို စကားလက် မကြားဖူးသေး။

471



`မိန်းကလေးရယ်၊ ဘဝမှာ အဆိုးဆုံး ဒုက္ခကို တွေ့လာပြီ ဆိုရင် မိန်းမ တစ်ယောက် အဖို့ မကောင်းချင်တော့ပါဘူး၊

အဆိုးဆုံးကို တွေ့လာပြီးပြီ ဆိုရင် ဒီ မိန်းမဟာ တော်တော်တန်တန်ကို မကြောက်တော့ဘူး၊ မိန်းမ တစ်ယောက်ဟာ ဘာကိုမှ မကြောက်တတ်ရင်လည်း သိပ်မကောင်းတော့ဘူး၊ ငါ့မြေး ပြောတာတွေ၊ ငါ့မြေး ကြုံခဲ့ရတာတွေကို မေမေကြီး နားမလည်ဘူး၊ ကိုယ်ချင်း မစာတတ်ဘူးလို့ ငါ့မြေးက ထင်ကောင်း ထင်မယ်၊ မေမေကြီး နားလည်ပါတယ်၊ သိပ် နားလည်တာပေါ့၊ မေမေကြီး ငါ့မြေး အရွယ်တုန်းက မင်း ခံတပ် လူသတ်ပွဲကြီး အပြီး ချောင်းဆုံကြီး သူပုန် ထတယ်၊ အဲဒီ ချောင်းဆုံကြီး သူပုန်ကြီးကို မေမေကြီး ကြုံခဲ့တာပေါ့’

မေမေကြီးက ခပ်တိုးတိုး ပြောနေသည်။



`အင်း ငါ့မြေး အရွယ်ပေါ့၊ ခုဆိုရင် နှစ်ပေါင်း ငါးဆယ် ကြာပြီ၊ လူရိုင်း သူပုန်တွေ လာတော့ မေမေကြီး ချုံထဲ

ပုန်းနေရတယ်၊ သူပုန်တွေက မေမေကြီးတို့ အိမ်ကို မီးရှို့၊ မေမေကြီး အစ်ကိုတွေနှင့် အစ်မတွေကို ခေါင်းဖြတ် သတ်တာတွေကို ချုံထဲက မြင်နေရတယ်၊ အိမ်မီးတောက်တွေရဲ့ အလင်းရောင်ထဲမှာ ချုံထဲ ပုန်းနေတဲ့ ငါ့ကိုများ မြင်သွားမလားနှင့် ဘုရား တနေရတယ်၊ သူတို့က အမေ့ကို ဆွဲထုတ်လာပြီး သတ်ပစ်လိုက်ကြတော့ မေမေကြီးနှင့် ဘယ်လောက် ဝေးလို့လဲ၊ အလွန်ဆုံး ရှိရင် ဝါး နှစ်ရိုက်လောက်ပဲ ဝေးမှာပေါ့၊ လူနီရိုင်းကြီးက သူ့ ပုဆိန်ကြီးနှင့် မေမေ့ ခေါင်းခွံကို ခွဲလိုက်တာကွယ်၊ တခွမ်းခွမ်း မြည်နေတဲ့ အသံကြီးကို ဒီအတိုင်း ကြားရတယ်၊ မေမေကြီးကို အမေက အချစ်ဆုံး၊ ကိုယ့် အမေကို ရက်ရက်စက်စက် သတ်တာ ဒီအတိုင်း မြင်နေ ရတယ်၊ မနက်လည်း လင်းရော ချုံထဲက အသာထွက်ပြီး အနီးဆုံး ရွာစုကလေး တစ်စု အရောက် သွားရတယ်၊ အနီးဆုံး ဆိုပေမယ့် ခရီး တစ်သောင်း ကျော်ကျော်လောက် ဝေးတယ်၊ သုံးရက်လုံးလုံး ကိုင်းတောကြီးတွေဖြတ် လူနီရိုင်း တောထဲ ဖြတ်ရတယ်၊ ဟိုရောက်တော့ စကားလည်း မပြောနိုင်တော့ဘူး၊ လူတွေကတော့ မေမေကြီး ရူးသွားပြီလို့ ထင်ကြတာပေါ့၊ အဲဒီ ရွာစုလေး ရောက်တော့ ညည်းတို့ ဖေဖေကြီး ဒေါက်တာ ဖွန်တိန်နှင့် တွေ့တာပေါ့၊ သူက မေမေကြီးကို ဆေး ကုပေးတယ်၊ အင်း ခုဆိုရင် နှစ်ပေါင်း ငါးဆယ် ရှိသွားပြီ၊ အဲဒီ ကတည်းက မေမေကြီး ဘာကိုမှ မကြောက်တော့ဘူး၊ ဘယ်သူ့ကိုမှလည်း မကြောက်တော့ဘူး၊ မေမေကြီး အဆိုးဆုံးကို တွေ့ခဲ့ရပြီးပြီလေ၊ လောကမှာ မကြောက်တတ်ရင် သိပ်မကောင်းတော့ဘူး၊ မကြောက်တတ်တဲ့ အတွက် ဒုက္ခ ရောက်ပေါင်းလည်း များလှပြီ၊ စိတ်ဆင်းရဲ ခဲ့ရပေါင်းလည်း များလှပြီ၊ မိန်းမ ဆိုတာ ကြောက်တတ်ရတယ်၊ ထိတ်လန့်တတ်ရတယ်၊ အဲဒီလို ဖြစ်အောင် ဘုရားသခင် ဖန်ဆင်းပေးခဲ့တယ်၊ မကြောက်တတ်တဲ့ မိန်းမ၊ မလန့်တတ်တဲ့ မိန်းမဟာ သဘာဝ မကျတော့ဘူး၊ တစ်ခုတော့ ငါ့မြေးကို မေမေကြီး ပြောမယ်၊ လောကကြီးမှာ အားလုံး ဘယ်အရာကိုမှ မကြောက်ဘူး ဆိုတာမျိုး မဖြစ်စေနှင့်၊ ကြောက်စရာ တစ်ခုခုတော့ ချန်ထား၊ ချစ်စရာ တစ်ခုခုကို ချန်ထားသလိုပေါ့’

မေမေကြီး၏

အသံသည်

တိမ်ဝင်သွား၏။

သူ့

မျက်လုံးများက

လွန်ခဲ့သည့်

ရာစုနှစ်

တစ်ဝက်ကို

ပြန်ငေးကြည့်နေသည့်နှယ် ရှိသည်။ မလှုပ်မယှက် ငြိမ်သက်လျက်။ စကားလက်က မနေနိုင်တော့ဘဲ လှုပ်ရှားလိုက်သည်။ မေမေကြီးသည် သူ့ကို နားလည် လိမ့်မည်။ သူ့ ပြဿနာများကို ဖြေရှင်းရန် လမ်းပြလိမ့်မည်ဟု စကားလက် ထင်ခဲ့သည်။ သို့ရာတွင် လူအိုတို့ ထုံးစံ မေမေကြီးသည် သူ မမွေးခင်က အကြောင်းများ၊ သူ စိတ်ဝင်စားခြင်း မရှိသော အကြောင်းများကို ပြောနေပါ ပကော။ မေမေကြီးကို သူ့ အဖြစ်အပျက်တွေ ပြန် မပြောခဲ့လျှင် အကောင်းသားဟုပင် စကားလက် နောင်တ ရမိသည်။

472



`ကဲ မိန်းကလေး၊ အိမ်ပြန်တော့၊ အိမ်က စိတ်ပူ နေလိမ့်မယ်’ မေမေကြီးက ရုတ်တရက် ပြော၏။ `ညနေကျရင်

ပေါ့ကို လှည်းနှင့် လွှတ်လိုက်၊ ဝန်ထုပ် ဝန်ပိုးတွေ ကျသွားပြီလို့တော့ မထင်နှင့်နော်၊ ဝန်ထုပ် ဝန်ပိုး ဆိုတာ ပခုံးပေါ် ရောက်ရင် ဘယ်တော့မှ ပြန်ချလို့ မရတော့ဘူး’

တောင်ပိုင်းနွေသည်

တဖြည်းဖြည်း

ရောက်လာ၏။

မြိုင်သာယာမှ

နေ့များသည်လည်း

ပူနွေး၍

တောက်ပ

နေကြသည်။ အဆိုးဆုံးကို ကျော်ခဲ့ပြီ။ ခြေကျင် မသွားရတော့ဘဲ မြင်းဖြင့် သွားနိုင်ပြီ။ ပလောပီနံဥ၊ စားတော်ပဲခြောက်နှင့် ပန်းသီးခြောက်ကိုချည်း မစားရတော့။ နံနက်စာ အတွက် ကြက်ဥကြော်၊ ညစာ အတွက် ဝက်ပေါင်ခြောက်ကလေး အစ ဖွယ်ဖွယ်ရာရာ စားနိုင်ပြီ။ အခါကြီး ရက်ကြီးများတွင် ကြက်ကလေး ကြော်ကလေး အစ စားနိုင်နေပြီ။ ကိုင်းတောထဲမှ ဝက်မကြီးကို ပြန်တွေ့သဖြင့် ဝက်မကြီးနှင့် ဝက်ကလေးများ သူတို့ နေခဲ့သည့် ဝက်ခြံလေးထဲတွင် လူးနိုင်နေပြီ။ တစ်ခါတစ်ရံတွင် ဝက်မြည်သံတွေ ဆူညံနေသဖြင့် တစ်အိမ်လုံး ညံနေသည်။ သို့တိုင်အောင် ထို အသံများသည် သူတို့နားတွင် သာယာ နာပျော်ဖွယ် ဖြစ်နေသည်။ စကားလက်တို့ အဖို့ ဝက်သား လှိုင်လှိုင် စားရပြီ။ ကပ္ပလီများ အဖို့လည်း ဝက်ကလီစာဟင်း ကောင်းကောင်း စားနိုင်ပြီ။ ဆောင်းတွင်း အတွက် ရိက္ခာ ဖူလုံ သောင်သာ နေပြီ။

ဖွန်တိန်တို့ ရွေးကြီးပင်စု ယာတောသို့ စကားလက် ရောက်သွားခြင်းသည် သူ ထင်သည်ထက် အကျိုး ရှိနေ၏။

စိတ်ဓာတ် တက်စေ၏။ သူ့တွင် အိမ်နီးချင်း ကောင်းတွေ ရှိသေးသည်။ မိတ်ကောင်း ဆွေကောင်းတွေ ရှိသေးသည်ဟူသော အသိသည် မြိုင်သာယာသို့ ရောက်ကတည်းက ခံစားခဲ့ရသည့် အထီးကျန် ဖြစ်မှု၊ ဆုံးရှုံးမှု တို့ကို ပပျောက်သွားစေသည်။ ယန်ကီ စစ်ကြောင်းမှ လွတ်ခဲ့သည့် ဖွန်တိန် မိသားစုနှင့် တာလက်တန် မိသားစုသည် သူတို့ ရှိစုမဲ့စုကလေးများကို ခွဲဝေ မျှတ ပေးကြ ရှာ၏။ အိမ်နီးချင်း အချင်းချင်း ဤသို့ စောင့်ရှောက်ခြင်းမှာ သူတို့ နယ်တစ်ဝိုက်က ထုံးစံ ဖြစ်သည်။ စကားလက်က ပိုက်ဆံ ပေးသည့်တိုင် လက်မခံ။ မြိုင်သာယာ နဂို အခြေအနေသို့ ပြန်ရောက်ပါက ထိုပစ္စည်းများကို ဆပ်ချင်လျှင် ဆပ်နိုင်သည်ဟု ပြောကြသည်။ ပိုက်ဆံကိုမူ လက်မခံကြ။

စကားလက်တွင် တစ်အိမ်ထောင်စာ ရိက္ခာ ရှိနေပြီ။ မြင်းတစ်ကောင် ရပြီ။ ယန်ကီ စစ်ပြေးထံမှ ရလိုက်သည့်

လက်ဝတ်လက်စား အချို့နှင့် ငွေအချို့ ရှိနေပြီ။ အဝတ်အစား တစ်မည်သာ ကျန်တော့သည်။ တောင်ပိုင်းသို့ ပေါ့ကို လွှတ်၍ အဝတ်အစားကလေး ဘာလေး ဝယ်ခိုင်းလျှင် ဖြစ်နိုင်သည်။ သို့ရာတွင် လမ်းတွင် ယန်ကီများကသော် လည်းကောင်း၊ ပြည်နယ် တပ်များကသော် လည်းကောင်း မြင်းကို သိမ်းလိုက်လျှင် ဒုက္ခ။ ထို့ကြောင့် မလွှတ်ရဲ။ မည်သို့ဆိုစေ သူ့တွင် အဝတ်အစား ဝယ်ရန် ပိုက်ဆံ ရှိပြီ။ ခရီးသွားရန် မြင်းနှင့်လှည်း ရှိပြီ။ ဟုတ်သည်။ အဆိုးဆုံးကို ကျော်ခဲ့ပြီ။

နံနက် အိပ်ရာက ထ၍ ပြာလဲ့သည့် ကောင်းကင်ကြီးနှင့် ပူနွေးသည့် နေရောင်ခြည်တို့ကို တွေ့တိုင်း ဘုရားသခင်ကို

စကားလက် ကျေးဇူးတင်သည်။ ဤသို့ ရာသီဥတု ကောင်းနေလျှင် အနွေးထည် ဝယ်ဖို့ ကိစ္စကို ခေါင်းရှုပ်ခံစရာ မလိုတော့။ ရာသီဥတု သာယာလျှင် ဝါလည်း ဆွတ်နိုင်သည်။ ဝါလည်း ဖတ်နိုင်သည်။ ယခု ဆိုလျှင် ဝါဂွမ်းက သူနှင့် ပေါ့ ထင်သည်ထက် အထွက် ကောင်းသည်။ အထုပ် လေးထုပ်လောက်တော့ ရလိမ့်မည်။ သစ်လုံး ဂိုဒေါင်ကလေးတွေ အပြည့်လောက် ရမည်။

မေမေကြီး ဖွန်တိန်က ပြောသည့်တိုင် စကားလက်သည် သူ ကိုယ်တိုင် ဝါဆွတ်ရန်ကိုမူ စိတ်ကူးထည့်ခြင်း မပြု။

မြိုင်သာယာ၏ အရှင်သခင်မ ဖြစ်သည့် စကားလက် အိုဟာရာသည် ဝါခင်းထဲတွင် ဆင်း၍ အလုပ် လုပ်ရသည် ဆိုသည်မှာ မကြံကောင်း မစည်ကောင်းသည့် အလုပ် ဖြစ်သည်ဟု ထင်၏။ စလက်တာရီတို့ မိသားစုလို အောက်တန်း ကျသူများနှင့်

473

တစ်တန်းတည်း အဖြစ် မခံနိုင်။ ဝါခင်း လုပ်ငန်းများကို ကပ္ပလီများက လုပ်ရမည်။ သူနှင့် နာလန်ထစ ညီအစ်မ နှစ်ယောက်က အိမ်မှု ကိစ္စတွေကို လုပ်မည်ဟု စကားလက် စိတ်ကူးခဲ့သည်။ သို့ရာတွင် လက်တွေ့ စီမံကြည့်သော အခါ၌ ဇာတ်ကြီးသည့် နေရာတွင် သူကပင် လိုက်မမီသည့် ကပ္ပလီများကို တွေ့နေရသည်။ ပေါ့၊ ကြီးဒေါ်နှင့် ပရဇ္ဇီတို့သည် ဝါခင်းထဲသို့ ဆင်း၍ မလုပ်နိုင်ဟု အကျောက်အကန် ပြောနေကြသည်။ သူတို့ အမျိုးက ယာကူလီ ကပ္ပလီမျိုး မဟုတ်ဟု ဆိုကြသည်။ ကြီးဒေါ်ကမူ ယာထဲ ဆင်းလုပ်ဖို့ မပြောနှင့်၊ သူ့ တစ်သက်တွင် အိမ်အောက်သို့ ဆင်း၍ပင် အလုပ် မလုပ်စဖူးဟု အပြင်းအထန် ပြောသည်။ သူသည် အစေခံ တန်းလျားတွင် မွေးသူ မဟုတ်ဘဲ မေမေတို့ အိပ်ရာ ခြေရင်းတွင် ကောက်ရိုး မွေ့ရာဖြင့် အိပ်ခဲ့သူ ဖြစ်ကြောင်းဖြင့် ပြော၏။ ဒစ်လစီ တစ်ယောက်ကသာလျှင် ဘာမျှ မပြောဘဲ တိတ်ဆိတ်နေရင်း သူ့သမီး ပရဇ္ဇီကို မျက်လုံး ပြူး၍ ကြည့်နေတတ်သည်။

စကားလက်က သူတို့ ကန့်ကွက်ချက်များကို လက်မခံ။ ဝါခင်းထဲသို့ အတင်း ဆင်းစေသည်။ သို့ရာတွင် ပေါ့နှင့်

ကြီးဒေါ်တို့ လုပ်ပုံက အလုပ် မတွင်။ စကားကလည်း အလွန် ကြေးများသည်။ ထို့ကြောင့် ကြီးဒေါ်ကို မီးဖိုဆောင်သို့ ပြန်ပို့လိုက်ရသည်။ ပေါ့ကို တောသို့ ထင်းခွေ လွှတ်ခြင်း၊ ယုန် ထောင်ခိုင်းခြင်း၊ စွေ့ ထောင်ခြင်း၊ ချောင်းထဲတွင် ပိုက်ချခြင်း စသည့် အလုပ်တို့ကို အလုပ် ခိုင်းသည်။ ဝါ ဆွတ်ခြင်းမှာ ပေါ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ သို့ရာတွင် တောလိုက်ခြင်း၊ ငါးမျှားခြင်းမှာ တစ်ကိစ္စ ဖြစ်သည်။

စကားလက်က ညီမ နှစ်ယောက်နှင့် မီလာနီ ကိုလည်း ဝါ ဆွတ်ခိုင်းသည်။ သို့ရာတွင် ထင်သလောက် ခရီး မပေါက်။

မီလာနီက ဝါ ကောင်းကောင်း ဆွတ်တတ်သည်။ မြန်လည်း မြန်သည်။ နေပူစပ်ခါးကြီးထဲတွင် စိတ်ပါလက်ပါ တစ်နာရီ ကြာအောင် ဝါ ဆွတ်သည်။ နေပူရှိန်ကြောင့် မူးမေ့ လဲကျသွားသဖြင့် တစ်ပတ်လောက် အိပ်ရာထဲတွင် နေလိုက်ရသေးသည်။ ဆွီလင်ကမူ သူ့ကို ဝါ ဆွတ်ခိုင်းရမည်လောဟု တစူစူ တဆောင့်ဆောင့်။ မျက်ရည် လည်ရွဲဖြင့် လိုက်လာသည်။ မူးမေ့ချင်ယောင် ဆောင်သည်။ စကားလက်က အရွဲ့တိုက်ကာ ဘူးခြောက်ထဲက ရေတွေဖြင့် မျက်နှာကို လောင်းသည့်အခါ ကြောင်တစ်ကောင် စိတ်ဆိုးသည့်နှယ် တခွီးခွီးဖြင့် သတိပြန်ရလာသည်။ နောက်ဆုံးတွင်မူ ဆွီလင်က ပြောင်ပြောင် ငြင်းသည်။

`ကပ္ပလီတွေလို ဝါခင်းထဲမှာ ငါ မလုပ်နိုင်ဘူး မကြီး၊ ငါ့ကို ဒီလို မခိုင်းနှင့်၊ တို့ သူငယ်ချင်းတွေ ကြားရင် ဘယ်လို

ပြောမလဲ၊ ဖရင့်၊ ဖရင့် သိရင် ဘယ့်နှယ် လုပ်မလဲ၊ ငါတို့ကို မေမေ မရှိလို့ နင် ဒီလောက် ရက်ရက်စက်စက် ခိုင်းနေတာ၊ မေမေများ သိရင်’

`ဟေ့ ဆွီလင်၊ နင် နောက်တစ်ခါ မေမေ့ကို တိုင်တည်ရဲ တိုင်တည်စမ်း’ စကားလက်က အော်သည်။ `ပါးကျိုးအောင်

ရိုက်ပစ်မယ် သိလား၊ မေမေဟာ ဒီ ဝါခင်းထဲမှာ ကပ္ပလီတွေ ထက်တောင် အလုပ် လုပ်နိုင် သေးတယ်၊ ဒါကို နင်လည်း သိတယ်၊ နင်သာ ဟန်များ နေတာ’

`မေမေက ဘယ်က လာပြီး ဝါခင်းထဲ ဆင်း အလုပ် လုပ်ဖူးလို့လဲ၊ ငါ့ကိုတော့ အတင်း ခိုင်းလို့ မရဘူး မှတ်ထား၊

ဖေဖေ့ကို တိုင်ပြောမယ်၊ ဖေဖေ သိရင် နင့် ဆူမှာ’

`ဟေ့ ဒီမှာ၊ ဖေဖေ သူ့ဘာသာသူ နေပေ့စေ နော်၊ စိတ်ညစ်အောင် အလကား လျှောက်ပြောမနေနှင့်’



စကားလက် စိတ်တိုလာသည်။ သူ့ ညီမကိုလည်း စိတ်တိုသည်။ ဖေဖေ့ကိုလည်း ကြောက်သည်။

474



`မလတ်ရယ် ငါ ကူလုပ်ပါ့မယ်’ ကာရင်းက ချိုသာစွာ ပြော၏။ `မလတ် အတွက်ရော ညီမလေး အတွက်ရော

နှစ်ယောက်စာ လုပ်ပေးမယ်လေ မကြီး၊ မလတ်က သိပ် နေမကောင်းသေးဘူး မဟုတ်လား၊ နေပူထဲမှာ ဒီလောက် ကြာကြာ ထွက်နေလို့ ဘယ်ဖြစ် ပါ့မလဲ’

စကားလက်က စိတ်ညစ်ညစ်ဖြင့် ညီမထွေး ကာရင်းကို ကြည့်သည်။ ကာရင်းက နုနုနယ်နယ်။ နွေဦးပေါက်

လေအဝှေ့တွင် ပြန့်ကျဲနေတတ်သည့် ပန်းပွင့်လေးများလို နူးညံ့နေသည်။ သူ့ အသားက ပန်းနုရောင် လွှမ်းနေသည်။ သို့ရာတွင် ယခုမူ သူ့မျက်နှာသည် ပန်းနုရောင် မတောက်တော့၊ ဖြူရော်လျက် ရှိ၏။ သူ့မျက်နှာ ချိုချိုလေးသည် မှုန်ငေးငေး ဖြစ်နေတတ်သည်။ သတိ ပြန်ရလာ၍ မေမေ ဆုံးပြီဟု သိရ ကတည်းက စကားလည်း သိပ်မပြောတော့။ ခပ်မှိုင်မှိုင် ဖြစ်နေတတ်သည်။ သူ ပြန်၍ နာလန်ထသည့် အခါတွင် မေမေလည်း မရှိတော့။ မမကြီး စကားလက်လည်း တကယ့် မိန်းမကြမ်းကြီး ဖြစ်နေပြီ။ ခေတ်ကြီးကလည်း ပြောင်းနေပြီ။ ယခင်ကလို အေးအေးဆေးဆေး နေ၍ မရတော့။ လက်လှုပ် ခြေလှုပ်မှ ထမင်း တစ်နပ်ကို အနိုင်နိုင် စားရသည့် ဘဝ။ ဤ အပြောင်းအလဲများကို တွေ့ရပြီး ကတည်းက ကာရင်းသည် တစ်မျိုး ဖြစ်နေသည်။ ကာရင်းက နုနုနယ်နယ်။ သူ့ သဘာဝက အပြောင်းအလဲကို မခံနိုင်။ ကမ္ဘာကြီး မည်သို့ ဖြစ်နေသည်ကို သူ သဘောမပေါက်။ အိပ်ပျော်ရင်း ယောင်ယမ်း လမ်းလျှောက်သူကဲ့သို့ မြိုင်သာယာတွင် အနှံ့ လျှောက်သွားကာ ခိုင်းသမျှကို မညည်းမညူ လုပ်သည်။ သူ့ ကြည့်ရသည်က ပါးပါးလှပ်လှပ်။ သို့ရာတွင် ခိုင်းသမျှကို လုပ်သည်။ အကြီး စကားကို နားထောင်သည်။ တာဝန် သိသည်။ စကားလက်က ခိုင်းစရာ မရှိ၍ အားနေလျှင် အငြိမ်မနေ။ ပုတီးကို ကောက်ကိုင်ကာ ပုတီး စိပ်နေတတ်သည်။ နှုတ်ခမ်း တလှုပ်လှုပ်ဖြင့် မေမေ့ အတွက်၊ ဘရင့် တာလက်တန် အတွက် မေတ္တာပို့ အမျှ ဝေနေ တတ်သည်။ ဘရင့် ကျဆုံးခြင်း အတွက် ကာရင်း တစ်ယောက် မည်မျှ စိတ်ထိခိုက်ကြောင်း၊ ထိုဒဏ်ရာသည် မည်သည့် အခါမျှ မကျက်တော့ကြောင်းကိုမူ စကားလက် နားမလည်။ စကားလက် အဖို့၌ ကာရင်းသည် တကယ့် ကလေးလေးဟုသာ ထင်နေသည်။ အချစ် အကြောင်းကို နားမလည်သေးသည့် အရွယ်ဟု ထင်နေသေးသည်။

စကားလက်သည် ဝါပင်တန်းများ အကြားတွင် ရပ်နေသည်။ နေက ကျဲကျဲတောက် ပူနေသည်။ အမြဲတမ်း

တကုန်းကုန်း လုပ်နေရသဖြင့် ခါးလည်း ညောင်းလှပြီ။ ဝါဖတ်ရသဖြင့် လက်တွေလည်း ကြမ်းလှပြီ။ ဆွီလင်၏ ခွန်အားမျိုးနှင့် ကာရင်း၏ စိတ်သဘောမျိုးတို့ ပေါင်းထားသည့် ညီမလေး တစ်ယောက်ကို ရလျှင် ကောင်းလေစွဟု တောင့်တမိသည်။ ကာရင်းက ဝါဆွတ်လျှင် စေ့စပ် သေချာသည်။ စိတ်ပါလက်ပါ ဆွတ်သည်။ သို့ရာတွင် တစ်နာရီလောက် လုပ်မိလျှင် ကာရင်း မလုပ်နိုင်တော့။ ထို့ကြောင့် ကာရင်းကိုလည်း ကြာကြာ မခိုင်းရဲ။ အိမ်သို့ ပြန်လွှတ်ရသည်။

ဝါခင်းထဲတွင် သူ၊ ဒစ်လစီနှင့် ပရဇ္ဇီတို့ သုံးယောက်သာ ကျန်ခဲ့သည်။ ပရဇ္ဇီက ပျင်းသည်။ ခါးနာလှချည့်၊ ခြေထောက်

နာလှချည့်ဟု တစ်လှည့်စီ ညည်းသည်။ ကြာသော် သူ့ အမေ ဒစ်လစီပင် စိတ်မရှည်တော့။ ဝါကိုင်း တစ်ကိုင်းကို ချိုးကာ တရွှမ်းရွှမ်း ရိုက်သည်။ ဤသို့ တုတ်စာ ကျွေးပြီးမှသာ ပရဇ္ဇီ ကောင်းကောင်း အလုပ် လုပ်တော့သည်။ သူ့အမေနှင့် နီးရာတွင် မနေတော့။

ဒစ်လစီကမူ စက်တစ်ခုလို မနားမနေ အလုပ်လုပ်သည်။ စကားလည်း မပြောလှ။ ဝါအိတ်ကို ပခုံးတွင် လွယ်ထားသဖြင့်

ကျောတွေ၊ ခါးတွေ တောင့်နေသည့် စကားလက်ကပင် ဒစ်လစီသည် ရွှေကိုယ်လေး တမျှ အဖိုးတန်သည်ဟု ထင်မိသည်။

`ခေတ် ကောင်းလာရင်တော့ ဒစ်လစီ အလုပ်လုပ်တာတွေကို မမေ့ပါဘူး၊ ဒစ်လစီ ကျေးဇူး အများကြီး ရှိပါတယ်’

475



စကားလက်က ပြော၏။ ကြေးရုပ်တုကြီးလို တောင့်တင်းသည့် ဒစ်လစီသည် အခြား ကပ္ပလီများကဲ့သို့ ဘဝင်လည်း

မမြင့်၊  ကျေနပ်ဟန်ဖြင့် ပြုံးဖြီးဖြီးလည်း မလုပ်၊ စကားလက်ဘက်သို့ လှည့်ကာ `သခင်ကြီးနှင့် သခင်မ ကျေးဇူး ကျွန်မ ပေါ်မှာ အများကြီး ရှိပါတယ်၊ ကျုပ် သမီးလေးကို သခင်ကြီး ဝယ်လာလို့ သားအမိ အတူနေရတာ၊ ဘယ်တော့မှ မမေ့ဘူး၊ ကျုပ်တို့ ကပ္ပလီမျိုးက သူများ ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူး၊ ကျုပ် ပရဇ္ဇီ အတွက် စိတ်ညစ်တယ်၊ ကောင်မလေးက မလိမ္မာဘူး၊ သူ့ အဖေလိုပဲ၊ သူ့အဖေလည်း ဒီလိုပဲ’ ဟု တည်ငြိမ်စွာ ပြောတတ်သည်။

ဝါဆွတ်ရသည်က ပင်ပန်းသည်။ အကူအညီလည်း မရ။ သို့တိုင်အောင် ဝါခင်းထဲက ဝါတွေ ကျီထဲ ရောက်သည်ကို

မြင်သည့် အခါတွင် စကားလက် အားတက်သည်။ မည်သည့် အတွက်ကြောင့် မသိ။ ဝါဂွမ်းပုံကြီးကို မြင်ရလျှင် တစ်မျိုး အားရှိသည်။ အားရသည်။

မြိုင်သာယာ ကြီးပွားလာခြင်းမှာ ဝါဂွမ်းကြောင့် မဟုတ်လော။ တောင်ပိုင်း ပြည်နယ် တစ်ခုလုံး ချမ်းသာ လာခြင်းမှာ

ဝါဂွမ်းကြောင့် မဟုတ်လော။ ယခုလည်း တောင်ပိုင်း ပြည်နယ်များနှင့် မြိုင်သာယာသည် ဤမြေဆီရဲရဲမှ ခေတ်သစ် တစ်ခုကို တည်ဆောက်ရဦးမည်ဟု တောင်ပိုင်းသူ ဖြစ်သည့် စကားလက် ယုံကြည်သည်။

စင်စစ် သူ ရသည့် ဝါကလေးက ဘာမျှ မဖြစ်လောက်။ သို့တိုင်အောင် စကားလက်အဖို့မူ နည်းသည့် အရေအတွက်

မဟုတ်။ ပြည်နယ် ငွေစက္ကူနှင့် ဆိုလျှင် တော်တော်လေး တန်သည်။ လောလောဆယ်တွင် ပြည်နယ် ပိုက်ဆံကလေးကို သုံးကာ ယန်ကီ စစ်ပြေးထံမှ ရလိုက်သည့် ပြည်ထောင်စု ငွေစက္ကူနှင့် ရွှေကလေးများကို သိမ်းထားနိုင်သည်။ နောက်ဆိုလျှင် ချွေးတပ်ထဲ ပါသွားသည့် ကိုဆန်ကြီးနှင့် အခြား ယာကူလီများကို ပြန်ပေးရန် ပြည်နယ် အစိုးရထံ လျှောက်ရဦးမည်။ ပြည်နယ် အစိုးရ ပြန်မလွှတ်သေးလျှင် ရှိသည့် ပြည်ထောင်စု ငွေစက္ကူဖြင့် လယ်ကူလီ ငှားမည်ဟု စိတ်ကူးထားသည်။ နောက်နှစ် နွေတွင် ဝါကို ထို့ထက် တိုး၍ စိုက်မည်။ ထို့ထက် ထို့ထက် တိုး၍ စိုက်မည်။

စကားလက် ခါးဆန့်ကာ ညိုဝါရောင် သမ်းစ ပြုနေသည့် နွေနှောင်း ဝါခင်းများကို လှမ်းကြည့်၏။ နောက်တစ်နှစ်

ဆိုလျှင် ဤဝါခင်းများသည် စိမ်းနေတော့မည်။

ဟုတ်သည်။

နောက်တစ်နွေ၊

နောက်တစ်နွေ

ဆိုလျှင်

ပြည်တွင်းစစ်လည်း

ပြီးလောက်ပြီ။

ခေတ်လည်း

ကောင်းလောက်ပြီ။ ပြည်နယ် အစိုးရ ရှုံးသည် ဖြစ်စေ နိုင်သည် ဖြစ်စေ အခြေအနေ ပြန်ကောင်းတော့မည်။ ယခုလို ကျွဲနှစ်ကောင် စပ်ကြား ရောက်ရသည့် မြေဇာပင် ဘဝနှင့် စာလျှင် တော်ဦးမည်။ ပြည်တွင်းစစ် ပြီးလျှင် တောင်ယာ လုပ်ခြင်းသည် စင်ကြယ်သည့် လုပ်ငန်း ဖြစ်သည်။ ပြည်တွင်းစစ်ကြီး မြန်မြန် ပြီးပါစေတော့။ ကိုယ့်ယာ ကိုယ်စိုက်၍ ကိုယ့်ကောက်နှံကို အေးအေး ရိတ်ပါရစေတော့။

ယခု မျှော်လင့်ချက် ရှိပြီ။ ပြည်တွင်းစစ်သည် အမြဲတမ်း မဖြစ်နိုင်။



ယခု သူ့တွင် ဝါရှိပြီ။ စားစရာ ရှိပြီ။ ငွေကလေး အနည်းအကျဉ်း ရှိပြီ။



ဟုတ်သည်။ အဆိုးဆုံးကို ကျော်ခဲ့ပြီ။

476

၂၇



နိုဝင်ဘာလ မွန်းတည့် တစ်နေ့၌ သူတို့အားလုံး ထမင်းစားပွဲတွင် ထိုင်နေကြသည်။ ပြောင်းဆန်မှုန့်၊ ဆီးသီးနှင့်

ကြံသကာရည်တို့ဖြင့် လုပ်ထားသည့် ဆီးယိုကို မြည်းရင်း ထမင်းဝိုင်းကို လက်စသတ်နေကြ၏။ လေက အေးနေသည်။ ယခုနှစ် ပထမဆုံး အအေးဓာတ် ဝင်လာခြင်းဖြစ်သည်။ ပေါ့က စကားလက်၏ ကုလားထိုင်နောက်တွင် ရပ်ရင်း လက်နှစ်ဖက်ကို ပွတ်ကာ ‘ဝက် ပေါ်ချိန်တော့ နီးပြီ မလေးရေ’ ဟု ဝမ်းသာအားရ ပြောနေသည်။

‘ဘာလဲ အဘိုးကြီး၊ ဝက် ကလီစာ မြည်းချင်လှပြီလား၊ ဟုတ်လား’ စကားလက်က မေးသည်။ ‘ဟုတ်တာပေါ့၊

ကျွန်မတို့လည်း ဝက်သားခြောက် ကျပ်တင်ချည်းပဲ စားလာရတာ၊ မကြာခင် လတ်လတ်ဆတ်ဆတ် စားရတော့မယ်၊ ဒီဥတုမျိုး ဆက်ရှိနေရင်တော့’

မီလာနီက ပါးစပ်ဝတွင် ဇွန်းကို ရပ်လိုက်ပြီး



‘နားထောင်စမ်း စကားလက်၊ ဘယ်သူ လာသလဲ မသိဘူး’



‘ဘယ်က ဧည့်သည်များလဲ မသိဘူး’



ပေါ့က ပြောသည်။



အေးမြသည့် ဆောင်းဦးပေါက် လေထဲတွင် မြင်းခွာသံ တဖြောက်ဖြောက်ကို ကြားရ၏။ ဤသည်နှင့် အတူ

‘စကားလက်ရေ စကားလက်’ ဟု အထိတ်တလန့် အော်လာသော မိန်းမသံ တစ်သံကို ကြားလိုက်ရ၏။

သူတို့အားလုံး

တစ်ယောက်မျက်နှာကို

တစ်ယောက်

ကြည့်နေမိကြသည်။

ထို့နောက်

ကုလားထိုင်များကို

တွန်းကာ စားပွဲမှ ထလိုက်ကြ၏။ အသံက ဆယ်လီ၏ အသံ။ လွန်ခဲ့သည့် တစ်နာရီလောက်က ဂျုန်းဘာရိုသို့ အသွားတွင် မြိုင်သာယာသို့ ဝင်၍ စကားစမြည် ပြောသွားခဲ့သေးသည်။ ယခု ဆယ်လီ ဘာကြောင့် ပြန်လှည့်လာသနည်း။ တံခါးပေါက်သို့ သူတို့အရောက်တွင် အမြှုပ်တစီစီ ထလျက် ရှိသည့် မြင်းကို ဒုန်းစိုင်း စီးလာသည့် ဆယ်လီကို ဝင်းအဝ လမ်းပေါ်တွင် မြင်လိုက်ရသည်။ ဆံပင်တွေက နောက်သို့ လွင့်နေသည်။ ဦးထုပ်က ကြိုးပြတ်ကျကာ ပခုံးတွင် ဝဲနေ၏။ ဆယ်လီက မြင်းကို ဒုန်းစိုင်း စီးလာသည်။ ဇက်ပင် မသတ်နိုင်။ ဝင်းပေါက်ဝသို့ လက်ယမ်းပြကာ

‘ယန်ကီတွေ ယန်ကီတွေ လာကုန်ပြီ၊ ဆယ်လီ ခုပဲ တွေ့ခဲ့တယ်၊ ပေတစ်ရာ လမ်းပေါ်မှာ’



ဇက်မသတ်သဖြင့် မြင်းက လှေကားထစ်များအတိုင်း တက်လာမည် ပြုသည်။ ဤတွင် ဆယ်လီ ဆွဲကွေ့လိုက်သည်။

မြင်းသည် ကွေ့သွားသော အိမ်ဘေး မြက်ခင်းကို ခုန်လွှား ကျော်ဖြတ်သွားသည်။ ဆယ်လီက လေးပေ မြင့်သည့် ခြံစည်းရိုးကို ခုန်သည်။ မြင်းသည် နောက်ဖေး အစေခံ တန်းလျားတွေ ကြားထဲသို့ ဒုန်းစိုင်း ဝင်သွားသည်။ ထို့နောက် နောက်ဖေး လမ်းကြားထဲသို့ ဝင်ကာ ယာခင်းများကို ဖြတ်ပြီး ရွေးကြီးပင်စု ယာတောဘက်သို့ စီးသွားသည်။

477



သူတို့အားလုံး ကြက်သေ သေနေကြ၏။ ဆွီလင်နှင့် ကာရင်းက ငိုကာ တစ်ယောက်ကို တစ်ယောက် ဖက်ထားကြသည်။

ဝိတ်ကလေးက မတ်တတ် ရပ်မြဲ ရပ်လျက်။ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ငိုပင် မငိုနိုင်။ အတ္တလန်တာက ထွက်ပြေးခဲ့သည့် ညကတည်းက သူ ကြောက်ခဲ့ရသည့် ယန်ကီတို့ ယခု ရောက်လာပြီ။ ယန်ကီတို့ သူ့ကို လာဖမ်းကြတော့မည်။ ယန်ကီတို့ သူ့ကို လာဖမ်းကြတော့မည်။

‘ယန်ကီတွေ ဟုတ်လား’ ဖေဖေက နားဝေတိမ်တောင်ဖြင့် မေးသည်။ ‘ယန်ကီတွေ ဒီကို လာပြီးပြီပဲ’



‘ဟောတော့် ဒုက္ခပဲ’



စကားလက်က အော်သည်။ မီလာနီ၏ ထိတ်လန့်နေသည့် မျက်လုံးများနှင့် သွားဆုံမိကြသည်။ အတ္တလန်တာက

ထွက်ပြေးရသည့် နောက်ဆုံးညက မြင်ကွင်းများ၊ လမ်းဘေး တစ်လျှောက်တွင် တွေ့ခဲ့ရသည့် အိမ်ပျက်များ၊ ဗလက္ကာရပြုခြင်း၊ လူသတ်ခြင်း၊ ညှဉ်းပန်းခြင်း စသည်တို့ကို သတိရလာသည်။ မေမေ၏ အပ်ချုပ်သေတ္တာကို ကိုင်ကာ ခန်းမဆောင်ထဲတွင် ရပ်နေသည့် ယန်ကီ စစ်သားကို မြင်ယောင်လာသည်။ ‘ငါ သေတော့မယ်၊ ငါ သေရတော့မယ်၊ ဒုက္ခတွေဆုံးပြီလို့ ထင်နေတာ၊ မဆုံးသေးဘူး၊ ငါ သေရတော့မယ် ထင်တယ်၊ ငါ မခံနိုင်တော့ဘူး’ ဟု စကားလက် တွေးသည်။

သူ့ မျက်လုံးများသည် ကုန်း အသင့်တင်ကာ ချည်တိုင်တွင် ချည်ထားသည့် မြင်းဆီသို့ ရောက်သွားကြ၏။ ပေါ့ကို

တာလက်တန်တို့ ရှိရာ သာယာကုန်းသို့ ခိုင်းစရာရှိသဖြင့် အသင့်ပြင်ထားခြင်းဖြစ်သည်။ သူ့ မြင်းကို ယန်ကီတို့ ယူကြတော့မည်။ နွားမကြီးကို ယူကြတော့မည်။ နွားကလေးကိုလည်း ယူကြတော့မည်။ ဝက်မကြီးနှင့် ဝက်ကလေးများကိုလည်း ယူကြတော့မည်။ ဤ ဝက်မကြီးနှင့် ဝက်ကလေးများကို ကိုင်းတောထဲတွင် မည်မျှ အပင်ပန်းခံ၍ ဖမ်းခဲ့ကြရသနည်း။ မေမေကြီး ဖွန်တိန် ပေးထားသည့် ကြက်ဖကြီး၊ ဝပ်နေသည့် ကြက်မများနှင့် ဘဲများကိုလည်း ယူကြတော့မည်။ ရိက္ခာခန်းထဲမှ ပလောပီနံ ဥများနှင့် ပန်းသီးများကိုလည်း ယူကြတော့မည်။ ယန်ကီ စစ်သား သားရေအိတ်ထဲက ရသည့် ပိုက်ဆံကိုလည်း ယူကြတော့မည်။ သူတို့ထံက ရသမျှ လုယူကာ အငတ်ထားခဲ့ကြတော့မည်။

‘မပေးဘူး၊ မပေးဘူး၊ ဘာမှ မပေးဘူး’ စကားလက်က အော်သည်။ အားလုံးက သူ့ကို အလန့်တကြား လှည့်ကြည့်ကြ၏။

စကားလက် စိတ်နောက် သွားပြီလောဟု ထင်ကြသည်။ ‘ဒီတစ်ခါ အငတ်မခံနိုင်တော့ဘူး၊ ဘာမှ မပေးဘူး’

‘ဘာလဲ စကားလက် ဟင်၊ ဘာဖြစ်တာလဲ’



‘မြင်းတွေ၊ နွားတွေ၊ ဝက်တွေကို သူတို့ မပေးနိုင်ဘူး၊ သူတို့ အယူ မခံနိုင်ဘူး’



စကားလက်က တံခါးဝတွင် ကပ်နေကြသည့် ကပ္ပလီ လေးယောက်ဘက်သို့ လှည့်ပြောနေသည်။ သူတို့၏

နက်မှောင်နေသော မျက်နှာများသည် ပြာနေကြ၏။

‘ကိုင်းတော၊ ကိုင်းတော’



စကားလက်က ပြောသည်။



‘ကိုင်းတော ဘာဖြစ်သလဲ မလေး’

478



‘ချောင်းစပ်က ကိုင်းတောကို ပြောတာ၊ ဝက်တွေကို ကိုင်းတောထဲ မောင်းသွား၊ မြန်မြန် လုပ်ကြစမ်းပါ၊ ပေါ့နှင့် ပရဇ္ဇီက

ဝက်တွေ ကိုင်းတောထဲ ယူသွားပါ၊ ဆွီလင်နှင့် ကာရင်းက တောင်းထဲ စားစရာတွေ ထည့်ပြီး တောထဲ ပြေးကြ၊ ကြီးဒေါ်က ဇွန်းတွေ ခက်ရင်းတွေကို ရေတွင်းထဲ ပြန်ချ၊ ပေါ့ နားထောင်စမ်းပါ၊ ဘာ ကြောင်ပြီး ရပ်နေတာလဲ၊ ဖေဖေ့ကို ခေါ်သွား၊ တစ်နေရာရာကို မြန်မြန် ခေါ်သွား၊ ဖေဖေ ပေါ့နှင့် လိုက်သွားပါ’

ဗျာများနေရသည့်အထဲက ယန်ကီတို့ကို မြင်လျှင် ဖေဖေ စိတ် တစ်မျိုး ဖြစ်သွားမည်ကို ပြေး၍ စိုးရိမ်လိုက်ရသေးသည်။

မီလာနီ၏ ဝတ်စုံစကို ဆွဲ၍ ငိုနေသည့် ဝိတ်ကလေးကို မြင်သည့်အခါတွင် ရင်ထဲ၌ ဆို့သွားပြန်သည်။

‘ကိုယ် ဘာလုပ်ရမလဲ ဟင်၊ စကားလက်’



ငိုသူ ငို၊ ပြေးသူ ပြေး ဖြစ်နေသည့် ကြား၌ မီလာနီ၏ အသံသည် တည်ငြိမ်လျက်ရှိ၏။ သူ့မျက်နှာက စက္ကူလို ဖြူ၍

ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေသည်။ သို့တိုင်အောင် အသံက တည်ငြိမ်သည်။ မီလာနီ၏ တည်ငြိမ်သည့် အသံကို ကြားသည့်အခါတွင်မှ စကားလက် ဘဝင် အနည်းငယ် ငြိမ်သွားသည်။ သူ့အမိန့်၊ သူ့ ရှေ့ဆောင်မှုကို တစ်အိမ်လုံးက လိုက်နာနေရကြောင်း ယခုမှ ပို၍ သဘောပေါက်သွား၏။

‘နွားမကြီးနှင့် နွားကလေး စားကျက်ထဲမှာ ရှိတယ်၊ မြင်းကိုလည်း ယူသွားပါ၊ ကိုင်းတောထဲ လွှတ်ခဲ့၊ ပြီးတော့’



စကားလက်၏ စကားမဆုံးခင် မီလာနီသည် ဝတ်စုံကို ဆွဲထားသည့် ဝိတ်ကလေး လက်ကို အတင်းပုတ်ချပြီးနောက်

မြင်းဆီသို့ ဆင်းသွားသည်။ ဝတ်စုံကို စွန်တောင် ဆွဲထားသဖြင့် သေးကွေးသည့် ခြေသလုံးကလေးများပေါ်နေသည်။ မီလာနီ မြင်းပေါ် ရောက်နေပြီ။ မီလာနီက ဇက်ကို ကိုင်၍ စီးမည်လုပ်ပြီးမှ ဇက်ဆွဲကာ ‘စကားလက် ကိုယ့်သားလေးရော သားလေး၊ ယန်ကီတွေ သတ်ပစ်လိမ့်မယ်၊ ကိုယ့်ကို ပေးလိုက်ပါ’ ဟု အလန့်တကြား အော်သည်။

‘သွား၊ သွား၊ နွားမကြီးဆီကိုသွား၊ ကလေးကို ကိုယ်ယူခဲ့မယ်၊ သွားပါကွယ့် အက်ရှလေရဲ့ကလေးကို ယန်ကီတွေလက်

အပါ မခံပါဘူး၊ စိတ်ချပါ’

မီလာနီက စိတ်ပျက်လက်ပျက် လှမ်းကြည့်သည်။ ထို့နောက် မြင်းကို ဖနောင့်ဖြင့်တို့ကာ ချောင်းစပ်ဆီသို့ စီးသွားသည်။

ကျောက်စရစ် ခဲလုံးကလေးတွေ လွင့်စဉ် ကျန်ရစ်ခဲ့ကြ၏။

မီလာနီ မြင်းစီးလာသည်ကို စကားလက် ဤတစ်ကြိမ်သာ တွေ့ဖူးသေးသည်။ စကားလက် အိမ်ထဲသို့ ပြေးဝင်လာခဲ့၏။

ဝိတ်က ငိုယို လိုက်လာကာ သူ့ဝတ်စုံစကို အတင်း လိုက်ဆွဲနေသည်။ လှေကားကို သုံးထစ်ကျော်၍ ပြေးတက်လာခဲ့သည်တွင် ဝက်သစ်ချသားနှီးတောင်းကို ပိုက်၍ ထွက်လာကြသည့် ဆွီလင်နှင့် ကာရင်းကို မြင်လိုက်ရသည်။ ပေါ့က ဖေဖေ့ လက်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲခေါ်လာသည်။ ဖေဖေက ပါးစပ်က တဗျစ်တောက်တောက် ပြောကာ ယက်ကန်ယက်ကန်ဖြင့် ပါလာ၏။

‘ဟဲ့ ပရဇ္ဇီ အိမ်အောက်ကို ဝင်ပြီး ဝက်တွေကို မောင်းစမ်း၊ ငါ ဝင်လို့ မရဘူး’



ကြီးဒေါ်၏ အော်သံကို ကြားရသည်။ စကားလက်က အိမ်ခန်းထဲသို့ ပြေးဝင်လာသည်။ ဗီရိုအပေါ် အံဆွဲကို ဖွင့်၏။

အဝတ်တွေကို လှန်ပြီး ယန်ကီထံမှ ရသည့် သားရေအိတ်ကို ရှာသည်။ အပ်ချုပ်တောင်းထဲတွင် ဝှက်ထားသည့် စိန်ခြယ်

479

လက်စွပ်နှင့် စိန်နားဆွဲကိုယူ၍ သားရေအိတ်ထဲသို့ ထိုးထည့်သည်။ သားရေအိတ်ကို မည်သည့်နေရာတွင် သွားဝှက်ရမည်နည်း။ မွေ့ရာထဲတွင်လော။ မီးခိုး ခေါင်းတိုင်ထဲတွင်လော။ ရေတွင်းထဲသို့ ပစ်ချရမည်လော။ သူ့အင်္ကျီ ကြားတွင် ဝှက်ထားရမည်လော။ မဖြစ်။ သူ့ကိုယ်ပေါ်တွင် ထား၍ မဖြစ်။ သူ့ခါးကြားထဲတွင် ထည့်ထားလျှင် သားရေအိတ်ကြီးက ဖောင်းဖောင်းကြီး ပေါ်နေမည်။ ယန်ကီတို့က သူ့ကို ဗလာကျင်း၍ ရှာလျှင် မည်သို့ လုပ်မည်နည်း။

‘ငါ့ကိုသာ ဒီလိုလုပ်ရင် ငါ သေတော့မှာ’



စကားလက် ကယောင်ကတမ်း တွေးသည်။



အောက်ထပ်မှ ပြေးသံ ငိုသံများကို ကြားရ၏။ သူ့အနားတွင် မီလာနီ ရှိလျှင် ကောင်းမည်ဟု တွေးမိကာ မီလာနီကို

တောင့်တမိသည်။ မီလာနီ၏ အသံက တည်ငြိမ်သည်။ ယန်ကီကို သူ ပစ်သတ်ခဲ့သည့် နေ့က မီလာနီ၏ အပြုအမူသည် ရဲရင့်လွန်းသည်။ မီလာနီက လူ သုံးယောက် လေးယောက်နီးနီး အဖိုးတန်သည်။ မီလာနီ သူ့ကို ဘာမှာခဲ့သနည်း။ ဟုတ်ပြီ။ သူ့သားလေးကို ခေါ်လာဖို့ မှာခဲ့သည်။

စကားလက်က သားရေအိတ်ကို လက်တွင် ကိုင်ရင်း မီလာနီ သားလေး အိပ်နေသည့် အခန်းသို့ ပြေးဝင်လာခဲ့သည်။

ကလေးကို ကောက်ချီလိုက်သဖြင့် ကလေး နိုးလာသည်။ လက်ကလေး ကလန်ကလားဖြင့် ငိုနေသည်။

‘ကာရင်းရေ လာတော့၊ တော်လောက်ပြီ၊ နောက်ထပ် ယူမနေနှင့်တော့’ ဟု အော်နေသည့် ဆွီလင်၏ အသံကို

ကြားရသည်။ နောက်ဖေးဘက်မှ ပြေးသံ၊ ဆူပူသံ၊ ဝက်အော်သံများကို ကြားရ၏။ ကြီးဒေါ်က ဝက်ပေါက်စ ကလေးတွေကို တစ်ဖက်တစ်ချက် ပွေ့ကာ ဝါခင်းဘက်သို့ ပြေးနေသည်။ သူ့နောက်တွင် ပေါ့ကလည်း ဝက် နှစ်ကောင်ကို မ လာကာ ဖေဖေ့ကို အတင်း တွန်းခေါ်နေသည်။ ဖေဖေက တုတ်ကောက်ဖြင့် ထောက်ကာ ထွန်ရေးကြောင်းများကြားထဲတွင် တလှုပ်လှုပ် သွားနေသည်။

‘ဒစ်လစီ၊ ဝက်မကြီးကို မောင်းထုတ်၊ ဝါခင်းဘက်ကို မောင်းထုတ်’ ဟု စကားလက်က အော်ပြောသည်။



ဒစ်လစီက မော့ကြည့်သည်။ ငွေဇွန်းတွေ၊ ခက်ရင်းတွေကို ဝတ်ရုံကြီးထဲတွင် ထုပ်၍ မထားသည်။ ဝက်ခြံအောက်သို့

လက်ညှိုး ထိုးပြ၏။

‘ပရဇ္ဇီကို ဝက်မကြီးက ပက်လို့၊ အိမ်အောက်မှာ သွင်းထားတယ်’



စကားလက် သူ့ အိပ်ခန်းထဲသို့ ပြန်ဝင်လာသည်။ ကြိုးပျော့ လက်ကောက်၊ ရင်ထိုး၊ ဓာတ်ပုံနှင့် ငွေခွက်တို့ကို

ယူသည်။ မည်သည့်နေရာတွင် ဝှက်ရမည်နည်း။ လက်တစ်ဖက်က မီလာနီ၏ ကလေး၊ တစ်ဖက်က သားရေအိတ်။ ဤ လက်ဝတ်ရတနာများဖြင့် မနိုင်မနင်း ဖြစ်နေပြီ။ စကားလက်က ကလေးကို အိပ်ရာပေါ်သို့ ချသည်။

ကလေးက လက်ကို ချလိုက်သဖြင့် တစာစာငိုသည်။ ယခုမှ အမှတ်ရသည်။ သားရေအိတ်ကို ကလေး၏

ခါးတောင်းကျိုက်ထဲတွင် ထည့်လျှင် ကောင်းမည်။ ကလေးကို မှောက်၍ သူ့ခါးတောင်းကျိုက် ကြားထဲသို့ သားရေအိတ်ကို ထိုးထည့်လိုက်သည်။ ကလေးက မသက်သာသဖြင့် ပို၍ ငို၏။ စကားလက်က ခါးတောင်းကျိုက် စည်းသည့် ကြိုးကို

480

ခပ်တင်းတင်း ဆွဲစည်းလိုက်သည်။ ကိစ္စ ပြီးပြီ။ ကိုင်းနောက်ဘက်သို့ လိုက်တော့မည်။

ကလေးကို လက်တစ်ဖက်က ချီ၊ လက်ဝတ်ရတနာထုပ်ကို လက်တစ်ဖက်က ဆွဲပြီး အပေါ်ထပ် ခန်းမဆောင်သို့

ထွက်ကာ လှေကားထိပ်သို့ ပြေးလာခဲ့၏။ ရုတ်တရက် လန့်သွားကာ ဒူးတွေ ပျော့သွားသည်။ တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ ကြောက်စရာ ကောင်းနေသည်။ အိမ်ရှိ လူကုန်သွားနှင့်ကြပြီ။ သူတစ်ယောက်တည်း ကျန်တော့သည်။ စောစောက ဤသည်ကို သူ သတိ မထားမိခဲ့။ ယခု သူ တစ်ယောက်တည်း ကျန်ခဲ့ပြီ။ ယန်ကီ စစ်သားတွေ ရောက်လာလျှင် မိန်းမသား တစ်ယောက်တည်း ဖြစ်ချင်ရာ ဖြစ်နိုင်သည်။

ချွတ်ခနဲ အသံ ကြားသဖြင့် လန့်၍ ခုန်လိုက်မိသည်။ လှည့်ကြည့်လိုက်သည့်အခါတွင် လှေကား လက်ရန်းကို

မှီကာ ကုပ်ကုပ်ကလေး ထိုင်နေသည့် ဝိတ်ကလေးကို တွေ့ရ၏။ ဝိတ်ကလေးကို မေ့နေပြီ။ သူ့မျက်လုံးများက ထိတ်လန့် ပြူးကျယ်လျက် ရှိသည်။ စကားပြောသော်လည်း အသံ မထွက်။ လည်ချောင်းသာ လှုပ်နေသည်။

‘ဟဲ့ သား၊ မြန်မြန်ထ၊ နင့်ကို ငါ မချီနိုင်ဘူး၊ လာ လိုက်ခဲ့’



ကြောက်လန့်နေသည့်

တိရစ္ဆာန်

တစ်ကောင်သဖွယ်

နောက်က

လိုက်လာသည်။

စကားလက်၏

ဝတ်စုံကို

ဆွဲရင်း မျက်နှာကို ဖုံးထား၏။ သူ့လက်ကလေးများက သူ့ပေါင်ကို လာထိနေသည်။ ဝိတ်ကလေးက ဆွဲထားသဖြင့် လှေကားထစ်များကို ကောင်းကောင်းဆင်း၍ မရ။

‘ဟဲ့ ကောင်လေး ငါ့ကို ဆွဲမထားစမ်းပါနှင့်၊ လိမ့်ကျသွားလိမ့်မယ်၊ လွှတ်စမ်း’ ဟု စကားလက်က အော်သည်။ သို့ရာတွင်

အော်လေလေ ဝိတ်ကလေးက ဆွဲထားလေလေ။

အောက်ထပ်သို့ ရောက်သည့်အခါတွင် အိမ်ကြီးတစ်အိမ်လုံး အပေါ်သို့ ကြွတက်လာသည် ထင်ရ၏။ အိမ်ထောင်

ပရိဘောဂများ၊ နံရံများသည် သူ့ကို နှုတ်ဆက်နေသယောင် ထင်ရသည်။ စကားလက် တစ်ချက် ရှိုက်လိုက်မိသည်။ မေမေ အလုပ် လုပ်သည့် အခန်းကလေးက တံခါး ပွင့်နေသည်။ မေမေ စာရေးသည့် စားပွဲခုံကြီးကို လှမ်းကြည့်မိ၏။ သူ့အဘွား(မေမေ့ အမေ) ၏ ရုပ်ပုံကြီးကို လှမ်းကြည့်သည်။ ဆံထုံး မြင့်မြင့်၊ နဖူး ကျယ်ကျယ်၊ နှာတံ ပေါ်ပေါ်၊ မာနကြီးသည့် အသွင်ပေါ်နေသည်။

ထိုအရာများ အားလုံးကို ယန်ကီတို့ မီးရှို့ပစ်ကြတော့မည်။



ဤတစ်ကြိမ်သည် ဤအိမ်ကြီးကို နောက်ဆုံး မြင်ရခြင်းဖြစ်သည်။



‘ငါ ဒီအိမ်ကြီးကို မခွဲနိုင်ဘူး’ စကားလက် တွေးရင် မေးခိုက်ခိုက် တုန်နေသည်။ ‘ငါ မခွဲနိုင်ဘူး၊ ဖေဖေကလည်း

ခွဲမှာမဟုတ်ဘူး၊ ဒီအိမ်ကြီးကို မီးရှို့ရင် လူတွေကိုပါ ရှို့ပစ်ခဲ့တဲ့၊ ခုလည်း သူတို့ ရှို့ချင် ရှို့ကြပေ့စေ၊ ငါ့မှာ ဒီအိမ်ကြီးပဲ ကျန်တော့တယ်’

ဤသို့ ဆုံးဖြတ်လိုက်သည်နှင့် သူ့ရင်ထဲတွင် ကြောက်စိတ် မရှိတော့။ မျှော်လင့်ချက်နှင့် ကြောက်စိတ်သည်

သွေးခဲသည့်နှယ် သူ့ရင်ထဲတွင် ရောသွားကာ ကျပ်ခဲကြီး ဖြစ်နေသည်။ ထိုစဉ် ဝင်းဝမှ တဖြောင်းဖြောင်း မြည်သော မြင်းခွာသံများကို ကြားရသည်။ ဇက်ကြိုး ကွင်းသံ တချွင်ချွင်၊ ဓားလွယ်သံ တချပ်ချပ်။ မြင်းပေါ်မှ ဆင်းရန် အမိန့်ပေးသံ

481

ထွက်ပေါ်လာ၏။ စကားလက်က ဝိတ်ကလေးဆီသို့ ငုံ့ကာ

‘သားရယ်၊ မေမေ့ကို ဆွဲမထားစမ်းပါနှင့်ကွယ်၊ သွား အိမ်နောက်ဖေးက နေပြီး ကိုင်းတောစပ်ကို လိုက်သွား၊ ဟိုမှာ

ကြီးဒေါ်လည်း ရှိတယ်၊ လေးလေးလည်း ရှိတယ်၊ မြန်မြန် ပြေး၊ ဘာမှ ကြောက်စရာ မလိုဘူး’

စကားလက် အသံက နူးညံ့နေသည်။ ထို့ကြောင့် ဝိတ်ကလေးက မော့ကြည့်လိုက်၏။ ညွှတ်ကွင်းထဲသို့ ရောက်နေသည့်

ယုန်ကလေးတစ်ကောင်နှင့် တူနေသည်။

‘ဘုရား၊ ဘုရား တက်တော့ မသွားပါစေနှင့် ဘုရား၊ ယန်ကီတွေ ရောက်မလာခင် ကလေး တက် မသွားပါစေနှင့်’

စကားလက် ဆုတောင်းသည်။ ဝိတ်ကလေးက ဝတ်စုံစကို အတင်း ဆွဲထားသည်။

‘သား၊ ယောက်ျား မဟုတ်ဘူးလား ဟင်၊ ယန်ကီတွေကို ဘာဖြစ်လို့ ကြောက်ရမှာလဲ’



စကားလက်က ယန်ကီများကို တွေ့ရန် အောက်သို့ ဆင်းလာသည်။



ယန်ကီ ဗိုလ်ချုပ် ရှားမင်း၏ တပ်များသည် အတ္တလန်တာ မြို့မှ ဂျော်ဂျီယာ ပြည်နယ်ကို ဖြတ်၍ ပင်လယ်

ဆိပ်ကမ်းမြို့များ ဘက်သို့ ချီတက်နေသည်။ အတ္တလန်တာမြို့က မီးတောက်များသည် ၎င်းတို့အား လမ်းပြသကဲ့သို့ ရှိ၏။ နယ်မြေ တစ်လျှောက်လုံး ဘာမျှ အကာအကွယ် မရှိ၊ မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့သာ ရှိကြသည်။

ဂျော်ဂျီယာ ပြည်နယ်က မြေဩဇာ ကောင်းသည်။ ဥယျာဉ် ခြံမြေ ပေါသည်။ ထိုနယ် တစ်ဝိုက်တွင် စစ်ပြေးများ

လာစုနေကြသည်။ ယန်ကီတို့က မိုင် ရှစ်ဆယ် ကျယ်သည့် နယ်တစ်လျှောက် တွေ့သမျှ လုယက် မီးရှို့လာကြသည်။ အိမ်ပေါင်းများစွာတို့ မီးလောင်ခဲ့ကြရသည်။ ယန်ကီ ဖိနပ်သံတို့ဖြင့် ဆူညံ မြည်ဟည်းခဲ့ရသည်။ သို့ရာတွင် အိမ်ထဲသို့ ဝင်လာကြသည့် ယန်ကီများကို ကြည့်နေသော စကားလက် အဖို့ ဤအခြင်းအရာသည် တိုင်းရေး ပြည်ရေး ကိစ္စ၊ တိုင်းပြည်နှင့် အဝန်း ဖြစ်နေသည့် ကိစ္စဟု မထင်။ သူနှင့် သူ့ဆွေမျိုးကို သက်သက်စော်ကား ရိုင်းပြနေသည့် အပြုအမူဟု ထင်၏။

စကားလက်က လှေကားရင်းတွင် ရပ်နေသည်။ လက်တစ်ဖက်က ကလေးငယ်ကို ပိုက်ထားသည်။ ဝိတ်ကလေးက

ဝတ်စုံကို ဆွဲထားပြီး မျက်နှာကို ဝတ်စုံကြားထဲတွင် ဝှက်ထား၏။ ယန်ကီများက စကားလက်ကို တွန်းဖယ်ကာ အိမ်ထဲသို့ အတင်း

ဝင်သွားကြသည်။

ပရိဘောဂများကို

အပြင်သို့

ဆွဲထုတ်ကြသည်။

ဝှက်ထားသည့်

ပစ္စည်း

ရှိမည်လောဟု

ထိုင်ခုံများကို လှံစွပ်များ၊ ဓားများဖြင့် ဖြဲပစ်ကြသည်။ အိမ်ပေါ်ထပ်တွင် မွေ့ရာများ၊ ငှက်မွေးမွေ့ရာများကို ဆုတ်ဖြဲပစ်ကြသည်။ ငှက်မွေးများသည် အိမ်ပေါ်သို့ ဝဲကျလာကြ၏။ စကားလက် မကြောက်တော့။ ဒေါသဖြင့် ဆူဝေနေပြီ။ သူတို့ လုကြ၊ ဖျက်ဆီးကြ၊ ခိုးကြသည်ကို လက်ပိုက် ကြည့်နေသည်။

တပ်စု ခေါင်းဆောင် တပ်ကြပ်ကြီးက ခြေခွင်ခွင်။ အမွေးအမှင် ထူထူ။ ပါးစောင်ကြီး ဖောင်းနေအောင် ဆေးရွက်ကြီး

ငုံထားသည်။ ရှေ့ဆုံးမှ ရောက်လာကာ စကားလက် အနီးတွင် တံတွေး ပက်ခနဲ ထွေးလိုက်သည်။ သူ့တံတွေးက စကားလက်ကို လာစဉ်၏။

‘ကဲ အမျိုးသမီး၊ လက်ထဲက ပစ္စည်းပေးပါ’

482



သူ့ လက်ထဲတွင် လက်ဝတ် ရတနာ အိတ်ကလေး ရှိသည်။ ဤအိတ်ကလေးကို မဝှက်လိုက်မိ။ စကားလက်က

အရွဲ့တိုက် ပြုံးပြကာ လက်ဝတ် ရတနာများကို ကြမ်းပေါ်သို့ ပစ်ချလိုက်သည်။ ကြမ်းပေါ်တွင် ပြန့်ကျဲနေသည့် လက်ဝတ် ရတနာများကို ယန်ကီစစ်သားများ ဝိုင်းလုနေကြ၏။

‘လက်စွပ်ကလေးနှင့် နားဆွဲလေးရော’



စကားလက်က ကလေးကို ကျပ်နေအောင် ပွေ့ထားသည်။ ကလေးက အသက်ရှူရ ကျပ်ကာ အော်ငိုလျက်ရှိ၏။

ဖေဖေက မေမေ့ကို မင်္ဂလာ လက်ဆောင်ပေးခဲ့သည့် မဟူရာ နားဆွဲကို ချွတ်သည်။ ထိုနောက် စေ့စပ် မင်္ဂလာတွင် ချားလ်က ပေးခဲ့သည့် လုံးချော နီလာ လက်စွပ်ကို ချွတ်ပေးလိုက်သည်။

‘မပစ်ပါနှင့်၊ မပစ်ပါနှင့်၊ ဒီကို ပေးပါ’ တပ်ကြပ်က လက်ကမ်းသည်။ ‘ဒီခွေးသားတွေ တော်လောက်ပြီ၊ ပြီးတော့ကော

ဘာရှိသေးလဲ’

တပ်ကြပ်ကြီး၏ မျက်လုံးက သူ့ ရင်ညွန့်ဆီသို့ ရောက်သွားကြ၏။ စကားလက် မူးမေ့ လဲကျမသွားအောင် မနည်း

သတိထားလိုက်ရသည်။ ကြမ်းတမ်းသည့် လက်ကြီးများက သူ့ရင်အုံကို အတင်း နှိုက်နေသည်။

‘ဒါပဲ၊ ဘာမှ မရှိတော့ဘူး၊ ရှင်တို့စစ်တပ်က ဒီလိုပဲ လူတွေဆီက လုသလား’



‘မင်း ထင်ချင်သလို ထင်ပေါ့’



တပ်ကြပ်ကြီးက ပြစ်ခနဲ တံတွေး ထွေးလိုက်သည်။ စကားလက်က ကလေးကို မတ်မတ်ထောင်ပြီး ချော့သည်။

ကလေး ခါးတောင်းကျိုက်ထဲတွင် ထည့်ထားသည့် သားရေအိတ်ကို အပေါ်က လက်ဖြင့် အုပ်ထား၏။ ကလေးတစ်ယောက် မွေးပေးသည့် မီလာနီကို ကျေးဇူးတင်ရသည်။ သူ့ကလေးတစ်ယောက် မွေးပေးကာ ကလေးကို ခါးတောင်းကျိုက်ကလေး ဝတ်ပေးထားသဖြင့် သူ ဝှက်စရာ နေရာရသည်။

အပေါ်ထပ်မှ စစ်ဖနိ ပ်သံ တဒေါက်ဒေါက်ကို ကြားရ၏။ စားပွဲ ကုလားထုငိ မ်ျားကို ရွှေ့သံ၊ မှနမ်ျား ပန်းကန်ခက်ွယောက်များ

ကွဲကျသံ၊ ဘာမျှ မတွေ့သည့်အတွက် ကျိန်ဆဲသံများကို ကြားရသည်။ ‘ဖမ်းထား၊ ဖမ်းထား၊ မလွတ်ပေ့စေနှင့်၊ ခေါင်းကို ဖြတ်ပစ်’ ဟု အော်သံများ နောက်ဖေးဘက်မှ ပေါ်လာသည်။ တစ်ပြိုင်နက်တည်း ဘဲအော်သံ၊ ကြက်အော်သံ၊ ငန်းအော်သံများကို ကြားရ၏။ ပစ္စတိုသံ တစ်ချက် ကြားရပြီးနောက် ဝက်အော်သံ တိတ်သွားသဖြင့် စကားလက် ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားသည်။ ဧကန္တ ပရဇ္ဇီ ဝက်မကြီးကို ထားပြီး ထွက်ပြေးသွားခြင်း ဖြစ်ရမည်။ ဝက်ကလေးတွေကော လွတ်မှ လွတ်ပါ၏လော မသိ။ ဖေဖေတို့ တစ်သိုက်ကော ကိုင်းတောသို့ ရောက်မှ ရောက်ပါမည်လော မသိ။

စကားလက် ခန်းမဆောင်ထဲတွင် ရပ်နေသည်။ စစ်သားများက အော်ဟစ်လျက်။ ဆဲဆိုလျက်။ သူ့ ဝတ်စုံကို

ဆွဲထားသည့် လက်များက ကျပ်သည်ထက် ကျပ်လာပြီ။ ဝိတ်ကလေး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ သူ့ကို အားပေး စကား မပြောနိုင်။ ယန်ကီတို့ကိုလည်း ကန့်ကွက်သည့် စကား၊ တောင်းပန်သည့် စကား၊ သို့မဟုတ် စိတ်ဆိုးသည့် စကား ဆို၍ တစ်လုံးမျှ မပြောနိုင်။ ဒူး ခွေကျမသွားသည့် အတွက်၊ သူ့ခေါင်းကို သူ မတ်မတ် ထားနိုင်သေးသည့် အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရသည်။ စစ်သားတစ်သိုက် အပေါ်ထပ်မှ ဆင်းလာကာ ခိုးယူ လုယက်လာသည့် ပစ္စည်းများကို

483

သယ်လာကြ၏။ စစ်သားတစ်ယောက် လက်ထဲတွင် ကိုင်လာသည့် ချားလ်၏ ဓားလွယ်ကို မြင်သည့်အခါတွင်မူ စကားလက် အော်လိုက်သည်။

ဤဓားလွယ်က ဝိတ်ကလေး၏ ဓားလွယ်။ သူ့ အဖေနှင့် သူ့အဘိုး ကိုင်ခဲ့သည့် ဓားလွယ်။ ဤဓားလွယ်ကို လွန်ခဲ့သည့်

မွေးနေ့က ဝိတ်ကလေးကို သူ လက်ဆောင်ပေးခဲ့သည်။ ထိုနေ့က မီလာနီက သူ့အစ်ကိုကို အမှတ်ရ၍ ငိုသည်။ သူ့ တူကလေးကို အဖေလို အဘိုးလို စစ်သားကြီး ဖြစ်အောင် ကြိုးစားဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့သည်။ ဝိတ်ကလေးကလည်း ဤဓားလွယ်ကို သဘောကျ၏။ စားပွဲပေါ်သို့ တက်ကာ ချိတ်ထားသည့် ဓားလွယ်ကြီးကို မကြာခဏ ကြည့်တတ်၏။ သူပိုင်ပစ္စည်းများကို ယန်ကီတို့ လုယူကြသည်ကို စကားလက် သည်းခံနိုင်သေးသည်။ သို့ရာတွင် သူ့သား အလွန်နှစ်ခြိုက်သည့် ဤဓားလွယ်ကိုမူ မပေးနိုင်။ စကားလက် အော်သံကြားသည့်အခါတွင် ဝိတ်ကလေးသည် ဝတ်စုံကြားထဲတွင် မျက်နှာကို ဝှက်၍ ပုန်းနေရာမှ ထွက်လာသည်။ လက်ကို လှမ်းရင်း အော်သည်။

‘သားသားဓား ပြန်ပေး၊ သားသားဓား’



‘ဒီဓားကိုတော့ မယူပါနှင့်’



စကားလက်ကလည်း ပြန်တောင်းသည်။



‘မပေးနိုင်ဘူး၊ မပေးနိုင်ဘူး’ ဓားလွယ် ကိုင်ထားသည့် ခပ်ပုပု စစ်သားက ဆိုသည်။ ‘ဒါ သူပုန်ရဲ့ဓား၊ မပေးနိုင်ဘူး’



‘မဟုတ်ပါဘူး၊ မက္ကစီကို စစ်ပွဲတုန်းက ကိုင်ခဲ့တဲ့ ဓားပါ၊ ဒီဓားတော့ မယူပါနှင့်၊ ကျွန်မသားလေး ပစ္စည်းပါ၊ သူ့အဘိုး

ကိုင်ခဲ့တဲ့ ဓားပါ၊ ဒီမှာ ဗိုလ်ကြီး၊ ကျွန်မ သားလေး ဓားကို ပြန်တောင်းပေးပါ’

စကားလက်က

တပ်ကြပ်ကြီးဘက်သို့

လှည့်ပြောသည်။

သူ့ကို

ဗိုလ်ကြီးဟု

ခေါ်သဖြင့်

တပ်ကြပ်ကြီးက

သဘောကျသွားကာ ရှေ့သို့ ထွက်လာသည်။

‘ဟေ့ ရဲဘော်၊ အဲဒီ ဓား ပြစမ်း’



‘အနှောင့်က ရွှေသားနှင့် လုပ်ထားတာ ဆရာ’



တပ်သားက စိတ်မပါ့တပါဖြင့် လှမ်းပေးသည်။ တပ်ကြပ်က လှမ်းယူပြီး နေရောင်ဘက်သို့ လှည့်ကာ ဓားလွယ်

ရွှေအနှောင့်ပေါ်က စာလုံးများကို ဖတ်နေ၏။

‘ဗိုလ်မှူးကြီး ဝီလျံ ဟယ်မီတန်သို့ တဲ့၊ သူရသတ္တိအတွက် စစ်ဦးစီးဌာနချုပ်မှ တဲ့၊ ဗွေနာဗစ်စတာမြို့၊ ၁၈၄၇ ခုနှစ်တဲ့။



‘အမယ် ကျုပ်လည်း ဗွေနာဗစ်စတာက ပြန်လာတာပဲ’



‘ဟုတ်လား’



စကားလက်က အေးအေးစက်စက် ပြော၏။

484



‘အဲဒီ တိုက်ပွဲက တော်တော်ကြီးတဲ့ တိုက်ပွဲ၊ ခု ပြည်တွင်းစစ်မှာ ဗွေနာဗစ်စတာ တိုက်ပွဲလောက် ကြီးတဲ့ တိုက်ပွဲမျိုး

တစ်ပွဲမှ မတွေ့သေးဘူး၊ ဒီဓားက ဒီကလေးလေးရဲ့အဘိုးရဲ့ ဓားပေါ့’

‘ဟုတ်တယ်’



‘ဒါဖြင့် ဒီကလေးလေး ယူပါစေ’ တပ်ကြပ်ကြီးက ပြော၏။ သူ မလိုချင်တော့။ သူ့အဖို့ လက်ဝတ်ရတနာတွေ ရပြီ။



‘အနှောင့်က ရွှေအနှောင့် ဆရာရဲ့’



‘ထားခဲ့ပါ ရဲဘော်ရာ၊ တို့တစ်တွေရဲ့အမှတ်တရ လက်ဆောင်အဖြစ်ပေါ့’



တပ်ကြပ်ကြီးက ပြုံး၍ ပြော၏။ စကားလက်က ဖျတ်ခနဲ လှမ်းယူသည်။ ကျေးဇူးတင်စကားပင် မဆို။ သူ့ပစ္စည်း သူ

ပြန်ပေးသည့် ဤသူခိုးများကို အဘယ့်ကြောင့် ကျေးဇူးတင်နေရမည်နည်း။ စကားလက်က ဓားလွယ်ကို ပိုက်ထားသည်။ စစ်သားများနှင့် တပ်ကြပ်ကြီးတို့ စကားများနေကြ၏။

စစ်သားက မကျေနပ်။ နောက်ဆုံး တပ်ကြပ်ကြီးက အော်ပစ်လိုက်သည့်အခါကျမှ စစ်သားက နောက်ဖေးဘက်သို့

ထွက်သွားသည်။ စကားလက် အလုံးကြီး ကျသွားပြီ။ အိမ်ကို မီးရှို့ဖို့ ပြောသံ မကြားရ။ သူ့ကို နှင်ထုတ်ခြင်း မပြု။ အပြင်ဘက်မှ စစ်သားတွေ တဒုန်းဒုန်း ပြေးဆင်းလာကြသည်။

‘ဘာလဲဟေ့’



တပ်ကြပ်ကြီးက မေး၏။



‘ဝက်မကြီး တစ်ကောင်ရယ်၊ ကြက်တွေရယ်၊ ဘဲတွေရယ် ဆရာ’



‘ပြောင်းဖူးတွေ၊ ပလောပီနံတွေ၊ စားတော်ပဲတွေလည်း ရှိတယ်ဆရာ၊ မြင်းနှင့် ကျွန်တော်တို့ တွေ့လိုက်တဲ့ ကောင်မက

ဝင် သတင်းပေးသွားလို့ ဝှက်ထားတာ ထင်တယ်’

‘ဒါပဲလား ဟေ့’



‘ဒါပဲ ဆရာ၊ ဝက်ကလေးတွေ နည်းနည်းပါးပါး ရှိတယ်၊ ဒီမှာ သိပ် မဟန်ဘူး ဆရာ၊ တော်တော်ကြာ ကျွန်တော်တို့လာတာ

သိလို့ ပစ္စည်းတွေ ဝှက်ထားနှင့်ကြမယ် သွားစို့’

‘အို၊ ကုလားဖုတ်တဲ အောက်ကို မတူးဘူးလား၊ အဲဒီ တဲအောက်မှာ ပစ္စည်းတွေ မြှုပ်ထားတတ်တယ်’



‘ကုလားဖုတ်တဲ မရှိဘူး ဆရာ’



‘အစေခံ တန်းလျားတွေ အောက်ကော တူးမကြည့်ဘူးလား’



‘ဝါတွေ လှောင်ထားတယ် ဆရာ၊ ဒါတွေတော့ မီးရှို့ပစ်ခဲ့ပြီ’

485



သူတို့ တစ်နေကုန် တစ်နေခန်း ဝါခင်းထဲတွင် ခါးကျိုးမတတ် လုပ်ခဲ့ရသည်။ ကျွဲပခုံး ထမတတ် ဝါတောင်းကြီးတွေ

လွယ်ခဲ့ရသည်။ ယခု မရှိတော့။

‘ဘာ သတင်းထူးသလဲ၊ သူပုန်တွေ ဒီနားမှာ ရှိသလား’



‘ဒီနားမှာ ရှင်တို့ စစ်တပ် ဖြတ်သွားတာပဲ’



စကားလက်က အေးစက်စက် ဖြေ၏။



‘ဒါတော့ ဟုတ်တာပေါ့၊ ဒီနားမှာ ကျွန်တော်တို့ ရောက်ဖူးပြီပဲ’ စစ်သားတစ်ယောက်က ဝင်ပြောသည်။ သူ့လက်တွင်

ပစ္စည်းတစ်ခု ကိုင်ထားသည်။ ‘ကျွန်တော် မေ့နေတယ်’

သူ ကိုင်ထားသည့် ပစ္စည်းက အခြား မဟုတ်။ မေမေက အပ်ချုပ်ရာတွင် သုံးသည့် ရွှေအပ်ချုပ် လက်စွပ်ကလေး

ဖြစ်သည်။ ရွှေအပ်ချုပ် လက်စွပ်ကလေးကို မေမေ ဝတ်နေကျ။ ဤပစ္စည်းကို မြင်သည့်အခါတွင် မေမေ၏ ညွတ်ပြောင်းသော လက်ချောင်းများကို စကားလက် အမှတ်ရသည်။ ယခု ညစ်ပတ်ပေရေသည့် လက်ကြမ်းကြမ်းထဲတွင် ရောက်နေပြီ။ မကြာမီ မြောက်ပိုင်းသို့ ပါသွားတော့မည်။ ယန်ကီ မိန်းမတစ်ယောက်၏ လက်သို့ ရောက်နေတော့မည်။ ဪ၊ မေမေ၏ ရွှေအပ်ချုပ် လက်စွပ်ကလေး။

စကားလက် မျက်ရည်တွေ ကျလာသည်။ ယန်ကီစစ်သားတွေ မမြင်အောင် ခေါင်းငုံ့ပစ်လိုက်၏။ မျက်ရည်တွေက

ကလေးငယ်၏ ခေါင်းပေါ်သို့ ကျနေသည်။ စစ်သားတစ်သိုက် အပြင်ဘက်သို့ ထွက်သွားကြသည်ကို မျက်ရည်စမ်းစမ်းကြားမှ မြင်ရ၏။ အသံဆိုးကြီးဖြင့် အမိန့်ပေးသံကို ကြားရသည်။ သူတို့ပြန်ကြတော့မည်။ မြိုင်သာယာသည် မီး မလောင်သေး။ သို့တိုင်အောင် မေမေ့အတွက် စိတ်မကောင်းသဖြင့် ဝမ်းမသာနိုင်။ ဓားလွယ် မြည်သံများနှင့် မြင်းခွာသံများကြောင့် စကားလက် သက်သာရာ ရသွားသည်။ ကြက်၊ ဝက်၊ စောင်၊ ဓာတ်ပုံ၊ အဝတ်အစား စသည့် လုရာပါ ပစ္စည်းမျာကို ယူ၍ ထွက်သွားကြပြီ။

သူ့ နှာခေါင်းတွင် မီးလောင်နံ့ ရသဖြင့် လှည့်ကြည့်သည်။ ဘဲတွေ လှောင်ထားသည့် အဆောက်အဦဘက်မှ မီးခိုးတွေ

အူနေသည်။ ရှိစုမဲ့စု ဝါကလေးတွေ မရှိတော့။ အခွန်တော် စရိတ်ကလေးနှင့် ဆောင်းတွင်းစာ စရိတ်ကလေးတွေ ကုန်ပြီ။ လက်ပိုက်ကြည့်ရုံမှအပ ဘာမျှ မတတ်နိုင်တော့။ ဝါ မီးလောင်သည်ကို သူ မြင်ဖူးသည်။ အလွန် အငြှိမ်းရ ခက်သည့် ပစ္စည်း။ လူတွေ တစ်လှေကြီးဖြင့် ဝိုင်းသတ်သည့်တိုင် ရုတ်တရက် မငြိမ်းနိုင်။ တန်းလျားများက အိမ်နှင့် ဝေးသဖြင့် တော်သေးသည်။ လေငြိမ်နေသဖြင့် တော်သေးသည်။

စကားလက် ရုတ်တရက် လန့်ကာ မီးဖိုဆောင်ဘက်သို့ လှမ်းကြည့်လိုက်၏။ မီးဖိုဆောင်ဘက်မှ မီးခိုးတွေ တလူလူ

ထွက်နေသည်။

အိမ်မကြီးနှင့် မီးဖိုအကူး စင်္ကြံတွင် ကလေးငယ်ကို ချသည်။ ဝတ်စုံကို ဆွဲထားသည့် ဝိတ်ကလေး၏ လက်ကို

ခါချကာ တွန်းပစ်လိုက်သည်။ မီးခိုးတွေ မွှန်နေသည့် မီးဖိုထဲသို့ ပြေးဝင်လာခဲ့၏။ ဒယီးဒယိုင်။ ချောင်း တဟွပ်ဟွပ် ဆိုးလျက်။ မီးခိုးကြောင့် မျက်ရည်တွေ ကျလျက်။ စကားလက် ဝတ်စုံကို မ၍ နှာခေါင်းကို ပိတ်ကာ အတင်း တိုးဝင်ခဲ့သည်။

486



မီးဖိုထဲတွင် မှောင်နေ၏။ ပြတင်းပေါက်ကလေး တစ်ပေါက် ဖွင့်ထားသည့်တိုင် မီးခိုးတွေ လုံးနေသဖြင့် ဘာမျှ မမြင်ရ။

သို့ရာတွင် မီးတောက်များ၏ အသံ၊ တဖျစ်ဖျစ် မြည်သံကို ကြားနေရသည်။ မျက်စိကို လက်ဝါးဖြင့် အုပ်ကာ လက်ချောင်းများ ကြားမှ လှမ်းကြည့်၏။ မီးတောက်က နံရံကို စွဲစ ပြုနေပြီ။ လောင်နေသည့် ထင်းစများကို မီးဖိုထဲမှ ဆွဲထုတ်ခဲ့သဖြင့် ခြောက်သွေ့ ကြွပ်ရွနေသည့် ကြမ်းပြင်တွင်လည်း မီးစွဲနေပြီ။

ထမင်းစားခန်းထဲသို့ ပြန်ပြေးလာကာ ကြမ်းခင်း ကော်ဇော တစ်ချပ်ကို ဆွဲလာခဲ့သည်။ ကုလားထိုင်တွေနှင့်

တိုက်မိသဖြင့် ကုလားထိုင်တွေ လဲကျ ကျန်ရစ်သည်။

‘ငါ တစ်ယောက်တည်း သတ်လို့တော့ ရမှာ မဟုတ်ဘူး၊ လူ ရှိရင်တော့ အကောင်းသား၊ လုပ်ကြပါဦး၊ လောင်တော့မယ်၊

မီးလောင်တော့မယ်၊ တစ်ခုခု အမှတ်တရ ဖြစ်အောင် ပေးခဲ့ရမှာပေါ့လို့ ဟို စစ်သားပြောနေတာ ဒါ ဖြစ်မှာပဲ၊ ဓားလွယ်ကို ပေးလိုက်ရင် အကောင်းသား’

စင်္ကြံတွင် ဓားကို လက်က ပိုက်၍ လဲနေသော ဝိတ်ကလေးကို တွေ့ရသည်။ သူ့မျက်လုံးများက မှိတ်နေသည်။

သူ့မျက်နှာက ငြိမ်းချမ်း ငြိမ်သက်နေသည်။

‘ဟောတော့ သေပြီထင်တယ်၊ လန့်လို့ တက်ပြီး သေပြီထင်တယ်’



စကားလက်

ကယောင်ကတမ်း

တွေးသည်။

သို့ရာတွင်

သားကို

ဂရုမစိုက်မိ။

မီးဖိုဆောင်

တံခါးဝနားက

သောက်ရေအိုးစင်ဆီသို့ ပြေးလာခဲ့၏။

ကော်ဇော အစွန်းကို ဖျန်းကာ မီးခိုးတွေ ဖုံးနေသည့် မီးဖိုခန်းထဲသို့ ဝင်လာသည်။ တံခါးကို ဆောင့်ပိတ်ပစ်ခဲ့၏။ ချောင်း

တဟွပ်ဟွပ် ဆိုးလျက်။ ယိမ်းယိုင်လျက်။ မီးတောက်များကို ရေဆွတ်ထားသည့် ကော်ဇောဖြင့် လိုက်ရိုက်သည်။ သူ့ ဝတ်စုံကို နှစ်ခါ မီးစွဲသည်တွင် လက်ဖြင့် ခြေ၍ ငြှိမ်းပစ်လိုက်သည်။ ပြေကျနေသည့် ဆံပင်က မီးလောင်သည့် အနံ့ထွက်လာသည်။ မီးတောက်များက သူ့ဘေးပတ်ပတ်လည်တွင် ဝိုင်းနေပြီး ပါးပျဉ်းထောင်နေသည့် မြွေကြီးများ သဖွယ် မီးလျှံများသည် ဒေါသကြီးဖြင့် တဟုန်းဟုန်း တောက်နေကြ၏။ အားကုန်နေပြီ။ မူးနောက်နေပြီ။ ဤမီးကို သူ မနိုင်တော့။

ထိုစဉ်

ဝုန်းခနဲ

တံခါး

ပွင့်လာသည်။

မီးတောက်က

တံခါးမှ

အပြင်သို့

ထိုးထွက်လာသည်။

ထိုနောက်

ပြန်ပိတ်သွားပြန်သည်။ ခဏကြာတွင် မီးတောက်တွေကြားမှ ဖြတ်ပြေးလာသည့် မီလာနီကို မီးခိုးတွေ ကြားမှ ခပ်ရေးရေး မြင်လိုက်ရ၏။ မီလာနီက လက်ထဲမှ ပစ္စည်းတစ်ခုဖြင့် မီးတောက်များကို ရိုက်လာသည်။ ပိန်ချုံး ဖြူရော်သော မျက်နှာဖြင့် မီလာနီသည် မီးတောက်များကို ကော်ဇော တစ်ချပ်ဖြင့် ငြှိမ်းသတ်သည်။ ချောင်း တဟွပ်ဟွပ်ဆိုးကာ ဒယီးဒယိုင်ဖြစ်နေသည်။ သူ့မျက်လုံးများကို ရှုံ့၍ မှေးထားသည်။ သူတို့နှစ်ယောက်သည် အချိန်အတော်ကြာမျှ မီးကို ငြှိမ်းသတ်နေကြ၏။ ထို့နောက် မီလာနီက တစ်ချက်အော်ကာ စကားလက်၏ ကျောကို တအားကုန် ရိုက်ချလိုက်သည်။ စကားလက် မီးခိုးတွေထဲတွင် လဲကျသွားသည်။

မျက်စိကို ဖွင့်လိုက်သည့်အခါတွင် နောက်ဖေးဆင်ဝင်တွင် ရောက်နေသည်။ မီလာနီ့ ပေါင်ပေါ်တွင် ခေါင်းအုံး၍

အိပ်လျက်။ ညနေခင်း နေရောင်ခြည်က မျက်နှာပေါ်သို့ ထိုးကျလျက် ရှိ၏။ လက်၊ မျက်နှာနှင့် ခြေထောက်များသည်

487

မီးရှိန်ကြောင့် နာကျင်နေကြသည်။ နောက်ဖေး အစေခံ တန်းလျားဆီမှ မီးခိုးတွေ အူနေဆဲ။ ဝါ မီးလောင်သည့် အနံ့က ညှော်နေသည်။ မီးဖိုဆောင်ဘက်မှ မီးခိုးလိပ်များကို မြင်သဖြင့် စကားလက် ရုတ်တရက်ထသည်။ မီလာနီ၏ ချိုအေးသည့် အသံကြောင့် စကားလက် ပြန်လှဲလိုက်၏။

‘ငြိမ်ငြိမ်နေလေ စကားလက်၊ မီးငြိမ်းသွားပါပြီ’



မျက်လုံးကို မှိတ်၍ အချိန်အတော်ကြာ လှဲနေမိသည်။ သက်ပြင်းကြီး တစ်ချက်ကို ချလိုက်၏။ ကလေးငယ်၏ တဂူးဂူး

ချွဲသံနှင့် ဝိတ်ကလေး၏ ကြို့ထိုးသံကို ကြားရသည်။ ဝိတ်ကလေး မသေသဖြင့် စကာလက် ရင်အေးသွားသည်။ မျက်လုံးကို ဖွင့်၍ မီလာနီ၏ မျက်နှာကို မော့ကြည့်လိုက်၏။ မီလာနီ၏ ဆံစများက မီးလောင်သဖြင့် တွန့်လိမ်နေကြသည်။ မျက်နှာက မှိုင်းတွေ ပေ၍ မည်းနေသည်။ သို့ရာတွင် မျက်လုံးများက တောက်ပကာ မျက်နှာက ပြုံးနေသည်။

‘မီလာနီလည်း ကပ္ပလီမ ဖြစ်နေပြီ’



စကားလက်က မျက်နှာကို မီလာနီ၏ အိစက်သည့် ပေါင်ပေါ်သို့ အပ်ရင်း ပြောလိုက်၏။



‘မင်းကကော၊ ကပ္ပလီဆိုင်းထဲက ဆိုင်းနောက်ထနှင့် တူနေပြီ’



‘နေစမ်းပါဦး၊ စကားလက်ကို ဘာဖြစ်လို့ ရိုက်လိုက်တာလဲ’



‘စကားလက် နောက်ကျောကို မီးစွဲနေပြီလေ၊ စကားလက် မူးရုံ မေ့ရုံလောက် ဖြစ်တာ သိပ်ကံကောင်းတယ်၊

တကယ်က ဒီနေ့ ဖြစ်ပုံက သေဖို့တောင် ကောင်းတာ၊ မီလာနီက ကိုင်းတောထဲမှာ ပစ္စည်းတွေ ဝှက်ပြီးတော့ စကားလက်ကို စိတ်မချလို့ ပြန်လာတာ၊ ယန်ကီတွေက ဘာလုပ်သွားသေးသလဲ’

‘ဘာလဲ၊ ဗလက္ကာရ လုပ်သွားတယ် ထင်လို့လား’ စကားလက်က ထထိုင်သည်။ နာသဖြင့် ညည်းနေသည်။ မီလာနီ၏

ပေါင်ပေါ် ခေါင်းအုံး အိပ်ရသည်က သက်သောင့်သက်သာ ရှိသည့်တိုင် အောက် ကြမ်းခင်းက ကျောနာသည်။ ‘လူသာ ဘာမှ မလုပ်တာ၊ ရှိသမျှတော့ အကုန်ယူသွားကြပြီလေ၊ ဘာမှ မကျန်တော့ဘူး၊ လောကကြီးမှာ နေတောင် မနေချင်တော့ဘူး’

‘ကိုယ်တို့ အချင်းချင်း ကွဲမသွားကြသေးပါဘူး၊ ကလေးတွေလည်း ဘေးမသီ ရန်မခ ရှိနေတယ်၊ ပြီးတော့ ကိုယ်တို့

ခေါင်းပေါ်မှာလည်း အမိုး ရှိပါသေးတယ်၊ ဒီခေတ်မှာ ဒီလောက်ဆိုရင် တော်လောက်ပါပြီ၊ ဟောတော့ သားလေးက သေးပေါက်ပြန်ပြီ ထင်တယ်၊ ကလေး ခါးစည်းတဲ့ ခါးတောင်းကျိုက် ကလေးတွေတောင် မချန်ဘူး၊ ယူသွားလိုက်ကြတာ၊ ဟင် ကလေး ခါးတောင်းကျိုက်ထဲမှာ ဘာတွေလဲ’

မီလာနီက အလန့်တကြားဖြင့် နောက် ကျောဘက် ခါးတောင်းကျိုက်ထဲသို့ လက်နှိုက်၍ စမ်း၏။ သားရေအတ်ကို

ဆွဲထုတ်သည်။ တစ်ခါမျှ မမြင်ဖူးသည့် အထူးအဆန်း တစ်ခုသဖွယ် ကြည့်ပြီးနောက် အားရပါးရ ရယ်နေသည်။

‘ကြံကြံဖန်ဖန်ကွယ်၊ စကားလက်မို့လို့ စိတ်ကူးရတယ်’ မီလာနီက စကားလက်ကို ဖက်၍ တစ်ချက် နမ်းလိုက်သည်။

‘မင်းဟာ ကိုယ် တွေ့ခဲ့ဖူးတဲ့ မိန်းမတွေထဲမှာ တော်တော်လည်း ဒူပေ နာပေ ခံနိုင်တဲ့ မိန်းမ’

488



စကားလက်က သူ ဖက်ထားသည့်အတိုင်း လိုက် မှေးနေလိုက်သည်။ ရုန်းရန် အင်အား မရှိသောကြောင့်လည်း

ဖြစ်သည်။ သူ့ကို ချီးကျူးသဖြင့် သူ့စိတ်ဓာတ်ကို အေးမြ သက်သာစေသောကြောင့်လည်း ဖြစ်သည်။ အကျဉ်းထဲ အကျပ်ထဲတွင် သူ့ကို ကူညီခဲ့သည့် သူ့ ယောက်မကို ပို၍ လေးစားလာခြင်း၊ ဒိုးတူပေါင်ဖက် စိတ်ထားမျိုး ပေါ်ပေါက်လာခြင်းကြောင့်လည်း ဖြစ်သည်။

‘ငါ့ သဘောထားကို သူ့ ပြောပြရဦးမယ်၊ ဟုတ်တယ်၊ မီလာနီဟာ အရေးရှိရင် အကူအညီ ရောက်လာတာချည်းပဲ’



စကားလက် စိတ်ထဲက တွေး၍ သူ့ကို အားကျနေသည်။

489

၂၈



နှင်းခါးများ ကျလာသည်နှင့် တစ်ပြိုင်နက် ရာသီဥတုက ရုတ်တရက် အေးလာသည်။ အပြင်ဘက်တွင် လေသည်

အေးစိမ့်လျက် ရှိ၏။ ပြတင်း မှန်များသည် လေတိုးသဖြင့် တထပ်ထပ် မြည်နေကြသည်။ အရိုး ပြိုင်းပြိုင်း သစ်ပင်များမှ နောက်ဆုံး သစ်ရွက်တို့ ကြွေကျကြပြီ။ ထင်းရှူးပင်များသာ ခြုံလွှာစိမ်းစိမ်းကို ခြုံ၍ ကျန်ရစ်ခဲ့ကြသည်။ အုံ့မှိုင်း ဖျော့တော့သော ကောင်းကင် နောက်ခံတွင် မည်းမည်းရိပ်ရိပ် ပေါ်နေသည်။ လှည်းဘီးရာတွေ ထင်နေသည့် ဂျော်ဂျီယာ ပြည်နယ်က မြေနီ ရဲရဲပေါ်တွင် ရေခဲစပြုပြီ။ ငတ်မွတ်ခြင်းသည် ဆောင်းလေဟုန် စီးကာ ဂျော်ဂျီယာပြည်နယ်သို့ ရောက်လာသည်။

မေမေကြီး ဖွန်တိန်နှင့် ပြောခဲ့သည့် စကားများကို စကားလက် အမှတ်ရသည်။ လွန်ခဲ့သည့် နှစ်လ တစ်ညနေက

သူ့ ဘဝတွင် အဆိုးဆုံးကို ရင်ဆိုင်ခဲ့ရပြီး ပြီဟု မေမေကြီးကို ပြောခဲ့ဖူးသည်။ ယခုမူ သူ့ စကားသည် ကျောင်းသူကလေး တစ်ယောက်၏ ကြွားလုံး သဖွယ် ဖြစ်နေပြီ။ ဗိုလ်ချုပ် ရှားမင်း၏ ယန်ကီ တပ်သားများ မြိုင်သာယာသို့ ဒုတိယ အကြိမ် ရောက်မလာမီ အထိ စကားလက်တွင် စားစရာ ရှိသေးသည်။ ငွေလေး နည်းနည်းပါးပါး ရှိသေးသည်။ အားကိုးစရာ အိမ်နီးနားချင်းတွေ ရှိသေးသည်။ နောက်နှစ် အထိ သုံးစွဲနိုင်အောင် ဝါကလေး နည်းနည်းပါးပါး ရှိသေးသည်။ ယခု ဝါလည်း မရှိတော့။ ရိက္ခာလည်း မရှိတော့။ အိမ်နီးနားချင်းများလည်း သူ့ထက် အခြေအနေ ဆိုးကုန်ကြပြီ။ သူက နွားမကြီးနှင့် နွားကလေး တစ်ကောင် ရှိသေးသည်။ ဝက်ကလေး အချို့နှင့် မြင်းတစ်ကောင် ရှိသေးသည်။ အိမ်နီးနားချင်းတွင်မူ တောထဲက ဝှက်ထားသည့် ပစ္စည်းကလေး အနည်းငယ်နှင့် မြေကြီးထဲ မြှုပ်ထားသည့် ပစ္စည်းကလေး အနည်းငယ်သာ ကျန်တော့သည်။

တာလက်တန် မိသားစုတို့၏ သာယာကုန်း ယာတောနှင့် အိမ်မှာ ပြာပုံ ဖြစ်နေပြီ။ အိမ် ဆိုလျှင် အုတ်ခုံသာ

ကျန်တော့သည်။ မစ္စက် တာလက်တန်နှင့် သမီး လေးယောက်မှာ ယာသူကြီး အိမ်တွင် ကပ်နေကြ ရသည်။ မေတ္တာသုခ တောအနီးက

မွန်ရိုးတို့

အိမ်လည်း

ပြာကျသွားသည်။

ရွေးကြီးပင်စု

ယာတောက

သစ်သား

အဆောင်ကြီးလည်း

ပြာကျသွားသည်။ ကော်ဇောတွေကို ရေဆွတ်၍ သက်စွန့် ကြိုးပမ်း မီးသတ်ကြသဖြင့် အုတ်တိုက်ကြီးသာ ကျန်ရစ်ခဲ့သည်။ ကားလ်ဗတ်တို့ အိမ်ကမူ ယန်ကီ စာရင်းဒိုင်က မေတ္တာရပ်ခံသဖြင့် မီးဘေးက လွတ်သွားသည်။ သို့ရာတွင် ရိက္ခာများကမူ ပြောင်တလင်း ခါသွားသည်။ ကြက်တစ်ကောင်၊ ပြောင်းတစ်ဖူးပင် မကျန်တော့။

မြိုင်သာယာနှင့် ထိုနယ် တစ်ဝိုက်က ပြဿနာမှာ ရိက္ခာ ပြဿနာ ဖြစ်သည်။ ပလောပီနံဥ၊ စားတော်ပဲခြောက်နှင့်

တောထဲက ဖမ်းရသည့် ကြက်ကလေး၊ ငှက်ကလေးလောက်ကိုသာ အားထားရသည်။ ယခင်က ကဲ့သို့ပင် ရှိသမျှလေးကို အိမ်နားနီးချင်းများအား ခွဲဝေ ပေးကြသည်။ သို့ရာတွင် ကြာကြာ မပေးနိုင်။ ကိုယ့် အတွက်ပင် ကိုယ် မနည်း ကြံဖန်နေရသည့် အခြေသို့ ရောက်လာသည်။

မြိုင်သာယာတွင်မူ ပေါ့ တောလိုက် ထွက်၍ ကံကောင်းသည့် နေ့များ၌ ယုန်ကလေးအစ စွေ့ကလေး အစ စားရသည်။

နွားနို့၊ သစ်အယ်သီး၊ ပလောပီနံဥနှင့် ဝက်သစ်ချသီး ခြောက်လေးကို ရက်ခြား စားနိုင်သေးသည်။ အားလုံး ငတ်နေကြသည်။ စကားလက် အမြင်တွင်မူ အိမ်ရှိ လူကုန် သူ့ကို လက်ဖြန့်ခံ၍ တောင်းနေကြသည်ဟု ထင်၏။ ဤသည်ကို မြင်ရလေလေ

490

စကားလက် စိတ်မကောင်းလေလေ ဖြစ်ရသည်။ သူလည်း သူတို့နည်းတူ ဆာလောင် မွတ်သိပ် နေသည် မဟုတ်လော။

နွားမကြီး နို့က နွားကလေး အတွက်ပင် မလောက်။ ထို့ကြောင့် စကားလက် နွားကလေးကို အသတ်ခိုင်းသည်။

ထိုနေ့ညက နွားကလေးသားတွေ အစား များသွားသဖြင့် တစ်အိမ်လုံး မအီမသာ ဖြစ်ကြသေးသည်။ ဝက်ကလေးတွေကို စားချင်သည်မှာ ကြာပြီ။ သို့ရာတွင် ကြီးလာအောင် စောင့်မည်ဟု နေ့ရွှေ့ ညရွှေ့ လုပ်ခဲ့သည်။ ဝက်ကလေးတွေက ငယ်သေးသည်။ ယခုမှ စားခွက်နှိုက် အရွယ်ကလေးတွေ ရှိသေးသည်။ ဤအရွယ်တွင် ပေါ်စား၍ အရွယ်ကလေးတွေ ရှိသေးသည်။ ဤအရွယ်တွင် ပေါ်စား၍ ဘာမျှ မဖြစ်လောက်။ အနည်းငယ် ကြီးမှ ဆိုလျှင် ကောင်းကောင်း စားနိုင်သည်။ ပေါ့ကို ယန်ကီ ငွေစက္ကူ ပေးပြီး မြင်းနှင့် လွှတ်၍ ပစ္စည်း ဝယ်ခိုင်းရန် စိတ်ကူးရသည်။ ထို့ကြောင့် ဤကိစ္စကို ညတိုင်း မီလာနီနှင့် ဆွေးနွေးသည်။ သို့ရာတွင် မြင်းကို လမ်းတွင် ဆီးသိမ်းခံရမည့် အန္တရာယ်၊ ယန်ကီ ပိုက်ဆံတွေကို အသိမ်းခံရမည့် အန္တရာယ်က ရှိနေသဖြင့် မလွှတ်ရဲ။ ယန်ကီတပ်တွေ မည်သည့် နေရာတွင် ရောက်နေသည်ကိုလည်း မသိကြ။ မိုင် တစ်ထောင် အကွာတွင်လည်း ရှိနိုင်သည်။ ချောင်း တစ်ဖက်ကမ်းတွင်လည်း ရှိနိုင်သည်။ တစ်ခါတွင်မူ စကားလက် ကိုယ်တိုင် မြင်းဖြင့် ထွက်၍ ရိက္ခာ ရှာမည် ပြုသည်။ သို့ရာတွင် တစ်အိမ်လုံးက ဝိုင်း၍ တားသဖြင့် မသွားဖြစ်တော့။

ပေါ့က ရိက္ခာ ထွက်ရှာသည်။ တစ်ခါတစ်ရံတွင် တစ်ညလုံး ပြန်မလာ။ နောက်တစ်နေ့ မိုးလင်းမှ ရောက်လာတတ်သည်။

မည်သည့် နေရာသို့ သွားရှာသည်ကို စကားလက်ကလည်း မမေး။ တစ်ခါတစ်ရံတွင် တောကောင်ကလေးတွေ ရလာသည်။ တစ်ခါ တစ်ရံတွင် ပြောင်းဖူးတွေ ပါလာသည်။ တစ်ခါတစ်ရံတွင် စားတော်ပဲခြောက် တစ်အိတ်လောက် ဆွဲလာ၏။ တစ်ခါတွင်မူ ကြက်ဖကြီး တစ်ကောင် ရလာသည်။ တောထဲက ရလာခြင်း ဖြစ်သည်ဟု ပေါ့က ပြောသည်။ အားလုံး မြိန်ရေရှက်ရေ စားကြသည့်တိုင်

စိတ်မသန့်လှ။

တစ်နေရာရာမှ

ခိုးလာခြင်း

ဖြစ်ကြောင်း

အားလုံး

သိကြသည်။

ပြောင်းဖူးများနှင့်

စားတော်ပဲခြောက် များကိုလည်း ပေါ့ ခိုးလာခဲ့သည် မဟုတ်လော။ တစ်ညတွင် တော်တော် ညဥ့်နက်မှ ပြန်လာကာ စကားလက်၏ အခန်းတံခါးကို လာခေါက်၏။ စရိတ်ကျည် ထိသဖြင့် ကျည်စရာတွေ ပွစာကျဲနေသည့် သူ့ ခြေထောက်ကို လှန်ပြသည်။ စကားလက် ဆေးထည့်ပြီး ပတ်တီး စည်းပေးသည်။ ဖာယက်တီဗီးလ်က ကြက်ခြံ တစ်ခြံသို့ ဝင်အဆွဲတွင် မိသွားသဖြင့် သေနတ်နှင့် လှမ်းပစ်ကြောင်း ပြောပြသည်။ မည်သူ့ ကြက်ခြံနည်းဟု စကားလက် မမေး။ မျက်ရည်တွေ ဝဲလျက်ဖြင့် ပေါ့၏ ပခုံးကို အသာ ပုတ်သည်။ ကပ္ပလီများသည် တစ်ခါတစ်ရံ စိတ်တိုစရာ ကောင်းသည်။ ပျင်းသည်။ ထုံထိုင်းသည်။ သို့ရာတွင် သစ္စာ ရှိသည်။ ဤအရာကိုမူ ငွေဖြင့် ပေးဝယ်၍ မရနိုင်။ ကိုယ့်သခင်ကို အလွန် သံယောဇဉ် ကြီးသည်။ သခင် အတွက် အသက်ကိုပင် စွန့်ကြသည်။

ယခင်ကသာ ဆိုလျှင် ပေါ့ ဤသို့ ခိုးဝှက်နေခြင်းသည် ဧရာမ ကျူးလွန်မှုကြီး ဖြစ်နေလိမ့်မည်။ ကြိမ်ဖြင့်ပင် ရိုက်၍

ဒဏ်ပေးကောင်း ပေးလိမ့်မည်။ ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်းမောင်လိမ့်မည်။ `ကပ္ပလီတွေ အနေအထိုင် ချောင်လည်ဖို့ သူတို့ စိတ်ဓာတ် မြင့်မားဖို့ တို့မှာ တာဝန် ရှိတယ်၊ သူတို့ဟာ ကလေးတွေနှင့် အတူတူပဲ၊ ကလေးတွေကို အန္တရာယ်က ကာကွယ် ပေးသလို သူတို့ကိုလည်း သူတို့ ကိုယ်တွင်းက လာတဲ့ အန္တရာယ်က ကာကွယ်ပေးရမယ်၊ ဒီတော့ သမီးတို့က စံပြဖြစ်အောင် နေပြရမယ်’ ဟု မေမေက ပြောဖူးသည်။

ယခုမူ မေမေ၏ အဆုံးအမကို စကားလက် မေ့ထားလိုက်ပြီ။ ခိုးဝှက်ခြင်းကို သူ အားပေးနေရပြီ။ သူ့ထက် အခြေအနေ

ဆိုးသူများထံမှ ခိုးနေသည်ကိုပင် အားပေးနေပြီ။ သို့ရာတွင် စကားလက် စိတ်တွင် ဤ ကိစ္စ အတွက် ဘာမျှ ဝန်လေးခြင်း

491

မဖြစ်။ သေနတ်ပစ် ခံရသဖြင့်မူ စကားလက် စိတ်မကောင်း။

`သတိလေး ဘာလေး ထားမှပေါ့ အဘိုးကြီးရယ်၊ စကားလက်တို့မှာ အဘိုးကြီး မရှိရင် မဖြစ်ဘူး၊ အဘိုးကြီး မရှိရင်

ဘယ်လိုလုပ် နေထိုင် စားသောက်ကြရမှာလဲ၊ အဘိုးကြီး ကျေးဇူးတွေ စကားလက်တို့ အပေါ်မှာ အများကြီး ရှိပါတယ်၊ စကားလက်တို့ ချောင်လည်လာရင် အဘိုးကြီးကို ရွှေနာရီ တစ်လုံး ဝယ်ပေးရမယ်၊ ကောင်းမွန် သစ္စာရှိသော တပည့်သည် ကောင်းစွာ လုပ်ကျွေး ပြုစု၏ ဆိုတဲ့ သမ္မာကျမ်းစာထဲက စာပိုဒ်ကို နာရီ နောက်ကျောမှာ ထွင်းပေးရမယ်’

ပေါ့က ကျေနပ်စွာ ပြုံးကာ သူ့ ဒဏ်ရာကို ပတ်တီးပေါ်မှ အုပ်၍ ခပ်ဖွဖွ ကုတ်သည်။



`ကောင်းတာပေါ့ မလေးရဲ့၊ မလေးတို့ကော ဘယ်တော့လောက်များ ချောင်ချောင်လည်လည် ရှိမယ် ထင်သလဲ’



`ဒါတော့

စကားလက်

မပြောတတ်သေးဘူး

အဘိုးကြီး၊

ဒါပေမယ့်

တစ်နေ့နေ့မှာ

တစ်နည်းနည်းနှင့်တော့

ဖြစ်လာရမှာပေါ့၊ ပြည်တွင်းစစ်ကြီး ပြီးသွားတဲ့ တစ်နေ့ကျရင် စကားလက်တို့ ချောင်လည်မှာပါ၊ ငတ်တာတွေ အအေးဒဏ် ခံရတာတွေ ရှိတော့မှာ မဟုတ်တော့ပါဘူး၊ အဝတ်အစား ကောင်းကောင်း ဝတ်ပြီး ကြက်သားဟင်းနှင့် နေ့တိုင်း ထမင်း စားရတော့မှာပါ၊ ပြီးတော့’

စကားလက်က ရပ်လိုက်၏။ မြိုင်သာယာတွင် စည်းကမ်း တစ်ခု ရှိသည်။ သူ ကိုယ်တိုင် ချမှတ်ထားကာ လူတိုင်းကို

လိုက်နာရန် ပြောထားသည့် စည်းကမ်း ဖြစ်၏။ ရှေးတုန်းက စားခဲ့ရသည့် စားကောင်း သောက်ဖွယ်များ အကြောင်းကို မပြောရ။ မည်သည့် စားကောင်း သောက်ဖွယ်မျိုးကို စားချင်သည်ဟု မတောင့်တရ ဆိုသည့် စည်းကမ်း ဖြစ်သည်။

စကားလက်က မျက်နှာ မှုန်မှုန်ဖြင့် ငေးကြည့် နေ၏။ ပေါ့က သူ့ သခင်မ အကြောင်းကို သိသဖြင့် အသာ

ထွက်လာခဲ့သည်။ ယခင် ခေတ်ကောင်းစဉ်တုန်းက စကားလက်၏ ဘဝသည် ရှုပ်ထွေးသည်။ ကိစ္စ မြားမြောင်သည်။ အက်ရှလေကို တိတ်တိတ်ပုန်း ချစ်ရ၊ သူ့ အချစ်ကို ပြန်မျှော်လင့်ရ၊ သူ့ကို ဝိုင်းဝိုင်းလည်နေသည့် ပိုးပန်းသူများ အကြားတွင် ရှောင်ရတိမ်းရသဖြင့် ရင်မောသည်။ တစ်ခုခု အမှား လုပ်မိလျှင် လူကြီးတွေ မသိအောင် ဖုံးရဖိရသည်။ မနာလိုသည့် ပြိုင်ဘက်တွေက အမနာပ အပြော မခံရအောင် အနေအထိုင် ဆင်ခြင် ရသည်။ အဝတ်အစား အသွေးအရောင်၊ ပုံပန်းသဏ္ဌာန် ရွေးရသည်။ ဆံပင်ပုံ အမျိုးမျိုး ပြင်ရသည်။ ပြဿနာတွေ စုံနေသည်။ ယခု ဤသို့ မဟုတ်တော့။ သူ့ဘဝက ရိုးရိုးစင်းစင်း။ ထိုအရာတွေ အရေးမကြီးတော့။ အရေးကြီးသည်မှာ မငတ်အောင် စားရေရိက္ခာ ရှာဖို့၊ အအေးဒဏ်ကို ကာကွယ်နိုင်အောင် အဝတ်အစား ရဖို့ မိုးမယိုသည့် အမိုးကလေး တစ်ခု ရဖို့လောက်သာ ရှိတော့သည်။

ထိုရက်များ အတွင်းတွင် စကားလက်သည် ခြောက်အိပ်မက်တွေကိုချည်း မက်နေသည်။ တစ်ခါ မဟုတ်၊ ခဏ

ခဏ မက်ခြင်း ဖြစ်သည်။ တစ်ရေးနိုးသည့် အခါတွင်ပင် ထိုခြောက်အိပ်မက်သည် သူ့ခေါင်းထဲသို့ ဝင်လာကာ သူ့ကို ခြောက်လှန့်နေသည်။ အိပ်မက်ကို ပြန်တွေးတိုင်းလည်း ပို၍ ပို၍ ကြောက်လာသည်။

ဤသို့ သောက ဖြစ်ခဲ့ရသည်များကို ကြီးလာသည့်တိုင် စကားလက် မမေ့နိုင်။ ထို အိပ်မက်ကို မက်သဖြင့်

အထိတ်တလန့် ဖြစ်ခဲ့ရသည့် နေ့ကို စကားလက် မှတ်မိသေးသည်။

ထိုနေ့က မိုးစွေနေသည်။ လေကလည်း စိမ့်နေအောင် အေးသည်။ မီးဖိုထဲက ထင်းများကလည်း စိုနေသဖြင့်

492

မီးမတောက်။ အပူ မရ။ မီးခိုးတွေသာ အူနေသည်။ နံနက် လင်းကတည်းက တစ်ယောက်ကို နွားနို့ တစ်ခွက်စီသာ သောက်ရသေးသည်။ ဘာမျှ မစားရသေး။ ပလောပီနံ ဥကလည်း ကုန်ပြီ။ ပေါ့၏ ပိုက်ကွန်များနှင့် ညွှတ်ကွင်းများကလည်း ဘာမျှ မရ။ မနက်ဖြန် အတွက် စားစရာ မရှိတော့။ ဝက်ကလေး တစ်ကောင် ပေါ်ရတော့မည်။ ဆာလောင် မွတ်သိပ်နေသည့် အိမ်သားများ၏ မျက်နှာများသည် သူ့ကို ကြည့်နေကြ၏။ တိတ်ဆိတ်စွာ အစာ တောင်းနေကြခြင်း ဖြစ်သည်။ ပေါ့ကို မြင်းဖြင့် လွှတ်၍ ရိက္ခာ ရှာခိုင်းရတော့မည်။ ထိုအထဲတွင် ဝိတ်ကလေးက လည်ချောင်းတွေ ကွဲကာ အပြင်းဖျားနေသည်။ သူ့အတွက် ဆရာဝန်လည်း မရှိ။ ဆေးလည်း မရှိ။

စကားလက် လူမမာ စောင့်ကြည့်ရသည်မှာ ပင်ပန်းနေသည်။ ဆာလည်း ဆာလှပြီ။ ထို့ကြောင့် မီလာနီကို စောင့်ခိုင်း

ပစ်ခဲ့ပြီးနောက် အိပ်ရာပေါ် လှဲကာ တစ်ရေးမှေးသည်။ သူ့ ခြေထောက်များက ရေခဲတုံး ကဲ့သို့ အေးစက်နေသည်။ ကိုယ်ကို လှည့်ရင်း စောင်းရင်းဖြင့် ကြိုးစား၍ အိပ်သည့်တိုင် အိပ်မပျော်။ စိတ်ပျက်ခြင်း၊ ထိတ်လန့်ခြင်းက ဖိစီးနေသည်။ `ငါ ဘာလုပ်ရမလဲ၊ ဘယ်ကို သွားရမလဲ၊ လောကကြီးမှာ ငါ့ကို ကူညီမယ့်လူ တစ်ယောက်မှ မရှိတော့ဘူးလား’ ဟု တွေးမိသည်။ လောကကြီးတွင် လုံခြုံမှု ဆိုသည်မှာ အဘယ်မှာ ရှိသနည်း။ ခွန်အား ကောင်း၍ ဉာဏ် အမြော်အမြင် ရှိသူ၊ သူ့ ပခုံးပေါ်မှ ဝန်ထုပ် ဝန်ပိုးကို ချပေးမည့်သူ ဟူ၍ မရှိတော့ပြီလော။ ဤဝန်များကို သူ မထမ်းနိုင်။ ထမ်းနိုင်သည့် အားမရှိ။ မည်သို့ ထမ်းရမည်ကိုလည်း သူ မသိ။ ဤသို့ဖြင့် မှေးခနဲ အိပ်ပျော်သွားသည်။

သူ မရောက်ဖူးသည့် တောကြီး တစ်ခုထဲသို့ ရောက်သွားသည်။ နှင်းတွေက ဝေနေသည်။ ဘာကိုမျှ မမြင်ရ။

သူ့ ခြေထောက် အောက်က မြေကြီးကလည်း မြေမာ မဟုတ်။ မြေပျော့တွေ။ မကြာခဏ ကျွံကျွံ ကျနေသည်။ တောကြီး တစ်ခုလုံး ကြောက်ဖွယ် တိတ်ဆိတ်လျက် ရှိ၏။ တောထဲတွင် မျက်စိလည်ကာ လမ်းစ ပျောက်နေသည်။ ညအမှောင်ထဲတွင် ရောက်နေသည့် ကလေးငယ် တစ်ယောက်လို ထိတ်လန့်နေသည်။ ဆာလည်း ဆာနေသည်။ ချမ်းလည်း ချမ်းလှပြီ။ စကားလက် ကြောက်ကြောက်ဖြင့် အော်သည်။ သို့ရာတွင် အသံ မထွက်။ နှင်းမှုန်ထဲမှ လက်ကြီးတွေ ထွက်လာကာ သူ့ကို ဝိုင်းဆွဲကြသည်။ အောက်က မြေပျော့ပျော့ ကျင်းကြီးထဲသို့ သူ့ကို တွန်းချနေကြသည်။ ဆွဲချနေ ကြသည်။ သူ့ အနီးတွင် ခိုလှုံရာ၊ အားကိုးရာ၊ နားနေရာ၊ နွေးထွေးရာ နေရာ တစ်ခုခုမူ ရှိရမည်။ သို့ရာတွင် ထိုနေရာသည် အဘယ်မှာနည်း။ သူ့ကို တစ္ဆေ လက်ကြီးများက နွံထဲသို့ ဆွဲမနှစ်မီ ထိုခိုကိုးရာ၊ နားနေရာသို့ ရောက်နိုင်ပါဦးမည်လော။

စကားလက် တောထဲတွင် တအား ပြေးလာခဲ့သည်။ ငိုသည်။ အော်သည်။ လက်ကို ဆန့်တန်း၍ ပြောသည်။

သို့ရာတွင် မည်သူ့ကိုမျှ မတွေ့။ လေထုကြီးနှင့် စိုစွတ်သည့် နှင်းထုကြီးကိုသာ တွေ့ရ၏။ ခိုလှုံရာ အဘယ်မှာနည်း။ ယခုတိုင် အဘယ့်ကြောင့် ရှောင်ပုန်း နေရသနည်း။ ထိုနေရာသို့ ရောက်လျှင် သူ့ အတွက် လုံခြုံပြီ။ သို့ရာတွင် သူ့ ခြေထောက်များက ပျော့ခွေ နေကြပြီ။ အားကုန် နေကြပြီ။ ဆာလောင်သဖြင့် မူးဝေနေပြီ။ စကားလက် ကြောက်အား လန့်အားဖြင့် တအား အော်သည်။ လန့်နိုး လာသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါတွင် မီလာနီ၏ စိုးရိမ် ပူပန်သော မျက်နှာကို မြင်ရ၏။ မီလာနီက သူ့ကို လှုပ်၍ နှိုးနေသည်။

ထိုအိပ်မက်ကို စကားလက် မကြာမကြာ မက်သည်။ ဆာဆာဖြင့် အိပ်သည့် အခါတိုင်း မက်သည်။ ကြာသည့်

အခါတွင်မူ အိပ်ရမည်ကိုပင် ကြောက်နေပြီ။ အိပ်မက် ဆိုသည်မှာ ဘာမျှ ကြောက်စရာ မရှိဟု အားတင်းသည့်တိုင် အိပ်မက်ကို ကြောက်နေသည်။ စကားလက်သည် စိုးရိမ်စိတ်ဖြင့် တစ်နေ့ တခြား ပိန်ချုံး ဖြူရော်လာ၏။ သူ့ မျက်နှာ လှလှ ဝိုင်းဝိုင်းကလေး

493

မရှိတော့။ ပါးရိုးတွေ ပေါ်နေပြီ။ ခပ်စွေစွေ ခပ်စိမ်းစိမ်း မျက်လုံးများက ပို၍ ပြူးကျယ်လာသည် ထင်ရ၏။ ဆာလောင်သဖြင့် အစာ ချောင်းနေသည့် ကြောင်မ တစ်ကောင်နှင့် တူနေသည်။

`အိပ်မက် မမက်ဘဲနှင့်တောင် ငါ့ ဘဝဟာ ခြောက်အိပ်မက်နှင့် တူနေပြီ’ ဟု စကားလက် တွေးကာ ညတွင် ခြောက်

အိပ်မက် မမက်အောင် တစ်နေ့စာ အစားအသောက်ကို စု၍ အိပ်ရာ ဝင်ခါနီးမှ စားရသည်။

နာတာလူးပွဲတော် မတိုင်မီတွင် ဖရင့် ကင်နဒီသည် တပ်ထောက်ရုံးမှ တပ်စုကလေး တစ်စုနှင့် အတူ မြိုင်သာယာသို့

ရောက်လာ၏။ စစ်တပ် အတွက် ရိက္ခာနှင့် မြင်းများ ရှာရန် ဖြစ်သည်။ ၎င်းတို့ အားလုံးမှာ စုတ်ပြတ်ကာ သူခိုး ဓားပြများနှင့် တူနေသည်။ စီးလာသည့် မြင်းများကလည်း အကျိုးအပဲ့၊ အပိန်အချုံးတွေ။ သုံးဖို့ မကောင်းတော့။ မြင်းများကဲ့သို့ပင် စစ်သားများကလည်း ရှေ့တန်း စစ်မျက်နှာမှ ပြန်ပို့ထားသည့် လူနာများ ဖြစ်ကြသည်။ ဖရင့် တစ်ယောက်မှအပ ကျန် စစ်သားများမှာ လက်တစ်ဖက် ပြတ်သူ၊ မျက်လုံး တစ်ဖက်လပ်သူ၊ ဒူးနာ၍ ခြေထောက်ကြီး တန်းနေသူ စသည်များ ဖြစ်သည်။ ၎င်းတို့ အများစုမှာ ဖမ်းမိသော ယန်ကီများ၏ အပြာရောင် အပေါ်ရုံ အင်္ကျီကြီးများကို ဝတ်ထားကြ၏။ မြိုင်သာယာမှ လူများကမူ ဗိုလ်ချုပ် ရှားမင်း၏ ယန်ကီ တပ်သားများ ပြန်လာကြပြီ အထင်ဖြင့် အထိတ်တလန့် ဖြစ်လိုက်ကြရသေးသည်။

ဖရင့်တို့ တပ်စုသည် မြိုင်သာယာတွင် တစ်ည အိပ်သွားကြ၏။ ဧည့်ခန်းဆောင်ထဲက ကြမ်းပြင်တွင် အိပ်ကြသည်။

ကြမ်းခင်း ကော်ဇောပေါ်တွင် ခြေပစ် လက်ပစ် အိပ်ရသဖြင့် စည်းစိမ် တွေ့နေကြသည်။ အမိုး တစ်မိုး အောက်တွင် လည်းကောင်း၊ မြေကြီးပေါ်က သစ်ရွက်ခြောက်များထက် နူးညံ့သည့် အိပ်ရာထက်တွင် လည်းကောင်း မအိပ်ခဲ့ရသည်မှာ ကြာလှပြီ။ မုတ်ဆိတ်မွေးတွေက ညစ်ပတ်ကာ အဝတ်အစားတွေ စုတ်ပြတ်နေသည့်တိုင် စစ်သားများက မိကောင်းဖခင် သားသမီးများ ဖြစ်ကြ၏။ ရယ်စရာ မောစရာ ပြောသည့်တိုင် ကြမ်းတမ်း ရုန့်ရင်းသော စကားများကို ရှောင်ကြ၏။ ယဉ်ကျေး သိမ်မွေ့ကြ၏။ မိန်းမချောကလေးများ ရှိသည့် အိမ်ကြီး တစ်အိမ်တွင် နာတာလူး ပွဲတော် အကြိုနေ့ ညကို ကုန်ဆုံးရသည့် အတွက် ပျော်နေကြသည်။ ပြည်တွင်းစစ် အကြောင်းကိုလည်း မပြောကြတော့။ မိန်းကလေးတွေ ရယ်ရအောင် ရယ်စရာ မောစရာများကိုသာ ပြောကြသည်။ ဟာလာဟင်းလင်း ဖြစ်၍ လုယက် ဖျက်ဆီးခြင်း ခံထားရသော မြိုင်သာယာတွင် နှစ်ပေါင်း များစွာ တိတ်ဆိတ် ခြောက်သွေ့ နေရာမှ ပထမဆုံး စိုပြည် လန်းဆန်းလာခြင်း၊ ပထမဆုံး ရွှင်ပြုံးစရာ အရိပ်အယောင် သမ်းလာခြင်း ဖြစ်သည်။

`ဟိုခေတ်တုန်းက ဧည့်ခံပွဲတွေ ဘာတွေ လုပ်တာကို သတိရလိုက်တာနော် မကြီး’



ဆွီလင်က စကားလက်ကို ခပ်တိုးတိုးကလေး ပြော၏။ ဆွီလင်ကား သူ့အဆက် ဖရင့် ရောက်လာသဖြင့် ဝမ်းသာ၍

မဆုံးတော့။ သူ့ မျက်လုံးများက ဖရင့်ကိုသာ မျက်ခြည်မပြတ် ကြည့်နေကြသည်။ ဆွီလင်သည် အူရောင် ငန်းဖျား ရောဂါ ဖြစ်ပြီး ကတည်းက ပိန်ချုံးလျက် ရှိသော်လည်း ယခု တစ်ဖန် မြင်လိုက်ရသည့် အခါတွင် အလှကြီး လှနေသဖြင့် စကားလက် အံ့သြရသေးသည်။ သူ့ပါးလေးများသည် နီရဲလျက် ရှိကြ၏။ သူ့ မျက်လုံးထဲတွင် နူးညံ့ ဝင်းလက်သည့် အကြည့် တစ်မျိုး ပေါ်နေသည်။

`အေးလေ၊ ဆွီလင်ကလည်း ဂရုစိုက်ပေမပေါ့’ စကားလက်က အထင်သေး စိတ်ဖြင့် တွေးသည်။ `သူ့ ဘာသာသူ

ယောက်ျား ကောင်းကောင်း တစ်ယောက်ကို ရှာနိုင်ရင် တော်သေးတယ် ပြောရမှာပေါ့၊ ဖရင့် ကပ်စေးနဲတာကတော့ တခြားပေါ့’

494



ကာရင်းကို ကြည့်ရသည်ကလည်း ရွှင်နေသည်။ ခါတိုင်းကဲ့သို့ မျက်လုံးများက မှုန်ငေးငေး မဟုတ်ကြတော့။ သူတို့ထဲက

စစ်သား တစ်ယောက်က ဘရင့် တာလက်တန်နှင့် သိသည်။ ဘရင့် ကျသည့် နေ့က သူလည်း အတူ ရှိနေသည်။ ညစာ စားပြီး နောက်တွင် သူနှင့် နှစ်ယောက်ချင်း တွေ့၍ အကျိုးအကြောင်းကို မေးမြန်းရဦးမည်ဟု ကာရင်း တေးထားလိုက်သည်။

ညစာ ထမင်းဝိုင်းတွင် မီလာနီမှာ ခါတိုင်းလို ရှက်ကြောက်ဟန် မရှိ။ သွက်လက် ချက်ချာ နေ၏။ အားလုံးက သူ့ကို

ကြည့်၍ အံ့အား သင့်နေကြသည်။ မီလာနီသည် စကားတွေလည်း တတွတ်တွတ် ပြောသည်။။ ရယ်လည်း ရယ်သည်။ မျက်လုံး တစ်ဖက်လပ် စစ်သား ပန်းကန်ထဲသို့ ဟင်းတွေ ထည့်ပေးသည်။ လုံးလုံး မဟုတ်သည့်တိုင် အနည်းငယ် ပလူးသည့် ဟန်ပင် ပေါ်နေသည်။ စိတ်ဓာတ် အရရော၊ နေပုံထိုင်ပုံ အရပါ တစ်မျိုး ထူးခြားနေခြင်းကို စကားလက် ရိပ်မိလိုက်၏။ ယောက်ျား ဆိုလျှင် မျက်နှာချင်းပင် ရဲရဲ မဆိုင်ရဲသူက ဤသို့ ဖြစ်ခြင်းမှာ သဘာဝ မကျ။ တမင် အားထုတ်၍ လုပ်နေခြင်း ဖြစ်ကြောင်း သတိပြုမိသည်။ ထိုမျှမက ကောင်းကောင်းလည်း ကျန်းမာသေးသည် မဟုတ်။ သို့ရာတွင် သူ နေကောင်းပြီ ဆိုကာ အလုပ်တွေကို အတင်း လုပ်သည်။ ဒစ်လစီပင် သူ့လောက် ပင်ပန်းမည် မထင်။ ပစ္စည်း တစ်ခုခုကို ကောက်သယ်လျှင် သူ့ မျက်နှာသည် သွေးဆုတ်သည့်နှယ် ချက်ချင်း ဖြူရော်သွား၏။ ခပ်ပြင်းပြင်းကလေး လုပ်မိပြီ ဆိုလျှင် မော၍ ထိုင်နေရသည်။ သို့ရာတွင် ယနေ့ ညတွင်မူ ဆွီလင်နှင့် ကာရင်းတို့ကဲ့သို့ပင် မီလာနီသည်လည်း သွက်လက် နေသည်။ နာတာလူးပွဲတော် အကြိုတွင် စစ်သားတွေ ပျော်ပျော်ပါးပါး ဖြစ်အောင် အစွမ်းကုန် ကြိုးစားသည်။ ဧည့်သည်တွေ ရောက်လာသဖြင့် မပျော်သူ ဆို၍ စကားလက် တစ်ယောက်သာ ရှိသည်။

ညစာ ထမင်းဝိုင်းတွင် အိမ်ရှင်က စားတောပဲ ခြောက်ကြော်နှင့် ပန်းသီး ပြုတ်ကျွေးသည်။ တပ်သားများက

သူတို့တွင် ပါလာသည့် ပြောင်းဖူးမုန့်နှင့် အသားခြောက် အနည်းငယ် ထည့်သည်။ လပေါင်းများစွာ အတွင်း အကောင်းဆုံး ထမင်း တစ်နပ်ဟု ပြောကြသည်။ စကားလက်သည် သူတို့ တစ်တွေ စားကြ သောက်ကြသည်ကို ကြည့်ရင်း မသက်မသာ ဖြစ်နေသည်။ သူတို့ ပလုတ်ပလောင်း စားသည်ကို မနာလို ဝန်တို ဖြစ်သည်။ တမြန်နေ့က ပေါ့က ဝက်ကလေး တစ်ကောင် ပေါ်ထားခဲ့သည်ကို သိများ သိသွားလေမည်လောဟု တထိတ်ထိတ် ဖြစ်နေသည်။ ဝက်ကလေးကို ဖျက်ပြီး မီးဖိုချောင် နောက်ဖေး ရိက္ခာခန်းထဲတွင် အခြောက် လှန်းထားသာ်။ ဝက်သားခြောက် ရှိကြောင်း၊ ကိုင်းတောထဲတွင် ဝှက်ထားသည့် ဝက်ကလေးများလည်း ရှိသေးကြောင်း စစ်သွားတွေကို ပြောလျှင် ပြောသူ၏ မျက်လုံးကို ကျွတ်ထွက်အောင် ကုတ်ခဲ့ပစ်မည်ဟု စကားလက် ကြိမ်းထားသည်။ သူတို့သာ သိသွားလျှင် ဝက်ကလေး တစ်မြုံလုံး ကုန်ရချည့်။ ထိုမျှမက ကျန်သေးလျှင် စစ်တပ် ရိက္ခာ အတွက်လည်း သိမ်းသွားနိုင်သည်။ မြင်းနှင့် နွားမကြီး အတွက်လည်း စကားလက် စိုးရိမ်သည်။ စားကျက် အစပ်က တောထဲတွင် ချည်ထားမည့်အစား ကိုင်းတောထဲတွင် သွားဝှက်ထားရမည်လောဟု စိတ်ကူးမိသေးသည်။ ဤပစ္စည်းကလေးများ ကိုသာ ယူသွားလျှင် မြိုင်သာယာသည် ဆောင်းတွင်း တစ်တွင်းလုံး ဗိုက်မှောက် နေရုံသာ ရှိသည်။ ဤပစ္စည်း များကို လောလောဆယ် အစားထိုး၍ မရတော့။ စစ်တပ်ကြီး ဘာဖြစ်နေနေ သူ့အပူ မဟုတ်။ စစ်တပ်ကို စစ်တပ်က ကျွေးပေ့စေ။ သူတို့ အတွက် မပူနိုင်။ သို့ရာတွင် မိမိ အိမ်သားများကိုမူ မိမိက ကျွေးရလိမ့်မည်။

စစ်သားများက အချိုပွဲ အဖြစ် သူတို့ ကျောပိုးအိတ်များထဲက `ယမ်းထိုးတံမုန့်’ ဟု ခေါ်သည့် မုန့်များကို

ထုတ်သည်။ ပြည်နယ်တပ်များ ရိက္ခာအဖြစ် ရသည့် ဤမုန့် အကြောင်း ရယ်စရာ လုပ်၍ ပြောသံများကို စကားလက် မကြာခဏ ကြားဖူးခဲ့သည်။ သို့ရာတွင် မမြင်ဖူးသေး။ ကြည့်ရသည်က မီးကျွမ်းထားသည့် ထင်းချောင်းကလေးများနှင့် တူသည်။ စစ်သားများက အတင်းကျွေးသဖြင့် စကားလက် မြည်းကြည့်သည်။ မီးခိုးမှိုင်းတွေ အောက်တွင် ဆားနယ်သည့်

495

ပြောင်းဖူးပေါင်မုန့်များ ဖြစ်နေသည်ကို တွေ့ရသည်။ စစ်သားများသည် ဤမုန့်ကို ရေဖြင့် မျှောချသည်။ ဆားရသည့် အခါတွင် ဆားဖြင့် တို့သည်။ ဆားမပါလျှင်လည်း ဤအတိုင်း စားရသည်။ ထို့ထက် အရသာ ရှိရှိ စားချင်သေးလျှင် ယမ်းထိုးတံကို ဆီသုတ်၍ ပြောင်းဖူးပေါင်မုန့်ကို တံစို့ သီကာ ကင်စားရသည်။ မုန့်က ထန်းလျက်လို မာ၍ လွှစာမှုန့် စားရသည့်နှယ်။ ဘာမျှ အရသာ မရှိ။ စကားလက်က တစ်ကိုက်သာ ကိုက်ပြီး ပြန်ပေးလိုက်သည်။ အားလုံးက ဝိုင်းရယ်ကြ၏။ စကားလက်၏ မျက်လုံးများသည် မီလာနီ၏ မျက်လုံးများနှင့် သွားဆုံမိကြ၏။ `ဒီအစာ စားပြီး ဘယ်လိုလုပ် စစ်တိုက် နေကြပါလိမ့်’ ဟု သူတို့ မျက်လုံးများက မေးနေကြသည်။

ထမင်းဝိုင်းက ပျော်စရာ ကောင်းနေသည်။ စားပွဲထိပ်တွင် နားဝေတိမ်တောင်နှင့် ထိုင်နေသည့် ဖေဖေပင်လျှင်

ရှေးဟောင်း နှောင်းဖြစ်တွေကို ပြန်ပြောကာ တစ်ချီ တစ်ချီတွင် ပြုံးနေတတ်သည်။ စစ်သားတွေက စကားပြောကြ။ မိန်းကလေးတွေက ပြုံးကြ ရယ်ကြ။ စကားလက် ဖရင့်ဘက်သို့ လှည့်ကာ ဒေါ်လေး ပစ်တီ အကြောင်း မေးမည် အပြုတွင် ဖရင့်၏ အမူအရာကြောင့် ပြောမည့် စကားကိုပင် မေ့သွားသည်။

ဖရင့်သည် ဆွီလင်ကို ကြည့်နေရာမှ မျက်လုံးကို လွှဲလိုက်ကာ ထမင်း စားခန်း ပတ်ပတ်လည်ကို လျှောက်ကြည့်နေသည်။

ထို့နောက် ကလေး မျက်လုံးလို ပြူးကြောင်ကြောင် ဖြစ်နေသည့် ဖေဖေ့ မျက်လုံးကို ကြည့်သည်။ ကော်ဇော မရှိ ဟင်းလင်း ဖြစ်နေသည့် အလှပြ ဗီရိုကို လည်းကောင်း၊ ယန်ကီတို့ လှံစွပ်ဖြင့် ထိုးဖောက်ပစ်ခဲ့သဖြင့် အဖုံးတွေ စုတ်ပြဲကာ ခွက်ဝင်နေသည့် ထိုင်ခုံများကို လည်းကောင်း၊ ဗီရိုဘေးက ကွဲအက်နေသော မှန်ကြီးကို လည်းကောင်း၊ ဓာတ်ပုံများကို ဖြုတ်ယူသွားသဖြင့် အရောင် မမှိန်ဘဲ ကျန်ခဲ့သည့် နံရံပေါ်မှ အရာများ၊ ပန်းကန် ခွက်ယောက်များ၊ ဖာရာ ထေးရာတွေ ပြည့်နေသည့် သူတို့ အဝတ်အစားများ၊ ဝိတ်ကလေး အင်္ကျီ ချုပ်ထားသည့် ဂျုံအိတ်ဟောင်း စသည်တို့ကို လည်းကောင်း ကြည့်သည်။

ပြည်တွင်းစစ် မဖြစ်ခင်က သူ တွေ့ခဲ့သည့် မြိုင်သာယာကို အမှတ်ရကာ ဖရင့် စိတ်မကောင်း ဖြစ်ရသည်။ ဒေါသ

ထွက်ရသည်။ ဆွီလင်ကို သူ ချစ်သည်။ သူ့ ညီအစ်မများကို သူ ခင်သည်။ ဖေဖေ့ကို လေးစားသည်။ မြိုင်သာယာကို သံယောဇဉ် တွယ်သည်။ ဂျော်ဂျီယာ နယ်ထဲသို့ ဗိုလ်ချုပ် ရှားမင်း၏ တပ်များ ဝင်လာပြီးသည့် နောက်၌ အပျက်အစီးများ၊ စိတ်မကောင်း စရာများကို သူ သွားလေရာတွင် တွေ့ခဲ့ရ၏။ သို့ရာတွင် မြိုင်သာယာကို ယခု အခြေတွင် မြင်ရသလောက် သူ တစ်ခါမျှ စိတ်မထိခိုက်ဖူးခဲ့။ မြိုင်သာယာ အတွက် တစ်ခုခု လုပ်ပေးချင်သည်။ အထူးသဖြင့် ဆွီလင်အတွက် တစ်ခုခု လုပ်ပေးချင်သည်။ သို့ရာတွင် သူ လုပ်နိုင်သည့် အရာဆို၍ ဘာမျှ မရှိ။ ဖရင့်က မသိမသာ ခေါင်းယမ်းကာ စုတ်ထိုး နေစဉ်တွင် စကားလက်နှင့် မျက်လုံးချင်း ဆုံမိကြသည်။ စကားလက် မျက်လုံးများက မာနဖြင့် ဝင်းဝင်းတောက်နေသည်။ ထို့ကြောင့် ခေါင်းကို အောက်သို့ ငုံ့ကာ ထမင်း ပန်းကန်ကို ကြည့်နေသည်။

သူတို့က သတင်းပလင်း နားထောင်ချင်ကြသည်။ အတ္တလန်တာ ကျပြီး ကတည်းက ချောစာ အသွားအလာ

မရှိတော့။ ယခု ဆိုလျှင် လေးလ ရှိပြီ။ ယန်ကီတို့ မည်သည့် နေရာတွင် ရောက်နေသည်ကိုလည်း မသိ။ ပြည်နယ် စစ်တပ် အခြေအနေကိုလည်း မကြားရ။ အတ္တလန်တာနှင့် အတ္တလန်တာက မိတ်ဆွေများ အကြောင်းကိုလည်း စုံစမ်း၍ မရ။ ဤနယ်တစ်ဝိုက်တွင် ပြဲပြဲစင်ခဲ့သည့် ဖရင့် ရောက်လာသည့် အခါတွင် သူတို့အဖို့ သတင်းစာ တစ်စောင်ကို ဖတ်ရသည့်နှယ် ရှိသည်။ သတင်းစာ ထက်ပင် စုံသေးသည်။ သူက မာကွန်မှ အတ္တလန်တာ အထိ ရှိသမျှ လူ တော်တော် များများ အကြောင်းကို သိသည်။ သတင်းစာများထဲတွင် မပါသော အတင်းအဖျင်း ကလေးများကိုလည်း ကြားရ၏။ ဖရင့်က စကားလက် မျက်လုံးနှင့်

496

ဆုံမိသည်တွင် အိုးတိုးအမ်းတမ်း ဖြစ်သွားသဖြင့် အရှက်ပြေ သူ ကြားခဲ့သည့် သတင်းများကို လျှောက်ပြောနေသည်။ ဗိုလ်ချုပ် ရှားမင်း ပြန်ဆုတ်သွားပြီးသည့် နောက်တွင် ပြည်နယ် တပ်များက အတ္တလန်တာကို ပြန်သိမ်းခဲ့ကြောင်း၊ သို့ရာတွင် ယန်ကီတို့က တစ်မြို့လုံး မီးရှို့ပစ်ခဲ့သဖြင့် ဘာမျှ တန်ဖိုး မရှိတော့ကြောင်းဖြင့် ပြောပြသည်။

`အတ္တလန်တာကို မီးရှို့တာ စကားလက်တို့ တပ်တွေ မဟုတ်ဘူးလား၊ အတ္တလန်တာ မီးလောင်တဲ့ ညက စကားလက်

ထွက်လာတာပဲ’

စကားလက်က မေးသည်။  



`အို၊ မဟုတ်ဘူးလေ’ ဖရင့်က အံ့သြနေသည်။ `ကိုယ်တို့ လူတွေ ရှိနေရက်နှင့် ကိုယ်တို့ တပ်တွေက မြို့ကို ဘယ်မှာ

မီးရှို့ပါ့မလဲ၊ ကိုယ်တို့ တပ်တွေ မီးရှို့ခဲ့တာ ကုန်လှောင်ရုံတွေနှင့် ရိက္ခာတွေပါ၊ ရန်သူတွေ လက်ထဲ အကျမခံချင်လို့ ရှို့ပစ်ခဲ့တာ၊ ပြီးတော့ သံရည်ကျိုရုံနှင့် ခဲယမ်း မီးကျောက်တွေလည်း ပါတယ်၊ ဒါပါပဲ၊ မြို့ကို မရှို့ပါဘူး၊ ဗိုလ်ချုပ် ရှားမင်း မြို့ကို သိမ်းတော့ မြို့လယ်က စတိုးဆိုင်တွေ အိမ်တွေဟာ အကောင်း ပကတိပဲ၊ သူ့ တပ်တွေ အဲဒီမှာ စခန်းချကြသေးတာပဲ’

`လူတွေကိုကော ဘာလုပ်သေး သလဲ၊ မသတ်ဘူးလား’



`တချို့ကို သတ်တယ်၊ ဒါပေမယ့် ကျည်ဆန်နှင့်တော့ မဟုတ်ဘူး’ မျက်စိ တစ်ဖက်လပ်နှင့် စစ်သားက ပြောသည်။

`သူတို့ တပ်တွေ မြို့ထဲ ဝင်လာတော့ အရပ်သူ အရပ်သားတွေကို ရွှေ့ပေးရမယ်လို့ မြို့တော်ဝန်ကို လာပြောတယ်၊ လူအိုကြီးတွေ ဆိုတာ ဒီခရီးကြီးကို ဘယ်သွားနိုင်ပါ့မလဲ၊ ပြီးတော့ လူမမာတွေ အမျိုးသမီးတွေလည်း အများကြီးပဲ၊ ရှားမင်းက မနေရဘူး ဆိုတော့ ရွှေ့ပေးရတာပေါ့၊ မိုးတွေ လေတွေထဲမှာ ကျောက်စရစ်ကုန်း ရွာနားက တောထဲကို ရွှေ့ပေးရတယ်၊ ပြီးတော့မှ ဗိုလ်ချုပ်ဟုဒ်ကို ဒီလူတွေ လာခေါ်ဖို့ အကြောင်း ကြားတယ်၊ သေလိုက်ကြတာ ဝက်ဝက်ကွဲပေါ့၊ အဆုတ် အအေးမိလို့ သေတာတွေ မနည်းဘူး၊ ဒီဒဏ်ကို ဘယ်ခံနိုင်ပါ့မလဲ’

`ဘာဖြစ်လို့ ရွှေ့တာတဲ့လဲဟင်၊ အရပ်သားတွေက သူတို့ကို ဘာအန္တရာယ် ပေးမှာမို့တဲ့လဲ’



မီလာနီက မေးသည်။



`သူ့တပ်တွေနှင့် မြင်းတွေ နားဖို့ မြို့ကို လိုချင်တယ်တဲ့၊ နိုဝင်ဘာလထဲ အထိ မြို့ထဲမှာ တပ်တွေ စွဲထားတယ်လေ၊

ဆုတ်တော့ မီးရှို့ ထွက်သွားတယ်၊ ဘာမှ မကျန်ဘူး၊ အကုန်ပဲ’

`ဘာမှကို မကျန်တော့ဘူးလား’



မိန်းကလေး တစ်သိုက်က စိတ်ပျက်ပျက်ဖြင့် မေး၏။



အတ္တလန်တာက အလွန် စည်သည်။ လူတွေ တရုတ်ရုတ်ဖြင့် ကြက်ပျံ မကျ ဖြစ်ခဲ့သည်။ ယခု မြို့ကြီး ပျက်စီးသွားပြီ

ဆိုသည့် အခါတွင် မယုံနိုင်အောင် ဖြစ်နေကြသည်။ သစ်ရိပ် ဝေဝေ အောက်က ချစ်စရာ အိမ်ကလေးများ၊ စတိုးဆိုင်များ၊ ဟိုတယ်များ စသည်တို့ ကျန်လိမ့်မည်ဟု ထင်ခဲ့သည်။ ယခု မကျန်တော့။ မီလာနီက မျက်ရည်တွေ ဝဲနေသည်။ အတ္တလန်တာမှာ မွေးပြီး အတ္တလန်တာမှာ ကြီးခဲ့သူ မဟုတ်လော။ စကားလက် ရင်ထဲတွင်လည်း ဆို့နေသည်။ မြိုင်သာယာ

497

ပြီးလျှင် သူ့အဖို့လည်း အတ္တလန်တာသည် ပျော်စရာ မဟုတ်လော။

`အင်း၊ အားလုံးလောက် ဆိုပါတော့လေ’



သူတို့ မျက်နှာတွေကို မြင်သဖြင့် ဖရင့်က ပြင်ပြောလိုက်သည်။ အမျိုးသမီးတွေ စိတ်ထိခိုက်မည် စိုးသဖြင့် မျက်နှာကို

တမင် ရွှင်ပျဟန် ဆောင်ထားလိုက်၏။ ငိုတော့မည့် မိန်းကလေးများကို မြင်လျှင် သူလည်း ငိုချင်တတ်သည်။ သူတို့ကို ကြည့်၍ သနားတတ်သည်။ ထို့ကြောင့် မကောင်း သတင်းများကို သူ မပြောချင်တော့။ သူတို့ဘာသာ တစ်ယောက်ယောက်ဆီမှ ကြားချင် ကြားလိမ့်မည်။

အတ္တလန်တာမြို့ထဲသို့ ပြည်နယ် စစ်တပ် ပြန်ဝင်လာသည့် အခါတွင် မြင်ရသည့် ရှုခင်းများကို သူ မပြောရက်။

မျက်စိတစ်ဆုံး မြင်ရသော ပြာပုံကြီးထဲတွင် မီးခိုး ခေါင်းတိုင်တွေ အထီးထီး ဖြစ်နေပုံ၊ တစ်ဝက်တစ်ပျက် လောင်ထားသည့် အဆောက်အဦတွေ ပြိုကျနေပုံ၊ အုတ်ကျိုး အုတ်ပဲ့တွေ ပြိုကျကာ လမ်းတွေ ပိတ်နေပုံ၊ မီးကြောင့် သစ်ပင်အိုကြီးတွေ ခြောက် သေသွားကြပုံ၊ မီးလောင်ကျွမ်းထားသည့် သစ်ကိုင်းများ မြေကြီးပေါ်တွင် စုပုံနေပုံတို့ကို သူ မပြောချင်။ မြင်လိုက်သည့် ခဏ၌ သူ ကိုယ်တိုင် မည်မျှ စိတ်ထိခိုက် ခဲ့သည်ကို ဖရင့် ယခုတိုင် အမှတ် ရနေသည်။ သင်္ချိုင်းကို တူး၍ ရွှေ ရှာကြပုံကိုမူ သူ သာ၍ မပြောချင်။ ချားလ်နှင့် မီလာနီ၏ အဖေ အမေများကို ဤ သင်္ချိုင်းတွင်ပင် မြှုပ်ခဲ့သည် မဟုတ်လော။ အလောင်းများတွင် လက်ဝတ် လက်စား ပါလိမ့်မည် အထင်ဖြင့် ယန်ကီများသည် သင်္ချိုင်းကို တူးကြသည်။ ဂူများကို ဖောက်ကြသည်။ အလောင်းမှ ရွှေငွေများကို ချွတ်ယူကြသည်။ မသာခေါင်းများပေါ်မှ ကမ္ဗည်း ထိုးထားသည့် ရွှေပြားများ၊ ငွေပြားများကို ခွာကြသည်။ မသာခေါင်းမှ ရွှေလက်ကိုင်ကွင်းများ ငွေလက်ကိုင်ကွင်းများကို ဖြုတ်ကြသည်။ မသာခေါင်းများ၊ အရိုးစုများ၊ အလောင်းများသည် သင်္ချိုင်း တစ်ဝိုက်တွင် ပြန့်ကျဲနေသည်။

အတ္တလန်တာက

တိရစ္ဆာန်ကလေးများကို

ကြောင်များ၊

ခွေးများ

ချစ်တတ်ကြသည်

အကြောင်းကိုလည်း

မဟုတ်လော။

ဖရင့်

အရှင်သခင်များ

မပြောချင်။

အမျိုးသမီး

ထွက်သွားသည့်

ဆိုသည်မှာ

အခါတွင်

ခွေးများ

ကြောင်များသည် စားရမဲ့ သောက်ရမဲ့ဖြင့် ကျန်ရစ်ခဲ့ကြသည်။ ခွေးလေး ကြောင်လေးများကို ချစ်တတ်သည့် ဖရင့်သည် ဤမြင်ကွင်းကို မေ့တော့မည် မဟုတ်။ တိရစ္ဆာန်များသည် ကြောက်လန့် ငတ်မွတ်နေကြသည်။ တောတွင်း တိရစ္ဆာန်များသဖွယ် နိုင်ရာ စားကြသည်။ အားကြီးသူက အားနည်းသူကို သတ်သည်။ အားနည်းသူက ပို၍ အားနည်းသူကို ကိုက်စားသညည်။ သေသည်နှင့် ဝိုင်းအုံ ဆွဲကြသည်။ မြို့ပျက်ကြီးပေါ်တွင် လင်းတကြီးများသည် အုပ်လိုက် ဝဲနေကြသည်။

ဖရင့်က မိန်းကလေး တစ်သိုက် စိတ်သက်သာ ရစေမည့် သတင်းများကို စဉ်းစား၍ ပြောနေရသည်။



`တချို့ အိမ်တွေတော့ ကျန်ပါသေးတယ်၊ ဝင်းနှင့် ခြံနှင့် အိမ်တွေပေါ့လေ၊ ဒိပြင် အိမ်နှင့် ဝေးတော့ မကူးဘဲ

ကျန်ရစ်ခဲ့တာ၊ သုဓမ္မာ ဇရပ်တွေ ဘုံအိမ်တွေလည်း ကျန်ပါတယ်၊ စတိုးဆိုင် နည်းနည်းပါးပါးလည်း ကျန်တယ်၊ ဒါပေမယ့် မြို့လယ် ဈေးတစ်ဝိုက်ရယ်၊ သံလမ်း နားရယ်၊ ငါးမြှောင့်ဆိုင်လမ်းရယ်ကတော့ ဘာမှ မကျန်ဘူး၊ ပြာပုံချည်းပဲ’

`စကားလက်တို့ အမွေ ရလိုက်တဲ့ သံလမ်းနားက ကုန်လှောင်ရုံတွေကော၊ ပါသွားလား မသိဘူး’



စကားလက်က မေး၏။

498



`သံလမ်းနားမှာ ဆိုရင်တော့ ပါသွားမှာပဲ’ ဖရင့် စကား ပြတ်သွား၏။ ယခုမှ သတိရသည်။ စောစောက အဘယ့်ကြောင့်

မပြောမိသနည်း။ `အံမယ်၊ ဒေါ်လေး ပစ်တီ အိမ်တော့ မပါဘူး၊ နည်းနည်းပါးပါးတော့ ပျက်စီးတယ်၊ ဒါပေမယ့် ကျန်တာကတော့ အကောင်းပဲ’

`ဘယ်လိုလုပ်များ ကျန်ခဲ့သလဲ မသိဘူး’



`အုတ်တိုက် မဟုတ်လား၊ ပြီးတော့ သင်ပုန်းကျောက် မိုးထားတော့ မီးပွား မကူးနိုင်တော့ဘူးပေါ့၊ မြောက်ဘက်စွန်းက

သိပ် မလောင်ဘူး၊ ပျက်တာကတော့ တစ်ပုံကြီးပဲ၊ လှေကားထစ်တွေ မဟော်ဂနီ လှေကား လက်ရန်းကြီးတွေကို ချိုးဖဲ့ပြီး မီးဆိုက်ပစ်တာပဲ၊ အရင် တစ်ပတ်ထဲက မာကွန်မှာ ဒေါ်လေး ပစ်တီနှင့် တွေ့တော့’

`ဘာ၊ ဒေါ်လေး ပစ်တီနှင့် တွေ့ခဲ့သလား၊ သူ နေကောင်းရဲ့လား’



`အမယ်လေး၊ ဒေါင်ဒေါင်ကို မြည်လို့၊ သူ့ အိမ် မီးထဲ မပါဘူးလည်း ပြောရော အတ္တလန်တာကို ချက်ချင်း ပြန်မလို့တဲ့၊

ကပ္ပလီ အဘိုးကြီး ဦးလေး ပီတာက မနည်း တားယူရတယ်၊ ခုတော့ အတ္တလန်တာက လူတွေ တော်တော် ပြန်ရောက်နေကြပြီ၊ မာကွန်မှာ နေရတာ မပျော်ဘူးတဲ့၊ စိုးလည်း စိုးရိမ်ရတယ်။ ရှားမင်းက ခုထိတော့ မာကွန်ကို မတိုက်သေးဘူး၊ ဒါပေမယ့် ယန်ကီ ဗိုလ်ချုပ် ဝီလ်ဆင်ရဲ့ ပြောက်ကျားတွေ ဝင်စီးတတ်သတဲ့၊ သူက ရှားမင်း ထက်တောင် ဆိုးသတဲ့’

`မိုက်လိုက်တာနော်၊ နေစရာ မရှိဘဲ ပြန်လာရတယ်လို့ပဲ၊ မြို့ထဲ ပြန်ရောက်တော့ ဘယ်လို နေကြသတဲ့လဲ’



`ဒီလိုပဲ၊ တဲထိုးတဲ့လူ ထိုး၊ တန်းလျား ဆောက်တဲ့လူ ဆောက်၊ သစ်လုံးတဲ တည်တဲ့လူ တည်ပေါ့၊ တချို့လည်း ကျန်တဲ့

အိမ်တွေမှာ တစ်အိမ်ကို ခုနစ်အိမ်ထောင်၊ ရှစ်အိမ်ထောင် နေကြတယ်၊ တချို့လည်း ပြန်ဆောက်ကြတုန်းပဲ၊ မိုက်တယ်လို့တော့ မပြောနှင့်လေ၊ အတ္တလန်တာသူ အတ္တလန်တာသား အကြောင်း စကားလက်လည်း သိသားပဲ၊ ချာလက်စတန်သားလိုပဲ၊ သူ့မြို့ကို ဘယ်စွန့်လိမ့်မလဲ၊ မီလာနီ ရှေ့တွင်ပဲ ပြောရဦးမယ်၊ အတ္တလန်တာသားဟာ လားလိုပဲ၊ အလွန် ခေါင်းမာတယ်၊ ကိုယ်တို့ အဖို့ကတော့ အတ္တလန်တာကို မကြိုက်ပေါင်၊ ရုတ်ရုတ်ရက်ရက်နှင့် သိပ် မျက်စိနောက်တာပဲ၊ အတ္တလန်တာမှ မဟုတ်ပါဘူးလေ၊ ကိုယ်တို့က တောသား ဆိုတော့ ဘယ်မြို့ကိုမှ သိပ် သဘောမကျပါဘူး၊ တစ်ခုတော့ ပြောရဦးမယ်၊ မြို့ကို ပထမဆုံး ပြန်ရောက်လာသူတွေကတော့ တကယ်လည်တဲ့ လူတွေပဲ၊ နောက်ကျပြီး ရောက်လာလို့ကတော့ ကိုယ့် အိမ်က အုတ်ကျိုး အုတ်ပဲ့၊ သစ်တို သစ်စ ဘာမှ ရလိမ့်မယ် မအောက်မေ့နှင့်၊ ဘယ်ရမလဲ၊ အရင် ရောက်တဲ့ လူက သူများ အိမ်က သစ်တို သစ်စ ဆွဲပြီး အိမ်ဆောက်ပစ် ကြတာကိုး၊ တစ်နေ့ကတင် မစ္စက် မယ်ရီဝယ်သာရယ်၊ သူ့သမီးရယ်၊ သူတို့ အိမ်က ကပ္ပလီမကြီးရယ် အုတ်တွေကို လက်တွန်း လှည်းကလေး တစ်စီးနှင့် တင်လာတာ တွေ့ခဲ့သေးတယ်၊ ဒေါ်ဒေါ်မိကတော့ ဒေါက်တာမိ မရှိလို့ တိုက် ပြန်မဆောက်နိုင်သေးဘူးတဲ့၊ လောလောဆယ် သစ်လုံး အိမ်ကလေးပဲ ဆောက်နေဦးမယ်တဲ့၊ သူ့ အဖို့ကတော့ မထူးပါဘူးတဲ့၊ အတ္တလန်တာ ရောက်စကလည်း သစ်လုံး အိမ်ကလေးနှင့် နေခဲ့တာပါ တဲ့၊ နောက် ပြောတာပေမယ့် သူ့ စိတ်ထဲမှာတော့ ဘယ်ကောင်းမလဲ’

`တော်တော် သတ္တိ ကောင်းတယ်နော် စကားလက်’



မီလာနီက ပြော၏။ စကားလက်က ခေါင်းညိတ်သည်။ အတ္တလန်တာသည် သူ့ မွေးစားမြို့ ဖြစ်၏။ သူ့ မွေးစားမြို့

499

အတွက် သူ ဂုဏ်ယူသည်။ ကျေနပ်သည်။ ဖရင့် ပြောသည့် အတိုင်း အတ္တလန်တာက ရုတ်ရုတ် ရုတ်ရုတ်နှင့်။ ခပ်ကြွားကြွား ခပ်လွှားလွှားမြို့ ဖြစ်သည်။ ဤသည်ကိုပင် စကားလက် သဘော ကျနေခြင်း ဖြစ်သည်။ အတ္တလန်တာက မြို့ဟောင်းများကဲ့သို့ ရှေးမဆန်။ အမြင် မကျဉ်း။ သူ့လိုပင် ခပ်ကြမ်းကြမ်း။ ခပ်ရမ်းရမ်း။ ခပ်လွှားလွှား။ ခပ်ကြွားကြွား။

`ဟုတ်တယ်၊ ငါက အတ္တလန်တာနှင့် တူတယ်၊ တော်တော့် ယန်ကီကို တွေ့လို့လည်း မကြောက်ဘူး၊ တော်တော့်

မီးကိုလည်း မဖြုံဘူး’ စကားလက် တွေးမိသည်။

`ဒေါ်လေး ပစ်တီ အတ္တလန်တာကို ပြန်ရောက်ရင် ကိုယ်တို့လည်း ပြန်ကြရအောင်နော် စကားလက်’ မီလာနီက

ပြောသည်။ `ဒေါ်လေး ပစ်တီ တစ်ယောက်တည်း ဆိုရင်တော့ သေလုအောင် ကြောက်နေမှာပဲ’

`စကားလက် ဒီမှာ ဒီအတိုင်း ထားပြီး လိုက်လာခဲ့လို့ ဖြစ်မလားကွယ်’ စကားလက်က မကျေနပ်သံ ကလေးဖြင့်

ပြောသည်။ `မီလာနီ ပြန်ချင်ရင် ပြန်လေ၊ ကိုယ် မတားပါဘူး’

`အို၊ မီလာနီက ပြန်ချင်လှလို့ မဟုတ်ပါဘူး၊ စကားလက်ကလည်း’ မီလာနီ စိတ်မကောင်း ဖြစ်သွားသည်။ မျက်နှာက

ရဲလာသည်။ `ကိုယ်ဟာ တော်တော် ကိုယ်ချင်းစာ တရား နည်းတယ်၊ ဟုတ်သားပဲ၊ စကားလက် မြိုင်သာယာကို ဒီအတိုင်း ပစ်ထားခဲ့လို့ ဘယ်ဖြစ်မလဲ၊ ဦးလေး ပီတာနှင့် ကပ္ပလီ ထမင်းချက် အဘွားကြီး ရှိပါတယ်လေ၊ ဒေါ်လေးကို သူတို့ ကြည့်မှာပေါ့’

`ကိုယ်တို့ကတော့ ဘာမှ တားစရာ အကြောင်း မရှိပါဘူး’



စကားလက် အသံက ခပ်ပြတ်ပြတ်။



`စကားလက်ကို ကိုယ် မခွဲဘူးကွယ်၊ စကားလက် မရှိရင် ကိုယ်... ကိုယ် ကြောက်ပြီး သေမှာ’



`ဒါတော့ မီလာနီ သဘောပဲလေ၊ စကားလက်ကတော့ လိုက်နိုင်မှာ မဟုတ်သေးဘူး၊ ဟို ရောက်လို့ အိမ်တွေ

ပြန်ဆောက်လည်း ပြီးရော ယန်ကီတွေ ပြန်လာမှဖြင့် ဒုက္ခ’

`ပြန်တော့ မလောတော့ပါဘူး’ ဖရင့်က ဝင်ပြောသည်။ ဟန်ဆောင် နေရသည့်တိုင် မျက်နှာ ခပ်ပျက်ပျက်။ `ခု

ဆိပ်ကမ်းမြို့တွေဘက်ကို ဆင်းသွားပြီ၊ ဒီအပတ်ထဲမှာ ဆဗားနားကို သိမ်းလိုက်ပြီတဲ့၊ ပြီးတော့ ကာရိုလိုင်းနား တောင်ပိုင်းကို ဝင်မယ်တဲ့’

`ဘာ၊ ဆဗားနားကို သိမ်းလိုက်ပြီ ဟုတ်လား’



`ဘာဖြစ်လို့လဲ၊ ဆဗားနားကတော့ ကျမှာပဲ၊ ဟိုမှာ ပြည်နယ်တပ် ကောင်းကောင်းမှ မရှိတာ၊ ဒါတောင် မြို့ ရှိသမျှလူ

အကုန် စစ်တပ်ထဲ ဆွဲသွင်းထားတာ၊ ယန်ကီတွေက ဗစ်လပင်ဂီးဗီးလ်ကို သိမ်းခါနီးတော့ ဘာလုပ်တယ် ထင်သလဲ၊ ကိုယ်တို့ စစ်တက္ကသိုလ်က ကျောင်းသားတွေကို အတင်း ဆွဲခေါ်လာတယ်၊ တချို့များ တကယ့် ငယ်ငယ်ကလေးတွေ၊ ထောင်ကိုလည်း ဖွင့်ပြီး ထောင်ထဲက အကျဉ်းသားတွေ ခေါ်လာတယ်၊ စစ်ထဲ ဝင်ချင်တဲ့လူ ဝင်နိုင်တယ်၊ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်လို့ ကြေညာတယ်၊ စဉ်းစားသာ ကြည့်ကြပေတော့၊ စစ်တက္ကသိုလ်က ကျောင်းသားလေးတွေရယ်၊ သူခိုး ဓားပြတွေရယ် ထွေးနေတာပဲ’

500



`ဒါဖြင့် စကားလက်တို့ကို ကာကွယ်တဲ့ အထဲမှာ အကျဉ်းသားတွေ ပါတာပေါ့’



`သိပ်တော့လည်း စိုးရိမ် မနေပါနှင့်လေ၊ ဝေးတော့ ဝေးပါသေးတယ်၊ စစ်တပ်ထဲ ရောက်တော့လည်း စစ်သား

ဖြစ်သွားတာပါပဲ၊ သူခိုး ဓားပြလည်း စစ်သား ကောင်းကောင်းတော့ ဖြစ်ပါတယ်’

`အံ့ရောရှင်၊ အဆန်းတွေချည်းပဲ’



မီလာနီက ပြောသည်။



`အံ့တော့ အံ့သြစရာ မဟုတ်ပါဘူး’ စကားလက်က ပြောသည်။ `ခုလည်း ဒီနား တစ်ဝိုက်မှာ သူခိုး ဓားပြချည်းပါပဲ၊

ယန်ကီ စစ်တပ်တွေရယ်၊ ပြီးတော့’

စကားလက်က စကား ကျွံသွားမည် စိုးသဖြင့် ရပ်လိုက်၏။ စစ်သားများက ရယ်သည်။



`ယန်ကီတွေရယ်၊ ပြီးတော့ ကျွန်တော်တို့ တပ်ထောက်ချုပ် ရုံးက တပ်တွေရယ်လို့ ပြောပါဗျ’



စစ်သားများက စကားဆက်ပေးသည်။ စကားလက် မျက်နှာက နီရဲလျက်။



`ဒါထက် ဗိုလ်ချုပ် ဟုဒ်ရဲ့ တပ်ကကော၊ ဘယ်မှာတဲ့လဲ’ မီလာနီက ဝင်မေးသည်။ `ဆဗားနားကို သူ့တပ်က

ထိန်းမထားနိုင်ဘူးလား’

`ဗိုလ်ချုပ်ဟုဒ်ရဲ့ တပ်က ဒီနားမှာ မရှိဘူးလေ’ ဖရင့်က အရွဲ့တိုက် ပြောသည်။ `တင်နဆီ ပြည်နယ်ထဲမှာ

ရောက်နေတယ်၊ ယန်ကီတွေကို ဂျော်ဂျီယာ ပြည်နယ်ထဲက မောင်းထုတ်ဖို့’

`ဒါဖြင့် သူ့စီမံကိန်းကြီးကကော အောင်မြင်ရဲ့တဲ့လား’ စကားလက်က ခပ်လှောင်လှောင် မေးသည်။ `ကျွန်မတို့ကို

ကာကွယ်ဖို့တော့ ကျောင်းသားကလေး တွေရယ်၊ အကျဉ်းသားတွေရယ်၊ အိုနာကျိုးကန်း မြို့စောင့်တပ်တွေရယ် ထားခဲ့တယ် ဆိုပါတော့’

`သမီး’ ဖေဖေက ခေါ်လိုက်သည်။ `သမီး ဒီလို မပြောပါနှင့်ကွယ်၊ မင်း မေမေ ကြားရင် စိတ်မကောင်း ဖြစ်နေလိမ့်မယ်’



မေမေ့ အကြောင်းကို ပြောလိုက်သဖြင့် အားလုံး အံ့အားသင့်သွားကြကာ စကားစ ပြတ်သွားသည်။ မီလာနီက

စကားဖာသည်။

`မာကွန်

ရောက်တုန်းက

အင်ဒီယာနှင့်

ဟန်နီတို့ကို

တွေ့ခဲ့သေးသလား၊

အက်ရှလေ

အကြောင်းကို

ဘာကြားရသေးသလဲ’

`အမယ်လေး မီလာနီရယ်၊ အက်ရှလေအကြောင်း သိရင် ကျွန်တော် ဘယ်နေမလဲ၊ ကြားကြားချင်း ရောက်ရာ

နေရာက ပြေးလာပြီး သတင်း ပို့မှာပေါ့’ ဖရင့်က အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။ `ခုထိတော့ ဘာ သတင်းမှ မကြားခဲ့ရသေးဘူး၊ ဒါပေမယ့် အက်ရှလေ အတွက်တော့ ဒီလောက် စိတ်မပူပါနှင့်လေ၊ သတင်း မကြားရတာ ကြာပေမယ့်

501

ရှိမှာပါ၊ ထောင်ထဲ ရောက်နေတဲ့ လူရဲ့ သတင်း ဆိုတာ ကြားရခဲသားပဲ၊ ဘာပဲပြောပြော ယန်ကီတွေက ကျွန်တော်တို့ထက် အစားအသောက် ပေါတယ်၊ ဆေးဝါးလည်း ပေါတယ်၊ ကျွန်တော်တို့မှာသာ ရှားတာပါ၊ သုံ့ပန်းကို ကျွေးမွေးဖို့ မပြောနှင့်၊ ကိုယ့်ကိုယ်ကိုယ်တောင် အနိုင်နိုင်ရယ်’

`ယန်ကီတွေမှာ ပေါတယ် ဆိုတာတော့ ဟုတ်ပါရဲ့’ မီလာနီက ပြောသည်။ `ဒါပေမယ့် သူတို့က သုံ့ပန်းတွေကို

ကောင်းကောင်း ထားတာမှ မဟုတ်ဘဲ၊ ရှင်လည်း သိသားပဲ၊ ကျွန်မတို့ စိတ်ကောင်း အောင်တော့ ဖာထေးပြီး ပြောမနေပါနှင့်၊ ကျွန်မတို့ တပ်သားတွေ သူတို့ သုံ့ပန်း စခန်းမှာ အအေးမိလို့ သေကြ၊ ငတ်လို့ ပြတ်လို့ သေကြတာ များလှပါပြီ၊ ဆရာဝန်တို့ ဆေးတို့လည်း ကောင်းကောင်း မရဘူး၊ ဘယ်ရမလဲ၊ ယန်ကီတွေက ကျွန်မတို့ကို သိပ် မုန်းနေတာကိုး၊ တကယ်တော့ ဒီ ယန်ကီတွေကို အပြတ် တိုက်ပစ်ရမယ်၊ ကမ္ဘာမြေပေါ်မှာ မရှိအောင် လုပ်ပစ်ရမယ်၊ ကျွန်မ သိပါတယ်၊ အက်ရှလေ တစ်ယောက်’

`ဒီအကြောင်း မပြောစမ်းပါနှင့်ကွယ်’



စကားလက်က ဝင်တားလိုက်၏။ အက်ရှလေ သေပြီဟု တစ်ယောက်ယောက်က မပြောသေးသမျှ အက်ရှလေသည်

အသက် ရှင်နေသေးသည်ဟု စကားလက် ထင်သည်။ သို့ရာတွင် တစ်ယောက်ယောက်က သေပြီဟု ပြောလိုက်သည်နှင့် အက်ရှလေသည် တကယ် သေသွားတော့မည်လောဟု စကားလက် စိတ်ထဲတွင် ဥပါဒါန် ဖြစ်နေ၏။

`အက်ရှလေ အတွက် သိပ် စိတ်ပူ မနေပါနှင့် မီလာနီ’ မျက်လုံး တစ်ဖက်လပ်ဖြင့် စစ်သားက နှစ်သိမ့်သည်။

`ကျွန်တော်လည်း သုံ့ပန်း ဖြစ်ခဲ့ဖူးပါတယ်၊ နောက်ကျမှ သုံ့ပန်းချင်း လဲလို့ လွတ်လာတာပါ၊ ကျွန်တော်တို့ နေခဲ့ရတုန်းကတော့ အကျနေခဲ့ရတာပဲ၊ ကြက်သားဟင်းနှင့် ဘီစကွတ် ကောင်းကောင်းနှင့်’

`ဒါကတော့ ရှင် သက်သက် ညာပြောတာပါ’ မီလာနီက ခပ်ပြုံးပြုံး ပြောလိုက်သည်။ ယောက်ျားလေး တစ်ယောက်နှင့်

ရဲရဲတင်းတင်း ပြောသည်ကို စကားလက် ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ `မဟုတ်ဘူးလား’

မျက်စိ တစ်ဖက်လပ် စစ်သားက ရယ်လျက် သူ့ ခြေထောက်ကို တဖျပ်ဖျပ် ရိုက်နေသည်။



`ကဲ ဧည့်ခန်းဆောင်ထဲကို ကြွကြပါ၊ မီလာနီ နာတာလူး သီချင်း တစ်ပုဒ်လောက် ဆိုပြပါမယ်’ မီလာနီက စကား

လမ်းလွှဲလို၍ ခေါ်လိုက်၏။ `ယန်ကီတွေ ယူမသွားနိုင်လို့ ကျန်ခဲ့တဲ့ စန္ဒရားကြီး ရှိပါသေးတယ်၊ ဆွီလင်ရေ စန္ဒရားက အသံ မကြောင်ဘူး နော်’

`အမယ်လေး၊ ကြောင်လိုက်တာမှ အရမ်းပဲ’



ဆွီလင်က ဖရင့်ကို ခေါင်းညိတ်ပြရင်း ပြုံး၍ ပြောလိုက်သည်။



သူတို့ အားလုံး ဧည့်ခန်းဘက်သို့ အသွားတွင် ဖရင့်က နောက်ချန် နေရစ်ကာ စကားလက် အနားသို့ ကပ်၍



`စကားလက်နှင့် နည်းနည်း စကား ပြောချင်တယ်’



ဧကန္တ မြိုင်သာယာတွင် ရှိသည့် ရိက္ခာ ပစ္စည်း ကလေးကို တောင်းတော့မည်ဟု စကားလက် ထင်လိုက်သည်။

502

ထို့ကြောင့် လိမ်ပြောရန် အသင့် စဉ်းစားလိုက်သည်။

နှစ်ယောက်တည်း မီးလင်းဖိုနားတွင် ကျန်ရစ် ခဲ့ကြသည်။ စောစောက ရွှင်လန်းဟန် ဆောင်ထားခဲ့ခြင်းသည်

ဖရင့်၏ မျက်နှာပေါ်မှ ပျောက်ကွယ်သွားပြီ။ ဖရင့်သည် လူအိုကြီး တစ်ယောက်နှင့် တူနေသည်။ သူ့ မျက်နှာသည် သစ်ပင်မှ ကြွေလွင့်လာသည့် ရွက်ခြောက်လို ဝါထိန် ရှုံ့တွနေသည်။ ဝါလဲ့လဲ့ မုတ်ဆိတ် များတွင် အဖြူရောင် သမ်းနေသည်။ ဖရင့်က မုတ်ဆိတ်မွေးများကို လက်ဖြင့် သပ်ကာ ချောင်းတစ်ချက် ဟန့်သည်။

`စကားလက်တို့ မေမေ့ သတင်း ကြားရလို့ စိတ်မကောင်းဘူး’



`ဒီ အကြောင်း မပြောပါနှင့် ဖရင့်’



`စကားလက် ဖေဖေ ကြည့်ရတာလည်း၊ အင်း ဒီလို ဖြစ်နေတာ ကြာပြီလား’ 



`ကြာပြီ၊ စိတ် သိပ်မမှန်ဘူး၊ မြင်တဲ့ အတိုင်းပဲလေ’



`စကားလက် မေမေ့ကို တော်တော် ချစ်ပုံရတယ်’



`ဖရင့်ရယ်၊ ဒီ အကြောင်း မပြောပါနှင့်တော့’



`ဝမ်းနည်းပါတယ် စကားလက်’ ဖရင့်က အနေရ ကျပ်သဖြင့် ခြေထောက်များကို လှုပ်နေသည်။ `အမှန်ကတော့ ကိုယ်

စကားလက်တို့ ဖေဖေနှင့် စကား နည်းနည်း ပြောချင်တာ၊ ဒါပေမယ့် သူ့ ကြည့်ရတာက သူနှင့် ပြောလို့ ဖြစ်မှာ မဟုတ်ဘူး’

`ဘာပြောချင်လို့လဲ ဖရင့်၊ ခု ဒီ အိမ်မှာ စကားလက်က လူကြီး ဆိုပါတော့’



`ကိစ္စကတော့’ ဖရင့် စကား ဖြတ်ပြီး မုတ်ဆိတ်မွေးများကို ပွတ်နေပြန်သည်။ `ကိစ္စကတော့ ကိုယ်တို့ ကိစ္စပါ၊

ဆွီလင်နှင့် ကိုယ်နှင့် ကိစ္စကို ပြောချင်လို့ပါ’

`ဘာလဲ’ စကားလက်က အံ့သြဟန်ဖြင့် ခပ်မြူးမြူး ပြောလိုက်သည်။ `ဆွီလင်နှင့် စေ့စပ်ဖို့ ပြောမလို့လား၊ ဆွီလင်ကို

ပိုးခဲ့တာ ကြာပြီ မဟုတ်လား’

ဖရင့် မျက်နှာ နီရဲသွားသည်။ ခပ်ရှက်ရှက် ပြုံးလိုက်၏။ ရှက်နေသည့် လူပျိုပေါက်စကလေး တစ်ယောက်နှင့် တူသည်။



`သူ့ သဘောထားတော့ ဘယ်လိုလဲ မသိဘူး၊ ကိုယ်က သူ့ထက် အများကြီး အသက် ကြီးနေတယ် မဟုတ်လား၊

မြိုင်သာယာမှာ သက်တူ ရွယ်တူတွေ ဝိုင်းဝိုင်းလည်နေတဲ့ ကြားမှာ ကိုယ်ဟာ’

`ဟုတ်လိမ့်မယ် အားကြီး၊ ဝိုင်းဝိုင်း လည်နေကြတာက စကားလက်ကို ဝိုင်းဝိုင်း လည်နေကြတာ’ ဟု စကားလက်

တွေးနေသည်။

`သူ့ သဘောထားကိုတော့ မသိရသေးဘူး၊ ကိုယ်ကလည်း ဖွင့်မပြောသေးဘူး၊ ဒါပေမယ့် ကိုယ် ထင်ပါတယ်၊

ကိုယ့် သဘောထားကို သူ နားလည်မှာပါ၊ ကိုယ်ကတော့ ဦးလေးကို ဖွင့်ပြောမယ်လို့ ရည်ရွယ်လာတာပဲ၊ ရှင်းရှင်း ပြောရရင်

503

ကိုယ့်မှာ ခု ပိုက်ဆံ တစ်ပြားမှ မရှိဘူး၊ အရင်က ဆိုရင် တော်တော်လေး ရှိပါတယ်၊ (ကြွားတာ မဟုတ်ပါဘူး) ဒါပေမယ့် ခုတော့ ကိုယ်စီးတဲ့ မြင်းရယ်၊ ကိုယ် ဝတ်ထားတဲ့ အဝတ်ရယ်၊ ဒါပဲ ရှိတယ်၊ ကိုယ် စစ်ထဲ ဝင်တော့ ရှိတဲ့ မြေတွေ ရောင်းပြီး ပြည်နယ် အစိုးရဆီက ငွေစု စာချုပ်တွေ ဝယ်ခဲ့တယ်၊ ဒီငွေစု စာချုပ်တွေ ခု အချိန်မှာ ဘယ်လောက် တန်ဖိုး ရှိသလဲ ဆိုတာတော့ စကားလက်လည်း သိသားပဲ၊ စက္ကူစုတ် လောက်တောင် တန်ဖိုး မရှိတော့ဘူး၊ ဒါတောင် ခု ကိုယ့်မှာ မရှိတော့ဘူး၊ ကိုယ့် ညီ မ အိမ်ကို ယန်ကီတွေ မီးရှို့တော့ အကုန် မီးထဲ ပါသွားပြီ၊ ခြေသလုံး အိမ်တိုင် ဘဝကနေပြီး ဒီစကား ပြောရတာကတော့ ကိုယ့်ဘက်က မျက်နှာပန်း မလှတာ အမှန်ပဲ၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ ပြောရတော့မှာပဲ၊ ဒီခေတ်ကြီးမှာ ဘာမှ ရေရာတာ မဟုတ်ဘူး၊ ပြည်တွင်း စစ်ကြီးက ဘယ်လို အဆုံးသတ်မယ် မသိသေးဘူး၊ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ မပြောနိုင်သေးဘူး၊ ကိုယ့် အဖို့ကတော့ ကမ္ဘာကြီးတောင် ပျက်လိမ့်မယ် ထင်နေတယ်၊ ဒီတော့ ကိုယ်တို့ အနေနှင့် စေ့စပ် ထားချင်တယ်၊ မသေချာ မရေရာတဲ့ ခေတ်ကြီးမှာ ကိုယ် သေချာတာလေးကို ကိုယ် လုပ်ချင်တယ်၊ ဒါပေမယ့် သူ့ကို အိမ်တစ်ဆောင် မီးတစ်ပြောင် မထားနိုင်သေးခင်မှာ ကိုယ် လက်မထပ်သေးပါဘူး၊ သူ့ကို တင့်တောင့်တင့်တယ် ထားနိုင်တဲ့ အချိန်ကျမှ လက်ထပ် ယူမှာပါ၊ ဒါပေမယ့် အချစ်စစ် အချစ်မှန် ဆိုတာကို စကားလက် ယုံကြည်တယ် ဆိုရင်တော့ ကိုယ် တစ်ခုတော့ အာမခံ နိုင်ပါတယ်၊ ဆွီလင်ဟာ ကိုယ်နှင့် ရတဲ့ အတွက် တခြား ဥစ္စာ ပစ္စည်းတွေ မချမ်းသာသည့်တိုင် အချစ်ကတော့ မခေါင်းပါးပါဘူး၊ ချမ်းသာပါတယ်’

ဖရင့်က နောက်ဆုံး စကားများကို သည်းလှိုက် အူလှိုက် ပြောသဖြင့် စကားလက်ပင် စိတ်ထိခိုက်သွား၏။ ဆွီလင်ကို

ဤမျှ ချစ်သူ ရှိလိမ့်မည်ဟု စကားလက် မမျှော်လင့်ခဲ့။ ဆွီလင်က တစ်ကိုယ်ကောင်း ဆန်သည့် နေရာတွင် ဧတဒဂ်။ တညည်းညည်း တညူညူဖြင့် အလို မကျတတ်သူ။ ဘဝင် မကျတတ်သူ။

`ကိစ္စ မရှိပါဘူး ဖရင့်ရယ်၊ ပြောနိုင်ပါတယ်’ စကားလက်က ကြင်နာစွာ ပြော၏။ `ဖေဖေ့ ကိုယ်စား စကားလက်ကိုလည်း

ပြောလို့ရပါတယ်၊ ဖေဖေက ဖရင့်ကို လေးစားလည်း လေးစားတယ်၊ ခင်လည်း ခင်တယ်၊ ဆွီလင်ဟာ တစ်နေ့ကျရင် ဖရင့်ကို ယူလိမ့်မယ် ဆိုတာ ဖေဖေက မျှော်လင့်ပြီးသားပါ’

`ခုကော’ ဖရင့် မျက်နှာသည် ဝင်းထိန်လာ၏။



`ခုလည်း ဒီအတိုင်းပေါ့’



စကားလက်က ပြုံး၍ ပြောလိုက်၏။ ထမင်းဝိုင်းတွင် ဖေဖေက `ဘယ်လိုလဲ၊ သမီး အဆက်က ဘာမှ မပြောသေးဘူးလား၊

ဖေဖေ မေးလိုက်ရမလား’ ဟု အော်ကျယ်ဟစ်ကျယ် နောက်ပြောင်ခဲ့ပုံများကို အမှတ်ရ၍ စကားလက် ပြုံးခြင်း ဖြစ်သည်။

`ဒီလိုဆိုရင် ဆွီလင်ကို ဒီနေ့ညပဲ ဖွင့်ပြောလိုက်တော့မယ်လေ၊ ဝမ်းသာလိုက်တာ စကားလက်ရယ်’



ဖရင့်က စကားလက်၏ လက်ကို ဆုပ်၍ လှုပ်ယမ်းနေသည်။



`ဆွီလင်ကို လွှတ်လိုက်မယ်လေ’ စကားလက် ပြုံး၍ ဧည့်ခန်းဆောင်ဘက်သို့ လှမ်းထွက်မည် ပြုသည်။ မီလာနီက

စန္ဒရား တီးနေသည်။ စန္ဒရား ခလုတ်များက ကြောင်နေသည့်တိုင် ဂီတသံက သာယာသည်။ မီလာနီက `အို တမန်တော် နတ်တို့ တေးသီကျူးပြီ’ ဆိုသည့် ဓမ္မသီချင်းကို တိုင်ပေးနေသည်။

504



စကားလက် ခြေလှမ်း တုံ့သွား၏။ မြိုင်သာယာကို စစ်ပွဲကြီး နှစ်ကြိမ် ဖြတ်သွားသည်ဟုပင် မထင်ရ။ ဖွတ်ဖွတ်ကြေ

နေသည့် နယ်တွင် ရောက်နေသည်ဟု မထင်ရ။ ငတ်ပြတ်လုဆဲ အခြေအနေဟု မထင်ရ။ ဤ ဓမ္မ သီချင်းသံကို ကြားရချိန်တွင် ကမ္ဘာကြီးသည် လှပ စိုပြည်နေသည် ထင်ရ၏။ စကားလက်က ရုတ်တရက် လှည့်လိုက်ပြီး

`ကမ္ဘာကြီး ပျက်တော့မတတ် ထင်တယ်လို့ ပြောတာ ဘာကို ပြောတာလဲ’



`စကားလက်ကို

ရှင်းရှင်း

ပြောမယ်’

ဖရင့်

ပြောသည်။

`ဒါပေမယ့်

တခြားတော့

မပြောစေချင်ဘူး၊

ကြောက်လန့်ကုန်ကြလိမ့်မယ်၊ ပြည်တွင်း စစ်ကြီးဟာ ဒီအတိုင်း ကြာရှည် ဆက်မဖြစ်နိုင်ဘူး၊ ကိုယ်တို့ဘက်မှာ နောက်ထပ် စစ်သား ဖြည့်စရာ မရှိတော့ဘူး၊ တပ်က ပြေးတဲ့ လူတွေကလည်း တစ်နေ့ တခြား များလာ နေတယ်၊ တပ်သားတွေက ကိုယ့် မိသားစုနှင့် ခွဲနေလို့ မဖြစ်တော့ဘူး၊ နောက်ပိုင်းက အိမ်တွေမှာ ငတ်ကုန်ကြပြီ၊ ဒီတော့ အိမ်ပြန်ပြီး သားမယားကို ရှာဖွေ ကျွေးရဦးမယ်၊ အမှန်ကတော့ သူတို့ကိုလည်း အပြစ်တော့ မတင်ပါဘူး၊ ဒါပေမယ့် ကိုယ်တို့ ပြည်နယ် တပ်မတော်ကို အင်အား နည်းစေတာတော့ အမှန်ပဲ၊ စစ်တပ် ဆိုတာ ရိက္ခာ မရှိရင် တိုက်လို့ မရဘူး၊ ခု ရိက္ခာ ပြတ်နေပြီ၊ ကိုယ်က ရိက္ခာ ထွက်ရှာနေရတဲ့ လူဆိုတော့ ကောင်းကောင်း သိတယ်၊ အတ္တလန်တာကို ပြန်သိမ်းပြီး ကတည်းက ကိုယ် ဒီနယ် တစ်ဝိုက်မှာ ပြဲပြဲစင်နေပြီ၊ ဒီနားတစ်ဝိုက်မှာ စစ်တပ်ကို ကျွေးဖို့ မပြောနှင့် စာကလေး တစ်ကောင် ကျွေးဖို့တောင် မရှိတော့ဘူး၊ ဒါက ဒီမှာတွင် မဟုတ်ဘူး၊ ဆဗားနား တောင်ဘက် မိုင် သုံးရာ ပတ်လည်အထိ ဒီအတိုင်းပဲ၊ လူတွေလည်း ငတ်ကုန်ပြီ၊ ရထား လမ်းတွေလည်း ပျက်ကုန်ပြီ၊ လက်နက် ခဲယမ်း မီးကျောက်လည်း မရှိတော့ဘူး၊ စစ်သားတွေ ဖိနပ် အတွက် သားရေလည်း မရှိတော့ဘူး၊ ဒီရှေ့တော့ အခြေအနေက မကောင်းဘူး၊ မီးစာကုန် ဆီခန်း ဖြစ်ခါ နီးနေပြီ’

စကားလက်အဖို့မူ ပြည်နယ် ကျဆုံးရေး၊ မကျဆုံးရေးသည် အရေးမကြီး။ ဤနယ် တစ်ဝိုက်တွင် ရိက္ခာ အဝယ်ခိုင်းရန်

စိတ်ကူးထားသည်။ သို့ရာတွင် ဖရင့် ပြောသည့် အတိုင်း ဆိုလျှင်မူ...။

သို့တိုင်အောင် မာကွန်မြို့ မကျသေး။ မာကွန်တွင် စားစရာ ရနိုင်သေးသည်။ တပ်ထောက်ချုပ်ရုံးမှ တပ်များ

ပြန်သွားလျှင် ပေါ့ကို မြင်းနှင့် လွှတ်ရဦးမည်။ လမ်းတွင် စစ်တပ်နှင့် တွေ့၍ မြင်းကို သိမ်းသည် ဆိုလျှင်လည်း မတတ်နိုင်။ ဤလောက်ကိုမူ စွန့်စား ကြည့်ရလိမ့်မည်။

`ကဲပါလေ၊ ဒီနေ့ ညမှာ စိတ်မချမ်းသာစရာတွေ မပြောကြပါနှင့်တော့’ စကားလက်က ပြော၏။ `မေမေ အလုပ်

လုပ်တဲ့ အခန်းထဲကို သွားနေချည်လေ၊ စကားလက် ဆွီလင်ကို လွှတ်လိုက်မယ်၊ လွတ်လွတ်လပ်လပ် ပြောရတာပေါ့’

ဖရင့် မျက်နှာ နီရဲသွားသည်။



စကားလက်သည် ပြုံး၍ ထွက်သွားသော ဖရင့်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။



`သူ့ခမျာ လက်ထပ်ချင်ရက်သားနှင့် မထပ်နိုင် ရှာဘူး၊ အေးလေ ငါ့အဖို့တော့ ပါးစပ် တစ်ပေါက် ကျွေးဖို့ လျော့တာပေါ့’

ဟု စကားလက် တွေးနေသည်။

505

၂၉



ဧပြီလ၌

တပ်ကြွင်း

လက်နက်ချလိုက်သည်။

တပ်ကျန်များကို

သို့ရာတွင်

စုစည်း၍

ထိုသတင်းသည်

ခုခံနေသည့် နောက်

ဗိုလ်ချုပ်

ဂျွန်စတန်သည်

သီတင်းနှစ်ပတ်ကြာသည်အထိ

ကာရိုလိုင်းနားတွင် မြိုင်သာယာသို့

ရောက်မလာသေး။ မြိုင်သာယာတွင်လည်း ကိုယ့်ကိစ္စဖြင့်ကိုယ် အလုပ်များနေသည်။ အနီးအနား တစ်ဝိုက်သို့ ထွက်လာကာ သတင်းစုံစမ်းခြင်း မပြုနိုင်။ အိမ်နားနီးချင်းများထံသို့လည်း မသွားနိုင်။ ကိုယ့်ကိစ္စဖြင့် ကိုယ် အလုပ်များနေသည်။ တစ်ဦးနှင့် တစ်ဦး အသွားအလာ မရှိကြ။ ထို့ကြောင့်သတင်းကလည်း အရောက် အပေါက် နည်းသည်။

နွေဝါကြီး စိုက်ရန် ထွက်ယက်စပြုပြီ။ မာကွန်မှ ပေါ့ ယူလာခဲ့သည့် ဝါမျိုးစေ့များ၊ အသီးအနှံ မျိုးစေ့များကို ကြဲသည်။

မာကွန်မှ ပေါ့ ပြန်အလာတွင် အဝတ်အစားများ၊ မျိုးစေ့များ၊ ကြက်များ၊ ဝက်များ ကျပ်တင်ခြောက်များ၊ အသားခြောက်များနှင့် စားသောက်ဖွယ်များ

လှည်းတစ်စီးတိုက်

ပါလာ၏။

ဤပစ္စည်းများကို

ချောချောမောမော

သယ်လာနိုင်ခဲ့သဖြင့်

ပေါ့

ဘဝင်မြင့်နေသည်။ ထိုခရီးကို ပြန်လာပြီးကတည်းက ကောင်းကောင်း အလုပ်မလုပ်ချင်တော့။ ခဲခဲယဉ်းယဉ်း မည်သို့ လွတ်အောင် ရှောင်ခဲရ့  ပံ၊ု လမ်းကျဉ်းများ၊ တောလမ်းများကို ဖြတ်မောင်းခဲရ့  ပံ၊ု လမ်းဟောင်းများ၊ အသွားအလာမရှိသောလမ်းများ၊ မြင်းစီးလမ်းများအတိုင်း မောင်းခဲ့ရပုံ စသည်တို့ကိုသာ ပြောနေတတ်သည်။ ပေါ့ ထွက်သွားသည်မှာ သီတင်းငါးပတ် ကြာသည်။ ထိုရက်အတွင်း၌ စကားလက်တစ်ယောက် စိတ်ပူလိုက်ရသည် ဖြစ်ခြင်း။ သို့ရာတွင် ပြန်ရောက်လာသည့်အခါတွင် ပေါ့ကို အပြစ်မတင်နိုင်။ ချောချောမောမော ပြန်ရောက်လာသည့် အတွက် ဝမ်းသာနေသည်။ ပေးလိုက်သည့် ပိုက်ဆံတွေ အများကြီး ပြန်ပါလာသည့်တိုင် စုံစုံလင်လင် ဝယ်ခဲ့နိုင်သဖြင့် ကျေနပ်နေသည်။ ဤမျှ ပစ္စည်းတွေဝယ်ပါလျက် အဘယ့်ကြောင့် ပိုက်ဆံတွေ ပြန်ပါလာရသနည်း။ ဤသည်ကို စကားလက် သံသယဖြစ်သည်။ စားစရာများ၊ ကြက်များကို ဝယ်လာခဲ့ခြင်းမှ ဟုတ်ပါ၏လော။ လမ်းတွင်တွေ့ရသည့် ကြက်ခြံများ၊ ကုလားဖုတ်တဲများမှ ခိုးယူလာခဲ့ပြီးနောက် ဤသည်တို့ကို ဝယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောလျှင်မူ ပေါ့လောက် ရှက်စရာ ကောင်းမည့်သူ ရှိမည် မထင်တော့။

ယခု မြိုင်သာယာတွင် စားစရာ သောက်စရာကလေး အတော်အသင့် ရှိနေပြီ။ ထို့ကြောင့် မြိုင်သာယာ၏ နဂို

အခြေအနေကို ပြန်ရောက်အောင် ကြိုးစားနေကြ၏။ လူတိုင်း အလုပ်နှင့်လက် ပြတ်သည်ဟူ၍ မရှိ။ တကုတ်ကုတ် လုပ်နေကြရသည်။ မနှစ်က ပျက်သည့် အမြစ်များကို ဖယ်ရှား တူးဖော်ပစ်ရသည်။ မြင်းက ထွန်ဆွဲနေကျ မဟုတ်သဖြင့် ခပ်အင်အင်။ ခြံများမှ ပေါင်းများကို သင်ရသည်။ မျိုးစေ့များကို ကြဲရသည်။ ထင်းခွေရသည်။ ကြက်ခြံကို ပြင်ရသည်။ ယန်ကီတို့ ဖျက်၍ မီးရှို့ခဲ့ကြသည့် ခြံစည်းရိုးကို မိုင်ပေါင်းများစွာ ပြန်ပြင်ရသည်။ တောထဲတွင် ပေါ့ ယုန်ထောင်ထားသည့် ပိုက်များကို တစ်နေ့ နှစ်ခေါက် သွားကြည့်ရသည်။ ချောင်းထဲတွင် မျှောထားသည့် ပိုက်များကို ပြန်ချရသည်။ ခုတင်များကို ပြင်ရဦးမည်။ ကြမ်းများကို ပြန်၍ ပြင်ရဦးမည်။ ထိုကြားထဲတွင် ဟင်းချက်သည့် ကိစ္စ၊ ထမင်းချက်ရသည့် ကိစ္စ၊ ဝက်စာ ကြက်စာ ကျွေးရသည့်ကိစ္စ၊ ကြက်ဥ ကောက်ရသည့် ကိစ္စများ ရှိသေးသည်။ နွားမကို နို့ညှစ်ပြီး ကိုင်းတောနားက စားကျက်တွင် သွားကျောင်းရသည်။ လွှတ်ထားခဲ့၍ မဖြစ်။ ယန်ကီ စစ်သားများ၊ သို့မဟုတ် ဖရင့်၏ တပ်ထောက်ရုံးမှ ရိက္ခာများ တပ်စုများ ဆွဲမည်စိုးသဖြင့် တစ်နေကုန် စောင့်ကြည့်ရသည်။ ဝိတ်ကလေးပင် မအားရ။ နံနက်တိုင်း တောင်းကလေး တစ်လုံးဖြင့်

506

မီးမွှေးရန် သစ်ကိုင်းခြောက် ကောက်ရသည်။

စစ်တပ်မှ ပထမဆုံး အိမ်ပြန်လာသူများမှာ ဖွန်တိန်ညီအစ်ကို တစ်တွေ ဖြစ်သည်။ လက်နက်ချသည့် သတင်းကို

သူတို့ထံမှ ရခြင်းဖြစ်သည်။ အဲလက်က စစ်ဖိနပ်ကြီး စီးထားသည်။ တိုနီကမူ ဖိနပ် မပါ။ လားတစ်ကောင်ကို ကုန်းမပါဘဲ စီးလာသည်။ တိုနီသည် သူတို့ညီအစ်ကို တစ်သိုက်ထဲတွင် အဆိုးဆုံးထဲမှ အကောင်းဆုံးကို ဖန်တီးတတ်သူ ဖြစ်သည်။ လေးနှစ်လုံးလုံး နေပူ မိုးရွာ မရှောင် ကြမ်းကြမ်းတမ်းတမ်း နေခဲ့ရသဖြင့် သူတို့အသားများသည် ယခင်ကထက် ညိုလာကြ၏။ ပို၍လည်း ပိန်လာကြသည်။ စစ်ပွဲအပြန် မုတ်ဆိတ်မွေးတွေ အပြိုင်းပြိုင်း ရှိကြသဖြင့် သူစိမ်းတစ်ရံများနှင့် တူနေကြသည်။

စစ်ထဲမှ သူတို့ အိမ်ရှိရာ ရွေးကြီးပင်စု ယာတောသို့ အပြန်တွင် မြိုင်သာယာမှ စကားလက်တို့ တစ်တွေကို

ဝင်နှုတ်ဆက်ပြီး လက်နက်ချသည့် သတင်းကို ပြောသွားခြင်း ဖြစ်သည်။ စစ်ပြီးသွားပြီ ဖြစ်ကြောင်း၊ သူတို့ ဇာတိ ရွေးကြီးပင်စု ယာတော မီးလောင် မလောင်ကို သိလိုကြောင်းဖြင့် ပြောကြ၏။ အတ္တလန်တာမှ အလာ လမ်းတစ်လျှောက်တွင် အသိမိတ်ဆွေများ၏ အိမ်နေရာကို မီးခိုးခေါင်းတိုင်များသာ မြင်ခဲ့ကြရသည်။ သူတို့ အိမ်သည်လည်း အလားတူ မီးထဲသို့ ပါသွားပြီလောဟု

သိချင်ကြသည်။

စကားလက်က

သူတို့အိမ်

မီးထဲမပါကြောင်း

ပြောပြသည့်အခါ

ဝမ်းသာအားရ

ဖြစ်နေကြသည်။ ဆယ်လီတစ်ယောက် မြိုင်သာယာကို မြင်းစီး ရောက်လာကာ ယန်ကီတွေ လာသည့်အကြောင်း သတင်း ပေးသွားပုံကို စကားလက်က ပြောပြ၏။

‘ကောင်မလေးက သတ္တိကောင်းတယ်’ တိုနီက ပြောသည်။ ‘ဂျိုးကျသွားတာ သိပ်ကံဆိုးတာပဲ၊ ဆယ်လီတော့

ဆွေးကျန်ရစ်ခဲ့မှာပဲ၊ ဒါထက် စကားလက်၊ ဆေးငုံဖို့ ဆေးရွက်ကြီးလေး ဘာလေး မရှိဘူးလား’

‘ငုံတဲ့ ဆေးရွက်ကြီးတော့ မရှိဘူး၊ ယုန်ကျွေးတဲ့ ဆေးရွက် ရှိတယ်၊ ဖေဖေတော့ ပြောင်းဖူးရိုး ဆေးတံထဲ

ထည့်သောက်တယ်’

‘ဟင်း၊ ဒီလောက်တော့ ဆေးလိပ် မငတ်သေးဘူး’ တိုနီက ပြောသည်။ ‘ဒါပေမယ့် နောင်ဆိုရင်တော့ အဲဒီလိုပဲ

ချရတော့မှာပဲ’

‘ဆယ်လီရဲ့ညီမ ဒီမီတီ တစ်ယောက်ကော နေကောင်းရဲ့လား’ အဲလက်က စိတ်ဝင်စားစွာ မေးသည်။ သူ့မျက်နှာက

ရှက်အမ်းအမ်း။ ဆယ်လီ၏ ညီမ ဒီမီတီကို ပိုးနေကြောင်း စကားလက် အမှတ်ရသည်။

‘ကောင်းပါတယ်၊ ဖာယက်တီးဗီးလ်မှာ သူ့ အဒေါ်များနှင့် နေတယ်လေ၊ မေတ္တာသုခက သူတို့အိမ်လည်း မီးထဲ

ပါသွားတယ်၊ သူ့ အစ်မတွေတော့ မာကွန်မှာ ထင်တယ်’

‘မေးရင် ပြောင်ပြောင် မေးပါကွ၊ ဒီမီတီ တစ်ယောက် ယောက်ျားရပြီလားပေါ့၊ မဟုတ်ဘူးလား’



တိုနီက ပြောသည်။ အဲလက်က စိတ်ဆိုးမာန်ဆိုးဖြင့် သူ့ကို ကြည့်၏။



‘အမယ်လေး မရသေးပါဘူးတဲ့ ရှင်၊ မရသေးပါဘူးတဲ့’



စကားလက်က ခပ်မြူးမြူးကလေး ပြော၏။

507



‘ရရင်လည်း ကောင်းတာပေါ့၊ ဒါပေမယ့် ဒီသောက်ခေတ်ကြီး ကန်တော့ပါရဲ့၊ ဒီခေတ်ကြီးထဲမှာ ကပ္ပလီ ကျွန်တွေကို

ဘေးမဲ့ ပေးလိုက်ရပြီ၊ ပြည်တွင်းစစ်ကြီးကြောင့် ဖြူခါ ပြာခါလည်း ကျနေပြီ၊ ဒီအချိန်မှာ ဘယ့်နှယ်လုပ်ပြီး မိန်းမယူဖို့ ဖြစ်မှာလဲ၊ အိတ်ထဲမှာ ပိုက်ဆံ တစ်ပြားမှ မရှိတာ’

‘ဒီမီတီကတော့ ဒါတွေကို ဒီလောက် ဂရုစိုက်မှာ မဟုတ်ပါဘူး’ စကားလက်က ပြောသည်။



‘အို သူက ဂရုမစိုက်ပေမယ့် ကျွန်တော်က ဂရုစိုက်ရမယ်၊ သူတောင်းစားတစ်ယောက်ကို လက်ထပ်ပါမယ်လို့

ကျွန်တော် ဘယ်ပြောရက်ပါ့မလဲ’

အိမ်ရှေ့ဆင်ဝင်အောက်တွင် စကားလက်က ယောက်ျားလေးတစ်သိုက်နှင့် စကားကောင်းနေစဉ် မီလာနီ၊ ဆွီလင်နှင့်

ကာရင်းတို့က အိမ်ထဲသို့ အသာထလာခဲ့ကြသည်။ လက်နက်ချသည့် သတင်းကို ကြားရပြီ။ သူတို့တစ်သိုက်က မြိုင်သာယာ နောက်ဖေး ယာခင်းများကို ဖြတ်၍ အိမ်သို့ ပြန်ကြသည်။ သူတို့ပြန်သည့်အခါ စကားလက် အိမ်ထဲသို့ ဝင်ခဲ့၏။ မေမေ အလုပ် လုပ်သည့် အခန်းကလေးထဲသို့ ဝင်လာခဲ့စဉ် မီလာနီတို့ သုံးယောက် ငိုသံကို ကြားရသည်။ သွားပြီ။ သူတို့ မြတ်နိုးခဲ့ရ၍ မျှော်တလင့်လင့် ဖြစ်ခဲ့ရသော အရေးတော်ပုံကြီး။ ဆုံးရှုံးလိမ့်မည်ဟု နည်းနည်းမျှ မထင်ခဲ့သော အရေးတော်ပုံကြီးသည် အရေးနိမ့်ခဲ့ရပြီ။ အရေးတော်ပုံကြီးတွင် သူတို့ မိတ်ဆွေများ၊ ချစ်သူများ၊ လင်ယောက်များသည် ကျဆုံးခဲ့ရပြီ။ သူတို့ အိမ်ထောင်များသည် မွဲပြာကျခဲ့ရပြီ။

သို့ရာတွင် စကားလက်ကမူ အရေးတော်ပုံကြီး အရေးနိမ့်သည့် အတွက် မျက်ရည် မကျ။ ပြည်တွင်းစစ်ပြီးပြီဆိုလျှင်

နွားမကြီး ပျောက်တော့မည် မဟုတ်။ မြင်းကို သိမ်းမည့်သူ မရှိတော့။ ဇွန်းများ၊ ငွေခက်ရင်းများကို ရေတွင်းထဲတွင် ပစ်ချ ဝှက်ထားရာမှ ထုတ်ယူနိုင်ပြီ။ သွားလိုရာသို့ လွတ်လွတ်လပ်လပ် သွားနိုင်ပြီ။ စကားလက် ဤသို့ တွေးမိသည်။

ယခု အသက် ကောင်းကောင်း ရှူနိုင်ပြီ။ မြင်းခွာသံကို နားစွင့်ကာ တထိတ်ထိတ် မနေရတော့။ ညညတွင်

အိပ်မပျော်နိုင်ဘဲ အသက်ကို အနိုင်နိုင် ရှူကာ အိမ်နောက်ဖေး ကွက်လပ်မှ ချိုးချိုး ချွတ်ချွတ် အသံ၊ မြင်းခွာသံ၊ ယန်ကီ စစ်ဗိုလ်၏ အသံဆိုးကြီးဖြင့် အမိန့်ပေးသံ စသည်တို့ကို နားတစွင့်စွင့် မနေရတော့။ မြိုင်သာယာသည် လုံခြုံပြီ။ စိတ်ချရပြီ။ သူ့ကို မကြာခဏ လာ၍ ခြောက်လှန့်တတ်သည့် ခြောက်အိပ်မက်သည် နောက်ထပ် ခြောက်လှန့်နိုင်တော့မည် မဟုတ်တော့။ အဝေးမှ ရပ်ကာ အိမ်ကို မီးဝါးသံများ၊ အမိုး ပြိုကျသံများကို ကြားရမည် မဟုတ်တော့။

မှန်သည်။ အရေးတော်ပုံသည် ကျဆုံးခဲ့ရပြီ။ သို့ရာတွင် စစ်ကို စကားလက် မုန်းသည်။ ငြိမ်းချမ်းရေးကို သူ

လိုချင်သည်။ အလံထိပ်ဖျားတွင် တက်လာသည့် ပြည်ထောင်စုအလံကို မြင်ရသည့်အခါတွင် အံ့ဩခြင်းလည်း မဖြစ်မိ။ ပြည်ထောင်စု သီချင်းကို ကြားရသည့်အခါတွင်လည်း မအံ့ဩမိ။ ဒုက္ခဆင်းရဲတို့ကို သူ မခံနိုင်။ စိတ်ပျက်စရာကောင်းသည့် သူနာပြုလုပ်ငန်းကို သူသည်းမခံနိုင်။ ရန်သူတွေ ပတ်လည်ဝိုင်းခံရသည့် အဖြစ်ကို သူ မနှစ်မြို့နိုင်။ ငတ်မွတ်သည့် ဒဏ်ကို သူ မခံနိုင်။ အခြားသူများက အရေးတော်ပုံကြီး အောင်မည်ဆိုလျှင် ဤဒုက္ခများကို ခါးစည်းခံနိုင်သော်လည်း စကားလက် မခံနိုင်။ ယခု ထိုအရာများအားလုံး မရှိတော့။ စခန်း သိမ်းသွားခဲ့ပြီ။ ပြည်နယ်ဘက်က စစ်ရှုံးသည့်အတွက် စကားလက် တစ်ယောက် ငိုလိမ့်မည် မဟုတ်။

ပြီးပြီ။ မဆုံးနိုင်ဟု ထင်ရသည့် ပြည်တွင်းစစ်၊ မခေါ်မပင့်ဘဲ ရောက်လာကာ သူ့ဘဝကို နှစ်ပိုင်း ပိုင်းပစ်ခဲ့သည့်

508

ပြည်တွင်းစစ်၊ အပူအပင် ကင်းမဲ့သည့် နေ့များကို စဉ်းစား၍ မရတော့လောက်အောင် သူ့ဘဝကို နှစ်ပိုင်း ပိုင်းပစ်ခဲ့သည့် ပြည်တွင်းစစ်၊ ယခု ထို ပြည်တွင်းစစ်ကြီး ပြီးသွားပြီ။ စကားလက်ဆိုသည့် ချောချောလှလှ မိန်းကလေးတစ်ယောက်။ ဆိတ်သားရေ ဖိနပ်စိမ်းကလေးကို စီးကာ လာဗင်ဒါနံ့ သင်းနေသည့် ခါးတွန့် ဝတ်စုံကလေးကို ဝတ်နေသည့် ပျော့ပျော့ ပျောင်းပျောင်း နုနုနယ်နယ် မိန်းကလေး တစ်ယောက်ကို စကားလက် တည်တည်ငြိမ်ငြိမ် ပြန်စဉ်းစား၍ ရပြီ။ သို့ရာတွင် ထိုစကားလက်သည် မိမိမှ ဟုတ်ပါလေစဟု တွေးမိသည်။ သူတို့နယ် တစ်ဝိုက်တွင် ကွမ်းတောင်ကိုင် မိန်းကလေး။ ခိုင်းစရာ ကပ္ပလီကျွန်တွေက တစ်ရာလောက်။ မြိုင်သာယာက စည်းစိမ်ပစ္စည်းတွေ အလျှံပယ်။ သူ့ အလိုလိုက်ရန် အမြဲ အဆင်သင့်ဖြစ်နေသည့် မိဘနှစ်ပါး။ အက်ရှလေ၏ အချစ်ကို မရသည်က လွဲ၍ ကျန်အရာ အားလုံး လိုတရဖြစ်နေသည့် စကားလက်။ အလိုလိုက် ခံရပြီး အပူပင်ကင်းမဲ့သည့် စကားလက်။

ထိုလေးနှစ်ခရီး

ကာလ၌

ပွဲတက်

ဖိနပ်လှလှ၊

လွယ်အိတ်လှလှကလေးဖြင့်

မိန်းကလေးသည်

ထွက်ပြေး

ပျောက်ကွယ်သွားကာ ပိုက်ဆံ တစ်ပြားကို နှစ်ပြားမှတ် ခွာကာ အလုပ်ကြမ်းတွေကို လုပ်နေသည့် မျက်လုံးစိမ်းစိမ်းနှင့် မိန်းမကြီးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ရှိသမျှ စည်းစိမ်ဥစ္စာ ပျက်စီး၍ သူ ရပ်နေရာ မြေဆီရဲရဲမှအပ အခြား ဘာမျှ မရှိတော့သည့် ချွတ်ခြုံကျ မိန်းမကြီး တစ်ယောက်သာ ကျန်ခဲ့သည်။

စကားလက် ခန်းမ အလယ်တွင် ရပ်နေသည်။ မီလာနီတို့ သုံးယောက်၏ ငိုရှိုက်သံကို နားထောင်ရင်း စကားလက်

စိတ်ရှုပ်လျက် ရှိ၏။

‘ဝါတွေ ပိုစိုက်ရမယ်၊ အများကြီး စိုက်ရမယ်၊ မနက်ဖြန်ကျရင် ပေါ့ကို မာကွန် လွှတ်ပြီး ဝါမျိုးစေ့တွေ အဝယ်ခိုင်းရမယ်၊

ယန်ကီတွေ မီးရှို့မှာ မကြောက်ရတော့ဘူး၊ တို့ တပ်တွေက သိမ်းမှာလည်း မစိုးရိမ်ရတော့ဘူး၊ ဘုရားသိကြားမလို့ ဒီနှစ်ဆောင်းဦးပေါက်ရင် ဝါးဈေးတွေ တက်ပါစေရှင်’

စကားလက်က သူတို့သုံးယောက် ငိုနေသည့် အခန်းထဲသို့ ဝင်လာသည်။ သူတို့သုံးယောက် ငိုနေသည်ကို ဂရုမစိုက်ဘဲ

စားပွဲတွင် ဝင်ထိုင်၏။ ငှက်တောင်တပ် ကလောင်တံကို ကိုင်ကာ သူ ဝယ်ရမည့် ဝါမျိုးစေ့ တန်ဖိုးကို တွက်သည်။

‘ပြည်တွင်းစစ်ကြီး ပြီးပြီ’ စကားလက်က တွေး၏။ တစ်စုံတစ်ခုကို ချက်ချင်း သတိရကာ ဝမ်းသာသဖြင့် ငှက်တောင်တပ်

ကလောင်ကို ချလိုက်သည်။ စစ်ကြီး ပြီးပြီ။ အက်ရှလေ၊ အက်ရှလေ။ အသက် မသေသေးလျှင် အိမ်ပြန်လာတော့မည်။ အရေးတော်ပုံကြီး ကျဆုံးသဖြင့် စိတ်လက်မကောင်း ဖြစ်နေသည့် မီလာနီသည် ဤအချက်ကို တွေးမှ တွေးမိပါ၏လော မဆိုနိုင်။

‘မကြာခင်ဆိုရင် စာ တစ်စောင်လောက်တော့ ရောက်လာတော့မှာပဲ၊ အို ဘာပဲ ဖြစ်ဖြစ် တစ်နည်းနည်းနှင့်တော့ တို့ကို

အကြောင်းကြားမှာပဲ’

သို့ဖြင့် ရက်မှ လသို့ ပြောင်းခဲ့သည်။ အက်ရှလေထံမှ မည်သည့် သတင်းကိုမျှ မကြားရ။ တောင်ပိုင်းက ချောစာပို့

စနစ်က မရေရာ။ တောက ချောစာဆိုလျှင် လုံးလုံး မရောက်တော့။ တစ်ခါတစ်ရံတွင် အတ္တလန်တာမှ လူကြုံဖြင့် ဒေါ်လေး ပစ်တီထံမှ စာတစ်စောင်တလေ ရတတ်သည်။ စာတွင် အတ္တလန်တာသို့ ပြန်လာရန် ပါသည်။ သို့ရာတွင် အက်ရှလေ၏ သတင်းကို ဘာမျှ မကြားရ။

509



လက်နက်ချပြီးနောက်တွင် စကားလက်နှင့် ဆွီလင်တို့ နှစ်ယောက် မြင်းနှင့် ပတ်သက်၍ မကြာခဏ ပြဿနာ

ဖြစ်ကြသည်။

ယန်ကီတို့၏

အန္တရာယ်

မရှိတော့သည့်အတွက်

ဆွီလင်က

ရွာနီးချုပ်စပ်က

အသိမိတ်ဆွေများထံ

အလည်သွားချင်သည်။ ဆွီလင် ပျင်းလည်း ပျင်းနေသည်။ ပျော်ပျော်ပါးပါး နေရသည့် ရှေးခေတ်ကိုလည်း လွမ်းသည်။ အခြား ယာတောများ မြိုင်သာယာကဲ့သို့ ပျက်စီးခြင်း ရှိမရှိကိုလည်း ကြည့်ချင်သည်။ ထို့ကြောင့် မြင်းကို သုံးချင်သည်။ စကားလက်က လက်မခံ။ မြင်းသည် အလုပ် လုပ်ဖို့ ဖြစ်သည်။ တောထဲမှ သစ် ဆွဲရမည်။ ထွန်ယက်ရမည်။ ပေါ့ ရိက္ခာ ထွက်ရှာသည့်အခါတွင် အသုံးပြုရမည်။

တနင်္ဂနွေနေ့များတွင်မူ

သူ့

စားကျက်ထဲတွင်

အနားပေးရမည်။

ဆွီလင်

အလည်သွားလိုလျှင်

ခြေကျင်သွားရမည်ဟု ဆိုသည်။

ယခင်က ဆိုလျှင် ဆွီလင်သည် သူ့တစ်သက်တွင် ကိုက်တစ်ရာထက် ဝေး၍ ခြေကျင် လျှောက်လေ့ မရှိ။ ဘာမျှလည်း

မလုပ်ဘဲ အိမ်တွင် ထိုင်၍ ငြူစူသည်။ ငိုသည်။ ‘မေမေ ရှိရင် ဒီလို မနေရဘူး’ ဟု မကြာ မကြာ ပြောတတ်သည်။ ဤတွင် စကားလက် စိတ် မရှည်တော့။ ဆွီလင်၏ ပါးကို ဖြန်းခနဲ ရိုက်ပစ်လိုက်၏။ ဆွီလင့်ပါးကို ရိုက်ချင်နေသည်မှာ ကြာလှပြီ။ ဆွီလင်သည် အိပ်ရာပေါ်သို့ ထိုင်လျက် လဲကျသွား၏။ အားလုံး အံ့အား သင့်နေကြသည်။ ထို့နောက်တွင်မူ ဆွီလင် ညည်းညူခြင်း မပြုတော့။ အနည်းဆုံး စကားလက် ရှေ့တွင် ညည်းညူခြင်း မပြုတော့။

စကားလက်က မြင်းကို အနားပေးဖို့ လိုသည်ဟု ပြောခြင်းမှာ အကြောင်း တစ်ကြောင်းသာ ဖြစ်၏။ ဆွီလင်

မသွားစေချင်သည့် အခြား အကြောင်းများလည်း ရှိသေးသည်။ ပြည်တွင်းစစ် ပြီးသည့်နောက် မကြာမီ စကားလက် ကိုယ်တိုင် အိမ်နီးနားချင်းများထံ လျှောက်လည်သည်။ မိတ်ဟောင်း ဆွေဟောင်းထံ သွားသည်။ သို့ အလည် သွားမိသဖြင့် အကြီးအကျယ် စိတ်ဓာတ်ကျခဲ့ရသည်။

ဆယ်လီက မြင်းကို ဒုန်းစီးလာကာ ယန်ကီတွေ လာနေပြီဆိုသည့်သတင်းကို ကြိုပေးနိုင်သဖြင့် ဖွန်တိန်တို့

မိသားစုတွင် အပျက်အစီး အဆုံးအရှုံး သိပ်မရှိလှ။ သို့တိုင်အောင် မေမေကြီး ဖွန်တိန်သည် အိမ်ကို မီးလောင်သဖြင့် မီးကို ဝိုင်းငြှိမ်းသည့်နေ့က စ၍ နှလုံးရောဂါ ပြန်ထခဲ့သည်။ နှလုံးရောဂါ ဒဏ်က ပြန်၍ နာလန် မထူတော့။ ဖေဖေကြီး ဒေါက်တာ ဖွန်တိန်ကလည်း စစ်ထဲက အပြန်တွင် လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ရသည်။ ယခု ကောင်းကောင်း မကျန်းမာသေး။ အဲလက်နှင့် တိုနီက မလုပ်တတ် လုပ်တတ်ဖြင့် ယာထွန်၊ ထယ်ထိုး စသည့် အလုပ်များကို လုပ်နေကြရသည်။ စကားလက် ရောက်သွားသည့်အခါတွင် စကားလက်ကို ယာခရိုးမှ ရပ်၍ နှုတ်ဆက်ကြသည်။ စကားလက် စီးလာသည့် လှည်းအိုကလေးကို ကြည့်၍ ရယ်ကြသည်။ ရယ်၍သာ ရယ်ရသော်လည်း သူတို့ မျက်လုံးများက ခါးသီးနာကြည်းဟန် ပေါက်နေသည်။ စကားလက်ကို ကြည့်၍ ရယ်ရင်း သူတို့ကိုယ်သူတို့လည်း ရယ်မိကြသည်။ စကားလက်က သူတို့ထံက ဝါ မျိုးစေ့ ဝယ်သည်။ သူတို့ကလည်း ရောင်းမည်ဟုဆိုကာ ယာကိစ္စကို ဆွေးနွေးဖြစ်ကြသည်။ သူတို့တွင် ကြက် နှစ်ကောင်၊ နွားမ နှစ်ကောင်၊ ဝက် ငါးကောင်နှင့် တပ်မှ အပြန်တွင် ယူလာသည့် လား တစ်ကောင်ရှိသည်။ ဝက် တစ်ကောင်က နာ၍ သေသွားသဖြင့် ကျန်ဝက်များ အတွက် စိုးရိမ်နေကြ၏။ သူတို့ ညီအစ်ကို နှစ်ယောက်သည် ယခင်က ဤပြဿနာများကို မတွေ့ကြ။ ဂိုက်ကျကျ ဝတ်ကာ မည်သည့် လည်စည်းက ဖက်ရှင်ကျသည်ဆိုသည့် ကိစ္စမျိုးလောက်ကိုသာ သိကြသည်။ ယခု ဤလို လူပေါ်ကြော့တွေက ဝက် စကား၊ ကြက် စကား၊ မြေ စကား၊ ယာ စကား စသည်တို့ကို ပြောလာသည့်အခါတွင် စကားလက်ကလည်း သူတို့ကို ကြည့်၍ ရယ်သည်။ စကားလက်၏ ရယ်သံကလည်း နာကြည်း ခါးသီးနေသည်။

510



ရွေးကြီးပင်စု ယာတောသို့ ရောက်သည့်အခါတွင် စကားလက်ကို အားလုံးက ဝမ်းသာအယ်လဲ ကြိုကြသည်။ ပြောင်းဖူး

မျိုးစေ့များကို မရောင်း၊ အလကားယူပါဟု ပြောကြသည်။ စကားလက်က ပြည်ထောင်စု ငွေစက္ကူစိမ်းစိမ်းတွေကို စားပွဲပေါ်သို့ ချလိုက်သည့်အခါတွင်မူ ဖွန်တိန်တို့ မိသားစု စိတ်ဆိုးကာ ပိုက်ဆံမယူလိုဟု အကျောက်အကန် ငြင်းကြသည်။ စကားလက်က ပြောင်းဖူး မျိုးစေ့ထုပ်ကို ယူပြီးနောက် တစ်ဒေါ်လာတန် ငွေစက္ကူတစ်ချပ်ကို ဆယ်လီ့ လက်ထဲသို့ အသာထည့်ခဲ့သည်။ ဆယ်လီသည် လွန်ခဲ့သည့် ရှစ်လ စကားလက် ပထမဆုံး ပြန်လာစဉ်က တွေ့ခဲ့ရသည့် ဆယ်လီနှင့် လုံးဝ ခြားနားသွားခဲ့ပြီ။ ထိုစဉ်က ဆယ်လီသည် ပိန်ချုံး ဖြူရော် နေသည့်တိုင် ရွှင်ရွှင်လန်းလန်းရှိသည်။ ယခုမူ လက်နက်ချလိုက်သဖြင့် မျှော်လင့်ချက် ဆုံးရှုံးသွားသည့်ပမာ ရွှင်လန်းခြင်း မရှိတော့။

‘စကားလက်’ ဆယ်လီက ငွေစက္ကူကို ကိုင်ထားသည်။ ‘ဒီပြည်တွင်းစစ်ကြီး ဖြစ်တာ ဘာများ အကျိုး ရှိသလဲဟင်၊

ကိုယ်တို့ ဘာလို့ စစ်တိုက်ခဲ့ကြတာတဲ့လဲ၊ ခုတော့ ဂျိုး ပြန်မလာတော့ဘူး၊ မရှိတော့ဘူး’

‘ကိုယ်လဲ ဘယ်သိမလဲ၊ ဒါတွေကို ကိုယ် မစဉ်းစားဘူး’ စကားလက်က ပြော၏။ ‘ခုလည်း စိတ်မဝင်စားဘူး၊

အရင်တုန်းကလည်း စိတ်မဝင်စားခဲ့ဘူး၊ စစ်တိုက်တယ်ဆိုတာ မိန်းမတွေရဲ့ အလုပ်မဟုတ်ဘူး၊ ယောက်ျားတွေရဲ့ အလုပ်၊ ခု ကိုယ် စိတ်ဝင်စားတာကတော့ ဝါ ကောင်းကောင်း ထွက်ဖို့လောက်ပဲ၊ ရော့၊ ဒီပိုက်ဆံလေးကို လက်ခံပြီး ဂျိုးရဲ့သားလေးအတွက် အဝတ်အစား ဝယ်ပေးလိုက်ပါ၊ အဲလက်နှင့် တိုနီက ပြောင်းဖူးမျိုးတွေ အလကားပေးပေမယ့် ကိုယ် မယူရက်ဘူး’

အဲလက်တို့ ညီအစ်ကိုက သူ့ကို လှည်းဆီသို့ လိုက်ပို့၏။ စုတ်ပြတ်နေသည့်တိုင် ယဉ်ကျေးကြသည်။ သူတို့မိသားစု

ထုံးစံအတိုင်း ပျော်ပျော်ပါးပါး။ သို့ရာတွင် သူတို့တစ်တွေ ဆင်းရဲပုံကို ကြည့်၍ စကားလက် စိတ်မကောင်း။ စိတ်မချမ်းမသာဖြင့် ရွေးကြီးပင်စုမှ ပြန်ခဲ့သည်။ ဆင်းရဲခြင်း၊ ငတ်ပြတ်ခြင်းကို စကားလက် စိတ်ပျက်လှပြီ။ နောက်ထမင်း တစ်နပ်အတွက် မကြောင့်မကြ နေရသည့် ဘဝမျိုးကို တွေ့ရလျှင် မည်မျှ ပျော်စရာ ကောင်းမည်နည်း။

ထင်းရှူးမြိုင်က ကိတ် ကားလ်ဗတ်တို့ အိမ်ကိုလည်း စကားလက် ရောက်၏။ ကိတ် ကားလ်ဗတ်ကို အဆင်သင့်

တွေ့ရသည်။ ယခင်က ဤအိမ်ကြီးတွင် သူ ကခဲ့ဖူးသည်။ ကိတ် ကားလ်ဗတ်၏ မျက်နှာသည် ချုံးကျလျက် ရှိ၏။ နေရောင်ထဲတွင် ပက်လက် ကုလားထိုင်ကို ချ၍ ထိုင်နေသည်။ ခန္ဓာကိုယ်ကလည်း ပိန်ချုံးကာ ချောင်းတဟွပ်ဟွပ် ဆိုးနေ၏။ စကားလက်၏ အသံကို ကြားရသည့်အခါတွင် မော့ကြည့်လိုက်သည်။ အဆုတ် နည်းနည်း အအေးမိနေသည်ဟု ပြောကာ စကားလက်ကို နှုတ်ဆက်ဖို့ ထလာသည်။ စစ်မြေပြင် မိုးထဲ လေထဲတွင် နေခဲ့ရသောကြောင့် ဖြစ်သည်။ မကြာခင် ပျောက်သွားကာ ယာတောသို့ ဆင်းနိုင်တော့မည်ဟု ပြောပြသည်။

အသံ ကြားသဖြင့် အိမ်ထဲမှ ထွက်လာသော ကက်သလင်းနှင့် မျက်လုံး ဆုံမိကြသည်။ ကက်သလင်း၏ မျက်လုံးတွင်

သူ့အစ်ကို အတွက် စိတ်မကောင်းဟန်၊ စိတ်နာဟန်ကို အထင်းသား တွေ့ရသည်။ ကိတ်သည် သူ့ ကျန်းမာရေး အခြေအနေကို ကောင်းကောင်း သိပုံမရ။ သို့ရာတွင် ကက်သလင်းကမူ ရိပ်မိဟန် တူသည်။ ထင်းရှူးမြိုင်သည် စုတ်ပြတ် ညှိုးမှိန်ကာ ပေါင်းတောကြီး ဖြစ်နေသည်။ အိမ်က ညစ်ပတ်နေသည်။ တွင်းထဲတွင် ထင်းရှူးပင် ပေါက်ကလေးတွေ ထွက်စပြုပြီ။ ကက်သလင်းက ပိန်ချုံးကာ မျက်နှာ ရင့်ရော် တင်းမာနေသည်။

ကက်သလင်းတို့ မောင်နှမနှစ်ယောက်သည် ယန်ကီ မိထွေး၊ ဖအေတူ မအေကွဲ ညီအစ်မ လေးယောက်၊ ယန်ကီ

511

စာရင်းဒိုင် ဟီလ်တန်တို့နှင့် အတူ တိတ်ဆိတ်၍ ကြောက်ဖွယ် ပဲ့တင် ထပ်နေသည့် ဤအိမ်ကြီးတွင် နေကြသည်။ စကားလက်က မြိုင်သာယာက စာရင်းဒိုင် ဂျိုနာကို မုန်းသလို ဟီလ်တန်ကိုလည်း မုန်းသည်။ ယခု ဟီလ်တန်က သူ့ကို တန်းတူရည်တူ လာ၍ ဆက်ဆံသည့်အခါတွင် သာ၍ပင် မုန်းသည်။ ယခင်က ဤသို့မဟုတ်။ သူတို့ကိုမြင်လျှင် တရိုတသေ ကျိုးကျိုးနွံနွံ ဆက်ဆံသည်။ သို့ရာတွင် ပြည်တွင်းစစ်၌ ရေးဖို့နှင့် ကားလ်ဗတ်တို့ ကျပြီးသည့် နောက်တွင်မူ ယခင်ကကဲ့သို့ မဟုတ်တော့။ တစ်မျိုးဖြစ်လာသည်။ ကားလ်ဗတ်၏ နောက်မိန်းမ ယန်ကီမကလည်း ကပ္ပလီများ ရိုသေလေးစားအောင် မနေတတ်။ ဟီလ်တန်လို ယန်ကီ စာရင်းဒိုင်နှင့် ဆိုလျှင် ပြောဖွယ် မရှိတော့။

‘ဒီ ခေတ်ကြီးထဲမှာ လာစောင့်ရှောက်ဖော်ရလို့ ဟီလ်တန်ကိုပဲ ကျေးဇူးတင်ရသေးတယ်’ ယန်ကီမက သူ့မယားပါ

သမီး ကက်သလင်းကို မလုံမလဲ ကြည့်ရင်း လှမ်းပြောသည်။ ‘သိပ် သဘောကောင်းတာပဲ၊ ရှားမင်းလာတုန်းက ဒီအိမ်ကို မီးရှို့မခံရတာ သူ ကယ်ပေလို့ပေါ့၊ ပိုက်ဆံ မရှိ၊ ကိတ် ကားလ်ဗတ်တို့ မရှိတဲ့အချိန် သူပါ မရှိရင် တို့တော့ ဒုက္ခ’

ကိတ် ကားလ်ဗတ်၏ ဖြူရော်သော မျက်နှာသည် နီရဲသွား၏။ ကက်သလင်းက ပါးစပ်မဲ့ပြပြီး မျက်လွှာချသည်။ ယန်ကီ

စာရင်းဒိုင်၏ ကျေးဇူးခံ ကျေးဇူးစား ဖြစ်ရသည့်အတွက် ဒေါသ ထွက်နေပုံလည်း ရ၏။ မစ္စက် ကားလ်ဗတ်က သူ့စကား မှားသွားပြီကို သိသဖြင့် ငိုတော့မည့်ပုံ။ မစ္စက် ကားလ်ဗတ်က အမြဲတမ်းစကားကို မဆင်မခြင် ပြောတတ်သည်။ ဂျော်ဂျီယာတွင် အနှစ် နှစ်ဆယ်ကျော် နေခဲ့သည့်တိုင် တောင်ပိုင်းသားတို့၏ စိတ်ဓာတ်ကို နားမလည်သေး။ လင်ပါ သားသမီးများရှေ့တွင် ပြောသင့် မပြောသင့်ကို မစဉ်းစားတတ်သေး။ သို့ရာတွင် လင်ပါ သားသမီးများကမူ မစ္စက် ကားလ်ဗတ်ကို ယဉ်ကျေးစွာ ဆက်ဆံကြသည်။ မစ္စက် ကားလ်ဗတ်သည် ခေါင်းကို ငုံ့ကာ တွေးနေသည်။ သူ့ သမီးရင်း လေးယောက်ကို ခေါ်ကာ ယန်ကီမျိုးတွေ ရှိရာ မြောက်ပိုင်းသို့ ပြန်တော့မည်။ မာနကြီးသည့် ဤတောင်ပိုင်းသား သူစိမ်းတောထဲတွင် မနေချင်တော့။

ဤအိမ် နှစ်အိမ်သို့ အလည်သွားပြီးနောက်တွင် တာလက်တန်တို့ အိမ်သို့ စကားလက် အလည်မသွားချင်တော့။

တာလက်တန် ညီအစ်ကို လေးယောက်တို့လည်း မရှိတော့ပြီ။ အိမ်လည်း မီးလောင်သွားပြီ။ တာလက်တန် မိသားစုသည် ယာသူကြီးအိမ်တွင် ကပ်ရပ် နေကြရသည်။ စကားလက် မသွားချင်။ သူတို့ အခြေအနေကို မကြည့်ရက်။ ဆွီလင်နှင့် ကာရင်းတို့က သွားချင်သည်။ မီလာနီကလည်း သွားဖို့ တိုက်တွန်းသည်။ ဆင်းရဲနေတုန်း မသွားလျှင် အိမ်နီးနားချင်းကောင်း ပီသမည်မဟုတ်။ ထို့ပြင် စစ်တပ်က ပြန်လာသော အဖေကြီး မစ္စတာ တာလက်တန်ကိုလည်း သွားနှုတ်ဆက်သင့်သည်ဟု မီလာနီက တိုက်တွန်းသည်။ ထို့ကြောင့် တနင်္ဂနွေ တစ်နေ့တွင် တာလက်တန်တို့ အိမ်သို့ သွားကြသည်။

တာလက်တန် မိသားစုက ထိုအထဲတွင် အဆိုးဆုံး။



ပျက်စီးနေသည့် အိမ်ကြီးရှေ့တွင် သူတို့လှည်းဆိုက်သည့်အခါ၌ မစ္စက်(ဘီးထရစ်) တာလက်တန်တစ်ယောက်

သူ့ထုံးစံအတိုင်း မြင်းစီး ဝတ်စုံကို ဝတ်ထားသည်။ သို့ရာတွင် မြင်းစီးဝတ်စုံမှာ စုတ်ပြတ်နေပြီ။ ကျာပွတ် တစ်ချောင်းကို ချိုင်းကြားတွင် ညှပ်ကာ မြင်းစားကျက် ခြံစည်းရိုးပေါ်တွင် ထိုင်၍ ငေးနေသည်။ မျက်နှာက သုန်မှုန်လျက်။ သူ့မြင်းများကို လေ့ကျင့်ပေးသည့် ခြေခွင်ခွင်နှင့် ကပ္ပလီမလေးက သူ့ဘေးတွင် ထိုင်နေသည်။ သူ့ သခင်မလို သုန်မှုန်လျက် ရှိ၏။ တစ်ခါက ခုန်ပေါက်နေသည့် မြင်းမလေးများ၊ မြင်းမကြီးများဖြင့် ပြည့်နှက်နေသည့် မြင်းစားကျက်တွင် မြင်းတစ်ကောင်မျှ မရှိတော့။ လား တစ်ကောင်သာ ရှိတော့သည်။ ဤလားမှာ စစ်ထဲမှ အပြန် မစ္စတာ တာလက်တန် စီးလာသည့် လား ဖြစ်သည်။

512



‘ငါ့ အချစ်တော်တွေ မရှိတော့ဘူး’ မစ္စက် တာလက်တန်က ခြံစည်းရိုးပေါ်မှ ဆင်းလာသည်။ လူစိမ်းတစ်ယောက်သာ

ကြားလျှင်မူ သူ့သားလေးယောက်ကို ရည်ရွယ်ပြောသည်ဟု ထင်စရာ။ သို့ရာတွင် သူ့မြင်းများကို ပြောကြောင်း စကားလက်တို့ သိကြသည်။ ‘ခု မြင်းတွေ အကုန်သေကုန်ပြီ၊ တစ်ကောင်မှ မရှိတော့ဘူး၊ နယ်လီကို အနှမြောဆုံးပဲ၊ နယ်လီသာ ရှိရင် ငါ ဒီလောက် မနှမြောပါဘူး၊ ခုတော့ ကြည့်ပါဦး၊ လားစုတ်တစ်ကောင်ပဲ ရှိတော့တယ်’

မစ္စက် တာလက်တန်က အရိုးပြိုင်းပြိုင်း ထနေသည့် လားပိန်ကလေးကို စိတ်ဆိုး မာန်ဆိုး ကြည့်သည်။



‘ကြည့်စမ်းပါဦး၊ ခုတော့ ငါ့မြင်းတွေ နေရာမှာ ဒီလားစုတ်ကြီး ရောက်နေတာ ကျက်သရေ တုံးလွန်းလို့၊ လားဆိုတဲ့

သတ္တဝါဟာ လောကကြီးမှာ ရှိဖို့ကောင်းတဲ့ သတ္တဝါမျိုး မဟုတ်ဘူး၊ အင်မတန် မုန်းစရာကောင်းတဲ့ တိရစ္ဆာန်၊ လားကို ဘယ်တော့မှ မွေးဖို့ မကောင်းဘူး’

မစ္စတာ တာလက်တန်က ယာသူကြီး တဲလေးထဲမှ ထွက်လာ၏။ မုတ်ဆိတ်မွေး ပါးမြိုင်းမွေး ထူလပျစ်။ ရုပ်ကိုပင်

ကောင်းကောင်း မှတ်မိစရာ မရှိ။ စကားလက်တို့ကို နှုတ်ဆက်သည်။ သူ့နောက်မှ ဆံပင်နီနီဖြင့် ညီအစ်မ လေးယောက် ထွက်လာသည်။ အနက်ရောင်၊ အညိုရောင် တောလိုက်ခွေးကြီးများက လူသံကြားသဖြင့် ဘေးမှ ဝိုင်းဟောင်နေကြသည်။ သူတို့ တစ်သိုက်က ဝမ်းသာအားရ ဆီးကြိုကြသည်။ သို့ရာတွင် သူတို့၏ ဝမ်းသာ ရွှင်လန်းမှု၌ တမင် လုပ်ယူရသည့် သဘော၊ စကားလက်တို့ကို အကဲခတ်သည့် သဘောတို့ ပါနေသည်။ စကားလက် သူတို့ကို ကြည့်၍ စိတ်မကောင်း ဖြစ်ရသည်။ ရွေးကြီးပင်စု ယာတောမှ နာကြည်း ဆွေးမြည့်မှု၊ ထင်းရှူးမြိုင်မှ တိတ်ဆိတ် ခြောက်သွေ့မှုကို မြင်ရသည်ထက် ပို၍ စိတ်ထိခိုက်စရာ ကောင်းသည်။

စကားလက်တိုပကို

ညစာ

စားပြီးမှ

ပြန်ကြရန်

တားသည်။

ဧည့်သည်

အရောက်အပေါက်

နည်းသဖြင့်

သတင်းပလင်း ကြားချင်ကြသည်။ စကားလက်က မနေချင်။ သူတို့ဆီ လာရသည်ကို စိတ်ညစ်သည်။ သို့ရာတွင် မီလာနီနှင့် ညီအစ်မနှစ်ယောက်က နေချင်ကြသေးသည်။ ထို့ကြောင့် ညစာ စားပြီးသည့် အထိ နေရသည်။ စားတော်ပဲခြောက်ကြော်နှင့် အသားဟင်းလေးကို တို့ရုံမျှလောက်သာ စားကြသည်။

ထမင်းဝိုင်းက ဟင်းလျာ မြိုင်မြိုင်ဆိုင်ဆိုင် မရှိသော်လည်း ရယ်သံဖြင့် ညံလျက် ရှိ၏။ အဝတ်အစားတွေ စပ်ဟပ် ချုပ်၍

ဝတ်ရသည်ကို ပြောရင်း တဝေါဝေါ ပွဲကျနေကြသည်။ တကယ့် ရယ်ရွှင်ဖွယ်ကို ပြောနေကြသည့်နှယ် တခစ်ခစ် ရယ်ကြသည်။ မီလာနီက မြိုင်သာယာတွင် တွေ့ရသည့် အခက်အခဲများကို ပြောပြကာ အခက်အခဲကို ပေါ့အောင် လုပ်ပစ်သည်။ စကားလက် စကားမပြောနိုင်။ နောက်ပြောင်လျက်၊ ဆေးတံသောက်လျက်၊ လဲလျောင်းလျက် ဆူဆူညံညံ ရုတ်ရုတ်သဲသဲ နေတတ်သည့် တာလက်တန် ညီအစ်ကို လေးယောက် မရှိသဖြင့် သူတို့အိမ်ကြီးသည် ဟာလာဟင်းလင်း ဖြစ်နေသည်ဟု ထင်ရ၏။ ဧည့်သည်များအား အပေါ်ယံ ပြုံးပြနေသည့် တာလက်တန်တို့ အိမ်သားများအဖို့မူ မည်သို့ နေမည်မသိ။

ထမင်းဝိုင်းတွင် ကာရင်းသည် စကားတစ်လုံးမျှ မပြော။ သို့ရာတွင် ထမင်းစားပြီးသည့် နောက်၌ မစ္စက် တာလက်တန်၏

အနားသို့ အသာရောက်သွားသည်။ မစ္စက်တာလက်တန်၏ မျက်နှာထားသည် ပြောင်းသွား၏။ နှုတ်ခမ်းပေါ်က အပြုံး ပျောက်သွားသည်။ ကာရင်း၏ ခါးသေးသေးကလေးကို ဖက်ပြီး အပြင်သို့ ထွက်သွားကြ၏။ စကားလက်လည်း နောက်ထပ် တစ်မိနစ်မျှ အိမ်ထဲတွင် မနေချင်တော့။ အပြင်သို့ ထွက်လိုက်လာခဲ့သည်။ ကာရင်းတို့ နှစ်ယောက်က ခြံထဲသို့ဆင်းကာ

513

ခြံထောင့်တွင် မြှုပ်ထားသည့် မြေပုံဆီသို့ သွားနေကြ၏။ စကားလက် အိမ်ထဲသို့ ပြန်မဝင်ချင်တော့။ သူတို့နောက် လိုက်သွားလျှင် ရိုင်းရာကျမည်။ သို့ရာတွင် သူမလိုက်ဘဲ မနေနိုင်။ ကာရင်းသည် မစ္စက် တာလက်တန်ကို အဘယ့်ကြောင့် ဤ မြေပုံများဆီသို့ ခေါ်သွားသနည်း။

တောင်တမာပင်အုပ်ကြီး

အောက်က

အုတ်ဝင်းထရံ

ကာထားသည့်

ကွက်လပ်ကလေးထဲတွင်

ကျောက်ဖြူ

လက်ဝါးကပ်တိုင် အသစ်ကလေး နှစ်ခုကို တွေ့ရသည်။ အသစ်စက်စက် ကလေးတွေ ရှိကြသေးသည်။ မိုးစက်တွေ မြေနီမှုန့်တွေ မရှိကြသေး။

‘အရင် အပတ်က ရောက်လာတာလေ’ မစ္စက် တာလက်တန်က ဂုဏ်ယူ၍ ပြောသည်။ ‘အဖေကြီး ကိုယ်တိုင် မာကွန်ကို

သွားပြီး လှည်းနှင့် ယူလာတာ’

သင်္ချိုင်း မှတ်တိုင်များမှာ ပိုက်ဆံ တော်တော်ကုန်လိမ့်မည်။ အစက သူတို့တစ်တွေ ဆင်းရဲသည်ကို မြင်၍ စကားလက်

စိတ်မကောင်း ဖြစ်သေးသည်။ သို့ရာတွင် ယခု မဖြစ်တော့။ မသေရုံတစ်မည် စားနေရသည့် ကြားထဲက သင်္ချိုင်းမှတ်တိုင်ကို ဤမျှ ပိုက်ဆံအကုန်ခံ၍ လုပ်သည့် သူတို့တစ်တွေကို စကားလက် အံ့ဩသည်။ သူတို့တစ်တွေကို မသနားထိုက်။ သင်္ချိုင်း ကျောက်ဖြူဖြူပေါ်တွင်

ရေးထားလိုက်သည့်

ကမ္ဗည်းစာတန်းတွေကလည်း

အရှည်ကြီး။

စာတန်း

ပို၍

ရှည်လေလေ

စရိတ်များများ ကုန်လေလေ။ သူတို့မိသားစု တစ်ခုလုံး စိတ်မှ ကောင်းပါ၏လော မဆိုနိုင်။ အလောင်းသုံးလောင်းကို အိမ်ပြန် ယူရသည့် စရိတ်ကလည်း နည်းသည့် စရိတ် မဟုတ်။ ဘွိုက်၏ အလောင်းကိုမူ ရှာမတွေ့။ ခြေရာခံ၍ မရ။

ဘရင့်နှင့် စတူးဝပ်၏ သင်္ချိုင်း နှစ်ခုကြားတွင် ကျောက်ပြားတစ်ချက် ရှိသည်။ ‘အသက်ရှင်ချိန်မှာ ချစ်စရာလည်းကောင်း၊

ပျော်စရာလည်းကောင်းပြီး ကွယ်လွန်ချိန်မှာ မကွဲမကွာ သေခဲ့ကြတဲ့ အမြွှာညီအစ်ကို’ ဟု စာတန်း ရေးထားသည်။

ကျောက်ဖြူပြား တစ်ချပ်ပေါ်တွင်မူ ဘွိုက်နှင့် တွမ်တို့၏ အမည်များကို ရေးထားကာ လက်တင် ဘာသာဖြင့် စာတန်း

ထိုးထားသည်။ သို့ရာတွင် စကားလက် နားမလည်။ ဖာယက်တီးဗီးလ် အထက်တန်း ကျောင်းတုန်းက လက်တင်ဘာသာ မယူဖြစ်ခဲ့။

ဤသင်္ချိုင်း မှတ်တိုင်တွေ အတွက် ကုန်မည့် ငွေက နည်းနည်းနောနော မဟုတ်။ တာလက်တန် မိသားစုသည် ရူးများ

ရူးနေပြီလော။ သူ့အိတ်ထဲက ပိုက်ဆံ စိုက်ထုတ် လုပ်ရသလို စကားလက် ဒေါပွနေသည်။

ကာရင်း၏ မျက်လုံးများက ထူးထူးဆန်းဆန်း တောက်ပနေကြ၏။



‘သိပ်လှတာပဲနော်’



ကာရင်းက သင်္ချိုင်းမှတ်တိုင်ကို လက်ညှိုးထိုး၍ တိုးတိုးပြောသည်။



သူ့အဖို့ လှကောင်းလှမည်။ သူ့စိတ်ကူးက ခပ်ယဉ်ယဉ် မဟုတ်လော။



‘ဟုတ်တယ်’ မစ္စက် တာလက်တန်၏ အသံက နူးညံ့နေသည်။ ‘တစ်ပြိုင်တည်း သေသွားတာ ကံကောင်းတယ်လို့

ဆိုရမှာပဲ၊ စတူးဝပ်က ပထမကျတယ်၊ သူ့လက်ထဲက အလံကို ဘရင့်က ကောက်ကိုင်ပြီး တက်တော့ သူ ထပ်ကျတယ်’

514



မြိုင်သာယာသို့ အပြန်ခရီးတွင် စကားလက် ငြိမ်ချက်သား ကောင်းလာသည်။ မြင်ခဲ့ရသည့် ခြံနီးနားချင်းတွေ

အခြေအနေကို တွေးလာ၏။ ရှေးခေတ်က ချမ်းချမ်းသာသာ နေခဲ့ရပုံ၊ ကပ္ပလီ ကျွန် အခြံအရံတွေနှင့် နေခဲ့ရပုံ၊ ဝါပင်တွေ စီတန်း နေကြပုံများကို မြင်ယောင်လာသည်။

‘နောက် တစ်နှစ်လောက် ဆိုရင်တော့ ဒီ ယာတောတွေထဲမှာ ထင်းရှူးပင်တွေ တောထအောင် ပေါက်လာကြတော့မှာပဲ’

စကားလက်က ထင်းရှူးတောကြီးများကို လှမ်းကြည့်၍ စဉ်းစားသည်။ ‘ကပ္ပလီတွေ မရှိရင်တော့ တို့လည်း အသက်နှင့် ကိုယ် အိုးစားမကွဲအောင် တော်တော်လုပ်ရမှာ၊ ကပ္ပလီတွေ မရှိဘဲ ဘယ့်နှယ်လုပ် ဝါ စိုက်နိုင်မှာလဲ၊ ယာခင်းတွေထဲမှာ ဘယ်သူမှ ကောင်းကောင်း မလုပ်နိုင်ရင် တောဖြစ်တော့မှာပဲ၊ ဝါလည်းကောင်းကောင်း စိုက်နိုင်မှာ မဟုတ်ဘူး၊ ဒီလိုဆိုရင် တို့ ဘာလုပ်ကြမလဲ၊ ဒီနားတစ်ဝိုက်က လူတွေက ဘယ်လိုလုပ်ပြီး လုပ်ကိုင် စားသောက်ကြရမှာလဲ၊ မြို့က လူတွေက ကိစ္စမရှိဘူး၊ သူတို့ဆီက အလုပ်အကိုင်ပေါတယ်၊ ဒါပေမယ့် တို့ တောက လူတွေမှာတော့ ရှေးနှစ်တစ်ရာလောက်က ဓားမဦးချ လုပ်တဲ့ခေတ်ကို ပြန်ရောက်နေရပြီ။ သစ်လုံး တဲကလေးတွေနှင့် မြေလေး နွားခြေရာကွက် ကလေးလောက်ကို ထွန်ယက်လို့။

‘မဖြစ်နိုင်ဘူး မြိုင်သာယာကို ဒီအတိုင်း အဖြစ်မခံနိုင်ဘူး၊ ငါ ကိုယ်တိုင် ထွန်ရပေ့စေ၊ ဒီအတိုင်းတော့ အဖြစ်

မခံနိုင်ဘူး၊ ဒီနယ် တစ်နယ်လုံး ဒီပြည်နယ်တစ်ခုလုံး တောတွေ ဖုံးပေ့စေ၊ မြိုင်သာယာကိုတော့ ဒီအတိုင်း အဖြစ်မခံနိုင်ဘူး၊ ငါ့ ပိုက်ဆံကလေးတွေကို ဘာမှ အသုံးမကျတဲ့ သင်္ချိုင်း မှတ်တိုင် စိုက်ရာမှာ အလကား ဖြုန်းမပစ်နိုင်ဘူး၊ စစ်ကို ညည်းတွင်းရင်း အချိန်ကုန် မခံနိုင်ဘူး၊ တစ်နည်းနည်းနှင့် ပြန်လုပ်ရမယ်၊ လောကကြီးမှာ လူတွေ မသေသေးရင် လူတွေ အသက်ရှင်နေသေးရင် တစ်နည်းနည်းနှင့် ကြံဖန်ပြီး လုပ်ရမှာပဲ၊ ကပ္ပလီတွေ မရှိတာနှင့် လောကကြီးမှာ ဒီအတိုင်း ထိုင်နေရတော့မှာလား၊ ဒါပေမယ့် လူငယ် လူရွယ် ကလေးတွေ သေတာကတော့ နှမြောစရာ ကောင်းလှတယ်’

တာလက်တန် ညီအစ်ကိုနှင့် မွန်ရိုး ညီအစ်ကို တစ်သိုက်ကို သတိရသည်။ ဖာယက်တီးဗီးလ်နှင့် ဂျုန်းဘာရိုမှ သူ့

သူငယ်ချင်းများကို သတိရသည်။ ‘လူတွေ ကျန်နေသေးရင် တစ်နည်းနည်းနှင့် ကြံဖန်နိုင်သေးတယ်၊ ဒါပေမယ့်’

အမေ တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူ နောက်အိမ်ထောင်ပြုလျှင် မည်သို့ နေမည်နည်း။ စကားလက်

နောက်အိမ်ထောင် မပြုချင်တော့ပြီ။ အိမ်ထောင်တစ်ဆက်နှင့်ပင် သူ စိတ်ကုန်ပြီ။ သူ ချစ်သူ၊ သူ အိမ်ထောင်ပြုချင်သူက အက်ရှလေ။ သို့ရာတွင် သူ ချစ်သည့် အက်ရှလေသည် အသက် ရှင်နေသေးသည်ဆိုလျှင် အိမ်ထောင်ရှင် ဖြစ်နေပြီ။ သို့ရာတွင် သူ အိမ်ထောင် ပြုချင်လာပြီဆိုလျှင် မည်သူနှင့် အိမ်ထောင် ပြုမည်နည်း။ စကားလက် တွေး၍ စိတ်ရှုပ်သွားသည်။

‘မီလာနီ၊ ကိုယ်တို့ တောင်ပိုင်းသူတွေ ရှေ့ဆိုရင် ဘယ်လိုများ ဖြစ်မလဲ မသိဘူးနော်’



စကားလက်က မေးသည်။



‘ဘာကို ဘယ်လိုဖြစ်ရမှာလဲ’



‘ဪ၊ ကိုယ် ပြောတဲ့အတိုင်းပဲပေါ့၊ ရှေ့ကျရင် တောင်ပိုင်းသူတွေ အားလုံး ဘယ်လိုဖြစ်ကုန်မလဲ မသိဘူး၊ သူတို့ကို

လက်ထပ်မယ့်သူ မရှိတော့ဘူး၊ တောင်ပိုင်းက ယောက်ျားလေး တော်တော်များများ သေကုန်ကြပြီ မဟုတ်လား၊ ဒီတော့ တောင်ပိုင်းသူတွေဟာ အပျိုကြီးတွေ ဖြစ်ကုန်မယ် ထင်တာပဲ’

515



‘ပြီးတော့ ကလေးလေးတွေလည်း မမွေးတော့ဘူး’



ကလေးကို အဓိကထား စဉ်းစားသည့် မီလာနီက ပြောသည်။



လှည်းနောက်တွင် ထိုင်လာသည့် ဆွီလင်က သူတို့စကားကို နားထောင်၍ ငိုလာသည်။ ဖရင့်အကြောင်းကို ဘာမျှ

မကြားရတော့။ နာတာလူးပွဲတော်တွင် နောက်ဆုံးတွေ့လိုက်ရခြင်း ဖြစ်သည်။ ချောစာ အဆက်အသွယ် ခက်ခဲခြင်းကြောင့်လော။ ဖရင့်ကပင် သူ့ကို မေ့သွားပြီလော။ သို့မဟုတ် တိုက်ပွဲတွင် ကျသွားသည်က ကောင်းသေးသည်ဟု ဆွီလင် တွေးသည်။ ချစ်သူ စွန့်ခြင်းခံရသည့် အပယ်ခံမလေး ဖြစ်ရသည်ထက် ကာရင်းတို့ အင်ဒီယာတို့လို သေသွားသည့် ချစ်သူကို လွမ်းရသည်က ဂုဏ်ရှိသေးသည်။

‘တော်စမ်းပါဟယ်၊ ဘာဖြစ်လို့ ငိုနေရတာလဲ’



‘မကြီးကတော့ ပြောမှာပေါ့၊ ယောက်ျားရပြိး သားကလေး ရပြီးသားကိုး၊ နောက်ထပ် ယောက်ျား တစ်ယောက

လိုချင်လည်း ယူလိုက်ရုံပဲ၊ ဒါပေမယ့် ဆွီလင်က အပျိုလေး ရှိသေးတယ်၊ သိရဲ့လား၊ တောင်ပိုင်းသူတွေ အကုန်လုံး အပျိုကြီးတွေ ဖြစ်တော့မှာပဲတဲ့၊ ပြောရက်လိုက်တာ၊ နည်းနည်းမှ ကိုယ်ချင်းမစာဘူး၊ သိပ်မုန်းစရာ ကောင်းတယ်၊ တကယ်ပဲ’

‘တော်စမ်းဆို တော်နော်၊ ငါက ညည်းတဲ့လူ၊ ငိုတဲ့လူဆိုရင် သိပ်မုန်းတယ်၊ နင့်အဆက် သေသွားရင်လည်း

နောက်တစ်ယောက်က ပေါ်လာမှာပေါ့’

လှည်းနောက်ပိုင်းမှ ငိုသံ တိတ်သွားသည်။ ကာရင်းက သူ့အစ်မ ဆွီလင်ကို ချော့နေသည်။ ချော့၍သာ ချော့ရသည်။

သူကိုယ်တိုင်ကလည်း ဘရင့်ကို လွမ်းနေသည်။ သူနှင့် ဘရင့်တို့ မြင်းစီးခဲ့ကြပုံကို သတိရနေသည်။ ဤလမ်း တစ်လျှောက်တွင် သူနှင့် ဘရင့်တို့ မကြာခဏ မြင်းစီးခဲ့ကြသည် မဟုတ်လော။ ကာရင်း၏ မျက်လုံးက တဖျပ်ဖျပ် တောက်နေသည်။

‘အင်း၊ လူငယ်လူရွယ်တွေ မရှိတော့ ကိုယ်တို့ တောင်ပိုင်းဟာ ဘယ်လိုများ နေမလဲ မသိဘူးနော်၊ သူတို့ ရှိခဲ့ရင်လည်း

တစ်မျိုး ဖြစ်မှာပဲ၊ သူတို့ခွန်အား၊ သူတို့ သတ္တိ၊ သူတို့ အကြံဉာဏ်နှင့်သာ ဆိုရင် ချက်ချင်း တက်သွားမှာပဲ၊ ကိုယ်တို့ကလေးတွေကို သူတို့လို သတ္တိရှိသူတွေ ဖြစ်အောင် သူတို့ ခြေရာတွေကို နင်းနိုင်အောင် မွေးမြူပေးရတော့မှာပေါ့၊ မဟုတ်ဘူးလားဟင် စကားလက်’

‘သူတို့လို လူမျိုးတွေတော့ မရှိနိုင်တော့ဘူး ထင်ပါရဲ့ မီလာနီ၊ သူတို့ ခြေရာကို နင်းနိုင်ဖို့ မလွယ်တော့ဘူး’



ကာရင်းက ခပ်တိုးတိုး ညည်းသည်။



ကျန်ခရီး တစ်လျှောက်တွင်မူ သူတို့အားလုံး တိတ်ဆိတ်လာကြသည်။



ရက်များအကြာမီ တစ်နေ့ နေဝင်ရီတရော အချိန်၌ ကက်သလင်း ကားလ်ဗတ် မြိုင်သာယာသို့ လာသည်။ ကုန်းနှီးကို

လားပေါ်တွင် တင်စီးလာခြင်းဖြစ်၏။ လားက ပိန်ပိန်။ ခြေထော့နင်းဖြင့်။ ဤမျှ စိတ်ပျက်စရာကောင်းသည့် လားကို စကားလက် တစ်ခါမျှ မမြင်ဖူးသေး။ သူ့ အဝတ်အစားက တစ်ခါက အိမ်စေများ ဝတ်သည့် ပိတ်ကြမ်းစ။ အရောင်တွေက လွင့်စပြုပြီ။ ဦးထုပ်ကို မေးအောက်တွင် အုန်းဆံကြိုးဖြင့် သိုင်းချည်ထားသည်။ အိမ်ရှေ့ဆင်ဝင် ဘက်သို့ စီးလာသော်လည်း လားပေါ်မှ

516

မဆင်း။ နေဝင်ဆည်းဆာ ရှုခင်းကို လှမ်းကြည့်နေသည့် စကားလက်နှင့် မီလာနီတို့က အောက်သို့ ဆင်းလာခဲ့ကြသည်။ ကက်သလင်း မျက်နှာတစ်ခုလုံးသည် တလောက စကားလက် မြင်ခဲ့ရသော ကိတ် ကားလ်ဗတ်၏ မျက်နှာကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်လျက် ရှိ၏။ သူ့မျက်နှာသည် တင်းမာနေကာ စကားတစ်ခွန်း ပြောလိုက်သည်နှင့် မျက်နှာ ကွဲထွက်သွားမည်လောဟု ထင်ရသည်။ သို့ရာတွင် ခါးက မတ်လျက် မျက်နှာကို မော့ထားသည်။

ဝီလ်ကီတို့အိမ် ဝက်ကောင်လုံးကင် ပျော်ပွဲစားတုန်းက ကက်သလင်းနှင့် သူတို့ ရက် ဘတ်တလာ အကြောင်း

ပြောခဲ့ကြသည်ကို

ရုတ်တရက်

အမှတ်ရလိုက်သည်။

ထိုနေ့က

အော်ဂန်ဒီစ

အပြာနုရောင်

ဝတ်စုံဝတ်ထားသည့်

ကက်သလင်းသည် အလှကြီး လှနေသည်။ ရင်တွင် နှင်းဆီပွင့်ကြီး တစ်ပွင့်ထိုးကာ သေးသွယ်လှပသည့် ခြေချင်းဝတ်တွင် ဇာကြိုးတပ် အနက်ရောင် ကတ္တီပါ ဖိနပ်ကလေးကို စီးထား၏။ ယခု လားပေါ်တွင် မတ်မတ်ကြီး ထိုင်နေသည့် ကက်သလင်းနှင့် နည်းနည်းကလေးမျှ မတူ။

‘ကိုယ် မဆင်းတော့ဘူး’ ကက်သလင်းက ပြောသည်။ ‘ကိုယ် လက်ထပ်တော့မလို့၊ အဲဒါ လာပြောတာ’



‘ဘာ’



‘ဘယ်သူနှင့်လဲ’



‘အို၊ ဟုတ်လား’



‘ဘယ်တော့လဲ’



‘မနက်ဖြန်’ ကက်သလင်းက ဣနြေ္ဒ မပျက် ပြောသည်။ စကားလက်တို့ မျက်နှာများက ပြုံးလာကြသည်။ ‘မနက်ဖြန်၊

ဂျုန်းဘာရိုမှာ ကိုယ် လက်ထပ်တော့မယ်ဆိုတာ လာပြောတာ၊ မင်းတို့ကို အကြောင်းကြားရုံ သက်သက်ပဲ၊ ဘယ်သူ့မှ မဖိတ်ဘူး၊ လာလည်း မလာကြနှင့်’

သူတို့သည် ကက်သလင်း စကားကို နားလည်အောင် မနည်း စဉ်းစားယူရသည်။ နားမလည်နိုင်သည့် အမူအရာဖြင့်

မော့ကြည့်၏။ မီလာနီက ပြောသည်။

‘ကိုယ်တို့ အသိထဲကပဲလား ဟင်’



‘ဟုတ်တယ်၊ မစ္စတာ ဟီလ်တန်နှင့်’



‘မစ္စတာ ဟီလ်တန်နှင့် ဟုတ်လား’



‘ဟုတ်တယ်၊ ကိုယ်တို့ စာရင်းဒိုင် မစ္စတာ ဟီလ်တန်နှင့်’



စကားလက် အံ့ဩ၍ စကားပင် မပြောနိုင်တော့။ ကက်သလင်းကမူ မီလာနီကို ငုံ့ကြည့်လိုက်ကာ လေသံခပ်ပြတ်ပြတ်ဖြင့်



‘ကိုယ့် ရှေ့မှာ ငိုတာတွေ ဘာတွေ လုပ်မနေနှင့် မီလာနီ၊ ကိုယ် မနေတတ်ဘူး’

517



မီလာနီက ဘာမျှ မပြော။ လားပေါ်တွင် တွဲလွဲချထားသည့် ကက်သလင်း၏ ခြေထောက်ကို ပွတ်နေ၏။ ခေါင်းကို

ငုံ့ထားသည်။

‘ကိုယ့်ကို မပွတ်နှင့် မီလာနီ၊ ကိုယ် မနေတတ်ဘူး’



မီလာနီက လက်ကို ချလိုက်သည်။ ခေါင်းကို ငုံ့မြဲ ငုံ့ထား၏။



‘ကဲ၊ ကိုယ် သွားမယ်၊ မင်းတို့သိအောင် လာပြောရုံပဲ’



ကက်သလင်း မျက်နှာက ပြန်တင်းသွားသည်။ ဇက်ကို ဆွဲလိုက်၏။



‘ကိတ် တစ်ယောက်ကော ဘယ့်နှယ် နေသေးသလဲ’



တိတ်ဆိတ်နေသဖြင့် စကားလက်က စကားမရှိ စကား ရှာ၍ မေးသည်။



‘မသက်သာပါဘူး၊ ဒီလိုပဲ’ ကက်သလင်းက ခပ်တိုတိုဖြေသည်။ သူ့အသံက ဘာမျှ ခံစားမှု မရှိသည့်အသံ။ ‘သိပ်

မခံတော့ပါဘူး၊ ကိုယ့်အတွက် စိတ်အေးရရင်တော့ အသေဖြောင့်ရမှာပေါ့လေ၊ နို့မို့ရင်လည်း ကိုယ့်ကို စိတ်မချတာနှင့် အသေဖြောင့်မှာ မဟုတ်ဘူး၊ ကိုယ့်မိထွေးနှင့် ကလေးတွေလည်း မနက်ဖြန်မှာ မြောက်ပိုင်းကို အပြီး ပြန်ကြတော့မယ်၊ ကဲ ကိုယ် သွားမယ်’

မီလာနီက မော့ကြည့်လိုက်သည့်အခါတွင် ကက်သလင်း၏ တင်းမာသော အကြည့်နှင့် ဆုံမိသည်။ မီလာနီ၏

မျက်တောင်ပေါ်တွင် မျက်ရည်တွေ ဥနေသည်။ သူ့မျက်လုံးက ကက်သလင်း၏ အခြေအနေကို နားလည် သဘော ပေါက်သည့် အသွင်။ ကက်သလင်း၏ နှုတ်ခမ်းက မငိုရန် အောင့်အည်းထားသည့် သတ္တိကောင်းကောင်း ကလေးတစ်ယောက်၏ နှုတ်ခမ်းလို မဲ့ပြုံး ပြုံးနေသည်။ ဝါခင်း ပိုင်ရှင် လူရတတ်၏ သမီးကက်သလင်း။ စကားလက်မှ လွဲလျှင် အချောဆုံး ကက်သလင်း။ ယခု ကန်ကီ စာရင်းဒိုင်ကို လက်ထပ်တော့မည် ဆိုသည့်အခါ စကားလက် မစဉ်းစားတတ်အောင် ဖြစ်နေသည်။

ကက်သလင်းက လားပေါ်မှ ငုံ့သည်။ မီလာနီက ခြေဖျား ထောက်၏။ သူတို့နှစ်ယောက် နမ်းကြသည်။ နောက်

ကက်သလင်းက ဇက်ကြိုးခေါက်ဖြင့် လားကို ရိုက်သည်။ လားအိုကြီး ထွက်သွားသည်။

မီလာနီသည် သူ့ကို ငေးကြည့် ကျန်ရစ်ခဲ့၏။ မျက်ရည်များသည် သူ့ပါးပြင်သို့ စီးကျလာကြသည်။ စကားလက်က

ကြောင်၍ ငေးကြည့်နေသည်။

‘မီလာနီ၊ ကက်သလင်း စိတ်မှ ကောင်းသေးရဲ့လား၊ ဒီလူကြီးကို ချစ်မယ် မထင်ပါဘူးနော်၊ မင်း ဘယ်လိုထင်သလဲ’



‘ကြံကြံဖန်ဖန်ကွယ်၊ ချစ်တယ် ဆိုတဲ့ စကားကိုတောင် မသုံးပါနှင့်၊ အင်း ကက်သလင်းရော ကိတ်ရော မောင်နှမ

နှစ်ယောက် သနားပါတယ်’

စကားလက်က ခပ်လှောင်လှောင် စုတ်သပ်လိုက်၏။ မီလာနီက သူ့ထက် အစစအရာရာ လာဘ်မြင်သည်။

စဉ်းစားတတ်သည်။ သူ့ထက် အကင်း ပါးသည်။

518



ကက်သလင်း၏

အခြေအနေကို

ကြည့်ရသည်က

စိတ်မချမ်းသာစရာ။

ယန်ကီ

စာရင်းဒိုင်

တစ်ယောက်ကို

ယူရခြင်းမှာ ပျော်စရာ အားကျစရာ မဟုတ်။ သို့ရာတွင် ကိတ် သေလျှင် ကက်သလင်း တစ်ယောက်တည်း ကျန်ခဲ့တော့မည်။ ဤယာတောတွင် မိန်းမသား တစ်ယောက်တည်း နေ၍ မဖြစ်။ ဦးစီး လုပ်ကိုင်မည့် ယောက်ျား တစ်ယောက် လိုသည်။

‘တစ်နေ့က စကားလက် ပြောခဲ့သည့်အတိုင်း ဖြစ်တာပါပဲ၊ တောင်ပိုင်းသူတွေမှာ ယူစရာ ယောက်ျား မကျန်တော့ဘူး၊

ဒီတော့ အားကိုးအားထား တွေ့ရာ တစ်ယောက်ယောက်ကို ကောက်ယူ ရတော့တာပေါ့’

‘အိုကွယ်၊ ဘာဖြစ်လို့ ယူရမှာလဲ၊ အပျိုကြီး ဖြစ်ရတာ ရှက်စရာလား၊ ဘာရှက်စရာ ရှိသလဲ၊ ဒေါ်လေး ပစ်တီကိုပဲ

ကြည့်ပါဦး၊ ဒီ ယန်ကီကြီး ယူမယ့်အစား ကက်သလင်း သေသွားရင် ကိုယ် ဝမ်းသာတယ်၊ ကားလ်ဗတ်မျိုးရယ်လို့ ဘယ်ကျန်တော့မှာလဲ၊ သူနှင့် ရတဲ့ ကလေးတွေဟာ ယန်ကီ ကပြားလေးတွေ ဖြစ်ကုန်ရောပေါ့၊ စကားလက် ပေါ့ကို မြင်းနှင့် ကက်သလင်း နောက် အလိုက်ခိုင်းပြီး ကိုယ်တို့နှင့် လာနေဖို့ အပြောလွှတ်ပါလား ဟင်’

‘ဟင်’ စကားလက် လန့်သွားသည်။ မြိုင်သာယာတွင် ခေါင်းပါးရသည့်အထဲ ကျွေးစရာ ပါးစပ်ပေါက် တိုးဦးတော့မည်။

စကားလက် ဗြောင်ဖွင့်ပြောလိုက်မည် စိတ်ကူးသေးသည်။ သို့ရာတွင် မီလာနီ၏ မသာယာသော မျက်နှာကြောင့် ထို စကားလုံးများကို မပြောရက်။

‘လာနေမှာ မဟုတ်ပါဘူး မီလာနီ’ စကားလက်က ပြောသည်။ ‘သူက မာနကြီးတယ် မဟုတ်လား၊ ခုလို လာနေတာကို

သူများဆီ ကပ်ရပ် စားနေရတယ်လို့ ထင်မှာပေါ့’

‘အင်း၊ ဒါလည်း ဟုတ်ပါတယ်လေ’



မီလာနီက ပြောရင်း အဝေးတွင် ဝေ့ဝိုက် ကျန်ရစ်ခဲ့သည့် မြေနီ ဖုန်လုံးများကို ငေးကြည့်နေသည်။



‘အင်း မီလာနီ၊ မင်းနှင့် ကိုယ်နှင့် အတူ နေလာတာ ကြာပြီ’ စကားလက်က သူ့ယောက်မကို ကြည့်၍ တွေးနေသည်။

‘ဒါပေမယ့် မင်းကတော့ သူများဆီ ကပ်ရပ်စားနေတယ်လို့ တွေးမိပုံ မရဘူး၊ နောင်လည်းပဲ တွေးမိမှာ မဟုတ်ဘူး၊ ပြည်တွင်းစစ်ကြောင့် ပြောင်းလဲ မသွားကြတဲ့ လူတွေထဲမှာ မင်းဟာ တစ်ယောက်အပါအဝင်ပဲ၊ မင်း စဉ်းစားနေပုံက တို့တစ်တွေ ဘာမှ မဖြစ်သလိုပါပဲလား၊ တို့တစ်တွေဟာ ဇောတိကလို ချမ်းသာနေသလိုလို၊ အိမ်မှာ ဧည့်သည်တစ်ယောက် ပါးစပ် တစ်ပေါက် တိုးလာတာ ဘာမှ အရေးမကြီး သလိုလို၊ ကိုယ့်မှာ မင်း တာဝန်ကြီးကို ထမ်းပိုးထားရတာ ကြာလှပြီ မီလာနီ၊ ဒီအထဲမှာ နောက်ထပ် ကက်သလင်းကို ကျွေးမထားနိုင်ဘူး’

519

၃ဝ



ပြည်တွင်း ငြိမ်းချမ်းရေးရပြီး ထိုနှစ် နွေရာသီ၌ မြိုင်သာယာသည် အပြင် လောကနှင့် အဆက်အသွယ် ရလာသည်။

စစ်သားများသည် မြိုင်သာယာသို့ ရောက်လာကြသည်။ တစ်ညတာ တည်းခိုချင်ကြသည်။ အစာရေစာ တောင်းကြသည်။ သူတို့ အားလုံး မုတ်ဆိတ်မွေး ဗရပျစ်။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်။ ခြေထောက်တွင် အနာတွေ ပြည့်လျက်။ ငတ်ပြတ် နေကြသည်။ တပ်ပျက်သဖြင့် အိမ်သို့ ပြန်လာကြသည့် ပြည်နယ် တပ်သားများ ဖြစ်သည်။ ကာရိုလိုင်းနားမှ အတ္တလန်တာသို့ မီးရထားဖြင့် လာခဲ့ကြရသည်။ အတ္တလန်တာတွင် စစ်သားတွေ စုပုံနေသည်။ ထိုကမှ တစ်ဆင့် အသီးသီး ကိုယ့်ရပ် ကိုယ်ရွာသို့ ခြေကျင် ပြန်ခဲ့ကြခြင်း ဖြစ်၏။ ပထမ ဗိုလ်ချုပ် ဂျွန်စတန်၏ တပ်များ၊ နောက် ဗာဂျီးနီးယား ပြည်နယ် တပ်မတော်မှ တပ်သားများ၊ ထို့နောက် အနောက်ပိုင်း ပြည်နယ် တပ်များ စသဖြင့် တဖွဲဖွဲ ရောက်လာကြသည်။ ပြန်၍သာ ပြန်ရသည်၊ သူတို့ ရှေ့ရေးက မသေချာ။ တချို့က အိမ်ကို ရှာတွေ့ချင်မှ တွေ့ကြတော့မည်။ တချို့က ဆွေမျိုး သားချင်းတွေ ရှိမှ ရှိကြတော့မည်။ အချို့ အများစုက ခြေကျင် လာကြပြီး ကံကောင်းသည့် အနည်းစုက အရိုး ငေါငေါ ထွက်နေသည့် လားများနှင့် မြင်းပိန်ကလေးများကို စီးလာကြသည်။ လက်နက်ချ စည်းကမ်းများ အရ ရလာခဲ့သည့် မြင်းများ ဖြစ်သည်။ လမ်းတွင် ဗုန်းဗုန်းလဲ သေမည့် မြင်းတွေချည်း ဖြစ်သည်။ မြင်း ကျွမ်းကျင်သူများ မဆိုထားနှင့်၊ သာမန် လူပြိန်းပင်လျှင် ပြောနိုင်သည်။

စစ်သားများသည် အိမ်ပြန်ရောက်ဖို့ကိုသာ စိတ် စောနေကြသည်။ တချို့က စကားနည်းကာ စိတ်မကောင်း

ဖြစ်နေကြသည်။ အချို့က ခပ်ပြုံးပြုံး။ တွေ့သမျှ ဒုက္ခတွေကို ပမာ မထားသည့်ဟန်။ သို့ရာတွင် ပြည်တွင်းစစ် ပြီးပြီ။ အိမ်ပြန် ရတော့မည် ဟူသည့် ဇောကြောင့် ပျော်နေကြသည်။ မည်သူမျှ နာကြည်းခြင်း မရှိကြ။ နာကြည်းမှုကို မိဘများနှင့် ဇနီး သားသမီး များထံ လွှဲပေးခဲ့ကြပြီ။ သူတို့သည် တတ်နိုင်သလောက် တိုက်ခဲ့ကြသည်။ ရှုံးခဲ့ကြသည်။ ယခု သူတို့ ဆန့်ကျင် တိုက်ခိုက်ခဲ့သည့် အလံ အောက်တွင် ထွန်ယက် စိုက်ပျိုးကာ အေးအေး ချမ်းချမ်း နေချင်လှပြီ။

အိမ်ပြန်တော့မည်။ အိမ်ပြန် ရောက်တော့မည်။ ဘာ စကားကိုမျှ မပြောနိုင်။ စစ်ပွဲ အကြောင်း၊ ဒဏ်ရာ ရသူများ

အကြောင်း၊ သုံ့ပန်း အဖမ်းခံရသည့် အကြောင်း စသည်တို့ကို ဘာမျှ မပြောချင်။ နောင် သားတွေ မြေးတွေ ရသည့် အခါတွင်မူ ထိုတိုက်ပွဲများ အကြောင်း၊ ငတ်ပြတ်သည့် အကြောင်း၊ မိုးထဲ ရေထဲတွင် ချီတက် ရသည့် အကြောင်း၊ မိုးထဲ ရေထဲတွင် ချီတက်ရသည့် အကြောင်း၊ ဒဏ်ရာရသည့် အကြောင်းတွေကို ပြောရမည်။ သို့ရာတွင် ယခု မပြောချင်။ အချို့ လက်တစ်ဖက် မရှိကြ။ ခြေထောက် တစ်ဖက် မရှိကြ။ မျက်လုံး တစ်ဖက် မရှိကြ။ အချို့တွင် ဒဏ်ရာတွေ အမာရွတ်တွေ ပြည့်နေသည်။ အသက် ခုနစ်ဆယ် ထိသာ နေရလျှင် မိုးအေးသည်နှင့် တစ်ပြိုင်နက် ဒဏ်ရာဟောင်းတွေ ပေါ်လာကာ ကိုက်သည်ရော၊ ခဲသည်ရော ဖြစ်ကြဦးမည်။ သို့ရာတွင် ယခု အချိန်တွင်မူ ထိုအရာများသည် အသေး အဖွဲများသာ ဖြစ်နေသည်။ နောင်တွင်မူ မပြောတတ်။

ကြီးသူ ငယ်သူ၊ စကား များသူ၊ စကား နည်းသူ၊ ဆင်းရဲသူ ချမ်းသာသူ။ ၎င်းတို့ အားလုံးတွင် တူညီချက် နှစ်ခု ရှိသည်။

တစ်ခုက သန်းပေါခြင်းနှင့် တစ်ခုက ဝမ်းကိုက် ရောဂါ စွဲလာခြင်း ဖြစ်သည်။ ပြည်နယ် စစ်သားသည် သန်းကြီးမ စွဲသည်ကို

520

ရိုးနေပြီ။ မိန်းကလေးတွေ ရှေ့တွင်ပင် မရှက်နိုင်တော့။ တဗျစ်ဗျစ် ကုတ်နေတတ်သည်။ ဝမ်းကိုက် ရောဂါ (`သွေးဆင်း ရောဂါ’ ဟု မိန်းမပျိုများ ယဉ်ကျေးစွာ ခေါ်ကြသည်။) မရှိသည့် စစ်သား ဟူ၍ တစ်ယောက်မျှ မရှိကြ။ စစ်သားမှ ဗိုလ်ချုပ် အထိ ထိုရောဂါ ရှိသည်။ လေးနှစ်လုံးလုံး မငတ်ရုံတစ်မည် စားခဲ့ရခြင်း၊ အစားကြမ်းများ၊ ဟင်းသီး ဟင်းရွက်စိမ်းများ၊ တစ်ဝက်ပုပ် အသီးများကို စားခဲ့ရခြင်းတို့ကြောင့် သူတို့ အားလုံး ဝမ်းကိုက် ရောဂါ စွဲနေကြသည်။ မြိုင်သာယာသို့ ရောက်လာသည့် စစ်သား မှန်သမျှ အချို့က ဝမ်းကိုက်ဆဲ။ အချို့က ပျောက်ခါစသာ ရှိကြသေးသည်။

`ပြည်နယ် စစ်တပ် တစ်ခုလုံးမှာ ဗိုက်ကောင်းတဲ့ လူဆို တစ်ယောက်မှ ရှိပုံ မရဘူး’ ဟု ကြီးဒေါ်က ပြောသည်။

ကြီးဒေါ်က ဝမ်းကိုက် ရောဂါသည်များကို တိုက်ရန် ဆီးမြစ်များကို သုံးခွက်တစ်ခွက် ကျိုနေသည်။ မီးရှိန်ကြောင့် သူ့ မျက်နှာတွင် ချွေး ပြန်နေ၏။ မေမေက ဝမ်းကိုက် ရောဂါ ဖြစ်လျှင် ဆီးမြစ်ကို ပြုတ်၍ တိုက်တတ်သည်။ မေမေ့ လက်သုံးဆေး ဖြစ်၏။ `တို့ စစ်တပ်တွေ ရှုံးတာ ယန်ကီတွေကြောင့် မဟုတ်ပါဘူး၊ ဝမ်းကိုက် ရောဂါကြောင်းပါ၊ ဒီလောက် ဝမ်းတစစ်စစ် ကိုက်နေတာ ဘယ်မှာ စစ်တိုက်လို့ ရတော့မလဲ’ ဟု ကြီးဒေါ်က ပြောသည်။

ကြီးဒေါ်က ဝမ်းကိုက် ရောဂါ ဖြစ်လာသည့် စစ်သား မှန်သမျှ ဘာမပြော ညာမပြော ဆီးမြစ်ပြုတ်ရည်ကို ဆီးတိုက်၏။

စစ်သားများကလည်း သူ တိုက်သမျှကို သောက်သည်။ ယခု မသောက်လျှင်လည်း အိမ်ပြန်ရောက်လျှင် သောက်ရမည် မဟုတ်လော။

ကြီးဒေါ်က စည်းကမ်း ကြီးသည်။ ခေါင်းမာသည်။ သန်းကြီးမ စွဲသည့် တပ်သားကို အိမ်ပေါ်သို့ အတက် မခံ။ ချုံထူထူ

တစ်ခုဆီသို့ ပို့ကာ အဝတ်အစားတွေကို ချွတ်စေသည်။ ရေ တစ်ဇလုံနှင့် ဆင်ချေးတုံး ဆပ်ပြာ ပေးကာ ရေချိုးစေသည်။ သူတို့ကို စောင်တွေ၊ မွေ့ရာတွေ ပတ်ထားခိုင်းပြီး သန်းစွဲနေသည့် အင်္ကျီများ၊ ဘောင်းဘီများကို အဝတ်ပြုတ် အိုးကြီးဖြင့် ပြုတ်ပေးသည်။ ဤသို့ လုပ်ခြင်းသည် စစ်သားများကို သိက္ခာ ကျစေသည်ဟု မိန်းကလေးများက ပြောကြသည်။ ကြီးဒေါ်က လက်မခံ။ သန်းကြီးမ စွဲသည့် စစ်သားကို လက်ခံ စကား ပြောရသည့် မိန်းကလေး အဖို့ ပို၍ သိက္ခာ ကျရသည်ဟု အကြောင်းပြသည်။

စစ်သားများ နေ့စဉ်နှင့်အမျှ ရောက်လာနေကြသည်။ ကြီးဒေါ်က အိပ်ခန်းများကို အသုံးပြုခွင့် မပေး။ မသေဘဲ

ကျန်ခဲ့သော သန်းကြီးမတွေ ကူးမှာ ကြောက်သည်။ ထို့ကြောင့် စကားလက်က ဇွတ်မလုပ်တော့ဘဲ ကတ္တီပါ ကော်ဇော ခင်းထားသည့် ဧည့်ခန်းတွင် သူတို့ကို အိပ်စေသည်။ ဤသည်ကိုပင် ကြီးဒေါ်က မကျေနပ်။ မေမေ၏ ကတ္တီပါ ကော်ဇောကြီးကို ခင်းပေး ရမည်လောဟု တစူစူ တဆောင့်ဆောင့် လုပ်သည်။ သို့ရာတွင် စကားလက်ကလည်း အလျှော့ မပေး။ သူတို့က တစ်နေရာ ပြောင်းအိပ်ပေးသည်။ လက်နက်ချပြီး တစ်လ မကြာမီတွင် မေမေ၏ ကတ္တီပါ ကော်ဇောကြီး ဟောင်းစ ပြုပြီ။ မကြာမီ စစ်ဖိနပ်ကြီးတွေ၊ ဖနောင့် သံဆူးတွေကြောင့် အပေါက်တွေ ပေါ်လာသည်။

စစ်သားတိုင်းအား အက်ရှလေ အကြောင်းကို မေးသည်။ ဆွီလင်က ဖရင့် သတင်းကို မေးသည်။ သို့ရာတွင် သူတို့

နှစ်ယောက်ကို သိသည့် စစ်သား ဆို၍ တစ်ယောက်မျှ မတွေ့။ ပျောက်ဆုံးနေသည့် တပ်သားများ အကြောင်းကိုလည်း ပြောချင်ပုံ မရ။ သူတို့ အသက် မသေခဲ့သည်ပင်လျှင် ကံကောင်းလှပြီ။ မြေပုံများထဲတွင် ကျန်ရစ်ခဲ့ကြသည့် ထောင်ပေါင်း များစွာသော စစ်သားများ အကြောင်းကို မတွေးချင်ကြတော့။

မေးတိုင်း ဘာသတင်းမျှ မကြားရသည့် အခါတွင် မီလာနီ စိတ်ပျက်သည်။ တစ်အိမ်လုံးက မီလာနီကို ဝိုင်း၍

521

အားပေးကြ၏။ အက်ရှလေသည် အကျဉ်းထောင်ထဲတွင် မသေ။ သေလျှက် ယန်ကီ ဘုန်းကြီး တစ်ပါးပါးထံမှ စာလာရမည်။ ယခု အိမ်သို့ အလာ လမ်းတွင်လည်း ရှိနိုင်သည်။ အကျဉ်း စခန်းက ဝေးလွန်း သဖြင့် ဤမျှ ကြာနေရခြင်း ဖြစ်မည်။ မီးရထားနှင့် လာလျှင်ပင် ညအိပ် ညနေ လာရမည် မဟုတ်လော။ ခြေကျင်နှင့်လည်း လာကောင်း လာနေရမည်။ (ခြေကျင် လာသည် ဆိုလျှင် အဘယ့်ကြောင့် စာလေး တစ်စောင်မျှ မထည့်ရသနည်း။) စာ မရောက်သည့် အကြောင်းကမူ ချောစာ အသွားအလာများကြောင့် ဖြစ်မည်။ ချောစာ အသွားအလာများ အကြောင်း လူတိုင်း အသိ။ ချောပို့ အဆက်အသွယ်များ ပြန်၍ လည်ပတ်နေသည့်တိုင် ဘာမျှ စိတ်မချရ။ မသေချာ။ (အကယ်၍ လမ်းတွင် မသေနိုင်ပြီလော။) ဖြစ်နိုင်ဖွယ် မရှိ။ လမ်းတွင် သေလျှင် ယန်ကီ မိန်းမ တစ်ယောက်ယောက်က သူတို့ထံ စာရေးလိမ့်မည်။ (ယန်ကီ အမျိုးသမီးက စာရေးမည် ဆိုပါတကား။ ကြားသား မိုးကြိုး။ သူတို့မို့ ပြောတတ်ပလေး) ကောင်းသည့် ယန်ကီ အမျိုးသမီးများ ရှိပါသေးသည်။ လူမျိုး တစ်မျိုးသည် မည်မျှ အောက်တန်း ကျသည့်တိုင် ကောင်းသည့် မိန်းမများ ရှိရဦးမည်။ ထို မိန်းမများကြောင့် လူမျိုး တစ်မျိုး အနေဖြင့် တည်တံ့နိုင်ခြင်း ဖြစ်သည်။ ဆာရာတိုဂါတွင် ကိုယ်လို သဘော ကောင်းသည့် ယန်ကီ အမျိုးသမီး တစ်ယောက်ကို စကားလက် တွေ့ခဲ့ ဖူးသည် မဟုတ်လော။ သူ့အကြောင်းကို မီလာနီအား ပြောပြသည်။

ဤသို့ဖြင့် တစ်အိမ်သားလုံးက မီလာနီကို ဝိုင်းအားပေးကြသည်။



`အို ဘယ်က သဘော ကောင်းရမှာလဲ၊ ကပ္ပလီတွေ ထွက်ပြေးရင် လိုက်ဖမ်းဖို့ အမဲလိုက် ခွေး ဘယ်နှစ်ကောင်

ရှိသလဲတဲ့၊ ကိုယ်ကတော့ မီလာနီနှင့် သဘောတူတယ်၊ ကိုယ့် တစ်သက်မှာတော့ ယောက်ျားရော မိန်းမရော ကောင်းတဲ့ ယန်ကီ ဆိုလို့ တစ်ယောက်မှ မတွေ့ဖူးဘူး၊ ဒါပေမယ့် မငိုပါနှင့် မီလာနီရယ်၊ အက်ရှလေ ပြန်လာမှာပါ၊ ခရီးက အဝေးကြီး မဟုတ်လား၊ ဖိနပ် ရှိချင်မှ ရှိမှာ’

အက်ရှလေ တစ်ယောက် ဖိနပ် မပါဘဲ ပြန်လာရပုံကို တွေးမိသည့် အခါတွင် စကားလက်ပင် ငိုချင်လာသည်။ အခြား

စစ်သားတွေ အဝတ်စုတ်တွေ၊ ကော်ဇောစုတ်တွေ ခြေထောက် ပတ်၍ ပြန်လာရသည့်တိုင် ကိစ္စ မရှိ။ သို့ရာတွင် အက်ရှလေ တစ်ယောက် ဤသို့ မဟုတ်လျှင် တော်ပြီ။ အက်ရှလေသည် မြင်း စီးလာနိုင်လျှင် ကောင်းလေစွ။ အဝတ်အစား ကောင်းကောင်း၊ ဖိနပ် သစ်သစ်၊ ဦးထုပ် သစ်သစ်၊ ဦးထုပ်တွင် ငှက်တောင် တစ်ချောင်း စိုက်၍ အခန့်သား ပြန်လာနိုင်လျှင် ကောင်းလေစွဟု တောင့်တမိသည်။ အက်ရှလေ တစ်ယောက် အခြား စစ်သားများလို အစုတ်စုတ် အပြတ်ပြတ် သန်းကြီးမတွေ တရွရွဖြင့် ပြန်ရောက်လာမည်ကို တွေးမိတိုင်း စကားလက် စိတ်မကောင်း။

ဇွန်လ တစ်ညနေ၌ မြိုင်သာယာက အိမ်သား များသည် နောက်ဖေးဘက် ဆင်ဝင်တွင် ထိုင်နေကြ၏။ ပေါ့က ပေါ်ဦး

ပေါ်စ ဖရဲသီးများကို ထက်ခြမ်း ခွဲပေး နေသည်။ ထိုစဉ် အိမ်ရှေ့ ဝင်းဘက်ဆီမှ မြင်းခွာသံများကို ကြားလိုက်ကြရ၏။ ပရဇ္ဇီက ပျင်းရိပျင်းတွဲဖြင့် အိမ်ရှေ့သို့ ထွက်သွားသည်။ ကျန်ရစ်သူများက ဖရဲသီးကို ဝှက်ထားရမည်လောဟု အငြင်း ပွားနေကြသည်။ စစ်သားတွေ ဖြစ်လျှင် မည်သို့ လုပ်မည်နည်း။

မီလာနီနှင့် ကာရင်းက ဧည့်သည်ကို ဖရဲသီး ကျွေးရန် ခပ်တိုးတိုး ပြောသည်။ စကားလက်၊ ဆွီလင်နှင့် ကြီးဒေါ်တို့က

ဖရဲသီးကို ဝှက်ထားရန် ပြောနေကြ၏။

`ဟေ့ မိန်းမတွေ ဝေဿန္တရာ လုပ်မနေကြနှင့်၊ တခြားလူ ကျွေးဖို့ မပြောနှင့် အိမ်က လူတောင် စားဖို့ မလောက်ဘူး၊

522

စစ်သားက တစ်ယောက်တည်း မဟုတ်ဘဲ သုံးလေးယောက် ဖြစ်နေရင် ဘယ့်နှယ် လုပ်မလဲ၊ အိမ်က လူတွေ မြည်းတောင် မြည်းလိုက်ရမှာ မဟုတ်ဘူး’

ပေါ့က ခပ်သေးသေး ဖရဲသီးကလေးကို ရင်တွင် ပိုက်ထားသည်။ မည်သူ့ အမိန့်နာခံရမည် မသိ။ ထိုစဉ် ပရဇ္ဇီ၏

အသံကို ကြားလိုက်ရ၏။

`ဟောတော့ မလေးရေ၊ မမရေ မြန်မြန် မြန်မြန်’



`ဟဲ့ ဘယ်သူလဲ’



စကားလက်က ထကာ အိမ်ရှေ့သို့ ပြေးထွက် သွား၏။ မီလာနီနှင့် ကာရင်းတို့တစ်တွေလည်း ပြေးလိုက်လာကြသည်။



အက်ရှလေ ဖြစ်ရမည်ဟု တွေးလိုက်သည်။



`ဦးလေး ပီတာရယ်၊ ဒေါ်လေး ပစ်တီတို့ အိမ်က ဦးလေး ပီတာရယ်’



သူတို့အားလုံး အိမ်ရှေ့ ဆင်ဝင်သို့ ပြေးထွက် လာခဲ့ကြသည်။ မုတ်ဆိတ်မွေး ဗရပျစ်နှင့် ဦးလေး ပီတာကို မြင်ရသည်။

ကြွက်မြီးလို အမြီး ငုံးတိုတိုနှင့် မြင်းပိန်ပိန် ကလေးပေါ်တွင် ကော်ဇောစုတ်ကို ကုန်းနှီး လုပ်၍ စီးလာသည်။ ဦးလေး ပီတာက မြင်းပေါ်မှ ဆင်းသည်။ မိတ်ဆွေဟောင်းများကို တွေ့ရသဖြင့် ဣနြေ္ဒ သိက္ခာ ကြီးသော သူ့ မျက်နှာ ပြားပြား မည်းမည်းကြီးသည် ဝမ်းသာသည့် အရိပ်အယောင် ပေါ်နေသည်။ မျက်မှောင် ကုတ်ထားသဖြင့် နဖူးက တွန့်နေသည်။ သို့ရာတွင် ပါးစပ်ကမူ အမဲလိုက် ခွေးအိုကြီးနှယ် အောက်နှုတ်ခမ်းကြီး တွဲလောင်း ကျနေသည်။

ဦးလေး ပီတာကို နှုတ်ဆက်ရန် အားလုံး ဆင်းပြေးလာခဲ့ကြသည်။ လက်ဖြူဖြူ လက်မည်းမည်းများဖြင့် လက်ဆွဲ

နှုတ်ဆက်ကြသည်။ မေးခွန်းတွေ မေးကြသည်။ မီလာနီ့ အသံက အားလုံးကို လွှမ်းနေ၏။

`ဒေါ်လေး ပစ်တီကော၊ နေထိုင်ကောင်းရဲ့လား’



`ကောင်းပါတယ်’ ဦးလေး ပီတာက မီလာနီကို မျက်နှာထားဖြင့် ပထမ ကြည့်သည်။ ထိုနောက် စကားလက်ကို

ကြည့်သည်။ အကျိုးအကြောင်းကို မသိရသေးသော်လည်း စကားလက်တို့ နှစ်ယောက် အနေရ ကျပ်သည်။ `ကောင်းပါတယ်၊ ဒါပေမယ့် မလေးတို့ကို စိတ်ဆိုးနေတယ်၊ ကျုပ်လည်း စိတ်ဆိုးတာပဲ’

`နေစမ်းပါဦး၊ ဦးလေး ပီတာ ဘာဖြစ်လို့လဲ’



`မလေးတို့ကတော့ အကြောင်း အမျိုးမျိုး ပြမှာပေါ့၊ ဒေါ်လေး ပစ်တီက မလေးတို့ကို အိမ်ပြန်လာဖို့ စာမရေးဘူးလား၊

စာရေးတာ ဘယ်နှစ်စောင် ရှိပြီလဲ၊ စာရေးတိုင်း မျက်ရည်နှင့် မျက်ခွက်၊ အိမ်ပြန်မလာနိုင်သေးဘူး၊ ဒီ ယာတောအိုကြီးမှာ လုပ်စရာတွေ အများကြီး ရှိလို့ မလာနိုင်သေးဘူး ဆိုတော့ ငိုလိုက်တာ’

`ဟုတ်တယ်လေ၊ ဒါပေမယ့်’

523



`ဒေါ်လေး ပစ်တီ တစ်ယောက် ဒီလောက် ကြောက်တတ်မှန်း သိလျက်နှင့် မလေးတို့ ပြန်မလာတာ ဘယ်ကောင်းမလဲ၊

ဒေါ်လေး ပစ်တီ ဘယ်တုန်းကများ တစ်ယောက်တည်း နေဖူးလို့လဲ၊ မလေးတို့လည်း သိသားပဲ၊ မာကွန်ကို ပြန်လာ ကတည်းက တထိတ်ထိတ် တလန့်လန့်နှင့်၊ ဒီလို အရေးတကြီး လိုနေတဲ့ အခြေအနေမျိုးမှာ သူ့ကို ပြန်ကြည့်ဖော် မရလို့ စိတ်မကောင်းဘူးတဲ့၊ အဲဒါ မလေးတို့ကို ပြောလိုက်ပါလို့ မှာလိုက်တယ်’

`နေပါဦးလေ၊ အေးအေး ဆေးဆေးလည်း ပြောပါ’ ကြီးဒေါ်က ဝင်ပြောသည်။ ကြီးဒေါ်ကမူ မြိုင်သာယာကို

ယာတောအိုကြီးဟု ပြောကတည်းက ဦးလေး ပီတာကို မကျေမနပ် ဖြစ်နေပြီ။ ယာတောနှင့် ဝါခင်းကို ခွဲခြား မသိတတ်သည့် မြို့ကြီးသား ကပ္ပလီကို ဤမျှ ယုံကြည် ကိုးစားကြရသလောဟု စိတ်တိုနေသည်။ `လိုတာက သူ့တွင် လိုတာ မဟုတ်ဘူး၊ ကျုပ်တို့လည်း လိုတာပဲ၊ တကတည်းတော် ဒီမှာတော့ မလိုတော့တဲ့ အတိုင်းပဲ၊ ဒီမှာက မလေးတို့ နှစ်ယောက်ကို သာတောင် လိုသေးတယ်၊ လိုရင်လည်း ဒေါ်လေး ပစ်တီက သူ့အစ်ကိုကို ဘာဖြစ်လို့ မခေါ်တာတဲ့လဲ၊ ခေါ်ပါ့လား’

ဦးလေး ပီတာက ကြီးဒေါ်ကို မကျေမနပ် လှမ်းကြည့်၏။



`ကျုပ်တို့က သူ့အစ်ကိုနှင့် အဆက်အဆံ မလုပ်တာ ကြာလှပြီ၊ ကျုပ်တို့ဆီက လူအိုတွေချည်းပဲ၊ ခုလို ကာလကြီးမှာ

သာပြီး လူလိုတာပေါ့’ ဦးလေး ပီတာက စကားလက်တို့ ဘက်သို့ လှည့်လိုက်သည်။ စကားလက်တို့တစ်တွေ ရယ်ချင်စိတ်ကို မနည်း မျိုသိပ် ထားရ၏။ `ဒေါ်လေး ပစ်တီကို မလေးတို့ ပစ်ထားခဲ့တာ သိပ် ရှက်ဖို့ ကောင်းတာပဲ၊ သူ့ အပေါင်းအသင်း မိတ်ဆွေတွေလည်း တော်တော်များများ သေကုန်ကြပြီ၊ တချို့လည်း မာကွန်ကို ရောက်နေကြပြီ၊ အတ္တလန်တာ ဆိုတာလည်း တစ်မြို့လုံး ယန်ကီ စစ်သားတွေ၊ ယန်ကီ နောက်လိုက် ကပ္ပလီတွေနှင့် ပြည့်နေတာပဲ’

စကားလက်နှင့် မီလာနီသည် ဦးလေး ပီတာ ကြိမ်းမောင်း သမျှကို ကြိတ်မှိတ်၍ နားထောင်နေကြ၏။ သို့ရာတွင် သူတို့ကို

ကြိမ်းမောင်းပြီး အတ္တလန်တာသို့ ပြန်ခေါ်ရန် ဦးလေး ပီတာကို လွှတ်လိုက်သည် ဆိုသည့် အခါတွင်မူ မအောင့်နိုင်ကြတော့။ တစ်ယောက် ပခုံးကို တစ်ယောက် ကိုင်ကာ ခွက်ထိုး ခွက်လှန် ရယ်မိကြသည်။ ပေါ့၊ ဒစ်လစီနှင့် ကြီးဒေါ်တို့က မြိုင်သာယာ၏ အရှင်သခင် စကားလက်အား ဦးလေး ပီတာ ကြိမ်းနေသည်ကို ကြည့်၍ ရယ်ကြသည်။ ကာရင်းနှင့် ဆွီလင်တို့ကလည်း တခစ်ခစ် ဖြစ်နေကြသည်။ ဖေဖေပင်လျှင် ပြုံးရောင်သမ်းနေသည်။ ဦးလေး ပီတာ တစ်ယောက် ကသာ မပြုံးမရယ် ခပ်တည်တည်။ ခြေ တစ်ဖက်ကို မြေတွင် ထောက်ထားပြီး အခြား တစ်ဖက်ကို မြင်းခြေနင်း ကွင်းပေါ်တွင် တင်ထားသည်။ ညောင်းလျှင် တစ်လှည့်စီ ပြန်တင်သည်။

`ဒီမှာ အဘိုးကြီး၊ တော် ဘာဖြစ်လာတာလဲ ဟင်’ ကြီးဒေါ်က ပြုံး၍ မေးသည်။ `တော်လို အဘိုးကြီးအိုက မလေးတို့

နှစ်ယောက်ကို ဘယ်လိုလုပ် ခေါ်သွားမှာလဲ၊ လမ်းမှာ တော့်ကို ပြန်ပြီး ပြုစု မသွားရရင် ကံကောင်း’

`ဘာ အဘိုးကြီးရမှာလဲဗျ၊ ဒေါ်လေး ပစ်တီကို ဒီ အဘိုးကြီးအိုပဲ မာကွန် ရောက်အောင် ခေါ်သွားခဲ့ရတာ မဟုတ်လား၊

မာကွန်ကို ယန်ကီတွေ ဝင်တော့လည်း ကျုပ်ပဲ စောင့်ရှောက်ခဲ့ရတာ မဟုတ်လား၊ ဒေါ်လေး ပစ်တီ ကြောက်လို့ ခဏ ခဏ မူးတော့လည်း ကျုပ်ပဲ ပြုစုခဲ့ရတာ မဟုတ်လား၊ အတ္တလန်တာ ပြန်ခေါ်လာတာလည်း ကျုပ်ပဲ မဟုတ်ဘား၊ ဒါ ကျုပ်က ကြွားချင်လို့ မဟုတ်ပါဘူး၊ ကြည့်မကောင်းလို့ ပြောရတာ’

`ဘာကို ကြည့်မကောင်းရမှာလဲ ဦးလေး ပီတာ’

524



`ဘေးအမြင်မှာ ကြည့်မကောင်းတာကို ပြောတာပေါ့၊ အိုကြီးအိုမှ ဒေါ်လေး တစ်ယောက်တည်း နေရတာ၊ ပြုစုမယ့်သူ

မရှိ ဘာမရှိနှင့် ဘယ် ကြည့်ကောင်းပါ့မလဲ၊ ကိုယ်လွတ်ရုန်း ပြေးတယ်လို့ အရပ်က မလေးတို့ကို ပြောကြမှာပေါ့’ ဦးလေး ပီတာသည် ဒေါ်လေး ပစ်တီကို ဆယ့်ခြောက်နှစ် သမီးလေး ထင်နေပုံ ရသည်။ `ကျုပ်က ဒေါ်လေး ပစ်တီကို ဟိုလူ ဒီလူ စော်ကားတာ နည်းနည်းမှ မခံနိုင်ဘူး၊ တခြား လူတွေ ကပ်ရပ်ပြီး သူ့ကို ညာစားနေရင် ဘယ့်နှယ် လုပ်မလဲ၊ ကျုပ်က သူ့တော့ ဖွင့်မပြောပါဘူး၊ ကိုယ့်သွေး ကိုယ့်သားထဲက ဟာတွေ ခေါ်ထားမှပေါ့လို့ ကျုပ် ပြောလို့ အခေါ် လွှတ်တာ၊ ခု ကိုယ့်သွေး ကိုယ့်သားထဲကတောင် ငြင်းနေပြီ၊ ဒါတော့ ဘယ်ကောင်းမလဲ၊ ဒေါ်လေး ပစ်တီက ကလေးသာသာရယ်’

စကားလက်နှင့် မီလာနီ မနေနိုင်တော့။ လှေကားထစ်ပေါ်တွင် ထိုင်ချကာ အားရပါးရ ရယ်ကြသည်။ မီလာနီက

ရယ်ရလွန်းသဖြင့် ထွက်လာသည့် မျက်ရည်များကို သုတ်လိုက်၏။

`သြော် ဦးလေး ပီတာရယ်၊ စိတ်မဆိုးနှင့်နော်၊ သဘောကျလို့ ရယ်တာ၊ ခုတော့ စကားလက်ရော မီလာနီရော

ပြန်မလိုက် နိုင်သေးဘူးလေ၊ ဝါတွေ ဆွတ်ပြီးချိန် စက်တင်ဘာလာလောက် ဆိုရင်တော့ ပြန်လာနိုင်မှာပါ၊ နေပါဦး၊ မီလာနီတို့ကို ဒီမြင်းပိန်လေးပေါ် တင်ပြီး ခေါ်ခဲ့ဖို့ ခိုင်းလိုက်တာပေါ့ ဟုတ်လား’

ဦးလေး ပီတာ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ အရေ တွန့်နေသည့် သူ့ မျက်နှာ မည်းမည်းကြီးပေါ်တွင်

အံ့အားသင့်သည့် အရိပ်အယောင် ပေါ်နေသည်။ ရှေ့သို့ ထော်ထွက်နေသည့် သူ့ အောက်နှုတ်ခမ်းသည် အခွံထဲ ပြန်ဝင်သွားသည့် လိပ်ခေါင်းလို နေရာမှန် ပြန်ရောက်သွား၏။

`သြော် မလေးရေ ကြည့်စမ်း၊ မေ့နေတယ်၊ အေးလေ အသက်က ကြီးပေါ့ကိုး၊ လာရင်း ကိစ္စကို စောစောက လုံးလုံး

သတိမရဘူး၊ ခုမှ သတိရတယ်၊ ကိစ္စက အရေးကြီးတယ်၊ ဒါကြောင့် လာတာ၊ မလေးကို စာတစ်စောင် အပေး ခိုင်းလိုက်တယ်၊ ချောစာနှင့် ဆိုရင် ပျောက်မှာ စိုးလို့တဲ့၊ ကျုပ်ကို စိတ်ချရတယ် ဆိုပြီး စာပို့ခိုင်းလိုက်တယ်’

ဦးလေး ပီတာက မီလာနီကို ပြောသည်။



`စာ၊ မီလာနီဖို့လား၊ ဘယ်ကလဲ’



`ဒေါ်လေး ပစ်တီက မှာလိုက်တယ်၊ ဗြုန်းစားကြီး မပြောနှင့်တဲ့၊ အေးအေးဆေးဆေးမှ ပြောတဲ့’



မီလာနီက လှေကားထစ်တွင် ထိုင်နေရာက ရင်ကို လက်ဖြင့် ဖိ၍ ထလာသည်။



`ဘုရား ဘုရား၊ မထိတ်သာ မလန့်သာ၊ ဘာဖြစ်လို့လဲ၊ အက်ရှလေများ သေလို့လား’



`မဟုတ်ပါဘူး၊ နိမိတ် မရှိ နမာ မရှိ’ ဦးလေး ပီတာက ငေါက်၍ သူ့ အိတ်ထဲကို လိုက်စမ်းရှာနေသည်။ `မသေပါဘူး၊

ခု သူ့ဆီက စာပါတယ်၊ သူ ခု အိမ်ပြန်လာပြီ၊ သူ ဟင် မလေး လဲကျတော့မယ်၊ ဆီးပွေ့ပါ၊ ဆီးပွေ့ပါ’

`အဘိုးကြီး၊ အေးအေး ဆေးဆေး ပြောပါလို့ ဆိုလျက်သားနှင့်’ ကြီးဒေါ်က မူးမေ့၍ ယိုင်လဲသွားသည့် မီလာနီကို

ဆီးပွေ့လိုက်သည်။ `အဘိုးကြီး၊ ခြေထောက်က ပွေ့စမ်း၊ မလေး ကာရင်းက ခေါင်းက ကိုင်၊ ဧည့်ခန်းထဲက ထိုင်ခုံပေါ်ကို တင်’

525



မူးမေ့ လဲကျသွားသည့် မီလာနီ အနီးသို့ လူတွေ ဝိုင်းအုံ ပြေးလာကြသည်။ ရေခပ်သူ ခပ်၊ ခေါင်းအုံး ယူသူ ယူ၊

ယပ်ခတ်သူ ခတ်ဖြင့် စကားလက် တစ်ယောက်မှ အပ အားလုံး ပျာယာခတ်နေ ကြသည်။ ဦးလေး ပီတာနှင့် စကားလက် နှစ်ယောက်တည်း အိမ်ရှေ့ လှေကားထစ်တွင် ကျန်ရစ်ခဲ့ကြ၏။ စကားလက်သည် သစ်ငုတ်ကြီး အမြစ် တွယ်နေသည့်နှယ် မားမားကြီး ရပ်နေ၏။ လှုပ်လည်း မလှုပ်ရှားနိုင်။ လက်ထဲတွင် စာတစ်စောင်ကို ကိုင်၍ ရပ်နေသည့် ဦးလေး ပီတာကို မျက်လုံးကြီး အကြောင်သားဖြင့် ငေးကြည့်နေသည်။ ဦးလေး ပီတာ၏ မျက်နှာ မည်းမည်းကြီးသည် ကလေး တစ်ယောက်၏ မျက်နှာလို သနားစရာ ကောင်းနေ၏။ ဣနြေ္ဒ သိက္ခာ ဟူသမျှတို့ လွင့်စဉ်ကုန်ကြပြီ။

အတန်ကြာမျှ စကားလက် မပြောနိုင်။ လှုပ်လည်း မလှုပ်ရှားနိုင်။ `သူ မသေဘူး၊ အက်ရှလေ မသေဘူး၊

အိမ်ပြန်လာတော့မယ်တဲ့’ ဟု သူ့ စိတ်ထဲက ဆိုနေသည်။ ဤသတင်းကို ကြားရသည့် အတွက် ဝမ်းလည်း မသာ။ စိတ်လှုပ်ရှားခြင်း မရှိ။ ဦးလေး ပီတာ၏ အသံသည် အဝေးမှ အသံ တစ်သံလို သူ့ နားထဲတွင် သဲ့သဲ့သာ ကြားနေရသည်။

`မာကွန်က ဒေါ်လေး ပစ်တီတို့ ဆွေမျိုး ဝီလ်ဘားဆီက တစ်ဆင့် ဒီစာ ရောက်လာတယ်၊ သူက အက်ရှလေနှင့် သုံ့ပန်း

စခန်း တစ်ခုတည်းမှာ နေခဲ့ရတယ်တဲ့၊ ဝီလ်ကတော့ မြင်း တစ်ကောင် ရတာနှင့် မြင်းနှင့် ရောက်လာတယ်၊ အက်ရှလေကတော့ မြင်းမရှိလို့ ခြေကျင် လျှောက်လာရသတဲ့၊ ပြီးတော့’

စကားလက်က သူ့ လက်ထဲမှ စာကို ဖျတ်ခနဲ လုယူလိုက်သည်။ ဒေါ်လေး ပစ်တီ၏ လက်ရေးဖြင့် မီလာနီထံ

လိပ်တပ်ထားသည် သို့ရာတွင် စကားလက် စောင့်မနေနိုင်။ စာအိတ်ကို ဖွင့်လိုက်၏။ တစ်ရွက်က အောက်သို့ ကျသွားသည်။ စာအိတ်ထဲတွင် စာရွက်ကလေး တစ်ခု တွေ့ရသည်။ စာရွက်က ညစ်ပတ် တွန့်ကြေ နေသည်။ အနားတွေ စုတ်နေသည်။ `မစ္စက် အက်ရှလေသို့၊ တစ်ဆင့်၊ မစ္စ ဆာရာ ဂျိမ်း ဟယ်မီတန်၊ အတ္တလန်တာမြို့ (သို့မဟုတ်) ဝက်သစ်ချမြိုင်၊ ဂျုန်းဘာရို’ ဟု အက်ရှလေ၏ လက်ရေးဖြင့် ရေးထားသည်။

တုန်ယင်သော လက်ချောင်းများဖြင့် စကားလက် စာကို ဖွင့်၍ ဖတ်သည်။



`မီလာနီရေ၊ မင်းဆီကို ကိုယ် ပြန်လာပြီလေ’



မျက်ရည်များသည် သူ့ ပါးပြင်သို့ စီးကျလာ ကြ၏။ သူ့ မျက်လုံးတွင် မျက်ရည်တွေ ဖုံးနေသဖြင့် စာကို ကောင်းကောင်း

ဖတ်၍ မရ။ ဝမ်းသာလွန်းသဖြင့် ရင်တွေ ခုန်နေသည်။ စာကို ရင်ခွင်တွင် ပိုက်ကာ ဆင်ဝင် လှေကားသို့ ပြေးတက်လာခဲ့ပြီး ခန်းမဆောင်ကို ဖြတ်ပြေးလာခဲ့သည်။ သတိ မေ့နေသည့် မီလာနီကို ဝိုင်းအုံပြုစုနေကြရာ ဧည့်ခန်းဆောင် အနီးမှ ဖြတ်၍ မေမေ့ အခန်းကျဉ်းကလေးထဲသို့ ပြေးဝင်ခဲ့သည်။ အခန်းကို တံခါး ပိတ်၍ သော့ခတ်သည်။ ချိုင့်ဝင်နေသည့် ထိုင်ဖုံ အဟောင်းကြီးပေါ်သို့ ပစ်ထိုင်ချကာ စာကို နမ်းနေသည်။

`ကိုယ် အိမ်ပြန်လာပြီလေ တဲ့’



အတောင်

ပေါက်မလာလျှင်

အက်ရှလေ

တစ်ယောက်

မည်သည့်

နည်းနှင့်မျှ

မြန်မြန်

ရောက်မလာနိုင်။

အီလီနွိုက်နှင့် ဗာဂျီးနီးယားက ခရီး အဝေးကြီး။ အနည်းဆုံး တစ်လ ကိုးသီတင်း ကြာလိမ့်မည်။ ထို့ကြောင့် အက်ရှလေ တစ်ယောက်ကို မမျှော်ရန် သူတို့ ကကတိဉာဏ်က သတိ ပေးနေသည်။ သို့တိုင်အောင် စစ်သား တစ်ယောက် မြိုင်သာယာသို့

526

ရောက်လာတိုင်း ရင်ခုန်တတ်ကြသည်။ မုတ်ဆိတ်မွေး ထူထူနှင့် စာခြောက်ရုပ်ဟန် စစ်သား တစ်ယောက် ရောက်လာလျှင် အက်ရှလေများလောဟု ထင်မိကြသည်။ အက်ရှလေ မဟုတ်လျှင်လည်း အက်ရှလေ အကြောင်း သတင်းများ ပါမည်လောဟု မျှောမိကြသည်။ ခြေသံ ကြားတိုင်း အိမ်ရှိ လူကုန် အိမ်ရှေ့ ဆင်ဝင် အောက်သို့ အပြေးအလွှား ရောက်ရောက် ထလာတတ်ကြ၏။ စစ်ဝတ်စုံ ဝတ်လာသည့် စစ်သား တစ်ယောက်ကို မြင်လိုက်လျှင် ထင်းပေါက်နေရာ၊ စားကျက်တွင် နွားလွှတ်နေရာ၊ ဝါခင်းတွင် ဝါဆွတ်နေရာမှ အပြေးအလွှား ရောက်လာတတ်ကြသည်။ စာရပြီး နောက်တစ်လ အကြာတွင်မူ မည်သူမျှ ကောင်းကောင်း အလုပ် မလုပ်နိုင်ကြတော့။ မည်သူမျှလည်း အိမ်ပြင်ဘက်သို့ မထွက်ချင်ကြတော့။ စကားလက် တစ်ယောက် ကမူ လုံးဝ မထွက်တော့။ အခြား သူများကိုလည်း အလုပ် လုပ်ရန် မပြောချင်တော့။

သို့ရာတွင် သီတင်းပတ်တွေ လွန်လာခဲ့ပြီးနောက် လူလည်း မလာ စာလည်း မရောက်သည့် အခါတွင်မူ မြိုင်သာယာသည်

ပုံမှန် အတိုင်း ပြန်၍ လည်ပတ်လာ၏။ လွမ်းတတ်သော နှလုံးသားများသာလျှင် ဤမျှလောက် ကြီးသည့် အလွမ်းဒဏ်ကို ခံနိုင်သည်။ အက်ရှလေ တစ်ယောက် လမ်းတွင် တစ်ခုခုတော့ ဖြစ်ပြီဟု တွေးကာ စကားလက် စိုးရိမ်လာသည်။ ကျောက်ကျွန်း အကျဉ်း စခန်းက ဝေးသည်။ အကျဉ်း စခန်းမှ ပြန်လွှတ်သည့် အခါတွင် အားနည်းကောင်း အားနည်း နေမည်။ မကျန်းမမာ ဖြစ်ကောင်း ဖြစ်နေမည်။ အက်ရှလေတွင် ပိုက်ဆံ တစ်ပြားမျှ မရှိ။ ပြည်နယ် စစ်သားများကို ဆန့်ကျင်သည့် ပြည်နယ်တွေထဲက ဖြတ်လာရမည်။ အက်ရှလေ ရှိသည့် နေရာကို အတိအကျ သိလျှင်လည်း ငွေပို့နိုင်သေးသည်။ သူတို့တစ်တွေ ငတ်လိုလျှင် ငတ်စေတော့။ မီးရထားဖြင့် ပြန်လာနိုင်အောင် ရှိသည့် ငွေကလေးကို ပို့ရသေးသည်။ ယခုမူ သူ ရှိသည့် နေရာကိုလည်း မသိ။

`ကိုယ် အိမ်ပြန်လာပြီလေ တဲ့’



စာလုံးများကို မြင်လိုက်စဉ်က ဝမ်းသာလုံး ဆို့နေသည်။ ထို့ကြောင့် အိမ်ပြန်လာပြီ ဆိုသည့် အဓိပ္ပာမှာ သူ့ဆီ

ပြန်လာပြီ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်ဟု နားလည်လိုက်သည်။ သို့ရာတွင် အေးအေးဆေးဆေး ပြန်စဉ်းစားလိုက်သည့် အခါ၌ အက်ရှလေသည် သူ့ထံ ပြန်လာခြင်း မဟုတ်။ မီလာနီထံ ပြန်လာခြင်းသာ ဖြစ်သည်။ ထိုရက်များတွင် မီလာနီသည် သီချင်းကလေး တအေးအေးဖြင့် ရှိနေသည်။ မီလာနီသည် အတ္တလန်တာတွင် ကလေး မွေးစဉ်က အဘယ်ကြောင့်များ မသေခဲ့ရသနည်းဟု စကားလက် နာနာကြည်းကြည်း တွေးမိသည်။ ဤသို့ ဆိုလျှင် အဆင် ပြေနေလိမ့်မည်။ သို့ဆိုလျှင် လူမြင်ကောင်းအောင် ခဏ နေပြီး အက်ရှလေနှင့် လက်ထပ်နိုင်သည်။ သားလေးကိုလည်း မိထွေးကောင်း တစ်ယောက် အနေဖြင့် စောင့်ရှောက်နိုင်သည်။ ဤသို့ မကြံအပ် မစည်အပ်တွေ တွေးမိ ကြံမိလျှင် ဘုရားသခင်ထံတွင် ခွင့်လွှတ်ရန် စကားလက် ဆု မတောင်းတော့။ ဘုရားသခင်သည်လည်း သူ့ကို ကြောက်လန့်စေခြင်းငှာ မတတ်နိုင်တော့ပြီ။

စစ်သားများက

အုပ်စုလိုက်လည်း

တစ်ယောက်တည်းလည်း

လာတတ်ကြသည်။

သူတို့

ပေါက်လာတတ်သည်။

အားလုံး

ဆာလောင်

အတွဲလိုက်လည်း

မွတ်သိပ်နေကြ၏။

ပေါက်လာကြသည်။

သူတို့

ရောက်လာလျှင်

ရှိသမျှကလေးတွေ ချကျွေးရသည်။ ကျိုင်းကောင်အုပ်တွေ ကျသည်ကမှ တော်လိမ့်ဦးမည်။ လောကွတ် ပျူငှာ လုပ်ရသည့် ရှေးထုံးစံကိုပင် စကားလက် စိတ်ပျက်နေပြီ။ ထိုစဉ်ကမူ ဧည့်သည် ဆိုလျှင် အယုတ်အမြတ် မရွေး အိမ်တွင် တည်းခိုစရာ ပေးသည်။ မြင်းကိုလည်း အစာကျွေး ရေတိုက်၍ ကောင်းစွာ ပြုစု စောင့်ရှောက်သည်။ အတတ်နိုင်ဆုံး ဧည့်ဝတ်ပြုသည်။ ဧည့်ဝတ် စောင်ဝတ် မပြုလိုက်သည့် အခါဟူ၍ မရှိ။ ယခု ထိုခေတ်မျိုး မဟုတ်တော့ပြီ။ သို့ရာတွင် ကျန်အိမ်သားများကမူ သူ့လို မတွေးမိကြ။ စစ်သားတွေ ရောက်လာလျှင် မျှော်လင့်နေသည့် ဧည့်သည် ရောက်လာသည့်နှယ် အတတ်နိုင်ဆုံး

527

ကျွေးမွေး ပြုစုကြသည်။

စစ်သားတွေ လာလွန်းမက လာသည့် အခါ၌ စကားလက်၏ နှလုံးသားသည် မာကျော လာသည်။ သူတို့ မြိုင်သာယာရှိ

သူတို့ စားသည့် အစားအစာ များကို စားသွားကြသည်။ သူ ကိုယ်တိုင် တပင်တပန်း စိုက်ခဲ့သည့် ဟင်းသီး ဟင်းရွက်များကို စားသွားကြသည်။ ဝေးဝေးလံလံက သယ်လာရသည့် စားစရာများကို စားသွားကြသည်။ အစားအသောက် ဝယ်ရသည်က မလွယ်။ ယန်ကီ၏ သားရေအိတ်ထဲမှ ရလာသည့် ပိုက်ဆံကလည်း တစ်သက်လုံး ထိုင်စားလောက်သည် မဟုတ်။ ယခု ယန်ကီ ငွေစက္ကူ အနည်းငယ်နှင့် ရွှေဒင်္ဂါး နှစ်ပြားသာ ကျန်သည်။ ဤ ငတ်မွတ်လာသည့် လူအုပ်ကြီးကို သူက အဘယ့်ကြောင့် ဒိုင်ခံ ကျွေးရမည်နည်း။ ပြည်တွင်းစစ် ပြီးပြီ။ ရန်သူ အန္တရာယ်မှ သူတို့ ကာကွယ်ပေးဖို့လည်း မလိုတော့။ ထို့ကြောင့် စစ်သားတွေ လာလျှင် ဗုံးပေါလအော မကျွေးရန် ပေါ့ကို အမိန့် ထုတ်ရသည်။ သားလေးကို မွေးပြီး ကတည်းက ခပ်ချည့်ချည့် ဖြစ်နေသည့် မီလာနီက နည်းနည်း စား၍ စစ်သားများအား များများ ကျွေးရန် ပေါ့ကို ပြောသည့် အခါကျမှ စကားလက် သူ့ အမိန့်ကို ပြန်ပြင်ရသည်။

`မီလာနီ၊ ဒီလို မလုပ်နှင့်ကွယ်’ စကားလက်က ကြိမ်းသည်။ `မီလာနီ ကိုယ်တိုင်က ကောင်းကောင်း ကျန်းမာတာ

မဟုတ်ဘူး၊ ဒါလောက်ကလေးမှ မစားရင် အိပ်ရာထဲ ပြန်လဲလို့ ကိုယ်တို့ တစ်တွေ ဝိုင်း ပြုစု နေရ လိမ့်ဦးမယ်၊ ဘယ် တတ်နိုင်မလဲ၊ သူတို့ဘာသာ ငတ်ပေ့စေပေါ့၊ သူတို့လည်း ဒီလောက်တော့ ခံနိုင်ပါတယ်၊ လေးနှစ်လုံးလုံး အငတ် ခံလာပြီးမှ ဒီလောက်ကလေး ငတ်တာလောက်ကတော့ သူတို့အဖို့ မဆန်းတော့ပါဘူး’

မီလာနီက သူ့ကို လှမ်းကြည့်၏။ သူ့ မျက်နှာက ဒေါသရောင် လွှမ်းနေသည်။ အေးချမ်း ငြိမ်သက်သည့် သူ့

မျက်လုံးများတွင် ဒေါသရောင် တောက်နေသည်ကို ဤတစ်ကြိမ်သာ စကားလက် မြင်ဖူးသေးသည်။

`စကားလက် ကိုယ့်ကို မကြိမ်းပါနှင့်၊ ကိုယ် လုပ်ပါရစေ၊ ဒီလို လုပ်ရတဲ့ အတွက် ကိုယ် ဘယ်လောက် စိတ်ချမ်းသာတယ်

ဆိုတာ မင်း နားမလည်လောက်ဘူး၊ ငတ်ပြတ်လာတဲ့ လူ တစ်ယောက်ကို ကိုယ် စားမယ့် အစာလေး ခွဲပေးလိုက်တိုင်း သြော် တစ်နေရာရာမှာ ကိုယ့် ယောက်ျားကို တချို့ မိန်းမတွေကလည်း ကျွေးကြမှာပဲလို့ ကိုယ် ထင်တယ်၊ ဒီလို ကျွေးရင် ကိုယ့်ဆီ ပြန်ရောက်အောင် ကူညီတာနှင့် အတူတူပဲ’

`ကိုယ့် ယောက်ျားတဲ့’



စကားလက် စိတ်ထဲမှ ရွတ်သည်။ ချာခနဲ လှည့် ထွက်လာခဲ့သည်။ ဘာမျှ မပြော။ ထိုအချိန်မှ စ၍ စစ်သား

ဧည့်သည်တွေ ရောက်လာလျှင် စားပွဲပေါ်တွင် စားဖွယ် သောက်ဖွယ်တွေ များလာသည်ကို မီလာနီ သတိပြုမိသည်။ စိတ်ထဲက နှမြောသည့်တိုင် ထုတ်၍ ကျွေးသည်။

လူမမာ စစ်သားတွေ ရောက်လာလျှင်လည်း စကားလက်သည် (ကြည်ကြည်ဖြူဖြူ မဟုတ်သည့်တိုင်) အိပ်ရာ နေရာ

ပေးကာ ပြုစုသည်။ လူမမာ တစ်ယောက်သည် ကျွေးစရာ ပါးစပ် တစ်ပေါက် တိုးလာခြင်း ဖြစ်သည်။ ထိုမျှမက သူ့ကို ပြုစု စောင့်ရှောက်ရသေးသဖြင့် ခြံစည်းရိုး ပြင်ခြင်း၊ မြေတူးခြင်း၊ ပေါင်းသင်ခြင်း၊ ထွန်ယက်ခြင်း စသည့် ကိစ္စများတွင် လုပ်အား လျော့ရသည်။ ဖာယက်တီးဗီးလ်သို့ သွားသည့် မြင်းစီး စစ်သား တစ်ယောက်က အိမ်ရှေ့ ဆင်ဝင် အောက်တွင် စစ်သား တစ်ယောက်ကို ချထားခဲ့သည်။ လမ်းဘေးတွင် သတိမေ့လဲ နေသည်ကို တွေ့သဖြင့် မြင်းပေါ်တွင် တင်ကာ အနီးဆုံးအိမ်

528

ဖြစ်သည့် မြိုင်သာယာသို့ ခေါ်လာခဲ့ခြင်း ဖြစ်၏။ ရှားမင်း တပ်တွေ တိုက်စဉ်က စစ် တက္ကသိုလ်မှ တပ်ထဲသို့ ပါသွားသည့် စစ်တက္ကသိုလ် ကျောင်းသားလေး ဖြစ်ပုံရသည်။ သို့ရာတွင် သတိ ပြန် လည်မလာတော့ဘဲ သေသွားသည်။ အိတ်ကပ်ထဲသို့ လိုက်ရှာသော်လည်း ဘာမျှ မတွေ့ရ။ ထို့ကြောင့် သူ့ ဇာစ်မြစ်ကို မည်သူမျှ သေသေချာချာ မသိနိုင်။

လူပုံကမူ မွန်မွန်ရည်ရည်ထဲက ဖြစ်ပုံရသည်။ လူကုံထံသားထဲက ဖြစ်သည်ဟု ထင်ရသည်။ သူ့ အိမ်ကမူ သူတို့

မောင် သူတို့ သားကို တမျှော်မျှော် ရှိကြလိမ့်မည်။ သူနှင့် မီလာနီပင်လျှင် မုတ်ဆိတ်မွေးနှင့် စစ်သား မြင်တိုင်း အက်ရှလေဟု ထင်ကာ တမျှော်မျှော် ရှိနေကြသည် မဟုတ်လော။ ထိုစစ်သားလေးကို မိသားစု မြှုပ်နှံသည့် သုသာန်တွင် စကားလက်၏ မောင်ငယ် သုံးယောက်နှင့် ဘေးချင်းယှဉ်၍ မြှုပ်သည်။ ပေါ့က အလောင်းကို မြေဖို့သည့် အခါတွင် မီလာနီ ရှိုက်ကြီး တငင် ငိုသည်။ တစ်နေရာရာတွင် သူစိမ်းများက အက်ရှလေကိုလည်း ဤသို့ မြှုပ်လိုက် ကြပြီလောဟု စကားလက် တွေးမိသည်။

ထို စစ်သားလေးလိုပင် ဝီလီ ဘင်တင်းလည်း စစ်သား တစ်ယောက်၏ မြင်းပေါ်တွင် သတိ မေ့၍ ပါလာကာ

မြိုင်သာယာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ဝီလီက အဆုတ် အအေးမိ ရောဂါ အသည်း အသန် ဖြစ်နေသည်။ အိပ်ရာပေါ်သို့ တင်သည့် အခါတွင် ကြာကြာမှ ခံပါမည်လောဟု စကားလက်တို့ တစ်သိုက် သံသယ ဖြစ်ကြသည်။

ဝီလီ၏ မျက်နှာက ငှက်ဖျား စွဲနေသူ၏ မျက်နှာလို ဝါထိန်လျက်။ ဆံပင်က နီကြောင်ကြောင်။ မျက်လုံးက ပြာဖျော့ဖျော့။

ငန်းဖမ်း နေစဉ်မှာပင် နူးညံ့ ချိုသာနေသည်။ စိတ်ရှည်နေသည်။ ဒူးအောက် ခြေထောက် တစ်ဖက် ပြတ်နေသဖြင့် သစ်သား ခြေထောက် တစ်ဖက် ပြတ်နေသဖြင့် သစ်သား ခြေထောက် တစ်ချောင်း တပ်ထားသည်။ စောစောက မြှုပ်ခဲ့သည့် သူငယ်ကလေးက လူရတတ်၏ သားဖြစ်၍ ဝီလီကမူ အောက်တန်းစားထဲက ဖြစ်သည်။ မည်သို့ မည်ပုံ ခွဲခြားကြည့်သည်ကိုမူ သူတို့ ကိုယ်တိုင် မသိ။ အလိုလို သိနေကြခြင်းသာ ဖြစ်သည်။ သို့ရာတွင် မြိုင်သာယာသို့ ရောက်လာသည့် လူရတတ် သားများထက် ပို၍ အမွေးအမှင် မထူ။ ပို၍ သန်းကြီးမ မစွဲ။ ပို၍ ညစ်ပတ်ခြင်း မရှိ။ ငန်းဖောက်နေစဉ် ပြောသည့် စကားများကလည်း တာလက်တန် ညီအစ်ကို တစ်တွေထက် ပို၍ သဒ္ဒါ အမှား မပါ။ မြင်း မျိုးကောင်း မျိုးသန့်နှင့် မြင်း မျိုးညံ့ကို ခွဲခြား သိသကဲ့သို့ ဝီလီသည် သူတို့ အတန်းစားထဲက မဟုတ်ကြောင်းကို အလိုလို သိလိုက်ကြ၏။ သို့တိုင်အောင် ဤနေရာတွသ်မူ အတန်းအစား မခွဲ ကိုယ်ဖိ ရင်ဖိ ပြုစုကြသည်။

ယန်ကီ အကျဉ်းစခန်းထဲတွင် တစ်နှစ် ကြာမျှ နေခဲ့ရသည့် အတွက်ကြောင့် တစ်ကြောင်း၊ သူနှင့် မကိုက်သည့်

သစ်သား ခြေထောက်ဖြင့် လမ်းလျှောက် ခဲ့ရသည့် အတွက်ကြောင့် တစ်ကြောင်း အဆုတ် အအေးမိ ရောဂါကို ခုခံရန် အင်အား မရှိတော့။ အိပ်ရာထဲတွင် လဲကာ တအင်အင် ညည်းနေသည်။ ကယောင်ကတမ်းဖြင့် ထထိုင်သည်။ သူ့ ညည်းသံတွင် ဇနီး သားမယားကို တသံ မကြားရ။ ညီမ ရည်းစား စသူ တို့ကိုလည်း တသံ မကြားရ။ ဤသည်ကို ကြည့်၍ ကာရင်း အံသြ နေသည်။

`လူ တစ်ယောက်မှာ ဆွေမျိုး သားချင်းတော့ ရှိရမယ်’ ကာရင်းက ပြော၏။ `သူ့ ကြည့်ရတာကတော့ လောကကြီးမှာ

ဆွေမျိုး သားချင်းရယ်လို့ တစ်ယောက်မှ ရှိပုံ မရဘူး’

ဝီလီက ပိန်သော်လည်း အကြမ်းပတမ်း ခံနိုင်ခြင်း၊ အပြုအစု ကောင်းခြင်းကြောင့် ထူထူထောင်ထောင် ဖြစ်လာသည်။

သတိ ကောင်းကောင်း ရလာသည့် တစ်နေ့တွင် သူ့ မျက်လုံး ပြာလဲ့လဲ့များဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။ ကာရင်းက သူ့ အနီးတွင် ထိုင်ကာ ပုတီး စိပ်လျက် ရှိ၏။ နံနက်ခင်း နေခြည်သည် ကာရင်း၏ လှပသည့် ဆံပင်များပေါ်သို့ ဖြာကျ နေကြသည်။

529



`အိပ်မက်တော့ မဟုတ်ဘူးနော်’ ဝီလီက အသံနိမ့်မြင့် မရှိဘဲ တစ်လေတည်းဖြင့် ပြောသည်။ `မင်းတို့ကို ဒုက္ခ

ပေးနေပြီ ထင်တယ်’

ဝီလီ နာလန်ထသည်က ကြာသည်။ ပြတင်းပေါက်တွင် ထိုင်ကာ တတိုင်းမွှေးပန်းများကို ငေးကြည့် နေတတ်သည်။

မည်သူ့ကိုမျှ ဒုက္ခပေးခြင်း မရှိ။ ဝီလီက တည်ငြိမ်သည်။ စကား နည်းသည်။ ထို့ကြောင့် ကာရင်း သူ့ကို သဘောကျသည်။ ပူအိုက် ရှည်လျားသည့် ညနေခင်းများတွင် ကာရင်းသည် သူ့ အနီးတွင် ထိုင်ကာ ယပ်ခတ် ပေးတတ်သည်။

ထိုရက်များ အတွင်း၌ ကာရင်းသည် သိပ်လည်း စကား မပြောလှ။ သူ့ လှုပ်ရှားပုံက နူးညံ့ သိမ်မွေ့ကာ အရိပ်ပမာ

ဖြစ်နေသည်။ မကြာခဏ ဘုရား ရှိခိုးတတ်သည်။ စကားလက် သူ့ အခန်းထဲသို့ တံခါး မခေါက်ဘဲ ဝင်သွားတိုင်း ခုတင်ဘေးတွင် ဘုရား ရှိခိုးနေသည်ကို တွေ့ရတတ်၏။ ဘုရား ရှိခိုးချိန် မဟုတ်ဘဲ အမြဲတမ်း ဘုရား ရှိခိုးနေသည်ကို တွေ့ရသည့် အခါတွင် စကားလက် စိတ်ညစ်သည်။ စင်စစ် ဘုရားသခင်သည် ဘာမျှ မတတ်နိုင်။ ဘုရားသခင်တွင် မကောင်းသူများကို ပြစ်ဒဏ် ခတ်နိုင်သည့် တန်ခိုး ရှိလျှင် ဤမျှ ဆုမတောင်းဘဲ ပြစ်ဒဏ် ပေးသင့်သူကို ပေးပြီးလောက်ပြီ။ စကားလက် အဖို့ ဘာသာ တရားသည် နှစ်ဖက် သဘောတူ အလဲအလှယ် ပြုရသည့် လုပ်ငန်း တစ်ခု ဖြစ်နေသည်။ ဘုရားသခင်က စောင်မလျှင် ကောင်းမွန်စွာ နေထိုင်ပြုမူ ပါမည်ဟု စကားလက် ဆုတောင်းသည်။ ဘုရားသခင်ကမူ ဤ နှစ်ဖက် သဘောတူ အပေးအယူ လုပ်ငန်း၌ မကြာ ခဏ ဖောက်ဖျက်သည်။ သူ ကောင်းမွန်စွာ နေသည့်တိုင် စောင်မချင်မှ စောင်မသည်။ ထို့ကြောင့် သူ့ဘက်ကနေ ကြည့်လျှင် ဘုရားသခင်ကို သူက ဘာမျှ ပေးဆပ်စရာ မရှိ။ ဘုရားသခင်ထံမှသာလျှင် သူ ရစရာ ကြွေးတွေ ရှိသည်ဟု ထင်သည်။ ကာရင်းက အချိန်မဟုတ် ဘုရား ရှိခိုးနေခြင်းသည် ဘုရား တရားကို ကြည်ညိုလွန်း၍ မဟုတ်၊ အလုပ် မလုပ်ရအောင် သက်သာ ခိုနေခြင်းသာ ဖြစ်သည်ဟု စကားလက် ထင်နေသည်။

တစ်နေ့ ညနေ ဝီလီက ကုလားထိုင် တစ်လုံးဖြင့် ထိုင်နေစဉ်တွင် ဤအကြောင်းကို ဝီလီအား ပြောမိသည်။ ဝီလီ၏

စကားကြောင့် စကားလက် အံ့အား သင့်သွား၏။

`ဒီလိုပဲ နေပါစေ စကားလက်ရယ်၊ ဒီလို နေရတာ စိတ်ချမ်းသာဟန် တူပါရဲ့’



`စိတ်ချမ်းသာတယ် ဟုတ်လား’



`ဟုတ်တယ်၊ စကားလက်တို့ မေမေနှင့် သူ့ အတွက် ဆုတောင်နေတာ ထင်တယ်’



`သူ ဆိုတာ ဘယ်သူလဲ’



ဝီလီက ဝါကျင့်ကျင့် မျက်တောင်မွေးများ အောက်မှ နေ၍ စကားလက်ကို လှမ်းကြည့်၏။ အံ့သြဟန် မရှိ။ သူ့ အဖို့

လောကကြီးတွင် အံ့အား သင့်စရာ၊ စိတ်လှုပ်ရှားစရာ ဆို၍လည်း ရှိဟန် မတူ။ မမျှော်လင့်သည့် အရာများကို မြင်ဖူးခဲ့ပေါင်း များသဖြင့် ထုံသွားပြီလော မဆိုနိုင်။ စကားလက် တစ်ယောက် သူ့ ညီမ ကာရင်း၏ စိတ်သဘောထားကို နားမလည်နိုင်သည့် အတွက် ဝီလီ အံ့သြဟန်လည်း မပြ။

`သူ့ အဆက် နေမှာပေါ့၊ ဂတ်တီစဘတ်မှာ ကျသွားတဲ့ ဘရင့်ကို ဖြစ်မှာပေါ့’

530



`ဘယ်က သူ့ အဆက် ဟုတ်ရမှာလဲ’ စကားလက်က ပြောသည်။ `ဘရင့်တို့ ညီအစ်ကို နှစ်ယောက်လုံးက

စကားလက်ကို ပိုးနေကြတာ’

`သူ ပြောသားပဲ၊ တစ်နယ်လုံးက ယောက်ျားလေးတွေ အားလုံး မင်းကို ပိုးဖူးတဲ့ လူချည်း နေမှာပါ၊ မင်းက ဘရင့်ကို

ငြင်းလိုက်တော့ သူ့ အဆက် ဖြစ်သွားတယ် ပြောတာပဲ၊ တပ်က ခွင့်ယူ ပြန်လာတုန်းက ဖွင့်ပြောပြီးပြီတဲ့၊ သူ့ တစ်ယောက်ကိုပဲ ချစ်တယ် တဲ့၊ ဒါကြောင့် သူ့ အတွက် ဆုတောင်းပြီး စိတ်ဖြေနေတာ ဖြစ်မှာပေါ့’

`ဟင်း’



စကားလက်က နှာခေါင်း ရှုံ့လိုက်၏။ သူ့ စိတ်ထဲတွင် မနာလိုစိတ်တွေ ပေါ်လာသည်။



စကားလက်သည် ပိန်ပိန်ရှည်ရှည် ဝီလီကို အထူးအဆန်း သဖွယ် ကြည့်နေသည်။ ပခုံးက ခပ်ကိုင်းကိုင်း။ ဆံပင်က

နီကျင်ကျင်။ မျက်လုံးများက ရွေ့လျားခြင်း မရှိ။ ယခု ဤ သူစိမ်းတစ်ရံဆံက သူတို့ မိသားစု အကြောင်းတွေ သိနေပြီ။ တချို့ ကိစ္စများကို သူပင် ကောင်းကောင်း မသိသေး။ ထို့ကြောင့် ကာရင်း တငေးငေး တမှိုင်မှိုင် ဖြစ်ကာ ဘုရား နာနာ ရှိခိုးခြင်း ဖြစ်ရမည်။ ကိစ္စ မရှိ။ မကြာခင် မေ့သွားလိမ့်မည်။ မိန်းမများသည် ကြာလျှင် သေသည့် ရည်းစားကိုလည်း မေ့ကြသည်။ ယောက်ျားကိုလည်း မေ့ကြသည်။ သူပင်လျှင် ချားလ်ကို မေ့ခဲ့ပြီ မဟုတ်လော။ ပြည်တွင်းစစ်တွင် သုံးကြိမ် မုဆိုးမ ဖြစ်ခဲ့ဖူးသည့် မိန်းကလေး တစ်ယောက်ကို အတ္တလန်တာတွင် တွေ့ခဲ့ဖူးသည်။ သို့တိုင် ယောက်ျား မြင်လျှင် စိတ်ဝင်စားဆဲ။ စကားလက်က ဤအကြောင်းကို ဝီလီအား ပြောပြသည်။

`ကာရင်းက ဒါမျိုး မဟုတ်ပါဘူး’



ဝီလီက ပိုင်ပိုင်နိုင်နိုင် ပြောသည်။



ဝီလီက စကား ပြော၍ ကောင်းသည်။ သူက နည်းနည်း ပြော၍ နားထောင်သည်က များသည်။ စကားလက်က

ထွန်ယက်သည့် ကိစ္စ၊ ပေါင်းသည်သည့် ကိစ္စ၊ မြေတူးရသည့် ကိစ္စ၊ ဝက်စာ နွားစာ ကျွေးရသည့် ကိစ္စတို့ကို ပြောပြသည်။ ဝီလီက သူ့ကို အကြံ ပေးတတ်သည်။ ဂျော်ဂျီယာ တောင်ပိုင်းတွင် ကပ္ပလီ ယာလုပ်သား နှစ်ယောက်ဖြင့် လုပ်သည့် ယာတောကလေး တစ်ခု ရှိသည်။ တစ်ဦးတည်းသော မွေးချင်း ဖြစ်သည့် သူ့အစ်မက တက္ကဆတ် ပြည်နယ်သို့ ပြောင်းသွားသဖြင့် သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ဝီလီသည် စစ်မြေပြင်တွင် ကျန်ရစ်ခဲ့သည့် ခြေထောက် တစ်ဖက် အတွက်လည်း စိတ်ညစ်ပုံ မရ။ သူ့ ယာတော အတွက်လည်း ပူပင်ဟန် မရှိ။

မှန်သည်။ ဝီလီနှင့် နေရသည်က စိတ်ချမ်းသာသည်။ ကပ္ပလီတွေက ညည်း၊ ဆွီလင်က နားပူ နားဆာ လုပ်၊ ဖေဖေက

မေမေ ပြန်မလာသေးဘူးလားဟု တဖွဖွ မေးနေသည့် ကြား၌ ဝီလီနှင့် စကား ပြောရသည်မှာ အေးချမ်းသည်။ ဝီလီနှင့် အစစ အရာရာ ဖွင့်၍ တိုင်ပင်နိုင်သည်။ ယန်ကီ စစ်သားအား သတ်ခဲ့သည့် အကြောင်းကိုပင် ပြောပြလိုက်သေးသည်။ `ကောင်းတယ်’ ဟု ဝီလီက ပြောသည့် အခါတွင် စကားလက် ဂုဏ်ယူမိသေးသည်။

သို့ဖြင့် စိတ်ညစ်လာလျှင် ဝီလီထံသို့ ရောက်လာကာ ဖွင့်အန်ကြသည်။ နဂိုက ဝီလီကို အထင်သေး ခဲ့သည့်

ကြီးဒေါ်ပင်လျှင် သူနှင့် လာ၍ တိုင်ပင်တတ်သည်။

531



လမ်းလျှောက်နိုင်လာသည့် အခါတွင် ဝီလီသည် အအား မနေ။ ဝက်သစ်ချသားတွေကို နှီးဖြာကာ တောင်များ

ရက်သည်။ ယန်ကီတွေ ဖျက်သွားသည့် ပရိဘောဂ များကို ပြင်သည်။ နှီးဖြာရာတွင် ကျွမ်းကျင်သည်။ ဝိတ်ကလေးမှာ သူ့ အနားမှ မခွာတော့။ ဝက်သစ်ချသားဖြင့် အရုပ်ကလေးတွေ လုပ်ပေးတတ်သဖြင့် (သူ့ တစ်သက်တွင် ပထမဆုံး အကြိမ် ရဖူးသည့် အရုပ်များ ဖြစ်သည်။) သူ့ဘေးတွင် ထိုင်ကြည့် နေတတ်သည်။ အိမ်တွင် ဝီလီ ရှိလျှင် ဝိတ်ကလေးနှင့် ကလေး နှစ်ယောက်ကို စိတ်ချလက်ချ ထားကာ အလုပ် သွားနိုင်သည်။ ကလေး ထိန်းရာတွင် ကြီးဒေါ်ထက် တော်သည်။ သူ့ ထက်သာသူ ဆို၍ ကလေးများကို ချော့သိပ်တတ်သည့် မီလာနီ တစ်ယောက်သာ ရှိသည်။

`ကိုယ့် အပေါ်မှာ စကားလက်တို့ တစ်တွေဟာ သိပ် ကောင်းလွန်းနေတယ်’ ဝီလီက ပြော၏။ `ကိုယ်က ဘာမှ

သွေးမတော် သားမတော်တဲ့ သူစိမ်း တစ်ယောက်၊ စကားလက်တို့ကို ဒုက္ခ ပေးရုံတင် မကဘူး စိတ် ဆင်းရဲအောင် လုပ်သလို ဖြစ်နေတယ်၊ ကိုယ့် အပေါ်မှာ ရှိခဲ့တဲ့ ကျေးဇူးတွေ အတွက် ဒီမှာ အလုပ်လုပ်ပြီး ကျေးဇူး ဆပ်ချင်တယ်၊ ဒါပေမယ့် ဒီလို လုပ်သည့်တိုင် စကားလက်တို့ ကျေးဇူးဟာ ဆပ်လို့ မကုန်နိုင်ပါဘူး၊ ကျေးဇူး ဆိုတာ တစ်ခါ တင်မိရင် ဘယ်တော့မှ ဆပ်လို့ မကုန်တော့ဘူး’

သို့ဖြင့် ဝီလီသည် မြိုင်သာယာတွင် ဆက်နေကာ အလုပ် လုပ်ပေးသည်။ မြိုင်သာယာ၏ ဝန်ထုပ် ဝန်ပိုး တချို့ကို

စကားလက် ပခုံးပေါ်မှ အရိုး ငေါငေါ ထွက်နေသည့် သူ့ ပခုံးပေါ်သို့ လွှဲယူသည်။

စက်တင်ဘာလမှာ ဝါဆွတ်ချိန် ဖြစ်သည်။ နံနက်ခင်း ပူနွေးသည့် နေခြည်နုနုအောက် လှေကားထစ်တွင် ဝီလီ

ထိုင်နေသည်။ စကားလက်က လှေကားထိပ်တွင် ထိုင်လျက် ရှိ၏။ ဖာယက်တီးဗီးလ် အနီး ဝါဖတ်စက် အသစ်တွင် ဝါဖတ်ရသည်က စရိတ် ကြီးလွန်းသည်။ ဝီလီက ဝါဖတ်စရိတ် ကြီးပုံကို ပြောပြနေ၏။ သို့ရာတွင် မြင်းနှင့် လှည်းကို ဝါဖတ်စက် ပိုင်ရှင်သို့ နှစ်ပတ် ငှားထားလျှင် ဝါဖတ် စရိတ် လေးပုံ တစ်ပုံလောက် သက်သာသည်။ စကားလက်နှင့် တိုင်ပင်ရန် အတွက် ဝါဖတ်စက် ပိုင်ရှင်ကို မည်သို့မျှ မပြောခဲ့ရသေး။

ဆင်ဝင်တိုင်ကို မှီနေသည့် ဝီလီ၏ ခပ်ပိန်ပိန် ရှည်ရှည် သဏ္ဌာန်ကို စကားလက် ကြည့်နေ၏။ ဝီလီက ကောက်ရိုး

တစ်ချောင်းကို ဝါးနေသည်။ ကြီးဒေါ် ပြောတတ်သည့် အတိုင်း ဝီလီသည် ဘုရား ပေးသူ ဖြစ်မည်။ သူသာ ရောက်မလာလျှင် မြိုင်သာယာသည် မည်သည့် အခြေအနေသို့ ရောက်မည် မသိ။ ဝီလီသည် စကားလည်း များများ မပြော။ သူ့ ပတ်ဝန်းကျင်က အရာများကိုလည်း စိတ်မဝင်စား။ ခွန်အား ရှိဟန်လည်း မပြ။ သို့ရာတွင် မြိုင်သာယာက လူတွေ အကြောင်းကို အကုန် သိသည်။ အလုပ် မှန်သမျှ သိမ်းကျုံး လုပ်သည်။ လုပ်သည့် အခါတွင်လည်း စိတ်ရှည်သည်။ စေ့စပ် သေချာသည်။ တိတ်ဆိတ်သည်။ သူ့တွင် ခြေ တစ်ဖက်သာ ရှိသည့်တိုင် လမ်းသွားရာတွင် ပေါ့ထက် မြန်သည်။ ဤသည်ကို ကြည့်၍ စကားလက် အံ့သြရသည်။ နွား ဝမ်းနာလျှင် သို့မဟုတ် မြင်း တစ်စုံတစ်ရာ ဖြစ်လျှင် ဝီလီသည် မြင်းနား နွားနားမှ မခွာတော့။ တစ်ညလုံး ထိုင်၍ ပြုစုတတ်သည်။ အရောင်းအဝယ်တွင်လည်း တော်သည်။ ထို့ကြောင့် စကားလက်က သူ့ကို အထင်ကြီးသည်။ မနက်လင်းလျှင် ပန်းသီး၊ ကန်စွန်းဥနှင့် အခြား ဟင်းသီးဟင်းရွက် တစ်ခြင်း နှစ်ခြင်းကို ယူ၍ ထွက်သွားကာ မျိုးစေ့များ၊ အဝတ်စများ၊ ဂျုံမှုန့်များနှင့် အခြား ရှားရှားပါးပါး ပစ္စည်းများကို ပြန်ဝယ်လာတတ်၏။

ဝီလီသည် အိမ်ထောင်စုသား တစ်ဦး ဖြစ်လာကာ ဖေဖေ့ အခန်းနှင့် ကပ်လျက် အခန်းကလေး တစ်ခုတွင် ခုတင်လေး

တစ်လုံးဖြင့် အိပ်သည်။ မြိုင်သာယာက ပြန်မည်ဟု တစ်ခါမျှ မပြောစဖူး။ စကားလက်ကလည်း သူ ထွက်သွားမည် စိုးသဖြင့်

532

ဤစကားကို တစ်ခွန်းမျှ မဟ။ တခြားသူသာ ဆိုလျှင် ကိုယ့်အိုး ကိုယ့်အိမ် မရှိသည့်တိုင် ဤတွင် ကြာကြာ နေမည် မဟုတ်။ ပြန်သွားလိမ့်မည်။ ဝီလီ တစ်ယောက် မြိုင်သာယာတွင် တစ်သက်လုံး နေဖြစ်ပါစေဟု စကားလက် ဆုတောင်း မိသည်။ အိမ်တွင် ယောက်ျား ကြီးကြီးမားမား တစ်ယောက် ရှိလျှင် အဆင်ပြေသည်။

ဝီလီသည် ကာရင်းကို အလွန် အရေးပေးသည်။ ကာရင်းသာ အကင်းပါးလျှင် ဤအချက်ကို သိနိုင်သည်။ ဝီလီက

ကာရင်းကို လက်ထပ်ခွင့် တောင်းလာလျှင် စကားလက် အလွယ်တကူပင် သဘော တူမိမည်။ ပြည်တွင်းစစ် မဖြစ်ခင်က ဆိုလျှင်မူ ကာရင်းလို မိန်ကလေးမျိုးကို မျှော်မှန်းရဲမည် မဟုတ်။ ဆင်းရဲသည့် အတန်းအစားထဲက မဟုတ်သည့်တိုင် သူတို့လို ခြံပိုင်ထဲက မဟုတ်။ စာ နည်းနည်းပါးပါးသာ တတ်သည့် လယ်သမားကလေး ဖြစ်သည်။ စကားလက်တို့ အတန်းအစားထဲက လူကုံထံ အပြုအမူကို နားမလည်။ သဒ္ဒါ ဝါကျ မှန်အောင် ကောင်းကောင်း မပြောတတ်။ သူ့ကို လူကုံထံ လူကြီး လူကောင်းဟု ခေါ်မည်လော ဆိုလျှင် မခေါ်နိုင်ဟု စကားလက် ထင်သည်။ မီလာနီက သူ့ဘက်က ကာကွယ်သည်။ ဝီလီ၏ သနား ကြင်နာခြင်းမျိုးနှင့် သူတစ်ပါးကို ညှာတတ်သော စိတ်မျိုးသည် မျိုးကောင်း ရိုးကောင်းထဲက စိတ်မျိုး ဖြစ်သည်ဟု ဆိုသည်။ သူ့ သမီးကို ဤလို လူမျိုး တစ်ယောက်နှင့် လက်ထပ်မည်ဟုများ ပြောလျှင် မေမေသည် မူးမေ့ သွားလိမ့်မည် ထင်သည်။ သို့ရာတွင် ယခုမူ စကားလက်သည် မေမေ အဆုံးအမ မှန်သမျှကိုလည်း ပယ်လိုက်ပြီ။ ယခု ခေတ်တွင် ယောက်ျား ရှားသည်။ မိန်းကလေး မှန်လျှင် တစ်ယောက်ယောက်ကိုမူ လက်ထပ် ရမည်။ မြိုင်သာယာတွင် ဦးစီးမည့် လူတစ်ယောက် လိုသည်။ သို့ရာတွင် ပုတီးစိပ်၊ ဘုရား ရှိခိုး အလုပ်ဖြင့် တစ်နေကုန်ကာ အစစ်အမှန် ကမ္ဘာကြီးနှင့် ကင်းဝေး နေသည့် ကာရင်းကမူ ဝီလီကို အစ်ကိုရင်း တစ်ယောက်သဖွယ် ဆက်ဆံသည်။ ပေါ့လို သစ္စာ ရှိသည့် လူရင်း တစ်ဦး အဖြစ်သာ သဘောထားသည်။

`ကာရင်းသာ ငါ့ ကျေးဇူးကို သိတတ်ရင် ငါ့ စကားကို နားထောင်ပြီး ဝီလီကို လက်ထပ်မှာပဲ၊ မြိုင်သာယာက တခြား

ဘယ်ကိုမှ မသွားနိုင်အောင် လုပ်ထားမှာပဲ၊ ခုတော့ သူ့ကို ခပ်ပေါ့ပေါ့ သဘော ထားတဲ့ ဘရင့်ကို တွေးပြီး လွမ်းဆွေး နေတာနှင့် အချိန် ကုန်တာပဲ’

စကားလက် ဒေါသ ထွက်ထွက်ဖြင့် စဉ်းစားသည်။



ဝီလီသည် မြိုင်သာယာတွင် ဘာကြောင့်များ ဆက်နေသနည်း။ ဤသည်ကို စကားလက် နားမလည်။ ဝီလီက အလုပ်

သဘောဖြင့် သူ့ကို ယောက်ျားလေး အချင်းချင်းလို ဆက်ဆံသဖြင့် စကားလက် ကျေနပ်သည်။ သူ့ အတွက် အထောက်အကူ ဖြစ်သည်။ ဝီလီသ် ခပ်တွေတွေ ဖြစ်နေသည့် ဖေဖေ့ကိုလည်း လေးစားသည်။ သို့ရာတွင် မြိုင်သာယာ၏ တကယ့် အိမ်ထောင် ဦးစီးက ဖေဖေ မဟုတ်တော့။ ဝီလီ ဖြစ်နေသည်ဟု စကားလက် ထင်သည်။

မြင်းနှင့် လှည်းကို ဝါဖတ်စက် ပိုင်ရှင်ထဲ ငှားမည် ဆိုလျှင် အိမ်တွင် ထသွား ထလာ သွားစရာ မရှိတော့။ သို့ရာတွင်

စကားလက်က ငှားရန် သဘောတူ လိုက်၏။ ဆွီလင်ကမူ မြင်းနှင့် လှည်း ငှားသည်ကို နည်းနည်းမျှ မကျေနပ်။ ဖာယက်တီးဗီးလ်၊ ဂျုန်းဘာရို စသည်တို့ကို ဝီလီ အလုပ်ဖြင့် သွားလျှင် ဆီလင် လိုက်လိုက်သွားတတ်သည်။ မိတ်ဆွေဟောင်းတွေထံ လျှောက်လည်သည်။ အတင်းအဖျင်းများကို နားထောင်သည်။ သို့ဖြင့် သူ့ကိုယ်သူ ရှေးခေတ်တုန်းက ဆွီလင်ဟု ထင်ကာ ပျော်နေသည်။ သူ့ ပေါင်းသင်းပုံ၊ ကိုယ့် အိပ်ရာ ကိုယ် ခင်းအိပ်ရသည့် ဘဝသို့ ရောက်နေရပုံတို့ကို မသိသူများ ရှေ့တွင် ကြွားတတ်သည်။ ဟန်ထုတ်တတ်သည်။ အလည်သွားရမည် ဆိုလျှင် ဆွီလင် ရှေ့ဆုံးက ရောက်သည်ချည်း။

533



မြင်းနှင့် လှည်းကို ငှားလိုက်လျှင် ဆွီလင် တစ်ယောက် နှစ်ပတ်လောက် အလည် သွားရတော့မည် မဟုတ်။

ညည်းညူသံ၊ ဆူသံ၊ ဆောင့်သံကို ကြားရဦးတော့မည်ဟု စကားလက် တွေးမိသည်။

မီလာနီက ကလေးကို ပွေ့ကာ အိမ်ရှေ့သို့ ထွက်လာ၏။ ကြမ်းပေါ်တွင် အဝတ်ဟောင်း တစ်ထည်ခင်းပြီး

ကလေးငယ်ကို ချသည်။ ကလေးက ဝမ်းလျား ထိုးစ ပြုနေပြီ။ အက်ရှလေ၏ စာကို ရပြီးသည့် နောက်မှ စ၍ မီလာနီတွင် အချိန် နှစ်ချိန် ခွဲထားရသည်။ တစ်ပိုင်းက ဝမ်းသာချိန်။ တစ်ပိုင်းက လွမ်းချိန်။ သို့ရာတွင် ဝမ်းသာသည် ဖြစ်စေ၊ လွမ်းသည် ဖြစ်စေ မီလာနီ ပိန်လှပြီ။ အသားအရေတွေ ဖြူရော်လှပြီ။ သူ့ အိမ်အလုပ် တာဝန်ကို မညည်းမညူ လုပ်သည့်တိုင် ကောင်းကောင်း ကျန်းမာသည် ဟူ၍ မရှိလှ။ ဒေါက်တာ ဖွန်တိန်ကမူ သူ့ ရောဂါက မီးယပ်နှင့် ယှဉ်သည်ဟု ပြောပြ၏။ ကလေး မမွေးလျှင် အကောင်းဆုံးဟု ဆိုသည်။ နောက် ကလေး တစ်ယောက် မွေးလျှင် မခံနိုင်ဟု ပွင့်ပွင့်လင်းလင်း ပြောပြသည်။

`ကိုယ် ဒီနေ့ ဖာယက်တီးဗီးလ်ကို ရောက်တော့ ထူးထူးဆန်းဆန်း တစ်ခု တွေ့ခဲ့တယ်၊ ဒါကြောင့် စကားလက်များ

စိတ်ဝင်စားမလား ဆိုပြီး ယူလာခဲ့တယ်’ ဝီလီက အိတ်ထဲသို့ လက်နှိုက်၍ စမ်းကာ သစ်သားပြားပေါ်တွင် သရက်ထည် အုပ်၍ ချုပ်ထားသည့် ပိုက်ဆံ အိတ်ကလေးကို ဆွဲထုတ်သည်။ ကာရင်းက ချုပ်ပေးခြင်း ဖြစ်၏။ ပိုက်ဆံအိတ်ထဲမှ ပြည်နယ်သုံး ငွေစက္ကူ တစ်ချပ်ကို ဆွဲထုတ်လိုက်သည်။

`ပြည်နယ်

ငွေစက္ကူများ

အထူးအဆန်း

လုပ်လို့’

စကားလက်က

ပြည်နယ်သုံး

ငွေစက္ကူများကို

မြင်သဖြင့်

စိတ်ဆိုးသွားကာ ခပ်ပြတ်ပြတ် ပြော၏။ `ခုတောင် မေမေ့သေတ္တာထဲမှာ ပြည်နယ် ငွေစက္ကူ ဒေါ်လာ သုံးထောင် ရှိသေးတယ်၊ ကြီးဒေါ်က သူ့အခန်းထဲမှာ နံရံကပ်ဖို့ တဂျီဂျီ တောင်းနေတယ်၊ ပေးလိုက်တော့မယ်၊ သူ့ အတွက် အသုံးကျတာပေါ့’

`ဆီဇာဘုရင်၊ ဘဝင်မြင့်လှ၊ သေဆုံးကလည်း၊ မြေကြီး နောက်ဆုံးသာ တကား’ တဲ့ မီလာနီက ခပ်ယဲ့ယဲ့ ပြုံး၍ ဆိုသည်။

`အခန်း နံရံတော့ ကပ်မပစ်ပါနှင့်ကွယ်၊ ဝိတ်ကလေး အတွက် သိမ်းထားပါ၊ ဝိတ်ကလေး ကြီးလာတော့ ဂုဏ်ယူရတာပေါ့’

`ဆီဇာ ဘုရင်၊ ဘဝင်မြင့်လှ ဆိုတာ ဘာလဲ ကိုယ် နားမလည်ဘူး’ ဝီလီက ပြောသည်။ `ဒါပေမယ့် ဝိတ်ကလေးဖို့

အမှတ်တရ ကဗျာလေး တစ်ပုဒ်တော့ ရှိတယ်၊ ဟောဒီ ငွေစက္ကူ နောက်ကျောဘက်မှာ ရေးထားတယ်၊ စကားလက်က ကဗျာ ဝါသနာ မပါပေမယ့် ဒါလေးကိုတော့ စိတ်ဝင်စားမယ် ထင်ပါတယ်’

ဝီလီက ငွေစက္ကူကို ကျောဘက်သို့ လှန်သည်။ ငွေစက္ကူပေါ်တွင် ခပ်ညိုညို စက္ကူကြမ်း တစ်ရွက် ကပ်ထားကာ

အိမ်လုပ် မင်ဖြင့် ရေးထားသည့် ကဗျာလေး တစ်ပုဒ် ပါသည်။ ဝီလီက လည်ချောင်း ရှင်းကာ ကဗျာကို ခပ်ဖြည်းဖြည်း ဖတ်၏။

`ကဗျာ ခေါင်းစဉ်က ပြည်နယ် ငွေစက္ကူ တစ်ရွက် နောက်ကျောက ကဗျာ တစ်ပုဒ် တဲ့’

`လွင့်ပျောက် ကြေပျက်၊ ထိုမျိုးဆက်သည် အထက် မြေချာ၊ အောက်ရေလွှာတွင် ပြစရာအဖြစ်၊ မကျန်ရစ်ခဲ့ မဖွေးမဖြူ၊ ဤစက္ကူကို

534

နှောင်းလူတို့အား၊ ပြပါလေ။ ဤစက္ကူက၊ ပြောပြစုံလင် ထိုပုံပြင်ကို၊ နားထောင်ချင်သူ နှောင်းခေတ်လူအား၊ ပြပါလေ။ မျိုးချစ်စိတ်၏၊ ထိုအိပ်မက်မှ ကျပျက်လွင့်ကြွေ၊ မုန်တိုင်းမွှေသော’

`ကဗျာလေးက သိပ်လှတယ်နော်’ မီလာနီက ပြော၏။ `စကားလက်ရယ်၊ နံရံ ကပ်ဖို့တော့ဖြင့် ကြီးဒေါ်ကို ငွေစက္ကူတွေ

မပေးပါနှင့်၊ နှမြောစရာကြီး၊ ဒါဟာ စက္ကူသက်သက် မဟုတ်ပါဘူး၊ လူမျိုး တစ်မျိုးရဲ့ သင်္ကေတပါ၊ ကဗျာထဲက ပါသလိုပေါ့၊ လွင့်ပျောက် ကြေပျက်၊ ထိုမျိုးဆက်၏ တဲ့’

`စိတ်ကူး မယဉ်စမ်းပါနှင့် မီလာနီ၊ စက္ကူဟာ စက္ကူပဲပေါ့၊ ကြီးဒေါ်ကို ပေးလိုက်စမ်းပါ၊ သူ့ အခန်း နံရံက အကွဲတွေ

အအက်တွေ ချည်းပဲတဲ့၊ နားညည်းလွန်းလို့၊ ဝိတ်ကလေး ကြီးလာရင် ဒီ ပြည်နယ် ငွေစက္ကူတွေ ဘာလုပ်ဖို့ ပေးမှာလဲ၊ ကိုယ် သူ့ အတွက် ပြည်ထောင်စု စက္ကူတွေ ရှာပေးမှာပေါ့’

ဝီလီက ငွေစက္ကူလေးကို ပြကာ ကြမ်းပြင်တွင် အိပ်နေသည့် ကလေးကို မြှူနေသည်။ မော့ကြည့်ကာ မျက်လုံးကို

မှေး၍ ဝင်းအဝင် လမ်းသို့ လှမ်းကြည့် နေ၏။

`ဧည့်သည် တစ်ယောက် လာပြန်ပြီ၊ စစ်သားပဲ’



စကားလက်က ဝီလီ ကြည့်ရာသို့ ကြည့်၏။ မြင်နေကျ မုတ်ဆိတ် ထူလပျစ်နှင့် စစ်သား တစ်ယောက်။ တောင်တမာပင်

အုပ်များ အောက်မှ ဖြည်းညင်းစွာ လျှောက်လာနေသည်။ အပြာရောင်နှင့် မီးခိုးရောင် ဝတ်စုံ အစုတ်အပြတ်ကို ဝတ်၍ ခေါင်းငုံ့ထားသည်။ ခြေထောက်များက ဒရွတ် ဆွဲနေသည်။

`စစ်သားတွေ ကုန်လောက်ပြီ ထင်နေတာ၊ လာပြန်ပြီ တစ်ယောက်’ စကားလက်က ပြောသည်။ `ဒီ စစ်သားကတော့

ငတ်ပြတ်လာတဲ့ပုံ မဟုတ်ဘူး’

`ငတ်မှာပေါ့’



ဝီလီက ပြောသည်။ မီလာနီက ထိုင်ရာမှ ထသည်။



`ဒစ်လစီကို နောက်ထပ် ပန်းကန်ပြား တစ်ချပ် ချထားခိုင်းဦးမှ၊ ကြီးဒေါ်ကိုလည်း သူ့အင်္ကျီကို ခုချက်ချင်း အချွတ်

ခိုင်းအောင် ပြောရဦးမယ်၊ ပြီးတော့’

မီလာနီ စကား ရပ်သွားသဖြင့် စကားလက် လှမ်းကြည့်လိုက်သည်။ မီလာနီက နာကျင်သည့်နှယ် သူ့ လက်တစ်ဖက်ဖြင့်

535

လည်ပင်းကို ဆုပ်ကိုင်ထားသည်။ ဖြူနုသော အသားအောက်မှ လှုပ်နေသည့် သွေးကြောများကို မြင်ရ၏။ မျက်နှာက ဖြူရော်သွားကာ မျက်လုံးကြီးတွေ ပြူးနေသည်။

မူးမေ့ လဲသွားတော့မည် ထင်သဖြင့် စကားလက် ထပြေးလာကာ သူ့လက်မောင်းကို ကိုင်ထားလိုက်သည်။ မီလာနီက

ပြေးဆင်းသွားသည်။ လမ်း အတိုင်း ငှက်တစ်ကောင်လို လျင်မြန် ပေါ့ပါးစွာ ပြေးလျက် ရှိသည်။ ဝတ်ရုံက နောက်တွင် လွင့်နေသည်။ လက်နှစ်ဖက်က ဆန့်တန်းထားသည်။ စကားလက် သိပြီ။ ထိုစစ်သားက ခေါင်းကို မော့ကြည့်လိုက်သည့် အခါတွင် လဲကျ မသွားအောင် နောက်က တိုင်ကို လှည့်မီလိုက် ရ၏။ မျက်လုံး ညိုလဲ့လဲ့ဖြင့် အိမ်ကြီးကို ကြည့်နေသည်။ ရှေ့ဆက် လှမ်းရမည်ကိုပင် အားမရှိတော့သည့်ပုံ။ စကားလက်၏ နှလူံသည် ရပ်သွားသည်ဟု ထင်ရသည်။ နောက် ရင်တဒိတ်ဒိတ် ခုန်လာသည်။

မီလာနီက အော်ဟစ် ငိုယိုကာ ညစ်ပတ်နေသည့် စစ်သား၏ ရင်ခွင်သို့ ပြေးဝင်သည်။ စစ်သားက မီလာနီ မျက်နှာကို

ငုံ့ကြည့်နေ၏။ စကားလက် ဝမ်းသာအားရဖြင့် ပြေးသည်။ သို့ရာတွင် နှစ်လှမ်းလောက် အရောက်တွင် တုံ့သွားသည်။ ဝီလီက သူ့လက်ကို ဖမ်းဆွဲထား လိုက်သည်။

`သူတို့ဘာသာ နေပါစေ’



ဝီလီက တည်ငြိမ်စွာ ပြောသည်။



`လွှတ်၊ လွှတ်၊ စကားလက်ကို လွှတ်၊ သွားမယ်၊ အက်ရှလေရယ်’



ဝီလီက မလွှတ်။



`အက်ရှလေဟာ သူ့ယောက်ျားလေ၊ သတိထား ဦးမှပေါ့’



ဝီလီက တည်ငြိမ်စွာ ပြောကာ အက်ရှလေကို ငုံ့ကြည့်သည်။ ဝမ်းသာခြင်း၊ မကျေနပ်ခြင်းတို့ ရောနေသည်။ ဝီလီ၏

မျက်လုံးထဲတွင် နားလည်ခြင်း၊ သနားခြင်းတို့ ထင်နေသည်ကို စကားလက် သတိပြုလိုက်မိသည်။

[ဒုတိယတွဲကို ဆက်ဖတ်ပါရန်။]

536

Lay Yuu Thone Thone(1).pdf

536. Loading… Page 1 of 536. 1. Typing - polay1011. alaster. thanthannaing. Proof & PDF - rhythm. wannar. Page 1 of 536. Page 2 of 536. 2. မြသန်းတင့်.

3MB Sizes 55 Downloads 324 Views

Recommend Documents

Lay Yuu Thone Thone(2).pdf
Page 3 of 565. 3. ခွင့်ပြုချက်. စာမူ - ၆၆၆/၉၆ (၁၁). မျက်နှာဖုံး. - ၃၅၉/၉၉ (၆၆). ထုတ်ဝေသူ. မောင်ညွန့်လှိုင်(၀၁၆၄á

Lay low.pdf
... Darren Bailey (Août 2015). Descriptions : 32 temps, 4 murs, line-dance country, novices – 1 TAG 1 RESTART. Musique : " Lay Low " de Josh Turner. Départ : 4 ...

Irregular Verbs: Lay and Lie -- Rules
Using the verbs lay and lie correctly is a big challenge. Without a doubt, they are the two most difficult irregular verbs. The problem is that when we speak, we ...

Lay Me Down sam.pdf
Cloud uke lay me down samsmith ukulele chords. Sam. smith lay me down youtube. Samsmith lay me down lyrics letra subtitulada español. Lay me. down todd ...

as i lay dying.pdf
Page 1 of 7. Student Hint: This book report is provided to give you a basic idea of what is expected for the PRT. 3310 Book/Video Report Assignment. You may ...

Irregular Verbs: Lay and Lie -- Rules
During a commercial break, Quentin laid his sleeping son Jeremy on the bed ... Jack always lays the cordless telephone where no one can find it; only the.

Lay Ministry Winter Calendar 11-17-14.pdf
Page 1 of 2. Mass Ministry Dec Jan Feb. Sat 5:00 PM Lector Kristina Bernskoetter Judy Hudson Kay Scott. Sat 5:00 PM Lector Michael Berendzen Millie Aulbur Mary Beth Hoey. Sat 5:00 PM Sacristan Leslie Jeffries Carolyn Even Michael Berendzen. Sat 5:00

(5th Edition) By David C. Lay, Steven R.
Jan 6, 2015 - Mathematical Society, the Canadian Mathematical Society, the International Linear .... Edition) By David C. Lay, Steven R. Lay, Judi J. McDonald by online and after ... including customized versions for individual schools, and ...

lay me down sam smith single.pdf
Loading… Page 1. Whoops! There was a problem loading more pages. Retrying... lay me down sam smith single.pdf. lay me down sam smith single.pdf. Open.

How to lay out a web page with CSS
much easier time browsing pages built with CSS because the code is ... 9. Click once outside the new div to deselect it. A thin black line appears around the div.

Europe and the Nation in Lay discourse in Hungary
processes and secondly as a system of norms that regulate (public) behaviour. Interviewees generally claim that the ..... I primarily associate to Europe as a geographical entity. Although the image of the Union has .... as Germany, France and Hungar

An overview of clinical research the lay of the land.pdf
contraceptive use—and follows women for a few years to. measure outcomes—eg, ovarian cancer—then it is deemed. a cohort study. Cohort studies can be either concurrent or. non-concurrent. By contrast, if the analytical study begins. with an outc

pdf-1835\choy-lay-fut-kung-fu-the-dynamic-art-of-fighting-by-koon ...
pdf-1835\choy-lay-fut-kung-fu-the-dynamic-art-of-fighting-by-koon-hung-lee.pdf. pdf-1835\choy-lay-fut-kung-fu-the-dynamic-art-of-fighting-by-koon-hung-lee.pdf.

pdf-0720\a-lay-ministers-guide-to-the-book-of-common-prayer-by ...
... you worthless. It will certainly provide a lot more perks. Page 3 of 6. pdf-0720\a-lay-ministers-guide-to-the-book-of-common-prayer-by-clifford-w-atkinson.pdf.